တိမောသေ
ဩဝါဒစာဒုတိယစောင်
11 ယေရှု ခရစ် ၌ တည်သော အသက် ကိုပေးမည်ဟုဂတိ တော်နှင့်အညီ ၊ ဘုရားသခင် ၏ အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါပေါလု သည်ငါ့ချစ် သား တိမောသေ ကို ကြားလိုက်ပါ၏။ 2 ငါ တို့သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရားသခင် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိ ပါစေသော။ 3 သင် ၏မျက်ရည် ကို ငါအောက်မေ့ သောအခါ 4 သင် ၏အဘွား လောဣ ၊ အမိ ဥနိတ် ၌ အရင် တည် သော ယုံကြည် ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင် ၌ လည်း တည်သော ယုံကြည် ခြင်းစစ်ကို မှတ်မိသဖြင့် ၎င်း5 နေ့ ညဉ့် မပြတ်ဆုတောင်း ပဌနာပြုသည်တွင် ၊ သင့် ကိုမခြားမလပ် အောက်မေ့ သည်ဖြစ် ၍၊ ငါ့ဘိုးဘေး ကိုးကွယ် သည်အတိုင်း၊ ကိုယ်ကိုကိုယ် သိသော စိတ်စင်ကြယ် ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူး တော်ကို ငါချီးမွမ်း ၏။ 6 ထိုသို့ဖြစ်၍၊ ငါ လက် တင် သောအားဖြင့် ၊ သင် ၌ ဘုရားသခင် ပေးတော်မူသောဆု ကိုနှိုးဆော် မည် အကြောင်း ၊ ငါသည်သင့် ကို သတိပေး ၏။ 7 အကြောင်းမူကား ၊ ဘုရားသခင် သည် ကြောက် တတ်သော စိတ် သဘောကို ငါ တို့အား ပေး တော်မူသည်မ ဟုတ်၊ တန်ခိုး ပါသောစိတ်၊ ချစ် တတ်သောစိတ်၊ ရှင်းလင်း သောစိတ်သဘောကို ပေးတော်မူ၏။ 8 ထိုကြောင့် ၊ ငါ တို့သခင် ဘုရား၏ သက်သေ ကို၎င်း၊ ထိုသခင် ကြောင့်အကျဉ်း ခံရသောသူဖြစ်သောငါ့ ကို ရှက်ကြောက် ခြင်းမ ရှိနှင့်။ ဘုရားသခင် ပေးတော်မူသော တန်ခိုး ကိုရသည်အတိုင်း ဧဝံဂေလိ တရားနှင့် ဆက်ဆံ၍ ဆင်းရဲ ဒုက္ခကိုခံလော့။ 9 ဘုရားသခင်သည် ငါ တို့ကျင့်သောအကျင့် ကို ထောက်တော်မ မူ။ ရှေး ကပ်ကာလ မ ရောက်မှီ၊ ယေရှု ခရစ် အားဖြင့် ငါ တို့အဘို့ ကိုယ်တော် တိုင်ကြံစည် တော်မူသော ကျေးဇူး တော်နှင့်အညီငါ တို့ကိုကယ်တင် ၍၊ သန့်ရှင်း သောအရာ၌ ခေါ်သွင်း တော်မူ၏။ 10 ထိုကျေးဇူးတော်ကား၊ ငါ တို့ကိုကယ်တင် သော သခင်ယေရှု ခရစ် ပေါ်ထွန်း သည်အရာမှာ ယခု ထင်ရှား လျက်ရှိ၏။ ထိုသခင်သည် သေ ခြင်းအကြောင်းကို ပယ်ရှား ၍၊ အသက် ရှင်ခြင်းအကြောင်းနှင့် မ ဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိ တရားအားဖြင့် ထင်ရှား စေတော်မူပြီ။ 11 ထိုတရားကို ဟောပြော သောသူအရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း ၊ တစ်ပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ ကိုခန့်ထား တော်မူပြီ 12 ထို အကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက် ခြင်းမ ရှိ။ အဘယ်သူ ကိုငါယုံကြည် သည်ဟု ငါသိ ၏။ သူ၌ငါအပ် ထားသောအရာကိုလည်း၊ ထို နေ့ရက် တိုင်အောင်စောင့် နိုင် တော်မူသည်ဟု ငါသဘောကျ ၏။ 13 ငါ့ ထံ၌ ကြား ရပြီးသော၊ စင်ကြယ် သောတရား စကားအချုပ်အခြာကို၊ ယေရှု ခရစ် ၌ ယုံကြည် ခြင်း၊ ချစ် ခြင်းနှင့်တကွ စွဲလမ်း လော့။ 14 သင်၌အပ် ထားသော အရာမြတ် ကို ငါ တို့၌ ကျိန်းဝပ် တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် စောင့်ရှောက် လော့။ 