ရောမဩဝါဒစာ။
11 လူဇာတိ အားဖြင့် ဒါဝိဒ် အမျိုး ဖြစ် တော်မူထသော၊ 2 သေ ခြင်းမှထမြောက် တော်မူ၍၊ 3 သန့်ရှင်း သောဝိညာဉ် အားဖြင့် ၊ 4 တန်ခိုး နှင့်တကွ ဘုရားသခင် ၏သား တော် ထင်ရှားဖြစ်တော်မူသော ငါ တို့သခင် ယေရှု ခရစ် တည်းဟူသောမိမိ သား တော်ကို အကြောင်း ပြု၍ ဘုရားသခင် သည် ရှေးကမိမိ ပရောဖက် များအားဖြင့် ၊ သန့်ရှင်း သော ကျမ်းစာ ၌ ဂတိ ထားတော်မူသော ဧဝံဂေလိ တရားကို ဟောစေခြင်းငှာ၊ ရွေးချယ် ခွဲထား၍ တမန်တော် အရာ၌ ခန့်ထား သော ယေရှု ခရစ် ၏ ကျွန် ငါပေါလု သည်၊ 5 ဘုရားသခင် ချစ် တော်မူ၍ ၊ 6 သန့်ရှင်း သူအရာ၌ ခန့်ထား သော ရောမ မြို့သူမြို့သားအပေါင်း တို့ကို ကြားလိုက်ပါ၏။ 7 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ သခင်ယေရှု ခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် စေခြင်းငှာ ။ ထိုသခင်ထံ၌ကျေးဇူး တော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရ ကြပြီ။ ထိုသခင်ခေါ် ထားတော်မူသောသင် တို့သည်လည်း ထိုလူမျိုး တို့၌ အပါအဝင်ဖြစ် ကြ၏။ 8 သင် တို့၏ယုံကြည် ခြင်းအရာသည် မြေ တပြင်လုံး၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍၊ သင်တို့ အကြောင်း ကြောင့် ယေရှု ခရစ် အားဖြင့် ၊ ငါ ၏ဘုရားသခင် ကျေးဇူး တော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။ 9 ငါသည်သင် တို့ကို မခြားမလပ် အောက်မေ့ ၍ အစဉ်မပြတ် ဆုတောင်း ပဌနာပြု သည်ဟု သား တော်၏ ဧဝံဂေလိ တရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ် နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ် သော ဘုရားသခင် သည် ငါ ၏သက်သေခံ ဖြစ် တော်မူ၏။ 10 မ ကြာမမြင့်မှီဘုရားသခင် အလို တော်အားဖြင့် အဆင်သင့်၍၊ သင် တို့ရှိရာ သို့ ငါလာ ရသော အခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။ 11 သင် တို့သည် မြဲမြံ ခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင် တို့၌ ဝိညာဉ် ဆု ကျေးဇူးတစ်စုံတစ်ခု ကို အပ်ပေး ခြင်းငှာ ၊ သင် တို့ကိုအလွန် တွေ့မြင် ချင်ပါ၏။ 12 ထိုသို့ဆိုသော်၊ ငါ နှင့် သင် တို့သည် ယုံကြည် သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက် ကြ မည်အကြောင်း ကို ဆိုလိုသတည်း။ 13 ညီအစ်ကို တို့၊ ငါသည်အခြား သောတစ်ပါး အမျိုးသားတို့တွင် အကျိုး ကိုရ သကဲ့သို့ သင် တို့တွင် လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ ၊ သင် တို့ရှိရာသို့ သွား မည်ဟု အဖန်ဖန် အကြံရှိ ကြောင်း ကို သင် တို့မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခု တိုင်အောင် မြစ်တား သော အကြောင်းရှိ၏။ 14 ဟေလသ လူဖြစ်စေ၊ လူရိုင်း ဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာ မဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေး သည် ငါ၌တင် လျက်ရှိ၏။ 15 သို့ဖြစ်လျှင် ၊ ငါ တတ်နိုင်သမျှ အတိုင်း ရောမ မြို့သားဖြစ်သောသင် တို့အား ဧဝံဂေလိ တရားကို ဟောခြင်းငှာစေတနာ စိတ်ရှိ၏။ 16 ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။ 17 အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။ 18 သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။ 19 အဘယ်ကြောင့် နည်းဟူမူကား၊ သိ အပ်သောဘုရားသခင် ၏ အကြောင်း အရာတို့သည် သူ တို့တွင် ထင်ရှား လျက်ရှိ ၏။ ဘုရားသခင် သည် သူ တို့အား ပြ တော်မူပြီ။ 20 အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ 21 အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။ 22 ပညာရှိ ယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည် ကြသည် ဖြစ်၍၊ 23 မ ဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ် တော်ကိုပယ် လျက် ၊ ဖောက်ပြန် ပျက်စီးတတ်သောလူ ၏ ရုပ်တု ၊ သား ငှက် အစရှိသော တွား တတ်သောတိရစ္ဆာန်၏ရုပ်တု ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ 24 ထိုကြောင့် သူ တို့သည် မိမိ တို့ကိုယ် ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချ မည်အကြောင်း၊ ဘုရားသခင် သည် သူ တို့ကိုသူ တို့၏ ကိလေသာ စိတ် ညစ်ညူး ခြင်းလက်သို့ အပ် လိုက်တော်မူ၏။ 25 သူတို့သည် မှန် သောဘုရားသခင့် အရာ၌ အမှား ကိုထားလျက်၊ ဖန်ဆင်း တတ်သော သခင် ကိုပယ် ၍ ဖန်ဆင်း အပ်သောအရာကို ဝတ်ပြု ကိုးကွယ် သောသူ ဖြစ်ကြ၏။ ထိုသခင် သည် ထာဝရ မင်္ဂလာ ရှိ တော်မူ၏။ အာမင်26 ထိုသို့ ပြုကြသောကြောင့် ဘုရားသခင် သည် သူ တို့ကို ရှက်ကြောက် ဘွယ်သော ကိလေသာ လက်သို့ အပ် လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမ တို့သည် ပကတိ ထုံးစံကိုစွန့် ၍၊ ပကတိ နှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက် ကြ၏။ 27 ထိုအတူ ၊ ယောက်ျား တို့သည်လည်း မိန်းမ နှင့် ဆက်ဆံ ခြင်းပကတိ ထုံးစံကိုစွန့် ၍ အချင်းချင်း ကိလေသာ စိတ်ပူလောင် သဖြင့်၊ ရှက်ကြောက် ဘွယ်သောအမှုကို ယောက်ျား ချင်း ပြု လျက် ၊ မိမိ တို့ မှားယွင်း ခြင်းနှင့် အလျောက် မိမိ တို့အပြစ် ဒဏ်ကို ခံရ ကြ၏။ 28 ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊ 29 သူတို့သည်အလုံးစုံ သော အဓမ္မ ကျင့်ခြင်း၊ မတရား သော မေထုန်ကိုပြုခြင်း၊ ဆိုးညစ် ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ ငြူစူ ခြင်း၊ လူ အသက်ကို သတ်ခြင်း၊ ရန်တွေ့ ခြင်း၊ လှည့်ဖြား ခြင်း၊ သူတစ်ပါး ကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစား သောသူ၊ 30 ဆဲရေး သောသူ၊ ဘုရားသခင် ကိုမုန်းသောသူ၊ ကြမ်းတမ်း သောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ် ကောင်းသော အတတ်ကိုစီရင် သောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ သတိမရှိသောသူ၊ သစ္စာ ပျက်သောသူ၊ 31 မိဘသားမယားစသည်တို့ကို မ ချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။ 32 ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။
21 သူတစ်ပါး ကို စစ်ကြော စီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သောအမှုကိုပင်ကိုယ်တိုင်ပြု သည်ဖြစ်၍ ၊ သူတစ်ပါး ကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာရောက်၏။ 2 ဘုရားသခင် သည် ထိုသို့ ပြု သောသူ တို့ကို စီရင် တော်မူခြင်းအရာ သည် သမ္မာတရား နှင့် ညီသည် ကို ငါတို့သိ ကြ၏။ 3 ထိုသို့သောအမှုကိုကိုယ်တိုင် ပြု လျက် ပင်၊ သူတစ်ပါးပြု သည်ကို စစ်ကြော စီရင်သောသူ ၊ သင် သည် ဘုရားသခင် စီရင် တော်မူခြင်းနှင့် လွတ် မည်ဟု ထင်မှတ် သလော။ 4 ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။ 5 ထိုသို့ပြုလျှင်စိတ် ခိုင်မာ ၍ နောင်တ မရသည်နှင့်အညီ ဒေါသ နေ့ တည်းဟူသောဘုရားသခင် ၏ တရား တော်ထင်ရှား သောနေ့၌ ကိုယ် ခံစရာဘို့ အမျက် ဒေါသကို ဆည်းပူး သလော။ 6 ဘုရားသခင် သည် လူအသီးသီး တို့အား မိမိ တို့အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့၊ 7 ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊ 8 ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊ 9 ရှေးဦးစွာ ၌ ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ဆိုးညစ် သောအမှုကို ပြု သောသူ ရှိသမျှ တို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ ကို ခံရကြလတံ့၊ 10 ရှေးဦးစွာ ၌ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ကောင်း သော အကျင့်ကိုကျင့် သောသူရှိသမျှ တို့သည် ဘုန်း အသရေ ချမ်းသာ ကို ခံစားရကြလတံ့။ 11 ဘုရားသခင် သည် အဘယ်သူ၏မျက်နှာ ကို မျှမှတ် တော်မ မူ။ 12 ပညတ် တရားကို မသိဘဲပြစ်မှား သော သူ တို့သည် ပညတ် တရားမဲ့ပျက်စီး ခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ် တရားကို သိလျက် ပင် ပြစ်မှား သော သူ တို့သည် ပညတ် တရား၏ စီရင် ခြင်းကို ခံရကြလိမ့်မည်။ 13 အကြောင်းမူကား ၊ တရား နာ သောသူသည် ဘုရားသခင် ရှေ့ ၌ ဖြောင့်မတ် သည်မ ဟုတ်။ တရား ကို ကျင့် သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။ 14 သာသနာပ လူတို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ်အလိုအလျောက် တရား တော်ကို ကျင့် သောအခါ ၊ သူ တို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ် ကျင့်တရားကို အမှီပြု သဖြင့်၎င်း၊ 15 ကိုယ်ကိုကိုယ် သိသောစိတ်နှလုံးသည် သက်သေခံ သဖြင့် ၎င်း ၊ အချင်းချင်း ဆွေးနွေးဆင်ခြင် ၍ အပြစ်တင် လျက် ၊ လွှတ် လျက်နေသဖြင့်၎င်း၊ မိမိ တို့စိတ် နှလုံးထဲ၌ မှတ်သား သော တရား ၏အကျိုး ကို ထင်ရှား စွာ ပြကြ၏။ 16 ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။ 17 သင် သည် ယုဒ လူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစား သောသူ၊ ဘုရားသခင် ကို အမှီပြု ၍ ဝါကြွား သောသူ၊ 18 အလို တော်ကိုသိ သောသူ၊ ပညတ် တရားတော်ကို လေ့ကျက် သဖြင့် ခြားနား သောအရာ တို့ကို ပိုင်းခြား ထား တတ်သောသူဖြစ်သည်နှင့် ၊ 19 လူကန်း တို့အား လမ်းပြ သောသူ၊ မှောင်မိုက် ၌ နေသောသူ တို့ကို လင်း စေသောသူ၊ 20 လူမိုက် တို့ကို ဆုံးမ တတ်သောသူ၊ သူငယ် တို့ကို နည်းပေး သောသူ၊ ပညတ် တရားတော်အားဖြင့် ပညာ ကို ၎င်း ၊ သမ္မာတရား ကို၎င်းဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ် တတ်သည်မှန်လျှင်၊ 21 သူတစ်ပါး ကိုဆုံးမ လျက်ပင်ကိုယ် ကို မ ဆုံးမ သလော။ သူ့ဥစ္စာကို မ ခိုး နှင့်ဟုတရား ဟောလျက်ပင် ကိုယ်တိုင်ခိုး သလော။ 22 သူ့ မယားကို မ ပြစ်မှားနှင့်ဟုဆို လျက်ပင် ကိုယ်တိုင်ပြစ်မှား သလော။ ရုပ်တု ကိုစက်ဆုပ် ရွံ့ရှာလျက် ပင် ဗိမာန် တော်ကို လုယူဖျက်ဆီးသလော။ 23 ပညတ် တရားတော်ကိုအမှီပြု ၍ဝါကြွား လျက်ပင် ထိုတရား ကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချ သလော။ 24 အကြောင်းမူကား ၊ ကျမ်းစာ၌ လာ သည်နှင့်အညီ၊ တစ်ပါး အမျိုးသားတို့သည် သင် တို့အကျင့်ကို ထောက် ၍ဘုရားသခင် ၏နာမ တော်ကို ကဲ့ရဲ့ တတ်ကြ၏။ 25 သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။ 26 ထိုမှတစ်ပါး ၊ အရေဖျားလှီး ခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ထိုသူ ၏အရေဖျား မလှီးဘဲ အဖြစ်ကို အရေဖျားလှီး ခြင်းအဖြစ်ကဲ့သို့မှတ် ရသည်မ ဟုတ်လော။ 27 အရေဖျားလှီး ခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ် တရားကို ကျင့် လျှင် ၊ ကျမ်းစာ နှင့် အရေဖျားလှီး ခြင်းရှိလျက်ပင်ပညတ် တရားကို လွန်ကျူး သောသင် ကို တရား တွေ့၍ အရှုံးခံစေမည် မဟုတ်လော။ 28 အကြောင်းမူကား ၊ အပြင် အားဖြင့်သာ ယုဒ လူဖြစ် သောသူ သည်ယုဒလူမှန်မ ဟုတ်။ အပြင် အားဖြင့်သာကိုယ်အသား အရေဖျားလှီး ခြင်းသည် အရေဖျားလှီးခြင်းအမှန် မ ဟုတ်။ 29 အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။
31 ထိုသို့ဖြစ်လျှင် ၊ ယုဒ လူသည်အဘယ်သို့ သာ သနည်း။ အရေဖျားလှီး ခြင်းအားဖြင့်အဘယ် အကျိုး ရှိသနည်း။ 2 အထွေထွေ သော အကျိုး များစွာ ရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ် တော်များကို ခံရကြ၏။ 3 သူတို့တွင် အချို့ မ ယုံသော်လည်း ၊ အဘယ် ဆိုဘွယ်ရှိသနည်း။ သူ တို့မ ယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏သစ္စာ တော်ကို ဖျက် နိုင်သလော။ 4 မ ဖျက် နိုင်ရာ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်သောအခါ အောင်မြင် တော်မူ၏ ဟု ကျမ်းစာ၌လာ သည်နှင့်အညီ ၊ လူ ခပ်သိမ်း တို့သည် သစ္စာပျက် သော်လည်း ၊ ဘုရားသခင် ၏ သစ္စာ တော်သည် တည် စေသတည်း။ 5 ငါ တို့၏ မတရား သောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေလျှင် ၊ အဘယ်သို့ ဆို ရသနည်း။ ဘုရားသခင် သည် ဒဏ် ပေးတော်မူလျှင်၊ မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော်လူ သဘောအတိုင်း ငါဆို သတည်း။ 6 ထိုသို့မ ဟုတ် ရာ။ ဟုတ် လျှင်လောက သားတို့ကို အဘယ်သို့ စစ်ကြော စီရင်တော်မူမည်နည်း။ 7 ထိုမှတစ်ပါးငါ သည် သစ္စာပျက် သောအားဖြင့် ဘုရားသခင် ၏ သစ္စာ တော်သည် ဂုဏ် အသရေတော်ကို တိုးပွား စေလျှင် ၊ ငါ့ ကို အပြစ် ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင် သေး သနည်းဟူ၍မေးပြန်လျှင်၊ 8 ကောင်း သောအကျိုးရှိစေခြင်းငှာ မ ကောင်းသောအကျင့်ကို ကျင့် ကြကုန်အံ့ဟု လူအချို့ တို့သည် ငါတို့ကို ကဲ့ရဲ့ လျက် ၊ ငါ တို့စကား ကိုပြန်ပြော သည်အတိုင်း ဆို ဦးမည်လော။ ထိုသို့ဆိုသောသူ တို့သည် ကိုယ် အပြစ် ဒဏ်ကို ခံထိုက် ကြ၏။ 9 ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း။ ငါတို့သည် မြတ် သလောဟု မေးပြန်သော်။ အလျှင်း မ မြတ်။ အကြောင်းမူကား ၊ ယုဒ လူ၊ ဟေလသ လူအပေါင်း တို့သည် အပြစ် ရှိ ကြောင်း ကို အထက်က ပြခဲ့ပြီ။ 10 ကျမ်းစာလာ သည်ကား ၊ ဖြောင့်မတ် သောသူမ ရှိ ၊ တစ်ယောက် မျှ မရှိ။ 11 နားလည် သောသူ မ ရှိ ၊ ဘုရားသခင် ကို ရှာ သောသူ မ ရှိ12 လူအပေါင်း တို့သည် လမ်းလွဲ ကြပြီ။ တစ်ညီတစ်ညွတ် တည်းအသုံး မရသောသူဖြစ်ကြပြီ။ ကောင်း သောအကျင့်ကို ကျင့် သောသူ မ ရှိ ၊ တစ် ယောက်မျှ မ ရှိ13 သူ တို့၏လည်ချောင်း သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ သူ တို့သည်လျှာ နှင့် လှည့်စား တတ် ကြ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။ 14 သူ တို့နှုတ် သည် ကျိန်ဆဲ သောစကား၊ ကြမ်းတမ်း သောစကားနှင့် ပြည့်ဝ ၏။ 15 သူ တို့ခြေ သည်လူ အသက်ကို သတ် ခြင်းငှာလျင်မြန် ၏။ 16 သူ တို့သွားရာလမ်း ၌ ပျက်စီး ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။ 17 ချမ်းသာ လမ်း ကိုသူတို့ မသိ ကြ။ 18 ဘုရားသခင် ကို ကြောက်ရွံ့ ရသော အကြောင်း သည် သူ တို့မျက်စိ ၌ မ ထင် ဟုကျမ်းစာလာသတည်း။ 19 ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။ 20 ထိုသို့ပညတ် တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့် ၊ ပညတ် တရား၏ အကျင့် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မ ရောက်ရာ။ 21 ယခု မူကား ၊ ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း တို့သည် သက်သေခံ သည်နှင့်အညီ၊ ပညတ် တရားနှင့် မ စပ်ဆိုင်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတည်းဟူသော၊ 22 ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ၊ ယုံကြည် သောသူ အပေါင်း တို့အဘို့ ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနား ခြင်းအလျှင်းမ ရှိ23 အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်း တို့သည် ဒုစရိုက်ကို ပြု ၍ ဘုရားသခင် ရှေ့တော်၌ အသရေ ပျက် ကြပြီ။ 24 ယေရှု ခရစ် ရွေးနှုတ် တော်မူသောအားဖြင့် အဘိုး ကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြ၏။ 25 ဘုရားသခင် သည် သည်းခံ တော်မူ၍၊ 26 လွန် ခဲ့ပြီးသောဒုစရိုက်အပြစ် များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေခြင်းငှာ၎င်း၊ ယခု ကာလ ၌ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေ၍၊ ယေရှု ကိုယုံကြည် သော သူ တို့၏အပြစ် ကို လွှတ်တော်မူသော်လည်း ၊ တရား သဖြင့် ပြု တော်မူခြင်းငှာ ၎င်း၊ ယေရှု ခရစ်၏အသွေး တော်ကို ယုံကြည် ခြင်းအားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာခန့်ထားတော်မူပြီ။ 27 သို့ဖြစ်လျှင် ဝါကြွား စရာ အကြောင်းကား အဘယ်သို့ နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ် ပြီးအဘယ် တရား အားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မ ဟုတ်၊ယုံကြည် ခြင်းတရား အားဖြင့် ပယ်ပြီ။ 28 ထိုကြောင့်လူ မည်သည်ကား၊ ပညတ် တရား၏ အကျင့် မ ရှိဘဲ ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ် ရာသို့ ရောက်တတ်သည်ဟုယူဆ ရ၏။ 29 ဘုရားသခင် သည် ယုဒ လူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တစ်ပါး အမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မ ဟုတ်လော။ ဟုတ် ပေ၏။ တစ်ပါး အမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော်မူ၏။ 30 အကြောင်းမူကား၊ အရေဖျားလှီး ခြင်းကို ခံသောသူနှင့် မ ခံသောသူနှစ်ဦးကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာ၌တည်စေတော်မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ 31 သို့ဖြစ်လျှင် ၊ ယုံကြည် ခြင်းအားဖြင့် ငါတို့သည် ပညတ် တရားကို ပယ် ကြသလော။ အလျှင်း မ ပယ်၊ သာ၍တည် စေကြ၏။
41 ထိုသို့ဖြစ်လျှင် ၊ ငါ တို့အဘ အာဗြဟံ သည် ဇာတိ ပကတိအားဖြင့် အဘယ် အကျိုး ကိုရသနည်း။ 2 အာဗြဟံ သည် အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ရောက်သည်မှန်လျှင် ဝါကြွား စရာအကြောင်းရှိ ၏။ ဘုရားသခင့် ရှေ့ တော်၌ ထိုသို့မ ဟုတ်။ 3 ကျမ်းစာ ၌ အဘယ်သို့ လာသနည်း။ အာဗြဟံ သည်ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။ 4 အကျင့် ရှိသောသူ မည်သည်ကား ၊ ကျေးဇူး အားဖြင့် အကျိုး ကို ခံရ သည်မ ဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။ 5 အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။ 6 ထိုအတူ၊ ဘုရားသခင် သည် အကျင့် ကို မ ထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသော သူ ၏မင်္ဂလာ ကိုဒါဝိဒ် သည် ရည်မှတ်၍ ဆို သည်ကား ၊ 7 အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက် အပြစ် ကို ဖုံးအုပ် ခြင်းသို့ရောက်သော သူ တို့သည် မင်္ဂလာ ရှိကြ၏။ 8 ထာဝရ ဘုရားအပြစ် တင် တော်မူခြင်းနှင့် လွတ် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆိုသတည်း။ 9 အရေဖျားလှီး ခြင်းကိုခံသောသူ တို့သာလျှင်ထို မင်္ဂလာ ကိုရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကိုမခံသောလူ တို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေး သနည်းဟူမူကား ၊ ယုံကြည် ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် သည်ဟု ဆိုကြ၏။ 10 ထိုသို့ဆိုသော် အဘယ်သို့ မှတ် သနည်း။ အရေဖျားလှီး ခြင်းကို ခံပြီးမှမှတ် သလော။ မ ခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မ ဟုတ်။ မ ခံမှီမှတ်သတည်း။ 11 အရေဖျားလှီး ခြင်းကို မခံဘဲယုံကြည် သော သူ တို့သည် ဖြောင့်မတ် ခြင်းရှိသည်ဟု မှတ် စရာ အကြောင်းရှိစေခြင်းငှာ ၊ 12 ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။ 13 ထိုမှတစ်ပါး၊ ဤ လောက ကို အမွေ ခံ စေမည်ဟု ဂတိ တော်ကို အာဗြဟံ မှစသောသူ ၏ အမျိုးအနွယ် တို့ သည် ပညတ် တရားအားဖြင့် ရကြသည်မ ဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်းအားဖြင့် ရကြ၏။ 14 အကြောင်းမူကား ၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံ ဖြစ်သည်မှန်လျှင် ၊ ယုံကြည် ခြင်းတရားကိုပယ် ပြီ။ ဂတိ တော်လည်း အချည်းနှီး ဖြစ်၏။ 15 ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။ 16 ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။ 17 ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။ 18 သင် ၏အမျိုးအနွယ် သည် ထိုသို့ ဖြစ် လိမ့်မည်ဟူသော ဗျာဒိတ် တော်အတိုင်း ၊ မိမိ သည် လူမျိုး အများ တို့၏ အဘ ဖြစ် မည်ဟု မြော်လင့် စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့် လေ၏။ 19 ယုံကြည် အားကြီး သည်ဖြစ်၍မိမိအသက်သည် အနှစ်တရာ လောက် ရှိ သဖြင့်၊ မိမိ ကိုယ် သည်အသေ ကဲ့သို့ရှိ ကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်း သည် သေ ကြောင်းကို၎င်း မ အောက်မေ့ ၊ 20 ယုံမှား သောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိ တော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင် ကို ချီးမွမ်း ၍၊ 21 ဂတိထားတော်မူသောသူသည် ဂတိ တော်အတိုင်း တတ်နိုင် တော်မူသည်ကို စိတ်စွဲလမ်း လေ၏။ 22 ထိုကြောင့် ၊ သူ ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။ 23 ထိုသို့မှတ် တော်မူသည်ဟု အာဗြဟံ အကျိုး အလိုငှာ သာ ကျမ်းစာ၌ ရေး ထားသည်မ ဟုတ်။ 24 ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။ 25 ထို သခင်ယေရှုသည် ငါ တို့အပြစ် ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါ တို့သည်ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ထမြောက် တော်မူ၏။
51 ထိုကြောင့် ၊ ငါတို့သည် ယုံကြည် ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ငြိမ်သက် ခြင်းကို ခံစား ကြ၏။ 2 ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ 3 ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။ 4 သည်းခံ ခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေ ထင်ရှားခြင်းသည်လည်း မြော်လင့် ခြင်းကို ပြုစုတတ်၏။ 5 ထို မြော်လင့် ခြင်းသည် ရှက်ကြောက် စရာ အကြောင်းနှင့် ကင်းလွတ် ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့အားပေး တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်သည် ဘုရားသခင် ၏မေတ္တာ တော်ကို ငါ တို့ စိတ် နှလုံးထဲသို့ ညွှန်းလောင်း တော်မူ၏။ 6 ငါ တို့သည် အကျိုးနည်း ရှိ စဉ် တွင်အချိန်တန် မှ ခရစ်တော် သည် မတရား သောသူတို့အတွက် ကြောင့် အသေခံ တော်မူ၏။ 7 ဖြောင့်မတ် သောသူအတွက် ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံ ဝံ့ သောသူ ရှိ ကောင်းရှိလိမ့်မည်မှန်စေတော့။ 8 ငါ တို့သည် အပြစ် ရှိ စဉ် ပင်၊ ခရစ်တော် သည် ငါ တို့အတွက် ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက်ချစ် တော်မူသည်ကို ငါ တို့အား ထင်ရှားစွာပြ တော်မူ၏။ 9 သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။ 10 အကြောင်းမူကား ၊ ရန်သူ ဖြစ် လျက်ပင်ဘုရားသခင် ၏ သား တော်အသေခံ တော်မူခြင်းအားဖြင့် ၊ ငါတို့သည် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိသ္သဟာယဖွဲ့ ပြီးမှ၊ အသက် တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။ 11 ထိုမျှမက ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် မိဿဟာယ ဖွဲ့ရာကျေးဇူးကိုယခု ခံ ပြီးလျှင်၊ ထို သခင်အားဖြင့် ဘုရားသခင် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ 12 ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။ 13 ပညတ် တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ် ရှိ ၏။ အဘယ်ပညတ် တရားကိုမျှ မ ရှိ လျှင် ၊ အပြစ် ရှိသည်ဟု မှတ် စရာမ ရှိ၊ 14 သို့သော်လည်း အာဒံ လက်ထက်မှစ၍ မောရှေ လက်ထက်တိုင်အောင် သေ ခြင်းတရားသည် အစိုးရ ၏။ အာဒံ ပြစ်မှား သည်နည်းတူ မ ပြစ်မှား သောသူ တို့ကို ပင်အစိုးရ ၏။ ထို အာဒံသည် နောက်လာ လတံ့သောသူ ၏ ပုံပမာ ဖြစ် သတည်း။ 15 သို့သော်လည်း ၊ ပြစ်မှား ခြင်းသဘောနှင့် ကျေးဇူးတော် သဘောမ တူ ၊ အကြောင်းမူကား ၊ လူ တစ် ယောက်သည် ပြစ်မှား သောအားဖြင့်၊ လူ များတို့သည် သေ ခြင်းသို့ ရောက်ကြ၏။ တစ် ယောက်သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်နှင့် ကျေးဇူး တော်၏ အကျိုး သည်လူများ တို့၌ သာ၍ ကြွယ်ဝ ပြည့်စုံ၏။ 16 ထိုမှတစ်ပါး၊ လူ တစ်ယောက်ပြစ်မှား သောအရာနှင့် ကျေးဇူးတော် အရာမ တူ ။ အကြောင်းမူကား ၊ တရား စီရင် သောအရာမှာ၊ အပြစ်တစ်ခု ကြောင့် ဒဏ်ခံစေဟု စီရင် ၏။ ကျေးဇူးတော်အရာမှာ၊ အပြစ် များ လျက်ပင် လွှတ်စေဟုစီရင် ၏။ 17 ထိုမှတစ်ပါး၊ လူတစ်ယောက် သည် ပြစ်မှား သောကြောင့် ၊ ထိုတစ်ယောက် သောသူ အားဖြင့် သေ ခြင်းတရား သည် အစိုးရ ၏။ ကျေးဇူး တော်၏ကြွယ်ဝ ခြင်းကို၎င်း၊ ဖြောင့်မတ် ရာသို့သွင်းပေး တော်မူခြင်းကို၎င်း ခံရသော သူတို့သည် တစ်ယောက် သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် အသက် ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။ 18 ထိုကြောင့် ၊ တစ် ယောက်သောသူ၏ပြစ်မှား ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အပြစ်စီရင် ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တစ် ယောက်သောသူ၏ ဖြောင့်မတ် ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။ 19 အကြောင်းမူကား ၊ တစ် ယောက်သောသူ သည် နား မထောင်သောအားဖြင့် ၊ လူ များတို့သည် အပြစ် ရောက် သည်နည်းတူ ၊ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့် ၊ လူ များတို့သည် ဖြောင့်မတ် ရာသို့ ရောက် ရကြ၏။ 20 ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။ 21 ထိုသို့ဖြစ်လျှင်၊ အပြစ် တရားသည်သေ ခြင်းအားဖြင့် အစိုးရ သည်နည်းတူ ၊ ငါ တို့သခင် ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရ အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။
61 ထိုသို့ မှန်လျှင်၊ အဘယ်သို့ ပြော ရမည်နည်း။ ကျေးဇူး တော်ပွားများ စေခြင်းငှာ အပြစ် တရားကို ကျင့် ၍ နေရမည်လော။ 2 ထိုသို့မ နေ ရ။ အပြစ် တရားမှ စုတေ့ သောသူ တို့ သည် ထိုတရား ၌ အဘယ်သို့ ရှင် ရဦး မည်နည်း။ 3 ယေရှု ခရစ် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကိုခံကြသည်ဟု သင်တို့ မ သိသလော။ 4 ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။ 5 တနည်းကား ၊ အသေခံ တော်မူခြင်း၏ ပုံ သဏ္ဌာန်ကိုဆောင် ၍၊ ထိုသခင်နှင့်အတူငါတို့သည် စိုက်ပျိုး လျက်ရှိသည် မှန်လျှင် ၊ ထမြောက် တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။ 6 ထိုမှတပါး၊ ငါ တို့၏လူ ဟောင်း သည် ထို သခင်နှင့်အတူလက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါ တို့သည် နောက်မှအပြစ် တရား၏အစေ ကို မ ခံစေခြင်းငှာ၊ အပြစ် တရား၏ ကိုယ် ကို ဖျက်ဆီး မည်အကြောင်း တည်း။ 7 သေ သောသူ သည်အပြစ် တရား၏ လက်မှ လွတ် လျက်ရှိ၏။ 8 ခရစ်တော် သည် သေ ခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။ 9 သေ ခြင်းတရားသည် နောက်တဖန်ကိုယ်တော် ကို မ အုပ်စိုး ရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော် နှင့်အတူသေ လျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟုသဘော ရှိကြ၏။ 10 ခရစ်တော်သည် အသေခံ တော်မူရာမှာ၊ အပြစ် တရားကြောင့် တကြိမ် သာခံ တော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့် အဘို့ ရှင် တော်မူ၏။ 11 ထိုနည်းတူ သင် တို့သည် အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင် နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် အသက် ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။ 12 ထိုကြောင့် ၊ သင် တို့၏သေ တတ်သော ကိုယ်ခန္ဓါ ၏တပ်မက် ခြင်းအလိုသို့ လိုက် ရသည်တိုင်အောင်၊ အပြစ် တရားသည် ထိုကိုယ်ခန္ဓါ ၌ အစိုး မ ရစေနှင့်။ 13 သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။ 14 ကိုယ်အင်္ဂါ များကိုလည်း သုစရိုက် လက်နက် ဖြစ်စေ၍၊ ဘုရားသခင် အားဆက်ကြလော့။ သင်တို့သည် ပညတ် တရားလက် ၌မ ရှိ ၊ ကျေးဇူး တရားလက် ၌ရှိသောကြောင့် အပြစ် တရားသည် သင် တို့ကို မ အုပ်စိုး ရ။ 15 ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ငါတို့သည် ပညတ် တရားလက် ၌မရှိ ကျေးဇူး တရားလက် ၌ရှိသောကြောင့် ၊ ဒုစရိုက် ကို ပြုရမည် လော။ ထိုသို့မ ပြု ရ။ 16 အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။ 17 သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် ဘူးသော်လည်း ၊ ယခုတွင်ခံ ခဲ့ပြီးသော ဩဝါဒ နည်း ဥပဒေသစကားကို စေတနာစိတ် နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ 18 သင်တို့သည် အပြစ် တရား၏ လက်မှ လွတ် ကြပြီဖြစ်၍ ၊ ဖြောင့်မတ် ခြင်းတရား၏ ကျွန် ဖြစ်ကြ၏။ 19 ထိုသို့ ငါဆိုသော်၊ သင် တို့ဇာတိ ပကတိအတိုင်း ဉာဏ်နည်း သောကြောင့် ၊ လောကီ ဝေါဟာရအားဖြင့်ဆို သတည်း။ သင်တို့သည် မိမိ တို့ ကိုယ်အင်္ဂါ များကို အဓမ္မ အလိုငှာ ညစ်ညူး ခြင်းတရား၊ အဓမ္မ တရား၌ သွင်း ၍ ကျွန် ခံစေဘူးသည်နည်းတူ ၊ ယခု မှာ ကိုယ်အင်္ဂါ များကိုသန့်ရှင်း ခြင်းအလိုငှာ ဖြောင့်မတ် ခြင်းတရား၌သွင်း ၍ကျွန် ခံစေကြလော့။ 20 သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် စဉ် ကာလ ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ် ကြ၏။ 21 ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။ 22 ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။ 23 အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
