ဟေဗြဲဩဝါဒစာ။

1

1 ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ 2 ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏ 3 ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ထိုင် တော်မူ၏ 4 ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ် သော ဘွဲ့နာမ တော်ကို ခံရ သည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက် ကြီးမြတ် သော သူဖြစ် တော်မူ၏ 5 အကြောင်းမူကား ၊ သင် သည်ငါ့ သား ဖြစ် ၏။ ယနေ့ ပင်သင့် ကို ငါ ဖြစ်ဘွား စေပြီဟူ၍၎င်း၊ ငါ သည်သူ ၏ အဘ ဖြစ် မည်၊ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်ဟူ၍၎င်း၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူသနည်း 6 တနည်း ကား၊ သားဦး ကို ဤလောက သို့ သွင်း တော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူ ကို ပြပ်ဝပ် ကိုးကွယ်ကြစေဟု လာ သတည်း 7 တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း 8 သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏ 9 ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း 10 တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏ 11 ထိုအရာ တို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကို လိပ် သကဲ့သို့ လိပ် တော်မူသဖြင့်ပြောင်းလဲ ခြင်းရှိကြသော်လည်း12 ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း ကုန် မဆုံးရပါဟု လာသတည်း 13 ထိုမှတစ်ပါး၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာ ငါချ ထားမှီတိုင်အောင်ငါ့ လက်ျာဘက် ထိုင် နေ လော့ဟု၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူဘူးသနည်း 14 ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။

2

1 ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသော ဒေသနာတော်ကို မ မေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိ စွဲလမ်းခြင်းရှိရကြမည် 2 ကောင်းကင် တမန်များအားဖြင့် ထား တော်မူသော ဗျာဒိတ် တော်သည် တည် ၍ ပြစ်မှား လွန်ကျူး ခြင်း အမှု အမျိုးမျိုး တို့သည် ခံထိုက် သော အပြစ် ဒဏ်ကို ခံရ သည်မှန်လျှင်3 အစအဦး ၌ သခင် ဘုရားဟော တော်မူ၍ ဒေသနာစကားတော်ကို ကြား ရသောသူ တို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါ တို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာ သော ကယ်တင် တော်မူခြင်းတရားကို ငါ တို့သည် နား မထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ် ကြလိမ့်မည်နည်း 4 ထိုသက်သေခံသောသူတို့နှင့်အတူဘုရားသခင် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအားဖြင့် ၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်သည် မိမိ အလို တော်အတိုင်း ဝေငှ သော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံ တော်မူပြီ 5 ငါတို့ပြောဆို သော နောင် ကပ်ကမ္ဘာ ကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန် တို့၌ အပ်ပေး တော်မူသည်မ ဟုတ်၊ 6 ကျမ်းစာတစ် ချက်၌ တစ် ယောက်သောသူက၊ လူ သည် အဘယ်သို့ သောသူ ဖြစ် ၍ ကိုယ်တော်သည် အောက်မေ့ တော်မူရသနည်း။ လူ သား သည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း 7 သူ့ ကို ကောင်းကင် တမန်တို့အောက်၌ အနည်းငယ် နှိမ့် တော်မူပြီ။ သူ ၏ခေါင်းကို ဘုန်း အသရေ နှင့် ပတ်ရစ် တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊ 8 ခပ်သိမ်း သောအရာတို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီဟု သက်သေခံ သတည်း။ ခပ်သိမ်း သော အရာတို့ကို ချထား တော်မူ၏ဟုဆိုသော်၊ မချမထား ဘဲ ကျန်ရစ် သောအရာတစ်စုံတစ်ခု မျှ မရှိရ။ ယခု မူကား ၊ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိသည်ကို ငါတို့ မ မြင် ရကြသေး 9 ယေရှု သည် ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်လူအပေါင်း တို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန် တို့အောက် ၌ အနည်းငယ် နှိမ့် ပြီးမှ၊ အသေ ခံရသောကြောင့် ခေါင်းတော်၌ ဘုန်း အသရေ ပတ်ရစ် လျက်ရှိသည်ကို ငါတို့ မြင် ကြ၏ 10 အကြောင်းမူကား ၊ များစွာ သော သား တို့ကို ကယ်တင် ၍၊ ဘုန်း စည်းစိမ်စံစားရာသို့ ပို့ဆောင် သော အရှင် သည်၊ ဒုက္ခ ဝေဒနာအားဖြင့် စုံလင် ခြင်းသို့ ရောက် ရမည်အကြောင်း၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏ 11 သန့်ရှင်း စေတတ်သောသူနှင့် သန့်ရှင်း စေအပ်သောသူ များတို့သည် တစ်ပါးတည်းသော ပကတိရှိ ကြ၏။ ထိုကြောင့် ၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူ တို့ကို ညီအစ်ကို ဟူ၍ခေါ် ခြင်းငှာရှက်ကြောက် တော်မ မူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား 12 သိတင်း တော်ကို အကျွန်ုပ် ညီအစ်ကို တို့အား အကျွန်ုပ်ကြားပြော ပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ သီချင်းဆိုပါမည်ဟု လာ သတည်း 13 ချက်ကား၊ ငါ သည်ဘုရားသခင် ကို ကိုးစား မည်ဟု လာသတည်း။ တဖန် ကား၊ ငါ မှစ၍ ငါ့ အား ဘုရားသခင် ပေး တော်မူသောသူငယ် တို့သည် ရှိ ကြ၏ဟု လာသတည်း 14 ထိုသူငယ် တို့သည် အသွေး အသား နှင့် ဆက်ဆံ ကြသောကြောင့် ၊ ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် ၊ သေ ခြင်းတရားကို အစိုးရ သော သူတည်းဟူသောမာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီးခြင်းငှာ ၎င်း 15 သေ ဘေးကိုကြောက် ၍ တစ်သက်လုံး ကျွန် ခံရ သော သူ တို့ကို ကယ်လွှတ် ခြင်းငှာ၎င်း ၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏ 16 အကြောင်းမူကား ၊ ခရစ်တော်သည် ကောင်းကင်တမန် တို့ကို မစ တော်မူသည်မ ဟုတ်၊ အာဗြဟံ အမျိုး ကို မစ တော်မူ၏ 17 ထိုကြောင့် ၊ ခရစ်တော်သည် လူ တို့၏ အပြစ် ဖြေစရာအကြောင်း ကို စီရင်၍၊ ဘုရားသခင် နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာ နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီးဖြစ် အံ့သောငှာ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံး တူ ရသော အကြောင်း ရှိ၏ 18 ထိုသို့စုံစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော် တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူ တို့ကို မစ ခြင်းငှာတတ်နိုင် တော်မူ၏။

3

1 ထိုသို့ဖြစ်လျှင် ၊ ကောင်းကင် ဘုံနှင့်စပ်ဆိုင် သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်း သော ညီအစ်ကို တို့၊ ငါ တို့ဝန်ခံ သောတမန်တော် နှင့် ယဇ်ပုရောဟိတ် မင်းတည်းဟူသောယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင် ကြလော့ 2 မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏ 3 အိမ် ကိုဆောက် သောသူ သည် အိမ် ထက် သာ၍ကြီးသောအသရေ ရှိ သကဲ့သို့ ၊ ယေရှု သည် မောရှေ ထက် သာ၍ ကြီးသော အသရေ ကိုခံထိုက် သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိ၏ 4 အိမ် မည်သည်ကား၊ တစ်စုံတစ်ယောက် သောသူ ဆောက် သောကြောင့် ဖြစ်၏။ အလုံးစုံ တို့ကို တည်ဆောက် သောသူ ကား ၊ ဘုရားသခင် ပေတည်း 5 မောရှေ သည်၊ နောက်ဟောပြော လတံ့သော အရာ တို့ကို သက်သေခံ ခြင်းအလိုငှာ ၊ အစေခံ ကဲ့သို့ အိမ် တော်တစ်အိမ်လုံး သစ္စာစောင့်6 ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း 7 ထိုကြောင့် ၊ သန့်ရှင်း သောဝိညာဉ် တော် မိန့် တော်မူသည်ကား၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ် တော်အသံ ကို ကြား လျက်ရှိသည် ဖြစ်၍၊ 8 ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း9 ငါ ၏အမှု တို့ကို မြင် ရသော တော တွင် ငါ့ကိုဆန့်ကျင်ဘက် ပြု၍ စုံစမ်း ရာကာလ ရှိသကဲ့သို့ မရှိစေကြနှင့် 10 ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား လည်ကြဟု ငါဆို ရ၏ 11 ထိုကြောင့်၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါကျိန်ဆို သည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ 12 ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့ 13 ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့ 14 ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏ 15 ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့ ၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ 16 ကြား ပြီးမှဆန့်ကျင်ဘက် ပြုသော သူတို့ကား၊ အဘယ်သူ နည်း၊ မောရှေ နောက်သို့လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာ သော သူ အပေါင်း တို့သည် ထိုသို့ပြုကြသည် မ ဟုတ်လော 17 အနှစ် လေးဆယ် ပတ်လုံးနှစ်သက် တော်မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့် တော လဲ ၍ သေ သောသူ ပင် မ ဟုတ်လော 18 သင်တို့သည် ငါ၏ချမ်းသာ ထဲသို့ ဝင် ရကြဟု ကျိန်ဆို တော်မူသော သူ တို့ကား၊ မယုံကြည် သော သူ မှတစ်ပါး အဘယ်သူနည်း 19 သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာ မ ဝင် နိုင် သည်ကို ငါတို့သိမြင် ကြ၏။

