တမန်တော်ဝထ္ထု။
11 အို သော်ဖိလု ၊ ယေရှု သည် ရွေးကောက် တော်မူသော တမန်တော် တို့ကို ဝိညာဉ် တော်အားဖြင့် မှာထား ပြီးမှ၊ 2 အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။ 3 အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။ 4 ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။ 5 ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။ 6 ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊ 7 သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။ 8 ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။ 9 တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။ 10 ထိုသို့ ကြွ တော်မူသည်ကို တမန်တော်တို့သည် ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်လျက် နေ ကြစဉ် တွင်၊ လူ နှစ် ယောက်တို့သည် ဖြူစင် သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော် တို့အနားမှာပေါ်လာ ၍ ၊ 11 အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။ 12 ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။ 13 ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။ 14 ထိုသူ အပေါင်း တို့သည် ယေရှု ၏မယ်တော် မာရိ မှစ၍ မိန်းမ တို့နှင့် ၎င်း ၊ ညီ တော်တို့နှင့်၎င်း၊ တစ် ညီတစ်ညွတ်တည်းကြိုးစား ၍ ဆုတောင်း ပဌနာပြုလျက် နေ ကြ၏။ 15 ထို အခါ အရေအတွက်အားဖြင့်တရာ နှစ်ဆယ် သောတပည့် တော်တို့၏အလယ် ၌ ပေတရု သည်ထ ၍၊ 16 ညီအစ်ကို တို့၊ ယေရှု ကိုဘမ်းဆီး သောသူ တို့အား လမ်းပြ သောယုဒ ရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ် တော်သည်ဒါဝိဒ် မင်း၏နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူနှင့် သောကျမ်းစာ ချက်အတိုင်း မပြည့်စုံ ဘဲ မနေရ။ 17 ထိုသူ သည် ငါ တို့နှင့် ရေတွက် ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ ၏အရာ ကိုခံရ ပြီ။ 18 ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။ 19 ထိုအကြောင်းအရာကို ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည်သိ ၍ မိမိ တို့ဘာသာ အားဖြင့်ထို မြေ ကို အကေလဒ ဟုခေါ်တွင် ကြ၏။ အနက်ကားသွေး မြေ ဟု ဆိုလို သတည်း။ 20 ဆာလံ ကျမ်းစာ ၌ လာ သည်ကား၊ သူ ၏နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ်ဖြစ် ပါစေ။ နေ သောသူ မ ရှိ ပါစေနှင့်။ သူ ၏အရာ ကိုလည်းအခြား သူရ ပါစေဟု ရေးမှတ်သတည်း။ 21 ထိုကြောင့် ယောဟန် သည် ဗတ္တိဇံ ကို ပေးသည်ကာလ မှစ၍ ၊ 22 သခင် ယေရှု သည် ငါ တို့နှင့်ခွာ၍အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက် တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူထွက် ဝင် သွားလာတော်မူသောကာလ ပတ်လုံး ငါ တို့နှင့်ပေါင်းဖော် ၍နေသောသူ တစ်စုံတစ်ယောက် သည်၊ ထိုသခင် ထမြောက် တော်မူသည် အကြောင်းကိုဟောပြော၍ ငါ တို့နှင့်အတူ သက်သေခံ ဖြစ် ရမည် ဟု ပေတရုပြောဆို၏။ 23 ဗာရှဗ ဟု ခေါ်ဝေါ် ၍ ယုတ္တု အမည် သစ်ကိုရသော ယောသပ် နှင့် မဿိ ကိုခန့်ထား၍ ၊ 24 ဤသို့ဆုတောင်း ကြ၏။ 25 လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊ 26 စာရေးတံ ချ ကြသဖြင့် မဿိ သည်စာရေးတံ ကိုရ ၍ ၊ တစ်ကျိပ် တစ်ပါးသောတမန်တော် တို့နှင့် ရေတွက် ဝင် ခြင်းသို့ရောက်လေ၏။
21 ပင်တေကုတ္တေ ပွဲနေ့ ရောက် သောအခါ ထိုသူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းစည်းဝေး ၍နေ ကြ၏ 2 ထိုအခါ လေ ပြင်း မုန်တိုင်းကဲ့သို့သော အသံ သည်တခဏခြင်း တွင် ကောင်းကင် မှ လာ၍၊ ထိုသူ တို့ နေ ထိုင်သောအိမ် ကိုဖြည့် လေ၏။ 3 ထိုခဏခြင်းတွင်ကွဲပြား သော လျှာ တို့သည်မီး လျှာကဲ့သို့ ထင်ရှား ၍ ၊ ထိုသူ အသီးသီး တို့အပေါ် ၌တည်နေကြ၏။ 4 ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့် ၍၊ ဝိညာဉ် တော်သည်ဟောပြော သော အခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြော ကြ၏။ 5 ထို ကာလအခါ၊ ကောင်းကင် အောက် တွင်ရှိ လေသမျှသောလူမျိုး ထဲက ဘုရားကိုရိုသေ သော ယုဒ လူတို့ သည် ယေရုရှလင် မြို့၌ တည်း နေကြသတည်း။ 6 ထို အသံ ကိုကြားရသောအခါ၊ လူများ တို့သည်စုဝေး လာကြလျှင်၊ အသီးသီး အခြားခြားသော မိမိ တို့ ဘာသာ စကားဖြင့် တမန်တော် တို့ဟောပြော သည်ကိုကြား ရ၍ မှိုင်တွေ လျက်ရှိနေကြ၏။ 7 ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမော တွေဝေလျက်ရှိ၍၊ ယခု ဟောပြော သောသူအပေါင်း တို့သည် ဂါလိလဲ လူဖြစ် ကြသည် မ ဟုတ်လော။ 8 သို့ဟုတ်လျှင်ငါ တို့သည် အသီးသီး မွေးဘွား ရာဌာန၏ ဘာသာ စကားများကို ကြား ရသည်ကား အဘယ်သို့ နည်း။ 9 ပါသိ ပြည်မှစ၍ မေဒိ ပြည်၊ ဧလံ ပြည်၊ မေသောပေါဘာမိ ပြည်၊ ယုဒ ပြည်၊ ကပ္ပဒေါကိ ပြည်၊ ပုန္တု ပြည်၊ အာရှိ ပြည်၊ 10 ဖြူဂိ ပြည်၊ ပမ်ဖုလိ ပြည်၊ အဲဂုတ္တု ပြည်၌နေသောသူ၊ ကုရေနေ မြို့နှင့်စပ်သော လိဗု ကျေးလက် ၌ နေသော သူ၊ ရောမ မြို့မှလာသောဧည့်သည် များ၊ ယုဒ လူဖြစ်စေ ၊ ဘာသာဝင် ဖြစ်စေ၊ 11 ကရေတေ ပြည်သား၊ အာရပ် ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူ များသည် ဘုရားသခင် ၏ အံ့ဘွယ် သောအမှုတို့ကို ငါ တို့အမျိုးဘာသာ စကားဖြင့် ဟောပြော ကြသည်ကိုကြား ရပါသည်တကားဟု အချင်းချင်းပြောဆို ကြ၏။ 12 ထိုလူအပေါင်း တို့သည် မိန်းမော တွေးတော သောစိတ်ရှိသည်နှင့် ၊ ဤအမှုအရာသည်အဘယ်သို့ သော အမှုအရာဖြစ် သနည်းဟု တစ် ယောက်ကိုတစ်ယောက်ပြောဆို ကြ၏။ 13 လူအချို့ တို့က၊ ဤသူတို့ သည်ချိုသောစပျစ်ရည် နှင့် ပြည့်ဝ သည်ဟု ကဲ့ရဲ့ ပြောဆို ကြ၏။ 14 ထိုအခါတကျိပ် တပါးသော တမန်တော်တို့နှင့်တကွ ပေတရု သည်ထ လျက် ၊ ထိုသူ တို့ကို ကျယ်သော အသံ နှင့်ဟောပြော သည်ကား၊ ယေရုရှလင် မြို့သား တို့နှင့် ယုဒ လူ အပေါင်း တို့၊ သင် တို့သည် ဤ အရာကို သိမှတ် ၍ ငါ့ စကား ကိုစေ့စေ့နာခံ ကြလော့။ 15 ယခုအချိန်ကားနံနက် တချက်တီး အချိန် သာရှိသည် ဖြစ်၍ ၊ သင် တို့ထင် သည်အတိုင်း ဤသူ တို့သည် ယစ်မူး ကြသည်မ ဟုတ်။ 16 ဤ အရာကားပရောဖက် ယောလ ဟော ဘူးသောအရာ ဖြစ် သတည်း။ 17 ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။ 18 ထိုကာလ ၌ လည်း ငါ ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကို ငါ သွန်းလောင်း ၍၊ သူတို့သည် ပရောဖက် ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ 19 အထက် မိုးကောင်းကင် ၌ အံ့ဘွယ် သောအရာတို့ကို၎င်း ၊ အောက် အရပ်မြေကြီး ပေါ်၌ သွေး ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောပုပ္ပ နိမိတ်တို့ကို၎င်း ငါပြ မည်။ 20 ထာဝရ ဘုရား၏ ထူးမြတ် သောနေ့ ကြီး မတိုင်မှီ ၊ နေ သည်မှောင်မိုက် အတိဖြစ်လိမ့်မည်။ လ သည်လည်း သွေး ဖြစ်လိမ့်မည်။ 21 ထိုအခါထာဝရ ဘုရားကို ပဌနာ ပြုသောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရား ဗျာဒိတ် တော်ရှိ၏။ 22 ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊ 23 ဘုရားသခင် ပြဌာန်း တော်မူသော အလို တော်အားဖြင့်၎င်း ၊ အနာဂတံသဉာဏ် တော်အားဖြင့် ၎င်း၊ အပ်နှံ ခြင်းကိုခံသော ထို ယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရား သော သူတို့လက် ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက် ၍ ကွပ်မျက် ကြပြီ။ 24 ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။ 25 ထိုသူ ကိုအကြောင်းပြုလျက် ဒါဝိဒ် မင်းက၊ ငါ သည်ထာဝရဘုရား ကို အစဉ်မပြတ် မျက်မှောက် ပြု၏။ အကြောင်းမူကား ငါ့ လက်ျာ ဘက်၌ တည်ရှိ တော်မူသည်ဖြစ်၍ငါသည်လှုပ်ရှား ခြင်းမ ရှိရ။ 26 ထိုကြောင့် ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊ ငါ့ ဝိညာဉ် သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထိုမှတပါး ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။ 27 အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏သန့်ရှင်း သောသူ အားလည်း ပုပ်စပ် ခြင်းကိုရှိ စေတော်မ မူဘဲလျက်၊ အသက် ရှင်ခြင်းလမ်း ကို ပြညွှန် တော်မူလိမ့်မည်။ 28 မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက် သောစိတ်နှင့် အကျွန်ုပ် ကိုပြည့်စုံ စေတော်မူလိမ့်မည်ဟုဒါဝိဒ်ဆို သတည်း။ 29 ညီအစ်ကို တို့၊ အမျိုး၏အဘ ဖြစ်သော ဒါဝိဒ် ၏အကြောင်း ကို ငါသည် သင် တို့အား အတည့်အလင်း ပြော ပါရစေ ။ ထို ဒါဝိဒ်သည် သေ ၍ သင်္ဂြိုဟ် သောတွင်း သည် ယခု တိုင်အောင် ငါ တို့၌ ရှိ ၏။ 30 ထို သူသည် မိမိ အမျိုးအနွယ်ထဲက လူဇာတိ အားဖြင့် ခရစ်တော် ကို ဘုရားသခင် ထမြောက်စေ၍ မိမိ ပလ္လင် ပေါ်မှာ တင် တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆို တော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍၊ 31 ခရစ်တော် ၏ထမြောက် ခြင်းအကြောင်း ကိုရည်မှတ် လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ အသား သည်လည်း ပုပ်စပ် ခြင်းသို့မ ရောက် ဟု အနာဂတံသဥာဏ်နှင့် ဟော လေ၏။ 32 ထို ယေရှု ကို ဘုရားသခင် ထမြောက် စေတော်မူသည်ကို ငါ တို့ရှိသမျှ သည် သက်သေခံ ဖြစ် ကြ၏။ 33 ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။ 34 ဒါဝိဒ် သည် ကောင်းကင် သို့ မ တက် သေး၊ 35 သို့ရာတွင် ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ့ သခင် အားမိန့် တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။ 36 ထို့ကြောင့် သင် တို့သည်လက်ဝါးကပ်တိုင် မှာ ကွပ်မျက်သောယေရှု ကိုဘုရားသခင် သည် ခရစ်တော် ၌ ၎င်း ၊ အစိုးရသောအရှင် အရာ၌၎င်း ခန့်ထား တော်မူသည်အကြောင်း ကို ဣသရေလ အမျိုးသား အပေါင်း တို့ အတပ် အမှန် သိမှတ် ကြလော့ဟု ပေတရုဟောလေ၏။
37 ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။ 38 ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။ 39 အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။ 40 ထိုမှတစ်ပါးသဘော မဖြောင့်သော ဤ အမျိုး မှ ကယ်တင် ခြင်းသို့ ရောက်ကြလော့ဟူ၍အထူးထူး အပြားပြားသောစကား နှင့် သက်သေခံ ၍ တိုက်တွန်း သွေးဆောင် လေ၏။ 41 ထိုစကား ကို အသင့်နှလုံး သွင်းမိသော သူ တို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထို နေ့ ၌ အရေအတွက်အားဖြင့်သုံးထောင် မျှလောက် သော သူ တို့သည်ဝင် ကြ၏။ 42 ထိုသူများသည် တမန်တော် တို့၏ ဆုံးမ ဩဝါဒကိုခံခြင်း၊ အပေါင်း အသင်းဖွဲ့ခြင်း၊ မုန့် ကိုဖဲ့ ခြင်း၊ ပဌာနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍နေကြ၏။ 43 လူ အပေါင်း တို့သည်ကြောက်လန့် ခြင်းရှိသည်ဖြစ် ၍ တမန်တော် တို့သည် များစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြု ကြ၏။ 44 ယုံကြည် သော သူ အပေါင်း တို့သည် တစုတဝေး တည်းနေ ကြသဖြင့်၊ မိမိတို့၌ရှိသမျှ ကိုဆက်ဆံ ၍ သုံးဆောင်ကြ၏။ 45 မိမိတို့ဥစ္စာ ပစ္စည်း များကိုရောင်း ပြီးလျှင်၊ လူများ ဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ခြင်းကို ပြု ကြ၏။ 46 ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။ 47 ဘုရားသခင် ကိုလည်း ချီးမွမ်း ၍ လူ အပေါင်း တို့ရှေ့ မှာ မျက်နှာ ပွင့်လန်းခြင်း အခွင့်ကိုရ ကြ၏။ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့ကိုလည်း နေ့စဉ်မပြတ်သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။
31 ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊ 2 အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သော သူ တစ် ယောက်ကို သူတစ်ပါးတို့သည်ထမ်း လျက်လာကြ၏။ ဗိမာန် တော်သို့ ဝင် သောသူတို့မှာ စွန့်ကြဲ ခြင်းကိုခံ စေခြင်းငှာ ၊ တင့်တယ် အမည် ရှိသော တံခါး နား မှာ ထိုသူ ကိုထား လေ့ရှိ၏။ 3 ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ဝင် မည် လာကြသည်ကို ထိုသူ သည်မြင် လျှင် စွန့်ကြဲ ပါဟု တောင်း လေ၏။ 4 ထိုအခါ ပေတရု နှင့် ယောဟန် တို့သည် ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ငါ တို့အား မျှော်ကြည့် လော့ဟုဆို လျှင်၊ 5 ထိုသူ သည်တစ်စုံတစ်ခု ကို ရ မည်ဟုစိတ်ထင် နှင့် တမန်တော်တို့ကိုမျှော်ကြည့် လျက်နေ၏။ 6 ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊ 7 သူ ၏လက်ျာ လက် ကို ကိုင်ဆွဲ ချီကြွ လေသောခဏခြင်း တွင်၊ ခြေ နှစ်ဘက်ဖမျက်စိ တို့သည် စွမ်းအား ကို ရသဖြင့်၊ 8 ရုတ်တရက်ထ ၍ မတ်တပ် ရပ်ပြီးလျှင် လှမ်းသွား လေ၏။ သွား လျက်၊ ခုန် လျက်၊ ဘုရားသခင် ကို ချီးမွမ်း လျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန် တော်သို့ ဝင် လေ၏။ 9 ထိုသို့လှမ်းသွား ၍ ဘုရားသခင် အား ချီးမွမ်း သည်ကို လူ အပေါင်း တို့သည် မြင် သောအခါ၊ 10 ထိုသူ သည် ဗိမာန် တော်၏တင့်တယ် တံခါး နားမှာ စွန့်ကြဲ ခြင်းကိုခံ၍ ထိုင် နေသောသူ ဖြစ် သည်ကို သိ ကြသောကြောင့်၊ သူ ၌ဖြစ် သည် အမှု ကိုအံ့ဩ မိန်းမော တွေဝေခြင်းရှိ ၍၊ 11 ထိုသူ သည် ပေတရု နှင့် ယောဟန် ကို အမှီပြု လျက်ရှိရာအရပ်၊ ရှောလမုန် ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေး ကြ၏။ 12 ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။ 13 အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့၏ဘုရားသခင် ၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် မိမိ သား တော်၏ ဘုန်း ကိုထင်ရှားစေတော်မူပြီ။ ထိုသခင် ကို သင် တို့သည် ပိလတ် မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်း သည် လွှတ် မည်အကြံရှိ သော်လည်းသင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။ 14 သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊ 15 အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ 16 ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။ 17 ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။ 18 ခရစ်တော် သည် အသေ ခံရမည်ဟု ပရောဖက် အပေါင်း တို့သည် ဟောပြော ၍၊ ဘုရားသခင် ဘော်ပြတော်မူနှင့်သောအမှု ကို ထိုသို့အားဖြင့်ပြီးစီး တော်မူပြီ။ 19 ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊ 20 သင် တို့အဘို့အလိုငှာ ခန့်ထား တော်မူနှင့်သော ယေရှု ခရစ် ကို စေလွှတ် တော်မူမည်အကြောင်း၊ သင် တို့ အပြစ် များကို ပြေ စေခြင်းငှာ နောင်တရ ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။ 21 ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။ 22 ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။ 23 အကြင်သူသည် ထိုပရောဖက် ၏စကားကိုနား မ ထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုး ထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။ 24 ပရောဖက်ရှမွေလ မှစ၍ နောက် ဟော သော ပရောဖက် ရှိသမျှ တို့သည် ဤ သည်နေ့ရက် ကာလကို ဟောပြော ပြညွှန်ကြပြီ။ 25 သင် တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ် ကြ၏။ ဘုရားသခင် သည် အာဗြဟံ ကို၊ သင် ၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါ တို့ ဘိုးဘေး များတို့အား ပေး တော်မူသော ပဋိညာဉ် တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။ 26 သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။
41 ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊ 2 တမန်တော် တို့သည် လူ များတို့အားဆုံးမ ဩဝါဒပေး၍ ယေရှု ကိုအကြောင်းပြုလျက် သေ ခြင်းမှ ထမြောက် ခြင်းတရားကို ဟော သောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန် ခြင်းရှိသည်နှင့်၊ 3 တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။ 4 တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။ 5 နက်ဖြန် နေ့ရောက် သော် မင်း အရာရှိ၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာတို့နှင့် ၊ 6 ယဇ်ပုရောဟိတ် မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြု မှစ၍ ယဇ် ပုရောဟိတ်မင်းမျိုး ရှိသမျှ တို့သည် ယေရုရှလင် မြို့၌ စုဝေးကြပြီးလျှင်၊ 7 တမန်တော် တို့ကို အလယ် ၌ ထား ၍၊ သင် တို့သည် အဘယ်သို့ သောတန်ခိုး ၊ အဘယ်သူ၏နာမ အားဖြင့် ဤအမှု ကိုပြု သနည်းဟု မေးမြန်း ကြ၏။ 8 ထိုအခါပေတရု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ လူ များကို အစိုးရ သောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲ တို့၊ 9 အင်္ဂါချို့တဲ့ သောသူ ကို ကျေးဇူး ပြု၍၊ သူ သည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါ တို့သည်ယနေ့ အစစ် ခံရလျှင် ၊ 10 သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။ 11 ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။ 12 ထိုသခင်၏ နာမ တော်မှတပါး ငါတို့ကို ကယ်တင် နိုင်သော နာမတစ်စုံတစ်ခု မျှကောင်းကင် အောက် လူ တို့တွင် မပေါ်မရှိဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ 13 ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊ 14 အနာကင်းလွတ် သော သူ သည် ထိုသူ တို့နှင့်အတူ ရှိ နေသည်ကို မြင် ၍၎င်း၊ ငြင်းခုံ ဆိုဘွယ်ရာမ ရှိ မတွေ့ကြ။ 15 တမန်တော် တို့ကိုလွှတ်တော် မှ ထွက်သွား စေပြီးလျှင်၊ ဤ သူ တို့ ကို အဘယ်သို့ ပြု ရမည်နည်း။ 16 သူ တို့သည် ထင်ရှား စွာသောနိမိတ် လက္ခဏာကို ပြ ပြီးသည်ကို၊ ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည် သိမြင် ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှာမ တတ်နိုင် ပြီ။ 17 သို့သော်လည်း လူ များအထဲ ၌သာ၍ မ နှံ့ မပြား စေခြင်းငှာ ၊ နောက်တဖန်ထိုနာမ ကို အမှီပြု လျက် အဘယ် သူ ကိုမျှ မ ဟော မပြောနှင့် ဟူ၍သူ တို့ကို ကျပ်တည်းစွာ ခြိမ်းချောက် ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်ပြီးမှ၊ 18 တမန်တော် တို့ကိုခေါ် ၍၊ ယေရှု ၏ နာမ ကို အမှီပြု လျက်ဟောပြော သွန်သင် ခြင်းကို အလျှင်း မ ပြုနှင့် ဟု အမိန့် ရှိကြ၏။ 19 ပေတရု နှင့် ယောဟန် တို့ကလည်း၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင် တို့၏ စကားကိုသာ၍ နားထောင် သော်၊ ဘုရားသခင့် ရှေ့ မှာ ကောင်း မည်မကောင်းမည်ကို ဆင်ခြင်၍ စီရင် ကြ လော့။ 20 ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။ 21 ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။ 22 အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ 23 တမန်တော်တို့သည် လွတ် သောအခါ ၊ မိမိ တို့အပေါင်းအသင်း ရှိရာသို့ သွား ၍၊ မိမိ တို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ပြောဆို သမျှ ကို ပြန်ကြား ကြ၏။ 24 ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ 25 ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။ 26 လောကီ ရှင်ဘုရင် တို့သည် ထ ကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရ ဘုရားနှင့် ခရစ်တော် ကို ရန်ဘက်ပြုလျက် စည်းဝေး ကြ၏ဟု ကိုယ်တော် ကျွန် ဒါဝိဒ် ၏ နှုတ် ဖြင့်ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊ 27 ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊ 28 ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။ 29 အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။ 30 အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။ 31 ထိုသို့ ဆုတောင်း ပဌနာပြုပြီးမှ၊ စုဝေး သော အရပ် သည် တုန်လှုပ် ၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာဟောပြော ကြ၏။ 32 ယုံကြည် သောသူ အပေါင်း တို့သည် စိတ် နှလုံး တစ်ညီတစ်ညွတ် တည်းရှိ ကြ၍ ၊ အဘယ်သူမျှ မိမိ ဥစ္စာ တစ်စုံတစ်ခု ကို ငါ့ ဥစ္စာဟူ၍မ ဆို ဘဲ လျက်၊ ရှိသမျှ သောဥစ္စာတို့ကို ဆက်ဆံ သဖြင့် သုံးဆောင်ကြ၏။ 33 သခင် ယေရှု ထမြောက် တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီး သော တန်ခိုး နှင့် သက်သေခံ ၍၊ ထိုသူ အပေါင်း တို့သည် ကြီး သော ကျေးဇူး တော်နှင့် ပြည့်စုံ ကြ၏။ 34 ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊ 35 တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။ 36 ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊ 37 မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
