တရားသူကြီးမှတ်စာ

1

1 ယောရှု အနိစ္စ ရောက်သောနောက် ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ခါနနိ လူတို့ရှိရာသို့ ရှေ့ဦးစွာ ချီ သွားရပါမည်နည်းဟု ထာဝရဘုရား အား မေး လျှောက်ကြလျှင်၊ 2 ထာဝရဘုရား က၊ ယုဒ သည် ချီ သွားရမည်။ ထိုပြည် ကို သူ ၏လက် ငါအပ် မည်ဟု မိန့် တော်မူ၏။ 3 ယုဒ သည် မိမိ အစ်ကို ရှိမောင် အား ခါနနိ လူတို့ကို တိုက် ခြင်းငှါ ငါ့ အမွေမြေ သို့ ငါ နှင့်အတူ လိုက် ပါ။ သင့် အမွေမြေ သို့ လည်း သင် နှင့်အတူ ငါ လိုက် သွားမည်ဟုဆို သည်အတိုင်း ရှိမောင် သည် လိုက် သွားလေ၏။ 4 ယုဒ ချီ သွား၍ ထာဝရဘုရား သည် ခါနနိ လူ၊ ဖေရဇိ လူတို့ကို အပ် တော်မူသဖြင့် ဗေဇက် မြို့၌ လူ တထောင် ကိုသတ် လေ၏။ 5 အဒေါနိဗေဇက် မင်းကို ဗေဇက် မြို့၌ တွေ့ ခါနနိ လူ၊ ဖေရဇိ လူတို့ကိုသတ် သောအခါ၊ 6 အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ဘမ်း မိပြီးလျှင် လက်မ ခြေမတို့ကို ဖြတ် ကြ၏။ 7 အဒေါနိဗေဇက် ကလည်း လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ဘုရား သခင်သည် ငါ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ သူသည် ထို မြို့မှာ သေ လေ၏။ 8 ယုဒ အမျိုးသားတို့သည် ယေရုရှလင် မြို့ကို တိုက် ယူ ထား နှင့် လုပ်ကြံ ပြီးမှ မီး ရှို့ ကြ၏။ 9 ထိုနောက် တောင် ပေါ်၌၎င်း တောင် မျက်နှာ၌၎င်း ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။ 10 တဖန် ယုဒ အမျိုးသည်၊ ကိရယသာဘ အမည် ဟောင်း ရှိသောဟေဗြုန် မြို့၌ နေ သောခါနနိ လူတို့ ရှိရာသို့ ချီ သွား၍၊ ရှေရှဲ အဟိမန် တာလမဲ တို့ကို လုပ်ကြံ ကြ၏။ 11 တဖန် ကိရယဿေဖာ အမည်ဟောင်း ရှိ သောဒေဗိရ မြို့သားတို့ရှိရာသို့ ချီ ပြန်၍၊ 12 ကာလက် က၊ ကိရယဿောဖာ မြို့ကို တိုက်ယူ လုပ်ကြံ သောသူ အား ငါ သည် သမီး အာခသ ကို ပေးစား မည်ဟု ဆို လျှင်၊ 13 ကာလက် ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ ကို တိုက် ယူ၍၊ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။ 14 ထိုမိန်းမ သည် ခရီးသွား စဉ် အခါ၊ လယ် တကွက်ကို အဘ တောင်း ခြင်းငှါ လင် နှင့် တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က၊ အဘယ် အလိုရှိသနည်းဟုမေး လျှင်၊ 15 သမီးက၊ ကောင်းကြီး ပေး စေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ် ကိုပေး ပါပြီ။ စမ်း ရေတွင်း တို့ကိုလည်း ပေး တော်မူပါဦးဟု တောင်း သည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။ 16 မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။ 17 တဖန် ယုဒ သည် အစ်ကို ရှိမောင် နှင့်အတူ သွား ဇေဖတ် မြို့၌နေ သောခါနနိ လူတို့ကို လုပ်ကြံ မြို့ ကို ရှင်းရှင်းဖျက်ဆီး ပြီးလျှင် ထိုမြို့ ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။ 18 ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် အာရှကေလုန် မြို့နှင့် မြို့နယ် ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။ 19 ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား သူ တို့သည် သံ ရထား ရှိကြ၏။ 20 မောရှေ မှာ ထားသည်အတိုင်း ဟေဗြုန် မြို့ကို ကာလက် အား ပေး ကြ၍ သူသည် အာနက သား သုံး ယောက်တို့ကို ထို မြို့မှ နှင်ထုတ် လေ၏။ 21 ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကို မ နှင်ထုတ် ဘဲ၊ သူ တို့သည် ယနေ့ တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။ 22 ယောသပ် အမျိုးသားတို့သည်လည်း ဗေသလ မြို့သို့ ချီ သွား၍ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ 23 လုဇ အမည် ဟောင်း ရှိသောထိုမြို့ ကို စူးစမ်းစေခြင်းငှါ စေလွှတ် သော သူလျှိုတို့သည်၊ 24 မြို့ ထဲက ထွက် လာသောလူ တယောက်ကို တွေ့မြင် ၍၊ မြို့ ထဲသို့ ဝင် သောလမ်းကို ပြ ပါတော့။ သို့ပြလျှင် သင့် ကို ချမ်းသာ ပေးမည်ဟု ဆို သော်၊ 25 ထိုသူသည် မြို့ ထဲသို့ ဝင် သောလမ်းကို ပြ သဖြင့် သူတို့သည် မြို့ သားတို့ကို ထား နှင့် လုပ်ကြံ ထိုလူ နှင့် သူ ၏အိမ်သား အပေါင်း တို့ကို လွှတ် ကြ၏။ 26 ထိုသူ သည် ဟိတ္တိ ပြည် သို့ သွား ပြီးလျှင် မြို့ ကို တည်ထောင် လုဇ အမည် ဖြင့် သမုတ် လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။ 27 မနာရှေအမျိုးသည်၊ ဗက်ရှန် မြို့ ရွာများ၊ တာနက် မြို့ ရွာများ၊ ဒေါရ မြို့ ရွာများ၊ ဣဗလံ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့ ရွာများ၌ နေ သောသူတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့သည် အနိုင်နေ ကြ၏။ 28 တဖန် ဣသရေလ အမျိုးသားတို့သည် အား ကြီးသောအခါ ခါနနိ လူတို့ကို မ နှင်ထုတ် သော်လည်း အခွန် ကို ဆက်သွင်းစေကြ၏။ 29 ထိုအတူ ဧဖရိမ် အမျိုးသည် ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ဂေဇာ မြို့၌ ရောနှောလျက် နေ ကြ၏။ 30 ထိုအတူ ဇာဗုလုန် အမျိုးသည် ကိတရုန် မြို့ သား၊ နဟာလောလ မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့ သည် ရောနှော လျက်နေ အခွန် ပေးကြ၏။ 31 ထိုအတူ အာရှာ အမျိုးသည် အက္ခော မြို့ သား၊ ဇိဒုန် မြို့ သား၊ အာလပ် မြို့သား၊ အာခဇိပ် မြို့သား၊ ဟေလဗ မြို့သား၊ အာဖိတ် မြို့သား၊ ရဟောဘ မြို့သားတို့ကို မ နှင်ထုတ် ဘဲ၊ 32 အာရှာ အမျိုးသားတို့သည် ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ 33 ထိုအတူ နဿလိ အမျိုးသည် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ သို့ရာတွင် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့သားတို့ သည် အခွန် ပေးလျက် နေကြ၏။ 34 အာမောရိ လူတို့သည်လည်း ဒန် အမျိုးသားတို့ကို တောင် ပေါ်သို့ နှင် သဖြင့်၊ ချိုင့် ထဲမှာ နေ ရသောအခွင့် ကို မ ပေးကြ။ 35 အာမောရိ လူတို့သည် ဟေရက် တောင် ပေါ်မြို့၊ အာဇလုန် မြို့၊ ရှာလဗိမ် မြို့၌ အနိုင်နေ ကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အား ကြီး သဖြင့် အာမောရိလူတို့သည် အခွန် ပေးရကြ၏။ 36 အာမောရိ လူနေရသောအရပ် သည် အကရဗ္ဗိမ် ကုန်း နား၊ သေလ မြို့မှစ၍ အထက် အရပ်ပေတည်း။

2

1 ထာဝရဘုရား ၏ တမန် တော်သည်၊ ဂိလဂါလ မြို့မှ ဗောခိမ် မြို့သို့ လာ သင် တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် သို့ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါဆောင် ခဲ့ပြီ။ သင် တို့နှင့် ငါ ဖွဲ့သော ပဋိညာဉ် ကို ငါမ ဖျက် အစဉ်အမြဲ စောင့် မည်။ 2 သင် တို့သည် ဤ ပြည် သားတို့နှင့် မိဿဟာယ ဖွဲ့ ရ။ သူ တို့ ယဇ်ပလ္လင် တို့ကို လှဲ ချရမည်ဟု ငါဆိုသော်လည်း သင်တို့သည် ငါ့ စကား ကို နား ထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ 3 တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။ 4 ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား သို့မိန့် တော်မူသောအခါ လူ များတို့သည် အသံ ကို လွှင့် ငိုကြွေး ကြ၏။ 5 ထို အရပ် ကို ဗောခိမ် အမည် ဖြင့် မှည့် ထာဝရဘုရား အား ယဇ်ပူဇော် ကြ၏။ 6 အထက်က ယောရှု သည် လူ များတို့ကို လွှတ် လိုက်သောအခါ ဣသရေလ အမျိုးသားတို့သည် အသီးအသီး မိမိ တို့အမွေခံ ရာမြေ ကို သိမ်းယူ ခြင်းငှါ သွား ကြ၏။ 7 ယောရှု လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု ကြီး အလုံးစုံ တို့ကို သိမြင် ၍၊ ယောရှု မရှိသောနောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ 8 ထာဝရဘုရား ၏ကျွန် နုန် ၏သား ယောရှု သည် အသက်တရာ တဆယ် ရှိသော်အနိစ္စရောက် လေ၏။ 9 ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေခံ ရာ တိမန မြေ သင်္ဂြိုဟ် ကြ၏။ 10 ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်း တို့သည်လည်း ဘိုးဘေး တို့ စုဝေး ရာသို့ ရောက်ကြ ၏။ ထာဝရဘုရား ကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု တို့ကို၎င်း မ သိ သော နောင် ကာလ အမျိုးသားတို့သည် ပေါ် လာကြ၏။ 11 ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။ 12 အဲဂုတ္တု ပြည် မှ သူ တို့ကို ဆောင် ခဲ့တော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ပတ်ဝန်းကျင် ၌ရှိသောလူမျိုး တို့၏ ဘုရား တပါး တို့နောက် သို့ လိုက် လျက် ဦးညွှတ် သဖြင့် ထာဝရဘုရား အမျက် တော်ကို ထွက်စေကြ၏။ 13 ထာဝရဘုရား ကို စွန့် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ဝတ်ပြု ကြသောကြောင့်14 ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ လုယူ သောသူတို့ လက် သို့ အပ် ပတ်ဝန်းကျင် သော ရန်သူ တို့၌ ရောင်း တော်မူသဖြင့်၊ ရန်သူ တို့ ရှေ့ မှာ သူတို့သည် တဖန် ရပ် နိုင် ကြ။ 15 သူတို့သည် ထွက် သွားလေရာရာ၌ ထာဝရဘုရား မိန့် မြွက်ကျိန်ဆို တော်မူသည်အတိုင်း လက် တော် အဆီးအတားနှင့် တွေ့၍ အလွန် ဆင်းရဲခြင်းသို့ ရောက်ကြ၏။ 16 သို့ရာတွင် လုယူ သောသူတို့ လက် မှ ကယ်လွှတ် သော တရားသူကြီး တို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။ 17 ထိုတရားသူကြီး တို့ စကားကိုလည်း သူတို့သည် နား ထောင်၊ အခြား တပါးသော ဘုရား တို့နှင့် မှားယွင်း ဦးညွှတ် ကြ၏။ ဘိုးဘေး တို့သည် ထာဝရ ဘုရား၏ ပညတ် တော်တို့ကို ကျင့် ၍ လိုက် သော လမ်း မှ သူတို့သည် အလျင်အမြန် လွဲ သွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မ ကျင့် ကြ။ 18 ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။ 19 တရားသူကြီး သေ သောနောက်၊ သူတို့သည် တဖန် ဘိုးဘေး ထက် သာ၍ဆိုး သဖြင့်၊ အခြား တပါးသော ဘုရား တို့နောက် သို့ လိုက် လျက် ဝတ်ပြု ဦးညွှတ် ကြ၏။ မိမိ တို့ အကျင့် ဓလေ့နှင့် ကြမ်းတမ်း သော လမ်း ကို မ စွန့် မပယ်ကြ။ 20 ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ ဤ လူ တို့သည် ငါ့ စကား ကို နား ထောင်။ သူ တို့ ဘိုးဘေး တို့နှင့် ငါဖွဲ့ သော ပဋိညာဉ် ကို ဖျက် သောကြောင့်21 ယောရှု သေ သောနောက် ကျန် ကြွင်းရစ်သော လူမျိုး တစုံတမျိုးကို သူ တို့ရှေ့ မှ နောက်တဖန် ငါ နှင်ထုတ်22 သူ တို့ ဘိုးဘေး တို့သည် ထာဝရဘုရား ၏လမ်း တော်သို့ လိုက် ခြင်းငှါစောင့်ရှောက် သကဲ့သို့ သူတို့သည် စောင့်ရှောက် မည်လော၊ မ စောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့်ဣသရေလ အမျိုးကို ငါစုံစမ်း မည်ဟု မိန့် တော်မူသည်နှင့်အညီ၊ 23 ထို လူမျိုး ကို ယောရှု လက် အပ် အလျင်အမြန် နှင်ထုတ် ဘဲ နေ တော်မူ၏။

