ဟောရှေအနာဂတ္တိကျမ်း

1

1 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊ 2 သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း3 ဟောရှေသည်သွား ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ သား ယောက်ျားကို ဘွားမြင် လေ၏။ 4 ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။ 5 ဣသရေလ လေး ကို ယေဇရေလ ချိုင့် ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။ 6 တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။ 7 ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။ 8 လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ 9 ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ်10 သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။ 11 ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

2

1 သင် တို့ညီအစ်ကို များကို ငါ ၏လူ ဟူ၍၎င်း ၊ သင် တို့နှမ များကို သနား စုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ် ကြလော့။ 2 သင် တို့အမိ နှင့် ဆွေးနွှေး ကြလော့။ သူ သည် ငါ့ မယား ဟုတ်၊ ငါ သည်လည်း သူ့ လင် ဟုတ်ကြောင်း ကို ဆွေးနွှေး ကြလော့။ ပြည်တန်ဆာ မျက်နှာကို ပယ် မှားယွင်း ခြင်းအမှုကို ရှောင်စေ။ 3 ရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ် ၊ သူ ဘွား သောနေ့ ၌ အဝတ်မရှိသကဲ့သို့အဝတ် မပါ၊ ပြင်၌ ထုတ် ထားမည်။ လွင်ပြင် ကဲ့သို့ သုတ်သင် မည်။ သွေ့ခြောက် သော မြေ ကဲ့သို့ ဖြစ်စေ လျက် ရေ အငတ်ထား၍ သေ စေမည်။ 4 သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။ 5 သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။ 6 သို့ဖြစ်၍ ၊ သူ့ ကိုဆူး စောင်ရန်းနှင့် ကာ ထားမည်။ ထွက် စရာမ ရှိစေခြင်းငှါ သူ့ ပတ်လည် ၌ ကျောက်ရိုး ကိုလည်း တည် မည်။ 7 သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မှီ ၊ ရှာ သော်လည်း တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။ 8 ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ကို ငါ ပေး သနား သည်ဟူ၍၎င်း ၊ ဗာလ ဘုရားအား ပူဇော် သောရွှေ နှင့် ငွေ ကို သူ ငါများပြား စေသည်ဟူ၍၎င်း သူသည် မ အောက်မေ့ ပါတကား။ 9 သို့ဖြစ်၍ ၊ စပါးရိတ် ရာကာလ ငါ့ စပါး ကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့ စပျစ်ရည် ကို၎င်း ၊ သူ ကိုယ်ကိုဖုံးလွှမ်း စေရာ ငါ့ သိုးမွှေး နှင့် ပိုက်ဆန် ကို၎င်းငါသိမ်းယူ မည်။ 10 ယခုပင် သူ ၏ ရည်းစား များရှေ့ ၌ သူ့ အဝတ် ကို ငါလှစ်လှန်၍ အရှက် ခွဲမည်။ ငါ့ လက် မှ အဘယ်သူ မျှသူ့ ကိုမ နှုတ် ရ။ 11 သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။ 12 ဤသည်ကား၊ ငါ့ ရည်းစား ပေး သော ဆု လက်ဆောင်ဖြစ်သည်ဟု သူဆို ရာ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်း ဥယျာဉ်တို့ကို ငါသုတ်သင် ပယ်ရှင်း၍ ၊ လွင်ပြင် ဖြစ်စေ သဖြင့် တော သားရဲ တို့သည် ကိုက်စား ကြလိမ့်မည်။ 13 ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ဗာလ ဘုရား တို့ လက်ထက် ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 14 သို့ရာတွင် ၊ သူ့ ကို တဖန်ငါ ဖြားယောင်း မည်။ တော လမ်းဖြင့် ပို့ဆောင် သော်လည်း ၊ နှစ်သိမ့် စေသော စကားကိုပြော မည်။ 15 တော တဘက်၌ စပျစ် ဥယျာဉ်တို့ကို၎င်း၊ အာခေါ် ချိုင့် မြော်လင့် ရာတံခါး ကို၎င်းငါပေး မည်။ သူ သည် အသက် ငယ် စဉ်ကာလ ၊ အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ သီချင်းဆိုသကဲ့သို့၊ တော တဘက်သို့ ရောက်သောအခါ သီချင်း ဆိုရလိမ့်မည်။ 16 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ သင်သည်ငါ့ ကို သခင် ဟူ၍မ ခေါ် ရ၊ ခင်ပွန်း ဟူ၍ခေါ် ရမည်။ 17 အခြားတပါးသော သခင်တို့၏ ဘွဲ့နာမ များကို သူ ၏ နှုတ် မှ ငါပယ် ၊ ထို ဘွဲ့နာမ များကို နောက် တဖန် မ မှတ်မိ မမြွက်ဆိုရ။ 18 ထိုကာလ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။ 19 ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။ 20 သစ္စာ စောင့်ခြင်းနှင့်အညီ သိမ်းယူ ၊ သင်သည် ထာဝရဘုရား ကို သိ ရလိမ့်မည်။ 21 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။ 22 မြေကြီး သည်လည်း ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ ၏ စကားကို နားထောင် ၊ သူ တို့သည်လည်း ယေဇရေလ စကားကို နားထောင် ကြလိမ့်မည်။ 23 ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။

