မိက္ခာအနာဂတ္တိကျမ်း။
11 ယုဒ ရှင်ဘုရင် ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့လက်ထက် ၌ မောရရှ ရွာသားမိက္ခါ သည် ရှမာရိ မြို့နှင့် ယေရုရှလင် မြို့အဘို့ ခံရ သော ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟူမူကား ၊ 2 အိုလူ များအပေါင်း တို့၊ ကြား ကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင် ကြလော့။ အရှင် ထာဝရဘုရား တည်းဟူသောသန့်ရှင်း သော ဗိမာန် တော် ထဲက ဘုရား ရှင်သည် သင် တို့တဘက် ၌ သက်သေခံ တော်မူမည်။ 3 ထာဝရဘုရား သည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက် ကြွဆင်းသက် ၍ ၊ မြင့် သော မြေ အရပ်တို့ကို နင်း တော်မူမည်။ 4 မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။ 5 ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။ 6 ထိုကြောင့် ၊ ရှမာရိ မြို့ကို လယ်ပြင် ၌ မြေပုံ ကဲ့သို့ ၎င်း ၊ စပျစ် ဥယျာဉ် စိုက် ရာအရပ်ကဲ့သို့ ၎င်း ငါဖြစ် စေမည် ။ မြို့ရိုး ကျောက် တို့ကို ချိုင့် ထဲ သို့ သွန် ပစ်၍ ၊ မြို့ရိုး အမြစ် ကို လှန် ပြမည်။ 7 ခပ်သိမ်း သော ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ မည်။ သူငှါးလုပ်၍ ရသမျှ သောအခ တို့ကို မီးရှို့ မည်။ မှားသော ဘုရား ရှိသမျှ တို့ကို သုတ်သင် ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာ ကို ဆည်းဖူး သည်ဖြစ်၍၊ ထိုဥစ္စာ သည် ပြည်တန်ဆာ လက်သို့ တဖန်ရောက် ရဦးမည်။ 8 ထို အမှုကြောင့် ငါသည် ငိုကြွေး မြည်တမ်း မည်။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွား မည်။ မြေခွေး ကဲ့သို့ အူ လျက် ၊ ကုလားအုပ် ငှက်ကဲ့သို့ မြည် လျက်နေမည်။ 9 သူ ခံရသောဒဏ်နာ မ ပျောက်နိုင်။ ယုဒ ပြည်တိုင်အောင် ကူး သဖြင့်၊ ငါ ၏အမျိုးသား နေရာ ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။ 10 ဂါသ မြို့၌ သိတင်းမ ပြော ကြနှင့်။ အလျှင်းမ ငိုကြွေး ကြနှင့်။ ဗေသောဖရာ မြို့မှာ မြေမှုန့် ၌ လူး လဲလျက် နေကြလော့။ 11 အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။ 12 မာရုတ် မြို့သမီး သည်လည်း ကောင်း သောအရာ ကို တောင့်တ၍ နာကျင် လျက်ရှိ၏။ အကြောင်း မူကား၊ ထာဝရဘုရား ထံတော်မှ ဘေးဒဏ် သည် ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။ 13 အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။ 14 ထိုကြောင့် သင်သည် ဂါသ ပြည် မောရရှက်မြို့ သို့ လက်ဆောင် ကိုပေး လိုက်ရမည်။ အာခဇိပ် မြို့သား တို့ သည် ဣသရေလ ရှင် ဘုရင်တို့ကို လှည့်စား ကြလိမ့်မည်။ 15 အိုမရေရှ မြို့သမီး ၊ သင် ၏ဥစ္စာကို အမွေ ခံသောသူကို ငါခေါ် ခဲ့မည်။ သူသည် ဣသရေလ ဘုန်း ၊ အဒုလံ မြို့သို့ ရောက် လိမ့်မည်။ 16 ချစ် ဘွယ်သောသင် ၏သားသမီး တို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ် ၍နေလော့။ ရွှေလင်းတ ကဲ့သို့ ကျယ်စွာ သော ခေါင်းပြောင် ခြင်းကို ပြုလော့။
