ဒံယေလအနာဂတ္တိကျမ်း။

1

1 ယုဒ ရှင်ဘုရင် ယောယကိမ် နန်းစံ သုံး နှစ် တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့သို့ ချီလာ၍ ဝန်းရံ လေ၏။ 2 ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။ 3 ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊ 4 မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၊ နန်းတော် အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။ 5 ပွဲတော်မှ ကြွင်းသောအစာ နှင့် သောက် တော်မူသော စပျစ်ရည် ကို နေ့ တိုင်းပေး၍ သုံး နှစ် ကျွေးမွေးပြီးမှ၊ အမှု တော်ထမ်းရမည်အကြောင်းစီရင် တော်မူ၏။ 6 ထိုသူ တို့တွင် ယုဒ အမျိုးသား ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့သည် ပါ ကြ၏။ 7 မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။ 8 ဒံယေလ မူကား ၊ ပွဲတော်မှကြွင်းသောအစာ နှင့် သောက် တော်မူသောစပျစ်ရည် ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံ ရှိ၍၊ မိမိကို မ ညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုး အုပ်ကို အခွင့် တောင်း၏။ 9 ဘုရား သခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမစိုး အုပ်သည် ဒံယေလ ကို အလွန်ချစ် သနားသော်လည်း10 ငါ့ သခင် ကြည့်ရှုစေခြင်းငှါမိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲကို ငါ ကြောက် ၏။ သင် တို့အစား အသောက် ကို စီရင်တော်မူပြီ။ သင် တို့မျက်နှာ သည် အရွယ် တူ လူပျို တို့၏ မျက်နှာလောက် အဆင်း မလှ သည်ကို မြင် တော်မူလျှင် ၊ သင်တို့အတွက် ငါ သည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။ 11 ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲ ကို ဒံယေလ က၊ 12 အကျွန်ုပ် တို့ စား သောက် စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေ ကိုသာ ဆယ် ရက် ပတ်လုံးပေးစမ်းပါ။ 13 ထိုနောက် ၊ အကျွန်ုပ် တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာ ကို စား သောလူပျို တို့၏မျက်နှာကို သခင် ရှေ့ ၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင် ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင် တော်မူပါဟုပြော လျှင်၊ 14 စားတော်ကဲသည် ဝန်ခံ ဆယ် ရက် စုံစမ်း လေ၏။ 15 ဆယ် ရက် စေ့ လျှင် သူ တို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာ ကို စား သော လူပျို အပေါင်း တို့၏ မျက်နှာထက် အဆင်း လှ၍ ဖွံ့ဝ လျက်ရှိ၏။ 16 ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။ 17 ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။ 18 နန်းတော်သို့ သွင်း စေခြင်းငှါ ချိန်းချက် တော်မူသော အချိန် ရောက် သော်၊ မိန်းမစိုး အုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်း လေ၏။ 19 ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။ 20 ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် တတ်ကြသည် ကို တွေ့မြင် တော်မူ၏။ 21 ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။

