အာမုတ်အနာဂတ္တိကျမ်း။
11 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ ၏သား ယေရောဗောင် မင်းတို့လက်ထက် ၊ မြေကြီး မ လှုပ် မှီနှစ် နှစ် အထက်က၊ သိုးထိန်း စုအဝင်ဖြစ်သော တေကော ရွာသားအာမုတ် သည် ဣသရေလ ပြည်အတွက် ခံရ သောဗျာဒိတ်တော်စကား ဟူမူကား၊ 2 ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရုရှလင် မြို့ထဲက အသံ ကို လွှင့် တော်မူသောကြောင့် ၊ သိုးထိန်း နေရာ တို့သည် ညှိုးငယ် ၍ ၊ ကရမေလ တောင်ထိပ် သည် နွမ်းရိ လိမ့်မည်။ 3 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဒမာသက် မြို့သည် ဂိလဒ် ပြည်ကို စပါးနယ်ရာ သံ ယန္တရား စက်တို့ နှင့် ကြိတ်နယ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။ 4 ဟာဇေလ မင်းမျိုး အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ် မင်း၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ 5 ဒမာသက် မြို့ တံခါးကန့်လန့်ကျင် တို့ကိုချိုး မည်။ အာဝင်ချိုင့် သား တို့ကို၎င်း၊ ဗေသေဒင် မြို့၌ မင်း ပြုသောသူတို့ ကို၎င်း ပယ်ဖြတ် မည်။ ရှုရိ ပြည်သား တို့သည် ကိရ မြို့သို့ သိမ်း သွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 6 တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဂါဇ မြို့သည် ချုပ်ထား သောသူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် ခြင်းငှါ သိမ်း သွားသောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။ 7 ဂါဇ မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ 8 အာဇုတ် မြို့သား တို့ကို ၎င်း ၊ အာရှကေလုန် မြို့၌ မင်း ပြုသောသူတို့ကို၎င်း ပယ်ဖြတ် မည်။ ဧကြုန် မြို့ကိုလည်း တိုက် ၍ ကျန်ကြွင်း သော ဖိလိတ္တိ လူတို့သည် ပျက်စီး ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 9 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တုရု မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ စောင့် ၊ ချုပ် ထားသော သူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။ 10 တုရု မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ 11 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဧဒုံ ပြည်သည် သနား သောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထား နှင့် လိုက် သောအပြစ်၊ ဒေါသ စိတ်နှင့် အစဉ်အမြဲ ဆွဲဖြတ် ၍ အစဉ်အမြဲ အငြိုး ထား သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။ 12 တေမန် မြို့အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗောဇရ မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ 13 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အမ္မုန် ပြည်သား တို့သည် မိမိ တို့နေရာ ကို ကျယ် စေခြင်းငှါ ၊ ကိုယ်ဝန် ဆောင်သော ဂိလဒ် ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲ သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။ 14 ရဗ္ဗာ မြို့ရိုး ကို မီး ရှို့ ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ စစ်တိုက် သောနေ့ ၌ အော်ဟစ် ခြင်း၊ မိုဃ်းသက်မုန်တိုင်း ရောက်သောနေ့ ၌ လွင့်သွားခြင်း ရှိလိမ့်မည်။ 15 သူ တို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍ ၊ မှူး တော်မတ်တော်များတို့သည် သိမ်း သွားခြင်းကို ခံရ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မောဘ ပြည်သည် ဧဒုံ ရှင်ဘုရင် ၏ အရိုး တို့ကို ထုံး ဖြစ် စေခြင်းငှါမီး နှင့် ဖုတ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။ 2 မောဘ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ကေရုတ် မြို့၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ ကြီးသော အသံ ဗလံ ပြုခြင်း၊ အော်ဟစ် ခြင်း၊ တံပိုး မှုတ်ခြင်းနှင့်တကွ မောဘ ပြည်သည် ဆုံးရှုံး ရလိမ့်မည်။ 3 မောဘ ပြည်အလယ် ၌ တရားသူကြီး ကို ငါပယ်ဖြတ် ၍ ၊ သူ နှင့်တကွ မှူးမတ် အပေါင်း တို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယုဒ အမျိုးသည် ထာဝရဘုရား စီရင် တော်မူချက်တို့ကို မ စောင့် ၊ ပညတ် တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေး တို့ လိုက် ဘူးသော မိစ္ဆာဒိဌိ အားဖြင့် မှားယွင်း သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။ 5 ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ 6 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသည် ဖြောင့်မတ် သောသူကို ငွေ နှင့် ၎င်း ၊ ဆင်းရဲ သောသူကို ခြေနင်း တရံနှင့် ၎င်း ရောင်း သောအပြစ် ၊ 7 ဆင်းရဲ သောသူတို့ ၏ခေါင်း ကို မြေမှုန့် နှင့် ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍၊ နှိမ့်ချ သောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ ခြင်းငှါ အဘ နှင့် သား သည် တဦးတည်းသောမိန်းမ ကို ပေါင်းဘော်သောအပြစ်၊ 8 ပေါင် ထားသောအဝတ် ကို ခပ်သိမ်း သော ယဇ် ပလ္လင်တို့အနား ၌ ခင်း ၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေကို ဝယ်သောစပျစ်ရည် ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ 9 အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။ 10 သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။ 11 သင် တို့သား အချို့ကို ပရောဖက် အရာ၊ လုလင် အချို့ကို နာဇရိ လူအရာ ၌ ငါခန့်ထား ပြီ။ အိုဣသရေလ အမျိုးသား တို့၊ ဤ စကားမှန် သည် မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။ 12 သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။ 13 ထိုကြောင့်၊ လှည်း သည် အပြည့် တင်သော ကောက်လှိုင်း ၏ဖိစီး ခြင်းကိုခံရသကဲ့သို့ ၊ သင် တို့၏နေရာ အရပ်ကို ငါ ဖိစီး မည်။ 14 အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။ 15 လေး ကိုကိုင် သောသူသည်မ ရပ် ရ။ လျင်မြန် သောခြေ သည် သူရဲသည် ကိုယ်ကို မ ကယ်လွှတ် ရ။ မြင်းစီး သူရဲသည်လည်း ကိုယ်ကို မ ကယ်လွှတ် ရ။ 16 ရဲရင့် သော သူရဲ သည် ထိုနေ့ ၌ အဝတ် မပါဘဲ ပြေး သွားရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
