ယေဇကျေလအနာဂတ္တိကျမ်း။
11 သက္ကရာဇ် သုံး ဆယ်ပြည့်၊ ယေခေါနိ မင်းကြီး နန်းကျ ပဉ္စမ နှစ် ၊ စတုတ္ထ လ ငါး ရက်နေ့၌ 2 ငါ သည် သိမ်း သွားသောသူတို့ တွင် ခေဗာ မြစ် နား မှာရှိ နေစဉ်၊မိုဃ်း ကောင်းကင်ပွင့် ၍ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံတို့ကိုမြင် ရ၏။ 3 ထိုအခါခါလဒဲ ပြည် ၊ ခေဗာ မြစ် နား မှာ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယဇ်ပုရောဟိတ် ဗုဇိ သား ယေဇကျေလ အမည် ရှိသောငါဆီသို့ ရောက် ၍ ၊ ထာဝရဘုရား ၏လက် တော်သည် ငါ့အပေါ် မှာ တင်လျက်ရှိ ၏။ 4 ငါကြည့်ရှု ၍ ၊ ပြင်းစွာ သော လေ၊ ကြီးစွာ သော မိုဃ်းတိမ် ၊ ထွန်းလင်း သော မီးစက် သည် မြောက် မျက်နှာမှ ပေါ်လာ ၏။ မီးစက် ထဲက ဟရှမေလ ရွှေရောင်ထွက် လေ၏။ 5 ထိုမီးစက်ထဲမှာ သတ္တဝါ လေး ပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါ တို့၏ အဆင်း သဏ္ဍာန်ဟူမူကား ၊ လူ ၏ပုံသဏ္ဍန် ကိုဆောင်၍၊ 6 မျက်နှာ လေး ခုစီ ၊ အတောင် လည်း လေး ခုစီ ရှိကြ၏။ 7 ခြေထောက် သည် ဖြောင့် သော ခြေထောက် ဖြစ်၏။ ခြေဘဝါး သည် နွားသငယ် ၏ ခြေဖဝါး ကဲ့သို့ ဖြစ်၍ဦးသစ် သော ကြေးဝါ ကဲ့သို့ တောက် လေ၏။ ကိုယ်လေး မျက်နှာအတောင် အောက် ၌ လူ လက် ရှိ၏။ 8 ထိုလေး ပါးတို့သည် မျက်နှာ တို့နှင့်၎င်း ၊ အတောင် တို့နှင့်၎င်း ပြည့်စုံကြ၏။ 9 အတောင် ချင်းတခု နှင့်တခု စပ် လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွား သောအခါ တပါးမျှ မ လည် ဘဲ တည့်တည့် သွား တတ်ကြ၏။ 10 မျက်နှာ အဆင်း သဏ္ဍာန်ဟူမူကား ၊ သတ္တဝါ လေး ပါးတို့သည် လက်ျာ ဘက်၌ လူ မျက်နှာ ၊ ခြင်္သေ့ မျက်နှာ နှင့်၎င်း ၊ လက်ဝဲ ဘက်၌နွား မျက်နှာ ၊ ရွှေလင်းတ မျက်နှာ နှင့်၎င်း ပြည့်စုံကြ၏။ 11 အတောင် များတို့သည် အထက် သို့ ပြန့် ၍၊ အတောင်နှစ် ခုချင်း စပ် လျက်၊ နှစ် ခုဖြင့် ကိုယ် ကိုဖုံး လျက် ရှိကြ၏။ 12 ထိုသတ္တဝါတို့သည် ဝိညာဉ် တော်သွား ခွင့်ရှိသည် အတိုင်း သွား ကြ၏။ သွားသောအခါတပါးမျှ မ လည် ဘဲ တည့်တည့်သွား တတ်ကြ၏။ 13 ထိုသတ္တဝါ တို့၏ အဆင်း အရောင်သည်ကား ၊ တောက် သော မီး ခဲ အရောင် ၊ မီးခွက် အရောင် နှင့် တူ၏။ မီး သည်တောက် လျက် သတ္တဝါ တို့တွင် အနှံ့အပြားလှည့်လည် ၍ မီး ထဲက လျှပ်စစ် ပြက် လေ၏။ 14 သတ္တဝါ တို့သည်လည်း လျှပ်စစ် နွယ်ကဲ့သို့ အရောင် တောက်၍၊ ပြေး လျက် ပြန် လာလျက်ရှိကြ၏။ 15 ထိုသတ္တဝါ တို့ကို ငါ့ကြည့်ရှု စဉ် ၊ သူတို့အနား မှာ လေး ပိုင်းရှိသောရထားဘီး တခု စီ ထင်ရှား ၏။ 16 ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။ 17 သွား သောအခါ ဘီး လေး မျက်နှာ တို့သည် တညီတည်းဖြစ်၍မ လည် ဘဲသွား တတ်ကြ၏။ 18 ဘီးဝန်း တို့သည်လည်း မြင့် ၍ ကြောက်မက် ဘွယ် ဖြစ်ကြ၏။ ထို လေး ပါးတို့သည်မျက်စိ နှင့် ပြည့် ကြ၏။ 19 သတ္တဝါ တို့သည် သွား သောအခါ ၊ ဘီး တို့သည် လည်း ထက် ကြပ်ပါ ကြ၏။ 20 သတ္တဝါ တို့သည် မြေကြီး နှင့် ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း တက် ကြ၏။ ဝိညာဉ် တော် သွား ခွင့်ရှိသည်အတိုင်း ၊ သူတို့သည်လည်း သွား ကြ၏။ ဘီး တို့သည်လည်း သူ တို့နှင့် ထက်ကြပ်တက် ၍ လိုက် ကြ ၏။ သတ္တဝါ တို့၏ ဝိညာဉ် သည်ဘီး တို့၌ ရှိ ၏။ 21 သူ တို့သွား သောအခါ ဘီးတို့သည်သွား ကြ၏။ သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူတို့သည် မြေကြီး နှင့်ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်း မူကား၊ သတ္တဝါ တို့၏ဝိညာဉ် သည် ဘီး တို့၌ ရှိ၏။ 22 ထိုသတ္တဝါ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက် သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။ 23 မိုဃ်း မျက်နှာကြက်အောက် မှာ သူ တို့အတောင် များသည် တခုသို့တခုတည့်တည့် ပြန့် လျက်ရှိ၍ ၊ ပြင်ဘက် ၌လည်း ကိုယ် ကို ဖုံး စရာဘို့ အတောင်နှစ် ခုစီ ရှိ၏။ 24 သူ တို့သွား သောအခါ သမုဒ္ဒရာရေ သံ ကဲ့သို့ ၎င်း ၊ အနန္တ တန်ခိုးရှင်၏အသံ တော်ကဲ့သို့ ၎င်း ၊ အတောင် တို့မြည်သောအသံ ကို ငါကြား ၏။ စကားသံသည်လည်း လူ အလုံးအရင်း၏ စကား သံ ကဲ့သို့ ဖြစ်၏။ ရပ် သောအခါ အတောင် တို့ကို ချ လျက်နေကြ၏။ 25 ရပ် ၍ အတောင် တို့ကို ချ သောအခါ၊ သူ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်ထဲက စကား သံ သည် ထွက် ၏။ 26 သူ တို့၏ခေါင်း များအထက် ၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ လည်း နီလာ ကျောက် ကဲ့သို့ အဆင်း အရောင်ရှိသောရာဇ ပလ္လင်သဏ္ဌာန် ပေါ်၏။ ပလ္လင် သဏ္ဍာန် အပေါ် ၌လည်း လူ ပုံသဏ္ဍာန် ကဲ့သို့ ပေါ် ၏။ 27 ပလ္လင်အတွင်း၌၎င်း ၊ ပတ်လည် ၌ ၎င်း ၊ ခါး သဏ္ဍာန် မှ သည် အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်နှင့် မီး အရောင် ကဲ့သို့ ထင်ရှား ၏။ အောက် ပိုင်း၌ မီး အရောင် ကဲ့သို့ ထင်ရှား ၍ ပတ်လည် ၌ ထွန်းတောက် လေ၏။ 28 ထိုသို့ ထွန်းတောက် သော အရောင် သည် မိုဃ်းရွာ သောနေ့ တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင် ကဲ့သို့ ဖြစ် ၏။ ဤ ရွေ့ကား၊ ထာဝရဘုရား ၏ ဘုန်း တော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
21 ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား ၊ မတ်တတ် နေလော့။ သင့် အားငါ ပြော မည်ဟု ငါ့ အား ဆို သံကိုငါကြား ၏။ 2 ထိုသို့ ဆို သောအခါ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊ 3 အချင်းလူသား ၊ ငါ့ ကို ပုန်ကန် တတ်သော အမျိုး တည်းဟူသော ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့နှင့်တကွ ငါ့ ကိုအစဉ်ပုန်ကန် ၍၊ ပြစ်မှား သော ဣသရေလ အမျိုးသား တို့ ရှိရာသို့ သင့် ကို ငါ စေလွှတ် မည်။ 4 ရဲ သောမျက်နှာ နှင့် ခိုင်မာ သော နှလုံး ရှိသောအမျိုးသား တို့ရှိရာသို့ သင့် ကို ငါ စေလွှတ် ၍ ၊ သင် က၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု သူ တို့အား ပြော ရမည်။ 5 သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ မိမိ တို့တွင် ပရောဖက် ရှိ သည်ကို သိ ရကြမည်။ 6 အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။ 7 သူ တို့သည် အလွန်ပုန်ကန် တတ်သော သဘောရှိသည်ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည် ဖြစ်စေ ၊ ငါ့ စကား ကိုသူ တို့အား ဟောပြော ရမည်။ 8 အချင်းလူသား ၊ ငါ ပြော သောစကားကို နားထောင် လော့။ ထိုပုန်ကန် တတ်သော အမျိုး ကဲ့သို့ ပုန်ကန် သော သဘောမ ရှိ နှင့်။ သင့် ပစပ် ကို ဖွင့် ၍ ငါ ပေး သော အရာ ကိုစား လော့ဟု မိန့် တော်မူလျှင် ၊ 9 ငါကြည့် ၍ စာလိပ် ပါသောလက် သည် ငါ့ ဆီ သို့ ဆန့် လျက်ရှိ၏။ 10 ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။
31 တဖန် ၊ အချင်းလူသား ၊ သင်တွေ့ သောအရာ ကို စား လော့။ ဤ စာလိပ် ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ သွား ၍ ဟောပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊ 2 ငါ သည်ပစပ် ကိုဖွင့် စဉ် ထို စာလိပ် ကို ခွံ့ တော်မူလျက် ၊ 3 အချင်းလူသား ၊ ငါ ပေး သော ဤ စာလိပ် ကို စား ၍ ဝမ်း ပြည့် စေလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။ 4 တဖန် ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့ ရှိရာသို့ သွား ၍ ငါ့ စကား ကို ဟောပြော လော့။ 5 သင် မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုး ရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုး ရှိရာသို့ စေလွှတ် ၏။ 6 သင်မ သိ မကျွမ်း၊ နားလည် ခဲသောစကား၊ အလျှင်း နား မလည်နိုင်သော စကား ကို ပြောတတ်သော လူ အမျိုးမျိုး တို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့ သောသူ တို့ ရှိရာသို့ စေလွှတ် လျှင်၊ သင့် စကားကို နားထောင် ကြလိမ့်မည်။ 7 ဣသရေလ အမျိုး တို့မူကား ၊ သင့် စကားကို နား မ ထောင်ကြ။ ငါ့ စကားကို ပင် နား မ ထောင်ကြ။ ဣသရေလ အမျိုးသား အပေါင်း တို့သည် ခိုင်မာ သော နဖူး နှင့် ခိုင်မာ သော နှလုံး ရှိကြ၏။ 8 သို့ရာတွင်၊ သူ တို့မျက်နှာ တဘက် ၌ သင် ၏ မျက်နှာ ကို၎င်း ၊ သူ တို့နဖူး တဘက် ၌ သင် ၏နဖူး ကို၎င်းငါခိုင်ခံ့ စေ ပြီ။ 9 သင် ၏နဖူး ကို ကျောက် ထက် မက၊ စိန် ထက် သာ၍ခိုင်မာ စေ ပြီ။ သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သင်သည်မ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်ဟု မိန့်တော်မူ၏။ 10 တဖန် ၊ အချင်းလူသား ၊ သင့် အား ငါပြော လတံ့ သမျှ သော စကား တို့ကို နားထောင် ၍ နှလုံး သွင်း လော့။ 11 သိမ်းသွား ခြင်းကို ခံရသောသင် ၏အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ဟု၊ သူတို့နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။ 12 ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ ထာဝရဘုရား ကျိန်းဝပ် တော်မူရာ အရပ်မှ ဘုန်း တော်သည် မင်္ဂလာ ရှိစေသတည်းဟု၊ ငါ့ နောက် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို ငါကြား ၏။ 13 တခု နှင့်တခုစပ်လျက်ရှိသောသတ္တဝါ တို့၏ အတောင် များမြည်သံ ကို၎င်း ၊ သူ တို့အနား မှာ ဘီး များ မြည်သံ ကို၎င်း၊ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို၎င်း ငါကြားရ၏။ 14 ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။ 15 သိမ်းသွား ခြင်းကိုခံရ၍ ၊ ခေဗာ မြစ် နား ၊ တေလဗိဗ ရွာမှာ နေရာ ကျသောသူတို့ ရှိရာသို့ ငါရောက် ၍ ၊ သူ တို့နေရာ အရပ်၌ ခုနစ် ရက် ပတ်လုံးမိန်းမောတွေဝေလျက်နေ၏။ 16 ခုနစ် ရက် လွန် မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 17 အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။ 18 သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။ 19 သို့မဟုတ် ၊ သင် သည် လူဆိုး ကို သတိ ပေးလျက် နှင့်သူ သည် မိမိ ပြုသော ဒုစရိုက် ကို ၎င်း ၊ မိမိ လိုက်သော အဓမ္မ လမ်း ကို ၎င်းမ ရှောင် ဘဲနေလျှင် ၊ မိမိ အပြစ် ၌ သေ လိမ့်မည်။ သင် မူကား ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီ။ 20 တဖန်တုံ ၊ ဖြောင့်မတ် သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက် ကိုပြု လျှင် ၎င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ ရှေ့ မှာငါထား လျှင် ၎င်း သူ သည် သေ လိမ့်မည်။ သင်သည်သတိ မ ပေးသောကြောင့် ၊ သူသည်မိမိ အပြစ် ၌ သေ လိမ့်မည်။ သူကျင့် ဘူးသော တရား ကို ပမာဏ မ ပြုရ။ သူ ၏ အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။ 21 သို့မဟုတ် ၊ ဖြောင့်မတ် သောသူသည် ဒုစရိုက် ကို မ ပြုမည်အကြောင်း ၊ သင် သည်သတိ ပေး၍ သူ သည် ဒုစရိုက် ကို မ ပြုဘဲနေလျှင် ၊ သတိ ပေးသောကျေးဇူးကြောင့် စင်စစ်အသက် ချမ်းသာလိမ့်မည်။ သင် သည် လည်း ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီဟု မိန့်တော်မူ၏။ 22 တဖန် ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ တင် ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင် သို့ သွား လော့။ ထို အရပ်၌ ငါပြော မည်ဟု မိန့် တော်မူသည် အတိုင်း ၊ 23 ငါသည် ထ ၍ လွင်ပြင် သို့ သွား ၏။ ရောက်သောအခါ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော ထာဝရဘုရား ၏ ဘုန်း တော်သည် ရပ် တော်မူ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ၏။ 24 ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွား လော့။ ကိုယ် အိမ် ၌ ပုန်းရှောင် ၍ နေလော့။ 25 အချင်းလူသား ၊ သင် သည်ကြိုး နှင့် ချည်နှောင် ခြင်းကိုခံ ၍ သူ တို့တွင် မ ထွက် ရ။ 26 သင် သည် သူ တို့ကို မ ဆုံးမ ဘဲနေ စေခြင်းငှါ ၊ စကား အလျက် သင့် လျှာ ကိုအာခေါင် ၌ ကပ် စေမည်။ အကြောင်း မူကား၊ သူ တို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။ 27 သို့ရာတွင် ၊ သင့် အားငါ ပြော သောအခါ သင့် နှုတ် ကို ငါဖွင့် မည်။ သင်က၊ အရှင် ထာဝရဘုရား မိန့် တော်မူ၏ ဟု သူ တို့အား ဟောပြော ရမည်။ နားထောင် သောသူသည် နားထောင် စေ၊ နား မထောင်သောသူသည် နား မထောင်ဘဲနေစေ။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်ကြသည် ဟုမိန့်တော်မူ၏။
41 တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။ 2 မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။ 3 ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ 4 ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။ 5 အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။ 6 ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။ 7 သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။ 8 ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။ 9 ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။ 10 ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။ 11 ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။ 12 မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။ 13 ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 14 ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊ 15 လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။ 16 တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။ 17 မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။
51 တဖန်တုံ ၊ အချင်းလူသား ၊ ထက် သောထား တည်းဟူသော၊ ဆတ္တာသည် ၏သင်တုန်း ကိုယူ ၍ ၊ ကိုယ် ဆံပင် နှင့် မုတ်ဆိတ် ကို ရိတ် ပြီးမှ ၊ ချိန်ခွင် နှင့် ချိန်၍ အစုစုခွဲ ထားလော့။ 2 မြို့ ကို ဝိုင်း ထားရာ ကာလ စေ့ သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့ လော့။ တစု ကိုထား နှင့် ခုတ် ဖြတ်လော့။ တစု ကို လေ တိုက်ရာ၌ လွှင့် လော့။ ငါသည်လည်း ထို အစုနောက် သို့ ထား ကိုလွှတ် လိုက်မည်။ 3 အနည်းငယ် ကိုလည်း ယူ ၍ ကိုယ် အဝတ် နှင့် ထုပ် လော့။ 4 ထိုအနည်းငယ်အချို့ကိုလည်း ယူ ပြန် ၍ မီးရှို့ လော့။ ထိုမီး သည် ဣသရေလ အမျိုး ကို နှံ့ပြား လိမ့်မည်ဟု မိန့်တော်မူ၏။ 5 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင် မြို့ဖြစ်၏။ ပတ်လည် ၌ ရှိသောတိုင်း ပြည်များတို့အလယ် မှာ ထိုမြို့ ကို ငါထား ၍ ၊ 6 ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။ 7 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင် သောကြောင့်၎င်း ၊ ငါ ၏စီရင် ချက်လမ်းသို့ မ လိုက် ၊ ငါ ၏ပညတ် တရား ကိုမ စောင့်ရှောက် ၊ ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့၏ထုံးစံ ဓလေ့သို့လိုက်သောကြောင့်၎င်း ၊ 8 ငါ သည်ကိုယ်တိုင် သင့် တဘက် ၌ နေ ၍ ၊ တပါး အမျိုးသား တို့ရှေ့ မှာ သင် ၌ အပြစ် ဒဏ်ကိုစီရင်မည်။ 9 သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။ 10 သင် ၏အလယ် ၌ အဘ တို့သည် သား တို့ကို စား ကြလိမ့်မည်။ သား တို့သည်လည်း အဘ တို့ကိုစား ကြ လိမ့်မည်။ သင် ၌ အပြစ်ဒဏ် ကို စီရင် ၍ ၊ ကျန်ကြွင်း သမျှ ကို အရပ်ရပ် တို့က လာသောလေ ရှေ့မှာ ငါလွှင့် မည်။ 11 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။ 12 သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။ 13 ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။ 14 ထိုမှတပါး ၊ အနားမှာရှောက်သွား သမျှ သောသူတို့ ရှေ့ တွင် သင့် ကိုလူဆိတ်ညံ ရာ၊ ပတ်လည် ၌နေသော လူ အမျိုးမျိုးတို့၏ ကဲ့ရဲ့ ရာ ဖြစ် စေမည်။ 15 ဒေါသအမျက်အရှိန်အားဖြင့်သင် ၌ ပြင်းစွာ သော အပြစ် ဒဏ်ကို ငါ စီရင် သောအခါ ၊ ပတ်လည် ၌ နေသော လူ အမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ် လိမ့်မည်။ ထိုသို့ငါ ထာဝရ ဘုရား မိန့် တော်မူ၏။ 16 သင် တို့ကို ဖျက်ဆီး ခြင်းငှါ မွတ်သိပ် ခြင်း ဘေးတည်းဟူသောမြှား ဆိုးတို့ကို ငါလွှတ် လိုက်သောအခါ ၌၎င်း ၊ သင် တို့တွင် မွတ်သိပ် ခြင်းဘေးကို တိုးပွါး စေ၍ ၊ မုန့် အထောက် အပင့်ကို ငါချိုး သောအခါ ၌၎င်း ၊ 17 သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။
61 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ သင် သည် ဣသရေလ တောင် တို့ကို မျက်နှာ ပြု ၍ ၊ သူ တို့တဘက် ၌ ပရောဖက် ပြုလော့။ 3 အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ၊ ချိုင့် တို့အား မိန့် တော်မူသည်ကား ၊ ငါ သည်ကိုယ်တိုင် သင် တို့အပေါ် သို့ ထား ကိုရောက် စေ၍ ၊ မြင့် သောအရပ်တို့ကို ဖြိုဖျက် မည်။ 4 သင် တို့ယဇ် ပလ္လင်တို့သည် လူဆိတ်ညံ လိမ့်မည်။ နေရုပ်တု တို့သည် ကျိုးပဲ့ လိမ့်မည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ သင် တို့၏သူရဲ များကို ငါလှဲ ချမည်။ 5 ရုပ်တု ဆင်းတုတို့ရှေ့ မှာ ဣသရေလ အမျိုးသား အသေ ကောင်များကို ချထား ၍ ၊ ယဇ် ပလ္လင်တို့ပတ်လည် ၌ သင် တို့အရိုး များကို ငါဖြန့်ကြဲ မည်။ 6 သင် တို့နေရာ အရပ်ရပ် ၌ ရှိသောမြို့ တို့သည် ပြိုပျက် ၍ ၊ မြင့် သော အရပ်တို့သည် လူ ဆိတ်ညံလျက်၊ ယဇ် ပလ္လင်တို့သည်သုတ်သင် ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲ ချိုးဖဲ့ ခြင်းကိုခံရလျက် ၊ သင် တို့လုပ် သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။ 7 သင် တို့အလယ် ၌ သူရဲ တို့သည် လဲ ၍ သေကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 8 သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။ 9 ငါ့ ကိုစွန့် ပစ်၍ မှားယွင်း တတ်သော နှလုံး ကို၎င်း၊ ရုပ်တု ဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိ တို့ကို၎င်းငါပယ်ဖျက် သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွား ခြင်းကိုခံရာအပြည်ပြည် တို့၌ ငါ့ ကိုအောက်မေ့ ကြလိမ့်မည်။ ပြု မိသမျှ သောစက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။ 10 ထိုသို့ သောအပြစ် ဒဏ်ကို ငါပေး မည်ဟု၊ ငါ ထာဝရဘုရား သည် အချည်းနှီး မိန့် တော်မူသည် မ ဟုတ် ကြောင်း ကို သိ ရကြလိမ့်မည်။ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။ 12 ဝေး သောသူသည် နာ ဘေးဖြင့် သေ လျက် ၊ နီး သောသူသည် ထား ဘေးဖြင့် ဆုံး လျက် ၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်း သောသူသည်လည်း မွတ်သိပ် ခြင်း ဘေးဖြင့် သေ လျက် ၊ သူ တို့၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။ 13 ရုပ်တု ဆင်းတုအပေါင်း တို့အား နံ့သာပေါင်း ကို ပူဇော် ရာအရပ် ၊ ယဇ် ပလ္လင်များပတ်လည် ၊ မြင့် သောကုန်း ၊ တောင်ထိပ် ရှိသမျှ တို့အပေါ် ၊ စိမ်း သောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိ ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 14 သူ တို့အပေါ် မှာ ငါ သည်လက် ကိုဆန့် ၍ ၊ ဒိဗလတ် မြို့နှင့် ဆိုင်သော လွင်ပြင် ထက်၊ သူ တို့နေ လေရာရာ ပြည် ကိုသာ၍ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာဖြစ် စေ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
71 နောက် တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည်သား တို့ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ ပြည် လေး ထောင့် တို့သည် ဆုံး ခြင်းသို့ ရောက် ကြ၏။ 3 သင် သည် ဆုံး ခြင်းသို့ရောက်၍ သင့် အပေါ် သို့ ငါ ၏အမျက် ကို ငါလွှတ် လိုက်မည်။ သင် ၏အကျင့် နှင့် အလျောက်ငါစီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ 4 ငါသည် နှမြောစုံမက်ခြင်းမ ရှိဘဲ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသော ရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကိုသင်သိ ရလိမ့်မည်။ 5 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး တခု နောက်တခု ရောက် လာ၏။ 6 ဆုံး ခြင်းဘေးရောက် လာ၏။ ဆုံး ခြင်းဘေး ရောက် လာ၏။ သင့် ကို စောင့် လျက် ရောက် လာ၏။ 7 အိုပြည် တော်သား၊ သင်သည် အလှည့်ခံရသောအချိန်ရောက်လာ၏။ အချိန် စေ့ ပြီ။ ရွှင်လန်းစွာ ကြွေးကြော် ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသောနေ့ နီး ပြီ။ 8 ငါသည် မ ကြာမမြင့်မှီသင် ၏ အပေါ် သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း မည်။ သင်၌ ငါ့ အမျက် အလိုကို ပြည့်စုံ စေမည်။ သင် ၏အကျင့် အတိုင်း စီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏အကျိုး အပြစ်ကိုဆပ် ပေးမည်။ 9 နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။ 10 နေ့ရက် ရောက် လာ၏။ ရောက် လာ၏။ အလှည့် ခံရချိန်စေ့ ပြီ။ တံဖျာ ပွင့် ပြီ။ မာန ကြီးပွား ပြီ။ 11 ညှဉ်းဆဲ ခြင်းအမြစ်မှ အပြစ် တံဖျာ ပေါက် လေပြီ။ သူ တို့အစည်း အဝေး၊ သူ တို့ပရိသတ် တစုံတယောက်မျှ မ ကျန်ကြွင်းရ။ သူ တို့အဘို့ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုရ။ 12 အချိန် စေ့ ပြီ။ နေ့ရက် နီး ပြီ။ ဝယ် သောသူသည် ဝမ်း မ မြောက်စေနှင့်။ ရောင်း သောသူသည် စိတ်မသာ၊ မ ညည်းတွား စေနှင့်။ အကြောင်း မူကား၊ ထိုလူ အစုအဝေးအပေါင်း တို့အပေါ် မှာ အမျက် တော်သည် တည်လျက် ရှိ၏။ 13 ရောင်း သောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်း သော မြေသို့ ပြန် ၍ မ လာရ။ ထို လူ အစုအဝေးအပေါင်း တို့နှင့်ဆိုင် သော ဗျာဒိတ် ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မ တရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမ တည် နိုင်ရ။ 14 စစ် ခင်းကျင်းစေခြင်းငှါတံပိုး ကို မှုတ် ကြသော်လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်း မူကား၊ ငါ့ အမျက် သည် ထို လူ အစုအဝေးအပေါင်း တို့အပေါ် မှာ တည်လျက်ရှိ၏။ 15 ပြင် ၌ ကား ထား ရှိ၏။ အတွင်း ၌ ကားနာ ခြင်း၊ မွတ်သိပ် ခြင်းရှိ၏။ လယ်ပြင် တွင် ရှိသော သူ သည် ထား ဖြင့် သေ လိမ့်မည်။ မြို့ ထဲ တွင်ရှိသောသူ သည် လည်း နာ ခြင်း၊ မွတ်သိပ် ခြင်း အားဖြင့် ဆုံး လိမ့်မည်။ 16 သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။ 17 ထိုသူရှိသမျှ တို့သည် လက် အားလျော့ ၍ ၊ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ 18 သူတို့သည်လည်း လျှော်တေ အဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့် ခြင်းနှင့် ကိုယ် ကို ခြုံ လျက်၊ တယောက်မျှမကြွင်း၊ မျက်နှာ ရှက်ကြောက် လျက် ၊ ဆံပင် ဖြတ်လျက် ရှိကြလိမ့်မည်။ 19 သူ တို့ငွေ ကို လမ်း သို့ ပစ် ၍ ၊ ရွှေ ကိုညစ်ညူး သော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက် တော်မူသောကာလ ၌၊ သူ တို့ ရွှေ ငွေ သည် သူ တို့ကို ကယ်တင် ခြင်းငှါ မ တတ်နိုင် ။ သူ တို့အလို ဆန္ဒကို မ ဖြေ နိုင်။ ဝ စွာမ ကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူ တို့ထိမိ ၍မှားယွင်းခြင်းအကြောင်း ဖြစ် သတည်း။ 20 သူ တို့၌ တင့်တယ် သောတန်ဆာ အားဖြင့်သူတို့ မာန ကို တိုးပွါးစေ၍၊ သူ တို့၌ စက်ဆုပ် ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း ၊ ရွံ့ရှာဘွယ် သော အရာတို့ကို၎င်းလုပ် ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူး သောအရာ ဖြစ်စေ ခြင်းငှါငါစီရင် မည်။ 21 တပါး အမျိုးသားတည်းဟူသောအဓမ္မ လူတို့ သည် လုယူ ဖျက်ဆီးစေခြင်းငှါ သူတို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် ညစ်ညူး စေကြလိမ့်မည်။ 22 ငါ လည်း မျက်နှာ လွှဲ သည်ဖြစ်၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြ တို့သည် ဝင် ၍ ညစ်ညူး စေကြလိမ့်မည်။ 23 သံကြိုး ကိုလုပ် လော့။ အကြောင်း မူကား၊ ပြည် သည် လူအသက် ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏။ 24 ထိုကြောင့် ၊ ကြမ်းကြုတ် သော လူမျိုး တို့ကို ငါဆောင် ခဲ့၍ ၊ သူ တို့သည် အိမ် များကို သိမ်းယူ ကြလိမ့် မည်။ ခွန်အားကြီး သောသူတို့၏ မာန ကို ငါငြိမ်း စေမည်။ သူ တို့သန့်ရှင်း သောအရပ်တို့သည် ညစ်ညူး ခြင်း ရှိကြလိမ့်မည်။ 25 ပျက်စီး ခြင်းဘေးလာ ၏။ သူတို့သည် ငြိမ်ဝပ် ခြင်း ကို ရှာ ၍ မ တွေ့ရကြ။ 26 ဘေး တခုနောက်တခု၊ သိတင်း တခုနောက်တခု ပေါ် လာလိမ့်မည်။ ပရောဖက် ထံမှာ ဗျာဒိတ် ရူပါရုံကို ရှာ သော်လည်း မရကြ။ ယဇ် ပုရောဟိတ်တို့သည် တရား ဟော သောအခွင့်၊ အသက်ကြီး သောသူတို့ သည် အကြံ ပေးသောအခွင့်ကို မ ရဘဲနေ ကြလိမ့်မည်။ 27 ရှင် ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်။ မင်းသား သည် မှိုင်တွေ ခြင်းအဝတ် ကို ဝတ်ရ လိမ့်မည်။ ပြည်သူ ပြည်သားတို့၏ လက် တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူ တို့ကျင့် ကြသည်အတိုင်း သူ တို့၌ ငါပြု မည်။ သူ တို့စီရင် ကြသည်အတိုင်း ငါပြန် ၍ စီရင်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
81 သက္ကရာဇ် ခြောက် ခု၊ ဆဌမ လ ၊ ငါး ရက်နေ့တွင် ၊ ငါ သည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒ အမျိုးအသက်ကြီး သူတို့ သည် ငါ ရှေ့ မှာ ထိုင် ကြစဉ်၊ အရှင် ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ် သို့ သက်ရောက် လေ၏။ 2 ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။ 3 လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။ 4 လွင်ပြင် ၌ အရင်ငါမြင် ဘူးသော ဗျာဒိတ် ရူပါရုံ ကဲ့သို့ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် ထင်ရှား ၏။ 5 အချင်းလူသား ၊ မြောက် လမ်း သို့ မျှော်ကြည့် လော့ဟု မိန့် တော်မူသည်အတိုင်း ၊ မြောက် လမ်း သို့ ငါမျှော် ကြည့်၍ ၊ မြောက် မျက်နှာ၊ ယဇ် ပလ္လင်တံခါးဝ ၌ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ရှိ၏။ 6 တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊ 7 တန်တိုင်း တံခါးဝ သို့ ငါ့ ကိုဆောင်သွား ၍ ငါ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး၌ အပေါက် ကို မြင် လေ ၏။ 8 တဖန်တုံ အချင်းလူသား ၊ တန်တိုင်း ရိုးကို တူး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည်တူး ပြီးမှ တံခါးဝ ကို မြင် လေ၏။ 9 ဝင် လော့။ ဤ အရပ်၌ ပြု ကြသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုဆိုး တို့ကို ကြည့်ရှု လော့ဟု မိန့် တော်မူသည်အတိုင်း ၊ 10 ငါသည် ဝင် ၍ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး အတွင်းပတ်လည်၌၊ တွား တတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ် သော တိရစ္ဆာန် အမျိုးမျိုး နှင့် ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။ 11 သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။ 12 တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။ 13 တဖန် လှည့် ၍ သွားဦးလော့။ သူ တို့ပြု သောအမှုတို့တွင် သာ၍ကြီးစွာ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက် ၊ 14 ဗိမာန် တော်မြောက် တံခါးဝ သို့ ဆောင်သွား ၍ ၊ ထို အရပ်၌ မိန်းမ တို့သည် တမ္မုဇနတ် အဘို့ ငိုကြွေး လျက် ထိုင် ကြ၏။ 15 အချင်းလူသား ၊ ထို အမှုကိုမြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့်တော်မူလျက်၊ 16 ထာဝရဘုရား ၏အိမ် တော်အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ဗိမာန် တော်တံခါး ၊ ဗိမာန် တော်ဦးနှင့် ယဇ် ပလ္လင်ကြား မှာ၊ လူ နှစ်ကျိပ် ငါး ယောက်တို့သည် ဗိမာန် တော်ကို ကျောခိုင်း လျက် ၊ အရှေ့ သို့ မျက်နှာ ပြုလျက် ၊ အရှေ့ မျက်နှာ၌ နေ ကို ကိုးကွယ် ကြ၏။ 17 တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင် ပြီ လော ။ ယုဒ အမျိုး သည် ဤ အရပ်၌ စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို ပြု သောအပြစ်ပေါ့ သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံး ကို ပြည့် စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက် ကိုလည်း မိမိ တို့နှာခေါင်းဝ ၌ ကပ် ၍ကိုင်ကြ၏။ 18 ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။
91 ဖျက်ဆီး သော လက်နက် ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီးသို့ဆောင် ခဲ့ကြလော့ ဟု ကျယ် သောအသံ နှင့် ခေါ် တော်မူသည်ကို ငါ ကြား ၏။ 2 ထိုအခါ လူ ခြောက် ယောက်တို့သည် အသီးအသီး ကွပ်မျက် စရာ လက်နက် ကို ကိုင် လျက် ၊ တယောက် သည်လည်း ၊ ပိတ် အဝတ်ကိုဝတ် ၍ နံ ပါး၌ မှင်အိုး ပါလျက်၊ မြောက် မျက်နှာ ဘက် အထက် တံခါး လမ်း ဖြင့် ဝင် ၍ ၊ ကြေးဝါ ပလ္လင် အနား မှာရပ် နေကြ၏။ 3 ဣသရေလ အမျိုး၏ဘုရားသခင် ဘုန်း တော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှ အိမ် တော်တံခါး ခုံသို့ တက် ၍၊ ပိတ် အဝတ်ကိုဝတ် လျက်၊ နံပါး ၌ မှင်အိုး ပါသောသူ ကို ခေါ် ၍ ၊ 4 ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊ 5 အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။ 6 အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ 7 တဖန်တုံ ၊ အိမ် တော်ကိုညစ်ညူး စေ၍ ၊ ကွပ်မျက်သော သူအသေ ကောင်တို့နှင့် တန်တိုင်း များကို ပြည့် စေပြီးမှ၊ ထွက်သွား ကြလော့ဟု မိန့် တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ ထဲ၌ ကွပ်မျက် ကြ၏။ 8 ထိုသို့ သူ တို့သည် ကွပ်မျက် ကြသောအခါ ၊ ငါ နေရစ် စဉ်တွင်ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ယေရုရှလင် မြို့အပေါ် သို့ အမျက် တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်း သမျှ သောဣသရေလ အမျိုးကို ဖျက်ဆီး တော်မူ မည်လော ဟု ကြွေးကြော် ၍ လျှောက် လေ၏။ 9 ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။ 10 ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။ 11 ပိတ် အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုး ပါသောသူ ကလည်း၊ ကိုယ်တော် မှာ ထားတော်မူသည်အတိုင်း အကျွန်ုပ်ပြု ပါပြီဟု ပြန်လျှောက် လေ၏။