3

1 ခါနာန် ပြည်၌ တိုက်သော စစ်မှု ရှိသမျှ တို့ကို မ သိ သော ဣသရေလ အမျိုးသားအပေါင်း တို့ကို စုံစမ်း ခြင်းငှါ ၎င်း၊ 2 စစ်မှုကို မ သိ သော ဣသရေလ အမျိုးသားအစဉ်အဆက် တို့သည် စစ် အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎င်း၊ ထာဝရဘုရား ချန် ထားတော်မူသောလူမျိုး များဟူမူကား၊ 3 ဖိလိတ္တိ မင်း ငါး ပါးအစရှိသော ခါနနိ လူအမျိုးမျိုး ဇိဒုန် လူ၊ ဗာလဟေရမုန် တောင် မှ စ၍ဟာမတ် လမ်းဝတိုင်အောင် လေဗနုန် တောင် ပေါ်မှာနေ သော ဟိဝိ လူတို့သည် ကျန်ကြွင်းကြ၏။ 4 ထာဝရဘုရား သည် မောရှေ အားဖြင့် ဘိုးဘေး တို့ကို မှာ ထားတော်မူသောပညတ် များအတိုင်း ကျင့် မည် မကျင့်မည်ကို ထင်ရှား စေခြင်းငှါ ဣသရေလ အမျိုးကို စုံစမ်း ဘို့ ရာဖြစ် သတည်း။ 5 ဣသရေလ အမျိုးသားတို့သည် ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့တွင် နေ ၍၊ 6 သူ တို့သမီး နှင့် စုံဘက် ခြင်းကို ပြုလျက် မိမိ တို့သမီး ကို ပေးစား လျက် သူ တို့ဘုရား များကို ဝတ်ပြု ကြ၏။ 7 ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလ ဘုရားများ၊ အာရှရ ပင်များကို ဝတ်ပြု သောကြောင့်8 ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက် တော်ထွက်၍ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ရောင်း တော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ် နှစ် ပတ်လုံးထိုရှင်ဘုရင် ထံ၌ ကျွန်ခံ ရကြ၏။ 9 နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ကာလက် ညီ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။ 10 ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် သို့ သက်ရောက် သဖြင့်၊ သူသည်ဣသရေလ အမျိုးကို အုပ်စိုး စစ်ချီ လေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ကို သူ့ လက် ထာဝရဘုရား အပ် တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင် ကို အောင် လေ၏။ 11 အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း ပြီးမှ ကေနတ် ၏သား ဩသံယေလ သည် သေ လေ၏။ 12 တဖန် ဣသရေလ အမျိုးသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် မောဘ ရှင်ဘုရင် ဧဂလုန် ကို ဣသရေလ အမျိုးတစ်ဘက်၌ ခွန်အား နှင့် ပြည့်စုံစေတော်မူ၏။ 13 ထိုမင်းသည် အမ္မုန် အမျိုးသား၊ အာမလက် အမျိုးသားတို့ကို စုဝေး စေလျက် ချီ သွား၍၊ ဣသရေလ လူတို့ကို လုပ်ကြံ ပြီးမှ စွန်ပလွံ မြို့ကို သိမ်းယူ သဖြင့်၊ 14 ဣသရေလ အမျိုးသားတို့သည် တဆယ် ရှစ် နှစ် ပတ်လုံးမောဘ ရှင်ဘုရင် ဧဂလုန် မင်းထံ၌ ကျွန်ခံ ရကြ၏။ 15 နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ ကယ်တင် သော သခင် လက်ျာ လက် ကို မသုံးတတ်သော ဗင်္ယာမိန် အမျိုး၊ ဂေရ သား ဧဟုဒ ကို ပေါ်ထွန်း စေတော်မူ၏။ သူ့ လက် တွင် ဣသရေလ လူတို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့ပေး လိုက်ကြ၏။ 16 ဧဟုဒ သည် အလျား တတောင် ရှိသောသန်လျက် ကို လုပ် လက်ျာ ပေါင် အဝတ် တွင်း စည်း ထားပြီးလျှင်17 မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့လက်ဆောင် ကို ဆောင် ခဲ့လေ၏။ ဧဂလုန် သည် အလွန် သောသူ ဖြစ်၏။ 18 ဧဟုဒသည် လက်ဆောင် ကို ဆက် ပြီး လျှင် လက်ဆောင် ကို ထမ်း သောသူ တို့ကို လွှတ် လိုက်၍၊ 19 ဂိလဂါလ မြို့နား ၌ရှိသောကျောက်တိုင် တို့မှ ကိုယ်တိုင်ပြန် လာ၍၊ ဘုရား ကျွန်တော် သည် တိတ်ဆိတ် စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆို လျှင် ရှင်ဘုရင် က၊ တိတ်ဆိတ် စွာနေကြဟု အမိန့် တော်ရှိသည်အတိုင်း အထံ တော်၌ ခစား သော သူအပေါင်း တို့သည် ထွက် ကြ၏။ 20 ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် ယောက်တည်း နေတတ်သော နွေ နန်းဆောင် ထိုင် နေစဉ် ဧဟုဒ သည် ချဉ်းကပ် ကိုယ်တော် နှင့်ဆိုင် သော ဘုရား သခင်၏ အမိန့် တော်ပါပါ၏ဟု လျှောက် သော်၊ ရှင်ဘုရင်သည် ထ လေ၏။ 21 ဧဟုဒ သည် လက်ဝဲ လက် ကို ဆန့် လျက် သန်လျက် ကို လက်ျာ ပေါင် မှ ထုတ် ရှင်ဘုရင် ၏ ဝမ်း ကို ထိုး သဖြင့်၊ 22 လက်ကိုင် အရိုးနှင့်တကွ သန်လျက် မြုပ် ဝင်၍ ဝမ်း ထဲက နှုတ် နိုင်အောင် ဆီဥ သည် သန်လျက် ကို လွှမ်း လျက်၊ ချေးနု လည်း ထွက် လျက်ရှိလေ၏။ 23 ထိုအခါ ဧဟုဒ သည် အခန်း ပြင်သို့ ထွက် ပြီးလျှင် နန်းတော် တံခါး တို့ကို ပိတ် သော့ခတ် လေ၏။ 24 ထွက် သွားသောနောက်၊ ကျွန် တော်မျိုးအချို့တို့သည် လာ နန်းတော် တံခါး ၌ သော့ခတ် လျက် ရှိသည်ကို မြင် လျှင် စင်စစ် နွေ နန်းဆောင် စက်တော်ခေါ် သည်ဟုဆို လျက်၊ 25 ရှက်ကြောက် သည်တိုင်အောင် ငံ့ နေပြီးမှ သူတို့အရှင် သည် တံခါး ကို မ ဖွင့် သောကြောင့် သူတို့သည် သော့ ကိုယူ ဖွင့် ကြည့် သောအခါ မြေ ပေါ် မှာ လဲ ၍ သေ လျက်ရှိသောမိမိ တို့အရှင် ကို တွေ့မြင်ကြ၏။ 26 ထိုသို့ သူ တို့သည် ငံ့ နေကြစဉ် တွင်၊ ဧဟုဒ သည် ဘေးလွတ် သဖြင့်၊ ကျောက်တိုင် တို့ကို လွန် စိရပ် ရွာသို့ ရောက် ပြီးမှ27 ဧဖရိမ် တောင် ပေါ်မှာ တံပိုး ကို မှုတ် ဣသရေလ အမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင် ပေါ်က ဆင်း ကြ၏။ 28 သူကလည်း ငါ့ နောက် သို့ လိုက် ကြလော့။ ထာဝရဘုရား သည် သင် တို့၏ရန်သူ မောဘ လူတို့ကို သင် တို့လက် အပ် တော်မူမည်ဟု ဆို သည်အတိုင်း သူ့ နောက် မှာ ဆင်း ၍ ယော်ဒန် မြစ်ကူး ရာ မောဘ ပြည်သို့ သွားရာလမ်းကို ဆီးတား သဖြင့်၊ လူ တစုံတယောက်ကိုမျှ မ ကူး စေ ရ။ 29 ထိုအခါ ခွန်အား ကြီးသော မောဘ စစ်သူရဲတယောက်မျှ မ လွတ် ဘဲ၊ လူ တသောင်း ကိုသတ် ၍၊ 30 မောဘ အမျိုးသည် ဣသရေလ အမျိုးလက် ၌ ရှုံး သဖြင့်၊ အနှစ် ရှစ်ဆယ် တိုင်တိုင်တပြည် လုံး ငြိမ်း လေ၏။ 31 ဧဟုဒ နောက် မှာ အာနတ် သား ရှံဂါ ပေါ်ထွန်း တုတ်ချွန်နှင့် ဖိလိတ္တိ လူခြောက်ရာ တို့ကိုသတ် သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ကယ်လွှတ် လေ၏။

4

1 ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊ 2 ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။ 3 ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။ 4 ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။ 5 သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။ 6 တဖန် ဒေဗောရသည် လူကို စေလွှတ် နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။ 7 ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် သင့် လက် အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။ 8 ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား သွား ပါဟု လျှောက် သော်၊ 9 ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။ 10 ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။ 11 မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ကေဒေရှ မြို့အနား ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။ 12 အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်13 သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။ 14 ဒေဗောရ ကလည်း လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။ 15 ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ခြေ ဖြင့် ပြေး လေ၏။ 16 ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။ 17 သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။ 18 ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။ 19 သူကလည်း ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် မိန်းမသည် နွားနို့ ဘူး ကို ဖွင့် သောက် စေပြီးမှ တဖန် ခြုံ လေ၏။ 20 သူကလည်း တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ မေး လျှင် ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။ 21 ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား တံသင် ကို မြေ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။ 22 ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ယေလ ထွက် ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် သိသရ သေ လျက်၊ နားပန်း တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။ 23 ထို နေ့ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်24 သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။

5

1 ထို နေ့ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊ 2 ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 3 အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။ 4 အိုထာဝရဘုရား ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ မြေကြီး လှုပ် မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။ 5 တောင်ရိုး တို့သည် ထာဝရဘုရား ရှေ့ တော်၌ ၎င်း၊ သိနာ တောင်သည်လည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ၎င်း တုန်လှုပ် ပါ၏။ 6 အာနတ် သား ရှံဂါ မင်းလက်ထက် ၎င်း၊ ယေလ မင်းလက်ထက် ၎င်း၊ လမ်းမ တို့သည် ဆိတ်ညံ လျက် ရှိ၍ ခရီးသွား သောသူတို့သည် လမ်းကြားတို့၌ လိုက် သွားရကြ၏။ 7 ဣသရေလ အမျိုး၌ မင်းဆက်ပြတ် လျက်ရှိ၏။ ငါဒေဗောရ သည် မပေါ် ငါသည် ဣသရေလ အမျိုး၌ အမိ မပေါ်ထွန်း မှီတိုင်အောင် မင်းဆက်ပြတ် လျက် ရှိ၏။ 8 ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ9 စေတနာစိတ်ရှိ၍ ဆင်းရဲသား တို့တွင် မိမိကိုယ်ကို လှူ သော ဣသရေလ အမျိုး မင်း တို့အား ငါ စိတ် နူးညွတ်၏။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 10 ဖြူ သော မြည်း ကို စီး သောသူ၊ တရားမှု ကို စီရင် သောသူ၊ လမ်း သွား သောသူတို့၊ 11 ရေကျင်း များအနား မှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံ ကိုကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား ၏ တရား သောအမှု၊ ဣသရေလ မြို့ရွာတို့၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထို အရပ်တို့တွင် ချီးမွမ်း ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား ၏ လူ တို့သည် မိမိတို့နေသောမြို့ သို့ ပြန် သွားကြလိမ့်မည်။ 12 နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ပါ၊ အဘိနောင် သား သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။ 13 ထိုအခါ ကျန်ကြွင်း သောသူတို့သည် သူရဲကြီး တို့ထံသို့ ဆင်း ကြ၏။ ထာဝရဘုရား ၏လူ တို့သည် အစွမ်း တန်ခိုးကြီးသောသူတို့ထံသို့ ငါ့ အဘို့ ဆင်း ကြ၏။ 14 အာမလက် လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ် ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန် အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရ အမျိုးထဲက မင်းများ၊ ဇာဗုလုန် အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာ ကြ၏။ 15 ဣသခါ မင်း တို့သည်လည်း ဒေဗောရ ပါ၍ ဣသခါ အမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ်၏။ ဗာရက် နောက် မှာ ချိုင့် ထဲ သို့ ပြေးလိုက်ကြ၏။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး ပြဌာန်း ခြင်း များ ကြ၏။ 16 နောက်တဖန်သင်သည် သိုး မြည်သံ ကို နားထောင် ခြင်းငှါ တောင် ကြား မှာ အဘယ်ကြောင့် ထိုင် နေသနည်း။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တို ခြင်းများ ကြသည်တကား။ 17 ဂိလဒ် ပြည်သားတို့သည် ယော်ဒန် မြစ်တစ်ဘက် ငြိမ်ဝပ်စွာနေ ကြ၏။ ဒန် အမျိုးသည် သင်္ဘော ဆိပ် အနားမှာ အဘယ်ကြောင့် နေ ရစ်သနည်း။ အာရှာ အမျိုးသည်လည်း ပင်လယ် ကမ်းနား သင်္ဘောဆိုက်ရာ ကွေ့ တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေ သည်တကား။ 18 ဇာဗုလုန် အမျိုး သည် အသက် ကို စွန့်စား သည်တိုင်အောင်ရဲရင့်၍ နဿလိ အမျိုးသည် မြင့် သော တော အရပ်၌ ထိုနည်းတူပြု၏။ 19 ရှင်ဘုရင် တို့သည် လာ ၍ စစ်တိုက် ကြ၏။ ခါနနိ ရှင်ဘုရင် တို့သည် မေဂိဒ္ဒေါ အိုင် တာနက် မြို့အနား မှာ တိုက် သော်လည်း၊ ငွေ ကို လုယူ ၍ မ ကြ။ 20 ကောင်းကင် မှ စစ်ကူ ကြ၏။ ကြယ် တို့သည် လှည့်ပတ် စဉ်အခါသိသရ ကို စစ်တိုက် ကြ၏။ 21 ကိရှုန် မြစ် စစ်မှုကြောင့် ကျော်စောသောမြစ် ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။ 22 ထိုအခါ မြင်းစီးသူရဲ တို့သည် မြင်း ကို နှင် လျက် နှင် လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာ နှင့် ထိခိုက် လျက် ပြေးကြ၏။ 23 မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။ 24 ကေနိ အမျိုးသားဟေဗာ ၏မယား ယေလ သည်၊ မိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ တဲ နေသောမိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ 25 ထိုသူသည် ရေ ကို တောင်း ၍ ယေလသည် နို့ ကိုပေး ၏။ မင်း သုံးသော ဖလား နှင့် နို့ဓမ်း ကို ဆက် လေ၏။ 26 တဲတံသင် ကို ယူ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။ 27 သူသည် ယေလ ခြေရင်း ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ကျ လဲ ၍ ကျ ရာအရပ် သေ လျက် လဲ နေ၏။ 28 သိသရ အမိ သည် ပြတင်းပေါက် ဝဖြင့် ကြည့် ကုလားကာ အတွင်း ၌ နေလျက်၊ သူ ၏ ရထား သည် အဘယ်ကြောင့် လာ ခဲ သနည်း။ ရထား ဘီး တို့သည် အဘယ်ကြောင့် နှေး သနည်းဟု မြည်တမ်း လေ၏။ 29 ပညာရှိ သော မင်းသမီး တို့သည် ပြန် လျှောက်သည်သာမက သူ့ကိုယ်တိုင်ပြန် ပြောသည်ကား၊ 30 သူတို့သည် တွေ့ ၍ရသောဥစ္စာ ကို ဝေဖန် လျက် နေကြသည်မဟုတ် လော။ စစ်သူရဲ တို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရ ဘို့ ပန်းဆိုးသော အဝတ် ပန်းဆိုး၍ ချယ်လှယ် သော အဝတ် တန်ဆာ၊ အောင် သောသူတို့၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ် လျက် အဆင်းအရောင်ထူးခြားသော အဝတ် တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။ 31 အိုထာဝရဘုရား ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။