51 သို့ရာတွင်အာနနိ နှင့် ရှဖိရေ အမည် ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာ တစ်စုံတစ်ခုကို ရောင်း ပြီးလျှင်၊ 2 ထိုသူသည် မိမိခင်ပွန်း နှင့်သဘောတူ လျက်၊ အဘိုး တဘို့ကို ထိမ်ဝှက် သဖြင့်၊ တ ဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။ 3 ပေတရု ကလည်း၊ အာနနိ ၊ သင် သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍၊ မြေ ကိုရောင်းသော အဘိုး ၏တဘို့ကိုထိမ်ဝှက် မည် အကြောင်း၊ စာတန် သည် သင် ၏စိတ် နှလုံးကို အဘယ်ကြောင့် ပြည့် စေ ရသနည်း။ 4 ထို မြေရှိ စဉ်တွင် ကိုယ် ပိုင် သည် မဟုတ်လော။ ရောင်း ၍ရသော အဘိုးသည် ကိုယ် ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူ ကိုသာ မုသာ ပြောပြီမ ဟုတ်၊ ဘုရားသခင် ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏။ 5 ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။ 6 လုလင် တို့သည်လည်းထ ၍ အလောင်း ကောင်ကို အဝတ်နှင့် ပတ်ရစ် ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ် ကြ၏။ 7 ထိုနောက် သုံး နာရီ ခန့် လောက်ကြာ လျှင်၊ သူ ၏ ခင်ပွန်း သည် ဖြစ် ခဲ့ပြီးသော အမှုအရာကို မ သိ ဘဲလျက် ဝင်လာ ၏။ 8 ပေတရု ကလည်း၊ ဤမျှလောက် နှင့်မြေ ကိုရောင်း သလော၊ ငါ့ အားပြော လောဟုမေး လျှင်၊ ထိုမိန်းမက၊ ဟုတ် ပါ၏။ ဤမျှလောက် နှင့်ပင် ရောင်းပါသည်ဟုဆို ၏။ 9 ပေတရု ကလည်း ၊ ထာဝရ ဘုရား၏ ဝိညာဉ် တော်ကို စုံစမ်း မည်ဟု သဘောတူ နှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှု လော့။ သင် ၏ ခင်ပွန်း ကို သင်္ဂြိုဟ် သော သူ တို့၏ခြေ သည်တံခါး နားမှာ ရှိသည်ဖြစ်၍ ၊ သင့် ကိုလည်းဆောင်သွား လေဦးမည်ဟု ဆိုသော ခဏခြင်း တွင်၊ 10 ထိုမိန်းမသည်ပေတရု ၏ ခြေ ရင်း၌ လဲ ၍ သေ လေ၏။ လုလင် တို့ သည်လည်းဝင် ၍ ထိုမိန်းမ သေ သည်ကိုတွေ့ လျှင် ၊ ဆောင်သွား ၍သူ ၏ ခင်ပွန်း အနားမှာ သင်္ဂြိုဟ် ကြ၏။ 11 သင်းဝင်သူ အပေါင်း မှစ၍ထိုအကြောင်း အရာ ကို ကြား ရသော သူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်းသို့ ရောက် ကြ၏။ 12 တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊ 13 ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။ 14 သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။ 15 ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။ 16 ပတ်လည် ဝန်းကျင်၌ရှိသော မြို့သူ ရွာသားအပေါင်း တို့သည် အနာ စွဲသောသူ၊ နတ် ဆိုး ညှဉ်းဆဲ သော သူတို့ကို ဆောင်ခဲ့ လျက်၊ ယေရုရှလင် မြို့သို့ စုဝေး လာကြ၍ ၊ ထိုလူနာ အပေါင်း တို့သည် အနာကင်းလွတ် ခြင်းသို့ရောက်ကြ၏။ 17 ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊ 18 တမန်တော် တို့ကိုဘမ်းဆီး ၍ ထောင် ထဲ၌ လှောင်ထား ကြ၏။ 19 ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။ 20 ဗိမာန် တော်၌ ရပ် ၍ အသက် ရှင်ခြင်း တရား စကားအလုံးစုံ ကို လူ များတို့အား ဟောပြော ကြလော့ဟု မှာထား ၏။ ထို စကားကိုကြား လျှင်၊ နံနက် စောစော ဗိမာန် တော်သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးကြ၏။ 21 ယဇ်ပုရောဟိတ် မင်းနှင့် သူ ၏ အပေါင်းအဖော်တို့သည် လာ ကြသဖြင့် ၊ လွှတ် အရာရှိမှစ၍ ဣသရေလ လူ တို့တွင် အသက်ကြီး သော သူ အပေါင်း တို့ကို စုဝေး စေပြီးမှ၊ တမန်တော် တို့ကိုခေါ် စေခြင်းငှာလုလင် တို့ကို ထောင် သို့ စေလွှတ် ကြ၏။ 22 မင်းလုလင် တို့သည် ထောင်သို့ရောက် လျှင်၊ တမန်တော် တို့ကို ထောင် ထဲမှာ မ တွေ့ သည်ရှိသော် ပြန် ကြ၍၊ 23 ထောင် တံခါးလည်းအထူးသဖြင့်လုံခြုံ စွာ ပိတ် လျက် ၊ ထောင်ကို စောင့် သော သူ တို့လည်း တံခါး ပြင်မှာ ရပ် လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ ပါ၏။ ဖွင့် ပြီးမှ အထဲ ၌အဘယ်သူ ကိုမျှမတွေ့ ပါဟု ကြားလျှောက် ကြ၏။ 24 ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန် တော်မှူး အစ ရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထို စကား ကို ကြား လျှင်၊ ထိုအမှု သည် အဘယ်သို့ သောအမှု ဖြစ် လိမ့်မည်နည်းဟူ၍တွေးတော ခြင်းရှိကြ၏။ 25 ထိုအခါလူတစ် ယောက်သည်လာ ၍ ထောင် ထဲမှာ လှောင် ထား သောသူ တို့သည် ဗိမာန် တော်၌ ရပ် လျက် ၊ လူ များတို့အား ဆုံးမ ဩဝါဒပေးကြပါသည်ဟု လျှောက် လေ၏။ 26 ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။ 27 ထိုသို့ ခေါ်ဆောင် ပြီးလျှင်၊ လွှတ် အရာရှိတို့ ရှေ့ မှာထား ၍ ယဇ်ပုရောဟိတ် မင်းက၊ 28 ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။ 29 ပေတရု နှင့် အခြားသော တမန်တော် တို့ကလည်း၊ လူ ၏စကားထက် ဘုရားသခင် ၏ စကားကို နားထောင် သင့် ပါ၏။ 30 သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။ 31 ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။ 32 ထို အကြောင်း အရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ ဘုရားသခင် ၏ စကားတော်ကို နားထောင် သော သူ တို့အား ပေး သနား တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆို ကြ၏။ 33 ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။ 34 ထိုအခါ လူ အပေါင်း တို့ရိုသေ သောသူ၊ ဂါမလျေလ အမည် ရှိသောနိဿရည်း ဆရာ၊ ဖာရိရှဲ တစ် ယောက်သည် လွှတ်တော် ပေါ်၌ ထ ၍၊ တမန်တော် တို့ကို ပြင် သို့ခဏ ထွက်စေပြီးလျှင်၊ 35 ဣသရေလ လူ တို့၊ ဤ သူ တို့အား အဘယ်သို့ ပြု မည်အရာ ကို သတိ နှင့်ဆင်ခြင်ကြလော့။ 36 အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။ 37 ထိုသူနောက်ငွေတော်ခွဲစဉ် ကာလ ၊ ယုဒ အမည် ရှိသောဂါလိလဲ လူတစ်ယောက်သည်လည်းထ ၍၊ မိမိ နောက် သို့လူ များကိုသွေးဆောင် လေ၏။ ထိုသူ သည်လည်း ပျက်စီး ခြင်းသို့ရောက်၍ ၊ သူ့ ကိုယုံကြည် သမျှ သောသူတို့သည် ပျောက်လွင့် ကြ၏။ 38 ယခု လည်းဤသူ တို့ကို ရှောင်ရှား ၍ အလိုအလျောက် ရှိကြ ပါစေဟု ငါဆို၏ ။ ဤ အကြံဤအမှုသည် လူ ၏ အကြံ လူ၏အမှု ဖြစ်လျှင် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။ 39 ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။ 40 ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။ 41 တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။ 42 ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။
61 ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။ 2 ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။ 3 ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။ 4 ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။ 5 ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊ 6 တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။ 7 ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။ 8 သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။ 9 ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊ 10 သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။ 11 ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊ 12 လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။ 13 မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။ 14 ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။ 15 လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။
71 ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊ 2 သတေဖန်က၊ ညီအစ်ကို အဘ တို့ နားထောင် ကြပါလော့။ ငါ တို့ အဘ အာဗြဟံ သည်၊ ခါရန် မြို့၌ မ နေ မှီ ၊ မေသောပေါဘာမိ အရပ်၌ ရှိ စဉ်အခါ၊ ဘုန်းကြီး တော်မူသော ဘုရားသခင် သည် ထင်ရှား တော်မူ၍၊ 3 သင် နေသော ပြည် နှင့်တကွ အမျိုးသား ချင်း များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွား လော့ဟု အာဗြဟံ အား မိန့် တော်မူ၏။ 4 ထိုအခါ အာဗြဟံ သည် ခါလဒဲ ပြည် မှ ထွက် ၍ ခါရန် မြို့၌ နေ ၏။ သူ ၏ အဘ သေ လွန်သည်ရှိသော်၊ ယခု သင်တို့နေ သော ဤ ပြည် သို့ ထိုမြို့ မှ ပြောင်း စေတော်မူ၏။ 5 ဤ ပြည်၌ ခြေနင်း ရာကိုမျှ အမွေ ပေး တော် မမူ သော်လည်း ၊ သူမှစ၍ သူ ၏သား မြေးတို့အား ဤ ပြည်ကိုအပိုင် ပေးတော်မူမည်ဟု သား တစ်ယောက် မျှ မရှိ မှီဂတိ ထား တော်မူ၏။ 6 သင်၏အမျိုးအနွယ် သည် သူတစ်ပါး ပိုင်သော ပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတစ်ပါးတို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေးရာ ပတ်လုံးခံရကြလိမ့်မည်။ 7 သူ တို့ကို စေခိုင်း သောလူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤ အရပ် ၌ ငါ့ အား ဝတ်ပြု ကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။ 8 ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။ 9 အမျိုး၏ အဘ တို့သည် လည်း ငြူစူ သောစိတ်ရှိ၍ ၊ ယောသပ် ကို အဲဂုတ္တု ပြည်သို့ ရောင်း လိုက်ကြ၏။ ဘုရားသခင် သည် သူ့ ကိုစောင့်မ တော်မူလျက်၊ 10 အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။ 11 ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊ 12 ငါ တို့အဘ များကို ပဌမ အကြိမ်တွင် စေလွှတ် လေ၏။ 13 ဒုတိယ အကြိမ်တွင် ယောသပ် သည် မိမိ ညီအစ်ကို တို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုး ကို သိ တော်မူ၏။ 14 ထိုအခါ ယောသပ် သည်စေလွှတ် ၍ မိမိ အဘ ယာကုပ် နှင့်တကွအရေအတွက်အားဖြင့်ခုနစ်ကျိပ် ငါး ယောက်သော မိမိအမျိုးသား ချင်းအပေါင်း တို့ကို ခေါ်ပင့် လေ၏။ 15 ယာကုပ် သည်လည်း အဲဂုတ္တု ပြည်သို့ သွား ၍ ကိုယ်တိုင်မှစသောငါ တို့အဘ များသည် သေ လွန်ကြ၏။ 16 ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။ 17 အာဗြဟံ အား ဘုရားသခင် ဓိဋ္ဌာန် တော်မူသော ဂတိ တော်၏ အချိန် ရောက် လုသောအခါ ၊ 18 ထိုလူမျိုး သည် အဲဂုတ္တု ပြည်၌ တိုးပွား ၍ ၊ ယောသပ် ကိုမ သိ မကျွမ်းသော မင်းကြီး တစ်ပါး ပေါ်လာ သည်တိုင်အောင် များပြား ကြလေ၏။ 19 ထိုမင်းကြီး သည် ငါ တို့အဆွေအမျိုး ကို ပရိယာယ် ပြုသဖြင့်၊ သူငယ် များကိုအသက် မ ရှင်စေခြင်းငှာ ပစ် ထားရမည်အကြောင်း ငါ တို့ အဘ များကို ညှဉ်းဆဲ နှိပ်စက်လေ၏။ 20 ထို အခါ အလွန်အဆင်းလှ သော မောရှေ ကို ဘွားမြင် လျှင်၊ သုံး လ ပတ်လုံးအဘ ၏ အိမ် တွင် ကျွေးမွေး ကြ၏။ 21 နောက်မှပစ် ထားသည်ရှိသော်၊ ဖာရော ဘုရင် သမီး တော်သည် ကောက်ယူ ၍ မိမိ သား အရာ၌ မွေးစား လေ၏။ 22 မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။ 23 အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။ 24 အမျိုးသားချင်းတစ် ယောက်သည် ညှဉ်းဆဲ ခံရသည်ကို မြင် လျှင် သူ့ဘက်ကနေ၍အဲဂုတ္တု လူကို ကွပ်မျက် သဖြင့်၊ ထိုညှဉ်းဆဲ ခံရသောသူ အား အနိုင် ပေး လေ ၏။ 25 ဘုရားသခင် သည် ဤသူ လက် ဖြင့် ငါ တို့ကို ကယ်နှုတ် တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည် လိမ့်မည်ဟု ထင်မှတ် သော်လည်း ၊ ထိုသူတို့သည် နား မ လည်ဘဲနေကြ၏။ 26 နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊ 27 အိမ်နီးချင်း ကို ညှဉ်းဆဲ သောသူ က၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ 28 မနေ့ ကအဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကိုသတ် လို သလောဟု ဆို လျက် မောရှေ ကိုပယ် ၏။ 29 ထို စကား ကိုကြားလျှင် ၊ မောရှေ သည် ပြေး ၍ မိဒျန် ပြည် ၌ ဧည့်သည် ဖြစ် လျက်နေသည်တွင် သား နှစ် ယောက်ကိုမြင် လေ၏။ 30 အနှစ် လေးဆယ် လွန်သောအခါ ၊ သိနာ တောင် ခြေရင်း တော တွင် ၊ မီး လောင် သောချုံ ၌ ထာဝရဘုရား၏ ကောင်းကင်တမန် ထင်ရှား ၏။ 31 ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊ 32 ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။ 33 ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။ 34 အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။ 35 အဘယ်သူ သည် သင့် ကို အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်းဟူ၍အငြင်းအပယ် ခံရသော ထို မောရှေ ကို အကဲအမှူး ၊ ကယ်လွှတ် သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင် သည်ချုံ ၌ ထင်ရှား သော ကောင်းကင်တမန် အားဖြင့် စေခန့် တော်မူ၏။ 36 ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။ 37 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလ အမျိုးသား တို့အားပြောဆို သောသူ ကား အခြားသူမဟုတ်၊ ထို မောရှေ ပင်ဖြစ် သတည်း။ 38 ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။ 39 ထိုသူ ၏စကားကိုငါ တို့အဘ များသည် နား မ ထောင်လို ဘဲလျက် ပယ် ၍၊ 40 ငါ တို့ရှေ့ မှာ သွားရသော ဘုရား တို့ကို ငါ တို့အဘို့လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သောထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ဟု အဲဂုတ္တု ပြည်သို့ ပြန် ချင်သောစိတ် နှင့် အာရုန် ကို ပြောဆို ကြ၏။ 41 ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊ 42 အိုဣသရေလ အမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန် နှင့် ယဇ် များကိုတော ၌ အနှစ် လေးဆယ်ပတ်လုံးငါ့ အား ပူဇော် ကြသလော။ 43 သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။ 44 မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။ 45 နောက်ကျ သော ငါ တို့အဘ များသည် ထိုတဲ တော်ကို တစ်ပါး အမျိုးသားတို့ ပိုင် သော မြေထဲသို့ ယောရှု နှင့်အတူ ဆောင်သွင်း ကြ၏။ ထို တစ်ပါး အမျိုးသားတို့ကို ဘုရားသခင် သည် ဒါဝိဒ် မင်းလက်ထက် တိုင်အောင် ငါ တို့အဘ များထံမှ နှင်ထုတ် တော်မူ၏။ 46 ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။ 47 ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။ 48 သို့သော်လည်း ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ 49 မြေကြီး သည် ငါ့ ခြေ တင်ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကိုငါ့ အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ် အရပ်သည် ငါ့ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။ 50 ငါ့ လက် သည် ဤ အရာအလုံးစုံ တို့ကို ဖန်ဆင်း သည် မ ဟုတ်လောဟု ထာဝရ ဘုရား၏ ဗျာဒိတ် တော်အချက်ကို ပရောဖက် ပြန်ကြား သည်နှင့်အညီ ၊ အမြင့်ဆုံး သော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။ 51 လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။ 52 သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။ 53 သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်း သော အားဖြင့် ပညတ် တရားတော်ကို ခံရ သော်လည်းမ စောင့် မရှောက်ကြဟု သတေဖန် မြွက်ဆို ၏။ 54 ထို စကားကိုကြား လျှင် နှလုံး ကွဲပြတ် မတတ်ဖြစ်၍၊ သတေဖန် ၌ အံသွား ခဲကြိတ် ခြင်းကို ပြုကြလေ၏။ 55 သူသည်လည်း သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့်၊ ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်၍ ဘုရားသခင် ၏ ဘုန်း တော်ကို ၎င်း၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ယေရှု ရပ် နေသည်ကို၎င်း မြင် လျှင်၊ 56 ကြည့် ပါ။ ကောင်းကင် ဖွင့်လှစ် သည်ကို ၎င်း၊ လူ သား သည် ဘုရားသခင် ၏လက်ျာ တော်ဘက်၌ ရပ် နေသည်ကို၎င်း၊ ငါမြင် သည်ဟုဆို ၏။ 57 ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊ 58 မြို့ ပြင် သို့နှင်ထုတ် ပြီးမှ ကျောက်ခဲ နှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိ တို့အဝတ် ကို ရှောလု အမည် ရှိသော လုလင် ၏ခြေ ရင်း ၌ ထား ကြ၏။ 59 ကျောက်ခဲ နှင့်ပစ်ကြစဉ် သတေဖန် သည် ပဌနာပြုလျက်၊ သခင် ယေရှု ၊ အကျွန်ုပ် ၏ဝိညာဉ် ကို သိမ်းယူ တော်မူပါဟု လျှောက်ဆို ၏။ 60 ဒူး ထောက် လျက်၊ သခင် ၊ ဤ သူ တို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မ မူပါနှင့်ဟု ကြီး သော အသံ နှင့် ကြွေးကြော် ပြီးမှ ကျိန်းစက် လေ၏။
81 သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။ 2 တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။ 3 ရှောလု သည် အသင်းတော် ကိုဖျက်ဆီး လေ၏။ အိမ် များသို့ ဝင် ပြီးလျှင်ယောက်ျား မိန်းမ တို့ကို ဆွဲငင် ၍ ထောင် ထဲ၌ လှောင် ထားတတ်၏။ 4 ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။ 5 ဖိလိပ္ပု သည်လည်း၊ ရှမာရိ မြို့ သို့ သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟော လေ၏။ 6 လူ အစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပု ပြု သော နိမိတ် လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏စကား ကို တစ် ညီတစ်ညွတ်တည်း နားထောင် ကြ ၏။ 7 အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။ 8 ထို မြို့သူ မြို့သားတို့သည် အလွန် ဝမ်းမြောက် ခြင်းရှိ ကြ၏။ 9 ရှိမုန် အမည် ရှိသော သူ တစ် ယောက်သည်၊ ထိုမြို့ ၌ နတ် ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါ သည်ထူးဆန်း သော သူ ဖြစ် သည်ဟုဆို လျက်၊ ရှမာရိ အမျိုးသား တို့ကို မိန်းမော တွေဝေစေခြင်းငှာပြု၏။ 10 လူကြီး လူငယ် ရှိသမျှတို့က လည်း၊ ဤသူ သည် ဘုရားသခင် ၏ မဟာ တန်ခိုး တော်ဖြစ် သည်ဟု ဆို လျက် ထိုသူ ၌ဆည်းကပ် ကြ၏။ 11 ဆည်းကပ် သည်အကြောင်း ကား၊ သူ တို့ကို မိန်းမော တွေဝေစေခြင်းငှာထိုသူသည် နတ် ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့် စွာပြုလျက်နေ၏။ 12 ဖိလိပ္ပု သည် ဘုရားသခင် ၏နိုင်ငံ တော်၌၎င်း၊ ယေရှု ခရစ် ၏ နာမ တော်နှင့် ၎င်း စပ်ဆိုင် သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူ တို့သည် ယုံကြည် သောအခါ ၊ ယောက်ျား မိန်းမ တို့သည် ဗတ္တိဇံ ကို ခံကြ၏။ 13 ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။ 14 ရှမာရိ မြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြပြီဟု ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့သည် သိတင်း ကြား လျှင် ၊ ပေတရု နှင့် ယောဟန် တို့ကို စေလွှတ် ကြ၏။ 15 ထိုမြို့သူမြို့သားတို့သည် သခင် ယေရှု ၏နာမ ၌ ဗတ္တိဇံ ကို ခံရုံ မျှသာ ရှိ သဖြင့် ၊ 16 တစ်စုံတစ်ယောက် သောသူ အပေါ် ၌သန့်ရှင်း သော ဝိညာဉ်တော်သည် သက်ရောက် တော် မ မူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ် တော် ကိုခံရ မည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍၊ 17 ထိုသူ တို့အပေါ် ၌လက် ကိုတင် သောအားဖြင့်သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုခံရ ကြ၏။ 18 တမန်တော် တို့လက် ကိုတင် သောအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သက်ရောက် သည်ကို ရှိမုန် မြင် လျှင်၊ ငွေ ကိုယူဆောင် ခဲ့၍၊ 19 အကျွန်ုပ် ၏ လက် တင် ခြင်းကိုခံရသောသူ သည် သန့်ရှင်း သော ဝိညာဉ် တော်ကိုခံ စေမည်အကြောင်း အကျွန်ုပ် အား အခွင့် ပေး ပါဟု တောင်း သော်၊ 20 ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။ 21 သင် သည်ဤ အမှုအရာ နှင့် မ ဆက်ဆံ သော သူဖြစ် ၏။ အကြောင်းမူကား ၊ သင် ၏စိတ် နှလုံးသည် ဘုရားသခင့် ရှေ့ တော်၌ ဖြောင့်မတ် ခြင်းမ ရှိ ။ 22 ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။ 23 သင် သည်ခါး စွာသောသည်းခြေ စွဲသည်ဖြစ်၍ ၊ ဒုစရိုက် အနှောင်အဖွဲ့ နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏။ 24 ရှိမုန် ကလည်း၊ မိန့် တော်မူသောအရာ တစ်စုံတစ်ခု မျှ အကျွန်ုပ် အပေါ်သို့ မရောက် ပါမည် အကြောင်း ၊ ထာဝရ ဘုရားကို ကျွန်ုပ် အဘို့ အလိုငှာ ဆုတောင်း တော်မူကြပါဟု ပြန်ပြော ၏။ 25 တမန်တော် တို့သည် သက်သေခံ ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟော ပြီးမှ၊ ယေရုရှလင် မြို့ သို့ ပြန်သွား ရာ၊ ရှမာရိ ရွာ များ တို့၌လည်း ဧဝံဂေလိတရားကို ဟောပြော ကြ၏။ 26 တဖန် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပု အား ၊ သင်ထ ၍ ယေရုရှလင် မြို့မှ ဂါဇ မြို့ သို့ သွား ရာ တော လမ်း တွင် တောင် မျက်နှာသို့ သွား လော့ ဟု ဆို သည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွား လေ၏။ 27 ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊ 28 ပြန် စဉ်တွင် မိမိ ရထား ပေါ်၌ ထိုင် လျက် ပရောဖက် ဟေရှာယ ၏ ကျမ်းစာကိုဖတ် လေ၏။ 29 ဝိညာဉ် တော်ကလည်း၊ ထို ရထား သို့ ချဉ်းကပ် ၍ မှီဝဲ လော့ဟု ဖိလိပ္ပု အား ဗျာဒိတ် ပေးတော်မူသဖြင့်၊ 30 ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။ 31 ထိုအမတ်ကလည်း၊ သွန်သင် ပဲ့ပြင်သော သူ မ ရှိလျှင် အဘယ်သို့ နားလည်နိုင် မည်နည်းဟု ဆို ပြီးမှ မိမိ နှင့်အတူ ဖိလိပ္ပု တက် ၍ထိုင် နေ ပါမည်အကြောင်း တောင်းပန် ၏။ 32 ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။ 33 နှိမ့်ချ ခြင်းကိုခံစဉ်တွင်သူတစ်ပါးတို့သည် ထိုသူ ကို မတရား သဖြင့်စီရင် ကြ၏။ ထိုသူ ၏အသက် ကို မြေကြီး ကသိမ်းရုပ် သည်ဖြစ်၍ ၊ သူ ၏အမျိုးအနွယ် ကို အဘယ်သူ ပြညွှန် မည်နည်းဟု ကျမ်းစာလာသတည်း။ 34 ထိုအမတ်ကလည်း၊ ပရောဖက် သည် အဘယ်သူ ကို ရည်မှတ် ၍ ဤသို့ ဆို ပါသနည်း။ ကိုယ် ကိုတည်း ဆိုလို သလော။ သူတစ်ပါး ကိုတည်း ဆိုလို သလောဟု တောင်းပန် လျက်၊ 35 ဖိလိပ္ပု အား မေးမြန်း လျှင်၊ ဖိလိပ္ပု သည် မိမိ နှုတ် ကိုဖွင့် ၍ ထို ကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု ၏အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟောလေ၏။ 36 ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊ 37 ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊ 38 ရထား ကိုရပ် စေခြင်းငှာစီရင် ပြီးမှ ၊ ဖိလိပ္ပု သည် ထိုအမတ် နှင့်တကွ ရေ ထဲသို့ ဆင်း ၍ ဗတ္တိဇံ ကိုပေး၏။ 39 ရေ ထဲက တက် ကြလျှင် ၊ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ဖိလိပ္ပု ကိုဆောင်ယူ တော်မူ၍ ၊ အမတ် သည် ဖိလိပ္ပု ကို နောက်တဖန်မ တွေ့ မမြင်ရ။ ဝမ်းမြောက် ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်း ကို သွား လေ၏။ 40 ဖိလိပ္ပု သည်လည်း အာဇုတ် မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင်မြို့ ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိ တရားကို ဟောလေ၏။