101 တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။ 2 ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။ 3 ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ 4 ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ် အပေါ် က အိမ် တော်တံခါး ခုံအထက်သို့ တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။ 5 အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ ကို ကြား ရ၏။ 6 ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး အကြား ထဲက မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီး တို့အနား ၌ ရပ် နေ၏။ 7 ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌ ထည့် ၏။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏။ 8 ခေရုဗိမ် အတောင် အောက် ၌ လူ လက် ကိုလည်း ငါမြင် ၏။ 9 ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး တခု စီရှိ၏။ ဘီး တို့သည် ကျောက် မျက်ရွဲ၏ အဆင်း အရောင် ရှိ၏။ 10 ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး တခုထဲ ၌ ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။ 11 သွား သောအခါ ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော ဘက် သို့လိုက် ၍ မ လှည့် ဘဲ သွား ကြ၏။ 12 ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။ 13 ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့် သမုတ် သည်ကို ငါ ကြား ၏။ 14 ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ မျက်နှာ သည် လူ မျက်နှာ ၊ တတိယ မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။ 15 ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ 16 ခေရုဗိမ် တို့သည် သွား သောအခါ ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး တို့ သည် မ ကွာ ဘဲလိုက်ကြ၏။ 17 သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူ တို့သည် မြေကြီး နှင့် ကွာ ၍ တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။ 18 ထိုအခါ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။ 19 ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌ အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍ တက် ကြ၏။ ပြင်သို့ ထွက် သောအခါ ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ တို့အပေါ် မှာ တည်လျက် ရှိ၏။ 20 ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ဣသရေလ အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း ငါသိ ၏။ 21 သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ ရှိ၍၊ အတောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ၏။ 22 မျက်နှာ ပုံ ကား ၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူး သော မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း တူ၏။ ထို သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။
111 ထိုနောက် ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ အရှေ့ ဘက်သို့ မျက်နှာ ပြုသော ထာဝရဘုရား ၏ အိမ် တော် အရှေ့ တံခါး သို့ ဆောင်သွား ၍ ၊ တံခါးဝ ၌ လူ နှစ်ကျိပ် ငါး ယောက်ရှိ၏။ သူ တို့တွင် မင်း ပြုသောသူ၊ အာဇုရ သား ယာဇညာ ၊ ဗေနာယ သား ပေလတိ တို့ကို ငါမြင် ၏။ 2 ဗျာဒိတ် တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မ ကောင်းသောအကြံကို ကြံစည် ၍ ၊ ဤ မြို့ ၌ မ တရားသော တိုင်ပင် ခြင်းကို ပြု သောသူဖြစ်ကြ၏။ 3 သူတို့က၊ အမှုမ ရောက်သေး။ အိမ် ဆောက် ကြကုန်အံ့။ ဤ မြို့သည် အိုးကင်း ၊ ငါ တို့သည် အမဲသား ဖြစ်သည်ဟု ဆို တတ်ကြ၏။ 4 သို့ဖြစ်၍ အိုလူသား ၊ သူ တို့တဘက် ၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။ 5 ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် သို့ သက်ရောက် ၍ ၊ သင်သည် ဟောပြော လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုဣသရေလ အမျိုး ၊ သင်တို့သည် ဤသို့ပြောဆို ကြပြီ။ သင် တို့ကြံစည် သမျှတို့ကို ငါ သိ ၏။ 6 သင် တို့သည် ဤ မြို့ ၌ သူရဲ တို့ကို များပြား စေ၍ ၊ မြို့ လမ်း တို့ကို သူရဲ များနှင့်ပြည့် စေကြပြီ။ 7 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့ထား သော သူရဲ တို့သည် အမဲသား ဖြစ်၏။ ဤ မြို့သည် အိုးကင်း ဖြစ်၏။ သို့သော်လည်း ၊ သင် တို့ကို မြို့ ထဲ က ငါထုတ် မည်။ 8 သင်တို့သည် ထား ကို ကြောက် သည်ဖြစ်၍ ၊ ငါ သည် ထိုထား ကို သင် တို့အပေါ် သို့ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 9 ငါသည် သင် တို့ကိုမြို့ ထဲ က ထုတ် ပြီးလျှင် ၊ တ ကျွန်းတနိုင်ငံသား တို့၏လက် သို့ အပ် ၍ အပြစ် ဒဏ်ကို စီရင် မည်။ 10 သင်တို့သည် ထား ဖြင့် ဆုံးရှုံး ကြ၍ ၊ ဣသရေလ ပြည်စွန်း မှာ ငါ စစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။ 11 ဤ မြို့သည် သင် တို့၏ အိုး ကင်းမ ဖြစ် ရ၊ သင် တို့သည်လည်း ၊ အိုး ကင်း၌ အမဲသား မဖြစ် ရကြ။ ဣသရေလ ပြည်စွန်း မှာ ငါစစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။ 12 အကြောင်း မူကား၊ သင်တို့သည် ငါ ၏တရား လမ်းသို့ မ လိုက် ၊ ငါ့ စီရင် ချက်တို့ကို မ စောင့် ၊ သင် တို့ပတ်လည် ၌နေသော လူမျိုး တို့၏ ထုံးစံ ဓလေ့တို့ကို လိုက် ကြပြီဟု မိန့်တော်မူ၏။ 13 ထိုဗျာဒိတ်တော်စကားကို ငါ သည်ဆင့်ဆို ၍ ဟောပြော စဉ်တွင် ၊ ဗေနာယ သား ပေလတိ သည် သေ ၏။ ငါသည်လည်း ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ် သောအသံ နှင့် ကြွေးကြော် ၏။ 14 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 15 အချင်းလူသား ၊ ယေရုရှလင် မြို့သူ မြို့သားတို့က၊ ထာဝရဘုရား ထံ တော်မှ ဝေး စွာထွက်သွားကြလော့။ ဤ ပြည် ကိုငါ တို့အား အပိုင် ပေး တော်မူပြီဟု သင် ၏ ညီအစ်ကို ၊ သင် ၏အမျိုးသား ချင်း၊ ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို တတ်ကြ၏။ 16 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ ဖြန့်ကြဲ သော်လည်း ၊ သူတို့ ရောက် သော ပြည် တို့၌ ငါသည်သူ တို့အဘို့ သန့်ရှင်း ရာဌာနကဲ့သို့ ခဏ ဖြစ် လိမ့်မည်။ 17 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ ကို ဖြန့်ကြဲ သော လူ အမျိုးမျိုးနေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေး ပြီးလျှင် ၊ ဣသရေလ ပြည် ကိုပေး မည်။ 18 သူတို့သည် ထို ပြည်သို့ ရောက် ၍ ၊ စက်ဆုပ်ရွံရှာဘွယ် သော အမှုအရာရှိသမျှ တို့ကို ပယ်ရှား ကြလိမ့်မည်။ 19 ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊ 20 သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက် သဖြင့် ၊ ငါ ၏ လူ ဖြစ် ကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ ဘုရားသခင် ဖြစ် မည်။ 21 သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ် နှလုံးအားဖြင့် လိုက်သောသူတို့ ၏ အပြစ်ကို၊ သူ တို့၏ခေါင်း ပေါ် သို့ ငါရောက် စေမည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 22 ထိုအခါ ခေရုဗိမ် တို့သည် အတောင် တို့ကို ဖြန့် ၍ ၊ ဘီး တို့သည်လည်း လိုက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင့် ဘုန်း တော်သည်လည်း သူ တို့အပေါ် ၌ ရှိတော်မူ၏။ 23 ထာဝရဘုရား ၏ ဘုန်း တော်သည် မြို့ ထဲက တက် ၍ ၊ မြို့ အရှေ့ မှာ ရှိသော တောင် ပေါ် ၌ ရပ် တော်မူ၏။ 24 ဝိညာဉ် တော်သည်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကိုချီ ၍ သိမ်းသွား သောသူတို့ နေ ရာ၊ ခါလဒဲ ပြည်သို့ ဆောင်သွား တော်မူ၏။ ငါမြင် ခဲ့ပြီး သော ဗျာဒိတ် ရူပါရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။ 25 ထာဝရဘုရား ပြ တော်မူခဲ့ပြီးသော အမှု အရာ ရှိသမျှ တို့ကို ငါ သည်သိမ်းသွား ခြင်းကိုခံရသောသူတို့ အား ကြားပြော လေ၏။
121 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ သင် သည်ပုန်ကန် တတ်သော အမျိုး ထဲမှာ နေ ၏။ သူ တို့သည် မြင် ရသောမျက်စိ ရှိသော်လည်း မ မြင် တတ်။ ကြား ရသောနား ရှိသော်လည်း မ ကြား တတ်။ ပုန်ကန် တတ်သော အမျိုး ဖြစ်ကြ၏။ 3 သို့ဖြစ်၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာ ပရိကံများကို ပြင်ဆင် ၍ ၊ နေ့ အချိန်၌ သူ တို့မျက်မှောက် တွင် ပြောင်း သွားလော့။ သူ တို့မျက်မှောက် တွင် အခြား တပါးသို့ နေရာ ပြောင်း လော့။ ပုန်ကန် တတ်သော အမျိုး ဖြစ်သော်လည်း ၊ သတိရ ကောင်းရကြ လိမ့်မည်။ 4 နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။ 5 သူ တို့မျက်မှောက် ၌ အုတ်ရိုး ကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ် သွားလော့။ 6 ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာထမ်း ၍ ထုတ် ရမည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရမည်။ အကြောင်း မူကား၊ သင့် ကို ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထား ပြီဟု မိန့်တော်မူသည်အတိုင်း၊ 7 ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ ထုတ် ၍ ၊ ည အချိန်၌ အုတ်ရိုး ကို ကိုယ်လက် နှင့် တူးဖော် ပြီးမှ၊ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာ ထမ်း သွား၏။ 8 နံနက် အချိန်၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 9 အချင်းလူသား ၊ ပုန်ကန် တတ်သော ဣသရေလ အမျိုး က၊ သင် သည်အဘယ် သို့ပြု သနည်းဟု သင့် အား မေး သည်ရှိသော်၊ 10 အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင် မြို့ကို အစိုးရ သော မင်း မှစ၍၊ ထိုမြို့၌ရှိသောဣသရေလ အမျိုးသား အပေါင်း တို့နှင့် ဆိုင်ပေ၏။ 11 ငါ သည်သင် တို့၏ နိမိတ် လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြု ရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။ 12 သင်တို့၏ မင်း သည်လည်း ၊ မိမိ ပခုံး ၌ ထမ်း ၍ ညဦးယံ အချိန်၌ ထုတ် သွားရလိမ့်မည်။ ထုတ် သွားစရာဘို့ အုတ်ရိုး ကို တူးဖော် ရလိမ့်မည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရလိမ့်မည်။ 13 ထိုမင်း ကိုလည်း ငါ ၏ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိ စေသည်။ ခါလဒဲ ပြည် ဗာဗုလုန် မြို့သို့ ဆောင်သွား မည်။ ထို မြို့၌ သေ ရသော်လည်း မြို့ ကို မ မြင် ရ။ 14 သူ့ ကိုမစ ခြင်းငှါဝိုင်း သောသူ တို့နှင့် တပ်သား အပေါင်း တို့ကို အရပ်ရပ် သို့ ဖြန့်ကြဲ မည်။ သူ တို့နောက် ၌ လည်း ထား ကို လွှတ် လိုက်မည်။ 15 လူ အမျိုးမျိုးတို့တွင် ကွဲပြား စေ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်။ 16 သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။ 17 တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 18 အချင်းလူသား ၊ တုန်လှုပ် လျက် အစာ ကို စား လော့။ တုန်လှုပ် လျက် ၊ သတိ ပြုလျက် ရေ ကိုသောက် လော့။ 19 အရှင် ထာဝရဘုရား သည် ဣသရေလ ပြည် ၊ ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စား ရကြမည်။ မိန်းမော တွေဝေလျက် ရေ ကို သောက် ရကြမည်။ ထိုသို့ သောအားဖြင့်၊ ပြည်သူ ပြည်သားအပေါင်း တို့ပြုသောအဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိ ပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။ 20 လူနေ သောမြို့ တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံး ဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။ 21 တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 22 အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။ 23 သို့ဖြစ်၍ ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထို စကားပုံ ကို ငါပျောက် စေမည်။ နောက် တဖန် ဣသရေလ အမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်း သော ဗျာဒိတ် ရူပါရုံလည်း ပြည့်စုံ ကြလိမ့်မည်ဟု ပြောလော့။ 24 နောက် တဖန် ဣသရေလ အမျိုး ၌ အချည်းနှီး သောရူပါရုံ မ ရှိ ရ။ ချော့မော့ စွာ ပရောဖက် ပြုခြင်းလည်း မရှိရ။ 25 ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါပြော လျှင် ၊ ပြော သည်အတိုင်း ပြည့်စုံ လိမ့်မည်။ ပြည့်စုံ ချိန်လည်း မ ရွေ့ရ။ အချင်းပုန်ကန် တတ်သောအမျိုး ၊ သင် တို့လက်ထက် ၌ ငါပြော မည်။ ပြော သည်အတိုင်းလည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 26 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 27 အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။ 28 သို့ဖြစ်၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ ၏စကား ပြည့်စုံချိန်မ ရွှေ့ရ။ ငါပြော သည်အတိုင်း လည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
131 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ တို့အား ပြော လော့။ 3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့ လိုက် တတ်သော ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။ 4 အိုဣသရေလ အမျိုး၊ သင် ၏ပရောဖက် တို့သည် တော ၌ နေ သောမြေခွေး နှင့် တူ ကြ၏။ 5 ဣသရေလ အမျိုး သည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံ နိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုး ပျက် အပေါ် သို့တက် ၍၊ ပြုပြင် ခြင်းအမှုကို မ ပြုဘဲ နေကြ၏။ 6 အချည်းနှီး သောအရာကို မြင် ကြပြီ။ ထာဝရဘုရား စေလွှတ် တော်မ မူဘဲ၊ ထာဝရဘုရား မိန့် တော်မူသည် ဟုဆို လျက်၊ လှည့်စား ၍ ပရောဖက် ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါပြုကြပြီ။ 7 ငါ မ ပြော ဘဲ ထာဝရဘုရား မိန့် တော်မူသည်ဟု သင်တို့ဆို လျက် ၊ အချည်းနှီး သော အရာကိုမြင် ကြပြီ မ ဟုတ်လော ။ လှည့်စား ၍ ပရောဖက် ပြုကြပြီ မဟုတ် လော။ 8 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အချည်းနှီး သော စကားကို ပြော ၍ မုသာ ရူပါရုံကိုမြင် သောကြောင့် ငါ သည် သင် တို့တဘက် ၌ နေ၏။ 9 အချည်းနှီး သော အရာကိုမြင် ၍ မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့ မ ဝင် ရကြ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည် ကို မ သွင်းရ။ ဣသရေလ ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။ 10 ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့် ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊ 11 ထိုအုတ်ရိုးသည်ပြိုလဲ မည်ဟု အင်္ဂတေ နှင့်မွမ်းမံ သောသူတို့အား ပြော လော့။ မိုဃ်းရေ လွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီး ကျ လိမ့်မည်။ မိုဃ်းသက် မုန်တိုင်းတိုက်ဖျက် လိမ့်မည်။ 12 ထိုအုတ်ရိုး သည်ပြိုလဲ ပြီးမှ ၊ သင်တို့မွမ်းမံ သော အင်္ဂတေ သည် အဘယ် မှာရှိသနည်းဟု သင် တို့အား သူတပါးမေး လိမ့်မည်မ ဟုတ်လော ။ 13 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ သည် အမျက် ထွက်၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက် မုန်တိုင်းအားဖြင့်တိုက်၍ ဖျက် မည်။ ငါ ၏ ဒေါသ အရှိန်ကြောင့် မိုဃ်းရေ လွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီး နှင့် ဆုံး စေမည်။ 14 ထိုသို့သင်တို့သည် အင်္ဂတေ နှင့် မွမ်းမံ သော အုတ်ရိုး ကို မြေ တိုင်အောင် ငါဖြိုချ ၍ အမြစ် ကိုလှန် သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက်၊ သင်တို့သည် အသက် ဆုံးကြ လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို ထိုအခါ သိရ ကြလိမ့်မည်။ 15 ထိုသို့ အုတ်ရိုး ၌ ၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံ သောသူတို့ ၌ ၎င်း ၊ ငါ သည်ကိုယ်အမျက် ကို ဖြေ မည်။ အုတ်ရိုး မ ရှိဟူ၍၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံသောသူတည်းဟူသော၊ 16 ငြိမ်သက် ခြင်းမ ရှိသောအခါ ယေရုရှလင် မြို့ အဘို့ ငြိမ်သက် ခြင်း ရူပါရုံ ကို မြင် ၍ ဟောပြော သော ဣသရေလ ပရောဖက် များမရှိကြဟူ၍၎င်း ၊ သူတို့အား ငါပြောမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 17 ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊ 18 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။ 19 မုယော ဆန်တလက် ဆွန်းနှင့် မုန့် တဖဲ့ ကို ရ အံ့သောငှါ ၊ ငါ ၏လူ တို့တွင် ငါ့ ကိုရှုတ်ချ ကြလိမ့်မည်လော။ မုသာ စကားကို နားထောင် တတ်သော ငါ ၏လူ တို့အား မုသာ စကားကို ပြောသောအားဖြင့် ၊ မ သေ အပ်သောသူ တို့ ၏ အသက် ကိုသတ် ၍ ၊ မ ရှင် အပ်သောသူ တို့ကို အသက် ချမ်းသာ ပေးကြလိမ့်မည်လော။ 20 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အသက် ဝိညာဉ်တို့ကို ရအောင် ဘမ်း လျက် ၊ သုံးတတ်သောခေါင်းအုံး တို့ကို ငါ သည် ရန်ဘက် ပြု၍ သင် တို့နံပါး မှ ဆွဲနှုတ် ပြီးလျှင် ၊ သင် တို့ရအောင် ဘမ်း သော အသက် ဝိညာဉ်တို့ကို ငါလွှတ် လိုက်မည်။ 21 သင် တို့ဦးထုပ် တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူ တို့ကို သင် တို့လက် မှ ကယ်နှုတ် မည်။ နောက် တဖန် သူတို့သည် အဘမ်း ခံ၍၊ သင် တို့လက် သို့ မ ရောက် ရကြ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။ 22 ငါ မ ညှိုးငယ် စေသော လူကောင်း တို့ကို သင်တို့သည် မုသာ စကားအားဖြင့် ညှိုးငယ် စေသောကြောင့် ၎င်း ၊ လူဆိုး တို့သည် ဆိုး သောလမ်း ကို မ ရှောင် စေခြင်းငှါအသက် ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာ စေသောကြောင့် ၎င်း ၊ 23 နောက် တဖန်သင်တို့သည် အချည်းနှီး သော အရာကိုမ မြင် ရကြ။ ပရောဖက် ပြု၍ မ ဟော ရကြ။ ငါ ၏ လူ တို့ကိုသင် တို့လက် မှ ငါကယ်နှုတ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
141 ဣသရေလ အမျိုးအသက်ကြီး သူ အချို့တို့သည် လာ ၍ ငါ့ ရှေ့ မှာ ထိုင် ကြ၏။ 2 ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 3 အချင်းလူသား ၊ ဤ လူ တို့သည် ကိုယ် စိတ် နှလုံး၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား ကြပြီ။ သူ တို့ မေးလျှောက် ခြင်းကို ငါခံရ မည်လော ။ 4 ထိုကြောင့် ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော် ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အကြင်ဣသရေလ အမျိုးသား သည် ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု တို့ကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက် ပရောဖက် ထံသို့ ရောက် လာ၏၊ ထိုသူ ၌ရုပ်တု များပြား သည်နှင့်အညီ ငါပြန်ပြော မည်။ 5 ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။ 6 ထိုကြောင့် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော် ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ နောင်တ ရ၍ ရုပ်တု တို့ကို ကြဉ်ရှောင် ကြလော့။ သင် တို့ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့မှ မျက်နှာ လွှဲ ကြလော့။ 7 ငါ နှင့် ကွာ ပြီးလျှင် ၊ ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက်ပင်၊ ငါ့ အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက် ထံသို့ လာ သော ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသော တပါး အမျိုးသား ဖြစ်စေ၊ ငါ ထာဝရဘုရား သည် ကိုယ် အလိုအလျောက်ပြန်ပြော သဖြင့် ၊ 8 ထိုသူ တဘက် ၌ငါ သည်မျက်နှာ ထား ၍ သူ့ ကို နိမိတ် ဖြစ် စေမည်။ စကားပုံ လည်း ဖြစ်စေမည်။ ထိုသူကို ငါ ၏လူ တို့အထဲ မှ ပယ်ရှား မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။ 9 ပရောဖက် သည်ဟောပြော ၍ မှားယွင်း လျှင် ၊ ထို ပရောဖက် ကို ငါ ထာဝရဘုရား မှားယွင်း စေ၏။ ထိုသူ ကိုငါ သည် ဒဏ်ခတ် ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးထဲမှ ပယ်ရှား မည်။ 10 သူတို့သည်လည်း အပြစ် နှင့် အလျောက်ဒဏ်ခံရကြမည်။ ပရောဖက် ခံရ သောဒဏ် သည် ပရောဖက်ကို ဆည်းကပ် သောသူခံရသောဒဏ်နှင့်တူရလိမ့်မည်။ 11 ထိုသို့ ဖြစ်လျှင်၊ နောက် တဖန် ဣသရေလ အမျိုး သည် ငါ့ ကို မစွန့်ပစ်၊ လမ်း မ လွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှ တို့နှင့် နောက် တဖန်မ ညစ်ညူး ဘဲ၊ ငါ ၏လူ ဖြစ် ရကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12 တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 13 အချင်းလူသား ၊ ပြည် သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ ကို ပြစ်မှား သောကြောင့် ၊ ငါ သည်လက် ကို ဆန့် ၍ မုန့် အထောက် အပင့်ကို ချိုး သဖြင့် ၊ အစာ အာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူ နှင့် တိရစ္ဆာန် တို့ကို ပယ် ဖြတ်လျှင် ၊ 14 နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤ သုံး ယောက်ရှိ သော်လည်း ၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရသောအခွင့်ရှိကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 သားရဲ တို့သည် ပြည် ၌ ပေါ် လာ၍ ဖျက်ဆီး သောကြောင့် ၊ အဘယ်သူ မျှမနေနိုင်သဖြင့် လူဆိတ်ညံ လျှင် ၊ 16 ထို သူ သုံး ယောက်ရှိသော်လည်း၊ ငါ ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကို မ ကယ်နှုတ် ရ။ ကိုယ်တိုင် သာချမ်းသာ ရကြ၍ ၊ ပြည် သည် လူဆိတ်ညံ လျက် ရှိ ရ လိမ့်မည်။ 17 သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊ 18 ထို သူ သုံး ယောက်ရှိသော်လည်း ၊ ငါ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကိုမ ကယ် မနှုတ်ရ၊ ကိုယ်တိုင် သာချမ်းသာ ရကြလိမ့်မည်။ 19 သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊ 20 နောဧ ၊ ဒံယေလ ၊ ယောဘ တို့ရှိသော်လည်း ၊ ငါ အသက်ရှင် သည် အတိုင်းကိုယ်သားသမီး ကို မ ကယ် မနှုတ်၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 21 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။ 22 သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက် ရသောအကျန် အကြွင်းသားသမီး အချို့ရှိကြလိမ့်မည်။ သူ တို့ သည် သင် တို့ရှိရာသို့ ထွက် လာ၍ ၊ ကျင့်ကြံ ပြုမူသော အမှုအရာ တို့ကို သင်တို့သိ ကြလိမ့်မည်။ ယေရုရှလင် မြို့၌ ငါရောက် စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာ ခြင်းရှိကြလိမ့်မည်။ 23 သူ တို့ ကျင့်ကြံ ပြုမူသော အမှု အရာတို့ကို သင်တို့သည် မြင် သောအခါ သက်သာ ရကြလိမ့်မည်။ ယေရုရှလင် မြို့ကို ငါပြု လေသမျှ တို့၌၊ အကြောင်း မရှိဘဲ မ ပြု သည် ကိုသိ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
151 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ သစ်တော ၌ သစ်ခက် သာမညဖြစ် သော စပျစ် နွယ်သား သည် အခြားသောသစ်သား ထက် မြတ်သောအရာ တစုံ တခုရှိ သလော ။ 3 တစုံ တခုကို လုပ် အံ့သောငှါ စပျစ်နွယ်သား ကို ယူ တတ်သလော ။ တစုံတခု ကို ဆွဲထား စရာ တံစို့ ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။ 4 ထင်း ဘို့ မီး ထဲသို့ ချ တတ်၏။ မီး သည်လည်း အရင်း အဖျားအလယ် ကို လောင် တတ်၏။ အသုံး ဝင် တတ်သလော ။ 5 မီး မလောင်မှီအသုံး မ ဝင်လျှင်၊ မီး လောင် ၍ ကျွမ်း ပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။ 6 ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ တော သစ်ပင် တွင် မီး မွေးစရာ ထင်း ဘို့ ငါ အပ် သော စပျစ် နွယ်သား ကဲ့သို့ ၊ ယေရုရှလင် မြို့ သားတို့ကို ငါအပ် မည်။ 7 သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကိုထား မည်။ သူ တို့သည် မီး တပုံမှ ထွက် ၍ တပုံ ၌လောင် လိမ့်မည်။ သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကို ထား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။ 8 သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့် ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
161 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ ယေရုရှလင် မြို့သည် မိမိ ၌ စက်ဆုပ် ရွံရှာဘွယ်သောအမှုအရာတို့ကိုသိ မည်အကြောင်း ပြုလော့။ 3 ထာဝရဘုရား သည် ယေရုရှလင် မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆို ရမည်မှာ၊ သင် ၏မူလ ၊ သင် ၏မွေးဘွား ရာဌာနသည် ခါနာန် ပြည် ၌ ရှိ၏။ သင် ၏ အဘ သည် အာမောရိ လူ၊ သင် ၏အမိ သည် ဟိတ္တိ အမျိုး ဖြစ်၏။ 4 သင့် ကို ဘွား ခြင်းအကြောင်းအရာဟူမူကား ၊ ဘွား သောနေ့ ၌ ချက်ကြိုး ကိုမ ဖြတ် ၊ သန့်ရှင်း စေခြင်းငှါ ရေ မချိုး၊ ဆား နှင့်မလူး၊ အဝတ် နှင့် မပတ်ရစ်၊ 5 ကရုဏာ စိတ်နှင့်ထိုသို့ ပြုစု ခြင်းငှါ သင့် ကိုမြင် ၍ အဘယ်သူမျှမ သနား ၊ ဘွား သောနေ့ ၌သင် သည် ကိုယ် ကိုရွံရှာ ရသည်တိုင်အောင် လယ်ပြင် ၌ ပစ် ထားခြင်းကို ခံရ၏။ 6 ငါသည် ရှောက်သွား ၍ အသွေး နှင့် လူး လျက်ရှိ သောသင့် ကို မြင် သောအခါ အသက်ရှင် လော့ဟု သင် သည် အသွေး ၌ ရှိစဉ် ငါဆို ၏။ 7 မြက်ပင် ကဲ့သို့ ငါကြီးပွါး စေသဖြင့် ၊ သင်သည် အစဉ်အတိုင်းကြီး ၍ လှ သော အဆင်းနှင့်ပြည့်စုံ ၏။ ရင်သား ထ ၍ ကိုယ် ၌လည်းအမွေး ပေါက် ၏။ အရင်က အဝတ် မရှိ၊ အချည်းစည်း နေရ၏။ 8 တဖန် ငါသည်ရှောက်သွား ၍ သင့် ကိုမြင် သောအခါ ၊ သင် ၌ချစ်လိုဘွယ် သော အချိန် အရွယ်ရှိသောကြောင့် ၊ ငါသည်ကိုယ် အဝတ် စွန်းကို ဖြန့် ၍ ၊ သင် ၌ အချည်းစည်း ရှိခြင်းကို ဖုံးအုပ် ၏။ ကျိန်ဆို ခြင်းကိုလည်း ပြု၍ ၊ သင် နှင့် ပဋိညာဉ် ဖွဲ့သဖြင့် ၊ သင်သည် ငါ ၏ခင်ပွန်းဖြစ် လေ၏။ 9 ထိုအခါ သင့် ကို ရေချိုး ၍ ၊ သင် ၌လူးသော အသွေး ရှိသမျှကို ငါဆေးကြော ၏။ ဆီ နှင့် လိမ်း ၏။ 10 ချယ်လှယ် သော အဝတ်ကိုဝတ် စေ၏။ တဟာရှ သားရေခြေနင်း ကို စီးစေ၏။ ဖဲ ၊ ပိတ်ချော နှင့် ခြုံ စေ၏။ 11 လက်ကောက် နှင့် လည်ဆွဲ အစ ရှိသော တန်ဆာ မျိုးကို ဆင် စေ၏။ 12 နား တောင်း၊ နှာဆွဲ ၊ လှ သော ပေါင်း ကိုလည်း ဆင် စေ၏။ 13 ထိုသို့ သင် သည် ရွှေ ငွေ နှင့်တကွ ၊ ဖဲ ၊ ပိတ်ချော ၊ ချယ်လှယ် သော အဝတ်တန်ဆာတို့ကိုဆင် လျက်၊ မုန့်ညက် ၊ ပျားရည် ၊ ဆီ ကိုစား လျက် ၊ အလွန် တရာ လှ သောအဆင်းနှင့်ပြည့်စုံ၍ ၊ မိဖုရား အရာကိုခံရ ၏။ 14 ငါသည် ကိုယ် အသရေ ကို သင် ၌ အပ်ပေး သောကြောင့် ၊ သင် သည် လှ သောအဆင်းနှင့် စုံလင် ၍ ၊ အတိုင်းတိုင်း အပြည်ပြည်၌ ကျော်စော လေ၏။ 15 သို့ရာတွင် ၊ သင် သည်ကိုယ်လှ သော အဆင်းကို ကိုးစား ၍ ၊ ဂုဏ် အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာ လုပ်၍၊ ခရီးသွား သောသူအပေါင်း တို့နှင့် မ တရားသောမေထုန်ကို အနှံ့အပြား ပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့် ရ၏။ 16 သင် ၏အဝတ် ကို လည်း ယူ ၍ ၊ မြင့် သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမ ဖြစ် စဖူး၊ နောက်၌လည်းမ ဖြစ် လတံ့သောအမှု၊ မ တရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ။ 17 ငါပေး သော ရွှေ ငွေ တန်ဆာ မြတ် တို့ကိုလည်း ယူ ၍ ၊ ယောက်ျား ရုပ်တု တို့ကို လုပ် ပြီးလျှင် ၊ သူ တို့နှင့် မှားယွင်း လေပြီတကား။ 18 ချယ်လှယ် သောအဝတ် ကိုလည်း ယူ ၍ ၊ ထို ရုပ်တုတို့ကို ခြုံ ပြီးလျှင် ၊ ငါ့ ဆီ နှင့် ငါ့ နံ့သာပေါင်း ကို သူ တို့ရှေ့ မှာ တင် ထားလေပြီ။ 19 ငါပေး သော ဘောဇဉ် ၊ သင့် ကိုငါကျွေး သော မုန့်ညက် ၊ ဆီ ၊ ပျားရည် ကိုလည်း သူ တို့ရှေ့ မှာ မွှေးကြိုင် စရာဘို့ တင် ထားလေပြီတကား။ 20 ထိုမှတပါး၊ သင်ဘွား သော ငါ ၏ သားသမီး တို့ကို ယူ ၍ ၊ ထို ရုပ်တုတို့အား ကျွေးမွေး ခြင်းငှါ ယဇ် ပူဇော်လေပြီ။ 21 သင် သည် မ တရားသောမေထုန် ကိုပြု၍ စိတ် မ ပြေသောကြောင့်ငါ ၏သားသမီး တို့ကိုသတ် ၍ ရုပ်တု တို့ အား မီးဖြင့်ပူဇော် ရမည်လော။ 22 သင် ပြုသောစက်ဆုပ် ရွံ့ရှာဘွယ်အမှု၊ မ တရား သောမေထုန် အမှုအပေါင်း တို့ကိုပြုစဉ်တွင်၊ အရွယ် ငယ် သောအခါ အဝတ် မရှိ၊ အချည်းစည်း ရှိ ကြောင်း၊ ကိုယ် အသွေး ၌ လူးလဲ လျက်နေကြောင်းကို မ အောက်မေ့ ပါ တကား။ 23 သင် သည် အမင်္ဂလာ ရှိ၏။ အမင်္ဂလာ ရှိ၏။ ဒုစရိုက် အပေါင်း ကို ပြု ပြီးမှ ၊ 24 ကိုယ် နေဘို့ ကုဋီ တိုက်ကိုတည် ၍ လမ်း ရှိ တိုင်းမြင့် သော အရပ်ကို လုပ် လေ၏။ 25 သင် သည် မြင့် သောအရပ်ကို လမ်း ဦး တိုင်း လုပ် ၍ ၊ ကိုယ် လှ သော အဆင်းကိုရွံ့ရှာဘွယ် ဖြစ်သည် တိုင်အောင်ပြုလျက်၊ ခရီးသွား သောသူအပေါင်း တို့အား ပေါင် တို့ကို ခွါ ဖွင့်၍ ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေ၏။ 26 ဆူဖြိုး သောသင် ၏အိမ်နီးချင်း အဲဂုတ္တု လူ တို့နှင့် မှားယွင်း ၍ ၊ ငါ့ အမျက် ကို နှိုးဆော်လျက် ၊ မ တရားသောမေထုန် အမှုတို့ကို များပြား စေ၏။ 27 ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် လျက်သင် ၏ ရိက္ခါကို ဖြတ် ၍ ၊ သင့် ကိုမုန်း သောသူ၊ သင့် ဆိုးညစ် သော အမှု များကြောင့် ရှက် တတ်သော ဖိလိတ္တိ အမျိုးသမီး တို့ လက်သို့အပ် ရ၏။ 28 သင် သည်ကိလေသာစိတ် မ ပြေသောကြောင့် ၊ အာရှုရိ လူ တို့နှင့် လည်း မှားယွင်း လေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ် မ ပြေနိုင်။ 29 ထိုမှတပါး ၊ ခါနာန် ပြည် မှ သည် ခါလဒဲ ပြည် တိုင်အောင် ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်း စိတ် မ ပြေနိုင်။ 30 အစိုးတရပြု၍ သီလ ပျက်သော မိန်းမ ပြု တတ် သမျှ သောဤ အမှုတို့ကို သင် သည်ပြု မိလျက် ၊ သင့် စိတ် နှလုံး သည် အလွန် မိုက် ပါသည်တကား။ 31 သင် ၏ ကုဋီတိုက်ကို ခပ်သိမ်း သော လမ်း ၌ တည် ၍ ၊ လမ်း ရှိ တိုင်းမြင့် သော အရပ်ကိုလုပ် သဖြင့် ၊ အခ ကိုငြင်း သောကြောင့် ပြည်တန်ဆာ နှင့် မ တူ ။ 32 ကိုယ်မ ဆိုင်သော ယောက်ျားကို ကိုယ် လင် ၏ ကိုယ်စား လက်ခံ ၍မျောက်မထား သော မိန်းမ နှင့်တူ၏။ 33 ပြည်တန်ဆာ မိန်းမရှိသမျှ တို့သည် လက်ဆောင် ကိုခံယူ တတ်ကြ၏။ သင် မူကား ၊ သင် ၏ရည်းစား အပေါင်း တို့အား လက်ဆောင် ကိုပေး တတ်၏။ အရပ်ရပ် တို့က လာ ၍ မ တရားသောမေထုန် ကိုပြုစေခြင်းငှါ ၊ သူတပါး တို့ကို ငှါး တတ်၏။ 34 သို့ဖြစ်၍ ၊ သင် သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနား စွာ ပြု တတ်၏။ သင်ပြုသကဲ့သို့အဘယ်သူမျှမတရားသောမေထုန် ကို မပြုတတ်။ သင်သည် အခကို မခံ၊ သူတပါးတို့အားပေးသောကြောင့်အခြားသော မိန်းမတို့နှင့် ခြားနား ၏။ 35 သို့ဖြစ်၍ ၊ အိုပြည်တန်ဆာ မိန်းမ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။ 36 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ရည်းစား များ စက်ဆုပ် ရွံ့ရှာဘွယ်သော ရုပ်တု အပေါင်း တို့နှင့် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ သူ တို့အား ပေး သော သားသမီး တို့၏ အသွေး အားဖြင့်၎င်း သင်သည်ကိုယ် ရှက်ကြောက်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား စွာ ဘော်ပြသောကြောင့်၊ 37 သင့် ကိုချစ် သောရည်းစားရှိသမျှ တို့နှင့် သင်ချစ် သောသူ ၊ မုန်း သောသူ အပေါင်း တို့ကိုငါ စုဝေး မည်။ သင့် တဘက် ပတ်လည် ၌ စုဝေး စေ၍ ၊ သင် ၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြ သဖြင့် ၊ ထို သူအပေါင်း တို့သည် သင် ၌ အဝတ် အချည်းစည်းရှိသမျှ ကို မြင် ရကြလိမ့်မည်။ 38 မျောက်မထား သောမိန်းမနှင့် ၊ လူအသက်ကိုသတ် သော မိန်းမတို့ကို စီရင် သကဲ့သို့သင့် ကိုငါစီရင် ၍ ၊ ပြင်းစွာ သော ဒေါသအမျက် အသွေး ကို ငါတိုက် မည်။ 39 သင့် ကို သူ တို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် သင် ၏ ကုဋီတိုက်ကို ဖျက် ၍ ၊ သင် ၏မြင့် သော အရပ်တို့ ကို ဖြိုချ ကြလိမ့်မည်။ သင့် အဝတ် တို့ကိုချွတ် ၍ လှ သော တန်ဆာ တို့ကို လုယူ ပြီးလျှင် ၊ သင့် ကို အဝတ် မပေး၊ အချည်းစည်း ရှိစေခြင်းငှါပစ် ထားကြလိမ့်မည်။ 40 လူ အလုံးအရင်းကို လည်း ခေါ် သဖြင့် ၊ သူတို့ သည် ခဲ နှင့် ပစ် ၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ 41 သင့် အိမ် တို့ကိုလည်း မီးရှို့ ၍ များစွာ သော မိန်းမ တို့ရှေ့ မှာ သင့် ကို အပြစ်ဒဏ် ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။ 42 ထိုသို့ ငါ့ ဒေါသ စိတ်ကို ငါဖြေ မည်။ သင့် ကိုမယုံ။ အလွန် ပူပန်သောစိတ် ငြိမ်း ၍ ၊ ငါသည်အမျက် မ ထွက်ဘဲ ငြိမ်သက် စွာ နေမည်။ 43 သင် သည် အသက် ငယ်သော ကာလ ကို မ အောက်မေ့ ၊ အရာရာ ၌ ငါ့ စိတ်ကို နှောင့်ရှက် သောကြောင့် ၊ သင့် အပြစ် ကို သင့်ခေါင်း ပေါ် သို့ ငါသက်ရောက် စေမည်။ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုရှိသမျှ တို့အပေါ် မှာ ဆိုးညစ် သောအကြံကိုထပ် ၍ ထို အကြံအတိုင်း မ ပြုရ။ 44 စကားပုံ ကိုသုံးတတ်သော သူအပေါင်း တို့က၊ အမိ ကဲ့သို့ သမီး ဖြစ်၏ဟု သင့် ကိုရည်မှတ် ၍ စကားပုံ ကို ပြောကြလိမ့်မည်။ 45 သင် သည်လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ သမီး ဖြစ်၏။ လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ ၏ ညီမ လည်း ဖြစ်၏။ သင့် အမိ သည် ဟိတ္တိ အမျိုး၊ သင့် အဘ သည် အာမောရိ လူဖြစ်၏။ 46 သင့် အစ်မ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ဝဲ ဘက် ၌နေ သောရှမာရိ မြို့ဖြစ်၏။ သင့် ထက် အသက် ငယ်သောသင် ၏ ညီမ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ျာ ဘက် ၌နေ သောသောဒုံ မြို့ ဖြစ်၏။ 47 သို့ရာတွင်၊ သင်သည် သူ တို့ထုံးစံ ကို မ လိုက် ၊ သူ တို့ပြုသောရွံရှာဘွယ် အမှုမျှသာပြု သည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင် သည် အရာရာ ၌ သူ တို့ထက် သာ၍ဆိုးညစ် ပေ၏။ 48 ငါ အသက်ရှင် သည်အတိုင်း၊ သင် သည် ကိုယ့် သမီး တို့နှင့်တကွ ပြု သကဲ့သို့ ၊ ညီမ သောဒုံ နှင့် သူ ၏သမီး တို့ သည် မ ပြု ကြ။ 49 သင့် ညီမ သောဒုံ ၏ အပြစ် ဟူမူကား ၊ သူ နှင့် သူ့ သမီး တို့သည် မာန ကြီးခြင်း၊ ဝ စွာစားသောက်ခြင်း၊ ငြိမ်ဝပ် စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲ ငတ်မွတ် သောသူတို့ ကို မ ထောက်ပံ့ ဘဲ နေကြ၏။ 50 မာန ထောင်လွှား၍ ငါ့ ရှေ့ မှာ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုပြု ကြ၏။ ထိုကြောင့် ၊ သင်မြင် သည် အတိုင်း သူ တို့ကို ငါပယ်ရှင်း ပြီ။ 51 ရှမာရိ သည်လည်း ၊ သင် ပြုမိသော ဒုစရိုက် တဝက် ကိုမျှ မ ပြု မိ။ သင်မူကား၊ ညီအစ်မ တို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို သူ တို့ထက်မက များပြား စွာပြုလေပြီတကား။ 52 သင် သည်ညီအစ်မ တို့ကို အပြစ်တင်၍ စီရင် လျက်ပင်၊ သူ တို့ ပြုသည်ထက် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲ ခြင်းကိုခံ လော့။ သူတို့သည် သင့် ထက် သာ၍အပြစ်နည်း ကြ၏။ သင် မူကား ၊ ညီအစ်မ တို့၏အပြစ် ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့်စိတ်ပျက် ၍ အရှက်ကွဲ ခြင်းကို ခံ လော့။ 53 သိမ်းသွား ခြင်းကိုခံရသောသောဒုံ နှင့် သူ ၏ သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များကို တဖန်ငါဆောင်ခဲ့သောအခါ ၊ သိမ်းသွား ခြင်းကို ခံရသောသင် ၏လူ တို့ကို သူ တို့နှင့်အတူ ငါဆောင် ခဲ့မည်။ 54 သို့ဖြစ်၍ ၊ သင် သည် သူ တို့ကိုနှစ်သိမ့် စေ၍ ၊ ပြု လေသမျှ တို့ကြောင့် စိတ်ပျက် လျက် အရှက်ကွဲ ခြင်းကိုခံရ လိမ့်မည်။ 55 သင် ၏ညီအစ်မ သောဒုံ နှင့် သူ ၏သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များတို့သည် အရင် နေရာသို့ ပြန် ရောက်သောအခါ ၊ သင် သည်လည်း သင် ၏ သမီး တို့ နှင့်တကွ အရင် နေရာသို့ ပြန် ရောက်ရလိမ့်မည်။ 56 ရှုရိ သမီး များနှင့် သူ တို့ပတ်လည် ၌ နေသောသူအပေါင်း တို့သည် သင့် ကိုကဲ့ရဲ့ ၍၊ သင့်ပတ်လည် ၌ နေသောဖိလိတ္တိ သမီး များတို့သည် မထီမဲ့မြင် ပြုကြသဖြင့် ၊ 57 သင် ပြုသောဒုစရိုက် အပြစ်မ ထင်ရှား မှီ သင် သည်မာန ထောင်လွှားစဉ် ကာလတွင်၊ သင့် ညီမ သောဒုံ ၏နာမ ကို အလျှင်း နှုတ် မ မြွက်။ 58 ယခုမူကား၊ သင် သည် ကိုယ် ဆိုးညစ် သောအမှု နှင့် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကိုခံရ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 59 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဝန်ခံခြင်းပဋိညာဉ် ကို ဖျက် လိုသောငှါ ၊ သစ္စာ ဂတိကို မ ရိုမသေပြုသည်နှင့်အညီ သင် ၌ငါပြု မည်။ 60 သို့သော်လည်း ၊ ငါ သည်သင့် အသက် ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ် ကို အောက်မေ့ ၍ ၊ တဖန် ထာဝရ ပဋိညာဉ် ကို သင် နှင့် ဖွဲ့ ဦးမည်။ 61 သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။ 62 ထိုအခါ ငါ ၏ ပဋိညာဉ် ကိုသင် နှင့် ငါ ဖွဲ့ မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။ 63 သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
171 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ သင်သည်ဣသရေလ အမျိုး အား စကားထာ ဝှက်၍ ပုံ ပြောလျက် ၊ 3 ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ ၊ ထူးခြားသော အဆင်း အရောင်၊ များပြားသော အမွေး နှင့်ပြည့်စုံ ၍၊ ရှည်လျား ကြီးမား သော အတောင် ရှိသောရွှေလင်းတ ကြီး သည် လေဗနုန် တောင် သို့ လာ ၍၊ အာရဇ် ပင်၏အဖျား ကိုကိုင် လျက် ၊ 4 အမြင့်ဆုံး သော အညွန့် တို့ကို ချိုး ဆိတ်၍ ကုန်သွယ် ရာပြည် သို့ ချီဆောင် ပြီးလျှင်၊ ကုန်သည် မြို့ ၌ စိုက် လေ၏။ 5 မျိုးစေ့ ကို လည်း ယူ ၍ ရေ များ ရာလယ်ကွက် ၌ ပျိုး လျက် ၊ မိုဃ်းမခ ပင်ကဲ့သို့ထား လေ၏။ 6 အရပ် နိမ့် လျက်ရှည်လျား စွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက် အလက်တို့ကို ရွှေ လင်းတရှိရာ သို့ ညွှတ် လျက် ၊ သူ့ အောက် သို့ အမြစ် ထိုး သဖြင့် ၊ အကိုင်း အခက် အလက်အညွန့်တို့နှင့် ပြည့်စုံ သော စပျစ် နွယ်ပင် ဖြစ် လေ၏။ 7 အမွေး ထူထပ် ၍ ကြီးစွာ သော အတောင် ရှိသောရွှေလင်းတ ကြီး တကောင် ရှိ ၏။ စပျစ် ပင်သည်မိမိ စိုက် ရာ ချောင်းမြောင်း နား မှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေ ကိုရအံ့သောငှါ သူ ရှိရာသို့ အမြစ် သွယ်ဝိုက် ၍ အကိုင်း လည်း ထိုး လေ၏။ 8 အခက် အလက်နှင့် ပြည့်စုံ ၍ အသီး ကိုသီး သဖြင့် ၊ သန်မြန် သော စပျစ် နွယ်ပင်ဖြစ် စေခြင်းငှါ ရေ များ ရာအရပ် ၊ မြေကောင်း သောလယ်ကွက် ၌ ထို အပင်ကို စိုက် လေပြီ။ 9 သို့ဖြစ်၍၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်း စေခြင်းငှါအမြစ် ကို နှုတ် ၍ အသီး ကိုဆွတ် ရမည် မ ဟုတ်လော ။ ပေါက် လေ သမျှသော အရွက် တို့သည် ညှိုးနွမ်း ရကြလိမ့်မည်။ အမြစ် နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှါကြီး သော တန်ခိုး ၊ များပြား သော အလုံး အရင်းကို အလိုမ ရှိ။ 10 စိုက် လျက်ရှိ၍ ကောင်းစား ရမည်လော ။ အရှေ့ လေတိုက် သောအခါ အကုန်အစင် ညှိုးနွမ်းရမည် မ ဟုတ်လော ။ ကြီးပွါး သော လယ်ကွက် ၌ ညှိုးနွမ်း ရ လိမ့်မည်ဟု မိန့်တော်မူ၏။ 11 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 12 ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။ 13 ဆွေ တော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ် ဖွဲ့ လျက် သစ္စာ တိုက် လေပြီ။ 14 ထိုနိုင်ငံ သည် ယုတ်ညံ့ ၍ နောက်တဖန်မ ထ မကြွ ဘဲ၊ သစ္စာ တော်ကို စောင့် သောအားဖြင့် သာ တည် စေခြင်းငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွား ပြီ။ 15 သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။ 16 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အကယ် စင်စစ်ရှင် ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင် ၏သစ္စာ ကို မ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် သောကြောင့် ၊ ထိုရှင် ဘုရင်နေရာ ဗာဗုလုန် မြို့အလယ် ၌ သေ ရလိမ့်မည်။ 17 ဖာရော ဘုရင်သည်လည်း လူ များ တို့ကို သတ် ခြင်းငှါ ၊ အားကြီး သော ဗိုလ် ပါအလုံးအရင်းများနှင့်အတူ မြေရိုး တို့ကိုဖို့ ၍ ရဲတိုက် တို့ကို ဆောက် သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ။ 18 အကြောင်း မူကား၊ ယေရုရှလင် မင်းသည် လက် ချင်းရိုက် ပြီးမှ၊ သစ္စာ တော်ကိုမ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် လျက် ၊ ဤ အမှုအလုံးစုံ တို့ကို ပြု သောကြောင့် ဘေးမှမ လွတ် ရ။ 19 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ အသက် ရှင်သည်အတိုင်း အကယ်စင်စစ်ငါ ၏သစ္စာ ကို မ ရိုမသေပြု၍ ငါ ၏ပဋိညာဉ် ကို ဖျက် သော အပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ 20 ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။ 21 သူ့ ထံမှပြေး သော သူများနှင့် သူရဲ များအပေါင်း တို့သည် ထား ဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ ကျန်ကြွင်း သောသူတို့ သည် အရပ်ရပ် သို့ ကွဲပြား ကြလိမ့်မည်။ ငါ ထာဝရ ဘုရား မိန့် တော်မူသည် ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 22 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။ 23 အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။ 24 ငါ ထာဝရဘုရား သည်မြင့် သော အပင် ကိုနှိမ့် ၍ ၊ နိမ့် သောအပင် ကိုချီးမြှောက် ကြောင်း၊ စိမ်းလန်း သော အပင် ကို သွေ့ခြောက် စေ၍ ၊ သွေ့ ခြောက်သောအပင် ကို စိမ်းလန်း စေကြောင်းများကို၊ တော သစ်ပင် ရှိသမျှ တို့သည် သိရ ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် စကား တော် ရှိသည်အတိုင်း ပြု မည်ဟုမိန့်တော်မူ၏။
181 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။ 3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း နောက် တဖန်ဣသရေလ ပြည် ၌ ထို စကားပုံ ကိုသုံး ရသောအကြောင်းမ ရှိ ရ။ 4 ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။ 5 လူ မည်သည်ကား ၊ သဘော ဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင် ၎င်း ၊ 6 တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကို မ ပြစ်မှား ၊ ဥတု ရောက်သော မိန်းမ ကို မ ချဉ်းကပ် ၊ 7 အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊ 8 အတိုး စား၍ ငွေကိုမ ချေး ၊ အဓမ္မ အမှုကို လက် မ ခံ၊ သူတပါးအမှုကို တရား သဖြင့် စီရင် ခြင်း၊ 9 ငါ စီရင် ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာစောင့် ခြင်းကိုပြု လျှင်၎င်း ၊ ထိုသူ သည် ဖြောင့်မတ် သောသူဖြစ် ၏။ အကယ်စင်စစ်အသက်ရှင် ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 10 သို့ရာတွင်၊ ထိုသူ၏သား သည် ထားပြ တိုက် သောသူ၊ လူအသက် ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခု ကို ပြု သောသူ၊ 11 အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမ ပြု ၊ တောင် ပေါ်မှာ စား ခြင်း၊ သူ့ မယား ကိုပြစ်မှား ခြင်း၊ 12 ဆင်းရဲ ငတ်မွတ် သောသူကို ညှဉ်းဆဲ ခြင်း၊ သူ့ဥစ္စာ ကို အနိုင်အထက် လုယူခြင်း၊ ပေါင် ထားသော ဥစ္စာကို ပြန် ၍မ ပေးဘဲနေခြင်း၊ ရုပ်တု ကို ဖူးမျှော် ခြင်း၊ ရွံ့ရှာဘွယ် သော အမှုကိုပြု ခြင်း၊ 13 အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။ 14 သို့ရာတွင် ၊ ထိုသူ၏သား သည် အဘ ပြုသမျှ သော ဒုစရိုက် တို့ကို မြင် ၍ဆင်ခြင်သဖြင့် ၊ ထိုသို့ သော အမှုတို့ကိုမ ပြု ၊ 15 တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကိုမ ပြစ်မှား ၊ 16 အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ပေါင် ထားသော ဥစ္စာကိုမ သိမ်း ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ခြင်း၊ အဝတ် မရှိသော သူကိုအဝတ် နှင့်ဖုံးလွှမ်း ခြင်း၊ 17 ဆင်းရဲ သော သူကိုချမ်းသာ ပေးခြင်း၊ အတိုး မ စား ဘဲငွေချေးခြင်းကို ပြု၍ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ သည်အဘ ၏ အပြစ် ကြောင့် အသေ ခံရမည်မ ဟုတ်။ စင်စစ်အသက်ရှင် ရလိမ့်မည်။ 18 အဘ မူကား၊ မိမိညီအစ်ကို ကိုအထပ်ထပ်ညှဉ်းဆဲ လျက်၊ သူ့ဥစ္စာကို အနိုင်အထက် လုယူလျက် ၊ မိမိ အမျိုးသား ချင်းတို့တွင် မကောင်း သော အမှုကိုပြု သောအပြစ်ကြောင့် ၊ အသေ သတ်ခြင်းကိုခံရမည်။ 19 သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။ 20 ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။ 21 သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။ 22 ပြု မိသမျှ သော ဒုစရိုက် အပြစ်တို့ကို သူ တဘက် ၌ မ မှတ် ရ။ ပြု မိသောဖြောင့်မတ် ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။ 23 မတရား သောသူသည်မိမိ အကျင့် တို့ကိုရှောင် ၍ အသက် မ ရှင်၊ အသေခံ ခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ ခြင်းရှိသလော။ 24 သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။ 25 သို့သော်လည်း သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။ 26 တရား သောသူသည်တရား သောအမှုကိုပယ် ၍ အဓမ္မ အမှုကို ပြု လျှင် ၊ ထိုအမှု ကြောင့် သေ ရမည်။ ပြု မိသော အဓမ္မ အမှုကြောင့် အသေ သတ်ခြင်းကိုခံရမည်။ 27 ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။ 28 ပြု မိသမျှ သော အဓမ္မ အမှုတို့ကို ဆင်ခြင် ၍ ရှောင် သောကြောင့် ၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။ 29 သို့သော်လည်း ဣသရေလ အမျိုး က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။ 30 သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။ 31 သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။ 32 အသေ ခံရသောသူ ၏ အသေခံ ခြင်းအမှု၌ ငါသည် ပျော်မွေ့ ခြင်းမ ရှိ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင် ကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
191 ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊ 2 သင် ၏အမိ ကားအဘယ်သူ နည်း။ ခြင်္သေ့မ ဖြစ် ၏။ ခြင်္သေ့ တို့တွင် အိပ် လျက်နေ၍၊ ခြင်္သေ့ ပျိုတို့တွင် မိမိ သား တို့ကို ကျွေးမွေး ၏။ 3 ကျွေးမွေး သောသား တကောင် သည် ခြင်္သေ့ ပျို ဖြစ် ၍၊ တော တိရစ္ဆာန်တို့ကိုဘမ်းဆီး ခြင်းငှါ ၊ သင်၏ လူ တို့ကိုလည်း ကိုက်စား တတ်၏။ 4 လူမျိုး တို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်း ပြီးလျှင် ၊ သံကြိုး နှင့် ချည်နှောင်၍ အဲဂုတ္တု ပြည် သို့ ယူ သွားကြ၏။ 5 သားဆုံးရှုံး ကြောင်း ကို အမိသည် မြင် ၍ စိတ်ပျက် သောအခါ၊ သား တကောင် ကို ယူ ပြန်၍ ခြင်္သေ့ ပျို ဖြစ်စေခြင်းငှါပြု သဖြင့်၊ 6 သူသည်လည်း ၊ ခြင်္သေ့ တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ ပျိုဖြစ် လျက်၊ တော တိရစ္ဆာန်တို့ကို ဘမ်းဆီး ခြင်းငှါ ၊ သင်၏လူ တို့ကိုလည်း ကိုက်စား ၏။ 7 သူ တို့ မုဆိုး များကိုသိ ၍ ၊ သူ တို့မြို့ များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက် သောအသံ ကြောင့် ပြည် နှင့် ပြည် ၌ ရှိသမျှ တို့သည် ဆိတ်ညံ လျက်ရှိကြ၏။ 8 ထိုအခါ လူမျိုး တို့သည် ကျေးလက် အရပ်ရပ် တို့ က တိုက် လာ၍ ပိုက်ကွန် နှင့်ဝိုင်း ပြီးလျှင် ၊ မြေတွင်း ၌ ဘမ်း ကြ၏။ 9 သံကြိုး နှင့် ချည်နှောင်လျက်ဗာဗုလုန် ရှင်ဘုရင် ထံသို့ ဆောင်သွား ၍၊ သူ ၏အသံ သည် ဣသရေလ တောင် ပေါ်မှာ နောက်တဖန် မ မြည် စေခြင်းငှါ နှောင်အိမ် ၌ လှောင် ထားကြ၏။ 10 သင် ၏အမိ သည် သင်နှင့်တူလျက်၊ ရေ နား မှာ စိုက်သော စပျစ် နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေ များ သောကြောင့် အခက်အလက် နှင့် ပြည့်စုံ၍၊ များစွာ သောအသီး ကို သီး တတ်၏။ 11 မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။ 12 သို့ရာတွင် ၊ ဒေါသ အရှိန်အားဖြင့် နှုတ် ၍ မြေ ပေါ်မှာ လှဲချ လေပြီ။ အရှေ့ လေ သည် တိုက်၍အသီး ကို ပိတ်ခြောက် စေ၏။ ခိုင်ခံ့ သောတံဖျာ တို့သည် ကျိုး ၍ သွေ့ခြောက် သဖြင့်၊ မီး လောင် ခြင်းကိုခံရကြပြီ။ 13 ယခု မူကား ရေမရှိ၊ သွေ့ခြောက် သောလွင်ပြင် အရပ်၌ စိုက် လျက်ရှိ၏။ 14 အခက်အလက် တံဖျာတခု ထဲက မီး ထွက် ၍ အသီး ကို ကျွမ်းလောင် ပြီ။ အစိုးရ သောရာဇလှံတံ ဘို့ ခိုင်ခံ့ သောတံဖျာ တစုံတခု မျှမကျန်ကြွင်း ။ ဤရွေ့ကား ၊ ငိုကြွေး မြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေး မြည်တမ်းစရာ အကြောင်း လည်း ဖြစ် လိမ့်မည်။
201 သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။ 2 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊ 3 အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အသက်ကြီး သူတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ငါ့ ထံ၌မေးလျှောက် ခြင်းငှါ လာ ကြသလော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။ 4 အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊ 5 အရှင် ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး ငါ ရွေးကောက် ၍၊ အဲဂုတ္တု ပြည် ၌ သူ တို့အား ထင်ရှား လျက်၊ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု၊ ယာကုပ် အမျိုးသား တို့ အား ကျိန်ဆို သည်ကာလ၊ 6 သူ တို့ကို အဲဂုတ္တု ပြည် မှ ငါနှုတ် ပြီးလျှင်၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍၊ နို့ နှင့် ပျားရည် စီး သောပြည်၊ သူ တို့အဘို့ ငါကြည့်ရှု သော ပြည် သို့ ဆောင်သွားခြင်းငှါကျိန်ဆို သောအခါ၊ 7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို စွန့်ပစ် ကြလော့။ အဲဂုတ္တု ရုပ်တု တို့နှင့် ကိုယ်ကိုကိုယ်မ ညစ်ညူး စေကြနှင့်။ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏ဟု ငါဆို သော်လည်း၊ 8 သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။ 9 သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။ 10 အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ တော သို့ ရောက် သောအခါ ၊ 11 ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။ 12 ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။ 13 သို့ရာတွင် ၊ ဣသရေလ အမျိုး သည် တော ၌ ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို အလွန် ရှုတ်ချ ကြ၏။ ထိုအခါ သူ တို့ဖျက်ဆီး ခြင်းငှါ ၊ တော ၌ သူ တို့ အပေါ်သို့ ငါ့ အမျက် အရှိန်ကို သွန်းလောင်း မည်ဟု အကြံ ရှိ၏။ 14 သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။ 15 တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။ 16 အကြောင်းမူကား ၊ သူတို့သည် ရုပ်တု များကို ငဲ့ကွက် သောကြောင့် ၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ 17 သို့သော်လည်း ၊ ငါသည်သူ တို့ကို နှမြော သောကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံး စေခြင်းငှါမ ပြု ။ 18 သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။ 19 ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံ ကြလော့။ 20 ငါ ၏ဥပုသ် နေ့တို့ကိုလည်း သန့်ရှင်း စေကြလော့။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည် ဟု၊ သင်တို့သည်သိ မည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါ နှင့် သင် တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေ ကြလော့ဟု ငါဆို ၏။ 21 သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။ 22 သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမ အသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည်နာမ တော်အတွက် ပြု ၍ သည်းခံ လျက်နေ၏။ 23 တဖန် ငါ သည် သူ တို့ကို အတိုင်းတိုင်း အပြည်ပြည်အရပ်ရပ် တို့သို့ ကွဲပြား စေခြင်းငှါ တော ၌ ကျိန်ဆို ၏။ 24 အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေး တို့ ကိုးကွယ်သော ရုပ်တု များကို ငဲ့ကွက်သောကြောင့်၊ ငါ ၏ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ 25 ထိုကြောင့် ၊ မကောင်း သောစီရင် ချက်၊ အသက် မ ရှင်ရသောထုံးဖွဲ့ ချက်တို့ကို ငါ ပေး ၏။ 26 ငါ သည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိ မည်အကြောင်း၊ သူ တို့ကိုဖျက်ဆီး ခြင်းငှါ ၊ သူတို့သည် သားဦး အပေါင်း တို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူ တို့ပူဇော်သက္ကာ များအားဖြင့် ငါညစ်ညူး စေ၏။ 27 သို့ဖြစ်၍ ၊ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ကိုအထပ်ထပ်ပြစ်မှား ၍ ရှုတ်ချ ကြသည်တကား။ 28 သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။ 29 ငါကလည်း၊ သင် တို့သွား တတ်သော မြင့်ရာ အရပ် ကား၊ အဘယ်သို့ နည်းဟုမေး သော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာ အမည် ဖြင့် သမုတ် ကြ၏။ 30 သို့ဖြစ်၍ ၊ သင်သည် အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင် တို့သည် ဘိုးဘေး တို့ ထုံးစံ အတိုင်း ညစ်ညူး လျက်၊ သူ တို့ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြု၍ မှားယွင်း လျက်၊ 31 ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။ 32 ငါတို့သည် တပါးအမျိုးသား ကဲ့သို့ ၎င်း ၊ သစ်သား ဘုရား၊ ကျောက် ဘုရားကိုဝတ်ပြု သောပြည်သူ ပြည်သားများကဲ့သို့ ၎င်း ဖြစ် မည်ဟု၊ သင် တို့ကြံစည် သည်အတိုင်း အကြံ မ မြောက်ရ။ 33 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း အကယ်စင်စစ် အားကြီး သော လက် ၊ ဆန့် သောလက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန် အားဖြင့် သင် တို့ကို ငါအုပ်စိုး မည်။ 34 သင်တို့ကွဲပြား လျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့အားကြီး သောလက် ၊ ဆန့် သော လက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေး စေမည်။ 35 လူ အမျိုးမျိုးနှင့်ဆိုင်သောတော သို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ် တရား တွေ့မည်။ 36 အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။ 37 နှင်တံ အောက်မှာ ရှောက်သွား စေ၍ ၊ ပဋိညာဉ် အချည်အနှောင် ကိုခံ စေမည်။ 38 ငါ့ ကို ပုန်ကန် ၍ ပြစ်မှား သောသူတို့ကို သင် တို့ထဲက နှုတ်ပယ် မည်။ သူ တို့သည် တည်း နေသောပြည် မှ ထွက်သွား ရသော်လည်း ၊ ဣသရေလ ပြည် သို့ မ ဝင် ကြရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြ လိမ့်မည်။ 39 အိုဣသရေလ အမျိုးသား တို့၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သွား ကြလော့။ အသီးအသီး မိမိ တို့ ရုပ်တု များကို ဝတ်ပြု ကြလော့။ သို့ရာတွင် ၊ အကယ်စင်စစ် နောက်တဖန် ငါ့ စကားကို နား မ ထောင် သော်လည်း၊ ငါ ၏သန့်ရှင်း သောနာမ တော်ကို သင် တို့ပူဇော်သက္ကာ များနှင့် ရုပ်တု များအားဖြင့် မ ရှုတ်ချ ဘဲနေရကြလိမ့်မည်။ 40 အကြောင်းမူကား ၊ ငါ ၏သန့်ရှင်း သောတောင် ၊ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ အား ဝတ်ပြု ရကြလိမ့်မည်။ ငါသည်လည်း လက်ခံ ၍၊ ထို အရပ် ၌ သင် တို့ပြုသောပူဇော်သက္ကာ များ၊ အဦး သီးသော အသီးတွင်ရွေး၍ဆက်ရသောအသီးအနှံ များနှင့်တကွ ၊ သင် တို့သန့်ရှင်း သောအရာရှိသမျှ တို့ကို ငါတောင်း မည်။ 41 သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။ 42 သင် တို့၏ ဘိုးဘေး တို့အား ပေး ခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလ ပြည် သို့ သင် တို့ကို ဆောင် သွင်းသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ 43 သင်တို့ညစ်ညူး သော ကျင့်ကြံ ပြုမူရာအမှု ရှိသမျှ တို့ကို ထို ပြည်၌ အောက်မေ့ ၍ ၊ ပြု မိသမျှ သော ဒုစရိုက် တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။ 44 အိုဣသရေလ အမျိုးသား တို့၊ သင် တို့၏ဒုစရိုက် များ၊ သင် တို့ဆိုးညစ် သောအကျင့် များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ် နာမ တော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ကြ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 45 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 46 အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။ 47 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။ 48 ထိုမီးကို ငါ ထာဝရဘုရား ညှိ ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့သည် သိ ရကြလိမ့်မည်။ ထိုမီးသည် မ ငြိမ်း ရဟု မိန့် တော်မူ၏။ 49 ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သူ တို့က၊ ဤသူ သည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မ ဟုတ်လောဟု၊ အကျွန်ုပ် ကို ရည်မှတ်၍ဆို တတ်ကြပါ သည်ဟု လျှောက် လေ၏။
