ဇေဖနိအနာဂတ္တိကျမ်း
11 ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 2 ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 3 လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊ 5 ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊ 6 ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။ 7 အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။ 8 ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။ 9 သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။ 10 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။ 11 မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။ 12 ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။ 13 ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။ 14 ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။ 15 ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊ 16 ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။ 17 သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။ 18 ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
21 အရှက် မ ရှိသော အမျိုးသား တို့၊ ကိုယ်ကို စစ်ကြော ကြလော့။ 2 အမိန့် တော်အတိုင်း မစီရင် ၊ သင်တို့အချိန် သည် ဖွဲ ကဲ့သို့ မလွန် ၊ ထာဝရဘုရား ၏ပြင်းစွာ သော အမျက် တော်သည် သင် တို့အပေါ် သို့မ ရောက် ၊ ထာဝရဘုရား ၏ အမျက် တော်နေ့ သည် သင် တို့အပေါ် သို့ မ ရောက် မီ ကိုယ် ကို စစ်ကြောကြလော့။ 3 တရား တော်အတိုင်း ကျင့် ၍ စိတ်နှိမ့်ချ သော ပြည် သူပြည်သားအပေါင်း တို့၊ ထာဝရဘုရား ကို ရှာ ကြ လော့။ ဖြောင့်မတ် ခြင်းနှင့် စိတ်နှိမ့်ချ ခြင်းကိုလည်း ရှာ ကြလော့။ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင် ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။ 4 အကယ် စင်စစ်ဂါဇ မြို့သည် စွန့်ပစ် ရာ၊ အာရှကေလုန် မြို့သည် သုတ်သင် ပယ်ရှင်းရာ ဖြစ် လိမ့်မည်။ အာဇုတ် မြို့သားတို့ကို မွန်းတည့် အချိန်၌ နှင်ထုတ် ၍ ၊ ဧကြုန် မြို့ကိုလည်း ဖြိုဖျက် ကြလိမ့်မည်။ 5 အို ပင်လယ် ကမ်းနား မှာ နေ သောခေရသိ အမျိုးသား တို့၊ သင် တို့တဘက် ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ၏။ အို ဖိလိတ္တိ လူနေရာ ခါနာန် ပြည်၊ သင် ၌ အဘယ်သူ မျှမနေ စေခြင်းငှါငါသုတ်သင် မည်။ 6 ပင်လယ် ကမ်းနား အရပ်သည် ကျက်စား ရာ၊ သိုးထိန်း မှီခို ရာ၊ သိုး ခြံ လုပ်စရာဘို့ ဖြစ် လိမ့်မည်။ 7 ပင်လယ်ကမ်း သည်လည်း ကျန် ကြွင်းသော ယုဒ အမျိုးသား တို့အဘို့ ဖြစ် ၍၊ သူတို့သည် ထိုအရပ် ၌ ကျက်စား ကြလိမ့်မည်။ ည အချိန်၌ လည်း အာရှကေလုန် မြို့ရာအိမ် တို့၌ အိပ် ကြလိမ့်မည်။ သူ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို အကြည့် အရှုကြွလာ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်း တော်မူလိမ့်မည်။ 8 မောဘ အမျိုးသားနှင့် အမ္မုန် အမျိုးသား တို့သည် ငါ ၏လူမျိုး ကို ကဲ့ရဲ့ အပြစ်တင်၍ ၊ ငါ၏လူနေရာ တဘက် ၌ ဝါကြွား သော စကားကို