သက်သာလောနိတ်
ဩဝါဒစာပဋ္ဌမစောင်
11 ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည် ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ် မြို့သား အသင်းတော် ကို ကြား လိုက်ပါ ၏။ သခင် ယေရှု ခရစ် နှင့် ငါတို့ အဘ တည်း ဟူသော ဘုရား သခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါ စေ သော။ 2 ငါ တို့အဘ တည်းဟူသောဘုရားသခင့် ရှေ့ တော်၌၊ သင် တို့သည် ယုံကြည် သောစိတ်နှင့် အကျင့် ကို ကျင့် ခြင်း၊ ချစ် သော စိတ်နှင့် ကြိုးစား အားထုတ်ခြင်း၊ 3 ငါ တို့သခင် ယေရှု ခရစ် ကို မြော်လင့် သော စိတ် နှင့် တည်ကြည် ခြင်းတို့ကို ငါ တို့သည် အစဉ်မပြတ် အောက်မေ့ လျက်၊ ဘုရား သခင် ချစ် တော်မူသော ညီအစ်ကို တို့၊ သင် တို့ခံရသော ရွေးကောက် တော်မူခြင်းကို သိ လျက်၊ သင် တို့အပေါင်း ကို အကြောင်း ပြုသဖြင့်၊ 4 ဘုရားသခင် ၏ ကျေးဇူး တော်ကို ကာလအစဉ် ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက် နေကြ၏။ 5 ငါတို့သည် သင် တို့နှင့်အတူ နေသောအခါ သင် တို့အတွက် အဘယ်သို့ သော သူဖြစ် သည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည်၊ သင် တို့၌ စကား သက်သက် ဖြစ်သည် မ ဟုတ်။ တန်ခိုး နှင့်၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ ဝိစိကိစ္ဆာ မရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံ သော တရားဖြစ်၏။ 6 သင် တို့သည် ကြီးစွာ သောဆင်းရဲ ခြင်းကို ခံရသော်လည်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်ဆိုင်သော ဝမ်းမြောက် ခြင်းနှင့်တကွ နှုတ်ကပတ် တရားတော်ကို ခံယူ ၍၊ ငါ တို့ကဲ့သို့သောသူ၊ သခင် ဘုရား ကဲ့သို့ သော သူဖြစ် ကြ၏။ 7 သို့ဖြစ်၍ ၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ယုံကြည် သော သူ အပေါင်း တို့အား သင် တို့သည် ပုံ သက်သေပေးသောသူ ဖြစ် ကြ၏။ 8 အဘယ်သို့ နည်းဟူမူကား၊ သင် တို့ထံက ၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတော်အသံ သည်၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ကျော်စောသည်သာမက ၊ ဘုရားသခင် ကို သင် တို့ ယုံကြည် ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြား လေ၏။ သို့ဖြစ်၍ ငါ တို့သည် တစ်စုံတစ်ခု ကိုမျှ ပြော စရာအကြောင်း မ ရှိ ။ 9 ငါ တို့သည် သင် တို့အထဲ သို့ အဘယ်သို့ ဝင် ကြသည် အကြောင်း အရာကို သူတို့သည် ကိုယ်တိုင် ကြားပြော ကြ၏။ အသက် နှင့် ပြည့်စုံလျက် မှန် တော်မူသော ဘုရားသခင် ၏ အမှု တော်ကို သင်တို့သည် ဆောင်ခြင်းငှာ၎င်း ၊ 10 ရောက် လတံ့သော ဘေးဒဏ် မှ ငါ တို့ကို ကယ်နှုတ် သော သခင်ယေရှု တည်းဟူသောသေ ခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသောသား တော်သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့် ခြင်းငှာ၎င်း၊ ရုပ်တု ဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့် အထံ တော်သို့ ပြောင်းလဲ ကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။
