ရှင်မာကုခရစ်ဝင်။
11 ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။ 2 အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။ 3 တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊ 4 ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။ 5 ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။ 6 ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။ 7 ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။ 8 ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။ 9 ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။ 10 ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊ 11 သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။ 12 ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။ 13 အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။ 14 ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊ 15 အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
16 ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊ 17 ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊ 18 ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။ 19 ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။ 20 ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။ 21 ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။ 22 ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။ 23 ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊ 24 ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။ 25 ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊ 26 ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
27 လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။ 28 သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။ 29 တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။ 30 ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။ 31 ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။ 32 နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊ 33 တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။ 34 အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။ 35 နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။ 36 ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊ 37 ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။ 38 ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊ 39 ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။ 40 နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
41 ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
42 ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။ 43 ယေရှုကလည်း၊ “ သင်သတိပြု ။” 44 “အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။ 45 ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။
21 နောက် တစ်နေ့သ၌ ကိုယ်တော်သည်ကပေရနောင် မြို့သို့ ဝင် ပြန် ၍ အိမ် ၌ ရှိ တော်မူသည်ကို ကြား ကြ လျှင် ၊ 2 တံခါး ပြင်နား မှာ နေစရာ မ ရှိနိုင်အောင် လူများ တို့သည် အလျင်အမြန်စုဝေး ကြသည်ဖြစ်၍ သူ တို့အား တရား ဟော တော်မူ၏။ 3 ထိုအခါ လက်ခြေသေ သောသူတစ်ယောက်ကို လူ လေးယောက်တို့သည်ထမ်း ၍ အထံ တော်သို့ ဆောင်ခဲ့ ကြ၏။ 4 လူ စုဝေးလျက်ရှိသောကြောင့် ကိုယ်တော် ရင်းသို့မ ချဉ်းကပ် နိုင် သဖြင့် ၊ ကိုယ်တော်ရှိ ရာ အပေါ်မှာအမိုး ကို ဖောက်ထွင်း ပြီးမှလူနာ နှင့်တကွအိပ်ရာ ခုတင်ကို လျှော့ချ ကြ၏။ 5 ယေရှု သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လက်ခြေသေ သောသူ အား၊ ငါ့သား ၊ သင် ၏အပြစ် ကို လွတ် စေပြီ” ဟုမိန့် တော်မူ၏။
6 ထို အရပ်၌ထိုင် သော ကျမ်းပြု ဆရာအချို့ တို့က၊ 7 ဤသူ သည် ဘုရားကိုလွန်ကျူး ၍ အဘယ်ကြောင့် ဤသို့ ပြော ရသနည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည်အပြစ် ကိုလွှတ် နိုင် သနည်းဟု စိတ် ထဲမှာ ထင်မှတ် ကြ၏။ 8 သူ တို့စိတ်ထဲမှာ ထိုသို့ ထင်မှတ် ခြင်းရှိသည်ကို ယေရှု သည် မိမိ ဉာဏ် အားဖြင့် ချက်ခြင်း သိ တော်မူလျှင် ၊ သင် တို့ စိတ် ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ် ကြသနည်း။” 9 လက်ခြေသေ သောသူ အား အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟုပြောလွယ်သလော။ သင်ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။” 10 လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။” 11 “ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ဟု သင့် အား၊ ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။ 12 ထိုသူသည်လည်း ချက်ခြင်း ထ ၍ အိပ်ရာ ကိုဆောင် လျက် လူအပေါင်း တို့ရှေ့ မှာထွက်သွား ၏။ ထိုလူ အပေါင်း တို့သည် မိန်းမော တွေဝေခြင်းရှိ၍ ၊ ဤကဲ့သို့ တခါမျှ မမြင် စဖူးဟု ပြောဆို ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။ 13 နောက်တစ်ဖန် အိုင် နား သို့ ကြွ တော်မူ၍ ၊ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြလျှင် ၊ သူ တို့အား ဆုံးမ ဩဝါဒပေးတော်မူ၏။ 14 လမ်း၌ကြွ တော်မူစဉ်၊ အာလဖဲ ၏သား လေဝိ သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ၊ ငါ့ နောက် သို့ လိုက်လော့” ဟု မိန့် တော်မူ၏။ 15 ထိုသူသည်လည်း ထ ၍ နောက် တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ ၏အိမ် တွင် စားပွဲ၌ လျောင်း တော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် ကိုယ်တော် မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။ ထိုသူအများ တို့သည် နောက် တော်သို့လိုက်ကြ၏။ 16 ထိုသို့ အခွန်ခံ သောသူ၊ ဆိုး သောသူ တို့နှင့်အတူ စား တော်မူသည်ကို ကျမ်းပြု ဆရာဖာရိရှဲ တို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံ သောသူ ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့်စား သောက်သနည်းဟု တပည့် တော်တို့အား ဆို ကြ၏။ 17 ယေရှု သည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ခေါ် ခြင်းငှာငါလာ သည်မ ဟုတ်၊ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာငါလာသတည်း” ဟု မိန့် တော်မူ၏။ 18 အစာရှောင် တတ်သော ယောဟန် ၏တပည့် တို့နှင့် ဖာရိရှဲ တို့သည်လာ ၍ ၊ ယောဟန် ၏တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက် ကြ၏။ 19 ယေရှု ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူရှိစဉ်အခါသူတို့သည် အစာရှောင် တတ် ကြသလော။ ရှိစဉ်ကာလ ပတ်လုံးအစာ မ ရှောင်တတ် ကြ။” 20 မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလ ရောက် လိမ့်မည်။ ထို ကာလ အခါ သူတို့သည်အစာရှောင် ကြလိမ့်မည်။” 21 “အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ် သည် အဝတ် ဟောင်း ကို စား၍အပေါက်ကျယ် တတ်၏။” 22 ၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် စပျစ်ရည် သည်ယို၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့်ရသည်” ဟု မိန့် တော်မူ၏။
23 ဥပုသ်နေ့ ၌ ကိုယ်တော် သည် ဂျုံစပါးလယ်ကွက် တို့ကို လျှောက်ကြွ တော်မူလျှင် ၊ တပည့် တော်တို့သည် စပါး အသီးအနှံကို ဆွတ် လျက် ခရီး သွား ကြ၏။ 24 ဖာရိရှဲ တို့ကလည်း ၊ ဥပုသ်နေ့ ၌ မ ပြုအပ် သောအမှု ကို သူတို့သည် ပြု ကြပါသည်တကားဟု လျှောက် ကြ သော် ၊ 25 ကိုယ်တော်က၊ ယဇ်ပုရောဟိတ် မင်း အဗျာသာ လက်ထက် ၌ ဒါဝိဒ် သည် မိမိ အဖော် တို့နှင့်တကွ ဆာမွတ် ၍ မ တတ်နိုင်သောအခါ ၊” 26 ဘုရားသခင် ၏အိမ် တော်သို့ ဝင် ၍ ယဇ်ပုရောဟိတ် တို့မှတစ်ပါး အဘယ်သူ မျှမစား အပ် သော ရှေ့ တော် မုန့် ကိုစား ၍ မိမိ အဖော် တို့အား ပေး သည်အကြောင်းကို သင်တို့သည် တစ်ရံတစ်ခါမျှ မ ဖတ် ဘူးသလော။” 27 ထိုမှတစ်ပါး ဥပုသ်နေ့ သည် လူ အဘို့ ဖြစ် ၏။ လူ သည် ဥပုသ်နေ့ အဘို့ ဖြစ်သည်မ ဟုတ်။” 28 သို့ဖြစ်၍ လူ သား သည်ဥပုသ်နေ့ ကိုပင် အစိုးရ သည် ဟု မိန့် တော်မူ၏။
31 တရားစရပ် သို့ တစ်ဖန် ဝင် တော်မူ၍ ၊ ထို စရပ်၌ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ ၏။ 2 ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။ 3 ကိုယ်တော်ကလည်း၊ အလယ် ၌ မတ်တတ် နေလော့ ဟု လက် တစ်ဘက်သေ သောသူ အား မိန့်တော်မူ ပြီးမှ ၊ 4 ဥပုသ်နေ့ ၌ ကျေးဇူး ပြုအပ် သလော၊ သူ့အကျိုးကိုဖျက်ဆီး အပ်သလော၊ အသက် ကို ကယ် အပ်သလော၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ် စွာနေကြ၏။ 5 ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။ 6 ထိုအခါ ဖာရိရှဲ တို့သည်ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ ဖျက်ဆီး ရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်း တိုင်ပင် ကြ၏။ 7 ယေရှု သည် တပည့် တော်တို့နှင့်အတူ အိုင် နား သို့ ပြောင်း ကြွတော်မူ၍ ၊ ဂါလိလဲ ပြည်၊ 8 ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဣဒုမဲ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာကြသောလူ များ အပေါင်း တို့နှင့် တုရု မြို့၊ ဇိဒုန် မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများ အပေါင်း တို့သည် ပြု တော်မူသမျှ ကို ကြား လျှင် အထံ တော်သို့ လာ ကြ၏။ 9 လူ များတို့သည် ကိုယ်တော် ကိုဝန်းရံ၍ မ ထိခိုက် စေမည်အကြောင်း ၊ ကိုယ်တော် ၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိ စေခြင်းငှာ တပည့် တော်တို့အား အမိန့် တော်ရှိ၏။ 10 အကြောင်းမူကား ၊ လူများ တို့အား ချမ်းသာ ပေးတော်မူသောကြောင့် ၊ ရောဂါ ဝေဒနာ နှိပ်စက် သောသူ ရှိသမျှ တို့သည် ကိုယ်တော် ကို တို့ ခြင်းငှာ တွန်း ကြ၏။ 11 ညစ်ညူး သောနတ် တို့သည်လည်း ကိုယ်တော် ကိုမြင် သောအခါ ပြပ်ဝပ် ၍၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ဟု ဟစ်ကြော် ကြ၏။ 12 သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။ 13 ထိုအခါ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ အလို တော်ရှိသောသူ တို့ကို ခေါ် တော်မူလျှင် ၊ အထံ တော်သို့ လာ ကြ၏။ 14 ကိုယ်တော် နှင့်အတူ ရှိ နေစေခြင်းငှာ ၎င်း၊ တရား ဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊ 15 နတ်ဆိုး တို့ကို နှင်ထုတ် နိုင်သောအခွင့် နှင့် စေလွှတ် ခြင်းငှာ ၎င်း၊ တစ်ကျိပ် နှစ်ပါးသောသူ တည်းဟူသော၊ 16 ပေတရု အမည် သစ်ကို ပေး တော်မူသောရှိမုန် ၊ 17 မိုဃ်းကြိုး သား ဟု ဆိုလို သော ဗောနေရဂက် အမည် သစ်ကို ပေး တော်မူသော ဇေဗေဒဲ ၏သား နှစ် ယောက်ယာကုပ် နှင့် ယောဟန် ၊ 18 အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မသ္သဲ ၊ သောမ ၊ အာလဖဲ ၏သား ယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ် လူရှိမုန် ၊ 19 ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ် တို့ကို ခန့်ထား တော်မူ၏။
20 ထိုသူ တို့သည် အိမ် သို့ ဝင် ကြလျှင် ၊ အစာ ကို မ စား နိုင် သည့်တိုင်အောင် လူ များတို့သည် တစ်ဖန် စုဝေး ကြပြန်၏။ 21 ကိုယ်တော် ၏ အဆွေအမျိုး တို့သည်ကြား လျှင် ၊ သူသည် အရူး ဖြစ်၏ဟုဆို ၍ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာထွက်သွား ကြ၏။ 22 ယေရုရှလင် မြို့မှ လာ သော ကျမ်းပြု ဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲ သောသူဖြစ်၏။ နတ်ဆိုး မင်း ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။ 23 ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။” 24 “တိုင်း နိုင်ငံသည် မိမိ နှင့် မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။” 25 အိမ် သည်လည်း မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။” 26 စာတန် သည် မိမိ တစ်ဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်းသို့ ရောက် လိမ့်မည်။” 27 သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ သူ၏ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို အဘယ်သူ မျှမလု မ ယူနိုင် ။ သူရဲ ကိုချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။” 28 ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။” 29 သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။
30 အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူး သောနတ် စွဲ သောသူ ဖြစ်သည်ဟု ဆို ကြသတည်း။ 31 ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည်လာ ၍ ပြင် မှာရပ် နေလျက် ၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော် ထံသို့ စေလွှတ် ၍ ခေါ် ကြ၏။ 32 ခြံရံ လျက်ထိုင် သောသူများ တို့က၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုရှာ လျက် ပြင် မှာရှိကြပါ၏ဟုလျှောက် လျှင် ၊ 33 ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း” ဟု မေး တော်မူ၍ ၊ 34 ခြံရံ လျက်ထိုင် သောသူ တို့ကို ပတ်လည် ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။” 35 ဘုရားသခင် ၏အလို တော်ကို ဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
