ကောလောသဲဩဝါဒစာ
11 ဘုရားသခင် ၏ အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါ ပေါလုနှင့် ငါညီ တိမောသေ သည်၊ 2 ကောလောသဲ မြို့၌ နေသော သန့်ရှင်း သူတည်းဟူသော၊ ခရစ်တော် ကို ယုံကြည် သောညီအစ်ကို တို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 3 သင် တို့သည် ယေရှု ခရစ် ကို ယုံကြည် ၍၊ 4 သမ္မာ တရား တည်းဟူသောဧဝံဂေလိ တရားကို သင်တို့သည်အထက်က ကြားသိ ကြသည်အတိုင်း၊ သင်တို့ အဘို့ကောင်းကင် ဘုံ၌ သိုထား သော မြော်လင့် ရာကို ထောက် သဖြင့်၎င်း၊ သင် တို့အဘို့ အစဉ်မပြတ် ဆုတောင်း ၍၊ 5 ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် တည်းဟူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းကြ၏။ 6 ထိုတရားသည် လောကီ နိုင်ငံတရှောက် လုံးကို နှံ့ပြားသည်နှင့်အညီ ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင် တို့၌ အသီး သီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။ 7 သင် တို့အမှုကို စောင့်၍၊ ခရစ်တော် ထံ၌သစ္စာရှိ သော ဆရာ တည်းဟူသောငါ တို့ချစ် သော ကျွန်ချင်း ဧပဖြ သည် သင်တို့ကို သွန်သင် သည်အတိုင်း သင်တို့သည် ကြား ၍ ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို မှန်ကန် စွာ ဝန်ခံ သောနေ့ မှစ၍ ထိုသို့သောအကျိုးရှိ၏။ 8 သင် တို့၌ ရှိသော ဝိညာဉ် ပကတိမေတ္တာ ကို ဧပဖြ သည် ငါ တို့အားပြ ခဲ့ပြီ။ 9 ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသည်နေ့ မှစ၍ ၊ သင် တို့အဘို့ အလိုငှာ အစဉ်မပြတ် ဆုတောင်း ပဌနာပြုလျက် နေကြ၏။။ 10 ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သော အကျင့် အမျိုးမျိုး တည်းဟူသောအသီးကိုသီး ခြင်း၊ ဘုရားသခင် ကိုသိသော ဉာဏ် တိုးပွား ခြင်း ရှိသဖြင့် ၎င်း၊ ဝမ်းမြောက် သောစိတ်နှင့် အရာရာ ၌ သည်းခံ ခြင်း၊ စိတ်ရှည် ခြင်းအလိုငှာ၊ ဘုန်းကြီး သော တန်ခိုး တော်အတိုင်း ခွန်အား နှင့် ပြည့်စုံ သဖြင့်၎င်း၊ 11 ခမည်းတော် ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ သခင် ဘုရားနှင့် ထိုက်လျောက် စွာ ကျင့် ၍ အရာရာ ၌ နှစ်သက် တော်မူစေခြင်းငှာ၊ ပညာ အမျိုးမျိုး ၊ ဓမ္မဉာဏ် အမျိုးမျိုးအားဖြင့်အလို တော်ကို အကုန်အစင်နားလည် ပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။။ 12 အလင်း ၌ နေသောသန့်ရှင်း သူတို့၏ အမွေကို ငါတို့သည် ဆက်ဆံ ဝင်စားထိုက် မည်အကြောင်း ကျေးဇူးပြုတော်မူ၏။။ 13 မှောင်မိုက် တန်ခိုး မှ လည်းငါ တို့ကိုနှုတ် ၍၊ ချစ် တော်မူသောသား တော်၏ နိုင်ငံ ထဲသို့ သွင်း တော်မူ၏။။ 14 ထိုသား တော်၏ အသွေးအားဖြင့် အပြစ် လွှတ် တော်မူခြင်းတည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရ ကြ၏။။ 15 ထိုသား တော်သည် မျက်မြင် မရသော ဘုရားသခင် ၏ ပုံ သဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျ သတ္တဝါ အပေါင်း တို့တွင်လည်း သားဦး ဖြစ် တော်မူ၏။။ 16 အကြောင်းမူကား ၊ ထိုသား တော်သည် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပ အရာ၊ အရူပ အရာ၊ ရာဇပလ္လင် ဖြစ်စေ ၊ အစိုးရ ခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာစက် ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ထိုသခင် အားဖြင့် ၎င်း ၊ ထိုသခင် အဘို့ အလိုငှာ၎င်း၊ ခပ်သိမ်း သောအရာတို့ သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။။ 17 သား တော်သည်လည်း ခပ်သိမ်း သောအရာ မ ဖြစ်မှီ ဖြစ် တော်မူ၍ ခပ်သိမ်း သောအရာတို့သည် တန်ခိုး တော်အားဖြင့် သာ တည် ကြ၏။။ 18 အသင်းတော် တည်းဟူသောကိုယ် ၏ ဦးခေါင်း ဖြစ် တော်မူ၏။ အရာရာ ၌ ထူးမြတ် ခြင်းငှာ မူလ အရင်း ဖြစ် ၍၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူ၏။။ 19 အကြောင်းမူကား ၊ ခပ်သိမ်း သောပြည့်စုံ ခြင်းကို သား တော်၌ ကျိန်းဝပ် စေခြင်းငှာ၎င်း ၊ 20 လက်ဝါးကပ်တိုင် မှာ သွန်းသောအသွေး တော်အားဖြင့် ရန် ကိုငြိမ်းစေ၍၊ ကောင်းကင် အရာ ဖြစ်စေ ၊ မြေကြီး အရာ ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို သား တော်အားဖြင့် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့စေခြင်းငှာ၎င်း အလိုရှိတော်မူ၏။။ 21 အထက် က ဘုရားသခင်နှင့် ကွာရှင်း ၍၊ ဆိုးညစ် သောအကျင့် ကို ကျင့်သဖြင့် စိတ် နှလုံး၌ ရန်သူ ဖြစ်သောသင် တို့ကို၊ ကိုယ် ခန္ဓာ တော်၌ အသေခံ တော်မူသော အားဖြင့် ၊ ယခု မိဿဟာယ ဖွဲ့စေတော်မူ၏။။ 22 အကြောင်းမူကား၊ ကောင်းကင် အောက် ၌ ရှိသမျှ သော ဝေနေယျ သတ္တဝါတို့အား ဟောပြော သဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြား ရပြီးသော ဧဝံဂေလိ တရား၏ မြော်လင့် ခြင်းမှ မ ရွေ့လျော့ ဘဲ၊ 23 တိုက်မြစ် ကျခြင်း၊ တည်ကြည် ခြင်းနှင့်တကွမြဲမြံ စွာယုံကြည် ကြလျှင် ၊ သန့်ရှင်း စင်ကြယ်လျက် အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင် တို့ကို ရှေ့ တော်၌ ဆက်သ မည်အကြောင်းတည်း။။ 24 ငါ ပေါလု သည်ထိုတရား ကို ဟောသောဆရာ ဖြစ်သည်နှင့် သင် တို့အဘို့ အလိုငှာ ဆင်းရဲ ခံခြင်း၌ ယခု ဝမ်းမြောက် ၍၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခအကြွင်း အကျန်ကို အသင်းတော် တည်းဟူသောကိုယ်တော် အဘို့ အလိုငှာ ငါ့ ကိုယ်ခန္ဓာ ၌ ပြည့်စုံ စေ၏။။ 25 ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော်လည်း ၊ ယခု တွင် သန့်ရှင်း သူတို့အား ဘော်ပြ သော နက်နဲ ရာတည်းဟူသောဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှာ၊ 26 သင်တို့အကျိုးကို ထောက်၍၊ ငါ အား အပ်ပေး တော်မူသော ဘုရားသခင် ၏ သာသနာ တော်နှင့်အညီ ၊ ငါ သည် အသင်းတော်၌ ဓမ္မဆရာ ၏ အဖြစ်သို့ရောက်ရပြီ။။ 27 တပါး အမျိုးသားတို့တွင် ဤ နက်နဲ သောအရာနှင့်ဆိုင်သောမဟာ စည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်း သူတို့သည် သိ စေခြင်းငှာ၊ ဘုရားသခင် အလိုရှိ တော်မူ၏။ ထို စည်းစိမ်ကား၊ ဘုန်း အသရေကို မြော်လင့် ခြင်းအကြောင်းတည်းဟူသောသင် တို့အထဲ ၌ တည် တော်မူသော ခရစ်တော် ပေတည်း။။ 28 ခရစ်တော် အားဖြင့် လူ တိုင်း စုံလင် ခြင်းသို့ ရောက် ၍ လူ ခပ်သိမ်း တို့ကို ဆက်သအံ့သောငှာ၊ ငါ တို့သည် လူ ခပ်သိမ်း တို့ကို သတိပေး ၍ ပညာ အမျိုးမျိုး နှင့် ဆုံးမ သွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြော ကြ၏။။ 29 ထိုသို့ အလိုငှာ ငါသည် အမှုဆောင်ရွက် ၍၊ ငါ ၌ တန်ခိုး တော် ပြုပြင်အားထုတ် တော်မူသည်အတိုင်း ကြိုးစား အားထုတ်လေ့ရှိ၏။
