ယောဘဝတ္တု။
11 ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ 2 သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။ 3 သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။ 4 ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍ အတူ စား သောက် လေ့ ရှိကြ၏။ 5 ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။ 6 ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။ 7 ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။ 8 ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။ 9 စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။ 10 ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။ 11 ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။ 12 ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။ 13 တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍ စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊ 14 ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊ 15 ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 16 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့် ၊ သိုး များနှင့် လူ စောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။ 17 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 18 ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌ စား ၍ စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊ 19 တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။ 20 ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။ 21 အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။ 22 ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။
21 တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။ 2 ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။ 3 ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။ 4 စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။ 5 ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 6 ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊ 7 စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။ 8 ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။ 9 ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။ 10 ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။ 11 ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ 12 ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။ 13 ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။
31 - 2 ထိုနောက် ၊ ယောဘ သည် နှုတ် ကိုဖွင့် ၍ မိမိဘွားသောနေ့ရက် ကိုကျိန်ဆဲ လျက် မြွက်ဆို သည်ကား။ 3 ငါဘွား သော နေ့ ရက်ပျက်စီး ပါစေ။ သား ယောက်ျားကို ပဋိသန္ဓေ ယူပြီဟုသိတင်းကြား ပြောသော ညဉ့် လည်း ပျက်စီးပါစေ။ 4 ထို နေ့ ရက်မိုက် ပါစေ။ ဘုရား သခင်သည် မျက်နှာ ပြုတော်မ မူပါစေနှင့်။ အလင်း မ ပေါ်ထွန်း ပါစေနှင့်၊ 5 မှောင်မိုက် ၊ သေမင်း အရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချ ပါစေ။ မိုဃ်းတိမ် ထပ် လွှမ်းမိုး ပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက် ဘွယ် ဖြစ်ပါစေ။ 6 ထို ညဉ့် သည်မှောင်မိုက် ၌ ပျောက် ပါစေ။ နှစ် စဉ် နေ့ ရက်တို့နှင့် မ ပေါင်း ပါစေနှင့်၊ 7 လ အရေ အတွက်၌ မ ဝင် ပါစေနှင့်။ အော်၊ ထို ညဉ့် သည်ဆိတ်ညံ ပါစေ။ ရွှင်လန်း သောအသံမ ရှိ ပါစေနှင့်။ 8 နေ့ ရက်ကိုရွေး၍ ကျိန်ဆဲ တတ်သောသူ၊ မိကျောင်း ကို ထ စေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲ ပါစေ။ 9 ညဦးယံ ကြယ် တို့သည် မိုက် ပါစေ။ ထိုညဉ့်သည် အလင်း ကိုတောင့်တ ၍ မ ရပါစေနှင့်။ နံနက် မိုဃ်းလင်းကို မ မြင် ပါစေနှင့်။ အကြောင်းမူကား၊ 10 ငါ့ အမိ၏ဝမ်း ကို ပိတ် မ ထား၊ ဒုက္ခ ဆင်းရဲကို ငါ မမြင်စေခြင်းငှါ မကွယ် မကာ။ 11 ငါသည်မွေး စက အဘယ်ကြောင့် မ သေ သနည်း။ အမိဝမ်း ထဲမှ ထွက် စက အဘယ်ကြောင့်အသက် မချုပ် သနည်း။ 12 ငါ့ ကိုအဘယ်ကြောင့် ပိုက်ပွေ့ ရသနည်း။ အဘယ်ကြောင့် နို့ တိုက်ရသနည်း။ 13 ထိုသို့မပြုလျှင် ငါသည်အိပ် ၍ငြိမ်း ပြီ။ ပျော် လျက်နေရပြီ။ 14 - 15 မြို့ပျက် တို့ကို ပြင်ဆင် ပြုစုသော လောကီ ရှင်ဘုရင် ၊ မှူးမတ် တို့နှင့်၎င်း၊ ရွှေ ကိုရတတ်၍ ဘဏ္ဍာတိုက် ၌ ငွေ ကိုအပြည့် သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။ 16 သို့မဟုတ် အချိန် နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်း ကို မမြင် ရသောသူငယ် ကဲ့သို့ ငါပျက်စီးရပြီ။ 17 ထို အရပ်၌ လူဆိုး တို့သည် နောက်တဖန်မ နှောင့်ရှက် ရ။ ပင်ပန်း သောသူတို့သည် ချမ်းသာ ရကြ၏။ 18 အချုပ် ခံရသောသူတို့သည်လည်း အတူ ငြိမ်ဝပ် ရကြ၏။ ညှဉ်းဆဲ သောသူ၏စကား သံကိုမ ကြား ရကြ။ 19 ထို အရပ်၌ ကြီး သောသူနှင့် ငယ် သောသူရှိကြ၏။ ကျွန် သည်လည်း သခင် လက်နှင့် လွတ် ရ၏။ 20 ဒုက္ခ ဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်း ကိုပေး သနည်း။ စိတ် နှလုံးခါး သောသူအား အဘယ်ကြောင့်အသက် ကိုပေးသနည်း။ 21 သူတို့သည် သေ ခြင်းကို တောင့်တ ၍မ ရနိုင်။ ဝှက်ထား သော ဥစ္စာကိုဘော်ခြင်းငှါတူး သည် ထက် သေခြင်း အကြောင်းကို ဘော်ခြင်းငှါသာ၍ထူးကြ၏။ 22 သူတို့သည်သင်္ချိုင်း တွင်းကို တွေ့ သောအခါ အလွန်ဝမ်းမြောက် ၍ အထူးသဖြင့်ရွှင်လန်း ကြ၏။ 23 မိမိ သွားသောလမ်း ကွယ်ပျောက် သော သူ၊ ဘုရား သခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့်ပေးသနည်း။ 24 အစာ စားခြင်းအရာ၌ ငါ ညည်းတွား ခြင်းရှိ၏။ ငါ ငိုကြွေး မြည်တမ်းခြင်း မျက်ရည်သည်လည်း ရေ စီးသကဲ့သို့ ဖြစ်၏။ 25 ငါကြောက် သော အမှုသည် ငါ ၌ရောက်လာ ပြီ။ ငါအလွန်ကြောက် သောဘေးသည် ငါ့ ကို တွေ့ မိပြီ။ 26 ငါသည်ငြိမ်ဝပ် ခြင်းမ ရှိ။ ချမ်းဧ ခြင်းမ ရှိ။ သက်သာ ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။
41 ထိုအခါ တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည်ကား၊ 2 ငါတို့သည် သင် နှင့် နှုတ်ဆက် စမ်း လျှင်၊ သင်သည် စိတ်ပျက် ကောင်းပျက်လိမ့်မည်။ သို့ သော်လည်း၊ အဘယ် သူသည် စကား မ ပြောဘဲ နေနိုင် မည်နည်း။ 3 သင်သည် လူအများ တို့ကို ဆုံးမ ပြီ။ လက် မ စွမ်းသောသူတို့ကို ခိုင်ခံ့ စေပြီ။ 4 သင် ၏စကား သည် လဲ လုသောသူကို ထောက်မ ပြီ။ နုန့်နဲ သောဒူး တို့ကိုလည်း တည့် စေပြီ။ 5 ယခု မူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက် ၏။ အထိ အခိုက်ခံရသောကြောင့် မိန်းမော တွေဝေလျက် နေ၏။ 6 သင် ၏ရိုသေ သောသဘော၊ ယုံကြည် ကိုးစားသောသဘော၊ မြော်လင့် သောသဘော၊ တည်ကြည် သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။ 7 အပြစ် နှင့်ကင်းလွတ်လျက်ပင်ပျက်စီး ခြင်းသို့ အဘယ်သူ ရောက်သနည်း။ ဖြောင့်မတ် သောသူသည် အဘယ် အရပ်၌ ဆုံးသနည်းဟု ဆင်ခြင် ပါလော့။ 8 ငါသိ မြင်သည်အတိုင်း ၊ မ တရားသော လယ်ထွန် ခြင်းကို ပြုသောသူနှင့် အဓမ္မ မျိုးစေ့ကို ကြဲ သောသူတို့ သည် ထိုသို့နှင့်အညီစပါးရိတ် တတ်ကြ၏။ 9 ဘုရား သခင်မှုတ် တော်မူသဖြင့် ၊ ထိုသူတို့သည် ပျက်စီး ၍ ၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံး ရကြ ၏။ 10 ခြင်္သေ့ ဟောက် ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့ အသံ မြည်ခြင်း၊ ခြင်္သေ့ ကလေးကိုက်ဝါး ခြင်း ငြိမ်းရ၏။ 11 ဘမ်း ၍ စားစရာမ ရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့ သည်သေ ၍၊ ခြင်္သေ့ မ၏သား ငယ်တို့သည် အရပ်ရပ်ကွဲပြား ရကြ၏။ 12 တရံရောအခါငါ သည် တိတ်ဆိတ် စွာ ဗျာဒိတ် တော်ကို ရ၍ တို သောအသံကိုကြား ရ၏။ 13 လူ တို့သည်ကြီးစွာ သော အိပ်ပျော်ခြင်းသို့ရောက်၍ ၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊ 14 ငါ့ အရိုး များ တုန်လှုပ် သည်တိုင်အောင်၊ ငါ အလွန်ကြောက် အားကြီး၍ ထိတ်လန့် လျက်နေ၏။ 15 ဝိညာဉ် တပါးသည် ငါ့ ရှေ့ ၌ ကန့်လန့်ရှောက်သွား ၍၊ ငါသည် ကြက်သီး မွေးညှင်းထ လေ၏။ 16 ထိုဝိညာဉ်သည်ရပ် နေ၍၊ ပုံ သဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါ မြင်ရ၏။ ငြင်း သော အသံရှိ၍ ငါကြား သောစကား သံဟူမူကား၊ 17 သေတတ်သောလူ သည် ဘုရား သခင့်ရှေ့မှာ ဖြောင့်မတ် ခြင်းရှိရသလော။ လူ သတ္တဝါသည် ဖန်ဆင်း တော်မူသောအရှင်ရှေ့မှာ သန့်ရှင်း ခြင်း ရှိရသလော။ 18 အမှု တော်ထမ်းတို့ကို ယုံ တော်မ မူ။ ကောင်းကင်တမန် တော်တို့၌ စုံလင် ခြင်းမရှိဟု ထင်တော်မူ၏။ 19 သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေ ထဲတွင် နေ တတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူ တို့ကို ပိုးရွ ပင်နိုင်တတ်၏။ 20 တနေ့ခြင်းတွင် ပျက်စီး တတ်ကြ၏။ အဘယ်သူမျှပမာဏ မ ပြုဘဲ အစဉ် ဆုံးရှုံး ခြင်းသို့ ရောက်တတ်ကြ၏။ 21 သူ တို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာ မ ရှိဘဲ သေ သွားတတ်ကြ၏။
51 ယခု ဟစ်ခေါ် ပါ။ အဘယ်သူထူး လိမ့်မည်နည်း။ သန့်ရှင်း သူတို့တွင် အဘယ် သူကို ကြည့် မျှော်မည်နည်း။ 2 ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။ 3 မိုက် သောသူအမြစ် စွဲသည်ကို ငါ မြင် သောအခါ ၊ သူ ၏နေရာ ကို ချက်ခြင်း ကျိန်ဆဲ ၏။ 4 သူ ၏သား သမီးတို့သည် ဘေး လွတ်ရာအရပ်နှင့် ဝေး ကြ၏။ ရုံး တော်ရှေ့၌ ညှဉ်းဆဲ ခြင်းကို ခံရသောအခါ ကယ်နှုတ် သောသူ တ ယောက်မျှမရှိ။ 5 သူ ရိတ် သောစပါးကို မွတ်သိပ် သောသူသည်၊ ဆူး ပင်ကာသောခြံ အထဲ ကယူ သွား၍ စား တတ်၏။ သူ ၏ ပစ္စည်း ဥစ္စာကိုလည်း ရေငတ်သောသူသည် မျို တတ်၏။ 6 မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။ 7 မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။ 8 ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။ 9 ဘုရားသခင် သည် ကြီး သောအမှု၊ စစ် ၍မ ကုန်နိုင်သောအမှု၊ ရေတွက် ၍မ ဆုံး၊ အံ့ဩ ဘွယ်သော အမှု တို့ကို ပြု တော်မူ၏။ 10 မြေ ပေါ် မှာမိုဃ်း ရွာစေသဖြင့် လယ် တို့၌ ရေ ကိုပေး တော်မူ၏။ 11 ထိုသို့နှိမ့်ချ လျက်ရှိသောသူတို့ကို ချီးမြှောက် တော်မူ၏။ ငြိုငြင် သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ ၏။ 12 ပရိယာယ် ပြုသောသူတို့၏ အမှုကိုမ အောင်စေခြင်းငှါ သူတို့အကြံ ကို ဖျက် တော်မူ၏။ 13 ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။ 14 ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။ 15 ထိုသူ တို့စီရင်သောထား ဘေးမှ ၎င်း ၊ အားကြီး သောသူတို့၏ လက် မှ ၎င်း ၊ ဆင်းရဲသား တို့ကို ကယ်နှုတ် တော်မူ၏။ 16 ထိုသို့ ဆင်းရဲသား တို့သည် မြော်လင့် ရာအခွင့် ရှိ ကြ၏။ အဓမ္မ သည်လည်း မိမိ နှုတ် ကို ပိတ် ထားရ၏။ 17 အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။ 18 ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။ 19 သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။ 20 အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။ 21 သင်သည်ကဲ့ရဲ့ ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီး ခြင်းဘေးရောက် သော်လည်း မ ကြောက် ရ။ 22 ပျက်စီး ခြင်းဘေးနှင့် အစာ ခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တော သားရဲ တို့ကိုလည်း မ ကြောက် ရ။ 23 အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။ 24 သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။ 25 သင် ၌သား သမီးများပြား ၍ ၊ သင့် အမျိုး အနွယ်သည် မြေ ပေါ်မှာ မြက်ပင် နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင် ရလိမ့်မည်။ 26 အချိန် တန်လျှင် သိမ်းယူ သောကောက် လှိုင်းကဲ့သို့ ၊ သင်သည် အသက် ကြီးရင့်၍ သင်္ချိုင်း သို့ ရောက် ရ လိမ့်မည်။ 27 ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။
61 တဖန် ယောဘ မြွက်ဆို သည်ကား၊ 2 ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။ 3 သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။ 4 အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။ 5 တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။ 6 မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။ 7 လက်နှင့်မျှမ တို့ နိုင်၊ ငါ မ နှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။ 8 ငါ တောင်း သောအရာကို ရပါစေ။ ငါ တောင့်တ သောအရာကို ဘုရား သခင်ပေး သနားတော်မူပါစေ။ 9 တောင့်တ သောအရာဟူမူကား ၊ ဘုရား သခင်သည် ငါ့ ကိုဖျက်ဆီး တော်မူပါစေ။ လက် တော်ကိုဆန့် ၍ ငါ့ ကိုဆုံး စေတော်မူပါစေ။ 10 ထိုသို့ ဖြစ်လျှင်ငါ သည် သက်သာ ရ၏။ ငြိုငြင် သော်လည်းသည်းခံ မည်။ ငါ့ကိုနှမြော တော်မ မူပါစေနှင့်။ သန့်ရှင်း တော်မူသောသူ၏စကား တော်ကို ငါမ ငြင်း မဆန်ပြီ။ 11 ငါမြော်လင့် စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ ခွန်အား ကားအဘယ် သို့နည်း။ ငါသည်ကိုယ် အသက် ကို စောင့် ရမည်အကြောင်း ၊ နောက်ဆုံး ခံရသောအကျိုးကား အဘယ် သို့နည်း။ 12 ငါ့ ခွန်အား သည် ကျောက် ခွန်အား ဖြစ်သလော။ ငါ့ အသား သည် ကြေးဝါ ဖြစ်သလော။ 13 ငါ သည်ကိုယ် ကို မ မစ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။ 14 ဆင်းရဲ ခြင်းသို့ရောက်သောသူ၏ အဆွေ ခင်ပွန်းသည် သနား အပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့ သောသဘောနှင့်ကင်းလွတ် ၏။ 15 ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။ 16 ထိုချောင်းရေသည် ရေခဲ ကြောင့် ၎င်း၊ မ ထင်ရှားသော မိုဃ်းပွင့် ကြောင့်၎င်း၊ 17 အလွန်စီးတတ်သော်လည်း၊ နွေး သောအခါ ကွယ်ပျောက် တတ်၏။ နေပူ သောအခါ မိမိ နေရာ ၌ ခန်းခြောက် တတ်၏။ 18 ထိုရေစီးသောချောင်းတို့သည် လွဲ သွား ၍ တရွေ့တရွေ့ကွယ်ပျောက် တတ်ကြ၏။ 19 တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။ 20 မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။ 21 ထိုအတူ သင်တို့သည်အချည်းနှီးသက်သက်ဖြစ် ကြ၏။ ငါနှိမ့်ချ ခြင်းကိုမြင် လျှင် ဆုတ် ၍နေကြ၏။ 22 ငါ့ ထံ သို့လက်ဆောင်ကို ယူ ခဲ့ကြပါ။ သင် တို့ပစ္စည်း ဥစ္စာထဲက ထုတ်၍ ငါ့ ကိုပေး ကြပါ။ 23 ရန်သူ လက် မှ ငါ့ ကိုကယ် ယူကြပါ။ သူရဲ လက် မှ ရွေးနှုတ် ကြပါဟု ငါပြော သလော။ 24 ငါ့ ကိုဆုံးမ ကြပါ။ တိတ်ဆိတ် လျက်နေပါမည်။ ငါမှား သောအရာကို ငါ့ အား ဘော်ပြ ကြပါ။ 25 မှန် သောစကား သည် တန်ခိုးကြီး ၏။ သင် တို့ကဲ့ရဲ့သောစကားသည် အဘယ် မှာနေရာကျသနည်း။ 26 ငါစကား ပြောရုံကာမျှကို အပြစ် တင်မည်ကြံစည် ကြသလော။ မြော်လင့် စရာမရှိသောသူ ပြောသော စကား သည် လေ သက်သက်ဖြစ်၏။ 27 အကယ်၍ သင်တို့သည် မိဘ မရှိသောသူငယ်ကို နှိပ်စက် ကြ၏။ အဆွေ ခင်ပွန်းဘို့ တွင်းကိုတူး ကြ၏။ 28 ငါ့ ကို စိတ်မရှိဘဲကြည့်ရှု ကြပါလော့။ သင် တို့ရှေ့ မှာ ငါလှည့်စား သလော။ 29 ပြန် ၍ဆင်ခြင်ကြပါ။ မ တရားသဖြင့်မ ပြု ကြပါ နှင့်။ ပြန် ၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါ သည် ဖြောင့်မတ် ပါ၏။ 30 ငါ့ လျှာ ၌ ကောက် သောသဘောရှိ သလော။ ငါ သည် မြည်းစမ်း ၍ အပြစ် ပါသောအရာကို ပိုင်းခြား မ သိနိုင်သလော။
