ဟဗက္ကုတ်အနာဂတ္တိကျမ်း

1

1 ပရောဖက် ဟဗက္ကုတ် ခံရ သော ဗျာဒိတ် တော် အချက်ဟူမူကား၊ 2 အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြား တော် မ မူဘဲ၊ အဘယ် မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ် ရပါ မည်နည်း။ ကယ်တင် တော်မ မူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ် ရပါမည်နည်း။ 3 မတရား သောအမှုကို အကျွန်ုပ် အား အဘယ်ကြောင့် ပြ တော်မူသနည်း။ အဓမ္မ အမှုကို အဘယ်ကြောင့် မြင် စေတော်မူသနည်း။ လုယူ ခြင်း၊ အနိုင် အထက်ပြုခြင်း အမှုသည် အကျွန်ုပ် ရှေ့ မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံ ခြင်း၊ ရန်တွေ့ ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြု ရပါသနည်း။ 4 သို့ဖြစ်၍ တရား လျော့ ပါ၏။ တရား သဖြင့် စီရင် ဆုံးဖြတ်ခြင်းမ ရှိ ပါ။ မ တရားသောသူတို့ သည် ဖြောင့်မတ် သောသူတို့ကို ဝိုင်း သောကြောင့် ၊ မ တရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။ 5 သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။ 6 ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ချီ သွားကြလိမ့်မည်။ 7 အလွန်ကြောက်မက် ဘွယ်သောသူဖြစ်၍ကိုယ် အလိုအလျောက်တရား စီရင်ဆုံးဖြတ်ကြ၏။ 8 သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။ 9 ထိုသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းငှါ လာ ကြ ၏။ ရှေ့ သို့ သာ မျက်နှာ ပြုသော အလုံး အရင်းဖြစ်၍၊ ဘမ်းမိ သောသူတို့ကို သဲ လုံးနှင့်အမျှ စုဝေး စေကြလိမ့်မည်။ 10 ရှင်ဘုရင် တို့ကို အား မနာ၊ မင်း များတို့ကို ပြက်ယယ်ပြု ကြလိမ့်မည်။ ရဲတိုက် ရှိသမျှ တို့ကို ကဲ့ရဲ့ လျက် ၊ မြေမှုန့် ကို ပုံ ထား၍ တိုက် ယူကြလိမ့်မည်။ 11 ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။ 12 အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။ 13 ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။ 14 လူ သတ္တဝါတို့ကိုလည်း ပင်လယ် ငါး ကဲ့သို့ ၎င်း ၊ မင်း ရှိသော ပိုး ကောင်ကဲ့သို့ ၎င်း အဘယ်ကြောင့်ဖြစ် စေတော်မူသနည်း။ 15 ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။ 16 မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ စွာစားရ၏။ 17 သို့ဖြစ်၍ ၊ သူ သည် ပိုက်ကွန် ထဲက ငါးတို့ကို သွန်းလောင်း ရပါမည်လော။ လူ အမျိုးမျိုးတို့ကို မ နှမြော ဘဲ အစဉ် လုပ်ကြံ ရပါမည်လော။

