ဓမ္မရာဇဝင်တတိယစောင်။

1

1 ဒါဝိဒ် မင်းကြီး သည် အသက် ကြီးရင့်၍ အို သောအခါ အဝတ် ခြုံ နွေး နိုင်။

2 သို့ဖြစ်၍ ကျွန် တို့က၊ အသက် ပျိုသော ကညာ ကို အရှင် မင်းကြီး အဘို့ ရှာ ပါရစေ။ သူသည်မင်းကြီး ကို ခစား ၍ ပြုစုပါစေ။ အရှင် မင်းကြီး ကို နွေး စေခြင်းငှါရင်ခွင် တော်၌ အိပ် ပါစေဟုလျှောက် ကြ၏။

3 ထိုသို့နှင့်အညီအဆင်း လှသောအပျိုမ ကို ဣသရေလ ပြည် တရှောက်လုံး တွင် ရှာ ရှုနင် မြို့သူအဘိရှက် ကို တွေ့ သဖြင့် အထံတော်သို့ ဆောင် ခဲ့ကြ၏။

4 ထိုမိန်းမ သည် အလွန် အဆင်းလှ ၏။ ရှင်ဘုရင် ကို လည်း လုပ်ကျွေး ပြုစု လေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်း တော်မ မူ။

5 ထိုနောက် ဟဂ္ဂိတ် သား အဒေါနိယ သည် ရှင် ဘုရင် လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက် ၍ ရထား များနှင့် မြင်း များကို၎င်း မိမိ ရှေ့ ၌ပြေး ရသောလူ ငါး ဆယ်ကို၎င်း၊ ပြင်ဆင် လေ၏။

6 ခမည်းတော် က၊ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သူ့စိတ်နာ အောင် တခါမျှမ ပြောစဖူး။ ထိုသူ သည် အဆင်း လည်း အလွန် လှ၏။

7 အဗရှလုံ ညီ လည်း ဖြစ်၏။ သူသည်ဇေရုယာ သား ယွာဘ ယဇ်ပုရောဟိတ် အဗျာသာ နှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယ ဘက် မှာ နေကြ၏။

8 ယဇ်ပုရောဟိတ် ဇာဒုတ် ယောယဒ သား ဗေနာယ ပရောဖက် နာသန် ရှိမိ ရေဣ အစရှိသော ဒါဝိဒ် ၏ မှူးကြီး မတ်ကြီးများမူကား အဒေါနိယ ဘက်သို့ မ ဝင်ကြ။

9 အဒေါနိယ သည် အင်္ရောဂေလ မြို့နယ်အတွင်း ဇောဟေလက်ကျောက်နား မှာ သိုး နွား မှစ၍ဆူဖြိုး သော အကောင်တို့ကိုသတ် ပြီးလျှင် ရှင်ဘုရင် သား မိမိ ညီ များနှင့် ရှင်ဘုရင် ၏ ကျွန် ယုဒ လူ များအပေါင်း တို့ကို ခေါ်ဘိတ် လေ၏။

10 ပရောဖက် နာသန် ဗေနာယ မှူးကြီး မတ်ကြီးမှစသောညီ ရှောလမုန် ကိုကား မ ခေါ် မဘိတ်။

11 ထိုအခါ နာသန် သည် ရှောလမုန် အမိ ဗာသရှေဘ ထံသို့ သွား၍၊ ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှင် ဘုရင်လုပ်ကြောင်း ကို ကြား ပြီ လော။ တို့ အရှင် ဒါဝိဒ် သည် မ သိ ပါတကား။

12 ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။

13 ဒါဝိဒ် မင်းကြီး ထံ တော်သို့ဝင် အိုအရှင် မင်းကြီး ကိုယ်တော် က သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌ စိုးစံ နန်း ထိုင် ရမည်ဟု ကိုယ်တော် ကျွန် မအား ကျိန်ဆို တော်မူပြီမ ဟုတ်လော သို့ဖြစ်လျှင် အဒေါနိယ သည် အဘယ်ကြောင့် စိုးစံ ရပါသနည်းဟု လျှောက် လော့။

14 ထိုသို့အထံတော်၌ လျှောက် စဉ် တွင်၊ ကျွန်ုပ် ဝင် သင် ၏စကား ကိုထောက်မ မည်ဟု အကြံပေးသည် အတိုင်း၊

15 ဗာသရှေဘ သည်ရှင်ဘုရင် ရှိ ရာ အခန်း ထဲသို့ ဝင် လေ၏။ ရှင် ဘုရင်သည်အလွန် အို ရှုနင် မြို့သူအဘိရှက် သည် လုပ်ကျွေး လျက်နေ၏။

16 ဗာသရှေဘ သည်ဦးချ ရှင်ဘုရင် အား ရှိခိုး လျှင် ရှင်ဘုရင် က အဘယ် အလိုရှိသနည်းဟုမေး တော်မူ၏။

17 ဗာသရှေဘကလည်း၊ ကျွန်မ သခင် ကိုယ်တော် က သင် ၏သား ရှောလမုန် သည်ငါ့ အရာ ၌ စိုးစံ နန်း ထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည် ၍ ကိုယ်တော် ကျွန် မအား ကျိန်ဆိုတော်မူပြီ။

18 ယခု မှာ အဒေါနိယ သည်စိုးစံ ပါ၏။ ကိုယ်တော်အရှင် မင်းကြီး လည်း သိ တော်မ မူ။

19 အဒေါနိယသည် သိုး နွား မှစ၍ဆူဖြိုး သော အကောင်များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏ သား တော်အပေါင်း တို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ ဗိုလ်ချုပ် မင်းယွာဘ တို့ကို ခေါ်ဘိတ် ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန် ကို ကား ခေါ် မဘိတ်ပါ။

20 အိုအရှင် မင်းကြီး ကျွန်မ အရှင် မင်းကြီး ၏ အရာ ၌စိုးစံ၍ အဘယ်သူ သည် နန်း ထိုင် ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။

21 သို့မဟုတ် ကျွန်မ အရှင် မင်းကြီး သည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက် တော်မူသောအခါ ကျွန်တော်မ နှင့် သား ရှောလမုန် သည် ရာဇဝတ် ခံရသောသူဖြစ် ပါလိမ့်မည်ဟု လျှောက်လေ၏။

22 ထိုသို့ အထံတော်၌ လျှောက် စဉ် တွင်၊ ပရောဖက် နာသန် သည် ဝင် လျှင် ပရောဖက် နာသန် လာပါသည်ဟု လျှောက် ကြ၏။

23 နာသန်သည်လည်း ရှေ့ တော်သို့ ရောက် သောအခါ ဦးချ ပြပ်ဝပ်လျက်

24 အိုအရှင် မင်းကြီး ကိုယ်တော် က ငါ့ အရာ ၌ အဒေါနိယ စိုးစံ နန်း ထိုင် ရမည်ဟု မိန့် တော်မူသလော။

