မာလခိအနာဂတ္တိကျမ်း

1

1 ထာဝရဘုရား သည် မာလခိ လက် တွင် ဣသရေလ အမျိုးသို့ ပေးလိုက်တော်မူသောဗျာဒိတ် နှုတ်ကပတ် တော်တည်းဟူသော၊ 2 ထာဝရဘုရား မိန့် တော်မူသောစကားဟူမူကား၊ သင် တို့ကို ငါချစ် လေပြီ။ အကျွန်ုပ် တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေး ကြလျှင် ၊ ဧသော သည် ယာကုပ် ၏အစ်ကို ဖြစ်သည်မ ဟုတ်လော။ သို့သော်လည်း ယာကုပ် ကို ငါချစ် ၏။ 3 ဧသော ကို ငါမုန်း သူ နေသောတောင် တို့ကို လွင်ပြင် ဖြစ် စေပြီ။ သူ့ အမွေခံ ရာမြေကို မြေခွေး တို့၌ အပ်လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 ဧဒုံ အမျိုးသားတို့က၊ ငါတို့သည် ပျက်စီး သော်လည်း ၊ ပျက်စီး သောအရပ်တို့ကို တဖန် တည်ဆောက် ဦးမည်ဟုဆို ရာတွင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် တည်ဆောက် သော်လည်း ငါ ဖြိုဖျက် မည်။ သူ တို့ကို ဒုစရိုက် ပြည်သား ၊ ထာဝရဘုရား အစဉ် အမျက် ထွက်တော်မူသောလူမျိုး ဟူ၍သမုတ် ကြလိမ့်မည်။ 5 ထိုအမှုကို သင်တို့သည် မြင် သောအခါ၊ ထာဝရဘုရား သည် ဣသရေလ ပြည် ၏ပြင်မှာ ဘုန်းတန်ခိုးကြီး တော်မူသည်ဟု ဆို ကြလိမ့်မည်။ 6 သား သည် အဘ ကို ရိုသေ တတ်၏။ ကျွန် သည် သခင် ကို ကြောက်ရွံ့တတ်၏။ ငါ သည် အဘ မှန်လျှင် ၊ ငါ့ ကို အဘယ်သူ ရိုသေ သနည်း။ သခင် မှန်လျှင် ၊ အဘယ်သူ ကြောက်ရွံ့ သနည်းဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် နာမ တော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ် တို့အား မေး တော်မူ၏။ အကျွန်ုပ်တို့သည် နာမ တော်ကို အဘယ်သို့ မထီမဲ့မြင် ပြုပါသနည်းဟု သင်တို့ မေး ရာတွင်7 ညစ်ညူး သောအစာ ကို ငါ့ ယဇ် ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို အဘယ်သို့ ရှုတ်ချ ပါသနည်းဟုမေး ရာတွင် ၊ ထာဝရဘုရား ၏စားပွဲ သည် ယုတ်မာ ၏ဟုဆိုသောကြောင့်ငါ့ကို ရှုတ်ချကြပြီ။ 8 မျက်စိ ကန်းသော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ ခြေ ဆွံ့သောအကောင်နှင့် နာ သော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မ ဟုတ်လော။ မြို့ဝန် မင်းအား ဆက် ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့် မျက်နှာ ကို ထောက်လိမ့်မည် လော ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 9 ယခု မှာ ဘုရား သခင်သည် ငါ တို့ကို ကယ်မ သနားတော်မူမည်အကြောင်း ၊ ထာဝရဘုရားရှေ့ တော်၌ ဆုတောင်း ကြပါလော့။ သင် တို့လက်ခံသောကြောင့်ဤသို့ ပြုတတ်ကြ၏။ သင် တို့မျက်နှာ ကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 10 သင် တို့တွင် အဘယ်သူ သည် ငါ့တံခါး တို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ ယဇ် ပလ္လင်ပေါ်မှာ မီး ကို အချည်းနှီး ညှိရကြ။ သင် တို့ကို ငါ အလို ရှိ၊ သင် တို့ပြု သောပူဇော် သက္ကာကို ငါ လက်မ ခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 11 နေ ထွက် ရာအရပ်မှ သည် နေဝင် ရာအရပ်တိုင်အောင် တပါးအမျိုးသား တို့တွင် ငါ ၏နာမ တော်သည် ကြီးမြတ် ရလိမ့်မည်။ ခပ်သိမ်း သော အရပ် တို့၌ နံ့သာ ပေါင်း ကို ငါ ၏နာမ တော်အား မီးရှို့၍ ၊ သန့်ရှင်း သော ပူဇော် သက္ကာကို ဆက်ကပ် ရကြလိမ့်မည်။ ငါ ၏နာမ တော်သည် တပါးအမျိုးသား တို့တွင် ကြီးမြတ် ရလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12 သင် တို့က၊ ထာဝရ ဘုရား၏ စားပွဲ တော်သည် ညစ်ညူး ၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ဟုဆို သောကြောင့် စားပွဲ တော်ကို ရှုတ်ချ ကြပြီ။ 13 တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်း စွတကားဟုဆို လျက် ၊ ကဲ့ရဲ့ သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ လု ယူသောအကောင်၊ ခြေ ဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင် ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင် ခဲ့ကြပြီတကား။ သင် တို့လက် မှ ငါခံရ မည် လောဟု ထာဝရဘုရား မေး တော်မူ၏။ 14 သစ္စာ ဂတိထားပြီးမှ မိမိ သိုး စု၌ အထီး ရှိ လျက်ပင် လှည့်စား ၊ ထာဝရ ဘုရားအား ချို့တဲ့ သော အကောင်ကို ယဇ် ပူဇော်သောသူသည် အမင်္ဂလာ ရှိစေသတည်း။ ငါ သည် ကြီးမြတ် သော ရှင်ဘုရင် ဖြစ်၏။ ငါ ၏ နာမ တော်သည် လူ အမျိုးမျိုးတို့တွင် ကြောက်မက် ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

