နေဟမိမှတ်စာ
11 ဟာခလိ သား နေဟမိ စကား ဟူမူကား၊ အာတဇေရဇ်မင်းကြီးနန်းစံနှစ် ဆယ်၊ ခိသလု လ တွင် ၊ ငါ သည် ရှုရှန် နန်းတော် ၌ ရှိ နေ စဉ်၊ 2 ငါ့ ညီ ဟာနန် နှင့် ယုဒ လူ အချို့တို့သည် ရောက် လာ၍ ၊ ငါသည် သိမ်း သွားခြင်းကို ခံရသောယုဒ လူစုထဲက လွတ် သောသူတို့ ၏ အကြောင်း အရာနှင့် ၊ ယေရုရှလင် မြို့၏ အကြောင်း အရာကို မေးမြန်း လျှင်၊ 3 သူတို့က၊ သိမ်း သွားခြင်းကို ခံရသောလူစုထဲက လွတ် ၍ ၊ ထို ပြည် ၌ နေ သောသူတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံရကြ၏။ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဟု ပြန်ပြော ကြ၏။
4 ထို စကား ကိုကြား လျှင် ၊ ငါသည် ထိုင် ၍ အင်တန်ကာလ ပတ်လုံး ငိုကြွေး မြည်တမ်း လျက် ၊ အစာရှောင် လျက် နေ၍ ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင့်ရှေ့ တော်၌ ဆုတောင်း သော ပဌာနာဟူမူကား ၊
5 အို ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော ဘုရား ၊ ပညတ် တော်တို့ကို နှစ်သက် ၍ ကျင့် စောင့်သောသူတို့ နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကို မဖျက်၊ တည် စေ တော်မူသောဘုရား၊ 6 ကိုယ်တော် ကျွန် ဣသရေလ အမျိုးသား တို့အဘို့ ၊ ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အကျွန်ုပ် ဆုတောင်း ၍၊ ဣသရေလ အမျိုးသား ဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား မိသော အပြစ် များကို ဘော်ပြ ၍ တောင်းပန်သော ကိုယ်တော် ကျွန် ၏ ပဌနာ စကားကို ကြား ခြင်းငှါ ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။ 7 အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေ အမျိုးတို့သည် ပြစ်မှား ပါပြီ။ ကိုယ်တော် ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန် မောရှေ ၌ ထား တော်မူသော ပညတ် တရား၊ စီရင် ထုံးဖွဲ့တော်မူချက် တို့ကို မ စောင့် ဘဲနေပါပြီ။
8 - 9 ကိုယ်တော်က၊ သင် တို့သည် လွန်ကျူး လျှင်၊ သင် တို့ကို တပါး အမျိုးသားတို့တွင် ငါ ကွဲပြား စေမည်။ တဖန် ငါ့ ထံသို့ ပြန်လာ ၍၊ ငါ့ ပညတ် တို့ကိုကျင့်စောင့် ပြန်လျှင်၊ မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ် ခြင်းကိုခံရသော်လည်း၊ ထို အရပ်က ငါသိမ်းယူ ၍၊ ငါ့ နာမ တည် ရာဘို့ ငါရွေးချယ် သော အရပ် သို့ ဆောင် ခဲ့မည်ဟု ကိုယ်တော် ကျွန် မောရှေ ၌ထား တော်မူသော ဂတိ တော်ကိုအောက်မေ့ တော်မူပါ။ 10 ယခုမှာ၊ ဤသူ တို့သည် မဟာ တန်ခိုး တော်နှင့် အားကြီး သော လက် တော်ဖြင့် ရွေးနှုတ် တော်မူသော ကိုယ်တော် ကျွန် ၊ ကိုယ်တော် လူမျိုး ဖြစ်ကြပါ၏။ 11 အို ဘုရား ရှင်၊ ကိုယ်တော် ကျွန် ပြုသောပဌနာ စကားနှင့် နာမ တော်ကို ရိုသေ ချင်သော ကျွန်တော်များ ပြုသောပဌနာ စကားကို နားထောင် တော်မူပါ။ ကိုယ်တော် ကျွန် ကို ယနေ့ ကောင်းကြီးပေး တော်မူပါ။ ဤ လူ ရှေ့ မှာ မျက်နှာ ရပါမည်အကြောင်းကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါ သည် ရှင်ဘုရင် ၏ ဖလားတော်ကိုင် ဖြစ် သတည်း။
21 အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်၊ နိသန် လ တွင် ရှေ့ တော်၌ တင်သောစပျစ်ရည် ကို ငါကိုင် ၍ ဆက် လေ၏။ 2 အထက်ကတခါမျှရှေ့ တော်၌ ညှိုးငယ် သော မျက်နှာကို မ ပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင် က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်း။ ဝမ်းနည်း ဟန်ရှိပါသည်တကားဟု မိန့် တော်မူလျှင်၊ 3 ငါသည်အလွန် ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ် အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ သည် ပျက်စီး လျက် ၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော် သည် မျက်နှာ မ ညှိုးငယ် ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက် သော်၊
4 - 5 ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။ 6 ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင် နေစဉ်၊ ရှင်ဘုရင် က၊ သင် သွား လျှင် အဘယ် မျှ ကာလကြာလိမ့်မည် နည်း။ အဘယ် ကာလမှ ပြန် လာမည်နည်းဟုမေး တော်မူသော်၊ ကာလ အချိန်ကို ငါလျှောက် ထားပြီးမှ ၊ ရှင် ဘုရင်သည် အလို တော်ရှိ၍ ငါ့ ကို လွှတ် လိုက်တော်မူ၏။ 7 တဖန်တုံ၊ ရှင်ဘုရင် အလို တော်ရှိလျှင် ၊ မြစ် အနောက် ဘက်၌ရှိသောမြို့ဝန် တို့သည် ကျွန်တော် ကို မဆီး မတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ 8 ဥယျာဉ် တော်မှူးအာသပ် သည် ဗိမာန် တော် ရဲတိုက် တံခါး တိုင် နှင့် တံခါးထုပ်ဘို့ ၎င်း၊ မြို့ရိုး နှင့် ကျွန်တော်နေရာ အိမ် ဘို့ ၎င်း၊ သစ် ကိုပေး ရမည် အကြောင်း ၊ အမိန့်တော်စာ ကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ ၏ ဘုရား သခင့်တန်ခိုး ကျေးဇူး တော်ကြောင့် ရှင် ဘုရင်သည် ပေး သနားတော်မူ ၏။ 9 ထိုအခါ မြစ် အနောက် ဘက်မြို့ဝန် တို့ထံ သို့ငါရောက် ၍ ရှင်ဘုရင် ၏ အမိန့်တော်စာ ကိုပြ ၏။ ရှင် ဘုရင်သည်လည်း တပ်မှူး နှင့် မြင်းစီး သူရဲတို့ကို ငါ နှင့်အတူ စေလွှတ် တော်မူသတည်း။ 10 ဣသရေလ အမျိုးသားတို့၏ အကျိုး ကို ပြုစု ခြင်းငှါ ၊ လူ တယောက်လာ ကြောင်းကို ၊ ဟောရနိ လူ သမ္ဘာလက် နှင့် ကျွန်ခံသူ အမ္မုန် အမျိုးသားတောဘိ တို့ သည် ကြား သော်၊ အလွန် နှလုံး မသာရှိကြ၏။ 11 ငါသည်လည်း ၊ ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ပြီးမှ၊ 12 ကိုယ် ၌ ပါသောသူ အချို့ တို့နှင့်တကွ၊ ညဉ့် အခါ ထ ၍ ယေရုရှလင် မြို့အဘို့ ပြု ခြင်းငှါ ၊ ငါ ၏ဘုရား သခင်သည် ငါ့ အား အဘယ်သို့သော အကြံ ပေး တော်မူသည်ကို၊ အခြား သော သူတယောက်အား မျှမ ပြော ၊ ကိုယ် စီး သော မြင်း မှတပါး အဘယ် အရာမျှမပါဘဲ၊ 13 ညဉ့် အခါ ချိုင့် တံခါး ဖြင့် ထွက် ၍ ၊ နဂါး ရေတွင်း တစ်ဘက်တချက် ၊ နောက်ချေး တံခါး တိုင်အောင် သွား သဖြင့်၊ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ မရှိသည်ကို ကြည့်ရှု ပြီးမှ၊ 14 စမ်း ရေတွင်းတံခါး နှင့် ရှင်ဘုရင် ရေကန် တိုင်အောင် လွန် ပြန်၍ ၊ မြင်း လမ်းမရှိ သောကြောင့်၊ 15 တဖန် ထိုညဉ့် ၌ ချောင်း နားတွင် ရှောက်သွား ၍၊ မြို့ရိုး ကို ကြည့်ရှု ပြီးမှ ၊ ချိုင့် တံခါး ဖြင့် လှည့် ၍ ဝင် ပြန် လေ၏။ 16 အဘယ် အရပ်သို့သွား သည်၊ အဘယ် သို့ပြု သည် ကို မင်း တို့သည် မ သိ ကြ။ ယုဒ လူ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်း အရာရှိ၊ လုပ်ဆောင် သော သူတစုံ တယောက်အား မျှငါသည် ကိုယ်အမှု ကိုမ ပြော သေး။ 17 နောက် တဖန်၊ ငါ တို့ခံရသော ဆင်းရဲ ခြင်း၊ ယေရုရှလင် မြို့ပျက်စီး ခြင်း၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ခြင်းကို သင် တို့သိမြင် ကြ၏။ လာ ကြ။ ကဲ့ရဲ့ ခြင်းနှင့် လွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့ရိုး ကို တည် ကြကုန် အံ့ဟု သူ တို့အား ဆို လျက်၊ 18 ငါ ၏ ဘုရား သခင်သည် ငါ့ အား ပြုတော်မူသောကျေးဇူး ကို၎င်း၊ ရှင်ဘုရင် မိန့် တော်မူသော စကား ကို၎င်း ကြားပြော လေသော်၊ သူတို့က၊ ငါတို့သည် ထ ၍ တည် ကြကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှု ကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော် ကြ၏။ 19 ထိုသိတင်းကို ဟောရနိ လူသမ္ဘာလတ် ၊ ကျွန် ခံသူ အမ္မုန် အမျိုးသားတောဘိ ၊ အာရပ် အမျိုးသားဂေရှင် တို့ သည် ကြား လျှင် ၊ ပြက်ယယ် ပြု၍ သင် တို့သည် အဘယ် သို့ပြု ကြမည်နည်း။ ရှင်ဘုရင် ကို ပုန်ကန် ကြမည်လောဟု ကဲ့ရဲ့ လျက်ဆို ကြ၏။ 20 ငါကလည်း၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင် သည် ငါ တို့ကို အခွင့်ပေး တော်မူမည်။ ထိုကြောင့် ဘုရား သခင်၏ ကျွန် ဖြစ်သော ငါ တို့သည် ထ ၍ တည် မည်။ သင် တို့မူကား ၊ ယေရုရှလင် မြို့တွင် ဘာမျှမဆိုင် မပိုင်၊ မှတ်စရာ သက်သေမ ရှိဟု ပြန်ပြော ၏။
