ဓမ္မရာဇဝင် ပဋ္ဌမစောင်

1

1 ဧဖရတ် မြို့သားဇုဖ တောဟူ ဧလိဟူ ယေရောဟံ မှ ဆင်းသက်၍ ဧဖရိမ် တောင် ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသောဧလကာန အမည် ရှိသောသူတယောက် ရှိ ၏။ 2 ထိုသူ သည် မယား နှစ် ယောက်ရှိ၏။ တယောက် ကား၊ ဟန္န တယောက်ကား ပေနိန္န အမည် ရှိ၏။ ပေနိန္န သားသမီး ရှိ ၏။ ဟန္န ရှိ။ 3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ယဇ် ပူဇော်ခြင်းငှါ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။ 4 ဧလကာန သည် ယဇ် ပူဇော်အချိန် ရောက် သောအခါ မယား ပေနိန္န နှင့် သူ ၏ သား သမီး အပေါင်း တို့အား ဝေမျှ ၏။ 5 ဟန္န ကိုချစ် သောကြောင့် နှစ်ဆသောအဘို့ ကိုပေး ၏။ သို့ရာတွင် ထာဝရဘုရား သည် ဟန္န အား သား ဘွားသောအခွင့်ကိုပေးတော်မမူ။ 6 ထိုသို့ ထာဝရဘုရား သည် အခွင့်ကိုပေးတော်မမူသောကြောင့် ဟန္န စိတ် ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက် တတ်၏။ 7 နှစ်စဉ် မပြတ်ထာဝရဘုရား ၏ အိမ် တော်သို့ သွား သောအခါ ရန်သူနှောင့်ရှက် သဖြင့် ဟန္နသည် အစာမ စား နိုင်၊ ငို လျက် နေတတ်၏။ 8 သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။ 9 ရှိလော မြို့၌ စား သောက် ကြသောနောက် ယဇ်ပုရောဟိတ် ဧလိ သည် ထာဝရဘုရား ၏ အိမ် တော် တိုင် နား မှာ ထိုင် စဉ်၊ 10 ဟန္နသည် ညှိုးငယ် သောစိတ် နှင့် ထ၍၊ မျက်ရည် များစွာကျလျက် ထာဝရဘုရား ကို ဆုတောင်း သည် ကား၊ 11 အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။ 12 ဟန္နသည် ထာဝရဘုရား ရှေ့ တော်၌ ကြာမြင့် စွာ ဆုတောင်း စဉ်၊ ဧလိ သည် သူ ၏ နှုတ် ကို ကြည့် မှတ် လေ၏။ 13 စိတ် နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်း လှုပ် သော်လည်း၊ စကား သံမ ထွက်သောကြောင့်၊ ယစ်မူး သည်ဟု ဧလိ ထင် လျက်14 သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူး လိမ့်မည်နည်း။ သင် ၏ စပျစ်ရည် ကို ပယ် ရှောင်လော့ ဟု ဆို ၏။ 15 ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။ 16 ကိုယ်တော် ၏ ကျွန် မကို အဓမ္မ မိန်းမ ဟူ၍ မ မှတ် ပါနှင့်။ မြည်တမ်း စရာ အကြောင်း၊ ဝမ်းနည်း စရာ အကြောင်းများ သည်ဖြစ်၍၊ ယခု တိုင်အောင် လျှောက် နေပါသည်ဟု ပြန် ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ် စွာသွား လော့။ 17 ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရား သခင်ပေး သနားတော်မူပါစေသောဟု မြွက်ဆို ၏။ 18 ဟန္နကလည်း၊ ကိုယ်တော် ၏ ကျွန် မသည် ရှေ့ တော်၌ မျက်နှာ ရပါစေသောဟု လျှောက် ပြီးမှ ခြားနားသော မျက်နှာ နှင့် သွား အစာစား လေ၏။ 19 ထိုသူတို့သည် နံနက် စောစောထ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊ 20 ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ရှမွေလ အမည် ဖြင့် မှည့် လေ၏။ 21 ဧလကာန သည် အိမ်သူ အိမ်သားအပေါင်း တို့နှင့်အတူနှစ်စဉ် ပြုရသော ယဇ် ကို၎င်း၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ခြင်းငှါ တက် သွားသောအခါ -၊ 22 ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်23 ခင်ပွန်း ဧလကာန က၊ စိတ် ရှိသည် အတိုင်းပြု လော့။ နို့ နှင့်မကွာမှီတိုင်အောင် နေ လော့။ ထာဝရဘုရား ၏ ဂတိ တော်သာ တည် ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ် ကို နို့ တိုက်လျက် နို့ မကွာမှီတိုင်အောင် မသွားဘဲနေ ၏။ 24 နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် ဧဖာ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။ 25 နွား ကိုသတ် သူငယ် ကို ဧလိ ထံသို့ သွင်း လျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊ 26 ကိုယ်တော် အသက် ရှင်သည်အတိုင်း၊ ကျွန်မ သည် ယမန်တခါ ဤ အရပ်၌ ကိုယ်တော် အနား မှာ ရပ် လျက် ဆုတောင်း သော မိန်းမ ဖြစ်ပါ၏။ 27 ထိုအခါ ဤ သူငယ် ကို ရမည်အကြောင်းဆုတောင်း ပါ၏။ တောင်း သည်အတိုင်း ထာဝရဘုရား သည် ပေး သနားတော်မူပြီ။ 28 ထိုကြောင့် ကျွန်မ သည် သူ့ ကို ထာဝရဘုရား အား ငှါး ပါပြီ။ သူ သည် တသက်လုံး ထာဝရဘုရား ထံ တော်၌ အငှါး ခံ၍ နေ ရပါမည်သခင်ဟု လျှောက်ပြီးမှ ထို အရပ်၌ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။

2

1 တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။ 2 ထာဝရဘုရား သန့်ရှင်း တော်မူသကဲ့သို့ အဘယ်သူ မျှမ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရားမရှိ။ 3 ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။ 4 သူရဲ တို့ ကိုင်သောလေး များ ကျိုး လျက် လဲ တတ်သောသူတို့သည် ခွန်အား နှင့် ပြည့်စုံ လျက် ရှိကြ၏။ 5 စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား တဖန် အားလျော့ ပြီ။ 6 ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ 7 ဆင်းရဲ စေခြင်းငှါ၎င်း တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။ 8 ဆင်းရဲ သောသူကို မြေမှုန့် ထဲက ၎င်း၊ ငတ်မွတ် သောသူကို နောက်ချေးပုံ ထဲက ၎င်း ချီးမြှောက် ၍၊ မင်းသား တို့နှင့် ထိုင် ရသောအခွင့်၊ ဘုန်း ကြီးသောပလ္လင် ကို အမွေ ခံရသောအခွင့်ကိုပေးတော်မူ၏။ အကြောင်း မူကား၊ မြေကြီး တိုင် တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့အပေါ် မှာ လောကဓါတ် ကို တည် တော်မူပြီ။ 9 မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။ 10 ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။ 11 ထိုနောက်မှ ဧလကာန သည် ရာမ မြို့၌ရှိသောမိမိ အိမ် သို့ သွား ၍၊ သူငယ် သည် ယဇ်ပုရောဟိတ် ဧလိ ရှေ့ တွင် အမှု တော်ကို ဆောင်ရွက်လေ၏။ 12 ဧလိ ၏သား တို့သည် ထာဝရဘုရား ကို မ သိ အဓမ္မ လူဖြစ်ကြ၏။ 13 လူ များတို့တွင် ယဇ်ပုရောဟိတ် ပြုသောထုံးစံ ဟူမူကား ယဇ် ပူဇော်၍ အမဲသား ကို ပြုတ် စဉ်အခါ ယဇ်ပုရောဟိတ် ၏ အစေအပါ တယောက်သည်လာ ၍၊ သုံး ချောင်းရှိသောအမဲချိတ် ကို ကိုင်လျက်၊ 14 အိုး အစရှိသည်တို့၌ ထိုးခပ် ၍၊ အမဲချိတ် တွင် ပါသမျှ ကို ယဇ် ပုရောဟိတ်သည် သိမ်း ယူတတ်၏။ ရှိလော မြို့သို့ ရောက် လာသောဣသရေလ လူအပေါင်း တို့အား ထိုသို့ ပြု ကြ၏။ 15 ဆီဥ ကို မီး ရှို့မှီ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ သည်လာ ယဇ်ပုရောဟိတ် ဘို့ ကင် စရာအမဲသား ကိုပေး ပါ။ ပြုတ် သောအမဲသား ကိုမ ယူ။ စိမ်း သောအမဲသားကိုသာ ယူမည်ဟု ယဇ် ပူဇော်သောသူအား ဆို တတ်၏။ 16 ထိုသူက၊ ဆီဥ ကိုအရင် မီး ရှို့ပါရစေ။ နောက်မှ ယူချင် တိုင်း ယူ ပါဟုဆို လျှင် ဟုတ်ဘူး ယခု ပေး ရမည်။ သို့မဟုတ် အနိုင်ယူ မည်ဟု ပြောဆို တတ်၏။ 17 ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရား ဝတ် ကို လူ များ ရွံ စရာပြုသောကြောင့် ရှေ့ တော်၌ အလွန် အပြစ် ကြီး သောသူဖြစ် ကြ၏။ 18 သူငယ် ရှမွေလ သည် ပိတ် သင်တိုင်း ကို ဝတ် စည်းလျက်၊ ထာဝရဘုရား ရှေ့ ၌ အမှု တော်ကို ဆောင်ရွက်လေ၏။ 19 နှစ်စဉ် ပြုရသော ယဇ်ကို ပူဇော် ခြင်းငှါ သူ၏ မိဘသည် ရောက် လာသောအခါ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီ ငယ် ကို ချုပ် ဆောင် ခဲ့တတ်၏။ 20 တရံရောအခါ၊ ဧလိ က၊ သင်သည် ထာဝရဘုရား ငှါး ထားသော သားအတွက် မိန်းမ တွင် အမျိုးအနွယ် ကိုပေး တော်မူပါစေသောဟု ဧလကာန လင်မယား ကို ကောင်းကြီး ပေး၏။ ထိုသူတို့သည် နေရာအိမ် သို့ ပြန် သွားသောနောက်၊ 21 ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် သူသည်ပဋိသန္ဓေ ယူ၍ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။ 22 ဧလိ သည်အသက် အရွယ်လွန်သောအခါ သူ ၏သား တို့သည် ဣသရေလ လူအပေါင်း တို့၌ ပြု သမျှ ကို၎င်း ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စည်းဝေး သောမိန်းမ နှင့် မှားယွင်း ကြောင်းကို၎င်းကြား သိလျှင်23 သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ သင် တို့ပြုသောဒုစရိုက် တို့ကို လူ အပေါင်း တို့သည် ပြော၍ ငါ ကြား ရ၏။ 24 ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။ 25 လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း သူတို့သည် အဘ ၏စကား ကို နား ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။ 26 သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။ 27 ဘုရား သခင်၏ လူ တယောက်သည် ဧလိ ထံသို့ လာ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရော ဘုရင်ထံ၌ နေရသော သင့် အဘ ၏ အမျိုး အား ငါထင်ရှား သည် မဟုတ်လော။ 28 ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။ 29 ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။ 30 ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။ 31 သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။ 32 ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ် ပေါ်မှာ ဘေး ဥပဒ်ရောက်ကြောင်းကို သင် မြင် ရလိမ့်မည်။ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ အစဉ် ရှိ ရ။ 33 ငါ ၏ယဇ် ပလ္လင်မှ ငါမ ပယ် မဖြတ်သောသင် ၏အမျိုးသားသည်၊ သင့် မျက်စိ ပျက် စိတ် ကြင်နာ ဘို့ ရာဖြစ်လိမ့်မည်။ သင် ၏ သားစဉ် မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေ ရကြလိမ့်မည်။ 34 သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။ 35 တဖန် ငါ့ စိတ် နှလုံးအလိုသို့ လိုက်၍ သစ္စာ စောင့်သော ယဇ်ပုရောဟိတ် ကို ငါပေါ်ထွန်း စေမည်။ မြဲ သောအိမ် ကို သူ့ အဘို့ ငါဆောက် ပေးသဖြင့် သူသည် ငါ့ ထံ၌ ဘိသိက် ခံသောသူရှေ့ မှာ အစဉ် သွား လာရလိမ့်မည်။ 36 သင် ၏ အမျိုး ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ မုန့် ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။

3

1 သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ ရှိ။ 2 တရံရောအခါဧလိ သည် မိမိ နေရာ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မြင် နိုင် သည်ကာလ3 ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ4 ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်5 ဧလိ ထံသို့ ပြေး ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် အိပ် တော့ဟု ဆို သည်အတိုင်း ရှမွေလသွား အိပ် ပြန်လေ၏။ 6 တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ရှမွေလ သည် ထ ပြီးလျှင် ဧလိ ထံသို့ သွား ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား အိပ် တော့ဟု ဆို ၏။ 7 ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။ 8 တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်9 သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ရှမွေလ သွား မိမိ နေရာ အိပ် လေ၏။ 10 ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ရှမွေလ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊ 11 ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။ 12 ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။ 13 ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။ 14 ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် ဖြေ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။ 15 ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။ 16 ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။ 17 ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် မိန့်တော်မူသည်အတိုင်းမကသင် ပြု တော်မူပါစေသောဟု ဆို လေသော်၊ 18 ရှမွေလ သည် တစုံတခုကိုမျှ ဝှက် ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။ 19 ရှမွေလ သည် အစဉ်အတိုင်းကြီး ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။ 20 သူသည် ထာဝရဘုရား ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။ 21 ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။

4

1 တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိ လူတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဧဗနေဇာ မြို့နား မှာ တပ်ချ လျက် ဖိလိတ္တိ လူတို့သည် အာဖက် မြို့၌ တပ်ချ လျက်နေကြ၏။ 2 ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ဣသရေလ အမျိုးသည် စစ်ရှုံး ရန်သူလက်တွင် သူရဲ လေး ထောင် ခန့် မျှ သေ ကြ၏။ 3 လူ များတို့သည် တပ် ထဲသို့ ရောက် သောအခါ ဣသရေလ အမျိုး အသက်ကြီး သူတို့က၊ ယနေ့ ထာဝရဘုရား သည် ငါ တို့ကို ဖိလိတ္တိ လူတို့ရှေ့ မှာ အဘယ်ကြောင့် ရှုံး စေတော်မူသနည်း။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် လာ ငါ တို့ကို ရန်သူ လက် မှ ကယ်တင် စေခြင်းငှါ၊ ရှိလော မြို့မှ ဆောင် ခဲ့ ကြကုန်အံ့ဟု ဆို ကြသည်အတိုင်း4 လူများတို့သည် ရှိလော မြို့သို့ လူ ကို စေလွှတ် ခေရုဗိမ် စပ်ကြားမှာနေ သောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့သဖြင့် ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်နှင့်အတူ ဧလိ ၏ သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် ပါကြ၏။ 5 ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် တပ် ထဲ သို့ရောက် သောအခါ မြေကြီး အသံမြည် သည်တိုင်အောင်တပ်သားအပေါင်း တို့သည် ကြွေးကြော် ကြ၏။ 6 ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ဟေဗြဲ တပ် ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။ 7 ဖိလိတ္တိ လူတို့သည် ကြောက် ဘုရား သခင်သည် ဟေဗြဲတပ် ထဲ သို့ ရောက် လေပြီ တကား။ ငါ တို့ သည် အမင်္ဂလာ ရှိကြ၏။ တခါမျှ ဤ သို့မ ဖြစ် စဖူး။ 8 ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။ 9 အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု တိုက် ကြလော့ဟု ပြောဆို ကြ၏။ 10 ဖိလိတ္တိ လူတို့သည် စစ် တိုက်သဖြင့် ဣသရေလ အမျိုး ရှုံး ပြန်၍ လူ တိုင်း မိမိ နေရာ သို့ ပြေး လေ၏။ ကြီးစွာ သော လုပ်ကြံ ခြင်းဖြစ် ဣသရေလ ခြေသည် သူရဲ သုံး သောင်းတို့သည် သေ ကြ၏။ 11 ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်၍ ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် အသက် ဆုံးလေ၏။ 12 ဗင်္ယာမိန် အမျိုးသား တယောက်သည်၊ စစ်တိုက် ရာထဲက ပြေး လာ၍ မိမိ အဝတ် ကို ဆုတ် လျက် မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကိုတင်လျက်၊ ထို နေ့ခြင်းတွင် ရှိလော မြို့သို့ ရောက် လေ၏။ 13 ရောက် သောအခါ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် တမြို့လုံး အော်ဟစ် ကြ၏။ 14 အော်ဟစ် သံ ကို ဧလိ ကြား သော်၊ အုတ်အုတ် ကျက်ကျက်သော အသံ ကား၊ အဘယ်သို့ နည်းဟုမေး လျှင်၊ ထိုသူသည် အလျင် အမြန်လာ ၍ ဧလိ အား လျှောက် လေ၏။ 15 ထိုအခါ ဧလိ သည် အသက် ကိုး ဆယ်ရှစ် နှစ်ရှိ၍ မျက်စိ မြင် နိုင် အောင် မျက်ကြော သေနှင့်ပြီ။ 16 ပြေးသောသူက၊ အကျွန်ုပ် သည် စစ်တိုက် ရာမှ ရောက် လာသောသူဖြစ် ပါ၏။ စစ်တိုက် ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ၏ဟု လျှောက် လျှင် ဧလိက၊ ငါ့ သား အမှုကားအဘယ်သို့ နည်းဟုမေး လေသော်၊ 17 တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။ 18 ဘုရား သခင်၏ သေတ္တာ တော် သိတင်းကိုကြား သောအခါ ဧလိသည် တံခါး နား မှာ ထိုင်သောခုံ ပေါ် က နောက် သို့လန်ကျ သဖြင့် လည်ပင်း ကျိုး သေ လေ၏။ အသက် ကြီး၍ ကိုယ်လေး သောသူဖြစ် ၏။ ထိုသူ သည် ဣသရေလ အမျိုးကို အနှစ် လေး ဆယ်အုပ်စိုး သတည်း။ 19 သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ကျောကုန်း သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။ 20 သေ လုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မ စိုးရိမ် နှင့်။ သား ယောက်ျားကို ဘွားမြင် ပြီဟု ဆို သော်လည်း ပြန် ပြော၊ အမှု ထားဘဲနေ၏။ 21 တဖန် ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့် ၎င်း မိမိ ယောက္ခမ နှင့် လင် အမှုကြောင့် ၎င်း၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟုဆို လျက်၊ ထိုသူငယ် ကို ဣခဗုဒ် အမည် ဖြင့် မှည့်၍22 ဣသရေလအမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟု ဆို လေ၏။

5

1 ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။ 2 ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ဒါဂုန် အနား မှာထား ကြ၏။ 3 အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ သူ ၏နေရာ တင် ထား ပြန်ကြ၏။ 4 တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။ 5 ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။ 6 အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။ 7 အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် ရှိ စေရဟု ဆို လျက်8 လူကိုစေလွှတ် ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။ 9 ထိုမြို့သို့ ဆောင် သွားသောနောက် ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။ 10 တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်11 လူကိုစေလွှတ် ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။ 12 သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။

6

1 ထာဝရဘုရား ၏ သေတ္တာ တော်သည် ဖိလိတ္တိ ပြည် ခုနှစ် နေ ပြီးမှ2 ဖိလိတ္တိ လူတို့သည် ယဇ် ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်း။ သူ နေရင်းအရပ် သို့ အဘယ်သို့ သောပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။ 3 သူတို့ကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို လွှတ် လိုက်လျှင် ကိုယ် ချည်း မ လွှတ် လိုက်ကြနှင့်။ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက်ပေး လိုက်ရမည်။ သို့ပြုလျှင် ရောဂါ ငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက် တော်မ ရွေ့ သေးသည်ကို သိ ကြလိမ့်မည်ဟု ဆို ကြ၏။ 4 အဘယ် အရာကို ဒုစရိုက် ဖြေရာ ပူဇော်သက္ကာဘို့ ပြန် ပေးလိုက်ရပါမည်နည်းဟုမေး လျှင် ဖိလိတ္တိ မင်း အရေအတွက် အတိုင်း ရွှေ မြင်းသရိုက် ပုံငါး ခုနှင့် ရွှေ ကြွက် ငါး ကောင်ကိုပေး လိုက်ရမည်။ သင်တို့နှင့် သင် တို့မင်း များ၌ ရောဂါ တပါးတည်း စွဲလျက်ရှိ၏။ 5 ထိုကြောင့် မြင်းသရိုက် ပုံ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။ 6 သို့ဖြစ်၍ ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့သည် ခိုင်မာ သော စိတ် နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာ သော စိတ် နှလုံးရှိကြသနည်း။ သူ တို့တွင် အထူးသဖြင့်ပြု တော်မူသောအခါ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွား ကြ၏။ 7 ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး တင် သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း က နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။ 8 ထာဝရဘုရား ၏ သေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ၍ ပြန် ပေးလိုက်သော ဒုစရိုက် ဖြေရာ ပူဇော်သက္ကာတည်းဟူသောရွှေ တန်ဆာ တို့ကို သေတ္တာတော်နား မှာ အခြားသောသေတ္တာ၌ ထား ပြီးလျှင် လွှတ် လိုက်၍ သွား ပါလေစေ။ 9 သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊ 10 လူ များတို့သည် ပြု သဖြင့် သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း က နွားသငယ် တို့ကို သူ့ နေရာ ချုပ် ထားကြ၏။ 11 ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွရွှေ ကြွက် များ၊ မြင်းသရိုက် ပုံ များပါသောသေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ကြ၏။ 12 နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။ 13 ဗက်ရှေမက် မြို့သားတို့သည် ချိုင့် ဂျုံ စပါးကိုရိတ် လျက် မြော် ကြည့်၍ သေတ္တာ တော်ကို မြင် သောအခါ ဝမ်းမြောက် ကြ၏။ 14 လှည်း သည် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ထဲသို့ ဝင် ကျောက် ကြီး အနားမှာ ရပ် နေ၏။ ထိုသူတို့သည် လှည်း ကို ချိုး ခွဲပြီးလျှင် နွားမ တို့ကို ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ကြ၏။ 15 ထိုအခါ လေဝိ သားတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်နှင့် ရွှေ တန်ဆာ ပါ သော သေတ္တာ ကိုချ ကျောက် ကြီး ပေါ် မှာ တင် ထားပြီးလျှင် ဗက်ရှေမက် မြို့သား တို့သည် ထို နေ့ခြင်းတွင် မီးရှို့ ရာယဇ်မှစ၍ယဇ် မျိုးကို ထာဝရဘုရား အား ပူဇော် ကြ၏။ 16 ထိုအမှုကို ဖိလိတ္တိ မင်း ငါး ယောက်တို့သည် မြင် ပြီးမှ ထို နေ့ခြင်းတွင် ဧကြုန် မြို့သို့ ပြန် သွားကြ၏။ 17 ထာဝရဘုရား အား ပြန် ပေးသော ဒုစရိုက် ဖြေရာပူဇော်သက္ကာတည်းဟူသော ရွှေ မြင်းသရိုက် ပုံတို့ကား၊ အာဇုတ် မြို့ဘို့ တခု ဂါဇ မြို့ဘို့ တခု အာရှကေလုန် မြို့ဘို့ တခု ဂါသ မြို့ဘို့ တခု ဧကြုန် မြို့ဘို့ တခု ဖြစ်သတည်း။ 18 ရွှေ ကြွက် တို့ကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ကို တင် ထားသော ကျောက် ကြီး တိုင်အောင် ခိုင်ခံ့ သော မြို့ ဖြစ်စေ၊ တော ရွာဖြစ်စေ၊ ဖိလိတ္တိ မင်း ငါး ပါးဆိုင်သမျှ သောမြို့ ရွာအရေအတွက် အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့ တိုင်အောင် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ရှိ၏။ 19 ဗက်ရှေမက် မြို့သား တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ထဲသို့ ကြည့်ရှု မိသောကြောင့် လူ ခုနစ် ဆယ်နှင့်လူ ငါး သောင်းတို့သည် ဒဏ်ခတ် တော်မူခြင်းကိုခံရကြ၏။ ထိုသို့ ထာဝရဘုရား သည် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်ဒဏ်ပေး တော်မူသောကြောင့် လူ များတို့သည် ငိုကြွေး မြည်တမ်းကြ၏။ 20 ဗက်ရှေမက် မြို့သား တို့က၊ သန့်ရှင်း တော်မူသောဤ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ အဘယ်သူ ရပ် နေနိုင် သနည်း။ ငါ တို့အရပ်က၊ အဘယ်သူ ရှိရာသို့ ကြွ သွားတော်မူမည်နည်းဟု ဆို သဖြင့်21 ကိရယတ်ယာရိမ် မြို့သား တို့ထံသို့ လူကိုစေလွှတ် ဖိလိတ္တိ လူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ ကြပြီ။ သင် တို့လာ ၍ ဆောင် သွားကြပါတော့ဟု မှာ လိုက်ကြ၏။