25 သူသည် ယနေ့ ဆင်း သွား၍ ဆူဖြိုး သော သိုး နွား များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏သား တော်အပေါင်း တို့ကို ၎င်း၊ ဗိုလ် များနှင့် ယဇ်ပုရောဟိတ် အဗျာသာ ကို ၎င်း ခေါ်ဘိတ် ပါပြီ။ သူ တို့သည် အဒေါနိယရှေ့ မှာ စား သောက် လျက် အဒေါနိယ မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် လျက် ယခုရှိကြပါ၏။

26 ကိုယ်တော် ကျွန် အကျွန်ုပ် ယဇ်ပုရောဟိတ် ဇာဒုတ် ယောယဒ သား ဗေနာယ ကိုယ်တော် ကျွန် ရှောလမုန် တို့ကို ကား မ ခေါ် မဘိတ်ပါ။

27 အရှင် မင်းကြီး ၏အရာ ၌ အဘယ်သူ နန်း ထိုင် ရမည်ကို ကိုယ်တော် ကျွန် အားပြ တော်မ မူဘဲ ဤ အမှု ကို အရှင် မင်းကြီး စီရင် တော်မူပြီလောဟု လျှောက်လေ၏။

28 ထိုအခါ ဒါဝိဒ် မင်းကြီး က၊ ဗာသရှေဘ ကို ခေါ် ခဲ့ ပါဟု မိန့် တော်မူသည်အတိုင်း ဗာသရှေဘသည်လာ ၍ ရှေ့ တော်၌ ရပ် နေ၏။

29 ရှင်ဘုရင် ကလည်း၊ ငါ့ အသက် ဝိညာဉ်ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊

30 သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌စိုးစံ ငါ့ ကိုယ်စား နန်း ထိုင် ရမည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား ကို ငါတိုင်တည် ၍ သင့် အား ကျိန်ဆိုသည် နှင့်အညီ ယနေ့ ငါပြု မည်ဟု တဖန်ကျိန်ဆို တော်မူ၏။

31 ဗာသရှေဘ သည် ဦးချ ပြပ်ဝပ်လျက် ရှင်ဘုရင် အား ရှိခိုး လျက် အရှင် ဒါဝိဒ် မင်းကြီး သည် အသက် တော် အစဉ်အမြဲ ရှင်စေသတည်းဟု မြွက်ဆို ၏။

32 ဒါဝိဒ် မင်းကြီး ကလည်း ယဇ်ပုရောဟိတ် ဇာဒုတ် ပရောဖက် နာသန် ယောယဒ သား ဗေနာယ တို့ကို ခေါ် ခဲ့ပါဟု မိန့် တော်မူသည်အတိုင်း သူတို့သည် ရှေ့ တော်သို့ ဝင် လာကြ၏။

33 ရှင်ဘုရင် ကလည်း သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။

34 ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် သည် ထို မြို့မှာ ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုး မှုတ် ရှောလမုန် မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြလော့။

35 ထိုနောက် သင်တို့လိုက် လျက် ငါ့သားသည်လာ နန်း ထိုင် ရမည်။ ငါ့ ကိုယ်စား ရှင် ဘုရင်ဖြစ်ရမည်။ ထိုသူ ကို ဣသရေလ မင်း ယုဒ မင်းအရာ၌ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။

36 ယောယဒ သား ဗေနာယ က အာမင် အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။

37 ထာဝရဘုရား သည် အရှင် မင်းကြီး ဘက် မှာ ရှိ တော်မူသည်နည်းတူ ရှောလမုန် ဘက် မှာ ရှိ တော်မူပါစေသော။ အရှင် မင်းကြီး ဒါဝိဒ် ၏ ရာဇပလ္လင် ထက် သား တော်၏ ရာဇပလ္လင် သည်သာ၍ဘုန်းကြီး မည် အကြောင်းစီရင်တော်မူပါစေသောဟု ရှင်ဘုရင် ကို ပြန်လျှောက် လေ၏။

38 ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ် ပရောဖက် နာသန် ယောယဒ သား ဗေနာယ ခေရသိ လူ၊ ပေလသိ လူတို့သည် ထွက် ရှောလမုန် ကို ဒါဝိဒ် မင်းကြီး ၏ မြင်းလား ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြ၏။

39 ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ သူတို့သည် တံပိုး မှုတ် ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။

40 လူ အပေါင်း တို့သည် တီးမှုတ် လျက် နောက် တော်သို့လိုက် ၍၊ မြေကြီး ကွဲ မတတ်ရှိသည်တိုင်အောင် အလွန် ဝမ်းမြောက် သောအသံ ကို ပြုကြ၏။

41 အဒေါနိယ နှင့် သူ ၏အပေါင်းအဘော်တို့သည် စားသောက် ပွဲ ပြီး သောအခါ ထိုအသံကို ကြား ကြ၏။ တံပိုး မှုတ်သံ ကိုယွာဘ ကြား လျှင် တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံ ကား၊ အဘယ်သို့ နည်းဟုမေး စဉ် ပင်၊

42 ယဇ်ပုရောဟိတ် အဗျာသာ ၏သား ယောနသန် သည်လာ လျှင် အဒေါနိယ ကဝင် ပါ။ သင် သည် လူ ကောင်းဖြစ်၍ ကောင်း သောသိတင်း ကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊

43 ယောနသန် က၊ အကယ်စင်စစ်ငါ တို့အရှင် ဒါဝိဒ် မင်းကြီး သည် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။

44 ရှင် ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် ပရောဖက် နာသန် ယောယဒ သား ဗေနာယ ခေရသိ လူ၊ ပေလသိ လူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ် တော်မူ၍ မြင်းလား တော်ပေါ် မှာ စီး စေကြပါပြီ။

45 ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် တို့သည် ရှောလမုန်ကို ဂိဟုန် မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထို မြို့မှ ဝမ်းမြောက် စွာ လာ ပြန်၍ တမြို့လုံး အုတ်အုတ်ကျက်ကျက် သောအသံ ကို ကိုယ်တော်ကြား ရပါ၏။

46 ရှောလမုန် သည်လည်း ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် ပါ၏။

47 ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊

48 ငါသည် ကိုယ် မျက်စိ နှင့်မြင် စေခြင်းငှါ၊ ငါ့ နန်း ပေါ် မှာ ထိုင် ရသောသူကို ယနေ့ ပေး သနားတော်မူသော ဣသရေလ အမျိုး၏ရှင်ဘုရင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယ အား ပြန်လျှောက် လေ၏။

49 ထိုအခါ အဒေါနိယ နှင့် ပေါင်းဘော် သော သူအပေါင်း တို့သည် ကြောက်ရွံ့ သဖြင့် ၍ တယောက် တခြားစီ သွား ကြ၏။

