ရှင်လုကာခရစ်ဝင်။

1

1 ရှေ့ဦးစွာ မှစ၍ ကိုယ်တိုင်မြင်သောသက်သေ ဖြစ်လျက်၊ နှုတ်ကပတ် တော်မှုကိုဆောင်ရွက် သောသူ တို့သည်၊ 2 ငါ တို့သည် ထင်ရှားစွာဖြစ်လေပြီး သော အတ္ထုပ္ပတ္တိ များကို ငါ တို့အားကြားပြော သည် အစဉ် အတိုင်းမှတ်သားသောစာ ကို စီရင် ရေးထားသောသူ အများ ရှိကြသည်ဖြစ်၍၊ 3 ငါ သည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံ တို့ကို ရှေ့ဦးစွာ မှစ၍၊ 4 စေ့စေ့ ဖွေရှာလိုက်စစ် ပြီးလျှင်၊ ကိုယ်တော်သင် ပြီးသောအကြောင်းအရာတို့သည်ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ အစဉ် အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိ ပါ၏၊ အလွန်မြတ် သော သော်ဖိလု5 ယုဒ ပြည်ကို အစိုးရသော ဟေရုဒ် မင်းကြီး လက်ထက် ၊ အဘိယ အသင်း အဝင်ဖြစ် ၍၊ ဇာခရိ အမည် ရှိ သော ယဇ် ပုရောဟိတ်တစ်ပါး ရှိ၏။ သူ ၏ခင်ပွန်း သည် အာရုန် အမျိုးအနွယ်ဖြစ်၏။ သူ့ အမည် ကား ဧလိရှဗက် တည်း။ 6 ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။ 7 ဧလိရှဗက် သည် မြုံ သောကြောင့် သူတို့သည်သား ရှိ ။ ထိုသူ နှစ် ယောက်တို့သည် အသက် အရွယ်ကြီးရင့် ကြ၏။ 8 ဇာခရိသည် မိမိ အသင်း နှင့်တကွအလှည့် သင့်၍ ၊ ဘုရားသခင့် ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်9 ယဇ် ပုရောဟိတ်ထုံးစံ အတိုင်း စာရေးတံ ချသဖြင့်၊ သူ သည်ထာဝရ ဘုရား၏ ဗိမာန် တော်အတွင်း သို့ ဝင် ၍နံ့သာပေါင်း ကိုမီးရှို့၏။ 10 ထိုသို့နံ့သာပေါင်း ကို မီးရှို့သည့်အချိန် တွင်၊ လူ အများ အပေါင်း တို့သည် ပြင် ၌ဆုတောင်း လျက် နေ ကြ ၏။ 11 ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည်ထင်ရှား ၍၊ နံ့သာပေါင်း ကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ရပ် နေသည်ကို၊ 12 ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။ 13 ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။ 14 သင် သည်ဝမ်းသာ ရွင်မြူး ခြင်း ရှိ လိမ့်မည်။ ထိုသား ကိုဘွားမြင် သောကြောင့် လူအများ တို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။ 15 အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။ 16 ဣသရေလ အမျိုးသား အများ တို့ကို သူ တို့ဘုရားသခင် ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။ 17 အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။ 18 ဇာခရိ ကလည်း ၊ ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိ ရပါမည်နည်း။ အကျွန်ုပ် သည် လူအို ဖြစ် ပါ၏။ အကျွန်ုပ် မယား သည်လည်း အသက် အရွယ်ကြီးရင့် ပါပြီဟုကောင်းကင်တမန် အား ပြောဆို လျှင်၊ 19 ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။ 20 သင် သည် ငါ့ စကား ကိုမ ယုံသောကြောင့် ဤအကြောင်းအရာမ ဖြစ် မှီနေ့ တိုင်အောင်စကား ပြောနိုင် ဘဲ၊ အ လျက် နေ လိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန် လျှင် ပြည့်စုံ လိမ့်မည်ဟု ပြောဆို ၏။ 21 လူ များတို့သည် ဇာခရိ ကို ငံ့လင့် ၊ ဗိမာန် တော်အတွင်း ၌ ကြာမြင့် စွာနေသည်ကိုအံ့ဩ ခြင်းရှိကြ၏။

22 သူသည်ထွက်လာ သောအခါ စကားမ ပြော နိုင် သည်ဖြစ်၍ ၊ ဗိမာန် တော်၌ ဗျာဒိတ် ရူပါရုံကို မြင် ပြီဟု ရိပ်မိ ကြ၏။ ဇာခရိ သည်သူ တို့အား အရိပ် အမှတ်ကိုသာပေး၍ စကားအ လျက် နေ ၏။ 23 ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအချိန် ကာလကုန် သောအခါ ၊ ဇာခရိသည် မိမိ အိမ် သို့ သွား လေ၏။ 24 ထိုနောက် သူ ၏ခင်ပွန်း ဧလိရှဗက် သည် ပဋိသန္ဓေ စွဲ၍25 ငါသည်လူတို့ တွင် ခံရသော ကဲ့ရဲ့ခြင်း အကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ခြင်းငှာငါ့ ကို ကြည့်ရှု တော်မူစဉ် တွင်၊ ဤ ကျေးဇူးတော်ကို ပြု တော်မူပြီဟုဆို လျက် ၊ ငါး ပတ်လုံးအိမ်တွင်း၌အောင်း၍ နေလေ ၏။ 26 ငါးလ လွန် သောအခါ ၊ ဂါလိလဲ ပြည် နာဇရက် မြို့၌ ဒါဝိဒ် အမျိုးသား ၊ ယောသပ် အမည် ရှိသောလူ နှင့် ထိမ်းမြားဆောင်နှင်း ၍၊ 27 မရှက်တင်သေးသော သတို့သမီး ကညာဆီသို့ ဘုရားသခင် သည် ကောင်းကင်တမန် ဂါဗြေလ ကို စေလွှတ် တော်မူ၏။ သတို့သမီး ကညာကား ၊ မာရိ အမည် ရှိ၏။ 28 ကောင်းကင်တမန်သည် ရောက်လာ လျှင် ၊ ကျေးဇူး တော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရ ဘုရားသည် သင် နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏။ 29 မာရိ သည် ထို စကားကိုကြားလျှင် စိတ် နှလုံးမငြိမ်မဝပ်ရှိ၍ ၊ ဤ နှုတ်ဆက် ခြင်းကား အဘယ်သို့ သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍နေ ၏။ 30 ကောင်းကင် တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာ ပြီ။

31 သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယေရှု အမည် ဖြင့် မှည့် ရ မည်။ 32 ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။ 33 ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။ 34 မာရိ ကလည်း ၊ ဤအမှုအရာ သည် အဘယ်သို့ ဖြစ် လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျား နှင့် မ ဆက်ဆံ ပါဟု ကောင်းကင်တမန် အား ပြန်ပြော ၏။ 35 ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ 36 ထိုမှတပါး ၊ အမြုံမ ဟူ၍ခေါ်ဝေါ် သောသင် ၏ အဆွေအမျိုး ဧလိရှဗက် သည် ပဋိသန္ဓေ စွဲယူ၍ ယခု ခြောက် အဝင်ရှိ ပြီ။ 37 ဘုရားသခင် တတ်နိုင် တော်မမူသောအမှုမ ရှိဟုပြောဆို လျှင်

38 မာရိ က၊ အကျွန်ုပ်သည် ထာဝရ ဘုရား၏ကျွန် မဖြစ်ပါ၏၊ ကိုယ်တော် ၏စကား အတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန် သည် မာရိ ထံမှ သွား လေ၏။

39 ထို အခါ မာရိ သည်ထ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊ 40 ဇာခရိ အိမ် သို့ ဝင် ဧလိရှဗက် ကို နှုတ်ဆက် လေ၏။ 41 ထို နှုတ်ဆက် ခြင်းစကားကို ဧလိရှဗက် သည် ကြား စဉ် တွင် မိမိ ဝမ်း ရှိသောသူငယ် သည်ခုန် ၊ မိမိသည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လျက်၊ 42 သင် သည် မိန်းမ တကာတို့ ထက်မြတ်စွာသောမင်္ဂလာ ရှိ၏။ သင် ၏ဝမ်း ၌ရှိသောသူငယ် သည်လည်း မြတ်စွာသော မင်္ဂလာ ရှိ၏။ 43 အကျွန်ုပ် သခင် ၏ မယ်တော် သည် အကျွန်ုပ် ဆီသို့ ကြွလာ သောကျေးဇူးကို အဘယ် အကြောင်းကြောင့် အကျွန်ုပ် ခံရပါသနည်း။ 44 သင် ၏နှုတ်ဆက် ခြင်းစကား သံကို အကျွန်ုပ် ကြား စဉ် တွင်၊ အကျွန်ုပ် ဝမ်း ထဲ၌ သူငယ် သည်ရွှင်မြူး သော စိတ်နှင့် ခုန် ၏။ 45 ယုံကြည် သောမိန်းမ သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ ထိုမိန်းမ အား ထာဝရ ဘုရားမိန့် တော်မူသောစကား သည် ပြည့်စုံ လိမ့်မည်ဟု ကြီး သောအသံ နှင့် မြွက်ဆို ၏။ 46 မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။ 47 ငါ့ ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ကို အမှီပြု ငါ့ ဝိညာဉ် သည် ရွှင်လန်း ခြင်းရှိ၏။ 48 အကြောင်းမူကား ၊ မိမိ ကျွန် မ၏နှိမ့်ချသောအဖြစ် ကိုကြည့်ရှု တော်မူပြီ။ နောင် ကာလ၌ ခပ်သိမ်း သောလူ အစဉ်အဆက်တို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။ 49 တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။ 50 ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။ 51 လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။ 52 ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။ 53 ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။ 54 ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ55 အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။ 56 မာရိ သည်လည်း ဧလိရှဗက် ထံမှာ သုံး ခန့် နေ ပြီးမှ မိမိ အိမ် သို့ ပြန် လေ၏။ 57 ဧလိရှဗက် သည် ဘွား အံ့သောနေ့ လစေ့ သောအခါ သား ယောက်ျားကိုဘွားမြင် ၏။ 58 ထာဝရ ဘုရားသည် ထူးမြတ် သောသနား ခြင်းကျေးဇူးတော်ကို ဧလိရှဗက် အား ပြုတော်မူသည်ကို ၊ အိမ်နီးချင်း အဆွေအမျိုး တို့သည် ကြား လတ်သော်၊ သူ နှင့်အတူဝမ်းမြောက်ဝမ်းသာ ကြ၏။ 59 ရှစ် ရက်မြောက်သောနေ့ အရေဖျားလှီး ခြင်းကို သူငယ် အားပေးအံ့သောငှာလာ ကြ၍၊ အဘ ၏အမည် ဖြစ်သော ဇာခရိ အမည်ဖြင့် မှည့် သောအခါ အမိ က၊ ထိုသို့မ မှည့်ရ။ 60 ယောဟန် အမည်ဖြင့် မှည့် ရမည်ဟုဆို လျှင် ၊ သူတို့က၊ 61 ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို62 အဘ သည်အဘယ်သို့ မှည့် စေ လိုသနည်းဟု အမှတ် အားဖြင့်မေး ကြ၏။ 63 အဘသည်လည်း သင်ပုံး ကိုတောင်း ၊ သူ ၏အမည် ကားယောဟန် ဖြစ် ၏ဟု ရေး လေသော်၊ ထိုသူ အပေါင်း တို့သည် အံ့ဩ ခြင်းရှိကြ၏။ 64 ထိုခဏခြင်း တွင် ဇာခရိ သည်နှုတ် ဖွင့် ခြင်း၊ လျှာ လွတ်ခြင်းရှိသည်ဖြစ်၍၊ စကား အားဖြင့်ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလေ၏။ 65 အိမ်နီးချင်း ရှိသမျှ တို့သည် ကြောက်ရွံ့ ခြင်းရှိ ကြ၍ ထို အမှုအရာ များသည် ယုဒ ပြည်တောင် ကြားအရပ် တို့၌ အနှံ့အပြား ကျော်စော လေ၏။ 66 ကြား သောသူ အပေါင်း တို့သည် နှလုံး ထဲ၌ မှတ်သား ၊ ဤ သူငယ် သည် အဘယ်သို့ သောသူဖြစ် လိမ့်မည်နည်းဟုဆို ကြ၏။ ထာဝရ ဘုရား၏ လက် တော်သည်လည်း သူငယ် နှင့်အတူ ရှိ တော်မူ၏။ 67 သူ ၏အဘ ဇာခရိ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝ လျက်68 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ 69 အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ70 ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု 71 ငါ တို့အဘ အာဗြဟံ အား ကျိန်ဆို ခြင်းဂတိ တော်တည်းဟူသော သန့်ရှင်း သောပဋိညာဉ် တရားကို အောက်မေ့ တော်မူသဖြင့် ၎င်း၊ 72 ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊ 73 မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍74 ငါ တို့ကိုရန်သူ လက် မှ ၎င်း ၊ မုန်း သောသူ ရှိသမျှ တို့လက်မှ ၎င်း ကယ်လွှတ် မည်အကြောင်း၊ 75 ကယ်လွှတ် ခြင်းဦးချို ကို မိမိ ကျွန် ဒါဝိဒ် အမျိုး ထဲ၌ ငါ တို့အားပေါ်ထွန်း စေတော်မူပြီ။ 76 အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။ 77 အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။ 78 ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊ 79 မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။ 80 ထိုသူငယ် သည်ကား ၊ ကြီးပွား ဉာဏ် သတ္တိ နှင့်ပြည့်စုံ၏။ ဣသရေလ လူ တို့အား ထင်ရှား မှီ တိုင်အောင်တော အရပ်၌ နေ လေ၏။

2

1 ထို အခါ တစ်နိုင်ငံ လုံးကို စာရင်း ယူစေခြင်းငှာကဲသာ ဘုရင်ဩဂုတ္တု သည် အမိန့် တော်ရှိ ၏။ 2 ကုရေနိ သည် ရှုရိ ပြည်၌မြို့ဝန် ဖြစ် စဉ်တွင်၊ ဤ ပဌမ စာရင်း ယူခြင်း ဖြစ်သတည်း။ 3 လူအပေါင်း တို့သည် စာရင်းဝင် ခြင်းငှာအသီးအသီး မိမိ တို့မြို့ ရွာသို့ သွား ကြ၏။ 4 ယောသပ် သည်လည်း ဒါဝိဒ် အမျိုးအနွယ် ဖြစ် ၍၊ ထိမ်းမြား ဆောင်နှင်းသောမယား မာရိ နှင့်အတူ စာရင်းဝင် ခြင်းငှာ၊ 5 ဂါလိလဲ ပြည်နာဇရက် မြို့ မှ ယုဒ ပြည် တွင် ဗက်လင် အမည် ရှိသောဒါဝိဒ် ၏မြို့ သို့ သွား ၏။ ထိုအခါမာရိသည် ပဋိသန္ဓေ အရင့်အမာရှိ ၏။ 6 ဗက်လင်မြို့၌ရှိ နေ စဉ်၊ ဘွား အံ့သော နေ့ လစေ့ လျှင်၊ 7 သားဦး ကိုဘွားမြင် အဝတ် နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည် တည်းရာစရပ်၌ သူ တို့နေစရာ ရှိ သောကြောင့် ၊ သူငယ် ကို နွားစားခွက် သိပ်ထား လေ၏။

8 ထိုပြည် မှာ သိုးထိန်း တို့သည် ညဉ့် အခါ တော အရပ်၌ တည်းခို လျက်၊ မိမိ သိုးစု ကိုစောင့် နေကြသည် ဖြစ် ၍၊ 9 ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် သူ တို့အနားမှာပေါ်လာ ၊ ပတ်ဝန်းကျင် ၌ ထာဝရ ဘုရား၏ ဘုန်း တော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန် ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။ 10 ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။ 11 ယနေ့ တွင် ဒါဝိဒ် မြို့ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။ 12 သင် တို့သည် အဘယ်နိမိတ် ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ် သည်အဝတ် နှင့် ပတ်ရစ်၍ နွားစားခွက် သိပ်ထား လျက်ရှိသည်ကို တွေ့ ကြလိမ့်မည်ဟု ဆို ပြီးလျှင်13 ထို ကောင်းကင်တမန် နှင့်အတူ ကောင်းကင် ဗိုလ်ခြေ အများ တို့သည် ချက်ခြင်း ထင်ရှား14 ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။

15 ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံသို့ ပြန် ကြပြီးမှ သိုးထိန်း တို့က၊ ငါတို့သည် ဗက်လင် မြို့သို့ သွား ကြကုန်အံ့။ ထာဝရ ဘုရားသည် ဖော်ပြ တော်မူသော ဤ အမှုအရာ ကို ကြည့် ကြကုန်အံ့ဟု အချင်းချင်း ပြောဆို ပြီးလျှင်16 အလျင်အမြန် သွား မာရိ နှင့် ယောသပ် ကို၎င်း ၊ နွားစားခွက် သိပ်ထား လျက်ရှိသောသူငယ် ကို၎င်း တွေ့ ကြ၏။ 17 တွေ့မြင် ပြီးမှ မိမိ တို့ကြား သောထို သူငယ် ၏ အကြောင်း စကား ကို အနှံ့အပြား ပြောကြ၏။ 18 သိုးထိန်း တို့ပြော သောစကား ကိုကြား သော သူ ရှိသမျှ တို့သည် အံ့ဩ ခြင်းရှိကြ၏။ 19 မာရိ သည်ထို အကြောင်းအရာအလုံးစုံ တို့ကို မှတ်ကျုံး ၍ စဉ်းစား ဆင်ခြင်လျက်နေ၏။ 20 သိုးထိန်း တို့သည်လည်း မိမိ တို့အား ပြော နှင့်သည်အတိုင်း ကြား မြင် သမျှ သော အကြောင်းအရာကိုထောက်၍၊ ဘုရားသခင် ကို အံ့ဩ ချီးမွမ်း လျက် ပြန်သွား ကြ၏။ 21 ထိုသူငယ် အား အရေဖျားလှီး ခြင်းကို ပေးရသောနေ့တည်းဟူသောရှစ် ရက်မြောက်သောနေ့ ရောက် လျှင် ၊ ပဋိသန္ဓေ စွဲတော်မ မူမှီကောင်းကင်တမန် မှည့် သော ယေရှု အမည် ဖြင့် မှည့် ကြ၏။ 22 ထိုနောက် မောရှေ ၏ ပညတ် တရားအတိုင်း စင်ကြယ် ခြင်းကိုပြုရသော နေ့ရက် စေ့ သောအခါ ၊ မိဘတို့ သည် သူငယ် ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍၊ 23 သားဦး ယောက်ျား အပေါင်း တို့သည် ဘုရား အဘို့ သန့်ရှင်း ရကြ၏ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ သည်နှင့်အညီ ၊ ထာဝရ ဘုရားအား ဆက်ကပ် ပြီးမှ24 ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တစ်ခုခုကိုပူဇော် ရမည်ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ ပြန်သည်နှင့်အညီ ယဇ် ပူဇော်ကြ၏။

25 ထိုအခါ ရှုမောင် အမည် ရှိသောသူ တစ်ယောက်သည် ယေရုရှလင် မြို့၌ ရှိ ၏။ ထို သူ သည် ဖြောင့်မတ် သောသူ ၊ တရား ကိုရိုသေသောသူ၊ ဣသရေလ အမျိုး၏ သက်သာ ခြင်းအကြောင်းကို မြော်လင့် သောသူ ဖြစ်၏။ သန့်ရှင်း သောဝိညာဉ် တော်သည် သူ့ အပေါ် ၌တည် သည်ဖြစ်၍26 သူ သည်ထာဝရ ဘုရား၏ခရစ်တော် ကိုမ မြင် မှီ မ သေ ရဟု ဗျာဒိတ် တော်ကိုရ၏။ 27 ထိုအခါ သူ သည် ဝိညာဉ် တော်အားဖြင့် ဗိမာန် တော်သို့ သွား ၊ မိဘ တို့သည် သူငယ် ယေရှု ကို ပညတ် တရားထုံးတမ်း အတိုင်း ပြု ခြင်းငှာဆောင်သွား စဉ် တွင်၊ 28 ရှုမောင် သည်ယေရှု ကို လက် နှင့် ချီပိုက်29 ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် သည် ငြိမ်ဝပ် စွာ စုတေ့ ရသောအခွင့်ကို ကိုယ်တော်သည် ယခု တွင်ပေးတော်မူ၏။ 30 ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို ချီးမြှောက် စေခြင်းငှာ ၎င်း31 တစ်ပါး အမျိုးသားတို့ကို လင်း စေခြင်းငှာ၎င်း၊ 32 လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။ 33 ထိုစကား များကို ယောသပ် နှင့် မယ်တော် သည် ကြားလျှင် အံ့ဩ ခြင်းရှိ ကြ၏။ 34 ရှုမောင် သည်လည်း သူ တို့ကိုကောင်းကြီး ပေး၍ မယ်တော် မာရိ အား ၊ ဤ သူငယ်ကား ဣသရေလ လူ အများ လဲ မည်အကြောင်း ၊ အများထ မည်အကြောင်း၊ လူအများ တို့၏အကြံအစည် ကို ထင်ရှား စေခြင်းငှာငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထား သောသူဖြစ်၏။ 35 ထိုမှတစ်ပါး သန်လျက် သည် သင် ၏စိတ် နှလုံးကို ခွင်း လိမ့်မည်ဟု မြွက်ဆို ၏။ 36 အာရှာ အမျိုး ဖြစ်သော ဖနွေလ ၏သမီး ၊ အန္န အမည်ရှိသော ပရောဖက်မ တစ်ယောက်ရှိ ၏။ သူ သည် ပျို သောအရွယ်မှစ၍ ခုနစ် နှစ် သောလင် နှင့် နေ ပြီးလျှင်၊ 37 အသက် ကြီးရင့် ၍ အနှစ် ရှစ်ဆယ်လေး နှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမ ဖြစ် လျက်၊ ဆုတောင်း ခြင်းနှင့် အစာရှောင် ခြင်းအားဖြင့်နေ့ ညဉ့် မပြတ်ဘုရား ဝတ်ကိုပြု၍ ဗိမာန် တော်နှင့် မ ခွာ ဘဲနေ၏။ 38 သူ သည်လည်း ထို ခဏခြင်း တွင်ဝင် ထာဝရ ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း လေ၏။ ယေရုရှလင် မြို့ ၌ ရွေးနှုတ် ခြင်းအရာကို မြော်လင့် သောသူ အပေါင်း တို့အား ထိုသူငယ် ၏ အကြောင်း ကို ပြော လေ၏။ 39 မိဘ တို့သည် ထာဝရ ဘုရား၏ ပညတ် တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင် ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက် အမည်ရှိသောမိမိ တို့ မြို့ သို့ ပြန် ကြ၏။ 40 သူငယ် သည်လည်း ကြီးပွား ပညာ ဉာဏ်သတ္တိ နှင့် ပြည့်စုံ ၏။ ဘုရားသခင် ၏ကျေးဇူး တော်သည်လည်း သူ့ အပေါ် ၌တည် ၏။ 41 မိဘ တို့သည် နှစ် တိုင်း အစဉ်ပသခါ ပွဲ ခံချိန်ရောက်လျှင် ၊ ယေရုရှလင် မြို့သို့ သွား ကြ၏။ 42 ယေရှုသည် တစ်ဆယ့်နှစ် နှစ် ရှိသောအခါ ပသခါ ပွဲ ထုံးစံ အတိုင်း ယေရုရှလင်မြို့သို့တက် ကြ၍၊ 43 ပွဲနေ့ရက် လွန် ပြီးမှ မိဘ တို့သည်ပြန် ကြလျှင် ၊ သူငယ် ယေရှု သည် ယေရုရှလင် မြို့၌ နေရစ် လေ၏။ ယောသပ် နှင့်မယ်တော်သည် ထိုအကြောင်းကို မ သိ44 အပေါင်းအဘော် စုထဲမှာ သူငယ် ပါ သည်ဟု စိတ်ထင် နှင့် တစ်နေ့ ခရီး သွား မိလျှင် ၊ အဆွေအမျိုး အသိအကျွမ်း တို့တွင် ရှာ ၍၊ 45 တွေ့ သောအခါ ယေရုရှလင် မြို့သို့ ပြန် ၍ရှာ ကြ၏။

46 သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။ 47 သူ၏ စကားကိုကြား သောသူ အပေါင်း တို့သည် သူ၏ ပညာ ကို၎င်း၊ စကားအဖြေ ကို၎င်း အံ့ဩ ကြ၏။ 48 မိဘတို့သည် သား ကိုမြင် လျှင် မိန်းမော တွေဝေ၍ မယ်တော် က၊ ငါ့သား ၊ အဘယ်ကြောင့် ငါ တို့အား ဤသို့ ပြု သနည်း။ ညှိုးငယ် ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟုဆို သော်၊ 49 ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ် ကိုရှာ ရပါသနည်း။ အကျွန်ုပ် သည်အဘ ၏ အိမ်၌ နေ သည်ကို မ သိ ပါသလောဟု ပြောဆို လျှင်50 သူ တို့သည် ထို စကား ကိုနား လည်ကြ။ 51 ထိုနောက် ယေရှုသည် မိဘ တို့နှင့်အတူ သွား သဖြင့် နာဇရက် မြို့သို့ ရောက် သူ တို့စကားကို နားထောင် လျက်နေ လေ၏။ ထို အကြောင်း အရာအလုံးစုံ တို့ကို မယ်တော် သည် နှလုံး ထဲ၌ မှတ်ကျုံး လေ၏။ 52 ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။

3

1 ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊ 2 အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏3 ပရောဖက် ဟေရှာယ ၏ ကျမ်းစာ လာ သည်ကား၊ တော ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ 4 လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။ 5 ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။ 6 လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။ 7 ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။ 8 နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။ 9 သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။

