ရာဇဝင်ချုပ်ဒုတိယစောင်

1

1 ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ2 လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ်3 တော ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။ 4 ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း5 ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ 6 ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။ 7 ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။ 8 ရှောလမုန် ကလည်း ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။ 9 ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ထားသော ဂတိတော် ကို တည် စေတော်မူပါ။ 10 အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။ 11 ဘုရားသခင် ကလည်း သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း တောင်း တာရှည် သော အသက် ကိုလည်း တောင်း ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ဉာဏ် ပညာကို ငါပေး ၏။ 12 ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။ 13 ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။ 14 ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ရထား တထောင် နှင့် လေး ရာ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။ 15 ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း အာရဇ် ပင်တို့ကို လွင်ပြင် ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။ 16 ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ကော မြို့၌ ခံယူ ရကြ၏။ 17 အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။

2

1 ရှောလမုန် သည် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ် ကို၎င်း နန်းတော် ကို၎င်း တည်ဆောက် ခြင်းငှါ အကြံ ရှိ၍၊ 2 ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ်မှာ သစ်ခုတ် သော သူရှစ်သောင်း ကြည့်ရှု စီရင်ရသောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲခန့် ပြီးမှ၊ 3 တုရု မင်းကြီး ဟိရံ ထံသို့ စေလွှတ် ၍၊ မင်းကြီးသည် ငါ့ အဘ ဒါဝိဒ် ၏ နန်းတော် ဆောက် စရာဘို့ အာရဇ် သစ်သားကိုပေး လိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။ 4 ဣသရေလ အမျိုးသည် အစဉ် ကျင့်ရသောတရားအတိုင်း ဘုရားရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့ တော်မုန့်ကို အစဉ် တင်ခြင်းငှါ၎င်း၊ ညဦး နံနက် ဥပုသ်နေ့ လဆန်း နေ့၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲ နေ့တို့၌ မီးရှို့ ရာယဇ်ကိုပူဇော် ခြင်းငှါ ၎င်း၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော် ကို တည်ဆောက် ၍ ပူဇော် ရမည်။ 5 ငါ တည်ဆောက် ရသော အိမ် တော်သည် ကြီး ရမည်။ ငါ တို့ဘုရားသခင် သည် ဘုရား တကာ တို့ထက် ကြီးမြတ် တော်မူ၏။ 6 ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို အဆံ့ ခံနိုင်သည်ဖြစ်၍ ကျိန်းဝပ်တော်မူရာ အိမ် ကိုအဘယ်သူ တည်ဆောက် နိုင် မည်နည်း။ ရှေ့ တော်၌ ယဇ် ကို မီးရှို့ရာ အိမ်မှတပါး အခြား သော အိမ် တော်ကို တည်ဆောက် ခြင်းငှါ ငါ သည် အဘယ်သို့သော သူဖြစ်သနည်း။ 7 ယခုမှာ ရွှေ ငွေ ကြေးဝါ သံ မောင်း သော အထည်၊ နီ သောအထည်၊ ပြာ သောအထည်ကို လုပ် တတ် သောအတတ် ငါ့ အဘ ဒါဝိဒ် ပြင်ဆင် ၍ ယေရုရှလင် မြို့၊ ယုဒ ပြည်၌ ငါ့ ထံမှာ ရှိသော ဆရာသမား တို့နှင့် ဝိုင်း၍ ထုလုပ် တတ်သော အတတ်နှင့် ပြည့်စုံ သော သူတယောက် ကို ငါ့ ထံသို့ စေလွှတ် ပါ။ 8 အာရဇ် သစ်သား ထင်းရူး သစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန် တောင်မှာ ခုတ်၍ပေး လိုက်ပါ။ မင်းကြီး ၏ ကျွန် တို့သည် လေဗနုန် တောင်ပေါ်မှာ သစ် ခုတ် တတ် သည် ကို ငါ သိ ၏။ 9 သစ်သား အများကို ပြင်ဆင် ခြင်းငှါ ငါ့ ကျွန် တို့ သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါ တည်ဆောက် ရသော အိမ် တော်သည် အလွန် ကြီး၍ အံ့ဩဘွယ် သော အိမ်ဖြစ်ရမည်။ 10 သစ် ခုတ် သော မင်းကြီး ကျွန် တို့အား ဂျုံဆန် ကောရ နှစ်သောင်း မုယောဆန် နှစ်သောင်း စပျစ်ရည် ဗတ် နှစ်သောင်း ဆီ နှစ်သောင်း ကို ငါပေး မည်ဟု မှာ လိုက် လေ၏။ 11 တုရု မင်းကြီး ဟိရံ သည် စာရေး ရှောလမုန် ထံသို့ ပြန်ပေး လိုက်သည်ကား၊ ထာဝရဘုရား သည် မိမိ လူမျိုး ကို ချစ် တော်မူသောကြောင့် ကိုယ်တော် ကို သူ တို့ ရှင်ဘုရင် အရာ၌ ချီးမြှောက် တော်မူပြီ။ 12 ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန် တော်ကို၎င်း နန်းတော် ကို၎င်း၊ တည်ဆောက် ခြင်းငှါတတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း ပညာသတိ နှင့် ပြည့်စုံသောသား ကို ဒါဝိဒ် မင်းကြီး အား ပေး တော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ 13 ယခုမှာ ဉာဏ်ကောင်း ၍ လိမ္မာ သောသူ ဟိရံအဘိ ကို ငါစေလွှတ် ပါ၏။ 14 သူ့အမိ ကားဒန် အမျိုးသမီး အဘ ကား တုရု အမျိုးသား ဖြစ်၏။ သူသည် ရွှေ ငွေ ကြေးဝါ သံ ကျောက် သစ်သား မောင်း သောအထည်၊ ပြာ သော အထည်။ နီ သောအထည်၊ ပိတ်ချော ကို လုပ် တတ်သော အတတ် အမျိုးမျိုး ထုလုပ် တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော် ၏ ဆရာသမား ခမည်းတော် အရှင် ဒါဝိဒ် ၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှ ကို ဉာဏ်ရှာ ၍ လုပ်တတ်သောသူဖြစ် ၏။ 15 သို့ဖြစ်၍ ကိုယ်တော်အမိန့် ရှိသည်အတိုင်း ဂျုံဆန် မုယောဆန် စပျစ်ရည် ဆီ ကိုကိုယ်တော် ကျွန် တို့ အား ပေး ပါတော့။ 16 ငါ တို့သည် ကိုယ်တော် လိုချင် သမျှ သောသစ်သား ကို၊ လေဗနုန် တောင်ပေါ်မှာ ခုတ် ပြီးလျှင် ဘောင် လုပ်၍ ပင်လယ် လမ်းဖြင့် ယုပ္ပေ မြို့သို့ ဆောင် ခဲ့ပါမည်။ ကိုယ်တော် သည် ယေရုရှလင် မြို့သို့ သယ်ပို့ ရမည်ဟု ပြန်ပြော ၏။ 17 ခမည်းတော် ဒါဝိဒ် သည် ဣသရေလ နိုင်ငံ နေသော တပါးအမျိုးသား အပေါင်း တို့ကို စာရင်း ယူပြီး သည်နောက် တဖန်ရှောလမုန် သည် စာရင်း ယူပြန်၍၊ တသိန်း ငါးသောင်းသုံး ထောင် ခြောက် ရာ တို့ကို တွေ့ ၏။ 18 ထမ်း သောသူ ခုနစ်သောင်း တောင် ပေါ်မှာ သစ်ခုတ် သောသူရှစ်သောင်း အမှု ကိုကြည့်ရှု စီရင်သောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲထား တော်မူ၏။

3

1 - 2 ယေရုရှလင် မြို့တွင် မောရိ တောင် ပေါ် မှာ ခမည်းတော် ဒါဝိဒ် အား ထာဝရဘုရား ထင်ရှား တော်မူရာအရပ် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း ကို ဒါဝိဒ် ပြင်ဆင် ခဲ့ပြီးသော အရပ် ရှောလမုန် သည် နန်းစံ လေး နှစ် ဒုတိယ နှစ် ရက်နေ့တွင် ထာဝရဘုရား ၏ အိမ် တော်ကို တည် ပြုတော်မူ၏။ 3 ရှောလမုန် သည် ဘုရားသခင် ၏အိမ် တော်ကို တည်ဆောက် ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင် အားဖြင့် အလျား သည် အတောင် ခြောက်ဆယ် အနံ အတောင် နှစ်ဆယ် ရှိ၏။ 4 အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့်ညီ၍ အလျား အတောင် နှစ်ဆယ် အမြင့် အတောင်တရာ နှစ်ဆယ် ရှိ၏။ ရွှေစင် နှင့် မွမ်းမံ လျက်ရှိ၏။ 5 အိမ် တော်အတွင်းအမိုးကို ထင်းရူး ပျဉ်ပြား ဖြင့် ပြီးစေလျက် စွန်ပလွံ ပင်များနှင့် ကြိုး များတို့ကို ထု ၍ ရွှေစင် နှင့် မွမ်းမံ လေ၏။ 6 အိမ် တော်၌ အသရေ တင့်တယ်စေခြင်းငှါ ကျောက် မြတ် တို့ကို စီချယ် ၏။ မွမ်းမံသောရွှေ သည် ပါရဝိမ် ရွှေ ဖြစ်၏။ 7 အိမ် တော်၏ထုပ် လျောက်၊ တိုင်၊ ထရံ တံခါးရွက် တို့ကို ရွှေ နှင့် မွမ်းမံ ထရံ ပေါ် မှာ ခေရုဗိမ် အရုပ် များကို ထု လေ၏။ 8 အလွန် သန့်ရှင်းရာ ဌာန တော်ကိုလည်း အိမ် တော်အနံ နှင့်ညီစွာ အလျား အတောင် နှစ်ဆယ် အနံ အတောင် နှစ်ဆယ် လုပ်၍ ရွှေစင် အခွက် ခြောက် ထောင် နှင့် မွမ်းမံ လေ၏။ 9 ရွှေ မှိုအချိန် ကား အကျပ် ငါးဆယ် ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေ နှင့်မွမ်းမံ ၏။ 10 အလွန်သန့်ရှင်း သော အခန်း ခေရုဗိမ် နှစ်ပါး ကို ထု လုပ်၍ ရွှေ နှင့် မွမ်းမံ ၏။ 11 ခေရုဗိမ် အတောင် တို့သည် အတောင် နှစ်ဆယ် ရှည် ၏။ 12 အတောင် တဘက်လျှင် အလျားငါး တောင် စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီအိမ် တော်ထရံ ကို မှီ လျက် ရှိကြ၏။ 13 ထို ခေရုဗိမ် တို့သည် အတွင်း သို့ မျက်နှာ ပြုလျက် မတ်တတ် နေ၍ အတောင် တို့ကို ဖြန့် သဖြင့် အတောင် နှစ်ဆယ် ကျယ်၏။ 14 ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သော အထည်၊ ပိတ်ချော ဖြင့် ပြီး၍ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ ကိုလည်း လုပ် လေ၏။ 15 အရှည်သုံးဆယ် ငါး တောင် ရှိသောတိုင် နှစ် တိုင် ကိုလည်း လုပ် ၍ အိမ် တော်ရှေ့ မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။ 16 ဗျာဒိတ် ဌာနတော်၌ ရှိသကဲ့သို့ကြိုး များကိုလည်း လုပ် တိုင် ထိပ် အပေါ် မှာထား ၏။ သလဲသီး အလုံးတရာ တို့ကိုလည်း လုပ် ကြိုး ပေါ် မှာ ဆွဲ ထား၏။ 17 ထိုတိုင် တို့ကို ဗိမာန် တော်ရှေ့ မှာ လက်ျာ ဘက် လက်ဝဲ ဘက်၌ စိုက် ထား၍ လက်ျာ တိုင်ကိုယာခိန် လက်ဝဲ တိုင်ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။

4

1 အလျား အတောင် နှစ်ဆယ် အနံ အတောင် နှစ်ဆယ် အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။ 2 အချင်း ဆယ် တောင် အဝန်း အတောင် သုံးဆယ် အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။ 3 ရေကန် အနားပတ်အောက်ပတ်လည် ၌ ဘူးသီးရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်းသွန်း လေ ၏။ 4 နွား တဆယ် နှစ်ခု ပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြု ကြ၏။ 5 ရေကန်သည် ဒု လက်တဝါး ရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက် နှင့်ပြည့်စုံ ၏။ ရေဗတ် သုံး ထောင် ဝင် နိုင်၏။ 6 မီးရှို့ ရာယဇ်နှင့်ဆိုင်သော အရာ တို့ကို ဆေး စရာ ဘို့ အင်တုံဆယ် လုံးကိုလည်း လုပ် ၍၊ လက်ျာ ဘက်၌ အင်တုံ ငါး လုံး၊ လက်ဝဲ ဘက်၌ ငါး လုံးကို ထား လေ၏။ ရေကန် မူကား ယဇ်ပုရောဟိတ် ရေချိုး စရာဘို့ ဖြစ်သတည်း။ 7 ရွှေ မီးခုံ ဆယ် ခုကိုလည်း အရင် ပုံနှင့်အညီ လုပ် ၍ ဗိမာန် တော်အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကိုထား လေ၏။ 8 စားပွဲ ဆယ်ခု ကိုလည်း လုပ် ဗိမာန် တော် အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကို ထား လေ၏။ ရွှေ ဖလား တရာ ကိုလည်း လုပ် လေ၏။ 9 ယဇ်ပုရောဟိတ် တန်တိုင်း ပြင်တန်တိုင်း ကြီး တန်တိုင်း တံခါးရွက် များကိုလည်း လုပ် တံခါးရွက် တို့ကို ကြေးဝါ ဖြင့် ဖုံးအုပ် လေ၏။ 10 ရေကန် ကိုလည်း အိမ်တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် နေရာ ချ၏။ 11 ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံ ငယ်များ ကိုလည်း လုပ် သဖြင့် ရှောလမုန် မင်းကြီး အဘို့ ဘုရားသခင် ၏အိမ် တော်၌ လက်စသတ် သော အရာ များဟူမူကား12 တိုင် နှစ် တိုင်၊ တိုင် ထိပ် နှင့် တိုင် ထိပ်အထွဋ်နှစ်ခု တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊ 13 ထိုကွန်ရွက် အပေါ်မှာ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ14 ခုံ များ၊ ခုံ ပေါ် မှာတင် ထားသောအင်တုံ များ၊ 15 ရေကန် ကန်၊ ရေကန် ကိုထောက် သော နွား တဆယ် နှစ်ခု အိုး များ၊ ရေမှုတ် များ၊ အမဲ ချိတ်များတည်း။ 16 ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သောထာဝရဘုရား ၏အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင်တောက်သော ကြေးဝါ ဖြင့် ပြီး ကြ၏။ 17 ယော်ဒန် ချိုင့် သုကုတ် မြို့နှင့် ဇာသန် မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ ရှင်ဘုရင် သွန်း လေ ၏။ 18 ရှောလမုန် သည် ထို တန်ဆာ တို့ကို များစွာ လုပ် သောကြောင့် ကြေးဝါ အချိန် ကို အဘယ်သူ မျှမသိ။ 19 ရှောလမုန် သည်လည်း ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှ သော တန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင် စရာစားပွဲ20 တရား တော်အတိုင်း ဗျာဒိတ် ဌာနတော်ရှေ့ မှာ ထွန်း စရာဘို့ ရွှေစင် မီးခုံ နှင့် မီးခွက် များ၊ 21 ရွှေစင် ဖြင့်ပြီး သောပန်းပွင့် မီးခွက် မီး ကိုင် တန်ဆာများ၊ 22 ရွှေစင် ဖြင့်ပြီးသောမီးညှပ် လင်ပန်း ဇွန်း ပြာခံစရာအိုး များ၊ အိမ် တော်ထဲမှာ အလွန်သန့်ရှင်း ရာ ဌာနတော်အတွင်း ခန်းတံခါးရွက် နှင့် ဗိမာန် တော် ပြင်ခန်းတံခါးရွက် တို့ကိုလည်း ရွှေ ဖြင့် ပြီးစေ၏။

5

1 ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။ 2 ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊ 3 ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ ၌ လုပ်သော ပွဲ အတွင်းတွင် ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။ 4 ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊ 5 ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။ 6 ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။ 7 ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ခေရုဗိမ် အတောင် တို့အောက် သူ့ နေရာ ထားကြ ၏။ 8 ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။ 9 ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ထင် သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ယနေ့ တိုင်အောင် ရှိ ကြ၏။ 10 ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။ 11 ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်12 သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း13 သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ထာဝရဘုရား ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုခြင်းငှါ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ အသံ ကိုလွှင့် ထာဝရဘုရား ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။ 14 ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။

6

1 ရှောလမုန် ကလည်း၊ ထာဝရဘုရား သည်၊ ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။ 2 သို့ရာတွင် ကိုယ်တော် ကျိန်းဝပ် တော်မူရာအိမ် အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။ 3 တဖန်ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုးပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တတ် နေကြ၏။

4 - 5 - 6 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော နေ့ က စ၍၊ ငါ့ နာမ တည် ရာ အိမ် ကို ဆောက် စေခြင်းငှါ ဣသရေလ ခရိုင် များတို့တွင် မြို့ တစုံတမြို့ကို ငါမ ရွေး ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး ရသောသူကိုလည်း ငါမ ရွေး သေး။ ယခုမူကား၊ ငါ့ နာမ တည် ရာ ယေရုရှလင် မြို့ကို ၎င်း၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ၎င်း၊ ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသောဣသရေလ အမျိုး ၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။

