ရှင်ပေတရု

ဩဝါဒစာပဌမစောင်။

1

1 ယေရှု ခရစ် ၏ တမန်တော် ငါပေတရု သည်၊ နားထောင် ခြင်းကျေးဇူး၊ ယေရှု ခရစ် ၏ အသွေး တော်နှင့် ဖြန်း ခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ် တော်အားဖြင့် သန့်ရှင်း ခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဉာဏ် တော်အတိုင်း ရွေးကောက် တော်မူသောသူတည်းဟူသော၊ 2 ပုန္တု ပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိ ပြည်၊ အာရှိ ပြည်၊ ဗိသုနိ ပြည်၊ အရပ်ရပ်တို့၌ ကွဲပြား သော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။ 3 အသက် ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့် ခြင်းအကြောင်း ရှိစေခြင်းငှာ၊ ဖောက်ပြန် ခြင်း၊ ညစ်စွန်း ခြင်း၊ ညှိုးနွမ်း ခြင်းနှင့်ကင်းစင်သောအမွေ တော်ကို ငါတို့သည် ခံရစေမည်အကြောင်း ၊ ယေရှု ခရစ် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောအားဖြင့် ၊ ကြီးစွာ သောကရုဏာ တော်နှင့်အညီ ငါ တို့ကို တစ်ဖန်ဖြစ်ဘွား စေတော်မူသော၊ ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 4 ထိုအမွေတော်သည်ကား၊ နောက်ဆုံး သောကာလ ထင်ရှား စေခြင်းငှာပြင်ဆင် သော ကယ်တင် ခြင်းသို့ ရောက်စေမည်အကြောင်း5 ယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုး တော်သည် စောင့်ရှောက် တော်မူသော သင် တို့အဘို့ ကောင်းကင် ဘုံ၌ သိုထား လျက်ရှိသောအမွေတည်း။ 6 အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်7 သင်တို့သည် ယခု ခဏ ခံရ၍ ဝမ်းနည်း သော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်း သောစိတ်ရှိကြ၏။ 8 ထိုသခင် ကိုသင်တို့သည် မ မြင် ဘူးသော်လည်းချစ် ကြ၏။ ယခု မှာ လည်းမ မြင် ဘဲလျက်၊ ယုံကြည် သော အားဖြင့်ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော ၍မမှီနိုင်သော ရွှင်လန်း ခြင်းစိတ်နှင့် ဝမ်းမြောက် ကြသည်ဖြစ်၍၊ 9 စိတ် ဝိညာဉ်ကို ကယ်တင် ခြင်းတည်းဟူသောယုံကြည် ခြင်း၏ အကျိုး ကိုခံရ ကြ၏။ 10 ထို ကယ်တင် ခြင်းအကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ ၍၊ သင် တို့ ခံရသော ကျေးဇူး တော်အကြောင်း ကို ဟောပြော ကြပြီ။ 11 ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း ၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူရသော ဘုန်း စည်းစိမ်ကို၎င်း၊ သူ တို့အထဲ ၌ရှိသောခရစ်တော် ၏ဝိညာဉ် သည် သက်သေခံနှင့်သောအခါ၊ အဘယ် မည်သောသူကို၎င်း၊ အဘယ်သို့ သောအချိန်ကာလကို ၎င်း ဆိုလို တော်မူသည်ဟု မေးမြန်း ရှာဖွေကြ၏။ 12 ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။ 13 သို့ဖြစ်၍ ၊ သင် တို့စိတ် နှလုံးကို ခါးပန်း စည်း ၍ သမ္မာ သတိရှိကြလော့။ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါ ၊ သင် တို့ဆီသို့ရောက် လတံ့သောဆု ကျေးဇူးကို အဆုံး တိုင်အောင်မြော်လင့် ကြလော့။ 14 အထက် က သင် တို့သည် မှောင်မိုက် ထဲမှာကျင့်သော တပ်မက် ခြင်းတရားကို ယခုမ လိုက် မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ် ကဲ့သို့ ဖြစ်၍၊ 15 သင် တို့ကိုခေါ် တော်မူသော သူ သည်သန့်ရှင်း တော်မူသည်နည်းတူ ၊ ကျင့်ကြံ ပြုမူသမျှ တို့၌ သန့်ရှင်း ခြင်း ရှိ ကြလော့။ 16 အကြောင်းမူကား ၊ ငါ သည်သန့်ရှင်း တော်မူသောကြောင့် ၊ သင်တို့သည်လည်း သန့်ရှင်း ခြင်းရှိ ကြလော့ ဟု ကျမ်းစာ လာသတည်း။ 17 လူမျက်နှာကိုမ ငဲ့၊ ခပ်သိမ်းသောသူ တို့၏ အကျင့် အတိုင်း စီရင် တော်မူသောခမည်းတော် ကို သင်တို့သည် ဆုတောင်း ကိုးကွယ်လျှင် ၊ ဧည့်သည် ဖြစ် စဉ် ကာလ ပတ်လုံးကြောက်ရွံ့ သောစိတ်နှင့် ကျင့် နေကြ လော့။ 18 မိ စဉ်ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံ ပြုမူခြင်းမှ ၊ ရွှေ ငွေ အစရှိသောဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေး တော်မူသည်မ ဟုတ်။ 19 အဘယ်အပြစ် မျှမရှိ၊ အညစ်အကြေး နှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ် နှင့်ရွေးတော်မူသည်ကို သိမှတ် ကြလော့။ 20 ထိုခရစ်တော်ကား၊ ဤကမ္ဘာ တည် မရှိမှီခန့်ထား တော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော် အားဖြင့် ဘုရားသခင် ကို ယုံကြည် သော သင် တို့အဘို့ ၊ ဤနောက်ဆုံး သော ကာလ ထင်ရှား တော်မူပြီ။ 21 သင် တို့သည် ဘုရားသခင် ကို ထောက်လျက်ယုံကြည် ခြင်း၊ မြော်လင့် ခြင်းရှိ စေခြင်းငှာ၊ ထိုသခင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေ၍ ဘုန်း အသရေကို ပေး သနားတော်မူပြီ။ 22 သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သော မျိုးစေ့ အားဖြင့် ဖြစ်ဘွား သည်မ ဟုတ်၊ 23 ဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင် ၏နှုတ်ကပတ် တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကို များကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရား ကို နားထောင် လျက်၊ ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီးသည်နှင့်အညီ၊ စင်ကြယ် သော စိတ် နှင့်အချင်းချင်း အားကြီး သောချစ် ခြင်းမေတ္တာရှိကြလော့။ 24 လူမျိုး ရှိသမျှ သည်လည်း မြက် ပွင့်ကဲ့သို့ ဖြစ်၏။ လူမျိုး ၏ ဘုန်း ရှိသမျှ သည်လည်း မြက် ပွင့် ကဲ့သို့ ဖြစ်၏။ မြက်ပင် သည်ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ 25 ထာဝရ ဘုရား၏ နှုတ်ကပတ် တရားမူကား ၊ ကာလအစဉ်အမြဲ တည် ၏။ ထို နှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရားဖြစ် သတည်း။

2

1 ထိုကြောင့် ၊ သင်တို့သည် သခင် ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည်ဖြစ်၍2 အမျိုးမျိုး သော မနာလို ခြင်း၊ လှည့်ဖြား ခြင်း၊ လျှို့ဝှက် ခြင်း၊ ငြူစူ ခြင်း၊ ကဲ့ရဲ့ ခြင်းရှိသမျှ ကို ပယ်ရှား ၍၊ ကယ်တင် ခြင်းအလိုငှာ နှုတ်ကပတ် တရား၏ နို့ စစ် အားဖြင့် ကြီးပွား မည်အကြောင်း3 ဘွားစ သောသူငယ် ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင် သော စိတ်ရှိကြလော့။ 4 လူတို့ ပယ် ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက် ကျောက် မြတ် တည်းဟူသောထိုသခင် ထံသို့ သင်တို့သည်ရောက် ၍၊ 5 အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။ 6 ထိုသို့ နှင့်အညီ ကျမ်းစာ လာသည်ကား၊ ရွေးချယ် သော တိုက်ထောင့် အမြစ်ကျောက် မြတ် ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ် ထား၏။ ထိုကျောက် ကို အမှီပြု သောသူ သည် ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။ 7 သို့ဖြစ်၍ ယုံကြည် ခြင်းရှိသော သင် တို့၌ကားဘုန်း အသရေရှိ၏။ နားမထောင် သောသူတို့၌ကား ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။ 8 နားမထောင် ဘဲ နှုတ်ကပတ် တရားတော်ကို ထိမိ ၍ လဲ သောသူ တို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် လည်း ဖြစ်၏။ ထိုအမှု နှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထား တော်မူသတည်း။ 9 သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။ 10 အထက် ကအပေါင်း အသင်းမ ဟုတ်၊ ယခု တွင် ဘုရားသခင် အပေါင်း အသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမ ခံရသော်လည်း ယခု တွင် ခံရ ကြ၏။ 11 ချစ်သူ တို့၊ ဝိညာဉ် နှင့်စစ် ပြိုင် တတ်သော ကိုယ် ကာယတပ်မက် ခြင်းတို့ကို ရှောင် မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သောသင်တို့ကို ငါတောင်းပန် ၏။ 12 သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။ 13 သခင် ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင် ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင် စေခြင်းငှာ၎င်း၊ လူကောင်း တို့ကို ချီးမွမ်းစေခြင်းငှာ၎င်း၊ 14 ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ ၊ လူ တို့တွင် စီရင် ခန့်ထားသမျှ သောမင်း၏အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ 15 အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့် သောအားဖြင့်လူမိုက် တို့၏ မိုက်မဲ သောစကားကို ချေ စေခြင်းငှာ၊ ဘုရားသခင် သည် ထိုသို့သော အလို တော်ရှိ ၏။ 16 လူ လွတ်ဖြစ်သော်လည်း၊ လွတ် ခြင်းအကြောင်းဖြင့် မကောင်း သောအမှုတို့ကို ဖုံးအုပ် သောသူကဲ့သို့ ကျင့် ၊ ဘုရားသခင် ၏ ကျွန် ကဲ့သို့ ကျင့်နေကြလော့။ 17 ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။ 18 အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။ 19 အကြောင်းမူကား ၊ ဘုရားသခင် ၏မျက်နှာ တော်ကိုထောက်၍ ၊ မတရား သောညှဉ်းဆဲ ခြင်းကို နာကျင် စွာခံရလျှင် ကျေးဇူး ရှိ၏။ 20 ကိုယ်အပြစ် ကြောင့် ဒဏ် ခံရသောအခါသည်းခံ လျှင် ၊ အဘယ် ချီးမွမ်း စရာရှိသနည်း။ ကောင်းမွန် စွာပြု၍ ဆင်းရဲ ခံရသောအခါသည်းခံ လျှင် ၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး ရှိ၏။ 21 အကြောင်းမူကား ၊ ထိုသို့ အလိုငှာ သင်တို့ကိုခေါ် တော်မူပြီ၊ ခရစ်တော် သည် ငါ တို့အတွက် ခံ တော်မူသည်ဖြစ်၍ ၊ ခြေ တော်ရာကို ရှောက်လိုက် စေခြင်းငှာ ပုံ သက်သေကိုထား တော်မူပြီ။ 22 ထိုသခင် သည် ဒုစရိုက် ကိုမ ပြု ၊ နှုတ် တော်၌ လည်း မုသာ ကိုရှာ တွေ့၊ ကဲ့ရဲ့ ခြင်းကို ခံရသောအခါပြန် ၍မ ကဲ့ရဲ့။ 23 အသေခံ ရသောအခါခြိမ်းချောက် ခြင်းကိုမ ပြု။ တရား သဖြင့် စီရင် တော်မူသောသူ ၌ ကိုယ်ကိုကိုယ်အပ်နှံ တော်မူ၏။ 24 ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။ 25 သင်တို့သည် အထက်ကလမ်းလွဲ ၍ ပျောက်သောသိုး ကဲ့သို့ ဖြစ်ကြ ၏။ ယခု မူကား ၊ သိုးထိန်း တည်းဟူသောသင် တို့၏ဝိညာဉ် တို့ကို အုပ်စိုး ကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက် ကြပြီ။

