ရှင်မဿဲခရစ်ဝင်။

1

1 အာဗြဟံ နှင့် ဒါဝိဒ် တို့မှ ဆင်းသက် တော်မူသောယေရှု ခရစ် ၏ဆွေ တော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊ 2 အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။ 3 ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ4 အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန်5 စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။ 6 ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန်7 ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ8 အာသ သား ယောရှဖတ် ။ ယောရှဖတ် သား ယဟောရံ ။ ယဟောရံ သား ဩဇိ9 ဩဇိ သား ယောသံ ။ ယောသံ သား အာခတ် ။ အာခတ် သား ဟေဇကိ10 ဟေဇကိ သား မနာရှေ ။ မနာရှေ သား အာမုန် ။ အာမုန် သား ယောရှိ11 ယောရှိ သား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း ခါနီးတွင် မြင်သောသား ယေခေါနိ မှစ၍ ညီနောင် တစ်စုတည်း။ 12 ဗာဗုလုန် မြို့သို့ နေရာပြောင်း သည့်နောက် ၊ ယေခေါနိ သား ရှာလသေလ ။ ရှာလသေလ သား ဇေရုဗဗေလ13 ဇေရုဗဗေလ သား အဗျုဒ် ။ အဗျုဒ် သား ဧလျာကိမ် ။ ဧလျာကိမ် သား အာဇော်14 အာဇော် သား ဇာဒုတ် ။ ဇာဒုတ် သား အာခိမ် ။ အာခိမ် သား ဧလုဒ်15 ဧလုဒ် သား ဧလာဇာ ။ ဧလာဇာ သား မဿန် ။ မဿန် သား ယာကုပ်16 ယာကုပ် မြင် သောသားကား ၊ မာရိ ၏ ခင်ပွန်း ယောသပ် တည်း။ ထိုမာရိသည် ခရစ် ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော် ဖြစ်၏။ 17 ဤသို့ လျှင်၊ မျိုးစဉ် နွယ်ဆက်ပေါင်း ကား၊ အာဗြဟံ မှ သည် ဒါဝိဒ် တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဒါဝိဒ် မှ သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း သည်တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဗာဗုလုန် မြို့သို့ ပြောင်း ပြီးမှသည် ခရစ်တော် တိုင်အောင် တစ်ဆယ်လေး ဆက် ဖြစ်သတည်း။

18 ယေရှု ခရစ် သည် ဘွားမြင် ခြင်းကို ခံ တော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော် မာရိ သည် ယောသပ် နှင့် ထိမ်းမြား ဆောင်နှင်း၍ မ ရှက်တင် မှီတွင် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေ စွဲနေ၏။ 19 သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။ 20 ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။ 21 သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။ 22 ထိုအကြောင်း အရာမူကား ၊ ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထားတော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်း တည်း23 ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။ 24 ယောသပ် သည် အိပ်ပျော် ရာမှ နိုး လျှင် ထာဝရ ဘုရား၏ကောင်းကင်တမန် မှာထား သည့်အတိုင်း ပြု ၍ မိမိ ခင်ပွန်း ကို ထိန်းသိမ်း လေ၏။ 25 သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။

2

1 ယုဒ ပြည်ဗက်လင် မြို့၌ ဟေရုဒ် မင်းကြီး လက်ထက် ၊ ယေရှု သည်ဘွားမြင် ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ ပြည်က ယေရုရှလင် မြို့သို့ ရောက်လာ ကြလျှင်။ 2 ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။ 3 ထိုစကားကိုကြား လျှင် ဟေရုဒ် မင်းကြီး သည် ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်4 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် ကျမ်းပြု ဆရာရှိသမျှ တို့ကိုစုဝေး စေ၍ ခရစ်တော် ကို အဘယ် အရပ်မှာ ဘွားမြင် လိမ့်မည်နည်းဟု မေးမြန်း တော်မူ၏။ 5 ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား6 အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။ 7 ထိုအခါ ဟေရုဒ် မင်းကြီးသည်၊ မာဂု ပညာရှိတို့ကို မထင်မရှား ခေါ် ၍ ကြယ် ပေါ်ထွန်း သောအချိန် ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊ 8 သင်တို့သွား ၍ ထို သူငယ် ကိုကြိုးစား ရှာ ကြပါ။ တွေ့ လျှင် ငါ့ ထံသို့ပြန်လာ ၍ ငါ လည်း ထိုသူငယ် ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြော ကြပါဟု မှာထား တော်မူလျက်၊ ဗက်လင် မြို့သို့ စေလွှတ် လေ၏။ 9 ထိုသူ တို့သည် မင်းကြီး စကားကိုနာခံ ပြီးလျှင် ထွက်သွား ကြ၍ အရှေ့ ပြည်၌ မြင် ရသောကြယ် သည် သူ တို့ ရှေ့ ကသွားသဖြင့် သူငယ် တော်ရှိ ရာအရပ် အပေါ်သို့ ရောက် ၍ တည် လျက်နေ၏။ 10 ထို ကြယ် ကို မြင် ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်းသာ ခြင်းရှိ၍၊ 11 အိမ် သို့ ဝင် လေသော်၊ မယ်တော် မာရိ နှင့်တကွ သူငယ် တော်ကိုတွေ့မြင် လျှင် ပြပ်ဝပ် ကိုးကွယ် ၊ မိမိ တို့ ဘဏ္ဍာ ဥစ္စာတို့ကိုဖွင့် ပြီးမှ လောဗန် နှင့် မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေ ကို၎င်း ဆက်ကပ် ပူဇော်ကြ၏။ 12 နောက်မှ ဟေရုဒ် မင်းကြီးထံသို့ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။ 13 ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။ 14 ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ညဉ့် အချိန်၌ ဆောင်ယူ ပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား15 ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်တိုင်အောင် ထို ပြည်၌ နေ လေ၏။ ဤအကြောင်းအရာကား၊ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ငါခေါ် ခဲ့ပြီဟု ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထား တော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်းတည်း။ 16 ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။ 17 ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊ 18 ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။ 19 ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊ 20 သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား လော့။ သူငယ် တော်ကိုသတ်အံ့သောငှာ ရှာ သောသူ တို့သည်သေ ကြပြီဟု ဆို လေ၏။ 21 ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား၍ ရောက် သည်ရှိသော်၊ 22 ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊ 23 ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် အမြဲနေ လေ၏။

3

1 ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။ 2 ထို့ကြောင့် နောင်တရ ကြလော့ဟု ယုဒ တော ဟော လေ၏။ 3 ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ တော ဟစ်ကျော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွ တော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။ 4 ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သော အဝတ် ကိုဝတ်လျက်၊ ခါး သားရေ ခါးပန်း ကို စည်းလျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ ၏။ 5 ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်သူပြည်သား၊ ယော်ဒန် မြစ်နား မှာနေသောသူ အပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍၊ 6 မိမိ တို့အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ဗတ္တိဇံ ကိုခံကြ၏။ 7 ဖာရိရှဲ နှင့် ဇဒ္ဒုကဲ အများ တို့သည် ဗတ္တိဇံ ကို ခံအံ့သောငှာ လာ ကြသည်ကို ယောဟန် သည်မြင် လျှင် ၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောသေဒဏ် မှ ပြေးသွား စိမ့်သောငှာ၊ အဘယ်သူ သည် သင် တို့ကိုသတိပေး ဘိသနည်း။ 8 နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့ 9 အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။ 10 သစ်ပင် အမြစ် နားမှာ ပုဆိန် ထား လျက်ရှိသည်ဖြစ်၍ ၊ ကောင်း သောအသီး သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ မီး ထဲသို့ ချ လိုက်ရ၏။ 11 ငါ သည် နောင်တ အဘို့ အလိုငှာ သင် တို့ကို ရေ နှင့် ဗတ္တိဇံ ပေး၏။ ငါ့ နောက် ကြွလာ သောသူ သည် ငါ့ ထက်တတ်စွမ်း နိုင်၏။ ထိုသူ ၏ခြေနင်း တော်ကိုမျှဆောင် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ မီး နှင့် ၎င်း၊ သင် တို့ကို ဗတ္တိဇံ ပေးမည်။ 12 လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။

13 ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။ 14 ယောဟန် ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ၌ဗတ္တိဇံ ကိုခံရမည်အကြောင်း ရှိ ပါသည်ဖြစ်၍၊ ကိုယ်တော် သည် အကျွန်ုပ် ထံသို့ ကြွလာ တော်မူသလောဟု ယေရှု ကိုဆီးတား လေ၏။ 15 ယေရှု ကလည်း အလုံးစုံ သောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့် ပေးပါ ဟု ပြန်ပြောတော်မူ ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။ 16 ယေရှု သည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင် ရေ မှ ပေါ် ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော် အပေါ် ၌ နား တော်မူသည်ကိုမြင် ရ၍17 သူကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ်လေ၏။

4

1 ထိုအခါ မာရ်နတ် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ် တော်သည် ယေရှု ကို တော သို့ ပို့ဆောင် တော်မူ၍၊ 2 ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။ 3 ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။

4 ယေရှု ကလည်း လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။

5 ထိုအခါ မာရ်နတ် သည် ယေရှု ကို သန့်ရှင်း သောမြို့ တော်သို့ ဆောင်သွား ၍ ဗိမာန် တော်၏အထွဋ် တင် ထားပြီးလျှင်6 ကျမ်းစာလာ သည်ကား၊ ကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍၊ သင် ၏ခြေ ကို ကျောက် နှင့် ထိ မခိုက်စေခြင်းငှာ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင် ၏သား တော်မှန် လျှင် ကိုယ် ကိုအောက် သို့ချ လိုက်တော်မူပါဟု လျှောက် လေ၏။

7 ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည်အစုံအစမ်း ပြုရဟု ကျမ်းစာ လာပြန် သည် ဟု မိန့် တော်မူ၏။

8 တစ်ဖန် မာရ်နတ် သည် ယေရှု ကို အလွန် မြင့် လှစွာသော တောင် ပေါ်သို့ ဆောင်သွား ၍၊ ဤလောက ရှိသမျှ သောတိုင်းနိုင်ငံ တို့ကို၎င်း ၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်း စည်းစိမ်ကို၎င်း ပြညွှန်9 ကိုယ်တော်သည် ငါ့ ကို ညွတ်ပြပ် ကိုးကွယ် လျှင် ယခု ပြလေသမျှ တို့ကို ငါပေး မည်ဟုဆို လေ၏။

10 ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။ 11 ထိုအခါ မာရ်နတ် သည် အထံ တော်မှထွက်သွား ၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ် လျက် လုပ်ကျွေး ကြ၏။

12 ယောဟန် သည် ထောင် ထဲသို့ရောက်ကြောင်း ကို ယေရှုသည်ကြား လျှင်၊ ဂါလိလဲ ပြည်သို့ ကြွ တော်မူ၍၊ 13 နာဇရက် မြို့ကို စွန့်သွား လျက် ၊ ဇာဗုလုန် ခရိုင် ၊ နဿလိ ခရိုင်စပ်ကြား တွင် အိုင် နှင့်နီးစပ်သော ကပေရနောင် မြို့သို့ ရောက် ၍ နေ တော်မူ၏။ 14 ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ 15 နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် တည်းဟူသောအိုင် နားရှောက်သောလမ်း ၊ ယော်ဒန် မြစ်တစ်ဘက် ၊ တစ်ပါး အမျိုးသားနေရာဂါလိလဲ ပြည်၊ 16 မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။ 17 ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။ 18 ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် အန္ဒြေ ၊ ညီအစ်ကို နှစ် ယောက်တို့သည် တံငါ ဖြစ် ၍၊ အိုင် တွင် ပိုက်ကွန် ဖြန့်ချ သည်ကို မြင် တော်မူလျှင်၊ 19 ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော်20 ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် နောက် တော်သို့ လိုက်ကြ၏။ 21 ထိုမှ လွန် လျှင် အခြား သောညီအစ်ကို နှစ် ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် တို့သည် သူ တို့အဘ နှင့်အတူ လှေ ပေါ် မှာ ပိုက်ကွန် ပြင် နေသည်ကို မြင်၍ ခေါ် တော်မူ၏။ 22 ထိုသူ တို့သည်လည်း ချက်ခြင်း အဘ နှင့် လှေ ကို စွန့်ပစ် ၍ နောက်တော်သို့လိုက် ကြ၏။ 23 ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။ 24 သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။ 25 ဂါလိလဲ ပြည်၊ ဒေကပေါလိ ပြည်၊ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာသော လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။

5

1 ထိုလူ အပေါင်းတို့ကို မြင် လျှင် ၊ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော် ရင်းသို့ ချဉ်းကပ် ကြ၏။

2 ထိုအခါ နှုတ် တော်ကိုဖွင့် ၍ တပည့် တော်တို့အား ဆုံးမ ဩဝါဒပေးတော်မူသည်မှာ၊ 3 စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။ 4 စိတ်မသာ ညည်းတွားသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် သက်သာ ခြင်းသို့ရောက်ကြလတံ့။ 5 စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။ 6 ဖြောင့်မတ် ခြင်းပါရမီကို ဆာငတ် ခင်မွတ် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည်ဝပြော ခြင်းသို့ရောက်ကြလတံ့။ 7 သနားစုံမက် တတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် သနားစုံမက် ခြင်းကို ခံရကြလတံ့။ 8 စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။ 9 သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလတံ့။ 10 ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။ 11 ငါ့ ကြောင့် သင် တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန် ဘဲလျက် အပြစ် တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။ 12 ဝမ်းမြောက် ရွှင်မြူး ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သင် တို့ရှေ့ ကပေါ်ထွန်းသော ပရောဖက် တို့ကို ထိုနည်းတူ ညှဉ်းဆဲ ကြပြီ။ 13 သင် တို့သည် ဤလောက ၏ဆား ဖြစ် ကြ၏။ ဆား မူကား ၊ အငန် ကင်းပျောက်လျှင် ငန် သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင် သို့ပစ် လိုက်၍ ကျော်နင်း ခြင်းမှတစ်ပါး အဘယ် အသုံး မျှမ ဝင်။ 14 သင် တို့သည် ဤလောက အလင်း ဖြစ် ကြ၏။ တောင် ထိပ်၌တည် သောမြို့ ကို မ ကွယ် နိုင်15 ဆီမီး ထွန်း ၍ တောင်း ဇလားအောက် ၌ ဖုံးထားလေ့မ ရှိ။ အိမ်သူ အိမ်သားအပေါင်း တို့သည် အလင်း ကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ တင်ထားလေ့ရှိ၏။ 16 ထိုနည်းတူ ၊ သူတစ်ပါးတို့သည် သင် တို့၏ကောင်း သောအကျင့် ကိုမြင် ၍၊ ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ၏ဂုဏ် တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါး ရှေ့ ၌ သင် တို့အလင်း ကို လင်း စေကြလော့။ 17 ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။ 18 ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။ 19 ထိုကြောင့် အကြင်သူ သည်၊ အငယ်ဆုံး သောပညတ် တစ်ခု ကို ကိုယ်တိုင်လွန်ကျူး ၍ သူတစ်ပါး တို့အားလည်း ထိုအတူ သွန်သင် ၏။ ထိုသူသည် ကောင်းကင် နိုင်ငံ တော်၌ အငယ်ဆုံး သောသူဖြစ် လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့် သူတစ်ပါး တို့အားလည်း သွန်သင် ၏။ 20 ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ ကြီး သောသူဖြစ် လိမ့်မည်။ သင် တို့ကျင့်သောအကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့ကျင့်သောအကျင့်ထက် လွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံ တော်သို့ မ ဝင် ရကြဟုငါအမှန်ဆို ၏။ 21 လူ အသက်ကို မ သတ်ရ။ သတ် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။ 22 ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။ 23 ထိုကြောင့် သင် သည်ပူဇော် သက္ကာကို ယဇ်ပလ္လင် သို့ ဆောင်ယူ ခဲ့လျက် သင် ၏ညီအစ်ကို သည် သင် ၌ အပြစ်တင် ခွင့်တစ်စုံတစ်ခု ရှိ သည်ဟု အောက်မေ့ သတိရလျှင် ၊ ယဇ်ပလ္လင် ရှေ့ မှာ ပူဇော် သက္ကာကိုထား၍သွား လော့။ 24 ညီအစ်ကို နှင့် သင့်တင့် ပြီးမှ ပြန် ၍ ပူဇော် သက္ကာကို တင် လော့။ 25 တရားတွေ့ဘက် နှင့်အတူ လမ်း သွားစဉ် တွင်ပင်၊ သူ ၏စိတ် ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး အပ် မည်။ တရားသူကြီး သည်လည်း လုလင် ခေါင်း၌ အပ်၍ ထောင် ထဲ၌ လှောင် ထားမည်။ 26 လျော်ပြစ်ငွေ ရှိသမျှ ကို မ လျော် မှီတိုင်အောင် ထောင်ထဲကမ ထွက် ရဟု ငါအမှန် ဆို ၏။ 27 သူ့ မယားကို မ ပြစ်မှားရဟူသော ရှေး ပညတ်စကားကို သင်တို့ကြား ရပြီ။ 28 ငါ ပညတ် သည်ကား ကိလေသာ စိတ်နှင့် သူ့မယား ကိုကြည့်ရှု သောသူ သည် စိတ် နှလုံးထဲ၌ ထိုမိန်းမ နှင့်ပြစ်မှား ပြီ29 ထိုကြောင့် လက်ျာ မျက်စိ ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုမျက်စိ ကိုထုတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကိုခံရသည်ထက် အင်္ဂါ တစ်ခုပျက် သော် သာ၍ကောင်း ၏။ 30 ထိုနည်းတူ လက်ျာ လက် ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုလက် ကိုဖြတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ တစ်ခု သာပျက် သော်သာ၍ကောင်း ၏။ 31 တစ်ဖန်တုံ ၊ မယား နှင့်ကွာ လိုလျှင် ဖြတ်စာ ကို အပ်ပေး စေဟူသော ပညတ် စကားရှိပြီ။ 32 ငါ ပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်း မှတပါး အခြားသောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ သောသူ သည် မိမိမယား ကိုမှားယွင်း စေ၏။ ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကိုပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှား၏။ 33 တစ်ဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆို ခြင်းကိုမ ပြုရ။ ကျိန်ဆို ခြင်းကို ပြုသည်အတိုင်းထာဝရ ဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။ 34 ငါ ပညတ် သည်ကား ၊ ကျိန်ဆို ခြင်းကို အလျင်း ပြုရ။ ကောင်းကင် ဘုံကို တိုင်တည်၍မ ကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင် တော်ဖြစ် သတည်း။ 35 မြေကြီး ကို တိုင်တည်၍မ ကျိန်ရ။ မြေကြီးကား ဘုရားသခင် ၏ခြေ တော်တင် ရာခုံဖြစ် သတည်း။ ယေရုရှလင် မြို့ကို တိုင်တည်၍မ ကျိန်ရ။ မဟာ မင်းကြီး ၏မြို့ တော် ဖြစ် သတည်း။ 36 ဆံခြည် တစ် ပင်ကိုမျှ ဖြူ စေခြင်း၊ မည်း စေခြင်းငှာ တတ်နိုင် သော်၊ ကိုယ် ဦးခေါင်း ကိုတိုင်တည်၍ မ ကျိန် ရ။ 37 သင် ၏စကား မှာ ဟုတ် သည်ကိုအဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေလော့။ ဤ ထက်လွန် သော စကားသည် မကောင်း သောအရာနှင့်စပ်ဆိုင်ပေ ၏။ 38 သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။ 39 ငါ ပညတ် သည်ကား ၊ နှောင့်ရှက် သောသူ ကို မ ဆီး မတားနှင့်။ သင် ၏ပါး တစ်ဘက်ကို သူတစ်ပါး ပုတ် လျှင် ပါးတစ်ဘက် ကို လှည့် ၍ပေးဦးလော့။ 40 သင့် အင်္ကျီ ကိုယူလို တရား တွေ့သောသူ အား သင့် ဝတ်လုံ ကိုလည်း ယူ စေခြင်းငှာအခွင့် ပေးဦးလော့။ 41 အကြင်သူ သည် သင့် ကိုအနိုင်ပြု ခရီးတစ် တိုင် သွားစေ၏။ ထိုသူ နှင့်တကွ နှစ် တိုင်သွား ဦးလော့။ 42 တောင်း သောသူ အားပေး လော့။ ချေးငှား လို သောသူ ကိုလည်း ငြင်း မပယ်နှင့်။ 43 ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။ 44 ငါ ပညတ် သည်ကား ၊ သင်တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ ၏ သား ဖြစ် လိုသောငှာ ။ သင် တို့၏ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကိုကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင်တို့ကို မုန်း သော သူ တို့အား ကျေးဇူးပြု ကြလော့။ သင်တို့ကို နှောင့်ရှက် ညှဉ်းဆဲ သောသူ တို့ အဘို့ ဘုရားသခင် ကို ဆုတောင်း ကြလော့။ 45 အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။ 46 သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက်ပြု ကြသည် မ ဟုတ်လော။ 47 အဆွေအမျိုး တို့အားသာ လောကဝတ် ပြုလျှင် အဘယ်သို့ ထူးမြတ် သနည်း။ သာသနာပ လူတို့ပင် ထိုအတူ ပြု ကြသည်မ ဟုတ်လော။ 48 ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။

