ရှင်ပေတရု

ဩဝါဒစာဒုတိယစောင်။

1

1 ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။ 2 ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။ 3 ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။ 4 ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် အဘိုး ထိုက်သော ဂတိ များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။ 5 ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ပညာ ကို၎င်း၊ 6 ပညာ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊ 7 ထိုမွေ့လျော် ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။ 8 အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။ 9 ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ အပြစ် ဟောင်း ဆေးကြော ကြောင်းကို မေ့လျော့ ၏။ 10 ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊ 11 ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။ 12 ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။ 13 ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း14 ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။ 15 ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။ 16 ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။ 17 အဘယ်သို့ နည်းဟူမူကား၊ ဤသူ သည် ငါ နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။ 18 ကောင်းကင် က ရောက်လာ သော ထို အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။ 19 ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ 20 ကျမ်းစာ ၌ပါသော အနာဂတ္တိ စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။ 21 အကြောင်းမူကား ၊ အနာဂတ္တိ စကားသည် လူ အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြော ကြ၏။

2

1 သို့သော်လည်း ၊ ယုဒလူ တို့တွင် မိစ္ဆာ ပရောဖက် ရှိ ကြ၏။ ထိုနည်းတူ ဖျက်ဆီး တတ်သော မိစ္ဆာ ဒိဋ္ဌိ အယူများကို ပရိယာယ် အားဖြင့်သွင်း၍၊ မိမိ တို့ကို ဝယ် တော်မူသောအရှင် ကိုငြင်းပယ် လျက်၊ မိမိ အပေါ်သို့လျင် စွာသောဖျက်ဆီး ခြင်းကို ရောက် စေသော မိစ္ဆာ ဆရာတို့သည် သင် တို့တွင် ရှိ ကြလိမ့်မည်။ 2 သူ တို့ညစ်ညူး သော အကျင့်ဓလေ့တို့ကို အများ သောသူတို့သည် လိုက် သောအားဖြင့်သမ္မာတရား လမ်း အသရေ သည် ပျက်စီးလိမ့်မည်။ 3 သူ တို့သည် လောဘ လွန်ကျူးလျက် ချော့မော့ သော စကား နှင့် သင် တို့ကိုကုန်သွယ် ကြလိမ့်မည်။ သူတို့အပြစ် စီရင်ခြင်းသည် ရှေး ကာလ မှစ၍မ ဖင့် မနွဲ့၊ သူ တို့ဖျက်ဆီး ခြင်းသည်လည်း အိပ် ၍မ ပျော်။ 4 အကြောင်းမူကား ၊ ပြစ်မှား သော ကောင်းကင်တမန် တို့ကို ဘုရားသခင် သည်နှမြော တော်မ မူ၊ ငရဲ ထဲသို့ချလိုက်ပြီးမှစစ်ကြော စီရင်ခြင်း အလို့ငှာ ချုပ် ထား၍၊ မှောင်မိုက် သံကြိုး နှင့်ချည်နှောင် တော်မူ၏။ 5 ရှေး လောက ဓါတ်ကိုလည်း နှမြော တော်မ မူ။ ဖြောင့်မတ် ခြင်းတရားကိုဟော သောနောဧ နှင့် လူခုနစ် ယောက်တို့ကို စောင့်မ တော်မူ၍ ၊ ဘုရား ကို မကိုးကွယ်သော လောကီသား အပေါင်းတို့ကို ရေလွှမ်းမိုး စေတော်မူ၏။ 6 သောဒုံ မြို့ နှင့် ဂေါမောရ မြို့တို့ကို မီးရှို့ ၍ ဖျက်ဆီး ရာ၊ ဒဏ် စီရင်တော်မူသဖြင့် နောင်၌ မတရား သော အကျင့်ကို ကျင့် အံ့သောသူတို့ အားပုံ သက်သေကိုထား တော်မူ၏။ 7 ထိုအခါ မတရား သော သူ တို့၏ ညစ်ညူး သော အကျင့် အားဖြင့် နှောင့်ရှက် ခြင်းကို ခံရသောသူ၊ ဖြောင့်မတ် သော လောတ ကို ကယ်နှုတ် တော်မူ၏။ 8 ထိုဖြောင့်မတ် သောသူ သည် မတရားသော သူ တို့တွင် နေ စဉ်အခါ၊ သူတို့၏ မတရား သောအမှု များကို နေ့တိုင်း မပြတ်မျက်စိမြင် လျက်၊ နားကြား လျက်ရှိသဖြင့်၊ မိမိဖြောင့်မတ် သော စိတ် နှလုံးကို ပြင်းစွာညှဉ်းဆဲ ရ၏။ 9 ဘုရားဝတ်၌ မွေ့လျော် သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်းအထဲ က ကယ်နှုတ် ခြင်းငှာ၎င်း၊ 10 မတရား သောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူး သော တပ်မက် ခြင်းကိလေသာနှင့်တကွ ၊ ကာမဂုဏ် အလိုသို့လိုက်၍ ၊ အာဏာစက် ကို မထီမဲ့မြင် ပြုသော သူ တို့ကို အထူးသဖြင့် ဒဏ် ခံစေမည် အကြောင်း၊ တရား ဆုံးဖြတ်သောနေ့ အဘို့ ချုပ် ထား ခြင်းငှာ၎င်း ၊ ထာဝရ ဘုရားသည် တတ်နိုင် တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ ဝံ့ကြ ၏။ 11 ကောင်းကင် တမန်တို့မူကား၊ သူ တို့ထက် ခွန်အား တန်ခိုး ကြီးသော်လည်း ၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့ စွာသော ပြစ်တင်ခြင်းကိုမ ပြု ကြ။ 12 သူ တို့မူကား ၊ ဘမ်း ဖျက်ဆီး ဘို့ရာ ဖန်ဆင်း သော တိရစ္ဆာန် သက်သက်ကဲ့သို့ ၊ မိမိတို့နားမလည် သော အရာ ကို ကဲ့ရဲ့ လျက် ၊ မိမိ တို့ပုပ်ပျက် သောအားဖြင့် အကုန်အစင်ပျက်စီး ခြင်းသို့ရောက်၍၊ မတရား သော အမှု၏ အပြစ်ကိုခံရကြလိမ့်မည်။ 13 နေ့ အချိန်၌ ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်း အမှုသည် ပျော်မွေ့ ရာဖြစ်သည်ဟု သူတို့သဘော ရှိ၏။ သင် တို့နှင့်အတူစား သောက်ပွဲလုပ်သောအခါ မိမိ တို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အကြေးအစွန်းအကွက် ဖြစ်ကြ၏။ 14 သူတို့သည်သူ့ မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံ သော မျက်စိ ရှိ ၍၊ ဒုစရိုက် ကို မပြုဘဲ မ နေနိုင်ကြ။ စိတ် နှလုံး တည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင် တတ်ကြ၏။ လောဘ လွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန် တော်မူခြင်း၏ သား ဖြစ်ကြ၏။ 15 ဖြောင့်မတ် သောလမ်း ထဲကထွက် ၍ လွှဲ သွားသဖြင့်၊ ဗောသော် ၏ သား ဗာလမ် ၏လမ်း ကိုလိုက် ကြ၏။ 16 ထိုဗာလမ်သည် မတရား သော အမှု၏အခ ကို တပ်မက် ၍၊ မိမိဒုစရိုက် အတွက်ကြောင့် ဆုံးမ ခြင်း ကိုခံရ ၏။ အဘယ်သို့နည်းဟူမူကား၊ စကား မပြောနိုင် သော မြည်း သည်လူ ဘာသာ အားဖြင့် မြွက် ၍၊ ထို ပရောဖက် ၏ မိုက်မဲ ခြင်းကိုမြစ်တား လေ၏။ 17 ထိုသူ တို့သည် ရေ မရှိသော ရေတွင်း ကဲ့သို့၎င်း ၊ လေ တိုက်၍ လွင့် သောမိုဃ်းတိမ် ကဲ့သို့၎င်း ဖြစ် ကြ၏။ သူ တို့အဘို့ တခဲနက် သော ထာဝရမှောင်မိုက် ကို သိုထား ချက်ရှိ၏။ 18 အကြောင်းမူကား ၊ မှားယွင်း ခြင်း၌ ကျင်လည် သော သူ တို့အထဲက ပြေးထွက် လု သောသူ တို့ကို၊ ထောင်လွှား သော အချည်းနှီးစကား ပြော သည်နှင့်၊ ဇာတိ ပကတိ တပ်မက် ခြင်း၊ ကိလေသာ လွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင် တတ်ကြ၏။ 19 လွှတ် ခြင်းအခွင့်ရှိသည်ဟု ဝန်ခံ လျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက် ခြင်း၏ကျွန် ဖြစ် ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင် သောအရာသည် လူ၏ သခင် ဖြစ်၏။ 20 ကယ်တင် တော်မူသော အရှင် သခင် ယေရှု ခရစ် ကိုသိကျွမ်း ခြင်းအားဖြင့် ၊ လောကီ ညစ်ညူး ခြင်းနှင့် ကင်းလွတ် ပြီးမှ ၊ တဖန် ကျော့မိ ၍ ရှုံး လျှင်၊ နောက် ဖြစ်ဟန် သည် ရှေး ဖြစ်ဟန်ထက် သာ၍ဆိုး၏။ 21 ဖြောင့်မတ် ခြင်းတရားလမ်းကိုသိ ၍၊ မိမိ ခံခဲ့ပြီး သော သန့်ရှင်း သော ပညတ် ကိုတဖန်စွန့်ပစ် သည်ထက် ၊ ထိုလမ်း ကိုမ သိ ဘဲနေသော် သာ၍ ကောင်း၏။ 22 ခွေး သည်မိမိ အန်ဖတ် ကိုပြန် ၍စား၏။ ဝက် သည်လည်း ဆေး ပြီးမှရွံ့ တွင်းလူး ပြန်၏ဟု မှန် သော စကားပုံ သည် ထိုသူ တို့၌ပြည့်စုံ သတည်း။

