ယောလအနာဂတ္တိကျမ်း။
11 ပေသွေလ ၏ သား ယောလ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ဟူမူကား၊ 2 အသက်ကြီး သောသူတို့ ၊ ကြား ကြလော့။ ပြည်သူ ပြည်သား အပေါင်း တို့၊ နားထောင် ကြလော့။ ဤသို့ သော အမှုသည် သင် တို့လက်ထက် ၌ ဖြစ် ဘူးသလော။ ဘိုးဘေး တို့ လက်ထက် ၌ ဖြစ်ဘူးသလော။ 3 ကိုယ် သား တို့အား ပြောကြလော့။ သူတို့သည် သူ တို့သား တို့အား ပြော ကြစေ။ သူ တို့သား တို့သည်လည်း ဆက်နွှယ် သော အခြား သူတို့အား ပြောကြစေ။ 4 ဂါဇံ ကျိုင်းခြွင်း ထားသော အရာကိုအရာဘကျိုင်း စား ၏။ အရာဘကျိုင်း ခြွင်း ထားသော အရာကို ယာလက်ကျိုင်း စား ၏။ ယာလက်ကျိုင်း ခြွင်း ထားသော အရာကို ခါသိလ ကျိုင်း စား ၏။ 5 သေ သောက်ကြူး တို့၊ နိုး ၍ ငိုကြွေး ကြလော့။ စပျစ်ရည် ကို သောက်ကြူး သောသူတို့၊ သင်တို့သောက်ရန် ချိုသော စပျစ်ရည် ပြတ် သောကြောင့် ငိုကြွေး မြည်တမ်းကြလော့ ။ 6 အကြောင်း မူကား၊ အားကြီး ၍ မ ရေတွက်နိုင်အောင် များပြားသော အမျိုး သည် ငါ့ ပြည် ပေါ် သို့ တက် လာပြီ။ ထိုအမျိုး ၏ သွား သည် ခြင်္သေ့ သွား ကဲ့သို့၎င်း ၊ အံသွားသည်လည်း ခြင်္သေ့ မအံသွား ကဲ့သို့၎င်း ဖြစ်၏။ 7 ငါ့ စပျစ် နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့ သင်္ဘောသဖန်း ပင်ကို ကျိုးပဲ့ စေပြီ။ သုတ်သင် ပယ်ရှင်း၍ ပစ် လိုက် လေပြီ။ အခက် အလက်တို့သည် ဖြူ ကြ၏။ 8 အသက်ငယ် စဉ်လက်ထပ်သော ခင်ပွန်း အတွက် လျှော်တေ အဝတ်ကို ဝတ် သော သတို့သမီး ကဲ့သို့ ငိုကြွေး မြည်တမ်း လော့။ 9 ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏အိမ် တော်၌ ပြတ် ၏။ ထာဝရဘုရား ၏အမှု တော်စောင့် ယဇ် ပုရောဟိတ်တို့ သည် ငိုကြွေး မြည်တမ်းကြ၏။ 10 လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။ 11 လယ်လုပ်သောသူတို့ ၊ လယ်၌ ရိတ်ရသော အသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစု သောသူတို့ ၊ မြည်တမ်းကြလော့။ 12 စပျစ် နွယ်ပင်သည် ညှိုးနွမ်း ၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏။ သလဲ ပင်၊ စွန်ပလွံ ပင်၊ ရှောက်ချို ပင် မှစ၍ တော သစ်ပင် ရှိသမျှ တို့သည် ညှိုးနွမ်း ကြ၏။ အကယ် စင်စစ် လူ သား တို့၌ ဝမ်းမြောက် စရာ အကြောင်းသည် သွေ့ခြောက် ၏။ 13 အို ယဇ်ပုရောဟိတ် တို့၊ လျှော်တေအဝတ်ကို ဝတ် ၍ ငိုကြွေး ကြလော့။ ယဇ် ပလ္လင်တော် အမှု စောင့်တို့၊ မြည်တမ်း ကြလော့။ ငါ ၏ဘုရား သခင့်အမှု တော်စောင့်တို့၊ လာ ကြ။ လျှော်တေ အဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်း မူကား၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို သင် တို့ဘုရား သခင်၏ အိမ် တော်၌ မ ဆက်ကပ်ဘဲ နေကြပါပြီတကား။ 14 အစာရှောင် ရသောအချိန်ကို ခန့် ထားကြလော့ ။ ခြိုးခြံစွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။ အသက်ကြီး သူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့ကို သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်၌ စည်းဝေး ၍ ထာဝရဘုရား အား ဟစ်ကြော် ကြလော့။ 15 ထိုနေ့ ရက်ကြောင့် အ မင်္ဂလာရှိ၏။ ထာဝရဘုရား ၏ နေ့ ရက်နီး ပြီ။ အနန္တ တန်ခိုးရှင် ဖျက်ဆီး ခြင်း ဘေးကဲ့သို့ ရောက် လာလိမ့်မည်။ 16 ငါတို့စားစရာ သည် ငါ တို့မျက်မှောက် ၌ ပြတ် သည်မ ဟုတ်လော။ ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ဝမ်းမြောက် ရွှင်လန်း ခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။ 17 မျိုးစေ့ တို့သည် မြေစိုင် အောက် မှာ ပုပ် ကြ၏။ စပါး ပြတ် သောကြောင့် စပါးကျီ တို့သည် ပျက် ကြ၏။ ဘဏ္ဍာ တိုက် တို့သည် ပြို ကြ၏။ 18 တိရစ္ဆာန် တို့သည် အလွန်မြည်တမ်း ကြ၏။ နွား စု တို့သည် ကျက်စား ရာအရပ်မ ရှိသောကြောင့် ပင်ပန်း ကြ ၏။ သိုး စု တို့သည်လည်း သေ ကြ၏။ 19 အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ဟစ်ကြော် ပါ၏။ တော ၌ ကျက်စား ရာအရပ်တို့ကို မီး ရှို့ ပါပြီ။ တော သစ်ပင် ရှိသမျှ တို့ကို မီးလျှံ လောင် ပါပြီ။ 20 တော သားရဲ တို့သည်လည်း ကိုယ်တော် ကို ဟစ်ကြော် ကြပါ၏။ မြစ် ရေ ခန်းခြောက် ပါပြီ။ တော ၌ ကျက်စား ရာအရပ်တို့ကိုလည်း မီး လောင် ပါပြီ။
21 ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။ 2 မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။ 3 သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။ 4 သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။ 5 ရထား မြည်သံ ကဲ့သို့ ၎င်း ၊ အမှိုက် ကို လောင် သော မီး မြည်သံ ကဲ့သို့ ၎င်း အသံမြည်၍ တောင် ထိပ် တို့အပေါ် မှာ ခုန် ကြလိမ့်မည်။ စစ်တိုက် ခြင်းငှါခင်းကျင်း ၍ အားကြီး သော လူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ 6 သူ တို့ရှေ့ မှာ လူ တို့သည် အလွန်ပင်ပန်း သောစိတ် ရှိ၍၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ မည်း ကြ လိမ့်မည်။ 7 သူတို့သည် သူရဲ ကဲ့သို့ ပြေး ၍ စစ်သူရဲ ကဲ့သို့ မြို့ရိုး ကို တက် ကြလိမ့်မည်။ လမ်း မ လွှဲ ဘဲ အသီးအသီး မိမိ တို့လမ်း သို့ တည့်တည့်လိုက် ကြလိမ့်မည်။ 8 တဦး ကိုတဦးမ တိုက် ဘဲ မိမိ လမ်း သို့ မိမိလိုက် ကြလိမ့်မည်။ ထားသွား ကို ထိ သော်လည်းရှန ခြင်းကို မ ခံရကြ။ 9 မြို့ ထဲမှာတလည်လည် ပြေး လျက်၊ မြို့ရိုး ကို ကျော် လျက်၊ အိမ် ပေါ် သို့ တက် လျက်၊ သူခိုး ကဲ့သို့ ပြတင်းပေါက် ထဲသို့ ဝင် လျက်ရှိကြလိမ့်မည်။ 10 သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။ 11 ထာဝရဘုရား သည်လည်း မိမိ တပ် တော်ရှေ့ မှာ အသံ ကို လွှင့် တော်မူမည်။ တပ် တော်သည် အလွန် ကြီးမား ၏။ စကား တော်အတိုင်း စီရင် သောသူသည် တန်ခိုး ကြီး တော်မူ၏။ ထာဝရဘုရား ၏နေ့ ရက်သည် ကြီး ၍ အလွန် ကြောက်မက် ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင် သနည်း။ 12 သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။ 13 အဝတ် ကို မ ဆုတ်ဘဲ နှလုံး ကို ဆုတ် လျက် ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လာကြလော့။ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည် သော သဘော၊ အလွန် ကျေးဇူး ပြုချင်သော သဘော၊ အပြစ် ပေး ခြင်းကို နောင်တရ တတ်သော သဘောရှိတော်မူ၏။ 14 သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။ 15 ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ အစာရှောင် ရသောအချိန်ကို ခန့် ထား၍ ခြိုးခြံ စွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။ 16 လူ များတို့ကို ခေါ် ၍ စုဝေးသော ပရိသတ် တို့ကို သန့်ရှင်း စေကြလော့။ အသက်ကြီး သောသူတို့ ကို၎င်း၊ ငယ် သောသူနှင့်နို့စို့ သောသူတို့ ကို၎င်းစုဝေး စေကြလော့။ မင်္ဂလာဆောင် လုလင်သည် မိမိ အခန်း ထဲက ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိ ကွယ်၍နေသော ကုလားကာ တွင်းက ၎င်း ထွက် စေ။ 17 ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။ 18 သို့ပြုလျှင်၊ ထာဝရဘုရား သည် ပြည် တော်ကို မစချင်သောစိတ် အားကြီး၍ မိမိ လူ တို့ကို ကယ်မ သနား တော်မူလိမ့်မည်။ 19 အကယ်စင်စစ်ထာဝရဘုရား သည် ထူး တော်မူလျက် ၊ ငါ သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ကို ပေး လိုက်၍ သင်တို့သည် ဝ ကြလိမ့်မည်။ နောက် တဖန် တပါးအမျိုးသား ကဲ့ရဲ့ ရာဖြစ်စေခြင်းငှါ ငါမ ပြု ။ 20 မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။ 21 အိုပြည် တော်၊ မ စိုးရိမ် နှင့်။ ဝမ်းမြောက် ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရား သည် ကြီး သောအမှုတို့ကို ပြု တော်မူမည်။ 22 အိုတော သားရဲ တို့၊ မ စိုးရိမ် ကြနှင့်။ တော မြက်ပင် ပေါက် လျက်၊ သစ်ပင် တို့သည် အသီး ကို သီး လျက်၊ သင်္ဘော သဖန်းပင်နှင့် စပျစ် နွယ်ပင်တို့လည်း အား ထုတ် လျက်ရှိကြ၏။ 23 အိုဇိအုန် မြို့သား တို့၊ ဝမ်းမြောက် ၍ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်း မူကား၊ ဓမ္မ ဆရာကို ပေး တော်မူ၍ အစ အဦး၌ လည်း အရင် မိုဃ်းနှင့် နောက်မိုဃ်း ကို သင် တို့အပေါ် မှာ ရွာ စေတော်မူမည်။ 24 ကောက်နယ် တလင်းတို့သည် စပါး နှင့် ပြည့် ၍ ၊ အသီး နယ်ရာ ကျင်းတို့၌လည်း စပျစ်ရည် နှင့် ဆီ လျှံ ကြ လိမ့်မည်။ 25 အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံ ကျိုင်းတည်းဟူသောငါစေလွှတ် သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စား သော နှစ် ပေါင်းကာလကို ငါပြန် ပေး မည်။ 26 သင် တို့သည် ဝ စွာ စား ရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင် တို့၌ ပြု သော သင် တို့၏ဘုရား သခင် ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။ နောက် တဖန် ငါ ၏လူ တို့သည်လည်း ရှက် ကြောက်ခြင်းမ ရှိရကြ။ 27 ငါ သည် ဣသရေလ အမျိုး၏အလယ် ၌ ရှိ ကြောင်း ကို၎င်း ၊ အခြား သော ဘုရားမ ရှိ၊ ငါ ထာဝရဘုရား သည် သင် တို့၏ဘုရား သခင်ဖြစ်ကြောင်း ကို၎င်းသင်တို့သိ ရကြလိမ့်မည်။ နောက် တဖန်ငါ ၏လူ တို့သည် ရှက်ကြောက် ခြင်းမ ရှိရကြ။ 28 ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ 29 ငါ၏အမှု ကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ် သို့ ငါ ၏ဝိညာဉ် တော်ကို ငါသွန်းလောင်း ၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ 30 မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။ 31 ထာဝရ ဘုရား၏ ကြောက်မက် ဘွယ်သောနေ့ ကြီး မတိုင်မှီ၊ နေ သည်မှောင်မိုက် အတိ ဖြစ် လိမ့်မည်။ လ သည်လည်း သွေး ဖြစ် လိမ့်မည်။ 32 ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
