ဧဖက်ဩဝါဒစာ။
11 ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။ 2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 3 ငါ တို့သည်ဘုရားသခင့် ရှေ့ တော်၌ မေတ္တာ အားဖြင့် သန့်ရှင်း လျက်၊ အပြစ် ကင်းလွတ်လျက် ဖြစ် မည် အကြောင်း၊ 4 ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 5 ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊ 6 ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။ 7 ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊ 8 ထိုသား တော်၏အသွေး အားဖြင့် အပြစ် လွှတ် တော်မူခြင်း တည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရ ကြ၏။ 9 ဘုရားသခင် သည် နှလုံး သွင်းတော်မူသော စေတနာ တော်နှင့် လျော်သောအလို တော်၏ နက်နဲ သော အရာကို ငါ တို့အား ပြ တော်မူ၏။ 10 ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။ 11 မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။ 12 အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။ 13 သင် တို့သည်လည်း ကယ်တင် တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသောသမ္မာတရား ကိုကြားနာ ၍ ထိုခရစ်တော် ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့်ယှဉ်သော သန့်ရှင်း သော ဝိညာဉ် တော်၏ တံဆိပ် ခတ်ခြင်းကို ခံရကြပြီ။ 14 ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။ 15 ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊ 16 သင်တို့ကိုအကြောင်းပြု၍ ကျေးဇူး တော်ကို အစဉ် မ ပြတ်ချီးမွမ်းလျက်၊ သင် တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက်နေ၏။ 17 ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊ 18 ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ 19 ယုံကြည် သောငါ တို့၌ ပြတော်မူသော အလွန် ကြီးလှ စွာသော တန်ခိုး တော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင် တို့သည်သိ စေခြင်းငှာ၊ သင် တို့၏ ဉာဏ် မျက်စိ ကို လင်း စေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။ 20 ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ 21 ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊ 22 ခြေဘဝါး တော်အောက် သို့ အလုံးစုံ တို့ကို ချထား သဖြင့် ၊ အသင်းတော် ဘို့ အလိုငှာ၊ သူ့ ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ် စေတော်မူ၏။ 23 ထိုအသင်းတော်ကား၊ အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ တော်မူသောသူ ၏ပြည့်စုံ ခြင်းတည်းဟူသောခရစ်တော် ၏ကိုယ် ဖြစ် သတည်း။
21 သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊ 2 ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။ 3 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါ တို့ရှိသမျှ သည်အထက် က ကိုယ် ကာယ၏အလို သို့၎င်း ၊ စိတ် ၏ အလိုသို့၎င်း၊ လိုက် သဖြင့် ကာမဂုဏ် တို့၌ ကျင်လည် သည်ဖြစ်၍၊ ကြွင်း သောသူတို့ကဲ့သို့ ပင်ပကတိ အတိုင်း အမျက် တော်ကို ခံရသောသူဖြစ် ကြ၏။ 4 သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊ 5 ဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော ငါ တို့ကို ခရစ်တော် နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင် ခြင်းသို့ရောက် ရ၏။ 