71 လူ တို့သည် မြေကြီး ပေါ် မှာ ပင်ပန်းစွာအမှု ထမ်း ရသည် မ ဟုတ်လော။ သူ နေရသော နေ့ ရက်တို့သည် အငှါး ခံသောသူ၏ နေ့ ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။ 2 ကျွန် ခံရသောသူသည် မိုဃ်းချုပ် သောအချိန်ကို တောင့်တ ၍၊ အငှါး ခံသောသူသည် အခ ရမည့်အချိန်ကို မြော်လင့် သကဲ့သို့၊ 3 ထိုနည်းတူငါသည် ဒုက္ခနေ့လ တို့နှင့်ဆိုင် ရ၏။ ပင်ပန်း စွာခံရသောညဉ့် တို့သည်လည်း ငါ ၏အငန်း အတာ ဖြစ်၏။ 4 အဘယ် အခါမှ ညဉ့် ကုန်၍ ငါထ ရပါမည်နည်းဟုငါသည် ညည်းတွားလျက် အိပ် ရ၏။ မိုဃ်းလင်း သည် တိုင်အောင် လှိမ့် လျက် လူးလျက်နေရ၏။ 5 လောက် နှင့် ရွှံ့ တို့သည် အဝတ်ကဲ့သို့ငါ့ ကိုယ် ကို ဖုံးလွှမ်း ကြ၏။ ငါ့ အရေ သည်ကွဲ ၍ ယိ လျက်ရှိ၏။ 6 ငါ့ နေ့ ရက်တို့သည် ရက်ကန်းလွန်း ထက် မြန် ၍ မြော်လင့် ခြင်းမ ရှိဘဲ လွန် သွားတတ်ကြ၏။ 7 ငါ့ အသက် သည် လေ သက်သက်ဖြစ်ကြောင်း ကို အောက်မေ့ တော်မူပါ။ နောက်တဖန် ကောင်း သော အကျိုးကို ငါ မ မြင် ရ။ 8 ငါ့ ကို မြင် သောသူသည် နောက်တဖန်မ မြင် ရ။ ကိုယ်တော် သည် ကြည့်ရှု တော်မူသောအခါ ငါ ပျောက် ပါပြီ။ 9 မိုဃ်းတိမ် သည် ပြယ်ပျောက် ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်း တွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန် မ တက် ရ။ 10 မိမိ အိမ် သို့ မ ပြန် ရ။ သူ ၏နေရင်းအရပ် သည် နောက် တဖန် သူ့ ကိုမ သိ ရ။ 11 ထို့ကြောင့် ငါ သည်ကိုယ် နှုတ် ကို မ ချုပ်တည်း။ စိတ် ပင်ပန်း လျက်နှင့်စကားပြော ရ၏။ အလွန်ညှိုးငယ် သောစိတ် နှင့် မြည်တမ်း ရ၏။ 12 ငါ သည် ပင်လယ် ဖြစ်သလော။ နဂါး ဖြစ်သလော။ ထိုသို့ ဖြစ်သောကြောင့်ငါ့ ကို အစောင့် ထား တော်မူရသလော။ 13 ငါ သည်အိပ် ၍ သက်သာ မည်။ ငါ့ ခုတင် သည် ချမ်းသာ ပေးမည်ဟု ငါဆို လျှင်၊ 14 ကိုယ်တော်သည် ကြောက်မက် ဘွယ်သော အိပ်မက် ကို ပေးတော်မူ၏။ ညဉ့်ရူပါရုံ အားဖြင့် ငါ့ ကို ထိတ်လန့် စေတော်မူ၏။ 15 ငါ သည်ကိုယ်အရိုး ကို နှမြောသည်ထက် အသက် ချုပ် ၍သေ ရသောအခွင့်ကို သာ၍ တောင့်တပါ၏။ 16 ငါသည်အားလျော့ လျက်ရှိ၏။ အစဉ် မပြတ်အသက် မ ရှင်ရာ။ ငါ့ ကိုတတ် တိုင်း ရှိစေတော်မူပါ။ ငါ့ အသက် သည် အခိုး အငွေ့ဖြစ်၏။ 17 ကိုယ်တော်သည် လူ ကိုပမာဏ ပြု၍ စိတ် စွဲလမ်း တော်မူမည်အကြောင်း၊ 18 သူ့ ကိုနံနက် တိုင်း အကြည့် အရှုကြွလာ၍ ၊ ခဏ ခဏစုံစမ်း တော်မူမည်အကြောင်း၊ လူသည် အဘယ် သို့သောသူဖြစ်ပါသနည်း။ 19 အဘယ် ကာလမှငါ့ ကိုမ ကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ် တံထွေး ကို မျို ရသည် တိုင်အောင် ၊ အဘယ်ကာလမှတတ်တိုင်းရှိစေတော်မူမည်နည်း။ 20 လူ ကိုစောင့် တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော် ရှေ့ မှာ အဘယ် သို့ပြု ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင်အကျွန်ုပ် ကို အဘယ်ကြောင့် ပစ် စရာ စက်သွင်းတော်မူသနည်း။ 21 အကျွန်ုပ် ပြစ်မှား ခြင်းကို အဘယ်ကြောင့် သည်းခံ တော်မ မူသနည်း။ အကျွန်ုပ် အပြစ် ကို အဘယ်ကြောင့် ဖြေရှင်း တော်မမူသနည်း။ ယခု မှာအကျွန်ုပ်သည် မြေမှုန့် ၌ အိပ် ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာ တော်မူသောအခါ၊ အကျွန်ုပ် မ ရှိပါဟု မြွက်ဆို၏။
81 ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည်ကား၊
2 သင်သည် အဘယ် မျှကာလ ပတ်လုံးဤသို့ ပြော မည်နည်း။ သင် ပြောသောစကား သည် အဘယ်မျှကာလ ပတ်လုံးလေ ပြင်း ကဲ့သို့ဖြစ်မည်နည်း။ 3 ဘုရား သခင်သည် မတရား သဖြင့် အပြစ် ပေးတော်မူမည်လော။ အနန္တ တန်ခိုးရှင်သည် တရား ကို ဖျက် တော်မူမည်လော။ 4 သင် ၏သား သမီးတို့သည် ဘုရား သခင်ကို ပြစ်မှား သောကြောင့်၊
ပြစ်မှား စဉ်တွင်၊ သူ တို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
5 သင် သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့်ဘုရား သခင်ကို ရှာ ၍၊ အနန္တ တန်ခိုးရှင် အား တောင်းပန် လျှင်၊
6 စင်စစ် သင့် အတွက် ကိုယ်တော်သည်ထ ပြီးလျှင် သင် ၏ ဖြောင့်မတ် သောနေရာကို ကောင်းစား စေတော်မူသဖြင့်၊
7 သင် သည်အစ ဦး၌ ငယ် သော်လည်း၊
နောက်ဆုံး ၌ အလွန် ကြီးပွါး လိမ့်မည်။ 8 လွန် လေပြီးသောကာလ ကို စစ် ၍၊ ရှေးဘိုးဘေး တို့ကို မေးမြန်း ခြင်းငှါ အားထုတ် ပါတော့။ 9 ငါ တို့သည် မနေ့ ၏သားဖြစ်၍အလျှင်းမ သိ ရပါ။ မြေကြီး ပေါ် မှာ ငါ တို့နေရသော နေ့ ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။ 10 ထိုသူ တို့မူကား၊ သင့် ကိုဆုံးမ သွန်သင်၍ မိမိ တို့ စိတ် နှလုံးထဲက မြွက်ဆို ကြလိမ့်မည်။ 11 ဂမာ ပင်သည် ရွံ့ မ ရှိဘဲကြီးပွား နိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင် သည် ရေ မ ရှိဘဲ ကြီးပွား နိုင်သလော။ 12 ထိုအပင်သည် စိမ်း လျက်မ ရိတ် မဖြတ်သော်လည်း၊
အခြားအပင် ထက်သာ၍ညှိုးနွမ်း တတ်၏။ 13 ထိုသို့ ဘုရား သခင်ကို မေ့လျော့ သောသူ အပေါင်း တို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မ လူ မြော်လင့် စရာအကြောင်းသည် ပျက် လိမ့်မည်။ 14 ထိုသူ မြော်လင့် ရာလမ်းသည် ပြတ် လိမ့်မည်။ မှီခို သောအရာသည်လည်း ပင့်ကူ မြှေး ကဲ့သို့ဖြစ်လိမ့်မည်။ 15 ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။
လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။ 16 သူ သည် နေပူ မှာ စိမ်းလန်း လျက်၊ အခက် အလက် အားဖြင့်မိမိ ဥယျာဉ် ကို နှံ့ပြား လျက်၊ 17 အမြစ် အားဖြင့်စမ်း ရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ် ကို တွေ့မြင် လျက်ရှိသော်လည်း၊ 18 သူ့ ကိုသုတ်သင် ပယ်ရှင်း၍၊ မိမိ နေရာ အရပ်က သင် သည်ငါမ တွေ့ မမြင်စဖူးဟူ၍သူ့ ကိုငြင်းပယ် လိမ့်မည်။ 19 ထိုသူ ဝမ်းမြောက် ရာလမ်း သည် ထိုသို့ ဖြစ်၍၊ သူနေရာမြေ ၌ အခြား သူတို့သည် ပေါက် ကြလိမ့်မည်။ 20 စုံလင် သောသူကိုကား၊ ဘုရား သခင်စွန့်ပစ် တော်မ မူ။ မတရား သဖြင့်ပြုသောသူတို့ ကို ကား မစ တော် မ မူ။ 21 ရယ်မော ရသောအခွင့်၊ ရွှင်လန်း စွာ နှုတ် မြွက်ရသောအခွင့်ကို သင် ၌ပေးကောင်းပေး တော်မူမည်။ 22 သင့် ကိုမုန်း သောသူတို့ သည် ရှက် ခြင်းနှင့် ဖုံးလွှမ်း လျက်ရှိရကြလိမ့်မည်။ ဆိုး သောသူနေရာ အရပ် သည်လည်း ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
91 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 မှန် ပါ၏။ ထို စကားမှန် ကြောင်းကိုငါသိ ၏။ သို့သော်လည်း ၊ လူ သည် ဘုရား သခင့်ရှေ့ တော်၌ အဘယ် သို့ ဖြောင့်မတ် ရာသို့ ရောက်နိုင်သနည်း။ 3 ဘုရားသခင် သည် အပြစ် တင်ခြင်းငှါ အလို တော်ရှိလျှင် ၊ လူ သည် အပြစ်တထောင် တွင် တခု မျှ မ ဖြေ နိုင်။ 4 ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။ 5 ဘုရားသခင် သည် တောင် တို့ကို အမှတ် တမဲ့ရွှေ့ တော်မူ၏။ အမျက် ထွက်၍ မှောက်လှန် တော်မူ၏။ 6 မြေကြီး ကိုရွေ့ စေခြင်းငှါ တွန်းတော်မူ၍၊ မြေ တိုင် တို့သည် တုန်လှုပ် ကြ၏။ 7 နေ ကို မှာ ထားတော်မူ၍ သူသည်မ ထွက် ရ။ ကြယ် တို့ကိုလည်း ကွယ် ထားတော်မူ၏။ 8 မိုဃ်း ကောင်းကင် ကို ကိုယ်တော်တပါး တည်း ဖြန့် မိုးတော်မူ၏။ သမုဒ္ဒရာ လှိုင်း တံပိုးကို နင်း တော်မူ၏။ 9 အာရှ ကြယ်၊ ခသိလ ကြယ်၊ ခိမ ကြယ်စုမှစ၍တောင် မျက်နှာကြယ်တိုက် တို့ကို ဖန်ဆင်း တော်မူ၏။ 10 စစ် ၍မ သိနိုင်အောင် အလွန်ကြီး သောအမှု၊ မ ရေတွက် နိုင်အောင်များ၍ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူ၏။ 11 ငါ့ ရှေ့ မှာကြွ တော်မူ၍ ကိုယ်တော်ကိုငါမ မြင် ရ။ ရှောက် သွားတော်မူ၍ ကိုယ်တော် ကို ငါမ ရိပ်မိ ရ။ 12 သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။ 13 ဘုရား သခင်သည် အမျက် ပြေ တော်မ မူလျှင်၊ မာန ကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်း ကိုခံရကြ၏။ 14 ထိုမျှမကငါ သည်အဘယ် သို့ပြန် လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကား ကို ရွေး ၍ လျှောက်ရအံ့နည်း။ 15 ငါသည် ဖြောင့်မတ် သော်လည်း ပြန် ၍ မ လျှောက်ဝံ့ဘဲ၊ တရား မှုကို ဆုံးဖြတ် တော်မူ သော အရှင်ကို တောင်းပန် ရုံမျှသာပြုရ၏။ 16 ငါခေါ် ၍ အရှင်သည်ထူး တော်မူသော်လည်း ၊ ငါ့ စကား ကို နားထောင် တော်မူမည်ဟု ငါမ ယုံ နိုင်။ 17 အကြောင်းမူကား၊ မိုဃ်းသက် မုန်တိုင်းဖြင့် ငါ့ ကို ညှဉ်းဆဲ ၍၊ အကြောင်း မရှိဘဲငါ ၌ အနာ တို့ကို များပြား စေတော်မူ၏။ 18 ငါ့ ကို အသက် ရှူရသောအခွင့်မ ပေး။ ခါး စွာသော ဝေဒနာနှင့် ပြည့်စုံ စေတော်မူ၏။ 19 တန်ခိုး ကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင် သည် တန်ခိုးကြီး တော်မူ၏။ တရား ကိုအမှီပြုမည်ဆို ပြန်သော်၊ အဘယ် သူသည် ငါ့ ဘက်၌ သက်သေခံမည်နည်း။ 20 ကိုယ်အပြစ် ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ် စကား အားဖြင့်တရား ရှုံးလိမ့်မည်။ ငါ သည် စုံလင် ပြီဟု ဆိုပြန်လျှင် ၊ ငါ့ သဘောကောက်ကြောင်း ထင်ရှား လိမ့်မည်။ 21 တဖန်စုံလင် သော်လည်း၊ ကိုယ် စိတ် သဘောကို ကိုယ် မ သိ ရ။ ကိုယ် အသက် ကို ပမာဏ မပြုရ။ 22 ငါပြော အံ့သောစကားတချက် ဟူမူကား၊ ဘုရား သခင်သည် စုံလင် သောသူတို့ကို၎င်း ၊ ဆိုးညစ် သောသူတို့ ကို၎င်းဖျက်ဆီး တော်မူတတ်၏။ 23 ချက်ခြင်း ဘေး တစုံတခုရောက်သောအခါ ၊ အပြစ် မရှိ သော သူ ခံရသည် အကြောင်းကို ရယ် တော်မူ၏။ 24 မြေကြီး ကိုလူဆိုး တို့ လက် ၌ အပ် ၍၊ တရား သူကြီးတို့၏ မျက်နှာ ကို ဖျက် တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ် သူနည်း။ 25 တမြို့မှတမြို့သို့ စာပို့ သောလုလင်ထက် ၊ ငါ့ နေ့ ရက် တို့သည် လျင်မြန် ၍၊ ကောင်ကျိုး ကိုမ ခံရ ဘဲ ပြေး တတ် ကြ၏။ 26 လျင်မြန် သော သင်္ဘော ကဲ့သို့ ၎င်း၊ အကောင် ကို သုတ်လာ သောရွှေလင်းတ ကဲ့သို့ ၎င်း၊ လွန် သွားတတ်ကြ ၏။ 27 ငါသည်မြည်တမ်း သော စကားကိုဖြတ် ၍၊ ရွှင်လန်း သောမျက်နှာကိုဆောင်လျက်၊ ရဲရင့် ခြင်းသို့ ရောက်မည်ဟု ငါ ဆို သော်လည်း၊ 28 ငါ ခံရသောဒုက္ခ ဝေဒနာများ သောကြောင့်၊ ကြောက် သောသဘောရှိ၏။ အပြစ် လွှတ်စေဟု ငါ ၌စီရင်တော် မ မူကြောင်း ကို ငါသိ ၏။ 29 ငါ သည် အပြစ် သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစား ရမည်နည်း။ 30 ငါ့ကိုယ်ကို မိုဃ်းပွင့် ရေ နှင့် ဆေး ၍၊ ငါ့ လက် ကို ရှင်းရှင်းစင်ကြယ် စေသော်လည်း၊ 31 ရွှံ့ ထဲ သို့ တွန်းချ တော်မူ၍၊ ငါ့ အဝတ် ပင် ငါ့ ကိုယ် ကိုရွံ လိမ့်မည်။ 32 ငါသည် ဘုရားသခင် ၏ စကားကို တ ဦး နှင့် တဦး တရား တွေ့နိုင် မည် အကြောင်း၊ ဘုရား သခင်သည် ငါ ကဲ့သို့ လူ ဖြစ်တော်မူသည်မ ဟုတ်။ 33 ငါ တို့နှစ် ဦးကို ဆီးတား ပိုင်သော စပ်ကြား နေ အမှုစောင့် မ ရှိ။ 34 ငါ့ ကို ဒဏ်ခတ် တော်မမူပါစေနှင့်။ ပြု တော်မူ သောဘေး ကြောင့် ငါ မ ကြောက် ပါစေနှင့်။ 35 သို့ဖြစ်လျှင် ၊ ငါသည်မ ကြောက် ဘဲပြော ရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမ ရ။
101 ငါ့ ဝိညာဉ် သည် အသက် ကို ငြီးငွေ့ ၏။ မြည်တမ်း သောအပြစ်ကိုခံ ရမည်။ စိတ် အလွန်ညှိုးငယ် ၍ ပြော ရ မည်။ 2 ဘုရား သခင်ကို လျှောက် ရသောစကားဟူမူကား၊ အကျွန်ုပ် ကို အပြစ် စီရင်တော် မ မူပါနှင့်။ အကျွန်ုပ် နှင့် ဆန့်ကျင် ဘက်ပြုတော်မူမည်အကြောင်း ကို ပြ တော်မူပါ။ 3 ကိုယ်တော် သည်ညှဉ်းဆဲ တော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်း သောအရာကို ရွံရှာ ၍ ၊ လူဆိုး တို့၏ အကြံ အစည်ကို ကောင်းကြီး ပေးတော်မူသင့်သလော။ 4 ကိုယ်တော် သည် ရူပ မျက်စိ ရှိတော်မူသလော။ လူ မြင် သည်နည်းတူ မြင် တော်မူသလော။ 5 ကိုယ်တော် ၏နေ့ ရက်တို့သည် လူ နေ့ ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော် ၏နှစ် တို့သည် လူ ယောက်ျား နေ့ ရက်ကဲ့သို့ ဖြစ်ပါသလော။ 6 အကျွန်ုပ် ပြုသောဒုစရိုက် ကို စစ် ၍ အပြစ် ကို တွေ့ခြင်းငှါ အဘယ်ကြောင့်ရှာ တော်မူသနည်း။ 7 အကျွန်ုပ်သည် လူဆိုး မ ဟုတ်ကြောင်း နှင့် လက် တော်မှ အဘယ် သူမျှမကယ် မနှုတ်နိုင်ကြောင်းကို သိ တော်မူ၏။ 8 အကျွန်ုပ်တကိုယ် လုံးကို လက် တော်နှင့်စေ့စပ်စွာ ဖန်ဆင်း တော်မူသည်ဖြစ်၍ ၊ ယခုဖျက်ဆီး တော်မူမည် လော။ 9 သရွတ် ကိုလုပ်သကဲ့သို့ အကျွန်ုပ် ကိုလုပ် တော်မူကြောင်းကို အောက်မေ့ တော်မူပါ။ တဖန် မြေမှုန့် ဖြစ် စေတော်မူမည်လော။ 10 အကျွန်ုပ် ကိုနို့ ကဲ့သို့ သွန်းလောင်း ၍၊ ဒိန်ခဲ ကဲ့သို့ ခဲ စေတော်မူပြီ မ ဟုတ်လော။ 11 အရေ အသား ဖြင့်ဖုံးလွှမ်း ၍၊ အရိုး နှင့် အကြော တို့ဖြင့် ခိုင်ခံ့ စေတော်မူပြီ။ 12 အသက် ရှင်ရ သော အကြောင်း နှင့်တကွ ကျေးဇူး များကိုပြု တော်မူပြီ။ ကြည့်ရှု ပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ် ၏ဝိညာဉ် ကိုမစ ပါပြီ။ 13 ယခု ရောက်သော အမှုတို့ ကိုလည်း ၊ နှလုံး တော်၌ သိုထား ၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိ ပါ၏။ 14 အကျွန်ုပ် သည် ပြစ်မှား လျှင် ၊ ကိုယ်တော်မှတ် တော်မူ၏။ အကျွန်ုပ် အပြစ် ကို လွှတ် တော်မူမည် မ ဟုတ်။ 15 အကျွန်ုပ် သည်ဆိုးညစ် လျှင် အမင်္ဂလာ ရှိပါ၏။ ဖြောင့်မတ် သော်လည်း ကိုယ် မျက်နှာ ကိုမ ပြ ရ။ ကိုယ် ခံရသောဒုက္ခ ဆင်းရဲကို ဆင်ခြင် ၍ မိန်းမော တွေဝေလျက် နေရ ပါ၏။ 16 အကျွန်ုပ်ထ လျှင် ကိုယ်တော်သည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် အပေါ် သို့ ခုန်၍ ကြောက်မက် ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။ 17 အကျွန်ုပ် တစ်ဘက် ၌ သက်သေခံ တော်မူချက် များပြား ၍၊ အမျက် တော်ကို တိုးပွါးစေခြင်းငှါ ပြု တော်မူသဖြင့်၊ အကျွန်ုပ် တစ်ဘက် ၌ ရန်စစ်တို့သည် အထပ်ထပ် ထကြပါ၏။ 18 အကျွန်ုပ် ကို အမိဝမ်း ထဲက အဘယ်ကြောင့် ဆောင် ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက် မရှိ၊ အဘယ်သူမျှအကျွန်ုပ် ကိုမ မြင် ရပါ။ 19 ထိုသို့ အကျွန်ုပ်သည် မ ဖြစ် သကဲ့သို့ဖြစ် ၍၊ အကျွန်ုပ်ကိုအမိဝမ်း ထဲမှ သင်္ချိုင်း သို့ ဆောင် ပို့ရကြ၏။ 20 အကျွန်ုပ် နေ့ ရက်တို့သည် နည်းပါး သည် မ ဟုတ် လော ။ 21 - 22 မှောင်မိုက် နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည် ၊ သေခြင်းအရိပ် ဖြစ်စေသောညဉ့် ကဲ့သို့ တခဲနက်မိုက် သဖြင့်၊ အလင်း ပင်မှောင်မိုက် သက်သက် ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်းမရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မ လာရသောပြည်သို့အကျွန်ုပ်သွား ၍မ ရောက်မှီ၊ သက်သာ ခြင်းအနည်းငယ် ရှိပါမည် အကြောင်း နေတော်မူပါ။ အကျွန်ုပ်ကိုတတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏။
111 နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊ 2 စကား များ ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ် နှင့် လွတ်ရမည်လော။ 3 သင် ပြောသောမုသာ စကားကြောင့် သူတပါးတို့သည် တိတ်ဆိတ် စွာနေရမည်လော။ သင်ကဲ့ရဲ့ သောအခါ အဘယ်သူသည် အရှက် မ ကွဲဘဲနေရမည်နည်း။ 4 သင်က၊ ငါ့ စကား ဖြောင့် ၏။ ဘုရား သခင့်ရှေ့ တော်၌ ငါသန့်ရှင်း ၏ဟု ဆို မိပြီ။ 5 ဘုရား သခင်မိန့် တော်မူပါစေ။ သင့် တစ်ဘက် ၌ နှုတ် တော်ကို ဖွင့် တော်မူပါစေ။ 6 နက်နဲ သော ပညာ အရာတည်းဟူသောသင် နားလည်နိုင်သည်ထက်၊ နှစ်ဆ သာသောအရာတို့ကို သင့် အား ပြ တော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင် သည် အပြစ် ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရ လိမ့်မည်။ 7 သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။ 8 မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။ 9 အတိုင်း အရှည် သည် မြေကြီး ကိုလွန် လျက် သမုဒ္ဒရာ ထက် သာ၍ကျယ်ဝန်း လျက်ရှိ၏။ 10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။ 11 ဘုရား သခင်သည် ဆိုး သောသူတို့၏ သဘောကို သိ တော်မူ၏။ သူတို့အမှတ် တမဲ့ပြုသောဒုစရိုက် ကို သိမြင် တော်မူ၏။ 12 သို့သော်လည်း ရိုင်း သောမြည်း ကလေးသည် လူ အဖြစ်သို့ရောက်သောအခါ ၊ လူ မိုက်သည် ပညာ သတိရလိမ့်မည်။ 13 သင် သည် စိတ် နှလုံးကို ပြင်ဆင် ၍ လက် တို့ကို ဘုရား သခင်ထံ တော်သို့ ဆန့် လျှင် ၎င်း ၊ 14 သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊ 15 အညစ် အကြေးနှင့်ကင်းလွတ် သော မျက်နှာ ကို ပြရလိမ့်မည်။ စိုးရိမ် စရာအကြောင်းမ ရှိ၊ တည်ကြည် လိမ့်မည်။ 16 ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။ 17 သင်၏အသက် သည်မွန်းတည့် အရောင်ထက် ထွန်းလင်း လိမ့်မည်။ ယခုမှောင်မိုက် သော်လည်းနံနက် ကဲ့သို့ လင်းလိမ့်မည်။ 18 မြော်လင့် စရာရှိ သောကြောင့် မ စိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်းလုံခြုံ စွာ ငြိမ်ဝပ် လိမ့်မည်။ 19 အိပ် သောအခါ အဘယ် သူမျှမချောက် မလှန့်ရ။ လူများ တို့သည် သင့် ကိုတောင်းပန် ကြလိမ့်မည်။ 20 ဆိုး သောသူတို့ ၏မျက်စိ သည် အားလျော့ လိမ့်မည်။ သူ တို့သည် ပြေး၍မ လွတ်ရကြ။ သူ တို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