7

1 ကိရယတ်ယာရိမ် မြို့သား တို့သည် လာ ထာဝရဘုရား ၏ သေတ္တာ တော်ကို ဆောင် သွားသဖြင့် တောင် ပေါ် မှာရှိသော အမိနဒပ် အိမ် ထား၍ သေတ္တာ တော်ကို စောင့် စေခြင်းငှါ သူ ၏သား ဧလာဇာ ကို သန့်ရှင်း စေကြ၏။ 2 သေတ္တာ တော်သည် အနှစ် နှစ် ဆယ်ပတ်လုံးကြာမြင့် စွာ ကိရယတ်ယာရိမ် မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ကို အောက်မေ့၍ မြည်တမ်း ကြ၏။ 3 တဖန် ရှမွေလ က၊ သင်တို့သည် အခြား တပါးသော ဘုရား တည်းဟူသောဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ထာဝရဘုရား အဘို့ သင် တို့စိတ် နှလုံးကို ပြင်ဆင် လျက် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြု ကြလျှင် ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့အား ဆုံးမသည်အတိုင်း၊ 4 ဣသရေလ အမျိုးသား တို့သည် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ထာဝရဘုရား ကိုသာ ဝတ်ပြု ကြ၏။ 5 ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊ 6 သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ရေ ကို ခပ် ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။ 7 ဣသရေလ အမျိုးသား တို့သည် မိဇပါ မြို့၌ စည်းဝေး ကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ဖိလိတ္တိ မင်း တို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီ ကြ၏။ ထိုသိတင်းကို ဣသရေလ လူ တို့သည် ကြား လျှင် ဖိလိတ္တိ လူတို့ကို ကြောက်8 ရှမွေလ အား အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။ 9 ရှမွေလ သည်လည်း နို့စို့ သိုးသငယ် ကိုယူ ထာဝရဘုရား အား တကောင်လုံး မီးရှို့ ရာယဇ်ပူဇော် လျက် ဣသရေလ အမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင် တော်မူ၏။ 10 ရှမွေလ သည် မီး ရှို့ရာယဇ်ကို ပူဇော် စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချဉ်း လာကြ၏။ ထာဝရဘုရား သည်လည်း၊ ထို နေ့၌ ဖိလိတ္တိ လူတို့အပေါ် မှာ ပြင်းစွာ မိုဃ်းချုန်း စေ၍ သူ တို့တပ်ကို ဖျက် တော်မူသဖြင့် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ကြ၏။ 11 ဣသရေလ လူ တို့သည် မိဇပါ မြို့မှ ထွက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ လျက် ဗက်ကာ မြို့တိုင်အောင် လိုက် ကြ၏။ 12 ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။ 13 ထိုသို့ ဖိလိတ္တိ လူတို့သည် ရှုံး သဖြင့် နောက် တဖန် ဣသရေလ အမျိုးနေရာ အရပ်သို့ လာ ကြ။ ရှမွေလ လက်ထက်ကာလ ပတ်လုံး ထာဝရဘုရား ၏ လက် တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။ 14 ဖိလိတ္တိ လူတို့သည် သိမ်းယူ သော ဣသရေလ မြို့ ရွာတို့ကို ဧကြုန် မြို့မှစ၍ ဂါသ မြို့တိုင်အောင် ပြန် ပေးရကြ၏။ မြို့နယ် တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက် မှ နှုတ်ယူ ကြ၏။ ဣသရေလ လူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ အသင့် အတင့်နေ ကြ၏။ 15 ရှမွေလ သည် တသက်လုံး ဣသရေလ အမျိုးကို အုပ်စိုး လေ၏။ 16 ဗေသလ မြို့၊ ဂိလဂါလ မြို့၊ မိဇပါ မြို့တို့ကို နှစ် တိုင်းလှည့်ပတ် ၍ အရပ်ရပ် တွင် ဣသရေလ အမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။ 17 ပြန် လာသောအခါ မိမိ အိမ် ရှိသောရာမ မြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်းဣသရေလ အမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြော စီရင်လျက် ထာဝရဘုရား ဘို့ ယဇ် ပလ္လင်ကိုတည် လျက် နေလေ၏။

8

1 ရှမွေလ သည် အသက် ကြီးသောအခါ မိမိ သား တို့ကို ဣသရေလ အမျိုး၌ အုပ်စိုး ရသောအခွင့်နှင့် ခန့်ထား ၏။ 2 သားဦး အမည် ကား ယောလ ဒုတိယ သားအမည် ကား အဘိရ တည်း။ ထိုသူတို့သည် ဗေရရှေဘ မြို့၌ တရားသူကြီး လုပ်ကြ၏။ 3 သို့ရာတွင် အဘလမ်း သို့ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။ 4 ထိုအခါ ဣသရေလ အမျိုး အသက် ကြီးသူအပေါင်း တို့သည် စည်းဝေး ရှမွေလ ရှိရာ အရပ် ရာမ မြို့သို့ လာ ပြီးလျှင်5 ကိုယ်တော် သည် အသက် ကြီးပါ၏။ ကိုယ်တော် ၏သား တို့သည် ကိုယ်တော် လမ်း သို့ လိုက် ကြပါ။ လူမျိုး အပေါင်း တို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကို ချီးမြှောက် ပါ လော့ဟု လျှောက် ကြ၏။ 6 ထိုသို့ အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကိုပေး ပါလော့ဟု လျှောက် သောအမှု ကို ရှမွေလ သည် မ နှစ်သက်သောကြောင့် ထာဝရဘုရား အား ဆုတောင်း လေ၏။ 7 ထာဝရဘုရား ကလည်း သင့် အား လူ များတို့ ပြော ဆိုသမျှ သော စကား ကို နားထောင် လော့။ သူတို့ သည် သင့် ကိုသာ ပယ် ငါသည် သူ တို့ကို မအုပ်စိုး စေခြင်းငှါငါ့ ကိုလည်းပယ် ကြပြီ။ 8 သူတို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့သောနေ့ မှစ၍ ယနေ့ တိုင်အောင် ငါ့ ကိုစွန့် အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု သဖြင့် ကျင့် မိသမျှ သော အကျင့် အတိုင်း သင် လည်း ပြု ကြ၏။ 9 ယခု မှာ သူ တို့စကား ကို နားထောင် လော့။ သို့ရာတွင် သတိ ပေး၍ သူ တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ကို ပြ လော့ဟု မိန့် တော်မူ၏။ 10 ရှမွေလ သည်လည်း ရှင်ဘုရင် ကို တောင်း သောသူတို့အား ထာဝရဘုရား အမိန့် တော်ရှိသမျှ ကို ပြန်ပြော ၍၊ 11 သင် တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ဟူမူကား သင် တို့သား များကိုယူ မိမိ ရထား ထိန်း၊ မြင်း ထိန်းအရာ၌ ခန့် ထား၍ အချို့တို့သည်လည်း သူ ၏ရထား ရှေ့ မှာ ပြေး ရကြမည်။ 12 လူတထောင် အုပ် တရာအုပ်၊ ငါး ဆယ်အုပ် တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။ 13 သင် တို့သမီး များကိုလည်း ယူ ၍၊ ခဲဘွယ် စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ ၎င်း စားတော်ကဲ မုန့် သည် ဖြစ်စေခြင်းငှါ ၎င်း ခန့်ထားလိမ့်မည်။ 14 သင် တို့လယ်ကွက် စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ် အကောင်းဆုံး တို့ကို ယူ မိမိ ကျွန် တို့အား ပေး လိမ့်မည်။ 15 သင် တို့မျိုးစေ့ စပျစ်သီး ဆယ်ဘို့ တဘို့ကို ယူ၍ သူ ၏အရာရှိ အမှုထမ်း တို့အား ပေး လိမ့်မည်။ 16 သင် တို့ကျွန် ကျွန် မ၊ အကောင်းဆုံး သော လုလင် မြည်း များကို ယူ သူ ၏ အမှု ကို လုပ်ကိုင် စေ လိမ့်မည်။ 17 သင် တို့သိုးစု ဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင် တို့သည် သူ ၏ ကျွန် ခံရ ကြမည်။ 18 သင် တို့ရွေး ယူသော ရှင်ဘုရင် ကြောင့် ထို နေ့၌ သင်တို့အော်ဟစ် သော်လည်း ထာဝရဘုရား သည် နားထောင် တော်မ မူဟု သတိပေးလေ၏။ 19 သို့သော်လည်း လူ များတို့က၊ မ ဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင် ကို လိုချင်ပါ၏။ 20 အကျွန်ုပ် တို့သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူမည်အကြောင်းအကျွန်ုပ် တို့ကို အုပ်စိုး သော ရှင်ဘုရင် ရှိရမည်။ အကျွန်ုပ် တို့ရှေ့ မှာ ထွက် ကြွ၍ စစ် တိုက်ရမည်ဟု ရှမွေလ ၏ စကား ကို နား မထောင်ဘဲ ဆို ကြ၏။ 21 ထိုသူတို့၏ စကား များကို ရှမွေလ သည် ကြား လျှင် ထာဝရဘုရား ရှေ့တော်၌ လျှောက် လေ၏။ 22 ထာဝရဘုရား ကလည်း သူ တို့စကား ကို နားထောင် သူ တို့အဘို့ ရှင် ဘုရင်ကို ချီးမြှောက်လော့ဟု မိန့် တော်မူသဖြင့် ရှမွေလ က၊ သင်တို့အသီးအသီး နေရာ မြို့ ရွာသို့ ပြန် သွားကြလော့ဟု ဣသရေလ လူ တို့အား ပြော ဆိုလေ၏။

9

1 ဗင်္ယာမိန် အမျိုးသားအာဖိ ဗေခေါရတ် ဇေရော် အဗျေလ မှ ဆင်းသက်၍ ကိရှ အမည် ရှိသောဗင်္ယာမိန် အမျိုးသား တယောက်ရှိ ၏။ သူသည်အလွန် ခွန်အား ကြီးသောသူဖြစ်၏။ 2 ထိုသူ ရှောလု အမည် ရှိသောသား တယောက်ရှိ ၏။ ထိုသားသည် အဆင်း လှ၍ ထူးဆန်းသောသူဖြစ် ၏။ ဣသရေလ အမျိုးသား တို့တွင် ထိုသူ ထက် သာ၍အဆင်းလှသော သူတယောက်မျှမ ရှိ။ သူသည် အခြား သောသူထက် ပခုံး အထက် မှာ အရပ်သာ၍မြင့် ၏။ 3 ရှောလု အဘ ကိရှ ၏ မြည်း တို့သည် ပျောက် သောကြောင့် ကိရှ က၊ သင် သည် ငယ်သား တယောက် ကို ခေါ် ၍ မြည်း တို့ကို ရှာ အံ့သောငှါထ သွား လော့ဟု မိမိ သား ရှောလု အား ဆို သည်အတိုင်း4 သူတို့သည် ဧဖရိမ် တောင် အရပ်နှင့် ရှလိရှ အရပ် တရှောက်လုံး၌ ရှာ ၍ မ တွေ့လျှင် တဖန် ရှာလိမ် အရပ် မှသည် ဗင်္ယာမိန် အရပ် များ တရှောက်လုံး၌ မ တွေ့5 ဇုဖ အရပ် သို့ ရောက် သောအခါ ရှောလု က၊ ပြန် ကြစို့။ သို့မဟုတ် အဘ သည် မြည်း တို့ကြောင့် စိုးရိမ်၊ ငါ တို့ကြောင့် စိုးရိမ် လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊ 6 ငယ်သားက၊ ဤ မြို့ အသရေ ထင်ရှားသော ဘုရား သခင်၏ လူ တယောက်ရှိ၏။ သူပြော သမျှ သော စကားသည် ဧကန်အမှန်ပြည့်စုံ တတ်၏။ သူ့ထံသို့သွား ကြစို့။ ငါ တို့ သွား ရသော လမ်း ကို သူပြ ကောင်း ပြလိမ့်မည်ဟု ဆို ၏။ 7 ရှောလု ကလည်း သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊ 8 ငယ်သား က၊ ကျွန်တော် လက် ငွေ တမတ် ရှိ ပါ၏။ ငါ တို့ကို လမ်း ပြ သည်အတွက် ဘုရား သခင်၏ လူ အား ပေး ပါမည်ဟု ရှောလု အား ပြန်ပြော ၏။ 9 ရှေး ကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်ကို မေးမြန်း ခြင်းငှါ သွား မည်ဟု အကြံရှိလျှင်၊ မြင် သောသူထံသို့ သွား ကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက် ဟူ၍ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင် သောသူဟူ၍ ခေါ်ဝေါ် ကြသတည်း။ 10 ရှောလု ကလည်း၊ ကောင်း ပြီသွား ကြစို့ဟု ငယ်သား အား ဆို လျက် ဘုရား သခင်၏ လူ ရှိရာမြို့ သို့ သွား ကြ၏။ 11 မြို့ ပြင်ကုန်း ပေါ် သို့ ရောက် သောအခါ ရေ ခပ် လာ သောမိန်းမပျို တို့ကို တွေ့ အရပ်၌ မြင် သောသူ ရှိ သလောဟု မေး သော်၊ 12 ရှိ ပါ၏။ သင် တို့ရှေ့ မှာ ရှိပါ၏။ အလျင်အမြန် သွားတော့။ မြင်သောသူသည် ဤမြို့ သို့ ယနေ့ လာ ပြီ။ လူ များ တို့သည် မြင့် သောအရပ်၌ ယနေ့ ယဇ် ပွဲကို ဆောင်ကြ၏။ 13 ဆရာသည် မြင့် သောအရပ်၌ ယဇ်သားကို စား အံ့သောငှါ တက် မှီ သင် တို့သည် မြို့ ထဲသို့ဝင် လျှင် ချက်ခြင်းတွေ့ လိမ့်မည်။ သူ ရောက် မှီ လူ များတို့သည် မ စား တတ်ကြ။ သူသည် ယဇ် ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ် သောသူတို့ သည် စား တတ်ကြ၏။ ယခု မှာ သွား လျှင် တွေ့ ကြ လိမ့်မည်ဟု ပြန်ပြော သည်နှင့်အညီ14 သူ တို့သည် မြို့ ထဲ သို့ ဝင် ၍ ရှမွေလ သည် မြင့် သောအရပ်သို့ တက် သွားလျက် သူ တို့ကို ဆီး၍ ကြို လေ၏။ 15 ရှောလု ရောက် မှီ မနေ့၌ ထာဝရဘုရား က၊ နက်ဖြန် နေ့၊ 16 ဤအချိန်၌ ဗင်္ယာမိန် ပြည် မှ လူ တယောက်ကို သင် ရှိရာသို့ ငါစေလွှတ် မည်။ သင်သည် ထိုသူကို ငါ ၏လူ ဣသရေလ အမျိုး၏ မင်း အရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက် ကိုပေး ရမည်။ သူသည် ငါ ၏ လူ တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှု သည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။ 17 ရှမွေလ သည် ရှောလု ကို မြင် သောအခါ ထာဝရဘုရား က၊ ငါပြော သော သူ ကို ကြည့် လော့၊ ဤ သူသည် ငါ ၏ လူ တို့ကို အုပ်ချုပ် ရလိမ့်မည်ဟု မိန့် တော်မူ၏။ 18 ထိုအခါ ရှောလု သည် ရှမွေလ ရှိရာ တံခါးဝ သို့ ချဉ်းကပ် လျှင်၊ မြင် သောသူ၏အိမ် ကို ပြပါလော့ဟု တောင်းပန် သော်၊ 19 ရှမွေလ က၊ ငါ သည် မြင် သောသူဖြစ် ၏။ ငါ့ ရှေ့ မှာ မြင့် သောအရပ်သို့ တက် သွားလော့။ ယနေ့ ငါ နှင့်အတူ စား ရမည်။ နက်ဖြန် နေ့ ငါလွှတ် လိုက်မည်။ သင့် စိတ် နှလုံးထဲမှာ ရှိသမျှ ကိုလည်း ငါဘော်ပြ မည်။ 20 တမြန် နေ့က ပျောက် သောသင် ၏ မြည်း တို့ကို မ အောက်မေ့နှင့် တွေ့ လျက်ရှိပြီ။ ဣသရေလ အမျိုး သည် အဘယ်သူ ကို အလို ရှိသနည်း။ သင် နှင့် သင် ၏ အဆွေအမျိုး အပေါင်း ကို အလိုရှိသည် မ ဟုတ် လောဟု ရှောလု အား ပြော ဆို၏။ 21 ရှောလု ကလည်း အကျွန်ုပ် သည် ဣသရေလ အမျိုး တို့တွင် အငယ်ဆုံး သောအမျိုး၊ ဗင်္ယာမိန် အမျိုးသား ဖြစ်ပါသည် မ ဟုတ်လော။ အကျွန်ုပ် အဆွေအမျိုး သည် ဗင်္ယာမိန် အဆွေအမျိုး အပေါင်း တို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ် အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက် လေ၏။ 22 ထိုအခါ ရှမွေလ သည် ရှောလု နှင့် သူ ၏ငယ်သား ကိုခေါ် အိမ်ခန်း ထဲသို့ သွင်း ပြီးလျှင် ခေါ်ဘိတ် သောသူ သုံး ဆယ်တို့တွင် အမြတ်ဆုံး သော အရပ် ထိုင်စေ၏။ 23 ပွဲသူကြီး ကို လည်းခေါ်ပြီးလျှင်၊ သင် ငါအပ် ပေး၍ အခြားစီထား စေခြင်းငှါ ငါမှာ ခဲ့သော အဘို့ ကို ယူ ခဲ့တော့ဟု ဆို သည်အတိုင်း24 ပွဲသူကြီး သည် ပခုံး နှင့် ပခုံးပေါ် မှာ ခင်းသောအရာကိုယူ ရှောလု ရှေ့ မှာထား လေ၏။ ရှမွေလက လည်း၊ ချန် ထားသောအရာကို ယူ၍ စား တော့။ ခေါ်ဘိတ် သောသူတို့ အား ပြောနှင့်သည်အတိုင်း သင့် အဘို့ ယခုတိုင်အောင်သိုထား လျက်ရှိပြီဟု ဆို ထို နေ့၌ ရှောလု သည် ရှမွေလ နှင့်အတူ စား သောက် လေ၏။ 25 ထိုသူတို့သည် မြင့် သောအရပ်မှ ဆင်း ၍ မြို့ ထဲသို့ဝင်ပြီးလျှင် ရှမွေလနှင့်ရှောလု တို့သည် အိမ်မိုး ပေါ် မှာ စကားပြော လျက် နေကြ၏။ 26 နံနက်စောစောထ ၍ မိုဃ်းလင်း သောအခါ ရှမွေလ က၊ ထ လော့။ သင့် ကို ငါလွှတ် လိုက်မည်ဟု ရှောလု ကို အိမ်မိုး ပေါ် မှာ ခေါ် ပြီးလျှင် ရှောလု သည် ထ ထိုသူ နှစ် ယောက်တို့သည် ထွက်သွား ကြ၏။ 27 မြို့ စွန်း သို့ ရောက်သောအခါ ရှမွေလ က၊ သင်၏ ငယ်သား ကို ရှေ့ သို့သွား စေခြင်းငှါပြော တော့ဟု ရှောလု အား ဆို သဖြင့် ငယ်သားသည် ရှေ့သို့သွား လေ၏။ ရှမွေလကလည်း ရပ် နေတော့။ ဘုရား သခင် ၏ အမိန့် တော်ကို ငါပြန် မည်ဟုဆိုလျက်

10

1 ဆီ ဘူး ကိုယူ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။ 2 ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။ 3 ထို အရပ်မှ လွန် တာဗော် လွင်ပြင် သို့ ရောက် လျှင် ဆိတ် သငယ်သုံး ကောင်ကို ဆောင် သောသူ တယောက် မုန့် သုံး လုံး ကို ဆောင် သော သူတယောက် စပျစ်ရည် ဘူး ကိုဆောင် သောသူ တယောက် တည်းဟူသောဗေသလ မြို့ ဘုရား သခင့်ထံ တော်သို့ သွား သောသူသုံး ယောက်တို့နှင့် သင်သည် တွေ့ကြုံ လိမ့်မည်။ 4 ထိုသူတို့သည် နှုတ်ဆက် ပြီးလျှင် မုန့် နှစ် လုံးကိုပေး သင်သည် သူ တို့လက် မှ ခံယူ ရလိမ့်မည်။ 5 ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် မြို့ သို့ ချဉ်းကပ် သောအခါ ပရောဖက် အပေါင်း အသင်းသည် တယော ပတ်သာ ပုလွေ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။ 6 ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင့် အပေါ် မှာ သက်ရောက် သဖြင့် သင်သည် သူ တို့နှင့်အတူ ပရောဖက် ပြု၍ ခြားနား သောသူဖြစ် လိမ့်မည်။ 7 နိမိတ် လက္ခဏာတို့သည် သင် ဖြစ် သောအခါ အဆင်သင့်သည်အတိုင်း ပြု လော့။ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူ၏။ 8 သင်သည်လည်း ငါ့ ရှေ့ မှာ ဂိလဂါလ မြို့သို့ သွား ရမည်။ ငါ သည်လည်း မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ် တို့ကို ပူဇော် ခြင်းငှါ သင် ရှိရာသို့ လာ မည်။ ငါ လာ သင်ပြု ရသော အမှုကို မပြ မှီတိုင်အောင် သင်သည် ငံ့ နေရမည်ဟု ဆို၏။ 9 ရှောလုသည် ရှမွေလ ထံမှ ထွက်သွား မည်ဟု လှည့် သောအခါ ခြားနား သော စိတ် နှလုံးကို ဘုရား သခင်ပေး တော်မူ၍ ထို နိမိတ် လက္ခဏာ အလုံးစုံ တို့သည် ထို နေ့ခြင်းတွင် ဖြစ်လေ၏။ 10 တောင် တော်သို့ရောက် သောအခါ ပရောဖက် အပေါင်း အသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင်၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလုအပေါ် သို့ သက်ရောက် တော်မူသဖြင့် သူ တို့နှင့်အတူ ပရောဖက် ပြုလေ၏။ 11 ရှောလုသည် ပရောဖက် တို့နှင့်အတူ ပရောဖက် ပြုသည်ကို အထက် က သိကျွမ်း သောသူတို့သည် မြင် သောအခါ ကိရှ ၏သား အဘယ်သို့ ဖြစ် သနည်း။ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟု တယောက် ကိုတယောက်မေးမြန်း ကြ၏။ 12 ထို အရပ်သား တယောက်က၊ သူ တို့အဘ ကား အဘယ်သူ နည်းဟုဆို ၍၊ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟူသောစကားသည် ပုံ စကားဖြစ် လေ၏။ 13 ရှောလုသည် ပရောဖက်ပြုပြီးမှမြင့်သောအရပ်သို့ သွား၏။ 14 ရှောလု ၏ ဘထွေး က၊ သင်တို့သည် အဘယ် အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သား ကို မေး လျှင် ရှောလုက၊ မြည်း တို့ကို ရှာ ရအောင် သွား၏။ မ တွေ့သောအခါ ရှမွေလ ထံသို့ ရောက် သည်ဟု ပြန်ပြော ၏။ 15 ဘထွေး ကလည်း ရှမွေလ သည် အဘယ်သို့ ပြော သနည်း။ ငါ့ အား ပြန်ပြော ပါဟု တောင်းပန် သော်၊ 16 မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား ကြားမပြော ဘဲနေ၏။ 17 တဖန် ရှမွေလ သည် လူ များတို့ကို မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ခေါ်၍ စည်းဝေး စေပြီးလျှင်၊ 18 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင် တို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့၍ အဲဂုတ္တုမင်းအစရှိသော သင် တို့ကို ညှဉ်းဆဲ သော မင်း အပေါင်း တို့ လက် မှ ကယ်နှုတ် သော်လည်း19 သင် တို့ကို ဒုက္ခ ဆင်းရဲဘေး ဥပဒ်ရှိသမျှ တို့အထဲ က ကယ်တင် သော သင် တို့၏ ဘုရား သခင်ကို ယနေ့ သင် တို့သည် ပယ် ကြပြီ။ အကျွန်ုပ် တို့အပေါ် မှာ ရှင်ဘုရင် ရှိစေခြင်းငှါချီးမြှောက် တော်မူပါဟု လျှောက် ကြပြီ။ သို့ဖြစ်၍ အမျိုး အသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရား ရှေ့ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား တို့အား ဆို သဖြင့်20 အမျိုးအနွယ် အပေါင်း တို့ကို ချဉ်းကပ် စေပြီးမှ ဗင်္ယာမိန် အမျိုး ကို မှတ် တော်မူ၏။ 21 ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချဉ်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်းမှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။ 22 ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။ 23 သူတို့သည် ပြေး ခေါ် ခဲ့ကြ၏။ ရှောလုသည် လူ များတို့တွင် ရပ် သောအခါ ပခုံး အထက် မှာ အခြား သောသူထက် အရပ်သာ၍မြင့် ၏။ 24 ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။ 25 ရှမွေလ သည်လည်း မင်း ကျင့်တရားကို လူ များတို့အား ဟောပြော စာ ရေးမှတ် သဖြင့် ထာဝရဘုရား ရှေ့ တော်၌ ထား ပြီးမှ လူ အပေါင်း တို့ကို အသီးအသီး မိမိ တို့အိမ် သို့ လွှတ် လိုက်လေ၏။ 26 ရှောလု သည်လည်း ဂိဗာ မြို့ မိမိ အိမ် သို့ သွား ဘုရား သခင်သွေးဆောင်တော်မူသော လူ အပေါင်းအသင်းသည် သူ နှင့်အတူ လိုက်သွား ကြ၏။ 27 အဓမ္မ လူတို့က၊ ဤ သူသည် ငါ တို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်းဟု ဆို လျက် လက်ဆောင် ကို မ ဆက် ဘဲ မထီမဲ့မြင် ပြုသော်လည်း ရှောလုသည် အမှု မထားဘဲနေ၏။