6 ယေရှု ခရစ် အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူပြီ။ 7 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါ တို့၌ ကျေးဇူး ပြု၍ ၊ ကျေးဇူး တော်၏အလွန် ကြွယ်ဝ ခြင်းကို နောင် ကပ် ကာလတို့၌ ထင်ရှား စေမည်အကြောင်း ဖြစ်သတည်း။ 8 ယုံကြည် သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင် ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မ ဟုတ်။ ဘုရားသခင် သနား တော်မူရာဖြစ်သတည်း။ 9 ကိုယ်ကုသိုလ် ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မ ဟုတ်။ သို့ဖြစ်၍ အဘယ်သူ မျှ ဝါကြွား စရာ အခွင့်မ ရှိ။ 10 အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။ 11 ထိုကြောင့် ၊ လက် ဖြင့် ကိုယ် ကာယ၌ ပြုသောဝေါဟာရ အရေဖျားလှီး ခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီး ခြင်းကို မခံသောလူ ဟူ၍ခေါ်ဝေါ် ကြသော သာသနာပ လူတို့အထဲ ၌ သင် တို့သည် အထက် က ပကတိ အတိုင်းဖြစ်ကြသည်ကို၎င်း၊ 12 ထိုအခါ သင်တို့သည် ခရစ်တော် ကိုမ သိ၊ ဣသရေလ အပေါင်း ၌ မဝင်၊ ဂတိ တော်ပါသော ပဋိညာဉ် တရားတို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမ ရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ ကြလော့။ 13 သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။ 14 အဘယ်သို့ နည်းဟူမူကား၊ ထိုသခင် သည် ငါ တို့ ရန်ငြိမ်း ခြင်းအကြောင်း ဖြစ် တော်မူ၏။ 15 ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော ပညတ် တရားတည်းဟူသောရန်ငြိုး ဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာ တော်တွင် ပယ်ရှင်း တော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံ ကို ဖြိုဖျက် ၍ လူမျိုး နှစ် စုတို့ကို တစ်စုတည်းဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်း စေပြီးလျှင်၊ 16 ကိုယ်တော် ၌ ထိုလူ နှစ်စုတို့ကို လူ သစ် တစ်ဦးတစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင် ၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို၊ လက်ဝါးကပ်တိုင် တော်အားဖြင့် ရန် ကို သတ်ဖြတ် လျက်၊ ဘုရားသခင် နှင့် မိသ္သဟာယဖွဲ့ စေမည်အကြောင်းတည်း။ 17 ထိုခရစ်တော်သည်လည်း ကြွလာ ၍၊ ဝေး လျက်ရှိသော သင် တို့အား၎င်း၊ နီး လျက်ရှိသောငါ တို့အား၎င်း၊ ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူ၏။ 18 ထိုသို့ ခရစ်တော် အားဖြင့် ငါတို့နှစ် ဦးသည် စိတ် ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြ ပြီ။ 19 ထိုကြောင့် ၊ သင်တို့သည် တ ကျွန်းတ နိုင်ငံသားမ ဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်း သူတို့၏ အမျိုးသား ချင်းဖြစ် ကြ၏။ ဘုရားသခင် အိမ်တော်သား လည်း ဖြစ်ကြ၏။ 20 အဘယ်သို့နည်းဟူမူကား၊ တမန်တော် တို့မှစ၍ ပရောဖက် များတည်းဟူသောတိုက်မြစ် အပေါ် ၌သင်တို့သည် ထပ်ဆင့်၍ တည်ဆောက် လျက်ရှိ ကြ၏။ 21 ထိုတိုက်ထောင့် အမြစ်ကျောက်ကား၊ ယေရှု ခရစ် ဖြစ်သတည်း။ ထိုကျောက် နှင့် တစ် တိုက်လုံး သည် စေ့စပ် ၍ ကြီးပွား သဖြင့်၊ သခင် ဘုရားအဘို့ အလိုငှာ သန့်ရှင်း သော ဗိမာန် တော်ဖြစ်၏။ 22 ထိုဗိမာန် တော်၌ လည်း ၊ ဘုရားသခင် သည် ဝိညာဉ် တော်အားဖြင့် ကျိန်းဝပ် တော်မူခြင်းအလိုငှာ ၊ သင် တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။
