ယောရှုမှတ်စာ။

1

1 ထာဝရဘုရား ၏ ကျွန် မောရှေ သည် အနိစ္စ ရောက်သောနောက် မောရှေ လက်ထောက် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ 2 ငါ ၏ကျွန် မောရှေ သည် အနိစ္စ ရောက်လေပြီ။ သို့ဖြစ်၍ သင် နှင့် သင်၌ပါသောဤ လူ အပေါင်း တို့သည် ယခု ၍ ယော်ဒန် မြစ်တဘက်သို့ ကူး ကြလော့။ ဣသရေလ အမျိုးသား တို့အား ငါ ပေး သောပြည် ကို ဝင်စားကြလော့။ 3 မောရှေ အား ငါဂတိ ရှိသည်အတိုင်း သင် တို့နင်း သမျှ သောမြေ ကို သင်တို့ အား ငါပေး မည်။ 4 တော ကြီးမှစ၍ လေဗနုန် တောင်တိုင်အောင် ၎င်း၊ ဥဖရတ် မြစ် ကြီး မှစ၍ဟိတ္တိ ပြည် တရှောက်လုံး ပါလျက်၊ နေဝင် ရာဘက် ပင်လယ် ကြီး တိုင်အောင် ၎င်း၊ သင် တို့နယ် အပိုင်းအခြားဖြစ် ရမည်။ 5 သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် သင့် ကိုပစ် ၍မ ထား။ 6 အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။ 7 သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။ 8 ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။ 9 သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။ 10 ထိုအခါ ယောရှု သည် ဗိုလ် မင်းများတို့ကို ခေါ်၍၊ 11 တပ် တရှောက် လုံးသို့ သွား ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံး ရက် အတွင်းတွင် ဤယော်ဒန် မြစ် တဘက်သို့ ကူးရသောကြောင့်ရိက္ခါ ကို ပြင်ဆင် ရကြမည် အကြောင်း၊ လူ များတို့အား ဆင့်ဆို ကြလော့ဟု မှာ ထား လေ၏။ 12 တဖန် ယောရှု သည် ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသားတဝက် တို့ကို ခေါ်၍၊ 13 ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ သင် တို့အား မှာ ထားသော စကားဟူမူကား သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ဤ ပြည် ၌ နေရာ ချတော်မူပြီ။ 14 သင် တို့သား မယား သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သော ပြည် နေရစ် ရကြမည်။ 15 ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။ 16 ထိုသူတို့ကလည်း၊ ကိုယ်တော်မှာ ထားတော်မူသမျှ ကို ကျွန်တော်တို့ပြု ပါမည်။ စေလွှတ် တော်မူသမျှ သော အရပ်သို့ သွား ပါမည်။ 17 အရာရာ တို့၌ မောရှေ ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင် ပါမည်။ သို့ဖြစ်၍ကိုယ်တော်၏ ဘုရား သခင်ထာဝရဘုရား သည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။ 18 အာဏာ တော်ကို ဆန် ၍၊ မှာထားတော်မူသမျှ သောစကား ကို နား ထောင်သောသူ မည်သည်ကား၊ အသေ သတ်ခြင်းကိုခံ စေရမည်။ သို့ဖြစ်၍အား ယူတော်မူ ပါ။ ရဲရင့် ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။

2

1 နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် နေ လေ၏။ 2 ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊ 3 ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။ 4 ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။ 5 မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။ 6 သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။ 7 မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။ 8 သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊ 9 ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။ 10 သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။ 11 ထိုသိတင်းကိုကြား သောအခါ အကျွန်ုပ် တို့သည် စိတ်ပျက် သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း ကျန် ကြွင်းပါ။ အကြောင်းမူကား သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။ 12 သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု13 ကျွန်မ မိဘ ညီအစ်မ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊ 14 ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ သင် သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။ 15 ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊ 16 သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်17 ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။ 18 ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ယခု လျှော့ချ သော ပြတင်းပေါက် ကြိုး နီကို ချည် ထား၍ သင့် မိဘ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ခေါ် ထားရမည်။ 19 ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။ 20 ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊ 21 မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ချည် ထားလေ၏။ 22 ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ တွေ့ကြ။ 23 ထို လူ နှစ် ယောက်တို့သည် လှည့် တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် နုန် ၏သား ယောရှု ထံ သို့ ရောက် မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊ 24 အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။

3

1 ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။ 2 သုံး ရက် စေ့ သောအခါ၊ တပ်မှူး တို့သည် တပ် တရှောက်လုံး သို့သွား3 သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို၎င်း သေတ္တာထမ်း သော ယဇ်ပုရောဟိတ် လေဝိ သားတို့ကို၎င်းမြင် လျှင် သင် တို့သည် နေရာ ပြောင်း၍ လိုက် ရကြမည်။ 4 သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း သေတ္တာ တော်အနီးသို့ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။ 5 ယောရှု ကလည်း သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်း စေကြလော့။ အကြောင်းမူကား နက်ဖြန် နေ့၌ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု တော်မူမည်ဟု လူ များတို့အား မှာ ထားလေ၏။ 6 တဖန် ယဇ်ပုရောဟိတ် တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက်၊ လူ များရှေ့ သို့ကူး သွားကြလော့ဟု ယောရှု ဆို သည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာ တော် ကိုထမ်း လူ များရှေ့ သို့ သွား ကြ၏။ 7 ထာဝရဘုရား ကလည်း ယောရှု ကို ခေါ်၍ ငါသည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ သင် နှင့်အတူ ရှိ သည် ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြမည် အကြောင်း သူတို့မျက်မှောက် ၌ သင့် ကို ယနေ့ ငါချီးမြှင့် ပြုမည်။ 8 ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်ရေ နားသို့ ရောက် သောအခါ ယော်ဒန် မြစ်၌ ရပ် နေရမည်အကြောင်းကို ဆင့်ဆို လော့ဟု မိန့်တော်မူ၏။ 9 ယောရှု ကလည်း လာ ကြလော့။ သင် တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့ ဟု ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊ 10 အသက် ရှင်တော်မူသောဘုရား သခင်သည် သင် တို့တွင် ရှိ၍ သင် တို့ရှေ့ မှ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဟိဝိ လူ၊ ဖေရဇိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ယေဗုသိ လူတို့ကို စင်စစ်နှင်ထုတ် တော်မူမည် အကြောင်း ကို အဘယ်သို့သိ ရမည်နည်းဟူမူကား၊ 11 မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သင် တို့ရှေ့ မှာ၊ ယော်ဒန် မြစ်ထဲ သို့ကူး သွားလိမ့်မည်။ 12 သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်တို့ကို ရွေးကောက် ကြလော့။ 13 မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။ 14 လူ များတို့သည် ယော်ဒန် မြစ်ကို ကူး အံ့သောငှါ တဲ တို့မှ ပြောင်း ၍ ပဋိညာဉ် သေတ္တာ ကို ထမ်း သောယဇ်ပုရောဟိတ် တို့သည် လူ များရှေ့ မှာသွားလျက်၊ 15 ယော်ဒန် မြစ်နားသို့ရောက် ခြေဘဝါး တို့သည် လျှံသောရေ ကို နင်း သောအခါ စပါး ရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်း တရှောက်လုံး ကို လျှံ လေ့ရှိသော်လည်း၊ 16 မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။ 17 လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။

4

1 လူ အပေါင်း တို့သည် တယောက်မျှမကြွင်း ယော်ဒန် မြစ်ကို ကူး ကြပြီး မှ၊ ထာဝရဘုရား က၊ 2 လူ များတို့တွင် တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်ကို ရွေးကောက်3 သူတို့သည် ယော်ဒန် မြစ်အလယ် ယဇ်ပုရောဟိတ် တို့ မြဲမြံစွာနင်း ရာ၊ ဤ အရပ် ထဲက ကျောက် တဆယ် နှစ်လုံးကို ယူ ပြီးလျှင် ထမ်း သွား၍ ယနေ့ညဉ့် စားခန်းချ ရာအရပ် ထား ရမည်အကြောင်းဆင့်ဆို လော့ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း4 ယောရှု သည် ခန့် ထားနှင့်သော ဣသရေလ အမျိုးတ မျိုး ယောက်စီ၊ လူ တဆယ် နှစ်ယောက်ကို ခေါ် ၍၊ 5 သင် တို့ဘုရား သခင်ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ယော်ဒန် မြစ်အလယ် သို့ ကူး သွား၍ ဣသရေလ အမျိုးအရေအတွက် အတိုင်း လူတယောက် ကျောက် တလုံးစီ ယူ ၍ ထမ်း သွားကြလော့။ 6 သို့ပြုလျှင် သက်သေ ကို ရ ကြလိမ့်မည်။ နောင် ကာလ၌ သင် တို့၏ သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း လျှင်၊ 7 သင်တို့က၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ယော်ဒန် မြစ်ကို ကူး သောအခါ သေတ္တာတော်ရှေ့ မှာ မြစ် ရေ ပြတ် လေသည်ဟု ပြန်ပြော ရကြမည်။ ထိုသို့ ဤ ကျောက် တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့ စရာဘို့ ဖြစ် ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊ 8 ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။ ထာဝရဘုရားသည် ယောရှု အား မိန့် တော်မူသည်နှင့်အညီ ဣသရေလ အမျိုး အရေအတွက် အတိုင်း ယော်ဒန် မြစ်ထဲက ကျောက် တဆယ် နှစ် လုံးကို ယူ ပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်း သွား၍ ထား ကြ၏။ 9 တဖန်တုံ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့နင်း ရာအရပ် ယော်ဒန် မြစ်အလယ် ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် စိုက် ထား၍ ယနေ့ တိုင်အောင် ရှိ ကြ၏။ 10 ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ကူး ကြ၏။ 11 လူ များအပေါင်း တို့သည် အကုန်အစင်ကူး ကြပြီး မှ၊ ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွ ယဇ်ပုရောဟိတ် တို့သည် လူ များမျက်မှောက် တွင် ကူး ကြ၏။ 12 ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသား တဝက် တို့သည် မောရှေ မှာ ခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွား ကြ၏။ 13 ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့်လေးသောင်း ခန့် မျှရှိ၍၊ စစ်တိုက် ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယေရိခေါ လွင်ပြင် သို့ ကူး သွား ကြ၏။ 14 ထို နေ့ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ယောရှု ကို ချီးမြှင့် တော်မူ၍ သူတို့ သည် မောရှေ ကို ကြောက်ရွံ့ သကဲ့သို့ ယောရှု ကိုလည်း သူ ၏အသက် တည်သည် ကာလ ပတ်လုံး ကြောက်ရွံ့ ကြ၏။ 15 တဖန် ထာဝရဘုရား က၊ သက်သေခံချက် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ 16 ယော်ဒန် မြစ်ထဲက တက်လာ ရမည်အကြောင်း ဆင့်ဆို လော့ဟုမိန့် တော်မူသည်အတိုင်း၊ 17 ယော်ဒန် မြစ်ထဲက တက် လာကြလော့ဟု ယဇ်ပုရောဟိတ် တို့အား ယောရှု သည် ဆင့်ဆို လေ၏။ 18 ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ထဲက တက် လာ၍၊ ခြေဘဝါး တို့သည် ကုန်း ကို နင်းမိကြ သောအခါ၊ ယော်ဒန် မြစ်ရေ သည် မိမိ နေရာ သို့ ပြန် လာ၍ အရင် ကဲ့သို့ ကမ်း တရှောက်လုံး ကို လျှံလျက်နေ၏။ 19 ပဌမ ဒသမ နေ့ရက်တွင် လူ များတို့သည် ယော်ဒန် မြစ်ထဲက တက် လာ၍ ယေရိခေါ မြို့အရှေ့ ဘက် နား မှာ ဂိလဂါလ အရပ်၌ တပ်ချ ကြ၏။ 20 ယော်ဒန် မြစ်ထဲက ထုတ် ယူသော ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် ဂိလဂါလ အရပ်၌ စိုက် ထား ၏။ 21 ဣသရေလ အမျိုးသား တို့အား လည်း နောင် ကာလ ၌ သင် တို့၏သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘ တို့အား မေးမြန်း လျှင်၊ 22 သင်တို့က၊ ဣသရေလ လူတို့သည် မြေ ပေါ် မှာ ရှောက်သကဲ့သို့ဤ ယော်ဒန် မြစ်ကို ကူး လာကြသည်ဟု သားသမီး တို့အား ကြားပြော ရကြမည်။ 23 ထာဝရဘုရား သည် တန်ခိုးကြီး တော်မူသည်ကို မြေကြီးသား အပေါင်း တို့သည်သိ ကြမည်အကြောင်း နှင့် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို သင်တို့သည်အစဉ်အမြဲ ကြောက်ရွံ့ ရမည်အကြောင်း24 ငါတို့သည်ဧဒုံ ပင်လယ် ကို ကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ရှေ့ မှာ ပင်လယ်ရေကိုခန်းခြောက် စေတော်မူသည်နည်းတူ သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့ရှေ့ မှာ မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်ဟု ယောရှုမှာထားလေ၏။

5

အရေဖျားလှီးခြင်းနှင့် ပသခါပွဲ

1 ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် နေသောအာမောရိ မင်းကြီး အပေါင်း ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ရဲရင့်ခြင်းသတ္တိ အလျှင်း ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။ 2 ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊ 3 ယောရှု သည် ကျောက် ထား များကို လုပ် ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။ 4 ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော သေ ကြ၏။ 5 ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။ 6 အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။ 7 သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။ 8 လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။ 9 ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။ 10 ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။ 11 ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။ 12 ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ဖြစ် သော အသီးအနှံကို စား ရကြ၏။

ထာ၀ရဘုရား၏ဗိုလ်မှူး

13 ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊ 14 ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊ 15 ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။

6

ယေရိခေါမြို့ကိုအောင်မြင်ခြင်း

1 ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့် ယေရိခေါ မြို့သည် ကျပ်တည်းစွာ ပိတ် ထားလျက် ရှိ၍ ထွက် သောသူ၊ ဝင် သောသူ တစုံတယောက်မျှမ ရှိသည်နှင့်အညီ၊ 2 ထာဝရဘုရား က၊ ကြည့်ရှု လော့။ ယေရိခေါ မြို့၊ ယေရိခေါ မင်းကြီး နှင့်တကွ ခွန်အားကြီးသော စစ်သူရဲ တို့ ကို သင့် လက် ငါအပ် လေပြီ။ 3 သို့ဖြစ်၍ မြို့ ကိုလှည့်ပတ် ရကြမည်။ ဣသရေလစစ်သူရဲ အပေါင်း တို့သည် ခြောက် ရက် ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြု ရကြမည်။ 4 ယဇ် ပုရောဟိတ်ခုနစ် ယောက်တို့သည် သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် ရကြမည်။ သတ္တမ နေ့ ရက်၌ ခုနစ် ကြိမ် တိုင်အောင်မြို့ ကိုလှည့်ပတ် ယဇ်ပုရောဟိတ် တို့သည် တံပိုးကိုမှုတ် ရကြမည်။ 5 ယုဘိလ တံပိုး တို့ကို ရှည်သောအသံနှင့် မှုတ် တံပိုး သံ ကိုကြား လျှင် လူ အပေါင်း တို့သည် ကျယ် သောအသံနှင့် ကြွေးကြော် မြို့ရိုး သည် အကုန်အစင်ပြိုလဲ ရလိမ့်မည်။ ထိုအခါ လူ များတို့သည် တည့်တည့် တက် ရကြမည် ဟု ယောရှု အား မိန့် တော်မူ၏။ 6 နုန် ၏သား ယောရှု သည် ယဇ်ပုရောဟိတ် တို့ကို ခေါ် သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ခုနစ် ယောက်တို့သည် ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သွားကြလော့ဟူ၍၎င်း၊ 7 လူ များတို့အား လည်း သင်တို့သွား ၍ မြို့ ကိုလှည့်ပတ် ကြလော့။ လက်နက်ကိုင် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ သွား ကြလော့ဟူ၍၎င်း မှာ ထားလေ ၏။ 8 ယောရှု သည် လူ များတို့အား မှာ ထားပြီးမှ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ တံပိုး မှုတ် လျက် သွား ကြ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် သူ တို့နောက် သို့ လိုက်လေ၏။ 9 တံပိုး မှုတ် သော ယဇ်ပုရောဟိတ် တို့ရှေ့ မှာ လက်နက်ကိုင် တို့သည် သွား ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက်သွား ကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက် သို့ လိုက် ကြ၏။ 10 ယောရှု ကလည်း၊ သင် တို့သည် ကြွေးကြော် စေခြင်းငှါ ငါ မှာ ထားသောနေ့ ရောက်မှီတွင် မ ကြွေးကြော် ရ၊ အသံ တစုံတခုကိုမျှ မ ပြုရ၊ စကား တခွန်းကိုမျှ မ ပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော် ရကြမည်ဟု လူ များတို့အား မှာ နှင့်လေပြီ။ 11 ထိုသို့ ထာဝရဘုရား ၏ သေတ္တာ တော်သည် မြို့ ကိုတ ကြိမ် လှည့်ပတ် ဝိုင်း သွားပြီးလျှင် တပ် ထဲသို့ ဝင် ပြန်၍ ညဉ့် ကိုလွန်စေကြ၏။ 12 နံနက် စောစော ယောရှု သည်ထ၍ ယဇ်ပုရောဟိတ် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း ယူ ကြ၏။ 13 ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွား မြဲသွား တံပိုး မှုတ် ကြ၏။ လက်နက်ကိုင် တို့သည် သူ တို့ရှေ့ မှာသွား ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက် သွား ကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာ တော်နောက် သို့ လိုက် ကြ ၏။ 14 ဒုတိယ နေ့ မြို့ ကိုတ ကြိမ် လှည့်ပတ် ပြီးမှတပ် ထဲသို့ ပြန် လာကြ၏။ ထိုသို့ ခြောက် ရက် ပတ်လုံးပြု ကြ၏။ 15 သတ္တမ နေ့ နံနက် စောစောမိုဃ်းလင်းစက ထ အရင်နည်းတူ၊ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ကြ ၏။ ထို နေ့ သာ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ရကြ ၏။ 16 သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။ 17 မြို့ နှင့်တကွ မြို့ ရှိသမျှ တို့ကို ကျိန် ထာဝရဘုရား အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် သူ နှင့်တကွ သူ ၏အိမ် ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။ 18 သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။ 19 ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ သံ တန်ဆာရှိသမျှ တို့ကို၎င်း၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေ၍၊ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားရကြမည်ဟု လူ များတို့အား ယောရှုသည် မှာ ထားလေ၏။ 20 ထိုသို့ နှင့်အညီတံပိုး ကို မှုတ် လူ များတို့သည် ကြွေးကြော် ကြ၏။ တံပိုး သံ ကို ကြား ကျယ် သောအသံ နှင့် ကြွေးကြော် ကြသောအခါ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ၍၊ လူ များအပေါင်းတို့သည် မြို့ ထဲ သို့ တည့်တည့် ဝင် ပြီးလျှင် သိမ်းယူ ကြ၏။ 21 မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား မိန်းမ အကြီး အငယ် သိုး နွား မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။ 22 ထိုပြည် ကို စူးစမ်း သော လူ နှစ် ယောက်တို့အား ယောရှု က၊ သင်တို့သည် ကျိန်ဆို သည်အတိုင်း ပြည်တန်ဆာ မိန်းမ အိမ် သို့ သွား သူ နှင့်တကွ သူ ရှိသမျှ တို့ကို ဆောင် ခဲ့ကြလော့ဟု မှာ လိုက်သည်အတိုင်း23 တံလျှို လုပ်သောလုလင် တို့သည် ဝင် ရာခပ် နှင့် သူ့ မိဘ သူ့ မောင် များ၊ သူ ရှိသမျှ တို့ကို၎င်း သူ့ ပေါက်ဘော် အပေါင်း တို့ကို၎င်းထုတ် ဆောင်ခဲ့၍ ဣသရေလ တပ် ပြင် မှာထား ပြီးလျှင်၊ 24 မြို့ နှင့်တကွမြို့ ရှိသမျှ တို့ကို မီး ရှို့ ကြ၏။ သို့ရာတွင် ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ သံ တန်ဆာတို့ကို၎င်း၊ ထာဝရဘုရား ၏ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားကြ၏။ 25 ယောရှု သည်လည်း၊ ပြည်တန်ဆာ ရာခပ် နှင့် သူ့ ပေါက်ဘော် သူ ရှိသမျှ တို့ကို အသက် ချမ်းသာပေး၍ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့ တိုင်အောင် နေ ရလေ၏။ အကြောင်းမူကား ယေရိခေါ မြို့ကို စူးစမ်း စေခြင်းငှါ ယောရှု စေလွှတ် သော တမန် တို့ကို သူသည် ဝှက် ထားသောကြောင့်တည်း။ 26 ထိုအခါ ယောရှု က၊ အကြင်သူ သည် ထ ယေရိခေါ မြို့ ကို တည် ပြန်၏၊ ထိုသူ သည် ထာဝရဘုရား ရှေ့ တော်၌ ကျိန် အပ်သောသူဖြစ်ပါစေ။ သူ သည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် သားထွေး လက်ထက်၌ မြို့ တံခါး တို့ကို ထောင် ပါစေဟု ကျိန်ဆို ၏။ 27 ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ သူ ၏ သိတင်း သည် တပြည် လုံး နှံ့ပြား ကျော်စော လေ၏။

7

အာခန်၏ပြစ်မှားခြင်း

1 သို့ရာတွင် ယုဒ အမျိုး ဇေရ ဇာဗဒိ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။ 2 ယောရှု သည်လည်း ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်3 ယောရှု ထံ သို့ ပြန် လာ၍ ဤလူ တို့ကို အကုန်အစင် သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ4 လူ သုံး ထောင် ခန့် မျှ ချီ သွား၍ အာဣ မြို့သား တို့ ရှေ့ မှာ ပြေး ရကြ၏။ 5 အာဣ မြို့သား တို့သည် လူ သုံးဆယ် ခြောက် ယောက်တို့ကိုသတ် ကြ၏။ မြို့တံခါး မှ သည် ရှေဗရိမ် အရပ် တိုင်အောင် လိုက် ထိုအရပ်၌ ဆင်း ရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူ များတို့၏ စိတ်နှလုံး သည် အရည်ကျို ရေ ကဲ့သို့ ဖြစ် လေ၏။ 6 ထိုအခါ ယောရှု သည် မိမိ အဝတ် ကို ဆုတ် ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ မိမိ တို့ခေါင်း ပေါ် ၌ မြေမှုန့် ကိုတင် ထာဝရဘုရား ၏ သေတ္တာ တော် ရှေ့ မှာ ည ဦးတိုင်အောင် ဝပ် လျက်နေကြ၏။ 7 ယောရှု ကလည်း အို အရှင် ထာဝရဘုရား ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။ 8 အို ဘုရား ရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူ တို့ရှေ့ မှာ ကျော ကိုလှည့် ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြော ရပါမည်နည်း။ 9 ခါနနိ လူ အစရှိသော ဤပြည်သူပြည်သား အပေါင်း တို့သည် ထိုသိတင်းကို ကြား လျှင်၊ အကျွန်ုပ် တို့ကို ဝိုင်း အကျွန်ုပ် တို့၏နာမည် ကို မြေကြီး မှ ပယ်ရှင်း ကြပါ လိမ့်မည်။ ကိုယ်တော် သည် ကြီးမြတ် သောနာမ တော်အဘို့ အလိုငှါ အဘယ်သို့ ပြု တော်မူမည်နည်းဟု လျှောက်ဆို ၏။ 10 ထာဝရဘုရား ကလည်း လော့။ အဘယ်ကြောင့် ဝပ် ၍နေသနည်း။ 11 ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။ 12 ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ရန်သူ တို့ရှေ့ မှာ မခံ ရပ်နိုင် ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ13 လူ များတို့ကို သန့်ရှင်း စေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စေကြဟု ဆင့်ဆို လော့။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အိုဣသရေလ အမျိုး၊ ကျိန် အပ်သောအရာ သည် သင် တို့အထဲ ရှိ၏။ ထိုအရာကို သင် တို့အထဲ က မပယ် မရှင်းမှီတိုင်အောင် ရန်သူ တို့ရှေ့ မှာ မ ခံ မရပ်နိုင် ကြ။ 14 နက်ဖြန်နံနက် သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။ 15 ကျိန် အပ်သော အရာပါ လျက် မှတ် တော်မူသောသူမှစ၍၊ သူ ရှိသမျှ တို့ကို မီး ရှို့ရကြမည်။ အကြောင်းမူကား သူသည် ထာဝရဘုရား ၏ ပဋိညာဉ် တရားကို ဖျက် ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု လေပြီဟု ယောရှု အား မိန့် တော်မူ၏။ 16 နံနက် စောစောယောရှု သည် ထ ဣသရေလ လူတို့ကို အမျိုးအနွယ် အလိုက် ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ကို မှတ် တော်မူ၏။ 17 ယုဒ အမျိုး ကို ဆောင် ခဲ့သဖြင့် ဇေရိ အဆွေအမျိုး ကို မှတ် တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင် စုံ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ် တော်မူ၏။ 18 ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ဇေရ ဇာဗဒိ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။ 19 ယောရှု ကလည်း၊ ငါ့ သား ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်20 အာခန် က၊ ဟုတ် ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ကျွန်တော် ပြစ်မှား ပါပြီ။ ကျွန်တော်ပြု မိသောအမှု ဟူမူကား၊ 21 လုယူ သော ဥစ္စာတို့တွင် မြတ် သောဗာဗုလုန် ဝတ်လုံ ငွေ နှစ် ပိဿာ၊ ရွှေ တုံးအကျပ် ငါးဆယ် ကို ကျွန်တော် မြင် သဖြင့် တပ်မက် သိမ်းယူ မိပါပြီ။ ကျွန်တော် တဲ အတွင်း မြေ မြှုပ် လျက် ငွေ သည် အောက် ဆုံးရှိပါ သည်ဟု ယောရှု အား ပြန် လျှောက်လေ၏။ 22 ထိုအခါ ယောရှု စေလွှတ် သောသူ တို့သည် တဲ သို့ ပြေး ထိုဥစ္စာသည် တဲ အတွင်း မြေ၌မြှုပ် လျက်၊ ငွေ သည် အောက် ဆုံးရှိသည်ကို တွေ့ သော်၊ 23 တဲ ထဲ က ထုတ် ယောရှု ထံ ဣသရေလ အမျိုးသားများရှေ့ သို့ ဆောင် သွားသဖြင့် ထာဝရဘုရား ရှေ့ တော်၌ ထား ကြ၏။ 24 ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ဝတ်လုံ ရွှေ တုံး၊ သားသမီး သိုး နွား မြည်း တဲ နှင့်တကွ သူ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ25 ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ မီး ရှို့ကြ၏။ 26 သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။

8

အာဣမြို့ကိုအောင်မြင်ခြင်း

1 တဖန် ထာဝရဘုရား ကလည်း၊ သင်သည် မ ကြောက် နှင့်၊ စိတ် ပျက်နှင့်။ သင် ပါသောစစ်သူရဲ အပေါင်း တို့ကို ခေါ် အာဣ မြို့သို့ ထ သွားလော့။ အာဣ မင်းကြီး နှင့် သူ့ လူ များ၊ သူ့ မြို့ သူ့ မြေ ကို သင့် လက် ငါအပ် မည်။ 2 ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊ 3 ယောရှု နှင့် စစ်သူရဲ အပေါင်း တို့သည် အာဣ မြို့ ကို တိုက် ခြင်းငှါ ကြ၏။ ယောရှု သည် ခွန်အားကြီးသော စစ်သူရဲ သုံးသောင်း တို့ကို ရွေးချယ် ညဉ့် အခါစေလွှတ် လျက်၊ 4 သင် တို့သည် ထိုမြို့ ကို တိုက်ခြင်းငှါမြို့နောက် မှာ ကင်း ထိုးလျက်နေကြလော့။ မြို့ နှင့် ဝေးဝေး ခွာ၍ မ သွား ကြနှင့်။ တညီတညွတ်တည်း အသင့် နေ ကြလော့။ 5 ငါ နှင့်တကွ ငါ ပါသော သူ အပေါင်း တို့သည် မြို့ အနီးသို့ ချဉ်းကပ် မည်။ သူတို့သည် ယမန် ကဲ့သို့ တိုက် ခြင်းငှါ ထွက် လာကြသောအခါ ငါတို့သည် သူ တို့ရှေ့ မှာ ပြေး ရကြမည်။ 6 သူတို့လည်း လိုက်ခြင်းငှါမြို့ထဲကထွက်၍၊ မြို့ နှင့် ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက် ကြလိမ့်မည်။ အကြောင်းမူကား သူ တို့ရှေ့ မှာ ငါတို့သည် ပြေး သောအခါ ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ပြေး ကြပြီဟု သူတို့ဆို ကြလိမ့်မည်။ 7 ထိုအခါ သင် တို့သည် ကင်းထိုး လျက် နေရာအရပ်မှ မြို့ ကိုတိုက် လျှင်၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့လက် အပ် တော်မူမည်။ 8 တိုက် အောင်သောအခါ မြို့ ကို မီး ရှို့ရကြမည်။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ရကြမည်။ ထိုသို့ ငါဆင့်ဆို သည်ဟု ထိုသူ တို့အား မှာ ထားလေ၏။ 9 ယောရှု စေလွှတ် သည်အတိုင်း ထိုသူတို့သည် ကင်း ထိုးခြင်းငှါ သွား ဗေသလ မြို့နှင့် အာဣ မြို့ စပ်ကြား တွင် အာဣ မြို့ အနောက် ဘက်မှာ နေ ကြ၏။ ယောရှု သည် ထို ညဉ့် တွင် လူ များထဲ မှာ နေသေး၏။ 10 နံနက် စောစောထ လူ များတို့ကို ရေတွက် ပြီးမှ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်အတူ အာဣ မြို့ သို့ အဦး ချီ သွားလေ၏။ 11 ယောရှု ပါသော စစ်သူရဲ အပေါင်း တို့သည် လိုက် မြို့ အနီး သို့ ရောက် ပြီးလျှင် မြို့ မြောက် ဘက်၌ တပ်ချ ကြ၏။ သူ တို့နှင့် မြို့ စပ်ကြား မှာ ချိုင့် တခုရှိ၏။ 12 တဖန် အာဣ မြို့အနောက် ထိုမြို့ နှင့် ဗေသလ မြို့စပ်ကြား မှာ ကင်းထိုး စေခြင်းငှါလူ ငါး ထောင် ခန့် မျှ ထား လေ၏။ 13 ထိုသို့လျှင်၊ မြို့ မြောက် ဘက်မှာ ဗိုလ်ခြေ အပေါင်း ခင်းကျင်းလျက်၊ အနောက် ဘက်မှာ လည်း ကင်း ထိုးလျက်၊ အသီးသီးနေရာ ကျကြသောအခါ ယောရှု သည် ထို ညဉ့် တွင် ချိုင့် အလယ်သို့ သွား လေ၏။ 14 ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို သိ15 ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် ရှုံး ဟန်ပြုလျက် တော လမ်း ဖြင့် ပြေး ကြ၏။ 16 သူ တို့ကို လိုက် ခြင်းငှါ အာဣ မင်းကြီးသည် မြို့၌ ရှိသမျှ သော ယောက်ျား တို့ကို နှိုးဆော် ပြီးလျှင် မြို့သားတို့ သည် ယောရှု ကိုလိုက် မြို့ နှင့် ကွာမှန်းမသိ ခွါ သွားကြ၏။ 17 ဣသရေလ အမျိုးသားတို့ကို မ လိုက် ဘဲ၊ အာဣ မြို့နှင့် ဗေသလ မြို့၌ ယောက်ျား တယောက်မျှ မ နေ မြို့ ကို လှပ် ထားလျက် ဣသရေလ အမျိုးသားတို့ကို လိုက် ကြ၏။ 18 ထာဝရဘုရား ကလည်း သင် ကိုင် သောလှံ ကို အာဣ မြို့သို့ ရွယ် လော့။ ထိုမြို့ ကို သင့် လက် သို့ ငါအပ် မည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း ယောရှု သည် မိမိကိုင် သောလှံ ကို ထိုမြို့ သို့ ရွယ် လေ၏။ 19 ရွယ်သောအခါ ကင်း တပ်သားတို့သည် ချက်ခြင်း ထ အလျင်အမြန် ပြေး လျက် မြို့ ထဲသို့ဝင် မိလျှင် ကြိုးစား သိမ်းယူ ပြီးမှ မီး ရှို့ကြ၏။ 20 အာဣ မြို့သား တို့သည် ပြန် ကြည့် မြို့ ကို လောင်သော မီး၏အခိုး သည် မိုဃ်းကောင်းကင် သို့ တက် လျက်ရှိသည်ကို မြင် သောအခါ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ တတ်စွမ်းနိုင်ကြ။ တော သို့ပြေး သောသူ တို့သည် လည်း လိုက် သောသူတို့ကို ပြန် လှန်၍ တိုက် ကြ၏။ 21 ကင်း တပ်သားတို့သည် မြို့ ကိုရ ၍ မြို့ ၌ မီးခိုး တက် လျက် ရှိသည်ကို ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် မြင် လျှင် တဖန် ပြန် လှည့်၍ အာဣ မြို့သား တို့ကို တိုက် သတ်ကြ၏။ 22 အခြားသောသူတို့သည်လည်း မြို့ ထဲက ထွက် တိုက် သောကြောင့် ဣသရေလ အမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမ လွှတ် မကျန် ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။ 23 အာဣ မင်းကြီး ကို အရှင် ဘမ်း ယောရှု ထံ သို့ ဆောင် ခဲ့ကြ၏။ 24 ဣသရေလ အမျိုးသားတို့သည် လွင်ပြင် ၎င်း၊ လိုက်ရှာ ရာ တော ၎င်း၊ အာဣ မြို့သား အပေါင်း တို့ကို လုပ်ကြံ ၍ ထား ဖြင့် အကုန်အစင် သုတ်သင် ပြီးမှ တဖန် မြို့သို့ပြန် လာ၍ ထား ဖြင့် လုပ်ကြံ ကြ၏။ 25 ထို နေ့ တသောင်း နှစ်ထောင်ခန့်မျှ ရှိသောအာဣ မြို့သား ယောက်ျား မိန်းမ အပေါင်း တို့သည် သေ ကြ ၏။ 26 အာဣ မြို့သူ မြို့သားအပေါင်း တို့ကို အကုန်အစင်မဖျက်ဆီး မှီတိုင်အောင် ယောရှု သည်လှံ ကိုင် သော လက် ကို မ သိမ်း မရုပ်။ 27 သို့ရာတွင် ထာဝရဘုရား သည် ယောရှု အား မှာ ထား တော်မူသော စကား အတိုင်း တိရစ္ဆာန် များနှင့် လက်ရ ဥစ္စာများကို၊ ဣသရေလ အမျိုးသားတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ 28 ယောရှု သည်လည်း အာဣ မြို့ကို မီး ရှို့၍ ယနေ့ တိုင်အောင် ထာဝရ ဖျက်ဆီး ရာ အမှိုက်ပုံ ဖြစ် စေ၏။ 29 အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ မိုဃ်းချုပ် သောအခါ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ပစ် ထား၍ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။