50 အဒေါနိယ သည်လည်း ရှောလမုန် ကို ကြောက် သဖြင့် သွား ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။

51 အဒေါနိယ သည် ရှောလမုန် မင်းကြီး ကို ကြောက် ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်၊ ရှောလမုန် မင်းကြီး သည် ကျွန်တော် ကို ကွပ်မျက် မည်အကြောင်းယနေ့ ကျိန်ဆို တော်မူပါစေဟုဆို ကြောင်းကို ရှောလမုန် အား လျှောက် လေသော်၊

52 ရှောလမုန် က၊ သူသည်လူ ကောင်း ဖြစ် လျှင် ဆံခြည် တပင်မျှ မြေ သို့ ကျ ရ။ အပြစ် ရှိ လျှင် အသေခံ ရမည် ဟု အမိန့် တော်ရှိ၍

53 လူကိုစေလွှတ် သဖြင့် အဒေါနိယကို ယဇ် ပလ္လင်မှ ခေါ် ခဲ့သည်အတိုင်း သူသည်လာ ရှောလမုန် မင်းကြီး ရှေ့ မှာ ဦးချ လေ၏။ ရှောလမုန် ကလည်း သင့် အိမ် သို့ သွား လော့ဟု မိန့် တော်မူ၏။

2

1 ဒါဝိဒ် သည်အနိစ္စ ရောက်ရသောအချိန် နီး သောအခါ သား တော်ရှောလမုန် ကို ပညတ် ထားတော်မူသည် ကား၊

2 မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။

3 ထာဝရဘုရား သည် ငါ့အားဗျာဒိတ် ပေးတော်မူ သည်ကား၊

4 သင် ၏သား မြေးတို့သည် စိတ် နှလုံး အကြွင်းမဲ့ ငါ့ ရှေ့ မှာ သမ္မာတရား၌ ကျင်လည် ခြင်းငှါ မိမိ တို့သွားရာ လမ်း ကို သတိပြု လျှင် ဣသရေလ နိုင်ငံရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် အမျိုး မင်းရိုးမ ပြတ် ရဟု မိန့် တော်မူ သော စကား တော်တည် သင်သည်ပြု လေရာရာ သွား လေရာရာ ၌ အောင်မြင် မည်အကြောင်း သင် ၏ ဘုရား သခင်ထာဝရဘုရား၏ လမ်း တော်သို့ လိုက် ၍၊ မောရှေ ၏ပညတ္တိ ကျမ်း၌ ပါသောစီရင် ထုံးဖွဲ့ချက်၊ သက်သေခံ ချက်၊ ပညတ် တရား တော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသောစကားကို နားထောင် လော့။

5 ဇေရုယာ သား ယွာဘ သည် ငါ ပြု သောအမှု ဣသရေလ ဗိုလ်ချုပ် နှစ် ပါးနေရ ၏သား အာဗနာ ယေသာ ၏ သား အာမသ ပြု သောအမှု တည်းဟူသောသူ တို့ ကိုသတ် စစ် မတိုက်ဘဲ စစ် အသွေး ကို သွန်းလောင်း သဖြင့် မိမိ ဝတ်သောခါးစည်း မိမိ နင်း သော ခြေနင်း တို့ကို စစ် အသွေး နှင့် လူး သောအမှုကို သင် သိ သည်ဖြစ်၍

6 သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။

7 ဂိလဒ် ပြည်သားဗာဇိလဲ ၏သား တို့ကို ကား ကျေးဇူး ပြု၍ စားပွဲ တော်၌ စား သောလူစုထဲသို့ ဝင် စေလော့။ သင့် အစ်ကို အဗရှလုံ ကြောင့် ငါ ပြေး ရသောအခါ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ ထံသို့ လာ ကြ၏။

8 ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း

9 ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊

10 ဒါဝိဒ် သည်ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ တော်မူ၏။

11 ဟေဗြုန် မြို့၌ ခုနစ် နှစ် ယေရုရှလင် မြို့၌ သုံးဆယ် သုံး နှစ် မင်းပြု ၍ ဣသရေလ နိုင်ငံကို အနှစ် လေးဆယ် စိုးစံ တော်မူ၏။

12 ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ အာဏာ တော်သည် အမြဲ တည် ၏။

13 ထိုနောက်ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှောလမုန် ၏ မယ်တော် ဗာသရှေဘ ထံသို့ သွား ဗာသရှေဘက သင် သည်မိတ်ဆွေ ဖွဲ့လျက် လာ သလော ဟုမေး လျှင် မိတ်ဆွေ ဖွဲ့လျက် လာပါ၏။

14 ပြော စရာတစုံတခုရှိပါသည်ဟု ဆို သော် မယ်တော်က ပြော ပါဟု ပြန်ဆို ၏။

15 အဒေါနိယကလည်း၊ နိုင်ငံ တော်သည် ကျွန်ုပ် လက်သို့ ရောက် သည်ကို၎င်း ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျွန်ုပ် ကို ရှင် ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်း ကို၎င်းမယ်တော် သိ ပါ၏။ သို့သော်လည်း နိုင်ငံ တော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီ တော်လက် သို့ ရောက် ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။

16 ယခု မှာ တစုံတခု သောဆု ကို မယ်တော် တောင်း ချင်ပါ၏။ မ ငြင်း ပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြော ပါဟုဆို ၏။

17 သူကလည်းရှောလမုန် မင်းကြီး သည် ရှုနင် မြို့သူအဘိရှက် ကို ကျွန်ုပ် အား ပေးစား တော်မူမည်အကြောင်း လျှောက် ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်း တော် မ မူနိုင်ဟု ဆို လေသော်၊

18 ဗာသရှေဘ ကကောင်း ပြီ။ သင့် အဘို့ နားတော် လျှောက် မည်ဟု ဆို ပြီးမှ အဒေါနိယ အဘို့ နားတော် လျှောက် အံ့သောငှါ ရှောလမုန် မင်းကြီး ထံ တော်သို့သွား ၏။

19 ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှါ ဦးချ ပြီးမှ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ ၏။ မယ်တော် ထိုင်စရာဘို့ စီရင် သူသည် လက်ျာ တော်ဘက် မှာ ထိုင်လေ၏။

20 ထိုအခါ မယ်တော်က၊ ငယ် သောဆု တစုံတခု ကို တောင်း ချင်သည်ဖြစ်၍မ ငြင်း ပါနှင့်ဟု လျှောက် လျှင်၊ ရှင်ဘုရင် ကမိခင် တောင်း ပါ၊ ကျွန်ုပ်မ ငြင်း ပါဟု မိန့် တော်မူ ၏။

21 မယ်တော်ကလည်း ရှုနင် မြို့သူအဘိရှက် ကို နောင်တော် အဒေါနိယ အား ပေးစား တော်မူပါဟု တောင်း လေသော်၊