10 လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊ 11 ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။ 12 အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင်13 သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။ 14 စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။ 15 လူ အများ တို့သည် မြော်လင့် ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊ 16 ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။ 17 လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။ 18 အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။ 19 ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊ 20 ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။ 21 လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ 22 သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။

23 ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ24 ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ်25 ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ 26 ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န 27 ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ 28 အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ 29 ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ30 လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ31 မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ်32 ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန်33 နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ34 ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ်35 နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ36 ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက်37 လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန်38 ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။

4

1 ယေရှု သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ ယော်ဒန် မြစ်နားမှ ပြန် စဉ်တွင် ဝိညာဉ် တော်သည် တော သို့ ပို့ဆောင် တော်မူ၏။ 2 အရက် လေးဆယ် ပတ်လုံးမာရ်နတ် ၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထို ကာလ ပတ်လုံးအစာအာဟာရကို သုံးဆောင် တော်မ မူ။ ထိုကာလလွန် ပြီးမှ မွတ်သိပ် တော်မူ၏။ 3 မာရ်နတ် ကလည်း ၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် လျှင် ကျောက်ခဲ ကိုမုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။

4 ယေရှု ကလည်း လူ သည်မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှ အားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာ သည် ဟု ပြန်ပြောတော်မူ ၏။

5 တစ်ဖန် မာရ်နတ် သည် ယေရှု ကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍၊ ဤလောက ၌ရှိသမျှ သော တိုင်း နိုင်ငံတို့ကို တစ်ခဏခြင်း တွင် ပြညွှန်6 ဘုန်း တန်ခိုး အာနုဘော်ရှိသမျှ ကို ငါ ၌အပ် ခဲ့ပြီ။ ငါသည် ပေးလို သောသူ အားပေး ရသည်ဖြစ်၍ ကိုယ်တော် အား ပေး ပါမည်။ 7 ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။

8 ယေရှု ကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။

9 တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၊ ဗိမာန် တော်၏ အထွဋ် တင် ထားပြီးလျှင်၊ 10 ကျမ်းစာလာ သည်ကား၊ သင့် ကို စောင့်ရှောက် စေခြင်းငှာကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍11 သင် ၏ခြေ ကိုကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ၊ သူတို့သည် သင့် ကိုလက် နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သား တော်မှန် လျှင် အထွဋ်မှ ကိုယ် ကိုအောက် သို့ ချ လိုက်တော်မူပါဟု လျှောက် လေ၏။

12 ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်း ပြုရဟု ကျမ်းစကား ရှိ သည် ဟု ပြန်ပြောတော်မူ ၏။ 13 ထိုသို့ မာရ်နတ် သည် စုံစမ်း သွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင်ပြု ပြီးလျှင်၊ အထံ တော်မှ ထွက်သွား ၍ ကာလ အတန်အရာနေလေ၏။ 14 ယေရှု သည် ဝိညာဉ် တော်တန်ခိုး နှင့် ဂါလိလဲ ပြည်သို့ ပြန် ၊ သိတင်း တော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။ တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးတော်မူ၍15 လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။ 16 ကြီးပွား တော်မူရာ နာဇရက် မြို့သို့ ရောက် ပြန်လျှင် ၊ ထုံးစံ တော်ရှိသည်အတိုင်း ဥပုသ်နေ့ တရားစရပ် သို့ ဝင် ကျမ်းစာကို ဘတ်ရွတ် ခြင်းငှာထ တော်မူ၏။ 17 စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊ 18 ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။ 19 အကြောင်းမူကား ၊ ဆင်းရဲသား တို့အား ဝမ်းမြောက် စရာသိတင်းကိုကြားပြောစေခြင်းငှာငါ့ ကို ဘိသိတ် ပေး တော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ဘမ်း သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ် ခြင်းအကြောင်းနှင့် မျက်စိ ကန်းသောသူတို့အား မျက်စိမြင်ပြန် ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မ စေခြင်းငှာ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာ နှစ် ကာလကို ကြားပြော စေခြင်းငှာ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီဟုလာသတည်း။ 20 ကျမ်းစာ ကိုလိပ် စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။

21 ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။ 22 ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား ဟုတ် တုံလောဟု ဆို ကြ၏။ 23 ယေရှုကလည်း၊ အကယ်၍သင်တို့သည် ပုံပမာ ဆောင်လျှက်၊ အချင်းဆေးသမား ၊ ကိုယ် အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြား သည်အတိုင်း၊ သင်သည် ကပေရနောင် မြို့၌ ပြု သမျှ သော အမှုအရာတို့ကို ကိုယ် နေရင်း မြို့၌ လည်း ၊ ပြုပါဟူ၍ငါ့ အား ပြောဆို ကြလိမ့်မည်။ သို့သော်လည်း ၊ ငါအမှန် ဆို သည်ကား၊ 24 အဘယ် ပရောဖက် မျှ မိမိ နေရင်း မြို့၌ မျက်နှာ မရတတ်။ 25 ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် သုံး နှစ် နှင့် ခြောက် ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။ 26 သို့သော်လည်း ၊ ထိုမုဆိုးမတစ်ယောက်ရှိရာ သို့မျှ ဧလိယ ကိုစေလွှတ် တော်မမူ။ ဇိဒုန် ပြည် ဇရတ္တ မြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာ သို့ စေလွှတ်တော်မူ၏။ 27 ပရောဖက် ဧလိရှဲ လက်ထက် တွင်လည်း ၊ ဣသရေလ အမျိုး၌ နူနာစွဲ သောသူအများ ရှိ ကြ၏။ သို့သော်လည်း ၊ နေမန် အမည်ရှိသောရှုရိ လူမှတစ်ပါး အဘယ်သူ မျှသန့်ရှင်း ခြင်းသို့ မရောက် ဟုမိန့်တော်မူ၏။

28 တရားစရပ် ရှိသော လူအပေါင်း တို့သည် ထို စကားတော်ကို ကြား သောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊ 29 ကိုယ်တော် ကိုမြို့ ပြင် သို့ နှင်ထုတ် ပြီးလျှင် ၊ ထို မြို့ တည် ရာတောင် ထိပ် စွန်းအငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွား ကြ၏။ 30 ကိုယ်တော် သည် သူ တို့အလယ် ၌ လျှောက် ကြွသွား တော်မူ၏။ 31 ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ဆုံးမ ဩဝါဒပေးတော်မူ၏။ 32 အာဏာ နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာ တော်ကိုအလွန်အံ့ဩ ကြ၏။ 33 ထိုတရားစရပ် ညစ်ညူး သော နတ်ဆိုး စွဲ သောသူ တစ်ယောက်ရှိ34 နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။

35 ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် လှဲချ ၍ ဘေးဥပဒ် ပြုဘဲ ထွက်သွား ၏။ 36 လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤ စကား သည် အဘယ်သို့ သော စကားနည်း၊ ညစ်ညူး သောနတ် တို့ကို အာဏာ တန်ခိုး နှင့် မှာထား သူတို့သည် ထွက်သွား ကြသည်တကားဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။ 37 သိတင်း တော်သည်လည်း ၊ ပတ်ဝန်းကျင် အရပ် တို့၌ နှံ့ပြား ကျော်စောလေ၏။ 38 တရားစရပ် မှ ထွက် ပြီးလျှင် ရှိမုန် အိမ် သို့ ကြွ တော်မူ၏ ။ ရှိမုန် ၏ယောက္ခမ သည် ပြင်းစွာ သော ဖျားနာ စွဲ သည်ဖြစ်၍ သူ့ အတွက် ကိုယ်တော် ကိုတောင်းလျှောက် ကြ၏။ 39 ကိုယ်တော်သည် ထိုမိန်းမ ၏အနား မှာရပ် ဖျားနာ ကိုဆုံးမ တော်မူလျှင် ၊ သူ သည် အဖျားပျောက် သဖြင့် ချက်ခြင်း ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ 40 နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။

41 နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။ 42 မိုဃ်းလင်း သောအခါ တော အရပ် သို့ ထွက် ကြွ တော်မူ၍ ၊ လူ အများတို့သည် ကိုယ်တော် ကိုရှာ ကြ၏၊ အထံ တော်သို့ ရောက် လျှင် ၊ မိမိ တို့နေရာမှ ထွက်ကြွ တော် မ မူမည်အကြောင်း ဆီးတား ကြ၏။ 43 ကိုယ်တော်ကလည်း၊ ဘုရားသခင် ၏နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို အခြား သောမြို့ ရွာတို့ ၌ ငါ ဟောပြောရ မည်။ 44 ထိုသို့ အလို့ငှာ ငါ့ကိုစေလွတ် လျက်ရှိသည် ဟု မိန့် တော်မူ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ် တို့၌ တရား ဟောပြော လျက်နေ တော်မူ၏။

5

1 တရံရောအခါ ဂင်္နေသရက် အိုင် နား မှာ ရပ် တော်မူ၍ ၊ လူ များတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင် ခြင်းငှာကိုယ်တော် အနီးသို့ တိုးဝင် ကြစဉ် တွင်၊ ကမ်း နား မှာဆိုက် သော လှေ နှစ် စင်းကိုမြင် တော်မူ၏။ 2 တံငါ တို့သည် လှေ ထဲက ထွက် ၍ပိုက်ကွန် တို့ကို ဆေးလျှော် လျက်နေကြ၏။ 3 ထို လှေ တို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင် တော်မူပြီးလျှင် ၊ လှေကိုကမ်း နားမှာ အနည်းငယ် ခွာ ဖွင့်စေခြင်းငှာရှိမုန် ကို အခွင့်တောင်း တော်မူ၏။ ထို လှေ ပေါ်မှာထိုင် လျက် လူ များတို့ကို ဆုံးမ ဩဝါဒပေးတော်မူ၏။ 4 စကား တော်ပြတ် သောအခါ ရေနက် ရာအရပ်သို့ ရွှေ့ ဦးလော့။ ပိုက်ကွန် ကိုချ ငါးကိုအုပ် စမ်းလော့ ဟု ရှိမုန် အား မိန့် တော်မူ၏။

5 ရှိမုန် ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ကြိုးစား သော်လည်း တစ် ကောင်ကိုမျှမရ ပါ။ သို့ရာတွင် အမိန့် တော်ရှိလျှင် ပိုက်ကွန် ကို ချ ပါမည်ဟု လျှောက် လေ၏။ 6 ထိုသို့ ချ ကြပြီးလျှင် ၊ အလွန် များစွာ သောငါး တို့ကို အုပ်မိ သဖြင့် ပိုက်ကွန် သည် စုတ်ပျက် စရှိ၏။ 7 အခြား သော လှေ တစ်စင်း၌ ရှိသော အပေါင်းအဖော် တို့သည်လာ ၍ကူညီ စေခြင်းငှာသူ တို့ကို အမှတ်ပေး သဖြင့် ၊ သူတို့သည်လာ လှေ နှစ် စင်းနစ် လုမတတ် ငါးနှင့်ပြည့် စေကြ၏။ 8 ရှိမုန် ပေတရု သည်မြင် လျှင်၊ ယေရှု ၏ ပုဆစ် တော်ကိုဦးတိုက် ၊ သခင် ၊ အကျွန်ုပ်သည် အပြစ် များသော သူ ဖြစ် ပါ၏။ အကျွန်ုပ် ဆီမှ ကြွသွား တော်မူပါဟု လျှောက် လေ၏။ 9 အဘယ်ကြောင့် ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိ သောငါး များကိုထောက် သဖြင့်၊ ရှိမုန် နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် မှစ၍ ရှိမုန် နှင့်ပါသမျှ သောသူ တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

10 ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည်ယခု မှစ၍ လူ တို့ကိုဘမ်းမိ သောသူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။ 11 ကမ်း နားမှာ လှေ ကိုဆိုက် ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှ တို့ကို စွန့်ပစ် ၍ နောက် တော်သို့လိုက်ကြ၏။ 12 ကိုယ်တော် သည် မြို့ တစ် မြို့၌ ရှိ တော်မူစဉ် ၊ တစ်ကိုယ်လုံး နူနာစွဲ သော သူ တစ်ယောက်သည် ကိုယ်တော် ကို မြင် လျှင် ပြပ်ဝပ် ၊ သခင် ၊ အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။

13 ယေရှုကလည်း ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟုမိန့် တော်မူလျက် ၊ လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင်နူနာ ပျောက် လေ ၏။ 14 ယေရှု ကလည်း အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။ 15 သို့သော်လည်း သိတင်း တော်သည်သာ၍ ကျော်စော သဖြင့် ၊ များစွာ သောလူ အပေါင်းတို့သည် တရား နာလိုသောငှာ၎င်း ၊ အနာ ငြိမ်း စေခြင်းကျေးဇူးတော်ကို ခံလိုသောငှာ၎င်း၊ စုဝေး လျက်ရှိကြ၏။ 16 ကိုယ်တော် သည် တော အရပ်သို့ ကြွ ဆုတောင်း လေ့ရှိတော်မူ၏။

17 တစ်နေ့သ၌ ကိုယ်တော် သည် ဆုံးမ ဩဝါဒပေးတော်မူစဉ် ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဂါလိလဲ ပြည်မြို့ရွာ များ တို့က ရောက်လာ သော ဖာရိရှဲ တို့နှင့် နိဿရည်း ဆရာတို့သည် ထိုင် လျက်ရှိ ကြ၏၊ အနာ ရောဂါ ငြိမ်းစေခြင်းငှာသခင်ဘုရား ၏ တန်ခိုး တော်သည် ထင်ရှား ၏။ 18 ထိုအခါ လက်ခြေသေ သောသူ တစ်ယောက်ကို အိပ်ရာ နှင့်တကွအထံသို့ဆောင်ခဲ့ ၍၊ ရှေ့ တော်၌ သွင်း ထား ခြင်းငှာရှာကြံ ကြ၏။ 19 လူစုဝေး လျက်ရှိသောကြောင့် ဝင်စရာ လမ်းကိုမ တွေ့ သဖြင့် ၊ အိမ်မိုး ပေါ်သို့ တက် ၍ အုတ်မိုး ကို ဖောက်ပြီးမှလူနာ ကို အိပ်ရာ နှင့်တကွ လူများ အလယ် ယေရှု ၏ ရှေ့ တော်သို့ လျှော့ချ ကြ၏။ 20 ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။

21 ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ ဘုရားကိုလွန်ကျူး ၍ ပြော သောဤ သူ ကား အဘယ်သူ နည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည် အပြစ် ကို လွှတ် နိုင် သနည်းဟု ထင်မှတ် ကြ၏။

22 ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။ 23 အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟု ပြော လွယ်သလော ။ သင် ထ လှမ်းသွား လော့ ဟုပြောလွယ်သလော။ 24 လူ သား သည်မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ လော့။ ကိုယ် အိပ်ယာ ကို ဆောင် ကိုယ် အိမ် သို့ သွား လော့။ သင့် အား ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။ 25 ထိုသူသည်လည်း လူ အများရှေ့ မှာ ချက်ခြင်း အိပ်ရာကိုဆောင် လျက်၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိ အိမ် သို့ သွား လေ၏။ 26 ထိုသူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ် သော အမှုအရာကို ယနေ့ မြင် ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။

27 ထိုနောက် ကိုယ်တော်သည် ထကြွ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။ 28 ထိုသူသည်လည်း ရှိသမျှ တို့ကို စွန့်ပစ် လျက် ထ ၍နောက် တော်သို့လိုက်လေ၏။ 29 ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။ 30 ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က သင်တို့သည် အခွန်ခံ သောသူ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သောက် ကြသနည်းဟု တပည့် တော်တို့ကိုကဲ့ရဲ့အပြစ်တင် ကြ၏။

31 ယေရှု ကလည်း ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။ 32 ဖြောင့်မတ် သောသူတို့သည် နောင်တ သို့ ခေါ် ခြင်းငှာလာ သည်မ ဟုတ် ဆိုး သော သူတို့ကို ခေါ်ခြင်းငှာ ငါ လာ သတည်း ဟု မိန့် တော်မူ၏။ 33 လူအချို့တို့က၊ ယောဟန် ၏ တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ခြင်းနှင့် ဆုတောင်း ခြင်းတို့ကို အဖန်တလဲလဲ ပြု ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် စား သောက် လျက် နေကြ ပါသနည်းဟု လျှောက် ကြ၏။

34 ကိုယ်တော် ကလည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိစဉ်အခါ သူတို့ကို အစာရှောင် စေနိုင် သလော။ 35 မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။

36 ဥပမာ ကား ၊ အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် အထည်သစ် သည် ဆွဲဆုတ် တတ်၏။ ဖာ သောအထည်သစ် သည် အဝတ်ဟောင်း နှင့် သင့် မတင့်တတ်။ 37 ၎င်းနည်း၊ ဟောင်း သောသားရေဘူး အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် အသစ် သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် ၊ စပျစ်ရည် သည်ယို သားရေဘူး လည်း ပျက်စီး တတ်၏။ 38 အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ထည့် ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။ 39 ဟောင်း သောစပျစ်ရည်ကိုသောက် ပြီးသော သူသည်လည်း အသစ် သောစပျစ်ရည်ကို ချက်ခြင်းအလို ရှိတတ်။ ဟောင်း သော စပျစ်ရည်သာ၍ကောင်း သည်ကိုသိ၏ ဟုမိန့် တော်မူ၏။

6

1 ဒုတိယဧကဒက်ဥပုသ်နေ့ ကိုယ်တော် သည် ဂျုံစပါးလယ်ကွက် တို့ကို ရှောက်ကြွ တော်မူလျှင် ၊ တပည့် တော်တို့သည် စပါး အသီးအနှံကိုဆွတ် လက် နှင့် ပွတ်နယ် စား ကြ၏။ 2 ဖာရိရှဲ အချို့ တို့က၊ ဥပုသ်နေ့ ပြုအပ် သောအမှု ကိုသင်တို့သည် အဘယ်ကြောင့် ပြု ကြသနည်းဟု ဆို ကြသော်၊

3 ယေရှု က၊ ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ4 ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ယဇ်ပုရောဟိတ် တို့မှတစ်ပါး အဘယ်သူ မျှမ စား အပ် သော ရှေ့ တော် မုန့် ကို ယူ စား ၊ မိမိ အဘော် တို့အားပေး သည်အကြောင်းကိုမျှ သင်တို့သည်မ ဘတ် ဘူးသလော။ 5 ထိုမှတပါး ၊ လူ သား သည် ဥပုသ်နေ့ ကိုပင် အစိုးရ သည် ဟု မိန့် တော်မူ၏။

6 အခြား သောဥပုသ်နေ့ ကိုယ်တော် သည်တရားစရပ် သို့ ဝင် ဆုံးမ ဩဝါဒပေးတော်မူသည်တွင်၊ ထို စရပ်၌ လက်ျာ လက် သေ သောသူ တစ်ယောက်ရှိ ၏။ 7 ဥပုသ်နေ့ သူ၏ရောဂါကို ငြိမ်း စေမည် မငြိမ်းစေမည်ကို ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ ချောင်းကြည့် ကြ၏။ 8 ကိုယ်တော် သည် ထိုသူ တို့အကြံအစည် ကိုသိ လျှင်၊ လက် သေ သောသူ အား၊ လော့။ အလယ် မတ်တတ် နေလော့ ဟု မိန့် တော်မူသည်အတိုင်း ထိုသူသည်ထ ၍ မတ်တတ် နေ၏။ 9 ယေရှု ကလည်း၊ သင် တို့ကိုငါမေး မည်။ ဥပုသ်နေ့ အဘယ်သို့ပြုအပ် သနည်း။ ကျေးဇူးပြု အပ်သလော ။ သူ့အကျိုးကို ဖျက်ဆီး အပ်သလော။ အသက် ကို ကယ် အပ်သလော ၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူပြီးလျှင်10 ထိုသူ အပေါင်း တို့ကို ပတ်လည် ကြည့်ရှုလျက်၊ သင် ၏လက် ကို ဆန့် လော့ ဟု ထိုသူ အားမိန့် တော်မူ၍ သူသည်မိမိလက်ကိုဆန့် လျှင် ၊ ထိုလက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။ 11 ထိုသူ များတို့သည် ဒေါသ စိတ်နှင့် ယစ်မူး ယေရှု အား အဘယ်သို့ ပြု အံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ၏။ 12 ထို နေ့ရက် ကာလ၌ ကိုယ်တော် သည် ဆုတောင်း ပဌနာပြုခြင်းငှာတောင် ပေါ်သို့ ကြွ ဘုရားသခင် အား ဆုတောင်း ပဌနာပြုလျက် တစ် ညဉ့်နေ တော်မူ၏။

13 မိုဃ်းလင်း သောအခါ တပည့် တော်တို့ကို ခေါ် တော်မူ၍14 ပေတရု အမည်သစ်ကိုရသော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊ ယာကုပ် နှင့် ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ15 မသ္သဲ နှင့် သောမ ၊ အာလဖဲ ၏သားယာကုပ် နှင့် ဇေလုပ် ဟုခေါ်ဝေါ် သော ရှိမုန်16 ယာကုပ် ၏ ညီယုဒ နှင့် ကိုယ်တော်ကိုအပ်နှံ သော ယုဒ ရှကာရုတ် တည်းဟူသောတကျိပ် နှစ်ပါးတို့ကို ရွေးကောက် တမန်တော် အမည် ဖြင့် သမုတ်တော်မူ၏။ 17 ထိုသူ တို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ မြေညီ ရာအရပ် ရပ် တော်မူ၏။ တရား နာခြင်းငှာ၎င်း ၊ အနာ ရောဂါတို့ကိုငြိမ်း စေခြင်းငှာ၎င်း၊ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်။ ပင်လယ် ကမ်းနား၊ တုရု မြို့၊ ဇိဒုန် မြို့ အရပ်ရပ် တို့က လာ ကြ သော လူ အစုအဝေး အပေါင်း တို့နှင့် တပည့် တော်အပေါင်း တို့သည် ရှိကြ၏။ 18 ညစ်ညူး သောနတ် ညှင်းဆဲ သောသူ တို့သည်လည်း လာ၍ချမ်းသာ ရကြ၏။ 19 ကိုယ်တော် အထဲ ကတန်ခိုး ထွက် လူအပေါင်း တို့ကို သက်သာ စေတော်မူသည်ဖြစ်၍၊ ပရိသတ် အပေါင်း တို့သည် ကိုယ်တော် ကိုတို့ ခြင်းငှာရှာကြံ ကြ၏။ 20 ထိုအခါ ကိုယ်တော် သည်မြော် ၍ တပည့် တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲ သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏နိုင်ငံဖြစ် ၏။ 21 ယခု တွင် ငတ်မွတ် သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ဝပြော ခြင်းသို့ ရောက်ကြလတံ့။ ယခု တွင် ငိုကြွေး သော သင်တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ရယ် ကြ လတံ့။ သူတစ်ပါး တို့သည် လူ သား ကြောင့် သင် တို့ကိုမုန်း သောအခါ22 ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။ 23 ထို ကာလ ဝမ်းမြောက် ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန် ကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သူ တို့၏ဘိုးဘေး များသည် ပရောဖက် တို့ကို ထိုသို့ ပင်ပြု ကြပြီ။ 24 တစ်နည်းကား၊ ငွေရတတ် သောသင် တို့ သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် မိမိ သက်သာ ခြင်းကို ယခုခံရ ကြ၏။ 25 စွာစားရသော သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ် ခြင်းသို့ ရောက်ရကြလတံ့။ ယခု ရယ် တတ်သောသင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ညည်းတွား ငိုကြွေး ရကြလတံ့။ 26 လူ တို့သည် သင် တို့ကို ချီးမွမ်း သောအခါ ၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သူ တို့၏ ဘိုးဘေး များသည် မိစ္ဆာ ပရောဖက်တို့ကို ထိုသို့ ပင် ပြု ကြပြီ။ 27 ငါ့စကားကိုကြား ရသော သင် တို့အား ငါဆို သည်ကား၊ သင် တို့၏ ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကို မုန်း သောသူ တို့အား ကျေးဇူး ပြု ကြလော့။ 28 သင် တို့ကို ကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင် တို့ကို နှောင့်ရှက် သောသူ တို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။ 29 သင် ၏ ပါး တဘက်ကို ပုတ် သောသူ အား ပါးတဘက် ကိုပေး ဦးလော့။ သင့် ဝတ်လုံ ကို သိမ်းယူ သော သူ အား သင့်အင်္ကျီ ကိုလည်း ယူစေခြင်းငှာအခွင့် ပေးဦးလော့။ 30 အကြင်သူ သည် သင့် ကိုတောင်း ၏။ ထိုသူအားပေး လော့။ သင့် ဥစ္စာ ကို သိမ်းယူ သောသူ အားပြန် ၍ မ တောင်းနှင့်။ 31 သင်တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေလို သည်အတိုင်း သူတစ်ပါး ၌ ပြု ကြလော့။ 32 သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူ တို့သည် ကိုယ် ကိုချစ် သောသူ တို့အား ချစ်တုံ့ပြု ကြသည် မဟုတ်လော။ 33 သင် တို့ကို ကျေးဇူးပြု သောသူ တို့အားသာ ကျေးဇူး ပြုလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သော သူ တို့သည် ဤမျှလောက် ပြု ကြသည်မဟုတ်လော့။ 34 သူတစ်ပါးအား ဥစ္စာချေးငှား သောအခါ ဆပ်ပေး လိမ့်မည်ဟု မြော်လင့် လျက် ချေးငှားလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံ လို၍ ဆိုး သောသူချင်းတို့အား ချေးငှား တတ် သည် မဟုတ်လော။ 35 သင် တို့မူကား ရန်သူ တို့ကိုချစ် ကြသလော။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မြော်လင့် ခြင်း မ ရှိဘဲချေးငှား ကြလော့။ ထိုသို့ပြုလျှင်သင် တို့အကျိုး ကြီး လိမ့်မည်။ အမြင့်ဆုံး သောဘုရား၏ သား ဖြစ် ကြလိမ့်မည်။ 36 ထိုဘုရား သည် ကျေးဇူး မသိသောသူ ၊ ဆိုးညစ် သောသဘောရှိသော သူတို့အား ကျေးဇူး ပြု တော်မူ၏။ ထို့ကြောင့် သင် တို့အဘ သည် သနား ခြင်းစိတ်ရှိ တော်မူသည်နည်းတူ သင်တို့သည်လည်း သနား ခြင်းစိတ်ရှိ ကြ လော့။ 37 သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ မ ပြုလျှင်သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်း နှင့် ကင်းလွတ် ကြလိမ့်မည်။ သူတစ်ပါးကို အပြစ် စီရင်ကြနှင့် ။ မ စီရင်လျှင် သင်တို့သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ် ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။ 38 သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။ 39 ဥပမာ ကား ၊ လူကန်း သည် လူကန်း ကို လမ်းပြနိုင် သလော။ နှစ် ဦးတို့သည် တွင်း ထဲသို့ ကျ လိမ့်မည်မ ဟုတ်လော။ 40 တပည့် သည် ဆရာ ထက် သာ။ အပြီး သင်ပြီးသော တပည့်တိုင်း မိမိ ဆရာ ကဲ့သို့ ဖြစ် လိမ့်မည်။ 41 ကိုယ် မျက်စိ ရှိသောတံကျင် ကို မ အောက် မမေ့ဘဲ၊ ညီအစ်ကို မျက်စိ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။ 42 ကိုယ် မျက်စိ ရှိသော တံကျင် ကို မ မြင်မှတ် ဘဲလျက်၊ ညီအစ်ကို ၊ သင် ၏မျက်စိ ရှိသော ငြောင့်ငယ် ကို ထုတ် ပါရစေဟု အဘယ်သို့ ညီအစ်ကို အားဆို ရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ရှိသောတံကျင် ကို ရှေးဦးစွာ ထုတ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ရှိသော ငြောင့်ငယ် ကိုထုတ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။ 43 မကောင်း သောအသီး ကိုသီး သော အပင်ကား၊ ကောင်း သောအပင် ဟုတ် ။ ကောင်း သောအသီး ကို သီး သော အပင်ကား၊ မကောင်း သောအပင် ဟုတ်။ 44 အသီး ကိုထောက်၍အပင် သဘော ကိုသိ ရ၏။ ဆူးပင် သင်္ဘောသဖန်း သီးကို မ ဆွတ် တတ်။ တောချုံ စပျစ်သီး ကိုမ ဆွတ် တတ်။ 45 ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။ 46 ငါ့စကား ကို နား ထောင်ဘဲလျက်၊ ငါ့ ကိုသခင် ၊ သခင် ဟု အဘယ်ကြောင့် ခေါ် ကြသနည်း။ 47 ငါ့ ထံသို့ လာ ငါ့ စကား ကိုကြား သည်အတိုင်း နားထောင် သောသူ သည် အဘယ်သူ နှင့် တူ သနည်း ဟူမူကား၊ 48 တိုက် ကိုတည် သောအခါ နက် စွာတူး ကျောက် ပေါ်မှာ တိုက်မြစ် ချ သောသူ နှင့်တူ၏။ မြစ် ရေထ သဖြင့် ရေစီး ထို တိုက် ကိုရိုက်ခတ် သောအခါ ကျောက်ပေါ်မှာတည် လျက်ရှိသောကြောင့် လှုပ် နိုင် ရာ။ 49 ငါ့စကားကိုကြား နားထောင် သောသူ မူကား ၊ အခုအခံ ရှိဘဲ မြေ ပေါ်မှာ တိုက် ကိုတည် သောသူ နှင့်တူ၏။ ရေစီး ထို တိုက် ကိုရိုက်ခတ် သောအခါ၊ ချက်ခြင်း လဲ အကုန်အစင် ပြိုပျက် လေသည် ဟု ဟော တော်မူ၏။

