ဧသတာဝတ္ထု
11 အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊ 2 ရှုရှန် နန်းတော် ရာဇ ပလ္လင်ပေါ် မှာ ထိုင် ၍ နန်းစံ သုံး နှစ် တွင်၊ 3 ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။ 4 ထိုအခါ နိုင်ငံ တော်စည်းစိမ် ၊ ဘုန်း အာနုဘော်တော်ကို အရက် တရာ ရှစ် ဆယ်ပတ်လုံးပြ တော်မူ၏။ 5 ထို ကာလ လွန် ပြီးမှ ၊ ရှင် ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီး အငယ် အပေါင်း တို့ အဘို့ နန်းတော် အနားဥယျာဉ် တော်ဝင်းထဲမှာ ခုနစ် ရက် ပတ်လုံးပွဲ ခံတော်မူ၏။ 6 ငွေ ကွင်း တပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ် ချောကြိုး ဖြင့် ဆွဲကာသော ပိတ် ချောကုလားကာ အဖြူ အစိမ်းအပြာ တို့နှင့်၎င်း၊ ခင်း သောကျောက်ပြားအနီ အပြာ အဖြူ အနက် တို့အပေါ် မှာထား သော ရွှေ ငွေ အနေ အထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။ 7 ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေ ဖလား တို့နှင့် များစွာ သော စပျစ်ရည် ကို သောက်ကြ ၏။ 8 စပျစ်ရည်သောက် ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ် သူကိုမျှ အနိုင် မသောက်စေ၊ လူ အပေါင်းတို့သည် ကိုယ် အလို အလျောက်ပြု ကြမည် အကြောင်း ၊ နန်းတော် အရာရှိ အပေါင်း တို့ကို ရှင်ဘုရင် မိန့် တော်မူ၏။ 9 မိဖုရား ဝါရှတိ သည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော် သား မိန်းမ တို့အဘို့ ပွဲ လုပ်လေ၏။ 10 - 11 မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ခုနစ် ရက်မြောက်သောနေ့ ၌ ရှင်ဘုရင် သည် စပျစ်ရည် သောက်၍ ရွှင်လန်း သောစိတ် ရှိသောအခါ၊ မိဖုရား အဆင်း လှ ခြင်းအသရေ ကို မင်း များနှင့် လူ များတို့အားပြ လိုသောငှါ ၊ မိဖုရား ဝါရှတိ ကို ရာဇ သရဖူ ဆောင်းစေ၍၊ အထံတော်သို့ဆောင် ခဲ့ရမည် အကြောင်း၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှု တော်ထမ်းမိန်းမစိုး ခုနစ် ယောက်တို့ကို မိန့် တော်မူ၏။ 12 သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့် တော်ကို ၊ မိဖုရား သည် ငြင်းဆန် ၍ မလာဘဲနေ၏။ ထိုကြောင့် ရှင် ဘုရင်သည် အမျက် ထွက်၍ ၊ ဒေါသမီးလောင် လျက် နေတော်မူ၏။ 13 - 14 ထိုအခါ ကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန် တည်းဟူသော ရှင်ဘုရင် ၏မျက်နှာ တော်ကို အစဉ်ဖူးမြင် ၍၊ နိုင်ငံ တော်တွင် အမြတ်ဆုံး သောပေရသိ ၊ မေဒိ အတွင်းဝန်မင်း ခုနစ် ပါးတို့သည် အနား တော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက် သောသူအပေါင်း တို့နှင့် ရှင်ဘုရင် တိုင်ပင်သောထုံးစံ ရှိသည်အတိုင်း ၊ အကျိုးအကြောင်း ကိုနားလည် သော ထိုပညာရှိ တို့ကိုခေါ်၍၊ 15 မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့် တော်ကို၊ မိဖုရား ဝါရှတိ သည် နား မ ထောင်သောကြောင့် ၊ ဓမ္မသတ် အတိုင်း သူ၌ အဘယ်သို့ စီရင် ရ မည်နည်းဟုမေး တော်မူလျှင်၊ 16 မမုကန် က၊ မိဖုရား ဝါရှတိ သည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မ ဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသောတိုင်းပြည် အရပ်ရပ် ၌ ရှိသောမင်း များနှင့် ဆင်းရဲသား များ အပေါင်း တို့ကို ပြစ်မှား ပါပြီ။ 17 ရှင်ဘုရင် အာရွှေရု သည် မိဖုရား ဝါရှတိ ကို ခေါ် ၍ ၊ မိဖုရားမ လာ ဟု အနှံ့အပြားပြော ကြသဖြင့် ၊ မိဖုရား ပြုသောဤအမှု ကိုခပ်သိမ်း သော မိန်းမ တို့သည် ကြား၍ မိမိ တို့ခင်ပွန်း ကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။ 18 မိဖုရား ပြုသောဤ အမှု ကို ပေရသိ ၊ မေဒိ မင်း ကတော်တို့သည် ကြား သိကြလျှင်၊ မှူး တော်မတ်တော် အပေါင်း တို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသ စိတ် တိုးပွား စရာအကြောင်းရှိပါ လိမ့်မည်။ 19 ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။ 20 သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။ 21 ထိုစကား ကို ရှင်ဘုရင် နှင့် မှူးမတ် တို့သည် နှစ်သက် ၍ မမုကန် လျှောက် သည်အတိုင်း ရှင်ဘုရင် ပြု လျက်၊ 22 လူ တိုင်း မိမိ အိမ် ကို အုပ်စိုး ရမည်အကြောင်း၊ မိမိ လူမျိုး စကား ကို ပြော ရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံ တော်အရပ်ရပ် သို့ အမိန့်တော်စာ ကို ပေး လိုက် တော်မူ၏။
21 တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။ 2 အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။ 3 အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။ 4 နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။ 5 ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။ 6 ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။ 7 ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။ 8 ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။ 9 ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။ 10 ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။ 11 ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။ 12 ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။ 13 ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။ 14 ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။ 15 မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။ 16 ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊ 17 အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။ 18 ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။ 19 သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။ 20 ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။ 21 ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။ 22 ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။ 23 ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
31 ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။ 2 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။ 3 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် တို့က၊ သင် သည် ရှင်ဘုရင် အမိန့် တော်ကို အဘယ်ကြောင့် ငြင်းဆန် သနည်းဟု နေ့တိုင်း မော်ဒကဲ အား မေးမြန်း သတိပေးသော်လည်း၊ 4 မော်ဒကဲက၊ ငါသည် ယုဒ လူဖြစ် သည်ဟု ပြန်ပြော ၍၊ သူ တို့ စကားကို နား မ ထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲ စကား တည်မည် မတည်မည်ကို သိ လို သောငှါ ၊ ဟာမန် အား ကြားပြော ကြ၏။ 5 ထိုသို့ မော်ဒကဲ သည် ဦး မ ချ၊ ရှိ မခိုးဘဲ နေ ကြောင်း ကို