21 ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။ 2 သူတပါး၏အိမ် နှင့် လယ်ယာ တို့ကို တပ်မက် ၍ အနိုင်အထက် သိမ်းယူလျက် ၊ လူ နှင့် သူ ၏အိမ် ကို၎င်း၊ လူကြီး နှင့် သူ ၏အမွေ ဥစ္စာကို၎င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ၏။ 3 သို့ဖြစ်၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့လည်ပင်း မ လွတ် ၊ ခေါင်း မ ကြွနိုင်သော ဘေးဒဏ် ကို ထိုသို့ သော အိမ်ထောင် တဘက် ၌ ငါ ကြံစည် ၏။ ဆိုး သောကာလ ဖြစ်လိမ့်မည်။ 4 ထို ကာလ တွင် သင် တို့တဘက် ၌ ပုံ စကားကို သုံး ၍ ၊ အလွန်ပြင်းစွာမြည်တမ်း ရသောစကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီး ကြပြီ။ ငါ့ အမျိုးသား ခံစားရသော အဘို့ ကိုလဲ ၍ ငါ့ လက်မှ ရုပ် တော်မူပြီတကား။ ငါ တို့ လယ်ကွက် များကို ရုပ်သိမ်း၍၊ သူတပါး တို့အား ဝေဖန် တော်မူပြီ။ 5 ထိုကြောင့် ၊ ထာဝရဘုရား ၏ပရိသတ် တော်တွင် ၊ သင် တို့ခံစားရသောအဘို့ ကို ကြိုး တန်းနှင့် တိုင်းထွာ သောသူ မ ရှိ ရ။ 6 ပရောဖက်ပြုသောသူတို့ ၊ ပရောဖက် မ ပြုကြ နှင့်။ သူတို့သည် ရှက်ကြောက် မည်အကြောင်း ပရောဖက် မ ပြုရကြ။ 7 ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤ အမှုတို့ကို ပြု တော်မူ သလောဟု ဣသရေလ အမျိုးသား မေး လျှင်၊ ဖြောင့်မတ် စွာကျင့် သောသူသည် ငါ့ စကား အားဖြင့် အကျိုး ကို ရသည်မ ဟုတ် လော။ 8 ရှေးကာလ၌ပင် ငါ ၏လူ တို့သည် ရန်ဘက် ပြု၍ ထ ကြ၏။ စစ်တိုက် ရာမှ ပြန် ၍ ဘေးကိုမကြောက် ဘဲ၊ ရှောက်သွား သော သူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူ တတ်ကြ၏။ 9 ငါ့ လူ တို့၏မယား များကို သူ တို့သာယာ သော နေရာ ထဲက နှင်ထုတ် ၍၊ သူ တို့သား များမှ ငါ ၏ဘုန်း ကို အစဉ် နှုတ်ယူ ကြပြီ။ 10 ထ ၍ သွား ကြလော့။ ဤ ပြည်သည် သင်တို့ငြိမ်ဝပ် ရာအရပ်မ ဟုတ်။ ဤအရပ်သည် ညစ်ညူး သောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီး ရလိမ့်မည်။ 11 ကိုယ် အလိုသို့ လိုက် ၍ မုသား စကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည် တရား နှင့် သေရည် သေရက်တရားကို ဟောပြော မည်ဟုဆိုလျှင် ၊ ထိုသူသည် ဤ လူ တို့၏ပရောဖက် ဖြစ် ရလိမ့်မည်။ 12 အိုယာကုပ် ၊ ငါသည် သင် ၏အမျိုးသား အပေါင်း တို့ကို ၎င်း၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်း ဆက်ဆက်စုဝေး စေမည်။ သိုးခြံ ၌ သိုး များကဲ့သို့ ၎င်း ၊ ကျက်စား ရာအရပ်ထဲ မှာ သိုးစု ကဲ့သို့ ၎င်း သူ တို့ကို ငါစု ၍ ထား မည်။ လူများသောကြောင့်အသံ ကြီး လိမ့်မည်။ 13 အနိုင် အထက်ဖွင့်သောသူသည် သူ တို့ရှေ့ မှာ သွား ၏။ သူတို့သည်လည်း အနိုင် အထက်ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွား ကြ၏။ သူ တို့ ရှင် ဘုရင်သည် သူ တို့ရှေ့ မှာ သွား ၍ ထာဝရဘုရား သည် လမ်းပြ တော်မူ၏။