ငါကြား ပြီ။ 9 သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ မောဘ ပြည် နှင့် အမ္မုန် ပြည် သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ ကဲ့သို့ ဆူး ပင်ပေါက်သောအရပ် ၊ ဆား ချက်ဘို့ မြေတူးရာအရပ် ၊ အစဉ် အမြဲပျက်စီး ရာအရပ် ဖြစ် ၍ ၊ ကျန် ကြွင်းသော ငါ ၏လူ ၊ ငါ ၏အမျိုးသား တို့သည် လုယူ သိမ်းစား ကြလိမ့်မည်။ 10 ထိုသူတို့သည် မာနကြီး သောသူဖြစ် ၍၊ ကဲ့ရဲ့ လျက် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ လူမျိုး တဘက် ၌ ဝါကြွား သောကြောင့်ထိုသို့သော အပြစ်ကိုခံရကြလိမ့်မည်။ 11 ထာဝရဘုရား သည် သူ တို့တဘက် ၌ ကြောက်မက် ဘွယ်ဖြစ်၍၊ လောကီ ဘုရား ရှိသမျှ တို့ကို အငတ် ထား တော်မူလိမ့်မည်။ တပါးအမျိုးသား နေရာ ကျွန်း ရှိသမျှ တို့ သည် အသီး အသီးမိမိ တို့အရပ် ၌ ရှိခိုး ကြလိမ့်မည်။ 12 အို ကုရှ ပြည်သားတို့၊ သင် တို့သည်လည်း ငါ့ ထား ဖြင့် အသေ ခံရကြလိမ့်မည်။ 13 မြောက် မျက်နှာကို လည်း တိုက် ၍ အာရှုရိ ပြည် ကို ဖျက်ဆီး တော်မူမည်။ နိနေဝေ မြို့ကို လူဆိတ်ညံ ရာအရပ် ၊ လွင်ပြင် ကဲ့သို့ သွေ့ခြောက် သော အရပ်ဖြစ် စေတော်မူမည်။ 14 မြို့ အလယ် ၌ သိုး စုများနှင့် တပါး အမျိုး သားရဲ အပေါင်း တို့ သည် အိပ် ကြလိမ့်မည်။ ဝံပို နှင့် ဖြူ တို့သည် တံခါး ထုပ်၌ နေရာ ကျ၍ ပြတင်းပေါက် ၌ မြည် ကြ လိမ့်မည်။ တံခါး ခုံတို့သည် လူဆိတ်ညံ လျက်၊ အာရဇ် သစ်သား၌ အပြောက် ပယ်ရှင်း လျက် ရှိလိမ့်မည်။ 15 ထို မြို့ က၊ ငါ ရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ ဟု ဆို လျက်၊ သောက နှင့် ကင်းလွတ်၍ ဝမ်းမြောက် လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲ အိပ် ရာအရပ်ဖြစ် ပါသည်တကား။ ရှောက် သွားသော သူအပေါင်း တို့သည် ကဲ့ရဲ့ သံ ကို ပြု၍ လက် ဖျားခါ ကြလိမ့်မည်။
31 ဆန့်ကျင် ဘက်ပြု၍ ညစ်ညူး လျက် ညှဉ်းဆဲ တတ်သော မြို့ သည် အ မင်္ဂလာရှိ၏။ 2 နှုတ်ကပတ်တော်အသံ ကို နား မ ထောင်၊ ဆုံးမ တော်မူခြင်း ကိုမ ခံ ၊ ထာဝရဘုရား ကို မ ခိုလှုံ ၊ မိမိ ဘုရား သခင့်ထံ တော်သို့ မ ချဉ်းကပ် ၊ 3 မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။ 4 ပရောဖက် တို့သည် လျှပ်ပေါ် သောသူ၊ သစ္စာ ပျက်သောသူ ဖြစ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍ တရား တော်ကိုလည်း ရှုတ်ချ ကြ၏။ 5 သို့သော်လည်း၊ ထာဝရဘုရား သည် မြို့ အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မ တရားသော အမှုကို ပြု တော်မ မူ။ နံနက် အစဉ်အတိုင်းမိမိ ဖြောင့်မတ် ကြောင်း ကို မချွတ်မယွင်း ဘော်ပြ တော်မူ၏။ သို့သော်လည်း ၊အဓမ္မ လူတို့သည် ရှက်ကြောက် ခြင်းမ ရှိ ကြ။ 6 လူ အမျိုးမျိုးတို့ကို ငါပယ် ဖြတ်၍ သူ တို့ရဲတိုက် များကို ဖျက်ဆီး လေပြီ။ လမ်း တို့၌ အဘယ်သူ မျှမသွား မလာစေခြင်းငှါ လူဆိတ်ညံ စေပြီ။ မြို့ တို့ကိုလည်း လူ တစုံတယောက်မျှ မနေ စေခြင်းငှါ ဖျက်ဆီး လေပြီ။ 7 ထိုအခါ ငါက၊ အကယ်စင်စစ်ဤမျှလောက်ငါဆုံးမ ပြီးမှ သင်သည် ကိုယ် နေရာ ကို မ ပယ်ရှင်း စေ ခြင်းငှါ၊ ငါ့ ကို ကြောက်ရွံ့ ၍ နည်းခံ လိမ့်မည်ဟု ဆို သော်လည်း၊ သူတို့သည် ကြိုးစား ၍ မှားယွင်း သောအကျင့် ကိုသာ ကျင့်ကြ၏။ 8 သို့သော်လည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘမ်းဆီး လုယက်ခြင်းငှါ ငါ မထ မှီတိုင်အောင်ငါ့ ကို ငံ့လင့် ကြလော့။ တိုင်း နိုင်ငံပြည်သား အမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့ အမျက် ၊ ငါ့ ဒေါသ အရှိန် ကို အကုန်အစင် သွန်းလောင်း မည်ဟု ငါ အကြံ ရှိ၏။ ငါ့ ဒေါသ မီး သည် မြေ တပြင်လုံး ကို လောင် ရလိမ့်မည်။ 9 အကယ် စင်စစ်လူမျိုး အပေါင်း တို့သည် ထာဝရဘုရား ၏အမှုတော်ကို တညီတညွတ် တည်းဆောင်ရွက် မည် အကြောင်း၊ နာမ တော်ကို ပဌနာ ပြုစေခြင်းငှါ သန့်ရှင်း သော ဘာသာ စကားကို သူ တို့အား ငါပြန် ပေးမည်။ 10 ကုရှ ပြည်၏မြစ် တို့တဘက် ၊ အရပ်ရပ်၌ ကွဲပြား လျက်နေသောငါ ၏လူမျိုးသတို့သမီး ၊ ငါ့ ကို တောင်းပန် သောသူတို့ သည် ငါ့ အဘို့ ပူဇော် သက္ကာကို ဆောင် ခဲ့ကြ လိမ့်မည်။ 11 ငါ့ ကို ပြစ်မှား သောအပြစ် များကြောင့် ထိုအခါ သင်သည် အရှက်ကွဲ ခြင်းကို မ ခံရ။ သင် ၏ ဂုဏ်အသရေကြောင့် ဝါကြွား သောသူတို့ ကို သင့် အလယ် ၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ ၏သန့်ရှင်း သော တောင် ကို အမှီပြု ၍ နောက် တဖန်မာန မ ထောင်လွှားရ။ 12 နှိမ့်ချ ဆင်းရဲ သော အမျိုး ကို သင့် အလယ် ၌ ငါချန် ထားမည်။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော် ကို ခိုလှုံ ကြလိမ့်မည်။ 13 ကျန် ကြွင်းသော ဣသရေလ အမျိုးသားတို့သည် မ တရားသောအမှုကို မ ပြု ရကြ။ မုသာ မ ပြော ရကြ။ သူ တို့ နှုတ် ၌ လှည့်စား တတ်သော လျှာ မ ရှိ ရ။ အဘယ်သူမျှမ ကြောက် စေဘဲ စားသောက် လျက် ၊ အိပ် လျက်နေရကြ လိမ့်မည်။ 14 အိုဇိအုန် သတို့သမီး ၊ သီချင်းဆို လော့။ အို ဣသရေလ အမျိုး၊ ကြွေးကြော် လော့။ အိုယေရုရှလင် သတို့သမီး ၊ စိတ်နှလုံး အကြွင်းမဲ့ ဝမ်းမြောက် ရွှင်လန်းလော့။ 15 ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။ 16 မ စိုးရိမ် နှင့်ဟု၊ ယေရုရှလင် မြို့အား ၎င်း ၊ လက် အား မ လျှော့ စေနှင့်ဟု၊ ဇိအုန် တောင်အား၎င်း ထိုအခါ ဆို ရ၏။ 17 သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကို ကယ်တင် တော်မူ လိမ့်မည်။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်း မေတ္တာ၌ ကျိန်းဝပ် ၍၊ သီချင်း ဆို ခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။ 18 ကဲ့ရဲ့ ခြင်းဝန် ကို သင် ထမ်း ရာအကြောင်းတည်းဟူသော၊ သင် နှင့် ဝေး၍ ဓမ္မ ပွဲကို မခံရဘဲ ညှိုးငယ် လျက် ရှိသောသူတို့ ကို ငါစုဝေး စေမည်။ 19 သင့် ကို ညှဉ်းဆဲ သောသူအပေါင်း တို့ကို ထိုအခါ ငါ စီရင် မည်။ နာ သောသူကို ချမ်းသာ ပေးမည်။ နှင်ထုတ် ခြင်းကိုခံရသော သူကို သင်း ဖွဲ့စေမည်။ အရှက်ကွဲ ခြင်းကိုခံရရာ ပြည် အရပ် ရပ် တို့၌ ချီးမွမ်း ခြင်းဂုဏ် အသရေကို ပေး မည်။ 20 ထို ကာလ ၌ သင် တို့ကို တဖန် ငါဆောင် ခဲ့၍ စုဝေး စေသဖြင့် ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို သင် တို့ မျက်မှောက် ၌ တဖန် ဆောင် ခဲ့ပြန်သောအခါ ၊ မြေကြီး သား အမျိုးမျိုး တို့တွင် ချီးမွမ်း ခြင်းဂုဏ် အသရေကို သင် တို့အား ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။