ဓမ္မရာဇဝင်ဒုတိယစောင်။
11 ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊ 2 သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။ 3 ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။ 4 ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။ 5 ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊ 6 ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။ 7 ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။ 8 ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။ 9 ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊ 10 လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။ 11 ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။ 12 ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။ 13 ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊ 14 ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊ 15 လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။ 16 ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။ 17 ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊ 18 ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊ 19 အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။ 20 ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ 21 အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။ 22 သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု ၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။ 23 ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။ 24 အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။ 25 စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။ 26 ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။ 27 သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။
21 ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊ 2 ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။ 3 မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။ 4 တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။ 5 ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။ 6 ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။ 7 ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။ 8 သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊ 9 ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။ 10 ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။ 11 ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။ 12 တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊ 13 ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။ 14 အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊ 15 ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။ 16 သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။ 17 ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။ 18 ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။ 19 အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။ 20 အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။ 21 အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။ 22 တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊ 23 အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။ 24 ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။ 25 ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။ 26 ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊ 27 ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊ 28 တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။ 29 အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။ 30 ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။ 31 ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။ 32 အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။
31 ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး တို့သည် ကြာမြင့် စွာစစ်တိုက် ၍ ၊ ဒါဝိဒ် သည်အား တိုးပွားလျက် ၊ ရှောလု အမျိုး သည် အား ရွေ့လျော့လျက် ရှိကြ၏။ 2 ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။ 3 ဒုတိယ သားကား၊ နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ တွင်မြင်သောသား ခိလပ် တည်း။ တတိယ သားကား၊ ဂေရှုရိ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။ 4 စတုတ္တ သားကား၊ ဟဂ္ဂိတ် ၏ သား အဒေါနိယ တည်း။ ပဉ္စမ သားကား၊ အဘိတလ ၏သား ရှေဖတိ တည်း။ 5 ဆဋ္ဌမ သားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံ တည်း။ ဤရွေ့ကား ၊ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသားတည်း။ 6 ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး စစ်တိုက် ကြစဉ် အခါ၊ အာဗနာ သည် ရှောလု အမျိုး ဘက် မှာ ကိုယ်ကို ခိုင်မာ စေ၏။ 7 ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊ 8 ထိုစကား ကြောင့် အာဗနာ သည် အလွန် စိတ်ဆိုး လျက် ၊ ငါသည် ယုဒ အမျိုးကို ဆီးတား၍ သင့် အဘ ရှောလု အမျိုး နှင့် ညီ အစ်ကိုအဆွေ ခင်ပွန်းတို့အား ယနေ့ တိုင်အောင်ကျေးဇူး ပြု သဖြင့် သင့် ကိုဒါဝိဒ် လက် သို့ မ အပ်နှံ ဘဲနေသော်၊ သင်သည်ငါ့ ကို ခွေး ၏ဦးခေါင်း ကဲ့သို့သာမှတ်၍ ထိုမိန်းမ အတွက် ယနေ့ အပြစ် တင်ရမည် လော။ 9 ထာဝရဘုရားသည် နိုင်ငံ တော်ကို ရှောလု အမျိုး မှ နှုတ်၍ 10 ဒါဝိဒ် ၏ အာဏာ တော်ကိုဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အရပ်ရပ် တို့၌ တည် စေခြင်းငှါ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရား သခင်သည် အာဗနာ အား ပြု တော်မူပါစေသောဟု ဆိုသောကြောင့်၊ 11 ဣရှဗောရှက်သည် ကြောက် ၍ စကား တခွန်း ကိုမျှ မ ပြန် ဝံ့။။ 12 ထိုနောက် အာဗနာ သည် မိမိ အတွက် သံတမန် တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍၊ ပြည် ရှင်မင်းကား အဘယ်သူ နည်း။ ကျွန်တော် နှင့် မိဿဟာယ ဖွဲ့ တော်မူပါ။ ဣသရေလ အမျိုးအပေါင်း တို့ကို ကိုယ်တော် ထံသို့ ပြောင်းလဲ စေခြင်းငှါ ၊ ကျွန်တော် သည် ကိုယ်တော် ဘက် သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏။ 13 ဒါဝိဒ်ကလည်း ကောင်း ပြီ။ သင် နှင့် ငါ မိဿဟာယ ဖွဲ့ မည်။ သို့ရာတွင် ငါ တောင်း စရာတခု ရှိ၏။ ငါ့ မျက်နှာ ကိုမြင် အံ့သောငှါ လာ သောအခါ ၊ ရှောလု သမီး မိခါလ ကို ဆောင် ခဲ့ရမည်။ သို့မဟုတ် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြန်ဆို ၏။ 14 ဒါဝိဒ် သည်လည်း သံတမန် တို့ကို ရှောလု သား ဣရှဗောရှက် ထံသို့ စေလွှတ် ၍၊ ငါသည် ဖိလိတ္တိ လူ အရေဖျား တရာ နှင့် ဝယ်ယူ သော ငါ့ မယား မိခါလ ကို အပ် လိုက်ရမည်ဟု မှာ လိုက်သည်အတိုင်း၊ 15 ဣရှဗောရှက် သည် စေလွှတ် ၍ ထိုမိန်းမကို သူ၏လင် လဲရှ ၏ သား ဖာလတိ လက်မှ နှုတ်ယူ လေ၏။ 16 သူ ၏လင် သည် ငိုကြွေး လျက် သူ့ နောက် သို့ ဗာဟုရိမ် မြို့တိုင်အောင် လိုက် လေ၏။ အာဗနာ ကလည်း ပြန် သွားတော့ဟုဆို သော် ပြန် သွားရ၏။ 17 အာဗနာ သည်လည်း ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့် တိုင်ပင် လျက်၊ သင်တို့သည် အထက် က ဒါဝိဒ် ကိုရှင်ဘုရင် အရာ ၌ ချီးမြှောက်ချင်သောစိတ် ရှိ ကြသည်ဖြစ်၍၊ 18 ယခု ချီးမြှောက် ကြလော့။ ထာဝရဘုရား က၊ ငါ့ ကျွန် ဒါဝိဒ် လက် ဖြင့် ငါ ၏လူ ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ၎င်း ၊ ရန်သူ အပေါင်း တို့လက် မှ ၎င်း၊ ငါကယ်နှုတ် မည်ဟု ဒါဝိဒ် အဘို့ မိန့် တော်မူပြီဟု ဆို လေ၏။ 19 တဖန် အာဗနာ သည် ဗင်္ယာမိန် အမျိုးသားတို့ကိုလည်း သွေးဆောင် လေ၏။ နောက် တဖန် ဣသရေလ အမျိုး အလိုရှိသမျှ အရာ၊ ဗင်္ယာမိန် အမျိုး တညီတညွတ် တည်း အလိုရှိသမျှ သောအရာတို့ကို ဟေဗြုန် မြို့၌ ဒါဝိဒ် အား ပြန်လျှောက် ခြင်းငှါ သွား ၍၊ 20 လူ နှစ်ကျိပ် ပါလျက် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ ရောက် သဖြင့် ၊ ဒါဝိဒ် သည် ပွဲ လုပ် ၍ အာဗနာ နှင့် သူ ၏ လူ တို့ကိုကျွေး၏။ 21 အာဗနာ ကလည်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ စေခြင်းငှါ ၎င်း၊ ကိုယ်တော် သည်အလို တော်ရှိသမျှ အတိုင်း စိုးစံ စေခြင်းငှါ၎င်း၊ ကျွန်တော်ထ သွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော် သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံ တော်၌စုဝေး စေပါမည်ဟု လျှောက် ပြီးမှ ၊ ဒါဝိဒ် လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ် စွာ သွား လေ၏။ 22 ထိုအခါ ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ရန်သူအလုံးအရင်း ကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရ ဥစ္စာများ ကို ယူ ခဲ့ကြ၏။ အာဗနာ သည် ဒါဝိဒ် နှင့်အတူ ဟေဗြုန် မြို့၌ မ ရှိ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ် စွာ သွား နှင့်ပြီ။ 23 ယွာဘ နှင့် သူ ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် ရောက် ကြသောအခါ ၊ နေရ ၏သား အာဗနာ သည် ရှင်ဘုရင် ထံ တော်သို့လာ ပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ် စွာသွား ပြီဟု ယွာဘ အား ကြားပြော လျှင်၊ 24 ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ အာဗနာ သည်အထံ တော်သို့လာ ပြီးမှတဖန် အလွတ်သွား စေခြင်းငှါအဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။ 25 နေရ ၏သား အာဗနာ သည် ကိုယ်တော် ကိုလှည့်စား ၍ ကိုယ်တော် ထွက် ဝင် တော်မူခြင်း၊ စီရင် တော်မူခြင်း အလုံးစုံ ကို သိ အံ့သောငှါ သာ လာ သည်ကို ကိုယ်တော်သိ တော်မူ၏ဟု လျှောက် ပြီးလျှင်၊ 26 အထံ တော်ကထွက် ၍ အာဗနာ နောက် သို့ တမန် တို့ကိုစေလွှတ် လျက် ၊ သိရရေတွင်း မှ ခေါ် လေ၏။ ထိုအမှုကို ဒါဝိဒ် မ သိ။ 27 အာဗနာ သည် ဟေဗြုန် မြို့သို့ရောက် သောအခါ ၊ ယွာဘ သည် အသင့်အတင့်နှုတ်ဆက် ခြင်းငှါ ၊ မြို့တံခါး နားသို့ ခေါ်ပြီးလျှင် ၊ ညီ အာသဟေလ သေ သည်အတွက် သူ၏ ဝမ်း ကိုထိုး ၍ သူသည်လည်း သေ ၏။ 28 ထိုနောက်ဒါဝိဒ် သည် ကြား သောအခါ ၊ နေရ ၏သား အာဗနာ ကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရား ရှေ့ တော်၌ လွတ်ပါစေ။ ငါ့ နိုင်ငံ လွတ် ပါစေ။ 29 ယွာဘ ခေါင်း ၊ သူ့ အဆွေအမျိုး အပေါင်း တို့၏ ခေါင်းပေါ် သို့ရောက် ပါစေ။ ယွာဘ ၏အဆွေအမျိုး ၌ ရိနာ စွဲသောသူ၊ နူနာ စွဲသောသူ၊ ကျောကုန်းသောသူ။ ထား ဖြင့် သေ သောသူ၊ ငတ်မွတ် သောသူ မ ပြတ် စေနှင့်ဟု မြွက်ဆို ၏။ 30 ထိုသို့ ယွာဘ နှင့် ညီ အဘိရှဲ သည်အာဗနာ ကို သတ် ၏။ အကြောင်း မူကား၊ သူ တို့ညီ အာသဟေလ ကို ဂိဗောင် စစ်တိုက် ပွဲ၌ အာဗနာသတ် သတည်း။ 31 ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။ 32 အာဗနာ ကိုဟေဗြုန် မြို့၌ သင်္ဂြိုဟ် ကြ၏။ သင်္ချိုင်း အနား မှာ ရှင် ဘုရင်သည် အသံ ကိုလွှင့် ၍ ငိုကြွေး ၏။ လူ အပေါင်း တို့သည်လည်း ငိုကြွေး ကြ၏။ 33 ရှင် ဘုရင်သည် အာဗနာ အတွက် မြည်တမ်း သည်ကား၊ အာဗနာ သည် လူမိုက် ကဲ့သို့ သေ သလော။ 34 သင် ၏လက် ကိုမ ချည် ၊ သံ ချေချင်းမ ခတ်ဘဲ လူဆိုး လက်ဖြင့် သေ သကဲ့သို့ သေ ရှာပါပြီတကားဟု မြွက်ဆို ၏။ လူ အပေါင်း တို့သည်လည်း တဖန် ငိုကြွေး ကြ၏။ 35 မိုဃ်းမချုပ်မှီ ဒါဝိဒ် သည် စားတော်ခေါ် မည် အကြောင်း လူ အပေါင်း တို့သည် ချဉ်းကပ် ကြသော်လည်း ၊ ဒါဝိဒ် က၊ နေ မဝင် မှီ မုန့် အစရှိသော စားစရာ တစုံတခု ကို ငါမြည်းစမ်း လျှင် ၊ ထိုမျှမကငါ ၌ ဘုရား သခင်ပြု တော်မူ စေသတည်းဟု ကျိန်ဆို ၏။ 36 ထိုအမှုကိုလူ အပေါင်း တို့သည် မှတ် ၍ နှစ်သက် ကြ၏။ ပြု တော်မူသမျှ တို့ကိုလည်း လူ အပေါင်း တို့သည် နှစ်သက် ကြ၏။ 37 ရှင် ဘုရင်သည် နေရ ၏သား အာဗနာ ကို သတ် စေခြင်းငှါ အလိုမ ရှိဟု ထို နေ့၌ ဣသရေလ အမျိုးသားများနှင့် လူ များအပေါင်း တို့သည် သိ နားလည်ကြ၏။ 38 ရှင် ဘုရင်ကလည်း ၊ ဣသရေလ အမျိုး၌ မင်းသား ဖြစ်သောသူ၊ ကြီးမြတ် သောသူတပါးသည် ယနေ့ ဆုံး ကြောင်းကို သင်တို့မ သိ သလော။ 39 ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။