7

1 ထိုဒေသနာ တော်ကို ယေရှုသည် ပရိသတ် တို့အား အကုန်အစင် ဟောတော်မူပြီးမှကပေရနောင် မြို့ သို့ ကြွဝင် တော်မူ၏။ 2 ထိုမြို့၌ တပ်မှူး ၏ကျွန် တစ် ယောက်သည်နာ ၍ သေခါနီး ရှိ ၏။ သူ၏သခင် သည် သူ့ကိုချစ် ၍၊ 3 ယေရှု ၏ သိတင်း တော်ကိုကြား လျှင် ၊ ယုဒ အမျိုး အကြီးအကဲ တို့ကိုအထံ တော်သို့ စေလွှတ် သဖြင့်၊ ကိုယ်တော်သည်ကြွ ၍ထိုကျွန် ကိုချမ်းသာ ပေးတော်မူမည်အကြောင်း တောင်းပန် လေ၏ ။ 4 ထိုသူ တို့သည် ယေရှု ထံတော်သို့ ရောက် လျှင် ၊ ကျေးဇူးတော်ကို ခံ မည့်သူ သည်ခံထိုက် သောသူဖြစ် ပါ၏။ 5 သူ သည် အကျွန်ုပ် တို့အမျိုး ကို နှစ်သက် အကျွန်ုပ် တို့အဘို့ တရားစရပ် ကို ဆောက် ပါပြီဟု၍ ကျပ်ကျပ် တောင်းပန် ကြ၏။

6 ယေရှု သည် သူ တို့နှင့်အတူ ကြွ တော်မူ၏။ တပ်မှူး အိမ် နှင့်မ နီးမဝေး ရောက် တော်မူသောအခါ ၊ တပ်မှူးသည် မိမိ အဆွေ တို့ကို စေလွှတ် ၍၊ သခင် ၊ ကိုယ်ကို ပင်ပန်း စေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ အိမ်မိုး အောက် သို့ ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မ ခံထိုက် ပါ။ 7 ထိုအတူ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ ရောက် ထိုက် သောသူမ ဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့် တော်တစ်ခွန်းရှိ လျှင် အကျွန်ုပ် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။ 8 ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ် သော်လည်းစစ်သူရဲ များကိုအုပ်စိုး တစ်ဦး ကိုသွား ချေဟု ဆို လျှင် သွား ပါ၏။ တစ်ဦး ကိုလာ ခဲ့ဟုခေါ်လျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် စေ၏။

9 ထို စကားကို ယေရှု သည်ကြား တော်မူလျှင် အံ့ဩ ခြင်းရှိ၍ နောက် တော်သို့လိုက်သောသူ များကို လှည့်ကြည့် လျက်၊ ငါဆို သည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး ဟု မိန့် တော်မူ၏။ 10 တပ်မှူးစေလွှတ် သော သူ တို့သည် အိမ် သို့ ပြန်ရောက် လျှင် ၊ အနာရောဂါစွဲသော ကျွန် သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ ကြ၏။

11 နက်ဖြန် နေ့၌ နာဣန မြို့ သို့ ကြွ တော်မူ၍ ၊ တပည့် တော်များနှင့် လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြ၏။ 12 မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။ 13 သခင် ဘုရားသည် ထိုမိန်းမ ကိုမြင် လျှင် သနား ခြင်းစိတ်တော်ရှိ၍၊ ငို နှင့် ဟု မိန့် တော်မူလျှက် အနီး သို့ ကြွ၍ တလား ကို လက်နှင့်တို့ တော်မူသဖြင့် ၊ ထမ်း သောသူ တို့သည် ရပ် ၍နေကြ၏၊ 14 ကိုယ်တော်ကလည်း အချင်းလုလင် ၊ ထ လော့၊ သင့် အားငါအမိန့် ရှိသည် ဟု မိန့် တော်မူလျှင်15 သေ သောသူ သည် ထိုင် စကား ပြော၏။ ကိုယ်တော်သည်လည်း ထိုသူ ကိုမိခင် အား အပ်ပေး တော်မူ၏။ 16 လူအပေါင်း တို့သည် ကြောက်ရွံ့ ခြင်း သို့ရောက်၍ ၊ ကြီးစွာ သောပရောဖက် သည် ငါ တို့တွင် ပေါ်ထွန်း ပြီ။ ဘုရားသခင် သည် မိမိ လူမျိုး ကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။ 17 ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။

18 ယောဟန် ၏ တပည့် တို့သည် ထို အကြောင်း အရာအလုံးစုံ တို့ကို မိမိ ဆရာအားကြားပြော ကြ၏။ 19 ထိုအခါ ယောဟန် သည် မိမိ တပည့် နှစ် ယောက်ကို ခေါ် ပြီးလျှင် ယေရှု ထံတော်သို့ စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။ 20 ထိုသူတို့သည် အထံ တော်သို့ ရောက် လျှင်၊ ကိုယ်တော် သည်ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေခြင်းငှာ၊ ဗတ္တိဇံ ဆရာယောဟန် သည် အကျွန်ုပ် တို့ကို ကိုယ်တော် ထံသို့ စေလွှတ် ပါပြီဟု လျှောက် ကြ၏။ 21 ထို အချိန် နာရီ၌ ယေရှုသည် လူများ တို့ကို အနာ ရောဂါဝေဒနာ ဘေး၊ နတ် ဆိုး ဘေးနှင့် ကင်းလွတ် စေ တော်မူ၏။ မျက်စိ ကန်းသောသူများ တို့ကိုလည်း မျက်စိ မြင်စေခြင်းငှာကျေးဇူး ပြုတော်မူ၏။ 22 ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။ 23 ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကိုကြားရကြ၏။ ငါ့ ကြောင့် စိတ် ပျက်သောသူ သည် မင်္ဂလာ ရှိ ဟု ပြန်ပြောတော်မူ ၏။

24 ယောဟန် စေလွှတ် သောသူ တို့သည် သွား ကြသည်နောက် ၊ ယေရှုသည် ယောဟန် ကို အကြောင်း ပြု၍ ပရိသတ် တို့အား၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှု ခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သောကျူပင် ကို ကြည့်ရှုခြင်းငှာ သွား သလော။ 25 သို့မဟုတ် နူးညံ့ သောအဝတ် ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာသွားသလော။ တင့်တယ် သော အဝတ် ကိုဝတ်ဆင်၍ ကောင်းမွန် စွာစားသောက်သောသူ တို့သည် မင်းအိမ် နေ တတ်ကြ၏။ 26 ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏။ 27 ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသော ငါ ၏တမန် ကိုသင့် ရှေ့ ၌ငါစေလွှတ် ၏ဟုဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။ 28 ငါဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက် ကြီးမြတ် သော ပရောဖက် တစ်ယောက် မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်တွင် အငယ်ဆုံး သောသူ သည် ထိုသူ ထက် သာ၍ကြီးမြတ်၏။ 29 အခွန်ခံ သူမှစ၍ လူ အပေါင်း တို့သည် ယောဟန်၏စကားကို ကြားနာ ရလျှင် ၊ ဘုရားသခင် ကို ချီးမွမ်း ၍ ယောဟန် ပေးသော ဗတ္တိဇံ ကို ခံ ကြ၏။ 30 ဖာရိရှဲ နှင့် ကျမ်းတတ် တို့မူကား ၊ သူ တို့အကျိုး အလိုငှာ ဘုရားသခင် ကြံစည် တော်မူသော ကျေးဇူးတော်ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံ ကို မ ခံဘဲနေကြ၏။ 31 ထိုကြောင့် လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ အဘယ်သူ နှင့်တူ သနည်း။ 32 ပွဲ သဘင်၌ ထိုင်နေ သောသူငယ်ချင်းတို့သည် တစ် ယောက်ကိုတစ်ယောက် အသံလွှင့် ကြ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာမြည်တမ်းသော်လည်း ငိုကြွေး ကြဟု ပြောဆို သောသူငယ် တို့နှင့် ဤလူမျိုးသည် တူ လှ၏။ 33 အကြောင်းမူကား ၊ ဗတ္တိဇံ ဆရာယောဟန် သည် မုန့် ကိုမ စား ၊ စပျစ်ရည် ကိုမ သောက် ဘဲ လာ သည်ရှိသော်သင်တို့က၊ ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။ 34 လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ 35 သို့သော်လည်း ပညာ တရားသည် မိမိ သား ရှိသမျှ တို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်လွတ်၏ ဟု မိန့်တော်မူ၏။

36 ဖာရိရှဲ တစ် ယောက်သည် အစာကို သုံးဆောင် တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ ထိုဖာရိရှဲ ၏ အိမ် သို့ ကြွ စားပွဲ၌လျောင်း တော်မူသည်။ 37 ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ 38 နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။ 39 ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။

40 ယေရှု ကလည်း အချင်းရှိမုန် ၊ သင့် အား ငါပြော စရာတစ်ခု ရှိ သည် ဟု မိန့် တော်မူလျှင် ၊ အရှင် ဘုရား အမိန့် ရှိတော်မူပါဟု လျှောက် သော်၊

41 ယေရှုက၊ ဥစ္စာရှင် တစ်ဦး ၌ ကြွေးစား နှစ် ဦးရှိ ၏။ တစ် ယောက်၌ကား ဒေနာရိ အပြားငါးရာ ၊ တစ် ယောက်၌ ကား ငါးဆယ် ကြွေး ရှိ၏။ 42 သူ တို့သည် ကြွေးဆပ် ရန်မ ရှိ သောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ် ယောက်တို့ကို အချည်းနှီး လွှတ်၏။ သို့ဖြစ်လျှင် ထိုသူ နှစ်ယောက်တွင် အဘယ်သူ သည်ကြွေးရှင် ကိုသာ၍ ချစ် လိမ့်မည်နည်း ဟု မေးတော်မူ၏။

43 ရှိမုန် ကလည်း၊ သာ၍ ကျေးဇူးကိုခံရ သောသူ သည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင် ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင် သည်အတိုင်း မှန် ပေ၏ဟု မိန့် တော်မူပြီးမှ44 ထို မိန်းမ ကို လှည့် ရှိမုန် အားလည်း၊ သင်သည် ဤ မိန်းမ ကိုမြင်သလော ။ သင် ၏အိမ် သို့ ငါဝင် သော် သင်သည် ခြေ ဆေးရေ ကိုမ ပေး ။ ဤ မိန်းမမူကား ၊ ငါ့ ခြေ ပေါ်သို့မျက်ရည် ကျ မိမိ ဆံပင် နှင့်သုတ် လေပြီ။ 45 သင်သည် ငါ့ ကိုမ နမ်း ၊ သူ မူကား ၊ အိမ်သို့ဝင် သောအချိန်မှစ၍ ငါ့ ခြေ ကိုနမ်း လျက်မ စဲ ဘဲနေ၏။ 46 သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။ 47 ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။

48 ထိုမိန်းမ အားလည်း သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။ 49 စားပွဲ၌လျောင်း သောသူ တို့က၊ အပြစ် ကိုလွှတ် သော ဤ သူကား အဘယ်သူ နည်းဟု အောက်မေ့ ကြ၏။ 50 ယေရှုသည် ထို မိန်းမ အား သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်တင် ပြီ။ ငြိမ်ဝပ် စွာသွား လော့ ဟု မိန့် တော်မူ၏။

8

1 ထိုနောက်မှ ကိုယ်တော် သည် မြို့ ရွာ အစဉ် အတိုင်းဒေသစာရီ လှည့်လည်၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏။ 2 တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ3 ဟေရုဒ် မင်း၏ စားတော်ကဲ ခုဇ ၏မယား ယောဟန္န နှင့် ရှုရှန္န မှစ၍မိမိဥစ္စာ ကိုလှူ၍ ကိုယ်တော် ကို လုပ်ကျွေး သော အခြား မိန်းမအများ ပါကြ၏။ 4 များစွာ သောလူ အပေါင်းတို့သည် မြို့ ရွာအရပ်ရပ် တို့မှ အထံ တော်သို့ လာ စုဝေး လျက်ရှိကြသောအခါ၊ ဥပမာ စကားအားဖြင့် မြွက်ဆို တော်မူသည်မှာ၊ 5 မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။ 6 အချို့ သောအစေ့တို့သည် ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်သောအခါ မြေဩဇာ ရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။ 7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ဆူးပင် တို့သည် အတူ ပေါက်၍ ညှဉ်းဆဲ ကြ၏။ 8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ကျ သဖြင့် အပင် ပေါက်၍အဆ တရာပွားများ၍ အသီး သီး ကြ ၏ ဟု မိန့် တော်မူပြီးမှ၊ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေဟု ကြွေးကြော် တော်မူ၏။

9 တပည့် တော်တို့ကလည်း၊ ထို ဥပမာ ၏ အနက်အဓိပ္ပါယ် ကား အဘယ် နည်းဟု မေးလျှောက် ကြလျှင်10 ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏ နက်နဲ သောအရာတို့ကို သိ ရသောအခွင့် ရှိကြ၏။ ကြွင်း သောသူ တို့မူကား ၊ မြင် လျက်ပင် အာရုံမ ပြုဘဲမြင် ၊ ကြား လျက်ပင်အနက်ကို နား လည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာ အားဖြင့် ဟောရ၏။ 11 ထို ဥပမာ အနက်အဓိပ္ပါယ် ကား မျိုးစေ့ သည် ဘုရားသခင် ၏တရားစကား ဖြစ် ၏။ 12 လမ်း ရှိသောသူ ကား ၊ တရားစကားကို ကြား သည်ရှိသော်၊ ယုံကြည် ခြင်း၊ ကယ်တင် ခြင်းသို့ မ ရောက် စေခြင်းငှာ ၊ မာရ်နတ် သည် လာ တရားစကား ကို နှလုံး ထဲမှ နှုတ်ယူ သောသူ ကိုဆိုလိုသတည်း။ 13 ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။ 14 ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် အသီး သီးသောသူ ကိုဆိုလိုသတည်း။ 15 ကောင်း သောမြေ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။

16 ဆီမီး ထွန်း ပြီးလျှင် အိုး မှောက်၍ ဖုံးထား လေ့မ ရှိ။ ခုတင် အောက် ၌လည်း ထား လေ့မရှိ။ ဝင် သောသူ သည် အလင်း ကိုမြင် စေခြင်းငှာဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။ 17 ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။ 18 ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။

19 ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည် လာ ၍ စည်းဝေး သောသူ များသောကြောင့် ၊ ကိုယ်တော် ရင်းသို့ မ ချဉ်းကပ် နိုင် ဘဲနေကြ၏။ 20 လူအချို့ကလည်း၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုတွေ့ လို ၍ ပြင် မှာရပ် နေကြပါ၏ဟု လျှောက် လျှင်

21 ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

22 တစ်နေ့သ၌ ယေရှု သည် တပည့် တော်တို့နှင့်အတူ လှေ ထဲသို့ ဝင် ၍၊ အိုင် တစ်ဘက် သို့ ကူး ကြကုန်အံ့ဟု မိန့် တော်မူပြီးလျှင် လွှင့်သွား ကြ၏။ 23 အိုင်ကိုကူး သောအခါ ယေရှုသည် ကျိန်းစက် တော်မူ၏။ အိုင် မိုဃ်းသက်မုန်တိုင်း ဖြစ် ၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက် လု၏။ 24 တပည့်တော်တို့သည် ချဉ်းကပ် ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း သာယာ လေ၏။ 25 ကိုယ်တော်ကလည်း၊ သင် တို့ယုံကြည် ခြင်းစိတ်သည် အဘယ်မှာ ရှိသနည်း ဟု မေး တော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့ အံ့ဩ ၊ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ရေ ကိုပင် မှာထား တော်မူ၍ ၊ သူတို့ သည် နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။

26 ဂါလိလဲ ပြည်နှင့် အိုင်တစ်ဘက် ဖြစ် သော ဂါဒရ ပြည် သို့ ရောက် ကြ၍27 ယေရှုသည် ကုန်း ပေါ်သို့ တက် တော်မူလျှင် ၊ ကာလ တာရှည် စွာ နတ်ဆိုး စွဲ သဖြင့် အဝတ် ကိုမ ဝတ် ၊ အိမ် နေ ၊ သင်္ချိုင်း တစပြင်၌ နေတတ်သော ဂါဒရပြည်သားတစ် ယောက်သည် ကိုယ်တော် ကို ခရီးဦးကြိုပြု လေ၏။ 28 ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။ 29 လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။

30 ယေရှု ကလည်း သင် သည် အဘယ် အမည် ရှိ သနည်း ဟုမေး တော်မူလျှင်၊ ထိုလူကို နတ်ဆိုး အများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင် ဖြစ်ပါသည်ဟု လျှောက် ပြီးမှ31 အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။ 32 ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။ 33 နတ်ဆိုး တို့သည် လူ မှ ထွက် ဝက် ထဲသို့ ဝင် သဖြင့်၊ ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း အသက် ဆုံးကြ၏။ 34 ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊ 35 လူများတို့သည် ထို အမှု အရာ ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ အထံ တော်သို့ ရောက် သောအခါ နတ်ဆိုး ထွက်သွား သောသူ သည်အဝတ်ကိုဝတ် ပကတိ စိတ်နှင့် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် နေသည်ကို မြင် လျှင်၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။ 36 နတ်ဆိုးစွဲ သောသူ သည်အဘယ်သို့ သောအားဖြင့်ကျန်းမာ ပကတိရှိသည်ကို သိမြင် သောသူ တို့သည်နောက်လာသောသူ တို့အား ပြန်ကြား ပြီးမှ37 ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ပြန် တော်မူ၏။ 38 နတ်ဆိုး ထွက်သွား သောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင်39 ယေရှုက၊ သင်သည်ကိုယ် အိမ် သို့ ပြန်သွား လော့။ ဘုရားသခင် သည် သင် ၌အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြော လော့ ဟူ၍လွှတ် လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို တစ်မြို့လုံး တွင် အနှံ့အပြား သိတင်းကြားပြော လေ၏။ 40 ယေရှု သည် ပြန် တော်မူလျှင် ၊ လူ အစုအဝေးအပေါင်း တို့သည် ကိုယ်တော် ကိုမြော်လင့် လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။

41 ထိုအခါ ယာဣရု အမည် ရှိသောတရားစရပ် မှူး သည် လာ ယေရှု ၏ခြေ တော်ရင်း၌ ပြပ်ဝပ် လျက်42 တစ်ဆယ်နှစ် နှစ် အရွယ်ရှိသော မိမိ ၌တစ်ယောက်တည်း သောသမီး သည် သေ ဆဲရှိသောကြောင့် ၊ မိမိ အိမ် သို့ ကြွ တော်မူမည်အကြောင်း ကိုယ်တော် ကိုတောင်းပန် ၍ ကြွ တော်မူစဉ် တွင်လူ အစုအဝေးတို့သည် ကိုယ်တော် ကို ထိခိုက်တိုက်မိ ကြ၏။ 43 ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာစွဲ သောကြောင့် ၊ ဥစ္စာ ရှိသမျှ ကို ဆေးသမား တို့အား ပေး ၍ ကုန်သော်လည်း၊ အဘယ် ဆေးသမားလက်၌ မျှ ချမ်းသာ ရနိုင် သော မိန်းမ တစ်ယောက်သည်၊ 44 နောက် တော်သို့ ချဉ်းကပ် အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။ 45 ယေရှု ကလည်း ငါ့ ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူလျှင်၊ လူအပေါင်း တို့သည် ငြင်း လတ်သော်၊ ပေတရု မှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင် ၊ လူ အစုအဝေးတို့သည် ကိုယ်တော် အား ထိခိုက်တိုက်မိ ကြသည်ဖြစ်၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက် လေ၏။

46 ယေရှု ကလည်း တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုတို့ လေပြီ။ ငါ့ ကိုယ်မှ တန်ခိုး ထွက် သည်ကို ငါ သိ ဟု မိန့် တော်မူ၏။

47 ထို မိန်းမ သည်မိမိပုန်းရှောင် ၍ မ နေနိုင်သည်ကိုသိ လျှင် တုန်လှုပ် လျက်လာ ၊ အဘယ် အကြောင်း ကြောင့် တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူ အပေါင်း တို့ရှေ့ မှာ ပြပ်ဝပ် လျက် ကြားလျှောက် လေ၏။ 48 ကိုယ်တော်ကလည်း ငါ့သမီး ၊ မစိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့ ဟု မိန့် တော်မူ၏။

49 ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ်မှ လူ လာ ၊ ကိုယ်တော် ၏ သမီး သေ ပါပြီ။ ဆရာ ကို မ နှောင့်ရှက် ပါနှင့်ဟုဆို ၏။ 50 ယေရှု သည်ကြား လျှင် ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ် လိမ့်မည် ဟု တရားစရပ်မှူး အား မိန့် တော်မူ၏။ 51 အိမ် သို့ ရောက် လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ် နှင့် မိန်းမငယ် ၏မိ မှတစ်ပါး အဘယ်သူ ကိုမျှ အထဲ သို့မဝင် စေခြင်းငှာဆီးတား တော်မူ၏။ 52 လူအပေါင်း တို့သည် ငိုကြွေး မြည်တမ်း ကြသည်ကို ကိုယ်တော်က၊ မ ငို ကြနှင့်။ သူငယ်သေ သည် မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူလျှင်53 သူငယ်သေ ကြောင်း ကို ထိုသူတို့သည်သိ သဖြင့် ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။ 54 ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှသူငယ် ၏လက် ကို ကိုင် တော်မူလျက် သူငယ် လော့ ဟု ခေါ် တော်မူသည်တွင်၊ 55 စိတ် ဝိညာဉ်ပြန်လာ မိန်းမငယ်သည် ချက်ခြင်း လေ၏။ 56 သူ့ အားစားစရာ ပေး လော့ ဟု မိန့် တော်မူ၏။ မိဘ တို့သည် မိန်းမော တွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူ အားမျှမပြော ရမည်အကြောင်း ပညတ် တော်မူ၏။

