တိမောသေ

ဩဝါဒစာပဋ္ဌမစောင်

1

1 ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် နှင့်၊ ငါ တို့မြော်လင့် ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ် တော်အားဖြင့် ၊ ထိုသခင်၏ တမန်တော် ဖြစ်သော ငါပေါလု သည် 2 ယုံကြည် ခြင်းအားဖြင့် ငါသား စစ် ဖြစ်သော တိမောသေ ကို ကြားလိုက်ပါ၏။ ငါ တို့သခင် ယေရှု ခရစ် နှင့် ငါတို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော။ 3 ခြားနားသော အယူဝါဒသစ်ကို မ သွန်သင် ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီ စကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည် ခြင်း၌ တည်သော ဘုရားသခင် ၏ သာသနာ တော်ကို ပြုစု သည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ပြုစုတတ်သော၊ ပြင်ဆင်၍ မ ကုန်နိုင်သော ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍ 4 ဧဖက် မြို့၌ နေရစ် စေခြင်းငှာ၊ ငါသည် မာကေဒေါနိ ပြည်သို့ သွား သောအခါ၊ တောင်းပန် သည်အတိုင်း နေရစ်လော့။ 5 ထိုသို့ပညတ် ထားခြင်း၏ အချုပ်အခြာ မူကား ၊ စင်ကြယ် သော စိတ် နှလုံးနှင့် ၎င်း၊ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင် ခြင်းနှင့်၎င်း၊ မှန် သောယုံကြည် ခြင်းနှင့် ၎င်း၊ စပ်ဆိုင် သော ချစ် ခြင်းမေတ္တာဖြစ် သတည်း။ 6 ထိုသို့သောအကျင့်ကိုလူအချို့ တို့သည် အမြဲမကျင့်၊ အချည်းနှီး သောစကားပြောခြင်းသို့ လွှဲ သွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြော သောအရာ ကို နား လည်။ 7 အဘယ်သို့ သောတရားဘက်၌ မိမိတို့ခိုင်မာစွာနေသည်ကို မ သိဘဲလျက်၊ နိဿရည်း ဆရာလုပ်ချင် ကြ သည်တကား8 ပညတ် တရားကို တရား သဖြင့်ကျင့်သောသူ အဘို့ ထား ၊ မတရား သဖြင့် ကျင့်သောသူ၊ နား မထောင်သောသူ၊ ဘုရား ကိုမကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူ၊ မ သန့်ရှင်းသောသူ 9 ဘုရားတရားကိုမရိုမသေ ပြုသောသူ၊ မိဘ ကိုညှဉ်းဆဲသောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ လူ ကိုခိုးသွားသောသူ၊ မုသာ စကားကိုသုံးသောသူ 10 ဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍ ၊ စင်ကြယ် သောဩဝါဒ နှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဘို့ ပညတ် တရားကို ထားသည်ဟု သိမှတ် ၍၊ ထိုတရားကိုတရားသဖြင့်သုံး သောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိ ကြ၏။ 11 ထိုသို့ဆိုသော်၊ မင်္ဂလာ ရှိတော်မူသော ဘုရားသခင် ၏ဘုန်းကြီး သော ဧဝံဂေလိ တရားနှင့်ညီသတည်း။ 12 ထိုတရား ကို ငါ ၌အပ်ပေး တော်မူသည်ဖြစ်၍၊ ငါ့ ကိုခွန်အား နှင့် ပြည့်စုံစေတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ကျေးဇူး တော်ကို ငါချီးမွမ်း၏။ 13 ငါ သည်ကဲ့ရဲ့ သောသူ၊ ညဉ်းဆဲ သောသူ၊ ကြမ်းကြုတ် သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာ ရှိသောသူဟု ထိုသခင်သည် မှတ် ၍၊ ဓမ္မဆရာ အရာ၌ ခန့်ထား တော်မူ၏။ ထိုသို့ငါပြု သောအခါယုံ ခြင်းမရှိ ၊ အမှန်မ သိဘဲ ပြုသောကြောင့် ၊ ကရုဏာ တော်ကိုငါခံရပြီ။ 14 ငါ တို့သခင် ဘုရား၏ ကျေးဇူး တော်သည်လည်း ယေရှု ခရစ် ယုံကြည် ခြင်း၊ ချစ် ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။ 15 ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။ 16 သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။ 17 လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင်18 ငါ့သား တိမောသေ ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိ စကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်း သောစစ် ကို တိုက်စေခြင်းငှာ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။ 19 ထိုယုံကြည် ခြင်းမှစသည်တို့ကို အချို့ သောသူ တို့သည် ပယ် ပြီးလျှင်၊ ယုံကြည် ခြင်းသင်္ဘော ပျက်၍ ဆုံးရှုံးကြပြီ။ 20 ထိုသူ တို့တွင် ဟုမေနဲ နှင့် အာလေဇန္ဒြု ပါ သတည်း။ ထိုသူ တို့သည် ကဲ့ရဲ့ သောစကားကို ကြဉ်ရှောင်ခြင်းငှာသင် ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ် လိုက်ခဲ့ပြီ။