21 ညီအစ်ကို တို့၊ ငါ တို့သည် သင် တို့အထဲ သို့ဝင် ခြင်းအမှုသည် အချည်းနှီး မ ဖြစ် ကြောင်း ကို သင်တို့သည် ကိုယ်တိုင် သိ ကြ၏။ 2 သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့သည် ဖိလိပ္ပိ မြို့၌ ဆင်းရဲ ခြင်းနှင့် ညှဉ်းဆဲ ခြင်းကို ခံပြီးမှ၊ ဘုရားသခင် ကို အမှီပြု ၍ ကြီးစွာ သော တိုက်လှန် ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကို သင် တို့အား ရဲရင့် စွာ ဟောပြော ကြ၏။ 3 ငါ တို့သည် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်း၊ လှည့်ဖြား ခြင်းအားဖြင့် သင်တို့ကို တိုက်တွန်း သွေးဆောင်ကြသည်မ ဟုတ်။ 4 ဧဝံဂေလိ တရားကို စောင့် ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံ တော်မူသည်နှင့်အညီ ၊ လူ ကို နှစ်သက် စေသကဲ့သို့ မ ဟုတ်၊ ငါ တို့စိတ် နှလုံးကို စစ်ကြော စုံစမ်းတော်မူသော ဘုရားသခင် ကို နှစ်သက်စေသကဲ့သို့ဟောပြော ကြ၏။ 5 အဘယ်သို့ နည်းဟူမူကား၊ သင်တို့သိ ကြသည်နှင့်အညီ ၊ ငါတို့သည် ချော့မော့ သောစကား ကို တခါမျှ မ သုံး ၊ ဝှက်ထား သောလောဘ စိတ်အလျှင်းမ ရှိကြောင်းကို ဘုရားသခင် သည် ငါတို့သက်သေ ဖြစ်တော်မူ၏။ 6 ထိုမှတစ်ပါး၊ ခရစ်တော် ၏တမန်တော် ဖြစ် ၍၊ လေး သောဝန်ကို တင်ပိုင်သော်လည်း၊ လူ ပေးသော ဘုန်း အသရေကို သင် တို့တွင် မ ရှာ ၊ အခြား သူတို့တွင် လည်း မ ရှာဘဲ၊ 7 သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင် တို့ကို ချစ်သောကြောင့်နို့ထိန်းသည် မိမိ သူငယ် ကို ကျွေးမွေးပြုစု သကဲ့သို့ ၊ 8 ငါ တို့သည် သင် တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကိုမျှ မက၊ ကိုယ် အသက် ကို ပင်ပေး ချင်သော စေတနာ စိတ်ရှိကြ၏။ 9 ညီအစ်ကို တို့၊ ငါ တို့သည် ပင်ပန်း စွာလုပ်ဆောင် ၍ ကြိုးစားအားထုတ်ကြောင်း ကို သင်တို့မှတ်မိ ကြ၏။ သင် တို့တွင် တစ်ယောက် ကိုမျှ မ နှောင့်ရှက် ခြင်းငှာ၊ ငါတို့သည် နေ့ ညဉ့် လုပ်ဆောင် လျက်၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကို သင် တို့အား ဟောပြော ကြ၏။ 10 မိမိ နိုင်ငံ တော်နှင့် ဘုန်း တော်ထဲသို့ ၊ သင် တို့ကို ခေါ်သွင်း တော်မူသော ဘုရားသခင် နှင့် အထိုက်အလျောက် သင် တို့သည် ကျင့်ဆောင် စေခြင်းငှာ၊ 11 ဘ သည် မိမိ သား တို့ကို ပြုသကဲ့သို့ ငါတို့သည် သင် တို့ရှိသမျှ ကို အဘယ်သို့ တိုက်တွန်း သွေးဆောင်၍ မှာထားသည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ယုံကြည် ခြင်းသို့ရောက်သော သင် တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း ဖြောင့်မတ် လျက် ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် နေ ကြသည်ကို သင် တို့သည် သက်သေ ဖြစ်ကြ၏။ 12 ဘုရားသခင် သည်လည်း သက်သေ ဖြစ်တော်မူ၏။ 13 ငါ တို့ဟောပြော သော ဘုရားသခင် ၏ နှုတ်ကပတ် တရားကို သင်တို့သည် ခံယူ ကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်အမှန် ဖြစ် သည်နှင့်အညီ ၊ ယုံကြည် ခြင်း သို့ရောက်သော သင် တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူ ကြသည် အကြောင်း အရာကို ငါ တို့သည် အစဉ်မပြတ် ချီးမွမ်း ကြ၏။ 14 အဘယ်သို့နည်းဟူမူကား၊ ယုဒ ပြည်၌ ယေရှု ခရစ် ၏ဘာသာကို ခံယူသော ဘုရားသခင် ၏ သင်းဝင်သူ တို့သည် ယုဒ လူတို့လက်မှ ဆင်းရဲ ခံရသကဲ့သို့ ၊ ညီအစ်ကို တို့၊ သင် တို့သည် မိမိ တို့ အမျိုးသား ချင်းတို့ လက်မှ ထိုနည်းတူ ခံရသောအားဖြင့် ၊ ယုဒပြည်၌ရှိ သောတပည့်တော်ကဲ့သို့သောသူ ဖြစ် ကြ၏။ 15 ယုဒလူတို့သည် သခင် ယေရှု မှစ၍ ပရောဖက် များကို အသေသတ် ကြပြီ။ ငါ တို့ကိုလည်း ညှဉ်းဆဲ ကြပြီ။ ဘုရားသခင် ၏ အလို တော် သို့မ လိုက်၊ ခပ်သိမ်း