11

1 ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊ 2 အမ္မုန် အမျိုးသားနာဟတ် က၊ သင် တို့၌ လက်ျာ မျက်စိ ရှိသမျှ ကို ဖောက် ဣသရေလ အမျိုးတမျိုးလုံး ငါကဲ့ရဲ့ ရသောအခွင့်ကိုပေး မှသာ မိဿဟာယ ဖွဲ့မည်ဟု ပြန်ပြော သော်၊ 3 ယာဗက် မြို့သားအသက်ကြီး သူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလ ပြည် တရှောက်လုံး သို့ တမန် တို့ကို စေလွှတ် ခြင်းငှါခုနှစ် ရက် မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင် သောသူ မ ပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက် ပါမည်ဟု ဆို ကြ၏။ 4 တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ငိုကြွေး ကြ၏။ 5 ရှောလု သည် နွားစု နောက် သို့ လိုက်လျက် လယ် လုပ်ရာမှ ရောက် လာသောအခါ လူ တို့သည် အဘယ်ကြောင့် ငိုကြွေး ကြသနည်းဟုမေး လျှင် ယာဗက် မြို့သား တို့၏ သိတင်း ကို ပြော ကြ၏။ 6 ထို သိတင်း ကို ရှောလု ကြား သောအခါ ဘုရား သခင်၏ ဝိညာဉ် တော် သက်ရောက် သူသည် ပြင်းစွာ အမျက် ထွက် လျက်7 နွား တရှဉ်း ကို ယူ ခုတ်ဖြတ် ပြီးမှ သံတမန် တို့လက် တွင် ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက် ၍၊ ရှောလု နှင့် ရှမွေလ နောက် သို့ ထွက် ၍မ လိုက်သော သူ ၏ နွား တို့ကို ကဲ့သို့ပြု မည်ဟု ကြော်ငြာစေသဖြင့်၊ လူ တို့သည် ထာဝရဘုရား ကို ကြောက် ၍ တညီတညွတ် တည်းထွက် လာကြ၏။ 8 ဗေဇက် မြို့၌ တပ်စာရင်း ယူသောအခါ ဣသရေလ အမျိုးသား သုံး သိန်း၊ ယုဒ အမျိုးသား သုံး သောင်း ရှိ ကြ၏။ 9 ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။ 10 အကျွန်ုပ်တို့သည် နက်ဖြန် နေ့၌ ကိုယ်တော် ထံသို့ ထွက် ပါမည်။ ကိုယ်တော်အလို ရှိသမျှ အတိုင်း ပြု တော်မူပါဟု နာဟတ်မင်းအား လျှောက် ကြ၏။ 11 နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။ 12 ဣသရေလလူ တို့ကလည်း ရှောလု သည် ငါ တို့ကို အုပ်စိုး ရမည်လောဟု ဆို မိသောသူကား အဘယ်သူ နည်း။ ထိုသို့ဆိုမိသောသူ တို့ကိုခေါ်၍ သတ် ကြကုန်အံ့ဟု ရှမွေလ အား ဆိုကြသော်၊ 13 ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။ 14 ရှမွေလ ကလည်း ဂိလဂါလ မြို့သို့သွား နိုင်ငံ တော်ကို ပြုပြင် ကြကုန်အံ့ဟု လူ များတို့အား ပြော ဆိုသည်အတိုင်း15 လူ အပေါင်း တို့သည် ဂိလဂါလ မြို့သို့ သွား ထို မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ ရှောလု ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌ လည်း၊ ထာဝရဘုရား ရှေ့ တော်မှာ မိဿဟာယ ယဇ်ကို ပူဇော် သဖြင့် ရှောလု နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် အလွန် ပျော်မွေ့ ခြင်းကို ပြုကြ၏။

12

1 ရှမွေလ ကလည်း သင်တို့ပြော သမျှ သော စကား ကို ငါနားထောင် သင် တို့အပေါ် မှာ ရှင် ဘုရင်ကို ငါချီးမြှောက် လေပြီ။ 2 ယခု မှာ ရှင် ဘုရင်သည် သင် တို့ရှေ့ ၌ ကြွ နေတော်မူ၏။ ငါ သည် အသက် ကြီး၍ ဆံပင် ဖြူပြီ။ ငါ့ သား တို့ သည် သင် တို့၌ ရှိကြ၏။ ငါ သည် ငယ် သော အရွယ်မှစ၍ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ သွား ပြီ။ 3 ဤအရပ်၌ ယခု ငါ ရှိ ၏။ အဘယ်သူ ၏ နွား ကို ငါယူ ဘူးပြီနည်း။ အဘယ်သူ ၏ မြည်း ကို ယူ ဘူးပြီနည်း။ အဘယ်သူ ကို လှည့်စား ဘူးပြီနည်း။ အဘယ်သူ ကို ညှဉ်းဆဲ ဘူးပြီနည်း။ ကိုယ် မျက်စိ ကိုကွယ် စေခြင်းငှါ အဘယ်သူ လက် မှ တံစိုး ကိုခံ ဘူးပြီနည်း။ ထာဝရဘုရား ရှေ့ ဘိသိက် တော်ကိုခံသောသူ ရှေ့ မှာ ငါ့ တဘက် ၌ သက်သေခံ ကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန် ပေးပါမည်ဟု ဣသရေလ လူအပေါင်း တို့အား ပြော ဆိုသော်၊ 4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မ လှည့်စား ပါ။ မ ညှဉ်းဆဲ ပါ။ အဘယ်သူ ၏ ဥစ္စာကိုမျှ မ ယူ ပါဟု ပြောဆို ကြ၏။ 5 ရှမွေလကလည်း၊ သင်တို့သည် ငါ့ လက် သူတပါး၏ဥစ္စာ ကို ရှာ ၍ မ တွေ့ကြောင်း ကို ထာဝရဘုရား သည် သင် တို့တဘက် ၌ သက်သေ ဖြစ်တော်မူ၏။ ဘိသိက် တော်ကိုခံသောသူလည်း သက်သေ ဖြစ်၏ဟု ဆို လျှင် သူတို့က၊ သက်သေ ဖြစ်ပါသည်ဟု ဝန်ခံ ကြ၏။ 6 တဖန် ရှမွေလ က၊ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ကို ချီးမြှောက်၍ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ဆောင် ခဲ့တော်မူ၏။ 7 ယခု တွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရား သည် သင် တို့နှင့် သင် တို့ဘိုးဘေး များ၌ တရား သဖြင့် ပြု တော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့ တော်မှာ သင် တို့အား ငါဆွေးနွေး ဟောပြောမည်။ 8 ယာကုပ် သည် အဲဂုတ္တု ပြည်သို့ ရောက် သင် တို့ဘိုးဘေး တို့သည် ထာဝရဘုရား အား အော်ဟစ် သောအခါ မောရှေ နှင့် အာရုန် ကို စေလွှတ် သဖြင့် ဘိုးဘေး တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ပြည် နေရာ ချတော်မူ၏။ 9 သူ တို့၏ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သောအခါ ဟာဇော် ဗိုလ်ချုပ် မင်း သိသရ လက် သို့ ၎င်း ဖိလိတ္တိ လူတို့ လက် သို့ ၎င်း မောဘ ရှင်ဘုရင် လက် သို့ ၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏တိုက်ဖျက် ခြင်းကိုခံရကြ၏။ 10 တဖန် သူတို့သည် ထာဝရဘုရား အား အော်ဟစ် လျက် အကျွန်ုပ်တို့သည် ကိုယ်တော် ကို စွန့် ၍၊ ဗာလ ဘုရားနှင့် အာရှတရက် ဘုရားတို့ကို ဝတ်ပြု သဖြင့် ပြစ်မှား ပါပြီ။ သို့ရာတွင် ရန်သူ လက် မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော် ကို ဝတ်ပြု ပါမည်ဟု လျှောက် ကြသောအခါ11 ထာဝရဘုရား သည် ယေရုဗ္ဗာလ ဗာရက် ယေဖသ ရှမွေလ တို့ကို စေလွှတ် ပတ်ဝန်းကျင် ရန်သူ တို့ လက် မှ ကယ်နှုတ် တော်မူသဖြင့် သင်တို့သည် ဘေး လွတ်ရကြ၏။ 12 နောက် တဖန် အမ္မုန် အမျိုးသား ရှင်ဘုရင် နာဟတ် သည် စစ်ချီမည်အကြောင်းကို သိ သောအခါ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မ ဟုတ်၊ ရှင် ဘုရင်သည် အကျွန်ုပ် တို့ကို အုပ်စိုး ရမည်ဟု သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ရှင်ဘုရင် လုပ်လျက်ပင်ငါ့ အား လျှောက် ထားကြ၏။ 13 ယခု မှာ သင်တို့လိုချင် ၍ ရွေးချယ် သော ရှင် ဘုရင်ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် သင် တို့အပေါ် မှာ ရှင်ဘုရင် ဖြစ်စေခြင်းငှါချီးမြှောက် တော်မူပြီ။ 14 သင်တို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ ဝတ်ပြု ခြင်းနှင့်တကွအာဏာ တော်ကို ဆန် စကား တော်ကို နားထောင် လျှင် သင် တို့နှင့် သင် တို့ကို အုပ်စိုး သော ရှင် ဘုရင်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ အမြဲလိုက်ကြလိမ့်မည်။ 15 သို့မဟုတ် ထာဝရဘုရား ၏ စကား တော်ကို နား ထောင်၊ အာဏာ တော်ကို ဆန် လျှင် ထာဝရဘုရား ၏ လက် တော်သည် ဘိုးဘေး တို့ကို ဆီးတားသကဲ့သို့ သင် တို့ကို ဆီးတားတော်မူလိမ့်မည်။ 16 ယခု မှာ သင် တို့မျက်မှောက် ၌ ထာဝရဘုရား ပြု တော်မူလတံ့သော အမှု ကြီး ကို ငြိမ်ဝပ်စွာ နေ ကြည့်ရှု လော့။ 17 ယနေ့ ဂျုံ စပါးရိတ် ရာ ကာလဖြစ်သည် မ ဟုတ်လော။ သို့သော်လည်းထာဝရဘုရား ကို ငါဆုတောင်း ၍ မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေတော်မူမည်။ သို့ဖြစ်၍ သင် တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် ထာဝရဘုရား ရှေ့ တော်၌ ပြစ်မှား မိသော အပြစ် သည် ကြီး ကြောင်း ကို ရိပ်မိ သိမြင် ရကြမည် ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ 18 ထာဝရဘုရား ကို ဆုတောင်း ထို နေ့၌ ထာဝရဘုရား သည် မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေ တော်မူ၍ လူ အပေါင်း တို့သည် ထာဝရဘုရား နှင့် ရှမွေလ ကို အလွန် ကြောက်ရွံ့ ကြ၏။ 19 လူ အပေါင်း တို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မ သေ ရမည်ကြောင်း ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ကိုယ်တော် ကျွန် တို့အဘို့ ဆုတောင်း တော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် အထက်အပြစ် များတို့အပေါ်မှာ ထပ် ၍ဒုစရိုက် ကို ပြုမိပါပြီဟု ရှမွေလ အား တောင်းပန် ကြ၏။ 20 ရှမွေလ ကလည်း စိုးရိမ် ကြနှင့်။ ဤ ဒုစရိုက် အပေါင်း ကို ပြု မိသော်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှ လွှဲ ကြနှင့်။ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ 21 ကျေးဇူး ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။ 22 ထာဝရဘုရား သည် မဟာ နာမ တော်ကိုထောက် ၍ မိမိ လူ တို့ကို စွန့် တော်မ မူ။ ထာဝရဘုရား သည် သင် တို့ကို မိမိ လူ အရာ၌ ခန့် ထားခြင်းငှါ အလို ရှိတော်မူပြီ။ 23 ငါ မူကား သင် တို့အဘို့ ဆု မတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရား ကို ပြစ်မှား ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကောင်းမွန် ဖြောင့်မတ် သော လမ်း ကိုလည်း သင် တို့အား ငါပြသ ဦးမည်။ 24 သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။ 25 သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။

13

1 ရှောလု သည် တနှစ်ကျော် နှစ် နှစ် ခန့်လောက် ဣသရေလ အမျိုး၌ မင်း ပြုပြီးမှ ဣသရေလ အမျိုးသားသုံး ထောင် တို့ကို ရွေးကောက် ပြီးလျှင်2 ကိုယ်တိုင်နေသောမိတ်မတ် မြို့နှင့် ဗေသလ တောင် ပေါ် မှာ လူနှစ်ထောင် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့၊ ယောနသန် ထံ မှာတထောင် ကိုထား၍၊ အခြား သောသူတို့ ကို မိမိ တို့ အသီးအသီး နေရာအရပ် သို့ လွှတ် လိုက်လေ၏။ 3 ယောနသန် သည် ဂိဗာ မြို့၌ ရှိသော ဖိလိတ္တိ တပ် ကို လုပ်ကြံ သဖြင့် ဖိလိတ္တိ လူတို့သည် သိတင်းကြား ကြ ၏။ ရှောလု ကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြား သိစေဟု တပြည်လုံး တံပိုး မှုတ် စေ၏။ 4 ရှောလု သည်ဖိလိတ္တိ တပ် ကို လုပ်ကြံ ကြောင်းနှင့် ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို ရွံ့ရှာ ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြားသိ ၍၊ လူ များတို့သည် ရှောလု နောက် ဂိလဂါလ မြို့၌ စည်းဝေး ကြ၏။ 5 ဖိလိတ္တိ လူတို့သည်လည်း ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် စစ်ချီ ဗေသဝင် မြို့အရှေ့ မိတ်မတ် မြို့၌ တပ်ချ ကြ၏။ 6 ဣသရေလ အမျိုးသား တို့သည် အလွန် ဆင်းရဲ ခံရသဖြင့် မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင် သောအခါ ဥမင် တောအုံ ကျောက် ကြား တောင်ထိပ် မြေတွင်း တို့၌ ပုန်းရှောင် ၍ နေကြ၏။ 7 ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ဂဒ် ပြည် ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။ 8 ရှမွေလ ချိန်းချက် သည်အတွင်း ရှောလုသည် ခုနစ် ရက် ငံ့လင့် ရှမွေလ သည် ဂိလဂါလ မြို့သို့ မ ရောက် လူ များတို့လည်း ထွက်ပြေး ကြ၏။ 9 ရှောလု ကလည်း မီး ရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ ထံသို့ ယူ ခဲ့ကြဟုဆို သဖြင့် မီး ရှို့ရာယဇ်ကို ပူဇော် လေ၏။ 10 မီး ရှို့ရာယဇ်ပူဇော် ခြင်းအမှု ပြီး သည်အဆုံး၌ ရှမွေလ သည် လာ ၏။ ရှောလု သည် ကောင်းကြီး ပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွား လျှင်11 ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ12 ဖိလိတ္တိ လူတို့သည် ငါ ရှိရာ ဂိလဂါလ မြို့သို့ စစ်ချီ ကြလိမ့်မည်။ ထာဝရဘုရား ကို ငါမ တောင်းပန် သေး ဟု အကျွန်ုပ်အောက်မေ့ သဖြင့် ကိုယ်ကို အနိုင် ပြု၍ မီး ရှို့ရာယဇ်ကို ပူဇော် မိပြီဟု ပြန်ပြော ၏။ 13 ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။ 14 ယခု မူကား သင် ၏ အာဏာ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်15 ဂိလဂါလ မြို့မှ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့သို့ သွား ၏။ ရှောလု သည် မိမိ ရှိသောလူ တို့ကို ရေတွက် ခြောက် ရာ ခန့် မျှ ရှိ ၏။ 16 သူနှင့် သား တော်ယောနသန် သူ တို့၌ ရှိ သောလူ အပေါင်းတို့သည် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့တွင် နေ ကြ၏။ ဖိလိတ္တိ လူတို့သည် မိတ်မတ် မြို့တွင် တပ်ချ ကြ၏။ 17 လုယူသော တပ်သုံး တပ်တို့သည်၊ ဖိလိတ္တိ တပ်မ ထဲက ထွက် တတပ်သည် ရွာလ ပြည် ဩဖရ မြို့ လမ်း သို့ လိုက် ၏။ 18 တပ် သည် ဗေသောရုန် မြို့လမ်း သို့ လိုက် ၏။ တ တပ် သည် တော ဘက် မှာ ဇေဘိုင်ချိုင့် ကို မျက်နှာပြု သော ပြည် စွန်းလမ်း သို့ လိုက် ၏။ 19 ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့သည် ထား လှံ တို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည် တရှောက်လုံး တွင် ပန်းပဲ တယောက်မျှမ ရှိ20 ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ပေါက်တူး ပုဆိန် တူးရွင်း ကို ထက် စေခြင်းငှါ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။ 21 နောက် တဖန် ထွန်သွား ပေါက်တူး သုံးခွ ခက်ရင်း ပုဆိန် ထိုးတံချွန် တုံးလျက်ရှိကြ၏။ 22 သို့ဖြစ်၍ စစ်တိုက် ရာကာလ ရှောလု နှင့် သားတော် ယောနသန် မှတပါး အဘယ်သူ၌ မျှ ထား လှံ ရှိ23 တဖန် ဖိလိတ္တိ တပ်သား တို့သည် မိတ်မတ် မြို့ လမ်းဝ သို့ ထွက် ၍ နေကြစဉ်တွင်၊

