ရုသဝတ္တု။
11 တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။ 2 ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။ 3 နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။ 4 သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊ 5 ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။ 6 တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊ 7 တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။ 8 သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။ 9 သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊ 10 အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။ 11 နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။ 12 ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊ 13 ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊ 14 သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။ 15 နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊ 16 ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။ 17 ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။ 18 ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။ 19 ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။ 20 သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။ 21 ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။ 22 ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။
21 နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။ 2 မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။ 3 ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။ 4 ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။ 5 ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊ 6 လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။ 7 သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊ 8 ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။ 9 သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊ 10 ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။ 11 ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။ 12 သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊ 13 ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။ 14 ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။ 15 စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။ 16 ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။ 17 ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။ 18 ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။ 19 ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။ 20 ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။ 21 ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊ 22 နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊ 23 သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။
31 တဖန် ယောက္ခမ နောမိ က၊ ငါ့ သမီး ၊ သင့် ကိုချမ်းသာ စေခြင်းငှါ ငြိမ်ဝပ် ရာအရပ် ကို သင့် အဘို့ ငါမ ရှာ ရသလော။ 2 သင်ပေါင်းဘော်သော ကျွန် မတို့၏သခင်ဗောဇ သည် ငါ တို့ပေါက်ဘော် ဖြစ်သည်မ ဟုတ်လော။ ယနေ့ည မှာ ကောက်နယ်တလင်း ၌ မုယော စပါးကိုလှေ့ လျက်နေ၏။ 3 သင် သည်ရေချိုးခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်း သို့ သွား တော့။ သူသည်စား သောက် ခြင်း အမှုကို မ ပြီး မှီကိုယ် ကို မ ပြနှင့်။ 4 သူ အိပ် သောအခါ ၊ အိပ် ရာအရပ် ကိုမှတ် ပြီးမှ ဝင် ၍ သူ့ ခြေ ၌ဖုံးသော အဝတ်ကိုဖွင့် ပြီးလျှင် အိပ် တော့။ သင်သည် အဘယ်သို့ ပြု ရမည်ကို သူ ပြော လိမ့်မည်ဟုဆိုသော်၊ 5 ရုသက၊ မိခင်မှာ ထားသမျှ တို့ကို ပြု ပါမည်ဟု ဝန်ခံ လျက်၊ 6 ကောက်နယ်တလင်း သို့သွား ၍ ယောက္ခမ မှာ ထားသမျှ အတိုင်း ပြု လေ၏။ 7 ဗောဇ သည်စား သောက် ၍ ရွှင်လန်း လျက်၊ စပါး ပုံအနား သို့ သွား ၍ အိပ် သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍သူ့ ခြေ ၌ဖုံးသောအဝတ်ကိုဖွင့် ပြီးလျှင် အိပ် လေ၏။ 8 သန်းခေါင် အချိန်၌ ယောက်ျား သည်လန့် ၍ လှည့် သဖြင့် ၊ မိန်းမ သည်ခြေရင်း ၌ရှိသည်ကိုသိ လျက်၊ 9 သင် သည်အဘယ် သူနည်းဟုမေး လျှင် ၊ ကျွန်မ သည်ကိုယ်တော် ၏ ကျွန် မရုသ ဖြစ်ပါ၏။ ကိုယ်တော် သည်ရွေး ပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့် ၊ ကိုယ်တော် ၏ ကျွန် မကိုအဝတ်တော်စွန်း နှင့် ဖုံး ပါတော့ဟုဆို သော်၊ 10 သူက၊ ငါ့ သမီး ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော။ သင်သည်ငွေ ရတတ် သောလူပျို ၊ ဆင်းရဲ သောလူပျို တစုံတယောက်ကို မ မှီဝဲ ဘဲနေ၍၊ အရင် ပြု သောကျေးဇူး ထက် နောက် ပြုသောကျေးဇူးသာ၍ကြီး၏။ 11 မ စိုးရိမ် နှင့်ငါ့ သမီး။ တောင်း သမျှ ကို ငါပြု မည်။ သင် သည်သီလ နှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်း ကို ငါ့ လူမျိုး နေသောတမြို့လုံး သိ ၏။ 12 ငါ သည်ရွေး ပိုင်သော အမျိုးသားချင်းမှန် ပေ၏။ သို့သော်လည်း ငါ့ ထက် သာ၍ရွေး ပိုင်သော အမျိုးသားချင်းတယောက်ရှိ သေး၏။ 13 ယနေ့ည မှာနေ ဦးတော့။ ထိုသူသည်ရွေး ပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း ၏။ မ ပြုလျှင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ငါပြု မည်။ နံနက် တိုင်အောင် အိပ် ဦးတော့ဟုဆို၏။ 14 ရုသသည်နံနက် တိုင်အောင် သူ့ ခြေရင်း နားမှာအိပ် ပြီးမှ ၊ တယောက် ကို တယောက်သိ နိုင်သော အချိန်မ ရောက်မှီထ လေ၏။ ယောက်ျားကလည်း၊ မိန်းမ သည် ဤကောက်နယ်တလင်း သို့လာ သည်ကို အဘယ်သူမျှမ သိ စေနှင့်ဟုဆို ၏။ 15 တဖန် သင် ၌ ပါသော တင်းတိမ် ကိုယူ ခဲ့၍ ဖြန့် ခင်းတော့ဟုဆို သည်အတိုင်း၊ ရုသဖြန့်လျက် မုယော စပါးခြောက်ဩမဲကိုခြင် ၍ သူ့ အပေါ် မှာတင် သဖြင့် ၊ သူသည်မြို့ ထဲသို့ သွား လေ၏။ 16 ယောက္ခမ ထံ သို့ ရောက် သောအခါ ၊ ယောက္ခမကအဘယ် သို့နည်းဟုမေး လျှင် ၊ မိမိ ၌ ထိုသူပြု သမျှ ကို ၎င်း၊ 17 သူက၊ သင် သည်ယောက္ခမ ထံ သို့လက်ချည်း မ သွား နှင့်ဟုဆို လျက် မုယော စပါးခြောက်ဩမဲပေး ကြောင်းကို ၎င်း ကြားပြော လေ၏။ 18 ယောက္ခမလည်း ၊ ငါ့ သမီး ၊ ဤအမှု သည်အဘယ် သို့ပြီး လိမ့်မည်ကိုမသိ မှီတိုင်အောင် ထိုင်နေ တော့။ ယောက်ျား သည် ယနေ့ ဤအမှု ကိုမပြီးစီး မှီ ငြိမ်ဝပ် စွာမ နေဟုပြောဆို ၏။