ဟာမန် သိမြင် သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊ 6 သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။ 7 ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။ 8 တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။ 9 ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။ 10 ရှင်ဘုရင် ကလည်း ၊ ထိုငွေကို သင့်အားငါပေး၏။ 11 ထိုလူမျိုး ကိုလည်း သင် သည် ပြု ချင်သမျှ ပြု ရသော အခွင့်ရှိစေခြင်းငှါ၊ သင် ၌ငါအပ် သည်ဟု လက်စွပ် တော်ကိုချွတ် ၍ ယုဒ အမျိုး၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် အား ပေး တော်မူ၏။ 12 ထိုအခါ ပဌမ လ တဆယ် သုံး ရက် နေ့တွင် ၊ စာရေး တော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန် မှာ ထားသမျှ အတိုင်း ၊ လူ အမျိုးမျိုးပြောသော စကား အသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့် တော်ကို စာကိုရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ် တော်နှင့် တံဆိပ် ခတ်လေ၏။ 13 အာဒါ အမည်ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ ယုဒ လူအကြီး အငယ် မိန်းမ ကလေး ရှိ ရှိသမျှတို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍ ၊ သူ တို့ဥစ္စာ ကို လုယူ သိမ်းရုံးစေ ခြင်းငှါ၊ အမိန့်တော် စာ ကို စာပို့ လုလင်တို့ဖြင့် နိုင်ငံ တော်အပြည် ပြည်သို့ ပေး လိုက် လေ၏။ 14 ဤရွေ့ကား၊ လူ အမျိုးမျိုး တို့သည် ထို နေ့ ရက်တွင် အသင့် ရှိစေခြင်းငှါ ၊ အတိုင်း တိုင်းအပြည်ပြည်၌ ကြော်ငြာ ရ သော အမိန့်တော် စာ ချက်ဖြစ်သတည်း။ 15 ရှုရှန် နန်းတော် ၌ ထိုအမိန့်တော်စာ ကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ ရှင်ဘုရင် နှင့် ဟာမန် သည် စပျစ်ရည်သောက် ပွဲ၌ ထိုင် ၍၊ ရှုရှန် မြို့ တော်သည် ဆင်းရဲ ခြင်းသို့ ရောက်သတည်း။
41 ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။ 2 လျှော်တေ အဝတ် ကိုဝတ်လျက် နန်းတော်တံခါး ထဲ သို့ အဘယ်သူ မျှမဝင် ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့ မှာ ရပ် နေ၏။ 3 ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။ 4 မော်ဒကဲအမှုကို ဧသတာ ၏ ကျွန် မတို့နှင့် မိန်းမစိုး တို့သည် ကြားပြော သောအခါ ၊ မိဖုရား သည် အလွန် ဝမ်းနည်း လျက် ၊ မော်ဒကဲ ဝတ်သော လျှော်တေ ကို ပယ် ၍ အခြားသောအဝတ် ကို ဝတ် စေခြင်းငှါ ပေး လိုက် သော်လည်း ၊ မော်ဒကဲသည် မ ခံ မယူဘဲနေ၏။ 5 တဖန် ဧသတာ သည် ရှင်ဘုရင် အမိန့်တော်နှင့် ခစား သော မိန်းမစိုး ဟာတက် ကို ခေါ် ၍ ၊ အဘယ် အမှုရှိ သနည်း။ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေး စေခြင်းငှါ စေလွှတ် သည်အတိုင်း၊ 6 ဟာတက် သည် မော်ဒကဲ ရှိ ရာ နန်းတော်တံခါး ရှေ့ ၊ မြို့ တော်လမ်း သို့ သွား ၍၊ 7 မော်ဒကဲ သည် မိမိ ၌ရောက် သော အမှုရှိသမျှ ကို ၎င်း၊ ဟာမန် သည် ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာ တော်တိုက်ထဲ သို့ သွင်းပါမည်ဟု ဂတိ ထားကြောင်း ကို၎င်းကြားပြော လျက်၊ 8 ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ ရှုရှန် နန်းတော်၌ ထုတ် သော အမိန့် တော်စာလက်ခံ ကို ဧသတာ အား ပြ ဘို့ ပေး ၍ ၊ ဧသတာသည် မိမိ လူမျိုး အဘို့ တောင်း လျှောက် ခြင်းငှါ ၊ ရှင်ဘုရင် ထံ တော်သို့ဝင် ရမည်အကြောင်း