121 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 သင် တို့သာလျှင် လူ ဖြစ်၍ ၊ သင် တို့နှင့်အတူ ဉာဏ် ပညာသေ လိမ့်မည်ဟု ယုံမှား စရာမရှိရ။ 3 သို့သော်လည်း ငါ သည် သင် တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ ဤ ကဲ့သို့ သော အရာများကို အဘယ် သူသည် နားမလည်ဘဲနေသနည်း။ 4 ငါသည် ဘုရား သခင်၏ကျေးဇူးတော်ကိုခံရအံ့သောငှါဆုတောင်း ပဌနာပြု စဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ် ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ် မရှိ ဖြောင့်မတ် သောသူသည် ပြက်ယယ် ပြုခြင်းကိုခံရပါသည် တကား။ 5 ချော်လဲ လုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ကောင်းစားသောသူသည် မှတ် တတ်၏။ 6 ထားပြ လုပ်သောသူတို့၏နေရာ သည် ကောင်းစား တတ်၏။ ဘုရား သခင်၏ အာဏာ တော်ကိုဆန်သောသူတို့ သည် လုံခြုံ စွာနေ၍ ၊ ဘုရား သခင်ပေး တော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။ 7 သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။ 8 မြေကြီး နှင့် ပင်လယ် ငါး တို့ကို မေးမြန်း လော့။ သူတို့သည် ပြသ ၍ ဥပဒေသ ပေးကြလိမ့်မည်။ 9 ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။ 10 အသက် ရှင်သောသတ္တဝါအပေါင်း တို့၏ ဇိဝ အသက်နှင့် လူ သတ္တဝါခပ်သိမ်း တို့၏ ထွက်သက် ဝင်သက်သည် ဘုရား သခင့်လက် တော်၌ ရှိ၏။ 11 ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။ 12 အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။ 13 ဘုရား သခင်မူကား၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့်ပြည့်စုံတော်မူ၏။ ပညာ သတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။ 14 ဖြိုဖျက် တော်မူလျှင် အဘယ်သူမျှတည်ဆောက် ရသောအခွင့်မ ရှိ။ လူ ကို ချုပ်ထား တော်မူလျှင် အဘယ်သူမျှလွှတ် ရသောအခွင့်မ ရှိ။ 15 ရေ များကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက် ရ၏။ တဖန် လွှတ် တော်မူ၍ မြေကြီး ကို လွှမ်းမိုး ကြ၏။ 16 တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။ 17 တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။ 18 ရှင်ဘုရင် တို့ကို အရာမှချ၍ ခါးကြိုး နှင့် ချည် တော်မူ၏။ 19 ယဇ် ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်း သွား၍၊ သူရဲ တို့ကိုလည်း ရှုံး စေတော်မူ၏။ 20 နှုတ်သတ္တိရှိသောသူတို့ ကို စကား အ စေ၍၊ အသက် ကြီးသောသူတို့ မှပညာ ကို နှုတ် တော်မူ၏။ 21 မင်းသား တို့ကို အရှက် ခွဲ၍၊ အားကြီး သောသူတို့ ကို ရှုတ်ချ တော်မူ၏။ 22 မှောင်မိုက် ထဲ ၌နက်နဲ သောအရာတို့ကို ထင်ရှား စေ၍၊ သေခြင်း အရိပ်ကိုအလင်း ထဲ သို့ ထုတ် ဘော်တော်မူ ၏။ 23 တိုင်း နိုင်ငံတို့ကို ချီးမြှောက် ၍ တဖန် ဖျက်ဆီး တော်မူ၏။ တိုင်း နိုင်ငံတို့ကို ကျယ် စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း ပြု တော်မူ၏။ 24 မြေ သား တို့တွင် အကြီး လုပ်သောသူတို့မှ ဉာဏ် ကိုနှုတ် ၍၊ လမ်း မ ရှိသော တော ၌ လှည့်လည် စေတော်မူ ၏။ 25 သူတို့သည်အလင်း မ ရှိ။ မှောင်မိုက် ၌ စမ်းသပ် လျက်သွားရကြ၏။ ယစ်မူး သောသူကဲ့သို့ တိမ်းယိမ်း လျက် သွားစေတော်မူ၏။
131 ထိုအမှုအရာအလုံးစုံ တို့ကို ငါ့ မျက်စိ သည် မြင် ပြီ။ ငါ့ နား သည်လည်း ကြား ၍ နားလည် ပြီ။ 2 သင် တို့သိ သမျှကို ငါသိ ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ 3 အနန္တ တန်ခိုးရှင်အား ငါ လျှောက် ရသောအခွင့်၊ ဘုရား သခင်နှင့် ငါဆွေးနွေး ရသောအခွင့်ရှိ ပါစေသော။ 4 သင် တို့သည် တယောက်မျှမကြွင်း၊ မုသာ ကို ပြုပြင် သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။ 5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ် စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ 6 ငါ ပြောမည်အကျိုး အကြောင်းစကားကို နားထောင် ကြပါလော့။ ငါ့ နှုတ် နှင့် ဆွေးနွေး နှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။ 7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရား သခင့်ဘက် ၌ ပြော ချင်သလော။ ဘုရား သခင့်ဘက် ၌နေ၍ မုသာ ကိုသုံးချင်သလော။ 8 မျက်နှာ တော်ကိုထောက် လျက်သာ၊ ဘုရား သခင့်ဘက် ၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။ 9 သင် တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင် ၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူ ကို လှည့်စား သကဲ့သို့ ဘုရား သခင်ကို လှည့်စားနိုင်သလော။ 10 သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာ ကို ထောက် လျှင် ၊ စင်စစ်သင် တို့ကို ဆုံးမ တော်မူမည်။ 11 သင် တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မ ကြောက် ကြသလော။ ကြောက်မက် ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။ 12 သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။ 13 တိတ်ဆိတ် စွာနေ၍ ငါပြော ပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက် ပါလေစေ။ 14 သို့သော်လည်းငါသည် ကိုယ် အသား ကို ပစပ် နှင့် ကိုက်ချီ လျက်၊ ကိုယ် အသက် ကိုလည်း လက် နှင့် ကိုင် လျက် ဆောင်သွားမည်။ 15 ငါ့ ကိုသတ် တော်မူ၍၊ ငါမြော်လင့် စရာမရှိသော်လည်း ၊ ရှေ့ တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။ 16 ထိုသို့ ပြုလျှင် ငါ ၏ကယ်တင် ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ လူသည် အထံ တော်သို့ မ ဝင် ရ။ 17 ငါ့ စကား ကို စေ့စေ့မှတ် ကြလော့။ ငါ့ လျှောက် ထားချက်ကို နားထောင် ကြလော့။ 18 ယခု ငါ့အမှု ကို ငါပြင်ဆင် ပြီ။ ငါ ၌အပြစ် လွတ်ခြင်းထင်ရှားမည်ဟု ငါသိ ၏။ 19 ငါ့ အပြစ် ကို ဘော်ပြမည့်သူကား၊ အဘယ် သူနည်း။ ထိုသို့ ဘော်ပြလျှင် ငါသည် တိတ်ဆိတ် စွာနေ၍ အသေခံ ပါမည်။ 20 ဒဏ်ခတ် ခြင်းနှစ်ပါး ကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော် ကို မ ရှောင် ပါ။ 21 လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။ 22 ထိုအခါ ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက် ပါမည်။ ကိုယ်တော်အမိန့် ရှိတော်မူပါ။ 23 အကျွန်ုပ် ပြုမိသော ဒုစရိုက် အပြစ်တို့သည် အဘယ် မျှလောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား ကျူးလွန်ခြင်းအပြစ် တို့ကို အကျွန်ုပ် အား ပြ တော်မူပါ။ 24 ကိုယ်တော် သည် မျက်နှာ တော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ရန်သူ ကဲ့သို့ မှတ် တော်မူသနည်း။ 25 လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။ 26 အကျွန်ုပ် ၌ ပြင်းစွာ သောအပြစ်တင်သော စကားကိုမှတ် ထားတော်မူ၏။ အကျွန်ုပ် အသက် ငယ်စဉ်တွင် ပြုမိသောအပြစ် ကြောင့် ယခုခံ စေတော်မူ၏။ 27 အကျွန်ုပ် ကိုထိတ်ခတ် လျက်၊ အကျွန်ုပ် ထွက်ရာ လမ်း ရှိသမျှ ကို စောင့် လျက်နေ၍ ၊ အကျွန်ုပ် ပတ်လည်၌ စည်း လုပ်တော်မူ၏။ 28 ထိုသို့ ခံရသောသူ သည် ဆွေးမြေ့ သောအရာကဲ့သို့ ၎င်း၊ ပိုးရွ ကိုက်စား သောအဝတ် ကဲ့သို့ ၎င်း အားလျော့ ပျက်ရပါ၏။
141 လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။ 2 ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။ 3 ထိုသို့ သောသူကို ကိုယ်တော် ကြည့် မှတ်တော်မူသလော။ အကျွန်ုပ် နှင့်ဘက်၍ တရား တွေ့တော်မူမည် လော။ 4 မ သန့်ရှင်းသောအရာထဲက သန့်ရှင်း သောအရာကို အဘယ် သူထုတ်ဘော် နိုင်သနည်း။ အဘယ်သူ မျှမထုတ်မဘော်နိုင်ပါ။ 5 လူ ၏နေ့ ရက်တို့ကို မှတ်သား ၍၊ သူ နေရသော လ အရေ အတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မ လွန် နိုင်သော အပိုင်း အခြားကို ထား တော်မူသောကြောင့်၊ 6 မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါး ကဲ့သို့ မိမိ နေ့ ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ် ရသောအခွင့် ကိုပေးတော်မူပါ။ 7 သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။ 8 မြေ ထဲ မှာ အမြစ် ဟောင်း ၍ ၊ မြေ ပေါ် မှာ အငုတ် သေ သော်လည်း၊ 9 ရေ ငွေ့ ကြောင့် အတက် ပေါက်၍ ၊ ပျိုး ပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံ လိမ့်မည်။ 10 လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။ 11 အိုင် ရေ ပြတ် သကဲ့သို့၎င်း ၊ မြစ် ရေခန်း ခြောက် သကဲ့သို့၎င်း ၊ 12 လူ သည်အိပ် ပြီးမှ နောက်တဖန်မ ထ ရ။ မိုဃ်း ကောင်းကင် မကုန်မဆုံး မှီတိုင်အောင် မ နိုး ရ။ အအိပ် အပျော်မ ပျက် ရ။ 13 ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။ 14 လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။ 15 အကျွန်ုပ် ကို ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်း တော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။ 16 ယခုမှာ အကျွန်ုပ် ခြေရာ တို့ကို ကိုယ်တော်သည် ရေတွက် ၍၊ အကျွန်ုပ် အပြစ် တို့ကို စောင့် တော်မူ၏။ 17 အကျွန်ုပ် သည် မှား ခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ် ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ်အပေါ် မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။ 18 ပြို သောတောင် သည် ကွယ်ပျောက် တတ်ပါ၏။ ကျောက် သည်လည်း မိမိ နေရာ မှ ရွေ့ လျော့တတ်ပါ၏။ ရေ တိုက် သောကျောက်ခဲ သည်လည်း ပွန်း တတ်ပါ၏။ 19 လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန့် ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူ မြော်လင့် စရာ အကြောင်းကို ဖျက် တော်မူ၏။ 20 ကိုယ်တော်သည် လူ ကို အစဉ် နိုင် တော်မူ၍ ၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကိုပေး ၍ အခြားသို့ လွှတ် လိုက်တော်မူ၏။ 21 သူ ၏သား တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မ သိ ရပါ။ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မ ရိပ်မိ ပါ။ 22 သို့ရာတွင် သူ ၏ကိုယ် သည်ကိုက်ခဲ လျက်၊ သူ ၏ဝိညာဉ် သည်ညည်းတွား လျက်နေရပါသည်ဟု မြွက်ဆို၏။
151 တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊ 2 ပညာရှိ သောသူသည် လေ နှင့်တူသော အချည်းနှီး စကားကို ပြော သင့်သလော။ မိမိ ဝမ်း ကို အရှေ့ လေ နှင့်ပြည့် စေသင့်သလော။ 3 အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။ 4 သင် သည် ဘုရား သခင်ကို ကြောက်ရွံ့ ခြင်းအကျင့်၌ အကျိုး မရှိဟု ဆိုလို၏။ ဆုတောင်း ပဌနာပြုရာ ဝတ်ကို ဆီးတား တတ်၏။ 5 သင်သည်ကိုယ် နှုတ် ဖြင့် ကိုယ် အပြစ် ကို ဘော်ပြ ၏။ ပရိယာယ် ပြုသောသူ ၏စကား ကို သုံး တတ်၏။ 6 ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။ 7 သင်သည် အဦး ဆုံးဘွား သောလူ ဖြစ်သလော။ တောင် များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်း သလော။ 8 ဘုရား သခင်နှင့် တိတ်ဆိတ်စွာတိုင်ပင် ဘူး သလော ။ ပညာ ကို ကိုယ် ၌ အကုန်အစင်သိမ်းထားပြီ လော။ 9 ငါတို့မ သိ ၊ သင်သိ သောအရာမည်မျှ ရှိသနည်း။ ငါ တို့၌ မ ပါ၊ သင်နားလည် သောအရာမည်မျှရှိသနည်း။ 10 သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။ 11 သင် ၌ ဘုရား သခင်ပေးတော်မူသောသက်သာ ခြင်းအကြောင်းနည်း သလော။ သင် ၌ ဝှက် ထားသောအမှု တစုံတခုရှိသလော။ 12 ကိုယ် အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲ သွားသနည်း။ အဘယ်ကြောင့် မျက် စောင်းထိုးသနည်း။ 13 သင် ၏စိတ် သဘောသည် ဘုရား သခင်နှင့် ဆန့်ကျင် ဘက်ဖြစ်၍ ၊ နှုတ် နှင့် ပြစ်မှား ပေ၏။ 14 လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။ 15 ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။ 16 သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။
17 - 18 - 19 ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။ 20 ဆိုး သောသူသည် တသက်လုံး ဒုက္ခ ဆင်းရဲကို ခံရ၏။ ညှဉ်းဆဲ တတ်သောသူသည် မိမိအသက် အပိုင်း အခြားကို မသိရ။ 21 သူသည် ကြောက်မက် ဘွယ်သောအသံ ကို ကြား လျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ် တွင်၊ ဖျက်ဆီး သောသူသည် လာတတ်၏။ 22 မှောင်မိုက် ထဲ မှာ ဘေးလွတ် မည်ဟု မြော်လင့် စရာမ ရှိ။ ထား သည်သူ့ကို ချောင်းမြောင်း လျက်ရှိ၏။ 23 စားစရာ ကို ရှာ၍လှည့်လည် ရ၏။ မိမိအဘို့ မှောင်မိုက် ကာလ သည် အသင့် ရှိသည်ကို သိ ၏။ 24 ဆင်းရဲ ခြင်းဒုက္ခနှင့် နာကြဉ်း ခြင်းဝေဒနာတို့သည် ထိုသူ ကို ချောက် တတ်၏။ စစ်တိုက် ခြင်းငှါ အသင့် နေသောရှင်ဘုရင် ကဲ့သို့ သူ့ ကို နိုင် တတ်၏။ 25 အကြောင်း မူကား၊ ထိုသူသည် ဘုရား သခင်၏ အာဏာ တော်ကို ဆန် လျက်၊ အနန္တ တန်ခိုးရှင်တစ်ဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့ စေ၏။ 26 လည်ပင်း ကို ဆန့်လျက်၊ ထူ သောဒိုင်း ပုနှင့် ဆီးကာလျက်၊ ဘုရား သခင်ကို တိုက်အံ့သောငှါပြေး ၏။ 27 မိမိ မျက်နှာ ကို ဆူဖြိုး ခြင်းနှင့် ဖုံးအုပ် ၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။ 28 သို့သော်လည်း လူဆိတ်ညံ သောမြို့ ၊ အဘယ်သူမျှမ နေ။ လဲလုသော အိမ်တို့၌ သူသည်နေ ရ၏။ 29 ငွေ မ ရတတ်ရ၊ သူ ၏စည်းစိမ် မ တည် ရ။ သူ ၏ ဥစ္စာ ပစ္စည်းသည် မြေကြီး ပေါ် မှာ မ ပြန့်ပွါး ရ။ 30 သူသည် မှောင်မိုက် ဘေးနှင့် မ လွတ် ရ။ မီးလျှံ သည်သူ ၏အခက် အလက်တို့ကို လောင်လိမ့်မည်။ ဘုရား သခင်၏ နှုတ် တော်အသက် အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။ 31 အဘယ်သူမျှလှည့်စား ခြင်းကိုခံ၍ အနတ္တ ကို မ ခိုလှုံ စေနှင့်။ သို့မဟုတ်အနတ္တ အကျိုးကိုခံရ လိမ့်မည်။ 32 အချိန် မ စေ့မှီဆုံး ခြင်းသို့ ရောက်လိမ့်မည်။ သူ ၏ အခက် အလက်သည် မ စိမ်း ရာ။ 33 စပျစ် နွယ်ပင်ကဲ့သို့ မိမိ ၌ မ မှည့်သော အသီးကို၎င်း၊ သံလွင် ပင်ကဲ့သို့ မိမိ အပွင့် ကို၎င်းချွေ ရလိမ့်မည်။ 34 အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။ 35 ထိုသူတို့သည်မကောင်း သောအကြံကို ပဋိသန္ဓေ ယူ၍ အနတ္တ ကိုဘွား တတ်ကြ၏။ သူ တို့ဝမ်း ထဲ၌မုသာ ကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