91 ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊ 2 ထိုဘာသာဝင်သော ယောက်ျား မိန်းမ တို့ကို တွေ့ လျှင်၊ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသက် မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာ ကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ဝင် ၍ တောင်း ပြီးမှ၊ 3 သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။ 4 ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊ 5 သခင် ၊ ကိုယ်တော်သည် အဘယ်သူ နည်းဟု မေးလျှောက် ၏။ သခင်ဘုရားကလည်း၊ ငါ ကား သင် ညှဉ်းဆဲ သော ယေရှု ဖြစ် သတည်း။ 6 သို့သော်လည်း ထ ၍ မြို့ သို့ ဝင် လော့။ သင် ပြု ရမည်အမှုကို ပြော လိမ့်မည်ဟုမိန့် တော်မူ၏။ 7 ရှောလု နှင့်အတူသွား သောသူ တို့သည် အသံ ကိုကြား ရုံမျှသာရှိ၍၊ အဘယ်သူ ကိုမျှမမြင် ဘဲ မိန်းမော တွေဝေလျက်ရပ် နေကြ၏။ 8 ရှောလု သည်လည်းမြေ မှ ထ ၍ မျက်စိ ကိုဖွင့် သော်လည်းအဘယ်သူ ကိုမျှမမြင် နိုင်သည်ဖြစ်၍၊ သူ ၏လက်ကို ဆွဲလျက် ဒမာသက် မြို့သို့ ပို့ဆောင် ကြ၏။ 9 သုံး ရက် ပတ်လုံးမျက်စိမ မြင် ၊ မ စား မ သောက် ဘဲနေ လေ၏။ 10 ထိုအခါ အာနနိ အမည် ရှိသော တပည့် တော်တစ်ယောက်သည် ဒမာသက် မြို့၌ ရှိ ၏။ ထိုသူ ကို သခင် ဘုရားသည် ဗျာဒိတ် တော်အားဖြင့် ၊ အာနနိ ဟူ၍ခေါ် တော်မူလျှင်၊ အာနနိက၊ သခင် ဘုရား အကျွန်ုပ် ရှိ ပါသည်ဟုလျှောက် ၏။ 11 သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။ 12 မိမိမျက်စိကို မြင်ပြန်စေခြင်းငှာအာနနိ အမည် ရှိ သော သူ သည် ဝင် ၍ ၊ မိမိ အပေါ်၌ လက် တင် သည်ကို ဗျာဒိတ် တော်အားဖြင့် မြင် လေပြီ ဟုမိန့်တော်မူ၏။ 13 အာနနိ ကလည်း ၊ သခင် ဘုရား၊ ထို သူ သည် ယေရုရှလင် မြို့၌ ကိုယ်တော် ၏ သန့်ရှင်း သူ တို့ကို အဘယ်မျှလောက် ပင် ညှဉ်းဆဲ သည်ကို လူများ ပြော၍ အကျွန်ုပ်ကြား ရပါပြီ။ 14 ဤအရပ် ၌လည်းကိုယ်တော် ကို ပဌနာ ပြုသော သူ ရှိသမျှ တို့ကို ချည်နှောင် ရမည်အခွင့် ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရ ပါသည်ဟု ပြန်လျှောက် ၏။ 15 သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။ 16 အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။ 17 အာနနိ သည်လည်း သွား ၍ အိမ် သို့ ရောက် လျှင်၊ ရှောလု အပေါ် ၌မိမိလက် ကိုတင် ၍၊ ညီ ရှောလု ၊ သင်လာ သောလမ်း ၌ သင့် အား ထင်ရှား တော်မူသော သခင်ယေရှု သည် သင်၏မျက်စိမြင် ပြန်စေခြင်းငှာ ၎င်း ၊ သင့်ကိုသန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် စေခြင်းငှာ၎င်း ငါ ကို စေခန့် တော်မူသည်ဟုပြောဆို ၏။ 18 ထိုခဏ ၌ ရှောလု ၏ မျက်စိ မှ ငါး ကြေးကွာ ကျ သကဲ့သို့ ဖြစ်၍ ၊ မျက်စိမြင် ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာ အာဟာရကို သုံးဆောင် ၍ အားဖြည့် လေ၏။ 19 ထိုနောက်ရှောလုသည် ဒမာသက် မြို့၌ရှိသော တပည့် တော်တို့ နှင့်အတူ ကာလ အတန် အရာနေ ၍၊ 20 ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။ 21 ကြား သောသူအပေါင်း တို့သည် အံ့ဩ ၍ ၊ သူ ကား၊ ထို သခင် ကို ပဌနာ ပြုသောသူ တို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီး သည် သာမက၊ ထိုသူ များကိုချည်နှောင် ၍ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင် ခြင်းငှာ ဤအရပ် သို့ လာ သောသူဖြစ်သည် မ ဟုတ် လောဟု ဆို ကြ၏။ 22 ရှောလု သည်လည်း အားတိုးပွား သဖြင့် ဒမာသက် မြို့၌ နေ သော ယုဒ လူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှု သည် ခရစ်တော် ဖြစ် ကြောင်း ကို ထင်ရှား စွာပြ၏။ 23 ကာလ ကြာမြင့် ပြီးမှ၊ ရှောလု ကိုသတ် အံ့သောငှာ၊ ယုဒ လူတို့ သည်အချင်းချင်းတိုင်ပင် ကြ၏။ 24 ထို အကြံအစည်ကို ရှောလု သည်သိ ၏။ သူ့ ကို သတ် အံ့သောငှာ မြို့တံခါး တို့ကို နေ့ ညဉ့် မပြတ်စောင့် ကြ သောကြောင့်၊ 25 တပည့် တော်တို့သည် ညဉ့် အခါသူ့ ကိုယူ၍ တောင်း ၌ ထည့်ပြီးလျှင်မြို့ရိုး ပေါ်က လျှောချ ကြ၏။ 26 ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော် မည်ပြု သော်၊ သူ သည် တပည့် တော်ဖြစ် ကြောင်းကိုတပည့်တော် အပေါင်းတို့ သည် မ ယုံ သဖြင့် သူ့ ကိုကြောက်ရွံ့ ကြ၏။ 27 ထိုအခါ ဗာနဗ သည် သူ့ ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင် ပြီးလျှင်၊ အထက်ကရှောလုသည် လမ်း ခရီး၌ သခင် ဘုရားကို မြင် သည်ဟူ၍၎င်း၊ သူ့ အားမိန့် တော်မူသည်ဟူ၍၎င်း၊ ဒမာသက် မြို့၌ ယေရှု ၏နာမ တော်ကိုအမှီပြု လျက်၊ ရဲရင့် စွာဟောသည်ဟူ၍၎င်းပြော လေ၏။ 28 ထိုနောက်မှ ရှောလုသည် ယေရုရှလင် မြို့၌ တမန်တော် တို့နှင့် ပေါင်းဖော်၍၊ သခင် ယေရှု၏ နာမ တော်ကိုအမှီပြု ၍ရဲရင့် စွာ ဟောလျက် နေ၏။ 29 ဟေလေနစ် လူတို့နှင့် နှီးနှော ပြောဆို သဖြင့်၊ ထိုသူတို့သည် ရှောလု ကိုသတ် မည်ဟု အားထုတ် ကြ၏။ 30 ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိ လျှင် ၊ ရှောလု ကို ကဲသရိ မြို့သို့ ပို့ ၍ တာရှု မြို့တိုင်အောင် စေလွှတ် ကြ၏။ 31 ထိုအခါ ယုဒ ပြည်၊ ဂါလိလဲ ပြည်၊ ရှမာရိ ပြည် အရပ်ရပ် တို့တွင် အသင်းတော် တို့သည် ငြိမ်သက် ၍ တည်ဆောက် ခြင်းရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်၏ အဆုံးအမ ၌ ၎င်း၊ မွေ့လျော် သောအားဖြင့်ပွားများ ကြ၏။ 32 ပေတရု သည် အရပ်ရပ် တို့ကို လှည့်လည် သည် တွင် သန့်ရှင်း သူ တို့ရှိ ရာလုဒ္ဒ မြို့သို့ ရောက် လေ၏။ 33 ထို အရပ်၌ အဲနေ အမည် ရှိသောတုံးလုံး နေ သော သူ တစ် ယောက်ကိုတွေ့ လျှင် ၊ အဲနေ ၊ ယေရှု ခရစ် သည် သင့် အားချမ်းသာ ပေးတော်မူ၏။ 34 ထ ၍ အိပ်ရာကိုပြင် လော့ဟု ပေတရု ဆို သော်၊ ထိုသူသည် ချက်ခြင်း ထ ၏။ 35 လုဒ္ဒ မြို့နှင့် ရှာရုန် မြို့၌ နေ သောသူ အပေါင်း တို့သည် ထိုသူ ကို မြင် ၍ သခင် ဘုရားထံတော်သို့ ပြောင်းလဲ ကြ၏။ 36 ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊ 37 ထို အခါ ၌ နာ ၍သေ လေ၏။ အလောင်းကို ရေချိုးပြီးလျှင်အထက် ခန်း၌ တင် ထားကြ၏။ 38 လုဒ္ဒ မြို့သည် ယုပွေ မြို့နှင့် နီး သည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိ ကြောင်း ကို တပည့် တော်တို့သည်ကြား လျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာ ပါမည် အကြောင်း လူ နှစ် ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ၏။ 39 ပေတရု သည် ထ ၍ ထိုသူ တို့နှင့်အတူလိုက် လေ ၏။ ရောက် လျှင် အထက် ခန်းသို့ ခေါ်ပင့် ၍ မုတ်ဆိုးမ များ တို့သည် ငိုကြွေး လျက် ၊ သူ တို့နှင့်အတူ ဒေါ်ကာ ရှိ စဉ်အခါလုပ် ခဲ့သော အင်္ကျီ နှင့် အဝတ် များကို ပြ လျက် ရှိကြ၏။ 40 ပေတရု သည် ထိုသူအပေါင်း တို့ကို ပြင် သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူး ထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်း သို့ မျက်နှာလှည့် ၍၊ တဗိသ ၊ ထ လော့ဟုဆို လေ၏။ ထိုမိန်းမ သည် မျက်စိ ကိုဖွင့် ၍ ပေတရု ကိုမြင် လျှင် ထ၍ထိုင် ၏။ 41 ပေတရုသည် မိမိလက် ကို သူ့ အားပေး ၍ ချီကြွ ပြီးမှ ၊ သန့်ရှင်း သူ တို့နှင့် မုတ်ဆိုးမ တို့ကိုခေါ် ၍ အသက် ရှင်လျက်ရှိသော ထိုမိန်းမ ကိုပြ လေ၏။ 42 ထိုအကြောင်းကို ယုပွေ မြို့၌ အနှံ့အပြားသိ ကြ ၍၊ လူများ တို့သည် သခင် ဘုရားကိုယုံကြည် ခြင်းသို့ ရောက်ကြ၏။ 43 ပေတရုသည် ယုပွေ မြို့၌ ရှိမုန် အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့် စွာနေ ၏။
101 ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။ 2 ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။ 3 တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။ 4 ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။ 5 ထိုကြောင့် ယခုပင် ယုပ္ပေ မြို့သို့ လူ တို့ကိုစေလွှတ် ၍ ၊ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကိုခေါ်ပင့် လော့။ 6 ထိုသူ သည်သားရေ လုပ်သမားရှိမုန် ၏ အိမ်၌ တည်း နေ၏။ ထို အိမ် သည် ပင်လယ် နား မှာ ရှိ သည်ဟု ပြောဆို၏။ 7 ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊ 8 ထိုအကြောင်းအရာအလုံးစုံ တို့ကို ကြားပြော ပြီးမှယုပ္ပေ မြို့သို့ စေလွှတ် ၏။ 9 နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။ 10 ဆာမွတ် ၍ အစာ အာဟာရကို အလိုရှိ လျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင် ကြစဉ်အခါပေတရုသည် ဘဝင် ဖြစ်၍နေသဖြင့်၊ 11 ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ခြုံထည် ကဲ့သို့ လေး ထောင့် ချုပ်၍ မြေ သို့ ချ လွှတ်သော တန်ဆာ သည် မိမိဆီသို့ဆင်းသက် လာသည် ကို၎င်းမြင် လေ၏။ 12 ထို တန်ဆာထဲ၌ သားရဲ မှစ၍ မြေ ၌ကျင်လည်သောသားမျိုး၊ တွား တတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုး တို့သည်ရှိ ကြ၏။ 13 စကား အသံသည်လည်း ၊ ပေတရု ထ ၍ သတ် စား လော့ဟု လာ ၏။ 14 ပေတရု ကလည်း ၊ မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာ နှင့် မ စင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတစ်ခါ မျှမစား ဘူးပါဟု ပြောဆို ၏။ 15 နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။ 16 ထိုသို့ သုံး ကြိမ်မြောက်အောင်လာ ပြီးလျှင်၊ ထိုတန်ဆာ ကို ကောင်းကင် ထဲသို့ သိမ်းရုပ် ပြန်လေ၏။ 17 ပေတရု သည် မိမိမြင် ရသော ဗျာဒိတ် ရူပါရုံ ကား၊ အဘယ်သို့ ဆိုလို သနည်းဟု တွေးတော ဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိ စေလွှတ် သောသူ တို့သည် ရှိမုန် အိမ် ကို မေးမြန်း ရှာဖွေ၍ တံခါး ရှေ့မှာ ရပ် လျက်၊ 18 ပေတရု အမည် သစ်ကိုရသော ရှိမုန် သည် ဤမှာတည်း နေပါ သလောဟု မေးမြန်း ဟစ်ခေါ် ကြ၏။ 19 ပေတရုသည်ထိုဗျာဒိတ် ရူပါရုံကို ဆင်ခြင် ၍နေစဉ်တွင် ဝိညာဉ် တော်က၊ လူ သုံး ယောက်တို့သည် သင့် ကိုရှာ ကြ၏။ 20 ထ ၍ဆင်း လော့။ တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူ လိုက် သွားလော့။ အကြောင်းမူကား ၊ ထိုသူ တို့သည် ငါ စေလွှတ် သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊ 21 ပေတရု သည်ဆင်း ၍ ၊ ငါ ကား၊ သင်တို့ရှာ သော သူ ဖြစ် ၏။ အဘယ် အကြောင်း ရှိ၍ လာ ကြသနည်းဟု ထိုသူ တို့အား မေး ၏။ 22 ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။ 23 ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။ 24 ထိုနောက် တနေ့ ၌ ကဲသရိ မြို့သို့ ဝင် ကြ၍၊ ကော်နေလိ သည် မိမိ အဆွေအမျိုး မိတ် ခင်ပွန်းများတို့ကို စုဝေး စေပြီးလျှင်၊ ထိုသူ တို့ကို မြော်လင့် လျက်နေ ကြ၏။ 25 ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။ 26 ပေတရု သည် သူ့ ကိုချီပင့် လျက်၊ ထ လော့။ ငါ ကိုယ်တိုင်လူ ဖြစ် သည်ဟုဆို ၏။ 27 ထိုသို့နှုတ်ဆက် ၍ ဝင် လေသော် စုဝေး လျက်ရှိ ကြသော လူများ ကိုတွေ့ လျှင်၊ 28 ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။ 29 ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါငါသည် မ ငြင်းမခုံဘဲလျက် လာ ၏။ သို့ဖြစ်၍ အဘယ် အကြောင်း ကြောင့် ငါ့ ကိုခေါ် ကြသနည်း၊ ငါမေး လိုသည်ဟု ထိုသူ တို့ အား ပြောဆို ၏။ 30 ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊ 31 ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။ 32 ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။ 33 ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သော အားဖြင့်ကောင်းမွန် စွာပြု ပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော် ၌မှာထား တော်မူသမျှ ကို နားထောင် ခြင်းငှာ၊ ယခု အကျွန်ုပ် တို့ရှိသမျှ သည် ဘုရားသခင် ရှေ့ တော်၌ အသင့် နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏။ 34 ထိုအခါပေတရု သည် နှုတ် ကိုဖွင့် ၍ ၊ အကယ်စင်စစ် ဘုရားသခင် သည် လူ မျက်နှာကို မှတ်တော်မ မူ။ 35 လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။ 36 အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊ 37 ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။ 38 ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။ 39 ငါ တို့သည်လည်း ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည် တွင် ပြု တော်မူသောအမှု များတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူ ကိုသစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် ကြလေ၏။ 40 သုံး ရက်မြောက်သောနေ့ ၌ ဘုရားသခင် သည် ထမြောက် စေတော်မူ၍၊ 41 လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။ 42 ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။ 43 ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။ 44 ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။ 45 တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။ 46 အကြောင်းမူကား ၊ ထိုသူ တို့သည် အမျိုးမျိုး သော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင် ကို ချီးမွမ်း သည်ကိုကြား ကြလေ၏။ 47 ထိုအခါ ပေတရု က၊ ငါ တို့ကဲ့သို့ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံရ သော ဤ သူ တို့ကို ဗတ္တိဇံ မ ပေးစေခြင်းငှာအဘယ်သူ သည် ရေ ကို မြစ်တား နိုင် သနည်း ဟုဆို လျက်၊ 48 သခင်ဘုရား၏နာမ ၌ ဗတ္တိဇံ ကို ခံစေမည်အကြောင်းစီရင် လေ၏။ ထိုနောက်မှ ပေတရု သည် ကာလ အတန် အရာနေ ပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန် ကြ၏။
111 တစ်ပါး အမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြသည်ဟု ယုဒ ပြည်၌ ရှိ သောတမန်တော် တို့နှင့် ညီအစ်ကို များတို့သည် ကြားသိ ကြ၏။ 2 ပေတရု သည် ယေရုရှလင် မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီး ခြင်းကို ခံသောသူ တို့က၊ 3 သင်သည် အရေဖျားလှီး ခြင်းကို မခံသော လူ တို့နှင့် ပေါင်းဘော်စား သောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆို ကြ၏။ 4 ပေတရု သည်လည်း ၊ ထိုအကြောင်းအရာကို အစ မှအဆုံးတိုင်အောင်ဘော်ပြ သည်ကား၊ 5 ငါ သည်ယုပ္ပေ မြို့ ၌ ဆုတောင်း စဉ် ဘဝင် ဖြစ် ၍၊ ကောင်းကင် မှ လေး ထောင့် ဖြင့် ချ လွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာ သည် ဆင်းသက် ၍၊ ငါ့ ထံသို့ ရောက်လာ သည်ကို ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ၏။ 6 ထို တန်ဆာကို စေ့စေ့ ကြည့်ရှုဆင်ခြင် လျှင်၊ သားရဲ မှစ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွား တတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုးတို့ကိုမြင် ၏။ 7 ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ် စား လော့ဟု ငါ့ အားပြော သော စကား သံကိုလည်း ငါကြား ၏။ 8 ငါကလည်း မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သော အရာနှင့် မ စင်ကြယ်သောအရာသည် အကျွန်ုပ် ခံတွင်း ထဲသို့ တရံတစ်ခါ မျှမဝင် ဘူးပါ ဟုပြောဆို ၏။ 9 နောက်တဖန်စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင်နှင့်ဟု ကောင်းကင် ထဲက လာ ပြန်၏။ 10 ထိုသို့ သုံး ကြိမ်မြောက်အောင် ဖြစ် ပြီးလျှင် ၊ ထိုအရာရှိသမျှ တို့ကို ကောင်းကင် ထဲသို့ ဆွဲယူ ပြန် လေ၏။ 11 ထိုခဏခြင်း တွင် ကဲသရိ မြို့မှ ငါ့ ထံသို့ စေလွှတ် သော လူ သုံး ယောက်တို့သည် ငါ ရှိသောအိမ် အနားမှာ ရပ် နေကြ၏။ 12 ငါ သည်တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူသွား ရမည်အကြောင်းဝိညာဉ် တော်သည် မိန့် တော်မူ၏။ ဤ ညီအစ်ကို ခြောက် ယောက်တို့သည်လည်း ငါ နှင့်အတူ သွား ၍ ထိုသူ ၏အိမ် သို့ ဝင် ကြ၏။ 13 ကောင်းကင်တမန် သည် သူ ၏အိမ် ၌ ထင်ရှားစွာရပ် လျက်၊ သင်သည်ယုပ္ပေ မြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကို ခေါ်ပင့် လော့။ 14 ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။ 15 ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။ 16 ယောဟန် သည် ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့ သည် သန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင် ဘုရား မိန့် တော်မူသော စကား ကို ထိုအခါ ငါအောက်မေ့ ၏။ 17 သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။ 18 ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ 19 ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ 20 နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။ 21 သခင် ဘုရား၏လက် ထောက်တော်သည် လူ တို့နှင့်တကွ ရှိ တော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင် ဘုရားထံသို့ ပြောင်းလဲ ကြ၏။ 22 ထို အကြောင်း အရာကို ယေရုရှလင် မြို့၌ ရှိ သော အသင်းတော် သည်ကြား လျှင်၊ အန္တိအုတ် မြို့တိုင်အောင် သွား စေမည်အကြောင်း ဗာနဗ ကိုစေလွှတ် လေ၏။ 23 ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။ 24 ထိုသူ သည် သူတော်ကောင်း ဖြစ် ၍၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း၊ ယုံကြည် ခြင်းနှင့် ၎င်း၊ ပြည့်စုံ သောအားဖြင့်၊ လူ များ အပေါင်းတို့သည် သခင် ဘုရားထံသို့ဝင်စား ကြ၏။ 25 ဗာနဗ သည်လည်း ရှောလု ကို ရှာ လျက် တာရှု မြို့သို့သွား၏။ တွေ့ လျှင်အန္တိအုတ် မြို့သို့ ခေါ် ခဲ့၏။ 26 ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။ 27 ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။ 28 ထိုသူ တို့အဝင် ၊ အာဂဗု အမည် ရှိသော သူ တစ် ယောက်သည်ထ ၍ ၊ မြေ တပြင်လုံး ၌ အစာ အာဟာရ အလွန် ခေါင်းပါးခြင်းဖြစ် လတံ့ဟု ဝိညာဉ် တော်အားဖြင့် ဖော်ပြ ၏။ ထို ခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ဖြစ် သတည်း။ 29 ထိုအခါ တပည့် တော်တို့သည် အသီးအသီး တတ်နိုင် ကြသည်အတိုင်း ၊ ယုဒ ပြည်၌ နေ သော ညီအစ်ကို တို့အား အကူအမ ပေးလိုက် မည်ဟု၊ 30 စီရင် ကြသည်နှင့်အညီဗာနဗ နှင့်ရှောလု တို့တွင် သင်းအုပ် တို့ ထံသို့ ပေး လိုက်ကြ၏။