31 ငါဆို သည်ကား၊ အိုယာကုပ် အမျိုးမင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ သင် တို့သည် တရား သဖြင့် စီရင်ခြင်းအမှုကို နားလည် အပ်သည် မ ဟုတ်လော။ 2 သုစရိုက် ကို မုန်း ၍ ဒုစရိုက် ကို နှစ်သက် လျက်၊ သူတပါး အရေ ကို၎င်း ၊ အရိုး ၌ ကပ်သော အသား ကို၎င်းဆွဲ ယူလျက် ၊ 3 ငါ့ လူ တို့၏အသား ကို စား လျက် ၊ အရေ ကို ခွာ လျက် ၊ အရိုး တို့ကို ချိုး လျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ်၊ အိုးကင်း ၌ ပြုတ်သော အမဲသား ကို ပြုသကဲ့သို့ အရိုးအသားကို စဉ်း လျက်နှင့်ပင်၊ 4 သင်တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ သော်လည်း နားထောင် တော်မ မူ။ ဒုစရိုက် ကို ပြုကြသည် နှင့်အညီ ၊ ထို ကာလ ၌ မျက်နှာ တော်ကို လွှဲ တော်မူလိမ့်မည်။ 5 ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊ 6 သင်တို့သည် ရူပါရုံ ကို မ မြင်နိုင်မည်အကြောင်း၊ ညဉ့် အချိန် ရောက်လိမ့်မည်။ အနာဂတ်ကို မ ဟော နိုင် မည်အကြောင်း၊ မှောင်မိုက် ဖြစ်လိမ့်မည်။ ပရောဖက် တို့၌ နေ ဝင် လိမ့်မည်။ နေ့ အချိန်၌ ပင် မှောင်မိုက် ဖုံးလွှမ်းလိမ့်မည် ။ 7 ထိုအခါ ပရောဖက် တို့သည် ရှက်ကြောက် ကြ လိမ့်မည်။ အနာဂတ်ကို ဟော သောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရား သခင်ထူး တော်မ မူသောကြောင့် ၊ ထိုသူ အပေါင်း တို့ သည် မိမိတို့နှုတ် ကို ဖုံး ထားကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။ 8 ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။ 9 ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊ 10 လူအသက်ကို သတ် ခြင်းအမှုဖြင့် ဇိအုန် မြို့ကို၎င်း ၊ အဓမ္မ အမှုဖြင့် ယေရုရှလင် မြို့ကို၎င်း ပြုစု သော ယာကုပ် အမျိုး မင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ 11 မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။ 12 ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။
41 နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။ 2 များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။ 3 ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။ 4 လူ အပေါင်းတို့သည် ကိုယ် ပိုင်သော စပျစ် ပင်၊ ကိုယ် ပိုင်သော သင်္ဘောသဖန်း ပင်အောက် မှာ ထိုင် ကြ လိမ့်မည်။ ကြောက် စေသော သူတယောက် မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ် တော် ထွက်အမိန့် တော်ရှိ၏။ 5 လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။ 6 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ခြေ ဆွံ့ သောသူကို ငါခေါ် မည်။ နှင်ထုတ် ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲ ဘူးသောသူ တို့ကို ငါစုဝေး စေမည်။ 7 ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။ 8 အိုဧဒါလင့်စင် ၊ ဇိအုန် သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည်။ အရင် တည်သော အာဏာ တည် ပြန် လိမ့်မည်။ နိုင်ငံ တော်သည် ယေရုရှလင် သတို့သမီး လက်သို့ တဖန် ရောက် လိမ့်မည်။ 9 ယခု မှာ သင်သည် အဘယ်ကြောင့် ကျယ် သော အသံနှင့် အော်ဟစ် သနည်း။ သင် ၌ ရှင်ဘုရင် တယောက် မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွား သောမိန်းမကဲ့သို့ သင် သည် ဝေဒနာ ကိုခံရ ပါသည်တကား။ 10 အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။ 11 ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။ 12 သို့ရာတွင် ၊ ထာဝရဘုရား ၏စိတ် တော်ကို မ သိ ၊ အကြံအစည် တော်ကို နား မ လည်ကြ။ ကောက်လှိုင်း တို့ ကို ကောက်နယ် တလင်း၌ စုထားသကဲသို့ ၊ ထိုသူ တို့ကို စု ထားတော်မူ၏။ 13 အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။
