ဂလာတိဩဝါဒစာ။

1

1 လူ နှင့်မ စပ်ဆိုင်၊ လူ ၏အခွင့် ရှိဘဲလျက်၊ ယေရှု ခရစ် ၏အခွင့် နှင့် ၎င်း၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎င်း၊ တမန်တော် ဖြစ်သောငါ ပေါလုမှစ၍2 ငါ့ ထံမှာရှိသော ညီအစ်ကို အပေါင်း တို့သည် ဂလာတိ ပြည်၌ရှိသော အသင်းတော် များကို ကြား လိုက် ပါ၏။ 3 သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရား ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 4 ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။ 5 ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်6 ခရစ်တော် ၏ ကျေးဇူး အားဖြင့် သင် တို့ကို ခေါ် တော်မူသောသူ နှင့် ဤမျှလောက်မြန်မြန် ခွါ ၍ သင်တို့သည်အခြား သော ဧဝံဂေလိ တရားကို ခံယူကြရသောကြောင့်ငါသည်အံ့ဩ ခြင်းရှိ၏။ 7 ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် သင် တို့ကို နှောက်ယှက် ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။ 8 သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။ 9 တစ်ဖန်တုံ ၊ သင် တို့ခံယူ ပြီးသော ဧဝံဂေလိ တရားမှတစ်ပါးအခြားသော ဧဝံဂေလိ တရားကို တစ်စုံတစ်ယောက် သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန် တော်မူခြင်းကို ခံ စေဟု ငါတို့ဆို ခဲ့ပြီးသည်အတိုင်း ယခု ငါထပ် ၍ဆို သေး၏။ 10 အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။ 11 ညီအစ်ကို တို့၊ ငါ ဟောပြော သော ဧဝံဂေလိ တရားသည် လူ တို့၏တရားမ ဟုတ်12 လူ ထံမှာ ငါ ခံရ သည်မ ဟုတ်။ ယေရှု ခရစ် ၏ ဗျာဒိတ် တော်မှတပါး အခြားသောဥပဒေသကို ငါမ ခံ သည်အကြောင်းကို သင်တို့အား ငါကြား လိုက်၏။ 13 အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း14 ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။ 15 သို့သော်လည်း ၊ ငါ့ ကိုအမိ ဝမ်း ထဲက ပင်ရွေးချယ် ခွဲထား၍ ကျေးဇူး တော်အားဖြင့် ခေါ် တော်မူသော ဘုရားသခင် သည်၊ 16 သားတော်၏ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားတို့၌ ဟောပြော စေမည်အကြောင်း ၊ မိမိ အလိုတော် နှင့်အညီသား တော်ကို ငါ့ အားပြ တော်မူသောအခါ၊ ငါသည်အသွေး အသား နှင့် တိုင်ပင် ခြင်းကိုမ ပြု။ 17 ငါ့ အရင် တမန်တော် ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင် မြို့ သို့ လည်း သွား ၊ အာရပ် ပြည်သို့ ချက်ခြင်း သွား တစ်ဖန် ဒမာသက် မြို့သို့ ပြန် လေ၏။ 18 ထိုနောက် သုံး နှစ် လွန် ပြီးမှပေတရု ကို အကျွမ်းဝင် လိုသောငှာ၊ ယေရုရှလင် မြို့သို့ သွား သူ နှင့်အတူ တစ်ဆယ်ငါး ရက် နေ ၏။ 19 သူနှင့်သခင် ဘုရား၏ ညီ တော် ယာကုပ် မှတစ်ပါး အခြား သော တမန်တော် တစ်ယောက်ကိုမျှငါမ တွေ့ မမြင်။ 20 ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။ 21 ထိုနောက် ရှုရိ ပြည်၊ ကိလိကိ ပြည်သို့ ငါသွား22 ယုဒ ပြည်၌ ခရစ်တော် ၏ဘာသာကို ခံယူသော သင်းဝင် သူ တို့သည် ငါ့မျက်နှာ ကိုမျှမ သိမမှတ်ဘဲနေ23 ငါ တို့ကိုညှင်းဆဲ ဘူးသောသူ သည် အထက် က မိမိ ဖျက်ဆီး သော ယုံကြည် ခြင်းတရားကို ယခု မိမိ ဟောပြော သည်ဟု သူတို့ကြား ရုံရှိ ကာမျှနှင့်24 ငါ့ အကြောင်းကြောင့် ဘုရားသခင် ကို ချီးမွမ်း ကြ၏။

