ဖိလိပ္ပိဩဝါဒစာ။
11 ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။ 2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ရှိပါစေသော။ 3 ငါ သည်ဆုတောင်း ပဌနာပြုသောအခါ ၊ 4 ဝမ်းမြောက် သောစိတ်နှင့် သင် တို့ရှိသမျှ အဘို့ ကို အစဉ် ဆုတောင်း ပဌနာပြု လျက်၊ သင် တို့ကို အောက်မေ့ သောအခါ၊ 5 သင် တို့သည် ရှေ့ဦးစွာ သောနေ့ရက် မှစ၍ ယခု တိုင်အောင် ဧဝံဂလိ တရားကို ဆက်ဆံ ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။ 6 သင် တို့တွင် ကောင်း သောအမှုကို ပြုစ ပြုတော်မူသောသူ သည်၊ ယေရှု ခရစ် ၏နေ့ရက် တိုင်အောင် ပြီးစီး လျက်ပြု တော်မူမည်ဟု ငါသဘောကျ ၏။ 7 ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။ 8 ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။ 9 ငါသည်အဘယ်သို့ဆုတောင်း သနည်းဟူမူကား၊ သင် တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုး ရှိ လျက် ၊ 10 မေတ္တာ ပါရမီတိုးပွား ၍ ပြည့်စုံ မည်အကြောင်း ကို၎င်း၊ 11 ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။ 12 ညီအစ်ကို တို့၊ ငါ ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိ တရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင် တို့ သိ စေခြင်းငှာငါအလိုရှိ ၏။။ 13 ထိုသို့သော အားဖြင့်ခရစ်တော် ကြောင့် ငါ ခံရသော ချည်နှောင် ခြင်းအမှုအရာသည်၊ နန်းတော် ၌ အနှံ့အပြား ထင်ရှား သည်သာမက၊ ခပ်သိမ်း သောအရပ်၌ ထင်ရှား၏။။ 14 သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။ 15 လူအချို့ တို့သည် ငြူစူ ရန်တွေ့ ချင်သောသဘော နှင့် ခရစ်တော် ၏တရားကို ဟောပြော ကြ၏။ အချို့ တို့ သည် စေတနာ စိတ်နှင့် ဟောပြောကြ၏။။ 16 ငါသည် ဧဝံဂေလိ တရားကို ထောက်မ ဘို့ရာ ခန့်ထား သောသူဖြစ် ကြောင်းကို ဤ သူတို့သည်သိ ၍ ခရစ်တော် ၏တရားကို မေတ္တာ စိတ်နှင့် ဟောပြော ကြ၏။။ 17 ထိုသူတို့သည် ကြည်ဖြူ သောစိတ်မ ရှိ၊ ချည်နှောင် ခြင်းကို ငါ ခံရသည်တွင် သာ၍ဆင်းရဲ စေမည်ဟု အကြံရှိ ၍၊ ရန်တွေ့ ချင်သောစိတ်နှင့် ဟောပြောကြ၏။။ 18 သို့ဖြစ်၍ အဘယ်သို့ နည်း၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာ ရှိ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စေ၊ ခရစ်တော် ၏တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခု ဝမ်းမြောက်၏ ။ နောင်၌ လည်း ဝမ်းမြောက် လိမ့်မည်။။ 19 အဘယ်သို့ နည်းဟူမူကား၊ ငါ သည်အလျှင်း ရှက်ကြောက် ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက် ရှင်သည်ဖြစ်စေ ၊ သေ သည်ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓါ ၌ ခရစ်တော် သည် အစဉ်မပြတ် ဂုဏ် အသရေထင်ရှား တော်မူသကဲ့သို့ ၊ 20 ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။ 21 အသက် ရှင်သည်အရာမှာ ခရစ်တော် ဖြစ်၏။ သေ လျှင် မူကား ၊ သာ၍အကျိုး ရှိ၏။။ 22 ဤကိုယ်ခန္ဓာ ၌ ငါသည်အသက် ရှင်လျှင် ၊ ငါ ပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမ သိ ။။ 23 ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။ 24 သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေ ရလျှင် သင် တို့၌ သာ၍ အကျိုး ရှိလိမ့်မည်။။ 25 ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ 26 သင်တို့သည် ယုံကြည် ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓါ၌နေ ၍ သင် တို့ရှိသမျှ နှင့် ပေါင်းဖေါ် ရမည်ဟု ငါသိ ၏။။ 27 သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။ 28 ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။ 29 အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊ 30 သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော် ကို ယုံကြည် ခြင်းအခွင့်မှတပါး ၊ ခရစ်တော် အတွက် ကြောင့် ဆင်းရဲ ခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏။
21 ထိုကြောင့် ခရစ်တော် ၌ သက်သာ ခြင်း၊ မေတ္တာ နှင့်စပ်ဆိုင်သော ချမ်းသာ ခြင်း၊ ဝိညာဉ် တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက် ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် ၊ 2 သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။ 3 ရန်တွေ့ လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မ ပြုကြ နှင့်။ သူတစ်ပါး သည် ကိုယ် ထက် သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။ 4 ကိုယ် အမှုအရာကိုသာ မ ရှု မမှတ်ဘဲ၊ သူ့အမှုအရာ ကို အချင်းချင်း ရှုမှတ်ကြလော့။ 5 ယေရှု ခရစ် ၌ ရှိသော ထို စိတ် သဘောကို သင် တို့၌ လည်း ရှိစေကြလော့။ 6 ထိုသခင် သည် ဘုရားသခင် ၏ သဏ္ဌာန် တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍၊ ဘုရားသခင် နှင့် ပြိုင် သောအမှုကို လုယူ ခြင်းအမှုဟူ၍မ ထင် မမှတ်လျက်ပင်၊ 7 မိမိ အသရေကိုစွန့် ၍ အစေခံ ကျွန်၏သဏ္ဌာန် ကို ယူဆောင် လျက်၊ လူ ကဲ့သို့သော အဖြစ်၌ ဘွားမြင် ခြင်းကို ခံတော်မူ၏။ 8 ထိုသို့ လူ ၏ဂုဏ် အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံ ခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင် မှာ အသေခံ ခြင်းတိုင်အောင် အစေ ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချ တော်မူ၏။ 9 ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမ တကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမ ကို ပေး သနားတော်မူ၏။။ 10 အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊ 11 ယေရှု ခရစ် သည် သခင် ဖြစ်တော်မူ၏ဟု နှုတ် နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား ၏ ဘုန်း အသရေ တော်ကို ထင်ရှား စေကြမည်အကြောင်း တည်း။။ 12 သို့ဖြစ်၍ ငါ့ ချစ်သူ တို့၊ သင်တို့သည် ငါ့ မျက်မှောက် ၌ နားထောင် သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့ တုန်လှုပ် သောစိတ်နှင့် ၊ ကိုယ် ကို ကယ်တင် ခြင်းငှာကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။။ 13 အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။ 14 သင်တို့သည် ပြုလေသမျှ တို့၌ မြည်တမ်း ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ ပြု ကြလော့။။ 15 သို့ပြုလျှင် အပြစ်တင် ခွင့်မရှိ၊ အဘယ်သူကိုမျှ မ ပြစ်မှားဘဲနေ ၍ ၊ 16 မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။ 17 ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။ 18 ထိုနည်းတူ သင် တို့သည်လည်း ဝမ်းမြောက် ကြလော့။ ငါ နှင့်အတူဝမ်းမြောက် ခြင်း ရှိကြလော့။။ 19 သင် တို့အကြောင်း အရာများကို ငါသိ ၍ စိတ်သက်သာ ခြင်းငှာ ၊ တိမောသေ ကို သင် တို့ရှိရာသို့ များမကြာ စေလွှတ် မည်အကြောင်း၊ သခင် ယေရှု ခရစ်၌ ငါမှီဝဲ ခြင်းရှိ၏။။ 20 အကြောင်းမူကား ၊ ထိုသူသည်သင် တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့စိတ်သဘောတူသော သူတယောက် မျှ ငါတို့၌မရှိ ။။ 21 လူခပ်သိမ်း တို့သည် ယေရှု ခရစ် ၏အကျိုးကို မ ရှာ၊ ကိုယ် အကျိုးကိုသာ ရှာ ကြ၏။။ 22 သို့သော်လည်း သား သည်အဘ နှင့်အတူဆောင်ရွက် သကဲ့သို့ ၊ သူသည်ငါ နှင့်အတူ ဧဝံဂေလိ တရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူ ပြသောသက်သေ ကို သင်တို့ သိ ကြ၏။။ 23 ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါ သိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်း စေလွှတ် မည် ဟု ကြံစည် မြော်လင့်လျက် ငါနေ၏။။ 24 ထိုမျှမက ၊ ငါ့ ကိုယ်တိုင်သင်တို့ရှိရာသို့ များမကြာ လာ မည်ဟု သခင် ဘုရားအားဖြင့် ယုံမှတ် စွဲလမ်းသောစိတ်ရှိ၏။။ 25 သို့သော်လည်း ဆောင်ရွက် ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ ၏အပေါင်းအဘော်၊ ငါ့ ကိုပြုစု သောသူတည်းဟူသောသင် တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ် ကို သင် တို့ရှိရာ သို့ ယခုစေလွှတ် သင့်သည်ဟု ငါထင်မှတ် ၏။။ 26 အကြောင်းမူကား၊ သူသည် နာ ကြောင်း ကို သင်တို့ကြားသိ သောကြောင့် ၊ သူသည် သင် တို့အပေါင်း ကို လွမ်းဆွတ် ၍ စိတ်မသာလျက် နေ ၏။။ 27 သူသည် သေ လု အောင် နာ သည်မှန် ၏။ ထိုအခါ ဘုရားသခင် သည် သူ့ ကို သနား တော်မူ၏။ သူ့ ကိုသာ သနားတော်မူသည်မ ဟုတ်။ ငါ့ ၌ ဝမ်းနည်း ခြင်းအဆင့်ဆင့် အထပ်ထပ်မ ရှိ စေခြင်းငှာ ၊ ငါ့ကိုလည်း သနားတော်မူ၏။။ 28 ထိုကြောင့် သင်တို့သည် သူ့ ကိုတစ်ဖန် တွေ့မြင် ၍ ဝမ်းမြောက် စေခြင်းငှာ၎င်း၊ ငါ သည်လည်း သက်သာ ခြင်းငှာ ၎င်း၊ သူ့ ကို သာ၍ကြိုးစား သည်နှင့် ငါစေလွှတ် ၏။။ 29 သို့ဖြစ်၍ သခင် ဘုရားကို ထောက် လျက်၊ ဝမ်းမြောက် သောစိတ်နှင့် သူ့ ကိုလက်ခံ ကြလော့။ ထိုသို့သော သူတို့ကို ရိုသေ လေးမြတ်ကြလော့။။ 30 အကြောင်းမူကား ၊ သင် တို့သည် ငါ့ ကိုပြုစု ၍ မ ပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံ ခြင်းငှာ ၊ ကိုယ် အသက် ကို စွန့်စား ၍ ခရစ်တော် ၏အမှု ကြောင့် သေ ခြင်းသို့ ရောက် လုနီးပြီ။