3

1 တဖန် ထာဝရဘုရား က၊ ဣသရေလ အမျိုးသား တို့သည် အခြား တပါးသော ဘုရား တို့ကို ဖူးမြော် ၊ စပျစ်သီး ပျဉ် ကို အလိုရှိ သော်လည်း ထာဝရဘုရား ချစ် တော်မူသည် နည်းတူ ၊ မိမိခင်ပွန်း ၏ ချစ် ခြင်းကိုခံ လျက် မျောက်မထား သော မိန်းမကို သွား ချစ် ဦးလော့ဟု ငါ့ အား မှာ ထားတော်မူသည်အတိုင်း2 ထိုမိန်းမကို ငွေ တဆယ် ငါး ကျပ်၊ မုယော ဆန် တဟောမဲ ခွဲနှင့် ငါ ရွေး ပြီးမှ3 သင်သည်ငါ့ အဘို့ နေ့ရက် များစွာ စောင့်၍ နေ ရမည်။ ပြည်တန်ဆာ လုပ်ရ။ အခြားသော ယောက်ျား နှင့် ပေါင်းဘော် ရ။ သို့ပြုလျှင် ၊ သင့် အဘို့ ငါ စောင့်၍ နေမည်ဟု ပြော ထား၏။ 4 အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် ရှိ၊ မင်းသား ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု ရှိ၊ သင်တိုင်း ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။ 5 ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၊ နောင် ကာလ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။

4

1 အိုဣသရေလ အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား သည် ပြည်သူ ပြည်သားတို့နှင့် တရား တွေ့မှုရှိတော်မူ၏။ အကြောင်း မူကား၊ သူတို့သည် သစ္စာ ရှိ၊ ကရုဏာ ရှိ၊ ဘုရား သခင်ကို မ သိ ကြ။ 2 ကျိန်ဆဲ ခြင်း၊ မုသာ စကားကို ပြောခြင်း၊ လူအသက် ကို သတ် ခြင်း၊ သူ့ဥစ္စာကိုခိုး ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်းတို့၌ အဆီး အတားမရှိ။ လူအသက်ကိုသတ် သောအပြစ် အထပ်ထပ်ရှိကြ၏။ 3 ထိုကြောင့် ၊ ပြည် သည် ငြိုငြင် လိမ့်မည်။ ပြည်သား အပေါင်း တို့နှင့်တကွ ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အားလျော့ ကြလိမ့်မည်။ ပင်လယ် ငါး တို့ သည်လည်း ကုန် ကြလိမ့်မည်။ 4 သို့ရာတွင် ၊ အဘယ် သူမျှမ ဆီးတား စေနှင့်။ အဘယ် သူမျှမ ဆုံးမ စေနှင့်။ အကြောင်း မူကား၊ သင် ၏ အမျိုးသား ချင်းတို့သည် ယဇ်ပုရောဟိတ် နှင့် ဆန့်ကျင်ဘက် ပြုသောသူကဲ့သို့ ဖြစ်ကြ၏။ 5 ထိုကြောင့် ၊ နေ့ အချိန်၌ သင်သည်လဲ ရလိမ့်မည်။ ညဉ့် အချိန်၌ သင် နှင့်အတူ ပရောဖက် သည်လည်း လဲ ရ လိမ့်မည်။ သင့် အမိ ကိုလည်း ငါဖျက်ဆီး မည်။ 6 ငါ့ လူ တို့သည် ပညာ နည်း သောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာ ကိုပယ် သောကြောင့် ၊ ငါ့ ယဇ် ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါ သင့် ကို ငါပယ် မည်။ သင် ၏ ဘုရား သခင့်တရား ကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီး တို့ကို ငါ့မေ့လျော့ မည်။ 7 သူ တို့သည် ဘုန်းတိုးပွား သည်အတိုင်း ငါ့ ကို ပြစ်မှား ကြပြီ။ သို့ဖြစ်၍ ၊ သူ တို့၏ ဘုန်း ကို ငါအရှက်ကွဲ စေမည်။ 8 ငါ့ လူ တို့၏ အပြစ် ဖြေရာ ယဇ်တို့ကို စား လျက် နှင့် ပင်၊ ထို အပြစ် ကို စိတ် စွဲလမ်းတတ်ကြ၏။ 9 ထိုကြောင့် ၊ လူ တို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ဖြစ် လိမ့်မည်။ သူ တို့အကျင့် များကို ငါစစ်ကြော ၊ အသီးအသီး ပြုမူ သမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။ 10 သူတို့သည် စား ရကြ။ မ တရားသောမေထုန် ကိုပြု၍ သားသမီး ကို မ ဘွားမြင်ရကြ။ 11 အကြောင်း မူကား စိတ် နှလုံးကို ယစ်မူး စေတတ် သော ကာမ ဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည် နှင့် သေရည် သေရက်ကို သောက် ခြင်း၌ မှီဝှဲသောကြောင့် ၊ ထာဝရဘုရား ကို စွန့်ပစ် ကြပြီ။ 12 ငါ့ လူ တို့သည် သစ်သား နှင့် တိုင်ပင် တတ်ကြ၏။ သူ တို့၏တောင်ဝေး သည် အကြံ ပေးတတ်၏။ ကိလေသာ စိတ် အားကြီးသောကြောင့် ၊ သူတို့သည် လမ်းလွှဲ မိမိ တို့ ဘုရား သခင့်ထံမှာ မနေ၊ မှားယွင်း တတ်ကြ၏။ 13 တောင် ထိပ် ပေါ် ၊ ကုန်း ပေါ် မှာ၎င်း ၊ အရိပ် ကောင်း သောသပိတ် ပင်မျိုး၊ လိဗနော ပင် အောက် မှာ၎င်း ၊ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့် ၊ သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား တတ်ကြ၏။ 14 သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား သော်လည်း ငါမ စစ်ကြော ၊ အကြောင်း မူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍၊ပညာမရှိသောသူတို့ သည် ဆုံးရှုံးကြလိမ့်မည်။ 15 အိုဣသရေလ အမျိုး၊ သင် သည် ပြည်တန်ဆာ လုပ်သော်လည်း ၊ ယုဒ အမျိုးကို မ မှားယွင်း ပါစေနှင့်။ ဂိလဂါလ မြို့သို့ မ ချဉ်းကပ် ကြနှင့်။ ဗေသဝင် မြို့သို့ မ သွား ကြနှင့်။ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်းဟူ၍မ ကျိန်ဆို ကြနှင့်။ 16 ဣသရေလ အမျိုးသည် ရုန်း တတ်သော နွား မပျိုကဲ့သို့ ဆန့်ကျင် ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ် သောအရပ်၌ သိုးသငယ် ကိုထိန်း သကဲ့သို့ ၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။ 17 ဧဖရိမ် သည်ရုပ်တု တို့၌စွဲကပ် လျက်ရှိ၏။ သူ့ ကို တတ် တိုင်းရှိစေလော့။ 18 သူ တို့စားသောက် ပွဲခံချိန်လွန် ပြီ။ မင်း လုပ်သောသူတို့သည် အထပ်ထပ်မတရား သောမေထုန် ကိုပြုကြပြီ။ ရှက်ဘွယ် သောအမှုကိုတပ်မက် ကြပြီ။ 19 လေ သည် မိမိ အတောင် တို့နှင့် တိုက် ၍ ပါသွားမည်။ သူ တို့သည် မိမိ တို့ ပူဇော်သောယဇ် များကြောင့် ရှက် ကြလိမ့်မည်။

