ရှောလမုန်သီချင်း။

1

1 သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှောလမုန် သီချင်း။ 2 သခင် နှုတ်ဆက် သော နမ်း ခြင်းဖြင့် ကျွန်မ ကို နမ်း ပါစေ။ ကိုယ်တော် ၏မေတ္တာ သည် စပျစ်ရည် ထက် သာ၍ကောင်း ပါ၏။ 3 ကိုယ်တော် မွှေးကြိုင် သော နံ့သာ ဆီကဲ့သို့၊ နာမ တော်သည် သွန်းလောင်း သောနံ့သာ ဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီး ကညာတို့သည် ကိုယ်တော် ကိုချစ် ကြပါ ၏။ 4 ကျွန်မ ကို သွေးဆောင် တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်း ခန်းထဲသို့ ကျွန်မ ကို ဆောင် ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော် ကြောင့် ဝမ်းမြောက် ရွှင်လန်း ကြမည်။ မေတ္တာ တော်ကို စပျစ်ရည် ထက် သာ၍ချီးမွမ်း ကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော် ကိုမှန်ကန် စွာ ချစ် ကြပါ၏။ 5 အိုယေရုရှလင် မြို့သမီး တို့၊ ငါ သည်ကေဒ တဲ ကဲ့သို့ မည်း သောအဆင်းရှိသော်လည်း ရှောလမုန် မင်း၏ ကုလားကာ ကဲ့သို့ တင့်တယ် သေး၏။ 6 ငါ သည်နေ ပူကိုခံ မည်း သောအဆင်းရှိသောကြောင့် ငါ့ ကိုမ ကြည့်ရှု ကြပါနှင့်။ ငါ့ မိခင် ၏သားသမီး တို့ သည် ငါ့ ကို မနာလိုသောစိတ် ရှိ၍၊ စပျစ် ဥယျာဉ်တို့ကို စောင့် စေကြ၏။ ကိုယ် ဥယျာဉ် ကို မ စောင့် ရပါ။ 7 ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့် ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်းပြ တော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့်လမ်းလွဲ၍လိုက်ရပါအံ့နည်း။ 8 မိန်းမ တကာတို့ထက် အဆင်း လှသောအစ်မ၊ သင် သည်မ သိ လျှင် သိုး များခြေရာ သို့လိုက် သွား၍ သိုးထိန်း တဲ များအနား မှာ သင် ၏သိုးသငယ် တို့ကို ကျွေးမွေး ပါလော့။ 9 ငါ ချစ် သောနှမ၊ သင့် ကိုဖာရော မင်းရထား ကသော မြင်း နှင့် ငါပုံ ပြမည်။ 10 သင် ၏ပါးသွယ် ၌ မုတ်ပုတီးတန်ဆာ ဆင်လျက် လည်ပင်း ၌ ပုလဲ အသွယ်သွယ်ဆွဲလျက် သင်သည် တင့်တယ် လှ၏။ 11 ငွေ နှင့် အပြောက် ချယ်သော ရွှေ ပုတီး အသွယ်သွယ်ကိုလည်း လုပ် ၍ ပေးဦးမည်။ 12 အရှင် မင်ကြီးသည် စားပွဲ တော်နား မှာ ထိုင်နေစဉ် ငါ ထုံသော နာဒုဆီမွှေး အနံ့ သည် တပျံ့ပျံ့ တလှိုင်လှိုင်ဖြစ်လေ၏။ 13 ငါ ချစ် ရာသခင်သည် ငါ မုရန် နံ့သာပုံ ဖြစ်၍၊ ငါ့ ရင်အုံ ကြား မှာ တညဉ့်လုံးအိပ် ရမည်။ 14 ငါ ချစ် ရာသခင်သည် အင်္ဂေဒိ ဥယျာဉ် မှ ဖြစ် သော ဟင်္နာ ခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။ 15 ငါ ချစ် သောနှမ၊ သင် သည် အဆင်း လှပေ၏။ အလွန်လှ ပေ၏။ ချိုး မျက်စိ နှင့်ပြည့်စုံ၏။ 16 ငါ ချစ် ရာသခင်သည် အဆင်းလှ ၍၊ ချစ် ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါ တို့အိပ်ရာခင်း သည် စိမ်း သော အဆင်းရှိ၏။ 17 ငါ တို့ ဗိမာန် တိုင် တို့သည် အာရဇ် ပင်၊ အမိုး သည် ထင်ရူး ပင်ဖြင့်ပြီးသတည်း။