7 ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော် အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ8 ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကိုပြုပြီ။ 9 သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။ 10 ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း ပြု တော်မူသဖြင့် ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် အရိပ် အရာကိုခံရ၍ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် လျက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။ 11 ဣသရေလ အမျိုးသား တို့နှင့် ထာဝရဘုရား ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ကို ထို အိမ်တော်၌ တင် ထားလေပြီဟု မြွက်ဆို၏။ 12 ထိုအခါ ရှောလမုန် သည် အလျား ငါး တောင် အနံ ငါး တောင်13 အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်14 အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကောင်းကင် ပေါ် မြေကြီး ပေါ် မှာကိုယ်တော် နှင့် တူသောဘုရား တဆူမျှ မရှိပါ။ ရှေ့ တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့် သောကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။ 15 အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသော ဂတိတော် ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။ 16 အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်က၊ သင်သည်ငါ့ ရှေ့ မှာ ကျင့် သကဲ့သို့ သင် ၏ သား မြေးတို့သည်ငါ့ တရား ကို ကျင့် လိုသောငှါ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ငါ့ မျက်မှောက် ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ထား တော်မူသောဂတိတော်ကို ယခု စောင့် တော်မူပါ။ 17 အိုဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကိုယ်တော် ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။ 18 သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ တို့တွင် ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ကောင်းကင် နှင့် ကောင်းကင် တကာတို့၏အထွဋ်၊ အမြင့်ဆုံး သော ကောင်းကင်သည်ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။ 19 သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူ တော်မူပါ။ 20 ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။ 21 ကိုယ်တော် ကျွန် မှစ၍ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ကျိန်းဝပ် တော်မူရာကောင်းကင် ဘုံ၌ နားထောင် အပြစ် မှလွှတ်တော်မူပါ။ 22 လူ သည်မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် အကျိန် ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ ယဇ် ပလ္လင်ရှေ့ မှာ အကျိန်တိုက်လျှင်၊ 23 ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိအပြစ်နှင့်အလျောက်ရှုံးစေခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့် အလျောက်အကျိုးကိုခံရ အပြစ် မှ လွတ်စေခြင်းငှါ ၎င်း ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။ 24 ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ကိုယ်တော် ထံ သို့ပြန်လာ ၍ နာမ တော်ကို ဝန်ခံ လျက် အိမ် တော်ကို မှီခို လျက်၊ ဆုတောင်း ပဌနာ ပြုလျှင်25 ကောင်းကင် ဘုံ၌ နားထောင် ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသောပြည်သို့ တဖန် ပို့ဆောင် တော်မူပါ။ 26 ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် မိုဃ်း ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း နာမ တော်ကို ဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ်လျှင်၊ 27 ကောင်းကင် ဘုံ၌နားထောင် ကိုယ်တော် ၏ ကျွန် ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူ တို့လိုက် ရသောလမ်း ကောင်း ကို ပြညွှန် ကိုယ်တော် ၏ လူ တို့အား အမွေ ပေးသော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။ 28 ပြည် တော်၌ အစာအာဟာရ ခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍သေ သော်၎င်း၊ အရာဘကျိုင်း ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ ကိုဝိုင်း ထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါတစုံတခု ရောက် သောခါ29 ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့ သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် တစုံ တခုသောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊ 30 - 31 ကျိန်းဝပ် တော်မူရာ ကောင်းကင်ဘုံ နားထောင် တော်မူပါ။ ဘိုးဘေး တို့အား ပေးသနား တော်မူသော ပြည် ၌ သူ တို့သည် အသက်ရှင် သော ကာလ ပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ ၍၊ တရားတော်လမ်း သို့လိုက်ပါ မည်အကြောင်း ကိုယ်တော် သာလျှင် လူသတ္တဝါ အပေါင်းတို့၏စိတ်နှလုံး သဘောကိုသိ တော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံး သဘောကိုသိ လျက် သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။ 32 ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့ သည်ကြီးမြတ် သောနာမ တော်နှင့် တန်ခိုး ကြီး၍ ဆန့် တော်မူသောလက်ရုံး တော်ကိုထောက် သဖြင့်၊ ဝေး သောပြည် မှ ရောက် လာ၍ အိမ် တော်ကို မှီခိုလျက်ဆုတောင်း လျှင်33 ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည်ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့၊ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက် နာမ တော် ကို သိ စေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်းကို သိ စေခြင်းငှါ ၎င်း၊ ထို တပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။ 34 ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ကိုယ်တော် ၏လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ရွေး တော်မူသော မြို့ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ကိုယ်တော် အား ဆုတောင်း ကြလျှင်35 သူ တို့ ဆုတောင်း ပဌနာ ပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် သူ တို့အမှု ကို စောင့် တော်မူပါ။ 36 ပြစ်မှား တတ်သော သူ တယောက် မျှမရှိသည် ဖြစ်၍ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ရန်သူတို့သည် ဝေး သောပြည် နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွား လျှင် ၎င်း၊ 37 ထိုပြည် အချုပ် ခံစဉ်၊ သူတို့သည် သတိရ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ တောင်းပန် သဖြင့်38 သိမ်းသွား သော ရန်သူတို့၏ ပြည် နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ ပြန်လာ ၍၊ ဘိုးဘေး တို့ အား ပေး တော်မူသော ပြည် ရွေး တော်မူသော မြို့ နာမ တော် အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊ 39 သူ တို့ဆုတောင်း ပဌနာ ပြုသောစကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် သူ တို့ အမှု ကို စောင့် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား သော ကိုယ်တော် လူ တို့၏အပြစ် ကို ဖြေရှင်းတော်မူပါ။ 40 အိုအကျွန်ုပ် ဘုရားသခင် ကြည့်ရှု တော်မူပါ။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ 41 အိုထာဝရ အရှင် ဘုရားသခင် ကျိန်းဝပ် တော်မူရာသို့ တန်ခိုး တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ အိုထာဝရ အရှင်ဘုရားသခင် ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ကယ်တင် ခြင်းတန်ဆာ ကို ဆင်၍ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကျေးဇူး တော်၌ ဝမ်းမြောက် ကြပါစေသော၊ 42 အိုထာဝရ အရှင်ဘုရားသခင် ဘိသိက် ပေး တော်မူသောသူ ၏မျက်နှာ ကို လွှဲ စေတော်မ မူပါနှင့်။ ကိုယ်တော် ကျွန် ဒါဝိဒ် ခံရသောကျေးဇူး တော်ကို အောက်မေ့ တော်မူပါဟု ပဌနာပြုလေ၏။

7

1 ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ကောင်းကင် က မီး ကျ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။ 2 ထာဝရဘုရား ၏အိမ် တော်သည် ဘုန်း တော်နှင့် ပြည့် သောကြောင့် ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဝင် နိုင် ကြ။ 3 ထိုသို့မီး ကျ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ဂုဏ်တော်ကို ချီးမွမ်း ကြ၏။ 4 ထိုအခါ ရှောလမုန် မင်းကြီး နှင့်တကွ လူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။ 5 နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ယဇ် ပူဇော် သဖြင့် ဘုရားသခင် ၏ အိမ် တော်ကို အနုမောဒနာ ပြုကြ၏။ 6 ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။ 7 ရှောလမုန် သည်လည်း၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ထို အရပ်၌ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ် ကောင်ဆီဥ ကိုပူဇော် ၏။ အကြောင်း မူကား၊ အရင် လုပ်သောကြေးဝါ ယဇ် ပလ္လင်သည် မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။ 8 ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။ 9 အဋ္ဌမ နေ့ရက် ဓမ္မစည်းဝေး ခြင်းကို ပြု ကြ၏။ ခုနစ် ရက်ပတ်လုံးယဇ် ပလ္လင်ကိုအနုမောဒနာ ပြုပြီးမှ၊ နောက် တဖန်ခုနစ် ရက်ပတ်လုံးပွဲခံ ကြ၏။ 10 ထာဝရဘုရား သည် ဒါဝိဒ် နှင့် ရှောလမုန် မှစသော မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက်၊ လူ များတို့သည် မိမိ တို့နေရာ သို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမ နှစ်ဆယ် သုံး ရက် နေ့တွင် လွှတ် လိုက်တော်မူ၏။ 11 ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို လက်စသတ် ဗိမာန် တော်နှင့် နန်းတော် လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊ 12 ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။ 13 မိုဃ်း ရွာ စေခြင်းငှါ ငါသည် မိုဃ်းခေါင် စေ သော်၎င်း၊ ကျိုင်း တို့သည် မြေ အသီးအနှံကို ကိုက်စား စေခြင်းငှါ ငါမှာ ထားသော်၎င်း၊ ငါ့ လူ တို့ ၌ ကာလနာ ကိုစေလွှတ် သော်၎င်း၊ 14 ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။ 15 ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။ 16 ငါ့ နာမ သည် အစဉ် တည်၍ ငါ့ မျက်စိ နှင့် ငါ့ နှလုံး အစဉ် စွဲလမ်း စရာဘို့ ဤ အိမ် ကို ငါရွေးချယ် သန့်ရှင်း စေပြီ။ 17 သင် သည် ငါမှာထား သမျှ ကို ပြု ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ မှာ ကျင့် နေလျှင်18 ဣသရေလ နိုင်ငံကို အုပ်စိုး ရသောသင် ၏အမျိုး မင်း ရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် နှင့် ငါပဋိညာဉ် ဖွဲ့သည် အတိုင်း သင်ထိုင်ရသောရာဇပလ္လင် ကို အစဉ်ငါတည်စေ မည်။ 19 သို့မဟုတ် သင် တို့သည် လမ်းလွဲ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် အခြား တပါးသော ဘုရား ထံသို့ သွား ဝတ်ပြု ကိုးကွယ် လျင်20 ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။ 21 အရပ် မြင့်သော အိမ် တော်ကိုလည်း လမ်း ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍၊ ထာဝရဘုရား သည် ဤ ပြည် နှင့် အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု တယောက်မေးမြန်း သော်22 တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။

8

1 ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို တည်ဆောက် အနှစ် နှစ်ဆယ် စေ့ သောအခါ2 ဟိရံ မင်းပြန်ပေး သော မြို့ တို့ကို ရှောလမုန် ပြုပြင် ဣသရေလ အမျိုးသား တို့ကို နေ စေ၏။ 3 တဖန် ဟာမတ်ဇောဘ မြို့သို့ ချီ သွား နိုင်လေ ၏။ 4 ပြည် ထဲမှာ တာဒမော် မြို့၊ ဟာမတ် ပြည်၌ ရှိသမျှ သော ဘဏ္ဍာ တော်မြို့5 မြို့ရိုး တံခါး ကန့်လန့်ကျင် နှင့် ခိုင်ခံ့ သော အထက် ဗေသောရုန် မြို့နှင့် အောက် ဗေသောရုန် မြို့တို့ကိုလည်း တည် လေ၏။ 6 ဗာလတ် မြို့နှင့် ဘဏ္ဍာ တော်မြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည် လေဗနုန် တောင်ပေါ် နိုင်ငံ တော်အရပ်ရပ် တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။ 7 - 8 ဣသရေလ အမျိုးသား ဖျက်ဆီး သောကြောင့်၊ ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ဟိတ္တိ အာမောရိ ဖေရဇိ ဟိဝိ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက် အပေါင်း တို့ကို ရှောလမုန် သည် ယနေ့ တိုင်အောင် အခွန် ပေး စေ၏။ 9 ဣသရေလ အမျိုးသား တို့ကို ကား ရှောလမုန် သည် အမှု တော်ထမ်းကျွန် ခံ စေ။ စစ်သူရဲ မှူးမတ် စစ်ကဲ ရထား တော်အုပ်၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ ၏။ 10 အမှုတော် ထမ်းများကို အုပ် သောသူ၊ ရှောလမုန် မင်း ခန့်ထား သော မှူးမတ် ကြီးနှစ်ရာ ငါးဆယ် ရှိကြ၏။ 11 ဖာရော ဘုရင်၏ သမီး တော်ကို၊ ရှောလမုန် သည် ဒါဝိဒ် မြို့ မှ ခေါ်၍ သူ့ အဘို့ တည်ဆောက် သော နန်းတော် သို့ ဆောင် ခဲ့၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ရောက် လာသောအရပ် သည် သန့်ရှင်း သောကြောင့် ငါ့ မယား သည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် အိမ် တော်၌ နေ သင့်ဟု သဘောရှိ၏။ 12 ဗိမာန်တော် ဦးရှေ့ မှာတည် သော ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ၊ ရှောလမုန် သည် မောရှေ ၏ ပညတ် တရားနှင့်အညီ နေ့ တိုင်းမည်မျှပူဇော်ရသောမီးရှို့ ရာယဇ်ကို ထာဝရဘုရား အား နေ့တိုင်းပူဇော် လေ့ရှိ ၏။ 13 ထိုမှတပါး ဥပုသ် နေ့နှင့် လဆန်း နေ့၌၎င်း၊ အဇုမ ပွဲ ခုနစ် သိတင်းပွဲ သကေနေ ပွဲ တည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံး ပွဲ ခံသောနေ့ ၌၎င်း ယဇ်ပူဇော်လေ့ရှိ၏။ 14 ခမည်းတော် ဒါဝိဒ် စီရင် သည်အတိုင်း ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ်အမှုကို၎င်း၊ လေဝိ သားတို့သည် နေ့ရက် အစဉ်ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာ သီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးဆောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင် ၏လူ ဒါဝိဒ် မှာ ထားနှင့်သတည်း။ 15 အမှုတော်များ၊ ဘဏ္ဍာ တော်များနှင့် ဆိုင်သော အရာ မှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။ 16 ထာဝရဘုရား ၏ အိမ် တော်အမြစ် မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန် လုပ်ဆောင်ရန် အမှု ရှိသမျှ သည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။ 17 တဖန် ရှောလမုန် သည် ဧဒုံ ပြည် တွင် ပင်လယ် ကမ်းနား ဧဇယုန်ဂါဗာ မြို့နှင့် ဧလုတ် မြို့သို့ သွား ၏။ 18 ဟိရံ သည်လည်း ပင်လယ် ကူး သော အမှုကို နားလည် သော မိမိလူများ၊ သင်္ဘော များကို မိမိ ကျွန် တို့ နှင့်အတူရှောလမုန် ထံသို့ စေလွှတ် သဖြင့် သူတို့သည် ရှောလမုန် မင်း၏ ကျွန် တို့နှင့်အတူ ဩဖိရ မြို့သို့ သွား၍ ရွှေ အခွက် လေး ရာ ငါးဆယ် ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ကြ၏။

9

1 ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ နံ့သာမျိုး နှင့် များစွာ သောရွှေ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။ 2 ရှောလမုန် မင်းကြီးထံ တော်သို့ ရောက် သောအခါ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွှေး မေးမြန်းလေ၏။ သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် သည် ဖြေ လေ၏။ နားမလည် ဖြေ နိုင်သော အရာတစုံတခုမျှ မရှိ။ 3 ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ ကို၎င်း တည်ဆောက် သော အိမ် တော်ကို၎င်း၊ 4 စားပွဲ တော်တန်ဆာ ကို၎င်း အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း လုလင် တို့ခစား သည် အခြင်းအရာကို၎င်း သူ တို့ဝတ်သော အဝတ် တန်ဆာကို၎င်း ဝန်စာရေး များ နှင့် သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း ထာဝရဘုရား ၏ အိမ် တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်းမြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ 5 ကိုယ်တော် ၏ အခြင်း အရာနှင့် ကိုယ်တော် ၏ ပညာ ကို အကျွန်ုပ် သည် ကိုယ်ပြည် ကြား ရသော သိတင်းစကား မှန် ပါ၏။ 6 သို့သော်လည်း ကိုယ်တိုင်ရောက် မြင် မှီ ထို စကား ကို ယုံ။ယခုမူကား၊ ကိုယ်တော် ပညာ ကျယ် ခြင်း အရာမှာ၊ အရင်ကြားရသောစကား သည် တဝက် ကိုမျှမ မှီ။ အကျွန်ုပ် ကြား ရသော သိတင်း ကို ကိုယ်တော်လွန်ကဲ ပါ၏။ 7 ရှေ့ တော်၌အစဉ် နေ ပညာ တော်ကို ကြား ရသော ကိုယ်တော် ၏လူ နှင့် ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။ 8 ကိုယ်တော် ကို နှစ်သက် ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင် အရာနှင့် ရာဇ ပလ္လင် တော်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ ကိုယ်တော် ၏ဘုရားသခင် သည် ဣသရေလ အမျိုးကို ချစ် အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ် စွာ တရား စီရင်စေခြင်းငှါ ကိုယ်တော် ကို ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊ 9 ရွှေ အခွက် တရာ နှစ်ဆယ် နံ့သာမျိုး အများ၊ ကျောက်မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့် တူသော နံ့သာမျိုးသည် မ ရှိ10 ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ ကျွန်နှင့် ရှောလမုန် ကျွန် တို့သည်၊ အာလဂုံ သစ်သား များ၊ ကျောက် မြတ် များတို့ကိုလည်း ဆောင် ခဲ့ကြ၏။ 11 ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်း နှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်း၊ လုပ် လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒ ပြည် တခါမျှ မပေါ် လာ။ 12 ရှောလမုန် မင်းကြီး သည် ရှေဘ မိဖုရား ဆက် သည်အတွက် ပြန်ပေးသောလက်ဆောင်မှတပါး၊ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှမိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။ 13 ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ ချိန် ကား အခွက် ခြောက် ရာ ခြောက်ဆယ် ခြောက် ပိဿာဖြစ် သတည်း။ 14 ထိုမှတပါး၊ ကုန်သည် များ၊ လှည်းသမားများ၊ အာရပ် မင်းကြီး ရှိသမျှ မြို့ဝန် များဆက် သော ရွှေ ရှိသေး ၏။ 15 ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်းကြီး နှစ်ရာ16 သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထု လုပ်၍၊ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သော နန်းတော် ထား တော်မူ၏။ 17 ရှင် ဘုရင်သည်လည်း ဆင်စွယ် ရာဇ ပလ္လင်ကြီး ကို လုပ် ၍ ရွှေ စင် နှင့် မွမ်းမံ လေ၏။ 18 လှေကား ခြောက် ထစ်နှင့် ရွှေ ဘိနပ် သည် ရာဇ ပလ္လင် တော်နှင့် တဆက် တည်းရှိ၏။ ထိုင် ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်း နှင့် ပြည့်စုံ၍၊ လက်ရုံးတန်း အနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။ 19 လှေကား ခြောက် ထစ်အပေါ် တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ20 ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေ ကို အလျှင်းပမာဏ မပြုတတ်ကြ။ 21 ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ရွှေ ငွေ ဆင်စွယ် မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။ 22 ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။ 23 ရှောလမုန် ၏ နှလုံး ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို အတိုင်းတိုင်း အပြည်ပြည်ရှင် ဘုရင်တို့သည် ကြား ရအံ့သောငှါ မျက်နှာ တော်ကို ဖူး လာကြ၏။ 24 လာ သောသူအသီးအသီး တို့သည် ရွှေ ဖလား ငွေ ဖလား အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး မြင်းလား တို့ကို နှစ် တိုင်းအခွန် ဆက်ရကြ၏။ 25 ရှောလမုန် သည်လည်း ရထား တော်များနှင့် ထိုင်သောမြင်း တင်းကုပ် လေး ထောင် မြင်း စီးသူရဲ တသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။ 26 မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် နှင့် အဲဂုတ္တု ပြည်စွန်း တိုင်အောင် ရှိ သောရှင်ဘုရင် အပေါင်း တို့ကို အစိုးရ ၏။ 27 ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း၊ အာရဇ် ပင်တို့ကို လွင်ပြင် ပေါက်သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ ၏။ 28 ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တ ပြည်အစ ရှိသောခပ်သိမ်း သော ပြည် မှ ဆောင် ခဲ့ကြ၏။ 29 ရှောလမုန် ပြုမူသော အမှု အရာကြွင်းလေသမျှ အစ ဆုံး တို့သည်၊ ပရောဖက် နာသန် ၏ကျမ်း ရှိလော မြို့သားအဟိယ ၏အနာဂတ္တိ ကျမ်း၊ နေဗတ် သား ယေရောဗောင် တဘက် ၌ ပရောဖက် ဣဒ္ဒေါ ၏ ဗျာဒိတ် ကျမ်း၌ ရေးထား လျက်ရှိ၏။ 30 ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေးဆယ် စိုးစံ ပြီးမှ31 ဘိုးဘေး တို့နှင့် အိပ်ပျော် ခမည်းတော် ဒါဝိဒ် မြို့ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။