6

1 တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် သူ တို့ကို မိဒျန် အမျိုးလက် ခုနစ် နှစ် ပတ်လုံးအပ် တော်မူသဖြင့်2 မိဒျန် အမျိုးသည် ဣသရေလ အမျိုးကို နိုင် ၍ ညှဉ်းဆဲ သောကြောင့် ဣသရေလ အမျိုးသားတို့သည် တောင်ရိုး ခိုင်ခံ့ သော ဥမင် မြေတွင်း တို့ကို လုပ် ရကြ၏။ 3 ဣသရေလ အမျိုးသည် လယ် လုပ်ပြီးမှ၊ မိဒျန် ပြည်သားနှင့် အာမလက် ပြည်သားအစရှိသော အရှေ့ ပြည်သား တို့သည် ချီ လာ၍4 တပ်ချ သဖြင့်၊ ဂါဇ မြို့တိုင်အောင်မြေ အသီးအနှံ ကို သုတ်သင် ပယ်ရှင်းလျက် စားစရာ ကို ချန်၍မထား။ သိုး နွား မြည်း ကိုလည်း ချန် ၍ မ ထားကြ။ 5 အဘယ်သို့နည်းဟူမူကား၊ သူ တို့သည် တိရစ္ဆာန် များ၊ တဲ များပါလျက်၊ ကျိုင်းကောင် များပြား သကဲ့သို့ သူ တို့နှင့် ကုလားအုပ် တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလ ပြည် ကို ဖျက်ဆီး လျက် လာ ကြ၏။ 6 ဣသရေလ အမျိုးသားတို့သည် မိဒျန် အမျိုးသားတို့ကြောင့် အလွန် ဆင်းရဲ ထာဝရဘုရား အား ဟစ်ကြော် ကြ၏။ 7 ထိုသို့ မိဒျန် အမျိုးသားတို့ကြောင့် ထာဝရဘုရား အား ဟစ်ကြော် ကြသောအခါ8 ထာဝရဘုရား သည် ပရောဖက် တယောက် ကို ဣသရေလ အမျိုးသားတို့ထံ သို့စေလွှတ် တော်မူ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါနှုတ် ဆောင်ပြီ။ 9 အဲဂုတ္တု ပြည်သားလက် မှ ၎င်း ညှဉ်းဆဲ သောသူအပေါင်း တို့လက် မှ ၎င်း၊ သင် တို့ကို ကယ်နှုတ် သူ တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် သဖြင့် သူ တို့ပြည် ကိုပေး ပြီ။ 10 ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင် တို့နေ သောအာမောရိ ပြည်သားကိုးကွယ်သော ဘုရား တို့ကို မ ကြောက်ရွံ့ ကြနှင့်ဟု ငါပညတ် သော်လည်း သင်တို့သည် ငါ့ စကား ကို နား ထောင်ကြဟု မိန့် တော်မူ၏။ 11 တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည်လာ ဩဖရ ရွာမှာ အဗျေဇာ အမျိုးသားယောရှ ပိုင်သော သပိတ် ပင်အောက် ၌ ထိုင် လေ၏။ ယောရှ သား ဂိဒေါင် သည် မိမိစပါးကို မိဒျန် လူတို့ မ တွေ့စေခြင်းငှါ စပျစ်သီး နယ်ရာ တန်ဆာအနား မှာ စပါး ကို နယ် လျက်နေ၏။ 12 ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကိုယ်ထင်ရှား ခွန်အားကြီး သော အချင်းသူရဲ ထာဝရဘုရား သည် သင် နှင့်အတူ ရှိတော်မူ၏ဟု ဆို လျှင်13 ဂိဒေါင် က၊ အိုသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့်အတူ ရှိ တော်မူသည် မှန်လျှင် အဘယ်ကြောင့် အမှုကြီး ရောက် ရပါသနည်း။ ထာဝရဘုရား သည် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်တော်မူသည် မဟုတ် လောဟု အကျွန်ုပ် တို့အဘ များ ပြော သည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ် သော အမှုရှိသမျှ တို့သည် အဘယ်မှာ ရှိပါသနည်း။ ယခု မှာ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို စွန့် မိဒျန် လူတို့လက် သို့ အပ် တော်မူပြီတကားဟု ဆို လေသော်၊ 14 ထာဝရဘုရား သည် သူ့ ကို ကြည့်ရှု ယခု သင် ရသောတန်ခိုး ကို အမှီပြု လျှက် သွား လော့။ သင်သည် ဣသရေလ အမျိုးကို မိဒျန် လူတို့လက် မှ ကယ်နှုတ် လိမ့်မည်။ သင့် ကို ငါစေခိုင်း သည် မဟုတ် လောဟု မိန့် တော်မူ၏။ 15 ဂိဒေါင်ကလည်း အိုသခင် အကျွန်ုပ်သည် ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ် နိုင်ပါမည်နည်း။ အကျွန်ုပ် အဆွေအမျိုး သည် မနာရှေ အမျိုး၌ သာ၍ဆင်းရဲ ပါ၏။ အကျွန်ုပ် သည်လည်း ကိုယ် အဆွေအမျိုး အယုတ် ဆုံးသောသူဖြစ် ပါ၏ဟု လျှောက် လျှင်၊ 16 ထာဝရဘုရား က၊ အကယ်စင်စစ် ငါသည် သင် နှင့်အတူ ရှိ သဖြင့် သင်သည် လူ ယောက်ကို လုပ်ကြံသကဲ့သို့ မိဒျန် လူတို့ကို လုပ်ကြံ လိမ့်မည်ဟု မိန့် တော်မူ၏။ 17 ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာရ ပါလျှင် အကျွန်ုပ် နှင့် ယခု နှုတ်ဆက် တော်မူကြောင်း ထင်ရှားသော နိမိတ် လက္ခဏာကို ပြ တော်မူပါ။ 18 အကျွန်ုပ် သည် တဖန်လာ ပြန်၍ ဘောဇဉ် ပူဇော်သက္ကာကို ဆောင် ခဲ့သဖြင့် ကိုယ်တော် ရှေ့ ၌ မ တင် မှီတိုင်အောင်၊ ဤ အရပ်က ကြွ သွားတော်မ မူပါနှင့်ဟု တောင်းပန် လျှင် သင် သည် ပြန် ၍ မ လာမှီတိုင်အောင်ငါနေ မည်ဟု မိန့် တော်မူ၏။ 19 ဂိဒေါင် သည် သွား ဆိတ် သငယ် တကောင်ကို၎င်း၊ မုန့်ညက် တဧဖာ နှင့် လုပ်သော တဆေး မဲ့ မုန့်ပြားတို့ကို၎င်းပြင်ဆင် လေ၏။ ဆိတ်သား ကို တောင်း ထည့် ဆိတ်သားပြုတ်ရည် ကို အိုး လောင်း ပြီးမှ ကောင်းကင်တမန် ရှိရာ သပိတ် ပင်အောက် သို့ ဆောင် ခဲ့၍ ဆက် လေ၏။ 20 ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း အမဲသား နှင့် တဆေး မဲ့မုန့်ပြားတို့ကို ယူ ကျောက် ပေါ် မှာ တင် ထားလော့။ အမဲသားပြုတ်ရည် ကို သွန်းလောင်း လော့ဟု ဆို လျှင် ဆိုသည်အတိုင်း ဂိဒေါင်သည် ပြု လေ၏။ 21 ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ကျောက် ထဲက မီး အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။ 22 ထာဝရဘုရား ၏ကောင်းကင် တမန်ဖြစ်သည်ကို ဂိဒေါင် သည် သိမြင် သောအခါ အို အရှင် ထာဝရဘုရား အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မျက်နှာချင်းဆိုင် ၍ မြင် ရပါပြီတကားဟုလျှောက် သော်၊ 23 ထာဝရဘုရား က၊ ချမ်းသာ ပါစေ။ မ စိုးရိမ် နှင့်။ သင်သည် သေ ဘေးနှင့် လွတ် လျက်ရှိသည်ဟု မိန့် တော်မူ၏။ 24 ထို အရပ်၌ ဂိဒေါင် သည် ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ယေဟောဝါ ရှာလုံ အမည်ဖြင့် မှည့် လေ၏။ အဗျေဇာ သား၏ နေရာဩဖရ ရွာ၌ ယနေ့ တိုင်အောင် ရှိသတည်း။ 25 ထို နေ့ည မှာ ထာဝရဘုရား က၊ သင့် အဘ ၏နွား ပိုက် နှင့် အသက်ခုနစ် နှစ် ရှိ သောဒုတိယ နွားထီး ကို ယူ ပြီးလျှင် သင့် အဘ တည်သော ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ယဇ်ပလ္လင် အနား မှာရှိသော အာရှရ ပင်ကို ခုတ်လှဲ လော့။ 26 ငါစီရင်သည်အတိုင်း၊ ဤ ကျောက် ပေါ် မှာ ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ပြီးလျှင် ခုတ်လှဲ သော သစ်သား ဖြင့် ဒုတိယ နွား ကို မီးရှို့ ယဇ် ပူဇော်လော့ဟု မိန့် တော်မူ၏။ 27 ဂိဒေါင် လည်း မိမိ ကျွန် ဆယ် ယောက်တို့ကို ခေါ် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု လေ၏။ မိမိ အဘ ၏ အိမ်သား တို့ကို၎င်း မြို့ သား တို့ကို၎င်းကြောက် ၍၊ နေ့ အချိန်၌ မပြု ဝံ့သောကြောင့် ညဉ့် အချိန်၌ ပြု ၏။ 28 နံနက် စောစောမြို့ သား တို့သည် ထ ကြသောအခါ ဗာလ ဘုရား၏ ယဇ်ပလ္လင် သည် ပြိုပျက် လျက် အနား မှာရှိသော အာရှရ ပင်လည်း လဲ လျက် နောက်တည် သော ယဇ်ပလ္လင် ပေါ် မှာ ဒုတိယ နွားထီး ကို ပူဇော် လျက်ရှိသည်ကို တွေ့ ကြလျှင်29 အမှု ကို အဘယ်သူ ပြု သနည်းဟု တယောက် ကို တယောက်မေးမြန်း စစ်ကြော လျှင် အမှု ကို ယောရှ သား ဂိဒေါင် ပြု ပြီဟု လူအချို့တို့သည် ဆို ကြ၏။ 30 ထိုအခါ မြို့ သား တို့သည် ယောရှ အား သင် ၏သား သည် ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် အနား မှာရှိသောအာရှရ ပင်ကို ခုတ်လှဲ သောကြောင့် သူ့ကို အသေခံ စေခြင်းငှါ ထုတ် လော့ဟု ဆို သော်လည်း31 ယောရှ သည် တစ်ဘက်၌ နေ သောသူအပေါင်း တို့အား သင် တို့သည် ဗာလ ဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ ကို ကယ်တင် မည်လော။ သူ့ ဘက်၌ အမှု စောင့်သောသူ သည်၊ နံနက် လွန်မှီ အသေခံ ပါလေစေ။ ဗာလ သည် ဘုရား မှန်လျှင် သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏။ 32 ထိုသို့ ဗာလ ဘုရားသည် သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ထိုသူတဘက် မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ဆို လျှက် သူ၏သားကို ထို နေ့ ယေရုဗ္ဗာလ အမည်ဖြင့် မှည့် သတည်း။ 33 ထိုအခါ မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် စည်းဝေး သဖြင့် ယေဇရေလ ချိုင့် သို့ ကူး သွား၍ တပ်ချ ကြ၏။ 34 ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဂိဒေါင် အပေါ်မှာ သက်ရောက် သူသည် တံပိုး မှုတ် သဖြင့် အဗျေဇာ သားတို့သည် လိုက်ကြ၏။ 35 တမန် တို့ကို မနာရှေ ခရိုင်တရှောက်လုံး သို့ စေလွှတ် မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်သို့ တမန် တို့ကို စေလွှတ် ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာ ကြ၏။ 36 ဂိဒေါင် သည်လည်း ဘုရား သခင်အား ကိုယ်တော်သည် မိန့် တော်မူသည်အတိုင်း ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူမည်မှန်လျှင်37 အကျွန်ုပ် သည် သိုး တကောင်၏အမွေးကို တလင်း ထား ပါမည်။ သိုးမွေး သည် နှင်း စို မြေ တပြင်လုံး သွေ့ခြောက် လျှင် မိန့် တော်မူသည်အတိုင်း ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူ မည်ကို အကျွန်ုပ်သိ ပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ် လေ၏။ 38 နံနက်စောစော ထ၍ သိုးမွေး ကို ညှစ် သဖြင့် နှင်း ရည်သည် အင်တုံ အပြည့် ရှိလေ၏။ 39 တဖန် ဂိဒေါင် က၊ အမျက်ထွက် တော်မ မူပါနှင့်။ တကြိမ် သာ လျှောက် ပါဦးမည်။ သိုး တကောင်၏ အမွေးနှင့် ယခု တကြိမ် သာ စုံစမ်း ရသောအခွင့်ကိုပေးတော်မူပါ။ မြေ တပြင်လုံး သည် နှင်း စို သိုးမွေး သွေ့ခြောက် ပါစေဟု ဘုရား သခင်အား တောင်း လျှောက်သည်အတိုင်း၊ 40 ထို ညဉ့် လည်း ဘုရား သခင်ပြု တော်မူသဖြင့် မြေ တပြင်လုံး သည် နှင်း စို သိုးမွေး သွေ့ခြောက် လျက် ရှိ ၏။

7

1 ယေရုဗ္ဗာလ အမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင် သည် နံနက်စောစော ထ၍ ရှိသမျှ သော သူ တို့နှင့်တကွ ဟာရုတ် ရေတွင်းနား မှာ တပ်ချ သဖြင့် မိဒျန် တပ် သည် မြောက် ဘက်၊ မောရေ တောင် ခြေရင်းချိုင့် ရှိ ၏။ 2 ထာဝရဘုရား ကလည်း သင် ပါသောလူ တို့သည် အလွန်များ ၍၊ သူ တို့လက် မိဒျန် လူတို့ကို ငါ အပ် ရ။ အပ်လျှင် ဣသရေလ အမျိုးက၊ ငါ့ လက်ရုံး သည် ငါ့ ကို ကယ်တင် ပြီဟု ငါ့ တစ်ဘက်၌ ဝါကြွား လိမ့်မည်။ 3 သို့ဖြစ်၍ ကြောက်လန့် သောသူ မည်သည်ကား၊ ဂိလဒ် တောင် မှ စောစောပြန် သွားစေဟု လူ များတို့ အား ဟစ်ကြော် လော့ဟု ဂိဒေါင် အား မိန့် တော်မူသဖြင့်၊ လူ နှစ်သောင်း နှစ်ထောင်ပြန် သွား၍ တသောင်း ကျန်ရစ် ၏။ 4 တဖန် ထာဝရဘုရား ကလည်း လူ တို့သည် အလွန် များသေး ၏။ ရေဆိပ် သို့ ခေါ် ခဲ့လော့။ သူ တို့ကို ရေဆိပ် မှာ သင့် အဘို့ ငါစုံစမ်း မည်။ ထိုအခါ မည်သောသူ သည် သင် နှင့်အတူ သွား ရမည်ဟု ငါဆို လျှင်၊ ထိုသူ သည် သွား ရမည်။ ဤ မည်သော သူ သွား ရဟု ငါဆို လျှင် ထိုသူ သည် မ သွား ရဟု မိန့် တော်မူသည်အတိုင်း5 ဂိဒေါင်သည် လူ တို့ကို ရေဆိပ် သို့ ခေါ် ခဲ့၍ ထာဝရဘုရား က၊ ခွေး သည် ရေ ကိုလျက် ၍ သောက်သကဲ့သို့ လျှာ နှင့် လျက် ၍ သောက်သောသူ တစု၊ ဒူး ထောက်လျက် ဝပ် ၍ သောက် သောသူတစု၊ ထိုလူနှစ်စုကို ခွဲ ထားလော့ဟု ဂိဒေါင် အား မိန့် တော်မူ၏။ 6 ထိုအခါ မိမိလက်ခုပ် နှင့် ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံး ရာ ရှိ ၏။ ကြွင်း သောသူ အပေါင်း တို့သည် ရေ သောက် ခြင်းငှါ ဒူး ထောက်၍ ဝပ် ကြ၏။ 7 ထာဝရဘုရား ကလည်း လျက် ၍ သောက်သောသူ သုံး ရာ အားဖြင့် သင့် ကို ငါကယ်တင် မိဒျန် လူတို့ကို သင့် လက် အပ် မည်။ ကြွင်း သောသူ တို့ကို မိမိ နေရာ သို့ ပြန် သွားစေဟု ဂိဒေါင် အား မိန့် တော်မူ၏။ 8 ထိုသူတို့သည် စားစရိတ် နှင့် တံပိုး များကို ယူ ကြွင်း သော ဣသရေလ အမျိုးသား အပေါင်းတို့ကို မိမိ နေရာ သို့ ဂိဒေါင်သည် လွှတ် လိုက်သဖြင့် ထိုသုံး ရာ သော လူ တို့ကိုသာ မိမိနှင့်အတူချန် ထားလေ၏။ မိဒျန် လူတို့သည် သူ့ အောက် ချိုင့် တပ်ချ လျက် ရှိကြ၏။ 9 ထို ညဉ့် တွင် ထာဝရဘုရား က၊ ထ လော့။ ရန်သူတပ် ချရာသို့ ချီ သွားလော့။ သင့် လက် ငါအပ် မည်။ 10 ချီ ဝံ့လျှင် သင် ၏ ကျွန် ဖုရ ကို ရှေ့ဦးစွာခေါ် သွားလော့။ 11 သူတို့သည် အဘယ်သို့ ပြော သည်ကို ကြား လိမ့်မည်။ ထိုနောက်မှ တပ် ချရာသို့ ချီ သွားခြင်းငှါ သင့် လက် အားကြီး လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း ဂိဒေါင် သည် မိမိ ကျွန် ဖုရ ကို ခေါ်၍ ရန်သူ၏ တပ် ပြင် ကင်း ထိုးသောသူရှိရာသို့ သွား လေ၏။ 12 မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် ချိုင့် အိပ် လျက်၊ ကျိုင်းကောင် နှင့်အမျှ များ ကြ၏။ ကုလားအုပ် တို့သည်လည်း သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အတိုင်းမသိ များ ကြ၏။ 13 ဂိဒေါင် သည် ရောက် သောအခါ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊ 14 သူ ၏အပေါင်းအဘော် က၊ ထို မုန့်ပြားသည် အခြားမဟုတ် ဣသရေလ အမျိုးယောရှ သား ဂိဒေါင် ၏ ထား ဖြစ်၏။ ထိုသူ လက် ဘုရား သခင်သည် မိဒျန် အမျိုး၊ မိဒျန်ဗိုလ်ခြေ အပေါင်း ကို အပ် တော်မူမည်ဟု ပြန်ပြော ၏။ 15 ထိုအိပ်မက် နှင့် အိပ်မက်အနက် ကို ဂိဒေါင် သည် ကြား သောအခါ ကိုးကွယ် ဣသရေလ တပ် သို့ ပြန် ပြီးလျှင် ကြ၊ ထာဝရဘုရား သည် မိဒျန် ဗိုလ်ခြေ တို့ကို သင် တို့လက် အပ် တော်မူမည်ဟု ဆို ၏။ 16 ထိုအခါ လူ သုံး ရာ တို့ကို သုံး စု ခွဲ တံပိုး တလုံးနှင့် မီးခွက် ပါသောအိုး တလုံးစီကို လူ တိုင်း လက် ဆောင် စေ၏။ 17 ငါ့ ကို ကြည့် ငါ ပြုသည်အတိုင်း ပြု ကြ။ တပ် ပြင် သို့ ရောက် သောအခါ၊ ငါပြု သည်အတိုင်း ပြု ကြ။ 18 ငါ နှင့် ငါ ပါသောသူ အပေါင်း တို့သည် တံပိုး မှုတ် သောအခါ တပ် ပတ်လည် အရပ်ရပ် ၌ သင်တို့သည် တံပိုး မှုတ် ထာဝရဘုရား နှင့် ဂိဒေါင် ၏ ထားဟု ဟစ် ကြလော့ဟု မှာ ထား၏။ 19 ထိုသို့ ဂိဒေါင် နှင့် သူ ပါသော လူ တရာ တို့သည် သန်းခေါင် ယံ ၌ ကင်း လဲ စက တပ် ပြင် သို့ ရောက် သဖြင့် တံပိုး မှုတ် ကြ၏။ မိမိ ကိုင် သော အိုး တို့ကိုလည်း ခွဲ ကြ၏။ 20 လူသုံး စု တို့သည် တံပိုး မှုတ် အိုး တို့ကို ခွဲ သဖြင့် လက်ဝဲ လက် မီးခွက် တို့ကို၎င်း လက်ျာ လက် မှုတ် စရာ တံပိုး တို့ကို၎င်းကိုင် လျက် ထာဝရဘုရား နှင့် ဂိဒေါင် ၏ထား ဟု ဟစ် ကြ၏။ 21 သူတို့သည် တပ် ပတ်ဝန်းကျင် ၌ လူတိုင်း မိမိ နေရာ အရပ်တွင် ရပ် နေ၍ တပ်သား အပေါင်း တို့သည် ပြေး လျက် အော် လျက် ထွက်ပြေး ကြ၏။ 22 လူသုံး ရာ တို့သည် တံပိုး မှုတ် သောအခါ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့်၊ တပ်သား အပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ် အရပ် ဗက်ရှိတ္တ မြို့သို့ ၎င်း၊ တဗ္ဗတ် မြို့နား မှာ အာဗေလမဟောလ မြို့နယ် သို့ ၎င်း ပြေး ကြ၏။ 23 ဣသရေလ လူ တို့သည် နဿလိ ခရိုင်၊ အာရှာ ခရိုင်၊ မနာရှေ ခရိုင် အရပ်ရပ် ထဲက စု လာ၍ မိဒျန် လူတို့ကို လိုက် ကြ၏။ 24 ဂိဒေါင် သည်လည်း တမန် တို့ကို ဧဖရိမ် တောင် တရှောက်လုံး သို့ စေလွှတ် ၍၊ သင်တို့သည် မိဒျန် လူတို့ကို ဆီးတား ခြင်းငှါ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် သူ တို့အရင် စောင့် နေကြလော့ဟု မှာ လိုက်သည်အတိုင်း ဧဖရိမ် လူ အပေါင်း တို့သည် စုဝေး ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် စောင့် နေကြ၏။ 25 မိဒျန် ဗိုလ်ချုပ် နှစ် ယောက်၊ ဩရဘ နှင့် ဇေဘ ကို ဘမ်းဆီး ဩရဘ ကို ဩရဘ ကျောက် ပေါ်၌ ၎င်း၊ ဇေဘ ကိုဇေဘ စပျစ်သီးနယ်ရာ တန်ဆာ၌ ၎င်း သတ် ပြီးမှ၊ မိဒျန် လူတို့ကို လိုက် သဖြင့် ဩရဘ ၏ဦးခေါင်း နှင့် ဇေဘ ၏ဦးခေါင်းတို့ကိုယော်ဒန် မြစ်တဘက် ဂိဒေါင် ထံ သို့ဆောင် ခဲ့ကြ၏။

