ဓမ္မရာဇဝင်စတုတ္ထစောင်
11 အာဟပ် မင်း သေ သောနောက် ၊ မောဘ ပြည် သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန် လေ၏ 2 အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏ 3 ထာဝရဘုရား ၏ ကောင်းကင်တမန် သည် တိရှဘိ မြို့သား ဧလိယ အားလည်း ၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန် တို့ကို ကြိုဆို ခြင်းငှါ ထ သွား လော့။ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။ 4 ထိုကြောင့်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယခု တက် သောသာလွန် ပေါ်က နောက်တဖန် မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယ သွား လေ၏ 5 သံတမန် တို့သည် ပြန် လာသောအခါ ရှင်ဘုရင်က၊ အဘယ် ကြောင့်ယခု ပြန် လာကြသနည်းဟုမေး လျှင်၊ “ 6 သူတို့က၊ လူ တယောက်သည် ကျွန်တော် တို့ကို ကြိုဆို ခြင်းငှါ လာ ၍ သင် တို့ကိုစေလွှတ် သော ရှင်ဘုရင် ထံသို့ ပြန် ကြ။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။ ထိုကြောင့်သင်သည်ယခုတတ်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု ပြော ရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏ 7 ရှင်ဘုရင်ကလည်း၊ သင် တို့ကိုကြိုဆို ခြင်းငှါ လာ ၍ ဤသို့ ပြော သောသူကား အဘယ်သို့သော သူ နည်းဟုမေး လျှင်၊ “ 8 သူတို့က၊ ထိုသူ သည် ကိုယ်၌အမွေး များ၍ သားရေ ခါးပန်း ကို စည်း သောသူဖြစ် ပါသည်ဟု လျှောက် ကြသော် ၊ ထိုသူသည် တိရှဘိ မြို့သားဧလိယ ဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆို လျက်၊ “ 9 လူငါး ကျိပ်အုပ်သော တပ်မှူး ကိုစေလွှတ် ၍ ၊ တပ်မှူးသည် တောင် ပေါ် မှာထိုင် သော ဧလိယ ထံ သို့ရောက် ပြီးလျှင် ၊ အိုဘုရား သခင်၏လူ ၊ သင်သည် ဆင်း ရမည် အကြောင်း ၊ ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏ 10 ဧလိယ ကလည်း ၊ ငါ သည် ဘုရား သခင်၏လူ မှန်လျှင် ၊ ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူ ငါးကျိပ် တို့ကို လောင် ပါစေဟု လူငါးကျိပ် အုပ်သော တပ်မှူး အား ဆို သည်အတိုင်း ၊ ကောင်းကင် က မီး ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏ 11 တဖန် လူငါး ကျိပ်အုပ်သော တပ်မှူး တယောက်ကို ရှင် ဘုရင်စေလွှတ် ၍ ၊ ထို တပ်မှူးက၊ အိုဘုရား သခင်၏ လူ ၊ သင်သည် အလျင် အမြန်ဆင်း ရမည်အကြောင်း ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏ 12 ဧလိယ ကလည်း ၊ ငါ သည်ဘုရား သခင်၏ လူ မှန်လျှင် ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူငါးကျိပ် တို့ကို လောင် ပါစေဟု သူ တို့အား ဆို သည်အတိုင်း ၊ ဘုရား သခင်၏မီး သည် ကောင်းကင် က ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏ 13 တဖန် လူငါးကျိပ် အုပ်သော တတိယ တပ်မှူး ကို ရှင်ဘုရင်စေလွှတ် သဖြင့် ၊ ထိုတပ်မှူး သည် တက် ၍ ဧလိယ ရှေ့ မှာ ဒူး ထောက် လျက် ၊ အိုဘုရား သခင်၏လူ ၊ ကျွန်တော် အသက် နှင့် ကိုယ်တော် ကျွန် ဤ လူငါးကျိပ် တို့၏ အသက် ကို နှမြော တော်မူပါ 14 ကောင်းကင် က မီး ကျ ၍ အခြားသော တပ်မှူး နှစ် ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း ၊ ကျွန်တော် အသက် ကို နှမြော တော်မူပါဟု တောင်းပန် လေ၏ 15 ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သူ နှင့်အတူ ဆင်း သွားလော့။ သူ့ကို မ ကြောက် နှင့်ဟု ဧလိယ အား ဆို သည်အတိုင်း ၊ ဧလိယသည်ထ ၍ ရှင်ဘုရင် ထံသို့ ရောက် လျှင်၊” 16 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် ၌ မေးမြန်း ခြင်းငှါ အဘယ်ကြောင့်သံတမန် တို့ကိုစေလွှတ် သနည်း။ မေးမြန်း စရာဘို့ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍သင်သည် ယခုတက်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရ မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏ 17 ဧလိယ ဆင့်ဆို သောထာဝရဘုရား ၏ စကား တော်အတိုင်း ရှင်ဘုရင်သေ ၍ ၊ သား တော်မ ရှိ သောကြောင့် ညီတော်ယောရံ သည် ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ နန်းစံနှစ် နှစ် တွင် နန်း ထိုင်လေ၏ 18 အာဇခိ ပြု မူသော အမှု အရာကြွင်း လေသမျှတို့သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
21 ထာဝရဘုရား သည် ဧလိယ ကို လေဘွေ အားဖြင့် ကောင်းကင် သို့ ချီ တော်မူချိန်နီးသောအခါ၊ ဧလိယ သည် ဧလိရှဲ နှင့်အတူ ဂိလဂါလ မြို့သို့ သွား ၏ 2 ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏ 3 ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ကို ခရီးဦးကြိုပြုအံ့သောငှါထွက် လာ၍ ၊ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟု မေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟုပြော ဆို၏ 4 ဧလိယ ကလည်း ၊ အိုဧလိရှဲ ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယေရိခေါ မြို့သို့ စေလွှတ် တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါ မြို့သို့ သွား ကြ ၏ 5 ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ထံသို့ လာ ၍ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ၊ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟုမေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟု ပြော ဆို၏ 6 ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏ 7 ပရောဖက် အမျိုးသား ငါးကျိပ် တို့သည် အဝေး က ကြည့်ရှု ခြင်းငှါ သွား ၍ ရပ် နေကြ၏။ ထို သူနှစ် ယောက်တို့ သည် ယော်ဒန် မြစ်နား မှာ ရပ် နေကြ၏ 8 ဧလိယ သည် မိမိ ဝတ်လုံ ကိုယူ ၍ လိပ် ပြီးမှ ၊ ရေ ကိုရိုက် သဖြင့် ရေသည် တဘက် တချက်ကွဲ ၍ ၊ ထို သူ နှစ် ယောက်တို့သည် မြေ ပေါ် မှာ ရှောက်သွား ကြ၏ 9 မြစ် တဘက် သို့ ရောက်သောအခါ ၊ ဧလိယ က၊ သင် နှင့် ငါမ ကွာ မှီ ငါ ၌တစုံတခုသောဆုကို တောင်း လော့ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က၊ ကိုယ်တော် ဝိညာဉ် နှစ်ဆ သောအဘို့ ကို အကျွန်ုပ် အပေါ် မှာ ရှိ ပါစေသောဟု တောင်း သော်၊ “ 10 ဧလိယကသင်သည်ရ ခဲသောဆုကို တောင်း ၏။ သင် နှင့် ငါ ကွာ သည်ကို မြင် လျှင် ရ မည်။ သို့မဟုတ် မ ရ ဟု ပြော ဆို၏ 11 ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီး ရထား နှင့် မီး မြင်း တို့သည် ပေါ် လာ၍ ထို သူနှစ် ယောက်တို့ကို ခွဲခွါ သဖြင့် ၊ ဧလိယ သည် လေဘွေ အားဖြင့် ကောင်းကင် သို့ တက် လေ၏ 12 ဧလိရှဲ သည် ကြည့် မြင်လျှင် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဟစ် သော်လည်း ၊ နောက် တဖန် ဧလိယ ကိုမ မြင် ရ။ မိမိ အဝတ် ကို ကိုင် ၍ နှစ် ပိုင်း ဆုတ် လေ၏ 13 အောက်သို့ကျ သော ဧလိယ ဝတ်လုံ ကို ကောက် ၍ ပြန် လေ၏။ ယော်ဒန် မြစ်နား မှာ ရပ် ၍၊ “ 14 ရေ ကို ဝတ်လုံ နှင့် ရိုက် လျက် ၊ ဧလိယ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် အဘယ် မှာရှိတော်မူသနည်းဟူ၍တဖန် ရိုက် သောအခါ ၊ ရေ သည် တဘက် တချက်ကွဲ သဖြင့် ဧလိရှဲ သည် ကူး သွား၏ 15 ယေရိခေါ မြို့မှာ ကြည့်ရှု သော ပရောဖက် အမျိုးသား တို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲ အပေါ် မှာ ကျိန်းဝပ် သည်ဟုဆို လျက် ခရီးဦး ကြိုပြုအံ့သောငှါ သွား ၍ သူ့ ရှေ့ ၌ မြေ ပေါ် မှာ ပြပ်ဝပ် ကြ၏ 16 သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့၌ ခွန်အား ကြီးသောသူ ငါးကျိပ် ရှိ ပါ၏။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင် ကိုရှာ မည်အကြောင်း၊ အခွင့်ပေး တော်မူပါ။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည်သူ့ ကို ချီ ယူ၍ တစုံတခု သောတောင် ပေါ်၌ ဖြစ်စေ၊ ချိုင့် ထဲသို့ ဖြစ်စေချကောင်းချ တော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မ စေလွှတ် ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊” 17 သူတို့သည် ဧလိရှဲ စိတ် အားလျော့သည် တိုင်အောင် အလွန် တောင်းပန်သောအခါ၊ စေလွှတ် ကြဟု ဆို ၏။ သူတို့သည် လူ ငါးကျိပ် ကို စေလွှတ် သဖြင့် ၊ သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့ နိုင်ကြ 18 ဧလိရှဲ သည် ယေရိခေါ မြို့မှာ နေ သေးသည် ဖြစ်၍၊ လူတို့သည် ပြန် လာသောအခါ ၊ မ သွား ကြနှင့်ဟု ငါမြစ်တား သည် မ ဟုတ်လော ဟု ဆို ၏ 19 ထိုမြို့ သား တို့က၊ ကိုယ်တော် မြင် တော်မူသည်အတိုင်း ၊ ဤမြို့ တည် ရာအရပ် သည်သာယာ ပါ၏။ သို့ရာတွင် ရေ မ ကောင်း၊ မြေ လည်း ကိုယ်ဝန် ပျက်စေတတ် ပါသည်ဟု ဧလိရှဲ အား လျှောက် ကြလျှင်၊ “ 20 ဧလိရှဲက၊ ဘူး သစ် တလုံးကို ဆား ထည့် ၍ ယူ ခဲ့ ကြလော့ဟုဆို သည်အတိုင်း ယူ ခဲ့ကြ၏ 21 ဧလိရှဲသည် စမ်း ရေတွင်းသို့ သွား ၍ ဆား ကိုခတ် လျက် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ဤ ရေ ကို ငါ ချိုစေ၏။ နောက် တဖန် သေ စေမည်အကြောင်း၊ ကိုယ်ဝန် ပျက်စေမည်အကြောင်းကို မ ပြု ရဟု၊” 22 ဧလိရှဲ ဆင့်ဆို သော အမိန့် တော်အတိုင်း ထို ရေ သည် ယနေ့ တိုင်အောင် ချို လေ၏ 23 ထို မြို့မှ ဗေသလ မြို့သို့ပြန် ၍ ခရီးသွား စဉ် တွင်၊ လုလင်ပျို တို့သည် မြို့ ထဲ ကထွက် ၍ ၊ ဟေဦးပြည်း ၊ တက် ဦးလော့။ ဟေဦးပြည်း ၊ တက် ဦးလော့ဟု ကဲ့ရဲ့ ကြ၏ 24 ဧလိရှဲ သည် လှည့် ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့် နှင့် ကျိန်ဆို သဖြင့် ၊ ဝံ မနှစ် ကောင်တို့သည် တော ထဲ ကထွက် ၍ လုလင်ပျို လေးကျိပ် နှစ် ယောက်တို့ကို ကိုက် သတ်လေ၏ 25 ထို မြို့မှ ကရမေလ တောင် သို့ ၎င်း၊ ထို တောင်မှ ရှမာရိ မြို့သို့၎င်း အစဉ်အတိုင်းသွား ၏
31 ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ရှစ် နှစ် တွင် ၊ အာဟပ် သား ယောရံ သည်ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို စိုးစံ ၏ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ သို့ရာတွင် မိဘ ကဲ့သို့ မ ပြု။ ခမည်း တော်လုပ် သော ဗာလ ရုပ်တု ကို ပယ်ရှား ၏ 3 သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှား စေ သော နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ် ကို မ ရှောင် ၊ မှီဝဲ ၏ 4 မောဘ မင်းကြီး မေရှာ သည်သိုးထိန်း ကြီး ဖြစ် ၍ ၊ ဣသရေလ ရှင်ဘုရင် အား သိုးသငယ် တသိန်း နှင့် အမွေး ပါသောသိုးထီး တသိန်း ကို ဆက် ရ၏ 5 အာဟပ် သေ သောအခါ ၊ မောဘ မင်းကြီး သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏ 6 ထိုအခါ ယောရံ မင်းကြီး သည် ရှမာရိ မြို့ထဲ က ထွက် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို စာရင်း ယူ၏ 7 ယုဒ ရှင်ဘုရင် ယောရှဖတ် ထံ သို့လူကိုစေလွှတ် ၍ ၊ မောဘ မင်းကြီး သည် ငါ့ ကို ပုန်ကန် ပြီ။ မောဘ ပြည်ကို စစ်တိုက် ခြင်းငှါ ငါ နှင့်အတူ လိုက် မည်လော ဟု မေး လျှင် ၊ ယောရှဖတ်က ငါလိုက် မည်။ ငါ သည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏ လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏ 8 အဘယ် လမ်း ဖြင့် စစ်ချီရမည်နည်းဟုမေး သော် ၊ ဧဒုံ တော လမ်း ဖြင့် ချီ ရမည်ဟုပြန်ပြော ၏ 9 ထိုသို့ ဣသရေလ ရှင်ဘုရင် ၊ ယုဒ ရှင်ဘုရင် ၊ ဧဒုံ ရှင် ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ် ရက် ခရီး သွား ကြ၏။ ဗိုလ်ခြေ များ သောက်စရာ၊ ပါသောတိရစ္ဆာန် များသောက် စရာ ရေ မ ရှိ။ 10 ဣသရေလ ရှင်ဘုရင် က၊ ခက် လှပြီ။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို ၏ 11 ယောရှဖတ် ကလည်း၊ ထာဝရဘုရား ၌ မေး လျှောက် မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမ ရှိသလောဟုမေး လျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန် တယောက် က၊ ဧလိယ လက် ထောက် ရှာဖတ် သား ဧလိရှဲ ရှိပါ၏ဟု လျှောက် သော်၊ “ 12 ယောရှဖတ် က၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် သူ ၌ရှိ တော်မူသည်ဟုဆို လျက် ၊ ရှင် ဘုရင်သုံးပါးတို့သည် ဧလိရှဲ ထံသို့ သွား ကြ၏ 13 ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “ 14 ဧလိရှဲ က၊ ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ အကယ်၍ယုဒ ရှင်ဘုရင် ယောရှဖတ် ၏ မျက်နှာ ကို ငါ မ ထောက် လျှင်၊ သင့် ကို ငါမ ကြည့် မ မြင် လို 15 စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီး သောအခါ ၊ ထာဝရဘုရား ၏ လက် တော်သည် ဧလိရှဲ အပေါ် သို့ ရောက် ၍၊ “ 16 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ချိုင့် ပတ်လည် ၌ ဆယ် ပေါင်းတို့ကို လုပ် ကြလော့ 17 အကြောင်း မူကား၊ သင် တို့နှင့် တိရစ္ဆာန် တို့သည် သောက် စရာဘို့ လေ မ လာ ၊ မိုဃ်း မ ရွာ ဘဲ ဤ ချိုင့် သည် ရေ နှင့် ပြည့် လိမ့်မည် 18 ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည် 19 သင်တို့သည် ခိုင်ခံ့ ထူးဆန်းသော မြို့ ရှိသမျှ တို့ကို လုပ်ကြံ ကြလိမ့်မည်။ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြလိမ့်မည်။ ရေ တွင်း ရှိသမျှ တို့ကို မြေ ဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှ တို့ကို ကျောက်ခဲ နှင့် ဖျက် ကြ လိမ့်မည်ဟု မိန့် တော်မူ၏ 20 နံနက် အချိန် ဘောဇဉ် ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေ သည် ဧဒုံ လမ်း ဖြင့် လာ ၍ တပြည်လုံး ကို လွှမ်း လေ၏ 21 ရှင် ဘုရင်တို့သည် စစ်ချီ၍ လာ ကြောင်း ကို မောဘ ပြည်သားအပေါင်း တို့သည် ကြား သောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှ တို့ကို စုဝေး စေ၍ ၊ ပြည် စွန်းနား မှာ တပ်ချ ကြ၏ 22 နံနက် စောစောထ သောအခါ ၊ ရေ ပေါ် မှာ နေ ရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေ သည်အသွေး ကဲ့သို့ နီ သည်ကို မောဘ ပြည်သားတို့သည် မြင် ကြလျှင်၊” 23 အသွေး ဖြစ်၏။ စင်စစ်ရှင် ဘုရင်တို့သည် တယောက် ကိုတယောက်လုပ်ကြံ ၍ သေ ကြပြီ။ သို့ဖြစ်၍ မောဘ ပြည်သားတို့၊ လု ယူကြလော့ဟု ဆို ကြ၏ 24 ဣသရေလ တပ် သို့ ရောက် သောအခါ ၊ ဣသရေလ လူတို့သည် ထ ၍ မောဘ ပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် မောဘ ပြည်ထဲသို့ တိုင်အောင်လိုက် ၍ လုပ်ကြံ ကြ၏ 25 မြို့ တို့ကိုဖြိုဖျက် ကြ၏။ ကောင်း သော မြေကွက် ရှိသမျှ တို့အပေါ်မှာ လူ အပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်း ကြ၏။ ရေ တွင်း ရှိသမျှ တို့ကိုလည်း မြေ ဖို့ ၍ ၊ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြ၏။ ကိရဟရက် မြို့၌ သာ မြို့ရိုး ကို ချန် ထားရာတွင်၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ် ကြ၏ 26 မောဘ မင်းကြီး သည် အတိုက်မခံနိုင်သည်ကို သိ သောအခါ ၊ ထား ကိုင် သောသူ ခုနစ် ရာ ကို ခေါ် ၍ ဧဒုံ ရှင်ဘုရင် ၏ တပ် ကို ဖျက် မည်ဟု အားထုတ် သော်လည်း မ ဖျက်နိုင်။ 27 နောက်မှ မိမိ ကိုယ်စား နန်း ထိုင်ထိုက်သော သားဦး ကို ယူ ၍ မြို့ရိုး ပေါ် မှာ မီးရှို့ ရာယဇ်ပြု လေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါးအမျက် ထွက်ခြင်း ကို ခံရ သောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ် ပြည် သို့ ပြန်သွား ကြ၏
41 ပရောဖက် အမျိုးသား ၏ မယား တယောက် သည်ဧလိရှဲ ထံသို့ လာ၍၊ ကိုယ်တော် ကျွန် ၊ ကျွန်မ ၏ ခင်ပွန်း သေ ပါပြီ။ ကိုယ်တော် ကျွန် သည် ထာဝရဘုရား ကို ရိုသေ သောသူဖြစ် သည်ကို ကိုယ်တော် သိ တော်မူ၏။ ယခုမှာ ကြွေးရှင် သည်ကျွန်မ ၏သား နှစ် ယောက်ကို ကျွန်ခံ စေခြင်းငှါ လာ ပါပြီဟု ကြွေးကြော် လေ၏ 2 ဧလိရှဲ ကလည်း ၊ သင့် အဘို့ အဘယ်သို့ ငါပြု ရ မည်နည်း။ သင့် အိမ် ၌ အဘယ် ဥစ္စာရှိ သနည်းဟုမေး လျှင်၊” ကိုယ်တော်” ကျွန် မအိမ် ၌ ဆီ အိုး တလုံးမှတပါး အဘယ်ဥစ္စာမျှ မ ရှိပါဟု ပြောဆို သော်၊ 3 ဧလိရှဲက သွား လော့။ အိမ်နီးချင်း ရှိသမျှ တို့တွင် လပ် သောအိုး တို့ကို ငှါး ယူလော့။ များစွာသော အိုး တို့ကို ငှားယူလော့ 4 ကိုယ်အိမ်သို့ ရောက် သောအခါ ၊ သား တို့ကို ခေါ်၍ တံခါး ကို ပိတ် ပြီးမှ ငှါးယူသော အိုး များအထဲ သို့ ဆီကို အပြည့် လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း၊” 5 ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏ 6 အိုး များ၌ ဆီပြည့် သောအခါ ၊ အိုး တလုံးကို ယူ ခဲ့ဦးဟုသား အား ဆို လျှင် ၊ အိုး လပ်မ ရှိပါဟု ပြန်ပြော သော် ၊ ဆီ သည် တန့် လျက် နေ၏ 7 ထိုမိန်းမသည်လာ ၍ ဘုရား သခင်၏ လူ ကို ကြားပြော လျှင် ၊ သူက ထိုဆီ ကိုသွား ၍ ရောင်း ပြီးလျှင် ကြွေး ကို ဆပ် လော့။ ကြွင်း သောဆီကို အမှီပြု၍ သင် နှင့် သား တို့သည် အသက် မွေးကြလော့ဟု ဆို ၏ 8 တနေ့သ၌ဧလိရှဲ သည်ရှုနင် မြို့သို့ သွား ရာ တွင်၊ ထို မြို့၌ ထင်ရှား သောမိန်းမ တယောက်သည် ဧလိရှဲ ကို ကျွေး ခြင်းငှါ ခေါ် ပင့်လေ၏။ နောက်မှထိုလမ်း သို့ သွား သောအခါခါ ၊ ကျွေး ခြင်းကိုခံ အံ့သောငှါ ထို အိမ်သို့ ဝင် တတ်၏ 9 မိန်းမကလည်း၊ ငါ တို့နေရာလမ်းဖြင့် အစဉ် သွား လာသောဤသူ သည် ဘုရား သခင်၏ သန့်ရှင်း သူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏ 10 ဝင်ရိုး အပေါ်မှာ အခန်းငယ် တခုကို လုပ် ကြကုန် အံ့။ သူ့ အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံ တို့ကို ထား ကြကုန် အံ့။ သို့ဖြစ်၍ ၊ သူ သည်ငါ တို့ ဆီ သို့ရောက် သောအခါ ၊ ထို အခန်းထဲ သို့ ဝင် လိမ့်မည်ဟု မိမိ ခင်ပွန်း အား ဆို ၏ 11 တနေ့သ၌ ဧလိရှဲသည် ရောက် သဖြင့် ၊ ထိုအခန်း ထဲသို့ ဝင် ၍ အိပ် နေ၏ 12 ထို ရှုနင် မြို့သူမိန်းမကို ခေါ် လော့ဟု မိမိ ကျွန် ဂေဟာဇိ အား ဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် ဧလိရှဲ ရှေ့ မှာ ရပ် နေ၏ 13 ဧလိရှဲက၊ သင်သည်ငါ တို့အဘို့ ဤ မျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့် အဘို့ အဘယ် သို့ပြု ရ မည်နည်း။ သင့် အဘို့ ရှင်ဘုရင် ထံ ၊ ဗိုလ်ချုပ် မင်းထံ ၌ ငါပြော ရမည်လော ဟု ဂေဟာဇိမေးမည်အကြောင်းစီရင် သော်၊” မိန်းမက၊ ကျွန်မ” သည် ကိုယ် အဆွေအမျိုး တို့တွင် နေ ပါဦးမည်ဟု ပြန်ပြော ၏ 14 ဧလိရှဲကလည်း၊ ဤ မိန်းမအဘို့ အဘယ်သို့ ပြု စရာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဂေဟာဇိ က၊ ဤ မိန်းမ၌ သားသမီး မ ရှိပါ။ သူ့ ခင်ပွန်း လည်း အို လှပြီဟု ဆို သော်၊ 15 တဖန် ခေါ် ဦးလော့ဟုဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် တံခါးဝ မှာ ရပ် နေ၏ 16 ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏ 17 ထိုနောက် မိန်းမ သည် ပဋိသန္ဓေ ယူ၍ ဧလိရှဲ ချိန်းချက် သော အချိန်အရွယ် စေ့သောအခါ သား ကို ဘွားမြင် လေ၏ 18 ထိုသား သည် နို့ ကွာပြီးမှ ၊ တနေ့သ၌ စပါး ရိတ် သောသူတို့ရှိ ရာ မိမိ အဘ ထံသို့ သွား ၍၊ “ 19 ငါ သည်ခေါင်း နာ၏။ ခေါင်း နာ၏ဟု အဘ အား ပြောဆို လျှင် ၊ အဘက၊ သူငယ် ကို အမိ ထံသို့ ယူ သွားဟု လုလင် အား ပြော ၏ 20 လုလင်သည်အမိ ထံသို့ ယူ သွား၍ ၊ သူငယ်သည် အမိ ရင်ခွင် ၌ ထိုင် ၍ မွန်းတည့် အချိန်ရှိပြီးမှသေ ၏ 21 အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်း ကို ဘုရားသခင့် လူ ၏ခုတင် ပေါ် မှာထား ပြီး လျှင်၊ တံခါးကို ပိတ် ခဲ့၍ သွား လေ၏ 22 ခင်ပွန်း ကို လည်း ခေါ် ၍ ၊ ကျွန်ုပ် သည် ဘုရားသခင် ၏လူ ထံသို့ ပြေး ၍ တဖန်ပြန် လာဦးမည်။ လုလင် တယောက် နှင့် မြည်း တစီး ကိုထည့် လိုက်ပါဟုဆို လျှင်၊” 23 ခင်ပွန်းက၊ အဘယ် ကြောင့်ယနေ့ သွား ချင် သနည်း။ လဆန်း နေ့မ ဟုတ်၊ ဥပုသ် နေ့လည်း မ ဟုတ်ဟု ဆို သော် ၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏ 24 မြည်း ကို ကုန်းနှီး တင်ပြီးမှ ကျွန် ကို ခေါ် ၍ နှင် သွားလော့။ ငါမပြောလျှင် ငါ့ ကြောင့် အသွား မ နှေးစေနှင့် ဟု ကျွန် အား မှာ ထားသဖြင့်၊”” 25 ခရီးသွား ၍ ဘုရား သခင်၏ လူ ရှိ ရာ၊ ကရမေလ တောင် ပေါ် သို့ ရောက် သည်ကို ဘုရား သခင်၏ လူ သည် အဝေးကမြင်သောအခါ၊” မိမိ” ကျွန် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမလာ၏ 26 သင်ပြေး ၍ ခရီးဦး ကြိုပြုပြီးလျှင် ၊ ကိုယ်တိုင် မာ ၏လော။ ခင်ပွန်း” မာ ၏လော။ သူငယ်” မာ ၏လော ဟု စေလွှတ်၍ မေးစေသော်၊ မိန်းမကမာ ပါ၏ ဟုဆို ၏ 27 ဘုရား သခင်၏ လူ ရှိရာတောင် ပေါ် သို့ ရောက် သောအခါ ၊ သူ ၏ ခြေ တို့ကို ဘက် လေ၏။ ဂေဟာဇိ သည် ဆီးတား ခြင်းငှါ ချဉ်း လာလျှင် ၊ ဘုရား သခင်၏ လူ ကသူ့ ကို မ ဆီးတားနှင့်။ သူ သည် စိတ် ညှိုးငယ် ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရား သည် ငါ့ အား မ ပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏ 28 မိန်းမကလည်း၊ ကျွန်မသည် ကျွန်မ သခင် ထံမှာ သား ဆုကို တောင်း ပါသလော။ ကျွန်မ” ကိုမုသာ မ သုံးပါ နှင့်ဟု လျှောက် ဆိုသည်မ ဟုတ်လော ဟု ဆို ၏ 29 ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ သင် ၏ခါး ကို စည်း လော့။ ငါ့ တောင်ဝေး ကို ကိုင် ၍ သွား လော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာ တင် လော့ဟု မှာထားလေ၏ 30 အမိ ကလည်း၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မ သွားနိုင်ပါဟု ဆို လျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ၏ 31 ဂေဟာဇိ သည်အရင် သွား ၍ ၊ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာတင် သော်လည်း ၊ သူငယ်သည် အသံ မ ပြုအမှုမ ထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲ ကို ခရီးဦး ကြိုပြု၍ ၊ သူငယ် သည် မ နိုး ပါဟု ပြန်ပြော ၏ 32 ဧလိရှဲ သည် အိမ် သို့ ရောက် သောအခါ ၊ သူငယ် သေ လျက်၊ မိမိ ခုတင် ပေါ် မှာ တင် ထားလျက်ရှိသည်ကို တွေ့ သဖြင့်၊ “ 33 အထဲသို့ဝင် ၍ နှစ် ယောက်တည်းရှိစေခြင်းငှါ တံခါး ကိုပိတ် လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏ 34 သူငယ် ၏အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ် မှာအိပ် လျက် နှုတ် ချင်း၊ မျက်စိ ချင်း၊ လက် ချင်းထပ်လျက် ၊ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် သူငယ် အသား သည် နွေး စရှိ၏ 35 တဖန် ဆင်း ၍ အခန်း ထဲ မှာစင်္ကြံ သွားပြီးလျှင် ၊ ချဉ်း ပြန်၍ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် ၊ သူငယ် သည် ခုနစ် ကြိမ် ချေ ဆတ်၍ မျက်စိ ကိုဖွင့် ၏ 36 ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမကို ခေါ် လိုက်ဟုဆို သည်အတိုင်း ခေါ် ၍ သူသည် ရောက် လာသောအခါ ၊ ဧလိရှဲ က သင် ၏သား ကို ချီ ယူ လော့ဟု ဆို ၏ 37 မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေ ပေါ် မှာ ပြပ်ဝပ် ဦးချပြီးလျှင် သား ကိုချီ ယူ၍ ထွက် သွား၏ 38 တဖန် ဧလိရှဲ သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထိုပြည် ၌ အစာ ခေါင်းပါး၏။ ပရောဖက် အမျိုးသား တို့ သည် ဧလိရှဲ ရှေ့ မှာထိုင် ကြစဉ်၊ ပရောဖက် အမျိုးသား တို့ အဘို့ ကြီး သော အိုး ကင်းကိုပြင် ၍ ဟင်း ချက်လော့ဟု မိမိ ကျွန် အား ဆို ၏ 39 တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊” 40 ထိုဘူးမျိုးကို မ သိ ဘဲဟင်း အိုး ထဲသို့ ခတ်လေ၏။ ဟင်း အိုးစား အံ့ဟု လောင်း ပြီးမှ ဝိုင်း၍စား ကြစဉ်တွင်၊ အိုဘုရား သခင်၏လူ ၊ အိုး ထဲ၌ သေ ဘေးရှိ ပါသည်ဟု အော်ဟစ် ၍ မ စား နိုင် ဘဲ နေကြ၏ 41 ဧလိရှဲကလည်း၊ မုန့်ညက် ကို ယူ ခဲ့ဟုဆို ၍ အိုး ထဲ မှာ ခတ် ပြီးလျှင် ၊ လူ များစား စရာဘို့လောင်း ဦးလော့ဟု ဆို ပြန်သော် ၊ အိုး ၌ ဘေး မ ရှိ။ 42 တဖန် ဗာလရှလိရှ မြို့မှ လူ တယောက်သည် လာ ၍ ၊ အဦး သီးသော မုယော ဆန်ဖြင့် လုပ်သော မုန့် လုံး နှစ်ဆယ် နှင့် အိတ် ၌ ထည့်သော အသီးအနှံ များကို ဘုရား သခင် ၏ လူ ထံသို့ ဆောင် ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များ ကို ကျွေး လော့ဟုဆို လျှင်၊ “ 43 ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊” 44 ကျွန်သည်လူ များရှေ့ မှာထည့် ၍ ထာဝရဘုရား ၏ စကား တော်နှင့်အညီ ထိုသူတို့သည် ဝစွာစား ကြ၍ ၊ စားစရာကျန်ကြွင်း လျက်ရှိ၏
51 ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏ 2 ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏ 3 ထိုကျွန်မကလည်း၊ ကျွန်မ သခင် သည် ရှမာရိ မြို့ ၌ ရှိသောပရောဖက် ထံ သို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင် ၌ စွဲသော နူနာ ကို ပျောက် စေလိမ့်မည်ဟု မိမိ သခင်မ အား ဆို ၏ 4 နေမန်သည် မိမိ အရှင် ထံသို့ ဝင် ၍ ဣသရေလ အမျိုး မိန်းမ ငယ်စကား ကို ပြန် လျှောက်၏ 5 ရှုရိ ရှင်ဘုရင် ကလည်း သွား လော့။ သွား လော့။ ဣသရေလ ရှင်ဘုရင် ထံသို့ စာ ပေး လိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေ အခွက် တ ရာ၊ ရွှေ အခွက် ခြောက်ဆယ်၊ အဝတ် ဆယ် စုံ ကို ယူ သွား၍၊ “ 6 ဣသရေလ ရှင်ဘုရင် ထံသို့ မိမိအရှင်၏စာ ကို သွင်း လေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ ကျွန် နေမန် ၏နူနာ ကို ပျောက် စေခြင်းငှါ သူ့ ကို ဤ စာ နှင့်အတူ ငါစေလွှတ် သည်ဟု ပါသတည်း 7 ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏ 8 ဣသရေလ ရှင် ဘုရင်သည် မိမိ အဝတ် ကို ဆုတ် သည်ဟု ဘုရား သခင်၏ လူ ဧလိရှဲ သည်ကြား လျှင် ၊ ကိုယ်တော် သည် အဘယ် ကြောင့်အဝတ် ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ ထံသို့ လာ ပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက် ရှိ သည်ကို သိ လိမ့်မည်ဟု ရှင်ဘုရင် ကို မှာ လိုက်လေ၏ 9 ထိုကြောင့် ၊ နေမန် သည် မြင်း ရထား ကို စီးသွား ၍ ဧလိရှဲ အိမ် ရှေ့ မှာ ရပ် နေ၏ 10 ဧလိရှဲ က၊ သင် သည်သွား ၍ ယော်ဒန် မြစ်၌ ခုနစ် ကြိမ် တိုင်အောင် ရေချိုး လော့။ အသား ပြောင်း ၍ သန့်ရှင်း လိမ့်မည်ဟု လူ ကိုစေလွှတ် ၍ ပြော စေ၏ 11 နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏ 12 ဒမာသက် ပြည်၌အာဗန မြစ်၊ ဖာဖာ မြစ်တို့သည် ဣသရေလ မြစ် အလုံးစုံ ထက် သာ၍ ကောင်းသည် မ ဟုတ် လော ။ ထို” မြစ်၌ ငါရေချိုး ၍ မ သန့်ရှင်း ရသလော ဟု ဆို လျက် အမျက် ထွက်၍ ပြန် သွား ၏ 13 ကျွန် တို့သည် ချဉ်း လာ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက် စီရင်လျှင် ပြု တော်မူမည် မ ဟုတ်လော။ ရေချိုး” ၍ သာ သန့်ရှင်း ခြင်းသို့ ရောက် လော့ဟု စီရင် လျှင် အဘယ်မျှ လောက်သာ၍ပြုတော်မူသင့်ပါသည်တကားဟု လျှောက် ကြသော်၊ “ 14 နေမန်သည် သွား ၍ ဘုရား သခင်၏ လူ စီရင် သည်အတိုင်း ၊ ယော်ဒန် မြစ်၌ ကိုယ်ကိုခုနစ် ကြိမ် နှစ် သဖြင့် ၊ သူ ၏အသား သည် သူငယ် ၏အသား ကဲ့သို့ ပြောင်း ၍ သန့်ရှင်း ခြင်းသို့ ရောက်၏ 15 သို့ပြီးမှ လိုက် သော သူအပေါင်း တို့နှင့်တကွ ဘုရားသခင် ၏ လူ ထံ သို့ပြန်လာ ၍ သူ့ ရှေ့ ၌ရပ် လျက် ၊ ဣသရေလ ပြည်မှတပါး အဘယ် ပြည် ၌ မျှ ဘုရားသခင် မရှိ သည် ကို ယခု အကျွန်ုပ်သိ ပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန် လှူသော အလှူလက်ဆောင်ကို ခံယူ တော်မူပါဟု တောင်း လျှောက်လေ၏ 16 ဧလိရှဲကလည်း၊ ငါကိုးကွယ် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း မ ခံ မယူရဟုဆို လျှင်၊ ခံယူ စေခြင်းငှါ တဖန် တိုက်တွန်း သော်လည်း ငြင်းပယ် လျက်နေ၏ 17 နေမန် ကလည်း ၊ သို့ဖြစ်လျှင်ကိုယ်တော် ကျွန် သည် မြည်း နှစ် စီးနှင့် တင် ၍မြေ အနည်းငယ်ကို ယူ ပါရ စေ။ ကိုယ်တော် ကျွန် သည် မီးရှို့ ရာ ယဇ်အစ ရှိသော အဘယ်ယဇ် ကိုမျှ ထာဝရဘုရား မှတပါး အခြား သော ဘုရား အား နောက်တဖန် မ ပူဇော် ပါ 18 သို့သော်လည်းအကျွန်ုပ် သခင် သည် ကိုးကွယ်အံ့ဟု ရိမ္မုန် ဘုရား၏ကျောင်း သို့ သွား၍ အကျွန်ုပ် ကို မှီ လျက် ရိမ္မုန် ကျောင်း ၌ ကိုယ်ကို ညွှတ် သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ် လျှင် ၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် ကို အပြစ် လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊” 19 ဧလိရှဲက၊ ငြိမ်ဝပ် စွာသွား လော့ဟု ဆို ၏။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ၊” 20 ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊” 21 နေမန် နောက် သို့ လိုက် လေ၏။ လိုက် ကြောင်း ကို နေမန် သည် မြင် လျှင် ၊ ကြိုဆို အံ့သောငှါ ရထား မှ ဆင်း ၍ ၊ ရှိသမျှကောင်း သလော ဟုမေး သော်၊” 22 ဂေဟာဇိကကောင်း ပါ၏။ ယခု တွင် ပရောဖက် အမျိုးသား လုလင် နှစ် ယောက်သည် ဧဖရိမ် တောင် မှ ရောက် လာပြီ။ ငွေ အခွက် တဆယ်နှင့် အဝတ် နှစ် စုံ ကို သူ တို့အဘို့ ပေး ပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင် သည် ကျွန်တော် ကိုစေလွှတ် ပါပြီဟု ဆို လျှင်၊ “ 23 နေမန် က၊ အခွက် နှစ်ဆယ်ကို မ ငြင်းယူ ပါလော့ ဟု တိုက်တွန်း လျက် ၊ ငွေ အခွက် နှစ်ဆယ်ကို အိတ် နှစ် လုံး၌ အဝတ် နှစ် စုံ နှင့်တကွ စည်း ၍ မိမိ ကျွန် နှစ် ယောက်အပေါ် မှာ တင် သဖြင့် ၊ သူတို့သည်ဂေဟာဇိ ရှေ့ ၌ ထမ်း သွားရ၏ 24 မြို့ရိုး သို့ ရောက် သောအခါ ၊ ထို ဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထား သဖြင့် ၊ ထမ်းသောသူ တို့ကို လွှတ် လိုက်ပြီးမှ၊ “ 25 ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “ 26 ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော 27 သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏
61 ပရောဖက် အမျိုးသား တို့က၊ ကိုယ်တော် နှင့်အတူ ယခု နေ သောအရပ် သည် ကျဉ်းမြောင်း ပါ၏ 2 အကျွန်ုပ် တို့သည် ယော်ဒန် မြစ်နား သို့ သွား ပါ ရစေ။ ထို အရပ်၌ ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေ စရာဘို့ လုပ် ပါရစေဟု ဧလိရှဲ ထံ ၌ အခွင့်တောင်း လျှင်၊ သွား ကြလော့ဟု အခွင့် ပေး၏ 3 အချို့ကလည်း မ ငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွ တော်မူပါဟု တောင်းပန် လျှင် ၊ ငါ သွား မည်ဟု ဝန်ခံ သည်အတိုင်း၊ “ 4 သူ တို့နှင့်အတူ လိုက် လေ၏။ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ သစ်သား ကိုခုတ် ကြ၏ 5 တယောက် သောသူသည် ခုတ် စဉ်တွင် ၊ ရေ ထဲသို့ ပုဆိန် ကျ ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထို” ပုဆိန်သည် ငှါး ခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊ “ 6 ဘုရားသခင် ၏လူ က၊ အဘယ် မှာကျ သနည်းဟုမေး သော် ၊ ကျရာအရပ် ကိုပြ ပြီးမှ၊ ဒုတ် ကိုခုတ် ၍ ထို အရပ်၌ ချ သဖြင့် ပုဆိန် သည် ပေါ လောနေ၏ 7 ဆယ်ယူ လော့ဟု ဧလိရှဲဆို သည်အတိုင်း ၊ တပည့် သည် လက် ကို ဆန့် ၍ ဆယ်ယူ ၏ 8 တဖန် ရှုရိ ရှင် ဘုရင်သည် ဣသရေလ ပြည်ကို စစ် တိုက်၍ ၊ ဤ မည်သောအရပ် ၌ ငါ တို့သည် တပ်ချ ကြ ကုန်အံ့ဟု ကျွန် တို့နှင့် တိုင်ပင် သောအခါ၊”” 9 ဘုရားသခင် ၏လူ သည် ဣသရေလ ရှင်ဘုရင် ထံသို့ လူကိုစေလွှတ် ၍ ၊ ဤ မည်သောအရပ် ကို သတိ ပြုပါ။ ထို အရပ်သို့ ရှုရိ လူတို့သည် လာ ကြပြီဟု၊” 10 သတိ ပေးသောအရပ် သို့ ဣသရေလ ရှင် ဘုရင် သည် လူ ကိုစေလွှတ် ၍ တကြိမ် နှစ်ကြိမ် မက ရန်သူတို့ကို ရှောင် လေ၏ 11 ထို အကြောင်း ကြောင့် ရှုရိ ရှင် ဘုရင်သည် စိတ် ပူပန် ၍ ကျွန် တို့ကို ခေါ် ပြီးလျှင် ၊ ငါ တို့တွင် အဘယ်သူ သည် ဣသရေလ ရှင်ဘုရင် ဘက်၌ နေသည်ကို ငါ့ အား မ ပြ ဘဲနေကြသနည်း ဟုမေး သော်၊ 12 ကျွန် တယောက် က ၊ ထိုသို့မ ဟုတ်ပါ အရှင် မင်းကြီး ၊ ကိုယ်တော် စက် တော်မူခန်း ထဲ ၌မိန့် တော်မူသော စကား ကိုပင်၊ ဣသရေလ ပြည်၌ ရှိသောပရောဖက် ဧလိရှဲ သည်၊ ဣသရေလ ရှင်ဘုရင် အား ပြန် ပြောတတ်ပါသည် ဟု လျှောက် လေ၏ 13 ရှင် ဘုရင်ကလည်း ၊ သူ သည်အဘယ် အရပ်၌ ရှိသည်ကို သွား ၍ ချောင်းကြည့် လော့။ သူ့ ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ် မည်ဟု မိန့် တော်မူပြီးမှ ၊ ဒေါသန် မြို့ ၌ ရှိပါသည်ဟု လျှောက် လေ၏ 14 ထို မြို့သို့ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ များ ကို စေလွှတ် သဖြင့် ၊ ညဉ့် အခါရောက် ၍ မြို့ ကို ဝိုင်း ကြ၏ 15 နံနက်စောစောဘုရား သခင့်လူ ၏ ကျွန် သည် ထ ၍ ပြင်သို့ ထွက် သောအခါ ၊ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ တို့သည် မြို့ ကို ဝိုင်း လျက် ရှိကြသည်ဖြစ်၍၊ အိုသခင် ၊ အဘယ်သို့ ပြု ရပါမည်နည်းဟု မိမိ သခင် အား ဆို ၏ 16 ဧလိရှဲကမ စိုးရိမ် နှင့်။ ငါ တို့ဘက် ၌ နေသောသူတို့ သည် ရန်သူ တို့ဘက် ၌ နေသော သူတို့ထက်သာ၍ များ ကြသည်ဟု ဆို လျက်၊ “ 17 အိုထာဝရဘုရား ၊ ဤသူသည် မြင် နိုင်မည် အကြောင်း သူ ၏မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ထာဝရဘုရား သည် ထိုလုလင် ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ ဧလိရှဲ ပတ်လည် ၌ တတောင် လုံး သည်မီး မြင်း ၊ မီးရထား နှင့် ပြည့် သည်ကို မြင် လေ၏ 18 ရှုရိလူ တို့သည် ရောက် လာသောအခါ ၊ ဧလိရှဲ က၊ အိုထာဝရ ဘုရား ၊ ဤ သူ တို့၏ မျက်စိ မမြင်စေခြင်းငှါ ၊ ဒဏ်ခတ် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ဒဏ်ခတ် တော်မူ၏ 19 ဧလိရှဲ ကလည်း ၊ ဤ လမ်း မ ဟုတ်။ ဤ မြို့ လည်း မ ဟုတ်။ ငါ့ နောက် သို့လိုက် ကြ။ သင်တို့ရှာ သောသူ ရှိရာသို့ ငါပို့ မည်ဟု ဆို လျက် ရှမာရိ မြို့သို့ ပို့ လေ၏ 20 မြို့ထဲသို့ ရောက် ပြီးမှ ဧလိရှဲ က၊ အိုထာဝရဘုရား ၊ ဤသူတို့သည် မြင် နိုင်မည်အကြောင်း သူ တို့၏ မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူ တို့၏မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူတို့သည် မြင် ၍ ရှမာရိ မြို့ထဲမှာ ရှိ သည်ဟု သိကြ၏ 21 ဣသရေလ ရှင်ဘုရင် ကလည်း ၊ အဘ ၊ ထိုသူ တို့ကိုထားနှင့် သတ် ရပါမည်လော ဟု ဧလိရှဲ အား မေး လျှင်၊ 22 မ သတ် ပါနှင့်။ ထား နှင့် ခုတ် လျက် ၊ လေး နှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကိုသတ် ရမည် လော။ သူတို့ရှေ့မှာ မုန့် နှင့် ရေ ကိုထည့် ၍သူတို့သည် စား သောက် ပြီးမှ ၊ မိမိ တို့သခင် ထံသို့ သွား ပါစေဟု ဆို လျှင်၊ 23 များ စွာသော စားစရာ ကို ပြင်ဆင် ၍ စား သောက် စေပြီးမှ လွှတ် လိုက်သဖြင့် ၊ သူတို့သည် မိမိ တို့ သခင် ထံသို့ ပြန် သွားကြ၏။ ထိုနောက်မှရှုရိ လူ တို့သည် အလို အလျောက်တပ်ဖွဲ့၍ ဣသရေလ ပြည် သို့ မ လာ ကြ 24 နောက် တဖန်ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် ဗိုလ်ခြေ အပေါင်း ကို စုဝေး စေသဖြင့် စစ်ချီ ၍ ရှမာရိ မြို့ကို ဝိုင်း ထား၏ 25 ကြာမြင့်စွာဝိုင်း ထားသောကြောင့် ၊ ရှမာရိ မြို့၌ အလွန် အစာခေါင်းပါး ၍ ၊ မြည်း ခေါင်း တလုံးကို ငွေ ရှစ် ဆယ်နှင့် ၎င်း၊ ပဲကြမ်း တ ပြည်ကို ငွေ ငါး ကျပ်နှင့် ၎င်း ရောင်းရ ၏ 26 ဣသရေလ ရှင် ဘုရင်သည် မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ်၊ မိန်းမ တယောက်ကအရှင် မင်းကြီး ၊ ကယ်မ တော်မူပါဟု အော်ဟစ် ၏ 27 ရှင်ဘုရင်က၊ ထာဝရဘုရား ကယ်မ တော်မ မူလျှင် ၊ ငါသည် အဘယ်သို့ ကယ်မ နိုင်မည်နည်း။ စပါး နယ်ရာတလင်း၊ စပျစ်သီး နယ်ရာ ကျင်းထဲက ကယ်မရမည်လော ဟူ၍၎င်း၊” 28 သင် ၌ အဘယ် သို့ဖြစ်သနည်းဟူ၍၎င်း မေး လျှင်၊ မိန်းမက၊ ဤ မိန်းမ သည်ကျွန်မ ဆီ သို့လာ၍၊ သင့် သား ကို ယနေ့ ငါတို့စား ဘို့အပ် ပါ။ နက်ဖြန် နေ့၌ ငါ့ သား ကို စား ရမည်ဟုဆို သည်အတိုင်း၊” 29 ကျွန်မ ၏သား ကို ပြုတ် ၍ စား ကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မ က ၊ သင် ၏သား ကို ငါတို့စား ဘို့ အပ် ပါဟု တောင်းသော်၊” သူသည် မိမိ” သား ကို ဝှက် ထားပါသည်ဟု လျှောက် လေ၏ 30 ရှင် ဘုရင်သည် ထိုမိန်းမ ၏စကား ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် လေ၏။ မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ် လူ တို့သည်ကြည့် ၍ ၊ အတွင်း ၌ လျှော်တေ အဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင် ရကြ၏ 31 ရှင်ဘုရင်ကလည်း၊ ရှာဖတ် သား ဧလိရှဲ ၏ ဦးခေါင်း သည် ယနေ့ သူ့ ကိုယ်နှင့် မ ကွာဘဲနေလျှင် ၊ ထာဝရဘုရား သည် ထိုမျှမက ၊ ငါ ၌ ပြု တော်မူပါစေသော ဟု ဆို ၏ 32 ဧလိရှဲ သည် မိမိ အိမ် ၌ ထိုင် ၍ အသက် ကြီးသူတို့ သည် သူ နှင့်အတူ ထိုင် ကြစဉ်၊ ရှင်ဘုရင်သည် မိမိ ရှေ့ မှာ လူ တယောက်ကို စေလွှတ် ၏။ ထိုတမန် မ ရောက် မှီ ဧလိရှဲက၊ လူသတ် ၏သား သည် ငါ့ လည်ပင်း ကို ဖြတ် စေခြင်းငှါ ၊ စေလွှတ် သည်ကို သိမြင် ကြသလော။ ထိုတမန်” ရောက် သောအခါ ၊ တံခါး ကိုပိတ် ၍ ၊ တံခါး နား မှာသူ့ ကို ဆီးတား ကြလော့။ သူ့ နောက် မှာသူ့ သခင် ခြေ သံ မ မြည် သလော ဟု၊” 33 အသက်ကြီး သူတို့အား ပြော စဉ်တွင်၊” ထိုတမန်” သည် ရောက် လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤ အမှုသည် ထာဝရဘုရား စီရင်သော အမှုဖြစ်၏။ ထာဝရဘုရား ကျေးဇူးကို အဘယ် ကြောင့်မြော်လင့် ရသေးသနည်းဟုဆို သော်၊ “