14

1 တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။ 2 ရှောလု သည် ဂိဗာ မြို့စွန်း မိဂြုန် ရွာ၊ ရိမ္မုန် ကျောက်ဆောင်နားမှာ နေ အထံတော်၌ လူ ခြောက် ရာ ခန့် မျှရှိ၏။ 3 သင်တိုင်း ဝတ် ၍ ရှိလော မြို့၌ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်ဖြစ်သောသူ ဧလိ နှင့်ဖိနဟတ် တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏အစ်ကို အဟိတုပ် ၏သား အဟိယ လည်း ရှိ၏။ ယောနသန် သွား ကြောင်း ကို လူ များ မ သိ ကြ။ 4 ယောနသန် သည် ဖိလိတ္တိ တပ် သို့ သွား စမ်းသော လမ်း ကြား မှာ၊ တစ်ဘက်တချက် ကျောက် ငူ ရှိ၏။ ကျောက် ငူ တခု သည် ဗောဇက် တခု သည် သေနေ အမည် ရှိ၏။ 5 တခု ကား မြောက် ဘက်၌ မိတ်မတ် မြို့သို့ ၎င်း တခု ကား တောင် ဘက်၌ ဂိဗာ မြို့သို့ ၎င်း မျက်နှာပြု သတည်း။ 6 ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်7 လုလင်က၊ စိတ် တော်ရှိသည်အတိုင်း ပြု ပါ။ လှည့် သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက် ပါမည်ဟု ပြန်ပြော သော်၊ 8 ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ကိုယ်ကို ပြ ကြကုန်အံ့။ 9 သူတို့ကနေ ကြ။ ငါ တို့လာ မည်ဟုဆို လျှင် သူ တို့ဆီ သို့မ သွား ဘဲ နေ ကြမည်။ 10 သို့မဟုတ် လာ ကြဟုဆို လျှင် သွား ကြမည်။ ထာဝရဘုရား သည် သူ တို့ကို ငါ တို့လက် သို့ အပ် တော်မူ ၏။ ထိုသို့ သော ပုပ္ပ နိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊ 11 နှစ် ယောက်တို့သည် ဖိလိတ္တိ တပ်သား တို့အား ကိုယ်ကိုပြ သောအခါ ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့ သည် ပုန်းရှောင် ရာတွင်း ထဲက ထွက် လာပါသည်တကား ဟုဆို လျက်၊ 12 တပ်သား တို့က၊ လာ ကြ။ တစုံတခုကို ပြ မည်ဟု ယောနသန် နှင့် လက်နက် ဆောင် လုလင်အားဆို လျှင် ယောနသန်က၊ ငါ့ နောက် သို့ လိုက် လော့။ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ လူတို့ လက် သို့ အပ် တော်မူပြီဟု လုလင်အား ဆိုသဖြင့်၊ 13 လေးဘက်တွားလျက် တက် ၍၊ လုလင်လည်းလိုက်၏။ ယောနသန် ရှေ့ မှာ ဖိလိတ္တိလူတို့သည် လဲ လုလင်သည် သူ့သခင့် နောက် မှာ လုပ်ကြံ လေ၏။ 14 ယောနသန် နှင့် လုလင်ပြုသော ပဌမ လုပ်ကြံ ခြင်းအားဖြင့်နွားတရှဉ်း ထွန်နိုင်သော မြေကွက် အတွင်း တွင် လူ နှစ် ဆယ်ခန့် မျှ သေကြ၏။ 15 စစ် သူရဲများ၊ လယ် လုပ်သူများ၊ အခြားသူများအပေါင်း တို့သည် တပ်သား များ၊ လုယူ သောသူများနှင့်တကွ တုန်လှုပ် ကြ၍၊ မြေကြီး လည်း လှုပ် သဖြင့် အလွန်ကြီးသော တုန်လှုပ် ခြင်းရှိ ၏။ 16 ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။ 17 ရှောလု ကလည်း အဘယ်သူ ထွက်သွား သည်ကို သိ ခြင်းငှါလူ များကို ရေတွက် ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍၊ ယောနသန် နှင့် သူ ၏လက်နက် ဆောင် လုလင် မ ရှိ။ 18 ထို ကာလ အခါ ဘုရား သခင်၏ သေတ္တာ တော်သည် ဣသရေလ အမျိုးသား တို့၌ ရှိ သည်ဖြစ်၍ ရှောလု က၊ ဘုရား သခင်၏ သေတ္တာ တော်ကိုယူ ခဲ့ပါဟု အဟိယ အား ဆို ၏။ 19 ရှောလု သည် ယဇ်ပုရောဟိတ် နှင့် စကားပြော စဉ် တွင်၊ ဖိလိတ္တိ တပ် အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလု က နေဦးတော့ဟု ယဇ်ပုရောဟိတ် အား ဆို သဖြင့်20 မိမိ နှင့် လူ အပေါင်း တို့သည် တယောက်ကိုတယောက်နှိုးဆော် လျက် စစ် ချီ၍ ရောက် သောအခါ ဖိလိတ္တိလူတို့သည် တယောက် ကိုတယောက်ခုတ်သဖြင့် အလွန် တပ်ပျက် လေ၏။ 21 အထက် ကာလ၌ ဖိလိတ္တိ လူတို့ဘက် မှာနေ ၍ အရပ်ရပ် တို့က တပ် သို့ လိုက် လာသော ဟေဗြဲ လူတို့ သည်လည်း ရှောလု နှင့် ယောနသန် ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။ 22 ဧဖရိမ် တောင် ပုန်းရှောင် ၍ နေသောဣသရေလ လူ အပေါင်း တို့သည်လည်း၊ ဖိလိတ္တိ လူ ပြေး ကြောင်း ကို ကြား သောအခါ စစ် ချီ၍ ကျပ်ကျပ်လိုက် ကြ၏။ 23 ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။ 24 ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ စား ရ။ 25 လူအပေါင်း တို့သည် မြေ ပေါ် ပျားရည် ရှိ ရာတော သို့ ရောက် သဖြင့်26 တော ထဲသို့ ဝင် သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း အကျိန် တော်ကို ကြောက် သောကြောင့် အဘယ်သူမျှမိမိ လက် ကို မိမိ ပါးစပ် ထည့်27 သို့ရာတွင် ခမည်းတော် သည် လူ များတို့အား အကျိန် ပေးသည်ကို ယောနသန် ကြား သောကြောင့် မိမိ ကိုင် သော လှံတံ ဖျား ကို ပျား လပို့၌ နှစ် မိမိ လက် နှင့် ယူစားသဖြင့် မျက်စိ ကြည်လင် လေ၏။ 28 ခမည်းတော် က၊ ယနေ့ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟု လူ များတို့အား ကျပ်ကျပ်အကျိန် ပေးတော်မူပြီဟု လူ တယောက်ကြား လျှောက်၏။ လူ တို့သည်လည်း မော လျက်နေကြ၏။ 29 ယောနသန် ကလည်း ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။ 30 လူ များတို့သည် ယနေ့ တွေ့ မိသော ရန်သူ ၏ ဥစ္စာ ကို စား ချင်တိုင်းစားလျှင် အဘယ်မျှ လောက်အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကားဟု ဆို လေ၏။ 31 ထို နေ့၌ ဖိလိတ္တိ လူတို့ကို မိတ်မတ် မြို့မှ အာဇလုန် မြို့တိုင်အောင် လုပ်ကြံ ကြ၏။ ဣသရေလလူ တို့ သည် အလွန် ပင်ပန်း သဖြင့်32 ရန်သူ၏ ဥစ္စာ ကို လုယူ ၍၊ သိုး နွား နွား သငယ်တို့ကို မြေ ပေါ် မှာ သတ် ပြီးလျှင် အသွေး နှင့်တကွ စား ကြ၏။ 33 ထိုသို့ လူ များတို့သည် အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား သည်ဟု ရှောလု အား ကြား လျှောက်လျှင် သင်တို့သည် သစ္စာ ပျက်ကြပြီ။ ကြီးစွာ သော ကျောက် ကို ငါ့ ထံသို့ ယနေ့ လှိမ့် ခဲ့။ 34 လူ များတို့တွင် အရပ်ရပ် သွား၍ လူအသီးအသီးမိမိ တို့ သိုး နွား ကို ဤအရပ်သို့ ယူ ခဲ့ပြီးလျှင် အရပ်၌ သတ် စား ကြစေ။ အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား စေနှင့်ဟု မိန့် တော်မူ သည်အတိုင်း လူ များတို့သည် အသီးအသီး မိမိ တို့ သိုးနွား ကို ထိုညဉ့် ၌ ယူ ခဲ့၍ ထို အရပ်၌ သတ် ကြ၏။ 35 ရှောလု သည်လည်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။ ထိုပလ္လင်ကား ထာဝရဘုရား အဘို့ တည် သော ပဌမ ပလ္လင် ဖြစ်သတည်း။ 36 တဖန် ရှောလု က၊ ညဉ့် အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မ ကျန်ကြွင်း စေဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီး ကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြု တော်မူပါဟု ဝန်ခံ ကြသော်၊ ယဇ်ပုရောဟိတ် က၊ ဘုရား သခင့်အထံ တော်သို့ ချဉ်းကပ် ကြကုန်အံ့ဟု ဆို လေ၏။ 37 ရှောလု ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ကို လိုက် ရပါမည်လော။ သူ တို့ကို ဣသရေလ လူတို့လက် သို့ အပ် တော်မူမည်လော ဟု ဘုရား သခင့်ထံ အခွင့် ပန်သော်လည်း ထို နေ့တွင် ပြန် တော်မ မူ။ 38 ရှောလု ကလည်း လူ တို့တွင် အရာရှိ အပေါင်း တို့၊ ယနေ့ အဘယ်သူ ပြစ်မှား မိသည်ကို သိ မြင် အံ့သောငှါချဉ်း ၍ လာကြလော့။ 39 ဣသရေလ အမျိုးကို ကယ်တင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ငါ့ သား ယောနသန် ဖြစ် သော်လည်း ဆက်ဆက်သေ ရမည်ဟုဆို သော်၊ အဘယ်သူ မျှပြန် ၍မ လျှောက်ဝံ့။ 40 ရှောလုကလည်း၊ သင် တို့သည် တစ်ဘက် ငါ နှင့် ငါ့ သား ယောနသန် သည် တစ်ဘက် နေ ရကြမည်ဟု ဆို လျှင် လူ များတို့က စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါဟု လျှောက် ကြသော်41 ရှောလု က၊ ဖြောင့်မတ် စွာ စီရင်တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း သဖြင့် လူ များတို့သည် လွတ် ကြ၍ ရှောလု နှင့် ယောနသန် ကို မှတ် တော်မူ၏။ 42 ရှောလု ကလည်း ငါ နှင့် ငါ့ သား ယောနသန် အဘို့ စာရေးတံ ပြုလော့ဟု ဆို သဖြင့် ယောနသန် ကို မှတ် တော်မူ၏။ 43 ရှောလု ကလည်း သင်ပြု သောအမှုကို ပြော လော့ဟု ယောနသန် အား ဆို လျှင် ယောနသန် က၊ အကျွန်ုပ် ကိုင်သော လှံ ဖျား နှင့် ပျားရည် အနည်းငယ် ကို ယူ၍ မြည်းစမ်း မိပါပြီ။ ထိုအမှုကြောင့်သာ သေ ရပါမည်ဟု ပြန်ပြော ၏။ 44 ရှောလု ကလည်း ယောနသန် သင်သည် ဆက်ဆက်မသေ လျှင် ဘုရား သခင်သည် ထို မျှမကငါ၌ ပြု တော်မူပါစေသောဟု ဆို သော်လည်း45 လူ များတို့က၊ ဣသရေလ အမျိုး၌ ကယ်တင် ခြင်း ကျေးဇူးကို ပြု ပြီးသော ယောနသန် သည် သေ ရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည် တပင်မျှ မြေ ပေါ် မှာ မ ကျ ရ။ သူသည် ဘုရား သခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြု ပါပြီဟု ဆို သဖြင့် အသက် ချမ်းသာစေခြင်းငှါယောနသန် ကို ကယ်နှုတ် ကြ၏။ 46 ထိုနောက် ရှောလု သည်ဖိလိတ္တိ လူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ် သို့ ပြန် သွားကြ၏။ 47 ထိုသို့ ရှောလု သည် ဣသရေလ အမျိုးကို စိုးစံ ပတ်ဝန်းကျင် ရန်သူ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ဧဒုံ ပြည်သား၊ ဇောဘ မင်း များ၊ ဖိလိတ္တိ လူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ သူတို့ကို အောင် လေ၏။ 48 ဗိုလ်ခြေ များကို နှိုးဆော် အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။ 49 သား တော် ကားယောနသန် ဣရွှိ မေလခိရွှ တည်း။ သမီး တော်နှစ် ယောက်တွင် အကြီး ကားမေရပ်။ အငယ် ကား၊ မိခါလ တည်း။ 50 မြောက်သားတော်ကား အဟိမတ် ၏ သမီး အဟိနောင် တည်း။ ဗိုလ်ချုပ် မင်းကား၊ ဘထွေး တော် နေရ သား အာဗနာ တည်း။ 51 ခမည်းတော် ကိရှ နှင့် အာဗနာ ၏ အဘ နေရ သည် အဗျေလ ၏ သား ဖြစ်၏။ 52 ရှောလု လက်ထက် ကာလပတ်လုံး ဖိလိတ္တိ လူတို့ကို ကျပ်ကျပ်စစ်တိုက် ရကြ၏။ ခွန်အား ကြီးသောသူ၊ ရဲရင့် သောသူ တွေ့ သမျှ တို့ကို ရှောလု သည် ရွေးကောက် ခန့်ထားလေ့ရှိ၏။

15

1 တဖန် ရှမွေလ က၊ ထာဝရဘုရား ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါသင့် ကို ဘိသိက် ပေးမည် အကြောင်း၊ ငါ့ ကို အထက်ကစေလွှတ် တော်မူသည်ဖြစ်၍ ယခု မှာ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ 2 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက် လာသောဣသရေလအမျိုး၌၊ အာမလက် အမျိုးပြု သော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ 3 ယခု သွား ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ယောက်ျား မိန်းမ သူငယ် နို့စို့ မှစ၍ သိုး နွား ကုလားအုပ် မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း4 ရှောလု သည် လူ တို့ကို စုဝေး စေ၍ တေလိမ် မြို့မှာ စာရင်း ယူသဖြင့် ခြေသည် သူရဲနှစ် သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။ 5 ရှောလု သည်လည်း အာမလက် မြို့ သို့ စစ်ချီ ချိုင့် တပ်ချ ပြီးမှ6 ကေနိ လူတို့ရှိရာသို့ စေလွှတ်လျက်၊ သင် တို့ကို အာမလက် လူတို့နှင့်အတူ ငါဖျက်ဆီး မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက် သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ သင်တို့သည် ကျေးဇူး ပြု ကြပြီဟု မှာ လိုက်သည် အတိုင်း ကေနိ လူတို့သည် အာမလက် လူတို့အထဲ က ထွက်သွား ကြ၏။ 7 ရှောလု သည် ဟဝိလ မြို့မှစ၍ အဲဂုတ္တု ပြည် တစ်ဘက်တချက် နေသော ရှုရ မြို့တိုင်အောင်အာမလက် လူတို့ကို လုပ်ကြံ လေ၏။ 8 အာမလက် ရှင်ဘုရင် အာဂတ် ကို အရှင် ဘမ်းမိ ၏။ လူ အပေါင်း တို့ကို ထား ဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။ 9 သို့ရာတွင် ရှောလု နှင့် လူ များတို့သည် အာဂတ် မင်းနှင့်တကွ၊ သိုး နွား အမြတ် အလတ်၊ ဆူ သော သိုးသငယ် ကောင်း သော ဥစ္စာရှိသမျှ ကို နှမြော ရှင်းရှင်းမ ဖျက်ဆီး ကြ။ အသုံး မဝင် ယုတ်မာ သော ဥစ္စာ ရှိသမျှ ကိုသာ ရှင်းရှင်းဖျက်ဆီး ကြ၏။ 10 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှမွေလ သို့ ရောက် လာ၍11 ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်12 နံနက် စောစောထ ၍ ရှောလု ကို ကြိုဆို ခြင်းငှါ သွားသောအခါ၊ ရှောလု သည် ကရမေလ မြို့သို့ ရောက် အောင်တိုင် ကို စိုက် ပြီးမှ လှည့်လည် သဖြင့် ဂိလဂါလ မြို့သို့ လွန် သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွား လေ၏။ 13 ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။ 14 ရှမွေလ ကလည်း သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊ 15 ရှောလု က၊ အာမလက် ပြည်မှ ဆောင် ခဲ့ပါပြီ။ လူ များတို့သည် ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ အကောင်းဆုံး သော သိုး နွား တို့ကို နှမြော ၍၊ ကြွင်း သော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီဟု ဆို ၏။ 16 ရှမွေလ ကလည်း နေ ပါဦးလော့။ မနေ့ည မှာ ထာဝရဘုရား မိန့် တော်မူသော စကားကို ပြန်ပြော ပါ မည်ဟု ရှောလု အား ဆို လျှင် ရှောလုက ပြော ပါတော့ဟုဆို ၏။ 17 ရှမွေလ ကလည်း သင် သည် ကိုယ်အထင်အတိုင်း ငယ် သောသူဖြစ်လျက်ပင်၊ ဣသရေလ အမျိုး တို့ ၏ အထွဋ် သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင် အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မ ဟုတ်လော18 ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။ 19 သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊ 20 ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။ 21 သို့ရာတွင် လူ များတို့သည် ဂိလဂါလ မြို့၌ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ လုယူ သော သိုး နွား ရှင်းရှင်းဖျက်ဆီး အပ်သောအရာ အကောင်းဆုံး တို့ကို သိမ်းယူ ကြပါပြီဟု ပြောဆို ပြန်၏။ 22 ရှမွေလ ကလည်း ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။ 23 ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။ 24 ရှောလု ကလည်း အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။ 25 အကျွန်ုပ် အပြစ် ကို သည်းခံ တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရား ကို ကိုးကွယ် မည်အကြောင်း အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သော်လည်း26 ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ27 လှည့် သွား သောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံ စွန်း ကို ကိုင် ဆွဲ၍ ဝတ်လုံစုတ် လေ၏။ 28 ရှမွေလ ကလည်း ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။ 29 ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်း သတ္တိဖြစ်သော ဘုရားသည် မုသာ သုံးခြင်း၊ နောင်တရ ခြင်း နှင့် ကင်းလွတ် တော်မူ၏။ နောင်တရ အံ့သောငှါ လူ ဖြစ်တော်မ မူဟုဆို သော်၊ 30 ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း31 ရှမွေလ သည် ရှောလု နောက် သို့ လိုက်၍ ရှောလု သည် ထာဝရဘုရား ကို ကိုးကွယ် လေ၏။ 32 ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။ 33 ရှမွေလ က၊ မိန်းမ များတို့သည် သင် ၏ထား ကြောင့် သား ဆုံးသကဲ့သို့ သင် ၏ အမိ သည် သား ဆုံး သော မိန်းမ ဖြစ်ရမည်ဟုဆို လျက် ဂိလဂါလ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ အာဂတ် ကို အပိုင်းပိုင်း ဖြတ်စေ၏။ 34 ထိုနောက် ရှမွေလ သည် ရာမ မြို့သို့သွား ရှောလု သည် မိမိ နေရာ ဂိဗာ မြို့၊ နန်းတော် သို့ ပြန် သွား လေ၏။ 35 ရှောလု အနိစ္စ မရောက်မှီတိုင်အောင် ရှမွေလ သည် နောက် တဖန် အကြည့် အရှုမ လာ။ သို့ရာတွင်ရှမွေလ သည် ရှောလု အတွက် စိတ် မသာညည်းတွားလျက်နေ၏။ ထာဝရဘုရား သည် ရှောလု ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရ တော်မူ၏။

16

1 တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။ 2 ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ထာဝရဘုရား က၊ နွားမတန်း ကိုယူ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။ 3 ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း4 ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊ 5 ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။ 6 သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊ 7 ထာဝရဘုရား က၊ သူ ၏မျက်နှာ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။ 8 တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။ 9 တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။ 10 တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။ 11 သင်၌ သား ရှိပြီလောဟု ယေရှဲ အား မေး လျှင် ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း12 စေလွှတ် သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။ 13 ရှမွေလ သည်လည်း ဆီ ဘူး ကိုယူ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ရာမ မြို့သို့ ပြန်သွား ၏။ 14 ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။ 15 ရှောလု ၏ ကျွန် တို့ကလည်း ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။ 16 ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်17 ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊ 18 ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်19 ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။ 20 ယေရှဲ သည် မုန့် တင်သော မြည်း စပျစ်ရည် ဘူး ဆိတ် သငယ်ကို ယူ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။ 21 ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ခစား သဖြင့် ရှောလုသည် အလွန် ချစ် လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။ 22 ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။ 23 ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ဒါဝိဒ် သည် စောင်း ကိုယူ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။

17

1 ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။ 2 ရှောလု နှင့် ဣသရေလ လူ တို့သည် စုဝေး ဧလာချိုင့် နားမှာ တပ်ချ ဖိလိတ္တိ လူတို့ကို တိုက် မည်ဟု စစ်ခင်းကျင်း ကြ၏။ 3 ဖိလိတ္တိ လူအချို့တို့သည် ချိုင့်တစ်ဘက်၌ တောင် ပေါ် မှာရပ် လျက်၊ ဣသရေလ လူအချို့တို့သည် ချိုင့် တစ်ဘက် တောင် ပေါ် မှာ ရပ် လျက်ရှိကြ၏။ 4 ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။ 5 သူသည် ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကို ဆောင်း၍ အခွက်ငါးဆယ်အချိန် ရှိသောကြေးဝါချပ်အင်္ကျီကို ဝတ် ၏။ 6 ကြေးဝါ ခြေ စွပ်ကို စွပ်လျက် ပခုံး ကြား မှာ ကြေးဝါ ကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။ 7 လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။ 8 ထိုသူရဲသည် ရပ် လျက် သင်တို့သည် စစ် ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက် လာကြသနည်း။ ငါ သည် ဖိလိတ္တိ လူ၊ သင် တို့သည် ရှောလု ကျွန် ဖြစ်ကြသည် မ ဟုတ်လော။ လူ တယောက်ကို ရွေးကောက် ငါ နှင့်တိုက်ခြင်းငှါလာ ပါစေ။ 9 သူသည် ငါ့ ကို တိုက် သတ် နိုင် လျှင် ငါတို့သည် သင် တို့၏ ကျွန် ခံ မည်။ သို့မဟုတ်ထိုသူ ကို ငါ နိုင် သတ် လျှင် သင်တို့သည် ငါ တို့၏ ကျွန် ခံ ငါ တို့အမှု ကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေ တို့ကို ဟစ် ပြော ဆို၏။ 10 တဖန် ထိုဖိလိတ္တိ လူက၊ ဣသရေလ ဗိုလ်ခြေ တို့ကို ယနေ့ ငါ ကြိမ်းပ ၏။ လူချင်းတိုက် စေခြင်းငှါလူ တယောက်ကို ပေး ကြလော့ဟု ဆို ၏။ 11 ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် အလွန် ကြောက်ရွံ့ ကြ၏။ 12 ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။ 13 ယေရှဲ ၏သား တို့တွင် အသက် အကြီးဆုံး သောသူ သုံး ယောက်တို့သည် စစ်မှု ကို ထမ်း၍ ရှောလု နောက် သို့ လိုက် ကြ၏။ သူတို့အမည် ကား သားဦး ဧလျာဘ ဒုတိယ သားအဘိနဒပ် တတိယ သားရှိမာ တည်း။ 14 ဒါဝိဒ် သည် အငယ်ဆုံး သော သားဖြစ်၏။ သားကြီး သုံး ယောက်တို့သည် ရှောလု နောက် တော်သို့ လိုက် ကြသော်လည်း15 ဒါဝိဒ် သည် မလိုက်၊ ဗက်လင် မြို့မှာ မိမိ အဘ ၏ သိုး တို့ကို ထိန်းကျောင်း ခြင်းငှါ ပြန် သွားလေ၏။ 16 ဖိလိတ္တိ လူသည် အရက် လေး ဆယ်ပတ်လုံး၊ နံနက် တခါ၊ ညဦး တခါ ချဉ်းကပ် ကိုယ်ကို ပြ ၏။ 17 ထိုအခါ ယေရှဲ သည် မိမိ သား ဒါဝိဒ် ကို ခေါ်၍၊ သင့် အစ်ကို တို့အဘို့ ပေါက်ပေါက် တဧဖာ နှင့် မုန့် ဆယ် လုံးတို့ကို ယူ အစ်ကို တို့ရှိရာတပ် တော်သို့ ပြေး သွားလော့။ 18 ဒိန်ခဲ ဆယ် လုံးကိုလည်း ယူ ၍ သူတို့တပ်မှူး အား ဆက်လော့။ သင့် အစ်ကို တို့သည် ကျန်းမာ ခြင်း ရှိသည် မရှိသည်ကို ကြည့်ရှု ပြီးမှ သူ တို့ထံမှာသက်သေ တစုံတခုကို ခံယူ လော့ဟုမှာ လိုက်လေ၏။ 19 ထိုကာလ၌ ရှောလု မှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူ အပေါင်း တို့သည် ဧလာချိုင့် မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် လျက် ရှိကြ၏။ 20 ဒါဝိဒ် သည် နံနက် စောစောထ သိုး တို့ကို သိုးထိန်း အပ် ပြီးလျှင် အဘမှာ လိုက်သည် အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခါလှည်းထားရာသို့ ရောက် သောအခါ21 ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိ တပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ် တလင်းသို့ ချီ လျက် စစ်တိုက် မည်အသံနှင့် ကြွေးကြော် ကြ၏။ 22 ဒါဝိဒ် သည် မိမိ ပါသောအရာ တို့ကို ရိက္ခါ စောင့် လက် အပ် ထားပြီးလျှင် တပ်သားစုထဲသို့ ပြေး မိမိ အစ်ကို တို့ကို နှုတ်ဆက် ၏။ 23 သူ တို့နှင့် ပြော စဉ်တွင်၊ ဖိလိတ္တိ လူ၊ ဂါသ မြို့သားဂေါလျတ် အမည်ရှိသောသူရဲသည်ဖိလိတ္တိ တပ် ထဲက ထွက် လာ၍ ယမန်ကဲ့သို့ ပြောဆို သည်ကို ဒါဝိဒ် သည် ကြား လေ၏။ 24 ဣသရေလ လူ အပေါင်း တို့သည် ထိုသူ ကို မြင် သောအခါ အလွန် ကြောက်ရွံ့ ပြေး ကြ၏။ 25 အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။ 26 ဒါဝိဒ် ကလည်း ထိုဖိလိတ္တိ လူကို သတ် ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်27 သူတို့က၊ ထိုလူကို သတ် သော သူ သည် ဤ မည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြော ကြ၏။ 28 ထိုသူတို့နှင့် ဒါဝိဒ်ပြော သည်ကို အစ်ကို အကြီး ဧလျာဘ ကြား လျှင် ဒါဝိဒ် ကို အမျက် ထွက် သင်သည် အဘယ်ကြောင့် အရပ်သို့ လာ သနည်း။ ထို နည်း သော သိုး တို့ကို တော တွင် အဘယ်သူ လက်၌ အပ် ခဲ့သနည်း။ သင့် မာန ကြီးခြင်း၊ သင့် စိတ် နှလုံးဆိုးညစ် ခြင်းကို ငါ သိ ၏။ စစ်ပွဲ ကို ကြည့်ရှု ခြင်းငှါ သာ လာ ပြီဟု ဆို ၏။ 29 ဒါဝိဒ် ကလည်း အကျွန်ုပ်သည် အဘယ် အမှုကို ပြု မိသနည်း။ ယခု ပြော စရာ အကြောင်းမ ရှိလော ဟု ဆို သောနောက်၊ 30 အခြား သောသူတို့ထံသို့ လှည့် ယမန်ကဲ့သို့ မေးမြန်း လျှင် သူတို့သည် ရှေ့အတူ ပြန် ပြောကြ၏။ 31 ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။ 32 ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊ 33 ရှောလု က၊ သင်သည် ထို ဖိလိတ္တိ လူကို သွား၍ မ တိုက် နိုင်။။ သင် သည် နုပျို သောသူဖြစ်၏။ ထိုသူ သည် ပျို သောအရွယ်မှစ၍ စစ် သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ် အား ဆို သော်34 ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။ 35 ကျွန်တော်လိုက် သတ် သဖြင့် သိုးသငယ်ကို သူ့ ပစပ် ထဲက နှုတ် ပါ၏။ ဝံသည် ကျွန်တော် ကို ပြန် ၍ ကိုက်သောအခါ ဝံ၏မုတ်ဆိတ် ကို ကိုင် ရိုက် သတ် ပါ၏။ 36 ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။ 37 ခြင်္သေ့ လက် ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။ 38 ရှောလု သည်လည်း ဒါဝိဒ် ကို မိမိ အဝတ် နှင့်ဝတ် စေသဖြင့် သူ ၏ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကိုတင် သံချပ် အင်္ကျီကိုလည်း ဝတ် စေ၏။ 39 ဒါဝိဒ် သည် ထား တော်ကို အဝတ် ပေါ် မှာ စည်း သွား မည်ဟု အားထုတ် သော်လည်း၊ ထိုလက်နက်များကို မ စုံစမ်း သေး။ သို့ဖြစ်၍ ဒါဝိဒ် က ဤ လက်နက်တို့နှင့် ကျွန်တော်မ သွား နိုင် ပါ၊ မ စုံစမ်း ပါသေး ဟု ရှောလု အား လျှောက် ချွတ် ပြန်လေ၏။ 40 တဖန် မိမိ တောင်ဝေး ကို ကိုင် လျက် ချော သောကျောက် ငါး လုံးကို ချောင်း ထဲက ရွေး သိုးထိန်း တန်ဆာတည်းဟူသောလွယ်အိတ် ထည့် ပြီးမှ၊ လောက်လွှဲ ကိုလည်း ကိုင်၍ ဖိလိတ္တိ လူရှိရာသို့ ချဉ်း လေ၏။ 41 ဖိလိတ္တိ လူသည်လည်း ဒါဝိဒ် ရှိရာသို့ ချဉ်း သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူလည်း သွား ၏။ 42 ဖိလိတ္တိ လူသည် ကြည့် ဒါဝိဒ် ကို မြင် သောအခါ မထီမဲ့မြင် ပြု၏။ အကြောင်း မူကား၊ သူသည် နုပျို သောသူ၊ ဆံပင်နီ မျက်နှာ လှ သောသူဖြစ် ၏။ 43 ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။ 44 တဖန် ဖိလိတ္တိ လူက လာ ခဲ့။ သင့် အသား ကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ငါပေး မည်ဟု ဒါဝိဒ် ကို ဆို ၏။ 45 ဒါဝိဒ် ကသင် သည် ထား လှံ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။ 46 ထာဝရဘုရား သည် သင့် ကို ငါ့ လက် ယနေ့ အပ် တော်မူသဖြင့် သင့် ကို ငါသတ် လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။ 47 ထာဝရဘုရား သည် ထား လှံ အားဖြင့် ကယ်တင် တော်မ မူကြောင်း ကို၊ ဤ ပရိသတ် အပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် စစ်မှု ကို ပိုင်၍၊ ငါ တို့လက် သို့ အပ်နှံ တော်မူ မည်ဟု ဖိလိတ္တိလူအား ဆို၏။ 48 ဖိလိတ္တိ လူသည်ထ ဒါဝိဒ် နှင့်တွေ့ ခြင်းငှါ ချဉ်း လာသောအခါ ဒါဝိဒ် သည်လည်း ဖိလိတ္တိ လူနှင့် တွေ့ ခြင်းငှါ ဗိုလ်ခြေ ရှိရာသို့ အလျင်အမြန် ပြေး ပြီးမှ49 လွယ်အိတ် ထဲက ကျောက် တလုံးကို နှိုက်ယူ လွှဲပစ် ၏။ ဖိလိတ္တိ လူ၏ နဖူး ကို မှန်၍ နဖူး ပေါက် သဖြင့် သူသည် မြေ ပေါ် မှာ ငိုက်စိုက် လဲ လေ၏။ 50 ထိုသို့ ဒါဝိဒ်သည် လောက်လွှဲ နှင့် ကျောက် တလုံးအားဖြင့် နိုင်လျက် ထိခိုက် သတ် လေ၏။ 51 ထိုအခါ ဒါဝိဒ် သည် ထား ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။ 52 ထိုအခါ ဣသရေလ အမျိုး ယုဒ အမျိုးသားတို့သည် ထ ကြွေးကြော် လျက် ချိုင့် တိုင်အောင် ၎င်း ဧကြုန် မြို့ တံခါး တိုင်အောင် ၎င်း၊ ဖိလိတ္တိ လူတို့ကို လိုက် ကြ၏။ ထိခိုက် သော ဖိလိတ္တိ လူတို့သည် ရှာရိမ် မြို့ လမ်း နားမှစ၍ဂါသ မြို့၊ ဧကြုန် မြို့တိုင်အောင် လဲ ကြ၏။ 53 ဣသရေလ အမျိုးသား တို့သည် ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာ၍ သူ တို့တဲ များကို လုယူ ကြ၏။ 54 ဒါဝိဒ် သည် ဖိလိတ္တိ လူ၏ ဦးခေါင်း ကို ယူ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ သူ ၏လက်နက် များ ကို မိမိ တဲ ထား ၏။ 55 ဒါဝိဒ် သည် ဖိလိတ္တိ လူကို တိုက် ခြင်းငှါ ထွက်သွား သည်ကို ရှောလု သည်မြင် လျှင် ထို လုလင် ကား အဘယ်သူ ၏ သား ဖြစ်သနည်းဟု ဗိုလ်ချုပ် မင်းအာဗနာ ကို မေး ၏။ အာဗနာ ကလည်း အရှင်မင်းကြီး အသက် တော် ရှင် သည်အတိုင်း ကျွန်တော်မ သိ ပါဟု လျှောက် လျှင်56 ရှင်ဘုရင် က၊ ထို လုလင် သည် အဘယ်သူ ၏ သား ဖြစ်လိမ့်မည်ကို မေး စစ်လော့ဟု မိန့် တော်မူ၏။ 57 ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှ သူ၏ ဦးခေါင်း ကို ကိုင် လျက် ပြန် လာသောအခါ အာဗနာ သည် ခေါ်၍ ရှောလု ထံသို့ ဆောင် သွားပြီးလျှင်58 ရှောလု က၊ အချင်း လုလင် သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။