9

1 တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို စုဝေး စေတော်မူပြီးမှ ၊ နတ်ဆိုး အပေါင်း တို့ကို နိုင်သောတန်ခိုး နှင့် အနာ ရောဂါတို့ကို ငြိမ်း စေခြင်းငှာအခွင့် တန်ခိုးကို ပေး တော်မူ၏။ 2 ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်းကို ဟောပြော စေခြင်းငှာ၎င်း ၊ လူနာ တို့ကို ချမ်းသာ စေခြင်းငှာ၎င်းစေလွှတ် တော်မူ၍3 သင်တို့သည် လမ်း ခရီးဘို့ အဘယ် အရာကိုမျှမယူ ကြနှင့်။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေ ကိုမ ယူကြ နှင့်။ အင်္ကျီ နှစ် ထည်ကိုလည်း မ ပါ စေကြနှင့်။ 4 မည်သည့် အိမ် သို့ ဝင် လျှင် ထို အိမ်တွင် ထို အရပ်မှမထွက် မသွားမှီတိုင်အောင်နေ ကြလော့။ အကြင်သူ တို့သည် သင် တို့အားဧည့်သည် ဝတ်ကို မ ပြုဘဲနေ၏။ 5 ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။

6 တပည့်တော်တို့သည် ထွက်သွား ဧဝံဂေလိ တရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ် တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာ တို့တွင် ဒေသစာရီ လှည့်လည် ကြ၏။7 7 ယေရှုပြု တော်မူသမျှ တို့ကို စော်ဘွား ဟေရုဒ် သည်ကြား လျှင် တွေးတော သောစိတ်ရှိ၏။ အကြောင်းမူကား ၊ လူအချို့ က၊ ယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီဟု ဆို ကြ၏။ 8 အချို့ ကဧလိယ ပေါ်ထွန်း ပြီဟု ဆိုကြ၏။ အချို့ ကရှေး ပရောဖက် တပါးပါး ပြန်ပြီဟုဆိုကြ၏။ 9 ဟေရုဒ် မင်းကလည်း ၊ ယောဟန် ၏လည်ပင်း ကို ငါ ဖြတ်လေပြီ။ ဤမျှလောက် သောသိတင်း ကို ငါကြား ရသော ဤ သူကား အဘယ်သူ နည်းဟုဆိုလျက်ယေရှု ကို မြင် ခြင်းငှာအလိုရှိ ၏။

10 တမန်တော် တို့သည် အထံ တော်သို့ပြန်လာ မိမိတို့ပြု သမျှ တို့ကို ကြားလျှောက် ကြ၏။ ကိုယ်တော်သည် သူ တို့ကိုခေါ် ၊ ဗက်ဇဲဒ မြို့နယ် အတွင်း တော၌ဆိတ်ကွယ် ရာအရပ်သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့ သည် သိ လျှင် နောက်တော်သို့ လိုက် ကြ၏။ 11 ထိုလူ များကို လက်ခံ တော်မူလျက် ၊ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်း ကို ဟောပြော ၍၊ နာ သော သူ တို့ကို ချမ်းသာ ပေးတော်မူ၏။ 12 မိုဃ်း ချုပ် သောအခါ တကျိပ် နှစ်ပါးသောသူ တို့သည် ချဉ်းကပ် လျက်၊ လူ များတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၊ အိပ်ရာ ၊ စားစရာ ကို ရှာ စေခြင်းငှာ အခွင့် ပေးတော်မူပါ။ ဤ အရပ်သည် တော အရပ် ဖြစ် ပါ၏ ဟု လျှောက် ကြလျှင်

13 ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ် တို့သည်သွား ၍ ဤ လူ အပေါင်း တို့စားစရာ ဘို့ ဝယ် လျှင် ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ် တို့၌ မရှိ ပါဟုလျှောက် ကြ၏။ 14 ထိုသို့လျှောက်သည်အကြောင်း ကား၊ လူ ငါးထောင် ခန့် မျှရှိ သတည်း။ ထိုအခါ လူ များတို့ကို တစ်စုလျှင် ငါးဆယ် စီ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ 15 တပည့် တော်တို့သည် အမိန့်တော်အတိုင်း ပြု ၊ လူအပေါင်း တို့ကို လျောင်း စေပြီးလျှင်16 ယေရှုသည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ကောင်းကင် သို့ ကြည့်မျှော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ လူ များရှေ့၌ ထည့် စေခြင်းငှာတပည့် တော်တို့အားပေး တော်မူ၏။ 17 လူအပေါင်း တို့သည် စား ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း တစ်ဆယ့်နှစ် တောင်း အပြည့်ရကြ၏။

18 တရံရောအခါ ၊ ယေရှု သည် တပည့် တော်တို့နှင့်တကွ ဆိတ်ကွယ် ရာအရပ်၌ ဆုတောင်း တော်မူစဉ်၊ လူ များတို့သည် ငါ့ ကိုအဘယ်သူ ဖြစ် သည်ကို ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်19 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ရှေး ပရောဖက် တပါးပါးထ ပြန်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊ 20 သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော်သည် ဘုရားသခင် ၏ ခရစ်တော် ဖြစ်တော်မူသည်ဟု လျှောက် လေ၏။ 21 ထို အကြောင်းကို အဘယ်သူ အားမျှ မပြော စိမ့်သောငှာတပည့် တော်တို့ကို ကြပ်တည်း စွာ ပညတ် တော်မူ၏။ 22 ထိုမှတပါး၊ လူ သား သည် များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက်သောနေ့ ထမြောက် လိမ့်မည် ဟူသော အကြောင်း များတို့ကို မိန့် တော်မူ၏။

23 ထိုမှတစ်ပါး ၊ လူအပေါင်း တို့အား မိန့် တော်မူသည်ကား၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို နေ့တိုင်း ထမ်း ငါ့ နောက်သို့လိုက် ရမည်။ 24 အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူ သည် မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။ 25 စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ကိုယ်ကိုကိုယ် ဆုံးရှုံး သောသူ သည် အဘယ် ကျေးဇူး ရှိသနည်း။ 26 အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏၊ လူ သား သည် မိမိ ဘုန်း၊ မိမိအဘ ခမည်းတော်၏ ဘုန်း၊ သန့်ရှင်း သောကောင်းကင် တမန်တို့၏ဘုန်း ကို ဆောင် လျက်ကြွလာ သောအခါ ၊ ထို သူကို ရှက် တော်မူလတံ့။ 27 ငါအမှန် ဆို သည်ကား၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို မ မြင် မှီ သေ ခြင်းသို့ မ ရောက် ရကြ ဟု မိန့်တော်မူ၏။

28 ထိုသို့ မိန့် တော်မူသည်နောက် ၊ ရှစ် ရက် လောက် လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ဆုတောင်း ခြင်းငှာတောင် ပေါ်သို့ တက်ကြွ တော်မူ၏။ 29 ဆုတောင်း တော်မူစဉ် တွင်မျက်နှာ တော်သည် ထူးခြား သောအဆင်း အရောင်ရှိ၍ ၊ အဝတ် တော်လည်း ပြောင်ပြောင် လက်လက်ဖြူ ၏။ 30 မောရှေ နှင့် ဧလိယ တည်းဟူသောလူ နှစ် ယောက်တို့သည် ဘုန်း အသရေနှင့် ထင်ရှား ၍၊ 31 ကိုယ်တော် နှင့်အတူဆွေးနွေး လျက် ယေရုရှလင် မြို့၌ စုတေ့ တော်မူမည်အကြောင်းအရာကို ပြော ကြ၏။ 32 ပေတရု နှင့် သူ ၏အဘော် တို့သည် မျက်စိလေးလံ သဖြင့် တငိုက်ငိုက် ရှိ ကြ၏၊ နိုး သောအခါ ဘုန်း အသရေတော်ကို၎င်း ၊ ကိုယ်တော် နှင့် ရပ် နေသောလူ နှစ် ယောက်ကို၎င်း မြင် ကြ၏။ 33 ထိုသူ တို့သည် အထံ တော်မှ သွား ကြစဉ် ၊ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်။ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက် လေ၏။ 34 ထိုသို့ လျှောက် ပြီးမှ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၊ မောရှေ နှင့် ဧလိယသည်တိမ် ထဲသို့ ဝင် သည်ကို တပည့်တော်တို့သည် ကြောက် ခြင်းရှိကြသည်ဖြစ်၍35 သူကားငါ ၏ချစ်သား ပေတည်း ။ သူ ၏ စကားကိုနားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော် ဖြစ် လေ၏။ 36 ထို အသံ တော်ဖြစ် သည် ခဏခြင်းတွင်၊ ယေရှု သည် တစ်ယောက်တည်း ရှိ တော်မူ၏။ တပည့် တော်တို့သည်မိမိတို့မြင် သောအရာ ကိုဝှက်ထား ၊ ထို ကာလ အဘယ်သူ အားမျှမကြား မပြောဘဲနေကြ၏။ 37 နက်ဖြန် နေ့၌ တောင် ပေါ် ကဆင်း ကြပြီးလျှင်၊ များစွာ သောလူ အစုအဝေးသည် ကိုယ်တော် ကို ခရီးဦးကြိုပြု ၏။ 38 လူအစုအဝေး ပါသောသူ တစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် ၏သား ကို ကြည့်ရှု တော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန် ပါ၏။ အကျွန်ုပ် ၌ သား တစ်ယောက်တည်းရှိ ပါ၏။ 39 နတ် ဘမ်းစား သဖြင့် သူသည်ရုတ်ခနဲ အော်ဟစ် ၊ အမြှုတ် ထွက်လျက် တောင့်မာ ခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့နာကျင် စွာနှိပ်စက်ပြီးမှနတ်သည်အလွန် သွား ခဲ ၏။ 40 ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်တောင်းပန် သော်လည်း သူတို့သည်မ တတ်နိုင် ကြပါဟု အော်ဟစ် လျက် လျှောက် လေ၏။

41 ယေရှု ကလည်း ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည်သင် တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံ ရမည်နည်း။ သင် ၏သား ကို ငါ့ထံသို့ယူခဲ့ ဟု မိန့် တော်မူ၏။ 42 သူငယ်လာ စဉ် ပင်နတ်ဆိုး သည် မြေပေါ်မှာလှဲ တောင့်မာ စေ၏။ ယေရှု သည် ညစ်ညူး သောနတ် ကို ဆုံးမ ထို သူငယ် ကို ချမ်းသာ စေပြီးမှ အဘ အား အပ်ပေး တော်မူ၏။ 43 လူအပေါင်း တို့သည် ဘုရားသခင် ၏ မဟာ တန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ 44 ထိုသို့ယေရှုပြု တော်မူသမျှ ကို လူအပေါင်း တို့သည် အံ့ဩ ချီးမွမ်းကြစဉ် တပည့် တော်တို့အား သင် တို့ သည် ငါ့စကား ကို နားထောင် မှတ်မိ ကြလော့။ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီဟု မိန့် တော်မူ၏။ 45 ထို စကား တော်၏အနက် မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်း မေး မလျှောက်ဝံ့ကြ။

46 ထိုအခါ အဘယ်သူ သည် သာ၍ ကြီးမြတ်အံ့နည်း ဟု တပည့်တော်တို့သည်အချင်းချင်း ငြင်းခုံ ကြ၏။ 47 ယေရှု သည် သူ တို့အကြံအစည် ကို သိမြင် လျှင် ၊ သူငယ် တစ်ယောက်ကိုယူ ၍ မိမိ အနား ၌ထား ပြီးမှ48 အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤ သူငယ် ကိုလက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင်လက်ခံ ၏။ သင် တို့တွင် အငယ်ဆုံး သောသူသည် သာ၍ကြီးမြတ် သော သူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။

49 ယောဟန် ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သောသူ တစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူ သည် အကျွန်ုပ် တို့နှင့်အတူ လိုက် သောကြောင့် အကျွန်ုပ်တို့တားမြစ် ကြပါ၏ဟု လျှောက် သော်၊

50 ယေရှု က၊ ထိုသူ ကို မြစ်တား ကြနှင့်။ သင် တို့ ရန်သူ ဘက်၌မ ရှိ သောသူ သည် သင် တို့ဘက် ၌ရှိ သည် ဟု မိန့် တော်မူ၏။ 51 ကောင်းကင် သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက် သောအခါ ၊ ယေရုရှလင် မြို့သို့ တူရူ ကြွ အံ့သောငှာသဘောထား တော်မူ၏။ 52 ရှေ့ တော်သို့ တမန်တော် တို့ကို စေလွှတ် တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏အဘို့ကို ပြင်ဆင် ခြင်းငှာ သွား ရှမာရိ ရွာ တရွာသို့ ဝင်ကြ ၏။ 53 ကိုယ်တော်သည် ယေရုရှလင် မြို့သို့ သွား အံ့သောအခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍လက် ခံကြ။ 54 ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊

55 ယေရှုသည် လှည့်ကြည့် ၊ သင်တို့သည် ကိုယ်စိတ် သဘော ကို ကိုယ်မသိကြ၊ လူသား သည် လူတို့ ၏ အသက်ကို သတ်အံ့ သောငှာ ကြွလာသည် မဟုတ်။ ကယ်တင် အံ့သောငှာ ကြွလာ သည် ဟု ဆုံးမ တော်မူပြီးမှ56 အခြား သောရွာ သို့ ကြွ တော်မူ၏။

57 လမ်း သွား ကြစဉ် လူတစ်ဦး က၊ သခင် ကိုယ်တော်ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။ 58 ယေရှု ကလည်း မြေခွေး သည်မြေတွင်း ရှိ ၏၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် နားနေရာ အရပ်ရှိ၏။ လူ သား မူကား ခေါင်း ချ ရာမျှမ ရှိ ဟုမိန့် တော်မူ၏။

59 အခြား သောသူကို၊ ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူလျှင် ၊ ထိုသူက၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသောအခွင့် ကို ပေးတော်မူပါဟုလျှောက် လေသော်၊ 60 ယေရှုက၊ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေ။ သင် မူကား သွား ၍ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်းကို ဟောပြော လော့ ဟု မိန့် တော်မူ၏။

61 အခြား သောသူကလည်း ၊ သခင် ၊ ကိုယ်တော် နောက် သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ် အိမ် ရှိရစ်သောသူ တို့ကို အရင် သွား၍ အခွင့်ပန် ပါရစေဟု လျှောက် လျှင်

62 ယေရှု က၊ ထွန်ကိုင်း ကို ကိုင် လျက်နောက် သို့လှည့် ကြည့်သောသူမည်သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ထိုက် မတန် ဟု မိန့် တော်မူ၏။

10

1 ထိုနောက်မှ သခင် ဘုရားသည် အခြား သောတပည့်တော်ခုနစ်ကျိပ် တို့ကို ခန့်ထား တော်မူ၍ ၊ ကိုယ်တိုင်ကြွ လေအံ့သောမြို့ ရွာအရပ်ရပ် တို့သို့ ရှေ့ တော်၌ နှစ် ယောက်စီ နှစ် ယောက်စီ စေလွှတ် တော်မူ၏။ 2 သူ တို့အား မိန့် တော်မူသည်ကား၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည်နည်း ကြ၏။ ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာစပါးရှင် စေလွှတ် တော်မူမည်အကြောင်း ဆုတောင်း ကြလော့။ 3 သင်တို့သွား လေသည်အရာမှာ၊ တောခွေး စုထဲ သို့ သိုးသငယ် တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါစေလွှတ် ၏။ 4 ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း တို့ကို မ ဆောင် ကြနှင့်။ လမ်း ၌ သွား စဉ် တွင ်အဘယ် သူ ကိုမျှ နှုတ် မ ဆက်ကြနှင့်။ 5 မည်သည့် အိမ် သို့ ဝင် သောအခါ ၊ ဤ အိမ် ၌ မင်္ဂလာ ဖြစ်ပါစေသောဟု ရှေးဦးစွာ ပြော ကြလော့။ 6 ထို အိမ်၌မင်္ဂလာ သား ရှိ လျှင် ၊ သင် တို့မြွက်သော မင်္ဂလာ သည်တည် လိမ့်မည်။ 7 သို့မဟုတ် သင် တို့ထံသို့ ပြန်လာ လိမ့်မည်။ ထိုအိမ် နေ အစား အသောက် စီရင် ရာ ကို စား သောက် ကြ လော့။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူသည်အခ ကိုခံထိုက် ပေ၏။ တအိမ် မှ တအိမ် သို့ လှည့်လည် ၍ မ သွားကြနှင့်။ 8 အကြင် မြို့ သို့ သင်တို့ဝင် မြို့သားတို့သည်လက်ခံ ၏။ ထိုမြို့၌သင် တို့ရှေ့ မှာထည့်သမျှကို စား ကြလော့။ 9 လူနာ များကို ချမ်းသာ ပေးကြလော့။ ဘုရားသခင် ၏နိုင်ငံ တော်သည် သင် တို့၌ တည်ထောင် သော အချိန်နီး ပြီဟု သူ တို့အား ဟောပြော ကြလော့။ 10 အကြင်မြို့ သို့ ဝင် မြို့သားတို့သည်လက် ခံအံ့၊ ထိုမြို့ ၏လမ်း သို့ ထွက် ပြီးလျှင်၊ ငါ တို့၌ကပ် သော သင် တို့မြို့ ၏ မြေမှုန့် ကို ငါတို့ခါ လိုက်၏။ 11 သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်သည် သင်တို့၏အနီး သို့ရောက်ကြောင်း ကို သိမှတ် ကြဟု သူတို့အား ပြော ကြလော့။ 12 ငါဆို သည်ကား၊ နောက်ဆုံးသော နေ့၌ ထို မြို့ သည် သောဒုံ မြို့ထက် သာ၍ ခံရလတံ့။ 13 အိုခေါရာဇိန် မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကိုဝတ်၍ ၊ ပြာ ထဲမှာထိုင် လျက် နောင်တရ ကြလိမ့်မည်။ 14 တရားဆုံးဖြတ် တော်မူသောအခါ သင် တို့သည်တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရကြလတံ့။ 15 အိုကပေရနောင် မြို့၊ သင် သည် မိုဃ်း ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကို ခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကို ခံရလတံ့။ 16 သင် တို့၏စကားကို နားထောင် သောသူ သည် ငါ့ စကားကို နားထောင် ၏။ သင် တို့ကို ပယ် သောသူ သည် ငါ့ ကိုပယ် ၏။ ငါ့ ကိုပယ် သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို ပယ် သည် ဟု မိန့်တော်မူ၏။

17 ထိုခုနစ်ကျိပ် သော တပည့်တော်တို့သည် ဝမ်းမြောက် သောစိတ်နှင့် ပြန်လာ ၊ သခင် ၊ ကိုယ်တော် ၏ နာမ အားဖြင့် အကျွန်ုပ် တို့သည် နတ်ဆိုး ကိုပင် နိုင် ပါသည်ဟု လျှောက် ကြ၏။

18 ယေရှုကလည်း စာတန် သည် လျှပ်စစ် ကဲ့သို့ ကောင်းကင် မှ ကျ သည်ကို ငါမြင် ပြီ။ 19 သင် တို့သည် မြွေ ၊ ကင်းမြီးကောက် တို့ကို နိုင် ရသောအခွင့် နှင့် ရန်သူ များ ကို နိုင်ရ သော အခွင့် တန်ခိုးကို ငါပေး ၏။ သင် တို့ကို အဘယ် ဘေးမျှ မ ညှဉ်းဆဲ ရ။ 20 သို့သော်လည်း နတ်ဆိုး ကို နိုင် ရသောကြောင့် သာ ဝမ်းမြောက် ခြင်းမ ရှိကြနှင့်၊ သင် တို့၏ နာမည် များ သည် ကောင်းကင် စာရင်း ဝင်သည်ကို ဝမ်းမြောက် ခြင်းရှိကြလော့ ဟု မိန့် တော်မူ၏။

21 ထို အခါ ယေရှုသည် ဝမ်းမြောက် တော်မူခြင်း စိတ် ရှိသဖြင့်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရ တော်မူ သော အဘ ၊ ကိုယ်တော် သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အားဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ပါ၏။ ထိုသို့ အလို တော် ရှိ သောကြောင့် မှန် ပါ၏။ အဘ 22 ငါ့ ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ် တော်မူပြီ။ သား တော်ကား အဘယ်သူ ဖြစ် သည်ကို ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ခမည်းတော် ကားအဘယ်သူ ဖြစ် တော်မူသည်ကို၊ သား တော်နှင့် သား တော်သည် လင်း စေလို သောသူ မှတစ်ပါး အဘယ်သူ မျှမသိ ဟု မိန့် တော်မူ၏။

23 ထိုအခါ တပည့် တော်တို့ကိုလှည့်ကြည့် ၍၊ ယခုမြင် သမျှသောအရာ တို့ကို သင်တို့မြင် သောကြောင့် သင် တို့မျက်စိ သည်မင်္ဂလာ ရှိ၏။ 24 ငါဆို သည်ကား၊ သင် တို့မြင် ရသောအရာ တို့ကို ပရောဖက် များ နှင့် ရှင်ဘုရင် များတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မြင် ရကြ။ သင်တို့ ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်း ကြား ရကြ ဟု တပည့်တော်တို့အားသာ မိန့် တော်မူ၏။

25 တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊

26 ကိုယ်တော်က၊ ပညတ္တိ ကျမ်း၌ အဘယ်သို့ လာ သနည်း။ သင်သည်အဘယ်သို့ ဘတ် သနည်း ဟု မေး တော်မူလျှင်

27 ထိုသူက၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ ၊ ဉာဏ် ရှိသမျှ နှင့် ချစ် လော့။ ကိုယ် နှင့် စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက် လေ၏။

28 ကိုယ်တော်ကလည်း သင်၏စကား သည် မှန် ပေ၏။ ထိုသို့ ပြု လျှင် အသက် ကိုရမည် ဟု မိန့် တော်မူ၏။

29 ထိုသူကလည်း ၊ အဘယ်သူ သည် အကျွန်ုပ် နှင့် စပ်ဆိုင် သောသူဖြစ် ပါသနည်းဟု မိမိ အပြစ် မရှိဟန်ပြုလို သောစိတ်နှင့် ယေရှု ကို လျှောက် ပြန်သော်။

30 ယေရှု က၊ လူ တစ် ယောက်သည် ယေရုရှလင် မြို့မှ ယေရိခေါ မြို့သို့ သွား ရာတွင် ဓားပြ နှင့် တွေ့ကြုံ လေ ၏။ ဓားပြ တို့သည် ထိုသူ ၏အဝတ်ကိုချွတ် နာကျင် စွာရိုက်နှက် ပြီးမှသေလုမတတ် ရှိသောအခါ ပစ်ထား ၍ သွား ကြ၏။ 31 ထို လမ်း သို့ ယဇ် ပုရောဟိတ်တစ် ယောက်သည် အမှတ်တမဲ့ သွား ထိုလူနာ ကိုမြင် လျှင် လွှဲရှောင် ၍ သွား လေ၏။ 32 ထိုနည်းတူ လေဝိ လူတစ်ယောက်သည် ထိုအရပ် သို့ ရောက် သောအခါ ၊ လာ ကြည့် မြင်လျှင် လွဲရှောင် ၍ သွားလေ၏။ 33 ရှမာရိ လူတစ် ယောက်သည် ခရီးသွား ရာတွင် ထိုလူနာ ရှိရာသို့ ရောက် မြင် သောအခါ၊ ကရုဏာ စိတ် ရှိသည်နှင့်၊ 34 ချဉ်းကပ် သူ ၏အနာ များကို ဆီ နှင့် စပျစ်ရည် ထည့် လျက် အဝတ်နှင့်စည်း ပြီးလျှင်၊ မိမိ တိရစ္ဆာန် ပေါ်မှာ တင် စရပ် တစ်ခုသို့ ဆောင်သွား ပြုစု လေ၏။ 35 နက်ဖြန် နေ့၌ ထွက်သွား သောအခါ ၊ ဒေနာရိ နှစ် ပြားကိုထုတ်၍ စရပ်ရှင် အား ပေးလျက် ၊ ဤသူ ကို ကြည့်ရှုပြုစု ပါ။ ကုန် သမျှ ကိုငါ ပြန်လာ သောအခါ ဆပ်ပေး မည်ဟုဆို ၏။ သင် သည်အဘယ်သို့ထင် သနည်း။ 36 ထို သူသုံး ယောက်တို့တွင် အဘယ်သူ သည် ဓားပြ လက်သို့ရောက် သောသူ နှင့် စပ်ဆိုင် သောသူ ဖြစ် သနည်း ဟု ပြန်၍မေး တော်မူလျှင်၊

37 ကျမ်းတတ်ကလည်း ၊ လူနာ ကိုသနား သောသူ သည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက် သော် ယေရှု က သင် သည်သွား ထိုနည်းတူ ပြု လော့ ဟု မိန့် တော်မူ၏။

38 ယေရှု သည် တပည့် တော်တို့နှင့် ခရီးသွား ကြစဉ် ရွာ ရွာသို့ ဝင် သော်၊ မာသ အမည် ရှိသော မိန်းမ တစ်ဦး သည် မိမိအိမ်၌ ကိုယ်တော် ကိုဧည့်ခံ လေ၏။ 39 ထိုမိန်းမ မာရိ အမည် ရှိသော ညီမ တစ်ယောက်ရှိ ၏။ ထို မာရိသည် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် ၍ စကား တော်ကို နားထောင် လျက်နေ၏။ 40 မာသ မူကား ၊ လုပ်ကျွေး ခြင်းအမှုများ စိတ်ပူပန် ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၊ သခင် ၊ ကျွန်မ ၏ညီမ သည်၊ ကျွန်မ တစ်ယောက်တည်း လုပ်ကျွေး စေခြင်းငှာကျွန်မပစ်ထား သည်အရာကို လျစ်လျူ သော စိတ်ရှိတော်မူသလော။ သူ သည် ကျွန်မ ကို ကူညီ မည့်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် သော်၊