41 နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။ 2 ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊ 3 နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။” 4 အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။” 5 အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊” 6 နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။” 7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။” 8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။” 9 ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
10 ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊ 11 ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။” 12 ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။” 13 သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။” 14 မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။” 15 တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။” 16 ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊” 17 စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။” 18 ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊” 19 လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” 20 ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။” 21 ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။” 22 ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။” 23 ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။” 24 ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။” 25 အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။” 26 ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊” 27 ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။” 28 မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။” 29 အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
30 ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊” 31 မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊” 32 မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
33 ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။ 34 ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။ 35 ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊ 36 တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။ 37 ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။ 38 ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊ 39 ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။ 40 ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊ 41 သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
51 အိုင် တစ်ဘက် ၊ ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊ 2 ယေရှု သည် လှေ ထဲက ထွက်ကြွ တော်မူသည် ခဏခြင်း တွင်၊ ညစ်ညူး သောနတ် စွဲ သောသူ သည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော် ကိုခရီးဦးကြိုပြု လေ၏။ 3 ထိုသူ သည် သင်္ချိုင်း တစပြင်၌ နေ တတ်၏။ သူ့ ကို သံကြိုး နှင့်ပင် အဘယ်သူ မျှချည် ၍ မ နိုင် ။ 4 ခြေချင်း ၊ သံကြိုး အဖန် များစွာချည် စမ်းသော်လည်း ၊ သံကြိုး ကိုဆွဲဖြတ် ၍ ခြေချင်း ကိုဖြဲ တတ်၏။ သူ့ ကို ယဉ် စေခြင်းငှာအဘယ်သူ မျှမတတ်နိုင် ။ 5 နေ့ ညဉ့် မပြတ် သင်္ချိုင်း တစပြင်၌ ၎င်း ၊ တောင် ပေါ်၌ ၎င်း ၊ ဟစ်ကြော် လျက်၊ ကျောက် စောင်းနှင့် ကိုယ် ကို ရှ စေလျက် နေ တတ်၏။ 6 ယေရှု ကိုအဝေး က မြင် လျှင် ၊ အထံ တော်သို့ ပြေးလာ ၍ ပြပ်ဝပ် လျက်၊ 7 အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။ 8 လျှောက်သည်အကြောင်းကား၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။ 9 ကိုယ်တော်ကလည်း၊ သင် သည် အဘယ် အမည် ရှိသနည်း ဟုမေး တော်မူလျှင် ၊ အကျွန်ုပ် အမည် ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများ ဖြစ် ကြပါ၏ဟု လျှောက် ပြီးမှ ၊ 10 ထို ပြည် ထဲက အခြားသို့မ နှင် ပါမည့် အကြောင်းများစွာ တောင်းပန် လေ၏။ 11 ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။ 12 နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထို ဝက် ထဲသို့ ဝင် ရပါမည်အကြောင်း စေလွှတ် တော်မူပါ ဟု တောင်းပန် ပြန်လျှင် ၊ 13 ယေရှု သည် ချက်ခြင်းအခွင့် ပေးတော်မူ၏။ ညစ်ညူး သောနတ် တို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက် ဆုံးကြ၏။ အရေအတွက်အားဖြင့်နှစ်ထောင် လောက် ရှိ၏။ 14 ဝက်ကျောင်း သောသူ တို့သည် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော လျှင် ၊ လူများတို့သည် ထို အမူအရာ တို့ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ 15 အထံ တော်သို့ ရောက် သောအခါ ၊ နတ်ဆိုး လေဂေါင် စွဲ သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ် နှင့် ထိုင် နေသည်ကိုမြင် လျှင် ၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။ 16 နတ်ဆိုးစွဲ သောသူ ၌၎င်း ၊ ဝက် တို့၌၎င်း၊ အဘယ်သို့ ဖြစ် သည်ကို သိမြင် သောသူ တို့သည် နောက်လာ သောသူ တို့အား ပြန်ကြား ပြီးမှ ၊ 17 မိမိ တို့ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။ 18 လှေ ထဲသို့ ဝင် တော်မူသောအခါ နတ်ဆိုးစွဲ ဘူးသောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊ 19 ကိုယ်တော်သည် အခွင့် မ ပေး။. သင်သည် ကိုယ် အိမ် သို့ သွား လော့။ ထာဝရ ဘုရားသည် သနား ခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို သင် ၏အဆွေအမျိုး တို့အား ပြန်ကြား လော့ ဟု မိန့် တော်မူလျှင် ၊ 20 ထိုသူသည် သွား ၍ ၊ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို၊ ဒေကပေါလိ ပြည် တွင် သိတင်းကြားပြော သည်ဖြစ်၍ ၊ ခပ်သိမ်း သောသူတို့သည် အံ့ဩ ခြင်းရှိကြ၏။
21 ယေရှု သည် ကမ်းတစ်ဘက် သို့ ကူး ပြန် ၍ အိုင် နား မှာ ရှိ တော်မူစဉ်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြ၏။ 22 ထိုအခါ ယာဣရု အမည် ရှိသော တရားစရပ်မှူး သည်လာ ၍ ကိုယ်တော် ကိုမြင် လျှင်၊ ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊ အကျွန်ုပ် ၏ သမီးငယ် သေ လုပါပြီ။ 23 သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။ 24 ကိုယ်တော်သည် သူ နှင့်အတူ သွား ၍ များစွာ သော လူ အပေါင်းတို့သည် ကိုယ်တော် ကို ခြံရံ လျက် ထိခိုက်တိုက်မိကြ၏။ 25 ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာ စွဲ သောကြောင့် ၊ 26 များစွာ သော ဆေးသမား တို့လက်၌ အလွန် ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန် သော်လည်း သက်သာ မ ရသည် သာမက ၊ အနာတိုး သော မိန်းမ တစ်ယောက်သည်၊ 27 ယေရှု ၏သိတင်း တော်ကို ကြား သည်ရှိသော်၊ 28 ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု ဆို သည်နှင့်၊ လူ အစုအဝေးထဲ၌ နောက် တော်သို့ လာ ၍အဝတ် တော်ကို တို့ လေ၏။ 29 ထိုခဏခြင်း တွင် အသွေး စုဝေး ရာခန်းခြောက် သည်ဖြစ်၍ ၊ ထို ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် ပြီဟု မိမိ ကိုယ် ၌သိ လေ၏။ 30 ယေရှု သည် မိမိ ကိုယ်မှ တန်ခိုး ထွက် သည်ကို ချက်ခြင်း သိ တော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍၊ ငါ့ အဝတ် ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူ၏။ 31 တပည့် တော်တို့က၊ လူ အစုအဝေးသည် ကိုယ်တော် အား ထိခိုက် ကြသည်ကိုမြင် လျက်ပင်၊ ငါ့ ကို အဘယ်သူ တို့ သနည်းဟုမေး တော်မူပါသည်တကားဟု လျှောက် ကြသော်လည်း ၊ 32 ကိုယ်တော်သည် ထိုသို့ ပြု သောသူ ကိုမြင် ခြင်းငှာ၊ ပတ်လည် သို့ ကြည့်ရှုတော်မူ၏။ 33 ထို မိန်းမ သည်ကိုယ် ၌အဘယ်သို့ ဖြစ် သည်ကိုသိ သောကြောင့် ကြောက်ရွံ့ တုန်လှုပ် လျက် အထံ တော်သို့ လာ ပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှ ကို အဟုတ်အမှန် ကြားလျှောက် လေ၏။ 34 ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကိုငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့။ ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် စေ “ဟု မိန့် တော်မူ၏။
35 ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ် မှ လူလာ ၍ ၊ ကိုယ်တော် ၏သမီး သေ ပါပြီ။ အဘယ်ကြောင့် ဆရာ ကို နှောင့်ရှက် သေး သနည်းဟု ဆို ကြ၏။ 36 ထို စကား ကို ယေရှု သည်ကြား လျှင်၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့ ဟု တရားစရပ်မှူး အား ချက်ခြင်းမိန့် တော်မူ၏။ 37 ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ညီ ယောဟန် မှတစ်ပါး အဘယ်သူ ကိုမျှမ လိုက် စေ ဘဲ၊ 38 တရားစရပ်မှူး အိမ် သို့ ရောက် ၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း မြင် တော်မူလျှင် ၊ 39 အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲ ပြု၍ ငိုကြွေး ကြသနည်း။ သူငယ် သေ သည်မ ဟုတ်အိပ်ပျော် သည်” ဟု မိန့် တော်မူသော်၊ 40 ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ ထိုသူ ရှိသမျှ တို့ကို ပြင်သို့ ထွက် စေပြီးမှသူငယ် ၏ မိဘ တို့ကို၎င်း ၊ ကိုယ်တော် နှင့် ပါသောသူ တို့ကို၎င်း ခေါ် ပြီးလျှင် ၊ သူငယ် လျောင်း ရာအရပ် သို့ ဝင် ၍ ၊ 41 သူငယ် ၏လက် ကို ကိုင် တော်မူလျှက် ၊ တလိသ ကုမိ ဟု မိန့် တော်မူ၏။ အနက် ကား၊ မိန်းမငယ် ထ လော့ ငါဆို ၏ဟု ဆိုလို သတည်း။ 42 ထိုခဏခြင်း တွင် မိန်းမငယ် သည် ထ ၍ လှမ်းသွား ၏။ သူသည် တစ်ဆယ့်နှစ် နှစ် အရွယ်ရှိ ၏။ ထိုသူတို့ သည် အလွန် မိန်းမော တွေဝေခြင်းသို့ ရောက်ကြ၏။ 43 ထို အမူအရာကို အဘယ်သူ မျှမသိ စေမည်အကြောင်း ၊ ထိုသူ တို့ကို ကျပ်တည်း စွာ ပညတ် တော်မူ၍ ၊ “ သူ့ အား စားစရာ ပေး လော့ ဟု မိန့် တော်မူ၏။
61 ထို အရပ်မှကြွ ၍ တပည့် တော်တို့သည် လိုက် ကြသဖြင့် မိမိ မြို့ သို့ ရောက် တော်မူ၏။ 2 ဥပုသ်နေ့ ရောက် လျှင် တရားစရပ် ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။ လူများ တို့သည် ကြားနာ ရလျှင် မိန်းမော တွေဝေခြင်းသို့ ရောက်၍၊ ဤ သူသည် ဤ အရာတို့ကို အဘယ်မှာ ရသနည်း။ သူရသော ပညာကားအဘယ် ပညာ နည်း။ ဤမျှလောက် သော တန်ခိုး များကို အဘယ်သို့ပြနိုင်သနည်း။ 3 သူ သည် လက်သမား မ ဟုတ်လော။ မာရိ ၏သား မဟုတ်လော။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန် တို့၏ အစ်ကို မဟုတ်လော။ သူ့ နှမ များသည်လည်း ငါ တို့နှင့် အနီးအပါး နေ ကြသည်မ ဟုတ်လောဟု ပြောဆိုလျက် စေတနာ စိတ်ပျက်ကြ၏။ 4 ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အဆွေ နေရာ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ်၌ အသရေ ရှိသည်” ဟု ထိုသူ တို့အားမိန့် တော်မူ၏။
5 မကျန်းမမာ သောသူအချို့ပေါ်မှာလက် တော်ကိုတင် ၍ အနာကိုငြိမ်း စေခြင်းမှတစ်ပါး အဘယ် တန်ခိုး တော်ကိုမျှ ထို အရပ်၌ ပြ တော်မ မူနိုင် ။ 6 ထိုသူ တို့သည် မယုံကြည် ကြသည်ကို အံ့ဩ ခြင်းရှိတော်မူ၏။ ပတ်လည် ၌ရှိသော မြို့ ရွာများသို့ ဒေသစာရီ လှည့်လည် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။ 7 တစ်ကျိပ် နှစ်ပါးသောတပည့်တော်တို့ကို ခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နိုင်စေခြင်းငှာအခွင့် ပေး လျက် ၊ နှစ် ယောက်စီနှစ် ယောက်စီစေလွှတ် တော်မူ၍ ၊ 8 “သင်တို့သည် တောင်ဝေး တစ်ခုမှတစ်ပါး လမ်း ခရီးတို့ အဘယ် အရာကိုမျှ မယူ ကြနှင့်။ လွယ်အိတ် နှင့်မုန့် မှစ၍ ခါးပန်း ၌ ကြေး ငွေကို မ ယူကြနှင့်။” 9 ခြေနင်း ကို စီး ကြလော့။ အင်္ကျီ နှစ် ထပ်မ ဝတ် ကြနှင့် ဟု မှာထား တော်မူ၏။
10 ထိုမှတပါး သင်တို့သည် မည်သည် အိမ် သို့ ဝင် လျှင် ၊ ထို အိမ်တွင် ထို အရပ်မှ မ ထွက် မသွားမှီတိုင်အောင်နေ ကြလော့။” 11 အကြင်သူ တို့သည် သင် တို့ကို လက် မ ခံ၊ သင် တို့ စကားကိုနား မ ထောင်ဘဲနေ၏။ ထို သူတို့နေရာ အရပ်မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက်၌သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြ လော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့” ဟု မိန့်တော်မူ၏။