3

1 ချစ်သူ တို့၊ ဤ ဒုတိယ ဩဝါဒစာ ကို သင် တို့အား ယခု ငါရေး ပေးလိုက်၏။ 2 သန့်ရှင်း သော ပရောဖက် တို့သည်၊ အထက်က ဟောပြော သော စကား များကို၎င်း ၊ ကယ်တင် တော်မူသော အရှင်သခင် ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ပညတ် ကို၎င်း၊ သင် တို့သည် အောက်မေ့ စေခြင်းငှာ၊ ဤ စာနှစ်စောင်၌ သင် တို့၏ ကြည်ဖြူ သော စိတ် ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏။ 3 ရှေ့ဦးစွာ သိမှတ် အပ်သောအရာ ဟူမူကား၊ နောက်ဆုံး သော ကာလ ပြက်ယယ်ပြု တတ်သော သူတို့သည်၊ မိမိ တို့တပ်မက် ခြင်းအတိုင်း ကျင့် နေ၍4 သခင် ဘုရားကြွလာ မည်ဟူသော ဂတိ တော် သည် အဘယ်မှာ ရှိ သနည်း။ ဘိုးဘေး များ အိပ်ပျော် သည်နောက်၊ ခပ်သိမ်း သော အရာတို့သည် ဖန်ဆင်း က ဖြစ်သကဲ့သို့ ၊ ဖြစ်မြဲ ဖြစ်ကြလိမ့်မည်။ 5 ရှေး ကာလ၌ မိုဃ်း ကောင်းကင်ကို၎င်း၊ ရေ ထဲက ထွက်၍ရေ ဖြင့် တည် သောမြေကြီး ကို၎င်း၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊ 6 ဖြစ်ဘူးသောလောက ဓါတ်ကို ထိုသို့ အားဖြင့် ရေ နှင့် လွှမ်း မြှုပ်၍ ဖျက်ဆီး ကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ 7 ယခု ရှိသော မိုဃ်း ကောင်းကင်နှင့် မြေကြီး မူကား ၊ တရား ဆုံးဖြတ်၍ အဓမ္မ လူ တို့ကို ဖျက်ဆီး သော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထား လျက် ရှိ ၍၊ မီးရှို့ ခြင်းအဘို့အလိုငှာ နေရစ်သတည်း။ 8 ချစ်သူ တို့၊ ထာဝရ ဘုရားမှာ ကာလ ရက် သည်၊ အနှစ် တထောင် ကဲ့သို့ ၎င်း ၊ အနှစ် တထောင် သည် တ ရက် ကဲ့သို့ ၎င်း ဖြစ် သည် အရာ တစ်ခုကို မ မေ့လျော့ ကြ နှင့်။ 9 လူအချို့ တို့သည်၊ နှေး ခြင်းကိုမှတ် သည်အတိုင်း ၊ ထာဝရ ဘုရားသည် ဂတိ တော်အရာ မှာ နှေး တော်မ မူ။ ငါတို့တွင်အဘယ်သူ မျှမ ပျက်စီး ဘဲ၊ ရှိသမျှ တို့သည် နောင်တရ စေခြင်းငှာအလို တော်ရှိ၍၊ ငါ တို့ကို သည်းခံ တော်မူ၏။ 10 သူခိုး သည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်။ ထိုနေ့ မိုဃ်း ကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွပျောက်သွား လိမ့်မည်။ မြေကြီး ကိုယ်မှစ၍ ၊ မြေကြီးပေါ်မှာပြုလုပ် သမျှသောအရာတို့သည် လောင်ကျွမ်း ကြလိမ့်မည်။ 11 သို့ဖြစ်၍ ၊ ဤ အရာအလုံးစုံ တို့သည် ကုန်စင်မည်မှန်သောကြောင့်၊ 12 မိုဃ်း ကောင်းကင်သည် မီး နှင့်ပျက် ၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင် ၏ နေ့ ရောက် လိမ့်မည်ဟုသင် တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်း သောအကျင့်ကိုကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ် အပ် ကြသနည်း။ 13 ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ၊ ဖြောင့်မတ် ခြင်းတရားတည်နေရာမိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါတို့သည် ဂတိ တော် နှင့်အညီ မြော်လင့် ကြ၏။ 14 ထိုသို့ မြော်လင့် ခြင်းရှိသောကြောင့်၊ ချစ်သူ တို့၊ သင်တို့သည် အညစ်အကြေး နှင့် ကင်းစင်၍ အဘယ် အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ် စွာရောက်မည် အကြောင်း ကြိုစား အားထုတ်ကြလော့။ 15 ငါ တို့ချစ် သော ညီ ပေါလု သည်၊ မိမိခံရသော ဉာဏ် ပညာအတိုင်း သင် တို့အား ရေး ပေး လိုက်သော စာ၌၎င်း၊ သူ သည်ဤ အရာများ ကိုပြော စီရင်သော ဩဝါဒစာရှိသမျှတို့၌ ၎င်း ပါသည်နှင့်အညီ ၊ ငါ တို့ သခင် ဘုရားသည်းခံ တော်မူခြင်းသည် ကယ်တင် မည် အကြောင်း ဖြစ်သည်ဟုမှတ် ကြလော့။ 16 ထို စာ တို့၌ ခက်ခဲ သောအရာအချို့ ရှိ ၏။ မတတ် သောသူ၊ တည်ကြည် ခြင်းမရှိသောသူ တို့သည်၊ ထို အရာမှစ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီး တတ်ကြ၏။ 17 သို့ဖြစ်၍ ၊ ချစ်သူ တို့၊ မတရား သော သူ တို့၏ ပရိယာယ် အားဖြင့် ၊ သင် တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည် ခြင်းမှ မ ရွေ့လျော့ မည် အကြောင်း၊ ဤအရာများကို သိ နှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ်စောင့်ရှောက် ကြလော့။ 18 ကျေးဇူး တော်၌ ၎င်း ၊ ငါ တို့ကို ကယ်တင် တော်မူသော အရှင် သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ ၎င်း ကြီးပွား ကြလော့။ ထိုသခင် သည် ယခု မှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်း အသရေရှိ တော်မူစေ သတည်း။ အာမင်