သုတ္တံကျမ်း။

1

1 ပညာတရား နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း2 ပညာ သွန်သင်ခြင်း၊ ဖြောင့်မတ် စွာကျင့်ခြင်း၊ တရားသဖြင့်3 စီရင်ခြင်း၊ လျစ်လျူ စွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက် မည်အကြောင်း၊ မိုက် သောသူသည်လိမ္မာ ၍၊ လူပျို သည်ပညာသတိ နှင့်ပြည့်စုံမည်အကြောင်း၊ 4 ဒါဝိဒ် ၏သား တော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန် စီရင်သော သုတ္တံစကား ဟူမူကား၊ 5 ပညာရှိ သောသူသည် နားထောင် သဖြင့် ပညာ အတတ်တိုးပွါး ရလိမ့်မည်။ 6 ဉာဏ်ကောင်း သောသူသည် သုတ္တံ စကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိ ဟောပြော ၍ နက်နဲ သောစကားတို့ကို၎င်း၊ နားလည် သောနိဿရည်းဆရာအဖြစ်သို့ ရောက် ရလိမ့်မည်။ 7 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ 8 ငါ့ သား အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။ 9 ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း တင့်တယ် သော ဦးရစ် သင် ၏လည်ပင်း ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။ 10 ငါ့ သား လူဆိုး တို့သည် သင့် ကိုသွေးဆောင် လျှင် ဝန် ခံနှင့်။ 11 သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။ 12 သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။ 13 အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။ 14 ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊ 15 ငါ့ သား သူ တို့နှင့်အတူ လိုက် နှင့်။ သူ တို့သွားသောလမ်း ကို ရှောင် လော့။ 16 အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။ 17 အကယ် စင်စစ်ငှက် မျက်မှောက် ၌ ပိုက်ကွန် ကို ဖြန့် ထားလျှင် အကြံ မမြောက်ရာ။ 18 လူဆိုး တို့သည် ကိုယ် အသွေး ကို သွန်အံ့သောငှါစောင့်၍၊ ကိုယ် အသက် ကိုသတ် အံ့သောငှါချောင်းမြောင်း တတ်ကြ၏။ 19 တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။ 20 ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။ 21 လူ စည်းဝေးရာ အဦး ၎င်း၊ မြို့ တံခါးဝ တို့၌ ၎င်း၊ မြို့ ထဲ ၌၎င်း ခေါ် ၍မြွက်ဆို သောစကား ဟူမူကား၊ 22 အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။ 23 ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။ 24 ငါသည်ခေါ် သင်တို့သည် ငြင်းပယ် သောကြောင့် ၎င်း၊ ငါ့ လက် ကိုဆန့် အဘယ်သူ မျှမမှတ် သောကြောင့် ၎င်း၊ 25 ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ ခံဘဲနေသောကြောင့် ၎င်း၊ 26 သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ် မည်။ ကြောက်မက် ဖွယ်သော အမှုရောက် သောအခါ ငါပြက်ယယ် ပြုမည်။ 27 သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ 28 ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း တွေ့ ရကြ။ 29 အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို ရှိကြ။ 30 ငါ သတိ ပေးခြင်းကို အလျှင်းနာ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။ 31 ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ကိုယ် ကြံသော အကြံ တို့နှင့် ကြလိမ့်မည်။ 32 ဉာဏ် တိမ်သောသူတို့သည် လမ်းလွဲ သဖြင့် အသက် ဆုံးတတ်ကြ၏။ မိုက် သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။ 33 ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။

2

1 ငါ့ သား သင်သည်ပညာ စကားကို နားထောင်2 စေတနာစိတ် နှင့်ဉာဏ် ကို ရှာဖွေ သည်တိုင်အောင်၊ ငါ့ စကား ကို နာခံ ငါ့ ပညတ် တို့ကို ကိုယ် အထဲ ၌ သွင်း မိလျှင် ၎င်း၊ 3 သိပ္ပံ အတတ်ကို ခေါ် ဉာဏ် နောက်သို့ အသံ ကိုလွှင့် လျှင် ၎င်း၊ 4 ငွေ ကိုရှာတတ်သကဲ့သို့ ပညာ ကိုရှာ ဝှက်ထားသောဘဏ္ဍာ ကို စူးစမ်း တတ်သကဲ့သို့ ၊ ဉာဏ်ကို စူးစမ်းလျှင်၎င်း၊ 5 ထာဝရဘုရား ကို ကြောက် သောသဘော ၌ ကျင်လည်၍ ဘုရား သခင်ကိုသိသော ဉာဏ် နှင့် ပြည့်စုံ လိမ့်မည်။ 6 အကြောင်း မူကား၊ ထာဝရဘုရား သည်ပညာ ကို ပေး တော်မူတတ်၏။ နားလည် နိုင်သော ဉာဏ် သည် နှုတ်ကပတ် တော်အားဖြင့် သာဖြစ်တတ်၏။ 7 ဖြောင့်မတ် သောသူတို့အဘို့ ပညာ ရတနာကိုသိုထား တော်မူ၏။ တရား သဖြင့်ကျင့် သောသူတို့ကို ကွယ်ကာ တော်မူ၏။ 8 မိမိ သန့်ရှင်း သူတို့သည်တရားလမ်း ကို စောင့်ရှောက် မည်အကြောင်း သူ တို့၏လမ်းခရီး ကို လုံခြုံ စေတော်မူ၏။ 9 ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ် စွာကျင့် ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ လျစ်လျူ စွာ ဆုံးဖြတ်ခြင်းမှစ၍ ကောင်း သောလမ်း ရှိသမျှ တို့ကို သိ နားလည်လိမ့်မည်။ 10 ပညာ သည်သင် ၏နှလုံး ထဲသို့ ဝင် သင် သည် သိကြား ခြင်း၌ မွေ့လျော် သောအခါ11 သမ္မာ သတိသည် သင့် ကို ထိန်းသိမ်း ၍၊ ဉာဏ် သည်လည်း စောင့်ရှောက် သဖြင့်၊ 12 ဆိုး သောလမ်း မှ ကယ်တင် လိမ့်မည်။ ကောက် သောစကားကို ပြော တတ်သောသူ13 ဖြောင့်မတ် သောလမ်း ကိုစွန့် ၍၊ မိုက်မဲ သော လမ်း သို့ လိုက် သောသူ၊ 14 ဒုစရိုက် မွေ့လျော် ၍ အဓမ္မ လူ၏ ကောက်လိမ် ခြင်းကို အားရ နှစ်သက်သောသူ၊ 15 ဖြောင့် သောလမ်းသို့မလိုက်၊ ကောက် သော လမ်း သို့သာ လိုက်သောသူ တို့၏လက်မှ၎င်း၊ 16 အမျိုး ပျက်သောမိန်းမ နှုတ် နှင့်ချော့မော့ တတ် သော ပြည်တန်ဆာ မိန်းမ၊ 17 အသက် ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင် ကိုစွန့် မိမိ ဘုရား သခင်၏ ပဋိညာဉ် တရားကို မေ့လျော့ သော မိန်းမလက်မှ ၎င်း၊ သင့် ကို ကယ်တင် လိမ့်မည်။ 18 ထိုမိန်းမ ၏အိမ် သည် သေ ခြင်းနှင့်၎င်း၊ သူ လိုက်သော လမ်း တို့သည် သင်္ချိုင်း သားနေရာနှင့် ၎င်း စပ်ဆိုင်သဖြင့်၊ 19 သူ ၏အိမ်သို့ဝင် သောသူ တစုံ တယောက်မျှ မ ပြန် ရ။ အသက် လမ်း ကို မ မှီ ရ။ 20 သင်သည် သူတော်ကောင်း တို့၏ လမ်း သို့ ရှောက် ဖြောင့်မတ် သောသူတို့ ၏ လမ်းခရီး ထဲက မ ထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။ 21 ဖြောင့်မတ် သောသူတို့သည်ပြည် တော်၌နေ စုံလင် သောသူတို့ သည် နေရာ ကျကြလိမ့်မည်။ 22 အဓမ္မ လူတို့မူကား ပြည် တော်မှ ပယ်ရှင်း ခြင်း၊ လွန်ကျူး သောသူတို့ သည် နှုတ်ပစ် ခြင်းကိုခံရကြ လိမ့်မည်။

3

1 ငါ့ သား ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။ 2 အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။ 3 ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။ 4 ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ကျေးဇူး ကိုခံရ လိမ့်မည်။ 5 ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ ပြုနှင့်။ 6 သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။ 7 ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ဒုစရိုက် ကို ရှောင် လော့။ 8 သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။ 9 သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။ 10 သို့ပြုလျှင် သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။ 11 ငါ့ သား ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် ပျက်စေနှင့်။ 12 ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။ 13 ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။ 14 အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။ 15 ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။ 16 သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ 17 ပညာ လမ်း တို့သည် သာယာ သောလမ်း ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။ 18 ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။ 19 ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။ 20 သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။ 21 ငါ့ သား ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။ 22 သို့ပြုလျှင် ထိုရတနာတို့သည် သင် ၏ဝိညာဉ် အသက် သင် ၏လည်ပင်း ဂုဏ် အသရေဖြစ် လိမ့်မည်။ 23 သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ တိုက်မိ ဘဲ သွား လိမ့်မည်။ 24 အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။ 25 လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။ 26 အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။ 27 ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ 28 အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။ 29 စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။ 30 သင် ၌ အပြစ် ပြု သောသူကို အကြောင်း မရှိဘဲ ရန် တွေ့နှင့်။ 31 ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို ရှိနှင့်။ 32 အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။ 33 တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။ 34 အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ကျေးဇူး ပြု တော်မူ၏။ 35 ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။

4

1 ငါ့သား တို့၊ အဘ ၏နည်း ဥပဒေသကို နားထောင် ဉာဏ် သဘောကို နားလည် ခြင်းငှါ စေ့စေ့မှတ် ကြလော့။ 2 ကောင်း သောဩဝါဒ ကို ငါပေး ၏။ ငါ့ ပညတ် တရားကို မ ပယ် ကြနှင့်။ 3 ငါ မူကား အဘ ၏ရင် နှစ်၊ အမိ ရှေ့ မှာနူးညံ့ အချစ် ဆုံးသော သားဖြစ်၏။ 4 ငါ့ အဘသွန်သင် မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။ 5 ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို လွှဲ မရှောင်နှင့်။ 6 ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့ ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။ 7 ပညာ သည် အမြတ် ဆုံးသောအရာဖြစ်၏။ ပညာ ကိုဆည်းဖူး လော့။ ဆည်းဖူးသမျှ သောဥစ္စာ တို့တွင် ဉာဏ် ကိုဆည်းဖူး လော့။ 8 သူ့ ကိုအမြတ် ထားလော့။ သူသည် သင့် ကို ချီးမြှောက် လိမ့်မည်။ သူ့ ကိုဘက်ယမ်း လျှင် ဂုဏ် အသရေကိုပေး လိမ့်မည်။ 9 သင် ၏ခေါင်း ကို တင့်တယ် သောဦးရစ် နှင့် ပတ်ရစ် ၍၊ ဘုန်းကြီး သောသရဖူ ကို အပ်နှံ လိမ့်မည်။ 10 ငါ့ သား ငါ့ စကား ကိုနားထောင် နာယူ လော့။ သို့ပြုလျှင် သင့် အသက် နှစ် ပေါင်းများ လိမ့်မည်။ 11 ပညာ လမ်း ကို ငါပြသ ၍၊ မှန် သောလမ်း ခရီးတို့၌ သင့် ကိုငါပို့ဆောင် ၏။ 12 ရှောက်သွား လျှင် ကျဉ်းမြောင်း ရာသို့မ ရောက်၊ ပြေး သောအခါ တိုက်မိ၍မ လဲ ရ။ 13 ဥပဒေသ ကို ကိုင်ဆွဲ လော့။ မ လွှတ် နှင့်။ စောင့် ထား လော့။ အသက်ရှင် ခြင်း၏အကြောင်း ဖြစ်၏။ 14 အဓမ္မ လူတို့ လမ်း ထဲသို့ ဝင် နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ လိုက် နှင့်။ 15 သူ တို့လမ်းကို ကြဉ်ရှောင် လော့။ လိုက်မ သွား နှင့်။ လွှဲ သွား လော့။ 16 သူတို့သည်သူတပါး၌ အပြစ် ပြုရလျှင် အိပ် တတ်။ တစုံတယောက်သော သူ ကိုမ လဲ စေလျှင် အိပ် ၍ မပျော်တတ်။ 17 ဒုစရိုက် နှင့်ဆိုင်သောမုန့် ကိုစား ညှဉ်းဆဲ ခြင်းနှင့်ဆိုင်သော စပျစ်ရည် ကို သောက် တတ်ကြ၏။ 18 ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။ 19 တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။ 20 ငါ့ သား ငါ့ စကား ကို နားထောင် လော့။ ငါ ဟောပြော ချက်တို့ကို နား သွင်း လော့။ 21 သင့် မျက်မှောက် မှ ကွာ စေနှင့်။ နှလုံး တွင်း စောင့် ထားလော့။ 22 အကြောင်း မူကား၊ ထို တရားစကားကို တွေ့ ရ သောသူ တို့သည် အသက်ရှင် ခြင်း၊ တကိုယ်လုံး ကျန်းမာ ခြင်းအကြောင်း ကို တွေ့ရပြီ။ 23 နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။ 24 ကောက် သောစကား တို့ကို၎င်း ငြင်းဆန် တတ် သော နှုတ်ခမ်း တို့ကို၎င်းဝေး စွာ ပယ်ရှောင် လော့။ 25 သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။ 26 သင် သွား ရာလမ်း ကို စူးစမ်း သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။ 27 လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ တိမ်း မလွှဲနှင့်။ ဒုစရိုက် ပြုရာ လမ်း ကိုရှောင် လော့။

5

1 ငါ့ သား သင်သည် သမ္မာ သတိရှိ၍ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ အတတ်ကို စောင့် မည်အကြောင်း2 ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။ 3 အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် သူ ပြော သောစကား သည် ဆီ ထက် ချော သော်လည်း၊ 4 အဆုံး ၌ကား သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။ 5 သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။ 6 သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား လည်နိုင်ရ။ 7 သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို ပယ် ကြနှင့်။ 8 ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့ နေရာ တံခါးဝ သို့ ချဉ်း နှင့်။ 9 သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။ 10 တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။ 11 နောက်ဆုံး သင့် အသား သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ12 ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။ 13 ငါ့ ဆရာ တို့၏ စကား ကို နား ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား ခံဘဲနေလေပြီ တကား။ 14 စည်းဝေး သော ပရိတ်သတ် များအလယ် ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။ 15 ကိုယ် ဆိုင်သော ရေ အိုး ကို သုံး၍ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။ 16 သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။ 17 တပါး အမျိုးသားနှင့် ပေါင်းဘက်၍ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။ 18 သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား နှင့်အတူပျော်မွေ့ လော့။ 19 သူသည်စုံမက် တတ်သော သမင်မ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့ ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။ 20 ငါ့ သား သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။ 21 လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။ 22 အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။ 23 သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း သွန်သင် ခြင်းကို မ ခံရဘဲသေ သွားရလိမ့်မည်။

