ရှင်ယာကုပ်ဩဝါဒစာ။
11 ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ကျွန် ငါယာကုပ် သည်၊ အရပ်ရပ် တို့၌ ကွဲပြား သော တဆယ် နှစ်ပါးသောအမျိုး တို့ကို မေတ္တာနှင့် ကြား လိုက်ပါ၏။ 2 ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊ 3 ဝမ်းမြောက် စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ် ကြလော့။ 4 သင်တို့သည်အလျှင်း မချို့တဲ့ ဘဲ စေ့စပ် စုံလင် မည်အကြောင်း ၊ သည်းခံ ခြင်းစိတ်သည် အကုန်အစင်ပြုပြင် ပါ စေ။ 5 သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။ 6 သို့ရာတွင် တွေးတော ခြင်းမ ရှိဘဲယုံကြည် သောစိတ်နှင့် တောင်း ရမည်။ တွေးတော ခြင်းရှိသော သူ သည် ကား ၊ လေ ခတ် ၍ လှုပ်ရှားတတ်သော လှိုင်း တံပိုးနှင့်တူ ၏။ 7 ထိုသို့သောသူ သည် စိတ် နှစ်ခွရှိသောသူ၊ ပြု လေသမျှ တို့၌ မ တည်ကြည်သောသူဖြစ်၍၊ 8 ထာဝရ ဘုရား၏ လက်တော်မှ တစ်စုံတစ်ခု ကို ရ မည်ဟုမ ထင် မမှတ်စေနှင့်။ 9 အောက်လျှိုး နှိမ့်ချသော ညီအစ်ကို သည်မိမိ ချီးမြှောက် ခြင်းအရာ၌ ဝါကြွား ဝမ်းမြောက်စေ။ 10 ငွေရတတ် သော ညီအစ်ကိုသည် မိမိ နှိမ့်ချ ဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား ၊ သူသည်မြက် ပွင့် ကဲ့သို့ ဖောက်ပြန် ခြင်းသဘောရှိ၏။ 11 နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။ 12 စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။ 13 အပြစ် သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင် သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မ ပြော စေနှင့်။ မ ကောင်းသောအရာသည် ဘုရားသခင် ကိုမ သွေးဆောင်နိုင် ရာ။ ကိုယ်တော်သည်လည်း အဘယ်သူ ကိုမျှ အပြစ်သို့ သွေးဆောင် တော်မမူ။ 14 မိမိ တပ်မက်သောစိတ် ဆွဲငင် ဖြားယောင်း ခြင်းကို ခံသောသူ မည်သည်ကား ၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။ 15 တပ်မက်သောစိတ် သည် ပဋိသန္ဓေ ယူ၍ဒုစရိုက် သည်လည်း ပြည့်စုံ လျှင်သေ ခြင်းကို ဘွား တတ်၏။ 16 ငါ ချစ် သောညီအစ်ကို တို့၊ အလွဲ မ ယူကြနှင့်။ ကောင်းမြတ် စုံလင် သော ဆု ကျေးဇူး ရှိသမျှ တို့သည် အလင်း တို့၏ အဘ ထံ တော်က သက်ရောက် သည်ဖြစ်၍၊ အထက် အရပ်မှ လာ ကြ၏။ 17 ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။ 18 နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။ 19 သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။ 20 လူ ၏ဒေါသအမျက် သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ ပြုစု တတ်။ 21 ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။ 22 ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။ 23 တရား ကိုမ ကျင့် ဘဲနာ ရုံမျှသာပြုသောသူ မည်သည်ကား၊ မှန် ၌ မိမိ ပကတိ မျက်နှာ ကို ကြည့် သော သူ နှင့်တူ ၏။ 24 အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ကြည့် ပြီးမှ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန် ကို ချက်ခြင်း မေ့လျော့ တတ်၏။ 25 လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။ 26 သင်တို့တွင် အကြင်သူ သည် သီလ ဆောက်တည်ဟန် ပြု သော်လည်း၊ မိမိ နှုတ် ကို မ ချုပ်တည်း ၊ မိမိ နှလုံး ကို လှည့်ဖြား ၏။ ထိုသူ ၏ သီလ သည် အချည်းနှီး သက်သက်ဖြစ်၏။ 27 ခမည်းတော် ဘုရားသခင့် ရှေ့ ၌ စင်ကြယ်သန့်ရှင်း သော သီလ ဟူမူကား ၊ မိဘမရှိ သောသူငယ်တို့နှင့် မုဆိုးမ တို့သည် ဆင်းရဲ ခံရသောအခါ၊ သူ တို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင် လည်းလောကီ အညစ်အကြေး နှင့် ကင်းစင် အံ့သောငှာစောင့်ရှောက် ခြင်းပေတည်း။
21 ငါ့ ညီအစ်ကို တို့၊ ဘုန်းကြီး တော်မူသော ငါ တို့ သခင် ယေရှု ခရစ် ကို ယုံကြည် ခြင်းအမှုမှာ၊ လူမျက်နှာ ကို ထောက် ခြင်းမ ရှိ ကြနှင့်။ 2 ရွှေ လက်စွပ်နှင့် တင့်တယ် သော အဝတ်ကို ဝတ်ဆင် သောသူ ၊ ညစ် သောအဝတ်ကိုဝတ် ၍ ဆင်းရဲ သောသူနှစ်ဦးသည် သင် တို့၏ တရားစရပ် ထဲသို့ ဝင် သောအခါ ၊ 3 တင့်တယ် သောအဝတ် ကို ဝတ်ဆင် သောသူ ကိုကြည့် ၍ ၊ ကောင်းမွန် သော ဤအရပ် မှာထိုင် ပါဟူ၍၎င်း ၊ ဆင်းရဲ သောသူ ကို၊ ဟိုမှာ နေ လော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ ခြေ တင်ခုံအောက် ၌ ထိုင် လော့ဟူ၍၎င်း၊ သင် တို့သည် ပြောဆို လျှင် ၊ 4 တစ်ဘက်၌ငဲ့ကွက်သောစိတ် ရှိ၍ မကောင်း သောအကြံအစည် နှင့် စီရင် သောသူ ဖြစ် ကြသည်မ ဟုတ်လော။ 5 ငါ ချစ် သောညီအစ်ကို တို့၊ နားထောင် ကြလော့။ လောက တွင် ဆင်းရဲ သောသူ တို့သည် ယုံကြည် ခြင်းရတနာကို ရ တတ်စေခြင်းငှာ၎င်း ၊ ဘုရားသခင် ကို ချစ် သောသူ တို့အား ပေးမည်ဟုဝန်ခံ တော်မူသော နိုင်ငံ တော်၏အမွေခံ ဖြစ်စေခြင်းငှာ၎င်း၊ ထိုသူတို့ကို ရွေးကောက် တော်မူသည် မ ဟုတ်လော။ 6 သင် တို့သည် ဆင်းရဲ သောသူ ကို မထီမဲ့မြင် ပြုကြသည်တကား ။ ငွေရတတ် သော သူ တို့သည် သင် တို့ကို ညှဉ်းဆဲ နှိပ်စက်ကြသည်မ ဟုတ်လော။ တရား ပလ္လင် ရှေ့သို့ ဆွဲငင် ကြသည်မဟုတ်လော။ 7 သင် တို့ကို သမုတ် သော နာမ တော်မြတ် ကို သူ တို့သည်ကဲ့ရဲ့ ကြသည်မ ဟုတ်လော။ 8 ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။ 9 သို့မဟုတ် လူမျက်နှာကိုထောက် လျှင် ၊ ဒုစရိုက် ကို ပြုသောသူ ဖြစ်ကြ၏။ တရားကို လွန်ကျူး သောသူဟု ပညတ် တော်အားဖြင့် ထင်ရှား စွာဖြစ်ကြ၏။ 10 အဘယ်သို့ နည်းဟူမူကား၊ ပညတ် တရားအလုံးစုံ ကို စောင့်ရှောက် သည်တွင် တစ်စုံတစ်ခု၌ မှား မိလျှင် ၊ ပညတ် တရားကို လွန်ကျူးသောအပြစ် ရှိ ၏။ 11 သူ့ မယားကိုမ ပြစ်မှားနှင့်ဟု ပညတ် တော်မူသောသူ က၊ လူအသက်ကို