5

1 အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။ 2 ယဇ်ကောင် တို့ကိုသတ် သောအားဖြင့် မိမိတို့အပြစ် ကို များပြားစေကြ၏။ ထိုကြောင့် ၊ ငါ သည် ထိုသူ အပေါင်း တို့၌ အပြစ် ဒဏ်ပေးမည်။ 3 ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။ 4 သူ တို့သည်ပြုမြဲပြုသောကြောင့်၊ သူ တို့၏ဘုရား သခင့်ထံ တော်သို့ပြန် ၍ မ လာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရား ကိုမ သိ ကြ။ 5 ဣသရေလ အမျိုး၏ မာန သည်သူ့ မျက်မှောက် နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ ဣသရေလ နှင့် ဧဖရိမ် သည် မိမိ တို့ အပြစ် လဲ ၊ သူ တို့နှင့်အတူ ယုဒ အမျိုးသည်လည်း လဲ လိမ့်မည်။ 6 သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။ 7 သူတို့သည်ထာဝရဘုရား ထံတော်၌ ခံသောသစ္စာ ကို ဖျက်ကြပြီ။ အကြောင်း မူကား၊ တပါး အမျိုးသားတို့ကို ဘွားမြင် ကြပြီ။ လဆန်း နေ့ရောက်မှ သူ တို့နှင့် သူ တို့ဥစ္စာ သည်ပျက်စီး လိမ့်မည်။ 8 ဂိဗာ မြို့၌ နှဲ ခရာကို၎င်း ၊ ရာမ မြို့၌ တံပိုး ကို၎င်းမှုတ် ကြလော့။ ဗေသဝင် မြို့၌ ကြွေးကြော် ကြလော့။ အိုဗင်္ယာမိန် အမျိုး၊ နောက် သို့ ကြည့်ကြလော့။ 9 ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။ 10 ယုဒ မင်း တို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ သော သူကဲ့သို့ ဖြစ် ကြ၏။ ငါသည်သူ တို့အပေါ် သို့ ငါ့ အမျက် ကို ရေ ကဲ့သို့ သွန်းလောင်း မည်။ 11 ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။ 12 ထိုကြောင့် ၊ ငါ သည် ဧဖရိမ် ကိုက်တတ်သော ပိုး ကောင်၊ ယုဒ အမျိုး စား တတ်သော အနာကဲ့သို့ ဖြစ်မည်။ 13 ဧဖရိမ် သည် မိမိ အပေါက် တို့ကို၎င်း ၊ ယုဒ သည် မိမိ အနာ ကို၎င်း မြင် သောအခါ ၊ ဧဖရိမ် သည် အာရှုရိ မင်းထံသို့ သွား ၊ ယုဒသည် ရှင်ဘုရင် ယာရက် ထံသို့ စေလွှတ် သော်လည်း ၊ ထိုမင်းတို့သည် သင် တို့အပေါက်ကို ဖါ နိုင် ၊ အနာ ကိုလည်း မ ပျောက် စေနိုင်ကြ။ 14 အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား အဘယ် သူမျှမ နှုတ်ရ။ 15 သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။