2

1 ကျွန်မသည် ရှာရုန် အရပ်နှင်းဆီ ပွင့်၊ ကွင်းပြင် ၌ပေါက်သော နှင်းပွင့် မျှသာဖြစ်ပါ၏။ 2 ဆူး တောထဲမှာ နှင်းပွင့် ထင်သကဲ့သို့ ငါ ချစ် သောသတို့သမီးသည် လူမျိုးသမီး စုထဲမှာ ထင်ပေ၏။ 3 တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် မြိန် စွာသော အသီး ကို စား ရ၏။ 4 ပွဲခံ ရာအိမ် သို့ ငါ့ ကိုဆောင်သွား မေတ္တာ တော်အလံ ကို ငါ့ အပေါ် မှာ မိုးတော်မူပြီ။ 5 ငါ သည်ချစ်ခြင်း အားဖြင့်ကြင်နာ သည်ဖြစ်၍ ငါ့ ကိုစပျစ်သီးပျဉ် နှင့် အားဖြည့် ကြပါ။ ရှောက်ချို သီးကို ကျွေး၍ သက်သာ စေကြပါ။ 6 သင်၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မလျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက်နေတော်မူပါစေ။ 7 ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း တော ၌ ကျင်လည်သော သမင် ဒရယ် များကို တိုင်တည်၍ သင် တို့ကို ငါမှာ ထား၏။ 8 ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။ 9 ငါ ချစ် ရာသခင်သည် သမင် ဒရယ် သငယ် နှင့် တူ၏။ ကြည့် ပါ။ အုတ်ရိုး ပြင် မှာရပ် တော်မူ၏။ ပြတင်းပေါက် ဝတွင် ကြည့် လျက် ပြတင်းရွက် ကြား မှာ ကိုယ်ကို ပြလျက်နေတော်မူ၏။ 10 ငါ ချစ် ရာ သခင်သည် ခေါ် ပြော သည်ကား၊ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ လာ ခဲ့ပါ။ 11 ဆောင်း ကာလလွန် ပြီ။ မိုဃ်း လည်းကြည်လင် ပြီ။ 12 မြေကြီး ပေါ် မှာ ပန်း များ ပွင့် ကြပြီ။ ငှက်တို့ မြည်တွန် ချိန် လည်း ရောက် လေပြီ။ ငါ တို့မြေ ချိုးငှက် တွန်သံ ကိုလည်း ကြား ရ၏။ 13 သင်္ဘော သဖန်းပင်သည် စိမ်း သောအသီးကို မှည့် စေ၏။ စပျစ်နွယ် ပင်လည်း ပွင့် လျက်မွှေးကြိုင် ၏။ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ထ၍လာ ခဲ့ပါ။ 14 တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။ 15 စပျစ်နွယ် ပင်တို့ကို ဖျက် လတံ့သော မြေခွေး များ နှင့် မြေခွေး ကလေး များကို ငါ တို့ဘို့ ဘမ်း ကြလော့။ ငါ တို့ စပျစ်နွယ် ပင်တို့သည် အပွင့် ပွင့်လျက်ရှိကြ၏။ 16 ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။ 17 မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် ပြေး မှီ၊ ငါ ချစ် ရာသခင်၊ ဗေသာ တောင် ပေါ် မှာ သမင် ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။

3

1 ငါ့ ဝိညာဉ် ချစ် သောသူ ကို ညဉ့် အခါ အိပ်ရာ ပေါ် မှာ ငါရှာ ၏။ ရှာ သော်လည်း တွေ့2 ငါထ မည်။ မြို့ လမ်းတို့တွင် လည် မည်။ ငါ့ ဝိညာဉ် ချစ် သောသူ ကို လမ်းမ တို့တွင် ရှာ မည်ဟုဆိုလျက် ရှာ သော်လည်း တွေ့3 မြို့ ကိုလည် သော ကင်း စောင့်တို့သည် ငါ့ ကို တွေ့ ကြသော်၊ ငါ့ ဝိညာဉ် ချစ် သော သူ ကိုမြင် ကြသလောဟု ငါမေး၏။ 4 သူ တို့မှ အနည်းငယ် လွန် ပြန်လျှင် ငါ ဝိညာဉ် ချစ် သောသူ ကို တွေ့ ၏။ ငါသည် သူ့ ကိုမ လွှတ်။ အမြဲကိုင် ငါ့ ကိုဘွားမြင် သော မိခင် ၏အိမ် အိပ်ရာအခန်း ထဲ သို့ ဆောင် ခဲ့ ၏။ 5 ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း တော ၌ ကျင်လည်သောသမင် ဒရယ် များကို တိုင်တည်၍၊ သင် တို့ကို ငါမှာ ထား၏။ 6 မုရန် လောဗန် အစရှိသော ကုန်သည်ရောင်း တတ်သောနံ့သာမှုန့်မျိုးကို မီးရှို့၍၊ ထ သော မီးခိုး တိုင် သဏ္ဍာန် ရှိလျက်၊ တော ထဲ ကလာ သော ထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန် မင်း၏ယာဉ်ပျံ တော်ကိုကြည့် ကြလော့။ သူရဲ ခြောက်ကျိပ် ဣသရေလ အမျိုးသားသူရဲ အချွေအရံ ရှိကြ၏။ 7 ထိုသူ အပေါင်း တို့သည် ထား ကိုင် လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက် သောသူဖြစ် ကြ၏။ 8 ညဉ့် အခါ စိုးရိမ် စရာရှိသောကြောင့် လူတိုင်း မိမိ ပေါင် မိမိ ထား ကိုမြှောင်ထားလျက်ရှိ၏။ 9 လေဗနုန် သစ်သား ဖြင့် ရှောလမုန် မင်းကြီး လုပ် တော်မူသောယာဉ် ပျံတော်ဖြစ်၏။ 10 ကွန်းစင်တိုင် တို့ကို ငွေ ဖြင့်၎င်း၊ အောက် ပိုင်းကို ရွှေ ဖြင့်၎င်း၊ ထိုင် ရန်ဖုံကို နီမောင်း သော ကမ္ပလာဖြင့်၎င်း၊ ပြီး စေတော်မူ၏။ အတွင်း ကိုမူကား၊ ယေရုရှလင် မြို့သမီး တို့သည် မေတ္တာ နှင့် ချယ်လှယ် ကြပြီ။ 11 ဇိအုန် သတို့သမီး တို့၊ လက်ထပ် မင်္ဂလာဆောင်သောနေ့ နှလုံး တော်ရွှင်လန်း သောနေ့ မယ်တော် တင် သော ဦးရစ် သရဖူကို ဆောင်းတော်မူသောရှောလမုန် မင်းကြီး ကို သွား ဖူးမြင် ကြလော့။

