ဒေသနာကျမ်း
11 ဒါဝိဒ် ၏သား တော်၊ ဓမ္မဒေသနာဆရာ ဖြစ်သော ယေရုရှလင် မင်းကြီး ၏စကား ဟူမူကား၊ 2 အနတ္တ သက်သက်၊ အနတ္တ သက်သက်၊ ခပ်သိမ်း သောအရာတို့သည် အနတ္တ ဖြစ်ကြ၏။ 3 လူသည် နေ အောက် မှာ ကြိုးစား အားထုတ်သမျှ တို့ ၌ အဘယ် အကျိုး ရှိသနည်း။ 4 လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။ 5 နေ လည်းထွက် လျက် ဝင် လျက် ၊ ထွက် ရာအရပ် သို့ တဖန် ပြေးလျက်၊ တောင် လမ်းသို့ လိုက် ၍ ၊ တဖန် မြောက် လမ်းသို့ ပြန် လည်တတ်၏။ 6 လေ သည်လည်း အစဉ်လည် သွား၍၊ လည်ပြီး သောအရပ် သို့ တဖန်ပြန်၍လည် ပြန်တတ်၏။ 7 ခပ်သိမ်း သော မြစ် တို့သည် ပင်လယ် ထဲသို့ ရောက် ကြ၏။ သို့သော်လည်း ၊ ပင်လယ် သည် မ ပြည့် တတ်။ မြစ် ရေသည် စီး ထွက်ရာအရပ် သို့ တဖန်ပြန် သွား တတ်၏။ 8 ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။ 9 ဖြစ် ဘူးသော အရာ သည် ဖြစ် လတံ့သောအရာ နှင့်တူ၏။ ယခုပြု သော အမှု သည် ပြု လတံ့သော အမှု နှင့်တူ၏။ နေ အောက်မှာ အသစ် သောအမှုအရာမ ရှိ။ 10 ကြည့် ပါ။ အသစ် ဖြစ်၏ဟုဆို ရသော အမှုအရာ တစုံတခုရှိ သလော။ ထို အမှုအရာသည် ငါ တို့အရင် ၊ ရှေး ကာလ၌ ဖြစ် ဘူးပြီ။ 11 ရှေး ဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက် ဖြစ် လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက် ၌ ဖြစ် လတံ့သောသူတို့ သည် မေ့လျော့ကြလိမ့်မည်။ 12 ငါ ဓမ္မဒေသနာဆရာ သည်၊ ယေရုရှလင် မြို့၌ ဣသရေလ ရှင်ဘုရင် ဖြစ် စဉ်တွင်၊ 13 မိုဃ်း ကောင်းကင်အောက် ၌ ပြု သမျှ တို့ကို ဉာဏ် ပညာ အားဖြင့် ၊ ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံး ထား ၏။ လူ သား တို့ ကျင်လည် ရာဘို့ ထို ပင်ပန်း စေသောအမှု ကို ဘုရား သခင် ပေး တော်မူပြီ။ 14 နေ အောက် မှာ ပြု လေသမျှ သော အမှု အရာ တို့ကို ငါမြင် ပြီ။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကို ကျက်စား သော အမှုဖြစ်ကြ၏။ 15 ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။ 16 ငါ သည် ကိုယ် စိတ် နှလုံးထဲမှာ ပြောဆို သည် ကား၊ ငါ သည်ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ကြီးမြင့် ၍ ပညာ ရှိ ၏။ အကယ်စင်စစ်ငါ့ စိတ် နှလုံးသည် ပညာ အတတ်များကို အထူးသဖြင့် လေ့ကျက် ၏။ 17 ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်းပိုင်းခြား ၍ သိ အံ့သောငှါ ငါ သည်နှလုံး ထား ၏။ ထို အမှုသည်လည်း ၊ လေ ကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏။ 18 အကြောင်း မူကား၊ ပညာ များ လျှင် ၊ ငြိုငြင် စရာ အကြောင်းများ ၏။ သိပ္ပံ အတတ် တိုးပွား သောသူသည် ဝမ်းနည်း ခြင်း တိုးပွား တတ်၏။
21 တဖန်ငါ သည် ကိုယ် စိတ်နှလုံး ထဲမှာ ပြော သည် ကား၊ လာ ပါ။ ရွှင်လန်း ခြင်းအားဖြင့် သင့် ကိုငါစုံစမ်း မည်။ သို့ဖြစ်၍ ၊ ကာမဂုဏ် ၌ ပျော်မွေ့ လော့ဟု ဆိုရာတွင်၊ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်လေ၏။ 2 ရယ်မော ခြင်းကို သင်သည် အရူး ဖြစ်၏ဟူ၍၎င်း၊ ရွှင်လန်း ခြင်းကို အဘယ်ကြောင့် ဤသို့ ပြု သနည်း ဟူ၍၎င်း ငါဆိုရ ၏။ 3 တဖန်လူ သား တို့သည် မိုဃ်း ကောင်းကင်အောက် ၌၊ တသက်လုံး ပြု သင့်သောအမှုကောင်း ကို သိ အံ့သောငှါ ၊ ပညာ တရားကို လေ့ကျက် လျက် နှင့်၊ စပျစ်ရည် အလို သို့ လိုက်၍ ၊ မိုက် သောအကျင့်ဓလေ့၌ ကျင်လည် ခြင်းငှါ ၊ ငါကြံစည် ၏။ 4 ကြီးကျယ်သောအလုပ်ကို စီရင် ၍ အိမ် တို့ကို ဆောက် ၏။ စပျစ် ဥယျဉ်တို့ကိုလည်း စိုက် ၏။ 5 ဥယျာဉ် အမျိုးမျိုးကို ပြုစု ၍ ၊ ခပ်သိမ်း သော အသီး မျိုးကို သီးသောအပင် တို့ကိုလည်း စိုက် ၏။ 6 သစ်ပင် မျိုး နှင့် ပြည့်စုံသောတော ကို ရေ လောင်း စရာဘို့ ရေကန် တို့ကိုလည်း လုပ် ၏။ 7 ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုသိမ်းယူ ၍ ၊ ကျွန်သားပေါက် များလည်း ရှိ ကြ၏။ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသော သူ အပေါင်း တို့ထက် ၊ ငါ သည်တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန် ရ တတ်၏။ 8 ရွှေ ငွေ ကို၎င်း ၊ ရှင်ဘုရင် နှင့်ဆိုင်သောဘဏ္ဍာ ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်းငါဆည်းပူး ၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း ၊ လူ သား တို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမ မောင်းမမိဿံတို့ကို၎င်းငါသိမ်းယူ ၏။ 9 ထိုသို့ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ၊ ငါသည် တိုးပွါး ၍ ကြီးမြင့် ခြင်းသို့ ရောက်၏။ ငါ့ ပညာ လည်း တည် လျက်ရှိ၏။ 10 ငါ့ မျက်စိ တပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမ ငြင်း ၊ ငါ့ စိတ် ရွှင်လန်း စရာ တစုံတခု ကိုမျှမ ပယ်။ ငါ ကြိုးစား သမျှ တို့၌ ဝမ်းမြောက် လျက်ရှိ ၍ ၊ ကြိုးစား ခြင်း အကျိုး ကိုခံရ၏။ 11 ထိုအခါ ငါ စီရင် ပြုပြင်သမျှ ၊ ငါ ကြိုးစား အားထုတ်သမျှတို့ ကိုငါ ကြည့်ရှု ၍ ၊ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်ကြ၏။နေ အောက် မှာကောင်း သောအကျိုးတစုံတခုမျှမ ရှိ။ 12 တဖန် ငါ လှည့် ၍ ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတရားတို့ကို၎င်းဆင်ခြင် ၏။ ရှင်ဘုရင် နောက် မှာ ဖြစ် သောသူ သည် အဘယ် သို့ပြုနိုင်သနည်း။ ပြုဘူး သည်အတိုင်း သာ ပြု နိုင်၏။ 13 သို့ရာတွင် ၊ အလင်း သည် မှောင်မိုက် ထက် မြတ် သကဲ့သို့ ၊ ပညာ သည် မိုက်မဲ ခြင်းထက် မြတ် သည် ကို ငါ သိမြင် ၏။ 14 ပညာရှိ သောသူ၏ မျက်စိ တို့သည် သူ ၏ ဦးခေါင်း ၌ ရှိ၏။ မိုက် သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည် တတ်၏။ သို့သော်လည်း ထိုသူ အပေါင်း တို့သည် တခု တည်းသောအမှု နှင့် တွေ့ကြုံတတ်သည် ကို ငါရိပ်မိ ၏။ 15 သို့ဖြစ်၍ ၊ မိုက် သောသူတွေ့ကြုံ သကဲ့သို့ ၊ ငါ သည် တွေ့ကြုံ လျှင် ၊ အဘယ် ကြောင့်သူ့ထက်သာ၍ပညာရှိ သနည်းဟူ၍၎င်း၊ ဤ အမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါ အောက်မေ့ ၏။ 16 ယခု ဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက် သောသူသည် အစဉ် မ အောက်မေ့သကဲ့သို့၊ ပညာရှိ သောသူကိုလည်း အစဉ်မ အောက်မေ့ တတ်။ ပညာရှိ သောသူသည် မိုက် သောသူ သေသကဲ့သို့ သေ တတ်ပါသည်တကား။ 17 ထိုကြောင့် ၊ အသက်ရှင် ခြင်းကို ငါငြီးငွေ့ ၏။ နေ အောက် မှာ ပြု သော အမှု သည် ငါ ၌ ခက်ခဲ ၏။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှု ဖြစ်ကြ ၏။ 18 ထိုမှတပါး ၊ ငါ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံ တို့ကို ငါငြီးငွေ့ ရသောအကြောင်း ဟူမူကား၊ ထို အမှုကိုငါ့ နောက် မှဖြစ် လတံ့သောသူ အဘို့ ငါချန်ထား ရမည်။ 19 ထိုသူသည် ပညာရှိ မည်လော ၊ မိုက် မည်လောဟု အဘယ်သူ ပြော နိုင်သနည်း။ ထိုသူ သည် ငါကြိုးစား အားထုတ်သမျှ၊ နေ အောက် မှာငါ့ပညာ ကို ထင်ရှားပြလေ သမျှ သော အမှု တို့ကို အစိုးရ လိမ့်မည်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ် ၏။ 20 ထိုကြောင့် နေ အောက် မှာ ငါကြိုးစား အားထုတ်သမျှ တို့၌ မြော်လင့် စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါ ကြံစည် ၏။ 21 အကြောင်း မူကား၊ ပညာရှိ လျက် သိပ္ပံ အတတ် နှင့် ပြည့်စုံလျက် ၊ အမှု အောင်လျက် ကြိုးစား အားထုတ်သော သူ ဖြစ် သော်လည်း ၊ မ ကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့် ထားရမည်။ ထို အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ဆိုး သောအမှုဖြစ်၏။ 22 လူ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှု အလွန်စိတ် စွဲလမ်း သောအမှု၊ အလုံးစုံ တို့၌ အဘယ် အကျိုးရှိ သနည်း။ 23 သူ ၏နေ့ရက် အပေါင်း တို့သည် ဝမ်းနည်း ခြင်း၊ သူ ၏အလုပ် အကိုင်လည်း ငြိုငြင် ခြင်းဖြစ်၏။ ညဉ့် အခါ၌ ပင် သူ ၏စိတ် နှလုံးမ ငြိမ် ရ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။ 24 စား သောက် ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ စိတ် နှလုံးပျော်မွေ့ ခြင်းငှါ၎င်း၊ လူ ၌ ကောင်း သောအခွင့် မ ရှိ။ ဘုရား သခင်၏ကျေးဇူးတော် ကြောင့် သာ ၊ ထိုသို့ သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏။ 25 ဘုရား သခင်၏ အခွင့် မရှိဘဲ အဘယ်သူ စား ရ သနည်း။ အဘယ်သူ ခံစား ရသနည်း။ 26 ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။
31 ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။ 2 ဘွား ချိန် နှင့် သေ ချိန် လည်းရှိ၏။ စိုက်ပျိုး ရသောအချိန် နှင့် စိုက်ပျိုး သောအရာကို နှုတ် ရသောအချိန် လည်း ရှိ၏။ 3 သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။ 4 ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။ 5 ကျောက် တို့ကို ဖြန့်ကြဲ ရ သောအချိန် နှင့် စုသိမ်း ရသော အချိန် လည်း ရှိ၏။ ဘက်ယမ်း ရ သောအချိန် နှင့် ၊ မဘက်ယမ်း ဘဲ ခွဲခွါ ၍ နေရ သောအချိန် လည်း ရှိ၏။ 6 ဆည်းဖူး ရ သောအချိန် နှင့် ဥစ္စာပျောက် ရ သောအချိန် လည်းရှိ၏။ သိုထား ရ သောအချိန် နှင့် ပစ် လိုက် ရ သောအချိန် လည်းရှိ၏။ 7 အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။ 8 ချစ် ရ သောအချိန် နှင့် မုန်း ရ သောအချိန် လည်း ရှိ၏။ စစ်တိုက် သောအချိန် နှင့် စစ်ငြိမ်း ရသောအချိန် လည်း ရှိ၏။ 9 လုပ်ကိုင် သောသူသည်ကြိုးစား အားထုတ်ရာတွင် ၊ အဘယ် ကျေးဇူး ရှိသနည်း။ 10 လူ သား တို့ ကျင်လည် ရာဘို့ ဘုရား သခင်ပေး တော်မူသောပင်ပန်း ခြင်းအမှုကို ငါကြည့် မြင်ပြီ။ 11 ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။ 12 ရွှင်လန်း ခြင်းအမှုနှင့် အသက်ရှင် စဉ် တွင်ကျေးဇူး ပြု ခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမ ရှိသည်ကို ငါသိ ၏။ 13 လူ တိုင်း စား သောက် ခြင်းငှါ ၎င်း ၊ မိမိ ကြိုးစား အားထုတ်သမျှ သောအမှု၌ ပျော်မွေ့ ခြင်းငှါ၎င်း၊ ဘုရား သခင်၏ ကျေးဇူးတော် ကြောင့်သာ အခွင့် ရှိ၏။ 14 ဘုရား သခင်ပြု တော်မူသမျှ သော အမှုသည် နိစ္စ ထာဝရဖြစ် သည်ကို ငါသိ ၏။ ထပ် ၍ မ ပြုနိုင်ရာ။ နှုတ် ၍ မ ယူနိုင်ရာ။ လူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ မည် အကြောင်း ၊ ဘုရား သခင်ပြု တော်မူ၏။ 15 ဖြစ် ဘူးသောအရာ သည် ယခု ဖြစ် သောအရာ နှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန် ပြီးသောအရာတို့ကိုလည်း ဘုရား သခင်တောင်း ပြန်တော်မူ၏။ 16 ထိုမှတပါး၊ နေ အောက် မှာ တရား စီရင်ရာအရပ် ၌ အဓမ္မ အမှုရှိ သည်ကို၎င်း၊ ဖြောင့်မတ် ရာအရပ် ၌ ဒုစရိုက် ရှိ သည်ကို၎င်းငါမြင် ပြီ။ 17 ဘုရား သခင်သည် ဖြောင့်မတ် သောသူတို့၏အမှု နှင့်၊ မ တရားသောသူတို့၏အမှုကို စစ်ကြော စီရင်တော်မူမည် ဟု ငါအောက်မေ့ ၏။ အကြောင်း မူကား၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသောအချိန်ရှိ၏။ 18 လူ သား တို့နေရာကို ရည်မှတ်၍ ငါ အောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်း တော်မူမည် အကြောင်း နှင့်၊ သူ တို့သည် တိရစ္ဆာန် ကဲ့သို့ ဖြစ်သည် ကို သူ တို့သိမြင် မည်အကြောင်း ၊ နေရာကျသတည်း။ 19 လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။ 20 အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ ရောက် တတ်ကြ၏။ အလုံးစုံ တို့သည် မြေမှုန့် ထဲက ဖြစ် သည်နှင့်အညီ ၊ မြေမှုန့် ထဲသို့ ပြန် သွားတတ်ကြ၏။ 21 သို့ရာတွင်၊ အထက် သို့ တက် သော လူ သား ၏ ဝိညာဉ် ကို၎င်း၊ အောက် အရပ်မြေ သို့ ဆင်း တတ်သော တိရစ္ဆာန် ၏ဝိညာဉ် ကို၎င်း ၊ အဘယ်သူ သည် ပိုင်းခြား၍ သိ သနည်း။ 22 လူ သည်မိမိ ပြုမူ ရာ၌ ပျော်မွေ့ ခြင်းအမှုထက် သာ၍ ကောင်း သောအမှုမ ရှိသည်ကို ငါသိမြင် ၏။ ထိုအမှုသည်သူ ၏ အဘို့ ဖြစ်၏။ သူသည် မိမိ နောက် မှာ အဘယ်သို့ ဖြစ် လတံ့သည်ကို သိမြင် မည်အကြောင်း ၊ အဘယ် သူဆောင် ခဲ့လိမ့်မည်နည်း။
41 တဖန်တုံ ၊ နေ အောက် မှာ ပြု သမျှ သော ညှဉ်းဆဲ ခြင်း တို့ကို ငါ ထပ်၍ဆင်ခြင် ၏။ ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့ သည် ငိုကြွေး သော်လည်း ၊ ချမ်းသာ ပေးနိုင်သော သူမ ရှိ။ ညှဉ်းဆဲ တတ်သောသူတို့ သည် တန်ခိုး ရှိသဖြင့် ချမ်းသာ ပေးနိုင်သောသူမ ရှိ။ 2 သို့ဖြစ်၍ ၊ သေ လွန်ပြီး သော လူ သေသည် အသက်ရှင် သေးသော လူ ရှင်ထက် သာ၍မင်္ဂလာရှိသည် ဟု ငါ ဆို ရ၏။ 3 သို့ရာတွင် တခါမျှ မ ဖြစ်သေး သောသူ ၊ နေ အောက် မှာ ပြု သောဒုစရိုက် ကိုမ မြင် သေးသောသူသည် ထို နှစ်ဦး ထက် သာ၍မင်္ဂလာရှိ ၏။ 4 တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့် ၊ ကောင်းမွန် စွာ ပြီးစီးသောအမှု အလုံးစုံ တို့ကို၎င်း၊ ထိုသို့ သော အမှု တို့ကြောင့် သူတပါး ငြူစူ ကြောင်းကို၎င်းငါဆင်ခြင် ၏။ ထို အမှုအရာသည် အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။ 5 မိုက် သောသူသည် မိမိ လက်ချင်း ပိုက် ထား၍ ၊ မိမိ အသား ကို စား တတ်၏။ 6 ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေ ကို ကျက်စား ခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက် သာ၍ကောင်း ၏။ 7 တဖန် ငါ ထပ်၍ ၊ နေ အောက် မှာအနတ္တ အမှုကို ဆင်ခြင် သောအရာဟူမူကား၊ 8 လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။ 9 လူသည်တယောက် တည်းထက် နှစ် ယောက် သာ၍ကောင်း ၏။ ကြိုးစား အားထုတ်လျှင် ၊ ကောင်း သော အကျိုး ကို ရ တတ်၏။ 10 တယောက် လဲ လျှင် တယောက်ထူ လိမ့်မည်။ တယောက် တည်းသောသူ လဲ လျှင်မူကား အကျိုးနည်း ပြီ။ ထူ သော သူမ ရှိ။ 11 လူသည် နှစ် ယောက်အတူအိပ် လျှင် နွေး တတ် ၏။ တယောက် တည်းသောသူမူကား၊ အဘယ် သို့နွေး နိုင် သနည်း။ 12 လူတယောက် သည် တယောက်ကိုနိုင် လျှင် ထို