2

1 နေဗုခဒ်နေဇာ မင်းသည် နန်းစံနှစ် နှစ် တွင် ၊ အိပ်မက် ကို မြင် တော်မူ၍ ထိတ်လန့် ခြင်း စိတ် ရှိသောကြောင့် ၊ စက်တော် မခေါ်နိုင်သည်ဖြစ်၍၊ 2 အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော်3 ရှင်ဘုရင် က၊ ငါသည် အိပ်မက် ကိုမြင် ပြီ။ ထိုအိပ်မက် ကိုမသိ ၊ နားမလည်သည်ဖြစ်၍စိတ် မအီမသာ ရှိသည်ဟု မိန့် တော်မူ၏။ 4 ခါလဒဲ ပညာရှိတို့ကလည်း ၊ အရှင် မင်းကြီး၊ အသက် တော်အစဉ် အမြဲရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက် တော်ကို မိန့် တော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု၊ ရှုရိ ဘာသာဖြင့် လျှောက် ကြ၏။ 5 ရှင် ဘုရင်ကလည်း၊ ငါအမိန့် တော်ရှိပြီ။ ထိုအိပ်မက် နှင့် အနက် ကို သင်တို့မ ဘော် မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်း စဉ်း မည်။ သင် တို့အိမ် များကိုလည်း နောက်ချေးပုံ ဖြစ် စေမည်။ 6 အိပ်မက် နှင့်အနက် ကို ဘော်ပြ လျှင် ၊ ဆုလပ် သပ်ပကာ၊ ဂုဏ် အသရေများကို ငါပေးမည်။ သို့ဖြစ်၍ ၊ အိပ်မက် နှင့်အနက် ကို ငါ့အားဘော်ပြ ကြဟု၊ ခါလဒဲ ပညာရှိတို့ကို မိန့် တော်မူ၏။ 7 ထိုသူတို့က၊ အရှင် မင်းကြီး၊ မြင်မက် တော်မူချက် ကို အမိန့် ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု တဖန် လျှောက် ကြပြန်လျှင်၊ 8 ရှင် ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင် တို့သည် နေ့ရက် အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါ အမှန် သိ ၏။ 9 အိပ်မက် ကို ငါ့ အားမ ဘော် မပြလျှင် ၊ သင်တို့သည် အကြံတခု တည်းသာရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲ သည်တိုင်အောင် ၊ ငါ့ ရှေ့ ၌ လျှောက် စရာဘို့ ကောက်ကျစ် လိမ် လစ်သောစကား ကို ပြင်ဆင် နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြော ကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက် ကို ဘော်ပြ နိုင်သည်ကို ငါသိ မည်ဟု ပြန်၍ မိန့်တော်မူ၏။ 10 ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။ 11 အရှင် မင်းကြီးမေးမြန်း တော်မူသော အရာ သည် ခက်ခဲ သော အရာဖြစ်ပါ၏။ လူ ပကတိနှင့် မ ဆက်ဆံ သော ဘုရား မှတပါး အဘယ်သူမျှအရှင် မင်းကြီးရှေ့ တော်၌ မထုတ် ဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။ 12 ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန် မြို့၌ ရှိသမျှ သော ပညာရှိ တို့ကို ပယ်ရှင်း စေဟုအမိန့် တော်ရှိ၏။ 13 ထိုအမိန့် တော်ဆင့် ၍ ဒံယေလ နှင့် သူ ၏ အပေါင်း အဘော်တို့ကို သတ် ခြင်းငှါ ရှာ ကြသော်၊ 14 ဒံယေလ က၊ ရှင် ဘုရင်၏အမိန့် တော်သည် အဘယ်ကြောင့် ဤမျှလောက်လျင်မြန် သနည်းဟု၊ 15 ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း ခြင်းငှါ ထွက်သွား သော ကိုယ်ရံတော် မှူးအာရုတ် ကို သတိ ပညာနှင့် မေးမြန်း၍၊ အာရုတ် သည် ထိုအကြောင်း ကို ကြား ပြောလျှင် ၊ 16 ဒံယေလ သည် နန်းတော်သို့ ဝင် အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊ 17 မိမိ အိမ် သို့ ပြန် သွား၍ ၊ ထိုအကြောင်း ကို မိမိ အပေါင်း အဘော်ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့အား ကြား ပြော၍၊ 18 ငါတို့သည် အခြား သောဗာဗုလုန် ပညာရှိ တို့နှင့်အတူ သေ မပျောက်စေခြင်းငှါ ၊ ဤ နက်နဲ သောအရာ၌ ကရုဏာ ကျေးဇူးတော်ကိုခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင် ဘုရားသခင် ကို ဆုတောင်း ကြကုန်အံ့ဟု ပြောဆို၏။ 19 ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ထိုနက်နဲ သော အရာကို ဒံယေလ အား ဘုရားသခင်ဘော်ပြ တော်မူ၏။ 20 ထိုအခါ ဒံယေလ သည် ကောင်းကင် ဘုံရှင် ဘုရား သခင်၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ ဘုရား သခင် ၏ နာမ တော်သည် ထာဝရ မင်္ဂလာ ရှိ ပါစေသတည်း။ ပညာ နှင့်၎င်း ၊ အစွမ်း သတ္တိနှင့်၎င်း ပြည့်စုံတော်မူ၏။ 21 ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။ 22 နက်နဲ ခက်ခဲသော အရာတို့ကို ထင်ရှား စွာ ပြတော်မူ၏။ မှောင်မိုက် ရှိသမျှတို့ကို သိမြင် အလင်း ၏တည် ရာဖြစ်တော်မူ၏။ 23 အကျွန်ုပ် ဘိုးဘေး တို့၏ ဘုရား သခင်၊ အကျွန်ုပ် အား ပညာ အစွမ်း သတ္တိကို ပေး သနား၍ ၊ အကျွန်ုပ်တို့ ဆုတောင်း သည်အတိုင်း၊ ရှင် ဘုရင်၏ အိပ်မက် ကို ဖွင့်ပြ တော်မူ သောကျေးဇူး တော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလ မြွက်ဆို ပြီးမှ၊ 24 ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း စေခြင်းငှါ ၊ ရှင် ဘုရင်ခန့် ထားတော်မူသော အာရုတ် ထံ သို့သွား ၊ ဗာဗုလုန် ပညာရှိ တို့ကို လုပ်ကြံ ပါနှင့်။ အကျွန်ုပ် ကို အထံ တော်သို့ခေါ် သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက် ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏။ 25 ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆောအထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။ 26 ရှင် ဘုရင်ကလည်း၊ ငါမြင် မက်သော အိပ်မက် ကို ပြန်ပြော၍ အနက် ကို ဘော်ပြ နိုင် သလောဟု၊ ဗေလတရှာဇာ အမည် ရှိသောဒံယေလ ကို မေး တော်မူလျှင်၊ 27 ဒံယေလ က၊ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာကို ပညာရှိ ၊ ဗေဒင် တတ်၊ မာဂု ဆရာ၊ အနာဂတ္တိ ဆရာတို့သည် အရှင် မင်းကြီးအား ဘော် ခြင်းငှါ တတ်နိုင် ကြပါ။ 28 နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။ 29 အရှင် မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာတို့ ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ ၏။ နက်နဲ သောအရာကိုဖွင့်ပြ တော်မူသောဘုရား သည် နောင်ကာလ၌ ဖြစ် လတံ့သော အရာတို့ကို ကိုယ်တော် အားပြ တော်မူ၏။ 30 နက်နဲ သောအရာကိုကား၊ အခြားသော သတ္တဝါ အပေါင်း တို့ထက် အကျွန်ုပ် သာ၍ပညာ ရှိ သောကြောင့် ၊ အကျွန်ုပ် အား ဘုရားသခင်ဖွင့်ပြ တော်မူသည် မ ဟုတ်ပါ။ ကိုယ်တော်သည် စိတ် နှလုံးတော်၏ အထင် ကို နားလည် မည်အကြောင်း၊ ထို အနက် ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင်ဖွင့်ပြတော်မူ ၏။ 31 အရှင် မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူ သောရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တု ကြီးကို မြင် တော်မူ၏။ ထူးမြတ် သော အရောင် အဝါ နှင့် ပြည်စုံ၍ ၊ ကြီး မြင့်သော ထို ရုပ်တု သည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန် ကိုဆောင်လျက် ကိုယ်တော် ရှေ့ ၌ တည်ရှိ ၏။ 32 သူ ၏ ဦးခေါင်း သည် ရွှေ စင် ဖြစ်၏။ ရင်ပတ် နှင့် လက် နှစ်ဘက်သည် ငွေ ဖြစ်၏။ 33 ဝမ်း နှင့် ပေါင် နှစ်ဘက်သည် ကြေးဝါ ဖြစ်၏။ ခြေသလုံး နှစ်ဘက်သည် သံ ဖြစ်၏။ ခြေဘဝါး နှင့် ဖမိုး သည် သံ တပိုင်းသရွတ်တပိုင်းဖြစ်၏။ 34 ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊ 35 သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေ တို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေ ကာလ၌ ကောက်နယ် တလင်း အမုန့် ကဲ့သို့ ဖြစ် သဖြင့်၊ လေ တိုက် လွှင့်၍ သူ တို့နေရာ ရှိ ၊ ပျောက်လေ၏။ ရုပ်တု ကို ထိခိုက် သော ကျောက် မူကား၊ တိုးပွားသဖြင့် တောင် ကြီး ဖြစ်၍၊ မြေကြီး တပြင်လုံး ကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။ 36 ယခုတွင် အိပ်မက် တော်၏အနက် ကို ဘော်ပြ၍ နားတော်လျှောက် ပါမည်။ 37 အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။ 38 လူ နေရာ ရှိသမျှ တို့နှင့် မြေကြီး သား တိရစ္ဆာန် ၊ မိုဃ်း ကောင်းကင်ငှက် များတို့ကို ကိုယ်တော် လက် အပ် ပေး ၍၊ ကိုယ်တော် သည် အလုံးစုံ တို့ကို အုပ်စိုး ရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော် သည် ရုပ်တု၏ ရွှေ ဦးခေါင်း ဖြစ်တော်မူ၏။ 39 ကိုယ်တော် နောက် ၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံ တခုသည် တည်ထောင် လိမ့်မည် ။ ထိုနောက်၊ မြေကြီး တပြင်လုံး ကို အုပ်စိုး သော ကြေးဝါ နိုင်ငံတည်းဟူသောတတိယ နိုင်ငံတည်ထောင်လိမ့်မည်။ 40 စတုတ္ထ နိုင်ငံ သည် သံ ကဲ့သို့ ခိုင်မာ သော နိုင်ငံဖြစ် လိမ့်မည်။ သံ သည် အခြားသောအရာရှိသမျှ တို့ကို ချိုးဖဲ့ နိုင် သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့ နှိပ်စက် ခြင်း ကို ပြုလိမ့်မည်။ 41 ရုပ်တု၏ခြေ နှင့် ခြေချောင်း တို့သည် သရွတ် တပိုင်း သံ တပိုင်းရှိသည်ကို မြင် တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြား သော နိုင်ငံ ဖြစ် လိမ့်မည်။ သို့သော်လည်းဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်ဖြစ်၍ ၊ သံ သည်ခိုင်မာ ခြင်း သတ္တိရှိ လိမ့်မည်။ 42 ခြေချောင်း တို့သည် သံ တပိုင်းသရွတ် တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံ သည် ခိုင်မာ ခြင်းနှင့်၎င်း ၊ ကျိုးပဲ့ ခြင်းနှင့်၎င်း ဆက်ဆံ လိမ့်မည်။ 43 ဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုး သား တို့နှင့် ပေါင်းဘော် ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ် နှင့် သံ ရောနှော နိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်းပေါင်းဘော် ၍ မ သင့်နိုင်ကြ။ 44 လက် နှင့် ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။ 45 ထို နိုင်ငံ သည်အခြား သောလူမျိုး လက်သို့မ ရောက် ရဘဲ၊ အထက် ဆိုခဲ့ပြီးသောနိုင်ငံ ရှိသမျှ တို့ကိုချိုးဖဲ့ ဖျက်ဆီး ၍ အစဉ်အမြဲ တည် လိမ့်မည်။ ထိုသို့ နောင် ၌ဖြစ်လတံ့ သော အရာ တို့ကိုကြီးမြတ် တော်မူသောဘုရားသခင် သည် အရှင် မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက် တော်ရွေ့လျော့ ခြင်းမရှိ။ အနက် သည်လည်း မှန် ပါ၏ဟု ဒံယေလသည် အထံတော်၌လျှောက်ထား၏။ 46 ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် ပြပ်ဝပ် ၍ ဒံယေလ ကို ရှိခိုး ကိုးကွယ်ပြီးလျှင်၊ ပူဇော် သက္ကာပြုခြင်းငှါ၎င်း ၊ နံ့သာမျိုး ကို မီးရှို့၍ ဆပ်ကပ် ခြင်းငှါ ၎င်း စီရင် တော်မူလျက်၊ 47 ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊ 48 ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။ 49 ထိုအခါ ဒံယေလ သည် သံတော်ဦး တင်သောကြောင့် ၊ မင်းကြီး သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့် ထားတော်မူ ၏။ ဒံယေလ သည် နန်း တော်ဦး၌ နေရလေ၏။