8

1 ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။ 2 ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။ 3 ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။ 4 ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ သူ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး လိုက် ကြ၏။ 5 သုကုတ် မြို့သား တို့အား လည်း ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း6 သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ရှိသလောဟု ပြန်ပြော ကြ၏။ 7 ဂိဒေါင် ကလည်း သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် အပ် တော်မူသောအခါ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်8 ထိုအရပ်ကပေနွေလ မြို့သို့ သွား သူ တို့အား ထို နည်းတူ တောင်း သော်လည်း သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။ 9 ဂိဒေါင်ကလည်း ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။ 10 ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။ 11 ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ တဲ နေ သူတို့လမ်း ဖြင့် ချီ သွား၍ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်12 မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ဂိဒေါင်သည် လိုက် တပ် ကို ဖျက် လေ၏။ 13 ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ14 သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ မေး စစ်လျှင် ထိုသူသည်သုကုတ် မြို့အရာရှိ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။ 15 ဂိဒေါင်သည်လည်း သုကုတ် မြို့သား တို့ရှိရာသို့ လာ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊ 16 ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။ 17 ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် မြို့ သား တို့ကို ကွပ်မျက် လေ၏။ 18 ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊ 19 ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊ 20 မိမိ သားဦး ယေသာ အား ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း သား သည် အသက်အရွယ်ငယ် သောကြောင့် ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။ 21 ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ကိုယ်တော် တိုင်ထ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် သူ တို့ ကုလားအုပ် ၏ လည်ပင်း ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။ 22 ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊ 23 ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊ 24 သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။ 25 သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။ 26 ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ လည်ဆွဲ နီမောင်း သောအဝတ် ကုလားအုပ် လည် ကြိုး များကို ရသေး၏။ 27 ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။ 28 ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး နောက်တဖန် အစိုး ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။ 29 ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား နေ သတည်း။ 30 ဂိဒေါင် သည် မယား များ ကိုယ် သောသား ခုနစ်ဆယ် ရှိ ၏။ 31 ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။ 32 ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် အဗျေဇာ သားနေရာ ဩဖရ မြို့မှာ အဘ ယောရှ သင်္ချိုင်း သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။ 33 ဂိဒေါင် သေ သောအခါ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။ 34 ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊ 35 ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ သူ၏အမျိုး ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။

9

1 ယေရုဗ္ဗာလ သား အဘိမလက် သည် ရှေခင် မြို့သို့ သွား ဦးရီး များ၊ အမိ ၏အဆွေအမျိုး များအပေါင်း တို့နှင့် နှုတ်ဆက် လျက်၊ 2 ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့သည် သင် တို့ကို အုပ်စိုး ကောင်း သလော။ သား တယောက် တည်း အုပ်စိုး ကောင်းသလော။ ငါ သည် သင် တို့၏ အရိုး အသား စစ်ဖြစ်ကြောင်း ကို မ မေ့ကြနှင့်ဟု ရှေခင် မြို့သား အပေါင်းတို့အား ပြော ရမည်အကြောင်းကို တိုင်ပင်လေ၏။ 3 ထို စကား ကို ဦးရီး တို့သည် ရှေခင် မြို့သား တို့အား အကုန်အစင် ပြန်ပြော ၍၊ သူတို့က၊ အဘိမလက် သည် ငါ တို့ညီအစ်ကို ဖြစ်သည်ဟုဆို လျှက် သူ့နောက် သို့ လိုက်ချင်သောစိတ် နူးညွတ် သဖြင့်4 ငွေ ခုနစ်ဆယ် ကို ဗာလဗေရိတ် အိမ် မှ ထုတ် ၍ပေးလျှင် အဘိမလက် သည် လျှပ်ပေါ် သောသူတို့ကို ထိုငွေ နှင့် ငှါး အမှု ကို ထမ်းစေ၏။ 5 တဖန် ဩဖရ မြို့၌ ရှိသောမိမိ အဘ အိမ် သို့ သွား မိမိ ညီအစ်ကို ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် လေ၏။ သို့ရာတွင် ယေရုဗ္ဗာလ သား အငယ်ဆုံး ယောသံ သည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ် သတည်း။ 6 ရှေခင် မြို့သား အပေါင်း တို့နှင့် မိလ္လော အဆွေအမျိုးအပေါင်း တို့သည် ရှေခင် မြို့တွင် ရှိသောအထိမ်းအမှတ် သပိတ် ပင်အနား မှာ စည်းဝေး အဘိမလက် ကို ရှင်ဘုရင် အရာ၌ ခန့် ထားကြ၏။ 7 ထိုအမှုကို ယောသံ သည် ကြား သိသောအခါ ဂေရဇိမ် တောင် သို့ သွား တောင်ပေါ် မှာ ရပ် လျက် အသံ ကို လွှင့် ကြွေးကြော် လေသည်မှာ၊ အိုရှေခင် မြို့သား တို့၊ သင် တို့စကားကို ဘုရား သခင်နားထောင် တော်မူမည်အကြောင်း ငါ့ စကားကို နားထောင် ကြလော့။ 8 သစ်ပင် တို့သည် မိမိ တို့ကို အုပ်စိုးရသောရှင်ဘုရင် ကို ခန့်ထားလျက် ဘိသိက် ပေးခြင်းငှါ ထွက်သွား အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သံလွင် ပင်အား လျှောက် ကြလျှင်၊ 9 သံလွင် ပင်က၊ ဘုရား အသရေ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။ 10 တဖန် သင်္ဘောသဖန်း ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊ 11 သင်္ဘောသဖန်း ပင်က၊ ငါ ၌ ချို သော အရသာနှင့် ကောင်း သောအသီး ကို ငါသည် စွန့် သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။ 12 တဖန် စပျစ် ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊ 13 စပျစ် ပင်က၊ ဘုရား ၏စိတ်နှင့် လူ ၏စိတ်ကို ရွှင်လန်း စေသော ငါ့ စပျစ်ရည် ကို ငါသည် စွန့် သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။ 14 တဖန် ဆူးလေ ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် အပေါင်း တို့သည် လျှောက် ကြလျှင်၊ 15 ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။ 16 ယခု မှာ သင်တို့သည် အဘိမလက် ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား ကောင်းမွန် စွာ ပြု ကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။ 17 ငါ့ အဘ သည် သင် တို့အဘို့ စစ်တိုက် ကိုယ် အသက် ကို စွန့်စား လျက်၊ သင် တို့ကို မိဒျန် အမျိုးလက် မှ ကယ်နှုတ် လေပြီ။ 18 သင်တို့သည် ငါ့ အဘ ၏အဆွေအမျိုး တစ်ဘက်၌ ယနေ့ သူ ၏သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် ပြီးလျှင် သူ ၏ကျွန်မ တွင် မြင်သော သား အဘိမလက် သည် သင် တို့ညီအစ်ကို ဖြစ်သောကြောင့် သူ့ ကို ရှေခင် မြို့သား တို့၏ ရှင်ဘုရင် ခန့်ထားကြပြီတကား။ 19 ယခုမှာ သင်တို့သည် ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား သစ္စာတရား အတိုင်း ယနေ့ ပြု ပြီးလျှင် အဘိမလက် ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ အဘိမလက် သည်လည်း သင် တို့ကို အမှီပြု ၍ ဝမ်းမြောက် ပါစေ။ 20 သို့မဟုတ် လျှင် အဘိမလက် ထဲက မီး ထွက် ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးကိုလောင် ပါစေ။ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးထဲက မီး ထွက် အဘိမလက် ကို လောင် ပါစေဟု ကြွေးကြော်ပြီးမှ၊ 21 အလျင်အမြန်ပြေး အစ်ကို အဘိမလက် ကို ကြောက်သောကြောင့် ဗေရ မြို့သို့ သွား နေ လေ၏။ 22 အဘိမလက် သည် ဣသရေလ အမျိုးကို အုပ်စိုး သုံး နှစ် စေ့သောအခါ၊ 23 ဘုရား သခင်သည် အဘိမလက် နှင့် ရှေခင် မြို့သား စပ်ကြား မှာ ဆိုး သောဝိညာဉ် ကို စေလွှတ် တော်မူ၍ ရှေခင် မြို့သား တို့သည် အဘိမလက် ၏သစ္စာကို ဖျက် ကြ၏။ 24 အကြောင်းမူကား၊ ယေရုဗ္ဗာလ ၏ သား ခုနစ်ဆယ် တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သောသူ တို့ ညီအစ်ကို အဘိမလက် အပေါ် သို့၎င်း၊ ညီအစ်ကို များကိုသတ် သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင် မြို့သား တို့အပေါ် သို့၎င်း ရောက် ရမည်အကြောင်းတည်း။ 25 ရှေခင် မြို့သား တို့သည် အဘိမလက်ကို ချောင်းမြောင်း စေခြင်းငှါ၊ လူတို့ကို တောင် ထိပ် ပေါ် မှာထား ထိုသူတို့သည် ခရီး သွား သောသူ အပေါင်း တို့၏ ဥစ္စာကို လု ယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက် သည်ကြား ၏။ 26 ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့ဘက်သို့ ဝင် ရှေခင် မြို့သား တို့သည် သူ့ ကို ကိုးစား ကြ၏။ 27 ဥယျာဉ် ၌ လည် လျက် စပျစ်သီး ကို သိမ်း ယူလျက် ပျော်မွေ့ ခြင်းကို ပြု သဖြင့် မိမိ တို့ ဘုရား ၏ကျောင်း သို့သွား အဘိမလက် ကို ကျိန်ဆဲ ကြ၏။ 28 ဧဗက် ၏သား ဂါလ ကလည်း ငါတို့သည် အဘိမလက် အမှု ကို စောင့်ရမည်အကြောင်း အဘိမလက် ကားအဘယ်သူ နည်း၊ ရှေခင် ကား အဘယ်သူ နည်း။ အဘိမလက်သည် ယေရုဗ္ဗာလ သား မဟုတ် လော။ ဇေဗုလ သည် သူ ၏အမှုထမ်း မဟုတ်လော။ ရှေခင် အဘ ဟာမော် လူ တို့၏ အမှု ကို ထမ်းကြလော့။ အဘိမလက် အမှု ကို အဘယ်ကြောင့် ထမ်းရမည်နည်း။ 29 လူ တို့သည် ငါ့ လက် သို့ ရောက် ပါစေသော။ သို့ဖြစ်လျှင် အဘိမလက် ကို ငါပယ် မည်ဟူ၍၎င်း၊ အဘိမလက် အား သင် ၏ ဗိုလ်ခြေ တို့ကို ပြင်ဆင် လာ တော့ဟူ၍၎င်း ဆို ၏။ 30 ဧဗက် ၏သား ဂါလ စကား ကို မြို့ အုပ် ဇေဗုလ ကြား သောအခါ အမျက် ထွက်31 ပရိယာယ်အားဖြင့်အဘိမလက် ထံ သို့စေလွှတ် လျက်၊ ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့သို့ လာ ကိုယ်တော် တစ်ဘက် ၌ မြို့ ကို ပြင်ဆင် ကြပါ၏။ 32 သို့ဖြစ်၍ ညဉ့် အခါ ကိုယ်တော် သည် ပါ သော သူ တို့နှင့်တကွ တော ချောင်းမြောင်း လျက် နေတော်မူပါ။ 33 နံနက် စောစောနေ ထွက်စကထ မြို့ ကို တိုက် တော်မူပါ။ ဂါလ သည် သူ ပါသော လူ တို့နှင့်တကွ ဆီး ၍ ကြိုသောအခါ အဆင်သင့်သည်အတိုင်း ပြု တော်မူပါဟု ကြား လျှောက်လေ၏။ 34 အဘိမလက် သည် သူ ပါသမျှ သော လူ တို့နှင့်တကွ ညဉ့် အခါ ထ တပ် လေး တပ်ခွဲပြီးလျှင်၊ ရှေခင် မြို့ကို ချောင်းမြောင်း လျက်နေကြ၏။ 35 ဧဗက် ၏သား ဂါလ သည် ထွက် မြို့ တံခါး ၌ ရပ် လျှင် အဘိမလက် သည် မိမိ ပါသော သူ တို့ နှင့်တကွ ချောင်းမြောင်း ရာမှ ကြ၏။ 36 ဂါလ သည် ထိုလူ တို့ကို မြင် လျှင် တောင် ပေါ်မှ လူ များ ဆင်း လာကြသည်ဟု ဇေဗုလ အား ဆို သော် ဇေဗုလ က တောင် အရိပ် သည် လူ ကဲ့သို့ ထင် သည်ဟု ပြန်ပြော ၏။ 37 တဖန် ဂါလ က၊ ကြည့် ပါ။ လူ အချို့တို့သည် တောင်ရိုးပေါ်မှ ဆင်း လာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ် တောလမ်း ဖြင့် လာ ကြ၏ဟု ပြောဆို လျှင်38 ဇေဗုလ က၊ ငါတို့သည် အဘိမလက် အမှု ကို ထမ်းရမည်အကြောင်း အဘိမလက် သည် အဘယ်သူ နည်းဟု သင်ဆို သော နှုတ် သည် ယခု အဘယ်မှာ ရှိသနည်း။ ထို လူ တို့သည် သင်မထီမဲ့မြင် ပြုသောသူမဟုတ် လော။ ထွက် သူ တို့ကို စစ်တိုက် ပါလော့ဟု ဆို သော်၊ 39 ဂါလ သည် ရှေခင် မြို့သား တို့ရှေ့ မှာ ထွက် အဘိမလက် ကို တိုက် လေ၏။ 40 အဘိမလက် လိုက် ဂါလပြေး သဖြင့် များ သောသူတို့သည် မြို့တံခါး တိုင်အောင် အထိအခိုက် ခံလျက် လဲ ၍ သေကြ၏။ 41 အဘိမလက် သည် အရုမ မြို့မှာ နေ ဇေဗုလ သည် ဂါလ နှင့် သူ ၏ညီအစ်ကို တို့ကို ရှေခင် မြို့၌ မနေ စေခြင်းငှါနှင်ထုတ် လေ၏။ 42 နက်ဖြန် နေ့၌ လူ များတို့သည် မြို့ ပြင်သို့ ထွက် မည်အကြောင်း ကို အဘိမလက် သည် ကြား လျှင်၊ 43 မိမိလူ တို့ကို သုံး စု ခွဲ တော ချောင်းမြောင်း လျက် နေသဖြင့် မြို့ သားတို့သည် ထွက် လာကြသောအခါ လုပ်ကြံ လေ၏။ 44 အဘိမလက် သည် မိမိ လူတစု နှင့် မြို့ တံခါး သို့ ပြေး တက်၍ စောင့် နေ၏။ အခြားသော လူနှစ် စု တို့သည် တော ရှိသောလူတို့ဆီသို့ ပြေး သတ် ကြ၏။ 45 အဘိမလက် သည် တနေ့လုံး မြို့ ကို တိုက် သောအခါ မြို့ တွေ့သောသူ တို့ကိုသတ် ပြီးလျှင် မြို့ရိုး ကိုဖြိုဖျက် မြို့ ရာကို ဆား နှင့် ကြဲဖြန့် လေ၏။ 46 ထိုသိတင်းကို ရှေခင်ရဲတိုက်သား အပေါင်း တို့သည် ကြား လျှင် ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့ သော အခန်းထဲမှာ စုဝေး ကြ၏။ 47 ရှေခင်ရဲတိုက်သား အပေါင်း တို့သည် စုဝေး ကြောင်း ကို အဘိမလက် သည် ကြား လတ်သော်48 ကိုယ်တိုင် မှစ၍ပါသော သူ အပေါင်း တို့သည် ဇလမုန် တောင် သို့ သွား ပြီးလျှင် အဘိမလက် သည် ပုဆိန် နှင့် သစ်ခက် ကို ခုတ် မိမိ ပုခုံး ပေါ် မှာ တင် ထမ်း လျက် ငါပြု သည်ကို သင်တို့မြင် သည်အတိုင်း အလျင်အမြန် ပြု ကြလော့ဟု လိုက်သောသူ တို့အား ဆို လျှင်၊ 49 သူ၏လူ အပေါင်း တို့သည် ထိုအတူ အသီးအသီး သစ်ခက် တို့ကို ခုတ် အဘိမလက် နောက် သို့ လိုက် လျက် ခိုင်ခံ့ သောအခန်းကို မီးရှို့ ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သား အပေါင်း တို့နှင့်အတူ တထောင် သော ယောက်ျား မိန်းမ တို့သည် သေ ကြကုန်၏။ 50 ထိုနောက်မှ အဘိမလက် သည် သေဗက် မြို့သို့ သွား တပ်ချ ပြီးလျှင် တိုက် ယူလေ၏။ 51 သို့ရာတွင် မြို့ ထဲမှာ ခိုင်ခံ့ သော ရဲတိုက် တခုရှိ မြို့ သား ယောက်ျား မိန်းမ အပေါင်း တို့သည် ထို ရဲတိုက်ထဲ သို့ ပြေး ဝင်ကြ၏။ တံခါးကိုလည်း ပိတ် ထား၍ ရဲတိုက် အပေါ် သို့ တက် ကြ၏။ 52 အဘိမလက် သည် ရဲတိုက် ကို လာ တိုက် လျက်၊ ရဲတိုက် တံခါး ကို မီး ရှို့ ခြင်းငှါ ချဉ်းကပ် သောအခါ53 မိန်းမ တယောက် သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို အဘိမလက် ခေါင်း ပေါ် သို့ ပစ်ချ ဦးခေါင်းခွံ ပေါက် ကွဲလေ၏။ 54 သူသည် လက်နက် ကိုင် လုလင် ကို အလျင်အမြန် ခေါ် မိန်းမ သည် အဘိမလက် ကိုသတ် သည်ဟု ပြော စရာမ ရှိစေခြင်းငှါ၊ သင့် ထား ကို ထုတ် ငါ့ ကိုသတ် လော့ဟု ဆို သည်အတိုင်း လုလင် သည် ထိုး အဘိမလက် သေ လေ၏။ 55 အဘိမလက် သေ ကြောင်း ကို ဣသရေလ လူ တို့သည် သိမြင် လျှင် အသီးအသီး မိမိ တို့နေရာ သို့ ပြန် သွားကြ၏။ 56 ထိုသို့ အဘိမလက် သည် မိမိ ညီအစ်ကို ခုနစ်ဆယ် တို့ကိုသတ် ပြု မိသော ဒုစရိုက် အပြစ်ကို ဘုရား သခင်ဆပ် ပေးတော်မူ၏။ 57 ရှေခင် မြို့သား ပြုသောဒုစရိုက် အပြစ်ကိုလည်း သူ တို့ခေါင်း ပေါ် သို့ ဘုရား သခင်ရောက် စေတော်မူသဖြင့် ယေရုဗ္ဗာလ သား ယောသံ ကျိန် သော စကားအတိုင်း သူ တို့သည် ခံရ ကြ၏။