18

1 ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။ 2 ထို နေ့၌ ရှောလု သည် ဒါဝိဒ်ကို သိမ်းဆည်း သူ့ အဘ ၏အိမ် သို့ နောက်တဖန် သွားနေရသော အခွင့် ကိုပေး တော်မ မူ။ 3 ယောနသန် သည်လည်း ဒါဝိဒ် ကို ကိုယ် နှင့်အမျှ ချစ် သောကြောင့် သူနှင့်အတူမိဿဟာယ ဖွဲ့ပြီးလျှင်4 မိမိ ဝတ်သော ဝတ်လုံ ကို ချွတ် မိမိ အဝတ် တန်ဆာများနှင့် ထား လေး ခါးစည်း တို့ကိုပင် ဒါဝိဒ် အား ပေး လေ၏။ 5 ဒါဝိဒ် သည် ရှောလု စေခိုင်း သမျှ ကို သွား ၍ သတိ ပညာနှင့်ပြုမူသောကြောင့် စစ်သူရဲ အုပ်အရာ၌ ခန့် ထားတော်မူသဖြင့် ဒါဝိဒ်သည် ကျွန် တော်မျိုးမှစ၍လူ အပေါင်း တို့တွင် မျက်နှာ ရ၏။ 6 ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှပြန် လာ၍၊ ရောက်လေရာရာ၌ မိန်းမ များတို့သည် ရှောလု မင်းကြီး ကို ခရီးဦးကြို ပြုအံ့သောငှါ ရွှင်လန်း သောစိတ်နှင့် သီချင်း ဆိုလျက် က လျက်၊ ပတ်သာ အစရှိ သည်တို့ကို တီးလျက်၊ ဣသရေလ မြို့ ရွာများထဲက ထွက် လာသဖြင့်7 ရှောလု အထောင်ထောင် ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။ 8 ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။ 9 ထို နေ့မှစ၍ ဒါဝိဒ် ကို အစဉ်ချောင်းမြောင်း လျက် နေ ၏။ 10 နက်ဖြန် နေ့ထာဝရဘုရား ထံတော်က၊ ဆိုး သောဝိညာဉ် သည် ရှောလု အပေါ် မှာရောက် သဖြင့် ရှောလု သည် နန်းတော် အလယ် ပရောဖက် ပြုသောကြောင့် ဒါဝိဒ် သည် အရင်ကဲ့သို့ စောင်းတီး လေ၏။ ရှောလု သည် လှံ တိုကို ကိုင်လျက်ရှိ၍၊ 11 ဒါဝိဒ် ကို ထရံ နားမှာထိုး မည်ဟု အကြံရှိသည်အတိုင်း လှံ တိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ် သည် အထံတော်မှ နှစ် ကြိမ်ရှောင်လွှဲ လေ၏။ 12 ထိုသို့ ထာဝရဘုရား သည် ရှောလု ထံမှ ထွက် ၍ ဒါဝိဒ် နှင့်အတူ ရှိ တော်မူသောကြောင့် ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့ သဖြင့်13 အထံ တော်မှ ရွှေ့ လူတထောင် အုပ် အရာကို ပေး ၏။ ဒါဝိဒ်သည် လူ များရှေ့ ထွက် ဝင် ရ၏။ 14 ဒါဝိဒ် သည် အရာရာ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။ 15 ထိုသို့ အလွန် သတိ ပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင် လျှင် သာ၍ကြောက်ရွံ့ လေ၏။ 16 ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ဒါဝိဒ် ကို ချစ် ကြ၏။ အကြောင်း မူကား၊ သူ တို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက် ဝင် တတ်၏။ 17 တဖန် ရှောလု သည် ဒါဝိဒ် ကို ခေါ်၍ ငါ့ သမီး ကြီး မေရပ် ကို သင့် အား ငါပေးစား မည်။ သင်သည် ငါ့ အဘို့ ရဲရင့် ထာဝရဘုရား အဘို့ စစ်တိုက် ခြင်းကိုသာ ပြုလော့ဟု မိန့် တော်မူ၏။ အကြောင်း မူကား၊ ငါ့ လက် သည် သူ့ အပေါ် သို့ မ ရောက် စေနှင့်။ ဖိလိတ္တိ လူတို့ လက် သည် ရောက် ပါစေသောဟု ရှောလု အကြံရှိ၏။ 18 ဒါဝိဒ် ကလည်း ကျွန်တော်သည် ရှင်ဘုရင် သမက် တော်ဖြစ် ရပါမည်အကြောင်း အဘယ်သို့ သောသူဖြစ်ပါသနည်း။ ကျွန်တော် အသက် နှင့် ကျွန်တော်အဆွေအမျိုး သည်၊ ဣသရေလ နိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလု အား လျှောက် ၏။ 19 သို့ရာတွင် ရှောလု ၏သမီး မေရပ် ကို ဒါဝိဒ် အား ပေးစား ရသောအချိန် ရောက် သောအခါ မေဟောလသိ အမျိုး အဒြေလ အား ပေးစား လေ၏။ 20 တဖန် ရှောလု သမီး မိခါလ သည် ဒါဝိဒ် ကို ချစ် ၏။ ထိုအကြောင်းကို လျှောက် သောအခါ ရှောလု သည် အားရ လျက်21 ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိ လူတို့ လက် သို့ ရောက် စေခြင်းငှါ ပေးစား မည်ဟု အကြံ ရှိ၏။ 22 နန်းတော် သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ် နှင့် တိတ်ဆိတ် စွာ စကား ပြောရမည်မှာ၊ ရှင် ဘုရင်သည် သင့် ကို စုံမက် ရှင်ဘုရင်၏ ကျွန် အပေါင်း တို့သည်လည်း ချစ် ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင် ၏ သမက် တော်ဖြစ်ကောင်းပါ၏ဟု မှာ ထားသည်အတိုင်း23 ရှောလု ၏ ကျွန် တို့သည် ဒါဝိဒ် အား ပြော ကြ၏။ ဒါဝိဒ် ကလည်း ကျွန်ုပ် သည် အသရေ မရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင် သမက် တော်လုပ်ရသောအမှုသည် သာမည အမှု ထင် သလောဟုပြောဆို၏။ 24 ရှောလု ကျွန် တို့ကလည်း ဒါဝိဒ် သည် ဤသို့ ပြောဆို ပါသည်ဟု လျှောက် လျှင်၊ 25 သင်တို့သည် တဖန် ပြော ရမည်မှာ၊ ရှင် ဘုရင်သည် ရန်သူ တို့၌ စိတ် တော်ပြေမည်အကြောင်း ဖိလိတ္တိ လူတို့၏ အရေဖျား တရာ မှ တပါးအခြားသော လက်ဖွဲ့ ရာကို အလို တော်မ ရှိဟု မှာ ထား၏။ သို့ရာတွင် ဒါဝိဒ် ကို ဖိလိတ္တိ လူတို့လက် ဖြင့် ဆုံး စေမည်ဟု ရှောလု အကြံ ရှိ၏။ 26 ရှောလု ကျွန် တို့သည် ထိုစကားကို ဒါဝိဒ် အား ပြန်ပြော သောအခါ ဒါဝိဒ် သည် ရှင်ဘုရင် သမက် တော်ဖြစ်ခြင်းငှါ အလို ရှိ၏။ ထို့ကြောင့်ချိန်းချက်သော အချိန်မ စေ့ မှီထ27 မိမိ လူ တို့နှင့်အတူ သွား သဖြင့် ဖိလိတ္တိ လူနှစ် ရာတို့ကိုသတ် ပြီးမှ ရှင်ဘုရင် ၏ သမက် တော် ဖြစ်လိုသောငှါ သူ တို့အရေဖျား များကို ယူ ခဲ့၍ စုံလင် သော အရေအတွက်အားဖြင့်ရှင်ဘုရင်အား ဆက် လေ၏။ ရှောလု သည်လည်း သမီး တော်မိခါလ ကို ပေးစား ရ၏။ 28 ထာဝရဘုရား သည် ဒါဝိဒ် နှင့်အတူ ရှိတော်မူကြောင်း ကို၎င်း၊ မိမိသမီး သည် ချစ် ကြောင်းကို၎င်း၊ ရှောလု သည် မြင်29 ကြောက်ရွံ့ သောစိတ် စွဲလမ်းလျက် အစဉ် အမြဲရန်ငြိုး ဖွဲ့လေ၏။ 30 တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။

19

1 ထို့ကြောင့် ရှောလုသည် ဒါဝိဒ် ကိုသတ် စေခြင်းငှါ သား တော်ယောနသန် နှင့် မိမိ ကျွန် အပေါင်း တို့ကို မှာ ထားလေ၏။ 2 သား တော်ယောနသန် သည် ဒါဝိဒ် ကို အလွန် ချစ် ငါ့ အဘ ရှောလု သည် သင့် ကို သတ် ခြင်းငှါ ရှာကြံ ၏။ သို့ဖြစ်၍ နံနက် တိုင်အောင်ကိုယ်ကို သတိပြု သဖြင့် ဆိတ်ကွယ် ရာအရပ်၌ ပုန်းရှောင် နေ ပါလော့။ 3 ငါ ထွက် သင် ရှိရာတော ငါ့ အဘ ထံ ခစား လျက် သင့် အမှု၌ စကားပြော မည်။ တွေ့မြင် သမျှကို သင့် အား ငါပြန် ကြားမည်ဟု ဒါဝိဒ် အား ပြောဆို ၏။ 4 ယောနသန် သည် အဘ ရှောလု ထံ၌ ဒါဝိဒ် ဘက်မှာပြော ၍၊ ရှင် ဘုရင်သည် ကျွန် တော်ဒါဝိဒ် ကို ပြစ်မှား ပါစေနှင့်။ သူသည်ကိုယ်တော် ကို ပြစ်မှား ပါ။ ကိုယ်တော် အလွန် ကျေးဇူး ပြုပါပြီ။ 5 မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိ လူကိုသတ် ထာဝရဘုရား သည် ဣသရေလ အမျိုးတမျိုးလုံး အဘို့ ကြီးစွာ သော ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကိုယ်တော်သည် မြင် ဝမ်းမြောက် ပါ၏။ သို့ဖြစ်၍ အကြောင်း မရှိဘဲ ဒါဝိဒ် ကိုသတ် သဖြင့် အဘယ်ကြောင့် အပြစ် မရှိသောသူ၏ အသက်ကိုသတ် သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆို သော်၊ 6 ရှောလု သည် ယောနသန် ၏ စကား ကို နားထောင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူသည် အသေ ခံရဟု ကျိန်ဆို လေ၏။ 7 ယောနသန် သည် ဒါဝိဒ် ကို ခေါ် အကြောင်း အရာ၊ အလုံးစုံ တို့ကို ပြော ပြီးမှ ရှောလု ထံသို့ သွင်း ပြန်၍ အထံ တော်၌ အရင် နေသကဲ့သို့ နေ ရ၏။ 8 တဖန် စစ်မှု ပေါ် ပြန်သောအခါ ဒါဝိဒ် ထွက် ဖိလိတ္တိ လူတို့ကို တိုက် လျက် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် သူတို့သည် ပြေး ကြ၏။ 9 ရှောလု သည် လှံ တိုကို ကိုင်၍နန်းတော် ထိုင် စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုး သောဝိညာဉ် သက်ရောက် ဒါဝိဒ် သည် စောင်းတီး လျက်နေသောအခါ10 သူ့ကိုလှံ တိုနှင့် ထရံ နားမှာ ထိုး စမ်းသော်လည်း အထံ တော်မှ ရှောင်ပြေး သဖြင့် လှံ တိုသည် ထရံ ကို စူး လျက် နေ၏။ ဒါဝိဒ် သည် ပြေး ထို ညဉ့် ကို လွတ် ရ၏။ 11 ရှောလု သည် သူ့ ကို စောင့် နံနက် ချိန်၌ သတ် စေခြင်းငှါ သူ့အိမ် သို့ လူ ကို လွှတ် စေ၏။ ဒါဝိဒ် မယား မိခါလ က၊ သင် သည် ယနေ့ည မှာ ကိုယ် အသက် ကို မ ကယ်မ လျှင် နက်ဖြန် နေ့၌ အသေ ခံရလိမ့်မည်ဟု ဆို လျက်12 ဒါဝိဒ် ကို ပြတင်းပေါက် မှ လျှော့ချ သူသည် အလွတ် ထွက်ပြေး လေ၏။ 13 မိခါလ သည်လည်း တေရပ်ရုပ်တု ကို ယူ ခုတင် ပေါ် မှာထား ပြီးလျှင် ဆိတ်မွေး ဖြင့်ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာ၍ စောင် နှင့် ခြုံ လေ၏။ 14 ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ ရှောလု စေလွှတ် သောလုလင် ရောက်သောအခါ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏။ 15 ရှောလု ကလည်း သူ့ ကို ငါသတ် မည်အကြောင်း ခုတင် နှင့်တကွ ဆောင် ခဲ့ကြဟု ဒါဝိဒ် ကို အကြည့် အရှုစေလွှတ် ၍၊ 16 တမန် တို့သည်ဝင် ကြသောအခါ ဆိတ်မွေး ဖြင့်‘ ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာလျက်၊ ခုတင် ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။ 17 ရှောလု ကလည်း ငါ့ ကို လှည့်စား ၍ အဘယ်ကြောင့် ငါ့ ရန်သူ ကို လွှတ် လိုက်သနည်း။ ယခု လွတ် အောင် ပြေးပါပြီတကားဟု မိခါလ အား ပြောဆို လျှင် မိခါလ က ငါသွားမည်။ သို့မဟုတ်သင့် ကို ငါသတ် မည်ဟု သူ ပြော ပါသည်ဟု ရှောလု အား ပြန်လျှောက် လေ၏။ 18 ထိုသို့ ဒါဝိဒ် ပြေး ရှောလုလက်မှ လွတ် သဖြင့် ရှမွေလ ရှိရာ ရာမ မြို့သို့ ရောက် လေ၏။ ရှောလု ပြု လေသမျှ တို့ကို ပြန်ကြား ပြီးမှ ရှမွေလ သည်သွား နာယုတ် ရွာမှာ နေ ၏။ 19 ဒါဝိဒ် သည် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိကြောင်းကို ရှောလု သည် ကြား20 ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ 21 ထိုသိတင်းကို ရှောလု သည်ကြား လျှင် အခြား သောသူတို့ကို စေလွှတ် သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယ အကြိမ် ရှောလု သည် စေလွှတ် ၊ ထို့အတူပြုကြရ၏။ 22 ထိုအခါ ကိုယ်တိုင်ရာမ မြို့သို့ သွား စေခု ရွာ၌ ရှိသောရေတွင်း ကြီး သို့ ရောက် သော်၊ ရှမွေလ နှင့် ဒါဝိဒ် တို့သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိပါသည်ဟု ကြား လျှောက်လေသော်23 ထို အရပ်သို့ သွား ဘုရား သခင်၏ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် နာယုတ် ရွာ တိုင်အောင် ပရောဖက် ပြုလျက် သွား လေ၏။ 24 အဝတ် တော်ကိုလည်း ချွတ် ရှမွေလ ရှေ့ မှာ ထိုအတူပရောဖက် ပြုလျက် အဝတ် မပါဘဲ တနေ့ နှင့် တညဉ့် လဲ လျက်နေ၏။ ထိုကြောင့် ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလောဟု ဆို လေ့ရှိကြ၏။

