ယေရမိအနာဂတ္တိကျမ်း။

1

1 ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းနန်းစံ ဆယ်သုံး နှစ် တွင် ၎င်း၊ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက် ၎င်း2 ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်းစံဆယ်တ နှစ် စေ့ ၍ ပဉ္စမ တွင် ၊ ယေရုရှလင် မြို့သားတို့ကိုသိမ်းသွား ချုပ်ထားသည်တိုင်အောင်၊ 3 ထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ဗင်္ယာမိန် ပြည် ၊ အာနသုတ် မြို့နေဟိလခိ သား ယဇ်ပုရောဟိတ် ယေရမိ စကား မှာ၊ 4 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် မိန့် တော်မူသည်ကား၊ 5 သင့်ကိုအမိဝမ်း ထဲ ၌ငါမဖန်ဆင်း မှီ သင့် ကို ငါသိ ပြီ။ မ ဘွား မှီကပင် သင့် ကို ငါသန့်ရှင်း စေ၍၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက် အရာ၌ ခန့် ထားပြီဟု မိန့်တော်မူ၏။ 6 ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင်7 ထာဝရဘုရား ကလည်း ၊ အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏ဟု မ ပြော နှင့်။ အကြင် သူရှိရာသို့ သင့် ကို ငါ စေလွှတ် ၏၊ ထိုသူရှိရာသို့ သင်သွား ရမည်။ အကြင် စကားကို ငါမှာ ထား၏၊ ထို စကားကို သင် ဆင့်ဆို ရမည်။ 8 သူ တို့ကိုမ ကြောက် နှင့်။ သင့် ကို ကယ်နှုတ် ခြင်းငှါ သင် နှင့် အတူငါ ရှိသည်ဟု မိန့် တော်မူပြီးမှ၊ 9 လက် တော်ကိုဆန့် ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ငါ့ စကား ကို ငါသွင်း ထားပြီ။ 10 ကြည့်ရှု လော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက် လှဲရသောအခွင့်၊ တည် ဆောက်စိုက်ပျိုး ရသောအခွင့်နှင့် သင့်ကို လူ အမျိုးမျိုးတို့၏ တိုင်း နိုင်ငံများ အပေါ် မှာ ယနေ့ ငါခန့် ထားပြီဟု မိန့် တော်မူ၏။ 11 တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍၊ ယေရမိ ၊ သင် သည်အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါ က၊ အကျွန်ုပ်သည် ဗာတံ ကိုင်း ကို မြင် ပါ၏ဟု လျှောက် သော်12 ထာဝရဘုရား က၊ သင်သည်မှန်ကန် စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့ စကား ကို ပြည့်စုံ စေခြင်းငှါ ၊ ငါ စောင့် နေမည်ဟု မိန့် တော်မူ၏။ 13 တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက် သော အိုး ကင်းကို မြင် ပါ၏။ မြောက် ဘက်သို့ မျက်နှာ ပြုလျက်ရှိပါ၏ဟု လျှောက် လျှင်၊ 14 ထာဝရဘုရား က၊ မြောက် မျက်နှာဘက်က ဘေးဥပဒ် သည်၊ ဤပြည် သား တို့အပေါ် သို့ ထွက်လာလိမ့်မည်။ 15 အကြောင်း မူကား၊ မြောက် တိုင်း နိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို ငါ ခေါ် ၍၊ သူတို့သည် လာ ပြီးလျှင် ၊ ယေရုရှလင် မြို့တံခါး များတို့၌၎င်း ၊ မြို့ရိုး ပတ်ဝန်းကျင် အရပ်ရပ် တို့၌၎င်း ၊ ယုဒ မြို့ ရွာအလုံးစုံ တို့၌ ၎င်း မိမိ တို့ ရာဇပလ္လင် များကို အသီးအသီး တည် ထားကြလိမ့်မည်။ 16 ပြည်သူပြည်သားတို့သည် ငါ့ ကိုစွန့် သောအပြစ်၊ အခြားသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ သော အပြစ်၊ မိမိ တို့လက် ဖြင့် လုပ် သော အရာကို ကိုးကွယ် သောအပြစ် ရှိသမျှ တို့ကြောင့် ၊ သူ တို့ကို ငါ စစ်ကြော ၍၊ အပြစ်နှင့်အလျောက်စီရင် မည်။ 17 သို့ဖြစ်၍သင် သည် ခါးပန်း ကို စည်း လော့။ ငါ မှာ ထားသမျှ ကို သူ တို့အား ဟော ပြောလော့။ သူ တို့ ရှေ့ မှာ သင့် ကို ငါအရှက်မခွဲရမည်အကြောင်းသူ တို့ကို မ ကြောက် နှင့်။ 18 ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။ 19 သူတို့သည် သင့် ကို စစ်တိုက် နိုင် ရကြ။ သင့် ကို ကယ်နှုတ် ခြင်းငှါ ၊ သင် နှင့် အတူငါ ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

2

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည်ငါ့ ဆီသို့ ရောက် ၍၊ သင်သည်ယေရုရှလင် မြို့သို့ သွား ပြီးလျှင် 2 အော်ဟစ် ရမည်အရာဟူမူကား၊ ထာဝရဘုရား က၊ လယ် လုပ် သော တော အရပ်၌ သင် သည် ငါ့ နောက် သို့လိုက် သောအခါ၊ အသက် အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြား ပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်း မေတ္တာကို၎င်း ငါအောက်မေ့ ၏။ 3 ထိုအခါ ဣသရေလ အမျိုးသည် ထာဝရဘုရား အဘို့ သန့်ရှင်း ၏။ စီးပွားတော်အဘို့ အဦး သီးသော အသီး ဖြစ်၏။ သူ တို့ကို လုယူ သောသူအပေါင်း တို့သည် အပြစ် ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည် ဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 အိုယာကုပ် အမျိုး နှင့် ဣသရေလ အမျိုး အနွယ် အပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။ 5 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ထံမှ ဝေး စွာထွက်သွား၍ ၊ အနတ္တ လမ်း သို့လိုက် လျက်၊ အနတ္တ သက်သက် ဖြစ် ရမည် အကြောင်း၊ ငါ အဘယ် မည်သောအပြစ် ကို တွေ့ ကြသနည်း။ 6 သူတို့က၊ ငါ တို့ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ် ၍၊ တော တရှောက် လုံး၊ လွင်ပြင် ၊ မြေတွင်း နှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီး သွားသောသူ၊ နေရာ ကျသောသူ ရှိသော ပြည်တရှောက် လုံးသို့ပို့ဆောင်သော ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။ 7 ဝပြော သော ပြည် ၏အသီးအနှံ ဆီဥ ဆီကြည်ကို စား စေခြင်းငှါ သင် တို့ကို ငါဆောင် သွင်း၍၊ သင်တို့သည် ဝင်စား သောအခါ ၊ ငါ့ ပြည် ကို ညစ်ညူး စေ၍ ၊ ငါ ၏အမွေ ကို ရွံရှာ ဘွယ်ဖြစ် စေကြသည်တကား။ 8 ယဇ် ပုရောဟိတ်တို့က၊ ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။ ကျမ်း တတ်တို့ သည် ငါ့ ကိုမ သိ ကြ။ သင်းအုပ် တို့သည် ငါ့ ကို ပြစ်မှား ကြ၏။ ပရောဖက် တို့သည် ဗာလ ကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူး မဲ့ သောလမ်းသို့ လိုက် ကြ၏။ 9 ထိုကြောင့် ၊ သင် တို့နှင့် သင် တို့သား သမီးများကို ငါစစ်ကြော မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 10 ခိတ္တိမ် ကျွန်း တို့သို့ကူး ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။ 11 အခြားတပါးသော လူမျိုး ကိုးကွယ်သော ဘုရား သည် ဘုရား မဟုတ် သော်လည်း ၊ ပြောင်းလဲ ဘူးပြီလော။ ငါ ၏လူမျိုး သည် ကျေးဇူး ပြုနိုင်သောအရာဘို့ မိမိ တို့ ဘုန်း ကို ပြောင်းလဲ ကြပြီတကား။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို မိုဃ်း ကောင်းကင် တို့၊ ထို အမှုကို မိန်းမော တွေဝေ ၍၊ ကြက်သီး မွေးညှင်း ထ သည် တိုင်အောင ်ထိတ်လန့် လျက် နေကြလော့ ။ 13 ငါ ၏ လူ တို့သည် အသက် စမ်း ရေတွင်း တည်း ဟူသော၊ ငါ့ ကိုစွန့်ပယ် ၍၊ ရေ လုံ ၊ ပဲ့ ပျက်သောရေကျင်း တို့ကို တူး သောအားဖြင့် ဒုစရိုက် နှစ် ပါးကို ပြု ကြပြီ။ 14 ဣသရေလ သည် ကျွန် ဖြစ်သလော ။ ကျွန် သားပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူ ခြင်းကိုခံရ သနည်း။ 15 ခြင်္သေ့ တို့သည် သူ့ ကို ဟောက် ၍ အသံ မြည် ကြပြီ ။ သူ ၏ပြည် ကို ဖျက်ဆီး ကြပြီ။ သူ ၏မြို့ တို့သည် မီးလောင် သောကြောင့်၊ အဘယ်သူမျှမ နေ ရ။ 16 နောဖ မြို့သား နှင့် တာပနက် မြို့သားတို့သည် သင် ၏ဦးထိပ် ကို စား ကြပြီ။ 17 သင့် ကိုပို့ဆောင် တော်မူသောသင် ၏ဘုရား သခင် ထာဝရဘုရား ကို သင် သည်စွန့် သောကြောင့်၊ ထို သို့သော အပြစ်ရောက် သည် မ ဟုတ်လော။ 18 ယခု မှာ သင် သည် ရှိဟောရ မြစ်ရေ ကို သောက် အံ့သောငှါ ၊ အဲဂုတ္တု လမ်း သို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ် ရေ ကို သောက် အံ့သောငှါ ၊ အာရှုရိ လမ်း သို့ အဘယ်ကြောင့် လိုက်သနည်း။ 19 သင် ၏ ဒုစရိုက် သည် သင့် ကိုဆုံးမ မည်။ သင် ၏ ဖောက်ပြန် ခြင်းသည် သင့် ကို အပြစ် ပေးမည်။ သို့ ဖြစ်၍သင် ၏ဘုရား သခင်ထာဝရဘုရား ကို စွန့်ပစ် သောအမှု၊ ငါ့ ကိုမ ကြောက် ဘဲ နေသောအမှုသည်၊ မကောင်း သော အမှု၊ ခါး သောအမှုဖြစ်သည်ကို သိမြင် ရမည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 20 ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။ 21 အကောင်းဆုံးသော စပျစ် နွယ်ပင်အမျိုး စစ် ဖြစ်သော သင့် ကို ငါ စိုက်ပျိုး သော်လည်း ၊ သင်သည် ငါ့ ရှေ့ မှာ အဘယ် မျှလောက်ဖောက်ပြန် ၍၊ အမျိုး မစစ်သော စပျစ် နွယ်ပင်ဖြစ်ပါသည်တကား။ 22 သင်သည် ပေါက်ဆပ်ပြာ နှင့် ရေချိုး ၍၊ ချက် သော ဆပ်ပြာ အများကို သုံး သော်လည်း ၊ သင် ၏အပြစ် သည် ငါ့ ရှေ့ မှာထင်ရှား သည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 23 သင်ကလည်း၊ ငါသည် ညစ်ညူး ခြင်းမ ရှိ၊ ဗာလ ဘုရားတို့ နောက် သို့မ လိုက် ဟု အဘယ်သို့ ဆို နိုင်သနည်း။ ချိုင့် သင် လိုက်သော လမ်း ကိုကြည့်ရှု လော့။ သင်ပြု သော အမှုတို့ကို ဝန်ခံ လော့။ လျင်မြန် စွာ ပြေး၍ လှည့်လည် တတ်သော ကုလားအုပ် မပါတကား။ 24 တော လှည့်လည်၍ ကိလေသာ ရာဂစိတ်နှင့် လေ ကိုရှူ တတ်သော မြည်း ရိုင်းမပါတကား။ အချိန် ရောက် သောအခါ အဘယ်သူ ဆီးတား နိုင်သနည်း။ သူ့ ကိုရှာ အံ့ သောငှါ အဘယ်သူ မျှပင်ပန်း ခြင်းကို မ ခံရ။ အချိန် စေ့ သောအခါ သူ့ ကိုတွေ့ လိမ့်မည်။ 25 သင် ၏ခြေ နင်းကို မ ပျက်စေနှင့်။ ရေငတ် ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း ၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါး တို့ကို ငါချစ် ၊ သူ တို့ နောက် သို့ လိုက် မည်ဟု ပြန်ပြော ၏။ 26 ဘမ်းမိ သောသူခိုး သည် ရှက် သကဲ့သို့ ၊ ဣသရေလ အမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် နှင့်တကွ အမျိုးသား များ တို့သည် ရှက် ကြ၏။ 27 သစ် တုံးအား ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဖြစ်တော်မူ၏ဟူ၍၎င်း ၊ ကျောက် အား လည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင် တော်မူပြီဟူ၍၎င်း ဆို လျက် ၊ စင်စစ်ငါ့ကို မျက်နှာ ပြု၊ ကျောခိုင်း ကြသော်လည်း၊ အမှု ရောက်လျှင်မူကား ၊ ထ တော်မူပါ၊ အကျွန်ုပ် တို့ကို ကယ်မ တော်မူပါဟု လျှောက် တတ်ကြ၏။ 28 ကိုယ် အဘို့ သင် လုပ် သော ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ အမှု ရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင် ၍ ကယ် ကြပါလေစေ။ အိုယုဒ ပြည်၊ သင် သည် မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ 29 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် အဘယ် အကျိုးအလိုငှါ ငါ နှင့် တရားတွေ့ ကြမည် နည်း။ သင် တို့ရှိသမျှ သည် ငါ့ ကို ပြစ်မှား ကြပြီ။ 30 ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။ 31 ယခု ဖြစ် သော အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင်ခြင် ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တော ကဲ့သို့၎င်း ၊ မှောင်မိုက် နိုင်ငံ ကဲ့သို့၎င်း ဖြစ် ဘူး သလော။ ငါ ၏လူ တို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော် ထံသို့ နောက် တဖန်မ ချဉ်းကပ် ဟု အဘယ်ကြောင့် ဆို ကြသနည်း။ 32 အပျို မသည် မိမိ ၌ဆင်သောတန်ဆာ ကို၎င်း ၊ မင်္ဂလာဆောင် သတို့သမီး သည် မိမိ ခါးပန်း ကို၎င်းမေ့လျော့ နိုင်သလော။ သို့ သော်လည်း၊ ငါ ၏လူ တို့သည် မ ရေတွက် နိုင်အောင် များစွာသောကာလ ပတ်လုံးငါ့ ကို မေ့လျော့ ကြပြီ။ 33 သင်သည် ရည်းစား ကို ရှာ ခြင်းငှါ သင် တို့ဘာသာ ဓလေ့တို့ကို အဘယ်ကြောင့် ပြုပြင် သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။ 34 ထိုမှတပါး၊ အနိုင် အထက်ပြု သည်ကို သင် မတွေ့ ။ အပြစ်မရှိ သော ဆင်းရဲသား တို့ကို အသေ သတ်၍၊ သွန်းသော အသွေး သည် သင် ၏အဝတ် စွန်း၌ ထင်ရှား ၏။ 35 ထို သို့သော အပြစ်များ ရှိ သော်လည်း သင်က၊ ငါ၌အပြစ် မရှိသောကြောင့် ၊ ဘုရား သခင်၏ အမျက် တော်သည် ငါ မှ လွှဲသွား လိမ့်မည် ဟု ဆို ပါသည်တကား။ ငါ၌အပြစ် ရှိဟုဆို သောကြောင့် ၊ သင့် ကို ငါ စစ်ကြော စီရင်မည်။ 36 သင် သည် အရပ်ရပ်သို့ ပြောင်းလဲ ခြင်းငှါ ၊ အဘယ်ကြောင့် ဤမျှ လောက်လှည့်လည် သနည်း။ အာရှုရိ ပြည်ကို ရှက်ကြောက် သည်နည်းတူ ၊ အဲဂုတ္တု ပြည် ကို ရှက်ကြောက် လိမ့်မည်။ 37 သင်သည် မိမိ လက် ကို မိမိ ခေါင်း ပေါ် မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွား ရလိမ့်မည်။ အကြောင်းမူကား၊ သင် ခိုလှုံ သောအရာတို့ကို ထာဝရဘုရား သည် ပယ် တော်မူသောကြောင့် ၊ ခိုလှုံ၍ အကျိုး ကို မ ရနိုင်ရာ။

3

1 ယောက်ျား စွန့်ပစ် သော မိန်းမ သည် ထွက် သွား၍၊ အခြား သောသူ ၏မယားဖြစ် ပြီးမှ၊ အရင်လင်သည် ထိုမိန်းမ ကို ပြန် ၍ယူ သင့်သလော။ ထို သို့ပြုသောပြည် သည် ညစ်ညူး သည်မ ဟုတ်လောဟု ဆိုလေ့ရှိလျက် နှင့်၊ သင် သည်များစွာ သော ရည်းစား တို့၌မှီဝဲ၍ မှားယွင်း သော်လည်း ၊ ငါ့ ထံသို့ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ ၏။ 2 မြင့် သောအရပ်များကို မျှော် ကြည့်၍ ၊ လင် နေ ဘူးသောအရပ် တစုံတခုကို ရှာ လော့။ အာရပ် လူသည် တော စောင့်သကဲ့သို့ ၊ သင်သည် လမ်း တို့၌ စောင့် နေ၍၊ မတရားသောမေထုန် အားဖြင့် ၎င်း ၊ အဓမ္မ အမှုအားဖြင့် ၎င်း ပြည် ကို ညစ်ညူး စေပြီ။ 3 မိုဃ်း ခေါင် နောက် မိုဃ်းတိုင်အောင်မ ရွာ သော်လည်း ၊ သင် သည် ပြည်တန်ဆာ နဖူး ရှိ၍၊ ရှက် ခြင်း သဘောကိုပယ်ရှား ပြီ။ 4 ယခု မှစ၍ သင်က၊ အကျွန်ုပ် အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် အသက်ငယ် စဉ်၊ စောင့်မပါပြီဟု ငါ့ အား အော်ဟစ် ပါစေသော။ 5 ဘုရားသခင်သည် အစဉ် အမျက်ထွက် တော်မူမည် လော။ အဆုံး တိုင်အောင် အပြစ်ကို မှတ် တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆို သော်လည်း ၊ တတ် နိုင်သမျှအတိုင်း အဓမ္မ အမှုကို ပြု ပါသည်တကား။ 6 ယောရှိ မင်းကြီး လက်ထက် ၊ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည်ကား၊ ဖောက်ပြန် သော ဣသရေလ အမျိုးပြု သော အမှုကိုသင်မြင် ပြီလော ။ မြင့် သော တောင် ရှိသမျှ အပေါ် သို့တက် ၎င်း ၊ စိမ်း သောသစ် ပင် ရှိသမျှ အောက် ၎င်း ပြည်တန်ဆာ လုပ်လေပြီ။ 7 သူသည် ထို အမှုအလုံးစုံ တို့ကို ပြု ပြီးမှ ၊ ငါ့ ထံသို့ ပြန် လာပါဟု ငါပြော သော်လည်း ၊ သူသည်ပြန်၍မ လာ ။ ထိုအမှုကို သူ ၏ညီမ ၊ သစ္စာပျက် သောညီမ ယုဒ သည် ကြည့် မြင်လေ၏။ 8 ဖောက်ပြန် သော ဣသရေလ သည် မတရား သောမေထုန် ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူ နှင့်ငါကွာ ဖြတ်စာ ကို အပ် သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒ သည်လည်း၊ မ ကြောက် ဘဲသွား ၊ ပြည်တန်ဆာ လုပ်ကြောင်း ကို ငါမြင် ရ၏။ 9 သူသည် မတရား သောမေထုန် ကိုပြု၍ အလွန် လော်လည် သောအားဖြင့် ပြည် ကို ညစ်ညူး စေ၍ ၊ ကျောက် နှင့် ၎င်း ၊ သစ် တုံးနှင့် ၎င်း မှားယွင်း လေ၏။ 10 ထို မျှ လောက်အပြစ်ရှိသော်လည်း ၊ သစ္စာ ပျက် သော ညီမ ယုဒ သည် ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် ၍ မ လာ။ ပြန်လာဟန်ဆောင် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 11 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့်တော်မူသည် ကား၊ သစ္စာ ပျက်သော ယုဒ သည် ဖောက်ပြန် သော ဣသရေလ ထက် အပြစ် ကြီး၏။ 12 သင် သည် သွား ၍ မြောက် မျက်နှာ သို့ ဟစ်ကြော် ရမည် စကား ဟူမူကား၊ အိုဖောက်ပြန် သော ဣသရေလ ၊ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် ငါ သည် မျက်မုန်းကြိုး ခြင်းကိုမ ပြု၊ ကရုဏာ စိတ်သဘောရှိ၏။ အစဉ် အမျက် ထွက်တတ်သည်မ ဟုတ်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 13 သင်သည် ငါ့ စကား ကို နား ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ 14 အိုဖောက်ပြန် သော သူငယ် တို့၊ ပြန်လာ ကြလော့ ဟု ထာဝရဘုရား မိန့် တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့ များထဲက မြို့လျှင် လူ တယောက်၊ အမျိုးသား ချင်း အစုစုထဲက တစုလျှင် လူနှစ် ယောက်ကို ရွေးယူ ဇိအုန် မြို့သို့ ပို့ဆောင် မည်။ 15 ငါ သည် နှစ်သက် သောသူတို့ကို သင်းအုပ် အရာ ၌ ခန့် ထား၍ ၊ သူတို့သည် ဉာဏ် ပညာနှင့် ပြည့်စုံလျက် သင် တို့ကို အုပ် ကြလိမ့်မည်။ 16 ထို ကာလ တွင် သင်တို့သည် ပြည် တော်၌ တိုးပွါး များပြား သောအခါ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍နောက် တဖန် မ ပြော မဆိုရ။ ထိုသေတ္တာတော် ကို စိတ် စွဲလမ်း ၊ မအောက်မေ့၊ မ ပြုစု ရ။ နောက် တဖန် မ လုပ် ရဟု ထာဝရဘုရား မိန့် တော်မူ၏။ 17 ထို အခါ ယေရုရှလင် မြို့ကို ထာဝရဘုရား ၏ ပလ္လင် ဟူ၍ခေါ် ကြလိမ့်မည်။ လူမျိုး အပေါင်း တို့သည် လည်း ၊ ထာဝရဘုရား ၏နာမ တော်ကို အမှီပြု၍၊ ထို ပလ္လင် သို့ စည်းဝေး ကြလိမ့်မည်။ နောက် တဖန် မိမိ တို့၌ ဆိုး သောစိတ် နှလုံးခိုင်မာ ခြင်းသဘော သို့ လိုက် ၍ မ ကျင့် ရကြ။ 18 ထို ကာလ ယုဒ အမျိုး သည် ဣသရေလ အမျိုး နှင့် ပေါင်းဘော် လျက် ၊ မြောက် မျက်နှာအရပ် က တစု တည်းလာ၍၊ သင် တို့ဘိုးဘေး များ အမွေခံ ဘို့ ၊ ငါပေးဘူး သော ပြည် သို့ ရောက် ကြလိမ့်မည်။ 19 ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။ 20 အိုဣသရေလ အမျိုး ၊ မယား သည် မိမိ ခင်ပွန်း သစ္စာဖျက်သကဲ့သို့၊ အကယ် စင်စစ်သင်တို့သည်ငါ သစ္စာ ဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 21 ဣသရေလ အမျိုးသား တို့သည် မြင့် သောအရပ်တို့၌ ငိုကြွေး ၍ တောင်းပန် သောအသံ ကို ငါကြား ရပြီ။ အကြောင်း မူကား၊ သူ တို့သည် လမ်း လွှဲ ၍၊ မိမိ တို့ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ ကြပြီ။ 22 အိုဖောက်ပြန် သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန် ရာများကို ငါပြုပြင် မည်။ သူတို့ ကလည်း၊ အကျွန်ုပ် တို့သည် ကိုယ်တော် ထံသို့ လာ ကြ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရားဖြစ်တော်မူ၏။ 23 အကယ် စင်စစ် ကုန်း များနှင့် တောင် ရိုး များတ ို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကယ် စင်စစ် အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ကယ်တင် ရာ အကြောင်း ဖြစ်တော်မူ၏။ 24 ရှက်ဘွယ် သော အရာသည် အကျွန်ုပ် တို့၏ ဘိုးဘေး ဥစ္စာ တည်းဟူသောသူ တို့ သိုး နွား ၊ သားသမီး များကို အကျွန်ုပ် တို့ ငယ် သောအရွယ်ကပင် စား ၍ ကုန်ပါပြီ။ 25 အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။

4

1 အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ ရွှေ့ ရ။ 2 သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 3 ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။ 4 အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။ 5 ယုဒ ပြည်၌ တံပိုး မှုတ် ကြလော့ဟု၊ ယေရုရှလင် မြို့ မှစ၍တပြည် လုံး ကြွေးကြော် ၍ သိတင်းကြား ကြလော့။ စည်းဝေး ခိုင်ခံ့ သောမြို့ များ အတွင်း သို့ ဝင် ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြားကြွေးကြော် ကြလော့။ 6 ဇိအုန် တောင်ပေါ်မှာ အလံ ကို ထူ ကြလော့။ လွတ်အောင် ပြေး ကြလော့။ ရပ် ၍ မ နေကြနှင့်။ အကြောင်း မူကား၊ ကြီးစွာ သော ပျက်စီး ခြင်း ဘေးဥပဒ် ကို မြောက် မျက်နှာမှ ငါ သည် ဆောင် ခဲ့မည်။ 7 ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။ 8 ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။ 9 ထိုအခါ ရှင်ဘုရင် နှင့် မှူးမတ် တို့သည် စိတ် ပျက် ကြလိမ့်မည်။ ယဇ် ပုရောဟိတ်တို့သည် မိန်းမော တွေဝေလျက် ၊ ပရောဖက် တို့သည် ထိတ်လန့် လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 10 ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိ သည်တိုင်အောင် ခွင်းသော်လည်း၊ သင် တို့သည် ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤ လူ များနှင့်တကွ ယေရုရှလင် မြို့သားတို့ကို အလွန်လှည့်စား တော်မူပြီတကားဟု လျှောက်ဆို ၏။ 11 ထို ကာလ လူ များနှင့် ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ ဆို ရမည်ကား၊ ပူ သောလေ သည် တော မြင့် သောအရပ်က ငါ ၏လူမျိုး သတို့သမီး ထံသို့လာလိမ့်မည်။ အမှော်လွင့် စေခြင်း၊ သန့်ရှင်း စေခြင်းငှါ လာ သောလေမဟုတ်။ 12 ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။ 13 လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။ 14 အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။ 15 ဒန် ပြည်၌ အသံ ကို ကြား ရ၏။ ဧဖရိမ် တောင် ပေါ် မှာ ဒုက္ခ သိတင်းကို ဟစ်ကြော် ကြ၏။ 16 အပြည် ပြည်တို့၌ သိတင်းကြား ကြလော့။ ယေရုရှလင် မြို့ကို ရည်မှတ်၍ ကြွေးကြော် ကြလော့။ ကင်းစောင့် တို့သည် ဝေး သောပြည် က လာ ၊ ယုဒ မြို့ များ တစ်ဘက် ၌ ထူး ကြလိမ့်မည်။ 17 လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။ 18 သင် လိုက်သောထုံးစံ နှင့် သင် ကျင့်သောအကျင့် တို့သည် သင့် အပေါ် မှာ ဤ အမှုကို သက်ရောက် စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါး စပ်သောစိတ်၊ နာကြည်း သောစိတ် ရှိရာ၏ဟု ထာဝရဘုရား မိန့် တော်မူ ၏။ 19 ငါ့ အသည်း သည်နာ၏။ ငါ့ အသည်း သည်နာ၏။ ငါ့ နှလုံး အရေဖျား လည်းနာ ၏။ ငါ့ အထဲ ၌ ငါ့ နှလုံး ပူဆွေး ၏။ ငါသည် တိတ်ဆိတ် စွာ မနေနိုင်။ အကြောင်း မူကား၊ အိုငါ့ ဝိညာဉ် ၊ သင်သည် တံပိုး မှုတ်သံ နှင့် စစ်တိုက် သံ ကို ကြား ရ၏။ 20 ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။ 21 ငါသည် အဘယ် မျှကာလပတ်လုံး အလံ ကို မြင် ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုး သံ ကို ကြား ရအံ့နည်း။ 22 အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။ 23 ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း ရှိ။ 24 တောင် တို့ကိုလည်း ငါကြည့် ရှု၍ ၊ သူတို့နှင့်တကွကုန်း ရှိသမျှ တို့သည် တုန်လှုပ် လျက်နေကြ၏။ 25 ငါကြည့် ရှု၍ လူ ရှိ။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် ပြေး ကြပြီ။ 26 ငါ ကြည့်ရှု ၍ ဝပြော သော ပြည်သည် တော ဖြစ် လေပြီ။ မြို့ များတို့သည် ပြိုပျက် လျက်ရှိကြ၏။ ထာဝရဘုရား ရှေ့ ၊ ပြင်းစွာသော အမျက် တော်ရှေ့ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။ 27 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တပြည် လုံး ပျက်စီး ရာ ဖြစ် လိမ့်မည်။ ပျက်စီး ခြင်းကို ငါမ ဆီးတား28 ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ ရှိ။ ကြံ ပြီးမှ အကြံ ပျက်ရ။ 29 မြင်းစီး သူရဲနှင့် လေး ကိုင်သူရဲတို့ ဟစ် သော အသံ ကြောင့် ၊ မြို့ သား အပေါင်း တို့သည် တောအုပ် သို့ ပြေး သွားကြ၏။ ကျောက် ပေါ် သို့ တက် ကြ၏။ မြို့ ရှိသမျှ တို့ ကို စွန့်ပစ် နေ သောသူတ ယောက်မျှ မ ရှိရ။ 30 သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။ 31 အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။

5

1 ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။ 2 သူတို့က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟုဆို သော်လည်း ၊ အကယ်စင်စစ်မဟုတ် မမှန်ကျိန်ဆို တတ်ကြ၏။ 3 အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။ 4 ငါ ကလည်း ၊ အကယ်စင်စစ်ဤသူ တို့သည် ဆင်းရဲ သားဖြစ်ကြ၏။ ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ ဘုရား သခင်စီရင် တော်မူရာကို၎င်း မ သိ သောကြောင့် မိုက် ကြ၏။ 5 လူကြီး များထံသို့ ငါသွား ပြော မည်။ သူ တို့သည် ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ဘုရား သခင်စီရင် တော်မူရာကို၎င်း သိ ကြ၏ဟုဆိုသော်လည်း ၊ သူ တို့ သည် ထမ်းဘိုး တော်ကိုချိုး ၍၊ အနှောင် အဖွဲ့တော်တို့ကို ဖြတ် ကြပြီ။ 6 ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။ 7 ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၊ ဘုရား ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။ 8 ဝစွာစား ရသောမြင်း ကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယား တို့ကို တပ် သောစိတ်နှင့် ဟီ ကြပြီ။ 9 ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။ 10 မြို့ရိုး ပေါ် သို့တက် ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။ 11 ဣသရေလ အမျိုး နှင့် ယုဒ အမျိုး တို့သည် ငါ့ ထံ ၌ ခံဘူးသော သစ္စာ ကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ ၏။ 12 သူတို့က၊ ထာဝရဘုရား ရှိ။ ငါ တို့အပေါ် ၌ ဘေးဥပဒ် ရောက် ရ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးကို ငါတို့သည် မ တွေ့ ရကြ။ 13 ပရောဖက် တို့သည် လေ သက်သက် ဖြစ် ကြ၏။ သူ တို့၌ နှုတ်ကပတ် တော်မ ရှိ။ သူတို့ဟောပြောသည် အတိုင်း သူ တို့ခံရ လိမ့်မည်ဟု ထာဝရဘုရား ကို ငြင်းပယ် လျက် ဆို တတ်ကြ၏။ 14 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆို သောကြောင့် ၊ ငါ့ စကား ကို သင် ၏နှုတ် မီး ကဲ့သို့ ၎င်း ၊ ဤ လူမျိုး ကိုထင်း ကဲ့သို့၎င်း ငါ ဖြစ် စေ၍ သူ တို့ကို မီးလောင် ရလိမ့်မည်။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား လည်သော အမျိုး ဖြစ်လိမ့်မည်။ 16 သူ တို့ မြှားတောင့် သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသောသူဖြစ် ကြ၏။ 17 ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။ 18 သို့ရာတွင် ၊ ထို ကာလ ငါသည် သင် ၏အမှုကို မ ဆုံးဖြတ် သေးဟု ထာဝရဘုရား မိန့် တော်မူ၏။ 19 သူတို့ကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ငါ တို့၌ အမှုအလုံးစုံ တို့ကို အဘယ်ကြောင့် စီရင် တော်မူသနည်းဟုမေး ကြသောအခါ ၊ သင်တို့သည် ငါ့ ကိုစွန့်ပစ် ၊ ကိုယ် ပိုင်သော ပြည် တကျွန်း တနိုင်ငံဘုရား တို့၏ အမှုကိုဆောင်ရွက် သကဲ့သို့ ၊ ကိုယ် ပိုင် သော ပြည် တကျွန်း တနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူ တို့အား ဆင့်ဆို ရမည်။ 20 ယာကုပ် အမျိုးနေရာ ယုဒ ပြည်၌ ဟော ပြောကြွေးကြော် ရမည်မှာ၊ 21 အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။ 22 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ နိုင် ၊ ဟုန်း ၍မကျော် လွန်နိုင်သော်လည်း၊ 23 လူ မျိုးသည် ပြစ်မှားပုန်ကန် သော သဘော ရှိ ၊ အစဉ်ပုန်ကန် တတ်ကြ၏။ 24 အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။ 25 သင် တို့ဒုစရိုက် သည် ထို သို့သော အရာတို့ကို လွှဲ ၍၊ သင် တို့အပြစ် သည် သင် တို့၏ မင်္ဂလာ ကို ဆီးတား လေပြီ။ 26 ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။ 27 ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ရတတ် ခြင်းသို့ ရောက် ကြ၏။ 28 လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။ 29 ထို သို့သော အပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။ 30 အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။ 31 ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။

6

1 အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။ 2 အဆင်းလှ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။ 3 သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။ 4 သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။ 5 ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။ 6 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။ 7 စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။ 8 အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။ 9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။ 10 သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။ 11 ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။ 12 သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 13 အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။ 14 ချမ်းသာ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။ 15 သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 16 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။ 17 ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား ထောင်ဟု ပြန်ပြော ကြ ၏။ 18 သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။ 19 အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။ 20 ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက်21 ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။ 22 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။ 23 လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။ 24 ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။ 25 တော သို့မ ထွက် ကြနှင့်။ လမ်း မှာ သွား ကြနှင့်။ ရန်သူ ထား ပါ၏။ အရပ်ရပ် ဘေး ရှိ၏။ 26 အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။ 27 သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။ 28 ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။ 29 ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။ 30 ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။

