ယေရမိမြည်တမ်းစကား။

1

1 စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။ 2 ညဉ့် အခါ ပြင်းစွာ ငိုကြွေး၍ ၊ သူ ၏ပါး သည် မျက်ရည် နှင့် စိုစွတ်လေ၏။ ရည်းစား အပေါင်း တို့တွင် နှစ်သိမ့် စေသောသူ တယောက် မျှမရှိ။ အဆွေ ခင်ပွန်းအပေါင်း တို့သည် သစ္စာ ပျက်၍ ရန်သူ ဖြစ် ကြပြီ။ 3 ယုဒ သတို့သမီးသည် ညှဉ်းဆဲ ခြင်း၊ ကြမ်းတမ်း စွာ စေစား ခြင်းကို ခံရသောကြောင့် ပြောင်း သွားပြီ။ သာသနာပ လူတို့အထဲ မှာနေ လျက် ချမ်းသာ ရ။ လိုက် သော သူအပေါင်း တို့သည် ကျဉ်းမြောင်း ရာ၌ မှီ ကြ၏။ 4 အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။ 5 သူ ပြစ်မှားသော အပြစ် များပြား သောကြောင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့်၊ သူ နှင့် ဆန့်ကျင် ဘက်ပြုသောသူတို့ သည် အစိုးရ ၊ သူ ၏ရန်သူ တို့ သည်ကောင်းစား ကြပြီ။ သူ ၏သားသမီး တို့ကိုလည်း ရန်သူ သိမ်း သွား ပြီ။ 6 ဇိအုန် သတို့သမီး ၏ ဂုဏ် အသရေသည်အကြွင်းမဲ့ ကွယ် ပျောက်၏။ သူ ၏မင်းသား တို့သည် ကျက်စား ရာ ကိုရှာ၍ မ တွေ့ သော သမင် ဒရယ်ကဲ့သို့ ဖြစ် ၊ လိုက် သောသူ ရှေ့ မှာ အား ရှိဘဲ ပြေး သွားကြပြီ။ 7 ယေရုရှလင် မြို့သည် ဆင်းရဲ ငြိုငြင်ခြင်းကိုခံ ရစဉ် တွင်၊ အရင် ခံစားဘူးသော စည်းစိမ် ကို အောက်မေ့ ၏။ သူ ၏လူ တို့သည် ရန်သူ လက် သို့ ရောက် ၍ မစ သော သူ မရှိသောအခါ ၊ ဆန့်ကျင် ဘက်ပြုသောသူတို့သည် သူ ၏အမှုကိုမြင် ၊ သူ ၏ဆုံး ခြင်းကို ကဲ့ရဲ့ ကြ၏။ 8 ယေရုရှလင် မြို့ပြစ်မှား သောအပြစ် သည် အလွန်များသောကြောင့်၊ ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ သူ့ ကို ရိုသေ ဘူးသောသူ အပေါင်း တို့သည် သူ ၌အချည်းစည်း ရှိ ခြင်းကို မြင် သောကြောင့် မထီမဲ့မြင် ပြုကြ၏။ သူ သည် လည်း ညည်းတွား နောက် သို့ပြန် သွားလေ၏။ 9 သူ ၌မ စင်ကြယ်သော လက္ခဏာထင်ရှားသော်လည်း ၊ နောက်ခံရသောအပြစ်ကို မ အောက်မေ့ ။ ထိုကြောင့်၊ မျက်နှာ ပေးသောသူမ ရှိဘဲ အံ့ဩဘွယ် သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု တော်မူပါ။ 10 ရန်သူ သည် ကိုယ်ကိုချီးမြှောက် ပါပြီ။ ပရိသတ် တော်ထဲသို့ ဝင် ရဟုမြစ်တား တော်မူသော သာသနာပ လူတို့သည် သူ ၏သန့်ရှင်း ရာဌာနတော်ထဲသို့ ဝင် ကြောင်း ကို သူမြင် ရပါ၏။ 11 သူ ၏လူ အပေါင်း တို့သည် ညည်းတွား လျက်၊ မုန့် ကိုရှာ လျက် နေကြ၏။ သေ ဘေးနှင့်လွတ်ခြင်းငှါ မိမိ စည်းစိမ် ကို စားစရာ ဘို့ စွန့် ရ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ရှုတ်ချ ခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။ 12 အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ငါ့ ကို ညှဉ်းဆဲ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော13 အထက် မှ မီး ကို ငါ့ အရိုး ထဲသို့ လွှတ် လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ ခြေ ကို ကျော့မိ စေခြင်းငှါ ကျော့ကွင်း ထောင် ၍ ငါ့ ကိုပြန် စေတော်မူပြီ။ တနေ့လုံး ညှိုးငယ် ခြင်းအကြောင်း၊ စိတ်ပျက် ခြင်းအကြောင်းကို ငါ ၌ဖြစ် စေတော်မူ၏။ 14 ငါ ပြစ်မှားသော အပြစ် ထမ်းဘိုး ကို လက် တော် နှင့် ငါ့ လည်ပင်း ပေါ် ၌တပ်၍ချည်နှောင် ပြီးမှ၊ ထာဝရ ဘုရား သည် ငါ့ ကိုအား လျော့ စေ၍၊ ငါမ ဆီးတားနိုင် သော