71 ပညတ် တရားကို သိ သောညီအစ်ကို တို့၊ ပညတ် တရားသည် လူ ကို အသက် ထက်ဆုံးမျှသာ ပိုင် သည်ကို မ သိကြသလော။ 2 ဥပမာကား ၊ လင် ရှိသောမိန်းမ သည် လင် မ သေမှီတိုင်အောင် ၊ ပညတ် တရားအားဖြင့်လင်၌ချည်နှောင် လျက်ရှိ၏။ လင် သေ လျှင် မူကား လင် ဝတ် နှင့် လွတ် ၏။ 3 ထိုကြောင့် ၊ မိမိလင် မသေမှီအခြား သော သူ ၏ မယားဖြစ် လျှင် ၊ မျောက်မထား သောမိန်းမဟု ခေါ် ထိုက် ၏။ လင် သေ လျှင် မူကား ၊ ထို တရား နှင့် လွတ် သည်ဖြစ် ၍၊ အခြား သောသူ၏ မယား ဖြစ် သော်လည်း၊ မျောက်မထား သောမိန်းမဟု ခေါ်စရာအကြောင်းမ ရှိ4 ထိုနည်းတူ၊ ငါ ညီအစ်ကို တို့၊ သင် တို့သည် အခြား သောသူတည်းဟူသော၊ သေ ခြင်းမှ ထမြောက် တော်မူသောသူ ၏မယားဖြစ် ၍၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီတိုးပွား မည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓါ အားဖြင့် သေ ၍ ပညတ် တရားနှင့်ကွာကြ၏။ 5 ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။ 6 ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။ 7 သို့ဖြစ်၍ အဘယ်သို့ ပြော ရမည်နည်း။ ပညတ် တရား၌ အပြစ် ရှိသလော။ အပြစ်မ ရှိ နိုင်ရာ။ သို့ရာတွင် ပညတ် တရားအားဖြင့် သာ အပြစ် သဘောကို ငါသိ ရ၏။ အဘယ်သို့နည်းဟူမူကား ၊ လောဘ စိတ်မ ရှိစေနှင့်ဟု ပညတ် တရားမ ဆို လျှင် ၊ လောဘ သဘောကိုငါမ သိ8 အပြစ် တရားသည် ပညတ် တရားအားဖြင့် အခွင့် ရ ၍၊ ငါ ၌ အမျိုးမျိုး သော လောဘ တို့ကို ဖြစ် စေ၏။ ပညတ် တရားမ ရှိလျှင် ၊ အပြစ် တရားသေ ၏။ 9 အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။ 10 အသက် ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေ ခြင်းနှင့် ဆိုင်သည်ကို ငါ တွေ့ ၏။ 11 အပြစ် တရားသည်ပညတ် တရားအားဖြင့် အခွင့် ရ လျှင်၊ ငါ့ ကို လှည့်ဖြား ၍ ထိုတရား အားဖြင့် ငါ့ကို သတ် လေ၏။ 12 ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။ 13 သို့ဖြစ်လျှင် ကောင်းမြတ် သောအရာသည် ငါ ၌သေ ခြင်းအကြောင်း ဖြစ် သလော။ မ ဖြစ် နိုင်ရာ။ အပြစ် တရားသည် မိမိသဘောကို ထင်ရှား စေခြင်းငှာ ကောင်းမြတ် သောအရာအားဖြင့် ငါ ၌သေ ခြင်းကို ပြု ၍ သေ ခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ် တရားသည် ပညတ် တော်အားဖြင့် အလွန် အပြစ် နှင့်ပြည့်စုံခြင်းရှိ သတည်း။ 14 ထိုမှတပါး၊ပညတ် တရားသည် ဝိညာဉ် ပကတိနှင့် စပ်ဆိုင် သည်ကို ငါတို့သိ ကြ၏။ ငါ မူကား ဇာတိ ပကတိရှိ ၏။ အပြစ် တရားလက် ၌ ကျေးကျွန်ဖြစ်၏။ 15 အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့် သော အကျင့်ကို မ နှစ်သက် ။ ကျင့်ချင် သော အကျင့် ကိုမ ကျင့် ၊ ရွံ့ရှာ သော အကျင့် ကို ကျင့် ၏။ 16 ထိုသို့ ငါသည် မ ကျင့်ချင် သောအကျင့် ကို ကျင့် လျှင် ၊ ပညတ် တရားဖြောင့် သည်ဟု ငါဝန်ခံ ၏။ 17 သို့ဖြစ်လျှင် ၊ ထို မကောင်းသောအကျင့်ကို ငါ့ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည် ကျင့်၏။ 18 ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။ 19 ငါသည် ကျင့် ချင် သော အကျင့်ကောင်း ကို မ ကျင့်။ မ ကျင့်ချင် သော အကျင့်ဆိုး ကိုကျင့် ၏။ 20 ထိုသို့ ငါ သည်မ ကျင့်ချင် သောအကျင့်ကို ကျင့် လျှင် ၊ ငါ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည်ကျင့်၏။ 21 ထိုသို့ ကောင်း သော အကျင့်ကိုငါ ကျင့် ချင်သောအခါ၊ မကောင်း သောအကျင့်ကို ကျင့် စေတတ်သော တရား ကို ငါတွေ့ ၏။ 22 ငါသည် အတွင်း လူ အားဖြင့် ဘုရားသခင် ၏ ပညတ် တရားတော်တို့ နှစ်သက်၏23 သို့သော်လည်း ငါ့ ကိုယ်အင်္ဂါ များ၌ ရှိသော တရား တစ်ပါးသည် စိတ် ဝိညာဉ်တရား ကို ပြိုင်ဆိုင် တိုက်လှန်သဖြင့် ၊ ငါ့ ကိုယ်အင်္ဂါ များ၌ ရှိ သော အပြစ် တရား လက် သို့ ငါ့ ကိုဘမ်း သွားအပ်နှံသည်ကို ငါမြင် ၏။ 24 ငါသည်ငြိုငြင် သောသူ ဖြစ် ပါသည်တကား၊ ဤ အသေ ကောင် မှ ငါ့ ကို အဘယ်သူ ကယ်လွှတ် မည်နည်း။ 25 ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ ထိုသို့စိတ် ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရား တော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ် တရား အလိုသို့၎င်း၊ ငါ လိုက် တတ်၏။
81 ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။ 2 ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။ 3 ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။ 4 အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။ 5 ဇာတိ ပကတိရှိ သောသူ တို့သည် ဇာတိ ပကတိ နှင့် စပ်ဆိုင်သော အရာ တို့ကိုစွဲလမ်း သော စိတ်သဘော ရှိကြ၏။ ဝိညာဉ် ပကတိရှိသောသူ တို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ 6 ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။ 7 အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်8 ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည် သော သူ တို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မ တွေ့ နိုင် ကြ။ 9 သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။ 10 ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။ 11 ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။ 12 သို့ဖြစ်၍ ညီအစ်ကို တို့၊ ငါတို့သည်ဇာတိ ပကတိအတိုင်း ကျင့် ရမည်အကြောင်း၊ ဇာတိ ပကတိ၏ ကျွန် ဖြစ် ကြသည်မ ဟုတ်။ 13 သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။ 14 ဘုရားသခင် ၏ဝိညာဉ် တော် ဆုံးမ ပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ 15 အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။ 16 ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။ 17 သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။ 18 ငါ တို့အား ပေါ်ထွန်း လတံ့ သော ဘုန်း ကိုထောက် သော်၊ ယခု မျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမ ပြု ထိုက်ဟု ငါသဘော ရှိ၏။ 19 ဤ လောက သည် ဘုရားသခင့် သား တို့၏ ပေါ်ထွန်း ခြင်းအရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။ 20 ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။ 21 ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။ 22 ဤ လောက တစ်နိုင်ငံလုံးသည် ယခု တိုင်အောင် တစ် ညီတစ်ညွတ်တည်းညည်းတွား၍ ဆင်းရဲ ခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိ ကြ၏။ 23 ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။ 24 ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။ 25 ငါတို့သည် မ တွေ့ မမြင်သောအရာ ကို မြော်လင့် လျှင် မူကား ၊ ထိုအရာကိုသည်းခံ သောစိတ်နှင့် ငံ့လင့် ၍ နေကြ၏။ 26 ထိုမှတပါး ၊ ငါ တို့မ တတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည် မစ တော်မူ၏။ ငါတို့သည်ဆုတောင်း သင့် သည်အတိုင်း အဘယ် ဆုကို တောင်းရမည်ဟုမ သိ ကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ် မမြွက်နိုင်သော ညည်းတွား ခြင်းအားဖြင့်ဝိညာဉ် တော်သည် စောင်မ တော်မူ၏။ 27 စိတ် နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ် တော်၏ စိတ် သဘောကိုသိ တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏အလိုတော်နှင့်အညီ စောင်မ တော်မူ၏။ 28 ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။ 29 ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။ 30 ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။ 31 သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။ 32 မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။ 33 ဘုရားသခင် ရွေးကောက် တော်မူသော သူတို့ကို အဘယ်သူ သည် အပြစ်တင် မည်နည်း။ ဖြောင့်မတ် ရာ ၌တည်စေသောသူ ကား ဘုရားသခင် ပေတည်း။ 34 အပြစ် စီရင်သောသူ ကား အဘယ်သူ နည်း။ အသေခံ ၍ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ နေ လျက်၊ ငါ တို့ အဘို့ ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။ 35 ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။ 36 အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။ 37 မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။ 38 အကြောင်းမူကား ၊ သေ ခြင်းဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ ကောင်းကင်တမန် ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာ တန်ခိုးဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောင်လာ လတံ့သောအရာဖြစ်စေ ၊ 39 39အမြင့် ဖြစ်စေ၊ အနိမ့် ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတ အရာမျှသည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာ တော်နှင့် ငါ တို့ကို မ ကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။