10

1 အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။ 2 ထိုသူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် သုံး နှစ်ပတ်လုံးအုပ်စိုး ပြီးမှ သေ ရှမိရ မြို့မှာ သင်္ဂြိုဟ် လေ၏။ 3 ထိုသူ လက်ထက်နောက် မှ၊ ဂိလဒ် ပြည်သားယာဣရ သည် ပေါ်ထွန်း ဣသရေလ အမျိုးကို အနှစ်နှစ်ဆယ် နှစ် နှစ် ပတ်လုံးအုပ်စိုး ၏။ 4 ထိုမင်း ကား သား သုံးဆယ် ရှိ သူ တို့သည် မြည်း သငယ်သုံးဆယ် တို့ကို စီး လျက် ဂိလဒ် ပြည် ယာဝုတ် ယာဣရ အမည်ဖြင့် ယနေ့ တိုင်အောင် ခေါ်ဝေါ် သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။ 5 ယာဣရ သေ ကာမုန် မြို့မှာ သင်္ဂြိုဟ် လေ၏။ 6 တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ဇိဒုန် ဘုရား မောဘ ဘုရား အမ္မုန် ဘုရား ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ထာဝရဘုရား ကို ဝတ် ပြုစွန့် ထားကြ၏။ 7 ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်8 ယော်ဒန် မြစ်တစ်ဘက် အာမောရိ လူနေရာ ဂိလဒ် ပြည်၌ နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို ထို နှစ် မှစ၍တဆယ် ရှစ် နှစ် ပတ်လုံးညှဉ်းဆဲ ကြ၏။ 9 အမ္မုန် အမျိုးသားတို့သည်လည်း ယော်ဒန် မြစ်ကို ကူး ၍ ယုဒ အမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ် အမျိုးသား တို့ကို တိုက် သဖြင့် ဣသရေလ အမျိုးသားတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်ကြ၏။ 10 ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။ 11 ထာဝရဘုရား ကလည်း ငါသည် သင်တို့ကို အဲဂုတ္တု လူ၊ အာမောရိ လူ၊ အမ္မုန် လူ ဖိလိတ္တိ လူတို့လက်မှ ကယ်နှုတ်သည် မဟုတ် လော။ 12 ဇိဒုန် လူ၊ အာမလက် လူ၊ မောနိ လူတို့ ညှဉ်းဆဲ သောအခါ၌လည်း သင်တို့သည် ငါ့ ကို ဟစ်ကြော် သူ တို့လက် မှ ငါကယ်နှုတ် ၏။ 13 သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် နောက်တဖန် ငါမ ကယ်နှုတ်14 သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။ 15 ဣသရေလ အမျိုးသားတို့ကလည်း အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊ 16 တပါး အမျိုးသားကိုးကွယ်သော ဘုရား တို့ကို ပယ် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလ အမျိုး ခံရသောဒုက္ခ ဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံး ရှိတော်မူ၏။ 17 အမ္မုန် အမျိုးသားတို့သည် စည်းဝေး ဂိလဒ် ပြည်၌ တပ်ချ ကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး မိဇပါ မြို့မှာ တပ်ချ ကြ၏။ 18 ဂိလဒ် ပြည်သားမင်း များတို့က၊ အကြင်သူ သည် အမ္မုန် အမျိုးသားတို့ကို အဦး တိုက် ၏၊ ထိုသူသည် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် ဖြစ် စေဟု တိုင်ပင် စီရင်ကြ၏။

11

1 ဂိလဒ် အမျိုးသားယေဖသ သည် ခွန်အားကြီး သော သူရဲ ဖြစ် ၏။ သူ့ အဘ ကား ဂိလဒ် သူ့အမိကား ပြည်တန်ဆာ ဖြစ်၏။ 2 ဂိလဒ် ၏မယား ဘွားမြင် သော သား တို့သည် ကြီး သောအခါ သင် သည် အခြား တပါးသော မိန်းမ ၏ သား ဖြစ်သောကြောင့် ငါ တို့ အဆွေအမျိုး နှင့်အတူအမွေ ခံရဟု ယေဖသ ကို ဆို နှင်ထုတ် လေ၏။ 3 ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား တောဘ ပြည် နေ သဖြင့် လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး သူ့ နောက် ၌ လိုက် ကြ၏။ 4 နောက်တဖန် အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် ကြ၏။ 5 ထိုသို့ အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် သောအခါ ဂိလဒ် ပြည်သားအသက်ကြီး သူတို့သည် ယေဖသ ကို တောဘ ပြည် မှ ခေါ် ခြင်းငှါ သွား6 ငါတို့သည် အမ္မုန် လူတို့ကို စစ်တိုက် ရမည်အကြောင်း၊ လာ ငါ တို့၏ ဗိုလ်ချုပ် မင်း လုပ် ပါဟု မှာ လိုက်သော်7 ယေဖသ က၊ သင် တို့သည် ငါ့ ကို မုန်း ငါ့ အဘ အိမ် မှ နှင်ထုတ် သည်မဟုတ် လော။ ယခု ဆင်းရဲ ခြင်းသို့ ရောက်သောအခါ အဘယ်ကြောင့် ငါ့ ထံ သို့လာ ကြသနည်းဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား ပြောဆို ၏။ 8 ဂိလဒ် ပြည်သားအသက်ကြီး သူတို့ကလည်း ထိုကြောင့် ငါတို့သည် ယခု သင့် ထံ သို့ပြန် လာပါ၏။ ငါ တို့နှင့်အတူ ကြွ အမ္မုန် လူတို့ကို စစ်တိုက် ပြီးလျှင် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် လုပ် ပါဟု ယေဖသ အား တောင်းပန် ပြန်သော်၊ 9 ယေဖသ က၊ အမ္မုန် လူတို့ကို စစ်တိုက် စေခြင်းငှါ သင် တို့သည် ငါ့ ကို ပြန် ပို့၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှာ အပ် တော်မူလျှင် ငါ သည် သင် တို့အထွဋ် ဖြစ် ရသောအခွင့်ကိုပေးမည်လောဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား မေး လေသော်10 ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။ 11 ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။ 12 ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊ 13 အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။ 14 တဖန် ယေဖသ သည် သံတမန် ကို အမ္မုန် ရှင်ဘုရင် ထံ သို့စေလွှတ်15 ယေဖသ မှာ လိုက်သည်ကား၊ ဣသရေလ အမျိုးသည် မောဘ မြေ အမ္မုန် မြေ ကို လု ယူသည်မဟုတ်16 ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ ၍ ဧဒုံ ပင်လယ် အနား တော လှည့်လည် သဖြင့် ကာဒေရှ ရွာသို့ ရောက် သောအခါ17 ဧဒုံ ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် မင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်းသော်လည်း ဧဒုံ ရှင်ဘုရင် သည် နား ထောင်။ ထိုနည်းတူ မောဘ ရှင် ဘုရင်ထံ သို့စေလွှတ် ၍၊ သူသည်လည်း အခွင့် ပေးသောကြောင့် ဣသရေလ အမျိုးသည် ကာဒေရှရွာ၌ နေ ရကြ၏။ 18 နောက်တဖန်တော ကို ရှောက် လျက် ဧဒုံ ပြည် နှင့် မောဘ ပြည် ကို ဝိုင်း မောဘ ပြည် အရှေ့ ဘက်သို့ ရောက် ပြီးမှ အာနုန် မြစ်တဘက် တပ်ချ ကြ၏။ ထိုအခါ မောဘ ပြည်နယ် အတွင်းသို့ ဝင် ကြ။ အာနုန် မြစ်သည် မောဘ ပြည်အပိုင်းအခြား ဖြစ်သတည်း။ 19 တဖန် ဣသရေလ အမျိုးသည် အာမောရိ အမျိုး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ထံ သို့သံတမန် ကို စေလွှတ် ငါ တို့နေရာ သို့ ရောက်အံ့သောငှါမင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်း သော်လည်း20 ရှိဟုန် သည် ဣသရေလ အမျိုးကို မ ယုံ မိမိ ပြည် ကို ရှောက်သွား စေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ယာဟတ် မြို့၌ တပ်ချ ပြီးလျှင် ဣသရေလ အမျိုးကို စစ်တိုက် လေ၏။ 21 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ရှိဟုန် မင်းနှင့်တကွ သူ ၏လူ အပေါင်း တို့ကို ဣသရေလ အမျိုးလက် အပ် တော်မူ၍ သူ တို့ကို လုပ်ကြံ သဖြင့် ထို ပြည် ၌နေ သောအာမောရိ လူတို့၏ မြေ တရှောက်လုံး ကို သိမ်းယူ ကြ၏။ 22 အာမောရိ ပြည် နယ်မြေ တရှောက်လုံး ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်းတိုင်အောင် ၎င်း တော မှစ၍ ယော်ဒန် မြစ်တိုင်အောင် ၎င်း သိမ်းယူ ကြ၏။ 23 ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ အာမောရိ လူတို့ကို ဣသရေလ အမျိုး ရှေ့ မှာ သူတို့ပြည်ကို နှုတ် တော်မူသည်ဖြစ်၍ သင် သည် သိမ်းယူ ရမည်လော။ 24 သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။ 25 သင် သည် မောဘ ရှင်ဘုရင် ဇိဖော် မင်း၏သား ဗာလက် ထက် သာ၍ မြတ်သလော။ သူသည် ဣသရေလ အမျိုးနှင့် ရန်တွေ့ ဘူးသလော။ စစ်တိုက် ဘူးသလော။ 26 ဣသရေလ အမျိုးသည် ဟေရှဘုန် မြို့ ရွာတို့၌ ၎င်း အာရော် မြို့ ရွာတို့၌ ၎င်း အာနုန် မြစ် နားမှာ ရှိသော မြို့ ရွာအလုံးစုံ တို့၌၎င်း အနှစ် သုံး ရာ ပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မ ပြန်သနည်း။ 27 သင့် ကို ငါမ ပြစ်မှား။ သင် သည် စစ်တိုက် ငါ့ ကို ညှဉ်းဆဲ ၏။ ထာဝရဘုရား သည် တရားသူကြီးလုပ်၍ ဣသရေလ အမျိုးသား၊ အမ္မုန် အမျိုးသားတို့ စပ်ကြား မှာ ယနေ့ တရားစီရင် ဆုံးဖြတ် တော်မူပါစေသောဟု မှာလိုက် လေ၏။ 28 သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား ထောင်ဘဲနေ၏။ 29 ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ယေဖသ အပေါ် မှာ သက်ရောက် သူသည် ဂိလဒ် ပြည်၊ မနာရှေ ပြည်ကို ရှောက် လျက် ဂိလဒ် ပြည် မိဇပါ မြို့ကို လွန် အမ္မုန် လူတို့ရှိရာသို့ ချီ သွားလေ၏။ 30 ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် အပ် တော်မူလျှင်၊ 31 အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ် စွာ ပြန်လာ သောအခါ အကျွန်ုပ် ကို ခရီး ဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ် တံခါးဝ မှ ထွက် လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှို့ ရာယဇ်ပူဇော် ပါမည်ဟု သစ္စာဂတိထားပြီးမှ၊ 32 အမ္မုန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ထာဝရဘုရား သည် သူ တို့ကို ယေဖသ လက် အပ် တော်မူသဖြင့်33 အာရော် မြို့မှစ၍ မိန္နိတ် မြို့တိုင်အောင် ၎င်း အာဗေလ ခေရမိမ်မြို့တိုင်အောင် ၎င်း မြို့ နှစ်ဆယ် တို့ကို ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့် သူ တို့ကို တိုက်သတ် လေ၏။ ထိုသို့ အမ္မုန် အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ ရှေ့ မှာ ရှုံး ရကြ၏။ 34 ယေဖသ သည် မိဇပါ မြို့ မိမိ အိမ် သို့ ရောက် လာသောအခါ မိမိ သမီး သည် ပတ်သာ တီးလျက် က လျက် ခရီး ဦးကြိုပြုအံ့သောငှါ ထွက် လာ၏။ သူ သည် တယောက် တည်းသော သမီးဖြစ်၍၊ သူ မှတပါး သား သမီး ရှိ။ 35 ယေဖသသည် သူ့ ကို မြင် လျှင် မိမိ အဝတ် ကို ဆုတ် အို ငါ့ သမီး သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊ 36 သမီးက၊ ခမည်းတော် သည် ထာဝရဘုရား အား လျှောက် ထားလျှင်၊ လျှောက် ထားသည်အတိုင်း ကျွန်မ ပြု ပါ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ခမည်းတော် ၏ရန်သူ အမ္မုန် အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါအပြစ် ပေး တော်မူပြီ။ 37 သို့ရာတွင်ကျွန်မ သည် အပေါင်းအဘော် တို့နှင့်တကွ တောင်ရိုး ပေါ် မှာ လှည့်လည် ကျွန်မ ၏ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းရမည်အကြောင်း၊ နှစ် ပတ်လုံးအလွတ် နေပါရစေဟု အဘ အား အခွင့်တောင်း သည်အတိုင်း၊ 38 အဘက၊ သွား လေတော့ဟုဆို လျက် နှစ် ကို ချိန်းချက်၍ လွှတ် လိုက်လျှင် အပေါင်းအဘော် တို့နှင့်တကွ သွား တောင်ရိုး ပေါ် မှာ မိမိ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းလေ၏။ 39 နှစ် စေ့ သောအခါ အဘ ထံ သို့ ပြန်လာ အဘသည် သစ္စာ ဂတိရှိသည်အတိုင်း ပြု လေ၏။ ထို မိန်းမသည် ယောက်ျား နှင့် မ ဆက်ဆံ သောသူဖြစ်၏။ 40 ထိုနောက်မှ ဣသရေလ အမျိုးသမီး တို့သည်၊ ဂိလဒ် အမျိုးသားယေဖသ ၏သမီး ကြောင့် တနှစ် တနှစ်လျှင် လေး ရက် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းငှါ သွား ရသော ဣသရေလ ထုံးစံ ဓလေ့ဖြစ် လေ၏။

12

1 ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး မြောက် သို့ ချီ သွားလျှင် ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊ 2 ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို ကယ် မနှုတ်ဘဲ နေကြ၏။ 3 ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်4 ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့် ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။ 5 ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော် သူက မဟုတ် ပါဟု ဆို လျှင်၊ 6 သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။ 7 ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ဂိလဒ် မြို့တမြို့ သင်္ဂြိုဟ် လေ၏။ 8 ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။ 9 ထိုမင်း သည် သား သုံးဆယ် သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ချွေးမ သုံးဆယ် ကို သိမ်း ထား၏။ 10 ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။ 11 ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။ 12 ထိုမင်း သေ ဇာဗုလုန် ခရိုင် အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။ 13 ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။ 14 ထိုမင်း သည် သား လေးဆယ် မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။ 15 ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ဧဖရိမ် ခရိုင် ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။

13

1 တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။ 2 ဒန် အမျိုး ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား ဘွား။ 3 ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား သင်သည် မြုံ သောကြောင့် သား ဘွားသော်လည်း ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ 4 သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ 5 အကြောင်းမူကား ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် ပြုလိမ့်မည်ဟု ဆို ၏။ 6 ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော7 သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။ 8 ထိုအခါ မာနော် က၊ အို ဘုရားရှင် အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်9 ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် ရှိ။ 10 မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊ 11 မာနော် သည် ထ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် မှန်သည်ဟု ဆို ၏။ 12 မာနော် ကလည်း ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်13 ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။ 14 စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။ 15 မာနော် ကလည်း ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်16 ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် သိ သေး။ 17 မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်18 ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။ 19 မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊ 20 မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။ 21 ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။ 22 မာနော် ကလည်း ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်23 မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။ 24 ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။ 25 ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် ပြုတော်မူ၏။