31 ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။ 2 သင် တို့အကျိုးကို ထောက် ၍ ငါ့ အားအပ်ပေး တော်မူသောဘုရားသခင် ၏ကျေးဇူး တော်သာသနာ ကို သင်တို့ကြားသိ ရသည်နှင့်အညီ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အတွက် ကြောင့် ငါခံရ၏။ 3 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက် က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိတ် တော်အားဖြင့် နက်နဲ သောအရာကို ငါ့ အားပြ တော်မူ၏။ 4 ထိုစကား ကိုဘတ်ရွတ် လျှင် ၊ ခရစ်တော် ၏ နက်နဲ သောအရာ၌ ငါ လေ့ကျက် သည်ကို သင်တို့သည် သိ ရ ကြ မည်။ 5 ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။ 6 ထိုနက်နဲသောအရာဟူကား၊ တစ်ပါး အမျိုးသားတို့သည် ဧဝံဂလိ တရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍ ၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ် လျက်၊ ခရစ်တော် နှင့် ဆိုင်သောဂတိ တော်ကို ဆက်ဆံကြရသတည်း။ 7 တန်ခိုး တော်ပြုပြင် သောအားဖြင့် ငါ့ အားပေး သနားတော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ သည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက် ရပြီ။ 8 စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊ အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊ 9 သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။ 10 အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊ 11 ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက် တို့သည်၊ ဘုရားသခင် ၏ထူးဆန်း သော ပညတ် တော်ကို အသင်းတော် အားဖြင့် ယခု သိ ကြရမည် အကြောင်း တည်း။ 12 ထိုသခင် ကိုယုံကြည် ခြင်းအားဖြင့် ငါတို့သည် ရဲရင့် သောစိတ်နှင့် တိုးဝင် ၍ အသနားတော်ခံရသော အခွင့် ကိုရ ကြပြီ။ 13 ထိုကြောင့် သင် တို့၏အသရေ ကို ပြုစု ၍ သင် တို့အတွက် ကြောင့် ငါ ခံရသော ဆင်းရဲ ခြင်းကို မြင်လျှင်၊ ရွေ့လျော့ သော စိတ်မ ရှိကြပါစေနှင့်။ 14 အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ၊ မြေကြီး ပေါ်မှာ ရှိသော တစ် အိမ်ထောင်လုံး တည်းဟူသောသားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ 15 ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့ မှာ ငါ သည် ဒူး ထောက် ၍ ဆုတောင်းလေ့ရှိ၏။ 16 ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊ 17 ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊ 18 သင် တို့သည်သန့်ရှင်း သူအပေါင်း တို့၏ နည်းတူ ၊ အနံ အလျား အနက် အမြင့် တို့ကို ပိုင်းခြား ၍ သိခြင်းငှာ ၎င်း၊ 19 ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။ 20 ငါ တို့၌ ပြုပြင်သောတန်ခိုး တော်အတိုင်း ၊ ငါတို့တောင်းပန် ကြံစည် သမျှ ထက် အလွန် ထူးခြား စွာ ပြု ခြင်းငှာတတ်နိုင် တော်မူသော ဘုရားသခင် သည်၊ 21 ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။