20

1 ဒါဝိဒ် သည် ရာမ မြို့၊ နာယုတ် ရွာမှ ပြေး ယောနသန် ထံသို့ ရောက် ပြီးလျှင် ကျွန်ုပ်သည် အဘယ်သို့ ပြု ဘိသနည်း။ အဘယ် အပြစ် ရှိသနည်း။ ခမည်းတော် သည် ကျွန်ုပ် အသက် ကို ရှာ မည်အကြောင်း ကျွန်ုပ် သည် အဘယ် ဒုစရိုက် ကို ပြုဘိသနည်းဟုမေးသော်၊ 2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မ သေ ရ။ ကျွန်ုပ် အဘ သည် ကျွန်ုပ် အား မ ပြော ဘဲ အမှု အကြီး အငယ် တစုံတခု ကိုမျှ မ ပြု တတ်။ ဤအမှုမှန်လျှင် ကျွန်ုပ် မသိစေခြင်းငှါအဘယ်ကြောင့် ဝှက်ထား မည်နည်း။ ဤ အမှု မှန်ဘူးဟု ပြန်ပြော ၏။ 3 ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။ 4 ယောနသန် ကလည်း သင့် စိတ် နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြု ပါမည်ဟု ဒါဝိဒ် အား ဆို လျှင်5 ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား သုံး ရက်နေ့ ညဦး တိုင်အောင် တော ပုန်းရှောင် လျက် နေပါရစေ။ 6 သင် ၏ အဘ သည် ကျွန်ုပ် ရှိသည်ကို မှတ်မိ လျှင် ဒါဝိဒ် ၏ အဆွေ အမျိုးအပေါင်း တို့သည် နှစ် စဉ်ပွဲ ခံ ချိန်ရှိသောကြောင့် မိမိ နေရာ ဗက်လင် မြို့ သို့ သွား ရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန် ပါ၏ဟု လျှောက် ပါ။ 7 အဘက ကောင်းပြီ ဟုဆို လျှင် ကိုယ်တော် ကျွန် သည် ချမ်းသာ ရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုး လျှင် ဘေး ပြုမည် အကြံ ရှိသည်ကို သဘောကျပါ။ 8 ကိုယ်တော် ကျွန် ကျေးဇူး ပြု ပါ။ ထာဝရဘုရား ၏ ပဋိညာဉ် ကို ကိုယ်တော် ကျွန် နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ် အပြစ် ရှိ လျှင် ကိုယ်တော် တိုင် သတ် ပါ။ အဘယ်ကြောင့် အဘ ထံသို့ ဆောင် သွားရပါမည်နည်းဟု ယောနသန် အား ဆို ၏။ 9 ယောနသန် က ထိုသို့သောအမှု ဝေး ပါစေသော။ ကျွန်ုပ် အဘ သည် သင် ဘေး ပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိ လျှင် သင့် အား ပြော ဘဲနေလိမ့်မည်လောဟု ဆို ၏။ 10 ဒါဝိဒ် ကလည်း ခမည်းတော် သည် ကြမ်းတမ်း စွာ ပြန် ပြောလျှင် ကျွန်ုပ် အား အဘယ်သူ ကြား ပြောလိမ့်မည်နည်းဟု ယောနသန် အား မေး သော်၊ 11 ယောနသန် က၊ ငါတို့သည် တော သို့ သွား ကြကုန်အံ့ဟု ဒါဝိဒ် အား ဆို လျက် နှစ် ယောက်တို့သည် တော သို့ထွက်သွား ကြ၏။ 12 ယောနသန် ကလည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ကျွန်ုပ် အဘ ကို စုံစမ်း သောအခါ သူသည် ဒါဝိဒ် ကောင်း သော အကြံရှိ၍ သင့် ကို ကျွန်ုပ်မ ကြားလိုက်ဘဲ နေသော်၎င်း၊ 13 သို့မဟုတ်ကျွန်ုပ် အဘ သည် ဘေး ပြုခြင်းငှါ အလို ရှိ၍ သင်သည် ငြိမ်ဝပ် စွာ သွား ရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရား သည် ကျွန်ုပ် အဘ နှင့်အတူ ရှိ ခဲ့ပြီးသကဲ့သို့ သင် နှင့်အတူ ရှိ ပါစေသော။ 14 သင်သည် ကျွန်ုပ် အသက် ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူး ပြု ရမည်မက15 ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ အပေါင်းတို့ကို မြေကြီး ပေါ် က ပယ်ရှင်း တော်မူသောနောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ် အစဉ်အမြဲ ကျေးဇူး ပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊ 16 သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူ တို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ် နှင့် ပဋိညာဉ်ဖွဲ့ သဖြင့် ၎င်း၊ 17 ကိုယ် ဝိညာဉ် ကို ချစ် သကဲ့သို့ဒါဝိဒ်ကို ချစ် သောကြောင့် ချစ်သောစိတ်အားကြီး၍ ဒါဝိဒ် အား အထပ်ထပ် ကျိန်ဆို ၏။ 18 တဖန် ယောနသန် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ သင် ထိုင် ရာအရပ် လပ် လျှင် သင်မ ရှိကြောင်း ထင်ရှားလိမ့်မည်။ 19 သင်သည် သုံး ရက်နေပြီးမှ အလျင်အမြန် ဆင်းလာ သဖြင့် အရင်အမှု ရှိစဉ် ပုန်းရှောင် ၍ နေရာ အရပ်သို့ ရောက် လျှင် ဧဇေလ ကျောက် နား မှာ နေ ရမည်။ 20 ကျွန်ုပ် သည်လည်း စက် ကို ပစ် ဟန်ပြု၍၊ ထိုကျောက်နား သို့ မြှား သုံး စင်းပစ် မည်။ 21 မြှား တို့ကို သွား ၍ ရှာ ချေဟု လူ ကလေးကို စေခိုင်း သောအခါ မြှား တို့သည် နင့် အနား မှာရှိ၏။ ကောက် တော့ဟု သေချာစွာ ပြော လျှင် လာ ခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေး ရှိ၊ ချမ်းသာ ရပြီ။ 22 သို့မဟုတ် မြှား တို့သည် နင့် ကို လွန် ပြီဟု လုလင် အား ဆို လျှင် သွား လော့။ ထာဝရဘုရား သည် သင့် ကို လွှတ်လိုက် တော်မူ၏။ 23 ယခု ငါတို့နှစ်ယောက် ပြော သော အမှု ၌ကား၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား မှာ အစဉ် ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။ 24 ဒါဝိဒ် သည် တော ပုန်းရှောင် ၍ နေ၏။ လဆန်း နေ့ရောက် မှ ရှင် ဘုရင်သည် စားတော်ခေါ် ခြင်းငှါ ထိုင် ၏။ 25 ထုံးစံအတိုင်းထရံ နား မှာ ရှင်ဘုရင် ထိုင် လျှင် ယောနသန် အာဗနာ သည် ရှောလု အနား မှာ ထိုင် ၏။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏။ 26 သို့ရာတွင် ရှောလု က အကြောင်းတစုံတခု ရှိလိမ့်မည်။ သူ သည် မ စင်ကြယ်။ အကယ်၍ သူ သည် မ စင်ကြယ် ဟု ထင်မှတ် ၍ ထို နေ့၌ တိတ်ဆိတ် စွာနေ၏။ 27 နက်ဖြန် နေ့ လဆန်း နှစ် ရက်နေ့၌ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည်လပ် သောကြောင့် ရှောလု က၊ ယေရှဲ သား သည် စား ပွဲတော်သို့ မနေ့က မလာ၊ ယနေ့ လည်း မ လာ ဘဲ အဘယ်ကြောင့် နေသနည်းဟု သား တော် ယောနသန် အား မေး လျှင်28 ယောနသန် က၊ ဒါဝိဒ် သည် ဗက်လင် မြို့သို့ သွားရမည်အကြောင်းကျပ်ကျပ်အခွင့် ပန်လျက်၊ 29 အကျွန်ုပ် သွားရသောအခွင့် ကိုပေး ပါလော့။ အကျွန်ုပ် အဆွေအမျိုး တို့သည် ထိုမြို့ ယဇ် ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကို လည်း မှာ လိုက်ပါပြီ။ စိတ် တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား အစ်ကို တို့ကို မြင် ရမည်အကြောင်းအခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲ တော်သို့ လာ ပါဟု ရှောလုအား လျှောက် လေ၏။ 30 ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် မြောက်မထား သော မိန်းမ၏သား သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော31 ယေရှဲ ၏သား သည် မြေကြီး ပေါ် မှာ အသက် ရှင်သည်ကာလ ပတ်လုံး သင် နှင့် သင် ၏နိုင်ငံ တည် ရ။ ယခု စေလွှတ် သူ ကိုခေါ် ခဲ့။ သူ သည် အသေ ခံရမည်ဟုဆို လျှင်၊ 32 ယောနသန် က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေ ခံရမည်နည်း။ အဘယ်သို့ ပြု ဘိသနည်းဟု အဘ ရှောလု အား မေး လေသော်33 ရှောလု သည် ယောနသန်ကို မှန်စေခြင်းငှါ လှံ တိုကို လက်လွှတ် ၍ ထိုး လေ၏။ သို့ဖြစ်၍ အဘ သည် ဒါဝိဒ် ကိုသတ် မည်အကြံရှိသည်ကို ယောနသန် သည် သိ သဖြင့်34 အမျက် ထွက်၍ ထိုလဆန်း နှစ် ရက်နေ့ အစာ စား ဘဲ ထ သွား၏။ မိမိ အဘ သည် ဒါဝိဒ်ကို အရှက် ခွဲသောကြောင့် ဒါဝိဒ် အတွက် ညှိုးငယ် သောစိတ် ရှိ၏။ 35 နံနက် ရောက် မှ ဒါဝိဒ် နှင့် ချိန်းချက် သော အချိန်၌ ယောနသန် သည် လူ ကလေးကို ခေါ်၍ တော သို့ သွား ၏။ 36 လူ ကလေးအား လည်း ပြေး တော့။ ငါ ပစ် သော မြှား တို့ကို ရှာ တော့ဟုဆို ၍ လူ ကလေးသည် ပြေး သောအခါ သူ့ ကို လွန် အောင်မြှား တစင်းကို ပစ် လေ၏။ 37 ယောနသန် ပစ် သော မြှား ကျရာ အရပ် သို့ လူ ကလေးရောက် သောအခါ ယောနသန် က၊ မြှား တစင်းသည် နင့် ကို လွန် ပြီမ ဟုတ်လော38 ကြိုးစား၍ အလျင်အမြန် ပြေး တော့။ မ နေ နှင့်ဟု လူ ကလေးနောက် မှာ ဟစ် လေ၏။ လူ ကလေးသည်လည်း မြှား တို့ကို ကောက် မိမိ သခင့် ထံသို့ ပြန် လာ၏။ 39 သို့ရာတွင် လူ ကလေးသည် ထိုအမှု ကို နား လည်။ ယောနသန် နှင့် ဒါဝိဒ် သာ နားလည် ကြ၏။ 40 ယောနသန် သည် မိမိ လက်နက် တို့ကို လူ ကလေး၌ အပ် မြို့ ထဲသို့ယူ သွားတော့ဟု ဆို ၏။ 41 လူ ကလေးသွား သောနောက် ဒါဝိဒ် သည် တောင် မျက်နှာအရပ်က မြေ ပေါ် မှာ ပြပ်ဝပ် လျက် သုံး ကြိမ် တိုင်အောင်ဦးညွှတ် ပြီးလျှင် သူတို့သည် တယောက် ကို တယောက်နမ်း လျက် မျက်ရည် ကျလျက်၊ ဒါဝိဒ် သည်သာ၍ ပြုသည်တိုင်အောင်ပြုကြ၏။ 42 ယောနသန် ကလည်း ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား သင့် အမျိုးအနွယ် နှင့် ကျွန်ုပ် အမျိုးအနွယ် စပ်ကြား မှာ အစဉ်အမြဲ ရှိ တော်မူစေသတည်းဟူ၍ထာဝရဘုရား ၏ နာမ တော်ကို တိုင်တည် သဖြင့် ငါ တို့နှစ် ယောက်သည် ကျိန်ဆိုကြသည်ကိုထောက် ၍၊ ငြိမ်ဝပ် စွာ သွား တော့ဟု ဒါဝိဒ် အား ဆို လျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

21

1 ဒါဝိဒ် သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် အဟိမလက် သည် ဒါဝိဒ် နှင့် တွေ့ သောအခါ ကြောက် ၍၊ သင် သည် လူ တယောက်မျှ မ ပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟုမေး သော်2 ဒါဝိဒ် က၊ ရှင်ဘုရင် အမှု တော်တခုကို အပ် ၍၊ ငါ စေခိုင်း မှာ ထားသော အမှု ကို အဘယ်သူမျှမ သိ စေနှင့်ဟု မိန့် တော်မူသောကြောင့် ငါ့ကျွန် တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။ 3 သို့ဖြစ်၍ ကိုယ်တော် လက် ရှိ သော မုန့် ငါး လုံးကိုသော်၎င်း၊ တွေ့ သမျှကို သော်၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက် အား တောင်း ၏။ 4 ယဇ် ပုရောဟိတ်က၊ ငါ့ လက် လူတိုင်းစားရသောမုန့် ရှိ။ လုလင် တို့သည် မိန်းမ ကိုသာ ရှောင် လျှင် သန့်ရှင်း သော မုန့် ရှိ သည်ဟု ဒါဝိဒ် အားဆို ၏။ 5 ဒါဝိဒ် ကလည်း ကျွန်ုပ် ထွက် ကတည်းကအဘယ်သူမျှမိန်းမ နှင့် မ ပေါင်းဘော်၊ လုလင် တန်ဆာ တို့သည် သန့်ရှင်း ပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသောမုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်း သောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန် ပြောသော်6 ယဇ် ပုရောဟိတ်သည် ရှေ့ တော်မုန့် မှတပါး အခြားသော မုန့် ရှိ သောကြောင့် သန့်ရှင်း သော မုန့်ကိုပေး ၏။ ထိုရှေ့တော်မုန့်အစား၌ မုန့် သစ်ကို တင် ထားအံ့သောငှါ ထာဝရဘုရား ရှေ့ တော်မှ နှုတ်ပယ် နှင့်ပြီ။ 7 ထို နေ့၌ အမှု တော်ထမ်းအဝင် သိုး တော်ထိန်းအုပ် ဧဒုံ အမျိုးသား၊ ဒေါဂ အမည် ရှိသောသူသည် ထာဝရဘုရား ရှေ့ တော်၌ စောင့် နေရ၏။ 8 ဒါဝိဒ် ကလည်း ကိုယ်တော် ထား လှံ ရှိ သလော။ အမှု တော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ထား အစရှိသော လက်နက် တစုံတခု မျှ မ ပါ ဟု အဟိမလက် အား ပြော လေသော်၊ 9 ယဇ် ပုရောဟိတ်က၊ ဧလာချိုင့် သင်လုပ်ကြံ ခဲ့သော ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား သည် အဝတ် နှင့် ထုပ်ရစ် လျက် သင်တိုင်း တော်နောက် မှာ ရှိ၏။ ယူ ချင်လျင် ယူ တော့။ အခြား သော ထားမ ရှိဟု ဆိုလျှင်၊ ဒါဝိဒ် က ထိုထားနှင့် တူသော ထားမ ရှိ။ ပေး ပါတော့ဟု ဆို ၏။ 10 ထို နေ့၌ ဒါဝိဒ် သည် ရှောလု ကို ကြောက်သောကြောင့်ထ ဂါသ မင်းကြီး အာခိတ် ထံသို့ ပြေး သွား ၏။ 11 အာခိတ် မင်း၏ ကျွန် တို့က၊ ဤ ဒါဝိဒ် သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မ ဟုတ်လော။ ရှောလု အထောင်ထောင် ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်က လျက် သီချင်း ဆိုကြသည် မ ဟုတ်လော ဟု လျှောက် ကြ၏။ 12 ထို စကား ကို ဒါဝိဒ် သည် မှတ်မိ၍၊ ဂါသ မင်းကြီး အာခိတ် ကို အလွန် ကြောက် သောကြောင့်13 ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် တံခါးရွက် ပေါ် ၌ ရေးသား မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။ 14 အာခိတ် မင်းကလည်း ကြည့် ကြလော့။ ဤသူ သည် အရူး ဖြစ်၏။ အဘယ်ကြောင့် ငါ့ ထံသို့ သွင်း ကြသနည်း။ 15 အရူး ကို ငါ အသုံးလို သည်ဟု သင်တို့သည် ထင်လျက် ငါ့ ရှေ့ မှာ အရူး လုပ်စေခြင်းငှါ သူကို သွင်း ကြသလော။ ဤ သူသည် နန်းတော် ထဲသို့ ဝင် ရမည်လော ဟု ကျွန် တို့အား ဆို ၏။

22

1 ဒါဝိဒ် သည် ထို အရပ်မှ ပြေး အဒုလံ ဥမင် သို့ ဘေး လွတ်လျက် ရောက်လေ၏။ သူ့ အစ်ကို များ၊ အဆွေ အမျိုးများအပေါင်း တို့သည် ကြား လျှင် သူ့ ထံသို့ သွား ကြ၏။ 2 အမှု ရောက်သောသူ ကြွေးတင် သောသူ စိတ်ညစ် သောသူ အပေါင်း တို့သည်၊ သူ့ ထံမှာ စုဝေး ကြ၍ လူ လေး ရာ ခန့် ရှိ သဖြင့် ဒါဝိဒ်သည် သူ တို့ကို အုပ် ရ၏။ 3 ထို အရပ်မှ မောဘ ပြည် မိဇပါ မြို့သို့သွား မောဘ ရှင်ဘုရင် အား ဘုရား သခင်သည် ကျွန်တော် အဘယ်သို့ ပြု တော်မူမည်ကို ကျွန်တော်မသိ ဘဲနေစဉ်တွင်၊ ကျွန်တော် မိဘ သည် ထွက် လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကိုပေး တော်မူပါဟု လျှောက်သဖြင့်၊ 4 မောဘ ရှင်ဘုရင် ထံသို့ သွင်း ဒါဝိဒ် သည် ခိုင်ခံ့ သော ဥမင်၌ နေ သည်ကာလ ပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာနေ ကြ၏။ 5 တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ဟာရက် တော ၌ နေ၏။ 6 ထိုအခါ ရှောလု သည် ဂိဗာ မြို့၌ ကုန်း ပေါ် တွင် သစ်ပင် အောက် မှာ လှံ ကို ကိုင်လျက်၊ ကျွန် အပေါင်း တို့ သည် ခြံရံ လျက်နေစဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ပေါ် ကြောင်း ကို ရှောလု ကြား ၍၊ 7 အို ဗင်္ယာမိန် အမျိုးသား တို့၊ ယေရှဲ ၏သား သည် လယ် များ၊ စပျစ် ဥယျာဉ်များကို သင် တို့ရှိသမျှ ဝေပေး နိုင်သလော။ သင် တို့ရှိသမျှ ကို လူတထောင် အုပ် တရာ အုပ် အရာ၌ ခန့်ထား နိုင်သလော။ 8 ထိုသို့ ပြုနိုင်သောကြောင့်သင် တို့အပေါင်း သည် ငါ့ တဘက် ၌ သင်းဖွဲ့ ကြသလော။ ငါ့ သား သည် ယေရှဲ ၏သား နှင့် မိဿဟာယ ဖွဲ့ကြောင်းကို တယောက်မျှမ ပြော။ ငါ့ အတွက် တယောက်မျှ ဝမ်း နည်း။ ငါ့ ကျွန် သည် ယနေ့ ပြုသည် အတိုင်း ငါ့ ကို ချောင်းမြောင်း စေခြင်းငှါ ငါ့ သား နှိုးဆော် ကြောင်း ကို တယောက်မျှမပြော ဘဲ နေကြသည်တကားဟု အခြံအရံ တို့အား ဆို လေသော်9 ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။ 10 အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရား ထံတော်၌ မေးမြန်း စားစရိတ် ကို၎င်း ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား ကို၎င်းပေး ပါ၏ဟု ကြား လျှောက်လျှင်11 ရှင် ဘုရင်သည် အဟိတုပ် ၏သား ယဇ်ပုရောဟိတ် အဟိမလက် နှင့် သူ ၏အဆွေအမျိုး တည်းဟူသောနောဗ မြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်း တို့ကို ခေါ် သူတို့သည် အထံ တော်သို့ ရောက် လာကြ၏။ 12 ရှောလု ကလည်း အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။ 13 ရှောလု ကလည်း သင် နှင့် ယေရှဲ ၏သား သည် အဘယ်ကြောင့် ငါ့ တစ်ဘက် ၌ သင်းဖွဲ့ ကြသနည်း။ သူသည် ယနေ့ ပြုသည့်အတိုင်း ငါ့ ကို ပုန်ကန် စေခြင်းငှါ သင် သည် မုန့် နှင့် ထား ကိုပေး သူ အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြီတကားဟု ဆို သော်၊ 14 အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် အသရေ ရှိသောသူဖြစ် ပါ၏။ 15 ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ် အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြုသလော။ ထိုအမှု ဝေး ပါစေသော။ ရှင် ဘုရင်သည် ကိုယ်တော် ကျွန် နှင့် ကျွန်တော် ၏အဆွေအမျိုး တစုံတယောက် မျှ အပြစ်တင် တော်မ မူပါနှင့်၊ ကိုယ်တော် ကျွန် သည် ဤ အမှု ကို အကြီး အငယ် အားဖြင့်မျှ မ သိ ပါဟု ရှင်ဘုရင် အား လျှောက် လေ၏။ 16 ရှင်ဘုရင် က၊ အဟိမလက် သင် နှင့် သင် ၏အဆွေအမျိုး အပေါင်း တို့သည် ဧကန်အမှန်အသေ ခံရမည်ဟု ဆို လျက်17 ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် သူတို့ကို လှည့် သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို လုပ်ကြံ ဘဲ နေကြ၏။ 18 တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။ 19 ယဇ်ပုရောဟိတ် ပိုင်သော နောဗ မြို့ ကိုလည်း တိုက်၍ ယောက်ျား မိန်းမ သူငယ် နို့စို့ မှစ၍ နွား မြည်း သိုး တို့ကို ထား နှင့်လုပ်ကြံလေ၏။ 20 အဟိတုပ် ၏ သား ဖြစ်သော အဟိမလက် ၏သား တို့တွင်၊ အဗျာသာ အမည် ရှိသောသူတယောက် သည် လွတ် ဒါဝိဒ် ရှိရာ သို့ ပြေး လေ၏။ 21 ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို ရှောလု သတ် ကြောင်း ကို၊ အဗျာသာ သည် ဒါဝိဒ် အား ကြားပြော သောအခါ22 ဒါဝိဒ် က၊ ဧဒုံ အမျိုးသားဒေါဂ သည် ရှောလု အား ပြော မည်ဟု သူ့ကိုတွေ့သောနေ့ ငါရိပ်မိ ၏။ ငါ သည် သင် ၏ အဆွေအမျိုး အပေါင်း တို့ကို သေစေခြင်းငှါပြုမိပါပြီတကား။ 23 ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

23

1 ဖိလိတ္တိ လူတို့သည် ကိလ မြို့ကို တိုက် ကောက်နယ် တလင်းတို့ကို လုယူ ကြောင်းကို ဒါဝိဒ် သည် ကြား သောအခါ2 အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။ 3 ဒါဝိဒ် ၏လူ တို့ကလည်း ငါ တို့သည် ယုဒ ပြည်၌ ပင် ကြောက် ကြ၏။ ထိုမျှမက ကိလ မြို့သို့ရောက်၍ ဖိလိတ္တိ ဗိုလ်ခြေ တို့နှင့် စစ်ပြိုင်သောအခါသာ၍ကြောက်စရာရှိပါသည်တကားဟု ဆို ကြ၏။ 4 တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း5 ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ကိလ မြို့သို့သွား ဖိလိတ္တိ လူတို့နှင့် တိုက် သဖြင့် ထိုသူ တို့၏ တိရစ္ဆာန် များကို ယူ သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ကြ၏။ ထိုသို့ဒါဝိဒ် သည် ကိလ မြို့ကို ကယ်တင် လေ၏။ 6 အဟိမလက် ၏သား အဗျာသာ သည်၊ ဒါဝိဒ် ရှိရာ ကိလ မြို့သို့ ပြေး လာသောအခါ သင်တိုင်း တော် ပါလျက်ရောက် လာသတည်း။ 7 ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်8 ကိလ မြို့သို့ စစ် ချီ ၍ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ထားခြင်းငှါ မိမိလူ အပေါင်း တို့ကို စုဝေး စေ၏။ 9 ရှောလု သည် မ ကောင်းသော အကြံနှင့် ကြိုးစား သည်ကို ဒါဝိဒ် သည် သိ ယဇ်ပုရောဟိတ် အဗျာသာ အား သင်တိုင်း တော်ကို ယူ ခဲ့ပါဟု ဆို ၏။ 10 ထိုအခါ ဒါဝိဒ် က၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှောလု သည် ကိလ မြို့သို့ လာ ၍ ကိုယ်တော် ၏ကျွန် အတွက် ဖျက်ဆီး မည်ဟု အကြံ ရှိသည်ကို ဆက်ဆက်ကြား ပါ၏။ 11 ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။ 12 တဖန် ဒါဝိဒ် က၊ ကိလ မြို့သား တို့သည် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့ကို ရှောလု လက် သို့ အပ် ကြပါလိမ့်မည်လော ဟု မေးလျှောက် သော် ထာဝရဘုရား က၊ အပ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။ 13 ထိုအခါ ဒါဝိဒ် သည် ခြောက် ရာ ခန့် ရှိသောမိမိ လူ တို့နှင့် ကိလ မြို့မှ ထွက် ပြီးလျှင် သွား နိုင် ရာအရပ်ရပ်သို့ သွား ကြ၏။ ဒါဝိဒ် သည် ကိလ မြို့မှ အလွတ် ပြေးကြောင်း ကို ရှောလု သည်ကြား ကိုယ်တိုင်မသွား ဘဲ နေ၏။ 14 ဒါဝိဒ် သည် ဇိဖ တောင်အစရှိသော တော ကြိုတောင် ကြားတို့၌ နေ ရှောလု သည် နေ့ တိုင်း ရှာ သော်လည်း သူ ၏လက် ဒါဝိဒ်ကို ဘုရား သခင်အပ် တော်မ မူ။ 15 တရံရောအခါဒါဝိဒ် သည် ဇိဖ တောအုပ် ရှိ၍၊ သူ ၏ အသက် ကိုသတ် မည်ဟု ရှောလု လာ သည်ကို သိ သောအခါ16 ရှောလု ၏ သား ယောနသန် သည် ထ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊ 17 စိုးရိမ် နှင့်။ သင် သည် ကျွန်ုပ် အဘ ရှောလု ၏ လက် မှလွတ်၍ ဣသရေလ ရှင် ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ် သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ် အဘ ရှောလု သိ သည်ဟု ဆို သဖြင့်18 ထိုသူ နှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပဋိညာဉ် ဖွဲ့ ကြပြီးမှ ဒါဝိဒ် သည် တောအုပ် နေ ယောနသန် သည် မိမိ အိမ် သို့ သွား ၏။ 19 တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ကျွန်တော် တို့နေရာ ယေရှိမုန် မြို့ တောင် ဘက်မှာ ဟခိလ တော ကြို တောင် ကြား၌ ပုန်း လျက်နေသည်ဖြစ်၍၊ 20 အရှင်မင်းကြီး ကြွ ချင်သောစိတ် အားကြီးသည် အတိုင်းကြွ တော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက် တော်သို့ အပ် သော အမှုသည် ကျွန်တော် တို့တာရှိပါစေဟု လျှောက်လျှင်၊ 21 ရှောလု က၊ သင် တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါစေသော။ သင်တို့သည် ငါ့ ကိုသနား ကြပြီ။ 22 ယခု သွား ၍ ပြင်ဆင် ကြလော့။ သူ ပုန်းရှောင်၍ နေရာ ကို၎င်း၊ အဘယ်သူ မြင် ပြီးသည်ကို၎င်း စူးစမ်း ကြလော့။ သူ သည် အလွန်လိမ္မာ သည်ကို ငါကြား၏။ 23 ထိုကြောင့် သူပုန်းရှောင် ခိုလှုံရာ အရပ်ရပ် တို့ကို သေချာ စွာကြည့်ရှု သိမှတ် ပြီးမှ ငါ့ ထံသို့ တဖန် လာကြလျှင် သင် တို့နှင့်အတူ ငါလိုက် မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒ အမျိုးသားအထောင် အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊ 24 သူတို့သည် ထ ရှောလု အရင် ဇိဖ တောသို့ သွား ကြ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မောန တော ယေရှိမုန် မြို့ တောင် ဘက်လွင်ပြင် ရှိကြ၏။ 25 ရှောလု သည်လည်း လူ များနှင့်တကွလာ၍ ရှာ သည်ကို ဒါဝိဒ် သည် ကြား ပြန်လျှင် ကျောက် ကြားမှ ထွက်သွား မောန တော နေ ၏။ ရှောလု ကြား ပြန်သော် မောန တော ၌ ဒါဝိဒ် ကို လိုက် ၍ ရှာ၏။ 26 ရှောလု သည် တောင် တစ်ဘက် ၎င်း ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက် ၎င်း၊ သွား ကြ၍ ရှောလု ကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလု နှင့် သူ ၏လူ တို့သည် ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ၍ ဘမ်းမိ လုကြပြီ။ 27 ထိုအခါ တမန် ရောက် လာ၍၊ အလျင်အမြန် ကြွ လာတော်မူပါ။ ဖိလိတ္တိ လူတို့သည် ပြည် တော်ကို တိုက် လာကြပါပြီဟု ရှောလု အား ကြားလျှောက် သောကြောင့်28 ရှောလု သည် ဒါဝိဒ် ကို လိုက် ရှာရာမှ ပြန် ဖိလိတ္တိ လူတို့ရှိရာသို့ ချီ သွားလေ၏။ သို့ဖြစ်၍ ထို အရပ် ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ် သတည်း။ 29 ဒါဝိဒ် သည် ထို အရပ်မှ သွား အင်္ဂေဒိ မြို့နယ်၊ ခိုင်ခံ့ သော အရပ်တို့၌ နေ လေ၏။