41 အာဗနာ သည် ဟေဗြုန် မြို့၌ သေ ကြောင်း ကို ရှောလု ၏သား သည် ကြား သော် အားလျော့ ၏။ ဣသရေလ လူအပေါင်း တို့သည် ပူပန် သောစိတ်ရှိကြ၏။ 2 ရှောလု ၏သား ၌ ဗာနာ နှင့် ရေခပ် အမည် ရှိသောသူတည်းဟူသောတပ်မှူး နှစ် ယောက်ရှိ ၏။ သူတို့ သည် ဗင်္ယာမိန် အမျိုး ဗေရောသိ အနွယ်ရိမ္မုန် ၏သား ဖြစ်ကြ ၏။ ဗေရုတ် မြို့သည် ဗင်္ယာမိန် ခရိုင်အဝင်ဖြစ်သော်လည်း၊ 3 ဗေရောသိ လူတို့သည် ဂိတ္တိမ် မြို့သို့ ပြေး ၍ ယနေ့ တိုင်အောင် တည်းခို လျက် နေ ကြသတည်း။ 4 ရှောလု ၏သား ယောနသန် ၌ ခြေဆွံ့ သော သား တယောက်ရှိရစ်၏။ သူသည် အသက်ငါး နှစ် ရှိ သောအခါ ၊ ယေဇရေလ မြို့မှ ရှောလု နှင့် ယောနသန် တို့၏ သိတင်း ကိုကြားလျှင်၊ အထိန်း သည် သူ့ ကိုချီ ၍ ပြေး စဉ်တွင်၊ အလျင်အမြန် ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏။ ထိုသူငယ် ၏အမည် ကား မေဖိဗောရှက် တည်း။ 5 ဗေရောသိ အမျိုး ရိမ္မုန် ၏သား ရေခပ် နှင့် ဗာနာ တို့ သည် ဣရှဗောရှက် အိမ် သို့ သွား ၍ မွန်းတည့် အချိန်၌ ရောက် ၏။ ထိုအချိန်၌ ဣရှဗောရှက် သည် အိပ် တတ်၏။ 6 ထိုညီ အစ်ကိုရေခပ် နှင့် ဗာနာ တို့သည် စပါး ကို ထုတ် ဟန်ဆောင်၍ အိမ် အလယ် သို့ ဝင် ပြီးလျှင်၊ 7 အိပ်ခန်း ထဲ အိပ်ရာ ပေါ် မှာ အိပ် လျက်နေသောဣရှဗောရှက်၏ဝမ်း ကို ထိုး ၍ သတ် သဖြင့် ၊ ဦးခေါင်း ကို ဖြတ် ယူ ပြီးမှ တညဉ့်လုံး လွင်ပြင် လမ်း ဖြင့်ပြေး ၍ လွတ် ကြ၏။ 8 ဣရှဗောရှက် ၏ ဦးခေါင်း ကို ဟေဗြုန် မြို့ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့၍ ၊ ကိုယ်တော် အသက် ကိုရှာ သော ကိုယ်တော် ရန်သူ ရှောလု ၏ သား ဣရှဗောရှက် ၏ ဦးခေါင်း ကို ကြည့်ရှု တော်မူပါ။ ကျွန်တော် သခင် အရှင် မင်းကြီး ခံရတော်မူသောအပြစ် ကိုထာဝရဘုရား သည် ရှောလု ၌ ၎င်း ၊ သူ ၏အမျိုးအနွယ် ၌ ၎င်း၊ ယနေ့ ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆို သော်၊ 9 ဒါဝိဒ် က၊ ငါ့ အသက် ကို ဘေး ဥပဒ်အပေါင်း တို့မှ ရွေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း၊ 10 အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက် စရာသိတင်းကိုပြောမည်အကြံရှိ လျက်၊ ရှောလု သေ ပါပြီဟု ငါ့ အား ကြားပြော သောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့်ဆု ကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ် မြို့၌ ငါကိုင်ဆွဲ ၍ သတ် ၏။ 11 ထိုမျှမက လူဆိုး တို့သည် ဖြောင့်မတ် သောသူကိုသူ ၏ အိမ် အတွင်း အိပ်ရာ ပေါ် မှာသတ် လျှင် ၊ သာ၍ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ ၏ အသွေး ကို သင် တို့၌ ငါတောင်း ၍ သင် တို့ကိုမြေကြီး ပေါ်က ပယ်ရှား သင့်သည်မ ဟုတ်လော ဟု ဗေရောသိ အမျိုး၊ ရိမ္မုန် ၏သား ရေခပ် နှင့် ညီ ဗာနာ အားဆို ပြီးလျှင်၊ 12 လုလင် တို့ကိုမိန့် တော်မူ၍ ထိုသူနှစ်ယောက် ကိုသတ် ကြ၏။ လက် ခြေ တို့ကိုဖြတ် ၍ ဟေဗြုန် ရေကန် အနား မှာ ဆွဲထား ကြ၏။ ဣရှဗောရှက် ၏ ဦးခေါင်း ကိုကား ယူ ၍ ဟေဗြုန် မြို့တွင် အာဗနာ သင်္ချိုင်း ၌ သင်္ဂြိုဟ် ကြ၏။
51 ထိုအခါ ဣသရေလ အမျိုးအနွယ် အပေါင်း တို့သည် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ လာ ၍ ၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ၏။ 2 အထက် က ရှောလု သည် ကျွန်တော် တို့၌ ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင် သွားလျက် ၊ သွင်း ပြန်လျက်နေ တော်မူပြီ။ ထာဝရဘုရား ကလည်း ၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကို လုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆို ကြ၏။ 3 ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာဟေဗြုန် မြို့သို့ ရောက်လာ လျှင် ၊ ဒါဝိဒ် မင်းကြီး သည် ဟေဗြုန် မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သူတို့သည် ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။ 4 ဒါဝိဒ် သည် နန်း ထိုင်သောအခါ အသက် သုံး ဆယ်ရှိ၏။ အနှစ် လေး ဆယ်စိုးစံ လေ၏။ 5 ဟေဗြုန် မြို့၌ နေ၍ ယုဒ ပြည်ကို ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့၌ နေ၍ ယုဒ ပြည်နှင့် ဣသရေလ ပြည်တရှောက်လုံး ကို အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။ 6 တဖန် ရှင် ဘုရင်သည် မိမိ လူ တို့ကိုခေါ်၍၊ ပြည်သား ရင်းယေဗုသိ လူတို့ရှိရာယေရုရှလင် မြို့သို့ ချီ သွားလျှင် ၊ သူတို့က သင်သည် ဤ မြို့ထဲသို့မ ဝင် ရ။ မျက်စိ ကန်းသောသူနှင့် ခြေဆွံ့ သောသူတို့ကလည်း၊ ဒါဝိဒ် သည်ဤ မြို့ထဲသို့ မ ဝင် ရဟု ဆို ကာမျှနှင့် သင့် ကို ဆီးတား လိမ့်မည်ဟု ဆို ကြ၏။ 7 သို့ရာတွင် ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက် ယူလေ၏။ 8 ထို နေ့၌ ဒါဝိဒ် က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက် ပြီးမှ ကျုံး ကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာ သို့ မ ဝင် ရဟု ဒါဝိဒ် အသက် ကို မုန်း လျက်ပြောဆို သောမျက်စိ ကန်းနှင့် ခြေဆွံ့ သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ 9 ထိုနောက် ဒါဝိဒ် သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် လေ၏။ မိလ္လော အရပ် ပတ်လည် ၌၎င်း ၊ အတွင်း ဘက်၌၎င်း တည်ဆောက် လေ၏။ 10 ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။ 11 တုရု မင်းကြီး ဟိရံ သည် သံတမန် နှင့်တကွ အာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍ သူတို့သည် နန်း တော်ကိုတည်ဆောက် ကြ၏။ 12 ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။ 13 ဒါဝိဒ် သည် ဟေဗြုန် မြို့မှ ပြောင်း သောနောက် ၊ ယေရုရှလင် မြို့သူမယားကြီး မယားငယ် တို့ကို ထပ်၍သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။ 14 ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့ အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊ 15 ဣဗဟာ ၊ ဧလိရွှ ၊ နေဖက် ၊ ယာဖျာ၊ 16 ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။ 17 ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ထိုလူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍လာ ကြ၏။ ထိုသိတင်းကိုဒါဝိဒ် သည် ကြား သောအခါ ရဲတိုက် သို့ သွား ၏။ 18 ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။ 19 ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ထာဝရဘုရား ကို မေး လျှောက် လျှင် ၊ ထာဝရဘုရား ကသွား လော့။ ငါသည် ဖိလိတ္တိ လူတို့ကို သင့် လက် သို့ ဆက်ဆက်အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊ 20 ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကိုလုပ်ကြံ ပြီးမှ ၊ ထာဝရဘုရား သည် ရေ ထ၍ ဖြိုဖျက် သကဲ့သို့ ၊ ငါ့ ရန်သူ တို့ကို ငါ့ ရှေ့ မှာ ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင်စေသတည်း။ 21 ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သောရုပ်တု များကို၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ရှင်းရှင်းဖျက်ဆီး ကြ၏။ 22 တဖန် ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။ 23 ဒါဝိဒ် သည်လည်း မေးလျှောက် သော်၊ ထာဝရဘုရား က၊ တည့်တည့်မ တက် ရ။ သူ တို့နောက် သို့ ဝိုင်း ၍ ပိုးစာ တောတဘက် ၌ ချီ ရမည်။ 24 ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရား သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွသွား လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း၊ 25 ဒါဝိဒ် သည်ပြု ၍ ဖိလိတ္တိ လူတို့ကိုဂေဗ မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။
61 တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင်၊ 2 ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။ 3 ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် ၍ တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။ 4 ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။ 5 ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။ 6 နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။ 7 ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့် ၊ သူသည်သေတ္တာ တော်နား မှာ သေ လေ၏။ 8 ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။ 9 ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက်၊ 10 မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။ 11 ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။ 12 ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ၌ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါ ၊ တဖန် သွား ၍ ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။ 13 ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှ ၊ နွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။ 14 ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။ 15 ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက် ၊ တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။ 16 ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။ 17 ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ၌ ထား ကြပြီးမှ ၊ ဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။ 18 မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။ 19 ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှ ၊ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။ 20 ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ ၊ ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။ 21 ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။ 22 ထိုမျှမက ၊ ငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကား ၊ ငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။ 23 ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။
71 ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။ 2 ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊ 3 နာသန် က၊ အကြံ တော်ရှိသမျှ အတွင်းပြု တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက် ၏။ 4 ထို ညဉ့် တွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နာသန် သို့ ရောက် ၍၊ 5 ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။ 6 ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သောနေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့် ငါမ နေ။ တဲ အမျိုးမျိုးနှင့် ငါလှည့်လည် ပြီ။ 7 ဣသရေလ အမျိုးသားတို့နှင့် ငါလှည့်လည် ရာ အရပ်ရပ် တို့၌ ၊ ငါ ၏လူ ဣသရေလ အမျိုးကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။ 8 ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။ 9 သင်သွား လေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ ပယ်ရှား သဖြင့် ၊ မြေကြီး သား တို့တွင် လူကြီး ၏ဂုဏ် အသရေကဲ့သို့ သင် ၌ ကြီးစွာ သော ဂုဏ် အသရေကို ငါပေး ပြီ။ 10 ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊ 11 ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ 12 သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး တို့နှင့်အတူ အိပ်ပျော် သောအခါ သင် ၏ရင်သွေး ၊ သင် မှ ဆင်းသက် သော သားကိုငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။ 13 ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။ 14 ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။ 15 သို့ရာတွင် သင့် ရှေ့ မှာ ငါပယ်ရှား သော ရှောလု ၌ ငါ ၏ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။ 16 သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။ 17 ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။ 18 ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။ 19 သို့ရာတွင် အိုအရှင် ထာဝရဘုရား ၊ ထို ကျေးဇူးတော်ကို သာမည ကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် ကို ကြာမြင့် စွာသောကာလနှင့် ယှဉ်လျက်မိန့် တော်မူပါသည်တကား။ အိုအရှင် ထာဝရဘုရား ၊ လူ တို့သည် ထိုသို့ စီရင်လေ့ရှိပါ သလော။ 20 ဒါဝိဒ် သည် အဘယ်သို့ တိုးတက် ၍ လျှောက် ရပါမည်နည်း။ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ၏ကျွန် ကို သိ တော်မူ၏။ 21 နှုတ်ကပတ် တော်ကိုထောက်၍ ၊ အလို တော်ရှိသည်အတိုင်း ကိုယ်တော် ၏ကျွန် သိ ရမည်အကြောင်း၊ ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ပြု တော်မူပြီ။ 22 သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။ 23 နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။ 24 အကြောင်းမူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော် အဘို့ ခိုင်ခံ့ မြဲမြံစေ၍ ၊ ကိုယ်တော် ထာဝရဘုရား သည် သူ တို့၏ဘုရား သခင်ဖြစ် တော်မူ၏။ 25 ယခု မှာ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော်ကို အစဉ်အမြဲ တည် စေတော်မူပါ။ မိန့် တော်မူသည်အတိုင်း ပြု တော်မူပါ။ 26 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစိုးရသောဘုရား သခင်ဖြစ်တော်မူသည်ဟူ၍ နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌တည် ပါစေသော။ 27 အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။ 28 ယခု လည်း အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်မှန်တော်မူ၏။ စကား တော်လည်း မှန် ပါ၏။ ဤ ကျေးဇူး ကိုကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။ 29 သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်း ၊ ကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား ၊ အမိန့် တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသောမင်္ဂလာ ကို၊ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် အစဉ်အမြဲ ခံရပါစေသောဟု ဆုတောင်းသတည်း။