10

1 ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင် မြို့သို့ သွား ကြ၍ ၊ သူသည်လည်းသွား၏။ 2 ရှောလမုန် မင်းကြီးထံမှ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည်၊ ထိုသိတင်းကိုကြား အဲဂုတ္တု ပြည်မှ ပြန်လာ ၏။ 3 ဣသရေလ လူတို့သည် သူ့ထံသို့လူကို စေလွှတ် ခေါ် သဖြင့် လူအပေါင်း တို့သည် သူ နှင့်အတူ ရောဗောင် ထံသို့ ဝင် လျက်4 ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင် ပါပြီ။ ခမည်းတော် ထံမှာ ပင်ပန်း စွာ ဆောင်ရွက်ရသောအမှု၊ တင် တော်မူသောထမ်းဘိုး လေးကို ပေါ့ စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော် ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။ 5 ရောဗောင်ကလည်း၊ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် သူတို့သည်သွား ကြ၏။ 6 ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက်ရှင် စဉ်အခါ အထံ တော်၌ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊ 7 သူ တို့က ကိုယ်တော်သည် ဤ သူ တို့၌ ကျေးဇူး ပြု လျက် သူ တို့စိတ် ကို ဖြေ၍ ကောင်း သောစကားကို ပြော တော်မူလျှင် သူတို့သည် အစဉ် ကိုယ်တော် ၏ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။ 8 အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်၊ ခစားမြဲခစား သောမိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်9 ပြည်သား တို့က ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်10 ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကိုလေး စေပါပြီ၊ ပေါ့ စေတော်မူပါဟု လျှောက် သောပြည် သားတို့အား ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။ 11 ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး တို့ကို တင် လေပြီ။ ငါ သည်လည်း ထပ် ၍တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက်ဦးမည်ဟု ပြန်ပြော တော်မူပါဟု လျှောက် ထားကြ၏။ 12 ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက် သည်အတိုင်း သုံး ရက်မြောက်သောနေ့ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် ကြ၏။ 13 ထိုအခါ ရောဗောင် မင်းကြီး သည် အသက်ကြီး သူတို့ပေးသော အကြံ ကိုမ လိုက်၊ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊ 14 ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။ 15 ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။ 16 ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား ထောင်ကြောင်း ကိုသိမြင်လျှင်၊ ငါ တို့သည် ဒါဝိဒ် နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေ ခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ အသီးသီး သွား ကြ။ အိုဒါဝိဒ် သင် ၏အိမ် ကိုကြည့်ရှု လော့ဟု ရှင်ဘုရင် အား ပြန်ပြော လျက်၊ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။ 17 သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူ တို့ကို၊ ရောဗောင် သည် အုပ်စိုး ရသေး၏။ 18 ထိုအခါ ရောဗောင် မင်းကြီး သည်၊ အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ဣသရေလ အမျိုးသား တို့သည် သူ့ ကိုသေ အောင်ကျောက်ခဲ နှင့် ပစ် ကြ၏။ 19 ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။

11

1 ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ဣသရေလ အမျိုးကို စစ်တိုက် နိုင်ငံ တော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒ အမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။ 2 သို့ရာတွင် ဘုရားသခင် ၏နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊ 3 သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့်ယုဒ ခရိုင်၊ ဗင်္ယာမိန် ခရိုင်၌ ရှိသောဣသရေလ လူအပေါင်း တို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ 4 သင် တို့ညီအစ်ကို တို့ကို စစ်တိုက် ခြင်းငှါချီ၍ မ သွား ကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု ကိုငါ စီရင် ပြီဟု မိန့် တော်မူသောထာဝရဘုရား ၏စကား တော်ကိုနားထောင် ယေရောဗောင် ကို စစ် မချီ၊ ပြန် သွားကြ၏။ 5 ရောဗောင် သည် ယေရုရှလင် မြို့၌ နေ ယုဒ ပြည် ၌ ခိုင်ခံ့ သောမြို့ တို့ကိုပြုစု ရာတွင်၊ 6 ဗက်လင် မြို့၊ ဧတံ မြို့၊ တေကော မြို့၊ 7 ဗက်ဇုရ မြို့၊ ရှောကော မြို့၊ အဒုလံ မြို့၊ 8 ဂါသ မြို့၊ မရေရှ မြို့၊ ဇိဖ မြို့၊ 9 အဒေါရိမ် မြို့၊ လာခိရှ မြို့၊ အဇေကာ မြို့၊ 10 ဇောရာ မြို့၊ အာဇလုန် မြို့၊ ဟေဗြုန် မြို့တည်းဟူသော ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင်တွင် ခိုင်ခံ့ သောမြို့ တို့ကို ပြုစု လေ၏။ 11 ရဲတိုက် များကိုလည်း ခိုင်ခံ့ စေ၍ အကြီးအကဲ နှင့်တကွ ဆီ စပျစ်ရည် များ၊ ရိက္ခါ များကို သိုထား လေ၏။ 12 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသည် အမှုတော်ကို ထမ်းရွက်သောကြောင့်၊ မြို့ အသီးအသီး တို့၌ ဒိုင်း လွှား လှံ လက်နက်များကို ထား၍ အလွန် ခိုင်ခံ့ စေ၏။ 13 ဣသရေလ ပြည် အရပ်ရပ် ရှိသောယဇ် ပုရောဟိတ် လေဝိ သားတို့သည်၊ မိမိ တို့နေရာ မှ အထံ တော်သို့ လာ ကြ၏။ 14 လေဝိ သားတို့သည်၊ မိမိ တို့နေရာ ဖြစ်သော ပိုင် ထိုက်ရာအရပ်ကို စွန့် ယုဒ ပြည်ယေရုရှလင် မြို့သို့ ရောက် လာသောအကြောင်းဟူမူကား၊ ယေရောဗောင် နှင့် သူ ၏သား တို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ15 မြင့် သောအရပ်၊ နတ်ဆိုး မိမိလုပ် သော နွားသငယ် တို့အဘို့ ယဇ် ပုရောဟိတ်တို့ကို ခန့်ထား သတည်း။ 16 ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ လေဝိ သားတို့နောက် သို့လိုက်၍ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။ 17 ထိုသို့သူတို့သည် ယုဒ နိုင်ငံ ကို အားပေး ရှောလမုန် သား ရောဗောင် ကို သုံး နှစ် ပတ်လုံးခိုင်ခံ့ စေကြ၏။ သုံး နှစ် ပတ်လုံးဒါဝိဒ် လမ်း၊ ရှောလမုန် လမ်း သို့ လိုက် ကြ၏။ 18 ရောဗောင် သည်လည်း ဒါဝိဒ် သား ယေရိမုတ် သမီး မဟာလတ် ယေရှဲ သား ဧလျာဘ သမီး အဘိဟဲလ နှင့်စုံဘက်19 ယုရှ ရှမာရိ ဇာဟံ သား သုံးယောက်တို့ကို မြင် ရ၏။ 20 ထိုနောက် အဗရှလုံ သမီး မာခါ နှင့်စုံဘက် အဘိယ အတ္တဲ ဇိဇ ရှေလောမိတ် တို့ကို မြင် ရ၏။ 21 ရောဗောင် သည် ခင်ပွန်း တဆယ် ရှစ် ယောက်၊ မောင်းမမိဿံ ခြောက်ဆယ် တို့ကို သိမ်းယူ သား နှစ်ဆယ် ရှစ် ယောက်၊ သမီး ခြောက်ဆယ် တို့ကို ရ သည်တွင် အဗရှလုံ သမီး မာခါ ကို အခြားသောခင်ပွန်း မောင်းမမိဿံ အပေါင်း တို့ထက် သာ၍ချစ် သောကြောင့်22 မာခါ ၏သား အဘိယ ကို ရှင် ဘုရင်အရာ ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကို တို့တွင် အကြီးဆုံး ဖြစ်စေ ခြင်းငှါ ချီးမြှောက် လေ၏။ 23 ပညာ သတိနှင့်စီရင်၍ ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင် အရပ်ရပ် တို့တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ မိမိ သား တို့ကို အနှံ့အပြား နေရာချ၍ များစွာ သောရိက္ခါ ကို သိုထား၏။ မယား အများ တို့ကို အလို ရှိ၏။

12

1 ရောဗောင် မင်း သည် မိမိ နိုင်ငံကို တည် စေ၍ အား ကြီးသောအခါ ဣသရေလ အမျိုး ရှိသမျှ နှင့်တကွ ထာဝရဘုရား ၏ တရား တော်ကို စွန့်2 ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင်3 အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ရထား တထောင် နှစ်ရာ မြင်း စီးသူရဲခြောက် သောင်း၊ မ ရေတွက် နိုင်သော အဲဂုတ္တ ပြည်သားများ၊ လိဗု ပြည်သား၊ သုကိ ပြည်သား၊ အဲသယောပိ ပြည်သားတို့နှင့်တကွ ယေရုရှလင် မြို့သို့ စစ်ချီ ၍၊ 4 ယုဒ ပြည်၌ ခိုင်ခံ့ သော မြို့ တို့ကိုတိုက် ယူပြီးမှ ယေရုရှလင် မြို့သို့ ရောက် လေ၏။

5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင် မြို့၌ စုဝေး သော ယုဒ မင်း များထံ၊ ရောဗောင် မင်းထံ တော်သို့ ပရောဖက် ရှေမာယ သည်လာ ထာဝရဘုရား မိန့် တော်မူ သည်ကား သင် တို့သည် ငါ့ ကိုစွန့် သောကြောင့် ငါသည် သင်တို့ကို ရှိရှက် မင်းလက် သို့ အပ် လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

6 ရှင်ဘုရင် နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ် တော်မူသည် ဟုဆို မိမိတို့ကို နှိမ့်ချ ကြ၏။ 7 ထိုသို့ နှိမ့်ချ ကြောင်း ကို ထာဝရဘုရား မြင် လျှင် နှုတ်ကပတ် တော်သည် ရှေမာယ သို့ ရောက် သူတို့သည် နှိမ့်ချ ကြပြီ။ ထိုကြောင့်သူ တို့ကို ငါမ ဖျက်ဆီး အနည်းငယ် သော ချမ်းသာ ကိုပေး မည်။ ရှိရှက် လက် ဖြင့် ယေရုရှလင် မြို့အပေါ် သို့ ငါ့ အမျက် ကို မ သွန်းလောင်း ရ။ 8 သို့ရာတွင် ငါ့ ထံ၌ အမှုထမ်း ခြင်း၊ တပါး အမျိုးသားရှင်ဘုရင်ထံ၌ အမှု ထမ်းခြင်းကို ပိုင်းခြား၍ သိ စေခြင်းငှါ၊ ရှိရှက်မင်းထံ၌ ကျွန် ခံရ ကြမည်ဟု မိန့်တော်မူ ၏။ 9 အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ ရောက် ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်း သွား၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှကို လည်း ယူ သွား၏။ 10 ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်း တို့ကိုလုပ် နန်းတော် တံခါး စောင့် ကိုယ်ရံတော်မှူး အပ် လေ၏။ 11 ရှင် ဘုရင်သည် ဗိမာန် တော်သို့ သွား သောအခါ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တဖန် မိမိ တို့စောင့် ရာ အခန်း မှာ ပြန် ထားကြ၏။ 12 ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း ဖျက်ဆီး မည် အကြောင်း အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊ 13 ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။ 14 ထာဝရဘုရား ကို ရှာ လိုသောငှါ မိမိ သဘော ချ သောကြောင့် ဒုစရိုက် အမှုကိုပြု ၏။ 15 ရောဗောင် ပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ပရောဖက် ရှေမာယ ၏ကျမ်း နှင့် ပရောဖက် ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ရေးထား လျက် ရှိ၏။ ရောဗောင် နှင့် ယေရောဗောင် တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံးရန်ဘက် ပြုကြ၏။ 16 ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော် အဘိယ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။

13

1 ယေရောဗောင် မင်းကြီး နန်းစံ ဆယ်နှစ်နှစ်တွင် အဘိယ သည် ယေရုရှလင်မြို့၌မင်းပြု၍၊ 2 ယုဒပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ဂိဗာ မြို့သားဩရေလ ၏ သမီး မာခါ အမည်ရှိ၏။ အဘိယ နှင့် ယေရောဗောင် တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား3 အဘိယ သည် ရွေးချယ် သော စစ် သူရဲကောင်း လေး သိန်းနှင့် စစ် ခင်းကျင်း ၏။ ယေရောဗောင် သည် ရွေးချယ် သောစစ် သူရဲကောင်းရှစ် သိန်းနှင့် စစ် ခင်းကျင်း ၏။ 4 အဘိယ သည် ဧဖရိမ် ခရိုင် ဇေမရိမ် တောင် ပေါ် မှာ ရပ် လျက် အိုယေရောဗောင် နှင့် ဣသရေလ လူ အပေါင်း တို့၊ နားထောင် ကြလော့။ 5 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆား နှင့် ယှဉ်သောပဋိညာဉ် အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ် နှင့် သား တော်မြေးတော်တို့၌ အစဉ် အိပ်တော်မူကြောင်းကို၊ သင် တို့သိမှတ် သင့်သည် မ ဟုတ်လော6 သို့ရာတွင် ဒါဝိဒ် သား တော်ရှောလမုန် ၏ ကျွန် နေဗတ် သား ယေရောဗောင် သည်၊ မိမိ အရှင် ကို တစ်ဘက် ထ၍ပုန်ကန် လေပြီ။ 7 ရှောလမုန် သား ရောဗောင် သည် အသက် ငယ်၍ သဘော နူးညံ့ သောကြောင့် ဆီးတား နိုင်သောအခါ၊ လျှပ်ပေါ် သောသူ အဓမ္မ လူတို့သည် ယေရောဗောင် ထံမှာ စုဝေး ၍၊ ရောဗောင် မင်းတစ်ဘက် ၌ ကိုယ်ကိုခိုင်ခံ့ စေကြ ၏။ 8 ယခု လည်း သင် တို့သည် ဒါဝိဒ် ၏သား မြေး၌ ရှိသောထာဝရဘုရား ၏ နိုင်ငံ တော်ကို ဆီးတား မည်ဟု ကြံစည် ကြသည်တကား၊ သင် တို့သည် များပြား သင် တို့ဘုရား အရာ ၌၊ ယေရောဗောင် လုပ် သော ရွှေ နွားသငယ် တို့လည်း ရှိကြ၏။ 9 သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ် အာရုန် အမျိုး နှင့် လေဝိ အမျိုးသားတို့ကိုနှင်ထုတ် ၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ် အဘို့ ယဇ် ပုရောဟိတ်တို့ကို လုပ် ကြပြီမ ဟုတ်လော။ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုး ခုနစ် ကောင် ကိုပေး ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကိုခံ သော သူမည်သည်ကား၊ ဘုရား ဟုတ်သောသူထံ မှာ ယဇ်ပုရောဟိတ် ပြု ရသည်တကား။ 10 ငါ တို့မူကား ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း မိမိတို့ အမှု ကို စောင့်နေကြ၏။ 11 ထာဝရဘုရား ရှေ့ တော်၌၊ မီးရှို့ ရာယဇ်နှင့် နံ့သာပေါင်း ကို နံနက် တိုင်း၊ ညဦး တိုင်းမီးရှို့ကြ၏။ သန့်ရှင်း သော စားပွဲ ပေါ် မှာ ရှေ့တော်မုန့် ကို၎င်း၊ ညဦး တိုင်းထွန်း စရာဘို့ ရွှေ မီးခုံ နှင့် မီးခွက် တို့ကို၎င်းပြင်ဆင်ကြ ၏။ ငါ တို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို စောင့် ကြ၏။ သင် တို့မူကား ထာဝရ ဘုရား ကို စွန့် ကြပြီ။ 12 ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါ တို့တွင် ဗိုလ် မင်းဖြစ်တော်မူ၏။ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် လျက် သင် တို့တစ်ဘက် ၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသား တို့၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား တစ်ဘက် ၌ မ တိုက် ကြနှင့်။ တိုက်လျှင်ရှုံး ရကြလိမ့်မည်ဟု ပြောဆို၏။ 13 ယေရောဗောင် သည် ယုဒ လူတို့နောက် ထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်း နေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်း ကြ၏။ 14 ယုဒ လူတို့သည် ပြန် ကြည့်သောအခါ စစ်မှု ဝိုင်းမိသည်ကို မြင် လျှင် ထာဝရဘုရား အား ဟစ် ခေါ်၍ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ကြ၏။ 15 တဖန် ယုဒ လူ တို့သည် ကြွေးကြော် သောအခါ ဘုရားသခင် သည် ယေရောဗောင် ကို အဘိယ နှင့် ယုဒ လူတို့ ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်၊ 16 ဣသရေလ အမျိုးသား တို့သည် ပြေး သူ တို့ကို ယုဒ လူတို့လက် သို့ ဘုရားသခင် အပ် တော်မူ၏။ 17 အဘိယ နှင့် သူ ၏လူ တို့သည် ကြီးစွာ သော လုပ်ကြံ ခြင်းကိုပြု ရွေးချယ် သော ဣသရေလ လူ ငါး သိန်းလဲ သေ သဖြင့်18 ဣသရေလ အမျိုးသား တို့သည်၊ ထိုအခါရှုံး ယုဒ အမျိုးသား တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် နိုင် ကြ၏။ 19 အဘိယ သည် ယေရောဗောင် ကို လိုက် ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။ 20 အဘိယ လက်ထက် ကာလပတ်လုံး၊ ယေရောဗောင် သည် နောက်တဖန် ခွန်အား ကို မ ပြန်။ ထာဝရဘုရား ဒဏ်ခတ် တော်မူသဖြင့် သေ လေ၏။ 21 အဘိယ မူကား ခွန်အား တိုးပွါး၏။ မယား တဆယ် လေး ယောက်တို့ကိုယူ သား နှစ်ဆယ် နှစ် ယောက်နှင့် သမီး တဆယ် ခြောက်ယောက်တို့ကို မြင် ရ၏။ 22 အဘိယ ပြုမူသောအမှု အရာ ကြွင်း လေသမျှတို့ နှင့် ကျင့်သောအကျင့် ပြောသောစကား များတို့သည်၊ ရာဇဝင် နှင့်ဆက်၍ ပရောဖက် ဣဒ္ဒေါ စီရင်သော စာ၌ ရေးထား လျက်ရှိ၏။

14

1 အဘိယ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ထိုမင်း လက်ထက် ပြည် တော်သည် ဆယ် နှစ် ပတ်လုံးငြိမ်းချမ်း သာယာ၏။ 2 အာသ မင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သော အမှုတို့ကို ပြု လေ၏။ 3 တပါး အမျိုးသားဘုရား၏ ယဇ် ပလ္လင်တို့ကို၎င်း၊ မြင့် သောအရပ်တို့ကို၎င်း ပယ်ရှား ၏။ ရုပ်တု ဆင်းတုတို့ကို ဖြိုဖျက် အာရှရ ပင်တို့ကို ခုတ်လှဲ ၏။ 4 ယုဒ လူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ပညတ် တရား ကို စောင့်ရှောက် မည်အကြောင်း မိန့် တော်မူ၏။ 5 ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။ 6 ထို ကာလ ငြိမ်သက် သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့် ယုဒ ပြည်သည် ငြိမ် စစ်မှု နှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။ 7 ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ထိုဘုရားသည် အရပ်ရပ် ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့် တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု မြို့ရိုး ပြအိုး တံခါး ကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။ 8 အာသ မင်း၌ ကိဒုန်နှင့်လှံ ကိုကိုင် သော ယုဒ အမျိုး သူရဲ သုံး သိန်း ဒိုင်း လွှားနှင့် လေး ကိုကိုင် သော ဗင်္ယာမိန် အမျိုးသူရဲနှစ် သိန်းရှစ်သောင်းရှိ၍ ထို သူ အပေါင်း တို့သည် ခွန်အားကြီး သော စစ်သူရဲ ဖြစ်ကြ၏။ 9 တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်း ရထား သုံး ရာ နှင့်တကွ ချီ လာ၍ မရေရှ မြို့သို့ ရောက် သောအခါ10 အာသ သည်ဆီးကြို မရေရှ မြို့အနား မှာ ဇေဖသ ချိုင့်၌ စစ် ပြိုင် ကြ၏။ 11 အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် အိုထာဝရဘုရား ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊ 12 ထာဝရဘုရား သည် ကုရှ လူတို့ကိုအာသ နှင့် ယုဒ လူတို့ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့် သူတို့သည်ပြေး ကြ၏။ 13 အာသ နှင့် သူ ၏လူ တို့သည် ဂေရာ မြို့တိုင်အောင် လိုက် သဖြင့် ကုရှ လူတို့သည် ပြန် ၍မ တိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရား နှင့် ဗိုလ်ခြေ တော်ရှေ့ မှာ ဖျက်ဆီး ခြင်းကိုခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။ 14 ဂေရာ မြို့ပတ်ဝန်းကျင် မြို့ သားတို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ ရှိသမျှ တို့ကို လုပ်ကြံ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာ အများ တို့ကို သိမ်းယူ ကြ၏။ 15 တိရစ္ဆာန် တင်းကုပ် များကိုလည်း တိုက်ဖျက် လျက် သိုး နှင့် ကုလားအုပ် အများတို့ကို သိမ်းယူ။ယေရုရှလင် မြို့သို့ ပြန် သွားကြ၏။

15

1 ဘုရားသခင် ၏ဝိညာဉ် တော်သည် ဩဒက် သား အာဇရိ အပေါ် သို့ သက်ရောက်2 အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။ 3 ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊ 4 ဘေး ရောက်သဖြင့် သူတို့သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ ရှာ ကြသောအခါ အတွေ့ ခံတော်မူ၏။ 5 ရှေးကာလ ထွက် သောသူ၊ ဝင် သောသူသည် ချမ်းသာ ရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန် ဆင်းရဲခြင်းကိုခံရကြ၏။ 6 နိုင်ငံနှင့် နိုင်ငံ၊ တမြို့ နှင့် တမြို့ ကြ၍ ဘေး အမျိုးမျိုး အားဖြင့် ဘုရားသခင် ဆုံးမ တော်မူ၏။ 7 သင် တို့မူကား အားယူ ကြလော့။ လက် အား မ လျော့ စေနှင့်။ သင် တို့ကျင့် သည် အတိုင်းအကျိုး ကိုခံရ ကြမည်ဟု မြွက်ဆို၏။ 8 ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။ 9 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ထို မင်းဘက်သို့ ဝင်စား ကြ၏။ 10 အာသ မင်းနန်းစံ ဆယ် ငါး နှစ် တတိယ တွင် ယေရုရှလင် မြို့၌ စုဝေး 11 ဆောင် ခဲ့သော လက်ရ ဥစ္စာထဲက နွား ခုနစ် ရာ သိုး ခုနစ် ထောင် တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။ 12 ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ ပါမည်ဟူ၍၎င်း၊ 13 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မ ရှာ သောသူ ယောက်ျား မိန်းမ အကြီး အငယ် မည်သည်ကား၊ အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း14 ကြွေးကြော် သံ၊ တံပိုး နှဲခရာ မှုတ်သံနှင့်တကွ ကြီး သောအသံ ဗလံပြုလျက်၊ ထာဝရဘုရား အား ကျိန်ဆို ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။ 15 ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို အလိုဆန္ဒ အားကြီးသည်နှင့် ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။ 16 အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် မိဖုရား အရာကို နှုတ် ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။ 17 မြင့် သောအရပ်တို့ကို ဣသရေလ ပြည်၌ ပယ်ရှား သော်လည်း လက်ထက် တော်ကာလပတ်လုံး အာသ စိတ်နှလုံး သည် စုံလင် ခြင်းရှိ ၏။ 18 ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင် လှူ သော ဥစ္စာ၊ ရွှေ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း ထား တော်မူ၏။ 19 နောက်တဖန် နန်းစံ သုံးဆယ် ငါး နှစ် တိုင်အောင် စစ်တိုက် ခြင်းမ ရှိ

16

1 အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။ 2 ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍3 ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။ 4 အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။ 5 ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။ 6 ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။ 7 ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။ 8 ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။ 9 ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။ 10 ထိုသို့ဆိုသောကြောင့် အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။ 11 အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။ 12 နန်းစံ သုံးဆယ် ကိုး နှစ် တွင် ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ထာဝရဘုရား ကို မ ဆည်းကပ် ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။ 13 အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် နန်းစံ လေးဆယ် နှစ် တွင် အနိစ္စ ရောက်သဖြင့်14 ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။

17

1 အာသ သား ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ဣသရေလ နိုင်ငံတစ်ဘက် မိမိကို ခိုင်ခံ့ စေ၏။ 2 ယုဒ ပြည်တွင်၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ် သားများကိုထား ၏။ ယုဒ ပြည် အရပ်ရပ်တို့၌ ၎င်း ဧဖရိမ် ပြည်မှာ ခမည်းတော် အာသ တိုက် ယူ သော မြို့ တို့၌ ၎င်း မြို့ စောင့်တပ်ကို အသီးအသီးခန့်ထား ၏။ 3 - 4 ခမည်းတော် သည် အရင် လိုက်သောလမ်း သို့ ယောရှဖတ် လိုက် လျက် ဗာလ ဘုရားတို့ကို ဆည်းကပ် ခမည်းတော် ၏ဘုရားသခင် ကိုသာဆည်းကပ် သဖြင့်၊ ဣသရေလ အမျိုး၏ထုံးစံ ကိုရှောင်၍၊ ပညတ်တရား တော်ကို ကျင့် သောကြောင့် ထာဝရဘုရား သည်စောင့်မ ၍၊ 5 နိုင်ငံ တော်ကိုယောရှဖတ် လက် တည်စေ တော်မူသဖြင့် ယုဒ ပြည်သားအပေါင်း တို့သည် လက်ဆောင် များကို ဆောင် ခဲ့ကြ၏။ 6 ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ သော်လည်း ထာဝရဘုရား ၏ တရားလမ်း တို့၌ စိတ် စွဲလမ်း မြင့် သောအရပ်နှင့် အာရှရ ပင်တို့ကို ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။ 7 နန်းစံ သုံး နှစ် တွင် ယုဒ မြို့ အရပ်ရပ် သွန်သင် စေခြင်းငှါ မှူးမတ် ဗင်ဟဲလ ဩဗဒိ ဇာခရိ နာသနေလ မိက္ခါယ တို့ကို၎င်း8 လေဝိ သားရှေမာယ နေသနိ ဇေဗဒိ အာသဟေလ ရှေမိရမုတ် ယောနသန် အဒေါနိယ တောဘိယ တောဘ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ် ဧလိရှမာ နှင့် ယောရံ ကို၎င်း စေလွှတ် တော်မူ၏။ 9 ထိုသူတို့သည် ယုဒ ပြည်၌ ဩဝါဒ ပေး၍ ထာဝရဘုရား ၏ ပညတ္တိ ကျမ်းပါလျက် ယုဒ မြို့ အရပ်ရပ် တို့တွင် လှည့်လည် သဖြင့် ပြည်သား တို့ကို သွန်သင် ကြ၏။ 10 ယုဒ ပြည် ပတ်ဝန်းကျင် တိုင်း နိုင်ငံရှိသမျှ တို့ သည်၊ ထာဝရဘုရား ကို ကြောက်ရွံ့ ယောရှဖတ် ကို စစ် တိုက်ဝံ့ဘဲ နေကြ၏။ 11 ဖိလိတ္တိ လူတို့သည် လက်ဆောင် နှင့် အခွန် ငွေကို၎င်း အာရပ် လူတို့သည် သိုး ခုနစ် ထောင် ခုနစ် ရာ နှင့် ဆိတ် ခုနစ် ထောင် ခုနစ် ရာ ကို၎င်း ဆောင် ခဲ့ကြ၏။ 12 ယောရှဖတ် သည် အလွန် ခွန်အား တိုးပွား၍ ယုဒ ပြည်၌ ရဲတိုက် နှင့် ဘဏ္ဍာ တော်မြို့ တို့ကို တည် တော်မူ ၏။ 13 ယုဒ မြို့ တို့၌ အမှု အရေးတော်များ ၏။ ခွန်အား ကြီး သော စစ်သူရဲ တို့သည် ယေရုရှလင် မြို့၌ ရှိ ကြ၏။ 14 စစ်သူရဲအဆွေအမျိုး အလိုက် ယူသော စာရင်း ဟူမူကား ယုဒ အမျိုး ဗိုလ်ချုပ် မင်းအာဒန နှင့် ခွန်အား ကြီး သော စစ်သူရဲ သုံး သိန်း၊ 15 စစ်ကဲ ယောဟနန် နှင့်ခွန်အားကြီးသော စစ်သူရဲနှစ် သိန်းရှစ်သောင်း၊ 16 စေတနာစိတ်နှင့်ကိုယ်ကိုထာဝရဘုရား အား ပူဇော် သော ဇိခရိ သား အာမသိ နှင့် ခွန်အား ကြီးသော စစ်သူရဲနှစ် သိန်း၊ 17 ဗင်္ယာမိန် အမျိုး ခွန်အား ကြီးသော ဧလျာဒ နှင့် လေး ဒိုင်း လွှားကို ကိုင် သောသူနှစ် သိန်း၊ 18 သူ့ နောက် ယောဇဗဒ် နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူတသိန်း ရှစ်သောင်းတည်း။ 19 ယုဒ ပြည်အရပ်ရပ် ခိုင်ခံ့ သောမြို့ တို့၌ ရှင်ဘုရင် ထား သော သူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

18

1 ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။ 2 နောက်တဖန် ရှမာရိ မြို့၊ အာဟပ် မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ် သည် ယုဒ ရှင်ဘုရင် ယောရှဖတ် နှင့် သူ၏လူ တို့အဘို့ များစွာ သော သိုး နွား တို့ကိုစီရင်၍၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ လိုက် စေခြင်းငှါ3 ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်း ငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။ 4 တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊ 5 ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော် သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။

6 ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊ 7 ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ မင်္ဂလာ စကားကိုမ ဟော အမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ယောရှဖတ် က၊ ထိုသို့မင်းကြီး ပြော ပါနှင့်ဟု ပြန်ဆို ၏။

8 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကို ခေါ် ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟု မိန့် တော်မူ၏။ 9 ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သောအရပ်၌ ရာဇ ပလ္လင် တို့အပေါ် မှာ ထိုင် ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။ 10 ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ထာဝရဘုရား မိန့် တော်မူသည်ကား ကိုယ်တော်သည် ရှုရိ ပြည်ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

11 ပရောဖက် အပေါင်း တို့ကလည်း ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ အောင် တော်မူပါ၊ ထာဝရဘုရား သည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူ မည်ဟု ပရောဖက် ပြု၍ ဟောကြ၏။

12 မိက္ခါ ကို ခေါ် သောတမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟော ကြ၏။ ကိုယ်တော် လည်း သူ တို့ဟော ကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆိုလျှင်၊ 13 မိက္ခါ က၊ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ ငါ ၏ဘုရားသခင် မိန့် တော်မူသော စကားကိုသာ ငါပြန်ပြော ရမည်ဟုဆို ၏။ 14 ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး လျှင် မိက္ခါကစစ်ချီ အောင် တော်မူပါ။ ရန်သူတို့ကို လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။

15 ရှင်ဘုရင် ကလည်း မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့် နှင့် သင်သည် ငါ့ အား ဟော မည်အကြောင်း ငါ သည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊ 16 မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း ရှိသော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ်ကွဲပြား လျက်ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း သူအပေါင်းတို့သည် အရှင် ရှိသောကြောင့်၊ အသီးအသီး ကိုယ် နေရာ သို့ ပြန် ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။

17 ဣသရေလ ရှင်ဘုရင် ကလည်း သူသည်ငါ မင်္ဂလာ စကားကိုမ ဟော အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟုမင်းကြီး အား ငါမ ပြော သလော ဟု ယောရှဖတ် အား ဆို ၏။

18 မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက် ၌ရပ် နေကြသည်ကို၎င်း ငါမြင် ပြီ။ 19 ထာဝရဘုရား ကလည်း အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီပြန်လျှောက် ကြ၏။

20 တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်21 ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် နိုင် လိမ့်မည်။ ထိုသို့ သွား ပြု လော့ဟု မိန့် တော်မူ၏။ 22 သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ်ဝိညာဉ် ကို မင်းကြီး ၏ပရောဖက် အပေါင်းတို့၌ သွင်း တော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟော လေ၏။

23 ထိုအခါ ခေနာနာ သား ဇေဒကိ သည် ချဉ်းလာ ၍ မိက္ခါ ၏ပါး ကို ပုတ် လျက် ထာဝရဘုရား ၏ ဝိညာဉ် တော် သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်း ဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊

24 မိက္ခါ က၊ သင်သည်ပုန်းရှောင် ၍နေခြင်းငှါ အတွင်း ခန်း ထဲသို့ ဝင် သော နေ့ သင် မြင် လိမ့်မည်ဟု ဆို ၏။

25 ဣသရေလ ရှင်ဘုရင် က၊ မိက္ခါ ကို မြို့ ဝန်မင်း အာမုန် ထံ သား တော်ယောရှ ထံသို့ ယူသွား ၍၊ 26 သူကို ထောင် ထဲမှာလှောင်ထား ကြ။ ငါ သည် ငြိမ်ဝပ် စွာပြန် ၍ မ လာမှီတိုင်အောင်၊ ဆင်းရဲ စွာ စားသောက် စေဟုအမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ ဟု စီရင် ၏။

27 မိက္ခါ ကလည်း မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန်လာ ရလျှင် ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။ 28 ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။ 29 ဣသရေလ ရှင်ဘုရင် က၊ ငါသည် ခြားနားသော အယောင် ကို ဆောင်၍စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက်တန်ဆာ ကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကိုဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။ 30 ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထား စီး သူရဲ အုပ်ဗိုလ်မင်းတို့ကိုမှာ ထားနှင့် သောကြောင့်31 ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက် သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ သူတို့ကိုလွှဲ သွားစေခြင်းငှါ ဘုရားသခင် သွေးဆောင် တော်မူ၏။ 32 ဣသရေလ ရှင်ဘုရင် ဟုတ် ကြောင်း ကို၊ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။ 33 လူ တယောက်သည် မ ရွယ်ဘဲလေး နှင့်ပစ် ၍၊ ဣသရေလ ရှင်ဘုရင် ကို၊ သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော်၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ထုတ် ဆောင် လော့။ ငါနာ သည်ဟု မိမိရထား တော်ထိန်းကို ဆို ၏။ 34 ထို နေ့ တိုး တိုက် ကြ၏။ ဣသရေလ ရှင်ဘုရင် သည် ညဦးယံ တိုင်အောင် ရှုရိ လူတဘက် တချက်၌ ရထား တော်ထဲမှာ လူကိုမှီ ၍ထိုင်နေ၏။ နေဝင် ချိန် နီး သောအခါ အသက် တော်ကုန်၏။