31 ကြွင်း သေးသော စကားဟူမူကား၊ ငါ့ ညီအစ်ကို တို့၊ သခင် ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြလော့။ အထပ်ထပ် ငါ ရေး လိုက်သော်လည်းပင်ပန်း ခြင်းမ ရှိ။ သင် တို့မူကား လုံခြုံ ခြင်းရှိကြလိမ့်မည်။ 2 ခွေး တို့ကိုရှောင် ကြလော့။ မကောင်း သော အကျင့်ကို ကျင့် သောသူတို့ကို ရှောင် ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင် သော သူတို့ကို ရှောင် ကြလော့။ 3 ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။ 4 သို့သော်လည်း ငါ ဖြစ် လျှင် ဇာတိ ၌ ကိုးစား စရာအကြောင်းရှိ၏။ အခြား သူမည်သည်ကား ၊ ဇာတိ ၌ ကိုးစား စရာ အကြောင်းရှိသည်ဟု ထင် လျှင် ၊ ငါ မူကား သာ၍ ရှိ၏။ 5 ငါသည်ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီး ခြင်းကို ခံရ၏။ ဣသရေလ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲ လူမှ ဆင်းသက်သော ဟေဗြဲ လူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရိရှဲ ဖြစ်၏။ 6 စိတ် အားကြီးခြင်းကို မေး သော်၊ ငါသည် အသင်းတော် ကို ညှင်းဆဲ သောသူဖြစ်၏။ ပညတ် တရား အားဖြင့် ရ သော ဖြောင့်မတ် ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။ 7 သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။ 8 ထိုမျှမက ငါ ၏ သခင် ယေရှု ခရစ် ကိုသိသော ပညာ သည် 9 အဘယ်မျှလောက်မြတ် သည်ကိုထောက် ၍၊ ခပ်သိမ်း သောအရာတို့ကို 10 ရှုံး စေ သောအရာကဲ့သို့ငါထင်မှတ် ၏။။ 11 ထိုသခင် ကြောင့် ခပ်သိမ်း သောအရာတို့ကို အရှုံး ခံရပြီ။ သေ ခြင်းမှ ထမြောက် သောအခွင့်ကို ငါရ နိုင် ကောင်းလျှင် ၊ ကိုယ်တော် သည် အသေခံ တော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ဖိုး ကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်း ခြင်းငှာ၊ ပညတ် တရားအားဖြင့် ရသော ကိုယ် ဖြောင့်မတ် ခြင်းကို မ ကိုးစား ဘဲ၊ ခရစ်တော် ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မတ် ခြင်းတည်းဟူသောယုံကြည် ခြင်းအတွက် ကြောင့်ဘုရားသခင် ပေးတော်မူသောဖြောင့်မတ် ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော် ကို အမြတ်ရ ၍ ထိုသခင် ၌ တည် ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင် ကဲ့သို့ငါထင်မှတ် ၏။။ 12 ထိုသို့ဆိုသော်အကျိုးကိုခံရ ပြီ၊ စုံလင် ခြင်းသို့ ရောက်ရပြီဟု ငါမ ဆိုလို၊ အကြင်အကျိုး ကိုပေးခြင်းငှာ ခရစ်တော် သည် ငါ့ကို ကိုင် ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိ ခြင်းငှာငါပြေး၍ လိုက် သေး၏။။ 13 ညီအစ်ကို တို့၊ ငါ ကိုင်မိ ပြီဟု ကိုယ်ကိုကိုယ် မ ထင် သော်လည်း ၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက်ကျ သောအရာ တို့ကို မ မှတ်ဘဲ၊ ရှေ့ ၌ ရှိသောအရာ တို့ကို လှမ်း ကမ်း၍ ၊ 14 ယေရှု ခရစ် အားဖြင့် ဘုရားသခင် သည် အထက် အရပ်မှ ခေါ် တော်မူခြင်းနှင့် ဆိုင်သောဆု