6

1 ငါ့ သား သင် သည် အဆွေ ခင်ပွန်းအတွက် အာမခံ မိသော် ၎င်း၊ သူတပါး နှင့် လက်ဝါး ချင်း ရိုက် မိ သော်၎င်း၊ 2 ကိုယ် နှုတ်ထွက် စကား ဖြင့် ကျော့မိ ပြီ။ ကိုယ် ပြော သောစကား ကြောင့် အမှု ရောက်လေပြီ။ 3 ငါ့ သား သင် သည် အဆွေ ခင်ပွန်းလက် သို့ ရောက် မိလျှင် ကိုယ်ကိုနှုတ် အံ့သောငှါအဘယ်သို့ပြု ရမည်နည်းဟူမူကား အဆွေ ခင်ပွန်းထံသို့သွား ကိုယ်ကိုနှိမ့်ချ လျက် သူ့ကို နှိုးဆော်လော့။ 4 အိပ် ပျော်နှင့်။ မျက်စိ မှိတ် မငိုက် နှင့်။ 5 မုဆိုး လက် မှ သမင်ဒရယ် ကို၎င်း၊ ငှက် ကို၎င်းနှုတ် ရသကဲ့သို့ ကိုယ်ကိုနှုတ် လော့။ 6 အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။ 7 ပရွတ်ဆိတ် သည်ဆရာ ရှိ၊ ပဲ့ပြင် သောသူမရှိ၊ မင်း မရှိဘဲလျက်8 နွေ ကာလနှင့် စပါး ရိတ်ရာကာလ၌ မိမိ စားစရာ အစာ ကို ရှာဖွေသိုထား တတ်၏။ 9 အိုလူပျင်း သင် သည် အဘယ် မျှကာလ ပတ်လုံးအိပ် လျက်နေလိမ့်မည်နည်း။ အဘယ် သောအခါနိုး လိမ့်မည်နည်း။ 10 ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် အံ့သောငှါ ခဏ လက် ချင်းပိုက် လျက် နေစဉ်တွင်၊ 11 ဆင်းရဲ ခြင်းသည် ခရီးသွား သော သူကဲ့သို့ ၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာ လိမ့်မည်။ 12 ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။ 13 မျက်တောင် ခတ် လျက် ခြေ ဖြင့် အမှတ် ပေးလျက် လက် ချောင်းတို့ဖြင့် သွန်သင် လျက် ပြုတတ်၏။ 14 ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။ 15 ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။ 16 ထာဝရဘုရား မုန်း တော်မူသောအရာ ခြောက် ပါးမက၊ စက်ဆုပ် ရွံ့ရှာတော်မူသောအရာ ခုနစ် ပါး ဟူမူကား 17 ထောင်လွှား သော မျက်နှာ တပါး၊ မုသာ ၌ ကျင်လည် သော လျှာ တပါး၊ အပြစ် မရှိသောသူ၏ အသက် ကိုသတ် သော လက် တပါး၊ 18 ကောင်းသော အကြံ ကို ကြံစည် သော နှလုံး တပါး၊ အပြစ် ပြုရာသို့ အလျင် အမြန်ပြေး တတ်သော ခြေ တပါး၊ 19 မုသာ စကားကိုပြော မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။ 20 ငါ့ သား အဘ ၏ပညတ် စကားကို နားထောင် လော့။ အမိ ပေးသော တရား ကို မ ပယ် နှင့်။ 21 နှလုံး ပေါ် မှာ အမြဲ ချည် ၍ လည်ပင်း ဆွဲ ထား လော့။ 22 သင် သည် အခြားသို့ သွား သောအခါ ထိုပညတ် တရားသည် လမ်း ပြလိမ့်မည်။ အိပ် သောအခါ သင့် ကို စောင့် လိမ့်မည်။ နိုး သောအခါ သင် နှင့် နှုတ်ဆက် လိမ့်မည်။ 23 အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။ 24 ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။ 25 ထိုသို့သောမိန်းမ သည် အဆင်း လှသော်လည်း တပ်မက် သောစိတ် ရှိနှင့်။ သူ သည် မျက်ခမ်း တို့ဖြင့် သင့် ကိုမ ကျော့မိ စေနှင့်။ 26 အကြောင်း မူကား၊ ပြည်တန်ဆာ မကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့် တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမ သည်လည်း မြတ် သောအသက် ကို ဘမ်း တတ်၏။ 27 လူ သည်အဝတ် လောင် ဘဲ မီး ကို ပိုက် ဘက်နိုင် သလော 28 ခြေ လောင် ဘဲမီး ခဲပေါ် မှာ နင်း နိုင်သလော။ 29 သူ့ မယား ထံသို့ ဝင် သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့ မယားကို ပြစ်မှား သော သူမည်သည် ကား၊ အပြစ် နှင့် မ ကင်းမလွတ်နိုင်ရာ၊ 30 မွတ်သိပ် သောစိတ် ပြေ စေခြင်းငှါ ခိုး သောသူ ပင် အပြစ် မလွတ်ရ။ 31 တွေ့ မိလျှင် ခုနစ် ဆပြန်ပေး ရမည်။ ကိုယ် အိမ် ၌ ရှိသမျှ သော ဥစ္စာ တို့ကို လျော် ရမည်။ 32 သူ့မယား ကိုပြစ်မှား သောသူသည် ဉာဏ် ရှိ။ ထိုသို့ ပြု သောသူ သည် မိမိ အသက် ကို ဖျက်ဆီး တတ်၏။ 33 နာကျင် စွာ ထိခိုက်ခြင်းနှင့် အသရေ ရှုတ်ချခြင်း ကိုခံရ လိမ့်မည်။ သူ ၏အရှက် ကွဲခြင်းသည် မ ပြေ နိုင်။ 34 အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။ 35 လျော်ပြစ်ငွေ မည်မျှ ကို ပမာဏ ပြုတတ်။ များစွာ သော လက်ဆောင် တို့ကိုပေးသော်လည်း စိတ် ပြေတတ်။

7

1 ငါ့ သား ငါ့ စကား ကို စေ့စေ့ နားထောင်၍ ငါ့ ပညတ် တို့ကို သင် သိုထား လော့။ 2 ငါ့ ပညတ် တို့ကို စောင့်ရှောက် အသက်ရှင် လော့။ ငါ ပေးသောတရား ကို ကိုယ် မျက် ဆန် ကဲ့သို့ စောင့်လော့။ 3 သင် ၏လက် ချောင်းတို့၌ ချည် ထား၍၊ သင် ၏ နှလုံး အင်း စာရင်း၌ ရေးမှတ် လော့။ 4 ပညာ ကို ကိုယ် နှမ ဟူ၍၎င်း၊ ဉာဏ် ကို ကိုယ် ပေါက်ဘော် ဟူ၍၎င်း ခေါ် လော့။ 5 သို့ပြုလျှင်သူတို့သည် အမျိုး ပျက်သောမိန်းမ နှုတ် နှင့် ချော့မော့ တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့် ကို ကယ်တင် ကြလိမ့်မည်။ 6 ငါ့ အိမ် ပြတင်း ရွက်ကြားမှ ငါ ကြည့် ၍မြင်ရသောအမှု ဟူမူကား၊ 7 ဉာဏ် တိမ်သော အမျိုးသားချင်း စုကို ငါကြည့်ရှု စဉ်တွင်၊ ဉာဏ် ရှိသော လူ ပျို တယောက်သည်၊ 8 ထိုသို့သော မိန်းမ နေရာလမ်း ထောင့် အနား သို့ ရှောက်သွား သဖြင့်9 မိုဃ်းချုပ် ညဦး အချိန် ညဉ့် နက် သော အချိန် ရောက်သောအခါ ထိုမိန်းမ နေရာ လမ်း သို့ လိုက် လေ၏။ 10 ပြည်တန်ဆာ အဝတ်ကိုဝတ်၍ ဆန်းပြားသော မိန်းမ သည် ထိုသူ ကို ကြိုဆို ၏။ 11 ထို မိန်းမသည် ကျယ် သောအသံနှင့် ခိုင်မာ သောစိတ် သဘောရှိ၏။ ကိုယ် အိမ် နေ လည် တတ်၏။ 12 ခဏ အိမ် ပြင်၊ ခဏ လမ်း ထဲမှာနေလျက် လမ်း ထောင့် အရပ်ရပ် ချောင်းမြောင်း ၍ကြည့်တတ်၏။ 13 ထို လူပျိုကို တွေ့သောအခါ၊ ရဲ သောမျက်နှာ နှင့် ဘမ်း ဘက်နမ်းရှုပ် လျက်14 ငါ မိဿဟာယ ပူဇော် သက္ကာရှိ၏။ ယနေ့ ငါ့ ဂတိ ဝတ်ကို ငါဖြေ ပြီ။ 15 ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ တွေ့ ပြီ။ 16 ငါ့ ခုတင် ကိုချယ် လှယ်သော အိပ်ရာခင်း နှင့်၎င်း၊ အဲဂုတ္တု ပိတ်ချော နှင့်၎င်း ပြင်ဆင် ပြီ။ 17 ငါ့ မွေ့ရာ ကို မုရန် အကျော် သစ်ကြံပိုး နှင့် ထုံ ပြီ။ 18 လာ ပါ၊ မိုဃ်းလင်း သည်တိုင်အောင် ကာမ ရာဂ စိတ်ကို ဖြေ ကြကုန်အံ့။ မေထုန် ပြု၍ မွေ့လျော်ကြကုန်အံ့။ 19 ငါ့အရှင် သည် အိမ် မှာ ရှိ။ ငွေ အိတ် ကို ဆောင် လျက်ဝေး သော အရပ် သို့ သွား ပြီ။ 20 ပွဲ နေ့ ရောက်မှသာ ပြန် လာလိမ့်မည်ဟု၊ 21 ချစ် ဘွယ်သော စကားနှင့် ထိုသူ ကို သွေးဆောင် ၍ ချော့မော့ တတ်သောနှုတ်ခမ်းနှင့် နိုင် သဖြင့်၊ 22 နွား သည်အသေခံ ရာသို့ လိုက် သကဲ့သို့ ၎င်း ၊ သမင်ဒရယ်သည် မိမိ အသည်း ၌ မြှား ထိုး မှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎င်း၊ 23 ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။ 24 သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ငါ ဟောပြော ချက်တို့ကို မှတ် ကျုံးကြလော့။ 25 ထိုသို့သော မိန်းမ နေရာလမ်း ကို စိတ် ငဲ့ကွက် နှင့်။ သူ ကျင်လည်သော လမ်း ခရီးသို့ လွှဲ ၍မ လိုက်နှင့်။ 26 အကြောင်း မူကား၊ သူသည်စစ်သူရဲ အများ တို့ကို လှဲ လေပြီ။ ခွန်အား ကြီးသော သူအများ တို့ကိုသတ် လေပြီ။ 27 သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။

8

1 ဉာဏ် ပညာသည်ခေါ် မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော2 မြင့် သောအရပ် ထိပ် ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။ 3 ကြီးသောတံခါးဝ မြို့ တံခါး အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊ 4 အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။ 5 ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။ 6 နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။ 7 ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။ 8 ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။ 9 နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။ 10 ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ပညာ အတတ်ကို၎င်း ခံယူ ကြလော့။ 11 အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို ပြိုင် နိုင်ကြ။ 12 ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။ 13 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။ 14 အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။ 15 ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။ 16 ငါ့ အားဖြင့် မင်းသား မှူးမတ် တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။ 17 ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။ 18 ငါ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။ 19 ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။ 20 ငါသည် ဖြောင့်မတ် ခြင်းလမ်း တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ရှောက်သွား သည်ဖြစ်၍၊ 21 ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။ 22 ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။ 23 မြေကြီး ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။ 24 နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။ 25 တောင် ကြီးမ တည် တောင် ငယ်မဖြစ် မှီ၊ 26 မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။ 27 မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊ 28 အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊ 29 သမုဒ္ဒရာ ကန့် ကွက်သောအပိုင်းအခြားကို ရေ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ30 ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက်31 ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။ 32 သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။ 33 ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ပညာ ရှိကြလော့။ 34 ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။ 35 ငါ့ ကိုရှာ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ကျေးဇူး တော်ကိုလည်း ခံရ ၏။ 36 ငါ့ ကိုပြစ်မှား သော သူမူကား မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။

9

1 ဉာဏ်ပညာ သည်အိမ်တိုင် ခုနစ် တိုင်ကိုခုတ် ၍၊ မိမိ နေရာအိမ် ကို ဆောက် လေပြီ။ 2 သူ ၏အကောင် များကိုသတ် ၍၊ စပျစ်ရည် ကို ဘော် ပြီးမှစားပွဲ ကို ခင်း လေပြီ။ 3 ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌ ကြွေးကြော် လေသည်ကား၊ 4 ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ ရှိသောသူ၊ 5 လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို သောက် လော့။ 6 မိုက် သောသူကို ရှောင် အသက် ချမ်းသာရ လော့။ ပညာ လမ်း သို့ လိုက် လော့ဟုဆိုသတည်း။ 7 မထီမဲ့မြင် ပြုသောသူကို ဆုံးမ သောသူသည် အရှက်ကွဲ ခြင်းကို၎င်း လူဆိုး ကို အပြစ် ပြသောသူသည် ကဲ့ရဲ့ ခြင်းကို၎င်းခံရ လိမ့်မည်။ 8 မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။ 9 ပညာ ရှိသော သူကို ဆုံးမ လျှင် သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။ 10 ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။ 11 အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့် အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။ 12 သင်သည်ပညာ ရှိလျှင် ကိုယ်တိုင် အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင် ပြုလျှင် ကိုယ်တိုင် သာအပြစ် ကိုခံရလိမ့်မည်။ 13 မိုက် သောမိန်းမ သည် စကား သံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်း သိ တတ်။ 14 မိမိ အိမ် တံခါး နားတွင် မြို့ မြင့် ရာအရပ် အနေအထိုင်ပေါ် မှာ ထိုင် လျက်15 လမ်း တည့်တည့် ခရီး သွားသောသူတို့ ကို ခေါ်16 ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ ရှိသောသူ၊ 17 ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။ 18 ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ နိုင်ငံအနက်ဆုံး နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။