19

1 ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။ 2 ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။ 3 သို့သော်လည်း မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရ ပင်တို့ကို ပယ်ရှား ဘုရားသခင် ကိုရှာ ခြင်းငှါ သဘော ချ သောကြောင့် ၊ ကျင့်သောအကျင့် ကောင်းပါပြီဟု ဆို၏။ 4 ထိုနောက် ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။ 5 ယုဒ နိုင်ငံ တွင် ခိုင်ခံ့ သောမြို့ ရှိသမျှအသီးအသီး တို့၌ တရားသူကြီး တို့ကို ခန့်ထား6 သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။ 7 သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။ 8 ယေရုရှလင် မြို့၌ လည်း ထာဝရဘုရား ၏တရားမှု တို့ကို၎င်း ယေရုရှလင် မြို့သားအချင်းချင်းတရားတွေ့မှု တို့ကို၎င်း၊ စီရင်စေခြင်းငှါလေဝိ သား၊ ယဇ်ပုရောဟိတ် ဣသရေလ အဆွေအမျိုး သူကြီး အချို့တို့ကို ခန့်ထား ၍၊ 9 သင်တို့သည် စုံလင် သောစိတ် နှလုံးနှင့် ထာဝရဘုရား ကိုကြောက်ရွံ့ လျက် သစ္စာ စောင့်လျက် စီရင် ကြလော့။ 10 အမြို့မြို့ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။ 11 ထာဝရဘုရား ၏ အမှု အရာရာ တွင် ယဇ်ပုရောဟိတ် မင်း အာမရိ သည် သင် တို့ကို အုပ်ချုပ် ရ၏။ ရှင်ဘုရင် ၏အမှု အရာရာ တွင် ယုဒ အမျိုး မှာ မင်း ဖြစ် သော ဣရှမေလ သား ဇေဗဒိ သည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း အမှု ထမ်းလုလင်လုပ် ရကြ၏။ ရဲရင့် စွာ စီရင်ကြလော့။ ထာဝရဘုရား သည် ကောင်း သောသူတို့ ဘက် မှာ နေ တော်မူမည်ဟု မှာထားတော်မူ၏။

20

1 ထိုနောက်မှ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။ 2 အိုင် ကြီးတစ်ဘက် ဧဒုံပြည်ဘက်က များစွာ သော အလုံး အရင်းစစ်ချီလာ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာ မြို့မှာ ရှိကြပါသည်ဟု ယောရှဖတ် အား ကြား လျှောက်လျှင်3 ယောရှဖတ် သည် ကြောက် ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ကြော်ငြာ စေတော်မူ၏။ 4 ယုဒ လူတို့သည် ထာဝရဘုရား ကို ဆုတောင်း မည် ဟု စုဝေး ထာဝရဘုရား ကို ရှာ အံ့သောငှါ ယုဒ မြို့ ရှိသမျှ မှ ထွက်လာကြ၏။ 5 ယောရှဖတ် သည် ဗိမာန် တော် တန်တိုင်း သစ် ရှေ့ ယုဒ ပြည်သူယေရုရှလင် မြို့သား စည်းဝေးရာ ပရိသတ် အလယ် ၌ရပ် လျက်6 ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။ 7 ပြည် ၌နေ ဘူးသောသူတို့ကို ကိုယ်တော် ၏လူ ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် ကိုယ်တော် အဆွေ အာဗြဟံ ၏သား မြေးတို့အား ပြည်ကို အစဉ် ပေး တော်မူ သောအကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော8 သူတို့သည် နေရာ ကျ၍ နာမတော် အဘို့ သန့်ရှင်း ရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ9 အကျွန်ုပ် တို့အပေါ် မှာထား ဘေး ဒဏ်ခတ် ခြင်း ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတစုံတခုရောက်၍၊ နာမ တော်ဖြင့် သမုတ်သောဤ အိမ် တော်၊ အထံ တော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ် ကြသောအခါ နားထောင် ကယ်မ တော်မူပါဟု လျှောက်ထားကြပါပြီ။ 10 ယခု တွင်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ တိုက်ရသောအခွင့် ကိုပေး တော်မ မူ။ လွှဲရှောင် ဖျက်ဆီး ဘဲ ထားခဲ့သော အမ္မုန် အမျိုးသား မောဘ အမျိုးသား၊ စိရ တောင် သားတို့ သည်၊ 11 အကျွန်ုပ်တို့ အား အပိုင် ပေး တော်မူသော အမွေခံရာ မြေ ထဲက အကျွန်ုပ် တို့ကို နှင်ထုတ် ခြင်းငှါ လာ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှု တော်မူပါ။ 12 အိုအကျွန်ုပ် တို့ဘုရားသခင် သူ တို့ကို စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊ 13 ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။ 14 ထိုအခါ ပရိသတ် အလယ် ရှိသောလေဝိ အမျိုး၊ အာသပ် အနွှယ် မတ္တနိ ယေယေလ ဗေနာယ ဇာခရိ တို့မှ ဆင်းသက်သောယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား ၏ဝိညာဉ် တော်သည် သက်ရောက်15 ထိုသူက၊ အိုယောရှဖတ် မင်းကြီး နှင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်း တို့၊ နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ထို အလုံးအရင်း ကြီး ကြောင့် ကြောက် ကြနှင့်။ စိတ် ပျက်ကြနှင့်။ စစ်မှု သည် သင်တို့တာမဟုတ် ဘုရားသခင့် တာဖြစ်၏။ 16 နက်ဖြန် နေ့သူ တို့ရှိရာသို့ ချီ သွားကြလော့။ သူ တို့သည် ဇိဇ မြို့သို့ တက် ရာလမ်း ဖြင့် လာကြစဉ်၊ ယေရွေလ တော နား၊ ချိုင့်ဝ မှာ သင် တို့တွေ့ ကြလိမ့်မည်။ 17 သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။ 18 ယောရှဖတ် သည် မြေ ပေါ် မှာဦးချ ယုဒ ပြည်သူယေရုရှလင် မြို့သား အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် လျက် ထာဝရဘုရား ကို ကိုးကွယ် ကြ၏။ 19 လေဝိ အမျိုး၊ ကောဟတ် အနွယ်သား နှင့် ကောရ အနွယ်သား တို့သည်၊ ဣသရေလ မျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ကျယ် သောအသံ နှင့် ချီးမွမ်း ခြင်းငှါ ရပ် နေကြ၏။ 20 နက်ဖြန်နံနက် စောစောထ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။ 21 လူ များနှင့် တိုင်ပင် ပြီးမှ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။ 22 ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ 23 တဖန် စိရ တောင် သား တို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန် ၍ တိုက်သဖြင့် အကုန်အစင် သတ်ပြီးမှ တယောက် ကိုတယောက်တိုက်ခိုက် ၍၊ ပျက်စီး ခြင်းသို့ ရောက်ကြ၏။ 24 ယုဒ လူတို့သည် တော ရှိသောကင်းမျှော်စင် သို့ ရောက် ထိုအလုံးအရင်း ကို ကြည့်ရှု သောအခါ ထိုလူ အပေါင်းတို့သည် တယောက် မျှမလွတ် မြေ ပေါ် မှာ လဲ သော အသေ ကောင်ဖြစ်ကြ၏။ 25 ယောရှဖတ် နှင့် သူ ၏လူ တို့သည်၊ ရန်သူ တို့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ ကြသောအခါ အသေ ကောင်တို့၌ များစွာ သောဥစ္စာ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူ ကြ၏။ လက်ရ ဥစ္စာအလွန် များသောကြောင့် သုံး ရက် ပတ်လုံးလုယူထုပ်ထားလျက်နေကြ ၏။ 26 စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် စည်းဝေး ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။ 27 ထိုအခါ သူ တို့သည် ရန်သူ တို့အပေါ် မှာ ဝမ်းမြောက် သောအခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့် ယောရှဖတ် သည် ရှေ့ဦးစွာကြွ၍ယုဒ ပြည်သူ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ဝမ်းမြောက် သောစိတ် နှင့် ယေရုရှလင် မြို့သို့ ပြန် သွား၍၊ 28 စောင်း တယော တံပိုး ကိုတီးမှုတ်လျက်၊ ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ ရောက် လာကြ၏။ 29 ထာဝရဘုရား သည် ဣသရေလ အမျိုး၏ ရန်သူ တို့ ကို တိုက် တော်မူကြောင်း ကို၊ အခြားတိုင်း နိုင်ငံသား ရှိသမျှ တို့သည် ကြား ဘုရားသခင် ကို ကြောက်ရွံ့ ကြ၏။ 30 ထိုသို့ ဘုရားသခင် သည် အရပ်ရပ် ငြိမ်ဝပ် သော အခွင့်ကိုပေး တော်မူသောကြောင့် ယောရှဖတ် ၏ နိုင်ငံ တော်သည် သာယာ ၏။ 31 ယောရှဖတ် သည် အသက် သုံး ဆယ်ငါး နှစ် ရှိသော်နန်းထိုင် နှစ်ဆယ် ငါး နှစ် ပတ်လုံးယေရုရှလင် မြို့မှာ နေ လျက်၊ ယုဒ ပြည်ကို စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။ 32 ထိုမင်းသည် ခမည်းတော် အာသ လိုက် သော လမ်း ကို လွှဲ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့်ကိုသာ ကျင့်၏။ 33 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား။လူ များတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ဆည်းကပ်ခြင်းငှါ၊ သဘော ချ ဘဲနေကြသေး ၏။ 34 ယောရှဖတ် ပြုမူသော အမှုအရာကြွင်းလေသမျှ အစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန် သား ယေဟု စီရင်သောစာ ၌ရေးထား လျက်ရှိ၏။

35 - 36 နောက်တဖန် ယုဒ ရှင်ဘုရင် ယောရှဖတ် သည်၊ တာရှု မြို့သို့သွား ရသောသင်္ဘော တို့ကိုတည်လုပ် ခြင်းငှါ အလွန်အဓ္ဓမ အမှုကိုပြု သော ဣသရေလ ရှင်ဘုရင် အာခဇိ နှင့် ပေါင်းဘော် ပြီးလျှင် ထိုသင်္ဘော တို့ကိုဧဇယုန်ဂါဗာ မြို့မှာ တည်လုပ် ကြ၏။ 37 ထိုအခါ မရေရှ မြို့သူ၊ ဒေါဒေဝ သား ဧလျေဇ က၊ မင်းကြီးသည် အာခဇိ နှင့် ပေါင်းဘော် သောကြောင့် ထာဝရဘုရား သည် မင်းကြီး ပြုသောအမှု ကိုဖျက် တော်မူပြီဟု ယောရှဖတ် တစ်ဘက် ၌ ဟော သည်နှင့်အညီ၊ ထိုသင်္ဘော တို့သည် တာရှု မြို့သို့ သွား နိုင် အောင်ကျိုးပဲ့ ကြ၏။

21

1 ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သူတို့နှင့်အတူ ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယဟောရံ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏။ 2 ယုဒရှင်ဘုရင် ယောရှဖတ် သား ယဟောရံညီဟူမူကား အာဇရိ ယေယလေ ဇာခရိ အာဇရိ မိက္ခေလ ရှေဖတိ တည်း။ 3 ခမည်းတော် သည်များစွာ သော ရွှေ ငွေ ဥစ္စာ ရတနာနှင့်တကွ ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ တို့ကို သူ တို့ အား ပေး ၏။ နိုင်ငံ ကိုကား သားဦး ယဟောရံ အား ပေး ၏။ 4 ယဟောရံ သည် ခမည်းတော် နိုင်ငံ တည် သောအခါ ကိုယ်ကိုခိုင်ခံ့ စေ၍ ညီ တော်အပေါင်း တို့ကို၎င်း ဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်း ထား နှင့် သတ် လေ၏။ 5 ယဟောရံ သည် အသက် သုံးဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ လေ၏။ 6 အာဟပ် သမီး နှင့်စုံဘက် သဖြင့် ဣသရေလ ရှင် ဘုရင်တို့လိုက် ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ 7 သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့် သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။ 8 ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍၊ ကိုယ်အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက် ကြ၏။ 9 ယဟောရံ မင်းသည် မှူးမတ် များ၊ ရထား စီးသူရဲများအပေါင်း တို့နှင့်တကွ စစ်ချီ ညဉ့် အခါ ဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ လေ၏။ 10 သို့သော်လည်း ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊ 11 ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။ 12 ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့် သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား သင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ လိုက်13 ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း 14 ထာဝရဘုရား သည် သင် ၏လူ များ၊ သင် ၏သား မယား များ၊ သင် ၏ဥစ္စာ ရှိသမျှ ကို ကြီးစွာ သောဘေး ဖြင့် ဒဏ်ခတ် တော်မူမည်။ 15 သင့် အူ သည် တနေ့ ထက်တနေ့ထွက် အောင် ဝမ်း ထဲ ၌ပြင်းစွာ သောအနာ ရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။ 16 ထိုနောက်မှ ထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့်17 သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် အထွေး ဆုံး သောသား အာခဇိမှတပါး တယောက် မျှမကျန်ကြွင်း18 နောက်တဖန် ပျောက် နိုင်သောဝမ်း နာ ဖြင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူ၏။ 19 ရှင်ဘုရင်သည် တာရှည် စွာနာ နှစ် နှစ်စေ့ သောအခါ၊ အနာ ပြင်းထန် သောကြောင့် အူ ထွက် ၍ အသက် ချုပ်လေ၏။ ပြည်သား တို့ သည်ဘိုး တော် ဘေးတော်တို့အဘို့ မီးရှို့ ခြင်းကိုပြု သကဲ့သို့ ထိုမင်း အဘို့ ပြု။ 20 ယဟောရံ သည် အသက်သုံးဆယ် နှစ် နှစ်ရှိ သော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ ပြီးမှ အဘယ်သူမျှ မ နှမြော ဘဲသေ သွား၏။ ဒါဝိဒ် မြို့ သင်္ဂြိုဟ် သော်လည်း ရှင် ဘုရင်တို့ သင်္ချိုင်း သင်္ဂြိုဟ်ကြ။

22

1 အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက်2 အာခဇိ သည် အသက် နှစ်ဆယ်နှစ် နှစ်ရှိသော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် စိုးစံ လေ၏။ မယ်တော် ကား ဩမရိ မြေး အာသလိ အမည် ရှိ၏။ 3 မယ်တော် သည် မ ကောင်းသောအကြံ ကိုပေး သောကြောင့် ထို မင်းသည် အာဟပ် အမျိုး လိုက် ရာ လမ်း သို့ လိုက်၍၊ 4 အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော် သေ သောနောက် အာဟပ် အမျိုးသားတို့သည် အာခဇိ ကို အကျိုးနည်း စေခြင်းငှါ မကောင်းသောအကြံကိုပေး ကြ၏။ 5 အာခဇိသည် သူ တို့စကား ကိုနားထောင် သဖြင့် ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နှင့် ဝိုင်းလျက်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရာတွင် ရှုရိ လူတို့သည်ယောရံ ကို ထိခိုက် ကြ၏။ 6 ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။ 7 ဘုရားသခင် စီရင် တော်မူသည်အတိုင်း အာခဇိ သည် ယောရံ ထံသို့ ရောက် သောအားဖြင့် ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ် အမျိုး ကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ထာဝရဘုရား ဘိသိတ် ပေးတော်မူသော နိမ်ရှိ သား ယေဟု ကို ဆီးကြိုခြင်းငှါ၊ ယောရံ နှင့် အာခဇိတို့သည် ထွက်သွား ၏။ 8 ယေဟု သည် အာဟပ် အမျိုး ကို တရား စီရင်သောအခါ ယုဒ မှူးမတ် တို့ကို၎င်း အာခဇိ မင်း၌ ခစား သော နောင် တော်၏သား တို့ကို၎င်း၊ တွေ့ သတ် လေ၏။ 9 ရှမာရိ ပြည်၌ ပုန်း လျက်နေသော အာခဇိ ကို ရှာ ဘမ်းမိ သောအခါ ယေဟု ထံသို့ ဆောင် ခဲ့ပြီးမှ သတ် သင်္ဂြိုဟ် ကြ၏။ အကြောင်း မူကား၊ သူသည် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ သော ယောရှဖတ် ၏ အမျိုး ဖြစ်သည်ဟု ဆို ကြ၏။ ထိုသို့ အာခဇိ အမျိုး သည် နိုင်ငံ ကိုအုပ်စိုး ခြင်းငှါ တတ်နိုင်။ 10 အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိမြင် သော် ယုဒ ပြည် ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းလေ၏။ 11 သို့ရာတွင် ရှင်ဘုရင် သမီး ယောရှေဘ သည်၊ အာခဇိ ၏သား ယောရှ ကို အသေခံရသောဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါဝှက်ထားသဖြင့်၊ 12 ခြောက် နှစ် ပတ်လုံးယောရှသည် သူ တို့နှင့်အတူ ဗိမာန် တော်၌ ပုန်းရှောင် လျက်နေ အာသလိ သည် စိုးစံ လေ၏။

23

1 ခုနစ် နှစ် မြောက် သောအခါ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ယောဟနန် သား ဣရှမေလ ဩဗက် သား အာဇရိ အဒါယ သား မာသေယ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။ 2 ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။ 3 စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ရှင်ဘုရင်သားတော် စိုးစံ ရမည်။ 4 သင်တို့ပြု ရသော အမှု ဟူမူကား ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။ 5 တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။ 6 ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။ 7 လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။ 8 ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။ 9 ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် လူတရာ အုပ် တို့အား အပ်လေ၏။ 10 အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။ 11 ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။ 12 အာသလိ သည် လူ များပြေး ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် လူ များရှိရာ ဗိမာန် တော်သို့ သွား13 ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။ 14 ယဇ်ပုရောဟိတ် ယောယဒ ကလည်း ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊ 15 အာသလိ ကို ဘမ်းဆီး လျက် နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။ 16 ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား လူ ဖြစ် ရမည်အကြောင်း ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။ 17 လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။ 18 မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။ 19 သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။ 20 လူ တရာအုပ်၊ မှူးမတ် အကြီးအကဲ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။ 21 နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။