6

1 လာ ကြ။ ထာဝရဘုရား ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။ 2 နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။ 3 ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။ 4 အိုဧဖရိမ် ၊ သင် အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။ 5 ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။ 6 ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။ 7 သူ တို့သည် အာဒံ ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။ 8 ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။ 9 ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ပင် အသက် ကိုသတ် တတ်ကြ၏။ 10 အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ အမျိုး ငါမြင် ပြီ။ ထို အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။ 11 ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။

7

1 ဣသရေလ အနာ ကို ပျောက်စေခြင်းငှါ ငါ ပြု သောအခါ ၊ ဧဖရိမ် ၏အပြစ် နှင့် ရှမာရိ ပြုသော အဓမ္မ အမှုသည် ထင်ရှား ပြန်၏။ သူတို့သည် သစ္စာ ပျက်ကြပြီ။ အထဲသို့ သူခိုး ဝင် တတ်၏။ ပြင် လည်း ထားပြ အလုံးအရင်းတို့သည် တိုက် တတ်ကြ၏။ 2 သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။ 3 ဆိုးညစ် သော အမှုအားဖြင့် ရှင် ဘုရင်ကို၎င်း၊ မုသာ စကားအားဖြင့် မင်း များကို၎င်းဝမ်းမြောက် စေကြ ၏။ 4 ထိုသူ အပေါင်း တို့သည် မ တရားသောမေထုန် ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီး ထည့်သော မုန့်သည် ၏ မီးဖို နှင့် တူကြ၏။ မုန့်စိမ်း ကိုနယ် ပြီးမှ ဖေါင်းကြွ မှီတိုင်အောင်၊ မီး ကိုမဆော် ဘဲ ငြိမ်ဝပ် စွာ နေရ၏။ 5 ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။ 6 အကယ် စင်စစ်သူ တို့သည် ချောင်း ၍ ကြည့် လျက် နေကြစဉ် မိမိ တို့နှလုံး ကိုမီးဖို ကဲ့သို့ ပြင်ဆင် ကြပြီ။ သူ တို့မုန့်သည် တညဉ့်လုံး အိပ် သော်လည်း၊ နံနက် အချိန်၌ တောက် သော မီး ကဲ့သို့ လောင် လျက်ရှိ၏။ 7 ထိုသူ အပေါင်း တို့သည် မီးဖို ကဲ့သို့ ပူ ကြ၏။ မိမိ တို့ တရားသူကြီး များကို လောင် ကြပြီ။ သူ တို့ရှင် ဘုရင်အပေါင်း တို့သည် လဲ ကြပြီ။ ငါ့ ကို ဟစ်ခေါ် သော သူတယောက် မျှမရှိ။ 8 ဧဖရိမ် သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မ လှန် သော မုန့်ပြား ဖြစ် ၏။ 9 သူ သိ မမှတ်ဘဲ တကျွန်း တနိုင်ငံသားတို့သည် သူ ၏ ခွန်အား ကို စား ကြပြီ။ ကိုယ်မ သိ မမှတ်ဘဲ ခေါင်း ပေါ် မှာ ဖြူ သောဆံပင်အနှံ့အပြား ရှိပြီ။ 10 ဣသရေလ အမျိုး၏ မာန သည် သူ့ မျက်မှောက် နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ၊ အမျိုးသားတို့သည် ကိုယ် ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ မ ပြန် မလာ ကြ။ အမှု ရောက်သော်လည်း ဘုရား ကို မ ရှာ ကြ။ 11 ဧဖရိမ် သည် ဉာဏ် ရှိ၊ မိုက် သော ချိုး နှင့် တူ၏။ အဲဂုတ္တု ပြည်ကို ဟစ်ခေါ် တတ်၏။ အာရှုရိ ပြည်သို့ ပြေး တတ်၏။ 12 သွား လေရာရာတွင် ငါ့ ပိုက် နှင့်သူ တို့ကို ငါအုပ်မိ မည်။ မိုဃ်း ကောင်းကင်ငှက် ကိုကဲ့သို့ မြေသို့နှိမ့်ချ မည်။ သူ တို့စည်းဝေး ရာ၌ ကြား သည်အတိုင်း ငါဆုံးမ မည်။ 13 သူတို့သည် ငါ့ ထံ မှ ထွက်၍ လည်သောကြောင့်အမင်္ဂလာ ရှိကြ၏။ ငါ့ ကို ပြစ်မှား သောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူ တို့ကို ငါရွေးနှုတ် သော်လည်း ၊ ငါ့ တဘက် ၌ မုသာ စကားကို ပြော ကြ၏။ 14 သူတို့သည် အိပ်ရာ ပေါ် မှာ မြည်တမ်း သော်လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မ အော်ဟစ် ကြ။ ဆန် စပါး၊ စပျစ်ရည် ကို ရခြင်းငှါစည်းဝေး၍ ငါ့ ကို ပုန်ကန်ကြ၏။ 15 ငါ သည် ဆုံးမ သော်၎င်း ၊ သူ တို့ကို ခိုင်ခံ့ စေသော်၎င်း၊ ငါ့ တဘက် ၌ မ ကောင်းသော အကြံကိုကြံစည် ကြ၏။ 16 အကျိုးနည်းရှိကြ၏။ လိမ် တတ်သောလေး ကဲ့သို့ ဖြစ် ကြ၏။ မင်း တို့သည် စော်ကား သောကြောင့် ထား ဖြင့် သေ ၍၊ အဲဂုတ္တု ပြည်သား တို့၏ ကဲ့ရဲ့ ခြင်းကိုခံရကြ လိမ့်မည်။