မှာ လိုက် လေ၏။ 9 ဟာတက် သည်လည်းလာ ၍ မော်ဒကဲ စကား ကို ဧသတာ အား ပြန်ပြော ၏။ 10 တဖန် ဧသတာ သည် ဟာတက် အားဖြင့် ၊ မော်ဒကဲ ကို မှာ လိုက်သည်ကား၊ 11 ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ရှင်ဘုရင်ခေါ် တော်မ မူဘဲ အတွင်း တန်တိုင်း ၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မိသောသူ သည် အသက် ချမ်းသာရမည်အကြောင်း ၊ ရွှေ ရာဇ လှံတံကို ကမ်း တော်မမူလျှင်၊ အမှန်သေ ရမည် အကြောင်း အမိန့် တော်ရှိသည်ကို၊ ရှင်ဘုရင် ၏ ကျွန် တော်မျိုးများနှင့် နိုင်ငံ တော်ပြည်သူ ပြည်သားများအပေါင်း တို့ သည် သိ ကြ၏။ အကျွန်ုပ် ကိုကား အရက် သုံးဆယ် ပတ်လုံး၊ ရှင်ဘုရင် ထံ တော်သို့ ခေါ် တော်မ မူဟု၊ 12 ဧသတာ စကား ကို မော်ဒကဲ အား ပြန်ပြော သောအခါ ၊ မော်ဒကဲ က၊ အခြားသော ယုဒ လူ အသက်မလွတ် လျှင်၊ 13 နန်းတော် ၌နေသော်လည်းသင့်အသက်လွတ် မည်ဟု မ ထင် နှင့်။ 14 ယခု ကာလ သင်သည်တိတ်ဆိတ် စွာနေလျှင် ၊ သင် နှင့် သင် ၏ အဆွေ အမျိုးသည် ပျက်စီး ၍ ၊ ယုဒ လူတို့ အသက်ရှင်ခြင်း၊ ကယ်တင် ခြင်း အကြောင်းတစုံတခုပေါ် လိမ့်မည်။ ယခု အမှုကိုဆောင်ဘို့ရာသင်သည် မိဖုရား အရာကိုရ သည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာ အား ပြန် ပြောစေခြင်းငှါ မှာ လိုက်၏။ 15 ဧသတာ ကလည်း ၊ ရှုရှန် မြို့၌ ရှိသောယုဒ လူအပေါင်း တို့ကို စုဝေး စေခြင်းငှါသွား ပါ။ 16 နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။ 17 ထိုနောက်အာဏာ တော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင် ထံ တော်သို့ ဝင် မည်။ သေ လျှင် အသေခံ ပါမည်ဟု မော်ဒကဲ အား ပြန် ပြောစေခြင်းငှါ မှာ လိုက် သမျှ အတိုင်း ၊ မော်ဒကဲ သည် သွား ၍ ပြု လေ၏။
51 သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။ 2 မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။ 3 ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊ 4 ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊ 5 ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။ 6 တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊ 7 ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊ 8 ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။ 9 ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။ 10 သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊ 11 မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊ 12 မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။ 13 သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။ 14 ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
61 ထို နေ့ည မှာ ရှင် ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာ ကို ယူ ခဲ့ဟု မိန့် တော်မူ၍ ရှေ့ တော်၌ ဘတ် ရကြ၏။ 2 ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်၊ ဗိဂသန် နှင့် တေရက် အကြံကို မော်ဒကဲ ဘော်ပြ ကြောင်း ကိုတွေ့ လျှင်၊ 3 ရှင် ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲ အား အဘယ် ဆုအဘယ်အရာကို ပေး ပြီနည်းဟုမေး တော်မူသော် ၊ အထံတော်၌ ခစား သော ကျွန် တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေး တော်မ မူပါသေးဟု ပြန် လျှောက် ကြ၏။