4

1 ထို့ကြောင့် ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ရသောအခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ရှိ ရစ် လျက်နှင့်၊ သင် တို့တွင် အချို့ တို့သည် မ မှီဘဲနေမည်ကို စိုးရိမ် ကြကုန်အံ့ 2 ငါတို့သည် ဝမ်းမြောက်စရာသိတင်း ကို ထိုသူ တို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူ တို့ကြား ရသော တရား စကားသည်၊ ကြား ရသောသူ တို့အထဲ၌ ယုံကြည် ခြင်းနှင့် ရောနှော သောကြောင့် အကျိုး ကိုမ ပေး 3 ငါတို့မူကား ၊ ယုံကြည် သောသူ ဖြစ်၍ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ကြရ၏။ ထိုသို့နှင့်အညီဗျာဒိတ် တော်ကား၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ငါ ကျိန်ဆို သည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦး ကပင် အမှုအရာ တို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း 4 ခုနစ် ရက်မြောက်သောနေ့ကို အကြောင်း ပြု၍ ကျမ်းစာတ ချက်၌ လာသည်ကား၊ ဘုရားသခင် သည် မိမိ အမှုအရာ အလုံးစုံ တို့ကို ပြီးစီး၍ ခုနစ် ရက်မြောက်သောနေ့ ငြိမ်ဝပ် စွာနေတော်မူ၏ဟု လာ သတည်း 5 ထို ကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ ၏ ချမ်းသာ ထဲသို့ ဝင်ရ ကြဟုလာသတည်း 6 ထိုကြောင့် ၊ အချို့ တို့သည် ဝင် ရကြ၏။ ဝမ်းမြောက် စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူ တို့ သည် မယုံကြည် သောကြောင့် ဝင် ရကြပြီ 7 တဖန်တုံ ၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ် နှလုံး မ ရှိကြနှင့်ဟုဆို သည်ဖြစ်၍ ၊ ဤမျှလောက် ကာလ ကြာပြီးမှ ၊ ယနေ့ ဟု ဒါဝိဒ် ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခု သော နေ့ရက် ကို သေချာစွာမှတ်သား သတည်း 8 ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း 9 ထိုကြောင့် ၊ ဘုရားသခင် ၏လူ တို့အဘို့အလိုငှာ ငြိမ်ဝပ် ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ် သေး၏ 10 ဘုရားသခင် သည် မိမိ အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင် ရသောသူ သည်လည်း မိမိ အမှုအရာ တို့ကို ပြီးစီး၍ ငြိမ်ဝပ် စွာနေရ၏ 11 ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည် သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည်မ လဲ၊ ထို ချမ်းသာ ထဲသို့ ဝင် ရမည် အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့ 12 ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏ 13 ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏ 14 ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့ 15 ငါ တို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရ သော ဆင်းရဲ ဒုက္ခများကြောင့် ကြင်နာ နိုင် သောသူမ ဟုတ်။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုး သော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ် တော်မူ၏ 16 ထို့ကြောင့် ၊ ငါတို့သည် သနား ခြင်းကရုဏာကို၎င်း ၊ တော်လျော် သောမစ ခြင်း ကျေးဇူး တော်ကို၎င်း ခံရ မည်အကြောင်း ၊ ရဲရင့် သောစိတ်နှင့် ကျေးဇူး ပလ္လင် တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။

5

1 လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏ 2 သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင်3 ထို အကြောင်း ကြောင့်လည်း ၊ လူ များအပြစ်နှင့် မိမိ အပြစ် ကို ဖြေခြင်းငှာပူဇော် ရ၏ 4 ဘုရားသခင် သည် အာရုန် ကိုခေါ်တော်မူသကဲ့သို့ ခေါ် တော်မူသောသူမှတစ်ပါး၊ အဘယ်သူ မျှ ထိုအရာ မြတ်ကို မ သိမ်း မယူရ 5 ထိုနည်းတူ ၊ ခရစ်တော် သည် ယဇ်ပုရောဟိတ် မင်းအရာ၌ မိမိ ကို မိမိချီးမြှောက် သည်မ ဟုတ်။ သင် သည် ငါ့ သား ဖြစ် ၏။ ယနေ့ ပင် သင့် ကို ငါ ဖြစ်ဘွား စေပြီဟု မိန့် တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏ 6 ထိုသို့နှင့်အညီကျမ်းစာတ ချက်လာ သည်ကား၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း 7 ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊ 8 ဘုရားသခင်၏ သား တော်မှန် သော်လည်း ၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင် ခြင်း အကျိုး အကြောင်းကို သင် တော်မူ၏ 9 ထိုသို့စုံလင် ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင် သော သူ အပေါင်း တို့အား ထာဝရ ကယ်တင် ခြင်း ကျေးဇူးကို ပြု သောသူဖြစ် တော်မူ၍ 10 မေလခိဇေဒက် ကဲ့သို့သောယဇ်ပုရောဟိတ် မင်းဟု ဘုရားသခင် သမုတ် တော်မူခြင်းကို ခံရ၏ 11 ထိုမေလခိဇေဒက် ၏အကြောင်း ကို ငါ တို့ ပြော စရာစကား အများ ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ် နုန့်သောကြောင့် အပြော ခက်လှ၏ 12 သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏ 13 နို့ ကိုသာသုံးဆောင် သောသူ မည်သည်ကား၊ သူငယ် ဖြစ် သောကြောင့် ဖြောင့်မတ် ခြင်းတရား ၌ လေ့လာ ခြင်းမရှိ 14 ကောင်းကျိုး ကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်း များသော သူတည်းဟူသော၊ စုံလင် သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲ သော အစာ အာဟာရကို သုံးဆောင် ရကြ၏။

6

1 ထိုကြောင့် ၊ သေ ခြင်းနှင့်စပ်ဆိုင်သော အကျင့် ကို နောင်တရ ခြင်း၊ ဘုရားသခင် ကို ယုံကြည် ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင် ခြင်း၊ လက် ကိုတင် ခြင်း၊ သေ လွန်သော သူတို့၏ထမြောက် ခြင်း၊ ထာဝရ စီရင် ဆုံးဖြတ်ခြင်းတည်းဟူသောမူလ အမြစ်ကို ငါတို့သည် ပြန် ၍ မ တည် ဘဲ၊ 2 ခရစ်တော် ၏ဘာသာ၌ အစအဦး ဖြစ် သော အကြောင်း အရာတို့ကိုထား ၍၊ စုံလင် သောအဖြစ်သို့ တက် ကြကုန်အံ့ 3 ဘုရားသခင် အခွင့် ပေးတော်မူလျှင် ၊ ငါတို့သည် ထိုသို့ ပြုကြ မည် 4 အလင်းသို့တစ်ခါ ရောက်၍ ကောင်းကင် ဆုကျေးဇူး ကို မြည်းစမ်း ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံယူ ခြင်း၊ 5 ဘုရားသခင် ၏ ကောင်းမြတ် သော တရား စကားကို၎င်း ၊ နောင် ကပ် ကာလ၏ တန်ခိုး များကို၎င်း ၊ မြည်းစမ်း ခြင်းရှိပြီးမှ၊ 6 ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင် ၏သား တော်ကို လက်ဝါးကပ်တိုင် မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချ သောသူဖြစ်သောကြောင့်၊ နောက် တဖန်နောင်တရ အံ့သောငှာ အသစ် ပြုပြင်ခြင်းသို့ မ ရောက်နိုင်ကြ 7 ဥပမာကား၊ အကြင်မြေ သည် မိမိ အပေါ်သို့ အဖန်ဖန် ကျ သော မိုဃ်းရေ ကိုသောက် ၍၊ လုပ် သော သူ သုံး ဘို့ ဟင်းသီး ဟင်းရွက်ကို ဖြစ် စေတတ်၏။ ထိုမြေ သည်ဘုရားသခင် ၏ ကောင်းကြီး မင်္ဂလာကိုခံ တတ်၏ 8 အကြင်မြေသည် ဆူးပင် အမျိုးမျိုးကိုဖြစ် စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန် ခြင်းကို ခံရသော အချိန်နီး သည် ဖြစ်၍၊ နောက်ဆုံး ၌ မီးရှို့ ခြင်းသို့ ရောက်တတ်၏ 9 ထိုသို့ ပြော သော်လည်း ၊ ချစ်သူ တို့၊ သင်တို့သည် ကယ်တင် ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာ တို့နှင့်ဆိုင် သည်ကို၊ ငါတို့သည် သဘောကျ လျက်ရှိကြ၏ 10 အကြောင်းမူကား ၊ သင်တို့သည် သန့်ရှင်း သူတို့ကို အထက်က လုပ်ကျွေး သည်သာမက၊ ယခုပင်လုပ်ကျွေး ခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့်နာမ တော်ကိုထောက်၍ ပြ သောမေတ္တာ ကို၎င်း၊ ဘုရားသခင် သည် မေ့လျော့ သည်တိုင်အောင်အဓမ္မ အမှုကို ပြုတော်မူသည်မ ဟုတ် 11 သင် တို့ရှိသမျှ သည် ပျင်းရိ ခြင်းနှင့် ကင်းလွတ် ၍၊ ယုံကြည် ခြင်းနှင့် သည်းခံ ခြင်းအားဖြင့် ဂတိ တော် တို့ကို အမွေခံ ရသောသူ တို့နည်းတူကျင့် နိုင်မည်အကြောင်း12 ထိုသို့သောလုံ့လ ဝိရိယကို ထုတ် ၍၊ အဆုံး တိုင်အောင် ယုံမှား ခြင်းနှင့်ကင်းသော မြော်လင့် ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိ ကြ၏ 13 ဘုရားသခင် သည် အာဗြဟံ ဂတိ ထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ကြီးမြတ် သောသူကို တိုင်တည် ၍ ကျိန်ဆိုရန် မ ရှိ သောကြောင့် ၊ ကိုယ်တော် ကို တိုင်တည်14 ငါသည်သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင့် ကို အစဉ်အမြဲပွားများ စေမည်ဟု ကျိန်ဆို တော်မူ၏ 15 ထိုသို့ နှင့်အညီအာဗြဟံသည် သည်းခံ လျက် စောင့်နေပြီးမှ ၊ ဂတိ တော်ကိုဝင်စား လေ၏ 16 လူ တို့သည် မိမိထက်ကြီးမြတ် သောသူ ကို တိုင်တည် ၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံ စေတတ်သော အကျိန် သည် ငြင်းခုံ ခြင်းရှိသမျှ ကို ဖြေ တတ်၏ 17 ထိုကြောင့်၊ ဂတိ တော်ကို အမွေခံ ရသောသူတို့သည်၊ ဘုရားသခင် ၏ အကြံအစည် တော်မ ဖောက်ပြန်နိုင် ကြောင်းကို အတပ် သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန် အားဖြင့်အာမခံ တော်မူ၏ 18 အကြောင်းမူကား ၊ ဘုရားသခင် သည် မုသာ သုံးနိုင်သော အရာတည်းဟူသောမ ဖောက်ပြန်မပြောင်းလဲနိုင်သော အရာ နှစ် ပါးကို အမှီပြု ၍၊ ကိုယ် ရှေ့၌ထားသော မြော်လင့် ရာကို ခိုလှုံ ခြင်းငှာပြေး သော ငါတို့သည် သက်သာ အားကြီး ကြမည်အကြောင်းတည်း 19 ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာ အတွင်း ချ ၍ မြဲမြံ ခိုင်ခံ့ သော စိတ် နှလုံး၏ကျောက်ဆူး ကဲ့သို့ ငါတို့၌ရှိ သတည်း 20 မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် မင်း ဖြစ် သော ယေရှု သည်၊ ငါ တို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ရှေ့ဆောင် ၍ ဝင် သောသူဖြစ်တော်မူ၏။