10

1 ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။ 2 တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား သေ ခြင်းမှ ကယ်တင် တတ် ၏။ 3 ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။ 4 ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။ 5 အသီး သီးသောအချိန်၌ သိမ်းယူ သောသူသည် ပညာ ရှိသောသား ဖြစ်၏။ စပါး ရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက် ခွဲတတ်သောသား ဖြစ်၏။ 6 တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။ 7 တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။ 8 လိမ္မာ သောသူသည် ပညတ် တရားကိုခံ တတ်၏။ 9 ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား သဘော ထင်ရှားလိမ့်မည်။ 10 မျက်စိ မှိတ် သောသူသည် စိတ် ကိုပူစေတတ်၏။ စကား များသော လူမိုက် မူကား ဆုံးရှုံး တတ်၏။ 11 ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။ 12 မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။ 13 ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။ 14 ပညာရှိ သောသူတို့သည် ကြားသိ သောအရာကို သိမ်း ထားတတ်၏။ မိုက် သောသူ၏နှုတ် မူကား အကျိုးနည်း ခြင်းနှင့်နီးစပ် ၏။ 15 ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။ 16 ဖြောင့်မတ် သောသူ၏အလုပ် အကိုင်သည် အသက် နှင့်၎င်း၊ မ တရားသောသူ၏ အကျိုး စီးပွါးသည် အပြစ် နှင့်၎င်း ယှဉ်၏။ 17 နည်း ဥပဒေသကို စောင့်ရှောက် သောသူသည် အသက် လမ်း သို့ လိုက်တတ်၏။ ဆုံးမ ခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲ တတ်၏။ 18 အငြိုး ဖွဲ့သောသဘောကို မုသာ နှုတ်ခမ်း ဖြင့် ဖုံး ထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူ သည် မိုက် သောသဘောရှိ၏။ 19 စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။ 20 ဖြောင့်မတ် သောသူ၏လျှာ သည် ငွေစင် နှင့် တူ ၏။ ဆိုး သောသူ ၏ နှလုံး မူကား အဘိုး မထိုက်။ 21 ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ဉာဏ် ရှိသောကြောင့် သေ ကြလိမ့်မည်။ 22 ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။ 23 မိုက် သောသူသည် အပြစ် ပြု ရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ် ကောင်းသောသူ မူကား ဆင်ခြင် တတ်၏။ 24 တရားသောသူကြောက် တတ်သော အမှုသည် သူ့ အပေါ်သို့ ရောက် လိမ့်မည်။ ဖြောင့်မတ် သောသူ တောင့်တ သော အကျိုးကိုကား ဘုရားသခင်ပေး တော်မူမည်။ 25 တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား မြဲမြံ သော တိုက်မြစ် ဖြစ်၏။ 26 ပုံးရည် သည်သွား ၎င်း မီးခိုး သည် မျက်စိ ၎င်း ဖြစ်သကဲ့သို့ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။ 27 ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။ 28 ဖြောင့်မတ် သောသူ၏ မြော်လင့် ခြင်းသည် ဝမ်းမြောက် စရာအကြောင်းဖြစ်၏။ ဆိုး သောသူ၏ မြော်လင့် ခြင်းမူကား ပျောက်ပျက် လိမ့်မည်။ 29 ထာဝရဘုရား ၏ တရားလမ်း သည် ဖြောင့်မတ် သောသူ ခိုင်ခံ့ ခြင်းအကြောင်း ဖြစ်၏။ မ တရားသဖြင့် ကျင့် သောသူတို့မူကား ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။ 30 ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား မြေ ပေါ်မှာ အတည် ကျရ။ 31 ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား အဖြတ် ခံရလိမ့်မည်။ 32 ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။

11

1 မှန်သောချိန်ခွင် သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန် သောအလေး မူကား နှစ်သက် တော်မူဘွယ်ဖြစ်၏။ 2 မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။ 3 ဖြောင့် သောသဘောသည် ဖြောင့်မတ် သောသူတို့ ကိုပဲ့ပြင် တတ်၏။ ကောက် သောသဘောမူကား လွန်ကျူး သောသူတို့ကို ဖျက်ဆီး တတ်၏။ 4 အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား သေ ခြင်းမှ ကယ်တင် တတ်၏။ 5 ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား မိမိ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။ 6 ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား မိမိတို့အဓမ္မ ကျော့မိ တတ်ကြ၏။ 7 ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။ 8 ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် သူ့ ကိုယ်စား တရားသောသူခံရ ၏။ 9 အဓမ္မ လူသည် မိမိနှုတ် ဖြင့် မိမိ အိမ်နီးချင်း ကို ဖျက် တတ်၏။ တရား သောသူမူကား ပညာ အတတ် အားဖြင့် အမှု လွတ်တတ်၏။ 10 တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ကြွေးကြော် ခြင်းရှိ၏။ 11 တရား သောသူသည် ကောင်းကြီး ပေးသော အားဖြင့် သူ၏နေရာမြို့ သည် ချီးမြှောက် ခြင်းသို့၎င်း၊ မ တရားသောသူ ၏နှုတ် ဖြင့် ဖြိုဖျက် ခြင်းသို့၎င်း ရောက် တတ်၏။ 12 ပညာမဲ့ သောသူသည် မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ် ကောင်းသောသူ မူကား တိတ်ဆိတ် စွာ နေတတ်၏။ 13 လည် ၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက် အပ်သောအရာကို ဘော်ပြ တတ်၏။ သစ္စာ စောင့်သောသူမူကား ဝှက်ထား တတ်၏။ 14 အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ဘေး လွတ်တတ်၏။ 15 အကျွမ်း မဝင်သောသူ၏ အမှု၌အာမခံ သောသူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်းရိုက် သော အမှုကိုမုန်း သောသူမူကား စိုးရိမ် စရာမရှိ။ 16 နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။ 17 သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။ 18 တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။ 19 ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။ 20 သဘော ကောက် သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့် သောလမ်းသို့ လိုက်သောသူတို့ ကိုကား နှစ်သက် တော်မူ၏။ 21 လူဆိုး တို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ် ဒဏ် နှင့်မ လွတ်ရကြ။ ဖြောင့်မတ် သောသူတို့၏ အမျိုးအနွှယ် မူကား လွတ် ရ၏။ 22 သမ္မာ သတိမရှိ၊ အဆင်း လှသော မိန်းမ သည် ဝက်မ နှာခေါင်း ဖျား၌ တပ်သော ရွှေ တန်ဆာ နှင့်တူ၏။ 23 ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။ 24 စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။ 25 စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။ 26 စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း မူကား ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။ 27 ကောင်း သောအရာကိုကြိုးစား၍ ရှာ သောသူသည် ကျေးဇူး ကိုခံရ လိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာ ကြံသောသူမူကား ကိုယ် အကျိုးပျက်ခြင်းရှိ လိမ့်မည်။ 28 မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။ 29 မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။ 30 ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။ 31 ဖြောင့်မတ် သောသူသော်လည်း မြေကြီး ပေါ် မှာ အပြစ်ဒဏ်ကို ခံရ ၏။ မ တရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား အဘယ် ဆိုဘွယ်ရာရှိသနည်း။

12

1 နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား တိရစ္ဆာန် သဘောရှိ၏။ 2 သူတော် ကောင်းသည် ထာဝရဘုရား ရှေ့တော်၌ မျက်နှာ တတ်၏။ မ ကောင်းသောအကြံကို ကြံစည်သော သူမူကား အပြစ် စီရင်တော်မူခြင်းကို ခံရ၏။ 3 လူ သည်ဒုစရိုက် အားဖြင့် မြဲမြံ ခြင်းသို့ မ ရောက်ရာ။ ဖြောင့်မတ် သောသူ၏အမြစ် မူကား ရွေ့ ရာ။ 4 သီလ ရှိသော မိန်းမ သည် မိမိ လင် ၌ ဦးရစ် သရဖူ ဖြစ်၏။ အရှက် ခွဲတတ်သော မိန်းမမူကား လင် ၏အရိုး တို့၌ ဆွေးမြေ့ ခြင်းကဲ့သို့ ဖြစ်၏။ 5 ဖြောင့်မတ် သောသူ ၏အကြံ သည် ဖြောင့် ၏။ မ တရားသောသူ ပေးသော အကြံ မူကား မုသာ ဖြစ်၏။ 6 တရားသောသူ ၏စကား သည် သူ့အသက် ကို သတ်ခြင်းငှါစောင်းမြောင်း တတ်၏။ ဖြောင့်မတ် သောသူ ၏နှုတ် မူကား သူတပါး တို့ကို ကယ်နှုတ် တတ်၏။ 7 တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား အမြဲ တည် ခြင်းရှိတတ်၏။ 8 လူ သည်ဉာဏ် ပညာရှိသည်အတိုင်း ချီးမွမ်း ခြင်း ကိုခံရ၏။ သဘော ကောက် သော သူမူကား မထီမဲ့မြင် ပြုခြင်းကို ခံရ ၏။ 9 စားစရာ ရှိဘဲ ဝါကြွား သောသူထက် အသရေ မရှိ၊ ကိုယ် အလုပ် ကိုလုပ်ရသောသူသည် သာ၍ကောင်း ၏။ 10 ဖြောင့်မတ် သောသူသည် မိမိ တိရစ္ဆာန် အသက် ကို နှမြော တတ်၏။ မ တရားသောသူမူကား ကရုဏာ အရာ၌ပင် ကြမ်းကြုတ် တတ်၏။ 11 မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ဉာဏ် ချို့တဲ့ ၏။ 12 တရားသောသူသည် လူဆိုး သုံးတတ်သော ကျော့ကွင်း ကို အလို ရှိ၏။ ဖြောင့်မတ် သောသူ ၏အမြစ် မူကား အသီး ကိုသီးတတ်၏။ 13 စကား လွန်ကျူး ရာတွင် ဆိုး သောကျော့ကွင်း ရှိ၏။ ဖြောင့်မတ် သောသူမူကား အမှု ထဲက ထမြောက် တတ်၏။ 14 လူ သည်မိမိနှုတ်ခမ်း အသီး ကို စွာစားရ၏။ မိမိ လက် လုပ် ရာ အကျိုးအပြစ်ကိုလည်းခံရ ၏။ 15 မိုက် သောသူသည် မိမိ ပြု သောအမှုကို မှန် သည် ဟု ထင် တတ်၏။ အကြံ ပေးသောစကားကို နားထောင် သော သူမူကား ပညာ ရှိ၏။ 16 မိုက် သောသူ၏ အမျက် ဒေါသသည် ချက်ခြင်း ထင်ရှား တတ်၏။ ပညာ သတိရှိသောသူမူကား ရှက် စရာ အမှုကို ဖုံး တတ်၏။ 17 မှန် သောစကားကို ပြော သောသူသည် ဖြောင့်မတ် ခြင်းတရား၊ မ မှန်သောသက်သေ ကို ခံသောသူမူကား မုသာ တရားကို ပြသ တတ်၏။ 18 သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။ 19 သစ္စာ နှုတ်ခမ်း သည် အစဉ် အမြဲတည် ၏။ မုသာ လျှာ မူကား ခဏသာတည် ၏။ 20 ကောင်းသောအကြံကို ကြံ သောသူတို့၏ စိတ် ထဲမှာ လှည့်စား တတ်သောသဘောရှိ၏။ ရန် ပြေစေ ခြင်းငှါ အကြံ ပေးသောသူတို့၌ကား ဝမ်းမြောက် စရာ အကြောင်းရှိ၏။ 21 တရား သောသူ၌ အမင်္ဂလာ ရောက် ရာ။ မ တရားသော သူမူကား အမင်္ဂလာ နှင့်ပြည့်ဝ ရလိမ့်မည်။ 22 မုသာ သုံးသောနှုတ်ခမ်း သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာ တရားကို စောင့်ရှောက် သောသူတို့မူကား နှစ်သက် တော်မူဘွယ် ဖြစ်ကြ ၏။ 23 ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။ 24 လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား အခွန် ပေး ရ၏။ 25 ဝမ်းနည်း ခြင်းအကြောင်းသည် ညှိုးငယ် စေ တတ်၏။ ကောင်း သောစကား မူကား ရွှင်လန်း စေတတ် ၏။ 26 ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား သူ့ ကိုပင် လှည့်စား တတ်၏။ 27 ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။ 28 ဖြောင့်မတ် ခြင်းတရားလမ်း သေ ဘေးမ ရှိ၊ အသက် ချမ်းသာလမ်း ဖြစ်၏။

13

1 ပညာ ရှိသောသား သည် အဘ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား အပြစ်တင် ခြင်းကို နား ထောင်တတ်။ 2 လူ သည် မိမိနှုတ် ၏အသီး တည်းဟူသော ကောင်း သောအရာကို စား ရ၏။ ပြစ်မှားတတ်သော သူ မူကား ၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။ 3 မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။ 4 ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား မိမိအလို ဆန္ဒပြည့်စုံ ရ၏။ 5 ဖြောင့်မတ် သောသူသည် မုသာ စကား ကို မုန်း တတ်၏။ မ တရားသောသူမူကား စက်ဆုပ် ဘွယ်ဖြစ်၍ အရှက် ကွဲခြင်းသို့ ရောက်တတ်၏။ 6 ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား အပြစ် ရှိသောသူကိုလှဲ တတ်၏။ 7 အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။ 8 စည်းစိမ် သည် ရတတ်သောသူ ၏အသက် ကို ရွေး ဘို့ဖြစ်၏။ ဆင်းရဲ သောသူမူကား အပြစ်တင် သော စကားကို မ ကြား ဘဲနေ၏။ 9 ဖြောင့်မတ် သောသူ ၏အလင်း သည် ရွှင်လန်း ၏။ မ တရားသောသူ ၏မီးခွက် မူကား သေ ရလိမ့်မည်။ 10 မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။ 11 လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍ ဆည်းဖူး သောသူ ၏ဥစ္စာမူကား ပြန့်ပွား တတ်၏။ 12 မြော်လင့် သောအရာသည် ဖင့်နွဲ လျှင်၊ စိတ် နှလုံးကို ပူပန် စေတတ်၏။ အလို ပြည့်စုံ သောအခါမူကား အသက် ပင် ဖြစ်၏။ 13 နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီး လိမ့်မည်။ ပညတ် တရားတော်ကိုခန့်ညား သော သူမူကား ချမ်းသာ ရလိမ့်မည်။ 14 ပညာရှိ သောသူ၏တရား သည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။ 15 ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ခက် သော လမ်းဖြစ်၏။ 16 သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား မိမိမိုက် သော အပြစ်ကို ထင်ရှား စေတတ်၏။ 17 တရားသောအစေခံ သည် မိမိစောင့် သောအမှု ကို ဖျက် တတ်၏။ သစ္စာ ရှိသော သံတမန် မူကား ကျန်းမာ ခြင်းအကြောင်းဖြစ်၏။ 18 သွန်သင် ခြင်းကို ငြင်းပယ် သောသူသည် ဆင်းရဲ ခြင်းနှင့် ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ဂုဏ် အသရေကို ရလိမ့်မည်။ 19 အလိုဆန္ဒ ပြည့်စုံ ခြင်းအရာသည် ချိုမြိန် ၏။ ဒုစရိုက် ကို ရှောင် သောအရာမူကား မိုက် သောသူတို့ စက်ဆုပ် သော အရာဖြစ်၏။ 20 ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ပျက်စီး တတ်၏။ 21 အပြစ် ရှိသောသူတို့ ကို ဘေး လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား ကောင်း သောအကျိုးကိုခံရ လိမ့်မည်။ 22 သူတော် ကောင်းသည် သား မြေးတို့အဘို့ အမွေဥစ္စာကို ချန်ထားတတ်၏။ အပြစ် ရှိသောသူ ၏စည်းစိမ် မူကား ဖြောင့်မတ် သောသူတို့ အဘို့ သိုထား လျက်ရှိ၏။ 23 ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် တရား သော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက် တတ်၏။ 24 ကြိမ်လုံး ကို မ သုံးသောသူသည် မိမိ သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ငယ် သောအရွယ်မှစ၍ဆုံးမ တတ်၏။ 25 ဖြောင့်မတ် သောသူသည် ဝ စွာစား ရသောအခွင့်ရှိ၏။ မ တရားသော သူမူကား မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။