2

1 ငါတို့သည် ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ် စွာ ကျင့်ခြင်းအမျိုးမျိုး ကိုပြု၍2 ငြိမ်ဝပ် ဆိတ်ညံ စွာနေ ရမည်အကြောင်း ၊ ရှင်ဘုရင် မှစ၍ မင်းအာဏာ ရှိ သော သူ အပေါင်း တို့နှင့် လူ အမျိုးမျိုး တို့အဘို့ ဆုတောင်း ပဌနာပြုခြင်း၊ မေတ္တာပို့ ခြင်း၊ ကျေးဇူး တော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြု စေခြင်းငှာငါ တိုက်တွန်းသွေးဆောင်၏။ 3 အကြောင်းမူကား၊ ထိုသို့သောအမှုသည် ကောင်း သောအမှုဖြစ်၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်ဘုရားသခင် နှစ်သက် တော်မူသောအမှုလည်း ဖြစ်၏။ 4 လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ရောက် သမ္မာတရား ကို သိ စေခြင်းငှာ ၊ ဘုရားသခင် အလို တော် ရှိ၏။ 5 ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ဘုရားသခင် နှင့် လူ တို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှု ခရစ် တည်းဟူသောအာမခံ တစ်ဦးတည်း ရှိ၏။ 6 ထိုအာမခံသည် လူအပေါင်း တို့ကို ရွေး အံ့သောငှာ ကိုယ်ကိုကိုယ် စွန့် တော်မူပြီ။ ကာလ အချိန်တန်မှ သက်သေခံ ခြင်းရှိ၏။ 7 ငါ သည်ထိုသက်သေခံ သောသူ အရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း၊ ယုံကြည် ခြင်းတရားနှင့် သမ္မာတရား ကို တစ်ပါး အမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသား စကားကိုမ ဆို၊ မှန် သောစကားကိုဆို ၏။ 8 သို့ဖြစ်၍ ၊ အရပ်ရပ် တို့၌ ယောက်ျား တို့သည် အမျက်ထွက် ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ၊ သန့်ရှင်း သောလက် ကိုချီ ၍ ဆုတောင်း စေခြင်းငှာငါအလိုရှိ ၏။ 9 ထိုနည်းတူ ၊ မိန်းမ တို့သည် ကျစ် သောဆံပင်၊ ရွှေ တန်ဆာ၊ ကျောက်ပုလဲ အဘိုး ထိုက်သော အဝတ် နှင့် ကိုယ် ကိုမ ဆင် ဘဲ၊ ရှက်ကြောက် ခြင်း၊ ဣန္ဒြေ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ် သော အဝတ်နှင့်၎င်း 10 ဘုရားသခင် အားရိုသေလေးမြတ်ခြင်းကို ဝန်ခံ ပြုစုသော မိန်းမ ဆင်သင့်သည်အတိုင်း ကောင်း သော အကျင့် နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာငါအလိုရှိ၏။ 11 မိန်းမ သည်အုပ်စိုး ခြင်းကို အစဉ် ဝန်ခံ၍ တိတ်ဆိတ် စွာသင် စေ။ 12 မိန်းမ သည်ဆုံးမ ဩဝါဒပေးခြင်း၊ ယောက်ျား ကို အစိုးတရ ပြုစေခြင်းအခွင့် ကိုငါမ ပေး။ သူသည် တိတ်ဆိတ် စွာ နေ အပ်၏။ 13 အကြောင်းမူကား ၊ အာဒံ ကို ရှေ့ဦးစွာ ဖန်ဆင်း တော်မူ၍၊ နောက်မှ ဧဝ ကိုဖန်ဆင်းတော်မူ၏။ 14 ထိုမှတပါး၊ အာဒံ သည်လှည့်ဖြား ခြင်းကိုမ ခံ၊ မိန်းမ သည် လှည့်ဖြား ခြင်းကိုခံ ၍ လွန်ကျူး ၏။ 15 သို့သော်လည်း ၊ ဣန္ဒြေ စောင့်ခြင်းနှင့်တကွ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သန့်ရှင်း ခြင်း၌ တည် လျှင် ၊ သားဘွား ခြင်းအမှု၌ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။