211 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ ယေရုရှလင် မြို့ကို မျက်နှာ ပြု လျက်၊ သန့်ရှင်း သော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလ ပြည် တဘက် ၌ ဟောပြော လော့။ 3 အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ ပြည် အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင့် ကို ရန်ဘက်ပြု လျက်၊ ငါ့ ထား ကိုထားအိမ် မှ ထုတ် ၍ ၊ သင်၌ တရား သောသူ၊ မတရား သောသူတို့ကို ပယ်ဖြတ် မည်။ 4 ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။ 5 ငါ ထာဝရဘုရား သည် ငါ့ ထား ကို သူ့ အိမ် မှ ထုတ် ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့ သိ ရကြလိမ့်မည်။ ထိုထားသည် နောက် တဖန်အိမ်သို့ မ ပြန် ရ။ 6 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ညည်းတွား သံကို ပြုလော့။ ခါး ကျိုး လျက်၊ နှလုံး ကြေကွဲလျက်၊ သူ တို့ရှေ့မှာ ညည်းတွား သံကို ပြုလော့။ 7 သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။ 8 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 9 အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထား တော်ကို ထက် စွာ သွေးလေပြီ။ ပြောင်လက် စွာ ပွတ်လေပြီ။ 10 ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။ 11 သုံး စရာဘို့ ပွတ် စေခြင်းငှါ အပ် ထားပြီ။ လုပ်ကြံ သောသူ၌ အပ် ခြင်းငှါ ထက် စွာလည်း သွေးလေပြီ။ ပြောင်လက် စွာပွတ်လေပြီ။ 12 အချင်းလူသား ၊ ငိုကြွေး အော်ဟစ် လော့။ အကြောင်းမူကား ၊ ငါ ၏ လူ တို့၌ရောက် လိမ့်မည်။ ဣသရေလ မင်းသား အပေါင်း တို့၌ လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွငါ ၏လူ တို့ကို ထား ၌ အပ် လေ၏။ ထိုကြောင့် ၊ သင်၏ပေါင် ကို ရိုက် လော့။ 13 စုံစမ်း ခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေ ပြုလျှင် အဘယ်သို့ နည်း။ လှံတံဆုံး လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 14 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။ 15 သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး ကိုမြို့ တံခါး ရှိသမျှ တို့၌ ငါရောက် စေပြီ။ ထားပြောင် လျက်ရှိ၏။ လုပ်ကြံ စရာဘို့ ပွတ် ထားလျက် ရှိ၏။ 16 စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။ 17 ငါ သည်လည်း လက် ချင်းရိုက် ၍ ၊ ငါ ဒေါသ အရှိန် ကို ငြိမ်း စေမည်။ ထိုသို့ငါ ထာဝရဘုရား မိန့် တော်မူပြီ။ 18 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 19 အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သွားရာလမ်း နှစ် လမ်းကို မှတ်သား လော့။ လမ်းနှစ် လမ်း တို့သည် ပြည် တ ပြည်ထဲက ထွက် ရမည်။ မြို့ သို့သွားသော လမ်း ခွ ၌ အရပ်တခုကို ရွေး လော့။ 20 အမ္မုန် ပြည်၌ ရဗ္ဗတ် မြို့သို့၎င်း ၊ ယုဒ ပြည်၌ ခိုင်ခံ့ သော ယေရုရှလင် မြို့သို့၎င်း ၊ ထား ရောက် ရာလမ်း ကို မှတ်သား လော့။ 21 ဗာဗုလုန် ရှင်ဘုရင် သည် ဗေဒင် တွက်ခြင်းငှါ လမ်း နှစ် လမ်းဆုံ မိရာလမ်း ခွ ၌ ရပ် ၏။ မြှား တို့ကို ရောနှော ၏။ တေရပ်ရုပ်တု တို့ကို မေးမြန်း ၏။ အသည်း ကို ကြည့်ရှု ၏။ 22 ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား စေခြင်းငှါ ၎င်း ၊ လုပ်ကြံ ခြင်းအမှုကို မှာထား စေခြင်းငှါ ၎င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎င်း ၊ မြို့တံခါး တဘက် တချက် ဝက်ခွတိုင် ၌ တုံးတို့ကိုဆွဲ ထားစေခြင်းငှါ ၎င်း၊ မြေရိုး ကိုဖို့ စေခြင်းငှါ ၎င်း ၊ ရဲတိုက် ကို ဆောက် စေခြင်းငှါ ၎င်း ၊ လက်ျာ ဘက်၌ ယေရုရှလင် မြို့အဘို့ ဗေဒင် တွက်၍ နေရာ ကျ၏။ 23 သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။ 24 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။ 25 အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။ 26 ဦးရစ် တော်ကိုပယ် ၍ ရာဇသရဖူ ကို ချွတ် လော့။ နောက်တဖန် မ ရှိရ။ နိမ့် သောသူကိုချီးမြှောက် ရမည်။ မြင့် သောသူကို နှိမ့်ချ ရမည်။ 27 နိုင်ငံကို ဆုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မ ရောက် မှီတိုင်အောင်၎င်း ငါမှောက်လှန် မည်။ မှောက်လှန် မည်။ မှောက်လှန် မည်။ အစိုးပိုင်သောသူ ၌ ငါအပ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 28 အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် အမ္မုန် အမျိုးသား တို့ကို၎င်း၊ 29 သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။ 30 သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။ 31 သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။ 32 သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။
221 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ လူအသက် ကိုသတ် တတ်သော မြို့ ကို သင်သည် စစ်ကြော လော့။ စစ်ကြော လော့။ သူ ၌ ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြ လော့။ 3 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိ အချိန် ရောက် စေခြင်းငှါ ၊ မိမိ အလယ် ၌ လူအသက် ကိုသတ်၍ ၊ မိမိကိုညစ်ညူး စေဘို့ မိမိတဘက်၌ ရုပ်တု တို့ကိုလုပ် တတ်သောမြို့၊ 4 သင်သည် လူအသက် ကိုသတ် သောအားဖြင့် အပြစ် ရောက်၏။ လုပ် သောရုပ်တု အားဖြင့် ညစ်ညူး ခြင်း ရှိ၏။ သင် ၏နေ့ရက် ကာလအချိန် ကို ကိုယ်တိုင်ရောက် စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်း အပြည်ပြည် တို့တွင် ကဲ့ရဲ့ ရာ၊ ပျက်ချော် ရာဖြစ် စေမည်။ 5 အိုအသရေ ပျက်၍ နှောင့်ရှက် ခြင်းကို ခံရသောသင် ကို ၊ အဝေး အနီး ၌နေသောသူတို့ သည် ပျက်ချော် ကြလိမ့်မည်။ 6 ဣသရေလ မင်းသား တို့သည် အသီးအသီး အခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့် အလယ် ၌ လူအသက် ကိုသတ် တတ်ကြ၏။ 7 သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။ 8 သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြု ပြီ။ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ပြီ။ 9 သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။ 10 သင့် အလယ် ၌ အဘ ၏မယားကို ပြစ်မှား ကြ၏။ ဥတု ရောက်သော မိန်းမနှင့်မှားယွင်း ကြ၏။ 11 သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်း မယား ကို ပြစ်မှား ကြ၏။ အချို့တို့သည် မိမိ ချွေးမ နှင့် ဆိုးညစ် သောအဓမ္မ အမှုကို ပြုကြ၏။ အချို့တို့သည် မိမိ နှမ ၊ မိမိ အဘ ၏သမီး ကို ရှုတ်ချ ကြ၏။ 12 သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။ 13 သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။ 14 သင့် ကိုငါ စီရင် သောအခါ ၊ သင် ၏နှလုံး သည် ခိုင်ခံ့ နိုင်သလော။ သင် ၏လက် သည်လည်း အားကြီး နိုင် သလော။ ငါ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း ပြု မည်။ 15 သင့် ကိုလည်း အတိုင်းတိုင်း အပြည်ပြည်တို့တွင်၊ အရပ်ရပ် သို့ ကွဲပြား စေမည်။ သင် ၏အညစ်အကြေး ကိုလည်း ပယ်ရှင်း မည်။ 16 လူ အမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင်အသရေ ရှုတ်ချခြင်းကို ခံရ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကိုသိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 17 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 18 အချင်းလူသား ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့မှာ ချော် ဖြစ် လေပြီ။ ထိုသူအပေါင်းတို့သည် မိုက် ထဲ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ ကဲ့သို့ငွေ နှင့် ကွာသော ချော် ဖြစ် ကြ၏။ 19 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့အပေါင်း သည် ချော် ဖြစ် သောကြောင့် ၊ ယေရုရှလင် မြို့ထဲ၌ ငါ စုဝေး စေမည်။ 20 ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ တို့ကို မီး မှုတ် ၍ အရည်ကျို ခြင်းငှါမိုက် ထဲ၌ စုထား သကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက် ထွက်လျက်၊ သင် တို့ကို ထိုမြို့ထဲ၌စုထား ၍အရည်ကျို မည်။ 21 အကယ်စင်စစ်စုထား ပြီးမှ ငါ့ အမျက် မီး ကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျို ခြင်းကိုခံရကြ လိမ့်မည်။ 22 ငွေ ကိုမိုက် ထဲ၌ အရည်ကျို သကဲ့သို့ ၊ သင်တို့သည် မြို့ ထဲမှာ အရည်ကျို ခြင်းကိုခံရသဖြင့် ၊ ငါ ထာဝရဘုရား သည် သင် တို့အပေါ်သို့ ၊ ငါ ၏ဒေါသ အရှိန်ကို သွန်းလောင်း သည်ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 23 တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 24 အချင်းလူသား ၊ သင်ဆင့်ဆို ရမည်မှာ၊ အမျက် ထွက် သောနေ့ ၌ မိုဃ်း မ ရွာ၊ သင်သည် မိုဃ်း ရေကို မ ခံရသောပြည် ဖြစ်၏။ 25 ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။ 26 ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။ 27 မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။ 28 ပရောဖက် တို့ကလည်း ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု ထာဝရဘုရား မိန့် တော်မ မူဘဲ၊ အချည်းနှီး သောအရာကို မြင် ၍၊ မုသား စကားကို ဟောပြော လျက်၊ သူ တို့ကို အင်္ဂတေ နှင့်မွမ်းမံ ကြ၏။ 29 ပြည်သူ ပြည်သားတို့သည်လည်း ညှဉ်းဆဲ ခြင်း၊ ထားပြ တိုက်ခြင်း၊ ဆင်းရဲ ငတ်မွတ် သောသူတို့ကို နှိပ်စက် ခြင်း၊ တပါး အမျိုးသားတို့အား မတရား သဖြင့် ညှဉ်းဆဲ ခြင်း ကို ပြုကြ၏။ 30 ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။ 31 ထိုကြောင့် ၊ ငါ့ အမျက် ကို ငါသွန်းလောင်း လျက်၊ ငါ့ ဒေါသ မီး ဖြင့် သူ တို့ကိုရှို့ ၍၊ သူတို့အပြစ်ကို သူ တို့ ခေါင်း ပေါ်သို့ ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
231 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ အမိ မ ကွဲပြားသော ညီအစ်မ နှစ် ယောက်ရှိ ၏။ 3 သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။ 4 အစ်မ ကား အဟောလ ၊ ညီမ ကား အဟောလိဗ အမည် ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ခင်ပွန်းဖြစ် ၍သား သမီး တို့ကို ဘွားမြင် ကြ၏။ အဟောလ အမည်သည် ရှမာရိ ဟူ၍၎င်း ၊ အဟောလိဗ အမည်သည် ယေရုရှလင် ဟူ၍၎င်း ဆိုလိုသတည်း။ 5 အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။ 6 မိမိ ရည်းစား တည်းဟူသော၊ ပြာ သောအဝတ် ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိ အမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ်သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။ 7 ထိုအာရှုရိ လူကောင်း လူမြတ်အပေါင်း တို့နှင့် မတရား သောမေထုန်ကိုပြု၏။ တပ်မက် သော သူအပေါင်း တို့၏ ရုပ်တု များနှင့် ကိုယ်ကိုညစ်ညူး စေ၏။ 8 အသက် ငယ်စဉ်အခါ အဲဂုတ္တု ပြည်၌ သူနှင့် သင့်နေ ၍၊ အပျိုမ အသရေ ကို ရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန် ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မ စွန့်ပစ် ၊ မှီဝဲလျက်နေ၏။ 9 ထိုကြောင့် ၊ သူတပ်မက် သော ရည်းစား၊ အာရှုရိ လူ တို့၌ သူ့ ကိုငါ အပ် ၍၊ 10 သူတို့သည် အဝတ်ကို ချွတ် ကြ၏။ သူ ၏ သား သမီး တို့ကို သိမ်း သွား၍ ၊ သူ့ ကိုထား နှင့် ကွပ်မျက် ကြ ၏။ ထိုသို့အပြစ် စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စော သောမိန်းမဖြစ် လေ၏။ 11 ထိုအမှုကို ညီမ အဟောလိဗ သည် မြင် သောအခါ ၊ အစ်မ ထက် သာ၍တပ်မက် သောစိတ် ရှိသည်နှင့်၊ အစ်မ ထက် သာ၍မတရား သောမေထုန်ကို ပြု၏။ 12 တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။ 13 ထိုအခါ သူသည် ညစ်ညူး ကြောင်းနှင့်၊ အစ်မလိုက် သောလမ်း သို့ လိုက်ကြောင်း ကို ငါသိမြင် ၏။ 14 အထူးသဖြင့်မတရား သောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်း ကိုစည်း လျက်၊ ထူးဆန်းသော ပုဆိုးခေါင်းပေါင်း ကို ပေါင်းလျက်၊ မွေးဘွား ရာဌာန ခါလဒဲ ပြည် ဗာဗုလုန် မြို့သား ကဲ့သို့၊ မင်း ၏အသွင် ကိုဆောင်လျက်၊ 15 အုတ် ထရံ၌ ဟင်းသပြတား နှင့်ရေး သော ခါလဒဲ လူ၏ ရုပ်ပုံ တို့ကို မြင် သောအခါ ၊ 16 တပ်မက် သောစိတ်ရှိ၍ ၊ ခါလဒဲ ပြည်သို့ တမန် ကို စေလွှတ် လေ၏။ 17 ဗာဗုလုန် မြို့သား တို့သည် သူနှင့်သံဝါသပြု ရာခုတင်သို့ လာ ၍ ၊ မတရား သောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူး စေကြ၏။ သူသည်လည်း ထိုသူ တို့ကို ရွံရှာ သည် တိုင်အောင်ညစ်ညူး ခြင်းကိုခံလေ၏။ 18 ထိုသို့ မတရား သောမေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား ဘော်ပြ သောကြောင့် ၊ ငါသည် သူ့ အစ်မ ကိုရွံရှာ သကဲ့သို့ ၊ သူ့ ကိုလည်းရွံရှာ ၏။ 19 အသက်ငယ် စဉ်အခါအဲဂုတ္တု ပြည် ၌ မှားယွင်း သောကာလ ကို အောက်မေ့ သဖြင့်၊ မှားယွင်း ခြင်းကို အထပ်ထပ် ပြု၏။ 20 မြည်း အင်္ဂါ နှင့်တူသော အင်္ဂါ ၊ မြင်း သုတ်ရည် နှင့် တူသောသုတ်ရည် ရှိသောထိုရည်းစား တို့ကိုပင် တပ်မက် လေသည်တကား။ 21 သို့ဖြစ်၍ ၊ အိုအဟောလိဗ၊ အဲဂုတ္တု လူတို့သည် သင့် အသရေ ကို ရှုတ်ချ ၍၊ အပျိုမ သားမြတ် တို့ကို ပွတ်နယ်ကြသဖြင့်၊ သင် အသက်ငယ် စဉ်အခါသင်ပြုသောအဓမ္မ အမှုကို အထပ်ထပ် ပြုသောကြောင့်၊ 22 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။ 23 အာရှုရိ လူ များနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန် လူ ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ် ဘွယ်သော လူပျို ၊ ဗိုလ်မင်း ၊ ဝန်မင်း ၊ မှူးကြီးမတ်ကြီး ၊ မြင်းစီး သူရဲအပေါင်း တို့သည်၊ 24 စစ်တိုက် လက်နက်နှင့် လှည်း ရထားပါလျက်၊ လူ အလုံးအရင်း နှင့်တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို သင့် ပတ်လည် ၌ ခင်းကျင်း ကြလိမ့်မည်။ တရား စီရင် သော အခွင့်ကိုသူ တို့၌ ငါ အပ်ပေး၍၊ သူတို့သည် မိမိ ထုံးစံ အတိုင်း စီရင် ကြလိမ့်မည်။ 25 သူတို့သည် သင့် ကို မ ယုံမည်အကြောင်း၊ ငါပြု ၍သင့် ကို ကြမ်းတမ်း စွာ စီရင် ကြလိမ့်မည်။ သင့် နှာခေါင်း ၊ နားရွက် တို့ကို ဖြတ် ၍ အကျန်အကြွင်း ကိုထား နှင့် စဉ်းကြလိမ့်မည်။ သင် ၏သား သမီး တို့ကို သိမ်း သွား ၍၊ ကျန်ကြွင်း သောသူတို့ ကို မီး ရှို့ ကြ လိမ့်မည်။ 26 သင့် အဝတ် ကိုလည်း ချွတ် ၍ ၊ တင့်တယ် သော တန်ဆာ တို့ကို သိမ်းယူ ကြလိမ့်မည်။ 27 ထိုသို့သင်သည် နောက် တဖန် မျှော် မ ကြည့်၊ အဲဂုတ္တု ပြည်ကို မ အောက်မေ့ စေခြင်းငှါ၊ သင် ပြုသောအဓမ္မ အမှုနှင့် အဲဂုတ္တု ပြည် မှ ပါသောအဓမ္မ မေထုန်ကို ငါငြိမ်း စေမည်။ 28 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင်မုန်း သောသူ၊ သင် ရွံရှာ သောသူတို့ လက် သို့ သင့် ကိုငါ အပ် သဖြင့် ၊ 29 သူတို့သည် မုန်း သည်အတိုင်းပြု လျက်၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသောဥစ္စာတို့ကိုသိမ်းယူ ၍၊ သင့် ကိုယ်၌ အဝတ် မရှိ၊ အချည်းစည်း ရှိ ရစ် စေကြလိမ့်မည်။ သင် မှားယွင်း ၍ အချည်းစည်း ရှိခြင်း၊ အဓမ္မ အမှုကို ပြုခြင်း၊ မတရား သောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။ 30 သင် သည်တပါး အမျိုးသား တို့နှင့် မှားယွင်း ၍၊ သူ တို့ရုပ်တု များနှင့် ညစ်ညူး သောကြောင့် ၊ ထိုသို့ ငါစီရင် မည်။ 31 သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။ 32 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍စောက် သောခွက်ကို သင်သောက် ရမည်။ ထိုခွက်၌ များစွာ ဝင် သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ ခြင်းနှင့် ပျက်ချော် ခြင်းကိုခံရ မည်။ 33 သင့် အစ်မ ရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက် ကို သောက်၍၊ ယစ်မူး ခြင်း၊ ညှိုးငယ် ခြင်းနှင့် ဝ ရလိမ့်မည်။ 34 ထိုခွက် ကို သောက် ၍စုတ် ပြီးမှ ခွက်ခြမ်း ကို ကိုက်ခဲ ၍ ၊ ကိုယ် သားမြတ် တို့ကို ဆွဲဖြတ် ရလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 35 သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 36 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။ 37 အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက် ကိုသတ် သောအပြစ်ရှိကြ၏။ ရုပ်တု တို့နှင့် ပင် မျောက်မထား ကြပြီ။ ငါ့ အဘို့ ဘွားမြင် သောသား တို့ကိုပင် ရုပ်တုစားစရာ ဘို့ မီး ဖြင့်ပူဇော်ကြပြီ။ 38 ထိုမှတပါး ၊ ငါ ၌ ပြု သောအမှုဟူမူကား၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေ၍ ၊ ငါ ၏ဥပုသ် နေ့တို့ကိုရှုတ်ချ ကြပြီ။ 39 ကိုယ် သားသမီး တို့ကိုရုပ်တု ရှေ့တွင် သတ် ပြီးမှ ၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေခြင်းငှါ လာ ကြ၏။ ထိုသို့ ငါ့ အိမ် တော်အလယ် ၌ ပြု ကြပြီတကား။ 40 ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊ 41 အသရေ ရှိသော ခုတင် ပေါ်၌ ထိုင် ၍ ၊ ငါ့ နံ့သာပေါင်း နှင့် ငါ့ ဆီ ကို တင် သောစားပွဲ ကို ခုတင် ရှေ့မှာ ခင်း လေ၏။ 42 ပျော်မွေ့ လျက် နေသောလူ အလုံးအရင်းမြည်သံ ကိုလည်း ကြားရ၏။ အခြားသောသူအများ တို့နှင့်အတူ တော က လာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ် သော သရဖူ ကို ဆောင်းသော သေသောက်ကြူး တို့လည်း ပါကြ၏။ 43 ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမ နှင့်ပင် အကယ်၍မတရား သောမေထုန် ကို ပြုကြလိမ့်မည်လောဟု၊ အို သည်တိုင်အောင်ပြည်တန်ဆာ လုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆို သော်၊ 44 ပြည်တန်ဆာ မိန်းမ ရှိရာသို့ ယောက်ျား ဝင် တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မ မိန်းမ အဟောလ နှင့် အဟောလိဗ ရှိရာသို့ ဝင် ကြ၏။ 45 သို့ဖြစ်၍ ၊ မျောက်မထား သောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသောမိန်းမဖြစ်သောကြောင့် ၊ မျောက်မထား သောမိန်းမ၊ လူ အသက်ကိုသတ်သော မိန်းမကို စီရင် သကဲ့သို့၊ ဖြောင့်မတ် သောသူ တို့သည် စီရင် ကြ လိမ့်မည်။ 46 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူ အလုံးအရင်းကိုငါချီ စေ၍ ၊ လုယက် သိမ်း သွားစေခြင်းငှါ အခွင့်ပေး မည်။ 47 ထိုအလုံးအရင်း သည် မိန်းမ တို့ကိုခဲ နှင့် ပစ်၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ သား သမီး တို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ 48 ထိုသို့အခြားသော မိန်းမ ရှိသမျှ တို့သည် သင် တို့ကဲ့သို့ အဓမ္မ အမှုကိုမ ပြု ဘဲ သတိရ စေခြင်းငှါ၊ သင်တို့အဓမ္မ အမှုကို တပြည်လုံး ၌ ငါပယ်ရှင်း မည်။ 49 လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
241 သက္ကရာဇ် ကိုး ခု၊ ဒသမ လ ဆယ် ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ ဤ မည်သောနေ့၊ ယခု နေ့ရက်ကိုမှတ် လော့။ ယခု နေ့၌ ဗာဗုလုန် ရှင်ဘုရင် သည် ယေရုရှလင် မြို့ကို ဝိုင်း ထားစပြု၏။ 3 ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။ 4 အမဲသားတစ် များ၊ ကောင်း သောအတစ် တို့ကို စုထား ၍၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံး သော အရိုး တို့ကို အိုးကင်း၌အပြည့် ထည့်လော့။ 5 သိုး အကောင်းဆုံး တို့ကို ယူ ပြီးလျှင် ၊ အရိုး အချို့ တို့ကို အိုးကင်း အောက်မှာ ပုံ ၍၊ အိုးကင်း ထဲမှာ အရိုး တို့ကို ကျက် စေခြင်းငှါ ကျပ်ကျပ် ဆူစေလော့။ 6 ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်း သည် အမင်္ဂလာ ရှိ၏။ သားတစ် တို့ကို တခုနောက်တခုထုတ် လော့။ စာရေးတံ မ ပြု နှင့်။ 7 အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။ 8 ငါသည်လည်း အပြစ်ဒဏ် ပေးမည်အကြောင်း ၊ ဒေါသ အမျက်ထွက် စေခြင်းငှါ ၊ ထိုအသွေး ကိုမ ဖုံး ဘဲ ရှင်းလင်း သောကျောက် ပေါ်မှာ တင် ထားပြီ။ 9 ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ သည် အမင်္ဂလာ ရှိ၏။ ကြီးစွာ သော မီးပုံ ကို ငါ စီရင်မည်။ 10 ထင်း များကို ပုံ ထား၍မီး ရှို့ လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ် စေလော့။ အရိုး တို့ကိုလည်း ကျွမ်း စေ။ 11 ထိုနောက် ၊ အဘယ်အရာ မျှမပါဘဲ မီးခဲ ပေါ်မှာ တင် ထားလော့။ ကြေးနီ ပူ ၍ မီး တောက်စေ။ အိုးကင်း ၌ ပါသောအညစ်အကြေး ကို အရည်ကျို ၍ သံချေး ကုန် စေ။ 12 ကြိုးစား၍ ပင်ပန်း သော်လည်း ၊ များစွာ သော သံချေး မ ထွက် တတ်။ မီး အားဖြင့် မကုန်တတ်။ 13 သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။ 14 ငါ ထာဝရဘုရား ပြော ပြီ။ ပြောသည်အတိုင်း ငါပြု ၍ပြည့်စုံစေမည်။ နောက် သို့မ ဆုတ်၊ မ နှမြော ၊ နောင်တ မ ရ၊ သင် ကျင့်ကြံ ပြုမူ သမျှ အတိုင်း ၊ ငါစီရင် မည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 16 အချင်းလူသား ၊ သင် ကြည့်ရှု လိုဘွယ်သော သူကိုငါ သည် ဒဏ်ခတ် ၍ ပယ်ရှား မည်။ သို့ရာတွင် ၊ သင်သည် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုရ။ မျက်ရည် မ ကျ ရ။ 17 တိုးတိုး ညည်းတွား လော့။ သေ သောသူအတွက် မြည်တမ်း ခြင်းကို မ ပြု နှင့်။ ခေါင်းပေါင်း ပေါင်း ၍ ခြေနင်း ကိုစီး လော့။ နှုတ် ကိုမ ဖုံး နှင့်။ ဆင်းရဲ သောသူ၏ အစာ ကို မ စား နှင့်ဟု မိန့် တော်မူ၏။ 18 ထိုသို့ငါသည် နံနက် အချိန်၌ လူ များတို့အား ကြားပြော ၏။ ညဦး အချိန်၌ ငါ့ ခင်ပွန်း သည် သေ ၏။ မှာထား တော်မူသည်အတိုင်း နက်ဖြန်နံနက် မှငါပြု ၏။ 19 လူ များတို့ကလည်း ဤသို့ သင် ပြု သောအမှုသည် ငါ တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ တို့အား မ ပြော သလော ဟုငါ့ အား မေး ကြသော် ၊ 20 ငါက၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 21 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။ 22 ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။ 23 ခေါင်းပေါင်း ပေါင်း၍ ခြေနင်း ကို စီးရကြ လိမ့်မည်။ ငိုကြွေး မြည်တမ်း ခြင်းကိုမ ပြုရကြ။ ကိုယ် အပြစ် ကြောင့် ပိန်ကြုံ ၍ တယောက် ကိုတယောက်ညည်းတွား ရကြလိမ့်မည်။ 24 ထိုသို့ယေဇကျေလ သည် သင် တို့အား ပုပ္ပနိမိတ် ဖြစ် ရ၏။ သူပြု သမျှ အတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း သိ ရကြလိမ့်မည်။ 25 အချင်းလူသား ၊ သင်၏အမှုမူကား၊ သူ တို့ အစွမ်းသတ္တိ ၊ ဝါကြွား စရာဘုန်း ၊ ကြည့်ရှု လိုဘွယ်သော အရာ၊ စိတ် စွဲလမ်း သောအရာကို၎င်း ၊ သား သမီး တို့ကို၎င်းငါ ပယ်ရှား သောအခါ ၊ 26 လွတ် သောသူ တစုံတယောက်သည် သင် ရှိရာသို့ ရောက်လာ ၍ ကြားပြော လိမ့်မည်။ 27 ထိုအခါ လွတ် သောသူနှင့် တွေ့သဖြင့် သင် ၏နှုတ် ပွင့် လိမ့်မည် ။ စကား မပြောဘဲနေချိန်လွန် ၍ ဟောပြော ရလိမ့်မည်။ ထိုသို့သင်သည် သူ တို့အား ပုပ္ပနိမိတ် ဖြစ် ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
251 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် အမ္မုန် အမျိုးသား တို့ တဘက် ၌မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ 3 ဆင့်ဆို ရမည်မှာ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရှုတ်ချ လျက်ရှိသောငါ ၏ သန့်ရှင်း ရာဌာနကို၎င်း ၊ လူဆိတ်ညံ ခြင်းသို့ရောက်သော ဣသရေလ ပြည် ကို၎င်း၊ သိမ်း သွားခြင်းကို ခံရ သော ယုဒ အမျိုး ကို ၎င်း ၊ အေ့ဟေ ဟု သင် ဆို မိသောကြောင့် ၊ 4 သင့် ကိုအရှေ့ ပြည်သားတို့အား ငါ အပိုင် ပေး မည်။ သူတို့သည် သင် ၏အထဲ၌ ဘုံဗိမာန် တို့ကို တည်ဆောက်၍ နေရာကျ ကြလိမ့်မည်။ သင် ၏အသီးအနှံ ကိုစား ၍ သင် ၏နို့ ကို သောက် ကြလိမ့်မည်။ 5 ရဗ္ဗာ မြို့ကို ကုလားအုပ် တင်းကုပ် ၊ အမ္မုန် ပြည်ကို သိုး ကျက်စား ရာ ငါဖြစ် စေမည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ 6 သင်သည် ဣသရေလ ပြည် ကို မနာလို သောစိတ် အားကြီး လျက် လက်ခုပ်တီး ခြင်း၊ ခြေ နှင့်ဆောင့် ခြင်း ကို ဝမ်းမြောက် စွာ ပြုသောကြောင့် ၊ 7 ငါ သည် သင့် ကို တိုက် ၍၊ လူ အမျိုးမျိုးလုယူ ဘို့ရာ အပ် မည်။ လူ နေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့် ကို သုတ်သင် ပယ်ရှင်း မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 8 တဖန်မောဘ ပြည်နှင့် စိရ မြို့က၊ ယုဒ အမျိုး သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူသည်ဟု ဆို သောကြောင့် ၊ 9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မောဘ နံပါး ၊ ပြည်စွန်း နားမှာ နိုင်ငံ ၏ဘုန်း ဖြစ်သော ဗက်ယေရှိမုတ် မြို့၊ ဗာလမောင် မြို့၊ ကိရယသိမ် မြို့တို့ကို ငါ လှန် ထားမည်။ 10 ထိုမြို့တို့ကို အမ္မုန် အမျိုးသား တို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင် ပေး မည်။ အမ္မုန် ပြည်သား တို့ကို တိုင်း နိုင်ငံစုတွင် မ မှတ် ရ။ 11 မောဘ ပြည်ကို လည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12 တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊ 13 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧဒုံ ပြည်ကို ငါတိုက် ၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင် ထား ဖြင့် ဆုံး ရကြလိမ့်မည်။ 14 ငါ ၏လူ ဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါဒဏ် ပေး မည်။ သူတို့သည် ငါ၏အမျက် အရှိန်အားကြီးသည့်အတိုင်း ဧဒုံ ပြည် ကို ပြု ကြလိမ့်မည်။ ငါ ပေးသော အပြစ်ဒဏ် ကို သိ ရ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 တဖန် ဖိလိတ္တိ လူတို့သည် အငြိုးထား ၍ မနာလို သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့် ၊ 16 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖိလိတ္တိ လူတို့ကို ငါ တိုက် ၍ ခေရသိ လူတို့ကို ပယ်ဖြတ် မည်။ ပင်လယ် ကမ်းနား ၌ ကျန်ကြွင်း သောသူတို့ကို ဖျက်ဆီး မည်။ 17 ပြင်းစွာ သော ဆုံးမ ခြင်းနှင့်တကွကြီးစွာသော အပြစ်ဒဏ် ကိုပေး မည်။ ထိုသို့ငါ ၏ချင်ရဲပြေ စေခြင်းငှါဒဏ်ပေးသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
261 သက္ကရာဇ် ဆယ် တ ခု၊ ပဌမ တရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊ 2 အချင်းလူသား ၊ တုရု မြို့က၊ အေ့ဟေ ၊ တိုင်း နိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင် မြို့သည် ပျက်စီး သည် ဖြစ်၍ ၊ ငါ့ လက်သို့ ရောက် လိမ့်မည်။ ထိုမြို့ဆိတ်ညံ သောကြောင့် ငါစည်ပင် လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆို မိသောကြောင့်၊ 3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင့် တဘက် ၌ငါ နေ၏။ သမုဒ္ဒရာ လှိုင်းတံပိုး တက် သကဲ့သို့ ၊ လူ အမျိုးမျိုး တို့သည် သင့် ကို တက်၍ တိုက် စေမည်။ 4 သူတို့သည် တုရု မြို့ရိုး ကိုဖျက် ၍ ပြအိုး တို့ကို ဖြိုချ ကြလိမ့်မည်။ မြေမှုန့် ကို ငါခြစ် ခွာ၍ ရှင်းလင်း သောကျောက် ကဲ့သို့ဖြစ် စေမည်။ 5 ပင်လယ် အလယ် ၌ ပိုက်ကွန် လှန်း ရာအရပ် ဖြစ် လိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။ လူမျိုး လုယူ ရာဖြစ် ရလိမ့်မည်။ 6 လယ်ပြင် ၌ ရှိသောသမီး တို့သည် ထား ဖြင့် သေ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ 7 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘုရင် တို့၏ဘုရင် တည်းဟူသောမြောက် မျက်နှာရှင်ဘုရင် နေဗုခဒ်နေဇာ ကို၊ မြင်း ရထား ၊ မြင်းစီး သူရဲ၊ လူ များအလုံးအရင်း နှင့်တကွ တုရု မြို့သို့ ငါ ဆောင် ခဲ့ မည်။ 8 သူသည်လယ်ပြင် ၌ ရှိသောသင် ၏သားသမီး တို့ကို ထား နှင့် သတ် လိမ့်မည်။ သင့် တဘက်၌ ရဲတိုက် ကိုတည် ၍ မြေရိုး ကိုဖို့ ပြီးလျှင် ၊ ဒိုင်း လွှားတို့ကို ချီ ကာလိမ့်မည်။ 9 သင် ၏မြို့ရိုး တဘက် တချက်၊ ဝက်ခွတိုင် ၌ တုံး တို့ကို ဆွဲ ထား၍ သင် ၏ရဲတိုက် တို့ကို တူးရွင်း နှင့် ဖြိုချ လိမ့်မည်။ 10 မြင်း များ သောကြောင့် မြေမှုန့် သည် သင့် ကို ဖုံးလွှမ်း လိမ့်မည်။ တိုက်ဖျက် သော မြို့ ထဲသို့ဝင် တတ် သကဲ့သို့ သင် ၏မြို့တံခါး သို့ ဝင် သောအခါ ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီး သူရဲတို့ အသံ ကြောင့် သင် ၏မြို့ရိုး လှုပ်ရှား လိမ့်မည်။ 11 မြင်း ခွာ တို့ဖြင့် သင် ၏လမ်း ရှိသမျှ တို့ကို နင်း လျက်၊ သင် ၏လူ တို့ကို ထား နှင့် သတ် ၍ ၊ သင် ခိုလှုံ စရာ ရုပ်တု ဆင်းတုတို့သည် မြေ တိုင်အောင် ပြိုလဲ ကြလိမ့်မည်။ 12 သင် ၏ဥစ္စာ ကို လုယူ ၍ သင် ၏ကုန် များကိုလည်း သိမ်းယူ ကြလိမ့်မည်။ သင် ၏အုတ် ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက် ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေ တို့ကို ရေ ထဲမှာ ချပစ် ကြလိမ့်မည်။ 13 သင် ဆိုသောသီချင်း သံ ကို ငါငြိမ်း စေ၍ ၊ သင် တီး သော စောင်း သံ ကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။ 14 သင်သည် ရှင်းလင်း သောကျောက် ကဲ့သို့ပိုက်ကွန် လှန်း ရာအရပ် ဖြစ် ရလိမ့်မည်။ နောက် တဖန် မ တည် ပြန်ရ။ ငါ ထာဝရဘုရား ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 တုရု မြို့ကို ရည်မှတ်၍ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အလယ် ၌ ကြီးစွာသော လုပ်ကြံ ခြင်း အမှုဖြစ်၍၊ ထိခိုက် သောသူတို့ သည် အော်ဟစ် သောအခါ ၊ သင် ပြိုလဲ ခြင်း အသံ ကြောင့် တကျွန်း တနိုင်ငံအရပ်တို့သည် တုန်လှုပ် ကြလိမ့်မည်။ 16 သမုဒ္ဒရာ မင်း အပေါင်း တို့သည် ရာဇ ပလ္လင်ပေါ်က ဆင်း ၍ ၊ အင်္ကျီ တော်ကို၎င်း ၊ ချယ်လှယ် သော အဝတ် တော်ကို၎င်းချွတ်ပယ် ပြီးမှ၊ တုန်လှုပ် ခြင်းအဝတ် ကို ဝတ်လျက်၊ မြေ ပေါ်၌ ထိုင် လျက် ခဏခဏ တုန်လှုပ် ၍ ၊ သင် ၏အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ 17 သူတို့ကလည်း၊ အိုကျော်စော သော မြို့ ၊ ပင်လယ်သား နေ ၍ ပင်လယ် ၌ အားကြီး သော မြို့၊ ပင်လယ်သား အပေါင်း တို့ ရိုသေ ဘွယ်သော မြို့သား နှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန် ပျက်စီး လေပြီတကားဟု သင့် အား ဆို လျက် ၊ သင့် အတွက် မြည်တမ်း ကြလိမ့်မည်။ 18 သင် ပြိုလဲ သောနေ့ တွင် တကျွန်း တနိုင်ငံအရပ် တို့သည် တုန်လှုပ် ၍ ၊ သင် ကွယ်ပျောက် သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်း များတို့သည် ထိတ်လန့် ကြ လိမ့်မည်။ 19 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမ နေ သော မြို့ ကဲ့သို့ ငါသည် သင့် ကိုဆိတ်ညံ စေလျက်၊ ပင်လယ် ကိုသင့် အပေါ်သို့ ဆောင် ခဲ့၍၊ လှိုင်းတံပိုး တို့သည် သင့် ကိုလွှမ်းမိုး သောအခါ ၊ 20 ရှေး လူ ဟောင်းတို့ နေရာမြေတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ သင့် ကိုငါ နှိမ့်ချ ၍၊ သင်၌လူမ နေ စေခြင်းငှါ မြေတွင်း ထဲသို့ဆင်း သောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ၍ဆိတ်ညံ ရာအရပ်၊ မြေ အောက် အရပ်တို့၌ ငါချထား မည်။ ထိုအခါ အသက်ရှင် သောသူတို့၏ နေရာ ၌ ငါ့ဘုန်း ကို ငါဖွင့် မည်။ 21 သင် မူကား၊ ကြောက်မက် ဘွယ်သော အရာဖြစ် ၍၊ နောက် တဖန် အဘယ်သူမျှ ရှာ ၍ မတွေ့ နိုင်အောင်၊ ပျောက် ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