လူကိုနှစ် ယောက် ဆီးတား နိုင်၏။ သုံး လွန်းတင်သော ကြိုး သည်လည်း အလွယ် တကူမ ပြတ် တတ်။ 13 ဆုံးမ ခြင်းကို မ ခံ ၊ အသက်ကြီး ၍ မိုက် သော ရှင်ဘုရင် ထက်၊ ပညာ ရှိသောဆင်းရဲသား သူငယ် သည် သာ၍ မြတ် ၏။ 14 ထိုသို့သော သူငယ်သည် ထောင် ထဲကထွက်၍၊ နန်းတော် ပေါ် သို့ရောက် တတ်၏။ ထိုသို့သောရှင် ဘုရင်မူကား ၊ အဘ အရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲ ခြင်းသို့ ရောက် တတ်၏။ 15 နေ အောက် မှာ ကျင်လည် သော သတ္တဝါ အပေါင်း တို့သည် မင်းအရိပ်အရာကိုခံရသောထိုဒုတိယ သူ ဘက် ၌ နေ တတ်ကြသည်ကို ငါဆင်ခြင် ၏။ 16 ထိုမင်းအုပ်စိုးသော သူ အပေါင်း တို့ကို ရေတွက် ၍ မကုန်နိုင်။ နောက် လာသောသူတို့သည်လည်း ၊ ထိုမင်း ကို အား မ ရဘဲနေကြလိမ့်မည်။ အကယ် စင်စစ်ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။
51 ဘုရား သခင့်အိမ် တော်သို့ သွား သောအခါ ၊ သင့် ခြေ တို့ကို စောင့် လော့။ လူမိုက် ပြု သောယဇ် ပူဇော်ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစားလော့။ လူမိုက် တို့သည် ကိုယ်အပြစ် ကိုမ ဆင်ခြင် တတ် ကြ။ 2 သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။ 3 အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။ 4 ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။ 5 သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။ 6 သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။ 7 အိပ်မက် များ ရာ၌ ၎င်း၊ စကား များ ရာ၌၎င်း ၊ အချည်းနှီး သောအကြောင်းအရာပါတတ်၏။ သင် မူကား ဘုရား သခင်ကို ကြောက်ရွံ့ လော့။ 8 ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။ 9 မြေကြီး ကဖြစ် သော စီးပွါးသည်အလုံးစုံ တို့အဘို့ ဖြစ်၏။ ရှင်ဘုရင် သော်လည်း၊ လယ် ၏ ကျေးဇူး ကိုခံရ၏။ 10 ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။ 11 ဥစ္စာ တိုးပွား သောအခါ စား ရသောသူတို့သည် လည်း တိုးပွား များပြားကြ၏။ ဥစ္စာ ရှင်သည် မျက်စိ နှင့်ကြည့်ရှု ခြင်း ကျေးဇူးမှတပါး အဘယ် ကျေးဇူး ရှိသနည်း။ 12 အလုပ်လုပ် သောသူသည် များစွာ စား သည် ဖြစ်စေ ၊ အနည်းငယ် စားသည်ဖြစ်စေ ၊ အအိပ် မြိန် တတ်၏။ ရတတ် သောသူ၏ စည်းစိမ် မူကား ၊ စည်းစိမ် ရှင်ကို အအိပ် ပျက် စေတတ်၏။ 13 စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။ 14 ထို စည်းစိမ် သည် မကောင်း သောအမှု အားဖြင့် ပျောက်ပျက် တတ်၏။ စည်းစိမ်ရှင်မြင် သော သား သည် လည်း လက်ချည်း နေရ၏။ 15 သို့မဟုတ်၊ စည်းစိမ် ရှင်သည် အမိ ဝမ်း ထဲက အလျှင်း မပါဘဲ ထွက် လာသကဲ့သို့ ၊ ထိုနည်းတူ ပြန် သွား ရမည်။ ကြိုးစား အားထုတ်၍ ရ သောဥစ္စာ တစုံတခုကိုမျှ လက် နှင့် စွဲကိုင် လျက် ယူ ၍မ သွားရ။ 16 သူသည်လာ သကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောအမှုအရာသည် အလွန် ဆိုးသောအမှုအရာဖြစ်၏။ လေ ကို ရအံ့သောငှါ ကြိုးစား အားထုတ်သောသူသည် အဘယ် ကျေးဇူး ရှိသနည်း။ 17 သူ ၏နေ့ရက် ကာလကို မှောင်မိုက် ၌ လွန် စေ တတ်၏။ များစွာ သောနှောင့်ရှက် ခြင်း၊ ညှိုးငယ် ခြင်း၊ အမျက် ထွက်ခြင်းကို ခံရ၏။ 18 ငါ သိ မြင်သောအရာဟူမူကား ၊ စား သောက် ခြင်း အမှု၊ နေ အောက် ၌ ဘုရား သခင်ပေး တော်မူသောအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ကြိုးစား အားထုတ်၍ ရ သောအကျိုး၌ ပျော်မွေ့ ခြင်းအမှုကို ပြုကောင်း ၏။ လျောက်ပတ် ၏။ ထို အမှုသည် လူ ၏အဘို့ ဖြစ်၏။ 19 ဘုရား သခင်ပေး သနားတော်မူသောစည်းစိမ် ဥစ္စာ ကိုရသော လူတိုင်း မိမိ အဘို့ ကိုခံ ၍ ဝင်စား ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ ပျော်မွေ့ ခြင်းငှါ ၎င်း၊ ဘုရား သခင့်ကျေးဇူးတော် ကြောင့် အခွင့် ရှိ၏။ 20 လွန် သောနေ့ရက် ကာလကို များစွာ မ အောက်မေ့ ရ။ စိတ် နှလုံးရွှင်လန်း သောအခွင့်ကို ဘုရား သခင်ပေး သနားတော်မူ၏။