2

1 အို ယဇ်ပုရောဟိတ် တို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သင် တို့အား မိန့်တော်မူသောပညတ် စကားဟူမူကား၊ 2 ငါ ၏နာမ တော်ကို ချီးမွမ်း လိုသောငှါ သင်တို့သည် နား ထောင်၊ နှလုံး သွင်း ဘဲနေလျှင် ၊ ကျိန် ခြင်းဘေးကို သင် တို့အပေါ် သို့ ငါလွှတ် လိုက်မည်။ သင် တို့၏ မင်္ဂလာ ကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက ၊ နှလုံး သွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။ 3 သင်တို့မျိုးစေ့ ကို ငါ ဖျက် မည်။ တိရစ္ဆာန်ချေး တည်းဟူသောသင် တို့ဓမ္မပွဲ ၏တိရစ္ဆာန်ချေး ကို သင် တို့မျက်နှာ ပေါ် ၌ ငါကြဲ မည်။ သူတပါးတို့သည် သင် တို့ကို ထိုတိရစ္ဆာန်ချေး နှင့်အတူ ယူ သွားကြလိမ့်မည်။ 4 ငါ ၏ပဋိညာဉ် ကို လေဝိ အမျိုး၌ တည် စေခြင်းငှါ ၊ ဤ ပညတ် စကားကို သင် တို့ဆီသို့ ငါပေး လိုက်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 5 ငါဖွဲ့သော အသက် ပဋိညာဉ် ၊ ငြိမ်ဝပ် ခြင်း ပဋိညာဉ်သည် ထိုအမျိုး ရှိ ၏။ ငါ့ ကို ကြောက်ရွံ့ ငါ ၏နာမ တော်ရှေ့ ထိတ်လန့် သောကြောင့်ငါဖွဲ့၍ ပေး ၏။ 6 ထိုအမျိုးသည် သစ္စာ တရား စကားကို ပြော တတ် ၏။ သူ့ နှုတ် အပြစ် ကိုရှာ ၍မ တွေ့။ ငြိမ်ဝပ် ခြင်းတရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ငါ နှင့်အတူ သွား လာ၍ ၊ များစွာ သောသူတို့ ကို ဒုစရိုက် အပြစ်မှ လွှဲရှောင် စေတတ် ၏။ 7 ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။ 8 သင် တို့မူကား ၊ လမ်း လွှဲကြပြီ။ လူများ တို့သည် တရား တော်ကို ထိမိ၍ လဲ စေခြင်းငှါပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ကြပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 9 သို့ဖြစ်၍ ၊ သင် တို့သည် ငါ့ လမ်း တို့ကို မ လိုက် ၊ တရား အမှုတွင် လူမျက်နှာ ကို ထောက် သောကြောင့် ၊ လူ ခပ်သိမ်း တို့သည် သင် တို့ကို မထီမဲ့မြင် ပြု၍ ရှုတ်ချ စေခြင်းငှါငါ စီရင် မည်။ 10 ခပ်သိမ်း သော ငါ တို့၌ တပါး တည်းသော အဘ ရှိသည်မ ဟုတ်လော။ တပါး တည်းသော ဘုရား သခင်သည် ငါ တို့ကို ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ ဘိုးဘေး တို့နှင့် ဖွဲ့တော်မူသောပဋိညာဉ် ကို ရှုတ်ချ ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက် ကိုတယောက်သစ္စာ ဖျက်ကြသနည်း။ 