81 ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။ 2 မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ 3 ဇောဘ မင်းကြီး ရဟောဘ ၏သား ဟာဒဒေဇာ သည် ဥဖရတ် မြစ် နား မြေကိုသိမ်းယူခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် တိုက်ဖျက် ၍၊ 4 ရထားတထောင် ၊ မြင်းစီး သူရဲခုနစ် ထောင်၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကိုသိမ်းထား ပြီးမှ ၊ အခြားသောမြင်းရထား ရှိသမျှ တို့ကို ဖျက်ဆီး လေ၏။ 5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ်ပြီးမှ၊ 6 ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့် တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။ 7 ဟာဒဒေဇာ ၏ ကျွန် တို့စွဲကိုင် သော ရွှေ ဒိုင်းလွှား များကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင်သွား ၏။ 8 ဟာဒဒေဇာ အစိုးရသောဘေတ မြို့နှင့် ဗေရောသဲ မြို့မှ ဒါဝိဒ် မင်းကြီး သည် များစွာ သောကြေးဝါ ကို သိမ်းသွား ၏။ 9 ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊ 10 မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။ 11 ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူ အောင်မြင် သော ရှုရိ ပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၌ သိမ်းယူ သော ရွှေ ငွေ ကို၎င်း၊ 12 ဇောဘ မင်းကြီး ရဟောဘ သား ဟာဒဒေဇာ ၏ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရားအား ပူဇော်၏။ 13 ဆားချိုင့်တွင် ဧဒုံလူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ ရာမှ ၊ ဒါဝိဒ် သည် ပြန် လာသောအခါ ဂုဏ် အသရေကြီး၏။ 14 ဧဒုံ ပြည်အရပ်ရပ် ၌ မြို့စောင့် တပ်တို့ကိုထား ၍၊ ဧဒုံ ပြည်သားအပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။ 15 ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။ 16 ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ် ၏သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။ 17 အဟိတုပ် သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။ 18 ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည်လည်း မင်းသား အရာနှင့်နေ ကြ၏။
91 တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊ 2 ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင် ၊ ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။ 3 ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊ 4 ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။ 5 ထိုအခါ ဒါဝိဒ် သည် စေလွှတ် ၍ ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊ 6 သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်း ၊ မေဖိဗောရှက် ဟုခေါ် လျှင် ၊ ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။ 7 ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊ 8 မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်း ၊ ကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏။ 9 ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ၍ ၊ ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။ 10 သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် ၍ သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ ၌ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ ၌ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။ 11 ဇိဘ ကလည်း ၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်း ၊ ကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက် ၊ မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။ 12 မေဖိဗောရှက် ၌ မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။ 13 ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ၍ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။
101 ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ ၍ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ 2 ဒါဝိဒ် ကလည်း ၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ငါကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။ 3 အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော်၊ 4 ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုတ်ဆိတ် တခြမ်း ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။ 5 ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါ ၊ ထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုတ်ဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။ 6 အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။ 7 ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။ 8 အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။ 9 ယွာဘ သည်လည်း ၊ ရှေ့ ၌၎င်း ၊ နောက် ၌ ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။ 10 ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊ 11 ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။ 12 ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုး ၊ ငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ၊ 13 သူ ၌ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။ 14 ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။ 15 ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။ 16 ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် ၍ ၊ မြစ် တစ်ဘက် ၌ နေသော ရှုရိ လူတို့ကိုခေါ် သဖြင့် ၊ သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။ 17 ထိုသိတင်းကိုကြား လျှင် ၊ ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ၊ ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း ၍ တိုက် သောအခါ၊ 18 ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ၍ ၊ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။ 19 ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။
111 အခါလည်၍ ရှင် ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ် သည် ယွာဘ နှင့် ကျွန် များ၊ ဣသရေလ အမျိုးသားများအပေါင်း တို့ကို စေလွှတ် သဖြင့် ၊ သူတို့သည် အမ္မုန် အမျိုးသား တို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ကြ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့၌ နေ လေ၏။ 2 နောက်တနေ့ညဦးယံ ၌ ဒါဝိဒ် သည် လျောင်းစက် ရာမှ ထ ၍ နန်း တော်မိုး ပေါ် မှာ စင်္ကြံ သွားစဉ်တွင်၊ အလွန် အဆင်း လှ သောမိန်းမ တယောက်ရေချိုး သည်ကို မြင် တော်မူ၏။ 3 ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။ 4 တဖန် လူ ကိုစေလွှတ် သဖြင့် ၊ ထိုမိန်းမကို အထံ တော်သို့ ခေါ် ခဲ့၍ ရှက်တင် လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေး နှင့် စင်ကြယ် အောင်ပြု၍ မိမိ အိမ် သို့ ပြန် ပြီးမှ၊ 5 ပဋိသန္ဓေ ရှိသဖြင့် ဒါဝိဒ် ထံသို့ လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေ ရှိပါ၏ဟု လျှောက် စေသော်၊ 6 ဒါဝိဒ် သည် ယွာဘ ဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိ လူ ဥရိယ ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘ သည်စေလွှတ် ၍၊ 7 ဥရိယ ရောက် လာသောအခါ ဒါဝိဒ် က၊ ယွာဘ ကျန်းမာ ၏လော။ လူ များကျန်းမာ ၏လော။ စစ်တိုက် ၍ အောင်မြင် သလောဟုမေးမြန်း ပြီးမှ၊ 8 သင့် အိမ် သို့ သွား ၍ ခြေ ဆေး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည် နန်း တော်မှ ထွက် ၍ သူ နောက်မှ ခဲဘွယ် စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။ 9 သို့ရာတွင် ဥရိယ သည်မိမိ အိမ် သို့ မ သွား ဘဲ၊ မိမိ အရှင် ၏ကျွန် အပေါင်း တို့နှင့်အတူ နန်း တော်တံခါးဝ ၌ အိပ် လေ၏။ 10 ဥရိယ သည် မိမိ အိမ် သို့ မ သွား ကြောင်းကို နားတော်လျှောက် လျှင် ဒါဝိဒ် က၊ သင်သည်ခရီး သွားရာမှ ရောက် လာသည်မ ဟုတ်လော။ သင့် အိမ် သို့ အဘယ်ကြောင့် မ သွား ဘဲနေသနည်းဟု ဥရိယ ကို မေး သော်၊ 11 ဥရိယ က၊ သေတ္တာ တော်နှင့် ဣသရေလ အမျိုး၊ ယုဒ အမျိုးသားတို့သည် တဲ ၌ နေ ကြပါ၏။ သခင် ယွာဘ နှင့် သခင် ၏ကျွန် များတို့သည် လွင်ပြင် ၌ တည်း ရကြပါ၏။ ကျွန်တော် သည် ကိုယ် အိမ် သို့ သွား ၍ စား သောက် လျက် မယား နှင့် ပျော်မွေ့ လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ ကျွန်တော်မ ပြု ပါဟု ဒါဝိဒ် အား လျှောက် လေ၏။ 12 ဒါဝိဒ် ကလည်း ၊ ဤ မြို့၌ ယနေ့ နေ ဦးလော့။ နက်ဖြန် နေ့ ငါလွှတ်လိုက် မည်ဟုမိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည်ထို နေ့၊ နက်ဖြန် နေ့၊ ယေရုရှလင် မြို့၌ နေ ၏။ 13 ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။ 14 နံနက် မှာ ဒါဝိဒ် သည် မှာစာ ကိုရေး ၍ ဥရိယ လက် တွင် ယွာဘ သို့ ပေးလိုက် ၏။ 15 မှာစာချက် ဟူမူကား ၊ ကျပ်တည်း စွာစစ်တိုက် ရာ တပ်ဦး ၌ ဥရိယ ကို ခန့်ထား ပြီးမှ ၊ သူသည် ရန်သူလက် သို့ ရောက်၍ သေ စေခြင်းငှါ တပ်များကို ရုပ်သိမ်း လော့ဟု ပါသတည်း။ 16 အမိန့်တော်အတိုင်း ယွာဘ သည်မြို့ ကို ကြည့်ရှု ပြီးမှ ၊ ခွန်အား ကြီးသော သူရဲ ရှိရာ အရပ် ၌ ဥရိယ ကို ခန့်ထား လေ၏။ 17 မြို့သား တို့သည် ထွက် ၍ ယွာဘ နှင့် စစ် ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ကျွန် အချို့တို့သည် သေ ကြ၏။ ဟိတ္တိ လူဥရိယ သည်လည်း သေ ၏။ 18 ထိုနောက် ယွာဘ သည် စစ် သိတင်း အလုံးစုံ ကို ဒါဝိဒ် အား ကြား လျှောက်စေခြင်းငှါလူကိုခေါ်၍၊ 19 သင် သည်ရှင်ဘုရင် ထံ တော်၌ စစ် သိတင်း ကို အကုန်အစင် ကြား လျှောက် ပြီးလျှင်၊ 20 ရှင် ဘုရင်သည် အမျက် တော်ထွက် ၍ ၊ သင်တို့သည် စစ် ပြိုင်သောအခါ၊ မြို့ အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်း။ မြို့ရိုး ပေါ် က ပစ် မည်ကို မ သိ လော။ 21 ယေရုဗ္ဗေရှက် သား အဘိမလက် ကို အဘယ်သူ လုပ်ကြံ သနည်း။ သေဗက် မြို့မှာ မိန်းမ တယောက်သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို မြို့ရိုး ပေါ် က ပစ်ချ ၍ အဘိမလက်သေ သည်မ ဟုတ်လော။ မြို့ရိုး အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်းဟု မိန့် တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန် ဟိတ္တိ လူ၊ ဥရိယ သေ ကြောင်းကို လျှောက် ရမည် ဟု မှာထား ၍ စေလွှတ်လေ၏။ 22 ယွာဘ မှာထားသည်အတိုင်း ထိုတမန် သည် သွား ၍ ဒါဝိဒ် အား ကြားလျှောက် သည်ကား၊ 23 ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော် တို့ကို နိုင် သဖြင့် ၊ လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင် လှန်၍ တိုက်ကြပါ၏။ 24 လေးသမားတို့သည် မြို့ရိုး ပေါ် က ကိုယ်တော် ကျွန် တို့ကို ပစ် ၍ ကိုယ်တော်ကျွန် အချို့သေ ကြပါ၏။ ကိုယ်တော် ကျွန် ဟိတ္တိ လူ၊ ဥရိယ သည်လည်း သေ ပါ၏ဟု လျှောက် လျှင်၊ 25 ဒါဝိဒ် ကလည်း ၊ ဤ အမှုကြောင့် စိတ် မ ပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ ကို ကျပ်တည်း စွာ တိုက် လျက် လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန် အားဖြင့်ယွာဘ ကို မှာလိုက် လေ၏။ 26 ဥရိယ သေ ကြောင်း ကို သူ၏မယား ကြား သောအခါ ၊ ခင်ပွန်း ကြောင့် ငိုကြွေး မြည်တမ်းလျက် နေ၏။ 27 ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့် ၊ သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။