271 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ တုရု မြို့အတွက် မြည်တမ်း ခြင်း ကိုပြု ၍၊ တုရု မြို့အား ဆင့်ဆို ရမည်မှာ၊ 3 အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။ 4 သင် ၏နံပါး တို့သည် ပင်လယ် ထဲမှာ ရှိ၏။ သင် ၏ဗိသုကာ တို့သည် သင့် ကိုစုံလင် စွာ တင့်တယ် စေခြင်းငှါပြုကြပြီ။ 5 သင်၏ပျဉ်ပြား ရှိသမျှ တို့ကို စေနိရ ထင်းရူး သစ်သားဖြင့် လုပ် ၍၊ ရွက်တိုင် ဘို့ လေဗနုန် အာရဇ် ပင် တို့ကို ယူ ကြပြီ။ 6 ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။ 7 အဲဂုတ္တု ပြည်၌ ချယ်လှယ် သော ပိတ်ချောရွက် တို့ကို ဖြန့် ၍၊ ဧလိရှ ကျွန်း တို့မှ ယူခဲ့သော အထည် ပြာ ၊ အထည်မောင်း ဖြင့် လုပ်သောမျက်နှာကြက် နှင့် ပြည့်စုံ၏။ 8 ဇိဒုန် မြို့သား ၊ အာဝဒ် မြို့သားတို့သည် သင်္ဘောသား ဖြစ် ၍၊ တုရု ပညာရှိ တို့သည်လမ်းပြ မာလိန်ဖြစ် ကြ၏။ 9 ဂေဗလ လူကြီး ၊ ပညာရှိ တို့သည် သင့် ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူး တတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသား တို့နှင့်တကွသင် နှင့် ဖောက်ကား ရောင်းဝယ်ခြင်းငှါပါ ကြ၏။ 10 ပေရသိ လူ၊ လုဒ လူ၊ ဖုတ လူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ် ကြ၏။ ဒိုင်း ၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍၊ သင်၏ဂုဏ် အသရေကို ထင်ရှား စေကြ၏။ 11 အာဝဒ် အမျိုးသား တို့သည် သင်၏တပ်သား တို့ နှင့်တကွမြို့ရိုး ပတ်လည် ၌ စီးကြ၏။ ဂမ္မဒိမ် လူတို့သည် ပြအိုး တို့ကိုစောင့်၍၊ မြို့ရိုး ပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင် ၏တင့်တယ် ခြင်းကို စုံလင် စေကြ ၏။ 12 သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။ 13 ယာဝန် မြို့၊ တုဗလ မြို့၊ မေရှက် မြို့တို့သည် သင် နှင့်ကုန်သွယ် ၍၊ လူ ကျွန်တို့နှင့် ကြေးနီ ဖလား တို့ကို သင့် ဈေး ၌ ရောင်း ကြ၏။ 14 တောဂါမ အမျိုးသား တို့သည်မြင်း ၊ မြင်းစီး သူ၊ လား တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။ 15 ဒေဒန် မြို့သား တို့သည်လည်း သင် နှင့်ကုန်သွယ် ကြ၏။ များစွာ သော တကျွန်း တနိုင်ငံအရပ်သားတို့သည် သင် လုပ် သော ဥစ္စာ ကိုဝယ်၍၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သားနက် ကို ပြန်ပေး ကြ၏။ 16 သင် လုပ်သော ဥစ္စာ များ သောကြောင့် ရှုရိ ပြည်သည် သင် နှင့်ကုန်သွယ် ၍၊ နပက်ကျောက် ၊ ပြာ သောအထည်၊ ချယ်လှယ် သောအဝတ်၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီ တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။ 17 ယုဒ ပြည်နှင့် ဣသရေလ ပြည် သည် သင် နှင့်ကုန်သွယ် ၍၊ ဂျုံ စပါး၊ မုရန်စေး၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည် တို့ကို သင့် ဈေး ၌ သွင်း ကြ၏။ 18 ဒမာသက် မြို့သည် သင် လုပ်သော ဥစ္စာ များ၊ စည်းစိမ် များပြား သောကြောင့် ၊ ဟေလဗုန် စပျစ်ရည် ၊ ဖြူ သောသိုးမွေး ကို ဖယ်လှယ် လျက် ဖေါက်ကားတတ်၏။ 19 ဝေဒန် မြို့နှင့် ယာဝန် ပြည် ဥဇာလ မြို့သည် လည်း သံ ပြောင် ကို သင့် ဝိုင်း သို့ ယူ ခဲ့၍၊ သင့် ဈေး ၌ သစ်ကြံပိုး နှင့် ကြံ လည်းရှိ ၏။ 20 ဒေဒန် မြို့သည် မြင်းစီး သူရဲ သုံးစရာချော သော အထည် မျိုးကို ရောင်း၍သင် နှင့်ကုန်သွယ် ၏။ 21 အာရပ် ပြည်နှင့် ကေဒါ မင်း အပေါင်း တို့သည် သင် လုပ်သော ဥစ္စာကိုရခြင်းငှါသိုးသငယ် ၊ သိုးထီး ၊ ဆိတ် များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ၏။ 22 ရှေဘ ကုန်သည် ၊ ရာဂမ ကုန်သည်တို့သည် သင် နှင့် ကုန်သွယ် ၍ အမြတ်ဆုံး သော နံ့သာမျိုး ၊ အဘိုးကြီး သော ကျောက် မျိုး၊ ရွှေ မျိုးကိုသင့် ဝိုင်း ၌ သွင်း ကြ၏။ 23 ခါရန် မြို့သား၊ ကန္နေ မြို့သား၊ ဧဒင် မြို့သား၊ ရှေဘ ကုန်သည် ၊ အာရှုရိ ကုန်သည်၊ ခိလမဒ် ကုန်သည်တို့ လည်း၊ သင် နှင့်ကုန်သွယ် ၍၊ 24 ထူးဆန်း သော ဥစ္စာ၊ ပြာ သောအထည် ၊ ချယ်လှယ် သောအထည်၊ အဘိုးထိုက် သော အဝတ် တန်ဆာပါ၍၊ ကြိုး နှင့်ပတ်ရစ် သော အာရဇ် သေတ္တာတို့ကို သင် ၏ ကုန် ထဲသို့ သွင်းကြ၏။ 25 တာရှု သင်္ဘော တို့သည် သင် ၏ကုန် ကို ဆောင် လျက်သွား လာသဖြင့် ၊ သင်သည် ပင်လယ် အလယ် ၌ ကြွယ်ဝ ၍ အလွန် ဘုန်းကြီး လေ၏။ 26 ယခုမူကား၊ သင် ၏တက်ခတ်သား တို့သည် သင့် ကိုကြီးစွာ သော ရေ ထဲသို့ ဆောင်သွား ၍၊ အရှေ့ လေ သည်လည်း ပင်လယ် အလယ် ၌ ချိုး လေပြီ ။ 27 သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။ 28 သင် ၏လမ်းပြ မာလိန်တို့ အော်ဟစ် သံ ကြောင့် ၊ ပတ်ဝန်းကျင် အရပ်တို့သည် လှုပ်ရှား ကြလိမ့်မည်။ 29 တက်ခတ် သော သူအပေါင်း တို့သည် သင်္ဘော မှ ဆင်း ၍၊ သင်္ဘောသား များနှင့် ပင်လယ် လမ်းပြ မာလိန် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် လျက်၊ 30 သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။ 31 ဆံပင် ကိုလည်း ဖြတ်၍လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ ညှိုးငယ် သောစိတ် နှင့် သင့် အဘို့ ပြင်းစွာ ငိုကြွေး မြည်တမ်း ရသည်ကား၊ 32 ပင်လယ် အလယ် ၌ ဆုံး သောမြို့တည်းဟူသောတုရု မြို့နှင့် အဘယ် မြို့တူ သနည်း။ 33 သင် ၏ဥစ္စာ တို့သည် ပင်လယ် လမ်းဖြင့် ထွက်သွား သောအခါ ၊ လူမျိုး များ တို့ကို ရောင့်ရဲ စေ၍၊ များပြား သောဥစ္စာ ၊ ကုန်စလယ် တို့ဖြင့် လောကီ ရှင်ဘုရင် တို့ကို ကြွယ်ဝ စေတတ်၏။ 34 ယခု မူကား၊ သင်သည် ပင်လယ် ၌၎င်း ၊ သင့် ကုန်သွယ် ရန် ဥစ္စာတို့သည် လှိုင်းတံပိုး အလယ် ၌ ၎င်း ကျိုးပဲ့ ၍ ၊ သင် နှင့်ပါ သောသူအပေါင်း တို့သည် ဆုံးရှုံး ကြပြီ။ 35 ကျွန်းသူ ကျွန်းသားအပေါင်း တို့သည် သင့် အမှုကြောင့် မိန်းမော တွေဝေ၍၊ ရှင်ဘုရင် တို့သည် မျက်နှာ ပျက် လျက် ကြက်သီး မွေးညှင်းထကြ၏။ 36 အမျိုးမျိုးသောကုန်သည် တို့သည် သင့် အား ကဲ့ရဲ့ သံကို ပြုကြ၏။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လေပြီတကား။ နောက် တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေး မြည်တမ်း ကြလိမ့်မည်ဟု မိန့်တော်မူ၏။
281 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊ 3 သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။ 4 ကိုယ် ဉာဏ်ပညာ အားဖြင့် ဥစ္စာ ရ တတ်၏။ ရွှေ ငွေ ကို ဆည်းပူး ပြီ။ 5 ထူးဆန်း သော ပညာ နှင့် ကုန်စလယ် များအားဖြင့် စည်းစိမ် ကြီး ၍၊ ထိုစည်းစိမ် ကြောင့် စိတ် ဝါကြွား ပြီ။ 6 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သောကြောင့် ၊ 7 ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့ကို သင် ရှိရာသို့ ငါ ပို့ဆောင် သဖြင့် ၊ သူတို့သည် သင် ၏ ပညာ ဂုဏ် ကို ထား နှင့်ခုတ်၍၊ သင် ၏တင့်တယ် ခြင်း အသရေကို ရှုတ်ချ ကြလိမ့်မည်။ 8 သင့် ကို မြေတွင်း ထဲသို့ နှိမ့်ချ ၍ ၊ ပင်လယ် အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့သင့်အသက် သည် ဆုံးရှုံးရ လိမ့်မည်။ 9 သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။ 10 အရေဖျားလှီး ခြင်းမခံသော လူသေ သကဲ့သို့၊ သင်သည် တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် သေ ရမည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 11 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 12 အချင်းလူသား ၊ တုရု ရှင်ဘုရင် အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် သည် ထူးဆန်း သော တံဆိပ် ဖြစ်၏။ ပညာ နှင့်ပြည့်စုံ ၍ တင့်တယ် ခြင်းအသရေလည်းစုံလင် လျက်ရှိ၏။ 13 ဧဒင် အရပ်၊ ဘုရားသခင် ၏ ဥယျာဉ် တော်၌ နေ ပြီ။ သင်၏ခေါင်းပေါ်မှာကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက် မြတ် အမျိုးမျိုး တို့ကို ဆောင် လေ၏။ ရွှေ ဖြင့် လုပ် သော ပတ်သာ ၊ ပုလွေ တို့သည်လည်း၊ သင် ဘွား သောနေ့ ၌ ပင် သင့် အဘို့ ပြင်ဆင် လျက်ရှိကြ၏။ 14 သင် သည် ဖြန့် ၍ လွှမ်းမိုး သော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သော တောင် ပေါ်မှာ နေရာ ကျ၍ မီး တောက်သော ကျောက် တို့ တွင် သွား လာရ၏။ 15 ဘွား သောနေ့ မှစ၍ သင့် အပြစ် ထင်ရှား သောနေ့ တိုင်အောင် ၊ ပြု လေရာရာ၌ စုံလင် လျက်ရှိ၏။ 16 သို့ရာတွင်၊ ကုန်သွယ် ခြင်း များပြား သောအားဖြင့် ၊ အဓမ္မ အမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှား သောအပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင် ၏ တောင် တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုး သော ခေရုဗိမ် ၊ မီး တောက်သော ကျောက် တို့အထဲ က သင့် ကိုငါ ပယ်ရှင်း မည်။ 17 သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။ 18 သင့် အပြစ် သည်များပြား ၍ ကုန်သွယ် ခြင်း အဓမ္မ အားဖြင့် ၊ သန့်ရှင်း ရာဌာနတို့ကို ညစ်ညူး စေသောကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့် အလယ် ၌ မီး ကိုငါညှိ မည်။ သင့် ကိုမြင် သော သူအပေါင်း တို့ရှေ့မှာ ၊ သင်၏ ပြာ ကို မြေ ပေါ်သို့ ငါချထား မည်။ 19 သင့် ကိုသိ သောလူ အမျိုးမျိုး တို့သည် သင် ၏ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လိမ့်မည်။ နောက် တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။ 20 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 21 အချင်းလူသား ၊ သင်သည် ဇိဒုန် မြို့တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ 22 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဇိဒုန် မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့် အလယ် ၌ ငါ့ဘုန်း တန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါ သည် အပြစ်ဒဏ် ပေး၍ ရိုသေ ခြင်းကိုခံရသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို လူများသိ ရကြလိမ့်မည်။ 23 သင့်အပေါ်သို့ ကာလနာ ဘေးကို၎င်း၊ သင်၏ လမ်း တို့၌ ထား ဘေးကို၎င်း ငါစေလွှတ် ၍၊ ပတ်လည် ၌ တိုက်သော ထား ဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေ ကြသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။ 24 ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 25 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် ကွဲပြား လျက်နေသောလူ အမျိုးမျိုးထဲက ငါ ခေါ်၍စုဝေး သောအခါ ၊ သူ တို့အားဖြင့် လူမျိုး များရှေ့၌ ရိုသေ ခြင်းကိုငါခံ၍၊ ငါ့ ကျွန် ယာကုပ် အား ငါအရင်ပေး သော ပြည် ၌ သူတို့သည် နေ ကြလိမ့်မည်။ 26 ထိုပြည် ၌ စိုးရိမ် စရာမရှိ။ အိမ် ဆောက် ခြင်း၊ စပျစ် ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေ ကြလိမ့်မည်။ သူ တို့ ပတ်လည် ၌ နေ၍မထီမဲ့မြင်ပြု သောသူအပေါင်း တို့ကို ငါ သည် အပြစ်ဒဏ် စီရင် သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍၊ ငါ သည် သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
291 သက္ကရာဇ် ဆယ် ခု၊ ဒသမ လ တဆယ် တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းတဘက် ၌မျက်နှာ ထား ၍ ၊ သူ နှင့် အဲဂုတ္တု ပြည် တပြည်လုံး တဘက် ၌ပရောဖက်ပြု လျက်၊ 3 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၊ ကိုယ် မြစ် များ အလယ် ၌ နေ လျက်၊ ငါ့ မြစ် ကို ငါ ပိုင်၏။ ငါ့ အဘို့ ငါ ဖန်ဆင်း ပြီဟု ဆို တတ်သောမိကျောင်း ကြီး ၊ သင့် တဘက် ၌ ငါ နေ၏။ 4 သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ၍၊ သင့် မြစ် ၌နေသော ငါး တို့ကို သင့် အကြေး တို့၌ ငါကပ် စေမည်။ သင့် မြစ် များ အလယ် ထဲက သင့် ကို ငါနှုတ် ၍ ၊ မြစ် ၌ရှိသမျှ သော ငါး တို့သည် သင့် အကြေး တို့၌ ကပ် ကြလိမ့်မည်။ 5 သင် နှင့် သင့် မြစ် ၌ရှိသမျှ သော ငါး တို့ကိုတော ၌ ငါပစ်ထား မည်။ လွင်ပြင် ၌ကျ ၍ နောက်တဖန်စုဝေး ခြင်း ကို မ ပြုရ။ တော သားရဲ များ၊ မိုဃ်း ကောင်းကင်ငှက် များ စားစရာ ဘို့ သင့် ကိုငါအပ် ၏။ 6 ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို အဲဂုတ္တု ပြည်သားအပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်းမူကား ၊ သင်သည် ဣသရေလ အမျိုး ၌ ကျူ တောင်ဝေး ဖြစ် လေပြီ။ 7 သင့် ကိုလက် နှင့် ကိုင် သောအခါ သင်သည် အကိုင်မခံ။ သူ တို့ ပခုံး ဆစ်ကို ဖြုတ် လေ၏။ သင် နှင့် ကိုယ်ကိုထောက် သောအခါ သင်သည် ကျိုး ၍ သူ တို့ခါး ကို နာ စေ၏။ 8 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင့် အပေါ်သို့ ထား ကိုဆောင် ခဲ့၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် သဖြင့် ၊ 9 အဲဂုတ္တု ပြည် သည် လူဆိတ်ညံ လျက်၊ ပျက်စီး လျက်ရှိ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ သင်က၊ ငါ့မြစ် ကိုငါ ပိုင်၏။ ငါ ဖန်ဆင်း ပြီ ဟု ဆို မိသောကြောင့် ၊ 10 သင် နှင့် သင့် မြစ် တဘက် ၌ ငါ နေ၏။ အဲဂုတ္တု ပြည် ကို မိဂဒေါလ မှစ၍ သုဏေ မြို့တိုင်အောင်၎င်း ၊ အဲသယောပိ ပြည်စွန်း တိုင်အောင် ၎င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံ စေမည်။ 11 အနှစ် လေးဆယ် ပတ်လုံးလူ ရှောက် ၍မ သွားရ။ တိရစ္ဆာန် လည်း ရှောက် ၍မ သွားရ။ အဘယ်သူမျှမ နေ ရ။ 12 ပျက်စီး သောပြည် တို့တွင် အဲဂုတ္တု ပြည် ကို ငါဖျက်ဆီး မည်။ လူဆိတ်ညံ သောမြို့ တို့တွင် အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု မြို့ တို့သည် ပျက်စီး လျက်ရှိ ကြလိမ့်မည်။ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့သို့ ငါကွဲပြား ပြန့်လွင့် စေမည်။ 13 သို့ရာတွင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အနှစ် လေးဆယ် စေ့ သောအခါ၊ ကွဲပြား လျက် နေရသော လူမျိုး တို့မှ အဲဂုတ္တု လူတို့ကို ငါခေါ်၍ စုဝေး စေမည်။ 14 သိမ်း သွားခြင်းတို့မရသော အဲဂုတ္တု လူတို့ကို ငါတဖန် ဆောင်ခဲ့၍ သူ တို့နေရင်း ပြည် ၊ ပါသရု ပြည် သို့ ပြန် စေမည်။ ထို ပြည်၌ ယုတ် သောနိုင်ငံ ဖြစ် ရလိမ့်မည်။ 15 တပါး သော လူမျိုးတို့ကို နောက် တဖန်အစိုး မ ရ။ နိုင်ငံ တကာတို့တွင် အယုတ်ဆုံး ဖြစ် ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုး မ ရစေခြင်းငှါငါရှုတ်ချ မည်။ 16 ဣသရေလ အမျိုးသား တို့သည် ထိုပြည်သားတို့ကို မြော်လင့်၍၊ မိမိတို့အပြစ် ကို ငါအောက်မေ့ စေသဖြင့်၊ နောက် တဖန် ထိုပြည်သည် သူတို့ ခိုလှုံ ရာမ ဖြစ် ရာ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 17 သက္ကရာဇ် နှစ်ဆယ် ခုနစ် ခု၊ ပဌမ လ တရက် နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 18 အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ သူ ၏စစ်သူရဲ တို့ကို တုရု မြို့တဘက် ၌ များစွာ သော အမှု ကိုဆောင်ရွက် စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံး ပြီ။ ပခုံး လည်းပွန်း ပြီ။ သို့ရာတွင် ၊ ရှင်ဘုရင် နှင့် စစ်သူရဲ တို့သည် တုရု မြို့တဘက်၌ အမှု ဆောင်ရွက်ခ ကို ထိုမြို့တွင် မ ခံရ ကြ။ 19 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အဲဂုတ္တု ပြည် ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အား ငါ ပေး မည်။ ထိုမင်းသည် ပြည်သားအလုံးအရင်း ကို၎င်း၊ လက်ရ ဥစ္စာအမျိုးမျိုးကို၎င်း သိမ်းယူ ပြီးလျှင် ၊ မိမိ စစ်သူရဲ တို့ အခ ဘို့ ဝေငှ လိမ့်မည်။ 20 ငါ့ အမှုကို ဆောင်ရွက် သောကြောင့် ၊ တုရု မြို့ တဘက် ၌ အမှု ဆောင်ရွက်ခ ဘို့ အဲဂုတ္တု ပြည် ကို ငါပေး ပြီ။ 21 ထို ကာလ ၌ ဣသရေလ အမျိုး ၏ ချို ကိုငါပေါက် စေ၍ ၊ သူ တို့အထဲ မှာ သင်ဟောပြော ရသော အခွင့်ကို ငါပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
301 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် ပရောဖက်ပြု လျက် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောက်ရသောနေ့ သည် အမင်္ဂလာ ရှိသည်ဟု အော်ဟစ် ကြလော့။ 3 ထိုနေ့ နီး ပြီ။ ထာဝရဘုရား ၏နေ့ ၊ မိုဃ်းအုံ့ သောနေ့ ၊ တပါး အမျိုးသားဘို့ ချိန်းချက်သော အချိန် နီး ပြီ။ 4 ထား ဘေးသည် အဲဂုတ္တု ပြည်သို့ ရောက် သဖြင့် ၊ သူရဲ တို့သည် လဲ ၍သေကြသောအခါ ၊ အဲသယောပိ ပြည် သည် ပူပန် လိမ့်မည်။ အလုံးအရင်း ကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက် ကြလိမ့်မည်။ 5 အဲသယောပိ ပြည်သား၊ ဖုတ ပြည်သား၊ လုဒ ပြည်သား၊ အမျိုး မစစ်သော လူရှိသမျှ ၊ ခုဘ အမျိုးသား၊ မိဿဟာယ ဖွဲ့သော ပြည်သား တို့သည်၊ အဲဂုတ္တု ပြည်သားတို့နှင့်တကွ ထား ဖြင့် လဲ ၍သေကြလိမ့်မည်။ 6 အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 7 ပျက်စီး သော ပြည် တို့တွင် ပျက်စီး လျက်ရှိကြ၍ ၊ လူဆိတ်ညံ သော မြို့ တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင် ကြ လိမ့်မည်။ 8 ငါသည် အဲဂုတ္တု ပြည်၌ မီးညှိ ၍ ထိုပြည်ကို မစ သမျှ သောသူတို့ သည် ပျက်စီး ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။ 9 ထိုအခါစိုးရိမ် ခြင်းမရှိသော အဲသယောပိ ပြည်သားတို့ကို ကြောက် စေခြင်းငှါ၊ ငါစေလွှတ်သော တမန် တို့ သည် သင်္ဘော စီး၍ သွား ကြသဖြင့်၊ အဲဂုတ္တု ပြည်၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်းရဲ ခြင်းသို့ ရောက် ရကြ လိမ့်မည်။ ထိုအချိန်လည်းနီး ပြီဟု မိန့်တော်မူ၏။ 10 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အားဖြင့် အဲဂုတ္တု ပြည် ၏ အလုံးအရင်း ကို ငါဖြတ် မည်။ 11 ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။ 12 မြစ် တို့ကို ငါခန်းခြောက် စေ၍ ၊ အဓမ္မ လူတို့အား ပြည် ကို ရောင်း လိုက်မည်။ တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် ပြည် နှင့်တကွ ပြည် ၌ ပါသမျှ ကို ငါဖျက်ဆီး မည်။ ငါ ထာဝရဘုရား ပြော ပြီ။ 13 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။ 14 ပါသရု ပြည်ကို ငါဖျက် မည်။ ဇောန မြို့ကိုလည်း မီး ရှို့မည်။ နော မြို့ကိုလည်း အပြစ်ဒဏ် စီရင် မည်။ 15 အဲဂုတ္တု ပြည်၏ အစွမ်းသတ္တိ ဖြစ်သော သိန် မြို့ အပေါ်သို့ ငါသည် အမျက် ကို သွန်းလောင်း ၍ ၊ နော မြို့သားအလုံးအရင်း ကို ပယ်ဖြတ် မည်။ 16 အဲဂုတ္တု ပြည်၌ မီးညှိ ၍ သိန် မြို့သည် တုန်လှုပ် ခြင်း၊ နော မြို့ရိုးသည် ပြို ပေါက်ခြင်း၊ နောဖ မြို့သည် နေ့ အချိန်၌ပင် စစ်တိုက် ခြင်းကိုခံရ လိမ့်မည်။ 17 အာဝင် မြို့၊ ဖိဗေသက် မြို့သားလုလင် တို့သည် ထား ဖြင့် လဲ ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်း သွား ခြင်းကိုခံရ ကြလိမ့်မည်။ 18 တာပနက် မြို့၌ အဲဂုတ္တု လှံတံ တို့ကို ငါ ချိုး ၍ ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေဆုံး သောအခါ နေ့ အချိန် ၌ အလင်းကွယ် လိမ့်မည်။ မိုဃ်းအုံ ၍ မြို့ သမီး တို့သည် သိမ်း သွားခြင်းကိုခံရ ကြလိမ့်မည်။ 19 ထိုသို့ အဲဂုတ္တု ပြည်၌ ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 20 သက္ကရာဇ် တဆယ် တခု ၊ ပဌမ လ ခုနစ် ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 21 အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။ 22 ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းတဘက် ၌ နေသဖြင့် ၊ သူ ၏လက်ရုံး တည်းဟူသော၊ ခိုင်မာ သော လက်ရုံးနှင့် အရင်ချိုး သောလက်ရုံးကို ငါချိုး ၍ ထား ကို သူ့ လက် မှ ကျ စေမည်။ 23 အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့ တွင် ကွဲပြား ပြန့်လွင့် စေမည်။ 24 ဗာဗုလုန် ရှင်ဘုရင် ကို ငါခိုင်မာ စေ၍ ၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖာရော မင်း၏ လက်ရုံး တို့ကို ငါချိုး သဖြင့် ၊ သူသည် အသေ သတ်ခြင်းကို ခံရသောသူ အော်ဟစ် သကဲ့သို့၊ ဗာဗုလုန် ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။ 25 ဗာဗုလုန် ရှင်ဘုရင် ၏ လက်ရုံး တို့ကို ငါခိုင်မာ စေမည် ။ ဖာရော ဘုရင်၏ လက် မူကား ၊ အောက်သို့ကျ လိမ့်မည်။ ငါ့ ထား ကို ဗာဗုလုန် ရှင်ဘုရင် လက် ၌ ငါ အပ် ၍၊ သူသည် အဲဂုတ္တ ပြည် ကို ထိုထားနှင့်ခုတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်။ 26 ထိုသို့ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့၌ ငါကွဲပြား ပြန့်လွင့် စေမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
311 သက္ကရာဇ် တဆယ် တခု ၊ တတိယ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းနှင့် သူ ၏အလုံးအရင်း အား ဟောပြော ရမည် မှာ၊ သင်သည် ဘုန်း တန်ခိုးကြီး၍ အဘယ်သူ နှင့် တူသနည်း။ 3 အာရှုရိ လူသည် အဆင်းလှ ၍ လွှမ်းမိုး သော အကိုင်း ၊ မြင့် သောအရပ် ၊ ထူထပ် သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျား ရှိ သောလေဗနုန် အာရဇ် ပင်ဖြစ်၏။ 4 မြစ်ရေ ၏ကျေးဇူးကြောင့် ကြီးမား ခြင်း၊ နက်နဲ သောရေ၏ကျေးဇူးကြောင့် အရပ် မြင့်ခြင်းရှိ၏။ သူစိုက် ရာ အရပ်ရပ် တို့၌ ရေ စီး ၍ ၊ ခပ်သိမ်း သော တော ပင် ရှိရာသို့ မြစ် ရေသည် နှံ့ပြား လေ၏။ 5 ထိုသို့ သောအားဖြင့် တော သစ်ပင် တကာ တို့ ထက် အရပ် မြင့်လေ၏။ တိုးပွားသောအခါ ရေ များ သောကြောင့် အကိုင်းအခက် များပြား ၍၊ အလက် တို့သည် ရှည်လျား ကြ၏။ 6 မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် အကိုင်းအခက် တို့၌ အသိုက် လုပ်ကြ၏။ တော တိရစ္ဆာန် အပေါင်း တို့သည် အကိုင်းအခက် တို့ အောက်၌ သာ ဘွား ကြ၏။ ထိုအပင် ၏ အရိပ် ၌ ကြီးမား သော လူမျိုး အပေါင်း တို့ သည် နေ ကြ၏။ 7 ထိုသို့ ရေ များ သောအရပ်၌ အမြစ် စွဲ သောကြောင့် ၊ ကြီးမြင့် ၍ အခက်အလက် ရှည်လျား သဖြင့် လှ သောအဆင်းနှင့် ပြည့်စုံ၏။ 8 ဘုရားသခင် ၏ ဥယျာဉ် တော်၌ အာရဇ် ပင်တို့ သည် ထိုအပင် ကို မ ကွယ် နိုင်။ ထင်းရူး ပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက် နှင့်မ ပြည့်စုံ ကြ။ ဘုရားသခင် ၏ ဥယျာဉ် တော်၌ သစ်ပင် တပင် မျှ ထိုအပင် ကဲ့သို့ အဆင်း မ လှ။ 9 ဧဒင် အရပ်၊ ဘုရားသခင် ၏ဥယျာဉ် တော်၌ ရှိသမျှ သော သစ်ပင် တို့သည် ထိုအပင် ကို ငြူစူ သည်တိုင်အောင်၊ အခက်အလက် များပြား သောအားဖြင့် သူ၏အဆင်းကို ငါလှ စေ ၏။ 10 တဖန်အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ် မြင့် လျက်၊ ထူထပ် သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိ ထိပ်ဖျား ကို ချီးမြှောက် လျက်၊ စိတ် လည်း မြင့် ၍ ဝါကြွား လျက်ရှိသောကြောင့် ၊ 11 လူမျိုး တို့တွင် တန်ခိုး ကြီး၍ သူ့ ကိုကျပ်တည်း စွာ စီရင်သောသူ ၏လက် သို့ ငါအပ် လေပြီ။ သူ ပြုသော အဓမ္မ အမှုကြောင့် နှင်ထုတ် လေပြီ။ 12 ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့သည် သူ့ ကို ခုတ်လှဲ ၍ ပစ်ထား ကြပြီ။ အကိုင်းအခက် တို့သည် တောင် ပေါ် နှင့် ချိုင့် ထဲမှာ ကျ ၍ တပြည်လုံး မြစ် နားမှာ ကျိုးပဲ့ လျက်နေကြ၏။ မြေကြီး သားအပေါင်း တို့သည် သူ့ အရိပ် ထဲက ထွက် ၍ သူ့ ကိုစွန့် သွားကြ၏။ 13 မိုဃ်း ကောင်းကင်ငှက် နှင့် တော တိရစ္ဆာန် အပေါင်း တို့သည် ကျိုးပဲ့ သော အကိုင်းအခက် တို့ အပေါ်မှာ နေ ရကြ၏။ 14 အကြောင်းမူကား၊ ရေ နားမှာရှိသမျှ သော သစ်ပင် တို့တွင် တပင်မျှအရပ် မြင့်သောကြောင့် မ ဝါကြွား ။ ထူထပ် သော အခက်အလက်တို့တွင် မိမိ ထိပ်ဖျား ကို မ ချီးမြှောက် မည်အကြောင်း၊ ရေ ကိုသောက် သမျှ သောအပင်တပင်မျှအရပ် မြင့်လျက် မ ပြိုင် ဝံ့မည်အကြောင်းတည်း။ ထိုအပင် အပေါင်း တို့သည် မြေတွင်း ထဲသို့ ဆင်း တတ်သောလူသား တို့နှင့်အတူသေ ခြင်းသို့ ၎င်း ၊ မြေ အောက် အရပ်သို့ ၎င်း ရောက်စေခြင်းငှါငါအပ် လေပြီ။ 15 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် မရဏာ နိုင်ငံထဲသို့ ဆင်း သွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့ အဘို့ မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏။ လှိုင်း တံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွား သော ရေ ကို ချုပ်ထား ၏။ လေဗနုန် တောင်ကို သူ့ အဘို့ မသာ အဝတ် ကို ဝတ်စေ၍ ၊ တော သစ်ပင် အပေါင်း တို့သည် စိတ်ပျက် ကြ၏။ 16 မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ သူ့ ကို မရဏာ နိုင်ငံထဲသို့ ငါ နှိမ့်ချ သောအခါ ၊ နှိမ့်ချ သံ အားဖြင့် လူ အမျိုးမျိုးတို့ကို ငါတုန်လှုပ် စေ၏။ ဧဒင် သစ်ပင် ရှိသမျှ တို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံး သော လေဗနုန် သစ်ပင်မှစ၍၊ ရေ ကိုသောက် သမျှ သောသစ်ပင်တို့သည် မြေ အောက် အရပ်တို့၌ သက်သာ ခြင်းသို့ ရောက်ကြ၏။ 17 ထိုသူ နှင့်တကွ သူ့ လက်ရုံး ဖြစ်၍၊ လူမျိုး တို့တွင် သူ့ အရိပ် ကို ခို သောသူတို့သည် ထား ဖြင့် အသေ ခံရသောသူတို့ နေရာ၊ မရဏာ နိုင်ငံထဲသို့ လိုက် သွားကြ၏။ 18 သင်သည် ဘုန်း တန်ခိုးအာနုဘော် အားဖြင့် အဘယ်မည် သော ဧဒင် သစ်ပင် နှင့် တူသနည်း။ သင် သည် ဧဒင် သစ်ပင် တို့နှင့်အတူ မြေ အောက် အရပ်သို့ နှိမ့်ချ ခြင်းကိုခံရမည်။ အရေဖျား လှီးခြင်းကို မခံသောလူ၊ ထား ဖြင့်အသေ ခံရသောသူတို့နှင့်အတူ လဲ ၍နေရမည်။ ထိုသို့ ဖာရော ဘုရင်နှင့် သူ့ အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
321 သက္ကရာဇ် တဆယ် နှစ် ခု၊ ဒွါဒသမ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည်အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းအတွက် မြည်တမ်း ခြင်းကိုပြု၍ ပြောဆို ရမည်မှာ၊ သင်သည်လူမျိုး တို့တွင် ခြင်္သေ့ပျို ကဲ့သို့ ဖြစ်၏။ အိုင် ၌ နေသောမိကျောင်း ကဲ့သို့ လည်းဖြစ်၍၊ မြစ် တို့ကို ကူး သွားလျက် ၊ ခြေ ဖြင့် ရေ ကိုလှုပ်ရှား လျက် မြစ် ရေကို နောက် စေ၏။ 3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမျိုး များ စုဝေး လျက်၊ ငါသည် ပိုက်ကွန် နှင့်သင့် ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန် နှင့်တကွသင့် ကို ဆွဲယူ ကြလိမ့်မည်။ 4 ငါသည် သင့် ကိုကုန်း ပေါ်မှာ တင် ၍ လွင်ပြင် ၌ ပစ် ထားမည်။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့ကို သင့် အပေါ်မှာ နား စေမည်။ မြေ သားအပေါင်း တို့ကို ဝ စွာ ကျွေးမည်။ 5 သင့် အသား ကို တောင် တို့အပေါ်၌ ငါခင်း မည်။ ချိုင့် တို့ကို သင့် ကိုယ်နှင့် ပြည့် စေမည်။ 6 သင် မှ ယို သော အသွေး ဖြင့် မြေ ကိုတောင်ထိပ် တိုင်အောင် စို စေမည်။ မြစ် တို့သည် သင့် အသွေးနှင့် ပြည့် ကြလိမ့်မည်။ 7 သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။ 8 သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။ 9 သင်မ သိ ဘူးသော အတိုင်းတိုင်း အပြည်ပြည် တို့ တွင် သင် ပျက်စီး ခြင်းအကြောင်းကို ငါ ကြား စေသောအခါ ၊ လူမျိုး များ တို့ကို စိတ် ပူပန် စေမည်။ 10 အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သည် သင့် အပေါ်သို့ရောက် လိမ့်မည်။ 12 ခွန်အား ကြီးသောသူ၊ ကြောက်မက် ဘွယ်သော လူမျိုး အပေါင်း တို့ဖြင့် သင် ၏အလုံးအရင်း ကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တု မာန ကို နှိမ့်ချ ၍၊ ပြည်သားအလုံးအရင်း ရှိသမျှ ကို ဖျက်ဆီး ကြလိမ့်မည်။ 13 များစွာ သော ရေ အနားမှာ ကျက်စားသမျှ သောတိရစ္ဆာန် တို့ကိုလည်း ငါပယ်ရှင်း မည်။ နောက် တဖန် လူ ခြေ နှင့် တိရစ္ဆာန် ခြေ သည် ထိုရေကို မ နောက် စေရ။ 14 ထိုရေ ကို ငါကြည် စေ၍ မြစ် ရေသည် ဆီ ကဲ့သို့ စီး စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 ငါ သည် အဲဂုတ္တု ပြည် ၌ ဥစ္စာ ရှိသမျှကို ကုန် စေခြင်းငှါသုတ်သင် ပယ်ရှင်း၍၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ဒဏ်ခတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။ 16 ဤ ရွေ့ကား၊ အဲဂုတ္တု ပြည်အတွက် ပြုရသော မြည်တမ်း ခြင်းတည်း။ အမျိုးမျိုး သော သတို့သမီး တို့ သည်လည်း မြည်တမ်း ၍၊ အဲဂုတ္တု ပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှ တို့အတွက် မြည်တမ်း ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 17 သက္ကရာဇ် တဆယ် နှစ် ၊ ပဌမလတဆယ် ငါး ရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 18 အချင်းလူသား ၊ အဲဂုတ္တု ပြည်သားအလုံးအရင်း အတွက် မြည်တမ်း ခြင်းကို ပြုလော့။ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နေရာ မြေ အောက် အရပ်သို့ တိုင်အောင် ၊ ကျော်စော သောလူမျိုး သတို့သမီး တို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊ 19 သင်သည် သူတပါး ထက် သာ၍လှ သလော။ အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာ ကျလော့။ 20 ထား ဘေး၌ အပ် သည်ဖြစ်၍၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ ၍သေရသောကြောင့်၊ သူ ကိုယ်တိုင်မှစ၍သူ ၏ လူအလုံးအရင်း ရှိသမျှ တို့ကို ဆွဲ ကြလော့။ 21 ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။ 22 ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။ 23 ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။ 24 ထို အရပ်၌ ဧလံ နှင့်သူ ၏ သင်္ချိုင်း ပတ်လည် ၌ သူ ၏လူ အလုံးအရင်းရှိသမျှ တို့သည် ထား ဖြင့် သေ ၍ လဲ လျက်ရှိကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း၊ အရေဖျား လှီး ခြင်းကိုမခံသော လူဖြစ်၍မြေ အောက် အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ ၊ အရှက်ကွဲ လျက် သေသောသူတို့နှင့်အတူနေရာကျ ကြ၏။ 25 မိမိ အလုံးအရင်း နှင့် အိပ် ၍သူ တို့ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ ရှိကြ၏။ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောလူဖြစ်၍ထား ဖြင့် သေ ကြ ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း ၊ မြေတွင်း ထဲသို့ ဆင်း သွား သောသူတို့ နှင့်အတူ အရှက်ကွဲ သဖြင့် ၊ သေ သောသူတို့နှင့်အတူ နေရာ ကျကြ၏။ 26 ထို အရပ်၌ မိမိ အလုံးအရင်း ရှိသမျှ တို့နှင့်အတူ မေရှက် လည်း ရှိ၏။ တုဗလ လည်းရှိ၏။ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ရှိကြ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကိုကြောက် စေတတ်သော်လည်း ၊ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်၍ ထား ဖြင့် သေ လျက်နေကြ၏။ 27 သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။ 28 သင် သည်လည်း၊ အရေဖျား လှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ လျက်နေရလိမ့်မည်။ 29 ထို အရပ်၌ ဧဒုံ လည်းရှိ၏။ ဧဒုံ ရှင်ဘုရင် နှင့် မှူး တော် မတ်တော်တို့သည် မိမိ တို့တန်ခိုး ပါလျက်၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ နေရာ ကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ အိပ် ရကြ၏။ 30 ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။ 31 ဖါရော ဘုရင်သည် ထိုလူ များကိုမြင် ၍ ၊ ထား ဖြင့် သေ သော မိမိ လူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သောစိတ် လျော့၍၊ ဖာရော ဘုရင်နှင့် မိမိ ဗိုလ်ခြေ အပေါင်း တို့သည် သက်သာ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 32 အသက်ရှင် သောသူတို့ ၏နေရာ ၌ သူသည် သူတပါးတို့ကို ကြောက် စေသောအခွင့်ကို ငါပေးသော်လည်း ၊ ဖာရော ဘုရင်နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ တို့ သည် ထား ဖြင့် သေ သောသူတို့နှင့်အတူ ၊အရေဖျား လှီးခြင်းကိုမခံသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