21 သင် တို့နှင့် လောဒိကိ မြို့သူမြို့သားတို့မှစ၍ ၊ ငါ့ မျက်နှာ ကို မ မြင် ဘူးသောသူ ရှိသမျှ တို့သည်။ 2 မေတ္တာ ချင်းထုံးဖွဲ့ ၍၊ ခမည်းတော်ဘုရား နှင့် ခရစ်တော် ၏ နက်နဲ သောအရာကို နားလည် နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဉာဏ် ၏စည်းစိမ် အပေါင်း နှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာ စေမည်အကြောင်း အဘယ်မျှလောက် ကြီးသော တိုက်လှန် ခြင်းကို ငါခံရ သည်ဟု သင် တို့သိ စေခြင်းငှာငါအလိုရှိ ၏။ 3 ထိုနက်နဲ သောအရာ၌ ပညာ ဘဏ္ဍာ ၊ ဉာဏ် ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထား လျက် ရှိ ကြ၏။ 4 အဘယ် မည်သောသူမျှ ဖြားယောင်း သောစကားအားဖြင့် သင် တို့ကို မလှည့်ဖြား စေခြင်းငှာ ၊ စကားကို ငါ ပြောဆို၏။ 5 ငါသည် ကိုယ်ခန္ဓာ အားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ် အားဖြင့် သင် တို့နှင့်အတူ ရှိ သည်ဖြစ်၍၊ သင် တို့သည် လျောက်ပတ် စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း ၊ ခရစ်တော် ၌ ခိုင်ခံ့ စွာ ယုံကြည် သည် ကို၎င်း မြင် လျှင် ဝမ်းမြောက်ခြင်း ရှိ၏။ 6 ထို့ကြောင့် သင်တို့သည် သခင် ယေရှု ခရစ် ကို ခံယူ ပြီးသည်ဖြစ်၍၊ ထိုသခင် ၌ စိုက်ပျိုး ခြင်း၊ တည်ဆောက် ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည် ခြင်း၌ မြဲမြံ စွာစွဲလမ်းလျက် ၊ 7 ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွား ပြည့်စုံလျက်၊ ထိုသခင် ၌ ကျင်လည် ကြလော့။ 8 ခရစ်တော် ၏တရား ကို မ လိုက်၊ လူ အဆက်ဆက်ခံသော နည်း ဥပဒေသနှင့် လောကီ တရားနုကို လိုက် ၍၊ လောကီပညာ နှင့် အချည်းနှီး သောပရိယာယ် အားဖြင့် သင် တို့ကို အဘယ်သူ မျှမလုယူမဖျက်ဆီး စေခြင်းငှာသတိပြု ကြလော့။ 9 အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။ 10 အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။ 11 ခရစ်တော် ၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ် ကိုပယ်ရှင်း ၍၊ လက် ဖြင့်မလုပ်သော အရေဖျားလှီး ခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ 12 ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောဘုရားသခင် ၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည် သောအားဖြင့် ၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။။ 13 ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။ 14 ငါ တို့နှင့်ဆန့်ကျင်ဘက် ဖြစ်သောဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍၊ လက်ဝါးကပ်တိုင် မှာ ရိုက် ထားလျက်၊ ငါ တို့စပ်ကြား ထဲက ပယ်ရှင်း တော်မူပြီ။။ 15 အထွဋ်အမြတ် ၊ အာဏာစက် များကို လုယူ လျှင် ၊ ထင်ရှား စွာ ထုတ်ပြ ၍လက်ဝါးကပ်တိုင် တော်အားဖြင့် အောင်ပွဲ ကို ခံတော်မူပြီ။။ 