31 အိုဣသရေလ အမျိုးသား တို့၊ အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သော အမျိုးသား အပေါင်း တို့၊ သင် တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့် တော်မူသောစကား ကို နားထောင် ကြလော့။ 2 မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင် သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။ 3 လူနှစ် ဦးသည် သဘော မ တူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွား နိုင်သလော ။ 4 ခြင်္သေ့ သည် ဘမ်းစရာ မ ရှိလျှင် ၊ တော ၌ ဟောက် လိမ့်မည်လော ။ ခြင်္သေ့ပျို သည် အဘယ်အရာကိုမျှမ ဘမ်းမိ လျှင် ၊ တွင်း ထဲက အသံ ပြု လိမ့်မည်လော ။ 5 မြေ ပေါ်မှာ ကျော့ကွင်း နှင့်မ ထောင် လျှင် ၊ ငှက် ကို ကျော့မိ လိမ့်မည်လော ။ ထောင် ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွား လိမ့်မည်လော ။ 6 မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။ 7 အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။ 8 ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။ 9 အာဇုတ် မြို့ ဘုံ ဗိမာန်တို့နှင့် အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင် သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။ 10 မြို့သားတို့သည် တရား သောအမှုကို မ ပြု တတ်၊ အနိုင်အထက် ပြု၍ လုယူ သောဥစ္စာကို ဘုံ ဗိမာန်တို့၌ သိုထား တတ်ကြသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 11 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရန်သူ တို့သည် ရှမာရိပြည် ကိုဝိုင်း ပြီးလျှင် ၊ သင် ၏အစွမ်း သတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန် တို့ကို ဖြိုဖျက် ကြလိမ့်မည်။ 12 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိုးထိန်း သည် ခြင်္သေ့ နှုတ် ထဲက ခြေ နှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်း ကို နှုတ်ယူ သကဲ့သို့ ရှမာရိ မြို့၌ ခုတင် ထောင့် ၊ ဒမာသက် မွေ့ရာ ဖုံပေါ်မှာ ထိုင် သော ဣသရေလ အမျိုးသား တို့ကို နှုတ်ယူ ရလိမ့်မည်။ 13 ကောင်းကင်ဗိုလ်ခြေ ကို အစိုးပိုင်သော ဘုရား သခင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ် အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ 14 အကယ် စင်စစ်ဣသရေလ အမျိုး၏ အပြစ် တို့ကို စစ်ကြော သောနေ့ ၌ ၊ ဗေသလ ယဇ် ပလ္လင်တို့ကို ငါစစ်ကြော လျက် ၊ ယဇ် ပလ္လင်ဦးချို တို့ကိုဖြတ် ၍ မြေ ပေါ် သို့ချ မည်။ 15 ဆောင်း ကာလ၌ စံသောနန်းတော် နှင့် နွေ ကာလ၌စံသော နန်းတော် တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ် ဖြင့် ပြီးသော အိမ် တို့ကိုဖျက်ဆီး မည်။ ဘုံ ဗိမာန်တို့သည်လည်း ဆုံး ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
41 ဆင်းရဲ သောသူတို့ကို ညှဉ်းဆဲ လျက်၊ ငတ်မွတ် သောသူတို့ကိုနှိပ်စက် လျက်၊ မိမိ သခင် တို့အား ငါတို့ သောက် ဘို့ယူခဲ့ ကြဟုဆို တတ်လျက်၊ ရှမာရိ တောင် ပေါ်မှာ နေသောဗာရှန် နွား တို့၊ ဤ စကား တော်ကိုနားထောင် ကြလော့။ 2 အရှင် ထာဝရဘုရား သည် မိမိ သန့်ရှင်း ခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆို တော်မူသည် အတိုင်း ၊ သင် တို့ကို ငါးမျှား နှင့် ၎င်း ၊ သင် တို့သားမြေး တို့ကိုပိုက်ကွန် နှင့် ၎င်း ဘမ်းဆီး ယူသွားရသောကာလ ရောက် လိမ့်မည်။ 3 သင်တို့သည် အသီးအသီး ကိုယ်စီတွေ့သော အပေါက် ဖြင့် ထွက် ၍ ရဲတိုက် ထဲသို့ ချ ခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 ဗေသလ မြို့သို့သွား ၍ ပြစ်မှား ကြလော့။ ဂိလဂါလ မြို့သို့လည်း သွား၍ များစွာ သောပြစ်မှား ခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ် ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့ တဘို့ကို၎င်းဆောင် ခဲ့ကြလော့။ 5 လုယူ သောဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလို ပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ကြော်ငြာစေကြလော့။ အိုဣသရေလ အမျိုးသား တို့၊ ထိုသို့ ပြုရာတွင် သင်တို့သည် မွေ့လျော် တတ်ကြသည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 6 ငါ သည်လည်း ၊ သင် တို့မြို့ ရွာရှိသမျှ တို့၌ သွား တို့၏ စင်ကြယ် ခြင်းကို၎င်း ၊ သင် တို့နေရာ အရပ်ရှိသမျှ တို့၌ အစာ ခေါင်းပါး ခြင်းကို၎င်း ပေး သော်လည်း ၊ သင် တို့သည် ငါ့ ထံသို့ ပြန် ၍ မ လာကြဟုထာဝရဘုရား မိန့် တော်မူ၏။ 7 စပါးရိတ်ရာကာလမရောက်မှီ သုံး လ အထက်က၊ မိုဃ်းမရွာစေခြင်းငှါမိုဃ်း ကိုငါ ဆီးတား ပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက် လျက် နေရ၏။ 8 ထိုသို့ မြို့နှစ် မြို့သုံး မြို့ သားတို့သည် ရေ သောက် ခြင်းငှါ မြို့ တ မြို့သို့ သွား ရ၍ မ ဝ ရကြ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 9 လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး ဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင် တို့၌ များပြား သောလယ်ယာ ၊ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်းပင်၊ သံလွင် ပင်တို့ကို ကျိုင်းကောင် တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 10 အဲဂုတ္တု ပြည်ခံရ သောကာလနာ ဘေးကို သင် တို့ရှိရာ သို့ ငါစေလွှတ် လေပြီ။ လုလင် တို့ကို ထား ဖြင့် ကွပ်မျက် စေပြီ။ မြင်း တို့ကိုသိမ်း သွားစေပြီ။ သင် တို့တပ် ၌ ပုပ်စပ်သောအနံ့ ကို သင် တို့နှာခေါင်း ၌ လှိုင် စေပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 11 ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။ 12 သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး၊ အထက်က ပြုသကဲ့သို့သင် တို့၌ ငါပြု ဦးမည်။ ထိုသို့ ပြု မည်ဖြစ်သောကြောင့် ၊ အိုဣသရေလ အမျိုး၊ သင် ၏ဘုရား သခင်နှင့် တွေ့ ခြင်းငှါ ကိုယ်ကို ပြင်ဆင် လော့။ 13 တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။
51 အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။ 2 ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။ 3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။ 4 ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ 5 ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။ 6 ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။ 7 တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊ 8 ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊ 9 ခွန်အား ကြီးသောသူတို့ကို၎င်း၊ ရဲတိုက် တို့ကို ၎င်းဖျက်ဆီး တော်မူသောဘုရားကို ရှာကြလော့။ 10 မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။ 11 သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။ 12 သင် တို့အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန် လေးသော အပြစ် တို့ကို ငါသိ ၏။ ဖြောင့်မတ် သောသူကို နှောင့်ရှက် တတ်ကြ၏။ တံစိုး စား တတ်ကြ၏။ ဆင်းရဲသား ကို