14

1 တရံရောအခါ၊ ရှံဆုန် သည် တိမနတ် မြို့သို့ သွား ထိုမြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် လျှင်2 မိဘ ထံ သို့ ပြန်လာ တိမနတ် မြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက် ဖြစ်ဘို့ ရာတောင်း ၍ ပေးပါဟုဆို သော်3 မိဘ တို့က၊ သင် သည် အရေဖျားလှီးခြင်းကိုမခံ သော ဖိလိတ္တိ လူတို့တွင် မယား ကို သွား ၍ ယူ ရမည်အကြောင်း သင် ၏ညီအစ်ကို သမီး ငါ တို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတယောက်မျှ မ ရှိလောဟု ဆို သော်လည်း ရှံဆုန် က၊ ထို မိန်းမကို တောင်း ၍ ပေးပါ။ အလွန်နှစ်သိမ့် ပါသည်ဟု အဘ အား ပြောဆို ၏။ 4 ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။ 5 ထိုအခါ ရှံဆုန် သည် မိဘ နှင့်တကွ တိမနတ် မြို့သို့ သွား တိမနတ် စပျစ် ဥယျာဉ်များသို့ ရောက် လျှင် ခြင်္သေ့ ပျို တကောင်သည် သူ့ ကိုတွေ့ ၍ ဟောက် လေ၏။ 6 ထိုအခါ ရှံဆုန် လက် တစုံတခု မျှ မ ပါသော်လည်း ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် သူသည် ဆိတ် သငယ်ကို ဆွဲဖြတ် သကဲ့သို့ ထိုခြင်္သေ့ ကို ဆွဲဖြတ် ၏။ သို့ရာတွင် မိမိပြု သော အမှုကို မိဘ တို့အား ကြားမပြော ဘဲနေ၏။ 7 မြို့သို့ ရောက် မိန်းမ နှင့် နှုတ်ဆက် သဖြင့် ရှံဆုန် သည် နှစ်သိမ့် ၏။ 8 အချိန် စေ့၍ ထိုမိန်းမကို သိမ်း ယူခြင်းငှါ သွား စဉ်အခါ ခြင်္သေ့ အကောင် ကို ကြည့်ရှု အံ့သောငှါ လမ်းမှ လွှဲ သွား၍ ခြင်္သေ့ အကောင် ထဲမှာ ပျား အုံ နှင့် ပျားရည် ရှိသည်ကို တွေ့မြင် လျှင်9 နှိုက် ယူ၍ စား လျက် ခရီးသွား လေ၏။ မိဘ ထံ သို့ ရောက် သော် ပေး သူတို့သည်လည်း စား ကြ၏။ သို့ရာတွင် ထိုပျားရည် ကို ခြင်္သေ့ အကောင် ထဲက နှိုက် ယူကြောင်း ကို မ ကြားမပြော ဘဲ နေ၏။ 10 အဘ သည်လည်း မိန်းမ နေရာအရပ်သို့ သွား ပြန်၍ ရှံဆုန် သည် လူပျို ထုံးစံအတိုင်း ပွဲ လုပ် လေ၏။ 11 ထိုအရပ်သား တို့သည် ရှံဆုန် ကို မြင် သောအခါ သူ နှင့်အတူ ပွဲခံခြင်းငှါအပေါင်းအဘော် သုံးဆယ် တို့ကို ခေါ် ခဲ့ကြ၏။ 12 ရှံဆုန် ကလည်း သင် တို့အား စကားဝှက် ကို ငါပြော မည်။ ပွဲ ခံရာခုနစ် ရက် တွင် ဘော်ပြ နိုင်လျှင် ခြုံထည် သုံးဆယ် အင်္ကျီ သုံးဆယ် ကို ငါပေး မည်။ 13 ဘော် မပြနိုင် လျှင် သင် တို့သည် ခြုံထည် သုံးဆယ် အင်္ကျီ သုံးဆယ် ကို ငါ့ အား ပေး ရမည်ဟုဆို သော်သူတို့က၊ သင့် စကားဝှက် ကို ငါတို့အား ကြား ပြော ပါဟု ဝန်ခံ ကြ၏။ 14 ရှံဆုန်ကလည်း၊ စား တတ်သောသူ၏အထဲ က အစာ သန်စွမ်း သောသူ၏အထဲ က အချို ထွက် လေစွဟု ဆို ၏။ ထိုစကားဝှက် အနက်ကို သူတို့သည် သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့နိုင် ကြ။ 15 စတုတ္ထ နေ့ ရောက် မှ၊ သူတို့က၊ သင် ၏လင် သည် စကားဝှက် အနက်ကို ဘော်ပြ စေခြင်းငှါသူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင် နှင့်တကွ သင့် အဆွေအမျိုး ကို မီးရှို့ မည်။ ငါ တို့ဥစ္စာကို လုယူ ခြင်းငှါ ငါ တို့ကို ခေါ်ဘိတ် သလောဟုရှံဆုန် ၏ မယား ကို ဆို သောကြောင့်16 သူသည် လင်ရှေ့မှာ ငိုကြွေး သင်သည် ငါ့ ကို မ ချစ် မုန်း ပါ၏။ ငါ့ အမျိုးသား ချင်းတို့အား စကားဝှက် ကို ပြော သော်လည်း အနက် ကို ငါ့ အား ပြပါတကားဟု ဆို ၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ် မိဘ ကိုမျှ မ ပြ ဘဲ သင့် အား ပြ ရမည်လောဟုဆို သော်လည်း17 ပွဲ ခံရာခုနစ် ရက် စေ့အောင် လင် ရှေ့ မှာ ငိုကြွေး ၍ ခုနစ် ရက်မြောက်သောနေ့ အလွန်ပူဆာ သောကြောင့် အနက်ကို ဘော်ပြ ၏။ မိန်းမသည်လည်း အမျိုးသား ချင်းတို့အား ပြန်ပြော လေ၏။ 18 မြို့ သား တို့သည် ခုနစ် ရက်မြောက်သောနေ့ နေ ဝင် မှီလာ၍ ပျားရည် ထက် အဘယ် အရာ ချို သနည်း။ ခြင်္သေ့ ထက် အဘယ် အရာ သန်စွမ်း သနည်းဟု ဘော်ပြ ကြ၏။ ရှံဆုန်ကလည်း သင်တို့သည် ငါ့ နွားမပျို နှင့် ထွန် လျှင် ငါ့ စကားဝှက် အနက်ကို ရှာ ၍ မ တွေ့ဟုဆို ၏။ 19 ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှံဆုန် အပေါ် မှာ သက်ရောက် သဖြင့် သူသည် အာရှကေလုန် မြို့သို့သွား မြို့သား သုံးဆယ် ကိုသတ် ပြီးမှ သူ တို့ဥစ္စာ ကို လုယူ စကားဝှက် အနက်ကို ဘော်ပြ သောသူတို့အား အဝတ် စုံတို့ကိုပေး ပြီးမှ အမျက် ထွက် မိမိ အဘ အိမ် သို့ ပြန် သွားလေ၏။ 20 မယား ကိုကား ရှံဆုန် ပေါင်းဘော် သော အဆွေ ခင်ပွန်းအား ပေးစားသတည်း။

15

1 နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား 2 သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။ 3 ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊ 4 သွား မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် အမြီး နှစ် ခုကြား မီးရှူး ကို စည်း5 မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။ 6 ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။ 7 ရှံဆုန် ကလည်း ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်8 သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။ 9 တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။ 10 ယုဒ လူ တို့ကလည်း အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။ 11 ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ငါ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။ 12 သူတို့ကလည်း သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်13 သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် သူ တို့လက် အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။ 14 လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် သူ့ လက် ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။ 15 သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။ 16 သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊ 17 မြည်းမေးရိုး ကို ပစ် လိုက်၍ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။ 18 အလွန် ရေငတ် ထာဝရဘုရား ကို ဆုတောင်း လျက် ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ပေး တော်မူပြီးမှ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်19 လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။ 20 ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။

16

1 နောက်တဖန် ရှံဆုန် သည် ဂါဇ မြို့သို့ သွား ပြည်တန်ဆာ မိန်းမ ကို တွေ့ ပြီးလျှင် သူ့ ဆီသို့ ဝင် ၍ နေ၏။ 2 ရှံဆုန် ရောက် ကြောင်းကို ဂါဇ မြို့သားတို့သည် ကြားလျှင် ဝိုင်း ထားလျက် မြို့ တံခါးဝ တညဉ့် လုံး ချောင်းမြောင်း လျက် နံနက် မိုဃ်းလင်း သောအခါ သူ့ ကိုသတ် မည်ဟု ဆို ၍ တညဉ့် လုံး ငြိမ်သက် စွာနေကြ၏။ 3 ရှံဆုန် သည် သန်းခေါင် တိုင်အောင် အိပ် ပြီးမှ သန်းခေါင် အချိန်၌ မြို့ တံခါး ရွက် တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင် နှင့်တကွ ယူ ပခုံး ပေါ် မှာ တင် လျက် ထမ်း သွား၍၊ ဟေဗြုန် မြို့ရှေ့ တောင် ပေါ် ပစ်ထားလေ၏။ 4 နောက်တဖန် စောရက် ချိုင့် နေသောဒေလိလ အမည် ရှိသောမိန်းမ တယောက်ကို ချစ် ပြန်၏။ 5 ဖိလိတ္တိ မင်း တို့သည် ထိုမိန်းမ ဆီသို့ လာ ရှံဆုန်၌ ကြီး သောခွန်အား သည် အဘယ် အရာအားဖြင့် တည်သနည်း၊ သူ့ ကို ချည်နှောင် ၍ နှိပ်စက် ခြင်းငှါ အဘယ်သို့ တတ်နိုင် မည်နည်းဟု သူ့ ကို ချော့မော့ စူးစမ်း ပါ။ ငါတို့သည် ဝိုင်း၍ ငွေ ဆယ်တ ပိဿာကို ပေး မည်ဟု ဆို ကြ၏။ 6 ဒေလိလ ကလည်း သင် ၌ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို၎င်း၊ သင့် ကို နှိပ်စက် ခြင်းငှါ အဘယ်သို့ ချည်နှောင် ရမည်ကို၎င်းပြော ပါဟု ရှံဆုန် အား တောင်းပန် သော်7 ရှံဆုန် က၊ တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းနှင့် ငါ့ ကို ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။ 8 ထိုအခါ ဖိလိတ္တိ မင်း တို့သည် တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းတို့ကို ယူ ခဲ့၍ ထိုမိန်းမသည် ရှံဆုန် ကို ချည်နှောင် လေ၏။ 9 ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်း ထဲမှ ချောင်းမြောင်း လျက် နေ သည်ဖြစ်၍မိန်းမက၊ ရှံဆုန် ဖိလိတ္တိ လူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆို သော် သူသည် မီး ထိ သော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ် လေ၏။ သို့ဖြစ်၍ သူ ၏ခွန်အား ကို မ သိ ရကြ။ 10 ဒေလိလ ကလည်း သင်သည် ငါ့ ကို ကျီစား မုသာ ကိုသာ ပြော ပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခု ပြော ပါဟု ရှံဆုန် အား တောင်းပန် သော်11 သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း12 ဒေလိလ သည် ကြိုး သစ် တို့ကို ယူ ချည်နှောင် ပြီးမှ ထိုအခန်း ချောင်းမြောင်း သော သူအချို့ ရှိ နေလျက်၊ ရှံဆုန် ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည် ကဲ့သို့ ဖြတ် လေ၏။ 13 ဒေလိလ ကလည်း ယခု တိုင်အောင် သင်သည် ငါ့ ကို ကျီစား မုသာ ကိုသာ ပြော ပြီ။ အဘယ်သို့ ချည်နှောင် ရမည်ကို ပြော ပါဟု ရှံဆုန် အား တောင်းပန် သော် သူက၊ ငါ့ ဆံပင် ခုနစ် စု တို့ကို ရက်ကန်းသား ရက် သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ငါဖြစ်လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊ 14 ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့ နှင့် ရိုက် ထားပြီးမှ ရှံဆုန် ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ရှံဆုန်နိုး ရက်ကန်းလက်လိပ် စို့ ရက်ကန်းသား ပါလျက် သွား ၏။ 15 ဒေလိလကလည်း၊ သင် သည် ငါ့ကို ချစ် သည်ဟု စိတ်နှလုံး ပါ ဘဲလျက် အဘယ်သို့ ပြော နိုင်သနည်း။ သင့် ၌ ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို မ ပြော။ သုံး ကြိမ် တိုင်အောင်ငါ့ ကို ကျီစား ပြီဟု ဆို ၏။ 16 ထိုသို့ ဒေလိလသည် နေ့ တိုင်း ပူဆာ သူ အသက် သေ လုအောင် နှောင့်ရှက် သောကြောင့်17 ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။ 18 ထိုသို့ မိမိ စိတ် နှလုံးထဲမှာ ရှိသမျှ အတိုင်း ပြော ကြောင်း ကို ဒေလိလ သိ လျှင် ဖိလိတ္တိ မင်း တို့ကို တဖန်ခေါ် ယခုတခါ လာ ကြပါဦး။ သူသည် မိမိ စိတ် နှလုံးရှိသမျှ အတိုင်း ပြော ပြီဟု မှာ လိုက်သဖြင့်၊ သူတို့သည် ငွေ ကို ဆောင် ယူခဲ့လျက် လာ ကြ၏။ 19 ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိ ဒူး ပေါ် မှာ တင်လျက် သူ့ ကို အိပ် စေသဖြင့် လူ တယောက်ကို ခေါ် သူ ၏ ဆံပင် ခုနစ် စု တို့ကိုရိတ် စေပြီးမှ သူ့ ကို နှောင့်ရှက် ပြု၍ သူ ၏ ခွန်အား သည် လျော့ပျောက် ၏။ 20 မိန်းမကလည်း ရှံဆုန် ဖိလိတ္တိ လူတို့သည် သင့် ကို တိုက် လာကြသည်ဟု ဆို သော်၊ ရှံဆုန်နိုး ထာဝရဘုရား စွန့် တော်မူကြောင်း ကို မ ရိပ်မိ သောကြောင့် အရင် ကဲ့သို့ ငါထွက် အားထုတ် မည်ဟု အကြံ ရှိသော်လည်း21 ဖိလိတ္တိ လူတို့သည် ဘမ်းဆီး သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ထောင် အိမ် ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။ 22 ရှံဆုန်ဆံပင်ရိတ် သောနောက်၊ တဖန် ပေါက် ပြန်သောအခါ၊ 23 ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။ 24 လူ များတို့သည် ရှံဆုန် ကို မြင် သောအခါ ငါ တို့ဘုရား သည် ငါ တို့ပြည် ကို ဖျက်ဆီး ပြည်သားအများ တို့ကိုသတ် သော ငါ တို့၏ရန်သူ ကို၊ ငါ တို့လက် သို့ အပ် တော်မူပြီဟု မိမိ တို့ဘုရား ကို ချီးမွမ်း ကြ၏။ 25 စိတ် နှလုံးရွှင်လန်း သောအခါ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။ 26 ရှံဆုန် ကလည်း စရပ် တိုင် တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ ပါရစေဟု လက် ဆွဲ သော လူ ကလေးကို အခွင့် တောင်း၏။ 27 ထိုစရပ် ၌ ယောက်ျား မိန်းမ တို့သည် အပြည့် ရှိကြ၏။ ဖိလိတ္တိ မင်း အပေါင်း တို့လည်း ပါကြ၏။ စရပ်မိုး ပေါ် မှာလည်း သုံး ထောင် မျှ လောက်သော ယောက်ျား မိန်းမ တို့သည် ရှံဆုန် ကစား သည်ကို ကြည့်ရှု လျက်ရှိကြ၏။ 28 ရှံဆုန် ကလည်း အို အရှင် ထာဝရဘုရား အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ29 စရပ် ခေါင် တိုင် နှစ် တိုင်တို့ကို လက်ျာ လက်၊ လက်ဝဲ လက်နှစ်ဘက်နှင့်ကိုင် မှီ နေလျက်၊ 30 အကျွန်ုပ်သည် ဖိလိတ္တိ လူတို့နှင့်အတူ သေ ပါရစေဟု ဆို လျက် အား ထုတ် ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ် သည် မင်း များ၊ လူ များအပေါင်း တို့အပေါ် မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက် ရှင်စဉ် အခါ သတ် ခဲ့သည်ထက် သေ စဉ် အခါ သာ၍များ သောသူတို့ ကိုသတ် လေ၏။ 31 သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။

17

1 မိက္ခါ အမည် ရှိသောဧဖရိမ် တောင် သား တယောက်ရှိ ၏။ 2 သူ သည် အမိ အား အိုအမေ၊ ပျောက် သောငွေ အကျွန်ုပ် ရှေ့မှာ ကျိန်ဆဲ သောစကားကိုပြော သော ငွေ ဆယ်တပိဿာသည် အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ယူ မိပြီဟု ဆို သော် အမိ က၊ ငါ့ သား ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏။ 3 ထိုငွေ ဆယ်တ ပိဿာကို အမိ အား ပြန် ပေးသောအခါ အမိ က၊ ငါ့ သား သည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော် နှင့်ပြီ။ 4 သို့ဖြစ်၍ငါ့သားအား ယခု ငါပြန် ပေးမည်ဟု ဆို သော်လည်း သားသည် ထိုငွေ ကို အမိ အား ပြန် ပေး၏။ အမိ သည်လည်း နှစ် ပိဿာကိုယူ ပန်းတိမ် သမား၌ အပ် သဖြင့် သူသည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် ရုပ်တုတို့သည် မိက္ခါ အိမ် ရှိ ၏။ 5 ထိုလူမိက္ခါ သည် ဘုရား ကျောင်း ရှိ၍ သင်တိုင်း တော်နှင့် တေရပ်ရုပ်တုကို လုပ် ပြီးမှ မိမိ သား တယောက် ကို မိမိယဇ်ပုရောဟိတ် အရာ ၌ ခန့် ထားလေ၏။ 6 ထို ကာလ ဣသရေလ ရှင်ဘုရင် ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။ 7 ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင်8 တဖန် ထွက် သွား၍ တည်းခို စရာအရပ် ကို ရှာ လျက် ခရီး သွား သဖြင့် ဧဖရိမ် တောင် မိက္ခါ အိမ် သို့ ရောက် လေ၏။ 9 မိက္ခါ ကလည်း သင်သည် အဘယ် က လာ သနည်းဟုမေး သော် လုလင်က၊ ငါ သည် ယုဒ ခရိုင် ဗက်လင် မြို့သားလေဝိ လူဖြစ်၏။ တည်းခို စရာအရပ် ကို ရှာ ၏ဟု ပြန် ပြောသော်10 မိက္ခါ က၊ အကျွန်ုပ် နှင့်အတူ နေ ပါ။ အကျွန်ုပ် ၏အဘ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ် ပါ။ အကျွန်ုပ် သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံ ကို၎င်း စားစရာ ကို၎င်း ပေး ပါမည်ဟု ပင့်ဘိတ် သောအခါ၊ လေဝိ လူသည် ဝင်11 ထိုသူ နှင့်အတူ နေ ခြင်းငှါ အလို ရှိသဖြင့် သား ကဲ့သို့ ဖြစ် လေ၏။ 12 မိက္ခါ သည်လည်း ထိုလေဝိ လုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသည်အတိုင်း၊ လုလင် သည် ယဇ်ပုရောဟိတ် လုပ် မိက္ခါ အိမ် နေ ၏။ 13 မိက္ခါ ကလည်း ယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။