16 ထိုကြောင့် စား သောက် ခြင်းအမှု၊ ပွဲ နေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်းအမှုတွင် သင် တို့ကို အဘယ်သူ မျှ မ စစ်ကြော မစီရင်စေနှင့်။။ 17 ထို အရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ် ကြ၏။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ် ဖြစ်၏။။ 18 ဦးခေါင်း တော်ကို အမှီ မ ပြု၊ ဇာတိ ပကတိ၏ စိတ် နှလုံးအချည်းနှီး ထောင်လွှား လျက်၊ မိမိ မသိ မမြင် သောအရာ ကို စူးစမ်း လျက်၊ စိတ် နှိမ့်ချခြင်း၌ ၎င်း၊ ကောင်းကင် တမန်ကို ကိုးကွယ် ခြင်း၌ ၎င်း မွေ့လျော် သောသူ တစ်စုံတစ်ယောက်မျှ သင် တို့ဆု ကို မ လုမယူစေနှင့်။။ 19 ဦးခေါင်း တော်မှ တစ်ကိုယ် လုံး သည် အဆစ် အပိုင်းအထုံးအဖွဲ့ များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့ လျက်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွား တတ်၏။။ 20 သင်တို့သည် ခရစ်တော် နှင့်အတူ သေ ၍ ၊ လောကီ တရားနု မှ စုတေ့ကြသည်မှန်လျှင်၊ 21 မ တို့ နှင့်၊ မ မြည်း နှင့်၊ မ ကိုင် နှင့်ဟူသော ပညတ်စကားကို လောကီ အသက် ရှင်သေးသကဲ့သို့ ၊ အဘယ်ကြောင့် နားထောင်ကြသနည်း။။ 22 လူ တို့၏ ပညတ် ဩဝါဒ အတိုင်း စောင့်ရှောက် သော ထိုပညတ်ရှိသမျှ တို့သည် ပုပ်ပျက် စေခြင်းအကြောင်း ဖြစ် ကြ၏။။ 23 ထိုသို့သောပညတ် တို့သည် ကိုယ် အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက်ကိုးကွယ် ခြင်း၊ စိတ် နှိမ့်ချခြင်း၊ ကိုယ် ကာယကို နှိပ်စက် ခြင်းနှင့်ဆိုင်၍ ၊ ပညာရှိ ယောင်ဆောင်ကြ၏။
31 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော် နှင့်အတူထမြောက် ကြသည်မှန်လျှင် ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်မှာ ခရစ်တော် သည် ထိုင် နေ တော်မူရာအရပ် ၌ရှိ သော အထက် အရာ တို့ကိုရှာ ကြလော့။ 2 မြေကြီး ပေါ်မှာ ရှိသောအရာ တို့ကို စွဲလမ်းသောစိတ်မ ရှိကြနှင့်။ အထက် အရာ တို့ကိုသာစိတ် စွဲလမ်းခြင်း ရှိကြလော့။ 3 အကြောင်းမူကား ၊ သင်တို့သည် သေ သောသူ ဖြစ်၍သင် တို့အသက် သည် ခရစ်တော် နှင့်အတူ ဘုရားသခင် ၌ ဝှက်ထား လျက်ရှိ၏။ 4 ငါ တို့အသက် တည်းဟူသောခရစ်တော် သည် ထင်ရှား တော်မူသောအခါ ၊ ငါ တို့သည်လည်း ထိုသခင် နှင့်အတူ ဘုန်းကြီး ၍ ထင်ရှား ကြလတံ့။ 5 ထိုကြောင့် မတရား သော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ ပူပန်ခြင်း၊ ဆိုးညစ် သော တပ်မက် ခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းဖြစ်သောလောဘ လွန်ကျူးခြင်းတည်းဟူသော ၊ မြေကြီး ပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါ တို့ကို သေ စေကြလော့။ 6 ထိုအမှု များကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် သော သူတို့အပေါ် ၌သင့်ရောက် ပေ၏။ 7 ထိုသူ တို့နှင့် သင် တို့သည်လည်း အထက် က ပေါင်းဖော် သောအခါ ၊ ထို အမှုများ၌ ကျင်လည် ကြ၏။ 8 ယခု မူကား ၊ ထိုအမှုအလုံးစုံ တို့ကို၎င်း၊ အမျက်ထွက် ခြင်း၊ စိတ်ဆိုး ခြင်း၊ မနာလို ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်းတို့ကို၎င်း၊ သင် တို့နှုတ် မှ ပယ်ရှင်း ကြလော့။ 9 အချင်းချင်း မုသာ စကားကို မ ပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူ ဟောင်း ၏ အကျင့် တို့ နှင့် လူဟောင်း ၏ ကိုယ်ကို ချွန်ပယ် ၍၊ 10 ဖန်ဆင်း တော်မူသောသူ ၏ ပုံ သဏ္ဌာန်နှင့်အညီ ၊ မှန်သောပညာ အားဖြင့် အသစ် ပြုပြင်သော လူသစ် ကို ယူတင်ဝတ်ဆောင် သောသူ ဖြစ်ကြ၏။။ 11 ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။ 12 ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်း သောသူ၊ ချစ် အပ်သောသူ ကဲ့သို့ ၊ သနားစုံမက် ခြင်း၊ ကျေးဇူး ပြုခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။။ 13 တစ်ယောက် ၌ တစ်ယောက် အပြစ်တင် စရာအခွင့် ရှိ လျှင် ၊ အချင်းချင်း သည်းခံ ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော် သည် သင် တို့၏အပြစ်ကို လွှတ် တော်မူသကဲ့သို့ ၊ ထိုနည်းတူ ပြုကြလော့။။ 14 စုံလင် ခြင်းအဖွဲ့အစည်း တည်းဟူသော ချစ် ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။။ 15 သင် တို့စိတ် နှလုံးအထဲ ၌ ခရစ်တော် ၏ ငြိမ်သက် ခြင်းအုပ်စိုး စေ။ ထိုသို့အလိုငှာ သင် တို့သည် တစ် လုံးတစ်ကိုယ် တည်း၌ ခေါ် ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူး တော်ကို သိသောစိတ်ရှိ ကြလော့။။ 16 ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။ 17 စကား ပြောသော်၎င်း ၊ အမှုဆောင်ရွက် သော်၎င်း၊ သခင် ယေရှု ၏ နာမ တော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူ လျက် ၊ ကျေးဇူး တော်ကြီးလှပါ၏ဟု ထိုသခင် ကို အမှီပြု ၍ ခမည်းတော် ဘုရားသခင် ရှေ့၌ ဝန်ခံကြလော့။။ 18 အချင်းမိန်းမ တို့၊ သခင် ဘုရား၌ လျောက်ပတ် သည်အတိုင်း ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ လော့။။ 19 အချင်းယောက်ျား တို့၊ ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။ ကြမ်းတမ်း စွာမ ပြုကြနှင့်။။ 20 သားသမီး တို့၊ မိဘ စကားကို အရာရာ ၌ နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင် ဘုရားနှစ်သက် တော်မူသော အမှုဖြစ် ၏။။ 21 အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာ မ ပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။။ 22 အစေခံကျွန် တို့၊ သခင် ဘုရားကို ကြောက်ရွံ့ လျက်၊ သူ တို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌သာ နားထောင်သည်မ ဟုတ်၊ စိတ် နှစ်ခွ မရှိဘဲ၊ လောကီ သခင် ၏စကားကို အရာရာ ၌ နားထောင် ကြလော့။။ 23 လူ ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြု လေသမျှ တို့၌ စေတနာစိတ် နှင့် ပြု ကြလော့။။ 24 သင်တို့သည် သခင် ခရစ်တော် ၏ အစေ ကို ခံကြသည်ဖြစ်၍၊ အမွေ တော်တည်းဟူသောအကျိုး ကို၊ ထို သခင်ဘုရား၏ လက်တော်မှ ခံရ လိမ့်မည်ဟု သိမှတ် ကြလော့။။ 25 မတရား သောအမှုကို ပြုသောအမှုမည်သည်ကား၊ မိမိ ပြုသောအမှု၏ အကျိုးအပြစ်ကို ခံရ လိမ့်မည်။ အဘယ်သူ ၏ မျက်နှာ ကို မှတ်တော်မ မူ။