121 ထို အခါ ဟေရုဒ် မင်းကြီး သည် သင်းဝင် သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှာစီရင် ၍၊ 2 ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား နှင့်ကွပ်မျက် လေ၏။ 3 ယုဒ လူတို့သည် အားရ ဝမ်းမြောက်ခြင်း ရှိ သည် ကို မြင် လျှင်၊ အဇုမ ပွဲနေ့ရက် တို့၌ တဖန်ထပ် ၍၊ 4 ပေတရု ကိုလည်း ဘမ်းဆီး ပြီးမှ၊ ပသခါ ပွဲလွန် လျှင် လူ များတို့အား ထုတ်ပေး မည်အကြံ နှင့် အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ် ၍ ထောင် တွင် လှောင် ထားလေ၏။ 5 ပေတရု သည်ထောင် ၌ အကျဉ်း နေရစဉ်၊ သင်းဝင် သူ တို့သည် သူ့ ဘို့ ကြိုးစား ၍ ဘုရားသခင် ကို ဆုတောင်း ဝတ်ပြုကြ၏။ 6 ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့် များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။ 7 ထိုအခါထာဝရ ဘုရား၏ ကောင်းကင် တမန် သည် ပေါ်လာ လျှင် ထောင်အိမ် ၌ အလင်း ထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေး ကို ပုတ်ခတ် ၍ ၊ အလျင်အမြန် ထ လော့ဟု ဆို လျက်ထ စေ ၏။ သံကြိုး သည်လည်းပေတရုလက် မှ ကျွတ် လေ၏။ 8 ကောင်းကင် တမန်ကလည်း၊ သင် ၏ ခါးပန်းကို စည်း လော့။ ခြေနင်း ကိုလည်းစည်းလော့ဟုဆို လျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏။ ဝတ်လုံ ကိုခြုံ ၍ ငါ့ နောက် သို့လိုက်လော့ဟုဆိုပြန်၏။ 9 ပေတရုသည် ထွက် ၍လိုက် သော်လည်း ၊ ကောင်းကင်တမန် ပြု သမျှတို့သည် မှန် သောအမှုအရာဖြစ် သည်ဟု မ သိ မမှတ်ဘဲ၊ မိမိသည် ဗျာဒိတ် ရူပါရုံကို မြင် သည်ဟုထင် လေ၏။ 10 လူစောင့် နှစ် တန်ကို လွန်သွား ၍ မြို့ ထဲသို့ ဝင် သော သံ တံခါး သို့ ရောက် လျှင်၊ ထို တံခါးသည် အလိုလို ပွင့် သဖြင့် သူ တို့သည်ထွက် ၍ လမ်း တစ် ကြောင်း၌ ရှောက်သွား ပြီးမှ ၊ ကောင်းကင်တမန် သည် ချက်ခြင်း ပေတရု မှ ခွာ ၍ သွားလေ၏။ 11 ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊ 12 လူများ စုဝေး ၍ ဆုတောင်း ရာ၊ မာကု အမည် သစ်ကိုရသော ယောဟန် ၏အမိ ဖြစ်သော မာရိ ၏ အိမ် သို့ရောက် ၍၊ 13 အိမ်ဦးတံခါး ကိုခေါက် လေသော်၊ ရောဒေ အမည် ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင် ခြင်းငှာလာ ၍၊ 14 ပေတရု ၏စကား အသံကိုသိ လျှင် ၊ ဝမ်းမြောက် သော အားဖြင့်တံခါး ကို မ ဖွင့် ဘဲ အထဲ သို့ပြေးဝင်၍၊ ပေတရု သည် တံခါး ရှေ့မှာ ရပ် နေသည်ဟု ကြားပြော ၏။ 15 ထိုသူ တို့က၊ သင်သည်အရူး ဖြစ်၏ဟု ထို မိန်းမငယ် အားဆို ကြသော်လည်း ၊ ပေတရုအမှန် ရှိ သည်ဟု သူသည်ခိုင်မာ စွာဆိုလျှင်၊ ပေတရု ၏ ကောင်းကင်တမန် ဖြစ် လိမ့်မည်ဟုဆို ကြ၏။ 16 ပေတရု သည် ခေါက် ၍နေ သော်၊ တံခါးကို ဖွင့် ကြ၍ သူ့ ကိုမြင် သဖြင့် အလွန်တရာအံ့ဩ ကြ၏။ 17 ပေတရုသည်လည်း ထိုသူ တို့ကိုတိတ်ဆိတ် စွာ နေစေခြင်းငှာမိမိလက် နှင့် အမှတ်ပေး ၍ မိမိ ကို ထောင် ထဲက သခင် ဘုရားနှုတ် တော်မူသော အကြောင်းအရာကို ဘော်ပြ ပြီးမှ ၊ သင်တို့သွား၍ ယာကုပ် နှင့် ညီအစ်ကို တို့အား ဤ အကြောင်းများကို ပြန်ကြား ကြလော့ဟု ဆို ပြီးလျှင်၊ ထွက် ၍အခြား တစ်ပါးသို့ သွား လေ၏။ 18 မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ် သနည်းဟု ရုန်းရင်းခတ် မျှ ဖြစ် ကြ၏။ 19 ဟေရုဒ် မင်းသည် ပေတရု ကိုရှာ ၍ မ တွေ့ သည် ရှိသော်၊ စောင့်ရှောက် သောသူတို့ကို စစ်ကြော ပြီးမှသတ် မည်အကြောင်းကို စီရင် လေ၏။ 20 ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။ 21 ဟေရုဒ် မင်းသည်လည်းချိန်းချက် သောနေ့ ၌ မင်း မြောက် တန်ဆာ ကိုဝတ်ဆင် ၍ ပလ္လင် တော်ပေါ်မှာ ထိုင် လျက် ထိုသူ တို့အား မိန့် တော်မူ၏။ 22 လူ များတို့က၊ ဤအသံသည်လူ ၏အသံ မ ဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏ဟု ကြွေးကြော် ကြသည် ရှိသော်၊ 23 ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး များကိုက်သဖြင့် အနိစ္စ ရောက်လေ၏။ 24 ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား များပြား လာ၏။ 25 ဗာနဗ နှင့် ရှောလု တို့သည် လုပ်ကျွေး ခြင်းအမှုကို ဆောင်ရွက်ပြီး လျှင်၊ မာကု အမည် သစ်ကိုရသော ယောဟန် ကိုလည်း ခေါ် ခဲ့၍ ယေရုရှလင် မြို့မှပြန် ကြ၏။
131 အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။ 2 ထိုသူ တို့သည်သခင် ဘုရား ဝတ် ကိုပြု၍ အစာ ကို ရှောင်ကြစဉ်၊ သန့်ရှင်း သောဝိညာဉ် တော်က၊ ငါခန့်ထား သောအမှု ကို ဆောင်ရွက်စေခြင်းငှာ ဗာနဗ နှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့် တော်မူသည် အတိုင်း၊ 3 အစာရှောင် ၍ ပဌနာ ပြုလျက် ၊ ထိုသူ တို့ခေါင်း ပေါ်မှာလက် ကို တင် ၍လွှတ် လိုက်ကြ၏။ 4 ထိုသို့ သန့်ရှင်း သော ဝိညာဉ် တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား ၍ ထို မြို့မှ သင်္ဘောနှင့်လွှင့် သဖြင့်၊ ကုပရု ကျွန်းသို့ ရောက်ကြ၏။ 5 ရှာလမိ မြို့၌ ရှိ နေစဉ်၊ ယုဒ တရားစရပ် များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန် သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။ 6 တစ်ကျွန်း လုံး ကို ရှောက် ၍ ပါဖု မြို့သို့ရောက်လျှင်၊ 7 ဗာယေရှု အမည် ရှိသော ယုဒ အမျိုးသားမိစ္ဆာ ပရောဖက် ဖြစ်သော နတ် ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်း သေရဂိ ပေါလု ထံ၌တွေ့ ကြ၏။ ထိုမြို့ဝန် သည် ပညာ သတိရှိသဖြင့်၊ ဗာနဗ နှင့် ရှောလု တို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော် ကိုနာ လိုသောစိတ် ရှိသော်၊ 8 အနက် အားဖြင့်နတ် ဝိဇ္ဇာအတတ်သမားဟု ဆိုလို သော ဧလုမ အမည်ရှိသောထိုသူ သည် မြို့ဝန် ကို ယုံကြည် ခြင်းမှ လွှဲ အံ့သောငှာတမန်တော် တို့ကို ဟန့်တား လေ၏။ 9 ထိုအခါပေါလု ဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်ပြည့် သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ ကြည့်ရှုလျက်၊ 10 လှည့်ဖြား ခြင်း၊ အကျိုး ကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံ သော မာရ်နတ် ၏သား ၊ ဖြောင့်မတ် ခြင်း တရား၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်း ခရီးတို့ကို မ ဖျက်ဆီးဘဲမနေနိုင်သလော။ 11 ယခုပင် ထာဝရ ဘုရား၏ လက် တော်သည် သင့် အပေါ်သို့ ရောက်၍၊ နေ ကိုမျှမ မြင် နိုင်အောင် အင်တန်ကာလပတ်လုံးသင်၏ မျက်စိ ကွယ်လိမ့်မည် ဟု ပေါလုဆိုသော ခဏခြင်း တွင်မျက်စိမြှေးရှက် ၍ မှောင်မိုက် အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူ တို့ကို ရှာ လျက် တလည်လည် ရှိ၍နေ၏။ 12 ထို အကြောင်းအရာကိုမြင် လျှင်၊ မြို့ဝန် သည် ယုံကြည် ခြင်းသို့ ရောက် ၍၊ သခင် ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩ မိန်းမော၍ နေ၏။ 13 ပေါလု နှင့်ပါ သောသူ တို့သည် ပါဖု မြို့မှ လွှင့် ၍ ပံဖုလိ ပြည်၊ ပေရဂေ မြို့သို့ ရောက် ကြလျှင်၊ ယောဟန် သည် သူ တို့ထံမှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန် လေ၏။ 14 ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။ 15 ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းကိုဘတ်ရွတ် ပြီးမှ ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကို တို့၊ လူ များအား ဆုံးမ စရာ စကား ရှိ လျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြော စေ၏။ 16 ထိုအခါ ပေါလု သည်ထ ၍ မိမိ လက် နှင့် အမှတ်ပေး လျက်၊ ဣသရေလ လူ မှစ၍ ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ နားထောင် ကြလော့။ 17 ဣသရေလ အမျိုး ၏ ဘုရားသခင် သည် ငါ တို့ ဘိုးဘေး များကို ရွေးကောက် တော်မူ၍၊ အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ်သော ထိုလူမျိုး ကို ချီးမြှောက် သဖြင့်၊ ထင်ရှားသော လက် တော်နှင့် ထိုပြည် မှ နှုတ်ဆောင် တော်မူ၏။ 18 အနှစ် လေးဆယ်မျှလောက် သော ကာလ ပတ်လုံးတော ၌ ကျွေးမွေးတော်မူ၏။ 19 ခါနာန် ပြည် ၌ လူ ခုနစ် မျိုးတို့ကို ပယ်ရှား ပြီးလျှင် ၊ ထိုပြည် ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။ 20 ထိုနောက်မှ ပရောဖက် ရှမွေလ မ ပေါ်မရှိမှီ အနှစ် လေးရာ ငါးဆယ် မျှလောက် သော ကာလပတ်လုံး၊ တရားသူကြီး တို့ကိုပေး တော်မူ၏။ 21 နောက် တဖန်ရှင်ဘုရင် ကို တောင်း ကြသောအခါရှောလု အမည်ရှိသော ကိရှ ၏သား ၊ ဗင်္ယာမိန် အမျိုး ဖြစ်သောသူ ကို အနှစ် လေးဆယ် ပတ်လုံးပေး တော်မူ၏။ 22 နောက်မှ ထိုသူ ကိုပယ် ၍၊ ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ် ကို ချီးမြောက် တော်မူ၏။ ထိုသူ အားသက်သေခံ တော်မူလျက်၊စိတ် နှလုံး၌ ညီညွတ်သည် ဖြစ်၍ငါ့ အလို ကိုပြည့်စုံစေမည့်သူ ၊ ယေရှဲ ၏သား ဒါဝိဒ် ကို ငါတွေ့ ရပြီဟု မိန့် တော်မူ၏။ 23 ထိုသူ ၏အမျိုးအနွယ် ထဲ၌ ဘုရားသခင် သည် ဂတိ တော်အတိုင်း ကယ်တင် သောသခင်ယေရှု ကို ဣသရေလ လူတို့အား ပေါ်ထွန်း စေတော်မူပြီ။ 24 ထိုသခင် ကြွလာ တော်မ မူမှီ ယောဟန် သည် ဣသရေလ လူ အပေါင်း တို့အား နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောပြော နှင့်လေ၏။ 25 ယောဟန် သည်မိမိဆောင်ရွက်ရသော အမှု ကိုပြု၍ နေစဉ်တွင်၊ ငါ သည် အဘယ်သူ ဖြစ် သည်ကို သင်တို့ ထင်မှတ် ကြသနည်း။ ငါ သည် ထိုသူဖြစ် သည်မ ဟုတ်။ ငါ့ နောက် ကြွလာ သောသူတစ်ပါးရှိသေး၏။ ထိုသူ ၏ ခြေနင်း တော်ကို ငါမ ချွတ် ထိုက် ဟုဆို ၏။ 26 အာဗြဟံ အမျိုး ဖြစ်သော ညီအစ်ကို မှစ၍သင် တို့တွင်ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ ကယ်တင် တော်မူခြင်းတရား စကားကို သင်တို့အား ကြား လိုက်တော်မူ၏။ 27 ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။ 28 ကိုယ်တော် ၌သေ ထိုက်သောအပြစ် တစ်စုံတစ်ခုကို မျှ မ တွေ့ သော်လည်း၊ ကွပ်မျက် စေမည်အကြောင်း ပိလတ် မင်းထံ၌တောင်းလျှောက် ကြ၏။ 29 ထိုသခင် ကိုရည်မှတ် ၍ ကျမ်းစာ၌ ရေး ထား သမျှ တို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ် တိုင်မှ ချ ၍သင်္ချိုင်း တွင်း၌ ထား ကြ၏။ 30 ဘုရားသခင် သည် သေ ခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊ 31 ဂါလိလဲ ပြည်မှ ယေရုရှလင် မြို့သို့ နောက်တော်၌ လိုက်သော သူ တို့အားနေ့ရက် များစွာ ကိုယ် ကို ထင်ရှား ပြ တော်မူ၏။ 32 ထိုသူ တို့သည် လူ များတို့အား သက်သေခံ ဖြစ် ကြ၏။ 33 ဆာလံ ကျမ်းဒုတိယ ခဏ်း၌ လာ သည်ကား၊ သင် သည်ငါ့ သား ဖြစ် ၏။ 34 ယနေ့ ပင်သင့် ကိုငါ ဖြစ်ဘွား စေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင် သည် ယေရှု ကို ထမြောက် စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ ရှိ သော ဂတိ တော်ကို ထိုသူ တို့၏ သား ဖြစ်သောငါ တို့အား ပြည့်စုံ တော်မူသည်ဟူ၍၎င်း၊ ဒါဝိဒ် ၌မြဲမြံ သော ကျေးဇူးတော်ကို သင် တို့အား ငါပေး မည်ဟူသောဗျာဒိတ် တော်နှင့်အညီ ၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေ၍ ၊ နောက်တစ်ဖန် ပုပ်စပ် ခြင်းသို့ မပြန် ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါ တို့သည် သင် တို့အား ကြားပြော ကြ၏။ 35 ထိုကြောင့် ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော် ၏ သန့်ရှင်း သောသူ အား ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဟုလာ၏။ 36 ဒါဝိဒ် သည်မိမိ ကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက် ပြီးလျှင်၊ ကျိန်းစက် ၍ မိမိ ဘိုးဘေး စုထဲသို့ ဝင် သဖြင့် ပုပ်စပ် ခြင်း သို့ ရောက် လေ၏။ 37 ဘုရားသခင် ထမြောက် စေတော်မူသော သူ မူကား ၊ ပုပ်စပ် ခြင်းသို့ မ ရောက် ။ 38 ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊ 39 ထိုသခင် ကိုယုံကြည် သောသူ ရှိသမျှ တို့သည် မောရှေ ၏ တရား အတိုင်း မ လွတ် နိုင် သော အပြစ်ရှိသမျှ တို့နှင့် လွတ် ရကြသည်ကို၎င်း သိမှတ် ကြလော့။ 40 အနာဂတ္တိ ကျမ်း၌ လာ သည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှု အံ့ဩ ၍ ပြယ်ပျောက် ခြင်းသို့ ရောက်ကြလော့။ 41 အကြောင်းမူကား ၊ သင်တို့အားသူတစ်ပါး ပြညွှန် သော်လည်း ၊ သင် တို့မ ယုံသော အမှု ကိုသင် တို့ လက်ထက်ကာလ ၌ ငါ ပြု သည်ကျမ်းစာ၌ ပါသောအရာ ကို သင်တို့ အပေါ်သို့မ ရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။ 42 လူများတို့သည် တရားစရပ်မှ ထွက်သွား ကြစဉ်၊ ထို အကြောင်း အရာတို့ကို မိမိ တို့အား နောက် ဥပုသ်နေ့ ၌ ဟောပြော ပါမည်အကြောင်း တောင်းပန် ကြ၏။ 43 အစည်းအဝေး ပျက် ၍ ပြန်ကြသောအခါယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ်သော ဘာသာဝင် သူများ တို့သည် ပေါလု နှင့် ဗာနဗ နောက် သို့ လိုက်ကြသည်ဖြစ်၍ထိုသူ တို့သည် ဘုရားသခင် ၏ ကျေးဇူး တော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော် တို့သည် ဖြားယောင်း ၍ ဆုံးမ ဩဝါဒပေးလေ၏။ 44 နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင် အံ့သောငှာတစ်မြို့လုံး ကုန်မတတ် စည်းဝေး ကြ၏။ 45 ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။ 46 ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။ 47 မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင် သည် မြေကြီး စွန်း တိုင်အောင် ကယ်တင် ခြင်းကို ပြု စိမ့်သောငှာ၊ သင် ကိုတစ်ပါး အမျိုးသားလင်း စရာဘို့ ငါခန့်ထား ၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့် စွာ ပြောဆိုကြ၏။ 48 ထိုစကားကို တစ်ပါး အမျိုးသားတို့သည်ကြား လျှင် ဝမ်းမြောက် ၍ ထာဝရ ဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်း ကြ၏။ ထာဝရ အသက် ကို ရစေခြင်းငှာ ခန့်ထား တော်မူသော သူရှိသမျှ တို့သည် ယုံကြည် ခြင်းသို့ ရောက် ကြသဖြင့် ၊ 49 ထာဝရ ဘုရား၏ သာသနာ တော်သည် တစ်ပြည်လုံး ၌ နှံ့ပြား လေ၏။ 50 ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။ 51 တမန်တော်တို့သည် မိမိ တို့ခြေဖဝါး ၌ကပ်သော မြေမှုန့် ကို ထိုသူတို့အားခါ လိုက်ပြီးမှ ၊ ဣကောနိ မြို့သို့ သွား ကြ၏။ 52 တပည့် တော်များတို့သည် ဝမ်းမြောက် ခြင်းနှင့် ၎င်း ၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်းပြည့်စုံ ကြ၏။
141 ဣကောနိ မြို့သို့ ရောက် လျှင် ထိုသူ နှစ်ယောက် တို့သည် ယုဒ တရားစရပ် သို့ ဝင် ၍ ဟောပြော သဖြင့် ၊ ယုဒ လူ၊ ဟေလသ လူများ အပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။ 2 မယုံကြည် သော ယုဒ လူတို့သည် တစ်ပါး အမျိုးသားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကို တို့အား မနာလို သော စိတ် ရှိစေခြင်းငှာချောစားကြ၏။ 3 ထိုကြောင့် ကြာမြင့် စွာနေ ၍ သခင် ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူး တရား တော်ဘက်၌ သက်သေခံ တော်မူလျက်၊ တမန်တော် တို့သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုတို့ကိုပြု နိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။ 4 ထိုမြို့သူ မြို့သားအပေါင်း တို့သည် ကွဲပြား ခြင်းရှိ ၍၊ အချို့ တို့သည် ယုဒ လူတို့ဘက် ၌၎င်း၊ အချို့ တို့သည် တမန်တော် တို့ဘက် ၌၎င်း နေ ကြ၏။ 5 မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊ 6 တမန်တော်တို့သည်သိ လျှင်၊ လုကောနိ ပြည်၌ လုတ္တရ မြို့၊ ဒေရဗေ မြို့မှစ၍ ကျေးလက် များသို့ ထွက်ပြေး ၍၊ 7 ထို အရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။ 8 အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သဖြင့်၊ တစ်ခါမျှ မသွား ဘူးသော လူတစ်ယောက်သည် လုတ္တရ မြို့၌ ထိုင် လျက်၊ 9 ပေါလု ဟောပြော သည်ကို ကြား လေ၏။ ပေါလု သည်လည်း ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည် ခြင်းရှိ သည်ကိုသိမြင် လျှင်၊ 10 ထ ၍မတ်တတ် ရပ်လော့ဟု ကြီး သောအသံ နှင့် ဆို သဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွား လေ၏။ 11 ပေါလု ပြု သောအမှု ကိုမြင် သော လူ အစုအဝေး တို့က၊ နတ်ဘုရား တို့သည် လူ အယောင် ကိုဆောင်၍ ငါ တို့ရှိရာသို့ ဆင်းသက် ပါသည် တကားဟု လုကောနိ ဘာသာစကားအားဖြင့်အသံ ကိုလွှင့် ၍ ဆို ကြ၏။ 12 ပေါလု သည်သာ၍ဟောပြော သောကြောင့် သူ့ ကို ဟေရမေ ဟူ၍၎င်း ၊ ဗာနဗ ကိုဇုသ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။ 13 ထိုမြို့ ရှေ့ ၌ရှိ သော ဇုသ ၏ယဇ် ပုရောဟိတ်သည် နွား နှင့် ပန်းကုံး ကို မြို့တံခါး နားသို့ ယူခဲ့ ၍၊ လူ အစုအဝေးတို့နှင့်တကွ ယဇ် ပူဇော်မည်ပြု သည်ကို၊ 14 တမန်တော် ဗာနဗ နှင့် ပေါလု တို့သည် သိတင်းကြား လျှင်၊ မိမိ တို့အဝတ် ကို ဆုတ် ၍ လူစု ထဲသို့ ပြေး ဝင်လျက်၊ 15 အချင်းလူ တို့၊ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ ငါ တို့သည် သင် တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် ပါ၏။ သင် တို့သည် ဤ အချည်းနှီး သောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ၊ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲ ရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြော ကြ၏။ 16 ရှေးလွန်လေပြီးသောကာလတို့၌ ၊ လူ အမျိုးမျိုး တို့သည် မိမိ တို့အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ် ထားတော်မူ၏။ 17 သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။ 18 ထိုသို့ကြွေးကြော် သဖြင့် လူ အစုအဝေးတို့သည် ယဇ် ပူဇော်ခြင်းကို မ ပြုရမည်အကြောင်း မြစ်တားခဲ သော အမှုကိုမြစ်တား လေ၏။ 19 ထိုအခါ ယုဒ လူတို့သည် အန္တိအုတ် မြို့၊ ဣကောနိ မြို့မှ လာ ကြ၍ လူ အစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလု ကို ကျောက်ခဲနှင့်ပစ် ၍ သေ ပြီဟု စိတ်ထင် နှင့် မြို့ ပြင် သို့ ဆွဲငင် ကြ၏။ 20 တပည့် တော်တို့သည် ဝန်းရံ ၍နေကြစဉ်၊ ပေါလုသည် ထ ၍မြို့ ထဲသို့ ဝင် ပြန်၏။ နက်ဖြန် နေ့၌ ဗာနဗ နှင့်တကွ ဒေရဗေ မြို့သို့ ထွက်သွား လေ၏။ 21 ထို မြို့ ၌ ဧဝံဂေလိ တရားကို ဟောပြော၍ လူများ တို့ကို တပည့် တော်ဖြစ်စေပြီးမှ ၊ လုတ္တရ မြို့၊ ဣကောနိ မြို့၊ အန္တိအုတ် မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန် ကြ၏။ 22 ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။ 23 အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။ 24 ပိသိဒိ ပြည်တစ်ပြည်လုံးကို ရှောက်သွား ၍ ပံဖုလိ ပြည်သို့ ရောက် လျှင်၊ 25 ပေရဂေ မြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိ မြို့သို့ သွား ကြပြန်၏။ 26 ထိုမြို့ မှ သင်္ဘောစီး၍လွှင့် သဖြင့်၊ မိမိတို့ဆောင်ရွက် ခဲ့ပြီးသော အမှု အလိုငှာ ဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာကြ၏။ 27 ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။ 28 ထိုမြို့၌လည်း၊ တပည့် တော်တို့နှင့်အတူ ကြာမြင့်စွာ နေ ကြ၏။
151 ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။ 2 ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။ 3 အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။ 4 ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။ 5 ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။ 6 ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။ 7 များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။ 8 စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။ 9 ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။ 10 သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။ 11 သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။ 12 ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။ 13 ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။ 14 ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။ 15 ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။ 16 ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။ 17 လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။ 18 ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ 19 ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊ 20 ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။ 21 အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။ 22 ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။ 23 သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။ 24 လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊ 25 ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊ 26 ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊ 27 ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။ 28 ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊ 29 လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။ 30 ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။ 31 မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။ 32 ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။ 33 ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။ 34 သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။ 35 ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။ 36 အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။ 37 ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။ 38 ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။ 39 ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။ 40 ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊ 41 အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။