8

1 တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ငါ့ တရား ကို လွန်ကျူး ကြပြီ။ 2 သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။ 3 ဣသရေလ အမျိုးသည် ကောင်း သောအရာကို စွန့်ပစ် သောကြောင့်၊ ရန်သူ ညှဉ်းဆဲ ခြင်းကိုခံရလိမ့်မည်။ 4 သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။ 5 အိုရှမာရိ ၊ သင် ၏ နွားသငယ် ကို စွန့်ပစ် လော့။ ကိုးကွယ်သော သူများကို ငါ အမျက် ထွက် ၏။ သူတို့သည် အဘယ်မျှ ကာလ ပတ်လုံးသန့်ရှင်း ခြင်းတရားကို မ မှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။ 6 ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။ 7 လေ မျိုးစေ့ကို ကြဲ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။ 8 ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။ 9 အာရှုရိ ပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ် သည် ကိုယ် အဘို့ တကောင် တည်းနေသောမြည်းရိုင်း ကဲ့သို့ဖြစ်၍၊ ရည်းစား တို့အား ဆုချ လေပြီ။ 10 တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။ 11 ဧဖရိမ် သည် များစွာသော ယဇ် ပလ္လင်တို့ကို အပြစ်အဘို့ လုပ် သောကြောင့် ၊ ယဇ် ပလ္လင်တို့ကို သူ ၏ အပြစ် ဟူ၍ မှတ် ရလိမ့်မည်။ 12 ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။ 13 ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။ 14 ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။