7

1 မင်းကြီး များကို လုပ်ကြံ ရာမှ ပြန်လာ သော အာဗြဟံ ကို ခရီးဦးကြိုပြု ၍ ကောင်းကြီး ပေးပြီးလျှင်2 အာဗြဟံ လှူ သောလက်ရဥစ္စာရှိသမျှ ကို ဆယ်ဘို့တဘို့ ခံယူသော ထိုရှာလင် မင်းကြီး တည်းဟူသောအမြင့်ဆုံး သော ဘုရားသခင် ၏ ယဇ် ပုရောဟိတ်မေလခိဇေဒက် သည်၊ နာမရင်းအနက် အားဖြင့်တရား မင်း ၊ ထိုမှတစ်ပါး၊ ငြိမ်သက် ခြင်းမင်း ဟုဆိုလို သော ရှာလင် မင်း ဖြစ် လျက်၊ 3 အဘ မရှိ၊ အမိ မရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင် ၏ သား တော်နှင့် တူ ၍၊ ယဇ် ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည်4 အမျိုး၏အဘ အာဗြဟံ သည်၊ လက်ရ ဥစ္စာများကို ဆယ်ဘို့တဘို့ လှူ ၍ အလှူခံသောထို မင်း သည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင် ကြလော့ 5 ယဇ် ပုရောဟိတ်အရာကိုခံ သော လေဝိ သား တို့သည် အာဗြဟံ အမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိ တို့ညီအစ်ကို များလက်မှ ပညတ် တရားအတိုင်း ဆယ်ဘို့တဘို့ ကို ခံရသော အခွင့် ရှိ ကြ၏ 6 သူ တို့ အမျိုး ဟုတ်သော ထိုမင်း မူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တစ်ဘို့ ကို ခံလေ၏။ ဂတိ တော်တို့ကိုခံရ သော သူ ကိုလည်း ကောင်းချီး ပေးလေ၏ 7 ကြီး သောသူသည် ငယ် သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံ ဘွယ်မ ရှိ 8 ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏ 9 ထိုမှတစ်ပါး ၊ ဆယ်ဘို့တဘို့ ကိုခံ တတ်သော လေဝိ သည် အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ ကို ပေးပြီဟု ဆို စရာ အခွင့် ရှိ၏ 10 အကြောင်းမူကား ၊ မေလခိဇေဒက် သည် အာဗြဟံ ကိုတွေ့ သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ရှိ သတည်း 11 တနည်းကား၊ လေဝိ မှဆင်းသက်သော ယဇ် ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူ များတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင် ခြင်းသို့ ရောက် နိုင်သည်မှန် လျှင် ၊ အခြား သော ယဇ် ပုရောဟိတ်သည်၊ အာရုန် နည်းတူ ခေါ်ဝေါ် ဘဲ၊ မေလခိဇေဒက် နည်းတူ ပေါ်ထွန်း စရာအကြောင်း အဘယ်သို့ ရှိ သေး သနည်း 12 ယဇ် ပုရောဟိတ်အမျိုးသည် ပြောင်းလဲ လျှင်၊ ပညတ် တရားသည် မပြောင်းလဲ ဘဲမနေနိုင်ရာ 13 ထို ဗျာဒိတ်တော်ကို ခံရသောသူ သည်၊ ယဇ်ပလ္လင် ဝတ် ကို တစ် ယောက်မျှမပြုရသောအမျိုး နှင့် စပ်ဆိုင် ပေ၏ 14 အကြောင်းမူကား ၊ ငါ တို့သခင် သည် ယုဒ အမျိုးထဲ၌ ပေါ်ထွန်း သည်ဟု ထင်ရှား လျက်ရှိ၏။ ထို အမျိုး သည် ယဇ် ပုရောဟိတ်အရာနှင့် စပ်ဆိုင် သည်ဟု မောရှေ သည် တစ်ခွန်းကို မျှမပြော15 ထိုမှတစ်ပါး ၊ မေလခိဇေဒက် နည်းတူ အခြား သော ယဇ် ပုရောဟိတ်သည် ပေါ်ထွန်း သည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား16 ထိုယဇ် ပုရောဟိတ်သည် ကိုယ်ခန္ဓာ နှင့် စပ်ဆိုင် သော တရား အတိုင်း ခန့်ထား လျက်ရှိသည်မ ဟုတ်။ ထာဝရ အသက် ၏ တန်ခိုး အာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း 17 အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း 18 ပညတ် တရားသည် အဘယ်သူ ကိုမျှ စုံလင် ခြင်းသို့ မပို့ နိုင်သည် ဖြစ်၍ 19 ရှေး ပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုး ကိုမပေးနိုင်သောကြောင့် ၊ ပယ်ရှင်း ခြင်းသို့ ရောက် ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ရကြ၏ 20 ထိုသူ တို့သည် အကျိန် တော်မ ရှိဘဲယဇ် ပုရောဟိတ်အရာကို ရ ကြ၏ 21 ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ 22 သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်23 ထိုသူ တို့သည်လည်း သေ ရသောကြောင့် အစဉ် တည်နိုင်သည် ဖြစ်၍အများ ရှိ ရကြ၏ 24 ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏ 25 ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏ 26 ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏ 27 အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ 28 ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။