31 ထိုနေ့ ရက်ကာလ ၌ အထက်က သိမ်း သွားခြင်း ကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ငါဆောင် ခဲ့ပြန်သောအခါ ၊ 2 ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။ 3 သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။ 4 အိုတုရု မြို့၊ ဇိဒုန် မြို့၊ ပါလေတ္တိန ပြည်နှင့် နီးစပ်သော အရပ် ရှိသမျှ တို့၊ သင်တို့သည် ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ ကို ရန် တုံ့ပြုကြမည်လော။ ငါ့ ကို ရန် တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင် တို့ခေါင်း ပေါ် သို့ အလျင် အမြန်ငါပြန် ရောက်စေမည်။ 5 သင်တို့သည် ငါ့ ရွှေ ငွေ ကို ယူ ၍ ၊ ငါ နှစ်သက် ဘွယ်သော ဥစ္စာ မြတ်တို့ကို သင် တို့ဘုံ ဗိမာန်ထဲ သို့ သွင်း သောကြောင့် ၎င်း ၊ 6 ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊ 7 သင်တို့ရောင်း လိုက်ရာအရပ် မှ ငါ သည် ထမြောက် ၍ ၊ သင် တို့ရန် တုံ့ပြုခြင်းကို သင် တို့ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်။ 8 သင် တို့သား သမီး များကိုလည်း ယုဒ အမျိုးသား တို့၌ ငါရောင်း ၍ ၊ သူ တို့သည် တဖန်ဝေး သော အမျိုး၊ ရှေဘ ပြည် သားတို့၌ ရောင်း လိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။ 9 ဤ အမှုကို တပါးအမျိုးသား တို့အား ကြား ပြော ကြလော့။ စစ်တိုက် ခြင်းငှာပြင်ဆင် ၍ စစ် သူရဲတို့ကို နှိုးဆော် ကြလော့။ စစ် သူရဲအပေါင်း တို့သည် ချဉ်းကပ် ၍ တက် လာကြစေ။ 10 သံထွန်သွား များကို ထား ဖြစ်စေ ခြင်းငှာ၎င်း ၊ တံစဉ် များကို လှံ ဖြစ်စေ ခြင်းငှာ၎င်း ထု လုပ်ကြလော့။ အားနည်း သောသူက၊ ငါ အား ကြီးသည်ဟု ပြောဆို စေ။ 11 ပတ်လည် ၌ နေသောတပါးအမျိုးသား အပေါင်း တို့၊ စုဝေး ၍ လာ ကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ် ၌ သင်တို့သူရဲ များကို ထာဝရဘုရား နှိမ့်ချ တော်မူမည် ။ 12 တပါးအမျိုးသား တို့သည် ထ ၍ ယောရှဖတ် ချိုင့် သို့ တက် လာကြစေ။ ပတ်လည် ၌ နေသောတပါး အမျိုးသား အပေါင်းတို့ကို စစ်ကြော စီရင်ခြင်းငှာ ထို အရပ်၌ ငါထိုင် မည်။ 13 ရိတ် စရာ စပါးမှည့် သောကြောင့် တံစဉ် ကို လွှတ် ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍၊ စပျစ်ရည် ကျင်းတို့သည် လျှံ သောကြောင့် လာ ကြ။ ဆင်းကြလော့ ။ အကြောင်း မူကား၊ သူ တို့ပြုသောဒုစရိုက် အပြစ် သည် ကြီး လှ၏။ 14 ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။ 15 နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။ 16 ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။ 17 ငါ သည်လည်း ငါ ၏သန့်ရှင်း သော ဇိအုန် တောင် ပေါ် မှာနေ သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း သန့်ရှင်း လိမ့်မည် ။ နောက် တဖန် ထိုမြို့ ကို တပါး အမျိုးသားမ နင်း ရ။ 18 ထို ကာလ ၌ ချိုသော စပျစ်ရည် သည် တောင် တို့ မှ ယို လိမ့်မည်။ နို့ ရည်သည် ကုန်း တို့မှ ထွက် လိမ့်မည်။ ယုဒ မြစ် ရှိသမျှ တို့သည် ရေစီး ကြလိမ့်မည်။ ထာဝရဘုရား ၏ အိမ် တော်ထဲက စမ်းရေ ထွက် ၍ ရှိတ္တိမ် ချိုင့် ကို စို စေလိမ့်မည်။ 19 ယုဒ ပြည် ၌ အပြစ် မရှိသောသူ တို့ကိုသတ် ၍ ယုဒ အမျိုးသား တို့ကို ညှဉ်းဆဲ သောကြောင့် ၊ အဲဂုတ္တု ပြည် သည်လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ ဧဒုံ ပြည်သည်လည်း လူဆိတ်ညံ သော တော ဖြစ် လိမ့်မည်။ 20 ယုဒ ပြည်မူကား ၊ ထာဝရ ပြည်၊ ယေရုရှလင် မြို့မူကား ၊ ကာလ အစဉ်အဆက်တည်သော မြို့ ဖြစ်လိမ့်မည်။ 21 ထို မြို့သားတို့သည် အသေ သတ်ခြင်းကို ခံရသော အပြစ်ကြောင့်၊ ငါသည် မ ပေး သေးသော ဒဏ်ကို တဖန်ပေးဦ းမည်။ ထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ ကျိန်းဝပ် တော်မူသတည်း။