12 တပည့်တော်တို့သည် ထွက်သွား ၍ နောင်တ တရားကိုဟော ကြ၏။ 13 နတ်ဆိုး များ ကို နှင်ထုတ် ကြ၏။ မကျန်းမမာ သောသူများ တို့ကို ဆီ နှင့်လူး ၍ အနာကို ငြိမ်း စေကြ၏။ 14 ထိုအခါ သိတင်း တော်ကျော်စော သည်ဖြစ် ၍၊ ဟေရုဒ် မင်းကြီး သည် ကြား လျှင် ၊ ဗတ္တိဇံ ဆရာယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီ။ ထိုကြောင့် တန်ခိုး များကို ပြ နိုင်သည်ဟု ဆို ၏။ 15 လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။ 16 ဟေရုဒ် သည် ကြား လျှင် ၊ ဤ သူကား ငါ ၏အမိန့်နှင့် လည်ပင်းကိုဖြတ် သော ယောဟန် ဖြစ်၏။ သေခြင်းမှ ထမြောက် လေပြီဟုဆို လေ၏။ 17 အထက်က ဟေရုဒ် သည် မိမိ ညီ ဖိလိပ္ပု ၏ ခင်ပွန်း ဟေရောဒိ ကို သိမ်းယူ သဖြင့် ၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ် ၍ ယောဟန် ကို ဘမ်းဆီး ပြီးလျှင် ထောင် ထဲမှာ ချုပ်နှောင် လေ၏။ 18 အကြောင်းမူကား ၊ ယောဟန် က အရှင် မင်းကြီးသည် ညီ တော်၏ခင်ပွန်း ကို မ သိမ်း အပ် ဟု ဟေရုဒ် အား ဆို လေပြီ။ 19 ထိုကြောင့် ၊ ဟေရောဒိ သည် ယောဟန် ကို ရန်ငြိုး ဖွဲ့သဖြင့် သတ် ခြင်းငှာအလိုရှိ ၏။ 20 သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။ 21 ထိုနောက်မှ အဆင်သင့် သောအခါ ဟေရုဒ် ကို ဘွား သောနေ့ရက်၌ နှစ်စဉ်ပွဲ ကိုခံ၍ မှူးမတ် ၊ စစ်သူကြီး ၊ ဂါလိလဲ ပြည်၌ အကြီးအကဲ ဖြစ်သောသူ တို့ကို ကျွေး တော်မူစဉ်တွင်၊ 22 ဟေရောဒိ ၏သမီး သည် ဝင် ၍ က သဖြင့် ၊ ဟေရုဒ် မှစ၍ အပေါင်းအဘော် တို့အား နူးညွတ် သော စိတ် ကိုဖြစ်စေ၏။ ထိုအခါမင်းကြီး က၊ သင်သည် အလိုရှိ သမျှ ကို တောင်း လော့၊ ငါပေး မည်ဟု ထိုမိန်းမငယ် အား ဆို လေ၏။ 23 တစ်ဖန် လည်း၊ သင်တောင်း သမျှ ကို ငါ့ နိုင်ငံ တစ်ဝက် တိုင်အောင် ငါပေး မည်ဟု ကျိန်ဆို လေ၏။
24 ထိုမိန်းမငယ်သည် ထွက် ၍ အဘယ် အရာကို တောင်း ရမည်နည်းဟု သူ၏ အမိ ကိုမေး လျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို တောင်းလော့ဟု ပြန်ဆို သော်၊ 25 ချက်ခြင်း မိန်းမငယ်သည် မင်းကြီး ထံသို့ အလျင်တဆော ဝင် ၍ ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို ဤလင်ပန်း ၌ အလျင်အမြန် ပေး တော်မူစေခြင်းငှာ ကျွန်မအလိုရှိ ပါသည်ဟု တောင်းလျှောက် ၏။ 26 မင်းကြီး သည် အလွန်ဝမ်းနည်း ခြင်းရှိ သော်လည်း ၊ ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဖေါ် တို့၏ မျက်နှာကို၎င်း၊ ထောက် သောကြောင့်၊ ထိုမိန်းမငယ် ကို မ ငြင်း မပယ်လို ၍၊ 27 ဦးခေါင်း ကို ယူခဲ့ ဟု အမိန့်တော်ရှိ လျက် လူစောင့် တစ်ယောက်ကို ချက်ခြင်း စေလွှတ် လျှင် ၊ လူစောင့်သည် သွား ၍ ယောဟန် ၏လည်ပင်းကို ထောင် ထဲမှာ ဖြတ် လေ၏။ 28 ဦးခေါင်း ကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထို မိန်းမငယ် အားပေး ပြီးမှ မိန်းမငယ် သည်လည်း သူ့ အမိ ကို ပေး လေ၏။ 29 ယောဟန် ၏တပည့် တို့သည်လည်း ကြား သောအခါ လာ ၍ အလောင်း ကို ဆောင်သွား ပြီးလျှင် သင်္ချိုင်း တွင်း၌ ထား ကြ၏။
30 တမန်တော် တို့သည် ယေရှု ထံ တော်၌ စုဝေး ၍ ၊ မိမိတို့ပြု သမျှ သွန်သင် သမျှ တို့ကို ကြားလျှောက် ကြ၏။ 31 ကိုယ်တော်ကလည်း ၊ တော ၌ဆိတ်ကွယ် ရာအရပ် သို့ လာ ကြ။ ခဏ အားဖြည့်၍ ငြိမ်သက် စွာ နေကြဟု မိန့် တော်မူ၏။ အကြောင်းမူကား ၊ လူများ သွား လာ ကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစား ခြင်းငှာမျှ မ အား နိုင်ကြ။ 32 ထိုကြောင့် ၊ လှေ စီး၍ တော ၌ ဆိတ်ကွယ် ရာအရပ် သို့ သွား ကြ၏။ 33 သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။ 34 ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင်၊ ထိုသူတို့သည် ထိန်း သူမ ရှိ ၊ ပစ်ထားသော သိုး ကဲ့သို့ ဖြစ် ကြသည်ကိုသနား ခြင်းစိတ်တော်ရှိ၍ များစွာ သော ဆုံးမ ဩဝါဒကို ပေးတော်မူ၏။ 35 မိုဃ်းချုပ် သောအခါတပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တော အရပ် ဖြစ် ပါ၏။ မိုဃ်း လည်း ချုပ်ပါပြီ။ 36 လူများတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာအခွင့် ပေးတော်မူပါ။ သူ တို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
37 ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု ပြန်ပြော တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိ အပြားနှစ်ရာ နှင့်မုန့် ကိုဝယ် ပြီးလျှင် သူ တို့အား စားစရာ ဘို့ ပေး ရပါအံ့လောဟု လျှောက် ကြ၏။
38 ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့် ဘယ်နှစ် လုံးရှိ သနည်း။ သွား ၍ ကြည့်ရှု ကြ ဟု မိန့် တော်မူသည် အတိုင်း သူတို့သည် သိ ပြီးမှ ၊ မုန့်ငါး လုံးနှင့် ငါး နှစ် ကောင် ရှိပါသည်ဟု လျှောက် ပြန်၏။ 39 ထိုအခါ လူအပေါင်း တို့ကို မြက် စိမ်း ပေါ်မှာ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ 40 သူတို့သည် တရာ တစ်စု၊ ငါးဆယ် တစ်စု၊ အစုစု လျောင်း ကြလျှင် ၊ 41 ကိုယ်တော်သည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ၊ ကောင်းကင် သို့ မျှော်ကြည့် လျက် ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် ကိုဖဲ့ ၍ လူ များတို့ရှေ့ ၌ထည့်စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူ၏။ ငါး နှစ် ကောင်ကို လည်း လူအပေါင်း တို့အား ဝေငှ တော်မူ၏။ 42 လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ၊ 43 မုန့်နှင့်ငါး အကျိုးအပဲ့ ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း ၊ အပြည့် ရကြ၏။ 44 မုန့် ကိုစား သောသူ ယောက်ျား အရေအတွက်ကား၊ လူငါးထောင် မျှလောက်ရှိ သတည်း။ 45 စည်းဝေး သောသူတို့ကို လွှတ် တော်မူစဉ် တွင်တပည့် တော်တို့ လှေ စီး စေ၍ ကမ်းတစ်ဘက် ဗက်ဇဲဒ မြို့သို့ အရင် ကူးစေတော်မူ၏။ 46 စည်းဝေးသောသူ တို့ကို လွှတ် ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာတောင် ပေါ်သို့ ကြွ တော်မူ၏။ 47 ည အချိန်ရောက် သောအခါ လှေ သည် အိုင် အလယ် ၌ ရှိ ၏။ ကိုယ်တော် သည် ကုန်း ပေါ်မှ တစ်ယောက်တည်း ရှိနေတော်မူ၏။ 48 လေ မ သင့်သောကြောင့် တပည့် တော်တို့သည် တက်ခတ် ၍ပင်ပန်း ကြသည်ကို မြင် တော်မူ၏။ ည သုံးချက်တီး ကျော် အချိန်၌ အိုင် ပေါ်မှ စက်တော်ဖြန့် လျက် ၊ သူ တို့ရှိရာ သို့ကြွ ၍ အနားမှာ ရှောက်သွား မည် ပြု တော်မူ၏။ 49 ထိုသို့အိုင် ပေါ်မှာ စက်တော်ဖြန့်၍ ကြွ တော်မူသည်ကို သူတို့သည်မြင် လျှင်၊ ဖုတ် တစ္ဆေဖြစ် သည်ဟု စိတ်ထင် နှင့် အော်ဟစ် ကြ၏။ 50 ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် ၍ ထိတ်လန့် ခြင်းသို့ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်း နှုတ်ဆက် ၍ “တည်ကြည်သောစိတ် ရှိကြလော့။ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူ၏။ 51 လှေ ပေါ်၌ သူ တို့ရှိရာ သို့ တက် တော်မူလျှင် လေ သည်ငြိမ် လေ၏။ ထိုသူ တို့သည် အတိုင်း ထက်အလွန်မိန်းမော တွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။ 52 အကြောင်းမူကား ၊ သူ တို့စိတ် နှလုံး မိုက် သည်ဖြစ် ၍ မုန့် ၌ပြသောတန်ခိုးတော်ကို ပမာဏ မ ပြုကြ။ 53 ကမ်း တစ်ဘက်သို့ ကူး လျှင် ဂင်္နေသရက် နယ်သို့ ရောက် ၍ လှေကို ဆိုက် ကြ၏။ 54 လှေ မှ ဆင်း သောအခါ လူ များတို့သည် မျက်နှာ တော်ကို ချက်ခြင်း မှတ်မိ လျှင်၊ 55 ပတ်ဝန်းကျင်အရပ် ၌ ရှိသမျှ သို့ ပြေးသွား ၍ မည်သည့်အရပ်၌ ရှိ တော်မူသည်ဟုကြား လျှင်၊ ထိုအရပ် သို့ လူနာ များကို အိပ်ရာ နှင့် ဆောင်ခဲ့ ကြ၏။ 56 မြို့ ရွာ ဇနပုဒ် သို့ ရောက် တော်မူရာ၌ မကျန်းမမာ သောသူ တို့ကို လမ်း နားမှာထား ၍ အဝတ် တော်၏ ပန်းပွား ကိုမျှ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သော သူတို့သည်လည်း ချမ်းသာ ရကြ၏။
71 ထိုအခါ ဖာရိရှဲ တို့နှင့် ယေရုရှလင် မြို့မှ ရောက်လာ သော ကျမ်းပြု ဆရာအချို့ တို့သည် အထံ တော်၌ စုဝေး ၍၊ 2 တပည့် တော်အချို့ တို့သည် ညစ်ညူး သောလက် တည်းဟူသောရေမဆေး သောလက်နှင့် အစာ စား သည်ကိုမြင် လျှင် အပြစ်တင်ကြ၏။ 3 အကြောင်းမူကား ၊ ရှေး လူအပေါင်းတို့မှ ဆက်ဆံသော နည်း ဥပဒေသကိုခံယူ သော ဖာရိရှဲ မှစ၍ယုဒ လူ အပေါင်း တို့သည် လက် ဆုပ် မ ဆေး ဘဲ အစာကို စား လေ့မ ရှိ။ 4 ဈေး မှ ပြန်လာသောအခါ ၌လည်း ဆေး ခြင်းမ ပြုဘဲစား လေ့မ ရှိ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါပုကန် ၊ ခုတင် တို့ ဆေး ခြင်းမှစ၍အခြား သောထုံးတမ်းများ ကို ခံယူ ၍ ကျင့် လေ့ရှိ၏။ 5 ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊ 6 ဟေရှာယ သည် လျှို့ဝှက် သော သင် တို့ကိုရည်မှတ် လျက်၊ ဤ လူမျိုး သည် နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။” 7 လူတို့ စီရင် သော ပညတ် တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ် စွာ ဟော ခဲ့ပြီ။” 8 အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင် ၏ ပညတ် တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူ လျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။” 9 သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေသကိုကျင့် ရသော အခွင့်ရှိစေခြင်းငှာ ၊ ဘုရားသခင် ၏ ပညတ် တော်ကို လျောက်ပတ် စွာ ပယ် ကြသည်တကား။” 10 မောရှေ ၏ ပညတ်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကို နှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေ သတ် ခြင်းကို ခံစေဟု လာသတည်း။” 11 သင် တို့မူကား ၊ အကြင်သူ သည် ကိုယ် မိဘ ကို သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည်အလှူ ဝတ္ထု တည်းဟူသောကော်ဘန် ဖြစ်စေဟုဆို ၏။” 12 ထိုသူသည် မိဘ ဝတ်ကို အလျှင်း မ ပြု ရဟု မြစ်တား ၍၊” 13 “မိမိ တို့အဆက်ဆက်ခံ သော နည်း ဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကိုပယ် ကြ၏။ ထိုသို့သော အကျင့်အလေ့ များ တို့ကို သင်တို့သည် ကျင့် လေ့ရှိကြသည် ဟု မိန့် တော်မူ၏။
14 ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။” 15 လူ ပြင် မှ လာ၍ လူ အတွင်း သို့ဝင် လျက်၊ လူ ကိုညစ်ညူး စေနိုင် သော အရာ တစုံတခု မျှမရှိ ။ လူ အတွင်းမှ ထွက် သောအရာ သည် လူ ကို ညစ်ညူး စေသောအရာ ဖြစ် ၏။” 16 ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” ဟုမိန့်တော်မူ၏။
17 လူ အစုအဝေးရှိရာမှ ကြွ၍ အိမ် သို့ ဝင် တော်မူပြီးလျှင် ၊ တပည့် တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြ ၏။ 18 ကိုယ်တော်ကလည်း၊ သင် တို့သည် ဤမျှလောက် ပညာ မဲ့လျက် နေ သလော။ လူပြင် မှလာ၍ လူ အတွင်း သို့ဝင် သမျှ သည် နှလုံး ထဲသို့မ ဝင်။” 19 ဝမ်း ထဲသို့ ဝင် ၍ အစာ ရှိသမျှ ကို သန့်ရှင်း စေသဖြင့် ရေအိမ် တွင် ဆင်းသွား သောကြောင့် ၊ လူ ကို မ ညစ်ညူး စေနိုင် သည်ကို နားမလည်ကြသလော။” 20 လူ အတွင်းမှ ထွက် သော အရာ မူကား ၊ လူ ကို ညစ်ညူး စေသောအရာဖြစ်၏။” 21 လူ အတွင်း နှလုံး ထဲက မကောင်း သော ကြံစည် ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ လူ အသက်ကို သတ်ခြင်း၊” 22 သူ့ဥစ္စာကို ခိုး ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စား ခြင်း၊ ညစ်ညူး ခြင်း၊ ငြူစူ ခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ် ခြင်း၊” 23 ဤ ဆိုးညစ် သောအရာ များ တို့သည် အတွင်း မှထွက်လာ ၍ လူ ကို ညစ်ညူး စေကြသည် ဟု မိန့် တော်မူ၏။
24 ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။ 25 အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊ 26 မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။ 27 ယေရှုကလည်း၊ ရှေးဦးစွာ သား များကို ဝ စွာကျွေးပါရစေ။ သား ၏ အစာ ကို ယူ ၍ ခွေး အားမ ပေး မချ အပ် “ဟု မိန့် တော်မူ၏။
28 မိန်းမကလည်း မှန်ပါ၏သခင် ။ ခွေး မည်သည်ကား ၊ သား တို့၏ စားနုပ် စားပေါက်ကို စားပွဲ အောက် ၌ စား မြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊
29 ကိုယ်တော်က၊ ထို စကား ကြောင့် သင်သွား လော့။ နတ်ဆိုး သည် သင် ၏သမီး ထဲမှ ထွက်သွား ပြီ ဟု မိန့် တော်မူ၏။ 30 ထိုမိန်းမသည်မိမိ အိမ် သို့ ပြန် ၍ နတ်ဆိုး ထွက်သွား သည်ကို၎င်း ၊ သမီး သည် အိပ်ရာ ၌ အိပ် လျက် ရှိသည်ကို၎င်း တွေ့ ၏။
31 တစ်ဖန် ကိုယ်တော်သည် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် မှ ထွက် ၍ ဒေကပေါလိ ပြည်နယ် ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲ အိုင် သို့ ရောက် တော်မူ၏။ 32 ထိုအခါ နားပင်း ၍ စကား အသောသူ တစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍၊ သူ့ အပေါ်မှာလက် တော်ကို တင် ပါမည်အကြောင်း တောင်းပန် ကြ၏။ 33 ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။ 34 ထိုနောက် ကောင်းကင် သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြု လျက် ၊ ဧဖသ ဟု မိန့် တော်မူ၏။ အနက်ကား၊ ပွင့် စေဟု ဆိုလို သတည်း။ 35 ထိုခဏခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်းရှိသဖြင့် စကားပြီပြီ ပြော နိုင်၏။ 36 ထိုအကြောင်းကို အဘယ်သူ အားမျှမပြော စေခြင်းငှာ သူ တို့ကို ပညတ် တော်မူ၏။ ပညတ် တော်မူသော်လည်း သူ တို့သည် သာ၍ အလွန် သိတင်းကြားပြော ကြ၏။ 37 အတိုင်း ထက်အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံ တို့ကို လျောက်ပတ် စွာ ပြု တော်မူပြီ။ နားပင်း သောသူ တို့ကို ကြား စေတော်မူပြီအ သောသူ တို့ကိုစကား ပြောစေတော်မူပြီဟုဆို ကြ၏။
81 ထို အခါ စုဝေး သောသူအလွန် များ၍ စားစရာ မ ရှိ လျှင် ၊ ယေရှုသည် တပည့် တော်တို့ကို ခေါ် ၍၊ 2 ဤ လူ များကို ငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း မ ရှိ ။” 3 “အချို့ တို့သည် အဝေး က လာ သည်ဖြစ်၍ ၊ အစာမစားမှီ သူ တို့အိမ် သို့ ငါလွှတ် လျှင် လမ်း ခရီး၌ မော ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
4 တပည့် တော်တို့ကလည်း ၊ ဤ တော အရပ်၌ ဤသူ တို့ကို အဘယ်သို့ ဝ စွာကျွေး နိုင် မည်နည်းဟု လျှောက် ကြသော်၊