41 ယေရှု က၊ မာသ ၊ မာသ ၊ သင်သည် များစွာ သော အမှုတို့၌ စိုးရိမ် နှောင့်ရှက် ခြင်းကို ခံရ၏။ လို သော အရာတစ်ခု တည်းရှိ ၏။ 42 မာရိ မူကား ၊ ကောင်း သောအဘို့ ကို ရွေးယူ ပြီ။ ထို အဘို့ကို အဘယ်သူမျှ မ နှုတ် မယူရာ ဟု မိန့် တော်မူ၏။

11

1 တရံရောအခါ ကိုယ်တော် သည် တစ်စုံတစ်ခု သောအရပ် တွင် ဆုတောင်း တော်မူပြီးလျှင် ၊ တပည့် တော်တစ် ယောက်က၊ သခင် ၊ ဆုတောင်း စေခြင်းငှာယောဟန် သည်မိမိ တပည့် တို့အား နည်းပေး သကဲ့သို့ အကျွန်ုပ် တို့အား နည်းပေး တော်မူပါဟု လျှောက် သော်၊

2 ကိုယ်တော်က၊ သင်တို့သည်ဆုတောင်း လျှင် မြွက်ဆို ရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံ တော် တည်ထောင် ပါစေသော။ 3 အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။ 4 အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။

5 တစ်ဖန် မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ အဆွေ ခင်ပွန်းရှိ သည်ဖြစ်၍ ၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွား ပြီးလျှင် ၊ အဆွေ6 အကျွန်ုပ် အဆွေ ခင်ပွန်းတစ်ယောက်သည် ခရီး မှ လာ၍ အကျွန်ုပ် ထံသို့ ရောက် ပါပြီ။ သူ့ ကို ကျွေး စရာ ရှိ သောကြောင့် မုန့် သုံး လုံးချေး နှင့် ပါဟုဆို သော်၊ 7 အိမ်ရှင် ကလည်း၊ ငါ့ ကိုမ နှောင့်ရှက် နှင့်။ တံခါး ပိတ် လျက်ရှိ၏။ ငါ့ သားသမီး တို့သည် ငါ နှင့် အိပ် လျက်ရှိ ကြ၏။ ငါထ ၍ သင့် အားမ ပေး နိုင် ဟု အိမ်ထဲက ပြန်ပြော သည်အရာမှာ၊ 8 ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ၍လိုချင် သမျှ ကို ပေး လိမ့်မည်။ 9 တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။ 10 တောင်း သောသူ မည်သည်ကားရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။ 11 သင် တို့တွင် အဘ ဖြစ်သောသူ ၌ သား သည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါး ကိုတောင်း လျှင် ငါး အစား ၌ မြွေ ကိုပေး မည်လော။ 12 ကိုတောင်း လျှင် ကင်းမြီးကောက် ကို ပေး မည်လော။ 13 သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။

14 တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။ 15 အချို့ တို့က ဤသူသည် နတ်ဆိုး မင်း ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။ 16 အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။

17 ထို သူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍ တိုင်း နိုင်ငံမည်သည်ကား၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်၊ အိမ် မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်။ 18 ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်ဟု သင်တို့ဆို သည်အတိုင်း ၊ စာတန် သည် မိမိ နှင့် မသင်မတင့် ကွဲပြား လျှင် သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။ 19 ငါ သည် ဗေလဇေဗုလ ကို အမှီပြု နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။ 20 ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော်အားဖြင့် နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။ 21 သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။ 22 သူ့ ထက် တတ်စွမ်း နိုင်သောသူသည်လာ သူ့ ကိုအောင် ပြီးမှ၊ သူကိုးစား သော လက်နက်စုံ ကို သိမ်းယူ ဥစ္စာပရိကံ များကို ခွဲဝေ လိမ့်မည်။ 23 ငါ့ ဘက်၌ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။ 24 ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို25 ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊ 26 မိမိ ထက်သာ၍ညစ်ညူး သောနတ်ဆိုး ခုနစ် ယောက်ကို ခေါ် ပြီးလျှင် ထို လူထဲသို့ဝင် နေ ကြ၏၊ ထို လူ ၏နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက်သာ၍ဆိုး သည် ဟု မိန့်တော်မူ၏။

27 ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊

28 ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။

29 လူ အစုအဝေးတို့သည် ထူထပ် လျက်ရှိကြသောအခါ ကိုယ်တော်က၊ လူမျိုး သည် ဆိုးညစ် သောအမျိုး ဖြစ် ၏။ နိမိတ် လက္ခဏာကို တောင်း သည်မှာ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။ 30 ယောန သည် နိနေဝေ မြို့သားတို့အား နိမိတ် လက္ခဏာဖြစ် သကဲ့သို့ လူ သား သည် ဤ လူမျိုး အား ဖြစ် လိမ့်မည်။ 31 တရားဆုံးဖြတ် တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ဤ အရပ်၌ ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။ 32 တရားဆုံးဖြတ် တော်မူသောအခါ နိနေဝေ မြို့သားတို့သည် ဤ လူမျိုး တစ်ဘက်၌ထ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြော သော စကားကြောင့် နောင်တရ ကြ၏။ 33 အရပ်၌ကား ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီး ထွန်း ၍ ကွယ်ရာ ဖုံးထား လေ့မ ရှိ။ တောင်း ဇလားအောက် ၌လည်း ထားလေ့မ ရှိ။ ဝင်လာ သောသူ သည် အလင်း ကိုရ စေခြင်းငှာ ဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။ 34 ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။ 35 ကိုယ် ရှိသောအလင်း ကို မှောင်မိုက် ဖြစ် စေခြင်းငှာသတိပြု လော့။ 36 အင်္ဂါ တစ်ခု မျှမ မိုက် ဘဲ တစ်ကိုယ်လုံး လင်း လျှင် ၊ ဆီမီး ၏အရောင် နှင့် လင်း စေသကဲ့သို့ လုံးလုံး လင်း လျက် ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။

37 ထိုသို့ မိန့် တော်မူစဉ် တွင်ဖာရိရှဲ တစ်ယောက်သည် အစာ ကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ သူ၏အိမ် သို့ကြွ၍ စားပွဲ ၌ လျောင်းတော်မူ၏။ 38 အစာ ကိုမ စားမှီ ဆေး ခြင်းကို ပြုတော်မ မူသည်ကို ဖာရိရှဲ သည်မြင် လျှင် အံ့ဩ လေ၏။ 39 သခင် ဘုရားကလည်း ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။ 40 လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။ 41 သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။ 42 ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ရွက်၊ လျူ ရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုး ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရား သဖြင့်စီရင်ခြင်း၊ ဘုရားသခင် ကိုချစ် ခြင်းအမှုကိုကား လှပ် ထားကြ၏။ အရင်ဆိုသောအရာတို့ကိုမ လှပ် မထား၊ နောက်ဆိုသောအရာတို့ကိုကျင့် မည်။ 43 ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ တရားစရပ် မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း ၊ ဈေး ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း နှစ်သက် ကြ၏။ 44 သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။

45 ကျမ်းတတ် တစ် ယောက်ကလည်း ၊ အရှင် ဘုရား ထိုသို့ ဆို လျှင် အကျွန်ုပ် တို့ကိုပင် ကဲ့ရဲ့ အပြစ်တင်တော်မူ၏ဟု လျှောက် သော်၊

46 ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။ 47 ကိုယ် လက်ဖျား နှင့်မျှမ တို့ ကြ။ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် တို့၏ သင်္ချိုင်း များကိုတည်လုပ် ၍၊ သင် တို့၏ ဘိုးဘေး များသည် သူ တို့ကိုသတ် ကြ၏။ 48 အကယ်စင်စစ် သင် တို့သည် ဘိုးဘေး တို့၏ အပြုအမူ ကိုလက်ခံ ကြ၏။ ဘိုးဘေး တို့သည် ပရောဖက် များကို သတ် ကြပြီ။ သင် တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ 49 ထိုကြောင့် ၊ ဘုရားသခင် ၏ ဉာဏ် စီရင်တော်မူသည်ကား၊ ပရောဖက် ၊ တမန်တော် တို့ကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်။ သူတို့သည် ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ အချို့တို့ကို သတ် ကြ လိမ့်မည်။ 50 ထိုကြောင့်၊ အာဗေလ ၏ အသွေး မှစ၍ ၊ ယဇ်ပလ္လင် နှင့် အိမ် တော်၏အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေး တိုင်အောင် ကမ္ဘာ ဦး မှစ၍ သွန်း ပြီးသော ပရောဖက် အပေါင်း တို့၏အသွေး ကြောင့် ယခု ဖြစ်သောလူ တို့သည် စစ်ကြော ခြင်းကို ခံရကြမည်။ 51 ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ တို့သည် ထိုစစ်ကြော ခြင်းကိုခံရကြမည်။ 52 ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပညာ ဖွင့်သော သော့ ကို သိမ်းထား ကြပြီ။ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြသည် ဟု မိန့် တော်မူ၏။ 53 ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊ 54 ချောင်းမြောင်း လျက် စကား တော်ကိုဘမ်း ခြင်းငှာရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာ တို့၌ မေးစစ် ကြ၏။

12

1 ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။ 2 ဖုံးထား လျက်ရှိ သမျှ တို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။ 3 မှောင်မိုက် သင်တို့ပြော သမျှသောအရာ များကို သူတစ်ပါး တို့သည်အလင်း နားကြား ကြလိမ့်မည်။ သင်တို့သည် အခန်း ထဲမှာ နား အပါး၌ ပြော သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလိမ့်မည်။ 4 ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် နောက်တစ်ဖန်အလျှင်း ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။ 5 အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။ 6 စာငှက် ငါး ကောင်ကို အဿရိ နှစ် ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ ထိုစာငှက် တစ် ကောင်ကိုမျှ ဘုရားသခင် မေ့လျော့ တော်မ မူ။ 7 သင် တို့ ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ၏။ ထိုကြောင့် မ ကြောက် ကြနှင့်။ သင်တို့သည်စာငှက် အများ တို့ထက် သာ၍မြတ်ကြ၏။ 8 ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။ 9 အကြင်သူ သည် လူတို့ ရှေ့ မှာငါ့ ကိုငြင်းပယ် အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ ရှေ့ မှာထိုသူ ကို ငါငြင်းပယ် မည်။ 10 လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ မည်သည်ကား ၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ မည်သည်ကား အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို မ ရနိုင်ရာ။ 11 သင် တို့ကို တရားစရပ် သို့၎င်း ၊ အကဲအမှူး ၊ မင်း များရှေ့ သို့၎င်း၊ ပို့ဆောင် ကြသောအခါ အဘယ်သို့ ပြန်ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။ 12 အကြောင်းမူကား ၊ ထို ခဏခြင်း တွင် အဘယ်သို့ ပြော မည်ကို သန့်ရှင်း သောဝိညာဉ် တော်သည် အကြံပေးမည် ဟု မိန့်တော်မူ၏။

13 လူအစုအဝေး ပါ သော သူတစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် အစ်ကို သည် အမွေ ဥစ္စာကို အကျွန်ုပ် အား ဝေပေး ပါမည်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် လျှင်၊

14 ကိုယ်တော်က အချင်းလူ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။

15 ထိုမှတစ်ပါးလောဘ လွန်ကျူးခြင်းကို သတိ နှင့် ကြဉ်ရှောင် ကြလော့။ အကြောင်းမူကား ၊ စည်းစိမ် ရှိသော်လည်း စည်းစိမ် အသက် တည် ဟု မိန့် တော်မူ၏။

16 တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။ 17 ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ အသီးအနှံ များကို သိုထား စရာအရပ် ရှိ18 ပြု မည်အကြံမူကား၊ ငါ့ တိုက် များကိုဖျက် ကျယ် သောတိုက်တို့ကို တည် ပြီးမှ ၊ ငါ ၏ အသီးအနှံ ဥစ္စာ ရှိသမျှ တို့ကို သိုထား မည်။ 19 ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။ 20 ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။ 21 ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။ 22 တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။ 23 အစာ ထက် အသက် မြတ်သည်မဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။ 24 ကျီးကန်း များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမ စိုက် မကြဲ၊ စပါး ကိုမ ရိတ်၊ စပါးကျီ ရှိ ၊ ဘဏ္ဍာတိုက် ရှိ။ သို့သော်လည်း ဘုရားသခင် သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန် မြတ် သည်မဟုတ်လော။ 25 အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တထောင် ခန့်မျှတိုးပွား စေနိုင် သနည်း။ 26 ထိုသို့ အငယ်ဆုံး သောအမှုကိုမျှ မတတ်နိုင် လျှင် ကြွင်း သောအမှု ကို အဘယ်ကြောင့် စိုးရိမ် ကြသနည်း။ 27 နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့်ကြီးပွား သည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ် လည်းမ လုပ်၊ ချည် ဖြစ်စေခြင်းငှာမ ငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး သော ရှောလမုန် မင်းကြီးအဝတ်သည် ထို အပင်တ ပင်မျှ ၏အဝတ်ကို မ မှီဟု ငါဆို ၏။ 28 ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက် ရှင်လျက်၊ နက်ဖြန် မီးဖို ထဲသို့ ရောက် သော တော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင် တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။ 29 ထိုကြောင့် အဘယ်သို့ စား ရအံ့နည်း။ အဘယ်သို့ သောက် ရအံ့နည်းဟူ၍မ ရှာဖွေ ကြနှင့်။ သောက မွှေနှောက်ခြင်းလည်း ရှိကြနှင့်။ 30 ထို အရာများကို လောကီသား အမျိုးမျိုး တို့သည် ရှာဖွေ တတ်ကြ၏။ ထို အရာများကို သင်တို့သည် အသုံးလို ကြောင်း ကို သင် တို့အဘ သိ တော်မူ၏။ 31 သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံ တော်ကို ရှာ ကြလော့။ နောက်မှ ထို အရာများကို ထပ် ၍ပေးတော်မူလတံ့။ 32 သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။ 33 သင် တို့ဥစ္စာ များကို ရောင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။ 34 အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။

35 သင် တို့သည် ခါးပန်း စည်း လျက်၊ ဆီမီး ထွန်း လျက်နေသဖြင့်36 သခင် သည် မင်္ဂလာဆောင်ပွဲ မှ ပြန်လာ ၍ တံခါးကိုခေါက် သောအခါ ချက်ခြင်း ဖွင့် ခြင်းငှာ သခင် လာ မည်ကို မြော်လင့် ၍နေသောကျွန် ကဲ့သို့ ရှိနေကြလော့။ 37 အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။ 38 နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။ 39 အိမ်ရှင် သည် သူခိုး လာ မည်အချိန်နာရီ ကို သိ ရလျှင် ၊ မိမိ အိမ် ကို မ ထွင်း မဖောက်စေခြင်းငှာစောင့်နေလိမ့်မည်ကို သင်တို့သိ ကြ၏။ 40 ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။

41 ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊

42 သခင် ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန် လျှင် အစားအသောက် တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့်၎င်းပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။ 43 အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည် ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။ 44 ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။ 45 သို့မဟုတ် မူကား ၊ အကြင် ကျွန် က၊ ငါ့ အရှင် လာ ခဲ လိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည် နှင့်ကျွန်ချင်း ယောက်ျားမိန်းမ တို့ကို ရိုက်ပုတ် လျက်၊ စား သောက် ယစ်မူး လျက် နေ၏။ 46 ထို ကျွန် ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည် ရောက်လာ လျှင်၊ ထိုကျွန် ကို ပြင်းစွာဆုံးမကွပ်မျက် သစ္စာ မရှိသောသူ တို့နှင့်တကွ နေရာချ လတံ့။ 47 အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။ 48 သခင်၏အလိုကို မ သိ ဘဲလျက်၊ ဒဏ် ခံထိုက် သောအမှုကို ပြု မိသောသူ မူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူ သည် များစွာ သောကျေးဇူး ကိုခံ၏။ ထိုသူသည်အများ ကိုဆပ် ရ၏။ အကြင်သူ ၌ များစွာ သောဥစ္စာကို အပ်နှင်း ၏။ ထိုသူ ကို များစွာ တောင်း လိမ့်မည်။ 49 မြေ ပေါ်၌ မီး လောင် စေခြင်းငှာငါလာ သတည်း။ ထိုမီး မညှိမှီတိုင်အောင်ငါ၏အလို မပြည့်စုံ။ ဗတ္တိဇံ တစ်ခုကိုလည်း ငါခံ စရာရှိ၏50 ထို ဗတ္တိဇံကို မ ခံ မှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။ 51 မြေ ပေါ်၌ ငြိမ်သက် ခြင်းကို ပေး အံ့သောငှာငါလာ သည်ဟု ထင် ကြသလော။ ထိုသို့သောအလိုငှာ ငါလာ သည်မ ဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှာငါလာသည်ဟု ငါဆို ၏။ 52 အဘယ်သို့ နည်းဟူမူကား၊ ယခု မှစ၍ အိမ် အိမ်၌ နေသော လူငါး ယောက်တို့သည် နှစ် ယောက်တစ်စုသုံး ယောက်တစ်စုအချင်းချင်းကွဲပြား လိမ့်မည်။ 53 အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား လိမ့်မည် ဟု မိန့် တော်မူ၏။

54 တစ်ဖန် လူ အစုအဝေးတို့အား မိန့် တော်မူသည်ကား၊ သင်တို့သည် အနောက် မျက်နှာ၌ မိုဃ်းရိပ် တက် သည်ကို မြင် သောအခါ မိုဃ်း ရွာ မည်ဟု ချက်ခြင်း ဆို တတ်၏။ ဆိုသည်အတိုင်း လည်း ဖြစ် တတ်၏။ 55 တောင် လေလာ သည်ကို မြင်သောအခါ နေပူ မည်ဟု ဆို တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ် တတ်၏။ 56 လျှို့ဝှက် သောသူတို့၊ သင်တို့သည် မြေကြီး ၏မျက်နှာနှင့် မိုဃ်းကောင်းကင် ၏မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ၏။ ယခု ကပ်ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင်ကြသနည်း။ 57 ထိုမှတစ်ပါး ဖြောင့်မတ် ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား ၍ မ သိကြသနည်း။ 58 သင်သည်တရားတွေ့ဘက် နှင့်အတူ မင်း ထံသို့ သွား သောအခါ အမှုပြေ စေခြင်းငှာလမ်း ကြိုးစား လော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီး ရှေ့ သို့ဆွဲ မည်။ တရားသူကြီး သည် လုလင် ခေါင်း၌အပ် ၍၊ လုလင် ခေါင်းသည် ထောင် ထဲ၌ လှောင် ထားမည်။ 59 လျော်ပြစ် ငွေ ရှိသမျှ ကို မ လျော်မှီတိုင်အောင်ထောင် ထဲကမ ထွက် ရ၊ ငါ ဆိုသည် ဟု မိန့်တော်မူ၏။

13

1 ထို အခါ လူအချို့ တို့သည်လာ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊ 2 ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။ 3 သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။ 4 ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။ 5 သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။

6 တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ အသီး ကိုရှာ သော်လည်းမ တွေ့7 ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး သင်္ဘောသဖန်း ပင်သို့ ငါလာ အသီး ကို ရှာ သော်လည်း တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။ 8 အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ နောက်ချေး ကို ဖို့ ပါမည်။ 9 အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။

10 တစ် နေ့သောဥပုသ်နေ့ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ11 တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း ဆန့် နိုင်12 ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊ 13 သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။ 14 ထိုသို့ ဥပုသ်နေ့ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၊ အလုပ်လုပ် သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။

15 သခင် ဘုရားကလည်း လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။ 16 တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ လွှတ် သလော ဟု မိန့် တော်မူ၏။

17 ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။ 18 တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။ 19 လူ သည် ယူ ၍ ဥယျာဉ် စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။

20 တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ 21 မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။

22 ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။ 23 လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင်

24 ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း စွမ်းနိုင် ကြဟု ငါဆို ၏။ 25 အိမ်ရှင် သည် တစ်ခါထ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။ 26 ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း27 သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊ 28 ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။ 29 ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။ 30 နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။

31 ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။ 32 ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။ 33 သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ

34 အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို ရှိ။ 35 သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။

14

1 တစ်နေ့သောဥပုသ်နေ့ ၌ ကိုယ်တော် သည် အစာ ကိုသုံးဆောင် ခြင်းငှာအရာရှိ ဖြစ်သော ဖာရိရှဲ တစ် ယောက်၏အိမ် သို့ ဝင် တော်မူလျှင်၊ ထိုသူ တို့သည်ကိုယ်တော် ကို ချောင်းကြည့် ကြ၏။ 2 ရေဖျဉ်းနာ စွဲသောသူ တစ် ယောက်သည် ရှေ့ တော်၌ရှိ ၏။ 3 ဥပုသ်နေ့ အနာ ရောဂါကို ငြိမ်းစေအပ် သလော ဟု ဖာရိရှဲ နှင့် ကျမ်းတတ် တို့ကို မေး တော်မူလျှင်4 သူတို့သည်တိတ်ဆိတ် စွာနေကြ၏။ ယေရှုသည် ထိုသူ ကိုယူ အနာ ရောဂါနှင့် ကင်းလွတ်စေပြီးမှ ၊ လွှတ်လိုက် တော်မူ၏။ 5 ပရိသတ် တို့ကိုလည်း မိမိမြည်း၊ နွား သည် ဥပုသ်နေ့ တွင်း ထဲသို့ ကျ လျှင် ချက်ခြင်း ဆွဲ မတင်ဘဲ နေ မည့်သူတစ်စုံတစ်ယောက် သည် သင် တို့တွင်ရှိသလော ဟု မေး တော်မူလျှင်၊ 6 ထို သူတို့သည် စကားတစ်ခွန်းကိုမျှ မပြန် နိုင် ကြ။ 7 ထိုအခါ ခေါ်ဘိတ် သောသူ တို့သည် မြင့်မြတ် သောနေရာထိုင်ရာကို ရွေး ကြသည်ကို မြင် တော်မူလျှင်၊ သူ တို့အား ဥပမာ ကို မိန့် တော်မူသည်ကား၊ 8 သူတစ်ပါး သည် မင်္ဂလာဆောင်ပွဲ သို့ သင့်ကိုခေါ်ဘိတ် သောအခါ ၊ မြင့်မြတ် သောနေရာ၌ လျောင်း နှင့်။ ထိုသို့ လျောင်းလျှင် သင့် ထက် သာ၍မြတ်သောသူသည် ပွဲသို့လာ သည်ရှိ သော်၊ 9 သင်တို့နှစ်ယောက်ကို ခေါ်ဖိတ် သောသူ က၊ ဤ သူအား နေရာ ကိုပေး လော့ဟုလာ ပြော လိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက် ခြင်းနှင့် နိမ့် သောနေရာ သို့ ဆင်း ရလိမ့်မည်။ 10 သူတစ်ပါးတို့သည် သင့်ကို ခေါ်ဘိတ် သောအခါ ၊ သွား နိမ့် သောနေရာ လျောင်း လော့။ ထိုသို့ လျောင်း လျှင် သင့် ကိုခေါ်ဘိတ် သောသူ လာ သည်ရှိသော် ၊ အဆွေ ၊ တက် ပါဟုသင့် ကိုဆို လိမ့်မည်။ ထိုအခါ သင် နှင့်အတူလျောင်း သောသူ တို့ရှေ့ မှာ သင် ၏အသရေ ထင်ရှား လိမ့်မည်။ 11 ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကားနှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သော သူ မည်သည်ကားချီးမြှောက် ခြင်းသို့ ရောက်လတံ့ ဟု မိန့် တော်မူ၏။

12 ကိုယ်တော် ကို ခေါ်ပင့် သောသူ အား တစ်ဖန်မိန့် တော်မူသည်ကား၊ သင်သည် နံနက်စာ ၊ ညစာ လုပ်ကျွေး သောအခါ ၊ အဆွေ ခင်ပွန်း၊ ညီအစ်ကို အမျိုးသား ချင်း၊ ငွေရတတ် သော အိမ်နီးချင်း များကို မ ခေါ် မဖိတ် နှင့်။ ထိုသို့ဖိတ်ခေါ်လျှင်၊ သူ တို့သည် နောက်တစ်ဖန် သင့် ကိုဖိတ်ခေါ်၍ ကျေးဇူးဆပ် ကြလိမ့်မည်။ 13 သင်သည် ပွဲ ခံ သောအခါ ဆင်းရဲ သောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသော သူများကို ခေါ်ဘိတ် လော့။ 14 ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာ ရှိ လိမ့်မည်။ အကြောင်းမူကား ၊ ထိုသူတို့သည် ကျေးဇူးမ ဆပ် နိုင် သည် ဖြစ်၍ ၊ ဖြောင့်မတ် သောသူ တို့သည် ထမြောက် သည် ကာလ၌ သင် သည် ကျေးဇူးဆပ် ခြင်းအကျိုးကိုခံရလတံ့ ဟု မိန့်တော်မူ၏။ 15 စားပွဲ၌ လျောင်း သော သူ တစ် ယောက်သည် ထို စကားတော်ကို ကြား လျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော်၌ ပွဲဝင် သောသူ သည် မင်္ဂလာ ရှိ၏ဟု လျှောက် သော်၊ 16 ကိုယ်တော်က၊ လူ တစ်ဦး သည် ကြီးစွာ သောပွဲ ကို စီရင် ၊ လူများ တို့ကို ခေါ်ဘိတ် လေ၏။ 17 ပွဲ ခံချိန် ရောက်သောအခါ ၊ ခေါ်ဘိတ် သောသူ တို့ကို၊ လာ ကြပါ။ အလုံးစုံတို့သည် အသင့် ရှိ ပြီဟု မှာ ၍ အစေအပါး ကို စေလွှတ် ၏။ 18 ခေါ်အပ်သော သူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းပရိယာယ်ပြု ကြ၏။ တစ် ယောက်က၊ အကျွန်ုပ်သည် မြေရာ ကို ဝယ် ပါပြီ။ သွား ကြည့် ပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦးလော့ဟု တောင်းပန် လေ၏။ 19 တစ် ယောက်က အကျွန်ုပ်သည် နွား ငါး ယဉ် ကို ဝယ် ပါပြီ။ သွား စမ်း ရပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦး လော့ဟု တောင်းပန် လေ၏။ 20 တစ် ယောက်က၊ အကျွန်ုပ်သည် မယား နှင့် လက်ထပ် ပါပြီ။ ထိုကြောင့် အကျွန်ုပ်မ လာ နိုင် ပါဟုဆို ၏။ 21 အစေအပါး သည် သခင့် ထံသို့ပြန်လာ ထို အကြောင်းများကိုလျှောက် လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍၊ မြို့ လမ်းမ လမ်းကြား သို့ အသော့ သွား ချေ။ ဆင်းရဲ သောသူ ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသောသူများကို ခေါ်သွင်း ချေဟု အစေအပါး ကို ဆို ၏။ 22 အစေအပါး ကလည်း ၊ သခင် စီရင် တော်မူသည်အတိုင်း ပြု ပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိ ပါသေး သည်ဟု လျှောက် လေသော်၊ 23 သခင် က၊ မြို့ပြင်၊ လမ်းမ ၊ ခြံနား သို့ သွား ဦးလော့။ ငါ့ အိမ် ကို ပြည့် စေခြင်းငှာ အနိုင် အထက်ခေါ်သွင်း လော့။ 24 အထက်က ခေါ်ဘိတ် သောသူ တစ်ယောက်မျှ ငါ့ ပွဲ သို့ မဝင် ရ၊ ငါအမိန့်ရှိ ပြီဟု အစေအပါး ကို ဆို သည် ဟု မိန့်တော်မူ၏။