18

1 ထို ကာလ အခါ ဣသရေလ ရှင်ဘုရင် ရှိစဉ်၊ ဒန် အမျိုးသား တို့သည် အမွေခံ စရာမြေကို ရှာ ကြ၏။ ထို ကာလ တိုင်အောင် အခြားသော ဣသရေလ အမျိုး တို့တွင် အမွေခံ ထိုက်သည်အတိုင်းမ ခံရ သေး။ 2 သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။ 3 မိက္ခါ အိမ် ရှိစဉ်အခါ၊ လေဝိ လုလင် ၏ စကား သံကို မှတ်မိ သူ့နေရာသို့ ဝင် လျှင် သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ လုပ် ၍ နေသနည်းဟုမေးသော်၊ 4 ထိုသူက၊ မိက္ခါ သည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ ကို ငှါး သဖြင့် ငါသည် သူ ယဇ်ပုရောဟိတ် လုပ် နေသည်ဟု ပြန် ပြော၏။ 5 သူတို့ကလည်း၊ အကျွန်ုပ် တို့သည် ယခု ခရီး သွား ရာတွင် အကြံ မြောက်မည် မမြောက်မည်ကို သိ မည်အကြောင်း ဘုရား သခင်ကို မေးမြန်း ပါလော့ဟု တောင်းပန် သည်အတိုင်း၊ 6 ယဇ် ပုရောဟိတ်က ငြိမ်ဝပ် စွာသွား ကြလော့။ သင် တို့သွား ရာလမ်း ကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော ၏။ 7 ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး အဘယ်သူ နှင့် မျှ အမှု ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ8 အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်9 သူတို့က၊ ထ သွားတိုက် ကြကုန်အံ့။ ထိုပြည် သည် ကောင်းမွန် သော ပြည်ဖြစ်သည်ကို ငါတို့ မြင် ပြီ။ ငြိမ်ဝပ် စွာနေကြသေးသလော။ ထိုပြည် ကို သိမ်းယူ ဝင်စား ခြင်းငှါ ဖင့်နွှဲ ကြနှင့်။ 10 သွား လျှင် သတိ မရှိသောလူမျိုး နှင့် ကျယ်ဝန်း သော ပြည် ကို တွေ့ကြလိမ့်မည်။ ဘုရား သခင်သည် သင် တို့လက် အပ် တော်မူမည်။ ထို ပြည် မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆို ကြ၏။ 11 ထိုအခါ ဇောရာ မြို့၊ ဧရှတောလ မြို့မှ ဒန် အမျိုးသား လူ ခြောက် ရာ တို့သည် စစ်တိုက် လက်နက် ပါ လျက် ချီ သွားကြ၏။ 12 သွား ရာတွင်၊ ယုဒ ခရိုင် ကိရယတ်ယာရိမ် မြို့မှာ စားခန်းချ ကြ၏။ ထို အရပ် ကို ယနေ့ တိုင်အောင် ဒန် အမျိုးတပ်ဟူ၍တွင် သတည်း။ ကိရယတ်ယာရိမ် မြို့ နောက် မှာရှိ ၏။ 13 ထို အရပ်မှ သွား ဧဖရိမ် တောင် ၌ မိက္ခါ အိမ် သို့ ရောက် ကြ၏။ 14 ထိုအခါ လဲရှ မြို့ကို စူးစမ်း ခြင်းငှါ သွား သောသူ ငါး ယောက်တို့က၊ ဤ အိမ် တို့၌ သင်တိုင်း တော်၊ တေရပ်ရုပ်တု ထုသောရုပ်တု သွန်းသောရုပ်တု ရှိ ကြောင်း ကို သိ သလော။ အဘယ်သို့ ပြု ရမည်ကို ဆင်ခြင် ကြလော့ဟု အမျိုးသား ချင်းတို့အား ဆို သော်15 သူတို့သည် ထို အရပ်သို့ လှည့် သွားသဖြင့် လေဝိ လုလင် နေရာ မိက္ခါ အိမ် သို့ ရောက် သူ့ ကို နှုတ်ဆက် ကြ၏။ 16 စစ်တိုက် လက်နက် ပါ သောဒန် အမျိုးသား ခြောက် ရာ တို့သည် တံခါး ၌ နေ ကြ၏။ 17 လဲရှမြို့ကို စူးစမ်းသော လူ ငါး ယောက်တို့သည် မိက္ခါ အိမ် သို့ ဝင်18 ထုသောရုပ်တု သင်တိုင်း တော်၊ တေရပ်ရုပ်တု သွန်းသောရုပ်တု တို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူ ကြ၏။ ယဇ် ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြု ကြသနည်းဟုမေး သော်19 သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်20 ယဇ် ပုရောဟိတ်သည် ဝမ်းမြောက် သင်တိုင်း တော်၊ တေရပ်ရုပ်တု ထု သောရုပ်တုကို ယူ လျက် ထိုလူစု ထဲ သို့ ဝင် သွားလေ၏။ 21 ထိုသူတို့သည် သူငယ် များ၊ တိရစ္ဆာန် များ၊ ဝန်စလယ် များကို အဦး သွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့် သွား ကြ၏။ 22 မိက္ခါ အိမ် နှင့် ဝေး သောအခါ၊ မိက္ခါ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ဒန် အမျိုးသား တို့ကို မှီ အောင် လိုက်ကြ၏။ 23 ကြွေးကြော် သောအခါ ဒန် အမျိုးသား တို့သည် လှည့် ကြည့်လျက် သင် သည် အဘယ် အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခါ အား မေး သော်၊ 24 မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်25 ဒန် အမျိုးသား တို့က၊ ငါ တို့တွင် သင့် စကား ကို မ ကြား ပါစေနှင့်။ သို့မဟုတ် စိတ်ဆိုး သောသူ တို့သည် သင့် ကို တိုက် သင့် အသက် နှင့် သင့် အိမ်သား တို့ အသက် ဆုံး ကောင်းဆုံးလိမ့်မည်ဟု ဆို လျက် ခရီးသွား ကြ၏။ 26 မိက္ခါ သည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိ အိမ် သို့ ပြန် သွားလေ၏။ 27 ဒန် အမျိုးသားတို့သည်၊ မိက္ခါ လုပ် သော အရာတို့နှင့် သူ နေ သောယဇ် ပုရောဟိတ်ကို ယူ သွား၍ သတိ မရှိ ငြိမ်ဝပ် စွာနေသောလဲရှ မြို့သားတို့ဆီသို့ ရောက် သဖြင့် ထား နှင့် လုပ်ကြံ မြို့ ကို မီးရှို့ ကြ၏။ 28 ဇိဒုန် မြို့နှင့် ဝေး သောကြောင့် ၎င်း အဘယ်သူ နှင့် မျှ အမှု ဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘ မြို့အနား မှာရှိသော ချိုင့် တည်၏။ ထိုအရပ် မြို့ သစ်ကိုတည် နေ ကြ၏။ 29 ထိုမြို့ကို သူ တို့အမျိုး၏ အဘ ဣသရေလ သား ဒန် အမည် ကို မှီသဖြင့် ဒန် မြို့ ဟူ၍တွင် ကြ၏။ ထိုမြို့ အမည် ဟောင်း ကား လဲရှ တည်း။ 30 ဒန် အမျိုးသား တို့သည် မိက္ခါထု သောရုပ်တုကို တည်ထောင် မနာရှေ သား ဂေရရှုံ ၏သား ယောနသန် နှင့် သူ ၏သား တို့သည် သေတ္တာ တော်ကို သိမ်း သွားသည့်နေ့ တိုင်အောင် ဒန် အမျိုး ယဇ်ပုရောဟိတ် လုပ် ကြ၏။ 31 ဘုရား သခင်၏ အိမ် တော်သည် ရှိလော မြို့၌ ရှိ သည်ကာလ ပတ်လုံး မိက္ခါ သွန်း သော ရုပ်တု ကိုလည်း တည်ထောင် ကြ၏။

19

1 ဣသရေလ ရှင်ဘုရင် ရှိသည်ကာလ ဧဖရိမ် တောင် ခါးပန်း တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။ 2 ထိုမိန်းမသည် လင် ကို ပြစ်မှား ဗက်လင် မြို့ မိမိ အဘ အိမ် သို့ သွား သဖြင့် လေး နေ လေ၏။ 3 လင် သည် သူ့ ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သား တယောက်နှင့် မြည်း နှစ် စီးပါ လျက် ထ သွား ၍ ရောက် သောအခါ၊ မယား ငယ်သည် မိမိ အဘ အိမ် ထဲသို့ ခေါ် သွင်း၍၊ အဘ သည် သမက် ကို တွေ့ မြင်လျှင် ဝမ်းမြောက် သောစိတ်ရှိ၍ သိမ်းဆည်း လေ၏။ 4 ထိုကြောင့် သမက်သည် စား သောက် လျက် အိပ် လျက်၊ သုံး ရက် ပတ်လုံးယောက္ခမ အိမ်၌ နေ ၏။ 5 စတုတ္တ နေ့ ရက်နံနက် စောစော ထ၍ ထွက် သွားအံ့သောငှါ ပြင်ဆင် သောအခါ ယောက္ခမက၊ မုန့် အနည်းငယ် ကို စား၍ အား ဖြည့်ပြီးမှ သွား ကြပါဟု သမက် အား ဆို သည့်အတိုင်း6 နှစ် ယောက်လုံးထိုင် စား သောက် လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျ ပါတော့။ ယနေ့ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့ လျက် နေ ပါတော့ဟု သမက် အား ဆို ပြန်၍၊ 7 သမက် သည် သွား အံ့သောငှါ သော်လည်း ယောက္ခမ သွေးဆောင် သဖြင့် သမက်သည် ထို အရပ်၌ အိပ် ပြန်လေ၏။ 8 ပဉ္စမ နေ့ ရက်နံနက် စောစော သွား အံ့သောငှါ ထသောအခါ ယောက္ခမက၊ အား ဖြည့်ပါဦးတော့ဟု ဆို မွန်းလွဲ သည်တိုင်အောင် နှစ် ယောက်လုံး စားသောက် လျက်နေကြ၏။ 9 ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ပြန်သောအခါ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း10 သမက် သည် ထိုညဉ့် ကို မ လွန်စေဘဲ ထ သွား ကုန်းနှီး တင်သော မြည်း နှစ် စီးနှင့် မယားငယ် လည်း ပါ လျက် ယေရုရှလင် မြို့တည်းဟူသောယေဗုတ် မြို့အနီး သို့ ရောက် လေ၏။ 11 ထိုမြို့ အနီး သို့ ရောက်သောအခါ မိုဃ်းချုပ် သောကြောင့်ငယ်သား က၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤ မြို့ သို့ ဝင် အိပ် ကြကုန်အံ့ဟု သခင် အား ဆို သော်12 သခင် က၊ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားနေသောမြို့ သို့ ဝင် ဂိဗာ မြို့သို့ သွား ဦးမည်။ 13 ဂိဗာ မြို့၊ ရာမ မြို့ အစရှိ သော တစုံတခု သောအရပ် ၌ ညဉ့် ကိုလွန်စေခြင်းငှါသွား ကြကုန်အံ့ဟု ငယ်သား အား ဆို လျက်14 ခရီး သွားပြန်၍ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့အနီး သို့ ရောက်သောအခါ နေ ဝင် လေ၏။ 15 ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေမည်အကြံနှင့် မြို့ ထဲသို့ဝင် အဘယ်သူ မျှ ဧည့် မခံသေးသောကြောင့် လမ်း မှာ ထိုင် နေ၏။ 16 ဂိဗာ မြို့သားတို့သည် ဗင်္ယာမိန် အမျိုးသားဖြစ်ကြ၏။ သို့ရာတွင်တည်းခို သော ဧဖရိမ် တောင် သား လူ အို တယောက်ရှိသည်ဖြစ်၍၊ ထိုသူ သည် ညဦး ယံ၌ လယ် လုပ် ရာမှ လာ စဉ်17 မြော် ကြည့်၍ မြို့ လမ်း မှာ ဧည့်သည် တယောက် ရှိသည်ကိုမြင် လျှင် သင်သည် အဘယ် အရပ်သို့ သွား သနည်း၊ အဘယ် အရပ်က လာ သနည်းဟုမေး သော်18 ကျွန်ုပ် တို့သည် ယုဒ ခရိုင်ဗက်လင် မြို့မှ ဧဖရိမ် တောင် ခါးပန်း သို့ သွား ၏။ ကျွန်ုပ် သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင် မြို့သို့ ခဏသွား ပြီးမှ ယခုထာဝရဘုရား ၏ အိမ် တော်သို့ သွား ၏။ အဘယ်သူ မျှ ဧည့် မခံသေး။ 19 သို့ရာတွင်မြည်း ဘို့ မြက် ခြောက်နှင့် အခြားကျွေး စရာရှိ ၏။ ကိုယ် နှင့် ကိုယ်တော် ကျွန်မ လိုက်လာသော ငယ်သား ဘို့ မုန့် နှင့် စပျစ်ရည် ရှိ ၏။ တစုံတခု မျှ မလို ပါဟု ပြောဆို ၏။ 20 လူ အို ကလည်း သင် ချမ်းသာ ရှိပါစေသော။ သင် လို သမျှ သည် ငါ့ တာ ရှိစေတော့။ လမ်း မှာ ညဉ့် ကို မ လွန်စေနှင့်ဟုဆို လျက်21 ၊မိမိ အိမ် သို့ ခေါ် သွင်း၍ မြည်း တို့ကို ကျွေး လေ၏။ သူတို့သည် ခြေ ကို ဆေး စား သောက် ကြ၏။ 22 ထိုသို့ ပျော်မွေ့ လျက်နေကြသောအခါ ထိုမြို့ သား အဓမ္မ လူ အချို့တို့သည် အိမ် ကို ဝိုင်း ၍ တံခါး ကို ရိုက် ကြ၏။ အိမ်ရှင် လူအို ကိုလည်းခေါ် ၍၊ သင့် အိမ် သို့ ဝင် သောယောက်ျား နှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍ ထုတ် ခဲ့လော့ဟု ဆို ကြ၏။ 23 အိမ်ရှင် သည်လည်း ထွက် ညီအစ်ကို တို့၊ ဆိုး သောအမှုကို မ ပြုပါနှင့်။ ဤ သူ သည် အကျွန်ုပ် အိမ် တည်းခို သောသူဖြစ်၍ အဓမ္မ ပြု ကြပါနှင့်။ 24 အကျွန်ုပ် ၌ သမီး ကညာ ရှိပါ၏။ သူ ၏မယားငယ် လည်း ရှိပါ၏။ သူ တို့ကို ထုတ် ၍ ပေးပါမည်။ သူ တို့ကို ရှုတ်ချ ကြပါ။ အလို ရှိသည်အတိုင်း ပြု ကြပါ။ ဤ ယောက်ျား မျှလောက်ဆိုး သောအမှု ကို မ ပြု ပါနှင့်ဟု တောင်းပန် သော်လည်း25 သူတို့သည် နား ထောင်သောကြောင့် လေဝိလူ သည် မိမိ မယားငယ် ကို ထုတ် ၍အပ် သဖြင့် သူတို့သည် တညဉ့် လုံး အဓမ္မ ပြု၍ နံနက် တိုင်အောင် ရှုတ်ချ ပြီးမှ အာရုဏ် တက် မှ လွှတ် လိုက်ကြ၏။ 26 အာရုဏ် တက်သောအခါ မိန်းမ သည် လာ မိမိ သခင် နေရာ အိမ် တံခါး ရှေ့မှာ မိုဃ်းလင်း သည် တိုင်အောင် လဲ နေ၏။ 27 နံနက် အချိန်ရောက်မှ သူ ၏ သခင် သည် ထ အိမ် တံခါး ကို ဖွင့် သဖြင့် ခရီး သွား အံ့သောငှါ ထွက် သောအခါ မယားငယ် သည် အိမ် တံခါး ရှေ့မှာလဲ တံခါး ခုံကို လက် တင်လျက် ရှိသည် မြင် သော်၊ 28 လော့။ သွား ကြကုန်အံ့ဟု ဆို သော်လည်း သူသည် ပြန် ပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ ကို မြည်း ပေါ် မှာ တင် သဖြင့် မိမိ နေရာ သို့ သွား လေ၏။ 29 မိမိ အိမ် သို့ ရောက် သောအခါ ထား ကိုယူ မယားငယ် အကောင်ကို အရိုး နှင့်တကွဆယ် နှစ် ပိုင်း ပိုင်း ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက်လေ၏။ 30 သိမြင် သောသူ အပေါင်း တို့က၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် က ထွက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် ကဲ့သို့ သောအမှုကို အဘယ်သူမျှမ ပြု၊ တခါမျှမ ဖြစ် စဖူး။ ဆင်ခြင် တိုင်ပင် စီရင် ကြလော့ဟု ပြောဆို ကြ၏။