61 လူ တို့တွင် အတွေ့များ ၍ ၊ နေ အောက် ၌ ငါမြင် ရသော အမှုဆိုး ဟူမူကား၊ 2 အလို ဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို ဘုရား သခင်ပေး သော်လည်း ၊ ခံစားရသောအခွင့်ကိုပေး တော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မ ဆိုင်သော သူတပါးဝင်၍ ခံစား ရသောအမှု သည် အနတ္တ အမှု၊ ဆိုး သောအမှု ဖြစ်၏။ 3 လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။ 4 အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။ 5 နေ ကိုလည်း မ မြင် ရ။ အဘယ်အရာကိုမျှမ သိ ရ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက် သာ၍ချမ်းသာ ရ၏။ 6 အကယ်၍ အရင်ဆိုသောသူသည် အနှစ် နှစ် ထောင် အသက်ရှင် သော်လည်း ၊ အကျိုး ကျေးဇူးမ ရှိ။ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ သွား ရကြသည် မ ဟုတ်လော။ 7 လူ ကြိုးစား အားထုတ်သမျှ တို့၌ ဝမ်း ဘို့ သာ ကြိုးစားအားထုတ်သော်လည်း၊ စား ချင်သောစိတ် မ ပြေ နိုင်။ 8 ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။ 9 ကိုယ်တိုင်တွေ့မြင် ခြင်း အကျိုး သည် လောဘ ပြန့်ပွား ခြင်း အကျိုးထက် သာ၍ကြီး၏။ ထို အမှုအရာ သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှုဖြစ်၏။ 10 ရှိသမျှ သော အခြင်းအရာများကို မှတ်သား နှင့် ပြီ။ လူ ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိ ရ၏။ လူ သည် မိမိ ထက် တန်ခိုး ကြီးသောသူနှင့် မ ပြိုင် နိုင် ရာ။ 11 အနတ္တ တိုးပွား စရာအကြောင်းများပြား သည် ဖြစ် ၍၊ လူ သည် အဘယ် ကျေးဇူး ရှိသနည်း။ 12 အရိပ် ကဲ့သို့ လွန် တတ်သော အနတ္တ အသက် ကာလ ပတ်လုံး၊ လူ ၌ ကျေးဇူး ပြုတတ်သော အရာ ကို အဘယ်သူ သိ နိုင်သနည်း။ နေ အောက် ၌ လူ နောက် မှာ ဖြစ် လတံ့သော အမှု အရာတို့ကိုလည်း၊ အဘယ်သူ ပြော နိုင်သနည်း။
71 ကောင်း သောအသရေ သည် နံ့သာ ဆီထက် သာ၍ကောင်း ၏။ သေ ရသောနေ့ သည်လည်း ဘွားမြင် သောနေ့ ထက် သာ၍ကောင်း၏။ 2 မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။ 3 ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။ 4 ပညာရှိ သောသူတို့၏နှလုံး သည် မသာ အိမ် ၌ ရှိ၏။ မိုက် သောသူတို့၏ နှလုံး မူကား ၊ ပျော်မွေ့ ခြင်းပြုရာ အိမ် ၌ ရှိ၏။ 5 လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။ 6 အကြောင်း မူကား၊ မိုက် သောသူ၏ ရယ် ခြင်း သည် အိုး အောက် ၌ ဆူး ပင်ကိုလောင်သောအသံ နှင့် တူ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။ 7 အကယ် စင်စစ်၊ ညှဉ်းဆဲ ခြင်းသည် ပညာ ရှိ သောသူကို ရူး စေတတ်၏။ တံစိုး သည်လည်း စိတ် နှလုံးကို ယိုယွင်း စေတတ်၏။ 8 အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။ 9 အမျက် ထွက်သည်တိုင်အောင် စိတ် မ တိုနှင့်။ အမျက် သည် မိုက် သောသူ၏ စိတ်နှလုံး၌ နေရာ ကျတတ် ၏။ 10 ရှေး ကာလ သည် ယခုကာလထက် အဘယ် ကြောင့်သာ၍ကောင်း သနည်းဟုမ မေး နှင့်။ ထိုသို့မေး လျှင်၊ ပညာ တရားအတိုင်း မေး သည်မ ဟုတ်။ 11 ပညာ သည် အမွေ ဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေ ကို မြင် သောသူတို့ အား ကျေးဇူး ပြုတတ်၏။ 12 အကြောင်း မူကား၊ ပညာ သည် ကွယ်ကာ တတ် ၏။ ငွေ သည်လည်း ကွယ်ကာ တတ်၏။ ပညာ အတတ် သည် အဘယ်သို့မြတ် သနည်းဟူမူကား၊ ပညာ အတတ်ကို ရ သောသူသည် အသက် ကိုလည်း ရတတ်၏။ 13 ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။ 14 ကောင်းစား သည်ကာလ ၌ ဝမ်းမြောက် လော့။ ဆင်းရဲ ခံရသည်ကာလ ၌ ဆင်ခြင် လော့။ လူ သည် မိမိ နောက် မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရား သခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့်ပေးတော်မူ၏။ 15 ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။ 16 လွန်ကျူး စွာ မ ဖြောင့်မတ် နှင့်။ လွန်ကျူး စွာ ပညာ မ ရှိနှင့်။ အဘယ် ကြောင့်ကိုယ်အကျိုး ကို ဖျက်ချင် သနည်း။ 17 လွန်ကျူး စွာမ ဆိုးညစ် နှင့်။ မ မိုက် နှင့်။ အချိန် မ ရောက် မှီ အဘယ် ကြောင့်သေ ချင်သနည်း။ 18 ဤ စကားကို စွဲလန်း ကောင်း ၏။ လက် မ လွှတ် နှင့်။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူသည် ခပ်သိမ်း သော အမှု ထဲက ထွက်မြောက် လိမ့်မည်။ 19 မြို့ ထဲ မှာနေ သောသူရဲတကျိပ် ထက် ပညာရှိ သောသူတယောက်သည် ပညာ အားဖြင့် သာ၍တန်ခိုး ကြီး၏။ 20 အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။ 21 သူတပါးပြောသမျှ သော စကား တို့ကို မ မှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ် ကျွန် ကျိန်ဆဲ သောစကားကို ကြား လိမ့်မည်။ 22 သင်သည်ကိုယ်တိုင် သူတပါး တို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်း ကို၊ ကိုယ် စိတ်နှလုံး ထဲမှာသိ ၏။ 23 ဤ အမှုအရာအလုံးစုံ တို့ကို ငါသည်ပညာ တရား အားဖြင့် စုံစမ်း ပြီ။ ပညာ နှင့်ငါပြည့်စုံမည်ဟုဆို သော်လည်း ၊ ပညာ သည် ငါ နှင့် ဝေး ၏။ 24 ဝေး သောအရာ ၊ အလွန်နက်နဲ သောအရာကို အဘယ်သူ ရှာ၍ တွေ့ နိုင်သနည်း။ 25 ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။ 26 ကျော့ကွင်း