161 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။ 3 အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။ 4 သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။ 5 ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။ 6 ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။ 7 ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။ 8 ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။ 9 အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။ 10 သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။ 11 ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။ 12 ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။ 13 မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။ 14 ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။ 15 ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။ 16 ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။ 17 သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။ 18 အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။ 19 ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။ 20 ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။ 21 လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။ 22 နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။
171 ငါ့ အသက် ကုန်ပြီ။ ငါ နေရသော ကာလ လွန်ပြီ။ သင်္ချိုင်း သည် ငါ့ အဘို့ ဖြစ်၏။ 2 ကဲ့ရဲ့ တတ်သောသူတို့ သည် ငါ့ ရှေ့ မှာရှိကြသည်မ ဟုတ်လော။ သူ တို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါ ကြည့်မြင်ရသည်မဟုတ်လော။ 3 အပေါင် ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူ သည် ငါနှင့်ဂတိသစ္စာထားမည်နည်း။ 4 ကိုယ်တော်သည် သူ တို့ဉာဏ် ကိုကွယ် စေတော်မူသည်ဖြစ်၍ ၊ သူတို့ကို ချီးမြှောက် တော်မ မူရ။ 5 အကြင်သူသည် ဥစ္စာ ကိုလုယူအံ့သောငှါအဆွေ ခင်ပွန်းကို အပ်၏၊ ထိုသူ ၏သား တို့သည် မြော်လင့်၍ စိတ်ပျက် ရကြလိမ့်မည်။ 6 ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။ 7 ဝမ်းနည်း ခြင်းအားကြီးသောကြောင့်ငါ့ မျက်စိ မှုန် ၏။ ကိုယ် အင်္ဂါများတို့သည် အရိပ် ကဲ့သို့ ဖြစ်ကြ၏။ 8 ဖြောင့်မတ် သောသူတို့ သည် ဤ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့ သည် အဓမ္မ လူများတစ်ဘက် က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။ 9 ဖြောင့်မတ် သောသူတို့ သည်လည်း တည်ကြည်ခြင်း၊ လက် စင်ကြယ် သောသူတို့သည် ခွန်အား တိုးပွါးခြင်း ရှိကြလိမ့်မည်။ 10 သင်တို့မူကား တယောက် မျှမကြွင်း၊ ပြန် သွားကြပါ တော့။ သင် တို့တွင် ပညာရှိ တစုံတယောက်ကိုမျှ ငါ မ တွေ့ နိုင်။ 11 ငါ့ နေ့ ရက်လွန် ပြီ။ ငါနှလုံး သွင်းမိသော အကြံအစည် တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။ 12 ညဉ့် သည် ငါ၌ နေ့ ကဲ့သို့ဖြစ်၍၊ ငါ့အလင်း သည် မှောင်မိုက် နှင့် နီးစပ် ၏။ 13 သင်္ချိုင်း သည် ငါ့ နေရာ ဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့ အိပ်ရာ သည် မှောင်မိုက် ၌ ခင်း လျက်ရှိ၏။ 14 ပုပ်စပ် ခြင်းအား ၊ သင် သည် ငါ့ အဘ ဖြစ်၏ဟူ၍၎င်း၊ တီကောင် အား သင်သည်ငါ့ အမိ ၊ ငါ့ နှမ ဖြစ် သည်ဟူ၍၎င်း ငါဆို ရ၏။ 15 သို့ဖြစ်၍ အဘယ်သို့ ငါ မြော်လင့် ရသနည်း။ ငါ မြော်လင့် စရာအကြောင်းကို အဘယ်သူ မြင် ရသနည်း။ 16 ထိုအကြောင်းသည် မရဏ နိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
181 တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊ 2 ဤစကား သည် အဘယ် အခါမှ ပြတ် လိမ့်မည်နည်း။ သတိပြု ကြ။ သို့မှသာ ငါတို့သည် စကား ပြောကြ မည်။ 3 သင်သည်ငါတို့ကို တိရစ္ဆာန် ကဲ့သို့ အဘယ်ကြောင့် မှတ် သနည်း။ အဘယ်ကြောင့်မထီမဲ့မြင်ပြု သနည်း။ 4 အမျက် ထွက်၍ မိမိ ကိုယ်ကို ကိုက် ဖြတ်သောသူ၊ သင့် အတွက် မြေကြီး ကိုစွန့်ပစ် ရမည်လော။ ကျောက် သည် မိမိ နေရာ မှ ရွေ့ ရမည်လော။ 5 အကယ်စင်စစ်ဆိုး သောသူ၏ အလင်း သည် ကွယ် လိမ့်မည်။ သူ ၏မီး လျှံ မ တောက် ရ။ 6 သူ ၏နေရာ အလင်း လည်း မှောင်မိုက် ဖြစ်လိမ့်မည်။ သူ ၏ဆီမီး လည်း သေ လိမ့်မည်။ 7 ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။ 8 ပိုက် ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း ပေါ် မှာ နင်း တတ်၏။ 9 ဂိုင်းပြုတ်၍ ခြေ ကို မိ သဖြင့် ကျော့ကွင်း နှင့် မ ကျွတ်နိုင်ဘဲ နေရ၏။ 10 မြေ ၌ ဂျမ်းကြိုး ကို သူ့အဘို့ ဝှက်ထား လျက်၊ သူသွားရာလမ်း ၌ ထောင်ချောက် ကို ပြင်လျက်ရှိ၏။ 11 ကြောက်မက် ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက် နှင့်ကြလိမ့်မည်။ 12 သူသည် ငတ်မွတ် သောအားဖြင့် အားလျော့လျက်၊ ပျက်စီး ခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။ 13 ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။ 14 သူ ခိုလှုံ ရာအကြောင်းကို သူ ၏နေရာ မှ ပယ်ရှင်း ၍၊ သူ့ကိုယ်ကို ဘေးဒဏ် တို့၏ ရှင် ဘုရင်ထံသို့ ဆောင် သွား ရ၏။ 15 သူ ၏နေရာ ၌ အရှင်မ ရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ် မှာ ကန့် ဖြူးလျက်ရှိလိမ့်မည်။ 16 သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ 17 မြေ ပေါ် မှာသူ့ ကို အောက်မေ့ စရာအမှတ် ပျောက်ပျက် ၍၊ ပွဲသဘင်၌ သူ ၏နာမ ကို အဘယ်သူမျှမ ခေါ်မပြော။ 18 သူ့ ကိုအလင်း ထဲက မှောင်မိုက် ထဲသို့ မောင်း ၍ လူ့ ပြည်မှ နှင်ထုတ်ရ၏။ 19 သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။ 20 သူ ၏လက်ထက် ၌ ရှိသောသူတို့ သည် ထိတ်လန့် သကဲ့သို့၊ သူ့နောက် ၌ဖြစ်သောသူတို့ သည် သူ၏အမှု ကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ 21 အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
191 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 သင်တို့သည် ငါ့ စိတ်ဝိညာဉ် ကိုနှောင့်ရှက် ၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကား ဖြင့် ငါ့ ကိုချိုးဖဲ့ ကြလိမ့်မည်နည်း။ 3 ဆယ် ကြိမ် မြောက်အောင်ငါ့ ကို ကဲ့ရဲ့ ကြပြီ။ ငါ့ ကို မိန်းမော တွေဝေ စေခြင်းငှါ အရှက် မ ရှိဘဲပြုကြပြီ။ 4 ငါပြစ်မှား ပြီ မှန် စေတော့။ ငါ့ အပြစ် နှင့် ငါ သာဆိုင်၏။ 5 သင်တို့သည်ငါ့ အပေါ် ၌ ဝါကြွား ၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင် ကြသော်လည်း၊ 6 ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။ 7 ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။ 8 ငါမ သွား နိုင်အောင် ငါ့ရှေ့မှာအဆီး အကာပြု၍၊ ငါ သွားရာလမ်း ၌ မှောင်မိုက် ကိုထားတော်မူပြီ။ 9 ငါ့ ဂုဏ် အသရေကိုချွတ် ၍၊ ငါ့ ခေါင်း က ပေါင်းသရဖူ ကိုချ တော်မူပြီ။ 10 ငါ့ ကိုဝိုင်း ၍ ဖျက်ဆီး တော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင် ကို နှုတ် သကဲ့သို့ ၊ ငါ မြော်လင့် ရသောအခွင့်ကို နှုတ်တော်မူပြီ။ 11 ငါ ၌ အမျက် တော်ကိုနှိုးဆော်၍၊ ငါ့ ကိုရန်သူ ကဲ့သို့မှတ် တော်မူ၏။ 12 စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။ 13 ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။ 14 ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။ 15 ငါ့ ကျွန် မများ၊ ငါ့ အိမ်သူ အိမ်သားများတို့သည် ငါ့ ကိုဧည့်သည် ကဲ့သို့ ၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း မှတ် ကြ၏။ 16 ငါ့ ကျွန် ကိုငါခေါ် သောအခါသူသည် မ ထူး ၊ သူ့ ကို နှုတ်ဆက်၍ တောင်းပန် ရ၏။ 17 ငါ့ မယား သည် ငါ့ အသက် လေကို၎င်း၊ ငါ့ သား သမီး တို့သည် ငါမြည်တမ်းခြင်းအသံကို၎င်းရွံ့ကြ၏။ 18 သူငယ် တို့သည်လည်း ငါ့ ကို မထီမဲ့မြင် ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။ 19 ငါ့ မိတ်ဆွေ တို့သည် ငါ့ ကိုရွံ ၍၊ ငါချစ် သောသူတို့ သည် ငါ့ ရန်သူဖြစ်ကြ၏။ 20 ငါ့ အရေ အသား သည်ငါ့ အရိုး တို့၌ ကပ် လျက်ရှိ၏။ သွားဖုံး တခုသာပါလျက်ငါပြေးလွတ် ရ၏။ 21 အိုအဆွေ ခင်ပွန်းတို့၊ ငါ့ ကိုသနား ကြပါ။ ငါ့ ကိုသနား ကြပါ။ ဘုရား သခင်၏ လက် တော်သည် ငါ့ ကို ထိခိုက် ပါပြီ။ 22 ဘုရား သခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲ ကြသနည်း။ အဘယ်ကြောင့်ငါ့ အသား ကို စား၍ မ ရောင့််ရဲ ဘဲနေကြသနည်း။ 23 ငါ့ စကား ကိုယခုရေးမှတ် ပါစေသော။ စာရင်း ၌ သွင်းထားပါစေသော။ 24 ခဲပြား ပေါ်မှာကညစ် နှင့် အက္ခရာ တင်လျက်၊ ကျောက်စာ ထိုး လျက်မြဲ ပါစေသော။ 25 ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊ 26 ငါ့ အရေ ကုန်ပြီးမှ ဤ ကိုယ်ကိုပင် ဖျက်ဆီး သော်လည်း၊ ငါသည်ကိုယ်ခန္ဓါ ၌ ဘုရား သခင်ကိုမြင် မည်ဟူ၍၎င်း ငါသိ ၏။ 27 ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါး မြင် သည်သာမက၊ ငါ သည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ် သည် ပျက် လျက်ရှိ၏။ 28 ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊ 29 ထား ဘေးကိုကြောက် ကြလော့။ အကြောင်း မူကား၊ အမျက် တော်သည်ထား ဘေးဖြင့် အပြစ် ပေးတတ် ၏။ အပြစ် စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ် ကြလော့ဟု မြွက်ဆို ၏။
201 တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊ 2 ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။ 3 ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။ 4 ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊ 5 ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။ 6 သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊ 7 မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။ 8 သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။ 9 သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။ 10 သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။ 11 သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။ 12 သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊ 13 နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊ 14 စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။ 15 သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။ 16 သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။ 17 အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။ 18 မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။ 19 ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊ 20 လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။ 21 သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။ 22 ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။ 23 သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။ 24 သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။ 25 မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။ 26 ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။ 27 မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။ 28 သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။ 29 ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။
211 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 ငါ့ စကား ကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြု ကြလော့။ 3 ငါ ပြော ရသောအခွင့်ရှိစေခြင်းငှါသည်းခံ ကြလော့။ ငါပြော ပြီးမှ ပြက်ယယ် ပြုချင်လျှင် ပြုကြလော့။ 4 ငါ မြည်တမ်း သောအရာနှင့် လူ ဆိုင်သလော။ အဘယ်ကြောင့် စိတ် မ တို သင့်သနည်း။ 5 ငါ့ ကို ကြည့်ရှု လျက် မိန်းမော တွေဝေ၍ ၊ သင်တို့ပစပ် ကို သင်တို့လက် နှင့် ဖုံးအုပ် ကြလော။ 6 ငါသည်အောက်မေ့ သောအခါ ၊ မိန်းမော တွေဝေ၍ ၊ ကိုယ် အသားသည် တုန်လှုပ် လျက်ရှိ၏။ 7 လူဆိုး တို့သည် အသက် ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက် ကြီး၍ ဘုန်း စည်းစိမ်နှင့် ပြည့်စုံ ကြသနည်း။ 8 သူ တို့သား သမီးတို့သည် သူ တို့ပတ်ဝန်းကျင်အရပ်၌ ၎င်း၊ သူ တို့အမျိုးအနွယ် သည် သူ တို့ရှေ့မှောက် ၌၎င်း နေရာ ကျကြ၏။ 9 သူ တို့အိမ် များသည်လည်း ဘေး နှင့်လွတ်၍ ငြိမ်ဝပ် ကြ၏။ ဘုရား သခင်ဒဏ်ခတ် တော်မူခြင်းနှင့် ကင်းလွတ် ကြ၏။ 10 သူ တို့နွားလား သည် မ ချွတ်မလွှဲ အရွယ် လိုက်တတ်၏။ နွားမ သည်လည်း ဝမ်းပိုး မ ပျက်ဘွား တတ်၏။ 11 သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။ 12 သူတို့သည် ပတ်တာ နှင့် စောင်း ကို တီးလျက်၊ သီချင်းဆို၍ နှဲခရာ မှုတ်သံ နှင့် ဝမ်းမြောက် တတ်ကြ၏။ 13 ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ 14 ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊ 15 အနန္တ တန်ခိုးရှင်သည် အဘယ်သို့ သောသူဖြစ်၍ငါတို့သည် ဝတ်ပြု ရမည်နည်း။ သူ့ ကို ဆုတောင်း လျှင် အဘယ် ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။ 16 သို့သော်လည်း သူတို့သည် ကိုယ် စည်းစိမ် ကို ကိုယ်မ ပိုင်ကြ။ မ တရားသောသူတို့၏ အကြံအစည် ကို ငါသည် ဝန်မခံ။ 17 မ တရားသောသူတို့၏ မီးခွက် သည် သေ ၍ ၊ သူ တို့ကို ဖျက်ဆီး ခြင်းငှါဘုရားသခင်သည် အမျက် တော် ထွက်သဖြင့်၊ ဘယ် နှစ်ကြိမ်ဘေးဥပဒ် တို့ကို စီရင် တော်မူဘူးသည်ကို၎င်း၊ 18 သူတို့သည် လေ ရှေ့မှာအမှိုက် နှင့် မုန်တိုင်း တိုက် သွားသော ဖွဲ ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ဘူးသည်ကို၎င်း၊ 19 ဘုရား သခင်သည် သူ ၏အပြစ် ကို သူ ၏သားသမီး တို့အဘို့ ဘယ်နှစ်ကြိမ်သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ ၍၊ 20 ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။ 21 သူ နေရသောနှစ်လ စေ့သောအခါ ၊ သူ့ သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။ 22 မြင့် သောအရပ်၌နေသောသူတို့ကို အစိုးရ တော်မူသောဘုရား သခင်ကို အဘယ်သူ သွန်သင် လိမ့်မည်နည်း။ 23 တ ယောက်သောသူကား ခွန်အား နှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ် ချမ်းသာ စွာ သေ တတ်၏။ 24 သူ ၏နံဖေး တို့သည် ဆူဖြိုး ၍၊ အရိုး တို့လည်း ခြင်ဆီ နှင့် စိုစွတ် ကြ၏။ 25 တ ယောက်သောသူကား တခါမျှမ ပျော်မွေ့ ၊ စိတ် ညှိုးငယ် လျက် သေ တတ်၏။ 26 နှစ် ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့် ၌ အိပ် ၍ တီကောင် များ ဖုံးလွှမ်း ခြင်းကိုခံရကြ၏။ 27 သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။ 28 အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။ 29 ခရီးသွား သောသူတို့ကို မ မေး ကြဘူးသလော။ 30 ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။ 31 သူ ပြု သောအမှုကို သူ့ ရှေ့ မှာ အဘယ်သူ ဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက်အဘယ် သူဆပ်ပေး လိမ့်မည်နည်း။ 32 သူ သည် သင်္ဂြိုဟ် ခြင်းသို့ရောက်၍ ၊ သူ၏သင်္ချိုင်း ပုံကို အစောင့် ထားကြလိမ့်မည်။ 33 သူသည် ချိုင့် မြေစိုင် တို့ကို ချိုနိုး ထင်လိမ့်မည်။ မ ရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ ရှေ့ ၌ သွားနှင့်သကဲ့သို့၊ သူသည် လူ ခပ်သိမ်း တို့ကို မိမိ နောက် ၌ သွေးဆောင်လိမ့်မည်။ 34 သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
