ဧဇရမှတ်စာ
11 ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊ 2 ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။ 3 သင် တို့တွင် အဘယ်သူ သည် ဘုရား သခင်၏ လူ ဖြစ်သနည်း။ ထိုသူ နှင့်အတူ ဘုရား သခင်ရှိ တော်မူပါစေသော။ ယုဒ ပြည်ယေရုရှလင် မြို့သို့ သွား ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကို တည် ဆောက်စေ။ ယေရုရှလင် မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။ 4 ဘုရားသခင်၏လူ တည်းခို ရာ အရပ်ရပ် ၌ နေ သောသူတို့သည်၊ ယေရုရှလင် မြို့မှာ ရှိတော်မူသော ဘုရား သခင်၏ အိမ် တော်အဘို့ အလိုလို လှူသော အလှူမှတပါး၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန် နှင့် မစ စေဟု မိန့်တော်မူ၏။ 5 ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။ 6 အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။ 7 ထိုမှတပါး၊ ယေရုရှလင် မြို့မှ နေဗုခဒ်နေဇာ သိမ်း သွား၍၊ မိမိ ဘုရား တို့ဗိမာန် ၌ သွင်း ထားသော ဗိမာန် တော်တန်ဆာ တို့ကို၊ 8 ပေရသိ ရှင်ဘုရင် ကုရု သည် ရွှေတိုက် စိုး မိသရေဒတ် လက် ဖြင့် ထုတ် ၍ ၊ ယုဒ မင်း ရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ၏။ 9 ဗိမာန်တော် တန်ဆာစာရင်း ဟူမူကား၊ ရွှေ ဖလား သုံး ဆယ်၊ ငွေ ဖလား တ ထောင်၊ ထား နှစ် ဆယ်ကိုး စင်း၊ 10 ရွှေ အိုး သုံး ဆယ်၊ ခြားနားသောငွေ အိုး လေး ရာ တ ဆယ်၊ အခြား သောတန်ဆာ တ ထောင်၊ 11 ရွှေ တန်ဆာ ၊ ငွေ တန်ဆာအရေအတွက်ပေါင်း ကား၊ ငါး ထောင် လေး ရာ တည်း။ ထိုတန်ဆာများကို ရှေရှဗာဇာ သည် ယူ၍၊ အချုပ် ခံရသောလူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင် မြို့သို့ ခေါ် သွားသောသူတို့ နှင့်အတူ ဆောင် ခဲ့၏။
21 - 2 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ ဗာဗုလုန် မြို့သို့ သိမ်းသွားသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍၊ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက်သောနိုင်ငံတော်သားဣသရေလ လူ စာရင်း ဟူမူကား၊ 3 ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊ 4 ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊ 5 အာရာ အမျိုးသား ခုနစ် ရာ ခုနစ် ဆယ်ငါး ယောက်၊ 6 ပါဟတ် မောဘအမျိုး ၊ ယောရှု ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် နှစ် ယောက်၊ 7 ဧလံ အမျိုးသား တထောင် နှစ် ရာငါး ဆယ် လေး ယောက်၊ 8 ဇတ္တု အမျိုးသား ကိုး ရာ လေး ဆယ်ငါး ယောက်၊ 9 ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊ 10 ဗာနိ အမျိုးသား ခြောက် ရာ လေး ဆယ်နှစ် ယောက်၊ 11 ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံး ယောက်၊ 12 အာဇဂဒ် အမျိုးသား တ ထောင်နှစ် ရာနှစ် ဆယ်နှစ် ယောက်၊ 13 အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခြောက် ယောက်၊ 14 ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါး ဆယ်ခြောက် ယောက်၊ 15 အာဒိန် အမျိုးသား လေး ရာ ငါး ဆယ်လေး ယောက်၊ 16 ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊ 17 ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်သုံး ယောက်၊ 18 ယောရ အမျိုးသား တရာ တဆယ် နှစ် ယောက်၊ 19 ဟာရှုံ အမျိုးသား နှစ် ရာနှစ် ဆယ်သုံး ယောက်၊ 20 ဂိဗ္ဗာ အမျိုးသား ကိုး ဆယ်ငါး ယောက်၊ 21 ဗက်လင် မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊ 22 နေတောဖ မြို့သား ငါး ဆယ်ခြောက် ယောက်၊ 23 အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊ 24 အာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊ 25 ကိရယသာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊ 26 ရာမ မြို့၊ ဂါဘ မြို့သား ခြောက် ရာ နှစ် ဆယ်တ ယောက်၊ 27 မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊ 28 ဗေသလ မြို့၊ အာဣ မြို့သား နှစ် ရာနှစ် ဆယ်သုံး ယောက်၊ 29 နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊ 30 မာဂဗိတ် မြို့သား တရာ ငါး ဆယ်ခြောက် ယောက်၊ 31 အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊ 32 ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊ 33 လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ဆယ်ငါး ယောက်၊ 34 ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊ 35 သေနာ မြို့သား သုံး ထောင် ခြောက် ရာ သုံး ဆယ်တည်း။
36 ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ၊ ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊ 37 ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊ 38 ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊ 39 ဟာရိမ် အမျိုးသား တ ထောင်တဆယ် ခုနစ် ယောက်တည်း။
40 လေဝိ သားစာရင်းဟူမူကား၊ ဟောဒဝိ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ်လေး ယောက်၊ 41 သီချင်း သည် အာသပ် အမျိုးသား တရာ နှစ် ဆယ် ရှစ် ယောက်၊ 42 တံခါး စောင့်အမျိုးသား တည်းဟူသောရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား အပေါင်း တရာ သုံး ဆယ်ကိုး ယောက်တည်း။ 43 ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊ 44 ကေရုတ် အမျိုးသား ၊ သယာဟ အမျိုးသား ၊ ပါဒုန် အမျိုးသား၊ 45 လေဗန အမျိုးသား ၊ ဟာဂဘ အမျိုးသား ၊ အက္ကုပ် အမျိုးသား၊ 46 ဟာဂပ် အမျိုးသား ၊ ရှာလမဲ အမျိုးသား ၊ ဟာနန် အမျိုးသား၊ 47 ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား ၊ ရာယ အမျိုးသား၊ 48 ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ဂဇ္ဇမ် အမျိုးသား၊ 49 ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား ၊ ဗေသဲ အမျိုးသား၊ 50 အာသနာ အမျိုးသား ၊ မဟုနိမ် အမျိုးသား ၊ နဖုသိမ် အမျိုးသား၊ 51 ဗာကဗုတ် အမျိုးသား ၊ ဟကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊ 52 ဗာဇလုပ် အမျိုးသား ၊ မဟိဒ အမျိုးသား ၊ ဟရရှ အမျိုးသား၊ 53 ဗာကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ သာမ အမျိုးသား၊ 54 နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။