7

1 ထာဝရဘုရား ၏ အထံ တော်က နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ သင်သည် ဗိမာန် တော် တံခါး ဝ၌ ရပ် လျက် ကြွေးကြော် ရမည့်စကား ဟူမူကား 2 ထာဝရဘုရား ကို ကိုးကွယ် ခြင်းငှါ ၊ ဤ တံခါး တို့ အတွင်းသို့ ဝင် သောယုဒ အမျိုးသားအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။ 3 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များတို့ကို ပြုပြင် ကြလော့။ သို့ပြုလျှင် သင် တို့ကို ဤ အရပ် ငါနေ စေမည်။ 4 ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မှီဝဲ ကြနှင့်။ 5 သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊ 6 ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊ 7 သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။ 8 အကျိုး ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။ 9 သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊ 10 ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။ 11 ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။ 13 ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား ထောင်၊ ငါခေါ် သင်တို့သည် မ ထူး သောကြောင့်၎င်း ၊ 14 ရှိလော ရွာကို ငါပြု သကဲ့သို့ ၊ ငါ ၏နာမ ဖြင့် သမုတ် သော ၊ သင် တို့ခိုလှုံ သော ဤအိမ် တော်၊ သင် တို့နှင့် ဘိုးဘေး တို့အား ငါပေး သော အရပ် ဌာနကို ငါပြု မည်။ 15 သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။ 16 သင် သည်လည်း လူမျိုး အဘို့ ပဌနာ ပြုနှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြု နှင့်။ ငါ့ ကို သွေးဆောင် နှင့်။ သင် ၏ စကားကို ငါ နား ထောင်။ 17 သူ တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ တို့၌ ပြု ကြသော အမှုကို မ မြင် သလော။ 18 ငါ့ ကို နှောင့်ရှက် မည်အကြံ နှင့်၊ ကောင်းကင် မိဖုရား အဘို့ မုန့် ပြားတို့ကို လုပ် ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာကိုပြုခြင်းငှါ၊ သား တို့သည် ထင်း ခွေ ကြ၏။ အဘ တို့သည် မီး ထည့် ကြ၏။ မိန်းမ တို့သည် မုန့် နယ် ကြ၏။ 19 ထိုသို့ပြု၍ ငါ့ ကိုနှောင့်ရှက်ကြသလော။ မိမိ တို့ မျက်နှာ ကို ဖျက် မည်အကြောင်း ၊ မိမိ တို့ကိုယ်ကိုသာ နှောင့်ရှက် ကြသည်မ ဟုတ်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။ 20 သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။ 21 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။ 22 အကြောင်း မူကား၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ငါ နှုတ် ဆောင်သောအခါ ၊ မီးရှို့ ရာယဇ် အစ ရှိသောယဇ် များအတွက် သူ တို့ကို ငါမှာ ထားသည် မ ဟုတ်။ 23 ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။ 24 သို့ရာတွင် ၊ သူတို့သည် နား ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ မျက်နှာ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။ 25 သင် တို့အဘ များသည် အဲဂုတ္တု ပြည် က ထွက် သွား သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် နေ့ တိုင်း စောစော ထ၍ ၊ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် သော်လည်း26 သင်တို့သည် ငါ့ စကားကို နား ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။ 27 သင်သည် ဤ စကား အလုံးစုံ ကို သူ တို့အား ပြော သော်လည်း ၊ သူတို့သည် နား ထောင်ကြ။ ခေါ် သော်လည်း ထူး ကြ။ 28 သို့ဖြစ်၍ သင်ကလည်း၊ ဤ လူမျိုး သည် မိမိ တို့ ဘုရား သခင်ထာဝရဘုရား ၏စကား တော်ကို နား ထောင်၊ ဆုံးမ ၍ မ နိုင် သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာ ပျက် သော အမျိုးဖြစ်သည်ဟု သူ တို့အား ပြော ဆိုရမည်။ 29 သင် ၏သစ္စာဆံပင် ကိုရိတ် ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။ 30 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ အမျိုးသား တို့သည် ငါ့ ရှေ့ မှာဆိုး သော အမှုကိုပြု ကြပြီ။ ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို ညစ်ညူး စေခြင်းငှါ ၊ ရွံရှာဘွယ် သောအရာတို့ကို သွင်း ထားကြပြီ။ 31 ငါမ မှာ ထား၊ ငါ အလျှင်းအလို ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။ 32 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက် ချိုင့်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလ ရောက် လိမ့်မည်။ တောဖက် မြေ လွတ်မ ရှိသည် တိုင်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။ 33 လူမျိုး အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ် ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူ မျှမမောင်း ရ။ 34 ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။

8

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး ၊ မှူးမတ် တို့၏အရိုး ၊ ယဇ်ပုရောဟိတ် တို့၏အရိုး ၊ ပရောဖက် တို့၏အရိုး ၊ ယေရုရှလင် မြို့သား တို့၏ အရိုး များကို သင်္ချိုင်း တွင်းများ အထဲ ကထုတ် ပစ်၍2 ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။ 3 ငါနှင် လိုက်ရာအရပ်ရပ် ကျန် ကြွင်း၍၊ ဆိုးယုတ် သော ဤ အမျိုးသား တို့သည် အသက် ကို အလိုမရှိ။ သေ ခြင်းကို အလိုရှိ၍ ရွေးချယ် ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 4 တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ လဲ သောသူသည် နောက်တဖန် ရသလော။ လွဲသွား သောသူသည် နောက် တဖန်ပြန်၍ မ လာ ရသလော။ 5 ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။ 6 ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။ 7 မိုဃ်းကောင်းကင် ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား လည်တတ်။ 8 ငါ တို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား ၏ တရား သည် ငါ တို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆို ရလိမ့်မည်နည်း။ အကယ်စင်စစ်စာရေး တို့၏ မုသာ မှင်တံ သည် မုသာ တရားကို လုပ် လေပြီ။ 9 ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။ 10 ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။ 11 ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။ 12 သူတို့သည် ရွံရှာဘွယ် သောအမှုကို ပြု ပြီးမှရှက် ကြ သလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 13 သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 14 ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။ 15 ငါတို့သည် ချမ်းသာ ကို မြော်လင့် သော်လည်း ၊ ကောင်း သောအရာ မ ပေါ်လာ။ သက်သာ ချိန် ကို မြော်လင့်သော်လည်း ၊ ဘေး သက်သက်ဖြစ်၏။ 16 သူ့ မြင်း နှာခေါင်းရှုသံ ကို ဒန် ပြည်က ကြား ရ၏။ သူ့ မြင်းရဲ ဟီ သံ ကိုကြား၍ တပြည် လုံး တုန်လှုပ် လေ၏။ သူတို့သည် ရောက် လာ၍ ၊ ပြည် နှင့် တကွပြည် ၌ရှိသမျှ ကို၎င်း ၊ မြို့ နှင့် တကွမြို့ သား တို့ကို၎င်းစား ၍မျိုကြ၏။ 17 ကြည့်ရှု လော့။ မန်း မှုတ်၍ မ နိုင်သော မြွေ ၊ ဆိုးသောမြွေ များကို သင် တို့ရှိ ရာသို့ ငါ စေလွှတ် သဖြင့် ၊ သင် တို့ကို ကိုက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ 18 ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။ 19 ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။ 20 အသီးအနှံသိမ်း ရာကာလလွန် ပြီ။ နွေ ကာလ ကုန် ပြီ။ ငါ တို့သည် ကယ်တင် ခြင်းသို့ မ ရောက်ကြ။ 21 ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။ 22 ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။

9

1 ငါ ၏လူမျိုး သတို့သမီး နှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ ညဉ့် မပြတ် ငို ရမည် အကြောင်း၊ ငါ့ ဦးခေါင်း သည် ရေ သက်သက်၊ ငါ့ မျက်စိ တို့ သည် မျက်ရည် ထွက်သော စမ်း ဖြစ်ပါစေသော။ 2 ငါသည် ငါ ၏ လူမျိုး ကို စွန့် ထွက်သွား နိုင် အောင် တော တဲ စားခန်းရှိပါစေသော။ အကြောင်း မူကား ၊ ထိုသူ အပေါင်း တို့သည် သူ့ မယားကို ပြစ်မှားသောသူ ၊ သစ္စာ ပျက်သော အစည်း အဝေးဖြစ်ကြ၏။ 3 သူတို့သည် မိမိ တို့လျှာ တည်းဟူသောလေး ကို မုသာ နှင့် တင် ကြ၏။ သစ္စာ တရားကို အမှီ ပြုဘဲ မြေကြီး ပေါ် မှာ လူကြီး ဖြစ်ကြ၏။ အကယ် စင်စစ်ဆိုး သောအမှုအပေါ် မှာ ဆိုး သောအမှု ကို ထပ်၍ပြု ကြ၏။ ငါ့ ကိုလည်း သိ မမှတ်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 လူတိုင်းမိမိ အပေါင်း အဘော်ကို သတိပြု လော့။ မိမိ ညီအစ်ကို ကို မ ယုံ ကြနှင့်။ ညီအစ်ကို တိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှ တို့သည် သူ့အသရေ ကို ဖျက်မြဲ ဖျက်ကြ လိမ့်မည်။ 5 အပေါင်း အဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စား ကြလိမ့်မည်။ သစ္စာ စကားကို မ ပြော ဘဲ မုသာ စကားကိုပြော ခြင်းငှါမိမိ တို့လျှာ ကို သွန်သင် ကြပြီ။ မတရား သောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်း စေကြပြီ။ 6 သင် ၏ နေ ရာသည် မုသာ အရပ် ရှိ၏။ အရပ် သားတို့သည် မုသာ ကြောင့် ငါ့ ကိုမ သိ လိုဟု ထာဝရဘုရား မိန့် တော်မူ၏။ 7 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည်သူ တို့ကို အရည်ကျို စုံစမ်း မည်။ သို့မဟုတ်၊ ငါ ၏လူမျိုး သတို့သမီး ၌ အဘယ်သို့ ငါပြု ရမည်နည်း။ 8 သူ တို့လျှာ သည် သေ စေတတ်သောမြှား ဖြစ်၏။ ပရိယာယ် စကားကို ပြော တတ်၏။ အပေါင်း အဘော်ချင်း တို့သည် နှုတ် ဖြင့် လောက ဝတ်စကားကိုပြော ၍၊ နှလုံး ဖြင့် ချောင်းမြောင်း တတ်ကြ၏။ 9 ထိုသို့ သော အပြစ်တို့ကို ငါမ စစ်ကြော ဘဲနေရ မည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ်ချင်ရဲ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ 10 တောင် များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေး မြည်တမ်း ခြင်းကို ပြု ရမည်။ ထိုအရပ်တို့၌ မီးလောင် သောကြောင့် ၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံ ကို မ ကြား ရ။ မိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တို့သည် ထွက် ပြေးရကြပြီ။ 11 ငါသည် ယေရုရှလင် မြို့ကို အမှိုက် ပုံ၊ မြေခွေး နေရာတွင်း ဖြစ် စေမည်။ ယုဒ မြို့ ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံ ရာအရပ်ဖြစ် စေမည်။ 12 အမှုကိုနားလည် နိုင်သော ပညာရှိ ကား၊ အဘယ်သူ နည်း။ ထာဝရဘုရား ၏ နှုတ် တော်ထွက် ကိုခံ၍၊ ဤအမှု၏အကြောင်း ကို ပြော နိုင်သော သူ ကား၊ အဘယ် သူနည်း။ အဘယ်သူမျှရှောက် ၍မသွားနိုင်အောင်၊ တပြည် လုံးသည် တော ကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီး သနည်း။ 13 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ငါ့ စကား ကို နား ထောင်၊ သူ တို့၌ ငါပေး သော တရား ကို မ ကျင့် မစောင့်ဘဲ စွန့်ပစ်14 မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းသို့ ၎င်း ၊ မိရိုး ဘလာအတိုင်း ဗာလ ဘုရားတို့နောက် သို့၎င်း လိုက် ကြသောကြောင့် ၊ 15 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး နှင့်ရောသော ရေ ကို တိုက် မည်။ 16 သူတို့မ သိ ၊ ဘိုးဘေး မသိဘူးသော လူမျိုး တို့တွင် အရပ်ရပ်၌ ကွဲပြား စေမည်။ ရှင်းရှင်းမ ဖျက်ဆီး မှီတိုင်အောင်၊ သူ တို့နောက် သို့ ထား ဘေးကို စေလွှတ် မည်။ 17 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဆင်ခြင် ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာ ကြစေ။ လိမ္မာ သော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ။ 18 ငါ တို့သည် မျက်ရည် ကျ ၊ မျက်ခမ်း ထဲက တွေတွေစီး ထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန် ပြု၍ ၊ ငါ တို့အတွက် ငိုကြွေး ခြင်းကို ပြု ကြစေ။ 19 နားထောင်ကြ။ ဇိအုန် မြို့၌ ကြား ရသောငိုကြွေး သံ ဟူမူကား၊ ငါတို့သည် အဘယ် မျှလောက်လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါ တို့ နေရာ များကို ဖြိုချ သောကြောင့် ၊ ငါတို့သည် ကိုယ်ပြည် ကို စွန့် ၍ အလွန် မိန်းမော တွေဝေကြသည်တကား။ 20 အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။ 21 သေ မင်းသည် ငါ တို့ပြတင်းပေါက် သို့ တက် ၍၊ ငါ တို့ဘုံ ဗိမာန်ထဲသို့ ဝင် သဖြင့် ၊ သူငယ် များကို လမ်း မှ ပယ်ရှင်း ၍၊ လူပျို များကို ပွဲ သဘင်ထဲက ဖျက်ဆီးလေပြီ။ 22 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ သေ ကောင်တို့သည် လယ် ပြင် နောက်ချေး ကဲ့သို့ ၎င်း ၊ သိမ်း သူမ ရှိ၊ ရိတ် သောသူနောက် မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎င်း ကျနေ ကြလိမ့်မည်ဟု ကြား ပြောလော့။ 23 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိ ပညာ ၌ မ ဝါကြွား စေနှင့်။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ၌ မ ဝါကြွား စေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိ ဥစ္စာ ဝါကြွား စေနှင့်။ 24 ဝါကြွား သောသူ မည်သည်ကား၊ ငါသည် မြေကြီး ပေါ် မှာ ချစ် သနားခြင်း၊ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် ခြင်းကို ပြု သောထာဝရ ဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့ သဘောကို သိ နားလည် ခြင်း၌သာ ဝါကြွား စေ။ ငါသည် ထို အရာတို့၌ မွေ့လျော် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 25 ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရေဖျား လှီး ခြင်းကိုခံ သောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊ 26 အဲဂုတ္တု လူ၊ ယုဒ လူ၊ ဧဒုံ လူ၊ အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ ပါးမုန်း ကိုရိတ် တတ်သော လူမျိုး၊ တော နေ သောသူအပေါင်း တို့ကို ငါဆုံးမ ရသော အချိန် ကာလ ရောက် လိမ့်မည်။ တပါးအမျိုးသား အပေါင်း တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသား အပေါင်း တို့သည်လည်း ၊ စိတ်နှလုံး အားဖြင့်အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။

10

1 အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။ 2 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ ထိတ်လန့် မကြောက်ကြနှင့်။ 3 လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊ 4 ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။ 5 သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း ပြုနိုင်။ 6 အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။ 7 အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။ 8 သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။ 9 ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။ 10 ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။ 11 သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။ 12 ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။ 13 အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။ 14 လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ လည်း ထွက် သက်ဝင်သက်မ ရှိ။ 15 ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ် ပျောက်ကြ လိမ့်မည်။ 16 ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။ 17 အိုရဲတိုက် နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။ 18 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။ 19 ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။ 20 ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။ 21 အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။ 22 အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။ 23 အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။ 24 အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။ 25 ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။

11

1 ယေရမိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 2 ပဋိညာဉ် စကား ကို နားထောင် ကြလော့။ သင်သည် ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား3 ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ 4 ယနေ့ဖြစ်သည်နှင့်အညီ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ငါပေး မည်ဟု၊ သင် တို့၏ ဘိုးဘေး များ၌ ငါကျိန်ဆို သော သစ္စာ ဂတိကို စောင့် ရသောအခွင့်ရှိစေခြင်းငှါ၊ သင် တို့သည် ငါ လူ ဖြစ် ၊ ငါ သည်လည်း သင် တို့၏ ဘုရား ဖြစ် မည် အကြောင်း ၊ ငါ့ စကား ကို နားထောင် ၊ ငါမှာ ထား သမျှ အတိုင်း ကျင့် ကြလော့ဟု၊ 5 သံ မီးဖို တည်းဟူသောအဲဂုတ္တု ပြည် မှ သင် တို့၏ဘိုးဘေး များကို နှုတ် ဆောင် သောအခါ သူတို့၌ ငါထား သော ပဋိညာဉ် တရားစကား ကို နား ထောင်သော သူ သည် ကျိန် တော်မူခြင်းကို ခံစေဟု မိန့် တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား ၊ အာမင် ဟု လျှောက် ၏။ 6 ထာဝရဘုရား ကလည်း ၊ သင်သည် ယုဒ မြို့ များ နှင့် ယေရုရှလင် မြို့လမ်း များတို့၌ ဟစ်ကြော် ရမည်စကား ဟူမူကား၊ သင်တို့သည် ဤ ပဋိညာဉ် စကား ကို နားထောင် ကျင့် ကြလော့။ 7 အကြောင်း မူကား၊ ငါ့ စကား ကို နားထောင် ကြလော့ဟု၊ သင် တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် က ငါ နှုတ် ဆောင်သောနေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် စောစော ထ၍ အထပ်ထပ်ဆုံးမ သော်လည်း8 သူတို့သည် နား ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက် သွားကြသောကြောင့် ၊ ငါမှာ ထား၍၊ သူတို့မ ကျင့် သော ဤ ပဋိညာဉ် စကား အလုံးစုံ တို့ကို၊ သူ တို့အပေါ် ၌ ငါသက်ရောက် စေမည်ဟု မိန့် တော်မူ ၏။

9 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် သင်းဖွဲ့ ကြ၏။ 10 ငါ့ စကား ကို ငြင်းပယ် သော ဘိုးဘေး တို့၏ ဒုစရိုက် များကို ပြုအံ့သောငှါ ပြန် သွားကြပြီ။ အခြား တပါး သော ဘုရား တို့ကို ဝတ်ပြု အံ့သောငှါ လိုက် သွားကြပြီ။ သူ တို့၏ ဘိုးဘေး များနှင့် ငါဖွဲ့ သော ပဋိညာဉ် တရားကို ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဖျက် ကြပြီ။ 11 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့မ လွတ် နိုင် သော ဘေး အန္တရာယ်ကို သူ တို့အပေါ် ၌ ငါ သက် ရောက်စေမည်။ သူတို့သည် ငါ့ ကိုအော်ဟစ် သော်လည်း ၊ ငါနား ထောင်ဘဲနေမည်။ 12 ထိုအခါယုဒ မြို့ သူရွာသားနှင့် ယေရုရှလင် မြို့သား တို့သည် နံ့သာပေါင်းကို မီးရှို့ ၍၊ ပူဇော်ဘူးသော ဘုရား များထံသို့ သွား၍ အော်ဟစ် သော်လည်း ၊ ဘေး ရောက်ရာကာလ ထိုဘုရားတို့သည် အလျှင်းချမ်းသာ ပေးဘဲနေကြလိမ့်မည်။ 13 အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။ 14 သို့ဖြစ်၍သင် သည်ဤ လူမျိုး အဘို့ ပဌနာ ပြု နှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြုနှင့်။ ဘေး ရောက်သည်ကာလ ၊ သူ တို့ အော်ဟစ် သော စကားကို ငါ နား ထောင်။ 15 ငါ ချစ် သောအစ်မသည် များ စွာသောသူတို့ နှင့် မတရား သဖြင့် ပေါင်းဘော် ၊ ဆိုးညစ်စဉ်တွင်၊ ငါ့ အိမ် နှင့် အဘယ်သို့ ဆိုင် သနည်း။ သင်သည် သန့်ရှင်း သော အမဲသား ကို မပူဇော်ရ။ ဒုစရိုက် ကို ပြုစဉ် တွင်ပင်၊ ဝမ်းမြောက် ပါသည်တကား၊ 16 စိမ်းလန်း လှပ ၍ ကောင်းသော အသီး ကို သီးသောသံလွင် ပင်ဟု၊ သင့် ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီး သော အသံ ဗလံနှင့် ထိုအပင် ကို မီးရှို့ တော်မူ၍ ၊ အခက် အလက်တို့သည် ကျွမ်း လောင်ကြ၏။ 17 ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဗာလ ဘုရားရှေ့ မှာ နံ့သာ ပေါင်းကို မီးရှို့၍၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ မိမိ တို့အဘို့ မကောင်း သောအမှုကို ပြု သောကြောင့် ၊ သင့် ကိုစိုက် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ သင် အမှု ရောက် မည် အကြောင်းမိန့် တော်မူပြီ။ 18 ထာဝရဘုရား သည် ငါ့ အား ဗျာဒိတ် ပေးတော်မူသောကြောင့် ငါသိ ရ၏။ သူ တို့ပြုသောအမှု များကို ကိုယ်တော်သည် ပြ တော်မူပြီ။ 19 အသေသတ် ခြင်းငှါ ဆောင်သွား သော သိုး သငယ် ယဉ် ကဲ့သို့ ငါ ဖြစ်၏။ သူတို့က၊ သူ ၏နာမ ကို ရှင်းရှင်း ပျောက်စေခြင်းငှါ ၊ အသီး အကင်းနှင့် တကွအပင် ကို ရှင်းရှင်းဖျက် ၍၊ အသက် ရှင်သောသူတို့၏ နေရာ မှ သူ့ ကိုပယ်ဖြတ် ကြကုန်အံ့ဟု၊ ငါ့ တဘက် ၌ မကောင်းသော အကြံ နှင့် ကြံစည် ကြောင်းကို ငါမ သိ20 နှလုံး ကျောက်ကပ် ကို စစ်ကြော ၍၊ တရား သဖြင့် စီရင် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့အား အပြစ် ပေးတော်မူ ကြောင်းကို အကျွန်ုပ်မြင် လိုပါ၏။ အကျွန်ုပ် အမှု ကို ကိုယ်တော် အား ကြား လျှောက်ပါပြီ။ 21 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အာနသုတ် မြို့သား တို့က၊ သင်သည် ငါ တို့လက် ဖြင့် သေ ရမည်အကြောင်း ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ပရောဖက် ပြုနှင့်ဟုဆို လျက်၊ သင် ၏အသက် ကို ရှာ ကြ သောကြောင့်၊ 22 ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် သေ ကြလိမ့်မည်။ 23 တစုံတယောက်မျှ မ ကြွင်း ရ။ ထိုသို့စစ်ကြော ရာ ကာလ တည်းဟူသောဘေး ဥပဒ်ကို အာနသုတ် မြို့သား တို့အပေါ် သို့ ငါသက်ရောက် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

12

1 အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။ 2 ကိုယ်တော်သည် သူ တို့ကို စိုက် တော်မူသဖြင့် ၊ သူတို့သည် အမြစ် ကျ၍ ကြီးပွါး လျက် အသီး ကို သီး ကြပါ ၏။ ကိုယ်တော် သည် သူ တို့နှုတ် နှင့် နီး နှလုံး နှင့် ဝေး တော်မူ၏။ 3 အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။ 4 ပြည် သား များပြုသောဒုစရိုက် အပြစ်ကြောင့် ၊ ပြည်သည် အဘယ် မျှကာလပတ်လုံး မြည်တမ်း ရပါအံ့နည်း။ အရပ်ရပ် တို့၌ရှိသောမြက်ပင် သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်း ရပါအံ့နည်း။ ငါ တို့ခံရသောအကျိုး အပြစ်ကို ဘုရားသခင်မ သိ မမြင်ဟု ပြည်သားများ ဆို သောကြောင့် ၊ သား များနှင့် ငှက် များတို့သည် ပျောက် ပျက် ကြပါပြီ။ 5 သင်သည် ခြေသည် တို့နှင့် ပြိုင်ပြေး မော လျှင် မြင်း တို့နှင့် အဘယ်သို့ ပြိုင် နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ် စွာ နေရသောပြည် မော လျှင် ၊ ယော်ဒန် မြစ်၏ ဂုဏ် အသရေထဲမှာ အဘယ် သို့ပြု လိမ့်မည်နည်း။ 6 သင် ၏ညီအစ်ကို ၊ အဘ ၏ အိမ်သူ အိမ်သားတို့ ပင် သင့် ကို သစ္စာဖျက် ၍၊ သင့် နောက်သို့ အော်ဟစ် လျက် လိုက်ကြ၏။ သူ တို့သည် ကောင်း သောစကားကို ပြော သော်လည်း ယုံ နှင့်။ 7 ငါသည်ကိုယ် အိမ် ကိုစွန့် ၍၊ ကိုယ် အမွေ ကို ပစ် ထားပြီ။ ငါ အလွန်ချစ် သောအစ်မကို သူ ၏ ရန်သူ လက် သို့ အပ်နှံ ပြီ။ 8 ငါ့ အမွေ သည် တော တွေ့သောခြင်္သေ့ ကဲ့သို့ ငါ့ အား ဖြစ် ၍၊ ငါ့ ကို ဟောက် သောကြောင့် ငါမုန်း လေ၏။ 9 ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။ 10 များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။ 11 သုတ်သင် ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့ အား ညဉ်းတွား လေ၏။ တပြည် လုံး ပျက်စီး သော်လည်း၊ အဘယ် သူမျှပမာဏ မပြုတတ်။ 12 တော မြင့် သော အရပ်အလုံးစုံ တို့အပေါ် မှာ လုယက် သောသူတို့ သည် တက် ကြပြီ။ အကယ်စင်စစ်ပြည် စွန်း တဘက်မှ တဘက် တိုင်အောင် ထာဝရဘုရား ထား တော်သည် ဖျက်ဆီး သဖြင့်၊ အဘယ်သူ မျှချမ်းသာ ရ။ 13 သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။ 14 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။ 15 နှုတ် ပြီးမှ တဖန် ငါသနား ၊ အသီးအသီး တို့ကို မိမိ တို့ပိုင်ထိုက် သော မြေ၊ မိမိ တို့နေရင်းပြည် သို့ ငါပြန် ပို့ မည်။ 16 ဗာလ ဘုရားကိုတိုင်တည်၍ ကျိန်ဆို စေခြင်းငှါ ၊ သူတို့သည် ငါ ၏လူမျိုး ကို သွန်သင် ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင် တော်မူသည်ဟု၊ ငါ ၏နာမ ကို တိုင်တည်၍ ကျိန်ဆို ခြင်းငှါ ၊ ငါ့ လူမျိုး ၏ ဘာသာ ဓလေ့ကို ကြိုးစား၍ သင် လျှင် ၊ ငါ ၏လူမျိုး အထဲ သူတို့ကို ငါတည် စေမည်။ 17 သို့မဟုတ် ၊ နား ထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုး ကို ငါသည် ရှင်းရှင်းနှုတ် ပယ် ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

13

1 တဖန် ထာဝရဘုရား က၊ သင်သည် ချည် ခါးပန်း ကို သွား ယူ ပြီးလျှင် ခါး စည်း လော့။ ရေ နှင့် လျှော် ရ ဟု ငါ့ အား မိန့် တော်မူသောစကားတော်အတိုင်း2 ငါသည် ခါးပန်း ကိုယူ ခါး စည်း လေ၏။ 3 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် လျှင်4 သင် သည် ခါး ၌စည်းသော ခါးပန်း ကို ယူ ပြီး လျှင်၊ ဥဖရတ် မြစ်သို့ သွား ၊ ကျောက် တွင်း ဝှက် ထားလော့ဟု၊ 5 မိန့် တော်မူသည်အတိုင်း ၊ ငါသည်သွား ဥဖရတ် မြစ်နား မှာ ဝှက် ထား၏။ 6 ထို နောက်၊ ကာလ အင်တန်ကြာ ပြီးမှ ၊ ထာဝရဘုရား က၊ သင်သည် ထ ၍ ဥဖရတ် မြစ်သို့ သွား လော့။ ထို မြစ်နား မှာ ငါ့အမိန့် တော်နှင့် ဝှက် ထားခဲ့ပြီးသော ခါးပန်း ကိုထုတ် လော့ဟု မိန့် တော်မူ၏။ 7 ငါသည်လည်း ဥဖရတ် မြစ်နား သို့ သွား ပြီးလျှင် ၊ ဝှက် ထားရာအရပ် တူး ခါးပန်း ကို ထုတ် သောအခါ၊ ခါးပန်း သည် ဆွေးမြေ့ ၍ အသုံး ရဖြစ်၏။ 8 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် မိန့် တော်မူသည်ကား၊ 9 ထိုနည်းတူ ၊ ယုဒ ပြည်၏ ထောင်လွှား ခြင်းကို ငါရှုတ်ချ မည်။ ယေရုရှလင် မြို့၏ ထောင်လွှား ခြင်းကို အလွန် ရှုတ်ချမည်။ 10 ငါ့ စကား ကို နား မထောင်၊ မိမိ စိတ် နှလုံးခိုင်မာ သော သဘောအတိုင်း ကျင့် ၍၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ခြင်းငှါ လိုက်သွား သော ဤ လူ ဆိုး မျိုးသည်၊ အသုံး ရသော ခါးပန်း ကဲ့သို့ ဖြစ် လိမ့်မည်။ 11 ခါးပန်း သည် လူ ၏ခါး မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 တဖန် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ သားရေ ဘူးရှိသမျှ တို့သည် စပျစ်ရည် နှင့် ပြည့် ကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ၊ သင် သည် သူ တို့အား ပြော လော့။ သူတို့ကလည်း၊ သားရေ ဘူး ရှိသမျှ တို့ သည် စပျစ်ရည် နှင့်ပြည့် ကြလိမ့်မည်အကြောင်း ကို၊ ငါတို့မ သိ သလောဟု ပြန်ပြော ကြလျှင်၊ 13 သင်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဒါဝိဒ် မင်းကြီး ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် သော ရှင်ဘုရင်မှစ၍ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သား ရှိသမျှ တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့ကို ယစ်မူး ခြင်းနှင့် ငါပြည့် စေမည်။ 14 ညီအစ်ကိုချင်း၊ သား အဘ ချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာ ရှိ၊ မ နှမြော ၊ မ ကယ်မ ဘဲ၊ ထိုသူ တို့ကို ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 15 သင်တို့သည် နားထောင် နာယူ ကြလော့။ ထောင်လွှား သောစိတ် မ ရှိကြနှင့်။ ထာဝရဘုရား အမိန့် တော် ရှိ၏။ 16 မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။ 17 သင်တို့သည် နား ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။ 18 ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင် ကြလော့။ သင် တို့၌ ဘုန်းကြီး သော သရဖူ သည် သင် တို့၏ ခေါင်း ပေါ်မှ ဆင်း ရလိမ့်မည်ဟု၊ ရှင်ဘုရင် နှင့် မိဖုရား တို့အား ပြော လော့။ 19 တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။ 20 မြောက် မျက်နှာက လာ သောသူတို့ ကို မျှော် ကြည့် လော့။ သင့် အား ငါပေး သော သိုးစု ၊ လှ သောသိုးစု သည် အဘယ် မှာရှိသနည်း။ 21 သင် သည် ဆုံးမ တော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြော လိမ့်မည်နည်း။ သူ တို့သည် သင့် ကို အစိုး တရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံ ပေးပြီး။ သားဘွား သော မိန်းမ ခံရသောဝေဒနာ ကို သင် ခံရ လိမ့်မည်မ ဟုတ်လော။ 22 သင်ကလည်း၊ အဘယ် အကြောင်းကြောင့် ဤ အမှုရောက် သနည်းဟုစိတ် ထဲ၌ အောက်မေ့ လျှင် ၊ သင် ၏အပြစ် များ သောကြောင့် ၊ သင့် အဝတ် ကို ချွတ် ရ၏။ ခြေနင်း ကိုလည်းမ စီးရ။ 23 အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။ 24 ထိုကြောင့် ၊ ဖွဲ ကို လေ ပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူ တို့ကို ငါလွင့် စေမည်။ 25 သင်သည်ငါ့ ကို မေ့လျော့ ၊ မုသာ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့် အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာ ကား ဤ သို့တည်း။ 26 ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။ 27 သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

14

1 မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ 2 ယုဒ ပြည်သည် ညည်းတွား ၏။ မြို့တံခါး တို့၌ မြည်တမ်း သော အသံရှိ၏။ နက် သောအဝတ်ကို မြေ တိုင်အောင် ဝတ်၍ ၊ ယေရုရှလင် မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက် လေ၏။ 3 မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။ 4 မိုဃ်း ပြတ် မြေ အက်ကွဲ သောကြောင့် ၊ လယ် လုပ် သောသူ တို့ သည် ဦးခေါင်း ကိုခြုံ လျက် ရှက်ကြောက် ကြ၏။ 5 သမင်မ သည် လယ်ပြင် မွေး သောအခါ မြက် ရှိ သောကြောင့် ၊ သားငယ်ကို စွန့်ပစ်၏။ 6 မြည်း ရိုင်းတို့သည် မြင့် သောအရပ်ပေါ် မှာ ရပ် လျက် မြေခွေး ကဲ့သို့ လေ ကိုရှု ကြ၏။ မြက် ရှိသောကြောင့် ၊ သူ တို့ မျက်စိ ပျက် လေ၏။ 7 အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။ 8 အို ဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်း၊ အမှု ရောက်သောကာလ ကယ်တင် တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ဧည့်သည် ကဲ့သို့ ၎င်း ၊ တညဉ့်သာ အိပ် ခြင်းငှါဝင်သော ခရီးသွား ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ 9 မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။ 10 လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။ 11 ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ဤ လူမျိုး အဘို့ မေတ္တာ ပို့၍ ဆု တောင်းနှင့်။ 12 သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊ 13 ငါကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ပရောဖက် တို့က၊ သင်တို့သည် ထား ဘေးကို မ တွေ့ ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင် တို့ရှိရာသို့ ရောက် ရ။ ဤ အရပ် မြဲ သော ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ဤသူ တို့ အား ဟော ပြောကြောင်းကို ငါလျှောက် သောအခါ၊ 14 ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။ 16 သူတို့၏ တရားနာပရိသတ် တို့သည် ကိုယ်တိုင်မှစ ၍၊ မယား သား သမီး တို့နှင့်တကွမွတ်သိပ် ခြင်းဘေး၊ ထား ဘေးကြောင့် ၊ ယေရုရှလင် မြို့လမ်း ထဲသို့ ပစ် ချခြင်းကို ခံရ၍၊ အဘယ်သူမျှမ သင်္ဂြိုဟ် ရ။ သူ တို့၏အပြစ် ကို သူ တို့ အပေါ် သို့ ငါသွန်းလောင်း မည်။ 17 သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။ 18 ငါသည်မြို့ ပြင်သို့သွား သောအခါ ၊ သတ် သော အသေ ကောင်များကို တွေ့ ရ၏။ မြို့ ထဲသို့ဝင် သောအခါ ၊ ငတ်မွတ် ၍ နာကျင် စွာခံရသောသူများကိုလည်း တွေ့ ရ ၏။ ပရောဖက် နှင့် ယဇ် ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမ သိ ဘဲ အရပ်ရပ် လှည့်လည် ကြ၏။ 19 ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။ 20 အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။ 21 ကိုယ်တော် ၏နာမ ကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ် ရွံရှာတော်မ မူပါနှင့်။ ဘုန်း တော်ပလ္လင် ၏ အသရေကို ရှုတ်ချ တော်မ မူပါနှင့်။ အောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့နှင့် ဖွဲ့သော ပဋိညာဉ် တော်ကို ဖျက် တော် မ မူပါနှင့်။ 22 သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။