121 နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။ 2 သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။ 3 ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။ 4 သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊ 5 ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။ 6 ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။ 7 နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။ 8 သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။ 9 သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။ 10 ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။ 11 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။ 12 သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။ 13 ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။ 14 သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊ 15 နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။ 16 ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။ 17 နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။ 18 ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။ 19 သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။ 20 ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။ 21 ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊ 22 ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။ 23 ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။ 24 တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။ 25 ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။ 26 ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊ 27 ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။ 28 ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊ 29 ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။ 30 မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။ 31 မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။
131 ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။ 2 ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။ 3 ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။ 4 ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။ 5 ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊ 6 အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။ 7 ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊ 8 တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။ 9 ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။ 10 တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။ 11 ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။ 12 တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။ 13 ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊ 14 အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။ 15 တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။ 16 နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။ 17 အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။ 18 အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။ 19 တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။ 20 မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။ 21 ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။ 22 အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။ 23 ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။ 24 အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊ 25 ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။ 26 အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊ 27 အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။ 28 အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊ 29 သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။ 30 သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။ 31 ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။ 32 ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။ 33 ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။ 34 ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။ 35 ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊ 36 ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။ 37 အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။ 38 အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။ 39 တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။
141 ထိုသို့ ရှင်ဘုရင် ၏ စိတ် နှလုံးသည် အဗရှလုံ သို့ ပါသွားကြောင်း ကို ဇေရုယာ သား ယွာဘ သည် ရိပ်မိ သောအခါ၊ 2 တေကော မြို့သို့ စေလွှတ် ၍ ပညာရှိ သောမိန်းမ ကို ခေါ် ပြီးလျှင် ၊ သင်သည် ဆီ မ လိမ်း ပါနှင့်။ စိတ် မသာညည်းတွားဟန်ပြု၍ မသာ အဝတ် ကို ဝတ် ပါတော့။ လူသေ အတွက် ကြာမြင့် စွာ ငိုကြွေး သောမိန်းမ ယောင်ဆောင် လျက်၊ 3 ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ဤသို့ လျှောက် ရမည်ဟု သွန်သင် လေ၏။ 4 ထိုတေကော မြို့သူမိန်းမ သည် အထံ တော်သို့ ဝင်၍ မြေ ပေါ် မှာ ပြပ်ဝပ် ရှိခိုး လျက် ၊ အရှင်မင်းကြီး ၊ ကယ်မ သနားတော်မူပါဟု လျှောက် လေ၏။ 5 ရှင်ဘုရင် ကလည်း ၊ အဘယ် အမှုရှိသနည်းဟုမေး တော်မူလျှင် မိန်းမ က၊ ကျွန်တော်မ သည် လင် သေ သော မုတ်ဆိုးမ ဖြစ်ပါ၏။ 6 ကိုယ်တော် ကျွန် မ၌ သား နှစ် ယောက်ရှိပါ၏။ ထိုသားနှစ် ယောက်တို့သည် ခိုက်ရန် ပြုကြပါ၏။ ဖျန်ဖြေ သောသူမ ရှိသောကြောင့် တယောက် သည် တယောက် ကို သေ သည်တိုင်အောင်လုပ်ကြံ ပါ၏။ 7 ယခု မှာ အဆွေအမျိုး အပေါင်း တို့သည် ကိုယ်တော် ကျွန် မတဘက် ၌ထ ကြ၍ အစ်ကို ကို သတ် သောသူကိုသေစားသေစေ ခြင်းငှါ အပ် ရမည်။ အမွေခံ ကိုလည်း ငါတို့ပယ်ရှင်း မည်ဟုဆို ကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ ၌ ကျန်ကြွင်း သေးသော မီးခဲ ကို သူတို့သည် သတ် ကြပါလိမ့်မည်။ ကျွန်တော်မ လင် ၏အမည် ကို၎င်း ၊ အကျန် အကြွင်းကို၎င်း၊ မြေကြီး ပေါ် က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက် လေသော်၊ 8 ရှင် ဘုရင်က သင့် အိမ် သို့ ပြန်သွား လော့။ သင့်အမှုကို ငါ စီရင် မည်ဟု မိန်းမ အား မိန့် တော်မူ၏” 9 တေကော မြို့သူမိန်းမ ကလည်း ၊ အိုအရှင်မင်းကြီး ၊ ကျွန်တော်မ နှင့် ကျွန်တော်မ အဆွေအမျိုး ၌ အပြစ် ရောက်ပါစေ။ ရှင်ဘုရင် နှင့် ရာဇ ပလ္လင်တော်သည် အပြစ် လွတ်ပါစေဟုလျှောက် လျှင်၊ 10 ရှင် ဘုရင်က၊ သင် ၌ အပြစ် တင်သောသူကို ငါ့ ထံသို့ ခေါ် ခဲ့လော့။ နောက် တဖန်သင့် ကို မ နှောင့်ရှက် ရဟု မိန့် တော်မူသော်၊ 11 မိန်းမက၊ သေစားသေစေ သောသူတို့သည် ကျွန်တော်မ ၏သား ကိုသတ် မည်ဟု စိုးရိမ်ပါသည်ဖြစ်၍ ၊ သူတို့သည်အထူးသဖြင့်မ ဖျက်ဆီး စေခြင်းငှါအရှင်မင်းကြီးသည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို အောက်မေ့ တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင့် သား ၏ဆံပင် တပင်မျှ မြေ ပေါ်သို့ မ ကျ ရဟု မိန့် တော်မူ၏” 12 တဖန် မိန်းမ ကလည်း၊ ကိုယ်တော် ကျွန် မသည် အရှင် မင်းကြီး အား စကား တခွန်းလျှောက် ရသောအခွင့် ကိုပေး တော်မူပါဟု တောင်းပန် လျှင် ၊ လျှောက် လော့ဟု မိန့် တော်မူ၏” 13 မိန်းမ ကလည်း ၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရား သခင်၏ လူ တို့တစ်ဘက် ၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ် သောသူကို တဖန်ခေါ် တော်မ မူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။ 14 ငါတို့သည် သေ အံ့သောသူဖြစ် ကြ၏။ မြေ ပေါ် မှာသွန် ပြီးလျှင်နောက်တဖန်ကျုံး ၍ မ ယူနိုင်သောရေ နှင့် တူ ကြပါ၏။ ဘုရား သခင်သည် လူမျက်နှာကို မ ထောက် သော်လည်း ၊ နှင်ထုတ် ခြင်းကိုခံရသောသူသည် အစဉ် နှင်ထုတ် ခြင်းကိုခံ ၍ မ နေရမည်အကြောင်း ကြံစည် တော်မူ၏။ 15 သို့ဖြစ်၍ ကျွန်တော်မသည် လာ ၍ဤ အမှု ကို အရှင် မင်းကြီး အား လျှောက် ရသည်အကြောင်း မှာ၊ ကျွန်တော်မ ကြောက် အောင် လူ များတို့သည်ပြုကြပါ၏။ ကိုယ်တော် ကျွန် မကလည်း ၊ ရှင်ဘုရင် ကို ငါလျှောက် မည်။ ရှင် ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြု ကောင်း ပြုတော်မူမည်။ 16 ငါ နှင့် ငါ့ သား ကိုဘုရား သခင်၏ အမွေ တော်မြေပေါ်က သုတ်သင်ပယ်ရှင်း သောသူ ၏လက် မှ ငါ့ကို နှုတ် အံ့သောငှါ နားထောင် တော်မူလိမ့်မည်ဟု ဆို ပါ၏။ 17 ကိုယ်တော် ကျွန် မကလည်း ၊ ငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ ရ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။ 18 ထိုအခါ ရှင် ဘုရင်က၊ ငါ မေးမြန်း သည်အမှု ကို မ ထိမ် မဝှက်ပါနှင့် ဟုအမိန့် ရှိသော် ၊ မိန်းမ က အရှင် မင်းကြီး အမိန့် ရှိတော်မူပါဟု လျှောက် လေ၏” 19 ရှင် ဘုရင်ကလည်း ၊ ဤ အမှု၌ ယွာဘ သည် သင့် အားအကြံပေးသည်မဟုတ်လောဟုမေး သော် ၊ မိန်းမ က အိုအရှင် မင်းကြီး ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း၊ အရှင် မင်းကြီး မိန့် တော်မူသော စကားလမ်းမှ လက်ျာ ဘက်လက်ဝဲ ဘက်သို့ အဘယ်သူမျှမ လွှဲနိုင် ရာ။ အကယ်စင်စစ် ကိုယ်တော် ကျွန် ယွာဘ သည် ကျွန်တော်မ ကို မှာ ထား၍ ဤ စကား အလုံးစုံ တို့ကို သွန်သင် ပါ၏။ 20 ပရိယာယ်ပြု၍ ဤသို့ အယောင်ဆောင် စေခြင်းငှါ ကိုယ်တော် ကျွန် ယွာဘ သည် စီရင် ပါ၏။ အရှင်သခင် သည်လည်း မြေကြီး ပေါ် မှာ ရှိသမျှ တို့ကို သိ နိုင်သည် တိုင်အောင်ဘုရား သခင်၏ ကောင်းကင်တမန် သည် ပညာရှိ သကဲ့သို့ ပညာရှိ တော်မူသည်ဟု ပြန်လျှောက် လေ၏” 21 ထိုအခါ ရှင် ဘုရင်က၊ ဤ အမှု ကို ငါစီရင် ရ၏။ သင်သွား ၍ ထို လုလင် အဗရှလုံ ကို တဖန်ခေါ်ရမည်ဟု ယွာဘ အား မိန့် တော်မူ၏။ 22 ယွာဘ သည်လည်း မြေ ပေါ် မှာ ဦးချ ပြပ်ဝပ် လျက် ၊ ကျွန်တော် သခင် အရှင်မင်းကြီး ၊ ကိုယ်တော် ကျွန် အသနား တော်ခံသည်အတိုင်း အရှင်မင်းကြီး ပြု တော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာရ ကြောင်း ကို ကျွန်တော်သိ ပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ 23 ထိုနောက် ယွာဘ သည်ထ ၍ ဂေရှုရ မြို့သို့ သွား သဖြင့် ၊ အဗရှလုံ ကို ယေရုရှလင် မြို့သို့ဆောင် ခဲ့လေ၏။ 24 ရှင် ဘုရင်ကလည်း ၊ မိမိ အိမ် သို့ သွား စေ။ ငါ့ မျက်နှာ ကို မ မြင် စေနှင့်ဟု အမိန့် တော်ရှိသည်အတိုင်း ၊ အဗရှလုံ သည် မိမိ အိမ် သို့ သွား ၍ ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရ။ 25 ဣသရေလ အမျိုး တမျိုးလုံး တွင် အဗရှလုံ ကဲ့သို့ အဆင်းလှ ၍ ချီးမွမ်း ရသောသူတယောက်မျှမ ရှိ။ ခြေဘဝါး မှ သည် ဦးထိပ် တိုင်အောင် အပြစ် တခုမျှမ ရှိ။ 26 ဆံပင်လေး သောကြောင့် ၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ် သုံးဆယ်ရတတ်၏။ 27 အဗရှလုံ သည် သား သုံး ယောက်နှင့် တာမာ အမည် ရှိသောသမီး တယောက် ကိုမြင် လေ၏။ သမီးသည် အလွန်လှ သောသူဖြစ် ၏။ 28 အဗရှလုံ သည် ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရဘဲနှစ်နှစ် ပတ်လုံးယေရုရှလင် မြို့၌ နေ ပြီးမှ၊ 29 ယွာဘ ကိုရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မ လာ။ 30 ဒုတိယ အကြိမ်ခေါ်သော်လည်း မ လာ။ ထိုကြောင့် ကျွန် တို့အား ၊ ယွာဘ ၏ လယ် သည် ငါတို့နေရာ နှင့်နီးပြီ။ မုယော စပါးရှိ၏။ သွား ၍ မီး ရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ ၏ကျွန် တို့သည် မီး ရှို့ ကြ၏။ 31 ထိုအခါ ယွာဘ သည် အဗရှလုံ အိမ် သို့ ထ သွား ၍ ၊ ကိုယ်တော် ၏ ကျွန် တို့သည် ကျွန်တော် လယ် ကို အဘယ်ကြောင့် မီး ရှို့ ကြသနည်းဟုမေး သော်၊ 32 အဗရှလုံ က၊ ငါသည် ဂေရှုရ မြို့မှ အဘယ်ကြောင့် လာ ရသနည်း။ ထို မြို့၌ ယခုတိုင်အောင်နေကောင်း သည်ဟု လျှောက် စေခြင်းငှါ ၊ သင့် ကို ရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်ဟု ငါခေါ်၏။ ယခု မှာ ရှင်ဘုရင် ၏ မျက်နှာ တော်ကို ငါမြင် ရပါစေ။ အပြစ် ရှိ လျှင် သတ် တော်မူပါစေဟု ယွာဘ အား ပြောဆို သော်၊ 33 ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ သွား ၍ လျှောက် သဖြင့် ၊ အဗရှလုံ ကို ခေါ် တော်မူ၏။ အဗရှလုံ သည်လာ ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်၏။ ရှင် ဘုရင်သည် သူကို နမ်း တော်မူ၏။
151 ထိုနောက် မှအဗရှလုံ သည် ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ မှာ ပြေး ရသောလူ ငါး ဆယ်ကို၎င်းပြင်ဆင် လေ၏။ 2 အဗရှလုံ သည် စောစောထ ၍ တံခါးဝ မှာ ရပ် နေတတ်၏။ အမှု ရှိ သော သူသည် စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့ လာသောအခါ အဗရှလုံ က၊ သင် သည်အဘယ် မြို့ သားဖြစ်သနည်းဟုမေး လျှင် ၊ ထိုသူက ကိုယ်တော် ကျွန် သည် ဤမည်သော ဣသရေလ အမျိုးအနွယ် သားဖြစ်ပါ၏ဟု ပြန်လျှောက် သော်၊ 3 အဗရှလုံ က၊ သင့် အမှု သည် ဟုတ်မှန် လျောက်ပတ် ပေ၏။ သို့သော်လည်း သင့် အမှုကို ရှင်ဘုရင် မှစ၍ အဘယ်သူ မျှနား မထောင်ဟု ပြောဆိုတတ်၏။ 4 တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရား စီရင်သော မင်းဖြစ် ပါစေသော။ သို့ဖြစ်လျှင် တရားမှု ရှိ သော အမှုသည် အပေါင်း တို့သည် ငါ့ ထံသို့ လာ ၍ ငါသည် တရား သဖြင့် စီရင်မည်ဟုဆို တတ်၏” 5 လူတစုံတယောက် သည် ရိုသေ စွာပြု၍ ချဉ်းကပ် သောအခါ ၊ အဗရှလုံသည် လက် ကိုဆန့် ၍ ထိုသူ ကို ကိုင် လျက် နမ်း လေ့ရှိ၏။ 6 ထိုသို့စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့လာ သော ဣသရေလ အမျိုးသားအပေါင်း တို့အား အဗရှလုံ ပြု ၍ သူတို့စိတ် နှလုံးကို ခိုး လေ၏။ 7 လေး နှစ် လွန် သောအခါ အဗရှလုံ သည် ရှင်ဘုရင် ထံ တော်သို့ဝင်၍၊ ထာဝရဘုရား သည် အကျွန်ုပ် ကို တဖန်ယေရုရှလင် မြို့သို့ဆောင် တော်မူလျှင် ၊ ထာဝရဘုရား ဝတ် ကိုအကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော် ကျွန် သည် ရှုရိ ပြည် ဂေရှုရ မြို့၌ နေ သောအခါ သစ္စာဂတိ ပြု ပါပြီ။ 8 သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရား အား သစ္စာဂတိပြု သည်အတိုင်း ၊ ဟေဗြုန် မြို့သို့ သွား ၍ သစ္စာဝတ် ကို ဖြေ ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက် လျှင်၊ 9 ရှင် ဘုရင်က၊ ငြိမ်ဝပ် စွာသွား လော့ဟု မိန့် တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန် မြို့သို့ သွား ၏။ 10 သို့ရာတွင် လျှို့ဝှက် သောသူတို့ကို ဣသရေလ အမျိုးအနွယ် ရှိသမျှ သို့ အနှံ့အပြားစေလွှတ် သဖြင့်၊ သင် တို့သည် တံပိုး မှုတ်သံ ကို ကြား သောအခါ အဗရှလုံ သည် ဟေဗြုန် မြို့၌ နန်း ထိုင်တော်မူပြီဟု ပြောဆို ကြလော့ဟု မှာ ထားလေ၏” 11 အဗရှလုံ ခေါ် သော လူ နှစ် ရာတို့သည် ယေရုရှလင် မြို့ထဲက ထွက်သွား ကြ၏။ သူတို့သည် အဘယ် အမှု ကိုမျှ မ သိ ဘဲကောင်း သောစိတ် နှင့် လိုက် ကြ၏။ 12 ဒါဝိဒ် ၏တိုင်ပင်မတ် ၊ ဂိလော မြို့သားအဟိသောဖေလ သည် မိမိ နေရာဂိလော မြို့ ၌ ယဇ် ပူဇော် လျက်ရှိ၍ အဗရှလုံ ခေါ်လေ၏။ အဗရှလုံ နောက်သို့ လိုက်သောသူတို့ သည် တိုးပွား များပြား သဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။ 13 သိတင်းပြော သောသူတယောက်သည် ဒါဝိဒ် ထံသို့ လာ ၍၊ ဣသရေလ အမျိုးသား တို့၏ စိတ် နှလုံးသည် အဗရှလုံ ဘက် သို့ ပါသွားပါပြီဟု ကြား လျှောက်လေ၏။ 14 ဒါဝိဒ် ကလည်း ၊ ငါတို့သည် ထ ၍ပြေး ကြကုန်အံ့၊ မပြေးလျှင် အဗရှလုံ လက်နှင့်မ လွတ် ၊ အလျင်အမြန် ထွက် ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်း တိုက်လာသဖြင့် ၊ ငါ တို့ကို ဘေး ပြု၍ မြို့ ကိုလည်း ထား နှင့် လုပ်ကြံ လိမ့်မည်ဟု ယေရုရှလင် မြို့တွင် အထံ တော်၌ရှိသော ကျွန် အပေါင်း တို့အား မိန့် တော်မူ၏။ 15 ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ အရှင် မင်းကြီး စီရင် တော်မူသမျှ တို့ကို ကိုယ်တော် ကျွန် တို့သည် ပြုပါမည် ဟုလျှောက် ကြလျှင်၊ 16 ရှင် ဘုရင်သည် နန်းတော်သား အပေါင်း တို့နှင့်တကွ ထွက်သွား ၏။ သို့ရာတွင် နန်း တော်ကို စောင့် စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမ တကျိပ် တို့ကို ထားခဲ့ လေ၏။ 17 ထိုသို့ ရှင်ဘုရင် နှင့် ကိုယ်တော်၌ပါသောသူ အပေါင်း တို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချ ကြ၏။ 18 ကျွန် တော်မျိုးအပေါင်း တို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသ မြို့မှ လိုက်လာ သော သူ ခြောက် ရာ တည်းဟူသောဂိတ္တိ လူအပေါင်း နှင့် ခေရသိ လူ၊ ပေလသိ လူအပေါင်း သည် ရှေ့ တော်၌ ချီသွား ကြ၏။ 19 ထိုအခါ ရှင် ဘုရင်သည် ဂိတ္တိ လူအိတ္တဲ အား လည်း၊ ငါ တို့နှင့် အဘယ်ကြောင့် လိုက် သနည်း။ ရှင်ဘုရင် ထံသို့ပြန် ၍ နေ လော့။ သင် သည် တပါး အမျိုးသား၊ နေရာ မကျ သော ဧည့်သည်ဖြစ်၏။ 20 မနေ့က သာရောက် လာသည်ဖြစ်၍ ၊ ယနေ့ ငါ တို့ နှင့်အတူ အရပ်ရပ်လှည့်လည် ရမည်လော။ ငါ သည် သွား ရသောအခွင့်ရှိသည်အတိုင်း သွား ရသောကြောင့် ၊ သင်သည် အမျိုးသား ချင်းတို့ကို ခေါ်၍ ပြန် လော့။ ကရုဏာ နှင့် သစ္စာ ရှိပါစေသောဟု မိန့် တော်မူ၏။ 21 အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊ 22 ဒါဝိဒ် က၊ ချီ သွား လော့ဟု အိတ္တဲ အား မိန့် တော်မူသဖြင့် ၊ ဂိတ္တိ လူအိတ္တဲ သည် မိမိ ၌ ပါသော လူကြီး လူငယ် အပေါင်း တို့နှင့်တကွ ချီသွား လေ၏။ 23 ပြည်သူ ပြည်သားအပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်း တို့ သည် ချီသွား ၍ ၊ ရှင် ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန် ချောင်း ကို ကူး လျှင် ၊ လူ အပေါင်း တို့သည် ကူး ၍တော လမ်း သို့ လိုက်သွားကြ၏။ 24 ဇာဒုတ် နှင့် လေဝိ လူအပေါင်း တို့သည်လည်း ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက် ရောက်လာ၍ သေတ္တာ တော်ကို ချထား ကြ၏။ လူ အပေါင်း တို့သည် မြို့ ထဲက ထွက် ၍ မ ကုန် မှီတိုင်အောင်အဗျာသာ သည် ယဇ်ပူဇော် လျက် နေ၏။ 25 ရှင် ဘုရင်သည် ဇာဒုတ် ကို ခေါ်၍၊ ဘုရား သခင်၏ သေတ္တာ တော်ကို မြို့ ထဲသို့ ပြန်ပို့ လော့။ ထာဝရဘုရား သည် ငါ့ကို စိတ် တော်နှင့်တွေ့လျှင် ငါ့ ကိုပို့ပြန် ၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ် တော်မူရာအရပ်ကို၎င်းပြ တော်မူမည်။ 26 သို့မဟုတ် သင့် ကိုငါအလို မ ရှိဟု ငါ့အားမိန့် တော်မူလျှင် ငါ ရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြု တော်မူစေသတည်းဟူ၍၎င်း၊ 27 ယဇ်ပုရောဟိတ် ဇာဒုတ် အား လည်း သင် သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် ၊ ထိုသား နှစ် ယောက်ကို ခေါ်၍ မြို့ သို့ငြိမ်ဝပ် စွာ ပြန် သွားလော့။ 28 သင် တို့ကြား လျှောက်စေသော စကား မ ရောက် မှီ ငါ သည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍နေမည်ဟု မိန့်တော်မူ သည်အတိုင်း၊ 29 ဇာဒုတ် နှင့် အဗျာသာ တို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယေရုရှလင် မြို့သို့ ပြန်ပို့ ၍ ထို မြို့၌ နေ ကြ၏။ 30 ဒါဝိဒ် သည်လည်း ငို လျက် ၊ ဦးခေါင်း ကို ခြုံ လျက် ၊ ခြေနင်း ကိုချွတ်လျက် သံလွင် တောင် ပေါ် သို့ တက် လေ ၏။ နောက်တော်၌ လိုက်သော သူ အပေါင်း တို့သည်လည်း ဦးခေါင်း ကိုခြုံ လျက် ငိုကြွေး လျက် တက် ကြ၏။ 31 အဗရှလုံ နှင့် ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလ လည်း ပါကြောင်းကို ဒါဝိဒ် သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသောဖေလ ပေးသောအကြံ ကို မိုက် သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်း လေ၏။ 32 တောင်ပေါ် သို့ ရောက် သောအခါ ဒါဝိဒ် သည် ဘုရား သခင်ကို ကိုးကွယ် ၏။ အာခိ မြို့သားဟုရှဲ သည် လည်း အင်္ကျီ ကိုဆုတ် လျက် ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။ 33 ဒါဝိဒ် ကလည်း ၊ သင်သည်ငါ နှင့်အတူ လိုက် လျှင် ငါ့ ကို နှောက်ရှက် လိမ့်မည်။ 34 မြို့ သို့ပြန် ၍ အဗရှလုံ အား ၊ အရှင်မင်းကြီး ၊ ကျွန်တော် သည် ခမည်းတော် ထံ၌ကျွန် ခံ ဘူးသည်နည်းတူကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု လျှောက် လျှင် ၊ အဟိသောဖေလ ပေး သော အကြံ ကို ငါ့ ဘက် မှာနေ၍ ဖျက် နိုင်လိမ့်မည်။ 35 မြို့တွင်သင် နှင့်အတူ ယဇ် ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာ တို့သည် ရှိကြသည်မ ဟုတ်လော။ သို့ဖြစ်၍ နန်း တော်၌ ကြား သမျှ ကို ယဇ်ပုရောဟိတ် တို့အား ပြန် ပြောရမည်။ 36 သူ တို့၌ ဇာဒုတ် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် သား နှစ် ယောက်ရှိ ကြ၏။ ကြား နိုင်သမျှ ကို ထိုသားတို့တွင် ငါ့ ထံသို့ ပေးလိုက် ရမည်ဟု မိန့် တော်မူသည် အတိုင်း၊ 37 ဒါဝိဒ် ၏အဆွေ ခင်ပွန်းဟုရှဲ သည် မြို့ သို့ပြန်သွား ၏။ အဗရှလုံ သည်လည်း ယေရုရှလင် မြို့သို့ ဝင် လေ၏။
161 ဒါဝိဒ် သည် တောင်ထိပ် ကို အနည်းငယ် လွန် သောအခါ ၊ မေဖိဗောရှက် ၏ ကျွန် ဇိဘ သည် ကုန်းနှီး တင်သောမြည်း နှစ် စီးနှင့်တကွ မုန့်လုံး နှစ် ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည် ဘူး တလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။ 2 ရှင် ဘုရင်ကလည်း ၊ အဘယ်သို့ ပြုခြင်းငှါ ဤ ဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘ အား မေး လျှင် ၊ ဇိဘ က၊ မြည်း တို့သည် နန်းတော်သား များ စီး ဘို့ ၊ မုန့် နှင့် သစ်သီး တို့သည် လုလင် များစား ဘို့ ၊ စပျစ်ရည် သည်လည်း တော ၌ မော သောသူများသောက် ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏။ 3 ရှင် ဘုရင်ကလည်း ၊ သင့် သခင် ၏ သား သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ဇိဘ က၊ ယေရုရှလင် မြို့ ၌ နေရစ် ပါ၏။ ယနေ့ မှာ ဣသရေလ အမျိုး သည် ငါ့ အဘ ၏ နိုင်ငံ ကိုငါ့ အား ပြန် ပေးလိမ့်မည်ဟု ဆို ကြောင်း ကို လျှောက် လေသော်၊ 4 ရှင် ဘုရင်က၊ မေဖိဗောရှက် နှင့် ဆိုင်သမျှ သော ဥစ္စာသည် သင့် ဥစ္စာဖြစ်စေဟု ဇိဘ အား မိန့် တော်မူ၏။ ဇိဘ ကလည်း ၊ အရှင် မင်းကြီး ကျွန်တော်သည်ရှေ့ တော်၌ မျက်နှာရ ပါမည်အကြောင်းရှိခိုး အသနားတော် ခံပါသည်ဟု ပြန်လျှောက် လေ၏။ 5 ဒါဝိဒ် မင်းကြီး သည် ဗာဟုရိမ် မြို့သို့ ရောက် သောအခါ ၊ ရှောလု ၏အဆွေအမျိုး ဂေရ သား ရှိမိ အမည် ရှိသောသူသည် ကျိန်ဆဲ လျက် ထွက်လာ ၏။ 6 ဒါဝိဒ် မင်းကြီးနှင့် ကျွန် တော်မျိုးအပေါင်း တို့ကို ကျောက်ခဲ နှင့် ပစ် လေ၏။ လူ များအပေါင်း နှင့် မှူး တော် မတ်တော်အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက်၌ ရှိကြ၏။ 7 ရှိမိ ကျိန်ဆဲ သောစကားဟူမူကား ၊ သွား ဟဲ့။ သွား ဟဲ့။ လူ အသက် ကိုသတ် သောအဓမ္မ လူ၊ 8 ရှောလု ၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုး ကိုသတ် သောအပြစ် အလုံးစုံ ကို သင့် ခေါင်းပေါ် မှာ ထာဝရဘုရား သက်ရောက် စေ၍၊ နိုင်ငံ တော်ကို သင် ၏သား အဗရှလုံ လက် ၌ အပ် တော်မူပြီ။ သင် သည်လူ အသက် ကိုသတ် သောသူဖြစ်သောကြောင့် ကြည့် ပါ။ အမှုကြီးရောက်လေပြီဟုဆို၏” 9 ဇေရုယာ သား အဘိရှဲ ကလည်း ၊ ထို ခွေး သေ ကောင်သည် အရှင် မင်းကြီး ကို ကျိန်ဆဲ ရမည်လော။ ကျွန်တော်သွား ၍ သူ ၏လည်ပင်း ကို ဖြတ် ပါရစေဟု နား တော်လျှောက်လျှင်၊ 10 ရှင် ဘုရင်က အိုဇေရုယာ သား တို့၊ သင် တို့သည်ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲ ပါလေ စေ။ ဒါဝိဒ် ကို ကျိန်ဆဲ လော့ဟု ထာဝရဘုရား မှာ ထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု အဘယ်သူ ဆို ရမည်နည်းဟူ၍၎င်း၊ 11 ကြည့် ပါ။ ငါ့ ကိုယ် ထဲက ထွက် သော ငါ့ သားရင်း သည် ငါ့ အသက် ကို ရှာ ၏။ ထိုဗင်္ယာမိန် အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ ကို ရှိ ပါလေစေ။ ကျိန်ဆဲ ပါလေစေ။ ထာဝရဘုရား မှာ ထားတော်မူပြီ။ 12 ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။ 13 ဒါဝိဒ် သည် နောက် တော်လိုက်သူတို့နှင့်တကွလမ်း ၌ သွား စဉ်တွင်၊ ရှိမိ သည် ဒါဝိဒ်တစ်ဘက်တချက် ၊ တောင် ခါးပန်းနား မှာ ရှောက်သွား သဖြင့် ၊ ကျိန်ဆဲ လျက် ကျောက်ခဲ နှင့် ပစ် ၍ မြေမှုန့် ကိုလည်း ပက် လေ၏” 14 ရှင်ဘုရင် မှစ၍နောက်တော်သို့ လိုက်သော သူ အပေါင်း တို့သည် မော လျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်း ဖြေကြ၏။ 15 အဗရှလုံ နှင့် လူ အပေါင်း တို့သည် ယေရုရှလင် မြို့သို့ ရောက် ၍ အဟိသောဖေလ လည်း ပါ၏။ 16 ဒါဝိဒ် ၏ အဆွေ ခင်ပွန်းအာခိ လူဟုရှဲ သည်လည်း အဗရှလုံ ထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကောင်းကြီး ပေး၏။ 17 အဗရှလုံ ကလည်း ၊ သင် ၏အဆွေ ခင်ပွန်း၌ ဤသို့ ကျေးဇူး ပြုသလော။ သင် ၏အဆွေ ခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟု ဟုရှဲ အား ဆို လျှင်၊ 18 ဟုရှဲ က၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရား မှစ၍ဤ လူ များနှင့် ဣသရေလ လူ များအပေါင်း တို့သည် ရွေးချယ် သော သူထံမှာကျွန်တော်ကျွန်ခံ ပါမည်။ ထိုသူ ထံမှာ နေ ပါမည်ဟူ၍၎င်း၊ 19 တဖန် အကြင်သူ ထံ၌ ကျွန် ခံရ၏။ ထိုသူ ၏သား ထံ၌ ကျွန်ခံရသည် မ ဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော် ထံ၌ ကျွန် ခံသည့်နည်းတူ ကိုယ်တော် ထံ၌ လည်း ကျွန်ခံ ပါမည်ဟူ၍၎င်း၊ အဗရှလုံ အား လျှောက်ဆို ၏” 20 အဗရှလုံ ကလည်း ၊ ငါတို့သည်အဘယ်သို့ ပြု ရမည်ကို အကြံ ပေး ပါဟု အဟိသောဖေလ အား ဆို လျှင်၊ 21 အဟိသောဖေလ က၊ နန်း တော်ကို စောင့် စေခြင်းငှါ ခမည်းတော် ထားခဲ့ သော ကိုယ်လုပ်တော် တို့ရှိရာသို့ ဝင် တော်မူပါ။ ခမည်းတော် သည်ကိုယ်တော်အား စက်ဆုပ် ရွံရှာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော် ဘက် ၌နေသော သူအပေါင်း တို့သည် လက် အားကြီး ကြပါလိမ့်မည်ဟု လျှောက် သည် အတိုင်း၊ 22 နန်းတော်ပေါ် မှာ အဗရှလုံ အဘို့ မျက်နှာကြက် ကိုမိုး၍၊ သူသည် ဣသရေလ အမျိုးသားအပေါင်း တို့ ရှေ့ မှာ ခမည်းတော် ၏ ကိုယ်လုပ်တော် တို့ ရှိရာသို့ ဝင် လေ၏။ 23 ထို ကာလ ၌ အဟိသောဖေလ ပေး သော အကြံ သည် ဘုရားသခင့် ထံတော်၌ မေးလျှောက် ၍ခံရသော ဗျာဒိတ် တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှ သောအကြံ ကို ဒါဝိဒ် နှင့် အဗရှလုံ သည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ် သတည်း။