4 ရှင် ဘုရင်ကလည်း ၊ တန်တိုင်း တွင်း၌ အဘယ်သူ ရှိသနည်းဟုမေး တော်မူလျှင်၊ ဟာမန် သည် မိမိလုပ် နှင့် သော လည်ဆွဲ ချတိုင်၌ မော်ဒကဲ ကို လည်ဆွဲ ချရမည် အကြောင်း ၊ နန်းတော် ပြင် တန်တိုင်း တွင်းသို့ ဝင် မိသည် ဖြစ်၍၊ 5 ရှင်ဘုရင် ၏ ကျွန် တို့က၊ ဟာမန် သည် တန်တိုင်း တော်တွင်း၌ ရှိ ပါ၏ဟု လျှောက် ကြသော် ၊ အထဲသို့ ဝင် စေ ဟု မိန့် တော်မူ၏။
6 ဟာမန် သည်ဝင် လျှင် ရှင် ဘုရင်က၊ ရှင်ဘုရင်ချီးမြှောက် လို သော သူ ၌ အဘယ်သို့ ပြု သင့်သနည်းဟုမေး တော်မူလျှင် ၊ ဟာမန် က ငါ မှတပါး ၊ ရှင်ဘုရင် သာ၍ ချီးမြှောက် လိုသောသူ တစုံ တယောက်ရှိနိုင်သလောဟုစိတ်ထဲမှာ အောက်မေ့ လျက်၊ 7 - 8 ရှင်ဘုရင် ချီးမြှောက် ခြင်းငှါအလို တော်ရှိသော သူ အဘို့၊ ရှင်ဘုရင် ဝတ်ဆင် တော်မူသော မင်းမြောက်တန်ဆာ ၊ ရှင်ဘုရင် စီး တော်မူသော မြင်း တော်၊ ဆောင်း တော်မူသောရာဇ သရဖူ ကိုယူ ခဲ့၍၊ 9 ထိုတန်ဆာ တော်နှင့် မြင်း တော်ကို ဘုန်းကြီးသောမှူး တော်မတ်တော်တပါး၌ အပ် ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ ၊ အလို တော်ရှိသော သူ ကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင် စေ၍ ၊ မြင်း တော်ကို စီး စေပြီးလျှင်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည် ဟု သူ့ ရှေ့ မှာ ကြွေးကြော် ပါစေဟု ရှင်ဘုရင် အား ပြန် လျှောက် လေ၏။
10 ထိုအခါ ရှင် ဘုရင်က၊ သင်ပြော သည်အတိုင်း အလျင် အမြန်သွား၍၊ အဝတ် တန်ဆာနှင့် မြင်း တော်ကို ယူ ပြီးလျှင် ၊ ယုဒ အမျိုးသား၊ နန်းတော်တံခါး မှူးမော်ဒကဲ ၌ ပြု လော့။ သင်ပြော သမျှ တွင် ၊ တစုံ တခုမျှမ လပ် စေနှင့်ဟု ဟာမန် အား မိန့် တော်မူ၏။
11 ထိုအခါ ဟာမန် သည် အဝတ် တန်ဆာတော်နှင့် မြင်း တော်ကို ယူ ၍ ၊ မော်ဒကဲ ကို ဝတ်ဆင် စေပြီးလျှင် ၊ မြင်းတော်ကိုစီး စေသဖြင့်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည်ဟု သူ့ ရှေ့ မှာ ကြွေးကြော် ၏။ 12 သို့ပြီးမှ ၊ မော်ဒကဲ သည် နန်းတော်တံခါး သို့ ပြန်လာ ၏။ ဟာမန် မူကား ညည်းတွား လျက် ခေါင်း ကို ခြုံ လျက်၊ မိမိ အိမ် သို့ အလျင် အမြန်သွား ပြီးလျှင်၊ 13 မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။ 14 ထိုသို့ပြောဆို စဉ် တွင်၊ နန်းတော်မိန်းမစိုး တို့သည် လာ ၍ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် ကို အလျင် အမြန် ခေါ် သွားကြ၏။
71 တဖန် ရှင်ဘုရင် နှင့် ဟာမန် သည်၊ မိဖုရား ဧသတာ နှင့်အတူ စပျစ်ရည်သောက် အံ့သောငှါ သွား ကြ၏။ 2 ဒုတိယ နေ့ ရက်၌ စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေး မည်။ အဘယ်ဆု ကို တောင်း ချင်သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊ 3 မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ 4 ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။ 5 ရှင်ဘုရင် အာရွှေရု ကလည်း ၊ ထိုသို့ ပြု မည်ဟု ကြံဝံ့သောသူကား အဘယ် သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရား ဧသတာ အား မေး တော်မူလျှင်၊
6 ဧသတာ က၊ ရန် ဘက်ပြုသောရန်သူ သည် ဤ ဆိုးညစ် သော ဟာမန် ဖြစ်ပါ၏ဟု လျှောက် သော်၊ ဟာမန် သည် ရှင်ဘုရင် နှင့် မိဖုရား ရှေ့ မှာ ကြောက်ရွံ့ ခြင်း သို့ ရောက်လေ၏။