15

1 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။ 2 အကျွန်ုပ်တို့သည် အဘယ် အရပ်သို့ ထွက်သွား ရပါမည် နည်းဟု မေးမြန်း လျှင် ၊ သင်ကလည်း၊ သေ တန် သောသူ တို့ သည် သေခြင်း သို့ ၎င်း ၊ ကွပ်မျက် တန်သောသူ တို့ သည် ကွပ်မျက် ခြင်းသို့ ၎င်း ၊ ငတ်မွတ် တန်သောသူ တို့ သည် ငတ်မွတ် ခြင်းသို့ ၎င်း ၊ သိမ်း သွားချုပ်ထားတန် သောသူ တို့ သည် သိမ်း သွားချုပ်ထားခြင်းသို့ ၎င်း ထွက်သွား ကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့ အား ဆင့်ဆို လော့။ 3 သူတို့ကိုသတ် ရသောထား ၊ ဆွဲ ဖြတ်ရသောခွေး ၊ ကိုက်စား ရသောမိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တည်း ဟူသောရန်သူလေး မျိုး ကို သူ တို့တဘက် ၌ ငါခန့် ထား မည်။ 4 ယုဒ ရှင်ဘုရင် ဟေဇကိ သား မနာရှေ မင်းသည် ယေရုရှလင် မြို့၌ ပြု သော အမှုကြောင့် ၊ ထိုသူ တို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အရှက် ကိုခံ စေမည်။ 5 အို ယေရုရှလင် မြို့၊ သင့် ကို အဘယ် သူသနား လိမ့်မည်နည်း။ သင် နှင့်အတူအဘယ် သူညည်းတွား လိမ့်မည် နည်း။ သင့် ကိုကျန်းမာ၏လောဟု မေး အံ့သောငှါ ၊ အဘယ် သူလမ်း လွှဲလိမ့်မည်နည်း။ 6 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ့ ကို စွန့်ပစ် ၍ ဆုတ် သွားပြီ။ ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် ၍ သင့် ကို ဖျက်ဆီး မည်။ ငါသည် နောင်တရ ၍ ငြီးငွေ့ ပြီ။ 7 ပြည် တံခါး ဝ၌ သူ တို့ကို စံကော နှင့် ငါလှေ့ မည်။ သူတို့သားသမီးများကို ငါရှုံး စေမည်။ ငါ ၏ လူမျိုး သည် မိမိ လိုက်သွားသော လမ်း မှ ပြန် လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီး မည်။ 8 သူ တို့မုတ်ဆိုးမ တို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှမက ၊ ငါ့ ရှေ့မှာ များပြား ကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိ ကို တိုက်ဖျက် သော လုလင် ကို ငါခေါ် ခဲ့၍၊ ကြောက်မက် ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ် စေမည်။ 9 သားခုနစ် ယောက်ကို ဘွားမြင် သော မိန်းမသည် အားလျော့ ၍ အသက် ချုပ် လေ၏။ ညအချိန် မရောက်မှီ သူ ၏နေ ဝင် လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေ လျက်နေရ၏။ ကျန် ကြွင်းသောသူ တို့ ကိုလည်း ၊ ရန်သူ တို့ရှေ့မှာ၊ ထား ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 10 အို မိခင် ၊ ငါ အမင်္ဂလာ ရှိ၏။ မိခင်သည် တပြည် လုံး ရန်တွေ့ သောသူ ၊ ငြင်းဆန် သောသူ ဖြစ်သော ငါ့ ကို ဘွားမြင် ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မ ချေး ။ သူတပါးသည်လည်း ငါ့ ကို အတိုးနှင့်မ ချေး ။ သို့သော်လည်း ၊ လူ ခပ်သိမ်း တို့သည် ငါ့ ကိုကျိန်ဆဲ တတ်ကြ၏။ 11 ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ် စင်စစ်သင့် ကို ငါချမ်းသာ ပေးမည်။ အမှု ရောက်သောကာလ ၊ ညှဉ်းဆဲ ခြင်းကို ခံရသောကာလ ၊ ရန်သူ သည် သင့် ထံမှာ တောင်းပန် မည်အကြောင်း၊ အကယ် စင်စစ်ငါစီရင်မည်။ 12 သံ ချင်းတိုက်သောအခါ မြောက် ပြည်သံ ကို၎င်း၊ သံမဏိ ကို၎င်း ချိုး နိုင်သလော။ 13 သင် ၏ပြည် တရှောက် လုံး၌ သင် ပြုသောအပြစ် များကြောင့် ၊ သင် ၏ဥစ္စာ ဘဏ္ဍာ ကို အဘိုး ခံဘဲ လုယူ သောသူတို့ လက်သို့ ငါပေး မည်။ 14 သင်မ သိ သောပြည် သို့ ရန်သူ နှင့်အတူ သင့် ကို ငါသွား စေမည်။ သင် တို့ကို လောင် သောမီး သည် ငါ့ အမျက် အားဖြင့် ရှို့ လျက်ရှိ၏။ 15 အို ထာဝရဘုရား ၊ ကိုယ်တော် သည် သိ တော်မူ ၏။ အကျွန်ုပ် ကို အောက်မေ့ လျက် အကြည့်အရှု ကြွလာ၍ ၊ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့ကို တရားသဖြင့်ဒဏ်ပေး တော်မူပါ။ သူတို့ကိုသည်းခံ ၍၊ အကျွန်ုပ် ကို သုတ်သင် ပယ်ရှင်းတော်မ မူပါနှင့်။ အကျွန်ုပ် သည် ကိုယ်တော် အတွက် ကဲ့ရဲ့ ခြင်း ခံရ ကြောင်း ကို အောက်မေ့ တော်မူပါ။ 16 ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။ 17 ပွဲခံ သောသူအစည်းအဝေး အကျွန်ုပ်မ ထိုင် ပါ။ ပျော်ရွှင် ခြင်းအမှုကို မပြုပါ။ လက် တင်တော်မူသောကြောင့် ၊ တယောက် တည်း ထိုင် ပါပြီ။ အကျွန်ုပ် ကို ဒေါသ အမျက်နှင့် ပြည့် စေတော်မူပြီ။ 18 အကျွန်ုပ် ခံရသောဝေဒနာ သည် အဘယ်ကြောင့် မြဲ ပါသနည်း။ မပျောက် လို၊ မပျောက် နိုင်သော အနာ ကို အဘယ်ကြောင့်ခံရပါသနည်း။ အကယ်စင်စစ်ကိုယ်တော်သည် ပျောက် တတ်၍၊ လှည့်စား သောရေ ကဲ့သို့ အကျွန်ုပ် ဖြစ် တော်မူပါပြီတကား။ 19 ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။ 20 ငါသည်လည်း သင့် ကို ဤ လူမျိုး တဘက် ၌ ခိုင်ခံ့ သော ကြေးဝါ မြို့ရိုး ဖြစ် စေမည်။ သူတို့သည် သင့် ကို တိုက် ၍ မ နိုင် ရကြ။ ငါ သည် သင့် ကို နှုတ်ယူ ကယ်တင်ခြင်းငှါ သင့် ဘက် ၌နေမည်။ 21 လူ ဆိုးလက် မှ သင့် ကို ငါနှုတ် ၊ ကြောက်မက်ဘွယ် သောသူတို့ လက် မှ ရွေးယူ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

16

1 တဖန် ငါ့ ဆီသို့ ရောက် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 2 သင် သည် ဤ အရပ် စုံဘက် ခြင်းကို မ ပြုရ။ သား သမီး ကို မ ဘွား မမြင်ရ။ 3 အရပ် ဘွားမြင် သော သား သမီး များကို၎င်း၊ သူ တို့မိဘ များကို၎င်း၊ ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်ကား4 ထိုသူတို့သည် ဆိုး သော သေ ခြင်းဖြင့် သေ ရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ကြလိမ့်မည်။ သူတို့သည် ထား ဘေးနှင့် မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ်ကြလိမ့်မည်။ 5 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မသာ အိမ် သို့ မ ဝင် နှင့်။ သေသောသူတို့အတွက် ငိုကြွေး မြည်တမ်းခြင်းငှါ သွား နှင့်။ ငါ ၏ ငြိမ်သက် ခြင်းတည်းဟူသောမေတ္တာ ကရုဏာ ကို ဤ လူမျိုး မှ ငါပယ်ရှင်း ပြီဟု မိန့် တော်မူ ၏။ 6 ပြည် သူပြည်သားအကြီး အငယ် တို့သည် သေ ရ ကြလိမ့်မည်။ သို့သော်လည်း၊ မ သင်္ဂြိုဟ် ရ။ သူ တို့အတွက် မြည်တမ်း ခြင်းကိုမ ပြုရ။ ကိုယ်ကို ကိုယ်ရှန ခြင်း၊ ဆံပင်ရိတ် ခြင်းကိုလည်း မ ပြုရ။ 7 သေ သောသူတို့အတွက် စိတ်မသာညဉ်းတွား သောသူတို့ ကို နှစ်သိမ့် စေခြင်းငှါ ၊ မသာပွဲ ကို မ လုပ်ရ။ မိဘ သေသော်လည်း၊ နှစ်သိမ့် စေသော ခွက် ဖလားကို မ ပေး ရ။ 8 ထိုနည်းတူ ၊ စားသောက်ပွဲခံ ရာ အိမ် သို့မ ဝင် နှင့်။ သူ တို့နှင့် ပေါင်းဘော် ၍ မစား မသောက် နှင့်။ 9 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ အရပ်၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင်သတို့သမီး အသံ ကို သင် တို့လက်ထက် ၊ သင် တို့မျက်မှောက် တွင် ငါ စဲ စေမည်။ 10 သင်သည် ဤ စကား အလုံးစုံ တို့ကို ဤ လူမျိုး အား ကြားပြော သူတို့ကလည်း၊ ထာဝရဘုရား သည် ဤ မျှလောက် ကြီးစွာ သော ဘေးဒဏ် ကို ငါ တို့အား အဘယ် ကြောင့် စီရင် တော်မူသနည်း။ ငါ တို့ပြုသောဒုစရိုက် ကား၊ အဘယ်သို့ နည်း။ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ငါတို့ပြစ်မှား သော အပြစ် ကား၊ အဘယ်သို့ နည်းဟုမေး ကြသောအခါ11 သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ ကိုစွန့် ၍၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် လျက်၊ ဝတ်ပြု ကိုးကွယ် သဖြင့် ငါ့ ကိုစွန့်ပစ် ၍၊ ငါ့ တရား ကို မ စောင့် သောကြောင့်၎င်း ၊ 12 ဘိုးဘေး ကျင့်သောအကျင့် ထက် ၊ သင်တို့သည် သာ၍ဆိုး သောအကျင့် ကို ကျင့်သဖြင့် ၊ ငါ့ စကားကို နား ထောင်၊ မိမိ တို့ဆိုး သောစိတ် နှလုံး၊ ခိုင်မာ သော သဘောသို့ လိုက် သောကြောင့်၎င်း ၊ 13 သင် တို့နှင့် သင် တို့၏ ဘိုးဘေး သိ သောပြည် သို့ ပြည် ထဲက သင် တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌ သင် တို့သည် ငါ၏ကျေးဇူး ကိုမ ခံရ ။ အခြားတပါးသော ဘုရား တို့ကို နေ့ ညဉ့် မပြတ် ဝတ်ပြု ရကြမည်။ 14 သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊ 15 ဣသရေလ အမျိုးသား တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ နှုတ် ဆောင်သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူ တို့ ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ သူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်။ 16 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် တံငါ အများ တို့ကို စေလွှတ် ၊ ဤလူမျိုး ကိုမျှား စေမည်။ ထိုနောက် ၊ မုဆိုး အများ တို့ကို စေလွှတ် ၊ ခပ်သိမ်း သော တောင် ကြီး တောင် ငယ်၊ ချောက် ကြား တို့၌ ရှာ စေမည်။ 17 သူ တို့သွားသမျှ သောလမ်း တို့ကို ငါ သည် ကြည့်ရှု လျက်နေ၏။ သူတို့သည် ငါ့ မျက်ကွယ် ၌ သွားကြသည် မ ဟုတ်။ သူ တို့၏ ဒုစရိုက် ကို ငါ့ ရှေ့ မှာ ဝှက် ၍ မ ထားနိုင်။ 18 သူ တို့သည် ငါ့ ပြည် ကို ညစ်ညူး စေ၍၊ ငါ အမွေ ခံ သော မြေကို သူ တို့သည် စက်ဆုပ် ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူ တို့၌ နှစ် ဆ သော အပြစ်ဒဏ်ကို ငါပေး မည်။ 19 အကျွန်ုပ် အစွမ်း သတ္တိ၊ အကျွန်ုပ် ရဲတိုက် ၊ အမှု ရောက်သောနေ့ အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူသောထာဝရဘုရား ၊ တပါးအမျိုးသား တို့က၊ အကယ်စင်စစ်အကျွန်ုပ် တို့ ဘိုးဘေး တို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာတို့ ကို အမွေခံ ကြပါပြီဟု၊ မြေကြီး စွန်း မှ ကိုယ်တော်ထံသို့လာ လျှောက် ကြပါလိမ့်မည်။ 20 လူသည် ဘုရား ဟုတ်သော ဘုရား တို့ကို ကိုယ် အဘို့ လုပ် ရမည်လော။ 21 သို့ဖြစ်၍၊ ငါ သည်ယခုတခါ သူ တို့ကိုသတိ ပေး၍၊ ငါ့ လက် နှင့် ငါ့ တန်ခိုး ကို ဘော်ပြသောအားဖြင့်၊ ငါ့ နာမ သည်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ရကြလိမ့်မည်။

17

1 ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။ 2 သူငယ် တို့ပင် မြင့် သောတောင် ပေါ် ၊ စိမ်း သော သစ်ပင် နား မှာရှိသော ယဇ်ပလ္လင် များ၊ အာရှရပင် များကို အောက်မေ့ တတ်ကြ၏။ 3 အချင်းငါ ၏တောင် ၊ လယ် ရှိသောသင် ၏ဥစ္စာ နှင့်သိုထားသမျှ သောဥစ္စာ ကို၎င်း ၊ ပြည် တရှောက် လုံး ၌ သင် ပြစ်မှား ရာ၊ မြင့် သောအရပ်တို့ကို၎င်း၊ လုယူ သောသူတို့ လက်သို့ ငါအပ် မည်။ 4 သင့်ကိုယ်တိုင်လည်း ငါပေး သော အမွေ မှ ရွေ့ သွားရလိမ့်မည်။ သင်မ သိ သော ပြည် တွင် ၊ ရန်သူ လက်၌ သင့် ကို ငါကျွန်ခံ စေမည်။ အကြောင်းမူကား၊ အစဉ် လောင် သောငါ ၏ အမျက် မီး ကို သင်တို့သည် မွေး ကြပြီ။ 5 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။ 6 ထိုသူသည် လွင်ပြင် ရှိသောသစ်ပင် ခြောက် ကဲ့သို့ ဖြစ် ၊ ကောင်းကျိုး ရောက် ကြောင်းကို မ သိ ရ။ အဘယ်သူမျှမ နေ သောဆား မြေ ၊ သွေ့ ခြောက်သော လွင်ပြင် ၌ နေ ရလိမ့်မည်။ 7 ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။ 8 ထိုသူသည်ကား၊ ရေ ရှိသော အရပ်၌စိုက် မြစ် နားမှာ အမြစ် ဖြာ သဖြင့် ၊ ပူ သောအရှိန် ရောက် ကြောင်း ကို မ သိ ၊ အရွက် မညှိုးနွမ်း ၊ မိုဃ်းခေါင် သောကာလ စိုးရိမ် စရာမ ရှိဘဲ၊ အစဉ် အမြဲအသီး ကို သီး တတ် သော အပင် နှင့်တူ ၏။ 9 စိတ် နှလုံးသည် ခပ်သိမ်း သော အရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်း သော သဘောရှိ၏။ စိတ် နှလုံးသဘောကို အဘယ် သူသိ နိုင်သနည်း။ 10 ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။ 11 ကောရ ငှက်သည် မိမိမ သော ဥကို ဝပ် သကဲ့သို့ ၊ မ တရား သဖြင့် ဥစ္စာ ဆည်းဖူး သော သူသည် အသက် ပျို စဉ် ကပင်၊ ဆင်းရဲ ခြင်းသို့ ရောက်၍ အဆုံး ကား၊ လူမိုက် ဖြစ် လိမ့်မည်။ 12 ရှေ့ဦး စွာမှစ၍ မြင့် သော အရပ်၌ ဘုန်းကြီး တော်မူသောရာဇ ပလ္လင်သည် ငါ တို့သန့်ရှင်း ရာ ဌာန တော် အရပ်ဖြစ်၏။ 13 အိုဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော် ကို စွန့်ပစ် သော သူအပေါင်း တို့သည် အရှက်ကွဲ ရကြပါလိမ့်မည်။ ငါ့ ထံမှ ထွက်သွား သောသူတို့ သည် မြေ စာရင်း သို့ ဝင်ရကြပါလိမ့်မည်။ အကြောင်း မူကား၊ အသက် စမ်း ရေ တွင်း တည်းဟူသောထာဝရဘုရား ကို စွန့်ပစ် ကြ သတည်း။ 14 အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။ 15 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အဘယ် မှာရှိသနည်း။ ယခု လာ ပါစေတော့ဟု ဤသူ တို့ သည် အကျွန်ုပ် အား ဆို တတ်ကြပါ၏။ 16 အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ရှိ ပါ၏။ 17 အကျွန်ုပ် ကို ထိတ်လန့် စေ တော်မ မူပါနှင့်။ ဘေး ရောက်သောကာလ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။ 18 အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ် မူကား ၊ အရှက် ကွဲပါစေနှင့်။ သူ တို့သည် စိတ်ပျက် ကြပါစေသော။ အကျွန်ုပ် မူကား ၊ စိတ် ပျက်ပါစေနှင့်။ သူ တို့အပေါ် မှာ ဘေး အန္တရာယ် ကာလ ကို ရောက် စေတော်မူပါ။ အထပ်ထပ် ဖျက်ဆီး တော်မူ ပါ။ 19 ထာဝရဘုရား သည် ငါ့ အားမိန့် တော်မူသည် ကား ၊ ယုဒ ရှင်ဘုရင် ထွက်ဝင် သော အမျိုးသား ချင်း မြို့တံခါး မှစ၍၊ ခပ်သိမ်း သော ယေရုရှလင် မြို့တံခါးဝ သွား ရပ် လျက်၊ 20 လူ များတို့အား ပြော ဆိုရမည်မှာ၊ ဤ တံခါး တို့ဖြင့် ထွက် ဝင်သော ယုဒ ရှင် ဘုရင်များနှင့် ယုဒ ပြည်သူယေရုရှလင် မြို့သား များအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။ 21 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။ 22 ဥပုသ် နေ့ သင် တို့အိမ် ထဲက ဝန် ကို မထုတ် ဆောင်ကြနှင့်။ အဘယ် အလုပ်ကိုမျှမ လုပ် ကြနှင့်။ သင် တို့ဘိုးဘေး များကို ငါမှာ ထားသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေကြလော့။ 23 ဘိုးဘေးတို့သည် နား ထောင်၊ နား ကိုမ လှည့် ဘဲ နေကြ၏။ နားမ ကြား ၊ ဆုံးမ ခြင်းကို မ ခံ မည်အကြောင်း၊ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏။ 24 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် ဥပုသ် နေ့ မြို့ တံခါး ဖြင့် ဝန် ကို မသွင်း မဆောင်၊ အဘယ် အလုပ် ကိုမျှမ လုပ် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင် လျှင်25 ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင်ဘုရင် ၊ မင်း သားမှစ၍သူတို့မှူးမတ် ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် ဤ မြို့ တံခါး များ သို့ ဝင် လျက်ရှိကြလိမ့်မည်။ ဤ မြို့ သည်လည်း အစဉ် အမြဲတည် လိမ့်မည်။ 26 မီးရှို့ ရာယဇ်မှစ၍ အခြားသော ယဇ် များ၊ ပူဇော် သက္ကာများ၊ မီးရှို့ရာနံ့သာ ပေါင်း၊ ချီးမွမ်း ရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ် တော်သို့ ဆောင် ခဲ့သောသူတို့ သည် ယုဒ မြို့ များ၊ ယေရုရှလင် မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန် ပြည် ၊ မြေညီ ခရိုင်၊ တောင် ရိုးခရိုင်၊ တောင် မျက်နှာခရိုင်မှ လာ ကြလိမ့်မည်။ 27 သို့မဟုတ်၊ ဥပုသ် နေ့ ဝန် ကို ထမ်းရွက် ၍၊ ယေရုရှလင် မြို့တံခါး များသို့ ဝင် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့ စကားကို နား ထောင်လျှင် ၊ ငါသည် ထိုမြို့ တံခါး တို့ကို မီးရှို့ ၊ ထိုမီးသည် မ ငြိမ်း မသေဘဲ ယေရုရှလင် မြို့ဘုံ ဗိမာန်တို့ကို လောင် ရ လိမ့်မည်။

18

1 ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 2 သင် သည် ထ ၍ အိုးထိန်း သမားအိမ် သို့ သွား လော့။ ထို အရပ်၌ ငါ့ စကား ကို ငါကြား စေမည်ဟု မိန့် တော်မူသည်အတိုင်း3 ငါသည်သွား ၊ အိုးထိန်း စက်နှင့် လုပ် လျက်ရှိသော အိုးထိန်း သမားကိုတွေ့ ၏။ 4 အိုးမြေ ဖြင့် လုပ် သော အိုး သည်၊ အိုးထိန်း သမား လက် ပျက်စီး သောကြောင့် ၊ သူသည်အလိုအလျောက်အသစ်ပြုပြင် ၊ အခြား သောအိုး ကို လုပ် ပြန်လေ၏။ 5 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ ထာဝရဘုရားမိန့် တော်မူသည် ကား၊ 6 အို ဣသရေလ အမျိုး ၊ အိုးထိန်း သမားပြုသကဲ့သို့ သင် တို့ကို ငါမ ပြု နိုင် သလော။ အို ဣသရေလ အမျိုး ၊ အိုးမြေ သည် အိုးထိန်း သမားလက် ရှိသကဲ့သို့ သင် တို့သည် ငါ့ လက် ရှိကြ၏။ 7 အကြင် တိုင်း နိုင်ငံ ကို နှုတ်ပယ် ဖြိုချ ဖျက်ဆီး ခြင်းငှါ ငါအမိန့် တော်ရှိ၏၊ 8 ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်း နိုင်ငံသည် မိမိ ဒုစရိုက် ကို စွန့်ပစ် လျှင်၊ ငါကြံစည် သော ဘေးဒဏ် ကို ငါနောင်တ ရမည်။ 9 အကြင်တိုင်း နိုင်ငံ ကို တည်ထောင် ပြုစု ခြင်းငှါ ငါအမိန့် တော်ရှိ၏၊ 10 ထိုတိုင်းနိုင်ငံသည် ငါ့ စကား ကို နား ထောင်၊ ငါ့ မျက်မှောက် ဒုစရိုက် ကိုပြု လျှင် ၊ သူ ၏အကျိုး အလိုငှါ ပြုစု မည်ဟူသော စကား၌ပါသောကျေးဇူး ကို ငါနောင်တ ရမည်။ 11 ယခု မှာ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့အဘို့ ဘေးဒဏ် ကို ငါ ပြင်ဆင် ၏။ သင် တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည် ၏။ သို့ဖြစ်၍၊ ဆိုး သော လမ်း မှ အသီးအသီး ပြန် လာကြလော့။ သင် တို့လိုက်သော လမ်း နှင့် သင် တို့ကျင့်သောအကျင့် ကို ဖြောင့် စေကြလော့ ဟု၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား ဆင့်ဆို လော့။ 12 သူတို့ကလည်း၊ မြော်လင့် စရာမရှိ။ ငါတို့သည် ကိုယ် အလို သို့ လိုက်မည်။ ငါတို့၌ ဆိုး သော စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ အသီးအသီး ပြု မည်ဟု ဆို ကြ ၏။ 13 သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ သော အမှုကို အဘယ် သူကြား ဘူးသနည်းဟု သာသနာပ လူတို့တွင် မေး ကြလော့။ ဣသရေလ သတို့သမီး ကညာသည် အလွန် စက်ဆုပ်ရွံရှာ ဘွယ်သော အမှုကိုပြု လေပြီ။ 14 လွင်ပြင် ၌ရှိသောကျောက် ကို မစွန့် ၊ လေဗနုန် တောင်၏ မိုဃ်းပွင့် ကို အဘယ်သူစွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီး လာ၍ ချမ်းဧ သောမြစ်ရေ သည် ခန်း ခြောက်လိမ့်မည်လော။ 15 ငါ ၏လူ တို့သည် ငါ့ ကိုမေ့လျော့ ၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာ ပေါင်းကို မီးရှို့ကြပြီ။ ရှေး ကာလ မှစ၍လိုက်ဘူးသော လမ်း တို့၌ လဲ တတ်သောကြောင့်၊ အခြားသောလမ်း ၊ မြေမ ဖို့ သောလမ်းသို့ လိုက် ကြပြီ တကား။ 16 ထိုသို့ပြု၍ မိမိ တို့ပြည် ကို လူဆိတ်ညံ ရာအရပ်၊ အစဉ် ကဲ့ရဲ့ သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၊ မိမိ တို့ ခေါင်း ကို ညှိတ် ကြလိမ့်မည်။ 17 ငါသည်အရှေ့ လေ ကဲ့သို့ သူ တို့ကို ရန်သူ ရှေ့မှာ လွင့် စေမည်။ ဘေး ရောက်သောကာလ သူ တို့အား မျက်နှာ ကို မ ပြ၊ ကျော ကိုပြ မည်။ 18 သူတို့ကလည်း လာ ကြ။ ယေရမိ တဘက် ၌ ကြံစည် ကြကုန်အံ့။ ယဇ် ပုရောဟိတ်သည် တရား အမှု၌၎င်း ၊ ပညာရှိ သောသူသည် အကြံ ပေးခြင်းအမှု၌၎င်း ၊ ပရောဖက် သည် ဟော ပြောခြင်းအမှု၌ ၎င်း အရှုံး မခံရ။ လာ ကြ။ ယေရမိ ကိုလျှာ နှင့် ရိုက် ကြကုန်အံ့။ သူ ၏စကား ကို နား မထောင်ဘဲနေကြကုန်အံ့ဟု ဆို ကြ၏။ 19 အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ကြည့်ရှု တော်မူ ပါ။ အကျွန်ုပ် နှင့် ရန်တွေ့ သောသူတို့ ၏ စကား ကို မှတ် တော်မူပါ။ 20 ကျေးဇူး ပြုသောအတွက် အပြစ် ပေး သင့်ပါမည် လော။ သူတို့သည် အကျွန်ုပ် အသက် ဘို့ တွင်း ကိုတူး ကြ ပါပြီ။ အကျွန်ုပ်သည် သူ တို့ အကျိုး အလိုငှါ လျှောက် ၍၊ သူ တို့မှ အမျက် တော်ကို လွှဲ ခြင်းငှါ ၊ ရှေ့ တော်၌ ရပ် နေကြောင်းကို အောက်မေ့ တော်မူပါ။ 21 ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း ၊ သူ တို့သားသမီး များကို မွတ်သိပ် ခြင်းသို့ ၎င်း အပ် တော်မူပါ။ သူ တို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမ ဖြစ် ကြပါစေသော။ လူ ကြီးတို့သည် အသေသတ် ခြင်းကို ခံရ ၍၊ လူပျို တို့ လည်း စစ်တိုက် ပွဲ၌ ထား ဖြင့် ဆုံး ကြပါစေသော။ 22 စစ်တိုက်သော ရန်သူ များကို သူ တို့ရှိရာသို့ ချက်ခြင်း ရောက် စေတော်မူသောအခါ ၊ သူ တို့အိမ်သား များ အော်ဟစ် ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ် ကို ထောင် ခြင်းငှါ တွင်း ကိုတူး ကြပါပြီ။ အကျွန်ုပ် သွား ရာလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြပါပြီ။ 23 အို ထာဝရဘုရား ၊ အကျွန်ုပ် အသက်ကို သတ် ခြင်းငှါ ၊ သူ တို့ ကြံစည် သမျှ ကို ကိုယ်တော် သိ တော်မူ ၏။ သူ တို့ကို အပြစ် မှလွှတ် တော်မ မူပါနှင့်။ မျက်မှောက် တော်၌ သူ တို့အပြစ် ကို ချေ တော်မ မူပါနှင့်။ ရှေ့ တော်၌ ဆုံးရှုံး ကြပါ စေသော။ အမျက် တော်ထွက် သောအခါ၊ သူ တို့ကို စီရင် တော်မူပါ။

19

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အိုးထိန်း သမားထံသို့သွား ရေဘူး ကိုယူ ပြီးလျှင် ၊ အသက်ကြီး သော လူ ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်အချို့ တို့နှင့်တကွ၊ 2 ဟရသိတ် တံခါး ပြင်၊ ဟိန္နုံ သား၏ ချိုင့်သို့ သွား ၍၊ ငါမိန့် တော်မူသည်အတိုင်း ကြွေးကြော် ရမည့်စကား ဟူမူကား၊ 3 အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ဘေး ရောက် စေမည်။ 4 အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့်ပစ် ကြပြီ ။ ကိုယ်တိုင်မ သိ ၊ ဘိုးဘေးများမသိ ၊ ယုဒ ရှင် ဘုရင်များ မသိသော တကျွန်းတနိုင်ငံဘုရား တို့ ရှေ့ မှာ၊ ဤ အရပ်၌ နံ့သာပေါင်းကို မီးရှို့ သဖြင့်၊ ဤ အရပ် ကို တကျွန်း တနိုင်ငံမြေဖြစ် စေကြပြီ။ အပြစ် မရှိသောသူတို့ ၏ အသွေး နှင့် ဤ အရပ် ကို ပြည့် စေကြပြီ။ 5 ငါမ စီရင် မှာ ထား၊ ငါ အလျှင်းအလို ရှိသော ဝတ်တည်းဟူသော၊ ဗာလ ဘုရားရှေ့ မှာ မိမိ သား တို့ကို မီးရှို့ ၍၊ ပူဇော် ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလ ဘုရားဘို့ ကုန်း တို့ကို တည် လုပ်ကြပြီ။ 6 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို အရပ် ကို တောဖက် အရပ်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလသည် ရောက် လိမ့်မည်။ 7 ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည် ကို ဤ အရပ် ငါဖျက် မည်။ ရန်သူ ၏ ထား ဖြင့် ၎င်း ၊ သတ်ခြင်းငှါရှာ သောသူ၏ လက် ဖြင့် ၎င်း ၊ သူ တို့ကို ငါဆုံး စေမည်။ သူ တို့အသေ ကောင် များကိုလည်း မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ငါထား မည်။ 8 မြို့ ကိုလည်း လူဆိတ်ညံ ရာ၊ ကဲ့ရဲ့ သံကို ကြားရာအရပ်ဖြစ် စေမည်။ လမ်း၌ရှောက် သွားသမျှ သောသူတို့ သည် ဤမြို့ ခံရသောဘေး အလုံးစုံ တို့ကို မြင်သောအခါ ၊ အံ့ဩ ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။ 9 သတ်ခြင်းငှါရှာကြံ သောရန်သူ များတို့သည် ဝိုင်း ၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ် လျက် နေ၍၊ ကိုယ် သား သမီး အသား ကို ငါစား စေမည်။ အချင်းချင်း တယောက်အသားကို တယောက်စား ကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ 10 သင် နှင့် အတူသွား သောသူတို့ရှေ့ တွင်၊ ရေဘူး ကိုခွဲ လော့။ 11 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား က၊ နောက် တဖန်မ ပြင် နိုင် အောင် ရေဘူး ကို ခွဲ သကဲ့သို့ ၊ ဤ လူ များနေသောဤ မြို့ ကို ငါခွဲ မည်။ တောဖက် အရပ်၌ သင်္ဂြိုဟ် ရာ မြေ လောက်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။ 12 အရပ် ၌၎င်း ၊ ဤအရပ် သားတို့၌ ၎င်း ၊ ဤ သို့ငါပြု ၍ ဤ မြို့ ကို တောဖက် အရပ်ကဲ့သို့ ဖြစ် စေမည်။ 13 အကြင်အိမ်မိုး အပေါ် မှာ ကောင်းကင် တန်ဆာ ရှိသမျှ တို့အား နံ့သာ ပေါင်းကို မီးရှို့၍ ၊ အခြား တပါးသော ဘုရား များရှေ့ ၌ သွန်းလောင်း ရာပူဇော်သက္ကာပြု ၏။ ထို အိမ် ရှိသမျှ တို့နှင့်တကွယေရုရှလင် မြို့ အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော် များတို့သည် တောဖက် အရပ် ကဲ့သို့ မစင်ကြယ် ဖြစ်ရကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထားတော်မူ၏။ 14 ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ် တော်မူရာ တောဖက် အရပ်က ၊ ယေရမိ သည် ပြန်လာ ဗိမာန် တော်တန်တိုင်း ရပ် လျက်15 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့ စကား ကို နား ထောင်ခြင်းငှါ၊ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသောကြောင့် ၊ ငါခြိမ်း သမျှသော ဘေးဒဏ် တို့ကို၊ ဤ မြို့ ရွာ ရှိသမျှ တို့အပေါ် မှာ သက်ရောက် စေမည်ဟူသောအမိန့် တော်ကို လူ အပေါင်း တို့အား ဆင့်ဆို လေ၏။

20

1 ထို သို့ယေရမိ ဟော ပြောကြောင်းကို၊ ဗိမာန် တော် မှူး ဖြစ်သော ယဇ်ပုရောဟိတ် ဣမေရ သား ပါရှုရ သည် ကြား သောအခါ2 ပရောဖက် ယေရမိ ကို ရိုက်ပုတ် ၊ ဗိမာန် တော် နား မှာ ဗင်္ယာမိန် အထက် တံခါး ဝတွင် ထိတ်ခတ် ၍ ထား၏။ 3 နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။ 4 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။ 5 မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။ 6 သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။ 7 အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။ 8 အကျွန်ုပ်သည် ဟော ပြောလေရာရာ၌ အနိုင် အထက် ပြုခြင်း၊ ညှဉ်းဆဲ ခြင်းအမှုကြောင့် အော်ဟစ် ကြွေးကြော် ရပါ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် အကျွန်ုပ် ကဲ့ရဲ့ ခြင်း၊ အစဉ် ပြက်ပြယ် ခြင်းကိုခံ စေရာအကြောင်း ဖြစ် ပါ၏။ 9 ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မ ကြား မပြော၊ နာမ တော်ကို အမှီပြု ၍ မ ဟော ဘဲနေမည်ဟု သဘော ထားသော်လည်း ၊ ငါ့ အရိုး တို့၌ ချုပ် ထား၍ ၊ လောင် သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့ နှလုံး ဖြစ် သောကြောင့်၊ အလွန်ငြီးငွေ့ သဖြင့် အောင့် ၍မ နေနိုင်10 လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။ 11 သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။ 12 ဖြောင့်မတ် သောသူတို့ ကို စုံစမ်း ၍၊ နှလုံး ကျောက်ကပ်သဘော ကို သိ မြင်တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏အမှု ကို ရှေ့တော်၌ ဖွင့်ပြ ပါသည်ဖြစ်၍ ၊ သူ တို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင် ရပါလိမ့်မည်။ 13 ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား၊ မတရား သဖြင့် ပြုသောသူတို့ လက် မှ ၊ ဆင်းရဲ သောသူ ကို ကယ်နှုတ် တော်မူသတည်း။ 14 ငါဘွား သော နေ့ ရက်သည် အမင်္ဂလာ ရှိပါစေသော။ ငါ့ ကို ငါ့ အမိ ဘွား သော နေ့ ရက်သည် ကောင်းကြီး မင်္ဂလာကို မ ခံ ပါစေနှင့်။ 15 ငါ့ အဘ ထံသို့သွား၍၊ ကိုယ်တော် သည် သား ယောက်ျားကို ရ ပါပြီဟု သိတင်းပြော လျက်၊ ငါ့အဘ ကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာ ရှိပါ စေသော။ 16 ထာဝရဘုရား သည် နောင်တ ရ၊ ဖျက်ဆီး တော်မူ သော မြို့ တို့ကဲ့သို့ ၊ ထို သူ သည်ဖြစ် ပါစေသော။ နံနက် အချိန်၌ ကြွေးကြော် သံကို၎င်း ၊ မွန်းတည့် အချိန် အော်ဟစ် သံကို၎င်းကြား ပါစေသော။ 17 အကြောင်း မူကား၊ သူသည် ငါ့ ကိုဘွား စကပင် သတ် ဘဲ၊ ငါ့ အမိ ၏ ဝမ်း သည်ငါ ၏ သင်္ချိုင်း ဖြစ် ၍၊ ငါ့ ကို အစဉ် ကိုယ်ဝန် ဆောင်မည် အကြောင်း မပြုဘဲ နေပါ သည်တကား။ 18 ငါသည် ပူပန် ခြင်း၊ ဝမ်းနည်း ခြင်းကိုခံရ မည် အကြောင်းနှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ် အသက် ကို လွန် စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင် ရပါသနည်း။