6

1 လူ များတို့မြင် စေခြင်းငှာ ကိုယ် သီလ အကျင့်ကို သူ့ရှေ့မှောက် ၌ မ ကျင့် မည်အကြောင်း သတိပြု ကြလော့။ သို့မဟုတ် ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ထံမှ အကျိုး ကိုမ ခံ မရကြ။ 2 ထိုကြောင့် သင်သည် အလှူဒါန ကို ပေး သောအခါ လျှို့ဝှက် သောသူ တို့သည် လူ များအချီးအမွမ်း ကို ခံလို၍ ပွဲ သဘင်လမ်း ခရီး၌ မိမိ တို့ရှေ့ မှာ တံပိုး ခရာမှုတ်စေသည်နည်းတူ ပြု နှင့်။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုရ ကြပြီ။ 3 သင် သည် အလှူဒါန ကိုပေး သောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ျာ လက်ပြု သည် အမှု ကို လက်ဝဲ လက်မျှ မသိ စေနှင့်။ 4 ထင်ရှားသောအရာကို မြင် တော်မူသောသင် ၏အဘ သည် အကျိုး ကိုထင်ရှားစွာ ပေး တော်မူလတံ့။ 5 သင်သည် ဆုတောင်း ပဌနာပြုသောအခါ လျှို့ဝှက် သောသူ တို့နည်းတူ ပြု နှင့်။ ထိုသူတို့သည် လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ ၊ ပွဲ သဘင်လမ်း ဆုံ လမ်းဝတို့၌ ရပ် လျက်ဆုတောင်း ခြင်းငှာ အလိုရှိ ကြ၏။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုခံရ ကြ၏။ 6 သင် သည် ဆုတောင်း သောအခါ ဆိတ်ညံ ရာအခန်းသို့ ဝင် ၍ တံခါး ကိုပိတ် ပြီးမှ ၊ မ ထင်ရှားသောအရပ်၌ ရှိတော်မူသော သင် ၏အဘ ကို ဆုတောင်း လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် ၏အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။ 7 သင်တို့သည် ဆုတောင်း သောအခါ သာသနာပ လူနည်းတူ အချည်းနှီး သောစကားဖြင့် အထပ်ထပ်မ မြွက်ကြနှင့်။ ထိုသူတို့သည် များစွာ သောစကားအားဖြင့် မိမိ တို့အလို ပြည့်စုံမည်ဟု ထင်မှတ် ကြ၏။ 8 ထိုသူ တို့နည်းတူ ပြုကြနှင့်။ အကြောင်းမူကား ၊ သင် တို့ အလို ရှိသမျှ တို့ကို သင် တို့မ တောင်း မှီသင် တို့ အဘ သိ တော်မူ၏။ 9 ထိုကြောင့် သင် တို့ဆုတောင်း ရမည်မှာ ကောင်းကင် ဘုံ၌ ရှိတော်မူသောအကျွန်ုပ် တို့အဘ ကိုယ်တော် ၏နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ 10 နိုင်ငံ တော်တည်ထောင် ပါစေသော။ အလို တော်သည် ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီး ပေါ်မှာ ပြည့်စုံ ပါစေသော။ 11 အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား ယနေ့ ပေး သနားတော်မူပါ။ 12 သူတစ်ပါး သည် အကျွန်ုပ် တို့ကိုပြစ်မှားသောအပြစ် များကို အကျွန်ုပ် တို့သည် လွှတ် သကဲ့သို့ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ 13 အပြစ် သွေးဆောင်ရာသို့ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။

14 သင်တို့သည် သူတစ်ပါး တို့၏အပြစ် ကိုလွှတ် လျှင် ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သင် တို့၏အပြစ်ကို လွှတ် တော်မူမည်။ 15 သင်တို့သည် သူတစ်ပါး တို့၏အပြစ်ကိုမ လွှတ် လျှင် ၊ သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မ မူ။ 16 သင်တို့သည် အစာရှောင် ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမ ရှိ ကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင် သည်ကို လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ မိမိ တို့မျက်နှာ ကိုဖျက် တတ်ကြ၏။ 17 ငါအမှန်အကန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကို ခံရ ကြ၏။ 18 သင် သည်အစာရှောင် သောအခါ အစာရှောင် သည်ကိုလူ များတို့ရှေ့မှာ မ ထင်ရှား စေဘဲ၊ မ ထင်ရှားသောအရပ် ရှိတော်မူသော သင် တို့အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ ၊ ခေါင်း ကိုလိမ်းကျံ လော့။ မျက်နှာ ကိုလည်း သစ် လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် တို့အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။ 19 သံချေး ၊ ပိုးရွ ဖျက်ဆီး ၍ သူခိုး ထွင်းဖောက် ခိုးယူ ရာမြေကြီး ပေါ်မှာ ဘဏ္ဍာ ကို မ ဆည်းဖူး ကြနှင့်။ 20 သံချေး ၊ ပိုးရွ ဖျက်ဆီး ၍ သူခိုး ထွင်း မဖောက် မ ခိုး မယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုဆည်းဖူး ကြလော့။ 21 အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့၏စိတ် နှလုံးရောက် တတ်၏။ 22 မျက်စိ ကားကိုယ် ၏ဆီမီး ဖြစ် ၏။ ထိုကြောင့် မျက်စိ ကြည်လင် လျှင် တစ်ကိုယ်လုံး လင်း လိမ့်မည်23 မျက်စိ မြှေးရှက် လျှင် တစ်ကိုယ်လုံး မိုက် လိမ့်မည် ။ သင် ၏ အလင်း သော်ကား၊ မှောင်မိုက် ဖြစ် လျှင် ထိုအမိုက်သည် အလွန် မိုက် စွတကား။ 24 အဘယ်သူ မျှသခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ် ဦးကိုမုန်း ၍ တစ် ဦးကိုချစ် မည်။ သခင်တစ် ဦးကို မှီခို ၍ တစ် ဦးကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏အစေကို၎င်း ၊ လောကီစည်းစိမ် ၏အစေ ကို၎င်း မ ခံ နိုင်ကြ။ 25 ထိုကြောင့် ငါဆို သည်ကား ၊ အဘယ်သို့ စား သောက် ရမည်ဟု အသက် အဘို့မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟု ကိုယ် အဘို့ စိုးရိမ်ကြနှင့်။ အစာ ထက် အသက် မြတ်သည်မ ဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။ 26 မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မ စိုက် မကြဲ၊ စပါးကိုမ ရိတ် ၊ ကျီ စု မသွင်း။ သို့သော်လည်း ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန်မြတ် သည်မ ဟုတ်လော။ 27 အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တစ် တောင် ခန့်မျှ တိုးပွား စေနိုင် သနည်း။ 28 အဝတ် အဘို့ အဘယ်ကြောင့် စိုးရိမ် ရသနည်း။ တော နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့် ကြီးပွား သည်ကို ဆင်ခြင် အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမ လုပ် ၊ ချည်ဖြစ်စေခြင်းငှာမ ငင် မဝင့်။ 29 သို့သော်လည်း ဘုန်းကြီး သောရှောလမုန် မင်းကြီး၏အဝတ် သည် ထို အပင်တစ် ပင်မျှ၏အဝတ်ကို မ မှီဟုငါဆို ၏။ 30 ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖို ထဲသို့ ရောက် သောတော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင် တို့ကိုအဝတ် နှင့် ဖုံးလွှမ်းတော်မူမည် မ ဟုတ်လော။ 31 ထိုကြောင့် အဘယ်သို့ စား သောက် ရအံ့နည်း။ အဘယ်သို့ ဝတ် ရအံ့နည်းဟူ၍မ စိုးရိမ် ကြနှင့်။ ထို အရာများကို သာသနာပ လူတို့သည် ရှာဖွေ တတ်ကြ၏။ 32 ထိုအရာ များကို သင်တို့သည် အသုံးလို ကြောင်း ကို ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သိ တော်မူ၏။ 33 ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။ 34 ထို့ကြောင့် နက်ဖြန် အဘို့ စိုးရိမ် ကြနှင့်။ နက်ဖြန် နေ့သည် မိမိ အဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်း မသင့်သောအရာ သည် ယခုနေ့ ဘို့ လောက် ပေ၏။

7

1 သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ် ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ 2 သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင် ကြ၏။ ထိုတရားအတိုင်းစီရင် ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏ နှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏ အတိုင်း ကိုယ်ခံရ ကြမည်။ 3 ကိုယ် မျက်စိ ရှိသော တံကျင် ကို မ အောက်မေ့ ဘဲ ညီအစ်ကို မျက်စိ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။ 4 ကိုယ် မျက်စိ တံကျင် ရှိလျက်ပင်ညီအစ်ကို အားသင် ၏မျက်စိ ရှိသောငြောင့်ငယ် ကို ထုတ် ပါရစေ ဟု အဘယ်သို့ ဆို သနည်း။ 5 လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ရှိသောတံကျင် ကိုရှေးဦးစွာ ထုတ်ပစ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ရှိသော ငြောင့်ငယ် ကို ထုတ်ပစ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။ 6 ဖြူစင် သောအရာ ကို ခွေး တို့အား မ ပေး ကြနှင့်။ ပုလဲ ရတနာတို့ကို ဝက် တို့ရှေ့ မှာမ ချ မထားကြနှင့်။ သို့ပြုလျှင်ထိုအရာတို့ကို ကျော်နင်း ၍ သင် တို့ကိုလှည့် လျက် ကိုက်ဖြတ် ကြလိမ့်မည်။ 7 တောင်း ကြလော့။ တောင်းလျှင် မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့။ ခေါက်လျှင် ဖွင့် မည်။ 8 တောင်း သောသူ မည်သည်ကား ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။ 9 သားသည် မုန့် ကိုတောင်း လျှင် မိမိ သား အား ကျောက် ကိုပေး မည်သူ၊ 10 ငါး ကို တောင်း လျှင် မြွေ ကို ပေး မည်သူ တစ်စုံတစ်ယောက် မျှသင် တို့တွင် ရှိ သလော။ 11 သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင် ၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဆုတောင်း သောသူ တို့အား ကောင်း သော အရာ ကို သာ၍ ပေး တော်မူမည် မဟုတ်လော။ 12 သင် တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေ လိုသမျှ အတိုင်းသူတစ်ပါး ၌ပြု ကြလော့။ ဤ ပညတ်ကား ပညတ္တိ ကျမ်း နှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အခြာပင် ဖြစ် သတည်း။ 13 ကျဉ်း သောတံခါး ကိုဝင် ကြလော့။ ပျက်စီး ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် ကျယ်ဝန်း သည် ဖြစ်၍ဝင် သောသူ တို့သည်များ ကြ၏။ 14 အသက် ရှင်ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် အလွန်ကျဉ်းမြောင်း သည်ဖြစ်၍၊ တွေ့ ဝင်သော သူ တို့သည် နည်း ကြ၏။ 15 အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။ 16 ထိုသူ တို့၏အကျင့် ကိုထောက် ၍ သူ တို့၏သဘောကို သိ ကြလိမ့်မည်။ ဆူးပင် စပျစ်သီး ကို ဆွတ် တတ် သလော ။ ဆူးလေ ပင်၌ သင်္ဘောသဖန်း သီးကို ဆွတ် တတ် သလော။ 17 ကောင်း သောအပင် သည် ကောင်း သောအသီး ၊ မကောင်း သောအပင် သည် မကောင်း သောအသီး ကို သီး တတ်၏။ 18 ကောင်း သောအပင် သည် မကောင်း သောအသီး ၊ မကောင်း သောအပင် သည် ကောင်း သောအသီး ကို မ သီး နိုင်19 ကောင်း သောအသီး သီး သောအပင် ရှိသမျှ တို့ကိုခုတ်လှဲ မီး ထဲသို့ ချ လိုက်တတ်၏။ 20 သို့ဖြစ်လျှင် ထိုပရောဖက် တို့၏အကျင့် ကိုထောက် သော် သူ တို့၏သဘောကို သိ ရကြလိမ့်မည်။ 21 သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။ 22 ထို နေ့ ကား၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့် နှင့် ဆုံးမ ဩဝါဒပေးပါပြီမ ဟုတ်လော။ ကိုယ်တော် အခွင့် နှင့် နတ်ဆိုး တို့ကို နှင်ထုတ် ပါပြီ မဟုတ် လော။ ကိုယ်တော် အခွင့် နှင့် များစွာ သော တန်ခိုး တို့ကို ပြ ပါပြီ မဟုတ် လောဟု အများ သောသူ တ ို့သည် လျှောက် ကြလိမ့်မည်။ 23 ထိုသို့ လျှောက်ကြသောအခါ သင် တို့ကို ငါအလျင်း မသိ ၊ အဓမ္မ အမှုကို ပြု သောသူ တို့၊ ငါ့ ထံမှ ဖယ် ကြဟု ထိုသူ တို့အား အတည့်အလင်း ငါပြောမည်။ 24 အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။ 25 မိုး ရွာ ရေစီး သည်နှင့် လေ လာ ၍ ထို အိမ် ကိုတိုက် သည်ရှိသော်၊ ကျောက် ပေါ်မှာ တည် သောကြောင့် ပြို မလဲနေ၏။ 26 အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား နား ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။ 27 မိုဃ်း ရွာ ရေစီး သည်နှင့် လေ လာ ထို အိမ် ကို တိုက် သောအခါ ၊ ကြီးစွာ သောပြိုလဲ ခြင်းသို့ ရောက် လေသည် ဟု ဟော တော်မူ ၏။ 28 ထို ဒေသနာ တော်ကို ယေရှု ဟောတော်မူသည်အဆုံး ပရိသတ် အပေါင်းတို့သည် ဆုံးမ ဩဝါဒ ပေး တော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ 29 အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ ဟုတ်၊ အစိုးရ သော သူနည်းတူ ဆုံးမ ဩဝါဒ ပေး တော်မူ၏။

8

1 ကိုယ်တော် သည် တောင် ပေါ်မှ ဆင်းကြွ တော်မူလျှင် ၊ များစွာ သောလူ အပေါင်းတို့သည် နောက်တော်သို့ လိုက် ကြ၏။ 2 ထိုအခါ နူနာစွဲ သောသူတစ်ယောက်သည် ညွတ်ပြပ် လျက်၊ သခင် အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု လျှောက် လေ၏။ 3 ယေရှုကလည်း ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟု မိန့် တော်မူလျက် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင် နူနာ ပျောက်၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။ 4 ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။

5 ထိုနောက်မှကပေရနောင် မြို့သို့ ကြွဝင် တော်မူလျှင်၊ တပ်မှူး တစ်ယောက်သည် အထံ တော်သို့လာ ၍၊ 6 သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။ 7 ယေရှုကလည်း ငါ လာ ၍ ချမ်းသာ ပေးမည် ဟု မိန့် တော်မူလျှင်

8 တပ်မှူး က၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုး အောက် သို့ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် ခံထိုက် ပါ။ အမိန့် တော် တစ်ခွန်းရှိလျှင် ကျွန်တော် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။ 9 ဥပမာကား၊ ကျွန်တော် သည် မင်း အောက် ၌ကျွန်ခံသောသူ ဖြစ် သော်လည်း စစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟုဆို လျှင် သွား ပါ၏။ တစ်ဦး ကို လာ ခဲ့ဟုဆိုလျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် လေ၏။ 10 ထိုစကားကို ယေရှု သည်ကြား လျှင် အံ့ဩ ခြင်းရှိ၍၊ ငါ အမှန် ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး။ 11 ငါဆို ပြန်သည်ကား ၊ လူ များတို့သည်၊ အရှေ့ အရပ်၊ အနောက် အရပ်မှ လာ ၊ ကောင်းကင် နိုင်ငံ တော်၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့်တကွ လျောင်း ရကြလတံ့၊ 12 နိုင်ငံ တော်သား တို့သည်လည်း ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက် တော်သို့ လိုက်သောသူ တို့အား မိန့် တော်မူပြီးမှ

13 တပ်မှူး အား သင်သွား လော့။ ယုံကြည် သည်နှင့်အညီ သင် ၌ဖြစ် စေဟု မိန့် တော်မူ၏။ ထို ခဏခြင်း တွင် သူ ၏ငယ်သား သည် အနာ ရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။ 14 ထိုနောက်မှယေရှု သည် ပေတရု အိမ် သို့ ကြွ ပေတရု ၏ ယောက္ခမ သည် ဖျားနာ စွဲလျက် တုံးလုံး နေ သည်ကို တွေ့မြင် တော်မူ၏။ 15 ထိုမိန်းမ ၏လက် ကို တို့ တော်မူလျှင် ၊ သူသည် အဖျား ပျောက် သဖြင့် ဧည့်သည် ဝတ်ကို ပြုလေ၏။ 16 ညဦးယံ နတ်ဆိုးစွဲ သောသူအများ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက် ကာမျှနှင့်ထိုနတ် တို့ကို နှင်ထုတ် တော်မူ၏။ နာ သောသူ ရှိသမျှ တို့ကို သက်သာ စေတော်မူ၏။ 17 ထို အကြောင်းအရာမူကား၊ သူ သည် အကျွန်ုပ် တို့ အနာ ရောဂါဝေဒနာ များကို ယူတင် ဆောင်ရွက် လေ သည်ဟု ပရောဖက် ဟေရှာယ ဟော ဘူးသောစကား ပြည့်စုံ မည်အကြောင်း ဖြစ်သတည်း။ 18 များစွာသောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ လျက် နေကြသည်ကို မြင် တော်မူလျှင် ၊ ကမ်းတစ်ဘက် သို့ ကူး မည့်အကြောင်း အမိန့် တော်ရှိ၏။ 19 ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။

20 ယေရှု ကလည်း မြေခွေး သည် မြေတွင်း ရှိ ၏။ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် သည်နားနေရာ အရပ်ရှိ ၏။ လူ သား မူကား ၊ ခေါင်း ချ ရာမျှ မ ရှိဟု မိန့် တော်မူ၏။

21 အခြား သော တပည့် တော်ကလည်း ၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသော အခွင့် ကိုပေးတော်မူပါဟု လျှောက် လေ၏။

22 ယေရှု ကလည်း၊ ငါ့ နောက် သို့လိုက်လော့။ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေဟု မိန့် တော်မူ၏။ 23 ထိုအခါ လှေ ထဲသို့ ဝင် တော်မူ၍ တပည့် တော်တို့သည် လိုက် ကြ၏။ အိုင် လှိုင်း တံပိုးပြင်းစွာ လှေ ကို လွှမ်း လေ၏။ 24 ကိုယ်တော် သည် ကျိန်းစက် ၍ နေတော်မူ၏။ 25 တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကို နှိုး ပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏။ ကယ်မ တော်မူပါဟု လျှောက် ကြသော်၊

26 ကိုယ်တော်က၊ ယုံကြည် အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက် တတ်သနည်း ဟု မေး တော်မူပြီးလျှင် ၊ ထ ၍လေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် အလွန် သာယာ လေ၏။ 27 ထိုလူ တို့ကလည်း ၊ ဤ သူကားအဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏စကားကို နားထောင် ပါသည်တကားဟု အံ့ဩ ကြ၏။ 28 ကမ်းတစ်ဘက် ဂါဒရ ပြည် သို့ ရောက် တော်မူသောအခါ နတ်ဆိုးစွဲ သောလူနှစ် ယောက်တို့သည် ထို လမ်း ကို အဘယ်သူ မျှ မ သွား နိုင် အောင် အလွန် ကြမ်းကြုတ် စွာပြုလျက်၊ သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော် ကို ခရီးဦးကြိုပြု ပြီးလျှင်၊ 29 ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် လျှောက် ကြ၏။ 30 ထိုသူ တို့နှင့် မနီးမဝေး သောအရပ်၌ များစွာ သောဝက် အစု သည်ကျက်စား လျက်ရှိ ၏။ 31 နတ်ဆိုး တို့လည်း ကိုယ်တော်သည် အကျွန်ုပ် တို့ကိုနှင်ထုတ် လျှင် ၊ ထိုဝက် အစု ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟု တောင်းပန် ကြသော်၊ 32 သွား ကြ ဟု မိန့် တော်မူ၏။ နတ်ဆိုးတို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု ရှိသမျှ သည်အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း၍ ရေ သေ ကြ၏။ 33 ဝက်ကျောင်း သောသူ တို့သည်လည်း ပြေး မြို့ ထဲသို့ ဝင် ပြီးလျှင်၊ နတ်ဆိုးစွဲ သောသူ တို့၏အကြောင်း မှစ၍ ဖြစ် လေသမျှတို့ကို ကြားပြော ကြသော်၊ 34 တစ်မြို့လုံး လည်း ယေရှု ကိုတွေ့ အံ့သောငှာ ထွက်လာ ကြ၏။ ကိုယ်တော် ကိုတွေ့မြင် လျှင် မိမိ တို့ ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။

9

1 ထိုအခါ ကိုယ်တော်သည် လှေ စီး ကူး ပြန်သဖြင့်၊ မိမိ မြို့ သို့ ရောက် တော်မူ၏။ 2 လက်ခြေသေ အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် လက်ခြေသေ သောသူ အား၊ ငါ့သား စိုးရိမ်နှင့်။ သင် ၏အပြစ် ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။ 3 ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။ 4 ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။ 5 အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ လှမ်းသွား လော့ဟု ပြော လွယ်သလော။ 6 လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။ 7 ထိုသူသည်လည်း ထ မိမိ အိမ် သို့ သွား လေ၏။ 8 လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းရှိ၍ ၊ လူ တို့အား ဤသို့သော အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ 9 ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ၍ နောက် တော်သို့ လိုက်လေ၏။ 10 ထိုနောက်မှ အိမ် တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် လာ ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။ 11 ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။

12 ယေရှုသည် ကြား တော်မူလျှင် ကျန်းမာ သောသူ တို့သည် ဆေးသမား ကို အလို ရှိ ကြ။ နာ သောသူ တို့ သာလျှင် အလိုရှိ ကြ၏။ 13 ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။