5 ကိုယ်တော်က၊ သင်တို့တွင် မုန့် ဘယ်နှစ် လုံး ရှိ ပါသနည်း ဟု မေး တော်မူလျှင် ၊ မုန့်ခုနှစ် လုံးရှိပါသည်ဟု လျှောက် ကြ၏။ 6 ထိုအခါ “လူ အစုအဝေးကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ မုန့် ခုနစ် လုံးကိုလည်း ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ လူများတို့ရှေ့၌ ထည့် စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူသည် အတိုင်း သူတို့သည် ထည့် ကြ၏။ 7 အနည်းငယ် မျှသော ငါး ကောင်ကလေးလည်း ရှိ သည်ဖြစ်၍ ၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့် စေခြင်းငှာမိန့် တော်မူ၏။ 8 ထိုသူတို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ ခုနစ် တောင်း အပြည့် ရကြ၏။ 9 စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိ သတည်း။ ထိုသူ တို့ကို လွှတ် တော်မူပြီးမှ ၊ 10 တပည့် တော်တို့နှင့်တကွ လှေ ထဲသို့ ချက်ခြင်း ဝင် ၍ ၊ ဒါလမနုသ ကျေးလက် သို့ ရောက် တော်မူ၏။ 11 ထိုအခါ ဖာရိရှဲ တို့သည် ထွက်လာ ၍ ကိုယ်တော် နှင့် ဆွေးနွေး ငြင်းခုံသည်တွင် စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။ 12 ကိုယ်တော် သည် စိတ် နှလုံးညည်းတွား သံကို ပြုတော်မူလျက် ဤ လူမျိုး သည်နိမိတ် လက္ခဏာကိုအဘယ်ကြာင့် တောင်း သနည်း။ငါအမှန် ဆို သည်ကားဤ လူမျိုး အား နိမိတ် လက္ခဏာကို မ ပြ ရ ဟု မိန့် တော်မူပြီးလျှင်၊ 13 ထိုသူ တို့ရှိရာမှထွက် ၍ တစ်ဖန် လှေထဲသို့ ဝင် ပြီးလျှင်ကမ်းတစ်ဘက် သို့ ပြန် တော်မူ၏။
14 တပည့်တော်တို့သည် မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြသဖြင့် ၊ လှေ ပေါ်မှာ သူ တို့၌ မုန့် တစ်လုံးတည်း သာ ရှိ ၏။ 15 ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။ 16 တပည့်တော်တို့ကိုလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆိုကြ၏။ 17 ယေရှုသည် သိ တော်မူလျှင် ၊ သင်တို့၌ မုန့် မ ပါ သည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံး မ သွင်း၊ နား မ လည်ကြသလော။ သင် တို့ စိတ် နှလုံးမိုက် သေး သလော။” 18 မျက်စိ ရှိ လျက်ပင်မ မြင် ၊ နား ရှိ လျက်ပင် မ ကြား ၊ စိတ်မ အောက်မေ့ ဘဲနေကြသလော။” 19 မုန့် ငါး လုံးကို လူငါးထောင် အား ငါဖဲ့ သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေး တော်မူလျှင်၊ တစ်ဆယ့်နှစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
20 “မုန့်ခုနစ် လုံးကို လူလေးထောင် အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင်၊
ခုနစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
21 .သို့ဖြစ်လျှင် ၊ သင် တို့သည် နားမ လည်ဘဲ အဘယ်သို့နေကြသနည်း” ဟု မိန့် တော်မူ၏။
22 ဗက်ဇဲဒ မြို့သို့ ရောက် တော်မူလျှင် ၊ လူကန်း တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူ ကို တို့ တော်မူမည်အကြောင်း တောင်းပန် ကြ၏။ 23 ကိုယ်တော်သည် လူကန်း ကိုလက် ဆွဲ ၍ မြို့ ပြင် သို့ ထွက် ပြီးမှ ၊ သူ၏ မျက်စိ ကို တံထွေးနှင့်ထွေး ၍ သူ့ အပေါ်မှာလက် တော်ကိုတင် လျက်၊ သင်သည် တစ်စုံတစ်ခု ကို မြင်သလော ဟု မေး တော်မူ၏။
24 ထိုသူသည် ကြည့်မျှော် လျှင် ၊ လူ တို့သည် သစ်ပင် ကဲ့သို့ ဖြစ်၍ လှမ်းသွား သည်ကို အကျွန်ုပ်မြင် ပါသည် ဟု လျှောက် ၏။ 25 နောက်တစ်ဖန် သူ၏ မျက်စိ ပေါ်မှာ လက် တော်ကိုတင် ၍ ကြည့်မျှော် စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံ တို့ကို ရှင်းလင်း စွာမြင် လေ၏။ 26 ကိုယ်တော်ကလည်း၊ မြို့ ထဲသို့ မ ဝင် နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့် ဟု မိန့် တော်မူ၍ သူ့ ကို မိမိ နေရာ သို့ လွှတ် လိုက်လေ၏။ 27 ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ တပည့် တော်တို့နှင့်တကွ ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ လူ များတို့သည် ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊ 28 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က ဧလိယ ဖြစ်သည် ဟူ၍၎င်း ၊ အချို့ က ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊ 29 သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
30 ကိုယ်တော် ၏အကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။ 31 ထိုမှတစ်ပါး၊ လူ သား သည်များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ စ ပြုတော်မူ၏။ 32 ထိုသို့အတည့်အလင်း ပြတော်မူသောကြောင့် ပေတရု သည် ကိုယ်တော် ကို မိမိ နှင့်အတူခေါ် ၍ အပြစ်တင် သောစကား ကို လျှောက် သော် ၊ 33 ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့် တော်တို့ကိုကြည့်ရှု လျက်၊ အချင်းရန်သူ ၊ ငါ့ နောက် သို့ ဆုတ် လော့။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်းသည် ဟူ၍ပေတရု ကို ဆုံးမ တော်မူ၏။ 34 ထိုအခါ တပည့် တော်တို့နှင့် ပရိသတ် များကို ခေါ် တော်မူပြီးလျှင်၊ အကြင်သူ သည် ငါ ၌ဆည်းကပ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက်သို့ လိုက် ရမည်။” 35 အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့်၎င်း အသက် ရှုံး ၏။ ထိုသူသည် မိမိ အသက် ကို ကယ်ဆယ် လိမ့်မည်။” 36 လူ သည်ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။” 37 မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေး နိုင်သနည်း။” 38 “မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။
91 ငါအမှန် ဆို သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် တန်ခိုး နှင့်တကွတည် ကြောင်းကို ဤ အရပ်၌ ရှိ သောသူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့ မ ရောက် ရကြ ဟုမိန့် တော်မူ၏။ 2 ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ် ၍ ၊ အခြား သူမပါဘဲမြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ သူ တို့ရှေ့ ၌ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ 3 အဝတ် တော်လည်း ပြောင်လက် လျှက်၊ ဤမြေ ၌ အဘယ်ခဝါသည် မျှ မ တတ်နိုင် အောင် မိုဃ်းပွင့်ကဲ့သို့ အလွန် ဖြူ လျက်ရှိ၏။ 4 မောရှေ နှင့် ဧလိယ သည် ထင်ရှား ၍ ယေရှု နှင့်အတူ စကားပြောလျက် ရှိ ၏။ 5 ထိုအခါ ပေတရု က အရှင် ဘုရား၊ ဤ အရပ်၌ နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့ တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု လျှောက် လေ ၏။ 6 တပည့် တော်တို့သည် အလွန်ကြောက် သောကြောင့် ပေတရုသည် ယောင်ယမ်း ၍ ထိုသို့လျှောက် သတည်း။ 7 ထိုအခါ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ ဤသူ သည်ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ် လေ၏။
8 ထိုခဏခြင်း တွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှု လျှင်၊ မိမိ တို့နှင့်အတူ ယေရှု တယောက်တည်း မှတပါး အဘယ်သူ ကိုမျှ မ မြင် ကြ။ 9 တောင် ပေါ် မှဆင်းကြွ သောအခါ ကိုယ်တော်က၊ လူ သား သည် သေ ခြင်းမှ မ ထမြောက် မှီတိုင်အောင်သင်တို့ ယခုမြင် သောအရာ ကို အဘယ်သူ အားမျှ မကြား မပြောကြနှင့်” ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။ 10 တပည့်တော်တို့သည် ထိုစကား ကို မှတ်မိ ၍ သေ ခြင်းမှ ထမြောက် ခြင်းသည် အဘယ်သို့ ဆိုလို သနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ ၏။ 11 ထိုအခါ တပည့်တော်တို့က၊ ဧလိယ သည် အရင် လာ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင် ၊ 12 ကိုယ်တော်က၊ ဧလိယ သည် အရင် လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည် မှန် ပေ၏။ လူ သား သည်လည်း အလွန် ဆင်းရဲ ၍ ကဲ့ရဲ့ ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာ လာ၏။” 13 ငါဆို သည်ကား၊ ဧလိယ သည် ရောက် လေပြီ။ သူ ၏အကြောင်း ကို ကျမ်းစာရေး ထားသည်အတိုင်း လူ များသည် သူ့ အားပြုချင် သမျှ ကို ပြု ကြပြီ” ဟုမိန့် တော်မူ၏။
14 တပည့် တော်တို့ရှိရာ သို့ ရောက် တော်မူသောအခါ များစွာ သောလူ အစုအဝေးသည် သူ တို့ကို ဝိုင်း လျက် ၊ ကျမ်းပြု ဆရာတို့သည် သူ တို့နှင့် ဆွေးနွေး မေးမြန်းကြသည်ကို မြင် တော်မူ၏။ 15 စုဝေး လျက်ရှိသော လူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း အံ့ဩ မိန်းမောခြင်းရှိလျက် အထံ တော်သို့ ပြေး ၍ နှုတ်ဆက် ကြ၏။ 16 ကိုယ်တော်ကလည်း ၊ သင်တို့သည် သူ တို့နှင့် အဘယ်သို့ ဆွေးနွေး မေးမြန်းကြသနည်း ဟု ကျမ်းပြု ဆရာ တို့ကို မေး တော်မူလျှင်၊
17 လူ အစုအဝေး၌ ပါသော သူ တယောက် က၊ အရှင် ဘုရား၊ အ သောနတ် အစွဲခံရ သော အကျွန်ုပ် ၏သား ကို အထံ တော်သို့ ဆောင်ခဲ့ ပါပြီ။ 18 နတ်သည် ဘမ်းစား လေ ရာရာ၌ သူ့ ကိုမြေပေါ်မှာလှဲ ၍ ၊ သူ သည်လည်း ခံတွင်း မှ အမြှုတ်ထွက်လျက် ၊ အံသွား ခဲကြိတ် လျက် ၊ ပိန်ခြောက် လျက်နေရပါ၏။ ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်လျှောက် ၍ သူတို့သည် မ တတ်နိုင် ကြပါဟု လျှောက် သော်၊
19 ကိုယ်တော်က၊ ယုံကြည် ခြင်းမရှိသောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလ ပတ်လုံးနေ ရ မည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ ယူခဲ့ ကြ” ဟု မိန့် တော်မူသည်အတိုင်း ၊ယူခဲ့ ကြ၏။ 20 ထိုနတ် သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း သူငယ် ကို တောင့်မာ စေသဖြင့် သူငယ်သည် မြေ ပေါ်မှာ လဲ ၍ အမြှုတ် ထွက်လျက် ကိုယ်ကို လှိမ့် လျက်နေ၏။ 21 ကိုယ်တော်ကလည်း၊ ဤသို့ ဖြစ် သည်ကား၊ အဘယ်မျှလောက် ကြာ ပြီနည်း” ဟု သူငယ် ၏အဘ အား မေး တော်မူလျှင် ၊ အဘက၊ ငယ် သောအရွယ်ကပင် ဖြစ်ပါ၏။ 22 သူငယ် ကို သေ စေခြင်းငှာ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း အကြိမ်ကြိမ် လဲ စေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင် တော်မူလျှင် အကျွန်ုပ် တို့ကို သနား ၍ကယ် တော်မူပါဟု လျှောက် လေ၏။
23 ယေရှု ကလည်း ၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည် သောသူ ဖြစ် လျှင် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် သည်” ဟု မိန့် တော်မူ၏။
24 သူငယ် ၏အဘ သည် ချက်ခြင်း ဟစ်ကြော် ၍ အကျွန်ုပ်ယုံကြည် ပါ၏သခင်။ မယုံကြည် သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက် ပြန်လေ၏။ 25 ထိုအခါ လူ များတို့သည် စုဝေး လျက် ပြေးလာကြသည်ကို ယေရှု သည်မြင် လျှင်၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ် မှ ထွက် လော့၊ နောက်တစ်ဖန် မဝင် နှင့် ငါ အမိန့် ရှိ၏ ဟု ထိုညစ်ညူး သောနတ် ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊ 26 နတ်သည် အော်ဟစ် ၍ အလွန် တောင့်မာ စေပြီးမှ ထွက်သွား ၏။ သူငယ်သည် သေ သကဲ့သို့ ဖြစ် ၏။ သေ ပြီဟု လူများ ဆို ကြ၏။ 27 ယေရှု သည် သူ၏ လက် ကိုကိုင် ၍ ချီကြွ တော်မူသဖြင့် သူသည်ထ လေ၏။ 28 အိမ် သို့ ဝင် တော်မူပြီးမှ တပည့် တော်တို့က၊ အကျွန်ုပ် တို့သည် ထိုနတ် ကို အဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု တိတ်ဆိတ် စွာမေးလျှောက် ကြသော်၊ 29 ကိုယ်တော်က၊ ဆုတောင်း ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့ သောအားဖြင့် ထို နတ်မျိုး သည် မ ထွက် နိုင် ဟု မိန့် တော်မူ၏။ 30 ထို အရပ်မှထွက် ၍ ဂါလိလဲ ပြည်အလယ်၌ ရှောက်သွား ကြစဉ်တွင်အဘယ်သူ မျှသိ စေခြင်းငှာ အလို တော်မ ရှိ။ 31 အကြောင်းမူကား ၊ လူ သား သည် လူ တို့လက် သို့ အပ်နှံ ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ 32 ခံပြီးမှ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ တော်မူ၏။ ထိုအကြောင်း များကို သူ တို့သည် နားမလည် သော်လည်း ၊ ကိုယ်တော် ကို မမေး မ လျှောက်ဝံ့ကြ။ 33 ကပေရနောင် မြို့သို့ ရောက် ၍ အိမ် ၌ ရှိ တော်မူလျှင် ၊ သင်တို့သည် လမ်း ၌ အဘယ် အမှုကို အချင်းချင်း ငြင်းခုံ ကြသနည်းဟု မေး တော်မူသည်ကို၊ 34 သူ တို့သည် တိတ်ဆိတ် စွာနေကြ၏။ အကြောင်းမူကား ၊ အဘယ်သူ သည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်း ငြင်းခုံ ကြ၏။ 35 ထိုအခါ ကိုယ်တော်သည် ထိုင် လျက် တစ်ကျိပ် နှစ်ပါးတို့ကိုခေါ် တော်မူ၍ ၊ အရင် အဦးဖြစ်လို သောသူ မည်သည်ကား နောက်ဆုံး ဖြစ် ရမည်။ အလုံးစုံ တို့၏ အစေခံ လည်း ဖြစ် ရမည်” ဟု မိန့် တော်မူ၏။
36 သူငယ် တစ်ယောက်ကိုလည်း ယူ ၍ သူ တို့အလယ် ၌ ထား ပြီးမှ လက်တော်နှင့်ချီပိုက် လျက်၊ 37 အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သော သူငယ် တစ်စုံတစ်ယောက် ကိုလက်ခံ ၏။ ထိုသူ သည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကိုလက်ခံ သောသူ သည်လည်း ငါ့ ကိုသာ လက်ခံ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင် လက်ခံသည်” ဟု မိန့် တော်မူ၏။
38 ယောဟန် ကလည်း၊ အရှင် ဘုရား၊ အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော် ၏နာမ ကို အမှီပြု နတ်ဆိုး တို့ကိုနှင်ထုတ် သောသူတစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူသည်အကျွန်ုပ် တို့နှင့်အတူမ လိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တား ကြပါသည်ဟု လျှောက် လေသော်၊