41 ထိုအခါ ဗောဇ သည်မြို့တံခါးဝ သို့ သွား ၍ ထိုင် သဖြင့် ၊ မနေ့ကပြော သော အမျိုးသား ချင်းရှောက် သွားသည်ကိုမြင် လျှင်၊ အိုမည်သူလှည့်၍ ထိုင် ပါတော့ဟုခေါ် သည်အတိုင်း သူသည် လှည့် ၍ ထိုင် လေ၏။ 2 တဖန် မြို့ သား အသက် ကြီးသူ တကျိပ် တို့ကိုခေါ် ၍ ၊ သည် မှာထိုင် ပါတော့ဟု ဆို သည်အတိုင်းသူတို့သည်လည်း ထိုင် ကြ၏။ 3 အမျိုးသား ချင်းကို လည်း ၊ မောဘ ပြည် မှ ပြန် လာသောနောမိ သည် ငါ တို့အစ်ကို ဧလိမလက် ပိုင်သော မြေ အကွက် ကိုရောင်း မည်ဖြစ်၍၊ 4 သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများ ရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။ 5 ဗောဇ ကလည်း ၊ ထိုလယ် ကွက်ကိုနောမိ လက် မှ ဝယ် သောနေ့ ရက်တွင် ၊ သေ သောသူ၏ အမွေ ဥစ္စာအားဖြင့် သူ ၏နာမည် ကိုထောက်မ ခြင်းငှါ ၊ သူ၏မယား မောဘ အမျိုးသမီးရုသ ကိုလည်း ဝယ် ရသေးသည်ဟု ဆို သော်၊ 6 အမျိုးသား ချင်းက၊ ကျွန်ုပ်သည် ကိုယ် အဘို့ မ ရွေး နိုင် ပါ။ ရွေးလျှင် ကိုယ် အမွေ ဥစ္စာကိုဖျက် မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မ ရွေး နိုင် သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။ 7 ဣသရေလ ရှေး ထုံးစံဟူမူကား ၊ ရွေး ခြင်းအမှု၊ ဥစ္စာ လဲခြင်းအမှုကို မြဲမြံ စေခြင်းငှါ တယောက် သောသူသည် မိမိ ခြေနင်း ကိုချွတ် ၍ တယောက် သောသူအား အပ် လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် သက်သေ တည်ရ၏။ 8 သို့ဖြစ်၍ အမျိုးသား ချင်းက၊ ကိုယ် အဘို့ ဝယ် ပါတော့ဟု ဗောဇ အား ဆို ၍ မိမိ ခြေနင်း ကိုချွတ် ၏။ 9 ဗောဇ ကလည်း ၊ ဧလိမလက် ဥစ္စာ၊ ခိလျုန် ဥစ္စာ၊ မဟာလုန် ဥစ္စာ ဟူသမျှ ကို နောမိ လက် မှ ငါဝယ် ၍၊ 10 သေ သောသူ၏နာမည် ကို သူ ၏ညီအစ်ကို စုထဲက ၎င်း၊ သူ နေရာမြို့ တံခါး ထဲက ၎င်း မ ပြတ် စေခြင်းငှါ၊ သူ ၏အမွေ အားဖြင့် သူ၏နာမည် ကို ထောက်မ မည် အကြောင်း၊ မဟာလုန် ၏ မယား မောဘ အမျိုးသမီးရုသ ကို ငါ ၏မယား ဖြစ်စေခြင်းငှါ ငါဝယ် သည်ကိုသင် တို့သည် ယနေ့ သက်သေ ဖြစ်ကြပါ၏ဟု အသက် ကြီးသူများ၊ လူ များအပေါင်း တို့အား ပြောဆို ၏။ 11 တံခါးဝ ၌ ရှိသောအသက် ကြီးသူများ၊ လူ များအပေါင်း တို့ကလည်း ၊ ငါတို့သည်သက်သေ ဖြစ်ကြ၏။ သင့် အိမ် သို့ ရောက် သော ဤမိန်းမ သည်၊ ဣသရေလ အမျိုး ကိုတည်ထောင် သောမိန်းမနှစ် ယောက်၊ ရာခေလ နှင့် လေအာ ကဲ့သို့ ဖြစ်မည်အကြောင်းထာဝရဘုရား ပြု တော်မူ ပါစေသော။ သင်သည်လည်း ဧဖရတ် အရပ်၌ အစွမ်း သတ္တိနှင့်ပြည့်စုံ၍ ဗက်လင် မြို့၌ အသရေ ကျော်စောခြင်းရှိပါစေသော။ 12 အသက် ပျိုသော ဤ မိန်းမတွင် ၊ ထာဝရဘုရား ပေး တော်မူလတံ့သော မျိုးစေ့ အားဖြင့် သင် ၏ အမျိုး အနွယ်သည် ယုဒ မယားတာမာ ဘွားမြင် သော ဖာရက် အမျိုး အနွယ်ကဲ့သို့ ဖြစ် ပါစေသောဟုပြောဆို ကြ၏။ 13 ဗောဇ သည် ရုသ ကိုသိမ်း ၍ စုံဘက် လျက် ဆက်ဆံ သောအခါ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေ ယူ၍ သား ယောက်ျားကိုဘွားမြင် လေ၏။ 14 မိန်းမ တို့သည်လည်း နောမိ အား ၊ သင့်ကိုပြုစုသော အမျိုးသား ချင်းကို ယနေ့ ဖြတ် တော်မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေ ကျော်စော ပါစေသော။ 15 သူသည်သင် ၏အသက် ကိုပြုပြင် သောသူ၊ သင် အသက် ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစု သောသူဖြစ် ပါစေသော။ သင့် ကိုချစ် ၍ သား ခုနစ် ယောက်ထက် သင့် အဘို့ သာ၍ ကောင်းသောသင် ၏ ချွေးမ သည်သားယောက်ျားကိုဘွားမြင် ပြီဟုပြောဆို ကြ၏။ 16 နောမိ သည်ထိုသူငယ် ကိုယူ ၍ ပိုက်ချီ လျက်ထိန်း လေ၏။ 17 အိမ်နီးချင်း မိန်းမတို့ကလည်း ၊ နောမိ သည် သား ယောက်ျားကိုရ ပြီဟုဆို လျက် ၊ ထိုသူငယ် ကိုဩဗက် အမည် ဖြင့်မှည့် ကြ၏။ ဩဗက်သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ် တည်း။ 18 ဖာရက် ၏သားစဉ် မြေးဆက်ဟူမူကား ၊ ဖာရက် သား ဟေဇရုံ၊ 19 ဟေဇရုံ သား အာရံ ၊ အာရံ သား အမိနဒပ်၊ 20 အမိနဒပ် သား နာရှုန် ၊ နာရှုန် သား စာလမုန်၊ 21 စာလမုန် သား ဗောဇ ၊ ဗောဇ သား ဩဗက်၊ 22 ဩဗက် သား ယေရှဲ ၊ ယေရှဲ သား ဒါဝိဒ် တည်း။