3

1 သင်းအုပ် အရာကို တောင့်တ သောသူ သည် ကောင်း သော အမှုအရာ ကို တောင့်တ သည်ဟုသော စကားသည် မှန် သောစကား ဖြစ် ၏။ 2 ထိုကြောင့် ၊ သင်းအုပ် သည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ၊ သမ္မာ သတိရှိသောသူ၊ ဣန္ဒြေ စောင့်သောသူ၊ လျောက်ပတ် စွာ ကျင့်သောသူ၊ ဧည့်သည် ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမ ဩဝါဒပေးတတ်သောသူ ဖြစ် မည်။ 3 စပျစ်ရည် နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မ စင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမ ရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန် မတွေ့တတ်သောသူ၊ ငွေ ကို မတပ်မက်သောသူဖြစ်ရမည်။ 4 မိမိ အိမ် ကိုကောင်းမွန် စွာ အုပ်စိုး ၍ သမ္မာ သမာဓိရှိ သည်နှင့် ၊ မိမိ သားသမီး ကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ 5 မိမိ အိမ် ကိုမ အုပ်စိုး တတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို အဘယ်သို့ ပြုစု လိမ့်မည်နည်း။ 6 မာန နှင့်ယစ်မူးလျက်၊ မာရ်နတ် အပြစ် ရောက်မည်ဟု စိုးရိမ်စရာ ရှိ၍၊ ဘာသာဝင် လူသစ် မ ဖြစ်ရ။ 7 ကဲ့ရဲ့ ပြစ်တင်ခြင်း၊ မာရ်နတ် ဘမ်းမိ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ပြင်ပ လူတို့တွင် အသရေရှိ သောသူ ဖြစ်ရ မည်။ 8 ထိုနည်းတူ ၊ သင်းထောက် တို့သည် တည်ကြည် သောသူ ဖြစ်ရကြမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည် ကိုသောက်ကြူးသောသူ၊ မ စင်ကြယ်သော စီးပွားကို တပ်မက်သောသူ မ ဖြစ်ရကြ။ 9 ကိုယ်ကိုကိုယ် သိသောစိတ် စင်ကြယ် သည်နှင့် ၊ ယုံကြည် ခြင်း၏ နက်နဲ သောအရာကို စွဲလမ်း သောသူ ဖြစ်ရကြမည်။ 10 သူ တို့သည်လည်း ရှေ့မဆွ ကစုံစမ်း ခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင် ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ် ကြစေ။ 11 ထိုနည်းတူ ၊ မိန်းမ တို့သည် တည်ကြည် သောသူဖြစ်ရမည်။ ချောစား တတ်သောသူမ ဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ သစ္စာရှိ သောသူဖြစ်ရကြမည်။ 12 သင်းထောက် သည် မယား တစ်ယောက်တည်း ရှိ ရမည်။ မိမိ သားသမီး နှင့် အိမ်သူ အိမ်သားတို့ကို ကောင်းမွန် စွာ အုပ်ချုပ် သောသူဖြစ်ရမည်။ 13 အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်း စွာရွက်ဆောင် သော သူ တို့သည် မိမိ တို့အဘို့ ကောင်း သောအရာကို၎င်း၊ ယေရှု ခရစ် ၏ ယုံကြည် ခြင်း၌ ရဲရင့် ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။ 14 သင် ရှိရာသို့ ငါမြန်မြန် လာ မည်ဟု မြော်လင့် ခြင်းရှိသော်လည်း တာရှည် စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏အိမ် တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူရမည်ကို သိ စေခြင်းငှာ ဤသို့ငါရေး ၍ ပေးလိုက်၏။ ထိုအိမ် တော်ကား၊ အသက် ရှင်တော်မူသောဘုရားသခင် ၏အသင်းတော် ဖြစ် ၏။ 15 ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲ ဖြစ်၏။ သမ္မာတရား ၏တည် ရာလည်း ဖြစ်၏။ 16 မှန် သောကိုးကွယ်ခြင်း၏ နက်နဲ သောအရာသည် ကြီးစွာ သောအရာဖြစ် သည်ဟု ငြင်းခုံ ရန်မရှိ။ ဘုရားသခင် သည် ကိုယ်ခန္ဓါ ပေါ်ထွန်း တော်မူပြီ။ ဟုတ်မှန် တော်မူခြင်းအကြောင်းသည် ဝိညာဉ် တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန် တို့သည် ကိုယ်တော်ကို ရှုမြင် ရကြပြီ။ တစ်ပါး အမျိုးသားတို့သည် သိတင်းတော်ကို ကြား ရကြပြီ။ လောကီသား တို့သည် ယုံကြည် ရကြပြီ။ ဘုန်း အသရေနှင့်တကွ အထက် သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

