ဇာခရိအနာဂတ္တိကျမ်း

1

1 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ တွင် ၊ ဣဒေါ သား ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာသော ထာဝရဘုရား ၏နှုတ်ကပတ် တော်ဟူမူကား၊ 2 ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။ 3 သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 4 ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။ 5 ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင် တတ်ကြ သလော 6 ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။ 7 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ ဒသမလ တည်းဟူသော ရှေဗတ် နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာ၍၊ 8 ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။ 9 ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ10 မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။ 11 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု တော၌ ရပ် သော ထာဝရဘုရား ၏ ကောင်းကင် တမန်အား ပြန်လျှောက် ကြ၏။ 12 တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့် ယုဒ မြို့ များကို အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော်13 ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား ပြန်ပြော တော်မူ၏။ 14 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့် ဇိအုန် တောင်အဘို့ အလွန်ကြင်နာ သောစိတ်အား ကြီး၏။ 15 ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ညှဉ်းဆဲ ကြပြီ။ 16 ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့် ယေရုရှလင် မြို့သို့ ငါပြန် လာ ပြီ။ ဤ မြို့တွင် ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 17 တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ကြွေးကြော် ရမည်မှာ၊ ငါ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့် စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက် ပြုစု ဦးမည်ဟု မိန့် တော်မူ၏။ 18 တဖန် ငါမျှော်ကြည့် ဦးချို လေး ချောင်းကို မြင် ၏။ 19 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။ 20 ထာဝရဘုရား သည်လည်း လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။ 21 ငါကလည်း၊ ဤ သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ ကြည့်ဝံ့အောင်၊ ယုဒ ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။

2

1 တဖန် ငါ မျှော် ကြည့် ၊ တိုင်း စရာကြိုး ကို ကိုင် သော လူ တဦးကို မြင် လျှင်2 အဘယ် အရပ်သို့ သွား မည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင် မြို့ အလျား အနံ ကို သိ လို ၍ မြို့ကို တိုင်း ခြင်းငှါ သွားသည်ဟု ပြန်ပြော ၏။ 3 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ထွက်သွား သော် ၊ အခြား သော ကောင်းကင် တမန်သည် ကြိုဆို လျက်4 သင်သည် ပြေး ၍ ထို လုလင် ကို ဆင့်ဆို ရမည်မှာ၊ ယေရုရှလင် မြို့သား လူ သတ္တဝါတိရစ္ဆာန် တို့သည် အလွန် များသောကြောင့် ရွာ တို့၌ နေ ရကြလိမ့်မည်။ 5 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် မြို့ ကို ကာ သောမီး မြို့ရိုး ဖြစ် မည်။ မြို့ အလယ် လည်း ငါသည် မြို့၏ဘုန်း အသရေဖြစ် မည်။ 6 အချင်း တို့၊ အချင်း တို့၊ မြောက် မျက်နှာအရပ် မှ ပြေး လာကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေး မျက်နှာတို့၌ သင် တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ 7 ဗာဗုလုန် မြို့သမီး ထံမှာနေ သောအချင်းဇိအုန် သတို့သမီး၊ အလွတ် ပြေးလော့။ 8 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။ 9 သူ တို့ကို ငါ တိုက် သူ တို့၏ ကျွန် များသည် လုယူ ဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ 10 အို ဇိအုန် သတို့သမီး ၊ သီချင်း ဆို၍ ရွှင်လန်း လော့။ ငါ လာ သင့် အလယ် နေ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 11 ထိုကာလ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ငါ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။ 12 ထာဝရဘုရား သည် သန့်ရှင်း သော ပြည် မိမိ အဘို့ ယုဒ ပြည်ကို အမွေခံ တဖန် ယေရုရှလင် မြို့ကို ရွေးချယ် တော်မူလိမ့်မည်။ 13 အိုလူ သတ္တဝါအပေါင်း တို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ် စွာနေကြလော့။ သန့်ရှင်း သော ကျိန်းဝပ် ရာဌာနတော်၌ တော်မူပြီ။