31 ထိုအခါ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သည်၊ မိမိ ညီအစ်ကို ယဇ်ပုရောဟိတ် တို့နှင့်တကွထ၍၊ သိုး တံခါး ကို ပြင် လျက် တံခါး ခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ မေအာ ပြအိုး မှ ဟာနနေလ ပြအိုး တိုင်အောင် ပြင် ကြ၏။ 2 သူ တို့နောက်မှ၊ ယေရိခေါ မြို့သား တို့သည် ပြင်ကြ၏။ သူ တို့နောက်မှ၊ ဣမရိ သား ဇက္ကုရ ပြင် ၏။ 3 ငါး တံခါး ကိုကား၊ ဟသေနာ အမျိုးတို့သည် ပြင် လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ ခလောက်နှင့် ကန့်လန့်ကျင် တို့ကို တပ် ကြ၏။ 4 သူ တို့နောက်မှ၊ ကောဇ သား ဖြစ်သော ဥရိယ ၏ သား မေရမုတ် ပြင် ၏။ သူ့ နောက်မှ၊ မေရှဇဗေလ သား ဖြစ်သော ဗေရခိ ၏သား မေရှုလံ ပြင် ၏။ သူ့ နောက်မှ၊ ဗာနာ သား ဇာဒုတ် ပြင် ၏။ 5 သူ့ နောက်မှ၊ တေကော မြို့သားတို့သည် ပြင် ကြ ၏။ သို့ရာတွင် ၊ တေကောမင်း တို့သည် မိမိ တို့အရှင် ၏ အမှု ကို ဝိုင်းညီ၍မ ပြုကြ။ 6 တံခါး ဟောင်းကိုကား၊ ပါသာ သား ယောယဒ ၊ ဗေသောဒေယ သား မေရှုလံ ပြင် လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူ ထောင်ဆွဲထား၍ ၊ သော့ ခလောက်နှင့် ကန့်လန့်ကျင် တို့ကို တပ်ကြ၏။ 7 သူ တို့နောက်မှ၊ ဂိဗောင် မြို့သားမေလတိ ၊ မေရောနုတ် မြို့သားယာဒုန် ၊ ဂိဗောင် လူ ၊ မိဇပါ လူတို့သည် မြစ် အနောက် ဘက် မြို့ဝန် ရာဇ ပလ္လင်တိုင်အောင် ပြင် ကြ ၏။ 8 သူ တို့နောက်မှဟာဟာယ သား ပန်းတိမ် သမား ဩဇေလ ၊ သူ့ နောက်မှ၊ ဆေး သမားဟာနနိ ပြင် လျက်၊ ကျယ် သောမြို့ရိုး တိုင်အောင် ၊ ယေရုရှလင် မြို့ကို ခိုင်ခံ့ စေကြ၏။ 9 သူ တို့နောက်မှ၊ ယေရုရှလင် မြို့တပိုင်း ကို အုပ် သောသူ၊ ဟုရ သား ရေဖါယ ပြင် ၏။ 10 သူ့ နောက်မှ၊ ဟာရုမပ် သား ယေဒါယ သည် မိမိ အိမ် တစ်ဘက်တချက် ၌ပြင် ၏။ သူ့ နောက်မှ၊ ဟာရှဗနိ သား ဟတ္တုတ် ပြင် ၏။ 11 ကျန်ကြွင်းသောအရပ်နှင့် မီးဖို ပြအိုး ကိုကား၊ ဟာရိမ် သား မာလခိယ နှင့် ၊ ပါဟတ်မောဘ သား ဟာရှုတ် တို့သည် ပြင် ကြ၏။ 12 သူ တို့နောက်မှ၊ ယေရုရှလင် မြို့တပိုင်း ကို အုပ် သောသူ၊ ဟာလောဟတ် သား ရှလ္လုံ နှင့် သူ ၏သမီး တို့သည် ပြင် ကြ၏။ 13 ချိုင့် တံခါး ကိုကား၊ ဟာနုန် နှင့် ဇာနော မြို့သား တို့သည် ပြင် ၍ တံခါး တိုင်၊ တံခါးရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ်ပြီးမှ ၊ မြို့ရိုး အတောင် တထောင် ကို နောက်ချေး တံခါး တိုင်အောင် တည် ကြ၏။ 14 ဗေသက္ကရင် မြို့တပိုင်း ကို အုပ် သောရေခပ် သား မာလခိ သည်၊ နောက်ချေး တံခါး ကို ပြင် ၍ တံခါး ရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ် ထား၏။ 15 မိဇပါ မြို့တပိုင်း ကို အုပ် သော ကောလဟောဇ သား ရှလ္လုံ သည် စမ်း ရေတွင်းတံခါး ကိုပြင် ၍ တံခါး မိုး၊ တံခါး ရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ် ထား ပြီးလျှင် ၊ ဥယျာဉ် တော်နားမှာ ၊ ရှိလောင် ရေကန် မြို့ရိုး ကို၊ ဒါဝိဒ် မြို့ လှေကား တိုင်အောင် တည် ၏။ 16 သူ့ နောက် မှဗက်ဇုရ မြို့တပိုင်း ကို အုပ် သော အာဇဗုတ် သား နေဟမိ သည်၊ ဒါဝိဒ် သင်္ချိုင်း တစ်ဘက်တချက် မှစ၍၊ နောက်လုပ် သော ရေကန် နှင့် ဗိုလ်မင်း အိမ် တိုင်အောင် ပြင် ၏။ 17 သူ့ နောက် မှ၊ လေဝိ အမျိုး ဗာနိ သား ရေဟုံ ပြင် ၏။ သူ့ နောက်မှ၊ ကိလ မြို့တပိုင်း ကို အုပ် သော ဟာရှဘိ သည် မိမိ တာ ကိုပြင် ၏။ 18 သူ့ နောက် မှ၊ ကိလ မြို့တပိုင်း ကို အုပ် သော ဟေနဒဒ် သား ဟာရှဘိညီ ဗာဝဲ ပြင် ၏။ 19 သူ့ နောက်မှ၊ မိဇပါ မြို့အုပ် ယောရှု သား ဧဇေရ သည်၊ လက်နက် စုံတိုက်သို့တက် ရာ တစ်ဘက်တချက် ၊ မြို့ထောင့် ထိအောင် ပြင် ၏။ 20 သူ့ နောက် မှ၊ ဇဗ္ဗဲ သား ဗာရုတ် သည် မြို့ထောင့် မှ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် အိမ် တံခါး တိုင်အောင် ကြိုးစား ၍ ပြင် ၏။ 21 သူ့ နောက် မှ၊ ကောဇ သား ဖြစ်သော ဥရိယ ၏ သား မေရမုတ် သည်၊ ဧလျာရှိပ် အိမ် တံခါး မှ အိမ် ထောင့် တိုင်အောင် ပြင် ၏။ 22 သူ့ နောက် မှ၊ ချိုင့် အရပ်သား ယဇ် ပုရောဟိတ်တို့သည် ပြင် ကြ၏။ 23 သူ တို့နောက် မှ၊ ဗင်္ယာမိန် နှင့် ဟာရှုပ် သည် မိမိ အိမ် တစ်ဘက်တချက် ၌ပြင် ကြ၏။ သူ တို့နောက် မှ၊ အာနနိ သား ဖြစ်သော မာသေယ ၏သား အာဇရိ သည် မိမိ အိမ် တစ်ဘက်တချက် ၌ ပြင် ၏။ 24 သူ့ နောက် မှ၊ ဟေနဒဒ် သား ဗိနွိ သည်၊ အာဇရိ အိမ် မှ မြို့ရိုးကွေ့ ရာ မြို့ထောင့် တိုင်အောင် ပြင် ၏။ 25 ဥဇဲ သား ပါလလ သည် မြို့ရိုးကွေ့ ရာ တစ်ဘက်တချက် ကို၎င်း၊ ထောင် ဝင်း နား ၊ မြင့် သောနန်း ရှေ့မှာ ရှိသောပြအိုး ကို၎င်း ပြင်၏။ သူ့ နောက် မှ၊ ပါရုပ် သား ဂေဒါယ ပြင်၏။ 26 ထိုမှတပါး၊ ဘုရားကျွန် တို့သည် အရှေ့ မျက်နှာ၊ ရေ တံခါး တစ်ဘက်တချက် ၌၊ မိမိတို့နေ ရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက် သော ပြအိုး ကို၎င်း ပြင်ကြ၏။ 27 သူ တို့နောက် မှ၊ တေကော မြို့သားတို့သည် ပြင်သို့ထွက် သော ပြအိုး ကြီး တစ်ဘက်တချက် ၌ ၊ ဩဖေလ ရဲတိုက်ရိုး တိုင်အောင် ပြင် ကြ၏။ 28 မြင်း တံခါး အထက် ၊ ယဇ် ပုရောဟိတ်တို့သည်၊ မိမိ တို့နေရာအိမ် တစ်ဘက်တချက် ၌ အသီးအသီး ပြင် ကြ ၏။ 29 သူ တို့နောက် မှ၊ ဣမေရ သား ဇာဒုတ် သည် မိမိ အိမ် တစ်ဘက်တချက် ၌ ပြင် ၏။ သူ့ နောက် မှ၊ ရှေကနိ သား ၊ အရှေ့ တံခါး မှူး ရှေမာယ ပြင် ၏။ 30 သူ့ နောက် မှ၊ ရှေလမိ သား ဟာနနိ ၊ ဇာလပ် ၏ စတုတ္ထသား ဟာနုန် တို့သည်ပြင် ကြ၏။ သူ တို့နောက် မှ၊ ဗေရခိ သား မေရှုလံ သည် မိမိ အိပ်ရာခန်း တစ်ဘက်တချက် ၌ ပြင် ၏။ 31 သူ့ နောက် မှ၊ ပန်းတိမ် သမားသား မာလခိ သည် မိဖကဒ် တံခါး တစ်ဘက်တချက် ၌၊ ဘုရားကျွန် နေရာ နှင့် ကုန်သည် နေရာ အရပ်တိုင်အောင် ၎င်း၊ မြို့ထောင့် တက် ရာအရပ်တိုင်အောင် ၎င်း ပြင် ၏။ 32 မြို့ထောင့် တက် ရာအရပ်မှစ၍၊ သိုး တံခါး တိုင်အောင် ပန်းတိမ် သမား များနှင့် ကုန်သည် များ တို့သည်ပြင် ကြ၏။
41 ထိုသို့ ငါ တို့သည် မြို့ရိုး တည် ကြောင်းကို ၊ သမ္ဘာလတ် သည် သိတင်းကြား သောအခါ ၊ အလွန် ဒေါသ အမျက်ထွက် ၍ ၊ ယုဒ လူတို့ကို ပြက်ယယ် ပြုလျက်၊ 2 အား မရှိသော ထိုယုဒ လူတို့သည် အဘယ် သို့ပြု ကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့ စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ ခြင်းတွင် လက်စသတ် မည်လော။ ကျွမ်းလောင် သော ကျောက် တို့ကို အမှိုက် ပုံ များထဲက ထုတ်၍ ပြုပြင် မည်လောဟု မိမိ အမျိုးသား ချင်း၊ ရှမာရိ တပ်သား ရှေ့ မှာ ပြောဆို ၏။ 3 သူ့ အနား မှာရှိသော အမ္မုန် အမျိုးသားတောဘိ ကလည်း ၊ သူ တို့တည် သော ကျောက် ရိုး ကို တောခွေး ထိခိုက် လျှင် ပြိုလဲ လိမ့်မည်ဟု ပြန်ပြော ၏။ 4 အို အကျွန်ုပ် တို့ ဘုရား သခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင် ပြုခြင်းကိုခံရ ပါ ၏။ သူ တို့ကဲ့ရဲ့ သောစကားသည်၊ သူ တို့ ခေါင်း ပေါ် သို့ ပြန် ရောက်ပါစေသော။ သိမ်း သွားခြင်းကိုခံရာ ပြည် ၌ လုယက် ခြင်းကိုခံရ ကြပါစေသော။ 5 သူ တို့ပြုသောဒုစရိုက် ကို ဖုံးအုပ် တော်မ မူပါနှင့်။ ရှေ့ တော်၌ သူ တို့အပြစ် မ ပြေ ပါစေနှင့်။ မြို့ရိုးကို တည် သောသူတို့ ၏စိတ် ကို နာစေခြင်းငှါ ၊ ပြောတတ်ကြပါသည် တကား။ 6 သို့ရာတွင် ငါတို့သည် မြို့ရိုး ကိုတည် ကြ၏။ တည်လုပ် သောသူတို့ သည် စေတနာ ကြီးသောကြောင့် ၊ မြို့ပတ်လည် မြို့ရိုး အမြင့် တဝက် တိုင်အောင် ပြီးလေ၏။ 7 ယေရုရှလင် မြို့ရိုး မြင့်၍ ပြိုပျက် ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ် နှင့် တောဘိ အစရှိသော အာရပ် လူ၊ အမ္မုန် လူ၊ အာဇုတ် လူတို့သည် ကြား သောအခါ ၊ အလွန် ဒေါသ စိတ်ရှိသဖြင့်၊ 8 ယေရုရှလင် မြို့ကို စစ်ချီ ၍ တိုက်မည်။ ထိုအမှုကို ဖျက် မည်ဟု တညီ တညွတ်တည်းတိုင်ပင် ကြ၏။ 9 သို့ရာတွင် ငါတို့သည် ငါ တို့၏ ဘုရား သခင်ကို ဆုတောင်း ၍၊ ရန်သူ ကြောင့် နေ့ ညဉ့် မပြတ် ကင်း စောင့် ထား ကြ၏။ 10 ယုဒ လူ အချို့ကလည်း ၊ ဝန်ထမ်း သောသူတို့ သည် အား ကုန် ကြပြီ။ အမှိုက် များ လှ၏။ မြို့ရိုး ပြီးစီးအောင် မ တတ် နိုင်ကြဟု ဆို ကြ၏။ 11 ရန်သူ တို့ကလည်း ၊ သူတို့သည် အမှတ်တမဲ့ ၊ သတိ မ ရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူ တို့အထဲ သို့ ဝင် ၍ လုပ်ကြံ သဖြင့် ၊ ထိုအလုပ် ကို ဖျက် မည်ဟု ဆို ကြ၏။ 12 သူ တို့အနား မှာနေ သောယုဒ လူတို့သည်လည်း၊ လာ ၍ ရန်သူတို့သည် နေရာ အရပ် ရပ်တို့က ၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါ တို့အား အထပ်ထပ်ဆို ကြ၏။ 13 ထိုကြောင့် မြို့ရိုး နောက် ၊ နိမ့် သောအရပ် ၊ ရှင်းလင်း သော အရပ်တို့၌ ထား ၊ လှံ ၊ လေး လက်နက်ပါသောလူ များကို အဆွေအမျိုးအလိုက် ငါခန့် ထား၏။ 14 ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။ 15 ထိုသို့ ငါ တို့သည် သတိရ ၍၊ ရန်သူ အကြံ ကို ဘုရား သခင်ဖျက်ဆီး တော်မူကြောင်းကို သူတို့ကြား သိသောအခါ ၊ ငါ တို့ရှိသမျှ သည် အသီး အသီးလုပ် ရာအရပ် မြို့ရိုး သို့ ပြန် လုပ်ကြ၏။ 16 နောက်မှ ငါ့ ကျွန် တဝက် သည် အလုပ် လုပ် ကြ ၏။ တဝက် သည် လှံ ၊ ဒိုင်း ၊ လေး ၊ သံချပ် တို့ကို ကိုင် ကြ၏။ မင်း တို့သည် ယုဒ အမျိုးသား များနောက် မှာ နေကြ၏။ 17 