55 ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရုဒ အမျိုးသား၊ 56 ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊ 57 ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမိ အမျိုးသား တည်း။
58 ဘုရား ကျွန်နှင့် ရှောလမုန် ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။
59 ထိုမှတပါး၊ ဣသရေလ အမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိ တို့ အဆွေ အမျိုးကို၎င်း၊ မ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာသ မြို့၊ ခေရုပ် မြို့၊ အဒ္ဒန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သောသူဟူမူကား၊ 60 ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ပေါင်း ခြောက် ရာ ငါး ဆယ် နှစ် ယောက်တည်း။ 61 ယဇ်ပုရောဟိတ် အမျိုး ထဲက ဟဗာယ အမျိုးသား ၊ ကောဇအမျိုးသား ၊ ဂိလဒ် ပြည်သားဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍၊ ယောက္ခမအမည် ကိုရသော ဗာဇိလဲ အမျိုးသား တို့သည်၊ 62 စာရင်းဝင်သောလူစုတွင် မိမိ တို့စာရင်း ကို ရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုးမစစ်၊ ယဇ် ပုရောဟိတ်အရာကိုမခံရကြ။ 63 ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။ 64 ပရိသတ် ပေါင်း ကား လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။ 65 ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာ၊ 66 မြင်း ပေါင်း ခုနစ် ရာ သုံး ဆယ်ခြောက် စီး၊ လား ပေါင်း နှစ် ရာလေး ဆယ်ငါး စီး၊ 67 ကုလားအုပ် ပေါင်းလေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်းခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။
68 အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သောအခါ ၊ ဗိမာန်တော် ကို မိမိ နေရာ ၌ တည် ဆောက်ခြင်းငှါ၊ 69 တတ် နိုင်သမျှအတိုင်း အလိုလို လှူ၍၊ ရွှေ ဒင်္ဂါး ခြောက် သောင်း တ ထောင်၊ ငွေ အခွက် ငါး သောင်း၊ ယဇ်ပုရောဟိတ် အဝတ် အစုံတရာ ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း ကြ၏။ 70 ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သာမည လူ အချို့၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း၊ ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း နေရာ ကျ ကြ၏။
31 သတ္တမ လ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။ 2 ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်း ၊ မီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။ 3 ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်း ၊ ယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ ၊ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။ 4 ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။ 5 ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။ 6 ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်း ၊ သတ္တမ လ တ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။ 7 ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။ 8 ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။ 9 ထိုအခါ ယုဒ အမျိုး ၊ ယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ထ ကြ၏။ 10 လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။ 11 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။ 12 သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါ ၊ ကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။ 13 ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့် ၊ ဝေး သောအရပ်၌ ကြား ရလေ၏။
41 သိမ်း သွားခြင်းကိုခံရသောအမျိုးသား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ဗိမာန် တော်ကို တည် ကြသည်ဟု ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုး၏ ရန်သူ တို့သည် ကြား လျှင်၊ 2 ဇေရုဗဗေလ နှင့် အဆွေအမျိုးသူကြီး တို့ထံ သို့လာ ၍ ၊ ငါတို့သည် သင် တို့ထံ၌ တည်းခိုပါရစေ။ သင် တို့၏ ဘုရား သခင်ကို သင် တို့ရှာသကဲ့သို့ ငါတို့လည်း ရှာ ကြ၏။ ငါ တို့ကို ဤ ပြည်သို့ဆောင် ခဲ့သော အာရှုရိ ရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက် မှစ၍ ထိုဘုရား သခင်အား ယဇ် ပူဇော်ကြသည်ဟု ဆို ကြသော်၊
3 ဇေရုဗဗေလ နှင့် ယောရှု အစရှိသော ဣသရေလ အဆွေအမျိုးသူကြီး တို့က၊ ငါ တို့၏ဘုရား သခင်အဘို့ ဗိမာန် တော်တည် ခြင်းအမှုကို၊ သင် တို့သည် ငါ တို့နှင့် ဝိုင်း၍ မ လုပ်ရ။ ပေရသိ ရှင်ဘုရင် ကုရု မင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ငါ တို့သည် ကိုယ်တိုင်တည် ရမည်ဟု ပြန်ပြော ကြ ၏။ 4 ထိုအခါ ပြည်သား တို့သည် ယုဒ အမျိုး တို့ကို လက် အားလျော့ စေ၍ ၊ တည် ဆောက်ခြင်းအမှုကို နှောင့်ရှက် ကြ၏။ 5 ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။ 6 အာရွှေရု နန်း ထိုင်စ က ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားတို့၌ အပြစ် တင်သောလွှာစာကို ပေးလိုက်ကြ၏။ 7 အာတဇေရဇ် လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလ နှင့် အခြား သောအပေါင်း အဘော်တို့သည်၊ ရှုရိ ဘာသာစကားနှင့် ရေး သော လွှာစာ ကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် ထံ သို့ပေးလိုက်ကြ၏။ 8 စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ တို့သည်၊ ယေရုရှလင် မြို့ကို