22 ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ

23 တဖန် အဒေါနိယ သည် ထိုသို့ တောင်း သော်၊ မိမိ အသက် သေစေခြင်းငှါမတောင်းမိလျှင်၊ ဘုရား သခင်သည် ငါ့ အား ထိုမျှမက ပြု တော်မူစေသတည်း။

24 ငါ့ ကိုမြဲမြံ စေသဖြင့် ငါ့ ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်ပေါ် မှာ တင်၍ဂတိတော်နှင့်အညီငါ့ နေရာနန်းတော် ကိုပေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း အဒေါနိယ သည် ယနေ့ အသေခံ ရမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ပြီးမှ၊

25 ယောယဒ သား ဗေနာယ ကိုစေလွှတ် အဒေါနိယ ကို သေ အောင်လုပ်ကြံ လေ၏။

26 ယဇ်ပုရောဟိတ် အဗျာသာ ကို လည်း ရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ် မြို့၊ သင် ပိုင်သော မြေ သို့ သွား လော့။ သင်သည် အသေခံ ထိုက်သော်လည်း ယခု ငါမ စီရင် အကြောင်း မူကား၊ ထာဝရ အရှင် ဘုရား သခင်၏သေတ္တာ တော်ကို ငါ့ ခမည်းတော် ဒါဝိဒ် ရှေ့ မှာ ထမ်း လေပြီ။ ငါ့ ခမည်းတော် ဆင်းရဲ ခံလေရာရာ သင်သည် ဆင်းရဲ ခံလေပြီဟု မိန့် တော်မူ၏။

27 ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။

28 ယွာဘ မူကား အဗရှလုံ နောက် သို့မ လိုက်သော်လည်း အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။

29 ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။

30 ဗေနာယ သည် ထာဝရဘုရား ၏ တဲ တော်သို့ သွား ရှင်ဘုရင် ခေါ်တော်မူသည်ဟုဆို လျှင် ယွာဘက ငါမ သွား၊ ဤ အရပ်မှာ အသေခံ မည်ဟုဆို ၏။ ဗေနာယ ကလည်း၊ ယွာဘ သည်ဤသို့ ပြန် ပြောပါ၏ဟု နားတော် လျှောက် လေသော်၊

31 ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ သင်္ဂြိုဟ် လော့။

32 သူသည် မိမိ ထက် သာ၍ဖြောင့်မတ် ကောင်းမြတ် သောသူ၊ ဣသရေလ ဗိုလ်ချုပ် နေရ ၏သား အာဗနာ နှင့် ယုဒ ဗိုလ်ချုပ် ယေသာ ၏သား အာမသ ကို ငါ့ ခမည်းတော် ဒါဝိဒ် သိ ဘဲ တိုက် ထား နှင့် သတ် သော အပြစ် ကို ထာဝရဘုရား သည် သူ ၏ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူမည်။

33 ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း

34 ယောယဒ သား ဗေနာယ သည် သွား ပြီးလျှင် ယွာဘ ကို တိုက် သတ် တော အရပ်၊ ယွာဘ နေရာအိမ် သင်္ဂြိုဟ် လေ၏။

35 ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒ သား ဗေနာယ ကို၎င်း အဗျာသာ အရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ် ကို၎င်းရှင်ဘုရင် ခန့်ထား တော်မူ၏။

36 တဖန် ရှင် ဘုရင်သည် ရှိမိ ကို ခေါ် ပြီးလျှင် သင်သည် ယေရုရှလင် မြို့ထဲမှာ အိမ် ကို ဆောက် နေ ရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ် အရပ်ကို မျှမ သွား နှင့်။

37 မြို့ပြင်သို့ထွက်၍ ကေဒြုန် ချောင်း ကို ကူး လျှင် ကူး သောနေ့ အသေ သတ်ခြင်းကို အမှန် ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့် အသွေး သည် သင့် ခေါင်း ပေါ် မှာ သက်ရောက် စေဟု မိန့် တော်မူသော်၊

38 ရှိမိ က၊ အမိန့် တော်ကောင်း ပါ၏။ အရှင် မင်းကြီး မိန့် တော်မူသည်အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင် မြို့၌ ကြာမြင့် စွာနေ လေ၏။

39 သို့ရာတွင် သုံး နှစ် လွန် သောအခါ ရှိမိ ကျွန် နှစ် ယောက်တို့သည် ဂါသ မင်းကြီး မာခါ သား အာခိတ် ထံသို့ ပြေး ဂါသ မြို့၌ ရှိကြောင်းကို ရှိမိ သည်ကြား လေသော်

40 မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ကျွန် တို့ကို ရှာ အံ့သောငှါ ဂါသ မြို့၊ အာခိတ် ထံသို့ သွား ၍ ကျွန် တို့ကို ခေါ် လေ၏။

41 ထိုသို့ ရှိမိ သည် ယေရုရှလင် မြို့မှ ဂါသ မြို့သို့ သွား ပြန်လာ ကြောင်း ကို ရှောလမုန် မင်းကြီးကြား လေသော်၊

42 ရှိမိ ကို ခေါ် ပြီးလျှင် သင်သည် မြို့ပြင်သို့ ထွက် ၍ အခြား တပါးသော အရပ်သို့သွားလျှင် သွား သောနေ့ အသေ သတ်ခြင်းအမှန် ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရား ကို တိုင်တည်လျက် သင့် ကို ငါကျိန်ဆို စေ၍ သတိ ပေးသည်မ ဟုတ်လော သင်ကလည်း ကျွန်တော်ကြား ရသောအမိန့် တော်ကောင်း ပါသည်ဟု ဝန်ခံသည် မဟုတ်လော။

43 သို့ဖြစ်၍ ထာဝရဘုရား ၏သစ္စာ တော်ကို၎င်း ငါမှာ ထားသော ပညတ် ကို၎င်း၊ အဘယ်ကြောင့် စောင့် သနည်းဟု မိန့်တော်မူပြီးမှ၊

44 တဖန် သင် သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ ခမည်းတော် ဒါဝိဒ် ပြု ဘူးသော ဒုစရိုက် ရှိသမျှ ကို သင် သိ ၏။ သင် ၏ဒုစရိုက် အပြစ်ကို ထာဝရဘုရား သည် သင့် ခေါင်း ပေါ် သို့ ရောက် စေတော်မူ၏။

45 ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊

46 ယောယဒ သား ဗေနာယ သည် အမိန့် တော်ကိုခံ ၍ ပြင်သို့ထွက် ပြီးလျှင် ရှိမိ ကို သေ အောင်လုပ်ကြံ လေ၏။ ထိုသို့ နိုင်ငံ တော်သည် ရှောလမုန် လက် တည် ၏။