4

1 ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ်2 လှည့်ဖြား တတ်သော စိတ် ဝိညာဉ်တို့၌၎င်း၊ နတ် ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ်ကြလိမ့်မည်။ 3 မင်္ဂလာဆောင် ခြင်းအမှုကို မ ပြုရဟူ၍၎င်း၊ ယုံကြည် သမ္မာတရား ကို သိ သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။ 4 ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။ 5 ကျေးဇူး တော်ကို သိသောစိတ်နှင့် ခံယူ လျှင် ၊ အဘယ် အရာကိုမျှ မပယ် မရှောင်ရ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်အားဖြင့် ၎င်း၊ ဆုတောင်း ခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ 6 စကားများကို သင်သည် ညီအစ်ကို တို့အား ကြားပြောလျှင်၊ ယုံကြည်ချက် စကား ၊ ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒ စကားနှင့် မွေးပြုခြင်းကို ခံသောယေရှု ခရစ် ၏ ဓမ္မဆရာ ကောင်း ဖြစ် လိမ့်မည်။ 7 မိန်းမ အိုပြော တတ်သော တရားမဲ့ ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။ 8 ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား ဝတ်၌ မွေ့လျော်ခြင်း မူကား ၊ ယခု ဘဝ၊ နောင် ဘဝနှင့် စပ်ဆိုင်သော ဂတိ တော်ကို ရ သည်ဖြစ်9 အရာရာ အကျိုး ကိုပေးတတ်သည်ဟူသော စကားသည် သစ္စာ စကားဖြစ်၏။ အကြွင်းမဲ့ခံယူ အပ် သော စကား လည်း ဖြစ် ၏။ 10 ထိုကြောင့်၊ အသက် ရှင်တော်မူသော၊ လူ အပေါင်း တို့ကို အထူးသဖြင့် ကယ်မ တော်မူသော ဘုရားသခင် ငါတို့သည်ကိုးစား သည်နှင့်အညီ၊ ပင်ပန်း စွာ အမှုဆောင်ရွက် ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။ 11 ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ် ထားခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ပြုလော့။ 12 သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား ပုံ သက်သေကို ပြ လော့။ 13 ငါ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။ 14 ဗျာဒိတ် တော်ကို ခံ၍၊ သင်းအုပ် များတို့သည် လက် တင် ခြင်းနှင့်တကွ ၊ သင် အပ်ပေးသော ဆု ကျေးဇူးကို မ ပြုစု ဘဲမနေနှင့်။ 15 သင် ၏တိုးပွား ခြင်းကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ ။ ဤအရာ များကို စိတ်စွဲလမ်း၍ ကြိုးစား အားထုတ်လော့။ 16 ကိုယ် ကို၎င်း ၊ ကိုယ် ဆုံးမ ဩဝါဒကို၎င်း သတိပြု ၍ အမြဲတည်နေ လော့။ ထိုသို့ ပြု လျှင်၊ ကိုယ် ကို၎င်း ၊ နားထောင် သောသူ တို့ကို၎င်းကယ်တင် လိမ့်မည်။