3

1 အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမ တို့၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ 2 သို့ပြု၍၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူ တို့သည် တရားမ နာသော်လည်း ၊ သင် တို့၏ ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ် သောအကျင့် တို့ကို ထောက်ရှု ၍၊ မိမိမယား ၏ အကျင့် အားဖြင့် သွေးဆောင် လျက် အတူပါ မည် အကြောင်း ရှိ၏။ 3 သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင် ကျစ် ခြင်း၊ ရွှေ ဆင် ခြင်း၊ အဝတ် ဝတ် ခြင်းတည်းဟူသောအပြင် တန်ဆာဆင်ခြင်းမ ဖြစ် စေဘဲ၊ 4 ဘုရားသခင့် ရှေ့ မှာ အဘိုး များစွာထိုက်သော နူးညံ့ ငြိမ်သက် ခြင်းသဘော တည်းဟူသောမ ဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ် နှလုံး၏ အတွင်း လူ ဖြစ် စေကြလော့။ 5 ဘုရားသခင် ကို ကိုးစား ၍သန့်ရှင်း သော မိန်းမ တို့သည် ရှေး ကထိုသို့ ကိုယ် ကိုတန်ဆာ ဆင်လျက်၊ စာရာ သည် အာဗြဟံ ကို သခင် ဟုခေါ်ဝေါ် ၍ သူ ၏စကားကို နားထောင် သကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ ကြ၏။ သင်တို့သည် ကောင်းမွန် စွာကျင့်၍ ၊ ကြောက်ရွံ့ တုန်လှုပ် ခြင်းအလျှင်း ရှိဘဲနေလျှင် စာရာ ၏သမီး ဖြစ် ကြ၏။ 6 ထိုနည်းတူ ၊ ယောက်ျား တို့၊ ဆုတောင်း ခြင်းအမှု၌ အဆီးအတား ရှိစေခြင်းငှာ အသက် ရှင်ခြင်းကျေးဇူး တော်ကို ဆက်ဆံ၍အမွေ ခံရသော သူချင်းကဲ့သို့ ၊ သတိ ပညာနှင့် လျော် စွာကိုယ်ခင်ပွန်းနှင့်အတူနေ ၍၊ 7 အားနည်း သောသူကို ပြုသင့်သည်အတိုင်း သူ့ ကို စောင့်မ ပြုစုကြလော့။ 8 အချုပ်အခြာ စကားဟူမူကား၊ သင်တို့အပေါင်း သည် စိတ် တစ်ညီတစ်ညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကို ချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက် ခြင်း၊ စိတ် နှိမ့်ချခြင်းရှိကြလော့။ 9 သင်တို့သည် ကောင်းကြီး မင်္ဂလာကိုအမွေခံ စေခြင်းအလိုငှာ ခေါ် တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့ မူ၊ ပြန်၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ 10 အသက် ကိုမွေ့လျော် စေ၍ ၊ ကောင်းမွန် သော နေ့ရက် တို့ကို တွေ့မြင် ခြင်းငှာအလိုရှိ သောသူ သည်၊ မိမိလျှာ ကိုမကောင်း သောအရာနှင့် ကင်းလွတ် စေ။ မိမိနှုတ်ခမ်း လည်း မုသား စကားကို မ ပြော စေနှင့်။ 11 ဒုစရိုက် ကိုလွှဲရှောင် သုစရိုက် ကိုပြု စေ။ သူတစ်ပါးနှင့် အသင့်အတင့် နေခြင်းကိုရှာ မှီအောင် လိုက် စေ။ 12 အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ ဆုတောင်း ခြင်းကိုလည်း နားထောင် တော်မူ၏။ ဒုစရိုက် ပြု သော သူတို့ကိုကား ၊ ထာဝရ ဘုရားသည် မျက်နှာ လွှဲ တော်မူ၏။ 13 သင် တို့သည်ကောင်း သောတရားကို ကျင့် သောသူဖြစ် လျှင် ၊ အဘယ်သူ ညှဉ်းဆဲ မည်နည်း။ 14 ဖြောင့်မတ် ခြင်းတရားကြောင့် ဆင်းရဲ ခံရလျှင် မူကား ၊ မင်္ဂလာ ရှိကြ၏။ သူ တို့၏ခြိမ်းချောက် ခြင်းကို မ ကြောက် ကြနှင့်၊ မ ထိတ်လန့် ကြနှင့်။ 15 စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။ 16 ခရစ်တော် သင် တို့ကျင့်သော အကျင့် ကောင်း ကို ရှုတ်ချ သော သူ တို့သည် ကဲ့ရဲ့ ပြစ်တင်သောအခါ ၊ ကိုယ်တိုင်ရှက်ကြောက် ခြင်းမရှိမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင် လျက် နေ ကြလော့။ 17 ဘုရားသခင့် အလို တော်ရှိလျှင် ၊ သုစရိုက် ကိုပြု၍ ဆင်းရဲ ခံခြင်းသည်၊ ဒုစရိုက် ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း ၏။ 18 ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။ 19 ထိုဝိညာဉ် တော်အားဖြင့် လည်း ကြွသွား တော်မူ၍၊ ယခုထောင် ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟော တော်မူ၏။ 20 ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧ လက်ထက် ၊ နည်း သောသူတည်းဟူသောလူ ရှစ် ယောက်တို့ကို ရေ အားဖြင့် ကယ်ဆယ် သောသင်္ဘော ကိုတည်လုပ် စဉ် တွင်၊ ဘုရားသခင် ၏ ခန္တီ တော်သည်ဆိုင်းလင့် တော်မူသော်လည်း၊ နားမထောင် သောဝိညာဉ် ဖြစ်သတည်း။ 21 ထိုသို့သောဥပမာ အတိုင်း ၊ ယခု တွင်ဗတ္တိဇံ သည် ယေရှု ခရစ် ထမြောက် တော်မူသောအားဖြင့် ၊ ငါ တို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ် ကာယ၏ အညစ်အကြေး ဆေးကြော ခြင်းကို မ ဆိုလို။ ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် ၍၊ ဘုရားသခင့် ရှေ့ ၌ ဝန်ခံ ခြင်းကို ဆိုလိုသတည်း။ 22 ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။

4

1 ထိုသို့ ခရစ်တော် သည် ကိုယ်ခန္ဓာ တော်၌ ငါတို့အတွက်ခံ တော်မူသည်မှန်သောကြောင့်၊ သင် တို့လည်း ထိုသို့သောသဘော ကို လက်နက် ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ ၌ခံ သောသူ သည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်း သည်ဖြစ်၍၊ 2 နောက် တဖန်သူ တို့၏ တပ်မက် ခြင်းတရားကို မကျင့်၊ ဘုရားသခင် ၏ အလို တော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာ အသက် အပိုင်းအခြားကျန်ရစ် သောကာလ ကို လွန် စေတတ်၏။ 3 သာသနာပ လူတို့၏အလို သို့လိုက်၍ ၊ ကိလေသာ ညစ်ညှူးခြင်း၊ ကာမ တပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူး ခြင်း၊ ပွဲ လုပ်ခြင်း၊ သောက်ကြူး ခြင်း၊ အဓမ္မ ရုပ်တု ကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန် စေပြီးသော အသက်ကာလ သည် ငါတို့အားလောက် ပေ၏။ 4 ယခုမှာသင် တို့သည် သူတို့နှင့်အတူမ ဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူး ညစ်ညှုးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ ၍ ကဲ့ရဲ့ တတ်ကြ၏။ 5 သို့ဖြစ်၍၊ အသက် ရှင်သော သူ တို့ကို၎င်း ၊ သေ သောသူတို့ကို၎င်း တရား စီရင်ခြင်းငှာအသင့် ရှိ တော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြော ခြင်းကို ခံရ ကြလတံ့။ 6 ထို အကြောင်း ကြောင့် လူတို့ ရှေ့ ၌ ကိုယ်ခန္ဓာ အားဖြင့်အပြစ် စီရင်ခြင်းကိုခံရသော်လည်း ၊ ဘုရားသခင့် ရှေ့ တော်၌ စိတ်ဝိညာဉ် အားဖြင့်အသက် ရှင်မည်အကြောင်း ၊ သေ သောသူတို့သည် ဧဝံဂေလိ တရားကို ကြားရကြ၏။ 7 ခပ်သိမ်း သောအမှုအရာတို့သည် အဆုံး သို့ရောက် လုသည် ဖြစ်သောကြောင့် ၊ သမ္မာ သတိရှိကြလော့။ ဆုတောင်း ခြင်းအလိုငှာ စောင့် နေကြလော့။ 8 အခြားသောအမှုအရာထက်မက၊ အချင်းချင်း အားကြီး သော ချစ် ခြင်းမေတ္တာသည် များစွာ သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။ 9 မြည်တမ်း ခြင်းမ ရှိဘဲ အချင်းချင်း ဧည့်သည် ဝတ်ကိုပြုကြလော့။ 10 သင်တို့သည် ဆု ကျေးဇူးတော်ကို အသီးသီး ခံရ ကြသည်နှင့်အညီ ၊ ဘုရားသခင် ၏ အထူးထူး အပြားပြားသော ကျေးဇူး တော်ဘဏ္ဍာစိုး ကောင်း ကဲ့သို့ ၊ အချင်းချင်း ဝေငှ ပေးကမ်းကြလော့။ 11 ဘုရားသခင် သည် အရာရာ ယေရှု ခရစ် အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း ၊ ဟောပြော သောသူ သည်ဘုရားသခင် ၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက် သောသူ သည်၊ ဘုရားသခင် ပေး သနားတော်မူသော အစွမ်း သတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ အစွမ်းသတ္တိရှိ တော်မူစေသတည်း။ အာမင်12 ချစ်သူ တို့၊ သင် တို့ကို စုံစမ်း စရာဘို့ ယခုခံရသော မီး စစ်ခြင်းအရာကိုကား၊ သင် တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩ ခြင်းမ ရှိကြနှင့်။ 13 သင်တို့သည် ခရစ်တော် ၏ဆင်းရဲ ကိုဆက်ဆံ ကြသည်ဖြစ်၍ ၊ ဘုန်း တော်ပေါ်ထွန်း သောအခါအလွန်ဝမ်းမြောက် ရွှင်လန်း မည်အကြောင်း ၊ ယခုပင်ဝမ်းမြောက် ကြလော့။ 14 ခရစ်တော် ၏ နာမ ကြောင့် ကဲ့ရဲ့ ခြင်းကိုခံရလျှင် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီး သောဝိညာဉ် တော်သည် သင် တို့အပေါ်မှာ ကျိန်းဝပ် တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။ 15 လူ အသက်ကိုသတ်သောအပြစ်၊ သူ့ ဥစ္စာကို ခိုးသောအပြစ်၊ ဒုစရိုက် ကိုပြုသောအပြစ်၊ သူတစ်ပါး အမှု၌ ရောနှောသောအပြစ်ရှိ၍၊ သင် တို့တွင် အဘယ်သူ မျှမ ခံ စေနှင့်။ 16 ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် မူကား ၊ ရှက်ကြောက် ခြင်း မ ရှိစေနှင့်။ ထို အမှု ကြောင့် ခံရလျှင် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းစေ။ 17 ဘုရားသခင် ၏အိမ်တော်သား တို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန် ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာစစ်ကြောအချိန်ရှိပြီ။ ငါ တို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင် ၊ ဘုရားသခင် ၏ ဧဝံဂလိ တရားစကားကို နားမထောင် သောသူ တို့၏ အမှုသည် အဘယ်သို့ ပြီး လိမ့်မည်နည်း။ 18 ဖြောင့်မတ် သောသူသည် ကယ်တင် ခြင်းသို့ ရောက်နိုင်ခဲ သည်မှန်လျှင် ၊ ဘုရားသခင်ကို မ ကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူသည် အဘယ်မှာ ပေါ် လိမ့်မည်နည်း။ 19 ထို့ကြောင့် ၊ ဘုရားသခင် ၏အလို တော်အတိုင်း ဆင်းရဲခံရ သောသူ တို့သည်၊ ဘုရားသခင်ကို သစ္စာရှိ သော အသက် သခင်ကဲ့သို့မှတ်လျက်၊ ကောင်း သောအကျင့်ကိုကျင့်နေ၍ ၊ ကိုယ်တော်၌မိမိ တို့အသက် ဝိညာဉ်ကိုအပ်နှံ ကြစေ။

