နာဟုံအနာဂတ္တိကျမ်း

1

1 ဧလကောရှ ရွာသား နာဟုံ ခံရ၍၊ နိနေဝေ မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်အချက်ဟူမူကား၊ 2 အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။ 3 ထာဝရဘုရား သည် စိတ် ရှည်တော်မူ၏။ တန်ခိုး လည်း ကြီး တော်မူ၏။ သို့ရာတွင် ၊ အပြစ်တည်သော သူတို့ ကို အပြစ် မှ လွှတ်တော်မ မူ။ ထာဝရဘုရား သည် လေဘွေ ၎င်း ၊ မိုဃ်းသက် မုန်တိုင်း၌ ၎င်း ကြွ တော်မူ၍ ၊ မိုဃ်း တိမ် တို့သည် စက် တော်အောက်၌ မြေမှုန့် ကဲ့သို့ဖြစ်ကြ၏။ 4 ပင်လယ် ကို ဆုံးမ ခန်းခြောက် စေတော်မူ၏။ ခပ်သိမ်း သော မြစ် ရေကိုလည်း ကုန် စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်တို့သည် ညှိုးနွမ်း ကြ၏။ လေဗနုန် အပွင့် လည်း ညှိုးနွမ်း ၏။ 5 ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။ 6 အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။ 7 ထာဝရဘုရား သည် ကောင်း တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံ သောသူတို့ ကို သိ မှတ်တော်မူ၏။ 8 ရန်သူ နေရာ ကို လွှမ်းမိုး သော မြစ် ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူ တို့ကို မှောင်မိုက် လိုက် လိမ့်မည်။ 9 ထာဝရဘုရား တဘက် ၌ အဘယ်သို့ ကြံစည် ကြသနည်း ။ အပြီး ဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ် နင်းစရာ အကြောင်းမ ရှိ ရ။ 10 သူတို့သည် ဆူး ပင်ကဲ့သို့အချင်းချင်းညိတွယ် လျက် ၊ စပျစ်ရည် နှင့် ယစ်မူး သကဲ့သို့ ဖြစ်လျက်၊ သွေ့ခြောက် သောအမှိုက် ကဲ့သို့ မီး လောင်ခြင်းကိုခံရကြ လိမ့်မည်။ 11 ထာဝရဘုရား တဘက် ၌ မ ကောင်းသော အကြံ ကို ကြံစည် သောအဓမ္မ တိုင်ပင်အမတ်သည် သင့် အထဲ က ပေါ် လာပြီ။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတို့သည် စုံလင် အရေအတွက်အားဖြင့်များပြား သော်လည်း ၊ ဆုံးရှုံး ကွယ်ပျောက် ရကြလိမ့်မည်။ သင့် ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက် တဖန် မ ညှဉ်းဆဲ13 ယခု မှာ သင် သူ တင်သော ထမ်းဘိုး ကို ငါချိုး ပယ်၍ ၊ ချည်နှောင်သော ကြိုး တို့ကိုလည်း ဖြတ် မည်။ 14 သင် ၏အမှု ၌ ထာဝရဘုရား စီရင် တော်မူသည် ကား၊ သင် ၏အမျိုး ဆက် မနွှယ်ရ။ ထုသော ရုပ်တု နှင့် သွန်း သော ရုပ်တုတို့ကို သင် ၏ဘုရား ကျောင်း မှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာ သောကြောင့် သင် ၏ သင်္ချိုင်း ကို ငါလုပ် မည်။ 15 ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာသိတင်း စကားကို ကြား ပြောသောသူ ၏ခြေ တို့ကို တောင် ပေါ် မှာ ကြည့် ကြလော့။ အိုယုဒ အမျိုး၊ သင် ဓမ္မပွဲကို ခံ လော့။ သစ္စာ ဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေ လော့။ အဓမ္မ လူသည် ရှင်းရှင်း ပယ် ဖြတ်ခြင်းကို ခံရသောကြောင့် ၊ နောက် တဖန်သင့် ကို ကျော် မနင်းရ။