ကို ရခြင်းငှာ ၊ ပန်းတုံးတိုင် သို့ ငါလိုက်ပြေး ၏။။ 15 ထိုကြောင့် စုံလင် သောသူရှိသမျှ တို့သည် ဤသို့သော သဘော ကို စွဲလမ်း ရကြမည်။ သင်တို့သည် တစ်စုံတစ်ခု သောအရာ၌ သဘောခြားနား လျှင် ၊ ထို အရာကို ပင်ဘုရားသခင် ဖော်ပြ တော်မူလိမ့်မည်။။ 16 သို့မဟုတ် သော်လည်း၊ ယခုမှီ သမျှ အတိုင်း တနည်း တည်းကျင့် ၍ တစ်သဘောတည်းရှိရကြမည်။။ 17 ညီအစ်ကို တို့၊ ငါ ကျင့် သည်နည်းတူ သင်တို့သည် တစ် ညီတစ်ညွတ်တည်း ကျင့်ကြလော့။ ငါ တို့ပေးသော ပုံ သက်သေနှင့်အညီ ကျင့် သောသူ တို့ကိုလည်း ရှုမှတ် ကြလော့။။ 18 အကြောင်းမူကား ၊ အထက် အဖန်ဖန်ငါပြော ၍၊ ယခုပင် မျက်ရည် ကျလျက်နှင့် ပြော သည်အတိုင်း၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင် ကို ရန်ဘက် ပြု၍ ကျင့် သောသူ အများ ရှိကြ၏။။ 19 ထိုသူ တို့သည် ပျက်စီး ခြင်း၌ လမ်းဆုံး တတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိ တို့ဝမ်း ပေတည်း။ မိမိ တို့ ရှက်ကြောက် ဘွယ်သော အကျင့်၌ သာ မိမိတို့ဝါကြွား ကြ၏။ လောကီ အရာတို့ကိုသာ စိတ် စွဲလမ်းခြင်းရှိကြ၏။။ 20 ငါ တို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင် ဘုံနှင့် စပ်ဆိုင် လျက်ရှိ ၏။ ကယ်တင် တော်မူသောအရှင် သခင်ယေရှု ခရစ် သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့် လျက်နေကြ၏။။ 21 ထိုသခင် သည် ခပ်သိမ်း သောအရာကိုပင် မိမိ အောက်၌ နှိမ့်ချ နိုင် တော်မူသောပြုပြင် အားထုတ် ခြင်း အားဖြင့် ယုတ်ညံ့ သော ငါ တို့၏ ကိုယ်ခန္ဓါ ကိုပင်၊ ဘုန်း အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓါ တော်၏နည်းတူဖြစ် စေခြင်းငှာအသစ် ပြင်ဆင်တော်မူလတံ့။
41 ထိုကြောင့် ငါ ဝမ်းမြောက် ခြင်းအကြောင်း၊ ငါ့ဦးရစ် သရဖူတည်းဟူသော၊ ငါ ချစ် ၍ အလွန်လွမ်း သော ညီအစ်ကို တို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင် ဘုရား၌ တည်နေ ကြလော့၊ ငါ့ချစ်သူ တို့။ 2 ဧဝေါဒိ နှင့် သုန္တုတ် တို့သည် သခင် ဘုရား၌ သဘော တစ် ညီတစ်ညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါ တောင်းပန်သွေးဆောင်ပါ၏။ 3 အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။ 4 သခင် ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက် ခြင်း ရှိကြလော့။ တစ်ဖန် ငါဆို သည်ကား ဝမ်းမြောက် ကြလော့။ 5 လူ အပေါင်း တို့ရှေ့၌ သင် တို့၏ ဖြည်းညှင်း ခြင်း သဘောကို ထင်ရှား စေကြလော့။ သခင် ဘုရားသည် အနီးအပါး ၌ ရှိတော်မူ၏။ 6 အဘယ် အမှုကိုမျှ စိုးရိမ် ခြင်းမ ရှိဘဲအရာရာ၌ ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင် တို့တောင်းပန် လိုသောအရာများတို့ကို ဘုရားသခင် အား ကြားလျှောက် ကြလော့။ 7 ထိုသို့ပြုလျှင်အဘယ်သူမျှကြုံ၍မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက် ခြင်းသည် ယေရှု ခရစ် အားဖြင့် သင် တို့၏စိတ် နှလုံးတို့ကို စောင့်မ လိမ့်မည်။ 8 ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သမ္မာတရား နှင့် ဆိုင်သောအကျင့်၊ လျောက်ပတ် သောအကျင့်၊ ဖြောင့်မတ် သောအကျင့်၊ စင်ကြယ် သောအကျင့်၊ သူတစ်ပါးနှစ်သက် ဘွယ်သောအကျင့်၊ ချီးမွမ်း ဘွယ်သောအကျင့် ရှိသမျှ တို့ကို၎င်း၊ ပါရမီ တပါးပါး ၊ ကောင်း သောသိတင်းတပါးပါး နှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံး သွင်းကြလော့။ 9 သင်တို့သည် အထက်ကသင် ယူ ၍ ငါ ၌ ကြား မြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ ကျင့် လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။။ 10 ယခု ၌လည်း သင်တို့သည် ငါ့ ကို ကြည့်ရှုပြုစုချင်သော စေတနာ စိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင် ဘုရား၌ အလွန် ဝမ်းမြောက် ခြင်းရှိ၏။ ထိုစေတနာ စိတ်သည် အထက် ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။။ 11 ထိုသို့ငါဆို သော်၊ ကိုယ်တိုင်ဆင်းရဲ ခြင်းကို ရည်မှတ် ၍ ဆိုသည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ သည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ သောစိတ်ရှိ အံ့သောငှာသင် မိပြီ။။ 12 ရှုတ်ချ ခြင်းကို၎င်း ၊ ကြွယ်ဝ ခြင်းကို၎င်း၊ ခံတတ်၏။ ဝ စွာစားခြင်း၊ မွတ်သိပ် ခြင်း၊ စည်းစိမ် ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့တွင် အရာရာ ၌ သင် မိပြီ။။ 13 ငါ့ ကို ခွန်အား နှင့်ပြည့်စုံစေတော်မူသော ခရစ်တော် အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။။ 14 သို့သော်လည်း ဆင်းရဲ ဒုက္ခကိုငါ ခံရ စဉ်အခါ၊ သင် တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်ကောင်းမွန် စွာ ပြု ကြပြီ။။ 15 အချင်းဖိလိပ္ပိ မြို့သားတို့၊ ဧဝံဂေလိ တရားကို ဟောစ ပြု၍ ၊ မာကေဒေါနိ ပြည်မှ ငါထွက် ဆဲရှိသောအခါ အလှူ လှူခြင်း၊ အလှူခံ ခြင်းအမှု၌ ၊ သင် တို့မှတစ်ပါး အဘယ် အသင်းတော် မျှငါ နှင့်မ ဆက်ဆံ ကြ။။ 16 သက်သာလောနိတ် မြို့၌ ငါရှိစဉ်ပင်၊ ငါ လို သောအရာကို သင်တို့သည် နှစ်ကြိမ် တိုင်အောင်ပေး လိုက် ကြ၏။။ 17 ထိုသို့ ငါဆိုသော်၊ အလှူ ကို ရှာ သည်မ ဟုတ်၊ သင် တို့၌ ကြွယ်ဝ သောအကျိုး ကို ရှာ ၏။။ 18 ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။ 19 ငါ ၏ဘုရားသခင် သည် ဘုန်း အာနုဘော်၌ စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း ၊ သင် တို့အလို ရှိသမျှ တို့ကို ယေရှု ခရစ် အားဖြင့် ပြည့်စုံ စေတော်မူလိမ့်မည်။။ 20 ငါ တို့အဘ တည်းဟူသောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။။ 21 ယေရှု ခရစ် ၌ ရှိသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။။ 22 ငါ နှင့်အတူ ရှိသောညီအစ်ကို မှစ၍ သန့်ရှင်း သောသူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ ကဲသာ ဘုရင်၏ နန်းတော် ၌နေသော သန့်ရှင်း သူတို့သည် အထူးသဖြင့် နှုတ်ဆက် ကြ၏။။ 23 ငါတို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။