သူ့တို့လက် သို့ ရောက် စေတော်မူပြီ။ 15 ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။ 16 ထို အကြောင်းကြောင့် ငါ သည်ငို ရ၏။ မျက်ရည် ကျ လျက်ရှိ၏။ ငါ့ အသက် ကို ထောက်မ ၍ ငါ့ ကို နှစ်သိမ့် စေသောသူသည် ငါ နှင့် ဝေး ပါ၏။ ရန်သူ နိုင် သောကြောင့် ငါ့ သားသမီး တို့သည် ပျောက်ပျက် ကြပြီ။ 17 ဇိအုန် သတို့သမီးသည် မိမိ လက်ဝါး တို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့် စေသောသူ မရှိ။ ထာဝရဘုရား သည် ယာကုပ် ပတ်လည် ၌ ရန်သူ တို့ကို ခန့်ထား တော်မူပြီ။ ယေရုရှလင် မြို့သည် သူ တို့တွင် ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ 18 ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။ 19 ငါ သည် ရည်းစား တို့ကိုခေါ် သူ တို့သည် သစ္စာ မရှိကြ။ ငါ ၏ယဇ် ပုရောဟိတ်တို့နှင့် ငါ ၏အသက်ကြီး သူတို့သည် ကိုယ် အသက် မွေး ဘို့ စားစရာ ကို ရှာ စဉ် ပင် မြို့ ထဲ၌ အသက် ချုပ်ကြပြီ။ 20 အိုထာဝရဘုရား ၊ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် ပင်ပန်း ပါ၏။ ဝမ်း ၌ဆူလှိုင် ခြင်းရှိပါ၏။ နှလုံး မှောက် လျက် ရှိပါ၏။ အကျွန်ုပ် သည် အလွန် ပြစ်မှားပါပြီ။ ပြင် မှာ ထား ဘေးနှင့်တွေ့ရပါပြီ။ အတွင်း လည်း သေမင်း နေသကဲ့သို့ ရှိပါ၏။ 21 အကျွန်ုပ် ညည်းတွား သံကို ကြား သော သူတို့တွင်၊ နှစ်သိမ့် စေသောသူတယောက်မျှမ ရှိပါ။ အကျွန်ုပ် ၌ ရောက်သောအမှု ကို အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ကြား ကြပါပြီ။ ကိုယ်တော် ပြု တော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက် သော နေ့ရက် ကိုရောက် စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ် ကဲ့သို့ ပင် ဖြစ် ကြ ပါစေသော။ 22 သူ တို့၏ဒုစရိုက် အလုံးစုံ တို့ကို စစ်ကြော တော်မူ ပါ။ အကျွန်ုပ် ပြစ်မှားမိသမျှ သော အပြစ် တို့ကြောင့် ၊ အကျွန်ုပ် ပြု တော်မူသကဲ့သို့ သူ တို့၌ ပြု တော်မူပါ။ အကျွန်ုပ် သည် ညည်းတွား ခြင်းများပြား စိတ် ပျက် လျက်ရှိပါ၏။

2

1 ထာဝရ ဘုရားသည် ဇိအုန် သတို့သမီး ကို အမျက် တော် မိုဃ်းတိမ် ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလ အမျိုး ၏ ဂုဏ် အသရေကို ကောင်းကင် မှ မြေကြီး တိုင်အောင်ချ တော်မူပြီ။ အမျက် တော်ထွက်ချိန် ခြေ တော်တင် ရာခုံ ကို မ အောက်မေ့ ဘဲနေတော်မူပါပြီတကား။ 2 ထာဝရ ဘုရားသည် သနား ခြင်းမ ရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှ တို့ကို မျို တော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒ သတို့သမီး ၏ရဲတိုက် တို့ကို မြေ တိုင်အောင် ဖြိုဖျက် ၊ နိုင်ငံ တော်နှင့် မင်းသား တို့ကို ရှုတ်ချ တော်မူပြီ။ 3 ပြင်းစွာ အမျက် တော်ထွက်၍ ၊ ဣသရေလ ၏ ဦးချို ရှိသမျှ တို့ကို ဖြတ် တော်မူပြီ။ ရန်သူ ရှေ့ မှာ လက်ရုံး တော်ကို ရုပ်သိမ်း တော်မူပြီ။ အရပ်ရပ် လောင် သော မီး တောက်ကဲ့သို့ ယာကုပ် အမျိုးကို လောင် စေတော်မူပြီ။ 4 ရန်သူ ကဲ့သို့ လေး ကိုတင် လျက်၊ ရန်ဘက် ပြုသောသူကဲ့သို့ လက်ျာ လက်ကို ချီ ကြွလျက်၊ တင့်တယ် ခြင်း အသရေရှိသော သူအပေါင်း တို့ကိုသတ် တော်မူပြီ။ ဇိအုန် သတို့သမီး ၏နေရာ တဲ ပေါ် မှာမီး ကဲ့သို့ သော အမျက် တော်ကို သွန်းလောင်း တော်မူ၏။ 