41 ခေါ် တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင် မည် အကြောင်း၊ သခင် ဘုရားအတွက် ကြောင့် အကျဉ်း ခံရသော ငါ သည် သင် တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။ 2 အရာရာ ၌ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာ စိတ်နှင့် တစ်ယောက် ကို တစ်ယောက်သည်းခံ ခြင်းရှိကြ၍ ၊ 3 အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်း အားဖြင့် ၊ သင်တို့သည် အချင်းချင်းစိတ် သဘော မခြားမနားတလုံးတဝတည်း ဖြစ် အံ့သောငှာကြိုးစား အားထုတ်ကြလော့။ 4 သင် တို့ကို ခေါ် တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့် ခြင်းတစ်ပါး ထဲသို့ ခေါ်သွင်း တော်မူသည်နှင့်အညီ ၊ ကိုယ် တစ် ကိုယ်၊ ဝိညာဉ် တ ဝိညာဉ်တည်းရှိ၏။ 5 သခင် တစ်ပါး ၊ ယုံကြည် ခြင်းတစ်ပါး ၊ ဗတ္တိဇံ တစ်ပါး ၊ 6 ခပ်သိမ်း သော ငါတို့၏အဘ ဖြစ်သော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင် သည် ခပ်သိမ်း သော ငါတို့၏အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်း သော ငါတို့ကို နှံ့ပြား တော်မူ၏။ ခပ်သိမ်း သော ငါတို့၏အထဲ ၌လည်း ရှိတော်မူ၏။ 7 သို့သော်လည်း ခရစ်တော် သည် ဆု ပေး တော်မူသည်အတိုင်း ငါ တို့သည်ကျေးဇူး တော်ကို အသီးသီး ကိုယ် စီခံရကြပြီ။ 8 ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။ 9 တက်ကြွ တော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီး အောက် အရပ် သို့ ဆင်းသက် တော်မူကြောင်း ကို ရည်မှတ်၍ ဆိုသည် မဟုတ် လော။ 10 ဆင်းသက် တော်မူသောသူ သည်အခြားသောသူမဟုတ်၊ အလုံးစုံ တို့ကို ပြည့်စုံ စေခြင်းငှာ ၊ ခပ်သိမ်း သော ကောင်းကင် တို့၏အထွဋ် ကို လွန်၍ တက်ကြွ တော်မူသော သူ ဖြစ် သတည်း။ 11 ခရစ်တော် ၏ကိုယ် တော်ကို တည်ဆောက် ၍ ဓမ္မဆရာ ၏အမှု ကို ပြုတတ်မည်အကြောင်း၊ 12 သန့်ရှင်း သူတို့ကို ပြင်ဆင် ခြင်းအလိုငှာ၊ ထိုသခင် သည် လူအချို့တို့ကို တမန်တော် အရာ၌၎င်း ၊ အချို့ ကို ပရောဖက် အရာ၌၎င်း၊ အချို့ ကို သာသနာပြု အရာ၌၎င်း ၊ အချို့ တို့ကို သင်းအုပ် ဆရာ၊ ဆရာ အရာ၌၎င်း၊ ခန့်ထား တော်မူ၏။ 13 ငါတို့ရှိသမျှ သည် ယုံကြည် ခြင်းသို့ ၎င်း၊ ဘုရားသခင် ၏သား တော်ကို သိကျွမ်း ခြင်းသို့ ၎င်း၊ တစ်ညီတစ်ညွတ် တည်းရောက်၍ ခရစ်တော် ၏ပြည့်စုံ ခြင်းပမာဏ အရပ် တည်းဟူသောကြီးရင့် သော လူ တို့၏ အဖြစ်သို့ ရောက် ကြသည်တိုင်အောင် ဖြစ်သတည်း။ 14 အကြောင်းမူကား ၊ သူတစ်ပါးတို့သည် လူ ပရိယာယ် နှင့် အပြစ်သို့ သွေးဆောင် ခြင်းငှာ လှည့်ဖြား ပြောဆို သဖြင့် ၊ ငါ တို့သည်နောက်တဖန်ခပ်သိမ်း သော ဩဝါဒ လေ တိုက် ၍ ဖရိုဖရဲ လွင့်သွားသော သူငယ် မ ဖြစ်ဘဲလျက်၊ 15 မေတ္တာ စိတ်နှင့် သမ္မာတရား ကို ဟောပြောသဖြင့် ၊ ဦးခေါင်း တည်းဟူသော ခရစ်တော် မှာ အရာရာ တို့၌ ကြီးပွား ကြမည် အကြောင်း တည်း။ 16 ထို ဦးခေါင်းမှ ၊ အဆစ် အပိုင်းများ တို့သည် အားဖြည့် သဖြင့် ၊ တစ်ကိုယ် လုံး သည် စေ့စပ် ထုံးဖွဲ့ လျက် ၊ အသီးအသီး အင်္ဂါ များကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင် သည်နှင့်အညီ၊ မိမိ ကိုယ်ကို မေတ္တာ ၌ တည်ဆောက် ခြင်းငှာ ကြီးပွား စေ တတ်၏။ 17 ထိုကြောင့် ကြွင်းသောတစ်ပါး အမျိုးသားတို့သည် လျှပ်ပေါ် သောစိတ် နှင့် ကျင့် သည်နည်းတူ ၊ သင် တို့သည် နောက်တစ်ဖန် မကျင့် မည်အကြောင်း သခင် ဘုရားအခွင့် နှင့် ငါမှာ လိုက်၏။ 18 ထိုသူ တို့သည် ဉာဏ် အလင်းကွယ် သည်ဖြစ် ၍၊ စိတ် နှလုံး မိုက်မဲ သောအားဖြင့် အလျှင်းမ သိသောကြောင့် ၊ ဘုရားသခင် ၏အသက် နှင့် ကွာရှင်း လျက်ရှိကြ၏။ 19 ထိုသူ တို့သည် ရှက်ကြောက် ခြင်းမရှိ၊ တပ်မက် ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူး သောအကျင့်အမျိုးမျိုး ကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိ တို့ကို ကိလေသာ လက်သို့ အပ် လိုက်ကြ၏။ 20 ထိုသို့ ဖြစ်စေခြင်းငှာသင် တို့သည် ခရစ်တော် တရားကို သင် ကြပြီမ ဟုတ်ဘဲ၊ 21 အထက် ကကျင်လည်ကြသည်အရာမှာ လှည့်ဖြား တတ်သောလောဘ စိတ်တို့ဖြင့် ပုပ်ပျက်သောလူ အဟောင်း ကိုချွတ်ပယ် ၍၊ 22 စိတ် နှလုံး သဘောသစ် ကိုရပြီးလျှင် ၊ မှန်သောဖြောင့်မတ်ခြင်း၊ 23 သန့်ရှင်း ခြင်းပါရမီ အားဖြင့် ဘုရားသခင် နှင့်အတူ အမျှ ဖန်ဆင်း သော လူ သစ် ကို ယူတင်ဝတ်ဆောင် မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ 24 ယေရှု ၌ သမ္မာတရား ရှိ သည်နှင့်အညီ ၊ ထိုသခင် ထံ၌ နည်းခံ ကြပြီသတည်း။ 25 ထိုကြောင့် မုသား စကားကိုပယ်ရှား ၍၊ မှန် သောစကားကိုသာ အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပြော ကြလော့။ အကြောင်းမူကား ၊ ငါတို့သည် အချင်းချင်း အင်္ဂါ ချင်းဖြစ် ကြ၏။ 26 အမျက်ထွက် ရာတွင် အပြစ် မ ရှိစေနှင့်။ 27 အမျက် မပြေဘဲ နေ မ ဝင် စေနှင့်။ မာရ်နတ် ကို အခွင့် မ ပေး ကြနှင့်။ 28 ခိုး တတ်သောသူ သည်နောက်တဖန်မ ခိုး ဘဲ၊ ဆင်းရဲသောသူ အားပေးကမ်း ဝေငှရန် ရှိ စေခြင်းငှာ ၊ မိမိ လက် နှင့် ကောင်း သောအလုပ် ကို လုပ်ဆောင် အားထုတ် စေ။ 29 ညစ်ညူး သောစကား တစ် ခွန်းကိုမျှ သင် တို့နှုတ် ထဲက မ ထွက် စေနှင့်။ ကြားနာ သော သူ တို့၏အကျိုး ကို ပြုစုစေခြင်းငှာ ၊ တည်ဆောက် စရာဘို့ ကောင်း သော စကားကိုသာ သုံးဆောင်ကြလော့။ 30 ရွေးနှုတ် ခြင်းနေ့ရက် တိုင်အောင် သင် တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏သန့်ရှင်း သော ဝိညာဉ် တော်ကို စိတ် မ နာစေကြနှင့်။ 31 ခပ်သိမ်း သော စိတ်တို ခြင်း၊ စိတ်ဆိုး ခြင်း၊ အမျက်ထွက် ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်း သော မနာလို ခြင်းကို၎င်း၊ သင် တို့မှ ပယ်ရှား ကြလော့။ 32 အချင်းချင်း ကျေးဇူး ပြုခြင်း၊ သနားစုံမက် ခြင်း၊ ဘုရားသခင် သည် ခရစ်တော် ကြောင့် သင် တို့၏အပြစ်ကို လွှတ် တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ် ခြင်း ရှိကြလော့။
51 ထိုသို့ သင်တို့သည် ဘုရားသခင် ၏ ချစ် သား ဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့် ကြလော့။ 2 ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။ 3 မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။ 4 မ တော် မလျော်သော ညစ်ညူး ပြက်ပြယ် ပြက်ယယ် သော စကားများကိုလည်း ပယ်၍ ကျေးဇူး တော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။ 5 မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။ 6 လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။ 7 ထိုကြောင့် သူ တို့နှင့်ဆက်ဆံ ၍ မ ကျင့် ကြနှင့်။ 8 အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။ 9 အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။ 10 သခင် ဘုရားနှစ်သက် တော်မူသောအရာသည် အဘယ် အရာဖြစ် သည်ကို သင် ကြလော့။ 11 အကျိုးမဲ့ သောမှောင်မိုက် အမှု တို့နှင့် မ ဆက်ဆံ သည်သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြ ကြလော့။ 12 အကြောင်းမူကား ၊ သူ တို့သည် ဆိတ်ကွယ် ရာ၌ ပြု သောအမှုအရာ တို့ကို စကားပြော ကာ မျှ၌ ညစ်ညူး ခြင်းပါ သေး၏။ 13 အပြစ်ထင်ရှား သောအရာ ရှိသမျှ တို့သည် အလင်း ဖြင့် ထင်ရှား ကြ၏။ ထင်ရှား စေတတ်သော အရာရှိသမျှ တို့သည်လည်း အလင်း ဖြစ် ၏။ 14 ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။ 15 ထိုကြောင့် ပညာ မဲ့ကဲ့သို့ မ ဟုတ်၊ ပညာရှိ ကဲ့သို့ စေ့စေ့ မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြု ကြလော့။ 16 ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။ 17 ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။ 18 လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။ 19 ဆာလံ သီချင်းမှစသော ဓမ္မ သီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ် နှလုံးနှင့် သခင် ဘုရားရှေ့တော်၌ ကျူးဧ ၍သီချင်း ဆို ကြလော့။ 20 ခပ်သိမ်း သောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကို ထောက်၍ ၊ ခမည်းတော် ဘုရားသခင် ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ 21 ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။ 22 အချင်းမိန်းမ တို့၊ သခင် ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ 23 အကြောင်းမူကား ၊ ခရစ်တော် သည် အသင်းတော် ၏ အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏အပေါ်မှာခေါင်း ဖြစ် ၏။ ခရစ်တော်သည်လည်း မိမိ ကိုယ် ကို ကယ်တင် သောသူ ဖြစ်တော်မူ၏။ 24 အသင်းတော် သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့ ၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည်။ 25 အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။ 26 ထို အသင်းတော် သည် သန့်ရှင်း လျက် အပြစ် ကင်းလျက်ရှိ သည် ဖြစ်၍ ၊ 27 အညစ်အကြေး တင် ခြင်း၊ အရေ တွန့်ခြင်းမှ စ သည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသော အသင်းတော် ကို ခရစ်တော် သည် မိမိ အားဆက်သ အံ့သောငှာ ၊ နှုတ်ကပတ် တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထို အသင်းတော်အဘို့ အလို့ငှာကိုယ်ကိုကိုယ် စွန့် တော်မူ၏။ 28 ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ် ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကိုချစ် ရကြမည်။ ခင်ပွန်း ကို ချစ် သောသူ သည် ကိုယ် ကိုချစ် သောသူဖြစ်၏။ 29 ကိုယ် အသား ကို မုန်း သောသူတစ်ယောက် မျှမရှိ။ ခရစ်တော် သည် အသင်းတော် ကို ကျွေးမွေး ပြုစု တော်မူသကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ 30 အကယ်စင်စစ်ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါ ဖြစ် ကြ၏။ 31 ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက် တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်။ 32 ဤ အရာသည် အလွန် နက်နဲ သောအရာဖြစ် ပေ၏။ ထိုသို့ ငါ ဆို သော် ၊ ခရစ်တော် နှင့် အသင်းတော် ကိုရည်မှတ် ၍ဆိုသတည်း။ 33 သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။
61 သားသမီး တို့၊ သခင် ဘုရား၏ အလိုတော်နှင့်အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘစကား ကိုနားထောင် ခြင်းအမှုသည်တရား သောအမှုဖြစ် ၏။ 2 မိဘ ကိုရိုသေ စွာပြုလော့။ 3 ဤ ပညတ်တော်ကား၊ သင်သည် ပြည် တော်၌ ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ဟူ၍ဂတိ တော်နှင့် ဆိုင်သောပဌမ ပညတ် ဖြစ် ၏။ 4 အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာမ ပြုကြနှင့်။ သခင် ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင် ခြင်းကိုပြုလျက် ကျွေးမွေး