မ သတ် နှင့်ဟု ပညတ် တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့ မယားကိုမ ပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ် လျှင် ၊ ပညတ် တရားကို လွန်ကျူး သောသူဖြစ် ၏။ 12 လွှတ် ခြင်းတရား အတိုင်း စီရင် ခြင်းကို ခံရ လတံ့ သောသူကဲ့သို့ ၊ စကား ပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။ 13 ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။ 14 ငါ့ ညီအစ်ကို တို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည်ယုံကြည် ခြင်းရှိ ၏ဟုပြော လျက် ၊ အကျင့် ကို မ ကျင့် ဘဲနေ လျှင် အဘယ် အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူ ကို ကယ်တင် နိုင် သလော။ 15 ညီအစ်ကို နှမ တို့သည် အဝတ် အချည်းစည်းရှိ၍၊ နေ့တိုင်း စားရ သောအစာ မရှိ သောအခါ ၊ 16 သင် တို့တွင် တစ်စုံတစ်ယောက် သောသူက၊ ငြိမ်ဝပ် စွာသွား ကြလော့။ နွေး ကြလော့။ ဝ ကြလော့ဟု ပြော လျက် ၊ သူ တို့ကိုယ် နှင့်တော်လျော် သော အသုံးအဆောင်ကို မ ပေး ဘဲနေလျှင် အဘယ် အကျိုး ရှိသနည်း။ 17 ထိုနည်းတူ ၊ အကျင့် နှင့် ကင်း သော ယုံကြည် ခြင်းသည် တစ်ပါးတည်းရှိ သောကြောင့် အသေ ဖြစ်၏။ 18 တနည်းကား၊ သင် သည်ယုံကြည် ခြင်းရှိ ၏။ ငါ သည်အကျင့် ရှိ ၏။ သို့ဖြစ်၍သင် သည်အကျင့် မ ရှိဘဲ သင် ၏ယုံကြည် ခြင်းကို ပြ လော့။ ငါ မူကား၊ အကျင့် အားဖြင့် ငါ ၏ယုံကြည် ခြင်းကို ပြ မည်ဟုပြော စရာရှိ၏။ 19 ဘုရားသခင် တစ်ဆူတည်း ရှိ သည်ဟု သင် သည်ယုံ ၏။ ကောင်း ပေ၏။ နတ်ဆိုး တို့သည် ယုံ ၍ ကြောက်ရွံ့တုန်လှုပ် ကြ၏။ 20 လျှပ်ပေါ် သောလူ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် သည်ကို သိ ချင် သလော။ 21 ငါ တို့အဘ အာဗြဟံ သည်၊ မိမိ သား ဣဇာက် ကို ယဇ်ပလ္လင် ပေါ်မှာ တင်လှူ ပူဇော်သောအခါ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။ 22 ယုံကြည် ခြင်းသည် အကျင့် နှင့်အတူ ပြုပြင် ၍၊ အကျင့် အားဖြင့် စုံလင် သည်ကိုသိမြင် ရ၏။ 23 အာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏ဟူသော ကျမ်း စကား ပြည့်စုံ လေ၏။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏အဆွေ ဟူ၍ခေါ်ဝေါ် ခြင်းကိုခံရ၏။ 24 လူ သည်ယုံကြည် ခြင်းအားဖြင့် သာ ဖြောင့်မတ် ရာသို့ရောက်သည်မ ဟုတ်။ အကျင့် အားဖြင့် ရောက် သည်ကို သင်တို့သိမြင် ရကြ၏။ 25 ထိုနည်းတူ ၊ ပြည်တန်ဆာ ရာခပ် သည်၊ တမန် တို့ကိုလက်ခံ ပြီးမှ အခြား သောလမ်း ဖြင့် လွှတ် လိုက်၍ ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။ 26 ဝိညာဉ် နှင့်ကင်း သောကိုယ် သည် အသေ ဖြစ် သကဲ့သို့ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် ၏။