8

1 ယခု ဆို ခဲ့ပြီး သော အကြောင်း အရာတို့၏ အချုပ်အခြာ ဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ ၏။ ကောင်းကင် ဘုံ၌ တန်ခိုး အာနုဘော်တော်၏ ပလ္လင် လက်ျာဘက် မှာ ထိုင် နေတော်မူ၏ 2 လူ ဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲ တော်စစ် တည်းဟူသော၊ သန့်ရှင်း ရာဌာန၌ ဘုရား ဝတ်ကိုပြုသောသူဖြစ်တော်မူ၏ 3 ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏ 4 ပညတ် တရားအတိုင်း ပူဇော် သက္ကာကို ဆက်ကပ် သော ယဇ် ပုရောဟိတ်များ ရှိ ကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိ နေလျှင် ယဇ် ပုရောဟိတ်မ လုပ်5 မောရှေ သည် တဲ တော်ကို ဆောက်လုပ် အံ့သောအခါ၊ တောင် ပေါ်မှာ သင့် အားပြ ခဲ့ပြီးသောပုံ နှင့် ညီလျော် စွာ အလုံးစုံ တို့ကို လုပ် ခြင်းငှာသတိပြုရမည်ဟု ဗျာဒိတ် တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ် ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာ အရိပ် နှင့်သာဆိုင်လျက် ဝတ် ကိုပြုနေကြ၏ 6 ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ7 ပဌမ ပဋိညာဉ် တရားသည်၊ အပြစ်တင် ခွင့်မရှိသည်မှန်လျှင် ၊ ဒုတိယ ပဋိညာဉ်တရား တည် ရသော အခွင့်ကို အဘယ်ကြောင့်ရှာ ရသနည်း 8 ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် မိန့် တော်မူသည်ကား၊ 9 ငါ သည် ဤလူမျိုး ၏ ဘိုးဘေး တို့ကိုလက် ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ် တရားနှင့် ခြားနား သော ပဋိညာဉ် တရားသစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေးသော အချိန် ကာလရောက် လိမ့်မည်။ အရင် ငါ ပေးဘူးသော ပဋိညာဉ် တရား၌ သူ တို့သည် မ တည် ကြ၊ ငါ သည်လည်း သူ တို့ကို မ ကြည့်ရှုမပြုစုဘဲနေ၏ 10 နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည် 11 ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမ ဩဝါဒမ ပေးရကြ၊ အကြောင်းမူကား ၊ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည် 12 ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏ 13 ပဋိညာဉ်တရားသစ် ဟူ၍မိန့် တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်း စေတော်မူ၏။ ရွေ့လျော့ ၍ ဟောင်း သောအရာ မည်သည်ကား၊ ကွယ်ပျောက် ခြင်း သို့ရောက်လုနီး သတည်း။

9

1 တနည်း ကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြု ရာစီရင်ချက် နှင့်၎င်း ၊ လောကီ သန့်ရှင်း ရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်2 အဘယ်သို့နည်းဟူမူကား၊ ဟဂျာ ဟုခေါ်ဝေါ် သော ပဌမ တဲ တော်သည်၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့ တော်မုန့် နှင့် ပြင်ဆင် လျက်ရှိ၏ 3 ဒုတိယ ကုလားကာ အတွင်း၌၊ ဟဂျာဟဂျုန် ဟု ခေါ်ဝေါ် သော တဲ တော်ရှိ၏ 4 ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေ ဖြင့်မွမ်းမံ သော ပဋိညာဉ် တရားသေတ္တာ ရှိ၏။ ထို သေတ္တာ၌ မန္န ကိုထား သောရွှေ အိုး ၊ အပွင့်ပွင့် သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ် တရားကို ရေးထားသော ကျောက် ပြားတို့ သည်ရှိ ကြ၏ 5 ထိုသေတ္တာ ပေါ်မှာ ဘုန်းကြီး သော ခေရုဗိမ် တို့သည် အပြစ် ဖြေရာပလ္လင်ကို လွှမ်းမိုး လျက်ရှိကြ၏။ ထို အရာများကို ယခု သေချာ စွာ ပြော စရာအကြောင်း ရှိ6 ထိုသို့ ခပ်သိမ်း သောအရာတို့သည် ပြင်ဆင် လျက် ရှိသောအခါ၊ ယဇ် ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမ တဲ တော်အတွင်း သို့ အစဉ် ဝင် ကြရ၏ 7 ဒုတိယ တဲတော်အတွင်း သို့ ယဇ်ပုရောဟိတ် မင်းတစ်ပါးတည်းသာ မိမိ အပြစ် ကြောင့် ၎င်း ၊ လူ များအပြစ် ကြောင့်၎င်း၊ ပူဇော် သောအသွေး ကိုဆောင်၍ တနှစ် လျှင် တစ်ခါ တည်းသာဝင်ရ၏ 8 ပဌမ တဲ တော်မပျက်မှီ တိုင်အောင်၊ သန့်ရှင်း ရာ ဌာနသို့ သွားသောလမ်း ဖွင့် သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့်သန့်ရှင်း သော ဝိညာဉ် တော်သည် အရိပ် ပေးတော်မူ၏ 9 ထိုတဲတော်ကား၊ ပူဇော် သက္ကာနှင့် ယဇ် များကို ပူဇော် သော ကာလ တည်းဟူသောမျက်မှောက် ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထို ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက် လျှင်လည်း၊ ဝတ်ပြု သောသူအား စုံလင် ခြင်းအကျိုးကို မ ပေးနိုင် သည်ဖြစ်၍ 10 စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏ 11 ယခုမှာလူလက် ဖြင့်မ လုပ်၊ ဤ လောက ဓါတ်နှင့် မ စပ်ဆိုင် ၊ သာ၍ကြီးမြတ် စုံလင် သောတဲ တော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်းဖြစ်သော ခရစ်တော် သည် 12 ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏ 13 အကြောင်းမူကား ၊ အညစ်အကြေး ရှိသော သူ တို့ အပေါ်၌ ဖြန်း သောနွား အသွေး ၊ ဆိတ် အသွေး၊ နွားမ ကလေး၏ပြာ သည်၊ သူတို့ ကိုယ်ခန္ဓာ စင်ကြယ် ခြင်းကို ပြုနိုင်သည်မှန်လျှင်14 ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော 15 ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ16 အမွေခံစေခြင်းငှာအခွင့်ပေး၍ စာချုပ်သည် အမှုမှာ လည်း စာချုပ် တည်လျှင် စာချုပ်သောသူသည် ဧကန် သေ ရမည်မှန်ပြီ 17 အကယ်၍ သေလျှင်၊ ထိုစာချုပ်သည်မ တည်၊ သေမှသာတည်18 ထို့ကြောင့် ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေး နှင့် ကင်း ၍မ စီရင်19 တရား တော်၌ ပါ သမျှသော ပညတ် တို့ကို မောရှေ သည် လူ အပေါင်း တို့အား ဟောပြော ပြီးမှ၊ ရေ နှင့် ရောနှောသောနွား ၊ ဆိတ် ၏အသွေး ကိုယူ ၍၊ အနီ ဆိုးသော သိုးမွေး တပ်သောဟုဿုပ် ပင်ညွန့်နှင့်၊ ကျမ်းစာ ကို၎င်း လူ အပေါင်း တို့ကို၎င်း ဖြန်း လျက်၊ 20 အသွေးကား၊ သင် ဘုရားသခင် ဝန်ခံ တော်မူသော ပဋိညာဉ် ၏ အသွေး ဖြစ်သည်ဟု ပြောဆို21 တဲ တော်နှင့် ဝတ်ပြု သော တန်ဆာ များကိုလည်း ထိုနည်းတူ သွေး နှင့်ဖြန်း ရ၏ 22 ပညတ် တရားအတိုင်း ခပ်သိမ်း သောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ် စေတတ်၏။ အသွေး သွန်းလောင်းဘဲ အပြစ်လွတ် ခြင်းမ ရှိ 23 ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိသောအရာ တို့၌ ပုံ များကိုထိုသို့သောယဇ် ပူဇော်ခြင်းအားဖြင့်စင်ကြယ် စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏ 24 ထိုသို့နှင့်အညီ၊ မှန် သောသန့်ရှင်းရာဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့လက် ဖြင့်လုပ်သော သန့်ရှင်း ရာဌာန ထဲသို့ ခရစ်တော် သည်မ ဝင် ဘဲ၊ ငါ တို့ အတွက် ကြောင့် ယခု ဘုရားသခင် ၏ ရှေ့ တော်၌ကိုယ်ကိုပြ ခြင်းငှာ၊ ကောင်းကင် ကိုယ် ထဲသို့ ဝင်တော်မူပြီ၊ 25 သို့သော်လည်း၊ ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း ရာဌာနထဲသို့ သူတစ်ပါး အသွေး နှင့် နှစ် တိုင်း အစဉ် ဝင် ရသကဲ့သို့ ခရစ်တော် သည် အဖန် များစွာကိုယ်ကို ပူဇော်ရသည်မ ဟုတ် 26 ထိုသို့ ပူဇော်ရသည်မှန် လျှင်၊ ကမ္ဘာ ဦး မှစ၍ အဖန် များစွာအသေခံ တော်မူရ၏။ ယခု မူကား ၊ ဤကပ် ကာလအဆုံး တစ်ခါ တည်း ကိုယ် ကိုပူဇော် သောအားဖြင့် အပြစ် များကို သုတ်သင် ပယ်ရှင်းခြင်းငှာ ပေါ်ထွန်း တော်မူ၏ 27 လူ သည် တစ်ခါ တည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကိုခံရ သကဲ့သို့28 ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။