11 ယုဒ အမျိုးသည် သစ္စာ ပျက်၏။ ဣသရေလ ပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် ရွံ့ရှာ ဘွယ်သော အမှုကို ပြု ကြ၏။ ယုဒ အမျိုးသည် ထာဝရဘုရား ချစ် တော်မူသော သန့်ရှင်း ခြင်းတရားတော်ကို ရှုတ်ချ ၊ တပါး အမျိုးဘုရား ၏သမီး နှင့် လက်ထပ် ပါသည်တကား။ 12 ထိုသို့ ပြု သောဆရာနှင့်တပည့်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောသူကို၎င်း ၊ ယာကုပ် တဲ တို့မှ ပယ် ဖြတ်တော်မူမည်။ 13 တဖန် သင်တို့ပြု သောအမှုဟူမူကား၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို မျက်ရည် ကျခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့် ဖုံးအုပ် ကြပြီ။ ထိုကြောင့် ၊ ပူဇော် သက္ကာကို မှတ် တော်မ မူ။ သင် တို့လက် မှ နှစ်သက် သောစိတ် နှင့် ခံ တော်မမူ။ 14 အဘယ်ကြောင့် နည်းဟု သင်တို့မေး လျှင်၊ သင့် အသက်ပျို စဉ်အခါ လက်ထပ်၍နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယား တဘက် နှင့် သင့် တဘက် ၌ ထာဝရဘုရား သည် သက်သေ ဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင် ၏ အဆွေ ခင်ပွန်း၊ သင် ဖွဲ့သော ပဋိညာဉ် နှင့်ဆိုင်သော မယား ဖြစ်သတည်း။ 15 တဦး တည်းသော်လည်း၊ ကိုယ်တော် ဝိညာဉ် တော် အကျန် အကြွင်းရှိ၏။ အဘယ်ကြောင့် တဦး တည်း ကိုသာ ဖန်ဆင်း တော်မူသနည်းဟူမူကား၊ ဘုရား သခင်နှင့် ထိုက်တန်သောအမျိုး ကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍ ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ အသက်ပျို စဉ်အခါ လက်ထပ်သော မယား ကို သစ္စာ ဖျက် ၍ မ ပြစ်မှားကြနှင့်။ 16 မယားကိုစွန့် ခြင်းအမှု၊ မိမိ ခင်ပွန်း ပြစ်မှားသောအပြစ် ကို ဖုံးအုပ် ခြင်းအမှုကို ငါမုန်း သည်ဟု၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ထိုကြောင့် ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာ ကို မ ပျက်ကြနှင့်။ 17 သင် တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင်စကား များကြ၏။ နားတော်ငြီးသည် တိုင်အောင်အဘယ်သို့ ပြုမိသနည်းဟုမေး သော် ၊ ဒုစရိုက် ကိုပြု သောသူတိုင်း ထာဝရဘုရား ရှေ့ တော်၌ ကောင်း ၏။ ထိုသို့သောသူတို့ ကို နှစ်သက် တော်မူ၏ ဟူ၍၎င်း ၊ စစ်ကြော စီရင်တော်မူသောဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။