161 ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။ 2 ထိုသူသည်လုတ္တရ မြို့၊ ဣကောနိ မြို့၌ရှိသော ညီအစ်ကို တို့ တွင်အသရေ ရှိသောသူ ဖြစ်၏။ 3 ပေါလု သည် ထိုသူ ကိုခေါ်ခြင်းငှာအလိုရှိ ၍၊ သူ ၏အဘ သည် ဟေလသ လူဖြစ် သည်ကိုထို အရပ် တို့၌ ရှိ သောယုဒ လူအပေါင်း တို့သည် သိ သောကြောင့် ၊ အရေဖျားလှီး ခြင်းကို သူ့အားပေး လေ၏။ 4 သူတို့သည် မြို့ များကို ရှောက်သွား စဉ် တွင်၊ ယေရုရှလင် မြို့၌ နေသောတမန်တော် တို့နှင့် သင်းအုပ် တို့သည် စီရင် သောပညတ် တို့ကို အသင်း များ ကျင့်စောင့် ဘို့ရာအပ်ပေး ကြ၏။ 5 ထိုသို့ အသင်းတော် တို့သည် ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွား များပြားကြ၏။ 6 ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊ 7 မုသိ ပြည်သို့ ရောက် ၍ ၊ ဗိသုန် ပြည်သို့ သွား မည်ပြု ကြစဉ်၊ ဝိညာဉ် တော်သည် အခွင့် ပေးတော်မ မူသောကြောင့် ၊ 8 မုသိ ပြည်အနားမှာ ရှောက် ၍ တရော မြို့သို့ ရောက် ကြ၏။ 9 ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။ 10 ထို ဗျာဒိတ်ရူပါရုံကို မြင် ရလျှင် ၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာသခင် ဘုရားသည် ငါ တို့ကိုခေါ် တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွား ခြင်းငှာချက်ခြင်း ရှာကြံ ကြ၏။ 11 ထိုကြောင့်၊ တရော မြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့ တည့်တည့် သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိ မြို့သို့ ရောက်ကြ၏။ 12 ထိုမြို့ မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်းဟူသောမာကေဒေါနိ ပြည်တ ပိုင်းကို အစိုးရ သော ဖိလိပ္ပိ မြို့သို့ ရောက်၍ ကာလ အတန် အရာနေ ကြ၏။ 13 ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင် သို့ထွက် လျှင်၊ ပဌနာ စရပ် ရှိ တတ်ရာမြစ် နား သို့သွား၍ ထိုင် ပြီးမှ၊ ထိုအရပ်၌စည်းဝေး သော မိန်းမ တို့အားဟောပြော ကြ၏။ 14 ထိုအခါ နီမောင်းသောအထည်အလိပ် ကို ရောင်းသော သွာတိရဲ မြို့သူ လုဒိ အမည် ရှိသော မိန်းမ တစ် ယောက်သည် ဘုရားသခင် ကို ကိုးကွယ် သောသူဖြစ်၍၊ တရားနာ စဉ်တွင် ပေါလု ဟောပြော သော အရာ ကို မှီဝဲဆည်းကပ်စေခြင်းငှာသူ ၏စိတ်နှလုံး ကို သခင် ဘုရားဖွင့် တော်မူ၏။ 15 ထိုမိန်းမသည်အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကို ခံပြီးမှ၊ ကျွန်မ သည် သခင် ဘုရား၌ အမှန် ယုံကြည် သည်ကို သင်တို့သည် ထင်မှတ် လျှင် ၊ ကျွန်မ အိမ် သို့ ဝင် ၍ နေ ကြပါဟုတောင်းပန် လျက် ငါ တို့ကို အနိုင် သွေးဆောင် လေ၏။ 16 ထိုနောက်မှငါ တို့သည် ပဌနာ စရပ်သို့ သွား စဉ်တွင် နတ်ဝင် ဖြစ် ၍ အနာဂတ်ကိုဟော သဖြင့်၊ မိမိ သခင် တို့အား စီးပွား များ ကို ပြု တတ်သော မိန်းမငယ်တစ် ယောက်သည် ငါ တို့ကိုဆီးကြို လေ၏။ 17 ထိုမိန်းမငယ်သည် ပေါလု နှင့် ငါ တို့နောက် သို့ လိုက်၍၊ ဤသူ တို့ကား အကျွတ် တရားလမ်း ကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံး သော ဘုရားသခင် ၏ ကျွန် ဖြစ် ကြ၏ဟု ဟစ်ကြော် လေ၏။ 18 ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။ 19 သူ ၏သခင် တို့သည် နောက်တဖန် စီးပွား ဖြစ်လိမ့်မည်ဟု မြော်လင့် စရာအကြောင်း မရှိသည်ကို သိမြင် လျှင်၊ ပေါလု နှင့် သိလ တို့ကို ဘမ်းဆီး ဆွဲငင် ၍ ရုံးတော်သို့ ပို့ကြ၏။ 20 စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။ 21 ရောမ လူဖြစ် သောငါ တို့သည် မ ခံ မယူ မကျင့် အပ်သော ဘာသာ ထုံးတမ်းများကို ဟောပြော သွန်သင်တတ်ပါ၏ ဟုလျှောက်ဆို ကြလျှင်၊ 22 စုဝေး သောလူတို့သည် သူ တို့တစ်ဘက် ၌ တပြိုင်နက် ထကြ၏။ စစ်ကဲ မင်းတို့လည်း သူ တို့၏ အဝတ် ကိုချွတ် ၍ကြိမ်လုံးနှင့်ရိုက် စေခြင်းငှာစီရင် ကြ၏။ 23 ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။ 24 ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။ 25 သန်းခေါင် အချိန်၌ ပေါလု နှင့် သိလ တို့သည် ပဌနာ ပြု၍ ဘုရားသခင် ကို ချီးမွမ်း လျက်သီချင်း ဆိုလေ၏။ ထောင် ထဲမှာနှောင်ဖွဲ့ခြင်း ကိုခံရသော သူ တို့သည် နားထောင် ကြ၏။ 26 ထို ခဏခြင်း တွင် မြေကြီး သည်ပြင်းစွာ လှုပ်သောကြောင့် ထောင် ခြေ ရင်းလည်းလှုပ်ရှား ၏။ တံခါး ရှိသမျှ တို့သည် ချက်ခြင်း ပွင့် ၍ လူအပေါင်း တို့သည် နှောင်ဖွဲ့ ခြင်းနှင့်လွတ် ကြ၏။ 27 ထောင်မှူး သည်နိုး ၍ ထောင် တံခါး များ ပွင့် လျက်ရှိ သည်ကို မြင် လျှင်၊ နှောင်ဖွဲ့ ခြင်းကို ခံရသောသူ တို့သည် ထွက်ပြေး ကြပြီဟုထင်မှတ် သည်နှင့်၊ ဓား ကို အိမ်မှဆွဲထုတ် ၍ ကိုယ် အသက်ကိုသတ် မည် ပြု လေ၏။ 28 ပေါလု ကလည်း၊ ကိုယ် ကိုအပြစ် မ ပြု နှင့်။ ငါတို့ အပေါင်း သည် ရှိ ကြ၏ဟုကြီး သောအသံ နှင့် ဟစ် ၍ ပြောဆို ၏။ 29 ထောင်မှူးသည် ညှိထွန်းသောမီး ကို တောင်း ပြီးမှ ပြေး ဝင်၍၊ ပေါလု နှင့် သိလ တို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ် လေ၏။ 30 သူ တို့ကို ပြင် သို့ထုတ် ပြီးလျှင်လည်း ၊ သခင် တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် လေ၏။ 31 ထိုသူတို့ကလည်း ၊ သခင် ယေရှု ခရစ်ကို ယုံကြည် လော့။ ယုံကြည်လျှင်သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆို လျက်၊ 32 ထိုသူ မှစ၍ သူ ၏အိမ် ၌ ရှိသမျှ သော သူ တို့အား သခင် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟော ကြ၏။ 33 ထို ညဉ့် ၊ ထိုအချိန် နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလု နှင့်သိလ တို့ကိုယူ ၍ဒဏ်ချက်ရာ များကို ဆေးကြော ပြီးလျှင်၊ မိမိ လူအပေါင်း တို့နှင့်တကွဗတ္တိဇံ ကို ချက်ခြင်း ခံလေ၏။ 34 တဖန် ပေါလု နှင့် သိလတို့ကို မိမိအိမ် သို့ ခေါ်ပင့် ပြီးမှသူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင် ကို ယုံကြည် လျက် အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက် ခြင်းသို့ရောက်လေ၏။ 35 နံနက် ရောက် သောအခါ စစ်ကဲ တို့သည် ရုံး လုလင်တို့ကို စေလွှတ် ၍၊ ထို လူ တို့ကို လွှတ် စေ ဟုမှာ လိုက်ကြ၏။ 36 ထို စကားကိုထောင်မှူး သည် ပေါလု အား ကြားပြော ၍၊ ကိုယ်တော်တို့ကို လွှတ် စေခြင်းငှာ စစ်ကဲ တို့သည် စေလွှတ် ကြပါပြီ။ ထိုကြောင့် ယခု ထွက် ၍ ငြိမ်ဝပ် စွာ ကြွသွား တော်မူကြပါဟု လျှောက်လျှင်၊ 37 ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။ 38 ထို စကား ကိုရုံး လုလင်တို့သည် စစ်ကဲ တို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမ လူ ဖြစ် ကြောင်းကို စစ်ကဲတို့သည် ကြားသိ သောအခါကြောက် ခြင်းသို့ရောက်၍၊ 39 ကိုယ်တိုင် လာ ပြီးလျှင် ချော့မော့ သောစကားနှင့် သူတို့ကို နှုတ်ယူ ၍၊ ထိုမြို့ မှ ထွက်သွား ပါမည် အကြောင်း တောင်းပန် ကြ၏။ 40 ထိုအခါပေါလုနှင့် သိလတို့သည် ထောင် မှ ထွက် ၍ လုဒိ အိမ်သို့ ဝင် သဖြင့်၊ ညီအစ်ကို များကို တွေ့မြင် ၍ သက်သာ စေပြီးမှ ထွက်သွား ကြ၏။
171 ထိုနောက်၊ အံဖိပေါလိ မြို့၊ အာပေါလောနိ မြို့ကို ရှောက်သွား ၍ သက်သာလောနိတ် မြို့သို့ ရောက် ကြ၏။ ထို မြို့မှာယုဒ တရားစရပ် ရှိ ၏။ 2 ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊ 3 ခရစ်တော် သည် အသေခံ ရ မည်။ သေ ခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြော သောယေရှု သည် ခရစ်တော် ဖြစ် သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြ လေ၏။ 4 ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။ 5 ယုဒ လူတို့သည် ဆိုးယုတ် လျှပ်ပေါ် သော သူ အချို့ တို့ကို ခေါ် ၍ လူများကို စုဝေး စေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန် ၏ အိမ် ကိုဝိုင်း ၍ သူ တို့ကို လူ များရှေ့ သို့ ဆွဲထုတ်ခြင်းငှာရှာ ကြ၏။ 6 မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။ 7 ယာသုန် သည်လည်း သူ တို့ကို လက်ခံ ပါပြီ။ ထိုသူ အပေါင်း တို့သည် ကဲသာ ဘုရင်၏ အမိန့် တော်ကို ဆန့်ကျင်ဘက် ပြု ၍၊ ယေရှု အမည် ရှိသော ရှင်ဘုရင် တစ်ပါး ရှိ သည်ဆို တတ်ပါ၏ဟု ဟစ်ကြော် လျက် ၊ 8 မင်း အရာရှိမှစ၍ စုဝေး သောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့်နှောင့်ရှက် ကြ၏။ 9 ထိုအခါယာသုန် မှစ၍ ကြွင်း သောသူ တို့ကို အာမခံပေးစေပြီးမှလွှတ် လိုက်ကြ၏။ 10 ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။ 11 ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။ 12 ထိုကြောင့် ၊ ယုဒ လူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေ ထင်ရှားသော ဟေလသ မိန်းမ တို့နှင့် ယောက်ျား အများတို့သည် လည်း ယုံကြည်ကြ၏။ 13 ပေါလု သည် ဗေရိ မြို့၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုဟောပြော သည်ကို၊ သက်သာလောနိတ် မြို့သားဖြစ်သော ယုဒ လူ တို့သည် ကြားသိ ရလျှင် ၊ ဗေရိ မြို့သို့လာ ပြန်၍ လူ များတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။ 14 ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။ 15 ပေါလု ကိုပို့ သောသူ တို့သည် အာသင် မြို့ တိုင်အောင် ပို့ဆောင် ပြီးမှ၊ သိလ နှင့် တိမောသေ တို့ကို အလျင်အမြန် လာ စေခြင်းငှာမှာစာ ကိုခံ ၍ပြန် ကြ၏။ 16 ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။ 17 ထိုကြောင့် တရားစရပ် ၌ ယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ် သော သူ တို့နှင့်၎င်း ၊ လူများစုဝေးရာအရပ်၌ နေ့တိုင်း တွေ့ကြုံ သော သူ တို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။ 18 ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။ 19 ထိုအခါ ၊ ထိုသူတို့သည် ပေါလု ကိုခေါ် ၍ အာရေ တောင်သို့ ဆောင်သွား ပြီးလျှင်၊ သင် သည် ဟောပြော သော ဤ အယူဝါဒသစ် ကို ငါတို့ သိ အပ် သလော။ 20 ငါ တို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏။ ထို အရာများကား အဘယ်သို့ ဆိုလို သည် ကို ငါတို့သိ ချင် ပါသည်ဟု ဆို ကြ၏။ 21 အာသင် မြို့သူမြို့သားအပေါင်း တို့နှင့် ဧည့်သည် များ တို့သည် သိတင်း စကားကိုကြားပြော ခြင်း၊ နားထောင် ခြင်း အမှုမှတစ်ပါးအခြားသော အမှုဖြင့်ကာလကို မ လွန် စေတတ်ကြ။ 22 ထိုအခါ ပေါလု သည် အာရေ တောင်ပေါ်၌ ရပ် လျက်၊ အချင်း အာသင် လူတို့ ၊ သင် တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင် ပါ၏။ 23 လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။ 24 လောကဓာတ် မှစ၍ လောကဓာတ် ၌ ရှိ လေသမျှသောအရာ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင် သည်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသော အရှင် ဖြစ် ၍၊ လူတို့လက် ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။ 25 ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။ 26 ဘုရားသခင်သည် မြေ တပြင်လုံး ၌ နေ ရသော လူ အမျိုးမျိုး တို့ ကိုတစ် သွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေ စီမံ သောအချိန် ကာလကို ၎င်း ၊ သူ တို့၏ နေရာ အပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။ 27 အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။ 28 ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။ 29 ထိုသို့ ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ် ဖြစ် လျက်နှင့် လူတို့ အတတ် အကြံအစည် အားဖြင့်ထုလုပ် သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကျောက် ရုပ်တုနှင့် ဘုရားသခင် တူ တော်မူသည်ဟု မ ထင် မမှတ်အပ်။ 30 ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။ 31 အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။ 32 သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။ 33 ထိုသို့ ဆိုကြသောအခါပေါလု သည် ထိုသူ တို့ အထဲ မှ ထွက်သွား လေ၏။ 34 လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။
181 ထိုနောက် ပေါလုသည် အာသင် မြို့မှ ထွက်သွား ကောရိန္သု မြို့သို့ ရောက် လေ၏။ 2 ထိုအခါ ယုဒ လူအပေါင်း တို့သည် ရောမ မြို့မှ ထွက်သွား ရမည်အကြောင်း၊ ကလောဒိ မင်း အမိန့် တော်ရှိ သည်ဖြစ်၍၊ ပုန္တု ပြည်သားအာကုလ အမည် ရှိသော ယုဒ လူတစ် ယောက်သည် ဣတလိ ပြည်မှ လာ၍၊ မိမိ မယား ပြစ်ကိလ နှင့်တကွ မကြာမမြင့်မှီ ရောက်လာ သည်ကို ပေါလုတွေ့ လျှင်သူ တို့ဆီသို့ဝင် ၍၊ 3 အလုပ် ချင်းတူသောကြောင့် ၊ သူ တို့နှင့် နေ ၍ အလုပ်လုပ် လေ၏။ ထိုသူတို့သည် တဲရှင် ကိုချုပ်တတ် သော အချုပ်သမား ဖြစ် ကြ၏။ 4 ပေါလုသည်လည်း ဥပုသ်နေ့ မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော၍၊ ယုဒ လူနှင့် ဟေလသ လူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။ 5 သိလ နှင့် တိမောသေ တို့သည် မာကေဒေါနိ ပြည်မှ ရောက်လာ သောအခါ ၊ ပေါလု သည် သူတို့နှင့်တကွတရား ဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍၊ ယေရှု ခရစ် ၏ အကြောင်းကို ယုဒ လူတို့အား ကြိုးစား၍ သက်သေခံ လေ၏။ 6 ယုဒလူတို့သည် ငြင်းခုံ ဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ် ကိုခါ လိုက်လျက်၊ သင် တို့၏ အသွေး သည် သင် တို့၏ ခေါင်း ပေါ်၌ တည်စေ။ ငါ မူကား ကင်းလွတ် ၏။ ယခု မှစ၍ တစ်ပါး အမျိုးသားတို့ဆီသို့ သွား မည်ဟု ဆိုပြီးလျှင်၊ 7 ထို အရပ်မှထွက် ၍ ဘုရားသခင် ကို ကိုးကွယ် သော ယုတ္တု အမည် ရှိသောသူ ၏ အိမ် သို့ သွား ၏။ ထိုအိမ် သည် တရားစရပ် နှင့် စပ် လျက်ရှိ သတည်း။ 8 ကရိပ္ပု အမည်ရှိသောတရားစရပ်မှူး သည် မိမိအိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ သခင် ဘုရားကို ယုံကြည် လေ၏။ ကောရိန္တု ပြည်သားအများ တို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံ ကိုခံကြ၏။ 9 ညဉ့် အခါ သခင် ဘုရားသည် ပေါလု အား ဗျာဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မ ကြောက် နှင့်။ တိတ်ဆိတ် စွာမ နေနှင့်။ ဟောပြော လော့။ 10 ငါ သည်သင် နှင့်အတူ ရှိ ၏။ သင့် ကိုညှဉ်းဆဲ ခြင်းငှာအဘယ်သူ မျှအနိုင် အထက်မပြုရ။ ဤ မြို့ ၌ ငါ ၏ လူ အများ ရှိ ကြသည်ဟု မိန့် တော်မူ၏။ 11 ပေါလုသည် ထိုမြို့သူ မြို့သားတို့အား ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော သွန်သင်၍တနှစ် နှင့် ခြောက် လ ပတ်လုံးနေ လေ၏။ 12 အခါယ ပြည်ကို ဂါလျုန် မင်းသည် ဝန် အရာနှင့် အုပ်စိုးသောအခါယုဒ လူများသည် တစ် ညီတစ်ညွတ်တည်း ပေါလု ကို အနိုင်အထက် ပြု၍ တရားပလ္လင် ရှေ့ သို့ ယူသွား ပြီးလျှင်၊ 13 လူ တို့သည် ဘုရား ကိုမတရား သဖြင့်ကိုးကွယ် စေခြင်းငှာ၊ ဤသူသည် ဖြားယောင်း တတ်ပါသည် ဟုဆို ကြ၏။ 14 ပေါလု သည် နှုတ် ကိုဖွင့် မည်ပြုသော်၊ ဂါလျူန် မင်းက၊ အချင်း ယုဒ လူတို့၊ မတရားသောအမှု ၊ ဆိုးယုတ် ညစ်ညူး သောအမှုဖြစ် လျှင် ၊ ငါသည်သင် တို့ကို အကြောင်း ရှိ သည်အတိုင်း သည်းခံ ရမည်။ 15 သို့မဟုတ်စကား သော်၎င်း၊ ခေါ်ဝေါ် သမုတ်ခြင်းသော်၎င်း၊ သင် တို့၏ဘာသာတရား သော်၎င်း၊ သင်တို့သည်အစီရင်ခံ လျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာငါ အလို မ ရှိ ဟုဆိုလျက်၊ 16 ယုဒ လူတို့ကို တရားပလ္လင် မှ ပယ်ရှား စေ၏။ 17 ထိုအခါဟေလသလူအပေါင်း တို့သည် တရားစရပ်မှူး သုဿင် ကိုယူ ၍ တရားပလ္လင် ရှေ့ မှာ ရိုက် ကြ၏။ ထိုအမှု ကိုလည်း ဂါလျူန် မင်းသည် အမှု မ ထား ဘဲနေ၏။ 18 ထိုနောက်မှပေါလု သည် တာရှည် စွာနေ ပြီးမှညီအစ်ကို တို့ကို အခွင့် တောင်း၍ ထိုမြို့မှထွက်သွား ၏။ အထက်ကသစ္စာ ဂတိပြု သည်နှင့်အညီကင်ခြေ မြို့၌ ခေါင်း ရိတ် ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလ နှင့် အာကုလ ကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့်လွှင့်လေ၏။ 19 ဧဖက် မြို့သို့ ရောက် လျှင် ၊ တရားစရပ် သို့ ဝင် ၍ ယုဒ လူတို့နှင့် ဆွေးနွေး နှီးနှောလေ၏။ 20 ထိုသူ တို့သည် မိမိတို့နှင့်အတူပေါလု နေ ပါဦးမည်အကြောင်း တောင်းပန် သောအခါ ၊ ပေါလုသည် ဝန် မ ခံဘဲလျက်၊ 21 ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလို တော်ရှိလျှင်၊ နောက်တစ်ဖန် သင် တို့ရှိရာ သို့ ငါပြန် ဦးမည်ဟူ၍အခွင့် တောင်းပြီးမှ ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက် မြို့၌ ထား၍ သင်္ဘောနှင့်လွှင့် ပြန်လေ၏။ 22 ကဲသရိ မြို့သို့ ရောက် လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော် နှင့် နှုတ်ဆက် ပြီးမှအန္တိအုတ် မြို့ သို့ သွား ပြန်၏။ 23 ထိုမြို့၌ အတန် အရာနေ ပြီးလျှင် ၊ ထွက် ပြန်၍ ဂလာတိ ပြည် ၊ ဖြူဂိ ပြည်ကို အစဉ် အတိုင်း ရှောက်သွား သဖြင့်၊ တပည့် တော်အပေါင်း တို့ကို မြဲမြံ ခိုင်ခံ့စေ၏။ 24 အာပေါလု အမည် ရှိသော အာလေဇဒြိ မြို့သား ၊ ယုဒ လူ တစ် ယောက်သည် ဧဖက် မြို့သို့ ရောက်လာ ၏။ ထိုသူ သည် နှုတ် သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ ၌ အားကြီး သောသူဖြစ် ၏။ 25 သခင် ဘုရား၏ဘာသာ ၌လေ့ကျက် ၍ စိတ် အားကြီး သဖြင့် ၊ သခင် ဘုရား၏ အကြောင်း များကို စေ့စေ့ ဟောပြော ၍ ဆုံးမ ဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန် ၏ ဗတ္တိဇံ ကိုသာ သိ ၏။ 26 ထိုသူ သည် တရားစရပ် ၌ ရဲရင့်စွာဟောပြော စ ပြုသဖြင့်၊ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ ၏စကား ကို ကြားသောအခါ ၊ သူ့ ကိုယူ ၍ဘုရားသခင် ၏ ဘာသာ တရားကိုသာ၍ သေချာစွာသင်ကြား ကြ၏။ 27 ထိုသူ သည် အခါယ ပြည်သို့ သွား ခြင်းငှာအလိုရှိ သည်ဖြစ်၍ ၊ တပည့် တော်ချင်းတို့သည် သူ့ ကိုလက်ခံ မည်အကြောင်း ညီအစ်ကို တို့သည်မှာစာ ကိုပေးလိုက်ကြ၏။ သူ သည်ရောက်လာ လျှင်၊ ကျေးဇူး တော်အားဖြင့် ယုံကြည် သော သူ တို့ကို အလွန် ထောက်မ လေ၏။ 28 ယေရှု သည်ခရစ်တော် ဖြစ် တော်မူကြောင်းကို ကျမ်းစာ အားဖြင့် ထင်ရှားစွာပြ ၍၊ လူ အပေါင်းတို့ရှေ့မှာ ယုဒ လူတို့၏စကားကို အားကြီး စွာ ပယ်ဖျက် လေ၏။