14 ထိုအခါ ယောဟန် ၏ တပည့် တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့် ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။

15 ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။ 16 အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ သောအထည်သည် အဝတ် ဟောင်းကို စား အပေါက် ကျယ်တတ်၏။ 17 ၎င်းနည်းဟောင်း သော သားရေဘူး အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် ၊ သားရေဘူး သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။

18 ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့ အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။

19 ယေရှု သည် ထ တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။ 20 ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊ 21 ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့ လေ၏။ 22 ယေရှု သည် လှည့် ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။ 23 အရာရှိ အိမ် သို့ ရောက် တော်မူ၍ တီးမှုတ် သော သူတို့နှင့် များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင်24 ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ 25 ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ လေ၏။ 26 ထို သိတင်း စကားသည် တစ်ပြည်လုံး နှံ့ပြား ကျော်စောလေ၏။ 27 ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။ 28 အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။ 29 ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင်30 သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။ 31 သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး နှံ့ပြား ကျော်စောစေ၏။ 32 ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။ 33 နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ အစုအဝေးတို့သည်လည်း အံ့ဩ ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့ မြင်ရစဖူးဟု ပြောဆို ကြ၏။ 34 ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။

35 ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။ 36 အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။ 37 ထိုအခါ ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။ 38 ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။

10

1 တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။ 2 တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့၏ အမည် ကား ၊ ပဌမ မှာ၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ3 ဇေဗေဒဲ ၏သား ယာကုပ် နှင့် သူ့ ညီ ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊ သောမ နှင့် အခွန်ခံ မသ္သဲ ၊ အာလဖဲ ၏သား ယာကုပ် နှင့် သဒ္ဒဲ ဟုအမည်သစ်ကိုရသော လေဗဲ၊ 4 ကာနနိတ် လူရှိမုန် နှင့် ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ် ပေတည်း။ 5 ထို တစ်ကျိပ် နှစ်ပါးသော သူ တို့ကို ယေရှု သည် စေလွှတ် တော်မူ၍၊ သင်တို့သည် တစ်ပါး အမျိုးသားတို့ရှိရာ သို့ မ သွား ကြနှင့်။ ရှမာရိ မြို့ ရွာထဲသို့ ဝင် ကြနှင့်။ 6 ဣသရေလ အမျိုး ၊ ပျောက်လွင့် သော သိုး များရှိရာ သို့ အရင် သွား ကြလော့။ 7 သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံ တော် တည်လုနီး ပြီဟုသိတင်းကြားပြော ကြလော့။ 8 နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။ 9 ရွှေ ၊ ငွေ ၊ ကြေး တို့ကို ခါးပန်း ထဲ၌ သိုမှီး ကြနှင့်။ 10 လမ်း ခရီးဘို့ လွယ်အိတ် ၊ အင်္ကျီ နှစ် ထည်၊ ခြေနင်း တောင်ဝေး ကို မ သိုမှီးကြနှင့်။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူ သည် ကျွေးမွေး ခြင်းကို ခံထိုက် ပေ၏။ 11 မည်သည် မြို့ မည်သည်ရွာ သို့ ဝင် လျှင်၊ ထိုမြို့ ရွာ၌ အဘယ် မည်သောသူသည် ထိုက်တန် သနည်းဟု မေးမြန်း ၍၊ ထို မြို့ရွာမှ မ ထွက် မသွားမှီတိုင်အောင်ထိုသူ ၏အိမ်တွင် နေ ကြလော့။ 12 အိမ် သို့ ဝင် သောအခါ မင်္ဂလာရှိပါစေသောဟုနှုတ်ဆက် ခြင်းကို ပြုကြလော့။ 13 ထိုအိမ် သည် ထိုက်တန် လျှင် သင် တို့မြွက်သော မင်္ဂလာ ရောက် စေသတည်း။ မ ထိုက်တန် လျှင် သင် တို့ ထံသို့ ပြန်လာ စေသတည်း။ 14 အကြင်သူ သည်သင် တို့ကို လက် ခံ၊ သင် တို့၏ စကား ကိုနား ထောင်ဘဲနေ၏။ ထို သူနေသော အိမ် မှ၎င်း၊ မြို့ မှ၎င်း ထွက်သွား စဉ်၊ သင် တို့၏ ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့။ 15 ငါအမှန် ဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ထို မြို့ သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ထက် သာ၍ ခံရလတံ့။ 16 တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။ 17 လူ တို့ကို သတိပြု ကြ။ အကြောင်းမူကား ၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။ 18 ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။ 19 သင် တို့ကို အပ်နှံ သောအခါ အဘယ်သို့ ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။ ပြော ရသောစကားကို ထို ခဏခြင်း တွင် သင် တို့သည်ရ ကြလိမ့်မည်။ 20 အကြောင်းမူကား ၊ သင် တို့ အလိုအလျောက် ပြော ကြသည်မ ဟုတ် ။ သင် တို့အဘ ၏ ဝိညာဉ် တော်သည် သင် တို့အားဖြင့် ပြော တော်မူ၏။ 21 ထိုအခါ ညီအစ်ကို ချင်းတစ်ယောက်ကိုတစ်ယောက် သေ စေခြင်းငှာ အပ်ကြလိမ့်မည်။ အဘ သည်လည်း သား ကို အပ် လိမ့်မည်။ သားသမီး တို့သည်လည်း မိဘ ကို ရန်ဘက် ပြု၍ သေ စေကြလိမ့်မည်။ 22 လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကို မုန်း ကြလိမ့်မည် ။ အကြင်သူသည်အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။ 23 တစ်မြို့ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။ 24 တပည့် သည် ဆရာ ထက် သာ။ ကျွန် သည် သခင် ထက် သာ။ 25 တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။ 26 ထို့ကြောင့် သူ တို့ကို မ ကြောက် ကြနှင့်။ ဖုံးထား လျက်ရှိ သမျှသောအရာတို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။ 27 မှောင်မိုက် သင် တို့အား ငါပြော သောအရာ များကို သင်တို့သည် အလင်း ကြားပြော ကြလော့။ သင် တို့နား အပါး၌ ပြော၍ ကြား သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလော့ ဟု မိန့်တော်မူ၏။

28 တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။ 29 စာငှက် နှစ် ကောင်ကို အဿရိ တစ်ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ သင် တို့အဘ အခွင့်မ ရှိလျှင် ထို စာငှက်တစ် ကောင်မျှ မြေ သို့ ကျ ရ။ 30 သင် တို့ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ ၏။ 31 ထို့ကြောင့် ကြောက် ကြနှင့်။ သင် တို့သည် စာငှက် အများ တို့ထက် သာ၍ မြတ်ကြ၏။ 32 အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကိုငါ ဝန်ခံ မည်။ 33 အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုငြင်းပယ် အံ့ ။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကို ငါ ငြင်းပယ် မည်။ 34 မြေ ပေါ်သို့ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်ဟုမ ထင် ကြနှင့်။ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်မ ဟုတ်။ ဓား ကို စေလွှတ်အံ့သောငှာငါလာသတည်း။ 35 အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား စေခြင်းငှာငါလာ သတည်း။ 36 ကိုယ် အိမ်သူ အိမ်သားတို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။ 37 အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။ 38 အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ နှင့် မ ထိုက် မတန်။ 39 မိမိ အသက် ကို တွေ့ သောသူ သည် အသက် ရှုံး လိမ့်မည်။ ငါ့ ကြောင့် မိမိ အသက် ရှုံး သောသူ မူကားအသက် ကို တွေ့ လိမ့်မည်။ 40 သင် တို့ကို လက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို လက်ခံ ၏။ 41 ပရောဖက် ၏ မျက်နှာ ကိုထောက်၍၊ ပရောဖက် ကို လက်ခံ သောသူ သည် ပရောဖက် ၏အကျိုး ကို ခံရ လတံ့၊ ဖြောင့်မတ် သောသူ၏မျက်နှာ ကိုထောက်၍၊ ဖြောင့်မတ် သောသူကို လက်ခံ သောသူ သည် ဖြောင့်မတ် သောသူ၏အကျိုး ကိုခံရ လတံ့။ 42 အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။

11

1 ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။ 2 ခရစ်တော် ပြုတော်မူသောအမှု တို့ကို ယောဟန် သည်ထောင် ထဲမှာ ကြား သောအခါ၊ မိမိ တပည့် နှစ် ယောက်ကို စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ 3 သို့မဟုတ် အခြား သောသူကိုမြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။ 4 ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။ 5 မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။ 6 ငါ့ ကြောင့် စိတ် ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ဟု ပြန်ပြော တော်မူ၏။ 7 ထိုသူ တို့သည် သွား ကြသည်နောက် ယေရှု သည် ယောဟန် ကိုအကြောင်း ပြု၍ ပရိသတ် တို့အား သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှုခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သော ကျူပင် ကို ကြည့်ရှု ခြင်းငှာသွားသလော။ 8 သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာ သွား သလော။ နူးညံ့ သော အဝတ်ကို ဝတ်ဆင် သောသူ တို့သည် မင်း အိမ် နေ တတ်ကြ၏။ 9 ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။ 10 ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသောငါ ၏တမန် ကိုသင့် ရှေ့ ၌ငါ စေလွှတ် ၏ဟု ဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။ 11 ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။ 12 ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။ 13 ယောဟန် ရောက်မှီတိုင်အောင်ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းရှိသမျှ တို့သည် ဆုံးမ ဩဝါဒပေးကြ၏။ 14 သင်တို့သည် ငါ့စကားကို နာခံ နိုင် လျှင် ၊ ဤသူ ကား လာ လတံ့သော ဧလိယ ဖြစ် သတည်း။ 15 ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။ 16 လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ ပွဲ သဘင်၌ ထိုင် နေသော သူငယ် တို့သည် မိမိသူငယ်ချင်း တို့အား အသံ ကိုလွှင့်၍၊ 17 ငါတို့သည်သာယာစွာ တီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာ မြည်တမ်းသော်လည်း ငိုကြွေး ကြဟု ပြောဆို သောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။ 18 အကြောင်းမူကား ၊ ယောဟန် သည် မ စား သောက် ဘဲ လာ သည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။ 19 လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။ 20 ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။ 21 အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။ 22 ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ သင် တို့သည် တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရ ကြလတံ့။ 23 အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။ 24 ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။

25 ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ 26 ထိုသို့ အလို တော်ရှိ သောကြောင့် မှန် ပါ၏အဘ27 ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ28 ဝန်လေး ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။ 29 ငါ့ ထမ်းဘိုး ကို တင် ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။ 30 အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။

12

1 ထို ကာလ အခါ ယေရှု သည် ဥပုသ်နေ့ ဂျုံ စပါးလယ်ကွက်တို့ကို ရှောက်ကြွ တော်မူလျှင်၊ တပည့် တော်တို့သည် ဆာမွတ် သောကြောင့် စပါး အသီးအနှံကို ဆွတ် စား ကြ၏။ 2 ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊

3 ကိုယ်တော် က ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ4 ဘုရားသခင် ၏ အိမ် တော်သို့ ဝင် မိမိ စားအပ်၊ မိမိ အဘော် စား အပ်၊ ယဇ်ပုရောဟိတ် တို့သာ စား အပ်သော ရှေ့ တော်မုန့် ကို စား သည်အကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။ 5 ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ ဘတ် ဘူးသလော။ 6 ငါဆို သည်ကား၊ ဤ အရပ်၌ ဗိမာန် တော်ထက် သာ၍ကြီးမြတ်သောအရာရှိ ၏။ 7 ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် တင် မစီရင်ကြပြီ။ 8 လူ သား သည် ဥပုသ်နေ့ ကို အစိုးရ သည် ဟု မိန့်တော်မူ၏။ 9 ထို အရပ်မှ ကြွ တရားစရပ် သို့ ဝင် တော်မူ၏။ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ သည်ဖြစ်၍၊ 10 လူအချို့တို့က၊ ဥပုသ်နေ့ ရောဂါကို ငြိမ်း စေအပ် သလောဟု ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရှာ၍ မေး လျှောက် ကြ၏။ 11 ကိုယ်တော် ကလည်း မိမိ၌ သိုး တစ် ကောင်တည်းရှိ ၍ ထို သိုးသည် ဥပုသ်နေ့ တွင်း ထဲသို့ ကျ လျှင် ၊ မ ဆွဲ မတင်ဘဲ နေမည့်သူတစ်စုံတစ်ယောက်မျှ သင် တို့တွင် ရှိ သလော။ 12 လူ သည် သိုး ထက်အလွန် မြတ် ပေ၏။ ထို့ကြောင့် ဥပုသ်နေ့ ကျေးဇူး ပြု အပ် သည် ဟု ပြန်ပြောတော်မူပြီးမှ၊ 13 ထို သူအား သင် ၏လက် ကိုဆန့် လော့ ဟု မိန့် တော်မူ၍ ၊ သူသည် မိမိလက်ကိုဆန့် လျှင် ထိုလက်သည် လက်တစ်ဘက် ကဲ့သို့ ပကတိ ဖြစ်လေ၏။ 14 ထိုအခါ ဖာရိရှဲ တို့သည် ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ဖျက်ဆီး ရအံ့နည်းဟု တိုင်ပင် ကြ၏။ 15 ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။ 16 ထိုသူ တို့သည် သိတင်းတော်ကို မ ဖွင့် မည်အကြောင်း ပညတ် တော်မူ၏။ 17 ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ နှုတ်ထွက် အချက်ဟူမူကား၊ 18 ငါရွေးချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုး သောသူ ကိုကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။ 19 ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။ 20 နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။ 21 သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။

22 ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် စကားပြော နိုင်အောင်ကယ်မ တော်မူ၏။ 23 လူအစုအဝေး အပေါင်း တို့သည်မိန်းမော တွေဝေ၍ ဤသူ သည် ဒါဝိဒ် ၏သား တော်ဖြစ် လိမ့်မည်လော ဟု ပြောဆို ကြ၏။ 24 ဖာရိရှဲ တို့သည်ကြား လျှင် ၊ ဤသူ သည် နတ်ဆိုး မင်း ဗေလဇေဗုလ ကိုအမှီပြု ၍သာ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟုဆို ကြ၏။ 25 ယေရှုသည် ထိုသူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍၊ တိုင်း နိုင်ငံမည်သည်ကား ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။ မြို့ ရွာဖြစ်စေ ၊ အိမ် ဖြစ်စေ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင်ရာ။ 26 စာတန် သည်လည်း စာတန် ကိုနှင်ထုတ် သည်မှန်လျှင် ၊ သူသည်မိမိ နှင့်ကွဲပြား ၏။ သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။ 27 ငါ သည် ဗေလဇေဗုလ ကိုအမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍နှင်ထုတ် ကြသနည်း။ ထိုကြောင့် သူ တို့သည်သင် တို့အား တရား စီရင်သောသူဖြစ် ကြလိမ့်မည်။ 28 ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။ 29 သူရဲ ကို ရှေးဦးစွာ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။ 30 ငါ့ ဘက်၌ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။ 31 ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။ 32 လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ လွှတ် နိုင်။ 33 အသီး အားဖြင့် အပင် ၏သဘောထင်ရှား သည်ဖြစ်၍ ၊ အသီး ကောင်း လျှင် အပင် ကောင်း သည်ဟု ဆို ကြလော့။ အသီး မကောင်း လျှင် အပင် မကောင်း ဟု ဆို ကြလော့။ 34 အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။ 35 ကောင်း သောသူ သည် ကောင်း သောစိတ်နှလုံးဘဏ္ဍာတိုက် ထဲက ကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောဘဏ္ဍာတိုက် ထဲက မကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ 36 ငါ ဆိုသည်ကား ၊ လူ တို့သည် အကျိုးမဲ့ သောစကား ကို ပြော သမျှ အတွက် ၊ တရား ဆုံးဖြတ်သောနေ့ စစ်ကြောခြင်းကို ခံရ ကြလတံ့။ သင့် စကား များအားဖြင့် သင်သည်အပြစ် လွတ်လိမ့်မည်။ 37 သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။

38 ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊ 39 ကိုယ်တော်က ဆိုးညစ် မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကို တောင်း သည်မှာ၊ ပရောဖက် ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။ 40 ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။ 41 တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ 42 တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။ 43 ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။ 44 တွေ့ လျှင် ငါ သည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၊ ရောက် သောအခါထိုအိမ်သည် လွတ်လပ် ၍ သုတ်သင် ပြင်ဆင်လျက်ရှိသည်ကိုတွေ့ သော်၊ 45 မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။ 46 ထိုသို့ ပရိသတ် တို့အား ဟော တော်မူစဉ် တွင်၊ မယ်တော် နှင့် ညီ တော်တို့သည် နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေကြ၏။ 47 လူ တစ်ယောက်ကလည်း ၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် နှင့်နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေ ကြပါ၏ဟုလျှောက် လျှင်၊ 48 ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း ဟု မေး တော်မူ၏။ 49 လက် တော်ကိုလည်းဆန့် တပည့် တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။ 50 ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

13

1 ထို နေ့ ယေရှု သည် အိမ် ကထွက် ၍ အိုင် နား မှာထိုင် နေတော်မူသည်တွင်၊ 2 များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။ 3 ထိုအခါ ဥပမာ စကားများ တို့ကို မြွက်ဆို တော်မူသည်မှာ၊ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။ 4 အစေ့ကိုကြဲ သည်တွင် အချို့ သောအစေ့ တို့သည် လမ်း ကျ သဖြင့် ငှက် တို့သည်လာ ကောက်စား ကြ၏။ 5 အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း6 နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။ 7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည်ကြီးပွား ညှဉ်းဆဲ ကြ၏။ 8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ကျ သဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာ ပွားများ၍ အသီး သီး ကြ၏။ 9 ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေဟု မိန့်တော်မူ၏။ 10 တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊ 11 ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် ရှိကြ၊ 12 အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။ 13 ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။ 14 ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ ပြုဘဲမြင် ကြလိမ့်မည်။ 15 အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။ 16 သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။ 17 ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။ 18 မျိုးစေ့ ကြဲသောသူ ၏ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင် ကြလော့။ 19 လမ်း အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။ 20 ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊ 21 စိတ်နှလုံး၌ အမြစ် စွဲ ခဏ သာတည် သဖြင့် ၊ တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။ 22 ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။ 23 ကောင်း သောမြေ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ 24 အခြား သော ဥပမာ စကားကိုမိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်း သောမျိုးစေ့ ကို လယ် ကြဲ သောသူ နှင့်တူ ၏။ 25 လူ တို့သည် အိပ်ပျော် သောအခါ သူ ၏ရန်သူ သည်လာ ၍ကောင်းသောစပါး နှင့် လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ကြဲ ၍ သွား လေ၏။ 26 အပင် ပေါက် အသီးအနှံ ထွက် သောအခါ ၊ တောပင် များလည်း ထင်ရှား လျှင်27 ကျွန် တို့သည် အိမ်ရှင် ထံသို့သွား သခင် ၊ ကောင်း သောမျိုးစေ့ ကို လယ် ကြဲ တော်မူသည် မ ဟုတ်လော။ တောပင် တို့သည် အဘယ် ကဖြစ် သနည်းဟု လျှောက် ကြလျှင်၊ 28 အိမ်ရှင် က ဤ အမှုကား ရန်သူ ပြု သောအမှုတည်းဟု ဆို ၏။ အကျွန်ုပ်တို့သည်သွား ၍ တောပင် တို့ကို ရွေးနှုတ် စေခြင်းငှာအလို တော်ရှိသလောဟု လျှောက် ကြလျှင်29 အိမ်ရှင် က ထိုသို့ငါအလိုမ ရှိ။ တောပင် တို့ကိုရွေးနှုတ် လျှင်စပါး ပင်တို့ကိုရောနှော ၍ နှုတ် မိမည် စိုးရိမ်စရာအကြောင်းရှိ၏။ 30 စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။

31 အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ 32 မုန်ညင်းစေ့သည် အစေ့ တကာ တို့ထက် ငယ် သော်လည်း၊ ကြီးပွား သောအခါ မြက်ပင် တကာတို့ထက် ကြီး သဖြင့် မိုဃ်း ကောင်းကင်ငှက် တို့သည်လာ ၍ အကိုင်းအခက် တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ် တတ် သည် ဟု မိန့်တော်မူ၏။

33 အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။

34 ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊ 35 ထိုသို့သော အားဖြင့် ပရောဖက် စကား ဟူမူကား၊ ငါသည်နှုတ် ကိုဖွင့် ၍ ဥပမာ များကိုမြွက်ဆို အံ့။ ကမ္ဘာ ဦး မှစ၍ ထိမ်ဝှက် သောအရာတို့ကိုဘော်ပြ ပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံ ခြင်းသို့ ရောက် သတည်း။ 36 ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊

37 ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။ 38 လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။ 39 တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။ 40 တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ဖြစ် လတံ့။ 41 လူ သား သည် မိမိ ကောင်းကင်တမန် တို့ကိုစေလွှတ် ပြီးလျှင် ၊ မှားယွင်း စေသောသူ တို့နှင့် မတရား သော အမှုကို ပြု သောသူ ရှိသမျှ တို့ကို နိုင်ငံ တော်ထဲက ရွေးနှုတ် ၍၊ 42 ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာမီး ဖို ချ ကြလတံ့။ 43 ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။

44 တနည်းကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ဝှက်ထား သောဘဏ္ဍာ နှင့်တူ ၏။ ထိုဘဏ္ဍာ ကိုတွေ့ သောသူ သည် တစ်ဖန် ဖုံးအုပ် ၍၊ ဝမ်းမြောက် သောစိတ်နှင့် သွား ပြီးလျှင် ၊ ရ တတ်သမျှ ကိုရောင်း ထို လယ် ကိုဝယ် တတ်၏။