331 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့ အား ဟောပြော ၍ ဆင့်ဆို ရမည်မှာ၊ ငါသည် တစုံတခုသောပြည် သို့ ထား ဘေးရောက် စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက် ကို ယူ ၍ ကင်းစောင့် ထား ပြီးမှ ၊ 3 ထိုသူသည် ထား ဘေးရောက် သည်ကို မြင် လျက် တံပိုး မှုတ် ၍ သတိပေး သော်လည်း ၊ 4 တစုံတယောက်သောသူသည် တံပိုး မှုတ်သံ ကို ကြား လျက်နှင့် အမှု မ ထား၊ ထား ဘေးရောက် ၍ သူ၏ အသက် ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရ မည်။ 5 တံပိုး မှုတ်သံ ကိုကြား ၍ အမှု မ ထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရ မည်။ အမှု ထားသောသူမူကား၊ ကိုယ် အသက် ကို ကယ်တင် လိမ့်မည်။ 6 သို့မဟုတ် ကင်းစောင့် ထားသောသူသည် ထား ဘေး ရောက် ကြောင်းကိုမြင် လျက် တံပိုး မ မှုတ် ၊ ပြည်သား တို့ အား သတိ မ ပေးသောကြောင့် ထား ဘေးရောက် ၍ တစုံတယောက်သောသူ အသက် ဆုံး လျှင်၊ ထိုသူသည် မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သူ ၏အသက် ကို ကင်းစောင့် သောသူ၌ ငါတောင်း မည်။ 7 ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။ 8 ငါ သည် လူဆိုး အား ၊ အိုလူဆိုး ၊ အကယ်စင်စစ်သင်သည် အသေ ခံရမည်ဟုဆို သောအခါ ဆိုး သောသူကို သူ ၏လမ်း မှ လွှဲစေခြင်းငှါသင်သည် သတိ မ ပေးလျှင် ၊ ထို လူဆိုး သည် မိမိ အပြစ် ကြောင့် အသက် ဆုံးလိမ့်မည်။ သို့ရာတွင် ၊ သူ ၏အသက် ကိုသင် ၌ ငါတောင်း မည်။ 9 သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။ 10 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့အား ဟောပြော ရမည်မှာ၊ ငါ တို့သည် ကိုယ်ပြုမိသော ဒုစရိုက် အပြစ် ကိုခံရသဖြင့် အားလျော့ သည်ဖြစ်၍ ၊ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်းဟု သင်တို့ဆို ကြသော်၊ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ ဆိုး သောသူသည် အသေခံ ခြင်းအမှုကို ငါနှစ်သက် သည်မ ဟုတ်။ ဆိုး သောသူသည် မိမိ ဆိုးသော လမ်း မှ လွှဲ ၍ အသက်ရှင် ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့လိုက် သောလမ်း ဆိုး မှ လွှဲ ကြလော့။ လွှဲ ကြလော့။ အဘယ်ကြောင့် အသေခံ လိုကြသနည်း။ 12 သို့ဖြစ်၍ ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့အား ဟောပြော ရမည်မှာ၊ ဖြောင့်မတ် သောသူသည် ဖေါက်ပြန် လျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုသည် သူ့ ကို ကယ်တင် ရမည်မ ဟုတ်။ ဆိုး သောသူသည် ဆိုး သောအမှုကိုရှောင် လျှင်၊ အရင်ဆိုး သောအမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်ရမည်မ ဟုတ်။ ဖြောင့်မတ် သောသူသည် ပြစ်မှား သောနေ့ ၌ အသက်ရှင် ရသောအခွင့် မ ရှိရ။ 13 ဖြောင့်မတ် သောသူသည် စင်စစ်အသက်ရှင် ရ လိမ့်မည်ဟု ငါ ဆို သော်လည်း ၊ သူ သည် မိမိ ဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက် ကိုပြု မိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခု ကိုမျှ မအောက်မေ့ ရ။ ပြု မိသော ဒုစရိုက် ကြောင့် အသေ ခံရလိမ့်မည်။ 14 တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊ 15 ပေါင် ထားသောဥစ္စာကို မ သိုထား၊ လုယူ သော ဥစ္စာကို ပြန် ပေးလျက်၊ အဓမ္မ အမှုကို မ ပြု ဘဲအသက်ရှင် ရာပညတ် တရားလမ်းသို့လိုက် လျှင်၊ အသေ မ ခံရဘဲ စင်စစ်အသက်ရှင် ရလိမ့်မည်။ 16 ပြု မိသော ဒုစရိုက် အပြစ်တစုံတခု ကိုမျှ သူ ၌ မတင် ။ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု သောကြောင့်စင်စစ်အသက်ရှင် ရလိမ့်မည်။ 17 သို့သော်လည်း ၊ သင် ၏အမျိုးသား ချင်းတို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်ဖြစ်၍ ၊ သူ တို့စီရင်ချက် မ ဖြောင့် ပါတကား။ 18 ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်းကို စွန့် ၍ ဒုစရိုက် ကိုပြု မိလျှင် ၊ ထိုဒုစရိုက် အပြစ်ကြောင့် အသေ ခံရလိမ့်မည်။ 19 ဆိုး သောသူမူကား၊ မိမိ ဒုစရိုက် ကိုရှောင် ၍ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု မိလျှင်၊ ထိုအမှု ကြောင့် အသက်ရှင် ရလိမ့်မည်။ 20 သို့သော်လည်း ၊ သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့အသီးသီး ပြု ကြသည်အတိုင်း ငါစီရင် မည်ဟုမိန့်တော်မူ၏။ 21 သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။ 22 ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။ 23 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 24 အချင်းလူသား ၊ ပျက်စီး သော ဣသရေလ ပြည် ၌ နေ သေးသောသူတို့ က၊ အာဗြဟံ သည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည် ကို အမွေ ခံရ၏။ ငါ တို့မူကား အများ ဖြစ်ကြ၏။ ငါ တို့အမွေခံ စရာဘို့ ပေး တော်မူပြီဟု ဆို ကြသော်၊ 25 သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။ 26 ထား ကို ခိုလှုံ လျက်၊ စက်ဆုပ် ဘွယ်သော အမှုကို ပြု လျက် ၊ အိမ်နီးချင်း မယား ကို ပြစ်မှား လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။ 27 တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။ 28 တပြည်လုံး ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေကုန် ၍၊ အဘယ်သူ မျှမရှောက် မသွားရအောင်၊ ဣသရေလ တောင် တို့သည် လူဆိတ်ညံ လျက် ရှိရကြလိမ့်မည်။ 29 ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။ 30 ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့က၊ ငါတို့သွား ကြကုန်အံ့။ ထာဝရဘုရား သည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူသည်ကို ကြား ကြကုန်အံ့ဟု၊ ထရံ နား ၊ အိမ် တံခါး နားမှာ သင့် ကိုရည်မှတ် ၍ တယောက် ကိုတယောက်ပြော တတ်ကြ၏။ 31 ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။ 32 သင် ၏စကား သည်၊ ကောင်းမွန် စွာတီး ၍ သာယာ သောအသံ နှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်း ကဲ့သို့ သူ တို့၌ ဖြစ်၍ ၊ သူတို့သည် ကြား ရ သော်လည်း နား မ ထောင်တတ်ကြ။ 33 သို့ရာတွင် ၊ အမှုရောက် လိမ့်မည်။ အမှုရောက် သောအခါ သူ တို့တွင် ပရောဖက် ရှိ ဘူးသည်ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
341 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။ 3 သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။ 4 အားနည်း သောသိုးကိုမ မစ ကြ၊ နာ သော သိုးတို့ကိုဆေး မ ကုကြ၊ အရိုးကျိုး သောသိုးကို အဝတ် နှင့် မ စည်းကြ၊ သူတပါးနှင် သော သိုးကိုလိုက် ၍မ ဆောင်ခဲ့ ကြ၊ ပျောက် သောသိုးကို မ ရှာ ကြ၊ အနိုင်အထက် ပြု၍ ကြမ်းတမ်း စွာ စီရင် ကြပြီ။ 5 ထိန်း သောသူမ ရှိသောကြောင့် သိုးတို့သည် ကွဲပြား ကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်း သော တော သားရဲစားစရာ ဖြစ် ကြ၏။ 6 ငါ့ သိုး တို့သည် တောင် များ၊ မြင့် သောကုန်း များ အပေါ်မှာ လဲ ၍ မြေ တပြင်လုံး တွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူ မျှမလိုက် မ ရှာ ကြ။ 7 သို့ဖြစ်၍ ၊ အချင်းသိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ 8 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သိုးထိန်း မ ရှိ၊ အဘယ်သိုးထိန်း မျှ ငါ့ သိုး တို့ကိုမ ရှာ ၊ သိုးထိန်း တို့သည် ငါ့ သိုး တို့ကို မ ကျွေးမွေး ၊ ကိုယ် ကိုသာကျွေးမွေး သဖြင့် ၊ ငါ့ သိုး တို့သည် လုယူ ရာ၊ ခပ်သိမ်း သောတော သားရဲ စားစရာ ဖြစ် သောကြောင့် ၊ 9 အချင်း သိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြလော့။ 10 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည်သိုးထိန်း တို့ တဘက်၌ နေ၏။ ငါ့ သိုး များကို သူ တို့၌ ငါတောင်း ၍ သိုးထိန်း အရာကို နှုတ် မည်။ သိုးထိန်း တို့သည် နောက် တဖန်ကိုယ် ကိုမ ကျွေးမွေး ရကြ။ ငါ့ သိုး များကို သူ တို့ပစပ် မှ ငါနှုတ် ၍ နောက်တဖန် မ ကိုက် မစားရကြ။ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။ 12 ကွဲပြား လျက်ရှိသောမိမိ သိုး တို့တွင် သိုးထိန်း ရောက် သောအခါ ကြိုးစား၍ ရှာ သကဲ့သို့ ၊ ငါသည်လည်း ငါ့ သိုး တို့ကိုကြိုးစား၍ ရှာ မည်။ မိုဃ်းအုံ့ ၍ မိုက် သောနေ့ ၌ သူတို့ကွဲပြား သော အရပ်ရပ် တို့က ငါနှုတ်ဆောင် မည်။ 13 အတိုင်းတိုင်း အပြည်ပြည် တို့က ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ နေရင်းပြည် သို့ ပို့ဆောင် မည်။ ဣသရေလ တောင် တို့အပေါ် ၊ မြစ် တို့အနား အစရှိသော နေစရာ အရပ်ရပ် တို့၌ ကျွေးမွေး မည်။ 14 ကောင်း သောကျက်စား ရာအရပ်၌ ကျွေးမွေး မည်။ မြင့် သော ဣသရေလ တောင် တို့အပေါ်မှာ သူ တို့ ခြံ ရှိ လိမ့်မည်။ သူတို့သည်ဣသရေလ တောင် တို့အပေါ်မှာ ကောင်း သောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝ သောကျက်စား ရာ၌ ကျက်စား ကြလိမ့်မည်။ 15 ငါ သည် ငါ့ သိုး များကို ကျွေးမွေး မည်။ အိပ်ရာ ကိုလည်း ငါပေးမည်။ 16 ပျောက် သောသိုးကို ငါရှာ မည်။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည်။ အရိုးကျိုး သော သိုးကိုအဝတ် နှင့်စည်းမည်။ အားနည်း သော သိုးကိုမစ မည်။ ဆူဖြိုး ၍ အား ရှိသောသိုးကိုကား၊ တရား အတိုင်း ကျွေးမွေး ၍ ကွပ်မျက် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 17 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ သိုး တို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုး ထီးနှင့် ဆိတ် ထီးတို့ကို၎င်းငါ ပိုင်းခြား မည်။ 18 သင်တို့သည် ကောင်း သောကျက်စား ရာအရပ်၌ စား သည်သာမက၊ ကျန် သော မြက်ပင် ကိုနင်း သော အမှုသည်သာမည အမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည် သော ရေ ကို သောက် သည်သာမက၊ ကျန် သော ရေကိုခြေ နှင့် နောက် စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။ 19 သင် တို့နင်း သောမြက်ပင်ကို၎င်း၊ ခြေ နှင့်နောက် စေသော ရေကို၎င်း ၊ ငါ့ သိုး တို့သည် စား သောက် ရကြမည်လော။ 20 သို့ဖြစ်၍ ၊ ထိုသူ တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဆူဖြိုး သော တိရစ္ဆာန် တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန် တို့ကို ငါ သည် ကိုယ်တိုင် ပိုင်းခြား မည်။ 21 သင်တို့သည် အားနည်း သောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြား စေခြင်းငှါနံပါး နှင့် ၎င်း ၊ ပခုံး နှင့်၎င်း တိုး ၍ ချို နှင့် ခွေ့ သောကြောင့် ၊ 22 ငါသည် ငါ့ သိုး တို့ကို ကယ်တင် သဖြင့် ၊ သူတို့ သည် နောက် တဖန် လုယူ ရာမ ဖြစ် ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြား မည်။ 23 သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။ 24 ငါ ထာဝရဘုရား သည် သူ တို့၏ဘုရားသခင် ဖြစ် မည်။ ငါ ၏ကျွန် ဒါဝိဒ် သည်လည်း သူ တို့၏မင်း ဖြစ်ရ လိမ့်မည်။ ငါ ထာဝရဘုရား ပြော ပြီ။ 25 သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။ 26 သူ တို့ကို၎င်း၊ ငါ ၏တောင် တော်ပတ်လည် ၌ ရှိသောအရပ်တို့ကို၎င်းငါကောင်းကြီး ပေး ၍ ၊ အချိန်တန် လျှင် မိုဃ်း ကိုရွာစေသဖြင့်၊ ကောင်းကြီး မိုး ရေ ကျ ရ လိမ့်မည်။ 27 တော သစ်ပင် သည် အသီး ကို သီး လိမ့်မည်။ မြေ သည်လည်း အသီးအနှံ ကိုပေး လိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ် စွာနေ ရကြလိမ့်မည်။ သူ တို့ထမ်းသော ထမ်းပိုး ကြိုး ကို ငါ ဖြတ် ၍၊ အနိုင်အထက် စေခိုင်းသောသူတို့ လက် မှ ကယ်နှုတ် သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။ 28 နောက် တဖန်တပါး အမျိုးသား တို့သည် မလု မ ယူရကြ။ ပြည် သားရဲ တို့သည်လည်း ကိုက် ၍မ စားရကြ။ အဘယ်သူ မျှမကြောက် စေဘဲ၊ သူတို့သည် ငြိမ်ဝပ် စွာ နေ ရကြလိမ့်မည်။ 29 အသရေ ရှိသော ဥယျာဉ် ကိုလည်း သူ တို့အဘို့ ငါပြုစု မည်။ နောက် တဖန်ပြည် ၌ အစာ အဟာရ ခေါင်းပါး ၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မ ခံရ ကြ။ တပါး အမျိုးသား တို့၏ကဲ့ရဲ့ ခြင်းကိုလည်း မ ခံရ ကြ။ 30 သူ တို့၏ဘုရားသခင် ငါ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိကြောင်းကို၎င်း ၊ ဣသရေလ အမျိုးသား တည်းဟူသောသူ တို့သည် ငါ ၏လူ ဖြစ်ကြောင်း ကို၎င်းသိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 31 ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။
351 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ သင်သည် စိရ တောင် တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ 3 အိုစိရ တောင် ၊ သင့် တဘက် ၌ငါ နေ၏။ သင့် ကို ငါတိုက် ၍ သုတ်သင် ပယ်ရှင်းမည်။ 4 သင် ၏မြို့ တို့ကို ငါဖျက်ဆီး သဖြင့် သင် သည် လူဆိတ်ညံ လျက်ရှိ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ 5 သင် သည် အစဉ် ရန်ငြိုး ဖွဲ့၍ ဣသရေလ အမျိုးသား တို့၌ အမှု ရောက်သောကာလ ၊ အပြစ် ကြောင့် ခံရသောကာလ အဆုံး ၌ ၊ သူတို့အသက်ကို ထား နှင့် သတ် သောကြောင့် ၊ 6 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အသက် သတ်ခြင်းအမှုကို သင် ၌ငါပြု ၍ ၊ ထိုအမှု သည်သင့် ကို လိုက် မည်။ အသက် သတ်ခြင်းအမှုကို သင်မ မုန်း သောကြောင့် ၊ ထိုအမှု သည် သင့် ကိုလိုက် ရလိမ့်မည်။ 7 ထိုသို့ စိရ တောင် ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ထွက်သွား သောသူ၊ ပြန်လာ သောသူတို့ကို ပယ်ဖြတ် မည်။ 8 သင်၏တောင် တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့် စေမည်။ သင့် နေရာကုန်း ၊ ချိုင့် ၊ မြစ် နား၌ထား ဖြင့် အသေ ခံရသောသူတို့ သည် ရှိ ကြ လိမ့်မည်။ 9 သင့် ကိုအစဉ်မပြတ် သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် ၏မြို့ တို့၌ အဘယ်သူမျှမ နေ ရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။ 10 သင် က၊ ဤတိုင်း ပြည် နှစ် ပြည်ကိုငါတို့သည် သိမ်း၍ပိုင် မည်ဟု ထို ပြည်၌ ထာဝရဘုရား ရှိ လျက်နှင့် ဆို မိသောကြောင့် ၊ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သင်သည်သူ တို့ကို ရန်ငြိုး ဖွဲ့၍ ဒေါသ စိတ်၊ ငြူစူ သောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြု မည်။ သင့် ကို စီရင် သောအခါ သူ တို့တွင် ငါထင်ရှား လိမ့်မည်။ 12 သင်က၊ ဣသရေလ တောင် တို့သည် ပျက်စီး ၍ ငါ တို့စားစရာ ဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့ ၍ပြောဆို သော စကားအလုံးစုံ တို့ကို ငါ ထာဝရဘုရား ကြား ကြောင်း ကို သင်သိ ရလိမ့်မည်။ 13 ထိုသို့ သင်သည် ငါ့ တဘက် ၌ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါ ကြား ပြီဟု မိန့်တော်မူ၏။ 14 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး ရွှင်လန်း သောအခါ သင့် ကိုငါဖျက်ဆီး မည်။ 15 ဣသရေလ အမျိုးသား တို့ အမွေ မြေ ပျက်စီး သည်ကို သင် သည် ဝမ်းမြောက် သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြု မည်။ အိုစိရ တောင် ၊ သင်နှင့်တကွ ဧဒုံ ပြည် သည် အကုန်အစင် ပျက်စီး ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
361 တဖန် အချင်းလူသား ၊ ဣသရေလ တောင် တို့ အား ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ တောင် တို့၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့။ 2 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူ က၊ အေ့ဟေ ၊ ထာဝရ တောင် တို့သည်ငါ တို့လက်သို့ ရောက် ကြပြီဟု သင် တို့တဘက် ၌ ဆို မိသောကြောင့် ၊ 3 ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆို ရမည်မှာ၊ သင် တို့သည်ကျန်ကြွင်း သော တပါးအမျိုးသား တို့ သိမ်းယူ ရာဖြစ် ရသည်တိုင်အောင် ၊ သင် တို့ကိုသုတ်သင် ပယ်ရှင်း၍ ပတ်လည် ကိုက်စား သောကြောင့် ၎င်း ၊ သင်တို့သည် လူများပြောဆို ရာ၊ ကဲ့ရဲ့ ရာ ဖြစ်သောကြောင့် ၎င်း ၊ 4 အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီးရာ၊ ချိုင့် ရာ၊ သုတ်သင် သောလွင်ပြင် မှစ၍၊ ပတ်လည် ၌နေသောတပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူ ကဲ့ရဲ့ ၍၊ မြို့သားစွန့် သွားသော မြို့ တို့အား မိန့် တော်မူသည်ကား၊ 5 အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။ 6 သို့ဖြစ်၍ ၊ ဣသရေလ ပြည် ကို ရည်မှတ် ၍ ပရောဖက်ပြု လျက်၊ တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီး ရာ၊ ချိုင့် ရာတို့အား အရှင် ထာဝရဘုရား ၏ အမိန့် တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသား တို့ကဲ့ရဲ့ ခြင်းကိုခံရ သောကြောင့် ၊ ငါသည် ဒေါသ အမျက် ထွက်၍ ပြော ပြီ။ 7 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ်စင်စစ် သင် တို့ပတ်လည် ၌နေသောတပါးအမျိုးသား တို့သည် ကိုယ် အရှက်ကွဲ ခြင်းကိုခံရ ကြလိမ့်မည်ဟု ငါ ကျိန်ဆို ပြီ။ 8 အိုဣသရေလ တောင် တို့၊ သင် တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏လူ ဣသရေလ အမျိုးသားတို့အဘို့ အသီး ကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာ ချိန်နီး ပြီ။ 9 ငါ သည်သင် တို့ဘက်၌ နေ၍ သင် တို့ရှိရာသို့ ပြန်လာ သဖြင့် ၊ သင်တို့အပေါ်မှာလယ်လုပ် ၍ မျိုးစေ့ကြဲ ကြလိမ့်မည်။ 10 သင် တို့အပေါ်မှာ လူ များတည်းဟူသောဣသရေလ အမျိုးသား အပေါင်း တို့ကို ငါပြန့်ပွါး စေသဖြင့် ၊ သူတို့သည် မြို့ များ၌နေ ၍ ပျက်စီး သော အရပ်များကို ပြုပြင် ကြလိမ့်မည်။ 11 သင် တို့အပေါ်မှာ လူ နှင့် တိရစ္ဆာန် တို့ကို ငါ များပြား စေသဖြင့် ၊ သူတို့သည်ပွားများ ၍ သား မြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာ ချ၍ ၊ အရင် ပြုသကဲ့သို့ငါကျေးဇူး ပြုမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ 12 သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။ 13 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချင်းပြည်၊ သင် သည် လူ တို့ကို ကိုက်စား တတ်၏။ ကိုယ် အမျိုးသား တို့ကို လုယူ ဖျက်ဆီးတတ်၏ဟု သူတပါး ဆို သောကြောင့် ၊ 14 နောက် တဖန်သင်သည် လူ တို့ကို မ ကိုက် မစားရ။ ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15 နောက် တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သော စကားကိုမ ကြား ရ။ နောက် တဖန် ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 16 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 17 အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ပြည် ၌ နေ သောအခါ ၊ အလိုအလျောက်ကျင့်ကြံ ပြုမူ သောအားဖြင့် ထိုပြည် ကို ညစ်ညူး စေကြ၏။ သူ တို့ အကျင့် ဓလေ့သည် ငါ့ ရှေ့မှာ ဥတု ရောက်သော မိန်းမ၏ အညစ်အကြေး ကဲ့သို့ ဖြစ် ၏။ 18 ထိုပြည် ၌ လူအသက် ကိုသတ်သောအပြစ်၊ ရုပ်တု တို့နှင့် ညစ်ညူး စေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသ အမျက်ကို သွန်းလောင်း ပြီ။ 19 အတိုင်းတိုင်း အပြည်ပြည် သို့ ငါကွဲပြား ပြန့်လွင့် စေပြီ။ သူ တို့ကျင့်ကြံ ပြုမူ သည်အတိုင်း ငါစီရင် ပြီ။ 20 သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊ 21 ဣသရေလ အမျိုးသား ရောက် ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချ သော ငါ ၏နာမ မြတ် ကို ငါနှမြော ၏။ 22 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။ 23 တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 24 အကြောင်းမူကား ၊ သင် တို့ကို အတိုင်းတိုင်း အပြည်ပြည် တို့က ငါခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သင် တို့နေရင်းပြည် သို့ ပို့ဆောင် မည်။ 25 သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။ 26 စိတ်နှလုံး သစ် ကို ငါပေး မည်။ သဘော သစ် ကို သွင်း ထားမည်။ သင် တို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ အသား နှလုံး ကိုပေး မည်။ 27 ငါ့ ဝိညာဉ် ကိုလည်း သင် တို့အထဲ သို့ သွင်း ပေး သဖြင့် ၊ သင်တို့သည် ငါ ၏တရား လမ်းသို့ လိုက် ၍ ၊ ငါ စီရင် တော်မူချက်တို့ကို စောင့်ရှောက် ကြလိမ့်မည်။ 28 ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ သင်တို့သည် နေ ရ၍ ငါ ၏လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သင် တို့၏ဘုရားသခင် ဖြစ် မည်။ 29 သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။ 30 သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသား တို့ ကဲ့ရဲ့ ခြင်းနှင့် လွတ် စေမည်အကြောင်း ၊ သစ်ပင် အသီး နှင့် မြေ အသီးအနှံ ကို ငါများပြား စေမည်။ 31 ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။ 32 သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 33 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ဒုစရိုက် အပြစ်ရှိသမျှ တို့ကို ငါ ရှင်းလင်း သောအခါ ၊ မြို့ များ၌လူနေ စေ၍ ပျက်စီး သော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။ 34 ရှောက်သွား သော သူအပေါင်း တို့၏ မျက်မှောက် ၌ စွန့်ပစ် ဘူးသော မြေ တွင် တဖန် လယ်လုပ် ကြ လိမ့်မည်။ 35 ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ် သော ဤ မြေ သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ် လေပြီ။ သုတ်သင် ပယ်ရှင်း ပျက်စီး သော မြို့ တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြော ကြလိမ့်မည်။ 36 ထိုအခါ ပျက်စီး သော အရပ်တို့ကို ငါ ထာဝရ ဘုရား ပြုပြင် ကြောင်း ကို၎င်း၊ စွန့်ပစ် သောမြေတွင် လယ် လုပ် ကြောင်းကို၎င်း၊ သင် တို့ပတ်လည် ၌နေရစ် သော တပါးအမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ ထာဝရဘုရား သည် မိန့်မြွက် သည်အတိုင်း ပြု မည်။ 37 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။ 38 ပျက်စီး သောမြို့ တို့သည် သန့်ရှင်း သော သိုးစု တည်းဟူသော၊ ဓမ္မ ပွဲခံချိန်တွင် ယေရုရှလင် သိုးစု ကဲ့သို့ သော လူ စုတို့နှင့် ပြည့်စုံ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
371 တဖန်ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုပြင်သို့ ဆောင် သွား လျက်၊ အရိုး တို့နှင့် ပြည့် သောချိုင့် အလယ် ၌ ထား ပြီးလျှင် ၊ 2 ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွား စေတော်မူ ၏။ ထိုချိုင့် မျက်နှာပြင် ၌ များစွာ သောအရိုးတို့သည်ရှိ၍ အလွန် သွေ့ခြောက် ကြ၏။ 3 ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် အသက်ရှင် နိုင်သလောဟုမေး တော်မူလျှင် ၊ ငါက၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သိ တော်မူသည် ဟု လျှောက် လေ၏။ 4 ထာဝရဘုရားကလည်း၊ ဤ အရိုး တို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြော ရမည်မှာ၊ အိုသွေ့ခြောက် သော အရိုး တို့၊ ထာဝရဘုရား ၏အမိန့် တော်ကိုနားထောင် ကြလော့။ 5 ဤ သွေ့ခြောက်သော အရိုး တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် သင် တို့အထဲသို့ အသက် ကိုသွင်း ၍ သင်တို့သည် အသက်ရှင် ရကြမည် ။ 6 သင် တို့အပေါ်မှာ အကြော တို့ကို ငါတင် ၍ အသား ကို တက် စေမည်။ အရေ နှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်း သဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု၊ 7 မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၏။ ပရောဖက်ပြု စဉ်တွင် အသံ မြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုး တို့သည် တခုအနီးသို့တခု ချဉ်း ကြ ၏။ 8 ငါကြည့်ရှု စဉ်တွင် အကြော တို့သည်ပေါ်လာ ၍ အသား လည်း တက် ၏။ အရေ လည်းဖုံးလွှမ်း ၏။ သို့ရာတွင် ၊ အသက် မ ရှိသေး။ 9 ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြု လော့။ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို လေ အား ဆင့်ဆို ရမည်မှာ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍၊ ဤ အသေကောင် တို့သည် အသက်ရှင် မည်အကြောင်း သူတို့အပေါ်မှာမှုတ် လော့ဟု၊ 10 မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၍ ၊ လေ သည် သူ တို့အထဲသို့ ဝင် သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန် များ သော ဗိုလ်ခြေ ဖြစ်လျက် မတ်တတ် နေကြ၏။ 11 ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။ 12 သို့ဖြစ်၍ ၊ ပရောဖက်ပြု လျက် အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ဣသရေလ ပြည် သို့ ပို့ဆောင် မည်။ 13 အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ၊ 14 အသက်ရှင် စေခြင်းငှါငါသည် ကိုယ် အသက် ကို သွင်း ပေး၍ ၊ သင် တို့ကို နေရင်းပြည် ၌ နေရာ ချသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ငါထာဝရဘုရားပြော သည်အတိုင်း ပြည့်စုံ ကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 15 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊ 16 အချင်းလူသား ၊ တုတ် တ ချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးသား အဘို့ ဟု ရေးမှတ် လော့။ တဖန် တုတ် တ ချောင်းကိုယူ ၍ ၊ ယောသပ် အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသား များအဘို့၊ ဧဖရိမ် တုတ် ပေတည်းဟု ရေးမှတ် လော့။ 17 ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။ 18 သင် ၏အမျိုးသား ချင်းတို့က၊ ထိုသို့ ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါ တို့အား မ ပြော သင့်သလော ဟုမေး လျှင် ၊ 19 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုသူ တို့ အား ဆင့်ဆို ရမည်မှာ၊ ဧဖရိမ် ကိုင် သော ယောသပ် ၏ တုတ် နှင့် ၊ သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးအနွယ် တို့ကိုငါ ယူ ၍ ယုဒ တုတ် နှင့်အတူပူး ထားပြီးလျှင် ၊ တ ချောင်းတည်းဖြစ်သော တုတ် ကိုငါ လက် စွဲမည်ဟု ဆင့်ဆိုလျက်၊ 20 သင်ရေးမှတ် သော ထိုတုတ် ကိုသူ တို့မျက်မှောက် ၌ လက် စွဲလျက် နေ လော့။ 21 အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။ 22 ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။ 23 နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။ 24 ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။ 25 ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။ 26 ထိုမှတပါး ၊ သူ တို့နှင့် မိဿဟာယ ပဋိညာဉ် ကို ငါဖွဲ့ ၍၊ ထိုပဋိညာဉ်သည် နိစ္စ ထာဝရပဋိညာဉ် ဖြစ် လိမ့်မည် ။ သူ တို့ကိုနေရာချ ၍ များပြား စေမည်။ ငါ ၏ သန့်ရှင်း ရာဌာနကို သူ တို့အလယ် ၌ အစဉ်အမြဲ ထား မည်။ 27 ငါ ၏ဗိမာန် တော်သည်လည်း သူ တို့၌ ရှိ ၍ ၊ ငါသည် သူ တို့၏ ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်။ 28 ထိုသို့ ငါ ၏ သန့်ရှင်း ရာဌာနသည် သူ တို့အလယ် ၌ အစဉ်အမြဲ တည် သောအခါ ၊ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးကို သန့်ရှင်း စေသည်ဟု တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