71 ဧလိရှဲ က၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နက်ဖြန် နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏ 2 ရှင်ဘုရင် မှီ ခြင်းကို ခံရသောအမတ် က၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရား သခင် ၏လူ အားဆို သော်၊ ဘုရားသခင်၏လူက၊ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟု ပြန်ပြော ၏ 3 ထိုအခါ မြို့ တံခါးဝ ၌ ထိုင်လျက်ရှိ သောလူ နူ လေး ယောက်တို့က၊ ငါတို့သည် သေ သည်တိုင်အောင် အဘယ် ကြောင့်ဤ အရပ်၌ ထိုင် ရမည်နည်း 4 မြို့ ထဲသို့ဝင် လျှင် အစာခေါင်းပါး သောကြောင့် သေ ရမည်။ ဤ အရပ်၌ ထိုင်လျက်နေ လျှင် လည်း သေ ရ မည်။ သို့ဖြစ်၍ ရှုရိ တပ် သို့ ဝင် စားကြကုန်အံ့။ သူတို့သည် အသက် ရှင်စေလျှင် ရှင် ရမည်။ သတ် လျှင် သေ ရမည်ဟု တိုင်ပင် ပြီးလျှင်၊ “ 5 မိုဃ်း မလင်းမှီထ ၍ ရှုရိ တပ် သို့ သွား ကြ၏။ တပ် ဦး သို့ ရောက် သောအခါ အဘယ်သူ ကိုမျှ မ တွေ့ ကြ 6 အကြောင်း မူကား၊ ရှုရိ လူ တို့သည်ရထား စီးသူရဲ၊ မြင်း စီးသူရဲ၊ များစွာ သော ဗိုလ်ခြေ အသံ ကိုကြား စေခြင်းငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့်၊ သူတို့ကဣသရေလ ရှင် ဘုရင်သည် ငါ တို့ကို တိုက် စေခြင်းငှါ ၊ ဟိတ္တိ မင်း များ၊ အဲဂုတ္တု မင်း များတို့ကို ငှါး ပြီဟု တယောက် ကိုတယောက်ဆို လျက်၊ “ 7 မိုဃ်း မလင်းမှီထ ၍ သူ တို့တဲ ၊ မြင်း ၊ မြည်း အစရှိသော တတပ်လုံး ကို စွန့်ပစ် ၍ ကိုယ် အသက် လွတ် အောင် ပြေး ကြ၏ 8 လူနူ တို့သည် တပ် ဦး သို့ ရောက် သောအခါ ၊ တဲ တခု ထဲသို့ ဝင် ၍ စား သောက် ပြီးမှ ၊ ရွှေ ငွေ အဝတ် တန်ဆာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏။ နောက် တဖန် အခြား သောတဲ သို့ ဝင် ၍ ၊ ဥစ္စာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏ 9 သို့ရာတွင် ၊ ငါ တို့သည်ကောင်းမွန် စွာ မ ပြု ပါ တကား။ ယခု နေ့ သည် ကောင်း သော သိတင်းကို ကြားပြောရသောနေ့ ဖြစ်လျက် ၊ ငါ တို့သည် မ ကြားမပြော ဘဲ နေပါပြီတကား။ မိုဃ်းလင်း သည်တိုင်အောင် မပြောဘဲ နေလျှင် အမှု တစုံတခုရောက် လိမ့်မည်။ သို့ဖြစ်၍ နန်းတော် ၌ သိတင်းကြားပြော အံ့သောငှါ ငါတို့သည် သွား ကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊” 10 မြို့ သို့သွား ၍ တံခါး ပြင်၌ ဟစ် ခေါ်လျက် ၊ ငါတို့ သည် ရှုရိ တပ် သို့ ရောက် ၍ အဘယ်သူကိုမျှ မ တွေ့။ လူ” သံ ကိုမကြား။ မြင်း ၊ မြည်း တို့ကို ချည်နှောင် လျက် ၊ တဲ များလည်း တတ်တိုင်း ရှိသည်ကိုတွေ့ပါ၏ဟု ကြား ပြောသည်အတိုင်း၊” 11 တံခါး စောင့်တို့သည် တယောက်ကိုတယောက်ဟစ် ၍ ၊ ထိုသိတင်းသည် နန်းတော် ထဲ သို့ ရောက် လေ၏ 12 မိုဃ်း မလင်းမှီ ရှင် ဘုရင်သည်ထ ၍ ၊ ရှုရိ လူတို့ သည် ငါ တို့၌ အဘယ်သို့ ပြု လိုသည်ကို ငါပြော မည်။ သူတို့က မြို့ ပြင်သို့ ထွက် သော မြို့သားတို့ကို အရှင် ဘမ်း ပြီးမှ ၊ မြို့ ထဲ သို့ ဝင် မည်အကြံ ရှိ၍ ၊ ငါ တို့ငတ်မွတ် ကြောင်း ကို သိ သောကြောင့် ၊ မိမိတို့တပ် ပြင်သို့ ထွက် ၍ တော ၌ ပုန်းရှောင် လျက် နေကြသည်ဟုဆို လျှင်၊ 13 ကျွန် တယောက် က၊ မြို့ ၌ ကျန်ကြွင်း သော မြင်း ငါး စီးကိုပေး တော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ဖြစ်ပါ ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကိုပေး တော်မူပါဟုလျှောက်ပြီးမှ၊” 14 ရထား မြင်း နှစ် စီးကို ယူ ပြီးလျှင် သွား ၍ ကြည့်ရှု လော့ဟု ရှင် ဘုရင်သည် ရှုရိ ဗိုလ်ခြေ နောက် သို့ စေလွှတ် သည်အတိုင်း၊ “ 15 ယော်ဒန် မြစ်တိုင်အောင် လိုက် ကြ၏။ ရှုရိ လူတို့ သည် အလျင် အမြန်ပြေးရာတွင် ၊ ပစ် ခဲ့သော အဝတ် တန်ဆာ တို့သည် လမ်း ၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန် လာ၍ နား တော်လျှောက်ကြ၏ 16 ထိုအခါ မြို့သား တို့သည် ထွက် ၍ ရှုရိ တဲ တို့ကို လုယူ ကြ၏။ ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရောင်းကြ၏ 17 ရှင်ဘုရင် မှီ ခြင်းကိုခံရသောအမတ် သည်၊ အမိန့် တော်အတိုင်း တံခါး တော်ကို စောင့် သည်တွင် ၊ ထွက်ဝင်သောသူ တို့ နင်း မိ၍ ဘုရား သခင်၏လူ သည် ရှင်ဘုရင် ရောက် လာသောအခါ ပြော ဆိုနှင့်သည် အတိုင်း ၊ ထိုအမတ်သေ လေ၏ 18 ဘုရား သခင်၏ လူ က၊ နက်ဖြန် နေ့ယခုအချိန် ရောက် လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရ လိမ့်မည်ဟု ရှင်ဘုရင် အား ဆင့်ဆို သည်အတိုင်း ဖြစ် ၏ 19 အမတ်ကလည်း၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအား ဆို၍၊ ဘုရား သခင်၏လူ က သင် သည်ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟုပြန်ပြော သည် အတိုင်း၊ “ 20 ထို အမတ်၌ ဖြစ် ၏။ မြို့တံခါးဝ မှာ မြို့သား တို့ နင်း ခြင်းကို ခံရ၍ သေ လေ၏
81 တဖန် ဧလိရှဲ သည် အထက်က အသက်ရှင် စေ သော သူငယ် ၏အမိ ကို ခေါ် ၍၊ သင် သည် အိမ်သူ အိမ်သားနှင့်တကွ ထ သွား လော့။ တည်းခို ၍ နေနိုင်သော အရပ် တစုံတရပ်၌ တည်းခို ၍နေလော့။ ထာဝရဘုရား သည် အစာ ခေါင်းပါးရာကာလကို မှာ လိုက်တော်မူပြီ။ တပြည်လုံး ၌ ခုနစ် နှစ် ခေါင်းပါး လိမ့်မည်ဟု သတိ ပေး၏ 2 ထိုမိန်းမ သည် ဘုရား သခင့်လူ ၏စကား ကို နားထောင် သဖြင့် ၊ အိမ်သူ အိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိ ပြည် ၌ ခုနစ် နှစ် နေ ၏ 3 ခုနစ် နှစ် စေ့ သောအခါ ၊ ဖိလိတ္တိ ပြည် မှ ပြန် လာ၍ ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံမည့် အကြံနှင့် ရှင်ဘုရင် ထံ သို့သွား ၏ 4 ထိုအခါ ရှင် ဘုရင်သည် ဘုရား သခင့်လူ ၏ ကျွန် ဂေဟာဇိ နှင့် နှုတ်ဆက် လျက်၊ ဧလိရှဲ ပြု သော အံ့ဩဘွယ် သော အမှုအလုံးစုံ တို့ကို ပြော ပါလော့ဟု မိန့် တော်မူ၍၊ “ 5 ဧလိရှဲ သည် သေ သောသူ အသက် ရှင်စေ ကြောင်း ကို ဂေဟာဇိ သည် ပြန် လျှောက်စဉ်တွင် ၊ အသက် ရှင် စေသောသူငယ် ၏ အမိ သည်ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင် မင်းကြီး ၊ ဤ မိန်းမ ကား ယခုပြော သော မိန်းမ၊ ဤ သူငယ် ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါသည် ဟု လျှောက်လျှင်၊” 6 ရှင် ဘုရင်သည် မိန်းမ ကို မေး ၍ မိန်းမလည်း သက်သေ ခံ၏။ ထိုအခါ ရှင်ဘုရင် က၊ သူ ၏ဥစ္စာ ရှိသမျှ ကို ၎င်း ၊ ပြည် တော်က ထွက် သောနေ့ မှစ၍ ယခု တိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို၎င်း ပြန် ပေးစေဟု မိန့် တော်မူလျက် ၊ သူ၏အမှုကို စောင့်စေခြင်းငှါအရာရှိ တယောက် ကို ခန့်ထား တော်မူ၏ 7 တဖန် ဧလိရှဲ သည် ဒမာသက် မြို့သို့သွား ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် နာ နေ၏။ ဘုရား သခင် ၏လူ ရောက် ကြောင်း ကို နား တော်လျှောက်လေ သော်၊ “ 8 ဟာဇေလ ကို ခေါ် ၍ ၊ သင် သည်လက်ဆောင် ကို ဆောင် လျက် ဘုရား သခင်၏ လူ ကိုခရီးဦး ကြိုပြုပြီးလျှင် ၊ ငါသည်ဤ အနာ မှ ထမြောက် မည်လော ဟု သူ အားဖြင့် ထာဝရဘုရား ကို မေးလျှောက် လော့ဟု စေလွှတ် သည် အတိုင်း၊ “ 9 ဟာဇေလ သည်ကုလားအုပ် လေးဆယ် အပေါ်မှာ ဒမာသက် ဥစ္စာ များကိုတင် ၍ ၊ လက်ဆောင် ကို ဆောင် သဖြင့် ၊ ဘုရားသခင်၏လူကို ခရီးဦး ကြို ပြုခြင်းငှါ သွား ၍ ရှေ့ တော်၌ ရပ် လျက် ၊ ကိုယ်တော် ၏သား ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် က၊ ငါသည်ဤ အနာ မှ ထမြောက် ရမည်လော ဟု မေးမြန်း စေခြင်းငှါ ၊ ကျွန်တော် ကို စေလွှတ် ပါသည်ဟု ဆို ၏ 10 ဧလိရှဲ ကလည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် ထမြောက် နိုင်ပါ၏ဟု ပြန် လျှောက် လော့။ သို့သော်လည်း ဆက်ဆက် သေရမည်အကြောင်း ကို ထာဝရဘုရား သည် ငါ့ အားပြ တော်မူပြီဟုဆို လျက်၊” 11 စေ့စေ့ကြည့်ရှု ၍ ဟာဇေလ သည် မျက်နှာ ပျက် လေ၏။ ဘုရား သခင်၏ လူ သည်လည်း မျက်ရည် ကျ၏ 12 ဟာဇေလ ကလည်း ၊ သခင် သည် အဘယ် ကြောင့် မျက်ရည် ကျတော်မူသနည်းဟုမေး လျှင် ဧလိရှဲ က၊ သင်သည် ဣသရေလ အမျိုးသား တို့၌ ပြု လတံ့သော ဘေးဥပဒ်တည်းဟူသောသူ တို့ ၏ ရဲတိုက် များကို မီးရှို့ ခြင်း၊ လုလင် များကို ထား နှင့် သတ် ခြင်း၊ သူငယ် များကို မြေပေါ်မှာ ဆောင့် ဖွပ်ခြင်း၊ ကိုယ်ဝန် ဆောင်သော မိန်းမများ၌ ဝမ်းခွဲ ခြင်းကို ပြုလိမ့်မည်ဟု ငါသိ မြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြော သော်၊” 13 ဟာဇေလ က၊ ကိုယ်တော် ကျွန် သည် ခွေး ဖြစ်လျက် နှင့် ဤ မျှလောက်ကြီး သော အမှု ကို ပြု ရပါလိမ့်မည် လောဟု မေး ပြန်သော်၊ ဧလိရှဲ က၊ သင် သည် ရှုရိ နိုင်ငံကို စိုးစံ ရလိမ့်မည်အကြောင်းကို ထာဝရဘုရား သည် ငါ့ အား ပြ တော်မူပြီဟုဆို ၏ 14 ဟာဇေလသည်သွား ၍ မိမိ သခင့် ထံ သို့ရောက် သောအခါ ၊ သခင်က၊ ဧလိရှဲ သည် အဘယ်သို့ ဆို သနည်း ဟုမေး လျှင် ၊ ကိုယ်တော် သည် အနာမှ ဆက်ဆက်ထမြောက် တော်မူမည်ဆို ပါသည်ဟု လျှောက် လေ၏ 15 နက်ဖြန် နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ် ကို ရေ ၌ နှစ် ပြီး လျှင်၊ ရှင် ဘုရင်၏ မျက်နှာ ကို ဖုံးအုပ် သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလ သည် နန်း ထိုင်လေ၏ 16 ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံငါး နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ သည် နန်း ထိုင်လေ၏ 17 အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ ယေရုရှလင် မြို့၌ မင်း ပြု၍ ရှစ် နှစ် စိုးစံ ၏ 18 အာဟပ် သမီး နှင့် စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက်ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏ 19 သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစရှိ သော သား မြေးတို့ ၏မီးခွက် ကို အစဉ် ထွန်းလင်း စေမည်ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒ ပြည်ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏ 20 ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သည် ယုဒ ရှင်ဘုရင် ကို ပုန်ကန် ၍ ကိုယ် အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏ 21 ယဟောရံ မင်းသည် ရထား စီးသူရဲအပေါင်း တို့ နှင့်တကွ ၊ ဇာဣရ မြို့သို့ စစ်ချီ ၍ ညဉ့် အခါဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ သဖြင့် ၊ ဧဒုံလူတို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏ 22 သို့သော်လည်း ၊ ဧဒုံ ပြည်သည်ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၏။ထို ကာလ ၌ လိဗန ပြည်သည်လည်း ပုန်ကန် ၏ 23 ယဟောရံ ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 24 ယဟောရံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော်အာခဇိ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏ 25 ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံဆယ် နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် နန်းထိုင် လေ၏ 26 အသက်နှစ်ဆယ် နှစ် နှစ် ရှိသော်၊ မင်းပြု ၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ဣသရေလ ရှင်ဘုရင် ဩမရိ မြေး အာသလိ အမည် ရှိ၏ 27 အာခဇိ သည် အာဟပ် ၏သမက် ဖြစ်သဖြင့် ၊ အာဟပ် အမျိုး လိုက်ရာလမ်း သို့ လိုက် ၍ ၊ အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏ 28 အာဟပ် ၏သား ယောရံ နှင့် ဝိုင်း လျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိ လူတို့သည်ယောရံ ကိုထိခိုက် ကြ၏ 29 ထိုသို့ရာမုတ် မြို့၌ ရှုရိ ဘုရင် ဟာဇေလ ကိုတိုက် ၍ ၊ ရှုရိ လူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံ မင်းကြီး သည် ယေဇရေလ မြို့သို့ ပြန် သွား၍ နာ လျက်နေစဉ်တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည်လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏
91 ထိုအခါ ပရောဖက် ဧလိရှဲ သည် ပရောဖက် အမျိုးသား တယောက် ကို ခေါ် ၍ ၊ သင် ၏ခါး ကို စည်း လော့။ ဤ ဆီ ဘူး ကိုယူ ၍ ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား လော့ 2 ရောက် သောအခါ ၊ နိမ်ရှိ သား ယောရှဖတ် ၏သား ယေဟု ကို ရှာ ၍ သူ့ထံသို့ဝင် လျက် ၊ သူ့ ကိုသူ ၏အပေါင်း အဘော်စုထဲ က ထွက် စေ၍ ၊ အတွင်းအခန်း ထဲသို့ ခေါ် ပြီးလျှင်၊ “ 3 ဤ ဆီ ဘူး ကိုကိုင် ၍ သူ ၏ခေါင်း ပေါ် ၌ ဆီကို လောင်း လျက် ၊ ထာဝရဘုရား က၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား ၍ ဘိသိက် ပေးသည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါး ကိုဖွင့် ၍ မ ဆိုင်း မလင့် ဘဲ ပြေး လော့ဟု မှာထား လေ၏ 4 ထိုပရောဖက် အမျိုးသား လုလင် သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏ 5 ရောက် သောအခါ ၊ ဗိုလ် မင်း တို့သည်အတူ ထိုင် လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟု က၊ ငါ တို့အပေါင်း တွင် အဘယ်သူ အား ပြောစရာ ရှိသနည်းဟုမေး သော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏ 6 ထိုအခါ ယေဟုသည် ထ ၍ အိမ် ထဲသို့ ဝင် သဖြင့် ၊ ပရောဖက်သည် သူ ၏ခေါင်း ပေါ် ၌ ဆီ ကိုလောင်း လျက်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါသည် သင့်ကို ထာဝရဘုရား ၏လူ ဣသရေလ အမျိုး၏ ရှင် ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက် ပေး၏ 7 ငါ့ ကျွန် ပရောဖက် တို့ကိုသတ် သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်း ကိုသတ် သော အပြစ် အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ် ပေးမည် အကြောင်း၊ သင်သည် သင့် သခင် အာဟပ် အမျိုး ကို လုပ်ကြံ ရမည် 8 အာဟပ် အမျိုးသား ရှိသမျှ တို့ကို ပျက်စီး စေခြင်းငှါ ၊ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ အာဟပ် အမျိုးသားယောက်ျား များကို ငါပယ်ဖြတ် မည် 9 အာဟပ် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး ကဲ့သို့ ၎င်း ၊ အဟိယ ၏သား ဗာရှာ အမျိုး ကဲ့သို့ ၎င်း ဖြစ် စေမည် 10 ယေဇဗေလ ကို သင်္ဂြိုလ် သောသူ မရှိ။ ယေဇရေလ မြေကွက် ၌ ၊ ခွေး တို့သည်သူ့ကိုစား ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှတံခါး ကိုဖွင့် ၍ ပြေး ၏ 11 ထိုအခါ ယေဟု သည် မိမိ သခင် ၏ ကျွန် တို့ရှိရာသို့ ထွက် ၍ ၊ တယောက်က၊ ရှိသမျှကောင်း သလော။ ထို” အရူး သည် အဘယ် ကြောင့်လာ သနည်းဟုမေး လျှင်၊ ယေဟုက၊ သင် တို့သည် ထိုသူ ကို၎င်း၊ သူ ပြော သော စကားကို၎င်း သိ ကြ၏ဟုဆို သော်၊ “ 12 သူတို့က ငါတို့မသိ။ ပြော ပါလော့ဟု ဆို ပြန်သော် ၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏။ ထာဝရဘုရား က၊ ငါသည်သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊” 13 သူတို့သည် အလျင် အမြန်ထသဖြင့် ၊ အသီးအသီး မိမိ တို့ ဝတ်လုံ ကိုယူ ၍ လှေကား ထိပ် ပေါ် ယေဟု အောက် မှာခင်း လျက် ၊ ယေဟု သည် ရှင် ဘုရင်ဖြစ်တော်မူ၏ဟု တံပိုး မှုတ် ၍ ဟစ်ကြော် ကြ၏ 14 ထိုသို့ နိမ်ရှိ သား ယောရှဖတ် ၏ သား ယေဟု သည် ယောရံ မင်း တဘက် သင်းဖွဲ့ လေ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ ကြောင့်၊ ယောရံ မင်းနှင့် ဣသရေလ လူ အပေါင်း တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏ 15 သို့ရာတွင် ယောရံ မင်းသည် ရှုရိ ရှင်ဘုရင် ဟာဇေလ ကို စစ်တိုက် သောအခါ ၊ ရှုရိ လူထိခိုက် သော အနာ ကို ပျောက် စေခြင်းငှါ ယေဇရေလ မြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟု ကလည်း ၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့ သွား ၍ သိတင်းကြား ပြောရသော သူတစုံ တယောက်ကိုမျှ မြို့ ထဲ က မ ထွက် မသွားစေနှင့်ဟုစီရင်၏ 16 ထိုသို့ ယောရံ မင်းသည် ယေဇရေလ မြို့၌ ရှိနေ သောကြောင့် ၊ ယေဟု သည် ရထားကိုစီး ၍ ထို မြို့သို့ သွား၏။ ထိုအခါ ယုဒ ရှင်ဘုရင် အာခဇိ သည်လည်း၊ ယောရံ မင်းကို ကြည့်ရှု အံ့သောငှါ ရောက် လာပြီ 17 ယေဇရေလ မြို့၌ မျှော်စင် ပေါ် မှာ စောင့် သောသူသည် ရပ် လျက် ၊ ယေဟု နှင့် လိုက် လာသောအလုံးအရင်း ကို မြင် သောအခါ ၊ လူအလုံးအရင်း ကို ငါ မြင် သည်ဟု ဆို လျှင် ၊ ဆီးကြို ခြင်းငှါ သွား၍ ငြိမ်သက် ခြင်း ရှိသလော ဟု မေး မည်အကြောင်း ၊ ယောရံ သည် မြင်းစီး သူရဲတယောက်ကို စေလွှတ် သည်အတိုင်း၊ “ 18 မြင်းစီး သူရဲသည် ဆီးကြို ခြင်းငှါ သွား ၍ ၊ ငြိမ်သက် ခြင်းရှိသလော ဟု ရှင်ဘုရင် မေး တော်မူကြောင်း ကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက်လော့ ဟုဆို ၏။ စောင့် သောသူကလည်း ၊ မြင်းစီး သူရဲသည်အလုံးအရင်းသို့ ရောက် ၍ ပြန် မ လာပါဟုဆို သော်၊ “ 19 ရှင်ဘုရင်သည် အခြား သော မြင်းစီး သူရဲ တယောက်ကို စေလွှတ် ပြန်၍ ၊ သူသည်ရောက် သောအခါ ၊ ငြိမ်သက် ခြင်းရှိသလောဟု ရှင်ဘုရင် မေး တော်မူကြောင်းကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်း နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက် လော့ဟု ဆို ၏ 20 စောင့် သောသူကလည်း ၊ မြင်းစီးသူရဲသည်ရောက် ၍ ပြန် မ လာပါ။ လာသောသူသည် နိမ်ရှိ သား ယေဟု နှင် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏ 21 ယောရံ မင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆို သည်အတိုင်း ၊ မြင်းရထား ကို ပြင်ဆင် ကြ၏။ ဣသရေလ ရှင်ဘုရင် ယောရံ နှင့် ယုဒ ရှင်ဘုရင် အာခဇိ တို့ သည် ရထား တော်တခုစီ စီး လျက် ယေဟု ကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလ မြို့သားနာဗုတ် ၏ မြေကွက် တွင် တွေ့ ကြ၏ 22 ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “ 23 ယောရံ က၊ အိုအာခဇိ ၊ ပုန်ကန် မှုပါတကားဟု ဆို လျက် လှည့် ၍ ပြေး ၏ 24 ယေဟု သည်လည်း လေး ကို တင် ၍ ပစ် သဖြင့်၊ ယောရံ ကို ပခုံး ကြား မှာမှန်၏။ မြှား သည်လည်း နှလုံး ကို ထုတ် ချင်းဖောက်၍ ၊ ယောရံ သည် ရထား တော်ပေါ် မှာ လဲ နေ၏ 25 ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော 26 အကယ် စင်စစ်နာဗုတ် အသွေး ၊ သူ့ သား တို့၏ အသွေး ကို မနေ့ က ငါကြည့် မြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤ မြေကွက် ၌ သင့် ကို အပြစ်နှင့် အလျောက်ငါဒဏ်ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်း ကိုချ ပစ်လော့ဟု မိမိရထားမှုးဗိဒကကို ဆို၏ 27 ထိုအမှုကို ယုဒ ရှင်ဘုရင် အာခဇိ သည်မြင် လျှင် ၊ ဥယျာဉ်စံနန်းလမ်း ဖြင့် ပြေး ၏။ ယေဟု ကလည်း ၊ သူ့ ကို ရထား ပေါ် မှာ ထိုးတော့ဟု လိုက် လျက် ဆို သည်အတိုင်း၊ ဣဗလံ မြို့နား ၊ ဂုရ မြို့သို့သွား သောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါ မြို့သို့ပြေး ၍ သေ ၏ 28 သူ ၏ကျွန် တို့သည် အလောင်း ကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ် မြို့ တွင် မိမိ သင်္ချိုင်း ၌ ဘိုးဘေး တို့နှင့်အတူ သင်္ဂြိုဟ် ကြ၏ 29 ထိုမင်းအာခဇိ သည် အာဟပ် သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ယုဒ နိုင်ငံ၌ နန်း ထိုင်၏ 30 ယေဟု သည် ယေဇရေလ မြို့သို့ ရောက် သည်ကို ယေဇဗေလ သည် ကြား လျှင် ၊ မျက်ခမ်း တို့ကို ဆေး သုတ်၍ ဆံပင် ကိုတန်ဆာ ဆင်ပြီးမှ ၊ ပြတင်းပေါက် ဝ၌ ကြည့်ရှု လျက် နေ၏ 31 ယေဟု သည် တံခါးဝ သို့ ဝင် သောအခါ ယေဇဗေလက၊ မိမိ သခင် ကိုသတ် သောဇိမရိ သည် ချမ်းသာ ရသလော ဟု မေး လျှင်၊ “ 32 ယေဟု သည် မျှော် ကြည့်၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေသနည်း။ အဘယ်သူ ဟုမေး လေသော် ၊ မိန်းမစိုး နှစ် ယောက်သုံး ယောက်တို့သည် ပြတင်းပေါက် ထဲ က ကြည့်ရှု ကြ၏ 33 ယေဟုက၊ သူ့ ကို တွန်း ချလိုက်ဟုဆို သည် အတိုင်း တွန်းချ သဖြင့် ၊ သူ ၏အသွေး သည် နန်းတော်ထရံ အပေါ် ၌၎င်း ၊ မြင်း တို့အပေါ် ၌၎င်း စဉ် ၏။ ယေဟုသည် သူ့ ကိုယ်ကို နင်း လေ၏။ အထဲသို့ဝင်၍၊” 34 စား သောက် ပြီးမှ ၊ ထို ကျိန် အပ်သော မိန်းမသည် ရှင်ဘုရင် သမီး ဖြစ်သောကြောင့် ၊ သွား ကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆို သည်အတိုင်း၊ “ 35 သင်္ဂြိုဟ် ခြင်းငှါ သွား သောအခါ ၊ ဦးခေါင်းခွံ ၊ ခြေ ဖျား၊ လက်ဝါး တို့ကိုသာ တွေ့ သောကြောင့် ၊ တဖန် လာ၍ ကြားလျှောက်ကြ၏ 36 ယေဟုက၊ ယေဇရေလ မြေကွက် ၌ ခွေး တို့သည် ယေဇဗေလ ၏အသား ကို စား ကြလိမ့်မည်ဟု ထာဝရဘုရား သည် မိမိ ကျွန် တိရှဘိ မြို့သားဧလိယ အားဖြင့် မိန့် တော်မူသော စကား တော်သည် ဤသို့ပြည့်စုံပြီ 37 သို့ဖြစ်၍ ဤ သင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှမ ပြော နိုင်မည်အကြောင်း ၊ သူ၏ အလောင်း ကောင်သည် ယေဇရေလ မြေကွက် တွင် ၊ လယ်ပြင် ၌ နောက်ချေး ကဲ့သို့ ရှိ ရလိမ့်မည်ဟု ဆို၏
101 အာဟပ် ၏သား ခုနစ်ကျိပ် တို့သည် ရှမာရိ မြို့၌ ရှိသည်ဖြစ်၍၊ ယေဟု သည် ယေဇရေလ မြို့အုပ် များ၊ အသက်ကြီး သူများ၊ အာဟပ် သားတို့ ကို လုပ်ကျွေးသော သူများရှိ ရာ၊ ရှမာရိ မြို့သို့ စာ ရေး ၍ ပေး လိုက်လေ၏ 2 မှာလိုက်သောစာချက်ဟူမူကား၊ သင် တို့၌ သင် တို့သခင် ၏သား များ၊ စစ်သူရဲ ၊ မြင်း စီးသူရဲများ၊ ခိုင်ခံ့ သောမြို့ ၊ လက်နက် စုံရှိသည်ဖြစ်၍ ၊ ဤ စာ ရောက် သောအခါ၊ “ 3 သင် တို့သခင် ၏သား တို့တွင် သာ၍ကောင်း မြတ်တော် သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ရာဇပလ္လင် ပေါ် မှာတင် ပြီးလျှင်၊ သခင် အမျိုး အဘို့ စစ်တိုက် ကြလော့ ဟု မှာလိုက်သတည်း 4 ထိုသူတို့က၊ ရှင်ဘုရင် နှစ် ပါးတို့သည် သူ့ ရှေ့ မှာ မ ခံ မရပ်နိုင်သည် ဖြစ်၍ ၊ ငါ တို့သည် အဘယ် သို့ခံရပ်နိုင် မည်နည်းဟု အလွန် ကြောက် လျက် ဆို ကြ၏ 5 နန်းတော် အုပ်၊ မြို့ အုပ်၊ အသက် ကြီးသူ၊ အာဟပ် သားတို့ကို လုပ် ကျွေးသောသူတို့ ကလည်း ၊ ကျွန်တော် တို့ သည် ကိုယ်တော် ကျွန် ဖြစ်ပါ၏။ မိန့် တော်မူသည်အတိုင်း ပြု ပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကိုမ ချီးမြှောက် ပါ။ အလို တော်ရှိသည်အတိုင်း ပြု တော်မူပါဟု ယေဟုထံသို့ပြန် စာကို ပေးလိုက်ကြ၏ 6 ယေဟုကလည်း၊ သင် တို့သည် ငါ၏လူဖြစ်၍ ငါ့ စကား ကို နားထောင် လျှင် ၊ သင် တို့သခင့် သား တို့၏ ဦးခေါင်း များကိုယူ ၍ ယေဇရေလ မြို့၊ ငါ ရှိရာသို့ နက်ဖြန် နေ့ယခု အချိန် ၌ လာ ကြလော့ဟု တဖန်စာပေး လိုက်လေ၏။ ရှင်ဘုရင် ၏သား တော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏ 7 ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏ 8 လုလင် တယောက်သည် လာ ၍ ရှင်ဘုရင် သား တို့ ၏ ဦးခေါင်း များကို ဆောင် ခဲ့ပါပြီဟု လျှောက် လျှင် ၊ ယေဟု က၊ မြို့တံခါးဝ မှာ နံနက် တိုင်အောင် နှစ် စုပုံ ထား တော့ဟု ဆို ၏ 9 နံနက် ရောက်မှယေဟုသည် ထွက် ၍ ရပ် လျက် လူ များတို့အား ၊ အိုဖြောင့်မတ် သောလူတို့၊ ငါ သည် ငါ့ သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ် လေပြီ။ ဤ သူအပေါင်း တို့ကို ကား အဘယ် သူသတ် သနည်း 10 ထာဝရဘုရား သည် အာဟပ် အမျိုး ၌ မိန့် တော်မူ သော စကား တော်တခွန်းမျှမြေ သို့ မ ကျ ရသည် ကို သင်တို့သိ မှတ်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ဧလိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ပြု တော်မူမည်ဟု ဆိုသဖြင့်၊” 11 ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏ 12 နောက်မှ ထ ၍ ရှမာရိ မြို့သို့သွား ၏။ လမ်း နား မှာ ရှိ သောသိုးမွေးညှပ်ရာစရပ်သို့ ရောက် သောအခါ၊ “ 13 ယုဒ ရှင်ဘုရင် အာခဇိ ၏ ပေါက်ဘော် တို့ကို တွေ့ လျှင် ၊ သင် တို့သည် အဘယ်သူ နည်းဟုမေး သော် ၊ ငါတို့သည် အာခဇိ မင်း၏ ဆွေတော် မျိုးတော်ဖြစ်၏။ ရှင်ဘုရင် ၏ သား တော်တို့နှင့် မိဖုရား ၏ သား တော်တို့ကို နှုတ်ဆက် အံ့သောငှါ သွား သည်ဟု ဆို ကြ၏ 14 ယေဟုကလည်း၊ အရှင် ဘမ်း ကြဟု စီရင် သည် အတိုင်း ၊ အရှင် ဘမ်း ၍ သိုးမွေး စရပ်တွင်း နား မှာ လေးကျိပ် နှစ် ယောက်တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် ကြ၏ 15 ထို စရပ်မှ ထွက် သောအခါ ခရီးဦး ကြိုပြုအံ့ ဟု လာ သောရေခပ် သား ယောနဒပ် ကို တွေ့၍ နှုတ်ဆက် သဖြင့် ၊ ငါ့ စိတ် နှလုံးသည် သင့် စိတ် နှလုံးနှင့် သင့်၍ သဘော ဖြောင့်သကဲ့သို့ သင့် စိတ် နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက် ဆိုသော်၊ ထို သို့မှန်လျှင် သင့် လက် ကိုပေး ပါဟုဆို သည်အတိုင်း ၊ လက် ကိုပေး ၍ ယေဟုသည် မိမိ အနားသို့ ရထား ပေါ် မှာ ဆွဲ တင်လျက်၊ “ 16 ငါ နှင့်အတူ လိုက် ၍ ထာဝရဘုရား ဘက် ၌ ငါ့ စိတ်အားကြီး ကြောင်း ကို ကြည့်ရှု လော့ဟုဆို သဖြင့် မိမိ ရထား ကို စီး စေ၏ 17 ရှမာရိ မြို့သို့ရောက် သောအခါ ၊ ထာဝရဘုရား သည် ဧလိယ အား မိန့် တော်မူသော စကား တော်အတိုင်း ၊ အာဟပ် အမျိုး အကုန် အစင်ပျက်စီး သည်တိုင်အောင် ထို မြို့၌ ကျန်ကြွင်း သမျှတို့ကိုသတ် လေ၏ 18 တဖန် ယေဟု သည် လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ အာဟပ် သည် ဗာလ ဘုရားကို အနည်းငယ် သာ ဝတ်ပြု ၏။ ငါယေဟု မူကား များ စွာပြု မည် 19 သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏ 20 ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏ 21 ဣသရေလ ပြည်တရှောက်လုံး သို့ စေလွှတ် ၍ ၊ ဗာလ တပည့် ရှိသမျှ တို့သည် တယောက် မျှ မ ကြွင်း လာကြ၏။ ဗာလ ကျောင်း ထဲသို့ ဝင် ကြသဖြင့် တကျောင်းလုံး ပြည့် လျက် ရှိ၏ 22 ယေဟုသည် အဝတ် တန်ဆာတိုက်စိုးကို ခေါ်၍၊ ဗာလ ဘုရားတပည့် တို့အဘို့ အဝတ် တန်ဆာကို ထုတ် ကြ ဟုဆို သည်အတိုင်း ထုတ် လေ၏ 23 တဖန် ရေခပ် သား ယောနဒပ် နှင့်အတူ ဗာလ ကျောင်း ထဲသို့ ဝင် ၍ ၊ သင် တို့သည် ထာဝရဘုရား တပည့် တယောက် မျှမပါ၊ ဗာလ ဘုရားတပည့် သက်သက်ရှိစေမည် အကြောင်းကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏ 24 မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကိုပူဇော် ခြင်းငှါ အထဲသို့ဝင် သောအခါ ၊ ယေဟု သည် ကျောင်းပြင် ၌ လူ ရှစ်ကျိပ် ကိုထား ၍ ၊ သင် တို့လက် သို့ ငါ ဆောင် ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ် စေသောသူ သည် အသက် သေရမည်ဟု စီရင်၍၊” 25 မီးရှို့ ရာယဇ်ကို ပူဇော် မှုပြီး သောအခါ ၊ ယေဟု က ဝင် ၍ သတ် ကြလော့။ တယောက် ကိုမျှ မ ထွက် စေနှင့်ဟု တပ်သား နှင့် တပ်မှူး တို့အား ဆို သည်အတိုင်း ၊ တပ်သား နှင့် တပ်မှူး တို့ သည် ထား နှင့် လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ် ပြီးမှ၊ “ 26 ဗာလ ကျောင်း နှင့်ဆိုင်သော မြို့ သို့ သွား ၍ ဗာလ ကျောင်း ထဲကရုပ်တု များကို ထုတ် ပြီးလျှင် မီးရှို့ ကြ၏ 27 ဗာလ ဆင်းတု ကို၎င်း၊ ကျောင်း ကို၎င်းဖြိုဖျက် ၍ ယနေ့ တိုင်အောင် ကိုယ် သုတ်သင်ရာ အိမ်ဖြစ် စေကြ ၏ 28 ထိုသို့ ယေဟု သည် ဗာလ ကိုဣရေလ ပြည်မှ ပယ်ရှား ဖျက်ဆီးလေ၏ 29 သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် တည်းဟူသော ၊ ဗေသလ မြို့နှင့် ဒန် မြို့မှာ ရှိသော ရွှေ နွားသငယ် တို့ကို မ စွန့်။ 30 ထာဝရဘုရား ကလည်း ၊ သင်သည်ငါ့ ရှေ့ မှာ ဖြောင့် သောအကျင့်ကို ကျင့် ၍ ကောင်းမွန် စွာ ပြုသောကြောင့် ၎င်း၊ ငါ အလို ရှိသမျှ အတိုင်း အာဟပ် အမျိုး ၌ စီရင် သောကြောင့် ၎င်း၊ သင့် သား မြေးလေး ဆက် တိုင်အောင်ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည် ဟု ယေဟု အား မိန့် တော်မူသော်လည်း၊” 31 ယေဟု သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား တရား တော်လမ်းသို့ စိတ် နှလုံးအကြွင်းမဲ့ လိုက် ခြင်းငှါ သတိ မ ပြု။ ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက် တို့ကို မ စွန့်။ 32 ထိုကာလ တွင် ၊ ထာဝရဘုရား သည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ် တော်မူ၏ 33 ဟာဇေလ သည် ယော်ဒန် မြစ်အရှေ့ ဘက်၊ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုးနေရာ၊ အာနုန် မြစ် နား ၌ရှိသော အာရော် မြို့မှစ၍ ဂိလဒ် ပြည် ၊ ဗာရှန် ပြည် တရှောက်လုံး အရပ်ရပ် တို့ကို လုပ်ကြံ လေ၏ 34 ယေဟု ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 35 ယေဟုသည် ရှမာရိ မြို့၌ မင်း ပြု၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ် ရှစ် နှစ် စိုးစံ ပြီးမှ ၊ ဘိုးဘေး တို့နှင့် အိပ်ပျော်၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏ 36 သားတော် ယောခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင်၏
111 အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိ မြင်သော်၊ ထ ၍ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင်ပယ်ရှင်း လေ၏ 2 သို့ရာတွင် အာခဇိ ၏နှမ ယဟောရံ မင်းကြီး သမီး ယောရှေဘ သည် အာခဇိ ၏သား ယောရှ ကို အသေ ခံရသောဆွေတော်မျိုးတော်ထဲက ခိုး ယူ၍ အာသလိ လက် မှ သူ၏အသက် လွတ်စေခြင်းငှါ ၊ သူ နှင့်သူ ၏ နို့ထိန်း ကို အိပ်ခန်း ထဲ၌ ဝှက် ထား၏ 3 ထိုနောက် ယောရှသည် ခြောက် နှစ် ပတ်လုံးအရီး နှင့်အတူ ဗိမာန် တော်၌ပုန်းရှောင် လျက်နေ၍ ၊ အာသလိ သည် စိုးစံ လေ၏ 4 ခုနစ် နှစ် မြောက် သောအခါ၊ ယောယဒ သည် စေလွှတ် ၍ ၊ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား တို့ကို ခေါ် လေ၏။ ဗိမာန်တော် ထဲသို့ သွင်း ၍ ပဋိညာဉ် ဖွဲ့ ခြင်း၊ ဗိမာန်တော် ၌ သစ္စာ တိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော် ကိုပြ လေ၏ 5 ယောယဒကလည်း၊ သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ဝင် သောလူသုံးစု တစုသည် နန်းတော် တံခါး ကိုစောင့် ရမည် 6 တစု သည် သုရ တံခါး ကို စောင့် ရမည်။ တစု သည် ကင်းနောက် တံခါး ကို စောင့် ရမည်။ ထိုသို့ ဗိမာန်တော် ကို မဖြို မဖျက်စေခြင်းငှါစောင့် ရမည် 7 ဥပုသ် နေ့၌ ထွက် သောလူသုံးစုတွင် နှစ် စုသည် ရှင်ဘုရင် ပတ်လည် ဗိမာန်တော် ၌စောင့် ရမည် 8 လူတိုင်း မိမိ လက်နက် ကို ကိုင် လျက် ကိုယ်တော်မြတ်ကို ဝိုင်း၍၊ တပ် ထဲသို့ ဝင် သမျှသောသူတို့ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏ 9 ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာ ထားသမျှ အတိုင်း လူတရာ အုပ် တို့သည်ပြု ၍ ၊ ဥပုသ် နေ့၌ထွက် ရသောသူနှင့် ဝင် ရသောသူအသီးအသီး တို့ကို ခေါ် ၍ ယဇ်ပုရောဟိတ် ယောယဒ ထံသို့ ရောက် သောအခါ၊ “ 10 ဗိမာန်တော် ၌ ရှိသော ဒါဝိဒ် မင်းကြီး ၏ လှံ များ နှင့် ဒိုင်း များကို ယဇ် ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ် လေ၏ 11 စောင့် သောသူအပေါင်းတို့သည် လက်နက် ကို ကိုင် လျက် ၊ ရှင် ဘုရင်ကို ဝိုင်း ၍ ယဇ် ပလ္လင်အနား နှင့် ဗိမာန်တော် အနား၌ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် ရပ် ကြ၏ 12 ယဇ်ပုရောဟိတ်သည် ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိ ကျမ်းကို တင် လျက် ၊ ဘိသိတ် ပေးလျက် ၊ ရှင် ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော် ကြ၏ 13 အာသလိ သည် တပ်သား ပြုသောအသံ နှင့် လူ များပြုသောအသံကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊ “ 14 ရှင် ဘုရင်သည် ယုဒမင်း ထုံးစံ အတိုင်း တိုင် နား မှာရပ် လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကို ဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါတကားဟု အော်ဟစ် လေ၏ 15 ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန်တော် ထဲမှာမ သေ စေနှင့်၊ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကို ထား နှင့် သတ် ကြဟု လူတရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊” 16 အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွား သောမြင်း လမ်း ဖြင့် ထုတ် ၍ သတ် ကြ၏ 17 ယောယဒ သည်လည်း ရှင်ဘုရင် နှင့် လူ များတို့ သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ စေ၏။ တဖန် ရှင်ဘုရင် နှင့် လူ များ တို့ကို တဦးနှင့်တဦးပဋိညာဉ်ဖွဲ့စေ၏ 18 ပြည်သူ ပြည်သားအပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုအကုန် အစင်ချိုးဖဲ့၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏ 19 ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော် အုပ် များကို ခန့်ထား ပြီးမှ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူ ပြည်သားအပေါင်း တို့ကိုခေါ် လျက် ၊ ကင်းတံခါး လမ်း ဖြင့် ရှင် ဘုရင်ကို ဗိမာန်တော် မှ နန်းတော် သို့ပို့ဆောင် ၍ ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် စေ၏ 20 နန်းတော် နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏ 21 “
121 ယေဟု နန်းစံ ခုနစ် နှစ် တွင် ယောရှ သည် အသက် ခုနစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော် ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည်ရှိ၏ 2 ယဇ်ပုရောဟိတ် ယောယဒ သွန်သင် သော ကာလ ပတ်လုံးယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏ 3 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ 4 ယောရှ မင်းကလည်း ၊ ဗိမာန်တော် ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊” 5 ယဇ် ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံ ယူ၍ ၊ ဗိမာန်တော် ပြိုပျက် ရာရှိသမျှ တို့ကို ပြုပြင် ကြစေဟု ယဇ်ပုရောဟိတ် တို့အား မိန့် တော်မူ ၏ 6 သို့သော်လည်း ယောရှ မင်းကြီး နန်းစံနှစ်ဆယ် သုံး နှစ် တွင်၊ ယဇ် ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို မ ပြုပြင် ကြသေး 7 ထိုအခါ ယောရှ မင်းကြီး သည် ယဇ်ပုရောဟိတ် ယောယဒ နှင့် အခြားသော ယဇ် ပုရောဟိတ်တို့ကိုခေါ် ၍ ၊ သင် တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို အဘယ် ကြောင့်မ ပြုပြင် ဘဲ နေကြသနည်း။ နောက် တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက် ရာတို့ကို ပြုပြင်ဘို့ရာအပ် ကြလော့ဟု ဆိုသည်အတိုင်း၊” 8 ယဇ် ပုရောဟိတ်တို့သည် နောက် တဖန် လူ များ လှူသောငွေ ကို မ ခံ ရ။ ဗိမာန် တော်ပြိုပျက် ရာကိုလည်း မ ပြုပြင် ရဟုဝန်ခံ ကြ၏ 9 ယဇ်ပုရောဟိတ် ယောယဒ သည် သေတ္တာ ကို ယူ ၍ အဖုံး ကို ဖောက် ပြီးလျှင် ၊ ဗိမာန်တော် အထဲသို့ ဝင် သောလမ်းလက်ျာ ဘက် ယဇ် ပလ္လင်နား မှာထား လေ ၏။ ဗိမာန်တော် သို့ဆောင် ခဲ့သော ငွေ ရှိသမျှ ကို တံခါး စောင့် ယဇ် ပုရောဟိတ်တို့သည် သေတ္တာ ထဲ မှာထား ကြ၏ 10 ငွေ များ သည် ကိုသိ မြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ၍ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏ 11 ထိုသို့ ချိန် ထားသော ငွေ ကို ဗိမာန်တော် အုပ် အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ် လုပ် သော လက်သမား၊” 12 ပန်းရန် သမား၊ ကျောက်ဆစ် သမားတို့အတွက် ဗိမာန်တော် ပြိုပျက် ရာကို ပြုပြင် စရာ ကျောက် နှင့် သစ်သား ကိုဝယ် ၍ ကုန်သမျှသောအတွက်ပေးဝေကြ၏ 13 ဗိမာန်တော် အဘို့ငွေ ဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ တို့ကို ထိုငွေ နှင့် မ လုပ် သေး 14 အလုပ် လုပ် သောသူတို့အား သာ ပေး ၍ ၊ ဗိမာန်တော် ကို ပြုပြင် ကြ၏ 15 အလုပ် လုပ် သောသူတို့ အား ပေး စေခြင်းငှါ ၊ ငွေ ကို လက်ခံ သောသူတို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးကြ 16 ဒုစရိုက် ငွေ ၊ အပြစ် ငွေ ကိုမူကား ၊ ဗိမာန်တော် သို့ မ သွင်း ဘဲ ယဇ် ပုရောဟိတ်တို့သည် ယူ ကြ၏ 17 ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ဂါသ မြို့ ကို စစ်ချီ ၍ တိုက်ယူ ပြီးမှ ၊ ယေရုရှလင် မြို့သို့ ချီ အံ့သောငှါ အားထုတ်လေ၏ 18 ယုဒ ရှင်ဘုရင် ယောရှ သည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိ လှူ သမျှ သော တန်ဆာ နှင့် ကိုယ်တိုင် သန့်ရှင်း သမျှသောတန်ဆာများ၊ ဗိမာန်တော် ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့ သမျှ သောရွှေ ကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလ ထံ သို့ပေး လိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင် မြို့ကို ထား၍ သွား ၏ 19 ယောရှ ပြုမူသောအမှု အရာ ကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 20 ထိုမင်း ၏ကျွန် ရှိမတ် သား ယောဇဗဒ် နှင့် ရှိမရိတ် သား ယဟောဇဗပ် တို့သည် ထ ၍ သင်းဖွဲ့ ပြီးလျှင် ၊ သိလ ရွာသို့ သွား သောလမ်း၊ မိလ္လော စံနန်းတွင်ယောရှ ကို သေ အောင်လုပ်ကြံ ၍၊ “ 21 ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