ဧဗလတောင်ပေါ်

30 ထိုအခါ ယောရှု သည်၊ ဧဗလ တောင် ပေါ် မှာ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် လေ၏။ 31 ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ ဣသရေလ အမျိုးသားတို့ကို မှာ ထား၍ မောရှေ ၏ ပညတ္တိ ကျမ်း ရေး မှတ်လျက်ရှိသည်အတိုင်း သံ တန်ဆာမ ပါမသုံး ဘဲ မ ကွဲမပြတ်သော ကျောက် တို့ဖြင့် ယဇ်ပလ္လင် ကို တည်၍၊ ထာဝရဘုရား အဘို့ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။ 32 ယောရှုသည်လည်း ထို ကျောက် ပေါ် ၌ မောရှေ ၏ ပညတ် တရားကို ဣသရေလ အမျိုးသားတို့ရှေ့ မှာ ရေး ကူးလေ၏။ 33 ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေး ခြင်း အလိုငှါ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားခဲ့ သည်အတိုင်း ဣသရေလ အမျိုး အသက်ကြီး ဗိုလ် မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိ သားထမ်း သော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ နှစ်ဘက်၌ ရပ် ၍၊ အမျိုးသား စစ်နှင့် တကျွန်း နိုင်ငံသားပါလျက်၊ ဂေရဇိမ် တောင် ပေါ် မှာ လူတဝက် ဧဗလ တောင် ပေါ် မှာ တဝက် တို့သည် နေကြလျှင်၊ 34 ပညတ္တိ ကျမ်း ရေး ထားသမျှ သောကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာ စကား တည်းဟူသော တရား စကား အလုံးစုံ တို့ကို ဘတ်ရွတ် လေ၏။ 35 ယောရှု သည် မောရှေ မှာ ထားသော စကား တခွန်းကိုမျှ မ ချန်မထား မိန်းမ သူငယ် တကျွန်း နိုင်ငံသားပါသောဣသရေလ အမျိုးသားပရိတ်သတ် အပေါင်း တို့ ရှေ့ မှာ အကုန်အစင်ဘတ်ရွတ် လေ၏။

9

ဂိဗောင်မြို့သားတို့၏လိမ်လည်မှု

1 ယော်ဒန် မြစ် အနောက် ဘက်၊ တောင် ပေါ်၌ ၎င်း ချိုင့် ထဲ ၌၎င်း လေဗနုန် တောင်တဘက် မဟာ ပင်လယ် ကမ်း တရှောက်လုံး ၌၎င်း နေသော ဟိတ္တိ အာမောရိ ခါနနိ ဖေရဇိ ဟိဝိ ယေဗုသိ အမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြား သောအခါ2 ယောရှု နှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ တညီတညွတ် တည်းစည်းဝေး ကြ၏။ 3 ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ4 ပရိယာယ် ပြု သံတမန် လုပ်လျက် မြည်း ပေါ် မှာ ဟောင်းနွမ်း သောအိတ် တို့ကို တင်၍ ဟောင်းနွမ်း စုတ် ကွဲဖာ ပြင်သော စပျစ်ရည် သားရေ ဘူးတို့ကို ယူ ကြ၏။ 5 ဟောင်းနွမ်း ဖာ ပြင်သော ခြေနင်း ကို စီး၍၊ ဟောင်းနွမ်း သောအဝတ် ကိုလည်း ဝတ်ကြ၏။ အောက်၍ မှို တက်လျက်ရှိ သောရိက္ခါ ကိုသာ ဆောင်ခဲ့လျက်၊ 6 ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။ 7 ဣသရေလ အမျိုးသား တို့ကလည်း သင် တို့သည် ငါ တို့အနား မှာ နေသည် မနေ သည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့ နိုင်သနည်းဟု ဟိဝိ လူတို့အား ဆို ကြလျှင်၊ 8 သူတို့က အကျွန်ုပ် တို့သည် ကိုယ်တော် ကျွန် ဖြစ် ပါ၏ဟု ယောရှု အား လျှောက်ဆို ကြ၏။ ယောရှု ကလည်း သင် တို့သည် အဘယ် သို့သောသူနည်း။ အဘယ် အရပ်က လာ ကြသနည်းဟုမေး လျှင်9 သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊ 10 ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။ 11 ထိုကြောင့် အကျွန်ုပ် တို့၌ အသက်ကြီး သောသူတို့ နှင့် ပြည်သူ ပြည်သားအပေါင်း တို့က၊ လမ်းခရီး ရိက္ခါ ကို ယူ သူ တို့ကို ခရီးဦးကြို ပြုခြင်းငှါ သွား ကြလော့။ ငါ တို့ သည် သူ တို့၏ကျွန် ဖြစ်ကြောင်းနှင့် မိဿဟာယ ဖွဲ့ ရပါမည်အကြောင်းကို လျှောက် ထားကြလော့ဟု မှာ လိုက်ပါပြီ။ 12 ကိုယ်တော် ထံ သို့ရောက် အံ့သောငှါ ထွက် လာ သောနေ့ ခရီးရိက္ခါဘို့ ကိုယ် အိမ် မှ ဆောင် ယူခဲ့သော ဤ မုန့် သည် ပူနွေး လျက်ရှိပါ၏။ ယခု ကြည့် ပါ။ အောက် လျက် မှို တက်လျက်ရှိ ပါ၏။ 13 စပျစ်ရည် ပြည့် သော သားရေ ဘူးတို့သည် အသစ် ဖြစ်သော်လည်း ယခုကြည့် ပါ စုတ် ကွဲလျက်ရှိပါ၏။ ဤ အဝတ် ဤခြေနင်း တို့သည်လည်း အလွန် ခရီး ဝေး သောကြောင့် ဟောင်းနွမ်း ပါပြီဟု ပြန်လျှောက် ကြ၏။ 14 ဣသရေလလူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့် ပန် ဘဲ ထိုသူ တို့၏ရိက္ခါ ကို စား ကြ၏။ 15 ယောရှု သည်လည်း သူ တို့ကို စစ်မှုနှင့်လွတ် စေ ၍၊ အသက် ချမ်းသာစေမည်အကြောင်းမိဿဟာယ ဖွဲ့ ၏။ ပရိသတ် မင်း တို့သည်လည်း ကျိန်ဆို ခြင်းကို ပြုကြ၏။ 16 မိဿဟာယ ဖွဲ့ သုံး ရက် လွန် သောအခါ ထိုသူ တို့ သည် အိမ်နီးချင်း ဖြစ်၍ အနား မှာ နေ ကြောင်း ကို ဣသရေလအမျိုးသားတို့သည် ကြား သိလျှင်17 ခရီး သွား၍ သုံး ရက်မြောက်သောနေ့ သူ တို့မြို့ရွာ သို့ ရောက် ကြ၏။ သူ တို့မြို့ ကား ဂိဗောင် မြို့၊ ခေဖိရာ မြို့၊ ဗေရုတ် မြို့၊ ကိရယတ်ယာရိမ် မြို့တည်း။ 18 ပရိသတ် အကဲအမှူး တို့သည် ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ဣသရေလ အမျိုးသားတို့သည် သူ တို့ကို မ လုပ်ကြံ ကြ။ ပရိသတ် အပေါင်း တို့သည် အကဲအမှူး တို့ကို အပြစ် တင်ကြ၏။ 19 အကဲအမှူး တို့ကလည်း ငါတို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်သူ တို့ကို မ ထိ မခိုက်ရ။ 20 သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊ 21 အကဲအမှူး များ ဂတိ ရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ် အပေါင်း တို့အဘို့ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူဖြစ် စေရမည်ဟု ပရိသတ် အပေါင်းတို့ အား ပြန်ပြော ကြ၏။ 22 ယောရှု သည်လည်း သူ တို့ကို ခေါ် သင် တို့သည် ငါ တို့အနား မှာ နေ လျက်ပင်၊ ဝေး သောအရပ်က လာပါပြီဟုဆို ၍ ငါ တို့ကို အဘယ်ကြောင့် လှည့်စား ကြသနည်း။ 23 ယခု မှာ သင် တို့သည် ကျိန် အပ်သောသူဖြစ် သဖြင့် ကျွန် ခံ၍ ငါ ၏ဘုရား သခင်အိမ် တော်အဘို့ ထင်း ခုတ် ခြင်း၊ ရေ ခပ် ခြင်းအမှုနှင့် တယောက်မျှမ လွတ် ရဟု ဆို ၏။ 24 သူတို့ကလည်း၊ ဤပြည် တရှောက်လုံး ကို သင် တို့အား ပေး ပြည်သူပြည်သား အပေါင်း တို့ကို သင် တို့ရှေ့ မှ ပယ်ရှင်း ခြင်းငှါ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် မောရှေ အား မှာ ထားတော်မူကြောင်းကို ကိုယ်တော် ကျွန် တို့သည် ဆက်ဆက်ကြားသိ၍၊ သင် တို့လက်၌ အသက် ဆုံးမည်ကို အလွန် ကြောက် သောကြောင့် အမှု ကို ပြု ပါပြီ။ 25 ယခု မှာ ကျွန်တော် တို့သည် ကိုယ်တော် လက် တွင် ရှိပါ၏။ ကျွန်တော် တို့၌ ပြုကောင်း ပြုသင့် သည်ဟုစိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှု အား ပြန် လျှောက် ကြ၏။ 26 ထိုသို့ နှင့်အညီယောရှုသည် ပြု သူ တို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလ လူတို့လက် မှ ကယ်နှုတ် သဖြင့်၊ 27 ထာဝရဘုရား ရွေးကောက် တော်မူသောအရပ် တည်သော ယဇ်ပုလ္လင် တော်အဘို့ နှင့် ပရိသတ် တော်တို့ အဘို့ ထိုသူတို့သည် ယနေ့ တိုင်အောင် ထင်း ခုတ် ရေ ခပ် ရမည်အကြောင်း ထိုနေ့ စီရင် လေ၏။

10

1

ငြိမ်၀ပ်စွာ ရပ်နေသောနေ

ယောရှုသည်

ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ2 ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။ 3 ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ယာမုတ် မင်းကြီး ပိရံ လာခိရှ မင်းကြီး ယာဖျာ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊ 4 ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း5 ယေရုရှလင် မင်းကြီး ဟေဗြုန် မင်းကြီး ယာမုတ် မင်းကြီး လာခိရှ မင်းကြီး ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။ 6 ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။ 7 ယောရှု သည်လည်း စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ဂိလဂါလ မြို့မှ တက် သွားလေ၏။ 8 ထာဝရဘုရား ကလည်း သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။ 9 ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်10 ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။ 11 ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။ 12 ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် အိုနေ သင်သည် ဂိဗောင် မြို့၌ ၎င်း အိုလ သင်သည် အာယလုန် ချိုင့် ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း13 ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ သည် ရပ် လေ၏။ ယာရှာ ၏စာ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် ပြုဟု ပါသည်မ ဟုတ်လော။ 14 ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။ 15 ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။ 16 မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ပုန်း လျက်နေကြ၏။ 17 မက္ကဒါ လိုင်ခေါင်း ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်18 ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။ 19 သင်တို့မူကား ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် အပ် တော်မူပြီဟု မှာ ထားလေ၏။ 20 ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် နေ ကြ၏။ 21 လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။ 22 ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊ 23 သူတို့သည် ပြု ယေရုရှလင် မင်းကြီး ဟေဗြုန် မင်းကြီး ယာမုတ် မင်းကြီး လာခိရှ မင်းကြီး ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊ 24 ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။ 25 ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ ကြောက် ကြနှင့်၊ စိတ် ပျက်ကြနှင့်။ အားယူ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊ 26 ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ဆွဲ ထားပြီးမှ27 နေဝင် ချိန် ရောက် သောအခါ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ပစ် ထား၍ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။ 28 ထို နေ့ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။ 29 ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊ 30 ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် အပ် တော်မူ၍ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။ 31 ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။ 32 ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် အပ် တော်မူသဖြင့် ဒုတိယ နေ့ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ 33 ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။ 34 တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။ 35 ထိုနေ့ ခြင်းတွင် လာခိရှ မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။ 36 တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။ 37 သောအခါ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။ 38 တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။ 39 ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။ 40 ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ယောရှု သည် တောင် ပေါ်အရပ် တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ 41 ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ42 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။ 43 ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။