3

1 ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။ 2 ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန် ၊ ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ယေရုရှလင် မြို့ကို ရွေးချယ် ပြီးသော ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ဤ သူသည် မီး ထဲ က နှုတ် သော ထင်းစ ဖြစ်သည်မ ဟုတ်လော ဟု စာတန် အား ဆို ၏။ 3 ယောရှု သည် ညစ်ညူး သော အဝတ် ကို ဝတ် လျက်၊ ကောင်းကင် တမန်ရှေ့ မှာ ရပ် နေသည်ဖြစ်၍4 ကောင်းကင်တမန်က၊ ညစ်ညူး သော အဝတ် ကို ချွတ်ပယ် ကြလော့ဟု မိမိ ရှေ့ မှာ ရပ် နေသောအခြားသူတို့ အား ဆို ၏။ ယောရှုအားလည်း၊ သင့် အပြစ် ကို ငါဖြေရှင်း ပြီ။ တင့်တယ် သော အဝတ်ကို ဝတ် စေမည်ဟု ဆို ၏။ 5 ငါကလည်း၊ စင်ကြယ် သော ပေါင်း ကို သူ ၏ ခေါင်း ပေါ် မှာ တင် ကြစေဟု ဆို သည်အတိုင်း ၊ စင်ကြယ် သောပေါင်း ကို သူ ၏ခေါင်း ပေါ် မှာ တင် အဝတ် ကို ဝတ် စေကြ၏။ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လည်း အနားမှာ ရပ် နေ၏။ 6 တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ယောရှု အား ပညတ် ထားသည်ကား7 သင်သည် ငါ့ လမ်း သို့ လိုက် ငါ့ ပညတ် တရားကို စောင့်ရှောက် လျှင် ၊ ငါ့ အိမ် ကို စီရင် ရသောအခွင့်၊ ငါ့ တန်တိုင်း တို့ကို စောင့် ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ် နေသောသူအချို့တို့ကို၊ သင့် အား လမ်းပြရသောသူဖြစ်မည်အကြောင်းငါခန့်ထား မည်။ 8 အို ယဇ် ပုရောဟိတ်မင်းယောရှု ၊ သင့် ရှေ့ မှာနေ သော သင့် အပေါင်း အဘော်တို့နှင့်တကွ နားထောင် လော့။ သူ တို့သည် နိမိတ် လက္ခဏာနှင့်ယှဉ်သော သူ ဖြစ် ကြ၏။ ငါ ၏ကျွန် တည်းဟူသော အညွန့် ကို ငါ ပေါ်ထွန်း စေမည်။ 9 ယောရှု ရှေ့ မှာ ငါထား သော ကျောက် ကို ကြည့်ရှု လော့။ ထိုကျောက် တခု ကို မျက်စိ ခုနစ် လုံး ကြည့်ရှု လျက် ရှိလိမ့်မည်။ ထို ကျောက် ကိုလည်း ငါ ထု လုပ်မည်။ တ နေ့ ခြင်းတွင် ဤ ပြည် ၏အပြစ် ကို ငါပယ်ရှင်း မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 10 ထို နေ့၌ သင်တို့သည် မိမိ တို့ အိမ်နီးချင်း တယောက် ကိုတယောက်စပျစ် ပင်အောက် ၊ သင်္ဘော သဖန်းပင်အောက် သို့ ခေါ် ဘိတ်ကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

4

1 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ပြန် လာ၍ ၊ အိပ်ပျော် သောသူ ကို နှိုး သကဲ့သို့ ငါ့ ကို နှိုး လျက်2 သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။ 3 ဆီအိုး လက်ျာ ဘက်၌ သံလွင်ပင်တ ပင်၊ လက်ဝဲ ဘက်၌ ပင်၊ မီးခုံ ကို လွှမ်းမိုး သော သံလွင် ပင်နှစ် ပင် ရှိပါသည်ဟုဆို ပြီးမှ4 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ၊ အကျွန်ုပ် သခင် ၊ ဤ အရာတို့ကား အဘယ် အရာဖြစ်သနည်း ဟုမေး သော်5 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်က၊ ဤ အရာတို့ကား၊ အဘယ် အရာဖြစ်သည်ကို နား လည် သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။ 6 ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။ 7 အို တောင် ကြီး ၊ သင် သည် အဘယ် သို့နည်း။ ဇေရုဗဗေလ ရှေ့ မှာ ညီ သောအရပ် ဖြစ် ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူး တော်ရှိပါစေသော။ ကျေးဇူး တော်ရှိပါ စေသောဟု ကြွေးကြော် လျက်၊ ထို မင်းသည် တိုက်ထောင့် အထွဋ် ကျောက် ကို တင်ထားရလိမ့်မည်။ 8 တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီ သို့ ရောက် လာသည်ကား၊ 9 ဇေရုဗဗေလ သည် ဤ အိမ် တော်အမြစ် ကို ချထား ပြီ။ သူ သည်လည်း လက်စသတ် ရလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ 10 အမှု ငယ်ပြုသော နေ့ရက် ကို အဘယ်သူ သည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုး သည် ဇေရုဗဗေလ လက် ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက် ကြ လိမ့်မည်။ ထို ခုနစ် ပါးတို့ကား၊ မြေကြီး တပြင်လုံး တွင် တောင်မြောက်ပြေး တတ်သော၊ ထာဝရဘုရား ၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။ 11 ငါကလည်း၊ မီးခုံ လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ ရှိသောထိုသံလွင် ပင်နှစ် ပင်ကား အဘယ် သို့နည်းဟူ၍၎င်း ၊ 12 ဆီညှစ်ရာရွှေ စက်နှစ် ခုအားဖြင့်၊ မိမိ တို့ဆီကို သွန်းလောင်း သော ထို သံလွင် ကိုင်း နှစ် ကိုင်းကား အဘယ် သို့ နည်းဟူ၍၎င်း မေးလျှောက် သော်13 ကောင်းကင်တမန်က၊ ထို အကိုင်းတို့ကို နား လည်သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။ 14 ကောင်းကင်တမန်ကလည်း၊ ထို အကိုင်းတို့သည် မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ ရှေ့ တော်၌ ရပ် နေသောဘိသိက် ခံသူနှစ် ပါးဖြစ်သည်ဟု ဆို ၏။