14

1 ပညာရှိ သောမိန်းမ သည် မိမိ အိမ် ကို တည်ဆောက် တတ်၏။ မိုက် သောမိန်းမမူကား ကိုယ် လက် နှင့် ဖြိုဖျက် တတ်၏။ 2 ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား မထီမဲ့မြင် ပြုတတ်၏။ 3 မိုက် သောသူ၏ နှုတ် မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။ 4 နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။ 5 သစ္စာ ရှိသောသက်သေ သည်မုသာ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား မုသာ ကိုသုံး တတ်၏။ 6 မထီမဲ့မြင် ပြုသောသူသည် ပညာ ကိုရှာ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ပညာ အတတ်ကို လွယ်၏။ 7 မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ အတတ်မ ရှိသည်ကို သိမြင် လျှင် ထိုသူ ကို ရှောင် သွား လော့။ 8 ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ပရိယာယ် တည်း။ 9 မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။ 10 စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး ဆိုင် တတ်။ 11 တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ပွင့်လန်း တတ်၏။ 12 လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း အဆုံး ၌ သေ ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။ 13 လူသည် ရယ် စဉ် အခါပင် ဝမ်းနည်း သောစိတ် သဘောရှိ၏။ ထို ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း ညှိုးငယ် ခြင်းရှိတတ်၏။ 14 စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ သူ တော် ကောင်းဖြစ်စေ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။ 15 ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ တတ်၏။ ပညာ သတိရှိသောသူမူကား မိမိ သွား ရာ လမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ 16 ပညာရှိ သောသူသည် ကြောက် ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။ 17 စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ ကောင်းသောအကြံကို ကြံသောသူ ကိုလည်း သူတပါးမုန်း လိမ့်မည်။ 18 ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ သတိရှိသောသူမူကား သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။ 19 လူဆိုး တို့သည် သူ တော်ကောင်းရှေ့ ၌၎င်း တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၎င်း ဦးချ တတ်ကြ၏။ 20 ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။ 21 မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား သောသူမူကား မင်္ဂလာ ရှိ၏။ 22 ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။ 23 ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား များခြင်းအကျိုးမူကား ဆင်းရဲ ခြင်းသက်သက် တည်း။ 24 ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။ 25 မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင် တတ်၏။ မ မှန်သောသက်သေ မူကား မုသာ ကို သုံးတတ်၏။ 26 ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား ရာအခွင့်ကိုဖြစ်စေတတ်၏။ သား တော်တို့ သည်လည်း ခိုလှုံ ရာအရပ်ကို ရ ကြလိမ့်မည်။ 27 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ ရာ ကျော့ကွင်း တို့မှ လွှဲရှောင် ရာအသက် စမ်းရေ တွင်း ဖြစ်၏။ 28 ပြည်သား များပြား ရာ၌ ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား မင်း အကျိုးနည်း ခြင်းရှိ၏။ 29 စိတ် ရှည် သောသူသည် ပညာ ကြီး ၏။ စိတ်တို သောသူမူကား အထူးသဖြင့်မိုက် ပေ၏။ 30 ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား အရိုး ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။ 31 ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ဆင်းရဲ သောသူတို့ကို သနား တတ်၏။ 32 တရားသောသူသည် မ တရားသဖြင့် ပြုစဉ်အခါ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။ 33 ဉာဏ် ရှိသောသူ၏ နှလုံး ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ထင်ရှား တတ်၏။ 34 ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။ 35 ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား အမျက် တော်ကိုခံရ မည်။

15

1 ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား အမျက် ကို နှိုးဆော် တတ်၏။ 2 ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား မိုက် သောအရာကို သွန်းလောင်း တတ်၏။ 3 ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။ 4 ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။ 5 မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား သမ္မာ သတိနှင့်ပြည့်စုံတတ်၏။ 6 ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။ 7 ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။ 8 တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား နှစ်သက် တော်မူ၏။ 9 တရားသော သူလိုက်သောလမ်း ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့်မတ် ခြင်း တရား လမ်းသို့ လိုက် သောသူကိုကား ချစ် တော်မူ၏။ 10 လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။ 11 မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။ 12 မထီမဲ့မြင် ပြုသောသူသည် အပြစ် ပြသောသူ ကို ချစ် တတ်။ ပညာရှိ ထံသို့ ချဉ်းကပ် တတ်။ 13 ရွှင်လန်းသော စိတ် နှလုံးသည် ချို သောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ် ခြင်းအားဖြင့် ကား စိတ် ပျက် တတ်၏။ 14 ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား မိုက် ခြင်းကို ကျက်စား တတ်၏။ 15 ဆင်းရဲ ငြိုငြင်သောသူ၏ နေ့ရက် ရှိသမျှ တို့သည် ဆိုးယုတ် ကြ၏။ ရွှင်လန်း သောစိတ် နှလုံးမူကား အစဉ် အမြဲခံရသောပွဲ ဖြစ်၏။ 16 နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။ 17 ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။ 18 မာန ကြီးသောသူ သည် ရန် ကိုနှိုးဆော် တတ်၏။ သည်းခံ နိုင်သော သူမူကား ငြိမ်း တတ်၏။ 19 ပျင်းရိ သောသူသွားရာ လမ်း ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား မို့ မောက်လျက်ရှိ၏။ 20 ပညာရှိ သောသား သည်အဘ ဝမ်းမြောက် ခြင်း အကြောင်းဖြစ်၏။ မိုက် သောသား မူကား မိမိ အမိ ကို မထီမဲ့မြင် ပြုတတ်၏။ 21 ဉာဏ် ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။ 22 တိုင်ပင် ခြင်းမ ရှိလျှင် အကြံ ပျက် တတ်၏။ တိုင်ပင် သော သူများ လျှင် မူကား အကြံ တည်တတ်၏။ 23 လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။ 24 ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။ 25 မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား တည် စေတော်မူမည်။ 26 တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား နှစ်သက် တော်မူ၏။ 27 တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။ 28 ဖြောင့်မတ် သောသူသည် အဘယ်သို့ပြန်ပြော ရမည်ကို စိတ် နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မ တရားသောသူ ၏နှုတ် မူကား ကောင်းသောအရာတို့ကို သွန်းလောင်း တတ်၏။ 29 ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။ 30 မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။ 31 အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။ 32 ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ဉာဏ် ကိုရ တတ်၏။ 33 ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် ပညာ ကိုသွန်သင် ခြင်းဖြစ်၏။ ဂုဏ် အသရေအရင်၌ နှိမ့်ချ ခြင်း၏ နေရာရှိ၏။

16

1 စိတ် နှလုံးအကြံအစည် တို့သည် လူ နှင့်ဆိုင်ကြ၏။ လျှာ နှင့်ပြန်ပြော ချက်ကိုကား ထာဝရ ဘုရားပိုင်တော်မူ ၏။ 2 လူ သည် မိမိ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား စိတ် သဘောတို့ကို ချိန် တော်မူ၏။ 3 ကိုယ် ပြုသောအမှု တို့ကို ထာဝရဘုရား အပ် လော့။ သို့ပြုလျှင် သင် ၏အကြံအစည် တို့သည် တည် ကြ လိမ့်မည်။ 4 ထာဝရဘုရား သည် ခပ်သိမ်း သောအရာတို့ကို ကိုယ်တော် အဘို့ တရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့ အဘို့ဖန်ဆင်း တော်မူ၏။ 5 မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။ 6 ကရုဏာ တရားနှင့် သစ္စာ တရားအားဖြင့် အပြစ် ပြေ တတ်၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက် ကို ရှောင် တတ်၏။ 7 လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။ 8 ဖြောင့်မတ် ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်းငယ် သည်၊ မ တရားသဖြင့် ရသောဥစ္စာ အများ ထက် သာ၍ကောင်း ၏။ 9 လူ သည် မိမိ သွားရာလမ်း ကို စိတ် ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ ၏ခြေရာ တို့ကို ထာဝရဘုရား စီရင် တော်မူ၏။ 10 ရှင်ဘုရင် ၏ နှုတ်ခမ်း တို့၌ ဗျာဒိတ် တော်ရှိသည် ဖြစ်၍၊ တရား ဆုံးဖြတ်ရာအမှု၌ နှုတ် တော်သည် မ မှား စေနှင့်။ 11 မှန် သောအလေး နှင့် မှန်သောချိန်ခွင် သည် ထာဝရ ဘုရား၏ဥစ္စာဖြစ်၏။ အလေး အိတ်၌ပါသမျှ သော အလေးတို့သည် စီရင် တော်မူရာ ဖြစ်ကြ၏။ 12 ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။ 13 ဖြောင့်မတ် သော နှုတ်ခမ်း တို့သည် ရှင်ဘုရင် နှစ်သက် ရာဖြစ်၏။ မှန်ကန် စွာပြော သောသူကို ရှင်ဘုရင်ချစ် တတ်၏။ 14 ရှင်ဘုရင် ၏ အမျက် သည် သေ မင်းတမန် ကဲ့သို့ဖြစ်၏။ သို့သော်လည်း ပညာရှိ သောသူ သည် အမျက် တော်ကို ဖြေတတ်၏။ 15 ရှင်ဘုရင် မျက်နှာ ပွင့်လန်း သောအားဖြင့် အသက် ချမ်းသာရ၏။ ကျေးဇူး တော်သည် နောက် ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။ 16 ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။ 17 ဖြောင့်မတ် သော သူလိုက်သောလမ်း မူကား၊ ဒုစရိုက် ကို ရှောင် ခြင်းတည်း။ ထိုလမ်း မှ မလွှဲဘဲ အမြဲ လိုက် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် တတ်၏။ 18 မာန သည်ပျက်စီး ခြင်းအရင် ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။ 19 စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။ 20 ပညာ နှင့်အမှုစောင့်သောသူသည် အကျိုး ကို ရ လိမ့်မည်။ ထာဝရဘုရား ကို ခိုလှုံ သောသူသည်လည်း မင်္ဂလာ ရှိ၏။ 21 လိမ္မာ သောစိတ် သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျော်စော ရာသို့ရောက်တတ်၏။ ချို သောစကားကို ပြောတတ်သော နှုတ် သတ္တိသည်လည်း ပညာ အတတ်ကိုတိုးပွါး စေတတ်၏။ 22 ဉာဏ် ပညာကိုရ သောသူသည် အသက် စမ်းရေ တွင်း ကိုရ၏။ မိုက် သောသူတို့၏ သွန်သင် ခြင်းမူကား မိုက် ခြင်းဖြစ်၏။ 23 ပညာ ရှိသောသူ ၏နှလုံး သည် သူ ၏နှုတ် ကို သွန်သင် သူ ၏နှုတ်ခမ်း တို့၌ ပညာ အတတ်ကို ထပ်လောင်း တတ်၏။ 24 သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။ 25 လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။ 26 အလုပ် လုပ်သောသူသည်၊ မိမိ ပစပ် တောင်း သောကြောင့် မိမိ အဘို့ လုပ် တတ်၏။ 27 အဓမ္မ လူ သည် မ ကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ ၏နှုတ်ခမ်း လောင် သောမီး ကဲ့သို့ ရှိ၏။ 28 သဘော ကောက်သောသူ သည် ရန် မျိုးစေ့ကို ကြဲ တတ်၏။ ကုန်း တိုက်သောသူသည် လည်း မိတ်ဆွေ တို့ကို ကွဲပြား စေတတ်၏။ 29 ကြမ်းကြုတ် သောသူ သည် အိမ်နီးချင်း ကို ချော့မော့ ကောင်း သောလမ်း ထဲသို့ သွေးဆောင် တတ်၏။ 30 ကောက် သောအကြံကို ကြံစည် ခြင်းငှါ မျက်စိ မှိတ် ၍၊ နှုတ်ခမ်း တို့ကို လှုပ် သဖြင့်၊ ဆိုးယုတ် သောအမှုကို ပြီးစီး တတ်၏။ 31 ဖြူ သောဆံပင်သည် ဖြောင့်မတ် ခြင်း တရား လမ်း ၌ တည် လျှင်၊ ဘုန်းကြီး သောသရဖူ ဖြစ်၏။ 32 စိတ်ရှည် သောသူသည် ခွန်အား ကြီးသောသူ ထက် ၎င်း၊ မိမိ စိတ် ကို ချုပ်တည်း သောသူသည် မြို့ ကို တိုက် ယူသောသူထက် ၎င်း သာ၍ကောင်း ၏။ 33 စာရေးတံ တို့ကို အိတ် ထဲ၌လောင်း လျက်ရှိရာ တွင် ခွဲဝေ စီရင်ခြင်းအမှုကို ထာဝရဘုရား ပိုင်တော်မူ၏။