381 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊ 2 အချင်းလူသား ၊ ရောရှပြည်၊ မေရှက် ပြည်၊ တုဗလ ပြည်ကို အစိုးရ သောမာဂေါဂ ပြည်သား ဂေါဂ မင်းတဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ 3 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရသောအိုဂေါဂ မင်း၊ သင့် တဘက် ၌ ငါ နေ၏။ 4 သင့် ကို ငါပြန်လာ စေမည်။ သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ပြီးလျှင် ၊ သင် မှစ၍ထူးဆန်းသော လက်နက် စုံ အမျိုးမျိုး ကို ဆောင်သောသူ၊ ဒိုင်း လွှား ပါ၍ ထား ကို လက်စွဲ သောလူ အလုံးအရင်းများ နှင့် မြင်း ၊ မြင်းစီး သူရဲ ဗိုလ်ခြေ အပေါင်း တို့ကို ငါဆောင် ခဲ့မည်။ 5 အသီးအသီး ဒိုင်း လွှားကိုင်၍ သံခမောက်လုံး ကို ဆောင်းသောပေရသိ ပြည်သား၊ ကုရှ ပြည်သား၊ ဖုတ ပြည်သား၊ 6 ဂေါမာ နှင့်သူ ၏တပ် များ၊ မြောက် ပြည်သားတောဂါမ အမျိုးနှင့် သူ ၏တပ် များအလုံးအရင်း အပေါင်း တို့သည် သင် နှင့်အတူ လိုက်လာကြလိမ့်မည်။ 7 သင် သည် မိမိ ၌ စုဝေး သောလူ အလုံးအရင်းများ နှင့်တကွကိုယ် ကိုပြင်ဆင် လော့။ ပြင်ဆင် လျက်နေလော့။ သူ တို့ကို စောင့် လျက်နေလော့။ 8 ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊ 9 သင်သည်မိုဃ်းသက် မုန်တိုင်းကဲ့သို့ တက် လာ၍၊ သင် ၌ ပါသောသမျှသောတပ်သား အလုံးအရင်း နှင့်တကွ ၊ ထိုပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ဖြစ် လိမ့်မည်။ 10 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်း သော အကြံ ကိုကြံစည် လျက်၊ 11 ရွာ ဇနပုဒ်များသောပြည် ၊ မြို့ရိုး မ ရှိ၊ တံခါးကျင် နှင့် တံခါး မ ရှိ၊ စိုးရိမ် စရာအကြောင်းအလျှင်း မရှိ၊ ငြိမ်ဝပ် သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊ 12 သူတို့ဥစ္စာ ကို လုယက် သိမ်းယူမည်။ အရင် ဆိတ်ညံ ၍ ယခုလူနေ သောအရပ်တို့ကို၎င်း၊ လူ အမျိုးမျိုးထဲက စုဝေး သဖြင့် တိရစ္ဆာန် များနှင့် ဥစ္စာ များကိုရ တတ်၍၊ ပြည် အလယ် ၌ နေ သောသူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။ 13 ရှေဘ ပြည်သား၊ ဒေဒန် ပြည်သား၊ တာရှု ကုန်သည် များ၊ ခြင်္သေ့ ပျိုအပေါင်း တို့ကကိုယ်တော် သည်သူ့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ သလော ။ သူ့ ဥစ္စာကို ဝေငှ၍ရွှေ ငွေ ကို၎င်း တိရစ္ဆာန် များနှင့် ဥစ္စာ များကို၎င်းသိမ်း သွားလျက်၊ များစွာလုယက် ဖျက်ဆီးခြင်းငှါ အပေါင်းအသင်း ကို စုဝေး စေပြီ လောဟု မေးမြန်း ကြလိမ့်မည်။ 14 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဂေါဂ အား ဆင့်ဆို ရမည်မှာ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့သည် ငြိမ်ဝပ် စွာနေ သောအခါ သင်သည်သိ ၍၊ 15 မြင်း စီး သောသူ အလုံးအရင်း အပေါင်း ၊ အားကြီး သောစစ်သူရဲ အပေါင်းတို့နှင့်တကွမြောက် မျက်နှာမှ ချီ လာမည်။ 16 ပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တက် ၍တိုက်လာမည်။ နောင် ကာလ တွင် ငါ ၏ပြည် တဘက် ၌ သင့် ကို ငါဆောင် ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့် အားဖြင့် ငါ သည်ချီးမြှောက် ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ ကိုသိ ရကြမည်အကြောင်း တည်း။ 17 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် စစ်ချီ စေမည် ဟု၊ လွန်လေပြီးသောရှေး ကာလ ၌ ပရောဖက်ပြု သောငါ ၏ ကျွန် ဣသရေလ ပရောဖက် တို့ အား ငါသည်ဗျာဒိတ် ပေးသောအခါ၊ သင့် ကိုရည်မှတ်သည်မဟုတ်လော ။ 18 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် ဂေါဂ သည် ဣသရေလ ပြည် ကို တိုက်လာ သောကာလ အခါ၊ ငါ သည်ဒေါသ အရှိန် ထ ၍ အမျက် ထွက် လိမ့်မည် ။ 19 အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းဖြစ် လိမ့်မည်ဟု ငါ ၏ဒေါသ မီး လောင် လျက် ငါပြော ပြီ။ 20 ပင်လယ် ငါး ၊ မိုဃ်း ကောင်းကင်ငှက် ၊ တော တိရစ္ဆာန် နှင့် မြေ ၌ တွား တတ်သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ ရှိသော လူ အပေါင်း တို့သည် ငါ့ ရှေ့မှာ တုန်လှုပ် ကြ လိမ့်မည်။ တောင် တို့သည်ပြို လျက် ၊ အစောက် မြင့်သော အရပ်တို့သည် လဲ လျက် ၊ အလုံးစုံ သောအုတ်ရိုး ပြုတ် လျက် ရှိကြလိမ့်မည်။ 21 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ တောင် များ အရပ်ရပ် တို့တွင် သူ့ တဘက် ၌ထား ကို ငါမှာလိုက် သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထား နှင့် ခုတ်ကြလိမ့်မည်။ 22 ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။ 23 ထိုသို့ ငါသည် ကိုယ်ကိုချီးမြောက် ၍ ရိုသေ ဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာ သောလူမျိုး တို့ ရှေ့မှာ ထင်ရှား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
391 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဂေါဂ တဘက် ၌ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရ သောအိုဂေါဂ မင်း ၊ ငါ သည်သင့် တဘက် ၌ နေ၏။ 2 သင့် ကို ငါလှည့် ၍ သွေးဆောင် မည်။ မြောက် မျက်နှာ မှ ချီ လာ၍ ဣသရေလ တောင် တို့အပေါ်သို့ ရောက် စေမည်။ 3 ထိုအခါ သင့် လက်ဝဲ လက် မှ လေး ကို၎င်း ၊ လက်ျာ လက် မှ မြှား တို့ကို၎င်း ငါရိုက် ၍ကျ စေမည်။ 4 သင် နှင့် သင် ၌ပါသောတပ်သား အပေါင်း တို့ သည် ဣသရေလ တောင် တို့အပေါ်မှာ လဲ ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုး သော ငှက်ရဲ ၊ သားရဲ တို့ကိုက်စား စရာဘို့ ငါအပ် မည်။ 5 သင်သည် လွင်ပြင် ၌ လဲ ၍သေလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 6 မာဂေါဂ ပြည်နှင့် ပင်လယ် ကမ်းနားမှာ ငြိမ်ဝပ် စွာနေ သောသူတို့ အပေါ်သို့ မီး ကိုငါလွှတ် လိုက်၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။ 7 ထိုသို့ ငါ ၏ နာမ မြတ် ကိုငါ ၏ လူ ဣသရေလ အမျိုးသားတို့တွင် ထင်ရှား စေမည်။ နောက် တဖန်သူတို့ သည် ငါ ၏နာမ မြတ် ကိုမ ရှုတ်ချ ရကြ။ ငါ သည်ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထာဝရဘုရား ဖြစ်ကြောင်း ကို တပါးအမျိုးသား တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 8 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အမှုရောက် လေပြီ။ ပြည့်စုံ လေပြီ။ ယခု နေ့ရက်သည် ငါမိန့်မြွက် နှင့်ပြီးသော နေ့ ရက်ဖြစ်၏။ 9 ဣသရေလ မြို့ တို့၌ နေ သောသူတို့သည် ထွက်သွား ၍ ၊ စစ်တိုက် လက်နက်၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံ များကို ခုနစ် နှစ် ပတ်လုံးမီး ရှို့ ကြလိမ့်မည်။ 10 ထိုကာလတွင် ဥယျာဉ် ၌ ထင်း မ ခွေ၊ တော ၌ ထင်းမ ခုတ် မလှဲ၊ စစ်တိုက် လက်နက်တို့နှင့် မီးမွှေး ကြ လိမ့်မည်။ ဖျက်ဆီး သောသူတို့ကို ဖျက်ဆီး ကြလိမ့်မည်။ လုယူ သောသူတို့၏ ဥစ္စာကိုလည်းလုယူ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 11 ထို ကာလ တွင် ဣသရေလ ပြည်၊ အိုင် အရှေ့ ၊ ခရီးသွား ရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်း ကိုဂေါဂ အား ငါပေး မည်။ ခရီသွား သောသူတို့ သည် နှာခေါင်းကို ပိတ် ရကြ လိမ့်မည်။ ထို အရပ်၌ ဂေါဂ နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ ကိုမြေ၌ မြှုပ် ၍၊ ထိုချိုင့်သည် ဟာမုန် ဂေါဂ ချိုင့်အမည် ဖြင့် တွင်လိမ့်မည်။ 12 ဣသရေလ အမျိုးသား တို့သည် ပြည် ကို သန့်ရှင်း စေခြင်းငှါ ခုနစ် နှစ် ပတ်လုံးမြေ ၌မြှုပ်ကြ လိမ့်မည်။ 13 ပြည်သား အပေါင်း တို့သည် ဝိုင်း၍မြေ၌မြှုပ် သဖြင့် ၊ ငါ ၏ဘုန်း ပွင့်သော ထိုနေ့ ရက်၌ သူတို့သည်လည်း ကျော်စော ခြင်းသို့ ရောက် ကြလိမ့်မည် ဟုအရှင် ထာဝရဘုရား မိန့် တော်မူ၏။ 14 အရပ်ရပ် လှည့်လည် ၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေ ပေါ်၌ ကြွင်း သေးသော အသေကောင်တို့ကို မြှုပ် ၍၊ ထိုပြည် ကို သန့်ရှင်း စေခြင်းငှါ အစဉ် အမှုစောင့်သောသူတို့ ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ် လ မက ရှာဖွေ ကြစဉ်တွင်၊ 15 လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေကောင် ၏ အရိုး ကိုတွေ့မြင် လျှင် ၊ မြေ ၌မြှုပ်သောသူတို့ သည် ဟာမုန် ဂေါဂချိုင့်၌ မ မြှုပ် မှီတိုင်အောင်၊ အရိုး ၏အနား မှာမှတ်တိုင် ကို စိုက် ရကြမည်။ 16 ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ ဟူ၍တွင် သဖြင့် ၊ ထိုသို့ပြည် တော်ကို သန့်ရှင်း စေကြ လိမ့်မည်။ 17 အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ငှက် အမျိုးမျိုး တို့နှင့် မြေ တိရစ္ဆာန် ခပ်သိမ်း တို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး ၍ လာ ကြလော့။ ဣသရေလ တောင် တို့အပေါ်၌ သင် တို့အဘို့ ငါစီရင်သော ယဇ် ပွဲကြီး သို့ အရပ်ရပ် တို့က စည်းဝေး ၍၊ အသား အသွေး ကို သောက် စား ခြင်းငှါလာကြလော့။ 18 သင်တို့သည် အားကြီး သောသူတို့၏ အသား ၊ လောကီ မင်း တို့၏အသွေး ၊ ဗာရှန် ပြည်၌ ဆူ အောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘ တို့၏ အသား အသွေးကို သောက် စား ရကြလိမ့်မည်။ 19 သင် တို့အဘို့ ငါစီရင် သော ယဇ် ပွဲ၌ ဆီဥ ကိုဝ စွာ စား ရကြလိမ့်မည်။ အသွေး နှင့်ယစ်မူး သည်တိုင်အောင် သောက် ရကြလိမ့်မည်။ 20 ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီး သူရဲ၊ ခွန်အား ကြီးသောသူ၊ စစ်တိုက် သောသူ အမျိုးမျိုး တို့ကို ဝ စွာစားရကြ လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 21 ငါ့ ဘုန်း ကိုလည်း တပါးအမျိုးသား တို့တွင် ငါထင်ရှား စေ၍ ၊ ငါစီရင် သော တရားမှု နှင့် ၊ သူ တို့၌ ငါတင် သော လက် ကို တပါးအမျိုးသား အပေါင်း တို့သည် မြင် ရကြလိမ့်မည်။ 22 ငါ သည်သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် ထို နေ့ မှစ၍ သိ ရကြလိမ့်မည်။ 23 ဣသရေလ အမျိုးသား တို့သည် မိမိ အမျိုးတို့ အပြစ် ကြောင့် သိမ်း သွားခြင်းခံရကြောင်း ကို တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ့ ကိုပြစ်မှား သောကြောင့် ၊ ငါသည် မျက်နှာ လွှဲ ၍ ရန်သူ တို့လက် သို့ အပ် သဖြင့် ၊ ထိုသူ အပေါင်း တို့သည် ထား ဖြင့် လဲ ၍ သေရ ကြပြီ။ 24 သူ တို့ညစ်ညူး သောအမှု၊ လွန်ကျူး ခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာ ကိုလွှဲ ပြီ။ 25 ဤ အမှုတွင် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သိမ်း သွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင် ခဲ့၍ ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို ကယ်မ သနားသဖြင့် ၊ ငါ ၏နာမ မြတ် အဘို့ အလိုငှါ စိတ် အားကြီးမည်။ 26 သူ တို့ကို လူ အမျိုးမျိုးထဲက ငါ ခေါ် ခဲ့၍၊ 27 ရန်သူ နေရာပြည် တို့မှ စုဝေး စေလျက် ၊ သူ တို့ အားဖြင့် များစွာ သော လူမျိုး တို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက် စေသော သူမ ရှိ၊ ငြိမ်ဝပ် စွာနေ ကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါ့ အား ပြစ်မှား ခြင်းအပြစ် များကို အောက်မေ့ ကြ ရလိမ့်မည်။ 28 ငါသည်သူ တို့ကို တပါးအမျိုးသား တို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေး စေ၍ နေရာချသောကြောင့်၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 29 ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
401 ငါတို့သည် သိမ်း သွားခြင်းကိုခံရာသက္ကရာဇ် နှစ်ဆယ် ငါး ခု၊ ပဌမ လ ဆယ် ရက်နေ့၊ မြို့ တော်ကို လုပ်ကြံ ၍၊ တဆယ် လေး နှစ် စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ထို မြို့သို့ ဆောင် သွားတော်မူ၏။ 2 ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကို ဣသရေလ ပြည် သို့ ဆောင် သွား၍ ၊ အလွန် မြင့် သော တောင် ပေါ်မှာ တင် ထားတော်မူ၏။ ထိုတောင်အနားမှာ တောင် ဘက်၌ မြို့ ပုံသဏ္ဌာန် ရှိ၏။ 3 ထို အရပ်သို့ ငါ့ ကိုဆောင် သွားတော်မူသောအခါ ၊ ကြေးဝါ ကဲ့သို့ အဆင်းအရောင် ရှိသောလူ တဦးသည် တိုင်း စရာကျူလုံး နှင့် ချည် ကြိုး ကို ကိုင်လျက်မြို့တံခါးဝ မှာ ရပ် နေ၏။ 4 ထိုသူက၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု လော့။ စေ့စေ့နားထောင် လော့။ ငါ ပြ လတံ့သမျှ တို့ကို နှလုံး သွင်း လော့။ သင့် အား ငါပြ အံ့သောငှါ သင့်ကိုဤ အရပ်သို့ ဆောင် ခဲ့တော်မူပြီ၊ မြင် သမျှ တို့ကိုလည်းဣသရေလ အမျိုး အား ပြ ရမည်ဟုဆို ၏။ 5 အိမ် တော်ပြင် ပတ်လည် ၌ တန်တိုင်း ရှိ၏။ ထိုသူသည် သံတောင်အားဖြင့်အရှည်ခြောက် တောင် ရှိသောကျူလုံး ကို ကိုင် လျက်၊ ထိုတန်တိုင်း ကိုတိုင်း ၍ အထု ကျူ တပြန်၊ အမြင့် လည်း ကျူ တပြန်ရှိ၏။ 6 ထိုနောက် ၊ အရှေ့ တံခါး သို့ သွား ၍ လှေကား ကို တက် ပြီးမှ ၊ တံခါး ထုပ် နှင့် တံခါး ခုံကိုတိုင်း ၍ အနံ ကျူ တပြန်စီရှိ၏။ 7 အခန်းငယ် တို့သည် တခန်းနှင့်တခန်း ငါး တောင် ကွာလျက် အလျား ကျူ တပြန်၊ အနံ လည်း ကျူ တပြန်စီရှိကြ၏။ 8 အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။ 9 တံခါး မုတ် ကိုလည်း တိုင်း ၍အလျားရှစ် တောင် ရှိ၏။ မုတ်တိုင် အမြင့် နှစ် တောင် စီရှိ၏။ တံခါး မုတ် သည် တံခါးအတွင်း ဘက်၌ ရှိသတည်း။ 10 အရှေ့ တံခါး တဘက်တချက်၌ အခန်းငယ် သုံး ခန်းစီရှိ၍၊ အလျား အနံတညီတည်း ၊ တဖက်တချက်၌ တိုင် အမြင့်လည်း တညီတည်း ရှိကြ၏။ 11 တံခါး ဝ ကိုလည်းတိုင်း ၍ အနံ ဆယ် တောင် ၊ အမြင့် တဆယ် သုံး တောင် ရှိ၏။ 12 အခန်းငယ် တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင် အနံတ တောင် ရှိ၏။ တဘက်တချက်၌ရှိသောအခန်းငယ် တို့သည် အလျားအနံခြောက် တောင် စီရှိ၏။ 13 ထိုနောက် ၊ အခန်းငယ် အမိုး စွန်းတခုမှ သည် တခုတိုင်အောင် တိုင်း ၍အကျယ် နှစ်ဆယ် ငါး တောင် ရှိ၏။ တံခါးတို့ သည် မျက်နှာချင်းဆိုင် ကြ၏။ 14 တံခါး ပတ်လည် တန်တိုင်း အတွင်း၊ ထောင့် တိုင် အထိ ၊ အတောင် ခြောက်ဆယ် ကျယ်အောင် တိုင် များကို ထား လေ၏။ 15 ပြင်တံခါးဝ မှ သည် အတွင်းတံခါး မုတ်ဝ တိုင်အောင် အတောင် ငါးဆယ် ရှိ၏။ 16 အခန်း များ၊ တံခါး အတွင်း ပတ်လည် တိုင် များ၊ တံခါးမုတ် များ အတွင်း ဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင် များ၌ စွန်ပလွန် ပင်ပုံထုလျက်ရှိ၏။ 17 ထိုနောက် ၊ ငါ့ ကိုပြင် တန်တိုင်း ထဲသို့ သွင်း ၍ အခန်း များကို ငါမြင်၏။ ကျောက် ခင်းလည်း ရှိ ၏။ ကျောက် ခင်းအပေါ်မှာ အခန်း သုံးဆယ် ရှိ၏။ 18 တံခါး များအစဉ်အတိုင်းလိုက်၍၊ တံခါး အနားမှာ ရှိသောကျောက် ခင်းသည် အောက် ကျောက် ခင်းဖြစ်၏။ 19 ထိုနောက် ၊ အောက် တံခါး ဦး မှ သည် အတွင်း တန်တိုင်း ပြင် ဘက် ဦး တိုင်အောင် တိုင်း ၍၊ အရှေ့ မျက်နှာ၌ အတောင် တရာ ကွာ ၏။ 20 တဖန် မြောက် မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်း မြောက် ဘက်သို့ မျက်နှာ ပြုသောတံခါး အမြင့် နှင့် အနံ ကိုတိုင်း လေ၏။ 21 အခန်း တို့သည် တဘက်တချက်၌ သုံး ခန်းစီ ရှိ၏။ တိုင် များ၊ မုတ် များတို့သည် အရင် တံခါး ကဲ့သို့ ဖြစ် ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။ 22 ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံ ပင်များတို့သည် အရှေ့ တံခါး ကဲ့သို့ ဖြစ်ကြ၏။ လှေကား ခုနစ် ထစ်ဖြင့် တံခါး သို့ တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။ 23 အရှေ့ ဘက်၌ ရှိသကဲ့သို့မြောက် တံခါး မျက်နှာချင်းဆိုင် အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ တံခါးဝ တခုနှင့် တခု အတောင် တရာ ကွာ၏။ 24 ထိုနောက် ၊ တောင် မျက်နှာသို့ခေါ်သွား ၍ တောင် တံခါး ကို ငါမြင် ၏။ တိုင် များ၊ မုတ် များကိုတိုင်း ၍ အရင်ပမာဏ နှင့်တညီတည်း ရှိကြ၏။ 25 အရင်ပြတင်းပေါက် ကဲ့သို့ ပြတင်းပေါက် များ၊ မုတ် များရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။ 26 လှေကား ခုနစ် ထစ်ဖြင့် တံခါးသို့တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင် များ၌ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။ 27 တောင် မျက်နှာ၌ အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ ထိုမျက်နှာ၌ တံခါးဝ တခုမှ သည် တခုတိုင်အောင် တိုင်း ၍ အတောင် တရာ ကွာ၏။ 28 တဖန် အတွင်း တန်တိုင်း ထဲသို့ တောင် တံခါး ဖြင့် သွင်း ၍၊ အရင် ပမာဏ နှင့်အညီ ထိုတံခါး ကိုတိုင်း လေ၏။ 29 အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင် ပမာဏ နှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။ 30 ပတ်လည် ၌ရှိသောမုတ် တို့သည်လည်း အလျား အတောင်နှစ်ဆယ် ငါး တောင် ၊ အနံ ငါး တောင် ရှိ၏။ 31 မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။ 32 အရှေ့ ဘက်၌လည်း အတွင်း တန်တိုင်း ထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။ 33 အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင်ပမာဏ နှင့် တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌ ၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။ 34 မုတ် တို့သည် ပြင် တန်တိုင်း သို့ မျက်နှာပြု ၍၊ တဘက်တချက်တိုင် များပေါ်မှာ စွန်ပလွံ ပင် ပုံထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့် တက် ရ၏။ 35 တဖန် မြောက် တံခါး သို့ ခေါ် သွား၍ အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။ 36 အခန်းငယ် များ၊ တိုင် များ၊ မုတ် များ၊ ပတ်လည် ၌ ပြတင်းပေါက် များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။ 37 မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍၊ တဘက်တချက်တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။ 38 မီးရှို့ သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်း များ၊ အခန်း ဝင်ဝများတို့သည် ထို တံခါး မုတ် ၌ ရှိကြ၏။ 39 မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာ ယဇ်ကောင်ကိုသတ် စရာဘို့ ၊ တံခါး မုတ် အတွင်း တဘက် တချက်၌ စားပွဲ နှစ် ခုစီရှိကြ၏။ 40 မြောက် တံခါး ဝ သို့ တက် ရာတံခါးမုတ်၊ ပြင် အနား တဘက်တချက်၌လည်း စားပွဲ နှစ် ခုစီရှိသည်ဖြစ်၍၊ 41 တံခါးဝ တဘက်တချက်၌ ယဇ်ကောင်ကိုသတ် စရာစားပွဲ လေး ခုစီ၊ ပေါင်းရှစ် ခုရှိကြ၏။ 42 မီးရှို့ ရာယဇ်ဘို့ စားပွဲ လေး ခုတို့သည် ဆစ် သော ကျောက် ဖြင့်ပြီး၍၊ အလျား တတောင် တထွာ၊ အနံ တတောင် တထွာ၊ အမြင့် တ တောင် ရှိ၏။ ထို စားပွဲ ပေါ်မှာ မီးရှို့ ရာယဇ်ကောင်ကိုသတ် စရာတန်ဆာ များကို တင် ထားရကြ၏။ 43 စားပွဲ အပေါ် ပတ်လည် ၌ အကျယ်လက် တ ဝါးရှိသောအနားပတ် တပ် လျက်ရှိ၍၊ ပူဇော် စရာယဇ်သား ကို တင်ထားရကြ၏။ 44 အတွင်း တံခါး ပြင် မှာ အတွင်း တန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက် တံခါး အနား မှာ ရှိ၍ တောင် ဘက်သို့ မျက်နှာပြု ၏။ တခန်းကား၊ တောင် တံခါး အနား မှာ ရှိ၍ မြောက် ဘက်သို့ မျက်နှာပြု ၏။ 45 တောင် ဘက်သို့မျက်နှာပြု သော ဤ အခန်း ကား၊ အိမ် တော် အမှု ကိုဆောင် သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊ 46 မြောက် ဘက်သို့မျက်နှာပြု သော ဤအခန်း ကား၊ ယဇ်ပလ္လင် အမှု ကို ဆောင် သောယဇ်ပုရောဟိတ် နေစရာ ဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင် စေခြင်းငှါ ၊ လေဝိ သား တို့တွင် ရွေးကောက်သောဇာဒုတ် သား ပေတည်းဟု ငါ့အား ပြောဆို၏။ 47 ထိုအခါ တန်တိုင်း ကိုတိုင်း ၍ အလျား အတောင် တရာ ၊ အနံ အတောင် တရာ စတုရန်း ရှိ၏။ ယဇ်ပလ္လင် သည် အိမ် တော်ရှေ့မှာ တည်၏။ 48 အိမ် တော်ဦး သို့ ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်း လျှင်၊ အကျယ်ငါး တောင် စီရှိ၏။ တံခါးရွက် နှစ်ဘက်၊ အနံ သုံး တောင် စီရှိ၏။ 49 အိမ်တော်ဦး အလျား ကား အတောင် နှစ်ဆယ် ၊ အနံ ကားတဆယ် တ တောင် ရှိ၏။ လှေကား ဆယ်ထစ်ဖြင့် တက် ရ၏။ အိမ်တော်ဦး အနား ၊ တဘက်တချက်၌ တိုင် တ လုံးစီတည်လျက်ရှိ၏။
411 ထိုနောက်မှ ဗိမာန် တော်သို့ ခေါ် ၍ တံခါး တိုင် တို့ကို တိုင်း လျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထု သည် ဗိမာန် တော်ထု နှင့်အမျှခြောက် တောင် ရှိ၏။ 2 ဗိမာန်တော်တံခါးဝ အကျယ် ကား ဆယ် တောင် ရှိ၏။ တံခါးဝ တဘက်နှင့်တဘက်လည်း ငါး တောင် စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း ၍၊ အလျား ကား အတောင် လေးဆယ် ၊ အနံ ကားအတောင် နှစ်ဆယ် ရှိ၏။ 3 ထိုနောက် ၊ အထဲ သို့ ဝင် ၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါး တိုင် နှစ် တောင် ၊ တံခါးဝ ခြောက် တောင် ၊ တံခါးဝ တဘက်တချက် ခုနစ် တောင် စီရှိ၏။ 4 ထိုအခန်းသည် ဗိမာန် တော်အနံနှင့်တညီတည်းဖြစ်လျက်၊ အလျား အတောင် နှစ်ဆယ် ၊ အနံ လည်း အတောင် နှစ်ဆယ် ရှိသည်ကို တိုင်း ၍၊ ဤ အခန်းကား အလွန် သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။ 5 ထိုနောက် ၊ အိမ် တော်ထရံ ကိုတိုင်း ၍ အထု ခြောက် တောင် ရှိ၏။ အိမ် တော်ပတ်လည် ထရံ အခန်းတို့ သည် အနံ လေး တောင် စီရှိ၏။ 6 ထရံ အခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံး ဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ် တော်ထရံ ထဲသို့ မ ဝင် ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီ နေ ကြ၏။ 7 ထရံအခန်း အောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း ၊ ဒုတိယ အဆင့်မှ သည် တတိယ အဆင့်သို့ ၎င်း တက်သည်အတိုင်း၊ အိမ်တော် ထရံ ပတ်လည် တရှောက်လုံး ဆက်ကာ ဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့် တက်၏။ 8 အိမ် တော်အထက် ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံ အခန်းတို့သည် ခြောက် တောင် ရှည်သော ကျူတပြန် မျှ ကျယ် ကြ၏။ 9 ထရံ အခန်းပြင် ဘက်၌ ကာသော ထရံ သည် အထု ငါး တောင် ရှိ၏။ ကျန်ကြွင်း သောအရပ်သည် ထရံ အခန်းတို့နှင့် ဆိုင်၏။ 10 အိမ် တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်း တို့နှင့် အတောင် နှစ်ဆယ် ကွာလျက်ရှိကြ၏။ 11 ထရံ အခန်းတို့သည် ကျန်ကြွင်း သောအရပ်သို့ ဖွင့်၍ မြောက် ဘက်သို့၎င်း ၊ တောင် ဘက်သို့၎င်း မျက်နှာပြုကြ၏။ ကျန်ကြွင်း သော အရပ်သည် ပတ်လည် ၌ အနံ ငါး တောင် ရှိ၏။ 12 လွတ်လပ် သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသောတန်တိုင်းသည် အလျား အတောင် ခုနစ်ဆယ် ရှိ၍၊ အိမ် တော်ပတ်လည် တန်တိုင်း သည်လည်း အထု ငါး တောင် ၊ အလျား အတောင် ကိုးဆယ် ရှိ၏။ 13 ထိုသို့ အိမ် တော်ကိုတိုင်း ၍ လွတ်လပ် သောအရပ်၊ အိမ် တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင် တရာ ရှိ၏။ 14 အရှေ့ မျက်နှာ၌ လွတ်လပ် သောအရပ်ပါလျက်၊ အိမ် တော်ဦး အတိုင်းအရှည် လည်း အတောင် တရာ ရှိ၏။ 15 လွတ်လပ် သောအရပ်၌ ကာသောရှေ့ တန်တိုင်း နှင့် နောက် တန်တိုင်းကိုတိုင်း ၍၊ တဘက်တချက်၌ရှိသောထရံ အခန်းပါလျက် အလျားအတောင် တရာ ရှိ၏။ 16 အတွင်း ဗိမာန် နှင့် တန်တိုင်း မုတ် များ၊ တံခါးခုံ များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ တံခါးခုံ ရှိသမျှ တဘက်တချက်သုံး ဆင့်ရှိသောထရံ အခန်းနံရံများတို့ သည် မြေ မှပြတင်းပေါက် တိုင်အောင် ပျဉ်ပြား နှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက် တို့သည်လည်း ကွယ်ကာ လျက် ရှိကြ၏။ 17 တံခါးပေါက် ရှိသမျှအထက် ၊ အတွင်း ဗိမာန် ပြင် ဘက်၊ အိမ်တော်အတွင်း ပြင် ထရံ ပတ်လည် ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံထု ၍၊ 18 ခေရုဗိမ် နှစ်ခုကြားမှာ စွန်ပလွံ ပင်တခုစီရှိ၏။ ခေရုဗိမ် တခု၌ မျက်နှာ နှစ် ခုစီပါလျက်၊ 19 စွန်ပလွံ ပင်နှစ်ခုကြားမှာ တဘက်၌လူ မျက်နှာ ၊ တဘက်၌ ခြင်္သေ့ မျက်နှာ ကို ပြကြ၏။ 20 ထိုသို့ အိမ် တော်ပတ်လည် ၊ မြေ မှ သည်တံခါးပေါက် အထက် တိုင်အောင် ဗိမာန် တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင် အရုပ်ထု လျက်ရှိ၏။ 21 ဗိမာန် တော်တိုင် တို့သည် လေးထောင့် ဖြစ်ကြ၏။ သန့်ရှင်း ရာဌာနနှင့်မျက်နှာ ချင်းတူ ကြ၏။ 22 သစ်သား ယဇ်ပလ္လင် သည် အမြင့် သုံး တောင် ၊ အလျား နှစ် တောင် ၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့် ၊ ဘိနပ်၊ နံရံ တို့သည်သစ်သား ဖြင့်ပြီးကြ၏။ ဤ စားပွဲ ကား၊ ထာဝရဘုရား ရှေ့ တော်မှာတင်သော စားပွဲပေတည်းဟု ငါ့ အား ပြောဆို ၏။ 23 ဗိမာန် တော်နှင့် သန့်ရှင်း ရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊ 24 တံခါး တို့သည်လည်း တပ် သော တံခါးရွက် နှစ် ရွက်စီရှိ၏။ 25 ဗိမာန် တော်ထရံ ၌ ထု သကဲ့သို့ တံခါးရွက် တို့၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံ ထု လျက်ရှိ၏။ မုတ်ဦး အထက် မှာ ထုပ် တင်လျက်ရှိ၏။ 26 မုတ် နံရံ ၊ အိမ် တော်အခန်း ထရံတို့သည် ထုပ် များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ စွန်ပလွံ ပင်များနှင့် ပြည့်စုံကြ၏။
421 ထိုနောက်မှ မြောက် လမ်း ဖြင့် ပြင် တန်တိုင်း ထဲသို့ ခေါ်သွား ၍၊ အိမ် တော်မြောက် ဘက်၊ လွတ်လပ် သော အရပ်ရှေ့မှာ ရှိသော အခန်း များကို ပြလေ၏။ 2 ထိုအခန်းတို့သည် မြောက် တံခါး အထိ၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါးဆယ် ရှိကြ၏။ 3 အတောင်နှစ်ဆယ် ရှိသောအတွင်း တန်တိုင်း ရှေ့ ၊ ပြင် တန်တိုင်း ကျောက် ခင်းရှေ့တွင်တဘက် တချက်၌ နံရံ အခန်းသုံး ဆင့်ရှိ၏။ 4 ထိုအခန်း များရှေ့မှာ တ တောင် ကျယ်သော လမ်း နှင့်တကွအတွင်း ဘက်သို့ ဝင်၍၊ အနံ ဆယ် တောင် ရှိသောစင်္ကြံ ရှိ၏။ အခန်းတံခါးတို့ သည် မြောက် ဘက်သို့ မျက်နှာပြုကြ၏။ 5 အထက် ခန်း တို့သည် ကျဉ်း ကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက် ခန်းကြမ်းပြင်၊ အလယ် ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ 6 အကြောင်းမူကား ၊ အခန်းသုံး ဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်း ကဲ့သို့ တိုင် မ ရှိ၊ သို့ဖြစ်၍ ၊ အောက် ခန်းနှင့် အလယ် ခန်းထက် သာ၍ကျဉ်း ကြ၏။ 7 ထိုအခန်း များတဘက် တချက်၊ ပြင် တန်တိုင်း ဘက်မှာ အခန်း များရှေ့၌ ကာသော နံရံ သည် အလျား အတောင် ငါးဆယ် ရှိ၏။ 8 ပြင် တန်တိုင်း နှင့် ဆိုင်သောအခန်း တို့သည် အလျား အတောင် ငါးဆယ် ရှိကြ၏။ ဗိမာန် တော်ရှေ့မှာ အလျားသည် အတောင် တရာ ရှိ၏။ 9 ပြင် တန်တိုင်း မှ လာ ၍၊ ထိုအခန်း များ ခြေရင်း အရှေ့ ဘက်၌ ဝင် ရာလမ်းရှိ၏။ 10 အိမ်တော်တောင်ဘက်၊ လွတ်လပ် သော အရပ် ကို ကာသော တန်တိုင်း နံရံ ၌ လည်း အခန်း များရှိကြ၏။ 11 ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံ မှစ၍အခန်း အလျား အနံ ၊ ထွက် ရာဝင်ရာ တံခါးရှိသမျှ တို့ သည် မြောက် အခန်း စုနှင့် ပုံသဏ္ဌာန် တူ ကြ၏။ 12 တောင် ခန်း တံခါးတို့ သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည်ဖြစ်၍၊ တန်တိုင်း တဘက်တချက်၊ အရှေ့ သို့မျက်နှာပြု သော စင်္ကြံ ဦး ၌ ဝင်ရာတံခါးဝ ရှိ၏။ 13 တိုင်းသောသူကလည်း၊ လွတ်လပ် သော အရပ် ရှေ့မှာ မြောက် ခန်း နှင့် တောင် ခန်း တို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် သော ယဇ်ပုရောဟိတ် တို့သည် အလွန် သန့်ရှင်းသောအရာများ ကို စား ရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်တို့ကို ထား ရာအရပ် ဖြစ်၏။ 14 ယဇ်ပုရောဟိတ် တို့သည် ဝင် သောအခါ အမှု တော် ဆောင် အဝတ် ကိုဝတ်လျက်၊ သန့်ရှင်း သောအရပ်မှ ပြင် တန်တိုင်း သို့ မ ထွက် ရ။ ထိုအဝတ်သန့်ရှင်း သောကြောင့် ချွတ်ထား ၍ အခြား သော အဝတ် ကို ဝတ် ပြီးမှ ၊ လူ များရှိရာသို့ ထွက်သွား ရကြမည်ဟု ငါ့ အား ပြောဆို ၏။ 15 အတွင်း ဗိမာန် တော်ကို တိုင်း ပြီး သည်နောက် ၊ အရှေ့ တံခါး ပြင်သို့ ခေါ်သွား ၍ ၊ 16 တိုင်း စရာကျူလုံး နှင့်အရှေ့ မျက်နှာကို တိုင်း လျှင် ကျူလုံးအပြန် ငါး ရာ ရှိ၏။ 17 မြောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 18 တောင် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 19 19အနောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 20 လေး မျက်နှာကိုတိုင်း ၍ ပတ်လည် ၌ရှိသောတန်တိုင်း သည် သန့်ရှင်း သောအရပ်၊ မ သန့်ရှင်းသော အရပ်တို့ကို ပိုင်းခြား လျက်၊ အလျား အပြန်ငါး ရာ ၊ အနံ လည်း အပြန်ငါး ရာ ရှိ၏။