10

1 တနည်းကား၊ ပညတ် တရားသည် နောက်ဖြစ် လတံ့သော မင်္ဂလာ အကျိုးတို့၏ သေချာသော ပုံ သဏ္ဌာန် ကိုမ ပြ၊ အရိပ် ကိုသာပြ သည်ဖြစ်၍၊ နှစ် စဉ်မပြတ်ပူဇော် သောယဇ် အားဖြင့် အထံတော်သို့ ချဉ်းကပ် သောသူ တို့ကို စုံလင် ခြင်းအဖြစ်၌ မ တည် စေနိုင် ရာ 2 တည်စေနိုင်လျှင်၊ ဝတ်ပြု သောသူ တို့သည် တစ်ခါ တည်းနှင့် စင်ကြယ် ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန်သံဝေဂ တရားရ စရာအကြောင်း အလျှင်းမ ရှိသည်ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တစ်ခါတည်းသာပူဇော်၍၊ နောက်တဖန်မ ပူဇော် ဘဲနေ ရကြမည်မဟုတ်လော 3 ယခုမူကား ယဇ် ပူဇော်သည်တွင် အပြစ် များကို နှစ် တိုင်းအောက်မေ့ ခြင်းရှိ၏ 4 အကြောင်းမူကား ၊ နွား ၊ ဆိတ် ၏အသွေး သည် အပြစ် ကို မ ပယ် နိုင်ရာ 5 ထိုကြောင့် ၊ ခရစ်တော်သည် ဤလောက သို့ ကြွလာ သောအခါ၊ အိုဘုရားသခင် ၊ ကိုယ်တော်သည် ယဇ် နှင့် ပူဇော်သက္ကာ ကို အလို တော်မ ရှိ သည်ဖြစ်၍၊ အကျွန်ုပ် အဘို့ကိုယ်ခန္ဓာ ကို ပြင်ဆင် တော်မူပြီ 6 မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာ ယဇ်များကို အားရနှစ်သက် တော် မ မူသောအခါ၊ ကျမ်းစာ လိပ် အကျွန်ုပ် ကို အမှတ် ပြု၍ ရေး ထားသည်နှင့်အညီ၊ 7 အကျွန်ုပ်သည် ကိုယ်တော် ၏အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု အကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို8 ပညတ် တရားအတိုင်း ပြုရသော ဝတ် ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာ ယဇ်အစ ရှိသောယဇ် များနှင့် ပူဇော် သက္ကာများတို့ကို ကိုယ်တော်သည် အလို တော်မ ရှိ၊ အားရနှစ်သက် တော် မ မူဟု အထက် ကဆို နှင့်ပြီးမှ၊ 9 တဖန်တုံ ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု ဆို သည်တွင်၊ ဒုတိယ ဝတ်ကို တည် စေခြင်းငှာ ပဌမ ဝတ်ကို ပယ်10 ထို အလို တော်နှင့်အညီ ယေရှု ခရစ် ၏ ကိုယ် တော်ကို တစ်ခါ တည်း ပူဇော် သောအားဖြင့် ၊ ငါတို့သည် စင်ကြယ် ခြင်းသို့ ရောက် ကြ၏ 11 ယဇ် ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်း ဝတ်ပြု လျက်၊ အပြစ် ကို မ ဖြေ နိုင် သော ယဇ် ကို အထပ်ထပ် အဖန်ဖန်ပူဇော် လျက်ရပ် နေရ၏ 12 ထိုသခင် မူကား ၊ အပြစ် ကိုဖြေခြင်းငှာ ယဇ် တစ်ခု တည်းကို ပူဇော် ပြီးမှစ၍၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ အစဉ်အမြဲ ထိုင်13 မိမိ ရန်သူ တို့ကို မိမိ ခြေ တင် ရာမ ချ မထားမှီတိုင်အောင်မြော်လင့် လျက် နေ တော်မူ၏ 14 အကြောင်းမူကား ၊ စင်ကြယ် သောသူ တို့သည် ထာဝရ စုံလင် ခြင်းငှာ၊ တစ်ခါ တည်းပူဇော် ခြင်းအားဖြင့် ပြုတော်မူ၏ 15 ထိုသို့နှင့်အညီ၊ သန့်ရှင်း သောဝိညာဉ် တော်သည် ငါ တို့အား သက်သေ ပေးတော်မူသည်မှာ 16 နောင် ကာလ အခါသူ တို့၌ ငါပေး သော ပဋိညာဉ် တရား ဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့နှလုံး ထဲမှာ ပေးသွင်း မည်။ သူ တို့စိတ် ဝိညာဉ်၏အပေါ်မှာ ရေး ထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ 17 တဖန်တုံ ၊ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူး ခြင်း အမျိုးမျိုးကို ငါမ အောက်မေ့ဘဲ နေ မည်ဟု လာ သတည်း 18 ထိုအပြစ် တို့ကို လွှတ် ပြီးလျှင် နောက်တစ်ဖန်အပြစ် ဖြေသော ပူဇော်သက္ကာ ကို ပြုစရာအကြောင်း မရှိ19 ထိုကြောင့် ညီအစ်ကို တို့၊ ယေရှု ၏ကိုယ်ခန္ဓာ တော်တည်းဟူသော ကုလားကာ အားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်း သစ် တွင်၊ 20 ငါတို့သည် သန့်ရှင်း ရာဌာနထဲသို့၊ အသွေး တော်ကိုအမှီပြု၍ အဆီးအတား မရှိ၊ ဝင် ရသောအခွင့်ရှိသဖြင့်၎င်း၊ 21 ဘုရားသခင် ၏အိမ် တော်ကို အုပ်စိုးသော ယဇ် ပုရောဟိတ်မင်း ရှိ သဖြင့်၎င်း၊ 22 ငါတို့သည် သစ္စာ နှင့် ပြည့်စုံသော သဘော ရှိ၍၊ ဝိစိကိစ္ဆာ နှင့် ကင်းသောယုံကြည် ခြင်း၌ တည်လျက်၊ စိတ်နှလုံး ကို သံဝေဂ တရားနှင့်လွတ်အောင်ဖြန်း ခြင်း၊ ကိုယ် ကာယကိုလည်း ကြည်သာ ရေ ဖြင့် ဆေးကြော ခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့ 23 မြော်လင့် ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည် ကြကုန်အံ့အကြောင်းမူကား ၊ ဂတိ ထားတော်မူသော သူ သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏ 24 ထိုမှတစ်ပါး မေတ္တာ စိတ် ရှိစေခြင်းငှာ၎င်း၊ ကောင်း သောအကျင့် ကို ကျင့်စေခြင်းငှာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့ 25 လူအချို့ တို့၏ ထုံးစံ ရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေး ခြင်းအမှုကို မ ရှောင် မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်း နှိုးဆော်ကြလော့။ ကာလ အချိန် ရောက် လုနီးသည်ကို ထောက် သဖြင့်၊ သာ၍ ကြိုစား ကြလော့ 26 အကြောင်းမူကား ၊ သမ္မာတရား ကို သိ ပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှား ပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော် ရာအခွင့် မ ရှိ ဘဲ၊ 27 ဒဏ် စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက် ဘွယ်သော မြော်လင့် ရသောအကြောင်း၊ ငြင်းဆန် သော သူတို့ကို ဖျက်ဆီး ဘို့ရာအမျက် တော် မီး လောင်ခြင်းကို ခံရ သောအကြောင်းရှိ၏ 28 မောရှေ ၏ တရား ကိုပယ် သော သူမည်သည်ကား၊ သက်သေခံ နှစ် ဦးသုံး ဦးရှိလျှင်၊ သနား ခြင်းကို မ ခံရဘဲ သေ ရ၏ 29 ထိုမျှမက၊ ဘုရားသခင် ၏ သား တော်ကို ခြေဖြင့်ကျော်နင်း လျက်၊ မိမိကိုစင်ကြယ် စေသော ပဋိညာဉ် တရား၏ သွေး ကိုအပြစ်တင်လျက်၊ ဆု ကျေးဇူးကိုပေးသော ဝိညာဉ် တော်ကို မထီမဲ့မြင် ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ် ဖြင့် ခံထိုက် သည်ကို သင်တို့ ထင် ကြသနည်း 30 ငါ သည်အပြစ်တရားကိုစီရင် ပိုင်၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟူ၍၎င်း၊ ထာဝရ ဘုရားသည် မိမိ လူ တို့အဘို့ တရား စီရင်မည်ဟူ၍၎င်း မိန့် တော်မူသောသူ ကို ငါတို့သည် အမှန်သိ ကြ၏ 31 အသက် ရှင်တော်မူသော ဘုရားသခင် ၏လက် တော်သို့ ကျရောက် ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း 32 သင်တို့သည် အလင်း သို့ ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ ညှဉ်းဆဲ ခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူ တို့နှင့် ဆက်ဆံ သော အပေါင်းအဖော်ဖြစ် သဖြင့်၎င်း၊ 33 ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ ကြလော့ 34 ထိုအခါသင်တို့သည် အကျဉ်း ခံရသော သူ တို့အတွက် ကြောင့် ကြင်နာ သော စိတ်ရှိရသည်သာမက ၊ ကိုယ် ပစ္စည်း ဥစ္စာများကို သူတစ်ပါးလုယူ ဖျက်ဆီးသော်လည်း ၊ ကိုယ် သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲ တည်သောဘဏ္ဍာ ရှိ သည်ကိုသိ ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက် သောစိတ်နှင့် ဝန်ခံ ကြ၏ 35 ထိုကြောင့် ၊ ကြီးစွာ သောအကျိုး နှင့်ယှဉ်သော သင် တို့၏ ရဲရင့် ခြင်းစိတ်ကို မ စွန့် ကြနှင့် 36 ဘုရားသခင် ၏အလို တော်ကိုဆောင် ပြီးမှ၊ ဂတိ တော်အတိုင်း အကျိုးကိုရ မည်အကြောင်း သည်းခံ ခြင်းစိတ်ရှိ ရမည် 37 အဘယ်ကြောင့် နည်းဟူမူကား၊ ကြွလာ လတံ့သောသူ သည် မ ဆိုင်း မလင့်ဘဲ၊ မ ကြာမမြင့်မှီ ရောက် တော်မူလိမ့်မည် 38 ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။ သို့သော်လည်း ၊ ရွေ့လျော့ လျှင် ၊ ငါ့ စိတ် ဝိညာဉ်သည် ထိုသူ ကို အားရ နှစ်သက်ခြင်းမ ရှိဟုဘုရားသခင် အမိန့်တော်ရှိ39 ငါ တို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက် အံ့သောငှာရွေ့လျော့ သော သူမ ဟုတ်။ စိတ် ဝိညာဉ်သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာယုံကြည် သောသူ ဖြစ်ကြ၏။

11

1 ယုံကြည် ခြင်းသည် မြော်လင့် သောအရာတို့ကို မျက်မှောက် ပြု ခြင်းဖြစ် ၏။ မ မြင် သေးသော အရာ တို့ကို သိမှတ် စွဲလမ်းခြင်းအကြောင်းဖြစ်၏ 2 ထို ပါရမီကြောင့် ၊ ရှေး လူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏ 3 ယခုမြင် ရသောအရာ တို့သည်၊ အရင်ထင်ရှား သော အရာထဲက ဖြစ် ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင် ၏အမိန့် တော်ကြောင့်သာ တည် သည်ကို ငါတို့သည် ယုံကြည် ခြင်းအားဖြင့်သိကြ4 အာဗေလ သည်၊ ကာဣန ပူဇော် သော ယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင် အားပူဇော် ၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ် သည်ဟု သက်သေခံ တော်မူခြင်းကို ရ လေ၏။ အဘယ်သို့နည်းဟူမူကား၊ သူ လှူသောအလှူ ကို ဘုရားသခင် သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေ လွန်သော်လည်း ယခုပင်တရားဟော သေး5 ဧနောက် သည် ယုံကြည် ခြင်းအားဖြင့်သေ ခြင်းနှင့်လွတ် ၍ ဘဝပြောင်း ရ၏။ ဘုရားသခင် သည် သူ့ ကို ဘဝပြောင်း စေတော်မူသောကြောင့် ၊ သူသည် နောက်တစ်ဖန်မ ပေါ် မရှိ။ သူသည်ဘဝမ ပြောင်း မှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့ သောသူဖြစ်သည်ဟု သက်သေခံ ခြင်းကို ရလေ၏ 6 ယုံကြည် ခြင်းမ ရှိလျှင်၊ ဘုရားသခင်၏ စိတ် တော်နှင့်မ တွေ့နိုင်။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် သောသူ သည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း ၊ ကိုယ်တော် ကို ရှာ သောသူ အား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည် မည် 7 နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏8 အာဗြဟံ သည် အမွေ ခံရ လတံ့သောပြည် သို့ ထွက်သွား မည်အကြောင်း၊ ဘုရားသခင်ခေါ် တော်မူသောအခါ၊ သူသည်အဘယ် အရပ်သို့သွားသည် ကို ကိုယ်တိုင်မ သိ ဘဲလျက်၊ ယုံကြည် ခြင်းအားဖြင့်နားထောင် ထွက်သွား လေ၏ 9 သူတစ်ပါး ပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိ တော်နှင့် စပ်ဆိုင်သော ပြည် ၌ယုံကြည် ခြင်းအားဖြင့်ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိ တော်ကို အမွေ ခံရသော အဖော်အဖက်တည်းဟူသောဣဇာက် ၊ ယာကုပ် တို့နှင့်အတူ တဲ နေ လေ၏ 10 အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း 11 သူ ၏ခင်ပွန်းစာရာ သည်လည်း အရွယ် လွန် သောအခါ ၊ ပဋိသန္ဓေ ယူ နိုင်သော အခွင့် တန်ခိုးကို ယုံကြည် ခြင်းအားဖြင့်ခံရလေ၏။ အကြောင်းမူကား ၊ ဂတိ ထားတော်မူသောသူ သည် သစ္စာရှိ သည်ဟု စိတ် စွဲလမ်းခြင်းရှိ၏ 12 သို့ဖြစ်၍ ၊ ထိုအမှုအရာ၌ လူသေ နှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့်ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ ကမ်း နား၌မ ရေတွက်နိုင်သောသဲလုံး ကဲ့သို့ ၎င်း၊ များစွာ သောသူတို့၏ အဘ ဖြစ် သတည်း 13 ယခုဆိုခဲ့ပြီးသောသူ အပေါင်း တို့သည်၊ ဂတိ တော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမ ခံရ ဘဲ၊ အဝေး ကမြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်း လျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တစ်ကျွန်း သူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံ လျက်၊ ယုံကြည် ခြင်းစိတ်နှင့်သေ လွန်ကြ၏ 14 ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏ 15 ထိုသူတို့သည် အထက်ကထွက်သွား သော ပြည် ကို အောက်မေ့ သည်မှန် လျှင် ၊ ထိုပြည်သို့ ပြန် ရသော အခွင့် ရှိ ကြ၏ 16 ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တ ခြင်း ရှိကြ၏။ ထိုကြောင့် ၊ ဘုရားသခင် သည် သူ တို့၏ ဘုရား ဟူ၍ခေါ်ဝေါ် ခြင်းကိုရှက် တော်မ မူ၊ သူ တို့နေစရာဘို့ မြို့ ကို တည်ထောင် တော်မူပြီ 17 အာဗြဟံ သည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣဇာက် ကိုပူဇော်18 ဣဇာက် သာသင် ၏ အမျိုး တည်လိမ့်မည်ဟူသောဗျာဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရ သော သူ သည်၊ မိမိ၌ တစ်ယောက်တည်းသောထိုသားကို ပူဇော်19 ထိုသို့ပူဇော်သောအခါသေ ခြင်းမှ ထမြောက် စေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက20 ဣဇာက် သည်လည်း၊ ယုံကြည် ခြင်းအားဖြင့်အနာဂတ် အရာတို့ ကိုအမှတ် ပြု၍ ယာကုပ် နှင့် ဧသော ကို ကောင်းကြီး ပေး၏ 21 ယာကုပ် သည်လည်း၊ သေ ချိန်နီးသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ယောသပ် ၏ သား နှစ်ယောက်ကို ကောင်းကြီး ပေး၍ ၊ တောင်ဝေး ထိပ် အပေါ်မှာ ကိုးကွယ် လေ၏ 22 ယောသပ် သည်သေ ဆဲရှိသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣသရေလ အမျိုးသား တို့၏ ထွက်မြောက် ခြင်းအရာ ကိုပြ ၊ မိမိ အရိုး တို့၏ အကြောင်း ကိုမှာထား လေ၏ 23 မောရှေ ကို ဘွားမြင် ပြီးမှအဆင်းလှ သော သူငယ် ဖြစ်သည်ကို မိဘတို့သည်မြင် လျှင်၊ ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမိန့် တော်ကို မ ကြောက် ဘဲ သုံး လပတ်လုံးသူ့ကို ဝှက်ထား လေ၏ 24 မောရှေ သည် အသက်အရွယ်ကြီး သောအခါအပြစ် ရှိသော ကာမဂုဏ် ကို ခဏ ခံစား ခြင်းထက် ၊ ဘုရားသခင် ၏လူ တို့နှင့်အတူညှဉ်းဆဲ ခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊ 25 အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော် ကြောင့် ကဲ့ရဲ့ ခြင်းဒုက္ခသည် သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင် သဖြင့်၎င်း၊ ယုံကြည် ခြင်းစိတ်ရှိ၍ ဖာရော ဘုရင်သမီး ၏သား ဟူ၍ခေါ်ဝေါ် ခြင်းအခွင့်ကိုပယ်26 အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုး ကို ထောက်စာ မြော်လင့်လျက်နေ၏ 27 ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမျက် ကို မ ကြောက် ဘဲ၊ အဲဂုတ္တု ပြည်ကိုစွန့်သွား ၏။ အကြောင်းမူကား ၊ မျက်မြင် မရသော ဘုရားသခင်ကို မြင် ရဘိသကဲ့သို့ တည်ကြည် ခြင်းရှိ၏ 28 သားဦး များကို ဖျက်ဆီး သောသူ သည် ဣသရေလ လူတို့ကို ဒဏ် ခတ်စေခြင်းငှာ ၊ ယုံကြည် ခြင်းအားဖြင့်ပသခါ ပွဲကို၎င်း ၊ အသွေး ဖြန်းဆွတ် ခြင်းကို၎င်း စောင့် လေ၏ 29 ဣသရေလလူတို့သည် ကုန်းကြောင်း သွား သကဲ့သို့ ၊ ယုံကြည် ခြင်းအားဖြင့်ဧဒုံ ပင်လယ် အလယ်၌ ရှောက်သွား ရကြ၏။ ထို သူတို့ နည်းတူအဲဂုတ္တု လူတို့သည် သွား မည်အားထုတ် သောအခါ နစ်မြုပ် ကြ၏ 30 ယေရိခေါ မြို့ကို ခုနစ် ရက် ပတ်လုံး ဝိုင်း ၍ လှည့်ပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်မြို့ရိုး သည် ပြိုလဲ31 ပြည်တန်ဆာ ရာခပ် သည် သူလျှို တို့ကို အဆွေ ဖွဲ့၍ လက်ခံ သောကြောင့်၊ မယုံကြည် သောသူ တို့နှင့်အတူမ ပျက်စီး ဘဲ၊ ယုံကြည် ခြင်းအားဖြင့်ချမ်းသာရ၏ 32 ထိုမှတစ်ပါး ၊ အဘယ်သို့ ပြော စရာရှိသေး သနည်း။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုန် ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေလ မှစ၍ ပရောဖက် တို့အကြောင်း များကို ပြော ၍မကုန်နိုင် 33 ထိုသူ တို့သည် ယုံကြည် ခြင်းအားဖြင့် အခြားသောတိုင်း နိုင်ငံကိုအောင် ခြင်း၊ တရား သဖြင့် စီရင် ခြင်း၊ ဂတိ တော်ကိုဝင်စား ခြင်း၊ ခြင်္သေ့ နှုတ် ကိုပိတ် ခြင်း၊ 34 မီး အရှိန် ကိုငြိမ်း စေခြင်း ဓား လက်နက်ဘေး နှင့်ကင်းလွတ် ခြင်း၊ အနာ မှ ထမြောက်၍ကျန်းမာ ခြင်း၊ စစ်တိုက် သောအခါ ခွန်အား နှင့်ပြည့်စုံ ခြင်း၊ တစ်ပါး အမျိုးသားတို့၏ တပ် များကို ဖျက်ဆီး ခြင်းအမှုများကို ပြုကြ၏ 35 မိန်းမ တို့သည်လည်း၊ သေ ခြင်းမှ ထမြောက် သော မိမိ တို့သားကို ရ ပြန်ကြ၏။ အချို့ သောသူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက် လိုသောငှာ၊ လွှတ် ခြင်းကိုမ ခံ မယူဘဲ ပြင်းစွာ သောညှဉ်းဆဲခြင်းကို ခံကြ၏ 36 အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏ 37 ကျောက်ခဲ နှင့်ပစ်ခြင်း၊ လွှ နှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်း နှောင့်ရှက်ခြင်း၊ ဓား လက်နက်နှင့် ကွပ်မျက် ခြင်းခံရကြ၏။ အလွန်ဆင်းရဲ လျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ ၊ ဆိတ် ရေ ကို ဝတ်၍ လှည့်လည် ရကြ၏ 38 ဤလောက သည် ထိုသူ တို့နှင့် မ ထိုက် မတန်။ သူတို့သည် တော ကြိုတောင် ကြား၊ ဥမင် မြေ တွင်း ထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏ 39 ထိုသူ အပေါင်း တို့သည် ယုံကြည် ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိ တော်အတိုင်း အကျိုးကျေးဇူးကို မ ခံရ ကြ 40 အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါ တို့မ ပါဘဲ စုံလင် ခြင်းသို့မ ရောက်ရမည်အကြောင်း ၊ ဘုရားသခင် သည် ငါ တို့အဘို့ အလိုငှာသာ၍ မြတ်သော ကျေးဇူး ကိုကြံစည် တော်မူ၏။