45 တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် မြတ် သောပုလဲ တို့ကိုရှာ သော ကုန်သည် နှင့်တူ ၏။ 46 ထိုကုန်သည်သည် အလွန်အဘိုး ထိုက်သောပုလဲ ကိုတွေ့ သောအခါ ၊ သွား ၍ မိမိ၌ရ တတ်သမျှ ကို ရောင်း ပြီးလျှင်ထိုပုလဲ ကိုဝယ် လေ၏။

47 တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။ 48 ငါးနှင့်အပြည့် ရှိသောအခါ တံငါတို့သည် ကုန်း ပေါ်သို့ ဆွဲတင် ၍ထိုင် လျက် ၊ ကောင်း သောငါးကို ခြင်း ထဲသို့ ရွေးချယ် ထည့်ထား၍ ၊ မကောင်း သောငါးကို ပြင် သို့ပစ် လိုက်ကြ၏။ 49 ထိုနည်းတူ ကမ္ဘာ အဆုံး ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊

50 ငိုးကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ မီး ဖို ချ ကြလတံ့။

51 အရာအလုံးစုံ တို့ကို သင်တို့သည် နားလည် ကြသလောဟု မေးတော်မူလျှင်၊ နားလည် ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက် ကြ၏။

52 ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။

53 ထို ဥပမာ စကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထို အရပ်မှကြွသွား တော်မူ၏။ 54 ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။ 55 သူသည် လက်သမား သား ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။ 56 သူ့ နှမ များတို့သည်လည်း ငါ တို့နှင့် အနီးအပါးနေ ကြသည်မ ဟုတ်လော။ သို့ဖြစ်လျှင် သူသည် အရာ များကို အဘယ်မှာ ရသနည်းဟု ပြောဆို လျက်၊ 57 စေတနာစိတ်ပျက် ကြ၏။

ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ် ၌ အသရေရှိသည် ဟု ထိုသူ တို့အား မိန့် တော်မူ၏။ 58 မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။

14

1 ထို အခါ စော်ဘွား ဟေရုဒ် သည် ယေရှု ၏သိတင်း တော်ကိုကြား လျှင်2 သူကားဗတ္တိဇံ ဆရာယောဟန် ဖြစ် သည်။ သေ ခြင်းမှ ထမြောက် လေပြီ။ ထို့ကြောင့် တန်ခိုး များကို ပြ နိုင်သည်ဟု မိမိ ငယ်သား တို့အားဆို ၏။ 3 အထက်က ဟေရုဒ် သည်မိမိ ညီ ဖိလိပ္ပု ၏ခင်ပွန်း ဟေရောဒိ အကြောင်း ကြောင့်၊ ယောဟန် ကိုဘမ်းဆီး ချည်နှောင် ထောင် ထဲမှာ လှောင် ထား၏။ 4 အကြောင်းမူကား ၊ ယောဟန် က၊ အရှင် မင်းကြီးသည် ထိုမိန်းမ ကိုမ သိမ်း အပ် ဟု ဟေရုဒ် အားဆို လေပြီ။ 5 ယောဟန် ကိုသတ် ခြင်းငှာအလိုရှိ သော်လည်း ၊ လူ အပေါင်းတို့၏မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြသတည်း။ 6 ထိုနောက်မှဟေရုဒ် ကိုဘွား သောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ် တွင်၊ ဟေရောဒိ ၏သမီး သည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ် သည် နူးညွတ် သောစိတ်ရှိလျှင်7 ငါသည် သင် တောင်း သမျှ ကို ပေး မည်ဟု ကျိန်ဆို လေ၏။ 8 ထိုမိန်းမငယ် သည်သူ ၏အမိ တိုက်တွန်း သည်အတိုင်း ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို လင်ပန်း ပေး တော်မူပါဟု တောင်းလျှောက် ၏။ 9 မင်းကြီး သည် ဝမ်းနည်း သော်လည်း ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဘော် တို့၏မျက်နှာကို၎င်း ထောက် သောကြောင့် ပေး စေဟုအမိန့် တော်ရှိလျက်၊ 10 လူကို စေလွှတ် ယောဟန် ၏လည်ပင်း ကို ထောင် ထဲမှာ ဖြတ်စေ၏။11ဦးခေါင်း ကို လင်ပန်း ဆောင်ခဲ့ ထိုမိန်းမငယ် အားပေး ပြီးမှ ၊ သူသည်လည်း မိမိ အမိ ထံသို့ယူသွား ၏။ 11 ယောဟန် ၏တပည့် တို့သည်လည်း လာ ၍ အလောင်း ကိုဆောင်သွား သဖြင့် သင်္ဂြိုဟ် ပြီးမှ ၊ ယေရှု ထံတော် သို့သွား ကြားလျှောက် ကြ၏။ 12 ယေရှု သည် ကြား တော်မူလျှင် ၊ ထို အရပ်မှထွက် ၍လှေ ကိုစီးလျက် တော ဆိတ်ကွယ်ရာအရပ် သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့သည် ကြားသိ ရလျှင် ၊ မြို့ ရွာမှ ထွက်၍ ကုန်းကြောင်း လိုက် ကြ၏။ 13 ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင် ၊ သနား ခြင်းစိတ်တော်ရှိ၍ လူနာ ရှိသမျှတို့ကို ချမ်းသာ ပေးတော်မူ၏။ 14 ညဦးယံ ၌ တပည့် တော်တို့သည်ချဉ်းကပ် ၍၊ ဤအရပ် သည် တော အရပ်ဖြစ် ပါ၏။ မိုး လည်း ချုပ်ပါပြီ။ လူ အစုအဝေးတို့သည် မြို့ရွာ သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာ အခွင့် ပေးတော်မူပါဟု လျှောက် ကြလျှင်၊

15 ယေရှု က၊ သွား သောအကြောင်း ရှိ။ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။ 16 တပည့် တော်တို့ကလည်း ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မ ရှိ ပါ ဟု လျှောက် ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ ကြ ဟုမိန့် တော်မူ၏။ 17 ထိုအခါ လူ အစုအဝေးတို့ကို မြက်ပင် ပေါ်မှာ လျောင်း ကြစေ ဟုအမိန့် တော်ရှိ၏။ 18 မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုလည်းယူ ၍ ကောင်းကင် သို့ ကြည့်မြော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် နှင့် ငါးကိုဖဲ့ ၍ တပည့် တော်တို့အား ပေး တော်မူ၏။ 19 တပည့် တော်တို့သည်လည်းလူ အပေါင်းတို့အား ပေးကြ၏။ လူအပေါင်း တို့သည်စား ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း တင်းဆယ့်နှစ် တောင်း အပြည့် ရကြ၏။ 20 စား သောသူ အရေအတွက်ကား၊ မိန်းမ နှင့် သူငယ် တို့ကိုမ ဆိုဘဲ၊ ယောက်ျား ငါးထောင် မျှလောက် ရှိ သတည်း။ 21 ယေရှုသည် စည်းဝေး သောသူ တို့ကိုလွှတ် တော်မူစဉ် တွင်၊ တပည့် တော်တို့ကိုလှေ စီးစေ၍ ကမ်းတစ်ဘက် သို့ အရင် ကူးစေတော်မူ၏။ 22 စည်းဝေး သောသူတို့ကိုလွှတ် ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာတောင် ပေါ်၌ဆိတ်ကွယ် ရာအရပ်သို့ တက်ကြွ သဖြင့်၊ ည အချိန်ရောက် သောအခါ ၊ တစ်ယောက်တည်း ရှိ နေတော်မူ၏။ 23 လှေ မူကား အိုင်အလယ်၌ရှိ၍ လေ သင့်သောကြောင့် လှိုင်း တံပိုးလှုပ်ရှား ခြင်းကို ပြင်းစွာရ ၏။ 24 သုံးချက်တီး ကျော်အချိန် ၌ ယေရှုသည် အိုင် ပေါ်မှာ စက်တော်ဖြန့် လျက်တပည့် တော်တို့ရှိရာ သို့ ကြွ တော်မူ၏။ 25 ထိုသို့အိုင် ပေါ်မှာ စက်တော်ဖြန့်၍ ကြွ တော်မူသည်ကို သူ တို့သည်မြင် လျှင် ထိတ်လန့် ၍၊ ဖုတ် တစ္ဆေဖြစ် သည်ဟု ကြောက် သောစိတ်နှင့် အော်ဟစ် ကြ၏။

26 ယေရှု သည် ချက်ခြင်း နှုတ်ဆက် တည်ကြည်သောစိတ် ရှိကြလော့။ ငါ ပင်ဖြစ် သည်။ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူ၏။ 27 ပေတရု ကလည်း ၊ သခင် ကိုယ်တော် မှန် လျှင် အကျွန်ုပ် သည်ကိုယ်တော် ထံသို့ ရေ ပေါ်မှာ လာ ရမည်အကြောင်းမိန့် တော်မူပါဟုလျှောက် လျှင်၊ 28 လာ ခဲ့လော့ ဟု မိန့် တော်မူ၏။ ပေတရု သည်လှေ ပေါ် ကဆင်း ယေရှု ထံသို့ ရောက် အံ့သောငှာရေ ပေါ်မှာ လှမ်းသွား ၏။ 29 လေ ပြင်း သည်ကိုမြင် လျှင် ကြောက်လန့် နစ်မွန်း လု သည်ရှိသော်၊ ကယ်မ တော်မူပါသခင် ဟု ဟစ်ကြော် လေ၏။

30 ယေရှု သည် လက် တော်ကိုချက်ခြင်း ဆန့် ၍ ပေတရု ကိုကိုင် တော်မူလျက် ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှား သောစိတ်ဝင်သနည်း ဟု မေး တော်မူ၏။ 31 လှေ ပေါ်သို့ ရောက် ကြလျှင် လေ သည်ငြိမ်း လေ၏။ 32 လှေ သား တို့သည်ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် ပါသည်ဟု ညွတ်ပြပ် ၍ လျှောက် ကြ၏။ 33 ကမ်း တစ်ဘက် သို့ကူး လျှင် ဂင်္နေသရက် နယ်သို့ ရောက် ကြ၏။ 34 ထို အရပ် သား တို့သည် မျက်နှာတော်ကိုမှတ်မိ လျှင် ၊ ပတ်ဝန်းကျင် အရပ်ရှိသမျှ သို့ စေလွှတ် သဖြင့် လူနာ ရှိသမျှ တို့ကို ဆောင်ခဲ့35 အဝတ် တော်၏ပန်းပွား ကိုမျှသာ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သောသူတို့သည်လည်း ချမ်းသာ ရကြ၏။ 36 ထိုအခါ ယေရုရှလင် မြို့သားဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့သည် ချဉ်းကပ် ပြီးလျှင်၊

15

1 ရှေးဟောင်း တို့မှဆက်ခံသော နည်းဥပဒေ ကို ကိုယ်တော် ၏တပည့် တို့သည် အဘယ်ကြောင့် လွန်ကျူး ကြပါသနည်း။ သူတို့သည် လက် ဆေး ဘဲ အစာ စား ကြပါသည်တကားဟု လျှောက် ကြလျှင်၊ 2 3ကိုယ်တော် က၊ သင် တို့သည်အဆက်ဆက်ခံသော နည်းဥပဒေ ကိုအမှီပြု ၍ ဘုရားသခင် ၏ပညတ် တော် ကို အဘယ်ကြောင့် လွန်ကျူး ကြသနည်း။ 3 ဘုရားသခင် ၏ပညတ် တော်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကိုနှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေ သတ် ခြင်းကို ခံစေဟုလာသတည်း။ 4 သင် တို့မူကား ၊ အကြင်သူ သည် ကိုယ့် မိဘ ကို၊ သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည် အလှူ ဝတ္ထု ဖြစ်စေဟုဆို ၏၊ 5 ထိုသူသည် ကိုယ် မိဘ ကိုပင် ရိုသေ စွာမ ပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေ အားဖြင့် ဘုရားသခင် ၏ပညတ် တော်ကို ပယ် ကြ၏။ 6 လျှို့ဝှက် သောသူတို့၊ ဟေရှာယ သည် သင် တို့ကိုရည်မှတ် လျက် ဤ လူမျိုး သည်နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်း နှင့်ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။ 7 - 8 လူ တို့စီရင် သောပညတ် တို့ကိုသွန်သင် ၍ နည်းဥပဒေသပေးလျက်ပင်ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ ဟု ပြန်၍မိန့်တော်မူ၏။

9 ထိုအခါ လူ အစုအဝေးကို အထံတော်သို့ခေါ် ၍၊ သင်တို့နားထောင် နားလည် ကြလော့။ 10 ခံတွင်း သို့ ဝင် သောအရာ သည် လူ ကိုညစ်ညူး စေသည်မ ဟုတ်။ ခံတွင်း မှ ထွက် သောအရာ သည် ညစ်ညူး စေသောအရာဖြစ်သည် ဟု မိန့် တော်မူ၏။ 11 တပည့် တော်တို့သည်ချဉ်းကပ် ၊ ယခုမိန့်တော်မူသောစကား ကို ဖာရိရှဲ တို့သည်ကြား သောအခါစေတနာစိတ်ပျက် ကြသည်ကို သိ တော်မူသလောဟုလျှောက် ကြ၏။

12 ကိုယ်တော် ကလည်း ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ ၏ခမည်းတော် စိုက် တော်မ မူသောအပင် ရှိသမျှ တို့ကို နှုတ် ရလိမ့်မည်။ 13 ထိုသူ တို့ကိုရှိ ပါလေစေ။ သူတို့သည်လူကန်း တို့အား လမ်းပြ သောလူကန်း ဖြစ် ၏။ လူကန်း ချင်းတစ်ဦးကို တစ်ဦးလမ်းပြ လျှင် ၊ နှစ် ဦးတို့သည် တွင်း ထဲသို့ ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။

14 ပေတရု ကလည်း ၊ ထို ဥပမာ ကို အကျွန်ုပ် တို့အား ဖွင့်ပြ တော်မူပါဟုလျှောက် လျှင်၊ 15 ယေရှု က၊ သင် တို့သည် ယခု တိုင်အောင်ပညာ မဲ့လျက်နေ သေးသလော။ 16 ခံတွင်း သို့ ဝင် သမျှ သည် ဝမ်း ထဲသို့ ဆင်း ၍ ရေအိမ် တွင် စွန့်ပစ် သည်ကိုနား လည်ကြသေးသလော။ 17 ခံတွင်း မှ ထွက် သောအရာ မူကား ၊ နှလုံး ထဲက ထွက်လာ ၍ လူ ကိုညစ်ညူး စေသောအရာဖြစ်၏။ 18 မကောင်း သောကြံစည် ခြင်း၊ လူ အသက်ကိုသတ်ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုး ခြင်း၊ မမှန် သောသက်သေကိုခံခြင်း၊ သူ့ အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံး ထဲက ထွက်လာ ၍၊ 19 လူ ကို ညစ်ညူး စေသောအရာ ဖြစ် ကြ၏။ လက် ဆေးဘဲလျက် အစာကိုစား ခြင်းမူကား ၊ လူ ကိုညစ်ညူး စေသည်မ ဟုတ် ဟု မိန့် တော်မူ၏။

20 ယေရှု သည် ထို အရပ်မှထွက် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် သို့ ကြွ တော်မူလျှင်21 ခါနာန် အမျိုးဖြစ်သောမိန်းမ တစ်ယောက်သည် ထို နယ်စပ် မှ ထွက်လာ ၍၊ ဒါဝိဒ် ၏သား တော်ရှင် ၊ ကျွန်မ ကို သနား တော်မူပါ။ ကျွန်မ ၏သမီး သည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော် သော်လည်း စကား တစ်ခွန်းမျှပြန် တော်မ မူ။ 22 တပည့် တော်တို့သည်ချဉ်းကပ် ၊ ထိုမိန်းမ ပြန်သွား ရသောအခွင့်ကို ပေးတော်မူပါ။ ငါ တို့နောက် သို့ လိုက်၍ ဟစ်ကြော် လျက်နေပါသည်ဟု တောင်းလျှောက် ကြ၏။ 23 ကိုယ်တော် ကလည်း ဣသရေလ အမျိုးအဝင် ပျောက်လွင့် သောသိုး များမှတစ်ပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမ စေလွှတ် ဟု မိန့် တော်မူ၏။

24 ထိုမိန်းမ သည်ချဉ်းကပ် ၍ပြပ်ဝပ် လျက် ကျွန်မ ကိုကယ် တော်မူပါသခင် ဟု လျှောက် ပြန်လျှင်၊

25 ကိုယ်တော် က၊ သား ၏အစာ ကိုယူ ၍ ခွေး အားမ ပေး မချအပ်ဟု ပြန်ပြ ောတော်မူ ၏။

26 မိန်းမ ကလည်း မှန် ပါ၏သခင် ၊ ခွေး မည်သည်ကားမိမိ သခင် စားပွဲ မှ ကျ သော စားနုပ် စားပေါက်ကို စား မြဲထုံးစံရှိပါ၏ဟု လျှောက် ပြန်လျှင်၊

27 အို မိန်းမ ၊ သင် သည်ယုံကြည် အားကြီး လှပြီ။ သင့်အလိုရှိ သည်အတိုင်း သင် ၌ဖြစ် စေ ဟုမိန့် တော်မူ၏။ ထို အချိန် မှစ၍ ထိုမိန်းမ ၏သမီး သည် ကျန်းမာ ပကတိဖြစ်လေ၏။ 28 ယေရှု သည် ထို အရပ်မှကြွ ဂါလိလဲ အိုင် နား သို့ရောက် တော်မူလျှင်တောင် ပေါ်သို့ တက် ထိုင် တော်မူ၏။ 29 များစွာ သောလူ အပေါင်းတို့သည် ခြေမစွမ်း ၊ မျက်စိ ကန်း၊ စကားအ ၊ အင်္ဂါ ချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများ ကို ဆောင်ခဲ့ လျက် အထံ တော်သို့ရောက်လာ၍ ခြေ တော်ရင်း၌ ချထား ကြ၏။ 30 အနာ ရောဂါများကို ငြိမ်းစေတော်မူသဖြင့် ၊ အ သောသူသည် စကား ပြောသည်ကို၎င်း ၊ ချို့တဲ့ သောသူ သည် ပကတိ ဖြစ်သည်ကို၎င်း၊ ခြေမစွမ်း သောသူသည် လှမ်းသွား သည်ကို၎င်း ၊ မျက်စိကန်း သောသူသည် မြင် ရ သည်ကို၎င်း၊ လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းသို့ရောက် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ဂုဏ် တော်ကို ချီးမွမ်းကြ၏။

31 ထိုအခါ ယေရှု သည် တပည့် တော်တို့ကိုခေါ် ၍၊ လူ များကိုငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း ရှိ ။ လမ်း ခရီး၌ မော မည်ကိုစိုးရိမ်သောကြောင့်အစာ မစားမှီ သူ တို့ကိုလွှတ် ခြင်းငှာငါအလို ရှိ ဟုမိန့်တော်မူလျှင်

32 တပည့် တော်တို့က ဤမျှလောက် များ သောလူစု တို့သည် ဝ စွာစားလောက်သောအစာ ကို ဤတော အရပ် ၌ အကျွန်ုပ် တို့သည် အဘယ်သို့ ရနိုင်ပါမည်နည်းဟု လျှောက် ကြသော်

33 ယေရှု က၊ သင်တို့တွင်မုန့် ဘယ်နှစ် လုံးရှိ သနည်း ဟု မေး တော်မူလျှင်

34 မုန့်ခုနှစ် လုံးနှင့် အနည်းငယ် မျှ သော ငါး ကောင်ကလေးရှိပါသည်ဟု ပြန် လျှောက်ကြ၏။

35 ထိုအခါ လူ အစုအဝေးတို့ကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ 36 မုန့် ခုနှစ် လုံးနှင့် ငါး တို့ကိုလည်းယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ ၊ မုန့်နှင့်ငါးကိုဖဲ့ တပည့် တော်တို့အား ပေး တော်မူ၏။ တပည့် တော်တို့လည်း လူ အပေါင်းတို့အား ပေးကြ၏။ 37 လူအပေါင်း တို့သည် စား ကြပြီးမှ ၊ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း ၍ ခုနှစ် တောင်း အပြည့် ရကြ၏။ 38 စား သောသူ အရေအတွက်ကား၊ မိန်းမ နှင့် သူငယ် ကိုမ ဆိုဘဲ ယောက်ျား လေးထောင် ရှိ သတည်း။ 39 ထို လူ များတို့ကို လွှတ် တော်မူပြီးမှ ၊ လှေ စီး ၍ မာဂဒါလ ကျေးလက် သို့ ရောက် တော်မူ၏။