51 ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။ 2 အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။ 3 သို့ဖြစ်၍ ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမသည် မ ဘွား မှီတိုင်အောင်၎င်း ၊ ဣသရေလ အမျိုးသား တို့ နှင့်တကွ ကျန် ကြွင်းသော ညီအစ်ကို တို့သည် မပြောင်းလဲ မှီ တိုင်အောင်၎င်း ၊ သူ တို့ကို စွန့်ပစ် တော်မူလိမ့်မည်။ 4 ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။ 5 အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊ 6 ထား လက်နက်ဖြင့် အာရှုရိ ပြည် ကို၎င်း၊ မြို့ တံခါးဝ အတွင်း ၌ နိမ်ရောဓ နိုင်ငံ ကို၎င်းသုတ်သင် ပယ်ရှင်း သောအားဖြင့်၊ ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့နယ် အတွင်း တွင် နင်း သော အာရှုရိ လူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။ 7 ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို မ ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ 8 ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ တော သားရဲ တို့တွင် ခြင်္သေ့ ကဲ့သို့ ၎င်း ၊ သိုး စု တို့တွင် ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ ခြင်္သေ့ဝင် သောအခါ အဘယ်သူ မျှမကယ်နှုတ် နိုင်အောင် နင်း ၍ ကိုက်စား တတ်၏။ 9 သင် ၏ရန်ဘက် ၌ နေသောသူတို့ကို သင် တိုက် ၍ ၊ ရန်သူ အပေါင်း တို့သည် ဆုံးရှုံး ကြလိမ့်မည်။ 10 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။ 11 သင် ၏ပြည် ၌ မြို့ရိုး တို့ကို ငါပယ်ရှင်း ၍ ၊ သင် ၏ ရဲတိုက် ရှိသမျှ တို့ကို ဖြိုဖျက် မည်။ 12 သင် ၏နယ် ၌ စုန်း လုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင် ဟောသောသူမ ရှိ ရ။ 13 ထုလုပ် သော ရုပ်တု ဆင်းတုတို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ် လက် နှင့်လုပ် သော အရာကို နောက် တဖန်သင်မ ကိုးကွယ် ရ။ 14 အာရှရ ပင်တို့ကိုလည်း သင့် အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏မြို့ တို့ကိုလည်း ငါဖျက်ဆီး မည်။ 15 ငါ့စကားကို နား မ ထောင်သော တပါးအမျိုးသား တို့ကို ပြင်းစွာအမျက် ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