39 ယေရှု က၊ ထိုသူ ကိုမ မြစ်တား ကြနှင့်။ ငါ့ နာမ ကို အမှီပြု လျက် တန်ခိုး ကိုပြ ၍ ငါ့ ကိုအလွယ်တကူ ကဲ့ရဲ့ နိုင် သောသူ တစ်ယောက်မျှ မရှိ ။” 40 သင်တို့၏ရန်သူ ဘက်၌မ ရှိ သောသူ သည် သင်တို့ ဘက် ၌ရှိ ၏။” 41 သင်တို့သည်ခရစ်တော် နှင့် ဆိုင် သည်ဟု ငါ့မျက်နှာကိုထောက်၍အကြင်သူ သည် သင် တို့အား ရေ တခွက် ကိုမျှပေး ၏။ ထိုသူသည် အကျိုး ကို မ ရဘဲမ နေရာ၊ ငါအမှန် ဆို ၏။” 42 ငါ့ ကို ယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည် မှားယွင်း စေ၏။ ထိုသူသည်လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကိုခံရလျှင် အနေသာ၍ ကောင်း ၏။” 43 သင် ၏လက် သည်သင့် ကိုမှားယွင်း စေလျှင် လက် ကိုဖြတ် လော့။” 44 ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင် သော မီး ထဲသို့ လက် နှစ် ဘက်စုံနှင့် ဝင် ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” 45 သင် ၏ခြေ သည် သင့် ကိုမှားယွင်း စေလျှင် ခြေ ကိုဖြတ် လော့။” 46 ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ ခြေ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” 47 သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် မျက်စိ ကိုထုတ် လော့။” 48 ပိုး မ သေ ၊ မီး မ ငြိမ်း ရာ ၊ ငရဲ မီးထဲသို့ မျက်စိ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ မျက်စိ တစ်ဘက်နှင့် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်စား သော် သာ၍ ကောင်း၏။” 49 ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ခပ်သိမ်း သောသူတို့သည် မီး ဆား ခတ်ခြင်းကို ခံရကြမည်။” 50 ဆား သည်ကောင်း ၏သို့သော်လည်း အငန် ကင်းပျောက်လျှင် ၊ ငန်သောအရသာ ကို အဘယ်သို့ ရပြန်မည်နည်း။ သင် တို့၌ ဆား ရှိ စေကြလော့။ အချင်းချင်း အသင့်အတင့် နေကြလော့ ဟု မိန့်တော်မူ၏။
101 ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။ 2 ဖာရိရှဲ တို့သည် အထံတော်သို့လာ ၍ ၊ လူ သည် မိမိမယား နှင့်ကွာ အပ် သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊ 3 ယေရှုက၊ မောရှေ သည်သင် တို့အား အဘယ်သို့ စီရင် သနည်း ဟုလှန် ၍ မေး တော်မူလျှင်၊ 4 သူ တို့က၊ ဖြတ်စာ ကို ပေး ၍ မယားနှင့် ကွာ စေခြင်းငှာမောရှေ စီရင် ပါသည်ဟု လျှောက် ကြ၏။
5 ယေရှု ကလည်း ၊ သင် တို့စိတ် နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထို ပညတ် ကို ရေး ထားသတည်း။” 6 ဘုရားသခင်ဖန်ဆင်း တော်မူစက ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။” 7 ထို အကြောင်း ကြောင့်ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊” 8 ထိုသူနှစ် ယောက်တို့သည် တသား တကိုယ်တည်းဖြစ် ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ် တစ်ဦးတည်း ဖြစ်၏။” 9 ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့်” ဟု မိန့် တော်မူ၏။
10 နောက်တစ်ဖန် တပည့် တော်တို့သည် အိမ် ၌ ရှိစဉ်၊ ထို အကြောင်း ကို မေးလျှောက် ပြန်ကြ၏။ 11 ကိုယ်တော်ကလည်း၊ အကြင်သူ သည် မယား နှင့်ကွာ ၍ အခြား သောမိန်းမနှင့် စုံဘက် ခြင်းကိုပြု၏။ ထို သူသည် မိမိမယားကို ပြစ်မှား ၏။” 12 မိန်းမ သည်လည်း မိမိ လင် နှင့်ကွာ ၍ အခြား သောယောက်ျားနှင့်စုံဘက် ခြင်းကိုပြုလျှင် မှားယွင်း ခြင်းသို့ ရောက်သည်” ဟု မိန့် တော်မူ၏။
13 ထိုအခါ သူငယ် တို့ကို လက်တော်နှင့် တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ဖြစ်၍၊ တပည့် တော်တို့သည် ဆောင်ခဲ့သောသူ တို့ကို အပြစ်တင် ကြ၏။ 14 ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။” 15 ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊ 16 သူငယ် တို့ကို ချီပိုက် ၍ သူ တို့အပေါ်မှာ လက် တော်ကိုတင် လျက် ကောင်းကြီး ပေးတော်မူ၏။
17 လမ်း မှာ ကြွ တော်မူစဉ်တွင်လူတယောက် သည် အထံ တော်သို့ပြေး ၍ ဒူးထောက် လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ် အမှုကိုပြု ရပါမည်နည်းဟု မေးလျှောက် သော်၊. 18 ယေရှု က၊ ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။” 19 “သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကိုမ ပြစ်မှားနှင့်။ လူအသက်ကို မ သတ် နှင့်။ သူဥစ္စာကိုမ ခိုး နှင့်။ မမှန် သောသက်သေကိုမ ခံနှင့်။ သူ့ဥစ္စာကို မတရား သဖြင့်မ သိမ်းနှင့်။ မိဘ ကို ရိုသေ စွာ ပြုလော့” ဟု မိန့် တော်မူလျှင် ၊
20 အရှင် ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ် သောအရွယ်မှစ၍ စောင့်ရှောက် ပါပြီဟု လျှောက် ပြန်လျှင် ၊
21 ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။ 22 ထိုသူ သည် များစွာ သောဥစ္စာ ကိုရ တတ်သောသူဖြစ် ၍၊ ထို စကား ကိုကြားလျှင် မျက်နှာပျက် ၍ စိတ်မသာ သည်နှင့်သွား လေ၏။
23 ယေရှု ကလည်း ၊ ဥစ္စာ ရ တတ်သောသူ သည်ဘုရားသခင် ၏နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏” ဟု ပတ်လည်သို့ကြည့်ရှု ၍ တပည့် တော်တို့အား မိန့် တော်မူ၏။ 24 တပည့် တော်တို့သည် ထို စကား ကိုကြားလျှင် ၊ မိန်းမော တွေဝေခြင်းရှိကြ၏။ တစ်ဖန် ယေရှု က၊ ငါသား တို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။” 25 ကုလားအုပ် သည် အပ် နဖား ကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည်” ဟု မိန့် တော်မူ၏။
26 ထိုသူ တို့သည် သာ၍ မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု အချင်းချင်း ပြောဆို ကြ၏။ 27 ယေရှု ကလည်း၊ သူ တို့ကိုကြည့်ရှု ၍၊ ဤအမှုကို လူ မ တတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် သည် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
28 ထိုအခါ၊ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှ ကိုစွန့်ပစ် ၍ ကိုယ်တော် နောက် သို့ လိုက်ကြပါပြီဟုလျှောက် လေသော်၊
29 ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့် ၎င်း၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါးကိုစွန့် ၏။” 30 ထိုသူသည် အဆတရာ သော အကျိုးတည်းဟူသောယခု ကာလ ၌ ညှဉ်းဆဲ ခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီး တို့ကို၎င်း၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့။” 31 နောက်ကျ သောသူအများ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျကြသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်” ဟု မိန့် တော်မူ၏။
32 ယေရုရှလင် မြို့သို့ တက်သွား ကြရာ၊ လမ်း မှာ ယေရှု သည်တပည့် တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ သောစိတ်နှင့် လိုက် ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးတို့ကို တစ်ဖန် ခေါ် ၍၊ ငါတို့သည်ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။” 33 လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်သို့ ရောက် လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။” 34 သူ တို့သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ တံတွေး နှင့်ထွေးခြင်း၊ အသေ သတ်ခြင်းကို ပြုကြလိမ့်မည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည်” ဟူ၍မိမိ ကိုယ်၌ရောက် လတံ့သော အမှုအရာ တို့ကို တပည့် တော်တို့အား မိန့် တော်မူ၏။
35 ထိုအခါ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အရှင် ဘုရား၊ အကျွန်ုပ် တို့တောင်းသော ဆု ကျေးဇူးကို ပြု တော်မူစေချင် ပါသည်ဟု လျှောက် လေ၏။ 36 ကိုယ်တော်က၊ ငါသည်သင် တို့ကို အဘယ်သို့ ပြု စေချင် သနည်း” ဟု မေး တော်မူသော် ၊ 37 ကိုယ်တော် သည် ဘုန်းပွင့် တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာ ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်ထိုင် ရသောအခွင့်ကို ပေး တော်မူပါဟု လျှောက် ကြ၏။
38 ယေရှု ကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါ ခံ သောဗတ္တိဇံ ကိုခံ ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊
39 အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော် ၊ ယေရှု က၊ ငါ သောက် သောခွက် ကို သင်တို့ သည် သောက် ရကြလိမ့်မည်။ ငါ ခံ သောဗတ္တိဇံ ကိုလည်း သင်တို့သည်ခံရ ကြလိမ့်မည်။” 40 သို့သော်လည်း ငါ လက်ျာ ဘက်လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကားအကြင်သူ တို့အဘို့အလိုငှာ ပြင်ဆင် ၏၊ ထိုသူတို့အားသာ ငါ ပေး ပိုင်သည်” ဟု မိန့် တော်မူ၏။ 41 အခြားသော တပည့်တော်တစ်ကျိပ် တို့သည်ကြားသိ လျှင် ၊ ယာကုပ် နှင့် ယောဟန် တို့ကို အမျက်ထွက် ကြ ၏။ 42 ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍ ၊ သင်တို့သိ သည်အတိုင်း လောကီ မင်း တို့သည် အစိုးတရ ပြုတတ် ကြ၏။ အကဲအမှူး တို့သည် အာဏာ ထားတတ်ကြ၏။” 43 သင် တို့မူကား ၊ ထိုသို့ မ ပြု ကြနှင့်။ သင် တို့တွင် အကဲအမှူး ပြု လို သောသူ သည် သင် တို့အစေခံ ဖြစ် ရမည်။” 44 သင် တို့တွင် အထွဋ်အမြတ် လုပ် ချင် သောသူ သည်လည်း အလုံးစုံ တို့၏စေခိုင်းရာ ကျွန် ဖြစ် ရမည်။” 45 အကြောင်းမူကား ၊ လူ သား သည် သူတစ်ပါးကို စေစား ခြင်းငှာမ လာ ၊ သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာသတည်း” ဟု မိန့် တော်မူ၏။
46 ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။ 47 နာဇရက် မြို့သားယေရှု ရှိ ကြောင်း ကို ကြား ရလျှင် ၊ ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။ 48 ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူအများ တို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကိုကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် လေသော်၊ 49 ယေရှု သည် ရပ် တော်မူလျက် ၊ ထိုသူ ကိုခေါ် ခဲ့ ဟု အမိန့် တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်း ကိုခေါ် ၍ မ စိုးရိမ်နှင့်၊ ထ လော့။ သင့် ကို ခေါ် တော်မူသည်ဟုဆို ကြ၏။ 50 ထိုသူသည် မိမိ အဝတ် ကို ခြုံ ပြီးလျှင် ၊ ထ ၍ ယေရှု ထံတော်သို့ သွား ၏။ 51 ယေရှု ကလည်း ၊ သင် ၌ အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊ 52 အရှင် ဘုရား အကျွန်ုပ်မျက်စိကိုမြင် စေခြင်းငှာ ပြုတော်မူပါဟု လူကန်း လျှောက် လေသော် ၊ ယေရှု က၊ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင့် ကိုကယ်မ ပြီ ဟုမိန့် တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင် ၍ လမ်း ၌ နောက် တော်သို့လိုက်လေ၏။
111 ယေရုရှလင် မြို့နှင့် အနီးသံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာသို့ရောက် ကြသောအခါ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် တော်မူ၍ ၊ 2 သင် တို့ရှေ့ ၌ ရှိသောရွာ သို့ သွား ကြ။ ထိုရွာ သို့ ရောက် လျှင် အဘယ်သူ မျှမ စီး ဘူးသော မြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုး ကို ဖြည် ၍ ဆောင်ခဲ့ ကြ။” 3 “ သူတစ်ပါး က၊ အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သင် တို့အားဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် ထိုသူ သည် ချက်ခြင်း ပေး လိုက်မည်” ဟု မှာထား တော်မူ၏။
4 တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါး ပြင် မှာ ချည် ထားသောမြည်းကလေး ကို တွေ့ ပြီးလျှင် မြည်းကြိုး ကို ဖြည် ကြ၏။ 5 ထို အရပ်၌ ရပ် နေသောလူ အချို့ တို့က၊ အဘယ်ကြောင့် မြည်း ကြိုးကိုဖြည် သနည်းဟုဆို လျှင် ၊ 6 ယေရှု မှာထား တော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြော ပြီးမှ ထိုသူတို့သည် အခွင့် ပေးကြ၏။ 7 ယေရှု ထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့ ၍ မိမိ တို့အဝတ် ကို မြည်း ကျောပေါ်မှာတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။ 8 လူအများ တို့သည် မိမိ တို့အဝတ် ကိုလမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ် ၍ လမ်း၌ ခင်းကြ၏။ 9 ရှေ့ နောက် လိုက်သွားသောသူ တို့က၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ 10 ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လု သော ငါ တို့အဘ ဒါဝိဒ် ၏နိုင်ငံ တော်သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။ 11 ယေရှုသည် ယေရုရှလင် မြို့သို့ ၎င်း၊ ဗိမာန် တော်သို့ ၎င်း ဝင် ၍ အရာရာ တို့ကို ကြည့်ရှု တော်မူပြီးလျှင်မိုဃ်းချုပ် သောကြောင့် တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ ဗေသနိ ရွာသို့ ထွက်ကြွ တော်မူ၏။ 12 နက်ဖြန် နေ့၌ ဗေသနိ ရွာမှ ပြန် ကြစဉ်တွင်ဆာမွတ် တော်မူ၏။ 13 အရွက် နှင့်ပြည့်စုံ သော သင်္ဘောသဖန်း ပင်ကိုအဝေး က မြင် လျှင် ။ သင်္ဘောသဖန်း သီးဆွတ်ချိန် ကာလမ ရောက် သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ရောက် သောအခါ ၊ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ 14 ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။ 15 ယေရုရှလင် မြို့သို့ ရောက် သောအခါ ယေရှုသည် ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ တို့ကို နှင်ထုတ် ၍ ပွဲစား ခုံ တို့ကို၎င်း၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင်ရာ ကို၎င်း တွန်းလှဲ တော်မူ၍၊ 16 ဗိမာန် တော်ထဲ၌ အဆောက်အဦး ကို အဘယ်သူ မျှ မ ဆောင် မရွက်ရမည်အကြောင်း မြစ်တား တော်မူလျက် ၊ 17 ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာ သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား” ဟူ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