16

1 ထိုအခါ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို ပြ တော်မူမည်အကြောင်း တောင်းပန် ကြ၏။ 2 ကိုယ်တော် ကလည်း သင်တို့သည် ညဦးယံ ၌ပြောဆို တတ်သည်ကား၊ ယခုမိုးတိမ် နီ သည်ဖြစ်၍ မိုး ကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။ 3 နံနက်ယံ ၌ကား၊ ယခုမိုး အုံ့ လျက်ရှိ၏။ နီမောင်း သောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက် မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင် မျက်နှာ ကိုပိုင်းခြား ၍သိ နိုင်ကြ၏။ကပ် ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မ သိနိုင် ကြ။ 4 ဆိုးညစ် မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကိုတောင်း သည်မှာ၊ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာ ကိုမျှ သူတို့အားမ ပြ ရာ ဟု မိန့် တော်မူပြီးလျှင်၊ ထိုသူ တို့ရှိရာမှထွက် ကြွ တော်မူ၏။ 5 တပည့် တော်တို့သည် ကမ်းတစ်ဘက် သို့ သွား ကြသောအခါ မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြ၏။ 6 ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။ 7 တပည့် တော်တို့ကလည်း ၊ ငါတို့၌ မုန့် ပါ သောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။ 8 ယေရှု သည် သိ တော်မူလျှင် ယုံကြည် အားနည်းသောသူတို့၊ သင်တို့၌မုန့် ပါ သည်ကိုထောက်၍အဘယ်ကြောင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြသနည်း။ 9 မုန့် ငါး လုံးကို လူငါးထောင် စား၍ စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊မုန့် ခုနှစ် လုံးကိုလူလေးထောင် စား၍စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊ 10 သင်တို့သည် နှလုံး သွင်း မ အောက်မေ့ ဘဲနေကြသေးသလော။ 11 ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုကြဉ်ရှောင် ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့် ကိုအမှတ်ပြု၍ ငါမ ပြောသည် ကို သင်တို့သည် နား လည်ဘဲ အဘယ်သို့ နေကြသနည်း ဟု မိန့် တော်မူ၏။ 12 ထိုအခါ တပည့်တော်တို့သည် မုန့် တဆေး ကို ကြဉ်ရှောင် ကြဟု မိန့် တော်မ မူ။ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ ဩဝါဒ ကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။ 13 ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊ 14 လူအချို့ က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက် ကြသော်

15 သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်၊ 16 ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။

17 ယေရှု ကလည်း ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။ 18 ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။ 19 ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင်20 ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။ 21 ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ ၍တပည့် တော်တို့အား ပြ တော်မူ၏။ 22 ထိုအခါ ပေတရု သည် ကိုယ်တော်ကို မိမိ နှင့်အတူခေါ် ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့်။ ဤ အမှုသည် ကိုယ်တော် ၌ မ ရောက် ရာဟု အပြစ်တင် သောစကားကို လျှောက် သော်၊ 23 ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။

24 ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ငါ့ နောက်သို့လိုက် ရမည်။ 25 အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။ 26 လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။ 27 လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။ 28 ငါအမှန် ဆို သည်ကား၊ လူ သား သည် နိုင်ငံ တော်တည်လျက်ကြွလာ တော်မူသည်ကို၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့မ ရောက် ရကြဟု တပည့် တော်တို့အား မိန့် တော်မူ၏။

17

1 ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယာကုပ် ညီ ယောဟန် တို့ကိုခေါ် ၍၊ မြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ 2 သူ တို့ရှေ့ ၌ ထူးခြား သောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ မျက်နှာ တော်သည် နေ ကဲ့သို့ ထွန်းတောက် လျက် ၊ အဝတ် တော်သည် အလင်း ကဲ့သို့ ဖြူ လျက် ရှိ ၏။ 3 မောရှေ နှင့် ဧလိယ သည် ထင်ရှား ကိုယ်တော် နှင့်အတူ စကား ပြောလျက်နေကြ၏။ 4 ထိုအခါ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့ တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အလို တော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ် ပါမည်ဟု လျှောက် လေ၏။ 5 ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။ 6 တပည့် တော်တို့သည် ကြား ရလျှင် ၊ ပြပ်ဝပ် ၍ အလွန် ကြောက်လန့် ခြင်းရှိကြ၏။ 7 ယေရှု သည်လာ သူ တို့ကို လက်နှင့်တို့ တော်မူလျက် ကြ၊ မ ကြောက် ကြနှင့် ဟု မိန့် တော်မူသော်၊ 8 သူ တို့သည် ကြည့်မြော် သဖြင့် ၊ ယေရှု တစ်ယောက်တည်း မှတစ်ပါး ၊ အဘယ်သူ ကိုမျှ မမြင် ကြ။ 9 တောင် ပေါ်မှ ဆင်း ကြသောအခါ ယေရှု က၊ လူ သား သည်သေ ခြင်းမှ ထမြောက် မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံ ကို အဘယ်သူ အားမျှမပြော ကြနှင့်ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။

10 ထိုအခါ တပည့် တော်တို့က၊ ဧလိယ သည် အရင် လာ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင်11 ယေရှု က၊ ဧလိယ သည်အရင်လာ အလုံးစုံ တို့ကို ပြုပြင် ရသည်မှန် ပေ၏။ 12 ငါဆို သည်ကား၊ ဧလိယ ရောက်လာ ပြီ ။ လူများသည်သူ့ ကိုမ သိ သဖြင့် သူ့ အားပြုချင် သမျှ ကိုပြု ကြပြီ။ ထိုနည်းတူ လူ သား သည်လည်း ထိုလူ များလက်၌ ခံရ မည် ဟုမိန့် တော်မူသော်၊ 13 ဗတ္တိဇံ ဆရာယောဟန် ကို အမှတ် ပြု၍ မိန့် တော်မူကြောင်း ကို တပည့် တော်တို့သည် နားလည် ကြ၏။ 14 လူအစုအဝေး ရှိရာ သို့ ရောက် ကြသောအခါ ၊ လူ တစ်ယောက်သည် အထံ တော်သို့ချဉ်းကပ် ၍ ဒူးထောက် လျက် ၊ သခင်15 အကျွန်ုပ် ၏သား ကို ကယ်မ သနားတော်မူပါ။ ဝက်ရူးနာ စွဲ၍ ပြင်းစွာ ခံစား ရပါ၏။ မီး ၎င်း ၊ ရေ ၎င်း အကြိမ်ကြိမ် လဲ တတ်ပါ၏။ 16 တပည့် တော်တို့ထံသို့ဆောင်ခဲ့ သူတို့သည်ချမ်းသာ ပေးနိုင် ကြပါဟု လျှောက် လျှင်17 ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။ 18 ယေရှု သည် သူ့ ကိုဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည် သူ မှ ထွက်သွား သဖြင့် ၊ ထို ခဏ မှစ၍ သူငယ် သည် ကျန်းမာ ပကတိဖြစ်လေ၏။ 19 ထိုအခါ တပည့် တော်တို့သည် ဆိတ်ကွယ် ရာအရပ်၌ ယေရှု ထံတော်သို့ချဉ်းကပ် ၍၊ အကျွန်ုပ် တို့သည် ထိုနတ်ဆိုး ကိုအဘယ်ကြောင့် နှင်ထုတ် နိုင် ပါသနည်းဟု လျှောက် ကြသော်၊ 20 သင် တို့သည် ယုံကြည် ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန် ဆို သည်ကား၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ၊ ထို တောင် ကို နေရာမှ ရွေ့ လော့ဟုဆို ကြသော်၊ နေရာမှ ရွေ့ လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင် တို့မ တတ်နိုင်သောအမှုမ ရှိ။ 21 သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ် ဟု မိန့်တော်မူ၏။

22 ဂါလိလဲ ပြည်၌ နေကြစဉ်တွင် ယေရှု က၊ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီ။ 23 သူတို့သည် သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ထမြောက် လိမ့်မည် ဟု တပည့် တော်တို့အား မိန့် တော်မူ၏။ သူတို့သည်လည်း အလွန် ဝမ်းနည်း ခြင်းရှိကြ၏။ 24 ကပေရနောင် မြို့သို့ ရောက် သောအခါ ၊ ဗိမာန်တော်အခွန်တည်းဟူသောဒိဒြမ္မ ကိုခံ သောသူ တို့သည် ပေတရု ဆီသို့လာ ၍ သင် ၏ဆရာ သည်ဒိဒြမ္မ ကိုမ ပေး သလောဟု မေးမြန်းလျှင်၊ ပေး ပါသည်ဟု ပေတရုဆို ၏။ 25 ပေတရု သည် အိမ် သို့ ဝင် သောအခါ ၊ ယေရှု သည် တင်ကူး ၍၊ အချင်းရှိမုန် ၊ သင် သည်အဘယ်သို့ ထင် သနည်း။ လောကီ ရှင်ဘုရင် တို့သည် အဘယ်သူ မှာ အခွန် ကိုခံ ကြသနည်း။ မိမိ သား မှာ ခံကြသလော။ သူတစ်ပါး မှာ ခံကြသလော၊ ဟုမေး တော်မူလျှင်၊ 26 ပေတရုက၊ သူတစ်ပါး မှာ ခံကြပါသည်ဟုလျှောက် သော်၊ ယေရှု ကလည်း သို့ဖြစ်လျှင် သား မူကားလွတ် ရ ၏။ သို့သော်လည်း ထိုသူ တို့သည် ငါတို့ကြောင့်မ မှားယွင်း မည်အကြောင်း ၊ အိုင် သို့ သွား ၍ ငါးမျှား ကိုချ လော့။ 27 ရှေ့ဦးစွာ သောငါး ကိုယူ ၍ ပစပ် ကိုဖွင့် လျှင် ၊ သတာတဲ တစ်ပြားကိုတွေ့ လိမ့်မည်။ ထို ငွေကိုယူ ၍ ငါ့ အဘို့ နှင့် သင့် အဘို့ ထိုသူ တို့အားပေး လော့ ဟု မိန့် တော်မူ၏။

18

1 ထို အခါ တပည့် တော်တို့သည် ချဉ်းကပ် ၍ ကောင်းကင် နိုင်ငံ တော်၌ အဘယ်သူ သည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက် ကြသော်၊ 2 သူငယ် တစ်ယောက်ကိုခေါ် တော်မူ၍ ၊ တပည့် တော်တို့အလယ် ထား ပြီးမှ3 ငါအမှန် ဆို သည်ကား၊ သင်တို့သည်ပြောင်းလဲ သူငယ် ကဲ့သို့ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော်သို့ ရောက် ရကြ။ 4 ထို့ကြောင့် အကြင်သူ သည် ဤ သူငယ် ကဲ့သို့ မိမိ ကိုမိမိနှိမ့်ချ အံ့၊ ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ သာ၍ ကြီးမြတ်လိမ့်မည်။ 5 အကြင်သူ သည်ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သောသူငယ် တစ်စုံတစ်ယောက် ကို လက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ 6 ငါ့ ကိုယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည်မှားယွင်း စေ၏၊ ထိုသူ သည် လည်ပင်း ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ နက်နဲ သောပင်လယ် နှစ်မြှုပ် ခြင်းကို ခံရလျှင်အနေသာ၍ကောင်း ၏။ 7 မှားယွင်း စရာအကြောင်းများရှိသောကြောင့် လောကီသား တို့သည်အမင်္ဂလာ ရှိကြ၏။ မှားယွင်း စရာ အကြောင်း ရှိ ရမည်။ သို့သော်လည်း မှားယွင်း စရာအကြောင်းကို ဖြစ် စေသောသူ သည် အမင်္ဂလာ ရှိ၏။ 8 သင် ၏လက် ခြေ သည် သင့် ကို မှားယွင်း စေလျှင် လက် ခြေကိုဖြတ်ပစ် လော့။ လက် ခြေ အစုံ နှင့် ထာဝရ မီး ထဲသို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော်သာ၍ ကောင်း၏။ 9 သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် ၊ မျက်စိ ကိုထုတ်ပစ် လော့။ မျက်စိ နှစ် ဘက်စုံနှင့် ငရဲ မီး ထဲသို့ ချ ခြင်းကို ခံရ သည်ထက် မျက်စိ တစ်ဘက်နှင့် အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။ 10 သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။ 11 ထိုမှတပါးလူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာကြွလာသတည်း။ 12 အဘယ်သို့ ထင် ကြသနည်း။ သိုး တရာ ရှိ သောသူ ၌ သိုး တစ် ကောင်သည်လမ်းလွဲ ၍ပျောက်လျှင် ၊ ထိုသူသည် ကိုးဆယ် ကိုးကောင်သောသိုးတို့ကို တောင် ပေါ်မှာ ထား ခဲ့ပြီးမှ၊ လမ်းလွဲ ၍ပျောက်သော သိုးတစ်ကောင်ကို သွား ရှာ တတ်သည် မ ဟုတ်လော။ 13 တွေ့ ပြီးလျှင် ၊ လမ်း လွဲမပျောက်သောသိုး ကိုးဆယ် ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တစ်ကောင်၌ သာ၍ ဝမ်းမြောက် ခြင်းရှိသည်ဟု ငါအမှန် ဆို ၏။ 14 ထိုနည်းတူ ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဤ သူငယ် တစ် ယောက်ကိုမျှ ပျက်စီး စေခြင်းငှာ အလို တော်မ ရှိ15 ထို့ကြောင့်သင် ၏ညီအစ်ကို သည် သင့် ကိုပြစ်မှား လျှင် ၊ သူ့ ဆီသို့သွား ၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ ၍ ဆုံးမလော့။ သူသည် သင် ၏စကားကိုနားထောင် လျှင် ညီအစ်ကို ကိုရ ပြီ။ 16 သို့မဟုတ် သင်၏စကားကိုနား ထောင်လျှင် ။ လူနှစ် ဦးသုံး ဦးသက်သေခံ ၍စကား ရှိသမျှ တို့ကို တည် စေခြင်းငှာကိုယ် နှင့်အတူ လူတစ်ဦး နှစ် ဦးကိုခေါ် ဦးလော့။ 17 ထိုသူ တို့၏စကားကို နားမထောင် လျှင် အသင်းတော် အား ကြားပြော လော့။ အသင်းတော် ၏စကားကို နားမထောင် လျှင် ၊ သာသနာပ လူကဲ့သို့၎င်း ၊ အခွန်ခံ ကဲ့သို့ ၎င်း ထိုသူကိုမှတ် လော့။ 18 ငါအမှန် ဆို သည်ကား၊ မြေကြီး ပေါ်မှာ သင်တို့ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက် ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည်။ 19 တစ်ဖန် ငါဆို သည်ကား၊ မြေကြီး ပေါ်မှာ သင် တို့တွင် နှစ် ယောက်တို့သည် သဘော ချင်းတူ၍ ဆုတောင်း လျှင် ၊ တောင်းသမျှ သောဆု တို့ကို ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ ၏ခမည်းတော် သည် ပေး တော်မူလတံ့။ 20 အကြောင်းမူကား ၊ အကြင်အရပ် ၌ လူနှစ် ဦးသုံး ဦးတို့သည် ငါ ၏နာမ ကိုထောက်၍စည်းဝေး ကြ၏၊ ထို အရပ်၌ သူ တို့အလယ် မှာ ငါရှိ သည် ဟု မိန့်တော်မူ၏။

21 ထိုအခါ ပေတရု သည်ချဉ်းကပ် ၍၊ သခင် ၊ ညီအစ်ကို သည် အကျွန်ုပ် ကိုပြစ်မှား ၍ အကျွန်ုပ် သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ် ရပါအံ့နည်း။ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရပါအံ့လောဟု မေးလျှောက် သော်၊

ယေရှု က၊ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရမည် ငါမ ဆို22 အကြိမ် ခုနှစ်ဆယ်ခုနှစ်လီ မြောက် အောင်လွှတ်ရမည် ငါဆို၏။ 23 ထို့ကြောင့် ကောင်းကင် နိုင်ငံ တော်သည်၊ မိမိ ကျွန် များတို့ကိုစာရင်း ယူ ခြင်းငှာအလိုရှိ သောမင်းကြီး တစ်ဦးနှင့်တူ ၏။ 24 စာရင်းယူ စဉ်တွင်၊ ငွေ အခွက်တသိန်း ကြွေးတင် သောသူတစ် ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ ကြ၏။ 25 ထိုသူသည်ကြွေးဆပ် ရန်မ ရှိ သောကြောင့် ၊ ကိုယ်မှစ၍သား မယား ဥစ္စာ ရှိ သမျှ တို့ကိုရောင်း ကြွေး ကို ဆပ်စေဟု သူ၏သခင် စီရင် ၏။ 26 ထို ကျွန် သည်ညွတ်ပြပ် ဝပ်တွား လျက်၊သခင် ၊ ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေးရှိသမျှ ကို ဆပ် ပါမည်ဟုလျှောက် လျှင်၊ 27 သူ ၏သခင် သည် သနား ခြင်းရှိသဖြင့် ကြွေး ရှိသမျှကိုလွှတ် ၍ချမ်းသာ ပေးလေ၏။ 28 ထို ကျွန် သည်ထွက်သွား ရာတွင် မိမိ ငွေဒေနာရိ တစ်ရာ ကြွေးတင် သော ကျွန်ချင်း တစ် ယောက်ကိုတွေ့ လျှင်၊ လည်ပင်း ကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေး လော့ဟုဆို ၏။ 29 ထိုကျွန်ချင်း သည် ကြွေးရှင်၏ခြေရင်း၌ပြပ်ဝပ် လျက် ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေး ရှိသမျှကို ဆပ် ပါမည်ဟု တောင်းပန် သော်လည်း30 ငွေရှင် သည် နား ထောင်ဘဲသွား ၍ ကြွေး ကိုမ ဆပ်မှီတိုင်အောင်သူ့ ကိုထောင် ထဲမှာ လှောင် ထား၏။ 31 ထိုအမှုအရာ ကို အခြားသောကျွန်ချင်း တို့သည် မြင် လျှင် အလွန် နာကြည်း သောစိတ်နှင့်သွား ၊ ပြု လေ သမျှ တို့ကို မိမိ တို့သခင် ၌ ကြားလျှောက် ကြ၏။ 32 ထိုအခါ သခင် သည်ထိုကျွန် ကိုခေါ် ၍၊ ဟယ် ဆိုးညစ် သောကျွန် ၊ သင်သည်ငါ့ ကိုတောင်းပန် သောကြောင့် သင် ၌တင်သမျှ သောကြွေး ကို ငါရှင်းလင်း စေ၏။ 33 ငါ သည်သင့် ကိုသနား သကဲ့သို့ သင် သည်လည်း ကျွန်ချင်း ကို မ သနား အပ် သလောဟု ဆို လျက်၊ 34 အမျက်ထွက် ကြွေး ရှိသမျှ ကို မ ဆပ် မှီတိုင်အောင်အာဏာသား တို့လက်ကိုအပ် လေ၏။ 35 သင်တို့သည်လည်း ညီအစ်ကို အချင်းချင်း တို့ကို စိတ် နှလုံးပါလျက်အပြစ် လွှတ်လျှင် ၊ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ ၏အဘ သည် ထိုနည်းတူ သင် တို့ကိုစီရင် တော်မူလတံ့ ဟု မိန့် တော်မူ၏။

19

1 ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။ 2 လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။ 3 ဖာရိရှဲ တို့သည် အထံ တော်သို့လာ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊ 4 ကိုယ်တော် က၊ အစအဦး ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။ 5 ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။ 6 ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။

7 ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊

8 ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ထိုသို့ ဟုတ်။ 9 ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။

10 တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။

11 ကိုယ်တော် ကလည်း ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။ 12 လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။

13 ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။ 14 ယေရှု ကလည်း ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊ 15 သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။ 16 ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊

17 ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။ 18 အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။ 19 မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။

20 ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။

21 ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။ 22 ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။ 23 ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။ 24 တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။ 25 ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။ 26 ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ဤအမှု ကိုလူ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။

27 ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊

28 ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။ 29 အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ထာဝရ အသက် ကို အမွေ ခံရလတံ့။ 30 နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။

20

1 ဥပမာကား၊ ကောင်းကင် နိုင်ငံ တော်သည် စပျစ် ဥယျာဉ်ကို လုပ်ဆောင် သောသူတို့ကို ငှား ခြင်းငှာနံနက် စောစောထွက်သွား သော အိမ်ရှင် နှင့်တူ ၏။ 2 ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။ 3 နံနက်တချက်တီး အချိန် ၌ ထွက် ပြန်လျှင် ၊ အခြား သောသူတို့သည် အလုပ် ကိုမလုပ်၊ ဈေး ရပ် နေသည် ကို မြင် ၍၊ 4 သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြ။ တော်လျော် စွာ ငါပေး မည်ဟုဆို လျှင် ထိုသူတို့သည် သွား ကြ၏။ 5 တစ်ဖန် နှစ်ချက်တီး အချိန်၊ တစ်ဖန် သုံးချက်တီး အချိန် ထွက် ရှေ့နည်းအတူ ပြု လေ၏။ 6 ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊ 7 ထိုသူတို့က၊ ကျွန်တော် တို့ကိုအဘယ်သူ မျှ မငှား ပါဟု ပြောဆို ကြလျှင်၊ သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြသော် လျော်စွာရကြလိမ့်မည်ဟု ဆို လေ၏။ 8 အချိန် ရောက် သောအခါ စပျစ် ဥယျာဉ်ရှင် က လုပ်ဆောင် သော သူတို့ကိုခေါ် ခဲ့လော့။ နောက် ဝင် သောသူမှစ၍ အရင် အဦးဝင်သောသူ တိုင်အောင် အခ ကိုပေး လော့ဟု မိမိ စာရေး ကိုမှာ လိုက်လေ၏။ 9 ထို့ကြောင့်ဆယ်တ နာရီအချိန် ဝင်သောသူ တို့သည်လာ ဒေနာရိ တစ်ပြားစီ ခံ ကြ၏။ 10 အရင် ဝင်သောသူတို့သည် လာ ကြသောအခါ ငါတို့သည်သာ၍ မည်ဟု စိတ်ထဲမှာထင်မှတ် သော်လည်း ဒေနာရိ တစ်ပြားစီ ခံရ ကြ၏။ 11 ထိုသို့ ခံ ပြီးလျှင် အိမ်ရှင် ကို ကဲ့ရဲ့ပြစ်တင် ၍၊ 12 နောက် ဝင်သောသူ တို့သည် တစ် နာရီ ခန့်မျှသာ လုပ်ဆောင် သော်လည်း ၊ တစ်နေ့လုံး အမှုဝန် ကို ထမ်းရွက် နေပူ ဆင်းရဲခံရသော အကျွန်ုပ် တို့နှင့်အညီအမျှ ကိုယ်တော် စီရင် ပါပြီတကားဟု ဆို ကြ၏။ 13 အိမ်ရှင် ကလည်း အဆွေ ၊ သင် ၌ မတရား သောအမှုကိုငါမ ပြု။ ဒေနာရိ တစ်ပြားကိုအမှတ်ပြု၍ သင်သည် ငါ နှင့်ဝန်ခံ သည်မ ဟုတ်လော။ 14 သင် ၏ဥစ္စာ ကို ယူ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။ 15 ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။ 16 ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။ 17 ယေရှု သည် ယေရုရှလင် မြို့သို့ တက်ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို ဆိတ်ကွယ် ရာအရပ်သို့ခေါ်18 ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။ 19 လူသားအား ပြက်ယယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။