4

1 သင် သည် အဆင်း လှပေ၏။ ငါ ချစ် သောနှမ၊ အလွန်လှ ပေ၏။ ဗျာပါဆံ ကြား မှာ ချိုး မျက်စိ နှင့် ပြည့်စုံ၏။ ဆံပင် သည်လည်း ဂိလဒ် တောင် ပေါ်မှ ဆင်း လာသော ဆိတ် စု ကဲ့သို့ ဖြစ်၏။ 2 သင် ၏သွား တို့သည်လည်း အမွေး ညှပ်၍ ရေချိုး ရာမှ တက် လာသောသိုးစု ကဲ့သို့ ဖြစ်ကြ၏။ တ ကောင်မျှမ လျော့။ အမွှာ သာ ဘွားတတ်ကြ၏။ 3 နှုတ်ခမ်း သည်လည်း နီ တွေးသောကြိုး နှင့်တူ ၏။ စကား သံလည်း သာယာ ပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲ သီးရှက်နှင့်တူ ကြ၏။ 4 လည်ပင်း သည်လည်း၊ သူရဲ တို့သာသုံးဆောင်တတ်သော ဒိုင်း လွှားတထောင် ဆွဲ ထားသော လက်နက်စုံ ဘဏ္ဍာ တိုက်တည်းဟူသော ဒါဝိဒ် မင်း၏ ရဲတိုက် နှင့် တူ၏။ 5 ရင်သား နှစ် ဘက်တို့သည် နှင်း တော၌ ကျက်စား သော ဒရယ် သငယ် အမွှာ နှင့် တူ ကြ၏။ 6 မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် ပြေး မှီ၊ ငါသည်မုရန် တောင် နှင့် လောဗန် ကုန်း သို့ သွား မည်။ 7 ငါ ချစ် သောနှမ၊ သင် သည်အပြစ် တစုံတခုမျှမ ရှိ။ တကိုယ်လုံး လှ ပေ၏။ 8 ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါအပယ်။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါ။ အာမန တောင်ထိပ် ရှနိရ တောင်၊ ဟေရမုန် တောင်ထိပ် ခြင်္သေ့ တွင်း များ၊ ကျားသစ် နေရာ တောင် များအပေါ် က ကြည့်ရှုပါ။ 9 ငါ့ နှမ ငါ့ခင်ပွန်း၊ သင်သည် ငါ့ နှလုံးကိုလု ယူပြီ။ သင် ၏ မျက်စိ တကြည့် လည်ပင်း တလည့် ဖြင့် ငါ နှလုံးကို လု ယူပြီ။ 10 ငါ့ နှမ ငါ့ခင်ပွန်း သင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။ 11 ငါ့ခင်ပွန်း သင် ၏နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယို တတ်၏။ လျှာ အောက် မှာ နို့ နှင့် ပျားရည် ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန် အမွှေး အကြိုင်ကဲ့သို့ မွှေးကြိုင် လျက်ရှိ၏။ 12 ငါ့ နှမ ငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ် ပိတ် ထားသော ရေကန် တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။ 13 သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တော နာဒု ပင်နှင့် ရောသောဟင်္နာ တော၊ 14 နာဒု ပင်၊ ကုရကုမ ပင်၊ ကြံ ပင်၊ သစ်ကြံပိုး ပင်၊ လောဗန် ပင် မျိုး၊ မုရန် ပင်၊ အကျော် ပင်၊ အမြတ် ဆုံးသော နံ့သာ ပင်မျိုးပါကြ၏။ 15 ဥယျာဉ် များကို ရေ လောင်းစရာရေကန် စမ်းရေ တွင်း၊ လေဗနုန် တောင်က စီး ထွက်သော မြစ်ရေလည်း ပါသတည်း။ 16 မြောက် လေ၊ နိုး ပါ။ တောင် လေ၊ လာ ပါ။ ငါ့ ဥယျာဉ် အပေါ်သို့ လာ ကြပါ။ မွှေးကြိုင်သောအနံ့ သည် ပျံ့လှိုင် ပါစေ။ ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်သို့ ဝင် ချို သောအသီး ကို စား တော်မူပါစေ။