2

1 ထိုနောက် တဆယ်လေး နှစ် လွန်ပြီးမှ၊ ငါသည် တိတု ကိုခေါ် ၍ ဗာနဗ နှင့်အတူ ယေရုရှလင် မြို့သို့ တစ်ဖန် သွား လေ၏။ 2 ဗျာဒိတ် တော်အတိုင်း ပင်သွား သည်ဖြစ်၍ ၊ တစ်ပါး အမျိုးတို့၌ ဟောပြော သော ဧဝံဂေလိ တရားကို ထိုအခါ ငါကြားပြော လေ၏။ ထိုသို့ဆိုသော်ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီး မဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှား သော သူ တို့အားသာ တိတ်ဆိတ် စွာကြားပြော၏။ 3 သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။ 4 ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။ 5 မှန် သောဧဝံဂေလိ တရားသည် သင် တို့၌ တည်နေ မည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏ မျှ ဝန် ခံကြ။ 6 အသရေထင်ရှား သောသူတို့သည် အထက် က အဘယ်သို့ သော ဖြစ် ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူ မျက်နှာ ကိုမှတ် တော်မ မူ။ ထိုသူ နှင့် ငါ သည် ပေါင်းဖော်၍ ထူးခြား သောအရာကိုမ ခံရ သည်သာမက၊ 7 အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ 8 ပေတရု ၌ပြုပြင် တော်မူသောသူ သည်၊ တစ်ပါး အမျိုးသားတို့တွင် ငါ့ ကိုတမန်တော် ဖြစ်စေခြင်းငှာ ငါ၌ လည်း ပြုပြင် တော်မူသည်ဖြစ်၍၊ အရေဖျားလှီး ခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိ တရားကို ပေတရု ၌ အပ် တော်မူသည် နည်းတူ ၊ အရေဖျားလှီး ခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကို သူတို့ သည် သိမြင် ကြ၏။ 9 အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။ 10 ငါတို့သည်ဆင်းရဲ သောသူများကို အောက်မေ့ စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှု ကို ငါသည်အလိုအလျောက်ကြိုးစား အားထုတ်လေ့ရှိ၏။ 11 ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။ 12 အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။ 13 ကြွင်း သောယုဒ လူတို့သည် ပေတရု နှင့်အတူလျှို့ဝှက် ၊ သူတို့ လျှို့ဝှက် ခြင်းအားဖြင့်ဗာနဗ သည်လည်း သူ တို့ဘက်သို့ပါ သွား၏။ 14 သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။ 15 လူ တို့သည် ပညတ် တရား၏အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ မ ရောက်၊ 16 ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။ 17 ခရစ်တော် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာငါ တို့သည် ကြိုးစား လျက်ပင်၊ အပြစ် ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော် သည် အပြစ် တရားကို ပြုစု သောသူဖြစ်သလော။ 18 ထိုသို့မ ဖြစ် နိုင်ရာ။ အထက်က ငါဖြိုဖျက် သော အရာ ကို နောက်တဖန် ငါတည်ဆောက် ပြန်လျှင် ၊ ကိုယ် အပြစ် ရှိသည်ကိုထင်ရှား စွာပြ၏။ 19 ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။ 20 ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။ 21 ဘုရားသခင် ၏ကျေးဇူး တော်ကိုငါမ ပယ် ပညတ် တရားကိုအမှီပြု ၍ ဖြောင့်မတ် ရာသို့ ရောက်နိုင် လျှင် ခရစ်တော် သည်အချည်းနှီး အသေခံ တော်မူပြီ။