20 ထိုအခါ ဇေဗေဒဲ ၏သား တို့အမိ သည် သား တို့နှင့်အတူ အထံ တော်သို့ချဉ်း ၍ ပြပ်ဝပ် လျက်ဆု ကျေးဇူးကို တောင်းပန် လေ၏။ ကိုယ်တော် က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိ သနည်း ဟု မေး တော်မူသော်၊

21 ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။

22 ယေရှု ကလည်း သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် ရအံ့ သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော်၊

23 ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။

24 အခြားသောတပည့်တော်တစ်ကျိပ် တို့သည် ကြားသိ လျှင် ၊ ထိုညီအစ်ကို နှစ် ယောက်တို့ကို အမျက်ထွက် ကြ၏။ 25 ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍၊ သင်တို့ သိ သည်အတိုင်း လောကီ မင်း တို့သည်အစိုးတရ ပြု တတ်ကြ၏။ 26 အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။ 27 သင် တို့မူကား ထိုသို့ ပြု ကြနှင့်။ လူ သား သည် သူတပါးကိုစေစား ခြင်းငှာမ လာ၊ 28 သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။ 29 ယေရိခေါ မြို့မှ ထွက်သွား ကြစဉ်တွင် လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။ 30 ယေရှု သည် ကြွသွား တော်မူကြောင်း ကို လမ်း နား မှာထိုင် နေသော လူကန်း နှစ် ယောက်တို့သည် ကြား ရ လျှင် ။ ဒါဝိဒ် ၏သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။ 31 ထိုသူ တို့ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူ အစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြ၏။ 32 ယေရှု သည်လည်း ရပ် တော်မူလျက် ထိုသူ တို့ကိုခေါ် သင် တို့၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်33 သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊ 34 ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် နောက်တော်သို့လိုက် ကြ၏။

21

1 ယေရုရှလင် မြို့အနီး သို့ချဉ်း၍ သံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာသို့ ရောက် ကြသောအခါ ယေရှု သည် တပည့် တော်နှစ် ယောက်တို့ကို စေလွှတ်2 သင် တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထိုရွာ၌ ချည်နှောင် လျက်ရှိသောမြည်းမ နှင့် မြည်းကလေး ကို သင် တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုးကိုဖြည် ၍ ငါ့ ထံသို့ဆောင်ခဲ့ ကြ။ 3 သူတစ်ပါး သည် သင် တို့အား တစ်စုံတစ်ခု ကိုဆို လျှင် သခင် အလို ရှိ သည်ဟုပြန်ပြော ကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည်ချက်ခြင်း ပေး လိုက်မည် ဟု မှာထား တော်မူ၏။

4 ထို အကြောင်းအရာမူကား၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်းကလေး ကိုစီး ၍၊ 5 နူးညံ့ သိမ်မွေ့သောစိတ်နှင့် သင် ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှု လော့ဟု ဇိအုန် သတို့သမီး အား ပြော ကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း ဖြစ် သတည်း။ 6 တပည့် တော်တို့သည်သွား ၍ အမိန့် တော်အတိုင်း ပြု သဖြင့်7 မြည်းမ နှင့် မြည်းကလေး ကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိ တို့အဝတ် ကိုတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။ 8 အတိုင်းမသိ များစွာ သောလူတို့သည် မိမိ တို့အဝတ် ကို လမ်း ခင်း ကြ၏။ အချို့ တို့သည် သစ် ကိုင်း သစ်ခက်များကိုခုတ် လမ်း ခင်း ကြ၏။ 9 ရှေ့ နောက် လိုက်သွားသော အခြံအရံ များတို့က ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။ 10 ယေရုရှလင် မြို့သို့ ဝင် တော်မူသောအခါ တမြို့လုံး အုတ်အုတ်သဲသဲ ၍၊ ဤ သူကားအဘယ်သူ နည်းဟု မေးမြန်း ကြလျှင်၊ 11 လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။ 12 ယေရှု သည် ဘုရားသခင်၏ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ အပေါင်း တို့ကို နှင်ထုတ် ၊ ငွေ လဲသောသူတို့၏ခုံ များကို၎င်း ၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင် နေရာကို၎င်း တွန်းလှဲ တော်မူလျက်13 ငါ့ အိမ် ကို ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ ၌လာသော်လည်း ၊ သင် တို့သည် ထို အိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။ 14 ထိုအခါ ဗိမာန် တော်၌ မျက်စိကန်း သောသူ၊ ခြေမစွမ်း သောသူတို့သည် အထံ တော်သို့လာ ၍ သူ တို့အနာရောဂါကို ငြိမ်း စေတော်မူ၏။ 15 ကိုယ်တော်ပြု တော်မူသော အံ့ဩဘွယ် အမှု တို့ကို၎င်း၊ သူငယ် တို့ကလည်း ၊ ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ဗိမာန် တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် ကြားမြင် လျှင် အမျက်ထွက် ကြ၍16 သူတို့သည် အဘယ်သို့ ပြောဆို သည်ကို ကြား သလောဟု ယေရှု အား မေး ကြလေသော်၊ ငါကြား ၏။ နို့စို့ သူငယ် တို့ နှုတ် ထဲမှ ကိုယ်တော်သည် ချီးမွမ်း ခြင်းကိုပြင်ဆင် တော်မူသည်ဟူသောစကားကို သင်တို့သည် တရံတစ်ခါ မျှ မဘတ် ဘူးသလော ဟု မိန့် တော်မူ၏။ 17 ထိုအခါ သူ တို့ကိုထား ခဲ့၍မြို့ ထဲမှ ထွက် ပြီးလျှင် ဗေသနိ ရွာသို့ ကြွ၍ ထို ညဉ့်ကို လွန် စေတော်မူ၏။ 18 နံနက် အချိန်၌ မြို့ သို့ ပြန် စဉ်တွင် ဆာမွတ် တော်မူ၏။ 19 လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။ 20 တပည့် တော်တို့သည် မြင် လျှင် ၊ သင်္ဘောသဖန်း ပင်သည် ချက်ခြင်း သွေ့ခြောက် ပါပြီတကားဟု အံ့ဩ ၍ ဆို ကြ၏။ 21 ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ သင်တို့သည် ယုံမှား ခြင်းနှင့် ကင်း သော ယုံကြည် ခြင်းရှိ လျှင် ၊ သင်္ဘောသဖန်း ပင်၌ ပြု သကဲ့သို့သင်တို့ပြုနိုင်သည်သာမက ၊ ထို တောင် ကိုပင် နေရာမှရွေ့ လော့၊ ပင်လယ် ကျ လော့ဟုဆို လျှင်ဆိုသည်အတိုင်း ဖြစ် လိမ့်မည်။ 22 ယုံကြည် ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှ တို့ကို သင်တို့သည်ရ ကြလိမ့်မည် ဟု မိန့် တော်မူ၏။ 23 ဗိမာန် တော်သို့ ဝင် ပြန်၍ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ထို အခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော်၊

24 ယေရှု က၊ ငါ သည် တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ လျှင် အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော မည်။ 25 ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် ယုံသနည်းဟု သူမေး လေဦးမည်။ 26 လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် လူ များကိုကြောက် ရ၏။ အကြောင်းမူကား ၊ လူအပေါင်း တို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ 27 အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အား ပြန်ပြော ကြ၏။ ကိုယ်တော် ကလည်း ထိုအတူ ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော28 သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင်29 သား က ငါမ သွား ဘူးဟု ပြန်ပြော သော်လည်း ၊ နောက်မှ နောင်တရ ၍သွား လေ၏။ 30 အဘသည် အခြား သောသားဆီသို့သွား ၍ ရှေ့နည်းအတူ ဆို လျှင် ၊ သား ကသွားပါမည်အဘသခင် ဟု ဆို သော်လည်း သွား ဘဲနေ၏။ 31 ထိုသားနှစ် ယောက်တို့တွင် အဘယ်သူ သည် အဘ ၏အလို ကိုဆောင် သနည်း ဟု မေးတော်မူလျှင်၊ သား အကြီး ဆောင်ပါသည်ဟု လျှောက် ကြသော်၊ ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့သည် သင် တို့အရင် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်တတ်ကြ၏။ 32 အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ ရကြ။ 33 အခြား သော ဥပမာ ကိုနားထောင် ကြလော့။ အိမ်ရှင် တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သော သူတို့အား ဥယျာဉ် ကိုငှား အခြားသောပြည်သို့သွား လေ၏။ 34 အသီး သီးချိန် ရောက် သောအခါ ၊ အသီး ကိုခံ စေခြင်းငှာငယ်သား တို့ကို ဥယျာဉ်စောင့် တို့ရှိရာ သို့ စေလွှတ် လေ၏။ 35 ထိုသူ တို့သည် ငယ်သား များကို ဘမ်း ပြီးလျှင် တစ်ဦး ကိုရိုက် ၍၊ တစ်ဦး ကိုသတ် ၊ တစ်ဦး ကို ခဲ နှင့်ပစ်ကြ၏။ 36 နောက်တစ်ဖန် အရင် ထက် များသော အခြား ငယ်သား တို့ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူ ပြု ကြ၏။ 37 နောက်ဆုံး ၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိ သား ကို စေလွတ် လေ၏။ 38 ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကိုသတ် ၍ သူ ၏ အမွေ ဥစ္စာကိုယူ ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင် ၍၊ 39 ဥယျာဉ်ရှင်၏သား ကို ဘမ်းယူ ပြီးမှ ဥယျာဉ် ပြင် သို့ထုတ် ၍ သတ်ပစ် ကြ၏။ 40 သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည်လာ သောအခါ ၊ ဥယျာဉ်စောင့် တို့ကိုအဘယ်သို့ ပြု မည်နည်း ဟုမေးတော်မူ၏။ 41 ပရိသတ်တို့ကလည်း ထိုလူဆိုး တို့အား ဆိုး သောဖျက်ဆီး ခြင်းကို စီရင်ပါလိမ့်မည်။ အသီး သီးချိန် တွင် အသီးကို ဆက် အံ့သောအခြား လူ တို့အား ထိုဥယျာဉ် ကို ငှား ပါလိမ့်မည်ဟု လျှောက် ကြ၏။

42 ယေရှု ကလည်း၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် လည်း အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကို ကျမ်းစာ သင်တို့သည် တရံတခါမျှမ ဘတ် ဘူးသလော။ 43 ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။ 44 အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူသည် ကျိုး လတံ့၊ အကြင်သူ ၏အပေါ်သို့ ထို ကျောက်သည်ကျ ၏၊ ထိုသူ သည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။ 45 ထိုဥပမာ စကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည်ကြား ရလျှင် ၊ မိမိ တို့ကို ရည်ဆောင် ၍ ဟောပြော တော်မူသည်ကို သိ ကြ၏။ 46 ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။

22

1 တစ်ဖန် ယေရှု သည် ဥပမာ ကိုဆောင်၍ ပရိသတ် တို့အား မိန့်မြွက် တော်မူသည်ကား၊ 2 ကောင်းကင် နိုင်ငံ တော်သည် မိမိ သား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီရင် သောမင်းကြီး နှင့်တူ ၏။ 3 ထိုမင်းကြီးသည် ဘိတ် ပြီးသောသူ တို့ကို ခေါ် စေခြင်းငှာလုလင် တို့ကိုစေလွှတ် သောအခါ ထိုသူတို့သည် မ လာ ဘဲနေကြ၏။ 4 တစ်ဖန် အခြား သောလုလင် တို့ကို စေလွှတ် ၍ ငါ့ ပွဲ ကို ငါပြင်ဆင် ပြီ။ နွား မှစသောဆူဖြိုး သော တိရစ္ဆာန် များကို သတ် ၍ပြီးပြီ။ အလုံးစုံ တို့သည် အသင့် ရှိပြီ။ မင်္ဂလာဆောင်ပွဲ သို့ လာ ကြပါဟု ဘိတ် ပြီးသောသူ တို့အား ပြော ကြဟု မှာ လိုက်ပြန်၏။ 5 သို့သော်လည်း ထိုသူ တို့သည် နားမထောင် ဘဲ အချို့ တို့သည် မိမိ လယ် သို့ သွား ကြ၏။ အချို့ တို့သည် ကုန်သွယ် ရာသို့ သွားကြ၏။ 6 ကြွင်း သောသူ တို့သည်လည်း လုလင် တို့ကိုဘမ်းဆီး ညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကို ပြုကြ၏။ 7 ထိုမင်းကြီး သည်ကြားလျှင် အမျက်ထွက် ၍ စစ် ချီ စေသဖြင့် ၊ လူ အသက်ကိုသတ်သော ထို သူတို့ကို အပြီးလုပ်ကြံ သူ တို့၏မြို့ ကို မီးရှို့ လေ၏။ 8 ထိုနောက်မှ မင်းကြီးသည်လုလင် တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင် ပွဲသည် အသင့် ရှိ ၏။ ခေါ်ဘိတ် သောသူ တို့သည် မ ထိုက် မတန်သောကြောင့်9 လမ်းမ လမ်းကြား သို့ သွား ၍ တွေ့ သမျှ သောသူတို့ကို ပွဲ သို့ ခေါ်ဘိတ် ကြဟု အမိန့် တော်ရှိသည်အတိုင်း၊ 10 လုလင် တို့သည် လမ်း များသို့ ထွက်သွား ကောင်း မကောင်း တွေ့ သမျှ သော လူအပေါင်း တို့ကို စုဝေး စေ၍ ပွဲ တော်၌ အပြည့် ရှိလေ၏။ 11 မင်းကြီး သည် ပွဲ ၌ လျောင်း သောသူ တို့ကို ကြည့်ရှု ခြင်းငှာဝင် တော်မူသောအခါ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် ကိုမ ဝတ် သောသူ တစ်ယောက်ကိုမြင် လျှင်12 အဆွေ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် ရှိ ဘဲ အဘယ်ကြောင့် ဝင် သနည်းဟု မေး တော်မူသည်ကို ထိုသူ သည် မ ပြောနိုင်ဘဲနေ၏။ 13 ထိုအခါ မင်းကြီး သည် အခြံအရံ တို့အား ထိုသူ ၏လက် ခြေ ကိုတုပ်နှောင် လော့။ ငိုကြွေး ခြင်းအံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ် မှောင်မိုက် ထဲသို့ ယူသွားချ လိုက်ကြဟု အမိန့် တော်ရှိ၏။ 14 ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။ 15 ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊ 16 မိမိ တပည့် တို့နှင့် ဟေရုဒ် တပည့်တို့ကို အထံ တော်သို့စေလွှတ် အရှင် ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကိုမ ထောက် ဘဲ ဘုရားသခင် ၏တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ 17 သို့ဖြစ်၍ ကိုယ်တော် သည် အဘယ်သို့ ထင် တော်မူသနည်း။ ကဲသာ ဘုရင်အားအခွန် ကို ဆက် အပ် သလော။ မ ဆက်အပ်သလော အကျွန်ုပ် တို့အား မိန့် တော်မူပါဟု မေးလျှောက် ကြ၏။1”

18 ယေရှု သည် ထိုသူ တို့၏ဆိုးညစ် သောသဘောကို သိ တော်မူလျှင် လျှို့ဝှက် သောသူတို့၊ အဘယ်ကြောင့် ငါ့ ကို စုံစမ်း နှောင့်ရှက်ကြသနည်း။ 19 အခွန် ငွေ တစ်ပြားကိုပြ ပါ ဟု မိန့် တော်မူ၍၊ ဒေနာရိ တစ်ပြားကို ယူခဲ့ ကြ၏။ 20 ပုံ ဤလိပ်စာ ကား၊ အဘယ်သူ ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း ဟု မေး တော်မူလျှင်21 ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ယေရှုကလည်း၊

ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ ဥစ္စာ ကိုကား ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။ 22 ထိုသူတို့သည် ကြား ရလျှင် အံ့ဩ အထံ တော်မှ ထွက် သွား ကြ၏။ 23 ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူရှိသော ဇဒ္ဒုကဲ တို့သည် ထို နေ့ အထံ တော်သို့ချဉ်းကပ် ၍၊ 24 အရှင် ဘုရား၊ လူ မည်သည်ကားသား ရှိ ဘဲသေ လျှင် ၊ သူ ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု မောရှေ စီရင်ပါပြီ။ 25 ကျွန်ုပ် တို့တွင် ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့် စုံဘက် ၍ သား ရှိ ဘဲ သေ သဖြင့် မိမိ မယား ကို မိမိ ညီ နှင့် ကျန်ရစ် စေ၏။ 26 ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှသေကြ၏။ 27 နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။ 28 သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမသည်ခုနစ် ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယား ဖြစ် ရပါမည်နည်း။ ထိုသူအပေါင်း တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။

29 ယေရှု ကလည်း သင်တို့သည် ကျမ်းစာ ကိုနား လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။ 30 ထမြောက် ရာကာလ၌ စုံဘက် ခြင်းကို မ ပြု၊ ထိမ်းမြား ပေးစားခြင်းကို မ ပြု။ 31 ကောင်းကင် သားဘုရားသခင်၏ တမန်တော် ကဲ့သို့ ဖြစ် ကြ၏။ 32 ထိုမှတပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် က၊ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ် သည်ဟု သင် တို့အား မိန့်မြွက် တော်မူကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။ ဘုရားသခင်သည် သေ နေသောသူတို့၏ ဘုရား ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည် ဟု မိန့် တော်မူ၏။

33 ပရိသတ် များတို့သည် ကြား ရလျှင် ဆုံးမ ဩဝါဒပေးတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏။ 34 ဇဒ္ဒုကဲ တို့၏ စကား ကို ချေတော်မူကြောင်း ကို ဖာရိရှဲ တို့သည်ကြား လျှင် စုဝေး ကြ၍35 သူ တို့အဝင် အပါဖြစ်သော ကျမ်းတတ် တစ် ယောက်သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ 36 အရှင် ဘုရား၊ ပညတ္တိ ကျမ်း၌ အဘယ် မည်သော ပညတ် သည်သာ၍ ကြီးသနည်းဟု မေးလျှောက် သော်၊

37 ယေရှု က၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံးအကြွင်းမဲ့ ဉာဏ် ရှိသမျှ နှင့် ချစ် လော့၊ 38 ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ် ၏။ ကြီးမြတ် သော ပညတ်လည်း ဖြစ်၏။ 39 ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသောဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏။ 40 ပညတ် နှစ် ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့် တော်မူ၏။

41 ဖာရိရှဲ တို့သည် စုဝေး နေကြစဉ်တွင်ယေရှု က၊ သင် တို့သည် ခရစ်တော် ကို အဘယ်သို့ ထင်မှတ် ကြ သနည်း။ 42 အဘယ်သူ ၏ သား ဖြစ် သနည်း ဟု မေး တော်မူလျှင်၊ ဒါဝိဒ် ၏သား ဖြစ်သည်ဟု လျှောက် ကြသော်၊ 43 သို့ဖြစ်လျှင် ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ဝိညာဉ် တော်အားဖြင့် အဘယ်ကြောင့် ခေါ် သနည်း။ 44 ဒါဝိဒ်၏စကားမှာ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ 45 ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် ၊ အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူသည်ရှိသော်၊

46 အဘယ်သူ မျှစကား တစ်ခွန်းကိုပြန် လျှောက်ခြင်းငှာမတတ်နိုင် ကြ။ ထို နေ့ မှစ၍ နောက်တစ်ဖန် အဘယ်သူ မျှမ မေး မလျှောက်ဝံ့ ကြ။