15 အာရှိ ပြည်၌ နေသော သူ အပေါင်း တို့သည် ငါ့ ကိုပယ် ကြပြီဟု၊ သင်သည် ကြားသိ ၏။ ထိုသူ တို့တွင် ဖုဂေလု နှင့် ဟေရမောဂင် ပါသတည်း။ 16 ထာဝရ ဘုရား၏ ကရုဏာ တော်သည် ဩနေသိဖော် ၏အိမ် ၌သက်ရောက် ပါစေသော။ သူသည်ငါ့ ကို အဖန်ဖန် သက်သာ စေပြီ။ ငါ ၌သံကြိုး ချည်နှောင်လျက် ရှိ သော်လည်း၊ သူ သည် ရှက်ကြောက် ခြင်းမ ရှိဘဲ 17 ရောမ မြို့သို့ ရောက် သောအခါ သာ၍ ကြိုးစားလျက်ငါ့ ကိုရှာ ၍တွေ့ ၏။ 18 သူသည်ထို နေ့ရက် ၌ သခင် ဘုရား၏လက်မှ ကရုဏာ တော်ကို ခံရ မည်အကြောင်း၊ ထာဝရ ဘုရားသည် ပေး သနားတော်မူပါစေသော။ သူသည်ဧဖက် မြို့၌ လည်း ငါ့ကို အဘယ်မျှလောက် ပြုစု သည်ကို သင် သည် အမှန် သိ ၏။
21 ငါ့ သား ၊ သင် သည် ယေရှု ခရစ် ၌ ရှိသော ကျေးဇူး တော်အားဖြင့် ခိုင်ခံ့ ခြင်းရှိလော့။ 2 သက်သေခံ အများ ရှိသည်နှင့် ငါ့ ထံ၌ ကြား ရပြီးသော အရာ တို့ကို၊ သစ္စာ နှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင် ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူ တို့၌ အပ်ပေး လော့။ 3 ထိုသို့အလိုငှာ သင်သည်၊ ယေရှု ခရစ် ထံ၌ကောင်း သောစစ်သူရဲ ကဲ့သို့ ၊ ဆင်းရဲ ဒုက္ခကိုသည်းခံလော့ 4 စစ်သူရဲ မည်သည်ကား၊ မိမိကိုစစ်သူရဲ အရာ၌ ခန့်ထားသောသူ ကို နှစ်သက် စေခြင်းငှာ ၊ လောကီမှု ရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။ 5 ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်း အတိုင်းမ တိုက် လျှင် ပန်း ဦးရစ်ကိုမ ရ။ 6 လယ် လုပ်သောသူသည်လည်းအရင် လုပ်ပြီးမှအသီးအနှံ ကိုခံရ မည်။ 7 ငါ့စကား ကိုဆင်ခြင် လော့။ ထာဝရ ဘုရားသည် အရာရာ တို့၌ ဉာဏ် ကို သင့် အားပေး သနား တော်မူပါစေသော။ 8 ဒါဝိဒ် အမျိုး ဖြစ်သော ယေရှု ခရစ် သည်၊ ငါ ဟောသောဧဝံဂေလိ တရားအတိုင်း ၊ သေ ခြင်းမှ ထမြောက် တော်မူသည်ဟု အောက်မေ့ လော့။ 9 ထိုတရား ကြောင့် ငါသည်လူဆိုး ကဲ့သို့ ချည်နှောင် ခြင်းတိုင်အောင် ဆင်းရဲ ဒုက္ခကိုခံရ၏။ သို့သော်လည်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည်ချည်နှောင် ခြင်းနှင့် ကင်းလွတ် ၏။ 10 ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။ 11 သစ္စာ စကား ဟူမူကား၊ ထိုသခင်နှင့်အတူသေ လျှင် ၊ အတူ ရှင်လိမ့်မည်။ 12 သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။ 13 ငါတို့သည်မယုံကြည် သော်လည်း ၊ ထိုသခင် သည် သစ္စာ တည် သဖြင့် ကိုယ် ကိုငြင်းပယ် တော်မ မူနိုင် ။ 14 ဤ အကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေး လော့။ အဘယ် အကျိုး ကိုမျှမပြုစု၊ ကြားနာ သောသူ တို့၏ စိတ်ကိုမှောက်လှန် လိုသောငှာ ၊ စကား ကြောင့်သာ ငြင်းခုံခြင်းကို မ ပြုမည်အကြောင်း၊ သခင် ဘုရားရှေ့ ၌ သစ္စာ ပေးလော့။ 15 သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာ တရား ကို မှန်ကန် စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင် ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှာကြိုးစား အားထုတ်လော့။ 16 တရားမဲ့ ဖြစ်သော အချည်းနှီး စကားကို ရှောင် လော့။ အကြောင်းမူကား ၊ ထိုစကားသည် မတရား သော အမှုတို့ကို ပွားများ စေလိမ့်မည်။ 17 သူ တို့၏စကား သည် ခူနာ ကဲ့သို့ စား လိမ့်မည်။ ထိုသူ တို့တွင် ဟုမေနဲ နှင့် ဖိလက် ပါ သတည်း။ 18 သူ တို့က သေလွန်သော သူတို့သည် ထမြောက် ကြပြီဟု ပြော လျက်၊ သမ္မာတရား လမ်းမှ လွဲ သွား၍ အချို့ သောသူတို့၏ ယုံကြည် ခြင်းကို မှောက်လှန် တတ်ကြ၏။ 19 သို့သော်လည်း ၊ သခင် ဘုရားသည် မိမိ လူ တို့ကို သိကျွမ်း တော်မူ၏ဟူ၍၎င်း၊ တံဆိပ် ခတ်လျက်ရှိ သော ဘုရားသခင် ၏ တိုက်မြစ် သည် ခိုင်ခံ့ ၍တည် ၏။ 20 ကြီးစွာ သောအိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာသာ ရှိ သည်မ ဟုတ်၊ သစ်သား တန်ဆာ၊ မြေ တန်ဆာရှိ၏။ အသရေ ရှိသောတန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏။ 21 သို့ဖြစ်၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိ ကို စင်ကြယ် စေသောသူမည်သည်ကား၊ အသရေ ရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင် သုံး စရာ ကောင်းသောတန်ဆာ၊ ကောင်း သော အမှု များအဘို့ အလိုငှာ ပြင်ဆင် သောတန်ဆာဖြစ်လိမ့်မည်။ 22 လူပျို တို့၏ တပ်မက် ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် ခြင်း၊ သစ္စာ ရှိခြင်း၊ ချစ် ခြင်း၊ စင်ကြယ် သောစိတ် ရှိ၍ ၊ သခင် ဘုရားကိုပဌနာ ပြုသော သူ တို့နှင့် အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက် လော့။ 23 မိုက်မဲ ၍ ပညာ ကင်းသောပုစ္ဆာ အမေးတို့သည် ရန် ပွား စေတတ်သည်ဟု သိမှတ် ၍ပယ်ရှား လော့။ 24 သခင် ဘုရား၏ ကျွန် သည် ရန် မ တွေ့ရ ။ ခပ်သိမ်း သော သူတို့အား ဖြည်းညှင်း စွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံ နိုင်သောသူဖြစ် ရမည်။ 25 ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍ 26 မာရ်နတ် ၏ အလို အတိုင်းဘမ်းမိ သောထိုသူ တို့သည် သတိရ၍ ၊ ထိုဘမ်းမိ ရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။
31 နောင် ကာလ သည် ခဲယဉ်း သော ကာလ ဖြစ် မည်ဟု သိမှတ် လော့။ အဘယ်သို့နည်းဟူမူကား 2 လူ တို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေ ကိုတပ်မက်သောသူ၊ ဝါကြွား သောသူ၊ ထောင်လွှား စော်ကားသောသူ၊ သူ့ အသရေကိုရှုတ်ချသောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်း ခြင်း မရှိသောသူ 3 ပကတိ ကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုး ဖွဲ့သောသူ၊ ချောစား တတ်သောသူ၊ ကိုယ် ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန် သူ၊ သူတော်ကောင်း ကို မုန်းသောသူ 4 သစ္စာ ကိုဖျက်တတ်သောသူ၊ သတိပေး ခြင်းကို မခံသောသူ၊ မာန် မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင် ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရား ဝတ်၌မွေ့လျော်ယောင်ဆောင် ၍ 5 