61 ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့ ။ ထ ၍ တောင် ကြီးတို့ရှေ့ မှာ တရား တွေ့သဖြင့် ၊ တောင် ငယ်တို့ သည် သင့် စကား ကို ကြား ကြစေ။ 2 အိုတောင် တို့၊ ခိုင်ခံ့ သောမြေ အမြစ် တို့၊ ထာဝရဘုရား ၏တရား တွေ့မှုကို နားထောင် ကြလော့။ ထာဝရဘုရား သည် မိမိ လူမျိုး နှင့် တရား တွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေး ငြင်းခုံတော်မူမည်။ 3 အို ငါ ၏လူမျိုး ၊ သင့် ကို အဘယ်သို့ ငါပြု ဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲ ဘူးသနည်း။ ငါ့ တဘက် ၌ သက်သေခံ လော့။ 4 သင့် ကို အဲဂုတ္တု ပြည် မှ ငါဆောင် ခဲ့ပြီ။ ကျွန် ခံ နေရာ အရပ်မှ ရွေးနှုတ် ပြီ။ သင့် ရှေ့ မှာ မောရှေ ၊ အာရုန် ၊ မိရိအံ တို့ကို ငါစေလွှတ် လေပြီ။ 5 အို ငါ ၏လူမျိုး ၊ ရှိတ္တိမ် မြို့နှင့် ဂိလဂါလ မြို့ စပ်ကြားမှာ မောဘ မင်းကြီး ဗာလက် ကြံစည် သော အကြံ ကို၎င်း ၊ ဗောရ သား ဗာလမ် ပြန်ပြော သောစကားကို၎င်းအောက်မေ့ လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား ၏ ဖြောင့်မတ် တော်မူခြင်းကို နားလည် လိမ့်မည်။ 6 ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။ 7 ထာဝရဘုရား သည် သိုး ထီးတထောင် ၊ ဆီ မြစ် တသောင်း ကို အားရ နှစ်သက်တော်မူမည်လော။ ငါ့ လွန်ကျူး ခြင်းအတွက် ငါ ၏သားဦး ကို၎င်း၊ ငါ့ စိတ် ဝိညာဉ်၏ အပြစ် အတွက် ငါ ၏ ရင်သွေး ကို၎င်းပူဇော် ရမည်လော၊ 8 အချင်းလူ ၊ ကောင်း သောလမ်းကို ပြ တော်မူပြီ။ တရား သဖြင့် ပြု ခြင်း၊ ကရုဏာ ကို နှစ်သက် ခြင်း၊ သင် ၏ ဘုရား သခင့်ရှေ့ တော်၌ နှိမ့်ချ သောစိတ် နှင့် ကျင့် နေခြင်း မှတပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရား တောင်း တော်မူသနည်း။ 9 ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် မြို့ ကို ဟစ်ခေါ် တော်မူ၏။ ပညာရှိ သောသူသည် နာမ တော်ကို ကြောက်ရွံ့ ရ၏။ ဆုံးမ ခြင်းကို၎င်း ၊ စီရင် သောသူသည် အဘယ်သူ ဖြစ်သည်ကို၎င်းနားထောင် ကြလော့။ 10 မတရား သောသူတို့ ၏အိမ် ၌ မတရား သဖြင့် ဆည်းဖူးသော ဥစ္စာ နှင့် ၊ ရွံရှာ ဘွယ်သော တင်းတောင်း ငယ် ရှိ သေး သလော။ 11 မတရား သော ချိန်ခွင် နှင့် စဉ်းလဲ သော အလေး အိတ် ရှိသောမြို့ကိုသန့်ရှင်း သော မြို့ဟူ၍ငါမှတ်ရမည် လော။ 12 မြို့ သားသူဌေး တို့သည် အနိုင်အထက် ပြု၍ ရ တတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာ ကို သုံး တတ်ကြ၏။ သူ တို့နှုတ် ၌ ရှိသောလျှာ သည် မုသာ ဖြစ်၏။ 13 သို့ဖြစ်၍ ၊ သင် ၏အပြစ် ကြောင့် သင့် ကိုငါ သုတ်သင် ပယ်ရှင်း ခြင်းအလိုငှါ နာကျင် စွာ ဒဏ်ခတ်မည်။ 14 သင် သည် စား သော်လည်း မ ဝ ရ။ မွတ်သိပ် ခြင်း ကိုခံရမည်။ သင်သည် ချီ သော်လည်း ယူ ၍ မ သွားရ။ ယူ သွားသော အရာကိုလည်း ထား ဘေးသို့ ငါအပ် မည်။ 15 မျိုးစေ့ကို ကြဲ သော်လည်း ၊ စပါးကို မ ရိတ် ရ။ သံလွင် သီးကို နယ် သော်လည်း ၊ ဆီ နှင့်ကိုယ်ကိုမ လိမ်း ရ။ စပျစ်သီး ကို နယ်သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရ။ 16 အကြောင်း မူကား၊ သင်သည် ဩမရိ မင်း၏ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ အာဟပ် မင်းမျိုး ကျင့်သောအကျင့် ရှိသမျှ ကို၎င်း ကျင့်စောင့် ၍ ၊ သူ တို့၏ တိုက်တွန်း ရာသို့ လိုက် တတ်၏။ သို့ဖြစ်၍ ၊ သင့် ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့ သားတို့ကို ဆဲရေး ရာဖြစ်စေသဖြင့်၊ သင် သည် ငါ ၏လူ တို့ကဲ့ရဲ့ ခြင်းကိုခံရ မည်။