ရန်ဘက် ပြုလျက်၊ အာတဇေရဇ် မင်းကြီး ထံသို့စာ ပေးလိုက်၍၊ 9 စာတိုက် စိုးရေဟုံ ၊ မြို့စာရေး ရှိမရှဲ နှင့် အခြား သော အပေါင်း အဘော်၊ ဒိနဲ ပြည်သား၊ အဖာသသက် ပြည်သား၊ တာပေလ ပြည်သား၊ အဖာရသ ပြည်သား၊ အာခေဝ ပြည်သား၊ ဗာဗုလုန် ပြည်သား၊ ရှုရှနက် ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံ ပြည်သားအစရှိသော၊ 10 ကြီး မြတ်သောမင်း အာသနပ္ပါ ဆောင် ခဲ့၍ ၊ ရှမာရိ မြို့ ရွာတို့၌ နေရာ ချသောသူများနှင့်၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့သည်၊ ဤမည်သောနေ့ရက်ကာလတွင်၊ 11 အာတဇေရဇ် မင်းကြီး ထံ သို့ပေး လိုက်သော စာ ဟူမူကား ၊ မြစ် အနောက် ဘက်၌နေသောကိုယ်တော်ကျွန် တို့သည်၊ ဤ မည်သောနေ့ရက် ကာလတွင် လျှောက် ပါ၏။ 12 အထံတော် မှ ကျွန်တော် တို့ရှိရာ သို့ ရောက် လာသော ယုဒ လူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန် တတ်သော ယေရုရှလင် မြို့ ကို တည်လျက်၊ မြို့ရိုး အမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိ မှတ်တော်မူပါ။ 13 ထိုမြို့ ကိုတည် ပြန်၍ မြို့ရိုး ကိုလက်စသတ် လျှင် ၊ ငွေတော် ခွဲခြင်း ကိုမခံ၊ အခွန် တော်အကောက် တော်ကို မ ပေး ဘဲနေ၍၊ နိုင်ငံတော်အကျိုး နည်းပါလိမ့်မည်ကို သိ မှတ်တော်မူပါ။ 14 ကျွန်တော်တို့ သည် ကျေးဇူးတော် အားဖြင့် အသက်မွေး ရ သောသူဖြစ် သည်နှင့် အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကို ကြည့် ၍ မ နေ သင့် သောကြောင့်၊ ဘိုး တော်ဘေးတော်တို့၏မှတ် စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက် စာကို ပေး လိုက်ပါ၏။ 15 ယေရုရှလင်မြို့ သည် ပုန်ကန် တတ်သောမြို့ ၊ ရှင် ဘုရင်အကျိုးနှင့် နိုင်ငံ တော်အကျိုး စီးပွားကို ဖျက်ဆီးတတ်သောမြို့ဖြစ်ဘူး၍၊ ရှေး ကာလ ၌ မြို့ထဲ မှာ ပုန်ကန် သောအကြံကို အစဉ်ပြုစု သောကြောင့်၊ အတိုက် အဖျက်ခံရပါသည် အကြောင်းအရာများကို ထို မှတ် စာ၌ တွေ့ ၍ သိ တော်မူပါလိမ့်မည်။ 16 ထို မြို့ ကိုတည် ပြန်၍ မြို့ရိုး ကို လက်စသတ် လျှင် ၊ ကိုယ်တော်သည် မြစ် အနောက် ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော် တို့ လျှောက် ထားပါသည်ဟု စာ၌ ပါသတည်း။ 17 ရှင် ဘုရင်သည် စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ မှစ၍၊ ရှမာရိ မြို့၌ နေ သော ထိုသူ တို့၏ အပေါင်း အဘော်များ၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့ ရှိရာ သို့ ပြန်ပေး လိုက်သော စာ ဟူမူကား၊ 18 ဤ မည်သော နေ့ရက် ကာလတွင်၊ ငါရေး၍ သင်တို့ ချမ်းသာ ပါစေ။ ငါ့ ထံ သို့သင်တို့ပေး လိုက်သော စာ ကို ငါ့ ရှေ့ မှာ အနက် ပြန်၍ဘတ် ပြီ။ 19 ငါ မှာ ထားသည် အတိုင်း စစ်ကြော ကြသောအခါ၊ ထို မြို့ သည် ရှေး ကာလ ၌ ရှင် ဘုရင်တို့ကို ပုန်ကန် ကြောင်း၊ မ ကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊ 20 ငွေ တော်ကို ခွဲလျက်၊ အခွန် တော်အကောက် တော်ကိုခံလျက်၊ မြစ် အနောက် ဘက် တရှောက်လုံး ကို အစိုးရ ၍ တန်ခိုး ကြီးသော ရှင် ဘုရင်တို့သည် ယေရုရှလင် မြို့၌ နေဘူးကြောင်းများကို သိရ၏။ 21 သို့ဖြစ်၍ ငါသည်အခွင့် မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ ကို မ တည် ဘဲ နေစေမည် အကြောင်း အမိန့် တော်ကိုဆင့်ဆို ကြလော့။ 22 နိုင်ငံတော် အကျိုး မ ပျက်စီးစေ ခြင်းငှါ သတိ ပြု၍ ဤ အမှုကို စေ့စေ့ကြည့်ရှု ကြလော့ဟု မိန့်တော်မူ၏။ 23 အာတဇေရဇ် မင်းကြီး စာ ကို ရေဟုံ နှင့် မြို့စာရေး ရှိမရှဲ အစရှိသောသူ တို့ အပေါင်း အဘော်ရှေ့မှာ ဘတ် ပြီးလျှင်၊ သူတို့သည် ယေရုရှလင် မြို့၊ ယုဒ လူတို့ရှိရာ သို့ အလျင် အမြန်သွား ၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင် အထက်ဆီးတား ကြ၏။ 24 ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။
51 ထိုအခါ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ပရောဖက် ဇာခရိ လူတို့သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား၊ ယုဒ လူတို့အား ထာဝရ ဘုရားအခွင့်နှင့် ဟော ကြ၏။ 2 ထိုသို့ဘုရားသခင် ၏ပရောဖက် တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယောဇဒက် သား ယောရှု သည်ထ ၍ ယေရုရှလင် မြို့၏ဗိမာန် တော်ကို တည် စ ပြုပြန်ကြ၏ 3 ထိုအခါ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်တို့သည် လာ ၍၊ ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်းဟူ၍၎င်း ၊ 4 ဤ အိမ် ကိုတည် ဆောက်သောသူတို့ ၏အမည် ကား အဘယ် သို့နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊ 5 ဒါရိ မင်း အမိန့် တော်မ ရောက်မှီအလုပ်အကိုင်မ ပြတ် စေခြင်းငှါ၊ ဘုရား သခင်သည် ယုဒ အမျိုးသားအသက် ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာ ကိုပေး လိုက်ကြ၏။ 6 မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်၊ 7 မြစ် အနောက် ဘက်၌ နေသောအဖာသသက် လူတို့သည်၊ ဒါရိ မင်းကြီး ထံ သို့ပေး လိုက်သော စာချက် ဟူမူကား၊ ဒါရိ မင်းကြီး ၌ အစဉ် ချမ်းသာ ရှိပါစေသော။ 8 ကျွန်တော်တို့သည် ယုဒ ပြည် တွင် ကြီး မြတ်သော ဘုရား သခင်၏ အိမ် တော်သို့ ရောက် ၍ ၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက် ကြီး နှင့်တည်လုပ် လျက်၊ ကျောက်ထရံ ပေါ် မှာ သစ်သား ကို တင် လျက်၊ အလျင် အမြန် လုပ်ဆောင် ၍ အကြံထမြောက် ကြောင်းကို သိ မှတ်တော်မူပါ။ 9 ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်း ဟူ၍၎င်း၊ 10 သူကြီးတို့၏ အမည် များကို စာရင်းယူ၍ အထံ တော်သို့ ပေးလိုက်ခြင်းငှါ၊ သူကြီး တို့၏အမည် များကို၎င်း၊ အသက် ကြီးသူတို့၌ မေးမြန်း သောအခါ၊ 11 သူ တို့က၊ ငါ တို့သည် ကောင်းကင် နှင့် မြေကြီး အရှင် ဘုရား သခင်၏ ကျွန် တော်ဖြစ်ကြ၏။ ရှေး ကာလ ၌ ကြီး မြတ်သော ဣသရေလ ရှင် ဘုရင် တည်ထောင် တော်မူသော အိမ် တော်ကို ယခုပြုပြင် ကြ၏။ 12 ငါ တို့ဘိုးဘေး တို့သည် ကောင်းကင် ဘုံ၏ အရှင် ဘုရား