17

1 တအိမ် လုံးပြည့် သော ယဇ် ပူဇော်ပွဲကို ရန်တွေ့ သောစိတ် နှင့်စားရသည်ထက်၊ ငြိမ်သက် ခြင်းနှင့် ယှဉ် သော မုန့် တလုပ်စာသည်သာ၍ ကောင်း ၏။ 2 ပညာ ရှိသောကျွန် သည် အရှက်ခွဲ သောသား ကို အုပ်စိုး ၍ ညီအစ်ကို တို့နှင့်အတူ အမွေ ခံ တတ်၏။ 3 ငွေ စစ်စရာဘို့ မိုက် ကို၎င်း ၊ ရွှေ စစ်စရာဘို့ မီးဖို ကို ၎င်း သုံးတတ်၏။ စိတ် နှလုံးကိုကား ၊ ထာဝရဘုရား စစ် တော်မူ၏။ 4 တရားသဖြင့်ပြုသောသူသည် မုသာ စကား ကို ယုံ တတ်၏။ မုသာ သုံးသောသူသည် လည်း ဆိုးညစ် သော စကား ကို နားထောင် တတ်၏။ 5 ဆင်းရဲသား တို့ကို မထီ လေးစားပြုသောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက် တတ်သောသူသည် လည်း အပြစ်ဒဏ် နှင့် မ လွတ်ရ။ 6 မြေး တို့သည် အသက်ကြီး သောသူ၏ သရဖူ ဖြစ် ၏။ သား တို့၏ဘုန်း ကား အဘ တည်း။ 7 မြတ် သောစကား သည် မိုက် သောသူနှင့် မ တော် မသင့်။ ထိုမျှမက ၊ မုသာ စကား သည် မင်း နှင့်မတော် မသင့်။ 8 လက်ဆောင် သည် ခံ သောသူအထင် အတိုင်း ကျောက်မြတ် ကဲ့သို့ဖြစ်၍၊ မျက်နှာ ပြုလေရာရာ ၌ အောင် တတ်၏။ 9 သူတပါးပြစ်မှား သော အမှုကိုဝှက် ထားသောသူသည် မေတ္တာ ကို ပြုစု ၏။ ကြားပြော သောသူမူကား ၊ မိတ်ဆွေ တို့ကို ကွဲပြား စေ၏။ 10 မိုက် သောသူသည် ဒဏ်ချက် တရာ ကို အမှုထား သည်ထက်၊ ပညာရှိ သောသူသည် ဆုံးမ သော စကားကို သာ၍ အမှု ထားတတ်၏။ 11 ပုန်ကန် သောသူသည် မ တရားသောအမှုကိုသာ ပြုစု တတ်၏။ ထိုကြောင့် ကြမ်းကြုတ် သော တမန် ကို သူ့ ဆီ သို့စေလွှတ် ရ၏။ 12 မိုက် သောစိတ်ထဆဲရှိသော လူမိုက် နှင့်မ တွေ့ ပါစေနှင့်။ သား ငယ်ပျောက်သော ဝံ မနှင့်သာ၍တွေ့ပါစေသော။ 13 အကြင်သူသည် ကျေးဇူး ကိုမသိ၊ မ ကောင်းသော အမှုနှင့် ဆပ် ၏။ ထိုသူ ၏အိမ် သည် မ ကောင်းသော အမှုနှင့် မ ကင်း မလွတ်ရ။ 14 ရန်တွေ့ စ အမှုသည် ရေ ကန်ပေါင် ပေါက်စကဲ့သို့ဖြစ်သောကြောင့် ၊ ရန် မ တွေ့မှီတွေ့ စရာ အကြောင်းကို ရှောင် လော့။ 15 တရားသောသူတို့ကို အပြစ် မှလွှတ် သော သူနှင့် ၊ ဖြောင့်မတ် သောသူတို့ကို အပြစ် စီရင်သော သူနှစ် ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ 16 မိုက် သောသူသည် ပညာ ကိုအလို မ ရှိသည် ဖြစ်၍ ၊ ပညာ အဘိုးကို အဘယ် ကြောင့်သူ၌အပ်ရ သနည်း။ 17 အဆွေ ခင်ပွန်းသည် အခါ ခပ်သိမ်းချစ် တတ်၏။ ညီအစ်ကို သည် ဒုက္ခ ကာလအဘို့ မွေးဘွား လျက်ရှိ၏။ 18 ဉာဏ် မဲ့ သောသူ သည် လက်ဝါး ချင်းရိုက် ၍၊ အဆွေ ခင်ပွန်းရှေ့ မှာ အာမခံ တတ်၏။ 19 ရန်တွေ့ ခြင်းကို နှစ်သက် သောသူ သည် လွန်ကျူး ခြင်းကိုလည်း နှစ်သက် တတ်၏။ မိမိ တံခါး ကို ချီးမြှင့် သောသူသည် ပျက်စီး ခြင်းကို ရှာ တတ်၏။ 20 သဘော ကောက် သောသူ သည်ကောင်း သော အကျိုးကို မ တွေ့ တတ်။ စကား လိမ် သောသူသည် ဘေး ဥပဒ် နှင့် တွေ့ကြုံ တတ်၏။ 21 မိုက် သောသူကို ဖြစ်ဘွား စေသောသူသည် မိမိ ကို မိမိဝမ်းနည်း စေတတ်၏။ မိုက် သောသူ၏အဘ ၌ ဝမ်းမြောက် စရာအကြောင်းမ ရှိ။ 22 စိတ် ရွှင်လန်း ခြင်းသည် ကျန်းမာ စေတတ်၏။ စိတ် ပျက် ခြင်းမူကား ၊ အရိုး တို့ကိုသွေ့ခြောက် စေတတ်၏။ 23 တရားသောသူသည် တရား လမ်း ကိုဖျက် သော အဘိုးတံစိုး ကို သူတပါး၏ ခါးပိုက် အိတ်ထဲက နှိုက်ယူ တတ်၏။ 24 ဉာဏ် ရှိသောသူသည် ပညာ ကို မျက်မှောက် ပြုတတ်၏။ မိုက် သောသူ၏ မျက်စိ မူကား ၊ မြေကြီး စွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။ 25 မိုက် သောသူသည် အဘ ဝမ်းနည်း စရာ အကြောင်း ၊ မွေး သော အမိစိတ်ညစ် စရာအကြောင်း ဖြစ်၏။ 26 ဖြောင့်မတ် သောသူကို အပြစ် ဒဏ်မ ပေးကောင်း။ တရား သဖြင့် စီရင်သော မင်း ကိုလည်း မထိခိုက် ကောင်း။ 27 သိပ္ပံ အတတ်နှင့်ပြည့်စုံ သောသူသည် စကား မ များတတ်။ ဉာဏ် ကောင်းသောသူ သည်လည်း ၊ သောစိတ် ရှိတတ်၏။ 28 မိုက် သောသူပင် တိတ်ဆိတ် စွာနေလျှင်ပညာ ရှိ ဟူ၍၎င်း၊ မိမိ နှုတ် ကိုမ ဖွင့်ဘဲ နေသောသူကို လည်း၊ ဉာဏ် ကောင်းသောသူဟူ၍၎င်း သူတပါး ထင် တတ်၏။

18

1 သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။ 2 မိုက် သောသူမူကား မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ ပျော်မွေ့ တတ်။ 3 တရားသောသူလာ သောအခါ မထီမဲ့မြင် ပြုခြင်း ကို ခံရ၏။ ဂုဏ် အသရေပျက်သောအခါ ကဲ့ရဲ့ ခြင်း ကိုလည်း ခံရ ၏။ 4 နှုတ်ထွက် သောစကား သည် နက် သောရေ ကဲ့သို့၎င်း၊ ပညာ စမ်းရေ တွင်းသည် ရေစီး သောမြစ် ကဲ့သို့၎င်း ဖြစ်၏။ 5 တရား တွေ့ရာအမှု၌ ဖြောင့်မတ် သောသူကို ရှုံး စေခြင်းငှါ တရားသောသူ ၏မျက်နှာ ကို မ ထောက် ကောင်း6 မိုက် သောသူ၏နှုတ်ခမ်း တို့သည် ရန်တွေ့ တတ်၏။ သူ ၏နှုတ် သည်လည်း အပြစ် ဒဏ်ကို တောင်း တတ်၏။ 7 မိုက် သောသူ၏နှုတ် သည် ပျက်စီး ရာအကြောင်း၊ နှုတ်ခမ်း တို့သည်လည်း မိမိ အသက် ကို ကျော့မိ ရာ အကြောင်းဖြစ်၏။ 8 ကုန်း တိုက်သောသူ၏စကား သည် မြိန် သော ခဲဘွယ်စားဘွယ်ကဲ့သို့ ဖြစ်၍ ဝမ်း အတွင်း သို့ဝင် တတ်၏။ 9 အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။ 10 ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် လုံခြုံ စွာနေရကြ၏။ 11 ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။ 12 ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။ 13 အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။ 14 လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား အဘယ် သူသည်းခံ နိုင် သနည်း။ 15 သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ပညာ စကားကို ရှာ တတ်၏။ 16 လူ ၌ပါသော လက်ဆောင် အားဖြင့် လမ်း ရှင်းလင်း ၍ လူကြီး ထံသို့ ဝင် ရသောအခွင့်ရှိတတ်၏။ 17 ကိုယ် အမှု ကို အဦး စောင့်၍ပြောသောသူသည် ဖြောင့်မတ် ရာသို့ရောက်သော်လည်း၊ အိမ်နီးချင်း လာ စစ်ကြော တတ်၏။ 18 စာရေးတံ ပြုခြင်းအားဖြင့် အငြင်းအခုံ ငြိမ်း အားကြီး သောသူတို့ အမှု ကို ဆုံးဖြတ်တတ်၏။ 19 အငြိုး ထားသောညီအစ်ကို သည် ခိုင်ခံ့ သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကိုရန် တွေ့ခြင်းအမှုသည် ရဲတိုက် တံခါးကျင် ကဲ့သို့ ဖြစ်၏။ 20 လူ သည်မိမိနှုတ် ၏အသီး နှင့် ဝမ်း ပြည့် ရ၏။ မိမိ နှုတ်ခမ်း တို့၏ စီးပွါး နှင့်ဝ ရ၏။ 21 လျှာ သည်အသက်သေ ခြင်းနှင့် ရှင် ခြင်းကို အစိုးရ ၏။ လျှာ ကို နှစ်သက် သောသူသည်လည်း လျှာ ၏အသီး ကို စား ရ၏။ 22 မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ထာဝရဘုရား ကျေးဇူး တော်ကို ခံရ ၏။ 23 ဆင်းရဲ သောသူသည် တောင်းပန် တတ်၏။ ငွေ ရတတ် သောသူမူကား ကြမ်းတမ်း စွာ ပြန် ပြောတတ်၏။ 24 အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။

19

1 ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။ 2 စိတ် ဝိညာဉ်သည် ပညာ အတတ်မ ရှိဘဲ မ နေကောင်း ။ အလျင် အမြန်သွားသောသူသည် လည်း မှားယွင်း တတ်၏။ 3 လူ သည် မိုက် သောသဘောကြောင့်၊ လမ်းလွဲ စိတ် ထဲမှာ ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်တတ်၏။ 4 စည်းစိမ် ရှိလျှင် အဆွေ ခင်ပွန်းများ တတ်၏။ ဆင်းရဲ သောသူမူကား မိမိ အိမ်နီးချင်းနှင့်မျှ မ ပေါင်းဘော် ရ။ 5 မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။ 6 များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။ 7 ဆင်းရဲ သောသူ၏ ညီအစ်ကို ရှိသမျှ တို့သည် သူ့ ကို မုန်း တတ်ကြ၏။ သူ ၏အဆွေ ခင်ပွန်းတို့သည် သူ့ ကို သာ၍ ဝေး စွာရှောင်တတ်ကြ၏။ လိုက် ၍ခေါ်သော်လည်း ကွယ်ပျောက် ကြပြီ။ 8 ပညာ ကိုရ သောသူသည် မိမိ အသက် ဝိညာဉ်ကို ချစ် ရာရောက်၏။ ဉာဏ် ကိုစွဲလမ်း သောသူသည်လည်း၊ ကောင်းကျိုး ကို ခံ တတ်၏။ 9 မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။ 10 မိုက် သောသူသည် မ ပျော်မွေ့ သင့်။ ထိုမျှမက ၊ ကျွန် သည်မင်း တို့ကို အစိုး မရသင့်။ 11 သမ္မာ သတိရှိသောသူ သည် မိမိ အမျက် ဒေါသ ကို ချုပ်တည်း တတ်၏။ သူတပါးပြစ်မှား ခြင်းကို သည်းခံ သောသူသည်လည်း ဘုန်း အသရေရှိ၏။ 12 ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။ 13 မိုက် သော သား သည် အဘ ဆင်းရဲ စရာ အကြောင်း ဖြစ်၏။ ရန်တွေ့ တတ်သောမယား သည်လည်း အစက် စက်ကျသော မိုဃ်း ပေါက်နှင့်တူ၏။ 14 အိမ် နှင့် စည်းစိမ် သည် မိဘ အမွေ ဥစ္စာဖြစ်၏။ သမ္မာ သတိရှိသောမယား မူကား ထာဝရဘုရား ပေးသနား တော်မူရာ ဖြစ်၏။ 15 ပျင်းရိ သော သဘောသည် လွန်ကျူး စွာ အိပ်ပျော် စေ၍ ပျင်းရိ သောသူသည် အငတ် ခံရ၏။ 16 ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။ 17 ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။ 18 မြော်လင့် စရာရှိ စဉ်အခါ ကိုယ် သား ကို ဆုံးမ လော့။ သူ့ ကိုအကျိုး နည်းအောင် သနား သောစိတ်မ ရှိစေနှင့်။ 19 ဒေါသ အမျက်ကြီး သောသူသည် အပြစ်ဒဏ် ကိုခံရလိမ့်မည်။ သူ့ကိုကယ်နှုတ် လျှင် အဖန်ဖန် ကယ်နှုတ်ရမည်။ 20 နောက်ဆုံး ကာလ၌ ပညာရှိ ဖြစ်လိုသောငှါ ဆုံးမ သော စကားကို နားထောင် နည်းဥပဒေသ ကို ခံယူ လော့။ 21 လူ သည်အထူးထူး အပြားပြားကြံစည် တတ်၏။ သို့ရာတွင် ထာဝရဘုရား ၏အကြံ တော်သည် တည် လိမ့်မည်။ 22 လူ သည်စေတနာ ရှိလျှင် ကျေးဇူး ပြုရာ ရောက်၏။ ဆင်းရဲ သောသူသည်လည်း မုသာ သုံးသော သူ ထက် သာ၍ကောင်း ၏။ 23 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။ 24 ပျင်းရိ သောသူသည်မိမိ လက် ကို အိုး သွင်း သော်လည်း တဖန်နှုတ် ၍ မိမိ ပစပ် သို့ ခွံ့လို။ 25 မထီမဲ့မြင် ပြုသောသူကို ရိုက် လျှင် ဉာဏ် တိမ် သောသူသည် သတိ ရလိမ့်မည်။ ဉာဏ် ကောင်းသော သူကို ဆုံးမ လျှင် သူသည် ပညာ တရားကို နားလည် လိမ့်မည်။ 26 အဘ ဥစ္စာ ကိုဖြုန်း၍ အမိ ကိုနှင်ထုတ် သော သားသည် အရှက်ခွဲ သောသား၊ ကဲ့ရဲ့ ခြင်းကိုခံစေသော သားဖြစ်၏။ 27 ငါ့ သား ပညာ တရားကို ပယ် စေခြင်းငှါ သွန်သင် သောသူ ၏စကား ကို နား ထောင်နှင့်။ 28 အဓမ္မ သက်သေ သည် တရား ကို မထီမဲ့မြင် ပြုတတ်၏။ မ တရားသောသူသည် လည်း ဒုစရိုက် ကို စား ၍ မျို တတ်၏။ 29 မထီမဲ့မြင် ပြုသောသူတို့အဘို့ အပြစ် စီရင်ခြင်း၊ မိုက် သောသူတို့ ၏ကျော အဘို့ ဒဏ် ပေးခြင်းသည် အသင့် ရှိ၏။