131 ယုဒ ရှင်ဘုရင် အာခဇိ သား ယောရှ နန်းစံ နှစ်ဆယ် သုံး နှစ် တွင် ၊ ယေဟု သား ယောခတ် သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခုနစ် နှစ် စိုးစံ၏ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက် လေ၏ 3 ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ၊ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိ ရှင်ဘုရင် ဟာဇေလ နှင့် သူ၏သား ဗင်္ဟာဒဒ် လက် သို့ ဣသရေလအမျိုးကို အပ် တော်မူ၏ 4 တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏ 5 ရှုရိ ရှင် ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်း ရာတွင် လွင့်သောအမှုန့် ကဲ့သို့ ဖြစ် စေသဖြင့် ၊ မြင်းစီး သူရဲ၊ ငါးကျိပ် ၊ ရထား တဆယ် ၊ ခြေ သည်သူရဲတသောင်း ကိုသာ ယောခတ် ၌ ကြွင်း စေ၏ 6 ထို့ကြောင့် ထာဝရဘုရား သည် ကယ်တင် သော သခင်ကိုပေး တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက် မှ ထွက်မြောက် ၍ အထက် ကနည်းတူ မိမိ တို့နေရာ ၌ နေ ရကြ၏ 7 သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် မင်းမျိုး ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက်ကြ၏။ ရှမာရိ မြို့၌ လည်း အာရှရ ပင် ရှိသေး၏ 8 ယောခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 9 ယောခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သားတော် ယဟောရှ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏ 10 ယုဒ ရှင်ဘုရင် ယောရှ နန်းစံ သုံးဆယ် ခုနစ် နှစ် တွင် ၊ ယောခတ် သား ယဟောရှ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခြောက် နှစ် စိုးစံ၏ 11 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကိုမ ရှောင် ၊ အကုန်အစင် လိုက်လေ၏ 12 ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ ၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏ 13 ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်း ကိုခံ လေ၏။ သားတော်ယေရောဗောင် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏ 14 ထိုအခါ ဧလိရှဲ သည် သေနာ စွဲ၍ နာ နေစဉ် တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်လာ ၍ သူ့ ရှေ့ မှာ ငိုကြွေး လျက် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဆို ၏ 15 ဧလိရှဲ ကလည်း ၊ လေး နှင့် မြှား တို့ကို ယူ လော့ဟု ဆို သည်အတိုင်း ရှင်ဘုရင်ယူ ၏ 16 လေး ကိုတင် လော့ဟု တဖန် ဆို သည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲ သည် မိမိ လက် ကို ရှင်ဘုရင် လက် ပေါ် မှာ တင် လျက်၊ “ 17 အရှေ့ ပြတင်းပေါက် ကို ဖွင့် လော့ဟုဆို ၍ ဖွင့် လေ၏။ ပစ် လော့ဟုဆို သည်အတိုင်း ရှင်ဘုရင်သည် ပစ် လေ၏။ ဧလိရှဲ ကလည်း ၊ ထာဝရဘုရား ကယ်တင် တော်မူရာမြှား ၊ ရှုရိ မင်းလက်မှ ကယ်နှုတ် ရာမြှား ဖြစ်၏။ အာဖက် မြို့၌ ရှုရိ လူတို့ကို အကုန်အစင် လုပ်ကြံ ရ လိမ့်မည်ဟု ဆို ၏ 18 မြှား တို့ကိုယူ ဦးလော့ဟု တဖန် ဆို သည်အတိုင်း ၊ ရှင် ဘုရင်သည် ယူ ၏။ မြေ ပေါ်သို့ ရိုက် လော့ဟုဆို ၍ သုံး ကြိမ် ရိုက် လေ၏ 19 ထိုအခါ ဘုရား သခင်၏လူ သည် အမျက် ထွက်၍ ၊ အဘယ်ကြောင့်ငါး ကြိမ်ခြောက် ကြိမ်မရိုက် သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိ လူတို့ကို အကုန်အစင်လုပ်ကြံ ရ လိမ့်မည်။ ယခု မူကား ၊ သုံး ကြိမ် သာ လုပ်ကြံ ရလိမ့်မည်ဟု ဆို ၏ 20 ဧလိရှဲ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံပြီးမှ ၊ နောင် နှစ် တွင် မောဘ တပ်သား တို့သည် ဣသရေလပြည် ကို တိုက်လာ ကြ၏ 21 ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏ 22 ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏ 23 ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏ 24 ရှုရိ ရှင်ဘုရင် ဟာဇေလ သေ ၍ ၊ သားတော် ဗင်္ဟာဒဒ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏ 25 ဟာဇေလသည် စစ်တိုက်၍ ယောခတ် မင်း လက် မှ နှုတ်ယူ သော မြို့ ရွာတို့ကို ယောခတ် သား ယဟောရှ သည် ဟာဇေလ သား ဗင်္ယာဒဒ် လက် မှ နှုတ်ယူ ၏။ သုံး ကြိမ် တိုင်အောင်ယဟောရှ သည်နိုင်၍ ဣသရေလ မြို့ ရွာတို့ကို ရပြန်လေ၏
141 ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ နန်းစံ နှစ် နှစ် တွင်၊ “ 2 ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည်အသက်နှစ်ဆယ် ငါး နှစ် ရှိ သော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သူ ယုဒ္ဒန် အမည် ရှိ၏ 3 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကိုပြု သော်လည်း ၊ အဘ ဒါဝိဒ် ၏ အကျင့်ကိုမမှီ ၊ ခမည်းတော် ယောရှ ပြု သမျှ အတိုင်း ပြု ၏ 4 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ 5 အာမဇိသည် မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သော ကျွန် တို့ကိုသတ် လေ ၏ 6 သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သားသည် အသေမ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟု မောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသောထာဝရဘုရား ၏ ပညတ်တော် ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သား များကိုမ သတ် ဘဲ နေ၏ 7 အာမဇိမင်းသည် ဧဒုံ အမျိုးသားတသောင်း ကို ဆားချိုင့် ၌ သတ် ၍ သေလ မြို့ကို တိုက် သဖြင့် ၊ ယနေ့ တိုင်အောင် ယုဿေလ ဟူ၍သမုတ် လေ၏ 8 ထိုအခါ ဣသရေလ ရှင်ဘုရင် ယေဟု သား ယောခတ် ၏ သား ယဟောရှ ထံသို့ သံတမန် ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာ ချင်းဆိုင် မိကြကုန်အံ့ဟု မှာလိုက် လျှင်၊” 9 ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ထံသို့ စေလွှတ် ၍ ၊ သင့် သမီး ကို ငါ့ သား နှင့် ပေးစား ပါဟု ဆို စဉ်တွင် ၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ ၏ 10 သင်သည် ဧဒုံ ပြည်ကို လုပ်ကြံ သောကြောင့် စိတ် မြင့် လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါအဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကိုပြန်၍ မှာလိုက်လေ၏ 11 ထိုစကားကို အာမဇိ သည် နား မ ထောင်သောကြောင့် ၊ ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည် ဗက်ရှေမက် မြို့၌ မျက်နှာ ချင်း ဆိုင်မိကြသဖြင့်၊ “ 12 ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏ 13 ဣသရေလ ရှင်ဘုရင် ယဟောရှ သည်၊ ယုဒ ရှင်ဘုရင် အာခဇိ သား ဖြစ်သော ယောရှ ၏ သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွား ပြီးလျှင် ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏ 14 ဗိမာန်တော် ၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက်၌ ၎င်း ၊ ရှိသမျှ သော ရွှေ ငွေ မှစ၍ တန်ဆာ အလုံးစုံ နှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှရှမာရိ မြို့သို့ ပြန် သွား၏ 15 ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ၊ တန်ခိုး ကြီးခြင်း၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ခြင်း အရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 16 ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယေရောဗောင် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏ 17 ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သည်နောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏ 18 အာမဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 19 ထိုမင်း တဘက် ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူသည် လာခိရှ မြို့သို့ ပြေး သည်တွင်၊ ထိုမြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊ “ 20 မြင်း ပေါ် ၌တင် လျက် ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏ 21 ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် အသက် တဆယ် ခြောက် နှစ်ရှိသောသားတော် ဩဇိ ကိုယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်း တင်ကြ၏ 22 ထိုမင်း သည် ခမည်းတော် သေ သည်နောက် ၊ ဧလတ် မြို့ကိုပြုစု၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏ 23 ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ နန်းစံဆယ် ငါး နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သား ယေရောဗောင် သည် ရှမာရိ မြို့၌ မင်း ပြု၍ လေးဆယ် တနှစ် စိုးစံ၏ 24 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကို မ စွန့် ဘဲနေ၏ 25 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် ဂါသေဖာ မြို့နေ၊ အမိတ္တဲ ၏ သား ပရောဖက် ယောန အားဖြင့် မိန့် တော်မူသော စကား တော် အတိုင်း ၊ ထို မင်းသည် ဣသရေလ နိုင်ငံ ကို ဟာမက် မြို့ ဝင်ဝမှ သည် ချိုင့် ပင်လယ် တိုင်အောင် ရန်သူလက်မှ နှုတ် ၍ပြုစုလေ၏ 26 အကြောင်း မူကား၊ ဣသရေလ အမျိုးခံရသောညှဉ်းဆဲ ခြင်းအလွန် လေးလံ သည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ ဣသရေလ အမျိုး၌ မစ နိုင်သောသူ မ ရှိသည်ကို၎င်း ၊ ထာဝရဘုရား သည်မြင် လျှင်၊ “ 27 ဣသရေလ အမျိုး၏ နာမ ကို မိုဃ်း ကောင်းကင်အောက် ၌ မပျောက်စေမည်အကြောင်းကြံတော်မူ၍၊ ယဟောရှ သား ယေရောဗောင် အားဖြင့် ကယ်တင် တော်မူ ၏ 28 ယေရောဗောင် ပြုမူ သော အမှု အရာကြွင်း လေ သမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်း၊ အထက်က ယုဒ နိုင်ငံအဝင်ဖြစ်သော ဒမာသက် မြို့နှင့် ဟာမက် မြို့ကို ဣသရေလ အမျိုးအဘို့ ၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 29 ယေရောဗောင် သည် ဘိုးတော် ဘေးတော်ဣသရေလ ရှင် ဘုရင်တို့နှင့် အိပ်ပျော် ၍ သားတော် ဇာခရိ သည် ခမည်းတော် အရာ ၌နန်း ထိုင်၏
151 ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ် ခုနစ် နှစ် တွင်၊ “ 2 ယုဒ ရှင်ဘုရင် အာမဇိ သား ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏ 3 ထိုမင်းသည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏ 4 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ 5 ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ရှင် ဘုရင်သည် သေ သည်တိုင်အောင် နူနာ စွဲ ၍ ခြားနား သော နန်း ၌ နေ ရ၏။ သားတော် ယောသံ သည် နန်းတော် ကို အုပ်၍ နိုင်ငံတော်မှုကို စီရင် ရ၏ 6 ဩဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 7 ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏ 8 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံ သုံးဆယ် ရှစ် နှစ် တွင် ၊ ယေရောဗောင် သား ဇာခရိ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏ 9 ထိုမင်းသည် ဘိုးဘေး ပြု သည်အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသောနေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏ 10 ယာဖက် သား ရှလ္လုံ သည် ဇာခရိ မင်းတဘက် ၌ သင်းဖွဲ့ ၍ လူ များရှေ့ မှာ သေ အောင်လုပ်ကြံ ပြီးလျှင် သူ ၏ အရာ ၌ နန်း ထိုင်၏ 11 ဇာခရိ ပြုမူသော အမှု အရာကြွင်း လေသမျှတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 12 ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း 13 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ရှလ္လုံ သည် နန်း ထိုင်၍ ၊ ရှမာရိ မြို့၌ တလ စိုးစံ လေ၏ 14 ဂါဒိ သား မေနဟင် သည် တိရဇ မြို့မှ ရှမာရိ မြို့ သို့သွား ၍ ၊ ယာဖက် သား ရှလ္လုံ ကိုသေ အောင် လုပ်ကြံ ပြီးလျှင် ၊ သူ ၏အရာ ၌ နန်း ထိုင်၏ 15 ရှလ္လုံ ပြုမူသောအမှု အရာကြွင်း လေသမျှတို့နှင့် သင်းဖွဲ့ ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 16 ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏ 17 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ၊ ဂါဒိ သား မေနဟင် သည် နန်းထိုင် ၍ ၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ဆယ် နှစ် စိုးစံလေ၏ 18 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏ 19 အာရှုရိ ရှင်ဘုရင် ပုလ သည် ဣသရေလပြည် ကို တိုက်လာ ၏။ မေနဟင် သည် မိမိ အာဏာ တည် စေမည် အကြောင်း ၊ ပုလ မင်းမစစေခြင်းငှါ၊ ငွေ အခွက် တသောင်း ကို ဆက် ရ၏ 20 အာရှုရိ ရှင်ဘုရင် အား ဆက် စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး၌ ငွေ ခွဲ ၍ ၊ ရ တတ်သော သူတိုင်း အကျပ် ငါးဆယ် စီပေးရ၏။ ထိုကြောင့် အာရှုရိ ရှင် ဘုရင်သည် မ နေ ၊ မိမိပြည် သို့ ပြန်သွား၏ 21 မေနဟင် ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 22 မေနဟင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ပေကဟိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏ 23 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် တွင် ၊ မေနဟင် သား ပေကဟိ သည် နန်းထိုင် ၍၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံလေ၏ 24 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏ 25 အမှုတော်ထမ်းတပ်မှူး ၊ ရေမလိ သား ပေကာ သည် ပေကဟိ မင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘ နှင့် အရေဟ အစရှိသော ဂိလဒ် ပြည်သား ငါးကျိပ် ပါ လျက်၊ ရှမာရိ မြို့၌ နန်းတော် ထဲမှာ သေ အောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏ 26 ပေကဟိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 27 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏ 28 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏ 29 ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏ 30 ဩဇိ သား ယောသံ နန်းစံနှစ်ဆယ် တွင် ၊ ဧလာ သား ဟောရှေ သည် ရေမလိ သား ပေကာ မင်းတဘက်၌ သင်းဖွဲ့ ၍ သေ အောင်လုပ်ကြံ ပြီးမှ ၊ သူ ၏အရာ ၌ နန်းထိုင် ၏ 31 ပေကာ ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 32 ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ နန်းစံ နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ဩဇိ သား ယောသံ သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍၊” 33 ယေရုရှလင် မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏ 34 ထိုမင်း သည် ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏ 35 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်းကိုမီးရှို့ ကြ၏။ ထို မင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် လေ၏ 36 ယောသံ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏၊” 37 ထိုကာလ တွင် ထာဝရဘုရား သည် ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ရေမလိ သား ပေကာ ကို ယုဒ ပြည်သို့ စေလွှတ် တော်မူ၏ 38 ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
161 ရေမလိ သား ပေကာ နန်းစံ ဆယ် ခုနစ် နှစ် တွင် ယုဒ ရှင်ဘုရင် ယောသံ သား အာခတ် သည် အသက် နှစ်ဆယ် ရှိသော်နန်းထိုင် ၍၊ “ 2 ယေရုရှလင် မြို့၌ ဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်း သည် အဘ ဒါဝိဒ် ကဲ့သို့ မ ကျင့် ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို မပြု၊” 3 ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏ 4 မြင့် သောအရပ်၊ တောင် ပေါ် ၊ သစ်ပင် အောက် တို့၌ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့တတ်၏ 5 ထိုအခါ ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍ အာခတ် မင်းကို ဝိုင်း ထားသော်လည်း မ နိုင် ရ 6 သို့ရာတွင်၊ ရှုရိ ရှင်ဘုရင် ရေဇိန် သည် ဧလတ် မြို့ ကို ရှုရိ နိုင်ငံသို့သွင်းပြန် ၍ ၊ ယုဒ လူတို့ကို နှင်ထုတ် သဖြင့် ၊ ရှုရိလူတို့သည်လာ၍ ယနေ့ တိုင်အောင် ဧလတ် မြို့၌ နေ ကြ၏ 7 ထိုကြောင့် အာခတ် သည် အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာထံသို့ သံတမန် ကို စေလွှတ် ၍၊ ကျွန်ုပ် သည် ကိုယ်တော် သား ၊ ကိုယ်တော် ကျွန် ဖြစ်ပါ၏။ လာ ပါ။ ကျွန်ုပ် ကို ရန်ဘက် ပြုသောရှုရိ ရှင်ဘုရင် နှင့် ဣသရေလ ရှင်ဘုရင် လက် မှ ကယ်ယူ ပါဟု တောင်းပန် ၏ 8 တဖန်ဗိမာန် တော်၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက် ၌ ၎င်း ရှိသောရွှေ ငွေ ကို ယူ ၍ အာရှုရိ ရှင်ဘုရင် ထံ သို့လက်ဆောင် ပေး လိုက်လေ၏ 9 အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏ 10 အာခတ် မင်းကြီး သည် အာရှုရိ ရှင် ဘုရင်ကို ခရီးဦး ကြိုပြုခြင်းငှါ ဒမာသက် မြို့သို့သွား ၏။ ထိုမြို့မှာရှိသော ယဇ် ပလ္လင်ကိုမြင် လျှင် ၊ ပလ္လင် ပုံ ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှ ကိုရေး ၍ ယဇ်ပုရောဟိတ် ဥရိယ ထံသို့ ပေး လိုက်၏ 11 ထိုသို့ ဒမာသက် မြို့မှ အာခတ် မင်း ပေး လိုက် သမျှ အတိုင်း ၊ ယဇ်ပုရောဟိတ် ဥရိယ သည် အာခတ် မင်း မ ရောက် မှီ လုပ် နှင့်ပြီ 12 ရှင် ဘုရင်သည် ဒမာသက် မြို့မှ ရောက် လာသောအခါ ၊ ထိုယဇ်ပလ္လင် ကို မြင် ၍ ချဉ်းကပ် သဖြင့်၊ “ 13 မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ ၏။ သွန်းလောင်း ရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏။ မိဿဟာယ ယဇ်အသွေး ကိုလည်း ယဇ် ပလ္လင် ပေါ် မှာဖြန်း လေ၏ 14 ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ်ပလ္လင် ကို ဗိမာန် တော်ရှေ့ ၊ ယဇ်ပလ္လင် ကြီးနှင့် ဗိမာန် တော် စပ်ကြား အရပ်မှ ရွေ့၍ ယဇ်ပလ္လင် ကြီး မြောက် ဘက်၌ ထား ၏ 15 တဖန် ယဇ်ပုရောဟိတ် ဥရိယ ကို မှာ ထားသည် ကား၊ နံနက် မီးရှို့ ရာယဇ်နှင့် ညဦးယံ ဘောဇဉ် ပူဇော်သက္ကာ၊ ရှင်ဘုရင် မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ ပြည်သူ ပြည်သားမီးရှို့ရာယဇ် နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင် ကြီး ပေါ် မှာ မီးရှို့ လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေး ကိုလည်း ထိုပလ္လင် ပေါ် မှာဖြန်း လော့။ ကြေးဝါ ယဇ်ပလ္လင် သည် ငါ မေးမြန်း စရာဘို့ ရှိ ရမည်ဟု၊” 16 အာခတ် မင်းကြီး မှာ ထားသမျှ အတိုင်း ယဇ်ပုရောဟိတ် ဥရိယ ပြု ၏ 17 အာခတ် မင်းကြီး သည် ကြေးဝါ ခုံတန်ဆာတို့ကို ပယ် ၍ အင်တုံ ကိုလည်း ရွေ့ ၏။ ကြေးဝါရေ ကန်ကိုလည်း ကြေးဝါ နွား တို့အပေါ် က ချ ၍ ကျောက် ခင်း ပေါ် မှာ တင် ထား၏ 18 ဗိမာန် တော်၌ ဥပုသ် စောင့်စရာဘို့ ဆောက် သော မဏ္ဍပ် ကို၎င်း ၊ ရှင်ဘုရင် တက် ရာစောင်းတန်းကို၎င်း၊ အာရှုရိ ရှင်ဘုရင် ကြောင့် ပယ် ၏ 19 အာခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 20 အာခတ် သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့ နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