3

1 ပညာ မဲ့သောဂလာတိ လူတို့၊ လက်ဝါးကပ်တိုင် မှာအသေခံတော်မူသောယေရှု ခရစ် ကို သင် တို့ မျက်မှောက် ၌ ထင်ရှား စွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှာသင် တို့ကို အဘယ်သူ ပြုစား သနည်း။ 2 ပညတ် တရား၏အကျင့် အားဖြင့် ဝိညာဉ် တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည် ခြင်းတရားကို ကြားနာ ခြင်းအားဖြင့် ခံရ ကြသလောဟူသောအရာ တစ်ခုကိုသာ သင် တို့၌ ငါသိ လို ၏။ 3 ဤမျှလောက် ပညာ မဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိ ပြီးမှ၊ ဇာတိ ကိုအမှီပြု၍ ပြီး စေကြသလော။ 4 ဤမျှလောက် ဆင်းရဲ ခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက် ဖြစ် ရမည်လော။ 5 ထိုမှတပါးဝိညာဉ် တော်ကို သင် တို့အား ပေး ၍၊ သင် တို့၌ တန်ခိုး များကိုပြ သောသူသည်ပညတ် တရား၏ အကျင့် အားဖြင့် ပြသလော။ ယုံကြည် ခြင်းတရားကို နာ ခြင်းအားဖြင့် ပြသလော။ 6 ထိုနည်းတူအာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။ 7 ယုံကြည် ခြင်းရှိသောသူ သည် အာဗြဟံ ၏သား ဖြစ် သည်ဟု အမှန်သိမှတ် ကြလော့။ 8 ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။ 9 သို့ဖြစ်၍ ယုံကြည် ခြင်းရှိသောသူ တို့သည် ယုံကြည် သော အာဗြဟံ နှင့်အတူ ကောင်းကြီး မင်္ဂလာကိုခံရကြ၏။ 10 ပညတ် တရား၏အကျင့် ကို အမှီပြု သောသူ ရှိသမျှ တို့သည် အကျိန် နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ၊ ပညတ္တိ ကျမ်းစာ ပါ သမျှ သော စကား တို့ကို အမြဲ ကျင့်သောသူ တိုင်း ကျိန် တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။ 11 တဖန်တုံ၊ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။ 12 ပညတ် တရားမူကား ၊ ယုံကြည် ခြင်းနှင့် မ စပ်ဆိုင် ထိုအကျင့်ကို ကျင့် သောသူ သည်၊ ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။ 13 ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။ 14 အကြောင်းမူကား ၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်ယေရှု ခရစ် အားဖြင့် တပါး အမျိုးသားတို့၌ သက်ရောက် သည်ဖြစ်၍ ၊ ငါတို့သည် ဂတိ တော်နှင့် ယှဉ်သော ဝိညာဉ် တော်ကိုယုံကြည် ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။ 15 ညီအစ်ကို တို့၊ လောကီ ဝေါဟာရအားဖြင့် ငါပြော မည်။ လူ သော်လည်း ဝန်ခံ စာကိုချုပ် ပြီးမှအဘယ်သူ မျှမပယ် ရ။ ထပ်ဆင့် ၍စကားကို မသွင်းရ။ 16 ဂတိ တော်တို့ကို အာဗြဟံ နှင့် သူ ၏အမျိုးအနွယ် ၌ ထား တော်မူ၏။ အမျိုးအနွယ်တို့ဟု အများ သောသူ တို့ကိုရည်မှတ် ၍ မိန့် တော်မူသည်မ ဟုတ်။ သင် ၏ အမျိုးအနွယ်ဟု တစ် ယောက်သောသူကို ရည်မှတ် ၍ မိန့် တော်မူ၏။ ထိုတစ်ယောက်သောသူ ကား ခရစ်တော် ဖြစ် သတည်း။ 17 ငါဆို သည်ကား၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင် တည် စေတော်မူနှင့်သောပဋိညာဉ် တရားကို အနှစ် လေးရာ သုံးဆယ် လွန် ပြီးမှနောက်ဖြစ် သောပညတ် တရားသည်မ ပယ် နိုင်။ ဂတိ တော်ကို အချည်းနှီး မဖြစ်စေနိုင်။ 18 ထိုမှတစ်ပါး၊ အမွေ တော်သည် ပညတ် တရားနှင့် စပ်ဆိုင် လျှင် ဂတိ တော်နှင့်မ စပ်ဆိုင် ဘုရားသခင် သည် ဂတိ တော်အားဖြင့် အာဗြဟံ အား ထိုအမွေတော်ကို သနား တော်မူ၏။ 19 သို့ဖြစ်၍ ပညတ် တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိ တော်ကိုခံသော အမျိုးအနွယ် ဖြစ် မှီတိုင်အောင်၊ ဒုစရိုက် များကြောင့် ထိုတရားကို ထပ် ၍ပေးတော်မူ၏။ ထိုတရား ကိုကောင်းကင် တမန်များအားဖြင့် အာမခံ ၏ လက် ၌ထား တော်မူ၏။ 20 အာမခံ မည်သည်ကား၊ တစ် ဘက်နှင့်သာဆိုင် သည်မ ဟုတ်။ ဘုရားသခင် မူကား တစ် ဘက်ဖြစ် တော်မူ၏။ 21 သို့ဖြစ်၍ ပညတ် တရားသည် ဘုရားသခင် ၏ ဂတိ တော်နှင့် ဆန့်ကျင်ဘက် ဖြစ်သလော။ ထိုသို့ မ ဖြစ် နိုင်ရာ။ အသက် ရှင်စေနိုင် သော ပညတ် တရားကို ပေး တော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရား အားဖြင့် ဖြောင့်မတ် ခြင်းကိုရ လိမ့်မည်22 ယခုမူကား ၊ ယုံကြည် သောသူ တို့သည် ယေရှု ခရစ် ကို ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဂတိ တော်ကို ရ မည်အကြောင်း ကျမ်းစာ သည်လူအပေါင်း တို့ကို အပြစ် ချုပ် ထား၏။ 23 ယုံကြည် ခြင်းတရားမ ရောက် မှီ ပညတ် တရားသည်စောင့် နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှား လတံ့သော ယုံကြည် ခြင်းတရားကိုမြော်လင့်၍ ချုပ် ထားလျက်ရှိကြ၏။ 24 ထိုကြောင့် ငါတို့သည်ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်စေခြင်းငှါ ပညတ် တရားသည် ခရစ်တော် ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါ တို့၏ အထိန်း ဖြစ် သတည်း။ 25 ယုံကြည် ခြင်းတရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိန်း လက်မှ လွတ် ကြ၏။ 26 အဘယ်သို့ နည်းဟူမူကား၊ သင်တို့အပေါင်း သည် ယေရှု ခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။ 27 ခရစ်တော် ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။ 28 ယေရှု ခရစ် ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် ရှိ လူ လွတ်မ ရှိ၊ ယောက်ျား ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။ 29 ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။