5

1 ငါ နှမ ငါ့ခင်ပွန်း ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။ 2 ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ငါ ချစ် သောအမိ၊ ငါ့ ချိုး ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။ 3 ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။ 4 ငါ ချစ် ရာသခင်သည် လက် တော်ကိုတံခါးပေါက် အထဲ သို့ သွင်း တော်မူသည်ဖြစ်၍ သူ့ ကိုချစ်သနားသောစိတ် အားကြီး သဖြင့်5 ငါ ချစ် ရာသခင်အား တံခါးကိုဖွင့် အံ့သောငှါ သောအခါ ငါ့ လက် မှမုရန် ဆီ၊ ငါ့ လက်ချောင်း တို့မှ ပကတိမုရန် ဆီသည် တံခါး ကျင်တိုက်ပေါ် မှာ စက်စက် ကျလေ၏။ 6 ငါ ချစ် ရာသခင်အား ငါ ဖွင့် သည်ရှိသော်၊ ငါ ချစ် ရာ သခင်သည်ထွက် သွား နှင့်ပြီ။ စကား သံတော်ကို စေ့စေ့နားထောင်လျက်၊ သခင် ကိုငါရှာ သော်လည်း တွေ့။ ခေါ် သော်လည်း ထူး တော်မ မူ။ 7 မြို့ တွင် လည် သော ကင်းစောင့် တို့သည် ငါ့ ကို တွေ့ သော်၊ နာကျင် စွာရိုက် ကြ၏။ မြို့ရိုး စောင့် တို့သည် ငါ့ မျက်နှာဖုံး ကို လု ယူကြ၏။ 8 အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။ 9 မိန်းမ တကာ တို့ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ် တို့ကို ထို သို့မှာ ထားတောင်းပန်ရမည်အကြောင်း သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ် ရာသခင်ထက် အဘယ်သို့ သာသနည်း။ 10 ငါ ချစ် ရာသခင်သည် ဖြူ သောအဆင်း၊ နီ သော အဆင်းနှင့် ပြည့်စုံ၍၊ လူတ သောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။ 11 ဦးခေါင်း တော်သည် ရွှေစင် နှင့်တူ၏။ ဆံပင် တော်သည် ထူထပ် ၍၊ ကျီး အဆင်းကဲ့သို့ နက် ၏။ 12 မျက်စိ တော်တို့သည် နို့ ချိုး လျက် မြစ် ရေ ပေါ် မှာ ပုံ့ပုံ့ကြွကြွဝပ် သော ချိုး နှင့်တူ ကြ၏။ 13 ပါး တော်တို့သည် နံ့သာ တော၊ မွှေးကြိုင် သော ပန်း တောကဲ့သို့ ၎င်း နှုတ်ခမ်း တော်တို့သည် ပကတိမုရန် ဆီယို သော နှင်းပွင့် ကဲ့သို့၎င်း ဖြစ်ကြ၏။ 14 လက် တော်တို့သည် မျက်ရွဲ စီ သောလက်စွပ် ကဲ့သို့၎င်း၊ ကိုယ် တော်သည် နီလာ ကျောက်ဖြင့် စီချယ် သော ဆင်စွယ် ဖြူ ကဲ့သို့၎င်း ဖြစ်၏။ 15 ခြေထောက် တော်တို့သည် ရွှေစင် ဘိနပ် ပေါ် ၌ တည် သော ကျောက်ဖြူ တိုင် နှင့်တူကြ၏။ မျက်နှာ တော် သည် လေဗနုန် တောင်ကဲ့သို့ ဖြစ်၍၊ အာရဇ် ပင်ကဲ့သို့ ထူးမြတ် ပေ၏။ 16 နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။