မွေ့လျော်ခြင်းတန်ခိုး ကို ငြင်းပယ် သောသူ ဖြစ် ကြလိမ့်မည်။ ထိုသူ တို့ကို ရှောင် လော့။ 6 ဒုစရိုက် အပြစ်ဝန်ကို ထမ်းရွက် ၍၊ အထူးထူး အပြားပြားသော လောဘ ကိလေသာ သွေးဆောင် ရာ သို့လိုက်၍၊ အစဉ် သင် သော်လည်း7 သမ္မာတရား ကို လေ့ကျက် ခြင်းသို့ အလျှင်း မရောက် နိုင် သော မိန်းမမိုက် တို့ကို၊ အိမ် ထဲသို့ ဝင် ၍ ဘမ်း သွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။ 8 ယန္နေ နှင့် ယံဗြေ သည် မောရှေ ကိုတားဆီး သကဲ့သို့၊ ထိုသူ တို့သည် သမ္မာတရား ကိုတားဆီး ကြ၏။ စိတ် နှလုံးယိုယွင်း ၍ ယုံကြည် ယောင်ဆောင် သောသူ ဖြစ်ကြ၏။ 9 ထိုသူ နှစ်ယောက်တို့၏ မိုက်မဲ ခြင်းသည် လူအပေါင်း တို့ရှေ့မှာ ထင်ရှား သကဲ့သို့ ၊ ဤ သူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှား လိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး ၍မ လွန် မသွားရကြ။ 10 ငါ ဆုံးမ ဩဝါဒပေးခြင်း၊ အကျင့် ကျင့်ခြင်း၊ ကြံစည် ခြင်း၊ သစ္စာစောင့် ခြင်း၊ စိတ်ရှည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်းတို့ကို၎င်း၊ အန္တိအုတ် မြို့၊ ဣကောနိ မြို့၊ လုတ္တရ မြို့တို့၌ ငါ ခံရ သကဲ့သို့ ၊ အရပ်ရပ်တို့၌ ခံရ သော ညှဉ်းဆဲ ခြင်း၊ ဆင်းရဲ ခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ 11 ထိုသို့သောအမှုတို့ကို ငါတွေ့ရသော်လည်း ၊ တွေ့သမျှ ဘို့မှ သခင် ဘုရားသည် ငါ့ ကိုကယ်နှုတ် တော်မူပြီ။ 12 ယေရှု ခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရား ဝတ်၌ မွေ့လျော်၍ နေ ခြင်းငှာအလိုရှိ သောသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းကို ခံရကြလိမ့်မည်။ 13 ဆိုးညစ် သောသူ၊ လှည့်ဖြား သောသူတို့မူကား ၊ သူတစ်ပါး ကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား ၍ ဆိုးညစ် ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။ 14 သင် သည်အဘယ်သူ ထံ၌ နည်းခံ ခဲ့ပြီးသည်ကို၎င်း 15 ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းအလိုငှာ ပညာကိုပေးနိုင် သော ဓမ္မ ကျမ်းစာ ကို ငယ် သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ် သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ 16 ထိုကျမ်းစာ ရှိသမျှ သည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍ 17 ဘုရားသခင် ၏ လူ သည်စုံလင် သောသူ၊ ကောင်း သော အမှု အမျိုးမျိုး တို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ် မည်အကြောင်း ၊ ဩဝါဒ ပေးခြင်း၊ အပြစ် ကိုဖေါ်ပြခြင်း၊ ၊ ဖြောင့်မတ် စွာ ပြုပြင် ခြင်း၊ တရားကိုသွန်သင် ခြင်း ကျေးဇူး များကို ပြုတတ်၏။