သောလူ တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ကြ၏။ 16 တစ်ပါး အမျိုးသားတို့သည် ကယ်တင် ခြင်းသို့ ရောက်စေခြင်းငှာ ငါ တို့သည် ဟောပြော ကြသည်ကို သူတို့ သည် ဆီးတား ၍၊ မိမိ တို့အပြစ် ကို အစဉ် ပြည့်စုံ စေကြ၏။ သူ တို့အပေါ် ၌အမျက် တော်သည် အကုန်အစင် ရောက် ရ၏။ 17 ညီအစ်ကို တို့၊ ငါ တို့သည် စိတ် နှလုံးအားဖြင့်မ ဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏ ကွာ သည်ရှိသော်၊ သင် တို့မျက်နှာ ကိုမြင် ခြင်းငှာ၊ အလွန် လွမ်း သော စိတ်နှင့် သာ၍ ကြိုးစား အားထုတ်ကြ၏။ 18 ထိုကြောင့် ၊ ငါ ပေါလု သည်သင် တို့ရှိရာ သို့ လာ ခြင်းငှာ၊ နှစ်ကြိမ် မြောက်အောင် အလိုရှိ သော်လည်း ၊ စာတန် သည် ဆီးတား လေ၏။ 19 ငါ တို့မြော်လင့် ခြင်းအကြောင်း၊ ဝမ်းမြောက် ခြင်းအကြောင်း၊ ဝါကြွား ခြင်း၏ ဦးရစ် သရဖူကား၊ အဘယ်သို့ သောအကြောင်းအရာနည်း။ ငါ တို့သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ၊ ရှေ့ တော်၌ သင် တို့သည် ထိုသို့သောအကြောင်း အရာ ဖြစ်ကြသည် မ ဟုတ်လော။ 20 သင် တို့သည် ငါ တို့၏ ဘုန်း အသရေ၊ ငါတို့၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် ကြသတည်း။
31 ထိုကြောင့် ငါသည် တဖန်မ အောင့် နိုင်သောအခါ၊ အာသင် မြို့၌ တစ်ယောက်တည်း ကျန်ရစ် ၍ နေခြင်းငှာအလိုရှိ ၏။ 2 ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောပြော၍ ၊ ဘုရားသခင် ၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သောငါ့ ညီ တိမောသေ ကို လွှတ် လိုက်၏။ 3 ငါတို့ခံရသောဆင်းရဲ ခြင်းကြောင့် အဘယ်သူ မျှ မရွေ့လျော့ မည်အကြောင်း၊ သင် တို့ကိုမြဲမြံ စေ၍ ၊ ယုံကြည် ခြင်းအရာ ၌သင် တို့ကို တိုက်တွန်း နှိုးဆော်စေခြင်းငှာသူ့ကို ငါလွှတ်လိုက်၏။ 4 ထိုဆင်းရဲ ခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထား တော်မူသည်ဟု သင်တို့ကိုယ်တိုင် သိ ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင် တို့နှင့်အတူ ရှိ စဉ်အခါငါတို့ပြော နှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ် သည်ကို သင်တို့လည်း သိ ကြ၏။ 5 စုံစမ်း သွေးဆောင်တတ်သောသူသည် သင် တို့ကို စုံစမ်း သွေးဆောင်သဖြင့် ၊ ငါ တို့ပင်ပန်း စွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီး ဖြစ် မည်ဟု စိုးရိမ်၍ မ အောင့် နိုင်သောအခါသင် တို့၏ ယုံကြည် ခြင်းကို သိ လိုသောငှာငါ စေလွှတ် ၏။ 6 ယခု မူကား ၊ တိမောသေ သည် သင် တို့ထံက ပြန်လာ ၍၊ သင် တို့၏ ယုံကြည် ခြင်းနှင့် ချစ် ခြင်းတည် သည်ဟူ၍၎င်း၊ ငါ တို့သည် သင်တို့ကို လွမ်း သကဲ့သို့ သင် တို့သည် ငါ တို့ကို လွမ်း၍၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသည်ရှိ သော်၊ 7 ညီအစ်ကို တို့၊ ငါ တို့သည် အရာရာ ၌ ဆင်းရဲ ၍ ခက်ခဲ စွာခံရသည်တွင်၊ သင် တို့၏ ယုံကြည် ခြင်းအားဖြင့် သက်သာ ခြင်းသို့ ရောက်ကြ၏။ 8 ယခု မှာ သင် တို့သည် သခင် ဘုရား၌ တည်ကြည် လျှင် ၊ ငါ တို့သည် အသက်ရှင်ကြ၏။ 9 ငါ တို့၏ ဘုရားသခင် ရှေ့ ၌ သင် တို့၏အကြောင်း ကြောင့် ငါတို့ခံရသော ဝမ်းမြောက် ခြင်းအပေါင်း ကို ထောက်၍၊ သင် တို့အကြောင်း ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အဘယ်သို့ ဆပ် နိုင် သနည်း။ 10 သင် တို့မျက်နှာ ကိုမြင် ၍၊ သင် တို့ယုံကြည် ခြင်းလို