23

1 ထိုအခါ ယေရှု သည် တပည့် တော်တို့နှင့် လူ အပေါင်းတို့အား ဟောပြော တော်မူသည်ကား၊ 2 ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့သည် မောရှေ ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင် ကြ၏။ 3 ထို့ကြောင့် သူတို့စီရင် ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ပြု ကြလော့။ သူ တို့၏ အကျင့် အတိုင်း ကျင့် ကြနှင့်။ အကြောင်းမူကား ၊ သူတို့သည် စီရင် ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မ ကျင့် ကြ။ 4 အလွန်လေး ၍ ထမ်း ခဲသောဝန် တို့ကို ပြင်ဆင် သူတစ်ပါး ပခုံး ပေါ်မှာ တင် တတ်ကြ၏။ မိမိ တို့မူကား လက်ဖျား နှင့်မျှ မရွှေ့ လို ကြ။ 5 သူတို့သည် ပြု သမျှ သောအကျင့် အမှုတို့ကို လူ များရှေ့မှာ ထင်ရှား စေခြင်းငှာပြုကြ၏။ ကျယ် သော လက်ဖွဲ့ တို့ကို၎င်း ၊ ကြီး သော ပန်းပွား တို့ကို၎င်း ဝတ်လေ့ရှိကြ၏။ 6 ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း၊ 7 ဈေး ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ အရှင် ဘုရား အရှင်ဘုရားဟု လူ များခေါ်ဝေါ် ခြင်းကို၎င်း နှစ်သက် ကြ၏။ 8 သင် တို့မူကား အရှင် ဘုရားဟု ခေါ်ဝေါ် ခြင်းကိုမ ခံကြနှင့်။ ခရစ်တော်တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။ သင် တို့အပေါင်း သည် ညီအစ်ကို ချင်းဖြစ် ကြ၏။ 9 မြေကြီး ပေါ်မှာ အဘယ်သူကိုမျှအဘ ဟူ၍မ ခေါ်ဝေါ် ကြနှင့်။ ကောင်းကင် ဘုံ၌ သင် တို့အဘ တစ်ပါးတည်း ရှိ တော်မူ၏။ 10 ဥပဇ္ဈာယ် ဆရာဟု ခေါ်ဝေါ် ခြင်းကို မ ခံကြနှင့်။ ခရစ်တော် တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။ 11 သင် တို့တွင် အကြီး ဖြစ်သောသူ သည် သင် တို့အစေခံ ဖြစ် ရ၏။ 12 အကြင်သူသည် မိမိ ကိုချီးမြှောက် အံ့၊ ထိုသူသည် နှိမ့်ချ ခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိ ကိုနှိမ့်ချ အံ့၊ ထိုသူသည်ချီးမြှောက် ခြင်းသို့ ရောက်လတံ့။ 13 လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။ 14 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့်သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ 15 လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။ 16 လမ်းပြ သောလူကန်း တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုလျှင်မ တည် ။ ဗိမာန် တော်၏ ရွှေ ကိုတိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆို ကြ၏။ 17 လူမိုက် လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေ ကားမြတ်သလော။ ထိုရွှေ ကို သန့်ရှင်း စေသော ဗိမာန် တော်ကားမြတ်သလော။ 18 တနည်းကား၊ ယဇ်ပလ္လင် ကို တိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် မ တည် ။ ယဇ်ပလ္လင် ပေါ်မှာ ရှိသော ပူဇော် သက္ကာကို တိုင်တည် ၍ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ 19 လူမိုက်လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော် သက္ကာကား မြတ်သလော ။ ထို ပူဇော် သက္ကာကို သန့်ရှင်း စေသော ယဇ်ပလ္လင် ကားမြတ်သလော။ 20 ထို့ကြောင့် ယဇ်ပလ္လင် ကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင် မှစ၍ ယဇ်ပလ္လင် ပေါ်မှာ ရှိသမျှကို တိုင်တည် ၍ ကျိန်ဆိုသတည်း။ 21 ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို လျှင် ၊ ဗိမာန် တော်မှစ၍ ဗိမာန် တော်၌ ကျိန်းဝပ် တော်မူသောသူ ကို တိုင်တည် ၍ ကျိန်ဆိုသတည်း။ 22 ကောင်းကင် ဘုံကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ပလ္လင် တော်ကို၎င်း ၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော သူ ကို၎င်း တိုင်တည် ၍ကျိန်ဆိုသတည်း။ 23 လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇီယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင် တရား သဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနား ခြင်း၊ သစ္စာစောင့် ခြင်းတည်းဟူသောပညတ် တရားတွင် လေး သောအရာ တို့ကိုကား လှပ် ၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မ လှပ် မထား၊ နောက်ဆိုသောအရာ တို့ကို ကျင့် ရမည်။ 24 လမ်းပြ သောလူကန်း တို့၊ သင်တို့သည် ခြင် တစ်ကောင်ကိုမျှ မပါစေခြင်းငှာရေကိုစစ် လျက်နှင့် ကုလားအုပ် ကို မျို ကြ၏။ 25 လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့ ၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဖလား ၊ လင်ပန်း ကို အပြင် ၌ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ၏။ 26 မျက်စိ ကန်းသော ဖာရိရှဲ ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ရှေးဦးစွာ ဆေးကြော လော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်း လိမ့်မည်။ 27 လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ အဖြူ သုတ်သောသင်္ချိုင်း တွင်းနှင့်တူ ကြ၏။ ထိုတွင်း သည် အပြင် ၌တင့်တယ် စွာတကား။ အတွင်း ၌ကား လူ သေအရိုး ၊ အညစ်အကြေး အမျိုးမျိုး နှင့် ပြည့် လျက်ရှိ၏။ 28 ထိုအတူ သင် တို့သည်အပြင် ၌ လူတို့ ရှေ့မှာဖြောင့်မတ် ဟန် ရှိ၏။ အတွင်း ၌ကား လျှို့ဝှက် ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ ကြ၏။ 29 လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် မှစ၍ ဖြောင့်မတ် သောသူ တို့၏ သင်္ချိုင်း တွင်းနှင့် အရိုးအိုးတို့ကို တည်လုပ် ၍ တန်ဆာ ဆင်သဖြင့်30 ငါ တို့သည် ဘိုးဘေး တို့လက်ထက် ရှိ လျှင် ၊ ပရောဖက် တို့ကို သတ် သည်အမှုကိုလက် ခံပြီဟု ဆို ကြ၏။ 31 ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက် တို့ကိုသတ် သောသူ တို့၏ အမျိုးအနွယ် ဖြစ် သည်ကို ကိုယ် အဘို့ ကိုယ်သက်သေခံ ကြ၏။ 32 သို့ဖြစ်၍ ဘိုးဘေး တို့၏အကျင့်ပမာဏ ကို မှီ အောင်ကျင့်ကြလော့။ 33 မြွေဆိုး အမျိုး တို့၊ သင်တို့သည် အပြစ် ငရဲ မှ အဘယ်သို့ လွတ် နိုင်ကြမည်နည်း။ 34 ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ရိုက် တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။ 35 ထို့ကြောင့် ဖြောင့်မတ် သော အာဗေလ ၏အသွေး မှစ၍ ၊ အတွင်းဗိမာန် တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင် တို့သတ် ကြသော ဗာရခိ သား ဇာခရိ ၏အသွေး တိုင်အောင် မြေကြီး အပေါ် ၌သွန်း ပြီးသမျှသော သူတော်ကောင်း တို့၏အသွေး သည် သင် တို့ ခေါင်းပေါ်သို့ ရောက် လိမ့်မည်။ 36 ငါအမှန် ဆို သည်ကား၊ ဤ အရာများတို့သည် ယခု ဖြစ်သောလူများအပေါ်သို့ ရောက် ကြလိမ့်မည်။ 37 အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို ရှိ။ 38 သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံ လျက် ကျန်ရစ် ရ၏။ 39 ငါဆို သည်ကား၊ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ သောသူ သည်မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီ တိုင်အောင်ယခု မှစ၍ သင်တို့သည်ငါ့ မျက်နှာကို မ မြင် ရကြ ဟု မိန့်တော်မူ၏။

24

1 ယေရှု သည် ဗိမာန် တော်မှ ထွက်ကြွ တော်မူသည်ရှိ သော်၊ တပည့် တော်တို့သည် ဗိမာန် တော်၏ တိုက်ဆောင် များကို ပြ ခြင်းငှာအထံ တော်သို့ ချဉ်းကပ် ကြ၏။ 2 ယေရှု ကလည်း အရာအလုံးစုံ ကို သင် တို့သည်မြင် ကြသည်မ ဟုတ်လော။ ငါအမှန် ဆို သည်ကား၊ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခုမျှမ တည် မနေရ ဟု မိန့် တော်မူ၏။ 3 ထိုနောက် သံလွင် တောင် ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့် တော်တို့သည် အခြား သူမပါဘဲချဉ်းကပ် ၍၊ ထို အမူအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ကိုယ်တော် သည်ကြွလာ ကပ်ကမ္ဘာကုန် သော ပုပ္ပ နိမိတ်သည် အဘယ် နိမိတ်ဖြစ်မည်ကို၎င်း အမိန့် ရှိတော်မူပါဟု လျှောက် ကြ၏။

4 ယေရှု ကလည်း သင် တို့ကို အဘယ်သူ မျှ မ လှည့်ဖြား စေခြင်းငှာသတိပြု ကြလော့။ 5 အများ သောသူတို့က၊ ငါ သည် ခရစ်တော် ဖြစ် ၏ဟု ဆို လျက်၊ ငါ ၏အယောင် ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများ တို့ကို လှည့်ဖြား ကြလိမ့်မည်။ 6 သင်တို့သည် စစ်တိုက် ခြင်းအကြောင်းကို၎င်း ၊ စစ်တိုက် အံ့သော သိတင်း စကားကို၎င်း ကြား ရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်းမ ရှိ စေခြင်းငှာသတိပြု ကြလော့။ ထိုအမူအရာ များသည်ဖြစ်ရ မည်။ သို့သော်လည်း အဆုံး သည်မ ဖြစ် သေး။ 7 လူ တစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံ နှင့်တစ်နိုင်ငံရန်ဘက် ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ် ကြလိမ့်မည်။ 8 ထို အမူအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏အစအဦး ပင်ဖြစ်သတည်း။ 9 ထို ကာလ၌ လူများတို့သည် သင် တို့ကိုညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ ကြလိမ့်မည်။ ငါ ၏နာမ ကြောင့် လည်း ခပ်သိမ်း သောလူမျိုး တို့သည် သင်တို့ကို မုန်း ကြလိမ့်မည်။ 10 ထို ကာလ၌ အများ သောသူတို့သည် ဖောက်ပြန် ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ် ကြလိမ့်မည်။ 11 အချင်းချင်း မုန်း ကြလိမ့်မည်။ မိစ္ဆာ ပရောဖက်အများ တို့သည် ပေါ်လာ လူအများ တို့ကို လှည့်ဖြား ကြ လိမ့်မည်။ 12 မတရား သောအမှုတို့သည်များပြား သဖြင့် အများ သောသူ တို့၏ ချစ် ခြင်းမေတ္တာသည် ခေါင်းပါး လိမ့်မည်။ 13 အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။ 14 လူမျိုး အပေါင်း တို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ တို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှ အဆုံး သည်ဖြစ် လတံ့။ 15 ထို့ကြောင့် ပရောဖက် ဒံယေလ ဟော သည်အတိုင်း ဖျက်ဆီး တတ်သောရွံ့ရှာဘွယ် အရာ သည် သန့်ရှင်း သောအရပ် ဌာန၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ 16 ထိုသို့ မြင်ရလျှင်၊ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ 17 အိမ်မိုး ပေါ်မှာ ရှိသောသူ သည် အိမ် ထဲက ဥစ္စာ ကိုယူ ခြင်းငှာမ ဆင်း စေနှင့်။ 18 လယ် ရှိသောသူ လည်း မိမိ အဝတ် ကို ယူ ခြင်းငှာနောက် သို့ မ ပြန် စေနှင့်။ 19 ထို နေ့ရက် ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ 20 သင် တို့ ပြေး ရသောအချိန်သည် ဆောင်း ကာလ၌မ ကျ၊ ဥပုသ်နေ့ ၌လည်းမ ကျ မည်အကြောင်း ဆုတောင်း ကြလော့။ 21 အကြောင်းမူကား ၊ ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် ဖြစ် စဖူး၊ နောက်၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ဒုက္ခ သည် ထိုကာလ၌ဖြစ် လိမ့်မည်။ 22 ထို ကာလ တာရှည် လျှင် အဘယ်သူမျှမ လွတ် နိုင်ရာ။ ရွေးချယ် သောသူ တို့အဘို့ အလို့ငှာထို ကာလ သည် တို လိမ့်မည်။ 23 ထိုအခါ သူတစ်ပါး က ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟု ဆို သော်လည်း ယုံ ကြနှင့်။ 24 အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။ 25 ထိုအကြောင်းအရာတို့ကို ငါပြော နှင့်ပြီ။ 26 ထို့ကြောင့် သူတို့ကခရစ်တော်သည် တော ရှိ သည်ဟုဆို သော်လည်း ထွက် မသွားကြနှင့်။ တိုက်ခန်း ရှိ သည်ဟု ဆိုသော်လည်းမ ယုံ ကြနှင့်။ 27 လျှပ်စစ် သည် အရှေ့ မှ ပြက် ၍အနောက် တိုင်အောင် ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် ကြွလာ တော်မူလတံ့28 အသေ ကောင်ရှိ ရာ၌ ရွှေလင်းတ တို့သည် စုဝေး ကြလတံ့။ 29 ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။ 30 ထိုအခါ လူ သား ၏နိမိတ် လက္ခဏာသည် ကောင်းကင် ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာလူ အပေါင်း တို့သည် ငိုကြွေး မြည်တမ်းကြ၍ ၊ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုး တိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကိုမြင် ရကြလိမ့်မည်။ 31 လူသားသည် မိမိ တမန် တို့ကိုစေလွှတ် တံပိုး ခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့် ၊ သူတို့သည် ရွေးချယ် တော်မူသောသူ တို့ကို အရပ် လေး မျက်နှာ၊ ကောင်းကင် အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံး ကြလတံ့။ 32 သင်္ဘော သဖန်းပင်ကို အစွဲပြု၍ ပုံ သက်သေတစ်ခုကိုမှတ် ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက် နု အရွက် ပေါက် သောအခါ နွေ ကာလနီး သည်ကို သင်တို့သိ ကြ၏။ 33 ထိုနည်းတူ ၊ ထို အကြောင်းအရာအလုံးစုံ တို့ကိုမြင် ရလျှင် လူသားသည်တံခါးဝ တိုင်အောင် အနီး သို့ ရောက် တော်မူသည်ကို သိမှတ် ကြလော့။ 34 ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ များမ ကုန် မှီ ထို အကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။ 35 ကောင်းကင် နှင့် မြေကြီး တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။ 36 ထို အချိန် နာရီ ကိုကား အဘယ်သူ မျှမ သိ ။ ကောင်းကင် တမန် သိ။ ငါ့ခမည်းတော် တစ်ပါးတည်း သာ သိ တော်မူ၏။ 37 လူ သား သည် ကြွလာ သောအခါနောဧ လက်ထက် ဖြစ် သကဲ့သို့ ဖြစ် လိမ့်မည်။ 38 ရေ လွှမ်းမိုးခြင်းမ ဖြစ်မှီကာလ နောဧ သည် သင်္ဘော ထဲသို့ ဝင် သောနေ့ တိုင်အောင် လူများတို့သည် စား သောက် လျက် ၊ ထိမ်းမြား စုံဘက် လျက်နေ၍39 ရေ လွှမ်းမိုးခြင်းရောက် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင် ပယ်ရှင်းသည်တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ ၊ လူ သား ကြွလာ သောအခါ၌ ဖြစ် လိမ့်မည်။ 40 ထိုအခါ လယ် ရှိ သော သူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ တစ် ယောက်မူကား နေရစ် ရ လတံ့။ 41 ကြိတ်ဆုံ ကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ တစ် ယောက်မူကား နေရစ် ရလတံ့။ 42 သင် တို့အရှင် သည် အဘယ် အချိန်နာရီ ၌ရောက်လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြ လော့။ 43 သူခိုး လာ မည်အချိန် နာရီကို အိမ်ရှင် သိ ရလျှင် ၊ မိမိ အိမ် ကိုမ ထွင်း မဖောက်စေခြင်းငှာ၊ စောင့် နေလိမ့်မည်ကို သင်တို့သိ ကြ၏။ 44 ထိုကြောင့် သင် တို့သည်ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့ မ ထင် မမှတ်သော အချိန် နာရီ၌ လူ သား သည်ကြွလာ လိမ့်မည်။ 45 အရှင်သည် မိမိ အိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန် လျှင် အစား အသောက်တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍၊ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့် ၎င်း ပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။ 46 အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။ 47 ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။ 48 သို့မဟုတ် မူကား ၊ အကြင်ကျွန် ဆိုး က ငါ့ အရှင် လာ ခဲလိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည်။ 49 ကျွန်ချင်း တို့ကို ရိုက်ပုတ် လျက် သေသောက်ကြူး သောသူ တို့နှင့်တကွ စား သောက် လျက်နေ၏။ 50 ထို ကျွန် ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည်ရောက်လာ လျှင်၊ 51 ထိုကျွန် သည် ပြင်းပြစွာကွပ်မျက် ဆုံးမ၍ ၊ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာအရပ် ၌ လျှို့ဝှက် သော သူ တို့နှင့်တကွ နေရာ ချ လတံ့။

25

1 ထိုအခါ ကောင်းကင် နိုင်ငံ တော် သည် ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြု အံ့သောငှာ မီးခွက် ကိုကိုင်ယူ ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ် နှင့်တူ ၏။ 2 ထိုသတို့သမီး တို့တွင် ငါး ယောက်သည် ပညာ သတိရှိကြ၏။ ငါး ယောက်မူကား အမိုက် ဖြစ် ကြ၏။ 3 မိုက် သောသူ တို့သည် မီးခွက် တို့ကိုသာယူ ၍ ဆီ ကို မ ယူ ကြ။ 4 ပညာ သတိရှိသောသူ တို့မူကား ၊ မီးခွက် နှင့်တကွ ဘူး ပါသောဆီ ကိုလည်း ယူ ကြ၏။ 5 မင်္ဂလာဆောင် လုလင်သည် မ လာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်း တို့သည် ငိုက် အိပ်ပျော် ကြ၏။ 6 သန်းခေါင်ယံ ၌ကြည့် ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြု ခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော် လျှင်7 ထို သတို့သမီး အပေါင်း တို့သည် ထ မီးခွက် များကို ပြင်ဆင် ကြ၏။ 8 မိုက် သောသူ တို့က ငါ တို့ဆီမီး သေ ပါပြီ။ သင် တို့ ဆီ ကိုအနည်းငယ်ပေး ပါဟု ပညာရှိ သောသူ တို့အား တောင်း ကြ၏။ 9 ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။ 10 ထိုသူ တို့သည် ဆီဝယ် သွား သည်အခိုက်တွင် မင်္ဂလာဆောင် လုလင်သည်လာ ၊ အသင့် ရှိသော သတို့သမီး တို့သည် လုလင် နှင့်အတူ ပွဲ သို့ ဝင် ကြပြီးလျှင် တံခါး ကိုပိတ် ထား၏။ 11 ထိုနောက် ကြွင်း သောသတို့သမီး တို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မ တို့အား တံခါးကိုဖွင့် ပါဟု တောင်းလျှောက် ကြသော်၊ 12 အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။ 13 သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။

14 ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ်15 တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။ 16 အခွက် ငါးဆယ် ကိုခံ သောသူ သည် သွား ၍ကုန်သွယ်ခြင်းကိုပြု သဖြင့် အခြား သောအခွက်ငါးဆယ် ကို အမြတ်ရ လေ၏။ 17 ထိုနည်းတူ အခွက်နှစ်ဆယ် ကိုခံသောသူ သည်လည်း၊ အခြား သောအခွက်နှစ်ဆယ် ကို အမြတ်ရ လေ၏။ 18 အခွက်တစ်ဆယ် ကို ခံ သောသူ မူကား ၊ သွား ၍ မြေ ၌တွင်းတူး ပြီးလျှင် အရှင် ၏ငွေ ကိုဝှက်ထား လေ၏။ 19 ကာလ ကြာမြင့် ပြီးမှ ထို ငယ်သား တို့၏ အရှင် သည်လာ ၍ သူ တို့ကိုစာရင်း ယူ လေ၏။ 20 အခွက် ငါးဆယ် ကို ခံ သောသူ သည်ချဉ်းကပ် အခြား သောအခွက် ငါးဆယ် ကိုဆက် လျက်၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် ငါးဆယ်ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် ငါးဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေ၏။ 21 အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။ 22 အခွက် နှစ်ဆယ် ကို ခံသောသူ သည်လည်း ချဉ်းကပ် သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် နှစ်ဆယ် ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် နှစ်ဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေသော်၊ 23 အရှင် က၊ သာဓု သစ္စာရှိ သောငယ်သား ကောင်း ၊ သင်သည် အမှုငယ် သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ ငါအပ်ပေး မည်။ သင် ၏ သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။ 24 အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ25 ကြောက် သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေ အခွက်တဆယ်ကို မြေ ဝှက်ထား ပါပြီ။ ယခုကိုယ်တော် ၏ ဥစ္စာ ရှိ ပါသည်ဟု လျှောက် ၏။ 26 အရှင် ကလည်း ၊ ဆိုးညစ် ပျင်းရိ သောငယ်သား ၊ ငါသည် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ ရိတ် ၍၊ ကိုယ် မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း သည်ကို သင်သိ သည်မှန်လျှင်၊ 27 ငါ့ ငွေ ကို ပွဲစား လက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အတိုး ကိုရ နိုင်၏။ 28 ထို့ကြောင့် အခွက် တဆယ်ကို ထိုသူ ၏ လက်မှ နှုတ် ကြ။ အခွက် တရာ ရှိ သောသူ ကို ပေး ကြ။ 29 အကြောင်းမူကား ၊ အကြင်သူသည်ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။ 30 အသုံး မရသော ထိုငယ်သား ကိုငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိရာ ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။ 31 လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင်32 ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ33 သိုး တို့ကို လက်ျာ တော်ဘက် ၊ ဆိတ် တို့ကို လက်ဝဲ တော်ဘက် ၌ ထား တော်မူလတံ့။ 34 ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။ 35 အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။ 36 ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊ 37 ဖြောင့်မတ် သောသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ကိုယ်တော်ကို လုပ်ကျွေး ပါသနည်း။ ရေငတ် တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက် ဘို့ပေးပါသနည်း။ 38 ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြု ပါသနည်း။ အဝတ် အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ် နှင့်ဖုံးလွှမ်းပါသနည်း။ 39 အနာ စွဲတော်မူသည်ကို၎င်း၊ ထောင် ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ် အခါ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံ တော်သို့ ရောက် ပါသနည်းဟု ပြန် ၍လျှောက်ကြသော်40 မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။ 41 ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။ 42 အကြောင်းမူကား ၊ ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မ ကျွေး ၊ ငါသည် ရေငတ် သောအခါ သင် တို့သည် သောက် ဘို့မ ပေး။ 43 ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကိုမ ပြု။ ငါ သည် အဝတ် အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ် နှင့်မ ဖုံးမလွှမ်း။ ငါ သည် အနာ ရောဂါစွဲသောအခါ ၌၎င်း ၊ ထောင် ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မ ကြည့်ရှု မပြုစုဟု မိန့် တော်မူလျှင်၊ 44 ထိုသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူခြင်း၊ ရေငတ် တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ် အချည်းစည်းရှိတော်မူခြင်း၊ အနာ စွဲတော်မူခြင်း၊ ထောင် ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ် အခါ၌မြင် ၍ ကိုယ်တော် ကို မ ပြုစု မလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက် ကြသော်၊ 45 မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။ 46 ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။