မြို့ရိုး တည် သောသူ၊ ဝန် ထမ်း သောသူ၊ ဝန် ကို တင်သောသူအပေါင်းတို့သည် လက် တစ် ဘက်နှင့် လုပ် ကြ ၏။ လက်တစ် ဘက်နှင့် လက်နက် ကိုကိုင် ကြ၏။ 18 တည် လုပ်သော သူအပေါင်းတို့သည်၊ ခါး ၌ ထား ဆွဲ လျက် တည် လုပ်ကြ၏။ တံပိုး မှုတ် သောသူသည် ငါ့ အနား မှာ ရပ်နေ၏။ 19 ငါကလည်း၊ အလုပ် သည် ကြီး ကျယ် လှ၏။ မြို့ရိုး ပေါ် မှာ တယောက် တခြားစီ သူ နှင့်ငါဝေးဝေး လုပ်ရ ၏။ 20 သို့ဖြစ်၍ ၊ တံပိုး မှုတ်သံ ကို ကြား လေရာရာ အရပ် မှ ၊ ငါ တို့ထံ သို့စည်းဝေး ကြ။ ငါ တို့၏ ဘုရား သခင်သည် ငါ တို့ဘက် ၌ စစ် ကူတော်မူမည်ဟု မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူတို့အား ငါဆို ၏။ 21 ထိုသို့ ငါ တို့သည် အလုပ် လုပ် ကြ၏။ လူ တဝက် သည် မိုဃ်းလင်း သည်မှစ၍ ကြယ် ပေါ် သည်တိုင်အောင် ၊ လှံ လက်နက်တို့ကို ကိုင် ကြ၏။ 22 ထို အခါ ၌ လည်း ၊ ငါကလူတိုင်း မိမိ ကျွန် နှင့်တကွ ညဉ့် အချိန်တွင်၊ ယေရုရှလင် မြို့ထဲ မှာ အိပ်စေ။ သို့ပြုလျှင် ၊ ကျွန်တို့သည် နေ့ အခါ အလုပ် လုပ်လျက်၊ ညဉ့် အခါ အလှည့်လှည့်စောင့် လျက် ရှိ ကြလိမ့်မည်ဟု လူ များတို့အား ဆို ၏။ 23 ထိုသို့ ငါ နှင့် ငါ့ ညီ ၊ ငါ့ ကျွန် ၊ ငါ့ နောက် ၌ လိုက် သော တပ်သား တို့သည်၊ ကိုယ် အဝတ် ကို မ ချွတ် ဘဲနေရ ကြ၏။
51 ထိုအခါ ယောက်ျားမိန်းမ များတို့သည် အမျိုးသား ချင်း ယုဒ လူတို့ကို အလွန် အပြစ်တင်၍ မြည်တမ်း ကြ၏။ 2 အချို့ကလည်း ၊ ငါ တို့နှင့် သား သမီး များ စွာရှိ ကြ၏။ သူတို့ အသက် မွေးလောက်အောင် စား စရာဆန် စပါးကို အဘယ်မှာရ နိုင်မည်နည်းဟုဆို ကြ၏။ 3 အချို့ကလည်း ၊ ငါ တို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလ ၊ ဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။ 4 အချို့ကလည်း ၊ ငါတို့သည် အခွန် တော်ကိုပေး စရာရှိခြင်းငှါ လယ်ယာ ဥယျာဉ် အတွက် ငွေ ကို ချေးယူ ပြီ။ 5 ယခု မှာ ငါ တို့ ကိုယ် ခန္ဓါသည် အမျိုးသား ချင်း တို့၏ ကိုယ် ခန္ဓါကဲ့သို့ ဖြစ်၏။ ငါ တို့သား သမီးသည် သူ တို့ သား သမီးကဲ့သို့ ဖြစ်ကြ၏။ ငါ တို့ သား သမီး ကိုရောင်း၍ ကျွန် ခံစေရမည်လော။ ကျွန် ခံပြီးသော သမီး တို့ကိုလည်း ရွေးခြင်းငှါမ တတ်နိုင်။ ပိုင်ရင်းလယ်ယာ နှင့် ဥယျာဉ် တို့ သည် သူတပါး လက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ 6 ထိုသို့ အပြစ်တင်မြည်တမ်း သောစကား ကို ငါသည် ကြား သောအခါ ၊ အလွန် ညှိုးငယ် သောစိတ်ရှိ၍ ၊ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ၊ 7 မှူးမတ် နှင့် မင်း အရာရှိတို့ကိုခေါ် ၍ ၊ သင် တို့သည် အမျိုးသား ချင်းတို့၌ အတိုး စားတတ်ကြသည် တကားဟု ဆုံးမ သဖြင့် ၊ သူ တို့တစ်ဘက် ၌ လူအများ တို့ကို စုဝေး စေလျက်၊ 8 တပါးအမျိုးသား တို့လက်၌ ကျွန် ခံသောငါ တို့ ညီအစ်ကို ယုဒ လူတို့ကို၊ ငါ တို့သည် တတ်နိုင် သမျှအတိုင်း ရွေးနှုတ် ပြီးမှ၊ သင် တို့သည် ညီအစ်ကို တို့ကို တဖန် ရောင်း ဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်း ခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမ ရှိ ၊ တိတ်ဆိတ် စွာနေကြ၏။ 9 ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။ 10 ငါ နှင့်ငါ့ ညီ ၊ ငါ့ ကျွန် တို့သည်လည်း ၊ လူများတို့၌ ငွေ နှင့် ဆန် စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုး စား သော အမှုကို ပယ် ဖြတ်ကြပါလော့။ 11 ယနေ့ ပင်သူ တို့လယ်ယာ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ် ရာကို၎င်း ၊ သူ တို့၌ ခွဲယူ ပြီးသော ငွေ ၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ အချို့ကို၎င်း ပြန် ပေးကြပါလော့ ဟု ဆိုသော်၊ 12 သူတို့က ပြန် ပေးပါမည်။ ဘာမျှမ တောင်း မယူ ပါ။ ကိုယ်တော် မိန့် တော်မူသည်အတိုင်း ပြု ပါမည်ဟု ဝန်ခံ ကြ၏။ ထိုသို့ ယဇ် ပုရောဟိတ်တို့သည် ဂတိ ထား သည်အတိုင်း ပြု ရမည်အကြောင်း ၊ ငါသည် သူ တို့ကို ခေါ် ၍ ကျိန်ဆို စေပြီးမှ၊ 13 ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။ 14 ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင် ၊ တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား။ 15 အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။ 16 ထို မှတပါး၊ ငါသည် မြို့ရိုး ကိုအမြဲလုပ် ၍နေ၏။ ငါနှင့် ငါ့ ကျွန် တို့ သည်လယ်ယာ ကို မ ဝယ် ၊ မြို့ရိုးတည်ခြင်း အမှု ကိုသာ ဝိုင်းညီ ၍ ကြိုးစား ကြ၏။ 17 ထိုမှတပါး၊ ပတ်ဝန်းကျင် ၌နေ၍ ငါ တို့ထံ သို့လာ သောတပါးအမျိုးသား ကို မဆိုဘဲ၊ ယုဒ အမျိုးသားတို့ နှင့် မင်း အရာရှိ တရာ ငါး ကျိပ်တို့သည် ငါ့ စားပွဲ ၌ စားသောက်မြဲရှိကြ၏။ 18 နေ့တိုင်း ငါ့စားပွဲကို နွား တကောင် ၊ ရွေး သော သိုး ခြောက် ကောင်၊ ကြက် များကို စီရင် ရ၏။ ဆယ် ရက် တခါများ စွာသော စပျစ်ရည် အမျိုးမျိုး ကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူ များတို့သည် ပင်ပန်း စွာ အမှု စောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ခာ ကို ငါမ တောင်း။ 19 အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။
61 ထိုအခါ မြို့တံခါး တို့ကို မ ထူ ထောင်သေးသော်လည်း ၊ မြို့ရိုး တည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ် လူ ဂေရှင် မှစ၍ကြွင်း သော ရန်သူ တို့သည် သိတင်းကြား သောအခါ၊ 2 သမ္ဘာလတ် နှင့် ဂေရှင် တို့က လာ ပါ။ ဩနော ချိုင့် တွင် ခေဖိရိမ် ရွာ မှာ တွေ့ ကြကုန်အံ့ဟု မကောင်း သော အကြံ ရှိ၍ ငါ့ ကို မှာ လိုက်ကြ၏။ 3 ငါကလည်း၊ ငါ သည်ကြီး သောအမှု ကို ဆောင်ရွက် ရသောကြောင့်မ ဆင်း မလာနိုင်။။ ထိုအမှုကို မဆောင်ရွက် ဘဲ သင် တို့ရှိရာသို့ ဆင်း သွား၍ ၊ အဘယ် ကြောင့်အမှု ပြတ် ရမည်နည်းဟု တမန် တို့ကို စေလွှတ် ၍ ပြန်ပြော ၏။ 4 ထိုသို့ လေး ကြိမ် တိုင်အောင်မှာ လိုက်၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏။ 5 နောက်ပဉ္စမ အကြိမ် ၌ သမ္ဘာလတ် သည် ယခင် ကဲ့သို့ မိမိ ကျွန် ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ် မခတ် သောစာ ပါ၏။ 6 စာချက်ဟူမူကား၊ သင် နှင့် ယုဒ လူတို့သည် ပုန်ကန် မည်အကြံ ရှိသည်ဟု လူ အမျိုးမျိုးပြောဆိုကြ၏။ ဂေရှင် လည်း သက်သေခံ ၏။ ထို စကား နှင့်အညီ သင် သည် ယုဒရှင်ဘုရင် ဖြစ် လိုသောငှါ ၊ မြို့ရိုး ကို တည် ၏။ 7 ယုဒ ပြည်၌ ရှင်ဘုရင် ရှိသည်ဟု သင့် ကို ရည်ဆောင်၍ ယေရုရှလင် မြို့၌ ဟောပြော ရသော ပရောဖက် တို့ကို သင် ခန့်ထားပြီ။ ထို စကား အတိုင်း ရှင်ဘုရင် အား ကြား လျှောက်ရမည်။ သို့ဖြစ်၍ လာ ပါ။ တိုင်ပင် ကြကုန်အံ့ဟု စာ၌ပါသတည်း။ 8 ငါကလည်း၊ သင် ပြော သော စကား တခွန်းမျှ မ မှန် ၊ ကိုယ် စိတ် ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏။ 9 အကြောင်း မူကား၊ သူတို့က ထိုအလုပ် ကို လက်စ မ သတ်နိုင်အောင် သူတို့သည် အားလျော့ ကြ လိမ့်မည်ဟု ဆို လျက် ငါ တို့ကို ခြိမ်းချောက် ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါ သာ၍အားရှိ ၏။ 10 ထိုအခါ မဟေတဗေလ သား ဖြစ်သော ဒေလာယ ၏သား ရှေမာယ သည်၊ ပုန်းရှောင် လျက်နေသောအိမ် သို့ ငါ သွား လျှင်၊ သူကဘုရား သခင်၏ အိမ် တော် အတွင်း ခန်းထဲ မှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန် တော် တံခါး တို့ကို ပိတ် ထားကြကုန်အံ့။ ကိုယ်တော် ကိုသတ် အံ့သောငှါ လာ ကြလိမ့်မည်။ ယနေ့ညဉ့် ၌ပင် လာ ကြလိမ့်မည်ဟု ဆို ၏။ 11 ငါကလည်း၊ ငါ ကဲ့သို့ သောသူ သည် ပြေး ရမည် လော။ ငါ နှင့် တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန် တော်ထဲ သို့ ဝင် ရမည်လော။ ငါမ ဝင် ဟု ပြန်ပြော ၏။ 12 ထိုသူ ကို ဘုရား သခင်စေလွှတ် တော်မ မူ။ တောဘိ နှင့် သမ္ဘာလတ် ငှါး သောကြောင့် ၊ ထိုသို့ ငါ့ တစ်ဘက် ၌ ဟောပြော သည်ကို ငါရိပ်မိ ၏။ 13 သူတို့သည်ငါ့ ကို ကဲ့ရဲ့ စရာအကြောင်း ရှိစေ လျက်၊ ငါကြောက် ၍ ထိုသို့ ပြု သဖြင့်၊ ပြစ်မှား စေခြင်းငှါ ထိုသူ ကို ငှါး ကြ၏။ 14 အို အကျွန်ုပ် ဘုရား သခင်၊ ထိုသို့ ပြု တတ်သော တောဘိ နှင့် သမ္ဘာလတ် ကို ၎င်း၊ နောဒိ အမည်ရှိသောပရောဖက် မမှစ၍အကျွန်ုပ် ကို ခြိမ်းချောက် သော ပရောဖက် တို့ကို၎င်းမှတ် တော်မူပါ။ 15 အရက် ငါး ဆယ်နှစ် ရက် ကြာမှ ဧလုလလ နှစ် ဆယ်ငါး ရက်နေ့တွင် မြို့ရိုး ကို လက်စသတ် ကြ၏။ 16 ထိုသိတင်းကို ရန်သူ တို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသား အပေါင်း တို့သည် မြို့ရိုးကို မြင် သောအခါ ၊ ရှက် ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်း မူကား၊ ထို အမှု သည် ငါ တို့၏ ဘုရား သခင့် အခွင့်နှင့်ပြီး ကြောင်း ကို ရိပ်မိ ကြ၏။ 17 ထို ကာလ တွင် ၊ ယုဒ မှူးမတ် တို့သည် များစွာ သော မေတ္တာစာ ကို တောဘိ ထံ သို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။ 18 တောဘိသည် အာရာ သား ရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎င်း၊ သူ ၏သား ယောဟနန် သည် ဗေရခိ သား မေရှုလံ သမီး နှင့် စုံဘက် သောကြောင့်၎င်း၊ ယုဒ လူ အများ တို့သည် တောဘိထံ ၌ သစ္စာ ကိုခံကြပြီ။ 19 သူတို့သည် တောဘိပြုသောအမှုကောင်း တို့ကို ငါ့ အား ပြန်ပြော ကြ၏။ ငါ့ စကား ကိုလည်း သူ့ အား ပြန် ပြောကြ၏။ သူသည်လည်း ငါ ကြောက် စေခြင်းငှါ စာ ပေး လိုက်လေ၏။