3

1 ရှောလမုန် သည် အဲဂုတ္တု ဖာရော ဘုရင် နှင့် မိတ်ဆွေ ဖွဲ့လျက် သမီး တော်နှင့်စုံဘက် နန်း တော်၊ ဗိမာန် တော်၊ ယေရုရှလင် မြို့ရိုး ကို မပြီး မှီတိုင်အောင် ဒါဝိဒ် မြို့ နေရာပေး တော်မူ၏။

2 ထို ကာလ ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် သေးသောကြောင့် လူ များတို့သည် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်တတ်ကြ၏။

3 ရှောလမုန် သည် ထာဝရဘုရား ကို ချစ် ခမည်းတော် ဒါဝိဒ် ၏စီရင် ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့၏။

4 တရံရောအခါ၊ ရှင် ဘုရင်သည် ယဇ် ပူဇော်ခြင်းငှါ အလွန် မြင့် မြတ်သော အရပ်တည်းဟူသောဂိဗောင် မြို့သို့ သွား ထို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။

5 ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။

6 ရှောလမုန် ကလည်း ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။

7 ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။

8 ရွေးချယ် တော်မူ၍ အရေအတွက် အားဖြင့် အတိုင်း သိများပြား စွာသော ကိုယ်တော် ၏လူမျိုး ကြီး အလယ် ကိုယ်တော် ကျွန် ရှိပါ၏။

9 သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။

10 ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။

11 ဘုရား သခင်ကလည်း သင်သည်တာရှည် သော အသက် ကို မ တောင်း စည်းစိမ် ကိုလည်း တောင်း ရန်သူ တို့ ၏အသက် ကိုလည်း တောင်း တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်

12 သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။

13 ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။

14 သင့် အဘ ဒါဝိဒ် ကျင့် သည်အတိုင်း ငါ့ လမ်း သို့ လိုက် ၍ ငါ စီရင် ချက်ပညတ် တရားတို့ကို စောင့်ရှောက် လျှင် တာရှည် သော အသက် ကိုလည်း ငါပေးမည်ဟု မိန့် တော်မူ၏။

15 ရှောလမုန် သည် နိုး အိပ်မက် ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင် မြို့သို့သွား ၍ ထာဝရ ဘုရား၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ ရပ် လျက်၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကျွန် အပေါင်း တို့အဘို့ ပွဲ ကို စီရင် တော်မူ၏။

16 ထိုအခါ ပြည်တန်ဆာ မိန်းမ နှစ် ယောက်သည် လာ ရှေ့ တော်၌ ရပ် လျက်၊

17 မိန်းမ တယောက် က အို အရှင် ကျွန်တော်မ နှင့် မိန်းမ သည် တ အိမ် တည်းနေ ကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သား မျက်နှာကိုမြင်ပါ၏။

18 သုံး ရက် လွန်မှ တဖန် မိန်းမ သည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ် အဘယ်ဧည့်သည် မျှ မ ရှိ။ သူနှင့်ကျွန်တော်မနှစ် ယောက်တည်း သာ ရှိပါ၏။

19 မိန်းမ သည် ညဉ့် အခါ မိမိသားငယ်ကို ဖိ၍ အိပ် မိသောကြောင့် သား ငယ်သေ ပါ၏။

20 သန်းခေါင်ယံ သူသည်ထ ကျွန်တော်မ အိပ်ပျော် စဉ်အခါ ကျွန်တော်မ သား ငယ်ကိုယူ မိမိ ရင်ခွင် ထား ပါ၏။ သူ သားငယ် အသေ ကောင်ကိုမူကား ကျွန်မ ၏ရင်ခွင် ထား ပါ၏။

21 နံနက် အချိန်၌ ကျွန်တော်မသည်သား ငယ်ကို နို့ တိုက်မည်ထ သောအခါ၊ သားငယ်သည် သေ လျက် ရှိပါ၏။ သို့ရာတွင်ကျွန်တော်မသည် သေသောသူငယ် ကို စေ့စေ့ ကြည့်ရှုသောအခါ ကျွန်တော်မဘွားမြင် သော သား ဟုတ်ပါဟုလျှောက် ၏။

22 အခြား သော မိန်းမ ကလည်း ဟုတ်ဘူး။ အသက် ရှင်သော သူငယ်သည် ငါ့ သား သေ သောသူငယ် သည် သင် ၏သား ဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့ ဟုတ်။ သေ သောသူငယ်သည် သင် ၏သား အသက် ရှင်သောသူငယ်သည် ငါ့ သား ဖြစ်၏ဟုဆို လေ၏။ ထိုသို့ရှေ့ တော်၌ လျှောက် ဆိုကြလျှင်

23 ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍

24 ထား ယူ ခဲ့ဟု မိန့် တော်မူသည်အတိုင်း ထား ကို ရှေ့ တော်သို့ ယူ ခဲ့ကြ၏။

25 ရှင်ဘုရင် ကလည်း အသက် ရှင်သော သူငယ် ကို ခွဲ ထိုမိန်းမတို့အား တယောက် တဝက် စီပေး လော့ဟု မိန့် တော်မူသော်၊

26 အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား အို အရှင် အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။

27 ထိုအခါ ရှင်ဘုရင် က၊ အသက် ရှင်သော သူငယ် ကို မ သတ် နှင့်။ အရင်မိန်းမ အား ပေး လော့။ သူ သည် အမိ မှန်သည်ဟု မိန့် တော်မူ၏။

28 ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။

4

1 ရှောလမုန် မင်းကြီး သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ လျက် နေတော်မူ၏။

2 မှူး တော်မတ်တော်ဟူမူကား ယဇ်ပုရောဟိတ် ဇာဒုတ် သား အာဇရိ

3 ရှိရှ သား ဧလိဟောရပ် နှင့် အဟိယ တို့သည် စာရေး တော်ကြီးဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။

4 ယောယဒ သား ဗေနာယ သည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ တို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။

5 နာသန် သား အာဇရိ သည် ဝန် စာရေးအုပ်ဖြစ် ၏။ နာသန် သား ဇာဗုဒ် သည် မင်းသား အရာနှင့် တိုင်ပင် မတ်ဖြစ်၏။

6 အဟိရှာ သည် နန်းတော် အုပ်ဖြစ်၏။ အာဗဒ သား အဒေါနိရံ သည် အခွန် တော်ဝန်ဖြစ်၏။

7 ရှောလမုန် သည် ဣသရေလ နိုင်ငံအရပ်ရပ် ခန့်ထား သော ဝန်စာရေးတကျိပ် နှစ် ယောက်တို့သည် တယောက်တလ စီ ရှင်ဘုရင် နှင့် နန်းတော် သားတို့ အဘို့ စားစရာကို ပြင်ဆင် ရကြ၏။