နှင့် ပိုက်ကွန် တို့ကို ကြံစည် ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင် တတ်သော မိန်းမ သည်၊ သေ ခြင်းထက် သာ၍ခါး သည်ကို ငါ တွေ့ ပြီ။ ဘုရား သခင်စိတ် တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမ လက် နှင့် လွတ် လိမ့်မည်။ အပြစ် ပြုတတ်သောသူကိုကား ၊ ဘမ်းမိ လိမ့်မည်။ 27 ဓမ္မဒေသနာဆရာ ဆို သည်ကား ၊ ငါ ရှာ ၍ မ တွေ့ သေး သောအရာ ကို တွေ့ အံ့သောငှါ၊ တခု နောက် တခု စစ်ဆေး ချင့်တွက်သောအခါ၊ 28 ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။ 29 ငါတွေ့ သောအရာ တခု တည်းဟူမူကား ၊ ဘုရား သခင် သည် လူ ကိုဖြောင့်မတ် အောင် ဖန်ဆင်း တော်မူသော်လည်း ၊ လူ တို့သည် များ ပြားသော အကြံအစည် တို့ကို ရှာဖွေ ကြံစည်ကြပြီ။
81 အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။ 2 ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင် အမိန့် တော်ကို စောင့် လော့။ 3 သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။ 4 ရှင်ဘုရင် အမိန့် တော်၌ တန်ခိုး ပါ၏။ ကိုယ်တော် သည် အဘယ်သို့ ပြု သနည်းဟု အဘယ်သူ ဆို ရာ သနည်း။ 5 အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။ 6 လူကြံစည် သမျှ အဘို့ ၊ ကာလ အချိန်နှင့် စီရင် ရသော အခွင့်ရှိ ၏။ သို့သော်လည်း ၊ လူ သည် အလွန် ဆင်းရဲ ခြင်းကို ခံရ၏။ 7 နောက်ဖြစ် လတံ့သောအရာ ကိုမ သိ။ အဘယ်သို့ ဖြစ် လတံ့သည်ကို တစုံတယောက်မျှမပြော နိုင်ရာ။ 8 နံဝိညာဉ် ကို အစိုးရ၍ ချုပ် ထားနိုင်သော လူ တယောက် မျှမရှိ။ သေ ချိန် ရောက်သောအခါ တန်ခိုး မ ရှိ။ ထို စစ်မှု ထဲက ထွက် စရာအခွင့်မ ရှိ။ ဒုစရိုက်ကို ပြုသော်လည်း၊ ဒုစရိုက် သည် ထိုအမှုထဲက မ ကယ် မနှုတ်နိုင်။ 9 ဤ အမှုအရာအလုံးစုံ တို့ကို ငါတွေ့မြင် ပြီ။ နေ အောက် မှာပြု လေသမျှ တို့ကို ဆင်ခြင် ပြီ။ မိမိ အကျိုးပျက် အောင် တယောက် ကို တယောက် အုပ်စိုး သောအချိန် လည်း ရှိ၏။ 10 ထို မှတပါး၊ သန့်ရှင်း ရာအရပ် ဌာနတော်သို့ သွား လာသောအဓမ္မ လူတို့သည် သင်္ဂြိုဟ် ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မ ပြု ဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက်မေ့ ကြောင်းကို ၎င်းငါမြင် ပြီ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။ 11 အဓမ္မ အမှု ကို အလျင်အမြန် စစ်ကြော ၍၊ ဒဏ် မ ပေးသောကြောင့် ၊ လူ သား တို့သည် အဓမ္မ အမှုကို ပြု ခြင်းငှါ ၊ ခိုင်မာ စွာ သဘော ထားကြ၏။ 12 အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။ 13 အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။ 14 မြေကြီး ပေါ် မှာ ဖြစ် တတ်သော အနတ္တ အမှု တပါးဟူမူကား၊ အဓမ္မ လူပြုသောအမှု ကြောင့် ခံ ထိုက် သည်အတိုင်း ၊ ဖြောင့်မတ် သောသူအချို့တို့သည် အပြစ်ကိုခံရ ကြ၏။ ထိုနည်းတူ ၊ ဖြောင့်မတ် သောသူ ပြုသောအမှု ကြောင့် ခံ ထိုက်သည်အတိုင်း ၊ အဓမ္မ လူအချို့တို့သည် အကျိုးကိုခံရ ကြ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ် သည်ဟု ငါ့သဘော ရှိ၏။ 15 ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ 16 လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။ 17 ဘုရား သခင်ပြုတော်မူသောအမှု အလုံးစုံ တို့ကို ငါကြည့်ရှု သောအခါ ၊ နေ အောက် မှာ ပြု သောအမှု များကို လူ သည် စစ် ၍ မ ကုန်နိုင်။။ ကြိုးစား ၍ စစ် သော်လည်း ၊ အကုန်အစင်မ သိ နိုင်။။ ထိုမျှ မက၊ ပညာရှိ သောသူသည် ငါသိမည်ဟု ကြံ သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
91 အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။ 2 ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား သောသူနှင့် မ တရား သောသူ၊ ကောင်း သောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့် ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့် အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့် ကျိန်ဆို ခြင်းကို ကြောက် သောသူတို့သည် တခု တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။ 3 နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။ 4 အသက်ရှင် သော လူစုအပေါင်း နှင့် ဆိုင် သေး သောသူသည် မြော်လင့် စရာရှိ ၏။ အသက်ရှင် သောခွေး သည် သေ သောခြင်္သေ့ ထက် သာ၍ကောင်းမြတ် ၏။ 5 အသက်ရှင် သောသူသည် မိမိသေ ရမည်ကို သိ ၏။ သေ သောသူမူကား၊ အဘယ် အရာကိုမျှမ သိ။ အကျိုး အပြစ်ကိုလည်း မ ခံရ။ သူ့ ကိုလည်း မေ့လျော့ တတ် ကြ၏။ 6 သူ ၏ချစ် ခြင်း၊ မုန်း ခြင်း၊ ငြူစူ ခြင်းလည်း ပျောက်ပျက် ၏။ နေ အောက် မှာ ပြု သမျှ သောအမှု၌ သူတပါး နှင့် ရောနှော ၍ မ ဆိုင်ရ။ 7 သွား လော့။ ဝမ်းမြောက် သောစိတ်နှင့် အစာစား လော့။ ရွှင်လန်း သောစိတ် နှင့် စပျစ်ရည် ကို သောက် လော့။ သင် ပြုသောအမှု တို့ကို ဘုရား သခင်ဝန်ခံ တော်မူ၏။ 8 သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ ဆီမ ခန်း မခြောက်စေနှင့်။ 9 နေ အောက် မှာ ပေး သနားတော်မူသောအနတ္တ အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့် ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍ နေ အောက် မှာကြိုးစား အားထုတ်ရာ၌ သင် ခံရသောအကျိုး ပေတည်း။ 10 ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။ 11 တဖန် နေ အောက် မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှု သောအခါ၊ လျင်မြန် သောသူသည် ပြိုင် ၍ ပြေးသော်လည်း မ နိုင်တတ်။ ခွန်အား ကြီးသောသူသည် စစ်တိုက် ၍ မ အောင်တတ်။ ပညာရှိ သောသူသည် ဝစွာ မ စား တတ်။ ဉာဏ် ကောင်းသောသူသည် စည်းစိမ် ကို မ ရတတ်။ လိမ္မာ သောသူသည် သူတပါးရှေ့၌ မျက်နှာ မ ရတတ်။ ခပ်သိမ်း သောသူ တို့၌ ကာလ အချိန်စေ့ခြင်း၊ အဆင်သင့် ခြင်းရှိသည်အတိုင်း ဖြစ် တတ်သည်ကို ငါမြင် ၏။ 12 လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။ 13 နေ အောက် မှာ ငါတွေ့မြင် ၍ ချီးမွမ်း ဘွယ်သော ပညာ ဟူမူကား၊ 14 မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။ 15 ထိုမြို့ ၌ နေ သောဆင်းရဲသား ပညာရှိ တယောက်သည် မိမိ ပညာ အားဖြင့် ထိုမြို့ ကို ကယ်တင် ၏။ သို့သော်လည်း ၊ ထို ဆင်းရဲသား ကို အဘယ်သူ မျှမ အောက်မေ့။ 16 ထိုအခါ ငါဆို သည်ကား၊ ပညာ သည် ခွန်အား ထက် သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ ၏စကား ကို နား မ ထောင်တတ်ကြ။ 17 အုပ်စိုး သောသူသည် မိုက် သောသူတို့တွင် ကြွေးကြော် သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ၌ ပညာရှိ ပြောသောစကား ကို သာ၍နားထောင် တတ် ကြ၏။ 18 ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။
101 အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။ 2 ပညာရှိ သောသူ၏ နှလုံး သည် မိမိ လက်ျာ လက် ၌ ရှိ၏။ မိုက် သောသူ၏နှလုံး မူကား ၊ မိမိ လက်ဝဲ လက်၌ ရှိ၏။ 3 မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။ 4 မင်း သည် သင့် ကို စိတ်ဆိုး လျှင် ၊ ကိုယ် နေသင့်ရာ အရပ် မှ မ ရွေ့ နှင့်။ သည်းခံ ခြင်းသည် ကြီး သောအပြစ် ကို ဖြေ တတ်၏။ 5 မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊ 6 မိုက် သောသူတို့သည် မြင့် သောအရပ်၊ သူဌေး တို့ သည် နိမ့် သောအရပ်၌ ထိုင် ရသောအမှု၊ 7 ကျွန် တို့သည် မြင်း ကိုစီး၍ မှူးမတ် တို့သည် ကျွန် ကဲ့သို့ မြေ ပေါ် မှာ ခြေဖြင့်သွား ရသောအမှုကို ငါမြင် လေပြီ။ 8 တွင်း ကို တူး သောသူသည် ထို တွင်းထဲသို့ ကျ လိမ့်မည်။ ခြံ ကိုဖျက် သောသူသည် မြွေ ကိုက် ခြင်းကိုခံရလိမ့်မည်။ 9 ကျောက် တို့ကို ရွှေ့ သောသူသည် ဖိ ခြင်းကိုခံရလိမ့်မည်။ ထင်း ခုတ် သောသူသည်လည်း ရှန လိမ့်မည်။ 10 ပုဆိန် တုံး သောအခါ မ သွေး ဘဲနေလျှင် သာ၍အားထုတ် ရမည်။ ပညာ သည် အမှုဆောင် ရသောအခွင့် ကိုပေး ၍ ကျေးဇူး ကြီး၏။ 11 မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။ 12 ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။ 13 သူ ၏စကား အစ သည် မိုက် ခြင်း၊ အဆုံး သည် အပြစ် ပြုတတ်သော ရူး ခြင်းဖြစ်၏။ 14 မိုက် သောသူသည် စကား များ တတ်၏။ သို့သော်လည်းဖြစ် လတံ့သောအရာ ကို လူ သည်မ ပြော နိုင်ရာ။ လူ နောက် ၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။ 15 မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။ 16 ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။ 17 မင်းသား အစိုးရ ၍ ၊ မှူးမတ် တို့သည် လွန်ကျူး စွာ မ စားမသောက်ဘဲ၊ အချိန်တန် မှအားဖြည့် ခြင်းငှါ သာ၊ စားသောက် တတ်သော ပြည် သည် မင်္ဂလာ ရှိ၏။ 18 အလွန်ပျင်းရိ ခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက် နှင့်မ ပြုပြင်ဘဲနေလျှင် အိမ် မိုးယို တတ်၏။ 19 ပျော်မွေ့ ခြင်းငှါ ပွဲ ကိုလုပ် တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်း စေတတ်၏။ ငွေ မူကား ၊ အရာရာ ၌ နိုင် တတ်၏။ 20 ရှင် ဘုရင်ကို စိတ် ဖြင့် မျှ မ ကျိန်ဆဲ နှင့်။ လူကြီး ကို အိပ် ခန်း ထဲ ၌မ ကျိန်ဆဲ နှင့်။ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် ထိုအသံ ကို ဆောင်သွား လိမ့်မည်။ ပျံ တတ်သော အကောင်သည် ထိုအမှုကို ဘော်ပြ လိမ့်မည်။