တံခါးဝ တွင် မ တရားသဖြင့် စီရင်တတ် ကြ၏။ 13 ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။ 14 အသက် ချမ်းသာစေခြင်းငှါ ဒုစရိုက် ကိုရှောင် ၍ သုစရိုက် ကို ရှာ ကြလော့။ ထိုသို့ ပြုလျှင်၊ သင်တို့ဆို တတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။ 15 ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။ 16 ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ခပ်သိမ်း သောလမ်း တို့၌ မြည်တမ်း ခြင်းရှိ၍ သွား လာသောသူတို့က၊ အလိုလေး ၊ အလိုလေး ဟု ဆို ကြလိမ့်မည်။ လယ်လုပ် သောသူသည် ညည်းတွား စေ ခြင်းငှါ၎င်း ၊ မြည်တမ်း တတ်သောသူသည် ငိုကြွေး မြည်တမ်းစေ ခြင်းငှါ၎င်း ခေါ် ကြလိမ့်မည်။ 17 ခပ်သိမ်း သောစပျစ် ဥယျာဉ်တို့၌ လည်း မြည်တမ်း ခြင်းရှိလိမ့်မည်။ အကြောင်း မူကား၊ ငါသည် သင် တို့အလယ် ၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 18 ထာဝရဘုရား ၏နေ့ရက် ကို တောင့်တ သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏ နေ့ရက် သည် သင် တို့၌ လင်း သည်မ ဟုတ်၊ အမိုက် ဖြစ်လိမ့်မည်။ 19 လူ သည် ခြင်္သေ့ ရှိ ရာမှပြေး ၍ ဝံ ကိုတွေ့ သကဲ့သို့ ၎င်း ၊ အိမ် ထဲသို့ ဝင် ၍ ထရံ ကို မှီ စဉ် မြွေ ကိုက် သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။ 20 ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။ 21 သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။ 22 မီး ရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ် သော်လည်း ငါ လက်မ ခံ။ ဆူဝ သော တိရစ္ဆာန် တို့ကို မိဿဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏ မ ပြု။ 23 သင် တို့သီချင်း ဆိုသံ ကို ပယ်ရှား ကြလော့။ တယော ထိုးသံ ကို ငါ နားငြီးလှ၏။ 24 တရား သဖြင့် စီရင်ခြင်းကို ရေ ကဲ့သို့ ၎င်း ၊ ဖြောင့်မတ် ခြင်းကို မ ပြတ်စီးသော မြစ် ရေကဲ့သို့ ၎င်း စီး စေ ကြလော့။ 25 အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။ 26 သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။ 27 ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။
61 ဇိအုန် မြို့၌ ငြိမ်ဝပ် စွာနေသောသူ၊ ရှမာရိ တောင် ပေါ် မှာ စိုးရိမ် ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုး တို့တွင် အထွဋ် အမြတ်ဟူ၍ခေါ်ဝေါ်သောသူ၊ ဣသရေလ အမျိုး ဆည်းကပ် သောသူတို့သည် အမင်္ဂလာ ရှိ ကြ၏။ 2 ကာလနေ မြို့သို့သွား ၍ ကြည့်ရှု ကြလော့။ ထို မြို့မှ ဟာမတ် ကြီးမြို့သို့၎င်း ၊ ဖိလိတ္တိ လူတို့နေသောဂါသ မြို့ သို့၎င်း သွား ကြလော့။ ထိုနိုင်ငံ တို့သည် ဤ နိုင်ငံတို့ထက် သာ၍ကောင်း သလော ။ သူ တို့နယ် အပိုင်းအခြားသည် သင် တို့နယ် အပိုင်းအခြားထက် သာ၍ကျယ် သလော။ 3 ဆိုးယုတ် သော နေ့ရက် ကို ရွှေ့ ၍ ၊ မ တရားသဖြင့် စီရင်ရာပလ္လင် ကို အနီး မှာတည်စေခြင်း၊ 4 ဆင်စွယ် ခုတင် ပေါ် မှာ အိပ် ၍ မွေ့ရာ ပေါ် မှာလျောင်း ခြင်း၊ သိုးစု ထဲက သိုးသငယ် တို့ကို၎င်း ၊ နွားတင်းကုပ် ထဲက နွားသငယ် တို့ကို၎င်း ယူ၍စား ခြင်း၊ 5 တယော ထိုး သံနှင့်ပြိုင်လျက် သီချင်း ဆိုခြင်း၊ တီးမှုတ် ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ် မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊ 6 