2

1 ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။ 2 အကြောင်း မူကား၊ ထာဝရဘုရား သည် ဣသရေလ ၏ဘုန်း ကဲ့သို့ ယာကုပ် ၏ဘုန်း ကို ပြုပြင် တော်မူ၏။ သုတ်သင် သောသူတို့ သည် ယာကုပ် အမျိုးကို သုတ်သင် ၊ သူ ၏အခက် အလက်တို့ကို ပယ်ရှင်း ကြပြီ။ 3 သူရဲ တို့သည် နီ သော ဒိုင်း လွှားကို ဆောင်၍၊ နီ သော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်း သောနေ့ ရထား တို့သည် သံ လက်နက်နှင့် တောက်ပ ၊ လှံတံ တို့သည် အလွန် လှုပ်ရှားကြ၏။ 4 ရထား တို့သည် လမ်း ဟုန်းဟုန်း မြည်၍၊ လမ်းမ တို့၌ တောင်မြောက်ပြေး ကြ၏။ မီးရူး အဆင်း အရောင်ရှိ၍၊ လျှပ်စစ် ကဲ့သို့ ပြေး ကြ၏။ 5 စစ်သူရဲ တို့ကို နှိုးဆော် တော်မူ၏။ သူ တို့သည် ချီ သွားစဉ် သူတပါးကို တွန်း ချကြ၏။ မြို့ရိုး သို့ အလျင်အမြန် သွား၍ ပြအိုး တို့ကို ပြင်ဆင် ကြ၏။ 6 မြစ် တံခါး ပွင့် လျှင် ၊ နန်းတော် သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ် ချွတ်၍ ထုတ် ရ၏။ 7 အပျို တော်တို့သည် ချိုး ကဲ့သို့ ကူ ၍ ရင်ပတ် ကို တီး လျက် လိုက် ရကြ၏။ 8 ရှေးကာလ မှစ၍ နိနေဝေ မြို့သည် ရေကန် ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေ တို့သည် စီး ထွက်ကြ၏။ ရပ် ကြ။ ရပ် ကြဟုဟစ်သော်လည်း အဘယ်သူ မျှပြန် ၍ မကြည့်။ 9 ငွေ ကို လုယူ ကြ။ ရွှေ ကိုလည်း လုယူ ကြ။ နှစ်သက် ဘွယ်သော တန်ဆာ များကို ရွှေတိုက် တော်ထဲက ထုတ်၍ မ ကုန် နိုင်။ 10 မြို့တော်သည် ဟင်းလင်း နေရ၏။ ဥစ္စာ မရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက် လျက် ၊ ဒူး ချင်းထိခိုက် လျက် ၊ အလွန်ခါး ကိုက် လျက် ၊ မျက်နှာ မည်း လျက် ရှိကြ၏။ 11 ခြင်္သေ့ နေရာအရပ်၊ ခြင်္သေ့ ပျို စား ရာအရပ်၊ ခြင်္သေ့ ၊ ခြင်္သေ့ မ၊ ခြင်္သေ့ ကလေး တို့သည် အဘယ်သူမျှမ ကြောက် စေဘဲ၊ ကျင်လည် ရာအရပ်သည် အဘယ်မှာ ရှိသနည်း။ 12 ခြင်္သေ့ သည် သား ငယ်များတို့ ကိုက် ဖြတ်လျက် ၊ ခြင်္သေ့ မတို့ လည်ပင်းကို ညှစ် လျက် ၊ လုယူ ဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိ မှီခို ရာတွင်း တို့ကို ပြည့် စေတတ်၏။ 13 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင် ၏ရထား တို့ကို မီးခိုး ထဲမှာ မီးရှို့ မည်။ သင် ၏ခြင်္သေ့ ပျိုတို့ကို ထား ဖြင့် ဖျက်ဆီး မည်။ သင် လုယူသော ဥစ္စာ ကို မြေကြီး မှ ပယ်ရှင်း မည်။ သင် ၏သံတမန် တို့ စကား သံကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။