6

1 မိန်းမ တကာတို့ ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ကြွ တော်မူသနည်း။ အကျွန်ုပ်တို့သည် သင် နှင့်အတူ သူ့ ကိုရှာ ရမည် အကြောင်း သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ လွှဲ သွားတော်မူသည်ကို ပြောပါ။ 2 ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်၌ သစ်သီးကို စား နှင်းပွင့် ကို ဆွတ်ယူ မည်ဟု၊ ဥယျာဉ် တော်တွင် နံ့သာ တော သို့ ဆင်း သွားတော်မူပေ၏။ 3 ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ သည်လည်း သခင် ကို ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။ 4 ငါ ချစ် သောနှမ၊ သင် သည်တိရဇ မြို့ကဲ့သို့ လှ ၏။ ယေရုရှလင် မြို့ကဲ့သို့ တင့်တယ် ၏။ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်၏။ 5 သင် ၏မျက်စိ တို့ကို ငါ မှ လွှဲ ပါ။ သူ တို့သည် ငါ့ ကို အောင် ပြီ။ သင် ၏ဆံပင် သည်လည်း၊ ဂိလဒ် တောင်ပေါ်မှ ဆင်း လာသောဆိတ် စု ကဲ့သို့ ဖြစ်၏။ 6 သင် ၏သွား တို့သည်လည်း၊ ရေချိုး ရာမှ တက် လာသော သိုး စု ကဲ့သို့ ဖြစ်ကြ၏။ တကောင်မျှ မလျော့ အမွှာ သာ ဘွားတတ်ကြ၏။ 7 နားပန်း ဆံကြား မှာ ပါးတို့သည် သလဲ သီးရှက် နှင့် တူ ကြ၏။ 8 မိဖုရား ခြောက် ကျိပ်၊ မောင်းမမိဿံ ရှစ် ကျိပ်၊ အပျို တော်အတိုင်း မသိရှိကြ၏။ 9 ငါ့ ချိုး ငါ ၏စုံလင် သူသည် ငါ၌တပါး တည်းရှိ၏။ ဘွားမြင် သောမိခင် အချစ် ဆုံးသောသမီး ဖြစ်၏။ လူမျိုး သမီး တို့သည် သူ့ ကိုမြင် ကောင်းကြီး ပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံ များတို့သည် ချီးမွမ်း ကြ၏။ 10 ကဲ့သို့ တင့်တယ် လျက်၊ နေ ကဲ့သို့ ထွန်းလင်း လျက်၊ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်လျက်၊ နံနက် ကဲ့သို့ မျှော်ရှု သော သတို့သမီးကား အဘယ်သူ နည်း။ 11 ချိုင့် ထဲမှာ သစ်သီး များကိုကြည့်ရှု စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲ ပင်ပွင့် သည် မပွင့်သည်ကို၎င်းသိ ခြင်းငှါ ငါပြုစု သော ဥယျာဉ် သို့ ငါဆင်း သွား၏။ 12 သတိ ရမှီ ငါ့ ဝိညာဉ် သည် အမိနဒိပ်ရထား ကို စီးသကဲ့သို့ဖြစ်၏။ 13 အိုရှုလမိတ် ပြန် လာပါ။ ပြန် လာပါ။ အကျွန်ုပ် တို့သည် သင့် ကို ရှုမြင် ရမည်အကြောင်း ပြန် လာပါ။ ပြန် လာပါ။ ရှုလမိတ် အဘယ်သို့ သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ် နှစ်တပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။