4

1 တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာရှိသမျှ ကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလ အစေအပါးကျွန်နှင့် တူ၏။ 2 အဘ စီရင်နှင့်သော အချိန် ကာလ မ ရောက်မှီ တိုင်အောင်အစောင့် အထိန်းအအုပ်အချုပ် တို့ လက် ၌ ရှိ ၏။ 3 ထိုနည်းတူ ငါ တို့သည် အရွယ် မရောက်မှီ လောကီ တရားနုလက် ၌ ကျွန် ခံရ ကြ၏။ 4 အချိန် ကာလစေ့ သောအခါ ၊ ငါတို့သည်သား ၏အခွင့်အရာကို ခံရမည်အကြောင်း၊ 5 ပညတ် တရားလက် ၌ရှိ သောငါတို့ကို ရွေးနှုတ် စေခြင်းငှါ ၊ မိန်းမ ဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရား အောက် ၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင် သည်စေလွှတ် တော်မူ၏။ 6 ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။ 7 သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါး ကျွန်မ ဖြစ် ၊ သား ပင် ဖြစ်ကြ၏။ သား ဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံ လည်း ဖြစ်ကြ၏။ 8 သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကို မ သိ သောအခါ၊ ဇာတိ အားဖြင့်ဘုရား ဟုတ် သော သူတို့၏အမှုကိုဆောင်ရွက် ကြ၏။ 9 ယခု မူကား သင်တို့သည် ဘုရားသခင် ကို သိ ပြီးမှဟု၍ မဆို၊ ဘုရားသခင် သည် သင်တို့ကို သိ တော်မူပြီးမှ၊ အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနု ဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲ ကြသနည်း။ ထို လောကီ တရား၌ တဖန် ကျွန် ခံခြင်းငှါအလိုရှိ ကြပြီတကား။ 10 နှစ် ၊ လ ၊ နေ့ရက် ၊ အချိန် ကာလများကို စောင့် ကြပြီတကား။ 11 ငါသည်သင် တို့ဆီမှအချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင် တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။ 12 ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။ 13 ငါသည် ကိုယ် နာ ခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိ တရားကို သင် တို့အား အထက် က ဟောပြော ကြောင်း ကို သင်တို့သိ ကြ၏။ 14 ကိုယ် ကာယ၌ ငါ ခံရသော စုံစမ်း ခြင်းကို သင် တို့ သည်မထီမဲ့မြင် ပြု၊ ငါကိုမ ပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန် ကဲ့သို့ ၎င်း ၊ ယေရှု ခရစ် ကဲ့သို့ ၎င်း၊ လက်ခံ ကြ၏။ 15 သို့ဖြစ်လျှင် သင် တို့ခံရသောမင်္ဂလာ ကားအဘယ် မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိ ကိုထုတ် ၍ ငါ့ အား ပေးနိုင် လျှင် ၊ ပေး ခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏။ 16 ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။ 17 သူတထူးတို့သည် သင် တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ် စွာ ချစ်ကြသည်မ ဟုတ်။ သင်တို့သည်သူ တို့ကို အလွန်ချစ် မည်အကြောင်း ၊ သူတို့သည် သင် တို့ကို ပယ် ခြင်းငှါအလိုရှိ ကြ၏။ 18 သို့သော်လည်း သင် တို့နှင့်အတူ ငါ ရှိ နေစဉ် တွင်သာ ကောင်း သောအရာကို အလွန်ချစ်အပ်သည် မ ဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။ 19 ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊ 20 သင် တို့ကို ငါယုံမှား ခြင်းရှိသောကြောင့် ၊ ယခု သင် တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါအလိုရှိ၏။ 21 ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား လည်ကြသလော။ 22 ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။ 23 ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။ 24 ထို အကြောင်းအရာကို ပုံပမာ အားဖြင့်ဆို သော်၊ ထို မိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ် တရားနှစ် ပါးကို ဆိုလို သတည်း။ ဟာဂရ အမည်ရှိ သောမိန်းမ တည်းဟူသောပဋိညာဉ်တရားတပါး သည် သိနာ တောင် ပေါ်မှာစီရင်၍၊ ကျွန် များကိုဘွား တတ်သောတရားဖြစ်၏။ 25 အကြောင်းမူကား၊ ဟာဂရ သည် အာရပ် ပြည်၌ ရှိသော သိနာ တောင် ဖြစ် ၏။ ယခု ရှိသောယေရုရှလင် မြို့နှင့် တူ၏၊ မိမိ သား များနှင့်တကွ ကျွန် ခံရ၏။ 26 အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။ 27 ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။ 28 ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။ 29 ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။ 30 သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန် မနှင့် သူ ၏သား ကိုနှင်ထုတ် လော့။ ကျွန် မ၏သား သည် ကျွန် မမဟုတ်သော မိန်းမ၏သား နှင့်အတူ အမွေ ခံရဟုလာသတည်း။ 31 ယခုတွင်ညီအစ်ကို တို့၊ ငါတို့သည် ကျွန် မ၏ သားမ ဟုတ်၊ ကျွန် မမဟုတ်သော မိန်းမ၏ သား ဖြစ် ကြ၏။