5

1 အသက်ကြီး သောသူကို ကျပ်တည်းစွာမ ဆုံးမ နှင့်။ အဘ ကဲ့သို့ မှတ်၍ တောင်းပန် လော့။ လူပျို တို့ကို ညီအစ်ကို ကဲ့သို့ ၎င်း 2 အသက်ကြီး သောမိန်းမတို့ကို အမိ ကဲ့သို့ ၎င်း၊ မိန်းမ ပျိုတို့ကို အလွန်စင်ကြယ် သော အခြင်းအရာနှင့်တကွ၊ နှမ ကဲ့သို့ ၎င်း မှတ်၍ကျင့်လော့။ 3 မုတ်ဆိုးမ အမှန် ဖြစ်သော မိန်းမ တို့ကို မစ လုပ်ကျွေးလော့။ 4 သား မြေး ရှိ သော မုတ်ဆိုးမ ဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ် လျက် ၊ မိမိ အိမ် ကို ပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူး ဆပ် ခြင်းငှာသင် ကြစေ။ ထို အမှုသည် ဘုရားသခင် နှစ်သက် တော်မူသောအမှုဖြစ် ၏။ 5 မုတ်ဆိုးမ အမှန် ဖြစ်၍တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ ညဉ့် မပြတ်တည်နေ တတ်၏။ 6 ကာမဂုဏ် စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမ မူကား ၊ အသက် ရှိလျက်ပင် အသေ ဖြစ်၏။ 7 ထို သူတို့ကို အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ပညတ် ထားလော့။ 8 မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏9 မုတ်ဆိုးမ သည်အသက် ခြောက်ဆယ် ပြည့်လျှင်၊ စာရင်းအင်း ဝင်စေနှင့်။ လင် တစ်ယောက်တည်း ရှိဘူးသောသူ10 ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။ 11 အသက် အရွယ်နုပျိုသော မုတ်ဆိုးမ တို့ကို ပယ် လော့။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ။ အိမ် သင့်ခြင်းငှာအလိုရှိ လျှင် 12 အရင် သစ္စာ ကို ဖျက် သောကြောင့် အပြစ်သင့် ခြင်းသို့ ရောက် ကြလိမ့်မည်။ 13 ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။ 14 ထိုကြောင့် ၊ အသက် အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ် သင့်ခြင်း၊ သားဘွား ခြင်း၊ အိမ်မှု ကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့ စရာအခွင့် ကို ရန်သူ အား ပေး ဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာငါအလိုရှိ ၏။ 15 အကြောင်းမူကား ၊ ယခုပင် အချို့ တို့သည် လမ်းလွဲ ၍ စာတန် နောက် သို့ လိုက်သွားကြပြီ။ 16 ယုံကြည် သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမ ရှိ လျှင် ၊ ကိုယ်တိုင် လုပ်ကျွေး စေ။ သို့ပြုလျှင်၊ အမှန် ဖြစ် သော မုတ်ဆိုးမ တို့ကို အသင်းတော် သည် အနှောင့် အရှက်မ ရှိစေဘဲ လုပ်ကျွေး နိုင်လိမ့်မည်။ 17 ကောင်းမွန် စွာ အုပ် သောသင်းအုပ် တို့သည် အလှူနှစ်ဆ ကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရား ဟောခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူ တို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက် သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။ 18 အကြောင်းမူကား ၊ စပါး နင်းနယ်သောနွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟုကျမ်းစာ လာ ၏။ တ ချက်ကား၊ လုပ်ဆောင် သောသူ သည် အခ ကို ခံထိုက် ပေသည်ဟု လာပြန်၏။ 19 သက်သေခံ နှစ် ဦးသုံး ဦးမ ရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင် သော စကားကို နား ထောင်နှင့်။ 20 ကြွင်း သောသူတို့သည် ကြောက် စေခြင်းငှာ အပြစ် ရှိသော သူ တို့ကို လူအပေါင်း တို့ရှေ့ မှာ အပြစ်တင် ဆုံးမလော့။ 21 ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမ ပြု ဘဲ၊ ဤပညတ် များကို စောင့်ရှောက် မည် အကြောင်း ၊ ဘုရားသခင် နှင့် သခင်ယေရှု ခရစ် မှာ၎င်း၊ ရွေးကောက် တော်မူသော ကောင်းကင် တမန်တို့ ရှေ့ မှာ၎င်း၊ ငါသည် သင့်ကို သစ္စာ ပေး၏။ 22 အဘယ်သူ၏အပေါ်၌ လက် ကို အလျင်တဆော တင် နှင့်။ သူတစ်ပါး အပြစ် ၌ မ ဆက်ဆံ နှင့်။ ကိုယ်ကိုကိုယ် စင်ကြယ် စေလော့။ 23 သင် ၏ရင်ထဲ၌အကျိုးဖြစ်စေခြင်းငှာ၎င်း၊ မကြာမကြာ ခံရသော ရောဂါ ကြောင့် ၎င်း၊ ယခုမှစ၍ ရေ ကိုသာ မ သောက်ဘဲ၊ စပျစ်ရည် အနည်းငယ် ကိုသုံး လော့။ 24 အချို့ သော သူ တို့၏ဒုစရိုက် သည် ရှေ့မဆွကထင်ရှား ၍၊ အပြစ် စီရင်ခြင်းသို့ အရင် အဦးသွားတတ်၏။ အချို့ သောသူတို့၏ ဒုစရိုက်သည် နောက် သို့လိုက်တတ်၏။ 25 ထိုနည်းတူ ၊ အချို့သောသူတို့၏ သုစရိုက် သည် ထင်ရှား နှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍မ ထားနိုင်