စပျစ်ရည် ကို ဖလား နှင့် သောက် ၍ ၊ အဘိုးထိုက် သော နံ့သာဆီ နှင့် လိမ်း ခြင်းတို့ကိုပြု၍၊ ယောသပ် အမျိုး ဆင်းရဲ ခံရသည်ကို စိတ် မ ကြင်နာဘဲနေသော၊ 7 ထို သူတို့သည် အဦးဆုံး သိမ်းသွား ခြင်းကို ခံရသောသူတို့နှင့်အတူ ပါ သွားကြလိမ့်မည်။ လျောင်း ၍ နေသောသူတို့၏ ပွဲ သည်လည်း ကွယ်ပျောက် ရလိမ့်မည်။ 8 ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ ယာကုပ် ၏မာန ကို ငါ ရွံရှာ ၍ သူ ၏ဘုံ ဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့ တော်နှင့် မြို့ ၌ရှိသမျှ ကို ငါစွန့်ပစ် မည်။ 9 အိမ် တ ဆောင်တွင် လူ တကျိပ် ကျန်ကြွင်း သော်လည်း သေ ကြလိမ့်မည်။ 10 ပေါက်ဘော် တော်၍ မီး ဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ် ထဲက အသေ ကောင်ကိုထုတ် ၍ ချီ သွား သောအခါ၊ အိမ် အတွင်း တွင် ရှိသောသူ ကို ခေါ် ၍ ၊ သင် ၌ တစုံတယောက် ကျန်ကြွင်းသေးသလော ဟုမေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ် စွာနေလော့။ ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်း ရသောအခွင့်မ ရှိဟု ပြောဆို လိမ့်မည်။ 11 အကြောင်း မူကား၊ ထာဝရဘုရား အမိန့် တော် ရှိသဖြင့် ၊ အိမ် ကြီး ကိုဖြို ၍ အိမ် ငယ် ကိုလည်း ကွဲ စေတော်မူလိမ့်မည်။ 12 မြင်း သည် ကျောက် ပေါ် မှာ ပြေး တတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွား နှင့် ထွန် တတ်သလော။ သင်တို့သည် တရား သဖြင့် စီရင်ခြင်းကို ခါး စွာသော သစ်ရွက် ဖြစ်စေ ခြင်းငှါ၎င်း ၊ ဖြောင့်မတ် ခြင်းကို ဒေါန ရွက် ဖြစ်စေ ခြင်းငှါ၎င်း ပြု ကြသည်တကား။ 13 အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ် အစွမ်း သတ္တိအားဖြင့် အာဏာ ကို သိမ်းယူ ပြီမ ဟုတ်လော ဟု ဆို တတ်ကြသည်တကား။ 14 အကယ် စင်စစ်၊ အိုဣသရေလ အမျိုး ၊ သင် တို့တဘက် ၌ လူတမျိုးကို ငါ ထ စေ၍၊ ထို လူမျိုး သည် ဟာမတ် မြို့လမ်းဝ မှစ၍ တော ၌ရှိသောမြစ် တိုင်အောင် သင် တို့ကို ညှဉ်းဆဲ လိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
71 တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင် ကိုရိတ် ပြီးမှ ၊ နောက် မြက်ပင် ပေါက် စ ကာလ၌ ကျိုင်းကောင် တို့ကို ဖန်ဆင်း တော်မူ၏။ 2 ထိုကျိုင်းကောင်တို့သည် တပြည်လုံး ၌ရှိ သောမြက်ပင် ကိုစား ၍ ကုန် ပြီးမှငါက၊ အိုအရှင် ထာဝရဘုရား ၊ အပြစ် မှ လွတ်တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် ၊ အဘယ်သို့ ထ ရပါလိမ့်မည်နည်းဟု လျှောက် သော် ၊ 3 ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။ 4 တဖန် အရှင် ထာဝရဘုရား သည် ငါ့ အားပြ တော်မူသောရူပါရုံဟူမူကား ၊ မီး ဖြင့် ဒဏ်ပေး ခြင်းငှါ မီးကို ခေါ် တော်မူ၍၊ မဟာ သမုဒ္ဒရာ ကို မီးလောင် လေ၏။ ကုန်း ကိုလည်း လောင် လေ၏။ 5 ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ ဆိုင်း တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် အဘယ်သို့ ထ ရ ပါလိမ့်မည်နည်းဟု လျှောက် သော် ၊ 6 အရှင် ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။ 7 တဖန် ပြ တော်မူသောရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍ လုပ်သော ကျောက်ရိုး ပေါ်မှာ ထာဝရ ဘုရားသည် ရပ် လျက်၊ လက် တော်၌ ချိန်ကြိုး ကို ကိုင်လျက်၊ 8 အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ ချိန်ကြိုး ကို မြင် ပါသည်ဟု လျှောက် သော် ၊ ဘုရား ရှင်က၊ ငါ ၏လူ ဣသရေလ အမျိုး အလယ် ၌ ချိန်ကြိုး ကို ငါ ချ မည်။ နောက် တဖန် သူ တို့ကို သည်း မ ခံ။ 9 ဣဇာက် ၏မြင့်ရာ အရပ်တို့သည် လူဆိတ်ညံလျက် ၊ ဣသရေလ ၏ သန့်ရှင်း ရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင် မင်းမျိုး ကိုလည်း ထား နှင့် ငါတိုက် မည်ဟု မိန့်တော်မူ၏။ 10 ထိုအခါ ဗေသလ ယဇ်ပုရောဟိတ် အာမဇိ သည် ဣသရေလ ရှင်ဘုရင် ယေရောဗောင် ထံသို့ စေလွှတ် ၍၊ အာမုတ် သည် ဣသရေလ အမျိုး အလယ် တွင် ကိုယ်တော် တဘက် ၌ မကောင်း သောအကြံကို ကြံစည်ပါပြီ။ သူ ၏ စကား အလုံးစုံ တို့ကို ပြည် တော်သည် မ ခံ နိုင် ပါ။ 11 ယေရောဗောင် သည် ထား ဖြင့် သေ ရလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကိုခံရကြလိမ့်မည်ဟု၊ အာမုတ် ဆို တတ်ပါသည်ဟု လျှောက်လေ၏။ 12 အာမုတ် ကို လည်း ခေါ် ၍၊ အိုပရောဖက် ၊ ယုဒ ပြည် သို့ ပြေး သွားလော့။ ထို ပြည်မှာ ပရောဖက် ပြု၍ အသက် မွေးလော့။ 13 နောက် တဖန်ဗေသလ မြို့တဘက် ၌ ပရောဖက် မ ပြု နှင့်။ ရှင်ဘုရင် ၏ သန့်ရှင်း ရာဌာနတော် ဖြစ်၏။ နန်းတော် တည်ရာမြို့ လည်း ဖြစ်၏ဟု ဆိုလျှင်၊ 14 အာမုတ် က၊ ငါ သည် ပရောဖက် မ ဟုတ်၊ ပရောဖက် ၏သား လည်း မ ဟုတ်ဘဲ၊ နွား ကျောင်းသောသူ၊ သဖန်း သီးကို ဆွတ် သောသူဖြစ်စဉ်အခါ၊ 15 ထာဝရဘုရား သည် နွား ကျောင်း ရာမှ ငါ့ ကို နှုတ်ယူ ၍၊ သင်သွား လော့။ ငါ ၏လူ ဣသရေလ အမျိုးတွင် ပရောဖက် ပြုလော့ဟု မိန့် တော်မူ၏။ 16 သို့ဖြစ်၍ ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။ ဣသရေလ အမျိုးတဘက် ၌ ပရောဖက် မ ပြုနှင့်၊ ဣဇာက် အမျိုး တဘက် ၌ မ မြွက် နှင့်ဟု သင် ဆို သော်၊ 17 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ မယား သည် ပြည်တန်ဆာ ဖြစ်လိမ့်မည်။ သင် ၏သား သမီး တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သူတပါးတို့သည် သင် ၏မြေ ကို ကြိုးတန်း ချ၍ ဝေဖန် ကြလိမ့်မည်။ သင်သည် ညစ်ညူး သော ပြည် ၌ သေ ရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။
81 တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား ၊ နွေ ကာလအသီးပါသောတောင်း သည် ထင်ရှား ၏။ 2 အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ နွေ ကာလအသီးပါသောတောင်း ကို မြင်ပါသည်ဟု ငါလျှောက် သော်၊ ထာဝရဘုရား က၊ နောက်ဆုံး ကာလသည် ငါ ၏လူ ဣသရေလ အမျိုး၌ ရောက် လေပြီ။ နောက် တဖန် သူ တို့ကို သည်း မ ခံ။ 3 ထိုကာလ ၌ နန်း စဉ်ကခြေသည် တို့သည် မြည်တမ်း ကြလိမ့်မည်။ အရပ်ရပ် တို့၌ များစွာ သော အသေကောင် ရှိ၍၊ လူတို့သည် တိတ်ဆိတ် စွာ ပစ်ချ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 4 ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊ 5 ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊ 6 ညံ့ သော ဂျုံ ဆန်ကို ရောင်း လျက်၊ ငတ်မွတ် သောသူတို့ ကို နှိပ်နင်း ၍ ဆင်းရဲ သော ပြည်သား တို့ကို ဖြတ် ခြင်းငှါ အလွန်အလိုကြီးသောသူတို့ ၊ ဤ စကားကို နားထောင် ကြလော့။ 7 ထာဝရဘုရား သည် ယာကုပ် ၏ဘုန်း ကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊ အကယ်စင်စစ်သူ တို့ ကျင့်ကြံ ပြုမူသမျှ တို့ကို ငါသည် အစဉ် မပြတ်မ မေ့လျော့ ။ 8 ထို အပြစ်ကြောင့် မြေ တုန်လှုပ် လိမ့်မည်မ ဟုတ်လော ။ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည် မဟုတ်လော။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ် လိမ့်မည်မဟုတ် လော။ 9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။ 10 သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။ 11 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။ 12 လူတို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို ရှာ လျက်၊ ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် လှည့်လည် ၍ ၊ တောင် မြောက် ပြေး သွားသော်လည်း မ တွေ့ ရကြ။ 13 ထိုကာလ ၌ အဆင်း လှသော သတို့သမီး ကညာများနှင့် လုလင် များတို့သည် ရေငတ် ၍ မော ကြလိမ့်မည်။ 14 ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။
91 တဖန် ငါကြည့်ရှု ၍ ဘုရား ရှင်သည် ယဇ် ပလ္လင်ပေါ် မှာ ရပ် လျက် မိန့် တော်မူသည်ကား၊ ရှိသမျှ သောသူ တို့ ၏ ခေါင်း ပေါ် သို့ တံခါး တိုင်လှုပ် ၍ ပြို ကျစေခြင်းငှါ တံခါး ထုပ်ကို ရိုက် လော့။ သူတို့သားမြေးများကိုလည်း ထား နှင့် ငါကွပ်မျက် မည်။ ပြေး သောသူသည် မ လွတ် ရ။ လွတ် သောသူသည်လည်း ချမ်းသာ ကို မ တွေ့ရ။ 2 မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။ 3 ကရမေလ တောင်ထိပ် ၌ ပုန်းရှောင် သော်လည်း ၊ ငါရှာ ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါသမုဒ္ဒရာ အောက် ၌ ပုန်းရှောင် သော်လည်း ၊ ငါသည် နဂါး ကို မှာ လိုက်၍ ကိုက် စေမည်။ 4 ရန်သူ တို့သည် သိမ်းသွား သော်လည်း ၊ အခြား သောအရပ်၌ ငါသည် ထား ကို မှာ လိုက်၍ သတ် စေမည်။ ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ သာ ငါ ကြည့်ရှု မည်။ 5 ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။ 6 အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။ 7 အို ဣသရေလ အမျိုးသား တို့၊ သင် တို့သည် ငါ ၌ ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရ ပြည်မှ ၎င်း ၊ ရှုရိ လူတို့ကို ကိရ ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ ဟုတ်လော ဟု ထာဝရဘုရား မိန့် တော်မူ၏။ 8 အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို ကြည့်ရှု လျက် ၊ ထို တိုင်းနိုင်ငံကို မြေကြီး ပြင် မှ ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။ 9 တဖန် ငါ အမိန့် တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင် ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။ 10 ဘေးဥပဒ် သည် ငါ တို့ကို မ မှီ နိုင်၊ မဆီးတား နိုင်ဟု ဆို လျက်၊ အပြစ် များသော ငါ ၏လူ အပေါင်း တို့သည် ထား ဖြင့် သေ ရကြလိမ့်မည်။ 11 ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။ 12 ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။ 13 ထာဝရဘုရား မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ် သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။ 14 သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။ 15 သူ တို့နေရင်းအရပ် ၌ ငါစိုက် ထားမည်။ ငါ ပေး သော ပြည် မှ နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။