11

ယာဘိန်မင်းနှင့်အပေါင်းပါကိုအောင်မြင်ခြင်း

1 ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ မာဒုန် မင်းကြီး ယောဗပ် ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊ 2 တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ရှိသောမင်းကြီး များထံ သို့၎င်း3 အရှေ့ အနောက် နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ဟေရမုန် တောင်ခြေရင်း နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ်4 ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။ 5 ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။ 6 ထာဝရဘုရား ကလည်း သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။ 7 ယောရှု သည်လည်း မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ တိုက် လေ၏။ 8 ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် အပ် တော်မူသဖြင့် သူ တို့ကို လုပ်ကြံ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။ 9 ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။ 10 ထိုအခါ ယောရှု သည် ပြန် ဟာဇော် မြို့ကို တိုက် ယူသဖြင့် မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။ 11 ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး မြို့ ကိုလည်း မီး ရှို့လေ၏။ 12 ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။ 13 သို့ရာတွင် ဟာဇော် မြို့မှတပါး တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။ 14 ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် ကျန် ကြွင်းစေကြ။ 15 ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။

ယောရှု၏အောင်မြင်ခြင်း

16 ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း17 လေဗနုန် ချိုင့် ရှိသောဗာလဂဒ် မြို့တိုင်အောင် တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။ 18 ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။ 19 ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။ 20 အကြောင်းမူကား ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ထိုလူမျိုး တို့ကို ကျေးဇူး ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။ 21 ထို ကာလ အခါ ယောရှု သည် ချီသွား အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။ 22 ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။ 23 ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် တပြည် လုံးစစ် ငြိမ်း လေ၏။

12

မောရှေအောင်မြင်သောမင်းများ

1 ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား 2 အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက် ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊ 3 အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်း အာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊ 4 ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်း ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊ 5 အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊ 6 ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။

ယောရှုအောင်မြင်သောမင်းများ

7 ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ရှိသောဗာလဂဒ် မြို့မှစ၍ စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊ 8 ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား9 ယေရိခေါ မင်းကြီး တပါး ဗေသလ မြို့အနား မှာ အာဣ မင်းကြီး တပါး10 ယေရုရှလင် မင်းကြီး တပါး ဟေဗြုန် မင်းကြီး တပါး11 ယာမုတ် မင်းကြီး တပါး လာခိရှ မင်းကြီး တပါး12 ဧဂလုန် မင်းကြီး တပါး ဂေဇာ မင်းကြီး တပါး13 ဒေဗိရ မင်းကြီး တပါး ဂေဒါ မင်းကြီး တပါး14 ဟောမာ မင်းကြီး တပါး အာရဒ် မင်းကြီး တပါး15 လိဗန မင်းကြီး တပါး အဒုလံ မင်းကြီး တပါး16 မက္ကဒါ မင်းကြီး တပါး ဗေသလ မင်းကြီး တပါး17 တာပွါ မင်းကြီး တပါး ဟေဖါ မင်းကြီး တပါး18 အာဖက် မင်းကြီး တပါး လာရှရုန် မင်းကြီး တပါး19 မာဒုန် မင်းကြီး တပါး ဟာဇော် မင်းကြီး တပါး20 ရှိမရုန် မင်းကြီး တပါး အာခရှပ် မင်းကြီး တပါး21 တာနက် မင်းကြီး တပါး မေဂိဒ္ဒေါ မင်းကြီး တပါး22 ကေဒေရှ မင်းကြီး တပါး ကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး23 ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါး ဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး24 တိရဇ မင်းကြီး တပါး မင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။

13

သိမ်းယူရန်ကျန်သည့်မြေများ

1 ယောရှု သည် အို ၍ အသက် ကြီးရင့် သောအခါ ထာဝရဘုရား က၊ သင် သည် အို ၍ အသက် ကြီးရင့် ပြီ။ သိမ်းယူ ရမည့်မြေ လည်း အများ ကျန် သေး၏။ 2 ကျန် သောမြေ ဟူမူကား ဖိလိတ္တိ ပြည် မှစ၍ ဂေရှုရိ ပြည်တရှောက်လုံး3 အဲဂုတ္တု ပြည်အရှေ့ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ အာဝိ လူနေသောပြည်၊ 4 တောင် မျက်နှာမှစ၍ အာမောရိ ပြည် အာဖက် မြို့တိုင်အောင် ခါနနိ ပြည် တရှောက်လုံး နှင့် ဇိဒုန် ပြည် အနားမှာရှိသော မာရာ ပြည်၊ 5 နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။ 6 လေဗနုန် တောင်မှစ၍ မိသရဖေါသမိမ် မြို့တိုင်အောင် တောင် ပေါ်၌နေ သောသူနှင့် ဇိဒေါနိ လူအပေါင်း တို့ကို ဣသရေလ အမျိုးသားရှေ့ မှ ငါနှင်ထုတ် မည်။ သို့ဖြစ်၍ ငါမှာ ထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေ ဝေဖန်လော့။ 7 ယခု မှာ ဤ ပြည် ကို ဣသရေလအမျိုး ကိုး မျိုးနှင့် မနာရှေ အမျိုး တဝက် တို့အား အမွေ ဝေဖန် လော့။ 8 ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။ 9 ထာဝရဘုရား ၏ကျွန် မောရှေ ပေး သော မြေဟူမူကား အာနုန် မြစ် နား ရှိသော အာရော် မြို့၊ မြစ် အကွေ့ ရှိသမျှသော မြို့ တို့နှင့်တကွ ဒိဘုန် မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး10 အမ္မုန် ပြည် စွန်းတိုင်အောင် ဟေရှဘုန် မြို့၌ မင်းပြု သောအာမောရိ ရှင်ဘုရင် ရှိဟုန် အစိုးရသောမြို့ ရှိသမျှ11 ဂိလဒ် ပြည်၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည် ဟေရမုန် တောင် ရှိသမျှ သာလက ပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး12 အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ပယ်ရှား လေ၏။ 13 သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိ လူ၊ မာခါသိ လူတို့ကို မ နှင်ထုတ် ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့်အတူ နေ ကြ၏။

မောရှေပေးခဲ့သောအမွေများ

14 လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား အား မီး ဖြင့်ပူဇော်သောယဇ်တို့သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်သတည်း။ 15 မောရှေ သည်၊ ရုဗင် အမျိုးသား အဆွေအမျိုး အသီးအသီး တို့အား အမွေပေး သောပြည်များဟူမူကား16 အာနုန် မြစ် နား ရှိသော အာရော် မြို့ မြစ် အကွေ့ ရှိသမျှသော မြို့ တို့နှင့်တကွ မေဒဘ လွင်ပြင်တရှောက်လုံး17 ဟေရှဘုန် မြို့နှင့်တကွလွင်ပြင် ရှိသမျှ သော မြို့ ဒိဘုန် မြို့၊ ဗာမုတ်ဗာလ မြို့၊ ဗက်ဗာလမောင် မြို့၊ 18 ယဟာဇ မြို့၊ ကေဒမုတ် မြို့၊ မေဖတ် မြို့၊ 19 ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊ 20 ဗက်ပေဂုရ မြို့၊ အာဇုတ် ပိသကာ မြို့၊ ဗက်ယေရှိမုတ် မြို့၊ 21 လွင်ပြင် ၌ရှိသမျှ သော မြို့ တို့နှင့်တကွ ဟေရှဘုန် မြို့၌ မင်းပြု ရသော အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ တရှောက်လုံး ကိုပေးသတည်း။ ထိုရှင် ဘုရင်ကို၎င်း ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည် ၌နေ သောမိဒျန် မင်းကြီး ငါးပါး၊ ဧဝိ ရေကင် ဇုရ ဟုရ ရေဘ တို့ကို၎င်း၊ မောရှေ သည် လုပ်ကြံ လေ၏။ 22 ပရောဖက် လုပ်သော ဗောရ သား ဗာလမ် ကိုလည်း အသေခံ ရသောသူ တို့နှင့်ရော ၍ ဣသရေလ လူတို့သည် ထား နှင့် ကွပ်မျက် ကြ၏။ 23 ရုဗင် အမျိုးသား နေရာအပိုင်း အခြားကား၊ ယော်ဒန် မြစ်နှင့် မြစ်ကမ်းပါး တည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေ အမျိုးအလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။ 24 မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား25 ယာဇာ မြို့ မှစ၍ ဂိလဒ် မြို့ ရှိသမျှ တို့နှင့်တကွ ရဗ္ဗာ မြို့ရှေ့ ရှိသော အာရော် မြို့တိုင်အောင် အမ္မုန် ပြည် တဝက်26 ဟေရှဘုန် မြို့မှစ၍ ရာမတ် မိဇပါ မြို့၊ ဗေတောနိမ် မြို့တိုင်အောင်၎င်း မဟာနိမ် မြို့မှစ၍ ဒေဗိရ မြို့နယ် တိုင်အောင် ၎င်း ပါသောပြည်၊ 27 ချိုင့် လည်း ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။ 28 ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။ 29 မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊ 30 မဟာနိမ် မြို့မှစ၍ ဗာရှန် ပြည်တည်းဟူသောဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ တရှောက်လုံး ဗာရှန် ပြည်၌ ပါသော ယာဣရ မြို့ခြောက် ဆယ်ကို အမွေခံရသတည်း။ 31 ဂိလဒ် ပြည်တဝက် ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။ 32 ဤရွေ့ကား၊ မောရှေ သည် ယော်ဒန် မြစ်အရှေ့ ယေရိခေါ မြို့တစ်ဘက် မောဘ လွင်ပြင် အမွေ ဝေဖန်သော ပြည်များပေတည်း။ 33 လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်တော်မူသတည်း။

14

ခါနာန်ပြည်ကိုခွဲဝေခြင်း

1 ခါနာန် ပြည် လည်း ယဇ်ပုရောဟိတ် ဧလာဇာ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုး အနွယ်တို့၌ မင်း ဖြစ်သောသူတို့သည် အမွေ ဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေ ခံရကြ၏။ 2 ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ဣသရေလအမျိုး ကိုး မျိုးနှင့် တဝက် တို့သည် စာရေးတံ ပြု၍ အမွေ ခံရကြ၏။ 3 မောရှေ သည် ဣသရေလအမျိုး နှစ် မျိုးနှင့် တဝက် တို့အား၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ပေး နှင့်ပြီ။ လေဝိ သားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေ ပေး4 ယောသပ် အမျိုးသား တို့သည် မနာရှေ အမျိုး ဧဖရိမ် အမျိုးနှစ် မျိုးဖြစ် လေဝိ သားတို့နေ စရာ မြို့ သူ တို့ တိရစ္ဆာန် နှင့် ဥစ္စာ ကို ထားစရာမြို့နယ် မှတပါး အခြားသောမြေ ကို မ ပေး5 မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ဣသရေလ အမျိုးသားတို့သည် ပြု မြေ ကို ဝေဖန် ကြ၏။

ဟေဗြုန်မြို့ကိုကာလက်အမွေခံခြင်း

6 ထိုအခါ ယုဒ အမျိုးသား တို့သည်၊ ဂိလဂါလ မြို့၌ ယောရှု ထံ သို့လာ ကေနက် အမျိုးယေဖုန္နာ ၏သား ကာလက် က၊ ထာဝရဘုရား သည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော် နှင့် အကျွန်ုပ် ကို ရည်ဆောင် ၍၊ ဘုရား သခင်၏လူ မောရှေ အား မိန့် တော်မူသော စကား ကို ကိုယ်တော် သိ ပါ၏။ 7 ဤပြည် ကို စူးစမ်း စေခြင်းငှါ ဘုရား သခင်၏ ကျွန် မောရှေ သည် အကျွန်ုပ် ကို ကာဒေရှဗာနာ အရပ်မှ စေလွှတ် သောအခါ အကျွန်ုပ် သည် အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ် စိတ် ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။ 8 အကျွန်ုပ် နှင့်အတူ သွား သော ညီအစ်ကို တို့သည်၊ လူ များစိတ်ပျက် စရာကို ပြုသော်လည်း အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်ပါ၏။ 9 ထို နေ့ ရက်၌ မောရှေ က၊ သင်သည် ငါ ၏ဘုရား သခင် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် အကယ်၍သင်နင်း ပြီးသောမြေ သည် အစဉ် အဆက် သင် ၏အမွေ၊ သင် ၏ သား မြေးတို့၏အမွေ ဖြစ် ရလိမ့်မည်ဟု ကျိန်ဆို လေ၏။ 10 ဣသရေလ အမျိုးသည် တော လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။ 11 သို့ရာတွင် မောရှေ စေလွှတ် သောနေ့ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက် ဝင် ခြင်းအမှု၊ စစ်တိုက် ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သကဲ့သို့ ယခုလည်း တတ်စွမ်း နိုင်ပါ၏။ 12 သို့ဖြစ်၍ ထို နေ့ ထာဝရဘုရား မိန့် တော်မူသော တောင် ကို အကျွန်ုပ် အား ပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်း ကို၎င်း၊ ကြီးမား ခိုင်ခံ့ သော မြို့ တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထို နေ့ ကိုယ်တော် သည် ကြား ရပြီ။ သို့ရာတွင် ထာဝရဘုရား သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင်၊ အမိန့် တော်ရှိသည်အတိုင်း ထိုသူ တို့ကို နှင်ထုတ် ခြင်းငှါအကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက် ဆို၏။ 13 ထိုအခါ ယောရှု သည် ကောင်းကြီး ပေး၏။ ဟေဗြုန် ပြည်ကိုလည်း ယေဖုန္နာ ၏သား ကာလက် အမွေခံ စရာဘို့ အပ် ပေးလေ၏။ 14 သို့ဖြစ်၍ ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ဟေဗြုန် ပြည်သည် ယနေ့ တိုင်အောင် ကာလက်၏အမွေ မြေဖြစ် သတည်း။ 15 ဟေဗြုန် မြို့သည် အထက် က ကိရယသာဘ အမည် ရှိ၏။ အာဗသည် အာနက အမျိုးသားတို့တွင် လူကြီး ဖြစ်၏။ ထိုအခါ တပြည် လုံးစစ် ငြိမ်း လေ၏။