221 တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊ 2 လူ သည် မိမိပညာ အားဖြင့်မိမိ အကျိုး ကို ပြုစုသကဲ့သို့ဘုရား သခင်၌ ကျေးဇူး ပြုနိုင်သလော။ 3 သင်၏ဖြောင့်မတ် ခြင်းအားဖြင့်၊ အနန္တ တန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင် ၏အကျင့် ၌ အပြစ် မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။ 4 သင့် ကိုကြောက်ရွံ့ သောကြောင့် ဆုံးမ ပေးတော်မူ မည်လော။ သင် နှင့် တရား တွေ့တော်မူမည်လော။ 5 သင် ပြုသောဒုစရိုက် သည် အလွန် ကြီးသည် မ ဟုတ်လော။ သင့် အပြစ် တို့သည် မ ရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။ 6 သင်သည်ညီအစ်ကို ပေါင် ထားသော ဥစ္စာကို မ တရားသဖြင့် ခံယူပြီ။ ဆင်းရဲ သောသူတို့၏ အဝတ် ကိုလည်း ချွတ်ယူ ပြီ။ 7 မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။ 8 အားကြီး သောသူ မူကား မြေ ကို ပိုင်ရ၏။ ဂုဏ် အသရေရှိသောသူသည် နေ ရသောအခွင့်ကိုရ၏။ 9 သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။ 10 ထိုကြောင့် ကျော့ကွင်း နှင့် ကျော့မိပြီ၊ ထိတ်လန့် သောစိတ်နှင့် ပင်ပန်း ရ၏။ 11 မ မြင် နိုင်သောမှောင်မိုက် သည် ညှဉ်းဆဲ၍ ၊ ပြင်း စွာစီးသောရေ သည် လွှမ်းမိုး ရ၏။ 12 ဘုရား သခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မ ဟုတ်လော။ ကြယ် တို့သည် အဘယ် မျှလောက် မြင့် ကြသည်တကား။ 13 သို့ဖြစ်၍ သင်က၊ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ ထူ သောတိမ်တိုက်ကွယ်လျက်နှင့် စီရင် တော်မူနိုင်မည်လော။ 14 မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။ 15 ကာလ အချိန်မ စေ့မှီ ဖျက်ဆီး ခြင်း၊ ရေ လွှမ်းမိုး၍၊ 16 - 17 အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။ 18 သို့ရာတွင် ဘုရား သခင်သည် သူ တို့အိမ် ကို ကောင်း သောအရာနှင့် ပြည့် စေတော်မူ၏။ မ တရားသောသူတို့ ၏ အကြံအစည် ကို ငါသည် ဝန် မခံ။ 19 ဖြောင့်မတ် သောသူတို့သည် ကြည့် မြင်၍ ဝမ်းမြောက် ကြ၏။ အပြစ် ကင်းသောသူတို့သည် ထို အဓမ္မလူ တို့ကို ကဲ့ရဲ့ တတ်ကြ၏။ 20 အကယ် စင်စစ်ငါ တို့ရန်သူ သည် ပျက်စီး လေပြီ။ သူ ၏စည်းစိမ် ကို မီး လောင် လေပြီဟု ဆိုရကြ၏။ 21 ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။ 22 နှုတ် တော်ထွက်တရား ကို ခံယူ ၍ စကား တော်ကို နှလုံး ၌ သွင်း ပါလော့။ 23 အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊ 24 ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။ 25 ထိုအခါ အနန္တ တန်ခိုးရှင်သည် သင် ၌ရွှေ ရတနာ၊ သင် သုံးရသောငွေ ဘဏ္ဍာဖြစ် တော်မူလိမ့်မည်။ 26 သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။ 27 သင်ဆုတောင်း သောအခါ နားထောင် တော်မူမည်။ သစ္စာ ဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေ ရသော အခွင့်ရှိလိမ့်မည်။ 28 သင်ကြံစည်သောအကြံအစည် သည် ထမြောက် ၍၊ သင် သွားသောလမ်း ၌ ရောင်ခြည် ထွန်း လိမ့်မည်။ 29 သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။ 30 အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
231 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 ယခုငါ ပြင်းစွာ မြည်တမ်း သော်လည်း၊ ငါ ခံရသောဒဏ် သည် သာ၍ပြင်း ပါ၏။ 3 ဘုရားသခင်ကိုတွေ့ နိုင်သော အရပ်ကို ငါသိ ပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက် ပါစေသော။ 4 ရှေ့ တော်သို့ရောက်မှ ငါသည် ကိုယ်အမှု ကိုပြင်ဆင် ၍ ၊ များစွာသောအကျိုး အကြောင်းတို့ကို လျှောက်ထားရ၏။ 5 ငါ့ အား ပြန်ပြော မိန့်မြွက် တော်မူသောစကား တော်ကို ငါသိ နားလည် ရ၏။ 6 မဟာ တန်ခိုး တော်အားဖြင့် ငါ နှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မ မူ။ ငါ့စကားကို နားထောင်တော်မူမည်။ 7 ဖြောင့်မတ် သောသူသည် ရှေ့ တော်၌ဆွေးနွေး သော အခွင့်ရှိ၍ ၊ တရား ရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်း စေတော်မူမည်။ 8 ယခုမူကား၊ ငါတက် လျှင် ဘုရား သခင်ရှိတော်မ မူ။ ဆုတ် လျှင် ကိုယ်တော် ကို မ ရိပ်မိ၊ 9 လုပ် တော်မူရာ လက်ဝဲ ဘက်သို့သွားလျှင် ကိုယ်တော်ကို မ ဖူး မတွေ့ရ။ လက်ျာ ဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့် ၊ ကိုယ်တော်ကိုမ မြင် ရ။ 10 သို့သော်လည်း ငါ သွားသောလမ်း ကို သိ တော်မူ၏။ စစ် တော်မူခြင်းကိုခံ ပြီးမှ၊ ရွှေ ကဲ့သို့ ငါပေါ် လိမ့်မည်။ 11 ခြေ တော်ရာကို အစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်း ကို မ လွှဲ မရှောင်လိုက်ပါ၏။ 12 ထားတော်မူသောပညတ် တို့ကို ငါမ ပယ်။ နှုတ် တော်ထွက် စကား တို့ကို ငါ ရင်ခွင်၌ သိုထား ပါ၏။ 13 သို့ရာတွင် သဘောတညီတည်း ရှိတော်မူသောဘုရား သခင်ကို အဘယ်သူ သည် ပြောင်းလဲ စေနိုင်မည်နည်း။ အလို တော်ရှိသည်အတိုင်း ပြု တော်မူလိမ့်မည်။ 14 ငါ့ အငန်း အတာကို စီရင် တော်မူ၏။ ထိုသို့ သော အကြံအစည်တော်အများ ရှိကြ၏။ 15 ထိုကြောင့် ရှေ့ တော်၌ ငါထိတ်လန့် လျက်နေ၍ ဆင်ခြင် သောအခါ ၊ ကိုယ်တော် ကို ကြောက်ရွံ့ ရ၏။ 16 ဘုရား သခင်သည် ငါ့ စိတ် ပျက် စေခြင်းငှါ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ ကြောက်ရွံ့ စေခြင်းငှါ၎င်း ပြုတော်မူ၏။ 17 အကြောင်း မူကား၊ မှောင်မိုက် မရောက်မှီ ငါ့ကို ပယ်ရှင်း တော်မ မူ၊ ထူထပ်သောမှောင်မိုက် မှ ငါ့ ကို ကွယ်ကာ တော်မမူပါတကား။
241 အနန္တ တန်ခိုးရှင်သည် အဘယ်ကြောင့် ကာလ အချိန်တို့ကို သိုထား တော်မ မူသနည်း။ နားလည် သောသူတို့ သည် တရားစီရင်တော်မူရာ နေ့ ရက်ကိုအဘယ်ကြောင့်မ မြင် ရသနည်း။ 2 အချို့သောသူတို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်း ကြ၏။ 3 မိဘ မရှိသောသူငယ်၏မြည်း ကို မောင်း သွား၍၊ မုတ်ဆိုးမ ၏နွား ကိုအပေါင် ယူကြ၏။ 4 ငတ်မွတ် သောသူတို့ ကို လမ်းလွဲ စေကြ၏။ ဆင်းရဲ သောပြည် သားတို့သည် စုဝေး ၍ ပုန်းရှောင် လျက် နေရကြ၏။ 5 သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။ 6 လယ်ပြင် ၌ ကား၊ ညှဉ်းဆဲ သောသူ၏ စပါး ကိုရိတ် ၍ ၊ သူ၏စပျစ်သီး ကို သိမ်း ရကြ၏။ 7 ချမ်း သောကာလ၌ ကိုယ်ကိုဖုံးလွှမ်း စရာ အဝတ်မ ရှိ။ အချည်းစည်း အိပ် ရကြ၏။ 8 တည်းခို စရာတဲမရှိ သောကြောင့်၊ တောင် ပေါ်၌ မိုဃ်းရေ စိုစွတ် လျက် ကျောက် ကြားမှာ ခို ရကြ၏။ 9 အဘ မရှိသောသူငယ်သည် အမိနို့ နှင့် ကွာ ရ၏။ ဆင်းရဲ သားသည် မိမိဥစ္စာကို ပေါင် ထားရ၏။ 10 အဝတ် မရှိအချည်းစည်း လှည့်လည် ၍ မွတ်သိပ် လျက်၊ သူတပါး ကောက်လှိုင်း ကို ထမ်း ရ၏။ 11 သူတပါး အိမ် မှာ ဆီ ကိုကြိတ်လျက်၊ စပျစ်သီး ကို နင်းနယ် လျက် အငတ် ခံရ၏။ 12 လူ တို့သည်မြို့ ထဲ မှာ ညည်းတွား ကြ၏။ နာ သောသူတို့သည် အော်ဟစ် ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရား သခင်သည် ပမာဏ ပြုတော်မ မူ။ 13 အချို့သောသူတို့သည် အလင်း ကို ဆန့်ကျင် ဘက်ပြု၍ အလင်း သဘော ကိုမ သိ။ လင်းသောလမ်း သို့ မ လိုက် တတ်ကြ။ 14 လူသတ် သည် စောစော ထ ၍ ဆင်းရဲ ငတ်မွတ် သောသူတို့ ကိုသတ် တတ်၏။ ညဉ့် အခါ သူခိုး လုပ် တတ် ၏။ 15 သူ့မယားကို ခိုး သောသူသည် ညဦးယံ အချိန်ကို မြော်လင့် ၍၊ မိမိမျက်နှာ ကိုဖုံး လျက် အဘယ်သူမျှမ မြင် ရ ဟု ဆို တတ်၏။ 16 လူဆိုးတို့သည် ညဉ့် အချိန်၌ သူတပါး၏အိမ် ကို ဖောက်ထွင်း တတ်ကြ၏။ နေ့ အချိန်၌ ပုန်း လျက်နေ၍ အလင်း ကိုရှောင်တတ်ကြ၏။ 17 နံနက်ယံ ကို သေမင်း အရိပ်ကဲ့သို့ထင်မှတ်၍၊ သေမင်း အရိပ်ကြောက်မက် ဘွယ်သောဘေးတို့ကို သိ ရကြ၏။ 18 ရေ ပေါ် မှာပေါ့ပါး ကြ၏။ မြေ ပေါ် မှာ ကျိန်ဆဲ သောအဘို့ ကို ခံရ၍၊ စပျစ် ဥယျာဉ်အနီးသို့ မ ချဉ်း ရကြ။ 19 မိုဃ်း ရေသည် ခန်းခြောက် ခြင်းအားဖြင့်၎င်း၊ နေပူ အရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက် တတ်သကဲ့သို့၊ မတရား သောသူသည် သေမင်း နိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ 20 သူ၏အမိ သည် သူ့ ကိုမေ့လျော့ ၍၊ တီကောင် တို့သည် မြိန် စွာ စားလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ အောက်မေ့ ရ။ မတရား သောသူသည်သစ်ပင် ကဲ့သို့ ကျိုး ရလိမ့်မည်။ 21 မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။ 22 အားကြီး သောသူကိုပင် မိမိ တန်ခိုး ကြောင့် ပယ်ရှင်း တတ်၏။ ထ သောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။ 23 သို့ရာတွင်ရဲရင့် စွာ ခိုလှုံ ရာအခွင့်ကို သူ့ အား ပေး ၍၊ ထိုသို့သောသူ တို့ ၏ အမှု များကို ပမာဏပြုတော်မူ ၏။ 24 ခဏ ချီးမြှောက် ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ် ခြင်းကို၎င်း ၊ စပါးနှံ အဖျား ကဲ့သို့ ရိတ်ဖြတ် ခြင်းကို၎င်းခံရကြ၏။ 25 သို့မ ဟုတ်လျှင် ၊ ငါ ၏မုသာ အပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ ၏စကား ကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
251 တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊ 2 ဘုရားသခင်သည် အာဏာ တော်နှင့်၎င်း ၊ ကြောက်ရွံ့ ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့် သောဌာနတော်၌ ငြိမ်သက် ခြင်းကို ပြုစု တော်မူ၏။ 3 ဗိုလ်ခြေ တော်တို့ကို ရေတွက် နိုင်သလော။ အလင်း တော်သည် အဘယ် သူကို မလင်းဘဲ နေသနည်း။ 4 သို့ဖြစ်၍ လူ သည် ဘုရား သခင်ရှေ့ တော်၌ ကုသိုလ် ကို အဘယ်သို့ ရနိုင်သနည်း။ လူမိန်းမ ဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်း နိုင်သနည်း။ 5 လ သော်လည်း အလင်းမ ရှိ။ ကြယ် သော်လည်း ရှေ့ တော်၌ မ ဖြူစင်။ 6 ထိုမျှမက ၊ တီကောင် ဖြစ်သောလူ ၊ ပိုးရွ ဖြစ်သောလူ သား ကို အဘယ်ဆိုဘွယ်ရာရှိသနည်းဟု မြွက်ဆို၏။
261 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။ 3 မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။ 4 ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။ 5 အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။ 6 မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။ 7 မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။ 8 ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။ 9 မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။ 10 အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ 11 ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။ 12 တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။ 13 ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။ 14 ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။
271 ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊ 2 ငါ့ ကိုအမှု ရှုံး စေတော်မူသောဘုရား သခင်၊ ငါ့ ဝိညာဉ် ကို ညှဉ်းဆဲ တော်မူသောအနန္တ တန်ခိုးရှင်သည် အသက် ရှင်တော်မူသည် မှန်လျှင်၊ 3 ငါ့ အသက် ရှင်လျက်၊ ငါ့ နှာခေါင်း ၌ ဘုရား သခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊ 4 တခါမျှအဓမ္မ စကားကို ငါ့ နှုတ် မ မြွက်။ လှည့်စား သော စကားကို ငါ့ လျှာ ဖြင့် ငါမ ပြော ဘဲနေမည်။ 5 သင် တို့သဘော ဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါ နှင့် ဝေး ပါစေသော။ ငါသည် ကိုယ် သဘော ဖြောင့်သည်ကို သေ သည်တိုင်အောင် မ ငြင်း။ 6 ငါသည် တရား သောအကျင့်ကို လက် မ လွှတ်၊ စွဲကိုင် လျက်နေမည်။ အသက်ရှင်သမျှကာလ ပတ်လုံးကိုယ် စိတ်နှလုံး သည် ကိုယ်ကိုအပြစ် မ တင်ရ။ 7 ငါ့ ရန်သူ သည် ဆိုး သောသူကဲ့သို့ ၎င်း ၊ ငါ့ တစ်ဘက်၌ ထ သောသူသည် မ ဖြောင့်မတ်သော သူကဲ့သို့ ၎င်း ဖြစ် ပါစေသော။ 8 အဓမ္မ လူသည် ဆုံး ခြင်းသို့ရောက်၍၊ အသက် ဝိညာဉ်ကိုဘုရား သခင်နှုတ် တော်မူသောအခါ အဘယ် မြော်လင့် စရာရှိသေးသနည်း။ 9 ထိုအမှု ရောက် သောအခါ ၊ သူ အော်ဟစ် ခြင်းကို ဘုရား သခင်နားထောင် တော်မူမည်လော။ 10 ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။ 11 ဘုရား သခင်၏အမှုတော်တို့ကို သင် တို့အား ငါပြသ မည်။ အနန္တ တန်ခိုးရှင်ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍မ ထား။ 12 သင် တို့သည်ကိုယ်တိုင်သိမြင် လျက် ၊ ဤ မျှလောက်အချည်းနှီး သောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။ 13 လူ ဆိုး အား ဘုရား သခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲ တတ်သောသူသည်အနန္တ တန်ခိုးရှင်၏ လက်တော်မှ ခံရ သောအမွေ ဥစ္စာဟူမူကား၊ 14 သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။ 15 သူ ၌ ကျန်ကြွင်း သောသူတို့ ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ ၏မုတ်ဆိုးမ တို့သည် ငိုကြွေး ခြင်းကို မ ပြု ရကြ။ 16 သူသည်ငွေ ကို မြေမှုန့် ကဲ့သို့ ပုံ ၍ ၊ အဝတ် တန်ဆာကို ရွှံ့ ကဲ့သို့ ပြင်ဆင် သော်လည်း၊ 17 ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။ 18 သူဆောက် သော အိမ်သည်ပိုးရွ အိမ် ကဲ့သို့ ၎င်း ၊ ကင်း တဲ ကဲ့သို့ ၎င်း ဖြစ် ၏။ 19 ထိုရ တတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိ တမှိတ်၌ ဆုံးရှုံးပြီ။ 20 ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။ 21 အရှေ့ လေလွှင့် ၍ သူသည်မိမိ နေရာ ၌ မတည်။ လေ အဟုန်ဖြင့် ပါသွား တတ်၏။ 22 ဘုရားသခင်သည် မ သနား ဘဲ ဒဏ်ခတ် တော်မူသဖြင့် ၊ လက် တော်မှ လွတ် ခြင်းငှါအလိုရှိလိမ့်မည်။ 23 လူတို့သည်လက်ခုပ် တီး၍ ကဲ့ရဲ့ သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည်။
281 ငွေလိုက်သောငွေ ကြောင်းသည် စင်စစ် ရှိ ၏။ လူစစ် တတ်သော ရွှေ နေရာ လည်း ရှိ၏။ 2 သံ ကိုမြေကြီး ထဲက တူးယူ တတ်၏။ ကျောက် ကို ချက် ၍ ကြေးနီ ကိုရတတ်၏။ 3 လူသည် မှောင်မိုက် ကို ပျောက်စေတတ်၏။ အဆုံး တိုင်အောင် ၎င်း မှောင်မိုက် ကျောက် ၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ် တတ်၏။ 4 တောင် ခြေရင်း၌တွင်းတူး၍၊ ခြေ ဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူ နေရာကို စွန့် သွားတတ်၏။ 5 မြေ သည်စားစရာ ကို ပေး တတ်သော်လည်း ၊ အောက် အရပ်၌ မီး ဖြင့်ပျက်သကဲ့သို့ အပျက် ခံရ၏။ 6 သူ ၏ကျောက် တို့သည် ကျောက် နီနေရာ ဖြစ်၏။ မြေမှုန့် လည်း ရွှေ ဖြစ်၏။ 7 အဘယ်ငှက် မျှမ သိ ၊ လင်းတ မျက်စိ လည်း မ မြင် သေးသော လမ်း ရှိ၏။ 8 ထိုလမ်းကိုသားရဲ မ နင်း ၊ ခြင်္သေ့ မ ရှောက် သေး။ 9 လူသည်ကျောက် ပေါ် မှာလက် တင် ၍၊ တောင် တို့ ကို ခြေရင်း တိုင်အောင် မှောက် တတ်၏။ 10 ကျောက် တို့တွင် ရေစီးစေတတ်၏။ သူ ၏မျက်စိ သည် ထူးဆန်း သောအရာရှိသမျှ တို့ကို ကြည့် မြင် တတ်၏။ 11 စီးသောရေ ကို တဖန်ဖြတ်၍၊ ဝှက်ထား သော အရာတို့ကို ထုတ်ဘော် တတ်၏။ 12 သို့ရာတွင် ၊ ပညာ ကိုအဘယ် မှာ တွေ့ ရလိမ့်မည်နည်း။ ဉာဏ် သည်လည်း အဘယ် အရပ် ၌ နေသနည်း။ 13 ဉာဏ်ပညာအဘိုး ကို လူ မ သိ နိုင်။ အသက် ရှင်သောသူတို့ ၏ နေရာ ၌ ရှာ ၍ မ တွေ့နိုင်။ 14 နက်နဲ သော အရပ်ကငါ ၌ မ ရှိ။ ပင်လယ် ကလည်း ၊ ငါ ၌ မ ရှိဟုဆို တတ်၏။ 15 ရွှေစင် ကိုပေး ၍ပညာကိုမ ရ။ ငွေ ကိုချိန် ၍ ပညာအဘိုး ကို မ မှီနိုင်။ 16 ဩဖိရ ရွှေ ၊ မြတ် သောရှဟံ ကျောက်၊ နီလာ ကျောက်နှင့် ဝယ် သော်လည်းမ ရနိုင်။ 17 ရွှေ ဖြစ်စေ ၊ ကျောက် သလင်းဖြစ်စေမ မှီ နိုင်။ ရွှေစင် တန်ဆာ များနှင့်ဖယ်လှည် ၍မရနိုင်။ 18 သန္တာ နှင့် ပုလဲ ကိုပြော စရာမ ရှိ။ ပညာ သည် ပတ္တမြား ထက် သာ၍အဘိုး ကြီး၏။ 19 ကုရှ ဥဿဘယား သည် မ မှီ နိုင်။ အမြတ် ဆုံးသော ရွှေ နှင့် ဝယ် ၍ မ ရနိုင်။ 20 သို့ဖြစ်၍ ၊ ပညာ သည် အဘယ် က လာ သနည်း။ ဉာဏ် သည် အဘယ် ဆီမှာနေရာ ကျသနည်း။ 21 အသက် ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍မမြင်နိုင်။ မိုဃ်း ကောင်းကင်ငှက် တို့သည် ရှာ ၍ မတွေ့နိုင်။ 22 အဗဒ္ဒုန် မင်းနှင့် သေမင်း တို့က၊ ပညာ၏သိတင်း ကို နား နှင့် ကြား ရုံမျှသာရှိသည်ဟု ဆို တတ်ကြ၏။ 23 ဘုရား သခင်သာလျှင်ပညာလမ်း ကို နားလည် တော်မူ၏။ ပညာနေရာ အရပ်ကို သိ တော်မူ၏။ 24 - 25 လေ ကိုချိန် လျက်၊ ရေ ကိုလည်းခြင် လျက်၊ မြေကြီး စွန်း တိုင်အောင် ကြည့်ရှု ၍၊ ကောင်းကင် အောက် ၌ရှိသမျှ တို့ကို မြင် တော်မူ၏။ 26 မိုဃ်းရွာ မှုကို စီရင်၍၊ မိုဃ်းကြိုး လျှပ်စစ်ပြက်ရာ လမ်း ကို ဖန်ဆင်း သောအခါ၊ 27 ပညာကိုမြင် ၍ ဘော်ပြ တော်မူ၏။ ပညာတရားကို ထား ၍ စုံစမ်း တော်မူ၏။ 28 လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။