25 လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြသည်ကို ယေရှုသည်လှည့် ၍ကြည့်တော်မူပြီးလျှင်26 အကြင်သူ သည် ငါ့ ထံသို့ လာ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမ တို့ကို၎င်း ၊ ထိုမျှမက မိမိ အသက် ကိုမ မုန်း ၊ ထိုသူသည် ငါ့ တပည့် ဖြစ် နိုင် ရာ။ 27 အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ့ တပည့် ဖြစ် နိုင် ရာ။ 28 သင် တို့တွင် တစ်ယောက်သောသူသည် တိုက် ကို တည် မည်ဟု အကြံရှိလျှင် ၊ ထိုတိုက်ပြီး အောင်ငွေ လောက် မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာ ထိုင် ၍ ကုန် စရိတ်ကို မ ချင့်တွက် ဘဲနေမည်လော။ 29 သို့မဟုတ် တိုက်မြစ် ကိုတည် တိုက်ကို မ ပြီး နိုင် လျှင်၊ သိမြင် သောသူ အပေါင်း တို့က၊ 30 သူ သည် တည် ပြု၍ အစ သတ်နိုင် ဟု ကဲ့ရဲ့ ကြလိမ့်မည်။

31 တစ်နည်းကား ၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင် သည် အခြား သောရှင်ဘုရင် နှင့် စစ် ပြိုင် မည်ဟု အကြံရှိလျှင် ၊ လူနှစ်သောင်း နှင့် ချီလာ သော ရှင်ဘုရင်ကို လူတစ်သောင်း နှင့် ခံ နိုင်မည်မခံနိုင်မည်ကို ရှေးဦးစွာ ထိုင် ၍ မ ဆင်ခြင် ဘဲ နေမည်လော။ 32 ခံနိုင်သည် မှန်လျှင် ၊ အခြားသောရှင်ဘုရင် ဝေး သေးသောအခါ သံတမန် ကို စေလွှတ် ၍ စစ်ငြိမ်း မည် အကြောင်း တောင်းပန် တတ်သည်မဟုတ်လော။ 33 ထိုနည်းတူ ၊ သင် တို့တွင် အကြင်သူ သည် မိမိ ၌ရှိသမျှ ကို မ စွန့် ဘဲနေ၏။ ထိုသူသည် ငါ့ တပည့် ဖြစ် နိုင် ရာ။

34 ဆား မူကား ကောင်း ၏။ သို့သော်လည်း အငန် ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ ရ ပြန်မည်နည်း။ 35 မြေ ဘို့ ကောင်း ၊ အမှိုက်ပုံ ဘို့ ကောင်း၊ ထိုဆား ကို ပြင် သို့ပစ် လိုက်တတ်၏။ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။

15

1 အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ်2 ဖာရိရှဲ နှင့် ကျမ်းပြု ဆရာတို့က၊ ဤသူ သည် ဆိုး သောသူတို့ကိုလက်ခံ သူ တို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။ 3 ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊ 4 သိုးတစ် ကောင်ပျောက် လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကို တော တွင် ထား ခဲ့ပြီးမှ၊ ပျောက် သောသိုး တစ် ကောင်ကို မ တွေ့ မှီတိုင်အောင်သွား မရှာဘဲနေမည်လော။ 5 တွေ့ ပြီးလျှင် ဝမ်းမြောက် သော စိတ်နှင့် ပခုံး ပေါ်မှာ တင် ထမ်း၍၊ 6 မိမိအိမ် သို့ ရောက် သောအခါ အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၊ ပျောက် သောသိုး ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည် မဟုတ်လော။ 7 ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။ 8 တစ်နည်းကား ၊ တစ်စုံတစ်ယောက် သောမိန်းမ ၌ ငွေ ဆယ် ပြားရှိ ၍ တစ်ပြား ပျောက် လျှင် ၊ ဆီမီး ကိုထွန်း တွေ့ မှီတိုင်အောင်တစ်အိမ် လုံးကိုလှည်း စေ့စေ့ ရှာ ဘဲ နေမည်လော။ 9 တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။ 10 ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။

11 တစ်ဖန် မိန့် တော်မူသည်ကား၊ တစ်စုံတစ်ယောက် သောသူ ၌ သား နှစ် ယောက်ရှိ ၏။ 12 သားအငယ် သည် အဘ ထံသို့သွား၍ ၊ အဘ ၊ အကျွန်ုပ် ရထိုက် သော အမွေ ဥစ္စာကိုဝေ ၍ ပေး ပါဟု တောင်းပန် လျှင်၊ အဘသည် ဥစ္စာ များကိုဝေ သား တို့အား ပေးလေ၏။ 13 ထိုနောက် များမကြာ ၊ သား အငယ် သည် မိမိ ဥစ္စာ များကို သိမ်းယူ ဝေး စွာသောပြည် သို့ သွား ပြီးလျှင်၊ ထို ပြည်မှာ ကာမဂုဏ်၌ လွန်ကျူး သောအားဖြင့်ဥစ္စာ ပြုန်းတီး14 ရှိသမျှ ကုန် သောအခါ ၊ ထို ပြည် ၌ ကြီးစွာ သောအစာ ခေါင်းပါးခြင်းဖြစ် ၊ သူ သည် အလွန်ဆင်းရဲ ခြင်းသို့ ရောက်၏။ 15 ထိုအခါ ပြည်သား တစ် ယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက် တို့ကို ကျောင်း စေခြင်းငှာသူ့ သခင်သည် တော သို့ စေလွှတ် သဖြင့်၊ 16 သူသည် ဝက် စား တတ်သော ပဲတောင့် ကိုပင် စား ချင် မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူ မျှ အစာကို မကျွေး17 ထိုအခါ သတိရ လျှင်၊ ငါ့ အဘ ၏အိမ်၌ အခ စားသောသူများ တို့သည် ဝစွာစားရကြ၏။ ငါ မူကား ပြည် ၌သေအောင် အငတ် ခံရ၏။ 18 ငါ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ 19 ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကိုမ ခံထိုက် ပါ။ သူငှား အရာ၌ အကျွန်ုပ် ကို ထား တော်မူပါဟု ငါပြော မည်ဟူ၍အကြံရှိသည်နှင့်၊ 20 အဘ ထံသို့ သွား လေ၏။ သွား၍ ဝေး သေး သောအခါ အဘ သည် သူ့ ကိုမြင် လျှင် ၊ သနား သော စိတ်ရှိသည်နှင့် ပြေးသွား သား ၏လည်ပင်း ကို ပိုက် ဖက်လျက် နမ်းရှုပ် လေ၏။ 21 သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊ 22 အဘ က၊ မြတ် သောဝတ်လုံ ကို ယူခဲ့ သူ့ ကို ခြုံ ကြ၊ သူ ၏လက် ၌ လက်စွပ် တန်ဆာကို ဆင် ကြ။ 23 ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။ 24 ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။ 25 သား အကြီး သည် တောင်ယာ က လာ အိမ် အနီး သို့ရောက်သောအခါ ၊ က ခြင်း၊ တီးမှုတ် ခြင်းအသံကို ကြား လျှင်26 ငယ်သား တစ် ယောက်ကိုခေါ် အဘယ်သို့ သောအခြင်းအရာ နည်းဟု မေး ၏။ 27 ငယ်သားက၊ သခင် ၏ညီ သည် ရောက်လာ ပါပြီ။ ဘေးနှင့်ကင်းလွတ် လျက်ရှိ သည်ကို အဘ တွေ့ သောကြောင့် ၊ ဆူ အောင်ကျွေးသော နွားကလေး ကိုသတ် ပါပြီဟုပြောဆို ၏။ သားအကြီးသည် အမျက်ထွက် အိမ် သို့ မ ဝင်ဘဲနေ ၏။ 28 အဘ သည် သူ့ ဆီသို့သွား ချော့မော့ ရ၏။ 29 သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး30 ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။ 31 အဘကလည်း ၊ ငါ့သား ၊ သင် သည် ငါ့ ထံမှာ အစဉ် နေ ၏။ ငါ ၏ဥစ္စာရှိသမျှ သည် သင် ၏ဥစ္စာဖြစ် ၏။ 32 သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။

16

1 တပည့် တော်တို့အားတစ်ဖန် မိန့် တော်မူသည်ကား၊ ငွေရတတ် သောသူ တစ် ယောက်၌ ဘဏ္ဍာစိုး ရှိ ၏။ ထို ဘဏ္ဍာစိုးသည် သခင် ၏ဥစ္စာ များကို ဖျက်ဆီး သည်အကြောင်း ကို သူတစ်ပါးတို့သည် သခင်ရှေ့၌အပြစ်တင် ကြသော်၊ 2 သခင်သည် ဘဏ္ဍာစိုး ကို ခေါ် ၊ သင် ၏အမူအရာ၌ ငါကြား ရသောစကားကား အဘယ်သို့ နည်း။ ဘဏ္ဍာစိုး အရာ၌ မှတ်သားသော စာရင်း ကို ပေး လော့။ ယခု မှစ၍ဘဏ္ဍာစိုး လုပ်ရ ဟု ဆို ၏။ 3 ထိုအခါ ဘဏ္ဍာစိုး က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏သခင် သည် ဘဏ္ဍာစိုး အရာကို နှုတ် လေပြီ။ လယ် လုပ်ခြင်းငှာမ စွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှာရှက်ကြောက် ၏။ 4 ဘဏ္ဍာစိုး အရာမှ ကျ သည်နောက် သူတစ်ပါးတို့သည် မိမိ တို့အိမ် ငါ့ ကိုလက်ခံ စေခြင်းငှာအဘယ်သို့ ငါ ပြုရမည်ကို ငါသိ ၏ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊ 5 သခင် ၏ငွေ ရှိသောသူအပေါင်း တို့ကို ခေါ် ၊ ငါ ၏သခင် ကို ဆပ်ပေး ရန် သင်၌အဘယ်မျှလောက် ရှိ သနည်းဟု တစ်ယောက်ကိုမေး လျှင်၊ 6 ထိုသူက၊ ဆီ အခွက် တထောင် ပေးရန် ရှိပါသည်ဟုဆို ၏။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်း ကိုယူ ၍ အသော့ ထိုင် ပြီးလျှင် ၊ အခွက်ငါးရာ ကို ရေးမှတ် လော့ဟုဆို ၏။ 7 ထိုနောက် အခြား သောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေး ရန်သင် ၌ အဘယ်မျှလောက် ရှိသနည်းဟု မေး လျှင် ၊ ထို သူက၊ ဂျုံ စပါးအတင်း တစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို ၏။ ဘဏ္ဍာစိုးကလည်း၊ သင် ၏ စာရင်း ကိုယူ အတင်းရှစ်ရာ ကို ရေးမှတ် လော့ဟု ဆို ၏။ 8 မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။ 9 တဖန် ငါ ဆို သည်ကား၊ သင်တို့သည် စုတေ့ သောအခါ ၊ အစဉ်အမြဲ တည်သော ဗိမာန် သင် တို့ကို လက်ခံ လတံ့သော အဆွေ ရှိစေခြင်းငှာ မြဲသော လောကီစည်းစိမ် ကိုသုံးဆောင် ကြလော့။ 10 အနည်းငယ် သော အမှု၌ သစ္စာ ရှိသောသူ သည် ကြီး သောအမှု၌ လည်း သစ္စာ ရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာ မရှိသောသူ သည် ကြီး သောအမှု၌ သစ္စာ မရှိ။ 11 သို့ဖြစ်၍ မြဲသော လောကီ စည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာ ရှိ လျှင် ၊ မှန် သောစည်းစိမ်ကို သင် တို့၌ အဘယ်သူ အပ် မည်နည်း။ 12 သူတစ်ပါး အမှု သင်တို့သည် သစ္စာ ရှိလျှင် ၊ အဘယ်သူ သည် အပိုင် ပေး မည်နည်း။ 13 အဘယ် အစေခံ မျှ သခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ်ဦး ကိုမုန်း တစ်ဦး ကိုချစ် မည်။ သခင်တစ်ဦး မှီခို တစ်ဦး ကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏ အစေ ကို၎င်း ၊ လောကီစည်းစိမ် ၏အစေကို၎င်း မ ခံနိုင် ကြ ဟု မိန့်တော်မူ၏။

14 ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။ 15 ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ 16 ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။ 17 ပညတ္တိ ကျမ်း၌ အငယ်ဆုံးသော ဗိန္ဓု တစ် လုံးပျက်စီး လွယ် ထက် ၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး လွယ်၏။ 18 အကြင်သူသည် မိမိ မယား နှင့်ကွာ အခြားသောမိန်းမ နှင့်စုံဘက် ခြင်းကိုပြု၏။ ထိုသူသည်မိမိမယား ကို ပြစ်မှား ၏။ လင် ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကို ပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှားသည် ဟု မိန့်တော်မူ၏။

19 တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။ 20 လာဇရု အမည် ရှိသော သူဆင်းရဲ တစ် ယောက်သည် တကိုယ်လုံး၌ အနာစိမ်း ပေါက်၍21 သူဌေး ၏စားပွဲ မှ ကျ သောစားနုပ်စားပေါက် ကို စား ပါရစေဟု တောင့်တ သောစိတ်နှင့် သူဌေး အိမ် တံခါး နား မှာ တုံးလုံး နေ၏။ ခွေး တို့သည် လာ အနာစိမ်း များကို လျက် ကြ၏။ 22 တနေ့သ၌ ထိုဆင်းရဲသား သည် သေ လွန်၍ ၊ ကောင်းကင်တမန် တို့သည် အာဗြဟံ ၏ရင်ခွင် သို့ ပို့ဆောင် ကြ၏။ သူဌေး သည်လည်း သေ လွန်၍ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။ 23 မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် လာဇရု ကို၎င်းအဝေး က မြင် လျှင်၊ 24 အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။ 25 အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။ 26 ထိုမှတပါး ၊ ငါ တို့နှင့် သင် တို့ စပ်ကြား အလွန် နက်လှသော ချောက် ကြီးတည် လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင် တို့ရှိရာသို့ ကူးချင် သောသူ ကူး နိုင် ။ ထို အရပ်မှ ငါ တို့ရှိရာသို့ ကူး ချင်သောသူလည်း မ ကူးနိုင် ဟု ဆို ၏။ 27 သူဌေး ကလည်း၊ အိုအဘ ၊ ထိုသို့ မှန်လျှင်၊ 28 အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊ 29 အာဗြဟံ က၊ သင်၏ညီတို့၌ မောရှေ မှစ၍ ပရောဖက် များရှိ ကြ၏။ ပရောဖက် တို့၏ စကားကို နားထောင် ကြစေဟုဆို ၏။ 30 သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊ 31 အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။

17

1 တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။ 2 သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ပင်လယ် ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ 3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။ 4 တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။

5 တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင်6 သခင် ဘုရားက သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ပင်လယ် စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။ 7 အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။ 8 ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။ 9 ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး တင်။ 10 ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။

11 ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ရှောက်သွား တော်မူ၏။ 12 ရွာ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊ 13 သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။ 14 ယေရှု သည် မြင် တော်မူလျှင် သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။ 15 ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။ 16 ခြေ တော်ရင်း၌ ပြပ်ဝပ် ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။ 17 ယေရှု ကလည်း တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။ 18 တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ ရှိ သလော ဟု မေး တော်မူပြီးမှ19 သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။

20 ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ တည်21 ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။

22 တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။ 23 အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း လိုက် သွား ကြနှင့်။ 24 ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ဖြစ် တော်မူလတံ့။ 25 ထိုသို့ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။ 26 နောဧ လက်ထက် ဖြစ် သကဲ့သို့ လူ သား လက်ထက် ဖြစ် လိမ့်မည်။ 27 နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။ 28 ထိုနည်းတူ ၊ လောတ လက်ထက် လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊ 29 လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း30 လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။ 31 ထို နေ့ရက် အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ရှိသောသူ သည် နောက် သို့ လှည့် ပြန်လာစေနှင့်။ 32 လောတ ၏မယား ကို အောက်မေ့ ကြလော့။ 33 အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။ 34 ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ တစ် ယောက်မူကား နေရစ် ရလတံ့။ 35 ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။ 36 လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊ 37 သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။

18

1 လူ တို့သည် အား လျော့ဘဲကြိုးစား ဆုတောင်း မည်အကြောင်း ကို ဥပမာ စကားအားဖြင့်မိန့် တော်မူသည်ကား၊ 2 မြို့ တစ် မြို့၌ ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား နာတတ်သော တရားသူကြီး တစ် ယောက်ရှိ ၏။ 3 ထို မြို့ နေ သော မုတ်ဆိုးမ တစ်ယောက်သည် တရားသူကြီး ထံသို့ သွား ၊ ကျွန်မ ရန်ဘက် ကို လက်စားချေ လောက်အောင်အပြစ်အလျောက် ဒဏ် စီရင်ပါဟု တောင်းပန် သော်လည်း၊ 4 တရား စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား နာတတ်သောသူ ဖြစ် သော်လည်း5 မုတ်ဆိုးမ သည် ငါ့ ကိုနှောင့်ရှက် သောကြောင့် သူ့ ဘက်၌ တရားစီရင် မည်။ သို့မဟုတ် အစဉ် လာ ၍ ငါ့ ကို ပင်ပန်း စေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ 6 မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။ 7 ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။ 8 ငါ ဆိုသည်ကား ၊ သူ တို့ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။ သို့သော်လည်း လူ သား သည် ကြွလာ သောအခါ ယုံကြည် ခြင်းကို မြေကြီး ပေါ်မှာ တွေ့ မည်လော ဟု သခင်ဘုရားသည် မိန့် တော်မူ၏။

9 ကိုယ် ကုသိုလ် ကို အမှီပြု သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား10 လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။ 11 ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။ 12 အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ် ရက်အစာရှောင် ပါ၏။ ဥစ္စာရှိသမျှ တို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ဆုတောင်း ပဌနာပြု၏။ 13 အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။ 14 ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။

15 ထိုအခါ သူငယ် တို့ကို လက်တော်နှင့်တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ကို တပည့် တော်တို့သည် မြင် လျှင် အပြစ်တင် ကြ၏။ 16 ယေရှု သည် ထိုသူငယ် တို့ကို ခေါ် တော်မူ၍ ငါ့ ထံသို့ လာ ပါလေစေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏ နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် ၏။ 17 ငါ အမှန် ဆိုသည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ ခံ မယူ၊ ထိုသူသည် နိုင်ငံ တော်သို့ ဝင် ဟု မိန့် တော်မူ၏။

18 အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊

19 ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။ 20 သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင်

21 အရှင်ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို ငယ် သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက် ပါပြီဟု လျှောက် ပြန်သည်ကို ယေရှု သည်ကြား လျှင် သင် သည် တစ်ခု လို သေး ၏။ 22 ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။ 23 ထိုသူသည် များစွာ သောဥစ္စာ ကို ရတတ်သောသူဖြစ် ၊ ထို စကားကိုကြား လျှင် အလွန်စိတ်မသာ သည် နှင့် သွား လေ၏။ 24 ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ဥစ္စာ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။ 25 ကုလားအုပ် သည် အပ် နဖား ကို လျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု မိန့် တော်မူ၏။ 26 ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။ 27 ကိုယ်တော်ကလည်း လူ တတ်နိုင်သောအမှု ကို ဘုရားသခင် တတ်နိုင်တော်မူ သည် ဟု မိန့် တော်မူ၏။

28 ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီဟု လျှောက် လေသော်၊ 29 ကိုယ်တော် က၊ ငါ အမှန် ဆိုသည်ကား ၊ အကြင်သူ သည် ဘုရားသခင် ၏ နိုင်ငံ တော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သား မယား တည်းဟူသောတစ်ပါးပါးကို စွန့် ၏။ 30 ထိုသူ သည် ယခု ကာလ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။

31 ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ပြည့်စုံ ရလိမ့်မည်။ 32 တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။ 33 သူတို့သည် လူသား ကို ရိုက်ပုတ် သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။ 34 ထို စကားတော်တစ်ခွန်း ကိုမျှ တပည့် တော်တို့သည်နား မလည်ကြ။ ထို အကြောင်း အရာသည် ဝှက်ထား လျက် ရှိ သည်ဖြစ်၍ မိန့် တော်မူချက်အနက် ကို မ ရိပ်မိ ကြ။

35 ယေရိခေါ မြို့အနီး ရှိတော်မူစဉ် တွင်၊ လူကန်း တစ် ယောက်သည် လမ်း နား မှာထိုင် တောင်းစား လေ၏။ 36 ထို လူကန်းသည် လမ်း၌ လူ များသွား သံကို ကြား လျှင် အဘယ်သို့ ဖြစ် သနည်းဟုမေး ၏။ 37 နာဇရက် မြို့သားယေရှု ကြွသွား ကြောင်း ကို သူတစ်ပါးပြော လျှင်38 ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။ 39 ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ ရှေ့ တော်၌ သွားသောသူ တို့သည်ငေါက် ဆိုကြသော်လည်း၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြလေ၏။ 40 ယေရှု သည်လည်းရပ် တော်မူလျက်၊ ထိုသူ ကို ခေါ် ခဲ့ဟု အမိန့် တော်ရှိ၏။ လူကန်း သည် အထံ တော်သို့ ချဉ်းကပ် ပြီးမှ သင် ၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊ 41 သခင် ၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက် လေသော်၊ 42 ယေရှု က၊ မျက်စိမြင် စေ။ သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်မ ပြီ ဟုမိန့် တော်မူ၏။ 43 ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။

19

1 ယေရှုသည် ယေရိခေါ မြို့သို့ ဝင် ရှောက်သွား တော်မူ၏။ 2 ထိုအခါ ဇက္ခဲ အမည် ရှိ သော အခွန် ခေါင်းတစ်ယောက်ရှိ ၏။ ထိုသူ သည် ငွေရတတ် သောသူ ဖြစ် ၏။ 3 ယေရှု သည် အဘယ်သို့ သောသူဖြစ် သည်ကို ထိုသူ သည် ကြည့် လို၍ ၊ လူအစုအဝေးများ သောကြောင့် ၊ မိမိ အရပ် လည်း နိမ့် သည်ဖြစ် မြင် နိုင်4 ထို့ကြောင့် ကြွ တော်မူမည့်လမ်းတွင် ရှေ့ သို့ ပြေး ကိုယ်တော် ကို မြင် အံ့သောငှာ သဖန်းပင် တပင်ကို တက် လေ၏။ 5 ထိုအရပ် သို့ ယေရှု သည် ရောက် တော်မူသောအခါ မျှော်ကြည့် ထိုသူ ကို မြင်တော်မူလျှင်၊ 6 ဇက္ခဲ ၊ မြန်မြန် ဆင်း လော့။ သင် ၏အိမ် ယနေ့ ငါ တည်း နေမည် ဟု မိန့် တော်မူ၏။ ဇက္ခဲသည် အလျင်အမြန် ဆင်း ဝမ်းမြောက် သောစိတ်နှင့် ကိုယ်တော် ကို မိမိအိမ်၌ ဧည့်ခံ လေ၏။ 7 ထိုအကြောင်း ကိုလူအပေါင်း တို့သည်မြင် လျှင် ၊ ဆိုး သောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံ တော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။ 8 ဇက္ခဲ သည်လည်းရပ် နေ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာ တစ်ဝက် ကို ဆင်းရဲ သောသူ တို့အား ပေး ပါ၏။ တစ်စုံတစ်ယောက် သောသူ၏ဥစ္စာအနည်းငယ် ကို အကျွန်ုပ်ယူ မိလျှင် ၊ လေး ဆပြန် ပေးပါ၏ဟု သခင် ဘုရားကို လျှောက်ဆို ၏။

9 ယေရှု ကလည်း ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။ 10 လူ သား သည် ပျောက် သောသူ တို့ကိုရှာ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။