31 ငါ့ ညီအစ်ကို တို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြော စီရင်ခြင်းကိုခံရ မည်ဟု သင်တို့သိ ၍ အများ သောဆရာ မ ဖြစ် ကြနှင့်။ 2 ငါတို့ရှိသမျှ သည် အများ သောအားဖြင့် မှား တတ်ကြ၏။ စကား အားဖြင့် မှား ခြင်းမရှိ သောသူ မည်သည်ကား ၊ စုံလင် သောသူ ဖြစ်၏။ မိမိကိုယ်ကို တကိုယ် လုံး ကို ချုပ်တည်း နိုင် သောသူဖြစ်၏။ 3 မြင်း ကိုနိုင် ခြင်းငှာ ပစပ် ကိုဇက် ခွံ့ တတ်၏။ သို့ပြု၍ မြင်း ကိုယ် တကိုယ်လုံး ကို လှည့် စေတတ်၏။ 4 ထိုမှတစ်ပါး ၊ အလွန်ကြီး သောသင်္ဘော သည်ပြင်းစွာ သောလေဟုန် နှင့် လွင့် သွားသော်လည်း ၊ တက်မ ကိုင်အလိုရှိ သည်အတိုင်း ၊ ငယ် သောတက်မ ဖြင့် လှည့် တတ်၏။ 5 ထိုနည်းတူ ၊ လျှာ သည်ငယ် သော အင်္ဂါ ဖြစ် သော်လည်း အလွန် ဝါကြွား တတ်၏။ အဘယ်မျှလောက်များစွာသောထင်း ကို အနည်းငယ် သာ မီး သည်ညှိ နိုင်သည်ကို ကြည့် ပါလော့။ 6 လျှာ သည် မီး ဖြစ်၏။ ဒုစရိုက် ၏ လောက ဓါတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာ သည်ငါ တို့၏ အင်္ဂါ တို့တွင် တည် ၍ တစ်ကိုယ် လုံး ကို ညစ်ညူး စေ၏။ ဇာတိ စက်ကိုလည်း ရှို့ တတ်၏။ မိမိသည်လည်း ငရဲ မီးရှို့ ခြင်းကိုခံလျက်ရှိ၏။ 7 သားရဲ မျိုး၊ ငှက် မျိုး၊ တွား တတ်သောတိရစ္ဆာန်မျိုး၊ ငါး မျိုးတို့ကို လူ မျိုးသည် အောင် တတ်သည်အတိုင်း အောင် ခဲ့ပြီ။ 8 လျှာ ကိုကား ၊ အဘယ် လူ မဆိုမအောင် နိုင် ၊ မ ဆုံးမနိုင်သော အဆိုးအညစ် ဖြစ်၏။ သေ စေတတ်သော အဆိပ် အတောက်နှင့်ပြည့်စုံ ၏။ 9 ငါတို့သည်လျှာ ဖြင့် ခမည်းတော် ဘုရားသခင် ကို ကောင်းကြီး ပေးတတ်ကြ၏။ ဘုရားသခင် ၏ ပုံ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်း သော လူ တို့ကို လျှာ ဖြင့် ကျိန်ဆဲ တတ်ကြ၏။ 10 နှုတ် တစ်ပါးတည်းအထဲ က၊ ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲ ခြင်းထွက် တတ်ပါသည်တကား၊ ငါ့ ညီအစ်ကို တို့၊ ထိုသို့မ ဖြစ်ကောင်း ရာ။ 11 စမ်း ရေပေါက် တစ်ပေါက်တည်း အထဲ ကချို သောရေနှင့် ခါး သောရေထွက် တတ်သလော။ 12 ငါ့ ညီအစ်ကို တို့၊ သင်္ဘောသဖန်း ပင်သည် သံလွင် သီးကို သီးနိုင်သလော။ စပျစ် ပင်သည် သင်္ဘောသဖန်း သီးကို သီးနိုင် သလော။ ထိုအတူ၊ ငန် သောရေ သည် ချို သောရေကိုမ ဖြစ် စေနိုင်။ 13 သင် တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံ သော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင် ၊ ထိုသူသည် ပညာ ၏ နူးညံ့ သိမ်မွေ့ခြင်းနှင့်တကွ ၊ ကောင်းမြတ် သော ကျင့်ကြံ ပြုမူခြင်းအားဖြင့် မိမိ အမှု တို့ကို ပြ ပါစေ။ 14 သို့မဟုတ် သင် တို့စိတ် ထဲမှာ ခါး စွာသော ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိ လျှင် ၊ သမ္မာတရား ကို မုသာ ဖြင့် ဆန် ၍ မ ဝါကြွား ကြနှင့်။ 15 ထိုသို့သောပညာ သည် အထက် မှသက်ရောက် သောပညာမ ဟုတ်။ မြေကြီး ပညာ၊ ဇာတိ ပကတိပညာ၊ နတ်ဆိုး ပညာဖြစ် ၏။ 16 အကြောင်းမူကား ၊ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိလျှင် ၊ မငြိမ်မဝပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ် စွာပြုမူ ခြင်း အမျိုးမျိုး ရှိ တတ်၏။ 17 အထက် မှ သက်ရောက်သောပညာ မူကား ၊ ရှေ့ဦးစွာ စင်ကြယ် ၏။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင် လွယ်၏။ ကရုဏာ နှင့်၎င်း ၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ ၏။ လျစ်လျူသောစိတ် ရှိ၏။ လျှို့ဝှက် ခြင်းနှင့်ကင်းစင်၏။ 18 အသင့်အတင့် နေခြင်းငှာ ပြုစု တတ်သော သူ တို့သည် ဖြောင့်မတ် ခြင်းတရား၏ မျိုးစေ့ ကိုငြိမ်သက် စွာကြဲ တတ်ကြ၏။
41 သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။ 2 သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။ 3 ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။ 4 မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။ 5 ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။ 6 ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။ 7 ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။ 8 ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။ 9 ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။ 10 ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။ 11 ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။ 12 ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။ 13 ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။ 14 နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။ 15 ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။ 16 ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။ 17 ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။
51 အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။ 2 သင် တို့ဥစ္စာပစ္စည်း သည် ပုပ်စပ် လျက်ရှိ၏။ အဝတ် ကိုလည်း ပိုးကိုက်စား လေပြီ။ 3 ရွှေ ငွေ လည်း အချေး တက်၍ ပျက်ကုန်ပြီ။ ထိုအချေး သည် သင် တို့တစ်ဘက်၌ သက်သေ ဖြစ်၍၊ မီး ကဲ့သို့ သင် တို့အသား ကိုစား လိမ့်မည်။ နောက်ဆုံး သောနေ့ရက် ကာလအဘို့ ဘဏ္ဍာ ကို ဆည်းဖူးကြပြီတကား၊ 4 နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။ 5 သင်တို့သည်မြေကြီး ပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန်ပျော်မွေ့ ကြပြီ။ သတ် ရသောနေ့ ၌ ကဲ့သို့၊ မိမိ တို့ နှလုံး ကို မွေးမြူ ကြပြီ။ 6 ဖြောင့်မတ် သောသူ ကို အပြစ်စီရင် ၍ ကွပ်မျက် ကြပြီ။ သူသည်လည်း သင် တို့ကို မ ဆီးတား ။ 7 ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။ 8 သင် တို့သည်လည်း သည်းခံ လျက်စောင့် နေကြလော့။ ကိုယ် စိတ် နှလုံး ကိုမြဲမြံ စေကြလော့။ သခင် ဘုရား ကြွလာ တော်မူသောအချိန်ရောက် လုနီးပြီ။ 9 ညီအစ်ကို တို့၊ စစ်ကြော စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အချင်းချင်း ငြင်းခုံ ပြစ်တင်ခြင်း ကို မ ပြုကြနှင့်။ တရား စီရင် ပိုင်သောသူ သည် တံခါး နား မှာ ရှိ တော်မူ၏။ 10 ငါ့ညီအစ်ကို တို့၊ ထာဝရ ဘုရား၏ နာမ တော်ကို အမှီပြု ၍ ဟောပြော သော ပရောဖက် တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံ ခြင်း၏ ပုံ သက်သေကို ပြ ကြပြီဟုမှတ်ကြလော့။ 11 သည်းခံ နိုင်သောသူ တို့သည် မင်္ဂလာ ရှိသောသူဟူ၍ငါတို့သည် ခေါ်ကြ၏။ ယောဘ သည် သည်းခံ ကြောင်းကို သင်တို့ကြား ရကြပြီ။ ထာဝရ ဘုရားသည် မိမိအမှုကို လက်စသတ် တော်မူရာမှာ အလွန် သနား စုံမက် တော်မူကြောင်းကိုလည်း သိမြင် ရ ကြပြီ။ 12 ငါ့ ညီအစ်ကို တို့၊ ခပ်သိမ်း သောအမှုအရာတို့တွင် ကျိန်ဆို ခြင်းကိုသာ၍ရှောင် ကြလော့။ ကောင်းကင် ဘုံကို တိုင်တည် ၍ မ ကျိန်ကြနှင့်။ မြေကြီး ကိုတိုင်တည်၍ မ ကျိန်ကြနှင့်။ ထိုမှတပါး ၊ အဘယ် အကျိန်အားဖြင့်မျှ မ ကျိန်ကြနှင့်။ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ သင် တို့စကားမှာ ၊ ဟုတ် သည်ကို အဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေကြလော့။ 13 သင် တို့တွင် ဆင်းရဲ ခံရသောသူ ရှိလျှင် ဆုတောင်း စေ။ ရွှင်လန်း သောသူ ရှိလျှင် ဆာလံသီချင်း ကိုဆို စေ။ 14 နာ သောသူ ရှိလျှင်၊ သင်းအုပ် ကိုခေါ် ၍ သူတို့ သည် သခင် ဘုရား၏ နာမ တော်ကို အမှီပြု လျက်၊ လူနာ ကိုဆီ နှင့်လူး ၍ သူ့ အပေါ်မှာ ဆုတောင်း ကြစေ။ 15 ထိုသို့ပြုလျှင်၊ ယုံကြည် ခြင်း၏ပဌနာ သည် လူနာ ကို ကယ်ဆယ် ၍ ၊ သခင် ဘုရားသည် သူ့ ကိုထမြောက် စေတော်မူမည်။ သူ သည်အပြစ် ပြု မိ သော်လည်း ထိုအပြစ် ကို လွှတ်တော်မူမည်။ 16 အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။ 17 ဧလိယ သည် ငါ တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် သော်လည်း ၊ မိုဃ်း မ ရွာမည် အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ်လုံးမြေ ပေါ်သို့ မိုဃ်း မ ရွာဘဲနေ၏။ 18 တဖန် ဆုတောင်း သောအခါ ၊ မိုဃ်းကောင်းကင် သည် မိုဃ်းရွာ စေ၏။ မြေကြီး သည်လည်း မိမိ အသီး ကိုသီး လေ၏။ 19 ညီအစ်ကို တို့၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် သမ္မာတရား လမ်းမှ လွဲ သွား၍ သူတစ်ပါး သည် ထိုသူ ကို ပြန် စေလျှင်မူကား ၊ 20 အပြစ် ရှိသောသူကို မှားယွင်း သောလမ်း မှ ပြန် စေသောသူ သည်၊ ဝိညာဉ် ကို သေ ခြင်းမှ ကယ်တင် ၍ များစွာ သောအပြစ် တို့ကို ဖုံးအုပ် တတ် သည်ဟု ထိုသူသည် သိမှတ် စေ။