21

1 ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း2 ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊ 3 ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊ 4 ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။ 5 ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။ 6 မြို့ ၌နေ သောလူ သတ္တဝါတိရစ္ဆာန် တို့ကို ငါသည် ဒဏ်ခတ် ၊ ပြင်း စွာသောကာလနာ ဖြင့် သေ ရ ကြလိမ့်မည်။ 7 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။ 8 ထာဝရဘုရား ကလည်း၊ သင်သည် ဤ လူမျိုး တို့ အား ဆင့် ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား ၊ အသက်ရှင် ရာလမ်း ၊ သေ ရာလမ်း တို့ကို သင် တို့ရှေ့ မှာ ငါ ဖွင့် ထား၏။ 9 မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို လိမ့်မည်။ 10 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဤ မြို့ ကို ကျေးဇူး ပြု၊ အပြစ် ပြုခြင်းငှါ ငါ သည် မျက်နှာ ထား သည်ဖြစ် ၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့ လိမ့်မည်။ 11 ယုဒ ရှင်ဘုရင် အမျိုး ကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသောစကား တော်ကို နားထောင် ကြလော့။ 12 အို ဒါဝိဒ် မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ မဆိုင်းမလင့်၊ တရား သဖြင့် စီရင် ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ၏ လက် မှ ကယ်နှုတ် ကြလော့။ သို့မဟုတ် ၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကြောင့် ၊ ငါ့ အမျက် သည် မီး ကဲ့သို့ ဖြစ်၍ ၊ အဘယ် သူမျှမသတ် နိုင်အောင်လောင် လိမ့်မည်။ 13 ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း14 သင် တို့အကျင့် နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ် ကို ငါပေးမည်။ သင်တို့တော ကို ငါရှို့ သော မီး သည်၊ ပတ်လည် ၌ရှိသမျှ သောအရာတို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။

22

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ဆင့် ဆိုရမည်မှာ၊ 2 ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။ 3 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ကွပ်မျက် ကြနှင့်။ 4 အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။ 5 သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။ 6 ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။ 7 သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။ 8 လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော်9 ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။ 10 သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။ 11 ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။ 12 ရန်သူတို့ သိမ်း သွားရာပြည် ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။ 13 တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။ 14 ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။ 16 သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။ 17 သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။ 18 ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။ 19 ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။ 20 လေဗနုန် တောင်ပေါ်သို့ တက် ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။ 21 သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား ထောင်ဘဲ နေမြဲရှိ၏။ 22 သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် စိတ်ပျက် ခြင်း ရှိလိမ့်မည်။ 23 အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။ 24 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။ 25 သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။ 26 သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။ 27 ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။ 28 မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၊ သူတို့မ သိ ဘူးသောပြည် အဘယ်ကြောင့် ချ ပစ်ရသနည်း။ 29 အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။ 30 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။

23

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ 2 ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 3 တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား များ ပြားကြ လိမ့်မည်။ 4 သူတို့ကို ကျွေးမွေးသော သိုးထိန်း တို့ကို သူ တို့ အပေါ် မှာ ငါခန့် ထားသဖြင့် ၊ သူတို့သည် နောက် တဖန် ကြောက် ခြင်း၊ ထိတ်လန့် ခြင်းမ ရှိ ရကြ။ ဆုံးမ ခြင်းကိုလည်း မ ခံရကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 5 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။ 6 ထိုမင်း လက်ထက် ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။ 7 သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက်ရှင် တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊ 8 ဣသရေလ အမျိုးသား အစဉ် အဆက်တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ ပို့ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည် ဟူ၍ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူ တို့သည် နေရင်းပြည် တဖန် နေ ရကြ လိမ့်မည်။ 9 ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။ 10 အကြောင်း မူကား၊ မတရား သောမေထုန် ၌မှီဝဲ သောသူတို့သည် တပြည် လုံး၌ အနှံ့အပြားရှိ ကြ၏။ ထိုသူတို့ကြောင့် တပြည် လုံးမြည်တမ်း ရ၏။ တော ၌ ကျက်စား ရာအရပ်တို့သည် သွေ့ ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်း သည် မဖြောင့် ၊ သူ တို့အစွမ်း သတ္တိ သည် တရား ဘက်၌ မ နေတတ်။ 11 ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 ထိုကြောင့်၊ သူ တို့သွားသောလမ်း သည် မှောင်မိုက် ချော တတ်သော လမ်းကဲ့သို့ ဖြစ်၍၊ သူတို့သည် တွန်း တိုးခြင်းကို ခံရ၍ လဲ ကြလိမ့်မည်။ အကြောင်း မူကား၊ သူ တို့သည် ဆုံးမ ခြင်းကို ခံရသောကာလ ၌ သူ တို့အပေါ် မှာ ဘေးဥပဒ် ကို သင့် ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 13 ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။ 14 ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။ 15 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။ 16 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပရောဖက်ပြု၍ သင် တို့အား ဟော တတ်သော ဆရာ တို့၏ စကား ကို နား ထောင်ကြနှင့်။ သူ တို့သည် သင်တို့အား အချည်းနှီးဟော တတ် ကြ၏။ ထာဝရဘုရား ၏ နှုတ် တော်ထွက်သို့မ လိုက်၊ ကိုယ် အလို အလျောက်ရူပါရုံ ကို မြင်သည်အတိုင်း ဟော ပြောတတ်ကြ၏။ 17 ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။ 18 ထိုသူတို့တွင် အဘယ်သူ သည် ထာဝရဘုရား နှင့် တိုင်ပင်ဘက် ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြား မြင် သနည်း။ အဘယ်သူ သည် နှုတ်ကပတ် တော်ကို နားထောင် ၍ ကြား သနည်း။ 19 ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။ 20 ထာဝရဘုရား သည် လက်စ သတ်၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မမူမှီ အမျက် တော် မ ငြိမ်း ရ။ နောက် ကာလ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။ 21 ငါမ စေလွှတ် ဘဲ ထိုပရောဖက် တို့သည် ပြေး ကြပြီ ။ ငါမ မှာ ထားဘဲ သူ တို့သည် ကိုယ်အလိုအလျောက်ဟော ပြောကြပြီ။ 22 ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။ 23 ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။ 24 ငါ မြင် စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရဘုရား မေး တော်မူ၏။ ငါ သည် ကောင်းကင် မြေကြီး ကို နှံ့ပြား သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ ၏။ 25 ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။ 26 ထိုပရောဖက် တို့သည် အဘယ် မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာ စကား ကို ဟော ပြောတတ်ကြ၏။ ကိုယ် စိတ် နှလုံးလှည့်စား သည် အတိုင်း ဟောပြောတတ်ကြ၏။ 27 ဘိုးဘေး တို့သည် ဗာလ ကြောင့် ငါ့ နာမ ကို မေ့လျော့ သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်း ယောက်ကို တယောက်ပြော တတ်သော အိပ်မက် များအားဖြင့် ငါ ၏ လူမျိုး သည် ငါ့ နာမ ကို မေ့လျော့ စေမည်ဟု အကြံ ရှိကြ သည်တကား။ 28 အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။ 29 ငါ ၏ နှုတ်ကပတ် တော်သည် မီး ကဲ့သို့ ၎င်း ၊ ကျောက် ကို ထု ချေသောသံတူ ကဲ့သို့ ၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။ 30 သို့ဖြစ်၍၊ ငါ့ စကား တော်ကို အိမ်နီးချင်း တယောက်မှ တယောက်ခိုး သော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 31 မိမိ တို့အလို အလျောက်ဟော ပြောလျက် နှင့် အမိန့် တော်ရှိ သည်ဟုဆိုသော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 32 မှား သောအိပ်မက် ကိုဟော ပြော၍၊ မုသာ စကား နှင့် အချည်းနှီး စကားအားဖြင့် ငါ ၏လူမျိုး ကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်။ သူ တို့ကို ငါ စေလွှတ် ၊ မ မှာ ထားသောကြောင့် ၊ ဤ လူမျိုး သည် ကျေးဇူး ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။ 33 လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 34 ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟု ပြော ဆို သော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားကို၎င်း၊ ထိုသူ ၏ အိမ် သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေး မည်။ 35 သင်တို့က၊ ထာဝရဘုရား သည် အဘယ် သို့ပြန်ပြော တော်မူသနည်းဟူ၍၎င်း ၊ အဘယ်သို့ မိန့် တော်မူသနည်းဟူ၍၎င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက် ကို တယောက် မေးမြန်း ရမည်။ 36 ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။ 37 ထာဝရဘုရား သည် သင့် အား အဘယ်သို့ ပြန်ပြော တော်မူသနည်း။ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟု ပရောဖက် ကို မေး လော့။ 38 သင်တို့က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟု ဆို ကြသည်ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟု မ ဆို ရမည် အကြောင်း၊ ငါပညတ် သော်လည်း ၊ သင် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟူသောစကား ကို သုံး ကြ သောကြောင့်39 ငါသည် သင် တို့ကို၎င်း၊ သင် တို့နှင့် ဘိုးဘေး တို့ အား ငါပေး သော မြို့ ကို၎င်း၊ ငါ့ ထံမှ အကုန်အစင်ကျုံး ၍ ပစ်လိုက်မည်။ 40 အစဉ်အမြဲ မေ့လျော့ နိုင်သော ထာဝရ ကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲ ခြင်းကို သင် တို့အပေါ် မှာ သက်ရောက် စေမည်။

24

1 ထာဝရဘုရား ပြတော်မူသောရူပါရုံဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခါနိ မင်းအစ ရှိသော ယုဒ မှူးမတ် များ၊ လက်သမား ၊ ပန်းပဲ သမားများတို့ကို ယေရုရှလင် မြို့ မှ ဗာဗုလုန် မြို့သို့ သိမ်းသွား သောနောက်၊ ထာဝရဘုရား ၏ ဗိမာန် တော်ရှေ့ ထား သော သင်္ဘော သဖန်းသီးတောင်း နှစ် လုံးသည် ထင်ရှား လေ၏။ 2 တောင်း တလုံး ၌ကား၊ အဦး မှည့်သော သင်္ဘောသဖန်း သီးကဲ့သို့ အလွန် ကောင်း သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မ စား နိုင်အောင် အလွန် ညံ့ သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ 3 ထာဝရဘုရား ကလည်း ၊ ယေရမိ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောသဖန်း သီးကို မြင်ပါ၏။ ကောင်း သော သင်္ဘော သဖန်းသီးသည် အလွန်ကောင်း ပါ၏။ ညံ့ သော သင်္ဘေသဖန်းသီးသည် မ စား နိုင်အောင် အလွန် ညံ့ ပါသည်ဟု ပြန်လျှောက် ၏။ 4 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား5 အရပ် မှ ခါလဒဲ ပြည် သို့ ငါစေလွှတ် ၍ သိမ်းသွား ခြင်းကို ခံရသော ယုဒ အမျိုးသားတို့သည်၊ ဤ ကောင်း သော သင်္ဘော သဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။ 6 သူ တို့၌ ကျေးဇူး ပြုမည်ဟု ငါကြံစည်၍၊ ဤ ပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ နောက် တဖန် မ ဖြို မဖျက်ဘဲ တည်ဆောက် မည်။ မ နှုတ် မပယ်ဘဲစိုက် ထားမည်။ 7 ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို၊ သူတို့ သိ နိုင်သော စိတ် နှလုံးကို ငါပေး မည်။ သူတို့သည် ငါ ၏လူ ဖြစ် ကြ၍ ၊ ငါ သည်လည်း သူ တို့၏ ဘုရား သခင်ဖြစ် လိမ့်မည် ။ ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ နှင့် ပြန် လာကြလိမ့်မည်။ 8 စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်း သီးကဲ့သို့ ၊ ငါသည် ယုဒ ရှင်ဘုရင် ဇေဒကိ မှစ ၍၊ မှူး တော်မတ်တော်၊ ဤ ပြည် ကျန် ကြွင်းသော ယေရုရှလင် မြို့သား၊ အဲဂုတ္တု ပြည် နေ သောအမျိုးသားတို့ကို ဖြစ် စေမည်။ 9 သူတို့သည် ငါနှင် ရာ အရပ်ရပ် တို့၌ ကဲ့ရဲ့ခြင်း၊ ပုံ ခိုင်း ခြင်း၊ ဆဲရေး ခြင်း၊ ကျိန် ခြင်းတို့ကိုခံ ရမည် အကြောင်း၊ ငါသည် မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၌ နှောင့်ရှက် ညှဉ်းဆဲခြင်းသို့ သူ တို့ကို အပ် လိုက်မည်။ 10 သူ တို့နှင့် သူ တို့၏ ဘိုးဘေး တို့အား ငါပေး သော ပြည် မှ ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

25

1 ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီးသား ယောယကိမ် နန်းစံစတုတ္ထ နှစ် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံပဌမ နှစ် တွင်၊ ယုဒ ပြည်သား အပေါင်း တို့ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်ကို၊ 2 ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား အပေါင်း တို့ အား ၊ ယေရမိ ဆင့်ဆို ဟောပြောရသည်ကား3 ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ နန်းစံဆယ် သုံး နှစ် မှစ၍ ယခု တိုင် အောင်၊ အနှစ်နှစ်ဆယ် သုံး နှစ် ပတ်လုံး ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်အတိုင်း၊ ငါသည် စော စောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့် ဆိုသော်လည်း ၊ သင်တို့သည် နား ထောင်ဘဲ နေကြ၏။ 4 ထာဝရဘုရား သည်လည်း၊ စောစောထ မိမိ ကျွန် ပရောဖက် အပေါင်း တို့ကို၊ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် တော်မူသော်လည်း ၊ သင်တို့သည် နား ထောင်ကြ။ အမိန့်တော်ကို ကြား ခြင်းငှါ နား ကို မ လှည့် ဘဲ နေကြ၏။ 5 ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်း ဆိုး နှင့် အကျင့် ဆိုး များကို ပယ်ရှား၍၊ သင် တို့နှင့် ဘိုးဘေး တို့အား ထာဝရဘုရား သည် အမြဲ ပေး တော်မူ သော ပြည် နေ ကြလော့။ 6 အခြား တပါးသော ဘုရား နောက် သို့ လိုက် ဝတ် ပြု၊ မကိုးကွယ် ကြနှင့်။ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို မ ထွက်စေကြနှင့်။ ငါသည်လည်း ၊ သင် တို့ကို ညှဉ်းဆဲ ဟု ဆင့် ဆိုကြ၏။ 7 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင် တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့ စကားကို နား ထောင်ဘဲနေကြပြီ။ 8 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကား ကို နား ထောင်သောကြောင့်9 ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။ 10 ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။ 11 ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ် စေ့ သောအခါ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ၏ နိုင်ငံ တည်းဟူသောခါလဒဲ တိုင်း နိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ် ပေး၍ ၊ ထိုနိုင်ငံ ကို အစဉ် အမြဲ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။ 13 ငါခြိမ်း သော စကား များတည်းဟူသော ယေရမိ သည် ခပ်သိမ်း သော တိုင်း နိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤ စာ ရေး ထားသော စကားရှိသမျှ တို့ကို ခါလဒဲ တိုင်း နိုင်ငံအပေါ် မှာ ငါသက်ရောက် စေမည်။ 14 များစွာ သော လူမျိုး တို့နှင့် ကြီး သော ရှင် ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစား ကြလိမ့်မည်။ သူ တို့ ကျင့်သောအကျင့် ၊ သူတို့ကိုယ်တိုင်ပြုသောအမှု နှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ် ပေးမည်။ 15 ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။ 16 သူ တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သူတို့သည် သောက် ယစ်မူး တိမ်းယိမ်း ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း17 ငါသည် ထာဝရဘုရား ၏ လက် တော်မှ ထို ဖလား ကိုခံယူ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသော လူမျိုး အပေါင်း တို့ကို သောက် စေ၏။ 18 ထိုလူမျိုးများဟူမူကား၊ ယနေ့ ရှိသည်အတိုင်း လူဆိတ်ညံ ရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ် စေခြင်းငှါ ၊ သောက်ရသောယေရုရှလင် မြို့သူ၊ ယုဒ ပြည် သား၊ ယုဒရှင် ဘုရင်များ၊ မှူးမတ် များ၊ 19 အဲဂုတ္တု ပြည်ကို အစိုးရ သောဖာရော ဘုရင် အစရှိသောသူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူ ပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသား ရှိသမျှ20 ဥဇ မင်းအပေါင်း ၊ ဖိလိတ္တိ မင်း အပေါင်း ၊ အာရှကေလုန် ပြည်သား၊ ဂါဇ ပြည်သား၊ ဧကြုန် ပြည်သား၊ ကျန်ကြွင်း သော အာဇုတ် ပြည်သား၊ 21 ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား22 တုရု မင်း အပေါင်း ၊ ဇိဒုန် မင်း အပေါင်း ၊ ပင်လယ် တဘက် အစိုးရသောမင်း များ၊ 23 ဒေဓန် ပြည်သား၊ တေမ ပြည်သား၊ ဗုဇ ပြည်သား၊ ပါးမုန်း ကိုရိတ် တတ်သော ပြည်သားရှိသမျှ24 အာရပ် မင်း အပေါင်း ၊ တော နေ ၍ အမျိုး မစစ် သော လူများကို အစိုးရသောမင်း အပေါင်း25 ဇိမရိ မင်း အပေါင်း ၊ ဧလံ မင်း အပေါင်း ၊ မေဒိ မင်း အပေါင်း26 တပါးနှင့်တပါးနီး သည်ဖြစ်စေ၊ ဝေး သည်ဖြစ်စေ၊ မြောက် ပြည်မင်း ရှိသမျှ တို့နှင့်၊ မြေကြီး တပြင်လုံး ရှိသမျှ သော လောကီ နိုင်ငံ အပေါင်း ပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက် ရှင်ဘုရင် သောက် ရမည်။ 27 သင် တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သောက် ယစ်မူး ကြ။ အော့အန် ကြ၊ လဲ ကြ၊ နောက်တဖန် မ ကြနှင့်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ဆင့်ဆို လော့။ 28 သူတို့သည် သောက်ခြင်းငှါထိုဖလား ကို သင် ၏ လက် မှ မခံ၊ ငြင်းပယ် လျှင်လည်း၊ စင်စစ်သောက် ရကြမည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ပြန်ပြော လော့။ 29 အကြောင်း မူကား၊ ငါ ၏နာမ ဖြင့် သမုတ် သော မြို့ ကို ငါ သည် အပြစ်ပေးစ ပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ် မခံဘဲမနေရကြ။ ငါ သည် မြေကြီး သား ရှိသမျှ တို့အဘို့ ထား ကို မှာ လိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 30 ထိုကြောင့် ၊ သင် သည် ပရောဖက် ပြုလျက် သူ တို့ အား ဟော ပြောရသောစကား များဟူမူကား၊ ထာဝရဘုရား သည် မြင့် သော အရပ် က ကြွေးကြော် တော်မူ မည်။ သန့်ရှင်း သော ဘုံဗိမာန် တော်က အသံ ကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ် ဌာန တဘက် ၌ ပြင်းစွာကြွေးကြော် တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ် သကဲ့သို့ ၊ မြေကြီး သား များ တဘက် ၌ အော်ဟစ် တော်မူမည်။ 31 မြေကြီး စွန်း တိုင်အောင် အသံ နှံ့ပြား လိမ့်မည်။ ထာဝရဘုရား သည် လူ အမျိုးမျိုးတို့နှင့် တရား တွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်း သော သတ္တဝါ တို့ကို အမှုလုပ် တော်မူမည်။ ဆိုး သောသူတို့ကို ထား နှင့်ကွပ်မျက်စေခြင်းငှါ အပ် တော်မူမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ 32 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး သည် တပြည် မှ တပြည် သို့ ကူး သွားလိမ့်မည်။ မြေကြီး အစွန်း အနားတို့ မှ ပြင်းစွာ သော လေဘွေ သည် ထ လိမ့်မည်။ 33 ထိုအခါ ထာဝရဘုရား ကွပ်မျက် တော်မူခြင်းကို ခံရသောသူတို့ သည် မြေကြီး တဘက် မှ တဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မ မြည်တမ်း ရ။ မ စု မပုံရ။ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ်ကြ လိမ့်မည်။ 34 အို သိုးထိန်း တို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုး ကြီး သိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင် တို့ကိုသတ် ရသောအချိန် ရောက် လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုး ထိုက်သော တန်ဆာ ကျ သကဲ့သို့ ဖြစ်ရကြလိမ့်မည်။ 35 သိုးထိန်း တို့သည် ပြေးစရာလမ်းမရှိ။ သိုး ကြီး သိုးမြတ်တို့သည် လွတ် ရာလမ်းကို ရှာ၍ မတွေ့ရကြ။ 36 သိုးထိန်း များ ငိုကြွေး သံ နှင့် သိုး ကြီး သိုးမြတ်များ မြည်သံ ကိုကြားရ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ကျက်စား ရာအရပ်ကို ဖျက်ဆီး တော်မူ၏။ 37 ထာဝရဘုရား သည်ပြင်းစွာ အမျက် ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ် စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်း ဖျက်ဆီးခြင်းကိုခံရကြ၏။ 38 ခြင်္သေ့ ဘာသာဓလေ့၊ နေတော်မူရာခြုံ ကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲ သောသူ ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက် ထွက်ခြင်းအားဖြင့် ၊ သူ တို့ ပြည် သည် လူဆိတ်ညံ ရာအရပ် ဖြစ်ရ၏။

26

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာ ၍၊ 2 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။ 3 သူတို့သည် နားထောင် ၊ အသီးအသီး မိမိ တို့ အဓမ္မ လမ်း မှ လွှဲရှောင် ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါ သည်လည်း သူ တို့ပြု သောဒုစရိုက် ကြောင့် အပြစ် ပေး မည်ဟု ကြံစည် ခြင်းကို နောင်တရ မည်။ 4 သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကားကို နား ထောင်၊ သင် တို့၌ ငါထား သော ပညတ် တရားလမ်း သို့ မလိုက်5 ငါ သည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ် စေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို နား မထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နား ထောင်ဘဲ နေလျှင်6 အိမ် ကို ရှိလော ရွာကဲ့သို့ ငါဖြစ် စေမည်။ ဤ မြို့ ကိုလည်း ၊ မြေ ပေါ်မှာ လူ အမျိုးမျိုး ကျိန်ဆဲ သော မြို့ဖြစ် စေမည်ဟု မိန့်တော်မူ၏။ 7 ထို စကား ကို ဗိမာန် တော်၌ ယေရမိ ဟောပြော သည်ကို ယဇ် ပုရောဟိတ်များ၊ ပရောဖက် များ၊ လူ များ အပေါင်း တို့သည် ကြား ကြ၏။ 8 လူ များအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ထာဝရဘုရား မှာ ထားတော်မူသမျှ သော စကားတော်ကို အကုန်အစင်ဟော ပြောပြီး မှ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ များအပေါင်း တို့သည် ယေရမိ ကို ဘမ်းဆီး ၍၊ သင်သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ 9 အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။ 10 ယုဒ မှူးမတ် တို့သည် ထို အမှု ကို ကြားသိ သောအခါ ၊ နန်းတော် မှ ဗိမာန် တော်သို့လာ ၊ ဗိမာန် တော် တံခါး သစ် အတွင်း၌ ထိုင် ကြ၏။ 11 ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့က၊ ဤ သူ သည် အသေ ခံထိုက် ပေ၏။ သင်တို့သည် ကိုယ် နား နှင့် ကြား သည်အတိုင်း ၊ ဤ မြို့ ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောပါပြီတကားဟု မှူးမတ် အစရှိ သော လူ များ အပေါင်း တို့အား ပြော ဆိုကြ၏။ 12 ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။ 13 ယခု မှာသင် တို့၏ ကျင့်ကြံ ပြုမူ ခြင်းတို့ကို ပြောင်းလဲ ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ထာဝရဘုရား သည် သင် တို့၌ ဘေးဥပဒ် ရောက်စေမည်ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူလိမ့်မည်။ 14 ငါ မူကား၊ သင် တို့လက် ရှိပါ၏။ သင် တို့စိတ် ဖြောင့်မတ် လျောက်ပတ် သည်ဟု ထင်သည်အတိုင်း ၊ ငါ့ ကို ပြု ကြလော့။ 15 သို့ရာတွင် ၊ ငါ့ ကိုသတ် လျှင် အပြစ် မရှိသောအသွေး ကို သင် တို့သည် ကိုယ် အပေါ် သို့၎င်း ၊ ဤ မြို့ နှင့် မြို့ သား တို့အပေါ် သို့၎င်း စင်စစ်ရောက် စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ် ကြလော့။ ဤ စကား အလုံးစုံ တို့ကို သင် တို့အား ကြား ပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ ကို စင်စစ် စေလွှတ် တော်မူပြီဟု မှူးမတ် အစ ရှိသောလူ များအပေါင်း တို့အား ပြော ဆိုလေ၏။ 16 ထိုအခါ မှူးမတ် အစ ရှိသော လူ များအပေါင်း တို့ က၊ ဤ သူ သည် အသေခံ ထိုက်သည်မ ဟုတ်။ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့ အား ဟော ပြောလေပြီဟု ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့အား ပြော ဆိုကြ၏။ 17 ပြည် သား အသက်ကြီး သူ အချို့ကလည်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၊ မောရရှ ရွာသားမိက္ခါ သည် ပရောဖက် ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား18 ဇိအုန် တောင်သည် လယ် ကဲ့သို့ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း၊ မြေပုံ များဖြစ်လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း၊ တော တောင် ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒ ပြည်သား အပေါင်း တို့အား ဟောပြော ၏။ 19 ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ဟေဇကိ သည် ထိုပရောဖက် ကိုသတ် သလော။ ထိုမင်းသည် ထာဝရဘုရား ကို ကြောက်ရွံ သည် မ ဟုတ်လော။ ရှေ့ တော်၌ တောင်းပန် သည် မဟုတ်လော။ ထာဝရဘုရား သည် သူ တို့၌ ဘေးဥပဒ် ကို ရောက် စေမည် ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူသည် မဟုတ်လော။ ငါ တို့မူကား၊ ကိုယ်အကျိုး ကို ဖျက်ဆီး ခြင်းငှါပြုကြသည်တကားဟု စည်းဝေး သောသူ အပေါင်း တို့အား ပြော ဆိုကြ၏။ 20 ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။ 21 ယောယကိမ် မင်းကြီး နှင့် မင်း များ၊ မှူးမတ် များ အပေါင်း တို့သည် ထိုပရောဖက် ၏ စကား ကို ကြား သောအခါ ၊ သူ့ ကိုသတ် အံ့သောငှါမင်းကြီး သည် ရှာကြံ ၏။ ထိုသိတင်းကိုကြား လျှင် ၊ ဥရိယ သည်ကြောက် ၊ အဲဂုတ္တု ပြည်သို့ ပြေး သွားလေ၏။ 22 ယောယကိမ် မင်းကြီး သည် အာခဗော် သား ဧလနာသန် နှင့်တကွ လူ အချို့တို့ကို အဲဂုတ္တု ပြည်သို့ စေလွှတ်23 ထိုသူတို့သည် ဥရိယ ကို အဲဂုတ္တု ပြည်မှ ယောယကိမ် မင်း ထံသို့ ပို့ဆောင် သဖြင့် ၊ မင်းကြီးသည် ဥရိယ ကို ထား နှင့် သတ် ၊ အသေ ကောင်ကို ဆင်းရဲသား တို့၏ သင်္ချိုင်း ပစ် ထားလေ၏။ 24 သို့ သော်လည်း၊ ရှာဖန် သား အဟိကံ သည် ယေရမိ ကို မစသောကြောင့်၊ အသေခံ စေခြင်းငှါ လူ များ တို့ လက် သို့ အပ် ရ။

27

1 ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်း ထိုင် စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ 2 ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ကြိုး နှင့် ထမ်းဘိုး များကိုလုပ် ၊ သင် ၏လည်ပင်း တပ် လော့။ 3 ယုဒ ရှင်ဘုရင် ဇေဒကိ ထံ ၊ ယေရုရှလင် မြို့သို့ ရောက် လာသောသံတမန် တို့တွင်၊ ထို ကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံ မင်း ၊ မောဘ မင်း ၊ အမ္မုန် မင်း ၊ တုရု မင်း ၊ ဇိဒုန် မင်း သို့ ပေး လိုက်လော့။ 4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင် တို့အရှင် များတို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား5 ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။ 6 ယခု မှာ ဤ ပြည် ရှိသမျှ တို့ကို ငါ့ ကျွန် ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာ လက် သို့ ငါ အပ်ပေး ပြီ။ သူ စေစား ဘို့ရာ တော တိရစ္ဆာန် များကိုလည်း ငါပေး ပြီ။ 7 သူ ၏နိုင်ငံ ဆုံးချိန် ရောက် မှီတိုင်အောင်၊ ဤ ပြည် သားအပေါင်း တို့သည် သူ၏အမှုနှင့် သူ ၏သား မြေး အမှုကို ဆောင်ရွက် ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုး တို့နှင့် ကြီး သောရှင် ဘုရင်တို့သည် သူ့ ကို စေစား ကြလိမ့်မည်။ 8 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုမ ခံ၊ သူ၏ထမ်းဘိုး ကို မ ထမ်း လိုသော တိုင်း နိုင်ငံရှိသမျှကို၊ သူ ၏လက် ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါအပြစ် ပေးမည်။ 9 သို့ ဖြစ်၍၊ သင် တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ပြော တတ်သော ပရောဖက် ၊ အနာဂတ် ဆရာ၊ အိပ်မက် မြင်သောဆရာ၊ နတ် ဝိဇ္ဇာ ဆရာ၊ ပြုစား တတ်သော ဆရာတို့၏ စကားကို နား ထောင်ကြနှင့်။ 10 ထိုသူတို့သည် သင်တို့ကို သင် တို့ပြည် မှ အဝေးသို့ ရွှေ့ သွားစေခြင်းငှါ ၊ သင် တို့ကို ငါနှင်ထုတ် ဆုံးရှုံး စေခြင်းငှါ၎င်း မုသာ စကားကို ဟော ပြောတတ်ကြ၏။ 11 ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ထမ်း ၊ သူ ၏ အစေ ကိုခံသော လူမျိုးတို့အား၊ မိမိ တို့ပြည် နေ ရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ၌ လုပ် နေ ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 ထို စကား တော်ရှိသမျှ ကို ငါပြန်၍ ယုဒ ရှင်ဘုရင် ဇေဒကိ အား လျှောက် ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကိုထမ်း ၊ သူ နှင့် သူ ၏လူ များ အစေ ကို ခံလျက်၊ အသက် ချမ်းသာပါလော့။ 13 ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုမ ခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် ကိုယ်တော် ၏ လူ တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် အဘယ်ကြောင့် သေ ရပါမည်နည်း။ 14 သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ဟောပြော သောပရောဖက် တို့၏ စကား ကို နား ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ်ကြ၏။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့နှင့် သင် တို့အား ဟော ပြောသော ပရောဖက် တို့ကို ငါ နှင်ထုတ် ဆုံးရှုံး စေခြင်းငှါ၊ ငါမ စေလွှတ် ဘဲ သူ တို့သည် ငါ့ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟော ပြောတတ်ကြ ၏။ 16 ယဇ်ပုရောဟိတ် တို့နှင့် လူ အပေါင်း တို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို ငါပြန်ပြော သည် ကား ၊ ကာလ ကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာ တို့ကို ဗာဗုလုန် မြို့မှ တဖန် ဆောင် ခဲ့လိမ့်မည်ဟု သင် တို့အား ဟောပြော သော ပရောဖက် တို့၏ စကား ကို နား ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ် ကြ၏။ 17 သူ တို့၏စကားကို နား ထောင်ကြနှင့်။ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုခံ၍ ၊ အသက် ချမ်းသာကြလော့။ ဤ မြို့ သည် အဘယ်ကြောင့် ပျက်စီး ခြင်းသို့ရောက် ရ မည်နည်း။ 18 သူ တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကိုခံ ၍၊ ပရောဖက် မှန် လျှင် ၊ ဗိမာန် တော်၌ ၎င်း ၊ နန်းတော် ၌ ၎င်း ၊ ယေရုရှလင် မြို့၌ ၎င်း ကျန် ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ၍မ သွား ရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားအား တောင်းပန် ကြလော့။ 19 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ အစရှိသော ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်အပေါင်း တို့ကို၊ 20 ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသောအခါ ၊ ထိုရှင်ဘုရင်သည် မ သိမ်း မယူ၊ 21 ဗိမာန် တော်၌၎င်း ၊ နန်းတော် ၌၎င်း ၊ ယေရုရှလင်မြို့ ၎င်း ကျန် ကြွင်းသေး သောတိုင် ၊ ရေကန် ၊ ရေကန်အခြေအမြစ် များ၊ ကျန်ကြွင်း သေးသောတန်ဆာ များတို့ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား22 ထိုတန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူသွား ရ လိမ့်မည်။ ငါ အကြည့်အရှု ကြွလာမှီတိုင်အောင်၊ ထို မြို့၌ ရှိ နေရကြလိမ့်မည်။ ငါကြွလာသောအခါ ၊ ထိုတန်ဆာတို့ကို ငါဆောင် ခဲ့၍ ၊ ဤ အရပ် ၌ ပြန်ထား မည်ဟု မိန့် တော်မူ၏။