11 ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် မိန့် တော်မူသော ဥပမာ ကား12 အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။ 13 မသွားမှီ မိမိ ငယ်သား တစ်ကျိပ် ကိုခေါ် ၍၊ ငွေတစ် ပိဿာ စီအပ်ပေး လျက် ငါပြန် ၍ မ လာမှီတိုင်အောင်ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထား လေ၏။ 14 ပြည်သား အချို့သည် ထိုအမတ် ကို မနာလို ၊ ထိုသူ ၏ အအုပ်အချုပ် ကို ငါ တို့မ ခံလို ပါဟု တမန် ကို သူ့ နောက် သို့ စေလွှတ် ကြ၏။ 15 ထိုအမတ် သည် မင်းကြီး အရာ ကိုခံ ပြန်လာ တော်မူသောအခါ၊ ငွေ ခံ သော ငယ်သား တို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရ သည်ကို သိ ခြင်းငှာ သူ တို့ကိုခေါ် ချေဟု အမိန့် တော်ရှိ၏။ 16 ပဌမ သူ သည် လာ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊ 17 သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။

18 ဒုတိယ သူ သည် လာ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊ 19 သခင်က၊ သင် သည် မြို့ ငါး မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။

20 အခြား သောသူ သည်လာ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊ 21 ကိုယ်မ သို မထားသော ဥစ္စာကိုသိမ်းယူ ၊ ကိုယ်မ စိုက် မပျိုးသော လယ်၌ရိတ် တတ်သည်ကို အကျွန်ုပ်ထောက် ၍ ကိုယ်တော်ကို ကြောက် ပါသည်ဟု လျှောက် လျှင်၊ 22 သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊ 23 ငါ့ ငွေ ကိုပွဲစား လက်သို့ အဘယ်ကြောင့် အပ် သနည်း။ ထိုသို့အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အဘိုးကို ရ နိုင်သည်ဟု မိန့် တော်မူပြီး သော်၊ 24 အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။ 25 အခြွေအရံတို့ကလည်း၊ သခင် ၊ ထိုသူ ၌ အခွက် တဆယ် ရှိ ပါ၏ဟု လျှောက် ကြလျှင်26 ငါ ဆိုသည်ကား ၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေး ဦးမည်။ အကြင်သူသည် ဆင်းရဲ ၏။ ထိုသူ၌ ရှိ သမျှကိုပင် နှုတ် လိမ့်မည်။ 27 ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။ 28 ထိုသို့ မိန့် တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင် မြို့သို့ ခရီးသွား တော်မူ၏။ 29 သံလွင် အမည် ရှိသော တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူ သောအခါ ၊ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍၊ 30 သင်တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထို ရွာသို့ ရောက် လျှင် အဘယ်သူ မျှ မစီး ဘူးသောမြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် တွေ့ လိမ့်မည်။ မြည်းကြိုး ကိုဖြည် ဆောင်ခဲ့ ကြ။ 31 သူတစ်ပါး က အဘယ်ကြောင့် မြည်းကြိုးကို ဖြည် သနည်းဟု သင် တို့ကိုဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့ ဟု မှာထား တော်မူ၏။ 32 ထိုသို့ စေလွှတ် သောသူ တို့သည်သွား စကား တော်အတိုင်း တွေ့ ကြ၏။ 33 မြည်းကြိုးကို ဖြည် စဉ်တွင်မြည်း ရှင် တို့က ၊ အဘယ်ကြောင့် မြည်း ကြိုးကို ဖြည် သနည်းဟုဆို လျှင်၊ 34 သခင် အလို ရှိ သည်ဟု ပြန်ပြော ကြ၏။ ယေရှု ထံတော်သို့ မြည်းကလေး ကို ဆောင်ခဲ့35 မြည်း ကျောပေါ်မှာ မိမိ တို့ အဝတ် ကို တင် ပြီးလျှင် ကိုယ်တော် ကို စီး စေကြ၏။ 36 ခရီးသွား တော်မူစဉ် တွင် လူများတို့သည် မိမိ တို့ အဝတ် ကို လမ်း ခင်း ကြ၏။ 37 သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊ 38 ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။ 39 လူအစုအဝေး ပါသော ဖာရိရှဲ အချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော် ၏တပည့် တို့ကို ဆုံးမ ပါဟု လျှောက် ကြသော်၊ 40 ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။

41 ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍42 အချင်းမြို့၊ သင် ၏ငြိမ်သက် ခြင်းနှင့် စပ်ဆိုင်သောအရာ တို့ကို သင်၏လက်ထက် ယခု ကာလ၌ပင် သင်သည် သိ ရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင် ၏မျက်စိ ရှေ့မှာ မထင်ရှားစေခြင်းငှာဝှက်ထား လျက် ရှိ၏။ 43 အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊ 44 သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။

45 ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန်တော်၌ ရောင်း ဝယ်သောသူတို့ ကို နှင်ထုတ် လျက်၊ 46 ငါ့ အိမ် သည် ဆုတောင်း ရာအိမ် ဖြစ် ၏ဟု ကျမ်းစာ ၌ လာသော်လည်း၊ သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။ 47 ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း48 လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။

20

1 တစ်နေ့သ၌ ကိုယ်တော် သည် ဗိမာန် တော်တွင် လူ များကို ဆုံးမ ဩဝါဒပေး၍ ဧဝံဂေလိ တရားကို ဟောတော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် လာ ၍၊ 2 ကိုယ်တော် သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သည်ကို၎င်း ၊ ထို အခွင့် ကို အဘယ်သူ ပေး သည်ကို၎င်း၊ အကျွန်ုပ် တို့အား ပြော ပါဟု ဆို ကြသော်3 ကိုယ်တော်က၊ ငါ သည် တစ်စုံတစ်ခုကိုမေး ဦးမည်။ သင် တို့ ဖြေ ကြလော့။ 4 ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ 5 ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည် ယောဟန် ကို အဘယ်ကြောင့် ယုံ သနည်းဟု သူမေး လေဦးမည်။ လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင်6 ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ 7 အဘယ် ကဖြစ် သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြန်ပြော ကြ၏။

8 ယေရှု ကလည်း ထိုအတူဤ အမှုများကိုအဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော ဟု မိန့် တော်မူ၏။

9 ထိုအခါ ပရိသတ် တို့အား မိန့် တော်မူသောဥပမာ ကား၊ လူ တစ်ဦး သည် စပျစ် ဥယျာဉ်ကို စိုက်ပျိုး ပြီးမှလုပ်ဆောင် သောသူတို့အား ဥယျာဉ် ကိုငှား အခြားသောပြည်သို့ ကြာမြင့် စွာ သွား နေ၏။ 10 ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့သည် စပျစ် သီး အချို့ကို ပေး စေခြင်းငှာ ဥယျာဉ်ရှင်သည် သား ငယ်ကို စေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည် ငယ်သား ကိုရိုက် လက်ချည်း လွှတ် လိုက်ကြ၏။ 11 နောက်တစ်ဖန် အခြား သော ငယ်သား ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် သူ့ ကိုရိုက် အရှက်ခွဲ ပြီးမှလက်ချည်း လွှတ် လိုက်ကြ၏။ 12 နောက်တစ်ဖန် အခြား သောငယ်သားကို စေလွှတ် ပြန် လျှင် ၊ သူ့ ကိုဒဏ်ရာ ပေါ်အောင် နာကျင်စွာရိုက် နှင်ထုတ် ကြ၏။ 13 ထိုအခါ ဥယျာဉ် ရှင် က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏ချစ် သား ကို ငါစေလွှတ် မည်။ ထိုသူတို့ သည် ငါ့သား ကိုမြင်လျှင် အားနာ ကောင်းအားနာကြလိမ့်မည်ဟု ဆို ၏။ 14 ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ၊ ဤသူ သည် အမွေခံ ဖြစ် ၏။ လာကြ။ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ၏ အမွေ ဥစ္စာကို ငါ တို့ ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ပြီးမှ၊ 15 ဥယျာဉ်ရှင်၏သား ကို ဥယျာဉ် ပြင် သို့ ထုတ် သတ်ပစ် ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည် ဥယျာဉ်စောင့် တို့ကို အဘယ်သို့ ပြု မည်နည်း။ 16 ဥယျာဉ်ရှင်သည် လာ၍ ထို သူ တို့ကို သုတ်သင် ပယ်ရှင်းပြီးမှထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည် ဟု မိန့် တော်မူ၏။ ပရိသတ်တို့သည် ကြား လျှင် ထိုသို့မ ဖြစ် ပါစေနှင့်ဟု လျှောက် ကြသော်17 ကိုယ်တော်သည် ထိုသူ တို့ကို ကြည့်ရှု တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျား သို့ ရောက် ပြန်၏ဟူသော ကျမ်းစာ ချက်သည် အဘယ်သို့ ဆိုလို သနည်း။ 18 အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူ သည် ကျိုး လတံ့။ အကြင်သူ ၏အပေါ်သို့ ထို ကျောက် သည် ကျ ၏။ ထိုသူသည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။

19 ထိုအခါ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့သည် မိမိ တို့ကို ရည်ဆောင် ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကိုသိ သောကြောင့် ကိုယ်တော်ကို ဖမ်းဆီး ခြင်းငှာ ရှာကြံ ကြ၏။ သို့သော်လည်း လူ များ ကိုကြောက် ၍ နေရကြ၏။ 20 ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။ 21 ထိုသူလျှိုတို့က၊ အရှင် ဘုရား၊ ကိုယ်တော် သည် လူမျက်နှာ ကို မ ထောက် ဘဲ ဖြောင့်မတ် စွာဆုံးမ ဩဝါဒပေး ၊ ဘုရားသခင် ၏ တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ 22 အကျွန်ုပ် တို့သည် ကဲသာ ဘုရင်အား အခွန် ကိုဆက် အပ် သလော၊ မ ဆက်အပ်သလောဟု မေး လျှောက် ကြ၏။

23 ကိုယ်တော်သည် ထိုသူ တို့၏ ပရိယာယ် ကို သိမှတ် တော်မူလျှင် သင်တို့ သည် ငါ့ ကို အဘယ်ကြောင့်စုံစမ်းနှောင့်ရှက်ကြသနည်း။ 24 ဒေနာရိ တစ်ပြားကိုပြ ပါ။ အဘယ်သူ ၏ပုံ ၊ အဘယ်သူ၏လိပ်စာ ပါ ပါသနည်း ဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက် ကြသော်

25 ကိုယ်တော်က၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ဘုရားသခင် အား ဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။ 26 ထိုသူတို့သည် လူ များရှေ့ တွင် စကား တော်၌ အပြစ် တွေ့နိုင် သဖြင့် ပြန်ပြော တော်မူသောစကားကို အံ့ဩ တိတ်ဆိတ် စွာနေကြ၏။

27 ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟုငြင်းခုံ တတ်သော ဇဒ္ဒုကဲ အချို့ သည်လည်း အထံ တော်သို့ ချဉ်းကပ် ၍၊ 28 အရှင် ဘုရား၊ မယား ရှိ သောသူ သည်သား မရှိဘဲသေ လျှင် ၊ သူ၏မယား ကို သူ့ ညီ သိမ်းယူ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင် ပါပြီ။ 29 ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် သား မရှိဘဲသေ လျှင်၊ 30 သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။ 31 ထိုအတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက်ခုနစ် ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမ ကိုသိမ်းယူ သား ကို မ ကျန်ရစ် စေဘဲ သေ ကြ၏။ 32 နောက်ဆုံး မိန်းမ သည်လည်း သေ လေ၏။ 33 သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမ သည်အဘယ်သူ ၏မယား ဖြစ် ရပါမည်နည်း။ ထိုသူ ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ကြပြီဟုလျှောက် ကြ၏။

34 ယေရှု ကလည်း ယခု ဘဝ သား တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို ပြုတတ်ကြ၏။ 35 နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။ 36 သေ ခြင်းနှင့်အစဉ် ကင်းလွတ် ၍ ကောင်းကင် တမန်ကဲ့သို့ ဖြစ် သည်သာမက ၊ ထမြောက် ခြင်း၏သား ဖြစ် သောကြောင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။ 37 ထိုမှတပါး၊ မောရှေ သည် ထာဝရ ဘုရားကို အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဟု ချုံ ခဏ်း၌ ခေါ်ဝေါ် သောအခါ သေ လွန်သောသူ တို့သည် ထမြောက် ကြောင်း ကို ဖော်ပြ ခဲ့ပြီ။ 38 ဘုရားသခင် သည် သေ နေသောသူတို့၏ဘုရားမ ဟုတ် ။ အသက် ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်း တို့သည် ဘုရားသခင် အသက် ရှင်ကြသည် ဟု မိန့် တော်မူ၏။

39 ကျမ်းပြု ဆရာအချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော်၏စကား သည် လျောက်ပတ် ပါ၏ဟု လျှောက် ကြ၏။ 40 နောက်တစ်ဖန် အလျှင်း မေး မလျှောက်ဝံ့ ကြ၊ 41 ယေရှု ကလည်း ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု အဘယ်ကြောင့် ဆို ကြသနည်း။ 42 ဒါဝိဒ် ၏စကား မှာ၊ ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု၊ 43 ငါ့ သခင် အား မိန့် တော်မူသည်ဟု ဆာလံ ကျမ်းစာ ဒါဝိဒ်ဆိုသတည်း။ 44 ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူ၏။

45 ပရိသတ် များ နားထောင် စဉ်တွင်တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား၊ 46 ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာ အလိုရှိ ကြ၏။ ဈေး ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာ ကို၎င်းနှစ်သက် ကြ၏။ 47 သူတို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ် မပေါ်စေခြင်းငှာရှည် စွာသောပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုသူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကိုခံရ ကြလတံ့ ဟု မိန့် တော်မူ၏။

21

1 ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၊ ငွေရတတ် သောသူ တို့သည်အလှူဒါန ကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို မြင် တော်မူ၏။ 2 ဆင်းရဲ သော မုတ်ဆိုးမ တစ် ယောက်သည်လည်း ကြေးနီ ဒင်္ဂါးနှစ် ပြား သွင်းချ သည်ကို မြင် တော်မူလျှင်၊

3 ငါ အမှန် ဆိုသည်ကား ၊ ထို ဆင်းရဲ သော မုတ်ဆိုးမ သည် အခြားသောသူအပေါင်း တို့ထက် သာ၍သွင်းချ ပြီ။ 4 အကြောင်းမူကား ၊ ထိုသူ အပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ် ထဲက နှုတ်၍ ဘုရားသခင်၏ အလှူ တော်စုထဲသို့ သွင်းချ ကြ၏။ ထိုမိန်းမ မူကား ၊ အလွန်ဆင်းရဲလျက်ပင်မိမိ အသက်မွေးစရာ ဥစ္စာရှိသမျှ ကို သွင်းချလေပြီ ဟု မိန့် တော်မူ၏။

5 လူ အချို့တို့သည် လာ၍ ဗိမာန် တော်သည် တင့်တယ် သောကျောက် ပြားနှင့်၎င်း ၊ ပူဇော် သက္ကာများ နှင့်၎င်း ဆင်ပြင် လျက် ရှိပါ၏ဟုလျှောက် ကြလျှင်6 ကိုယ်တော်က၊ ဤအရာ များကို သင်တို့သည် ယခုမြင် ရကြ၏။ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှ မတည် မနေရသော အချိန် ကာလရောက် လိမ့်မည် ဟု မိန့် တော်မူ၏။

7 သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊ 8 ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။ 9 သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် ဖြစ် သေး။ 10 ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။ 11 အရပ် ရပ် တို့၌ ကြီးစွာ သော မြေလှုပ် ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ် ကြ လိမ့်မည်။ မိုးကောင်းကင် လည်း ကြောက်မက်ဖွယ် သောအရာနှင့် ကြီးစွာ သောပုပ္ပ နိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။ 12 ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ တရားစရပ် ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။ 13 ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။ 14 ထိုကြောင့် သင် တို့သည် အဘယ်သို့ပြန်ပြော ရမည်ကို ရှေ့မဆွက မ ဆင်ခြင်ခြင်းငှာ သတိ ထား ကြလော့။ 15 အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။ 16 သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်း တို့သည် သင် တို့ကို အပ်နှံ ကြလိမ့်မည်။ အချို့ တို့ ကိုလည်း သတ် ကြလိမ့်မည်။ 17 လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။ 18 သို့သော်လည်း သင် တို့ ဆံခြည် တစ်ပင်မျှ မပျက်စီး ရ။ 19 သင် တို့သည်တည်ကြည် သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။ 20 ယေရုရှလင် မြို့ကို ဗိုလ်ခြေ များဝန်းရံ လျက်ရှိသည်ကို သင်တို့မြင် သောအခါ ၊ ထိုမြို့ သည် ပျက်စီး ခြင်းသို့ ရောက် လုသည်ကို သိမှတ် ကြလော့။ 21 ထိုအခါ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ မြို့ ထဲ ရှိသောသူ တို့သည် မြို့ပြင်သို့ ထွက် ကြစေ။ တောရွာ မှာ ရှိသောသူ တို့သည် မြို့ ထဲသို့ ဝင် ကြစေနှင့်။ 22 အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။ 23 ထို နေ့ရက် ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။ 24 သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည်25 ထိုအခါ ၊ နေ ၊ လ ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပ နိမိတ်ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာ လည်း လူအမျိုးမျိုး ငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာ လှိုင်း တံပိုးကြီးခြင်း၊ 26 မြေကြီး ပေါ်မှာဖြစ် လတံ့သော ဘေး များကိုမြော် ကြောက်လန့် သဖြင့် ၊ လူ များတို့၏ အသက် ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။ 27 ထိုအခါ လူ သား သည် ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကို ဆောင်လျက် ၊ မိုဃ်းတိမ် ကို စီး လျက် ကြွလာ သည်ကို မြင် ရကြလိမ့်မည်။ 28 ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။

29 တဖန် ထပ်၍မိန့် တော်မူသောဥပမာ ကား၊ သင်္ဘောသဖန်း ပင်မှစ၍ သစ်ပင် များ ကို မှတ် ကြလော့။ 30 အရွက် ပေါက်သောအခါ နွေ ကာလနီး သည်ကို သင် တို့သည် အလိုအလျောက် သိ မြင် ကြ၏။ 31 ထိုနည်းတူ ထိုအကြောင်း အရာများဖြစ် သည်ကို မြင် ရလျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော် တည်လုနီး သည် ကို သိမှတ် ကြလော့။ 32 ငါ အမှန် ဆိုသည်ကား ၊ ယခု ဖြစ်သောလူ များ မ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။ 33 ကောင်းကင် နှင့် မြေကြီး တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။ 34 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။ 35 ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။ 36 ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။ 37 ထိုသို့ ကိုယ်တော်သည် နေ့ရက် အစဉ်အတိုင်းဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ည အချိန် ရောက်လျှင် သံလွင် အမည် ရှိသော တောင် သို့ သွား ၍ ညဉ့်ကို လွန် စေတော်မူ၏။ 38 နံနက် စောစော လူ များအပေါင်း တို့သည် ဗိမာန် တော်သို့ သွား၍ အထံ တော်၌ ဒေသနာတော်ကို နားထောင် ကြ၏။

22

1 ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင်2 ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။ 3 ထိုအခါ စာတန် သည် တပည့် တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ် အထဲ သို့ဝင် သည် ဖြစ်၍၊ 4 ထိုသူသည် ယဇ်ပုရောဟိတ် အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့သွား ပြီးလျှင် ၊ ယေရှု ကို အဘယ်သို့ အပ် ရမည်နည်းဟူ၍ တိုင်ပင် လေ၏။ 5 ထိုသူ တို့သည်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ 6 ယုဒ ရှကာရုတ်သည်လည်းဝန်ခံ ပြီးမှ လူ များမ ရှိစဉ်တွင်ကိုယ်တော် ကို အပ် ခြင်းငှာအဆင်သင့် သော အချိန်ကာလကို ကြံ လျက် နေ၏။ 7 ပသခါ သိုးသငယ်ကို သတ် ရသောနေ့တည်းဟူသောအဇုမ ပွဲနေ့ ရောက် သောအခါ၊ 8 ကိုယ်တော်က၊ ငါ တို့ စား ဘို့ရာ သင်တို့သည်သွား ပသခါ ပွဲကို ပြင်ဆင် ကြလော့ ဟု ပေတရု နှင့် ယောဟန် ကို စေလွှတ် တော်မူ၏။ 9 သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊ 10 ကိုယ်တော်က၊ သင် တို့သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ဆောင် သောသူ ကိုတွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ သူဝင် သောအိမ် သို့ ဝင်ပြီးမှ၊ 11 ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကိုစား ရသော ဧည့်သည်အခန်း ကား အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ် ရှင် ကို ပြော ကြလော့။ 12 ထိုသူ သည် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကို ပြ လိမ့်မည်။ ထို အခန်း၌ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။ 13 တပည့် တော်တို့သည် သွား ၍ စကား တော်အတိုင်း တွေ့ လျှင် ၊ ပသခါ ပွဲကို ပြင်ဆင် ကြ၏။ 14 အချိန် ရောက် မှ တမန်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၍15 ငါ သည် အသေမ ခံ မှီ ဤ ပသခါ ပွဲကို သင် တို့နှင့်အတူ စား ခြင်းငှာအလွန် အလိုရှိ လေပြီ။ 16 ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်၌ ပသခါပွဲမ ပြည့်စုံ မှီတိုင်အောင် ယခုမှစ၍ဤ ပွဲကို တဖန် ငါမ စား ရ ဟု မိန့် တော်မူလျက်၊

17 ခွက်ဖလား ကို ယူ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ခွက်ကို ယူ အချင်းချင်း ဝေ ကြလော့။ 18 ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။

19 ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။

20 ထိုနည်းတူ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ခွက် ကား သင် တို့အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး တည်သော ပဋိညာဉ်တရား သစ် ဖြစ်၏။ 21 သို့သော်လည်း ငါ့ ကို အပ်နှံ သောသူ ၏လက် သည် ဤစားပွဲ ပေါ်မှာ ငါ့ လက်နှင့်အတူ ရှိ ၏။ 22 ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။

23 တပည့် တော်တို့သည်လည်း ထိုအမှု ကို အဘယ်သူ ပြု အံ့နည်းဟု အချင်းချင်း မေးမြန်း ကြ၏။ 24 ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိ တို့တွင် အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိ သည်ဖြစ်၍၊

25 ကိုယ်တော် က၊ လောကီ မင်း တို့သည် အစိုးတရ ပြုတတ်ကြ၏။ အာဏာ ထားသောသူ တို့ကိုလည်း ကျေးဇူး ရှင်ဟူ၍ခေါ်ဝေါ် ကြ၏။ 26 သင် တို့မူကား ထိုသို့ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။ 27 အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သလော ။ လုပ်ကျွေး သောသူ သည် ကြီးမြတ်သလော။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မ ဟုတ်လော။ သို့သော်လည်း ငါ သည် သင် တို့တွင် လုပ်ကျွေး သောသူ ကဲ့သို့ ဖြစ် ၏။ 28 ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။ 29 ငါ့ ခမည်းတော် သည် ငါ့ အား နိုင်ငံ ကို ပေး တော်မူသည်နှင့်အညီ30 သင်တို့သည် ငါ ၏နိုင်ငံ တွင် ငါ့ စားပွဲ စား သောက် သောအခွင့်ကို၎င်း၊ တရား ပလ္လင်ပေါ်မှာ ထိုင် ဣသရေလ လူတစ်ဆယ်နှစ် မျိုး ကို အုပ်စိုး ရသောအခွင့်ကို၎င်း၊ ငါ သည် သင် တို့အား ပေး မည် ဟု မိန့် တော်မူ၏။

31 တဖန် သခင်ဘုရားက ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊ 32 သင် ၏ယုံကြည် သောစိတ် ပျက်စေခြင်းငှာ ငါ သည် သင့် အဘို့ ဆုတောင်း လေပြီ။ သင် သည် သတိရ ပြန်သောအခါ သင် ၏ညီအစ်ကို တို့ကို တည်ကြည် စေလော့ ဟု မိန့်တော်မူလျှင်၊

33 ပေတရုက၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူ ထောင် ထဲသို့ ၎င်း ၊ အသေ သတ်ခြင်းသို့ ၎င်း လိုက် ခြင်းငှာအသင့် ရှိ ပါ၏ဟု လျှောက် လေသော်၊

34 သခင်ဘုရားက၊ ပေတရု ၊ ငါဆို သည်ကား၊ ယနေ့ တွင် ကြက် တွန် မှီ သင် သည် ငါ့ ကို မသိ ဟုသုံး ကြိမ်မြောက်အောင် ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။

35 တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ လိုပါဟု လျှောက် ကြသော်36 ယခု မူကား ငွေအိတ် ရှိ သောသူ သည် ယူ စေ။ လွယ်အိတ် ရှိသောသူသည် ယူစေ။ ဓား ရှိ သော သူ သည် အဝတ် ကိုရောင်း ထားကိုဝယ် စေ။ 37 အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ယခုပင် ပြည့်စုံ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။

38 ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။ 39 ထိုနောက် အလေ့ တော်ရှိသည်အတိုင်း သံလွင် တောင် သို့ ထွက် ကြွ တော်မူ၍၊ တပည့် တော်တို့သည် နောက်တော်သို့ လိုက် ကြ၏။ 40 ထိုအရပ် သို့ ရောက် တော်မူလျှင် သင်တို့သည် စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူပြီးမှ၊ 41 တပည့်တော်တို့နှင့် ကျောက်ခဲ တပစ် လောက် ခွာသွား ဒူး ထောက် လျက်၊ 42 အိုအဘ ၊ အလိုတော်ရှိ လျှင် ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း တော်မူ၏။ 43 ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။ 44 ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။ 45 ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊ 46 သင်တို့သည် အဘယ်ကြောင့် အိပ်ပျော် ကြသနည်း။ ထ ကြ။ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူ၏။