26

1 ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊ 2 နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။

3 ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး စည်းဝေး ကြပြီးလျှင်4 ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး သတ် အံ့သောငှာတိုင်ပင် ကြ၏။ 5 သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် ပြုနှင့်ဦးဟု ပြောဆို ကြ၏။ 6 ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ယေရှု ရှိ တော်မူသည်ဖြစ်၍7 မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။ 8 တပည့် တော်တို့သည် မြင် လျှင် ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။ 9 ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး စရာကောင်းသည်ဟုဆို ကြ၏။

10 ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ကောင်း သောအမှု ကိုပြု ပြီ။ 11 ဆင်းရဲ သောသူ တို့သည် သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။ 12 ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။ 13 ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့ သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။

14 ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊ 15 အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။ 16 ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။ 17 အဇုမ ပွဲ ပဌမ နေ့၌ တပည့် တော်တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး ကြသော်၊

18 ကိုယ်တော် က၊ မြို့ တွင် ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌ ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။ 19 တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ပသခါ ပွဲကို ပြင်ဆင် ကြ၏။ 20 ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။ 21 စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင်

22 တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး မေးလျှောက် ကြ၏။

23 ကိုယ်တော် ကလည်း ငါ နှင့်အတူ ပုကန် တွင် လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။ 24 ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။

25 ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊

သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။ 26 ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။ 27 ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက် ကြလော့။ 28 ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။ 29 ငါဆို သည်ကား၊ ဤ စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ သင် တို့နှင့်အတူ ငါ သောက်မှီ နေ့ တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။ 30 ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။

31 ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။ 32 သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊

33 ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။

34 ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊

35 ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။ 36 ထိုအခါ ယေရှု သည် သူ တို့နှင့်အတူ ဂေသရှေမန် အရပ် သို့ ရောက် တော်မူလျှင်၊ ငါသည် ထို အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ37 ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။ 38 ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။ 39 ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။ 40 တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ စွမ်းနိုင် သလော။ 41 စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ42 တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင် ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။

43 ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊ 44 သူ တို့ကိုထား ခဲ့၍ တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။ 45 ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။ 46 ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။ 47 ထိုသို့ မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား နှင့် ဒုတ် များကို ကိုင်လျက်ပါကြ၏။ 48 ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊ 49 ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။ 50 ယေရှု ကလည်း အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။ 51 ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။ 52 ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။ 53 ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။ 54 သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။ 55 ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။ 56 ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ အစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။ 57 ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။ 58 ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။ 59 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။ 60 မမှန် သောသက်သေခံအများ လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ 61 သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် နိုင် သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။ 62 ယဇ်ပုရောဟိတ် မင်းသည် ထ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊ 63 ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊ 64 ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။ 65 ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။ 66 အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ တို့က ဤသူသည် အသေခံ ထိုက် ပေ၏ဟု ပြန် စီရင်ကြ၏။ 67 ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။ 68 အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။

69 ပေတရု သည် ပြင် မှာအိမ်ဦး ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊ 70 ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။ 71 ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင်72 ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။ 73 ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ တို့သည် ပေတရု အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို ကြလျှင်74 ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို ၏။ ထို ခဏချင်းတွင် ကြက် တွန် လေ၏။ 75 ယေရှု က၊ ကြက် တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား ကို ပေတရု သည် သတိရ သဖြင့် ပြင် သို့ထွက် ပြင်းစွာ ငိုကြွေး လေ၏။

27

1 နံနက် အချိန်ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ အပေါင်း တို့သည် ယေရှု ကို သတ် အံ့သောငှာ တိုင်ပင် ၍၊ 2 ကိုယ်တော် ကို ချည်နှောင် ပြီးလျှင် မြို့ဝန်မင်း ပုန္တိ ပိလတ်ထံသို့ဆောင်သွား အပ် လိုက်ကြ၏။ 3 ထိုအခါ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည် ကိုယ်တော်၌ သေ ပြစ်ကို စီရင်ကြသည်ကို သိမြင် လျှင်၊ နောင်တရ ၍ ငွေ သုံးဆယ် ကိုယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲတို့၌ ပြန်ပေး ၍၊ 4 အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊ 5 သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။ 6 ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုငွေ ကိုယူ အသွေး ၏အဘိုး ဖြစ် ၏။ ဘဏ္ဍာ တော်၌ သွင်း အပ် ဟု ပြောဆို7 တိုင်ပင် ပြီးမှ ၊ အိုးထိန်း သမား၏ မြေ အကွက်ကို တစ်ပါး အမျိုးသားတို့၏သင်္ချိုင်း ဖြစ်စေဘို့ ရာ ထိုငွေ နှင့် ဝယ် ကြ၏။ 8 ထိုအကြောင်းကို အစွဲပြု၍ ယခု တိုင်အောင် ထို မြေ အကွက်ကို သွေး မြေ ဟု ခေါ်တွင် ကြ၏။ 9 ပရောဖက် ယေရမိ ဟော သည်ကား၊ ဣသရေလ လူတို့သည် အဘိုး ပြတ်သောသူ ၏ ကိုယ်ဘိုး ငွေ သုံးဆယ် ကို သူတို့သည် ယူ ထာဝရ ဘုရားသည် ငါ့ ကို မှာထား တော်မူသည်အတိုင်း10 အိုးထိန်း သမား၏မြေ အကွက်ကို ဝယ် ကြ၏ဟူသောစကား သည်ထိုအခါ ပြည့်စုံ ခြင်းသို့ ရောက်လေ၏။ 11 ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။ 12 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ တို့သည် အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန် တော်မမူ၊ 13 ပိလတ် မင်းကလည်း၊ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို သင်မ ကြား သလောဟု ပြောဆို သော်လည်း၊ 14 စကား တစ် ခွန်းကိုမျှ ပြန် တော်မ မူသည်ကို မြို့ဝန်မင်း သည် အလွန် အံ့ဩ လေ၏။ 15 ထိုပွဲ မြို့ဝန်မင်း သည် အကျဉ်း ထားသောသူတို့တွင် ၊ လူ များတို့ အလိုရှိ သောသူ တစ် ယောက်ယောက် ကို လွှတ် မြဲထုံးစံ ရှိ၏။ 16 ထိုအခါ အကျဉ်း ထားသောသူတို့တွင် ဗာရဗ္ဗ အမည် ရှိသော ကျော်စော သောသူတစ်ယောက်ရှိ ၏။ 17 လူ များ စည်းဝေး ကြသည်ရှိသော်၊ ပိလတ် မင်းက၊ သင် တို့သည် အဘယ်သူ ကို လွှတ် စေချင် သနည်း။ ဗာရဗ္ဗ ကိုလွှတ်စေချင်သလော။ ခရစ် ဟုခေါ်ဝေါ် သော ယေရှု ကို လွှတ်စေချင်သလောဟု လူ များတို့အား မေး လေ၏။ 18 အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလို သောစိတ်နှင့် ယေရှု ကို အပ်နှံ ကြောင်း ကို ပိလတ်မင်းသိ ၏။ 19 ထိုမှတစ်ပါးတရားပလ္လင် ပေါ်မှာ ထိုင် စဉ်တွင် ၊ မိမိ ခင်ပွန်း သည် လုလင်တစ်ယောက်ကို စေလွှတ် ၍၊ ထို ဖြောင့်မတ် သောသူ ကို အဘယ်သို့ မျှမပြုပါနှင့်။ ယနေ့ ပင် ကျွန်မသည် ထိုသူ ကြောင့် အိပ်မက် ပြင်းစွာ ခံရ ပါပြီဟု မှာ လိုက်၏။ 20 လူအစုအဝေးတို့သည် ဗာရဗ္ဗ ကိုတောင်း ယေရှု ကိုသတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲ တို့သည် လူ များကို တိုက်တွန်း သွေးဆောင်ကြ၏။ 21 ထို့ကြောင့် မြို့ဝန်မင်း သည်၊ ဤသူနှစ် ယောက်တို့တွင် သင် တို့သည်အဘယ်သူ ကိုလွှတ် စေချင် သနည်း ဟု လူ များကို တစ်ဖန်မေး သောအခါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု လျှောက် ကြ၏။ 22 ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ် ဟု ခေါ်ဝေါ် သော ယေရှု ကို အဘယ်သို့ ပြု ရမည်နည်းဟု မေး ပြန်သော်၊ ထိုသူအပေါင်း တို့က၊ သူသည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု ဆို ကြ၏။ 23 မြို့ဝန်မင်း ကလည်း အဘယ်ကြောင့် နည်း။ အဘယ် အပြစ် ကို ပြု ဘိသနည်းဟုမေး လျှင် ၊ ထိုသူ သည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ် ကြ၏။ 24 ပိလတ် မင်းသည် မိမိမ နိုင် ၊ လူများသာ၍ ရုန်းရင်းခတ် မျှ ပြု ကြသည်ကိုမြင် လျှင် ၊ ရေ ကိုယူ ၍ လူ များ ရှေ့ တွင် မိမိ လက် ကိုဆေး လျက်၊ ဤ ဖြောင့်မတ်သော သူ၏ အသွေး နှင့်ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင် တို့ ကြည့် ကြလော့ဟု ဆို ၏။ 25 ထိုလူ အပေါင်း တို့က သူ ၏အသွေး သည် ငါ တို့၏ ခေါင်းပေါ်၌ ၎င်း သား မြေးတို့၏ခေါင်းပေါ်၌ ၎င်းတည်ရှိပါစေဟု ပြန်ပြော ကြ၏။ 26 ပိလတ်မင်းသည်လည်း ဗာရဗ္ဗ ကို လူ များတို့အား လွှတ် လေ၏။ ယေရှု ကိုကား ရိုက် ပြီးလျှင်လက်ဝါးကပ်တိုင် မှာသတ်စေခြင်းငှာ အပ် လိုက်လေ၏။ 27 ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲ တို့သည် ယေရှု ကို အိမ်တော်ဦး သို့ ဆောင်သွား ၍ စစ်သူရဲ တတပ်လုံးကို အထံ တော်၌ စုရုံး စေပြီးမှ၊ 28 အဝတ်တော်ကို ချွတ် နီ သောဝတ်လုံ ကို ခြုံ စေကြ၏။ 29 ဆူးပင် နှင့် ရက် သောဦးရစ် ကို ခေါင်း တော်၌ တင် ကြ၏။ ကျူ တစ်လုံးကိုလည်း လက်ျာ လက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့ တော်မှာဒူးထောက် လျက်ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟူ၍ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။ 30 ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ ကျူလုံး ကိုယူ ၍ ခေါင်း တော်ကို ရိုက် ကြ၏။ 31 ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ မင်းဝတ်လုံ ကို ချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။ 32 သွား ကြစဉ်တွင် ရှိမုန် အမည် ရှိသောကုရေနေ ပြည်သားတစ်ယောက်ကိုတွေ့ လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။ 33 ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အမည် တွင်သောအရပ် သို့ ရောက် ကြသော်34 ဆေးခါး နှင့် ရော သောပုံးရည် ကို ကိုယ်တော် အား သောက် စိမ့်သောငှာပေး လျှင်၊ မြည်းစမ်း တော်မူ၍ သောက် ချင် ဘဲ နေလေ၏။ 35 ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားပြီးလျှင် အဝတ် တော်တို့ကို စာရေးတံ ချ ၍ ဝေဖန် ကြ၏။ 36 ထို အရပ်၌လည်း ထိုင် လျက် စောင့် နေကြ၏။ 37 အပြစ် ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူ သည် ယုဒ ရှင်ဘုရင် ယေရှု ပေတည်း ဟု ရေး ခေါင်း တော်ပေါ်မှာ တပ် သတည်း။ 38 ထိုအခါ ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော် ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ၏။ 39 လမ်းမှာ သွားလာ သောသူ တို့ကလည်း ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ် ကယ်တင် လော့။ 40 ဘုရားသခင် ၏သား တော်မှန် လျှင် လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညှိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။

41 ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ အကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ်၏။ 42 ကိုယ် ကို မ ကယ်တင် နိုင် ပါတကား။ ဣသရေလ ရှင်ဘုရင် မှန် လျှင် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည် မည်။ 43 ဘုရားသခင် ကိုကိုးစား ပြီ။ ငါ သည် ဘုရားသခင် ၏သား ဖြစ်၏ဟုဆို ပြီ။ သို့ဖြစ်၍ဘုရားသခင်သည် သူ ၌ အလို တော်ရှိလျှင် ယခုပင် ကယ်တင် တော်မူပါလေစေဟု ပြက်ယယ်ပြု ပြောဆို ကြ၏။ 44 ထိုနည်းတူ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာရိုက်ထားသောဓားပြ တို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။ 45 မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး မှောင်မိုက် အတိဖြစ် လေ၏။ 46 သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။ 47 ထို အရပ်၌ ရပ် နေသောသူ အချို့ တို့သည် ကြား လျှင်၊ သူသည် ဧလိယ ကိုခေါ်သည် ဟု ဆို ကြ၏။ 48 လူတစ် ယောက်သည် ချက်ခြင်း ပြေး ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌ တပ် ၍ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လေ၏။ 49 ကြွင်း သောသူ တို့က၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုကယ်တင် ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြ ကုန်အံ့ဟု ဆို ကြ၏။ 50 ယေရှု သည် ကြီး သောအသံ နှင့်တစ်ဖန် ကြွေးကြော် ပြီးလျှင် အသက် တော်ကို လွှတ် တော်မူ၏။ 51 ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ် လေ၏။ ကျောက် များတို့သည် ကွဲပြား ကြ၏။ 52 သင်္ချိုင်း တွင်းတို့သည် ပွင့် လစ်သဖြင့် ကျိန်းစက် လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာ တို့ သည် ထ ကြ၍53 ကိုယ်တော် ထမြောက် တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်း တွင်းမှ ထွက် သန့်ရှင်း သောမြို့ ထဲသို့ ဝင် ပြီးလျှင် ၊ လူများစွာ တို့အား ထင်ရှား ကြ၏။ 54 ယေရှု ကိုစောင့် သော တပ်မှူး မှစ၍ စစ်သူရဲ များတို့သည် မြေကြီး လှုပ်ခြင်းစသည်တို့ကိုမြင် လျှင် အလွန် ထိတ်လန့် ၊ စင်စစ် ဤသူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟု ဆို ကြ၏။ 55 ဂါလိလဲ ပြည်က ယေရှု နောက် တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမ အများ တို့သည်လည်း ထို အရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။ 56 ထိုမိန်းမ တို့တွင် မာဂဒလ မာရိ ၊ ယာကုပ် နှင့် ယောသေ တို့၏ အမိ ဖြစ်သောမာရိ နှင့် ဇေဗေဒဲ ၏ သား တို့၏ အမိ ပါ ကြသတည်း။ 57 အချိန်ရောက် မှ အရိမသဲ မြို့သားယောသပ် အမည် ရှိသောသူဌေး သည် ယေရှု ၏တပည့် တော် ဖြစ် သည်နှင့်58 ပိလတ် မင်းထံသို့ဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ ပိလတ် မင်းသည် အလောင်း တော်ကို ပေး စေခြင်းငှာအမိန့် တော်ရှိသော်59 ယောသပ် သည် အလောင်း တော်ကိုယူ ၍ ဖြူစင် သောပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင်60 ကျောက် ထွင်း သောမိမိ သင်္ချိုင်း တွင်းသစ် ထဲမှာ ထား လေ၏။ ကြီးစွာ သော ကျောက် ကိုလည်း တွင်း ၌ လှိမ့် ထားပြီးမှ သွား ၏။ 61 မာဂဒလ မာရိ နှင့် အခြား သောမာရိ သည် ထို အရပ်၌ သင်္ချိုင်း တော်ရှေ့ မှာ ထိုင် လျက်နေရစ်ကြ၏။

62 အဘိတ်နေ့ လွန် ၍ နက်ဖြန် နေ့ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည် ပိလတ် မင်းထံ၌ စုဝေး ၍၊ 63 ထို လှည့်ဖြား သောသူ က၊ ငါသည် သုံး ရက် မြောက် သောနေ့၌ ထမြောက် မည်ဟု မ သေမှီ ပြော သည်ကို အကျွန်ုပ်တို့မှတ်မိ ပါပြီ။ 64 ထိုကြောင့် သူ ၏တပည့် တို့သည် ညအခါလာ ၍ အလောင်း ကိုခိုးယူ ပြီးလျှင် ၊ သူသည် သေ ခြင်းမှ ထမြောက် တော်မူပြီဟု လူ အပေါင်းတို့အား ပြောဆို ကြသော်၊ ရှေ့ အမှား ထက် နောက် အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာ အကြောင်းရှိ သည်ဖြစ်၍၊ သင်္ချိုင်း တွင်းကို သုံး ရက် မြောက် အောင်လုံခြုံစွာစောင့် စိမ့်သောငှာအမိန့် ရှိတော်မူပါဟု လျှောက် ကြလျှင်၊ 65 ပိလတ် မင်းက၊ သင်တို့၌ လူစောင့် တတပ်ရှိ ၏။ သွား ကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့် စေကြ ဟု ဆို လေ၏။ 66 ထိုသူ တို့သည် သွား ၍ ကျောက် ကို တံဆိပ် ခတ်ပြီးလျှင်အစောင့် ထားလျက် သင်္ချိုင်း တွင်းတော်ကို လုံခြုံ စွာ ပြုကြ၏။

28

1 ဥပုသ်နေ့ လွန် ခုနစ် ရက်တွင် ပဌမ နေ့ရက်မိုဃ်းလင်း အံ့ဆဲဆဲအချိန်၌၊ မာဂဒလ မာရိ နှင့် အခြား သော မာရိ သည် သင်္ချိုင်း တော်ကို အကြည့်အရှု သွား ကြ၏။ 2 ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။ 3 သူ ၏မျက်နှာ သည် လျှပ်စစ် ကဲ့သို့ ထင် ၏။ အဝတ် သည်လည်း မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ 4 လူစောင့် တို့သည် ကောင်းကင် တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ် ၍ သေ မတတ်ဖြစ် ကြ၏။ 5 ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာသတ်သောယေရှု ကို သင် တို့ရှာ ကြသည်ကို ငါသိ ၏။ 6 အရပ်၌မ ရှိ ။ မိန့် တော်မူသည်အတိုင်း ထမြောက် တော်မူပြီ။ လာ ကြ၊ သခင်လျောင်း တော်မူရာ အရပ် ကို ကြည့် ကြလော့။ 7 အလျင်အမြန် ပြန်သွား သေ ခြင်းမှ ထမြောက် တော်မူကြောင်းကို တပည့် တော်တို့အားပြော ကြလော့။ သင် တို့ ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူမည်။ ထို ပြည်၌ သင်တို့သည်ကိုယ်တော် ကို တွေ့မြင် ရကြလိမ့်မည်။ ငါပြော ပြီဟုထိုမိန်းမ တို့အား ကောင်းကင်တမန်ဆို ၏။

8 ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့ သဖြင့် ၎င်း၊ အလွန် ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်း တော်မှ အလျင်အမြန် သွား တပည့် တော်တို့အား ထိုသိတင်းစကားကို ကြားပြော ခြင်းငှာပြေး ကြ၏။ 9 လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။ 10 ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။

11 ထိုမိန်းမ တို့သည် သွား ကြစဉ်အခါလူစောင့် အချို့ တို့သည် မြို့ ထဲသို့ ဝင် ၍ ဖြစ် လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ် အကြီးတို့အား ပြန်ကြား ကြ၏။ 12 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ တို့သည် စုဝေး တိုင်ပင် ပြီးမှ စစ်သူရဲ တို့အား ငွေ အများ ကို ပေး ၍၊ 13 ညဉ့် အခါငါ တို့အိပ်ပျော် စဉ်တွင် ထိုသူ ၏ တပည့် တို့သည်လာ၍ အလောင်းကို ခိုး သွား ကြသည်ဟု သင်တို့ပြော ကြလော့။ 14 ထို အကြောင်းကို မြို့ဝန်မင်း ကြား ပြန်လျှင် ၊ ငါ တို့သည် သူ့ ကိုဖျောင်းဖျ သင် တို့၌ အမှု မရှိစေခြင်းငှာပြု မည်ဟု၊ 15 သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။ 16 တစ်ကျိပ် တစ်ပါးသော တပည့် တော်တို့သည် ဂါလိလဲ ပြည်သို့ သွား ၍ ယေရှု မှာထား တော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော် ကိုတွေ့မြင် ပြပ်ဝပ် ကိုးကွယ်ကြ၏။ 17 အချို့ တို့သည် ယုံမှား ခြင်းရှိကြ၏။ 18 ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။ 19 သင်တို့သွား လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ဗတ္တိဇံ ကို ပေးကြလော့။ 20 ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။