5 ထာဝရ ဘုရားသည် ရန်ဘက် ပြု၍ ၊ ဣသရေလ အမျိုးကို၎င်း၊ ဘုံ ဗိမာန်အပေါင်း တို့ကို၎င်းမျို တော်မူပြီ။ ရဲတိုက် တို့ကို ဖြိုဖျက် တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေး မြည်တမ်းသောအကြောင်း တို့ကို များပြား စေတော်မူပြီ။ 6 ဝင်း တော်ကို တောင်ယာ ခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက် တော်မူပြီ။ မိမိ ပွဲသဘင် တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန် မြို့၌ ခံ သော ဓမ္မပွဲနေ့၊ ဥပုသ် နေ့တို့ကို ထာဝရဘုရား မေ့ စေတော်မူပြီ။ အမျက် တော်အရှိန် ပြင်း၍ ရှင်ဘုရင် နှင့် ယဇ် ပုရောဟိတ်ကို မ ရှုမမှတ်ပြုတော်မူပြီ။ 7 ထာဝရ ဘုရားသည် မိမိ ယဇ် ပလ္လင်တော်ကို ပယ် တော်မူပြီ။ မိမိ သန့်ရှင်း ရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံ ဗိမာန်တော်ကို ရန်သူ လက် သို့ အပ် တော်မူသဖြင့်၊ ပွဲ သဘင်ခံသောနေ့ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား ၏ အိမ် တော်၌ အသံ ပြု ကြပြီ။ 8 ထာဝရဘုရား သည် ဇိအုန် သတို့သမီး ၏မြို့ရိုး ကို ဖြိုဖျက် မည်ဟု အကြံ တော်ရှိသည်အတိုင်း ၊ ကြိုး ကိုတန်း ၍ အစဉ်မပြတ်ဖြိုဖျက် တော်မူသဖြင့် ၊ အတွင်းမြို့ရိုး နှင့် ပြင်မြို့ရိုး တို့သည် အတူ ညည်းတွား ၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြု တော်မူပြီ။ 9 မြို့ တံခါးရွက် တို့သည် မြေ မြှုပ် လျက်ရှိကြ၏။ ကန့်လန့်ကျင် တို့ကို ချိုးဖဲ့ တော်မူပြီ။ ရှင်ဘုရင် နှင့် မင်းသား တို့သည် သာသနာပ လူတို့တွင် နေရကြ၏။ တရား တော်မ ရှိ။ ပရောဖက် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို မ ခံ မရကြ။ 10 ဇိအုန် သတို့သမီး ၏ အသက်ကြီး သူတို့သည် မြေမှုန့် ကိုမိမိ တို့ ခေါင်း ပေါ် မှာပစ်တင် လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ မြေ ပေါ် မှာထိုင် ၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင် မြို့ သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက် ညွှတ်လျက်နေကြ၏။ 11 ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ သည် မျက်ရည် ကျ၍ မျက်စိ ပျက် လေပြီ။ ဝမ်း ၌ဆူလှိုက် ခြင်းရှိ၍ အသည်း လည်းမြေ ပေါ် မှာ သွန်း လျက်ရှိ၏။ အကြောင်း မူကား၊ သူငယ် နှင့် နို့စို့ ကလေးတို့သည် မြို့ လမ်း အား ပျက်လျက်နေကြ၏။ 12 သူတို့ကလည်း၊ ဆန် စပါးနှင့် စပျစ်ရည် သည် အဘယ် မှာရှိသနည်းဟု၊ ရန်သူ ညှဉ်းဆဲသော သူကဲ့သို့ မြို့ လမ်း အားပျက် လျက် ၊ အမိ ရင်ခွင် မိမိ အသက် ကို သွန်း လျက်၊ အမိ ကို မေး တတ်ကြသည်တကား။ 13 အိုယေရုရှလင် သတို့သမီး ၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန် သတို့သမီး ကညာ ၊ သင့် ကိုနှစ်သိမ့် စေခြင်းငှါ ၊ သင် နှင့် အဘယ် သူကို ငါခိုင်းနှိုင်း ရမည်နည်း။ သင် ၏ပြိုပျက် ရာသည် သမုဒ္ဒရာ ကဲ့သို့ ကျယ် သောကြောင့် အဘယ်သူ ပြုပြင် နိုင် သနည်း။ 14 သင် ၏ပရောဖက် တို့သည် အချည်းနှီး သော အရာ၊ မိုက် သောအရာတို့ကို သင် အဘို့ မြင် ကြပြီ။ သိမ်းသွား ချုပ်ထားသော အမှုကိုပြေ စေခြင်းငှါ ၊ သင် ၏ အပြစ် ကို ဘော် မပြဘဲ မှား သောရူပါရုံ ၊ လမ်း လွဲစရာ အရာကို သင့် အဘို့ မြင် ကြပြီ။ 15 လမ်း ၌ ရှောက် သွားသမျှ သောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်း ရာဘွဲ့ ရှိသောမြို့ ကား မြို့လော ဟု၊ ယေရုရှလင် သတို့သမီး ကို လက်ခုပ် တီး လျက် ၊ ကဲ့ရဲ့ သံကိုပြုလျက်၊ ခေါင်း ကို ညှိတ် လျက် မေး တတ်ကြ၏။ 16 သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။ 17 ထာဝရဘုရား သည် ကြံစည် သောအမှု ကို ပြု တော်မူပြီ။ ရှေး ကာလ မိန့် တော်မူသောစကား တော်ကို ပြည့်စုံ စေတော်မူပြီ။ မ နှမြော ဘဲဖြိုဖျက် တော်မူပြီ။ ရန်သူ သည် သင် ၏အပေါ် မှာဝမ်းမြောက် ရသောအခွင့်ကိုပေး ၍ ၊ ရန်သူ ၏ဦးချို ကို ချီးမြှင့် တော်မူပြီ။ 18 သူ တို့သည်စိတ် နှလုံးထဲက ထာဝရ ဘုရားကို အော်ဟစ် ကြ၏။ အိုဇိအုန် သတို့သမီး ၏မြို့ရိုး ၊ သင်၏ မျက်ရည် သည် မြစ် ရေစီးသကဲ့သို့ နေ့ ညဉ့်မပြတ်စီး စေလော့ ။ ကိုယ်ကိုကိုယ် ငြိမ်း စေနှင့်။ သင် ၏မျက်ဆန် ကိုလည်း မ ငြိမ်း စေနှင့်။ 19 ညဦးယံ အချိန်၌ ၍အော်ဟစ် လော့။ ထာဝရ ဘုရား ၏မျက်နှာ တော်ရှေ့ မှာ သင် ၏နှလုံး ကို ရေ ကဲ့သို့ သွန်းလောင်း လော့။ ငတ်မွတ် ခပ်သိမ်း သော လမ်း မှာ အားပျက် လျက်နေသောသင် ၏သူငယ် တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံ တော်သို့ သင် ၏လက် ကို ချီ ဆန့်လော့။ 20 အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်သူ ဤသို့စီရင် တော်မူသည်ကို ကြည့်ရှု ဆင်ခြင် တော်မူပါ။ မိန်းမ သည် မိမိ ရင်သွေး ၊ မိမိချီပိုက် သော သား ကို စား ရပါမည် လော။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် သည် ထာဝရ ဘုရား ၏ သန့်ရှင်း ရာဌာနတော်၌ အသေ သတ်ခြင်းကိုခံရပါမည်လော။ 21 လူ အကြီးအငယ် တို့သည် လမ်း ၌မြေ ပေါ် မှာ တုံးလုံး နေရကြပါ၏။ အကျွန်ုပ် ၏လူပျို နှင့် အပျို တို့သည် ထား ဖြင့် သေ ရကြပါပြီ။ ကိုယ်တော် သည် အမျက် တော် ထွက်သောနေ့ ၌၊ သူတို့ကို မ သနား ဘဲကွပ်မျက် တော်မူပြီ။ 22 ပွဲ သဘင်နေ့ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။

3

1 ငါ သည် ဘုရား သခင်၏ အမျက် တော်ကြိမ်လုံး အောက်၌ ဆင်းရဲ ခြင်းကို ခံရ သောသူဖြစ်၏။ 2 ငါ့ ကိုသွေးဆောင် အလင်း သို့မ ပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင် တော်မူ၏။ 3 အကယ် စင်စစ်ငါ့ ကို တနေ့လုံး အထပ်ထပ် ဒဏ်ခတ် တော်မူ၏။ 4 ငါ့ အရေ နှင့် အသား ကို ဆွေးရိ စေ၍ ငါ့ အရိုး တို့ကိုလည်း ချိုး တော်မူ၏။ 5 ငါ့ တဘက် ၌ တပ် တည်၍ ခါး သောအရာ၊ ပင်ပန်း စရာအကြောင်းတို့နှင့် ဝိုင်း တော်မူ၏။ 6 သေ လွန်သောသူတို့ကို ပြုတတ်သကဲ့သို့ ၊ ငါ့ ကို မိုက် သောအရပ်၌ ထား တော်မူ၏။ 7 ငါမ ထွက် နိုင်အောင် ဝင်း ခတ်၍ ၊ လေးသော သံကြိုး နှင့် ချည်နှောင် တော်မူ၏။ 8 ထိုမျှမက ငါသည် ကြွေးကြော် အော်ဟစ် ဆုတောင်း သော်လည်း ငြင်းပယ် တော်မူ၏။ 9 ငါ သွားရာလမ်း ကို ကျောက် ထရံနှင့် ပိတ် ၍၊ ကောက် သောလမ်းဖြင့် သွားစေတော်မူ၏။ 10 ငါ့ ကို ချောင်းမြောင်း သောဝက်ဝံ ကဲ့သို့၎င်း ၊ မ ထင်ရှားသော အရပ်၌ နေသောခြင်္သေ့ ကဲ့သို့၎င်း ဖြစ် တော်မူ၏။ 11 ငါ့ ကိုလမ်း လွဲ စေပြီးလျှင် အပိုင်းပိုင်း ဖြတ်၍ ဖျက်ဆီး တော်မူ၏။ 12 လေး တော်ကိုတင် ပစ်စရာစက် အရာ၌ ငါ့ ကို ထား တော်မူ၏။ 13 မြှား တော်တို့ကိုလည်း၊ ငါ့ ကျောက်ကပ် ကို ခွင်း စေတော်မူ၏။ 14 ငါသည်ငါ ၏လူ တို့တွင် ကဲ့ရဲ့ စရာအကြောင်း နှင့် တနေ့လုံး သီချင်း ဆိုစရာအကြောင်းဖြစ် ပါသည်တကား။ 15 ခါး သောဆေးနှင့် ငါ့ ကိုဖြည့် ၍၊ ဒေါန နှင့်ယစ်မူး စေတော်မူ၏။ 16 ကျောက်စရစ် ကိုကျွေး၍ ငါ့ သွား တို့ကို ချိုး တော်မူ ၏။ မီးဖိုပြာ နှင့် ဖုံး တော်မူ၏။ 17 ငါ ၏ဝိညာဉ် ကို ချမ်းသာ နှင့် ဝေး စွာ ရွေ့တော်မူသောကြောင့် ၊ ငါသည် မင်္ဂလာ အကြောင်းကို မေ့လျော့ ၏။ 18 သို့ဖြစ်၍ ၊ ငါ သည် ထာဝရဘုရား ရှေ့တော်၌ အစွမ်း သတ္တိနှင့် မြော်လင့် စရာအကြောင်းပျက် လေပြီဟု ဆို ရ၏။ 19 အကျွန်ုပ် ခံရသောဆင်းရဲ ငြိုငြင် ခြင်းကို၎င်း ၊ ဒေါန နှင့် သည်းခြေ အရည်ကို၎င်းအောက်မေ့ တော်မူပါ။ 20 ဧကန်အမှန်အောက်မေ့ တော်မူလိမ့်မည်။ 21 ထိုသို့ အကျွန်ုပ် ၏ စိတ် နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့် စရာအခွင့်ရှိပါ၏။ 22 ထာဝရဘုရား သည် သနား တော်မူ၍ ကရုဏာ တော်သည် မ ကုန် သောကြောင့် ငါတို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ဘဲနေကြ၏။ 23 နံနက် တိုင်းကရုဏာတော်အသစ် ကိုခံရကြ၏။ သစ္စာ တော်သည် ကြီးမြတ် ပါ၏။ 24 ငါ့ ဝိညာဉ် ၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့် ၊ ကိုယ်တော် ကို ငါမြော်လင့် ပါ၏။ 25 ကိုယ်တော် ကို မြော်လင့် သောသူနှင့် ကိုယ်တော် ကို ရှာ သောသူ၏ စိတ် ဝိညာဉ်အား ထာဝရဘုရား သည် ကျေးဇူး ပြုတော်မူ၏။ 26 ကယ်တင် တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ် စွာ စောင့် နေကောင်း ၏။ 27 လူ သည်အသက် ပျိုစဉ် အခါ ထမ်းဘိုး ကို ထမ်း ကောင်း ၏။ 28 ထမ်းဘိုး ကို တင် တော်မူသောကြောင့် တယောက် တည်းထိုင် ငြိမ်ဝပ် စွာနေစေ။ 29 မြော်လင့် စရာအခွင့်ရှိကောင်း ရှိ လိမ့်မည်ဟု ထင်လျက်၊ မိမိ နှုတ် ကို မြေမှုန့် ကပ် စေ။ 30 ရိုက် သောသူအား မိမိ ပါး ကိုပေး ၍၊ ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် ပြည့်ဝ စေ။ 31 အကြောင်း မူကား၊ ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မ မူတတ်။ 32 ဝမ်းနည်း စေတော်မူသော်လည်း ၊ ကရုဏာ တော် များပြား သည်နှင့်အညီ သနား တော်မူလိမ့်မည်။ 33 ဆင်းရဲစေချင်သောစိတ် နှင့် လူ သား တို့ကို ညှဉ်းဆဲ ၍ ဝမ်းနည်း စေတော်မူသည်မ ဟုတ်။ 34 ချုပ် ထားသော ပြည် သားအပေါင်း တို့ကို ခြေ နှင့် နင်း ကြိတ်ခြင်းအမှု၊ 35 လူ ခံထိုက်သောတရား ကို အမြင့်ဆုံး သော ဘုရား မျက်မှောက် ဖျက် ခြင်းအမှု၊ 36 သူတပါး ကိုမ တရားသဖြင့် ရှုံး စေခြင်းအမှုတို့ကို ထာဝရ ဘုရားနှစ်သက် တော်မ မူ။ 37 ထာဝရ ဘုရားမှာ ထားတော်မ မူဘဲ၊ အဘယ်သူ သည် ပြော တစုံတခုကို ဖြစ် စေနိုင်သနည်း။ 38 အမြင့်ဆုံး သော ဘုရား၏နှုတ် ထွက်ရှိသည် အတိုင်း မင်္ဂလာ နှင့် အမင်္ဂလာ ဖြစ် တတ်သည် မ ဟုတ် လော။ 39 အသက်ရှင် သောလူ သတ္တဝါသည် အဘယ် ကြောင့် မြည်တမ်း ရမည်နည်း။ မိမိ ဒုစရိုက် အပြစ်ကြောင့် မြည်တမ်းရမည်လော။ 40 ငါ တို့သည်ကိုယ်လိုက်သောလမ်း တို့ကို စစ်ကြော စုံစမ်း၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြန် သွားကြကုန်အံ့။ 41 ကောင်းကင် ဘုံ၌ ရှိတော်မူသောဘုရား သခင့်ထံ တော်သို့ နှလုံး နှင့် လက် တို့ကို ချီကြွ ကြကုန်အံ့။ 42 အကျွန်ုပ် တို့သည် ပြစ်မှား ပုန်ကန် မိပါပြီ။ ကိုယ်တော် သည် အပြစ် လွှတ်တော်မ မူပါ။ 43 အမျက် တော်ထွက်၍ မျက်နှာ လွှဲတော်မူ၏။ တဖန် အကျွန်ုပ် တို့ကိုလိုက် ၍ ကရုဏာ ရှိဘဲ ကွပ်မျက် တော်မူ၏။ 44 အကျွန်ုပ်တို့ ပဌနာ စကားသည် အထံ တော်သို့ မပေါက် နိုင်အောင်၊ မိုဃ်းတိမ် ဖြင့် ကိုယ်ကို ကွယ်ကာ တော်မူ၏။ 45 အကျွန်ုပ် တို့ကိုလူမျိုး တို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း ၊ ရွံစရာ အရာကဲ့သို့၎င်း ဖြစ် စေတော်မူ၏။ 46 ရန်သူ အပေါင်း တို့သည် အကျွန်ုပ် တို့တဘက် ၌ နှုတ် ကိုဖွင့် ကြပါ၏။ 47 အကျွန်ုပ် တို့သည် ကြောက်လန့် ဘွယ်သော အရာထဲသို့၎င်း ၊ တွင်း ထဲသို့၎င်း ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ခြင်းထဲသို့၎င်း ရောက် ကြပါပြီ။ 48 ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ့ မျက်စိ သည် မြစ် ရေ ဖြစ်၍ စီး လျက်ရှိ၏။ 49 ထာဝရဘုရား သည် ကောင်းကင် က ငုံ့ကြည့် ရှုမှတ် တော်မ မူမှီတိုင်အောင်၊ 50 ငါ့ မျက်ရည် သည်ကျ အစဉ်မပြတ်ယိုစီးလျက်ရှိ၏။ 51 ငါ ၏မြို့ သမီး အပေါင်း တို့အတွက် ကြောင့်၊ ငါ မျက်စိ သည် ငါ့ နှလုံး ကို ပူ စေတတ်၏။ 52 အကြောင်း မရှိဘဲ ငါ့ ကိုရန် ပြုသောသူတို့သည် ငှက် ကိုလိုက် ၍ ရှာသကဲ့သို့ ငါ့ ကိုလိုက် ၍ ရှာကြ၏။ 53 မြေတွင်း ငါ့ အသက် ကို ဖြတ် ငါ့ အပေါ် မှာ ကျောက် ကို တင် ထားကြ၏။ 54 ငါ့ ခေါင်း ကို ရေ လွှမ်းမိုး သည်ဖြစ်၍ ၊ ငါသည် ဆုံးရှုံး ပြီဟု ဆို ရ၏။ 55 အိုထာဝရဘုရား ၊ နက် သော မြေတွင်း ထဲက အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို ခေါ် ပါ၏။ 56 အကျွန်ုပ် ခေါ်သံ ကို ကြား တော်မူသည်ဖြစ်၍၊ အကျွန်ုပ် ညည်းတွားအော်ဟစ် သောအခါ နား တော်ကို လွှဲ တော်မ မူပါနှင့်။ 57 အကျွန်ုပ်သည် ကိုယ်တော် ကို ဟစ်ခေါ် သောအခါ ၊ ကိုယ်တော်သည် ချဉ်းကပ် တော်မူ၍၊ မ ကြောက် နှင့် ဟု မိန့် တော်မူပြီ။ 58 အိုထာဝရ ဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် အသက် နှင့် ဆိုင်သောအမှု ကိုစောင့် ၍ ရွေးနှုတ် တော်မူပြီ။ 59 အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသောညှဉ်းဆဲ ခြင်းကို မြင် တော်မူပြီ။ အကျွန်ုပ် အဘို့ တရား စီရင် တော်မူပါ။ 60 သူ တို့သည် အကျွန်ုပ် ကို ရန်ငြိုး ဖွဲ့သမျှ နှင့် မကောင်းသော အကြံ ရှိသမျှ ကို ကိုယ်တော်မြင် တော်မူပြီ။ 61 အိုထာဝရဘုရား ၊ သူ တို့ကဲ့ရဲ့ သောအကြောင်းနှင့် မကောင်းသောအကြံ ရှိသမျှ ကို၎င်း ၊ 62 အကျွန်ုပ် တဘက်၌ ထ သောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ် တဘက် ၌ တနေ့လုံး ကြံစည် ခြင်းကို၎င်းကိုယ်တော်ကြား တော်မူပြီ။ 63 သူ တို့ထိုင် ခြင်း၊ ထ ခြင်းကိုကြည့်ရှု တော်မူပါ။ အကျွန်ုပ် သည် သူ တို့သီချင်း ဆိုစရာအကြောင်း ဖြစ်ပါ၏။ 64 အိုထာဝရဘုရား ၊ သူ တို့ကျင့်သောအကျင့် နှင့် အလျောက်အကျိုးအပြစ် ကို ဆပ် ပေးတော်မူပါ။ 65 သူ တို့စိတ် နှလုံးကိုခိုင်မာ စေ၍ ကျိန် တော်မူပါ။ 66 အမျက် တော်ထွက်၍ သူ တို့ကို ညှဉ်းဆဲ သဖြင့် ၊ ထာဝရဘုရား ၏ မိုဃ်း ကောင်းကင်အောက် မှ သုတ်သင် ပယ်ရှင်းတော်မူပါ။

4