5

1 တဖန် ငါမျှော် ကြည့်၍ ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ၏။ 2 ကောင်းကင်တမန်ကလည်း၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ပါ၏။ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် တဆယ် ရှိပါသည်ဟု လျှောက် ၏။ 3 ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ 4 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။ 5 တဖန် ငါ နှင့် ပြောဆို သော ကောင်းကင် တမန် သည် ထွက် ၊ ယခု ထွက် လာသောအရာ ကို မျှော်ကြည့် လော့ဟု ငါ့ အား ဆို လျှင်6 ထို အရာကား အဘယ် အရာနည်းဟု ငါမေး သော် ၊ ထို အရာသည် ထွက်သွား သော ဧဖာ ဖြစ်သည်ဟူ၍၎င်း ၊ ထိုအရာသည် တပြည်လုံး သူ တို့၏အကြံ အစည်ဖြစ် သည်ဟူ၍၎င်း ဆို ၏။ 7 ခဲ အခွက် တဆယ်ကိုလည်း အထက်သို့ ချီမြှောက် မိန်းမ တယောက် သည် ဧဖာ ထဲ ထိုင် သည်ကို ငါမြင် ၏။ 8 ကောင်းကင်တမန်ကလည်း၊ ထို မိန်းမသည် ဒုစရိုက် အပြစ်ဖြစ်၏ဟုဆို လျက် ၊ သူ့ ကို ဧဖာ ထဲ ကို ချ ထား ၍ ဧဖာ အဝ ပေါ် မှာ ခဲပြား ကို တင် လေ၏။ 9 တဖန် ငါ မျှော်ကြည့် ၊ တောငန်း ၏အတောင် ကဲ့သို့ ၊ အတောင်ရှိသောမိန်းမ နှစ် ယောက်တို့သည်၊ အတောင် တို့၌ ဝိညာဉ် ပါ လျက် ထွက် လာ၍ ၊ ထိုဧဖာ ကို မြေကြီး နှင့် မိုဃ်း ကောင်းကင်စပ်ကြား သို့ ချီသွား ကြ၏။ 10 ထိုဧဖာ ကို အဘယ် သို့ချီသွား ကြသနည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော်11 ရှိနာ ပြည် ဧဖာ အဘို့ အိမ် ဆောက် ခြင်းငှါ ချီသွားကြ၏။ ထို ပြည် သူ၏ခုံပေါ်မှာ တင် ထား၍ နေရာ ချကြလိမ့်မည်ဟု ဆို ၏။

6

1 တဖန် ငါ မျှော်ကြည့် ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။ 2 ပဌမ ရထား မြင်း နီ ၊ ဒုတိယ ရထား မြင်း နက်3 တတိယ ရထား မြင်း ဖြူ ၊ စတုတ္ထ ရထား ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။ 4 အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော်5 ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။ 6 ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။ 7 ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။ 8 ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် တည် စေကြပြီဟု ဆို ၏။ 9 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊ 10 အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊ 11 ရွှေ ငွေ တို့ကို ယူ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။ 12 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။ 13 ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။ 14 ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။ 15 ဝေး သောသူတို့ သည်လည်း လာ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။

7

1 ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု မည် သော နဝမ လေး ရက်နေ့တွင်2 ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ 3 နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ တွင် ငိုကြွေး ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊ 4 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍5 ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော6 စား သောက် သောအခါ ၌လည်း ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော7 ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့် မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့် ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။ 8 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ သို့ ရောက် လာသည်ကား၊ 9 တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။ 10 မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း 11 သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။ 12 တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့် ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလွန် အမျက် ထွက်တော်မူ၏။ 13 ငါဟစ်ခေါ် သူတို့သည် နား ထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ငါလည်း နား ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 14 သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။