171 ယုဒ ရှင်ဘုရင် အာခတ် နန်းစံဆယ် နှစ် နှစ် တွင် ဧလာ သား ဟောရှေ သည် နန်းထိုင် ၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ကိုး နှစ်စိုးစံလေ၏ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ သို့သော်လည်း သူ့ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင်ဘုရင် တို့ပြုသောဒုစရိုက်ကိုမမှီ 3 ထိုမင်း ကိုအာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် စစ်ချီ ၍ ဟောရှေ သည် ကျွန် ခံသဖြင့် အခွန် ဆက် ရ၏ 4 နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “ 5 ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏ 6 ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏ 7 အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏ 8 သူတို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင် ဘုရင်တို့ ထုံးစံ သို့ လိုက် ကြ၏ 9 မိမိ တို့ ဘုရားသခင် ထာဝရဘုရား တဘက် ၌ မ တရား သောအမှု ကို မထင် မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင် ဖြစ်စေ ၊ ခိုင်ခံ့ သောမြို့ ဖြစ်စေ ၊ မြို့ရွာ အလုံးစုံ တို့၌ မြင့် သောအရပ်ကို တည် ကြ၏ 10 ရုပ်တု ဆင်းတုနှင့် အာရှရ ပင်တို့ကို မြင့် သော ကုန်း ရှိသမျှ တို့ အပေါ် မှာ၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် မှာ၎င်း ၊ တည်ထောင် ပြုစုကြ၏ 11 သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏ 12 ထာဝရဘုရား ပညတ် တော်မူသော အမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော် ခြင်းအမှုကို ပြုကြ၏ 13 သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊” 14 သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏ 15 စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏ 16 မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏ 17 သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏ 18 ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက် ထွက်၍ မျက်မှောက် တော်မှ ပယ်ရှား တော်မူ၏။ ယုဒ အမျိုး မှတပါး အခြားသော အမျိုးမ ကျန်ကြွင်း ရ 19 ယုဒ အမျိုးမူကား ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ပညတ် တရားတော်ကိုမ စောင့် ၊ ဣသရေလ အမျိုးလိုက် သော ထုံးစံ ဓလေ့သို့ လိုက် ကြ၏ 20 ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး ရှိသမျှ ကို ရွံရှာ ၍ မျက်မှောက် တော်မှ မ နှင်ထုတ် မှီ တိုင်အောင်ဒဏ်ခတ် တော်မူ၏။ လုယက် သောသူတို့ လက် ၌ အပ် တော်မူ၏ 21 ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏ 22 သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏ 23 ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အပေါင်း တို့ဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား တော်မ မူမှီ တိုင်အောင်သူတို့သည် ထို ဒုစရိုက်အပြစ်ကို မ ရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည် မှ အာရှုရိ ပြည်သို့ သိမ်းသွား ခြင်းကိုယနေ့ တိုင်အောင် ခံရကြ၏ 24 အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏ 25 နေရာ ကျစ က ထာဝရဘုရား ကို မ ရိုသေ သောကြောင့် ၊ ခြင်္သေ့ တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက် စေ တော်မူ၏ 26 ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊” 27 အာရှုရိ ရှင် ဘုရင်က၊ ထို ပြည်မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် ကို ပြန် ပို့ကြ။ သူသည်သွား ၍ ထို ပြည် စောင့်ဘုရား ၏တရား ကို သွန်သင် လျက်နေပါလေ စေဟု မိန့် တော်မူသည်အတိုင်း၊ “ 28 ရှမာရိ မြို့မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် သည် ပြန်၍ ဗေသလ မြို့၌ နေ လျက် ၊ ထာဝရဘုရား ကို အဘယ် သို့ရိုသေ ရမည်ကို သွန်သင် လေ၏ 29 သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိ တို့ဘုရား ကို လုပ် ၍ နေရာ ကျသောမြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိ မြို့သားလုပ် နှင့်သော အိမ် တို့ ၌ တင် ထားကြ၏ 30 ဗာဗုလုန် မြို့သား တို့သည် သုကုတ် ဗေနုတ်ဘုရား၊ ကုသ မြို့သား တို့သည် နေရဂါလ ဘုရား၊ ဟာမတ် မြို့သား တို့သည် အရှိမ ဘုရား၊” 31 အာဝ မြို့သားတို့သည် နိဗဟာဇ ဘုရားနှင့် တာတက် ဘုရားကို လုပ်ကြ ၏။ သေဖရဝိမ် မြို့သားတို့ သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြမ္မေလက် နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီး ကိုမီးရှို့ ၍ ပူဇော်ကြ၏ 32 ထာဝရဘုရား ကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့် သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့် သောအရပ် အိမ် တို့၌ လူ များအဘို့ ယဇ်ပူဇော် ကြ၏ 33 ထိုသို့ထာဝရဘုရား ကို ရိုသေ ကြ၏။ သိမ်းသွား ခြင်းကို ခံရသောလူမျိုး ပြုသကဲ့သို့ မိမိ တို့ဘုရား ကိုလည်း ဝတ်ပြု ကြ၏ 34 ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏ 35 ထာဝရဘုရား သည်ထိုအမျိုးသား တို့နှင့် ပဋိညာဉ် ဖွဲ့ ၍ ၊ သင်တို့သည်အခြား တပါးသောဘုရား တို့ကို မ ရိုသေ ၊ ဦး မ ညွှတ်၊ ဝတ် မ ပြု၊ ယဇ် မ ပူဇော်ရ 36 သင် တို့ကို ကြီး သောတန်ခိုး ၊ ဆန့် သောလက်ရုံး တော်အားဖြင့် အဲဂုတ္တု ပြည် မှ ကယ်နှုတ် တော်မူသောထာဝရဘုရား ကိုသာ ရိုသေကိုးကွယ် ၍ ယဇ် ပူဇော်ရမည် 37 သင် တို့အဘို့ ရေးထား တော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အစဉ် အမြဲစောင့်ရှောက် ရမည်။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ 38 သင် တို့နှင့် ငါ ဖွဲ့ သော ပဋိညာဉ် ကို မ မေ့လျော့ ရ။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ 39 သင် တို့၏ဘုရား သခင်ထာဝရဘုရား ကိုသာ ရိုသေ ရမည်။ သို့ပြုလျှင် ရန်သူ အပေါင်း တို့လက် မှ ကယ်နှုတ် တော်မူ မည်ဟု မှာထားတော်မူသော်လည်း၊” 40 သူတို့သည်နား မ ထောင်ရှေး ထုံးစံ ဓလေ့သို့လိုက် ကြ၏ 41 ထိုလူ အမျိုးမျိုးကိုယ်တိုင်မှစ၍၊ သား မြေး မြစ်တို့သည် ထာဝရဘုရား ကိုရိုသေ ကြ၏။ ရုပ်တု ဆင်းတုတို့ကိုလည်း ဝတ်ပြု ကြ၏။ မိရိုးဘလာ သို့လိုက် ၍ ယနေ့ တိုင်အောင် ကျင့် နေကြ၏
181 ဣသရေလ ရှင်ဘုရင် ဧလာ သား ဟောရှေ နန်းစံသုံး နှစ် တွင်၊ “ 2 ယုဒ ရှင်ဘုရင် အာခတ် သား ဟေဇကိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိ သော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ လေ၏။ မယ်တော်ကား၊ ဇာခရိ သမီး အာဘိ အမည် ရှိ၏ 3 ထိုမင်းသည်အဘ ဒါဝိဒ် ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏ 4 မြင့် သောအရပ်တို့ကိုပယ် ၏။ ရုပ်တု ဆင်းတုတို့ကိုချိုးဖဲ့ ၏။ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။ မောရှေ လုပ် သော ကြေးဝါ မြွေ ကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ထို ကာလ တိုင်အောင် ၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထို မြွေကို နဟုတ္တန် အမည်ဖြင့် မှည့် သတည်း 5 ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကို ထိုမင်းခိုလှုံ သကဲ့သို့ ၊ သူ့ နောက် မှာခိုလှုံသော ယုဒ ရှင်ဘုရင် တယောက် မျှမရှိ။ ရှေ့” ကာလ၌လည်း မရှိ။ 6 ထာဝရဘုရား ၌ ဆည်းကပ် ၍ နောက် တော်သို့ အစဉ်အမြဲ လိုက်သဖြင့် မောရှေ ၌ထာဝရဘုရား ထား တော်မူသော ပညတ် တော်တို့ကို စောင့်ရှောက် လေ၏ 7 ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် သူသည် ပြု လေရာရာ ၌ အောင် လေ၏။ အာရှုရိ ရှင်ဘုရင် ၏ကျွန် မ ခံ။ ပုန်ကန် လေ၏ 8 ဖိလိတ္တိ လူတို့ကိုတိုက် ၍ ဂါဇ မြို့နယ်တိုင်အောင် ခိုင်ခံ့ သောမြို့ များနှင့် ကင်းစောင့် သောမျှော်စင် များကို လုပ်ကြံလေ၏ 9 ဟေဇကိ မင်းကြီး နန်းစံလေး နှစ် ၊ ဣသရေလ ရှင်ဘုရင် ဧလာ သား ဟောရှေ နန်းစံခုနစ် နှစ် တွင် ၊ အာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် ရှမာရိ မြို့သို့ စစ်ချီ ၍ ဝိုင်း ထား၏ 10 သုံး နှစ် စေ့ သောအခါ ၊ ဟေဇကိ နန်းစံခြောက် နှစ် ၊ ဣသရေလ ရှင်ဘုရင် ဟောရှေ နန်းစံကိုး နှစ် တွင် ရှမာရိ မြို့ကိုတိုက် ၍ရကြ၏ 11 အာရှုရိ ရှင် ဘုရင်သည် ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသောမေဒိ နိုင်ငံမြို့ရွာ တို့၌ထား ၏ 12 အကြောင်း မူကား၊ သူတို့သည်မိမိ တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ ဖွဲ့တော်မူသောပဋိညဉ် ကို၎င်း၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ ကို၎င်း၊ အမှု မ ထားလွန်ကျူး ကြ၏ 13 ဟေဇကိ မင်းကြီး နန်းစံဆယ် လေး နှစ် တွင် ၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့ကို စစ်ချီ ၍ လုပ်ကြံ လေ၏ 14 ယုဒ ရှင်ဘုရင် ဟေဇကိ သည်အာရှုရိ ရှင်ဘုရင် ရှိ ရာလာခိရှ မြို့သို့ စေလွှတ် ၍ ၊ အကျွန်ုပ်မှား ပါပြီ။ ပြန် သွားတော်မူပါ။ ကိုယ်တော်တင် သမျှကိုထမ်း ပါမည်ဟု လျှောက် စေသော်၊ အာရှုရိ ရှင် ဘုရင်သည်ယုဒ ရှင်ဘုရင် ဟေဇကိ ၌ ငွေ အခွက် သုံး ထောင် ၊ ရွှေ အခွက် သုံး ရာကိုတောင်း၏ 15 ဟေဇကိ သည်ဗိမာန် တော်၌၎င်း၊ နန်းတော် ဘဏ္ဍာ တိုက်၌ ၎င်း ၊ တွေ့ သမျှ သောငွေ ကိုပေး ၏ 16 ဗိမာန် တော်တံခါး ၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံ သော တိုင် တန်ဆာများကိုလည်း ချွတ် ၍ အာရှုရိ ရှင်ဘုရင် အား ပေး ၏ 17 နောက် တဖန် အာရှုရိ ရှင် ဘုရင်သည် တာတန် ၊ ရာဗသာရိတ် ၊ ရာဗရှာခ တို့ကို များစွာ သော ဗိုလ်ခြေ နှင့်တကွ လာခိရှ မြို့မှ ယေရုရှလင် မြို့၊ ဟေဇကိ မင်းကြီး ထံသို့ စေလွှတ် သဖြင့် ၊ သူတို့သည်ရောက် သောအခါ ၊ ခဝါသည် ၏ လယ် နားမှာရှောက်သောလမ်း ၊ အထက် ရေကန် ပြွန်ဝ ၌ ရပ် နေကြ၏ 18 ရှင် ဘုရင်ကို ခေါ် သောအခါ ၊ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် သူ တို့ထံသို့ ထွက် ပြီးလျှင်၊ “ 19 ရာဗရှာခ က၊ မဟာ အရှင်မင်းကြီး ၊ အာရှုရိ ရှင် ဘုရင်သည် ဟေဇကိ ကို မိန့် တော်မူသည်ကား ၊ သင်ခိုလှုံ သဖြင့်ခိုလှုံ ရာကား အဘယ်သို့ နည်း 20 စစ်တိုက် လောက်အောင် ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီး သော စကား ကို သင်ဆို ပါသည်တကား။ ငါ့ ကို ပုန်ကန် ခြင်းငှါ အဘယ်သူ ကိုကိုးစား သနည်း 21 ကျိုး သောကျူလုံး တောင်ဝေး တည်းဟူသောအဲဂုတ္တု ပြည်ကို ကိုးစား ပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ ၏လက် ကို ဖောက် ၍ လျှိုသွားလိမ့်မည်။ ထို သို့အဲဂုတ္တု မင်းကြီး ဖာရော ဘုရင်သည် မိမိ ၌ မှီ သော သူအပေါင်း တို့ကိုပြု လိမ့်မည် 22 သင်တို့က၊ ငါတို့သည် ငါ တို့၏ဘုရား သခင်ထာဝရဘုရား ကို ကိုးစား သည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည် မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ ယေရုရှလင် မြို့မှာ ဤ မည်သောယဇ် ပလ္လင်ရှေ့ ၌သာ ကိုးကွယ် ရမည်ဟုယုဒ ပြည်သူယေရုရှလင် မြို့သားတို့ကိုမှာ ထားသဖြင့် ၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မ ဟုတ်လော။ 23 သို့ဖြစ်၍ ယခု တွင် ငါ့ သခင် အာရှုရိ ရှင်ဘုရင် ၌ အာမခံ တို့ကိုအပ်ပါလော့။ သင် ၌ မြင်းစီး သူရဲ လုံလောက် အောင်ရှိလျှင် မြင်း နှစ်ထောင် တို့ကိုငါပေး မည် 24 သင်သည် ငါ့ သခင် ၏ကျွန် တို့တွင် အငယ်ဆုံး သောဗိုလ် ကိုအဘယ်သို့ လှန် နိုင်မည်နည်း။ အဲဂုတ္တု ပြည်မှ ရထား များ၊ မြင်းစီး သူရဲများကို ရမည်ဟုယုံ ပါသည်တကား 25 ထာဝရဘုရား ၏အခွင့် မရှိဘဲ ဤ ပြည် ကိုဖျက်ဆီး ခြင်းငှါ ငါလာ သလော။ ထို” ပြည် ကို သွား ၍ ဖျက်ဆီး လော့ဟု ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏ 26 ထိုအခါ ဟိလခိ သား ဧလျာကိမ် ၊ ရှေဗန ၊ ယောအာ တို့က ၊ ရှုရိ ဘာသာစကားအားဖြင့်ကျွန် တော်တို့အား အမိန့် ရှိပါလော့။ ထိုစကားကို ကျွန်တော် တို့သည်နားလည် ပါ၏။ မြို့ရိုး ပေါ် မှာ ရှိသောသူ တို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့် မ ရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆို ကြလျှင်၊” 27 ရာဗရှာခ က၊ ငါ့ သခင် သည် သင် ၏သခင် နှင့် သင့် အား သာဤ စကား ကိုပြော စေခြင်းငှါ ငါ့ ကို စေလွှတ် တော်မူသလော။ မြို့ရိုး” ပေါ် မှာ ထိုင် လျက် သင်တို့နှင့်အတူမိမိ တို့မစင် ကိုစား ၍ ၊ မိမိတို့ရေ ဟောင်းကို သောက် ရသောသူ တို့ရှိရာသို့ စေလွှတ်တော်မူသည် မ ဟုတ်လော ဟုဆို ပြီးလျှင်၊” 28 ရာဗရှာခ သည်ထ ၍ ယုဒ ဘာသာ စကားအားဖြင့် ကျယ် သောအသံ နှင့် ကြွေးကြော် လျက် ၊ မဟာ အရှင်မင်းကြီး အာရှုရိ ရှင်ဘုရင် ၏ အမိန့် တော်ကိုနားထောင် ကြလော့ 29 ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ သူသည်သင် တို့ကိုငါ့ လက် မှ ကယ်ယူ ခြင်းငှါ မ တတ်နိုင်။ 30 ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကိုဧကန်အမှန်ကယ်ယူ တော်မူမည်။ ဤ မြို့ သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မ ကိုးစား စေနှင့် 31 ဟေဇကိ စကားကို နား မ ထောင်ကြနှင့် 32 အာရှုရိ ရှင်ဘုရင် မိန့် တော်မူသည်ကား ၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြ။ ငါ့ ထံသို့ ထွက် လာကြ။ သင်တို့သည်မ သေ အသက်ရှင် မည်အကြောင်း၊ သင် တို့ပြည် နှင့် တူသော ပြည် တည်းဟူသော ဆန် စပါး စပျစ်ရည် နှင့် ပြည့်စုံသောပြည် ၊ မုန့် နှင့် စပျစ် ဥယျာဉ်၊ သံလွင် ဆီ ၊ ပျားရည် များသောပြည် သို့ ပို့ခြင်းငှါငါ မ လာ မှီတိုင်အောင်သင် တို့သည် ကိုယ် စပျစ် ပင်၏အသီး၊ ကိုယ် သင်္ဘော သဖန်းပင်၏အသီးကိုစား ၍ ၊ ကိုယ် ရေကန် ကရေ ကို သောက် လျက် နေကြဦးလော့ 33 ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကိုကယ်ယူ တော်မူမည်ဟု မ ဖြားယောင်း စေနှင့်။ အပြည်ပြည် သော ဘုရား တို့သည် မိမိ တို့ပြည် များကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် ကြပြီလော။ 34 ဟာမတ် ပြည်၏ဘုရား၊ အာပဒ် ပြည်၏ ဘုရား တို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ် ပြည်၊ ဟေန ပြည်၊ ဣဝါ ပြည်၏ ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ သူတို့သည် ရှမာရိ ပြည်ကို ငါ့ လက် မှ ကယ်လွှတ် ကြပြီလော 35 ထိုအပြည်ပြည်သောဘုရား တို့တွင် အဘယ်မည်သော ဘုရားသည် မိမိ ပြည် ကိုငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရား သည် ယေရုရှလင် မြို့ကို ငါ့ လက် မှ အဘယ်သို့ကယ်လွှတ် နိုင်မည်နည်းဟု ဆိုလေ၏ 36 ယုဒလူ တို့လည်း စကား တခွန်းကိုမျှမ ပြန် ဘဲ တိတ်ဆိတ် စွာနေကြ၏။ အကြောင်း မူကား၊ ပြန် မ ပြောနှင့်ဟု ရှင်ဘုရင် အမိန့် တော်ရှိသတည်း 37 ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီး ရှေဗန ၊ အာသပ် သား အတွင်းဝန်ယောအာ တို့သည် မိမိတို့အဝတ်ကို ဆုတ် လျက် ၊ ဟေဇကိ မင်းထံသို့ လာ ၍ ရာဗရှာခ စကား ကိုကြား လျှောက်ကြ၏