သခင်၏ အမျက် တော်ကိုနှိုးဆော်သောကြောင့် ၊ သူ တို့ကိုခါလဒဲ မင်း၊ ဗာဗုလုန် ရှင် ဘုရင်နေဗုခဒ်နေဇာ လက် သို့ အပ် တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤ အိမ် တော်ကို ဖျက်ဆီး ၍ ၊ ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား၏။ 13 ဗာဗုလုန် ရှင် ဘုရင်ကုရု သည်၊ နန်းစံပဌမ နှစ် တွင် ဤ ဗိမာန် တော်ကို ပြုပြင် ရမည်အကြောင်း မိန့် တော်မူ ၏။ 14 နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက ထုတ် ၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန် မြို့၏ ဗိမာန် သို့ ဆောင် သွားသော ရွှေ တန်ဆာ၊ ငွေ တန်ဆာ တို့ကို ကုရု မင်းကြီး သည် ဗာဗုလုန် မြို့၏ဗိမာန် ထဲက တဖန်ထုတ် ၍၊ ရှေရှဗာဇာ အမည် နှင့် မြို့ဝန် အရာ၌ ခန့် ထားသောသူလက်သို့ အပ် တော်မူလျက်၊ 15 ဤ တန်ဆာ တို့ကိုယူ ၍ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ဆောင် သွားလော့။ ဘုရား သခင်၏ အိမ် တော် ကိုမိမိ နေရာ ၌ တည် ပြန်စေဟု မိန့် တော်မူသည်အတိုင်း၊ 16 ထို ရှေရှဗာဇာ သည် လာ ၍ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမြစ် ကို ချ ထားသဖြင့်၊ ထိုအချိန်မှစ၍ ယခု တိုင်အောင် ငါတို့သည် တည် လုပ်လျက် လက်စ မ သတ်သေးဟု ပြန်ပြောကြ၏။ 17 သို့ဖြစ်၍၊ ယေရုရှလင် မြို့၌ ဘုရား ၏အိမ် တော် ကို တည် ရမည်အကြောင်း ၊ ကုရု မင်းကြီး အမိန့် တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန် မြို့ ဘဏ္ဍာ တော်တိုက် ၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင် ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော် တို့ဆီ သို့ အမိန့် တော်စာကို ပေး လိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
61 ထိုအခါ ဒါရိ မင်းကြီး အမိန့် တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာ တော်ထား ရာစာ တိုက် ၌ ရှာဖွေ ကြ၏။ 2 မေဒိ ပြည် ၊ အာခမေသ မြို့၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသောစကားဟူမူကား၊ 3 ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊ 4 ကြီး သောကျောက် တန်း သုံး ဆင့်၊ အသစ် သော သစ်သား တန်း တဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ် များ ကိုလည်း ဘဏ္ဍာ တော်ထဲက ထုတ်၍ပေး စေ။ 5 ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက နေဗုခဒ်နေဇာ ထုတ် ၍ ဘုရား သခင်၏အိမ် တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန် မြို့သို့ ဆောင် ခဲ့သော ရွှေ တန်ဆာငွေ တန်ဆာ တို့ကို ပြန်ပေး စေ။ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရား အိမ် တော်ထဲ တွင် မိမိ တို့နေရာ ၌ ထားစေဟု ကုရု မင်းကြီး သည် နန်းစံပဌမ နှစ် တွင် ၊ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမှု မှာ အမိန့် တော်ရှိ၏။ 6 သို့ဖြစ်၍၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သင် တို့အပေါင်း အဘော်တည်း ဟူသောမြစ် အနောက် ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွား ကြ။ 7 ထိုဘုရား ၏အိမ် တော်တည်ခြင်း အမှု ကိုမဆီး မတားကြနှင့်။ ယုဒ မြို့ဝန် နှင့် ယုဒ အမျိုး အသက် ကြီးသူတို့ သည် ထိုအိမ် တော်ကို မိမိ နေရာ ၌ တည် ပါလေစေ၊ 8 ထိုမှတပါး၊ သင်တို့သည် ထို ဘုရား ၏ အိမ် တော် တည် ခြင်းအမှုကို ယုဒ အမျိုးအသက် ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီး အတားမ ရှိစေခြင်းငှါ ၊ မြစ် အနောက် ဘက်၌ ခံသောအခွန် တော်တည်း ဟူသောဘဏ္ဍာ တော်ထဲက အိမ်တော်တည်စရာစရိတ် ကို ချက်ခြင်း ထုတ်ပေး ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။ 9 ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊ 10 ရှင် ဘုရင်အသက် ၊ ဆွေ တော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်း စေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင် မြို့ ယဇ်ပုရောဟိတ် တို့ စီရင် သည်အတိုင်း ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်အား မီး ရှို့ရာယဇ် ပူဇော်စရာဘို့ နွား ၊ သိုး ထီး၊ သိုး သငယ်၊ စပါး၊ ဆား ၊ စပျစ်ရည် ၊ ဆီ တို့ကိုနေ့တိုင်း အစဉ် မပြတ်ပေး စေ။ 11 ၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။ 12 ယေရုရှလင် မြို့၏ ဘုရား အိမ် တော်ကို ကျိုးပဲ့ပျက်စီး စေခြင်းငှါ ပြုသောရှင် ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမ တော်တည် စေသော ဘုရား သခင်သည် ဖျက်ဆီး တော်မူပါစေသော။ ငါ ဒါရိ သည် အမိန့် တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန် ပြု စေဟု ပေးလိုက်သတည်း။
13 ထိုအခါ ဒါရိ မင်းကြီး ပေး လိုက်သော အမိန့်တော် အတိုင်း ၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သူ တို့အပေါင်း အဘော်တို့သည် အလျင် အမြန် ပြု ကြ၏။ 14 ယုဒ အမျိုးအသက် ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ဇာခရိ ဟော သော အားဖြင့် ၊ အကြံ ထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရား သခင် အမိန့် တော်နှင့် ပေရသိ ရှင် ဘုရင်ကုရု မင်း၊ ဒါရိ မင်း အမိန့် တော်အတိုင်း တည်ဆောက် ၍ လက်စသတ် ကြ၏။ 15 ဒါရိ မင်းကြီး နန်းစံ ခြောက် နှစ် ၊ အာဒါ လ သုံး ရက် နေ့တွင် အိမ် တော်သည် ပြီးပြည့်စုံ ၏။ 16 ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။ 17 ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။ 18 မောရှေ ကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရုရှလင် မြို့၌ ဘုရား ဝတ် ကို ပြုစေခြင်းငှါ ၊ ယဇ် ပုရောဟိတ်အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့ သော လေဝိ သားတို့ကို၎င်းခန့် ထားကြ၏။ 19 သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ပဌမ လ တဆယ် လေး ရက်နေ့တွင် ပသခါ ပွဲကိုလည်း ခံ ကြ ၏။ 20 ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။ 21 သိမ်း သွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလ အမျိုးသား များ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ တပါး အမျိုးသား နေရာ အရပ် အညစ် အကြေးကို ပယ်ရှား သော သူများအပေါင်း တို့သည် ပသခါပွဲကိုစား ၍၊ 22 ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။