91 ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊ 2 ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။ 3 အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။ 4 ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။ 5 ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်6 ထိုသို့ဆိုသော်ဘုရားသခင် ၏ ဂတိ တော်မ တည် ဟု ငါမဆိုလို။ အကြောင်းမူကား ၊ ဣသရေလ နှင့် ဆက်နွယ်သော သူ အပေါင်း တို့သည် ဣသရေလ လူမှန်မ ဟုတ်။ 7 ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။ 8 ထိုကြောင့်၊ ဇာတိ အမျိုးသားတို့သည် ဘုရားသခင် ၏သား မှန်မ ဟုတ်။ ဂတိ တော်နှင့်ဆိုင်သော သား တို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ် တော်မူ၏။ 9 ဂတိ တော်အချက် ဟူမူကား ၊ ယခု မှစ၍ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာ သည် သား ကို ရ လိမ့်မည်ဟု လာသတည်း။ 10 ထိုမျှမက ၊ ရေဗက္ကာ သည် ငါ တို့ အဘ ဣဇာက် နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူ သောအခါ ၊ 11 ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံ တော်သည် အကျင့်အားဖြင့် မ တည် ၊ ခေါ် တော်မူသော သူ ၏အလိုတော်အားဖြင့် တည်မည် အကြောင်း ၊ သားမ ဘွား မှီ ၊ ထိုသားတို့သည် ကောင်း သောအကျင့်၊ မ ကောင်းသောအကျင့်ကိုမကျင့် မှီ၊ 12 သားအကြီး သည် သားအငယ် ၌ ကျွန် ခံရလိမ့်မည်ဟု ထိုမိန်းမ အားဗျာဒိတ် ပေးတော်မူ၏။ 13 ထိုသို့နှင့်အညီ၊ ယာကုပ် ကိုငါချစ် ၏။ ဧသော ကို မုန်း ၏ဟု ကျမ်းစာ လာသတည်း။ 14 သို့ဖြစ်၍ ၊ အဘယ်သို့ ပြော ရမည်နည်း။ ဘုရားသခင် သည် မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့မ ပြောရ15 ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။ 16 ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ 17 ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။ 18 ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။ 19 သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။ 20 ဘုရားသခင် ကို ငြင်းဆန် သော အချင်း လူ ၊ သင် သည်ကား အဘယ်သူ နည်း။ လုပ်အပ် သော အရာ သည် လုပ် တတ်သောသူ အား၊ အဘယ်ကြောင့် ငါ့ ကို ဤသို့ လုပ် သနည်းဟု ဆို ရမည်လော။ 21 အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။ 22 ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။ 23 ချီးမြှောက် ခြင်းအဘို့ ပြင်ဆင် တော်မူနှင့်သော ကရုဏာ ခံရာ အိုး များတည်းဟူသော၊ 24 ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။ 25 ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။ 26 သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။ 27 ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။ 28 အမှု တော်ကို တရားသဖြင့် ပြီးစီး စေခြင်းငှာဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည်မြေ ပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။ 29 ထိုသို့ နှင့်အညီ၊ ဟေရှာယ သည် အထက် က ဆိုပြန်သည်ကား၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါ တို့၌ မျိုးစေ့ ကို ကြွင်း စေတော်မ မူလျှင် ၊ ငါတို့သည်သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရ မြို့နှင့် တူ ကြပြီ။ 30 ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။ 31 ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။ 32 အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည် ခြင်း အားဖြင့် မ လိုက်၊ ပညတ်တရား၏ အကျင့် အားဖြင့် သာ လိုက်ကြ သတည်း။ 33 ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
101 ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။ 2 ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။ 3 ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ သိဘဲ၊ ကိုယ် ဖြောင့်မတ် ခြင်းကို တည် စေခြင်းငှာရှာကြံ သောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို ဝန်မ ခံကြ4 ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ၊ ပညတ် တရားသည် ခရစ်တော် အားဖြင့် စုံလင် ခြင်းရှိ၏။ 5 မောရှေ ကလည်း ၊ ထိုအကျင့်ကို ကျင့် သောသူ သည် ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ် ခြင်းတရားကို ရည်မှတ်၍ ရေး ထားသတည်း။ 6 ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းတရားဆို သည်ကား၊ 7 ကောင်းကင် သို့ အဘယ်သူ တက် လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ် ထဲမှာ မ အောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက်စေခြင်းငှာနက်နဲ ရာထဲသို့ အဘယ်သူ ဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။ 8 တဖန်ဆို သည်ကား၊ တရား တော်သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း ၊ သင် ၏နှလုံး ၌ ၎င်း ရှိ သည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟော သောယုံကြည် ခြင်းတရား ကို ဆိုလို သတည်း။ 9 အဘယ်သို့နည်းဟူမူကား၊ သင် သည် သခင် ယေရှု ကိုနှုတ် ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင် သည် သူ့ ကို သေ ခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ် နှလုံးထဲ၌ ယုံကြည် လျှင် ၊ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။ 10 ဖြောင့်မတ်ရာသို့ ရောက် ခြင်းငှာ စိတ် နှလုံးဖြင့် ယုံကြည် ရ၏။ 11 ကယ်တင် ခြင်းသို့ ရောက်ခြင်းငှာနှုတ် ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာ လာ သည်ကား ၊ ထိုကျောက် ကို အမှီပြု သော သူ မည်သည်ကား ၊ ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။ 12 ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။ 13 အကြောင်းမူကား ၊ ထာဝရ ဘုရားကို ပဌနာ ပြုသော သူရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြလတံ့။ 14 သို့ရာတွင် ၊ မ ယုံကြည် လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမ ကြား လျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြော သောသူမ ရှိလျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ 15 လူကို မ စေလွှတ် လျှင် အဘယ်သို့ ဟောပြော နိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသော သူ ၏ခြေ တို့သည် အလွန်တင့်တယ် စွတကားဟု လာသတည်း။ 16 သို့သော်လည်း ၊ လူအပေါင်း တို့သည် ဝမ်းမြောက် စရာသိတင်းကို နားထောင် ကြသည်မ ဟုတ်။ ပရောဖက် ဟေရှာယ စကား ဟူမူကား ၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါ သနည်းဟုဆို၏။ 17 သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအားဖြင့် ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကား တော်အားဖြင့် ဖြစ်၏။ 18 သို့ရာတွင် လူအပေါင်းတို့သည် မ ကြား ရကြပြီလော။ အမှန် ကြားရကြပြီ။ သူ တို့၏အသံ သည်မြေ တပြင်လုံး ၌ နှံ့ပြား ၍၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက်လေပြီဟုငါဆို ၏။ 19 တဖန်ငါ ဆိုသည်ကား ၊ ဣသရေလ လူတို့သည် ဤအမှုကို မ သိ ကြသလော။ မောရှေ က၊ မ ရေရသောလူမျိုး အားဖြင့် သင် တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှာ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှာ၎င်း၊ ငါ ပြုမည်ဟု ရှေ့ဦးစွာ ဆို ၏။ 20 ဟေရှာယ သည် သာ၍ရဲရင့် စွာဆို သည်ကား ၊ ငါ့ ကိုမ ရှာ သော သူ တို့သည် ငါ့ကိုတွေ့ ရကြ၏။ ငါ ၏ အကြောင်းကို မေးမြန်း သောသူ တို့၌ ငါထင်ရှား သည်ဟု ဆို၏။ 21 ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန်မိန့် တော်မူသည်ကား ၊ နားမထောင် ငြင်းဆန် တတ်သော လူမျိုး သို့ တနေ့လုံး ငါ သည် လက် ဝါးကို ဖြန့် ရပြီဟု ဆိုသတည်း။
111 သို့ဖြစ်လျှင် ၊ ဘုရားသခင် သည် မိမိ လူမျိုး ကို ပယ် တော်မူပြီလောဟုမေးသော်၊ ပယ် တော်မ မူဟုဆို ရ၏။ ငါ ပင် ဣသရေလ လူဖြစ် ၏။ အာဗြဟံ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ 2 ဘုရားသခင် သည် အထက်က သိမှတ် တော်မူသော မိမိ လူ တို့ကို ပယ် တော်မ မူ။ ပရောဖက်ဧလိယ က ၊ အိုထာဝရဘုရား၊ 3 သူတို့သည်ကိုယ်တော် ၏ ပရောဖက် များကို သတ် ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင် များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ် တစ်ယောက်တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် ရှာ ကြပါ၏ဟု ဘုရားသခင် ရှေ့မှာ ဣသရေလ အမျိုးတစ်ဘက် ၌လျှောက်ထားသည်ဟု ကျမ်းစာ ၌ ပါသော အကြောင်းကိုသင်တို့သည် မ သိကြ သလော။ 4 ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလ ရှေ့၌ ဒူး မ ထောက် သောလူ ခုနစ် ထောင်တို့ကို ငါ့ အဘို့ ငါကျန်ကြွင်း စေပြီ ဟုမိန့် တော်မူ၏။ 5 ထိုနည်းတူ ၊ ယခု ကာလ တွင် ပင် ကျေးဇူး တော်အတိုင်း ရွေးကောက် တော်မူသော အကြွင်း အကျန်ရှိ သေး၏။ 6 ကျေးဇူး တော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့် အားဖြင့် မ ရှိ၊ ရှိလျှင်ကျေးဇူး သည် ကျေးဇူး မ ဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။ 7 သို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ဣသရေလ လူတို့သည် ရှာ သောအရာ ကို မ တွေ့မရ ကြ။ ရွေးကောက် တော်မူသော သူ တို့သာ တွေ့ရ ကြ၏။ ကြွင်း သောသူ တို့ကို မှောင်မိုက် ဖုံးလွှမ်း၏။ 8 ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ဘုရားသခင် သည် အိပ် ချင်သောသဘော ကို၎င်း၊ မ မြင် နိုင်သော မျက်စိ ကို၎င်း၊ မ ကြား နိုင်သော နား ကို၎င်း ၊ ထိုသူ တို့အား ပေး တော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင် ပြည့်စုံသတည်း။ 9 ဒါဝိဒ် ၏စကားဟူမူကား၊ သူ တို့စားပွဲ သည် သူ တို့၌ ကျော့ကွင်း သော်၎င်း၊ ဂျမ်း သော်၎င်း၊ ထောင်ချောက် သော်၎င်း၊ ခံထိုက် သော အပြစ်သော်၎င်း ဖြစ်ပါစေ။ 10 သူ တို့သည်မ မြင် နိုင်အောင်မျက်စိ ကွယ် ပါစေ။ သူ တို့ကျော သည်လည်း အစဉ် ကုန်း ပါစေဟု လာ သတည်း။ 11 သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင်ထိမိ ကြပြီလောဟုမေး သော်၊ လဲ၍မ နေ ရကြ။ သူ တို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ ၊ သူ တို့၏လဲ ခြင်းအားဖြင့် ကယ်တင် တော်မူခြင်း ကျေးဇူးသည်တစ်ပါး အမျိုးသားတို့၌ သက်ရောက်လေ၏။ 12 သူ တို့၏လဲ ခြင်းအရာသည် လောကီသား တို့၏ စီးပွား ကို၎င်း ၊ သူ တို့၏ရှုံး ခြင်းအရာသည်တစ်ပါး အမျိုးသားတို့၏ စီးပွား ကို၎င်း ပြုစုလျှင် ၊ သူ တို့၏ ပြည့်စုံ ခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။ 13 ထိုသို့ဆိုသော်၊ 14 ငါ သည်တစ်ပါး အမျိုးသားတို့နှင့်ဆိုင်သော တမန်တော် ဖြစ် သည်နှင့်အညီ၊ ထို တမန်တော်အရာကို ချီးမွမ်း လျက်၊ ငါ့ အမျိုးသားချင်းတို့၏ စိတ်ကို တစ်ခုခု အားဖြင့်နှိုးဆော် ၍၊ အချို့ တို့ကို ကယ်တင် ခြင်းငှာ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အားဆို ရသတည်း။ 15 ထိုသူ တို့ကို ပယ် တော်မူခြင်းအရာသည် လောကီသား တို့၏ မိသ္သဟာယဖွဲ့ ခြင်းအကြောင်း ဖြစ်လျှင် ၊ သူတို့ကို သိမ်းဆည်း တော်မူခြင်းအရာသည် သေ ခြင်းမှ ထမြောက်ရှင်ပြန် ခြင်းကဲ့သို့ဖြစ်လိမ့်မည်မဟုတ် လော။ 16 အဦး နယ်သော မုန့်စိမ်းသည်သန့်ရှင်း လျှင် ၊ တပုံ လုံးသန့်ရှင်းလိမ့်မည်။ အမြစ် သန့်ရှင်း လျှင် ၊ အခက်အလက် များလည်း သန့်ရှင်းကြလိမ့်မည်။ 17 အချို့ သောအခက် တို့ကို ချိုးဖဲ့ ပြီးမှ ၊ ရိုင်း သော သံလွင်ပင်တည်းဟူသောသင်ကို အထက်ငုတ်၌ ဆက် ၍ စိုက်သဖြင့်၊ အခက်များနှင့်အတူသံလွင် ပင်အမြစ် ကို၎င်း၊ အဆသြဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက် တို့ကို ကဲ့ရဲ့ဝါကြွား ခြင်းမ ရှိနှင့်။ 18 ဝါကြွား လျှင် မူကား ၊ သင် သည်အမြစ် ကို မ ဆောင် ၊ အမြစ် သည် သင့် ကိုဆောင်၏။ 19 ငါ့ ကိုဆက် ၍စိုက်ခြင်းငှာ ထိုအခက် တို့ကို ချိုးဖဲ့ ပြီဟု သင်ဆို ပြန်လျှင် ၊ မှန်စေတော့။ 20 မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။ 21 အကြောင်းမူကား ၊ ဘုရားသခင် သည် ပကတိ အခက် များကို နှမြော တော်မ မူလျှင် ၊ သင် တို့ကို နှမြော တော်မူမည်လော။ 22 သို့ဖြစ်၍ ၊ လဲ သောသူ တို့၌ ပြင်းစွာ စီရင် တော်မူခြင်းကို၎င်း၊ ကျေးဇူး တော်၌သင်သည် တည်နေ လျှင် ၊ သင် ၌ ပြု တော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့ လော့။ ကျေးဇူး တော်၌ မတည်မနေလျှင်၊ သင် သည်လည်း ခုတ်ပစ် ခြင်းကိုခံရမည်။ 23 သူတို့သည်မယုံကြည် သောစိတ်ပျောက်လျှင် ၊ အပင်၌တဖန် ဆက် ၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန် ဆက် ၍ စိုက်ခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။ 24 အဘယ်သို့ နည်းဟူမူကား၊ ပကတိ ရိုင်း သော သံလွင်ပင်မှ သင့် ကိုခုတ် ယူ၍ ၊ ကောင်းသော သံလွင်ပင်၌ ပကတိ ကို မလိုက်ဘဲ ဆက် ၍စိုက် သည် မှန်လျှင်၊ ပကတိ အခက်ဖြစ်သော ထိုသူ တို့သည် မိမိ တို့ သံလွင် ပင်၌ ဆက် ၍စိုက်သောအခွင့်ကို သာ၍ ရကြမည် မဟုတ်လော။ 25 ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။ 26 ထိုသို့ ကျမ်းစာ နှင့်အညီ ၊ ဣသရေလ လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ် သောသခင် သည် ဇိအုန် တောင်၌ ပေါ်ထွန်း ၍၊ မတရား သော အမှုကို ယာကုပ် အမျိုးသားတို့မှ လွှဲ တော်မူလတံ့၊ 27 သူ တို့အပြစ် များကို ငါပယ်ရှင်း သောအခါ ၊ သူ တို့၌ ငါ ပေးသော ပဋိညာဉ် တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။ 28 သူတို့သည် ဧဝံဂေလိ တရားအားဖြင့် မူကား သင် တို့အကြောင်း ကြောင့် ရန်သူ ဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့် မူကား ၊ ဘိုးဘေး များအကြောင်း ကြောင့် ချစ်သူ ဖြစ်ကြ၏။ 29 အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ် ထားတော်မူခြင်း ကျေးဇူး သည် ဖောက်ပြန် ခြင်းသဘောမရှိ၊ 30 သင် တို့သည်အထက် က၊ ဘုရားသခင် ၏ စကားတော်ကို နားမထောင် ဘဲနေသော်လည်း ၊ ယခု တွင် သူ တို့ နားမထောင် ခြင်းအမှုအားဖြင့် ၊ သနား တော်မူခြင်း ကို ခံရသကဲ့သို့ ၊ 31 ထိုနည်းတူ ၊ သင် တို့ခံရသော သနား တော်မူခြင်းအားဖြင့်သူ တို့လည်း သနား တော်မူခြင်းကို ခံရမည် အကြောင်း ၊ ယခု တွင်သူ တို့သည် နားမထောင် ဘဲ နေရကြ၏။ 32 ဘုရားသခင် သည် လူအပေါင်း တို့ကို သနား တော်မူခြင်းအခွင့်ရှိစေခြင်းငှာ လူအပေါင်း တို့ကို နားမထောင် ခြင်းအဖြစ် ချုပ် ထားတော်မူ၏။ 33 ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။ 34 ထာဝရ ဘုရား၏စိတ် တော်ကို အဘယ်သူ သိ သနည်း။ ထာဝရ ဘုရားနှင့်အဘယ်သူ သည် တိုင်ပင် ဘက်ပြု သနည်း။ 35 ကျေးဇူးဆပ် တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား၌ အဘယ်သူ သည် ကျေးဇူး ပြုဘူးသနည်း။ 36 ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်
121 ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။ 2 သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ 3 သင် တို့သည် ကိုယ် ကိုထင် သင့် သည် အတိုင်း ထက်လွန် ၍မ ထင်ဘဲ၊ ဘုရားသခင် သည် လူ အသီးအသီးတို့အား ယုံကြည် ခြင်းကို ဝေပေး တော်မူသည်နှင့်အညီ ၊ ကိုယ်ကိုလျောက်ပတ် စွာထင် ရမည် အကြောင်း ငါ သည် ကိုယ်ခံရ သော ကျေးဇူး တော်ကိုအမှီပြု လျက်၊ သင်တို့တွင် ရှိသမျှ သောသူတို့ကိုမှာထား ၏။ 4 ဥပမာကား ၊ ကိုယ် တစ်ခု၌ အင်္ဂါ အများ ရှိ သည်ဖြစ်၍၊ ထိုအင်္ဂါ အများ သည် ဆောင်ရွက် စရာအမှုတစ်ခုတည်းမ ရှိ သကဲ့သို့ ၊ 5 ထိုအတူ ၊ အများ ဖြစ်သောငါတို့သည် ခရစ်တော် ၌ တစ် ကိုယ် တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါ ချင်း ဖြစ်ကြ၏။ 6 ထိုသို့ ပေး တော်မူသော ကျေးဇူး တော်အတိုင်း ငါ တို့သည် အသီးသီး အပြားပြားသော ဆု များကိုခံရသည်ဖြစ် ၍ ၊ ပရောဖက် အရာရှိလျှင် ၊ ယုံကြည် ခြင်း၏ပမာဏ ကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။ 7 ဓမ္မဆရာ အရာရှိလျှင် ၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမ ဩဝါဒပေးသောသူ သည် ထိုအမှုကိုဆောင်ရွက်စေ။ 8 နှိုးဆော် သွေးဆောင်သောသူ သည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှ သောသူ သည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ် သောသူ သည် လုံ့လ ဝိရိယနှင့် အုပ်ချုပ်စေ။ မစ သနားခြင်းအမှုကိုပြုသောသူ သည် စေတနာ စိတ်နှင့် ပြုစေ။ 9 မေတ္တာ စိတ်သည် လျှို့ဝှက် ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ် သောအမှုကို စက်ဆုပ် ရွံ့ရှာကြလော့။ ကောင်းမွန် သောအမှု၌ မှီဝဲ ဆည်းကပ်ကြလော့။ 10 ညီအစ်ကို ချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့တစ်ယောက် ကိုတစ်ယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတစ်ပါး ကို ကိုယ်ထက်ချီးမြှောက် ကြလော့။ 11 အားထုတ် ခြင်းအရာမှာ ပျင်းရိ ခြင်းမ ရှိဘဲလျက်၊ စိတ် တန်း သဖြင့် သခင်ဘုရား ၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။ 12 မြော်လင့် လျက် ဝမ်းမြောက် ကြလော့။ ဆင်းရဲ ဒုက္ခရောက်သောအခါ သည်းခံ ကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြုကြလော့။ 13 သန့်ရှင်း သောသူတို့သည် ဆင်းရဲ သောအခါ ဝေငှ ပေးကမ်းကြလော့။ အာဂန္တု တို့အား ဧည့်သည်ဝတ် ကို ကြိုးစား၍ပြုကြလော့။ 14 သင် တို့ကို ညှဉ်းဆဲ သောသူ တို့အဘို့ မေတ္တာပို့ ကြလော့။ ကျိန်ဆဲ ခြင်းကိုမ ပြု၊ မေတ္တာပို့ ခြင်းကိုသာ ပြုကြလော့။ 15 ဝမ်းမြောက် သောသူတို့နှင့်အတူ ၊ ဝမ်းမြောက် ခြင်းကို၎င်း၊ ငိုကြွေး သောသူတို့နှင့်အတူ ငိုကြွေး ခြင်းကိုပြုကြလော့။ 16 အချင်းချင်း စိတ် သဘော တစ်ညီတစ်ညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ် ကိုငဲ့ကွက်ခြင်းမ ရှိကြနှင့်။ နှိမ့်ချ သောသူ တို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ ၏ဟု ကိုယ် ကိုမ ထင် ကြနှင့်။ 17 အဘယ်သူ ကိုမျှ ရန်တုံ့ မမူကြနှင့်။ လူ အပေါင်း တို့ရှေ့ မှာ တင့်တယ် လျောက်ပတ်သော အကျင့်ကို ကြံစည် ကြလော့။ 18 သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။ 19 ချစ်သူ တို့၊ သူတစ်ပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မ တုံ့ ကြနှင့်။ အမျက် တော်ကို အခွင့် ပေး ကြလော့။ ကျမ်းစာ လာသည်ကား ၊ ငါ သည် အပြစ်တရားကို စီရင်ပိုင် ၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။ 20 ထိုကြောင့်သင် ၏ရန်သူ သည် မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက် စရာဘို့ပေးလော့။ ထိုသို့ ပြု လျှင် ။ သူ ၏ခေါင်း ပေါ်၌ မီး ခဲ ကိုပုံ ထားလိမ့်မည်။ 21 အဆိုး အားဖြင့် အရှုံး မ ခံနှင့် အကောင်း အားဖြင့် အဆိုး ကို နိုင် လော့။
131 အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။ 2 ထိုကြောင့် ၊ မင်းအာဏာ ကို ဆန် သောသူ သည် ဘုရားသခင် စီရင် တော်မူရာကိုဆန် သောသူ ဖြစ်၏။ ထိုသို့ ဆန် သောသူ သည် ရာဇဝတ် ကို ခံရ မည်။ 3 မင်း မူကား ကောင်း သောအကျင့် ကို ကျင့်သောသူကြောက် ဘို့ ဖြစ် သည်မ ဟုတ်။ မကောင်း သော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာ ကို မ ကြောက် ဘဲနေချင် သလော။ ကောင်း သော အကျင့်ကိုကျင့် လော့။ ကျင့်လျှင်မင်း အာဏာကြောင့် ချီးမွမ်း ခြင်းကို ခံရ လိမ့်မည်။ 4 မင်းသည်ကား ၊ သင် ၏အကျိုး အလိုငှာ ဘုရားသခင် ၏ အစေခံ ဖြစ် ၏။ မကောင်း သောအကျင့်ကို ကျင့် လျှင် ၊ ကြောက် ခြင်းမရှိစေလော့။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီး ဓား ကို ဆောင် သည်မ ဟုတ်။ မကောင်း သောအကျင့်ကို ကျင့် သောသူ တို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသောဘုရားသခင် ၏ အစေခံ ဖြစ် သတည်း။ 5 ထိုကြောင့် ၊ ရာဇဝတ် ကိုကြောက်သောကြောင့် သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ ရမည် မ ဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက် ၍ဝန်ခံရမည်။ 6 ထို အကြောင်း ကြောင့် အခွန်အတုတ် ကို ပေး ကြလော့။ မင်းတို့သည် ဘုရားသခင် ၏ အမှု စောင့်ဖြစ် ၍၊ အမှုတော်ကို အမြဲ ထမ်းကြ၏။ 7 ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။ 8 အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။ 9 အကြောင်းမူကား၊ သူ့မယားကိုမ ပြစ်မှား နှင့် ၊ လူအသက်ကို မ သတ် နှင့်၊ သူ့ဥစ္စာကိုမ ခိုး နှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မ ရှိ စေနှင့်ဟူသော ပညတ်မှစ၍အခြား သော ပညတ် ရှိသမျှတို့သည်၊ ကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ၊ ချစ် လော့ဟူသော ပညတ် တစ်ခု ၌ အပါအဝင် ဖြစ်ကြ၏။ 10 ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။ 11 ထိုမှတစ်ပါး၊ ငါ တို့ကို ကယ်တင် သော ကျေးဇူးတော်သည် ငါတို့ယုံကြည် သော နေ့ရက်၌နီးသည်ထက် ယခု သာ၍နီး သောကြောင့် ၎င်း၊ 12 ညဉ့် အချိန်ကုန် လု၍ နေ့ အချိန်ရောက် လုသောကြောင့် ၎င်း၊ ယခု အခါ အိပ်ပျော် ရာမှ နိုး ရသော အချိန် ရောက် ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက် ၏အကျင့် ကို ပယ်ရှား၍ ၊ အလင်း ၏ လက်နက်စုံ ကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ 13 ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ 14 သခင် ယေရှု ခရစ် ကို ယူတင်ဝတ်ဆောင် ကြလော့။ ကိုယ် ကာယ၏တပ်မက် ခြင်းအလိုငှာ မ ကြံစည် ကြနှင့်။
141 ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။ 2 အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။ 3 အမျိုးမျိုးကို စား သောသူ သည် မ စား သောသူ ကို မထီမဲ့မြင် မ ပြုစေနှင့်။ မ စား သောသူ သည်လည်း ၊ စား သော သူ ကိုမ စစ်ကြော မစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင် သည် သူ့ ကိုလက်ခံ တော်မူပြီ။ 4 သူတစ်ပါး ပိုင်သော လူ ကိုစစ်ကြော စီရင်သော သင် သည် အဘယ်သူ နည်း။ သူ သည်မိမိ သခင် စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံ ခြင်းသို့ ရောက်ရ၏။ သူသည်အပြစ် လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် သူ ၏ အပြစ်ကို လွှတ် ခြင်းငှာတတ်နိုင် တော်မူ၏။ 5 နေ့ရက်တ ရက်ထက် တ ရက် သာ၍မြတ်သည်ဟု လူ အချို့ ထင်တတ်၏။ လူအချို့မထင်။ လူ တိုင်းမိမိ စိတ် သဘောကျ ပါစေ။ 6 နေ့ရက် ကိုစောင့် သောသူ သည် သခင် ဘုရားကို ထောက်၍ စောင့် ၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စား သောသူ သည်သခင် ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မ စား သော သူ သည်လည်း ၊ သခင် ဘုရားကို ထောက်သောစိတ်နှင့် မ စား ဘဲနေ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။ 7 ငါ တို့တွင် အဘယ်သူ မျှကိုယ် အဘို့ အလိုငှာအသက် မရှင်။ အဘယ်သူ မျှကိုယ် အဘို့အလို့ငှာမသေ8 အသက် ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှာ ရှင် ၏။ သေ လျှင် လည်း၊ သခင်ဘုရား အဘို့ အလိုငှာ သေ ၏။ ထိုကြောင့် အသင်ရှင် သည်ဖြစ်စေ ၊ သေ သည် ဖြစ်စေ ၊ သခင်ဘုရားဆိုင် တော်မူ၏။ 9 အကြောင်းမူကား ၊ ခရစ်တော် သည်၊ သေ သော သူတို့ကို၎င်း ၊ ရှင် သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ ၍ ၊ ခံပြီးမှအသက် ရှင်ပြန် တော်မူ၏။ 10 သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။ 11 ကျမ်းစာ လာသည်ကား ၊ ငါ အသက် ရှင်တော်မူသည်ဖြစ်၍၊ ငါ့ ရှေ့၌ လူ တိုင်းဒူး ထောက် ရမည်။ ဘုရားသခင် အားလူ တိုင်းမိမိနှုတ် နှင့် သစ္စာ ခံရမည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။ 12 သို့ဖြစ်၍ ၊ ငါ တို့ရှိသမျှ သည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။ 13 ထိုကြောင့် ၊ ငါတို့သည် ယခုမှစ၍အချင်းချင်း မ စစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကို ချင်း ထိမိ၍ လဲ စရာအခွင့်၊ မှားယွင်း စရာအခွင့်မ ရှိ စေမည်အကြောင်း သာ၍ စီရင် ကြကုန်အံ့။ 14 အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။ 15 သင် ၏ညီအစ်ကို သည် သင်စားသော အစာ ကြောင့် စိတ်နာ ရလျှင် ၊ သင်သည်မေတ္တာ တရားကို မ ကျင့် ။ ခရစ်တော် သည် အသေခံ တော်မူသော ကျေးဇူးတော်ကို ခံသောသူ ကိုသင် ၏ အစာ အားဖြင့် အကျိုး မ နည်း စေနှင့်။ 16 သင်တို့သည် အခွင့် ရသည်အမှုမှာ ကဲ့ရဲ့ စရာ အကြောင်းမ ရှိစေနှင့်။ 17 ဘုရားသခင် ၏ နိုင်ငံ တော်သည် အစား အသောက် ၌ မ တည် ။ ဖြောင့်မတ် ခြင်း၊ ငြိမ်သက် ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် ခံရသော ဝမ်းမြောက် ခြင်း၌ တည်၏။ 18 ထိုသို့ ကျင့်၍ ခရစ်တော် ၏အမှု ကို ဆောင်ရွက်သောသူ သည်ဘုရားသခင့် ရှေ့၌ နှစ်သက် ဘွယ်၊ လူ တို့ တွင် ချီးမွမ်း ဘွယ်ဖြစ်၏။ 19 ထိုကြောင့် ၊ ငြိမ်သက် ခြင်းနှင့်၎င်း၊ အချင်းချင်း တည်ဆောက် ခြင်းနှင့်၎င်း ယှဉ်သောအရာ တို့ကို မှီအောင်လိုက် ကြကုန်အံ့။ 20 ဘုရားသခင် ၏ အမှု တော်ကို သင်၏အစာ အလိုငှာ မ ဖျက်ဆီး နှင့်။ အစာအမျိုးမျိုး တို့သည် စင်ကြယ် ၏။ သို့သော်လည်း သူတစ်ပါးထိမိ လဲစရာအကြောင်းနှင့် စား သော သူ သည်အပြစ် ရှိ၏။ 21 အမဲသား ကိုစား ခြင်း၊ စပျစ်ရည် ကိုသောက် ခြင်း ကိစ္စမှစ၍၊ ညီအစ်ကို ထိမိ ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။ 22 သင် သည်ယုံ ခြင်းရှိ လျှင် ကိုယ် အလိုအလျောက်ဘုရားသခင့် ရှေ့ ၌ ရှိ စေလော့။ ကိုယ်လက်ခံ သောအမှုမှာ ကိုယ် ကိုမ စစ်ကြော မစီရင်သောသူ သည် မင်္ဂလာ ရှိ၏။ 23 ယုံမှား သောသူ သည် စား လျှင် ၊ ယုံ သောစိတ် မ ရှိဘဲစားသောကြောင့် အပြစ် စီရင်ခြင်းကိုခံရ၏။ ယုံ သောစိတ်မ ရှိဘဲကျင့်သမျှ သော အကျင့်တို့သည် အပြစ် ရှိ ကြ၏။
151 သို့ဖြစ်၍ ၊ အားရှိ သောငါ တို့သည် ကိုယ် အလို သို့မ လိုက်၊ အားနည်း သောသူ တို့၏ အားနည်း ခြင်းကို သည်းခံ ရကြမည်။ 2 ထိုသို့ ငါ ရှိသမျှသည်ကိုယ် နှင့်စပ်ဆိုင်သော သူ၏ အကျိုး ကို ထောက်၍ ၊ သူ့ကိုတည်ဆောက် စေခြင်းငှာ သူ၏ အလို သို့ လိုက်ကြကုန်အံ့။ 3 အကြောင်းမူကား ၊ ခရစ်တော် သည်ကိုယ် အလို သို့မ လိုက်။ ကျမ်းစာ လာသည်အတိုင်း ကဲ့ရဲ့ ခြင်းကို ခံရတော်မူ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သော သူ တို့၏စကားသည် အကျွန်ုပ် အပေါ်သို့ ရောက် ပါ၏ဟု ကျမ်းစာလာ သတည်း။ 4 ငါ တို့သည် ကျမ်းစာ ၌ပါသောသည်းခံ ခြင်း၊ သက်သာ ခြင်းအကြောင်းများကိုအမှီပြု ၍ မြော်လင့် ရ သော အခွင့်ရှိစေခြင်းငှာ ၊ ကျမ်းစာ၌ အထက်ကရေး ထားသမျှ သည် ငါ တို့ကို ဆုံးမ ဩဝါဒပေး၍ ရေး ထားသတည်း။ 5 သင်တို့သည် ငါ တို့ သခင် ယေရှု ခရစ် ၏ ခမည်းတော် တည်းဟူသောဘုရားသခင် ကို တစ် ညီတစ်ညွတ်တည်း နှုတ် မြွက်၍ ချီးမွမ်း စေခြင်းငှာ ၊ 6 ယေရှု ခရစ် ၏အလိုတော်အတိုင်း အချင်းချင်း စိတ်တစ်ညီတစ်ညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာ ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။ 7 ခရစ်တော် သည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေလျက်၊ သင် တို့ကိုလက်ခံ တော်မူသည်နည်းတူ ၊ သင်တို့သည် တစ်ယောက် ကိုတစ်ယောက်လက်ခံ ကြလော့။ 8 တဖန်ငါ ဆိုသည်ကား ၊ ယေရှုခရစ် သည် ဘုရားသခင် ၏ သစ္စာ တော်ကို ထောက် ၍၊ ဘိုးဘေး များခံရသော ဂတိ တော်တို့ကိုတည် စေခြင်းငှာ ၊ 9 အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါး အမျိုးသားတို့သည်လည်း ၊ ဘုရားသခင် ၏ကရုဏာ တော်ကို အံ့ဩချီးမွမ်း ကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထိုကြောင့် တစ်ပါး အမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ၍၊ နာမ တော်ကို ထောမနာ သီချင်း ဆိုပါမည်ဟု လာသတည်း။ 10 တစ်ဖန် လာသည်ကား ၊ တစ်ပါး အမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏လူမျိုး နှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။ 11 တစ်ဖန် ကား ၊ လူမျိုး အပေါင်း တို့၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ လူ အနွယ်အပေါင်း