7

1 အိုမင်းသမီး ခြေနင်း စီးလျက် သင် ၏ခြေ တို့ သည် အလွန် တင့်တယ် ပါ၏။ သင် ၏ခါးဆစ် တို့သည် လိမ္မာ သောသူ ပြုပြင် သောကျောက်ကောင်းရတနာ ကဲ့သို့ ဖြစ်ကြပါ၏။ 2 သင် ၏ခါး သည် အရည် နှင့်ပြည့် သော ဖလား လုံး ဖြစ်ပါ၏။ ဝမ်း သည်လည်း နှင်းပန်း စီချယ် သော စပါး ပုံ ဖြစ်ပါ၏။ 3 သင် ၏ရင်သား နှစ်ဘက် တို့သည် ဒရယ် သငယ် အမွှာ နှင့် တူကြပါ၏။ 4 လည်ပင်း သည်ဆင်စွယ် ရဲတိုက် ကဲ့သို့ ၎င်း၊ မျက်စိ တို့သည် ဟေရှဘုန် မြို့၊ ဗာသရဗ္ဗိမ် တံခါး နား မှာ ရှိသောရေကန် ကဲ့သို့၎င်း၊ နှာခေါင်း သည် ဒမာသက် မြို့သို့ မျက်နှာ ပြုသော လေဗနုန် ရဲတိုက် ကဲ့သို့ ၎င်း ဖြစ်ပါ၏။ 5 သင် ၏ဦခေါင်း သည် ကရမေလ တောင်နှင့် တူ ၍၊ ဆံပင် သည်လည်း နီမောင်း သော တန်ဆာဆင်ပါ ၏။ မင်းကြီး သည် ကျစ် သောဆံပင်နှင့် နှောင်ဖွဲ့ လျက် ရှိတော်မူ၏။ 6 ငါချစ် သောနှမ၊ ငါပျော်မွေ့ ဘို့ရာ သင်သည် အလွန် လှ ပေ၏။ အလွန် ချစ် ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။ 7 သင် ၏အရပ် သည် စွန်ပလွံ ပင်ကဲ့သို့ဖြစ်၍၊ သင် ၏ရင်သား တို့လည်း စွန်ပလွံသီး ပြွတ်နှင့်တူ ကြ၏။ 8 စွန်ပလွံ ပင်ကို ငါတက် မည်၊ အကိုင်း အခက် တို့ကို ကိုင် မည်ဟု ငါဆို သော် တဖန်သင် ၏ရင်သား တို့ သည် စပျစ်သီး ပြွတ် ကဲ့သို့ ၎င်း၊ သင် ရှူ သောအသက်အနံ့ သည် ရှောက်ချိုသီး အနံ့ကဲ့သို့ ၎င်း 9 သင် ၏နှုတ် သည်လည်း အကောင်းဆုံး သော စပျစ်ရည် ကဲ့သို့ ၎င်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါ ချစ် ရာသခင်အဘို့ ဖြောင့် စွာ စီး တတ်ပါ၏။ အိပ်ပျော် သောသူတို့၏နှုတ်ခမ်း သို့ အမှတ်တမဲ့ရောက် တတ်ပါ၏။ 10 ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ့ အလို သို့လည်း လိုက်တော်မူတတ်၏။ 11 ကြွလာ တော်မူပါ၊ ငါ ချစ် ရာသခင်။ ကြွလာတော်မူ ပါ။ တော အရပ်သို့ ထွက်သွား ၍ ရွာ တို့၌ ညဉ့် ကိုလွန်စေ ကြကုန်အံ့။ 12 နံနက် စောစောထ၍ စပျစ် ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှု ကြကုန်အံ့။ ထို အရပ်၌ ကျွန်မ ၏ မေတ္တာ ကို ကိုယ်တော် အပ်ပေး ပါမည်။ 13 အနု ဆေးပင်တို့သည် မွှေးကြိုင် ကြပါ၏။ ငါ တို့ တံခါး နား မှာ ချို သောအသီးမျိုး အသစ် အဟောင်း တို့ကို ကိုယ်တော် ဘို့ ကျွန်မသိုထား ပါပြီ၊ ငါ ချစ် ရာသခင်။