41 သခင် တို့၊ သင် တို့၏သခင် သည် ကောင်းကင် ဘုံ၌ ရှိ တော်မူသည်ကို သိမှတ် ၍၊ ဖြောင့်မတ် ခြင်းတရား၊ မျှ ခြင်းတရားနှင့်အညီကိုယ်ကျွန် တို့ကို ပြု ကြလော့။ 2 ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြု၍၊ ကျေးဇူး တော်ကို ချီးမွမ်းလျက် စောင့်ရှောက် ကြလော့။ 3 ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။ 4 ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင် သည် တရား ဟောရာတံခါး ကို ငါ တို့အား ဖွင့် တော်မူမည်အကြောင်း ကို၎င်း၊ ထို နက်နဲသောအရာကို ဟောပြော အပ်သည်နှင့်အညီ ငါ ဘော်ပြ မည် အကြောင်း ကို၎င်း၊ ငါ တို့အဘို့ လည်း ဆုတောင်း ကြလော့။ 5 ပြင်ပ လူ တို့၏ မျက်နှာကိုထောက်လျက်၊ ပညာ နှင့် ကျင့်ဆောင် ၍ ကာလ အချိန်ကို ရွေးနှုတ် ကြလော့။ 6 လူ အသီးအသီးတို့အား အဘယ်သို့ ပြန်ပြော ရမည်ကိုသိ နိုင်မည်အကြောင်း ၊ သင် တို့စကား သည် ဆား အားဖြင့်ငန်သော အရသာ နှင့် ပြည့်စုံ လျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။ 7 သခင် ဘုရား၌ သစ္စာရှိ သောဆရာ ၊ ငါတို့ကျွန်ချင်း တည်းဟူသော၊ ငါချစ် သောညီ တုခိတ် သည် ငါ ၏ အကြောင်း အရာရှိသမျှ ကို သင် တို့အား ဘော်ပြ လိမ့်မည်။ 8 သူသည် သင်တို့၏အကြောင်း အရာများကို သိ ၍၊ သင် တို့စိတ် နှလုံးကို သက်သာ စေခြင်းငှာ ၊ ထိုသူ ကို၎င်း ၊ သင် တို့အထဲ ကဖြစ် ၍ သစ္စာရှိ သော ငါချစ် သောညီ ဩနေသိမ် ကို၎င်း၊ သင် တို့ဆီသို့ ငါစေလွှတ် ၏။ 9 သူတို့သည် ဤမြို့၌ဖြစ်သမျှ သော အကြောင်း အရာကို သင် တို့အား ဖော်ပြ ကြလိမ့်မည်။။ 10 ငါ နှင့်အတူအကျဉ်း ခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူ မာကု ၊ ယုတ္တု ဟုခေါ်ဝေါ် သော ယေရှု တို့ သည် သင် တို့ကို နှုတ်ဆက် ကြ၏။ မာကု အတွက် သင်တို့ကို ငါမှာ လိုက်ခဲ့ပြီ။ သူ သည် သင် တို့ဆီသို့ ရောက်လာ လျှင် လက်ခံ ကြလော့။။ 11 အရေဖျားလှီး ခြင်းကိုခံသော သူ တို့တွင် ဤသူ တို့သာ ဘုရားသခင် ၏နိုင်ငံ တော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ် ၍၊ ငါ့ စိတ်ကို သက်သာ စေ ကြ၏။။ 12 သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။ 13 သင် တို့မှစ၍ လောဒိကိ မြို့နှင့် ဟေရပေါလိ မြို့၌ ရှိသော သူ တို့အဘို့ သူ သည် အလွန် စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေ ဖြစ်၏။။ 14 ငါချစ် သော ဆေးသမား လုကာ နှင့် ဒေမ သည် သင် တို့ကို နှုတ်ဆက် ကြ၏။။ 15 လောဒိကိ မြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း ၊ နှံဖ မှစ၍ သူ၏အိမ် ၌ ရှိသော အသင်းတော် ကို၎င်း နှုတ်ဆက် ကြလော့။။ 16 ဤစာ ကို သင် တို့သည် ဘတ် ပြီးမှ လောဒိကိ မြို့ အသင်းတော် ကို ဘတ် စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင် တို့ဘတ် ကြလော့။။ 17 အာခိပ္ပု ကိုလည်း ၊ သင်သည် သခင် ဘုရား၏ လက်တော်မှ ခံရ ပြီးသော ဓမ္မဆရာ ၏အမှုအရာကို ပြည့်စုံ ခြင်းငှာ သတိပြု ပါဟု ပြော ကြလော့။။ 18 ငါပေါလု သည်သင်တို့အား နှုတ်ဆက် သောအချက်ကို ကိုယ် လက် ဖြင့် ရေးထား၏။ ငါ ခံရသော ချည်နှောင် ခြင်းကို အောက်မေ့ ကြလော့။ သင် တို့၌ ကျေးဇူး တော်ရှိစေသတည်း ။ အာမင်။