ကြလော့။ 5 အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။ 6 လူ တို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မ ဟုတ်၊ ခရစ်တော် ၏ ကျွန် ကဲ့သို့ စေတနာစိတ် နှင့် ဘုရားသခင် ၏ အလို တော်ကို စောင့် ၍၊ 7 လူ ၏အစေကိုသာ ခံသကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညို သော သဘောနှင့် အစေ ကိုခံကြလော့။ 8 ကောင်း သောအကျင့်ကို ကျင့် သောသူ မည်သည်ကား ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ သခင် ဘုရား၏ လက်တော်မှ အကျိုးကိုခံရ လိမ့်မည်ဟု သိမှတ် ကြလော့။ 9 သခင် တို့၊ ခြိမ်းချောက် ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန် တို့ကို ထိုနည်းတူ ပြု ကြလော့။ သင် တို့၏ သခင် သည် ကောင်းကင် ဘုံ၌ ရှိ သည်ကို၎င်း၊ ထိုသခင် သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မ မူသည်ကို၎င်း၊ သိမှတ် ကြလော့။ 10 ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။ 11 မာရ်နတ် ၏ ပရိယာယ် တို့ကို တားဆီး နိုင် မည်အကြောင်း ၊ ဘုရားသခင် သည်ပြင်ဆင်တော်မူသော လက်နက်စုံ ကို ဝတ်ဆောင် ကြလော့။ 12 အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ 13 ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ် သော နေ့ရက် ကာလ ၌ ဆီးတား နိုင် သဖြင့် ၊ ကိစ္စအလုံးစုံ တို့ကို ပြီးစီး ၍ ခံရပ် နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံ ကိုယူဆောင် ကြလော့။ 14 သစ္စာ တည်းဟူသောခါးပန်း ကိုစည်း လျက်၊ ဖြောင့်မတ် ခြင်းပါရမီတည်းဟူသောရင်အုပ် တန်ဆာကို ဝတ်ဆင် လျက် ၊ 15 ငြိမ်သက် ခြင်းနှင့်ယှဉ်သော ဧဝံဂလိ တရားကို ဟောပြောအံ့သောငှာပြင်ဆင် သော အဖြစ်တည်းဟူသောခြေစွပ် ကိုစွပ် လျက် ခံရပ် ကြလော့။ 16 မာရ်နတ် ပြစ်ခတ်သော မီးစက် လက်နက် ကို ကာသတ် နိုင် သော ယုံကြည် ခြင်းတည်းဟူသောလွှား ကို လည်းခပ်သိမ်း သော လက်နက်တို့အပေါ်မှာထပ်ဆင့်၍ ယူဆောင် ကြလော့။ 17 ကယ်တင် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တည်းဟူသောဝိညာဉ် တော်၏ဓား ကို၎င်း ယူ ကြလော့။ 18 ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။ 19 ငါသည် ဧဝံဂေလိ တရားကြောင့် သံကြိုး နှင့် ချည်နှောင်ခြင်းကိုခံလျက်၊ 20 သံတမန် အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲ သောအရာကိုဖော်ပြ ခြင်းငှာငါ သည်နှုတ် ကို ရဲရင့် စွာ ဖွင့်လှစ် ခြင်း အခွင့်ရှိ မည်အကြောင်း ကို၎င်း၊ ထိုတရား ကိုဟောပြောအပ် သည်နှင့်အညီ ၊ ရဲရင့် စွာဟောပြော မည်အကြောင်း ကို၎င်း၊ ငါ့ အဘို့ လည်း ဆုတောင်းကြလော့။ 21 သင် တို့သည် ငါ ၌ ဖြစ်သော အကြောင်း အရာများကို သိ စေခြင်းငှာ ၊ သခင် ဘုရားထံ၌ သစ္စာ ရှိသော ဆရာ တည်းဟူသောငါချစ် သောညီ တုခိတ် သည် အလုံးစုံ တို့ကို သင် တို့အား ဖော်ပြ လိမ့်မည်။ 22 သင်တို့သည်ငါ တို့၏အကြောင်း အရာများကို သိ မည်အကြောင်း နှင့်၊ ထို သူ သည်သင် တို့စိတ်နှလုံး ကို သက်သာ စေမည်အကြောင်း ၊ ထိုသူ ကိုသင် တို့ဆီသို့ ငါစေလွှတ် ၏။ 23 ညီအစ်ကို တို့၌ ငြိမ်သက် ခြင်းရှိပါစေသော။ ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ပေးတော်မူသောယုံကြည် ခြင်းနှင့် ချစ် ခြင်းမေတ္တာရှိပါစေသော။ 24 ငါ တို့သခင် ယေရှု ခရစ် ကို အမှန် ချစ် သော သူ အပေါင်း တို့၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။