191 အာပေါလု သည် ကောရိန္သု မြို့၌ နေ စဉ် ၊ ပေါလု သည်အထက် အရပ် များကို ရှောက်သွား ပြီးမှဧဖက် မြို့သို့ ရောက် ၍၊ တပည့် တော်အချို့ တို့ကိုတွေ့ လျှင်၊ 2 သင်တို့သည် ယုံကြည် သည်နောက်၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံ ကြပြီလောဟု မေး သည်ရှိသော်၊ သန့်ရှင်း သော ဝိညာဉ် တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြောဆိုကြ၏။ 3 ပေါလုကလည်း၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ် မည်သောဗတ္တိဇံ ကို ခံကြသနည်းဟု မေး လျှင် ၊ ယောဟန် ၏ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆို ကြ၏။ 4 ပေါလု ကလည်း ၊ ယောဟန် က၊ ငါ့ နောက် ကြွလာ သောသူ ကို ယုံကြည် ရမည်ဟု လူ များတို့အား ပြောဆို လျက်၊ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ ၌ ယေရှု ခရစ်ကို ဆိုလို သည်။ 5 ဟူသောစကားကို ကြား လျှင် ၊ ထိုသူတို့သည် သခင် ယေရှု ၏ နာမ ၌ ဗတ္တိဇံ ကို ခံကြ၏။ 6 ပေါလု သည်လည်း၊ သူ တို့အပေါ် ၌လက် ကိုတင် လျှင်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ဆင်းသက် တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော ၍ ပရောဖက် ပြုကြ၏။ 7 ထိုသူ တို့သည် အရေအတွက်အားဖြင့်တကျိပ် နှစ်ယောက်မျှလောက် ရှိ သတည်း။ 8 ထိုနောက်မှပေါလုသည် တရားစရပ် သို့ ဝင် ၍ သုံး လ ပတ်လုံး ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်း များကို ဆွေးနွေး နှီးနှော၍ ဖြားယောင်း သွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။ 9 အချို့ သောသူတို့သည် ခိုင်မာ သောစိတ်ရှိ၍ မယုံကြည် ဘဲ နေလျက်၊ လူများ ရှေ့ မှာ ထိုဘာသာ ကို ကဲ့ရဲ့ သောအခါ ၊ ပေါလုသည် သူ တို့အထဲ မှထွက်သွား ၍ တပည့် တော်တို့ကို အသီးအခြားခွဲ ထားပြီးမှ၊ 10 တုရန္နု အမည်ရှိသောသူ၏ စာသင် စရပ်၌ နှစ် နှစ် ပတ်လုံး နေ့တိုင်း ဟောပြော သောအားဖြင့် ၊ အာရှိ ပြည်သားဖြစ်သော ယုဒ လူ၊ ဟေလသ လူ အပေါင်းတို့သည် သခင် ယေရှု၏ နှုတ်ကပတ် တရားတော်ကို ကြား ရကြ၏။ 11 ဘုရားသခင် သည် ပေါလု လက် ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုး များကိုပြ တော်မူသည်ဖြစ်၍၊ 12 ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။ 13 ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒ လူအချို့ တို့က၊ ပေါလု ဟောပြော သော ယေရှု ကို ငါတိုင်တည်၍ သင် တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ဟုဆိုလျက်၊ နတ် ဆိုး စွဲ သော သူ တို့၏အပေါ် ၌သခင် ယေရှု ၏နာမ တော်ကို မြွက် စမ်းကြ၏။ 14 သကေဝ အမည်ရှိသော ယဇ်ပုရောဟိတ် မင်း၏ သား ခုနစ် ယောက်တို့သည် ထိုသို့ ပြု ကြ၏။ 15 နတ် ဆိုး ကလည်း၊ ယေရှု ကိုငါသိ ၏။ ပေါလု ကို လည်း ငါသိ ၏။ သင် တို့ကား ၊ အဘယ်သူ နည်းဟု ပြောဆို ပြီးလျှင် ၊ 16 နတ် ဆိုး စွဲ သောသူ သည် ထိုသူ တို့အပေါ်သို့ ခုန်တက် ၍နိုင် သဖြင့် လုယက် နှိပ်စက် သောကြောင့် ၊ ထို အိမ် မှ အဝတ် မပါဘဲအနာ များနှင့် ထွက်ပြေး စေ၏။ 17 ထို အကြောင်းအရာကို ဧဖက် မြို့၌နေ သော ယုဒ လူနှင့် ဟေလသ လူအပေါင်း တို့သည် ကြားသိ လျှင်၊ ကြောက်ရွံ့ ခြင်းသို့ရောက် ၍ သခင် ယေရှု ၏ နာမ တော် ကိုချီးမွမ်း ကြ၏။ 18 ယုံကြည် သောသူ အများ တို့သည်လည်း လာ ၍ မိမိ တို့အကျင့် ကို ဖေါ်ပြ လျက် တောင်းပန် ကြ၏။ 19 နတ် ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူ အများ တို့သည်လည်း မိမိတို့စာစောင် ကိုယူခဲ့ ၍ လူအပေါင်း တို့ရှေ့ မှာမီးရှို့ ကြ၏။ စာစောင် အဘိုး ကိုချင့်တွက် သော်၊ ငွေ အသပြာငါးသောင်း ထိုက်သည်ကို သိ ကြ၏။ 20 ထိုသို့ သခင် ဘုရား၏သာသနာ တော်သည် တန်ခိုး နှင့် တိုးပွား ၍ အောင်မြင် လေ၏။ 21 ထိုနောက်မှပေါလု က၊ ငါသည်မာကေဒေါနိ ပြည်နှင့် အခါယ ပြည် ကိုရှောက်သွား ပြီးလျှင်၊ ယေရုရှလင် မြို့ သို့ သွား မည်။ ထို မြို့သို့ ရောက် ပြီးသည်နောက် ၊ ရောမ မြို့ကိုမြင် ရမည်ဟုစိတ် ထဲ၌ အကြံရှိသည်ဖြစ်၍၊ 22 မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။ 23 ထို အခါ ဘာသာ တရားကြောင့် ရောက်သော အမှု ကြီး ဟူမူကား ၊ 24 ဒေမေတရိ အမည် ရှိသော ပန်းထိမ်သမားတစ် ယောက်သည် အာတေမိ နတ်သမီး၏ ငွေ ဗိမာန် ငယ် တို့ကို လုပ် သဖြင့်၊ ပန်းထိမ် သမား တို့အားစီးပွား များ ကိုပြု တတ်၏။ 25 ထိုသူ သည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ် သမားများကိုစုရုံး စေပြီးလျှင်၊ အချင်းလူတို့ ၊ ဤ အတတ်ကိုအမှီပြု ၍ငါ တို့၌အကျိုး စီးပွား ဖြစ် သည်ကို သင်တို့သိ ကြ၏။ 26 ယခုတွင် ထို ပေါလု က၊ လူလက် ဖြင့် လုပ် သမျှ တို့သည် ဘုရား မ ဟုတ် ဟု ဆို သဖြင့်၊ ဧဖက် မြို့မှစ၍အာရှိ ပြည် တရှောက် လုံးကုန်မတတ် ၊ လူ အပေါင်း တို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည် မြင် လျက်၊ ကြား လျက်ရှိကြ၏။ 27 ထိုသို့ လူများတို့သည် ငါ တို့၏အတတ်ကို ကဲ့ရဲ့ သည်သာမက ၊ ကြီးမြတ် သောနတ်သမီး အာတေမိ ၏ ဗိမာန် တော်ကို ပမာဏ မ ပြုသဖြင့်၊ အာရှိ ပြည် တရှောက် လုံးမှစ၍ လောကီ နိုင်ငံသားတို့ ကိုးကွယ် သောဘုန်း အသရေတော်သည် ပျက်စီး ခြင်းသို့ရောက် မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို ၏။ 28 ထိုစကားကိုကြား လျှင်၊ ထိုသူတို့သည် ဒေါသ အမျက်နှင့် ပြည့် သဖြင့်၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ် ကြ၏။ 29 တစ်မြို့လုံး ရုန်းရင်းခတ် မျှဖြစ်၍ ၊ ပေါလု နှင့်အတူဒေသစာရီ လှည့်လည်သော မာကေဒေါနိ လူ ဂါယု နှင့် အာရိတ္တာခု တို့ကို ဆွဲယူ ပြီးလျှင်၊ ပွဲ ခံရာစရပ်ထဲသို့ ညီညွတ် စွာ တဟုန်တည်း ပြေးဝင်ကြ၏။ 30 ပေါလု သည် လူစု ထဲသို့ ဝင် ခြင်းငှာအလိုရှိ လျှင် တပည့် တော်တို့သည် မြစ်တား ကြ၏။ 31 ပေါလု ၏အဆွေ ဖြစ် သော အာရှိ ပွဲမင်းအချို့ ကလည်း ၊ ပွဲ ခံရာစရပ်ထဲသို့ ကိုယ် ကိုမ အပ် ပါနှင့်ဟု သူ့ ထံသို့ စေလွှတ် ၍ တောင်းပန် လေ၏။ 32 စုဝေး သောလူတို့သည် ရုန်းရင်းခတ် မျှဖြစ် ၍ ၊ တစ် ယောက်တခြားစီ အော်ဟစ် သဖြင့်၊ လူအများ တို့သည် မိမိတို့စုဝေး ရသည် အကြောင်း ကိုပင်မိမိတို့မ သိ ကြ။ 33 ယုဒ လူတို့သည် အာလေဇန္ဒြု ကို အခွင့် ပေး၍ သူတစ်ပါးတို့သည် လူစု ရှေ့ သို့သွားစေသဖြင့်၊ သူ သည် လက် နှင့်အမှတ်ပေး ၍ အပြစ် ဖြေရာ စကားကို လူ များတို့ အား ပြောခြင်းငှာအလိုရှိ ၏။ 34 သူသည်ယုဒ လူဖြစ် သည်ကို သိ ကြလျှင် ၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ် တော်မူ၏ဟု နှစ် နာရီ ခန့် မျှလောက်လူအပေါင်း တို့သည် တစ် သံ တည်းနှင့် ဟစ် ကြ၏။ 35 မြို့စာရေး သည် လူ များကိုတိတ် စေပြီးလျှင်၊ ဧဖက် လူ တို့၊ ဧဖက် မြို့ သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသောကြီးမြတ် တော်မူသော အာတေမိ ကို လုပ်ကျွေးသောဘုရား ကျွန်ဖြစ် သည် ကို မ သိ သော သူ တစ်စုံတစ်ယောက်ရှိ သလော။ 36 ဤ အရာများတို့သည် ငြင်းခုံ ဘွယ်မရှိသည်ဖြစ် ၍ ၊ သင် တို့သည် တိတ်ဆိတ် စွာနေ သင့်ကြ၏။ 37 သတိနှင့်မဆင်ခြင် ဘဲ အဘယ် အမှုကိုမျှ မပြု သင့်ကြ၊ ဗိမာန် တော်ကိုလုယူဖျက်ဆီးခြင်းမ ရှိ၊ သင်တို့ ဘုရား ကိုမ ကဲ့ရဲ့ သော ဤ လူ တို့ကို သင်တို့သည် ဆောင်ယူ ခဲ့ကြပြီတကား။ 38 ဒေမေတရိ မှစ၍ သူ နှင့်အတူ ရှိသော ပန်းထိမ် သမားတို့သည် တစ်စုံတစ်ယောက် သောသူ၌ အမှုရှိ လျှင် ရုံး တော်ရှိ၏။ မြို့ဝန်မင်း လည်း ရှိ ၏။ အမှုသည် ချင်း တရား တွေ့ကြစေ။ 39 သို့မဟုတ် သင်တို့သည် အခြား အမှုကို အစီရင်ခံ လိုလျှင် ၊ တရား သောအစည်းအဝေး ၌ စီရင် ရလိမ့်မည်။ 40 ယနေ့ ရုန်းရင်းခတ် ခြင်းကို ပြု သောကြောင့် အမှု ရောက်မည်ဟု စိုးရိမ် စရာရှိ၏။ အကြောင်းမူကား၊ ဤ မတရားသောစည်းဝေး ခြင်း အကြောင်း ကို ပြော စရာတစ်စုံတခု မျှ မရှိဟု၊ 41 ဆို ပြီးလျှင် အစည်းအဝေး ကိုဖျက် လေ၏။
201 ထိုရုန်ရင်းခတ် သော အမှုငြိမ်း သောအခါ ပေါလု သည်၊ တပည့် တော်တို့ကိုခေါ် ၍ နှုတ်ဆက် ပြီးမှမာကေဒေါနိ ပြည်သို့ သွား လေ၏။ 2 ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။ 3 သုံး လ နေ ပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိ ပြည်သို့ သွားမည်ပြုသော်၊ ယုဒ လူတို့သည် မကောင်း သောအကြံ ကို ကြံ သောကြောင့်၊ မာကေဒေါနိ ပြည်လမ်းဖြင့် ပြန် မည်ဟု အကြံ ရှိ ပြန်၏။ 4 ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။ 5 ဤသူ တို့သည် ငါ တို့အရင် သွား၍ တရော မြို့၌ ငံ့လင့် လျက် နေကြ၏။ 6 အဇုမ ပွဲနေ့ရက် လွန် ပြီးမှငါ တို့သည် ဖိလိပ္ပိ မြို့မှ သင်္ဘောနှင့်လွှင့် ၍ ငါး ရက် အတွင်း တွင် သူ တို့ရှိရာ တရော မြို့သို့ ရောက် ၍ခုနစ် ရက် နေ ကြ၏။ 7 ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။ 8 စည်းဝေး ရာအထက် ခန်း၌ မီးခွက် များရှိ ၏။ 9 ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။ 10 ပေါလု သည်လည်း အောက် သို့ ဆင်း၍သူ ၏ အပေါ်သို့ကိုယ်ကိုလှဲလျက် ဖက်ယမ်း ပြီးမှ ၊ အုတ်အုတ်သဲသဲ မ ပြုကြနှင့်။ သူ သည် အသက် ရှိ ၏ ဟုဆို ၍ တက် ပြန် လေ၏။ 11 မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။ 12 အသက် ရှင်လျက်ရှိသောထိုလုလင် ကို ဆောင်ယူ ခဲ့၍ ၊ အလွန် သက်သာ ခြင်းရှိကြ၏။ 13 ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။ 14 အဿု မြို့၌ သူသည်ငါ တို့နှင့်တွေ့မိ လျှင်၊ သူ့ ကိုခံယူ ၍ မိတုလင် မြို့သို့ သွား ကြ၏။ 15 ထိုမြို့ မှလွှင့် ပြန်လျှင် နက်ဖြန် နေ့၌ ခိအု ကျွန်းနား မှာရှောက်သွား၍ နောက်တစ်နေ့၌ သာမု ကျွန်းသို့ ရောက် သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တစ်နေ့၌လည်း မိလက် မြို့သို့ ရောက် ကြ၏။ 16 ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။ 17 မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။ 18 သူတို့သည် ရောက် ကြသောအခါ ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ ရောက် သော နေ့ မှစ၍ ယခုတိုင်အောင်သင်တို့ရှေ့မှာ အဘယ်သို့ ကျင့် နေသည်ကို သင် တို့သိ ကြ၏။ 19 အလွန် နှိမ့်ချ သောစိတ်ရှိလျက်၊ မျက်ရည် ကျလျက် ၊ ယုဒ လူတို့၏ မကောင်း သောအကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကိုခံ လျက်၊ သခင် ဘုရား၏ အမှု တော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။ 20 သင်တို့အကျိုး တစ်စုံတစ်ခုကိုမျှ ငါမ ထိမ် မဝှက်။ လူ စုဝေးရာ၌၎င်း ၊ အိမ် များ၌၎င်း၊ သင် တို့အားဟောပြော ဆုံးမ ဩဝါဒပေးသဖြင့် ၊ 21 ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။ 22 ယခု မှာငါ သည် ဝိညာဉ် တော်အားဖြင့်ချည်နှောင် ခြင်းကိုခံ၍၊ ယေရုရှလင် မြို့သို့ သွား ရ၏။ ထိုမြို့ ၌ အဘယ်အမှု ရောက် မည်ကိုမ သိ ။ 23 သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။ 24 သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊ 25 ယခု မူကား၊ ငါလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဟောပြော ရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာ ကို မ မြင်ရကြ ဟုငါ သိ ၏။ 26 ထိုကြောင့် ၊ လူအပေါင်း တို့၏အသွေး နှင့် ငါ ကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏။ 27 ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။ 28 ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။ 29 အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊ 30 တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။ 31 ထိုကြောင့် စောင့်ရှောက် ၍နေကြလော့။ ငါသည်သုံး နှစ်ပတ်လုံးနေ့ ည မ ပြတ် လူအပေါင်းတို့ကို မျက်ရည် နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ ကြ လော့။ 32 ညီအစ်ကိုတို့၊ ယခု ငါသည်သင် တို့ကို ဘုရားသခင် ၌ အပ်နှံ ၏။ သင်တို့ကို တည်ဆောက် ခြင်းငှာ၎င်း ၊ သန့်ရှင်း သောသူ အပေါင်း တို့နှင့်အတူ သင်တို့အား အမွေ ပေး ခြင်းငှာ၎င်း၊ တတ်နိုင် သောဘုရားသခင် ၏ ကျေးဇူး တော်တရား ၌လည်း သင်တို့ကိုငါအပ်နှံ၏။ 33 သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။ 34 ဤ လက် တို့သည် ငါ့ ကို၎င်း ၊ ငါ့ အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေး ပြီဟု သင်တို့သည် ကိုယ်တိုင် သိ ကြ၏။ 35 35ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊ 36 ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။ 37 ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။ 38 နောက်တဖန် သူ ၏မျက်နှာ ကိုမ မြင် ရဟူသောစကား ကြောင့် သာ၍ကြေကွဲသောစိတ် နှင့် ပေါလု ကို သင်္ဘော သို့ ပို့ လိုက်ကြ၏။
211 ထိုသူ များနှင့် ငါ တို့သည် ခွာသွား ၍ သင်္ဘောလွှင့် မှ ကောသ ကျွန်းသို့ တည့်တည့် သွား သဖြင့်၊ နက်ဖြန် နေ့၌ ရောဒု ကျွန်းသို့ ၎င်း၊ ထို ကျွန်းမှ ပါတရ မြို့သို့ ၎င်း ရောက် ကြ၏။ 2 ဖိနိတ် ပြည်သို့ ကူး သော သင်္ဘော ကိုတွေ့ လျှင်၊ ထိုသင်္ဘောကိုစီး ၍ လွှင့် ပြန်၏။ 3 ကုပရု ကျွန်းကိုမြင် လျှင် လက်ျာ ဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ ကူး ၍ တုရု မြို့၌ ဆိုက် လေ၏။ ထို မြို့မှာ သင်္ဘော ၌ပါသော ဝန် ကိုချ ရ၏။ 4 တပည့် တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ် ရက် နေ ကြ၏။ ပေါလု သည် ယေရုရှလင် မြို့သို့ မ တက် ရမည် အကြောင်း၊ ထို တပည့်တော် တို့သည် ဝိညာဉ် တော်အားဖြင့် ပြော ကြ၏။ 5 ခုနစ်ရက် စေ့ သောအခါ တပည့်တော်အပေါင်းတို့သည် သား မယား နှင့်တကွ မြို့ ပြင် သို့ ငါ တို့ကို ပို့ လိုက် ကြ၍ ငါတို့သည်ထွက် သွား ပြီးလျှင်၊ ပင်လယ်ကမ်း ပေါ်၌ ဒူး ထောက် လျက် ဆုတောင်း ကြ၏။ 6 အချင်းချင်း နှုတ်ဆက် ပြီးမှငါတို့သည် သင်္ဘော ပေါ်သို့ တက် ၍ သူ တို့သည် မိမိ အိမ်သို့ ပြန် ကြ၏။ 7 တုရု မြို့မှ ပတောလင် မြို့သို့ ရောက် လျှင်၊ ပင်လယ်ကူး ခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကို တို့နှင့် နှုတ်ဆက် ၍ တစ် ရက် နေ ပြီးမှ၊ 8 နက်ဖြန် နေ့၌ ထွက်သွား ပြန်၍ ကဲသရိ မြို့သို့ ရောက် လျှင်၊ ဆရာခုနစ် ပါးအဝင် သာသနာပြု ဆရာ ဖိလိပ္ပု ၏ အိမ် သို့ ဝင် ၍နေ ကြ၏။ 9 ထိုသူ ၌ ပရောဖက် ပြုသော သမီး ကညာ လေး ယောက်ရှိ ၏။ 10 ထိုအိမ်၌တာရှည် စွာနေ ကြပြီးမှ အာဂဗု အမည် ရှိသော ပရောဖက် တစ် ယောက်သည် ယုဒ ပြည်မှ လာ ၍၊ 11 ငါ တို့ရှိရာ သို့ဝင် သဖြင့်၊ ပေါလု ၏ ခါးပန်း ကိုယူ ၍ မိမိ ခြေ လက် ကိုချည်နှောင် ပြီးလျှင်၊ ဤ ခါးပန်း ရှင် ကို ယုဒ လူတို့သည် ယေရုရှလင် မြို့၌ ချည်နှောင် ၍၊ တစ်ပါး အမျိုးသားတို့လက် သို့ အပ်နှံ ကြလိမ့်မည်ဟု သန့်ရှင်း သော ဝိညာဉ် တော်မိန့် တော်မူသည်ဟုဆို ၏။ 12 ထို စကားကိုကြား လျှင်၊ ငါ တို့နှင့် ထို အရပ်၌ ရှိသော သူ တို့က၊ ယေရုရှလင် မြို့သို့ မ သွား ပါနှင့်ဟု ပေါလု ကိုတောင်းပန် ကြ၏။ 13 ပေါလု ကလည်း၊ အဘယ်ကြောင့် ငိုကြွေး လျက် ငါ့ စိတ်နှလုံး ကို ကြေကွဲ စေလျက် ပြုကြသနည်း။ သခင် ယေရှု ၏ နာမ တော်ကြောင့် ယေရုရှလင် မြို့၌ ချည်နှောင် ခြင်းမက ၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှာငါ အသင့် ရှိ သည်ဟုဆို ၏။ 14 ထိုသို့သွေးဆောင် ခြင်းသို့မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင် ဘုရား အလို တော်ရှိသည်အတိုင်း ဖြစ် ပါစေဟု ဆို ကြ၏။ 15 ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင် မြို့သို့သွား ကြ၏။ 16 ကဲသရိ မြို့သားတပည့် တော်အချို့ တို့သည် ငါ တို့နှင့်အတူ လိုက် ကြ၍၊ ငါတို့ကိုဧည့်ခံ မည့်သူ မနာသုန် အမည်ရှိသော ကုပရု ကျွန်း သား အသက်ကြီး သော တပည့် တော်ဆီသို့ပို့ဆောင် ကြ၏။ 17 ယေရုရှလင် မြို့သို့ ရောက် သောအခါ၊ ညီအစ်ကို တို့သည် ကြည်ညို သောစိတ်နှင့် ငါ တို့ကို လက်ခံ ကြ၏။ 18 နက်ဖြန် နေ့၌ပေါလု သည် ငါ တို့နှင့်တကွ ယာကုပ် ထံသို့ ဝင် လျှင် သင်းအုပ် အပေါင်း တို့သည် စည်းဝေး ကြ၏။ 19 ပေါလုသည်ထိုသူ များကို နှုတ်ဆက် ပြီးလျှင် ၊ မိမိ သည် ဓမ္မဆရာ အမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် သည် တစ်ပါး အမျိုးသားတို့တွင် ပြု တော်မူသမျှတို့ကို သေချာစွာထုတ်ဖေါ် ပြသလေ၏။ 20 ထိုသူ တို့သည်ကြား လျှင်၊ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ ပေါလု အားလည်း ၊ ငါတို့ညီ ၊ ယုံကြည် သော ယုဒ လူဘယ်နှစ် သောင်း ရှိ သည်ကို သင်သည် သိမြင် ၏။ ထိုသူအပေါင်း တို့သည် ပညတ် တရား ဘက်၌ စိတ်အားကြီး သောသူဖြစ် ကြ၏။ 21 တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။ 22 သို့ဖြစ်၍ အဘယ်သို့ ပြု ရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက် ကြောင်း ကို ကြားသိ လိမ့်မည်။ 23 ထိုကြောင့် အကျွန်ုပ် တို့ဆို သည်အတိုင်း ပြု ပါလော့။ သစ္စာ ဂတိ ပြု ပြီးသော လူ လေး ယောက်သည် အကျွန်ုပ် တို့တွင်ရှိ ၏။ 24 ထိုသူ တို့ကို ယူ ၍ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုလျက်၊ သူ တို့ခေါင်း ရိတ် ခြင်းစရိတ် ကို ပေးပါလော့။ ထိုသို့ပြုလျှင်လူအပေါင်းတို့သည် မိမိတို့ကြား သော သိတင်းစကား မမှန်သည်ကို၎င်း၊ သင် သည် ကိုယ်တိုင် ပညတ် တရားကိုစောင့်ရှောက် ၍ ကျင့် နေသည်ကို၎င်း သိ ရကြ လိမ့်မည်။ 25 ယုံကြည် ခြင်းသို့ ရောက်သောတစ်ပါး အမျိုးသားတို့မူကား ၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တု ရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း ၊ အသွေး ကို ၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရား သော မေထုန်ကို၎င်း၊ ရှောင် စေခြင်းငှာသာ ငါ တို့သည် စီရင် ၍ ကြား လိုက်ခဲ့ပြီဟုဆို ကြ၏။ 26 ထိုအခါပေါလု သည် ထိုသူ တို့ကိုခေါ် ၍ နက်ဖြန် နေ့၌ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုပြီးမှ၊ ဗိမာန် တော်သို့ ဝင် ၍ သူ တို့အတွက် အသီးအခြား ပူဇော် သက္ကာပြု ရသောအချိန်တည်းဟူသောစင်ကြယ် ခြင်း ကိုပြုရ သော နေ့ရက် စေ့ မည့်အချိန်ကို ကြားပြော လေ၏။ 27 ထို ခုနစ် ရက် စေ့လု သောအခါ ၊ အာရှိ ပြည်မှ လာသောယုဒ လူတို့သည် ဗိမာန် တော်၌ ပေါလု ကိုမြင် လျှင် စုဝေး သောလူအပေါင်း တို့ကိုတိုက်တွန်း နှိုးဆော်၍ ၊ ဣသရေလ လူ တို့၊ ကူမ ကြပါ။ 28 ဤ သူကား၊ ငါတို့အမျိုး နှင့် ပညတ် တရားကို၎င်း ဤ အရပ် ဌာနကို၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ ဆန့်ကျင်ဘက် ပြု၍၊ လူအပေါင်း တို့အား ဆုံးမ ဩဝါဒပေးသောသူဖြစ် ပါ၏။ ထိုမျှမက ၊ ဟေလသ လူတို့ကို ဗိမာန် တော်ထဲသို့ သွင်း ၍၊ ဤ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေပြီတကားဟု ဟစ်ကြော် ၍၊ ပေါလု ကို ဘမ်းဆီး ကြ၏။ 29 အထက်ကမြို့ ထဲ၌ ပေါလု နှင့်အတူ တရောဖိမ် အမည်ရှိသော ဧဖက် မြို့သားတစ်ယောက်ကို မြင် ကြ သည်ဖြစ်၍ ၊ ထိုသူကိုပေါလု သည်ဗိမာန် တော်ထဲသို့ သွင်း သည်ဟု ထင်မှတ် ကြ၏။ 30 တစ်မြို့လုံး ရုန်းရင်းခတ် မျှ ဖြစ်လျှင်၊ လူ များတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလု ကိုကိုင်ယူ ၍ ဗိမာန် တော်ပြင် သို့ ဆွဲငင် ပြီးမှတခဏခြင်း တံခါး များတို့ကို ပိတ် ထားကြ၏။ 31 ပေါလု ကိုသတ် မည်ဟု အားထုတ် ကြသောအခါ၊ ယေရုရှလင် မြို့ တစ်မြို့လုံးမငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ် သော စစ်သူကြီး သည် သိတင်း ကြား လျှင်၊ 32 စစ်သူရဲ များနှင့် တပ်မှူး တို့ကို အလျင်အမြန် ခေါ် ၍ ထိုသူ တို့ရှိရာသို့ ဆင်းပြေး၏ ။ ထိုသူတို့သည် စစ်သူကြီး နှင့် စစ်သူရဲ တို့ကိုမြင် လျှင်၊ ပေါလု ကိုမ ရိုက် ဘဲနေကြ၏။ 33 ထိုအခါ စစ်သူကြီး သည်အနီး သို့ရောက်၍ ပေါလု ကိုကိုင်ယူ ပြီးလျှင် ၊ သံကြိုး နှစ် စင်းနှင့် ချည် ချေ ဟုစီရင် ၍၊ ဤသူသည်အဘယ်သူ နည်း။ အဘယ် အမှုကို ပြု မိသနည်းဟုမေးစစ် လေ၏။ 34 လူ အစုအဝေးထဲ၌ အသီးသီး အခြားခြားဟစ်ကြော် ၍ အသံ များ သောကြောင့် ၊ စစ်သူကြီး သည် အမှန် ကိုမ သိ နိုင် သဖြင့် ၊ ပေါလု ကိုရဲတိုက် ထဲသို့ ဆောင်သွား စေခြင်းငှာစီရင် ပြန်လေ၏။ 35 လူ များတို့သည် ပြင်းထန် သောကြောင့် ၊ လှေကား ပေါ်သို့ ရောက် သောအခါ ၊ စစ်သူရဲ တို့သည် ပေါလု ကို ချီပွေ့ ၍ ဆောင်ရကြ၏။ 36 သူ့ ကိုထုတ် လော့ဟု လူ များအပေါင်း တို့သည် ဟစ်ကြော် လျက် လိုက် ကြ၏။ 37 ပေါလု သည်ရဲတိုက် ထဲသို့ ဝင် လု သောအခါ၊ အကျွန်ုပ် သည် ကိုယ်တော် နှင့် စကား ပြောရပါမည် လောဟု စစ်သူကြီး အားမေး လျှင် စစ်သူကြီးကသင်သည် ဟေလသ စကားကိုပြော တတ်သလော။ 38 သင် သည်အထက် ကပုန်ကန် ၍ ဓားပြ လေးထောင် တို့ကို တော သို့ ခေါ်သွား သော အဲဂုတ္တု လူဖြစ်သည် မ ဟုတ် လောဟု မေး ၏။ 39 ပေါလု ကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွားသော ယုဒ လူ ဖြစ် ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့ မ ဟုတ်။ ဤသူ တို့အား အကျွန်ုပ် ပြော ရသော အခွင့် ကိုပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို ၏။ 40 စစ်သူကြီး သည်အခွင့် ပေးသဖြင့် ၊ ပေါလု သည် လှေကား ပေါ်မှာ ရပ် ၍ထိုလူ တို့အား မိမိလက် နှင့် အမှတ်ပေး လေ၏။ သူတို့သည်အလွန် တိတ်ဆိတ် စွာ နေ ကြသောအခါ ၊ ဟေဗြဲ ဘာသာ အားဖြင့်မြွက်ဆို လျက်၊