291 ယောဘ သည် လင်္ကာ စကားကို ဆက် ၍မြွက်ဆို သည် ကား၊ 2 ငါသည် လွန် လေပြီသောနှစ်၊ လ ၊ ဘုရား သခင်စောင့်မ တော်မူသော နေ့ ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။ 3 ထိုအခါ ဘုရားသခင်၏မီးခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်းလင်း သည်ဖြစ်၍ ၊ ထို အလင်း ကို ငါအမှီပြု လျက်၊ မိုက် သောအရပ်၌ ရှောက် သွားနိုင်၏။ 4 ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။ 5 ထိုအခါ အနန္တ တန်ခိုးရှင်သည် ငါ့ ဘက် ၌ရှိတော်မူ၏။ ငါ့ သားသမီး တို့သည်လည်း ငါ့ ကိုဝိုင်း လျက် နေကြ၏။ 6 ထိုအခါငါ သွား သောလမ်း၌ နို့ရည် စီးလေ၏။ ကျောက်ခဲ သည်လည်း ငါ့ အဘို့ ဆီ ကိုသွန်းလောင်း လေ၏။ 7 ငါ သည်မြို့အလယ်၌ ရှောက်၍ ၊ မြို့ တံခါး သို့ သွား လျက်၊ လမ်း ၌ ထိုင် ရာကို ပြင်ဆင် လျက်နေစဉ်တွင်၊ 8 လူပျို တို့သည် ငါ့ ကိုမြင် သဖြင့် ပုန်းရှောင် ၍ နေကြ၏။ အသက် ကြီးသူတို့သည်လည်း ထ ၍ မတ်တတ် နေကြ၏။ 9 မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။ 10 မှူးမတ် တို့သည်လည်း တိတ်ဆိတ် စွာနေ၍ ၊ သူ တို့လျှာ သည် အာခေါင် ၌ ကပ် လေ၏။ 11 လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။ 12 အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။ 13 ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။ 14 ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။ 15 မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။ 16 ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။ 17 မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။ 18 ငါသည် ကိုယ် အသိုက် ၌ သေ ရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ ရက်တို့သည် သဲလုံး နှင့် အမျှ များပြား လိမ့်မည်ဟု အောက်မေ့၏။ 19 ငါ့ အမြစ် သည် ရေ နား မှာပြန့်ပွါး ၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့ အခက် အလက်၌ ကျ၏။ 20 ငါ့ ဘုန်း သည် အစဉ်ပွင့်လန်း လျက်၊ ငါ လေး သည် လည်း ငါ့ လက် ၌ အားဖြည့် လျက်ရှိ၏။ 21 သူတပါးတို့သည် ငါ့ စကားကို နားထောင် ၍ ၊ ငါ ပေးသောအကြံ ကို ငံ့လင့် လျက် တိတ်ဆိတ် စွာနေကြ၏။ 22 ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။ 23 မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။ 24 ငါသည် ပြုံး လျက်သူ တို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မ ယုံ နိုင်ကြ။ ငါ့မျက်နှာ ၏အလင်း ကိုလည်း မပျောက် စေကြ။ 25 ငါသည် သူ တို့လမ်း ကိုပဲ့ပြင် ၍ အမြတ် ဆုံးသော နေရာ၌ ထိုင် ၏။ ဗိုလ်ခြေ အလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎င်း ၊ ညှိုးငယ် သောသူတို့ ကို နှစ်သိမ့် စေသော သူကဲ့သို့ ၎င်း ငါဖြစ်၏။
301 ယခု မူကား ၊ ငါ့ ထက် အသက် ငယ် သောသူတို့ သည် ငါ့ ကို ကဲ့ရဲ့ တတ်ကြ၏။ သူ တို့အဘ များကို ငါသည် ရွံ့ရှာ ၍၊ ငါ့ သိုးစု ကိုစောင့်သော ခွေး တို့တွင် မျှနေရာမပေး။ 2 သူ တို့သည် အစွမ်း သတ္တိကုန်ပြီးမှ၊ ငါ့ အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။ 3 ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။ 4 စားစရာ ဘို့ ချုံဖုတ် နား မှာ မလွှမြက်ကိုရိတ်၍၊ ရသမ် မြစ် ကိုလည်း တူးကြ၏။ 5 လူနေရာမှ နှင်ထုတ် ခြင်းကို ခံရ၍၊ သူခိုး ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ် ကြ၏။ 6 ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေ တွင်း ၊ ကျောက် ခေါင်း၌ နေ ကြ၏။ 7 ချုံဖုတ် အောက်မှာ မြည်တမ်း လျက်၊ ဆူးပင် အောက် မှာ စုဝေး လျက် နေကြ၏။ 8 လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။ 9 ယခု မူကား ၊ ငါသည်သူ တို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ် ပါသည်တကား။ 10 ငါ့ ကို ရွံရှာ ၍ ဝေး စွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ ကို တံတွေး နှင့် မ ထွေးဘဲ မနေကြ။ 11 ဘုရားသခင်သည် ငါ့ ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ ရှေ့ မှာ ဇက်ကြိုး ကို လွှတ် တတ်ကြ၏။ 12 သူငယ်တို့သည်ငါ့လက်ျာ ဘက်၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ၏။ ငါ့ ကို ဖျက်ဆီး ခြင်းငှါလမ်း ဖို့ ကြ၏။ 13 ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကိုဖျက်ဆီး ခြင်းငှါကြိုးစားကြ၏။ သူတို့တွင် သတိပေး သောသူမ ရှိ။ 14 ကျယ် သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက်၍ ဖြိုဖျက် ရာကို ခိုလှုံလျက်၊ ငါ့ထံသို့တဟုန်တည်း ပြေးလာကြ၏။ 15 ကြောက်မက် ဘွယ်သော အရာတို့သည် ငါ့ အပေါ် သို့ရောက် ၍၊ လေ တိုက်သကဲ့သို့ ငါ့ ဘုန်း ကို လိုက် သဖြင့် ၊ ငါ့ စည်းစိမ် သည် မိုဃ်းတိမ် ကဲ့သို့ လွင့် ကုန်ပြီ။ 16 ယခု မူကား ၊ ငါ့ နှလုံး ကြေကွဲ ပြီ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုမှီ ပြီ။ 17 ညဉ့် အခါ ငါ့ အရိုး တို့သည် အလွန်ကိုက်ခဲ ၍၊ ငါ့ အကြော တို့သည် သက်သာ ခြင်းမ ရှိရကြ။ 18 ငါ့အနာသည် ပြင်းထန် သဖြင့် ၊ အဝတ် နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီ လည်စွပ် ကဲ့သို့ ငါ့ ကိုစည်း လျက်နေ၏။ 19 ငါ့ ကိုရွှံ့ ထဲသို့ တွန်းချ တော်မူသဖြင့် ၊ ငါသည် မြေမှုန့် နှင့် မီးဖိုပြာ ကဲ့သို့ ဖြစ် လေပြီ။ 20 ကိုယ်တော် အား အကျွန်ုပ်အော်ဟစ် သော်လည်း ကြား တော်မ မူ။ အကျွန်ုပ်သည် မတ်တတ် နေသော်လည်း မှတ် တော်မမူ။ 21 အကျွန်ုပ် ကို ကြမ်းတမ်း စွာပြု၍၊ အားကြီး သော လက် တော်နှင့် ညှဉ်းဆဲ တော်မူ၏။ 22 အကျွန်ုပ် ကို ချီသွား ၍ ၊ လေ ကိုစီး စေသဖြင့်၊ အကျွန်ုပ် ၏ ကိုယ် ခန္ဓါကို ဖြုတ် လွှင့်တော်မူ၏။ 23 သေ ခြင်းသို့၎င်း ၊ အသက် ရှင်သောသူခပ်သိမ်း တို့ အဘို့ စီရင် သော နေရာ သို့၎င်း၊ အကျွန်ုပ် ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိ ပါ၏။ 24 ဘုရားသခင်သည် လက် ဆန့် တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီး တော်မူ သောအခါ ၊ အော်ဟစ် သော်လည်းကျေးဇူးမရှိ။ 25 အမှု ရောက်သော သူအတွက် ငါငိုကြွေး ဘူးပြီ မ ဟုတ်လော။ ဆင်းရဲ သောသူအတွက် ငါ စိတ် နာကြဉ်းဘူး ပြီမဟုတ်လော။ 26 သို့သော်လည်း ၊ ငါသည် ကောင်းကျိုး ကိုမြော်လင့် သောအခါ ဘေး ရောက် လာ၏။ အလင်း ကို တောင့်တ သောအခါ မှောင်မိုက် ဖြစ် ၏။ 27 ငါ့ အသည်း သည် ပူလောင် ၍ ငြိမ်း ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုတွေ့ မိပြီ။ 28 နေ ရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည် ရ၏။ ပရိသတ် အလယ် ၌ မတ်တတ် နေ၍ ကြွေးကြော် ရ၏။ 29 မြေခွေး တို့နှင့်ညီအစ်ကို တော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော် ရ၏။ 30 - 31 အဆင်းမည်း လျက် အရိုး ပူလောင် လျက်ရှိ၏။ ငါ့ စောင်း သည် ညည်းတွား သောအသံ၊ ငါ့ ပုလွေ သည် ငိုကြွေး သောအသံ ကို သာပေးတတ်၏။
311 ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။ 2 သို့မဟုတ်အထက် အရပ်က ဘုရား သခင်သည်အဘယ် ကျေးဇူးကို၎င်း၊ မြင့် ရာအရပ်က အနန္တ တန်ခိုးရှင်သည် အဘယ်သို့သော အမွေ ဥစ္စာကို၎င်း ပေးတော်မူမည်နည်း။ 3 ဆိုး သောသူတို့ သည် ပျက်စီး ခြင်းသို့၎င်း၊ မ တရားသဖြင့် ကျင့် သောသူတို့သည် ဆုံးရှုံး ခြင်းသို့၎င်း ရောက်ရကြမည် မ ဟုတ်လော။ 4 ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။ 5 မုသာ လမ်းသို့ ငါလိုက် မိသော်၎င်း ၊ လှည့်စား ခြင်းငှါငါပြေး မိသော်၎င်း၊ 6 မှန် သောချိန်ခွင် ၌ ငါ့ ကိုချိန် ပါစေ။ ဘုရား သခင်သည် ငါ ဖြောင့်မတ် ခြင်းကို သိ တော်မူပါစေ။ 7 ငါ သည်လမ်း လွှဲ မိသော်၎င်း ၊ ငါ့ စိတ် နှလုံးသည် ငါ့ မျက်စိ အလိုသို့လိုက် မိသော်၎င်း၊ ငါ့ လက် ၌ အညစ် အကြေးကပ် မိသော်၎င်း၊ 8 ငါကြဲ သောမျိုးစေ့၏ အသီးအနှံကို သူတပါး စား ပါစေ။ ငါ့ ပျိုးပင် များကို သူတပါးနှုတ် ပါစေ။ 9 သူ့မယား ကို ငါ တပ်မက် မိသော်၎င်း ၊ အိမ်နီးချင်း တံခါး နား မှာ ငါချောင်း မိသော်၎င်း၊ 10 ငါ့ မယား သည် သူတပါး ထံ ၌ ကြိတ်ဆုံကြိတ် ရ ပါစေ။ သူတပါး သည် ငါ့မယားကိုရှုတ်ချ ပါစေ။ 11 ငါသည်ထိုသို့ ပြုမိလျှင် အပြစ် ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ 12 ထိုအပြစ်သည် အကုန်အစင်လောင် သောမီး ၊ ငါ့ စည်းစိမ် ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း သောမီးဖြစ်၏။ 13 ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊ 14 ဘုရား သခင်ထ တော်မူသောအခါ အဘယ်သို့ ငါပြု ရမည်နည်း။ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန် လျှောက်ရမည်နည်း။ 15 ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသည် သူ့ ကိုလည်း ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ တပါး တည်း သောဘုရားသည် ငါ တို့နှစ်ယောက်ကို အမိဝမ်း ထဲ ၌ဖန်ဆင်း တော်မူသည်မဟုတ်လော။ 16 ငါသည် ဆင်းရဲသား တောင့်တ သော အရာကို မ ပေးဘဲနေဘူးသလော။ မုတ်ဆိုးမ မျက်စိ ကို ပျက် စေခြင်းငှါပြုဘူးသလော။ 17 မိဘ မရှိသောသူတို့အား စား စရာကိုမ မျှဘဲ၊ ငါတ ယောက်တည်း စား ဘူးသလော။ 18 ဆင်းရဲသားသည် အဘ ထံမှာ နေသကဲ့သို့ ၊ ငါ့ အသက် ငယ်စဉ်ကာလမှစ၍ ငါ နှင့်အတူ ကျွေးမွေးခြင်းကိုခံ ပြီ။ ငါသည် ဘွားမြင် သောနေ့ မှစ၍ မုတ်ဆိုးမကို မစ ပြီ။ 19 အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊ 20 သူ ၏ခါး သည် ငါ့ ကို ကောင်းကြီး မ ပေး။ ငါ့ သိုး မွေး အားဖြင့် မနွေး ဘဲနေသော်၎င်း၊ 21 ရုံး တော်တွင် ငါ့ ဘက်၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘ မရှိသောသူကို ညှဉ်းဆဲ မိသော်၎င်း၊ 22 ငါ့ လက်မောင်း သည် ပခုံး က ကျ ပါစေ။ ငါ့ လက် ရိုး ကျိုး ပါစေ။ 23 ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။ 24 ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊ 25 ငါ ၌စည်းစိမ် ကြီး ၍ များစွာသော ဥစ္စာရ တတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊ 26 ရောင်ခြည် ထွက်သောနေ ၊ ထွန်းလင်း လျက် သွား သောလ ကိုငါကြည့်ရှု သောအခါ၊ 27 ငါ့ စိတ် နှလုံးသည် တိတ်ဆိတ် စွာ နူးညွတ် ၍ ငါ့ လက် ကို ငါနမ်း မိသော်၎င်း၊ 28 ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရား သခင်ကို ငြင်းပယ် ရာ ရောက်၏။ 29 ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။ 30 ငါသည်သူ့ အသက် ကို ကျိန်ဆဲ ၍၊ ကိုယ် နှုတ် ၌ အပြစ် ရောက်စေ ခြင်းငှါ အခွင့် မ ပေး။ 31 ငါ့ အိမ်သူ အိမ်သားတို့က၊ အဘယ်သူ သည် ငါတို့သခင်၏ အမဲသား ကို တောင့်တ၍ မ ဝ ဘဲနေရ သနည်းဟု မ ဆို တတ်သလော။ 32 ဧည့်သည် သည် လမ်း ၌ ညဉ့် ကို မ လွန်ရမည်အကြောင်း၊ ငါသည် ခရီး သွားသောသူတို့ အား ကိုယ် တံခါး ကို ဖွင့် ထားပြီ။ 33 ငါသည်လူ ပြုတတ်သကဲ့သို့ ၊ ကိုယ် ဒုစရိုက် ကိုဖုံး ၍၊ ကိုယ် ရင် ထဲ ၌ကိုယ် အပြစ် ကိုဝှက် ထားဘူးသလော။ 34 ထိုသို့ပြုမိလျှင်၊ ကြီး သော ပရိသတ် ရှေ့မှာ ငါ့မျက်နှာ ပျက်ပါစေ။ လူ အမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့ အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက် ဘဲ တိတ်ဆိတ် စွာ နေရပါစေ။ 35 တစုံတယောက် သောသူ သည် ငါ့ စကားကို နားထောင် ပါစေသော။ ငါ့ လက်မှတ် ကိုငါ ပေး မည်။ အနန္တ တန်ခိုးရှင်သည် ငါ့ ကိုစစ်ကြောတော်မူပါစေ။ ငါ့ တရား တွေ့ဘက်သည် စာ ထား ပါစေ။ 36 အကယ် စင်စစ်ထိုစာကို ပခုံး ပေါ် မှာ ငါတင် ထားပါမည်။ ဗေါင်း ကဲ့သို့ဆောင်းပါမည်။ 37 ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်း ကဲ့သို့ အထံတော်သို့ ချဉ်းကပ် ပါမည်။ 38 ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊ 39 စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊ 40 စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။
321 ထိုသို့ ယောဘ သည် မိမိ ဖြောင့်မတ် သည်ဟု ထင် သောကြောင့် ၊ ထို သူ သုံး ယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ၏။ 2 ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။ 3 ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။ 4 ဧလိဟု သည် သူ တို့ထက် အသက်ငယ်သောကြောင့် ၊ ယောဘ ပြောသော စကား မကုန်မှီတိုင်အောင်ဆိုင်းလင့် လျက်နေ၏။ 5 ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။ 6 ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။ 7 နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။ 8 သို့ရာတွင် လူ ထဲ ၌ဝိညာဉ် ရှိ၏။ ဘုရားသခင်အသက် ရှင်စေတော်မူသဖြင့် ဉာဏ် ရှိ၏။ 9 လူကြီးတို့သည် အစဉ်ပညာ ရှိသည်မ ဟုတ်။ အသက် ကြီးသော သူအပေါင်းတို့သည် မှန် သောတရားကို နားလည် သည်မဟုတ်။ 10 သို့ဖြစ်၍ ငါ့ စကားကို နားထောင် ကြလော့။ ငါ သည် ကိုယ် သဘော ကိုလည်းပြ ပါမည်။ 11 သင် တို့စကား ကို ကြားရအံ့သောငှါ ငါဆိုင်းလင့် ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေးသောစကား ကို ငါနားထောင် ပြီ။ 12 စေ့စေ့ နားထောင်စဉ် တွင်၊ ယောဘ ကို အဘယ် သူမျှမနိုင်။ သူ ၏စကား ကို အဘယ်သူမျှမချေ။ 13 သို့ဖြစ်၍ငါတို့သည် ပညာ ကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆို စရာမ ရှိ။ ယောဘကို နှိမ့်ချသောသူကား လူ မ ဟုတ်၊ ဘုရား သခင်ပေတည်း။ 14 ယောဘသည် ငါ့ ကို ရည်ဆောင် ၍ ပြောပြီ မ ဟုတ်။ သင် တို့ပြန်ပြော သည်အတိုင်း ငါပြန် ပြောမည် မ ဟုတ်။ 15 ဤသူတို့သည် မိန်းမော တွေဝေလျက်ပြန် ၍ မ ပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။ 16 ငါဆိုင်းလင့် သည်တွင်သူတို့သည် နှုတ်မ မြွက် ၊ ပြန် ၍မ ပြောဘဲ ငြိမ်ငြိမ်နေ ကြ၏။ 17 သို့ဖြစ်၍ ငါ သည်ကိုယ် အတွက် ပြန် ပြောမည်။ ကိုယ် သဘော ကို ပြ မည်။ 18 ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။ 19 ငါ့ ဝမ်း သည် ပိတ်ဆို့ သောစပျစ်ရည် နှင့်တူ ၏။ အသစ် သော သားရေဘူး ကွဲ လုသကဲ့သို့ ဖြစ်၏။ 20 ငါသည် သက်သာ ခြင်းငှါမြွက်ဆို ရမည်။ နှုတ် ကို ဖွင့် ၍ ပြန် ပြောရမည်။ 21 အဘယ်သူ ၏မျက်နှာ ကိုမျှမ ထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်း သော စကားနှင့်မ ချော့မော့။ 22 သူတပါးကို ချီးမွမ်း သောစကားနှင့် မ ချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ ကိုဖန်ဆင်း တော်မူသောဘုရား သည် ငါ့ ကို ချက်ခြင်း ပယ်ရှား တော်မူမည်။