3

1 တရံရောအခါနေဗုခဒ်နေဇာ မင်းကြီး သည် အမြင့် အတောင် ခြောက် ဆယ်၊ အနံ ခြောက် တောင် ရှိသောရွှေ ရုပ်တု ကို လုပ် ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရ လွင်ပြင် တည် ထားတော်မူ၍၊ 2 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊ 3 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် စုဝေး ရောက်လာ၍၊ တည် ထား တော်မူသော ရုပ်တု ရှေ့ မှာ ရပ် နေကြ၏။ 4 ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊ 5 တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။ 6 ပြပ်ဝပ် မကိုးကွယ် ဘဲနေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်စေဟု အမိန့် တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏။ 7 ထိုကြောင့် ၊ လူ အပေါင်း တို့သည် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ အသီးသီးအခြားခြားသော ဘာသာ စကားကိုပြောသော လူ အမျိုးမျိုးအပေါင်း တို့သည် ပြပ်ဝပ် ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် ကြ၏။ 8 ထိုအခါ၊ ခါလဒဲ လူ အချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံ တော်သို့ ချဉ်းကပ် လျက်၊ 9 အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။ 10 တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။ 11 ပြပ်ဝပ် မကိုးကွယ် ဘဲ နေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။ 12 အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။ 13 ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ခေါ်ချေဟုမိန့် တော်မူသည်အတိုင်း၊ သူ တို့သည် အထံ တော်သို့ ရောက် လျှင်၊ 14 ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် လော။ 15 ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။ 16 ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင် မင်းကြီးနေဗုခဒ်နေဇာ ၊ အကျွန်ုပ် တို့သည် ဤ အမှု၌ ပြန် လျှောက်ရမည်အကြောင်းမ ရှိပါ။ 17 အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။ 18 ထိုသို့ကယ်လွှတ်တော်မမူသော်လည်းအရှင် မင်းကြီး၊ ကိုယ်တော် ၏ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု ပြန် လျှောက်ကြ၏။ 19 ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာ တော်ပျက် လျက်၊ မီးဖို ကို အရင်ထက် ခုနစ် ဆတိုး၍ ပူ စေခြင်းငှါ ၎င်း ၊ 20 ခွန်အား ကြီးသော စစ် သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေခြင်းငှါ ၎င်း အမိန့် တော် ရှိသည်အတိုင်း၊ 21 ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ22 ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။ 23 ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။ 24 ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊ 25 ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊ 26 မီး လောင် လျက်ရှိသောမီးဖိုဝ နားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့် ဆုံးသော ဘုရား သခင်၏ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ထွက် ၍လာကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မီး ထဲက ထွက် လာကြ ၏။ 27 စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ၊ အတွင်းဝန် တို့သည် ဝိုင်း ၍မီး လောင် နိုင်သော ထို သူတို့ကို ကြည့်ရှု ကြ၏။ သူ တို့ဆံခြည် တပင်မျှ မ မြိုက် ၊ ဝတ်လုံ လည်း ခြားနား ခြင်း မ ရှိ၊ မီးလောင်သောအနံ့ လည်းကင်းလွတ် ၏။ 28 နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ကယ်တင် တော်မူပြီ။ 29 ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊ 30 ဗာဗုလုန် နိုင်ငံ တွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ချီးမြှောက် တော်မူ၏။

4

1 ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီး တပြင်လုံး အရပ်ရပ်နေ ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာတို့၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။ 2 မြင့်မြတ် တော်မူသောဘုရား သခင်သည် ငါ ၌ ပြု တော်မူသော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ခြင်းငှါ ငါ အလို ရှိ၏။ 3 နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။ 4 ငါ နေဗုခဒ်နေဇာ သည် နန်းတော် ငြိမ်ဝပ် စွာ နေ၍ စည်းစိမ် ကြီးစဉ်အခါ၊ 5 ကြောက်မက်ဘွယ်သော အိပ်မက် ကို မြင် ၊ သာလွန် ပေါ် မှာ အိပ်လျက် စိတ်ထဲ၌အာရုံပြုသောရူပါရုံ အားဖြင့်တုန်လှုပ် ခြင်းသို့ ငါ ရောက်လေ၏။ 6 ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊ 7 မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့သည် ဝင် ကြလျှင်၊ ငါ မြင်မက်သော အိပ်မက် ကို သူ တို့အား ပြပြော သော်လည်း၊ သူတို့သည် အနက် ကို မ ဘော် မပြနိုင်ကြ။ 8 နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊ 9 အချင်းမာဂု ဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲ သောအရာရှိသမျှ တို့ကို ဖွင့်ပြနိုင်သည်ကို၎င်းငါ သိ ၏။ သို့ဖြစ်၍၊ ငါမြင်မက် သော အိပ်မက် ၏ အနက် ကိုဘော်ပြ လော့။ 10 ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်ကား၊ ငါကြည့်ရှု ၍ မြေကြီး အလယ် အရပ်မြင့် လှသော သစ်ပင် တပင်ရှိ၏။ 11 ထိုအပင် သည် ကြီးပွား ခိုင်မာ ခြင်းသို့ ရောက်၏။ မိုဃ်း ကောင်းကင်သို့ ထိ မြေကြီး စွန်း တိုင်အောင် ထင်ရှား၏။ 12 အရွက် လည်းလှ ၏။ သတ္တဝါ အပေါင်း တို့စား၍ ဝလောက်သော အသီး နှင့်ပြည့်စုံ၏။ မြေ တိရစ္ဆာန် တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ၏။ အခက် အလက်တို့၌ ကောင်းကင် ငှက် တို့သည် နားနေ ကြ၏။ 13 အိပ်ပျော်၍ မြင်မက် စဉ်၊ တဖန်ငါကြည့်ရှု ပြန် လျှင်၊ သစ်ပင်စောင့် တည်းဟူသောသန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍၊ 14 သစ်ပင် ကိုလှဲ လော့။ အခက် တို့ကို ခုတ် လော့။ အသီး အရွက် တို့ကို လှုပ် ချွေလော့။ တိရစ္ဆာန် တို့သည် သစ်ပင်အောက် က ထွက်၍၊ ငှက် တို့သည်လည်း အကိုင်း အခက်ထဲက သွား ကြစေ။ 15 သို့သော်လည်း ၊ မြေ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကိုခြွင်း ထား၍၊ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံးမိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန် တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။ 16 လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့်ပြည့်စုံစေလော့။ 17 အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။ 18 ထိုသို့ ငါ နေဗုခဒ်နေဇာ မင်းကြီး သည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက် ကိုဘော်ပြ လော့။ ငါ့ နိုင်ငံ တွင် ပညာရှိ အပေါင်း တို့သည် အနက် ကို ငါ့ အား ဘော် မပြနိုင် သော်လည်း ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင် သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက် ကို ဒံယေလအား ပြန်ပြော၏။ 19 ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။ 20 မြင်မက် တော်မူစဉ်တွင် ကြီးပွား ခိုင်မာ ထသော၊ မိုဃ်း ကောင်းကင် သို့ ထိ မြေကြီး တပြင်လုံး ထင်ရှားထသော၊ 21 အရွက် လှ လျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီး နှင့် ပြည့်စုံထသော၊ မြေ တိရစ္ဆာန် တို့သည် အောက် ၌နေကြသဖြင့်၊ အခက် အလက်တို့၌ ကောင်းကင် ငှက် များ မှီခို နားနေရာဖြစ်သော သစ်ပင် သည်၊ 22 အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။ 23 သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊ 24 အမြင့်ဆုံး သော ဘုရားသခင်စီရင် တော်မူ၍၊ အရှင် မင်းကြီး အပေါ် ၌ ရောက် ရသော မြင်မက်တော်မူချက်၏ အနက် ဟူမူကား25 ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။ 26 သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။ 27 သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။ 28 ထိုအမှုအရာအလုံးစုံ တို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ် သို့ ရောက် သည်အကြောင်းကား၊ 29 တဆယ် နှစ် လွန် ပြီးသော်၊ ဗာဗုလုန် နန်းတော် ပေါ် မှာ စင်္ကြံ သွားလျက်၊ 30 မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး ဟုတ်လောဟု မြွက်ဆို ၏။ 31 ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။ 32 သင့် ကို လူစု ထဲက နှင်ထုတ် ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။ 33 ထိုစကားနှင့်အညီနေဗုခဒ်နေဇာ ၌ ချက်ခြင်းဖြစ်၍၊ လူစု ထဲက နှင်ထုတ် ကြလျှင်၊ သူသည်နွား ကဲ့သို့ မြက် ကိုစား ၍ မိုဃ်း စွတ်ခြင်းကိုခံ သဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတ အတောင်ကဲ့သို့ ၎င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက် ခြေသည်းကဲ့သို့ ၎င်း ဖြစ်၏။ 34 ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။ 35 မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ36 ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။ 37 ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။