2

1 ငါသည် ငါ့ လင့်စင် ပေါ် မှာ ရပ် လျက် ၊ ရဲတိုက် အမြဲနေ လျက် ၊ ငါ့ အား အဘယ်သို့ မိန့် တော်မူမည်ကို၎င်း၊ အပြစ် တင်လျှင် အဘယ်သို့ ပြန် လျှောက်ရမည်ကို၎င်းငါစောင့် ၍ နေစဉ် တွင်၊ 2 ထာဝရဘုရား ကလည်း၊ ဘတ်သောသူသည် ပြေး လျက် ဘတ် နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ် မှာ အက္ခရာ တင်၍ ရေးမှတ် လော့။ 3 ထိုရူပါရုံ သည် ချိန်းချက် သော အချိန်နှင့်ဆိုင်၍ အမှုကုန် ရသောကာလကို ဆိုလို ၏။ မုသာ နှင့် ကင်းလွတ် ၏။ ဆိုင်း သော်လည်း မြော်လင့် လော့။ နောက် ကျဘဲ ဧကန်အမှန် ရောက် လိမ့်မည်။ 4 စိတ် မြင့်သောသူသည် သဘော ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။ 5 ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် စုဝေး စေ၏။ 6 ထို သူအပေါင်း တို့သည် သူ တဘက် ၌ ပုံ စကားနှင့် ကဲ့ရဲ့ သော နိမိတ် စကားကို သုံးဆောင် လျက် ၊ ကိုယ် ပိုင် သော ဥစ္စာကို ဆည်းဖူး သောသူသည် အ မင်္ဂလာရှိ၏။ အဘယ် မျှကာလ ပတ်လုံးကိုယ် အပေါ် မှာ ကြွေး များကို တင် စေပါလိမ့်မည်နည်းဟု မြွက်ဆို ကြမည်မဟုတ်လော။ 7 သင့် ကို ကိုက် သောသူတို့ သည် ချက်ခြင်း ကြ မည်မ ဟုတ်လော။ နှောင့်ရှက် သောသူတို့ သည် နိုး ကြမည် မဟုတ်လော။ သင်သည် သူ တို့လုယူ ရာဖြစ် လိမ့်မည်။ 8 သင် သည် များ စွာသောလူမျိုး တို့ကို လု ယူသောကြောင့် ၊ ကျန် ကြွင်းသော လူမျိုး အပေါင်း တို့သည် သင့် ကို လု ယူကြလိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သောအပြစ်ကြောင့် ပြု ကြလိမ့်မည်။ 9 မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။ 10 သင်သည် လူ များ တို့ကို လုပ်ကြံ သောအားဖြင့် ကိုယ် အမျိုး ကို အရှက်ကွဲ စေခြင်းငှါကြံစည် ၍၊ ကိုယ် အသက် ကို ပြစ်မှား ပြီ။ 11 အကယ် စင်စစ်ကျောက် တလုံးသည် ကျောက် ထရံ ထဲက ဟစ် ခေါ်၍ ၊ ထုပ် တချောင်းသည် သစ်သား စုထဲက ထူး လေ၏။ 12 လူအသက်ကိုသတ် သောအပြစ် နှင့် ရွာ ကို တည် သောသူ၊ အဓမ္မ အမှုနှင့် မြို့ ကို ခိုင်ခံ့ စေသော သူသည် အ မင်္ဂလာ ရှိ၏။ 13 လူ များတို့သည် မီး ထဲမှာ လုပ်ဆောင် ၍၊ အမျိုး မျိုး တို့သည် အချည်းနှီး သော အမှု၌ ပင်ပန်း စေခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စီရင်တော်မူပြီ။ 14 အကြောင်း မူကား၊ ပင်လယ် ရေ သည် မိမိနေရာ ကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။ 15 မိမိ အိမ်နီးချင်း အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။ 16 သင် သည် အသရေ ပျက်၍ အရှက်ကွဲ ခြင်းနှင့် ဝ လိမ့်မည်။ ကိုယ်တိုင်သောက် ၍ အဝတ်ချွတ် ခြင်းကို ခံရလိမ့်မည်။ ထာဝရဘုရား ၏ လက်ျာ လက်တော်၌ရှိသောဖလား သည် သင့် ဆီသို့ ရောက် ၊ ရွံရှာ ဘွယ်သော အော့အန်ခြင်းသည် သင့် အသရေ ကို လွှမ်းမိုးလိမ့်မည်။ 17 လေဗနုန် တောင်ကို အနိုင် အထက်ပြုသောအပြစ်၊ တိရစ္ဆာန် များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီး သော အပြစ်သည် သင့် ကို လွှမ်းမိုး လိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သော အပြစ်ရှိ၏။ 18 ထုလုပ်သော ရုပ်တု သည် အဘယ် အကျိုး ကိုပေး ၍၊ လက်သမားသည် ထုလုပ် ရသနည်း။ သွန်းသော ရုပ်တု နှင့်မိစ္ဆာ ဆရာသည် အဘယ်အကျိုးကိုပေး ၍၊ လုပ် သောသူသည် မိမိ အလုပ် ကို မှီခို လျက်၊ စကားအ သော ရုပ်တု တို့ကို လုပ် ရသနည်း။ 19 သစ်သား အား ၊ နိုး တော်မူပါဟူ၍၎င်း ၊ စကား အ သောကျောက် အား ၊ ထ တော်မူပါဟူ၍၎င်း ဆို သောသူသည် အ မင်္ဂလာရှိ၏။ ထို အရာသည် သွန်သင် လိမ့်မည် လော။ ရွှေ ငွေ နှင့် မွမ်းမံ လျက် ရှိ၏။ အတွင်း အသက် အလျှင်း ရှိပါတကား။ 20 ထာဝရဘုရား မူကား ၊ သန့်ရှင်း သော ဗိမာန် တော်၌ ရှိတော်မူ၏။ မြေကြီး သားအပေါင်း တို့၊ ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။