12

1 ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါ တို့ကို ဝိုင်းရံ လျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်း သော ဝန် တို့ကို၎င်း ၊ နှောင့်ရှက် တတ်သောဒုစရိုက် ကို၎င်း ပယ်ရှား ၍၊ ငါ တို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင် သို့ရောက်ခြင်းငှာ၊ အားမလျော့ ဘဲ ပြေး ကြကုန်အံ့ 2 ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ထိုင် နေတော်မူ၏ 3 အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့ 4 သင်တို့သည် ဒုစရိုက် အပြစ်ကို ဆိုင်ပြိုင် တိုက်လှန် ၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် ခံရကြ သေး 5 ထိုမှတစ်ပါး ၊ ငါ့ သား ၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါစိတ် ပျက်နှင့် 6 ထာဝရ ဘုရားသည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ လက်ခံ တော်မူသမျှ သော သား တို့ ကို ဒဏ်ခတ် တော်မူတတ်၏ဟု သူငယ် တို့ကို ဆို သကဲ့သို့ ၊ သင် တို့ကို ပြောဆိုသောဩဝါဒစကား ကို မေ့လျော့ ကြ သလော 7 သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံ လျှင် ၊ သား တို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင် သည်သင် တို့ကို ပြု တော်မူ၏။ အကြောင်းမူကား ၊ အဘ ဆုံးမ သောသား တစ်စုံတစ်ယောက်ရှိသလော 8 သားအပေါင်း တို့သည် ခံ တတ်သောဆုံးမ ခြင်းကို သင် တို့သည် မ ခံဘဲနေလျှင် ၊ သား ရင်းမ ဟုတ်၊ မင်းဦးမင်းလွင်ရသော သား ဖြစ် ကြ၏ 9 တနည်း ကား၊ ကိုယ် ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမ ခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေ ကြ၏။ ထိုမျှမက ၊ စိတ် ဝိညာဉ်တို့၏ အဘ အလိုသို့လိုက် ၍၊ အသက် ချမ်းသာရကြမည် မဟုတ်လော 10 အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိ အလို သို့လိုက် ၍ တခဏ သာဆုံးမ ပေးကြ၏။ ကိုယ်တော် မူကား ၊ မိမိ သန့်ရှင်း ခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှာ ၊ ငါတို့အကျိုး ကိုထောက် ၍သာ ဆုံးမပေးတော်မူ၏ 11 ဆုံးမ ခြင်းမည်သည်ကား၊ ခံရ စဉ်အခါဝမ်းမြောက် စရာမ ထင် ၊ ဝမ်းနည်း စရာထင် တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းအကျိုး ကို ခံရ ကြ၏ 12 ထိုကြောင့် ၊ တွဲလွဲ နေသောလက် တို့နှင့် အား မရှိသောဒူး တို့ကို ခိုင်ခံ့ စေကြလော့ 13 ခြေမစွမ်း သောသူ တို့သည် အဆစ်မ ပြုတ် သည် သာမက ၊ ချမ်းသာ ရစေခြင်းငှာ ၊ သင် တို့သွားဘို့ရာဖြောင့် သောလမ်း တို့ကို ပြင်ဆင် ကြလော့ 14 လူအပေါင်း တို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက် ခြင်းကို၎င်း၊ သန့်ရှင်း ခြင်းပါရမီကို၎င်း၊ မှီအောင် လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမ ရှိလျှင်၊ အဘယ်သူ မျှ ထာဝရ ဘုရားကို မဖူး မမြင်ရ 15 သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင် ၏ ကျေးဇူး တော်ကို မ ရဘဲမနေစေခြင်းငှာ၎င်း ၊ ခါး စွာသော ပင် မြစ်ပေါက် ၍ သင်တို့နှောင့်ရှက် သဖြင့်၊ လူအများ တို့သည် အပြစ်နှင့်မညစ်ညူး စေခြင်းငှာ၎င်း 16 မတရား သော မေထုန်မှီဝဲသောသူမ ရှိစေခြင်းငှာ၎င်း ၊ တနပ်စာ အဘိုးနှင့်သားဦး အရာကို ရောင်း သော ဧသော ကဲ့သို့ ဘုရားတရားကို မရိုမသေ ပြုသောသူ မ ရှိစေခြင်းငှာ၎င်း၊ သတိနှင့်ကြည့်ရှု ကြလော့ 17 သင်တို့သိ သည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီး မင်္ဂလာကိုအမွေခံ ခြင်းငှာအလိုရှိ သောအခါ ၊ ငြင်းပယ် ခြင်းကိုခံရ၏။ မျက်ရည် ကျ၍ ကောင်းကြီး မင်္ဂလာကိုအလွန်ရှာ သော်လည်း ၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်းအခွင့် ကို တွေ့ မရ 18 ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့ နိုင်သော တောင်သို့၎င်း၊ လောင် သောမီး သို့၎င်း၊ မည်း သော တိမ်တိုက်၊ မှောင်မိုက် ၊ မိုဃ်းသက်မုန်တိုင်း သို့၎င်း19 တံပိုး မှုတ်ခြင်းအသံ သို့၎င်း ၊ နှုတ်ကပတ် တော် အသံ သို့၎င်း၊ ရောက် ကြသည်မ ဟုတ်။ ထိုအသံ တော်ကို ကြား သောသူတို့သည်၊ ထပ် ၍ မိန့် တော်မ မူမည်အကြောင်းတောင်းပန် ကြ၏ 20 အဘယ်ကြောင့် နည်းဟူမူကား၊ တိရစ္ဆာန် သော်လည်း ထိုတောင် ကို ထိမိ လျှင်၊ ကျောက်ခဲ နှင့်ပစ်၍ သေစေဟုပညတ် တော်မူသံကို လူတို့သည်နား ခံနိုင်ကြ 21 ထိုသို့ ထင်ရှား ကြသောအရာသည် အလွန်ကြောက်မက် ဘွယ်ဖြစ် ၍၊ မောရှေ က၊ ငါ သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းရှိသည်ဟုဆို22 သင်တို့သည် ဇိအုန် တောင် သို့၎င်း ၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏ မြို့ တော်တည်းဟူသောကောင်းကင် ယေရုရှလင် မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင် တမန်တို့၏ စည်းဝေး ခြင်းသို့၎င်း၊ 23 ကောင်းကင် စာရင်း ဝင်သော သားဦး တို့၏ အသင်းတော် သို့၎င်း ၊ ခပ်သိမ်း သောသူတို့ကို တရား စီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း ၊ စုံလင် ခြင်းသို့ရောက်သောသူတော်ကောင်း တို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း24 ပဋိညာဉ် တရားသစ် ၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း ၊ အာဗေလ ၏ အသွေး ပြောဆို သောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ် ခြင်း၏ အသွေးထံသို့၎င်း ရောက် ကြ၏ 25 သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း 26 အထက် ကဗျာဒိတ်တော်အသံ သည် မြေကြီး ကိုလှုပ် သည် ဖြစ်၍၊ ယခု တဖန် ငါ သည် မြေကြီး နှင့် ကောင်းကင် ကိုလှုပ် ဦးမည်ဟု ဂတိ တော်ရှိ27 တဖန် ဟူသောစကား၏အဓိပ္ပါယ်ကား၊ မ လှုပ် သောအရာ တို့ကို တည် စေခြင်းငှာ ၊ လှုပ် သောအရာ တို့ကို လောကီအရာကဲ့သို့ ပယ်ဖျက် လိမ့်မည်ဟု ဆိုလို သတည်း 28 ထိုကြောင့် ၊ ငါတို့သည်မ လှုပ်နိုင်သောနိုင်ငံ ကိုရ သည်ဖြစ်၍၊ ခန့်ညား ကြောက်ရွံ့ သောသဘောနှင့် ဘုရားသခင် ကို လျောက်ပတ် စွာ ဝတ်ပြု နိုင်မည်အကြောင်း ၊ ကျေးဇူး တော်ကို စွဲလမ်း ကြကုန်အံ့ 29 ငါ တို့ဘုရားသခင် သည် လောင် သောမီး ဖြစ် တော်မူ၏။