6

1 ဘုရားသခင် ၏ နာမ တော်နှင့်တရားတော်သည် ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အစေခံ ကျွန် မည်သည်ကား၊ မိမိ သခင် ကို အလွန်ရိုသေ ထိုက် သော သူဟူ၍မှတ် စေ။ 2 သခင် သည်ယုံကြည် သောသူ ဖြစ်လျှင် ၊ ညီအစ်ကို ဖြစ် သည်ဟု စိတ်ထင်နှင့်၊ မခန့်မညား ပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရ သောသူသည် ယုံကြည် သောသူ၊ ချစ် အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံ စေ။ ဤသို့ ဆုံးမ ဩဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။ 3 ခြားနားသောဩဝါဒကိုသင်ပေး ၊ ငါ တို့သခင် ယေရှု ခရစ် စကား တည်းဟူသောစင်ကြယ် သော စကားကို၎င်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒ ကို၎င်း ဝန် ခံသောသူ မည်သည်ကား 4 မာန နှင့်ယစ်မူး၍ အလျှင်းနား လည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး စကားကြောင့်သာ ငြင်းခုံ သော အားဖြင့်စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ ခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ မနာလို သော ကြံစည်ခြင်း 5 စိတ် နှလုံးယိုယွင်း ၊ သမ္မာတရား နှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ် သည်ဟု သူတို့သည် စိတ်ထင် ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။ 6 ရောင့်ရဲ သောစိတ်ပါလျှင်၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာ သော အကျိုး စီးပွားမှန်၏။ 7 အကြောင်းမူကား ၊ ငါတို့သည် ဤလောက ထဲသို့ အဘယ် အရာမျှမပါ ဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ် အရာကိုမျှ ယူ ၍ မ သွားနိုင် ဟု ထင်ရှားလျက်ရှိ၏။ 8 သို့ဖြစ်၍ ၊ စား ရန်၊ ဝတ် ရန်ရှိသမျှနှင့် ရောင့်ရဲ လျက်နေကြကုန်အံ့။ 9 ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။ 10 အကြောင်းမူကား ၊ ငွေ ကိုတပ်မက်ခြင်းသည် မကောင်း သော အမှုအပေါင်း တို့တွင် မူလအမြစ် ဖြစ် သတည်း။ လူအချို့ တို့သည်ငွေကို တပ်မက် သောကြောင့်ယုံကြည် ခြင်းတရားလမ်း မှ လွှဲသွား၍၊ ပူပန် ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။ 11 သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။ 12 ယုံကြည် ခြင်းနှင့်ဆိုင်၍ကောင်း စွာသော တိုက်လှန် ခြင်းကို ပြုလော့။ ထာဝရ အသက် ကိုကိုင်ယူ လော့။ ထို အသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ် တော်မူခြင်းကိုခံရ၍ ၊ သက်သေ အများ တို့ ရှေ့ ၌ကောင်းမွန် စွာ ဝန်ခံ ပြီ။ 13 ငါ တို့သခင် ယေရှု ခရစ် ထင်ရှား ပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်းစင် ၍ အပြစ်တင် ခွင့် မရှိဘဲလျက်၊ ပညတ် တော်ကို စောင့်ရှောက် မည်အကြောင်း 14 အလုံးစုံ တို့ကို အသက် ရှင်စေတော်မူသော ဘုရားသခင် ရှေ့ မှာ၎င်း ၊ ပုန္တိ ပိလတ် မင်းထံ ကောင်း သော ဝန်ခံ ခြင်းဘက်၌ သက်သေခံ တော်မူသော ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ငါသည်သင့် ကိုပညတ် ထား၏။ 15 မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။ 16 ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင်17 ဘဝ ငွေရတတ် သောသူ တို့သည် မာန် မာန စိတ်နှင့် ကင်းလွတ် ၍၊ မ မြဲသောစည်းစိမ် ကို မ ကိုးစား ဘဲ၊ ငါ တို့ခံစားဘို့ရာအလုံးစုံ တို့ကိုကြွယ်ဝ စွာ ပေး သနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင် ကို ကိုးစားရမည်အကြောင်း နှင့် 18 သူတစ်ပါးအားကျေးဇူး ပြုခြင်း၊ ကောင်း သောအကျင့် ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိ ခြင်း၊ အချင်းချင်း ဆက်ဆံခြင်း 19 မှန် သောအသက် ကို ဝင်စား လိုသောငှာ ၊ နောင် ဘဝ၌ ကောင်း သောဘဏ္ဍာ ကို မိမိ တို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။ 20 အို တိမောသေ ၊ သင်၌အပ် ထားသော အရာကို စောင့်ရှောက် လော့။ တရားမဲ့ ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း ၊ သိပ္ပံ အတတ်ဟူ၍အလွဲ ခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင် လော့။ 21 ထိုသိပ္ပံအတတ်ကို လူအချို့ တို့သည် ဝန်ခံ ပြုစုသောအားဖြင့်၊ ယုံကြည် ခြင်းတရားလမ်းမှ လွဲ ကြပြီ။ သင် ကျေးဇူး တော်ရှိစေသတည်း။ အာမင်။