24

1 ရှောလု သည်လည်း ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာသောအခါ ဒါဝိဒ် သည် အင်္ဂေဒိ တော ရှိ ပါ၏ဟု ကြား လျှောက်ကြလျှင်2 ဣသရေလ အမျိုးသားအပေါင်း တို့တွင် ရွေးကောက် သော လူ သုံး ထောင် တို့ကို ခေါ် တောဆိတ် နေရာ ကျောက် တောင်တို့အပေါ် မှာ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ရှာ အံ့သောငှါ သွား လေ၏။ 3 လမ်း နား မှာ သိုး ခြံ ရှိရာသို့ ရောက် ဥမင် ကို တွေ့သဖြင့် ရှောလု သည် အိပ်မည်ဟု ဝင် လေ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ထိုဥမင် နံဖေးတစ်ဘက်တချက် နေ ကြ၏။ 4 ဒါဝိဒ် ၏လူ တို့ကလည်း ထာဝရဘုရား က၊ သင် ၏ရန်သူ ကို သင့် လက် ငါ အပ် မည်။ သူ သင်ပြု ချင်တိုင်း ပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော် အား မိန့် တော်မူသော နေ့ရက် ရောက်ပါပြီဟု ဆို ကြလျှင် ဒါဝိဒ် သည် ထ ရှောလု ဝတ်လျက်ရှိသော အင်္ကျီ အောက် ပိုင်းကို တိတ်ဆိတ် စွာ လှီးဖြတ် လေ၏။ 5 ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ဒါဝိဒ် သည် နောက်တဖန် နောင်တရ၍၊ 6 ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်7 ရှောလု ကို ထိခိုက် စေခြင်းငှါ အခွင့် ပေးမြစ်တားလေ၏။ ရှောလု သည်လည်း ၍ ဥမင် ထဲက ထွက်သွား လေ၏။ 8 ထိုနောက် ဒါဝိဒ် သည် ထ ဥမင် ထဲက ထွက် လျက် ကျွန်တော် ၏ သခင် အရှင်မင်းကြီး ဟု ရှောလု နောက် ၌ ဟစ် သဖြင့် ရှောလု သည် နောက် သို့ကြည့် သောအခါ ဒါဝိဒ် သည် မြေ ပေါ်၌ ဦးချ ၍ ပြပ်ဝပ် လျက်9 ဒါဝိဒ် သည် ကိုယ်တော် ၏အကျိုးကို ဖျက် ခြင်းငှါရှာကြံ သည်ဟု လူ အချို့ပြောသောစကား ကို အဘယ်ကြောင့် နားထောင် တော်မူသနည်း။ 10 ယနေ့ ထာဝရဘုရား သည် ဥမင် ထဲမှာ ကိုယ်တော် ကို ကျွန်တော် လက် အပ် တော်မူကြောင်း ကို ကြည့်ရှု တော်မူပါ။ အသက်တော်ကိုသတ် စေခြင်းငှါ အချို့တို့သည် တိုက်တွန်း သော်လည်း ကျွန်တော်သည် နှမြော သောစိတ် ရှိ၍ ငါ့ အရှင် သည် ထာဝရဘုရား ၏ ဘိသိက် ခံသူ ဖြစ်တော်မူသောကြောင့် ထိုအရှင်ကို ထိခိုက်ခြင်းငှါငါသည် လက် ကို မ ဆန့် ဟု အကြံရှိပါ၏။ 11 ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။ 12 ထာဝရဘုရား သည် ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကျွန်တော် အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေး တော်မူပါစေသော။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။ 13 ရှေး ပုံ စကားလာ သည်အတိုင်း ဆိုး သောသူလက်မှ ဆိုး သောအမှုထွက် တတ်၏။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။ 14 ဣသရေလ ရှင် ဘုရင်သည် အဘယ်သူ ၏အတွက်ကြောင့် ကြွလာ တော်မူသနည်း။ ကိုယ်တော် သည် အဘယ်သူ ကို လိုက် ၍ ရှာတော်မူသနည်း။ ခွေး သေ ကောင်ကို လိုက် ၍ ရှာတော်မူသလော။ ခွေးလှေး ကို လိုက် ၍ရှာတော်မူသလော။ 15 သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ကျွန်တော် အမှု ကို စောင့် သဖြင့် ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။ 16 ထိုသို့ ဒါဝိဒ် သည် ရှောလု အား အကုန်အစင် လျှောက်ဆို ပြီးမှ ရှောလု က ငါ့ သား ဒါဝိဒ် ငါကြားသော စကားသံသည် သင့် စကား သံလောဟုမေး လျက် အသံ ကို လွှင့် ငိုကြွေး လေ၏။ 17 တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။ 18 ငါ အဘယ်သို့ကျေးဇူး ပြု သည်ကို သင်သည် ယနေ့ ပြ ပြီ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ငါ့ ကို သင့် လက် အပ် တော်မူသော်လည်း သင်သည် မ သတ် ဘဲနေပါသည်တကား။ 19 လူ သည် ရန်သူ ကို တွေ့ လျှင် ချမ်းသာ စွာ လွှတ် လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ ယနေ့ ပြု သောကျေးဇူး ကို ထာဝရဘုရား ဆပ် တော်မူပါစေသော။ 20 ယခု မှာ သင်သည် စင်စစ်ရှင် ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံ သည် သင့် လက် တည် လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ ၏။ 21 သို့ဖြစ်၍ သင်သည် ငါ ၏သားစဉ် မြေးဆက်တို့ကို မ သုတ်သင် ငါ့ အဆွေအမျိုး ထဲက ငါ ၏နာမ ကို မ ပယ်ရှင်း မည်အကြောင်းထာဝရဘုရား ကို တိုင်တည် ၍ ငါ့ အား ကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ် အား ဆို ပြီးမှ22 ဒါဝိဒ် သည် ရှောလု အား ကျိန်ဆို ခြင်းကိုပြု၍ ရှောလု သည် မိမိ နေရာ သို့ သွား ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည်လည်း ခိုင်ခံ့ သောအရပ်သို့ သွား ကြ၏။

25

1 ထိုနောက် ရှမွေလ သေ သောအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် စည်းဝေး ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့် ရာမ မြို့တွင် သူ ၏အိမ် သင်္ဂြိုဟ် ကြ၏။ ဒါဝိဒ် သည် ထ ပါရန် တော သို့ သွား လေ၏။ 2 ထိုအခါ မောန အရပ်၌ နေ၍ ကရမေလ မြို့၌ ဥစ္စာ များ သော သူ တဦးရှိ၏။ ထိုသူသည်လူ ကြီး ဖြစ်၍ သိုး သုံး ထောင် ဆိတ် တထောင် ကို ရတတ်၏။ ကရမေလ မြို့မှာ သိုး မွေးကို ညှပ် ၍နေ၏။ 3 ထိုသူ ၏အမည် ကား နာဗလ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။ 4 နာဗလ သည် သိုး မွေးညှပ် ၍ နေကြောင်း ကို ဒါဝိဒ် သည် တော ကြား လျှင်5 လုလင် တကျိပ် တို့ကို ခေါ်၍ နာဗလ ရှိရာ ကရမေလ မြို့သို့ သွား ကြတော့။ 6 စည်းစိမ်ကြီးသော ထိုသူကို ငါ့ ကိုယ်စားနှုတ်ဆက် ပြော ရမည်မှာ၊ ကိုယ်တော် မှစ၍ကိုယ်တော် ၏အိမ် ကိုယ်တော် နှင့် ဆိုင်သမျှ တို့၌ ချမ်းသာ ရှိပါစေသော။ 7 ကိုယ်တော် သိုးမွေးညှပ် သော သူများရှိကြောင်း ကို အကျွန်ုပ်ကြား ပါ၏။ အကျွန်ုပ် တို့နှင့်အတူ နေ သောကိုယ်တော် ၏ သိုးထိန်း တို့ကို အကျွန်ုပ်တို့သည် မ ပြစ်မှား ပါ။ သူတို့သည် ကရမေလ မြို့မှာ နေ သောကာလ ပတ်လုံး၊ သူ တို့ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။ 8 ကိုယ်တော် ၏ လုလင် တို့ကို မေးမြန်း ပါတော့။ သူတို့သည် ပြော ကြပါလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်၏ လုလင် တို့သည် ရှေ့ တော်၌ မျက်နှာ ရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာ နေ့ ရောက် ပါ၏။ လက် တော်၌ ရှိ သမျှကို ကိုယ်တော် ကျွန် များ၊ ကိုယ်တော် ၏သား ဒါဝိဒ် အား သနား တော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက် ၏။ 9 ဒါဝိဒ် ၏ လုလင် တို့သည် နာဗလ ထံသို့ ရောက် သောအခါ ဒါဝိဒ် မှာထားသမျှ သောစကား တို့ကို ပြန်ပြော ပြီးလျှင် တိတ်ဆိတ် စွာ နေကြ၏။ 10 နာဗလ ကလည်း ဒါဝိဒ် ကား အဘယ်သူ နည်း။ ယေရှဲ ၏သား ကား အဘယ်သူ နည်း။ ယခုကာလ ၌သခင် ကို ပုန်ကန် သော ကျွန် များ ပါတကား။ 11 ငါသည် ငါ့ သိုးမွေးကို ညှပ် သောသူတို့အဘို့ ပြင်ဆင် သော ငါ့ မုန့် ငါ့ ရေ ငါ့ အမဲသား ကို ယူ ငါမ သိ သော လူ တို့အား ပေး ရမည်လောဟု ဒါဝိဒ် ၏ လုလင် တို့အားပြောဆို ၏။ 12 ဒါဝိဒ် ၏ လုလင် တို့သည် လှည့် သွား၍ ထို စကား အလုံးစုံ တို့ကို ဒါဝိဒ်အား ပြန်လျှောက် ကြ၏။ 13 ဒါဝိဒ် ကလည်း လူ တိုင်း မိမိ ထား ကို ခါး၌စည်း စေဟု မိမိ လူ တို့အား ဆို လျက် မိမိ ထား ကို စည်း လေ၏။ လူ လေး ရာ တို့သည် ဒါဝိဒ် နောက် သို့လိုက် ကြ၏။ နှစ်ရာ တို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေ ကြ၏။ 14 လုလင် တယောက် သည် နာဗလ မယား အဘိဂဲလ ထံသို့ သွား၍၊ ဒါဝိဒ် သည် အကျွန်ုပ် တို့သခင် ကို နှုတ်ဆက် အံ့သောငှါ တမန် တို့ကို တော မှ စေလွှတ် အကျွန်ုပ်တို့သခင်သည် သူ တို့ကို ဆဲ ပါ၏။ 15 ထိုသူတို့သည် ကျွန်တော် တို့၌ အလွန် ကျေးဇူး ပြုပါပြီ။ ကျွန်တော် တို့သည် တော မှာ နေ သူ တို့နှင့်ပေါင်းဘော်သော ကာလ ပတ်လုံးအရှုံးမခံ၊ ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။ 16 ကျွန်တော်တို့သည် သိုး ထိန်း ၍ သူ တို့နှင့် ပေါင်းဘော်သော ကာလ ပတ်လုံး၊ သူတို့သည် နေ့ ညဉ့် အစဉ်ကွယ်ကာလျက် နေ ကြပါ၏။ 17 သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊ 18 အဘိဂဲလ သည် မုန့် လုံးနှစ်ရာ စပျစ်ရည် ဘူး နှစ် လုံး၊ ချက် ပြီးသော သိုး ငါး ကောင်၊ ပေါက်ပေါက် ငါး ဧဖာ စပျစ်သီး ခြောက် အပြွတ်တရာ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာ တို့ကို အလျင်အမြန် ယူ မြည်း တို့အပေါ် ၌တင် ပြီးလျှင်19 ငါ့ ရှေ့ မှာ သွား ကြ။ ငါ လိုက် မည်ဟု ကျွန် တို့အား ဆို ၏။ လင် နာဗလ ကို အလျှင်းမ ပြော20 မြည်း ကို စီး လျက်သွား၍ တောင် ခြေရင်း၌ ဆင်း လှည့်စဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက်တချက်ဆင်းလာ၍ တယောက်နှင့် တယောက်တွေ့ကြုံ ကြ၏။ 21 ထိုသို့မတွေ့မှီ ဒါဝိဒ် က၊ အကယ် စင်စစ်ထိုသူ ၏ ဥစ္စာ တစုံတခုကိုမျှ မ ပျောက် စေခြင်းငှါ တော သူပိုင်သမျှ တို့ကို ငါသည် အချည်းနှီး စောင့် ပါပြီတကား။ ငါ ကောင်း သော အမှုအတွက် မကောင်း သော အမှုကို သူပြု ပါပြီတကား။ 22 နက်ဖြန်မိုဃ်းလင်း သောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထား လျှင် ထိုမျှမက ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ တို့အား ပြု တော်မူစေသတည်းဟု ဆို နှင့်ပြီ။ 23 အဘိဂဲလ သည် ဒါဝိဒ် ကို မြင် သောအခါ မြည်း ပေါ် က အလျင်အမြန် ဆင်း ပြီးလျှင် ဒါဝိဒ် ရှေ့တွင် မြေ ပေါ် မှာ ဦးညွှတ် ချ၍24 သူ ၏ ခြေရင်း ဝပ်တွား လျက် ကျွန်မ သခင် အပြစ် ရှိသမျှကို ကျွန်မ ခံပါမည်။ ကိုယ်တော် ၏ ကျွန် မသည် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။ 25 ကိုယ်တော် ၏ ကျွန် မစကား ကို နားညောင်း တော်မူပါ။ ထို အဓမ္မ လူ နာဗလ ကို ကျွန်မ သခင် မှတ် တော်မ မူပါနှင့်။ သူ ၏အမည် သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ ၏အမည် ကား နာဗလ ။ သူ ၏ သဘောကား မိုက် ခြင်းဖြစ်သတည်း။ သခင် စေလွှတ် တော်မူသော လုလင် တို့ကို ကိုယ်တော် ကျွန် မသည် မ မြင် ရပါ။ 26 ယခု မှာ ကျွန်မ သခင် ကိုယ်တော်သည် လူအသက် ကို သတ်ခြင်းငှါ မသွား မည်အကြောင်းကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတား တော်မူသည်ဖြစ်၍ ထာဝရဘုရား အသက် တော် ကိုယ်တော် အသက် လည်း ရှင်တော်မူသည်အတိုင်း အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူ တို့သည် နာဗလ ကဲ့သို့ ဖြစ် ကြပါစေသော။ 27 ယခု မှာ ကိုယ်တော် ၏ ကျွန် မသည် သခင့် ထံသို့ ဆောင် ခဲ့သော လက်ဆောင် ကို ကျွန်မ သခင် နောက်တော်သို့ လိုက် သော လုလင် တို့ အား ပေး စေတော်မူပါ။ 28 ကိုယ်တော် ၏ ကျွန် မအပြစ် ကို သည်းခံ တော်မူပါ။ ကျွန်မ သခင် သည် ထာဝရဘုရား ဘက်မှာ စစ်တိုက် သောကြောင့် ၎င်း၊ တသက်လုံး ကိုယ်တော် အပြစ်တင် စရာ အခွင့်မ ရှိ သောကြောင့်၎င်း၊ ထာဝရဘုရား သည် ကျွန်မ ၏သခင် အဘို့ ခိုင်ခံ့ မြဲမြံသော အိမ် ကို တည်ဆောက် တော်မူလိမ့်မည်။ 29 ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။ 30 ထာဝရဘုရား ဂတိ ထားတော်မူသည်အတိုင်း ကိုယ်တော် ကျေးဇူး ပြု၍ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထား တော်မူသောအခါ31 ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ကျေးဇူး ပြုတော်မူပြီးမှ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။ 32 ဒါဝိဒ် ကလည်း ယနေ့ ငါ နှင့် တွေ့ စေခြင်းငှါ သင့် ကို စေလွှတ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 33 သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။ 34 အကယ် စင်စစ်သင့် ကို ငါ မညှင်းဆဲ ရမည်အကြောင်း၊ ဆီးတား တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သင်သည်ငါ နှင့် တွေ့ ခြင်းငှါ အလျင်အမြန် လာ လျှင် အကယ် စင်စစ်နက်ဖြန် မိုဃ်းလင်း သောအခါ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍မ ထားဟု အဘိဂဲလ အား ပြောဆို လျက်35 သူဆောင် ခဲ့သော လက်ဆောင်ကို သူ ၏လက် မှ ခံယူ သင် သည် နေရာအိမ် သို့ ငြိမ်ဝပ် စွာသွား လော့။ သင် ၏စကား ကို ငါနားထောင် ပြီ။ သင် ၏ မျက်နှာ ကိုလည်း ထောက် ၍ နေမည်ဟုဆို လေ၏။ 36 အဘိဂဲလ သည်လည်း နာဗလ ထံသို့ ပြန် သွား၍ သူသည် ရှင်ဘုရင် ၏ ပွဲ ကဲ့သို့ သော ပွဲ ကို မိမိ အိမ် ခံသဖြင့်၊ ယစ်မူး စိတ် ရွှင်လန်း လျက်နေသောကြောင့်၊ မိုဃ်း လင်းမှီ မယားသည် အလျှင်းမ ပြော37 မိုဃ်းလင်း ၍ နာဗလ သောက်သော စပျစ်ရည် အရှိန်ကုန် သောအခါ ထို အမှု များကို မယား ပြော သဖြင့် သူသည်နှလုံး သေ ကျောက် ကဲ့သို့ ဖြစ် ၏။ 38 ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။ 39 နာဗလ သေ ကြောင်း ကို ဒါဝိဒ် ကြား သောအခါ ငါ ခံရသောကဲ့ရဲ့ ခြင်းအမှု ကို စောင့် ၍ နာဗလ လက် မှ နှုတ်တော်မူ၍၊ ကိုယ်တော် ကျွန် ကို ဒုစရိုက် နှင့် ကင်းလွှတ် စေတော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရား သည် နာဗလ ပြုသော ဒုစရိုက် ကို သူ့ ခေါင်း ပေါ် သို့ ပြန် ရောက်စေတော်မူပြီဟု ဆို ၏။ တဖန် လူကို စေလွှတ် ၍ အဘိဂဲလ နှင့် လက်ထပ် ခြင်းငှါ နှုတ်ဆက် လေ၏။ 40 ဒါဝိဒ် ၏ ကျွန် တို့သည် အဘိဂဲလ ရှိရာ ကရမေလ မြို့သို့ ရောက် သောအခါ ဒါဝိဒ် သည် သခင်မနှင့် လက်ထပ် ခြင်းငှါ ကျွန်တော် တို့ကို စေလွှတ် ပါပြီဟု ပြောဆို လျှင်41 အဘိဂဲလသည် ထ မြေ ပေါ်မှာ ပြပ်ဝပ် လျက် ကျွန် မသည် ကျွန်မ သခင် ၏ ကျွန် တို့ ခြေ ကို ဆေး သော ကျွန် မိန်းမဖြစ်စေသောဟု ဆို ပြီးမှ၊ 42 အလျင်အမြန် မိမိ နောက်လိုက် ကျွန် မငါး ယောက်ပါလျက် မြည်း စီး သဖြင့် ဒါဝိဒ် စေလွှတ် သော လူတို့နှင့်တကွ လိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ် လေ၏။ 43 ဒါဝိဒ် သည် ယေဇရေလ မြို့သူအဟိနောင် ကိုလည်း သိမ်း ထိုမိန်းမနှစ် ယောက်တို့သည် သူ ၏ ခင်ပွန်း ဖြစ် ကြ၏။ 44 ရှောလု သည် မိမိ သမီး ဖြစ်သော ဒါဝိဒ် ၏ မယား မိခါလ ကို၊ ဂလ္လိမ် မြို့သားဖြစ်သော လဲရှ ၏သား ဖာလတိ အား ပေးစား နှင့်ပြီ။