3

1 လူအသက်ကိုသတ် တတ်သော မြို့ ၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စား ခြင်း၊ အနိုင် အထက်ပြုခြင်းနှင့် ပြည့်ဝ ၏။ ဘမ်းမိ သောအရာကို မ လွှတ် တတ်။ 2 နှင်တံ နှင့်ရိုက်သံ ၊ လှည်းဘီး လိမ့် သံ ၊ မြင်း ခုန် သံ၊ ရထား ပြေး သံကို ကြားရ၏။ 3 မြင်းစီးသူရဲ သည် မီး တောက်သော ထား ၊ လျှပ်စစ် ပြက်သော လှံ ကိုချီ လျက် ၊ တိုက်သောသူရဲအများ နှင့် သေ သောသူအပုံ ပုံရှိကြ၏။ အသေ ကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူ သေကောင်များကို ထိမိ၍ လဲ တတ်ကြ ၏။ 4 အဆင်း လှ ၍ ပြုစား တတ်လျက်၊ မတရား သောမေထုန် အမှုနှင့် စုန်းမ အတတ်အားဖြင့် ၊ လူ အမျိုးမျိုးအနွှယ်နွှယ်တို့ကို ကုန်သွယ် လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရား သောမေထုန် ကို ပြုဖန်များပြား သောကြောင့်5 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အဝတ် ကို သင် ၏မျက်နှာ ပေါ် မှာ လှန် အတိုင်းတိုင်းအပြည် ပြည် ရှေ့မှာ သင် ၌ အချည်းစည်း ရှိခြင်း၊ အရှက် ကွဲခြင်းကို ငါပြ မည်။ 6 သင် မစင် ကိုပစ် ညစ်ညူး စေပြီးမှ ၊ သူတပါး တို့ကြည့် စရာထား မည်။ 7 သင့် ကို မြင် သမျှ သောသူတို့ က၊ နိနေဝေ မြို့ ပျက်စီး ပြီ။ အဘယ်သူ မြည်တမ်း မည်နည်းဟုဆို လျက် ၊ သင့် ထံမှ ပြေး ကြလိမ့်မည်။ နှစ်သိမ့် စေသောသူတို့ ကို သင့် အဘို့ အဘယ်မှာ ငါရှာ ၍ ရနိုင်သနည်း။ 8 သင်သည် မြစ် ကြားမှာ တည် သော နောမုန် မြို့ ထက် ကြီးမြတ် သလော။ ထိုမြို့ ကို ရေ ဝိုင်း လျက်၊ ပင်လယ် သည် မြို့ကျုံး ဖြစ်၏။ မြို့ရိုး လည်း ပင်လယ် နှင့် စပ် သတည်း။ 9 အဲသယောပိ ပြည်နှင့် အဲဂုတ္တု ပြည်သည် သူ ၏ လက်နက် ဖြစ်၏။ ရေတွက် ၍ မကုန်နိုင်။ ဖုတ ပြည်နှင့် လိဗု ပြည်လည်း သူ ၏လက်နက် အဝင် ဖြစ် ၏။ 10 သို့သော်လည်း ၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်း သွားကြပြီ။ မြို့သားငယ် တို့ကို လမ်း ဦး ရှိသမျှ တို့၌ ချိုးဖဲ့ လျက် ၊ ဂုဏ် အသရေရှိသော မြို့သားတို့ကို စာရေးတံ ချ လျက် ၊ အားကြီး သော မြို့သားအပေါင်း တို့ကို သံကြိုး ဖြင့် ချည်နှောင် လျက် ပြုကြပြီ။ 11 သင် သည်လည်း မိန်းမော တွေဝေလျက် ပုန်းရှောင် ၍ နေရလိမ့်မည်။ ရန်သူ ၏လက်နှင့် လွတ်အောင် ခိုင်ခံ့ သောအရပ်ကို ရှာ ရလိမ့်မည်။ 12 သင် ၏ရဲတိုက် ရှိသမျှ တို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်း ပင်နှင့် တူကြ လိမ့်မည်။ လှုပ် လျှင် စား ချင်သောသူ၏ ပါးစပ် ထဲ သို့ ကျ လိမ့်မည်။ 13 သင် ၏လူ တို့သည် သင့် အလယ် မိန်းမ ကဲ့သို့ဖြစ်၍၊ ပြည် တံခါး တို့သည် ရန်သူ တို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင် တို့သည် မီး လောင် လိမ့်မည်။ 14 ရန်သူဝိုင်း ထားသော ကာလဘို့ ရေ ကို ခပ် ထား လော့။ ရဲတိုက် တို့ကို ခိုင်ခံ့ စေလော့။ ရွံ့ ထဲ သို့ ဝင် အုတ် မြေကို နင်း နယ်လော့။ အုတ်ဖို ကို ပြင်ဆင် လော့။ 15 ထိုအရပ်၌ပင် သင့် ကို မီး လောင် လိမ့်မည်။ ထား နှင့်ခုတ် ဖြတ်လိမ့်မည်။ ယာလက်ကျိုင်း ကိုက်စားသကဲ့သို့ ကိုက်စား လိမ့်မည်။ ယာလက်ကျိုင်း နှင့် အရာဘကျိုင်း ကောင်တို့သည် များ သကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှါကြိုးစားလော့။ 16 မိုဃ်းကောင်းကင် ကြယ် များသည်ထက် ၊ သင် ၏ ကုန်သည် တို့ကို များပြား စေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား ပျံ သွားတတ်ကြ၏။ 17 သင် ၏မင်းသား တို့သည် အရာဘကျိုင်း ကဲ့သို့ ၎င်း ၊ ဗိုလ် တို့သည် ဂေါဘကျိုင်း ကဲ့သို့ ၎င်း ဖြစ်၍၊ ချမ်း သောအခါ စောင်ရန်း နား မှာ ဝပ် တတ်ကြ၏။ နေ ထွက် သောအခါ ပျံ သွား၍ အဘယ် အရပ် သို့ ရောက်သည်ကို မ သိ ရ။ 18 အိုအာရှုရိ ရှင်ဘုရင် ၊ သင် ၏သိုးထိန်း တို့သည် အိပ်ပျော် လျက်၊ သင် ၏မှူးမတ် တို့သည် ကျိန်းဝပ် လျက်၊ သင် ၏လူ အပေါင်းတို့သည် တောင်ရိုး ပေါ် မှာ အရပ်ရပ်သို့ ကွဲပြား လျက်ရှိ၍၊ အဘယ်သူ မျှမစုဝေး စေ။ သင် ၏ အနာ ပျောက် နိုင်။ ပြင်းစွာခံရ ၏။ 19 သင် ၏သိတင်း ကို ကြား သမျှ သောသူတို့ သည် သင့် အပေါ် မှာ လက် ခုပ်တီး ကြလိမ့်မည်။ အကြောင်း မူကား၊ သင် ပြုသောအဓမ္မ အမှု ကို မ ခံ ဘဲလွတ်သော သူကား အဘယ်သူ နည်း။