71 မြို့ရိုး ကို လက်စသတ် သောအခါ ၊ ငါသည် တံခါး တို့ကို ထူ ထောင်၍ တံခါး စောင့်၊ သီချင်း သည်၊ လေဝိ သားတို့ကို ခန့် ထားပြီးမှ၊ 2 သစ္စာ ရှိ၍ ဘုရား သခင်ကို အထူး သဖြင့်ရိုသေ သော ရဲတိုက် မှူး ဟာနနိ နှင့် ငါ့ ညီ ဟာနန် တို့၌ ယေရုရှလင် မြို့ကို အပ် လျက်၊ 3 နေ မ ထွက် မှီ ယေရုရှလင် မြို့တံခါး တို့ကို မ ဖွင့် စေနှင့်။ တံခါးစောင့် ရှိ စဉ်၊ တံခါး တို့ကို ပိတ် ၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီးမိမိတို့အရပ် မိမိ တို့အိမ် တစ်ဘက်တချက် ၌ ကင်း စောင့်စေဟု စီရင် ၏။ 4 အကြောင်း မူကား၊ မြို့ သည် ကျယ်ဝန်း သော်လည်း နေသောသူနည်း ၍ အိမ် များတို့ကို မ တည် မဆောက်ကြသေး။ 5 ထိုအခါ မှူးမတ် ၊ မင်း အရာရှိ၊ ဆင်းရဲသားတို့ကို အဆွေ အမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေး စေမည် အကြံကို ငါ ၏ဘုရား သခင်သည် ငါ့ စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူ၏။ 6 - 7 တဖန် ငါတွေ့ သောစာရင်း တည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာ သောသူတို့၏အဆွေအမျိုး စာရင်းချက်ဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗာဗုလုန်မြို့သို့သိမ်းသွား ခြင်းကိုခံရသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ အာဇရိ ၊ ရာမိ ၊ နာဟမာနိ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပေရက် ၊ ဗိဂဝဲ ၊ နေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌ အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက် သောနိုင်ငံတော်သား ၊ ဣသရေလ လူ စာရင်း ဟူမူကား၊ 8 ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊
9 ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊
10 အာရာ အမျိုးသား ခြောက် ရာ ငါး ဆယ်နှစ် ယောက်၊
11 ပါဟတ်မောဘ အမျိုး ၊ ယောရှု နှင့် ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် ရှစ် ယောက်၊
12 ဧလံ အမျိုးသား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊
13 ဇတ္တု အမျိုးသား ရှစ် ရာ လေး ဆယ်ငါး ယောက်၊
14 ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊
15 ဗိနွိ အမျိုးသား ခြောက် ရာ လေး ဆယ်ရှစ် ယောက်၊
16 ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံးယောက်၊
17 အာဇဂဒ် အမျိုးသား တ ထောင်သုံး ရာ နှစ် ဆယ် နှစ် ယောက်၊
18 အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခုနစ် ယောက်၊
19 ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါးဆယ်ခုနစ် ယောက်၊
20 အာဒိန် အမျိုးသား ခြောက် ရာ ငါး ဆယ်ငါး ယောက်၊ 21 ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊
22 ဟာရှုံ အမျိုးသား သုံး ရာ နှစ် ဆယ်ရှစ် ယောက်၊
23 ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်လေး ယောက်၊
24 ဟာရိပ် အမျိုးသား တရာ တဆယ် နှစ် ယောက်၊
25 ဂိဗောင် အမျိုးသား ကိုး ဆယ်ငါး ယောက်၊
26 ဗက်လင် မြို့၊ နေတောဖ မြို့သား တရာ ရှစ် ဆယ် ရှစ် ယောက်၊
27 အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊
28 ဗေသာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊
29 ကိရယတ်ယာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊
30 ရာမ မြို့၊ ဂါဗ မြို့သား ခြောက် ရာ နှစ် ဆယ် တ ယောက်၊
31 မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊
32 ဗေသလ မြို့၊ အာဣ မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊
33 အခြား သော နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊
34 အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊
35 ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊
36 ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊
37 လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ရာ နှစ် ဆယ်တ ယောက်၊
38 သောနာ မြို့သား သုံး ထောင် ကိုး ရာ သုံး ဆယ် တည်း။ 39 ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊
40 ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊
41 ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊
42 ဟာရိမ် အမျိုးသား တ ထောင် တဆယ် ခုနစ် ယောက်တည်း။
43 လေဝိ သားစာရင်းဟူမူကား၊ ဟောဒေဝ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ် လေး ယောက်၊
44 သီချင်း သည်၊ အာသပ် အမျိုးသား တရာ လေး ဆယ် ရှစ် ယောက်၊
45 တံခါး စောင့် ရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား ပေါင်း တရာ သုံး ဆယ်ရှစ် ယောက်တည်း။
46 ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊
47 ကေရုတ် အမျိုးသား ၊ သယ အမျိုးသား ၊ ပါဒုန် အမျိုးသား၊
48 လေဗန အမျိုးသား ၊ ဟာဂဗ အမျိုးသား ၊ ရှာလမဲ အမျိုးသား၊
49 ဟာနန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား၊
50 ရာယ အမျိုးသား ၊ ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား၊
51 ဂဇ္ဇမ် အမျိုးသား ၊ ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား၊
52 ဗေသဲ အမျိုးသား ၊ မုနိမ် အမျိုးသား ၊ နေဖိရှေသိမ် အမျိုးသား၊
53 ဗာကဗုတ် အမျိုးသား ၊ ဟာကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊
54 ဗာဇလိတ် အမျိုးသား ၊ မေဟိဒ အမျိုးသား ၊ ဟာရရှ အမျိုးသား၊
55 ဗာရကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ တာမ အမျိုးသား၊
56 နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။
57 ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရိဒ အမျိုးသား
58 ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊
59 ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမုန် အမျိုးသား တည်း။
60 ဘုရား ကျွန်နှင့် ရှောလမုန် ၏ ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။
61 ထိုမှတပါး၊ ဣသရေလ အမျိုးမှန် သည် မမှန် သည်ကို၎င်း၊ မိမိ တို့အဆွေ အမျိုးကို၎င်းမ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာရရှ မြို့၊ ခေရုပ် မြို့၊ အဒ္ဒုန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သော သူဟူမူကား ၊ 62 ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ပေါင်းခြောက် ရာ လေး ဆယ်နှစ် ယောက်တည်း။
63 ယဇ်ပုရောဟိတ် အမျိုးထဲက ဟဗာယ အမျိုးသား ၊ ကောဇ အမျိုးသား ၊ ဂိလဒ် ပြည်သား၊ ဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍ ယောက္ခမအမည် ကို ရသောဗာဇိလဲ အမျိုးသား တို့သည်၊ 64 စာရင်း ဝင်သောလူစုတွင် မိမိ တို့စာရင်း ကိုရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုး မစစ်၊ ယဇ် ပုရောဟိတ်အရာကို မခံရကြ။ 65 ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။ 66 ပရိသတ် ပေါင်း ကား၊ လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။
67 ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာလေး ဆယ်ငါး ယောက်၊
68 မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာလေးဆယ်ငါးစီး၊
69 ကုလားအုပ် ပေါင်း လေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်း ခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။