သေးသမျှကို စုံလင် စေမည်အကြောင်း၊ ငါတို့သည် နေ့ ညဉ့် မပြတ်အလွန် တရာ ဆုတောင်း ပဌနာပြု၍ နေကြ၏။ 11 သင် တို့ရှိရာ သို့ ငါ တို့သွားရာလမ်း ကို ငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့် ငါ တို့သခင် ယေရှု ခရစ် သည် ပြင်ဆင် တော်မူပါစေသော။ 12 ထိုသခင် သည် မိမိ သန့်ရှင်း သူ အပေါင်း တို့နှင့်အတူ ကြွလာ တော်မူသောအခါ ။ 13 ငါ တို့အဘ တည်းဟူသောဘုရားသခင် ရှေ့ မှာ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သင် တို့၏ စိတ် နှလုံးကို ကိုယ်တော်သည် သန့်ရှင်း ခြင်းပါရမီ၌ မြဲမြဲ ခိုင်ခံ့စိမ့်သောငှာငါ တို့သည် သင် တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်း ကို၎င်း ၊ သူတစ်ပါးအပေါင်း တို့ကို၎င်း ချစ်၍၊ ချစ် ခြင်းမေတ္တာနှင့် အထူးသဖြင့်ကြွယ်ဝ ပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။
41 ကြွင်း သေးသော စကားဟူမူကား ၊ ညီအစ်ကို တို့၊ သင် တို့သည် အဘယ်သို့ ကျင့် ရမည်၊ ဘုရားသခင် ကို အဘယ်သို့နှစ်သက် စေရမည်ကို ငါ တို့ထံ၌ နည်းခံ ကြသည်နှင့်အညီ တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ၊ သခင် ယေရှု ကိုအမှီပြု လျက်၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်း သွေးဆောင်ကြ၏။ 2 အဘယ်သို့ သော ပညတ်တို့ကို သခင် ယေရှု ၏အခွင့် တော်နှင့် ငါတို့သည်အပ်ပေး သည်ကို သင်တို့သိ ကြ ၏။ 3 ဘုရားသခင် ၏ အလို တော်ဟူမူကား ၊ သင် တို့သည် မတရား သောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်း စေခြင်းငှာ၎င်း၊ 4 ဘုရားသခင် ကို မ သိ သော သာသနာပ လူတို့သည် ကိလေသာ တပ်မက် ခြင်းရှိသကဲ့သို့ မ ရှိ၊ 5 သင် တို့အပေါင်းသည် သန့်ရှင်း ခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိ ကိုယ်ကို မိမိထိန်း တက်စေခြင်းငှာ၎င်း၊ 6 ဤ အမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကို ကို ပရိယာယ်အားဖြင့်မ ပြစ်မှား စေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် က ဟောပြော၍ သစ္စာ ပေးနှင့် သည်အတိုင်း ၊ သခင် ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်း တို့ဘက်၌ တရား စီရင်တော်မူလိမ့်မည်။ 7 ဘုရားသခင် သည် ညစ်ညူး စေခြင်းငှာငါ တို့ကို ခေါ်တော်မူသည်မ ဟုတ်၊ သန့်ရှင်း စေခြင်းငှာခေါ် တော်မူ၏။ 8 ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ် သောသူ သည် လူ ကိုသာငြင်းပယ် သည်မ ဟုတ်၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ် တော်ကို ငါ တို့အား ပေး တော်မူသော ဘုရားသခင် ကို ငြင်းပယ်၏။ 9 ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။ 10 ထိုမျှမက၊ မာကေဒေါနိ ပြည်တွင် အရပ်ရပ် ၌ ရှိသော ညီအစ်ကို အပေါင်း တို့ကို ထိုသို့ပြု ကြ၏။ သို့သော်လည်း ၊ ညီအစ်ကို တို့၊ သင် တို့သည် တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်းနှင့် ၊ 11 ပြင်ပ လူ တို့ရှေ့ ၌ လျောက်ပတ် စွာကျင့် ၍ အဘယ် မျှမလို ရ အောင်၊ 12 ငါတို့သည် အထက်က မှာထား သည်နှင့်အညီငြိမ်ဝပ် စွာနေ၍ ၊ ကိုယ် အမှုကိုဆောင်ရွက် လျက် ၊ ကိုယ် လက် နှင့် လုပ်ဆောင်ခြင်းငှာစေတနာစိတ်နှင့် ကြိုးစား အားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။ 13 ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊ 14 ယေရှု သည် သေ ပြီးမှတဖန်ထမြောက် တော်မူသည်ကို ငါတို့သည် ယုံ လျှင် ၊ ထိုနည်းတူ ယေရှု ၌ အိပ်ပျော် သောသူ တို့ကိုလည်း ၊ ထိုသခင် နှင့်အတူ ဘုရားသခင် ပို့ဆောင် တော်မူလိမ့်မည်။ 15 သခင် ဘုရား၏ ဗျာဒိတ် တော်အားဖြင့် တဖန် ငါတို့ဆို သည်ကား ၊ သခင် ဘုရား ကြွလာ တော်မူသောအခါ၊ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အိပ်ပျော် ပြီးသော သူ တို့၏ အရင် အဦးနေရာ ကျရကြ မည်မ ဟုတ်။ 16 သခင် ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင် တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင် ၏ တံပိုး တော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော် ၌ သေ လွန်သောသူ တို့သည် အဦး ထမြောက် ကြလိမ့်မည်။ 17 ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အာကာသ ကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက် စေခြင်းငှာ ၊ ထိုသူ တို့နှင့်တကွ မိုးတိမ် ပေါ်သို့ချီဆောင် ခြင်းကို ခံရသောအားဖြင့်သခင် ဘုရားနှင့်အတူ အစဉ်မပြတ် နေ ရကြလိမ့်မည်။ 18 သို့ဖြစ်၍ ၊ ဤ စကား များအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာ စေကြလော့။
51 ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။ 2 အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။ 3 ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။ 4 သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။ 5 သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။ 6 သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။ 7 အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။ 8 နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။ 9 အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။ 10 ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။ 11 ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။ 12 ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊ 13 သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။ 14 တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။ 15 သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။ 16 အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။ 17 မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။ 18 အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။ 19 ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။ 20 ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။ 21 ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။ 22 မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။ 23 ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။ 24 သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။ 25 ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။ 26 ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 27 ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။ 28 ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။