သက်သာလောနိတ်
ဩဝါဒစာဒုတိယစောင်
11 ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည်၊ သင်တို့အဘ တည်းဟူသောဘုရားသခင် နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိ သောသက်သာလောနိတ် မြို့သားအသင်းတော် ကို ကြား လိုက်ပါ၏။ 2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 3 ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းသည် အလွန် တိုးပွား၍ ၊ လူ တိုင်း အသီးသီး တို့သည် အချင်းချင်း ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ ကြသည်ဖြစ်၍ငါတို့သည် ပြု သင့်သည်အတိုင်း သင် တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။ 4 သို့ဖြစ်၍ ၊ သင် တို့သည် ညှဉ်းဆဲ ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရ သမျှ တို့၌ သည်းခံ ၍ ယုံကြည် ခြင်းရှိ သည်ကို ငါ တို့သည် ထောက်၍၊ ဘုရားသခင် ၏ အသင်းတော် များတွင် သင် တို့ကြောင့် ဝါကြွား ကြ၏။ 5 သင် တို့သည် ဘုရားသခင် ၏နိုင်ငံ တော်အတွက် ဆင်းရဲ ခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှာ ၊ တရား သဖြင့် ဘုရားသခင် စီရင် တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့်ထင်ရှား လျက်ရှိ၏။ 6 အဘယ်သို့နည်းဟူမူကား၊ သခင် ယေရှု သည် တန်ခိုး ရှိသော ကောင်းကင် တမန်တို့နှင့်အတူ ၊ ကောင်းကင် ဘုံက ပေါ်ထွန်း တော်မူ၍၊ 7 ဘုရားသခင် ကို မ သိ သောသူ ၊ ငါ တို့သခင် ယေရှု ခရစ်၏ ဧဝံဂေလိ တရားကို နား မ ထောင်သောသူ တို့ကို မီး လျှံ အားဖြင့် ဒဏ် ပေး တော်မူသောအခါ၊ သင် တို့ကို ဆင်းရဲ စေဘူးသော သူ တို့၌ဆင်းရဲ ခြင်းကို၎င်း၊ ဆင်းရဲ ခံရဘူးသော သင် တို့၌ ငါ တို့နှင့်အတူ ချမ်းသာ ခြင်းကို၎င်း၊ 8 ဘုရားသခင် ဆပ်ပေး ၍ တရားသဖြင့် စီရင်တော်မူ လိမ့်မည်။ 9 ထိုသခင်သည် မိမိ သန့်ရှင်း သူတို့အားဖြင့် ဂုဏ် အသရေတော် ထင်ရှားခြင်းကို၎င်း ၊ ငါ တို့သက်သေ ကို သင် တို့သည် ယုံကြည် သည်ဖြစ်၍ ၊ 10 ယုံကြည် သော သူ အပေါင်း တို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်း ၊ ခံအံ့သောငှာကြွလာ တော်မူသောနေ့ရက် ၌ ၊ ထိုသူ တို့သည် သခင် ဘုရား၏ မျက်နှာ တော်နှင့် ၎င်း၊ တန်ခိုး ရှိသော ဘုန်း တော်နှင့်၎င်းကွာ၍ ထာဝရ ပျက်စီး ခြင်းတည်းဟူသောအပြစ် ဒဏ်ကို ခံရ ကြလတံ့၊ 11 ထိုကြောင့် ငါ တို့ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ ကျေးဇူး တော်အတိုင်း ၊ ထိုသခင် ၏နာမ တော်ကို သင် တို့အားဖြင့် ဘုန်း ထင်ရှားစေခြင်းငှာ ၎င်း၊ သင် တို့ကိုလည်း ထိုသခင် အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ၎င်း၊ 12 သင် တို့သည် ခေါ် တော်မူခြင်းကျေးဇူးကို ခံထိုက် ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ် တော်မူခြင်း၏ စေတနာ အပေါင်း နှင့် သင်တို့၏ယုံကြည် ခြင်းအမှု ကို တန်ခိုး နှင့် ပြည့်စုံ စေတော်မူမည် အကြောင်း ၊ ငါတို့သည် သင် တို့အဘို့ အစဉ် ဆုတောင်း ပဌနာပြုကြ၏။