41 ကိုယ်တော် တိုင်ပေါ်ထွန်း ၍ နိုင်ငံ တော်ထင်ရှားသောကာလ၊ အသက် ရှင်သောသူ၊ သေ သော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင် ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း ၊ ငါသည် သင့်ကို သစ္စာ ပေးသည်ကား 2 နှုတ်ကပတ် တရားတော်ကို ပြော လော့။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖော်ပြ လော့။ ဆုံးမ ခြင်းကိုပြုလော့။ အလွန် ရှည်သောစိတ်နှင့် ဩဝါဒ မျိုးကိုပေး၍ တိုက်တွန်း သွေးဆောင်လော့။ 3 အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။ 4 သမ္မာတရား ကို နား မထောင်ဘဲ၊ ဒဏ္ဍာရီ စကားကို နားထောင်၍ လွဲ သွားကြလိမ့်မည်။ 5 သင် မူကား ၊ အရာရာ ၌ သမ္မာ သတိရှိစေလော့။ ဆင်းရဲ ဒုက္ခကိုသည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။ 6 အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။ 7 ကောင်း စွာသော တိုက်လှန် ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်း ကို အဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက် ပြီ။ 8 ယခု မှစ၍ဓမ္မ သရဖူ သည် ငါ့ အဘို့သိုထား လျက်ရှိ၏။ ထို နေ့ရက် ၌ တရား သဖြင့် စီရင် သောသူ တည်းဟူသောသခင် ဘုရားသည် ထို သရဖူကို ငါ ၌အပ်ပေး တော်မူမည်။ ထိုမျှမက ၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တ သောသူ အပေါင်း တို့၌ လည်း အပ်ပေးတော်မူမည်။ 9 ငါ့ ထံသို့ မြန်မြန် လာ ခြင်းငှာကြိုးစား လော့။ အကြောင်းမူကား၊ ဒေမ သည် ယခု ဘဝ ကို နှစ်သက် သော စိတ်ရှိသည်နှင့် ငါ့ ကိုစွန့်ပစ် ၍၊ သက်သာလောနိတ် မြို့သို့ သွား ပြီ။ 10 ကရက္ကေ သည်ဂလာတိ ပြည်သို့ ၎င်း ၊ တိတု သည် ဒါလမာတိ ပြည်သို့ ၎င်း သွားပြီ။ 11 လုကာ တယောက်တည်း သာ ငါ့ ထံမှာရှိ ၏။ မာကု ကိုသင် နှင့်အတူ ခေါ် ခဲ့လော့။ သူသည်ဆရာ အမှုကို ပြုရာမှာ ငါ အကျိုး ရှိ ၏။ 12 တုခိတ် ကိုလည်း ဧဖက် မြို့သို့ ငါစေလွှတ် ပြီ။ 13 တရော မြို့တွင် ကာပုလက် ၌ ငါထား ခဲ့သော ဝတ်လုံ ကို၎င်း ၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေ စာ ကို၎င်း၊ သင်သည်လာ သောအခါယူခဲ့ လော့။ 14 ပန်းတိမ် သမားအာလေဇန္ဒြု သည် ငါ ၌မကောင်း သောအမှုအများ ကို ပြု လေပြီ။ ထိုသူ ကျင့်သော အကျင့် တို့၏ အကျိုး အပြစ်ကို သခင် ဘုရား ဆပ်ပေး တော်မူပါစေသော။ 15 သူ တို့သတိပြု လော့။ ငါ တို့စကား ကို အလွန် ငြင်းပယ် လေပြီ။ 16 ပဌမ အချိန်၌ အပြစ်တင် ခွင့်ကိုဖြေ၍ ငါ သည် အစီရင်ခံရသောအခါ၊ ငါ့ ဘက် ၌ အဘယ်သူ မျှမနေ။ လူအပေါင်း တို့သည် ငါ့ ကို စွန့်ပစ် ကြ၏။ 17 သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။ 18 ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။ 19 ပြစ်ကိလ နှင့် အာကုလ မှစ၍ ဩနေသိဖော် ၏ အိမ်သူ အိမ်သားများကို နှုတ်ဆက် လော့။ 20 ဧရတ္တု သည် ကောရိန္သု မြို့၌ နေ ၏။ တရောဖိမ် သည် နာ ၍ မိလက် မြို့၌ ငါထား ခဲ့၏။ 21 ဆောင်း ကာလမ ရောက်မှီကြိုးစား ၍ လာ ခဲ့ လော့။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိ မှစ၍ ညီအစ်ကို အပေါင်း တို့သည် သင့် ကို နှုတ်ဆက် ကြ၏။ 22 သခင် ယေရှုခရစ်သည် သင် ၏စိတ် ဝိညာဉ်နှင့်အတူ ရှိတော်မူပါစေသော။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။