9

1 အိုဣသရေလ အမျိုး၊ တပါး အမျိုးသားကဲ့သို့ ဝမ်းမြောက် ရွှင်မြူး သောစိတ် ရှိ၍မ ခုန်နှင့်။ ကိုယ် ဘုရား သခင် ၌ ဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်းပြီ။ ကောက်နယ်တလင်း ရှိသမျှ တို့၌ မှားယွင်း ခကို နှစ်သက် တတ်၏။ 2 ကောက်နယ် တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီး နယ်ရာ ကျင်းအားဖြင့်လည်း အသက် မွေးရ။ စပျစ်ရည် သစ်လည်း သူ တို့ မြော်လင့်သည်အတိုင်း မထွက် ရ။ 3 ဧဖရိမ် အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော်၌ နေ ရဘဲ အဲဂုတ္တု ပြည်သို့ ပြန် သွား၍ ၊ အာရှုရိ ပြည်၌ စင်ကြယ်သောအစာကို စား ရကြမည်။ 4 စပျစ်ရည် သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ပြုရကြ။ ပူဇော်သော ယဇ် တို့ကို နှစ်သက် တော်မ မူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသောသူတို့ ၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်း တို့သည် ညစ်ညူး ခြင်းသို့ ရောက်ကြ လိမ့်မည်။ သူ တို့အစာ ကို ကိုယ်တိုင် စားကြစေ။ ထာဝရဘုရား ၏အိမ် တော်ထဲသို့ မ သွင်း စေနှင့်။ 5 ဓမ္မ ပွဲနေ့ ၊ ထာဝရဘုရား အဘို့ဆောင်သော ပွဲ နေ့ တို့၌ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။ 6 ပျက်စီး ရာထဲက သူတို့သည် ထွက်သွား ကြပြီ။ အဲဂုတ္တု ပြည်၌စု ၍ မင်ဖိ မြို့၌ သင်္ဂြိုဟ် ကြလိမ့်မည်။ ငွေ တန်ဆာ ဆင်သော နေရာဘုံ ဗိမာန်များကို ဆူး အမျိုးမျိုးတို့သည် လွှမ်းမိုး ကြလိမ့်မည်။ 7 စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။ 8 ဧဖရိမ် ကင်း စောင့်သည် မိမိ ဘုရား ဘက် မှာ နေ၏။ ပရောဖက် သည် ပြု လေသမျှတို့၌ မုဆိုး ကျော့ကွင်း ဖြစ်၏။ သူ ၏ဘုရား အိမ် တွင် ဘေး ပြုသောသူဖြစ် ၏။ 9 ဂိဗာ မြို့ လက်ထက် ကဲ့သို့ သူတို့သည် ကိုယ်ကိုအလွန် ညစ်ညူး စေကြပြီ။ သူ တို့အပြစ် ကို အောက်မေ့ ၍ ဒုစရိုက် များကို စစ်ကြော တော်မူမည်။ 10 တော စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။ 11 ဧဖရိမ် ၏ဘုန်း သည် ငှက် ကဲ့သို့ ပျံ သွားလိမ့်မည်။ သားဘွား ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ပဋိသန္ဓေ ယူခြင်း မရှိရ။ 12 သားသမီး တို့ကို ကျွေးမွေး သော်လည်း ၊ တယောက် ကိုမျှ မကျန်စေခြင်းငှါငါလု ယူမည်။ အကယ်၍ သူ တို့ကို ငါ စွန့်ပစ် သောအခါ အမင်္ဂလာ ရှိကြလိမ့်မည်။ 13 ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။ 14 အိုထာဝရဘုရား ၊ ပေး သနားတော်မူပါ။ အဘယ် သို့ ပေး တော်မူရမည်နည်း။ ကိုယ်ဝန် မဆောင်သော ဝမ်း ၊ နို့ မထွက်သော သားမြတ် ကိုပေး တော်မူပါ။ 15 ဂိလဂါလ မြို့၌ သူ တို့ပြုသမျှ သော ဒုစရိုက် ရှိ၍၊ ထို အရပ်၌ သူ တို့ကို ငါမုန်း ၏။ သူ တို့ ဒုစရိုက် အပြစ် ကြောင့် ငါ့ အိမ် မှ ငါနှင်ထုတ် မည်။ နောက် တဖန် သူ တို့ကို မ ချစ် ။ သူ တို့ မင်း အပေါင်း တို့သည် ပုန်ကန် တတ်သောသူဖြစ် ကြ၏။ 16 ဧဖရိမ် သည် အထိ အခိုက်ခံရသောကြောင့်၊ အမြစ် သွေ့ခြောက် လျက်ရှိ၍ အသီး ကို မ သီး နိုင်ရာ။ သားဘွား သော်လည်း ၊ အချစ် ဆုံးသော သားတို့ကို ငါသတ် မည်။ 17 ငါ့ ဘုရား သခင်၏ စကားတော်ကို နား ထောင်သောကြောင့် စွန့်ပစ် တော်မူ၍ ၊ သူတို့သည် တပါးအမျိုးသား တို့တွင် အရပ်ရပ်သို့ လှည့်လည် ကြမည်။

10

1 ဣသရေလ သည် အသီး များစွာ သီးသော စပျစ်နွယ် ပင်ဖြစ်၏။ ကိုယ် အလိုအလျောက်သီး တတ်၏။ အသီး တိုးပွား သည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြား စေကြ၏။ သူ တို့ပြည် ကောင်း သည်အတိုင်း ကောင်းသော ရုပ်တု ဆင်းတုတို့ကို လုပ် ကြသည်တကား။ 2 သူ တို့၌ စိတ် နှစ်ခွ ရှိ၏။ ချက်ခြင်း အပြစ်ဒဏ် ကိုခံရကြမည်။ သူ တို့ ယဇ်ပလ္လင် တို့ကို ကိုယ်တော် တိုင် ဖြိုချ ၍၊ ရုပ်တု ဆင်းတုတို့ကိုလည်း ဖျက်ဆီး တော်မူမည်။ 3 ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။ 4 သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။ 5 ရှမာရိ မြို့ သားတို့သည် ဗေသဝင် နွားသငယ် အဘို့ ကြောက် ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ ၏တကာ တို့သည် ငိုကြွေး မြည်တမ်း၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊ 6 နွားသငယ် နှင့်အတူ အာရှုရိ ပြည်သို့ ယူသွား ပြီးလျှင် ၊ ရှင်ဘုရင် ယာရက် အား ဆက် ရကြလိမ့်မည်။ ဧဖရိမ် သည် အသရေ ပျက်၍ ဣသရေလ သည် မိမိ အကြံ အစည်အားဖြင့် ရှက်ကြောက် ရလိမ့်မည်။ 7 ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။ 8 ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။ 9 ဂိဗာ မြို့လက်ထက် အပြစ်ကြီးသည်ထက် ဣသရေလ သည် အပြစ်သာ၍ကြီး၏။ ထို မြို့၌ ရပ် နေကြ ၏။ ဂိဗာ မြို့၌ အဓမ္မ လူ တို့ကို စစ်တိုက် သောအခါ မ ရှုံး ကြ။ 10 ငါ သည် ကိုယ် အလိုအလျောက်သူ တို့ကို ဆုံးမ မည်။ သူ တို့ အပြစ် နှစ် ပါးကြောင့် ချည် ထားလျက်ရှိသောအခါ ၊ သူ တို့တဘက် ၌ လူများစည်းဝေး ရကြလိမ့်မည်။ 11 ဧဖရိမ် သည် ယဉ် ၍ စပါးကို နင်း ချင်သော နွားမ ပျိုဖြစ်သော်လည်း၊ ငါ သည် ထမ်းဘိုးကို ထမ်း စေ သဖြင့် ၊ ဧဖရိမ် သည် ကခြင်းကိုခံ ၍၊ ယုဒ သည် ထွန် လျက်၊ ယာကုပ် သည်လည်း မြေစိုင်ကို ခွဲ လျက်ရှိရလိမ့်မည်။ 12 ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။ 13 သင်တို့သည် ဒုစရိုက် မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့်၊ အပြစ် စပါးကိုရိတ် ရကြ၏။ မုသာ အသီးအနှံ ကို စား ရကြ၏။ အကြောင်း မူကား၊ ကိုယ် ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ် များစွာ သော သူရဲ တို့ကို၎င်းကိုးစား တတ်၏။ 14 ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။ 15 ထိုသို့ ဗေသလ သည် သင် တို့ဒုစရိုက် အပြစ်များ ကြောင့် သင် တို့၌ ပြု လိမ့်မည်။ နံနက် အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလ ရှင် ဘုရင်သည် ရှင်းရှင်းကွယ်ပျောက် ရလိမ့်မည်။

11

1 ဣသရေလ သည် အသက် ငယ်သောအခါ ငါသည် ချစ် ငါ့ သား ကို အဲဂုတ္တု ပြည်မှ ခေါ် ခဲ့ပြီ။ 2 သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။ 3 ငါ သည် သွား တတ်သော အတတ်ကို ဧဖရိမ် အား လက် ဆွဲ သွန်သင်၏။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မ သိ ဘဲ နေ၏။ 4 လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ဖြည်းညှင်းစွာ ကျွေး ၏။ 5 အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။ 6 ထား ဘေးသည် သူ့ နေရာမြို့ တို့ အပေါ် သို့ ရောက် မင်း တို့ကို ဖျက်ဆီး လိမ့်မည်။ သူ တို့ ကြံစည် ခြင်း အားဖြင့် ပင် သုတ်သင် ပယ်ရှင်းလိမ့်မည်။ 7 ငါ ၏လူ တို့သည် ငါ့ ထံမှလွှဲမြဲ လွှဲကြ၏။ အမြင့်ဆုံး သော ဘုရားထံသို့ ခေါ် သော်လည်း ၊ ထို ဘုရားကို အဘယ်သူမျှမ ချီးမြှောက် လို။ 8 အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။ 9 ပြင်းစွာ အမျက် ထွက်သည်အတိုင်း မ ပြု လို။ ဧဖရိမ် ကို အထပ်ထပ်မ ဖျက်ဆီး လို။ ငါ သည် လူ ဟုတ်၊ ဘုရား သခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ် သော်လည်း၊ သင် တို့တွင် နေ၍ သန့်ရှင်း သော ဘုရား ဖြစ်၏။ 10 သူတို့သည် ထာဝရဘုရား ၏နောက် တော်သို့ လိုက် ကြလိမ့်မည်။ ခြင်္သေ့ ကဲ့သို့ ဟောက် တော်မူမည်။ ဟောက် တော်မူသောအခါ သားသမီး တို့သည် အနောက် မျက်နှာမှ အလျင် အမြန် ပြေးကြလိမ့်မည်။ 11 စာငှက် ကဲ့သို့ အဲဂုတ္တု ပြည်မှ ၎င်း ၊ ချိုး ကဲ့သို့ အာရှုရိ ပြည် မှ ၎င်း အလျင် အမြန်ပြေးကြ၍၊ သူ တို့ကို နေရင်း အရပ်၌ ငါနေရာ ချမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။