8

1 တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက် လာ၍၊ 2 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန် တောင်အဘို့ အလွန် စိတ် အားကြီးပြီ။ အလွန် အမျက် ထွက်၍ သူ့ အဘို့ စိတ် အားကြီးပြီ။ 3 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။ 4 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို သော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေး ကိုင် သောသူ အပေါင်း တို့သည် ယေရုရှလင် မြို့လမ်း တို့၌ နေ ကြလေဦးမည်။ 5 မြို့ လမ်း တို့သည်လည်း ကစား သော သူငယ် ယောက်ျားမိန်းမ တို့နှင့် အပြည့်ရှိကြလိမ့်မည်။ 6 တဖန် မိန့်တော်မူသည်ကား၊ ထို အမှုသည် ယခု ကာလ တွင် ကျန်ကြွင်း သော ဤ လူ တို့ မျက်မှောက် အံ့ဩဘွယ် ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 7 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏လူ တို့ကို အရှေ့ ပြည် မှ ၎င်း ၊ အနောက် ပြည် မှ ၎င်း ငါ ကယ်တင်8 ဆောင် ခဲ့သဖြင့် သူ တို့သည် ယေရုရှလင် မြို့ထဲမှာ နေ ရကြလိမ့်မည်။ သစ္စာ တရားနှင့် ဖြောင့်မတ် ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ လူ ဖြစ် ငါ သည်လည်း သူ တို့၏ဘုရား သခင်ဖြစ် လိမ့်မည်။ 9 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်ကို တည်ဆောက် ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အိမ် တော် တိုက်မြစ် ကို ချသောကာလ ၌ရှိသောပရောဖက် တို့ ဟောပြော သော ဤ စကား ကို ယခု ကာလ၌ ကြား သောသူတို့ ၊ သင် တို့လက် ကို အားကြီး စေကြလော့။ 10 ထို ကာလ အထက် ၌ လူ ခံရသောအကျိုး ရှိ ။ တိရစ္ဆာန် ခံရသောအကျိုး ရှိ။ ထွက် ဝင် သော သူတို့ သည် ရန်သူ ရှိသောကြောင့် ချမ်းသာ ရကြ။ ငါသည် လူ အပေါင်း တို့ကို တယောက် နှင့်တယောက် ရန်ဘက် ဖြစ်စေ ၏။ 11 ယခု မူကား ၊ ကျန်ကြွင်း သော ဤ လူ တို့၌ ငါ သည် အရင် ကဲ့သို့ ပြုဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12 မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။ 13 အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။ 14 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ အမျက် ကို နှိုးဆော်ကြသောအခါအပြစ် ပြုမည်ဟု ငါသည် နောင်တ ရဘဲ ကြံ သကဲ့သို့15 တဖန် ယခု ကာလ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 16 သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။ 17 တယောက် ကိုတယောက်အဘယ်သူမျှမ ကောင်းသောအကြံကို မ ကြံ ကြနှင့်။ မ မှန်သော ကျိန်ဆို ခြင်းကို မ နှစ်သက် ကြနှင့်။ ထိုသို့ သော အမှု ရှိသမျှ တို့ကို ငါမုန်း သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 18 တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 19 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စတုတ္ထ လတွင် အစာရှောင် ခြင်း၊ ပဉ္စမ လတွင် အစာရှောင် ခြင်း၊ သတ္တမ လတွင် အစာရှောင် ခြင်း၊ ဒသမ လတွင် အစာရှောင် ခြင်းတို့သည် ယုဒ အမျိုး ဝမ်းမြောက် ရွှင်လန်း ပွဲ လုပ်ရာ ကာလဖြစ် ကြလိမ့်မည်။ ဖြောင့်မတ် ခြင်းတရား၊ ငြိမ်ဝပ် ခြင်းတရားကို နှစ်သက် ကြလော့။ 20 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာ သော မြို့ သူရွာသား၊ လူ အမျိုးမျိုးတို့သည် လာ ကြလိမ့်မည်။ 21 မြို့တမြို့ ၌နေ သောသူသည် အခြား မြို့တမြို့၌ နေသောသူတို့ ဆီသို့ သွား ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ၎င်း ဧကန် အမှန် သွား ကြကုန်အံ့။ ငါလည်း သွား မည်ဟု ခေါ် ကြလိမ့်မည်။ 22 ကြီး သော တိုင်း နိုင်ငံသား၊ လူ အမျိုးမျိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ယေရုရှလင် မြို့၌ ရှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ လာ ကြလိမ့်မည်။ 23 ထိုကာလ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။