8 သူ တို့အမည် ဟူမူကား ဧဖရိမ် တောင် ရပ်မှာ ဟုရ ၏သား၊

9 မာကတ် မြို့၊ ရှာလဗိမ် မြို့၊ ဗက်ရှေမက် မြို့၊ ဧလုမ္ဘေသနန် မြို့မှာ ဒေကာ ၏သား၊

10 စောခေါ မြို့၊ ဟေဖာ ပြည် လုံး နှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏သား၊

11 ဒေါရ ပြည် လုံး ကိုစီရင်သောသူ ရှောလမုန် ၏ သမီး တော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏သား

12 တာနက် မြို့၊ မေဂိဒ္ဒေါ မြို့နှင့်တကွ ဗက်ရှန် မြို့မှ အာဗေလမဟောလ မြို့တိုင်အောင် မက၊ ယုတ်နန် မြို့ အလွန် ယေဇရေလ မြို့ အောက် ဇာတန မြို့နှင့်နီးစပ် သော ဗက်ရှန် မြို့နယ်လုံး ကို စီရင်သော အဟိလုပ် ၏သား ဗာန

13 ဂိလဒ် ပြည်၌ မနာရှေ ၏သား ယာဣရ ပိုင်သော မြို့ များ၊ ဗာရှန် ပြည်၊ အာဂေါဘ အရပ် ၌မြို့ရိုး ကြေးဝါ တံခါးကျင် နှင့်ပြည့်စုံသော မြို့ ကြီး ခြောက် ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ် မြို့မှ ဂေဗာ ၏သား၊

14 မဟာနိမ် မြို့မှာ ဣဒေါ ၏သား အဟိနဒပ်

15 နဿလိ ခရိုင်ကိုစီရင်သောသူ၊ ရှောလမုန် ၏ သမီး တော် ဗာသမတ် နှင့်စုံဘက် သောအဟိမတ်

16 အာရှာ ခရိုင်နှင့် အာလုပ် မြို့မှာ ဟုရှဲ ၏သား ဗာနာ

17 ဣသခါ ခရိုင်မှာ ပါရွာ ၏သား ယောရှဖတ်

18 ဗင်္ယာမိန် ခရိုင်မှာ ဧလာ ၏သား ရှိမိ

19 အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ ဗာရှန် ရှင်ဘုရင် ဩဃ ၏နိုင်ငံ၊ ဂိလဒ် ပြည် မှာ အခြားသောမင်း မရှိ။ တပါး တည်းစီရင်သော ဥရိ ၏သား ဂေဗ တည်း။

20 ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။

21 ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။

22 တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊

23 ဆူဖြိုး အောင်ကျွေးသောနွား တဆယ် ကျက်စား ရာထဲက နွား နှစ် ဆယ်၊ ဆတ် သမင် ဒရယ် အမျိုးမျိုးကို မဆိုဘဲသိုး တရာ ဆူဖြိုး အောင် ကျွေးသောငှက် မျိုး တည်း။

24 ရှောလမုန်သည် မြစ် ကြီးအနောက် ဘက်၊ တိဖသ မြို့မှ အဇ္ဇာ မြို့တိုင်အောင် ရှင် ဘုရင်အပေါင်း တို့ကို အစိုးရ သဖြင့် ပတ်ဝန်းကျင် အရပ် တို့၌ စစ်မှု စစ်ရေးမရှိ။

25 လက်ထက် တော်ကာလပတ်လုံး ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည်ဒန် မြို့မှစ၍ ဗေရရှေဘ မြို့ တိုင်အောင် အသီးအသီးမိမိ စပျစ်ပင် မိမိ သင်္ဘောသဖန်းပင် အောက် မှာ ငြိမ်ဝပ် စွာ နေ ရကြ၏။

26 ရှောလမုန် သည်လည်း ရထား တော်များနှင့် ဆိုင်သော မြင်း တင်းကုပ် လေးထောင်၊ မြင်းစီး သူရဲ တသောင်း နှစ်ထောင်ရှိ၏။

27 ဝန် စာရေးတို့သည်လည်း ရှောလမုန် မင်းကြီး နှင့် စားပွဲ တော်သို့ ဝင် သောသူအပေါင်း တို့အဘို့ တယောက် တလ စီစုံလင် စွာ ပြင်ဆင် ရကြ ၏။

28 မုယော စပါးကို၎င်း မြင်း တော်များ၊ လား တော် များဘို့ မြက် ခြောက်ကို၎င်း၊ အလှည့် သင့်သည်အတိုင်း နေရာ အရပ်သို့ ဆောင် ခဲ့ရကြ၏။

29 ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍

30 ပညာ တော်သည် အရှေ့ ပြည်သား ပညာ နှင့် အဲဂုတ္တု ပြည်သားပညာ ကို လွန်ကဲ ၏။

31 ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် မဟောလ သား ဟေမန် ခါလကောလ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။

32 စီရင် တော်မူသောသုတ္တံ စကားသုံး ထောင် နှင့် သီချင်း ထောင် ငါး ခုရှိ ၏။

33 လေဗနုန် အာရဇ် ပင်မှစ၍ အုတ်ရိုး နားမှာ ပေါက် တတ်သော ဟုဿုပ် ပင်တိုင်အောင် မြွက်ဆို ၏။ သား မျိုး၊ ငှက် မျိုး၊ ပိုးကောင် မျိုး၊ ငါး မျိုးတို့၏ အကြောင်း ကိုလည်း မြွက်ဆို ၏။

34 ရှောလမုန်မင်း၏ ပညာ သိတင်းကို ကြား သော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့ သည် ပညာ စကား တော်ကို နားထောင် ခြင်းငှါ လာ ကြ၏။

5

1 ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။

2 တဖန် ရှောလမုန် သည်လည်း၊ ဟိရံ ထံသို့ စေလွှတ် လျက်၊

3 ငါ့ အဘ ဒါဝိဒ် သည် အရပ်ရပ်၌ စစ်တိုက် ရ သောကြောင့် ထာဝရဘုရား သည် ရန်သူတို့ကို အဘခြေဘဝါး တော်အောက် သို့ နှိမ့်ချ တော်မမူမှီတိုင်အောင် မိမိ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မင်းကြီးသိ ၏။

4 ယခု မူကား ငါ ၏ဘုရား သခင်ထာဝရဘုရား သည် အရပ်ရပ် ငြိမ်ဝပ် မည်အကြောင်းစီရင်တော်မူသဖြင့်၊ ရန်ဘက် ပြုသောသူ၊ ဆီးတား သောသူ မ ရှိသည် ဖြစ်၍၊

5 ထာဝရဘုရား က၊ ငါ့ အဘ ဒါဝိဒ် အား သင့် ကိုယ်စား သင် ၏ရာဇ ပလ္လင်ပေါ် မှာ ငါတင် သော သင် ၏ သား သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရမည်ဟု မိန့် တော်မူသည်အတိုင်း ငါ ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ၏။

6 မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။

7 ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊

8 မင်းကြီးမှာ လိုက်သော အမှု ကို ငါဆင်ခြင် ပြီ။ အာရဇ် သစ်သား ထင်ရူး သစ်သား လို သမျှ ကို ပေး ပါမည်။

9 ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ပြန်ပြော ၏။

10 ထိုသို့ ဟိရံ သည် ရှောလမုန် အလို ရှိသမျှ သော အာရဇ် သစ်သား ထင်းရူး သစ်သား ကိုပေး ၏။

11 ရှောလမုန် သည်လည်း ဟိရံ ၏နန်းတော် သား များ စားစရာ ဘို့ တနှစ် တနှစ်လျှင် ဂျုံ ဆန်ကောရ နှစ် သောင်း၊ စစ် ပြီးသော ဆီ ကောရ နှစ် ဆယ်ကိုပေး ၏။

12 ထာဝရဘုရား သည်လည်း ဂတိ တော်ရှိသည် အတိုင်း ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။

13 ရှောလမုန် မင်းကြီး သည်လည်း ဣသရေလ လူ အပေါင်း တို့တွင် လူ သုံး သောင်းတို့ကို ခွဲခန့်

14 အလှည့် အလှည့်တလ လျှင်တသောင်း စီ၊ လေဗနုန် တောင်သို့ စေလွှတ် သဖြင့် ထိုလူတို့သည် လေဗနုန် တောင် ပေါ် မှာတလ ကိုယ် နေရာ အရပ်၌ နှစ် နေ ရကြ၏။ ထိုလူ တို့ကို အဒေါနိရံ အုပ်ရ၏။

15 ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ် မှာ သစ်ခုတ် သောသူရှစ် သောင်းတို့ကိုလည်း စေခိုင်းတော်မူ ၍၊

16 အုပ်ချုပ် သောမင်း အရာရှိမှတပါး လုပ်ဆောင် သောသူတို့ ကို စီရင် သောသူ သုံး ထောင် သုံး ရာ ရှိ၏။

17 ရှင်ဘုရင် ၏ အမိန့် တော်အတိုင်း အိမ် တော် တိုက်မြစ် အဘို့ ကြီး သောကျောက် အဘိုး ထိုက်သော ကျောက် ဆစ် ပြီးသောကျောက် တို့ကို ဆောင် ခဲ့ကြ၏။

18 ထိုသို့ ရှောလမုန် မင်း၏ လက်သမား တို့နှင့် ဟိရံ မင်း၏လက်သမား တို့သည် ဂေဗာလ အမျိုးသားတို့ နှင့်တကွ အိမ် တော်ကို တည်ဆောက် စရာဘို့ သစ်သား များ၊ ကျောက် များတို့ကို ပြင်ဆင် ကြ၏။

6

1 ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သော သက္ကရာဇ် လေး ရာ ရှစ် ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံ လေး နှစ် ဇိဖ အမည်ရှိသောဒုတိယ တွင် ထာဝရဘုရား အိမ် တော်ကို တည် စပြုတော်မူ၏။

2 ထို အိမ် တော်အလျား သည် အတောင် ခြောက် ဆယ်၊ အနံ အတောင်နှစ် ဆယ်၊ အမြင့် အတောင် သုံး ဆယ် ရှိ၏။

3 အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။

4 အိမ် တော်လင်း စရာဘို့ ကျဉ်း သော ပြတင်းပေါက် တို့ကို လုပ် လေ၏။

5 အိမ် တော်ပြင်ထရံ နှင့်ဗျာဒိတ် ဌာနတော်ပြင် ထရံ ပတ်လည် ၌ အခန်း တို့ကိုလည်း လုပ် လေ၏။

6 အောက် အခန်း သည် အနံ ငါး တောင် အလယ် အခန်း အနံ ခြောက် တောင် အထက်အခန်းအနံ ခုနစ် တောင် ရှိ၏။ အကြောင်း မူကား၊ အခန်းတို့သည် အိမ် တော်ထရံ ကိုယ်ထဲသို့ မ ဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။

7 ထိုအိမ် တော်ကို တည် လုပ်သောအခါ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ် ပြီးသော ကျောက် တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံ တူ၊ ပုဆိန် သံ တန်ဆာ နှင့် လုပ်သော အသံ မြည်ရ။

8 အောက်အခန်းထဲသို့ဝင်သော တံခါးဝ သည် အိမ် တော်လက်ျာ ဘက် မှာ ရှိ၏။ လိမ် သော လှေကားဖြင့် အလယ် အခန်းသို့ ၎င်း အလယ် အခန်းမှ အထက် အခန်း သို့ ၎င်း၊ တက် ရ၏။

9 အိမ် တော်ကို တည် ပြီး မှထုပ် များတိုင်များကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် လေ၏။

10 ထရံအခန်း တို့သည်လည်း အမြင့် ငါး တောင် စီ ရှိ၏။ အာရဇ် ရက်မ တို့သည်အိမ် တော်ကိုမှီ လျက် ရှိကြ၏။

11 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှောလမုန် သို့ ရောက် လာသည်ကား၊

12 ယခု တည်ဆောက် သောအိမ် တော်အရာမှာ၊ သင်သည် ငါ သွန်သင် သော လမ်းသို့ လိုက် လျက် ငါ စီရင်ချက် အတိုင်းစီရင် ငါ ပညတ် သမျှ တို့ကို စောင့်ရှောက် လျှင် သင် ၏အဘ ဒါဝိဒ် အား ငါ ဂတိ ထားသည်အတိုင်း သင် ငါပြု မည်။

13 ငါ ၏လူ ဣသရလ အမျိုးကို ငါမ စွန့် သူတို့ အလယ် နေ မည်ဟု မိန့် တော်မူ၏။

14 ထိုသို့ ရှောလမုန် သည် အိမ် တော်ကို တည် ပြီး လေ၏။

15 ကြမ်း မှ သည်အမိုး တိုင်အောင် အတွင်းထရံ ကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် ၍၊ ကြမ်း ကိုလည်း ဒုကြီးသော ထင်းရူး ပျဉ်ပြား ဖြင့် ပြီး စေ၏။

16 အလွန် သန့်ရှင်းရာဌာန၊ ဗျာဒိတ် ဌာနတော် အဘို့ အလျားအနံအတောင် နှစ် ဆယ်စီကျယ်သော အိမ် တော်တပိုင်း ကို အခန်းကာ၍ ကြမ်း နှင့်ထရံ ကို အာရဇ် ပျဉ်ပြား ဖြင့် ပြီးစေ၏။

17 ထို အခန်း ရှေ့ မှာတည်သော ဗိမာန် တော် အလျားသည် အတောင် လေး ဆယ်ရှိ ၏။

18 အိမ် တော်အတွင်း ၌ အာရဇ် ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့် အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက် ပေါ် စေခြင်းငှါအာရဇ် သား နှင့်ဖုံးအုပ်လျက် သာရှိ၏။