71 ထိုနောက် ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌၊ 2 ယဇ်ပုရောဟိတ် အကြီး အာရုန်၊ 3 ဧလာဇာ ၊ ဖိနဟတ် ၊ အဘိရွှ ၊ ဗုက္ကိ၊ 4 ဩဇိ ၊ ဇေရဟိ ၊ မေရာယုတ် ၊ အာဇရိ ၊ အာမရိ ၊ 5 အဟိတုတ် ၊ ဇာဒုတ် ၊ ရှာလ္လုံ ၊ ဟိလခိ ၊ အာဇရိ ၊ စရာယ တို့မှ ဆင်းသက်သောသူ၊ 6 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။ 7 အာတဇေရဇ် မင်းကြီး နန်းစံခုနစ် နှစ် တွင် ၊ အချို့ သော ဣသရေလ အမျိုးသားယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် လည်း ၊ ယေရုရှလင် မြို့သို့ လိုက်သွား ကြ၏။ 8 ရှင်ဘုရင် နန်းစံခုနစ် နှစ် ၊ ပဉ္စမ လ တွင် ဧဇရ သည် ယေရုရှလင် မြို့သို့ ရောက် လေ၏။ 9 ပဌမ လ တရက် နေ့တွင် ၊ ဗာဗုလုန် မြို့မှ ထွက်၍၊ ပဉ္စမ လ တရက် နေ့တွင် ၊ မိမိ ဘုရား သခင်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။ 10 အကြောင်း မူကား၊ ဧဇရ သည် ထာဝရဘုရား ၏ တရား တော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှါ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ အမျိုး၌ သွန်သင် ခြင်းငှါ ၎င်း သဘောကျသောသူဖြစ်၏။ 11 ထာဝရဘုရား ၏ပညတ် စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့ တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရ အား ၊ အာတဇေရဇ် မင်းကြီး ပေး တော်မူသော အမိန့်တော်စာ ချက်ဟူမူကား၊ 12 ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ် ဧဇရ ၌ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။ 13 ငါ့ နိုင်ငံ ၌ ရှိသောဣသရေလ အမျိုးသား၊ ယဇ် ပုရောဟိတ် ၊ လေဝိ သားတို့တွင် ယေရုရှလင် မြို့သို့ ကိုယ် အလို အလျောက်သွား ချင်သောသူ ရှိသမျှ တို့သည် သင် နှင့်အတူ လိုက်သွား ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။ 14 အကြောင်း မူကား၊ သင် ၏ဘုရား သခင့်တရား ကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒ ပြည်ယေရုရှလင် မြို့၌ တရားအမှုများကို မေးမြန်း စစ်ဆေးစေခြင်းငှါ ၎င်း၊ 15 ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်အား ၊ ရှင် ဘုရင်နှင့် အတွင်းဝန် တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေ ငွေ နှင့်တကွ၊ 16 ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင် မြို့၏ဘုရား အိမ် တော်အဘို့ အလိုလို လှူ၍ ဗာဗုလုန် ပြည် ၌ သင်ရ နိုင်သမျှသော ရွှေ ငွေ ကို ဆောင်သွား စေခြင်းငှါ၎င်း၊ ရှင် ဘုရင်နှင့် အတွင်းဝန် ခုနစ် ပါး စေလွှတ် ၏။ 17 ထိုငွေ ကိုယူပြီးလျှင်နွား ၊ သိုး ထီး၊ သိုး သငယ်နှင့်တကွ ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို အလျင် အမြန်ဝယ် ၍၊ ယေရုရှလင် မြို့၌ ရှိသော သင် တို့၏ ဘုရား အိမ် တော် ယဇ် ပလ္လင် ပေါ် မှာ ပူဇော် ရမည်။ 18 ကျန် ကြွင်းသော ရွှေ ငွေ ကို သင် နှင့် သင့် ညီအစ်ကို တို့ ပြုချင်သမျှအတိုင်း၊ သင် တို့၏ ဘုရား သခင်အလို တော်နှင့်အညီ ပြု လော့။ 19 သင် ၏ဘုရား အိမ် တော်ဝတ်ပြု စရာဘို့ သင် ၌ အပ် ပေးသော တန်ဆာ များကိုလည်း ၊ ယေရုရှလင် မြို့၏ ဘုရား သခင့်ရှေ့ တော်တွင် သိုထား လော့။ 20 သင် ၏ဘုရား သခင့် အိမ် တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာ တော်ထဲက ထုတ် ၍ဝယ်လော့။ 21 ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့် တရား ကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ တောင်း သမျှ အတိုင်း၊ 22 ငွေ အခွက်တထောင်၊ ဂျုံ ဆန်ကောရ တရာ ၊ စပျစ်ရည် ဗတ်တရာ ၊ ဆီ ဗတ် တရာ နှင့်တကွ ဆား မည်မျှ မဆို၊ မြစ် အနောက် ဘက်၌နေသောအခွန် ဝန်အပေါင်း တို့ သည် အလျင် အမြန်ပေးရမည်အကြောင်း၊ ငါ ရှင် ဘုရင် အာတဇေရဇ် အမိန့် တော်ရှိ၏။ 23 ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်မှာ ထား တော်မူသမျှ အတိုင်း ၊ ထိုဘုရား သခင်၏ အိမ် တော် အဘို့ ကြိုးစား ၍လုပ်ဆောင် စေ။ ရှင် ဘုရင်နှင့် ဆွေ တော်မျိုးတော်အပေါ် သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။ 24 ထိုမှတပါး၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။ 25 သင် ဧဇရ သည်လည်း ၊ သင် ၏ဘုရား သခင်တရား ကို နားလည်သော၊ မြစ် အနောက် ဘက်သား အပေါင်း တို့တွင် ၊ တရား မှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရား သူကြီးများကို သင် ၏ဘုရား သင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့် ထားလော့။ 26 သင် ၏ဘုရား သခင့်တရား နှင့် ရှင် ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေ သတ်ခြင်း၊ နှင်ထုတ် ခြင်း၊ ဥစ္စာ သိမ်းယူ ခြင်း၊ ထောင် ထဲမှာ လှောင်ထားခြင်းတည်းဟူသောရာဇဝတ်တစုံတခုကို အလျင် အမြန် ခံစေဟု အမိန့်တော်စာ၌ပါသတည်း။ 27 ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ 28 ထိုသို့ ငါ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ၊ ငါ သည် ခွန်အား ရှိ၍ ငါ နှင့်အတူ လိုက် သွား ရသောဣသရေလ အမျိုး အကြီး အကဲတို့ကို စုဝေး စေ၏။