15

ယုဒအမျိုးသားအမွေခံသောမြေ

1 ယုဒ အမျိုးသား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင် မျက်နှာ၌ ဧဒုံ ပြည်နယ် နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ဇိန တော ဖြစ် သော၊ 2 တောင် ဘက်အပိုင်း အခြားသည် သောဒုံ အိုင် ၌ တောင် အကွေ့ မှ ထွက် ၍၊ 3 တောင် မျက်နှာနား အကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက် လေ၏။ တဖန် တောင် မျက်နှာနား ကာဒေရှဗာနာ ရွာ၊ ဟေဇရုန် ရွာ၊ အာဒါ ရွာ၊ ကာကာ ရွာ၊ 4 အဇမုန် ရွာကို ရှောက် သဖြင့် အဲဂုတ္တု ချောင်း သို့ လိုက် ပင်လယ် ၌ ဆုံး လေ၏။ 5 အရှေ့ဘက်၌ သောဒုံ အိုင် သည် ယော်ဒန် မြစ်ဝ တိုင်အောင် အရှေ့ အပိုင်း အခြားဖြစ်၏။ မြောက် ဘက် အပိုင်း အခြားသည် ယော်ဒန် မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့ မှ ထွက်၍၊ 6 ဗေသောဂလ ရွာသို့၎င်း၊ ဗေသရာဗ ရွာ မြောက် နားမှာ ရှောက် လျက် ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။ 7 အာခေါ် ချိုင့် မြောက် ဘက်မှ ထွက် ဒေဗိရ ရွာသို့ ၎င်း၊ မြစ် တောင် ဘက် အဒုမ္မိမ် ကုန်း ရှေ့ ရှိသောဂိလဂါလ မြို့သို့ ၎င်း ရောက် ပြီးမှ အင်ရှေမက် အိုင် အင်္ရောဂေလ ရွာလမ်းသို့ လိုက် လျက်၊ 8 ဟိန္နုံသား၏ချိုင့်နား ယေရုရှလင် မြို့ရာ ယေဗုသိ အရပ် တောင် ဘက်နား မှာ ရှောက် ဟိန္နုံ ချိုင့်အနောက် ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသော တောင်ပေါ်သို့ တက် လေ၏။ 9 ထိုတောင် ပေါ် မှ ဆင်း ပြန်၍ နေဖတော စမ်း ရေတွင်း ကို ရှောက်သဖြင့် ဧဖရုန် တောင် နှင့်ဆိုင်သော မြို့ များသို့ ၎င်း၊ ကိရယတ်ယာရိမ် မြို့ ရာဗာလာ မြို့သို့၎င်း၊ 10 ဗာလာ မြို့အနောက် ဘက်နား မှာ ရှောက် လျက် စိရ တောင် သို့ ၎င်း၊ ခေသလုန် တောင်တည်းဟူသော ယာရိမ် တောင် မြောက်ဘက် နားမှာ ရှောက် လျက် ဗက်ရှေမက် မြို့၊ တိမနာ မြို့သို့၎င်း11 ဧကြုန် မြို့မြောက် ဘက်နား မှာ ရှောက် လျက် ရှိကြုန် ရွာသို့ ၎င်း၊ ဗာလာ တောင် သို့၎င်း၊ ယာဗနေလ ရွာသို့၎င်း ရောက် ပင်လယ် ဆုံး လေ၏။ 12 အနောက်ဘက်၌ ပင်လယ် ကြီး နှင့် ပင်လယ်ကမ်းပါး သည် အနောက် အပိုင်း အခြားဖြစ်၏။ ဤရွေ့ကား ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် နေရာပြည်နယ်အပိုင်း အခြားဖြစ်သတည်း။

ဟေဗြုန်နှင့်ဒေဗိရကိုအောင်မြင်ခြင်း

13 ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။ 14 ထို မြို့ထဲက ကာလက် သည် အာနက သား သုံး ယောက်၊ ရှေရှဲ အဟိမန် တာလမဲ တို့ကို နှင်ထုတ် သောနောက်၊ 15 ကိရယဿေဖာ အမည် ဟောင်း ရှိသောဒေဗိရ မြို့သား တို့ရှိရာသို့ တဖန်ချီ သွား၍16 ကိရယဿေဖာ မြို့ကိုတိုက်ယူ လုပ်ကြံ သောသူ အား ငါသည် သမီး အာခသ ကို ပေးစား မည်ဟုဆို လျှင်17 ကာလက် ညီ ကေနတ် ၏သား ဩသံယေလ သည် ထိုမြို့ ကိုတိုက် ယူ၍ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။ 18 ထိုမိန်းမသည် ခရီးသွားစဉ် အခါ၊ လယ် တကွက်ကို အဘ တောင်း ခြင်းငှါ လင် နှင့်တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က အဘယ် အလိုရှိသနည်းဟုမေး လျှင်19 သမီးက ကောင်းကြီး ပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ်ကိုပေး ပါပြီ။ စမ်း ရေတွင်းတို့ကိုလည်း ပေး တော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။

ယုဒအမျိုးသားရသောအမွေမြေ

20 ဤရွေ့ကား၊ ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် ခံရသော အမွေ မြေ ဖြစ်သတည်း။ 21 ယုဒ အမျိုးသား ပိုင်သော မြို့ များဟူမူကား၊ ဧဒုံ ပြည် နှင့်နီးစပ် သော တောင် ပိုင်း၌ ကပ်ဇေလ မြို့၊ ဧဒေရ မြို့၊ ယာဂုရ မြို့၊ 22 ကိန မြို့၊ ဒိမောန မြို့၊ အာဒဒါ မြို့၊ 23 ကေဒေရှ မြို့၊ ဟာဇော် မြို့၊ ဣသနန် မြို့၊ 24 ဇိဖ မြို့၊ တေလင် မြို့၊ ဗာလုတ် မြို့၊ 25 ဟာဇော် မြို့သစ်၊ ဟာဇော် မြို့ဟောင်းတည်းဟူသော ဟေဇရုန် မြို့၊ 26 အာမန် မြို့၊ ရှေမ မြို့၊ မောလဒ မြို့၊ 27 ဟာဇာဂဒ္ဒ မြို့၊ ဟေရှမုန် မြို့၊ ဗက်ပါလက် မြို့၊ 28 ဟာဇာရွာလ မြို့၊ ဗေရရှေဘ မြို့၊ ဗိဇ္ဇောသယာ မြို့၊ 29 ဗာလာ မြို့၊ ဣအိမ် မြို့၊ အာဇင် မြို့၊ 30 ဧလတောလဒ် မြို့၊ ခေသိလ မြို့၊ ဟောမာ မြို့၊ 31 ဇိကလတ် မြို့၊ မာဒမန္နာ မြို့၊ သံသန္နာ မြို့၊ 32 လေဗောက် မြို့၊ ရှိလဟိမ် မြို့၊ အအိန် မြို့၊ ရိမ္မုန် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်း ကား သုံးဆယ်ခြောက်မြို့တည်း။ 33 ချိုင့် လည်း ဧရှတောလ မြို့၊ ဇောရာ မြို့၊ အာရှနာ မြို့၊ 34 ဇာနော မြို့၊ အင်္ဂန္နိမ် မြို့၊ တာပွါ မြို့၊ ဧနံ မြို့၊ 35 ယာမုတ် မြို့၊ အဒုလံ မြို့၊ စောခေါ မြို့၊ အဇေကာ မြို့၊ 36 ရှာရိမ် မြို့၊ အဒိသိမ် မြို့၊ ဂဒေရ မြို့၊ ဂဒေရောသိမ် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်းကား၊ ဆယ်ငါးမြို့တည်း။ 37 ထိုမှတပါး၊ ဇေနန် မြို့၊ ဟဒါရှ မြို့၊ မိဂဒလဂဒ် မြို့၊ 38 ဒိလန် မြို့၊ မိဇပါ မြို့၊ ယောကသေလ မြို့၊ 39 လာခိရှ မြို့၊ ဗောဇကတ် မြို့၊ ဧကလုန် မြို့၊ 40 ကဗ္ဗုန် မြို့၊ လာမံ မြို့၊ ကိသလိတ် မြို့၊ 41 ဂဒေရုတ် မြို့၊ ဗက်ဒါဂုန် မြို့၊ နေမ မြို့၊ မက္ကဒါ မြို့၊ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ တည်း။ 42 ထိုမှတပါး၊ လိဗန မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ 43 ယိဖတ မြို့၊ အာရှနာ မြို့၊ နေဇိပ် မြို့၊ 44 ကိလ မြို့၊ အောခဇိပ် မြို့၊ မရေရှ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။ 45 ထိုမှတပါး ဧကြုန် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ 46 ဧကြုန် မြို့မှစ၍ ပင်လယ် တိုင်အောင် အာဇုတ် မြို့နှင့်နီးစပ် သောမြို့ရွာ များ၊ 47 အာဇုတ် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ အဲဂုတ္တု မြစ် ပင်လယ် ကြီး ပင်လယ်ကမ်းပါး တိုင်အောင် ဂါဇ မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ 48 တောင် ပေါ်၌ လည်း ရှမိရ မြို့၊ ယတ္တိရ မြို့၊ စောခေါ မြို့၊ 49 ဒန္န မြို့၊ ဒေဗိရ မြို့တည်းဟူသော ကိရယဿန္န မြို့၊ 50 အာနပ် မြို့၊ ဧရှတမော မြို့၊ အာနိမ် မြို့၊ 51 ဂေါရှင် မြို့၊ ဟောလုန် မြို့၊ ဂိလော မြို့၊ ရွာ နှင့်တကွ ဆယ် မြို့ တည်း။ 52 အာရပ် မြို့၊ ဒုမာ မြို့၊ ဧရှန် မြို့၊ 53 ယာနုံ မြို့၊ ဗက်တာပွါ မြို့၊ အာဖက် မြို့၊ 54 ဟုန္တ မြို့၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။ 55 မောင် မြို့၊ ကရမေလ မြို့၊ ဇိဖ မြို့၊ ယုတ္တ မြို့၊ 56 ယေဇရေလ မြို့၊ ယောကဒံ မြို့၊ ဇာနော မြို့၊ 57 ကဣန မြို့၊ ဂိဘာ မြို့၊ တိမန မြို့၊ ရွာ နှင့်တကွ ဆယ် မြို့ တည်း။ 58 ဟာလဟုလ မြို့၊ ဗက်ဇုရ မြို့၊ ဂေဒေါ် မြို့၊ 59 မာရပ် မြို့၊ ဗေသနုတ် မြို့၊ ဧလတေကုန် မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။ 60 ကိရယတ်ယာရိမ် မြို့တည်းဟူသောကိရယတ်ဗာလ မြို့၊ ရဗ္ဗာ မြို့၊ ရွာ နှင့်တကွ နှစ် မြို့ တည်း။ 61 တော လည်း၊ ဗေသရာဗ မြို့၊ မိဒ္ဒိန် မြို့၊ သေကာက မြို့၊ 62 နိဗရှန် မြို့၊ မေလက် မြို့၊ အင်္ဂေဒိ မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။ 63 ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကိုကား၊ ယုဒ အမျိုးသား တို့သည် မ နှင်ထုတ် နိုင် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ယုဒ အမျိုးသား တို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။

16

ဧဖရိမ်နှင့်မနာရှေအမွေခံရသောမြေ

1 ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ယေရိခေါ မြို့အရှေ့ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊ 2 ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း3 အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ပင်လယ် ဆုံး လေ၏။ 4 ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။ 5 ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊ 6 မြောက် မျက်နှာ၌ ပင်လယ် နား မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်7 ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ယော်ဒန် မြစ်၌ ဆုံး လေ၏။ 8 တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ဆုံး လေ၏။ 9 ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။ 10 ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။

17

1 ယောသပ် ၏သားဦး မနာရှေ အမျိုးသား တို့သည် စာရေးတံ ပြု အမွေခံရသောမြေဟူမူကား၊ မနာရှေ ၏သား တည်းဟူသော ဂိလဒ် ၏အဘ မာခိရ သည် စစ်သူရဲ ဖြစ် ဂိလဒ် ပြည်နှင့် ဗာရှန် ပြည်ကိုရ ၏။ 2 ယောသပ် ၏သား မနာရှေ ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာ သား ဟေလက် သား အသရေလ သား ရှေခင် သား ဟေဖာ သား ရှမိဒ သား တို့သည် အဆွေ အမျိုးအလိုက် စာရေးတံပြု၍ရကြသေး၏။ 3 သို့ရာတွင် မနာရှေ မာခိရ ဂိလဒ် ဟေဖါ တို့မှ ဆင်းသက်သော ဇလောဖဒ် သား ယောက်ျားမ ရှိ သမီး သက်သက်သာ ရှိ၏။ သူ ၏သမီး တို့အမည် ကား၊ မာလာ နောအာ ဟောဂလာ မိလကာ တိရဇာ တည်း။ 4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ နုန် ၏သား ယောရှု မင်း များရှေ့ သို့ ချဉ်းကပ် အကျွန်ုပ် တို့ပေါက်ဘော် နှင့်အတူအမွေ ခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူပြီဟု လျှောက် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း သူ တို့အဘ ၏ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကိုပေး ၏။ 5 ထိုသို့ မနာရှေ ၏သမီး တို့သည် သား တို့နှင့်အတူ အမွေ ကိုခံရ မနာရှေ ၏သား အချို့ တို့သည် ဂိလဒ် ပြည် ကိုရ သောကြောင့်6 ယော်ဒန် မြစ်အရှေ့ ဘက် ဂိလဒ် ပြည် နှင့် ဗာရှန် ပြည်မှတပါး မနာရှေ အမျိုးသည်ဆယ်ဘို့ ကိုရ သေး၏။ 7 မနာရှေ ခရိုင်အပိုင်း အခြားသည် အာရှာ ခရိုင်မှ ရှေခင် မြို့ရှေ့ တွင်ရှိသော မိတ်မေသ မြို့သို့ သွား၍ လက်ျာ ဘက်၌ အင်တာပွါ မြို့သို့ လိုက် လေ၏။ 8 တာပွါ မြို့နယ် ကို မနာရှေ ပိုင်သော်လည်း မနာရှေ ခရိုင် စွန်းမှာ ရှိသော တာပွါ မြို့ကို ဧဖရိမ် သား တို့သည် ပိုင်ကြ၏။ 9 တဖန် အပိုင်း အခြားသည် ကာန မြစ် တောင် ဘက်သို့ လိုက် ၍၊ မနာရှေ မြို့ တို့တွင် ဧဖရိမ် မြို့အချို့ ပါသော်လည်း မြစ် မြောက် ဘက်မြေသည် မနာရှေ မြေ ဖြစ် ပင်လယ် ဆုံး လေ၏။ 10 တောင် ဘက်၌ ဧဖရိမ် မြေ၊ မြောက် ဘက်၌ မနာရှေ မြေဖြစ်လျက်၊ ပင်လယ် ကန့် ကွက်၍ မြောက် ဘက်၌ အာရှာ ခရိုင်၊ အရှေ့ ဘက်၌ ဣသခါ ခရိုင်ရှိ ၏။ 11 ထိုခရိုင်၌ မနာရှေ အမျိုးရသောပြည် သုံး ပြည်ဟူမူကား ဗက်ရှန် မြို့နှင့် သူ့ မြို့ ရွာများ၊ ဣဗလံ မြို့နှင့် သူ့ မြို့ ရွာများ၊ ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ အင်္ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ တာနက် မြို့နှင့် သူ့ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့နှင့် သူ့ မြို့ ရွာများတို့ကို ရသေး၏။ 12 သို့ရာတွင် မနာရှေ အမျိုးသား တို့သည် ထို မြို့ တို့ကို မ သိမ်း မယူနိုင် ဘဲ၊ ခါနနိ လူတို့သည် ထို အရပ် အနိုင် နေ ကြ၏။ 13 ဣသရေလ လူတို့သည် အားတိုးပွား သောအခါ ထိုခါနနိ လူတို့ကို အကုန်အစင်မ နှင်ထုတ် ဘဲ အခွန် ပေး စေကြ၏။ 14 ယောသပ် အမျိုးသား တို့ကလည်း အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊ 15 ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် တော အရပ်သို့ သွား ဖေရဇိ ပြည် ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။ 16 ယောသပ် အမျိုးသား တို့ကလည်း ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ယေဇရေလ ချိုင့် ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊ 17 ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ခွန်အား ကြီး သောကြောင့်၊ တ ဘို့ တည်းကိုသာ မ ယူရ18 တောင် သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ သစ်ပင် များလျှင် ခုတ် လှဲရမည်။ ထွက် ရာလမ်းတို့သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ ခါနနိ လူတို့သည် ခွန်အား ကြီး၍ သံ ရထား နှင့်ပြည့်စုံသော်လည်း သူတို့ကို နှင်ထုတ် ကြလိမ့်မည်ဟု ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးတည်းဟူသောယောသပ် အမျိုးသား တို့အား ပြော ဆို၏။