5

1 တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။ 2 စပျစ်ရည် ကို မြည်းစမ်းသောအခါ၊ ယေရုရှလင် မြို့ ဗိမာန် တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား ၊ ငွေ ဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက် ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူ ခဲ့ရမည်ဟု အမိန့် တော်ရှိသည်အတိုင်း၊ 3 ယေရုရှလင် မြို့၌ ရှိသော ဘုရား သခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား တို့ကို ယူ ခဲ့၍၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့် သောက် ကြ၏။ 4 စပျစ်ရည် ကိုသောက် ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။ 5 ထိုအချိန် နာရီတွင် လူ ၏လက်ဖျားသည် ပေါ် လာ၍ မီးခုံအထက်၊ နန်းတော် အုတ်ထရံ အင်္ဂတေ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ရေး သော လက်ဖျားကို ရှင် ဘုရင်မြင် တော်မူလျှင်၊ 6 မျက်နှာ တော်ညှိုးငယ်၍ စိတ် ပူပန် ခြင်းသို့ ရောက်သဖြင့်၊ ခါး ဆစ် ပြုတ်မတတ်ဖြစ်၍ဒူး ခြင်းထိခိုက် သည်ရှိသော်၊ 7 ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် လည်ပင်း ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍8 ပညာရှိ ဆရာတော်အပေါင်း တို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာ ကို မ ဘက် နိုင် ကြ။ အနက် အဓိပ္ပါယ်ကို ရှင် ဘုရင်အား မဟော မပြောနိုင်သောကြောင့် ၊ 9 ဗေလရှာဇာ မင်းကြီး သည် အလွန် စိတ် ပူပန်ခြင်း၊ မျက်နှာ တော်ညှိုးငယ်ခြင်းရှိ၍၊ မှူး တော်မတ်တော်တို့ သည် မှိုင် လျက်နေကြ၏။ 10 ထိုအခါ မယ်တော် မိဖုရားသည် ရှင် ဘုရင်၏ စကား ၊ မှူးမတ် တို့၏ စကားကို ကြားသိလျှင်၊ ပွဲ တော်သို့ ဝင် ၍၊ အရှင် မင်းကြီး၊ အသက် တော် အစဉ်အမြဲ ရှင်ပါစေ။ စိတ် တော်ပူပန် ခြင်းမ ရှိပါနှင့်။ မျက်နှာ ညှိုးငယ်တော် မ မူပါနှင့်။ 11 သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။ 12 အကြောင်း မူကား၊ အိပ်မက် အနက် ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသောအရာကိုဖွင့်ပြ ခြင်း၊ ပုစ္ဆာအမေးကို ဖြေ ခြင်းငှါတတ်စွမ်းနိုင် သောဉာဏ် ပညာ နှင့်တကွ၊ ထူးဆန်း သောစိတ် ဝိညာဉ်သည် ဒံယေလ အမည်ရှိသောထိုသူတွင် ထင်ရှား လျက်ရှိပါ၏။ ဗေလတရှာဇာ ဟူသော ဘွဲ့နာမ ကိုလည်း ရှင် ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလ ကို ခေါ် တော်မူလျှင်၊ အနက် ကို ဟောပြော ပါလိမ့်မည်ဟု လျှောက် သော်၊ 13 ဒံယေလ ကို အထံ တော်သို့ ခေါ် သွင်းလေ၏။ ရှင် ဘုရင်က၊ ငါ့ ခမည်းတော် ဘုရားသည် ယုဒ ပြည်က သိမ်းယူ တော်မူခဲ့၍၊ ယုဒ လူစု၌ ပါသော ဒံယေလ မှန်သလော။ 14 သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။ 15 ထို စာ ကို ဘတ် အနက် ကို ငါ့ အား ဘော်ပြ စေခြင်းငှါ ဗေဒင် တတ်ပညာရှိ တို့ကို ငါ့ ထံသို့ သွင်း သော်လည်း ၊ သူတို့သည်အနက် ကို မ ဘော် မပြနိုင် ကြ။ 16 သင်သည် အနက် များကို ဘော်ပြ ပုစ္ဆာ အမေးတို့ကို ဖြေ နိုင် သည်ဟု ငါ ကြား ပြီးအတိုင်း၊ ထိုစာ ကိုဘတ် အနက် ကိုငါ့ အား ဘော်ပြ နိုင် လျှင် ၊ အဝတ်နီ ကိုဝတ်ဆင် လည်ပင်း ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏။ 17 ဒံယေလ ကလည်း၊ ဆု တော်လပ်တော်ကို ကိုယ်တော် ရှိ စေတော်မူပါ။ ပေးလိုသောအရာများကို အခြား သူအား ပေး သနားတော်မူပါ။ သို့သော်လည်း ၊ ရှေ့ တော်၌ ထိုစာ ကို ဘတ် အနက် ကိုဘော်ပြ ပါမည်။ 18 အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။ 19 ပေး သနားတော်မူသော ထိုရွှေဘုန်း တော်မြတ် ကြောင့် ၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့သည် ရှေ့ တော်၌ ကြောက်ရွံ့ တုန်လှုပ် လျက် နေကြ၏။ သတ်လို သော သူတို့ ကိုသတ် တော်မူ၏။ အသက်ရှင်စေလို သော သူတို့ ကို ရှင် စေတော်မူ၏။ ချီးမြှောက်လို သော သူတို့ ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလို သော သူတို့ကို နှိမ့်ချ တော်မူ၏။ 20 မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် နန်း တော်မှ ကျ ၏။ 21 လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။ 22 အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊ 23 ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို ချီးမွမ်း ဘဲ နေပါပြီတကား။ 24 ထိုကြောင့်၊ လက်ဖျားကိုစေလွှတ် ၍ ထို စာ ကို ရေး စေတော်မူ၏။ 25 စာ ချက်ဟူမူကား၊ မေနေ မေနေ ၊ တေကလ ၊ ဖေရက် ဟု အက္ခရာ တင် လျက်ရှိ၏။ 26 မေနေ ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော် ၏ နိုင်ငံ ကို ဘုရား သခင်ရေတွက် ဆုံး စေတော်မူ၏။ 27 တေကလ ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကို ချိန်ခွင် နှင့် ချိန် ၍လျော့ ကြောင်းကို တွေ့မြင် တော်မူ ၏။ 28 ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။ 29 ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့် တော်မူသည် အတိုင်း၊ ဒံယေလ ကို အဝတ်နီ ဝတ်ဆင် စေ၍ လည်ပင်း ရွှေ စလွယ် ဆွဲပြီးမှ၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ် သည်ဟု မြို့ကိုလည်၍ဟစ်ကြော် ကြ၏။ 30 ထိုညဉ့် ၌ပင် ခါလဒဲ ရှင် ဘုရင် ဗေလရှာဇာ မင်းသည် အသက် ဆုံး၍၊ 31 မေဒိ အမျိုး ဒါရိ မင်းသည် အသက်ခြောက် ဆယ်နှစ် နှစ် တွင် နိုင်ငံ တော်ကို သိမ်းယူ တော်မူ၏။

6

1 ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊ 2 အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊ 3 ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။ 4 ထိုအခါ ဝန်ကြီး နှင့် မြို့ဝန် တို့သည် ဒံယေလ အပြစ်တင်ခွင့် ကို ရှာ၍၊ နိုင်ငံ တော်အမှုအရေးများကို စစ်ကြော ကြ၏။ ဒံယေလသည် သစ္စာ နှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့် ကို ရှာ ၍မ တွေ့ကြသည်ရှိသော်၊ 5 ဘုရား သခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ အပြစ်တင်ခွင့် ကိုငါတို့ မ တွေ့ နိုင် ကြဟု တိုင်ပင်ပြောဆို ပြီးမှ၊ 6 အထံတော်သို့ လာရောက်စည်းဝေး ကြ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။ 7 ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။ 8 သို့ဖြစ်၍၊ အရှင် မင်းကြီး၊ အမိန့် ရှိတော်မူပါ။ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း အမိန့်တော်တည် စေခြင်းငှါ၊ တံဆိပ် ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊ 9 ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။ 10 အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ 11 ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး တွေ့မြင် ကြလျှင်၊ 12 အထံ တော်သို့ဝင် ၊ အရှင် မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြား သောလူ ကိုဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သောတွင်းထဲသို့ ချ ပစ်စေဟု အမိန့် တော်ကို တံဆိပ် ခတ်တော်မူလျက် ရှိပါသည်မ ဟုတ် လောဟု အမိန့် တော်အကြောင်း ကို မေးလျှောက်ကြ၏။ ရှင် ဘုရင်ကလည်း၊ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း မှန် ပေသည်ဟု မိန့် တော်မူ၏။ 13 မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။ 14 ထိုစကား ကို ကြား လျှင် ၊ ရှင် ဘုရင်သည် အလွန် နောင်တ ရ၍ ဒံယေလ ကို လွှတ် ခြင်းငှါ စိတ် အားကြီးသဖြင့်၊ လွှတ် ရသောအခွင့်ကို နေ ဝင် သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ၏။ 15 တဖန်မှူးမတ်အရာရှိတို့သည် အထံ တော်သို့ စည်းဝေး ၊ အရှင် မင်းကြီး၊ တခါထုတ် ပြီးသော အမိန့် တော်မ ပျက် နိုင်ရာဟု မေဒိ ၊ ပေရသိ ဓမ္မသတ် ၌ ပါကြောင်းကို သတိ ထားတော်မူပါဟု လျှောက် ကြပြန် လျှင်၊ 16 တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။ 17 ကျောက် ပြားကိုလည်း ယူ ခဲ့၍ တွင်း ကို ပိတ် ပြီးလျှင်၊ ဒံယေလ အမှု၌ စီရင်ချက်ကို မ တိုး မလျော့စေခြင်းငှါ၊ ရှင် ဘုရင်တံဆိပ် နှင့် မှူးမတ် တို့တံဆိပ် ကို ခတ်တော်မူ၏။ 18 ထိုနောက် ၊ ရှင် ဘုရင်သည် နန်းတော် သို့ ပြန် တညဉ့်လုံး စား တော်မခေါ်၊ အငြိမ့် တန်ဆာကို အထံ တော် သို့ မ သွင်း စေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။ 19 နံနက် စောစောထ ခြင်္သေ့ တွင်း သို့ အလျင်အမြန် သွား တော်မူ၏။ 20 ရောက်လျှင်၊ ငိုကြွေး သော အသံ နှင့် ဒံယေလ ကို ခေါ်၍၊ အသက် ရှင်တော်မူသောဘုရား သခင်၏ ကျွန် ဒံယေလ ၊ သင် ပြတ် ကိုးကွယ် သော ဘုရား သခင်သည် သင့် ကို ခြင်္သေ့ ဘေးမှ ကယ်လွှတ် နိုင် သလောဟုမေး တော်မူ၏။ 21 ဒံယေလ က၊ အရှင် မင်းကြီး၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။ 22 အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။ 23 ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ထိခိုက် သောအနာတခုမျှ မ ရှိ24 ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။ 25 ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။ 26 ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။ 27 မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။ 28 ထိုသို့ဒံယေလ သည်ဒါရိ မင်းကြီးလက်ထက်၌ ၎င်း ၊ ပေရသိ အမျိုးကုရု မင်းကြီးလက်ထက်၌ ၎င်း ကောင်းစား လျက်နေ၏။

7

1 ဗာဗုလုန် ရှင် ဘုရင်ဗေလရှာဇာ နန်းစံပဌမ နှစ် တွင် ၊ ဒံယေလ သည် အိပ်မက် ကို မြင် အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံ ပြုပြီးမှမြင်မက် သော အရာတို့ကို ရေး ထားသော အချက် ကား၊ 2 ငါ ဒံယေလ သည် ညဉ့် အခါ အာရုံ ပြု၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာ၌ လေ တို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက် ကြလျှင်၊ 3 သဏ္ဌာန်ချင်းမ တူသော သားရဲ လေး ကောင်တို့ သည် သမုဒ္ဒရာ ထဲက ထွက် လာကြ၏။ ပဌမ သားရဲသည် ခြင်္သေ့ နှင့် တူ၏။ ရွှေလင်းတ အတောင် လည်း ရှိ၏။ 4 ငါ ကြည့်ရှု ၍ နေစဉ်၊ သူ၏အတောင် ကို နှုတ် ကြ၏။ မြေ မှ ကိုယ်ကိုချီ ကြွလျက် လူ ကဲ့သို့ ခြေ ဖြင့် မတ်တပ် ရပ်၍ ၊ လူ စိတ် သဘောကိုလည်း ရ ၏။ ဒုတိယ သားရဲ သည် ဝံ နှင့် တူ၏။ 5 တဘက် ကိုယ်ကိုကိုယ်ချီ ကြွ၏။ ပစပ် နံရိုး သုံး ချောင်းကို ကိုက်လျက်ရှိ၏။ သင်ထ လော့။ အသား များကို ကိုက်စား လော့ဟု သူ့အား ပြော ကြ၏။ 6 တဖန်ငါကြည့်ရှု ပြန်၍၊ ကျားသစ် နှင့် တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျော ပေါ် မှာ ငှက် အတောင် လေး ခုရှိ၏။ ခေါင်း လေး လုံးနှင့်ပြည့်စုံ၏။ အုပ်စိုး ရသောအခွင့်လည်းရှိ၏။ 7 ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။ 8 ထိုချို တို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ် ၌ ချို ငယ် တချောင်းသည် ပေါက် ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချို သုံး ချောင်းကို အမြစ် နှင့်တကွနှုတ်လေ၏။ ထို ချို ငယ်သည် လူ မျက်စိ ကဲ့သို့ သော မျက်စိ နှင့်၎င်း ၊ ကြီး စွာသော စကားကို ပြော တတ်သော နှုတ် နှင့်၎င်း ပြည့်စုံ၏။ 9 ထိုအခါ ငါကြည့်ရှု စဉ် ၊ ရာဇ ပလ္လင်များကို တည် ထားလျက်ရှိ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင် တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ ဆံပင် တော်သည် ဖြူ သော သိုးမွှေး နှင့် တူ၏။ ပလ္လင် တော်သည် မီး လျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီး စက်လှည်းဘီး ရှိ၏။ 10 မျက်နှာတော်မှ မီး ရောင်ခြည်ထွက် လေ၏။ အတိုင်းမသိများစွာသောသူတို့ သည် အမှု တော်ကို ဆောင်ရွက်၍ ၊ ကုဋေသင်္ချေမက ရှေ့ တော်၌ ခစား ၍ နေကြ၏။ တရား စီရင်ခြင်းငှါပြင်ဆင်၍ စာစောင် များ ကိုဖွင့် ထားကြ၏။ 11 ထိုအခါ ချို ငယ်ပြော သော စကား ကြီး အသံ ကြောင့် ငါကြည့်ရှု ၍ နေစဉ်၊ ထိုသားရဲ အသက်ကိုသတ် ပြီးလျှင်သူ၏ ကိုယ် ကိုမီး ရှို့၍ ဖျက်ဆီး ကြ၏။ 12 အခြား သော သားရဲ မူကား၊ အစိုးရ သောအခွင့် တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သော ကာလ ပတ်လုံး အသက် ရှင်ရကြ၏။ 13 ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။ 14 အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။ 15 ငါ ဒံယေလ သည် ကိုယ်ခန္ဓါ တုန်လှုပ် ၊ ထိုရူပါရုံ ကြောင့် စိတ် ပူပန်ခြင်းရှိလျှင် 16 အနား၌ ရပ် နေသောသူတယောက် ထံသို့ သွား ယခုမြင်သမျှ ကား၊ အဘယ်သို့ဆိုလိုသနည်းဟုမေးမြန်း သော်၊ 17 ထိုသူက၊ ဤ သားရဲ လေး ကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ် လတံ့သော နိုင်ငံ လေး ပါးဖြစ်၏။ 18 သို့သော်လည်း၊ အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သူတို့သည် နိုင်ငံ ကိုသိမ်းယူ၍ ကမ္ဘာ အဆက်ဆက်စံစား ကြလတံ့ဟု အနက် အဓိပ္ပါယ်ကို ကြား ပြော၏။ 19 ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန် ကြောက်မက် ဘွယ်ဖြစ်လျက်၊ သံ သွား နှင့်၎င်း ၊ ကြေးဝါ လက်သည်း ခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သမျှကို ခြေ ဖြင့်နင်း ချေတတ်သော စတုတ္ထ သားရဲ ကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ 20 သူ၏ခေါင်း ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။ 21 ငါကြည့်ရှု စဉ်တွင် အသက်ကြီး သောသူသည်ရောက်လာ လျှင်၊ အမြင့်ဆုံး သောဘုရား၏သန့်ရှင်း သောသူတို့အား စီရင် ရသောအခွင့်ကိုပေး ၍၊ 22 ထိုသူတို့သည် နိုင်ငံ ကိုသိမ်းယူ ဝင်စား သောအချိန် ရောက်သည့် တိုင်အောင် ထို ချို သည် သန့်ရှင်း သူတို့ကို စစ် တိုက် နိုင် လေ၏။ 23 ထိုသူကလည်း စတုတ္ထ သားရဲ သည် မြေကြီး ပေါ် မှာ အခြားသော နိုင်ငံ ရှိသမျှ တို့ထက် ထူးခြား သော စတုတ္ထ နိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီး ရှိသမျှ ကို ကိုက်စား ချိုးဖဲ့ နင်းချေ လိမ့်မည်။ 24 ထိုနိုင်ငံ ၌ ပေါက်သော ချို ဆယ် ချောင်းသည် ပေါ် လတံ့သော မင်းကြီး ဆယ် ပါးဖြစ်၏။ သူ တို့နောက် အခြား သော မင်းကြီးပေါ် လာလိမ့်မည်။ အရင် မင်းကြီးထက် ထူးခြား သုံး ပါးတို့ကို နှိမ့်ချ လိမ့်မည်။ 25 အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။ 26 ထိုနောက်မှတရား စီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုး အာဏာကို နှုတ် ၍ရှင်းရှင်းဖျက်ဆီး ကြလိမ့်မည်။ 27 ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။ 28 ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။