81 အာတဇေရဇ် မင်းကြီး လက်ထက် ၌ ၊ ငါ နှင့်အတူ ဗာဗုလုန် မြို့မှ ထွက်သွား သောသူ အဆွေအမျိုးသူကြီး တို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။ 2 ဖိနဟတ် အမျိုး ဂေရရှုံ ၊ ဣသမာ အမျိုး ဒံယေလ ၊ ဒါဝိဒ် အမျိုး ဟတ္တုတ်၊ 3 ရှေခနိ အမျိုး ဖာရုတ် အနွယ် ထဲက ဇာခရိ နှင့် စာရင်း ဝင်သူ ယောက်ျား ပေါင်းတရာ ငါး ကျိပ်။ 4 ပါဟတ်မောဘ အမျိုး ၊ ဇေရာယ သား ဧလျောနဲ နှင့် ယောက်ျား ပေါင်းနှစ် ရာ၊ 5 ရှေခနိ အမျိုး ယဟာဇေလ သား နှင့် ယောက်ျား ပေါင်းသုံး ရာ၊ 6 အာဒိန် အမျိုး ယောနသန် သား ဧဗက် နှင့် ယောက်ျား ပေါင်းငါး ကျိပ်၊ 7 ဧလံ အမျိုး ၊ အာသလိ သား ယေရှာယ နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်၊ 8 ရှေဖတိ အမျိုး မိက္ခေလ သား ဇေဗဒိ နှင့် ယောက်ျား ပေါင်းရှစ် ကျိပ်၊ 9 ယွာဘ အမျိုး ယေဟေလ သား ဩဗဒိ နှင့် ယောက်ျား ပေါင်းနှစ် ရာတကျိပ် ရှစ် ယောက်၊ 10 ရှေလောမိတ် အမျိုး ၊ ယောသိဖိ သား နှင့် ယောက်ျား ပေါင်းတရာ ခြောက် ကျိပ်၊ 11 ဗေဗဲ အမျိုး ၊ ဗေဗဲ သား ဇာခရိ နှင့် ယောက်ျား ပေါင်းနှစ် ကျိပ် ရှစ် ယောက်၊ 12 အာဇဂဒ် အမျိုး ၊ ဟက္ကတန် သား ယောဟနန် နှင့် ယောက်ျား ပေါင်းတရာ တကျိပ်၊ 13 အဒေါနိကံ အမျိုးသား တို့တွင် ၊ နောက်ကျ သောသူ၊ ဧလိဖလက် ၊ ယေယေလ ၊ ရှေမာယ နှင့် ယောက်ျား ပေါင်းခြောက် ကျိပ်၊ 14 ဗိဂဝဲ အမျိုးသား ဥသဲ ၊ ဇဗ္ဗုဒ် နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်တည်း။ 15 ထိုလူများတို့ကို အဟာဝ မြို့သို့ စီး သော မြစ် နား မှာ ငါစုဝေး စေ၍ ၊ သုံး ရက် ပတ်လုံးတဲ ၌ နေကြ၏။ လူ များ နှင့် ယဇ် ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိ သား တယောက်ကိုမျှ မ တွေ့ သောအခါ၊ 16 လူကြီးဧလျေဇာ ၊ အရေလ ၊ ရှေမာယ ၊ နာသန် ၊ ဇာခရိ ၊ မေရှုလံ ၊ ပညာရှိယာရိပ် ၊ ဧလနာသန် တို့ကို ခေါ် ၍၊ 17 ကသိဖိ မြို့သူကြီး ဣဒေါ ထံ သို့ မှာစာနှင့် စေလွှတ် လျက် ၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကို ဘုရား ကျွန်တို့သည်၊ ငါ တို့ဘုရား သခင့် အိမ် တော်အမှု စောင့်များကို ပေး စေခြင်းငှါ ၊ သူတို့အား အဘယ်သို့ပြောဆိုရမည်ကို ငါမှာလိုက်၏။ 18 ထိုသူတို့သည် ငါ တို့၏ဘုရား သခင့်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ဣသရေလ သား လေဝိ ၏သား မဟာလိ အမျိုးသား ၊ ပညာရှိ တယောက် ၊ ရှေရဘိ နှင့် သူ ၏ပေါက်ဘော် တကျိပ် ရှစ် ယောက်၊ 19 ဟာရှဘိ နှင့် မေရာရိ အမျိုး ယေရှာယ နှင့် သူ ၏ ပေါက်ဘော် နှစ် ကျိပ်၊ 20 လေဝိ သားအမှု ကိုဆောင်ရွက်စေခြင်းငှါ ၊ ဒါဝိဒ် နှင့် မှူး တော်မတ် တော်ခန့် ထားသော ဘုရား ကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ် ရာနှစ် ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။ 21 ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွ ၊ ငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ၍ ၊ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါ ၊ အဟာဝ မြစ် နားတွင် ၊ အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။ 22 အကြောင်း မူကား၊ ကျွန်တော်တို့ ဘုရား သခင်ကို ရှာ သောသူအပေါင်း တို့သည်၊ တန်ခိုးကျေးဇူးတော်ကိုခံ ရကြလိမ့်မည်။ ကိုယ်တော် ကို စွန့် သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက် တော်သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင် အား လျှောက် ထားသောကြောင့် ၊ လမ်း တွင် ရန်သူ လက်နှင့်လွတ်စေခြင်းငှါ လိုက်၍ပို့ ရသောစစ် သူရဲ၊ မြင်းစီး သူရဲ၊ တတပ်ကိုရှင်ဘုရင် ၌ မ တောင်း ဝံ့၊ ရှက်ကြ၏။ 23 ထိုအမှုကြောင့်၊ ငါတို့သည်အစာ ရှောင်၍ ၊ ငါ တို့ ဘုရား သခင်ကို ဆုတောင်း လျက်နေကြ၏။ ဘုရားသခင်လည်း နားထောင် တော်မူ၏။ 24 ထိုအခါ ယဇ်ပုရောဟိတ် အကြီး တကျိပ် နှစ် ပါး၊ ရှေရဘိ ၊ ဟာရှဘိ နှင့် သူ တို့ညီအစ်ကို တကျိပ် ကို ငါရွေး ထားပြီးလျှင်၊ 25 ရှင်ဘုရင် မှစ၍အတွင်းဝန် ၊ မှူး တော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ငါ တို့၏ဘုရား သခင့် အိမ် တော်အဘို့ လှူ သောပူဇော် သက္ကာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ တည်းဟူသော၊ 26 ငွေ အခွက် ခြောက် ထောင် ငါး ပိဿာ၊ ငွေ တန်ဆာ အခွက် တထောင် ၊ ရွှေ အခွက် တထောင်၊ 27 ရွှေ ဒင်္ဂါးတထောင် အချိန်ရှိသောရွှေ အင်တုံ နှစ် ဆယ်၊ ရွှေ နှင့် အမျှမြတ် သော ရွှေကြေးဝါ စစ် ဖလား နှစ် လုံးတို့ကို ငါချိန် ၍ အပ် လျက်၊ 28 သင် တို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာ တို့သည်လည်း သန့်ရှင်း သောတန်ဆာဖြစ်ကြ၏။ ဤငွေ နှင့် ဤရွှေ သည်လည်း ၊ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူသောရွှေငွေဖြစ်၏။ 29 ယေရုရှလင် မြို့၊ ထာဝရဘုရား ၏အိမ် တော် အခန်း တို့တွင် ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အဆွေအမျိုးသူကြီး တို့ရှေ့ မှာ မချိန် မှီတိုင်အောင် ကြည့်ရှု စောင့်ရှောက် ကြလော့ဟု မှာထား၏။ 30 30ထိုသို့ချိန် သော ရွှေ ၊ ငွေ တန်ဆာ တို့ကို ယေရုရှလင် မြို့၊ ငါ တို့၏ဘုရား သခင်အိမ် တော်သို့ ပို့ဆောင် ခြင်းငှာ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်ခံယူ ကြ၏။ 31 31ပဌမ လ တဆယ် နှစ် ရက်နေ့တွင် ၊ ငါတို့သည် အဟာဝ မြစ် မှ ထွက် ၍ ၊ ယေရုရှလင် မြို့သို့ ခရီးသွား ကြ၏။ လမ်း နား ၌ ချောင်း ၍နေသောရန်သူ လက် မှ ၊ ငါ တို့၏ ဘုရား သခင့်တန်ခိုးတော်ကြောင့် လွတ် လျက်၊ 32 32ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ကြ၏။ 33 33စတုတ္ထ နေ့ တွင် ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ၊ ဖိနဟတ် သား ဧလာဇာ နှင့် လေဝိ အမျိုးယောရှု သား ယောဇဗဒ် ၊ ဗိနွိ သား နောဒိ တို့သည် ဝိုင်း၍ကြည့်ရှုလျက်၊ 34 34ဥရိ သား ယဇ်ပုရောဟိတ် မေရမုတ် သည် ထိုရွှေ ငွေ တန်ဆာ ရှိသမျှတို့ကို ရေတွက် ချိန်တွယ် ၍ တနေ့ ခြင်း တွင် အချိန် ပေါင်း ကို မှတ်သား လေ၏။ 35 35သိမ်း သွားခြင်းကိုခံရသောလူစုထဲက ထွက် လာ သောသူတို့ သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွား တဆယ် နှစ် ကောင်၊ သိုး ထီးကိုး ဆယ်ခြောက် ကောင်၊ သိုး သငယ်ခုနစ် ဆယ်ခုနစ် ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တဆယ် နှစ် ကောင်တို့ကို၊ ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ပူဇော် ကြ၏။ 36 36ရှင်ဘုရင် အမိန့် တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ် အနောက် ဘက် မြို့ဝန် တို့၌အပ် ၍ ၊ သူတို့ သည် ဣသရေလအမျိုး နှင့် ဘုရား သခင့် အိမ် တော်ကို ပြုစု ကြ၏။