221 ညီအစ်ကို ၊ အဘ တို့၊ အကျွန်ုပ် သည် ကိုယ်အပြစ် ဖြေရာစကားကို သင် တို့ရှေ့ မှာ ယခု ပြောစဉ်တွင် နားထောင် ကြပါဟု ဆို လေသော်၊ 2 ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။ 3 ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊ 4 ယောက်ျား မိန်းမ တို့ကို ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထားလျက် အသေ သတ်ခြင်းသို့ တိုင်အောင်၊ ထို ဘာသာ ကိုညှဉ်းဆဲ ပါပြီ။ 5 ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။ 6 လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။ 7 အကျွန်ုပ်သည် မြေ ပေါ်မှာ လဲ၍ နေ စဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်းဟု အကျွန်ုပ် အား ပြော သောစကား သံကိုကြား လျှင်၊ 8 သခင် ၊ ကိုယ်တော်သည်အဘယ်သူ နည်းဟု အကျွန်ုပ် ပြန်၍ မေးလျှောက် သော်၊ ငါ ကား၊ သင် ညှင်းဆဲ သော နာဇရက် မြို့သားယေရှု ဖြစ် သတည်းဟု မိန့် တော်မူ၏။ 9 အကျွန်ုပ် နှင့် ပါ သောသူတို့သည် ထိုအလင်း ကို မြင် ၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြော သောသူ၏ စကား သံကို မ ကြား မသိရကြ။ 10 ထိုအခါအကျွန်ုပ် ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြု ရပါမည်နည်းဟု လျှောက် လျှင် ၊ သခင် ဘုရားက၊ ထ လော့။ ဒမာသက် မြို့ သို့ သွား လော့။ သင် ဆောင်ရွက် စရာတို့ ခွဲခန့် စီမံသမျှ တို့ကို ထိုမြို့ ၌ ပြော လိမ့်မည်ဟုမိန့် တော်မူ၏။ 11 ထို အလင်း ၏ရောင်ခြည် အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိ ကန်းသောကြောင့် ၊ အကျွန်ုပ် နှင့် ပါ သော သူ တို့၏ လက် ဆွဲခြင်းခံရ၍ ဒမာသက် မြို့သို့ ရောက် ပါ၏။ 12 ထိုအခါ ပညတ် တရားနှင့်အညီ ဘုရား ဝတ်၌မွေ့လျော်သောသူ ဖြစ်၍၊ ထိုမြို့မှ နေ သောယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသောသူ အာနနိ သည်၊ 13 အကျွန်ုပ် ဆီသို့ လာ ၍ အနား ၌ရပ် လျက်၊ ညီ ရှောလု ၊ တဖန်မျက်စိမြင် ခြင်းသို့ ရောက်လော့ဟုဆို ၏။ ထို ခဏ ၌ အကျွန်ုပ် သည် သူ့ ကိုကြည့်ရှု၍မြင် ရ၏။ 14 သူကလည်း၊ သင်သည်မြင် လေသမျှ ၊ ကြား လေသမျှ တို့ကို လူအပေါင်း တို့ အား ပြော၍ သခင် ဘုရား၏ သက်သေခံ ဖြစ် ရမည် အကြောင်း ၊ 15 သင်သည်ဘုရားသခင် ၏ အလို တော်ကို သိ စေခြင်းငှာ၎င်း ၊ ဖြောင့်မတ် တော်မူသောသူ ကိုမြင် ၍ နှုတ် တော်ထွက် ကို ကြား စေခြင်းငှာ၎င်း၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် သင့် ကို ခန့်ထား တော်မူ၏။ 16 ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။ 17 ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊ 18 သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။ 19 အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။ 20 ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊ 21 လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။ 22 ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။ 23 ထိုသို့အော်ဟစ် ခြင်း၊ ကိုယ်အဝတ် ကိုချွတ် ခြင်း၊ မြေမှုန့် ကို မိုဃ်း ကောင်းကင်သို့ ပစ် လိုက်ခြင်းကို ပြုကြ စဉ်တွင်၊ 24 ပေါလု ကိုအဘယ်ကြောင့်ထိုသို့ အော်ဟစ် ကြ သည်ကိုစစ်သူကြီး သည် သိ လို၍ ၊ ပေါလု ကို ရဲတိုက် ထဲသို့ သွင်း စေ။ ရိုက် ၍ စစ်ကြော စေဟုစီရင် လေ၏။ 25 သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။ 26 တပ်မှူး သည်ကြား လျှင် စစ်သူကြီး ထံသို့သွား ၍၊ အဘယ်သို့ ပြု မည်ကို သတိ ထားပါလော့။ ဤ သူ သည် ရောမ လူဖြစ် ပါသည်ဟု ကြားလျှောက် ၏။ 27 စစ်သူကြီး သည်လည်း ၊ ပေါလု ထံသို့လာ ၍၊ သင် သည်ရောမ လူမှန် သလော၊ ငါ့ အား ပြော လော့ဟုဆို လျှင် မှန် ပါသည်ဟု ပေါလုဆို ၏။ 28 စစ်သူကြီး ကလည်း၊ အကျွန်ုပ် သည်ငွေ အများ ကို ပေး၍ ရောမလူ၏ အရိပ် အရာကိုရ သည်ဟုဆို လျှင်၊ ပေါလု က၊ အကျွန်ုပ် သည် ဇာတိ အားဖြင့် ရပါသည်ဟု ဆို ၏။ 29 ထိုအခါ စစ်ကြော မည်ပြုသောသူတို့သည် ပေါလု ထံမှ ချက်ခြင်း သွား ၍၊ သူသည်ရောမ လူ ဖြစ် သည်ကို၎င်း ၊ ရောမလူကိုချည်နှောင် မိသည်ကို၎င်း၊ စစ်သူကြီး သိ လျှင် ကြောက် ခြင်းသို့ရောက်လေ၏။ 30 နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။
231 ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊ 2 ယဇ်ပုရောဟိတ် မင်းအာနနိ က၊ သူ ၏နှုတ် ကို ရိုက် လော့ဟု အနား၌ ရပ် နေသောသူ တို့အား အမိန့် ရှိ၏။ 3 ထိုအခါ ပေါလု က၊ အဖြူ သုတ်သောအုတ် ရိုး၊ ဘုရားသခင် သည် သင့် ကိုရိုက် တော်မူမည်။ သင် သည် အကျွန်ုပ် ကို တရား နှင့်အညီ စီရင် ခြင်းငှာထိုင် နေလျက်ပင်၊ သူ့ ကိုရိုက် လော့ဟု မတရား သဖြင့် စီရင် ရမည်လော ဟုဆို ၏။ 4 အနား၌ရပ် နေသောသူ တို့ကလည်း၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မင်းကိုဆဲသလော ဟု မေး လျှင်၊ 5 ပေါလု က၊ ညီအစ်ကို တို့၊ သူသည် ယဇ်ပုရောဟိတ် မင်းဖြစ် သည်ကိုအကျွန်ုပ်မ သိ ။ သင် ၏အမျိုး ကို အုပ်စိုးသော မင်း ကိုသင်သည် မ ကဲ့ရဲ့ ရဟု ကျမ်းစာ၌ လာ သည်ဟုဆို ၏။ 6 ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။ 7 ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။ 8 ကွဲပြားသည်အကြောင်း ကား၊ ဇဒ္ဒုကဲ တို့က၊ ထမြောက် ခြင်းမ ရှိ ၊ ကောင်းကင်တမန် မ ရှိ၊ နာမ် ဝိညာဉ်မ ရှိဟုယူ ကြ၏။ ဖာရိရှဲ တို့က၊ နှစ် ပါးစလုံးရှိသည်ဟု ဝန်ခံ ကြ၏။ 9 အော်ဟစ် သံများ ၍၊ ဖာရိရှဲ တို့ဘက် ၌ နေသော ကျမ်း ဆရာတို့သည် ထ လျက်ပြင်းစွာ ငြင်းခုံ၍၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှ ငါတို့မတွေ့ ။ နာမ် ဝိညာဉ်သော်၎င်း ၊ ကောင်းကင်တမန် သော်၎င်းသူ့ ကိုပြော လျှင် ၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆို ကြ၏။ 10 အချင်းချင်းငြင်းခုံ ခြင်းများ သောအခါ ၊ထိုသူ တို့သည်ပေါလု ကိုဆွဲငင်၍အပိုင်းပိုင်း ဆုတ်ဖြတ်မည်ကိုစစ်သူကြီး စိုးရိမ် သဖြင့်၊ စစ်သူရဲ များ၊ဆင်း ကြ၊ပေါလု ကိုအရာရှိ မင်းတို့အထဲ မှ အနိုင် အထက်ယူ၍ရဲတိုက် ထဲသို့ ပို့ဆောင် ကြဟုအမိန့် ရှိ၏။ 11 နက်ဖြန် နေ့ညဉ့် တွင် သခင် ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မ စိုးရိမ်နှင့်။ ငါ ၏ အကြောင်း အရာကို သင် သည် ယေရုရှလင် မြို့၌ သက်သေခံ ပြီးသည်နည်းတူ ၊ ရောမ မြို့၌ လည်း ခံရ လေ ဦးမည်ဟု မိန့် တော်မူ၏။ 12 မိုဃ်းလင်း သောအခါ ယုဒ လူတို့သည် သင်း ဖွဲ့ ၍၊ ငါတို့သည် ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြု ကြ၏။ 13 ထိုသို့ သင်း ဖွဲ့ သော သူတို့သည် လေး ကျိပ်မက ရှိ ကြ၏။ 14 ထိုသူ တို့သည် ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ ထံသို့သွား ၍၊ အကျွန်ုပ် တို့သည် ပေါလု ကိုမ သတ်မှီတိုင်အောင်အလျှင်းမ စား မသောက်ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ။ 15 ထိုကြောင့် ၊ နက်ဖြန် နေ့၌ စစ်သူကြီးသည် ပေါလု ကို ကိုယ်တော် တို့ထံသို့ ပို့ဆောင် စေခြင်းငှာ ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြော မည်အဟန် ပြု ၍၊ လွှတ် အရာရှိများနှင့်အတူ ကိုယ်တော် တို့သည် စစ်သူကြီး ကို လျှောက် ကြပါလော့။ ပေါလု သည် ကိုယ်တော်တို့ထံသို့မ ရောက် မှီအကြားတွင် အကျွန်ုပ် တို့သည် သူ့ ကိုသတ် ခြင်းငှာအသင့် ရှိ နှင့်ပါပြီဟု လျှောက် ကြ၏။ 16 ထိုသို့ လမ်းနား၌ ချောင်း ၍နေ ကြသည့်အမှုကို ပေါလု ၏ တူ သည်ကြား လျှင်၊ ရဲတိုက် ထဲသို့ ဝင် ၍ ပေါလု အားကြားပြော လေ၏။ 17 ပေါလု သည်တပ်မှူး တစ် ယောက်ကို ခေါ် ၍၊ ဤ လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပါ။ လျှောက် စရာတစ်စုံတစ်ခုရှိ သည်ဟုဆို သော်၊ 18 တပ်မှူးသည် လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပြီးလျှင်၊ အကျဉ်း ခံရသော ပေါလု သည် အကျွန်ုပ် ကို ခေါ် ၍၊ ကိုယ်တော် အားလျှောက် စရာ တစ်စုံတစ်ခု ရှိ သော ဤ လုလင် ကိုကိုယ်တော် ထံသို့ ပို့ စေခြင်းငှာတောင်းပန် ပါသည်ဟုလျှောက် ၏။ 19 စစ်သူကြီး သည် လုလင် ကိုလက် ဆွဲ ၍ ဆိတ်ကွယ် ရာအရပ်သို့သွား ပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့ အားလျှောက် ချင်သနည်းဟု မေးမြန်း လေ၏။ 20 လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန် နေ့၌ ပေါလု ကို လွှတ်တော် သို့ ပို့ဆောင် စေခြင်းငှာ၊ ယုဒ လူတို့ သည် သူ့ ကိုသာ၍ စေ့စေ့မေးမြန်း မည်အဟန် ပြု ၍၊ ကိုယ်တော် ကို တောင်းလျှောက် မည်ဟု တိုင်ပင် ညီညွတ် ကြပါပြီ။ 21 သို့ရာတွင် သူ တို့၏ အလို သို့မ လိုက်ပါနှင့်။ ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူ လေး ကျိပ်မက ၊ လမ်းနား၌ ပေါလု ကိုချောင်း ၍ နေကြပါ၏။ ယခုပင် ကိုယ်တော် ဝန်ခံ မည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့် ရှိ နှင့်ပါပြီဟုလျှောက် လေ၏။ 22 စစ်သူကြီး ကလည်း ၊ သင်သည်ငါ့ အား ဤသို့ ကြားလျှောက် သည် ကို အဘယ်သူ အားမျှမပြော နှင့်ဟု ထိုလုလင် ကိုမှာထား ၍ လွှတ် လိုက်ပြီးလျှင်၊ 23 တပ်မှူး နှစ် ယောက်တို့ကိုခေါ် ၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိ မြို့သို့ သွား စေခြင်းငှာ စစ်သူရဲ နှစ်ရာ ၊ မြင်း စီးသူရဲခုနစ်ကျိပ် ၊ လှံ ကိုင်သူရဲနှစ်ရာ တို့ကို ပြင်ဆင် ကြ။ 24 ပေါလု စီး စရာဘို့ တိရစ္ဆာန် တို့ကိုပြင် ၍ပေးကြ။ သူ့ကို ဖေလဇ် မင်း ထံသို့ ကြပ်မ ၍ ပို့ကြဟုအမိန့် ရှိ၏။ 25 စစ်သူကြီးသည် ရေး ၍ပေး လိုက်သော စာ ဟူမူကား၊ 26 ကလောဒိ လုသိက ၊ မြတ် တော်မူသော မြို့ဝန်မင်း ဖေလဇ် ကို မေတ္တာ နှင့်ကြားလျှောက်ပါသည်။ 27 ယုဒ လူတို့သည် ဤ သူ ကိုဘမ်းဆီး ၍ သတ် မည်ပြုကြစဉ်၊ သူသည်ရောမ လူဖြစ် ကြောင်းကို အကျွန်ုပ်သည် ကြားသိ သဖြင့်၊ စစ်သူရဲ တို့နှင့်တကွ သွား ၍သူ့ကို နှုတ် ပါ သည်။ 28 ယုဒလူတို့သည် အဘယ် အပြစ် ကြောင့် သူ နှင့် အမှု လုပ်ကြသည်ကို အကျွန်ုပ်သိ လို သောကြောင့်၊ သူ့ ကို ယူ၍လွှတ်တော် သို့ ဆောင်သွား ပြီးလျှင်၊ 29 အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းကို ခံထိုက် သော အပြစ် ကြောင့် အမှုလုပ် ကြသည်မ ဟုတ်ဘဲ၊ သူ တို့တရား နှင့် စပ်ဆိုင်သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍သာ အမှု လုပ်ကြသည်ကို အကျွန်ုပ်သိမြင် ပါ၏။ 30 ယုဒလူတို့သည် မကောင်း သောအကြံနှင့် သူ့ ကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ လျှင်၊ သူ့ကို ကိုယ်တော် ထံသို့ ချက်ခြင်း စေလွှတ်၍ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက် ထားစေခြင်းငှာစီရင် ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။ 31 စစ်သူကြီးမှာထား သည်အတိုင်း စစ်သူရဲ တို့သည် ပေါလု ကို ယူ ၍၊ ညဉ့် အခါ အန္တိပတရိ မြို့သို့ ပို့ လိုက်ပြီးမှ၊ 32 နက်ဖြန် နေ့၌မြင်း စီးသူရဲတို့ကို ပေါလု နှင့်တကွ သွား စေခြင်းငှာလွှတ် လိုက်၍ မိမိတို့သည် ရဲတိုက် သို့ ပြန် ကြ၏။ 33 မြင်း စီးသူရဲတို့သည် ကဲသရိ မြို့သို့ ရောက် လျှင်၊ စစ်သူကြီး၏ စာ ကိုမြို့ဝန်မင်း လက်သို့အပ်ပေး ၍၊ ပေါလု ကိုလည်း ရှေ့တော်၌ သွင်း ထားကြ၏။ 34 မြို့ဝန်မင်းသည် စာကိုဖတ် ပြီးမှ၊ အဘယ် မြို့ နှင့် ဆိုင်သနည်းဟု မေး ၍၊ ကိလိကိ ပြည်သားဖြစ် သည်ကို ကြားသိ လျှင်၊ 35 သင့် ကိုအမှု လုပ်သောသူ တို့သည် ရောက်လာ သောအခါ ငါနားထောင် မည်ဟု ဆို ၍၊ ပေါလု သည် ဟေရုဒ် မင်း၏အိမ် တော်၌ အချုပ် ခံလျက်နေစေဟု စီရင် လေ၏။
241 ထိုနောက် ငါး ရက် လွန် သောအခါ၊ ယဇ်ပုရောဟိတ် မင်း အာနနိ သည် တေရတုလု အမည်ရှိသောရှေ့နေ မှစ၍ ၊ လူ အကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု ၏အကြောင်းကို မြို့ဝန်မင်း ထံ၌လျှောက် ထားကြ၏။ 2 ပေါလု ကိုခေါ် ပြီးမှ ၊ တေရတုလု သည် အပြစ်တင် သော စကားကိုလျှောက်ဆို သည်မှာ၊ မြတ် တော်မူသောဖေလဇ် မင်းအကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန် ငြိမ်သက် စွာ နေ ရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစု တော်မူခြင်း ကျေးဇူးတော်ကို ဤ လူမျိုး သည် ခံရ ပါ သည်ဖြစ်၍ ၊ 3 အရပ်ရပ် တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူး တော်ကို အလွန်သိ တတ်သော စိတ်နှင့်ခံရပါ၏။ 4 အကျွန်ုပ်သည် ကိုယ်တော် ကိုကြာမြင့် စွာ နှောင့်ရှက် ခြင်း အပြစ်နှင့်လွတ် ခြင်းငှာ ၊ အကျဉ်း အားဖြင့်လျှောက်သောစကားကို ဖြည်းညှင်း သောစိတ်တော်နှင့် နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။ 5 နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။ 6 သူ သည် ဗိမာန် တော်ကို ရှုတ်ချ ခြင်းငှာပြု ပါပြီ။ အကျွန်ုပ်တို့သည် သူ့ ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှာအလိုရှိကြသည်တွင်၊ 7 စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊ 8 အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူ ကို ကိုယ်တော် တိုင် စစ် တော်မူလျှင်၊ အကျွန်ုပ် တို့အပြစ်တင် သောအကြောင်း အရာများ ကို သေချာစွာ သိ နိုင် တော်မူမည်ဟု လျှောက်ထား၏။ 9 ယုဒ လူတို့ကလည်း ၊ ဤ စကားမှန် ပါသည်ဟု ဝန်ခံ ကြ၏။ 10 မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။ 11 အကျွန်ုပ် သည် ကိုးကွယ် ခြင်းငှာ ယေရုရှလင် မြို့ သို့ တက်သွား ၍၊ ယခု တစ်ဆယ့်နှစ် ရက် သာရှိ သည်ကို ကိုယ်တော် သိ နိုင် တော်မူ၏။ 12 ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။ 13 ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။ 14 သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။ 15 ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သော သူရှိသမျှတို့သည် သေခြင်းမှ ထမြောက် ကြလိမ့်မည်ဟူ၍၊ သူ တို့မြော်လင့် သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရားသခင် ကို အမှီပြု ၍ မြော်လင့် ပါ၏။ 16 ထိုကြောင့် ၊ ဘုရားသခင် ကိုပြစ်မှားပြီ၊ လူ တို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင် ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ်ပါ၏။ 17 နှစ် ပေါင်းများစွာ လွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲ ပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော် သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာ သည် တွင် ၊ 18 ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။ 19 ထိုသူ တို့သည် အကျွန်ုပ် အပြစ်တင် စရာရှိ လျှင် ၊ အထံ တော် သို့ကိုယ်တိုင်လာ ၍အပြစ်တင် အပ်ပါ၏။ 20 သို့မဟုတ် အကျွန်ုပ် သည် လွှတ် အရာရှိတို့ ရှေ့ မှာ ရှိ သောအခါ၊ သေ သောသူတို့သည် ထမြောက် ခြင်း အကြောင်း နှင့်၊ 21 အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။ 22 ဖေလဇ် မင်းကလည်း၊ စစ်သူကြီး လုသိ ရောက်လာ သောအခါ ၊ သင် တို့အမှုကို ငါစစ် ဦးမည်ဟု ထိုဘာသာ ကိုသာ၍ နားလည် သောသူဖြစ်လျက်၊ မစီရင် ဘဲ သူ တို့ကို လွှတ် လိုက်၏။ 23 ပေါလု ကို အကျဉ်း မထားဘဲစောင့် ၍နေစေ။ သူ ၏အဆွေအမျိုးတို့သည် သူ့ ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူး ကိုမှာထား ၏။ 24 ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။ 25 ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။ 26 ပေါလု သည် မိမိ လွတ်ရအောင် ငွေ ပေး မည်ဟု ထို မင်းသည်ထင်မှတ် လျက် ၊ မကြာမကြာ ပေါလု ကို ခေါ် ၍ သူ နှင့်စကား ပြောလေ၏။ 27 နှစ် နှစ်စေ့ သောအခါ ပေါကိ ဖေတ္တု သည် ဖေလဇ် မင်း၏အရာ ကို ရ သဖြင့်၊ ဖေလဇ် မင်းသည် ယုဒ လူတို့အား ကျေးဇူး ပြု လို သောစိတ်နှင့် ပေါလု ကို အကျဉ်း ထားရစ် စေ၏။
251 ဖေတ္တု မင်းသည် ထိုပြည် သို့ရောက် ၍ သုံး ရက် ရှိ သောအခါ ၊ ကဲသရိ မြို့မှ ယေရုရှလင် မြို့သို့ တက်သွား ၏။ 2 ထိုအခါ ယဇ်ပုရောဟိတ် မင်းမှစ၍ ယုဒ လူ အကြီးအကဲ တို့သည်၊ 3 ပေါလု ကို သတ် ခြင်းငှာလမ်း နား၌ ချောင်း ၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု ၏အကြောင်းကို ကြားလျှောက် တောင်းပန်၍၊ သူ့ ကို ယေရုရှလင် မြို့သို့ စေလွှတ် တော်မူမည်အကြောင်း အသနား တော်ခံ ကြ၏။ 4 ဖေတ္တု မင်းကလည်း၊ ပေါလု သည် ကဲသရိ မြို့၌ အချုပ် ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွား မည်။ 5 သင် တို့သည် တတ်နိုင် သောသူတို့သည် ငါနှင့်အတူ လိုက်၍၊ ထိုသူ ၌အပြစ် ရှိ လျှင် အပြစ်တင် ကြစေဟု ပြောဆို ၏။ 6 ထိုနောက် ဆယ် ရက် လောက်နေ ပြီးမှ ကဲသရိ မြို့သို့ သွား ၍၊ နက်ဖြန် နေ့၌တရားပလ္လင် ပေါ်မှာ ထိုင် လျက်၊ ပေါလု ကိုခေါ် ချေဟု အမိန့် ရှိ၏။ 7 ပေါလု ရောက် သောအခါ ၊ ယေရုရှလင် မြို့မှ လာ သော ယုဒ လူတို့သည်ဝန်းရံ လျက်၊ သက်သေ မ ပြနိုင် ဘဲ လေး စွာသောအပြစ် များ တို့ကို ပေါလုအပေါ်၌တင် ကြ၏။ 8 ပေါလု ကလည်း၊ အကျွန်ုပ်သည်ယုဒ တရား ကို မ ပြစ်မှား ပါ။ ဗိမာန် တော်ကိုမ ပြစ်မှား ပါ။ ကဲသာ ဘုရင်ကို မ ပြစ်မှား ပါဟူ၍အပြစ် ဖြေရာစကားကိုပြောလေ၏။ 9 သို့သော်လည်း၊ ဖေတ္တု မင်းက၊ သင်သည် ယေရုရှလင် မြို့သို့ သွား ၍၊ ငါ့ ရှေ့မှာဤအမှု စီရင် ခြင်းကို ခံ မည်လောဟု ယုဒ လူတို့ကို ကျေးဇူး ပြု လို သော စိတ်ရှိလျက် ပေါလု အားမေး ၏။ 10 ပေါလု ကလည်း ၊ ကဲသာ ဘုရင်၏ တရားပလ္လင် ရှေ့ မှာ အကျွန်ုပ် ရပ် ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင် အပ်ပါ၏။ ကိုယ်တော် သည် အမှန် သိ တော်မူသည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒ လူတို့ကိုအလျှင်းမ ပြစ်မှား ပါ။ 11 အကျွန်ုပ်ပြစ်မှား ၍ သေ ထိုက် သော အပြစ် ကို ပြု မိသည်မှန်လျှင် ၊ သေ ဘေးကိုအကျွန်ုပ်မ ရှောင် ပါ။ ထိုသူ တို့တင် သောအပြစ် တစ်စုံတစ်ခု မျှ မမှန်လျှင် ၊ သူ တို့ လက်သို့ အကျွန်ုပ် ကိုအဘယ်သူ မျှမစွန့် မအပ်ရ ပါ။ ကဲသာ ဘုရင်၏အယူ တော်ကိုခံပါမည်ဟု လျှောက်ဆို ၏။ 12 ထိုအခါ ဖေတ္တု မင်းသည် တိုင်ပင် ဘက်တို့နှင့် တိုင်ပင် ပြီးလျှင်၊ သင်သည်ကဲသာ ဘုရင်၏ အယူ တော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာ ဘုရင်ထံတော်သို့ သွား ရမည်ဟုဆို ၏။ 13 ထိုနောက် များမကြာ ၊ အဂြိပ္ပ မင်းကြီး သည် မိမိ ခင်ပွန်းဗေရနိတ် နှင့်တကွ ဖေတ္တု မင်းကိုနှုတ်ဆက် ခြင်းငှာကဲသရိ မြို့သို့ ရောက်လာ ၏။ 14 အင်တန် ကာလ နေ ပြီးမှဖေတ္တု မင်းသည် ပေါလု ၏အကြောင်းကို မင်းကြီး အားကြားပြော သည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်း ထားရစ် စေသော လူ တစ် ယောက်ရှိ ၏။ 15 ယေရုရှလင် မြို့၌ အကျွန်ုပ် ရှိ သောအခါ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ယုဒ အမျိုးအကြီးအကဲ တို့သည်၊ ထိုသူ ၏အကြောင်း ကို ကြားလျှောက် ၍ အပြစ် အလျောက် စီရင်ပါဟု တောင်းပန် ကြလျှင်၊ 16 ကျွန်ုပ်ကလည်း၊ အပြစ်တင် ခြင်းကို ခံသောသူ သည် အပြစ်တင် သော သူတို့နှင့်မျက်မှောက် တွေ့ ၍၊ မိမိ၌တင်သောအပြစ် ကိုဖြေ ရသော အခွင့် မ ရှိမှီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မ စွန့် မအပ်ရဟု ရောမ ထုံးစံ ရှိ ကြောင်းကို ပြောဆို ၏။ 17 ထိုသူ တို့သည်ဤ မြို့သို့ ရောက်လာ သောအခါ ၊ ကျွန်ုပ်သည် မ ဆိုင် မလင့်ဘဲနက်ဖြန် နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင် ၍ ထိုသူ ကိုခေါ် စေ ၏။ 18 သူ့ ကို အမှု လုပ်သောသူ တို့သည် လာ ကြလျှင်၊ ကျွန်ုပ် အထက်က ထင်မှတ် သော အပြစ် တစ်စုံတစ်ခုကိုမျှမ တင် ဘဲလျက်၊ မိမိ ဘာသာ နှင့်၎င်း၊ ယေရှု အမည်ရှိသော၊ 19 သေ ပြီးသော သူတစ် ယောက်နှင့်၎င်း ယှဉ် သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍ အပြစ်တင် ကြ၏။ ထိုယေရှု သည် အသက် ရှင်လျက်ရှိသည်ဟု ပေါလု ဆို တတ်၏။ 20 ထို ပုစ္ဆာအမေးကို ကျွန်ုပ် သည် မ ကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင် မြို့သို့ သွား ၍ ဤအမှု စီရင် ခြင်းကို ခံ မည်လောဟုမေး လျှင်၊ 21 ပေါလု သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကို ခံလို၍ မိမိ ကိုချုပ် ထားစေခြင်းငှာတောင်းပန် သောကြောင့်၊ သူ့ ကိုကဲသာ ဘုရင်ထံ တော် သို့မ စေလွှတ် မှီတိုင်အောင်ချုပ် ထားစေခြင်းငှာကျွန်ုပ်စီရင် သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။ 22 အဂြိပ္ပ မင်းကလည်း ၊ ထိုသူ ၏စကား ကို ကျွန်ုပ်သည် ကိုယ်တိုင် နားထောင်ချင် ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန် နေ့၌ သူ ၏စကားကိုနားထောင် ပါလော့ဟု ဆို၏ ။ 23 နက်ဖြန် နေ့၌ အဂြိပ္ပ မင်းနှင့် ဗေရနိတ် တို့သည် များစွာ သော ဂုဏ် အသရေကို ဆောင်လျက်၊ စစ်သူကြီး တို့မှစ၍ ထိုမြို့ ၌ထင်ရှား သော သူ များတို့နှင့်တကွ အိမ်တော်ဦး သို့ ဝင် ကြလျှင်၊ ဖေတ္တု မင်းသည်ပေါလု ကိုဆောင်ခဲ့ စေ ၏။ 24 ဖေတ္တု မင်းကလည်း ၊ အဂြိပ္ပ မင်းကြီး မှစ၍ ယခုရှိ သောသူ အပေါင်း တို့၊ ဤသူ ကိုကြည့် ကြပါလော့။ ယေရုရှလင် မြို့၌ ၎င်း ၊ ဤ မြို့၌၎င်း ယုဒ လူများ အပေါင်း တို့သည် ဤသူ ၏အကြောင်း ကို ကျွန်ုပ် အား လျှောက် ၍၊ သူ သည်ခဏ မျှအသက် မရှင်ထိုက်ပါဟု ဟစ် ကြ၏။ 25 သူ သည်သေ ထိုက် သော အပြစ်မ ပြုကြောင်း ကို ကျွန်ုပ် သိမြင် ၍၎င်း၊ သူ သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ ကိုအထံတော်သို့ စေလွှတ် စေခြင်းငှာကျွန်ုပ်စီရင် ၏။ 26 သူ ၏အကြောင်း ကို ရေး ထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာ သောအကြောင်း တစ်စုံတစ်ခု မျှ ကျွန်ုပ်၌မရှိ ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြော ပြီးမှ၊ ကျွန်ုပ်ရေး ၍ပေးလိုက်စရာ အကြောင်း ရှိ စေခြင်းငှာသင် တို့ရှေ့ ၌၎င်း ၊ အဂြိပ္ပ မင်းကြီး ၊ အထူးသဖြင့် ကိုယ်တော် ရှေ့ ၌၎င်း၊ သူ့ ကိုကျွန်ူပ်ထုတ် ၍ပြ၏။ 27 အကြောင်းမူကား ၊ အကျဉ်းခံ သောသူကို အပြစ် မ ပြ ဘဲစေလွှတ် သော် မလျော်မသင့် ဖြစ်မည် ထင် ပါသည် ဟုဆို ၏။