431 ထိုနောက်မှ အရှေ့ ဘက်သို့ မျက်နှာပြု သော တံခါးဝ သို့ တဖန်ခေါ်သွား ၏။ 2 ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော် သည် အရှေ့ မျက်နှာမှ လာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ ဖြစ်၏။ ရောင်ခြည် တော်အားဖြင့် မြေ တပြင်လုံးလင်း ၏။ 3 ငါမြင် သော ရူပါရုံ သည် မြို့ တော်ကိုဖျက်ဆီး ခြင်းငှါ လာ သောအခါ ၊ ငါမြင် သော ရူပါရုံ နှင့် တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာ မြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ ဖြစ်၍ ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။ 4 ထာဝရဘုရား ၏ ဘုန်း တော်သည် အရှေ့ ဘက် သို့ မျက်နှာ ပြုသော တံခါး လမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။ 5 ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ လျက် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တအိမ်လုံး ကို ဖြည့် တော်မူ၏။ 6 အရင်လူ သည် ငါ့ အနား မှာရပ် နေလျက်၊ အိမ် တော်ထဲက ငါ့ အား မိန့် တော်မူသောအသံကို ငါကြား သည်ကား၊ 7 အချင်းလူသား ၊ ဤအရပ်သည် ငါ့ ပလ္လင် တည်ရာအရပ် ၊ ငါ့ ခြေဘဝါး နင်းမြဲအရပ် ၊ ဣသရေလ အမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေ ရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင် များနှင့် အမျိုးသား များတို့သည် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ ရှင်ဘုရင် ၏အသေကောင် အားဖြင့် ၎င်း ၊ မြင့် ရာအရပ် တို့၌ငါ ၏နာမ တော်မြတ် ကို နောက် တဖန် မ ရှုတ်ချ ရကြ။ 8 သူ တို့တံခါးခုံ ကိုလည်း ငါ့ တံခါးခုံ အနား မှာ၎င်း ၊ သူ တို့တိုင် ကိုလည်း ငါ့ တိုင် အနား မှာ၎င်း တည် စိုက်လျက်၊ ငါ နှင့် သူ တို့စပ်ကြား မှာ နံရံ တခုတည်းသာရှိလျက်၊ သူတို့ ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏နာမ တော်မြတ် ကို ရှုတ်ချ သောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူ တို့ကို ဖျက်ဆီး ပြီ။ 9 ယခု မူကား၊ သူ တို့မှားယွင်း ခြင်းအမှုများနှင့် ရှင်ဘုရင် ၏အသေကောင် များကို ငါ မှ ဝေး စွာ ပယ်ရှားကြစေ။ ငါသည်လည်း သူ တို့တွင် အစဉ်အမြဲ နေ မည်။ 10 အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ဒုစရိုက် အပြစ်ကြောင့် ရှက်ကြောက် စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ်တော်ပုံ ကို သူတို့ တိုင်း ကြ စေလော့။ 11 သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။ 12 တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။ 13 ယဇ်ပလ္လင် အတိုင်း အရှည်ကား၊ သံတောင် ဖြင့် တိုင်းလျှင်၊ ဘိနပ် အမြင့်တတောင် ၊ အကျယ် တတောင် ၊ ပတ်လည် အနားပတ် အကျယ်တထွာ ရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။ 14 အောက် အထစ် သည် မြေ နှင့်နှစ် တောင် ကွာ၍ အကျယ် တ တောင် ရှိရမည်။ ငယ် သောအထစ် နှင့် ကြီး သောအထစ် သည် လေး တောင် ကွာ၍ အကျယ် တတောင် ရှိရမည်။ 15 ယဇ်ပလ္လင် အမြင့်သည်လည်း လေး တောင် ရှိရမည်။ ဦးချို လေး ချောင်းလည်း တက် ရမည်။ 16 ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။ 17 အောက်အထစ် သည်လည်း စတုရန်းဖြစ်၍အလျား တဆယ် လေး တောင်၊ အနံ လည်းတဆယ် လေး တောင်ရှိရမည်။ အနား ပတ်သည် လည်း အကျယ် တထွာ ရှိရမည်။ ဘိနပ် သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင် ထွက်၍၊ တက် ရာလမ်းသည် အရှေ့ သို့ မျက်နှာပြု ရမည်။ 18 တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊ 19 အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။ 20 နွားအသွေး အချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ် လေး ထောင့် ၊ အနားပတ် ကိုလူး သော အားဖြင့်သန့်ရှင်း စင်ကြယ်စေရမည်။ 21 အပြစ် ဖြေရာ ယဇ်ဘို့နွား ကောင်ကို ယူ ၍ သန့်ရှင်း ရာဌာနပြင် ၊ ဗိမာန် တော်အတွင်းတွင် ခန့်ထား သော အရပ်၌ မီးရှို့ ရမည်။ 22 ဒုတိယ နေ့ ၌ လည်း အပြစ် မရှိသော ဆိတ် သငယ် ကို ယူ၍၊ အပြစ် ဖြေရာ ယဇ်ဘို့ ပူဇော် ရမည်။ ယဇ်ပလ္လင် ကို နွား အသွေးနှင့်သန့်ရှင်း စေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်း စေရမည်။ 23 ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်း စေပြီး သည်နောက် ၊ အပြစ် မရှိ၊ ပျို သောနွားထီး နှင့် အပြစ် မရှိသော ဆိတ်ထီး ကိုထာဝရဘုရား ရှေ့တော်၌ပူဇော် ရမည်။ 24 ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။ 25 ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင်၊ ဆိတ် တကောင်ကို အပြစ် ဖြေရာယဇ်ပြု၍ ပူဇော် ရမည်။ အပြစ် မရှိ၊ ပျို သောနွားထီး တကောင်နှင့် သိုးထီး တကောင်ကိုလည်း ပူဇော် ရမည်။ 26 ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ် စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရကြမည်။ 27 ခုနစ်ရက် စေ့ သောနောက် အဋ္ဌမ နေ့ ၌ ၎င်း ၊ ထို နေ့မှစ၍၎င်း ၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင် တို့မီးရှို့ ရာယဇ်များနှင့် မိဿဟာယ ယဇ်များ ကို ပူဇော် ရကြမည်။ ငါသည်လည်း ၊ သင် တို့ကိုလက်ခံ မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
441 ထိုနောက် ၊ သန့်ရှင်း ရာအရပ်အရှေ့ သို့ မျက်နှာပြု သောပြင် တံခါး သို့ ဆောင် သွား၍ ၊ ထိုတံခါးသည် ပိတ် လျက်ရှိ၏။ 2 ထာဝရဘုရား ကလည်း ၊ ဤ တံခါး ကိုမ ဖွင့် ဘဲ ပိတ် ထားလျက်ရှိရမည်။ လူ များမ ဝင် ရကြ။ အကြောင်းမူကား ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင် တော်မူသောကြောင့် ပိတ် ထားလျက်ရှိရမည်။ 3 မင်းသား အဘို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရား ရှေ့ တော်၌ စားသောက် ၍ထိုတံခါးဝ မှာ ထိုင် ရ လိမ့်မည်၊ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက် ဝင် ရလိမ့်မည်ဟု မိန့် တော်မူ၏။ 4 ထိုအခါ အိမ် တော်ရှေ့ ၊ မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုဆောင်သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထာဝရဘုရား ၏အိမ် တော်ကို ဖြည့် တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။ 5 ထာဝရဘုရား ကလည်း၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု ၍ မှတ် လော့။ ထာဝရဘုရား ၏ အိမ် တော်အဘို့ ငါစီရင် ထုံးဖွဲ့ချက် ပညတ် တရားရှိသမျှ တို့ကို နားထောင် လော့။ အိမ် တော်ဝင် ရာတံခါးဝနှင့် သန့်ရှင်း ရာဌာနမှ ထွက် ရာတံခါးဝရှိသမျှ တို့ကို စေ့စေ့မှတ် လော့။ 6 ပုန်ကန် တတ်သောသူ ဣသရေလ အမျိုးသား တို့ အား အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဣသရေလ အမျိုးသား တို့၊ 7 သင်တို့သည် ငါ့ ဘောဇဉ် တည်းဟူသောဆီဥ နှင့် အသွေး ကို ပူဇော် သောအခါ ၊ ငါ့ ဗိမာန် ကိုညစ်ညူး စေခြင်းငှါ ၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကို မခံ သောကိုယ် ရှိသောတပါး အမျိုးသားတို့ကို ငါ ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍နေရာ ချသဖြင့် ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ စက်ဆုပ် ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ ပဋိညာဉ် ကို ဖျက် ကြပြီ။ 8 ငါ ၏သန့်ရှင်း ရာဌာနကို မ စောင့် ။ ထိုဌာန၌ စောင့် သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထား ကြပြီ။ 9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင် နေ၍၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကိုမခံသော ကိုယ် ရှိ သောတပါး အမျိုးသားသည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ မ ဝင် ရ။ 10 ဣသရေလ အမျိုးသားတို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွှဲ ပြီးလျှင်၊ မိမိ တို့ရုပ်တု များနောက်သို့ လိုက် သွား သောအခါ၊ ငါ့ ထံမှ ထွက်၍လမ်းလွှဲ သော လေဝိ သားတို့ သည်လည်း ကိုယ် အပြစ် ကိုခံရ ကြမည်။ 11 သို့ရာတွင် ၊ ငါ ၏သန့်ရှင်း ရာဌာနနှင့်ဆိုင်သော အမှု စောင့်ဖြစ်၍၊ ဗိမာန် တော်၌တံခါး တို့ကို စောင့် လျက် ၊ အမှု တော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ ရာယဇ် နှင့် လူ များပူဇော်သော ယဇ်ကောင် တို့ကိုသတ် ၍၊ လူများ ကိုယ်စားအမှု တော်ကို ဆောင်ရွက်ရကြမည်။ 12 သူတို့သည် ရုပ်တု တို့ရှေ့မှာ လူများအမှု ကို ဆောင်ရွက်သဖြင့် ၊ ဣသရေလ အမျိုး ထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူ တို့ တဘက် ၌ငါကျိန်ဆို ၍၊ သူတို့သည် ကိုယ် အပြစ် ကို ခံရ ကြမည် ။ 13 ယဇ်ပုရောဟိတ် လုပ်၍ ငါ့ ထံသို့ မ ချဉ်းကပ် ရကြ။ အလွန် သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်း သောအရာတို့ကို မချဉ်းကပ် ရကြ။ ကိုယ် အရှက်ကွဲ ခြင်း၊ ကိုယ်ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုခံရ ကြမည်။ 14 အိမ် တော်ကိုစောင့် ၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှု တို့ကို ဆောင်ရွက် စေခြင်းငှါ ငါခန့်ထား မည်။ 15 ဣသရေလ အမျိုးသား တို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွဲ သောအခါ ၊ ငါ ၏သန့်ရှင်း ရာဌာနကို စောင့်နေသော လေဝိ အမျိုးဖြစ်သော ဇာဒုတ် သား ၊ ယဇ်ပုရောဟိတ် တို့သည် ငါ့ အမှု ကိုဆောင်ခြင်းငှါ ငါ့ ထံသို့ ချဉ်းကပ် ရကြ၏။ ငါ့ အား ဆီဥ နှင့် အသွေး ကို ပူဇော် ခြင်းငှါ အရှေ့ မှာရပ် ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 16 ထိုသူ တို့သည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ ဝင် ၍ ငါ့ အမှု ကိုဆောင်ခြင်းငှါ ၊ ငါ့ စားပွဲ အနားသို့ ချဉ်းကပ် ၍ ငါ့ အမှု စောင့်ဖြစ်ရကြမည်။ 17 သူတို့သည် အတွင်း တန်တိုင်း တံခါး အတွင်း သို့ ဝင် သောအခါ ၊ ပိတ် အဝတ် ကိုသာ ဝတ် ရကြမည်။ အတွင်း တန်တိုင်း တံခါး အတွင်း၌ အမှု တော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေး အဝတ်ကို မ ဝတ် ရကြ။ 18 ခေါင်း ပေါ်မှာ ပိတ် ဦးထုပ် ကို ဆောင်း ၍ ၊ ခါး ၌ ပိတ် ပေါင်းဘီ ကိုဝတ် ရကြမည်။ ချွေးထွက် စေသော အဝတ်ကို မ ဝတ် ရကြ။ 19 လူ များရှိရာ ပြင် တန်တိုင်း သို့ ထွက်သွား သောအခါ ၊ အမှုတော်ကို ဆောင် စဉ်တွင်ဝတ်သောအဝတ် ကို ချွတ် ၍ ၊ သန့်ရှင်း သောအခန်း တို့၌ ထား ပြီးလျှင် ၊ အခြား သောအဝတ် ကိုဝတ် ရကြမည်။ အရင်အဝတ် ကိုဝတ်လျက် လူ များတို့ကို မ သန့်ရှင်း စေရကြ။ 20 မိမိ တို့ဆံပင် ကိုလည်း မ ရိတ် ရ၊ မ ရှည် စေခြင်းငှါဖြတ် ရမည်။ 21 ယဇ်ပုရောဟိတ် သည် အတွင်း တန်တိုင်း ထဲသို့ ဝင် သောအခါ စပျစ်ရည် ကိုမ သောက် ရ။ 22 မုတ်ဆိုးမ နှင့် မစုံဘက်ရ။ လင်ကွာ သောမိန်းမနှင့် မ စုံဘက် ရ။ ဣသရေလ အမျိုး အပျိုကညာ နှင့် သော်၎င်း၊ ယဇ်ပုရောဟိတ် ၏မယား ဖြစ် ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်းစုံဘက် ရမည်။ 23 ငါ ၏လူ တို့သည် သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို၎င်း၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာတို့ကို၎င်းပိုင်းခြား ၍သိစေခြင်းငှါသွန်သင် ရကြမည်။ 24 တရားတွေ့ မှုကိုစီရင်လျှင်၊ ငါ ၏ဓမ္မသတ် အတိုင်း စီရင် ရကြမည်။ ငါ ၏ဓမ္မပွဲ တို့ကို ဆောင်ရွက်လျှင်၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ ငါ ၏ဥပုသ် နေ့တို့ကို၎င်းစောင့်ရှောက် ရကြမည်။ 25 အသေကောင် ကိုချဉ်း ၍ ကိုယ်ကိုမ ညစ်ညူး စေရ။ သို့ရာတွင် ၊ ကိုယ်မိ ဘ ၊ သား သမီး ၊ ညီအစ်ကို ၊ လင် မ နေ သောနှမ အတွက် ကိုယ်ကို ညစ်ညူး စေရသော အခွင့်ရှိ၏။ 26 သန့်ရှင်း ခြင်းကိုပြုပြီးမှ ခုနစ် ရက် နေ ရမည်။ 27 သန့်ရှင်း ရာဌာန၌ အမှုတော်ကိုဆောင် ခြင်းငှါ အတွင်း တန်တိုင်း သန့်ရှင်း ရာဌာနထဲသို့ ဝင် သောနေ့ တွင် ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 28 ထိုအရာသည် ယဇ်ပုရောဟိတ် တို့၏ အမွေ ဥစ္စာ ဖြစ် ရမည်။ ငါ သည်သူ တို့အမွေ ဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူ တို့အား အမွေ မြေကို မ ပေး ရ။ ငါ သည်သူ တို့၏ အမွေ မြေဖြစ်၏။ 29 ပူဇော် သောမုန့်ညက်နှင့် အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကို စား ရကြမည်။ ဣသရေလ အမျိုးသားကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သိမ်းယူ ရကြမည်။ 30 အဦး သီးသောအသီးအမျိုးမျိုး နှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ အလုံးစုံ တို့ကို ယဇ်ပုရောဟိတ် သည် သိမ်းယူ ရမည်။ သူသည်သင့် အိမ် ၌ ကောင်းကြီး မင်္ဂလာကို သက်ရောက် စေခြင်းငှါ ၊ အဦး နယ်သော မုန့်စိမ်း ကို သူ ၌ လှူ ရမည်။ 31 ငှက် ဖြစ်စေ ၊ သား ဖြစ်စေ၊ အလိုလို သေသော အကောင်၊ သားရဲ ကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ် မ စား ရ။
451 သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။ 2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။ 3 ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။ 4 ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။ 5 အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။ 6 မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။ 7 သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။ 8 ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။ 9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 10 မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။ 11 ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။ 12 ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။ 13 ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။ 14 ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။ 15 သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 16 ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။ 17 မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။ 18 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။ 19 ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။ 20 ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။ 21 ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။ 22 ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။ 23 ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။ 24 နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။ 25 သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။
461 အရှင် ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အရှေ့ သို့ မျက်နှာပြု သော အတွင်း တန်တိုင်း တံခါး ကို အလုပ် လုပ်သောနေ့ ခြောက် ရက်ပတ်လုံးပိတ် ထား ရမည်။ ဥပုသ် နေ့ နှင့် လဆန်း နေ့ ၌ ဖွင့် ထားရမည်။ 2 မင်းသား သည် ထိုတံခါး မုတ် ဖြင့် ဝင် ၍ တံခါး တိုင် အနား မှာ ရပ် နေရမည်။ ယဇ်ပုရောဟိတ် တို့သည် မင်းသားမီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ ၌ ဦးညွတ် ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင် ၊ ညဦးယံ မ ရောက်မှီ ထိုတံခါး ကို မ ပိတ် ရ။ 3 ထိုနည်းတူ ၊ ဥပုသ် နေ့နှင့် လဆန်း နေ့၌ ပြည်သူ ပြည်သားတို့သည် ထို တံခါးဝ နားမှာ ထာဝရဘုရား ရှေ့ တော်တွင် ဦးညွတ် ချရကြမည်။ 4 ဥပုသ် နေ့ ၌ မင်းသား သည် မီးရှို့ ရာယဇ်ဘို့ အပြစ် မပါသော သိုးသငယ် ခြောက် ကောင်၊ အပြစ် မပါသော သိုးထီး တကောင်ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။ 5 ဘောဇဉ် ပူဇော်သက္ကာဘို့ သိုးထီး တကောင်နှင့် မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို၎င်း၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။ 6 လဆန်း နေ့ ၌ အပြစ် မပါသော နွားထီး တကောင်၊ သိုးသငယ် ခြောက် ကောင်၊ သိုးထီး တကောင်ကို ပူဇော် ရမည်။ 7 ဘောဇဉ် ပူဇော်သက္ကာဘို့ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်း ပူဇော် ရမည်။ 8 မင်းသား ဝင် သောအခါ အရှေ့တံခါး မုတ် ဖြင့် ဝင် ရမည်။ ထိုတံခါးမုတ် ဖြင့် လည်း ထွက် ရမည်။ 9 ပြည်သူ ပြည်သားတို့သည် ဓမ္မပွဲ ခံချိန်ကာလ၌ ၊ ထာဝရဘုရား ရှေ့ တော်သို့ ဝင် သောအခါ ၊ ဦးညွတ် ချခြင်းငှါ မြောက် တံခါး ဖြင့် ဝင် သောသူသည် တောင် တံခါး ဖြင့် ထွက် ရမည်။ တောင် တံခါး ဖြင့် ဝင် သောသူသည် မြောက် တံခါး ဖြင့် ထွက် ရမည်။ ဝင် သောတံခါး ဖြင့် မ ထွက် ရ။ ဝင်သော တံခါးတဘက်တချက် ၌ရှိသောတံခါးဖြင့် ထွက် ရမည်။ 10 ပြည်သား တို့တွင် မင်းသား ဖြစ်သောသူသည် သူ တို့ ဝင် သောအခါ ဝင် ရမည်။ သူ တို့ထွက် သောအခါ ထွက် ရမည်။ 11 ပွဲ ခံ၍ ပရိသတ် စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွား တကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း ၊ မုန့်ညက်တဧဖါ နှင့် ဆီ တဟိန် ကို၎င်းပူဇော် ရမည်။ 12 မင်းသား သည် အလိုလို ပြုသော မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြု သောအခါ ၊ အရှေ့ သို့မျက်နှာပြု သော တံခါး ကိုဖွင့် ရမည်။ သူသည်ဥပုသ် နေ့ ၌ မီးရှို့ ရာ ယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော် သကဲ့သို့ ပူဇော် ရမည်။ ပူဇော်ပြီးမှ ထွက်သွား ၍ တံခါး ကို ပိတ် ထားရမည်။ 13 နေ့ တိုင်းအစဉ်၊ ထာဝရဘုရား အား မီးရှို့ ရာယဇ် ဘို့ အပြစ် မပါ၊ အခါမလည် သော သိုးသငယ် တကောင်ကို နံနက် အချိန်၌ ပူဇော် ရမည်။ 14 နံနက် တိုင်းအစဉ်၊ ထိုသိုးသငယ် နှင့်အတူ ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ တွင် ခြောက်စုတစု ကို၎င်း ၊ မုန့်ညက် နှင့်ရောရသော ဆီ လေး လောဃ ကို၎င်းပူဇော် ရမည်။ ဤရွှေ့ကား၊ ထာဝရဘုရား အား အစဉ်အမြဲ ပြုရသော ဘောဇဉ် ပူဇော်သက္ကာတရား ပေတည်း ။ 15 ထိုသို့မီးရှို့ ရာယဇ်ကို နံနက် တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ် ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာနှင့် ဆီ ကို၎င်း ပြင်ဆင် ရမည်။ 16 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မင်းသား သည် မိမိ သား ၌ လက်ဆောင် တစုံတခု ကို ပေး လျှင် ၊ ထိုလက်ဆောင်သည် အမွေ ဥစ္စာဖြစ်၍၊ သား တော်သည် အမွေခံ လျက် သိမ်းယူ ရမည်။ 17 မိမိ ကျွန် ၌ အမွေ ဥစ္စာလက်ဆောင် တစုံတခုကို ပေး လျှင် မူကား ၊ လွတ် ရာနှစ် သက္ကရာဇ်တိုင် ရုံမျှသာထိုကျွန်သည် ပိုင် ရမည်။ နောက်မှ မင်းသား လက်သို့ ပြန်ရောက် ရမည်။ သား မူကား ၊ အစဉ်အမြဲအမွေ ခံရ မည် ။ 18 ထိုမှတပါး ၊ မင်းသား သည်ပြည်သား အမွေ မြေကို အနိုင်အထက် ယူ ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါမပြုရ။ 19 ထိုနောက်မှ တံခါး အနား ၌ ရှိသောဝင်ဝ ဖြင့် ငါ့ ကို ဆောင်သွား ၍၊ မြောက် သို့ မျက်နှာပြု သော ယဇ်ပုရောဟိတ် သန့်ရှင်း သော အခန်း များ ထဲသို့ သွင်းသဖြင့်၊ အနောက် ဘက်၌ ရှိသောအရပ် တခုကို ငါမြင် ၏။ 20 ဤ အရပ် ကား၊ ယဇ်ပုရောဟိတ် တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ် ဖြေရာယဇ်ကိုပြုတ် ၍၊ ဘော်ဇဉ် ပူဇော်သက္ကာကို ဖုတ် ရသောအရပ် ဖြစ်၏။ လူ များကို သန့်ရှင်း စေခြင်းငှါ ၊ ထိုအရာတို့ကို ပြင် တန်တိုင်း ထဲသို့ မထုတ် ရကြဟု ငါ့ အား ပြောဆို ၏။ 21 တဖန် ပြင် တန်တိုင်း ထဲသို့ ငါ့ ကိုခေါ် သွင်း၍ တန်တိုင်း ထောင့် လေး ထောင့်တို့ကို ရှောက်သွား စေသဖြင့် ၊ ထိုလေးထောင့် တို့၌ တန်တိုင်း ငယ် တခုစီရှိသည်ကို ငါမြင် ၏။ 22 ထိုတန်တိုင်း ငယ်တို့သည် အလျား အတောင်လေးဆယ် ၊ အနံ အတောင်သုံးဆယ် ရှိ၍၊ အတိုင်း အရှည် တညီတညွတ် တည်းဖြစ်ကြ၏။ 23 ထိုလေး ထောင့်တို့အတွင်း ပတ်လည် ၌ ချက်ပြုတ် စရာဘို့ အစဉ်အတိုင်းခုံလောက် တန်းများ ရှိ ကြ၏။ 24 ဤ အရပ်တို့ကား အိမ် တော်အမှု စောင့်တို့သည် လူ များပူဇော်သော ယဇ်ကောင် တို့ကို ပြုတ် ရသောအရပ် ဖြစ်ကြသည်ဟု ငါ့ အား ပြောဆို ၏။
471 ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။ 2 တဖန် မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုထုတ် ၍ ပြင် ၌ဝိုင်း သွားလျက်၊ အရှေ့ သို့ မျက်နှာပြု သော ပြင် တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာ ဘက် မှ စီး သော ရေ ကို ငါမြင် ၏။ 3 ကြိုး ကိုကိုင် သောသူသည် အရှေ့ သို့သွား ပြီးလျှင် ၊ အတောင် တထောင် စေ့အောင်တိုင်း ၍ ငါ့ ကို ရေ ကူး စေ၏။ ရေ သည် ဖမျက် သို့ မှီလေ၏။ 4 တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ရေး ကူး စေပြန်လျှင်၊ ရေ သည် ဒူး ကိုမှီလေ၏။ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ကူး စေပြန်လျှင်၊ ရေ သည်ခါး ကိုမှီလေ၏။ 5 တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။ 6 ထိုသူက၊ အချင်းလူသား ၊ ဤအရာကို မြင် သည် မ ဟုတ်လောဟု ပြော ပြီးမှ ၊ တဖန် ငါ့ ကိုခေါ် သွား၍ မြစ် နား သို့ပြန် စေ၏။ 7 ပြန် စဉ်အခါ မြစ် နား နှစ်ဘက်၌ များစွာ သော အပင် တို့ကို ငါ မြင် ၏။ 8 ထိုသူကလည်း၊ ဤ ရေ သည် အရှေ့ သို့ စီး ၍ တော ကို ရှောက် ပြီးမှ ၊ အိုင် ထဲသို့ ဝင် တတ်သော အားဖြင့်အိုင်ရေ သည် ချို လိမ့်မည်။ 9 အသက်ရှင် ၍လှုပ်ရှား တတ်သော သတ္တဝါ အမျိုးမျိုး တို့သည် ထို မြစ် ရေရောက် သမျှ သော အရပ်တို့၌ အသက်ရှင် ၍ ၊ အလွန် များစွာ သော ငါး တို့လည်း ရှိ ကြ လိမ့်မည်။ ထို မြစ်ရေ သည် ချို သောကြောင့် ၊ ရောက် သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။ 10 အိုင်နားမှာတံငါ တို့သည် ရပ် ၍၊ အင်္ဂေဒိ ရွာမှစ၍ ဧနေဂလိမ် ရွာတိုင်အောင် ပိုက်ကွန် ဖြန့် ချရာ အရပ် ဖြစ် လိမ့်မည်။ ငါး အမျိုးမျိုး တို့သည် မဟာ ပင်လယ် ငါး ကဲ့သို့ အလွန် များပြား ကြလိမ့်မည်။ 11 ရွှံ့ပွက် ရေနှင့် ရွှံ့အိုင် ရေမူကား မ ချို ရ၊ အစဉ် ငန် ရလိမ့်မည်။ 12 မြစ် ကမ်းနား နှစ်ဘက်၌ စားစရာ ကောင်းသော အပင် အမျိုးမျိုး ပေါက် ကြလိမ့်မည်။ အရွက် လည်း မ ညှိုး မနွမ်း ရ၊ အသီး လည်းမ ပျက် ရ။ လ တိုင်းအစဉ်နုသော အသီးကို သီး လိမ့်မည်။ အကြောင်းမူကား ၊ သန့်ရှင်း ရာ ဌာနထဲက ထွက် သတည်း။ အသီး သည် စားစရာ ဘို့ ဖြစ် ၏။ အရွက် သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။ 13 အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။ 14 ဘိုးဘေး တို့အား ငါကျိန်ဆို သည်အတိုင်း ငါပေး ရသောထို မြေ သည် သင် တို့အမွေ ဖြစ်၍၊ သင်တို့သည် အချင်းချင်း အမွေ ခံရကြမည်။ 15 မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊ 16 ဟာမတ် မြို့နှင့် ဗေရောသာ မြို့ကို၎င်း၊ ဒမာသက် နယ် နှင့် ဟာမတ် နယ် စပ်ကြား မှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန် မြို့အနား မှာ ၊ ဟာဇာဟတ္တိကုန် မြို့ကို၎င်းဝိုင်း၍၊ 17 တဖန် ပင်လယ် နှင့်ကွာပြီးမှဒမာသက် နယ် အနား၌ ဟာဇရေနန် မြို့၊ မြောက် ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ် မြို့ပါရမည်။ ဤရွေ့ကား၊ မြောက် ဘက် အပိုင်းအခြား ဖြစ်သတည်း။ 18 အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။ 19 တောင် ဘက် အပိုင်းအခြားသည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင် ၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း ၊ ရှောက်သွားရမည်။ ဤရွေ့ကား၊ တောင် ဘက် အပိုင်းအခြားဖြစ်သတည်း ။ 20 အနောက် ဘက် ၌ မဟာ ပင်လယ် သည် တောင် ဘက်မှစ၍၊ ဟာမတ် မြို့တဘက်တချက် တိုင်အောင် ပိုင်းခြား လျက်ရှိရမည်။ ဤရွေ့ကား ၊ အနောက် ဘက် အပိုင်းအခြားဖြစ်သတည်း။ 21 ထို မြေ ကိုဣသရေလ အမျိုး အသီးအသီးတို့အား ဝေ ရမည်။ 22 အမျိုးသားချင်းအမွေခံဘို့၎င်း ၊ သင် တို့တွင် နေ ၍ သားသမီး ဘွားမြင် သော တပါး အမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ဘွားမြင်သော ဣသရေလ အမျိုးသား ကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ မြေကိုအမွေ ခံရ ကြလိမ့်မည်။ 23 တပါး အမျိုးသားနေ လေရာရာ ခရိုင် ၌ သူ့ အမွေခံ စရာမြေကို ပေး ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
481 ဣသရေလအမျိုးခရိုင်စု အမည် ကား၊ မြောက် ဘက်၌ ဟေသလုန် လမ်း နှင့် ဟာမတ် လမ်းနား ၊ ဟာဇရေနန် မြို့ပါလျက် ဒမာသက် မြို့နယ် မြောက် ၊ ဟာမတ် မြို့နယ်တိုင်အောင် ၎င်း ၊ အရှေ့ ဘက် မှသည် ပင်လယ် တိုင်အောင်၎င်း ဒန် ခရိုင်ရှိ ရမည်။ 2 ဒန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် အာရှာ ခရိုင်ရှိရမည်။ 3 အာရှာ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် နဿလိ ခရိုင်ရှိရမည်။ 4 နဿလိ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် မနာရှေ ခရိုင်ရှိရမည်။ 5 မနာရှေ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဧဖရိမ် ခရိုင်ရှိရမည်။ 6 ဧဖရိမ် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရုဗင် ခရိုင်ရှိရမည်။ 7 ရုဗင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ယုဒ ခရိုင်ရှိရမည်။ 8 ယုဒ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် သင်တို့ပူဇော် ရသော မြေကွက် ရှိ ရမည်။ ထိုမြေအနံ ကား၊ ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အလျား ကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေ အတွင်း ၌ သန့်ရှင်း ရာဌာန ရှိ ရမည်။ 9 ထာဝရဘုရား အား ပူဇော် ရသော မြေကွက် မူကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ 10 ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။ 11 ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ 12 လေဝိ လူနေရာ မြေ အနား မှာ ထိုသို့ပူဇော် သော မြေ သည် ယဇ်ပုရောဟိတ် တို့အဘို့ အလွန် သန့်ရှင်းသော မြေဖြစ် ရမည်။ 13 ယဇ်ပုရောဟိတ် မြေ အနား မှာ လေဝိ လူနေရာ မြေကွက်သည် အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ 14 ထိုမြေ သည် ထာဝရဘုရား အဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မ ရောင်း ရ။ အဦး သီးသော အသီးကို အခြားသော ဥစ္စာနှင့်မ ဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။ 15 နှစ်သောင်း ငါးထောင်အနား မှာ ကြွင်း သေး သော မြေငါး ထောင် သည် လူနေရာ မြို့ နှင့် မြို့နယ် တည် စရာဘို့ဖြစ်၍၊ ထိုမြေ အလယ် ၌ မြို့ တည် ရမည်။ 16 မြို့ အတိုင်း အရှည်ကား၊ မြောက် ဘက် ၌ လေး ထောင် ငါး ရာ ၊ တောင် ဘက် ၌လေး ထောင် ငါး ရာ ၊ အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ၊ အနောက် ဘက် ၌ လေး ထောင် ငါး ရာ ရှိရမည်။ 17 မြို့နယ် ကား၊ မြောက် ဘက်၌ နှစ်ရာ ငါးဆယ် ၊ တောင် ဘက်၌ နှစ်ရာ ငါးဆယ် ၊ အရှေ့ ဘက်၌ နှစ်ရာ ငါးဆယ် ၊ အနောက် ဘက်၌ နှစ်ရာ ငါးဆယ် ရှိ ရမည်။ 18 သန့်ရှင်း သော မြေ အနား မှာ အလျား ၌ ကြွင်း သေးသော အရှေ့ ဘက်၌ တသောင်း ၊ အနောက် ဘက်၌ တသောင်း ကျယ်သော မြေ၌ဖြစ်သော အသီးအနှံ သည်၊ မြို့ အမှု ကို စောင့်သောသူတို့ စားစရာ ဘို့ ဖြစ် ရမည်။ 19 မြို့ အမှု စောင့်တို့ကို ဣသရေလ အမျိုး အပေါင်း ထဲက ရွေးကောက် ရမည်။ 20 ပူဇော်သော မြေကွက် ပေါင်း ကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံနှစ်သောင်း ငါးထောင်ကျယ်၍၊ မြို့နယ် ပါလျက် သန့်ရှင်း သော ထိုစတုရန်း မြေ ကို ပူဇော် ရမည်။ 21 ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။ 22 ထိုသို့စပ်ကြားမှာကျသော လေဝိ လူနေရာ အပိုင်းအခြား၊ မြို့နယ် အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက်၊ ယုဒ ခရိုင် ၊ ဗင်္ယာမိန် ခရိုင် စပ်ကြား မှာ ကျသောမြေရှိသမျှ သည် မင်းသား အဘို့ ဖြစ် ရမည်။ 23 ကြွင်း သော ဣသရေလခရိုင် ဟူမူကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဗင်္ယာမိန် ခရိုင် ရှိရမည်။ 24 ဗင်္ယာမိန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရှိမောင် ခရိုင်ရှိရမည်။ 25 ရှိမောင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဣသခါ ခရိုင်ရှိရမည်။ 26 ဣသခါ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဇာဗုလုန် ခရိုင်ရှိရမည်။ 27 ဇာဗုလုန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဂဒ် ခရိုင်ရှိရမည်။ 28 ဂဒ် ခရိုင် တောင် ဘက် အပိုင်းအခြား သည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင်၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သော မြစ် တိုင်အောင်၎င်း ရှောက်သွား ရမည်။ 29 ဤရွေ့ကား ၊ ဣသရေလ အမျိုးအနွယ် တို့ အမွေခံ စရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူ တို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 30 မြို့ မှထွက် ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ 31 မြို့ တံခါး တို့သည် ဣသရေလ အမျိုးအနွယ် တို့ အမည် ကို ဆောင်လျက်၊ မြောက် ဘက်၌ ရုဗင် တံခါး ၊ ယုဒ တံခါး ၊ လေဝိ တံခါး တည်းဟူသောတံခါး သုံး ပေါက် ရှိရမည်။ 32 မြို့အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ယောသပ် တံခါး ၊ ဗင်္ယာမိန် တံခါး ၊ ဒန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ 33 မြို့တောင် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ရှိမောင် တံခါး ၊ ဣသခါ တံခါး ၊ ဇာဗုလုန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ 34 မြို့အနောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ဂဒ် တံခါး ၊ အာရှာ တံခါး ၊ နဿလိ တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ 35 ထိုသို့ မြို့ပတ်လည် အတိုင်းအရှည်ကား၊ တသောင်း ရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့ မှစ၍ ထိုမြို့ ကို ယေဟောဝါရှမ္မအမည် ဖြင့် ခေါ်တွင်ရလိမ့် သတည်း။