20

1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဂိလဒ် ပြည် သားတို့နှင့်တကွ လျက် ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ပရိသတ် အပေါင်းတို့သည် တယောက် သောသူ ကဲ့သို့ မိဇပါ မြို့၊ ထာဝရဘုရား ထံ တော်၌ စည်းဝေး ကြ၏။ 2 ဣသရေလ အမျိုး အနွယ်အပေါင်း ပြည်သား အပေါင်း တို့၏ အကြီးအကဲတို့သည် စည်းဝေး ကြသော်၊ ဘုရား သခင်၏လူ ထား လက်နက်စွဲကိုင် သော ခြေသည် သူရဲ လေးသိန်း နှင့်တကွချဉ်းကပ် ကြ၏။ 3 ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊ 4 အသေ ခံရသောမိန်းမ ၏လင် လေဝိ လူ က၊ အကျွန်ုပ် သည် မယားငယ် နှင့်အတူ လာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေပါ၏။ 5 ညဉ့် အခါ ဂိဗာ မြို့သား တို့သည် ထ အကျွန်ုပ် တည်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ် ကို တိုက်သတ် မည် အားထုတ် ကြပါ၏။ မယားငယ် သေ သည်တိုင်အောင်ရှုတ်ချ ကြပါ၏။ 6 အကျွန်ုပ် သည်လည်း မယားငယ် အကောင်ကိုယူ အပိုင်းပိုင်းဖြတ် ပြီးမှ ဣသရေလ အမျိုး အမွေခံ ရာ ပြည် တရှောက်လုံး သို့ ပေး လိုက်ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မ အမှုကို ပြု ကြပါပြီ။ 7 သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။ 8 လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ သွား မိမိ အိမ် သို့ ပြန်9 ဂိဗာ မြို့၌ အဘယ်သို့ပြု မည်နည်း ဟူမူကား စာရေးတံ ချ၍ အတိုက်သွားမည်။ 10 ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့သားတို့သည်၊ ဣသရေလ အမျိုးတို့၌ ပြု သမျှသော အဓမ္မ အမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူ တို့စားစရိတ် ကို ပို့ စေခြင်းငှါ ဣသရေလ အမျိုး အနွယ်အပေါင်း တို့၌ လူ တရာ တွင် တဆယ် တထောင် တွင် တရာ တသောင်း တွင် တထောင် တို့ကို ရွေးကောက် ကြကုန်အံ့ဟု ဆို လျက်၊ 11 ဣသရေလ အမျိုးသား အပေါင်း တို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး တယောက် သောသူ ကဲ့သို့ သင်း ဖွဲ့လျက်နေကြ၏။ 12 ဣသရေလ အမျိုးသား တို့သည်၊ ဗင်္ယာမိန် ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍၊ သင် တို့တွင် ပြု သော အဓမ္မ အမှုကား အဘယ်သို့ နည်း။ 13 ယခု မှာ ဂီဗာ မြို့၌ ရှိသော ထိုအဓမ္မ လူ တို့ကို ငါတို့ယူ၍ သတ် သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှား မည်အကြောင်းထိုလူတို့ကိုအပ် ကြပါဟု မှာ လိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလ အမျိုးသားတို့စကား ကို နား ထောင်ဘဲ၊ 14 ထိုအမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ အမြို့ မြို့အရွာရွာက ထွက် ၍ ဂိဗာ မြို့၌ စည်းဝေး ကြ၏။ 15 ထိုအခါ ဂိဗာ မြို့သား ယောက်ျား ကောင်း ခုနစ် ရာ မှတပါး အမြို့ မြို့အရွာရွာက လာ သော ဗင်္ယာမိန် အမျိုးသား အရေအတွက်ကား၊ ထား လက်နက်စွဲကိုင် သောသူ နှစ်သောင်း ခြောက်ထောင်တည်း။ 16 ထို လူ အပေါင်း တို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည် တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ် နိုင်သော ယောက်ျား ကောင်း ခုနှစ် ရာ ပါသတည်း။ 17 ဗင်္ယာမိန် အမျိုးသားမှတပါး ထား လက်နက်စွဲကိုင် ၍ စစ်သူရဲ ဖြစ်သော ဣသရေလ အမျိုးသား အရေအတွက်ကား လေးသိန်း တည်း။ 18 ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်၏ အိမ်တော်သို့ ထ သွား ပြီးလျှင် အကျွန်ုပ် တို့တွင် အဘယ်သူ သည် ဗင်္ယာမိန် အမျိုးကို အဦး ချီ သွားရပါမည်နည်းဟု ဘုရား သခင်ထံတော်၌ မေး လျှောက်ကြသော် ထာဝရဘုရား က၊ ယုဒ သည် အဦး ချီသွားရမည်ဟု မိန့် တော်မူ၏။ 19 နံနက် စောစောဣသရေလ အမျိုးသားတို့သည် ထ ဂိဗာ မြို့အနား ၌ တပ်ချ ပြီးမှ20 ဗင်္ယာမိန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဂိဗာ မြို့ရှေ့ မှာ စစ် ခင်းကျင်း လျက် နေကြ၏။ 21 ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ထို နေ့ တွင် ဣသရေလ လူ တသောင်း နှစ်ထောင်တို့ကို မြေ ပေါ် မှာ လှဲ ၍ သတ်ကြ၏။ 22 သို့ရာတွင် ဣသရေလ အမျိုးသားတို့သည် ရဲရင့် သောစိတ်ကိုယူ၍ ပဌမ နေ့ တွင် စစ်ခင်းကျင်း သော အရပ် တဖန် ခင်းကျင်း ကြ၏။ 23 ထာဝရဘုရား ထံ တော်သို့ သွား ညဦး ယံတိုင်အောင် ငိုကြွေး လျက် အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။ 24 ဒုတိယ နေ့ တွင် ဣသရေလ အမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်း ကြသောအခါ25 ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ထား လက်နက်စွဲကိုင် သော ဣသရေလ လူတသောင်း ရှစ်ထောင်တို့ကို မြေ ပေါ် ၌ လှဲ ၍ သတ်ကြ၏။ 26 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ငိုကြွေး လျက် ထာဝရဘုရား ထံ တော်၌ ဝပ် လျက် တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။ 27 ထို ကာလ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊ 28 ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့ ညီ ဗင်္ယာမိန် အမျိုးသား တို့ကို တဖန် သွား ၍ တိုက်ရပါမည်လော၊ မ သွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ထာဝရဘုရား က သွား ကြလော့။ နက်ဖြန် နေ့တွင် သူ တို့ကို သင် တို့လက် ငါအပ် မည်ဟု မိန့် တော်မူ၏။ 29 ဣသရေလ အမျိုးသားတို့သည် ဂိဗာ မြို့ပတ်လည် ကင်းစောင့် လူတို့ကို ထား ပြီးမှ30 တတိယ နေ့ တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီ သွား၍ ယမန် ကဲ့သို့ ဂိဗာ မြို့အနား၌ စစ် ခင်းကျင်းလျက် နေကြ၏။ 31 ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် မြို့ နှင့် ကွာ သွားကြ၏။ ဗေသလ မြို့သို့ သွား သောလမ်း ဂိဗာ တောရွာသို့ သွားသောလမ်းတွင် ယမန် ကဲ့သို့ ဣသရေလ အမျိုးသူရဲတို့ကို လုပ်ကြံ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။ 32 ဗင်္ယာမိန် အမျိုးသားတို့က၊ သူ တို့သည် ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို သော်လည်း ဣသရေလ အမျိုးသားတို့က ပြေး ကြကုန်အံ့၊ သူ တို့ကို မြို့ နှင့် ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆို လျက်33 ဣသရေလ လူအပေါင်း တို့သည် မိမိ တို့ နေရာ အရပ်မှ ဗာလတာမာ မြို့၌ စစ်ခင်း ကြ၏။ ကင်းစောင့် လျက်နေသော ဣသရေလ လူတို့သည်လည်း မိမိ တို့နေရာ ဂိဗာ လွင်ပြင် မှ ကြသဖြင့်34 ဣသရေလ အမျိုးသားယောက်ျား ကောင်း တသောင်း တို့သည် ဂိဗာ မြို့သို့ ချီ လာ၍ ဗင်္ယာမိန် အမျိုးသားတို့သည် ဘေး ရောက် လုနီးသည်ကို ရိပ်မိ သောကြောင့်၊ ကျပ်တည်း စွာ ဆီး၍ တိုက် ကြ၏။ 35 ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန် လူတို့ကို ဣသရေလ လူတို့ရှေ့ မှာ ရှုံး စေတော်မူသဖြင့် ထို နေ့ တွင် ဣသရေလ လူတို့သည် ထား လက်နက်စွဲကိုင် သော ဗင်္ယာမိန် လူ နှစ်သောင်း ငါးထောင်တရာ တို့ကို ပယ်ရှင်း ကြ၏။ 36 ဗင်္ယာမိန် အမျိုးသားတို့သည် မိမိတို့ ရှုံး သည်ကို သိမြင် ကြ၏။ ဣသရေ လူ တို့သည်၊ ဂိဗာ မြို့အနား၌ ထား သော ကင်း တပ်ကို ကိုးစား သောကြောင့် အစက ဗင်္ယာမိန် လူတို့ရှေ့ မှာ ဆုတ် ကြ၏။ 37 ကင်း တပ်သားတို့သည် ဂိဗာ မြို့သို့ တဟုန်တည်း ပြေး ဝင်၍ အနှံ့အပြားတိုက် သဖြင့် တမြို့ လုံး ကို ထား နှင့် လုပ်ကြံ ကြ၏။ 38 မြို့ ထဲမှာ ကြီးစွာ သော မီးခိုး တက် စေရမည်အကြောင်း ဣသရေလ လူ တို့သည် ကင်း စောင့်လူတို့အား အကြံ ပေးနှင့်ကြပြီဖြစ်၍39 ဣသရေလ လူ တို့သည် စစ်တိုက် ရာတွင် ဆုတ် သောအခါ၊ ဗင်္ယာမိန် လူတို့က၊ အကယ်၍သူတို့သည် ယမန် စစ် ရှုံး သကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို လျက် သူရဲတို့ကို လုပ်ကြံ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။ 40 တဖန် မီးလောင်၍ ထူထပ် သော မီးခိုး သည် မြို့ ထဲမှာ တက် ရှိသောအခါ ဗင်္ယာမိန် လူတို့သည် ပြန် ကြည့်၍ မြို့ ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင် ကြ၍၊ 41 ဣသရေလ လူ တို့သည် လှည့် ၍ ပြန်သောအခါ ဗင်္ယာမိန် လူ တို့သည် ဘေး ရောက် ကြောင်း ကို သိမြင် လျှင်42 မိန်းမော တွေဝေ၍ ဣသရေလ လူ တို့ရှေ့ မှာ တော လမ်း သို့ ပြေး သော်လည်း စစ်တိုက် လိုက် လာသောသူတို့သည် မှီသဖြင့် ပြေးသောသူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီး ကြ၏။ 43 ဗင်္ယာမိန် လူတို့ကို ဝိုင်း လျက်လိုက် လျက်၊ နုခါရွာမှစ၍နေ ထွက် ရာဘက် ဂိဗာ မြို့အနား တိုင်အောင် နှိပ် နင်းကြ၏။ 44 ထိုအခါ ဗင်္ယာမိန် သူရဲ တသောင်း ရှစ်ထောင်တို့သည် လဲ ၍ သေကြ၏။ 45 ကြွင်းသောသူတို့သည် လှည့် တော အရပ် ရိမ္မုန် ကျောက် သို့ ပြေး ကြစဉ်တွင်၊ လိုက်သောသူတို့သည် လူ ငါး ထောင် တို့ကို လမ်း မှာ ဖမ်း မိကြ၏။ ဂိဒုံ မြို့တိုင်အောင် အပြင်းလိုက် လူ နှစ်ထောင် တို့ကိုလည်း သတ် ကြ၏။ 46 ထို နေ့ တွင် လဲ ၍ သေသော ဗင်္ယာမိန် ထား စွဲ သူရဲ တို့အရေအတွက်ကား၊ နှစ်သောင်း ငါးထောင်တည်း။ 47 လူ ခြောက် ရာ တို့သည် လှည့် တော အရပ်ရိမ္မုန် ကျောက် ကို မှီအောင်ပြေး သဖြင့် ထိုကျောက် အောက်မှာ လေး နေ ကြ၏။ 48 ဣသရေလ လူ တို့သည် တဖန် လှည့် ဗင်္ယာမိန် အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ တိရစ္ဆာန် တွေ့ သမျှ တို့ကို ထား နှင့် လုပ်ကြံ ၍၊ တွေ့ သမျှ သောမြို့ ရွာတို့ကို မီး ရှို့ ကြ၏။

21

1 ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။ 2 လူ များတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ဘုရား သခင့် ရှေ့ တော်၌ ဦးတိုင်အောင် နေ လျက် အသံ ကို လွှင့် ငိုကြွေး လျက်3 အိုဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ချို့တဲ့ ရသောအမှု သည် အဘယ်ကြောင့် ဖြစ် ရပါသနည်းဟု လျှောက် ဆိုကြ၏။ 4 နက်ဖြန် နံနက်စောစောလူ များတို့သည် ထ ပြီးလျှင် ယဇ် ပလ္လင်ကိုတည် မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။ 5 ဣသရေလ အမျိုးသား တို့ကလည်း ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။ 6 ဣသရေလ အမျိုးသား တို့သည်လည်း ညီ ဗင်္ယာမိန် အတွက် နောင်တရ လျက် ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ဆုံး ပြီ။ 7 ငါ တို့သည် ကိုယ် သမီး ကို သူ တို့အား ပေးစား ရမည်အကြောင်း ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို သောကြောင့် ကျန် ကြွင်းသောသူတို့အဘို့ မိန်းမ တို့ကို အဘယ်သို့ နိုင်သနည်းဟူ၍၎င်း၊ 8 ဣသရေလ အမျိုး အနွယ်တို့တွင် အဘယ်သူ သည် မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲ နေသနည်းဟူ၍၎င်း မေးမြန်း လျှင် ဂိလဒ် ပြည်ယာဗက်မြို့သားတယောက် မျှ စုဝေး ရာ တပ် သို့ ရောက် မလာကြောင်းကို သိ ကြ၏။ 9 လူ များတို့ကို ရေတွက် သောအခါ ဂိလဒ် ပြည်ယာဗက်မြို့သား တယောက် မျှ မပါ။ 10 ထိုအခါ စုဝေး သောသူတို့သည် စစ်သူရဲ တသောင်း နှစ်ထောင်တို့ကို စေလွှတ် လျက် သင်တို့သည် သွား ဂိလဒ် ပြည် ယာဗက်မြို့သား ယောက်ျား မိန်းမ သူငယ် တို့ကို ထား နှင့် လုပ်ကြံ ကြလော့။ 11 သို့ဆိုသော်၊ ယောက်ျား အပေါင်း ကို၎င်း ယောက်ျား နှင့်ဆက်ဆံ သော မိန်းမ အပေါင်း ကို၎င်း၊ ရှင်းရှင်းပယ်ရှား ကြလော့ဟု မှာ ထားသည်အတိုင်း12 စစ်သူရဲတို့သည် ဂိလဒ် ပြည် ယာဗက်မြို့သား တို့တွင် ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ မိန်းမ အပျိုလေး ရာ တို့ကို တွေ့ ခါနာန် ပြည် တပ် ချရာ၊ ရှိလော မြို့သို့ ဆောင် ခဲ့ကြ၏။ 13 တဖန် စုဝေး သော သူအပေါင်း တို့သည်၊ ရိမ္မုန် ကျောက် နေသော ဗင်္ယာမိန်လူ တို့ကို နှုတ်ဆက် အသင့်အတင့် ခေါ် ခြင်းငှါ လူတို့ကို စေလွှတ် ကြ၏။ 14 ထိုအခါ ဗင်္ယာမိန် လူတို့သည် လာ ပြန်၍ ဣသရေလလူတို့သည် အရှင် ချန်ထားသော ဂိလဒ် ပြည် ယာဗက်မြို့သူ မိန်းမ တို့နှင့် ပေးစား ကြ၏။ သို့သော်လည်း မိန်းမတို့သည် မ လောက် မကြေ။ 15 ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုး အနွယ်တို့တွင် ပြိုပျက် ရာကို ပြု တော်မူသောကြောင့် ဣသရေလလူ တို့သည် ဗင်္ယာမိန် အတွက် နောင်တရ ကြ၏။ 16 စုဝေးရာ ပရိသတ် အသက်ကြီး သူတို့ကလည်း ဗင်္ယာမိန် အမျိုးထဲက မိန်းမ တို့ကို ပယ်ရှင်း သောကြောင့် ကျန် ကြွင်းသောသူတို့ အဘို့ မိန်းမ တို့ကို အဘယ်သို့ နိုင်သနည်းဟူ၍၎င်း၊ 17 ဣသရေလ အမျိုး တို့တွင် တမျိုးကို မ ပျောက် စေခြင်းငှါ သေ ဘေးမှ လွှတ်သော ဗင်္ယာမိန် လူတို့ အမွေခံ စရာမြေရှိရမည်။ 18 သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ဟူ၍၎င်း၊ 19 ဗေသလ မြို့ မြောက် ဘက်၊ ဗေသလ မြို့မှ ရှေခင် မြို့သို့ သွား သောလမ်း အရှေ့ ဘက်၊ လေဗောန မြို့တောင် ဘက်၊ ရှိလော မြို့နယ်တွင် ထာဝရဘုရား အဘို့ နှစ် စဉ်ပွဲ ခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့်အညီ 20 ဗင်္ယာမိန် လူ တို့ကို ခေါ် ၍ သင်တို့သည် သွား ကြလော့။ စပျစ် ဥယျာဉ်တို့၌ ချောင်းမြောင်း လျက်နေကြလော့။ ရှိလော မြို့သမီး တို့သည် ပွဲခံအံ့သောငှါ က လျက်လာ ကြသောအခါ21 စပျစ် ဥယျာဉ်ထဲက ထွက် ပြီးလျှင် ထိုမြို့သမီး တို့ကို အသီးအသီး ကိုယ် မယား ဖြစ်စေဘို့ ဘမ်းဆီး ဗင်္ယာမိန် ပြည် သို့ ဆောင် သွားကြလော့။ 22 သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ အမှု လုပ်သောအခါ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း23 ဗင်္ယာမိန် လူ တို့သည်ပြု ပွဲခံလျက်က သော မိန်းမတို့ကို ကိုယ် အရေအတွက် အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး ယူ သွားကြ၏။ ကိုယ် အမွေခံ ရာမြေသို့ ပြန် ရောက်ပြီးလျှင် မြို့ တို့ကို အသစ် ပြင်ဆင်၍ နေ ကြ၏။ 24 ထိုအခါ ဣသရေလ လူ အပေါင်းတို့သည်လည်း ကိုယ် အမျိုး ကိုယ် အဆွေ နေရာ ကိုယ် အမွေခံ ရာမြေ သို့ ပြန် သွားကြ၏။ 25 ထို ကာလ ဣသရေလ ရှင်ဘုရင် ရှိ၊ လူ တိုင်း မိမိ စိတ်အလို ရှိသည်အတိုင်း ပြု သတည်း။