9

1 ထာဝရဘုရား ၏ဗျာဒိတ် နှုတ်ကပတ် တော်သည် ဟာဒရက် ပြည် နှင့် ဒမာသက် မြို့၌ သင့် ရောက်ပေ၏။ ထာဝရဘုရား သည် လူမျိုးကို၎င်း၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့ကို၎င်းကြည့်ရှု လျက် ရှိတော်မူ၏။ 2 ထိုပြည်နှင့် နီးစပ် သော ဟာမတ် ပြည်၌ ၎င်း ၊ တုရု မြို့သည် လိမ္မာ သောကြောင့် ထိုမြို့ နှင့် ဇိဒုန် မြို့၌၎င်း သင့်ရောက်ပေ၏။ 3 တုရု မြို့သည် မိမိ အဘို့ ရဲတိုက် ကို တည်ဆောက် ၊ ငွေ ကို မြေမှုန့် ကဲ့သို့ ၎င်း ၊ ရွှေစင် ကိုလမ်း ၌ရှိသောရွံ့ ကဲ့သို့ ၎င်း စုပုံ သော်လည်း4 ထာဝရ ဘုရားသည် သူတပါး လက်သို့ သူ့ ကိုအပ် ၍ ၊ သူ့ ခွန်အား ကို ပင်လယ် ထဲသို့ ချ တော်မူသဖြင့် ၊ မြို့ သည် မီး ဖြင့် ကျွမ်းလောင် လိမ့်မည်။ 5 ထိုအမှုကို အာရှကေလုန် မြို့သည် မြင် ကြောက် လိမ့်မည်။ ဂါဇ မြို့သည် မြင်၍ အလွန် တုန်လှုပ် လိမ့်မည်။ ဧကြုန် မြို့လည်း မြော်လင့် ၍ အရှက်ကွဲ သောကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇ မင်းကြီး သည် ဆုံး လိမ့်မည် ။ အာရှကေလုန် မြို့သည်လည်း အစိုး ရ။ 6 အာဇုတ် မြို့၌ တကျွန်း တနိုင်ငံသားတို့သည် နေ ကြလိမ့်မည်။ ဖိလိတ္တိ အမျိုး၏ မာန ကိုလည်း ငါချိုးဖဲ့ မည်။ 7 သူ စားသော အသွေး ကို သူ ၏ပါးစပ် ထဲမှ ၎င်း ၊ သူ ကိုက်သော ရွံ့ရှာဘွယ် တို့ကို သူ ၏သွား ကြား မှ ၎င်း ငါနှုတ်ပယ် မည်။ ကျန်ကြွင်းသောသူသည်လည်း ငါ တို့ ဘုရား သခင်အဘို့ ကျန်ကြွင်း ၊ ယုဒ ပြည်၌ မင်း ကဲ့သို့ နေလိမ့်မည်။ ဧကြုန် မြို့သားလည်း ယေဗုသိ လူကဲ့သို့ ဖြစ် လိမ့်မည်။ 8 အဘယ်ရန်သူ မျှ မထွက် မဝင်စေခြင်းငှါ၊ ငါ့ အိမ် တော်ပတ်လည်၌ တပ်ချ မည်။ ညှဉ်းဆဲ သောသူသည် ငါ့ လူတို့ကို နောက် တဖန် မ နှိပ်နင်း ရ။ အကြောင်း မူကား၊ ငါ သည် ယခု ကိုယ်တိုင်ကြည့် မြင် ပြီ။ 9 အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။ 10 ငါသည် ဧဖရိမ် ပြည်၌ ရထား ကို၎င်း၊ ယေရုရှလင် မြို့၌ မြင်း ကို၎င်း ပယ်ဖြတ် မည်။ စစ် လေး ကိုလည်း ပယ်ဖြတ် မည်။ တပါးအမျိုးသား တို့သည် စစ်ငြိမ်း မည် အကြောင်း ကို ထို အရှင်သည် မိန့် တော်မူမည်။ အာဏာ တော်လည်း ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေကြီး စွန်း တိုင်အောင် ၎င်း တည်လိမ့်မည်။ 11 သင် ၏အမှုမူကား ၊ ချုပ်ထား လျက်ရှိသောသင် ၏လူတို့ကို၊ ရေ ရှိသော မြေတွင်း ထဲက ၊ သင် နှင့် ဖွဲ့သော ပဋိညာဉ် အသွေး ကြောင့် ငါကယ်လွှတ် မည်။ 12 အချုပ် ခံ၍ မြော်လင့် သောသူတို့ ၊ ရဲတိုက် သို့ ပြန်လာ ကြလော့။ ငါသည် နှစ်ဆ သော ကျေးဇူး ကို ပြုဦးမည်ဟု ယနေ့ ပင် ပြော ထား၏။ 13 ယုဒ လေးကို ငါ တင် ၊ ဧဖရိမ် လေး ကို ဆွဲငင် လျက်၊ ဇိအုန် သား တို့ကို ဟေလသ သား တို့တဘက် ၌ နှိုးဆော် ၊ သင့် ကို သူရဲ ၏ထား ကဲ့သို့ ဖြစ် စေမည်။ 14 ထာဝရဘုရား သည် သူ တို့အပေါ် မှာ ထင်ရှား တော်မူ၍ ၊ မြှား တော်သည် လျှပ်စစ်ပြက် သကဲ့သို့ ပြေး လိမ့်မည်။ အရှင် ထာဝရဘုရား သခင်သည် တံပိုး မှုတ် ၊ တောင် လေဘွေ တို့နှင့် ကြွ သွားတော်မူလိမ့်မည်။ 15 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့ကို ကွယ်ကာ တော်မူသဖြင့် ၊ သူတို့သည် ကိုက်စား လက် လွှဲကျောက် တို့ကို ကျော်နင်း ကြလိမ့်မည်။ သောက် ပြီးလျှင် ၊ စပျစ်ရည် နှင့် ဝသကဲ့သို့ ကြွေးကြော် ကြလိမ့်မည်။ အင်တုံ ကဲ့သို့ ၎င်း ၊ ယဇ် ပလ္လင်ထောင့် ကဲ့သို့ ၎င်း ပြည့်ဝ ကြ လိမ့်မည်။ 16 ထို နေ့၌ သူ တို့၏ဘုရား သခင်ထာဝရဘုရား သည် မိမိ လူ တို့ကို သိုးစု ကဲ့သို့ ကယ်တင် တော်မူလိမ့်မည်။ သူ တို့သည် မြေ တော်၌ ထင်ရှား သော သရဖူ မျက်မွန် ကဲ့သို့ဖြစ်ကြလိမ့်မည်။ 17 ကျေးဇူး တော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန် ကြီးစွတကား။ ဆန် စပါးသည် လုလင် တို့ကို၎င်း၊ စပျစ်ရည် သစ်သည် အပျိုမ တို့ကို၎င်း တိုးပွား များပြားစေလိမ့်မည်။

10

1 နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် အပင် ပေါက်စေတော်မူမည်။ 2 တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။ 3 သိုးထိန်း တို့ကို ငါ အမျက် ထွက် ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။ 4 ထိုအမျိုး ထဲက တိုက်ထောင့် အမြစ်ကျောက်၊ တံစို့ ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။ 5 သူတို့သည် စစ်တိုက် ရာတွင် လမ်း ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။ 6 ယုဒ အမျိုး ကိုလည်း ငါခိုင်ခံ့ စေမည်။ ယောသပ် အမျိုး ကိုလည်း ငါကယ်တင် မည်။ သူ တို့ကို သနား စုံမက်သောကြောင့် နေရာ ချမည်။ သူ တို့သည် နှင်ထုတ် ခြင်းကို မ ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ တို့၏ဘုရား သခင် ထာဝရဘုရား ဖြစ်၍ သူ တို့စကားကို နားထောင် မည်။ 7 ဧဖရိမ် အမျိုးသားတို့သည် သူရဲ ကဲ့သို့ ဖြစ် ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား မြေးတို့သည် မြင် လျက် ဝမ်းမြောက် ၊ ထာဝရဘုရား ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။ 8 သူ တို့ကို ငါနှိုးဆော် စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။ 9 သူ တို့ကို တပါး အမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး သောပြည်၌ ငါ့ ကိုအောက်မေ့ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက် ပြန် လာကြလိမ့်မည်။ 10 သူ တို့ကို အဲဂုတ္တု ပြည် မှ တဖန် ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ ခေါ်၍ စုဝေး စေမည်။ ဂိလဒ် ပြည် နှင့် လေဗနုန် ပြည်သို့ တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။ 11 ပင်လယ် အလယ် ၌ ရှောက်သွား ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၊ အဲဂုတ္တု မင်း၏ အာဏာ သည်လည်း ကွယ်ပျောက် လိမ့်မည်။ 12 သူ တို့ကို ထာဝရဘုရား အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ တော်ကို အမှီပြုလျက် လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။