70 အဆွေအမျိုးသူကြီး အချို့ တို့သည် အမှု တော်ကို ဆောင်ရွက်စရာ လှူ ကြ၏။ ပြည်အုပ် မင်းသည်လည်း ရွှေ ဒင်္ဂါး တ ထောင်၊ အင်တုံ ငါး ဆယ်၊ ယဇ်ပုရောဟိတ် အဝတ် စုံ ငါး ရာ သုံး ဆယ်ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း လေ ၏။ 71 အဆွေအမျိုးသူကြီး သွင်း သော ရွှေငွေပေါင်းကား၊ ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်းနှစ်ထောင်တည်း။ 72 ကြွင်း သောသူ တို့ သည်လည်း ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ် စုံခြောက် ဆယ်ခုနစ် စုံကို သွင်း ကြ၏။ 73 ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ သာမညလူ အချို့၊ ဘုရား ကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည်၊ မိမိ တို့ နေရာ မြို့ ရွာတို့၌ နေရာ ကျကြ၏။
81 သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသောဣသရေလအမျိုးသား လူ အပေါင်း တို့သည် လာ၍ ရေ တံခါး လမ်း တွင် စည်းဝေး ကြ၏။ ဣသရေလ အမျိုး၌ ထာဝရဘုရား ထား တော်မူသော မောရှေ ပညတ္တိ ကျမ်းစာ ကို ဆောင် ခဲ့ပါဟု ကျမ်းတတ် ဆရာ ဧဇရ ကို တောင်း သည်အတိုင်း၊ 2 နားထောင် နားလည် နိုင်သမျှ သောပရိသတ် ယောက်ျား မိန်းမ တို့ ရှေ့ သို့ သတ္တမ လ ပဌမ နေ့ ရက်တွင် ၊ ပညတ္တိ ကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရ သည် ဆောင် ခဲ့ ၍ ၊ 3 နားလည် နိုင်သောသူ၊ ယောက်ျား မိန်းမ တို့ ရှေ့ မှာ နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ရေ တံခါး လမ်း တွင် ဘတ်ရွတ် လေ၏။ လူ အပေါင်း တို့သည် ပညတ္တိ ကျမ်း စကားကို စေ့စေ့နားထောင် ကြ၏။ 4 သူတို့လုပ် ကြသော တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍ မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း ရပ် နေကြ၏။ 5 ထိုသို့ ဧဇရ သည် လူ အပေါင်း တို့ထက် သာ၍မြင့်လျက်၊ လူ အပေါင်း တို့ရှေ့ မှာ ကျမ်းစာ ကို ဖွင့် သောအခါ၊ လူ အပေါင်း တို့သည် ထ ကြ၏။ 6 ဧဇရ သည် မြတ် စွာဘုရား သခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၏။ လူ အပေါင်း တို့က အာမင် ၊ အာမင် ဟု လက် တို့ကို ချီ လျက်၊ ဝန်ခံ ၍ ဦးချ ပြပ်ဝပ်လျက် ထာဝရဘုရား ကို ကိုးကွယ် ကြ၏။ 7 ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယ အစ ရှိသောလေဝိ သားတို့သည်လည်း လူ များတို့အား ပညတ္တိ ကျမ်းစာအနက်ကို ပြန်ကြား ကြ၏။ လူ များတို့သည်လည်း မိမိ တို့နေရာ ၌ နေကြ၏။ 8 ထိုသို့ ဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို သေချာ စွာ ဘတ်ရွတ် ၍ အနက် ကိုပြန်သဖြင့် ၊ လူများ နားလည် စေခြင်းငှါ ပြုကြ၏။ 9 လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။ 10 သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။ 11 ထိုသို့ လေဝိ သားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်း သောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ် စွာ နေကြလော့။ ဝမ်း မ နည်းကြနှင့်ဟု ဆို၍ လူ အပေါင်း တို့ကို ငြိမ်း စေကြ၏။ 12 လူ အပေါင်း တို့သည် ဟောပြောသော စကား များကို နားလည် သောကြောင့် ၊ စား သောက် ခြင်း၊ သူတပါး တို့အား ဝေမျှ ခြင်း၊ အလွန် ပျော်မွေ့ ခြင်းကို ပြု အံ့သောငှါ သွား ကြ၏။ 13 ဒုတိယ နေ့ ရက်တွင် ၊ အဆွေအမျိုးသူကြီး များတို့ နှင့်တကွယဇ်ပုရောဟိတ် လေဝိ သားတို့သည် ပညတ္တိ ကျမ်း စကား ကို နားလည် အံ့သောငှါ ၊ ကျမ်းတတ် ဆရာ ဧဇရ ထံ ၌ စည်းဝေး ကြ၏။ 14 သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထား ကြောင်းကို တွေ့ ကြ၏။ 15 ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက် တဲတို့ကိုလုပ် ခြင်းငှါ တောင် သို့ သွား ကြ။ သံလွင် ခက် ၊ ထင်းရူး ခက် ၊ မုရတု ခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ် သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင် မြို့မှစ၍ခပ်သိမ်း သော မြို့ ရွာတို့၌ ကြော်ငြာ ကြ၏။ 16 လူ များတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင် ခဲ့ပြီးလျှင် အိမ်မိုး ပေါ် မှာ၎င်း ၊ မိမိ ဝင်း ထဲ ၊ ဗိမာန် တော်တန်တိုင်း ထဲ မှာ၎င်း ၊ ရေ တံခါး လမ်း နှင့် ဧဖရိမ် တံခါး လမ်း မှာ ၎င်း သစ်ခက်တဲ များကို လုပ် ကြ၏။ 17 ထိုသို့ သိမ်း သွားခြင်းကိုခံရရာထဲက ထွက်လာ သော ပရိသတ် အပေါင်း တို့သည် သစ်ခက်တဲ တို့ကို လုပ် ၍ ထိုင် နေကြ၏။ နုန် သား ယောရှု လက်ထက် မှစ၍ ဣသရေလ အမျိုးသားတို့သည် တခါမျှ ထိုသို့မ ပြု ကြ။ အလွန် ဝမ်းမြောက် လျက်နေ ကြ၏။ 18 ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။
91 ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။ 2 ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သောသူတို့ သည် တပါး အမျိုးသားရှိသမျှ တို့နှင့် ကွာ ၍၊ ကိုယ် အပြစ် နှင့် ဘိုးဘေး တို့၏ အပြစ် များကို ဘော်ပြ တောင်းပန်ကြ၏။ 3 မိမိ တို့နေရာ ၌ ရပ်နေ ၍ ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာ ကို နေ့ လေး စုတစု ဘတ် ကြ၏။ အပြစ်ကို ဘော်ပြ တောင်းပန်၍၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို နေ့လေး စုတစုကိုးကွယ် ကြ၏။ 4 ထိုအခါ လေဝိ သားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိ တို့သည် ပလ္လင် ပေါ် မှာရပ် ၍၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြီးစွာ သောအသံ နှင့် ကြွေးကြော် ကြ၏။ 5 တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။ 6 ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။ 7 အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။ 8 ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။ 9 အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။ 10 ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။ 11 သူတို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက် သွားမည်အကြောင်း သူ တို့ရှေ့ မှာ ပင်လယ် ကို ခွဲ တော်မူ၏။ ညှဉ်းဆဲ သောသူတို့ ကိုကား၊ နက် သောရေ ထဲ သို့ ကျောက် ကိုပစ်သကဲ့သို့ ပစ် တော်မူ၏။ 12 ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။ 13 ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။ 14 သန့်ရှင်း သော ဥပုသ် နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန် မောရှေ အားဖြင့် နည်းနာ ဥပဒေသပညတ် တရား တို့ကိုလည်း ထား တော်မူ၏။ 15 သူ တို့မွတ်သိပ် ခြင်းနှင့် ရေငတ် ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင် မုန့် နှင့် ကျောက် ထဲက ထုတ် သော ရေ ကို ပေး တော်မူ၏။ သူ တို့ပိုင် ဘို့ ကျိန်ဆိုတော်မူသောပြည် ထဲ သို့ဝင် ၍ သိမ်းယူမည်အကြောင်းမိန့် တော်မူ၏။ 16 သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။ 17 သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။ 18 ထိုမျှမက သူတို့သည် နွား သငယ်အရုပ် ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်သော သင် ၏ ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ အလွန် ပြစ်မှား သော်လည်း၊ 19 ကိုယ်တော် သည် အထူး သဖြင့်သနား တတ် သော ဘုရားဖြစ်တော်မူ၍၊ တော ၌ သူ တို့ကို စွန့်ပစ် တော် မ မူ။ နေ့ အချိန်၌ လမ်းပြ သော မိုဃ်းတိမ် တိုင် မ ပျောက် ၊ ညဉ့် အချိန်၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် လည်း မကွယ်။ 20 သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။ 21 အနှစ် လေး ဆယ်ပတ်လုံးသူတို့ကို အလျှင်း မ ဆင်းရဲ စေခြင်းငှါ ကျွေးမွေး တော်မူ၏။ သူ တို့အဝတ် မ ဟောင်း မနွမ်းရ။ သူ တို့ခြေ သည်လည်း မ ပွန်းမရောင် ရ။ 22 နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။ 23 သူ တို့သား မြေးတို့ကို မိုဃ်းကောင်းကင် ကြယ် ကဲ့သို့ များပြား စေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူ မည်အကြောင်း ၊ သူ တို့၏ ဘိုးဘေး တို့အား ဂတိ ထားတော်မူ၏၊ ထို ပြည် ထဲ သို့သွင်း တော်မူသဖြင့်၊ 24 သား မြေးတို့သည်ဝင် ၍ သိမ်းယူ ကြ၏။ သူ တို့ ရှေ့ မှာ ထိုပြည်သား ခါနာနိ လူတို့ကို နှိပ်စက် တော်မူ၍ ၊ ရှင်ဘုရင် အစရှိသော ပြည်သူ ပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူ တို့လက် သို့ အပ် တော်မူ၏။ 25 ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။ 26 သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။ 27 ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။ 28 တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။ 29 တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။ 