13

1 ညီအစ်ကို ချင်းချစ်ခြင်းမေတ္တာ၌တည် ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မ မေ့ မလျော့ကြနှင့် 2 အချို့ သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ ဧည့်ခံ ကြပြီ 3 အကျဉ်း ခံရသော သူ တို့နှင့်အတူကိုယ်ခံရသကဲ့သို့ မှတ် ၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာ နှင့် မကင်းလွတ်သောသူဖြစ် ၍၊ ညှဉ်းဆဲ ခံရသောသူ တို့ကို အောက်မေ့ကြလော့ 4 ခပ်သိမ်း သော သူတို့၌ မင်္ဂလာဆောင် ခြင်းအမှုနှင့် သစ္စာ သံဝါသပြုခြင်းအမှုသည် အသရေ ရှိစေလော့။ မတရား သော မေထုန်ကိုပြုသောသူနှင့်သူ့ မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြော စီရင်တော်မူလိမ့်မည် 5 သင်တို့၏ကျင့်ကြံ ပြုမူခြင်းသည် ငွေ ကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိ သောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ငါသည် သင့် ကိုမ စွန့် ၊ သင့် ကိုအလျှင်း ပစ် ၍မ ထားဟု ဂတိတော်ရှိ6 ထိုကြောင့် ထာဝရ ဘုရားသည် ငါ့ ကိုမစ တော်မူသည်ဖြစ်၍၊ လူ သည် ငါ ၌ပြု နိုင်သမျှ ကိုငါမ ကြောက် ဟု၊ ငါ တို့သည် ရဲရင့် သောစိတ်နှင့် ပြောဆို ရသောအခွင့် ရှိကြ၏ 7 ဘုရားသခင် ၏နှုတ်ကပတ် တရားတော်ကို သင် တို့အား ဟောပြော ၍၊ သင် တို့ကိုအုပ် သောသူ တို့ကို အောက်မေ့ ကြလော့။ သူ တို့သည် အဘယ်သို့ကျင့်ကြံ ပြုမူ ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင် လျက်၊ သူ တို့၏ယုံကြည် ခြင်းကို မှီအောင် လိုက်ကြလော့ 8 ယေရှု ခရစ် သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏ 9 အထူးထူး အပြားပြားသော အယူဝါဒ သစ် ကို လိုက်၍ ဖောက်ပြန် ကြနှင့်။ အစာ များအားဖြင့်စိတ် ခိုင်ခံ့မြဲမြံခြင်းမ ရှိဘဲ၊ ကျေးဇူး တော်အားဖြင့်ခိုင်ခံ့ မြဲမြံလျှင် အကျိုး ရှိ၏။ အစာ များကို အမှု ထားသော သူ တို့သည် အကျိုး ကိုရကြပြီမ ဟုတ် 10 တဲ တော်၌ ဝတ်ပြု သောသူ တို့စား ရသောအခွင့် ရှိ သောယဇ်ပလ္လင် သည် ငါတို့၌ရှိ11 အကြောင်းမူကား ၊ ယဇ်ပုရောဟိတ် မင်းသည် အပြစ် ဖြေသောယဇ်ကောင် ၏ အသွေး ကို သန့်ရှင်း ရာ ဌာနထဲသို့ သွင်း ပြီးမှ၊ ယဇ်အသေ ကောင်တို့ကို တပ် ပြင် ၌ မီးရှို့ ရ၏ 12 ထိုသို့ နှင့်အညီ၊ ယေရှု သည်မိမိ အသွေး အားဖြင့် လူ များကို စင်ကြယ် စေခြင်းငှာ ၊ မြို့တံခါး အပြင် ၌ အသေခံ တော်မူ၏ 13 သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင် နှင့်အတူကဲ့ရဲ့ ခြင်းကိုခံ ၍၊ တပ် ပြင် ၊ အထံ တော်သို့ ထွက်သွား ကြ ကုန်အံ့ 14 အကြောင်းမူကား ၊ ငါ တို့သည် ဤ ဘဝ၌ အမြဲ တည်သော မြို့ ရှိ၊ နောက်ဖြစ် လတံ့သော မြို့ကိုရှာ ကြ၏ 15 ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ဝန်ခံ လျက်၊ နှုတ်ခမ်း အသီး တည်းဟူသောချီးမွမ်း ခြင်းယဇ် ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ် ပူဇော် ကြကုန်အံ့ 16 ကျေးဇူး ပြုခြင်း၊ ဥစ္စာဝေမျှ ခြင်းအမှုတို့ကို မ မေ့ မလျော့ကြနှင့်။ ထိုသို့သော ယဇ် ကို ဘုရားသခင် သည် အားရ နှစ်သက်တော်မူ၏ 17 သင် တို့ကို အုပ် သောသူ တို့၏ စကားကို နားထောင် ၍ နှိမ့်ချ လျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာစောင့် နေကြကုန်၏။ သင် တို့ အကျိုး ကို မဖြစ်စေတတ်သော ဝမ်းနည်း ခြင်းမ ရှိ၊ ဝမ်းမြောက် ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့ 18 ငါ တို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် လျက်၊ အရာရာ တို့၌ ကောင်းမွန် စွာကျင့် နေခြင်းငှာအလိုရှိ သောသူဖြစ်သည်ဟု စိတ်စွဲလမ်း ခြင်းရှိကြ၏ 19 ငါသည် သင် တို့ရှိရာသို့ အလျင်အမြန် ပြန် ရသောအခွင့်ရှိစေခြင်းငှာ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍ နှိုးဆော် တောင်းပန်၏ 20 ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊ 21 မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှု ခရစ် အားဖြင့် သင် တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလို တော်သို့ လိုက် မည်အကြောင်း ၊ ကောင်း သောအကျင့်အမျိုးမျိုး သင် တို့ကိုပြုပြင် တော်မူပါစေသော။ ထို သခင် ယေရှုခရစ်သည် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်22 ညီအစ်ကို တို့၊ ငါသည် အကျဉ်း အားဖြင့် ရေးထား၍ ကြား လိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံ မည်အကြောင်း၊ ငါသည် သင် တို့ကို နှိုးဆော် တောင်းပန်၏ 23 ငါ တို့ညီ တိမောသေ ကို အခြားသို့ လွှတ် လိုက်သည်အရာကို သိမှတ် ကြလော့။ သူသည် မ ကြာမမြင့်မှီ ရောက် လျှင် ၊ ငါသည်သူ နှင့်အတူ လာ၍ သင် တို့ကို တွေ့မြင် လိမ့်မည် 24 သင် တို့ကို အုပ် သောသူ အပေါင်း တို့ကို၎င်း ၊ သန့်ရှင်း သူအပေါင်း တို့ကို၎င်း၊ နှုတ်ဆက် ကြလော့။ ဣတလိ ပြည်သူပြည်သားတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏ 25 သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။