24

1 ယောရှ သည် အသက် ခုနစ် နှစ် ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော်ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည် ရှိ၏။ 2 ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလ ပတ်လုံး ယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏။ 3 ယောယဒ ပေးစားသော မိန်းမ နှစ် ယောက်နှင့် စုံဘက်၍ သား သမီး တို့ကို မြင် ရ၏။ 4 ထိုနောက်မှ ယောရှ သည် ဗိမာန် တော်ကို ပြုပြင် မည် အကြံ ရှိ လျက်5 ယဇ်ပုရောဟိတ် လေဝိ သားတို့ကို စုဝေး စေ၍ သင် တို့ဘုရားသခင် ၏အိမ် တော်ကို ပြုပြင် ခြင်းငှါ ယုဒ မြို့ တို့ကို လှည့်လည် သဖြင့် နှစ် တိုင်းအစဉ် ဣသရေလ လူအပေါင်း တို့မှ ငွေ ကိုခံယူ အမှု ပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့် တော်မူ၏။ သို့သော်လည်း လေဝိ သားတို့သည် မ ကြိုးစား ဘဲနေကြ၏။ 6 တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် သက်သေခံ တော်မူချက် တဲ တော်အဘို့ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။ 7 အဓမ္မမိန်းမအာသလိ ၏သား တို့သည် ဗိမာန် တော်ကို ဖြိုဖျက် ဗိမာန် တော်၌ ပူဇော် သော ဘဏ္ဍာ ရှိသမျှ တို့ကိုလည်း ဗာလ ဘုရားတို့အား ပူဇော် ကြ၏။ 8 ရှင်ဘုရင် အမိန့် တော်အတိုင်း သေတ္တာ ကိုလုပ် ဗိမာန် တော်ပြင် တံခါး နား မှာထား ကြ၏။ 9 ဘုရားသခင် ၏ကျွန် မောရှေ သည်တော မှာ ဣသရေလ အမျိုး၌ ငွေ ခွဲသည်အတိုင်း ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်ဟု ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်၌ ကြော်ငြာ ကြ၏။ 10 မင်း များနှင့် ပြည်သူ ပြည်သားများ အပေါင်း တို့ သည်၊ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့၍ လက်စသတ် သည်တိုင်အောင်သေတ္တာ ထဲသို့ သွင်းထားကြ၏။ 11 ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ငွေ များ သည် ကို သိ မြင်လျှင် ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု များစွာ သောငွေ ကို စုထား ကြ၏။ 12 ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ပန်းရန်သမား လက်သမား ပန်းပဲသမား ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။ 13 အလုပ် လုပ် သောသူတို့ သည် ကြိုးစား ပြုပြင် သဖြင့် ဗိမာန် တော်ကို ပကတိ အဖြစ်၌ ခိုင်ခံ့ စေကြ၏။ 14 လက်စသတ် သောအခါ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ 15 ယောယဒ သည် အို ကာလ ပြည့်စုံ ရာရောက် လျက် အသက် တရာ သုံးဆယ် ရှိသော် သေ ၍၊ 16 ဒါဝိဒ် မြို့ မှာ ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင် ၌၎င်း အိမ် တော်၌၎င်း ကျေးဇူး ပြု သောသူဖြစ် သတည်း။ 17 ယောယဒ သေ သောနောက် ယုဒ မင်း တို့သည် ရှင်ဘုရင် ထံ တော်သို့ လာ ရှိခိုး ကြ၏။ သူ တို့စကားကို ရှင်ဘုရင် နားထောင် သဖြင့်18 သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကိုစွန့် အာရှရ ပင်နှင့် ရုပ်တု တို့ကို ဝတ်ပြု ကြ၏။ ထို အပြစ် ကြောင့် အမျက် တော် သည် ယုဒ ပြည်နှင့် ယေရုရှလင် မြို့အပေါ် မှာ သက်ရောက် လေ၏။ 19 သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ပရောဖက်တို့သည် သက်သေခံ သော်လည်း သူတို့သည် နား ထောင်ကြ။ 20 တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။ 21 လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။ 22 ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။ 23 ထိုနှစ် အဆုံး ရှုရိ တပ်သား တို့သည် စစ်ချီ ၍ လာကြသဖြင့် ယုဒ ပြည် ယေရုရှလင် မြို့သို့ ရောက် မှ၊ မှူးမတ် အရာရှိအပေါင်း တို့ကို သုတ်သင် ပယ်ရှင်း၍ လက် ရဥစ္စာရှိသမျှ တို့ကို ဒမာသက် ရှင်ဘုရင် ထံသို့ ပေး လိုက်ကြ၏။ 24 ယုဒလူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် သောကြောင့် များပြား သော အလုံးအရင်း ဖြစ်သော်လည်း၊ နည်း သောရှုရိ တပ် အလုံး အရင်းလက် သို့ ထာဝရဘုရား အပ် တော်မူ၍ ရှုရိလူတို့သည် ယောရှ ကို တရား စီရင် ကြ၏။ 25 ရန်သူ ထွက် သွားသောအခါ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ သင်္ဂြိုဟ် သော်လည်း ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ်26 လုပ်ကြံ သောသူကား အမ္မုန် အမျိုးသမီးရှိမတ် သား ယောဇဗဒ် နှင့် မောဘ အမျိုးသမီးရှိမရိတ် သား ယဟောဇဗဒ် တည်း။ 27 ယောရှ သည် သား ရှိခြင်းအရာ၊ လေး သောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန် တော်ကို ပြုပြင် ခြင်း အရာတို့ သည် ရာဇဝင် နှင့်ဆက်သောစာ ရေးထား လျက်ရှိ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

25

1 အာမဇိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်နန်းထိုင် ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား ယေရုရှလင် မြို့သူယုဒ္ဒန် အမည် ရှိ၏။ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သော်လည်း စိတ်နှလုံး စုံလင်3 အာမဇိ သည်မင်း အာဏာတည် သောအခါ ခမည်းတော် မင်းကြီး ကိုသတ် သောကျွန် တို့ကိုသတ် လေ၏။ 4 သား အတွက် အဘ သည် အသေ ခံရ။ အဘ အတွက် သား သည်အသေ ခံရ။ လူ တိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟုမောရှေ ပညတ္တိ ကျမ်းစာ ရေးထား လျက်ရှိသော ထာဝရဘုရား ၏ပညတ် တော်ကိုစောင့်ရှောက်၍၊ ထိုကျွန်တို့၏သား များကိုမ သတ် ဘဲနေ၏။ 5 အာမဇိ မင်းသည် ယုဒ လူတို့ကိုစုဝေး စေ၍ ယုဒ လူနှင့် ဗင်္ယာမိန် လူတို့တွင်၊ အဆွေ အမျိုးအလိုက် လူ တထောင် အုပ်၊ တရာ အုပ် တို့ကို ခန့်ထား ၏။ အသက် နှစ်ဆယ် လွန်၍၊ လှံ နှင့် ဒိုင်း ကို ကိုင် တတ်သောစစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံး သိန်းရှိ ကြ ၏။ 6 ခွန်အား ကြီးသော ဣသရေလ သူရဲ တသိန်း ကိုလည်း ငွေ အခွက် တထောင် နှင့် ငှါး ၏။ 7 သို့ရာတွင် ဘုရားသခင် ၏လူ တယောက်သည် လာ ၍ အိုမင်းကြီး ဣသရေလ တပ် ကိုမ လိုက် စေနှင့်။ ထာဝရဘုရား သည် ဣသရေလ လူတည်းဟူသောဧဖရိမ် အမျိုးသား အပေါင်း တို့နှင့်အတူ ရှိတော်မ မူ။ 8 မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက် ခြင်းငှါ ခိုင်ခံ့ သော်လည်း ရန်သူ ရှေ့ မှာ ဘုရားသခင် ရှုံး စေတော်မူမည်။ ဘုရားသခင် သည် မစ ခြင်းငှါ ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊ 9 အာမဇိ က၊ ဣသရေလ တပ် ကိုငှါး၍ ငွေအခွက် တထောင် ကိုပေး မိသောကြောင့် အဘယ်သို့ ပြု ရမည်နည်းဟု ဘုရားသခင် ၏လူ ကို မေးမြန်း သော် ဘုရားသခင် ၏လူ က၊ ထိုမျှမက ထာဝရဘုရား သည် သာ၍ပေး နိုင်တော်မူသည်ဟု ပြန်ပြော ၏။ 10 ထိုအခါ အာမဇိ သည် ဧဖရိမ် ပြည်မှ ရောက် လာသော စစ်သူရဲ တို့ ကိုခွဲထား ၍၊ မိမိ တို့နေရာ သို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊ မိမိ တို့ နေရာ သို့ပြန် သွားကြ၏။ 11 အာမဇိ သည်လည်း ကိုယ်ကိုခိုင်ခံ့ စေ၍ ဆား ချိုင့် ကို တပ်ချီ သဖြင့် စိရ တောင်သား တသောင်း ကို လုပ်ကြံ လေ၏။ 12 ယုဒ အမျိုးသား တို့သည် လူတသောင်း ကို အရှင် ဘမ်း ပြီးလျှင် ကျောက် တောင်ထိပ် သို့ ဆောင် သွား၍ ကျိုးပဲ့ စေခြင်းငှါအောက် သို့ တွန်းချ ကြ၏။ 13 ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိ မပေး၊ လွှတ် လိုက်သော စစ်သူရဲ တို့မူကား ရှမာရိ မြို့မှစ၍ ဗေသောရုန် မြို့တိုင်အောင် ယုဒ မြို့ တို့ကို တိုက် သဖြင့် လူသုံး ထောင် ကိုသတ် လက်ရ ဥစ္စာအများ ကို သိမ်းသွား ကြ၏။ 14 အာမဇိ သည် ဧဒုံ အမျိုးသားတို့ကို လုပ်ကြံ ရာမှ ပြန်လာ သောအခါ စိရ တောင်သား ကိုးကွယ်သော ဘုရား တို့ကိုဆောင် ခဲ့၍ ကိုယ်တိုင် ကိုးကွယ်ရာဘုရား ဖြစ်စေ ခြင်းငှါ၊ တည်ထောင် လျက် သူ တို့ရှေ့ မှာ ဦးညွှတ် ချ၍ နံ့သာပေါင်းကို မီးရှို့ လေ၏။ 15 ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ပရောဖက် ကို စေလွှတ် တော်မူသည်ကား မိမိ လူ တို့ကို ရန်သူ လက် မှ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်

16 ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။

17 ထိုနောက် အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်

18 ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ပင်ထံသို့ စေလွှတ် ၍၊ သင့် သမီး ကို ငါ့ သား နှင့်ပေးစားပါဟု ဆို စဉ်တွင်၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ဆူး ပင်ကို နင်း မိ၏။ 19 သင်ကငါသည် ဧဒုံ လူတို့ကို လုပ်ကြံ ပြီဟု ဆို လျက် ဝါကြွား ချင်သောစိတ် မြင့် လှ၏။ သို့ရာတွင်ကိုယ် နေရာ နေ လော့။ သင့်ကိုယ်တိုင်နှင့် ယုဒ ပြည်သည် ဘေး ရောက် ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။ 20 ထို စကားကို အာမဇိ သည် နား ထောင်။ အကြောင်း မူကား၊ ဧဒုံ ပြည်ဘုရား တို့ကို ဆည်းကပ် သောကြောင့် ရန်သူ လက် သို့ အပ် ခြင်းငှါ ဘုရားသခင် စီရင်တော်မူ၏။ 21 ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည်ဗက်ရှေမက် မြို့၌ မျက်နှာချင်း ဆိုင် မိကြသဖြင့်22 ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။ 23 ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။ 24 ဩဗဒေဒုံ လက်တွင်၊ ဗိမာန် တော်၌ ရှိသမျှ သော ရွှေ ငွေ မှစ၍ တန်ဆာ အလုံးစုံ နှင့် နန်းတော် ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံ သော သူ အချို့တို့ကို၎င်း ယူ၍ ရှမာရိ မြို့သို့ပြန် သွား၏။ 25 ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သောနောက် ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏။ 26 အာမဇိ ပြုမူသော အမှုအရာ ကြွင်း သမျှ အစ အဆုံး တို့သည်၊ ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ရေးထား လျက်ရှိ၏။ 27 အာမဇိ သည် ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှလွှဲ သွားသော နောက်၊ သူ ၏တစ်ဘက် ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ သူ သည်လာခိရှ မြို့သို့ ပြေး သည်တွင် ထို မြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ28 မြင်း ပေါ် ၌ တင် လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ်မြို့ သင်္ဂြိုဟ် ကြ၏။

26

1 ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည်၊ အသက် တဆယ် ခြောက် နှစ်ရှိသောသား တော်ဩဇိ ကို ယူ ခမည်းတော် အာမဇိ အရာ ၌ နန်းတင် ကြ၏။ 2 ထိုမင်း သည် ခမည်းတော် သေ သောနောက် ဧလုတ် မြို့ကို ပြုစု ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏။ 3 ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏။ 4 ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။ 5 ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။ 6 ထိုမင်းသည် စစ်ချီ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့် ဂါသ မြို့ရိုး ယာဗနေ မြို့ရိုး အာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှ အာဇုတ် မြို့ပတ်လည် ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။ 7 ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။ 8 အမ္မုန် အမျိုးသားတို့သည်လည်း ဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့် သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။ 9 ဩဇိ မင်းသည် ယေရုရှလင် မြို့ ထောင့် တံခါး ချိုင့် တံခါး မြို့ရိုးကွေ့ တံခါး၌ ရဲတိုက် တို့ကို တည် ခိုင်ခံ့ စေ၏။ 10 တော လည်း ရဲတိုက် တို့ကို တည် ၏။ ရေတွင်း များ ကိုလည်း တူး ၏။ ချိုင့်ဝှမ်း ရာအရပ် နှင့် မြေညီ ရာ အရပ်၌ များစွာ သော သိုး နွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေ ကောင်းသောအရပ်၌ လယ် လုပ်သောသူနှင့် စပျစ် ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာ ရှိ ၏။ 11 ဩဇိ မင်း၌ တပ်စာရေး ယေယေလ နှင့် တပ် အုပ် မာသေယ တို့သည် စာရင်း ယူ သည်အတိုင်း ရှင်ဘုရင် ၏ ဗိုလ်မင်း ဟာနနိ သည် စီရင် အသီးအသီး တပ် ဖွဲ့ သော စစ်သူရဲ ဗိုလ်ခြေများရှိ ကြ၏။ 12 ထိုသို့ခွန်အား ကြီးသော သူရဲ အဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သော သူပေါင်းကား၊ နှစ်ထောင် ခြောက် ရာ တည်း။ 13 ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူ တဘက် ၌ ရှင်ဘုရင် ကို ထောက်မ ခြင်းငှါ ကြီး သောခွန်အားနှင့် စစ်တိုက် သောသူရဲပေါင်းကား၊ သုံး သိန်းခုနစ် ထောင် ငါးရာ တည်း။ 14 ဩဇိ မင်းသည်လည်း ဗိုလ်ခြေ အပေါင်း တို့အဘို့ ဒိုင်း လွှား၊ လှံ သံ ခမောက်လုံး၊ သံချပ် လေး ကျောက် နှင့် ပစ်စရာ လောက်လွှဲ တို့ကို ပြင်ဆင် လေ၏။ 15 လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်း ယေရှုရှလင် မြို့ရဲတိုက် မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။ 16 ဩဇိ မင်းသည် တန်ခိုး ကြီးသောအခါ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ် ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား နံ့သာပေါင်း ကို မီးရှို့ရာ ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ထာဝရဘုရား ၏ ဗိမာန် တော်ထဲသို့ ဝင် လေ၏။ 17 ယဇ်ပုရောဟိတ် အာဇရိ သည် ရဲရင့်ခြင်းသတ္တိ ရှိသောထာဝရဘုရား အမှုတော် ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ် တို့နှင့်တကွ ရှင်ဘုရင်ဩဇိနောက် တော်သို့ လိုက်18 ဆီးတား သဖြင့် အိုဩဇိ မင်း ကိုယ်တော်သည် ထာဝရဘုရား အား နံ့သာပေါင်း ကို မီးရှို့ခြင်းအမှုနှင့် ဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ခန့်ထား သောအာရုန် သား ယဇ် ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်း ရာဌာနထဲက ထွက် သွားလော့။ ကိုယ်တော်သည် ပြစ်မှား ပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေ ပျက် လိမ့်မည်ဟု ဆိုကြ လျှင်၊ 19 ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ လင်ပန်း ကိုကိုင် လျက် ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင် ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနား ယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ပေါ် လေ၏။ 20 ယဇ်ပုရောဟိတ် မင်း နှင့် ယဇ်ပုရောဟိတ် အပေါင်း တို့သည် ကြည့်ရှု ၍၊ နဖူး တော်၌ နူနာ စွဲသည် ကိုမြင် လျှင် ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် အလျင်အမြန် ထွက် လေ၏။ 21 ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။ 22 ဩဇိ ပြုမူသောအမှု အရာ ကြွင်း လေသမျှ အစ အဆုံး တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် ရေး ထားလေ၏။ 23 ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သူ တို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံရသော်လည်း လူနူ ဖြစ်သောကြောင့် ရှင်ဘုရင် တို့ သင်္ချိုင်း နှင့်ဆိုင် သောမြေ အကွက်၌ သာ သင်္ဂြိုလ်ကြ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

27

1 ယောသံ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏။ 2 ထိုမင်း သည်ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။ သို့ရာတွင် ထာဝရ ဘုရား၏ ဗိမာန် တော်ထဲသို့ ဝင် ။ပြည်သူ ပြည်သားတို့သည် မ တရားသဖြင့် ပြုကြသေး ၏။ 3 ထိုမင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် ဩဖေလ မြို့ရိုး ကို အလွန် ခိုင်ခံ့ စေ၏။ 4 ယုဒ တောင်ရိုး ပေါ် မှာ မြို့ များကို၎င်း တော ရဲတိုက် များနှင့် ပြအိုး များကို၎င်း တည်ထောင် လေ၏။ 5 အမ္မုန် ရှင် ဘုရင်ကိုလည်း စစ်တိုက် နိုင် သဖြင့် နိုင်သောနှစ် တွင် အမ္မုန် သား တို့သည် ငွေ အခွက် တထောင်၊ ဂျုံ ကောရ တသောင်း မုယော တသောင်း ကိုပေး ရကြ၏။ ဒုတိယ နှစ် နှင့် တတိယ နှစ်တွင် ထို အတူ ပေးရကြ၏။ 6 ထိုသို့ ယောသံ သည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ မိမိ အကျင့် တို့ကို ပြင်ဆင် သောကြောင့် တန်ခိုး တိုးပွါးသတည်း။ 7 ယောသံ ပြုမူသောအမှု အရာ ကြွင်း လေသမျှ၊ စစ်တိုက် ခြင်းအကျင့် ကျင့်ခြင်းအမှုအရာ အလုံးစုံ တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက် ရှိ၏။ 8 - 9 ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