8

1 ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊ 2 ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား3 ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။ 4 ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။ 5 ထိုအမှုကို ငါ ဆင်ခြင် လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်း သော ချို တချောင်းရှိသောဆိတ် တကောင်သည် အနောက် မျက်နှာ က လာ ၍၊ မြေ ကို နင်း ဘဲ မြေကြီး တပြင်လုံး ကို ကျော်လေ၏။ 6 ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး7 အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ လှဲ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို ကယ် မလွှတ်နိုင်။ 8 သို့ဖြစ်၍ ၊ ထိုဆိတ် သည် အလွန် ကြီးမား ခြင်းသို့ ရောက်လေ၏။ ခွန်အား ကြီးသောအခါ ချို ကြီး ကျိုးပဲ့ ၏။ ထိုချိုအရာ၌ ထူးဆန်း သော ချိုလေး ချောင်းပေါက် ၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာသို့ မျက်နှာပြုကြ၏။ 9 ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။ 10 ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ နင်း လေ၏။ 11 ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။ 12 အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု အောင်မြင် ခြင်းသို့ ရောက်လေ၏။ 13 ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင်14 ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။ 15 ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။ 16 အခြားသော သူက၊ အိုဂါဗြေလ ၊ ထို သူသည် ယခု မြင်သော ဗျာဒိတ် ရူပါရုံကို နားလည် စေခြင်းငှါအနက်ကို ပြန်ပြောလော့ဟု၊ ဥလဲ မြစ်နားကြား မှာ လူ အသံ နှင့်ဟစ် ပြောဆို သည်ကို ငါကြား ၏။ 17 ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။ 18 ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင်19 ဒေါသ အမျက်တော်အဆုံး ဖြစ် လတံ့သော အရာ ကိုငါ ကြား ပြောဦးမည်။ ချိန်းချက် သောအချိန်၌ လက်စသတ် လိမ့်မည်။ 20 ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။ 21 အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။ 22 ထိုချိုကျိုးပဲ့ ၊ သူ့ အရာ ၌ ချိုလေး ချောင်းပေါက် သည်မှာ၊ အရင်နိုင်ငံ တွင် နိုင်ငံ လေး ပါး တည်ထောင် လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုး နှင့် မ ပြည့်စုံကြ။ 23 ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။ 24 ထိုမင်းကြီးသည် ကိုယ် တန်ခိုး ရှိဘဲလျက် တန်ခိုး ကြီး လိမ့်မည်။ အထူးသဖြင့်ဖျက်ဆီး တိုးပွားအောင်မြင် လိမ့်မည်။ စွမ်းအား ကြီးသော လူစု၊ သန့်ရှင်း သော လူစု ကို ပင် ဖျက်ဆီး လိမ့်မည်။ 25 သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 26 ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။ 27 ထိုအခါ ငါ ဒံယေလ သည် မော နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။