47 ထိုသို့ မိန့် တော်မူစဉ် တွင် ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၊ ယေရှု ကို နမ်း ခြင်းငှာချဉ်းကပ် လေ၏။ 48 ယေရှု ကလည်း ယုဒါ သင်သည် နမ်း ခြင်းကို ပြုလျက် လူ သား ကိုအပ် သလော ဟု မေး တော်မူ၏။ 49 ယေရှု နှင့်အတူ ပါသောသူတို့သည် ဖြစ် အံ့သောအမှု ကို မြင် လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ဓား နှင့် ခုတ် ရပါမည်လောဟု မေးလျှောက် ပြီးမှ၊ 50 တစ် ယောက်သည် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။ 51 ယေရှု ကလည်း တန် စေ ဟု မိန့် တော်မူ၍ နားရွက် ကို လက်တော်နှင့်တို့ သဖြင့် အနာကို ပျောက် စေတော်မူ၏။ 52 ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ 53 ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။

54 ထိုသူတို့သည် ကိုယ်တော် ကို ဘမ်းဆီး ယဇ်ပုရောဟိတ် မင်း၏အိမ် သို့ ဆောင်သွား ကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေး စွာလိုက် လေ၏။ 55 အိမ်ဦး အလယ် မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။ 56 ထိုသို့ ပေတရု သည် မီး အနား မှာ ထိုင် နေသည်ကို အစေအပါး မိန်းမတစ် ယောက်သည်မြင် လျှင် ၊ သူ့ ကို စေ့စေ့ ကြည့်၍ ၊ ဤသူ သည် ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို သော်57 ပေတရုက၊ အချင်းမိန်းမ ၊ ထိုသူ ကို ငါမ သိ ဟု ငြင်း လေ၏။ 58 ထိုနောက် များမကြာ အခြားသော သူသည် ပေတရု ကိုမြင် လျှင် ၊ သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် သည်ဟုဆို သော်၊ ပေတရု က ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မ ဟုတ် ဟု ဆို ၏။ 59 တဖန် နာရီလောက် ကြာ ပြီးမှအခြား သောသူ က၊ အကယ်စင်စစ် ဤသူ သည် ယေရှု နှင့် ပေါင်းဖော်သောသူဖြစ် ၏။ ဂါလိလဲ လူလည်း ဖြစ် ၏ဟု ခိုင်မာ စွာဆို လျှင်60 ပေတရု က ၊ အချင်းလူ ၊ သင်ပြော သောအရာ ကို ငါမ သိ ဟုဆို ၏။ ထိုစကားကိုပြော သော ခဏခြင်း တွင် ကြက် တွန် လေ၏။ 61 ထိုအခါ သခင် ဘုရားသည်လှည့် ၍ ပေတရု ကို ကြည့် တော်မူ၏။ ကြက် တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို ပေတရု သည် သတိရ သဖြင့်62 ပြင် သို့ထွက် ပြင်းစွာ ငိုကြွေး လေ၏။

63 ယေရှု ကို ကိုင်ဆွဲ သောသူ တို့သည်ကိုယ်တော် ကို ပြက်ယယ်ပြု ရိုက်ပုတ် ကြ၏။ 64 မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ 65 အခြား သောစကားများ ဖြင့်လည်း ကိုယ်တော် ကို ကဲ့ရဲ့ ၍ ပြောဆို ကြသေး၏။ 66 မိုဃ်းလင်းသောအခါ လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် စည်းဝေး ကိုယ်တော် ကို လွှတ်တော် သို့ ဆောင်သွား ပြီးလျှင်67 သင် သည် ခရစ်တော် မှန် လျှင် ငါ တို့အား ပြော လော့ဟုဆို ကြ၏။ ယေရှုကလည်း ငါပြော လျှင် သင် တို့ သည် မ ယုံ68 ငါမေး လျှင် လည်း သင်တို့သည် မ ဖြေ ဘဲ၊ ငါ့ကို မ လွှတ်ဘဲနေကြလိမ့်မည်။ 69 နောက်၌ လူ သား သည် ဘုရားသခင် ၏ တန်ခိုး တော်လက်ျာ ဘက်၌ ထိုင် တော်မူလတံ့ ဟု မိန့် တော်မူသော်၊ 70 ထိုသူအပေါင်း တို့က ၊ သို့ဖြစ်၍ သင် သည် ဘုရားသခင် ၏ သား တော်မှန် သည်တကားဟု ဆို ကြလျှင် သင် တို့ဆို သည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။ 71 ထိုသူတို့ကလည်း ၊ အဘယ် သက်သေ လို သေး သနည်း။ သူ ၏စကား ကို ငါ တို့ကိုယ်တိုင်ကြား ရပြီဟု ဆို ကြ၏။

23

1 ထိုအခါ မင်း အရာရှိအပေါင်း တို့သည်ထ ၍ ကိုယ်တော် ကို ပိလတ် မင်းထံသို့ ဆောင်သွား ကြပြီးလျှင်၊ 2 သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။ 3 ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။ 4 ပိလတ် မင်းက ၊ ဤ သူ အဘယ် အပြစ် ကိုမျှငါမတွေ့ ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အပေါင်းတို့အား ပြောဆို လျှင်၊

5 ထိုသူ တို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူ သည် ဂါလိလဲ ပြည်မှစ၍ ဤအရပ် တိုင်အောင် ယုဒ ပြည်၌ အနှံ့အပြား ဆုံးမဩဝါဒ ပေး၍ လူ များကိုနှိုးဆော် သောသူ ဖြစ်ပါသည်ဟု လျှောက်ဆို ကြ၏။ 6 ပိလတ် မင်းသည် ဂါလိလဲဟူသောစကားကိုကြား လျှင် ၊ ထိုသူ သည်ဂါလိလဲ လူဖြစ် သလောဟု မေးမြန်း7 ဟေရုဒ် မင်းပိုင် သော သူဖြစ်သည် ကို သိ သောအခါ ထိုမင်း ထံသို့ ပို့ စေ၏။ ထို အခါ ဟေရုဒ် မင်းသည် ယေရုရှလင် မြို့၌ ရှိ သတည်း။ 8 ထိုမင်း သည် ယေရှု ကိုမြင် လျှင် အလွန် ဝမ်းမြောက် ခြင်းရှိ၏။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍၊ ကိုယ်တော် ကိုမြင် ခြင်းငှာကြာမြင့် စွာ အလိုရှိ သည်ဖြစ် ၍၊ ပြ တော်မူသော နိမိတ် လက္ခဏာ တစ်စုံတစ်ခု ကို မြင် ရမည်ဟု မြော်လင့် လျက် နေ၏။ 9 ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော် ကို များစွာ မေးမြန်း သော်လည်း အဘယ် စကား ကိုမျှ ပြန် တော် မမူ။ 10 ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြု ဆရာတို့သည် ထ ပြင်းထန် စွာ အပြစ်တင် ကြ၏။ 11 ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။ 12 ထိုနေ့ ပိလတ် မင်းနှင့် ဟေရုဒ် မင်းတို့သည် အချင်းချင်း အဆွေ ဖွဲ့ ကြ၏။ အထက် က ရန်ဘက် ဖြစ် ကြ သတည်း။ 13 တဖန် ပိလတ် မင်းသည် ယဇ်ပုရောဟိတ် အကြီး၊ 14 ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ငါမတွေ့15 ဟေရုဒ် မင်းသည်လည်း တွေ့။ ထိုမင်း ထံသို့ ငါ ပို့ စေပြီ။ ဤသူ သည် အသေ သတ်ခြင်းကို ခံထိုက် သော အမှုတစ်စုံတစ်ခုကိုမျှ မ ပြု16 ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု ဆို လေ၏။ 17 ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။

18 လူအပေါင်းတို့က၊ ထို သူကို ထုတ် ပါလော့။ အကျွန်ုပ် တို့အား ဗာရဗ္ဗ ကို လွှတ် ပါလော့ဟု တစ်ညီတစ်ညွတ် တည်း ဟစ်ကြော် ကြ၏။ 19 ထို ဗာရဗ္ဗကား၊ မြို့ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင် ထဲ၌ လှောင် ထားသောသူဖြစ် သတည်း။ 20 ပိလတ် မင်းသည် ယေရှု ကို လွှတ် ချင် သောကြောင့် သူ တို့အားတစ်ဖန် ပြောဆို လေ၏။ 21 သူတို့ကလည်း၊ ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ။ ရိုက် ထားပါဟု ဟစ်ကြော် ကြ၏။ 22 ပိလတ်မင်းက၊ ထိုသူ သည် အဘယ် အပြစ် ကို ပြု ဘိသနည်း။ သေ ထိုက်သောအပြစ် တစ်စုံတစ်ခု မျှသူ ငါမတွေ့ ။ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု သုံး ကြိမ်မြောက်အောင်ဆို လျှင်၊ 23 လူများတို့သည် ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာကြီးစွာ သောအသံ နှင့် ကျပ်ကျပ် တောင်း သဖြင့်၊ သူ တို့၏အသံ နှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင် လေ၏။ 24 ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊ 25 ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင် ထဲမှာ လှောင် ထားသောသူ ကို လူ များတောင်း သည်အတိုင်း လွှတ် ပြီးမှ ၊ ယေရှု ကို သူ တို့ အလို သို့အပ် လိုက်လေ၏။

26 ကိုယ်တော် ကို ထုတ်သွား ကြစဉ်၊ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ် ယောက်သည် တောရွာ မှ လာ သည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှု နောက် တော်၌ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။ 27 နောက် တော်၌ လိုက်သောလူ များ အပေါင်း တို့တွင်၊ ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်း သော မိန်းမ အချို့ပါ၏။ 28 ထိုသူ တို့ကို ယေရှု သည် လှည့်ကြည့် ယေရုရှလင် မြို့သမီး တို့၊ ငါ့ ကြောင့် ငိုကြွေး ကြနှင့်။ မိမိ တို့နှင့် မိမိ တို့သား များကြောင့် ငိုကြွေး ကြလော့။ 29 အကြောင်းမူကား ၊ မြုံ သောမိန်းမသည် မင်္ဂလာ ရှိ၏။ ပဋိသန္ဓေ ယူဘူးသောဝမ်း နှင့် သူငယ်မ စို့ဘူး သောသားမြတ် သည် မင်္ဂလာရှိ၏ဟု ပြော ရသောနေ့ရက် ကာလရောက် လိမ့်မည်။ 30 ထိုအခါ သူတို့က၊ အိုတောင် များတို့၊ ငါ တို့အပေါ်သို့ ကျ ကြပါ။ အိုကုန်း များတို့၊ ငါ တို့ကို ဖုံးအုပ် ကြ ပါဟု ခေါ် ကြလိမ့်မည်။ 31 အကြောင်းမူကား ၊ စိမ်း သောအပင် ကို ဤသို့ ပြု ကြလျှင် ၊ ခြောက် သောအပင် အဘယ်သို့ ဖြစ် လိမ့်မည်နည်း ဟု မိန့် တော်မူ၏။

32 ထိုအခါ ကိုယ်တော် နှင့်အတူ လူဆိုး နှစ် ယောက် တို့ကိုလည်း သတ် အံ့သောငှာထုတ်သွား ကြ၏။ 33 ကရာနိ အမည် ရှိသောအရပ် သို့ ရောက် ကြသော် ၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုး တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။

34 ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။ 35 လူ များတို့သည်လည်း ကြည့်ရှု လျက် ရပ် နေကြ၏။ ထိုသူတို့နှင့်အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတစ်ပါး တို့ကိုကယ်တင် တတ်၏။ ခရစ်တော် တည်းဟူသောဘုရားသခင် ရွေးချယ် တော်မူသောသူ မှန်လျှင် ကိုယ် ကိုကယ်တင် ပါလေစေဟူ၍ပြက်ယယ်ပြု ကြ၏။ 36 စစ်သူရဲ တို့သည်လည်း လာ ပုံးရည် ကို ကပ် ပေးလျက်၊ 37 သင် သည် ယုဒ ရှင်ဘုရင် မှန် လျှင် ကိုယ် ကို ကယ်တင် လော့ဟူ၍ ပြက်ယယ်ပြု လျက် ဆို ကြ၏။ 38 ခေါင်း တော်ပေါ်မှာ တပ်၍ အပြစ်ဖေါ်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား ၊ ဤသူ သည် ယုဒ ရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာတပ် သတည်း။

39 ဆွဲ ထားသော လူဆိုး နှစ်ယောက်တွင် တစ် ယောက်က၊ သင် သည် ခရစ်တော် မှန် လျှင် ကိုယ် ကို၎င်း ၊ ငါ တို့ ကို၎င်း၊ ကယ်တင် လော့ဟု ကိုယ်တော် ကို ကဲ့ရဲ့ ၍ ဆို လေ၏။ 40 တစ် ယောက်မူကား ၊ မိမိ အဘော်ကိုဆုံးမ ၍၊ သင် သည် ဤသူနည်းတူ အပြစ် ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မ ကြောက် သလော။ 41 ငါ တို့သည် ကိုယ်ပြု မိ သောအပြစ်နှင့်အလျောက် ခံရ သည်ဖြစ်၍တရားသဖြင့် ခံရ ကြ၏။ ဤ သူမူကား အဘယ် အပြစ် ကိုမျှမပြု ဟုဆို ပြီးလျှင်၊ 42 သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။

43 ယေရှုကလည်း ငါ အမှန် ဆိုသည်ကား၊ ယနေ့ တွင် သင်သည် ငါ နှင့်အတူ ပရဒိသု ဘုံ၌ ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။ 44 ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး မှောင်မိုက် အတိ ဖြစ် လေ၏။ 45 နေ အရောင်ကွယ်ပျောက် လေ၏။ ဗိမာန် တော်၏ ကုလားကာ သည် နှစ် ဖြာကွဲ လေ၏။ 46 ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။ 47 ထို အခြင်းအရာ တို့ကို တပ်မှူး သည်မြင် လျှင် ၊ စင်စစ် ဤသူ သည် ဖြောင့်မတ် သောသူမှန်ပေ ၏ဟုဆို ၍ ဘုရားသခင် ကို ချီးမွမ်း လေ၏။ 48 ထို အမှု ကို အကြည့်အရှု လာ သောသူအပေါင်း တို့သည် ထို အခြင်းအရာများ ကိုမြင် လျှင် ၊ ရင်ပတ် ကို ခတ် ၍ ပြန်သွား ကြ၏။ 49 ဂါလိလဲ ပြည်မှ နောက် တော်သို့လိုက်လာသော မိန်းမ တို့နှင့် ကိုယ်တော် ကို သိကျွမ်း သောသူအပေါင်း တို့သည်လည်း အဝေး က ကြည့်ရှု ၍ ရပ် နေကြ၏။

50 ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ ဟုတ်51 ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သော သူတော်ကောင်း သူတော်မြတ် ဖြစ် သည်နှင့် ပိလတ် မင်းထံသို့ဝင် ၍၊ 52 ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ 53 အလောင်း တော်ကို ချ ၍ ပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊ တစ်ယောက် ကိုမျှ မ သင်္ဂြိုဟ် ဘူး သော ကျောက် သင်္ချိုင်း တွင်း၌ ထား လေ၏။ 54 ထိုနေ့ ကား အဘိတ်နေ့ ဖြစ် ဥပုသ်နေ့ အချိန် နီး သတည်း။ 55 ဂါလိလဲ ပြည်က ကိုယ်တော် နှင့်အတူလာ သောမိန်းမ များသည် သင်္ချိုင်း တော်ကို၎င်း ၊ အလောင်း တော်ကို အဘယ်သို့ ထား သည်ကို၎င်း အကြည့်အရှု လိုက်လာ ကြ၏။ 56 ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ အလုပ်မလုပ်ဘဲ နေ ကြ၏။

24

1 ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။ 2 ရောက်သောအခါတွင်းဝ ၌ ပိတ်သောကျောက် သည် လိမ့် လန်လျက်ရှိသည်ကို တွေ့မြင် အတွင်း သို့ ဝင် သော်3 သခင် ယေရှု ၏အလောင်း တော်ကို မ တွေ့ ကြ။ 4 ထို အကြောင်း ကြောင့် သူ တို့သည် တွေးတော သောစိတ်ရှိ စဉ်တွင် ၊ လူ နှစ် ယောက်တို့သည် ပြိုးပြိုးပြက်ပြက် သော အဝတ်ကို ဝတ်ဆင် လျက် ပေါ်လာ၏။ 5 ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။ 6 အရပ်၌မ ရှိ ၊ ထမြောက် တော်မူပြီ။ 7 လူ သား သည် ဆိုး သောသူ တို့လက် သို့ အပ်နှံ ခြင်း၊ လက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကိုခံရမည်။ သုံး ရက်မြောက်သောနေ့ ထမြောက် လိမ့်မည်ဟု ဂါလိလဲ ပြည်၌ ရှိ တော်မူစဉ် သင် တို့အား မိန့် တော်မူသောစကားကို အောက်မေ့ ကြဦးဟု ဆို ကြသည်ရှိသော်

8 ထိုမိန်းမတို့သည် စကား တော်ကို သတိရ 9 သင်္ချိုင်း တော်က ပြန် လျှင် ထို အကြောင်းအရာအလုံးစုံ တို့ကို တစ်ကျိပ် တစ်ပါးသောသူ မှစ၍ ကြွင်း သော တပည့်တော်ဓါးအပေါင်း တို့အား ပြန်ကြား ကြ၏။ 10 ထိုအကြောင်းအရာကို တမန်တော် တို့အား ပြော သောသူကား၊ မာဂဒလ မာရိ ၊ ယောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိ မှစ၍ အခြား သောမိန်းမများဖြစ် သတည်း။ 11 သူ တို့၏စကား ကို ဒဏ္ဍာရီ စကားကဲ့သို့ ထင်မှတ် တမန်တော် တို့သည် မ ယုံကြ။ 12 သို့သော်လည်း ပေတရု သည်ထ ၍ သင်္ချိုင်း တော်သို့ ပြေး လေ၏။ ရောက်သောအခါ ငုံ့ ကြည့်၍ ပိတ် ပုဆိုးသာ ရှိရစ်သည်ကို မြင် လျှင်၊ ထို အကြောင်းအရာကို အံ့ဩ မိမိ အိမ်သို့ ပြန်သွား ၏။

13 ထိုမှတစ်ပါး ၊ တပည့် တော်နှစ် ယောက်တို့သည် ယေရုရှလင် မြို့နှင့် ခရီး လေးတိုင် ကွာ သောဧမောက် အမည် ရှိသောရွာ သို့ ထို နေ့ သွားကြစဉ်တွင်၊ 14 ဖြစ်ခဲ့ ပြီးသော အကြောင်း အရာအလုံးစုံ တို့ကို အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။ 15 ထိုသို့ ဆွေးနွေး ပြောဆို ကြစဉ် တွင်၊ ယေရှု သည် ချဉ်းကပ် သူ တို့နှင့်အတူကြွ တော်မူ၏။ 16 ထိုသူ တို့သည် မျက်စိ ချုပ် လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မ သိ ကြ။ 17 ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွား လျက် အချင်းချင်း ဆွေးနွေး သောစကား ကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့်မျက်နှာ ညှိုးငယ်ကြသနည်း ဟု မေး တော်မူလျှင်18 သူ တို့တွင် ကလောဖ အမည် ရှိသောသူက၊ သင် သည် ယေရုရှလင် မြို့၌ ဧည့်သည် ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာတို့ကို မ သိ သလောဟု ပြောဆို ၏။

19 ကိုယ်တော် ကလည်း အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။ 20 ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။ 21 ထိုသူ သည် ဣသရေလ အမျိုးကို ရွေးနှုတ် အံ့သောသူ ဖြစ် သည်ဟု ငါ တို့သည် အထက်ကမြော်လင့် ကြ ပြီ။ ထိုမျှမက ဤ အကြောင်း အရာ ဖြစ်၍ယခု သုံး ရက် ရှိ ပြီ။ 22 ငါ တို့၏ အပေါင်း အဘော် မိန်းမ အချို့ တို့ သည်လည်း သင်္ချိုင်း တော်သို့ စောစော သွား23 အလောင်း တော်ကို မ တွေ့ လျှင် ၊ သခင် ယေရှုသည် အသက် ရှင်တော်မူ သည်ဟု ပြော သော ကောင်း ကင်တမန် ထင်ရှားရာ ရူပါရုံ ကို မိမိတို့ မြင် ကြောင်းကို ပြန်လာ ၍ ပြောဆို သဖြင့် ၊ ငါ တို့သည် မိန်းမော တွေဝေခြင်း ရှိကြ၏။ 24 ထိုအခါ ငါ တို့တွင် အချို့ သောသူ တို့သည် သင်္ချိုင်း တော်သို့ သွား မိန်းမ တို့ပြောဆို သည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော် ကို မ မြင် ရဟု ပြောဆိုကြ၏။ 25 ကိုယ်တော် ကလည်း ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊ 26 ခရစ်တော် သည် ဤသို့ပင်အသေခံ မိမိ ဘုန်း စည်းစိမ်တော် ကို ဝင်စား ရမည်မ ဟုတ်လော ဟု မိန့် တော်မူ၏။

27 ထိုအခါ မောရှေ ၏ကျမ်းစာမှ ၍ပရောဖက် တို့၏ ကျမ်းစာများ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။ 28 ထို တပည့်တော် တို့သည် သွား သောရွာ အနီး သို့ ရောက်သောအခါ ၊ ကိုယ်တော် သည် ထိုရွာ ကိုလွန်၍ သွား အံ့သော အခြင်းအရာကို ပြ တော်မူလျှင်29 ထိုသူတို့က အကျွန်ုပ် တို့နှင့်အတူ ဝင်၍ နေ ပါ။ ညဦးယံ အချိန်ရှိ ပြီ။ မိုး လည်းချုပ် ပါသည်ဟူ၍ ကိုယ်တော် ကို ကျပ်ကျပ်သွေးဆောင် ကြ၏။ ထိုကြောင့် သူ တို့နှင့်အတူ နေ ခြင်းငှာဝင် တော်မူ၏။ 30 စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊ 31 သူ တို့သည် မျက်စိ ပွင့်လင်း ကိုယ်တော် ဖြစ်သည်ကို သိ ကြ၏။ ထိုအခါ ကိုယ်တော် သည် ကွယ် တော်မူ၏။ 32 တပည့်တော်တို့ကလည်း ၊ လမ်း ခရီး၌ ငါ တို့နှင့်ဟောပြော ၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူသောအခါ ၊ ငါ တို့ စိတ် နှလုံးသည် ယိုဖိတ် တတ်ဖြစ် သည်မဟုတ်လော ဟု အချင်းချင်း ပြောဆို ကြ၏။ 33 ထို တပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်း ယေရုရှလင် မြို့သို့ ပြန် ပြီးမှ၊ တစ်ကျိပ် တစ်ပါးသော သူတို့သည် အပေါင်းအဘော် တို့နှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ ကြ၏။ 34 စုဝေးသောသူတို့ကလည်း၊ သခင် ဘုရားသည် အမှန် ထမြောက် တော်မူပြီ။ ရှိမုန် အား ကိုယ်ကိုပြ တော်မူပြီဟုပြောဆို လျှင်35 ထိုတပည့် တော်နှစ်ယောက်တို့သည် လမ်း ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့် ကိုဖဲ့ စဉ် တွင်ထင်ရှား တော်မူကြောင်းကို၎င်း၊ ပြန်ကြား ကြ၏။

36 ထိုသို့ အချင်းချင်း ပြောဆို သောအခါ ၊ ယေရှု သည်သူ တို့အလယ် ရပ် တော်မူလျက်၊ သင် တို့အား ငြိမ်သက် ခြင်းဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ 37 တပည့်တော်တို့သည် တစ္ဆေ ကိုမြင် သည်ဟု စိတ်ထင် နှင့် ထိတ်လန့် ကြောက်ရွံ့ ခြင်းသို့ ရောက် ကြ၏။ 38 ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူး အထွေထွ ေသော စိတ် ရှိ ကြသနည်း။ 39 ငါ့ လက် ကို ကြည့် ကြလော့။ ငါ့ ခြေ ကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ် ပင်ဖြစ် ၏။ ငါ့ ကို ကြည့်ရှု စမ်းသပ် ကြလော့။ ငါ သည် သင်တို့မြင် သည်အတိုင်း အရိုး အသား နှင့် ပြည့်စုံ ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့မ ပြည့်စုံ ဟု မိန့် တော်မူလျက်၊ 40 လက် တော်ခြေ တော်တို့ကို တပည့် တော်တို့အား ပြ တော်မူ၏။ 41 ထိုသူ တို့သည် အံ့ဩ ဝမ်းမြောက် သောအားဖြင့် ယုံနိုင်ဘဲ နေသေး သောအခါ သင်တို့၌ စားစရာ တစ်စုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊ 42 ငါး ကင် ပိုင်းနှင့် ပျားလပို့ကို ကပ်ပေး ကြ၏။ 43 ကိုယ်တော်သည် ယူ သူ တို့ရှေ့ မှာစား တော်မူ၏။ 44 တဖန် မိန့် တော်မူသည်ကား မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။ 45 ထိုအခါ ကျမ်းစာ ကို နားလည် စေခြင်းငှာတပည့် တော်တို့၏ ဉာဏ် ကို ဖွင့် တော်မူလျှင်၊ 46 ဤသို့ ကျမ်းစာ လာ၏။ ဤသို့ ခရစ်တော် သည် အသေခံ သုံး ရက်မြောက်သောနေ့ ၌ သေ ခြင်းမှ ထမြောက် ရမည်။ 47 ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။ 48 သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။ 49 ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။ 50 ထိုနောက် တပည့် တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိ ရွာတိုင်အောင် ဆောင်သွား တော်မူပြီးမှ၊ လက် တော်ကို ချီ ကောင်းကြီး ပေးတော်မူ၏။ 51 ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။ 52 တပည့် တော်တို့သည် ကိုယ်တော် ကို ပြပ်ဝပ် ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့် ယေရုရှလင် မြို့သို့ ပြန်သွား ကြ၏။ 53 ဘုရားသခင် ကို အံ့ဩချီးမွမ်း လျက် ဗိမာန် တော်သို့ ရောက်မြဲ ရောက်ကြ ၏။