18 ကျမ်းပြု ဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည်ကြား လျှင် ၊ ကိုယ်တော် ကို သတ် ရသောအခွင့် ကို ရှာကြံ ကြ၏။ လူ အပေါင်း တို့သည် ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အံ့ဩ မိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ကြ ၏။ 19 ည အချိန်ရောက် သောအခါ မြို့ ပြင် သို့ထွက် တော်မူ၏။ 20 နံနက် အချိန်တွင် လမ်း၌သွား ကြစဉ်၊ သင်္ဘောသဖန်း ပင်သည် အမြစ် မှစ၍ သွေ့ခြောက် လျက်ရှိသည်ကို မြင် ကြ၏။ 21 ပေတရု သည် သတိရ လျှင် ၊ အရှင် ဘုရားကြည့် တော်မူပါ။ ကျိန် တော်မူသော သင်္ဘောသဖန်း ပင်သည် သွေ့ခြောက် ပါပြီတကားဟု လျှောက် လေ၏။ 22 ယေရှု ကလည်း ၊ သင်တို့သည်ဘုရားသခင် ကို ယုံကြည် ခြင်းရှိ ကြလော့။” 23 ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ယုံမှား သောစိတ် နှင့် ကင်း ၍ မိမိဆို သည်အတိုင်း ဖြစ် မည်ဟု ယုံကြည် လျက်။ ထို တောင် ကို နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင် ၊ ထိုသူ ဆိုသည်အတိုင်း၊ ဖြစ် လိမ့်မည်။” 24 ထို့ကြောင့် ငါဆို သည်ကား၊ သင် တို့သည် ကျေးဇူးကိုရ မည်ဟု ယုံကြည် သောစိတ်နှင့် ဆုတောင်း သမျှ တို့ကို ရ ကြလိမ့်မည်။” 25 သင်တို့သည် ဆုတောင်း သောအခါ သူတစ်ပါး ၌ အပြစ်တင်ခွင့်ရှိ လျှင် ၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင်ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မူမည်။” 26 သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ” ဟုမိန့်တော်မူ၏။
27 ယေရုရှလင် မြို့သို့ တစ်ဖန် ရောက် ကြပြီးမှ ဗိမာန် တော်တွင် စင်္ကြံသွား တော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ 28 ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ဤသို့ ပြု သောအခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော် ၊
29 ယေရှု က၊ ငါသည်တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ ကြလော့။ ဖြေလျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါပြော မည်။” 30 ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော။ ဤအမေးကို ဖြေ ကြလော့” ဟု မိန့် တော်မူ၏။
31 ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ကြ၍ ၊ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။ 32 လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ လူ များကိုကြောက် ရ၏။ ယောဟန် သည် ပရောဖက် အမှန် ဖြစ် သည် ကို လူအပေါင်း တို့သည် အယူ ရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ 33 အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အားပြန်ပြော ကြ၏။ ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော “ဟု မိန့် တော်မူ၏။
121 ထိုအခါ ဥပမာ အားဖြင့် မိန့် တော်မူသည်ကား၊ လူ တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သောသူတို့ အား ဥယျာဉ် ကိုငှား ၍ ၊ အခြားသောပြည်သို့သွား လေ၏။” 2 ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့ လက်မှ စပျစ် သီး ကိုခံ စေခြင်းငှာ သူ တို့ရှိရာ သို့ ငယ်သား ကို စေလွှတ် လေ၏။” 3 ထိုသူတို့သည် ငယ်သား ကိုဘမ်းဆီး ၍ ရိုက် ပြီးမှ လက်ချည်း လွှတ် လိုက်ကြ၏။” 4 နောက်တစ်ဖန် အခြား သော ငယ်သား ကိုသူ တို့ရှိရာသို့ စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ ၏ခေါင်း ကိုမှန်၍ အရှက်ခွဲ ပြီးမှလွှတ်လိုက်ကြ၏။” 5 အခြား သောသူငယ်သားကို စေလွှတ် ပြန်လျှင် ၊ သူ့ ကိုသတ် ကြ၏။ အခြား သောငယ်သားများ တို့တွင် အချို့ ကိုရိုက် ကြ၏။ အချို့ တို့ကိုသတ် ကြ၏။” 6 ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ် သား တစ်ယောက်တည်း ရှိ သေး သည်ဖြစ်၍၊ ထိုသူတို့သည် ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိသား ကို နောက်ဆုံး ၌ စေလွှတ် လေ၏။” 7 ဥယျာဉ်စောင့် တို့ကလည်း ၊ ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ ၏ အမွေ ဥစ္စာကို ငါ တို့ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ၍၊” 8 ဥယျာဉ်ရှင်၏သားကို ဘမ်းယူ ပြီးမှ သတ် ၍ ဥယျာဉ် ပြင် သို့ ထုတ်ပစ် ကြ၏။” 9 သို့ဖြစ်လျှင် ၊ ဥယျာဉ် ရှင် သည် အဘယ်သို့ ပြု မည်နည်း၊ သူသည်လာ ၍ ဥယျာဉ်စောင့် တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည်။” 10 တိုက်ကိုတည်လုပ် သောသူ များပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် အဖျား သို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။” 11 ငါ တို့မျက်မှောက် ၌ လည်း ၊ အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကိုကျမ်းစာ ၌ သင်တို့သည် မ ဘတ် ဘူး သလော ဟု မိန့်တော်မူ၏။
12 ထိုသူတို့သည် မိမိ တို့ကိုရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကို သိ သောကြောင့် ၊ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ ကြ၏။ သို့သော်လည်း စုဝေး သောသူ တို့ကို ကြောက် သောကြောင့် အထံ တော်မှ ထွက်သွား ကြ၏။
13 တစ်ဖန် စကား ကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲ တို့နှင့် ဟေရုဒ် တပည့်အချို့ တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။ 14 ထိုသူတို့သည် ချဉ်းကပ် ၍ ၊ အရှင် ဘုရား၊ ကိုယ်တော်သည်သစ္စာ ရှိ ပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကို မ ထောက် ဘဲ ဘုရားသခင် ၏တရား လမ်း ကို ဟုတ်မှန်စွာပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ ကဲသာ ဘုရင်အား အခွန် ဆက် အပ် သလော၊ မ ဆက်အပ်သလော။ 15 အကျွန်ုပ်တို့သည် ဆက် ရမည်လော၊ မ ဆက် ရမည်လောဟု မေးလျှောက် ကြ၏။ ကိုယ်တော် သည် ထို သူ တို့၏လျှို့ဝှက် ခြင်းကို သိ တော်မူလျှင် ၊ သင်တို့သည် ငါ့ ကိုအဘယ်ကြောင့် စုံစမ်း နှောင့်ယှက်ကြသနည်း။ ဒေနာရိ တစ်ပြားကို ငါကြည့် ဘို့ ယူခဲ့ ကြ” ဟု မိန့် တော်မူ၍၊
16 သူတို့သည်ယူခဲ့ ကြ၏။ ဤ ပုံ ၊ ဤ လိပ်စာ ကားအဘယ်သူ ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော် ၊
17 ယေရှု ကလည်း ၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ၊ ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူသည်ကို သူတို့သည် အံ့ဩ ခြင်းရှိကြ၏။
18 ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူ ရှိသောဇဒ္ဒုကဲ တို့သည်လည်းအထံ တော်သို့ ချည်းကပ် ၍ ၊ 19 အရှင် ဘုရား၊ လူမည်သည်ကား သား မ ရှိ ဘဲ သေ သွား၍ မယား ကျန်ရစ် လျှင် ၊ သူ့ ညီ သည် ထို မိန်းမ ကိုသိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွှယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင်ရေး ထားပါပြီ။ 20 ညီအစ်ကို ခုနှစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် ၍ သား မ ရှိ ဘဲသေ လျှင် ၊ 21 သူ ၏မယား ကိုသူ့ညီ အကြီးသိမ်းယူ ၍ သား မ ရှိဘဲသေ ပြန်လေ၏။ 22 ထို့အတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမ ကိုသိမ်းယူ၍ သား ကိုမ ကျန်ရစ် စေကြ။ နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။ 23 သို့ဖြစ်၍ထမြောက် ရာကာလ၌ သူတို့သည်ထမြောက် ကြသောအခါ ထိုမိန်းမသည်အဘယ်သူ ၏မယား ဖြစ် ပါမည်နည်း။ ထို ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
24 ယေရှု ကလည်း၊ သင်တို့သည်ကျမ်းစာ ကို နား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့် မှား သောအယူကိုယူကြ၏။” 25 သေ ခြင်းမှ ထမြောက် သောအခါ စုံဘက် ခြင်းကိုမ ပြု၊ ထိမ်းမြား ပေးစားခြင်းကိုမ ပြု၊ ကောင်းကင် တမန် ကဲ့သို့ ဖြစ် ကြ၏။” 26 ထိုမှတစ်ပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် ကငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူကြောင်းကို မောရှေ ၏ကျမ်း ၊ ချုံ ခဏ်း၌ သင်တို့သည်မ ဘတ် ဘူးသလော။” 27 ဘုရားသခင်သည် သေ နေသောသူတို့၏ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန် မှား ကြသည်” ဟု မိန့် တော်မူ၏။
28 ထိုသို့ ဆွေးနွေး ငြင်းခုံကြသည်ကို ကျမ်းပြု ဆရာတစ် ယောက်သည်ကြား ၍၊ ကိုယ်တော်သည် လျောက်ပတ် စွာ ပြန်ပြော တော်မူသည်ကို သိမြင် လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာ တို့တွင် အဘယ် မည် သော ပညတ် သည်သာ၍ မြတ်သနည်းဟု မေးလျှောက် သော်၊ 29 ယေရှု က၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ဘုရားသခင် ထာဝရ ဘုရားသည် တစ်ဆူတည်း သောထာဝရ ဘုရားဖြစ် တော်မူ၏။ ထာဝရဘုရား သည် တစ်ပါးတည်းဖြစ်တော်မူ၏။” 30 သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။” 31 ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ဒုတိယ ပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ၏။ ဤ ပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ် မ ရှိ “ဟုပြန်၍ မိန့် တော်မူ၏။
32 ကျမ်းပြု ဆရာကလည်း ၊ အရှင် ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ် စွာမိန့် တော်မူပြီ။ ဘုရားသခင်တဆူတည်း ရှိ တော်မူ၏။ 33 ထို ဘုရားသခင် မှတပါး အခြား သောဘုရားသခင်မ ရှိ ။ ထို ဘုရားသခင် ကို စိတ် နှလုံးအကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ် နှင့်အမျှ ချစ် ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင် မှစ၍ ယဇ်အမျိုးမျိုး တို့ကို ပူဇော် ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက် လေ၏။
34 ထိုသို့ ပညာ သတိနှင့် ပြန်လျှောက် သည်ကို ယေရှု သည်သိမြင် လျှင် ၊ သင်သည်ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ဝေး “ဟု မိန့် တော်မူ၏။ နောက်တစ်ဖန် အဘယ်သူ မျှ မ မေး မလျှောက်ဝံ့ ကြ။ 35 ထိုအခါ ယေရှု သည် ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ “ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ကြသနည်း။” 36 ဒါဝိဒ်၏စကားမှာ၊ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမချ မ ထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဒါဝိဒ် ဆို သတည်း။” 37 ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်းဟု မေးတော်မူ၏။ လူ များ အပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကား တော်ကို နားထောင် ကြ၏။” 38 ထိုသို့ဆုံးမဩဝါဒ ပေးစဉ်တွင်တစ်ဖန် မိန့် တော်မူသည်ကား၊ ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာအလိုရှိ ကြ၏။ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊” 39 ပွဲ သဘင်။ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။” 40 သူ တို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာရှည် စွာသော ပဌနာ စကားကို ရွတ်တတ်ကြ၏။ သူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကို ခံရ ကြမည် ဟု မိန့်တော်မူ၏။
41 ထိုနောက် ယေရှုသည် ဘဏ္ဍာတိုက် ရှေ့ မှာ ထိုင် တော်မူစဉ်တွင်၊ လူ များတို့သည် ကြေး ငွေကိုဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို ကြည့်ရှု တော်မူ၏။ ငွေရတတ် သောသူအများ တို့သည် များစွာ သွင်းချ ကြ၏။ 42 ဆင်းရဲ သောမုဆိုးမ တစ် ယောက်သည်လာ ၍ တစ်ပဲ လောက်တန် သောကြေးနီ ဒင်္ဂါးနှစ် ပြားကို သွင်းချ ၏။ 43 ကိုယ်တော်သည် တပည့် တော်တို့ကိုခေါ် ၍ ငါအမှန် ဆို သည်ကား၊ ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သောသူ အပေါင်း တို့ထက် ထို ဆင်းရဲသား မုဆိုးမ သည်သာ၍ သွင်းချ ခဲ့ပြီ။” 44 အကြောင်းမူကား ၊ ထိုသူအပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ်ထဲက နှုတ်၍သွင်းချ ကြ၏။ ထို မိန်းမ မူကား အလွန်ဆင်းရဲ လျက်ပင်၊ မိမိ အသက် မွေးစရာဥစ္စာရှိသမျှ ကို သွင်းချ လေပြီ ဟုမိန့် တော်မူ၏။
131 ကိုယ်တော် သည် ဗိမာန် တော်မှ ထွက်ကြွ တော်မူသော်၊ တပည့် တော်တယောက် က၊ အရှင် ဘုရားကြည့်ရှု တော်မူပါ။ ဧရာ ကျောက် ကြီးတကား၊ ဧရာ တိုက်ဆောင် ကြီးတကားဟု လျှောက် လျှင် ၊ 2 ယေရှု က၊ ဤ ကြီးစွာ သောတိုက်ဆောင် တို့ကို သင်သည်ယခုမြင် ရ၏။ မ ဖြို မ ချဘဲ ကျောက် တစ်ခုအပေါ်မှာ တစ်ခုမျှမ တည် မနေရ ဟုမိန့် တော်မူ၏။ 3 ထိုနောက် သံလွင် တောင် ပေါ်မှာ ဗိမာန် တော်ရှေ့ရှု ထိုင် တော်မူစဉ်၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ တို့က၊ 4 ထို အမှုအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ထိုအမှုအရာ ရှိသမျှ တို့သည် ပြည့်စုံ ချိန်နီး သောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်းမည်ကို၎င်း အမိန့် ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက် ကြ၏။