28

1 အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု2 ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။ 3 ထာဝရဘုရား သည် ဣသရေလ အမျိုးသား ရှေ့ မှ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ်ထုံးစံအတိုင်း ဟိန္နုံ သားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့ မိမိ သား တို့ကိုလည်း မီး ဖြင့် ပူဇော် ၏။ 4 မြင့် သောအရပ်၊ တောင် ပေါ်၊ သစ်ပင် အောက် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့တတ်၏။ 5 ထိုကြောင့် သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။ 6 တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။ 7 ခွန်အား ကြီးသော ဧဖရိမ် သား ဇိခရိ သည်၊ ရှင်ဘုရင် သား မာသေယ နန်းတော် အုပ် အာဇရိကံ ရှင်ဘုရင် နောက်ဒုတိယ မင်း ဧလကာန ကို သတ် ၏။ 8 ဣသရေလ အမျိုးသား တို့သည်လည်း မိမိ တို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာ သော ဥစ္စာ ကိုလည်း လုယူ ရှမာရိ မြို့သို့ ဆောင်သွား ကြ၏။ 9 ဩဒက် အမည် ရှိသောထာဝရဘုရား ပရောဖက် တပါးရှိ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် သင် တို့လက် အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။ 10 ယခု တွင်လည်း ယုဒ ပြည်သူ ယေရုရှလင် မြို့သားယောက်ျား မိန်းမ တို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ရာသို့ ရောက်သည် မ ဟုတ်လော11 ငါ့ စကားကိုနားထောင် ကြလော့။ သင်တို့သည် ယခု ဘမ်းဆီး ၍ သိမ်းယူခဲ့သော သင် တို့၏ ညီအစ်ကို များကို လွှတ် လိုက်ကြလော့။ သို့မဟုတ်ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်သည် သင် တို့အပေါ် မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။ 12 ထိုအခါ ဧဖရိမ် အမျိုးသား အကြီးအကဲ ယောဟနန် သား အာဇရိ မေရှိလေမုတ် သား ဗေရခိ ရှလ္လုံ သား ဟေဇကိ ဟာဒလဲ သား အာမသာ တို့သည် စစ်တိုက် ရာမှ လာ သောသူတို့ ကို ဆီးတား ၍၊ 13 သင်တို့သိမ်းယူခဲ့သောသူတို့ ကို ဤ မြို့ထဲသို့ မ သွင်း ရ။ ငါ တို့သည် ထာဝရဘုရား ကို ပြစ်မှား ပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ကြံစည်ကြသည်ကား။ ယခုတွင် ငါ တို့အပြစ် ကြီးလှ ၏။ ဣသရေ အမျိုး၌ ပြင်းစွာ အမျက် ထွက်လျက် ရှိသည်ဟု ဆို သောကြောင့်14 စစ်သူရဲ တို့သည် သိမ်းယူ ခဲ့သောလူများနှင့် လု ယူခဲ့သောဥစ္စာများကို မင်း တို့ရှေ့၊ ပရိသတ် တို့ရှေ့ မှာထား ကြ၏။ 15 အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။ 16 ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။ 17 အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ယုဒ ပြည်ကို လုပ်ကြံ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။ 18 ဖိလိတ္တိ လူတို့သည်လည်း နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ နေရာ ချကြ၏။ 19 ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။ 20 အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာလာ သော်လည်း အား ကိုမ ပေး၊ သာ၍ဆင်းရဲ စေ၏။ 21 အကြောင်း မူကား၊ အာခတ် သည် ဗိမာန် တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိ ရှင်ဘုရင် အား ပေး သော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။ 22 အာခတ် မင်းကြီး သည် ဆင်းရဲ ဒုက္ခခံရသောအခါ ထာဝရဘုရား ကို သာ၍ ပြစ်မှား ၏။ 23 ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။ 24 တဖန် အာခတ် သည် ဗိမာန် တော်တန်ဆာ တို့ကို စုထား အပိုင်းပိုင်းချိုးဖြတ် ၏။ ဗိမာန် တော်တံခါး တို့ကိုလည်း ပိတ် ထား၏။ ယေရုရှလင် မြို့ထောင့် များ၌ ယဇ် ပလ္လင် တို့ကို တည် ၏။ 25 အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ စရာဘို့။ယုဒ မြို့ အသီးအသီး တို့၌ မြင့် သောအရပ် တို့ကို တည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်လေ၏။ 26 အာခတ် ကျင့်ကြံ ပြုမူသော အမှု အရာကြွင်း လေသမျှအစ အဆုံး တို့သည် ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။ 27 အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ယေရုရှလင် မြို့ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

29

1 ဟေဇကိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ လေ၏။ မယ်တော် ကား ဇာခရိ သမီး အာဘိ အမည် ရှိ၏။ 2 ထိုမင်း သည် အဘ ဒါဝိဒ် ကျင့် သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။ 3 နန်းစံ ပဌမ နှစ် ပဌမ တွင် ဗိမာန် တော်တံခါး တို့ကို ဖွင့် ပြုပြင် တော်မူ၏။ 4 ယဇ်ပုရောဟိတ် လေဝိ သားတို့ကို ခေါ် အရှေ့ လမ်း မှာ စုဝေး စေလျက်5 အိုလေဝိ သားတို့၊ နားထောင် ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို၎င်း သန့်ရှင်း စေ၍၊ သန့်ရှင်း ရာဌာနထဲက အမှိုက် ကို သုတ်သင် ပယ်ရှင်းကြလော့။ 6 ငါ တို့အဘ များသည် ပြစ်မှား ငါ တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ကြပြီ။ ထာဝရဘုရား ကိုစွန့် ကျိန်းဝပ် တော်မူရာအရပ်မှ မျက်နှာ လွှဲ လျက် ကျောခိုင်း ကြပြီတကား။ 7 ဗိမာန် တော်ဦးတံခါး တို့ကို ပိတ် လျက် မီးခွက် တို့ကိုသတ် လျက် သန့်ရှင်း ရာဌာန၌ ဣသရေလ အမျိုး၏ ဘုရားသခင် အား နံ့သာပေါင်း ကို မီး ရှို့။ မီးရှို့ ရာယဇ်ကို မ ပူဇော်ဘဲနေ ကြပြီ။ 8 ထိုကြောင့် ထာဝရဘုရား သည် ယုဒ ပြည် ယေရုရှလင် မြို့ကို အမျက် တော်ထွက် သင် တို့မြင် သည် အတိုင်း ဆင်းရဲ ခံခြင်း၊ မိန်းမော တွေဝေခြင်း၊ ကဲရဲ့ သံကို ကြားခြင်း အမှု၌ အပ် တော်မူပြီ။ 9 သို့ဖြစ်၍ ငါ တို့အဘ များသည် ထား ဖြင့် လဲ သေကြပြီ။ သား သမီး မယား တို့သည် သိမ်းသွား ခြင်းကိုခံရကြပြီ။ 10 ယခု မူကား၊ ပြင်းစွာ သောအမျက် တော်သည် ငါ တို့မှ လွှဲ သွားမည်အကြောင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ မည်ဟု ငါ အကြံ ရှိ၏။ 11 ငါ့ သား တို့၊ မ ဖင့်နွှဲ ကြနှင့်။ ထာဝရဘုရား ရှေ့ တော်၌ ရပ် ဝတ်ပြုခြင်း၊ အမှု တော်ကို စောင့်ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ခြင်းအမှု ကို ပြုစေခြင်းငှါ သင် တို့ကို ရွေး ထားတော်မူပြီဟု မိန့်တော်မူလျှင်၊ 12 လေဝိ အမျိုး၊ ကောဟတ် အနွှယ် အာမသဲ သား မာဟတ် အာဇရိ သား ယောလ မေရာရိ အနွယ် အာဗဒိ သား ကိရှ ယေဟလေလ သား အာဇရိ ဂေရရှုံ အနွယ် ဇိမ္မ သား ယောအာ ယောအာ သား ဧဒင်13 ဧလိဇဖန် အမျိုးသား ရှိမရိ နှင့် ယေယေလ အာသပ် အမျိုးသား ဇာခရိ နှင့် မတ္တနိ14 ဟေမန် အမျိုးသား ယေဟေလ နှင့် ရှိမိ ယေဒုသုန် အမျိုးသား ရှေမာယ နှင့် ဩဇေလ တို့သည်၊ 15 အမျိုးသား ချင်းတို့ကို ခေါ် ကိုယ်ကို သန့်ရှင်း စေပြီးမှ ထာဝရဘုရား အမိန့် တော်နှင့်အညီ ရှင်ဘုရင် စီရင် သည်အတိုင်း ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ လာ ကြ၏။ 16 ယဇ် ပုရောဟိတ်တို့သည် ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် တွေ့ သမျှ သော အမှိုက် ကို တန်တိုင်း သို့ ထုတ် ပြီးလျှင် လေဝိ သားတို့သည် ကေဒြုန် ချောင်း သို့ ယူ သွားကြ၏။ 17 ပဌမ တရက် နေ့တွင် သန့်ရှင်း ပြု၍ ရှစ် ရက် နေ့တွင် ဗိမာန် တော်ဦးသို့ ရောက် ကြ၏။ ထိုနောက် ရှစ် ရက် ပတ်လုံး၊ ဗိမာန် တော်ကို သန့်ရှင်း စေ၍ ပဌမ တဆယ် ခြောက် ရက် နေ့တွင် လက်စသတ် ကြ၏။ 18 ထိုအခါ ဟေဇကိ မင်းကြီး ထံသို့ ဝင် အကျွန်ုပ် တို့သည် ဗိမာန် တော်တ ဆောင်လုံး၊ မီးရှို့ ရာယဇ်ပလ္လင် နှင့် တန်ဆာ ရှိသမျှ ရှေ့ တော်မုန့်တင်သော စားပွဲ နှင့် တန်ဆာ ရှိသမျှ တို့ကို သန့်ရှင်း စေပါပြီ။ 19 ထိုမှတပါး အာခတ် မင်းကြီး လက်ထက် အဓမ္မ ပြု၍ ပစ် ထားသော တန်ဆာ ရှိသမျှ တို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် သန့်ရှင်း စေသဖြင့်၊ ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်ရှေ့ မှာ တင်ထားပါပြီဟု လျှောက်ဆို ကြ ၏။ 20 ထိုအခါ ဟေဇကိ မင်းကြီး သည် စောစော ထ၍ မြို့ သူကြီး တို့ကို စုဝေး စေပြီးလျှင် ဗိမာန် တော်သို့ တက် သွား၏။ 21 နန်းတော် အပြစ် သန့်ရှင်း ရာဌာနတော်အပြစ်၊ ယုဒ ပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွား ခုနစ် ကောင်၊ သိုး ခုနစ် ကောင်၊ သိုးသငယ် ခုနစ် ကောင်၊ ဆိတ် ခုနစ် ကောင်တို့ကို ဆောင် ခဲ့ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် စေခြင်းငှါ မိန့် တော်မူသည်အတိုင်း22 နွား တို့ကိုသတ် ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုခံ လျက် ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုး တို့ကိုလည်း သတ် အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုးသငယ် တို့ကိုလည်း သတ် အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ 23 အပြစ် ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ် တို့ကိုလည်း ရှင်ဘုရင် ရှေ့ ပရိသတ် ရှေ့သို့ထုတ် မိမိ တို့ လက် ကိုတင် ပြီးမှ24 ယဇ် ပုရောဟိတ်တို့သည် သတ် ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။ 25 ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း စောင်း တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။ 26 သို့ဖြစ်၍ လေဝိ သားတို့သည် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို၎င်း ယဇ် ပုရောဟိတ်တို့သည် တံပိုး များကို၎င်း ကိုင်လျက် ရှိ ကြ၏။ 27 ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။ 28 မီးရှို့ ရာယဇ်ပူဇော်ခြင်းအမှု လက်စ သတ်မှီ တိုင်အောင် ပရိသတ် အပေါင်း တို့သည် ကိုးကွယ် လျက် သီချင်း ဆို လျက် တံပိုး မှုတ် လျက် နေကြ၏။ 29 လက်စသတ် ပြီးမှ ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့သည် ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။ 30 တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ပရောဖက် အာသပ် စကားအားဖြင့် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။ 31 ထိုနောက် ဟေဇကိ က၊ သင် တို့သည် ယခု ထာဝရဘုရား အား ကိုယ်ကို ပူဇော်ကြပြီ။ ဗိမာန် တော်သို့ ချဉ်းကပ် ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြလော့ဟု ပြန် မိန့် တော်မူသည် အတိုင်း၊ စည်းဝေး သောသူတို့သည် ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြ ၏။ စေတနာရှိသမျှသောသူတို့ သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။ 32 စည်းဝေး သောသူတို့သည် ထာဝရဘုရား အား မီးရှို့ ရာ ယဇ်ပူဇော်စရာဘို့ ဆောင် ခဲ့သော ယဇ် ပေါင်း ကား၊ နွား ခုနစ် ဆယ်၊ သိုး တရာ သိုးသငယ် နှစ် ရာတည်း။ 33 ပူဇော်သောဥစ္စာပေါင်းကား၊ နွား ခြောက် ရာ သိုး သုံး ထောင် တည်း၊ 34 ယဇ် ပုရောဟိတ်တို့သည် နည်း သောကြောင့် မီးရှို့ ရာယဇ်ကောင်ရှိသမျှ ကို မ သတ် နိုင် သည်ဖြစ်၍ အခြားသော ယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုမ သန့်ရှင်း စေမှီ၊ အမှု တော်လက်စ သတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိ သားတို့သည် ထောက်မ ကြ၏။ ကိုယ်ကိုသန့်ရှင်း စေခြင်းငှါ ယဇ် ပုရောဟိတ်များထက် လေဝိ သားတို့သည် သာ၍စိတ် သဘောဖြောင့် ကြ၏။ 35 မီးရှို့ ရာယဇ်များ တို့နှင့် မီးရှို့ ရာယဇ်အသီးသီးဆိုင် သောမိဿဟာယ ယဇ်ဆီဥ သွန်းလောင်း ရာ ပူဇော်သက္ကာအများရှိကြ၏။ ထိုသို့ ဗိမာန် တော်ဝတ်ပြု ခြင်းကို စီရင် သတည်း။ 36 ထိုအမှု လျင်မြန် သော်လည်း ဘုရားသခင် သည် လူ များကို ပြင်ဆင် တော်မူသောကြောင့် ဟေဇကိ နှင့် လူ အပေါင်း တို့သည် ဝမ်းမြောက် အားရကြ၏။

30

1 တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ စေခြင်းငှါ ဟေဇကိ သည် စာ ရေး ပေး လိုက်လေ၏။ 2 ဒုတိယ တွင် ပသခါ ပွဲကိုခံ ခြင်းငှါ ရှင် ဘုရင်သည် တိုင်ပင် မှူး တော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေး သော သူအပေါင်း တို့သည် စီရင်ကြပြီ။ 3 ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက် နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်း စွာမ ပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင် မြို့၌ စည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မ ခံ နိုင် ကြ။ 4 ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့ သည် ထိုအမှု ကို နှစ်သက် သောကြောင့် ၎င်း၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊ 5 အရပ်ရပ်တို့ကလာ ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ယေရုရှလင် မြို့၌ ပသခါ ပွဲကိုခံ စေခြင်းငှါ ဣသရေလ ပြည်တရှောက်လုံး ဗေရရှေဘ မြို့မှစ၍ ဒန် မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်းအမိန့်တော်နှင့်စီရင်ကြ၏။ 6 ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ဣဇာက် ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။ 7 ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။ 8 သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။ 9 သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။

10 စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။ 11 သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ယေရုရှလင် မြို့သို့ လာ ကြ၏။ 12 ယုဒ ပြည်သားတို့သည် ထာဝရဘုရား အမိန့် တော်အတိုင်း ရှင်ဘုရင် နှင့် မှူးမတ် တို့ စီရင် သည်အတိုင်း၊ တညီညွတ် တည်း ပြု ချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုး တော်ကြောင့် ရ ကြ၏။ 13 ဒုတိယ တွင် အဇုမ ပွဲ ကို ခံ လိုသောငှါ များစွာ သောလူ တို့သည် ယေရုရှလင် မြို့၌ စည်းဝေး ကြ၍ အလွန် ကြီး သောပရိသတ် ဖြစ်လေ၏။ 14 သူတို့သည်ထ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။ 15 ဒုတိယ တဆယ် လေး ရက်နေ့တွင် ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့ သည် သတိရ ကိုယ်ကိုသန့်ရှင်း စေလျက် မီးရှို့ ရာယဇ် တို့ကို ဗိမာန် တော်ထဲသို့ သွင်း ကြ၏။ 16 ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း မိမိ တို့နေရာ ရပ် နေလျက် ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။ 17 သန့်ရှင်း သောသူ အများ တို့သည် ပရိသတ် ပါသောကြောင့် ထိုမ သန့်ရှင်း သောသူ ရှိသမျှ တို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေခြင်းငှါ ပသခါ သိုးသငယ်သတ် ခြင်းအမှုကို၊ လေဝိ သားတို့သည် စောင့်ရကြ၏။ 18 များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။ 19 သို့ရာတွင် ဟေဇကိ က၊ သန့်ရှင်း ရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်း မရှိသော်လည်း ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ဆည်းကပ် ခြင်းငှါ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ် သော ထာဝရဘုရား သည် လွှတ် တော်မူပါစေသောဟု ထိုသူ တို့ အဘို့ ဆုတောင်း သဖြင့်20 ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။ 21 ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ 22 ထာဝရဘုရား တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။ 23 စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။ 24 ယုဒ ရှင်ဘုရင် ဟေဇကိ သည် နွား တထောင် နှင့် သိုး ခုနစ် ထောင် တို့ကို၎င်း၊ မှူးမတ် တို့သည် နွား တထောင် နှင့် သိုး တသောင်း ကို၎င်း စည်းဝေး သောသူတို့အား ပေး ကြ ၏။ များစွာ သောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုသန့်ရှင်း စေကြ၏။ 25 ယဇ်ပုရောဟိတ် လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။ 26 ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။ 27 ထိုအခါ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ထ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။