191 ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့သွား လေ၏ 2 လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို အာမုတ် သား ပရောဖက် ဟေရှာယ ထံသို့ စေလွှတ် လေ၏ 3 ဟေဇကိ မင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့၊ ဆုံးမ သောနေ့ ၊ ကဲ့ရဲ့ ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဘွား ချိန်ရောက် ၍ သား ကို ဘွား နိုင် အောင် ခွန်အား မ ရှိ 4 အသက်ရှင် တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန်ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်း သော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါဟု ပြောစေခြင်းငှါ၊” 5 ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံသို့ ရောက် လာကြ၏ 6 ဟေရှာယ ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကိုကဲ့ရဲ့ ၍ သင်သည်ကြား ရသော စကား ကြောင့် မ ကြောက် နှင့် 7 ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထို ပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကားတော်ကို သင် တို့၏ သခင် အား ပြန်ကြား ကြလော့ဟုပြော ဆို၏ 8 ထိုအခါ အာရှိုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်း ကို ရာဗရှာခ ကြား လျှင် ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏ 9 နောက်တဖန်ကုရှ မင်းကြီး တိရက္က သည် စစ်ချီ ၍ လာ ပြီဟု သိတင်းကြား သောအခါ ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊ “ 10 သင် တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား ၊ သင် ကိုးစား သော ဘုရားသခင် က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍သင့် ကို မ လှည့်စား စေနှင့် 11 အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်း ကို သင် သည် ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော 12 ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသောဧဒင် အမျိုးသား တို့ကို သူ တို့၏ ဘုရား များတို့သည် ကယ်ယူ ကြပြီလော။ 13 ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါ မြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏ 14 ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံ ယူ၍ ကြည့် ပြီးလျှင် ဗိမာန် တော်သို့သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏ 15 ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊ ခေရုဗိမ် ပေါ်မှာ ထိုင် တော်မူသောဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်တပါးတည်းသာလျှင်မြေကြီး ပေါ် မှာ ရှိသမျှ သော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏ 16 အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ 17 အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍၊ “ 18 သူ တို့၏ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထို ဘုရားတို့သည် ဘုရား မ ဟုတ်၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ 19 အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသာ ဘုရား သခင်ဖြစ်တော်မူသည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏ 20 ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ 21 ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏ 22 သင်သည် အဘယ်သူ ကိုကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြု ပါ သည်တကား 23 သင် သည် တမန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင် အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်းဆုံး သော ထင်ရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အဝေး ဆုံးသော ခိုလှုံ ရာအသီး များ သော တော ထဲသို့ ငါဝင် ပြီ 24 ငါ သည် တွင်း တူး၍ မ မြည်းဘူးသော ရေ ကို သောက် ရပြီ။ ငါ ၏ ခြေဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြားရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီ တကား 25 ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေး ကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မ ကြား သလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့” သော မြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံဖြစ်စေ သောသူဖြစ် မည်အကြောင်း ငါစီရင် ခန့်ထားလေပြီ 26 ထိုကြောင့် မြို့သား တို့သည် အားနည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက် လျက်ရှိကြ၏။ တော မြက်ပင် နှင့် စိမ်း သော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင်နှင့် မ ကြီး မှီညှိုးနွမ်း သော စပါးပင်ကဲ့သို့၎င်း ဖြစ် ကြ၏ 27 သင် ၏နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏ 28 ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည် 29 သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို၎င်းသင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ် ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့ 30 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည် 31 ကျန်ကြွင်း သောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း ၊ ဘေးလွတ် သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလိုတော် အားကြီး၍ ထို အမှုကို စီရင် တော်မူလိမ့်မည် 32 သို့ဖြစ်၍ ထာဝရဘုရား သည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မ ဝင် ရ။ မြို့ထဲသို့မြှား ကိုမ ပစ် ရ။ မြို့ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ 33 လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ 34 ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာကို၎င်း ထောက် ၍ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏ 35 ထိုညဉ့် တွင် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ အာရှုရိ တပ် တွင် လူ တသိန်း ရှစ် သောင်းငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင်ဖြစ်ကြ၏ 36 အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း ထိုအရပ် မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေ မြို့၌ နေ လေ၏ 37 နောက် တဖန်သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော်အာဒြမ္မေလက် နှင့် ရှရေဇာ သည်ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော်ဧသရဟဒ္ဒုန် သည်လည်း ခမည်းတော် အရာ ၌ နန်းထိုင် ၏
201 ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲသဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင်သည် အသက် မ ရှင်သေ ရမည်ဟု အမိန့်တော်ကို ပြန် လေ၏ 2 ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌သစ္စာစောင့် လျက် ၊ စုံလင် သောစိတ်နှလုံး နှင့် ကျင့် ၍နှစ်သက် တော်မူသည်အတိုင်းပြု ကြောင်း ကို အောက်မေ့ တော်မူပါ 3 အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏ 4 ဟေရှာယ သည် နန်းတော်အလယ် တန်တိုင်း သို့ မ ရောက် မှီ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊ “ 5 သင်သည် ငါ့ လူ တို့၏ ဗိုလ်ချုပ် ဟေဇကိ မင်းထံသို့ တဖန် သွားပြီးလျှင် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ပဌနာ စကားကို ငါကြား ပြီ။ သင် ၏မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင်၏အနာ ကို ငါ ပျောက်စေသဖြင့်၊ သင် သည်သုံး ရက် လွန်လျှင် ဗိမာန် တော်သို့ တက် ရလိမ့်မည် 6 သင့် အသက် ၌ တဆယ် ငါး နှစ် ကို ငါဆက် ၍ ပေးမည်။ သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါကယ်လွှတ် မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍ ဤမြို့ ကို ကွယ်ကာ စောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏ 7 ဟေရှာယ ကလည်း ၊ သင်္ဘော သဖန်းသီးအလုံး အထွေးကို ယူ ခဲ့လော့ဟုဆို သည်အတိုင်း ယူ ခဲ့၍ အနာ ကို အုံ ပြီးမှ မင်းကြီးသက်သာ လေ၏ 8 ဟေဇကိ မင်းကလည်း၊ ထာဝရဘုရား သည် ငါ့ အနာ ကို ပျောက်စေ၍ သုံး ရက် လွန်လျှင် ငါသည် ဗိမာန် တော်သို့တက် လိမ့်မည်ဆို သော်၊ အဘယ် လက္ခဏာ သက်သေရှိသနည်းဟုမေး လျှင်၊” 9 ဟေရှာယ က၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသောလက္ခဏာ သက်သေဟူမူကား ၊ အရိပ် သည် ဆယ် ချက် တိုး ရမည်လော။ ဆယ် ချက် ဆုတ် ရမည် လောဟု မေးသော်၊” 10 ဟေဇကိ က၊ အရိပ် သည် ဆယ် ချက် တိုး လွယ်၏။ ထိုသို့ အလိုမ ရှိ။ ဆယ် ချက် ဆုတ် ပါစေဟု ပြန်ပြော ၏ 11 ပရောဖက် ဟေရှာယ သည်လည်း ၊ ထာဝရဘုရား အား ဆုတောင်း သောအခါ ၊ အာခတ် ၏နေတိုင်း နာရီပေါ် မှာဆယ် ချက် ရွေ့ ပြီးသော အရိပ် ကို ဆယ်ချက် ပြန် စေတော်မူ၏ 12 ထို ကာလ အခါ ဗာလဒန် သား ဗာဗုလုန် မင်းကြီး မေရောဒဗာလဒန် သည်၊ ဟေဇကိ မင်းနာ ၍ အနာ ပျောက်သည် ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက် တမန်တို့ကို စေလွှတ် လေ၏ 13 ဟေဇကိ မင်းသည် သူ တို့ရောက် သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုး ထိုက်သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကိုပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှမ ရှိ။ 14 ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့ သွား ၍ ၊ ထို လူ တို့သည် အဘယ် သို့ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံ တော်သို့ လာ ကြ ပါသနည်းဟု မေးလျှောက် သော် ၊ ဟေဇကိ မင်းက ၊ ဝေး သောအရပ် ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏ 15 နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင် ၊ ဟေဇကိ မင်းက၊ နန်းတော် ၌ ရှိသမျှ ကို မြင် ရ ကြပြီ။ ဘဏ္ဍာ တော်တွင် ငါမ ပြ သော အရာ တစုံတခုမျှ မ ရှိ ဟု ပြန်ပြော ၏ 16 ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့ 17 နန်းတော် ၌ ရှိသမျှ ကို ၎င်း ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွားရသောကာလ သည် ရောက် လိမ့်မည်။ တစုံ တခုမျှ မ ကျန်ကြွင်း ရဟု ထာဝရဘုရား မိန့် တော်မူ၏ 18 သင် နှင့် နွှယ်၍ရသော သင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏ 19 ဟေဇကိ မင်းကလည်း ၊ သင်ပြန်ရသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ကောင်း ပါ၏ဟူ၍၎င်း၊ အကယ်၍ ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိ လျှင် ကောင်းပါသည် မ ဟုတ်လော ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ၏ 20 ဟေဇကိ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့ နှင့် တန်ခိုး ကြီးခြင်း၊ ရေကန် နှင့် ရေပြွန် ကို လုပ် ၍ မြို့ ထဲသို့ ရေ ကို ဆောင် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 21 ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
211 မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဟဇ္ဇိဘ အမည် ရှိ၏ 2 ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏ 3 ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏ 4 ယေရုရှလင် မြို့၌ ငါ့ နာမ ကိုငါ တည်စေမည်ဟု ထာဝရဘုရား မိန့် တော်မူသောမြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင် တည်းဟူသော၊ “ 5 ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏ 6 မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏ 7 ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏ 8 ငါမှာ ထားသမျှ အတိုင်း ငါ့ ကျွန် မောရှေ မှာ ထား သမျှ သော တရား အတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့် ခြင်းငှါ စောင့်ရှောက် လျှင် ၊ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် မှ သူတို့ကို နောက် တဖန် ငါမ ရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊” 9 သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏ 10 ထိုကြောင့် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသည်ကား၊” 11 ယုဒ ရှင်ဘုရင် မနာရှေ သည် သူ့ ရှေ့ မှာ ဖြစ်ဘူး သော အာမောရိ လူတို့ပြု သမျှ ထက် သာ၍ရွံရှာဘွယ် သော ဤ ဒုစရိုက် တို့ကို ပြုသောကြောင့် ၎င်း ၊ မိမိ ရုပ်တု ဆင်းတုအားဖြင့် ယုဒ အမျိုးကို ပြစ်မှား စေသောကြောင့် ၎င်း၊” 12 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည် 13 ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည် 14 ကျန်ကြွင်း သောငါ့ အမွေ လူတို့ကိုငါစွန့် ၍ ရန်သူ လက် သို့ အပ် သဖြင့် ၊ သူ တို့သည်ရန်သူ အပေါင်း တို့၏ လုယက် နှိပ်စက် ရာ ဖြစ် ကြလိမ့်မည် 15 အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏ 16 မနာရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ယုဒ အမျိုးကို ပြစ်မှား စေသော အပြစ် မှတပါး အပြစ် မရှိသော သူအများတို့ကိုသတ် ၍ ယေရုရှလင် မြို့တဘက် မှ တဘက် တိုင်အောင် သူတို့အသွေး နှင့် ပြည့် စေခြင်းငှါပြု၏ 17 မနာရှေ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် ပြစ်မှား သော အပြစ် တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 18 မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဩဇ ဥယျာဉ် တည်းဟူသော မိမိ အိမ် နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏ 19 အာမုန် သည် အသက် နှစ်ဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယုပ္ဘါ မြို့သူဟာရုပ် သမီး မေရှုလမက် အမည် ရှိ၏ 20 ထိုမင်း သည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏ 21 ခမည်းတော် လိုက် သမျှ သော လမ်း သို့ လိုက် ၏။ ခမည်းတော် ဝတ်ပြု သော ရုပ်တု ဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏ 22 ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ထာဝရဘုရား ၏ လမ်း တော်ကို လွှဲရှောင် ၏ 23 မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကို နန်းတော် ၌ လုပ်ကြံ ကြ၏ 24 အာမုန် မင်းကြီး တဘက် ၌ သင်းဖွဲ့ သောသူ အပေါင်း တို့ကို ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌ နန်းတင် ကြ၏ 25 အာမုန် ပြုမူသော အမှု အရာ ကြွင်း လေသမျှတို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 26 ဩဇ ဥယျာဉ် တွင် မိမိ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍ ၊ သား တော်ယောရှိ သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
221 ယောရှိ သည် အသက် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဗောဇကတ် မြို့သားအဒါယ ၏သမီး ယေဒိဒ အမည် ရှိ၏ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သမျှ သောလမ်း သို့ လိုက် လေ၏ 3 ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ၊ မေရှုလံ သား ဖြစ်သော အာဇလိ ၏သား စာရေး တော်ရှာဖန် ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိ ထံသို့ သွား လော့ 4 ဗိမာန် တော်သို့ဆောင် ခဲ့၍ လူ များလက်မှ တံခါး စောင့် ခံယူ သော ငွေ ကို ယဇ် ပုရောဟိတ်မင်း ရေတွက် သဖြင့်၊” 5 ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန် တော်ပြိုပျက် ရာကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊” 6 လက်သမား နှင့် ပန်းရန် သမားလုပ်သည် အတွက် ၊ ဗိမာန် တော်ပြုပြင် စရာ ကျောက် နှင့် သစ်သား ကို ဝယ် သည်အတွက် ဝေပေး ရမည်အကြောင်း မှာထား၍ ဗိမာန် တော်သို့ စေလွှတ် တော်မူ၏ 7 သို့ရာတွင် ထိုငွေ ကို လက်ခံ သောသူ တို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးရကြ 8 ယဇ် ပုရောဟိတ်မင်းဟိလခိ ကလည်း ၊ ပညတ္တိ ကျမ်းစာစောင် ကို ဗိမာန် တော်၌ ငါတွေ့ ပြီဟု စာရေး တော်ရှာဖန် အား ဆို လျက်၊ ကျမ်းစာ ကို အပ် ၍ စာရေး တော်ဘတ် ၏ 9 တဖန် စာရေး တော်ရှာဖန် သည် ရှင်ဘုရင် ထံသို့ သွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် ဗိမာန် တော်၌ တွေ့ သော ငွေ ကိုမှုတ်ပြီးမှ၊ ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ပါပြီဟူ၍၎င်း၊” 10 ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြား လျှောက်လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏ 11 ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “ 12 ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာခဗော် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အသဟိ ကိုခေါ် ၍၊ “ 13 ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏ 14 ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏ 15 မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သောသူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊ “ 16 ယုဒ ရှင်ဘုရင် ဘတ် သော ကျမ်း စကား လာသမျှ အတိုင်း ငါ သည် ဤ အရပ် ၌ ၎င်း၊ ဤ အရပ်သားတို့၌ ၎င်း ၊ ဘေး ရောက် စေမည် 17 အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏ 18 ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ သင် တို့ကို စေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလ အမျိုး ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူကြောင်း ကိုထိုရှင် ဘုရင်အား တဖန် ပြန် လျှောက်ရမည်ကား၊ “ 19 ဤအရပ်သားတို့သည် ဖျက်ဆီး ရာနှင့် ကျိန်ဆဲ ရာ ဖြစ် ရကြလိမ့်မည်ဟု ဤ အရပ် ကို ၎င်း ၊ ဤအရပ် သား တို့ကို၎င်း ၊ ငါခြိမ်းချောက် သော စကားကို သင် သည် ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကို ပြုသောကြောင့် သင့်စကားကို ငါ နားထောင် ၏ 20 ငါ သည်သင့် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍ ၊ သင် သည် ငြိမ်ဝပ် စွာသင်္ချိုင်း သို့ ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက်ကြ၏