26

1 တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ယေရှိမုန် မြို့ရှေ့ မှာ ဟခိလ တောင် ပုန်းရှောင် ၍ နေပါသည်မ ဟုတ်လော ဟု လျှောက် လျှင်2 ရှောလု သည် ထ ရွေးကောက် သော ဣသရေလ လူ သုံး ထောင် ပါ လျက်၊ ဇိဖ တော ဒါဝိဒ် ကို ရှာ ခြင်းငှါ သွား လေ၏။ 3 ရှောလု သည် ယေရှိမုန် မြို့ရှေ့ ဟခိလ တောင် ပေါ် လမ်း နား မှာ တပ်ချ ၏။ ဒါဝိဒ် သည် တော နေ ၍ ရှောလု လိုက်ရှာ ကြောင်း ကို သိမြင် သောအခါ4 သူလျှို တို့ကို စေလွှတ် ရှောလု ရောက် ကြောင်း ကို အတပ် သိ ၏။ 5 ထိုအခါ ဒါဝိဒ် သည် ထ သွား၍ ရှောလု တပ်ချ ရာ အရပ် သို့ ရောက် သဖြင့် ရှောလု နှင့် ဗိုလ်ချုပ် မင်း နေရ ၏သား အာဗနာ အိပ် ရာ အရပ် ကို ကြည့်ရှု လေ၏။ ရှောလု သည် ရထားတပ်အလယ် ၌ အိပ် လျက် တပ်သားတို့သည် ပတ်လည် ၌ နေရာ ကျကြ၏။ 6 ဒါဝိဒ် ကလည်း ရှောလု ရှိရာ တပ် သို့ ငါ နှင့်အတူ အဘယ်သူ လိုက် မည်နည်းဟု ဟိတ္တိ အမျိုးသားအဟိမလက် နှင့် ဇေရုယာ ၏သား ယွာဘ ညီ အဘိရှဲ တို့ကို မေး လျှင် အဘိရှဲ က ကျွန်တော်လိုက် ပါမည်ဟု လျှောက် သည်အတိုင်း7 ဒါဝိဒ် နှင့် အဘိရှဲ တို့သည် ညဉ့် အခါ တပ်သား များရှိရာသို့ သွား ရှောလု သည် ရထားတပ်အလယ် ၌ အိပ်ပျော် လျက် လှံ တော်သည် ခေါင်းရင်း အနား မြေ စိုက် လျက် အာဗနာ နှင့် တပ်သား များတို့သည် ပတ်လည် ၌အိပ် လျက်ရှိကြ၏။ 8 အဘိရှဲ ကလည်း ဘုရား သခင်သည် ကိုယ်တော် ၏ ရန်သူ ကို ကိုယ်တော် လက် ယနေ့ အပ် တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေ တိုင်အောင် လှံ နှင့် တချက်တည်း ထိုး ပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ် ချက်တိုင်အောင်မ ထိုးပါဟု ဒါဝိဒ် ကို လျှောက် သော်လည်း9 ဒါဝိဒ် ကသူ့ ကို မ ပြု နှင့်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို အဘယ်သူ အပြစ် လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲ အား ပြန်ဆို ၏။ 10 တဖန် ဒါဝိဒ် က၊ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း၊ ဒဏ်ခတ် တော်မူမည်။ သို့မဟုတ် သူသေ ချိန် ရောက် လိမ့်မည်။ သို့မဟုတ် စစ်တိုက် ရာ၌ အသက် ဆုံးလိမ့်မည်။ 11 ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ငါ မထိခိုက် မည်အကြောင်းထာဝရဘုရား ဆီးတား တော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်း တော်နားမှာရှိသော လှံ တော်နှင့် ရေ ဘူး ကို ယူ သွား ကြကုန်အံ့ဟု ဆို လျက်၊ 12 လှံ တော်နှင့် ရေ ဘူး ကို ရှောလု ခေါင်းရင်း နားက ယူ သွား ကြ၏။ အဘယ်သူ မျှမသိ မြင် အဘယ်သူ မျှမနိုး ကြီးစွာ သော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူ အပေါင်း တို့သည် အိပ်ပျော် ကြ၏။ 13 ထိုအခါ ဒါဝိဒ် သည် ကျယ်သောချိုင့် တစ်ဘက် သို့ကူး ၍၊ ဝေး သော တောင် ထိပ် အပေါ် မှာရပ် လျက်14 အိုအာဗနာ သင်သည် မ ထူး သလောဟုလူ များနှင့် နေရ သား အာဗနာ ကို ဟစ် လေ၏။ အာဗနာ က၊ ရှင်ဘုရင် ကို ဟစ် သောသင် ကား အဘယ်သူ နည်းဟု ပြန် ၍မေးလျှင်15 ဒါဝိဒ် က၊ သင် သည်ယောက်ျား ဟုတ်လော။ ဣသရေလ အမျိုး၌ သင် နှင့်အဘယ်သူ တူ သနည်း။ သို့ဖြစ်၍ သင် ၏သခင် ရှင်ဘုရင် ကို အဘယ်ကြောင့် စောင့် သနည်း။ သင် ၏သခင် ရှင် ဘုရင်ကိုသတ် အံ့သောငှါ လူ တယောက် ဝင် လေပြီ။ 16 သင်ပြု သော အမှု သည် မ လျောက်ပတ်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသင် ၏သခင် ကို စောင့် သောကြောင့်၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သင် သည် အသေ ခံထိုက်ပေ၏။ ခေါင်းရင်း တော်နားမှာထား သော ရှင်ဘုရင် ၏ လှံ တော်နှင့် ရေ ဘူး တော်ရှိသည် မရှိသည်ကို ကြည့်ရှု လော့ဟု အာဗနာ အား ပြောဆို ၏။ 17 ရှောလု သည် ဒါဝိဒ် စကား သံကို သိ ငါ့ သား ဒါဝိဒ် ငါကြားသော စကားသံသည် သင့် စကား သံလော ဟု မေး လျှင် ဒါဝိဒ် က ကျွန်တော် စကား သံမှန်ပါ၏၊ ကျွန်တော် သခင် အရှင်မင်းကြီး ဟု လျှောက် လေ၏။ 18 တဖန် ဒါဝိဒ်က၊ သခင် သည် ကိုယ်တော် ကျွန် ကို အဘယ်ကြောင့် ဤသို့ လိုက် ၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ ပြု ပါသနည်း။ ကျွန်တော် အဘယ် အပြစ် ရှိပါသနည်း။ 19 ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။ 20 သို့ဖြစ်၍ ကျွန်တော် အသွေး သည် ထာဝရဘုရား ရှေ့ တော်၌ မြေ သို့ ကျ ပါစေနှင့်။ အကြောင်း မူကား၊ လူသည် ငုံး ကို တောင် ပေါ် မှာလိုက် ၍ ရှာသကဲ့သို့ ဣသရေလ ရှင် ဘုရင်သည် ခွေးလှေး ကို ရှာ ခြင်းငှါ ထွက် တော်မူပါပြီတကားဟု လျှောက်ဆို ၏။ 21 ရှောလု ကလည်း ငါပြစ်မှား ပါပြီ။ ငါ့ သား ဒါဝိဒ် ပြန် လာပါ။ သင် သည် ယနေ့ ငါ့ အသက် ကို နှမြော သောကြောင့် နောက် တဖန် သင့် ကို ငါမ ညှဉ်းဆဲ။ ငါသည် လူမိုက် ဖြစ်၏။ အလွန် မှားယွင်း ပြီဟု ဆို သော်၊ 22 ဒါဝိဒ် က၊ ရှင်ဘုရင် လှံ တော်ရှိပါ၏။ လုလင် တယောက် လာ ယူ စေတော်မူပါ။ 23 လူ အသီးအသီးတို့သည် ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရား သည် အကျိုးကို ဆပ်ပေး တော်မူပါစေသော။ ထာဝရဘုရား သည် ယနေ့ ကိုယ်တော် ကို ကျွန်တော်လက် အပ် တော်မူသော်လည်း ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ကျွန်တော်မ ထိ မခိုက်ပါ။ 24 ယနေ့ ကိုယ်တော် အသက် ကို ကျွန်တော်နှမြော သည် နည်းတူ ကျွန်တော် အသက် ကို ထာဝရဘုရား နှမြော ကျွန်တော် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူပါစေသောဟု ပြန် လျှောက်လျှင်25 ရှောလု က၊ ငါ့ သား ဒါဝိဒ် သင် သည် မင်္ဂလာ ရှိပါစေသော။ ပြု လေရာရာ၌ အောင်မြင် ပါစေသောဟု ဒါဝိဒ် အား ဆို ပြီးမှ ဒါဝိဒ် သည် ထွက်သွား ရှောလု သည်လည်း မိမိ နေရာ သို့ ပြန် လေ၏။

27

1 တဖန် ဒါဝိဒ် က၊ ငါသည် ရှောလု လက် ဖြင့် ဆုံးရှုံး ရသောအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ဖိလိတ္တိ ပြည် သို့ အလျင်အမြန်ပြေး ကောင်း၏။ သည်ထက်ကောင်း သော အရာမ ရှိ။ သို့ပြုလျှင် ရှောလု သည် ဣသရေလ ပြည်နယ် တွင် ငါ့ ကို ရှာ ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့ သူ့ လက် မှ ငါလွတ် လိမ့်မည်ဟု အကြံ ရှိသည်အတိုင်း2 မိမိ ပါသော လူ ခြောက် ရာ နှင့်တကွထ ဂါသ မင်း မောခ သား အာခိတ် ထံသို့ ကူးသွား ကြ၏။ 3 ဒါဝိဒ် နှင့် သူ ၏လူ များတို့သည် အသီးအသီးမိမိ သား မယားပါလျက် ဂါသ မြို့၊ အာခိတ် မင်းထံမှာ နေ ကြ၏။ ဒါဝိဒ် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ ပါသတည်း။ 4 ဒါဝိဒ် သည် ဂါသ မြို့သို့ ပြေး သွားကြောင်း ကို ရှောလု သည် ကြား နောက် တဖန်မ လိုက် မရှာဘဲ နေ၏။ 5 ဒါဝိဒ် သည် အာခိတ် မင်းထံသို့ ဝင်၍၊ ကျွန်တော်သည် ရှေ့ တော်၌မျက်နှာရ သည်မှန်လျှင် ကျွန်တော် နေစရာ တောရွာ တရွာ ကို သနား တော်မူပါ။ ကိုယ်တော် ကျွန် သည် မြို့ တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေ ရပါသနည်းဟု လျှောက် လေသော်6 ထို နေ့၌ အာခိတ် မင်းသည် ဇိကလတ် မြို့ကိုပေး ၏။ ထို့ကြောင့် ယနေ့ တိုင်အောင် ယုဒ ရှင် ဘုရင်တို့သည် ဇိကလတ် မြို့ကို ပိုင်ကြ၏။ 7 ဒါဝိဒ် သည် ဖိလိတ္တိ ပြည် နေ သော နေ့ရက် ပေါင်း ကား တနှစ်နှင့် လေး စေ့သတည်း။ 8 တရံရောအခါဒါဝိဒ် နှင့် သူ ၏လူ တို့သည် သွား ဂေရှုရိ လူ၊ ဂေရဇိ လူ၊ အာမလက် လူတို့ကို တိုက် ကြ၏။ ထိုလူမျိုးတို့သည် ရှေး ကာလ၌ ရှုရ မြို့လမ်းမှစ၍ အဲဂုတ္တု ပြည် တိုင်အောင် အမြဲနေ သောသူဖြစ်သတည်း။ 9 ထိုပြည် ကို ဒါဝိဒ် သည် လုပ်ကြံ ၍ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ သိုး နွား မြည်း ကုလားအုပ် အဝတ် တန်ဆာတို့ကို သိမ်းယူ အာခိတ် မင်းထံသို့ ပြန် သွားလေ၏။ 10 အာခိတ် မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့ သွား၍ တိုက် သနည်းဟုမေး သော် ဒါဝိဒ် က၊ ယုဒ ပြည်တောင် ဘက်၊ ယေရမေလ ပြည်တောင် ဘက်၊ ကေနိ ပြည်တောင် ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက် ၏။ 11 ထိုသို့ ဒါဝိဒ် ပြု ပြီဟု ဂါသ မြို့သို့ လာ၍ သိတင်းကြား ပြောမည့်သူမ ရှိစေခြင်းငှါ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ ဒါဝိဒ်သည် ဖိလိတ္တိ ပြည် နေ သော ကာလ ပတ်လုံး ထိုသို့ ပြုလေ့ရှိ၏။ 12 အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။

28

1 ထို ကာလ ဖိလိတ္တိ လူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက် အံ့သောငှါ ဗိုလ်ခြေ များကို စုဝေး ကြ၏။ အာခိတ် မင်းကလည်း သင် သည် လူ များပါလျက် ငါ နှင့် လိုက်၍စစ်တိုက်သွား ရမည်ကို ဆက်ဆက်သဘောကျ လော့ဟု ဒါဝိဒ် အား ဆို လျှင်2 ဒါဝိဒ် က၊ အကယ်စင်စစ် ကိုယ်တော် ကျွန် သည် အဘယ်သို့ ပြု နိုင်သည်ကို ကိုယ်တော် သည် သိ တော်မူလိမ့်မည်ဟု လျှောက် သော် အာခိတ် မင်းက၊ သို့ဖြစ်၍သင့် ကို ငါ့အသက် စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့် မည်ဟုပြန်ပြော ၏။ 3 ထိုကာလ၌ ရှမွေလ မရှိသေ လွန်ပြီ။ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုလျက် သူ့ ကိုသူ နေရင်း ရာမ မြို့ သင်္ဂြိုဟ် ကြပြီ။ ရှောလု သည် စုန်း နှင့် နတ်ဝင် ပေါင်းတို့ကို တပြည်လုံး တွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။ 4 ထိုအခါ ဖိလိတ္တိ လူတို့သည် စုဝေး ရှုနင် မြို့မှာ တပ်ချ ကြ၏။ ရှောလု သည်လည်း ဣသရလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ သူတို့သည် ဂိလဗော မြို့မှာ တပ်ချ ကြ၏။ 5 ရှောလု သည် ဖိလိတ္တိ လူအလုံးအရင်း ကို မြင် သောအခါ ကြောက် အလွန် တုန်လှုပ် သော စိတ် နှလုံးရှိ၏။ 6 ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ဥရိမ် အားဖြင့် ၎င်း ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။ 7 ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊ 8 ရှောလု သည် အဝတ် လဲ၍ ထူးခြားသော အယောင် ကို ဆောင်လျက် ညဉ့် အခါ လူ နှစ် ယောက်နှင့်တကွ ထိုမိန်းမ ဆီသို့ သွား ရောက် ပြီးလျှင် သင်ပေါင်းသော နတ် ကို အမှီပြု၍ သင့် အား ငါပြော မည့်သူ ကို ဘော် ပါလော့ဟု တောင်းပန် လေ၏။ 9 မိန်းမ ကလည်း ရှောလု ပြု သော အမှု၊ စုန်း နှင့် နတ်ဝင် တို့ကို တပြည်လုံး တွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည် သိ လျက်နှင့် ငါ့ ကို သေ စေခြင်းငှါ အဘယ်ကြောင့် ငါ့ အသက် ကို ကျော့စမ်း သနည်းဟု ပြန်ပြော သော်၊ 10 ရှောလု က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ဤ အမှု ကြောင့် အဘယ်အပြစ် မျှ မ ရောက် ရဟု ထာဝရဘုရား ကို တိုင်တည် ၍ ကျိန်ဆိုလေ၏။ 11 မိန်းမ ကလည်း အဘယ်သူ ကို ငါဘော် ရမည်နည်းဟုမေး လျှင် ရှောလုက၊ ရှမွေလ ကို ဘော် ပါဟု ဆို ၏။ 12 မိန်းမ သည် ရှမွေလ ကို မြင် သောအခါ ကြီး သောအသံ နှင့် အော်ဟစ် ကိုယ်တော်သည် ကျွန်မ ကို အဘယ်ကြောင့် လှည့်စား သနည်း။ ကိုယ်တော် သည် ရှောလု ဖြစ်ပါ၏ဟု ရှောလု အား ဆို လျှင်13 ရှင် ဘုရင်က မ စိုးရိမ် နှင့်။ အဘယ် အရာကို မြင် သနည်းဟုမေး သော် မိန်းမ က၊ မြေကြီး ထဲက ဘုရား တက်လာ သည်ကို ကျွန်မမြင် ပါသည်ဟု လျှောက် ၏။ 14 အဘယ်သို့ သော အယောင် ဆောင်သနည်းဟုမေး ပြန်သော် လူ အို တက်လာ ပါ၏။ ဝတ်လုံ ခြုံ လျက် ရှိပါ၏ဟု လျှောက် ပြန်လျှင် ရှမွေလ ဖြစ်ကြောင်း ကို ရှောလု သည် ရိပ်မိ လျှင် မြေ ပေါ် ၌ ဦးညွှတ် ပြပ်ဝပ်လျက် နေ၏။ 15 ရှမွေလ ကလည်း သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။ 16 ရှမွေလ ကလည်း ထာဝရဘုရား သည် သင့် ကို စွန့် သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။ 17 ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော်မူသည်အတိုင်း သင်၌ပြု တော်မူပြီ။ ထာဝရဘုရား သည် ဤနိုင်ငံ ကို သင့် လက် မှ နှုတ် သင့် အိမ်နီးချင်း ဒါဝိဒ် အား ပေး တော်မူပြီ။ 18 အကြောင်းမူကား၊ သင်သည် ထာဝရဘုရား ၏ စကား တော်ကို နား ထောင်။ ပြင်းစွာ သော အမျက် တော်ကို အာမလက် အမျိုး၌ စီရင် သောကြောင့် ထာဝရဘုရား သည် ဤ အမှု ကို ယနေ့ သင် ရောက်စေတော်မူပြီ။ 19 ထိုမှတပါး သင် နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် အပ် တော်မူမည်။ နက်ဖြန် နေ့ သင် နှင့် သင် ၏သား တို့သည် ငါ နှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရား သည် ဣသရေလ လူ အလုံးအရင်း ကို ဖိလိတ္တိ လူတို့လက် အပ် တော်မူမည်ဟု ဆို ၏။ 20 ထိုအခါ ရှောလု သည် မြေ ပေါ် မှာ အလျား ပြပ်ဝပ် လဲနေ၍ ရှမွေလ စကား ကြောင့် အလွန် ကြောက်ရွံ့ ၏။ တနေ့ နှင့် တညဉ့်လုံး အဘယ်အစာ ကိုမျှ မ စား ဘဲနေသောကြောင့်အား ကုန်ပြီ။ 21 ထိုမိန်းမ သည်လာ ၍ ရှောလု အလွန် စိတ်ညစ် သည်ကို မြင် လျှင် ကိုယ်တော် ကျွန် မသည် ကိုယ်တော် စကား ကို နားထောင် ပါပြီ။ ကိုယ် အသက် ကို မနှမြောဘဲ ကိုယ်တော် မိန့် တော်မူသော စကား ကို နားထောင် ပါပြီ။ 22 သို့ဖြစ်၍ ယခု ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါ။ စားစရာ အနည်းငယ် ကို ရှေ့ တော်၌ တင် ပါရစေ။ ကိုယ်တော်ကြွ သွားသောအခါ အား ပြည့်စေခြင်းငှါစား တော်ခေါ်ပါဟု လျှောက် သော်လည်း23 ရှောလုက ငါမ စား ဟု ငြင်းပယ် လေ၏။ သို့ရာတွင် ကျွန် တို့သည် မိန်းမ နှင့် ဝိုင်း၍ အနိုင် ပြုကြသဖြင့် ရှောလုသည် သူ တို့စကား ကို နားထောင် ၍ မြေ ပေါ်က ပြီးလျှင် ခုတင် ပေါ် မှာ ထိုင် လေ၏။ 24 ထိုမိန်းမ သည် မိမိအိမ် ဆူ အောင်ကျွေးသော နွား ကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ် လေ၏။ မုန့်ညက် ကိုလည်း ယူ နယ် သဖြင့် တဆေးမဲ့ မုန့်ကို ဖုတ် ပြီးမှ25 ရှောလု နှင့် ကျွန် များတို့ ရှေ့ ၌ တင် လေ၏။ သူတို့သည် စား ထို ညဉ့် တွင် သွား ကြ၏။

29

1 ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ အပေါင်း တို့ကို အာဖက် မြို့မှာ စုဝေး စေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလ မြို့မှာ ရှိသော စမ်းရေတွင်း အနား၌ တပ်ချ ကြ၏။ 2 ဖိလိတ္တိ မင်း တို့သည် လူတရာ တပ်၊ တထောင် တပ်အစဉ်အတိုင်းချီသွား သဖြင့် ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နောက် တပ်၌ အာခိတ် မင်းနှင့်အတူ လိုက် ကြ၏။ 3 ဖိလိတ္တိ မင်း တို့ကလည်း သင်နှင့်လိုက်သော ထို သူတို့သည် အဘယ်သူ နည်းဟုမေး လျှင် အာခိတ် မင်းက၊ ဤ သူသည် ဣသရေလ ရှင်ဘုရင် ရှောလု ၏ကျွန် ဒါဝိဒ် ဖြစ်သည်မ ဟုတ်လော။ ကြာမြင့်စွာ ငါ့ ထံမှာ နေပြီ။ ငါ့ထံသို့ရောက်သောနေ့ မှစ၍ ယနေ့ တိုင်အောင် သူ အပြစ်တင်စရာ တစုံတခု ကိုမျှ မ တွေ့ ဟု ဖိလိတ္တိ မင်း တို့အား ပြောဆို သော်လည်း4 ဖိလိတ္တိ မင်း တို့သည် စိတ်ဆိုး လျက် ဤသူ ပြန် ပါစေ။ မင်းနေရာ ချသော အရပ် သို့ သွား ၍နေပါစေ။ ငါ တို့နှင့်အတူ စစ်တိုက် လိုက် စေနှင့်။ စစ်တိုက် ရာတွင် ငါ တို့ ရန်ဘက် နေ မည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့ သခင် ၏ စိတ် ကို ပြေစေခြင်းငှါအဘယ်သို့ ပြုနိုင်သနည်း။ ငါတို့လူ များ၏ အသက် ကို အပ်၍ ပြုနိုင်သည်မ ဟုတ်လော5 ရှောလု အထောင်ထောင် ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့်က လျက် သီချင်း ဆိုကြသောအခါ ဒါဝိဒ် ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မ ဟုတ်လော ဟု အပြစ်တင်သောကြောင့်၊ 6 အာခိတ် မင်းသည် ဒါဝိဒ် ကို ခေါ် အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည့်အတိုင်း သင် သည် ဖြောင့်မတ် စွာ ပြုပြီ။ ငါ နှင့်အတူ တပ်မှု တပ်ရင်း၌ သင်သွား လာပြုမူခြင်းကို ငါ အားရ ပြီ။ သင် သည် ငါ့ ထံသို့ ရောက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် သင် အပြစ် ကို မ တွေ့။ သို့သော်လည်း ဖိလိတ္တိမင်း တို့သည် သင့် ကို အလို ရှိကြ။ 7 သို့ဖြစ်၍ ယခု ငြိမ်ဝပ် စွာ ပြန် သွား တော့။ ဖိလိတ္တိ မင်း တို့ကို စိတ်ဆိုး စေခြင်းငှါမ ပြု ပါနှင့်ဟုဆိုသော်၊ 8 ဒါဝိဒ် က ကျွန်တော်သည် ကျွန်တော် သခင် ရှင်ဘုရင် ၏ ရန်သူ တို့ကို စစ်တိုက် သွား စေခြင်းငှါအဘယ်သို့ ပြု ဘိသနည်း။ ကိုယ်တော် ထံမှာ နေ သမျှ ကာလ ပတ်လုံး ယနေ့ တိုင်အောင် အဘယ် အပြစ်ကို တွေ့ တော်မူသနည်းဟု အာခိတ် မင်းအား မေးလျှောက် သော်9 အာခိတ် မင်းက၊ သင် သည် ငါ့ ရှေ့ မှာ ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ကောင်း သည်ကို ငါသိ ၏။ သို့သော်လည်း ငါ တို့နှင့်အတူ စစ်တိုက် လိုက် စေနှင့်ဟု ဖိလိတ္တိ မင်း တို့သည် စီရင် ကြပြီ။ 10 သို့ဖြစ်၍ သင် နှင့် လိုက်လာ သော သင့် သခင် ၏ ကျွန် တို့နှင့်အတူ နံနက် စောစောထ မိုဃ်းလင်း သောအခါ ပြန် သွားတော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း11 ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နံနက် စောစောထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း ယေဇရေလ မြို့သို့ ချီ သွားကြ၏။

30

1 သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ဇိကလတ် မြို့ကို လုပ်ကြံ မီး ရှို့ နှင့်ကြပြီ။ 2 မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။ 3 သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ မြို့ကို မီး ရှို့ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်4 ငိုသံ ကို လွှင့် အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။ 5 ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။ 6 ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊ 7 သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။ 8 ဒါဝိဒ် ကလည်း အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် လိုက် လော့။ ဆက်ဆက်မှီ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း9 ဒါဝိဒ် နှင့် သူ ပါသော လူ ခြောက် ရာ တို့သည် သွား ဗေသော် ချောင်း သို့ ရောက် သောအခါ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။ 10 ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။ 11 လွင်ပြင် အဲဂုတ္တု လူ တယောက်ကို တွေ့ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် မုန့် ကိုပေး ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။ 12 သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။ 13 ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။ 14 ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။ 15 ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် သခင့် လက် သို့ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။ 16 လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ကခုန် လျက် မြေ တပြင်လုံး အနှံ့အပြား ရှိကြ၏။ 17 ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ကုလားအုပ် ကို စီး ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်18 အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။ 19 လူအကြီး အငယ် သား သမီး ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။ 20 ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။ 21 မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် သူတို့သည် ဒါဝိဒ် နှင့် သူ့ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။ 22 ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ထွက်သွား ကြစေဟု ဆို ကြ၏။ 23 ဒါဝိဒ် ကလည်း ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ ပြု ရ။ 24 အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။ 25 ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။ 26 ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။ 27 ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊ 28 အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊ 29 ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊ 30 ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊ 31 ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။

31

1 ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။ 2 ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ရှောလု ၏သား ယောနသန် အဘိနဒပ် မေလခိရွှ တို့ကိုသတ် ကြ၏။ 3 စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့်4 လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ရှောလု သည် ထိုထား ကို ယူ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။ 5 ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ သေ ၏။ 6 ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။ 7 ဣသရေလ လူ ပြေး ကြောင်း ရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက် ယော်ဒန် မြစ်တစ်ဘက် နေသော ဣသရေလ လူ တို့သည် သိမြင် လျှင် မြို့ ရွာတို့ကို စွန့် ပြေး သဖြင့် ဖိလိတ္တိ လူတို့သည် လာ နေ ကြ၏။ 8 နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။ 9 ရှောလု၏ ခေါင်း ကို ဖြတ် လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။ 10 လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ဆွဲ ထားကြ၏။ 11 ရှောလု ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင်12 သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင် ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။ 13 အရိုး တို့ကိုလည်း ယူ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။