28

1 ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊ 2 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်။ 3 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ အရပ် မှ ဗာဗုလုန် မြို့သို့ ယူသွားသောဗိမာန် တော် တန်ဆာ အလုံးစုံ တို့ကို နှစ် နှစ်အတွင်း တွင်၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ 4 ဗာဗုလုန် မြို့သို့ သိမ်း သွားသော ယုဒ ပြည်သား အပေါင်း တို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ မင်းကိုလည်း ၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ ဗိမာန် တော်၌ ယဇ် ပုရောဟိတ်များ၊ လူ များအပေါင်း တို့ ရှေ့ မှာ ငါ့အား ပြောဆို၏။ 5 ထိုအခါ ပရောဖက် ယေရမိ သည် ဗိမာန် တော်၌ ရပ် နေသောယဇ် ပုရောဟိတ်များနှင့် လူ များအပေါင်း တို့ ရှေ့ မှာ၊ ပရောဖက် ဟာနနိ အား ပြန်ပြော သည်ကား၊ 6 အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။ 7 သို့ရာတွင် ၊ သင် နှင့် တကွလူ အပေါင်း တို့အား ငါ ယခု ဟောပြော သော စကား ကို နားထောင် လော့။ 8 ငါ တို့မဖြစ်မှီ ရှေး ကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြား သော ပြည် ၊ အားကြီး သော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက် မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာ ပေါ်မည်အကြောင်း တို့ကို ဟော ပြောတတ်ကြ၏။ 9 ငြိမ်ဝပ် မည်အကြောင်း ကို ဟောပြော သော ပရောဖက် ရှိလျှင်၊ သူ ၏ စကား ပြည့်စုံ သောအခါ စင်စစ်ထာဝရဘုရား စေလွှတ် တော်မူသော ပရောဖက် ဖြစ် ကြောင်း ထင်ရှား လိမ့်မည်ဟု ပြောဆို၏။ 10 ထိုအခါ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ လည်ပင်း မှ ထမ်းဘိုး ကို ယူ ချိုး လျက်11 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ လူ အမျိုးမျိုး တို့၏ လည်ပင်း ပေါ် မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ် နှစ်အတွင်းတွင် ငါချိုး ပယ်မည်ဟု မိန့် တော်မူကြောင်းကို၊ လူ အပေါင်း တို့ရှေ့ မှာ ပြောဆို ၏။ ထို အခါ ပရောဖက် ယေရမိ သည် ထွက် သွားလေ၏။ 12 ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ ၏ လည်ပင်း မှ ထမ်းဘိုး ကို ချိုး ပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊ 13 သင်သွား ထာဝရဘုရား ၏ အမိန့် တော်ကို ဟာနနိ အား ဆင့်ဆို ရမည်မှာ၊ သင်ချိုး သော သစ်သား ထမ်းဘိုး အစား ၊ သံ ထမ်းဘိုး ကို လုပ် ရမည်။ 14 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး ရှိသမျှ တို့သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုခံစေခြင်းငှါ ၊ သူတို့လည်ပင်း ပေါ် မှာ သံ ထမ်းဘိုး ကို ငါတင် ပြီ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကိုခံ ရကြမည်။ တော တိရစ္ဆာန် များကိုလည်း ၊ သူ ငါအပ်ပေး ပြီဟု မိန့်တော်မူ၏။ 15 ပရောဖက်ယေရမိ ကလည်း ၊ ဟာနနိ၊ နားထောင် လော့။ ထာဝရဘုရား သည် သင့် ကို စေလွှတ် တော်မ မူ။ ဤ လူမျိုး သည် မုသာ ခိုလှုံမည်အကြောင်းကို သင် ပြု တတ်၏။ 16 ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှါ သွန်သင် သောကြောင့် ၊ သင့် ကို မြေပြင် မှ ငါ ပယ်ရှင်း မည်။ ယခုနှစ် တွင် သင် သည် သေ ရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏။ 17 ထိုသို့ နှင့်အညီပရောဖက် ဟာနနိ သည် ထို နှစ် တွင် ၊ သတ္တမ သေ လေ၏။

29

1 ရှင်ဘုရင် ယေခေါနိ နှင့်တကွ မိဖုရား အစ ရှိသောမိန်းမစိုး များ၊ ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်များ၊ လက်သမား ၊ ပန်းပဲသမား များတို့သည် ယေရုရှလင် မြို့မှ သွား သောနောက်2 ယုဒ ရှင်ဘုရင် ဇေဒကိ သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ထံ ၊ ဗာဗုလုန် မြို့သို့စေလွှတ် သော ရှာဖန် သား ဧလာသာ နှင့် ဟိလခိ သား ဂေမရိ တွင်၊ ပရောဖက် ယေရမိ သည်စာရေး၍ 3 ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွား ခြင်းကိုခံရသော အသက်ကြီး သူ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသားကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင် မြို့မှ ပေးလိုက် သော စာဟူမူကား၊ 4 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားစေတော်မူသော သူအပေါင်း တို့ အား မိန့် တော်မူသည်ကား5 အိမ် တို့ကိုဆောက် နေရာချ ကြလော့။ 6 ဥယျာဉ် တို့ကို စိုက်ပျိုး အသီး ကို စား ကြလော့။ သင်တို့သည် ထို ပြည်၌ ခေါင်းပါး ခြင်းမ ရှိ၊ တိုးပွား များပြားမည်အကြောင်း၊ မယား နှင့်နေ သား သမီး ကို ဘွားမြင် ကြလော့။ သား သမီး တို့ကိုလည်း၊ အချင်းချင်းတယောက်ကိုတယောက်ပေးစား ၍၊ တဖန် သား သမီး ကို ဘွားမြင် စေကြလော့။ 7 ငါသည် သင် တို့ကို သိမ်း သွားစေသော မြို့ သည်လည်း ၊ ငြိမ်သက် ခြင်းရှိမည်အကြောင်းကို ပြုစု ၍၊ ထို မြို့အဘို့ အလိုငှာ၊ ထာဝရဘုရား အား မေတ္တာ ပို့ကြလော့။ ထိုမြို့ ၏ငြိမ်သက် ခြင်းအားဖြင့် ၊ သင် တို့သည်လည်း ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်။ 8 ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့တွင် ရှိ သော ပရောဖက် ဆရာ၊ အနာဂတ် ဆရာတို့သည် သင် တို့ကို လှည့်စား ကြစေနှင့်။ သင် တို့မြင် စေသော အိပ်မက် တို့ကို လည်း ယုံ မမှတ်ကြနှင့်။ 9 တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာ တို့သည် ငါစေလွှတ် သောသူမဟုတ် ဘဲ၊ ငါ့ နာမ ကို အမှီပြု ၍ မုသာ စကား ကို ဟော ပြောတတ်ကြ၏။ 10 တဖန်မိန့် တော်မူသည်ကား ၊ ဗာဗုလုန် မြို့၌ အနှစ် ခုနစ်ဆယ် စေ့ သောအခါ၊ သင် တို့ကို ငါအကြည့်အရှု ကြွ လာမည်။ ငါ ထားသော ဂတိ ကောင်း ကိုတည် စေ၍၊ သင် တို့ကို ဤ ပြည် သို့ ငါပို့ဆောင် ဦးမည်။ 11 တဖန်မိန့် တော်မူ သည်ကား၊ ငါ သည် သင် တို့ကိုအကျိုးနည်း စေခြင်းငှာ ကြံစည်သော အကြံမဟုတ် ဘဲ၊ သင်တို့သည် မြော်လင့် သော အကျိုးကိုရ မည်အကြောင်း ၊ ငြိမ်ဝပ် စေခြင်းငှာသာ၊ သင် တို့အဘို့ ကြံစည် သော အကြံ တို့ကို ငါ သိ ၏။ 12 တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။ 13 ငါ့ ကိုရှာ သောအခါ စိတ်နှလုံး အကြွင်းမဲ့ နှင့် ရှာ လျှင် တွေ့ ကြလိမ့်မည်။ 14 ငါသည်လည်း၊ သင် တို့အတွေ့ ကိုခံ မည်။ အထက်က ငါနှင်ထုတ်၍ သင် တို့ခံရသောသိမ်းသွား ခြင်း အမှုကို ငါသည် ဖြေရှင်းခြင်းငှာ၊ တိုင်း နိုင်ငံအရပ်ရပ် တို့မှ သင် တို့ကို ငါစုသိမ်း ပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင် တို့ရှုံး သော ပြည် သို့ တဖန်ငါဆောင် ခဲ့ဦးမည်ဟုထာဝရဘုရား မိန့် တော်မူ၏။ 15 ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာထိုင် သော ရှင်ဘုရင် မှစ၍ ၊ ဤ မြို့ နေ သောသူ အပေါင်း တည်းဟူသော၊ သင် တို့နှင့်အတူ သိမ်း သွားခြင်းကို မ ခံရသော သင် တို့ညီအစ်ကို များကိုရည်မှတ်၍၊ 16 ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့အပေါ် မှာထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ကို ငါ စေလွှတ် မည်။ မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်းသီးကဲ့သို့ ငါဖြစ် စေမည်။ 17 သူတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါညှဉ်းဆဲ မည်။ ငါနှင် ရာအရပ်ရပ် တို့၌ လူ အမျိုးမျိုး တို့တွင် ၊ သူတို့သည် ကျိန်ဆဲ ရာ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အသရေ ရှုတ်ချရာဖြစ်မည် အကြောင်း ၊ မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၏ နှောင့်ရှက် ခြင်းသို့ သူ တို့ကို ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 18 အကြောင်းမူကား၊ ငါသည် စောစောထ ၊ အထပ်ထပ်မှာထားစေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို သူတို့သည် နား ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 19 ထို့ကြောင့် သိမ်းသွားခြင်း ကို ခံရ၍၊ ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ ငါစေလွှတ် သော သူအပေါင်း တို့၊ ထာဝရဘုရား ၏ စကား ကို နားထောင် ကြလော့ဟု မိန့်တော်မူ၏။ 20 ထာဝရဘုရား သည် ငါတို့အဘို့ ပရောဖက်များ ကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊ 21 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏နာမ ကို အမှီပြု ၍ သင် တို့အား မုသာစကား ကို ဟော ပြောသော၊ ကောလာယ သား အာဟပ် နှင့် မာသေယ သား ဇေဒကိ တို့ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ငါ အပ် ၍၊ ထိုမင်းသည် သူ တို့ကို သင် တို့မျက်မှောက် သတ် လိမ့်မည်။ 22 ဗာဗုလုန် မြို့သို့ သိမ်း သွားခြင်းကို ခံရသောယုဒ အမျိုးသားအပေါင်း တို့က၊ ဗာဗုလုန် ရှင် ဘုရင်သည် မီးရှို့ သော ဇေဒကိ နှင့် အာဟပ် ကဲ့သို့ ၊ ထာဝရဘုရား သည် သင့် ကို ဖြစ် စေတော်မူပါစေဟု ထိုသူ တို့ကို ပုံဆောင် ကျိန်ဆဲ ကြလိမ့်မည်။ 23 အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု ကြပြီ။ သူ့ မယား တို့ကို ပြစ်မှား ကြပြီ။ ငါမ မှာ ထားဘဲ၊ ငါ ၏နာမ ကို အမှီ ပြု၍ မုသာ စကား ကို ဟော ပြောကြပြီ။ ငါ သိ သည်အတိုင်း သက်သေ ဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

24 နဟေလံ ရွာသား ရှေမာယ ကို လည်း ပြော ရမည်မှာ

25 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငါ ၏နာမ ကို အမှီပြု ၍၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ အစ ရှိသော ယဇ် ပုရောဟိတ်များတို့နှင့် ယေရုရှလင် မြို့သား ရှိသမျှ တို့ကို စာ ပေး လိုက်၍၊ 26 သင်သည် ဗိမာန် တော်၌ လူ စောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူး ရှိသမျှ ကို ထောင် ထဲမှာ လှောင်၍ ထိတ်ခတ် စေခြင်းငှာ၊ ထာဝရဘုရား သည် ယဇ်ပုရောဟိတ် ယောယဒ ၏ကိုယ်စား သင့် ကို ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားတော်မူ၏။ 27 သို့ ဖြစ်၍၊ သင် တို့တွင် ပရောဖက် လုပ်သော အာနသုတ် ရွာသား ယေရမိ ကို အဘယ်ကြောင့် ဆုံးမ သနည်း။ 28 သူကလည်း၊ ဤအမှု ကြာ လိမ့်မည်။ အိမ် တို့ကို ဆောက် နေရာ ချကြလော့။ ဥယျာဉ် တို့ကို စိုက်ပျိုး အသီး ကို စား ကြလော့ဟု၊ ဗာဗုလုန် မြို့၌နေသောငါ တို့ကို မှာ လိုက်ပါပြီတကားဟု၊ 29 ရှေမာယ ပေးလိုက် သောစာ ကို ယဇ်ပုရောဟိတ် ဇေဖနိ သည် ပရောဖက် ယေရမိ ရှေ့ မှာ ဘတ် လေ၏။ 30 ထိုအခါ နဟေလံ ရွာသား ရှေမာယ ကို ရည်မှတ် ၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ စေလွှတ် ဘဲ ရှေမာယ သည် သင် တို့အား ပရောဖက် ပြု၍ မုသာ ခိုလှုံ စေသောကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား

31 နဟေလံ ရွာသား ရှေမာယ နှင့် သူ ၏အမျိုး ကို ငါ သည် ဒဏ်ပေး မည်။ ဤ အမျိုးသား တို့တွင် ၊ သူ၏လူ တယောက် မျှ နေ ရသောအခွင့် မ ရှိ ရ။

32 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှာသွန်သင် သောကြောင့် ၊ ငါ ၏လူမျိုး ငါ ပြု လတံ့သော ကျေးဇူး ကို သူသည် မ မြင် ရဟု၊ သိမ်းသွား ခြင်းကို ခံရသောသူအပေါင်း တို့ကို စာပေး လိုက်ရမည်အကြောင်းထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍ မှာ ထားတော်မူ၏။

30

1 ထာဝရဘုရား နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ 2 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အား ငါပြော သမျှ သော စကား တို့ကို ရေး ထားလော့။ 3 ထာဝရဘုရား မိန့် တော်မူသည်ကား၊

ယခု သိမ်း သွားခြင်းကို ခံရသောငါ ၏ လူ ဣသရေလ အမျိုးနှင့် ယုဒ အမျိုးသားတို့ကို ငါဆောင် ခဲ့ရသော အချိန် ကာလသည် ရောက် လိမ့်မည်။ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ ငါပြန် လာစေသဖြင့် ၊ သူတို့သည် ပိုင် ရကြလိမ့်မည်ဟု မိန့် တော်မူ၏။ 4 ဣသရေလ အမျိုးနှင့် ယုဒ အမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား5 ငါသည် ထိတ်လန့် ခြင်းစကား သံကို ကြား ရ၏။ ငြိမ်သက် ခြင်းမရှိ ။ ကြောက်ရွံ ဘွယ်သောအကြောင်းသာ ရှိ၏။ 6 ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။ 7 အလို လေး၊ ထို နေ့ ရက်ကား ခိုင်းနှိုင်း စရာမရှိ ။ ကြီး သောနေ့ရက်ဖြစ်၏။ ယာကုပ် အမျိုး၌ အမှု ရောက် သော နေ့ရက် ဖြစ်၏။ သို့ရာတွင် ၊ သူ တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။ 8 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ရက်၌ သူ တို့ထမ်းရသောထမ်းဘိုး ကို သူ တို့လည်ပင်း မှ ငါချိုး ပယ်မည်။ သူ တို့ကို ချည်နှောင် သော ကြိုးများကို ငါဖြတ် မည်။ တပါး အမျိုးသား တို့သည် နောက် တဖန်သူ တို့ကို စေစား ရကြ။ 9 သူတို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ အမှုကို၎င်း ၊ သူ တို့အဘို့ ငါပေါ်ထွန်း စေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏အမှုကို၎င်း ဆောင်ရွက် ရကြမည်။ 10 သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် ပျက်နှင့်။ သင့် ကို ဝေး သောအရပ်မှ ၎င်း ၊ သင် ၏ အမျိုးသား တို့ကို သိမ်းသွားရာ ပြည် မှ ၎င်း ၊ ငါ နှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ် အမျိုးသည် ပြန်လာ ၊ ချောက်လှန့် သောသူမရှိ ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရလိမ့်မည်ဟု မိန့် တော်မူ၏။ 11 တဖန်မိန့်တော်မူသည်ကား၊ သင့် ကို ကယ်တင် ခြင်းငှါ သင် နှင့် အတူငါ ရှိ၏။ ငါသည်သင့် ကို ငါကွဲပြား စေသော တိုင်း နိုင်ငံရှိသမျှ တို့ကို ဆုံး စေသော်လည်း ၊ သင့် ကိုမ ဆုံး စေ။ သို့ရာတွင် ၊ အပြစ် ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမ မည်။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။ 13 သင့်အနာကို စည်း အံ့သောငှါ အဘယ်သူမျှသင့် အမှု ကို မ စောင့် ။ အနာ ပျောက်စေနိုင်သော ဆေး ကို အဘယ်သူမျှမ ကု။ 14 သင် ၏မိတ်ဆွေ ရှိသမျှ တို့သည် သင့် ကို မေ့လျော့ ၍ မ မေး မရှာဘဲနေကြ၏။ သင့် အပြစ် သည် ကြီး ၍၊ သင်ပြုသောဒုစရိုက် သည် များပြား သောကြောင့် ၊ ရန်သူ ပေးတတ်သော အနာ နှင့်သင့် ကို ငါနာ စေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ် ကို ငါပေးပြီ။ 15 သင် သည် အနာ ကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ သင် ၏အပြစ် ကြီး သောကြောင့် ၊ သင် ခံရသောဝေဒနာ သည် ပျောက် ခဲ၏။ သင် ပြုသောဒုစရိုက် များပြား သောကြောင့်၊ ဤ သို့ငါဆုံးမ ရ၏။ 16 သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။ 17 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတပါးတို့ က၊ သင် သည် စွန့်ပစ် ခြင်းကို ခံရသောသူဟူ၍၎င်း ၊ အဘယ်သူမျှမ ကြည့်ရှု မပြုစုသော ဇိအုန် မြို့ဟူ၍၎င်း ခေါ် သော်လည်း၊ သင် ၏အနာ ရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာ ပကတိ ဖြစ်စေမည်။ 18 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွား ခြင်းကိုခံရသောယာကုပ် အမျိုးသားတို့၏ တဲ များကို ငါ ဆောင် ခဲ့ဦးမည်။ သူ တို့အိမ် များကို သနား ဦးမည်။ မြို့ သည်လည်း ၊ မိမိ ကုန်း ပေါ် မှာ တဖန် တည် လျက်ရှိ လိမ့်မည်။ နန်းတော် ၌လည်း ၊ ရှေးထုံးစံ အတိုင်းနေ ကြလိမ့်မည်။ 19 ထိုသူ တို့အထဲ က ကျေးဇူးကို ချီးမွမ်း ခြင်းအသံ၊ ရွှင်မြူး သောသူတို့ ၏ အသံ သည် ထွက် လိမ့်မည်။ ငါသည် သူ တို့ကို မ နည်း စေဘဲ များပြား စေမည်။ နှိမ့်ချ ခြင်းသို့ မ ရောက်၊ ချီးမြှောက် ခြင်းသို့ ရောက်စေမည်အကြောင်းစီရင်မည်။ 20 အမျိုးသား တို့သည် အရင် ကဲ့သို့ ဖြစ် ၍၊ ပရိသတ် တို့သည် ငါ့ ရှေ့ မှာ တည် ကြလိမ့်မည်။ ညှဉ်းဆဲ သော သူအပေါင်း တို့ကို ငါသည် အပြစ် ပေးမည်။ 21 သူ တို့၏ မင်း သည် သူ တို့အမျိုးဖြစ် လိမ့်မည်။ သူ တို့အထဲက ပေါ်ထွန်း သောသူသည်သူ တို့ကို အုပ်စိုး ရ လိမ့်မည်။ ငါသွေးဆောင် သူတို့သည် ငါ့ ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူ သည် မိမိစိတ် ကို တန်းစေသနည်း။ 22 ထိုအခါ သင်တို့သည် ငါ လူ ဖြစ် ၊ ငါ သည် လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 23 ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့် ထွက် ၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည် ။ 24 ထာဝရဘုရား သည် လက်စသတ် ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မ မူမှီ၊ ပြင်းစွာ သော အမျက် တော်မ ငြိမ်း ရ။ နောင် ကာလ သင်တို့သည် နားလည် ကြလိမ့်မည်။

31

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၊ သူတို့သည် ငါ လူ ဖြစ် ကြလိမ့်မည်။ 2 တဖန် မိန့်တော်မူသည်ကား၊ ထား ဘေးနှင့်လွတ် သောသူ တို့ သည် တော ကျေးဇူး ကိုခံရ ကြပြီ။ ငါသည် ကြွသွား ၍ ဣသရေလ အမျိုးကို ချမ်းသာ ပေးမည်။ 3 ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။ 4 အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။ 5 ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။ 6 ဧဖရိမ် တောင် ပေါ် မှာ ကင်းစောင့် တို့က၊ ထ ကြ လော့။ ငါ တို့ ဘုရား သခင်ထာဝရဘုရား ရှိတော်မူရာ ဇိအုန် တောင်သို့ သွား ကြကုန်အံ့ဟု ကြွေးကြော် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။ 7 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယာကုပ် အမျိုးအား၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။ လူမျိုး တို့၏ အထွဋ် ၌ ကြွေးကြော် ကြလော့။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုး တည်းဟူသော၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင် တော်မူပြီဟု မြွက် ဆိုလျက် သိတင်း ကြားလိုက်၍ ချီးမွမ်း ကြလော့။ 8 သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။ 9 ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။ 10 အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။ 11 အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို ရွေးနှုတ် တော်မူပြီ။ သူ့ ထက် အားကြီး သောသူ ၏လက် မှ ကယ်လွှတ် တော်မူပြီ။ 12 ထိုကြောင့် အမျိုးသားတို့သည် လာ ၊ ဇိအုန် တောင်ထိပ် သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။ 13 ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။ 14 ယဇ် ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေး မည်။ ငါ ၏လူ တို့သည်လည်း ငါ့ ကျေးဇူး နှင့် ဝပြော ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 15 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။ 16 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငိုကြွေးသံ ကို ချုပ် လော့၊ မျက်ရည် မကျစေနှင့်။ သင်သည် ကိုယ် ကျင့်သောအကျင့် အကျိုး ကိုခံရ လိမ့်မည်။ သင်၏ သားတို့သည် ရန်သူ ပြည် မှ ပြန် လာကြလိမ့်မည်။ 17 သင် ၏အဆုံး ၌ မြော်လင့် စရာအကြောင်းရှိ ၏။ သင်၏ သား တို့သည် နေရင်းပြည် သို့ ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 18 ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။ 19 ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။ 20 ဧဖရိမ် သည် ငါ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 21 လမ်း၌မှတ်တိုင် တို့ကိုစိုက် လော့။ အလံတိုင် တို့ကို ထူ လော့။ လိုက်သွား သောလမ်းမ ကို စိတ် စွဲလမ်းလော့။ အိုဣသရေလ သတို့သမီး ကညာ၊ ပြန် လာလော့။ သင် ၏ နေရာ ဤ မြို့ များသို့ ပြန်လာ လော့။ 22 အိုဖောက်ပြန် သော သတို့သမီး ၊ သင်သည် အဘယ် မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာ ထူးဆန်း သော အမှုကို စီရင် တော်မူ၍၊ မိန်းမ သည် ယောက်ျား ကို ပတ်ဝိုင်း လိမ့်မည်။ 23 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။ 24 ထိုအရပ် ယုဒ ပြည်သူ၊ ယုဒ မြို့ ရွာသား အပေါင်း တို့သည်၊ လယ်လုပ် သောသူနှင့် သိုး ထိန်းသော သူများပါလျက် ၊ အတူ နေ ရကြလိမ့်မည်။ 25 ငတ်မွတ် သော သူ အပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ် သော သူ အပေါင်း တို့ကို ငါသက်သာ စေမည် ဟု မိန့်တော်မူ၏။ 26 ထိုနောက်၊ ငါသည် နိုး ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။ 27 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဣသရေလ ပြည် ၊ ယုဒ ပြည် ၌ လူ မျိုးစေ့ နှင့် တိရစ္ဆာန် မျိုးစေ့ ကို ကြဲ ရသော အချိန် ကာလရောက် လိမ့်မည်။ 28 ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။ 29 ထို ကာလ အဘ သည် ချဉ်သောစပျစ် သီးကို စား သောကြောင့် ၊ သား သည် သွား ကျိန်း ခြင်းကို ခံရ၏ ဟု မ ဆို ရကြ။ 30 လူတိုင်း မိမိ အပြစ် ကြောင့် မိမိသေ ရမည်။ ချဉ်သောစပျစ် သီးကို စား သောသူတိုင်း သွား ကျိန်း ခြင်းကိုခံရမည်။ 31 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။ 32 အရင်ငါ ပေးဘူးသောပဋိညာဉ်တရား ကို သူတို့သည်ဖျက် ၍၊ ငါ သည်လည်း သူတို့ကိုရွံရှာ၏။ 33 နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ လူ ဖြစ် ကြလိမ့်မည်။ 34 ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 35 နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား36 ထို တရား တို့သည် ငါ့ ရှေ့ မှာ ကွယ်ပျောက် လျှင် ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့ မှာ အမျိုး တိမ်မြုပ် ၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့် တော်မူ၏။ 37 တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အထက် မိုဃ်းကောင်းကင် ကို တိုင်းထွာ နိုင်လျှင် ၎င်း ၊ မြေကြီး အောက် ဆုံးအမြစ် တို့ကိုလိုက်၍ စစ် နိုင်လျှင်၎င်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို သူတို့ပြု မိသမျှ သော အပြစ်တို့ကြောင့် ငါ စွန့်ပစ် မည်ဟု မိန့် တော်မူ၏။ 38 တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာနနေလ ရဲတိုက် မှစ၍ မြို့ထောင့် တံခါး တိုင်အောင်၊ မြို့ တော်ကို ထာဝရဘုရား အဘို့ တည်ထောင် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။ 39 ဂါရက် တောင် ကို လွန်၍ မျဉ်းကြိုး နှင့်တန်းချ လိမ့်မည်။ ဂေါသ တောင်ကိုလည်း ဝိုင်း မိလိမ့်မည်။ 40 အရှေ့ ဘက်မြင်း တံခါး ရှိသောမြို့ထောင့် တိုင်အောင် ၊ အသေ ကောင်များ၊ ပြာ များစွန့်ပစ်ရာ ချိုင့် တရှောက် လုံးနှင့်၊ ကေဒြုန် ချောင်း အတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ လိမ့်မည်။ နောက် တဖန် နှုတ်ပယ် ဖြိုချ ခြင်း အလျှင်း ရှိရဟု မိန့်တော်မူ၏။

32

1 နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။ 2 ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲ တို့သည် ယေရုရှလင် မြို့ကို ဝိုင်း ထားကြပြီ။ ပရောဖက် ယေရမိ သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် ထောင် ဝင်း ထဲမှာ အချုပ် ခံလျက်နေ ရ၏။ 3 အကြောင်းမူကား၊ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခေါ်၍၊ ထာဝရဘုရား က၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၊ သူသည် သိမ်း ယူလိမ့်မည်။ 4 ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။ 5 ဇေဒကိ ကိုလည်း ဗာဗုလုန် မြို့သို့ ဆောင်သွား လိမ့်မည်။ ငါ အကြည့် အရှုမ လာမှီတိုင်အောင်၊ ထို မြို့၌ နေ ရလိမ့်မည်။ သင်တို့သည် ခါလဒဲ လူတို့ကို စစ်တိုက် နိုင် ရကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့်ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။ 6 ထိုအခါ ယေရမိ က၊ ငါ့ ဆီသို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 7 သင် ၏ဘ ထွေး ရှလ္လုံ သား ဟာနမေလ သည် သင့် ထံ သို့လာ ၍၊ အာနသုတ် မြို့မှာ ရှိသော ကျွန်ုပ် လယ် ကို သင် သည် ရွေး ပိုင်သောကြောင့် ၊ ဝယ် ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ ၊ 8 ငါ့ ဘထွေး သား ဟာနမေလ သည် ငါ ရှိရာထောင်ဝင်းထဲသို့ လာ ၊ ဗင်္ယာမိန် ခရိုင် ၊ အာနသုတ် မြို့၌ ရှိသော ကျွန်ုပ် လယ် ကို ဝယ် ပါလော့။ သင် သည် အမွေခံ ပိုင်သော အခွင့် နှင့် ရွေး ပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ် အဘို့ ဝယ် ပါဟု ငါ့ အား ပြောဆို ၏။ ထိုအခါ ထာဝရ ဘုရား စီရင်တော်မူသောအမှု ဖြစ်ကြောင်း ကို ငါသိ သောကြောင့်9 အာနသုတ် မြို့၌ ရှိသော ငါ့ ဘထွေး သား ဟာနမေလ ၏လယ် ကို ငါဝယ် လယ်ဘိုးငွေ တဆယ် ခုနစ် ကျပ် ကို ချိန် ပေးလေ၏။ 10 စာချုပ်ကိုလည်း စီရင် တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။ 11 ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ 12 ဘထွေး သား ဟာနမေလ အစ ရှိသော၊ စာချုပ် အမည်ပါ သောသက်သေ များ၊ ထောင် ဝင်း ထဲ မှာ ထိုင် နေသော ယုဒ လူများအပေါင်း တို့ရှေ့ တွင်၊ မာသေယ သား ဖြစ်သော နေရိ ၏သား ဗာရုတ် ၌ အပ် လျက်၊ 13 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား14 တံဆိပ် ခတ်သော ဤ စာချုပ် တစောင်နှင့် ဖွင့် ထားသော ဤ လက်ခံ တစောင်ကို ယူ၍၊ ကာလ ကြာမြင့် စွာ တည် နေစေခြင်းငှါ မြေ အိုး ထား လော့။ 15 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် အိမ် ၊ လယ် ယာ၊ စပျစ် ဥယျာဉ်တို့ကို ပိုင် ရကြ လေဦး မည်ဟု မိန့် တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူ တို့ရှေ့ မှာ ဗာရုတ် ကိုမှာ ထားလေ၏။ 16 ထိုသို့ နေရိ သား ဗာရုတ် စာချုပ် ကို အပ် ပြီးမှ ၊ ထာဝရဘုရား အား ငါဆုတောင်း သော ပဌနာ စကား ဟူမူကား၊ 17 အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။ 18 ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာ ကျေးဇူးပြု လျက်၊ အဘ တို့၏အပြစ် ကို နောက် ဖြစ်သောသား တို့၏ ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူ ၏။ အလွန်ကြီးမြတ် သောဘုရား ၊ မဟာတန်ခိုး တော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသောဘွဲ့ နာမရှိတော်မူ၏။

19 ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။ 20 အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။ 21 နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ကို ပြလျက်၊ အားကြီး သော လက် ၊ ဆန့် တော်မူသောလက်ရုံး ၊ အလွန် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော် ၏ ဣသရေလလူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူ၍၊ 22 ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊ 23 သူတို့သည် ဝင် သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။ 24 ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။ 25 ထိုမြို့ တော်သည် ခါလဒဲ လူတို့လက် သို့ ရောက် သော်လည်း၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ် ကို ငွေ နှင့် ဝယ် ၊ သက်သေ တို့ကို ခေါ် ထား ရမည်အကြောင်းမိန့် တော်မူပါပြီတကားဟု လျှောက်လေ ၏။

26 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊ 27 ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။ 28 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ခါလဒဲ လူတို့ လက် သို့ ၎င်း ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ၎င်း ငါ အပ် ၍၊ သူသည် သိမ်းယူ လိမ့်မည်။ 29 မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။ 30 အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့နှင့် ယုဒ အမျိုးသား တို့သည်၊ ငယ် သော အရွယ်မှစ၍ ငါ့ ရှေ့ မှာ ဒုစရိုက် ကိုသာ ပြု ကြပြီ။ မိမိ တို့ ပြု လေရာရာ၌ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ သာ ပြုကြပြီ။ 31 ဣသရေလ အမျိုး နှင့် ယုဒ အမျိုး ၏ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ပြု လေသမျှ သောဒုစရိုက် ကြောင့်32 မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။ 33 သူတို့သည် ငါ့ ကို မျက်နှာ ပြုဘဲ ကျောခိုင်း ကြပြီ။ ငါသည် စောစောထ အထပ်ထပ်ဆုံးမ သွန်သင် သော်လည်း ၊ ငါ၏ဩဝါဒ ကို ခံ လိုသောငှါ နား ထောင်ကြ။ 34 ငါ ၏နာမ ဖြင့် သမုတ် သော ဗိမာန် ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ် ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊ 35 သူ တို့သား သမီး တို့ကို မောလုပ် ဘုရားအား ပူဇော် ခြင်းငှါ ၊ ဟိန္နုံ သား၏ချိုင့်၌ ရှိသော ဗာလ ဘုရား၏ ကုန်း တို့ကို တည် လုပ်ကြပြီ။ ယုဒ အမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထို မျှလောက် စက်ဆုပ် ရွံရှာဘွယ် သောအမှုကို ငါမ မှာ ထား၊ ငါ အလျှင်းအလို ရှိဘဲ ပြု ကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။

36 သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေး အားဖြင့် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် မည်ဟု သင် တို့ဆို တတ်သော ဤ မြို့ ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား37 ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။ 38 သူတို့သည် ငါ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။ 39 ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။ 40 သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။ 41 သူ တို့အား ကျေးဇူး ပြုခြင်း အမှု၌ ငါသည် အားရ ဝမ်းမြောက်၍ ၊ ငါ့ စိတ် နှလုံးနှင့် နံဝိညာဉ် အကြွင်းမဲ့ ပါ လျက်၊ သူ တို့ကို ဤ ပြည် ဆက်ဆက်နေရာ ချမည်။ 42 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး အပေါ် မှာ ကြီး စွာသော ဤ ဘေးဥပဒ် အပေါင်း ကို ရောက် စေသည် နည်းတူ ၊ ငါ ဂတိ ထားသော ကောင်းကျိုး အပေါင်း ကိုလည်း ငါ ရောက် စေမည်။ 43 လူ မရှိ ၊ တိရစ္ဆာန် မရှိ ဆိတ်ညံ ပြီ၊ ခါလဒဲ လူတို့ လက် သို့ ရောက် လေပြီဟု သင် တို့ဆို တတ်သော ပြည် ၊ နောက်တဖန် လယ်ယာ တို့ကို ရောင်းဝယ် ကြလိမ့်မည်။ 44 ဗင်္ယာမိန် ပြည် ၎င်း ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်တို့၌ ၎င်း ၊ ယုဒ ပြည်တွင်ရှိသောမြို့ တို့၌ ၎င်း ၊ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ တို့၌ ၎င်း ၊ လူတို့သည် လယ်ယာ တို့ကို ငွေ နှင့်ဝယ် ခြင်း၊ စာချုပ် ကို စီရင် ခြင်း၊ တံဆိပ် ခတ်ခြင်း၊ သက်သေ တို့ကိုခေါ် ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်းသွား ခြင်းကို ခံရသောသူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

33

1 ယေရမိ သည် ထောင် ဝင်း ထဲမှာ အချုပ်ခံ လျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ရောက် လာ၍2 ဤအမှု ကို ပြု သောဘုရား၊ ဤအမှု ကို ဖန်ဆင်း စီရင် သော ဘုရား ၊ ယေဟောဝါ အမည် ရှိသောထာဝရဘုရား မိန့် တော်မူသည်ကား3 ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။ 4 ပြအိုး မြေရိုးဖြင့်၎င်း ၊ ထား ဖြင့်၎င်း ပြိုပျက် သော ဤ မြို့ ၏အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ ဘုံ ဗိမာန်များကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား5 ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။ 6 သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။ 7 သိမ်းသွား ခြင်းကိုခံရသောယုဒ အမျိုးနှင့် ဣသရေလ အမျိုးသား တို့ကို တဖန်ငါဆောင် ခဲ့၍ အရင် ကဲ့သို့ တည်ဆောက် မည်။ 8 သူတို့သည် ငါ့ ကို ပြစ်မှား သမျှ သော အပြစ် တို့ကို ငါဖြေရှင်း မည်။ ငါ့ ကို ပြစ်မှား ငါ၏တရားကို လွန်ကျူး သမျှ သောအပြစ် တို့ကို ငါလွှတ် မည်။ 9 ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်း သောလူမျိုး တို့တွင် ချီးမွမ်း စရာ အကြောင်း၊ ဂုဏ် အသရေတော်ကျော်စော စရာအကြောင်းဖြစ် လိမ့်မည်။ ဤမြို့သားတို့အား ငါ ပြု သမျှ သော ကျေးဇူး ကို လူအမျိုးမျိုးတို့သည် ကြား သိကြလိမ့်မည်။ ဤမြို့ ငါ ပြုစု သမျှသော စည်းစိမ် ချမ်းသာ ကိုထောက်၍ ကြောက်ရွံ တုန်လှုပ် ကြလိမ့်မည်။ 10 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ရှိ၊ တိရစ္ဆာန် ရှိ၊ ဆိတ်ညံ ပြီဟု သင် တို့ဆို တတ်သော အရပ် ၎င်း ၊ လူ ရှိ၊ တိရစ္ဆာန် ရှိ၊ နေ သောသူမ ရှိ၊ ဆိတ်ညံသောယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ၎င်း ၊ 11 နောက်တဖန်ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင် သတို့သမီး အသံ ၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ချီးမွမ်း ကြလော့ဟုဆို သောသူတို့ ၏အသံ ၊ ချီးမွမ်း ရာ ပူဇော်သက္ကာကို ဗိမာန် တော်သို့ဆောင် ခဲ့သောသူတို့ ၏ အသံကို ကြား ရကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်း သွားခြင်းကို ခံရသောပြည် သားတို့ကို ငါဆောင် ခဲ့၍၊ အရင် ကဲ့သို့ နေစေမည်ဟု မိန့် တော်မူ၏။