231 ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊ “ 2 ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ဗိမာန် တော်သို့တက် ၍ ၊ ဗိမာန် တော်၌ တွေ့ သော ပဋိညာဉ် ကျမ်း စာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏ 3 ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ် နှလုံး အကြွင်းမဲ့ စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု တိုင် နား မှာ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။ လူ အပေါင်း တို့သည်လည်း ထိုအဓိဋ္ဌာန် ကို ဝန်ခံ ကြ၏ 4 နောက် တဖန်ယဇ်ပုရောဟိတ် မင်း ဟိလခိ ၊ ဒုတိယ ယဇ် ပုရောဟိတ်များနှင့် တံခါး စောင့် များတို့သည် ဗာလ ဘုရား၊ အာရှရ ပင်၊ မိုဃ်း ကောင်းကင်တန်ဆာ အဘို့ လုပ် သမျှ သောအသုံး အဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ် မည်အကြောင်း ရှင်ဘုရင် စီရင် သဖြင့်၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် တော ၌ မီးရှို့ ၍ ပြာ ကို ဗေသလ မြို့သို့ ဆောင် သွားကြ၏ 5 ယေရုရှလင် မြို့ပတ်လည် အစရှိသော ယုဒ မြို့ရွာ ၌ မြင့် သော အရပ်တို့အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒ ရှင်ဘုရင် ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကို၎င်း၊ ဗာလ ဘုရား၊ နေ လ ရာသီ စောင့် အစ ရှိသော မိုဃ်း ကောင်းကင်တန်ဆာ တို့အား နံ့သာပေါင်းကို မီးရှို့ သောသူတို့ ကို၎င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ၏ 6 အာရှရပင် ကိုလည်း ဗိမာန် တော်ထဲက ထုတ် ၍ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် ချောင်း သို့ ယူသွားသဖြင့်၊ ထိုချောင်းနား မှာ မီးရှို့ ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့် ကို ဆင်းရဲသားသင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ၏ 7 မိန်းမ တို့သည် အာရှရ ပင်အဘို့ ကုလားကာ ကို ရက် ရာအရပ် ဗိမာန် တော်နား မှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက် တော်မူ၏ 8 ယဇ် ပုရောဟိတ်အပေါင်း တို့ကို ယုဒ မြို့ရွာ တို့မှ ခေါ် ခဲ့၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ ရာမြင့် သော အရပ်များကို ဂေဗ မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ညစ်ညူး စေတော်မူ၏။ ယေရုရှလင်မြို့ ဝန် ယောရှု ၏ တံခါး ဝ လက်ဝဲ ဘက်နား မှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက် တော်မူ၏ 9 မြင့် သောအရပ်နှင့် ဆိုင်သော ယဇ် ပုရောဟိတ်တို့သည်၊ ယေရုရှလင် မြို့ဗိမာန်တော် ယဇ် ပလ္လင်နားသို့ မ ချဉ်း ရဘဲ၊ အပေါင်း အဘော်တို့နှင့် တဆေး မဲ့မုန့်ကို စား ရသော အခွင့်သာရှိကြ၏ 10 အဘယ်သူမျှမိမိ သား သမီး ကို မောလုတ် ဘုရား အား မီး ဖြင့် မ ပူဇော် နိုင်မည်အကြောင်း ၊ ဟိန္နုံ သား၏ ချိုင့်၌ ရှိသောတောဖက် အရပ်ကိုလည်း ညစ်ညှုး စေတော်မူ ၏ 11 ယုဒ ရှင် ဘုရင်တို့သည် နေ ကို ပူဇော် ၍ ၊ ဗိမာန် တော်ဝင်း ပြင် အရာရှိ နာသမ္မေလက် အိမ် နား ၊ ဝင်း တော် တံခါးဝ၌ ထားသော မြင်း တို့ကိုလည်း ပယ်ရှား ၍ နေ ရထား တို့ကိုလည်း မီးရှို့ တော်မူ၏ 12 ယုဒ ရှင် ဘုရင်တို့သည် အာဟပ် မင်းတိုက် တော် အထက်ဆင့် အပေါ် မှာတည် ထားသော ယဇ် ပလ္လင်တို့နှင့် မနာရှေ မင်းသည် ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် တည် ထားသော ပလ္လင် တို့ကို ရှင်ဘုရင် ဖြိုချ ချေဖျက်၍ အမှုန့် ကို ကေဒြုန် ချောင်း ထဲသို့ ပစ် တော်မူ၏ 13 ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ယေရုရှလင် မြို့အရှေ့ ၊ ဖျက်ဆီး ခြင်းတောင် လက်ျာ ဘက်၌ ရွံရှာ ဘွယ်သော ဇိဒုန် ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘ ဘုရား ခေမုရှ ၊ ရွံရှာဘွယ် သော အမ္မုန် ဘုရားမိလကုံ အဘို့ တည် သော ကုန်း တို့ကိုလည်း ရှင်ဘုရင် ညစ်ညှုး စေတော်မူ၏ 14 ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရ ပင်တို့ကို ခုတ်လှဲ ပြီးမှ ၊ သူ တို့တည် ရာအရပ်များကို လူ သေအရိုး တို့ နှင့် ပြည့် စေတော်မူ၏ 15 ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် သည်၊ ဗေသလ မြို့၌ တည် သော ကုန်း နှင့် ယဇ် ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ ပြီးမှ ညက်ညက် ခြေတော်မူ၏။ အာရှရ ပင်ကိုလည်း မီးရှို့ တော်မူ၏ 16 ယောရှိ မင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထို တောင် ပေါ် မှာရှိသော သင်္ချိုင်း ကို မြင် သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်း ထဲက လူသေအရိုး တို့ကို ထုတ် ပြီးလျှင် ၊ ထို အမှု ကို အထက်ကဘော်ပြ သော ဘုရား သခင်၏လူ ဆင့်ဆို သော ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ အရိုးတို့ကို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ၍ ညစ်ညူး စေတော်မူ ၏ 17 ယောရှိမင်းကလည်း၊ ငါ မြင် သော ထို မှတ်ကျောက် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ မြို့ သား တို့က၊ ကိုယ်တော်သည် ဗေသလ ယဇ် ပလ္လင်၌ ပြု တော်မူသော အမှု ကို၊ ယုဒ ပြည်မှ လာ ၍ ဘော်ပြ သော ဘုရား သခင်၏ လူ သင်္ချိုင်း ဖြစ်ပါသည်ဟု ပြန် လျှောက်ကြသော်၊ “ 18 ရှင် ဘုရင်က ၊ ရှိ စေလော့။ ထိုသူ ၏အရိုး တို့ကို အဘယ်သူ မျှမ ရွှေ့ စေနှင့်ဟု မိန့် တော်မူသည်အတိုင်း သူ ၏ အရိုး တို့နှင့် ရှမာရိ မြို့မှ လာ သောပရောဖက် အရိုး တို့ကို ရှိ စေကြ၏ 19 ဣသရေလ ရှင် ဘုရင်တို့သည် အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိ မြို့ရွာ တို့၌ မြင့် သောအရပ်ပေါ်မှာ တည် လုပ်သော အိမ် ရှိသမျှ တို့ကိုလည်း ယောရှိ မင်းသည် ပယ်ရှား ၍ ၊ ဗေသလ မြို့၌ ပြု သမျှ အတိုင်း ပြု တော်မူ၏ 20 မြင့် သော အရပ်နှင့် ဆိုင်သောယဇ် ပုရောဟိတ်အပေါင်း တို့ကိုလည်း ယဇ် ပလ္လင်ပေါ် မှာ ကွပ်မျက် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ ပြီးမှယေရုရှလင် မြို့သို့ ပြန် တော်မူ ၏ 21 တဖန် ရှင်ဘုရင် ကလည်း၊ ဤ ပဋိညာဉ် ကျမ်းစာ ၌ လာ သည်အတိုင်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ပသခါ ပွဲကို ဆောင် ကြလော့ဟု လူ အပေါင်း တို့ကို မိန့် တော်မူ၏ 22 အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုး သော တရားသူကြီး လက်ထက် မှစ၍ ၊ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် လက်ထက် ကာလပတ်လုံး ၊ ထိုသို့ သော ပသခါ ပွဲကို တခါ မျှမဆောင် ကြ 23 ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ထို ပွဲ ကို ယေရုရှလင် မြို့၌ ထာဝရဘုရား အား ဆောင် ကြသတည်း 24 ထို မှတပါး၊ ဗိမာန် တော်၌ ယဇ်ပုရောဟိတ် ဟိလခိ တွေ့ သော ကျမ်းစာ ၌ ပါ သောစကား အတိုင်း ကျင့် လိုသောငှါ ၊ ယောရှိ မင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တု မှစ၍ ရုပ်တု ဆင်းတုများကို၎င်း ၊ ယေရုရှလင် မြို့နှင့် ယုဒ ပြည် လုံးတွင် ရွံရှာဘွယ် သောအရာ တွေ့ သမျှ တို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏ 25 မောရှေ တရား ၌ ပါသမျှ ကို ကျင့်သဖြင့်၊ စိတ်နှလုံး အကြွင်းမဲ့ အစွမ်း သတ္တိရှိသမျှ နှင့် ထာဝရဘုရား အထံ တော်သို့ ပြောင်းလဲ ၍ ၊ ယောရှိ မင်းနှင့် တူသော ရှင်ဘုရင် တယောက် မျှ မ ဖြစ် စဖူး။ နောင် ကာလ၌လည်း မ ပေါ် မရှိ 26 သို့ရာတွင် မနာရှေ သည် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှား သော အပြစ် ရှိသမျှ တို့ကြောင့် ၊ ယုဒ အမျိုး၌ ပြင်းစွာ အမျက် ထွက်၍ စိတ် တော်မ ပြေ။ 27 ဣသရေလ အမျိုးကို ငါ့ မျက်မှောက် မှ ပယ်ရှား သကဲ့သို့ ယုဒ အမျိုးကိုလည်း ငါပယ်ရှား မည်။ ငါရွေးချယ် သော ယေရုရှလင် မြို့ကို၎င်း ၊ အကြင်ဗိမာန်၌ငါ့ နာမ ကို ငါတည် စေမည်ဟု ငါဆို သော ဗိမာန် ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့် တော်မူ၏ 28 ယောရှိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 29 ထိုမင်း လက်ထက် ၌ အဲဂုတ္တု ဖာရော ဘုရင် နေခေါ သည် ဥဖရတ် မြစ် တိုင်အောင် အာရှုရိ ရှင်ဘုရင် ကို စစ်ချီ ၍ ၊ ယောရှိ မင်းကြီး သည် ဆီးတား ခြင်းငှါ ထွက် ရာတွင်၊ မေဂိဒ္ဒေါ မြို့မှာ မင်း ချင်းတွေ့ သောအခါ ၊ ယောရှိ မင်း သည် အသက် ဆုံးလေ၏ 30 ကျွန် တို့သည် ရထား တော်ပေါ်မှာ တင် ပြီးလျှင် ၊ မင်းကြီး သေ စဉ်တွင် မေဂိဒ္ဒေါ မြို့မှ ယေရုရှလင် မြို့သို့ ဆောင် သွား၍ သင်္ချိုင်း တော်၌ သင်္ဂြိုဟ် ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ဘိသိတ် ပေးလျက် ခမည်းတော် အရာ ၌ နန်းတင် ကြ၏ 31 ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား ၊ လိဗန မြို့သားယေရမိ ၏ သမီး ဟာမုတာလ အမည် ရှိ၏ 32 ထို မင်းသည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏ 33 ဖာရော နေခေါ သည် ထိုမင်း ကို ယေရုရှလင် မြို့မှာ မင်း မပြုစေခြင်းငှါ ဟာမတ် ပြည် ၊ ရိဗလ မြို့မှာ အကျဉ်း ထား၍ ၊ ယုဒပြည် ၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကိုအခွန် တောင်း လေ၏ 34 ဖာရော နေခေါ သည်လည်း ၊ ယောရှိ သား ဧလျာကိမ် ကို ခမည်းတော် အရာ ၌ နန်းတင် ၍ ယောယကိမ် အမည် သစ်ကိုပေး ၏။ ယောခတ် ကို အဲဂုတ္တု ပြည်သို့ယူ သွား၍ ထို ပြည်၌ ယောခတ်သည်သေ ၏ 35 ယောယကိမ် သည်လည်း ဖာရော ဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေ ငွေ ခွဲ၍ ဖာရော ဘုရင် အား အခွန် ဆက်ရ၏။ ပြည်သူ ပြည်သားအသီးအသီးတို့ကို ရွှေ ငွေ ခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရော နေခေါ အား ဆက် လေ၏ 36 ယောယကိမ် သည် အသက်နှစ်ဆယ် ငါး နှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ရုမ မြို့သားပေဒဲယ ၏သမီး ဇေဗုဒ အမည် ရှိ၏ 37 ထိုမင်း သည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
241 ယောယကိမ် မင်းလက်ထက် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ယောယကိမ် သည် သုံး နှစ် ကျွန်ခံ ပြီးမှတဖန်လှန်ပြန် ၍ ပုန်ကန် လေ၏ 2 ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသော စကား တော်အတိုင်း ၊ ယုဒ ပြည်ကို ဖျက်ဆီး စေခြင်းငှါ ၊ ခါလဒဲ တပ်သား ၊ ရှုရိ တပ်သား ၊ မောဘ တပ်သား ၊ အမ္မုန် တပ်သား တို့ကို စစ်ချီ စေတော်မူ ၏ 3 မနောရှ မင်းပြု မိသမျှ သော အပြစ်၊ “ 4 အသေ မခံထိုက်သောသူတို့ ကိုသတ် ၍ သူတို့ အသွေး နှင့် ယေရုရှလင် မြို့ကို ပြည့် စေသော အပြစ် များ ကို ထာဝရဘုရား သည် လွှတ် တော်မ မူ။ ယုဒ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား လိုသောငှါ စီရင် တော်မူသည် အတိုင်း သာ ထိုအမှုရောက် သတည်း 5 ယောယကိမ် ပြု မူသော အမှု အရာကြွင်း လေ သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏ 6 ယောယကိမ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ယေခေါနိ သည်ခမည်းတော် အရာ ၌ နန်းထိုင် ၏ 7 အဲဂုတ္တု မြစ် မှစ၍ ဥဖရတ် မြစ် တိုင်အောင် အဲဂုတ္တု ရှင်ဘုရင် ပိုင်သမျှသောမြေကို ဗာဗုလုန် ရှင်ဘုရင် ယူ သောကြောင့် ၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိ ပြည် မှ မချီမထွက်ရ 8 ယေခေါနိ သည်အသက် ဆယ် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သားဧလနာသန် ၏သမီး နဟုတ္တ အမည် ရှိ၏ 9 ထိုမင်းသည် ခမည်းတော် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏ 10 ထို ကာလ ၌ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန် တို့သည် ယေရုရှလင် မြို့သို့စစ်ချီ ၍ ဝိုင်း ထားကြ ၏ 11 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ကိုယ်တိုင်ရောက် ၍ ၊ သူ ၏ကျွန် တို့သည် မြို့ ကို ဝိုင်း ထား ကြသောအခါ၊ “ 12 ယုဒ ရှင်ဘုရင် ယေခေါနိ သည် မယ်တော် မှစသော ကျွန် ၊ မှူးမတ် ၊ အရာ ရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင် ထံသို့ ထွက် ၍ ဗာဗုလုန် ရှင် ဘုရင်သည် နန်းစံ ရှစ် နှစ် တွင် ယုဒ ရှင်ဘုရင်ကိုရ ၏ 13 ထာဝရဘုရား မိန့် တော်မူဘူးသည်အတိုင်း ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်းသွား ၍ ၊ ဗိမာန် တော်အဘို့ ဣသရေလ ရှင်ဘုရင် လုပ် သော ရွှေ တန်ဆာ အလုံးစုံ တို့ကို အပိုင်းပိုင်း ဖြတ်လေ၏ 14 ယေရုရှလင် မြို့သားမှူးမတ် ၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း ၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်း တို့ကို သိမ်းသွား ၍ ၊ သာမညဆင်းရဲသား မှတပါး အဘယ်သူမျှမ ကျန်ကြွင်း ရ 15 ယေခေါနိ နှင့် မယ်တော် အစ ရှိသော မိဖုရား များ၊ အရာရှိ များ၊ အားကြီးသော ပြည်သားများ အပေါင်း၊” 16 စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူ ရှိသမျှ ၊ ခွန်အား ကြီးသော လူခုနစ် ထောင် ၊ အထူးထူး အပြား အပြားသော ဆရာသမား တထောင် တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ လက်ရသိမ်း သွားလေ၏ 17 ဗာဗုလုန် ရှင် ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိ ကို ဇေဒကိ အမည် ဖြင့်မှည့် ၍ ယေခေါနိ အရာ ၌ နန်းတင် ၏ 18 ဇေဒကိ သည် အသက် နှစ်ဆယ် တ နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သားယေရမိ ၏သမီး ဟာမုတာလ အမည် ရှိ၏ 19 ထိုမင်းသည် ယောယကိမ် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏ 20 ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင့်ထုတ် မှီတိုင်အောင်အမျက် ထွက် တော်မူ၍ ၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏”
251 ဇေဒကိမင်းနန်းစံကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊” 2 ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏ 3 ထိုနှစ်စတုတ္ထလ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ၊ “ 4 ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏ 5 ခါလဒဲ စစ်သူရဲ တို့သည် ရှင် ဘုရင်ကို လိုက် ၍ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ၊ ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏ 6 ရန်သူတို့သည် ရှင် ဘုရင်ကိုဘမ်းဆီး ၍ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊” 7 ဇေဒကိ မင်း၏ သား တို့ကို အဘ မျက်မှောက် ၌ သတ် ကြ၏။ ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူ သွားကြ၏ 8 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံဆယ် ကိုး နှစ် ၊ ပဉ္စမ လ ခုနစ် ရက်နေ့တွင် ၊ အမှု တော်ထမ်း ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ယေရုရှလင် မြို့သို့ လာ ၍၊ “ 9 ဗိမာန် တော်၊ နန်းတော် ၊ မင်း အိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့ လေ၏ 10 ကိုယ်ရံတော် မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက် ကြ၏ 11 ထိုအခါ ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောသူ ၊ ဗာဗုလုန် ရှင်ဘုရင် ဘက် သို့ ကူး သွားနှင့်သောသူ ၊ ကြွင်း သမျှသောသူတို့ကို သိမ်း သွား လေ၏ 12 သို့ရာတွင် စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ ၊ ဆင်းရဲသား အချို့တို့ကိုထား ခဲ့လေ၏ 13 ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း ၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည် ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှကို ဗာဗုလုန် မြို့သို့ ယူ သွားကြ၏ 14 အိုးကင်း ၊ တူးရွင်း ပြား၊ မီးညှပ် ၊ ဇွန်း မှစ၍ အမှု တော်ထမ်းစရာ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏ 15 ရွှေ တန်ဆာ၊ ငွေ တန်ဆာတည်းဟူသော လင်ပန်း ၊ အိုး အစရှိသော တန်ဆာများကို ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော် မှူးသည် ယူ သွားလေ၏ 16 ဗိမာန် တော်၌ ရှောလမုန် မင်းလုပ် သော တိုင် နှစ် တိုင်၊ ရေကန် တခု ၊ အခြေအမြစ်များ၌ပါသောကြေးဝါ သည် အချိန် အားဖြင့် အတိုင်းမသိများ၏ 17 တိုင် အမြင့် ကားတဆယ် ရှစ် တောင် ရှိ၏။ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား သုံး တောင် ရှိ၍ ၊ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲ သီးတို့နှင့် ပြည့်စုံ၏။ အခြား သောတိုင် သည်လည်း ထို အတူ ဖြစ်၍ ကွန်ရွက် နှင့် ပြည့်စုံ ၏ 18 ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏ 19 စစ် သူရဲတို့ကိုအုပ် သော ဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေး ကြီး တယောက်၊ မြို့ ထဲ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ ကိုမြို့ ထဲက ခေါ် သွား၍၊ “ 20 ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ ပြီးလျှင်၊ “ 21 ဗာဗုလုန် ရှင် ဘုရင်သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ် ပေး၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်းသွား ခြင်းကို ခံရသတည်း 22 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အခွင့်နှင့် ယုဒ ပြည် ၌ ကျန်ကြွင်း သေးသော လူ တို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကို ခန့်ထား တော်မူ၏ 23 ဗာဗုလုန် ရှင် ဘုရင်သည် ဂေဒလိ ကို ပြည်အုပ် အရာ၌ခန့်ထား ကြောင်း ကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် ၊ နေတောဖတ် အမျိုး၊ တာနုမက် သား စရာယ ၊ မာခသိ အမျိုးသား ယေဇနိ တို့သည် မိမိ လူ များနှင့်တကွ ၊ ဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍၊ “ 24 ဂေဒလိ က၊ ခါလဒဲ မင်းအမှုကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ကြလော့။ ဗာဗုလုန် ရှင် ဘုရင်၏အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ချမ်းသာ ရကြလိမ့်မည်ဟူ၍ထိုသူ တို့အား ကျိန်ဆို လေ၏ 25 သတ္တမ လ တွင် ၊ ဆွေတော်မျိုးတော်ဧလိရှမာ သား နာသနိ ၏ သား ဣရှမေလ သည် လူ တကျိပ် နှင့်တကွ လာ၍ ဂေဒလိ ကို၎င်း၊ မိဇပါ မြို့ ၌ ဂေဒလိထံမှာရှိသော ယုဒ လူတို့နှင့် ခါလဒဲ လူတို့ကို၎င်း သေ အောင် လုပ်ကြံ လေ၏ 26 ထိုအခါ တပ်မှူး များနှင့် ပြည်သူ ပြည်သားအကြီး အငယ် အပေါင်း တို့သည် ခါလဒဲ လူတို့ကို ကြောက် သောကြောင့် ထ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏ 27 ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါ ဒသမ လ နှစ်ဆယ် ခုနစ် ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလ မေရောဒက်နန်းစံ စက၊ ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲ က နှုတ် ၍ ချမ်းသာပေးလေ၏ 28 ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှာ အထံ တော်၌ ရှိသော မင်းကြီး များထိုင်ရာပလ္လင် တို့ထက် ချီးမြှင့် လေ၏ 29 ယေခေါနိမင်းသည် ထောင် ထဲမှာ ဝတ်သော အဝတ် ကို လဲ ၍ ၊ အသက် ရှည်သမျှကာလ ပတ်လုံးအစဉ် မပြတ်အထံ တော်၌ စား သောက်ရ၏ 30 အသက် ရှည် သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာ ဘို့ ဗာဗုလုန်ရှင်ဘုရင် ပေး သနားတော်မူ၏