91 ထို အမှုပြီး မှ၊ အကြီး အကဲတို့သည် ငါ့ ထံ သို့လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သား ရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ အမ္မုန် လူ၊ မောဘ လူ၊ အဲဂုတ္တု လူ၊ အာမောရိ လူတို့ ရွံရှာ ဘွယ်သောအကျင့် ကို ကျင့်ကြပါ၏။ 2 အကြောင်း မူကား၊ သူ တို့သမီး များကို ကိုယ် ဘို့ ၎င်း၊ ကိုယ် သား ဘို့ ၎င်း၊ သိမ်း ယူသဖြင့် ၊ သန့်ရှင်း သော အမျိုး သည် ဤပြည်သား ရင်းအမျိုးနှင့် ရောနှော လျက်ရှိ၍ ၊ အကြီး အကဲနှင့် မင်း အရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။ 3 ထို စကား ကို ငါ ကြား လျှင် အတွင်း အဝတ်၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင် နှင့် မုတ်ဆိတ် ကို နှုတ် ပစ်လျက်၊ မိန်းမော တွေဝေလျက် ထိုင် နေ၏။ 4 ထိုအခါ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် တော်ကို ကြောက်ရွံ သောသူအပေါင်း တို့သည်၊ သိမ်း သွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ၊ ငါ့ ထံ မှာစည်းဝေး ၍၊ ညဦးယံ ယဇ် ပူဇော်ချိန်တိုင်အောင် ငါ သည်မိန်းမော တွေဝေလျက် နေ ၏။ 5 ညဦးယံ ယဇ် ပူဇော်ချိန်တွင် ၊ စိတ်ပျက် ရာမှ ထ ၍ အတွင်း အဝတ်၊ ပြင် အဝတ်ကို ဆုတ် ပြီးလျှင် ၊ ဒူး ထောက် ၍ ၊ ငါ ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ လက်ဝါး တို့ကို ဖြန့် လျက်၊
6 အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။ 7 ဘိုးဘေး လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အလွန် ပြစ်မှား ပါပြီ။ ကိုယ် အပြစ် ကြောင့် ရှင်ဘုရင် နှင့် ယဇ်ပုရောဟိတ် မှစ၍၊ အကျွန်ုပ် တို့သည် ယနေ့ တိုင်အောင်ခံသကဲ့သို့ ၊ တပါးအမျိုးသားရှင်ဘုရင် လက် သို့ အပ် ခြင်း၊ အသေ သတ်ခြင်း၊ သိမ်း သွားခြင်း၊ လုယက် ခြင်း၊ မျက်နှာပျက် ခြင်းကို ခံရပါ၏။ 8 ယခု ခဏ တွင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ အကျွန်ုပ် တို့ကို ဘေးမဲ့လွှတ် ၍ ကျန် ကြွင်းစေလျက် ၊ သန့်ရှင်း သော ဌာန တော်၌ စွဲထားသော တံစို့ ကိုပေး တော်မူသောကျေးဇူး တော်ကြီးလှပါ၏။ အကျွန်ုပ် တို့ဘုရား သခင်သည် အကျွန်ုပ် တို့ မျက်စိ ကို လင်း စေ၍ ၊ အကျွန်ုပ် တို့ ကျွန် ခံနေရာ၌ အသက်ရှု ပြန်ရသော အခွင့်ကိုပေး တော်မူပြီ။ 9 အကျွန်ုပ် တို့သည် ကျွန် ခံလျက်နေရပါ၏။ ထိုသို့ ကျွန် ခံလျက် နေရသော်လည်း ၊ အကျွန်ုပ် တို့၏ ဘုရား သခင် သည် စွန့်ပစ် တော်မ မူ။ အကျွန်ုပ် တို့ အသက် လွတ် ခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့ ဘုရား သခင်၏အိမ် တော်ကို ထူထောင် ၍ ၊ ပြိုပျက် ရာတို့ကို ပြုပြင် ခြင်းငှါ ၎င်း ၊ ယုဒ ပြည် ယေရုရှလင် မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ် အား ပေး ခြင်းငှါ ၎င်း ၊ ပေရသိ ရှင် ဘုရင်တို့သည် အကျွန်ုပ် တို့၌ ကျေးဇူးပြုချင်သော စေတနာ စိတ်ကိုပေး သနားတော်မူပြီ။ 10 ယခု လည်း အိုအကျွန်ုပ် တို့၏ ဘုရား သခင်၊ ဤသို့ ပြုမိပြီးမှ၊ 11 အဘယ် သို့လျှောက် ရပါမည်နည်း။ 12 ကိုယ်တော်က၊ သင် တို့သွား ၍ သိမ်း ယူလတံ့ သော ပြည် သည်၊ ပြည်သူ ပြည်သားတို့ အညစ် အကြေးကြောင့် ညစ်ညူး သော ပြည် ဖြစ်၏။ တပြည်လုံး ကို ရွံရှာ ဘွယ်အမှုတို့နှင့် ပြည့် စေကြပြီ။ သို့ဖြစ်၍ သင် တို့သမီး ကို သူ တို့သား အား မ ပေးစား ကြနှင့်။ သူ တို့၏သမီး ကို သင် တို့သား နှင့် မ စုံဘက် စေကြနှင့်။ သူ တို့ချမ်းသာ နှင့် သူ တို့စည်းစိမ် ကို အလျှင်းမ ပြုစု ကြနှင့်။ သင်တို့သည် ခွန်အား ကြီး၍ မြေ အသီး အနှံကို စား ရသောအခွင့်၊ ထိုမြေ ကို ကိုယ် သား မြေးတို့၌ နိစ္စ အမွေမြေဖြစ်စေ၍၊ အပ်ရသောအခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော် ကျွန် ၊ ပရောဖက် တို့အားဖြင့်မှာ ထားတော်မူသော ပညတ် စကားတော်ကို အကျွန်ုပ်တို့သည် နား မထောင်ပါ တကား။ 13 အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား တည်းဟူသောကိုယ်တော် သည် အကျွန်ုပ် တို့ခံထိုက်သမျှသော အပြစ် ဒဏ်ကိုပေး တော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြု မိသော ဒုစရိုက် အမှု၊ ကြီး စွာသော လွန်ကျူးခြင်းအပြစ် ကြောင့် ၊ ဤမျှလောက်ခံရ ပြီးမှ ၎င်း၊ ကိုယ်တော်သည် ဤ မျှလောက် ချမ်းသာ ပေး တော်မူပြီးမှ၎င်း၊ 14 အကျွန်ုပ်တို့သည် ပညတ် တရားတော်တို့ကို တဖန် လွန်ကျူး ၍ ၊ ဤ ရွံရှာ ဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုး နှင့် ပေါင်းဘော် လျှင် တယောက်မျှမလွတ်၊ မ ကျန် ကြွင်းစေခြင်းငှါ ၊ အမျက် တော်ထွက်၍ အကျွန်ုပ် တို့ကို ဖျက်ဆီး တော်မူမည်မဟုတ် လော။ 15 အို ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့ အသက် လွတ်၍ ကျန် ကြွင်းသေးသောသူဖြစ် ပါ၏။ ကိုယ် အပြစ် များကို ရှေ့ တော်၌ တောင်းပန်ပါ၏။ ထို အပြစ်ကြောင့် ၊ ရှေ့ တော်၌ နေရာ မရနိုင်ပါဟု တောင်းလျှောက်လေ၏။