331 သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။ 2 ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊ 3 ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။ 4 ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။ 5 သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။ 6 ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။ 7 သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။ 8 အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊ 9 ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။ 10 ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။ 11 ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။ 12 ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။ 13 ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။ 14 ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။ 15 လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊ 16 ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။ 17 ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။ 18 သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။ 19 လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊ 20 မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။ 21 အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။ 22 အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။ 23 သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊ 24 ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊ 25 ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။ 26 ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။ 27 သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊ 28 သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။ 29 ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊ 30 သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။ 31 အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။ 32 သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။ 33 ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။
341 တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊ 2 အကြားအမြင်များသော ပညာရှိ တို့၊ ငါ့ စကား ကို နားထောင် နာယူ ကြလော့။ 3 ခံတွင်း သည် အစာကို မြည်းစမ်း သကဲ့သို့၊ နား သည် စကား ကို စုံစမ်း တတ်၏။ 4 ငါတို့သည် ကိုယ် အဘို့ အလိုငှါ စစ် ၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်း သောအရာ ကို ကိုယ်တိုင် အားဖြင့်သိမှတ် ကြကုန်အံ့။ 5 ယောဘ က၊ ငါဖြောင့်မတ် ၏။ ဘုရား သခင်သည် ငါ့ ကို အမှု ရှုံး စေတော်မူ၏။ 6 ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ 7 ယောဘ နှင့် တူသော သူ တစုံတယောက်ရှိလိမ့်မည်လော။ ရေ ကို သောက်သကဲ့သို့ ကဲ့ရဲ့ ခြင်းကို မျို တတ်၏။ 8 မ တရားသဖြင့်ကျင့် သောသူတို့ နှင့် ပေါင်းဘော် ၍၊ လူဆိုး တို့နှင့် သွား လာတတ်၏။ 9 လူ သည်ဘုရား သခင်၌ မွေ့လျော် ၍၊ အကျိုး မ ရှိဟု ယောဘသည် ဆို မိပြီ။ 10 သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။ 11 လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။ 12 အကယ် စင်စစ်ဘုရား သခင်သည် ဒုစရိုက် ကို ပြုတော်မ မူ။ အနန္တ တန်ခိုးရှင်သည် မ တရားသဖြင့် စီရင် တော်မ မူ။ 13 မြေကြီး ကို ဘုရားသခင်၌ အဘယ်သူ အပ် သနည်း။ လောကဓါတ်လုံး ကို အဘယ်သူ စီရင်ပြုပြင် သနည်း။ 14 ဘုရားသခင်သည် လူကို အလို တော်မရှိ၍ ၊ လူ၏အသက် ဝိညာဉ် ကို ရုပ်သိမ်း တော်မူလျှင်၊ 15 ခပ်သိမ်း သော လူ သတ္တဝါတို့သည် ချက်ခြင်း သေ ပျောက်၍ မြေမှုန့် သို့ တဖန် ရောက်ရကြလိမ့်မည်။ 16 ယခု မှာသင်သည် ဉာဏ် ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့ စကား သံ ကို နားထောင် ဦးလော့။ 17 တရား ကို မုန်း သောသူသည် အစိုးရ ရမည်လော။ တရား သဖြင့် စီရင်၍ တန်ခိုး ကြီးသောသူကို အပြစ် တင်သင့်သလော။ 18 သင်သည်လူဆိုး ဖြစ်၏ဟု ရှင်ဘုရင် ကို ၎င်း၊ သင်တို့သည် အဓမ္မ လူဖြစ်ကြ၏ဟုမင်း တို့ကို ၎င်းဆို သင့် သလော ။ 19 ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။ 20 တခဏ ခြင်းတွင် သတ္တဝါတို့သည် သေ တတ်ကြ၏။ သန်းခေါင် အချိန်၌ လူမျိုး တစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍၊ အားကြီး သောသူသော်လည်းအဘယ်သူမျှမ ပြု ဘဲ သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။ 21 အကြောင်း မူကား၊ လူ သွားရာလမ်း တို့ကို ဘုရားသခင် ကြည့်ရှု ၍၊ လူခြေရာ ရှိသမျှ တို့ကို မြင် တော်မူ၏။ 22 မ တရားသဖြင့် ကျင့် သောသူ၏ ပုန်းရှောင် ရာ မှောင်မိုက် ၊ သေမင်း အရိပ်တစုံတခုမျှမ ရှိ။ 23 ဘုရား သခင့်ရှေ့တော်၌ လူ သည် တရား တွေ့ သောအခါ ၊ အထပ်ထပ် စစ်ကြော တော်မူစရာ အကြောင်းမ ရှိ။ 24 အားကြီး သောသူတို့ကိုပင် မ စစ်ကြော ဘဲ ချိုးဖျက် ၍ ၊ သူ တို့အရာ ၌ အခြား သောသူကို ခန့်ထား တော်မူ၏။ 25 သို့ဖြစ်၍ သူ တို့ပြု သမျှကို သိ တော်မူသဖြင့် ၊ ညဉ့် မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီး တော်မူ၏။ 26 သူ တို့အပြစ် ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။ 27 အကြောင်း မူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ် ကြ၏။ ပြုတော်မူသောအမှု တို့ကို အလျှင်း မ ဆင်ခြင် ကြ။ 28 ထိုသို့ပြုသောကြောင့်ဆင်းရဲသား ငိုကြွေး သံသည် ရှေ့တော်သို့ တက်၍ ၊ ညှဉ်းဆဲ ခံရသောသူ၏ ငိုကြွေး သံကိုကြား တော်မူရ၏။ 29 ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။ 30 ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်းအဓမ္မ မင်းတို့ကို နှိမ့်ချတော်မူ၏။ 31 အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။ 32 အကျွန်ုပ်နား မ လည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက် ကို ပြု မိသည်ဖြစ်၍၊ နောက် တဖန် မ ပြုဘဲ နေပါမည်ဟု ဘုရား သခင်အား လျှောက်သင့် သည် မဟုတ်လော။ 33 သင်သည် ငြင်းပယ် သည်ဖြစ်စေ၊ ရွေးယူ သည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍ ၊ အလိုတော် သို့မ လိုက်ဘဲ အကျိုးအပြစ်ကိုပေး တော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည် သည်အတိုင်း ပြော ပါ။ 34 ဉာဏ် ကောင်းသောသူ တို့ သည် စကားပြော ပါစေ။ ပညာ ရှိသောသူတို့ သည် ငါ့ စကားကို နားထောင် ပါစေ။ 35 ယောဘ သည် နား မ လည်ဘဲပြော မိပြီ။ သူ ပြော သောစကား သည် ပညာ စကားမ ဟုတ်။ 36 ယောဘ သည် မတရား သော သူ ကဲ့သို့ပြန်ပြော တတ်သောကြောင့် ၊ အဆုံး တိုင်အောင် စုံစမ်း စေခြင်းငှါ ငါအလိုရှိ ၏။ 37 ဒုစရိုက် ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ် ရှိသေး၏။ ငါ တို့တွင် အောင်ပွဲ ကိုခံ၍ ၊ ဘုရား သခင်ကို ပြစ်မှားသောစကား နှင့် များစွာ ပြော တတ်သည်ဟု မြွက်ဆို၏။
351 တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊ 2 ငါ သည် ဘုရား သခင်ထက်သာ၍ ဖြောင့်မတ် ၏ဟု သင်ပြော သောစကားမှန် သည်ထင် သလော။ 3 သင်က၊ ငါသည်အဘယ် အကျိုး ကိုရသနည်း။ ဒုစရိုက် ကို မပြုဘဲနေလျှင် အဘယ် ကျေးဇူး ရှိသနည်းဟု ဆို လို၏။ 4 သင် နှင့် သင် ၏အပေါင်း အဘော်တို့စကား ကို ငါ ချေ ပါမည်။ 5 မိုဃ်းကောင်းကင် ကိုမျှော် ၍ ၊ သင့် ထက် မြင့် သော မိုဃ်းတိမ် တို့ကို ကြည့်ရှု လော့။ 6 သင်သည် ဒုစရိုက် ကိုပြုသော်လည်း ၊ ဘုရားသခင် ကို အဘယ်သို့ ထိခိုက် နိုင်သနည်း။ ပြစ်မှားသော အပြစ် များ သော်လည်း ၊ အကျိုးတော်ကို အဘယ်သို့ ဖျက် နိုင်သနည်း။ 7 သင်သည် ဖြောင့်မတ် သော်လည်း ၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ ပြုစု နိုင်သနည်း။ သင့် လက် မှ အဘယ် ကျေးဇူးကိုခံ တော်မူမည်နည်း။ 8 သင် ပြုသောဒုစရိုက် သည် သင် နှင့် တူသော လူ သတ္တဝါကို သာ ထိခိုက်နိုင်၏။ သင် ပြုသောသုစရိုက် သည်လည်း လူ သား တို့၌ သာ ကျေးဇူးပြုနိုင်၏။ 9 များပြား သော ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့သည် အော်ဟစ် တတ်ကြ၏။ အားကြီး သောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ် တတ်ကြ၏။ 10 သို့သော်လည်း ငါ့ ကို ဖန်ဆင်း တော်မူထသော၊ ညဉ့် အချိန်၌ သီချင်း ဆိုရသောအခွင့်ကိုပေး တော်မူထ သော၊ 11 မြေ တိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်၎င်း၊ မိုဃ်း ကောင်းကင်ငှက် မရ၊ ထူးဆန်းသောပညာ နှင့်၎င်း၊ ငါ တို့ကို ပြည့်စုံစေတော်မူသောဘုရား သခင်သည် အဘယ်မှာ ရှိတော်မူသနည်းဟု အဘယ်သူမျှမ မေးမြန်း တတ်။ 12 ထိုကြောင့်အဓမ္မ လူ၊ ထောင်လွှား စော်ကားခြင်းကိုခံရ၍ အော်ဟစ် သော်လည်း ၊ ဘုရားသခင်သည် ထူး တော်မ မူ။ 13 အကယ် စင်စစ်ဘုရား သခင်သည် အချည်းနှီး သောစကားကို နားထောင် တော်မ မူ။ အနန္တ တန်ခိုးရှင်သည် ထိုသို့သောစကားကို မ မှတ် ဘဲ နေတော်မူ၏။ 14 ဘုရားသခင်ကို မ တွေ့ မမြင်ရဟု သင်ဆို သော်လည်း ၊ တရား သဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။ 15 ယခု မူကား ၊ အမျက် ထွက်၍ ဆုံးမ တော်မ မူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ် တော်မ မူသောကြောင့်၊ 16 ယောဘ သည်အချည်းနှီး သော စကားကို မြွက်ဆိုတတ်၏။ ပညာ မ ရှိဘဲ များစွာ ပြောတတ်သည်ဟု မြွက်ဆို ၏။
361 တဖန် ဧလိဟု ဆက် ၍မြွက်ဆို သည်ကား၊ 2 ငါ့ ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြ ဦးမည်။ ဘုရား သခင့်အဘို့ ပြော စရာရှိသေး၏။ 3 ငါသည်ဝေး သော အရပ်က ကိုယ် ပညာ ကို ဆောင် ခဲ့မည်။ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသခင် သည်ဖြောင့်မတ် တော်မူကြောင်းကို ငါပြ မည်။ 4 အကယ် စင်စစ်မ မှန်သောစကား ကို ငါမ ပြော။ ပညာ အတတ် စုံလင် သောသူသည် သင် ၌ ရှိ၏။ 5 ဘုရား သခင်သည် တန်ခိုး ကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင် ပြုတော်မ မူတတ်။ အစွမ်း သတ္တိ၊ ဉာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏။ 6 မ တရားသောသူတို့၏ အသက် ကို စောင့်တော်မ မူ။ ဆင်းရဲ ခံရသောသူတို့ဘက်၌ တရား စီရင်တော်မူ၏။ 7 ဖြောင့်မတ် သောသူတို့ကို ပမာဏ မပြုဘဲ နေ တော်မ မူ။ ရှင်ဘုရင် နှင့်အတူ ရာဇ ပလ္လင်ပေါ် မှာ ထာဝရ နေရာ ချ၍ ချီးမြှောက် တော်မူ၏။ 8 သူတို့သည်အကျဉ်း နေ၍ ဒုက္ခ ကြိုး နှင့် ချည်နှောင် ခြင်းကိုခံရလျှင်၊ 9 သူ တို့ပြုမိသောအမှု နှင့် ပြစ်မှားလွန်ကျူးမိသော အပြစ် များတို့ကို ပြ တော်မူ၏။ 10 ဆုံးမ သောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက် ကိုစွန့် စေမည်အကြောင်း ပညတ် တော်မူ၏။ 11 စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက် လျှင် ၊ စည်းစိမ် ချမ်းသာနှင့် ပျော်မွေ့ လျက်၊ နှစ် လနေ့ ရက်ကာလကို လွန် စေတတ်ကြ၏။ 12 နား မ ထောင်လျှင် ထား ဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မ ရှိဘဲ သေ တတ်ကြ၏။ 13 အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။ 14 အသက် ငယ် စဉ် ကပင်သေ ၍ ၊ ဆိုးညစ် သောသူတို့ နှင့်အတူ ဆုံးတတ်ကြ၏။ 15 အမှု ရောက်သောဆင်းရဲသား တို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲ ခြင်းကိုခံရသောအခါ ၊ နားထောင် စေ ခြင်းငှါပြုတော်မူ၏။ 16 ထိုသို့သင့် ကိုလည်း ကျဉ်းမြောင်း သောအရပ် မှ ကျယ်ဝန်း ရှင်းလင်း သောအရပ်သို့ပြောင်း စေ၍၊ သင် ၏ စားပွဲ ပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံ သော ခဲဘွယ် စားဘွယ်ကို တင် ထားတော်မူလိမ့်မည်။ 17 သို့မဟုတ်မ တရားသော သူကဲ့သို့အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။ 18 အမျက် တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်းကိုယ်ကို မရွေးမနှုတ်နိုင်။ 19 သင် ၏ဥစ္စာ ကို ပမာဏ ပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်းပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။ 20 ညဉ့် ကိုမ တောင့်တ နှင့်။ ညဉ့်အခါလူ တို့သည် ပယ်ရှင်း ခြင်းကိုခံရတတ်ကြ၏။ 21 သတိပြု ပါ။ မ တရားသောအမှုကို မ ငဲ့ကွက် နှင့်။ ထိုသို့ သော အမှုကို ဆင်းရဲ ခြင်းထက် သင်သည် အလို ရှိ လေပြီတကား။ 22 ဘုရား သခင်သည် တန်ခိုး တော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ် နိုင်သနည်း။ 23 ကြွတော်မူရသောလမ်း ကို အဘယ်သူ စီရင် သနည်း။ ကိုယ်တော်သည် မ တရားသောအမှုကို ပြု မိပြီဟု အဘယ်သူ ဆို ရာသနည်း။ 24 လူ တို့သည် ချီးမွမ်း အပ်သော အမှု တော်ကို ချီးမြှောက် ခြင်းငှါ သတိပြု လော့။ 25 လူ ခပ်သိမ်း တို့သည် အမှုတော်ကို မြင် ကြ၏။ အဝေး က ကြည့်ရှု တတ်ကြ၏။ 26 ဘုရား သခင်သည် ကြီးမြတ် တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မ သိ နိုင်။ အသက် တော်နှစ်ပေါင်း ကို စစ် ၍မ ကုန်နိုင်ကြ။ 27 ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။ 28 မိုဃ်းတိမ် မှ လူ တို့အပေါ် သို့ မိုဃ်း ပေါက်ကျ၍၊ များစွာ သော မိုဃ်း ရွာတတ်၏။ 29 မိုဃ်းတိမ် တော်နှံ့ပြား ခြင်း၊ တဲ တော်အသံ မြည် ခြင်းကို အဘယ်သူနားလည် သနည်း။ 30 တဲတော်အပေါ် မှာ အလင်း တော်ကို ဖြန့် တော်မူ၏။ သမုဒ္ဒရာ ၌ အနက်ဆုံး သောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။ 31 ထိုသို့သောအားဖြင့် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ များစွာ သော အစာ အာဟာရကိုလည်း ပေး တော်မူ၏။ 32 အလင်း ကိုလက် တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ် တော်မူ၏။ 33 ထိုသူမှစသောတိရစ္ဆာန် များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။
371 ဤ အမှုကြောင့် ငါ့ နှလုံး သည် တုန်လှုပ် ၍ မိမိ နေရာ မှ ရွေ့ သွား၏။ 2 မြွက်တော်မူသောအသံ နှင့် နှုတ် တော်မှ ထွက် သောအသံ ကို စေ့စေ့နားထောင် ကြလော့။ 3 မိုဃ်း ကောင်းကင်အောက် ၌ အနှံ့အပြား လွှတ်၍ ၊ မြေကြီး စွန်း တိုင်အောင် လျှပ်စစ် ပြက်စေတော်မူ၏။ 4 လျှပ်စစ်ပြက်ပြီးမှ အသံ တော်ထွက်၏။ ဘုန်း အာနုဘော်တော်အသံ နှင့် မိုဃ်းချုန်း တော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မ မူ။ 5 အံ့ဩ ဘွယ်သော အခြင်းအရာပါလျက်၊ ဘုရား သခင်သည် အသံ တော်နှင့် မိုဃ်းချုန်း တော်မူ၏။ ကြီး သောအမှု ငါတို့နား မ လည်နိုင်သော အမှုတို့ကို ပြု တော်မူ၏။ 6 မြေ ပေါ်မှာဖြစ် စေဟု မိုဃ်းပွင့် ကို ၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်းမိန့်တော်မူ၏။ 7 ဖန်ဆင်း တော်မူသောလူ အပေါင်း တို့သည် ကိုယ်တော်ကို သိ မည်အကြောင်း လူ တိုင်းလုပ်သော အလုပ် ကို ဆီးတား တော်မူ၏။ 8 ထိုအခါ သားရဲ တို့သည် မြေတွင်း ထဲ သို့ဝင် ၍ ၊ သူ တို့နေရာ ၌ နေ တတ်ကြ၏။ 9 လေဘွေ သည် တောင် မျက်နှာမှ ၎င်း ၊ အချမ်း သည် မြောက် မျက်နှာမှ ၎င်း ထွက် လာတတ်၏။ 10 ဘုရား သခင်မှုတ်တော်မူသဖြင့်၊ ရေခဲ ဖြစ် ၍ ရေ မျက်နှာသည် ခဲလျက်ရှိ၏။ 11 မိုဃ်းတိမ် မှမိုဃ်းရေ ကို သက်ရောက် စေ၍၊ ရောင်ခြည် တော်အားဖြင့်မိုဃ်းတိမ် ကို ပျောက်လွင့် စေတော်မူ၏။ 12 လောကဓါတ် မြေကြီး တရှောက်လုံးကို မှာထား တော်မူသမျှ အတိုင်း ပြု စေ ခြင်းငှါ ပညာ တော်အားဖြင့် လှည့်လည် စေတော်မူ၏။ 13 ဒဏ်ခတ် သော်၎င်း ၊ မြေ တော် ကို ပြုစုသော်၎င်း ၊ ချမ်းသာ ပေးသော်၎င်း လာ စေတော်မူ ၏။ 14 အိုယောဘ ၊ ဤ စကားကိုနားထောင် လော့။ ဘုရား သခင်၏ အံ့ဘွယ် သောအမှုတော်တို့ကို ငြိမ်သက်စွာနေ ၍ ဆင်ခြင် လော့။ 15 ထိုအမှုတို့ကို ဘုရား သခင်စီရင် ၍၊ မိုဃ်းတိမ် တော်အလင်း ကို ထွန်းလင်း စေတော်မူသောအခါ ၊ သင်သည် သိ သလော။ 16 ပညာ စုံလင် သောဘုရား၏ အံ့ဘွယ် သောအမှုတော်တည်းဟူသောမိုဃ်းတိမ် တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊ 17 မြေ ပေါ်မှာ တောင် လေဖြင့်အချမ်း ပျောက်စေ တော်မူသောအခါ ၊ သင် ၏အဝတ် သည် အဘယ်သို့သော အားဖြင့်နွေး သည်ကို၎င်းနားလည် သလော။ 18 သွန်း သော ကြေးမုံ ကဲ့သို့ တည်လျက်ရှိသောမိုဃ်း ကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက် သလော။ 19 ငါ တို့သည် အဘယ်သို့ လျှောက် ရမည်ကို သွန်သင် ပါ။ ငါတို့သည် မိုက် သောကြောင့် ၊ အလိုအလျောက်မ လျှောက် တတ်ကြ။ 20 ငါပြော သော စကားကို ဘုရား သခင်အား ကြား လျှောက်လိမ့်မည်လော။ အကယ်၍လူ သည် ဘုရားသခင်ကို လျှောက် ဝံ့လျှင် ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။ 21 လေ သည် လာ၍မိုဃ်း ကောင်းကင်ကို ရှင်းလင်း စေသောအခါ ၊ လူသည် ထွန်းလင်း သောရောင်ခြည် ကို မ ကြည့် နိုင်။ 22 မြောက် မျက်နှာမှ ရွှေ ရောင်ခြည်ထွက် တတ်၏။ ဘုရား သခင်သည် ကြောက်မက် ဘွယ်သော ဘုန်း အာနုဘော် နှင့် ပြည့်စုံတော်မူ၏။ 23 အနန္တ တန်ခိုးရှင်ကို ငါတို့သည် စစ် ၍မ ကုန်နိုင်ကြ။ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင် ခြင်းနှင့် ဖြောင့်မတ် ခြင်းအားဖြင့်၎င်း ထူးဆန်း တော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲ တော်မ မူ။ 24 သို့ဖြစ်၍ လူ တို့သည် ကြောက်ရွံ့ စရာအကြောင်းရှိကြ၏။ ဉာဏ် ကောင်းသောသူ တစုံ တယောက်မျှ ဘုရားသခင်ကို မ ဖူး မကြည့်နိုင်ဟု မြွက်ဆို၏။