11

1 အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။ 2 အိုထင်းရူး ပင်၊ အာရဇ် ပင်လဲ သောကြောင့် မြည်တမ်း လော့။ မြတ် သောအပင်တို့သည် ပျက်စီး ကြပြီ။ အို ဗာရှန် သပိတ် ပင်တို့၊ ခိုင်ခံ့ သောတော ကို ခုတ်လှဲ သောကြောင့် မြည်တမ်း ကြလော့။ 3 သိုးထိန်း တို့သည် မိမိ တို့ အသရေ ပျက် သောကြောင့် ၊ မြည်တမ်း သောအသံ ကို ပြုကြ၏။ ယော်ဒန် မြစ် ၏ဂုဏ် အသရေပျက် သောကြောင့် ၊ ခြင်္သေ့ ပျိုဟောက် သောအသံ ကို ကြားရ၏။ 4 ငါ ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သတ် ဘို့ရာထားသော ဤသိုးစု ကို ကျွေးမွေး လော့။ 5 ပိုင် သောသူ တို့သည် သတ် ကိုယ်အပြစ် ရှိသည် ကို မ သိကြ။ ရောင်း စားသောသူ တို့ကလည်း ၊ ငါရ တတ် သည်ဖြစ်၍ ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို ကြ၏။ သိုးထိန်း တို့သည်လည်း သနား ခြင်းကရုဏာမ ရှိကြ။ 6 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။ 7 ထိုသို့ သတ် ဘို့ရာထားသော သိုးစု တည်းဟူသော၊ ဆင်းရဲ သောသိုး တို့ကို ငါကျွေးမွေး ရ၏။ သိုးထိန်းတောင်ဝေး နှစ် စင်းကိုယူ ၊ တစင်း ကို ကျေးဇူး ဟူ၍၎င်း ၊ တစင်းကို အနှောင် အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ် လျက်၊ သိုးစု ကို ကျွေးမွေး ၏။ 8 သိုးထိန်း သုံး ယောက်ကိုလည်း တွင် ငါပယ်ဖြတ် ၏။ သူ တို့ကြောင့် ငါ့ စိတ် ငြီးငွေ့ ၏။ သူ တို့သည်လည်း ငါ့ ကို ရွံရှာ ကြ၏။ 9 နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက်10 ခပ်သိမ်း သောလူမျိုး တို့နှင့် အရင် ဖွဲ့သော ပဋိညာဉ် ကို ဖျက် လို ၍၊ ကျေးဇူး အမည်ရှိသောငါ ၏ တောင်ဝေး ကို ယူ ချိုး ၏။ 11 ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။ 12 တဖန် ငါက၊ ငါရထိုက် သော အခကို ပေးအံ့သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေး ကြလော့။ အလို မရှိလျှင် မ ပေး ကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့ အား အခ ပေးအံ့သောငှါငွေ သုံး ဆယ်ကို ချိန် ကြ၏။ 13 ထာဝရဘုရား ကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့ မှာ ပစ်ချ လော့။ ငါ့ ကို အဘိုးပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေ သုံးဆယ် ကို ငါယူ ထာဝရဘုရား ၏ဗိမာန် တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏။ 14 ထိုအခါ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးဖွဲ့ သော မိဿဟာယ ကို ဖျက် လို ၍၊ အနှောင် အဖွဲ့အမည်ရှိသော အခြား တောင်ဝေး ကို ငါချိုး ၏။ 15 တဖန် ထာဝရဘုရား က၊ မိုက် သော သိုးထိန်း ၏ တန်ဆာ တို့ကို သိမ်းယူ လော့။ 16 အကြောင်း မူကား၊ ဤပြည် သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။ 17 သိုးစု ကို စွန့်ပစ် သော အချည်းနှီး သိုးထိန်း သည် အမင်္ဂလာ ရှိစေသတည်း။ သူ ၏လက်ရုံး နှင့် လက်ျာ မျက်စိ ထား ဘေးရောက်လိမ့်မည်။ လက်ရုံး သည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာ မျက်စိ သည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။