71 ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။ 2 ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။ 3 ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။ 4 အကောင်း ဆုံးသောသူ သည် ဆူး ပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့် ဆုံးသောသူသည် ဆူး ခြံထက် ခက်လှ၏။ သင် ၏ကင်းစောင့် တို့သည် သတိပေးသောနေ့ ၊ သင် စစ်ကြော ခြင်းကို ခံရသောနေ့ရက်သည် ရောက် လာပြီ။ နှိပ်စက် နှောင့်ရှက်ရာကာလဖြစ် ၏။ 5 အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။ 6 အကြောင်း မူကား၊ သား သည် အဘ ၏အသရေ ကို ဖျက်လိမ့်မည်။ သမီး သည် အမိ ကို ၎င်း ၊ ချွေးမ သည် ယောက္ခမ ကို ၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ် အိမ်သူ အိမ်သား တို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။ 7 ငါ မူကား ၊ ထာဝရဘုရား ကို မြော်လင့် မည်။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို ငါခိုလှုံ မည်။ ငါ ၏ဘုရား သခင်သည် ငါ့ စကားကို နားထောင် တော်မူ မည်။ 8 အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။ 9 ငါသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ကို ခံရ ၏။ ငါ့ အမှု ကို စစ်ကြော ၍ တရား ဆုံးဖြတ် တော်မ မူမှီတိုင်အောင်ငါခံရ၏။ ငါ့ ကို အလင်း ထဲ သို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ် ခြင်း ပါရမီတော်ကို ငါမြင် ရလိမ့်မည်။ 10 သင် ၏ဘုရား သခင်ထာဝရဘုရား ကား၊ အဘယ်မှာ ရှိသနည်းဟုမေး သော ငါ့ ရန်သူ သည် ထိုအမှု ကို မြင် ၍ ရှက်ကြောက် လိမ့်မည်။ သူ ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်း မှာ ရွံ့ ကဲ့သို့ ကျော်နင်း ခြင်းကို ခံရ လိမ့်မည်။ 11 သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။ 12 ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။ 13 ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ 14 ကိုယ်တော် ၏လူ တည်းဟူသောအပေါင်းအဘော်မရှိဘဲ၊ တော တွင် ကရမေလတောင်ပေါ်မှာ နေ ရ သော အမွေ တော်သိုးစု ကို သိုးထိန်း နှင်တံ နှင့် ထိန်း တော်မူ ပါ။ ရှေး ကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန် ပြည်နှင့် ဂိလဒ် ပြည် ၌ ကျက်စား သော အခွင့်ကိုပေး တော်မူပါ။ 15 သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။ 16 လူ အမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှ သော တန်ခိုး ကိုမြင် ၍ မိန်းမော တွေဝေလျက်၊ မိမိ တို့နှုတ် ကို လက် နှင့်ပိတ် ၍ နားပင်း ကြလိမ့်မည်။ 17 မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။ 18 အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။ 19 ကိုယ်တော်သည် အကျွန်ုပ် တို့ကို တဖန် သနား ၍၊ အကျွန်ုပ် တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်း တော်မူလိမ့်မည်။ အကျွန်ုပ် တို့၏ အပြစ် အလုံးစုံ တို့ကို နက်နဲ သော ပင်လယ် ထဲ သို့ ချ ပစ်တော်မူလိမ့်မည်။ 20 ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။