1 ရွှေ သည် အလွန် သမ်းညို သည်တကား။ အကောင်း ဆုံးသော ရွှေ သည် အလွန်ဖေါက်ပြန် သည် တကား။ သန့်ရှင်း သော ကျောက် တို့သည် ခပ်သိမ်း သော လမ်း တို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။ 2 အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။ 3 မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။ 4 နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။ 5 ကောင်းမွန် စွာ စား တတ်သောသူတို့ သည် ကိုးကွယ် ရာမရှိ၊ လမ်း နေကြ၏။ နီမောင်း သော အိပ်ရာပေါ် မှာ ပျော်မွေ့ ဘူးသောသူတို့ သည် နောက်ချေး ပုံကို ဘက် ရကြ၏။ 6 အဘယ်သူမျှအား ထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ ရောက်သော၊ သောဒုံ မြို့ခံရသောအပြစ် ဒဏ် ထက် ၊ ငါ ၏လူမျိုး သတို့သမီး ခံရသောအပြစ် ဒဏ်သည် သာ၍ကြီး ပေ၏။ 7 သူ ၏မှူးမတ် တို့သည် မိုဃ်းပွင့် ထက် သန့်ရှင်း ၍၊ နို့ ရည်ထက် လည်း ဖြူ ကြ၏။ သူတို့အသား သည် ကျောက် နီထက် နီ ၏။ သွေးကြော လည်း နီလာ နှင့်တူ၏။ 8 ယခုမူကား၊ သူ တို့အဆင်း သည်မှောင်မိုက် ထက် မည်း သည်ဖြစ်၍လမ်း ထင်ရှား ။ သူ တို့အရေ သည် အရိုး ကပ် ၍ ထင်း ကဲ့သို့ သွေ့ခြောက် လေ၏။ 9 ထား ဖြင့်သေ သောသူသည်၊ ငတ်မွတ် ၍ သေ သောသူထက် သာ၍မင်္ဂလာ ရှိ၏။ ငတ်မွတ်၍ သေသောသူ သည် အသီးအနှံ ပြတ် ခြင်းအားဖြင့် ထိုး ဖေါက်၍ ပိန်ကြုံ ရ၏။ 10 စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။ 11 ထာဝရဘုရား သည် အမျက် တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာ သော အမျက် တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန် မြို့ကို မီးရှို့ မြို့ရိုး အမြစ် တိုင်အောင်လောင် စေတော်မူပြီ။ 12 ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။ 13 ယေရုရှလင် မြို့အလယ် ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။ 14 ထိုသူတို့သည်အရူးကဲ့သို့လမ်း လှည့်လည် ၍၊ လူအသွေး နှင့် လူး သောကြောင့်၊ သူ တို့အဝတ် ကို အဘယ်သူမျှ မ ထိ ဝံ့15 သွား ကြ။ မ စင်ကြယ်သောသူတို့၊ သွား ကြ၊ သွား ကြ။ မ ထိ ကြနှင့်ဟု သူတပါးတို့သည်ဟစ် တတ်ကြ၏။ အဝေး သို့ပြေး၍ အရပ်ရပ်သို့လှည့်လည် ရသောအခါ သာသနာပ လူတို့က ၊ သူတို့သည် မ တည်း မနေ ရဟု ဆို တတ်ကြ၏။ 16 ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူ တို့ ကို ကွဲပြား စေတော်မူပြီ။ သူ တို့အမှု ကို ကြည့်ရှု တော်မ မူ။ သူတပါးတို့သည်လည်း၊ ယဇ် ပုရောဟိတ်တို့ကို မ ရိုသေ ၊ အသက်ကြီး သူတို့ကို အား နာဘဲနေကြ၏။ 17 ငါ တို့သည်ရှိစဉ်တွင် မစ မည့်သူကို မြော်လင့်၍ မ မြင်ရကြ။ မ ကယ်တင် နိုင်သောလူမျိုး ကို ကင်းစင် ပေါ် မှာ အကျိုး မရှိဘဲ စောင့် ကြပြီ။ 18 ငါ တို့သည် လမ်း မသွား ရမည်အကြောင်း ငါ တို့ခြေရာ ကို လိုက်ရှာ ကြ၏။ ငါ တို့သည် ဆုံး ချိန်နီး ပြီ။ အသက်ရှင်ရသောကာလ စေ့ ပြီ။ ဆုံး ချိန်ရောက် လေပြီ။ 19 ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော လည်း ချောင်းမြောင်း ကြ၏။ 20 ငါ တို့ထွက်သက် ဝင်သက် တည်းဟူသော၊ ထာဝရဘုရား သည် ပေးတော်မူ၍ ဘိသိတ် ခံသောအရှင်ကို သူ တို့သည် မြေတွင်း ဘမ်းမိ ကြပြီ။ ထိုအရှင် ဘုန်းတော်ကိုခိုလှုံ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက် ချမ်းသာရလိမ့်မည်ဟု အထက်ကဆို တတ်ကြ၏။ 21 ဥဇ ပြည် နေ သောဧဒုံ သတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်း လော့။ ဖလား တော်သည် သင် ရှိရာသို့ ကူး သွား လိမ့်မည်။ သင်သည်ယစ်မူး အဝတ် အချည်းစည်းရှိရလိမ့်မည်။ 22 အိုဇိအုန် သတို့သမီး ၊ သင် ခံထိုက်သမျှသောအပြစ် ဒဏ်ကုန် ပြီ။ သင် သည် နောက် တဖန် သိမ်း သွား ခြင်းကို ခံရ။ အိုဧဒုံ သတို့သမီး ၊ သင် ပြုသောဒုစရိုက် ကို စစ်ကြော ၍သင် ၏အပြစ် ကို ဘော်ပြ တော်မူမည်။