12 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ရှိ၊ တိရစ္ဆာန် မရှိ၊ ဆိတ်ညံ သော ဤ အရပ် တွင် ၊ မြို့ ရွာရှိသမျှ တို့၌ သိုးစု ကို ထိန်းသော သိုးထိန်း နေရာ ရှိ လေဦး မည်။ 13 တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ ၊ ဗင်္ယာမိန် ပြည် ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်၊ ယုဒ မြို့ များတို့၌ ၊ သိုးစု ကိုရေတွက် သောသူ ၏ လက် အောက် မှာ၊ သိုးစုတို့သည် တဖန် ရှောက်သွား ကြလိမ့်မည် ဟု မိန့် တော်မူ၏။

14 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့၌ ငါထား သော ဂတိ အတိုင်း ကျေးဇူး ပြုရသော အချိန်ကာလသည် ရောက် လိမ့်မည်။ 15 ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။ 16 ထို ကာလ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ ရောက်၍ ၊ ယေရုရှလင် မြို့သည်လည်း ငြိမ်ဝပ် ခြင်း ရှိ လိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိလိမ့်သတည်း။ 17 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ နန်းတော် ပေါ် မှာ ထိုင် ရသောဒါဝိဒ် မင်းရိုး မင်းစဉ်သည် အလျှင်း မပြတ် ရ။ 18 ငါ့ ရှေ့ မှာ မီးရှို့ ရာ ယဇ်ကိုပူဇော် လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ လျက် ၊ ယဇ် ပူဇော်ရာဝတ်ကို အစဉ် ပြု ရသော လေဝိ သားယဇ် ပုရောဟိတ်ရိုးလည်း အလျှင်း မပြတ် ရဟု မိန့်တော်မူ၏။ 19 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊ 20 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊ 21 ငါ ၏ကျွန် ဒါဝိဒ် ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။ 22 မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။

23 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊ 24 ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။ 25 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နေ့ နှင့် ညဉ့် အဘို့ငါ ၏ပဋိညာဉ် မရှိ လျှင် ၎င်း ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး တရား တို့ကို ငါမ စီရင် လျှင်၎င်း ၊ 26 အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။

34

1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေ အပေါင်း ၊ အစိုးရ တော်မူသမျှ သော တိုင်း နိုင်ငံသား၊ လူမျိုး အသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင် မြို့ကို၎င်း၊ ထို မြို့နှင့်ဆိုင်သမျှ သောမြို့ရွာ တို့ကို၎င်းတိုက် သောအခါ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊ 2 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ဇေဒကိ ကို သွား ၍ ပြော ရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၊ သူသည် မီးရှို့ လိမ့်မည်။ 3 သင် သည် ထိုမင်း လက် နှင့် လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။ 4 သို့ရာတွင်၊ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီး၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ မင်းကြီး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်သည် ထား ဖြင့် အသေ ခံရ။ 5 ငြိမ်ဝပ် စွာ သေ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 6 ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ တို့သည် ယေရုရှလင် မြို့ကို ၎င်း၊ 7 ယုဒပြည်၌ ခိုင်ခံ့ ၍ ကျန်ကြွင်း သောမြို့ ၊ လာခိရှ မြို့၊ အဇေကာ မြို့တည်းဟူသောယုဒ ပြည် ၌ ကျန် ကြွင်း သော မြို့ တို့ကို၎င်းတိုက် သောအခါ ၊ ပရောဖက် ယေရမိ သည် ထို စကား အလုံးစုံ တို့ကို ယုဒ ရှင်ဘုရင် ဇေဒကိ အား ဆင့်ဆို လေ၏။ 8 ယေရုရှလင် မြို့သား အပေါင်း တို့သည် အသီးအသီး စေစားသော ယုဒ ညီအစ်ကို ချင်း၊ 9 အစေခံရသောဟေဗြဲ အမျိုးကျွန်ယောက်ျား မိန်းမ တို့ကို နောက်တဖန် မ စေစားဘဲလွှတ် စေခြင်းငှါ ၊ ဇေဒကိ မင်းကြီး သည် လွှတ်ခြင်း တရားကို စီရင် မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ရောက် လာ၏။ 10 အကြောင်းမူကား၊ ဝန်ခံ သောမှူးမတ် ၊ ဆင်းရဲသား အပေါင်း တို့သည် အသီးအသီး စေစား သော ကျွန် ယောက်ျား မိန်းမ တို့ကို နောက် တဖန် မ စေစား ဘဲ လွှတ် ရမည်ဟု ကြားသောအခါ၊ နားထောင် လွှတ် လိုက်ကြ၏။ 11 နောက် တဖန် ပြောင်းလဲ ယခင်လွှတ် ပြီးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြ ၏။ 12 ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် ၍၊ 13 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘိုးဘေး များကို ကျွန်ခံ နေရာ အဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ14 သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲ အမျိုးသားတို့ကို ခုနစ် နှစ် စေ့ လျှင် လွှတ် ရမည် ။ ခြောက် နှစ် ပတ်လုံးသင် တို့၌ အစေကျွန်ခံ ပြီးမှ ၊ လွတ် သော အခွင့် ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင် တို့ဘိုးဘေး များတို့သည် ငါ့ စကားကို နား ထောင်၊ နား ကို ပိတ် လျက်နေကြ၏။ 15 သင်တို့သည် ယခုမှာပြောင်းလဲ ၍၊ အသီးအသီး အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ စီရင်သဖြင့်၊ ငါ့ ရှေ့ ၌ တရား သော အမှုကို ပြု လျက်၊ ငါ့ နာမ ဖြင့် သမုတ် သော ဗိမာန် တော်၌ ငါ့ ရှေ့ မှာ ဝန်ခံခြင်း ပဋိညာဉ် ကိုပြု ကြသော်လည်း16 တဖန် ပြောင်းလဲ ငါ ၏နာမ ကို ရှုတ်ချ လျက် ၊ အသီးအသီး ရှင်းရှင်းလွှတ် ဘူးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြပြီတကား။ 17 ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။ 18 နွားသငယ် ကို ထက်ခြမ်းခွဲ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊ 19 ယုဒ မင်း ၊ ယေရုရှလင် မင်း ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် အစ ရှိသော၊ နွားသငယ် ထက် ခြမ်းအလယ် သို့ ရှောက်သွား သော ပြည်သူ ပြည်သားအပေါင်း တို့ကို၊ 20 သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောသူများလက် သို့ ၎င်း ငါအပ် မည်။ သူ တို့အသေ ကောင် များတို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ များ စားစရာ ဘို့ဖြစ်ကြလိမ့်မည်။ 21 ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။ 22 ငါ သည် အမိန့် တော်ပေး၍ သူ တို့ကို ဤ မြို့ သို့ ပြန် လာစေမည်။ သူတို့သည် တိုက် ယူ မီးရှို့ ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒ မြို့ ရွာတို့ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

35

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား2 သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း3 ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ်4 ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊ 5 ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။ 6 သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။ 7 အိမ် ကိုလည်း ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။ 8 ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက်9 နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ ရှိ10 တဲ နှင့် သာ နေ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။ 11 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။ 12 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊ 13 ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။ 14 စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား ထောင်ကြ။ 15 ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား ထောင်ဘဲ နေကြပြီ။ 16 ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား ထောင်သောကြောင့်၊ 17 ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား ထောင်ကြ။ ခေါ် သော်လည်း ထူး ကြဟု မိန့်တော်မူ၏။ 18 ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊ 19 ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

36

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ထာဝရဘုရား နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊ 2 သင် သည် စာလိပ် ကိုယူ ပြီးလျှင် ၊ ယောရှိ မင်း လက်ထက် သင့် အား ငါပြော သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အစ ရှိသောခပ်သိမ်း သော တိုင်း ပြည်တို့ကို ငါခြိမ်း သမျှ သော စကား အတိုင်း ရေး ထားလော့။ 3 ယုဒ အမျိုး တို့၌ ပြုမည်ဟု ငါ ကြံစည် သမျှ သော ဘေးဥပဒ် တို့ကို သူတို့သည် ကြားသောအခါ၊ သူ တို့ ဒုစရိုက် အပြစ် ကို ငါလွှတ် မည်အကြောင်း၊ အသီး အသီး လိုက်ဘူး သော အဓမ္မ လမ်း တို့ကို ရှောင်ကောင်း ရှောင် ကြ လိမ့်မည်ဟု မိန့် တော်မူ၏။ 4 ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ရေး ထားလေ၏။ 5 ယေရမိ ကလည်း ၊ ငါ သည် အချုပ်ခံ လျက် နေရ သောကြောင့်၊ ဗိမာန် တော်သို့ သွား နိုင်6 သင် သွား လော့။ ငါ ပြန်ပြော သည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေး ထားသော ထာဝရဘုရား ၏ စကား တော်တို့ကို၊ အစာရှောင် သောနေ့ တွင် ၊ ဗိမာန် တော်၌ရှိသောသူ တို့ အားဘတ် လော့။ အမြို့မြို့ အရွာရွာ က လာ သော ယုဒ လူတို့အားလည်း ဘတ် လော့။ 7 သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။ 8 ထိုသို့ ပရောဖက် ယေရမိ မှာ ထားသမျှ အတိုင်း ၊ နေရိ သား ဗာရုတ် သည်ပြု ၍၊ ထာဝရဘုရား ၏ စကား တော်ပါသောစာ ကိုဗိမာန် တော်၌ ဘတ် လေ၏။ 9 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံငါး နှစ် ၊ နဝမ တွင် ယေရုရှလင် မြို့သား အပေါင်း တို့နှင့် ၊ ယုဒ မြို့ ရွာမှ ယေရုရှလင် မြို့သို့ ရောက် လာသောသူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင် ရာအချိန်ကို ကြော်ငြာ ကြ၏။ 10 ထိုအခါ ဗာရုတ် သည် ဗိမာန် တော်တံခါး သစ် နား မှာ၊ အထက် တန်တိုင်းအတွင်း၊ စာရေး တော်ရှာဖန် သား ဂေမရိ ၏အခန်း ၌၊ ယေရမိ စီရင်သောစာ ကို လူ အပေါင်း တို့ ရှေ့ မှာ ဘတ် လေ၏။ 11 ထိုစာ ပါသမျှ သော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန် သား ဖြစ်သော ဂေမရိ ၏သား မိက္ခါယ သည်ကြား လျှင်12 နန်းတော် အတွင်း၊ စာရေး တော်အခန်း သို့ သွား ၊ စာရေး တော် ဧလိရှမာ ၊ ရှေမာယ သား ဒေလာယ ၊ အာခဗော် သား ဧလနာသန် ၊ ရှာဖန် သား ဂေမရိ ၊ ဟာနနိ သား ဇေဒကိ အစရှိ သော မှူး တော်မတ်တော် အပေါင်း တို့သည် ထိုင် လျက်ရှိကြ၏။ 13 ထိုအခါဗာရုတ် သည် လူ များတို့အား ဘတ် သော စာ ထဲက မိက္ခါယ ကြား သမျှ သော စကားတို့ကို ပြန်ပြော လေ၏။ 14 ထိုမင်း အပေါင်း တို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိ တို့မှ ဆင်းသက် သော ယေဟုဒိ ကို ဗာရုတ် ထံသို့ စေလွှတ် လျက်၊ သင်သည် လူ များတို့အား ဘတ် သော စာလိပ် ကို သင့် လက် နှင့်ကိုင် လာ ခဲ့ဟုခေါ် ကြ၏။ နေရိ သား ဗာရုတ် သည်လည်း၊ စာလိပ် ကိုကိုင် လာ ၏။ 15 သူ တို့ကလည်း ထိုင် လော့။ ငါ တို့အား ဘတ် လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ် သည် သူ တို့ရှေ့ မှာ ဘတ် လေ ၏။ 16 ထိုစကား အလုံးစုံ တို့ကို မင်း များတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့ သောစိတ် ရှိ၍ ၊ ငါတို့သည် ဤ စကား အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ် ကို ဆို ကြ၏။ 17 တဖန် သင်သည် ဤ စကား အလုံးစုံ တို့ကို သူ့ နှုတ် မြွက် သည် အတိုင်း အဘယ်သို့ ရေး ထားသနည်းဟု မေးမြန်း လျှင်၊ 18 ဗာရုတ် က၊ သူသည်ဤ စကား အလုံးစုံ တို့ကို နှုတ် မြွက် ၊ အကျွန်ုပ် သည် မှင် နှင့် ရေး ထားပါ၏ဟု ပြန်ပြော သော်19 မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍20 စာလိပ် ကိုစာရေး တော်ဧလိရှမာ ၏ အခန်း ထား ပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင် ထံသို့ဝင်၍၊ ထိုအမှု ကို အကုန် အစင်လျှောက် ကြ၍။ 21 ရှင် ဘုရင်သည် ထိုစာလိပ် ကိုယူ ချေဟု၊ ယေဟုဒိ ကိုစေလွှတ် သဖြင့် ၊ ယေဟုဒိ သည် စာရေး တော်ဧလိရှမာ ၏ အခန်း ထဲက ယူ ၊ ရှင်ဘုရင် အစရှိသော အထံ တော်၌ ရပ် နေသောမှူးမတ် အပေါင်းတို့ရှေ့ မှာ ဘတ် လေ၏။ 22 ထို အခါနဝမ ဖြစ်၍၊ ရှင် ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်း အခန်းတွင်ထိုင် ၊ ရှေ့ တော်၌ မီးမယ်ဖျူး ပေါ်မှာ မီး ခဲပုံရှိ၏။ 23 ယေဟုဒိ သည် သုံး လေး ခဏ်း လောက် ဘတ် မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ထား နှင့် လှီး မီးမယ်ဖျူး ပေါ် မှာရှိသော မီး ထဲသို့ စာလိပ်ကို ချ ပစ်လျှင်၊ အကုန် အစင် ကျွမ်း လောင်လေ၏။ 24 ရှင်ဘုရင် မှစ၍ ၊ ထို စကား အလုံးစုံ တို့ကို ကြား သော ရှင် ဘုရင်၏ ကျွန် တယောက်မျှမ ကြောက် ၊ မိမိ အဝတ် ကိုလည်း မ ဆုတ် ကြ။ 25 ရှင် ဘုရင်သည် စာလိပ် ကိုမီး မရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိ တို့သည် တောင်းပန် သော်လည်း ၊ ရှင်ဘုရင်သည် သူ တို့စကားကို နား ထောင်။ 26 တဖန်ရှင် ဘုရင်သည် စာရေး ဗာရုတ် နှင့် ပရောဖက် ယေရမိ ကို ဘမ်းဆီး စေခြင်းငှါ ၊ သား တော်ယေရမေလ ၊ အာဇရေလ သား စရာယ ၊ အာဗဒေလ သား ရှေလမိ တို့ကို စေလွှတ် လေ၏။ သို့ရာတွင် ၊ ထာဝရဘုရား သည် ထိုသူ နှစ်ယောက်တို့ကို ဝှက် ထားတော်မူ၏။ 27 ယေရမိ နှုတ် မြွက်သည်အတိုင်း ဗာရုတ် ရေး ထားသော ထိုစာလိပ် ကို ရှင်ဘုရင် မီးရှို့ သောနောက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည် ကား၊ 28 သင် သည်အခြား သော စာလိပ် ကိုယူ ၍၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော အရင် စာလိပ် ပါ သမျှ သော စကား ရင်း အတိုင်း ရေး ထားလော့။ 29 သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို စာလိပ် ကိုမီးရှို့ ပြီ။ 30 ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ် ၏ရာဇ ပလ္လင်ပေါ် မှာ မ ထိုင် ရ။ သူ ၏အသေ ကောင်ကို နေ့ အချိန်၌ နေပူ ထဲသို့ ၎င်း ၊ ညဉ့် အချိန်၌ နှင်းခဲ ထဲသို့ ၎င်း ပစ် လိုက်ကြလိမ့်မည်။ 31 သူ မှစ၍ သူ ၏သား မြေးတို့ကို ၎င်း၊ သူ ၏ ကျွန် တို့ကို၎င်း၊ အပြစ် နှင့်အလျောက်ငါစီရင် မည်။ သူ တို့နှင့် ယေရှုရှလင် မြို့သူ ယုဒ ပြည်သား တို့သည် နား ထောင်၊ သူ တို့အပေါ် သို့ ငါခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ရောက် စေမည်ဟုမိန့်တော်မူ၏။ 32 ထိုအခါ ယေရမိ သည်အခြား သော စာလိပ် ကို ယူ ၊ နေရိ သား စာရေး ဗာရုတ် အား ပေး သဖြင့် ၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော စာ ၌ ပါသမျှ သော စကား တို့ကို ယေရမိ သည်နှုတ် မြွက်၍၊ ဗာရုတ်သည်ရေး ထား ၏။ အလား တူသော စကား အများ ကိုလည်းထပ်၍သွင်း ရ၏။

37

1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။ 2 ထာဝရဘုရား သည် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား တော်တို့ကို၊ ထိုမင်းကြီး အစ ရှိသော ကျွန် များ၊ ပြည်သူ ပြည်သားများတို့သည် နား ထောင်ဘဲ နေကြ၏။ 3 တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။ 4 ထို အခါ ယေရမိ သည် ထောင် ထဲသို့ မ ရောက် သေး။ လူ များ တို့နှင့် ပေါင်းဘော် လျက် နေသေး၏။ 5 ယေရုရှလင် မြို့ကို ဝိုင်း သော ခါလဒဲ လူတို့သည်၊ အဲဂုတ္တု ပြည်မှ ဖာရော ဘုရင်၏ ဗိုလ်ခြေ များစစ်ချီ ၍ လာကြောင်းကို ကြား လျှင် ၊ ထို မြို့မှ ထွက်သွား ကြပြီ။ 6 ထိုအခါ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ပရောဖက် ယေရမိ သို့ ရောက် ၍၊ 7 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကိုမေး လျှောက် စေခြင်းငှါ ၊ သင့်ကိုမှာ လိုက်သော ယုဒ ရှင်ဘုရင် အား ဤသို့ ပြန်ပြော လော့။ သင် တို့ကို စစ်ကူ ခြင်းငှါ လာ သော ဖာရော ဘုရင်၏ ဗိုလ်ခြေ တို့သည်သူ တို့နေရင်း အဲဂုတ္တု ပြည် သို့ ပြန် သွားကြ လိမ့်မည်။ 8 ခါလဒဲ လူတို့သည် လာ ပြန်၍ ၊ ဤ မြို့ ကို တိုက် ယူ ပြီးလျှင် မီးရှို့ ကြလိမ့်မည်။ 9 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ်စင်စစ် ခါလဒဲ လူတို့သည် ငါ တို့ထံ မှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ် ကိုကိုယ်မ လှည့်စား ကြနှင့်။ သူတို့သည် ထွက်၍ မ သွား ရကြ။ 10 ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 11 ခါလဒဲ စစ်သူရဲ တို့သည် ဖာရော ဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင် မြို့မှ ဆုတ် သွားကြသောအခါ 12 ယေရမိ သည်မိမိအမျိုး မိမိအမွေဥစ္စာကို ခံ အံ့သောငှါ ၊ ဗင်္ယာမိန် ပြည် သို့သွား မည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွား လေ၏။ 13 ဗင်္ယာမိန် တံခါးဝ သို့ ရောက်သောအခါ၊ ဟာနနိ သား ဖြစ်သော ရှေလမိ ၏ သား ကင်း မှူး ဣရိယ က၊ သင် သည်ခါလဒဲ လူတို့ဘက်သို့ ကူး သွားပါသည် တကား ဟုဆို လျက်၊ ပရောဖက် ယေရမိ ကိုဘမ်းဆီး လေ၏။ 14 ယေရမိ ကလည်း ၊ မဟုတ် ပါ။ ခါလဒဲ လူတို့ ဘက်သို့ ငါ ကူး မသွားပါဟုဆိုသော်လည်း ၊ ဣရိယ သည် နား ထောင်ဘဲ၊ ယေရမိ ကို ယူ မင်း များထံသို့ ပို့ဆောင် လေ၏။ 15 မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။ 16 ယေရမိ သည် အိမ် အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ ရောက် ၊ နေ့ရက် များ စွာနေ ရသောနောက်17 ဇေဒကိ မင်းကြီး သည် လူကိုစေလွှတ် ယေရမိ ကိုနှုတ် ပြီးမှ ၊ ထာဝရဘုရား နှုတ်ကပတ် တော်ရှိ သလောဟု နန်းတော် တိတ်ဆိတ် စွာ မေးမြန်း လျှင် ၊ ယေရမိ က၊ နှုတ်ကပတ်တော်ရှိ ပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် ပါလိမ့်မည်ဟု ပြန်လျှောက် ၏။ 18 တဖန် ယေရမိ က၊ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား သလော ။ ကိုယ်တော် ၏ကျွန် တို့ကို ပြစ်မှားသလော။ ဤ လူမျိုး ကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ် ကို လှောင် ထားကြသနည်း။ 19 ဗာဗုလုန် ရှင် ဘုရင်သည် သင် တို့နှင့် ဤ ပြည် ကို မ တိုက် မလာရဟု ဟောပြော သော သင် တို့၏ ပရောဖက် တို့သည် ယခုအဘယ် မှာ ရှိကြသနည်း။ 20 သို့ဖြစ်၍၊ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ နားထောင် တော်မူပါ။ အကျွန်ုပ် တောင်းပန် သောစကားကို နားခံ တော်မူပါ။ အကျွန်ုပ်ကို သေ စေခြင်းငှါ ၊ စာရေး တော်ယောနသန် အိမ် သို့ ပြန် စေတော်မ မူပါနှင့်ဟု ဇေဒကိ မင်းကြီး ကို လျှောက်ဆို ၏။ 21 ထိုအခါ ဇေဒကိ မင်းကြီး အမိန့် တော်ရှိ၍ ၊ ယေရမိ ကို ထောင် ဝင်း ထား ကြ၏။ မြို့ တွင် မုန့် ကုန် မှီ တိုင်အောင်၊ မုန့် သည် တန်းမှ မုန့် တလုံးကို နေ့ တိုင်း အစဉ်ပေး ရ၏။ ထိုသို့ ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ၏။

38

1 ထာဝရဘုရား မိန့် တော်မူသည်ကား2 မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့်သေ လိမ့်မည်။ခါလဒဲ လူတို့ဘက်သို့ ထွက်သွား သောသူသည် အသက် ချမ်းသာ၍ ၊ လက်ရဥစ္စာ ကဲ့သို့ ကိုယ် အသက် ကိုရ လိမ့်မည်ဟူ၍၎င်း၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် ၏ဗိုလ်ခြေ လက် သို့ ဆက်ဆက်အပ် ၍၊ သူသည်သိမ်းယူ လိမ့်မည်ဟူ၍၎င်း၊ ထာဝရဘုရား မိန့် တော်မူ၏ဟု၊ 3 ယေရမိ သည် လူ အပေါင်း တို့အား ဟောပြော တတ်သော စကား များကို မဿန် သား ရှေဖတိ ၊ ပါရှုရ သား ဂေဒလိ ၊ ရှေလမိ သား ယေဟုကလ ၊ မာလခိ သား ပါရှုရ တို့သည်ကြား သောအခါ၊ 4 ထိုမှူး မတ်တို့သည် ရှင်ဘုရင် ထံသို့ ဝင်၍၊ ဤ သူ သည် ဤ သို့သော စကား ကို ပြော သဖြင့် ၊ မြို့ ထဲမှာ ကျန် ကြွင်းသေးသောစစ်သူရဲ အစ ရှိသော လူ အပေါင်း တို့၏ လက် ကိုအားလျော့ စေတတ်ပါ၏။ သူ သည် ဤ လူမျိုး အကျိုး ကို ပြုစု တတ်၊ ဖျက်ဆီး တတ်ပါ၏။ ထိုကြောင့် ၊ သူ့ကိုကွပ်မျက် ပါမည်အကြောင်းအခွင့်တောင်းပန်ပါ၏ ဟု လျှောက် လျှင်၊ 5 ဇေဒကိ မင်းကြီး က၊ သူ သည် သင် တို့လက် ရှိ၏။ ရှင် ဘုရင်သည် သင်တို့အလို ကို မ ဆီးတား နိုင်ဟု မိန့် တော်မူ၏။ 6 ထိုအခါ ယေရမိ ကို ယူ ၍၊ ထောင် ဝင်း ထဲမှာ ရှိသော သား တော် မာလခိ ၏မြေတွင်း ကြိုး နှင့် လျှော့ချ ကြ၏။ ထိုမြေတွင်း ရေ မရှိ ၊ ရွှံ့ သာ ရှိ၍ ၊ ယေရမိ သည်ရွှံ့ ကျွံ လျက်နေ၏။ 7 ထိုသို့ယေရမိ ကို မြေတွင်း ချ ထားကြောင်း ကို နန်းတော် အရာရှိ ဖြစ်သောသူ၊ ကုရှ အမျိုးသားဧဗဒမေလက် သည် ကြား သိသောအခါ၊ ရှင်ဘုရင် သည် ဗင်္ယာမိန် တံခါးဝ ထိုင် နေတော်မူစဉ်တွင်၊ 8 ထိုသူ သည် နန်းတော် ထဲက ထွက် အထံ တော်သို့ သွားပြီးလျှင်၊ 9 အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ ထို သူ တို့သည် ပရောဖက် ယေရမိ ကို ပြု လေသမျှ တို့၌ မှား ကြပါပြီ။ မြေတွင်း ချ ထားကြပါပြီ။ မြို့ မုန့် ကုန် သောကြောင့် ၊ ထိုတွင်း ငတ်မွတ် သေ ပါလိမ့်မည်ဟုလျှောက် သော်၊ 10 ရှင် ဘုရင်က၊ ပရောဖက် ယေရမိ သေ မှီ ဤ အရပ်မှ လူ သုံးဆယ် ကို ခေါ် သွား၍၊ မြေတွင်း ထဲက နှုတ်ယူ လော့ဟု၊ ကုရှ အမျိုးသားဧဗဒမေလက် ကို အမိန့် တော်ရှိ၏။ 11 ဧဗဒမေလက် သည်လည်း လူ တို့ကို ခေါ် နန်းတော် အတွင်း ဘဏ္ဍာတိုက် အောက် သို့ ဝင် ပြီးလျှင် ၊ ဟောင်းနွမ်း သော အဝတ် စုတ်များကို ယူ ပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း ကြိုး နှင့် လျှော့ချ လေ၏။ 12 ထိုအခါ ကုရှ အမျိုးသားဧဗဒမေလက် က၊ ဟောင်းနွမ်း သော ဤအဝတ် စုတ်တို့နှင့်သင် ၏ လက် က တီးကြား၌ကြိုး ကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြု လေ၏။ 13 ထိုသို့ ယေရမိ ကိုမြေတွင်း ထဲက ကြိုး နှင့် ဆွဲတင် ကြ၏။ ထို နောက်ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ ၏။ 14 တဖန် ဇေဒကိ မင်းကြီး သည် လူကို စေလွှတ် ၊ ဗိမာန် တော်၌ တတိယ အတွင်း ခန်းထဲသို့ ယေရမိ ကို ခေါ် ပြီးလျှင်၊ သင် ၌ တစုံတခု ကို ငါ မေးမြန်း မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်နှင့်ဟုဆို သော်၊ 15 ယေရမိ က၊ အကျွန်ုပ်လျှောက် လျှင် ၊ အကျွန်ုပ် ကို မ သတ် ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံ ပေးလျှင် ၊ အကျွန်ုပ် စကားကို နားထောင် တော်မူမည် လောဟု ဇေဒကိ ကို မေး လျှောက်လေ၏။ 16 ဇေဒကိ မင်းကြီး ကလည်း၊ ငါ တို့ကို အသက် ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်း သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် ကိုငါမ သတ် ။ သင့် အသက် ကိုရှာ သော ထို လူ တို့လက် သို့ သင့် ကိုငါ မ အပ် ဟု ယေရမိ အား တိတ်ဆိတ် စွာ ကျိန်ဆို လေ၏။ 17 ယေရမိ ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည်ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံ သို့အမှန်ထွက်သွား လျှင် အသက် ချမ်းသာ ရတော်မူမည်။ ဤ မြို့ သည်လည်း မီးရှို့ ခြင်းနှင့်လွတ် လိမ့်မည်။ ကိုယ်တော် နှင့်တကွဆွေ တော် မျိုးတော်တို့သည် အသက် ချမ်းသာရကြလိမ့်မည်။ 18 သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် ၏ မှူးမတ် တို့ထံသို့ ထွက် မသွားလျှင် ၊ ဤ မြို့ ကို ခါလဒဲ လူတို့လက် သို့ အပ် ၊ သူတို့သည် မီးရှို့ ကြလိမ့်မည်။ ကိုယ်တော် သည်လည်း ၊ သူ တို့လက် နှင့် လွတ် ရဟု ဇေဒကိ ကို လျှောက်ဆို ၏။ 19 ဇေဒကိ မင်းကြီး ကလည်း ၊ ခါလဒဲ လူတို့ဘက်သို့ ကူး သွားသော ယုဒ လူတို့ကို ငါ ကြောက် ၏။ ငါ့ ကိုသူ တို့ လက် သို့ အပ် ၊ ငါ သည် ကဲ့ရဲ့ ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆို လျှင်20 ယေရမိ က၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာ ရ၍ အသက် ရှင်တော်မူ မည်။ 21 သို့မဟုတ် ၊ ကိုယ်တော် က၊ ငါမထွက်မသွားဟု ငြင်း လျှင် ၊ အကျွန်ုပ် အား ထာဝရဘုရား ပြ တော်မူသော အရာ ဟူမူကား၊ 22 နန်းတော် ကျန် ကြွင်းသမျှ သော မိန်းမ တို့ကို ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံသို့ ထုတ် ဆောင်ကြ လိမ့်မည်။ ထိုမိန်းမ တို့ကလည်း ၊ ကိုယ်တော် ၏အဆွေ ခင်ပွန်းတို့သည် သွေးဆောင် နိုင် ကြပြီ။ ခြေ တော်သည် ရွှံ့ ကျွံ ၍၊ သူတို့သည် ဆုတ် သွားကြပြီဟု ကိုယ်တော်အား ဆို ကြလိမ့်မည်။ 23 ထိုသို့ ကိုယ်တော် ၏ မယား နှင့် သားသမီး ရှိသမျှ တို့ ကို ခါလဒဲ လူတို့ထံသို့ ထုတ် ဆောင်ကြလိမ့်မည်။ ကိုယ်တော် လည်း သူ တို့လက် နှင့် လွတ် ဘဲ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ရောက် ၊ ဤ မြို့ ကို မီးရှို့ စေတော်မူမည်ဟု လျှောက် ၏။ 24 ဇေဒကိ ကလည်း ၊ ဤ စကား ကို အဘယ်သူ မျှမ ကြား မသိစေနှင့်။ သို့ပြုလျှင် ၊ သင်သည်မ သေ ရ။ 25 ငါသည် သင် နှင့် စကား ပြောကြောင်း ကို မှူးမတ် တို့သည် ကြား သင် ရှိရာသို့ လာ လျက် ၊ သင်သည် ရှင်ဘုရင် အား အဘယ်သို့ လျှောက် သည်ကို၎င်း ၊ ရှင်ဘုရင် သည် သင့် အား အဘယ် သို့မိန့် တော်မူသည်ကို၎င်း ၊ ငါ တို့အား ကြား ပြောပါလော့။ မ ထိမ် မဝှက်ပါနှင့် ဟုဆို လျှင်26 သင်ကလည်း ၊ ငါ့ကိုသေ စေခြင်းငှါ ၊ ယောနသန် အိမ် သို့ ပြန် စေတော် မ မူမည်အကြောင်း၊ ရှင်ဘုရင် ထံ၌ ငါ အသနား တော်ခံပြီဟု သူ တို့အား ပြန်ပြော လော့ဟု၊ ယေရမိ အား မိန့် တော်မူ၏။ 27 ထိုအခါ မှူး မတ်အပေါင်း တို့သည် ယေရမိ ရှိရာသို့ လာ မေး စစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင် မှာ ထား သမျှ အတိုင်း ပြန်ပြော ပြီးမှ ၊ သူတို့သည် မ မေးမစစ်ဘဲ နေကြ၏။ ထို အမှု ကိုအဘယ်သူမျှ မ ရိပ်မိ ကြ။ 28 ယေရုရှလင် မြို့ကို တိုက် ၍ရသော နေ့ တိုင်အောင် ၊ ယေရမိ သည်ထောင် ဝင်း ထဲမှာ နေ ရ၏။ ယေရုရှလင် မြို့သည် ရန်သူလက်သို့ ရောက် သောအခါ၊ ထောင်ဝင်းထဲမှာရှိ သေး၏။

39

1 ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီးနန်းစံကိုးနှစ် ဒသမ တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့် တကွလာ ၍ ယေရုရှလင် မြို့ကို ဝိုင်း ထားကြ၏။ 2 ဇေဒကိ မင်းကြီးနန်းစံဆယ် နှစ် ၊ စတုတ္ထ ကိုး ရက်နေ့၌ မြို့ ကို ဖြို ဖေါက်၍3 ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုး အုပ်စာသခိမ် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အစ ရှိသော မှူးတော် မတ်တော်အပေါင်း တို့သည် မြို့ထဲသို့ဝင်၍၊ အလယ် ချက် တံခါးဝ ထိုင် ကြ၏။ 4 ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။ 5 ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ဇေဒကိ မင်းကိုမှီ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍6 ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။ 7 ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် လေ၏။ 8 ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။ 9 ထို အခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန် ကြွင်းသောသူ ၊ ခါလဒဲ လူဘက် သို့ ကူး သွား နှင့်သော သူ၊ ကျန် ကြွင်းသမျှသောသူ တို့ ကိုဗာဗုလုန် မြို့သို့ သိမ်း သွားလေ၏။ 10 သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒ ပြည် ထား ခဲ့၍ ၊ စပျစ် ဥယျာဉ်နှင့် လယ်ယာ တို့ကိုပေး လေ၏။ 11 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရမိ အမှု၌၊ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ကို မှာ ထားနှင့် သည်ကား၊ 12 ယေရမိ ကိုယူ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊ 13 ကိုယ်ရံတော် မှူးနေဗုဇာရဒန် ၊ မိန်းမစိုး အုပ် နေဗုရှာဇဗန် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ အစရှိ သောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အပေါင်း တို့သည် လူကိုစေလွှတ်14 ယေရမိ ကိုထောင် ဝင်း ထဲက နှုတ်ယူ ပြီး လျှင်၊ သူ၏နေရာ သို့ ပို့ဆောင် စေခြင်းငှါ ၊ ရှာဖန် သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ အပ် ကြ၏။ သို့ ဖြစ်၍၊ ယေရမိ သည် ပြည်သား များနှင့် အတူနေ ရလေ၏။ 15 ယေရမိ သည်ထောင် ဝင်း ထဲမှာ အချုပ် ခံရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊ 16 သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။ 17 သို့ သော်လည်း၊ ထို ကာလ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။ 18 ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။