20

1 စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ ရှိ။ 2 ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။ 3 ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား အမှု နှင့်ရောနှောတတ်၏။ 4 ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း ရရာ။ 5 လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။ 6 လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။ 7 ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ၍၊ သူ ၏သား စဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။ 8 တရား ပလ္လင်ပေါ် မှာထိုင် သော ရှင် ဘုရင်သည် မ ကောင်းသော အမှုအရာရှိသမျှ တို့ကို မျက်စိ တော်နှင့် ပယ်ရှင်း တတ်၏။ 9 ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။ 10 အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ 11 သူငယ် သော်လည်း မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၊ မိမိသဘောကို ထင်ရှားစေ၏။ 12 ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။ 13 ဆင်းရဲ မည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ အိပ် ခြင်းကိုမ တပ်မက် နှင့်။ နိုး တတ်လျှင် ဝ စွာစား ရ၏။ 14 ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။ 15 ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။ 16 ကျွမ်းသောသူအတွက်၊ အမျိုး ပျက်သော မိန်းမအတွက် အာမခံ တတ်သောသူ သည် အဝတ် အစ ရှိသောဥစ္စာ တစုံတခုကို ပေါင် ထားစေ။ 17 လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။ 18 အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။ 19 လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် ပေါင်းဘော် နှင့်။ 20 အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် သေ လိမ့်မည်။ 21 အမွေ ဥစ္စာကို အစအဦး အလျင် ရနိုင်သော်လည်း အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။ 22 ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။ 23 အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။ 24 လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။ 25 ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။ 26 ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ဘီး နှင့် ဖိ တတ်၏။ 27 လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။ 28 ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။ 29 လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။ 30 အနာ ကိုမွှေနှောက် ခြင်းအားဖြင့်အဆိုး အညစ် နှင့် ကင်းစင် တတ်၏။ ဒဏ်ချက် ရာတို့သည်လည်း ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။

21

1 ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။ 2 လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား စိတ် နှလုံးတို့ကို ချိန် တော်မူ၏။ 3 ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။ 4 ထောင်လွှား သောမျက်နှာ မာန ကြီးသောနှလုံး တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။ 5 လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။ 6 မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။ 7 တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။ 8 လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။ 9 ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။ 10 တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို ရှိ။ 11 မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ပညာ တိုးပွါး တတ်၏။ 12 တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။ 13 ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် အဘယ် သူမျှမ ကြားရ။ 14 တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ရင်ခွင် ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။ 15 ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။ 16 ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး နေရာ ကျလိမ့်မည်။ 17 ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။ 18 တရားသောသူသည် တရား သောသူအဘို့ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။ 19 စိတ်တို ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် တော လွင်ပြင် နေသော်သာ၍ကောင်း ၏။ 20 ပညာရှိ သောသူ၏အိမ် နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ကုန် စေ တတ်၏။ 21 ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။ 22 ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။ 23 မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။ 24 ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။ 25 ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။ 26 တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား နှမြော ဘဲစွန့်ကြဲ တတ်၏။ 27 တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။ 28 မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား တည်ကြည် စွာ ပြော တတ်၏။ 29 တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။ 30 ထာဝရဘုရား တဘက် ဉာဏ် တည်၊ ပညာ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။ 31 စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။

22

1 ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။ 2 ငွေ ရတတ်သောသူနှင့် ဆင်းရဲ သောသူတို့သည် တွေ့ကြုံ ကြ၏။ ထိုသူ အပေါင်း တို့ကို ထာဝရဘုရား ဖန်ဆင်း တော်မူ၏။ 3 သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား အစဉ်အတိုင်း သွား အမှု နှင့်တွေ့တတ်၏။ 4 စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။ 5 သဘော ကောက်သောလူ သွားရာလမ်း ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။ 6 သူငယ် သွားရာလမ်း ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ လွှဲ၊ လိုက် သွားလိမ့်မည်။ 7 ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ကျွန် ဖြစ်၏။ 8 ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။ 9 ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။ 10 မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။ 11 စိတ် နှလုံးဖြူစင် ခြင်းကို နှစ်သက် သောသူသည် လျောက်ပတ် သောစကား ကို ပြောတတ်၍၊ ရှင် ဘုရင်နှင့် မိတ်ဆွေ ဖွဲ့ရလိမ့်မည်။ 12 ထာဝရဘုရား ၏ မျက်စိ တော်သည် ပညာ အတတ်ကို စောင့် ၏။ ပြစ်မှား သောသူ၏စကား ကိုကား ချေ တော်မူ၏။ 13 ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။ 14 အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။ 15 မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။ 16 ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။ 17 သင် ၏နား ကိုညွှတ် ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။ 18 သင် ၏နှလုံး သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် လည်း အစဉ် အသင့်ရှိ လိမ့်မည်။ 19 သင် သည်ထာဝရဘုရား ခိုလှုံ မည်အကြောင်း သင့် ကိုယ်တိုင်ကိုယနေ့ ငါသွန်သင် ၏။ 20 - 21 သင် သည် သမ္မာ တရားစကား စစ် ကိုသိ မည် အကြောင်း နှင့်၊ သင့် ထံသို့စေလွှတ် သော သူတို့အား သမ္မာ စကား ကို ပြန် ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာ အတတ်ကို ပြသလျက် ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည် မဟုတ်လော။ 22 ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ ညှဉ်းဆဲ နှင့်။ 23 အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ အမှု ကို စောင့် တော်မူမည်။ သူတို့ဥစ္စာကို လုယူ သောသူ တို့ ၏ အသက် ကို လုယူ တော်မူမည်။ 24 စိတ်တို သောသူ ကို မိတ်ဆွေ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ လိုက် နှင့်။ 25 လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။ 26 လက်ဝါး ချင်းရိုက် သောလူစုနှင့် သူ့ကြွေး ကို အာမခံ သော လူစုထဲ သို့ မ ဝင် နှင့်။ 27 သင် ပေး ရန် ရှိလျှင် သင့် အိပ်ရာ ကို အဘယ်ကြောင့် ယူသွား စေချင်သနည်း။ 28 ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။ 29 ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။

23

1 မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။ 2 သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။ 3 ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။ 4 ငွေ ရတတ် ခြင်းငှါ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။ 5 ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ထို အရာသည် အတောင် တို့ကို လုပ် ပျံ သွားတတ်၏။ 6 မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို ရှိနှင့်။ 7 သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် ရှိ8 သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။ 9 မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။ 10 အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို သိမ်း နှင့်။ 11 အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။ 12 ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ပညာ အတတ် စကား ကို နားခံ လော့။ 13 သူငယ် ကို ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ14 ကြိမ်လုံး နှင့် ရိုက် သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။ 15 ငါ့ သား သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။ 16 သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။ 17 အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။ 18 အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။ 19 ငါ့ သား ငါ့စကားကို နားထောင် ပညာ ရှိသဖြင့် ကိုယ် စိတ် နှလုံးကို လမ်းမ ပဲ့ပြင် လော့။ 20 စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။ 21 သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။ 22 သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် ပြုနှင့်။ 23 သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ဆုံးမ ဩဝါဒကို၎င်း ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။ 24 ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။ 25 သင်၏မိဘ တို့သည်ဝမ်းမြောက် သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။ 26 ငါ့ သား သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။ 27 ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။ 28 သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။ 29 အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊ 30 စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။ 31 ဖလား နီ လျက် အရောင် တောက်လျက် အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။ 32 နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။ 33 သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။ 34 အကယ် စင်စစ်သင်သည် ပင်လယ် အလယ် အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။ 35 သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။

24

1 တရားသောသူ တို့ကို ငြူစူ နှင့်။ သူ တို့နှင့် ပေါင်းဘော် ခြင်းငှါ အလို ရှိနှင့်။ 2 သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း ဘေး ပြုမည်စကားကို ပြော တတ်၏။ 3 ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ခိုင်ခံ့ မြဲမြံစေရ၏။ 4 ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။ 5 ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။ 6 ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ဘေး လွတ်တတ်၏။ 7 ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ စကား ပြော ဝံ့။ 8 ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။ 9 မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။ 10 သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။ 11 သင်္ချိုင်း သို့ ထုတ် အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား မထုတ်ဘဲနေလျက်12 ငါ့တို့မ သိ ဟုဆို သော်လည်း နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။ 13 ငါ့ သား ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။ 14 ထိုအတူ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။ 15 အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။ 16 ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း ပြန်လိမ့်မည်။ မ တရားသောသူမူကား လဲ သောအခါ ဆုံးရှုံး လိမ့်မည်။ 17 သင် ၏ရန်သူ လဲ သောအခါ ဝမ်း မြောက်နှင့်။ ခြေ ထိခိုက်သောအခါ ရွှင်လန်း သောစိတ် ရှိနှင့်။ 18 ရှိလျှင် ထာဝရဘုရား သိမြင် သဖြင့် နှစ်သက်ဘဲ သူ မှ အမျက် တော်ကို လွှဲ တော်မူမည်။ 19 တရားသောသူတို့ကြောင့် စိတ် ပူနှင့်။ အဓမ္မ လူတို့ကို မ ငြူစူ နှင့်။ 20 အကြောင်း မူကား၊ မ တရားသောသူသည် အကျိုး ကိုမ။ အဓမ္မ လူ၏ မီးခွက် သည် သေ လိမ့်မည်။ 21 ငါ့ သား ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။ 22 သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို နှစ်ပါး တို့၏ အဆုံး ကို အဘယ်သူ သိ သနည်း။ 23 ထိုမှတပါး ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား တရား တွေ့မှု စီရင်ရာတွင် လူမျက်နှာ ကို မ ထောက် ကောင်း24 သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။ 25 ဆုံးမ ပြစ်တင်သောသူတို့မူကား စိတ် သာယာလျက် ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။ 26 မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။ 27 ပြင် အရပ်မှာ သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌ ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။ 28 သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်29 သူသည် ငါ ပြု သည်အတိုင်း သူ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။ 30 ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊ 31 ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ ပင် အနှံ့အပြားလွှမ်းမိုး လျက် ကျောက် ရိုး ပြို လျက်ရှိသည်ကို၊ 32 ငါ မြင် စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။ 33 ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ ခဏ လက်ချင်း ပိုက် လျက်နေစဉ်တွင်၊ 34 ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာလိမ့်မည်။

25

1 ယုဒ ရှင်ဘုရင် ဟေဇကိ လူ တို့ကူးရေး သော ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား2 အမှု အရေးကို ဝှက်ထား ခြင်းသည် ဘုရား သခင်၏ ဘုန်း တော်နှင့် သင့်၏။ ရှင်ဘုရင် မူကား၊ အမှု အရေးကို စစ်ကြော ခြင်းအားဖြင့်ဂုဏ် အသရေတည်၏။ 3 မိုဃ်းကောင်းကင် သည် မြင့် ၏။ မြေကြီး သည် နက် ၏။ ရှင်ဘုရင် နှလုံး ကိုလည်း စစ် ၍မ သိနိုင်။ 4 ငွေ ထဲက ချော် ကိုထုတ်ပယ် လျှင်၊ ပန်းတိမ် သမား နှင့် တော်သင့်သောဖလား ကို ရ လိမ့်မည်။ 5 တရားသောသူတို့ ကို ရှင်ဘုရင် ထံ တော်မှ ပယ်ရှား လျှင် အာဏာ တော်သည် တရား အားဖြင့် တည် လိမ့်မည်။ 6 ရှင်ဘုရင် ထံ တော်၌ ကိုယ်ကိုမ ချီးမြှောက် နှင့်။ လူကြီး နေရာ နေ နှင့်။ 7 အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။ 8 အလျင် အမြန်ရန် တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ သင်သည် အဘယ် သို့ပြု မည်နည်း။ 9 သင် သည် အိမ်နီးချင်း နှင့် ကိုယ် အမှု ကို ဆွေးနွှေး လော့။ ဝှက်ထား အပ်သောအမှုအရာကို သူတပါး အားထုတ် ၍မ ပြနှင့်။ 10 သို့မဟုတ် သူသည် သင့် ကို အရှက် ခွဲသဖြင့် သင် ဂုဏ်အသရေသည် အစဉ် ဆုံးလိမ့်မည်။ 11 လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။ 12 နားထောင် တတ်သောသူကို လျောက်ပတ် စွာ ဆုံးမ တတ်သောသူသည် ရွှေ နားတောင်း ကဲ့သို့၎င်း၊ ရွှေ စင်တန်ဆာ ကဲ့သို့ ၎င်း ဖြစ်၏။ 13 စပါး ရိတ်ရာကာလ မိုဃ်းပွင့် ကြောင့် ချမ်း သကဲ့သို့ သစ္စာ စောင့်သော တမန် သည် စေလွှတ် သောသူ ၌ ဖြစ်၍ သခင် စိတ် ကို ချမ်းဧ စေတတ်၏။ 14 ပေး မည်ဟု ဝါကြွား ပေးဘဲနေသောသူ သည် မိုဃ်း ရေမ ပါသော တိမ် နှင့် လေ ကဲ့သို့ဖြစ်၏။ 15 ကြာမြင့် စွာသည်းခံ လျှင် မင်း ကိုဖျောင်းဖျ နိုင်၏။ ချို သောစကား သည်လည်း အရိုး ကျိုး အောင်တတ်နိုင်၏။ 16 ပျားရည် ကိုတွေ့ သလော။ ဝ ရုံသာစား တော့။ အစား ကြူးလျှင် ရင်ပြည့်၍ အန် ရလိမ့်မည်။ 17 သင် ၏အိမ်နီးချင်း အိမ် ကြာမြင့် စွာ မ နေနှင့်။ နေလျှင် သူသည် သင့် ကိုငြီးငွေ့ မုန်း လိမ့်မည်။ 18 အိမ်နီးချင်း တဘက် ၌ မ မှန်သောသက်သေ ကို ခံ သောသူ သည် ဒုတ် ထား သံချွန် နှင့်တူ၏။ 19 အမှု ရောက်သောကာလ သစ္စာ ပျက်တတ်သောသူကို ယုံ လျှင် သွား ကျိုး ခြင်း၊ ခြေ ဆစ်ပြုတ် ခြင်းကို ခံရ၏။ 20 စိတ် ညှိုးငယ် သောသူအား သီချင်း ဆို သောသူသည် ဆောင်း ကာလ အဝတ် ကို ချွတ် သောသူ၊ ယမ်း စိမ်းပေါ် မှာ ပုံးရည် ကို လောင်းသောသူနှင့်တူ၏။ 21 သင် ၏ရန်သူ သည်မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက်စရာဘို့ပေး လော့။ 22 ထိုသို့ ပြုလျှင် သူ ၏ခေါင်း ပေါ် ၌ မီးခဲ ကို ပုံ ထား ၍ ထာဝရဘုရား သည်လည်း၊ သင် ဆုချ တော်မူမည်။ 23 မြောက် လေ သည် မိုဃ်း ရေကို ဆောင် တတ် သကဲ့သို့ ကုန်းတိုက် သောလျှာ သည် ဒေါသ မျက်နှာ ကို ဆောင်တတ်၏။ 24 ရန်တွေ့ တတ်သောမိန်းမ နှင့် လူ များသော အိမ် နေသည်ထက် အိမ်မိုး ပေါ် ထောင့် ထဲမှာနေ သော် သာ၍ကောင်း ၏။ 25 ဝေး သောပြည် မှ ရောက်လာသောဝမ်းမြောက် စရာ သိတင်း စကားသည် ရေငတ် သောသူ ချမ်းဧ သောရေ ကဲ့သို့ဖြစ်၏။ 26 ဖြောင့်မတ် သောသူသည် မ တရားသောသူရှေ့ တွင် မှားယွင်း လျှင် နောက် သောရေကန် ပုပ် သောစမ်းရေ တွင်းနှင့်တူ၏။ 27 ပျားရည် ကို စား ကြူး လျှင် မ ကောင်း သကဲ့သို့ ကိုယ် ဂုဏ် သရေကို ရှာ လျှင် ဂုဏ် အသရေမရှိ။ 28 ကိုယ် စိတ် ကို ချုပ်တည်း နိုင်သောသူ သည် မြို့ရိုး ပျိုပျက် ၍ ဟင်းလင်းရှိသောမြို့ နှင့်တူ၏။