7 ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။ 8 ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။ 9 မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။ 10 ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
81 ထို နေ့ခြင်းတွင် ၊ ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့် ၊ မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။ 2 ရှင် ဘုရင်သည်လည်း ၊ ဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် ၍ မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်း ၊ ဟာမန် အိမ် ကို မော်ဒကဲ ၌ အပ် လေ၏။ 3 တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ၊ အာဂတ် အမျိုး ဟာမန် ပြုသောအပြစ် ၊ ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်း ၊ မျက်ရည် ကျလျက် တောင်းပန် လေ၏။ 4 ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ထ ၍ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊ 5 အရှင်မင်းကြီး အလို တော်ရှိ၍ ၊ ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ၍ ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်း ၊ ထပ်၍စာရေး စေတော်မူပါ။ 6 ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။ 7 ရှင်ဘုရင် အာရွှေရု ကလည်း ၊ ဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့် ၊ သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။ 8 သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။ 9 ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊ 10 ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှ ၊ မြင်း၊ လား ၊ ကုလားအုပ် ၊ မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။ 11 အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊ 12 မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူ ၊ စစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။ 13 ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါ ၊ အတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။ 14 ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ၌ ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ 15 မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊ 16 ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။ 17 ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ ၊ ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။
91 ရှင်ဘုရင် အမိန့် တော်အတိုင်း စီရင် ရသောအချိန်နီး ၍ ၊ ယုဒ အမျိုး၏ ရန်သူ တို့က၊ ငါတို့နိုင် မည်ဟု မြော်လင့် သော နေ့ ၊ အမှုပြောင်းလဲ ၍ ယုဒ လူတို့သည် မနာလို သောသူတို့ ကို နိုင် သော နေ့ရက်တည်းဟူသောအာဒါ မည်သော ဒွါဒသမ လ တဆယ် သုံး ရက် နေ့တွင်၊ 2 2ရှင်ဘုရင် အာရွှေရု ၏ နိုင်ငံ တော် အပြည်ပြည် အမြို့မြို့၌ နေသောယုဒ လူတို့သည်၊ ညှဉ်းဆဲ လိုသောသူတို့ ကို ဆီးတား ခြင်းငှါ စုဝေး ကြ၏။ ပြည်သူ ပြည်သားအပေါင်း တို့သည် ကြောက်ရွံ့ သောကြောင့် ၊ အဘယ်သူမျှရန်မပြုဝံ့ဘဲနေကြ၏။ 3 3အပြည် ပြည်ကို အုပ်စိုးသောမင်း ၊ ကိုယ်စား တော် မင်း၊ မြို့ဝန် မင်း၊ အမှု တော်စောင့် အရာရှိအပေါင်း