18

အခြားသောအနွယ်များအမွေခံရာမြေ

1 ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့သည်၊ ရှိလော မြို့မှာစည်းဝေး ပရိသတ်စည်းဝေး ရာ တဲ တော်ကို တည်ထောင် ကြ၏။ သူ တို့ရှေ့ မှာ တပြည် လုံးနှိမ့်ချ လျက်ရှိ၏။ 2 ထိုအခါ ဣသရေလ အမျိုးခုနှစ် မျိုး တို့သည်၊ အမွေ မြေကို မ ခံရ သေးသည်ဖြစ်၍3 ယောရှု က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မြေ ကို သင်တို့သည် မသိမ်း မယူဘဲ အဘယ် မျှကာလ ပတ်လုံးနေ ကြလိမ့်မည်နည်း။ 4 သင် တို့တွင် အမျိုး တမျိုးလျှင် လူ သုံး ယောက်စီ ရွေးကောက် ငါစေလွှတ် သဖြင့် သူတို့သည် တပြည် လုံးသို့ထ သွား အမွေခံ သင့်သည်အတိုင်း ရေး သားပြီးမှ ငါ့ ထံ သို့ပြန် လာရကြမည်။ 5 သူတို့သည် ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြား ရကြမည်။ ယုဒ အမျိုးသည် တောင် ဘက်မိမိ နေရာ နေ ရမည်။ ယောသပ် အမျိုး သည် မြောက် ဘက်မိမိ နေရာ နေ ရမည်။ 6 ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြားပြီးမှ ပြည်ပုံကို ငါ့ ထံ သို့ ဆောင် ခဲ့၍ ငါ တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ သင် တို့အဘို့ စာရေးတံ ပြု မည်။ 7 လေဝိ သားတို့သည် သင် တို့နှင့် ရော၍ အဘို့ ကို မ ယူရ။ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်အရာသည် သူ တို့အမွေ ဖြစ်၏။ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း အမွေ မြေကို ခံယူ ကြပြီဟု ဣသရေလ လူတို့အား ပြော ဆို၏။ 8 ထိုလူ တို့သည် ထ သွား သဖြင့် ယောရှု ကလည်း တပြည် လုံးသို့ ရှောက် ရေး သားပြီးလျှင် ငါ့ ထံ သို့ ပြန် လာကြလော့။ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော် ၌ သင် တို့အဘို့ စာရေးတံ ပြု မည်ဟု ပြည် ပုံကို ရေး သား ခြင်းငှါ သွား သောသူတို့ကို မှာ ထားသည်နှင့်အညီ9 သူတို့သည် တပြည် လုံးသို့ ရှောက် သွားသဖြင့် မြို့ ရွာရှိသည်အတိုင်း စာ ခုနစ် ပိုင်း ပိုင်း၍ ရေး သားပြီးမှ ယောရှု နေရာ ရှိလော တပ် သို့ ရောက် လာကြ၏။ 10 ယောရှု သည် ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ စာရေးတံ ပြု ဣသရေလ အမျိုးသား အသီးအသီးတို့အား မြေ ကိုပိုင်းခြား လေ၏။ 11 ဗင်္ယာမိန် အမျိုးသား တို့သည် စာရေးတံ ပြု အဆွေ အမျိုးအလိုက် ခံရသောမြေ သည် ယုဒ အမျိုးသား တို့နှင့် ယောသပ် အမျိုးသား တို့စပ်ကြား မှာ ကျ ၏။ 12 မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ယေရိခေါ မြို့ မြောက် ဘက်နား ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။ 13 တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်14 ထို တောင် မှ ထွက် အိုင် တောင် ကွေ့ ကို ဝိုင်း သဖြင့် ယုဒ အမျိုးသား နေသောကိရယတ်ယာရိမ် မြို့ တည်းဟူသော ကိရယတ်ဗာလ မြို့သို့ ထွက် သွား၏။ ဤ ရွေ့ကား အနောက် ဘက် အပိုင်း အခြားတည်း။ 15 တောင် ဘက် အပိုင်း အခြားသည် ကိရယတ်ယာရိမ် မြို့စွန်း မှ အနောက် ဘက်နား၌ နေဖတော ရေ တွင်း သို့ ရောက် ပြီးလျှင်16 ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း အင်္ရောဂေလ ရွာသို့၎င်း17 မြောက် ဘက်နား၌ အင်ရှေမက် ရွာသို့၎င်း၊ အဒုမ္မိမ် ကုန်း တစ်ဘက် ဂေလိလုတ် ရွာသို့ ၎င်း၊ ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။ 18 တဖန် အရာဗ မြို့ မြောက် မျက်နှာတဘက် လွင်ပြင်နား မှာ ရှောက် အရာဗ မြို့သို့ ရောက် သဖြင့်19 ဗက်ဟောဂလ မြို့ မြောက် ဘက်နား မှာ ရှောက် သောဒုံ အိုင် မြောက် ကွေ့ ယော်ဒန် မြစ်ဝ ဆုံး လေ၏။ ဤ ရွေ့ကား တောင် ဘက်အပိုင်း အခြားတည်း။ 20 ယော်ဒန် မြစ်သည် အရှေ့ ဘက် ပိုင်းခြား လျက် ရှိ၏။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေ ခံရသောမြေ နယ်ဖြစ်သတည်း။ 21 ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ရသောမြို့ များဟူမူကား၊ ယေရိခေါ မြို့၊ ဗေသောဂလ မြို့၊ ဧမက္ကေဇဇ် မြို့၊ 22 ဗေသရာဗ မြို့၊ ဇေမရိမ် မြို့၊ ဗေသလ မြို့၊ 23 အာဝိမ် မြို့၊ ပါရ မြို့၊ ဩဖရာ မြို့၊ 24 ခေဖါဟာမောနဲ မြို့၊ ဩဖနိ မြို့၊ ဂါဘ မြို့၊ ရွာ နှင့်တကွ ဆယ် နှစ် မြို့ တည်း။ 25 ထိုမှတပါး၊ ဂိဗောင် မြို့၊ ရာမ မြို့၊ ဗေရုတ် မြို့၊ 26 မိဇပါ မြို့၊ ခေဖိရ မြို့၊ မောဇ မြို့၊ 27 ရေကင် မြို့၊ ဣရပေလ မြို့၊ တာရလ မြို့၊ 28 ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင် မြို့တည်းဟူသော ယေဗုသိ မြို့၊ ဂိဗက် မြို့၊ ကိရယတ် မြို့၊ ရွာ နှင့်တကွ ဆယ် လေး မြို့ တည်း။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

19

ရှိမောင်အမျိုးသားအမွေမြေ

1 ဒုတိယ တကြိမ်စာရေးတံ ပြု ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ယုဒ အမွေ မြေအတွင်း အမွေ ခံရ ကြ၏။ 2 သူ တို့အမွေ မြေ၌ ရှိ သောမြို့များဟူမူကား၊ ဗေရရှေဘ မြို့၊ မောလဒါ မြို့၊ 3 ဟာဇာရွာလ မြို့၊ ဗာလာ မြို့၊ အာဇင် မြို့၊ 4 ဧလတောလဒ် မြို့၊ ဗေသူလ မြို့၊ ဟောမာ မြို့၊ 5 ဇိကလတ် မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသ မြို့၊ 6 ဗက်လေဗောက် မြို့၊ ရှရုဟင် မြို့၊ ရွာ နှင့်တကွ ဆယ် သုံး မြို့ တည်း။ 7 ထိုမှတပါး၊ အင် ရိမ္မုန် မြို့၊ တောခင်မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ ရွာ နှင့်တကွ လေး မြို့ တည်း။ 8 ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရ ရာမတ် မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ ပတ်ဝန်းကျင် ရွာ ရှိသမျှ ပါသတည်း။ ဤ ရွေ့ကား ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 9 ရှိမောင် အမွေ မြေသည် ယုဒ အမျိုးသား ခံသော အဘို့ ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဘို့ သည် ကြီးကျယ် သောကြောင့် သူ တို့အမွေ မြေအတွင်း ရှိမောင် အမျိုးသား တို့သည် အမွေ ခံရကြ၏။ 10 တတိယ တကြိမ်စာရေးတံ ပြု ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ သူ တို့ အမွေ မြေအပိုင်း အခြားသည် စာရိဒ် မြို့မှထွက်11 အနောက် သို့ သွား လျက် မရာလ မြို့၊ ဒဗ္ဗရှက် မြို့သို့ ၎င်း ယောကနံ မြို့ရှေ့ မှာ ရှိသော မြစ် သို့ ၎င်း မှီ လေ၏။ 12 တဖန် စာရိဒ် မြို့မှ နေ ထွက် ရာအရှေ့ မျက်နှာသို့ လှည့် သဖြင့် ခိသလုတ္တာဗော် မြို့၊ ဒါဗရတ် မြို့သို့ ရောက် ပြီးလျှင် ယာဖျာ မြို့သို့ တက် လေ၏။ 13 ထို မြို့မှစ၍ အရှေ့ ဘက်နားမှာလိုက် လျက် ဂိတ္တဟေဖါ မြို့၊ အိတ္တကာဇိန် မြို့၊ ရိမ္မုန်မေသောရ နေအာ မြို့သို့ ရောက် လေ၏။ 14 မြောက် ဘက်၌ လည်း ဝိုင်း သဖြင့် ဟန္နသုန် မြို့သို့ရောက် ယိဖသေလ ချိုင့်၌ ဆုံး လေ၏။ 15 ထိုမှတပါး၊ ကတ္တတ် မြို့၊ နဟာလာလ မြို့၊ ရှိမရုန် မြို့၊ ဣဒလ မြို့၊ ဗက်လင် မြို့တည်းဟူသောရွာ နှင့်တကွ ဆယ် နှစ် မြို့ ရှိသတည်း။ 16 ရွေ့ကား မြို့ ရွာ ပါလျက် ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 17 စတုတ္ထ တကြိမ် စာရေးတံ ပြု ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ 18 သူ တို့အပိုင်း အခြားသည် ယေဇရေလ မြို့၊ ခေသုလုတ် မြို့၊ ရှုနင် မြို့၊ 19 ဟာဖရိမ် မြို့၊ ရှိဟုန် မြို့၊ အာနဟာရတ် မြို့၊ 20 ရဗ္ဗိတ် မြို့၊ ကိရှုန် မြို့၊ အာဗက် မြို့၊ 21 ရေမက် မြို့၊ အင်္ဂန္နိမ် မြို့၊ အင်္ဟာဒ္ဒါ မြို့၊ ဗက်ပဇ္ဇက် မြို့ပါလျက်၊ 22 တာဗော် မြို့၊ ရာဟဇိမ မြို့၊ ဗက်ရှေမက် မြို့သို့ ရောက် ယော်ဒန် မြစ်၌ ဆုံး လေ၏။ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ ရှိသတည်း။ 23 ရွေ့ကား မြို့ ရွာ ပါလျက် ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 24 ပဉ္စမ တကြိမ် စာရေးတံ ပြု အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ 25 သူ တို့အပိုင်း အခြားသည် ဟေလကတ် မြို့၊ ဟာလိ မြို့၊ ဗေတင် မြို့၊ အာခရှပ် မြို့၊ 26 အာလမ္မေလက် မြို့၊ အာမဒ် မြို့၊ မိရှာလ မြို့ပါ လျက်၊ အနောက် မျက်နှာ၌ ကရမေလ မြို့၊ ရှိဟောရလိဗနတ် မြို့သို့ ရောက် လေ၏။ 27 တဖန် နေ ထွက် ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန် ခရိုင်၊ ယိဖသေလ ချိုင့်ကို ရှောက် သဖြင့် မြောက် မျက်နှာသို့ သွား၍ ဗေသမက် မြို့၊ နယေလ မြို့၊ ကာဗုလ မြို့၊ 28 ဟေဗြုန် မြို့၊ ရဟောဘ မြို့၊ ဟမ္မုန် မြို့၊ ကာန မြို့၊ ဇိဒုန် မြို့ကြီး တိုင်အောင် ရောက် ပြီးလျှင်29 ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ဟောသ မြို့သို့ လှည့် လျက် ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ဆုံး လေ၏။ 30 အုမ္မ မြို့၊ အာဖက် မြို့၊ ရဟောဘ မြို့နှင့်တကွ ရွာ ပါလျက် နှစ် ဆယ်နှစ် မြို့ ရှိသတည်း။ 31 ရွေ့ကား မြို့ ရွာ ပါလျက် အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 32 ဆဌမ တကြိမ် စာရေးတံ ပြု ၍ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ 33 သူ တို့အပိုင်း အခြားသည် ဟေလပ် မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ် မြို့၊ အာဒမိ မြို့၊ နေကပ်မြို့၊ ယာဗနေလ မြို့၊ လာကုံ မြို့ပါလျက် ယော်ဒန် မြစ်၌ ဆုံး လေ၏။ 34 တဖန် အနောက် မျက်နှာသို့ လှည့် သဖြင့် အာဇနုတ္တာဘော် မြို့၊ ဟုကုတ် မြို့သို့ ရောက် တောင် ဘက်၌ ဇာဗုလုန် ခရိုင်၊ အနောက် ဘက်၌ အာရှာ ခရိုင်၊ နေ ထွက် ရာဘက်၌ ယော်ဒန် မြစ်အပိုင်း အခြားရှိ၏။ 35 ခိုင်ခံ့ သောမြို့ များဟူမူကား၊ ဇိဒ္ဒိမ် မြို့၊ ဇေရ မြို့၊ ဟမ္မတ် မြို့၊ ရက္ကတ် မြို့၊ ဂင်္နေသရက် မြို့၊ 36 အာဒမာ မြို့၊ ရာမ မြို့၊ ဟာဇော် မြို့၊ 37 ကေဒေရှ မြို့၊ အင်ဟာဇော် မြို့၊ ဧဒြိ မြို့၊ 38 ဣရုန် မြို့၊ မိဂဒလေလ မြို့၊ ဟောရင် မြို့၊ ဗေသနတ် မြို့၊ ဗက်ရှေမက် မြို့၊ ရွာ နှင့်တကွ ဆယ် ကိုး မြို့ တည်း။ 39 ရွေ့ကား မြို့ ရွာ ပါလျက်၊ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 40 သတ္တမ တကြိမ် စာရေးတံ ပြု ၍ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ 41 သူ တို့အမွေ ခံရသောမြို့ များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလ မြို့၊ ဣရရှေမက် မြို့၊ 42 ရှာလဗ္ဗိန် မြို့၊ အာယလုန် မြို့၊ ယေသလ မြို့၊ 43 ဧလုန် မြို့၊ သိမနာသ မြို့၊ ဧကြုန် မြို့၊ 44 ဧလတေက မြို့၊ ဂိဗ္ဗသုန် မြို့၊ ဗာလပ် မြို့၊ 45 ယေဟုတ် မြို့၊ ဗေနဗေရက် မြို့၊ ဂါသရိမ္မုန် မြို့၊ 46 မေယာကုန် မြို့၊ ရက္ကုန် မြို့၊ ယာဖေါ မြို့ရှေ့ မှာရှိသောမြေ ပါ သတည်း။ 47 ဒန် အမျိုးသား ရသောမြေ သည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှ မြို့ကို စစ်ချီ တိုက် ယူလုပ်ကြံ သဖြင့် နေရာ ချကြ၏။ လဲရှ မြို့ကို အမျိုး၏အဘ ဒန် ကို အစွဲပြု ဒန် မြို့ဟူသောအမည်ဖြင့် မှည့် ကြ၏။ 48 ရွေ့ကား မြို့ ရွာ ပါလျက်၊ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။ 49 ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေ တပြင်လုံးကို အပိုင်း အခြားနှင့်တကွဝေဖန် ၍ အမွေခံပြီး မှ၊ နုန် ၏သား ယောရှု အား အမွေ မြေကို ပေး ကြ၏။ 50 သူတောင်း သောမြို့ ဧဖရိမ် တောင် ပေါ်မှာ တိမနဿေရ မြို့ကို ထာဝရဘုရား အမိန့် တော်အတိုင်း ပေး သဖြင့် သူသည် မြို့ ကိုတည်ထောင် နေ လေ၏။ 51 ရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ နုန် ၏ သား ယောရှု ဣသရေလ အမျိုးသားတို့တွင် အဆွေ အမျိုးသူကြီး တို့သည်၊ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ ပရိသတ်စည်းဝေး ရာတဲ တော်တံခါး နား၌ ဝေ ပေးသော အမွေ ခံစရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည် ကို ဝေဖန် သောအမှု ပြီး လေ၏။