12

1 ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ် တော် တည်းဟူသော၊ မိုဃ်းကောင်းကင် ကို ကြက် ၍ မြေကြီး တိုက်မြစ် ကို ချတော်မူထသော၊ လူ အထဲ လူ ၏ဝိညာဉ် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား သည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ 2 ငါ သည် ယေရုရှလင် မြို့ကို ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့အား တုန်လှုပ် စေသော ဖလား ဖြစ်စေမည် ။ ယေရုရှလင် မြို့ကို ဝိုင်း ထားကြစဉ်တွင်ယုဒ ပြည်ကိုလည်း ထိုအတူ ဖြစ် စေမည်။ 3 ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။ 4 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ရှိသမျှ သော မြင်း တို့ကို မိန်းမော တွေဝေစေခြင်းငှါ ၎င်း ၊ မြင်းစီး သူရဲအပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ ၎င်း ငါသည် ဒဏ်ခတ် မည်။ ယုဒ အမျိုး ကို ငါကြည့်ရှု ၊ တပါး အမျိုးသားတို့၌ရှိသမျှ သော မြင်း တို့ကို မျက်စိ ကန်း စေခြင်းငှါ ဒဏ်ခတ် မည်။ 5 ယုဒ မင်း တို့ကလည်း ၊ ယေရုရှလင် မြို့သား တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အားဖြင့် သူ တို့သည် ငါ့ ခွန်အား ဖြစ်ကြ၏ဟုစိတ် ထဲမှာ ဆို ကြလိမ့်မည်။ 6 ထိုကာလ ငါသည် ယုဒ မင်း တို့ကို ထင်း ပုံတွင် မီး ဖို ကဲ့သို့ ၎င်း ၊ ကောက်လှိုင်း တွင် မီး ကဲ့သို့ ၎င်း ဖြစ်စေသဖြင့်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်၊ ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့ကို မီးလောင် လိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြို့ ရာဟောင်း၌ တည်မြဲ တည်လိမ့်မည်။ 7 ထာဝရဘုရား သည် ယုဒ တဲ တို့ကို ရှေ့ဦးစွာ ကယ်တင် တော်မူမည်။ ထို့ကြောင့် ဒါဝိဒ် မင်းမျိုး ၏ဘုန်း နှင့်ယေရုရှလင် မြို့သား တို့၏ဘုန်း သည် ယုဒ ပြည်တဘက် ၌ မ ဝါကြွား ရ။ 8 ထိုကာလ ထာဝရဘုရား သည် ယေရုရှလင် မြို့ သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ ဒါဝိဒ် မင်းကဲ့သို့ ၎င်း ၊ ဒါဝိဒ် မင်း မျိုး သည် ဘုရား သခင်ကဲ့သို့ ၎င်း ၊ သူ တို့ရှေ့ မှာ ထာဝရဘုရား ၏ ကောင်းကင် တမန်ကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။ 9 ထိုကာလ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ငါသည် အားထုတ် မည်။ 10 ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။ 11 မေဂိဒ္ဒေါ ချိုင့် တွင် ဟာဒဒြိမ္မုန် မြို့မှာ ငိုကြွေး မြည်တမ်း သကဲ့သို့ ၊ ထိုကာလ ယေရုရှလင် မြို့မှာ ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်း ရှိလိမ့်မည်။ 12 တပြည်လုံး အမျိုးအနွယ် အသီးအသီးတမျိုး တခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ် မင်း၏ အဆွေအမျိုး တခြား ၊ သူ တို့မိန်းမ များတခြား၊ နာသန် ၏ အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊ 13 လေဝိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များ တခြား၊ ရှိမိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊ 14 ကျန်ကြွင်း သော အဆွေအမျိုး အပေါင်း တို့သည် တမျိုးတခြားစီ၊ သူ တို့မိန်းမ များ တစုတခြားစီငိုကြွေးမြည်တမ်း ကြလိမ့်မည်။

13

1 ထိုကာလ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။ 2 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပြည် တော်တွင် ရှိသောရုပ်တု တို့၏ နာမ များကို နောက် တဖန်အဘယ်သူမျှမ မှတ်မိ စေခြင်းငှါ၊ ထိုကာလ ငါသုတ်သင် ပယ်ရှင်းမည်။ ပရောဖက် လုပ် သောသူတို့ကို၎င်း ၊ ညစ်ညူး သော ဝိညာဉ် ကို၎င်း ပြည် တော်မှ နှင်ထုတ် မည်။ 3 လူ တစုံတယောက်သည် ပရောဖက် ပြုသေးလျှင် ၊ ဘွားမြင် သော မိဘ တို့က၊ သင်သည် ထာဝရဘုရား ၏ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟောပြော သောကြောင့် အသေခံ ရမည်ဟုဆို လျက် ၊ ပရောဖက် ပြုစဉ်ပင် ကိုယ်မိဘ တို့ သည် သူ့ ကို ထုတ်ချင်းခပ်ထိုး ကြလိမ့်မည်။ 4 ထိုကာလ ပရောဖက် သည် ဟောပြော သောအခါ မိမိ မြင်သော ရူပါရုံ ကြောင့် ရှက် လိမ့်မည်။ သူတပါး ကို လှည့်စား မည့်အကြံနှင့် ကြမ်းတမ်း သော အဝတ် ကိုလည်း ဝတ် ရ။ 5 အကျွန်ုပ် သည် ပရောဖက် ဟုတ်၊ လယ် လုပ် သောသူ ဖြစ် ပါ၏။ ငယ် သောအရွယ်မှစ၍ သူတပါး ကျွန် ခံရပါပြီဟု ဝန်ခံ လိမ့်မည်။ 6 သူတပါးကလည်း၊ သင့် လက် ပေါ်သော ဒဏ်ရာ ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ဤဒဏ်ရာကား၊ အကျွန်ုပ် ၏ အဆွေခင်ပွန်း အိမ် ၌ ခံရ သောဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြော လိမ့်မည်။ 7 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။ 8 ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး သုံး စုတွင် နှစ် စု ကို ပယ်ဖြတ် ၍ အသေခံ ရသဖြင့်၊ တစုသာ ကျန်ကြွင်း ရလိမ့်မည်။ 9 ထိုတစုကို မီး အလယ်သို့ ငါရှောက်သွား စေမည်။ ငွေ ကိုချွတ် သကဲ့သို့ ချွတ် မည်။ ရွှေ ကို စုံစမ်း သကဲ့သို့ စုံစမ်း မည်။ သူတို့သည် ငါ့ နာမ ကို ပဌနာပြု ငါနားထောင် မည်။ သူ တို့ကို ငါ ၏လူမျိုး ဟူ၍ငါခေါ်ဝေါ် မည်။ သူ တို့ကလည်း ၊ ထာဝရဘုရား သည် ငါ တို့၏ဘုရား သခင်ဖြစ်တော်မူ၏ဟု ဝန်ခံ ကြလိမ့်မည်။