5

1 အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ရောက် သော အမှု ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့ခံရသောကဲ့ရဲ့ ခြင်းကိုကြည့်ရှု ဆင်ခြင် တော်မူပါ။ 2 အကျွန်ုပ် တို့ အမွေ ခံရာမြေသည် တပါး အမျိုးသားလက်သို့ ၎င်း ၊ နေရာအိမ် တို့သည်လည်း တကျွန်းတနိုင်ငံသား တို့လက်သို့ ၎င်း ရောက် ပါပြီ။ 3 အကျွန်ုပ်တို့သည် မိ ဘမရှိသော သူငယ်ဖြစ် ကြပါ ၏။ အဘ ဆုံး ပါပြီ။ အမိ သည်မုတ်ဆိုးမ ကဲ့သို့ နေရပါ၏။ 4 ငွေ ပေးမှ ရေ ကို သောက် ရပါ၏။ ထင်း ကိုလည်း ဝယ် ရပါ၏။ 5 ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မ ရပ် မနေဘဲ လုပ်ကိုင် ရပါ၏။ 6 စားစရာ ကိုရ ခြင်းငှါ အဲဂုတ္တု ပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန် ခံရပါ၏။ 7 ဘိုးဘေး တို့သည်ပြစ်မှား ၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူ တို့ အပြစ် များကိုခံ ရပါ၏။ 8 သူ့ကျွန် တို့သည် အကျွန်ုပ် တို့ကို အုပ်စိုး ကြပါ၏။ သူ တို့လက် မှ အဘယ်သူမျှမကယ်မနှုတ်ပါ။ 9 တော ၌ထား ဘေးနှင့် တွေ့၍ အသေခံ လျက် စားစရာ ကို ရှာရ ကြပါ၏။ 10 မွတ်သိပ် ခြင်းအရှိန် ကြောင့် အကျွန်ုပ် တို့၏ အရေ သည် မီးဖို ကဲ့သို့ မည်း ပါ၏။ 11 ဇိအုန် မြို့၌ မိန်းမ များကို၎င်း၊ ယုဒ မြို့ ရွာတို့၌ မိန်းမပျို များကို၎င်း အဓမ္မ ပြုကြပါ၏။ 12 မှူးမတ် တို့ကို လက် ဖြင့် ဆွဲ ထားကြပါ၏။ အသက်ကြီး သူတို့ကိုလည်း ရိုသေ ကြပါ။ 13 လူပျို တို့သည် ကြိတ်ဆုံ ကို ထမ်း ရကြပါ၏။ သူငယ် တို့သည်လည်း ထင်း အောက်မှာ လဲ ရကြပါ၏။ 14 အသက်ကြီး သူတို့သည် မြို့တံခါးဝ ၎င်း ၊ လူပျို တို့သည် ပွဲ သဘင်၌ ၎င်း ကွယ်ပျောက် ကြပါ၏။ 15 အကျွန်ုပ် တို့သည် နှလုံး ရွှင်လန်း ခြင်းပြတ် ၍၊ က ခြင်းအရာ၌ ညည်းတွား ခြင်း ရှိ ကြပါ၏။ 16 အကျွန်ုပ် တို့ဆောင်း သော သရဖူ သည်ကျ ပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှား သောကြောင့် အမင်္ဂလာ ရှိကြပါ၏။ 17 ထိုကြောင့် အကျွန်ုပ် တို့သည်စိတ် ပျက် ကြ ပါပြီ။ ထို အပြစ်ကြောင့် မျက်စိ တို့သည်လည်း မွဲ ကြပါ၏။ 18 လူဆိတ်ညံ လျက်ရှိသောဇိအုန် တောင် ပေါ်မှာ မြေခွေး တို့သည် သွား လာကြပါ၏။ 19 အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ အမြဲတည် တော်မူ၏။ ပလ္လင် တော်သည်လည်း ထာဝရ ပလ္လင် ဖြစ်ပါ၏။ 20 ကိုယ်တော်သည် အဘယ် ကြောင့်အကျွန်ုပ် တို့ကို အစဉ် မပြတ်မေ့လျော့ တော်မူသနည်း။ အဘယ်ကြောင့်ကာလ ကြာမြင့် စွာ စွန့်ပစ် တော်မူသနည်း။ 21 အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကိုအထံ တော်သို့ လှည့် စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည်ပြန် ၍ လာကြပါမည်။ ရှေး ကာလကဲ့သို့ အကျွန်ုပ် တို့ကာလ ကို အသစ် ပြုပြင်တော်မူပါ။ 22 အကယ်၍ ကိုယ်တော်သည်အကျွန်ုပ် တို့ကို ရှင်းရှင်းပယ် တော်မူမည်လော။ ပြင်းစွာ အမျက်ထွက် တော်မူ မည်လော။