9

1 ယေရုရှလင် မြို့ပျက်စီး ၍ အနှစ် ခုနစ် ဆယ် လွန် စေမည်ဟု၊ 2 ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲ နိုင်ငံ ကို အစိုးရ သော မေဒိ အမျိုး ၊ အာရွှေရု သား ဒါရိ နန်းစံပဌမ နှစ် တွင် ၊ ငါ ဒံယေလ သည် ထိုနှစ် ပေါင်းအရေအတွက် ကို ကျမ်းစာ အားဖြင့် သိ ရသောကြောင့်3 အစာ ကိုရှောင်လျက်၊ လျှော်တေ အဝတ်ကို ဝတ် လျက်၊ ပြာ နှင့်လူးလျက်၊ အရှင် ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ်၍ ဆုတောင်း ပဌနာပြု၏။ 4 ထိုသို့ အပြစ်ကို ဘော်ပြ တောင်းပန်၍ ငါ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား ထံ ငါပြုသောပဌနာ ဟူမူကား ၊ ကိုယ်တော် ကိုချစ် ပညတ် တော်တို့ကို စောင့် သောသူတို့ အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့် တော်မူထသော၊ အလွန် ကြီးမြတ်၍ ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူသောအရှင် ဘုရား သခင်၊ 5 အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။ 6 အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့အား ကိုယ်တော် ၏အခွင့် နှင့် ဟောပြော သော ကိုယ်တော် ၏ ကျွန် ၊ ပရောဖက် တို့၏စကားများကို အကျွန်ုပ်တို့သည် နား ထောင်ဘဲနေကြပါပြီ။ 7 အိုဘုရား ရှင်၊ ကိုယ်တော် သည် တရား နှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ် ကြောင့် နှင်ထုတ် တော်မူ၍၊ နီး သောပြည်၊ ဝေး သောပြည်၊ အရပ်ရပ် တို့၌ နေရသော ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား မှစ၍ဣသရေလ လူအပေါင်း တည်းဟူသောအကျွန်ုပ် တို့ သည် ယနေ့ ၌ရှိသည်အတိုင်း ၊ မျက်နှာ ပျက် ခြင်းနှင့် ဆိုင်ကြပါ၏။ 8 အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။ 9 အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပုန်ကန် သော်လည်း ၊ အကျွန်ုပ် တို့အရှင် ဘုရား သခင်သည် ကရုဏာ ကို ပြခြင်း၊ အပြစ် ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။ 10 အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက် တို့ဖြင့် အကျွန်ုပ် တို့၌ ထား တော်မူ သော ပညတ် တရားတော်လမ်းသို့ လိုက် ခြင်းငှါ ၊ ဗျာဒိတ် တော်အသံ ကို အကျွန်ုပ်တို့သည်နား ထောင်ဘဲ နေကြ ပါပြီ။ 11 အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။ 12 အကျွန်ုပ် တို့တဘက် ၊ အကျွန်ုပ် တို့ကို အုပ် သော တရားသူကြီး တို့ တဘက် ၌ မိန့် တော်မူသော စကား တော် ကို တည် စေ၍ ၊ အကျွန်ုပ် တို့အပေါ် မှာ ကြီးစွာ သော ဘေးဥပဒ် ကို ရောက် စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင် မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မ ရောက်စဖူးပါ။ 13 မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ မှတ်သား သည် အတိုင်း ၊ ဤ ဘေးဥပဒ် ရှိသမျှ သည် အကျွန်ုပ် တို့အပေါ် မှာ ရောက် ပါပြီ။ အကျွန်ုပ် တို့သည် ဒုစရိုက် များကိုရှောင်၍ သမ္မာ တရားတော်ကို နားလည် ခြင်းအလိုငှါ ၊ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ထံ တော်၌ မ တောင်းပန် ဘဲ နေကြပါပြီတကား။ 14 ထို့ကြောင့် ၊ ထာဝရဘုရား သည် ဘေးဥပဒ် ကို စောင့်၍၊ အကျွန်ုပ် တို့အပေါ် သို့ရောက် စေတော်မူပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ပြု တော်မူသမျှ တို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နား ထောင်ဘဲ နေကြပါပြီ တကား။ 15 တန်ခိုး ကြီးသောလက် တော်ဖြင့် ကိုယ်တော် ၏ လူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၊ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသောအကျွန်ုပ် တို့၏ အရှင် ဘုရား သခင်၊ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ မ တရားသဖြင့်ပြုမိပါပြီ။ 16 အိုဘုရား ရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှ တို့နှင့်အညီ ၊ သန့်ရှင်း သော တောင် တော် တည်းဟူသောကိုယ်တော် ၏ ယေရုရှလင် မြို့ မှ ပြင်းစွာသော ဒေါသ အမျက် တော်ကို လွှဲ တော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့ အပြစ် များမှစ၍ဘိုးဘေး တို့၏ အပြစ် များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏လူစု သည် ပတ်ဝန်းကျင် ၌ရှိသောသူတို့ တွင် ကဲ့ရဲ့ စရာအကြောင်းဖြစ်ပါ၏။ 17 ယခု မူကား ၊ အကျွန်ုပ် တို့ဘုရား သခင်၊ ကိုယ်တော် ၏ ကျွန် ပြုသောပဌနာ စကားကို နားထောင် တော်မူ ပါ။ ဆိတ်ညံ လျက်ရှိသောသန့်ရှင်း ရာဌာနတော်ကို ဘုရား ရှင်၏ အကျိုး တော်ကြောင့်၊ မျက်နှာ တော် ရောင်ခြည်ကို ထွန်းလင်း စေတော်မူပါ။ 18 အကျွန်ုပ် ၏ဘုရား သခင်၊ နား တော်ကိုလှည့် နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့် အကျွန်ုပ် တို့ ပျက်စီး ရာများကို၎င်း၊ နာမ တော်ဖြင့် သမုတ် သော မြို့ ကို၎င်း ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့သည် ကိုယ် ကုသိုလ် ကို အမှီ ပြု၊ မဟာ ကရုဏာ တော်ကိုသာ အမှီ ပြု၍ ပဌနာ စကားကို ရှေ့ တော်၌ ဆက်ကပ်ပါ၏။ 19 အိုဘုရား ရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ အပြစ်ကိုလွှတ် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ပြု တော်မူပါ။ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲ တော်မ မူပါနှင့်။ ကိုယ်တော် ၏မြို့ ၊ ကိုယ်တော် ၏ လူစု သည် နာမ တော်ဖြင့် သမုတ် ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာပြု ၏။ 20 ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊ 21 ဆုတောင်း သော အမှုမပြီးမှီ မြွက်ဆို စဉ် တွင်၊ ယခင် ဗျာဒိတ် ရူပါရုံ၌ ထင်ရှား သော သူ၊ ဂါဗေလ သည် လျင်မြန်စွာ ပျံ ၍လာ သဖြင့်၊ ညဦးယံ ပူဇော် ချိန် ၌ ရှိရာသို့ ရောက်၍၊ 22 နှုတ်ဆက်လျက်၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဉာဏ် ပညာတိုးပွားစေမည်အကြောင်းထွက် လာပြီ။ 23 သင် သည် ဆုတောင်း ပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍၊ သင့်အားကြားပြော ခြင်းငှါ ငါ ရောက် လာပြီ။ သင် သည် အလွန် ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ၊ ဗျာဒိတ် တော်အချက်ကို ဆင်ခြင် နားလည် ရသောအခွင့်ရှိ၏။ 24 လွန်ကျူး ခြင်းအမှုကို ဆီးတား အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။ 25 ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။ 26 ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ 27 သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

10

1 ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။ 2 ထို ကာလ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။ 3 အရက် နှစ်ဆယ် တရက်မ စေ့ မှီမြိန် သော မုန့် ကိုမ စား ။ အမဲသား နှင့် စပျစ်ရည် ကိုမ မြည်း ။ ဆီ လိမ်းခြင်းကိုလည်း အလျှင်းမပြု။ 4 ပဌမ နှစ် ဆယ် လေး ရက် နေ့၌ ငါ သည် ဟိဒကေလ မြစ် ကြီး အနားမှာရှိ စဉ်၊ 5 မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။ 6 သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။ 7 ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။ 8 ငါ မူကား၊ တယောက် တည်းနေရစ် ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။ 9 သို့ရာတွင် ၊ ထိုသူ ၏ စကား သံ ကို ငါကြား ၏။ ကြား သောအခါ မြေ ပေါ် မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ၏။ 10 ထိုအခါ လက် တဘက်သည်ငါ့ ကို ကြွ ၊ ငါ သည် ဒူး နှင့် လက်ဝါး ဖြင့် ထောက် လျက်နေရ၏။ 11 သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။ 12 ထိုအခါ သူကလည်း၊ အချင်းဒံယေလ ၊ မ ကြောက် နှင့်။ သင် သည် နားလည် ခြင်းငှါ ၎င်း ၊ သင် ၏ ဘုရား ရှေ့ မှာ ကိုယ်ကိုကိုယ်ဆုံးမ ခြင်းငှါ ၎င်း ၊ စိတ် ပြဌာန်း သော ပဌမ နေ့ မှစ၍ သင် ၏ စကား ကိုကြား တော်မူပြီ။ ထိုစကား ကြောင့် လည်း ငါ ရောက် လာပြီ။ 13 ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။ 14 ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။ 15 ထိုသို့ ပြောဆို ပြီးမှ ၊ ငါသည် ဦးညွတ်ပြပ်ဝပ်၍ စကား မပြောနိုင်ပဲနေ၏။ 16 ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ 17 ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။ 18 နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင်19 အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။ 20 ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။ 21 သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။