171 တဖန် အဟိသောဖေလ က၊ ကျွန်တော်သည် လူ တသောင်း နှစ်ထောင်တို့ကို ရွေးကောက် ပါရစေ။ ယနေ့ညဉ့် ပင် ကျွန်တော်ထ ၍ ဒါဝိဒ် ကိုလိုက် ပါမည်။ 2 သူ သည်မော လျက် လက်အားနည်း လျက် နေစဉ် အခါ ကျွန်တော်တိုက် ၍ သူ့ ကိုထိတ်လန့် စေမည်။ သူ ၌ ပါသော လူ အပေါင်း တို့သည် ပြေး ကြ၍ ၊ ရှင်ဘုရင် ကိုသာ ကျွန်တော်လုပ်ကြံ ပါမည်။ 3 လူ အပေါင်းတို့ကို ကိုယ်တော် ထံသို့ ဆောင်ခဲ့ ပါမည်။ ကိုယ်တော် ရှာ သော သူ တယောက်တည်းကိုရလျှင်၊ လူ အပေါင်း တို့သည် ပြန်လာ ၍ ငြိမ်ဝပ် ကြပါလိမ့်မည်ဟု လျှောက်လျှင်၊ 4 ထိုစကား ကိုအဗရှလုံ နှင့် ဣသရေလ အမျိုး အသက်ကြီး သူတို့သည် နှစ်သက် ကြ၏။ 5 ထိုအခါ အဗရှလုံ က၊ အာခိ လူဟုရှဲ ကို လည်း ခေါ်ခဲ့။ ငါတို့သည် သူ ၏စကား ကိုနာကြား ကြကုန်အံ့ဟုဆို သည် အတိုင်း၊ 6 ဟုရှဲ သည်လာ ၍ အဗရှလုံ က၊ အဟိသောဖေလ သည် ဤ မည်သောအကြံ ကိုပေး ပြီ။ သူ ၏စကား ကို နားထောင် သင့်သလော။ သို့မဟုတ် သင် ပြော လော့ဟုဆို လျှင်၊ 7 ဟုရှဲ က အဟိသောဖေလ ပေး သော အကြံ သည် ယခု ကာလ ၌ မ လျော် ပါ။ 8 ခမည်းတော် နှင့် သူ ၏လူ တို့သည် ခွန်အား ကြီးသောသူဖြစ်ကြောင်း ကို၎င်း ၊ ယခုမူကား တော ၌ သားငယ် ပျောက်သော ဝံမ ကဲ့သို့ ပြင်းထန် သောစိတ် ရှိကြောင်းကို၎င်း၊ ကိုယ်တော် သိ တော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲ ဖြစ်၍ လူ များတို့နှင့်အတူ မ အိပ် တတ်။ 9 ယခု မှာသူ သည် မြေတွင်း တစုံတခု ၌ ပုန်း လျက်နေပါလိမ့်မည်။ သို့မဟုတ် အခြားသောအရပ် ၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦး လဲ ၍သေလျှင် ထိုသိတင်းကိုကြား သောသူက၊ အဗရှလုံ နောက် သို့ လိုက်သော သူ သည် ဆုံးရှုံး ကြပြီဟု ကြားပြော ကြပါလိမ့်မည်။ 10 ထိုအခါ ရဲရင့် သောသူ၊ ခြင်္သေ့ နှလုံး ကဲ့သို့ နှလုံး ရှိသော သူသည် စိတ်ပျက် ပါလိမ့်မည်။ ခမည်းတော် သည် ခွန်အား ကြီးသောသူဖြစ်ကြောင်း ကို၎င်း ၊ သူ ၌ ပါသော သူတို့ သည် ရဲရင့် ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြပါ၏။ 11 သို့ဖြစ်၍ ကျွန်တော်သည် အကြံ ပေးပါမည်။ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်း တို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကိုယ်တော် ထံ၌ စည်းဝေး ၍ ကိုယ်တော်တိုင်စစ် ချီ တော်မူရမည်။ 12 ထိုသို့ခမည်းတော်ကိုတွေ့ သော အရပ် တစုံတခု ၌ သူ့ ထံသို့ ရောက် လျှင် ၊ မြေ ပေါ် မှာ နှင်း ကျ သကဲ့သို့ သူ့ ကို လွှမ်းမိုး၍ သူ နှင့် သူ ၌ ရှိသော သူ တယောက် မျှ မ ကျန်ကြွင်း ရ။ 13 ၎င်း နည်းခမည်းတော်သည် မြို့ တမြို့ထဲသို့ ဝင်လျှင် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြိုး များကို ယူ ခဲ့၍ ထို မြို့ ၌ ကျောက်စရစ် တခုကိုမျှ မ ကျန် စေခြင်းငှါချိုင့် ထဲသို့ ဆွဲချ ရကြမည်ဟု လျှောက် လေသော်၊ 14 အဗရှလုံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့က၊ အာခိ လူဟုရှဲ ပေးသော အကြံ သည်အဟိသောဖေလ ပေးသောအကြံ ထက် သာ၍ ကောင်း သည်ဟု ပြောဆို ကြ၏။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အဗရှလုံ ၌ ဘေး ရောက် စေခြင်းငှါ ၊ အဟိသောဖေလ ပေးသော အကြံ ကောင်း ကို ဖျက် စေမည်အကြောင်း စီရင် တော်မူ၏။ 15 ထိုအခါ ဟုရှဲ သည် ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့အား ၊ အဟိသောဖေလ သည် ဤ မည်သော အကြံ ကို အဗရှလုံ နှင့် ဣသရေလ အမျိုးအသက်ကြီး သူတို့ အားပေးပြီ။ ကျွန်ုပ် သည်လည်း ဤ မည်သောအကြံ ကိုပေး ပြီ။ 16 သို့ဖြစ်၍ ဒါဝိဒ် ထံသို့ အလျင်အမြန် စေလွှတ် ၍ ယနေ့ည မှာ တော လွင်ပြင် ၌ မ နေ ပါနှင့်။ အလျင်အမြန်ကူး သွားပါ။ သို့မဟုတ် လျှင် ရှင်ဘုရင် နှင့် လူ အပေါင်း တို့ သည် ဆုံးရှုံး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြား လျှောက်မည်အကြောင်းမှာလိုက် သဖြင့်၊ 17 ယောနသန် နှင့် အဟိမတ် သည် မြို့ ထဲသို့ ဝင် လျှင် သူတပါးမြင်မည်စိုးသောကြောင့် ၊ အင်္ရောဂေလ ရွာ နား မှာ နေ ရစဉ်တွင်၊ မိန်းမ ကလေးတယောက်သွား ၍ ပြော သည်အတိုင်း သူ တို့သည် ဒါဝိဒ် မင်းကြီး ထံသို့ သွား ၍ လျှောက် ကြ၏။ 18 သို့ရာတွင် လူကလေး တယောက်သည် ထိုသူ တို့ကိုမြင် ၍ အဗရှလုံ အား လျှောက် လေ၏။ သူတို့သည် အလျင်အမြန် သွား ၍ ဗာဟုရိမ် မြို့တွင် အိမ် တအိမ်သို့ ဝင် သဖြင့် ထိုအိမ် ဝင်း ထဲမှာ ရှိသော ရေတွင်း သို့ ဆင်း ၍၊ 19 မိန်းမ သည်ရေတွင်းဝ ကို ဖုံး ပြီးမှဆန် ကိုလှန်း ၍ ထားသောကြောင့် ထိုအမှု သည် မ ထင်ရှား။ 20 အဗရှလုံ ၏ ကျွန် တို့သည်ထိုအိမ် သို့ ရောက် ၍ အဟိမတ် နှင့် ယောနသန် တို့သည် အဘယ်မှာ ရှိသနည်းဟု မိန်းမ အား မေး လျှင် ၊ မိန်းမ က၊ ချောင်း တဘက်သို့ ကူး ကြပြီဟု ပြော သဖြင့် သူတို့သည် ရှာ ၍ မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ပြန် သွားကြ၏။ 21 ပြန်သွား သောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်း ထဲက တက် ၍ ဒါဝိဒ် မင်းကြီး ထံသို့ သွား ပြီးလျှင် ၊ မြစ် တစ်ဘက်သို့ အလျင်အမြန် ထ ၍ ကြွ တော်မူပါ။ အဟိသောဖေလ သည် ကိုယ်တော် တစ်ဘက် ၌ ဤ မည်သော အကြံ ကိုပေးပါပြီဟု လျှောက် သော်၊ 22 ဒါဝိဒ် နှင့် လူ အပေါင်း တို့သည် ထ ၍ ယော်ဒန် မြစ်ကိုကူး ကြ၏။ မိုဃ်းလင်း သောအခါ မ ကူး သောသူတယောက် မျှ မရှိ။ 23 အဟိသောဖေလ သည် မိမိ ပေးသောအကြံ သို့ မ လိုက် ကြသည်အကြောင်း ကို သိမြင် သောအခါ ၊ မြည်း ကို ကုန်းနှီးတင် စေပြီးလျှင် ထ ၍ မိမိ နေရင်းမြို့ မိမိ အိမ် သို့ သွား သဖြင့် အိမ်မှု အိမ်ရေးများကို စီရင် ပြီးမှ လည် ကြိုး တပ်၍ သေ လေ၏။ ဘိုးဘေး တို့သင်္ချိုင်း ၌ သဂြိုဟ် ကြ၏။ 24 ဒါဝိဒ် သည် မဟာနိမ် မြို့သို့ ရောက် လေ၏။ အဗရှလုံ သည်လည်း ဣသရေလ လူ အပေါင်း တို့နှင့်အတူ ယော်ဒန် မြစ်ကို ကူး လေ၏။ 25 အဗရှလုံ သည် ဗိုလ်ချုပ်မင်းယွာဘ အရာ ၌ အာမသ ကို ခန့်ထား ၏။ အာမသ ကား၊ ယွာဘ အမိ ဇေရုယာ ၏ ညီမ နာဟတ် သမီး အဘိဂဲလ နှင့် စုံဘက်သော ဣရှမေလ အမျိုး ယေသာ ၏သား ဖြစ်သတည်း။ 26 ဣသရေလ အမျိုးသားတို့နှင့် အဗရှလုံ သည် ဂိလဒ် ပြည် ၌ တပ်ချ ကြ၏။ 27 ဒါဝိဒ် သည် မဟာနိမ် မြို့သို့ ရောက် သောအခါ ၊ အမ္မုန် ပြည် ရဗ္ဗာ မြို့သား နာဟတ် ၏သား ရှောဘိ ၊ လောဒေဗာ မြို့သားအမျေလ ၏သား မာခိရ ၊ ဂိလဒ် အမျိုး ရောဂေလိမ် မြို့သားဗာဇိလဲ တို့က၊ 28 ထိုလူ တို့သည် တော ၌ ရေစာ ငတ်မွတ် လျက် ပင်ပန်း လျက် နေရပါသည်တကားဟုဆို ၍ ၊ ဒါဝိဒ် နှင့် သူ ၏လူ များ စားစရာဘို့ ဂျုံ ဆန်၊ မုယော ဆန်၊ မုန့်ညက် ၊ ပေါက်ပေါက် မျိုး၊ ပဲ မျိုး၊ 29 ပျားရည် ၊ နို့ဓမ်း ၊ သိုး ၊ ဒိန်ခဲ နှင့်တကွအိပ်ရာ ၊ လင်ပန်း ၊ မြေခွက် များကို ဆောင် ခဲ့ကြ၏။
181 ဒါဝိဒ် သည် မိမိ ၌ ပါသောလူ တို့ကိုရေတွက် ၍ တထောင် အုပ်၊ တရာ အုပ်တို့ကို ခန့်ထား ၏။ 2 လူ သုံးစု တစုကို ယွာဘ ၌ ၎င်း ၊ တစုကို ဇေရုယာ သား ယွာဘ ညီ အဘိရှဲ ၌ ၎င်း၊ တစုကိုဂိတ္တိ လူ အိတ္တဲ ၌ ၎င်း အပ် ၍ ၊ ငါ့ ကိုယ်တိုင်ချီသွား မည်ဟု လူ များတို့အား မိန့် တော်မူ ၏။ 3 လူ များတို့ကလည်း ၊ ကိုယ်တိုင်ကြွ တော်မ မူပါနှင့်။ ကျွန်တော်တို့ပြေး သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကျွန်တော် တို့ တဝက် သေ သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော် တို့ တသောင်း ထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ ထဲက မစ တော်မူလျှင်သာ၍ ကောင်းပါလိမ့်မည်ဟု လျှောက် ကြ၏။ 4 ရှင်ဘုရင် ကလည်း ၊ ငါသည်သင် တို့အလို သို့ လိုက်မည်ဟု မိန့် တော်မူ၍ တံခါးဝ နား မှာ ရပ် တော်မူလျှင် ၊ လူ အပေါင်း တို့သည် တရာ တပ်၊ တထောင် တပ်အားဖြင့် ချီသွား ကြ၏။ 5 ရှင် ဘုရင်ကလည်း ၊ ငါ့ မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံ ကို ဖြည်းညှင်း စွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲ တို့ကို မှာ ထားတော်မူ၏။ ထိုသို့ ရှင် ဘုရင်သည် အဗရှလုံ အတွက် ဗိုလ်မင်း အပေါင်း တို့ကို မှာ ထား တော်မူသောအခါ ၊ လူ အပေါင်း တို့သည် ကြား ကြ၏။ 6 ထိုသို့ လူ များတို့သည် ဣသရေလ လူတို့ကို စစ်တိုက် အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ် တော ၌ စစ်ပြိုင် ကြ၏။ 7 ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ ရှေ့ မှာ ရှုံး ၍ ထို နေ့ခြင်းတွင် ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့်လူနှစ် သောင်းသေကြ၏။ 8 မြေ တပြင်လုံး အနှံ့အပြား တိုက် ကြသဖြင့် ထို နေ့၌ လူချင်းသတ်၍ သေသည်ထက် တော ၌ ဆုံးရှုံး သော သူသာ၍များ ကြ၏။ 9 ဒါဝိဒ် ၏ ကျွန် တို့သည် အဗရှလုံ ကိုတွေ့ ကြ၏။ သူသည်မြည်း ကို စီး လျက် ပင်မြည်း သည် ကြီး သော သပိတ် ပင်အကိုင်း အခက်အောက် သို့ဝင် ၍၊ အဗရှလုံ ၏ ခေါင်း သည်သပိတ် ပင်၌ ငြိ သဖြင့် ၊ မိုဃ်း နှင့် မြေကြီး စပ်ကြား မှာ တွဲလွဲဆွဲ လျက်နေ၍ ၊ မြည်း သည် အလိုအလျောက်သွား လေ၏။ 10 မြင် သော သူ တယောက် သည် ယွာဘ ထံသို့ သွား၍၊ သပိတ် ပင်၌ အဗရှလုံ ဆွဲ နေသည်ကို ကျွန်တော်မြင် ခဲ့သည်ဟု ကြားပြော လျှင်၊ 11 ယွာဘ က၊ သင်သည် မြင် ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ ကို ထိုး ၍ မြေကြီး ပေါ်သို့ မ ချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေ အကျပ်တဆယ် နှင့် ခါးစည်း ကို ငါပေး ပြီဟု ပြောဆို သော်၊ 12 ထိုသူက ကျွန်တော်သည် ကိုယ် လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏သား ကို မ ပြု နိုင်ပါ။ အကြောင်းမူကား ၊ ကျွန်တော် တို့ကြား သည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံ ကို စောင့်မ ကြလော့ဟု ကိုယ်တော် နှင့် အဘိရှဲ ၊ အိတ္တဲ တို့ကို မှာထား တော်မူပြီ။ 13 ကျွန်တော်ပြု မိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက် ရှုံးပါပြီ။ ရှင်ဘုရင် မ သိသော အမှု တစုံတခု မျှမ ရှိ။ ကိုယ်တော် သည်လည်း ကျွန်တော်တစ်ဘက် ၌ နေ ပါလိမ့်မည်ဟု ပြောဆို သော်၊ 14 ယွာဘ က၊ သင် နှင့်အတူ ငါမ နေ အားဟု ဆို လျက် လှံယဉ် သုံး စင်း ကိုကိုင်ယူ ၍ သပိတ် ပင်အလယ် ၌ အသက် ရှင်လျက်ရှိသောအဗရှလုံ ၏ နှလုံး ကို ထုတ်ချင်းခပ် ထိုးလေ၏။ 15 လက်နက် ဆောင် လုလင် တကျိပ် တို့သည်လည်း ဝိုင်း ၍ အဗရှလုံ ကို အသေ သတ်ကြ၏။ 16 ယွာဘ သည်လည်း တံပိုး မှုတ် ၍ လူ တို့ကို ဆီးတား သဖြင့် ဣသရေလ လူတို့ကို လိုက် ရာမှ ပြန်လာ ကြ၏။ 17 အဗရှလုံ ကိုလည်း ယူ ၍ တော ၌ နက် သော မြေတွင်း ထဲသို့ ချ ပြီးမှ ကျောက် ပုံ ကြီး ကို ပုံထား ကြ၏။ ဣသရေလ လူအပေါင်း တို့သည် အသီးအသီး မိမိ တို့ အိမ် သို့ ပြေး ကြ၏။ 18 အဗရှလုံ သည် အသက် ရှင်စဉ် အခါ၊ ငါ ၏နာမ သည် မ ပျောက်အမြဲတည်မည်အကြောင်း ၊ သား မ ရှိဟု ဆို လျက် ရှင်ဘုရင် ချိုင့် တွင် ကိုယ် အဘို့ ကျောက်တိုင် ကို စိုက် ၍ မိမိ နာမ ဖြင့်သမုတ် သောကြောင့် ၊ ယနေ့ တိုင်အောင် အဗရှလုံ အောင်တိုင် ဟူ၍တွင် သတည်း၊ 19 ထိုအခါ ဇာဒုတ် ၏သား အဟိမတ် က၊ ထာဝရဘုရား သည် ရှင် ဘုရင်၏ ရန်သူ တို့ကို အပြစ်အလျောက်စီရင် တော်မူကြောင်း ကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်း လျှင်၊ 20 ယွာဘ က၊ ယနေ့ သင် သည် သိတင်းမ ကြား မလျှောက်ရ။ အခြား သောနေ့ ၌ ကြားလျှောက် ရမည်။ ရှင်ဘုရင် ၏ သား တော်သေ သောကြောင့် ယနေ့ သင်သည် သိတင်း မ ကြားမလျှောက်ရဟု ဆို ပြီးမှ၊ 21 ကုရှိ အား သင်မြင် သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက် လော့ဟုဆို သည်အတိုင်း ၊ ကုရှိ သည် ယွာဘ အား ဦးညွှတ် ၍ ပြေး လေ၏။ 22 တဖန် ဇာဒုတ် သား အဟိမတ် က၊ သို့သော်လည်း ကျွန်တော် သည် ကုရှိ နောက် မှာ ပြေး ပါရစေဟု အခွင့်တောင်း ပြန်လျှင် ၊ ယွာဘ က ငါ့ သား ဝမ်းမြောက် စရာ သိတင်းမ ဟုတ်သည်ဖြစ်၍ အဘယ်ကြောင့် ပြေး သွားချင် သနည်းဟု ဆို သော်လည်း၊ 23 ပြေး ပါရစေဟု တဖန် အခွင့်တောင်း သောကြောင့် ပြေး လော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ် သည် လွင်ပြင် လမ်း ၌ပြေး ၍ ကုရှိ ကိုလွန် လေ၏။ 24 ဒါဝိဒ် သည် မြို့တံခါး နှစ် ထပ်ကြား မှာထိုင် ၍နေ၏။ ကင်းစောင့် တယောက်သည် မြို့ရိုး တံခါး အပေါ်ပြအိုးမိုး အောက်သို့ တက် ၍ မြော် ကြည့် သဖြင့် လူ တယောက် တည်းပြေး လာသည်ကို မြင် သောအခါ၊ 25 ရှင်ဘုရင် အား ဟစ် ၍ လျှောက် လေ၏။ ရှင် ဘုရင်ကလည်း ၊ တယောက် တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။ ထိုသူသည် ပြေးလာ ၍ အနီး သို့ ရောက်သောအခါ၊ 26 ကင်းစောင့် သည်လည်း အခြား သောသူ ပြေး လာသည်ကိုမြင် ၍ ၊ အခြားသောသူ တယောက် တည်း ပြေး လာပါသည်ဟု တံခါး သို့ လှည့်၍ ဟစ် လျှင် ၊ ရှင် ဘုရင်က ထိုသူ ၌လည်း သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။ 27 ကင်းစောင့် ကလည်း ၊ ရှေ့ လာသောသူ ၏ပြေး ခြင်းသည် ဇာဒုတ် သား အဟိမတ် ပြေး ခြင်းနှင့် တူသည် ကို ကျွန်တော် ထင် ပါသည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က သူသည် လူ ကောင်း ဖြစ်၏။ ကောင်း သော သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိပြန်၏။ 28 အဟိမတ် ကလည်း ၊ ချမ်းသာ ရပါ၏ဟုဟစ် လျက် ရှင်ဘုရင် ရှေ့ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ၊ အရှင် မင်းကြီး ကို ပုန်ကန်သောလူ တို့ကို အပ် တော်မူသော ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက် လေ၏။ 29 ရှင် ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံ သည် ဘေး လွတ်၏လောဟု မေး တော်မူလျှင် အဟိမတ် က၊ အရှင်မင်းကြီး ၏ ကျွန် ယွာဘ သည် ကိုယ်တော် ကျွန် ကိုစေလွှတ် သောအခါရုန်းရင်းခတ် ခြင်းအမှုကို ကျွန်တော် မြင် သော်လည်း သေချာစွာမ သိ ရပါဟု လျှောက် သော်၊ 30 ရှင် ဘုရင်က၊ ဤ အနားမှာ ရွှေ့ ၍နေ လော့ဟု မိန့် တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေ လေ၏။ 31 တဖန် ကုရှိ ရောက် လာ၍ အရှင် မင်းကြီး ၊ သိတင်း ပါပါ၏။ ကိုယ်တော် ကို ပုန်ကန် သော သူအပေါင်း တို့ကို ထာဝရဘုရား သည် ထိုသူ၏ အပြစ်အလျောက်ယနေ့ စီရင် တော်မူပြီဟု လျှောက် လျှင်၊ 32 ရှင် ဘုရင်က၊ ငါ့သား အဗရှလုံ သည် ဘေး လွတ် ၏လော ဟု မေး တော်မူသော်၊ ကုရှိ က အရှင် မင်းကြီး ၏ ရန်သူ များ၊ ကိုယ်တော် ကို ညှဉ်းဆဲ ခြင်းငှါ ပုန်ကန် သောသူများအပေါင်း တို့သည် ထိုလုလင် ကဲ့သို့ ဖြစ် ကြ ပါစေသောဟု ပြန်လျှောက် လေ၏။ 33 ရှင် ဘုရင်သည် အလွန်ကြင်နာ သောစိတ် ရှိသဖြင့် မြို့တံခါး အပေါ် ၌ရှိသောတဲသို့ တက် ၍ တက်စဉ်တွင်၊ အိုငါ့ သား အဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား အဗရှလုံ ၊ သင့် ကိုယ်စား ငါ မသေ ပါလေတကား။ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ငိုကြွေး လေ၏။