5

1 သင်းအုပ် အရာ၌၎င်း ၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခဝေဒနာကို သိမြင်သောသက်သေ အရာ၌၎င်း ခန့်ထားသောသူ၊ ထင်ရှား စေတော်မူလတံ့ သော ဘုန်း အသရေတော်ကို ဆက်ဆံ သောသူဖြစ်သော ငါပေတရုသည်၊ သင် တို့တွင် ရှိသော သင်းအုပ် ချင်းတို့ကို တောင်းပန် ပါ၏။ 2 သင် တို့နှင့်အတူ ရှိသောဘုရားသခင် ၏ သိုး တော်စုကို ထိန်း ခြင်းအမှုမှာ၊ အနိုင် ထိန်းရသောကြောင့် မ ဟုတ်၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မ ဟုတ်ဘဲ၊ အလိုလို စေတနာ စိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။ 3 အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရ ပြုသည်မ ဟုတ်ဘဲ၊ သိုး တော်စု ရှေ့မှာပုံ သက်သေကိုပြသောသူ ဖြစ် ကြလော့။ 4 သို့ဖြစ်လျှင် ၊ သိုးထိန်း အကြီး ပေါ်ထွန်း တော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်း တတ်သော ဘုန်းကြီး သော ပန်း ဦးရစ်သရဖူကို ခံရ ကြလိမ့်မည်။ 5 ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။ 6 ထိုကြောင့် ကာလ အချိန်တန်လျှင် ၊ ဘုရားသခင် သည် သင် တို့ကိုချီးမြှောက် တော်မူမည်အကြောင်း ၊ တန်ခိုး ကြီးသော လက် တော်အောက် ၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ 7 သင် တို့ကိုသတိ နှင့်ကြည့်ရှုတော်မူသောကြောင့် ၊ သင် တို့၌ စိုးရိမ် ခြင်းအမှုရှိသမျှ တို့ကို ကိုယ်တော် အပ်နှံ ကြလော့။ 8 သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။ 9 သို့ဖြစ်၍၊ လူ ပြည်အရပ်ရပ်တို့၌ ရှိသော သင် တို့ ညီအစ်ကို များတို့သည် ထိုသို့သောဆင်းရဲကို ခံရ ကြသည်ဟုသိမှတ် လျက်၊ ယုံကြည် ခြင်း၌တည် ၍မာရ်နတ် ကို ဆီးတား ကြလော့။ 10 ခရစ်တော် ယေရှု အားဖြင့် ငါ တို့ကို ထာဝရ ဘုန်း အသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်း သော ကျေးဇူး ကိုပြုတော်မူသော ဘုရားသခင် သည် ခဏ ဆင်းရဲ ခံပြီးသော သင်တို့ကိုစုံလင် တည်ကြည် ခိုင်ခံ့ မြဲမြံ စေ တော်မူလိမ့်မည်။ 11 ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်12 ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင် လျက်၊ သင်တို့မှီဝဲ ဆည်းကပ်သောဤ အရာများသည် ဘုရားသခင် ၏ကျေးဇူး တော်အမှန် ဖြစ် သည်ဟု သက်သေခံ လျက် ၊ ဤစာကို အကျဉ်း အားဖြင့် ရေး ပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင် တို့အမှု၌ သစ္စာရှိ သောညီအစ်ကို သိလွာနု လက်ဖြင့် ယခုပေးလိုက်၏။ 13 ငါ့ သား မာကု မှစ၍ ဗာဗုလုန် မြို့၌ ရှိသော သင်တို့နှင့်အတူရွေးချယ် တော်မူသော အသင်းတော် သည် သင် တို့ကိုနှုတ်ဆက် ကြ၏။ 14 အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မေတ္တာ နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် နှင့် ဆိုင်သော သင် တို့အပေါင်း ၌ ငြိမ်သက် ခြင်းရှိစေသတည်း။ အာမင်။