5 ယေရှု ကလည်း ၊ သင် တို့ကိုအဘယ်သူ မျှ မ လှည့်ဖြား စေခြင်းငှာသတိပြု ကြလော့။” 6 အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏ဟုဆို လျက်၊ ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ သဖြင့်၊ လူများ တို့ကို လှည့်ဖြား ကြလိမ့်မည်။” 7 သင်တို့သည် စစ်တိုက် ကြောင်းကို၎င်း ၊ စစ်တိုက် ခံသောသိတင်း စကားကို၎င်း ကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်၊ ထိုသို့ဖြစ် ရမည်။ သို့သော်လည်း အဆုံး သည်မ ဖြစ်သေး။” 8 လူ တမျိုးနှင့်တမျိုး ၊ တနိုင်ငံ နှင့် တနိုင်ငံ ရန်ဘက် ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ မြေကြီး လှုပ်ခြင်း ဖြစ် လိမ့်မည်။ အစာ ခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ် ကြလိမ့်မည်။ ထို အမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။” 9 သင် တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ အကြောင်းမူကား၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။ ထိုသူ တို့အား သက်သေ ဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် ရောက် ကြလိမ့်မည်။” 10 ဧဝံဂေလိ တရားကို ရှေးဦးစွာ လူမျိုး အပေါင်း တို့အား ဟော ရလိမ့်မည်။ သင် တို့ကို အပ်နှံ ခြင်းငှာပို့ဆောင် ကြသောအခါ အဘယ်သို့ ပြောဆို ရမည်ကို မစိုးရိမ်ကြနှင့်။” 11 ရှေ့မဆွ ကမ ဆင်ခြင်ကြနှင့်။ ထို ခဏခြင်း တွင် သင် တို့ရ သောစကားကို သင် တို့အလိုအလျောက်ပြော ကြသည်မ ဟုတ်၊ သန့်ရှင်း သောဝိညာဉ် တော်သည် ပြော တော်မူ၏။” 12 ထိုကာလ၌ ညီအစ်ကို ချင်း တစ်ယောက် ကို တစ်ယောက်သေ စေခြင်းငှာ အပ် လိမ့်မည်။ အဘ သည်လည်း သား ကို အပ်လိမ့်မည်။ သားသမီး တို့ သည် လည်း မိဘ ကို ရန်ဘက် ပြု၍ သေ စ ေကြလိမ့်မည်။” 13 လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည် ။ အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။” 14 ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။” 15 အိမ်မိုး ပေါ်မှာ ရှိသောသူ သည် အိမ်ထဲသို့ မ ဆင်း စေနှင့်။ အိမ် ထဲက တစ်စုံတစ်ခု ကို ယူ ခြင်းငှာမ ဝင် စေနှင့်။” 16 လယ် ၌ ရှိသောသူ လည်း မိမိ အဝတ် ကိုယူ ခြင်းငှာနောက် သို့ မ ပြန် စေနှင့်။” 17 ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိ သောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။” 18 သင်တို့ ပြေးရသောအချိန်သည် ဆောင်း ကာလ၌ မ ကျ ရမည်အကြောင်း ဆုတောင်း ကြလော့။” 19 အကြောင်းမူကား ၊ ဘုရားသခင် ဖန်ဆင်း တော်မူ သော ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး ၊ နောက်၌လည်း မ ဖြစ် လတံ့သောဒုက္ခ သည် ထို နေ့ရက် ကာလ၌ ဖြစ် လိမ့်မည်။” 20 ထိုကာလ ကို ဘုရားသခင် သည် တာရှည် စေလျှင် ၊ အဘယ်သူ မျှမ လွတ် နိုင်ရာ။ ရွေးချယ် တော်မူသော သူ တို့အဘို့ အလိုငှာ ထိုကာလ ကို တို စေတော်မူမည်။” 21 ထိုအခါ သူတစ်ပါး က၊ ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟုဆို သော်လည်း မ ယုံ ကြနှင့်။” 22 အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍၊ ရွေးချယ် သောသူ တို့ကိုပင်လှည့်ဖြား နိုင် လျှင် လှည့်ဖြားနိုင်လောက်အောင်နိမိတ် လက္ခဏာအံ့ဘွယ် သောအမှုတို့ကိုပြ ကြလိမ့်မည်။” 23 သင် တို့သည် သတိပြု ကြလော့။ ထိုအကြောင်းအရာရှိသမျှ ကို ငါပြော နှင့်ပြီ။” 24 ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက်မှ နေ သည် မိုက် လိမ့်မည်။ လ သည်အရောင် မ ပေး ။” 25 ကောင်းကင် ကြယ် တို့သည် ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။” 26 ထိုအခါ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကို မြင် ရကြလိမ့်မည်။” 27 ထိုအခါ လူသားသည် မိမိတမန် တို့ကို စေလွှတ်သဖြင့် မိမိ ရွေးချယ် သောသူ တို့ကို အရပ် လေးမျက်နှာကောင်းကင် အောက် ထက် ဝန်းကျင်တို့မှ ခေါ်၍ စုရုံး စေတော်မူလတံ့။” 28 သင်္ဘောသဖန်း ပင်ကို အစွဲပြု၍ ပုံ သက်သေတစ်ခုကိုမှတ် ကြလော့။ သင်္ဘောသဖန်း ပင်သည် အခက်အလက် နု ၍ အရွက် ပေါက် သောအခါ ၊ နွေ ကာလနီး သည်ကို သင်တို့သိ ကြ၏။” 29 ထိုနည်းတူ ထိုအကြောင်းအရာများဖြစ် သည်ကို မြင် ရလျှင် ၊ လူသားသည်တံခါးဝ တိုင်အောင် အနီး သို့ ရောက် တော်မူသည်ကိုသိမှတ် ကြလော့။” 30 ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သော လူ များမ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြ လိမ့်မည်။” 31 ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။” 32 ထို အချိန် နာရီ ကိုကား ၊ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ကောင်းကင် တမန် များမ သိ။ သား တော် လည်းမ သိ။” 33 ထို အချိန် ကာလသည် အဘယ် အခါ၌ ရောက် မည်ကို သင်တို့မ သိ သောကြောင့် သတိပြု ၍ဆုတောင်း လျက် စောင့် နေကြလော့။” 34 ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့ သွား မည်အကြံရှိသည်နှင့် မိမိ အိမ် ကို ငယ်သား တို့ လက်သို့အပ် ၍၊ သူ တို့ဆောင်ရွက် စရာအမှုကို အသီးအသီး ခွဲခန့် စီမံ၍ ၊ တံခါးမှူး ကိုစောင့် နေစေဟု မှာထား ပြီးမှသွား သည်ဖြစ်၍၊” 35 အိမ် ရှင် သည် ညဦး အချိန်၊ သန်းခေါင် အချိန်၊ ကြက်ဦးတွန် ချိန်၊ နံနက် အချိန်တို့တွင် အဘယ် အချိန်၌ လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြလော့။” 36 “သို့မဟုတ် အမှတ်တမဲ့ လာ ၍ သင် တို့အိပ်ပျော် သည်ကိုတွေ့ လိမ့်မည်။” 37 စောင့် နေကြလော့ဟု သင် တို့အား ငါ ဆိုသည်အတိုင်း ၊ ခပ်သိမ်း သောသူတို့အား ငါ ဆိုသည် ဟု မိန့် တော်မူ၏။
141 ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။ 2 သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကို စိုးရိမ် ၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟုပြောဆို ကြ၏။ 3 ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။ 4 အချို့ တို့သည် ဒေါသ စိတ်ရှိ သည်ဖြစ်၍၊ ထို ဆီမွှေး ကို အဘယ်ကြောင့် အကျိုးမဲ့ ဆုံး စေသနည်း။ 5 ဒေနာရိ အပြားသုံးရာ မက သောအဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး စရာကောင်းသည်ဟု ဆို၍ထိုမိန်းမ ကိုအပြစ်တင် ကြ၏။
6 ယေရှု ကလည်း ထိုမိန်းမ ကိုရှိ စေတော့။ အဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကို ပြု ပြီ။” 7 ဆင်းရဲ သောသူ တို့သည် သင်တို့၌ အစဉ် ရှိ ကြ၏ သင်တို့ အလိုရှိသည်အတိုင်း သူ တို့အားကျေးဇူး ပြု နိုင် ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။” 8 ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။” 9 “ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤ မိန်းမကို အောက်မေ့ စရာဘို့ သူပြု သောဤအမှု ကို ကြားပြော ရကြလတံ့” ဟုမိန့်တော်မူ၏။
10 ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ် သည် ကိုယ်တော် ကိုအပ် ခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား လေ၏။ 11 ထိုသူ တို့သည် ကြား လျင်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော် ကို အဘယ်သို့ အပ် ရမည်နည်းဟု ရှာကြံ လျက်နေ၏။ 12 ပသခါ သိုးငယ်ကို သတ် သောနေ့တည်းဟူသောအဇုမ ပွဲပဌမ နေ့ ၌ တပည့် တော်တို့သည် အထံ တော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊ 13 ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊” 14 သူဝင် သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို စား ရသောဧည့်သည်အခန်း ကား၊ အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ်ရှင် ကို ပြော ကြလော့။” 15 ထိုသူ သည် အသင့် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကိုပြ လိမ့်မည်။ ထို အခန်း၌ ငါ တို့ဘို့ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။ 16 တပည့် တော်တို့သည်သွား ၍ မြို့ ထဲသို့ ဝင် လျှင် ၊ စကား တော်အတိုင်း တွေ့ ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
17 ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။ 18 စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
19 တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။ 20 ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။” 21 ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။ 22 ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။ 23 ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှသူ တို့အား ပေး တော်မူလျှင် ၊ ထိုသူရှိသမျှ တို့သည် သောက် ကြ၏။ 24 ကိုယ်တော်ကလည်း ၊ ဤ ခွက်ကား၊ ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍၊ လူများ အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။” 25 ငါအမှန် ဆို သည်ကား၊ ဤ စပျစ်ရည် မျိုးအသစ် ကို ဘုရားသခင် ၏နိုင်ငံ တော်၌ ငါမ သောက် မှီ နေ့ တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမ သောက်ရ “ဟု မိန့် တော်မူ၏။ 26 ထိုနောက် သီချင်းဆို ပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
27 ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။” 28 သို့သော်လည်း ငါ သည်ထမြောက် ပြီးမှ သင် တို့ရှေ့ ၊ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊2”
29 ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
30 ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင်ပင် ကြက် သည်နှစ်ကြိမ် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
31 ပေတရုက၊ ကိုယ်တော် နှင့်တကွသေ ရ သော်လည်း အကျွန်ုပ်သည် ကိုယ်တော် ကိုမ ငြင်း မပယ်ပါဟု သာ၍ခိုင်ခံ့ သောစကားနှင့် လျှောက် ပြန်၏။ ထိုသူအပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။ 32 ထိုအခါ ဂေသရှေမန် အရပ် သို့ ရောက် ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်း စဉ် တွင်သင်တို့သည်ဤ အရပ်၌ ထိုင် နေကြလော့” ဟု တပည့် တော်တို့အား မိန့်တော်မူ ပြီးမှ ၊ 33 ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။ 34 ထိုအခါ ငါ သည်သေ လောက် အောင်စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ စောင့် နေ ကြလော့ ဟု တပည့် တော်သုံးယောက်တို့အား မိန့် တော်မူ၍၊ 35 ထိုမှအနည်းငယ် လွန် ပြန်လျှင် ၊ မြေ ပေါ်မှာ ပြပ်ဝပ် ၍ အိုအဘ ခမည်းတော် ၊” 36 ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊ 37 ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။” 38 စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက် စောင့် နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အားမိန့် တော်မူပြီးမှ ၊ 39 တစ်ဖန် သွား ၍ ရှေ့မြွက်ဆို သည်နည်းတူ ဆုတောင်း တော်မူ၏။ 40 ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။ 41 သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။” 42 ထ ကြ။ ငါတို့သည်သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။ 43 ထိုသို့ မိန့် တော်မူစဉ် တွင်ပင်တပည့်တော် တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာလူ အကြီးအကဲများစေလွှတ်သောလူ အစုအဝေးအပေါင်းတို့သည် ဓား နှင့် ဒုတ် များကိုကိုင်လျက် ချက်ခြင်း လာ ကြ၏။ 44 ကိုယ်တော် ကိုအပ်နှံ သောသူ က၊ ငါနမ်း သောသူ သည်ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ၍ လုံခြုံ စွာ ဆောင်သွား ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း ၊ 45 သူသည် ရောက် လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ အရှင်ဘုရားဟုဆို လျက် နမ်း လေ၏။ 46 ထိုသူတို့သည် လာ၍ ကိုယ်တော် ကိုဆွဲကိုင် ဘမ်းဆီး ကြ၏။ 47 အနား၌ ရပ် နေသောသူ တစ် ယောက်သည် ဓား ကို ဆွဲထုတ် ပြီးလျှင်၊ ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် နားရွက် ပြတ် လေ၏။ 48 ယေရှု ကလည်း သင်တို့သည် ဓားပြ ကို ဘမ်းသကဲ့သို့ ငါ့ ကိုဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား၊” 49 ငါသည် ဗိမာန် တော်၌ နေ့ တိုင်း ဆုံးမ ဩဝါဒပေးလျက် ၊ သင် တို့အလယ်၌ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဖမ်း မဆီးကြ။ ဤအကြောင်းအရာကား၊” 50 ကျမ်းစာ ပြည်စုံ မည်အကြောင်း တည်း ဟု ထိုလူ များကို မိန့် တော်မူ၏။ 51 ထိုအခါ တပည့်တော်အပေါင်း တို့သည် ကိုယ်တော် ကိုစွန့်ပစ် ၍ ပြေး ကြ၏။ လုလင် တစ် ယောက်သည် စောင် တစ်ထည်ကိုသာဝတ် လျက် နောက်တော်သို့လိုက် သည်ဖြစ်၍ ၊ မင်းလုလင်တို့သည် ထိုလုလင် ကို ဘမ်းဆီး ကြ၏။ 52 သူ သည်လည်း စောင် ကိုစွန့်ပစ် ၍ အဝတ် မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေး လေ၏။ 53 ထိုသူတို့သည် ယေရှု ကို ယဇ်ပုရောဟိတ် မင်းထံသို့ ဆောင်သွား ကြ၏။ ထိုမင်းထံ၌ယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာအပေါင်း တို့သည် စည်းဝေး ကြ၏။ 54 ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။ 55 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကို သတ် ရမည်အကြောင်း သက်သေ ကို ရှာ သော်လည်း မ တွေ့ ကြ။ 56 လူများ တို့သည် မမှန် သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည်မ ညီ ။ 57 အချို့ တို့သည်ထ ၍၊ ဤသူက၊ လူတို့လက် ဖြင့် လုပ်သော၊ 58 ဤ ဗိမာန် တော်ကို ငါ ဖြိုဖျက် ၍ လူတို့ လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက် မည်ဟု ပြောဆို သည်ကို အကျွန်ုပ် တို့ကြား ရပါပြီဟု သက်သေခံ ကြ၏။ 59 သို့သော်လည်း သူ တို့၏ သက်သေခံ ချက်သည် မ ညီ ။ 60 ယဇ်ပုရောဟိတ် မင်းသည် အလယ် ၌ မတ်တပ်ထ ၍၊ သင်သည် တခွန်းမျှ ပြန် ၍မ ပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှု ကိုမေး လျှင်၊ 61 ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊ 62 ယေရှု က၊ မှန် ၏။ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး၍ ကြွလာ သည်ကို သင်တို့မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