21 ညီအစ်ကို တို့၊ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ၍ ၊ ငါ တို့သည်အထံ တော်၌ စည်းဝေး ခြင်းအရာမှာ၊ သခင် ဘုရား၏ နေ့ရက် သည် ချက်ခြင်းရောက် မည်ဟူ၍စိတ်ဝိညာဉ် အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ၊ ငါ တို့စာ ကဲ့သို့သော စာအားဖြင့် ဖြစ်စေ၊ 2 သင် တို့သည် စိတ် ရွေ့လျော့ ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း၊ အလျင်တဆော မ ရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ 3 အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား သည်ပေါ်လာ ရလိမ့်မည်။ 4 ထိုသူ သည် ဘုရားသခင်ဟူ၍၎င်း ၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှ သောအရာတို့ကို ရန်ဘက် ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင် ၏ ဗိမာန် တော်၌ ဘုရားသခင် ကဲ့သို့ ထိုင် ၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ် ကိုပြ သောသူဖြစ် သတည်း။ 5 ငါသည် သင် တို့နှင့်အတူ ရှိ စဉ်အခါ ၊ ထို အကြောင်းအရာများကို ပြော ပြီဟုသင် တို့သည် သတိ မ ရ ကြသလော။ 6 ထိုသူ သည် မိမိ ကာလ အချိန်၌ ထင်ရှား စေခြင်းငှာ၊ ယခု ဆီးတား သောအကြောင်း ကိုလည်း သင်တို့ သိ ကြ၏။ 7 အဘယ်သို့ နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မ အရာသည် ယခုပင် ပြုပြင် ဆဲရှိ၏။ သို့သော်လည်းဆီးတားသောသူ သည် ပယ်ရှင်းခြင်းသို့ မ ရောက်မှီတိုင်အောင်ဆီးတား လိမ့်မည်။ 8 ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။ 9 ထိုအဓမ္မ လူ၏ လာ ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊ 10 ပျက်စီး ခြင်းသို့ရောက်သော သူ တို့တွင်၊ မတရား သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ ခံ မယူကြ။ 11 ထိုကြောင့် ၊ သမ္မာတရား ကို မ ယုံ ဘဲ၊ မတရား သောအမှု၌ မွေ့လျော် သောသူ အပေါင်း တို့သည်။ 12 တရား ရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာ စကားကို ယုံ စိမ့်သောငှာ၊ မိစ္ဆာဒိဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူ တို့၌ ဘုရားသခင် လွှတ် တော်မူလိမ့်မည်။ 13 သို့သော်လည်း ၊ သခင် ဘုရား ချစ် တော်မူသော ညီအစ်ကို တို့၊ သင်တို့သည် စိတ် သန့်ရှင်း ခြင်း၊ သမ္မာတရား ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်စိမ့်သောငှာ ၊ ဘုရားသခင် သည် ရှေ့ဦးစွာ ပင်သင် တို့ကို ရွေးကောက် တော်မူသည်ဖြစ်၍ ၊ ငါ တို့သည် သင် တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။ 14 ထိုသို့အလိုငှာ ငါ တို့ဧဝံဂေလိ တရားအားဖြင့် သင် တို့ကိုခေါ် တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ဘုန်း ကို ပိုင်ရ မည်အကြောင်း တည်း။ 15 ထိုကြောင့် ၊ ညီအစ်ကို တို့၊ ငါ တို့နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ ၊ စာ အားဖြင့် ဖြစ်စေ ၊ သင်တို့သည် သင် ခဲ့ပြီးသော နည်း ဥပဒေသများကို တည်ကြည် လျက် ကိုင်ယူ စွဲလမ်းကြလော့။ 16 ငါ တို့ကိုချစ် တော်မူ၍ ၊ ထာဝရ သက်သာ ခြင်းအကြောင်းကို၎င်း ၊ 17 ကျေးဇူး တော်အားဖြင့် ကောင်း သော မြော်လင့် ခြင်းအကြောင်းကို၎င်း ပေး တော်မူသောငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့်၊ ငါ တို့သခင် ယေရှု ခရစ် သည် ကိုယ်တော် တိုင်၊ သင် တို့စိတ် နှလုံးကို သက်သာ စေ၍ ၊ ကောင်း သောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံ စေတော်မူပါစေသော။