14

1 ထာဝရဘုရား နေ့ရက် သည် ရောက် သောအခါ ၊ သူတပါးတို့သည် သင် ၏ဥစ္စာ ကို လုယူ၍ သင့် အလယ် ဝေဖန် ကြလိမ့်မည်။ 2 ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ကျန်ကြွင်းလိမ့်မည်။ 3 ထာဝရဘုရား သည်လည်း စစ်တိုက် ရာကာလ ၌ တိုက် သကဲ့သို့ ၊ ထို လူမျိုး တို့ကို တိုက် သွားတော်မူမည်။ 4 ထိုနေ့ရက် ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။ 5 သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။ 6 ထိုနေ့ရက် အလင်း ရှိ ၊ မြတ် သောအရာတို့ သည် ယုတ်လျော့ လိမ့်မည်။ 7 နေ့ ဟုတ်၊ ညဉ့် ဟုတ်၊ ထာဝရဘုရား သိ တော်မူသော နေ့ရက် တရက် ဖြစ် ၊ ညဦးယံ အချိန် ရောက် မှ လင်း လိမ့်မည်။ 8 ထိုနေ့ရက် အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။ 9 ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။ 10 ဂေဘ မြို့မှ သည် ယေရုရှလင် မြို့ တောင် ဘက်၊ ရိမ္မုန် မြို့တိုင်အောင် တပြည်လုံး ကို ချိုင့် ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန် တံခါး မှ သည် အရင် တံခါး ရာ၊ မြို့ထောင့် တံခါး တိုင်အောင် ၎င်း ၊ ဟာနနေလ ရဲတိုက် မှ သည် စပျစ်သီးနယ်ရာ တန်ဆာတော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။ 11 နောက် တဖန် ယေရုရှလင် မြို့သည် ကျိန် ခြင်းဘေးကိုမ ခံ ၊ မြို့သား တို့သည် နေရာ ကျ၍ စိုးရိမ် စရာမရှိ ဘဲနေ ကြလိမ့်မည်။ 12 ယေရုရှလင် မြို့ကို တိုက် လာသောလူမျိုး အပေါင်း တို့၌ ထာဝရဘုရား ပေးတော်မူသောဘေးဒဏ် ဟူမူကား ၊ ခြေ ဖြင့် ရပ် လျက်ပင်သူ တို့အသား လျော့ ပျက် လိမ့်မည်။ မျက်အိမ် မျက်လုံး လျော့ ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း လျော့ ပျက်လိမ့်မည်။ 13 ထို နေ့ရက် ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူ တို့သည် အလွန် ရုန်းရင်းခတ် မျှပြု ၊ တယောက် ကိုတယောက်လက် ချင်းရိုက် သော်လည်း ၊ တယောက် ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည်။ 14 ယုဒ အမျိုးသားတို့လည်း ယေရုရှလင် မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည် ၌နေသောတပါးအမျိုးသား အပေါင်း တို့၏ဥစ္စာ စည်းစိမ်တည်းဟူသော ၊ များစွာ သော ရွှေ ငွေ အဝတ် တန်ဆာစုပုံ လျက်ရှိကြလိမ့်မည်။ 15 မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်း မှစ၍ ရန်သူတပ် တွင် ရှိသမျှ သော တိရစ္ဆာန် တို့၌ပေးသော ဘေးဒဏ် သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။ 16 ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။ 17 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ရှင်ဘုရင် ကို ကိုးကွယ် အံ့သောငှါ ၊ မြို့ တော်သို့ တက် ၍ မ လာသောမြေကြီး သား အဆွေအမျိုး ရှိသမျှအပေါ် သို့ မိုဃ်း ရွာရ။ 18 အဲဂုတ္တု ပြည်သား အဆွေအမျိုး သည် မ တက် မလာလျှင် ၊ မိုဃ်း ရွာဘဲနေ သဖြင့် ၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသောလူမျိုး တို့၌ ၊ ထာဝရဘုရား ပေး တော်မူသောဘေးဒဏ် သည် ထိုသူ တို့ကိုလည်း ထိလိမ့်မည်။ 19 ရွေ့ကား၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်း တို့ ခံရ သောအပြစ် ပေတည်း။ 20 ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။ 21 ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။