26

1 နွေ ကာလ၌ မိုဃ်းပွင့် ကဲ့သို့ ၎င်း၊ စပါး ရိတ်ရာကာလ ၌ မိုဃ်း ရေကဲ့သို့ ၎င်း၊ မိုက် သောသူသည် ဂုဏ် အသရေကို မ ခံသင့်။ 2 စာငှက် သည် အရပ်ရပ် လှည့်လည်၍ ဇရက် သည် လည်း ပျံ သွားသကဲ့သို့ ထိုနည်းတူ အကြောင်း မရှိသော ကျိန်ဆဲ ခြင်းသည် မ သင့်မရောက် တတ်။ 3 မြင်း ဘို့ နှင်တံ မြင်း ဘို့ ဇက်ကြိုး မိုက် သောသူ၏ ကျော ဘို့ ကြိမ်လုံး သည် သင့်ပေ၏။ 4 မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။ 5 မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိ လိမ့်မည်။ 6 မိုက် သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေ ကို ဖြတ် ၍ အကျိုးနည်းရှိ ၏။ 7 သုတ္တံ စကားကို မိုက် သောသူ ပြော ခြင်းသည် ခြေဆွံ့ သောသူ၏ ခြေ ကြွ ခြင်း ကဲ့သို့ဖြစ်၏။ 8 မိုက် သောသူကို ချီးမြှောက် ခြင်းသည် ကျောက် ပုံ ၌ ကျောက်မြတ် ကို ပစ် ထားခြင်းကဲ့သို့ ဖြစ်၏။ 9 ဆူး သည် ယစ်မူး သောသူ၏လက် ကို စူး သကဲ့သို့ သတ္တံ စကားသည် မိုက် သောသူ၏ နှုတ် ရှိ၏။ 10 ကြီး သောသူသည် ခပ်သိမ်း သောသူတို့ကို တုန်လှုပ် စေတတ်၏။ မိုက် သောသူနှင့် ပြစ်မှား တတ် သောသူတို့ ကို စေ သုံးတတ်၏။ 11 ခွေး သည် မိမိ အန်ဖတ် ကို ပြန် ၍စားတတ်သကဲ့သို့ မိုက် သောသူသည် မိုက် သောအကျင့်ကို ပြန် ၍ ကျင့်တတ်၏။ 12 ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။ 13 ပျင်းရိ သောသူက၊ အိမ် ပြင်မှာ ခြင်္သေ့ ရှိ၏။ လမ်း တို့၌ ခြင်္သေ့ ရှိ၏ဟု ဆို တတ်၏။ 14 တံခါးရွက် သည် စရွေး လည် သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာ ပေါ် မှာ လည်တတ်၏။ 15 ပျင်းရိ သောသူသည် မိမိ လက် ကို အိုး သွင်း သော်လည်း၊ တဖန်နှုတ် မိမိ ပစပ် သို့ ခွံရလျှင် စိတ်ညစ် တတ်၏။ 16 ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။ 17 လမ်း၌ရှောက်သွား ၍ မိမိ ဆိုင်သောအမှု ကို ရောနှော သောသူသည် ခွေး နားရွက် ကို ကိုင် ဆွဲသောသူ နှင့် တူ၏။ 18 ငါ ကျီစား ရုံမျှသာ ပြုသည်ဟုဆို လျက်19 မိမိ အိမ်နီးချင်း ကို လှည့်စား သောသူ သည် မီးစ မြှား သေဘေး ကို ပစ် တတ်သော အရူး နှင့် တူ၏။ 20 ထင်း ရှိလျှင် မီး သေ တတ်သကဲ့သို့ ကုန်းတိုက် သော သူမ ရှိလျှင် ရန် ငြိမ်း တတ်၏။ 21 မီးခဲ ချင်းပြုသကဲ့သို့၎င်း ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။ 22 ကုန်းတိုက် သောသူ ၏စကား သည် မြိန် သော ခဲဘွယ် စားဘွယ်ကဲ့သို့ ဖြစ်၍ ဝမ်း အတွင်း သို့ဝင် တတ်၏။ 23 ချစ် အားကြီးသောနှုတ် နှင့် ဆိုးညစ် သော စိတ် နှလုံး သည် ချော် မွမ်းမံ သော အိုးခြမ်း နှင့် တူ၏။ 24 အငြိုး ထားသောသူသည် နှုတ် ဖြင့် လျှို့ဝှက် ကိုယ် ထဲမှာလှည့်စား သော သဘောကိုဝှက်ထား တတ်၏။ 25 ထိုသို့သောသူ ၏ စကား သည် ချို သော်လည်း ယုံ နှင့်။ သူ ၏စိတ် နှလုံးထဲမှာ စက်ဆုပ် ရွံရှာဘွယ်သော အရာခုနစ် ပါးရှိ၏။ 26 အငြိုး ထားခြင်းကို လှည့်စား ခြင်းအားဖြင့် ဝှက်ထား သောသူ ၏ ဒုစရိုက် အပြစ်သည် ပရိသတ် ရှေ့ မှာ ထင်ရှား လိမ့်မည်။ 27 တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။ 28 မုသား ပြော တတ်သောသူသည် မိမိ ညှဉ်းဆဲ သောသူတို့ကို မုန်း တတ်၏။ ချော့မော့ တတ်သောသူသည် လည်း ဖျက်ဆီး တတ်၏။

27

1 နက်ဖြန် နေ့ ကို အမှီပြု ၍ မ ဝါကြွား နှင့်။ တရက် အတွင်းတွင် အဘယ် သို့ဖြစ်လိမ့်မည်ကို မ သိ နိုင်။ 2 ကိုယ်တိုင်ကိုယ်ကိုမချီးမွမ်းဘဲ သူတပါး ချီးမွမ်း ပါလေစေ။ ကိုယ် နှုတ် နှင့် ကိုယ်ကိုမ ချီးမွမ်းဘဲ၊ ကိုယ် နှင့် မ ဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ။ 3 ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို နှစ်ပါး ထက် သာ၍လေး ၏။ 4 မာန သည်ကြမ်းကြုတ် သော သဘောရှိ၏။ ဒေါသ သည် ပြင်းထန် တတ်၏။ ငြူစူ သောစိတ်ကို ကား၊ အဘယ်သူ ဆီး ၍ ခံနိုင်သနည်း။ 5 ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။ 6 အဆွေခင်ပွန်းသည် ဒဏ် ပေး သောအခါ သစ္စာစောင့် လျက်ပေး၏။ ရန်သူ မူကား နမ်း သောအခါ လှည့်စား တတ်၏။ 7 စား ၍ ဝသောသူ သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။ 8 မိမိ နေရာ ကို စွန့် ၍ လည်သောသူ သည် မိမိ အသိုက် ကို စွန့် ၍လည်သော ငှက် နှင့် တူ၏။ 9 နံ့သာ ဆီနှင့် နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။ 10 ကိုယ် အဆွေ ခင်ပွန်းနှင့် အဘ ၏ အဆွေ ခင်ပွန်းကို မ စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး သောအိမ်နီးချင်း သည် ဝေး သော ညီအစ်ကို ထက် သာ၍ကောင်း ၏။ 11 ငါ့ သား ပညာ ရှိလော့။ ကဲ့ရဲ့ သောသူ၏စကား ကို ငါ ချေ နိုင်အောင်၊ ငါ့ စိတ် ကို ရွှင်လန်း စေလော့။ 12 သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍၊ ပုန်းရှောင် လျက်နေတတ်၏။ ဉာဏ်တိမ် သောသူမူကား၊ အစဉ်အတိုင်းသွား ၍ အမှု နှင့်တွေ့တတ်၏။ 13 မကျွမ်း သော သူအတွက် အမျိုး ပျက်သော မိန်းမအတွက် အာမခံ တတ်သောသူသည် အဝတ် အစ ရှိသောဥစ္စာတစုံတခုကို ပေါင် ထားစေ။ 14 နံနက် စောစော ထ၍၊ မိမိ အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။ 15 ရန်တွေ့ တတ်သော မယား သည် မိုဃ်း သည်းစွာရွာသောနေ့ အစက်စက် ကျသော မိုဃ်းပေါက်နှင့် တူ၏။ 16 ထိုမိန်းမ ကို သိမ်း ထားသောသူသည် လေ ကို သိမ်း ထားသောသူနှင့်တူ၏။ လက်ျာ လက်၌ လိမ်းသော နံ့သာ ဆီကို ဝှက် ၍မထားနိုင်။ 17 သံ ကို သံ ဖြင့်ထက် စေသကဲ့သို့ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။ 18 သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား ရ၏။ ထိုနည်းတူ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။ 19 ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။ 20 မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို ပြည့်စုံတတ်။ 21 ငွေ စစ်စရာဘို့ မိုက် ရှိ၏။ ရွှေ စစ်စရာဘို့ မီးဖို ရှိ၏။ လူ ကိုစစ်စရာဘို့ သူတပါးချီးမွမ်း ခြင်းရှိ၏။ 22 မိုက် သောသူကို စပါး နှင့်အတူ ဆုံ ကျည်ပွေ့ နှင့် ထောင်း သော်လည်း မိုက် သောသဘောမ ထွက် တတ်။ 23 သင် ၏ သိုးစု အကြောင်း တို့ကို သိ ခြင်းငှါကြိုးစား လော့။ နွားစု တို့ကိုလည်း စေ့စေ့ ကြည့်ရှုလော့။ 24 စည်းစိမ် သည် အမြဲ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း လူမျိုး အစဉ်အဆက် မတည် တတ်။ 25 မြက်ပင် ပေါက် တတ်၏။ ပျိုး ပင်လည်း ထင်ရှား တတ်၏။ တောင် ယာအသီး ကိုလည်း သိမ်း ရ၏။ 26 သိုးသငယ် တို့သည် သင် ဝတ် စရာဘို့ ဆိတ် တို့သည် လည်း မြေ အဘိုး ကိုဖြေစရာဘို့ ပြစ်၏။ 27 သင် စားစရာ ဘို့ အိမ်သူ အိမ်သားစားစရာ ဘို့ ကျွန် မိန်းမများကို ကျွေး စရာဘို့ ဆိတ် နို့ လောက် လိမ့်မည်။

28

1 လိုက် သောသူမ ရှိသော်လည်း တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။ 2 ပြည်သူ ပြည်သားအပြစ် ကြောင့် မင်း တို့သည် များပြား တတ်ကြ၏။ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူအားဖြင့် နိုင်ငံ တည်တတ်၏။ 3 ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။ 4 တရား ကိုဖျက် သောသူသည် မ တရားသောသူတို့ ကို ချီးမွမ်း တတ်၏။ တရား ကို စောင့် သောသူမူကား သူ တို့နှင့် ဆန့်ကျင် ဘက်ပြုတတ်၏။ 5 အဓမ္မ လူ သည် တရား စီရင်ခြင်းကို နား လည်တတ်။ ထာဝရဘုရား ကို ရှာ သောသူမူကား ခပ်သိမ်း သော စီရင်ခြင်းကို နားလည် တတ်၏။ 6 မှန်သောအမှုကို ပြု သောသူ သည် ငွေ ရတတ်သော်လည်း ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သားသည် သာ၍ မြတ် ၏။ 7 တရား ကိုစောင့် သောသူသည် ပညာ ရှိသော သား ဖြစ်၏။ စားကြူး သောသူတို့နှင့် ပေါင်းဘော် သောသူ မူကား မိမိ အဘ ကို အရှက်ခွဲ တတ်၏။ 8 အတိုး စား၍ မတရားသော အမြတ်အားဖြင့်ဥစ္စာ ကို ဆည်းဖူးသောသူ သည် ဆင်းရဲသား တို့ကို သနား သောသူအဘို့ သာ ဆည်းဖူး တတ်၏။ 9 တရား မနာ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ 10 ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။ 11 ငွေ ရတတ်သောသူ က၊ ငါသည်ပညာ ရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ် ကောင်းသော ဆင်းရဲသား မူကား ထိုသူ ကို စစ်ကြော တတ်၏။ 12 ဖြောင့်မတ် သောသူတို့သည် ဝမ်းမြောက် သောအခါ ဘုန်း ကြီး တတ်၏။ မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ လူ တို့သည် ပုန်းရှောင် ၍ နေတတ်ကြ၏။ 13 မိမိ အပြစ် ကို ဝှက်ထား သောသူသည် ချမ်းသာ ရ။ မိမိအပြစ်ကို ဘော်ပြ ဝန်ချ၍ စွန့်ပစ် သော သူမူကား ကရုဏာ တော်ကိုခံရလိမ့်မည်။ 14 အစဉ် မပြတ်ကြောက်ရွံ့ သောသူ သည် မင်္ဂလာ ရှိ ၏။ မိမိ စိတ် နှလုံးကို ခိုင်မာ စေသောသူမူကား ဘေးဥပဒ် နှင့် တွေ့ လိမ့်မည်။ 15 ဆင်းရဲ သားတို့ကို အုပ်စိုး သော အဓမ္မ မင်းသည် ဟောက် သောခြင်္သေ့ လှည့်လည် သောဝံ နှင့်တူ၏။ 16 ဉာဏ် ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။ 17 လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။ 18 ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ချက်ခြင်း လဲ လိမ့်မည်။ 19 လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။ 20 သစ္စာ စောင့်သောသူ သည် ကောင်းကြီး မင်္ဂလာ နှင့် ကြွယ်ဝ လိမ့်မည်။ ငွေ ရတတ်ခြင်းငှါ အလျင် အမြန်ပြုသောသူမူကား အပြစ် နှင့်မ လွတ်ရ။ 21 လူမျက်နှာ ကို မ ထောက် ကောင်း။ သို့သော်လည်း ၊ လူ သည် မုန့် တဖဲ့ ကိုရခြင်းငှါ ဒုစရိုက် ကို ပြုလိမ့်မည်။ 22 ငွေ ရတတ်ခြင်းငှါ အလျင်အမြန် ပြုသော သူ သည် မ နာလိုသောသဘော ရှိတတ်၏။ နောက် တဖန် ဆင်းရဲ ခြင်းသို့ ရောက် မည်ဟု မ အောက်မေ့ တတ်။ 23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ကျေးဇူးကိုခံရလိမ့်မည်။ 24 အပြစ် ရှိဟုဆို လျက် မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ အပေါင်း အဘော်ဖြစ်၏။ 25 စိတ် မြင့် သောသူသည် ခိုက်ရန် ကို နှိုးဆော် တတ် ၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား ကြွယ်ဝ တတ် ၏။ 26 မိမိ စိတ် နှလုံးကို ကိုးစား သောသူသည် လူမိုက် ဖြစ်၏။ ပညာ သတိနှင့် ကျင့် သောသူမူကား ဘေးလွတ် တတ်၏။ 27 ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။ 28 တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။

29

1 အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။ 2 ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။ 3 ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ဥစ္စာ ပြုန်းတီး တတ်၏။ 4 တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား တိုင်းပြည် ကို မှောက်လှန် တတ်၏။ 5 အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။ 6 အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။ 7 ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။ 8 မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ဒေါသအမျက် ကို လွှဲ တတ် ၏။ 9 ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် စိတ်ဆိုး သည်ဖြစ်စေ ပြုံးရယ် သည်ဖြစ်စေ အားရ စရာအကြောင်းမ ရှိ။ 10 လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား သူတပါး အသက် ကို စောင့်မ တတ်ကြ၏။ 11 မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။ 12 မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။ 13 ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။ 14 ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။ 15 ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။ 16 တရားသောသူတို့သည် များပြား သောအခါ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။ 17 သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။ 18 ဗျာဒိတ် တော်မ ရှိလျှင် လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။ 19 စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း နား ထောင်ဘဲ နေလိမ့်မည်။ 20 သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။ 21 ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။ 22 စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း အလွန်အကျူး များ တတ်၏။ 23 မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ဂုဏ် အသရေကိုရ လိမ့်မည်။ 24 သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း အမှုကိုမ ဘော် မပြတတ်။ 25 လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။ 26 မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။ 27 တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။

30

1 ယာကေ သား အာဂုရ သည် ဣသေလ နှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊ 2 အကယ် စင်စစ်ငါ သည် လူ မဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူ ဉာဏ် နှင့် မ ပြည့်စုံ။ 3 ပညာ တရားကို မ သင် သန့်ရှင်း သော အရာတို့ ကို မလေ့ကျက်4 ကောင်းကင် ဘုံသို့ အဘယ်သူ တက် သနည်း။ အဘယ်သူ ဆင်း လာသနည်း။ အဘယ်သူ သည် လေ ကို မိမိ လက် နှင့် ဆုပ်ယူ သနည်း။ အဘယ်သူ သည် ရေ ကို အဝတ် နှင့် ထုပ် ထားသနည်း။ မြေကြီး စွန်း ရှိသမျှ တို့ကို အဘယ်သူ တည် စေသနည်း။ ထိုသို့ပြုသောသူ ၏ အမည် နှင့် သူ ၏သား အမည် ကား အဘယ်သို့ နည်း။ သင်ပြော နိုင်သလော။ 5 ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။ 6 စကား တော်၌ ထပ်၍ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။ 7 ကိုယ်တော် ထံမှာ ဆုနှစ်ပါး ကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မ သေ မှီတိုင်အောင်ငြင်း တော်မ မူပါနှင့်။ 8 အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။ 9 သို့မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ဆင်းရဲ သူ့ဥစ္စာကိုခိုး သဖြင့် အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။ 10 ကျွန် ၏ အကျိုး ကိုဖျက်ခြင်းငှါ သူ ၏သခင် ကို မ ပြောနှင့်။ ပြောလျှင် ကျွန်သည် သင့် ကိုကျိန်ဆဲ ၍၊ သင်၌ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ 11 အဘ ကိုကျိန်ဆဲ အမိ ကိုလည်း ကောင်းကြီး ပေးတတ်သောလူတမျိုး၊ 12 ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း မိမိ အညစ် အကြေးမှ ဆေးကြော သေးသော လူတမျိုး၊ 13 အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊ 14 ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။ 15 မျှော့ ကောင်၌ ပေး ပါနှင့်ပေး ပါဟူသောသမီး နှစ် ကောင်ရှိ၏။ အလို ဆန္ဒမ ပြေနိုင်သော အရာသုံး ပါးမက၊ တန် တော့ဟု မ ဆို တတ်သော အရာလေး ပါးဟူမူကား၊ 16 သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။ 17 အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။ 18 ငါ့ ဉာဏ် မမှီနိုင်သော အရာသုံး ပါးမက၊ ငါမသိ၊ နား လည်နိုင်သော အရာလေး ပါးဟူမူကား19 လေ ရွှေလင်းတ သွားရာလမ်း တပါး၊ ကျောက် ပေါ် မှာ မြွေ သွားရာလမ်း တပါး၊ ပင်လယ် အလယ် သင်္ဘော သွားရာလမ်း တပါး၊ အပျိုမ နှင့် ယောက်ျား သွား ရာလမ်း တပါးတည်း။ 20 မျောက်မထား သော မိန်းမ လမ်း လည်း ထို အတူ ဖြစ်၏။ အစာစား ပြီးမှ မိမိ ပစပ် ကိုသုတ် ဒုစရိုက် ကို ငါမ ပြု မိဟုဆို တတ်၏။ 21 မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား22 မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊ 23 လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။ 24 မြေကြီး ပေါ်မှာ သေး နုပ်သော်လည်း အထူးသဖြင့် ပညာ ရှိသော အရာလေး ပါးဟူမူကား၊ 25 ခွန်အား မရှိသောအမျိုး ဖြစ်သော်လည်း နွေ ကာလ၌ မိမိ စားစရာ ကို ပြင်ဆင် တတ်သော ပရွက်ဆိတ် တပါး၊ 26 သန်စွမ်းသော အမျိုး ဖြစ်သော်လည်း ကျောက် တွင်း၌ နေရာ ချ တတ်သော ရှာဖန် ယုန်တပါး၊ 27 မင်း ရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွား တတ်သောကျိုင်း တပါး၊ 28 လက် ဖြင့် ကိုင် ဆွဲ၍ နန်းတော် ပင် နေတတ် သော အိမ်မြှောင် တပါးတည်း။ 29 ကောင်း စွာသွား တတ်သော အရာသုံး ပါးမက၊ အသွား လှ သော အရာလေး ပါးဟူမူကား30 တိရစ္ဆာန် တကာတို့ထက် ခွန်အားကြီး ၍၊ အဘယ် သူကိုမျှ မ ရှောင် တတ်သော ခြင်္သေ့ တပါး၊ 31 စစ်မြင်းတပါး၊ ဆိတ်ထီး တပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင် တပါးတည်း။ 32 သင်သည် ကိုယ်ကိုချီးမြှောက် မိုက်သောအမှု ကို ပြု မိသော် ၎င်း၊ မကောင်းသော အကြံကိုကြံ မိ သော် ၎င်း၊ သင်၏နှုတ် ကို လက် နှင့်ပိတ်ထားလော့။ 33 အကယ် စင်စစ်နို့ ကိုမွှေ လျှင် ထောပတ် ထွက် တတ်၏။ နှာခေါင်း ကိုဆွဲလိမ် လျှင် အသွေး ထွက် တတ်၏။ ထိုနည်းတူ ဒေါသ ကိုနှိုးဆော် လျှင် ခိုက်ရန် ထွက် တတ်၏။

31

1 လေမွေလ မင်းကြီး ၏ မယ်တော် သည်သား ကို ဆုံးမ သွန်သင်သော တရား စကား ဟူမူကား၊ 2 ငါ့ သား အဘယ် သို့နည်း။ ငါ ဘွား သောသား အဘယ် သို့နည်း။ ငါ့ ၏သစ္စာ ဂတိနှင့်ဆိုင်သောသား အဘယ် သို့နည်းဟု မေးမြန်းသော်၊ 3 သင် ၏အစွမ်း သတ္တိကို မိန်းမ တို့အား ပေး နှင့်။ ရှင်ဘုရင် တို့ကိုဖျက်ဆီး တတ်သောအရာ၌ သင့် ၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။ 4 အိုလေမွေလ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် မင်းသား တို့နှင့် တော်မသင့်။ 5 သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။ 6 ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ပေး လော့။ 7 ထိုသူတို့သည် သောက် မိမိ ဒုက္ခ ဆင်းရဲကို မ အောက်မေ့ ဘဲ မေ့လျော့ ပါစေ။ 8 ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။ 9 စကားပြော လျက်၊ တရား သဖြင့်စီရင် လျက် ဆင်းရဲ ငတ်မွတ် သောသူတို့၏ အမှုကိုစောင့် လော့။ 10 သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။ 11 သူ ၏ခင်ပွန်း သည် သူ့ ကို ယုံ ဆင်းရဲ ခြင်းနှင့် ကင်းလွတ် လိမ့်မည်။ 12 ထို မယားသည် မိမိ ခင်ပွန်းအကျိုး ကို မ ဖျက် တသက်လုံး ပြုစု တတ်၏။ 13 သိုးမွေး နှင့် ဝါ ကို ရှာ မိမိ လက် နှင့် အလို အလျောက်လုပ် တတ်၏။ 14 ကုန်သည် သင်္ဘော ကဲ့သို့ ဖြစ်၍ စားစရာ ကို ဝေး သောအရပ်မှ ဆောင် ခဲ့တတ်၏။ 15 မိုဃ်း မလင်းမှီထ လျက် အိမ်သူ အိမ်သားတို့အား စားစရာ ကို၎င်း ကျွန်မ တို့အား အငန်း အတာကို၎င်း ပေး ဝေတတ်၏။ 16 ကောင်းမွန်စွာ ဆင်ခြင် ၍၊ လယ်ကွက် ကိုဝယ် ယူ တတ်၏။ ကိုယ်တိုင် လုပ်၍ရသောငွေနှင့် စပျစ် ဥယျာဉ်ကို ပြုစု တတ်၏။ 17 မိမိ ခါး ကို ခွန်အား နှင့် စည်း မိမိ လက် တို့ကိုသန်မြန် စေတတ်၏။ 18 မိမိ လုပ် သောဥစ္စာကောင်း သည်ကို ရိပ်မိ ၍၊ သူ ၏မီးခွက် သည် တညလုံး သေ တတ်။ 19 ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ်၏။ 20 ဆင်းရဲ သောသူတို့အား လက် ကိုဖြန့် ငတ်မွတ် သောသူတို့အား လက်ရုံး ကိုဆန့် တတ်၏။ 21 မိုဃ်းပွင့် ကျသော်လည်း မိမိ အိမ်သူ အိမ်သားတို့ အတွက် စိုးရိမ်။ အိမ်သူ အိမ်သားအပေါင်း တို့သည် ကတ္တီပါနီ ကို ဝတ် ကြ၏။ 22 ကိုယ် အဖို့ စောင် တို့ကို ရက် ၍၊ ပိတ်ချော နှင့် မောင်း သောအထည် ကို ဝတ်တတ်၏။ 23 သူ ၏ခင်ပွန်း သည်လည်း မြို့တံခါး တို့၌ ပြည် သားအသက်ကြီး သူတို့နှင့် ထိုင် ထင်ရှား သောသူဖြစ် ရ၏။ 24 ချော သောအထည်အလိပ်ကို ရက် ရောင်း တတ် ၏။ ခါးစည်း တို့ကိုလည်း ကုန်သည် ချ တတ်၏။ 25 သူ လုပ်သောအထည် အလိပ်သည် ခိုင်ခံ့ လှ သောအဆင်းနှင့် ပြည့်စုံသဖြင့် သူသည်နောင် ကာလ ၌ ဝမ်းမြောက် လိမ့်မည်။ 26 ပညာ စကားကို ပြော တတ်၍ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။ 27 အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊ 28 သူ ၏သားသမီး တို့သည်ထ အမိ ကို ကောင်းကြီး ပေးတတ်ကြ၏။ သူ ၏ခင်ပွန်း ကလည်း29 လူမျိုးသမီး အများ တို့သည် ကောင်းမွန် စွာ ပြု ကြ ပြီ။ သို့ရာတွင် သင် သည် ထိုသူ အပေါင်း တို့ကို လွန်ကဲ ပြီ ဟု သူ့ကို ချီးမွမ်း တတ်၏။ 30 ယဉ်ကျေး သောအရာသည် လှည့်စား ခြင်းနှင့် ယှဉ်တတ်၏။ လှ သောအဆင်းသည်လည်း အချည်းနှီး ဖြစ် ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော မိန်းမ မူကား၊ ချီးမွမ်း ခြင်းကိုခံရလိမ့်မည်။ 31 ထိုသို့သော မိန်းမ ကျင့် ရာ အကျိုး ကို ပေး လော့။ သူ ပြု သောအမှုသည် မြို့တံခါး တို့၌ သူ ၏အသရေ ကို ထင်ရှားစေသတည်း။