20

မှီခိုရာမြို့များ

1 တဖန် ထာဝရဘုရား သည် ယောရှု ကို ခေါ်တော်မူ၍၊ 2 သင် သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ ငါသည် မောရှေ အားဖြင့် မှာ ထားသည်အတိုင်း3 လူအသက်ကိုသတ် မည်ဟု အကြံ ရှိဘဲ အမှတ်တမဲ့ သတ် မိသောသူသည် ပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားကြလော့။ သေစား သေစေသောသူလက်နှင့်လွတ်၍ မှီခို ရာမြို့ ဖြစ် ရသတည်း။ 4 ထို မြို့ တစုံ တမြို့သို့ ပြေး သောသူသည် မြို့ တံခါးဝ ၌ရပ် ထို မြို့ ၌ အသက်ကြီး သူတို့အား မိမိ အမှု ကို ကြားပြော သောအခါ သူတို့သည် မြို့ ထဲ သို့ခေါ် သူ တို့ထံ မှာနေရာ ချ ရကြမည်။ 5 သေစား သေစေသောသူသည် လိုက် လာလျှင် သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး ထားဘဲ အမှတ်တမဲ့သတ် မိ၏။ 6 ထိုသူသည် ပရိသတ် ရှေ့ သို့ ရောက်၍ တရားစီရင် ခြင်းကို ခံ မှီသော်၎င်း၊ ထို ကာလ ယဇ်ပုရောဟိတ် မင်း သေ မှီသော်၎င်း ထို မြို့ နေ ရမည်။ ထိုနောက်မှ ပြန် လာ၍ အထက်ပြေး ရသောမြို့ မိမိ နေရင်းအိမ် နေ ရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊ 7 သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊ 8 ယော်ဒန် မြစ်တဘက် ယေရိခေါ မြို့အရှေ့ မှာ ရုဗင် ခရိုင်၊ တော လွင်ပြင် ဗေဇာ မြို့၊ ဂဒ် ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ ခရိုင်၊ ဗာရှန် ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေး ထားကြ၏။ 9 မြို့ တို့ကား၊ ဣသရေလ အမျိုးသားဖြစ်စေ သူ တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူ အသက်ကိုသတ် မိသောသူသည် သေစား သေစေသောသူလက် နှင့်လွတ် ၍ ပရိသတ် ရှေ့ သို့ မရောက် မှီတိုင်အောင် ပြေး ရသောအခွင့်ရှိစေခြင်းငှါ ရွေး ထားသောမြို့ဖြစ် သတည်း။

21

လေဝိသားတို့အမွေခံရာမြေ

1 လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ နုန် ၏သား ယောရှု ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ်2 အကျွန်ုပ် တို့ နေ စရာဘို့ မြို့ တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ် တို့ကို၎င်း ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူပြီဟု ခါနာန် ပြည် ရှိလော မြို့၌ ပြောဆို ကြလျှင်၊ 3 ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မိမိ တို့အမွေ ခံရသောမြေထဲက မြို့ နှင့် မြို့နယ် တို့ကိုပေး ကြ၏။ 4 စာရေးတံ ပြု၍ ကောဟတ် အဆွေ အမျိုးတို့သည် အမွေခံရာတွင်၊ လေဝိ သား ယဇ်ပုရောဟိတ် အာရုန် ၏ သား မြေးတို့သည် စာရေးတံ ပြုသောအားဖြင့် ယုဒ ခရိုင်၊ ရှိမောင် ခရိုင်၊ ဗင်္ယာမိန် ခရိုင်ထဲက ဆယ် သုံး မြို့ ကို ရကြ၏။ 5 ကြွင်းသော ကောဟတ် သား တို့သည် ဧဖရိမ် ခရိုင်၊ ဒန် ခရိုင်၊ မနာရှေ ခရိုင် ဝက် ထဲက ဆယ် မြို့ ကို ရကြ၏။ 6 ဂေရရှုံ သား တို့သည် စာရေးတံ ပြုသောအားဖြင့် ဣသခါ ခရိုင်၊ အာရှာ ခရိုင်၊ နဿလိ ခရိုင်၊ ဗာရှန် ပြည်၌ မနာရှေ ခရိုင်ဝက် ထဲက ဆယ် သုံး မြို့ ကို ရကြ၏။ 7 မေရာရိ သား တို့သည် အဆွေ အမျိုးအလိုက် ရုဗင် ခရိုင်၊ ဂဒ် ခရိုင်၊ ဇာဗုလုန် ခရိုင်ထဲက ဆယ် နှစ် မြို့ ကို ရကြ၏။ 8 ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ဣသရေလ အမျိုးသားတို့သည် စာရေးတံ ပြု၍ ထို မြို့ တို့ကို မြို့နယ် နှင့်တကွ လေဝိ သားတို့အား ပေး ကြ၏။ 9 ယုဒ အမျိုးသား ခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲက ပေး လေဝိ သား ဖြစ် သော ကောဟတ် အဆွေ အမျိုး၊ 10 အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား11 ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။ 12 သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။ 13 လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။ 14 ထိုမှတပါး၊ လိဗန မြို့နှင့် မြို့နယ် ယတ္တိရ မြို့နှင့် မြို့နယ် ဧရှတေမော မြို့နှင့် မြို့နယ်15 ဟောလုန် မြို့နှင့် မြို့နယ် ဒေဗိရ မြို့နှင့် မြို့နယ်16 အဣန မြို့နှင့် မြို့နယ် ယုတ္တ မြို့နှင့် မြို့နယ် ဗက်ရှေမက် မြို့နှင့် မြို့နယ် တည်းဟူသော ထို ခရိုင်နှစ် ခရိုင်ထဲက ကိုး မြို့ တို့ကို၎င်း၊ 17 ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင် မြို့နှင့် မြို့နယ် ဂေဗ မြို့နှင့် မြို့နယ်18 အာနသုတ် မြို့နှင့် မြို့နယ် အာလမုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း ပေးကြ၏။ 19 အာရုန် ၏သား မြေး ယဇ်ပုရောဟိတ် တို့ရသောမြို့ ပေါင်း ကား၊ မြို့နယ် ပါသောမြို့ ဆယ် သုံး မြို့ရှိသတည်း။ 20 ကြွင်း သောကောဟတ် သား အဆွေ အမျိုးဖြစ်သော လေဝိ သားတို့သည် စာရေးတံ ပြု၍ ဧဖရိမ် ခရိုင်ထဲက ရသည်အတိုင်း၊ 21 လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။ 22 ထိုမှတပါး ဂေဇာ မြို့နှင့် မြို့နယ် ကိဗဇိမ် မြို့နှင့် မြို့နယ် ဗေသောရုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း၊ 23 ဒန် ခရိုင်ထဲက ဧလတေက မြို့နှင့် မြို့နယ် ဂိဗ္ဗိသုန် မြို့နှင့် မြို့နယ်24 အာဇလုန် မြို့နှင့် မြို့နယ် ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊ 25 မနာရှေ ခရိုင်ဝက် ထဲက တာနက် မြို့နှင့် မြို့နယ် ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်းပေးကြ၏။ 26 ကြွင်း သော ကောဟတ် သား အဆွေ အမျိုးတို့သည် ရသောမြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် မြို့တည်း။ 27 လေဝိ အဆွေ အမျိုး၊ ဂေရရှုံ သား တို့အား လည်း မနာရှေ ခရိုင်ဝက် ထဲက လူအသက်ကိုသတ် မိသောသူ မှီခို ရာမြို့ ဗာရှန် ပြည်၌ ဂေါလန် မြို့နှင့် မြို့နယ် ဗေရှတေရ မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်း၊ 28 ဣသခါ ခရိုင်ထဲက ကိရှုန် မြို့နှင့် မြို့နယ် ဒါဗရေ မြို့နှင့် မြို့နယ်29 ယာမုတ် မြို့နှင့် မြို့နယ် အင်္ဂန္နိမ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊ 30 အာရှာ ခရိုင်ထဲက မိရှလ မြို့နှင့် မြို့နယ် အာဗဒုန် မြို့နှင့် မြို့နယ်31 ဟေလကတ် မြို့နှင့် မြို့နယ် ရဟောဘ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊ 32 နဿလိ ခရိုင်ထဲက လူအသက်ကိုသတ် မိသော သူမှီခို ရာမြို့ ဂါလိလဲ ပြည်၌ ကေဒေရှ မြို့နှင့် မြို့နယ် ဟမ္မုဒ္ဒေါ မြို့နှင့် မြို့နယ် ကာတံ မြို့နှင့် မြို့နယ် တည်းဟူသော သုံး မြို့ တို့ကို၎င်းပေးကြ၏။ 33 ဂေရရှုံ သားတို့သည်၊ အဆွေ အမျိုးအလိုက် ရသော မြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် သုံး မြို့ တည်း။ 34 ကြွင်း သော လေဝိ သား၊ မေရာရိ အဆွေ အမျိုးတို့အား ဇာဗုလုန် ခရိုင်ထဲက ယောကနံ မြို့နှင့် မြို့နယ် ကာတ မြို့နှင့် မြို့နယ်35 ဒိမန မြို့နှင့် မြို့နယ် နဟာလာလ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊ 36 ရုဗင် ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာ မြို့နှင့် မြို့နယ် ယဟာဇ မြို့နှင့် မြို့နယ်37 ကေဒမုတ် မြို့နှင့် မြို့နယ် မေဖတ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊ 38 ဂဒ် ခရိုင်ထဲက လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် မဟာနိမ် မြို့နှင့် မြို့နယ်39 ဟေရှဘုန် မြို့နှင့် မြို့နယ် ယာဇာ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်းပေးကြ၏။ 40 ကြွင်း သောလေဝိ အဆွေ အမျိုးမေရာရိ သား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် ရသောမြို့နယ်နှင့်တကွမြို့ ပေါင်း ကား ဆယ် နှစ် မြို့ တည်း။ 41 ဣသရေလ အမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိ သားနေသောမြို့ ပေါင်း ကား၊ မြို့နယ် နှင့်တကွ လေး ဆယ်ရှစ် မြို့ တည်း။ 42 ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။ 43 ထာဝရဘုရား ကလည်း ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် သူတို့သည် သိမ်းယူ နေရာ ကျကြ၏။ 44 ဘိုးဘေး တို့အား ကျိန်ဆို တော်မူသမျှ အတိုင်း ပတ်ဝန်းကျင် အရပ်တို့၌ ငြိမ်ဝပ် ရာအခွင့်ကိုပေးတော်မူသဖြင့် သူ တို့ရှေ့ မှာ အဘယ်ရန်သူ မျှမ ရပ် နိုင်။ ရန်သူ အပေါင်း တို့ကို သူ တို့လက် သို့ အပ် တော်မူ၏။ 45 ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။