8

1 ကိုယ်တော် သည် ကျွန်မ ၏ မိခင် နို့ ကိုစို့ သော မောင် ရင်းကဲ့သို့ ဖြစ် စေချင်ပါ၏။ သို့ဖြစ်လျှင် ကျွန်မ သည် ပြင် မှာ တွေ့ ၍ နမ်း ပါလိမ့်မည်။ သူတပါးမ ကဲ့ရဲ့ ရ။ 2 ကိုယ်တော် ကို လက်ဆွဲ ၍၊ မိခင် ၏အိပ်ခန်း ထဲသို့ ဆောင် သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မ ကို သွန်သင် သဖြင့်၊ ကျွန်မသည်ဆေး ရောသော စပျစ်ရည် နှင့် ကျွန်မ သလဲ ရည်ကို ကိုယ်တော် အား သောက် တော်မူ ပါစေမည်။ 3 သခင် ၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မ လျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက် နေတော်မူပါစေ။ 4 ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သောသတို့သမီးသည် အလိုလို နိုး မှီတိုင်အောင်၊ မ လှုပ် မနှိုးမည် အကြောင်း၊ တော၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင် တို့ကို ငါ့မှာ ထား၏။ 5 မိမိ ချစ် ရာသခင်၌ မြှောင် ၍တော ထဲ က လာ သောထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ငါသည်ရှောက်ချို ပင်အောက်မှာ သင့် ကိုနှိုးဆော် ခဲ့ပြီ။ထို အရပ်၌ သင် ၏မိခင် သည်သင့် ကိုပေးစား ခဲ့ပြီ။ထို အရပ်၌ သင့် ကိုဘွားမြင် သောသူသည်သင့်ကိုပေးစား ခဲ့ပြီ။ 6 ကျွန်မ ကို ကိုယ်တော် ၏နှလုံး ပေါ် မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံး တော်ပေါ် မှာ တံဆိပ် ခတ်တော်မူ ပါ။ အကြောင်း မူကား၊ မေတ္တာ သည် သေ ခြင်းနှင့်အမျှ တန်ခိုး ကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ် သဘောသည် မရဏ နိုင်ငံနှင့်အမျှ ခက်ထန် ပါ၏။ သူ ၏အရှိန် သည် မီး အရှိန် လျှပ်စစ် အရှိန်ဖြစ်ပါ၏။ 7 သို့ရာတွင်၊ ရေ များ တို့သည် မေတ္တာ ကို မ သတ် နိုင်။။ မြစ် ရေတို့သည် မ လွှမ်းမိုး နိုင်။ လူ သည် မိမိ အိမ် ၌ ရှိသမျှ သော ပစ္စည်း ဥစ္စာတို့ကို မေတ္တာ ဘို့ ပေး ချင်သော်လည်း အလွန်တရာမထီမဲ့မြင် ပြုခြင်းကိုခံရလိမ့်မည်။ 8 ငါ တို့၌ ညီမ ငယ် တယောက်ရှိ၏။ သူ သည် သားမြတ် ပေါ်သေး။ ထို ညီမ ကို တောင်း သောအခါ သူ့ အဘို့ အဘယ် သို့ပြု ရပါမည်နည်း။ 9 သူ သည်မြို့ရိုး ဖြစ်လျှင် သူ့ အပေါ် မှာငွေ ပြအိုး ကို ဆောက် မည်။ တံခါး ဖြစ်လျှင် အာရဇ် ပျဉ်ပြား ဖြင့် ခိုင်ခံ့ စေမည်။ 10 ငါသည်မြို့ရိုး ဖြစ်၏။ ငါ့ သားမြတ် တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍ ရှေ့ တော်၌ မျက်နှာ ရသော ကျေးဇူးရှိ ၏။ 11 ဗာလဟာမုန် ပြည်၌ ရှောလမုန် မင်း၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။ ဥယျာဉ် စောင့် တို့၌ ငှါး သဖြင့် သူ တို့ သည် အသီး ကို စားရသည်အတွက် ငွေ တထောင် စီ ဆက် ရကြ၏။ 12 ငါ ပိုင်သောစပျစ် ဥယျာဉ်သည် ငါ့ ရှေ့ မှာရှိ၏။ အိုရှောလမုန် ငွေတထောင် ကို ကိုယ်တော် အား ဆက်၍ အသီး စောင့် သောသူတို့ သည် နှစ်ရာ ကိုယူရကြ၏။ 13 ဥယျာဉ် တို့၌ နေ သောသူ၊ သင် ၏စကား သံကို သင်၏ အပေါင်း အဘော်တို့သည် နားထောင် တတ်ကြ၏။ ငါ သည်လည်းကြား ပါရစေ။ 14 အလျင် အမြန်ကြွလာတော်မူပါ၊ ငါ ချစ် ရာ သခင်။ နံ့သာ တောင် ပေါ် မှာ သမင် ဒရယ် သငယ် ကဲ့သို့ ပြုတော်မူပါ။