63 ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကို ဆုတ် လျက်အဘယ် သက်သေ ကို လို သေး သနည်း။ 64 ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြား ရပြီ။ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော် သည် အသေခံ ထိုက် ကြောင်းကို ထိုသူ အပေါင်း တို့သည် စီရင် ကြ၏။ 65 ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
66 ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊ 67 ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊ 68 ပေတရုက၊ သင် ပြော သောအရာ ကိုငါမ သိ ၊ နား မ လည်ဟု ငြင်းခုံ ပြီးမှ အိမ်ဦး ရှေ့သို့ ထွက် သော် ကြက် တွန် လေ၏။ 69 နောက်တစ်ဖန် အစေအပါး မိန်းမသည် ပေတရု ကိုမြင် လျှင် ၊ အနား၌ ရပ် နေသောသူ တို့အား၊ ဤသူ သည် ထိုသူ တို့ အဝင် ဖြစ် သည်ဟုဆို သော်။ 70 ပေတရု သည် တစ်ဖန် ငြင်းခုံ ပြန်၏၊ ထိုနောက်များမကြာ အနား၌ ရပ် နေသောသူ တို့က၊ အကယ်စင်စစ် သင်သည် ထိုသူ တို့အဝင် ဖြစ် ၏။ သင်သည် ဂါလိလဲ လူဖြစ် ၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆို ကြလျှင် ၊ 71 ပေတရုက၊ သင်တို့ပြော သောသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို သည်နောက် ၊ 72 တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။
151 နံနက် အချိန်တွင် ယဇ်ပုရောဟိတ် အကြီးတို့သည် မ ဆိုင်းမလင့်ဘဲ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာ၊ လွှတ် အရာရှိအပေါင်း တို့နှင့် တိုင်ပင် ခြင်းကိုပြု၍၊ ယေရှု ကိုချည်နှောင် ပြီးလျှင် ၊ ပိလတ် မင်းထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။ 2 ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ကိုယ်တော် ကိုမေး လျှင် ၊ မင်းကြီး မေး သည်အတိုင်းမှန်သည်” ဟု မိန့် တော်မူ၏။ 3 ယဇ်ပုရောဟိတ် အကြီးတို့သည် များစွာ သောအပြစ် ကိုတင်ကြ၏။ 4 တစ်ဖန် ပိလတ် မင်းက၊ သင်သည် တစ်ခွန်း ကိုမျှပြန် ၍ မ ပြောသလော။ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို ကြည့် ပါဟု မေးမြန်း ပြောဆို သော်လည်း ၊ 5 စကားတစ်ခွန်း ကိုမျှပြန် တော်မ မူသည်ကို ပိလတ် မင်းသည် အံ့ဩ လေ၏။
6 ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်း ထားသောသူတို့တွင်၊ လူများတောင်း သောသူ တစ် ယောက်ယောက်ကို လွှတ် တတ်၏။ 7 ထိုအခါ ပုန်ကန် ၍ လူအသက်ကိုသတ် သော အပြစ်သင့် သော ဗာရဗ္ဗ အမည် ရှိသောသူ တစ်ယောက် သည်၊ ပုန်ကန် သောအပေါင်းအဘော်တို့နှင့်တကွ အကျဉ်းခံ လျက်ရှိ၏။ 8 လူ အပေါင်းတို့သည် မိမိ တို့အား ပြုမြဲပြု ပါမည်အကြောင်း အော်ဟစ်၍ တောင်းပန် သောအခါ ၊ 9 ပိလတ် မင်းက၊ သင်တို့သည် ယုဒ ရှင်ဘုရင် ကို လွှတ် စေချင် သလောဟု ပြန် ၍မေး ၏။ 10 အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ် အကြီးတို့သည် မနာလို သောစိတ်နှင့် ယေရှု ကိုအပ်နှံ ကြောင်း ကိုသိ ၏။ 11 ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗ ကို လွှတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့သည် လူအစုအဝေး ကို နှိုးဆော် ကြ၏။ 12 တစ်ဖန် ပိလတ် မင်းက၊ ယုဒ ရှင်ဘုရင် ဟု သင်တို့ခေါ်ဝေါ် သောသူ ကိုအဘယ်သို့ ပြု ရမည်နည်းဟု မေးမြန်း သော်၊ 13 ထိုသူအပေါင်းတို့က၊ သူ့ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု ဟစ် ကြ၏။ 14 ပိလတ် မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ် အပြစ် ကို ပြု ဘိသနည်းဟု မေး လျှင်၊ ထိုသူ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူ များတို့သည်သာ၍ ဟစ် ကြ၏။
15 ပိလတ် မင်းသည်လည်း လူ များတို့၏စိတ်ကို ပြေစေခြင်းငှာအလိုရှိ ၍၊ ဗာရဗ္ဗ ကို သူ တို့အား လွှတ် လေ ၏။ ယေရှု ကိုကား၊ ရိုက် ပြီးလျှင် လက်ဝါးကပ်တိုင် မှာ သတ်စေခြင်းငှာ အပ် လိုက်လေ၏။ 16 ထိုအခါ စစ်သူရဲ တို့သည် ကိုယ်တော် ကို ပြဲတောရိရုံး တည်းဟူသောအိမ်တော်ဦး အတွင်း သို့ဆောင်သွား ၍၊ စစ်သူရဲ တတပ်လုံးကို စုရုံး စေပြီးမှ ၊ ကိုယ်တော် အား နီမောင်း သောအဝတ်ကိုဝတ် စေ၍ ၊ 17 ဆူး ပင်နှင့်ရက် သော ဦးရစ် ကိုတင် ပြီးလျှင် ၊ 18 ယုဒ ရှင်ဘုရင် ၊ ကိုယ်တော် သည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး စကားကို ပြောကြ၏။ 19 ခေါင်း တော်ကို ကျူလုံး နှင့် ရိုက် ခြင်း၊ တံထွေး နှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူး ထောက် ၍ ပြပ်ဝပ် ခြင်း ကိုလည်း ပြုကြ၏။ 20 ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ နီမောင်း သောအဝတ်ကိုချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် ၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။ 21 အာလေဇန္ဒြု နှင့် ရုဖု ၏ အဘ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်သည်၊ တောရွာ မှ လာ ၍ လမ်း၌သွား သည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။ 22 ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အရပ် သို့ ကိုယ်တော် ကို ဆောင်သွား ပြီးမှ ၊ 23 မုရန် နှင့်ရောသော စပျစ်ရည် ကို၊ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လျှင် မ ခံ ဘဲ နေတော်မူ၏။
24 လက်ဝါးကပ်တိုင် မှာ ရိုက်ထားပြီးလျှင် ၊ အဝတ် တော်ကို စားရေးတံ ချ ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။ 25 ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာ ရိုက်ကြသောအချိန်ကား၊ နံနက် တချက်တီးအချိန် ဖြစ် သတည်း။ 26 အပြစ် ဖော်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ဟု ရေး ထားသတည်း။ 27 ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။ 28 ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ 29 လမ်းမှာသွား သောသူ တို့ကလည်း ၊ ဟဲ့ ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊ 30 ကိုယ်ကိုကိုယ် ကယ်တင် လော့။ လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။ 31 ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ် ၏။ ကိုယ် ကိုမ ကယ်တင် နိုင် ပါတကား။ 32 ငါတို့ မြင်၍ ယုံကြည် စေခြင်းငှာ ၊ ဣသရေလ ရှင်ဘုရင် တည်းဟူသောခရစ်တော် သည် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလော့ဟု အချင်းချင်း ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူ တို့သည်လည်း ကဲ့ရဲ့ ပြစ်တင်ကြ၏။
33 မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။ 34 သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကိုစွန့်ပစ် တော်မူသနည်းဟု ဆိုလို သတည်း။ 35 အနား၌ရပ် နေသော သူ အချို့ တို့သည်ကြား လျှင်၊ သူသည်ဧလိယ ကို ခေါ် သည်ဟုဆို ကြ၏။ 36 လူတစ် ယောက်သည် ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌တပ် ၍ ကိုယ်တော် အား သောက် စိမ့်သောငှာပေးလျက်၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုချယူ ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြကုန်အံ့ဟုဆို ၏။ 37 ယေရှု သည်ကြီး သောအသံ နှင့် ကြွေးကြော် ၍ အသက် ချုပ်တော်မူ၏။ 38 ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ 39 ထိုသို့ ကြွေးကြော်၍ အသက် ချုပ်တော်မူကြောင်း ကိုရှေ့ တော်၌ရပ် နေသော တပ်မှူး သည်မြင် လျှင်၊ စင်စစ် ဤ သူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟုဆို ၏။ 40 မိန်းမ အချို့တို့သည်လည်း ထိုအရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။ 41 ထို မိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲ ပြည်မှာ ရှိတော်မူ စဉ် ၊ နောက် တော်သို့ အလုပ်အကျွေး လိုက် သော မာဂဒလ မာရိ ၊ ယာကုပ် ငယ် နှင့် ယောသေ ၏ အမိ ဖြစ်သောမာရိ နှင့် ရှာလုံ တို့မှစ၍ နောက်တော်၌ ယေရုရှလင် မြို့သို့ လိုက် လာသောအခြား မိန်းမများ လည်း ပါကြသတည်း။ 42 ထိုနေ့ကား အဘိတ်နေ့ တည်းဟူသော ပရက္ကု နေ့ဖြစ် သောကြောင့် ည အချိန်ရောက် မှ၊ 43 အသရေ ရှိသော လွှတ် အရာရှိ၊ အရိမသဲ မြို့သားယောသပ် သည်၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သောသူ ဖြစ် သည်နှင့် ၊ ပိလတ် မင်းထံသို့ ရဲရင့် စွာဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ 44 ယေရှုသည်ယခုပင် သေ သည်ကို ပိလတ် မင်းသည် အံ့ဩ ခြင်းရှိသဖြင့် တပ်မှူး ကိုခေါ် ၍၊ သေ သည်ကား ကြာ ပြီလောဟုမေး ၏။ 45 သေကြောင်းကို တပ်မှူး စကားဖြင့် သိ လျှင် ၊ အလောင်း တော်ကို ယောသပ် အားအပ်ပေး ၏။ 46 ယောသပ်သည် ကိုယ်တော် ကိုချ ၍၊ မိမိဝယ် ခဲ့သော ပိတ်ချော နှင့်ပတ်ရစ် ပြီးလျှင် ၊ ကျောက် ၌ ထွင်း သော သင်္ချိုင်း တွင်းထဲမှာ ထား ၍ တွင်း ၌ ကျောက် ကိုလှိမ့် ထားလေ၏။ 47 မာဂဒလ မာရိ ၊ ယောသေ ၏ အမိ ဖြစ်သော မာရိ တို့သည် အလောင်း တော် ထား ရာ အရပ် သို့ ကြည့်ရှု ကြ၏။
161 ဥပုသ်နေ့ လွန် မှမာဂဒလ မာရိ ၊ ယာကုပ် ၏အမိဖြစ်သော မာရိ နှင့် ရှာလုံ တို့သည်သွား ၍၊ အလောင်း တော်ကို လိမ်း ခြင်းငှာ နံ့သာမျိုး ကိုဝယ် ပြီးလျှင် ၊ 2 ခုနစ် ရက်တွင် ပဌမ နေ့ရက်နံနက် စောစော ၊ နေ ထွက် သောအချိန်၌ သင်္ချိုင်း တော်သို့ သွား ကြ၏။ 3 ထိုမိန်းမတို့က၊ တွင်း ဝ ၌ ပိတ်သောကျောက် ကို အဘယ်သူ လှိမ့်လှန် ၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆို ပြီးမှ ကြည့်ရှု လျှင် ၊ ထို ကျောက် သည် လှိမ့်လှန်လျက်ရှိ သည်ကို မြင် ကြ၏။ 4 ထိုကျောက်ကားအလွန် ကြီး သောကျောက် ဖြစ် သတည်း။ 5 မိန်းမတို့သည် တွင်း ထဲသို့ ဝင် ကြပြီးလျှင် ၊ လုလင် တစ်ယောက်သည် ဖြူစင် ရှည်လျားသောအင်္ကျီ ကိုဝတ် လျက်လက်ျာ ဘက်၌ ထိုင် သည်ကိုမြင် ၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။ 6 ထိုသူ ကလည်း ၊ ထိတ်လန့် မိန်းမောခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာ သတ်သောနာဇရက် မြို့သားယေရှု ကို သင်တို့ရှာ ကြ၏။ ထိုသူသည် ထမြောက် တော်မူပြီ။ ဤ အရပ်၌မ ရှိ ။ အလောင်း တော် ထား ရာ အရပ် ကိုကြည့် ကြလော့။ 7 သင် တို့ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူကြောင်း ကို၊ ပေတရု မှစ၍ တပည့် တော်တို့အား သွား ၍ပြော ကြ လော့။ အထက်ကမိန့် တော်မူသည်အတိုင်း ၊ ထို ပြည်၌ သင်တို့သည် ကိုယ်တော် ကိုတွေ့မြင် ရကြလိမ့်မည်ဟု ပြောဆို ၏။ 8 ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်း တော်မှ ထွက် ၍ တုန်လှုပ် လျက် ၊ မိန်းမော တွေဝေလျက်ပြေး ကြ၏၊ ကြောက်လန့် သောကြောင့် အဘယ်သူ ကိုမျှ မ ပြော မဆိုကြ။ 9 ကိုယ်တော်သည် ခုနစ် ရက်တွင် ပဌမ နေ့ရက်စောစော အချိန်၌ထမြောက် ပြီးမှ ၊ အထက် က နတ်ဆိုး ခုနစ် ယောက်ကို နှင်ထုတ် တော်မူသော မာဂဒလ မာရိ အား ရှေးဦးစွာ ကိုယ်ကိုပြ တော်မူ၏။ 10 မာရိလည်းသွား ၍ကိုယ်တော် နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွား ငိုကြွေး လျက် နေ ကြစဉ်တွင်၊ သူ တို့အားထို သိတင်းကို ကြားပြော လေ၏။ 11 ကိုယ်တော်သည် အသက်ရှင် တော်မူသည်ကို၎င်း ၊ မာရိ သည် ကိုယ်တော်ကိုမြင် ရသည်ကို၎င်း ၊ သူ တို့ သည်ကြား လျှင် မ ယုံကြ။ 12 ထိုနောက် တပည့် တော်နှစ် ယောက်တို့သည် တောရွာ သို့ သွား စဉ်တွင်ကိုယ်တော်သည်ခြားနား သော အရောင် ကိုဆောင် လျက် ကိုယ်ကိုပြ တော်မူ၏။ 13 သူ တို့သည်ပြန်လာ ၍ အခြား သော တပည့်တော် တို့အား ထို သိတင်းကို ကြားပြော သော်လည်း မ ယုံ ဘဲ နေကြ၏။
14 ထိုနောက် တစ်ကျိပ် တစ်ပါးသောသူ တို့သည် စားပွဲ၌ လျောင်း ကြစဉ်တွင် ကိုယ်တော်ကိုပြ တော်မူ၍၊ ထမြောက် လျက်ရှိသော ကိုယ်တော် ကိုမြင် သောသူတို့၏ စကားကိုမ ယုံ သောကြောင့် သူ တို့မယုံတတ်သော စိတ်၊ ခိုင်မာ သောစိတ်ကို ဆုံးမ၍ အပြစ်တင် တော်မူပြီးမှ ၊ 15 “သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ သို့ သွား ၍၊ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟော ကြလော့။” 16 “ယုံကြည် ၍ ဗတ္တိဇံ ကိုခံသောသူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူ မူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။” 17 ယုံကြည် သောသူ တို့၌ ဖြစ် အံ့သောနိမိတ် လက္ခဏာဟူမူကား ၊ ငါ ၏နာမ ကို အမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် ကြလတံ့။ ထူးခြား သောဘာသာ စကားမျိုးတို့ကို ပြော ကြလတံ့။” 18 မြွေ တို့ကို ဘမ်းကိုင် ကြလတံ့။ သေ စေတတ် သော အဆိပ်အတောက် ကို သောက် စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာ သောသူတို့အပေါ်မှာ လက် ကိုတင် ၍ ချမ်းသာ ပေးကြလတံ့ ဟု မိန့်တော်မူ၏။ 19 ထိုသို့ သခင် ဘုရားသည် တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံတော်မူ၍ ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ထိုင် နေတော်မူ၏။ 20 တပည့် တော်တို့သည်လည်း ထွက်သွား ၍၊ သခင် ဘုရားသည် မစ တော်မူသည်နှင့်၎င်း ၊ သူတို့၌ဖြစ် သောနိမိတ် လက္ခဏာအားဖြင့် နှုတ်ကပတ် တရားတော်ကိုတည် စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ တရား ဟောကြ၏။