3

1 ပရောဖက် ဟဗက္ကုတ် ပဌနာ စကားတည်းဟူသောရှိဂျောနုတ် သီချင်း၊ 2 အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ် တော်သံကို ကြား ၍ ကြောက်ရွံ့ ပါပြီ။ အိုထာဝရ ဘုရား ၊ ယခုနှစ် များအတွင်း တွင် အမှု တော်ကို ပြုပြင် တော်မူပါ။ ယခုနှစ် များအတွင်း တွင် ထင်ရှား စေတော်မူပါ ။ အမျက်ထွက် တော်မူသော်လည်းကရုဏာ တရားကို အောက်မေ့ တော်မူပါ။ 3 ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။ 4 အဆင်း အရောင်တော်သည် နေ ရောင်ကဲ့သို့ ဖြစ်၏။ လက် တော်မှ ရောင်ခြည် သည် ထွက် ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာ လေ၏။ 5 ရှေ့ တော်၌ ကာလနာ ဘေးသည် သွား ၊ ပူလောင် ခြင်းဘေးသည် ခြေ တော်ကို ခြံရံ လျက်ရှိ၏။ 6 ရပ် မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။ 7 ကုရှန် ပြည်၌ တဲ တို့သည် ဆင်းရဲ ခံခြင်း၊ မိဒျန် ပြည် ၌ ကုလားကာ တို့သည် လှုပ်ရှား ခြင်းကို ငါမြင် ၏။ 8 အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာ မြင်း ရထား တော်ကို စီး တော်မူမည်အကြောင်း ၊ မြစ် တို့ ကို အမျက်ထွက် တော်မူသလော။ မြစ် များတဘက် ၌ စိတ် ထတော်မူသလော။ ပင်လယ် ကို ရန်ငြိုး ဖွဲ့တော်မူသလော။ 9 ကိုယ်တော်သည် အမျိုး အနွယ်တော်တို့၌ ထား တော်မူသောသစ္စာ ဂတိရှိသည်အတိုင်း၊ လေး လက်နက်တော်ကို ထုတ် ပြတော်မူ၏။ မြေကြီး ၌ မြစ် တို့ကို ပေါက် စေ တော်မူ၏။ 10 တောင် တို့သည် ကိုယ်တော် ကို မြင် ၍ တုန်လှုပ် ကြပါ၏။ လျှံ သော ရေ သည် လွှမ်းမိုး ပါ၏။ ပင်လယ် သည် အော်ဟစ် ၍ လက် ကို ချီ ပါ၏။ 11 နေ နှင့်လ သည် မိမိတို့နေရာ ရပ် ၍ နေပါ၏။ သူတို့ အလင်း မြှား တော်တို့သည် သွား ၍၊ သူတို့ရောင်ခြည် လှံ တော်သည်လည်း လျှပ်စစ် ပြက်ပါ၏။ 12 အမျက် တော်ထွက်လျက် တပြည်လုံး ချီ သွား၍၊ ဒေါသ စိတ်နှင့် လူ အမျိုးမျိုးတို့ကို နင်း နယ်တော်မူ၏။ 13 ကိုယ်တော် ၏လူ တို့ကို ကယ်တင် ခြင်း၊ ကိုယ်တော် ပေးတော်မူ၍ ဘိသိက် ခံသောသူတို့ကို ကယ်တင် ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မ လူ၏အိမ် ဦးခေါင်း ကို နှိပ်စက် ၍၊ မူလ အမြစ်ကို လည်ပင်း တိုင်အောင် ပယ်ရှင်း တော်မူ၏။ 14 ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။ 15 ကိုယ်တော် သည် မြင်း တော်များကို စီး၍၊ ရေ ဟုန်းဟုန်း မြည်သော ပင်လယ် အလယ်သို့ ချီ သွားတော်မူ ၏။ 16 ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။ 17 သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ သိုး ကုန် တင်းကုပ် နွား ရှိရ။ 18 သို့သော်လည်း ၊ ထာဝရဘုရား ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။ 19 အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။