40

1 ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် ယေရမိ ကို တဖန် သိမ်းသွား၍ ရာမ မြို့၌ လွှတ် သောနောက် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန် မြို့သို့ သိမ်းသွား ခြင်းကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိ သည်သံကြိုး နှင့် ချည်နှောင် ခြင်းကို ခံရသောအခါ၊ 2 ကိုယ်ရံတော် မှူးသည် သူ့ ကိုခေါ် ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ဤ ပြည် ၌ ရောက်သော အမှု ကို ခြိမ်း တော်မူနှင့်ပြီ။ 3 ခြိမ်း တော်မူသည်အတိုင်း လည်း၊ အမှုကို ရောက် စေ၍ စီရင် တော်မူပြီ။ သင်တို့သည် အမိန့် တော်ကို နား မထောင်၊ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ဤ အမှု သည် သင် တို့အပေါ် သို့ ရောက် လေပြီ။ 4 ယခု မှာ သင့် လက် ချည်နှောင်လျက်ရှိသောသံကြိုး ကို ငါချွတ် မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက်လာ ခြင်းငှါ အလို ရှိလျှင် လိုက် လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှု မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက် ခြင်းငှါ အလို မရှိလျှင် လိုက်နှင့်။ တပြည် လုံး သည် သင့် ရှေ့မှာ ရှိ ၏။ အကြင်အရပ်သို့သွားကောင်း သည်ဟု စိတ်ထင်လျှင်၊ ထို အရပ်တည်းဟူသောစိတ် ရောက်ရာအရပ် သို့ သွား ပါလော့ဟုဆို၏။ 5 ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်နယ် တွင် ၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသောရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ထံ သို့ပြန်၍၊ ပြည်သား များနှင့်အတူ နေ ပါလော့။ သို့မဟုတ် ၊ စိတ် ရှိသည်အတိုင်း သွား ပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့် လက်ဆောင် ကိုပေး လွှတ် လိုက်လေ၏။ 6 ထိုအခါ ယေရမိ သည် အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့သို့ သွား ၊ ပြည် ကျန်ကြွင်း သေးသောသူ တို့ နှင့် အတူ နေ လေ၏။ 7 ဗာဗုလုန် ရှင် ဘုရင်သည် အဟိကံ သား ဂေဒလိ ကိုပြည် အုပ် အရာ၌ ခန့် ထား၍ ၊ ဗာဗုလုန် မြို့သို့ သိမ်းယူ ရာ၌မ ပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသား အချို့ တို့ကို သူ အပ် ကြောင်း ကို၊ တော မှာ ရှိသော တပ်မှူး တို့ နှင့် စစ်သူရဲ များတို့သည် ကြား သိကြသောအခါ8 နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် နှင့် ယောနသန် ၊ တာနုမက် သား စရာယ ၊ နေတောဖတ် အမျိုး၊ ဧဖဲ ၏သား များ၊ မာခသိ အမျိုးသားယေဇနိ တို့ သည် မိမိ လူ များနှင့်တကွဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ9 ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ က၊ ခါလဒဲ မင်း၏အမှု ကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် နေ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ၊ ချမ်းသာ ရကြလိမ့်မည်။ 10 ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း အိုး သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။ 11 ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်၌ လူအချို့တို့ ကို ကျန် ကြွင်းစေ၍ ၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏ သား ဂေဒလိ ကိုမင်း အရာ၌ ခန့် ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဧဒုံ ပြည်အစ ရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူအပေါင်း တို့သည် ကြား သိကြသောအခါ12 နှင်ထုတ် ရာပြည် အရပ်ရပ် တို့မှ ပြန် လာ၍ ၊ ယုဒ ပြည် ၊ ဂေဒလိ ရှိရာ မိဇပါ မြို့သို့ ရောက် သဖြင့် ၊ များ စွာသော စပျစ်ရည် နှင့် နွေ ကာလအသီးကို သိမ်းယူ ကြ၏။ 13 ထို နောက်မှ၊ ကာရာ သား ယောဟနန် သည် တော ရှိသော တပ်မှူး များနှင့်တကွ၊ ဂေဒလိ ရှိရာမိဇပါ မြို့ သို့ လာ14 ကိုယ်တော် ကို သတ် စေခြင်းငှါ ၊ အမ္မုန် ရှင်ဘုရင် ဗာလိတ် သည် နာသနိ သား ဣရှမေလ ကို စေလွှတ် ကြောင်း ကို အမှန်သိ ပါ၏လောဟု မေး လျှောက်သော်လည်း ၊ ထိုစကားကို အဟိကံ သား ဂေဒလိ သည်မ ယုံ15 ထိုအခါ ကာရာ သား ယောဟနန် ကလည်း၊ အကျွန်ုပ်သွား နာသနိ သား ဣရှမေလ ကိုသတ် ရသောအခွင့်ကိုပေး ပါလော့။ အဘယ် သူမျှမ သိ ရ။ သူသည် ကိုယ်တော် ကိုသတ် ၊ ကိုယ်တော် ထံ ၌ စုဝေး သောယုဒ လူ အပေါင်း တို့သည် အရပ်ရပ်သို့ကွဲပြား သဖြင့် ၊ ယုဒ ပြည်၌ ကျန်ကြွင်း သောသူတို့ သည် အဘယ်ကြောင့် ပျက်စီး ရ ကြပါမည်နည်းဟု၊ မိဇပါ မြို့၌ ဂေဒလိ ကို တိတ်ဆိတ် စွာ လျှောက် သော်လည်း၊ 16 အဟိကံ သား ဂေဒလိ က၊ သင်သည်ထို သို့မ ပြု ရ။ ဣရှမေလ ၌ မ မှန်သောစကားကိုပြန်ပြော ပြီဟု၊ ကာရာ သား ယောဟနန် အား ပြန်ပြော လေ၏။

41

1 သတ္တမ တွင် ဆွေ တော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သား နာသနိ ၏သား ဣရှမေလ သည်၊ လူ တကျိပ် နှင့် တကွ၊ အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့ သို့ လာ၍၊ ထို မြို့ တစု တည်းစားသောက် ကြ၏။ 2 ထိုအခါ နာသနိ သား ဣရှမေလ နှင့် ထိုလူ တကျိပ် တို့သည် ထ ၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည် အုပ် လုပ်သော ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကိုထား နှင့် ခုတ် သတ် ကြ၏။ 3 ဣရှမေလ သည်လည်း ၊ မိဇပါ မြို့တွင် ဂေဒလိ ထံ ရှိ သော ယုဒ လူအပေါင်း တို့ကို၎င်း၊ တွေ့ သမျှသော ခါလဒဲ စစ်သူရဲ တို့ကို၎င်းသတ် လေ၏။ 4 ဂေဒလိ ကိုသတ် ၊ နှစ် ရက် လွန် သော်လည်း၊ ထိုအမှုကို အဘယ်သူ မျှမ သိ သေးသဖြင့်5 ရှေခင် မြို့၊ ရှိလော မြို့၊ ရှမာရိ မြို့မှ ထွက် လာသောလူ ရှစ်ကျိပ် တို့သည် မိမိတို့မုတ်ဆိတ် ကိုရိတ် ပြီးလျှင် ၊ အဝတ် စုတ်ကိုဝတ်၍ ရှန သော ကိုယ်ရှိလျက် ၊ ပူဇော် သက္ကာနှင့် နံ့သာ ပေါင်းကို ဗိမာန် တော်သို့ ဆောင် ခဲ့လျက် ရောက်လာကြ၏။ 6 ထိုသူ တို့ကို ကြိုဆို အံ့သောငှါ ၊ နာသနိ သား ဣရှမေလ သည် ငိုကြွေး လျက်၊ မိဇပါ မြို့မှ ထွက် တွေ့ သောအခါ ၊ အဟိကံ သား ဂေဒလိ ထံ သို့လာ ကြလော့ ဟု ခေါ် လေ၏။ 7 မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။ 8 ထိုသူ တို့တွင် ပါသောလူ တကျိပ် တို့က၊ အကျွန်ုပ် တို့ကို မ သတ် ပါနှင့်။ အကျွန်ုပ် တို့သိုထားသော ဥစ္စာ တည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည် သည်တော ရှိ ပါ၏ဟု၊ ဣရှမေလ အား ပြော ဆိုသောကြောင့် ၊ ထိုသူ တို့ကိုသူ တို့ ညီအစ်ကို များနှင့်အတူမ သတ် ဘဲနေ၏။ 9 ဣရှမေလ သည် ဂေဒလိ နှင့်အတူ သတ် သော သူ အသေကောင် များကို ပစ်ချ သော တွင်း သည်အခြားတွင်း မဟုတ်၊ အာသ မင်းကြီး သည် ဣသရေလ ရှင်ဘုရင် ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိ သား ဣရှမေလ သည် အသေ ကောင်များနှင့် ပြည့် စေ၏။ 10 ထိုအခါ အဟိကံ သား ဂေဒလိ ၌ ကိုယ်ရံတော် မှူး နေဗုဇာရဒန် အပ် သော မင်း သမီး များအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်း သမျှ သော သူ တို့ ကို နာသနိ သား ဣရှမေလ သည် သိမ်းယူ ၊ အမ္မုန် အမျိုးသား တို့ထံသို့ ထွက်သွား လေ၏။ 11 ထိုသို့နာသနိ သား ဣရှမေလ ပြု သော အမှုဆိုး အလုံးစုံ တို့ကို၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ ၌ရှိသမျှ သော တပ်မှူး တို့သည်ကြား လျှင်12 လူ အပေါင်း တို့ကို ခေါ် ၊ နာသနိ သား ဣရှမေလ ကို တိုက် ခြင်းငှါ ထွက်သွား သဖြင့် ၊ ဂိဗောင် ကန် နား မှာတွေ့ လေ၏။ 13 ဣရှမေလ ပါသော သူ အပေါင်း တို့သည် ကာရာ သား ယောဟနန် နှင့် သူ ပါသော တပ်မှူး အပေါင်း တို့ကို မြင် သောအခါ ၊ ဝမ်းမြောက် ခြင်းသို့ ရောက် ကြ၏။ 14 ထိုအခါ မိဇပါ မြို့မှ ဣရှမေလ သိမ်း သွားသော လူ အပေါင်း တို့သည် သူ့ထံမှထွက် ၊ ကာရာ သား ယောဟနန် ထံသို့ ကူး သွားကြ၏။ 15 နာသနိ သား ဣရှမေလ သည် လူ ရှစ် ယောက်နှင့်တကွ ၊ ယောဟနန် လက်မှ လွတ် ပြေး၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ သွား လေ၏။ 16 ထိုသို့ အဟိကံ သား ဂေဒလိ ကို သတ် ပြီးသည် နောက် ၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ၌ ရှိသော တပ်မှူး အပေါင်း တို့သည် နာသနိ သား ဣရှမေလ လက်မှ ၎င်း ၊ မိဇပါ မြို့မှ ၎င်း နှုတ် ၍ ကျန် ကြွင်းသော သူ တည်း ဟူသော ၊ အားကြီး သော စစ်သူရဲ များ၊ မိန်းမ များ၊ သူငယ် များ၊ မိန်းမစိုး များ အပေါင်း တို့ကို ဂိဗောင် မြို့မှ ဆောင် ခဲ့ ပြန်၍၊ 17 ခါလဒဲလူတို့ကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းမည် အကြံရှိလျက်၊ ဗက်လင် မြို့နှင့်နီး သော ခိမဟံ ရွာသို့ သွား နေ ကြ၏။ 18 အကြောင်း မူကား၊ ပြည် အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့် ထားသော အဟိကံ သား ဂေဒလိ ကို နာသနိ သား ဣရှမေလ သတ် သောကြောင့် ၊ ခါလဒဲ လူတို့ကို ကြောက် ကြ၏။

42

1 ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ်2 အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။ 3 အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။ 4 ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။ 5 သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။ 6 အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။ 7 ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင်8 ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ်9 သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား10 အကယ်စင်စစ်သင်တို့သည် ဤ ပြည် နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။ 11 သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။ 12 သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။ 13 သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်ဘဲ၊ 14 စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား နေ မည်ဟု ဆို လျှင်၊ 15 ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင်16 သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။ 17 အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။ 18 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။ 19 ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။ 20 အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။ 21 ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။ 22 ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။

43

1 ထိုလူ များတို့၏ ဘုရား သခင်ထာဝရဘုရား သည် ယေရမိ အားဖြင့် မှာ တော်မူသမျှ သော အမိန့် တော်တို့ကို၊ ယေရမိ သည် လူ အပေါင်း တို့ အား အကုန် အစင်ကြား ပြောသည်ရှိ သော်2 ဟောရှဲ သား အာဇရိ နှင့် ကာရာ သား ယောဟနန် အစ ရှိသော၊ မာန ထောင်လွှားသော သူ အပေါင်း တို့က၊ သင် သည် မုသာ စကားကိုပြော ၏။ အဲဂုတ္တု ပြည်သို့ သွား ၍ မ တည်းခို ရဟု ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင့် အားဖြင့်မှာ ထားတော်မ မူ။ 3 ခါလဒဲ လူတို့သည် ငါ တို့ကို သတ် ၍ ဗာဗုလုန် မြို့သို့ သိမ်းသွား စေမည်အကြောင်း ၊ သူတို့လက် သို့ ငါ တို့ကိုအပ် လိုသောငှါ ၊ နေရိ သား ဗာရုတ် သည်သင့် ကို နှိုးဆော် တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊ 4 ကာရာ သား ယောဟနန် အစ ရှိသော တပ်မှူး များနှင့် လူ များအပေါင်း တို့သည်၊ ယုဒ ပြည် နေ ရမည် ဟူသောထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်ဘဲ၊ 5 အတိုင်းတိုင်းအပြည်ပြည် သို့ နှင်ထုတ် ခြင်းကိုခံရပြီးမှ ယုဒ ပြည် နေ အံ့သောငှါ6 ပြန် လာသောယုဒ အမျိုးသားအကျန် အကြွင်း၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ မင်း သမီး အစ ရှိသော ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ အပ် သော လူ အပေါင်း တို့ကို၎င်း၊ ပရောဖက် ယေရမိ ၊ နေရိ သား ဗာရုတ် ကို၎င်း၊ ကာရာ သား ယောဟနန် နှင့် တပ်မှူး အပေါင်း တို့သည်ယူ ၍၊ 7 ထာဝရဘုရား ၏အမိန့် တော်ကို နား ထောင်ဘဲ၊ အဲဂုတ္တု ပြည် သို့ သွား ၍တာပနက် မြို့သို့ ရောက် ကြ၏။ 8 တာပနက် မြို့၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် တော်မူသည်ကား၊ 9 သင် သည်ကြီး သော ကျောက် တို့ကို ကိုင် ယူ ၊ တာပနက် မြို့၌ ဖာရော ဘုရင်၏အိမ် တော်ဝ နား မှာ ရှိသော အုတ်ဖို မြေ ၊ ယုဒ လူ များရှေ့ တွင် မြှုပ် ထားလော့။ 10 သူ တို့အား လည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ငါ သည်လူကိုစေလွှတ် ၊ ငါ ၏ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ကိုဆောင် ခဲ့ပြီးလျှင် ၊ ငါမြှုပ် ထားသော ကျောက် တို့အပေါ် မှာ ၊ သူ ၏ရာဇ ပလ္လင်ကို ငါတည် မည်။ သူသည်လည်း ၊ မိမိ တဲ တော်ကို ဤကျောက် တို့အပေါ် မှာ ဖြန့် လိမ့်မည်။ 11 ထိုမင်းသည် ရောက် လာသောအခါ၊ အဲဂုတ္တု ပြည် ကိုလုပ်ကြံ ၍၊ သေတန်သောသူ တို့ ကို သေခြင်း သို့၎င်း ၊ သိမ်းသွားချုပ်ထားတန်သောသူ တို့ ကို သိမ်းသွားချုပ်ထားခြင်း သို့၎င်း၊ ကွပ်မျက်တန်သောသူ တို့ကိုကွပ်မျက်ခြင်း သို့၎င်း အပ်လိမ့်မည်။ 12 အဲဂုတ္တု ဘုရား အိမ် တို့ကို ငါမီး ရှို့ မည်။ သူသည် လည်း၊ ထိုဘုရား တို့ကိုမီးရှို့ သိမ်း သွားချုပ်ထားလိမ့်မည် ။ သိုးထိန်း သည် မိမိ အဝတ် ကို ဝတ် သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တု ပြည် ကိုဝတ် ငြိမ်ဝပ် စွာ ထွက် သွားလိမ့်မည်။ 13 အဲဂုတ္တု ပြည် ဗက်ရှေမက် မြို့၌၊ ရုပ်တု ဆင်းတုများကို ချိုး ဖျက်၍ ၊ အဲဂုတ္တု ဘုရား အိမ် များကို မီး ရှို့ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

44

1 အဲဂုတ္တု ပြည် ၊ မိဂဒေါလ မြို့၊ တာပနက် မြို့၊ နောဖ မြို့၊ ပါသရု အရပ် နေ သောယုဒ လူအပေါင်း တို့ကို ရည်မှတ် ၍ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်အားဖြင့်၊ 2 ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့အစ ရှိသော ယုဒ မြို့ ရွာ အရပ်ရပ် တို့အပေါ် သို့ ငါရောက် စေသော ဘေးဒဏ် ကို သင် တို့သည် မြင် ကြပြီ။ 3 ကြည့်ရှု ကြလော့။ ယနေ့ မှာ ထိုမြို့ရွာတို့သည်၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ သောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မ သိ ၊ ဘိုးဘေး တို့မသိ၊ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ ၍ဝတ်ပြု သဖြင့်၊ ငါ ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ ပြု ကြသောဒုစရိုက် ကြောင့် ဤအမှု ရောက်သတည်း။ 4 ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း5 သူတို့သည်အခြား တပါးသော ဘုရား အား နံ့သာပေါင်း ကို မီးမ ရှို့၊ ဒုစရိုက် ကို ရှောင် မည်အကြောင်း နားထောင် ခြင်းကို မ ပြု၊ မ နာ မယူဘဲ နေကြ၏။ 6 ထိုကြောင့် ၊ ငါ ၏အမျက် အရှိန် ကို ငါသွန်းလောင်း ၊ ယုဒ မြို့ များ ယေရုရှလင် လမ်း များတို့၌ အမျက်မီး ရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ် သကဲ့သို့ သုတ်သင် ပယ်ရှင်း ရာအရပ်ဖြစ်ကြ၏။ 7 ယခု မှာဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ၊ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ် လိုသောငှါ ၎င်း၊ မြေကြီး ပေါ်မှာ လူ အမျိုးမျိုး တို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာ ဖြစ် လိုသောငှါ ၎င်း၊ 8 သွား ၍နေ သောအဲဂုတ္တု ပြည် အခြားတပါး သောဘုရား တို့အား နံ့သာပေါင်းကိုမီးရှို့ လျက်၊ ကိုယ်တိုင် ပြုသောအမှု နှင့် ငါ ၏အမျက် ကိုနှိုးဆော်သဖြင့်၊ သင် တို့တွင် တယောက်မျှမ ကြွင်း ၊ ယုဒ အမျိုးယောက်ျား မိန်းမ ၊ သူငယ် နို့စို့ကလေး အပေါင်းတို့ကိုပယ်ဖြတ် မည်အကြောင်း၊ ကြီးစွာ သောဒုစရိုက် ကို ကိုယ် စိတ်ဝိညာဉ် တဘက် ၌ အဘယ်ကြောင့် ပြု ကြသနည်း။ 9 ယုဒ ပြည် ၎င်း ၊ ယေရုရှလင် လမ်း တို့၌ ၎င်း ၊ သင် တို့ဘိုးဘေး များ ပြုသောဒုစရိုက် ၊ ယုဒ ရှင် ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရား များပြုသောဒုစရိုက် ၊ သင် တို့ကိုယ်တိုင်ပြုသောဒုစရိုက် ၊ သင် တို့မယား များပြုသောဒုစရိုက် တို့ကို မေ့လျော့ ကြပြီလော။ 10 ယနေ့ တိုင်အောင် သူတို့သည် နှိမ့်ချ သောစိတ် မ ရှိ၊ ကြောက်ရွံ့ သောစိတ်မ ရှိ၊ ငါ ၏တရား လမ်း သို့ လိုက် ၊ သင် တို့မှစ၍သင် တို့ဘိုးဘေး တို့ရှေ့ မှာ ငါထား သော ပညတ် များကို မစောင့်ရှောက်ကြ။ 11 သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ကို အပြစ် ပြု၍ ယုဒ အမျိုးသားအပေါင်း တို့ကို ပယ်ဖြတ် ခြင်းငှါ ငါ သည် မျက်နှာ ထား မည်။ 12 အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော ယုဒ အမျိုးသားအကျန်အကြွင်း တို့ကို ငါသည် ယူ ၍၊ သူတို့သည်ထိုပြည် သေကြေ ပျက်စီးကြလိမ့်မည်။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် ပျက်စီး ခြင်းသို့၎င်း ၊ အငယ်ဆုံး သော သူမှစ၍အကြီးဆုံး သော သူတိုင်အောင် ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် သေကြေ ပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ 13 ယေရုရှလင် မြို့သားတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် ငါသည် ဒဏ်ပေး သည် နည်းတူ ၊ အဲဂုတ္တု ပြည် နေ သောသူတို့ ကို ငါသည် ဒဏ်ပေး သဖြင့်14 အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို သော ယုဒ အမျိုးသားအကျန်အကြွင်း တို့သည် ယုဒ ပြည် သို့ပြန် ၍ နေချင်သော်လည်း၊ တယောက်မျှဘေး နှင့်မ လွတ်ရ၊ တယောက်မျှမကျန်ကြွင်းရကြ။ ဘေးလွတ် သော သူသာ လျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 15 ထိုအခါ မိမိ မယား တို့သည် အခြား တပါးသော ဘုရား အား နံ့သာပေါင်း နှင့်မီးရှို့ကြောင်း ကို သိ သော လူ များ၊ အနား၌ရပ်နေ သောမိန်းမ များ၊ ကြီးစွာ သော အလုံးအရင်း တည်းဟူသော၊ အဲဂုတ္တု ပြည် ပါသရု အရပ်၌ နေ သောသူအပေါင်း တို့သည် ယေရမိ ကို ပြန်ပြော ကြသည်ကား၊ 16 သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား ထောင်။ 17 ငါ တို့မှစ၍ငါ တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ ပြု ဘူး သကဲ့သို့ ၊ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာကိုပြု ခြင်းငှါ၊ ကိုယ် အလိုအလျောက်စီရင်သည်အတိုင်း ဆက်ဆက်ပြု မည်။ အထက်က ဝစွာ စားရကြ၏။ ဘေး နှင့်လွတ်၍ ချမ်းသာ စွာ နေ ရကြ၏။ 18 ကောင်းကင် မိဖုရား အဘို့နံ့သာ ပေါင်းကို မီးမ ရှို့၊ သွန်းလောင်း ရာပူဇော်သက္ကာကို မပြု ဘဲနေပြန်သောအခါ ၊ အလွန်ဆင်းရဲ ခြင်း၊ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။ 19 ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကိုမီးရှို့ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြု သောအခါ ၊ ငါ တို့၏ ယောက်ျား ပါဘဲ မုန့်ပြား တို့ကို လုပ် ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာပြု လျက် ကိုးကွယ် သလောဟုပြန်ပြော ကြ၏။

20 ထိုသို့ပြန်ပြောသော ယောက်ျား မိန်းမ အပေါင်း တို့အား ယေရမိ ပြန်ပြော သည်ကား၊ 21 သင်တို့မှစ၍ သင် တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သား တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ မီးရှို့ သော နံ့သာပေါင်း ကို ထာဝရဘုရား သည် မအောက်မေ့ ၊ နှလုံး သွင်းဘဲနေတော်မူသလော22 သင် တို့ပြု သောဒုစရိုက် ၊ စက်ဆုပ် ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရား သည် သည်းခံ တော်မ မူနိုင် သောကြောင့်၊ သင် တို့ပြည် သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ၊ ကျိန်ဆဲ ရာ ဖြစ် လေပြီတကား။ 23 သင်တို့သည် နံ့သာပေါင်း ကို မီးရှို့၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်၊ ထုံးဖွဲ့ ချက်၊ သက်သေခံ ချက်ပညတ် တရားတော်လမ်းသို့ လိုက် သောကြောင့်၎င်း ၊ ဤ ဘေး သည် ယနေ့ ၌ရှိသည်အတိုင်း ၊ သင် တို့၌ ရောက် လေပြီတကားဟု ပြောဆို ၏။ 24 တဖန် မိန်းမ အပေါင်း တို့နှင့် လူ ခပ်သိမ်း တို့အား ယေရမိ ဟောပြော သည်ကား၊ အဲဂုတ္တု ပြည် ရှိသော ယုဒ လူအပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ 25 ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့နှင့် သင် တို့မယား တို့က၊ ငါတို့သည် ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ သွန်းလောင်း ရာပူဇော်သက္ကာပြု ခြင်းငှါ သစ္စာ ဂတိထားသည်နှင့်အညီ ဆက်ဆက်ပြု မည်ဟု နှုတ် နှင့် ပြော၍ လက် နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ် ထားသော သစ္စာ ဂတိ ကို ဆက်ဆက်စောင့် ၍၊ သစ္စာ ဂတိထားသည်အတိုင်း ပြု ကြလိမ့်မည်။ 26 သို့ဖြစ်၍ အဲဂုတ္တု ပြည် နေ သောယုဒ လူ အပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ယုဒ လူ တယောက်မျှ ငါ ၏ နာမ ကို မမြွက် ဆိုရမည်အကြောင်း၊ ငါသည် ကိုယ် မဟာ နာမ ကို တိုင်တည်၍ ကျိန်ဆို ၏။ 27 သူ တို့ကို ကျေးဇူး ပြုခြင်းငှါ ဟုတ်၊ အပြစ် ပြု ခြင်းငှါ ငါ စောင့် သည် ဖြစ်၍ ၊ အဲဂုတ္တု ပြည် ရှိသော ယုဒ လူ အပေါင်း တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်မှီ တိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။ 28 သို့ရာတွင် ၊ ထား ဘေးနှင့်လွတ် ၍၊ အဲဂုတ္တု ပြည် မှ ယုဒ ပြည် သို့ ပြန် ရသောသူတို့သည် နည်း ကြလိမ့်မည်။ ငါ့ စကားတည်မည်၊ သူ တို့စကားတည် မည်ကို၊ အဲဂုတ္တု ပြည် ၌ တည်းခို ခြင်းငှါ သွား သော ယုဒ လူအကျန်အကြွင်း တို့သည် သိ ကြလိမ့်မည်။ 29 အရပ် သင် တို့ကိုငါ ဆုံးမ ၍၊ သင်တို့၌ အပြစ် ရောက်စေခြင်းငှါငါ့ စကား သည် ဆက်ဆက်တည် လိမ့်မည်ဟု သင်တို့သိ မည်အကြောင်း၊ ငါပေးသော နိမိတ် လက္ခဏာဟူမူကား30 ယုဒ ရှင်ဘုရင်ဇေဒကိ မင်းအသက် ၏ ရန်သူ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်း၏လက် သို့ ဇေဒကိ မင်း ကိုငါအပ် သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော ဟောဖရာ အသက်ကို ရှာ သောရန်သူ လက် သို့ ထိုမင်းကိုငါအပ် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

45

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက်၊ နေရိ သား ဗာရုတ် သည်၊ ယေရမိ မြွက်ဆို သည် အတိုင်း၊ စကား တော်များကို စာ ရေးထား သောနောက် ၊ ပရောဖက် ယေရမိ သည် ဗာရုတ်အားဆင့်ဆို ရသော နှုတ်ကပတ် တော်ဟူမူကား၊ 2 အိုဗာရုတ် ၊ သင် က၊ ငါ သည်အမင်္ဂလာ ရှိ၏။ ထာဝရဘုရား သည် ငါ ဝမ်းနည်း စရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့် တော်မူသောကြောင့် ၊ ငါသည် သက်သာ3 ညည်းတွား ၍ စိတ်ပျက် ပါပြီဟု ဆို သည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ 4 ငါဆောက် သောအရာ ကို ငါ ဖြိုဖျက် မည်။ ငါ စိုက် သောအရာ တည်းဟူသောဤ ပြည် ကို အကြွင်းမဲ့ ငါနှုတ်ပစ် မည်။ 5 သင် သည် ကြီးစွာ သော အရာတို့ကို ကိုယ် အဘို့ ရှာ သလော။ မ ရှာ နှင့်။ အကြောင်း မူကား၊ ငါ သည် ခပ်သိမ်း သော သတ္တဝါ တို့အပေါ် သို့ ဘေး ရောက် စေမည်။ သို့ရာတွင် ၊ သင်ရောက် လေရာအရပ် တို့၌၊ သင် ၏ အသက် ကို လက်ရ ဥစ္စာကဲ့သို့ သင့် အား ငါပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

46

1 တပါး အမျိုးကိုရည်မှတ် ၍ ပရောဖက် ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် တည်းဟူသော၊ 2 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ကာခေမိတ် အရပ်၊ ဥဖရတ် မြစ် နား ၌ တပ်ချ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော အဲဂုတ္တု ရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တု ပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊ 3 ဒိုင်း လွှား တို့ကို ပြင်ဆင် ၊ စစ်တိုက် ခြင်းငှါ ချဉ်းကပ် ကြလော့။ 4 မြင်းစီး သူရဲများတို့၊ မြင်း ကို ကကြိုး တန်ဆာဆင်၍ စီး ပြီးလျှင် ၊ သံ ခမောက်လုံးကို ဆောင်းလျက် ထွက် ကြလော့။ လှံ တို့ကိုပွတ် ကြလော့။ သံချပ် အင်္ကျီတို့ကို ဝတ် ကြလော့။ 5 သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 6 လျင်မြန် သောသူကို မ ပြေး စေနှင့်။ အားကြီး သော သူကိုမ လွတ် စေနှင့်။ ဥဖရတ် မြစ် နား ၊ မြောက် မျက်နှာ၌ ထိမိ လဲ ကြလိမ့်မည်။ 7 နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ သောဤ သူကား အဘယ်သူ နည်း။ 8 အဲဂုတ္တု ပြည်သည် နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ လျက်၊ ငါသည် ထ ၍ မြေကြီး ကို လွှမ်းမိုး မည်။ မြို့ နှင့်တကွ မြို့သား တို့ကို ဖျက်ဆီး မည်ဟု ပြောဆို ၏။ 9 မြင်း များတို့၊ တက် ကြလော့။ ရထား များတို့၊ ဟုန်းဟုန်း မြည်ကြလော့။ သူရဲ များတည်းဟူသော၊ ဒိုင်း လွှားကို ကိုင် တတ်သော ကုရှ အမျိုး၊ ဖုတ အမျိုးသား၊ လေး ကိုကိုင် ၍ ပစ် တတ်သောလုဒိ အမျိုးသားတို့သည် ထွက်သွား ကြစေ။ 10 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ရန်သူ တို့ကို ဒဏ် ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ ရက်ဖြစ်သည်နှင့်အညီ ၊ ထား တော်သည် ကိုက်စား ၍ဝ လိမ့်မည်။ သူ တို့အသွေး နှင့် ယစ်မူး လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အဘို့ ၊ မြောက် မျက်နှာ၌ ဥဖရတ် မြစ် နား မှာ ယဇ် ပူဇော်စရာ အကြောင်း ရှိ၏။ 11 အိုအဲဂုတ္တု သတို့သမီး ကညာ ၊ ဂိလဒ် ပြည်သို့ သွား ၍ဗာလစံစေး ကို ယူ လော့။ သင်သည်များစွာ သော ဆေး ကိုအချည်းနှီး သုံးတတ်၏။ သင် ၏အနာ ပျောက် နိုင်ရာ။ 12 သင် သည် အရှက်ကွဲ ကြောင်းကို လူမျိုး တို့သည် ကြား ကြပြီ။ သင် မြည်တမ်း သော အသံသည်မြေ တပြင်လုံး၌ နှံ့ပြား ပြီ။ သူရဲချင်း တယောက်နှင့် တယောက်ထိခိုက် ၍၊ နှစ် ယောက်တို့သည်လဲ ကြပြီဟု မိန့်တော်မူ၏။ 13 အဲဂုတ္တု ပြည် ကိုလုပ်ကြံ ခြင်းငှါ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လာ မည်အကြောင်းကြောင့်၊ ထာဝရဘုရား သည် ပရောဖက် ယေရမိ အား မိန့် တော်မူသော စကား ဟူမူကား၊ 14 သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။ 15 သင် ၏သူရဲ သည် အဘယ်ကြောင့် ရှုံး သနည်း။ ထာဝရဘုရား တွန်းချ တော်မူသောကြောင့် ၊ သူသည် မ ရပ် မနေနိုင်ရာ။ 16 လူများတို့သည် ထိမိ ၍တယောက် အပေါ် မှာ တယောက်လဲ စေခြင်းငှါပြုတော်မူသည်ဖြစ်၍ ၊ သူတို့က၊ ထ ကြကုန်အံ့။ ညှဉ်းဆဲ တတ်သော ထား ကြောင့် ကိုယ် အမျိုး ၊ ကိုယ် နေရင်း ပြည် သို့ ပြန် ကြကုန်အံ့ဟု ပြောဆို ကြ၏။ 17 ရောက်ပြီးမှအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းသည် ဆုံးရှုံးပြီ။ စည်းဝေး ရသောအချိန်ကို လွန် စေပြီဟု ဟစ် ကြ၏။ 18 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။ 19 နေရာ ကျသော အဲဂုတ္တု သတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံး အဆောင်များကို ပြင် လော့။ အကြောင်း မူကား၊ နောဖ မြို့သည် နေ သောသူမ ရှိအောင် သုတ်သင် ဖျက်ဆီးခြင်းကိုခံရမည်။ 20 အဲဂုတ္တု ပြည်သည်အဆင်း လှသော နွားမ ဖြစ်၏။ သို့ရာတွင်၊ မြောက် မျက်နှာဘက်က နှောင့်ရှက် ခြင်း အကြောင်းပေါ်လာ ၏။ 21 သူငှါး တို့သည် သူ ၏အလယ် ဆူ အောင် ကျွေးသောနွား ကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီး ခြင်းနေ့ ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ရောက် သောကြောင့် ၊ သူတို့ သည် မ ရပ် မနေ၊ ကျောကိုလှည့် ၍ တညီတညွတ် တည်းပြေး သွားကြ၏။ 22 သစ် ခုတ် သောသူကဲ့သို့ ပုဆိန် ပါလျက်၊ လူ အလုံးအရင်းနှင့်တကွချီလာ ကြသောအခါ၊ သူ ၏စကားသံ သည် မြွေ မြည်သံကဲ့သို့ ဖြစ်လိမ့်မည်။ 23 ထိုတောသည် အလွန် ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင် ထက်မက ရေတွက် နိုင်အောင် များသောကြောင့်ခုတ်လှဲ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 24 အဲဂုတ္တု သတို့သမီး သည် မိန်းမော တွေဝေလျက် ရှိ၏။ မြောက် မျက်နှာပြည်သား တို့ လက် သို့ ရောက် လေပြီ။ 25 ဣသရေလ အမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နော မြို့၌ရှိသောအမ္မုန် ဘုရားနှင့် ဖာရော ဘုရင်မှစ၍အဲဂုတ္တု ပြည်သားဘုရား များ၊ ရှင် ဘုရင်များတည်းဟူသော၊ ဖာရော ဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သောသူတို့ ကို ငါ ဆုံးမ မည်။ 26 သူ တို့အသက် ကို ရှာ သောသူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းနှင့် သူ ၏ ကျွန် တို့ လက် သို့ သူ တို့ကို ငါအပ် မည်။ ထိုနောက် မှတဖန် အဲဂုတ္တု ပြည်သည်အရင် ကဲ့သို့ စည်ပင် လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 27 အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။ 28 ငါ့ ကျွန် ယာကုပ် ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