381 ထိုအခါ ထာဝရဘုရား သည် ယောဘ စကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်း ထဲက မိန့် တော်မူသည် ကား ၊ 2 ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။ 3 လူ ယောက်ျားကဲ့သို့ သင့် ခါး ကို စီး လော့။ ငါမေးမြန်း သော ပြဿနာတို့ကို ဖြေ လော့။ 4 မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။ 5 မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင် သနည်း။ နားလည် လျှင်ပြောလော့။ မျဉ်း ကြိုးကို အဘယ်သူ တန်း၍ချ သနည်း။ 6 မြေကြီးတိုက်မြစ် ကို အဘယ် အရပ်၌ စွဲ စေ သနည်း။ 7 နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။ 8 သမုဒ္ဒရာ သည်အမိဝမ်း ထဲက ဘွား၍ ထွက် လာ သောအခါ ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ် ထား သနည်း။ 9 သမုဒ္ဒရာကို မိုဃ်းတိမ် နှင့် ငါခြုံ ၍ ထူထပ် သော မှောင်မိုက်နှင့် ထုပ် ရစ်သည်ကာလ၌ ၎င်း၊ 10 သင်သည်ဤ အရပ်တိုင်အောင် လာ ရ၏။ 11 တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။ 12 သင် သည်တသက်လုံး တွင် တခါမျှ နံနက် ကို မှာထား ဘူးသလော။ မိုဃ်းသောက် လင်းကို နေရာ ချဘူး သလော။ 13 နံနက်အလင်းသည် မြေကြီး စွန်း ကို ကိုင် လျက်၊ လူဆိုး တို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။ 14 မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။ 15 လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။ 16 သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲ သို့ ဝင် ဘူးသလော။ နက်နဲ သော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။ 17 သေ ခြင်းတံခါး တို့ကို သင့် အား ဖွင့် ဘူးသလော။ သေမင်း အရိပ်ထဲသို့ဝင်သော လမ်းဝ တို့ကို မြင် ဘူး သလော။ 18 မြေကြီး မျက်နှာတပြင်လုံး ကို ကြည့်ရှု ဘူး သလော။ အလုံးစုံ ကို သိမြင် လျှင် ဘော်ပြ လော့။ 19 အလင်း နေရာ သို့ အဘယ် မည်သော လမ်း ဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာ လည်း အဘယ်မှာ ရှိသနည်း။ 20 အကယ် စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင် နိုင်၏။ သူ တို့နေရာအိမ် သို့ ရောက်သောလမ်း တို့ကို သိ လိမ့်မည်။ 21 သင်သည်ရှေးကာလ၌ ဘွားမြင် ၍ အလွန် အသက် ကြီးသောကြောင့် သိ လိမ့်မည်။ 22 သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။ 23 ဘေး ရောက်ရာအချိန် ကာလနှင့် စစ် ပြိုင်၍ တိုက် ရာအချိန် ကာလဘို့ ၊ ငါသိုထား သော မိုဃ်းသီး ဘဏ္ဍာ များကို မြင် ဘူးသလော။ 24 အလင်း သည် အဘယ်သို့ သောလမ်း ဖြင့် နှံ့ပြား သနည်း။ အရှေ့ လေသည်မြေကြီး ပေါ် မှာ အဘယ်ကြောင့်လွင့် သနည်း။ 25 လူ မ ရှိသောမြေ နှင့် လူမ နေသောတော ၌ မိုဃ်းရွာ စေ ခြင်းငှါ၎င်း၊ 26 လွတ်လပ် သောလွင်ပြင် ကို ရေနှင့်ဝ စေ၍ ၊ နုသောမြက်ပင် အညှောက် ကို ထွက် စေ ခြင်းငှါ၎င်း၊ 27 လျှံ သောမိုဃ်းရေစီး ရာလမ်း၊ မိုဃ်းကြိုး နှင့် ဆိုင်သော လျှပ်စစ် ပြက်ရာလမ်း ကို အဘယ်သူ ဖွင့် သနည်း။ 28 မိုဃ်းရေ ၏အဘ ကား အဘယ်သူနည်း။ နှင်း ပေါက် တို့ကို အဘယ်သူ ဖြစ်ဘွားစေသနည်း။ 29 ရေခဲ သည်အဘယ်သူ ၏ ဝမ်း ထဲက ထွက် လာ သနည်း။ မိုဃ်း ကောင်းကင်နှင်းခဲ ကို အဘယ်သူ သည် ပဋိသန္ဓေ ပေးသနည်း။ 30 ရေ သည် ကျောက်ခဲ ကဲ့သို့ ဖြစ်၍ပင်လယ် မျက်နှာ တင်းမာ လျက် ရှိ၏။ 31 သင်သည် ခိမ ကြယ်စု၏သာယာ စွာ ပြုပြင်ခြင်း ကို ချုပ်တည်း နိုင်သလော။ ကသိလ ကြယ်၏ ချည်နှောင် ခြင်းကို ဖြည် နိုင်သလော။ 32 မာဇရုတ် ကြယ်တို့ကို အချိန် ရောက်လျှင် ထုတ်ဘော် နိုင်သလော။ အာရှ ကြယ်နှင့်သူ ၏သား တို့ကို ပဲ့ပြင် နိုင်သလော။ 33 မိုဃ်း ကောင်းကင်တရား တို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီး ကို အုပ်စိုး မည် အကြောင်းအခွင့်ပေး နိုင်သလော။ 34 များစွာ သော မိုဃ်းရေ သည် သင့် ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ် တို့ကို အသံ လွှင့် နိုင်သလော။ 35 လျှပ်စစ် တို့ကို လွှတ် နိုင်သလော။ သူတို့က ကျွန်တော် တို့ရှိ ပါ၏ဟု သင့် ကို လျှောက် လျက် သွား ကြ လိမ့်မည်လော။ 36 ကိုယ် ခန္ဓါထဲ သို့ ပညာ ကို အဘယ်သူ သွင်း သနည်း။ နားလည်နိုင်သောဉာဏ် ကို အဘယ်သူ ပေး သနည်း။ ပညာ ရှိ၍ မိုဃ်းတိမ် တို့ကို အဘယ်သူ ရေတွက် နိုင်သနည်း။ 37 - 38 မြေမှုန့် သည် လုံးထွေး ၍ မြေစိုင် တို့သည် ကပ် လျက်နေသောအခါ ၊ မိုဃ်း ကောင်းကင်၏ရေဘူး တို့ကို အဘယ်သူ သွန်းချ သနည်း။ 39 သင်သည်ခြင်္သေ့မ အဘို့ စားစရာ အကောင်ကို လိုက်ရှာ နိုင်သလော။ 40 ခြင်္သေ့ ပျိုတို့သည် ခိုလှုံ ရာ၌ ဝပ် ၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝ စွာကျွေးနိုင်သလော။ 41 ကျီးအ သငယ် တို့သည် စားစရာ မ ရှိသောကြောင့် လှည့်လည် ၍ ဘုရား သခင်ကို အော်ဟစ် သောအခါ ၊ စားစရာ ကိုအဘယ်သူ ပေး သနည်း။
391 သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။ 2 ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။ 3 သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။ 4 သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။ 5 တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။ 6 တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။ 7 မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။ 8 တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။ 9 ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။ 10 ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။ 11 ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။ 12 သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။ 13 ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။ 14 သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။ 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။ 16 သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။ 17 အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။ 18 သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။ 19 သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။ 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။ 21 လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။ 22 ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။ 23 သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။ 24 မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။ 25 တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။ 26 သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။ 27 သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။ 28 သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။ 29 ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။ 30 သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။
401 တဖန် ထာဝရဘုရား က၊ အနန္တ တန်ခိုးရှင်ကို ဆုံးမ သောသူသည် ဆန့်ကျင် ဘက်ပြုဦးမလော။ 2 ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊ 3 ယောဘ က အကျွန်ုပ်သည် ဆိုးယုတ် ပါ၏။ 4 ကိုယ်တော် အား အဘယ်သို့ ပြန် လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် နှုတ် ကို ကိုယ် လက် နှင့် ပိတ် ပါမည်။ 5 တကြိမ် ပြော မိပါပြီ။ တဖန် မ ပြောဝံ့ပါ။ နှစ် ကြိမ်တိုင်အောင်ပြောမိပါပြီ။ သို့ရာတွင် ထပ်၍ မ ပြောဝံ့ပါဟု ထာဝရဘုရား အား ပြန် ၍ လျှောက်လေ၏။ 6 တဖန် ထာဝရဘုရား သည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘ အား မိန့် တော်မူသည်ကား၊ 7 လူ ယောက်ျားကဲ့သို့ သင် ၏ခါး ကိုစည်း လော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေ လော့။ 8 သင်သည် ငါ တရား စီရင်ချက်ကို ပယ် မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ် ဟန်ရှိစေခြင်းငှါ ၊ ငါ ကိုအပြစ်ရှိသည်ဟု စီရင် မည်လော။ 9 သင် သည်ဘုရား သခင်၏ လက်ရုံး ကဲ့သို့ သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့ သော အသံ နှင့် မိုဃ်းချုန်း နိုင်သလော။ 10 ထူးဆန်းသော ဘုန်း တန်ခိုးအာနုဘော်ကို ဝတ်ဆောင် လော့။ တင့်တယ်သော ဂုဏ် အသရေနှင့် တန်ဆာဆင် လော့။ 11 သင် ၏အမျက် အရှိန်ကို လွှတ် လော့။ မာန ထောင်လွှားသောသူအပေါင်း တို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့။ 12 မာန ထောင်လွှားသော သူအပေါင်း တို့ကို ကြည့်ရှု ၍ ရှုတ်ချ လော့။ အဓမ္မ လူတို့ကို နှိပ် နင်း၍၊ 13 သူ တို့ကိုမြေမှုန့် ၌ တစုတည်း ဝှက်ထား လော့။ သူ တို့မျက်နှာ များကို မှောင်မိုက် ၌ ဖုံးအုပ် လော့။ 14 သို့ပြုလျှင် သင် ၏လက်ျာ လက်ရုံးသည် သင့် ကို ကယ်တင် နိုင်သည်ဟု ငါဝန်ခံ မည်။ 15 သင် နှင့်အတူ ငါဖန်ဆင်း သော ဗေဟမုတ် ခြင်း ကို ကြည့်ရှု လော့။ နွား ကဲ့သို့ မြက် ကို စား တတ်၏။ 16 သူ ၏တန်ခိုး သည် ခါး ၌ ၎င်း ၊ သူ ၏ခွန်အား သည် ဝမ်း ကြော ၌ ၎င်း တည်လျက်ရှိ၏။ 17 သူ့ အမြီး သည် အာရဇ် ပင်ကဲ့သို့ လှုပ် တတ်၏။ ပေါင်ကြော တို့သည် အထပ်ထပ် ရှိကြ၏။ 18 အရိုး ငယ်တို့သည် ကြေးဝါ ချောင်း ၊ အရိုး ကြီး တို့သည် သံ တုံး ကဲ့သို့ ဖြစ်ကြ၏။ 19 ဘုရား သခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ ကိုဖန်ဆင်း သော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။ 20 မြေ တိရစ္ဆာန် အပေါင်း တို့ ကစား ရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။ 21 အရိပ် ကောင်းသော အပင်အောက် ၊ ကျူပင် ချုံဖုတ်အောက်၊ ရေ များသောအရပ်၌ နေ တတ်၏။ 22 ထိုအပင်တို့သည် အရိပ် နှင့်လွှမ်းမိုး ၍ ချောင်း နားမိုဃ်းမခ ပင်တို့သည် ဝိုင်း ကြ၏။ 23 မြစ် ရေထသော်လည်း သူသည်မ ပြေး တတ်။ သူ ၏ခံတွင်း ကို ယော်ဒန် မြစ်ရေ ဝှေ့တိုက်သော်လည်း မ တုန်မလှုပ်ဘဲ နေတတ်၏။ 24 ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူ မည်လော။ သူ၏နှာခေါင်း ကို သံချိတ် နှင့် ဖောက် မည်လော။
411 လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။ 2 သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။ 3 သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။ 4 သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။ 5 ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။ 6 သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။ 7 သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။ 8 သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။ 9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။ 10 သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ 11 ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။ 12 လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။ 13 သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။ 14 သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။ 15 လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။ 16 လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။ 17 တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။ 18 သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။ 19 ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။ 20 ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။ 21 အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။ 22 လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။ 23 အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။ 24 နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။ 25 သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။ 26 သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။ 27 သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။ 28 လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။ 29 ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။ 30 သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။ 31 အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။ 32 သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။ 33 မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။ 34 ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
421 ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊ 2 ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။ 3 ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။ 4 နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။ 5 သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။ 6 ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။ 7 ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော။ 8 သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။ 9 ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖာ တို့သည် သွား ၍ ပြု ကြ၏။ ထာဝရဘုရား သည်လည်း ယောဘ ၏မျက်နှာ ကိုထောက် တော်မူ၏။ 10 ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။ 11 ထိုအခါ သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း သောသူများအပေါင်း တို့သည် သူ့ ထံသို့ လာ ၍ သူ ၏ အိမ် ၌ သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ နှင့်အတူညည်းတွား ခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြား စီ နှင့် ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။ 12 ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ တတ်၏။ 13 သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ကိုလည်း ရ ပြန်၏။ 14 သမီးကြီး ကား၊ ယေမိမ ၊ သမီးလပ် ကား ကေဇိ ၊ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။ 15 တပြည်လုံး ၌ ယောဘ ၏ သမီး ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ တို့အား အမွေ ဥစ္စာကို ဝေပေး လေ၏။ 16 ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍ မိမိ သား ၊ မြေး ၊ မြစ်တို့ကိုပင် မြင် ရပြီးမှ၊ 17 အသက် ကြီးရင့်၍ နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။