31 ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သခင် ဘုရား၏ နှုတ်ကပတ် တရားသည် သင် တို့တွင် နှံ့ပြား၍ ဘုန်း ထင်ရှားခြင်းရှိသကဲ့သို့ ၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊ 2 အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ် သော သူ တို့လက်မှ ငါတို့ကို ကယ်လွှတ် တော်မူမည် အကြောင်း ၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။ လူ တိုင်း သစ္စာ ရှိသည် မ ဟုတ်။ 3 သို့သော်လည်း ၊ သခင် ဘုရားသည် သစ္စာ နှင့် ပြည့်စုံတော်မူ၏။ သင် တို့ကိုမြဲမြံ စေ၍ ၊ မကောင်း အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူလိမ့်မည်။ 4 ငါတို့ပညတ် သည် အတိုင်း သင်တို့သည် ယခုကျင့် ကြ၏။ နောက်၌လည်း ကျင့် ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု ၍ ငါတို့သည် ယုံမှား ခြင်းမရှိ။ 5 ဘုရားသခင် ကို ချစ် စေခြင်းငှာ၎င်း၊ ခရစ်တော် ၏နည်းတူသည်းခံ စေခြင်းငှာ၎င်း၊ သခင် ဘုရားသည် သင် တို့စိတ် နှလုံးကို ပြင်ဆင် တော်မူပါစေသော။ 6 တနည်းကား၊ ညီအစ်ကို တို့၊ ငါ တို့ထံ၌ ခံ သော နည်း ဥပဒေသအတိုင်း မ ကျင့် ဘဲ၊ မတရား စွာပြုသော ညီအစ်ကို ရှိသမျှ တို့ကို ရှောင် ကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်အားဖြင့် ငါတို့သည် ပညတ် ထား ကြ၏။ 7 အကြောင်းမူကား ၊ ငါ တို့ပေးသော ပုံသက်သေကိုလိုက် ၍ သင်တို့သည် အဘယ်သို့ ကျင့်ရ မည်ဟု သင်တို့ ကိုယ်တိုင် သိ ကြ၏။ ငါတို့သည် သင် တို့တွင် မတရား စွာ ပြုကြသည်မ ဟုတ်။ 8 အဘယ်သူ ၏ အစာ ကိုမျှအလိုအလျောက်မ စား ။ သင် တို့တွင် တစ်ယောက် ကိုမျှ မ နှောင့်ရှက် ခြင်းငှာ၊ ပင်ပန်း စွာ ကြိုးစား အားထုတ်၍ နေ့ ညဉ့် မပြတ်လုပ်ဆောင် ကြ၏။ 9 ထိုသို့ပြုသော်လည်း ၊ မ ခံမယူပိုင် သောကြောင့် ပြုသည်မ ဟုတ်။ သင် တို့လိုက် စရာဘို့ ပုံ သက်သေဖြစ် စေခြင်းငှာ ပြုကြ၏။ 10 အဘယ်သို့ နည်းဟူမူကား၊ သင် တို့နှင့်အတူ ရှိ နေစဉ်အခါ ၊ အလုပ်မ လုပ် ချင် သောသူ မည်သည်ကား၊ အစာကိုလည်းမ စား စေနှင့်ဟု ပညတ် ထားကြပြီ။ 11 မတရား စွာပြု၍ အဘယ် အလုပ် ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှော သော သူအချို့ တို့သည် သင် တို့တွင် ရှိ ကြောင်းကို ငါတို့ကြား ရကြ၏။ 12 ထိုသို့သော သူတို့သည် ငြိမ်ဝပ် စွာ လုပ်ဆောင် ၍၊ ကိုယ် အစာ ကို စား မည်အကြောင်း ၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် ငါတို့သည် ပညတ် ထား၍ ၊ တိုက်တွန်း သွေးဆောင်ကြ၏။ 13 ညီအစ်ကို တို့အားလျော့ စိတ်ပျက်ခြင်းမ ရှိဘဲကောင်း သောအကျင့်ကို ကျင့်ကြလော့။ 14 ဤ စာ ၌ ငါ တို့ရေးထားသော ပညတ် စကားကို တစ်စုံတစ်ယောက် သောသူသည် နား မ ထောင်ဘဲ နေလျှင် ၊ ထို သူကိုမှတ် ကြလော့။ ရှက်ကြောက် စေခြင်းငှာ ၊ အပေါင်းအဖေါ် မ လုပ်ကြနှင့်။ 15 သို့သော်လည်း ၊ ရန်သူ ကဲ့သို့ မ မှတ် ၊ ညီအစ်ကို ကဲ့သို့ မှတ်၍ သတိပေး ကြလော့။ 16 ငြိမ်သက် ခြင်း၏ သခင် သည် ကိုယ်တော် တိုင် သင် တို့၌ အစဉ်မပြတ်ခပ်သိမ်း သော အမူအရာ အားဖြင့် ငြိမ်သက် ခြင်းကို ပေး သနားတော်မူပါစေသော။ သခင် ဘုရားသည် သင် တို့အပေါင်း နှင့်အတူ ရှိတော်မူပါစေသော။ 17 ငါ ပေါလု သည်သင်တို့ကို နှုတ်ဆက် ခြင်းအချက်ကို ကိုယ်လက် နှင့်ရေး ထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှ သော ဩဝါဒ၏ လက္ခဏာ ဖြစ် ၏။ 18 ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း ၌ ရှိ စေသတည်း။ အာမင်။