47

1 ဖာရော ဘုရင်သည် ဂါဇ မြို့ကို မ လုပ်ကြံ မှီ၊ ဖိလိတ္တိ အမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိ သို့ ရောက်လာ သော နှုတ်ကပတ် တော်အားဖြင့်၊ 2 ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေ သည်ထ ၍ လွှမ်းမိုး သောပင်လယ် ဖြစ် လျက် ၊ တပြည်လုံး နှင့် ၊ ပြည်၌ ပါသမျှ ကို၎င်း ၊ မြို့ နှင့် မြို့၌ နေ သောသူတို့ ကို၎င်းလွှမ်းမိုး ၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူ ပြည်သားတို့သည် မြည်တမ်း ကြ လိမ့်မည်။ 3 ရန်သူ စီးသော မြင်းခွါ သံ ၊ စိုင်းသောရထား ဘီး များ မြည်သံ ကြောင့် ၊ အဘ တို့သည် လက် အားလျော့ ၍ သား တို့ကိုပြန် ကြည့်ကြ။ 4 အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။ 5 ဂါဇ မြို့သည်ဆံပင် ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန် မြို့နှင့် ကျန်ကြွင်း သောချိုင့် အရပ်သည်ပျက်စီး ပြီ။ အဘယ်မျှ ကာလပတ်လုံးကိုယ်အသားကို ခုတ်ဖြတ် ရ မည်နည်း။ 6 အို ထာဝရဘုရား ထား တော်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးမ ငြိမ် ဘဲနေမည်နည်း။ ကိုယ် အိမ် ဝင် ၍နေလော့။ နေရာကျ ငြိမ်ဝပ် စွာနေလော့။ 7 အာရှကေလုန် မြို့နှင့် ပင်လယ် ကမ်း အမှု၌ ထာဝရဘုရား မှာထား တော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ် စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါခန့်ထား တော်မူ၏။

48

1 ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။ 2 မောဘ ပြည်သည် နောက် တဖန် ဟေရှဘုန် မြို့၌ ဝါကြွား ရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါပယ်ရှား ကြကုန်အံ့ဟု၊ ရန်ပြု မည့်အကြံနှင့် ကြံစည် ကြ၏။ အိုမာဒမေန မြို့၊ သင်သည်လည်း ပျက်စီး ရမည်။ ထား ဘေးသည် သင့် ကိုလိုက် လိမ့်မည်။ 3 ဟောရနိမ် မြို့၌လည်း ညှဉ်းဆဲ ခြင်းနှင့် ပြင်းစွာ သော ပျက်စီး ခြင်းရှိ၍၊ အော်ဟစ် သောအသံ ကိုကြားရ၏။ 4 မောဘ ပြည်သည်ပျက်စီး ခြင်းသို့ရောက်၍၊ သူငယ် တို့သည် မြည်တမ်း သောအသံကိုပြုကြ၏။ 5 ငိုကြွေး သောအသံသည် လုဟိတ် တောင်ပေါ်သို့ တက် ရ၏။ ဟောရနိမ် မြို့သို့ဆင်း ရာအရပ်၌ လည်း၊ ဆုံးရှုံး ခြင်းအသံကိုရန်သူ တို့သည် ကြား ရကြ၏။ 6 အသက် လွတ် အံ့သောငှါပြေး ကြလော့။ လွင်ပြင် ရှိသောသစ်ပင် ခြောက်ကဲ့သို့ ဖြစ် ကြလော့။ 7 သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။ 8 လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။ 9 မောဘ ပြည်သည် လွတ်ရာသို့ ပြေး ရအောင် ငှက်တောင် တို့ကိုပေး လော့။ မြို့ တို့သည်နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။ 10 ထာဝရဘုရား ၏ အမှု တော်ကို ကြိုးစား ၍ မဆောင်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိ ထား ကို သိမ်းရုပ် သောသူသည် ကျိန်ဆဲ ခြင်း ကိုခံစေ။ 11 မောဘ သည်အိုး တလုံးမှ တလုံးသို့ ပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွား ခြင်းကိုမ ခံ၊ ငယ် သော အရွယ်မှစ၍ ငြိမ် လျက် ၊ မိမိ အဖတ် အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိ အရသာ သည် တည် နေ၏။ မွှေး သောအနံ့လည်း ပျက်12 သို့ရာတွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ ထံသို့ ငါစေလွှတ် ရသော အချိန် ရောက် လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ ၏အိုး တို့ကိုသွန် ရေဘူး တို့ကို ခွဲ ကြလိမ့်မည်။ 13 ဣသရေလ အမျိုး သည် မိမိ တို့ခိုလှုံ သော ဗေသလ ဘုရားကြောင့် ရှက် ရသကဲ့သို့ ၊ မောဘ အမျိုး သည်လည်း ခေမုရှ ဘုရားကြောင့် ရှက် ရလိမ့်မည်။ 14 ငါ တို့သည်အားကြီး သောသူ၊ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆို ကြလိမ့်မည်နည်း။ 15 မောဘ ပြည်သည် ပျက်စီး ပြီ။ မြို့ တို့သည် ကျွမ်းလောင် ကြပြီ။ သူ ရွေးချယ် သောလုလင် တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွား ကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။ 16 မောဘ ကို လုပ်ကြံရသောအချိန်နီး ပြီ။ သူ ခံရသော ဘေး သည် အလျင်အမြန် လာ၏။ 17 သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့၊ သူ့ အတွက် မြည်တမ်း ကြလော့။ သူ၏နာမ ကို သိ သော သူအပေါင်း တို့၊ တန်ခိုး ကြီးသောလှံတံ ၊ အသရေ တင့်တယ်သောတံဖျာ သည် ကျိုး လေပြီတကားဟု ပြောဆို ကြ လော့။ 18 ဒိဘုန် မြို့၌နေ သောသတို့သမီး ၊ သင်ခံစားရသော စည်းစိမ် မှ ဆင်း ၍အငတ် ခံလျက်ထိုင် လော့။ မောဘ ကို လုယူ သောသူသည် သင် ရှိရာ သို့လာ ၍၊ သင် ၏ရဲတိုက် တို့ကို ဖျက်ဆီး လိမ့်မည်။ 19 အိုအာရော် မြို့သား ၊ လမ်း နား မှာရပ် ကြည့်ရှု လော့။ အဘယ် အမှုရှိ သနည်းဟု၊ ပြေး သောယောက်ျားနှင့် အသက်လွတ် သော မိန်းမကိုမေးမြန်း လော့။ 20 မောဘ သည်စိတ်ပျက် လေ၏။ ပြိုလဲ လျက်ရှိ၏။ ငိုကြွေး မြည်တမ်း ကြလော့။ မောဘ သည် ပျက်စီး ကြောင်း ကို အာနုန် မြို့၌ ကြားပြော ကြလော့။ 21 လွင်ပြင် နှင့်တကွဟောလုန် မြို့၊ ယဟာဇ မြို့၊ မေဖတ် မြို့၊ 22 ဒိဘုန် မြို့၊ နေဗော မြို့၊ ဗက်ဒိဗလသိမ် မြို့၊ 23 ကိရယသိမ် မြို့၊ ဗက်ဂမုလ မြို့၊ ဗက်မောင် မြို့၊ 24 ကေရုတ် မြို့၊ ဗောဇရ မြို့မှစ၍၊ မောဘ ပြည် ၌ ရှိသောမြို့ အနီး အဝေး ရှိသမျှ တို့သည် အပြစ်ဒဏ် ကို ခံရကြ ၏။ 25 မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 26 မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။ 27 သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။ 28 မောဘ ပြည်၌နေ သောသူတို့၊ မြို့ တို့ကိုစွန့် ကျောက် ကြား ၌ နေ ကြလော့။ မြေတွင်း နား မှာ အသိုက် လုပ်တတ်သော ချိုးငှက် ကဲ့သို့ ပြု ကြလော့။ 29 မောဘ ၏မာန ကိုငါတို့သည် ကြားသိ ကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ မာန ကြီးခြင်း၊ ထောင်လွှား စော်ကား ခြင်း၊ စိတ် နှလုံးမြင့် ခြင်းရှိသော်လည်း၊ 30 သူ ၏ဒေါသ အမျက်ထွက်ခြင်းကို ငါ သိ သည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွား သော စကားကို ပြောလျက်နှင့်၊ မိမိအလိုမ ပြည့်စုံ ရာဟု ထာဝရဘုရား မိန့် တော်မူ၏။ 31 ထိုကြောင့် ၊ မောဘ အတွက် ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘ ပြည်တပြည်လုံး အတွက် ငိုကြွေး မည်။ ကိရဟရက် မြို့သား တို့အတွက် ညည်းတွား ခြင်း ရှိရမည်။ 32 အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။ 33 ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။ 34 ဟေရှဘုန် မြို့ ငိုကြွေး သံမှစ၍ ဧလာလေ မြို့၊ ယာဟတ် မြို့တိုင်အောင် ၎င်း ၊ ဇောရ မြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင် ၎င်း သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံ ကို လွှင့် ကြ၏။ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည်လည်း ဆိတ်ညံ လျက်ရှိကြ၏။ 35 မောဘ ပြည်၌ မြင့် သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိ ဘုရား တို့အား နံ့သာ ပေါင်းကို မီးရှို့သောသူတို့ ကို ငါပြတ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 36 ထိုကြောင့် ၊ ငါ့ နှလုံး သည် မောဘ ပြည်အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ ငါ့ နှလုံး သည် ကိရဟရက် မြို့သား တို့အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ သူတို့ ဆည်းဖူး သော ဘဏ္ဍာ ဥစ္စာပျက်စီး ပြီ။ 37 လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ရှန လျက်၊ ခါး လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။ 38 အသုံး မရသော အိုး ကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲ သောကြောင့် ၊ မောဘ ပြည်အိမ်မိုး များ အပေါ် ၌၎င်း ၊ လမ်း များ၌ ၎င်း ညည်းတွား မြည်တမ်းခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 39 သူတို့ကလည်း၊ မောဘ ပြည်ပြိုပျက် လေပြီ တကား၊ ရှက် ၍ဆုတ်သွား လေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘ သည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည် ၌နေသောသူအပေါင်း တို့၏ ကြောက်လန့် စရာအကြောင်းဖြစ် ရလိမ့်မည်။ 40 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။ 41 မြို့တို့ကိုလုပ်ကြံ ရဲတိုက် တို့ကို တိုက်ယူ သောကြောင့် ၊ ထို နေ့ မောဘ အမျိုးသူရဲ တို့ စိတ် နှလုံးသည်၊ သားဘွားခြင်းဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် ရလိမ့်မည်။ 42 မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။ 43 အိုမောဘ အမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက် လေပြီ။ 44 ကြောက်လန့် ဘွယ်သောအရာမှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ကျော့မိ လိမ့်မည်။ ဆုံးမ ခြင်းကိုခံရသောနှစ် ကာလကို မောဘ ပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 45 ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။ 46 အိုမောဘ ပြည်၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုးနည်း ကြပြီ။ သင် တို့၏ သား သမီး များကို သိမ်းသွား ကြပြီ။ 47 သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောမောဘ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤရွေ့ကား ၊ မောဘ ခံရသော အပြစ်တရား ပေတည်း။

49

1 အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ သား ရှိ သလော ။ အမွေခံ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။ 2 ထိုကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အမ္မုန် အမျိုးသား တို့ နေရာရဗ္ဗာ မြို့၌ စစ်တိုက် ခြင်းအသံ ကို ငါကြား စေသောအချိန် ရောက် လိမ့်မည်။ ထိုမြို့သည် ပျက်စီး ရာပုံ ဖြစ် ၍၊ သူ ၏သမီး တို့သည်လည်း မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူ သောသူတို့ ၏ နေရာကို၊ ဣသရေလ သည် တဖန်သိမ်းယူ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 3 အို ဟေရှဘုန် မြို့၊ ညည်းတွား မြည်တမ်းလော့။ အာဣ မြို့ပျက်စီး ပြီ။ အိုရဗ္ဗာ မြို့သမီး တို့၊ ငိုကြွေး ကြလော့။ လျှော်တေ အဝတ်ကိုဝတ် ၍ မြည်တမ်း လျက် ၊ ခြံ နား မှာ တောင်မြောက်ပြေး ကြလော့။ အကြောင်း မူကား၊ မိလကုံ ဘုရားသည်သူ ၏ယဇ် ပုရောဟိတ်၊ သူ ၏မင်း များနှင့်တကွ သိမ်းသွား ခြင်းကိုခံရ၏။ 4 ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။ 5 ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် ပတ်လည် ၌နေသောသူအပေါင်း တို့ကြောင့် ကြောက်လန့် သော အကြောင်းကို သင် ငါ ဖြစ် စေမည်။ သင်တို့အသီးအသီး ရှိသမျှသည် နှင်ထုတ် ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေး စေသော သူလည်းမ ရှိရ။ 6 သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 7 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။ 8 အိုဒေဒန် မြို့သူ မြို့သားတို့၊ ဆုတ် ၍ ပြေးသွား ကြလော့ ။ နက်နဲ သောအရပ်၌ နေ ကြလော့။ ဧသော တွေ့ရသော ဘေး ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ကို ငါရောက် စေမည်။ 9 စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။ 10 ဧသော ၏အဝတ်ကို ငါ ချွတ် မည်။ သူသည် ပုန်း ၍မ နေနိုင် အောင် သူ ကွယ် သောနေရာအရပ်တို့ကို ငါလှန် မည်။ သူ ၏အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီးချင်း တို့သည် ပျက်စီး ၍၊ သူ့ ကိုယ်တိုင်လည်း ပျောက် ရလိမ့်မည်။ 11 သင် ၌မိဘ မရှိသောသူငယ်တို့ကို ထား ခဲ့လော့။ ငါ စောင့်မ မည်။ သင် ၏ မုတ်ဆိုးမ တို့သည် ငါ့ ကိုခိုလှုံ ကြစေ။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။ 13 ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ 14 ထာဝရဘုရား ကြွေးကြော် တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး ၍၊ ဧဒုံပြည်ကို တိုက် ခြင်းငှါစစ်ချီ ၍လာ ကြလော့ဟု တပါးအမျိုးသား တို့ထံသို့ သံတမန် ကို စေလွှတ် တော်မူပြီ။ 15 တပါးအမျိုးသား တို့တွင် သင် သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူ တို့တွင် အသရေ ရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြု မည်။ 16 ကျောက် ကြား တို့၌ နေ ၍တောင် ထိပ် ကို ခိုလှုံ သောသူဖြစ် သောကြောင့်၊ သင် ၏ကြောက်မက် ဘွယ်သော အခြင်းအရာ၊ သင် ၏မာန သည် သင့် ကိုလှည့်စား ပြီ။ သင်သည် ရွှေလင်းတ ကဲ့သို့ မြင့် သောအရပ်၌ အသိုက် ကို လုပ်သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 17 ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။ 18 သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သောမြို့ တို့၏ ပျက်စီး ခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက်မျှ နေရာ ကျရဟု ထာဝရဘုရား မိန့် တော်မူ၏။ 19 ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။ 20 သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဧဒုံ ပြည်တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ တေမန် ပြည်သား တို့ တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့။ အကယ် စင်စစ်ရန်သူသည်၊ အား မရှိ သောထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူ တို့ရှိရာသို့လာ၍၊ ကျက်စား ရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။ 21 သူ တို့ပြိုလဲ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ သူတို့အော်ဟစ် သော အသံ ကို ဧဒုံ ပင်လယ် တိုင်အောင် ကြား ရ၏။ 22 ရန်သူသည် တက် ၍ ရွေလင်းတ ကဲ့သို့ ပျံ လျက် ၊ ဗောဇရ မြို့ကို အတောင် တို့နှင့် ဖြန့်မိုး လိမ့်မည်။ ထို နေ့ ဧဒုံ ပြည်သားသူရဲ တို့၏ စိတ် နှလုံးသည်၊ သားဘွားခြင်း ဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် လိမ့်မည်။ 23 ဒမာသက် မြို့ကို ရည်မှတ် သော စကားဟူမူကား ၊ ဟာမတ် မြို့နှင့် အာပဒ် မြို့တို့သည် မကောင်း သော သိတင်း ကိုကြား သောကြောင့် ၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ် တိုင်အောင်စိုးရိမ် စရာရှိသောကြောင့် ၊ ငြိမ်ဝပ် ခြင်းသို့မ ရောက်နိုင်24 ဒမာသက် မြို့သည် အားလျော့ ပြီ။ ပြေး အံ့သောငှါ ကိုယ်ကိုလှည့် ပြီ။ တုန်လှုပ် လျက်နေ၏။ ဒုက္ခ ဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ ၏။ 25 အသရေ ရှိသောမြို့ ၊ ငါ ဝမ်းမြောက် စရာမြို့ သည် အဘယ်ကြောင့် ကျန်ကြွင်း ရသနည်း။ 26 သို့ဖြစ်၍ ၊ ထိုမြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်။ 27 ငါသည်လည်း၊ ဒမာသက် မြို့ရိုး ကို မီး ရှို့ ၊ ဗင်္ဟာဒဒ် ၏ နန်းတော် တို့ကို လောင် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 28 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။ 29 သူ တို့တဲ များနှင့် သိုးစု များကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင် များ၊ ကုလားအုပ် များကို၎င်းသိမ်း ၍ ယူသွား ရကြမည်။ သူတို့ပတ်လည် ၌ ကြောက်လန့် စရာ အကြောင်းကို ကြွေးကြော် ရကြမည်။ 30 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာဇော် ပြည်သား တို့၊ ဝေးစွာ ပြေးသွား ကြလော့။ နက်နဲ သော အရပ်တို့၌ နေ ကြလော့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သင် တို့ကိုရည်ဆောင်၍ စီရင် မည်ဟု သင် တို့တဘက် ၌ ကြံစည် သောအကြံအစည် ရှိ၏။ 31 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ငြိမ်ဝပ် စွာနေ ၍ စိုးရိမ် စရာမရှိသောလူမျိုး ၊ မြို့တံခါး နှင့်ကန့်လန့်ကျင် ကို မ သုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီ နေ တတ်သောလူမျိုးနေရာသို့ သွား ကြလော့။ 32 သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 33 ဟာဇော် ပြည်သည် မြေခွေး နေရာ ၊ လူဆိတ်ညံ ရာ အစဉ် ဖြစ် ၊ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက် မျှနေရာ ကျရ။ 34 ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနန်းစံ က၊ ဧလံ ပြည် ကို ရည်မှတ် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ပရောဖက် ယေရမိ သို့ ရောက်လာ ၍၊ 35 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။ 36 အရပ်လေး မျက်နှာတို့က လေ လေး မျိုးကို ဧလံ ပြည်သို့ ငါဆောင်ခဲ့ မည်။ ထို လေ တို့ရှေ့မှာ ပြည်သားများကို ငါလွှင့် မည်။ ထိုသို့နှင်ထုတ် သော ဧလံ ပြည်သားမ ရောက် သော တိုင်း နိုင်ငံတခုမျှမ ရှိ ရ။ 37 ဧလံ ပြည်သားတို့ကို ရန်သူ တို့ရှေ့ မှာ၎င်း ၊ သူ တို့ အသက် ကိုရှာ သော လူတို့ရှေ့ မှာ၎င်း ၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာ သော ငါ ၏အမျက် တည်းဟူသောဘေးဥပဒ် ကိုသူ တို့အပေါ် သို့ ရောက် စေမည်။ သူ တို့ကို မ ဖျက်ဆီး မှီတိုင်အောင်သူ တို့နောက် သို့ ထား ကို လွှတ်လိုက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 38 ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 39 သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောဧလံ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင်ခဲ့ ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

50

1 ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊ 2 လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။ 3 လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။ 4 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။ 5 ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် မိဿဟာယ ဖွဲ့ကြလိမ့်မည်။ 6 ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။ 7 သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။ 8 ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။ 9 အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။ 10 ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 11 ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။ 12 ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။ 13 ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။ 14 ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။ 15 မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ပြု ကြလော့။ 16 ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။ 17 ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။ 18 ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။ 19 ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။ 20 ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 21 ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ 22 ထိုပြည် စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။ 23 မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။ 24 အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ တိုက်ယူ ပြီ။ 25 ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ပြုတော်မူသောအမှု ပေတည်း။ 26 မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။ 27 သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။ 28 ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။ 29 လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။ 30 ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ 31 ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။ 32 မာန ကြီးသောသူသည် ထိမိ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။ 33 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။ 34 သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။ 35 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။ 36 ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။ 37 ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။ 38 ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။ 39 ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ ဖြစ်ရ။ 40 သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။ 41 ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။ 42 လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။ 43 သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။ 44 ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။ 45 သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။ 46 ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။

51

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ စေမည် ။ 2 စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။ 3 လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။ 4 ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ အထိုး ခံရကြလိမ့်မည်။ 5 ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။ 6 ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။ 7 ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။ 8 ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။ 9 ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။ 10 ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။ 11 မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။ 12 ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။ 13 များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။ 14 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။ 15 တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။ 16 အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်း ရေ အသံဗလံ ဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက်စေ တော်မူ၏။ လေ ကိုလည်း ဘဏ္ဍာ တော် တိုက်ထဲက ထုတ် တော်မူ၏။ 17 လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ လည်း ထွက်သက် ဝင်သက်မ ရှိ။ 18 ထိုသို့ သော အရာ တို့သည် အချည်းနှီး သက်သက် ဖြစ်ကြ၏။ လှည့်စား သောအရာလည်း ဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ်ပျောက် ကြ လိမ့်မည်။ 19 ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။ 20 အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။ 21 သင့် ကိုကိုင်၍ မြင်း နှင့် မြင်းစီး သူရဲကို၎င်း ၊ ရထား နှင့် ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ ပြီ။ 22 သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။ 23 သင့် ကိုကိုင်၍ သိုးထိန်း နှင့် သိုးစု ကို၎င်း ၊ လယ်လုပ် သော သူနှင့် နွားယှဉ် ကို၎င်း၊ ဗိုလ် များနှင့် မင်း များကို၎င်းငါချိုးဖဲ့ ပြီ။ 24 သို့ရာတွင် ၊ ဗာဗုလုန် မြို့သူ၊ ခါလဒဲ ပြည်သား အပေါင်း တို့သည် ဇိအုန် မြို့၌ ပြု လေသမျှ သော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင် တို့မျက်မှောက် သူ တို့အား အပြစ်ပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 25 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။ 26 တိုက်ထောင့် အထွဋ်ကျောက် ၊ တိုက်မြစ် ကျောက် တစုံတခုကိုမျှ သင် ၏အထဲက နှုတ် မယူရ၊ အစဉ်မပြတ် ပျက်စီး လျက်နေ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ 27 ထိုပြည် အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။ 28 လူမျိုး များတို့နှင့်တကွ၊ မေဒိ ရှင်ဘုရင် မှစ၍ဗိုလ် များ၊ မင်း များ၊ မေဒိနိုင်ငံ သားအပေါင်း တို့ကို သူ ၏ တဘက် ၌ ပြင်ဆင် ကြလော့။ 29 ဗာဗုလုန်ပြည် သည်တုန်လှုပ် လူးလိမ့် မည်။ ထိုပြည်သည်နေ သူမ ရှိ၊ သုတ်သင် ပယ်ရှင်းရာ ဖြစ်စေခြင်းငှါ ၊ ထာဝရဘုရား ကြံစည် တော်မူသောအကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။ 30 ဗာဗုလုန် စစ်သူရဲ တို့သည် စစ် ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။ 31 ရန်သူတို့သည် မြို့ တော်ကို တဘက်တချက် တိုက် ဝင်ကြပြီဟူ၍၎င်း ၊ လမ်းဝ ကို ပိတ်ထား ၍ ရေကန် နား မှာမီး ရှို့ ကြောင်းနှင့်၊ စစ်သူရဲ တို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း ၊ 32 ဗာဗုလုန် ရှင်ဘုရင် အား ကြားလျှောက် အံ့သောငှါ ၊ မင်း လုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ် သူချင်းတယောက်ကို တယောက်တွေ့ကြုံလျက် ပြေးလာ ကြ၏။ 33 ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီး သည် စပါးနယ် ရသောကောက်နယ် တလင်းကဲ့သို့ ဖြစ်၏။ စပါး ရိတ်ရာအချိန် နီး ပြီ။ 34 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။ 35 ဇိအုန် မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ ၏အသား ၌ ပြုသောအဓမ္မ အမှုသည် ဗာဗုလုန် မြို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ၊ ယေရုရှလင် မြို့ကလည်း၊ ငါ ၏အသွေး သည် ခါလဒဲ ပြည်သား တို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ဆို ရ၏။ 36 သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။ 37 ဗာဗုလုန် မြို့သည် အမှိုက်ပုံ ၊ မြေခွေး နေရာ တွင်း၊ အံ့ဩဘွယ် ရာ၊ ကဲ့ရဲ့ သံပြုရာ၊ လူဆိတ်ညံ ရာအရပ် ဖြစ် လိမ့်မည်။ 38 ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ ကဲ့သို့ ဟောက် သောအသံ၊ ခြင်္သေ့ သငယ် ကဲ့သို့ မြည် သောအသံကိုတညီတည်း ပြုကြလိမ့်မည်။ 39 သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။ 40 အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။ 41 ရှေရှက် မြို့ကိုတိုက် ၍ ရလေပြီတကား။ မြေ တပြင်လုံး ၌ ကျော်စော သော မြို့ကိုလုယူ လေပြီတကား။ ဗာဗုလုန် မြို့သည် အပြည်ပြည် တို့တွင် အံ့ဩ ရာဖြစ် လေပြီ တကား။ 42 ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။ 43 မြို့ များတို့သည် သုတ်သင် ပယ်ရှင်းရာအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ် ကြပြီ။ အဘယ်သူမျှမ နေ ရ။ လူ သား တစုံ တယောက်မျှ ထိုလမ်းကိုမ ရှောက် ရ။ 44 ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။ 45 ငါ ၏လူ တို့၊ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်မှ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ 46 ထိုပြည် ကြား ရသောသိတင်း ကြောင့် စိတ် ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။ 47 ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။ 48 ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ 49 ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။ 50 ထား ဘေးနှင့် လွတ် သောသူတို့၊ သွား ကြလော့။ ရပ် ၍မ နေကြနှင့်။ ဝေး သောအရပ်၌ ထာဝရဘုရား ကို အောက်မေ့ ၊ ယေရုရှလင် မြို့ကိုလည်း စိတ် စွဲလမ်းကြလော့ ။ 51 ငါတို့သည်ကဲ့ရဲ့ သောအသံကို ကြား သောကြောင့် အရှက်ကွဲ လျက်၊ မျက်နှာ ပျက် လျက်နေရကြပါ၏။ တပါးအမျိုးသား တို့သည် ဗိမာန် တော်တွင်၊ သန့်ရှင်း ရာအရပ် ဌာနတော်တို့၏ အထဲသို့ ဝင် ကြပါပြီ။ 52 သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍၊ တပြည်လုံး ၌ ဒဏ်ချက် ထိသောသူတို့သည် ညည်းတွား ကြသော အချိန် ရောက် လိမ့်မည်။ 53 ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ 54 ဗာဗုလုန် မြို့မှာ ငိုကြွေး သံ ကို၎င်း ၊ ခါလဒဲ ပြည် မှာ ပြင်းစွာ သော ပျက်စီး သံကို၎င်းကြားရ၏။ 55 အကြောင်းမူကား ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၊ သူပြုတတ်သောအသံ ကြီး ကို ငြိမ်း စေ တော်မူ၏။ သူ ၏လှိုင်း တံပိုးတို့သည် အားကြီး သော ရေ ကဲ့သို့ ဟုန်ဟုန်းမြည် သဖြင့်၊ ကြီးစွာသောအသံဗလံ ကို ပြု တတ်ကြ၏။ 56 ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။ 57 ဗာဗုလုန် မင်းသား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ ၊ မင်း အရာရှိ၊ ခွန်အားကြီး သောသူတို့ ကို ငါယစ်မူး စေသဖြင့် ၊ သူတို့သည်နောက် တဖန်မ နိုး ဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။ 58 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။ 59 ဗာဗုလုန် မြို့အပေါ်မှာ ရောက် လတံ့သော ၊ ဘေးဥပဒ် အပေါင်း တည်းဟူသော၊ ဗာဗုလုန် မြို့ကို ရည်မှတ် ၍ ရေးထား သောဤ စကား အလုံးစုံ တို့ကို ပရောဖက်ယေရမိ သည် ရေး ကူး၍60 ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံ လေး နှစ် တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန် မြို့သို့လိုက်သွား သော၊ မာသေယ ၏သား ဖြစ်သောနေရိ ၏ သား အတွင်းဝန် စရာယ ကိုမှာထား သော စကား ဟူမူကား၊ 61 သင် သည် ဗာဗုလုန် မြို့သို့ရောက် သောအခါ ၊ ဤ စကား အလုံးစုံ တို့ကို ကြည့်ရှု ၍ ဘတ် ရမည်။ 62 ထိုအခါ သင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤ အရပ် လူ ရှိ ၊ တိရစ္ဆာန် မရှိ၊ အစဉ်မပြတ် ဆိတ်ညံ ရာအရပ်ဖြစ် စေ၍၊ သုတ်သင် ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆို ရမည်။ 63 စာ ကို အကုန်အစင်ဘတ် ပြီး လျှင် ၊ စာပေါ်မှာကျောက် ကို ချည် ထား၍ ၊ ဥဖရတ် မြစ်အလယ် မှာ ချပစ် လျက်၊ 64 ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။

52

1 ဇေဒကိ မင်းသည် အသက် နှစ်ဆယ် နှစ် ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ တဆယ် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သူယေရမိ သမီး ဟာမုတလ ဖြစ်သတည်း။ 2 ထိုမင်းသည်ယောယကိမ် မင်းပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ဒုစရိုက် ကိုပြု ၏။ 3 ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။ 4 ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ5 ဇေဒကိ မင်း နန်းစံတဆယ် နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏။ 6 ထိုနှစ်၊ စတုတ္ထ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာအာဟာရ ခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ ရှိ သောအခါ7 ခါလဒဲ လူတို့သည် မြို့ရိုးကို ဖြို ဖေါက်၍ ၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့သည် ညဉ့် အခါပြေး ၍၊ မြို့ရိုး နှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက် ပြီးမှ လွင်ပြင် သို့သွား ကြ၏။ 8 ခါလဒဲ စစ်သူရဲ တို့သည် ရှင်ဘုရင် ဇေဒကိ ကို လိုက် ၍၊ ယေရိခေါ လွင်ပြင် မှီ သဖြင့် ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏။ 9 ရန်သူတို့သည် ရှင်ဘုရင် ကို ဘမ်းဆီး ၊ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြော စီရင်၍၊ 10 ဇေဒကိ မင်း၏သား တို့ကို အဘမျက်မှောက် ၌ သတ် လေ၏။ ရိဗလ မြို့မှာ ယုဒ မှူးမတ် အပေါင်း တို့ကိုလည်း သတ် လေ၏။ 11 ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။ 12 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊ 13 ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။ 14 ကိုယ်ရံတော်မှူး ပါသောခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှ တို့ကို ဖြိုဖျက် ကြ၏။ 15 ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောဆင်းရဲသား ၊ ဗာဗုလုန် ရှင်ဘုရင် ဘက်သို့ ကူး သွားနှင့်သောမြို့သား၊ ကြွင်း သမျှသောသူတို့ ကို သိမ်း သွားလေ၏။ 16 သို့ရာတွင် ၊ စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ၊ ဆင်းရဲသား အချို့တို့ကို ထား ခဲ့လေ၏။ 17 ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။ 18 အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။ 19 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလား များကို၊ ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော်မှူး သည် ယူ သွား လေ၏။ 20 ဗိမာန် တော်၌ ရှောလမုန် မင်းကြီး လုပ် သော တိုင် နှစ် တိုင်၊ ရေကန် ခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွား တဆယ် နှစ် ခု၌ပါသောကြေးဝါ သည် အချိန် အားဖြင့်အတိုင်းမသိ များ၏။ 21 တိုင် အမြင့် ကား၊ တဆယ် ရှစ် တောင် ရှိ၏။ လုံးပတ် မူကား ၊ တဆယ် နှစ် တောင် ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပွ ဖြစ်၍ဒု လေး သစ်ရှိ၏။ 22 ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား၊ ငါး တောင် ရှိ၍ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲသီး တို့နှင့်ပြည့်စုံ၏။ အခြား သော တိုင် သည် လည်း၊ ထိုအတူ ဖြစ်၍ သလဲသီး တို့နှင့်ပြည့်စုံ၏။ 23 တိုင်တမျက်နှာ၌ သလဲသီး ကိုးဆယ် ခြောက် လုံး စီရှိ ၍၊ ကွန်ရွက် တဘက် ၌ သလဲသီး ပေါင်း တရာ ရှိသတည်း။ 24 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။ 25 စစ်သူရဲ တို့ကို အုပ် သောဗိုလ် ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင် မှူးမတ်ခုနှစ် ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေးကြီး တယောက်၊ မြို့ ထဲ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ကို မြို့ ထဲက ခေါ် သွား၍၊ 26 ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ပြီးလျှင်27 ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။ 28 နေဗုခဒ်နေဇာ မင်းသိမ်း သွားသော လူ ဟူမူကား၊ နန်းစံခုနစ် နှစ် တွင် ၊ ယုဒ အမျိုးသားသုံး ထောင် နှစ်ဆယ် သုံး ယောက်တို့ကို သိမ်းသွားလေ၏။ 29 တဆယ် ရှစ် နှစ် တွင် ၊ လူရှစ် ရာ သုံးဆယ် နှစ် ယောက်တို့ကို ယေရုရှလင် မြို့မှ သိမ်းသွားလေ၏။ 30 နှစ်ဆယ် သုံး နှစ် တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယုဒ အမျိုးသားခုနှစ် ရာ လေးဆယ် ငါး ယောက်တို့ကို သိမ်း သွား၏။ လူ အပေါင်း ကား၊ လေး ထောင် ခြောက် ရာ ရှိသတည်း။ 31 ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါဒသမ နှစ်ဆယ် ငါး ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံ စက ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲက နှုတ် ၍ ချမ်းသာ ပေး လေ၏။ 32 ကောင်းမွန် စွာ နှုတ်ဆက် သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှ အထံ တော်၌ ရှိသောမင်းကြီး များထိုင်ရာပလ္လင် တို့ ထက် ချီးမြှင့် လေ၏။ 33 ယေခေါနိမင်းသည် ထောင် ထဲမှာဝတ်သော အဝတ် ကိုလဲ ၊ အသက် ရှည်သမျှ ကာလ ပတ်လုံးအစဉ်မပြတ် အထံ တော်၌ စားသောက် ရ၏။ 34 သေ မှီတိုင်အောင်အသက် ရှည်သမျှ နေ့ ရက်အစဉ်မပြတ် သူ စားစရာ ဘို့၊ ဗာဗုလုန် ရှင်ဘုရင် ပေး သနား တော်မူ၏။