တို့ သည် မော်ဒကဲ ကို ကြောက်ရွံ့ သောကြောင့် ၊ ယုဒ လူတို့ကို မစ ကြ၏။ 4 အကြောင်း မူကား၊ မော်ဒကဲ သည် နန်းတော် တွင် ဘုန်း ကြီးလျက် ၊ အတိုင်း တိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား ၍၊ တနေ့ထက် တနေ့ကြီး မြင့်ရာသို့ ရောက် သတည်း။ 5 ထိုနေ့တွင် ယုဒ လူတို့သည် ရန်သူ အပေါင်း တို့ကို ထား နှင့်လုပ်ကြံ သတ်ဖြတ် ဖျက်ဆီး ၍ ၊ မနာလို သောသူတို့ ၌ ပြုချင်သမျှပြု ကြ၏။ 6 6ရှုရှန် မြို့ တော်၌ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။ 7 ယုဒ အမျိုး၏ ရန်သူ ဟမ္မေဒါသ သား ဖြစ်သော ဟာမန် ၏သား တကျိပ် တည်းဟူသော ပါရှန္ဒါသ ၊ ဒါလဖုန် ၊ အာသပါသ၊ 8 ပေါရသ ၊ အာဒလိ ၊ အာရိဒါသ ၊ ပါမရှာတ ၊ 9 အရိသဲ ၊ အရိဒဲ ၊ ဝါဇေဇာသ တို့ကိုလည်း သတ် ကြ၏။ 10 သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။ 11 ထိုနေ့ ၌ ရှုရှန် မြို့ တော်တွင် သေ သောသူစာရင်း ကို ရှင်ဘုရင် ရှေ့ တော်မှာ ပြကြ၏။ 12 ရှင် ဘုရင်သည် မိဖုရား ဧသတာ ကို ခေါ် ၍ ၊ ယုဒ လူတို့သည် ရှုရှန် မြို့ တော်၌ ဟာမန် သား တကျိပ် နှင့်တကွ လူ ငါး ရာ တို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံ တော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြု ကြပြီနည်း။ သင် သည် အဘယ် အလို ရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ် ဆုကို တောင်း ချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 13 ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည် ယနေ့ အမိန့် တော် အတိုင်း နက်ဖြန် နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန် သား တကျိပ် ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားရမည် အကြောင်းအမိန့်ရှိတော်မူပါဟု လျှောက် သည်အတိုင်း၊ 14 ရှင်ဘုရင် မိန့် တော်မူ၍ ရှုရှန် နန်းတော်၌ အမိန့် တော်ကို ထုတ် ပြီးမှ ၊ ဟာမန် သား တကျိပ် ကို ဆွဲ ထား ကြ၏။ 15 ရှုရှန် မြို့၌ ရှိသော ယုဒ လူတို့သည်လည်း ၊ အာဒါ လ တဆယ် လေး ရက် နေ့တွင် စုဝေး ၍ ၊ ရှုရှန် မြို့သား သုံး ရာ တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲနေကြ၏။ 16 နိုင်ငံ တော်အတိုင်းတိုင်း အပြည်ပြည်၌ ရှိသော ယုဒ လူအခြား တို့သည် အာဒါ လ တဆယ် သုံး ရက် နေ့တွင် ၊ မိမိ တို့အသက် ကို စောင့် လျက် ၊ ရန်သူ လက်သို့မရောက်ဘဲ ချမ်းသာ ရမည်အကြောင်း ၊ စုဝေး ၍ ရန်သူ ခုနစ် သောင်း ငါးထောင်တို့ကိုသတ် ကြ၏။ သို့ရာတွင် သူ တို့ဥစ္စာ ကို မ သိမ်း မယူဘဲ နေကြ၏။ 17 ထိုလ တဆယ် လေး ရက်နေ့တွင် ငြိမ်ဝပ် စွာနေ ၍ ပွဲ ခံရာနေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။ 18 ရှုရှန် မြို့၌ ရှိသော ယုဒ လူများမူကား ၊ တဆယ် သုံး ရက်နေ့နှင့် တဆယ်လေး ရက်နေ့တွင် စုဝေး ကြ၏။ တဆယ် ငါး ရက်မြောက်သောအခါ ငြိမ်ဝပ် စွာနေ၍ ပွဲ ခံရာ နေ့ ၊ ပျော်မွေ့ ရာနေ့ဖြစ် စေခြင်းငှါ စောင့်ရှောက်ကြ၏။ 19 မြို့ရိုး မရှိသောရွာ တို့၌ နေ သောယုဒ လူတို့သည် လည်း၊ အာဒါ လ တဆယ် လေး ရက် နေ့ကို ပျော်မွေ့ စွာ ပွဲ ခံရာနေ့၊ မင်္ဂလာ နေ့ ၊ တယောက် ကိုတယောက်လက်ဆောင် ပေး လိုက်ရာနေ့ဖြစ်စေကြ၏။ 20 တဖန် မော်ဒကဲ သည် ဤ အမှု အရာတို့ကို ရေး ထား၏။ 21 ယုဒ လူတို့သည် ရန်သူ လက်မှ လွတ်၍ ချမ်းသာ ရသောနေ့ ၊ သူတို့ဝမ်းနည်းခြင်း နှင့်မြည်တမ်းခြင်း ပျောက်၍ ဝမ်းမြောက်ခြင်း နှင့်ပျော်မွေ့ခြင်း သို့ရောက် သောလ တည်းဟူသော အာဒါ လ တဆယ်လေး ရက် နှင့် တဆယ်ငါး ရက် နေ့တို့ကို နှစ် တိုင်းစောင့်၍ ပွဲခံရာ နေ့ ၊ ပျော်မွေ့ရာ နေ့၊ တယောက် ကိုတယောက်လက်ဆောင် ပေးလိုက် ၍၊ 22 ဆင်းရဲသောသူ တို့အား စွန့်ကြဲရာနေ့ဖြစ်စေသောထုံးစံကိုစီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီး အဝေး ရှိသောယုဒ လူအပေါင်း တို့နေရာသို့ မှာစာ ကိုပေး လိုက်လေ၏။ 23 လူတို့ကလည်း ၊ ပြု စ ရှိ၍ မော်ဒကဲ မှာ လိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံ ကြ၏။ 24 ယုဒ လူအပေါင်း တို့၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် သည် ယုဒ အမျိုးကို ဖျက်ဆီး မည်အကြံ ရှိ၍ ၊ ဖျက်ဆီး ပယ်ရှင်း ခြင်းငှါ ပုရ စာရေးတံ ချ သောကြောင့် ၎င်း၊ 25 ဧသတာသည် ရှင်ဘုရင် ထံ တော်သို့ ဝင် ၍ ယုဒ လူတို့တဘက် ၌ ဟာမန် ကြံစည် သော အဓမ္မ အကြံ ကို သူ ၏ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်အကြောင်း၊ သူ နှင့် သူ ၏သား တို့ကိုလည်း လည်ဆွဲ ချတိုင်၌ ဆွဲ ထားစေမည် အကြောင်း၊ အမိန့်တော်စာ ကို ပေးတော်မူသည်ဖြစ်၍၎င်း၊ 26 ပုရ ဟူသောစကားကို အစွဲ ပြုသဖြင့်၊ ထို နေ့ ကို ပုရ နေ့ဟူ၍ခေါ်ဝေါ် ကြ၏။ ထိုအမိန့် တော်စာ ချက်နှင့် ကိုယ်တိုင်တွေ့မြင် သော အမှု ကို ထောက် လျက်၊ 27 ယုဒ လူတို့သည် ကိုယ်တိုင်မှစ၍သား မြေး၊ ဘာသာဝင် သူ အပေါင်း တို့နှင့်တကွ ၊ မော်ဒကဲမှာစာ၌ စီရင် ထုံးဖွဲ့သည်အတိုင်း ၊ ထို နေ့ နှစ် ရက်ကိုနှစ် တိုင်း အစဉ် မပြတ်စောင့် မည်အကြောင်း၊ 28 ထို ပုရနေ့ တို့သည် ယုဒ အမျိုး၌ မပျောက်၊ သားစဉ် မြေးဆက်တို့သည် မ မေ့မလျော့၊ အပြည် ပြည် အမြို့မြို့၌ နေသောအဆွေ အမျိုးအသီးအသီးအစဉ် အဆက်တို့သည်အောက်မေ့စောင့်ရှောက်မည်အကြောင်းဝန်ခံကြ၏။ 29 ထိုအခါ အဘိဟဲလ သမီး မိဖုရား ဧသတာ နှင့် ယုဒ အမျိုး မော်ဒကဲ တို့သည်၊ ပုရ နေ့တို့ကို မြဲမြံစွာ တည် စေခြင်းငှါ ကျပ်တည်းစွာ အာဏာ ထား၍ မှာစာ ကို တဖန် ရေး ထားကြ၏။ 30 ယုဒ အမျိုးသားမော်ဒကဲ နှင့် မိဖုရား ဧသတာ မှာထား၍၊ ယုဒလူတို့သည် ကိုယ်အဘို့ နှင့် သားစဉ်မြေးဆက် အဘို့ စီရင် သည်အတိုင်း၊ 31 ချိန်းချက် သောအချိန်၌ အစာရှောင်ခြင်း ၊ ဆုတောင်းခြင်း နှင့်တကွ ပုရ နေ့ တို့ကိုအမြဲစောင့်စေခြင်းငှါ၊ အာရွှေရု နိုင်ငံ တော်တွင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်၌ ရှိသောယုဒ လူအပေါင်း တို့နေရာသို့ ငြိမ်သက် စေသောသစ္စာ စကား နှင့် ထိုမှာစာ ကိုမော်ဒကဲပေး လိုက်လေ၏။ 32 ဧသတာ စီရင် သောအားဖြင့် ၊ ပုရ နေ့တို့ကို စောင့်ရာ ထုံးစံ သည် အမြဲတည် ၍ ဤ စာ ၌ ရေး ထားလျက်ရှိသတည်း။
101 ရှင်ဘုရင် အာရွှေရု သည်မြေကြီး ပေါ် ၌၎င်း၊ ပင်လယ် တွင်ရှိသောကျွန်း တို့ပေါ်၌၎င်း ၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊ 2 အာဏာ တန်ခိုးတော်နှင့် စီရင်သမျှ သောအမှု အရာများနှင့်တကွ ၊ ချီးမြှောက် တော်မူခြင်းကို ခံရသော မော်ဒကဲ ၏ ဘုန်း တန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ ၊ ပေရသိ ရာဇဝင် တို့၌ ရေး ထားလျက် ရှိ၏။ 3 ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒ လူတို့တွင် ဘုန်း ကြီး၏။ မိမိ အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ အမျိုးသား ချင်းအပေါင်း တို့တွင် မျက်နှာ ရသောသူဖြစ် သတည်း။