22

ယော်ဒန်မြစ်နားတွင်တည်သောယဇ်ပလ္လင်

1 တဖန် ယောရှု သည် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့ကို ခေါ်2 ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ အတိုင်း သင် တို့သည် ပြု ငါမှာ ထားသမျှ သော စကား ကို လည်း နားထောင် ကြပြီ။ 3 ယနေ့ တိုင်အောင် ကြာမြင့် စွာသောကာလ ပတ်လုံးသင် တို့သည် ညီအစ်ကို များကို မ စွန့် ဘဲနေ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက် ကြပြီ။ 4 ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။ 5 သို့ရာတွင် ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသော ပညတ် တရား အတိုင်း ကျင့် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်း တော်အလုံးစုံ တို့၌ လိုက်သွား ခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်း၊ ကိုယ်တော် ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက် ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊ 6 ကောင်းကြီး ပေး၍ လွှတ် လိုက်လေ၏။ သူတို့သည် ကိုယ် နေရာအိမ် သို့ သွား ကြ၏။ 7 မနာရှေ အမျိုး တဝက် အား မောရှေ သည် ဗာရှန် ပြည်၌ မြေကိုပေး နှင့်ပြီ။ အမျိုးတဝက် အား ယောရှု သည် ယော်ဒန် မြစ်အနောက် ဘက် သူ တို့ညီအစ်ကို များနှင့်အတူ မြေကိုပေး ၏။ 8 ယောရှု ကလည်း သင်တို့သည် အလွန်ဥစ္စာ ရ တတ်၍ များ စွာသော တိရစ္ဆာန် ရွှေ ငွေ ကြေးဝါ သံ အဝတ် တန်ဆာများတို့ကို ယူဆောင်လျက် သင် တို့နေရာ အိမ် သို့ ပြန် သွားကြလော့။ ရန်သူ တို့၌ လုယူ၍ရသောဥစ္စာ ကို သင် တို့ညီအစ်ကို များ၌ ဝေဖန် ကြလော့ဟု မှာ ထားလျက် ကောင်းကြီး ပေး၍ သူ တို့နေရာအိမ် သို့ လွှတ် လိုက်လေ၏။ 9 ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် တို့သည် ပိုင် ထိုက်သောမြေ ဂိလဒ် ပြည် သို့ သွား ခြင်းငှါ ဣသရေလ အမျိုးသားရှိရာ ခါနာန် ပြည် ရှိလော မြို့မှ ထွက်သွား ကြ၏။ 10 ခါနာန် ပြည် ယော်ဒန် မြစ်နား သို့ ရောက် သောအခါ ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်နားမှာ ထင်ရှား စွာသော ယဇ် ပလ္လင်ကြီး ကို တည် ကြ၏။ 11 ထိုသို့ ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် တို့သည် ခါနာန် ပြည် တဘက် ယော်ဒန် မြစ်နား ဣသရေလ အမျိုးသားကူးရာအရပ် ယဇ် ပလ္လင်ကို တည် ကြပြီဟု ဣသရေလ အမျိုးသားတို့သည် သိတင်းကြား ကြ၏။ 12 ထိုသိတင်းကို ကြား သောအခါ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် စစ်ချီ ခြင်းငှါ ရှိလော မြို့၌ စည်းဝေး ကြ၏။ 13 ဣသရေလ အမျိုးသား တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီး တို့အထဲကရွေးကောက်၍၊ 14 လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။ 15 ထိုမင်းတို့သည် ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ ရောက်16 ထာဝရဘုရား ၏ ပရိသတ် အပေါင်း တို့မှာလိုက်သည်ကား၊ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ ယဇ် ပလ္လင်ကို တည် သဖြင့် ထာဝရဘုရား နောက် တော်သို့မလိုက်၊ ယနေ့လွှဲသွား ခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင်ကို ပြစ်မှား သော အပြစ် ကား အဘယ်သို့ နည်း။ 17 သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။ 18 သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။ 19 သို့သော်လည်း သင် တို့အပိုင် ရသောမြေ သည် မ စင်ကြယ်လျှင် ထာဝရဘုရား အပိုင် ယူတော်မူ၍၊ တဲ တော်ရှိရာမြေ သို့ ကူး သဖြင့် ငါ တို့နှင့်အတူ အပိုင်ယူ ကြ လော့။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး အခြားသော ယဇ် ပလ္လင်ကို ကိုယ် အဘို့ တည် ၍ ထာဝရဘုရား ကို ပုန်ကန် ကြနှင့်။ ငါ တို့ကိုလည်း မ ပုန်ကန် ကြနှင့်။ 20 ဇေရ သား အာခန် သည် ကျိန် အပ်သောအရာ၌ ပြစ်မှား ၍ အမျက် တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အပေါ် မှာ ရောက် သည် မ ဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ် ကြောင့် ယောက်တည်းသာ သေ ရသည် မ ဟုတ်ဟု ဆိုကြ၏။ 21 ထိုအခါ ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုး တဝက် တို့သည် ဣသရေလ အမျိုးတွင် လူတထောင် စီအုပ်သော အကဲ အမှူးတို့အား ပြန်ပြော လေသည်မှာ၊ 22 မြတ် စွာဘုရား သခင် ထာဝရဘုရား မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။ 23 ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော် သက္ကာကို ပူဇော် မည်အကြံ ရှိလျှင် လည်း ထာဝရဘုရား သည် ကိုယ်တော် တိုင် စစ်ကြော တော်မူပါစေ။ 24 နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နှင့် အဘယ်သို့ဆိုင် ကြသနည်း။ 25 ထာဝရဘုရား သည် ငါ တို့နှင့် သင် တို့စပ်ကြား ၌ ပိုင်းခြား လျက် ယော်ဒန် မြစ်ကို ထား တော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါ တို့သား မြေးတို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။ 26 သို့ဖြစ်၍ ငါ တို့သည် ယဇ် ပလ္လင်ကို တည် ခြင်းငှါ ပြင် ကြကုန်အံ့ဟု ဆို ကြသောအခါ၊ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော် မည်အကြံရှိသည်မ ဟုတ်။ 27 ငါ တို့သည် မီးရှို့ ရာယဇ် အစရှိသော ယဇ် မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှု ကို ရှေ့ တော်၌ ဆောင်ရွက် ခြင်းငှါ ၎င်း၊ နောင် ကာလ၌ သင် တို့သား မြေးတို့က၊ သင် တို့သည် ထာဝရဘုရား နှင့် အလျှင်းမ ဆိုင်ကြဟု ငါ တို့သားမြေး တို့အား ပြော စေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါ တို့နှင့် သင် တို့စပ်ကြား ငါ တို့သား မြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေ ဖြစ်စေခြင်းငှါ တည်ကြပါပြီ။ 28 နောင်ကာလ ၌ သူတို့သည် ငါ တို့နှင့် ငါ တို့သား မြေးတို့အား ထိုသို့ပြောဆို လျှင် ငါတို့က၊ ငါ တို့အဘ တို့သည် မီးရှို့ ရာယဇ်အစရှိသောယဇ် မျိုးကို ပူဇော်ခြင်းငှါမ ဟုတ်၊ ငါ တို့နှင့် သင် တို့စပ်ကြား မှာ သက်သေ ဖြစ်စေခြင်းငှါတည် သော ထာဝရ ဘုရား၏ ယဇ်ပလ္လင် ပုံ ကို ကြည့် ကြလော့ဟု ပြန်ပြော စရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။ 29 တဲ တော်ရှေ့ ၌ရှိသော ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ယဇ်ပလ္လင် တော်မှတပါး အခြားသောယဇ် ပလ္လင်ကို တည် မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော် သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား ကို ပုန်ကန် နောက် တော်သို့မလိုက် လွှဲ သွားခြင်းအမှုသည် ငါ တို့နှင့် ဝေး ပါစေသောဟု ပြန်ပြောကြ၏။ 30 ယဇ်ပုရောဟိတ် ဖိနဟတ် နှင့် ပရိသတ်မင်း များ၊ ဣသရေလ အမျိုး၌ လူတထောင် စီအုပ်သော အကဲ အမှူးများတို့သည် ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုးသား တို့ ပြော သော စကား ကို ကြား ရသောအခါ အားရ ကြ၏။ 31 ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကလည်း သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိ မြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက် တော်မှ ယခု ကယ်လွှတ် ကြပြီဟု ရုဗင် အမျိုး ဂဒ် အမျိုး မနာရှေ အမျိုးသား တို့အား ပြောဆို ကြ၏။ 32 ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့် မင်း များတို့သည် ရုဗင် အမျိုး ဂဒ် အမျိုးသား တို့နေရာ ဂိလဒ် ပြည် မှ ဣသရေလ အမျိုးသားနေရာ ခါနာန် ပြည် သို့ ပြန် လာ၍ သိတင်း ကြားပြောသဖြင့်33 ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြ၏။ နောက်တဖန် ရုဗင် အမျိုး ဂဒ် အမျိုးသား တို့နေ သောပြည် ကို လုပ်ကြံ အံ့သောငှါ စစ်ချီ မည်ဟု အကြံ ရှိကြ။ 34 ရုဗင် အမျိုး ဂဒ် အမျိုးသား တို့ကလည်း ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူကြောင်း ကို ဤယဇ် ပလ္လင်သည် ငါ တို့စပ်ကြား မှာ သက်သေခံ ပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့် ကြ၏။

23

ယောရှုခွန်အားပေးစကား

1 ထာဝရဘုရား သည် ပတ်ဝန်းကျင် နေသောရန်သူ အပေါင်း တို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက် ခြင်းအခွင့်ကို ကြာမြင့် စွာသော ကာလ ပတ်လုံးပေးတော်မူပြီးမှ ယောရှု သည် အသက် ကြီး၍ အိုမင်းသောအခါ၊ 2 ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူများနှင့်တကွ အမျိုးသားအပေါင်း တို့ကို ခေါ် ပြီးလျှင် ငါ သည် အသက် ကြီးရင့်၍ အိုမင်း ပြီ။ 3 သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အတွက် လူမျိုး အပေါင်း တို့၌ ပြု တော်မူသမျှ ကို သင် တို့သည် သိ မြင်ကြပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ဘက် ၌ စစ်တိုက် တော်မူပြီ။ 4 ယော်ဒန် မြစ်မှစ၍အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်း သမျှ သော လူမျိုး တို့နှင့်တကွ ကြွင်း သေးသော ဤ လူမျိုး နေသောပြည်ကို သင် တို့အမျိုး များ အမွေ ခံစရာဘို့ စာရေးတံ ချ၍ ငါဝေဖန် ပြီ။ 5 သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ဤလူမျိုးတို့ကို နှင်ထုတ် သင် တို့မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူ တို့၏ မြေ ကို သင်တို့သည် အပိုင် ရကြလိမ့်မည်။ 6 သို့ဖြစ်၍ သင်တို့သည် မောရှေ ၏ပညတ္တိ ကျမ်းစာ လမ်းမှ လက်ျာ ဘက် လက်ဝဲ ဘက်သို့ မ လွှဲ ဘဲ၊ ပါသမျှအတိုင်း ကျင့် စောင့်ခြင်းငှါ ၎င်း၊ 7 သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် ပေါင်းဘော် သူ တို့ဘုရား ၏နာမ ကို မြွက် ကျိန် ဆို၊ ဝတ် ပြု ဦး ညွှတ်ဘဲ၊ 8 ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။ 9 အကြောင်းမူကား၊ ကြီးမား ခွန်အား နှင့်ပြည့်စုံသော လူမျိုး တို့ကို ထာဝရဘုရား သည် သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ယနေ့ တိုင်အောင် သင် တို့ရှေ့ အဘယ်သူ မျှမ ရပ် နိုင်။ 10 သင် တို့တယောက် သော်လည်းအခြားသောသူ တထောင် ကို ပြေး စေလိမ့်မည်။ အကြောင်း မူကား၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဂတိ တော်ရှိသည်အတိုင်း သင် တို့ဘက် ၌ စစ်တိုက် တော်မူ၏။ 11 သို့ဖြစ်၍ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ချစ် ခြင်းငှါ ကိုယ် စိတ် နှလုံးကို သတိ ပြုကြလော့။ 12 သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်13 သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ထောင်ချောက် သင်တို့နံစောင် နှင်တံ သင် တို့မျက်စိ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။ 14 ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။ 15 သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။ 16 သင် တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပဋိညာဉ် တရားကို ပြစ်မှားလျက်၊ အခြား တပါးသော ဘုရား တို့ထံသို့သွား ဦးညွှတ် ဝတ်ပြု လျှင် ထာဝရဘုရား သည် အမျက် ထွက် အရင်ပေး တော်မူသော ဤကောင်းမွန် သောပြည် သင်တို့သည် အလျင် အမြန်ပျောက် ပျက်ကြလိမ့်မည်ဟု ဟောပြော၏။

24

ယောရှု၏နောက်ဆုံးစကား

1 တဖန် ယောရှု သည် ဣသရေလ အမျိုး အပေါင်း တို့ကို ရှေခင် မြို့၌ စည်းဝေး စေ၍ ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူတို့ကို ခေါ် သဖြင့် သူတို့သည် ဘုရား သခင်ရှေ့ တော်သို့ ချဉ်းကပ် ကြ၏။ 2 ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။ 3 သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ဣဇာက် ကို ပေး ၏။ 4 ဣဇာက် အား လည်း ယာကုပ် နှင့် ဧသော ကို ငါပေး ဧသော အား လည်း စိရ တောင် ကို အပိုင် ပေး ၏။ ယာကုပ် နှင့် သူ ၏သား တို့သည် အဲဂုတ္တု ပြည်သို့ သွား ကြ၏။ 5 မောရှေ နှင့် အာရုန် ကို ငါစေလွှတ် အဲဂုတ္တုလူ တို့၌ ပြု သည်အတိုင်း အဲဂုတ္တု ပြည်ကို ဆုံးမ သောနောက် သင် တို့ကို နှုတ် ဆောင်လေ၏။ 6 ထိုသို့ သင် တို့အဘ များကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင် သဖြင့် သူတို့သည် ဧဒုံပင်လယ် သို့ ရောက် အဲဂုတ္တု လူတို့သည် ရထား နှင့် မြင်းစီး သူရဲပါလျက် ထိုပင်လယ် တိုင်အောင်လိုက် ကြ၏။ 7 ထာဝရဘုရား ကို အော်ဟစ် သောအခါ သင် တို့နှင့် အဲဂုတ္တု လူတို့စပ်ကြား မှာ မှောင်မိုက် ကို ငါထား သူ တို့ကို ပင်လယ် ရေလွှမ်းမိုး စေ၏။ အဲဂုတ္တု ပြည်၌ ငါပြု သောအမှုကို သင် တို့သည် ကိုယ်တိုင်မြင် ကြပြီ။ တော လည်း ကာလ ကြာမြင့် စွာနေ ရကြ၏။ 8 နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ငါအပ် သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။ 9 မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ10 ဗာလမ် ၏စကားကို ငါနား ထောင်သောကြောင့် သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။ 11 တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ယေရိခေါ လူ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် သူ တို့ကို သင် တို့လက် ငါအပ် လေ၏။ 12 သင် တို့၌ ထား နှင့် လေး ပါဘဲ၊ သင် တို့ရှေ့ မှာ ပျားတူ ကို ငါစေလွှတ် အာမောရိ မင်းကြီး နှစ် ပါးကို သင် တို့ရှေ့ မှ ငါနှင်ထုတ် လေ၏။ 13 သင် တို့မ လုပ်သောမြေ တည် သော မြို့ တို့ကို ငါပေး သင်တို့သည် နေ ရကြ၏။ ကိုယ်တိုင်မ စိုက် သော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို စား ရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ 14 ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။ 15 သို့မဟုတ် ထာဝရဘုရား အား ဝတ် ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ဘိုးဘေး တို့ဝတ်ပြု သော ဘုရား သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊ 16 လူ များတို့က အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ခြင်းငှါ ထာဝရဘုရား ကို စွန့် သောအမှုသည် အကျွန်ုပ် တို့နှင့် ဝေး ပါစေသော။ 17 ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။ 18 ထာဝရဘုရား သည်လည်း ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။ 19 ယောရှု ကလည်း သင်တို့သည် ထာဝရဘုရား အား ဝတ် ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။ 20 သင်တို့သည် ထာဝရဘုရား ကို စွန့် တကျွန်းတနိုင်ငံ ဘုရား တို့ကို ဝတ်ပြု လျှင် သင် တို့၌ ကျေးဇူး ပြုတော်မူပြီးမှ တဖန် လှည့် ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊ 21 လူ များတို့က၊ မ ဟုတ်ပါ။ ထာဝရဘုရား ကိုသာ ဝတ်ပြု ပါမည်ဟု ပြန်လျှောက် ကြ၏။ 22 ယောရှု ကလည်း သင် တို့သည် ထာဝရဘုရား ကို ဝတ်ပြု ခြင်းငှါ ထိုဘုရားကို ရွေး ကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆို လျှင် သူတို့က၊ သက်သေ ခံကြပါ၏ဟု လျှောက် ကြသော်၊ 23 ယောရှုက၊ သို့ဖြစ်လျှင် သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။ 24 လူ များတို့ကလည်း ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ပါမည်။ စကား တော်ကို နားထောင် ပါမည်ဟု ဝန်ခံ ပြီးမှ25 ယောရှု သည် ထို နေ့ လူ များတို့နှင့် ပဋိညာဉ် ပြု ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။ 26 ထို စကား ကိုလည်း ဘုရား သခင်၏ ဓမ္မ ကျမ်းစာ ရေး ထား၍ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာနတော် နား မှာရှိသော သပိတ် ပင်အောက် ၌ ကျောက် ကြီး ကို ထောင် လျက်27 ကျောက် သည် ငါ တို့အား သက်သေ ဖြစ် ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသောစကား အလုံးစုံ ကို ကြား ရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရား သခင်ကို ငြင်းပယ် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင် တို့အား သက်သေ ဖြစ် ရလိမ့်မည်ဟု လူ အပေါင်း တို့အား ပြောဆို ပြီးမှ28 အသီး အသီးမိမိ တို့အမွေ ခံရာအရပ်သို့ ပြန် သွားရသောအခွင့်ကိုပေးလေ၏။

ယောရှုအနိစ္စရောက်ခြင်း

29 ထိုနောက်မှ ထာဝရဘုရား ၏ကျွန် နုန် ၏သား ယောရှု သည် အသက် တရာ တဆယ် ရှိသော် အနိစ္စ ရောက်လေ၏။ 30 ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေ ခံရာ တိမနဿေရ မြို့နယ်မြေ သင်္ဂြိုဟ် ကြ၏။ 31 ယောရှု လက်ထက်ကာလ ပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ တို့ကို သိ ၍ ယောရှု မရှိသည်နောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။

ယောသပ်၏အရိုးကိုသင်္ဂြိုဟ်ခြင်း

32 ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။ 33 အာရုန် သား ယဇ်ပုရောဟိတ်ဧလာဇာ သည်လည်း အနိစ္စ ရောက်လေ၏။ သူ ၏သား ဖိနဟတ် အား လူများပေး ခဲ့သော ဧဖရိမ် တောင် ပေါ်၊ ဖိနဟတ် ကုန်း သင်္ဂြိုဟ် ကြ၏။