30 နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။ 31 သို့ရာတွင် ကိုယ်တော် သည် ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသောဘုရား ဖြစ်၍ ၊ ကရုဏာ တော် ကြွယ်ဝ သောကြောင့်၊ သူ တို့ကို ရှင်းရှင်း ဖျက်ဆီး တော်မ မူ။ စွန့်ပစ် တော်မ မူ။ 32 သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။ 33 ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။ 34 အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။ 35 ကြီး သောကျေးဇူး ကို ပြုလျက်အပ်ပေး တော်မူ၍ ၊ သူ တို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည် ကြီး ၊ ပြည် ကောင်း ၌နေရသော်လည်း၊ အမှု တော်ကိုမ ဆောင်မရွက်၊ မိမိ တို့ပြု သောဒုစရိုက် ကို မ ရှောင် ဘဲနေကြပါ၏။ 36 ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။ 37 အကျွန်ုပ် တို့အပြစ် ကြောင့် ၊ အကျွန်ုပ် တို့အပေါ် မှာ ခန့် ထားတော်မူသော ရှင် ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝ စွာဖြစ်သော အသီး အနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ် တို့၏ ကိုယ် နှင့် တိရစ္ဆာန် များကို သူတို့သည် ကိုယ် အလိုအလျောက်အစိုးပိုင် ၍ ၊ အကျွန်ုပ် တို့သည် အလွန် ဆင်းရဲ ခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။ 38 ထို အကြောင်းအရာများကို ငါ တို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေး ထားလျက် ၊ ငါ တို့ အကြီး အကဲ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် တံဆိပ် ခတ်ကြ၏။
101 တံဆိပ် ခတ်သောသူဟူမူကား ၊ ဟာခလိ သား ပြည်အုပ် မင်း နေဟမိ ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊ 2 စရာယ ၊ အာဇရိ ၊ ယေရမိ၊ 3 ပါရှုရ ၊ အာမရိ ၊ မာလခိယ၊ 4 ဟတ္တုတ် ၊ ရှေဗနိ ၊ မလ္လုတ်၊ 5 ဟာရိမ် ၊ မေရမုတ် ၊ ဩဗဒိ၊ 6 ဒံယေလ ၊ ဂိန္နေသုန် ၊ ဗာရုတ်၊ 7 မေရှုလံ ၊ အဘိယ ၊ မိယာမိန်၊ 8 မာဇိ ၊ ဗိလဂဲ ၊ ရှေမာယ၊ 9 လေဝိ သားအာဇနိ သား ယောရှု တပါး၊ ဟေနဒဒ် သား ဗိနွိ တပါး၊ ကပ်မျေလ တပါး၊ 10 သူ တို့ညီ ရှေဗနိ ၊ ဟောဒိယ ၊ ကေလိတ ၊ ပေလာယ ၊ ဟာနန်၊ 11 မိက္ခါ ၊ ရေဟုပ် ၊ ဟာရှဘိ၊ 12 ဇက္ကုရ ၊ ရှေရဘိ ၊ ရှေဗနိ၊ 13 ဟောဒိယ ၊ ဗာနိ ၊ ဗေနိနု၊ 14 လူ တို့တွင် အကြီး အကဲဖြစ်သော ပါရုတ် ၊ ပါဟတ်မောဘ ၊ ဧလံ ၊ ဇဿု ၊ ဗာနိ၊ 15 ဗုန္နိ ၊ အာဇဂဒ် ၊ ဗေဗဲ၊ 16 အဒေါနိယ ၊ ဗိဂဝဲ ၊ အာဒိန်၊ 17 အာတာ ၊ ဟိဇကိယ ၊ အဇ္ဇုရ၊ 18 ဟောဒိယ ၊ ဟရှုံ ၊ ဗေဇဲ၊ 19 ဟာရိပ် ၊ အာနသုတ် ၊ နေဗဲ၊ 20 မာဂပျာရှ ၊ မေရှုလံ ၊ ဟေဇိရ၊ 21 မေရှဇဗေလ ၊ ဇာဒုတ် ၊ ယာဒွါ၊ 22 ပေလတိ ၊ ဟာနန် ၊ အနာယ၊ 23 ဟောရှေ ၊ ဟာနနိ ၊ ဟာရှုပ်၊ 24 ဟာလောဟက်၊ ပိလဟ ၊ ရှောဗက်၊ 25 ရေဟုံ ၊ ဟာရှဗန ၊ မာသေယ၊ 26 အဟိယ ၊ ဟာနန် ၊ အာနန်၊ 27 မလ္လုတ် ၊ ဟာရိမ် ၊ ဗာနာ တည်း။
28 ကြွင်း သောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ ဘုရား ကျွန် အစရှိသော ဘုရား သခင်၏ တရား ကို စောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့် ကွာ သော သူအပေါင်း တို့သည် မယား သား သမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည် သောသူဖြစ်၍၊ 29 ညီအစ်ကို မှူးမတ် တို့၌ မှီဝဲ လျက်၊ ဘုရား သခင်၏ ကျွန် မောရှေ အားဖြင့် ထား တော်မူသော ဘုရား သခင်၏ တရား တော်အတိုင်း ကျင့် ပါမည်ဟူ၍၎င်း၊ ငါ တို့အရှင် ထာဝရဘုရား ၏ ပညတ် တော်များ၊ စီရင် ထုံးဖွဲ့ တော်မူချက်ရှိသမျှ တို့ကို စောင့်ရှောက် ပါမည်ဟူ၍၎င်း ၊ 30 ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ၊ ပြည်သား သမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူဘဲနေပါမည်ဟူ၍၎င်း ၊ 31 ပြည်သား တို့သည် ဥပုသ် နေ့ ၌ ဥစ္စာ ၊ စားစရာ ကိုရောင်း ခြင်းငှါ ယူ ခဲ့လျှင်၊ ဥပုသ် နေ့ဖြစ်စေ ၊ အခြား သော ဓမ္မ နေ့ဖြစ်စေမ ဝယ် ၊ သတ္တမ နှစ် တွင် လယ်လုပ်ခြင်းအမှုကိုမ ပြု၊ ကြွေး ကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆို လျက် သစ္စာ ဂတိထားကြ၏။ 32 - 33 ထို မှတပါး၊ ငါ တို့ဘုရား သခင်၏ အိမ် တော်အမှု တည်းဟူသောဥပုသ် နေ့နှင့် လဆန်း နေ့တွင် ရှေ့တော် မုန့် ၊ မြဲ သောဘောဇဉ်ပူဇော်သက္ကာ ၊ မြဲ သောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်း သောအသုံးအဆောင်၊ ဣသရေလ အမျိုး၏အပြစ်ဖြေရာယဇ် အစရှိသော ငါ တို့၏ဘုရားသခင် အိမ် တော်အမှု အလုံးစုံ ကိုဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ် လျှင်ငွေတကျပ် သုံး စုတစုစီပေး ရမည်အကြောင်းကိုယ် အဘို့စီရင်ထုံးဖွဲ့ ကြ၏။ 34 ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ မီး မွေးစရာထင်း ပူဇော် သက္ကာကို ၊ တနှစ် တနှစ် လျှင် ချိန်းချက် သော အချိန် တို့၌ ၊ အဆွေ အမျိုးအလိုက် ငါ တို့ ဘုရား သခင်၏ အိမ် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိ သားပြည်သူ ပြည်သားတို့သည် စာရေးတံ ပြုကြ၏။ 35 အဦး သီးသော မြေ အသီး အနှံနှင့် အဦးသီးသော သစ် သီး အမျိုးမျိုး ကို ဗိမာန် တော်သို့ နှစ် တိုင်း ဆောင် ခဲ့ရမည်အကြောင်း၊ 36 ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ အဦး ဘွားသော သား ယောက်ျားနှင့် အဦး ဘွားသော သိုး နွား အစရှိသည်တို့ကို၊ ဗိမာန် တော်၌ အမှု စောင့်သော ယဇ် ပုရောဟိတ် တို့ရှိရာ ဗိမာန် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း၊ 37 အဦး လုပ်သော မုန့်စိမ်း ၊ ပူဇော် သက္ကာ၊ သစ် သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီ ကိုယဇ်ပုရောဟိတ် တို့ရှိရာ ဗိမာန် တော် အခန်း သို့ ၎င်း၊ လယ်လုပ် သော မြို့ ရွာရှိသမျှ တို့၌ မြေ အသီးအနှံဆယ် ဘို့တဘို့ကို လေဝိ သားတို့ထံ သို့၎င်း၊ ဆောင် ခဲ့ရမည်အကြောင်းစီရင်ထုံးဖွဲ့ကြ၏။ 38 လေဝိ သားတို့သည် ဆယ် ဘို့တဘို့ကို ခံယူသောအခါ ၊ အာရုန် အမျိုး ယဇ်ပုရောဟိတ် ရှိ ရမည်။ လေဝိ သား တို့သည်လည်း ဆယ် ဘို့တဘို့ထဲက ဆယ် ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန် တော်အခန်း ဘဏ္ဍာ တိုက်ထဲ သို့ သွင်းရကြမည်။ 39 လေဝိ သားအစရှိသော ဣသရေလ အမျိုးသား တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ပူဇော် သက္ကာတို့ကို သန့်ရှင်း ရာဌာနတော်တန်ဆာ ၊ အမှု စောင့်ယဇ်ပုရောဟိတ် ၊ တံခါး စောင့်၊ သီချင်း သည်တို့ရှိရာ အခန်း သို့ ဆောင် ခဲ့ရကြမည်။ ငါ တို့ ဘုရား သခင်၏ အိမ် တော်ကို ငါတို့သည် စွန့်ပစ် ၍ မ ထားရကြ။
111 ထိုအခါ လူ များတို့တွင် မင်း လုပ်သောသူတို့ သည် ယေရုရှလင် မြို့၌ နေ ကြ၏။ ကြွင်း သောသူတို့သည် သန့်ရှင်း သောအရပ် ၊ ယေရုရှလင် မြို့၌ တကျိပ် တွင် တယောက် ၊ အခြား သောမြို့ တို့၌ ကိုး ယောက် နေ ရမည် အကြောင်း စာရေးတံ ပြုကြ၏။ 2 ယေရုရှလင် မြို့၌ နေ ခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်း တို့ကို ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။ 3 ယုဒ မြို့ ရွာတို့တွင် ဣသရေလ လူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်၊ ရှောလမုန် ၏ ကျွန် အမျိုးသား အသီး အသီးတို့သည် မိမိ တို့ ဆိုင် ရာအရပ် ၌ နေ ကြ၏။ ယေရုရှလင် မြို့၌ နေ သော ပြည်သူပြည်သားအကြီး အကဲ၊ မင်းအရာရှိဟူမူကား၊ 4 ယုဒ အမျိုး ၊ ဖာရက် ၊ မဟာလေလ ၊ ရှေဖတိ ၊ အာမရိ ၊ ဇာခရိ ၊ ဩဇိ တို့မှ ဆင်းသက်သော အသာယ တပါး၊ 5 ရှိလောနိ ၊ ဇာခရိ ၊ ယောယရိပ် ၊ အဒါယ ၊ ဟဇာယ ၊ ကောလဟောဇ ၊ ဗာရုတ် တို့မှ ဆင်းသက်သော မာသေယ တပါးနှင့်တကွ၊ 6 ယေရုရှလင် မြို့၌ နေ သောဖာရက် အမျိုးသား ၊ သူရဲ လေး ရာ ခြောက် ဆယ်ရှစ် ယောက်တည်း။ 7 ဗင်္ယာမိန် အမျိုး ၊ ယေရှာယ ၊ ဣသေလ ၊ မာသေယ ၊ ကောလာယ ၊ ပေဒါယ ၊ ယောဒ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊ 8 သူ့ နောက် ၊ ဂဗ္ဗဲ နှင့်သလ္လဲ အစရှိသော ကိုး ရာ နှစ် ဆယ်ရှစ် ယောက်တည်း။