11

1 ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။ 2 ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။ 3 ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။ 4 ထိုသူသည် ပေါ် လာပြီးမှ နိုင်ငံ တော်ကျိုးပဲ့ ၊ သူတပါးတို့သည် မိုဃ်း ကောင်းကင်လေး မျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် ၊ အစိုးရသောသူတို့ သည် အမျိုးအနွယ်တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံ တော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြား သောသူတို့ သည် ရကြလိမ့်မည်။ 5 ထိုအခါ တောင် ရှင် ဘုရင်သည် တန်ခိုး ကြီးလိမ့်မည် ။ မင်း စုထဲ၌မင်းတပါးသည် ထိုသူ ထက် တန်ခိုး ကြီး၍ အာဏာ တည်လိမ့်မည်။ သူ ၏အာဏာ လည်း အလွန် ကျယ်လိမ့်မည်။ 6 ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။ 7 ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် နိုင်လိမ့်မည်။ 8 သူ တို့၏ဘုရား များ၊ သွန်း သောရုပ်တုများ၊ အဘိုး ထိုက်သောငွေ ဖလား ၊ ရွှေ ဖလားများကို အဲဂုတ္တု ပြည်သို့ သိမ်း သွားလိမ့်မည်။ သူသည်လည်း မြောက် ရှင်ဘုရင် ထက် အသက် ရှည်လိမ့်မည်။ 9 တဖန် မြောက်ရှင်ဘုရင်သည် တောင် ရှင်ဘုရင် ၏နိုင်ငံ သို့ ဝင် သော်လည်း မိမိ ပြည် သို့ ပြန် သွားရ လိမ့်မည်။ 10 သား တော်တို့သည် ထပြန်၍ များစွာ သော အလုံးအရင်း ကို စုဝေး ကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုး ချင်းနင်း လိမ့်မည်။ တဖန် ပြန် လာ၍ သူ ၏မြို့ တိုင်အောင် လုပ်ကြံ လိမ့်မည်။ 11 တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။ 12 ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။ 13 အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။ 14 ထို ကာလ တောင် ရှင်ဘုရင် ကို ရန်ဘက်ပြု သောသူတို့သည် များ ကြလိမ့်မည်။ သင် ၏အမျိုးသား ချင်း ဖြစ်သော သူပုန် တို့သည် ဗျာဒိတ် ရူပါရုံကို ပြည့်စုံစေ ခြင်းငှါ ၊ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ 15 မြောက် ရှင် ဘုရင်သည် လာ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား ရှိသောကြောင့် ဆီးတား ရကြ ။ 16 တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။ 17 ဖြောင့်မတ် သောသူတို့ သည် လိုက်လျက် ထိုမင်း သည် မိမိ နိုင်ငံ ၏ အလုံးအရင်းရှိသမျှ တို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ် အားဖြင့်ဖျက်ဆီး ခြင်းငှါ ပေးစား လိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။ 18 တဖန် ကျွန်းစု သို့ မျက်နှာ လှည့် ကျွန်းအများ တို့ကို လုပ်ကြံ လိမ့်မည်။ သို့ရာတွင် ၊ ဗိုလ်မင်း တပါးသည် မိမိ ခံရသောအသရေ ဖျက်ခြင်းကို မိမိမှလွှဲ ပယ်၍၊ ထို အသရေပျက် ခြင်းကို တိုက်လာသောမင်းအပေါ် သို့ ပြန် ရောက်စေလိမ့်မည်။ 19 ထိုမင်းသည်လည်း မိမိ နေရာမြို့ တော်သို့ ပြန် သွားပြီးလျှင် ၊ ထိမိ လဲ သဖြင့် ကွယ်ပျောက် လိမ့်မည်။ 20 ထိုမင်းအရာ ၌လည်း နိုင်ငံ တော်၏ ဘုန်း စည်းစိမ် ကို ရှုတ်ချ လျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသ အမျက်မ ထွက်၊ စစ် မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။ 21 ထိုသူအရာ လည်း မင်းစည်းစိမ် ကိုခံထိုက်သော သူမဟုတ်၊ ယုတ်မာ သောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက် မပြု ချော့မော့ ခြင်းအားဖြင့် နိုင်ငံ ကို ရ လိမ့်မည်။ 22 လွှမ်းမိုး သော လက်နက် တို့သည် သူ့ ရှေ့ မှာ မြုပ် ဆုံးရှုံး လိမ့်မည်။ မိဿဟာယ ခံသော မင်း လည်း ဆုံးရှုံးလိမ့်မည်။ 23 အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာ ပျက်သဖြင့်၊ တက် လာ၍ လူ အနည်းငယ် မျှ ပါသော်လည်း တန်ခိုး ကြီးလိမ့်မည်။ 24 အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။ 25 ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။ 26 ထိုသူကျွေးမွေးခြင်းကို ခံရသောသူတို့ သည် လည်း၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီး သောအားဖြင့်၊ သူ ၏ တပ် မြုပ် ၊ စစ်သူရဲများတို့သည် အသက် ဆုံးကြလိမ့်မည်။ 27 ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။ 28 တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။ 29 ချိန်းချက် သော အချိန်၌ လည်း တောင် မျက်နှာသို့ တဖန်ပြန် လာဦးမည်။ သို့သော်လည်း ၊ အရင် ဖြစ်သကဲ့သို့ ဟုတ် ။ နောက် ဖြစ်သကဲ့သို့ လည်းမဟုတ်။ 30 အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။ 31 ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။ 32 ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။ 33 လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။ 34 လဲ ကြသောအခါ အနည်းငယ် သော မစ ခြင်းကို တဖန် ခံရကြလိမ့်မည်။ လူအများ တို့သည် ချော့မော့ ရာသို့ လိုက်၍ဆည်းကပ် ကြလိမ့်မည်။ 35 အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။ 36 ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။ 37 ထိုမင်းသည် ဘိုးဘေး တို့ ကိုးကွယ်သော ဘုရား ကို၎င်း၊ မိန်းမ ၌ တပ်မက်သောအလို ကို၎င်း ၊ တပါးသော ဘုရား များကို၎င်းပမာဏ ပြု။ သူ တကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက် လိမ့်မည်။ 38 ထိုဘုရားအရာ ၌ ရဲတိုက် တို့၏ဘုရား နှင့်၊ ဘိုးဘေး တို့မ သိ သော ဘုရား ကို ချီးမြှောက် ၊ ရွှေ ၊ ငွေ ၊ ကျောက် မြတ် ၊ နှစ်သက် ဘွယ်သော တန်ဆာများကို ပူဇော် လိမ့်မည်။ 39 ခိုင်ခံ့ သော ရဲတိုက် များကို ၎င်း၊ မိမိဝန်ခံသောတပါး အမျိုးသားဘုရား ကို၎င်းပြုစု ၍၊ ဂုဏ် အသရေတိုးပွား စေလိမ့်မည်။ လူများ တို့အပေါ် မှာအုပ်စိုး ရသောအခွင့်ကိုပေး၍ ၊ စီးပွား ဖြစ်ခြင်းအလိုငှါမြေ ကို ဝေဖန် လိမ့်မည် ။ 40 အမှုကုန် ရသည်ကာလ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ချင်းနင်း လွှမ်းမိုးလိမ့်မည်။ 41 သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။ 42 ထိုမင်းသည် အပြည်ပြည် တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တု ပြည် လည်း လွတ် ရ။ 43 ထိုပြည်မှာရှိသော ရွှေ ဘဏ္ဍာ ၊ ငွေ ဘဏ္ဍာ၊ အဘိုးထိုက် သော ဥစ္စာများကို အပိုင် ရလိမ့်မည်။ လိဗု ပြည်သားနှင့် ကုရှ ပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ 44 သို့ရာတွင် သူသည် အရှေ့ မျက်နှာ၊ မြောက် မျက်နှာအရပ်မှ သိတင်း ကိုကြား၍ စိတ်ပူပန် သဖြင့်၊ လူအများ တို့ကို ဖျက်ဆီး သုတ်သင် ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာ သော ဒေါသ အမျက်နှင့် ထွက်သွား လိမ့်မည်။ 45 ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။

12

1 ထို ကာလ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။ 2 ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့်၎င်း ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။ 3 ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။ 4 သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။ 5 ထိုအခါ ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး စီရပ် နေကြ၏။ 6 တပါးကလည်း၊ အံ့ဘွယ် သော ဤအမှုအရာတို့သည် မ ကုန်စင် မှီ အဘယ် မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချော ကိုဝတ် လျက်၊ မြစ် ရေ ပေါ် မှာရှိသော လူ ကို မေးမြန်း ၏။ 7 ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။ 8 ထိုစကားကို ငါ ကြား နား လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင်9 ထိုသူက ဒံယေလ ၊ သင်သွား လော့။ ထိုစကား သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် တံဆိပ် ခတ်ထားလျက်ရှိ၏။ 10 လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍ စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ တရားသောသူတို့ သည် မ တရားသဖြင့် ပြု၍ တယောက် မျှ နား လည်ရ။ ပညာ ရှိသောသူတို့ မူကား ၊ နားလည် ကြ လိမ့်မည်။ 11 နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။ 12 အရက် ထောင်သုံး ရာ သုံး ဆယ်ငါး ရက်တိုင်အောင် ငံ့လင့် မှီ သောသူသည် မင်္ဂလာ ရှိ၏။ 13 သင် မူကား ၊ အဆုံး မဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ် စွာ နေရလိမ့်မည်။ နေ့ရက် ကာလ ကုန်စင် ပြီးမှ၊ ကိုယ် အရိပ် အရာကိုခံ၍ ပေါ် ရလိမ့်မည်ဟုဆို၏။