3

1 ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 2 လာ တော်မူသော နေ့ ရက်ကို အဘယ်သူ သည် မ တိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူ သောအခါ အဘယ်သူ သည် ခံရ လိမ့်မည်နည်း။ ထို သခင် သည် ငွေ စစ်သောသူ၏မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။ 3 ငွေ ကို ချွတ် သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။ 4 ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့၏ ပူဇော် သက္ကာသည် ရှေး လွန် လေပြီးသော နှစ် ၊ လ၊ နေ့ ရက်ကာလ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား နှစ်သက် တော်မူဘွယ်ဖြစ်လိမ့်မည်။ 5 သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 6 ငါ သည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲ ခြင်း မ ရှိ။ ထိုကြောင့် ၊ ယာကုပ် အမျိုးသား တို့၊ သင်တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ကြ။ 7 ဘိုးဘေး တို့ လက်ထက် မှစ၍ သင်တို့သည် ငါ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ တိမ်းရှောင် ကြပြီ။ ငါ ထံ သို့ ပြန် လာကြလော့။ ငါသည်လည်း သင် တို့ဆီသို့ ပြန် လာမည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန် လာရပါ မည်နည်းဟု သင်တို့မေး ကြသည်တကား။ 8 လူ သည် ဘုရား သခင်၏ဥစ္စာတော်ကို လုယူ ရ မည်လော။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ ပါသနည်းဟု သင်တို့မေး လျှင်၊ ဆယ် ဘို့တဘို့ကို၎င်း ၊ ပူဇော် သက္ကာတို့ ကို၎င်းလုယူကြပြီ။ 9 သင် တို့သည် ကျိန် ခြင်းအမင်္ဂလာ ကို ခံရကြ၏။ အကြောင်း မူကား၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ 10 ဆယ် ဘို့တဘို့ရှိသမျှ ကို ဘဏ္ဍာ တိုက်ထဲ သို့ သွင်း ၊ ငါ့ အိမ် တော်၌ စားစရာ ရှိ စေခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက် တို့ကို ဖွင့် ၍ ကောင်းကြီး မင်္ဂလာကို အကုန်အစင်သွန်းလောင်း မည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်း ကြလော့ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 11 ကိုက်စား တတ်သော အကောင်ကို သင် တို့အတွက် ငါဆုံးမ ၊ သင် တို့၏ မြေ အသီး အနှံကို မ ဖျက်ဆီး ရ။ သင် တို့၏ စပျစ် ဥယျာဉ် သည် အသီး မသီးဘဲ မ နေရဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12 လူမျိုး အပေါင်း တို့သည် သင် တို့ကို မင်္ဂလာ ရှိ သောသူဟူ၍ခေါ်ဝေါ်ကြလိမ့်မည်။ သင် တို့ပြည် သည် လည်း နှစ်သက် ဘွယ်သော ပြည်ဖြစ် လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 13 သင် တို့သည် ငါ့ တဘက် ၌ ရဲရင့် စွာ ပြောကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ သို့ရာတွင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် တဘက် ၌ အဘယ်သို့ ပြော မိပါသနည်းဟု သင်တို့မေး ကြသည်တကား။ 14 ထာဝရဘုရား ၏အမှု ကို ဆောင်ရွက်သော်လည်း အကျိုး မရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကိုစောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ရှေ့ မှာ ညှိုးငယ် စွာ ကျင့်ကြံ ပြုမူခြင်းအားဖြင့် အဘယ် ကျေးဇူး ရှိသနည်း။ 15 မာန ထောင်လွှားသောသူတို့ကို မင်္ဂလာ ရှိသော သူဟူ၍ငါ တို့သည် ခေါ်ဝေါ်ကြ၏။ အကယ် စင်စစ်ဒုစရိုက် ကိုပြု သောသူတို့သည် အောင် တတ်ကြ၏။ အကယ် စင်စစ်ဘုရား သခင်ကို စုံစမ်း သော်လည်း ချမ်းသာ ရ တတ်ကြ၏ဟု သင်တို့သည် ပြော ကြပြီ။ 16 ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။ 17 ထိုသူတို့သည် ငါ စီရင် သောနေ့ ရက်၌ ငါ ပိုင် ထိုက်သော ဘဏ္ဍာ တော်ဖြစ် ကြလိမ့်မည်။ အဘ ၏အမှု ကို ဆောင်သောသား ကို အဘ နှမြော သကဲ့သို့ ထိုသူ တို့ကို ငါနှမြော မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 18 တဖန် သင်တို့သည် ပြောင်းလဲ ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သောသူ၊ ဘုရား သခင်၏အမှု တော်ကို ဆောင်သောသူ၊ မ ဆောင် သောသူတို့ကို ပိုင်းခြား၍ သိ ရကြလိမ့်မည်။

4

1 မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 2 ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။ 3 တရားသောသူတို့ ကိုလည်း နင်း ကြလိမ့်မည်။ ထိုသို့ငါ စီရင် သော နေ့ ရက်၌ သူတို့သည် သင် တို့ခြေ ဘဝါး အောက် ၌ မြေမှုန့် ကဲ့သို့ဖြစ် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 4 ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ဟောရပ် အရပ်၌ ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။ 5 ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။ 6 ငါသည် လာ သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား တို့နှင့် အဘ တို့ကို၎င်း၊ အဘ တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။