12

1 ဧဖရိမ် သည် လေ ကို ကျက်စား တတ်၏။ အရှေ့ လေကို လိုက် တတ်၏။ နေ့ တိုင်း မုသာ စကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြား စေတတ်၏။ အာရှုရိ လူတို့ နှင့် မိဿဟာယ ဖွဲ့လျက် နှင့်ပင်၊ အဲဂုတ္တု ပြည်သို့ ဆီ ကို ယူ သွားတတ်၏။ 2 ထာဝရဘုရား သည် ယုဒ အမျိုးနှင့် လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ် ၏အကျင့် တို့ကို စစ်ကြော ၍ သူ ပြုမူ သည်နှင့်အညီ အပြစ် ပေးတော်မူမည်။ 3 ယာကုပ်သည် အမိဝမ်း အစ်ကို ၏ ဖနှောင့် ကို ကိုင်၏။ ခွန်အား ကြီး၍ ဘုရား သခင်နှင့် ပြိုင် လေ၏။ 4 ကောင်းကင် တမန်နှင့် ပြိုင် နိုင် လေ၏။ ငို တောင်းပန် နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ကို ဗေသလ မြို့မှာ ဖူးတွေ့ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကိုခံ လေ၏။ 5 ထာဝရဘုရား တည်းဟူသောနာမ သည်ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။ 6 သို့ဖြစ်၍ ၊ သင် ၏ဘုရား သခင့်ထံ တော်သို့ ပြန်လာ လော့။ ကရုဏာ တရား၊ ဖြောင့်မတ်ခြင်းတရား ကို စောင့်ရှောက် ၊ သင် ၏ဘုရား သခင်ကို အစဉ် မပြတ်မြော်လင့် လော့။ 7 သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။ 8 သို့ရာတွင် ၊ ဧဖရိမ် က၊ ငါသည် ရတတ် ၏။ ဘဏ္ဍာ ကို သိုထား ပြီ။ ကြိုးစား သမျှတို့၌ အပြစ် ပါသော လွန်ကျူး ခြင်းကို ရှာ၍ မ တွေ့ ရာဟု ဆို လိမ့်မည်။ 9 ငါ ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ဓမ္မပွဲ ခံစဉ်တွင် နေတတ်သကဲ့သို့ တဖန် တဲ တို့၌ နေ စေမည်။ 10 ငါသည် ပရောဖက် တို့၌ ဗျာဒိတ် ပေးပြီ။ များစွာ သော ရူပါရုံ တို့ကို ပြပြီ။ ပရောဖက် များအားဖြင့် ပုံပမာ တို့ကို ထားပြီ။ 11 ဂိလဒ် ပြည်၌ အပြစ် ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်း ရှိ ကြပြီ။ ဂိလဂါလ မြို့၌ နွား တို့ကို ယဇ် ပူဇော်၍ ၊ ယဇ် ပလ္လင်တို့သည် ထွန်ကြောင်း တွင် မြေ အပုံပုံ ရှိသကဲ့သို့ များကြ၏။ 12 ယာကုပ် သည် ရှုရိ ပြည် သို့ ပြေး ၏။ ဣသရေလ သည် မယား ကိုရခြင်းငှါ အစေ ကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။ 13 ထာဝရဘုရား သည် ပရောဖက် အားဖြင့် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ ကယ်နှုတ် ၊ ပရောဖက် အားဖြင့် လည်း စောင့်မ တော်မူ၏။ 14 ဧဖရိမ် သည် အမျက် တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကိုသတ် သော အပြစ် သည် သူ ၌ ရောက် လိမ့်မည်။ သူ ကဲ့ရဲ့ ခြင်း အပြစ်ကို သူ ၏သခင် သည် ပြန် ပေးလိမ့်မည်။

13

1 ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။ 2 ယခု မှာ အထပ်ထပ်ပြစ်မှား ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။ 3 ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။ 4 သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။ 5 အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။ 6 သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။ 7 ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။ 8 သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။ 9 အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။ 10 သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။ 11 ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ရှင်ဘုရင်ကို ပယ်ရှား ပြီ။ 12 ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။ 13 သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။ 14 သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ ပြု။ 15 မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။ 16 ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။

14

1 အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။ 2 ပဌနာစကား ကို ပြင်ဆင် ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။ 3 အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။ 4 ငါ သည် အမျက် ပြေ သောကြောင့် သူ တို့ဖောက်ပြန် ခြင်းကို ပြုပြင် မည်။ ကိုယ် အလို အလျောက်စုံမက် မည်။ 5 ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။ 6 အညွှန့် တို့သည် ပြန့်ပွါး ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။ 7 ထိုအပင် ၏ အရိပ် အောက်၌ နေ သောသူတို့သည် အသစ် ပြုပြင်ခြင်းရှိ၍ စပါး ကိုပြုစု ကြလိမ့်မည်။ စပျစ်နွယ် ပင်ကဲ့သို့ တိုးပွါး လေဗနုန် စပျစ်ရည် ကဲ့သို့ ကျော်စော ကြလိမ့်မည်။ 8 ငါ သည် နောက် တဖန် ရုပ်တု ဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ် သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင် သူ့ ကိုကြည့်ရှု မည်။ စိမ်း သောထင်းရှုး ပင်ကဲ့သို့ ဖြစ်၍၊ သင် သည် ငါ့ ကျေးဇူးကြောင့် အသီး နှင့်ပြည့်စုံ လိမ့်မည်။ 9 အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။