111 သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။ 2 လူခုနစ် ယောက်မက၊ ရှစ် ယောက်တို့အား ဝေမျှ လော့။ မြေ ပေါ် မှာအဘယ် အမှု ရောက် မည်ကို သင်မ သိ။ 3 မိုဃ်းတိမ် တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေ ပေါ် မှာရွာ တတ်၏။ သစ်ပင် သည် တောင် ဘက်သို့ လဲ သည်ဖြစ်စေ ၊ မြောက် ဘက်သို့ လဲသည်ဖြစ်စေ၊ လဲ သောအရပ် ၌ နေရာ ကျ၏။ 4 လေ ကိုမှတ် တတ်သောသူသည်မျိုးစေ့ကိုမ ကြဲ။ မိုဃ်းတိမ် တို့ကို ပမာဏ ပြုတတ်သောသူသည် လည်း စပါး ကိုမ ရိတ်ရာ။ 5 နံဝိညာဉ် သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုး တို့သည် အဘယ်သို့ တိုးပွား သည်ကို၎င်း မ သိ နိုင်သကဲ့သို့ ၊ အလုံးစုံ တို့ကို ဖန်ဆင်း တော်မူသောဘုရား သခင်၏အမှုတော် တို့ကို မ သိ နိုင်။ 6 နံနက် အချိန်၌ မျိုးစေ့ ကိုကြဲ လော့။ ညဦး အချိန်၌ လည်း မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။ 7 အကယ် စင်စစ်အလင်း သည်ချို ၏။ နေ ရောင်ခြည် ကိုမြင် ၍ ပျော် ပါးစရာရှိ၏။ 8 သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍ အစဉ် ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။ 9 အချင်းလူပျို ၊ အသက် ပျိုသောအခါ ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။ 10 သို့ဖြစ်၍ ၊ စိတ် ညှိုးငယ် ခြင်းအကြောင်း နှင့် ၊ ကိုယ် ဆင်းရဲ ခြင်းအကြောင်း ကို ပယ်ရှား လော့။ အသက် ငယ် ခြင်းအရာနှင့် အရွယ် ပျိုခြင်းအရာသည် အနတ္တ ဖြစ်၏။
121 ငါ နေ၍ မ ပြော နိုင်ဟုဆိုရသော ကာလ သည် မနီး၊ ဆိုး သောကာလ မ ရောက် မှီ၊ ယခုအသက် ပျိုစဉ်အခါ ပင်၊ သင့် ကို ဖန်ဆင်း တော်မူသောအရှင်ကို အောက်မေ့ လော့။ 2 နေ နှင့် အလင်း ၊ လ နှင့် ကြယ် တို့သည် ကွယ်၍ မိုဃ်း ရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။ 3 ထိုကာလ ၌ အိမ် စောင့် တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့ သောသူ တို့ သည် အားလျော့ ကြလိမ့်မည်။ ဆန် ကြိတ် သောသူတို့သည် နည်း သောကြောင့် ရပ် ကြ လိမ့်မည်။ ပြတင်းပေါက် ဖြင့် ကြည့် သောသူတို့ သည် အလင်း ကွယ်ကြလိမ့်မည်။ 4 ကြိတ် သံ လျော့ သောအခါ ၊ လမ်း နား မှာ တံခါးရွက် တို့သည် စေ့ လျက်ရှိလိမ့်မည်။ ငှက် သံ ကိုကြားသောအခါ ၊ စောစောထ လိမ့်မည်။ သီချင်း သည်မ အပေါင်း တို့ သည် အသံ သေးကြလိမ့်မည်။ 5 ထို ကာလ၌ မြင့် သောအရာတို့ကို ကြောက် ကြ လိမ့်မည်။ လမ်း ၌ ဘေး တွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံ ပင်ပွင့် လိမ့်မည်။ ကျိုင်းကောင် သည် မိမိ ၌မိမိ လေးလိမ့်မည်။ အလို ဆန္ဒလျော့ လိမ့်မည်။ အကြောင်း မူကား၊ လူ သည်ထာဝရ နေရာ သို့ သွား ဆဲရှိ၍ ၊ ငို ခြင်းသည် တို့သည် လမ်း တို့၌ လှည့်လည် ကြ၏။ 6 ငွေ ကြိုး ပြုတ် ခြင်း၊ ရွှေ ဖလား ကွဲ ခြင်း၊ စမ်းရေ တွင်း ၌ ရေပုံး ပေါက် ခြင်း၊ ရေကျင်း နား မှာစက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။ 7 ထိုကာလ၌ မြေမှုန့် သည် နေရင်းမြေ သို့ ၎င်း၊ ဝိညာဉ် သည် အရင်ပေး တော်မူသောဘုရား သခင့်ထံသို့ ၎င်း ပြန် သွားရလိမ့်မည်။ 8 အနတ္တ သက်သက်၊ အလုံးစုံ တို့သည် အနတ္တ ဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာ ဟော ၏။ 9 ဓမ္မဒေသနာဆရာ သည် ပညာရှိ သည်အတိုင်း ၊ ပရိသတ် တို့အား ပညာ အတတ်ကို သွန်သင် လေ့ရှိ၏။ လုံ့လ ဝိရိယပြုလျက် များစွာ သော သုတ္တံ စကားတို့ကို ရှာဖွေ ၍စီရင်၏။ 10 ဓမ္မဒေသနာဆရာ သည် နားထောင် ဘွယ်သော စကား ကိုရှာ ၍ ၊ ရေးထား ချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာ စကား ဖြစ်၏။ 11 ပညာရှိ သောသူ၏စကား သည် တုတ်ချွန် နှင့် ၎င်း၊ တပါး တည်းသော သိုးထိန်း ကြီးအပ်ပေး တော်မူ၍ ၊ ပရိသတ် အုပ်တို့ ရိုက် ထားသောသံချွန် နှင့် ၎င်း တူ၏။ 12 တဖန်တုံ ၊ ငါ့ သား ၊ ထိုသို့သောစကားအားဖြင့်ဆုံးမ ခြင်းကိုခံ လော့။ စာ များကိုစီရင် ၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ် ကိုနှောင့်ရှက် သောအမှုဖြစ်၏။ 13 အချုပ်အခြာ စကား ဟူမူကား၊ ဘုရား သခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ် တော်တို့ကို စောင့်ရှောက် လော့။ ဤ ရွေ့ကား၊ လူ နှင့်ဆိုင်သော အမှုအရာအလုံးအစုံ တို့ကို ချုပ်ခြာသတည်း။ 14 အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။