101 ထိုသို့ ဧဇရ သည် ဘုရား သခင်၏ အိမ် တော်ရှေ့ မှာ ပြပ်ဝပ် လျက်၊ မျက်ရည် ကျလျက် တောင်းပန် ၍ ပဌနာ ပြုသောအခါ ၊ အလွန် များစွာ သော ပရိသတ် ၊ ဣသရေလ အမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ် တို့သည် ဧဇရ ထံ မှာ စည်းဝေး ၍ အလွန် ငိုကြွေး ကြ၏။ 2 ဧလံ အမျိုး ၊ ယေဟေလ သား ရှေကနိ ကလည်း၊ ငါ တို့သည် ကိုယ် ဘုရား သခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသောတပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြပြီ။ သို့ရာတွင် ဤ အမှုမှာ ဣသရေလ အမျိုး မြော်လင့် စရာ ရှိ သေး၏။ 3 သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါ တို့ ဘုရား သခင်၏ ပညတ် တရားကို ကြောက်ရွံ့ သောသူတို့ သတိ ပေးသည်အတိုင်း ၊ ဤမိန်းမ များနှင့် သူ တို့ သား သမီး များရှိသမျှ ကို စွန့်ပယ် မည်ဟု ငါ တို့၏ဘုရား သခင့် ရှေ့တော်၌ အဓိဋ္ဌာန် ပြု ကြကုန်အံ့။ ဤအမှုကို တရား ရှိသည် အတိုင်း စီရင် ကြကုန်အံ့။ 4 ထ တော်မူပါ။ ဤအမှု ကို ကိုယ်တော် ဆိုင်ပါ၏။ အကျွန်ုပ် တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့် သောစိတ် ရှိ၍ ပြု တော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊ 5 ဧဇရ သည်ထ ၍ ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထို စကား အတိုင်း ပြု ရမည်အကြောင်း သူတို့အား အကျိန် ပေး၍ သူတို့သည် ကျိန်ဆို ကြ၏။ 6 ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။ 7 သိမ်း သွားခြင်းကို ခံရသောအမျိုးသား အပေါင်း တို့သည်၊ ယေရုရှလင် မြို့သို့ စည်းဝေး စေမည်အကြောင်း၊ 8 မင်း များနှင့် အသက် ကြီးသူများ စီရင် သည် အတိုင်း ၊ သုံး ရက် အတွင်းတွင် မ ရောက် သော သူမည်သည် ကား၊ သိမ်း သွားခြင်း အမျိုးသားပရိတ်သတ် ထဲက နှင်ထုတ် ခြင်းကိုခံ၍ ၊ သူ ၏ဥစ္စာ ရှိသမျှ သည် ကျိန်ဆိုအပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်တရှောက်လုံး၌ ကြော်ငြာ ကြ၏။ 9 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားယောက်ျား အပေါင်း တို့သည် သုံး ရက် အတွင်းတွင် ၊ ယေရုရှလင် မြို့မှာ စည်းဝေး ၍ နဝမ လ အရက်နှစ် ဆယ်တွင် ၊ လူ အပေါင်း တို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန် စွာ မိုဃ်းရွာ သောကြောင့် ၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။ 10 ထိုအခါ ယဇ်ပုရောဟိတ် ဧဇရ သည် ထ ၍ ၊ သင် တို့သည် ပြစ်မှား ကြပြီ။ ဣသရေလ အမျိုး၌ အပြစ် လေးစေခြင်းငှါ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြ ပြီတကား။ 11 သို့ဖြစ်၍ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား တောင်းပန် ကြလော့။ အလို တော်အတိုင်း ပြု လျက် ၊ ဤပြည်သား တို့နှင့်၎င်း၊ တပါး အမျိုးသားမိန်းမ တို့နှင့်၎င်း ကွာ ကြလော့ဟု သူ တို့အား ဆို ၏။ 12 ပရိသတ် အပေါင်း တို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ် တို့သည် ပြု ပါမည်။ 13 သို့ရာတွင် လူ အများ ရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာ သော ကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင် မှာ မ ရပ် မနေနိုင် ပါ။ ဤအမှု သည် တ ရက် နှစ် ရက်တွင် ပြီးနိုင် သော အမှုမ ဟုတ်ပါ။ ပြစ်မှား သောသူ အများ ရှိပါ၏။ 14 ငါ တို့ ပရိသတ် အပေါင်း ကို အုပ်ချုပ်သော အကြီးအကဲ တို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ ရွာ၌ တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော သူအပေါင်း တို့သည် ချိန်းချက် သောအချိန် တို့၌ မြို့ အသီးအသီးအသက် ကြီးသူများ၊ တရား သူကြီးများနှင့်အတူ လာ ၍ ဤ အမှု ကြောင့် ပြင်းစွာ ထွက်သောငါ တို့ ဘုရား သခင်၏ အမျက် တော်ကို ဖြေကြပါစေဟု ကြီးစွာ သောအသံ နှင့် ပြန်ပြော ကြ၏။ 15 အာသဟေလ သား ယောနသန် နှင့် တိကဝ သား ယဟာဇိ သာ လျှင် ထို အမှုကိုပြုစု ကြ၏။ လေဝိ သား မေရှုလံ နှင့် ရှဗ္ဗသဲ တို့သည် ဝိုင်း ညီကြ၏။ 16 သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရ သည် ရွေးချယ် ၍ အဆွေ အမျိုးအလိုက် အမည် များကို မှတ်သားသော အဆွေအမျိုးသူကြီး တို့သည် ဒသမ လ တ ရက် နေ့ တွင် ထိုအမှု ကို စစ်ကြော ခြင်းငှါ ထိုင် နေကြ၏။ 17 တပါး အမျိုးသားမိန်းမ နှင့်စုံဘက် သောသူ အပေါင်း တို့ကို ပဌမ လ တ ရက် နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင် ကြ၏။ 18 တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။ 19 သူ တို့သည် မယား နှင့်ကွာ မည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ် ကြောင့် သိုး ကိုယဇ် ပူဇော်ကြ၏။ 20 ထိုမှတပါး၊ ဣမေရ အမျိုး ဟာနန် နှင့် ဇေဗဒိ၊ 21 ဟာရိမ် အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ၊ 22 ပါရှုရ အမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှမေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ။ 23 လေဝိ သားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယ တည်းဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ၊ 24 သီချင်း သည် ဧလျာရှိပ် ၊ တံခါး စောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ၊ 25 ဣသရေလအမျိုးထဲက ပါရုတ် အမျိုး ရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ၊ 26 ဧလံ အမျိုး မတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ၊ 27 ဇတ္တု အမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ၊ 28 ဗေဗဲ အမျိုး ယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ၊ 29 ဗာနိ အမျိုး မေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ်၊ 30 ပါဟတ်မောဘ အမျိုး အဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ၊ 31 ဟာရိမ် အမျိုး ဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင်၊ 32 ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ၊ 33 ဟာရှုံ အမျိုး မတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ၊ 34 ဗာနိ အမျိုး မာဒဲ ၊ အာမရံ ၊ ဝေလ၊ 35 ဗေနာယ ၊ ပေဒိ ၊ ခေလု၊ 36 ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ်၊ 37 မတ္တနိ ၊ မတ္တနဲ ၊ ယာသော၊ 38 ထိုမှတပါး၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ၊ 39 ရှေလမိ ၊ နာသန် ၊ အဒါယ၊ 40 မာခနဒေဗဲ ၊ ရှာရှဲ ၊ ရှာရံ၊ 41 အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ၊ 42 ရှလ္လုံ ၊ အာမရိ ၊ ယောသပ်၊ 43 နေဗော အမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယ တည်း။ 44 ဤ သူ အပေါင်း တို့သည် တပါး အမျိုးသားမိန်းမ နှင့် စုံဘက် ၍ သား သမီးကို မြင် ရကြပြီ။