9 ဇိခရိ သား ယောလ သည် ဗင်္ယာမိန် အမျိုး အုပ် ဖြစ်၏။ သေနွာ သား ယုဒ သည် ပြင်မြို့ ကို အုပ်ရ၏။ 10 ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊ 11 အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရား သခင်၏ အိမ် တော်အုပ် စရာယ အစရှိသော၊ 12 အိမ် တော်အမှု ကို ဆောင်ရွက် သော အမျိုးသား ချင်း ရှစ် ရာ နှစ် ဆယ်နှစ် ယောက်တည်း။ ထိုမှတပါး၊ မာလခိ ၊ ပါရှုရ ၊ ဇာခရိ ၊ အာမဇိ ၊ ပေလလိ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ အစရှိသော၊ 13 အဆွေအမျိုးသူကြီး အမျိုးသား ချင်း နှစ် ရာလေး ဆယ် နှစ် ယောက်တည်း။ ဣမေရ ၊ မေရှိလမုတ် ၊ အဟာသဲ ၊ အာဇရေလ တို့မှ ဆင်းသက်သော အာမရှဲ အစရှိသော၊ 14 ခွန်အား ကြီးသော သူရဲ အမျိုးသား ချင်း တရာ နှစ် ဆယ်ရှစ် ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗဒေလ သည် သူ တို့ကို အုပ် ရ၏။ 15 လေဝိ သားမူကား၊ ဗုန္နိ ၊ ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာယ တပါး၊ 16 လေဝိ သားအကြီး ရှဗ္ဗေသဲ နှင့် ယောဇဗဒ် တို့ သည် ဘုရား သခင်၏အိမ် တော်၌ ပြင် အမှု ကို ကြည့်ရှုစီရင်ရကြ၏။ 17 အာသပ် ၊ ဇာဗဒိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ သည် ကျေးဇူးတော်ကို ချီးမွမ်း ခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီး လုပ်သောသူဖြစ် ၏။ ဗာကဗုကိ သည် အပေါင်း အဘော်တို့တွင် ဒုတိယ သူဖြစ်၏။ ထို မှတပါး၊ ယေဒုသုန် ၊ ဂလာလ ၊ ရှမွာ တို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။ 18 သန့်ရှင်း သောမြို့ ၌ နေသောလေဝိ သားပေါင်း ကား နှစ် ရာနှစ်ဆယ်လေး ယောက်တည်း။ 19 တံခါး စောင့်အက္ကုပ် ၊ တာလမုန် အစရှိသော တံခါး ကို စောင့် သော အမျိုးသား ချင်း ပေါင်းကားတရာ ခုနစ် ဆယ်နှစ် ယောက်တည်း။ 20 ကြွင်း သော ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ယုဒ မြို့ ရွာတို့တွင် ၊ မိမိ တို့ ပိုင် ရင်းအရပ်၌ နေကြ၏။ 21 ဘုရား ကျွန်တို့သည် ဩဖေလ အရပ်၌ နေ ၍၊ ဇိဟ နှင့် ဂိသပ တို့ သည် ဘုရား ကျွန်အုပ် ဖြစ်ကြ၏။ 22 မိက္ခါ ၊ မဿနိ ၊ ဟာရှဘိ ၊ ဗာနိ တို့မှ ဆင်းသက်သော ဩဇိ သည် ယေရုရှလင် မြို့၌ နေသောလေဝိ သားတို့ ကို အုပ် ရ၏။ အာသပ် အမျိုးသား သီချင်း သည်တို့သည် လည်း ဘုရား သခင်၏ အိမ် တော်အမှု ကို ကြည့်ရှု စီရင် ရကြ၏။ 23 အကြောင်း မူကား၊ သီချင်း သည်တို့သည် နေ့ ရက်အစဉ်အတိုင်းစားစရာရိက္ခါကို ခံရမည်အကြောင်းရှင်ဘုရင် အမိန့် တော်ရှိ၏။ 24 ယုဒ အမျိုး ဇာရ အနွယ် မေရှဇဗေလ သား ပေသဟိ သည်လည်း ရှင်ဘုရင် အခွင့်နှင့် ပြည်သား တို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။ 25 ယုဒ လူ အချို့တို့သည် မြို့ရွာ ကျေးလက်တည်း ဟူသောကိရယသာဘ မြို့ရွာ ၊ ဒိဘုန် မြို့ ရွာ၊ ယေကပ်ဇေလ မြို့ရွာ၊ 26 ယေရွှ ၊ မောလဒ ၊ ဗက်ပါလက်၊ 27 ဟာဇာရွှာလ ၊ ဗေရရှေဘ မြို့ ရွာများ၊ 28 ဇိကလတ် ၊ မေကောန မြို့ ရွာများ၊ 29 အင်ရိမ္မုန် ၊ ဇာရ ၊ ယာမုတ်၊ 30 ဇာနော ၊ အဒုလံ မြို့ရွာ များ၊ လာခိရှ မြို့နှင့် ကျေးလက် များ၊ အဇေကာ မြို့ ရွာများ၊ ဗေရရှေဘ မြို့မှစ၍ ဟိန္နုံ ချိုင့်တိုင်အောင် အနှံ့အပြားနေ ကြ၏။ 31 ဗင်္ယာမိန် အမျိုးသား တို့သည်လည်း ဂေဗ ၊ မိတ်မတ် ၊ အာဣ ၊ ဗေသလ မြို့ ရွာတို့၌၎င်း ၊ 32 အာနသုတ် ၊ နောဗ ၊ အာနနိ၊ 33 ဟာဇော် ၊ ရာမ ၊ ဂိတ္တိမ်၊ 34 ဟာဒိဒ် ၊ ဇေဘိုင် ၊ နေဗလ္လတ်၊ 35 လောဒ ၊ ဩနော မြို့များ၌၎င်း ၊ ဆရာသမားချိုင့် ၌၎င်း နေကြ၏။ 36 လေဝိ သား အသင်း အပေါင်းအချို့တို့သည် ယုဒ ပြည်၊ အချို့တို့သည် ဗင်္ယာမိန် ပြည်၌ နေကြ၏။
121 ရှာလသေလ သား ဇေရုဗဗေလ နှင့် ယောရှု နောက် သို့ လိုက် လာ သော ယဇ်ပုရောဟိတ် ၊ လေဝိ သားဟူမူကား ၊ စရာယ ၊ ယေရမိ ၊ ဧဇရ၊ 2 အာမရိ ၊ မလ္လုတ် ၊ ဟတ္တုတ်၊ 3 ရှေခနိ ၊ ရေဟုံ ၊ မေရမုတ်၊ 4 ဣဒေါ ၊ ဂိန္နေသုန် ၊ အဘိယ၊ 5 မိညာမိန် ၊ မာဒျာ ၊ ဗိလဂ၊ 6 ရှေမာယ ၊ ယောယရိပ် ၊ ယေဒါယ၊ 7 သလ္လု ၊ အာမောက် ၊ ဟိလခိ ၊ ယေဒါယ တည်းဟူသောယောရှု လက်ထက် ၌ အမျိုးသား ချင်း ယဇ်ပုရောဟိတ် တို့တွင် အကြီး အကဲဖြစ်ကြ၏။ 8 လေဝိ သားမူကား ယောရှု ၊ ဗိနွိ ၊ ကပ်မျေလ ၊ ရှေရဘိ ၊ ယုဒ ၊ ကျေးဇူး တော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့ နှင့်အတူ အုပ်သောမဿနိ တည်း။ 9 သူ တို့ညီအစ်ကို ဗာကဗုကိ နှင့် ဥနိ တို့သည် ကင်း စောင့်အမှုကို အုပ်ရကြ၏။ 10 ယောရှု သား ယောယကိမ် ၊ ယောယကိမ် သား ဧလျာရှိပ် ၊ ဧလျာရှိပ် သား ယောယဒ ၊ 11 ယောယဒ သား ယောနသန် ၊ ယောနသန် သား ယာဒွါ တည်း။
12 ယောယကိန် လက်ထက် ၌ အဆွေအမျိုးသူကြီး ယဇ် ပုရောဟိတ်များဟူမူကား ၊ စရာယ သား မေရာယ ၊ ယေရမိ သား ဟာနနိ ၊ 13 ဧဇရ သား မေရှုလံ ၊ အာမရိ သား ယောဟနန်၊ 14 မလ္လုတ် သားယောနသန် ၊ ရှေခနိ သားယောသပ်၊ 15 ဟာရိမ သား အာဒန ၊ မေရာယုတ် သား ဟေလကဲ ၊ 16 ဣဒေါ သား ဇာခရိ ၊ ဂိန္နေသုန် သား မေရှုလံ၊ 17 အဘိယ သား ဇိခရိ ၊ မိညာမိန် သား၊ မာဒျာ သား ပိလတဲ ၊ 18 ဗိလဂ သား ရှမွာ ၊ ရှေမာယ သား ယေဟောနသန်၊ 19 ယောယရိပ် သား မတ္တေနဲ ၊ ယေဒါယ သားဩဇိ၊ 20 သလ္လု သား ကာလဲ ၊ အာမောက် သား ဧဗာ ၊ 21 ဟိလခိ သား ဟာရှဘိ ၊ ယေဒါယ သား နာသနေလ တည်း။
22 ဧလျာရှိပ် ၊ ယောယဒ ၊ ယောဟနန် ၊ ယာဒွါ တို့ လက်ထက် ၌ လေဝိ သား အဆွေအမျိုးသူကြီး တို့ကို၎င်း၊ ပေရသိ မင်း ဒါရိ လက်ထက် တိုင်အောင် ယဇ် ပုရောဟိတ်တို့ကို၎င်း ၊ မှတ်သား သော စာရင်းရှိ၏။ 23 ဧလျာရှိပ် သား ယောဟနန် လက်ထက် တိုင်အောင် လေဝိ သား အဆွေအမျိုးသူကြီး တို့ကို စာရင်း ယူ၍ ရာဇဝင် မှတ်စာ ၌ သွင်းသတည်း။
24 လေဝိ သားအကြီး အကဲ၊ ဟာရှဘိ ၊ ရှေရဘိ ၊ ကပ်မျေလ သား ယောရှု တို့သည် ညီအစ်ကို များနှင့် ဝိုင်း၍ ဘုရား သခင်၏ လူ ဒါဝိဒ် စီရင် သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်း ခြင်းအမှုကို အလှည့်လှည့် စောင့် ရကြ၏။ 25 မဿနိ ၊ ဗာကဗုကိ ၊ ဩဗဒိ ၊ မေရှုလံ ၊ တာလမုန် ၊ အက္ကုပ် တို့သည်လည်း တံခါး ဝနား မှာ စောင့် ရသောတံခါး စောင့်ဖြစ်ကြ၏။ 26 ထို သူတို့သည် ယောဇဒက် သား ယောရှု ၏သား ယောယကိန် လက်ထက် ၊ မြို့ဝန် နေဟမိ လက်ထက် ၊ ကျမ်းတတ် ယဇ်ပုရောဟိတ် ဧဇရ လက်ထက်၌ရှိကြ၏။ 27 ယေရုရှလင် မြို့ရိုး ကို အနုမောဒနာ ပြုသောအခါ ၊ ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်လျက် သီချင်း ဆိုလျက် ဝမ်းမြောက် ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်းနှင့်တကွ အနုမောဒနာ ပြု အံ့သောငှါ လေဝိ သားတို့ကိုရှာ ၍ သူ တို့နေရာ အရပ်ရပ် တို့က ယေရုရှလင် မြို့သို့ ခေါ် ကြ၏။ 28 ဓမ္မသီချင်းကို ဆို တတ်သောအမျိုးသား တို့သည်၊ 29 ယေရုရှလင် မြို့ပတ်ဝန်းကျင် ရွာ တို့၌ နေရာ ကျ လျက်ရှိ၍၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် ၊ လွင်ပြင် အရပ် များ၊ နေတောဖာသိ ရွာ များ၊ ဂိလဂါလ မြို့နယ်၊ ဂေဗ နှင့် အာဇမာဝက် ကျေးလက် ထဲက လာ၍ စည်းဝေး ကြ၏။ 30 ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်လည်း၊ ကိုယ်ကို၎င်း၊ လူ များ၊ မြို့တံခါး ၊ မြို့ရိုး ကို၎င်း စင်ကြယ် စေကြ ၏။ 31 ထိုအခါ ယုဒ မင်း တို့ကို မြို့ရိုး ပေါ် သို့ ငါခေါ် ၍၊ ချီးမွမ်း ရာသီချင်းဆိုရသော လူစုကြီး နှစ် စုကို ခန့် ထား၏။ တစုကားလက်ျာ ရစ်လှည့်၍ နောက်ချေး တံခါး သို့ မြို့ရိုး ပေါ် မှာ ရှောက် သွားကြ၏။ 32 သူ တို့နောက် မှာ ဟောရှာယ နှင့် ယုဒ မင်း တဝက်၊ 33 အာဇရိ ၊ ဧဇရ ၊ မေရှုလံ၊ 34 ယုဒ ၊ ဗင်္ယာမိန် ၊ ရှေမာယ ၊ ယေရမိ၊ 35 တံပိုး ကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ် ၊ ဇက္ကုရ ၊ မိက္ခါယ ၊ မဿနိ ၊ ရှေမာယ ၊ ယောနသန် တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊ 36 သူ ၏ညီ ရှေမာယ ၊ အာဇရေလ ၊ မိလလဲ ၊ ဂိလလဲ ၊ မာဣ ၊ နာသနေလ ၊ ယုဒ ၊ ဟာနနိ တို့သည် ဘုရား သခင်၏ လူ ဒါဝိဒ် ၏ တုရိယာ မျိုးကို ကိုင်လျက် လိုက် ကြ၏။ ကျမ်းတတ် ဆရာ ဧဇရ သည် သူ တို့ရှေ့ မှာ သွား၏။ 37 သူ တို့တစ်ဘက်တချက် ၌ ရှိသောစမ်း ရေတွင်း တံခါး သို့ ရောက်မှ မြို့ရိုး တက် ရာ၊ ဒါဝိဒ် မြို့ လှေကား ဖြင့် တက် ၍၊ ဒါဝိဒ် အိမ် တော်အထက် အရှေ့ မျက်နှာ၌ ရေ တံခါး တိုင်အောင် သွားကြ၏။ 38 သီချင်း သည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါ နှင့်တဝက် သောလူ များတို့သည် မြို့ရိုး ပေါ် ၊ မီးဖို ပြအိုး မှ ကျယ် သောမြို့ရိုး တိုင်အောင် လိုက် ကြ၏။ 39 ဧဖရိမ် တံခါး ၊ ဟောင်းသောတံခါး ၊ ငါး တံခါး ၊ ဟာနနေလ ပြအိုး ၊ မေအာ ပြအိုး အထက် မှစ၍သိုး တံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင် တံခါး ဝတွင် ရပ် နေကြ ၏။ 40 တဖန် သီချင်း သည်နှစ် စုသည် ဘုရား သခင်အိမ် တော်တွင် ရပ်၍၊ တဝက် သော မင်း အရာရှိတို့သည် ငါ နှင့်အတူ၊ 41 တံပိုး ကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ် ၊ မာသေယ ၊ မိညာမိန် ၊ မိက္ခါယ ၊ ဧလိဩနဲ ၊ ဇာခရိ ၊ ဟာနနိ နှင့်တကွ၊ 42 မာသေယ ၊ ရှေမာယ ၊ ဧလာဇာ ၊ ဩဇိ ၊ ယောဟနန် ၊ မာလခိယ ၊ ဧလံ ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်း သည် တို့သည် ဆရာ ယေဇရာဟိ နှင့်တကွ အသံကိုလွှင့်၍ ဆို ကြ၏။ 43 ထို နေ့ ၌ များ စွာသော ယဇ် တို့ကို ပူဇော် ကြ၏။ အလွန် ဝမ်းမြောက် သောအခွင့်ကို ဘုရား သခင်ပေးတော်မူသောကြောင့်၊ သား မယား နှင့်တကွ ဝမ်းမြောက် ခြင်းကို ပြု၍ ယေရုရှလင် မြို့ ဝမ်းမြောက် သံကို ဝေး သောအရပ်၌ ကြား ရကြ၏။ 44 ထိုအခါ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် အမှုတော်ကို စောင့် လျက်နေသောကြောင့်၊ ယုဒ အမျိုးသားတို့သည် အားရဝမ်းမြောက် ကြသည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားခံအပ်သော ပူဇော် သက္ကာ၊ အဦး သီးသောအသီး၊ ဆယ် ဘို့တဘို့ကို မြို့နယ် ကျေးလက် ထဲက သိမ်းယူ ၍၊ သို ထားစရာဘဏ္ဍာ တိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့် ထားကြ၏။ 45 သီချင်း သည်နှင့် တံခါး စောင့်တို့သည်လည်း၊ ဒါဝိဒ် နှင့် သား တော် ရှောလမုန် စီရင် သည်အတိုင်း ၊ သူ တို့ ဘုရား သခင်အမှု နှင့် စင်ကြယ် ခြင်းအမှု ကို စောင့်ရှောက် လျက် နေကြ၏။ 46 ရှေး ကာလ၊ ဒါဝိဒ် နှင့် အာသပ် လက်ထက် ၌ ၊ ဘုရား သခင်၏ ဂုဏ်ကျေးဇူး တော်ချီးမွမ်း ရာ သီချင်း ကို ဆို ရသောသူ အကြီး အကဲရှိကြ၏။ 47 ဇေရုဗဗေလ နှင့် နေဟမိ လက်ထက် ၌ လည်း ၊ ဣသရေလ လူ အပေါင်း တို့သည် နေ့ ရက်အစဉ်အတိုင်းသီချင်း သည်၊ တံခါး စောင့်ခံအပ်သော စားစရာရိက္ခါကို၎င်း၊ လေဝိ သားတို့အား သန့်ရှင်း သော အရာတို့ကို၎င်း လှူကြ၏။ လေဝိ သားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူ ကြ၏။
131 ထို နေ့ ရက်ကာလ၌ မောရှေ ၏ပညတ္တိကျမ်းစာ ကို လူ များရှေ့ မှာ ဘတ်ရွတ် သောအခါ၊ အမ္မုန် အမျိုးသားနှင့် မောဘ အမျိုးသားသည် ဘုရား သခင်၏ ပရိသတ် တော်ထဲ သို့ ဝင် ရသောအခွင့် အစဉ်မ ရှိဟု တွေ့ ကြ၏။ 2 အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။ 3 ထိုတရား ကို ကြား သောအခါ ၊ အမျိုး မစစ်သောသူ ရှိသမျှ တို့ ကို ဣသရေလ အမျိုးမှ ပယ်ရှား ကြ၏။ 4 အရင် တခါ ငါ တို့ဘုရား သခင်၏ အိမ် တော်ပြင် ခန်း ကို အုပ်သော ယဇ်ပုရောဟိတ် ဧလျာရှိပ် သည် တောဘိ နှင့် ပေါက်ဘော် တော်သည် ဖြစ်၍၊ 5 ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။ 6 ထို ကာလပတ်လုံး ငါသည် ယေရုရှလင် မြို့၌ မ ရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံသုံး ဆယ်နှစ် နှစ် တွင် အထံတော်သို့ သွား ရ၏။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင် ထံတော်၌ အခွင့်ရ ၍၊ 7 ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဧလျာရှိပ် သည် ဘုရား သခင်၏ အိမ် တော်တန်တိုင်း ထဲ မှာ အခန်း ကို တောဘိ အဘို့ ပြင်ဆင် ၍ ဒုစရိုက် ပြု ကြောင်းကို ငါကြား သိရ၏။ 8 ထိုအခါ ငါ သည် အလွန် နာကြင် သောစိတ်ရှိ၍ တောဘိ ဥစ္စာ ပရိကံရှိသမျှ ကို အခန်း ထဲက ထုတ်ပစ် ပြီးမှ၊ 9 အခန်း များကို စင်ကြယ် စေခြင်းငှါ စီရင် ၍ ၊ တဖန် ဘုရား သခင်၏ အိမ် တော်တန်ဆာ များ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်းကို ဆောင် ခဲ့၍ သိုထား၏။ 10 အမှု တော်စောင့်၊ လေဝိ သား၊ သီချင်း သည် တို့သည် အသီး အသီးမိမိ တို့လယ်ယာ သို့ ပြေး သွားကြသည် ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခါကို မ ခံ မရကြောင်း ကို ငါရိပ်မိ လျက်၊ 11 ဘုရား သခင်၏ အိမ် တော်ကို အဘယ်ကြောင့် စွန့်ပစ် ကြသနည်းဟု မင်း တို့ကို အပြစ် တင်၍ ၊ လေဝိသား တို့ကို စုဝေး စေပြီးမှ ၊ သူ တို့နေရာ ၌ ခန့် ထားပြန်၏။ 12 ထိုအခါ ယုဒ လူအပေါင်း တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို ဘဏ္ဍာ တော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။ 13 ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ် ဇာဒုတ် ၊ လေဝိ သားပေဒါယ ၊ သူ့နောက်မဿနိ သား ဖြစ်သော ဇက္ကုရ ၏သား ဟာနန် တို့ကို ဘဏ္ဍာ တော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာ စောင့်ခြင်း အသရေရှိသည်ဖြစ်၍ ၊ အမျိုးသား ချင်းတို့အား ဝေဖန် ရကြ၏။ 14 အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။ 15 ထို ကာလ ၊ ယုဒ ပြည်မှာ အချို့တို့သည် ဥပုသ် နေ့၌ စပျစ်သီး ကို နယ်လျက်၊ ကောက် လှိုင်းကိုသွင်း လျက်၊ မြည်း ပေါ် မှာ ဝန် ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ် နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘောသဖန်း သီးအစရှိသည်တို့ကိုတင်၍ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြသည် ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ ရက်၌ သာ စားစရာ များကို ရောင်း အပ်သည်ဟု သူ တို့အကြား ပြော ၏။ 16 ထိုအရပ် ၌ နေ သောတုရု မြို့သားတို့သည်လည်း ၊ ငါး အစရှိသည်တို့ကို ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ၊ ဥပုသ် နေ့ ၌ ယုဒ အမျိုးသား တို့အား ရောင်း တတ်ကြ၏။ 17 ထိုအခါ ငါက၊ သင် တို့သည် ဥပုသ် နေ့ ကို ဖျက် ၍ ပြု သော ဒုစရိုက် ကား အဘယ် သို့နည်း။ 18 ဘိုးဘေး တို့သည် ထိုသို့ ပြု သောကြောင့် ၊ ဤ မျှလောက် ကြီးစွာသော ဆင်းရဲ ခြင်းကို ငါ တို့၌ ၎င်း၊ ဤ မြို့ ၌ ၎င်း ဘုရား သခင်ရောက် စေတော်မူသည်မ ဟုတ်လော။ သင် တို့သည် ဥပုသ် နေ့ကို ဖျက် သောအားဖြင့် သာ၍ ပြင်းစွာသော အမျက် တော်ကို ဣသရေလ အမျိုး၌ ရောက်စေဦးမည်လောဟု ယုဒ မှူးမတ် တို့ကို အပြစ် တင် လျက်၊ 19 အဘိတ်နေ့တွင် နေ ရောင်ကွယ်၍ ဥပုသ် နေ့လွန် သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါး တို့ကို ပိတ် ထားရမည်အကြောင်းစီရင် ၍ ၊ ဥပုသ် နေ့ ၌ ဝန် များကို မြို့ထဲသို့ မ သွင်း စေခြင်းငှါ မိမိ ကျွန် အချို့တို့ကို တံခါး တို့၌ ခန့် ထား၏။ 20 ထိုနောက် ကုန်သည် များ၊ ဥစ္စာ မျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင် မြို့ပြင် မှာ တခါ နှစ် ခါ အိပ် ကြ၏။ 21 ငါကလည်း၊ မြို့ရိုး ပတ်လည်၌အဘယ်ကြောင့် အိပ် ကြသနည်း။ နောက် တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူ တို့အား သတိ ပေး၏။ ထို အခါ မှစ၍ ဥပုသ် နေ့တွင် မ လာ ဘဲနေကြ၏။ 22 လေဝိ သားတို့သည်လည်း၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ် သောကိုယ်နှင့်လာ ၍ တံခါး တို့ကို စောင့် ရမည်အကြောင်းငါမှာ ထား၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ ကရုဏာ တော်များပြား သည်အတိုင်း အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ 23 ထို ကာလ ၊ အာဇုတ် အမျိုး၊ အမ္မုန် အမျိုး၊ မောဘ အမျိုးသမီး နှင့် စုံဘက် သော ယုဒ လူအချို့တို့ကို ငါမြင် ၏။ 24 သူ တို့သား သမီးတို့သည် ယုဒ စကားကို မ ပြော တတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီးဘာသာ စကားကို ပြော တတ်ကြ၏။ 25 သူ တို့ကို ငါအပြစ် တင်၍ ကဲ့ရဲ့ ၏။ အချို့တို့ကို ရိုက် လျက် ၊ ဆံပင်နှုတ် လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ရ။ ပြည်သားသမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူရ။ 26 ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ထိုသို့ ပြု၍ ပြစ်မှား ရာရောက်သည်မ ဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည် ၌ သူ နှင့် တူသောရှင်ဘုရင် မ ရှိ။ ဣသရေလ ရှင်ဘုရင် အရာ ၌ ဘုရား သခင်ခန့်ထားသည်တိုင်အောင်စိတ် တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါး အမျိုးသား မိန်းမ တို့သည် ပြစ်မှား စေသည်တကား။ 27 ငါတို့သည် သင် တို့စကားကို နားထောင် ၍ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် သဖြင့် ၊ ဤ မျှလောက်ကြီး သော ဒုစရိုက် ကို ပြု လျက် ၊ ငါ တို့၏ ဘုရား သခင်ကို ပြစ်မှား ရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။ 28 ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သား ယောဒ ၏ သား တယောက်သည်၊ ဟောရနိ လူ သမ္ဘာလတ် သမက် ဖြစ်သောကြောင့်၊ သူ့ ကိုငါနှင်ထုတ် ၏။ 29 အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။ 30 ထိုသို့ ယုဒအမျိုးသားတို့ကို တပါး အမျိုးသားအပေါင်း တို့နှင့် ကင်းစင် စေပြီးမှ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့ကို အသီး အသီးမိမိ တို့ အမှု စောင့် ရသည် အတိုင်း ငါခန့် ထား၍၊ 31 ချိန်းချက် သောအချိန် ၌ ထင်း ပူဇော် သက္ကာနှင့် အဦး သီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ကျေးဇူး ပြုပါမည်အကြောင်း၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။