261 ထိုအခါ အဂြိပ္ပ မင်းက၊ သင် သည်ကိုယ် အဘို့ အလိုငှာပြော ရသော အခွင့် ရှိသည်ဟု ပေါလု အား ဆို လျှင်၊ ပေါလု သည် လက် ကိုဆန့် ၍ အပြစ် ဖြေရာစကားကို ဤသို့ပြော၏။ 2 အဂြိပ္ပ မင်းကြီး ၊ 3 ယုဒ လူတို့သည် အကျွန်ုပ်ကိုအမှု လုပ်သမျှ သောအရာမှာ၊ ရှေ့ တော်၌အပြစ် ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော် သည် ယုဒ ထုံးတမ်း ၊ ပုစ္ဆာ အမေးများကိုလေ့ကျက် တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌မင်္ဂလာ ရှိသည်ဟု ကိုယ်ကိုထင်မှတ် ပါ၏။ ထိုကြောင့် သည်းခံ သော စိတ်တော်နှင့် အကျွန်ုပ် စကားကို နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။ 4 ယေရုရှလင် မြို့တွင် ကိုယ် အမျိုးသား ချင်းတို့၏ အထဲ ၌ အကျွန်ုပ်နေ သဖြင့်၊ ငယ် သောအသက်အရွယ်မှစ၍ ၊ အကျွန်ုပ် ၏အနေအထိုင် အပြုအမူများကို ယုဒ လူ အပေါင်း တို့သည်သိ ကြပါ၏။ 5 အကျွန်ုပ်သည် ယုဒ ဘာသာ ၌ အလွန်ကျပ်တည်း စွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲ ဖြစ် သည်ကို ထိုသူတို့သည် သက်သေခံ ခြင်းငှာအလိုရှိ လျှင် ရှေးဦးစွာ ကပင်သိ ကြပါ၏။ 6 ဘုရားသခင် သည် ဘိုးဘေး များတို့အား ပေး တော်မူသော ဂတိ တော်ကိုထောက်၍ မြော်လင့် ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခု တွင် စစ်ကြော စီရင်ခြင်းကို ခံရ ပါ၏။ 7 ယုဒလူတစ်ဆယ်နှစ် မျိုးတို့သည် နေ့ ညဉ့် မပြတ်ကြိုးစား ၍ ဘုရားဝတ်ပြု သဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့် ခြင်းရှိကြ၏။ အို အဂြိပ္ပမင်းကြီး၊ ထို မြော်လင့် ခြင်းတရားကို အကြောင်း ပြု၍ ယုဒ လူတို့ သည် အကျွန်ုပ်ကို အမှု လုပ်ကြပါ၏။ 8 သေ လွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသောအယူ ကိုမယူအပ်ဟု သင် တို့သည် အဘယ်ကြောင့် ထင် ကြပါသနည်း။ 9 နာဇရက် မြို့သားယေရှု ၏ နာမ တော်နှင့် ဆန့်ကျင် သော အမှုများ ကို ပြု ကောင်း၏ဟု အကျွန်ုပ် သည် စိတ်ထင် လျက် ၊ 10 ယေရုရှလင် မြို့၌ ထို အမှုကို ပြု မိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့် ရ ပြီးလျှင်၊ သန့်ရှင်း သူ အများ တို့ကို ထောင် ထဲမှာ လှောင် ထားပါ၏။ သူ တို့သည် အသေ သတ်ခြင်းကို ခံရသောအခါအကျွန်ုပ် သည် ဝန်ခံ ပါ၏။ 11 ထိုသူ တို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှား စေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင် အထက်ပြု၍၊ ခပ်သိမ်း သောတရားစရပ် တို့၌ ကြိမ်ဖန် များစွာဒဏ် ပေးပါ၏။ ပြင်းစွာ သော အမျက် ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်း တစ်နိုင်ငံတိုင်အောင် သူ တို့ကို ညှဉ်းဆဲ နှိပ်စက်ပါ၏။ 12 ထိုသို့ပြု၍ ယဇ်ပုရောဟိတ် အကြီးတို့ပေး သော အခွင့် အရာနှင့် အကျွန်ုပ်သည် ဒမာသက် မြို့သို့ သွား စဉ် တွင် ၊ 13 နေ ၏အရောင် ထက်မကသော အလင်း သည် အကျွန်ုပ်မှစ၍အကျွန်ုပ် နှင့်အတူ သွား သောသူ များ ပတ်လည် ၌ ကောင်းကင် ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့် ချိန် တွင် လမ်း ထဲမှာ အကျွန်ုပ်မြင် ရပါသည်။ အရှင် မင်းကြီး။ 14 အကျွန်ုပ် နှင့် ထိုသူအပေါင်း တို့သည် မြေ ပေါ်မှာ လဲ ၍ နေကြစဉ်၊ ရှောလု ၊ ရှောလု ၊ ငါ့ ကိုအဘယ်ကြောင့် ညှဉ်းဆဲ သနည်း။ ဒုတ် ချွန်ကို ခြေနှင့်ကျော် လျှင် ခက် လှသည်ဟု ဟေဗြဲ ဘာသာ အားဖြင့်ပြော သော စကား သံကို အကျွန်ုပ်ကြား လျှင် 15 ၊သခင် ကိုယ်တော်သည် အဘယ်သူ နည်းဟု အကျွန်ုပ် မေးလျှောက် သော်၊ ငါ ကား၊ သင် ညှဉ်းဆဲ သော နာဇရက်မြို့သားယေရှု ဖြစ် သတည်း။ 16 သို့သော်လည်း ၊ ထ ၍ မတ်တတ် နေလော့။ 17 ငါသည်ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့ လက်မှ သင့် ကိုကယ်လွှတ် ၍၊ 18 သင်သည် ယခုမြင် ရသောအကြောင်း အရာတို့နှင့် ၊ နောက်မှငါသည်သင့် အား ထင်ရှားလတံ့ သော အကြောင်း အရာတို့မှာ၊ အမှု ဆောင်ရွက်သောသူ၊ သက်သေခံ သောသူအရာ၌ သင့် ကိုခန့်ထား စေခြင်းငှာငါသည်သင့် အား ထင်ရှား၏ ။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်း သို့ ကူးမြောက် ၍၊ စာတန် ၏အာဏာ ထဲမှဘုရားသခင့် အထံ တော်သို့ ပြောင်းလဲသောအားဖြင့်အပြစ် လွှတ် ခြင်းကျေးဇူးကို ခံရ မည်အကြောင်းနှင့်၊ ငါ့ ကို ယုံကြည်သော အားဖြင့်သန့်ရှင်း ခြင်းသို့ ရောက်သောသူ တို့နှင့် ဆက်ဆံ အမွေခံရမည်အကြောင်း၊ သူ တို့၏မျက်စိ ကိုဖွင့် စေခြင်းငှာသူ တို့ဆီသို့ သင့် ကို ငါ စေလွှတ် မည်ဟု မိန့် တော်မူ၏။ 19 အိုအဂြိပ္ပ မင်းကြီး ၊ ကောင်းကင် ကဖြစ်သော ထိုဗျာဒိတ် တော်ကို အကျွန်ုပ်သည် နားမထောင် ဘဲ မ နေ ရပါ။ 20 လူတို့သည် နောင်တရ ရမည်။ နောင်တရ ခြင်း နှင့်ထိုက်တန် သော အကျင့် ကို ကျင့် ရမည်။ ဘုရားသခင် အထံ တော်သို့ ပြောင်းလဲ ရမည်ဟူ၍ဒမာသက် မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ် ၌နေသောသူတို့အား၎င်း ၊ တစ်ပါး အမျိုးသားတို့အား၎င်း၊ ဟောပြော ပါ၏။ 21 ထို အကြောင်းများကြောင့် ၊ ယုဒ လူတို့သည် ဗိမာန် တော်၌ အကျွန်ုပ် ကိုဖမ်းဆီး ၍ ကွပ်မျက် ခြင်းငှာအားထုတ် ကြပါ၏။ 22 သို့ရာတွင် ဘုရားသခင် မစ တော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍၊ 23 ယခု တိုင်အောင် ရှိနေရပါ၏။ ခရစ်တော် သည် အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေ ခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တစ်ပါး အမျိုးသားတို့အား အလင်း ကိုပေး မည်ဟူ၍၎င်း၊ မောရှေ မှစသောပရောဖက် များတို့ ဟောပြော သောစကားထက် အကျွန်ုပ်သည် မ လွန် ဘဲ၊ လူအကြီး အငယ် တို့အား သက်သေခံ ၍ နေ ပါသည်ဟု လျှောက်လေ၏။ 24 ထိုသို့ ပေါလု သည် အပြစ် ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တု မင်းက၊ ပေါလု ၊ သင်သည် သူရူး ဖြစ်၏။ သိပ္ပံအတတ်များကိုသင် ၍ သူရူး အဖြစ်သို့ ရောက် ခဲ့ပြီဟုကြီး သော အသံ နှင့်ဆို ၏။ 25 ပေါလု ကလည်း၊ မြတ် တော်မူသောဖေတ္တု မင်း၊ အကျွန်ုပ်သည် သူရူး မဟုတ် ပါ။ သမ္မာတရား နှင့်၎င်း ၊ ကောင်း သောစိတ်နှင့်၎င်း၊ ယှဉ်သော စကား ကို ပြော ပါ၏။ 26 ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။ 27 အိုအဂြိပ္ပ မင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိ ကျမ်းစာကို ယုံ တော်မူသလော။ ယုံတော်မူသည် ကို အကျွန်ုပ်သိ ပါသည်ဟု လျှောက် ၏။ 28 အဂြိပ္ပ မင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါ သည်ခရစ်ယာန် ဖြစ် လု ပြီဟု ပေါလု အား ပြောဆိုလျှင်၊ 29 ပေါလု က၊ ကိုယ်တော် မှစ၍ယနေ့ တွင် အကျွန်ုပ် ၏စကားကို ကြား သောသူ အပေါင်း တို့သည်၊ ဤ သံကြိုး ကိုထား ၍ အကျွန်ုပ် ကဲ့သို့သောသူဖြစ်လု သည် သာမက လုံးလုံးဖြစ်စေခြင်းငှာဘုရားသခင် ကို အကျွန်ုပ်ဆုတောင်း ပါသည်ဟု လျှောက်လေ၏။ 30 ထိုအခါမင်းကြီး နှင့် ဗေရနိတ် သည် ထ ၍ မြို့ဝန်မင်း မှစသော အပေါင်းအဘော်များတို့နှင့်တကွ၊ 31 အခြားသို့သွား ပြီးလျှင် ၊ ဤ သူ သည် အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းခံထိုက် သောအမှု ကို မ ပြု ဟု အချင်းချင်း ပြော ဆို ကြ၏။ 32 အဂြိပ္ပ မင်းကလည်း၊ ဤ သူ သည်ကဲသာ ဘုရင် အယူ တော်ကို ခံပါမည်ဟု မ ဆိုမိလျှင် လွှတ် သင့် သည်ဟု ဖေတ္တု မင်းအားဆို ၏။
271 ထိုအခါ ငါ တို့သည် ဣတလိ ပြည်သို့ သင်္ဘောနှင့်ကူး ရမည့်အကြောင်းကို စီရင် ပြီးမှ ၊ ယုလိ အမည် ရှိသော ဩဂုတ္တု တပ် နှင့်ဆိုင်သော တပ်မှူး ၌ ပေါလု မှစ၍ အကျဉ်းခံ သောအခြား သူ တို့ကို အပ် ကြ၏။ 2 အာဒြမုတ္တိ သင်္ဘော ကိုစီး ၍ အာရှိ ပြည်နား သို့ ရှောက်သွားမည်အကြံ နှင့် လွှင့် ကြ၏။ အာရိတ္တခု အမည်ရှိသောမာကေဒေါနိ ပြည်သက်သာလောနိတ် မြို့သားသည် ငါ တို့နှင့် ပါ ၏။ 3 နက်ဖြန် နေ့တွင် ဇိဒုန် မြို့၌ ဆိုက် ကြပြီးလျှင်၊ ပေါလု သည် မိမိအဆွေ ခင်ပွန်းတို့ထံသို့ သွား ၍ သူတို့၏ လုပ်ကျွေး ပြုစုခြင်းကို ခံရ မည်အကြောင်း၊ ယုလိ သည် ကျေးဇူး ပြု၍ အခွင့် ပေးလေ၏။ 4 ထိုမြို့ မှထွက် ၍ လေ မ သင့်သောကြောင့် ၊ ကုပရု ကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိ ပြည်၊ 5 ပံဖုလိ ပြည်နှင့် စပ် သောပင်လယ် ကိုကူး ၍၊ လုကိ ပြည်၊ မုရ မြို့သို့ ရောက် ကြ၏။ 6 ထိုမြို့ ၌ ဣတလိ ပြည်သို့ ကူး သော အာလေဇန္ဒြိ သင်္ဘော ကိုတပ်မှူး သည်တွေ့ ၍၊ ထိုသင်္ဘော ထဲသို့ ငါ တို့ကို သွင်း ထားလေ၏။ 7 နှေးနှေး သာသွား၍ နေ့ရက် ကာလကြာ သောအခါ ၊ ပင်ပန်းစွာ ကြိုးစား ၍ ကနိဒ် မြို့နှင့်တည့်တည့် ရောက် ပြီးမှ၊ လေ မ သင့် သောကြောင့် ကရေတေ ကျွန်း အရှေ့ ဘက်၊ သာလမုန် မြို့ အနား သို့ ပင်ပန်း စွာ ရှောက်သွား ၍၊ 8 လာသဲ မြို့ နှင့်အနီး ၊ ကာလုလိမင်းအမည် ရှိသော အရပ် သို့ ရောက် ကြ၏။ 9 ကာလ ကြာသည်ရှိ သော်၊ ကြီးစွာသောဥပုသ်နေ့လွန် ၍ ပင်လယ် မ ကူးသင့်သောလ ဥတုအချိန်ဖြစ် သည် ကို ပေါလု သည် ထောက် ၍၊ 10 အချင်းလူတို့ ၊ ယခုမှာပင်လယ် ကူးလျှင် သင်္ဘော နှင့် ကုန် များတို့သည် ဆုံးရှုံး သည်သာမက ၊ ငါ တို့ အသက် ပျက်စီးရာသော ဘေး အန္တရာယ်ရောက်မည်ကို ငါထင် မြင်သည်ဟု သတိပေး ၏။ 11 သို့သော်လည်း ၊ တပ်မှူး သည်ပေါလု စကား ကို နားမထောင်ဘဲ၊ တက်မ ကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင် ၏။ 12 ထိုမြို့ဆိပ် ၌ ဆောင်း ကာလပတ်လုံးမ နေ သင့် သောကြောင့် တဖန်လွှတ် ပြန်၍ ဖိနိတ် မြို့ဆိပ်သို့ မှီ နိုင် လျှင် ၊ ထိုဆိပ်၌ ဆောင်း ကာလကို လွန်စေသော်သာ၍ကောင်းမည်ဟု လူ အများတို့သည် ဆို ကြ၏။ ဖိနိတ် ဆိပ် ကားကရေတေ ကျွန်း၌ ရှိ၏။ အနောက် မြောက်သို့ ၎င်း ၊ အနောက် တောင်သို့၎င်း မျက်နှာ ပြု၏။ 13 တောင် လေသည်ဖြည်းညှင်း စွာလာသောအခါ ၊ ယခုမှီ နိုင်သည်ဟု စိတ်ထင် နှင့်လွှင့်၍၊ ကရေတေ ကျွန်းနား သို့ ရှောက်သွား ကြ၏။ 14 ကာလမ ကြာ မမြင့်မှီ ဥရုကလုဒုန် အမည် ရှိသော လေ ပြင်း မုန်တိုင်း သည်သင်္ဘော ကိုတိုက် ၍၊ 15 တဟုန်တည်းဆောင်သွား သဖြင့်၊ သင်္ဘော သည် ထိုလေ ကိုမ ခံ နိုင် သောကြောင့်၊ ငါတို့သည် အားလျော့ ၍ လေတိုက်ရာသို့ ပါလွင့် ကြ၏။ 16 ကလောဒေ ကျွန်း နား မှာ ပြေးစဉ်တွင်၊ သမ္မန် ကို မပျက်စေခြင်းငှာပင်ပန်းစွာကြိုးစား ၍၊ 17 သင်္ဘောပေါ်သို့တင် ပြီးလျှင်၊ သင်္ဘော ကိုခိုင်ခံ့စေခြင်းငှာကြိုးနှင့်ပတ်စည်း ကြ၏။ သောင် ပေါ်မှာ တင် မည်ကိုလည်းစိုးရိမ် သောကြောင့် ရွက် ကိုသိမ်း သဖြင့် လေတိုက်ရာသို့ပါလွင့် ကြ၏။ 18 လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန် နေ့၌ ဝန် ကိုထုတ်ပစ်ကြ၏။ 19 သုံး ရက်မြောက်သောနေ့၌ သင်္ဘော တန်ဆာ များကို ကိုယ်လက်နှင့်ကိုယ်ယူ ၍ ပစ် လိုက်ကြ၏။ 20 နေ ၊ လ၊ ကြယ် နက္ခတ်တို့ကို တာရှည် စွာ မ မြင် ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီး သေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော် စရာ အခွင့်အလျှင်း မ ရှိ။ 21 အစာ ကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလု သည် ထိုသူ တို့၏ အလယ် ၌ ထ ၍၊ အချင်း လူ တို့၊ ငါ စကားကို နားထောင် ၍ ကရေတေ ကျွန်းမှ မ လွှင့် ဘဲနေလျှင် ဤပျက်စီး ဆုံးရှုံး ခြင်းနှင့် ကင်းလွတ် ရကြ၏။ 22 ယခု တွင် စိတ်သက်သာ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ သင်္ဘော ဆုံးခြင်းမှတစ်ပါး သင် တို့တွင် အဘယ်သူ မျှအသက် မဆုံး ရ ၊ 23 အဘယ်ကြောင့် နည်းဟူမူကား၊ ငါ့ ကိုပိုင်တော်မူ၍၊ ငါကိုးကွယ် သော ဘုရားသခင် ၏ ကောင်းကင်တမန် သည် ယနေ့ ညဉ့် တွင် ငါ့ အနားမှာ ပေါ်လာ လျက်၊ 24 ပေါလု ၊ သင်သည် မ စိုးရိမ် နှင့်။ ကဲသာ ဘုရင် ရှေ့ သို့ ရောက် ရမည်။ သင် နှင့်အတူ ပင်လယ်ကူး သော သူ အပေါင်း တို့ကို ဘုရားသခင် သည် သင့် အားပေး တော်မူပြီဟု ဆို ၏။ 25 ထိုကြောင့် အချင်းလူတို့ သက်သာ ခြင်း ရှိကြလော့။ ငါ့ အား မိန့် တော်မူသည်အတိုင်းဖြစ် လိမ့်မည်ဟု ငါသည်ဘုရားသခင် ကို အမှီပြု၍ ယုံ ခြင်းရှိ၏။ 26 သို့သော်လည်း တစ်စုံတစ်ခု သောကျွန်း ပေါ်မှာ သင်္ဘောတင် ၍ ပျက်ရ မည်ဟုပေါလုဆို၏။ 27 တစ်ဆယ်လေး ရက်မြောက်သောနေ့ ညဉ့် ရောက် သောအခါ ၊ ငါ တို့သည် အာဒြိ ပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင် အချိန်၌ တစ်စုံတစ်ခု သော ကမ်း အနီးသို့ ရောက် လုသည်ဟု သင်္ဘောသား တို့သည် ထင်မှတ် သဖြင့်၊ 28 ရေကိုစမ်း လျှင် အလံ နှစ်ဆယ် ရှိသည်ကို တွေ့ ကြ၏။ ထိုမှစိုးစည်း လွန် ပြန်လျှင်၊ တဖန် ရေကိုစမ်း ၍ တဆယ်ငါး လံ ရှိသည်ကို တွေ့ ကြ၏။ 29 ကျောက် ကို တိုက်မိ မည်စိုးရိမ် သောကြောင့် သင်္ဘောပဲ့ မှ ကျောက်ဆူး လေး လက်ကို ချ ၍မိုဃ်းလင်း ပါစေ ဟုဆုတောင်း ကြ၏။ 30 သင်္ဘောသား တို့သည် သင်္ဘော ကိုစွန့်သွား မည် ဟု အကြံရှိသည်နှင့်သင်္ဘော ဦးသို့သွား၍ ကျောက်ဆူး ချ ဟန် ပြုလျက် သမ္မန် ကိုလျှော့ စဉ်တွင်၊ 31 ပေါလု က၊ ဤသူတို့သည် သင်္ဘော ပေါ်၌ မ နေ လျှင် သင် တို့သည် ချမ်းသာ မ ရနိုင် ကြဟု တပ်မှူး မှစ၍ စစ်သူရဲ တို့အား ဆို ၏။ 32 ထိုအခါ စစ်သူရဲ တို့သည် သမ္မန် ကြိုး ကို ခုတ် ဖြတ်ချ လိုက်ကြ၏။ 33 မိုဃ်းလင်း လုသောအခါ အစာ ကိုစား စေခြင်းငှာပေါလု သည် လူအပေါင်း တို့ကိုတိုက်တွန်း လျက်၊ သင်တို့ သည် တဆယ်လေး ရက် ပတ်လုံးမြော်လင့် ၍ ယနေ့ တိုင်အောင်အစာ မစားဘဲ ငတ်မွတ်လျက်နေ ကြ၏။ 34 ထိုကြောင့် အစာ စား ကြလော့။ စား လျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ် လိမ့်မည်။ 35 သင် တို့ဆံခြည် တစ်ပင်မျှ မ ပျက်စီး ရဟုဆို ပြီးလျှင်၊ ပေါလုသည် မုန့် ကိုယူ ၍ ထိုသူများရှေ့ ၌ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ စား လေ၏။ 36 ထိုသူ အပေါင်း တို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာ ကို စား ကြ၏။ 37 ထိုသင်္ဘော ၌ ပါသော သူ များ တို့သည် အရေအတွက်အားဖြင့်နှစ်ရာ ခုနစ်ကျိပ် ခြောက် ယောက် ရှိ သတည်း။ 38 ဝ စွာစားပြီးမှ ဆန် စပါးကိုပင်လယ် ထဲသို့ ပစ်ချ ၍ သင်္ဘော ကိုပေါ့ စေကြ၏။ 39 မိုဃ်းလင်း သောအခါ ထိုအရပ် ကို မ သိ သော်လည်း၊ ထောင့် ကွေ့တစ်ခု ၌သင်္ဘောဆိပ် ရှိ သည်ကို မြင် သောကြောင့်၊ သင်္ဘော ကိုအထဲ သို့သွင်းနိုင် လျှင် သွင်း မည်ဟု အကြံရှိကြ၏။ 40 ကျောက်ဆူး တို့ကို လွှတ် ၍ ပင်လယ် ထဲသို့ ချ လိုက်ပြီးမှ တက်မ တို့ကို ဆိုင်းသောကြိုး များကို ဖြည် ၍၊ ရွက် ကိုလေ၌ဖြန့် ဖွင့်လျက် ကမ်း နားသို့ တိုက် သွားကြ၏။ 41 ရေ ဆိုင်ရာသို့ ရောက် လျှင်၊ သင်္ဘော ကိုသောင် ပေါ်မှာတင်စေ၍ ဦး မ လှုပ်ဘဲနေ သဖြင့် ပဲ့ ကိုလှိုင်း တံပိုးရိုက် သောကြောင့် ကျိုး ၏။ 42 ထိုအခါ အကျဉ်းခံ သောသူ တို့သည် ကုန်းသို့ ကူး ၍ ပြေး မည်ကို စိုးရိမ်သောကြောင့် စစ်သူရဲ တို့သည် သတ် မည်ဟုအကြံ ရှိ ကြ၏။ 43 တပ်မှူး သည်ပေါလု ကို ချမ်းသာ စေခြင်းငှာအလိုရှိ သဖြင့်၊ စစ်သူရဲ တို့၏အကြံ ကိုမြစ်တား ၍၊ ကူး နိုင် သော သူ တို့သည် အရင် ဆင်း ၍ ကုန်း သို့ သွား စေခြင်းငှာ၎င်း ၊ 44 ကြွင်း သောသူ တို့သည် ပျဉ်ပြား မှစ၍သင်္ဘော တန်ဆာ များကို စီးစေခြင်းငှာ၎င်း၊ စီရင် လေ၏။ ထိုသို့ လူအပေါင်း တို့သည် ဘေး နှင့်လွတ်၍ ကုန်း ပေါ်သို့ ရောက် ကြ၏။
281 ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်း ကား မေလိတေ ကျွန်းဖြစ် သည်ကို သိ ကြ၏။ 2 မိုဃ်းရွာ ၍ ချမ်း သောကြောင့် လူရိုင်း တို့သည် မီး မွေးပြီးလျှင်၊ ငါ တို့အပေါင်း ကို လက်ခံ ၍ အထူးသဖြင့်ကျေးဇူး ပြုကြ၏။ 3 ပေါလု သည် ထင်း ကိုစုသိမ်း ၍ မီး ပေါ်မှာ ထည့် စဉ်တွင်၊ မြွေဆိုး သည်မီး ငွေ့ထဲက ထွက် ၍ ပေါလု ၏ လက် ကို တွယ် လျက်နေ၏။ 4 ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။ 5 ပေါလုသည်မြွေ ကိုမီး ထဲသို့ ခါချ ၍ အဘယ် ဘေး မျှမသင့် ။ 6 သူသည်တစ်ကိုယ်လုံးရောင် မည်၊ တခဏခြင်း တွင်လဲ ၍သေ မည်ဟု ထိုသူ တို့သည်ကြာမြင့် စွာ ငံ့လင့် သော်လည်း၊ သူ ၌မကောင်းသော အပြစ် တစ်စုံတစ်ခုကိုမျှ မ မြင် လျှင် သဘော ပြောင်းလဲ၍ ဤသူ ကားနတ် ဘုရား ဖြစ် သည်ဟု ဆို ကြ၏။ 7 ထို အရပ် နှင့်မ နီးမဝေးပုဗလိ အမည် ရှိသောကျွန်း သူကြီး ၏ နေရာ ရှိ ၏။ ထို သူကြီးသည် ငါ တို့ကိုလက်ခံ ၍၊ သုံး ရက် ပတ်လုံးကောင်းမွန်စွာ လုပ်ကျွေး ပြုစုလေ၏။ 8 ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။ 9 ဤသို့ ပြု သောကြောင့်၊ ထိုကျွန်း ၌ အနာ ရောဂါစွဲ သောအခြား သူရှိသမျှတို့သည် လာ ၍ ချမ်းသာ ခြင်းကို ရကြ၏။ 10 ထိုသူ တို့သည် များစွာ သော လက်ဆောင် တို့ကို ပေး ၍ ၊ ငါ တို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာ များကို လည်း သင်္ဘောပေါ်သို့တင် ကြ၏။ 11 သုံး လ လွန် လျှင်၊ နတ်သား အမြွာတို့၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်း ကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိ သင်္ဘော ကိုငါတို့သည် စီး ပြန်၍၊ 12 သုရကုတ် မြို့သို့ ဆိုက် လျှင် သုံး ရက် နေ ကြ၏။ 13 ထိုမြို့မှ လွှင့်ပြန်၍ ဝိုက် သွားသဖြင့်၊ ရေဂျုန် မြို့ သို့ ရောက် ၍ တစ် ရက် နေပြီးမှ တောင် လေလာ သောကြောင့်၊ နှစ် ရက်တွင်ပေါတယောလိ မြို့သို့ ရောက် ကြ၏။ 14 ထိုမြို့၌ ညီအစ်ကို အချို့တို့ကိုတွေ့ ၍ ခုနစ် ရက် နေ ကြပါဟု သူ တို့သည်တောင်းပန် သည် အတိုင်းနေပြီးမှ၊ ရောမ မြို့သို့ ခရီးသွား ကြ၏။ 15 ရောမမြို့သားညီအစ်ကို တို့သည် ငါ တို့လာကြောင်း ကို ကြားသိ လျှင်၊ ခရီးဦးကြိုပြု အံ့သောငှာ အချို့တို့ သည် အပ္ပိ ဈေး တိုင်အောင် ၎င်း ၊ အချို့တို့သည် သုံး စရပ် တိုင်အောင်၎င်းလာ ကြ၏။ ပေါလု သည် ထိုသူ တို့ကို မြင် လျှင်၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၍ စိတ်သက်သာ ခြင်းသို့ ရောက်လေ၏။ 16 ရောမ မြို့သို့ ရောက် ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလု သည်မိမိ ကိုစောင့် သောစစ်သူရဲ တစ်ယောက်နှင့်အတူ မိမိ အလိုအလျောက်နေ ရသော အခွင့် ကိုရ၏။ 17 သုံးရက် လွန် သောအခါ ၊ ပေါလု သည် ယုဒ လူ အကြီးအကဲ တို့ကို ခေါ် ၍စုဝေးစေပြီးလျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည်ယုဒလူမျိုး ကို မ ပြစ်မှား ၊ မိ စဉ်ဘဆက်ကျင့်သောထုံးတမ်း ကို မပယ်သောသူဖြစ် လျက်ပင်၊ ယေရုရှလင် မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်း ထား၍ ရောမ လူတို့ လက် သို့ အပ်လိုက် ကြ၏။ 18 ရောမလူ တို့သည် အကျွန်ုပ် ကိုစစ်ကြော ပြီးမှ၊ သေ ထိုက်သော အပြစ် တစ်စုံတစ်ခု ကိုမျှ မတွေ့ သဖြင့် လွှတ် ခြင်းငှာအလိုရှိ ကြ၏။ 19 ထိုအလိုကိုယုဒ လူတို့သည် ဆီးတား သောအခါ ၊ ကဲသာ ဘုရင်၏ အယူ တော်ခံပါမည်ဟုအကျွန်ုပ်ဆို ရ၏။ ထိုသို့ဆိုသော်အမျိုးသား ချင်းတို့ကို အပြစ်တင် စရာ တစ်စုံတစ်ခုရှိ သောကြောင့်ဆိုသည်မ ဟုတ်။ ထိုကြောင့် သင် တို့ကိုမြင် ၍ နှုတ်ဆက် ခြင်းငှာအကျွန်ုပ်ခေါ် ပါပြီ။ 20 ဣသရေလ အမျိုး၏မြော်လင့် ရာအတွက် ကြောင့်၊ အကျွန်ုပ်သည် ဤ သံကြိုး နှင့်ချည်နှောင် ခြင်းကို ခံရပါ၏ဟု ပြောဆို လျှင်၊ 21 ထိုသူတို့က၊ သင် ၏အကြောင်း ကို ကြားလိုက်သောစာ ကို ယုဒ ပြည်မှ အကျွန်ုပ် တို့မ ရ ကြ။ ထိုပြည်မှ လာ သော ညီအစ်ကို တို့တွင် အဘယ်သူ မျှ သင် ၌ အပြစ် ရှိကြောင်း ကို မ ကြား မပြောပါ။ 22 သို့သော်လည်းဤ ဘာသာ သည် အရပ်ရပ် တို့၌ ကဲ့ရဲ့ အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ် သည်ကို အကျွန်ုပ် တို့သိ ကြသည်ဖြစ်၍သင်၏အယူဝါဒ ကို သင် သည် ကိုယ်တိုင် ဖေါ်ပြသောစကား ကို အကျွန်ုပ်တို့သည် နားထောင်သင့် သည်ထင်ပါ၏ဟု ဆိုကြလျှင်၊ 23 နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။ 24 အချို့ တို့သည် ပေါလု ၏စကားကို ယုံ ကြ၏။ အချို့ တို့သည် မ ယုံဘဲနေကြ၏။ 25 ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊ 26 သင်တို့သည် ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲ မြင် ကြလိမ့်မည်ဟု ထို လူမျိုး ရှိရာသို့ သွား ၍ပြော လော့။ 27 အကြောင်းမူကား ၊ သူတို့မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့် မပြောင်းလဲသူ တို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်သူတို့၏ စိတ် နှလုံးသည် မိုက် လျက်၊ နား သည်ထိုင်း လျက်၊ ကိုယ် မျက်စိ ကိုပိတ် လျက် ရှိကြ၏ဟုငါ တို့ဘိုးဘေး များအား လျောက်ပတ်စွာ မိန့် တော်မူ၏။ 28 ထိုကြောင့် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါး အမျိုးသားတို့အား ပေး လိုက် သည်ဖြစ်၍ ၊ သူ တို့သည်နားထောင် မည်အရာကို သင် တို့ သိမှတ် ကြလော့ဟု၊ 29 ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။ 30 ထိုနောက်မှပေါလုသည် နှစ် နှစ်ပတ်လုံး မိမိ ငှား သော အိမ်၌ နေ သဖြင့်၊ မိမိ ထံသို့ လာ သော သူ အပေါင်း တို့ကို ဧည့်ခံ ၍ ၊ 31 အဘယ်သူမျှမ မြစ်တားဘဲ၊ ဘုရားသခင် ၏ နိုင်ငံ တော် အကြောင်းကိုအတည့်အလင်း ဟောပြော ၍၊ သခင် ယေရှု ခရစ် ၏ အကြောင်း များကို သွန်သင် ပြသလျက်နေ၏။