တို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။ 12 တစ်ဖန် ဟေရှာယ ဆို သည်ကား ၊ ယေရှဲ ၏ အမြစ် ပေါက် ၍ တစ်ပါး အမျိုးသားတို့ကို အုပ်စိုး ခြင်းငှာပေါ်ထွန်း သောသူ ဖြစ်လိမ့်မည်။ ထိုသူ ကို တစ်ပါး အမျိုးသားတို့သည် ကိုးစား ကြလိမ့်မည်ဟုဆိုသတည်း။ 13 သင် တို့သည်သန့်ရှင်း သောဝိညာဉ် တော်၏ တန်ခိုး အားဖြင့် မြော်လင့် ခြင်းပါရမီနှင့် ကြွယ်ဝ စေခြင်းငှာ၊ ယုံကြည် သောစိတ်ရှိ၍ ဝမ်းမြောက် သက်သာ ခြင်းအမျိုးမျိုး တို့နှင့် ပြည့်စုံ မည်အကြောင်း၊ မျှော်လင့် ခြင်း၏အရှင်၊ ဘုရားသခင် သည် ကယ်မသနားတော်မူပါစေသော။ 14 ညီအစ်ကို တို့၊ သင်တို့သည် ကောင်း သောပကတိ သဘောနှင့် ပြည့်စုံ ၍ အရာရာ တို့ကို သိ နားလည်သဖြင့် ၊ အချင်းချင်း ဆုံးမ ခြင်းငှာ တတ်နိုင် သည်ကို ငါသဘောကျ လျက်ရှိ၏။ 15 သို့သော်လည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သန့်ရှင်း စေတော်မူသော နှစ်သက် ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသောတစ်ပါး အမျိုးသားတို့ကို ပူဇော် ခြင်းငှာ ငါသည် ဘုရားသခင် ၏ ဧဝံဂေလိ တရားကိုဟောပြောသောအမှုကို ဆောင်ရွက်၍၊ 16 တစ်ပါး အမျိုးသားတို့တွင် ယေရှု ခရစ် ၏ အမှုဆောင် ဖြစ် မည်အကြောင်း ၊ ဘုရားသခင် သည် ငါ ၌အပ်ပေး တော်မူသော ကျေးဇူး တော်ကို ငါ အမှီပြု ၍၊ ညီအစ်ကိုတို့၊ သင် တို့ကို သတိပေး လျက်သာ၍ရဲရင့် စွာ ရေး လိုက်ပါ၏။ 17 ထိုကြောင့် ၊ ဘုရားသခင် နှင့် စပ်ဆိုင် သောအရာ တို့၌ ငါသည် ယေရှု ခရစ် ကို အမှီပြု ၍ ဝါကြွား ဝမ်းမြောက်ခြင်းအကြောင်းရှိ ၏။ 18 တစ်ပါး အမျိုးသားတို့သည် စကား အားဖြင့်၎င်း၊ အကျင့် အားဖြင့်၎င်း၊ နားထောင် စေခြင်းငှာ ၊ ခရစ်တော် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုများ၌ ပါသောတန်ခိုး ၊ သန့်ရှင်းသော ဝိညာဉ် တော်၏ တန်ခိုး ကိုပြ၍၊ ငါ့ အားဖြင့် ပြု တော်မူသမျှ တို့ကိုသာ ငါပြော ဝံ့ ၏။ 19 ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါ သည် ယေရုရှလင် မြို့မှစ၍ ဣလုရိတ် ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော် ၏ ဧဝံဂေလိ တရားကို အကုန်အစင် ဟောပြောခဲ့ပြီ။ 20 ထိုသို့ အခြား သူတည်သော တိုက်မြစ် အပေါ်မှာ ငါ ထပ်၍ မ တည်မဆောက်။ ခရစ်တော် ၏နာမ ကို မ ကြားဘူးသော အရပ် ၌ ဧဝံဂေလိ တရားကိုဟောခြင်းငှာစေတနာစိတ်နှင့် ငါကြိုးစား အားထုတ်လေ့ရှိ၏။ 21 ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ထိုသူ ၏ အကြောင်း ကို အဘယ်သူ မျှ မပြ ဘူးသော်လည်း ၊ သူတို့ သည် မြင် ကြလိမ့်မည်။ မ ကြား ဘူးသောသူ တို့သည် နားလည် ကြလိမ့်မည်ဟု လာသတည်း။ 22 ထိုကြောင့် သင် တို့ရှိရာသို့ ငါလာ ရသော အခွင့် မရှိ။ အဆီးအတား များ လှ ပြီ။ 23 ယခု မူကား ၊ ဤ အရပ် တို့၌ အခွင့် မ ရ သည်ဖြစ်၍၊ သင် တို့ရှိရာသို့ သွား ခြင်းငှာတာရှည် စွာ ကာလ ပတ်လုံးအလို ရှိ သောကြောင့် ၊ 24 စပါနိ ပြည်သို့ ငါသွား သောအခါ၊ လမ်းခရီး၌ သင် တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန် အရာအလို ပြည့်စုံ ပြီးမှ၊ ထို ပြည်သို့သင်တို့ ပို့ဆောင် ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏။ 25 ယခု အခါ သန့်ရှင်း သူ တို့ကိုလုပ်ကျွေး ၍၊ ယေရုရှလင် မြို့သို့ ငါသွား ရမည်။ 26 အကြောင်းမူကား ၊ မာကေဒေါနိ ပြည်သားတို့နှင့် အခါယ ပြည်သားတို့သည်၊ ယေရုရှလင် မြို့၌ ဆင်းရဲ သော သန့်ရှင်း သူ တို့အား ဥစ္စာကို ဝေမျှ၍ စေတနာ စိတ်နှင့် လှူ ကြပြီ။ 27 စေတနာ စိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား ၊ တစ်ပါး အမျိုးသားတို့သည် ဓမ္မဥစ္စာ ကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ ၍ခံရသည်မှန်လျှင် ၊ လောကီဥစ္စာ ကို လှူ၍ လုပ်ကျွေး အပ် ၏။ 28 ထိုကြောင့် ၊ ဤ အမှုကို ငါဆောင်ရွက် ၍ ဤ အလှူ လက်ဆောင်ကို လုံခြုံ စေပြီးလျှင်၊ သင်တို့အနား မှာ ရှောက်၍ စပါနိ ပြည်သို့ သွား မည်။ 29 သင် တို့ရှိရာသို့ ငါရောက် သောအခါ ၊ ခရစ်တော် ၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာပြည့်စုံ ခြင်းနှင့် ရောက်လာ မည်ကို ငါသိ ၏။ 30 ငါသည်ဘုရားသခင် ၏ အလို တော်အတိုင်း ဝမ်းမြောက် သော စိတ်နှင့် သင် တို့ရှိရာသို့ ရောက် ၍ သင် တို့နှင့်အတူသက်သာ ခြင်းကို ခံစားလိုသောငှာ ၊ 31 ယုဒ ပြည်၌ ငြင်းဆန် သောသူ တို့လက်မှ ငါလွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့အား ငါ လုပ်ကျွေး ခြင်း အမှုကို သန့်ရှင်း သူ တို့သည် နှစ်သက် မည်အကြောင်း ၊ ညီအစ်ကို တို့၊ သင်တို့သည် ငါ နှင့်အတူကြိုးစား အားထုတ်၍ ငါ့ အဘို့ အလိုငှာ ဘုရားသခင် ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် နှင့် ဝိညာဉ် တော်၏ မေတ္တာ ကရုဏာကို အကြောင်းပြု၍ သင် တို့ကို ငါတိုက်တွန်း နှိုးဆော်ပါ၏။ 32 ငြိမ်သက် ခြင်း၏အရှင်၊ ဘုရားသခင် သည် 33 သင် တို့ရှိသမျှ နှင့်အတူ တည်နေတော်မူပါစေသော။ အာမင်
161 ကင်ခြေ မြို့အသင်းတော် ၌ သင်းထောက် မိန်းမဖြစ် သော ငါ တို့ နှမ ဖိဗေ ကို သင် တို့ထံသို့ငါသွင်းပေး၏။ 2 သန့်ရှင်း သူ တို့သည် ပြုသင့် သည်အတိုင်း ၊ သခင် ဘုရားကို ထောက်၍ ထိုသူ ကိုလက်ခံ ကြလော့။ သူသည် အကူအမလို သမျှ သော အမှု တို့၌ သူ့ ကိုကူမ ကြလော့ ။ အကြောင်းမူကား ၊ သူ သည်များစွာ သော သူတို့ကို၎င်း၊ ငါ့ ကို၎င်း၊ မစ သောသူဖြစ် ၏။ 3 ငါ နှင့်အတူ ယေရှု ခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလ နှင့် အာကုလ ကို နှုတ်ဆက် ကြ လော့။ 4 ထိုသူတို့သည် ငါ့ အသက် အဘို့ မိမိ တို့လည်ပင်း ကို ချထား သော သူ ဖြစ်ကြ၏။ သူတို့ကျေးဇူး ရှိသည်ဟု ငါ တစ်ယောက်တည်း သာ ဝန်ခံသည်မ ဟုတ်။ တစ်ပါး အမျိုးသားအသင်းတော် အပေါင်း တို့သည် ဝန်ခံကြ၏။ 5 သူ တို့အိမ် ၌ ရှိသောအသင်းတော် ကိုလည်း နှုတ်ဆက်ကြလော့။ အာရှ ပြည်တွင် ခရစ် အဘို့ အဦးသီးသော အသီး ဖြစ် သော ငါ့ ချစ် သားဧပဲနက် ကို နှုတ်ဆက် ကြလော့။ 6 ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက် သော မာရိ ကိုနှုတ်ဆက် ကြလော့။ 7 ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။ 8 သခင် ဘုရား၌ ငါ့ ချစ် သားအမ္ပလိ ကိုနှုတ်ဆက် ကြလော့။ 9 ငါ တို့နှင့်အတူ ခရစ်တော် ၏အမှုကို ဆောင်ရွက်သော ဥရဗန် နှင့် ငါ့ ချစ် သားသတာခု ကို နှုတ်ဆက် ကြ လော့။ 10 တပည့်တော်စစ် ဖြစ်သော အပေလေ နှင့် အာရိတ္တောဗုလု ၏ အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။ 11 ငါ ၏အဆွေအမျိုးဟေရောဒျုန် နှင့် တပည့်တော် ဖြစ် သောနာကိသု ၏အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။ 12 သခင်ဘုရား ၏အမှုတော်ကို ကြိုးစား သော မိန်းမ ၊ တရုဖဲန နှင့် တရုဖောသ ကို၎င်း၊ သခင်ဘုရား ၏ အမှုတော်ကို အလွန် ကြိုးစား ၍ ချစ် အပ်သော မိန်းမပေရသိ ကို၎င်း နှုတ်ဆက် ကြလော့။ 13 မြတ်သောတပည့်တော်ရုဖု နှင့်သူ ၏အမိ တည်းဟူသောငါ ၏ အမိကို နှုတ်ဆက် ကြလော့။ 14 အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမေ ၊ ပတ်ရောဘ ၊ ဟေရမေ မှစ၍ သူ တို့နှင့်အတူ နေသောညီအစ်ကို တို့ကို နှုတ်ဆက် ကြလော့။ 15 ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရု နှမ နှင့် ဩလုမ္ပ မှစ၍ သူ တို့နှင့်အတူ နေသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။ 16 အချင်းချင်း တစ်ယောက်ကို တစ်ယောက်သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် ၏ အသင်းတော် အပေါင်း တို့သည် သင် တို့နှင့် နှုတ်ဆက် ကြ၏။ 17 ညီအစ်ကို တို့၊ သင် တို့ခံရ ပြီးသော ဆုံးမ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်သောသင်းခွဲ ခြင်း၊ မှားယွင်း ခြင်းအကြောင်းကို ပြု တတ်သောသူတို့ကို မှတ် ၍ရှောင် ကြလော့ဟု ငါသတိပေး ၏။ 18 အကြောင်းမူကား ထိုသို့သော သူတို့သည် ငါ တို့သခင် ခရစ်တော် ၏ အမှု ကိုမ ဆောင်ရွက်ဘဲလျက်၊ မိမိ တို့ဝမ်း ၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကား နှင့် ချော့မော့သော စကားအားဖြင့် စိတ် ကောင်း သောသူ တို့ကို လှည့်ဖြား တတ်ကြ၏။ 19 သင် တို့ ယုံကြည်နားထောင် ခြင်းအကြောင်း အရာသည် လူအပေါင်း တို့တွင် ကျော်စော သည်ဖြစ်၍ ၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း ၊ သင် တို့သည် ကောင်း သောအမှု၌ ကား၊ ပညာရှိ စေခြင်းငှာ၎င်း၊ ဆိုး သော အမှု၌ ကား ၊ အပြစ် ကင်းစေခြင်းငှာ၎င်း၊ ငါအလိုရှိ ၏။ 20 ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။ 21 ငါ နှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေ မှစ၍ငါ ၏အဆွေအမျိုးလုကိ ၊ ယာသုန် သောသိပတရု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ 22 ဤ စာ ကိုရေး သော ကျွန်ုပ် တေရတိ သည် သခင် ဘုရားကို ထောက်၍ သင် တို့ကို နှုတ်ဆက် ပါ၏။ 23 ငါ့ ကို၎င်း ၊ သင်းဝင် သူ အပေါင်း တို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့ စာရေး ဧရတ္တု ၊ သင်တို့ညီ ကွာတု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ 24 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ 25 ရှေး ကပ်ကာလ ပတ်လုံးဝှက်ထား ပြီးလျှင်ယခု မှာ ထင်ရှား သည်ဖြစ်၍၊ 26 လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊ 27 တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်