31

1 ထို အမှုလက်စသတ် သောအခါ စည်းဝေးသော ဣသရေလ လူအပေါင်း တို့သည်၊ ယုဒ မြို့ များသို့ ထွက်သွား ယုဒ ပြည်၊ ဗင်္ယာမိန် ပြည်၊ ဧဖရိမ် ပြည်၊ မနာရှေ ပြည် အရပ်ရပ် ရှိသောရုပ်တု ဆင်းတု၊ အာရှရ ပင်၊ မြင့် သော အရပ်၊ ယဇ် ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီး မှီ တိုင်အောင်ချိုးဖဲ့ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ အသီးအသီး ပိုင် ထိုက်သောနေရာ မြို့ ရွာတို့သို့ ပြန် သွားကြ၏။ 2 ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ဟေဇကိ ခန့်ထား တော်မူ၏။ 3 ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။ 4 ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ထာဝရဘုရား ၏ တရား ကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ယေရုရှလင် မြို့၌နေသောသူတို့ သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်းမိန့် တော်မူ၏။ 5 ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး စပျစ်ရည် ဆီ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။ 6 ယုဒ မြို့ တို့၌ နေ သောဣသရေလ အမျိုးသား နှင့် ယုဒ အမျိုးသားတို့သည်လည်း သိုး နွား ဆယ်ဘို့ တဘို့ကို၎င်း သူ တို့၏ဘုရားသခင် ထာဝရဘုရား အား ပူဇော် သန့်ရှင်း သော ဥစ္စာဆယ်ဘို့ တဘို့ကို၎င်း ဆောင် ခဲ့၍ အသီးအသီး ပုံထားကြ၏။ 7 တတိယ တွင် ပုံ ထားစ ပြု၍ သတ္တမ တွင် လက်စသတ် ကြ၏။ 8 ပုံ ထားသောဥစ္စာကို၊ ဟေဇကိ နှင့် မှူးမတ် တို့ သည် လာ မြင် သောအခါ ထာဝရဘုရား နှင့် ဘုရားသခင် ၏ လူ ဣသရေလ အမျိုးကို ကောင်းကြီး ပေးကြ၏။ 9 ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် လေဝိ သားတို့၌ မေးမြန်း လျှင်10 ဇာဒုတ် အမျိုး ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။

11 ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင်12 လှူ သောဥစ္စာ၊ ဆယ်ဘို့ တဘို့ဥစ္စာ၊ ပူဇော် သော ဥစ္စာများကို တရား နှင့်အညီ သွင်း ထားကြ၏။ လေဝိ သားကောနနိ သည်တိုက်အုပ် သူ ၏ညီ ရှိမိ သည် တိုက်စာရေးဖြစ်၏။ 13 ယေဟေလ အာဇဇိ နာဟတ် အာသဟေလ ယေရိမုတ် ယောဇဗတ် ဧလျေလ ဣသမခိ မာဟတ် ဗေနာယ တို့သည်လည်း ဟေဇကိ မင်းကြီး နှင့် ဗိမာန် တော် အုပ် အာဇရိ စီရင်သည်အတိုင်း၊ ကောနနိ နှင့် သူ ၏ညီ ရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။ 14 အရှေ့ တံခါးမှူး လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။ 15 ကောရ လက် ထောက်၊ ဧဒင် ဗင်္ယာမိန် ယောရှု ရှေမာယ အာမရိ ရှေကနိ တို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့ တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့ သော ညီအစ်ကို အကြီး အငယ် တို့အား ပေးဝေ ရကြ၏။ 16 သင်းဖွဲ့ သည်အတိုင်း ဗိမာန် တော်သို့ ဝင် ၍ အမှု တော် ကိုစောင့် သောသူ၊ စာရင်း ဝင်သည်အတိုင်း အသက် သုံး နှစ်လွန် သော ယောက်ျား အပေါင်း တို့အား ၎င်း17 အဆွေအမျိုး အလိုက် စာရင်း ဝင်၍ အသက် နှစ်ဆယ် လွန် သဖြင့် သင်းဖွဲ့ သည်အတိုင်း အမှုတော်စောင့် သော ယဇ်ပုရောဟိတ် လေဝိ သားတို့ အား၎င်း၊ 18 သစ္စာ စောင့်၍ ကိုယ်ကိုသန့်ရှင်း စေသော ထိုသူ တို့၏သား မယား သူငယ် မှစ၍ ပရိသတ် အနှံ့အပြား စာရင်း ဝင်သမျှ သောသူ တို့ အား ၎င်း ၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။ 19 ထိုအတူ အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယဇ်ပုရောဟိတ် လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန် သား ယဇ်ပုရောဟိတ် ယောက်ျား စာရင်း ဝင်သော လေဝိ သားအပေါင်း တို့အား လည်း ပေး ဝေရကြ၏။ 20 ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။ 21 မိမိ ဘုရားသခင် ကို ဆည်းကပ် လျက် ဗိမာန် တော်၊ တရား တော်၊ ပညတ် တော်တို့အဘို့ အမှု စောင့်စ ပြု လေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ ပြု အကြံ ထမြောက်တတ်၏။

32

1 ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။ 2 ထိုသို့ သနာခရိပ် သည်လာ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ဟေဇကိ သည်သိမြင် လျှင်3 မြို့ ပြင် ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် စစ်သူကြီး တို့နှင့် တိုင်ပင်။သူ တို့သည် ဝိုင်း လုပ်ကြ၏။ 4 အာရှုရိ ရှင် ဘုရင်တို့သည် လာ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။ 5 ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။ 6 လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား မြို့ လမ်းမ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊ 7 ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် ကြောက် ကြနှင့်။ စိတ် ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။ 8 သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။ 9 ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊ 10 အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။ 11 ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော12 ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော13 ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော 14 ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။ 15 သို့ဖြစ်၍ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ ဖြားယောင်း စေနှင့်။ သူ့ စကားကို ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။ 16 သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။ 17 ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ ကယ် မလွှတ်နိုင်သည် နည်းတူ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ပေးလိုက်သေး၏။ 18 တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။ 19 လူ တို့လက် ဖြင့် လုပ် သောဘုရား မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။ 20 ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်21 ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။ 22 ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် အရပ်ရပ် စောင့်မ တော်မူ၏။ 23 အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။ 24 ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။ 25 သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း အမျက် တော်ထွက် လေ၏။ 26 သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက်27 ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ငွေ ကျောက် မြတ်၊ နံ့သာမျိုး ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။ 28 စပါး ကျီများ၊ ဆီ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။ 29 ကိုယ် အဘို့ မြို့ တို့ကိုတည် များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။ 30 ထိုမှတပါး ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ အကြံ ထမြောက်၏။ 31 သို့ရာတွင် နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ဘုရားသခင် သည် စုံစမ်း အလွတ် ထားတော်မူ၏။ 32 ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။ 33 ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

33

1 မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ 2 ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ 3 ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။ 4 ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊ 5 ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။ 6 မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။ 7 ဗိမာန် ၎င်း ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။ 8 ငါမှာထား သမျှ အတိုင်း မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊ 9 မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် သာ၍ဆိုး သောအမှုကိုပြု စေ၏။ 10 ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း သူတို့သည်နား ထောင်ဘဲ နေသောကြောင့်11 အာရှုရိ ရှင်ဘုရင် ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ဘမ်းမိ သံကြိုး နှင့် ချည်နှောင် ပြီးမှ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။ 12 ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်13 ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။ 14 ထိုနောက် ဒါဝိဒ် မြို့ ပြင် ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ဩဖေလ ရဲတိုက်ပတ်လည် ၎င်း အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။ 15 တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ဗိမာန် တော် တောင် ပေါ် ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။ 16 ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။ 17 သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။ 18 မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ရေးထားလျက်ရှိ၏။ 19 သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။ 20 မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။ 21 အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ 22 ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။ 23 ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။ 24 မိမိ ကျွန် တို့သည် သင်းဖွဲ့ နန်းတော် လုပ်ကြံ ကြ၏။ 25 အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။

34

1 ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် နှစ် စိုးစံ လေ၏။ 2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။ 3 အသက် တော်ငယ်စဉ် နန်းစံ ရှစ် နှစ် တွင် အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။ 4 ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ညက်ညက် ချေပြီးလျှင် ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။ 5 ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။ 6 ထိုအတူ မနာရှေ ခရိုင် ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင် အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊ 7 ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ဣသရေလ ပြည် တလျှောက်လုံး ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။ 8 နန်းစံ ဆယ် ရှစ် နှစ် တွင် နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှ မိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါ အာဇလိ ၏ သား ရှာဖန် မြို့ဝန် မာသေယ ယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။ 9 ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊ 10 ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့် သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ11 ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက် ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။ 12 လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ် ယာဟတ် နှင့် ဩဗဒိ ကောဟတ် အနွှယ် ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက် သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။ 13 ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍ အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေး တရားသူကြီး တံခါးစောင့် လုပ် ကြ၏။ 14 ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့15 တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။ 16 ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။ 17 ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊ 18 ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက် ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။ 19 ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင် မိမိ အဝတ် ကိုဆုတ်20 ယဇ်ပုရောဟိတ်ဟိလခိ ရှာဖန် သား အဟိကံ မိက္ခါ သား အာဗဒုန် စာရေး တော်ရှာဖန် မိမိကျွန် အာသာယ ကို ခေါ်21 ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်၊ ဤ ကျမ်းစာ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

22 ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယား ပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။

23 မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား24 ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၎င်း အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။ 25 အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။ 26 ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ သင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊ 27 အရပ် ကို ၎င်း ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ နူးညံ့ သောစိတ်ရှိ၍ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် သင့်စကား ကို ငါ နားထောင် ၏။ 28 ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။ 29 ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ်30 ယုဒ ပြည်သူ ယေရုရှလင် မြို့သား ယဇ်ပုရောဟိတ် လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ဗိမာန် တော်သို့ တက် ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။ 31 ရှင်ဘုရင် ကလည်း ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ရပ် အဓိဋ္ဌာန် ပြု ၏။ 32 စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်း ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။ 33 ယောရှိ မင်းသည်လည်း ရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်း စီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။

35

1 တဖန် ယောရှိ မင်းသည် ယေရုရှလင် မြို့၌ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ တော်မူ၍ ပဌမ တဆယ် လေး ရက်နေ့တွင် ပသခါ သိုးသငယ်ကိုသတ် ကြ၏။ 2 ယဇ် ပုရောဟိတ်တို့ကို မိမိ တို့အရာ ခန့်ထား ဗိမာန် တော်အမှု ကို စောင့်စေခြင်းငှါနှိုးဆော် တော်မူ၏။ 3 ဣသရေလ အမျိုးရှိသမျှ ကို သွန်သင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလေဝိ သားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် တည်ဆောက် သော အိမ် သန့်ရှင်း သော သေတ္တာ တော်ကို သွင်း ထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မ ထမ်း ဘဲ၊ သင် တို့၏ ဘုရားသခင် ထာဝရ ဘုရား၏အမှု၊ ဘုရားသခင် ၏လူ ဣသရေလ အမျိုး၏ အမှု ကို ထမ်းကြလော့။ 4 ဣသရေလ ရှင်ဘုရင် ဒါဝိဒ် မှတ်စာ သား တော် ရှောလမုန် မှတ်စာ နှင့်အညီ သင်းဖွဲ့ သည်အတိုင်း အဆွေအမျိုး အလိုက် ကိုယ်ကိုပြင်ဆင်5 ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်း သန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။ 6 ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါ သူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။

7 စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။ 8 မှူးမတ် တို့သည်လည်း စေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ် လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိ ဇာခရိ ယေဟေလ သည်လည်း ပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။ 9 လေဝိ သားအကြီးအကဲ ကောနနိ ရှေမာယ ဟာရှဘိ ယေယေလ ယောဇဗဒ် နာသနေလ နှင့် သူ ၏ညီ များတို့သည်လည်း ပသခါ ပွဲခံစရာဘို့ သိုးဆိတ် ငါး ထောင်နှင့် နွား ငါး ရာကိုလေဝိ သားတို့အား ပေး ကြ၏။ 10 ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်း ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ရပ် လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။ 11 ပသခါ သိုးသငယ်ကိုသတ် ယဇ် ပုရောဟိတ်တို့ သည် အသွေးကို လက် နှင့် ဖြန်း လျက် လေဝိ သားတို့သည် အရေ ကိုခွာလျက် ပြုကြ၏။ 12 မောရှေ ကျမ်းစာ ရေး ထားသည်အတိုင်း ထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါ မီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။ 13 ထုံးဖွဲ့ တော်မူသည်အတိုင်း ပသခါ သိုးသငယ်ကို မီး နှင့် ကင် ကြ၏။ သန့်ရှင်း သော ပူဇော်သက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား ပြုတ် လူ အပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။ 14 ထိုနောက်မှ ကိုယ် အဘို့ နှင့် ယဇ်ပုရောဟိတ် အဘို့ ကို ပြင်ဆင် ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့ သည် ညဦး တိုင်အောင် မီးရှို့ ရာယဇ်နှင့် ဆီဥ ကိုပူဇော် လျက် နေရသောကြောင့် လေဝိ သားတို့သည် ကိုယ် အဘို့ ကို၎င်း အာရုန် သား ယဇ်ပုရောဟိတ် အဘို့ ကို၎င်း ပြင်ဆင် ကြ၏။ 15 ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ် ဟေမန် ယေဒုသုန် တို့စီရင် သည်အတိုင်း အာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို ရှောင် တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။ 16 ထိုသို့ ယောရှိ မင်းကြီး မိန့် တော်မူသည်အတိုင်း ပသခါ ပွဲကိုခံ ထာဝရဘုရား ၏ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော် ခြင်းငှါ၊ ထာဝရ ဘုရားအား ပြု ရ သော ဝတ်အလုံးစုံ ကို၊ ထို နေ့ ခြင်းတွင် ပြင်ဆင် ကြ၏။ 17 စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ထိုအခါ ပသခါ ပွဲကို၎င်း၊ အဇုမ ပွဲ ကို၎င်း ခုနစ် ရက် ပတ်လုံးခံ ကြ၏။ 18 ယောရှိ မင်းနှင့် ယဇ်ပုရောဟိတ် လေဝိ သား၊ စည်းဝေးသောယုဒ ပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ခံ သော ထို ပသခါ ပွဲကဲ့သို့ သော ပွဲကို ပရောဖက် ရှမွေလ လက်ထက် မှစ၍ ဣသရေလ နိုင်ငံ၌ ခံ။ထိုသို့သော ပသခါ ပွဲကို ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံ19 ယောရှိ မင်းနန်းစံ ဆယ် ရှစ် နှစ် တွင် ထို ပသခါ ပွဲကိုခံ ကြ၏။ 20 ထိုနောက်မှ ယောရှိ သည် ဗိမာန် တော်ကို ပြင်ဆင် ပြီးမှ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည် ဥဖရတ် မြစ်နား ခါခေမိတ် မြို့သို့ စစ်ချီ သည်တွင် ယောရှိ မင်းသည် ဆီးတား ခြင်းငှါ ထွက် လေ၏။ 21 အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒ ရှင်ဘုရင် သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့် ကို ယနေ့ ငါ စစ်ချီ သည်မ ဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါ အလျင် အမြန်ပြ မည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ ဘက်၌ ရှိသောဘုရားသခင် ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့် ကိုဖျက်ဆီး တော်မူမည်ဟု သံတမန် ကို စေလွှတ် မှာ လိုက်လေ၏။ 22 သို့ရာတွင် ယောရှိ သည် မ လွှဲ မရှောင်၊ နေခေါ ဆင့်ဆို သော ဘုရားသခင် ၏ အမိန့် တော်ကို နား ထောင်၊ စစ်တိုက် ခြင်းငှါ ခြားနားသော အယောင် ကို ဆောင်လျက် မေဂိဒ္ဒေါ ချိုင့် စစ် ပွဲထဲသို့ ဝင် လေ၏။ 23 လေးသူရဲတို့သည် ယောရှိ မင်းကြီး ကိုပစ်၍ မှန် သဖြင့်၊ မင်းကြီး က ငါ့ ကိုဆောင် သွားလော့။ ပြင်းစွာ အထိအခိုက် ခံရသည်ဟု ကျွန် တို့အား ဆို လျှင်24 ကျွန် တို့သည် ရထား တော်ပေါ်က ချ ၍၊ ဒုတိယ ရထား တော်ပေါ် ၌ တင် ပြီးလျှင် ယေရုရှလင် မြို့သို့ ဆောင်သွား သောအခါ အနိစ္စ ရောက်၍ ဘိုးဘေး တို့ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ယောရှိ မင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။ 25 ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။ 26 ယောရှိ ပြုမူသော အမှုအရာ ကြွင်း လေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေး ထားသည် အတိုင်း ကျေးဇူး ပြုခြင်း၊ 27 အကျင့်ကျင့်ခြင်းအရာအစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ရေး ထားလျက် ရှိ၏။

36

1 ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။ 2 ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး စိုးစံ လေ၏။ 3 ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။ 4 အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။ 5 ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ 6 ထိုကြောင့် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ သံကြိုး ဖြင့် ချည်နှောင် လေ၏။ 7 ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ဗာဗုလုန် မြို့ ဗိမာန် ထား လေ၏။ 8 ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။ 9 ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ 10 နှစ် လည် သောအခါ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။ 11 ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ 12 ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ13 ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း မိမိ လည်ပင်း ကို၎င်း မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။ 14 ထိုမှတပါး ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။ 15 ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ 16 ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊ 17 ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။ 18 ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ဗိမာန် တော်ဘဏ္ဍာ နန်းတော် ဘဏ္ဍာ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ဗာဗုလုန် မြို့သို့ ယူ သွား၏။ 19 ဗိမာန် တော်ကိုလည်း မီးရှို့ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။ 20 ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ သူတို့သည် ပေရသိ နိုင်ငံ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။ 21 ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။ 22 ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍23 ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။