5

1 ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် ခံကြနှင့်။ 2 ငါ ပေါလု ဆို သည်ကား၊ သင် တို့သည် အရေဖျားလှီး ခြင်းကိုခံလျှင် ၊ ခရစ်တော် အားဖြင့် အဘယ် အကျိုး ကိုမျှမရနိုင်ကြ။ 3 အရေဖျားလှီး ခြင်းကို ခံသောလူ အပေါင်း တို့အား ငါတဖန် သက်သေခံ သည်ကား ၊ ထိုသို့သောသူသည် ပညတ် တရားကို အကြွင်းမဲ့ ကျင့် အံ့သောငှါ ကြွေးတင် သောသူဖြစ် ၏။ 4 ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။ 5 ငါ တို့မူကား ၊ ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ် တော်အားဖြင့်ငံ့လင့် ၍နေကြ၏။ 6 ယေရှု ခရစ်တော် အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။ 7 အထက်ကသင် တို့သည် ကောင်းမွန် စွာ ပြေး ကြ၏။ သို့ဖြစ်၍သမ္မာတရား ကို နား ထောင်စေခြင်းငှါအဘယ်သူ ဆီးတား သနည်း။ 8 ယခုယူသောအယူကား၊ သင် တို့ကို ခေါ် တော်မူသောသူ ဩဝါဒကိုအမှီပြု၍ ယူသောအယူမ ဟုတ်။ 9 အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖေါင်းကြွ စေတတ်၏။ 10 သင် တို့သည် ကွဲပြားသောအယူ ရှိသမျှကို ပယ် လိမ့်မည်ဟု သခင် ဘုရားကို ငါ အမှီပြု ၍ စိတ် စွဲလမ်းခြင်းရှိ၏။ သင် တို့ကို နှောက်ယှက် သော သူ မည်သည်ကား၊ မိမိ အပြစ် ဒဏ်ကိုခံရ လိမ့်မည်။ 11 တဖန်တုံ ၊ ညီအစ်ကို တို့၊ ငါသည် အရေဖျားလှီး ခြင်းတရားကို ဟောပြော သေး သည်မှန်လျှင် ၊ အဘယ်ကြောင့် ညှဉ်းဆဲ ခြင်းကို ခံရသေး သနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင် တော်ကို ထိမိ ၍လဲစရာအကြောင်း ပယ်ရှင်း လျက်ရှိ၏။ 12 သင် တို့ကို မှောက်မှား စေသောသူ တို့ကို ပယ်ရှား နှင်ထုတ်စေခြင်းငှါငါအလိုရှိ ၏။ 13 ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။ 14 အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။ 15 သို့မဟုတ်အချင်းချင်း ကိုက် စား လျှင် အချင်းချင်း ဖျက်ဆီး မည်ဟု စိုးရိမ်၍သတိ ရှိကြလော့။ 16 ငါပညတ် သည်ကား၊ ဝိညာဉ် ပကတိအတိုင်း ကျင့် ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိ ပကတိ၏အလို သို့ မ လိုက် ဘဲနေကြလိမ့်မည်။ 17 အကြောင်းမူကား ၊ ဇာတိ ပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့် ကို မ ကျင့် နိုင်ကြ။ 18 သို့သော် ဝိညာဉ် ပကတိအလိုသို့ လိုက် လျှင် ပညတ် တရားနှင့် လွတ် ကြ၏။ 19 ဇာတိ ပကတိအကျင့် တို့သည်ထင်ရှား ကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့ မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ 20 ရုပ်တု ကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစား ခြင်း၊ ရန်ငြိုး ဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုန် ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲ ခြင်း၊ 21 သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။ 22 ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊ 23 3နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့် ကို အဘယ်တရား မျှ မ မြစ်တား24 ခရစ်တော် နှင့်စပ်ဆိုင်သောသူ တို့သည် ဇာတိ ပကတိကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒ များ ကို၎င်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြပြီ။ 25 သို့ဖြစ်၍ငါတို့သည်ဝိညာဉ် ပကတိကြောင့် အသက် ရှင်လျှင် ၊ ဝိညာဉ် ပကတိအတိုင်းကျင့် ကြကုန်အံ့။ 26 အချည်းနှီး သော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူ ခြင်းတို့ကို ရှောင် ၍နေ ကြကုန်အံ့။

6

1 ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။ 2 ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။ 3 အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။ 4 လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ဆိုဘဲ ကိုယ် သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။ 5 အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။ 6 နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။ 7 အလွဲ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။ 8 မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ 9 ငါတို့သည်အား လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။ 10 ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။ 11 အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။ 12 မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။ 13 အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။ 14 ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ 15 အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။ 16 နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။ 17 ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။ 18 ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်