191 ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။ 2 ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊ 3 စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။ 4 ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။ 5 ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။ 6 ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။ 7 ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊ 8 ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။ 9 ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။ 10 ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။ 11 ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။ 12 သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊ 13 အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။ 14 ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။ 15 ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။ 16 ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။ 17 သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။ 18 ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊ 19 ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။ 20 ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။ 21 ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊ 22 ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊ 23 ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။ 24 ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။ 25 ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊ 26 အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။ 27 အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။ 28 ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊ 29 ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။ 30 မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။ 31 ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။ 32 ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။ 33 ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊ 34 ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။ 35 ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။ 36 ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။ 37 ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။ 38 ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။ 39 လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။ 40 ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။ 41 တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊ 42 ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။ 43 ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။
201 ထိုအခါ ဗင်္ယာမိန် အမျိုးဗိခရိ ၏သား ရှေဘ အမည် ရှိသောအဓမ္မ လူတယောက်ရှိ၏။ ထိုသူသည်တံပိုး မှုတ် ၍၊ အိုဣသရေလ အမျိုး၊ ငါ တို့သည် ဒါဝိဒ် ၌ တဘို့ ကိုမျှ မ ဆိုင်။ ယေရှဲ ၏သား ကို အမွေ မ ခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ သွားကြဟုဆို သဖြင့်၊ 2 ဣသရေလ အမျိုးသား အပေါင်း တို့သည် ဒါဝိဒ် ထံ တော်မှ ထွက် ၍ဗိခရိ သား ရှေဘ နောက် သို့ လိုက်ကြ ၏။ ယုဒ အမျိုးသား တို့မူကား ၊ ယော်ဒန် မြစ်မှ သည် ယေရုရှလင် မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ် ကြ၏။ 3 ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။ 4 ရှင် ဘုရင်ကလည်း ၊ သုံး ရက် အတွင်းတွင် ယုဒ လူ တို့ကို စုဝေး စေပြီးလျှင် ၊ ထိုသူတို့နှင့်အတူကိုယ်တိုင်လာ ရမည်ဟု အာမသ အား မိန့် တော်မူ၏။ 5 အာမသ သည်သွား ၍ ယုဒ လူတို့ကို နှိုးဆော် သဖြင့် ၊ ချိန်းချက် သော အချိန် ကို လွန် စေ၏။ 6 ဒါဝိဒ် ကလည်း ၊ အဗရှလုံ ပြုသည်ထက် ဗိခရိ သား ရှေဘ သည်သာ၍အပြစ် ပြုလိမ့်မည်။ သင့် သခင် ၏ ကျွန် တို့ကိုခေါ် ၍ ထိုသူ ကိုလိုက် လော့။ သို့မဟုတ် သူသည် ခိုင်ခံ့ သောမြို့ တစုံတမြို့ထဲသို့ ဝင်၍ ငါ တို့ လက် မှ လွတ် လိမ့်မည်ဟု အဘိရှဲ အား မိန့် တော်မူသည်အတိုင်း၊ 7 အဘိရှဲနောက်မှာ ယွာဘ ၏လူ များနှင့် ခေရသိ လူ၊ ပေလသိ လူများမှစ၍ခွန်အား ကြီးသောသူအပေါင်း တို့သည် ဗိခရိ သား ရှေဘ ကို လိုက် အံ့သောငှါ ယေရုရှလင် မြို့မှ ထွက်သွား ကြ၏။ 8 ဂိဗောင် မြို့၌ ရှိသော ကျောက် ကြီး သို့ ရောက်ကြသောအခါ၊ အာမသ သည်သူ တို့ ရှေ့ သို့ချီသွား လေ၏။ ယွာဘ သည် မိမိ ဝတ်သော အဝတ် ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ် မှာလည်း ထား ကိုအိမ်နှင့်တကွဆွဲလျက် ထား၏။ သွား စဉ်တွင်ထားသည် လျှော ၍ကျ၏။ 9 ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။ 10 လက်ဝဲလက် ၌ ကိုင်သော ထား ကို အာမသ သည်သတိ မ ပြုသောကြောင့် ၊ ဝမ်း ကိုထိုး ၍ အအူ ကိုမြေ ပေါ် မှာ ချ ၏။ ထပ်၍ မ ထိုးသော်လည်း အာမသသေ လေ၏။ ယွာဘ နှင့် ညီ အဘိရှဲ သည် ဗိခရိ သား ရှေဘ ကို လိုက် ကြ၏။ 11 သူ အနား မှာ ယွာဘ ၏ လူ တယောက်သည် ရပ် ၍ ယွာဘ နှင့် ဒါဝိဒ် ဘက်၌နေသောသူဖြစ်လျှင် ယွာဘ နောက် သို့ လိုက်တော့ဟုဆို ၏။ 12 အာမသ သည် လမ်းမ အလယ် တွင် မိမိအသွေး ၌ လူး လျက်ရှိ၏။ လမ်း၌ သွား လာသောသူ အပေါင်း တို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ၏ လူမြင် သောအခါ၊ အာမသ ကို လမ်းမ က ယူ၍ လယ်ပြင် သို့ ရွှေ့ ပြီးလျှင် အဝတ် နှင့်ဖုံး လေ၏။ 13 ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။ 14 ယွာဘသည် ဗက်မာခ ပြည်၊ အာဗေလ မြို့ တိုင်အောင် ဣသရေလ တိုင်း ခရိုင်ရှိသမျှ ကို ရှောက်သွား ၏။ ဗေရိ လူအပေါင်း တို့သည်လည်း စုဝေး ၍ ယွာဘ နောက် သို့ လိုက် ကြ၏။ 15 ရှေဘတည်းခိုသောဗက်မာခ ပြည်၊ အာဗေလမြို့ ကို ဝိုင်းထား ၍၊ ပြင်မြို့ရိုး တစ်ဘက်တချက်၌ မြေရိုး ကို ဖို့ ကြ၏။ ယွာဘ နှင့် သူ၏ လူ အပေါင်း တို့သည် မြို့ရိုး ကို ဖြို ခြင်းငှါ ထိုးဖေါက် ကြ၏။ 16 ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊ 17 ယွာဘသည် ချဉ်း လာသောအခါ မိန်းမ က၊ သင် သည်ယွာဘ ဟုတ်သလောဟုမေး လျှင်၊ ငါ ဟုတ်သည် ဟုဆို သော် ၊ မိန်းမက၊ ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါဟုဆို ၏။ ယွာဘကလည်း ၊ ငါ နားထောင် လျက် နေသည်ဟုဆို သော်၊ 18 မိန်းမက၊ အကယ်စင်စစ်အာဗေလ မြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ် ပါလေစေဟု ရှေး ကာလ၌ ဆို တတ်ကြ၏။ 19 ကျွန်မ သည် ဣသရေလ အမျိုး၌ အမှု မလုပ်ပါ။ သစ္စာ စောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့ တမြို့ တည်းဟူသောဣသရေလ အမျိုးတွင် အမိ တယောက်ကို ဖျက်ဆီး ခြင်းငှါ ရှာ တော်မူ၏။ ထာဝရဘုရား ၏ အမွေ တော်ကို မျို ခြင်းငှါအဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊ 20 ယွာဘ က၊ မျို ခြင်းအမှု၊ ဖျက်ဆီး ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ဝေး ပါစေသော။ 21 ထိုသို့ မ ဟုတ်ပါ။ ဧဖရိမ် တောင် သားဖြစ်သော ဗိခရိ ၏သား ရှေဘ အမည်ရှိသောသူသည် ရှင်ဘုရင် ဒါဝိဒ် ကို ပုန်ကန် ပြီ။ ထိုသူ ကို အပ် လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွား မည်ဟု ပြောဆိုသော်၊ မိန်းမ က၊ သူ ၏ ဦးခေါင်း ကိုကိုယ်တော် ရှေ့ သို့ ပစ်ချ ပါမည်ဟု ဆို ပြီးမှ၊ 22 ထိုမိန်းမ သည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်း ကို ဖြတ် ၍ ယွာဘ ရှေ့ သို့ ပစ်ချ ကြ၏။ ယွာဘသည်လည်း တံပိုး မှုတ် သဖြင့် ၊ လူများတို့သည် ထိုမြို့ မှ မိမိ တို့ နေရာ သို့ ပြန်သွား ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ တော်သို့ ပြန်သွား၏။ 23 ယွာဘ သည် ဣသရေလ တပ်သား အပေါင်း တို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒ သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ် ရ၏။ 24 အဒေါနိရံ သည် အခွန်တော်ဝန် ဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။ 25 ရှေဝ သည် စာရေးတော်ကြီး ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ် ဖြစ်၏။ 26 ယဣရ မြို့သားဣရ သည်နန်းတော်အုပ် ဖြစ် ၏။
211 ထိုနောက် ဒါဝိဒ် လက်ထက် ၌ သုံး နှစ် ပတ်လုံးအစာ အာဟာရ ခေါင်းပါးခြင်းဖြစ် ၍၊ ဒါဝိဒ် သည်ထာဝရဘုရား ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ဂိဗောင် လူတို့ကိုသတ် သော ရှောလု နှင့် လူအသက် ကိုသတ် တတ် သော ရှောလုအမျိုး ကြောင့် ဤအမှုရောက်လေပြီဟု မိန့် တော်မူ၏။ 2 ဂိဗောင် လူတို့သည် ဣသရေလ အမျိုး အဝင် မ ဟုတ်၊ ကျန်ကြွင်း သော အာမောရိ အမျိုးဖြစ်ကြ၏။ ဣသရေလ အမျိုး တို့သည် သူ တို့အား သစ္စာ ဂတိထားကြ သော်လည်း ၊ ရှောလု သည် ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူ တို့ကိုသတ် မည်ဟု အားထုတ် သတည်း။ 3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင် လူတို့ကို ခေါ်၍၊ သင် တို့အဘို့ အဘယ်သို့ ပြု ရမည်နည်း။ သင်တို့သည် ထာဝရဘုရား ၏ အမွေ တော်ကို ကောင်းကြီး ပေးစေခြင်းငှါ အဘယ်သို့ အပြစ် ဖြေရမည်နည်းဟုမေး လျှင်၊ 4 ဂိဗောင် လူတို့က၊ ကျွန်တော် တို့သည်ရှောလု နှင့် သူ ၏အမျိုး ၌ ရွှေ ငွေ ကိုမ တောင်းပါ။ ကျွန်တော် တို့ အတွက် ဣသရေလ အမျိုးသားတစုံတယောက် ကိုမျှ ကိုယ်တော်သည် မ သတ် ရဟု ပြန် လျှောက်ကြသော် ၊ သင် တို့တောင်း သည်အတိုင်း ငါပြု မည်ဟု မိန့် တော်မူ၏။ 5 သူတို့ကလည်း၊ ကျွန်တော် တို့ကို ညှဉ်းဆဲ ၍ ဣသရေလ နိုင်ငံ အတွင်း၌ အလျှင်းမနေရမည်အကြောင်းသုတ်သင် ပယ်ရှင်းခြင်းငှါကြိုးစား သော သူ ဖြစ်၏။ 6 သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။ 7 သို့သော်လည်း ဒါဝိဒ် နှင့် ရှောလု ၏သား ယောနသန် တို့သည် ထာဝရဘုရား ရှေ့တော်၌ တယောက်နှင့် တယောက်သစ္စာ ဂတိထားသောကြောင့် ၊ ရှင် ဘုရင်သည် ရှောလု ၏သား ယောနသန် မြင်သောမေဖိဗောရှက် ကို နှမြော တော်မူ၏။ 8 သို့ဖြစ်၍ ရှင် ဘုရင်သည် အဲအာ သမီး ရိဇပ ဘွားမြင် သော ရှောလု ၏ သား အာမောနိ နှင့် မေဖိဗောရှက် နှစ် ယောက်မှစ၍၊ ရှောလု ၏ သမီး မေရပ် တွင် မေဟောလသိ အမျိုး ဗာဇိလဲ ၏ သား အဒြေလ မြင် သော သား ငါး ယောက်တို့ကို ယူ ၍၊ 9 ဂိဗောင် လူတို့လက် သို့ အပ် သဖြင့် ၊ သူတို့သည် တောင် ပေါ် တွင် ထာဝရဘုရား ရှေ့ တော်၌ ဆွဲထား ၍ ၊ ထိုသူ ခုနစ် ယောက်တို့သည် မုယော စပါး ရိတ် စ ကာလ၊ တနေ့ ခြင်းတွင် အသေ သတ်ခြင်းကို ခံရ၍ တပြိုင်နက် သေ ကြ၏။ 10 အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။ 11 ရှောလု ၏ကိုယ်လုပ်တော် အဲအာ သမီး ရိဇပ ပြု သော အမှုကို ဒါဝိဒ် သည် ကြား သောအခါ၊ 12 ဖိလိတ္တိ လူတို့သည် ဂိလဗော တောင်၌ ရှောလု ကို သတ် ၍၊ အလောင်းတော်ကိုဆွဲထား ရာဗက်ရှမ် လမ်း မှ ခိုးသွား သော ဂိလဒ် ပြည်ယာဗက်မြို့သူ မြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလု အရိုး နှင့် သား တော် ယောနသန် အရိုး တို့ကိုယူ ၍၊ 13 ထို အရပ်မှ ဆောင် သွားသဖြင့် ၊ ဆွဲထား သောသူတို့ ၏ အရိုး များကိုလည်း စုသိမ်း ပြီးလျှင်၊ 14 ဗင်္ယာမိန် ပြည် ၊ ဇေလ ရွာ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင် မှာထား သမျှ အတိုင်း ပြု ကြ ပြီးသည်နောက် ၊ နိုင်ငံ တော်အဘို့ ဆုတောင်း သော စကားကို ဘုရား သခင်နားထောင်တော်မူ၏။ 15 နောက် တဖန် ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ် နှင့် သူ ၏ ကျွန် တို့ သည် ဆီးကြို၍ တိုက်လှန် ကြစဉ်၊ ဒါဝိဒ် သည် မောပန်း လျက်နေလေ၏။ 16 ရေဖိမ် အမျိုး ဣရှဗိဗေနုပ် သည် အချိန် သုံး ပိဿာရှိသော ကြေးဝါ လှံ ကို ကိုင်၍ ၊ အသစ် သော စစ် တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ် ကိုသတ် မည်ဟု ကြံလေ၏။ 17 ဇေရုယာ သား အဘိရှဲ သည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက် သတ်လေ၏။ ထိုအခါ ဒါဝိဒ် ၏ လူ တို့က၊ ဣသရေလ အလင်း ကွယ် မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော် တို့နှင့်အတူ နောက် တဖန် စစ်ချီ ကြွ တော်မ မူရာဟု ကျိန်ဆို လျက် လျှောက် ကြ၏။ 18 နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကိုသတ် လေ၏။ 19 နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဗက်လင် မြို့သားဖြစ်သော ယဣရ ၏သား ဧလဟာနန် သည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသောလှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျက် ၏ ညီလာခမိ ကိုသတ် လေ၏။ 20 နောက် တဖန် ဂါသ မြို့မှ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက် တစ်ဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တစ်ဘက်၌ ခြေ ခြောက် ချောင်းစီ၊ ပေါင်း နှစ် ဆယ်လေး ချောင်းရှိသောရေဖိမ် အမျိုးသား တယောက်သည်၊ 21 ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ၏။ 22 ထို သူလေး ယောက်တို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး၏သား ဖြစ်၍၊ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့ လက် ဖြင့် သေ ကြ၏။
221 ဒါဝိဒ် သည် ရှောလု မင်းမှစ၍ ရန်သူ အပေါင်း တို့ လက် မှ ထာဝရဘုရား ကယ်လွှတ် တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်တွင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊ 2 ထာဝရဘုရား သည်ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကို ကယ်လွှတ် သော သခင်၊ 3 ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။ 4 ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်းလျှောက် ၍ ၊ ရန်သူ တို့လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။ 5 သေခြင်း လှိုင်း တံပိုးတို့သည် ငါ့ ကို ဝိုင်း မိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်း ကြောင့် ငါ ကြောက်လန့် ရ၏။ 6 မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။ 7 ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ၊ ထာဝရဘုရား ကို ခေါ် ၍ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ်သောအသံ ကို ဗိမာန် တော်ထဲမှာ ကြား တော်မူ၍ ၊ အော်ဟစ် သောအသံသည် နား တော်ထဲသို့ ဝင်လေ၏။ 8 ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ မိုဃ်း ကောင်းကင်အမြစ် တို့သည် တရွေ့ရွေ့ လှုပ်ရှား ကြ၏။ 9 နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။ 10 မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ် လေ၏။ 11 ခေရုဗိမ် ကို စီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာ ထင်ရှား တော်မူ၏။ 12 မှောင်မိုက် တည်းဟူသော တခဲနက် သော ရေ နှင့် ထူထပ် သောမိုဃ်းတိမ် တို့ကို ကိုယ်တော် ၌ ကာရံ စေတော်မူ၏။ 13 ရှေ့ တော်၌ ရောင်ခြည် ကြောင့် မီးခဲ တောက် လျက် ရှိ၏။ 14 ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။ 15 လေး မြှားတို့ကိုပစ် ၍ လျှပ်စစ် ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ် သို့ ခွဲ၍ ရှုံး စေတော်မူ၏။ 16 ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။ 17 အထက် အရပ်က လက်တော်ကိုဆန့် ၍၊ တခဲနက် သော ရေ ထဲက ငါ့ ကို ဆယ် ယူ တော်မူ၏။ 18 ငါ့ ကိုမုန်း သော သူတည်းဟူသောငါ ပြိုင် ၍ မနိုင်နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ်လွှတ် တော်မူ၏။ 19 ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည် ငါ မှီခိုရာ ဖြစ် ၍၊ 20 ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကိုနှစ်သက် သောကြောင့် ကယ်လွှတ် တော်မူ၏။ 21 ငါ ဖြောင့်မတ်ခြင်း ရှိသည်အလျောက် ထာဝရဘုရား သည် အကျိုး ကိုပေး၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။ 22 အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့အစဉ်လိုက် ၏။ ငါ ၏ဘုရား သခင့်ထံမှ ပြစ်မှား ၍ မ သွား။ 23 စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့ တော်တို့မှ မ လွှဲ။ 24 ရှေ့ တော်မှာဖြောင့်မတ် ၍ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။ 25 ထိုကြောင့် ရှေ့ တော်မှာ ထင်ရှားသော ငါ ၏ဖြောင့်မတ် ခြင်း၊ စင်ကြယ် ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရား သည် ငါ ၌အကျိုး ကိုပေး တော်မူပြီ။ 26 သနား တတ်သောသူအား ကိုယ်တော်သည်သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်းသဘောကို၎င်း၊ 27 သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို ၎င်း၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သော သဘောကို ၎င်း ပြတော်မူ၏။ 28 နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာန ထောင်လွှားသောသူတို့ ကို ကား ရှုတ်ချ ခြင်းငှါကြည့်မှတ် တော်မူ၏။ 29 အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် အကျွန်ုပ် ၏ မှောင်မိုက် ကို လင်း စေတော်မူ၏။ 30 အကျွန်ုပ်သည်ကိုယ်တော် ကို အမှီပြု၍ တပ် ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြုလျက် မြို့ရိုး ကို ကျော် ၍ဝင်ပါပြီ။ 31 ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏ သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။ 32 ထာဝရဘုရား မှတပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ်မည် သော ကျောက် ရှိသနည်း။ 33 ထိုဘုရား သခင်သည် ငါ ၏ခွန်အား ၊ ငါ၏တန်ခိုး ဖြစ်၍ ငါ သွားရာလမ်း ကို ဖြောင့် စေတော်မူ၏။ 34 ငါ့ ခြေ ကိုသမင် ခြေကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင်ထား တော်မူ၏။ 35 ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါသွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင် ၏။ 36 ကိုယ်တော်သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကိုအပ် ၍ ၊ သည်းခံ တော်မူခြင်းအားဖြင့်အကျွန်ုပ် သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ 37 အကျွန်ုပ် သွားသော လမ်း ကို ရှင်းလင်း ၍ ခြေ မချော် စေခြင်းငှါပြုတော်မူသောအားဖြင့်၊ 38 အကျွန်ုပ်သည် ရန်သူ တို့ကို လိုက် ဖျက်၍ ၊ သူ တို့ကို မ ပယ်ရှင်း မှီ တိုင်အောင်မ ပြန် ပါ။ 39 သူတို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍၊ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ်နင်း ပယ်ရှင်း ပါ၏။ 40 အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တစ်ဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။ 41 အကျွန်ုပ် ကို မုန်း သော ရန်သူ တို့၏လည်ပင်း ကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။ 42 သူတို့သည် အော်ဟစ် ကြသောအခါ ကယ်တင် သော သူမ ရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။ 43 ထိုအခါ အကျွန်ုပ်သည်သူ တို့ကို မြေမှုန့် ကိုကဲ့သို့ ညက်ညက် ချေပြီးမှ၊ လမ်း ၌ အမှိုက် ကိုကဲ့သို့ နင်း ၍ ဖြန့်ကြဲ လေ၏။ 44 လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသား တို့၏ အကဲအမှူး ဖြစ်စေခြင်းငှါစောင့်ရှောက် တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည် အကျွန်ုပ် ထံ၌ ကျွန် ခံ ပါ၏။ 45 တပါးအမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ၍ အကျွန်ုပ် စကားသံကိုကြား သည် ခဏခြင်းတွင် နားထောင် ကြပါ၏။ 46 ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲက တုန်လှုပ် လျက် ထွက်ကြပါ၏။ 47 ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။ 48 ငါ့ ဘက် ၌ တရား သဖြင့်စီရင်၍ ၊ လူစု တို့ကို ငါ့ အောက် မှာနှိမ့်ချ သော သူကား ဘုရား သခင်ပေတည်း။ 49 ရန်သူ တို့လက်မှ ငါ့ ကိုကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တစ်ဘက်၌ထ သောသူတို့ အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကို မြှောက်တင် ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်မှ ကယ်လွှတ် တော်မူ၏။ 50 ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ နာမ တော် ကို ထောမနာသီချင်း ဆိုပါမည်။ 51 ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။
231 ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊ 2 ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။ 3 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။ 4 မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။ 5 ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။ 6 အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ 7 ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။ 8 ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။ 9 သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊ 10 ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။ 11 သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊ 12 ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။ 13 ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။ 14 ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။ 15 ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊ 16 ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊ 17 အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။ 18 ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။ 19 သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။ 20 အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။ 21 ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။ 22 ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။ 23 ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။ 24 ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊ 25 ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊ 26 ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊ 27 အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊ 28 အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊ 29 နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊ 30 ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊ 31 အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊ 32 ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊ 33 ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊ 34 မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊ 35 ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊ 36 ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊ 37 အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊ 38 ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊ 39 ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။
241 နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။ 2 ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏” 3 ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏” 4 သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။ 5 ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။ 6 ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊ 7 တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။ 8 ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။ 9 ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။ 10 ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏” 11 ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊ 12 ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊ 13 ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏” 14 ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏” 15 ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။ 16 ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။ 17 လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။ 18 ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊ 19 ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။ 20 ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊ 21 ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊ 22 အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊ 23 အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။ 24 ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊ 25 ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။