19 ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို တင် ထားရန် အိမ် တော်အတွင်း ၌ ဗျာဒိတ် ဌာနတော် ကို ပြင်ဆင် လေ၏။

20 ဗျာဒိတ် ဌာနတော်အခန်းသည် အလျား အတောင် နှစ် ဆယ်၊ အနံ အတောင် နှစ် ဆယ်၊ အမြင့် အတောင် နှစ် ဆယ်ရှိ၏။ ထိုအခန်းကို၎င်း အာရဇ် သစ်သားနှင့်လုပ်သော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ စင် နှင့် မွမ်းမံ လေ၏။

21 ထိုသို့ အိမ် တော်အတွင်း ကို ရွှေ စင် နှင့်မွမ်းမံ ပြီးမှ ဗျာဒိတ် ဌာနတော်ရှေ့ မှာ ရွှေ ကြိုး ဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေ နှင့်မွမ်းမံ လေ၏။

22 အိမ် တော်တအိမ်လုံး ကို၎င်း၊ ဗျာဒိတ် ဌာနတော် နားမှာရှိသော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ နှင့် အကုန်အစင် မွမ်းမံ လေ၏။

23 ဗျာဒိတ် ဌာနတော်ထဲမှာ အမြင့် ဆယ် တောင် ရှိသောခေရုဗိမ် နှစ် ပါးကို သံလွင် သားနှင့်လုပ် လေ၏။

24 ခေရုဗိမ် အတောင် တို့သည် တစ်ဘက်တချက်အလျားငါး တောင် စီရှိ၍၊ အတောင် ဖျား တခုမှ တခု တိုင်အောင် ဆယ် တောင် ရှိ၏။

25 အမြင့်ဆယ် တောင် ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ် ပါးသည် အလုံး အရပ်ပမာဏတူ၏။

26 ထိုခေရုဗိမ် တို့ကို အတွင်း အိမ် တော်ထဲမှာ တင် ထားသဖြင့် ခေရုဗိမ် အတောင် တို့သည် ဖြန့် လျက်

27 အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။

28 ခေရုဗိမ် တို့ကိုလည်း ရွှေ နှင့်မွမ်းမံ လေ၏။

29 အိမ် တော်ထရံ အတွင်း ဘက်နှင့် ပြင် ဘက်၌ ထု သော ခေရုဗိမ် အရုပ် နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင် အရုပ်များရှိကြ၏။

30 အိမ် တော်အတွင်း ကြမ်း နှင့် ပြင် ကြမ်းကို လည်း ရွှေ နှင့်မွမ်းမံ လေ၏။

31 ဗျာဒိတ် ဌာနတော် ဝင်ဝ ဘို့သံလွင် သား တံခါးရွက် နှစ် ရွက်ကို လုပ် ၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါး စုတစုကိုစားကြ၏။

32 သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ် အရုပ် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထု လုပ်၍ တံခါးရွက်နှင့်ခေရုဗိမ် အရုပ်၊ စွန်ပလွံ ပင်အရုပ်တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။

33 ထိုအတူ အိမ် တော်ပြင်ထရံလေး စုတစု ကျယ်သောဝင်ဝ ဘို့ သံလွင် တံခါးတိုင် တို့ကို၎င်း၊

34 တံခါးရွက်တရွက်လျှင် ပတ္တာ နှစ်ခုစီဖြင့် လည်တတ်သော ထင်ရူး သား တံခါး ရွက် နှစ် ရွက်တို့ကို၎င်းလုပ်လေ၏။

35 တံခါးရွက်၌ ခေရုဗိမ် အရုပ်နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထုလုပ် အပြောက် ကို ရွှေ နှင့် မွမ်းမံ လေ၏။

36 အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။

37 နန်းစံလေး နှစ် ဇိဖ တွင် ထာဝရဘုရား ၏ အိမ် တော်တိုက်မြစ် ကို ချကြ၍

38 နန်းစံဆယ် တနှစ် ဗု အမည်ရှိသော အဋ္ဌမ တွင် အိမ် တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ ကို လက်စသတ် ၍ ခုနစ် နှစ် ပတ်လုံးအိမ်တော်ကို တည်ဆောက် သတည်း။

7

1 တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် လက်စသတ် လေ၏။

2 နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။

3 တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။

4 အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။

5 တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။

6 တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။

7 တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။

8 နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။

9 တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီ နှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။

10 အမြစ်သည်လည်း အလျားရှစ် တောင် ဆယ် တောင် ရှိသောကျောက် ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။

11 အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။

12 တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်း အာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်း နန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။

13 ရှောလမုန် သည်လည်း လူကိုစေလွှတ် တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။

14 ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ရှောလမုန် မင်းကြီး ထံသို့ လာ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။

15 ထိုသူသည်အမြင့် တဆယ် ရှစ် တောင် လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။

16 တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။

17 ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။

18 ကြေးဝါသလဲသီးတို့ကိုလည်း လုပ် တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။

19 ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။

20 တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။

21 ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန် လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။

22 တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။

23 အချင်း ဆယ် တောင် အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။

24 ရေကန်အနားပတ် အောက် ပတ်လည် အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။

25 ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။

26 ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။

27 တဖန် အလျား လေး တောင် အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။

28 ထို ခုံ ပုံသဏ္ဌာန် ဟူမူကား ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊

29 ခြင်္သေ့ နွား ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် လည်း အပြောက်မျိုးရှိ၏။

30 ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။

31 အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။

32 ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။

33 ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုး ဝင်ရိုးအိမ်၊ အကန့် အကွပ် များကို သွန်း လေ၏။

34 ခုံ လေး ထောင့် တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်

35 ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။

36 ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ် ခြင်္သေ့ စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။

37 ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။

38 အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။

39 အိမ် တော်လက်ျာ ဘက် ခုံ ငါး ခု၊ လက်ဝဲ ဘက် ငါး ခုကိုထား ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် နေရာ ချ၏။

40 ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊

41 တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊

42 ဖုံးလွှမ်း စရာကွန်ရွက် ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ

43 ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် ကန်၊

44 ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။

45 ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။

46 ယော်ဒန် ချိုင့် သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ရှင်ဘုရင် သွန်း လေ၏။

47 ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့် ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ

48 ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ

49 ဗျာဒိတ် ဌာနတော်ရှေ့ လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့် ရွှေမီးခွက် မီး ကိုင်တန်ဆာ၊

50 ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ် လင်ပန်း ဇွန်း ပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။

51 ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။

8

1 ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဇိအုန် မည်သော ဒါဝိဒ် မြို့ မှ ဆောင် ခဲ့ လိုသောငှါ ရှောလမုန် သည် ဣသရေလ အမျိုးအသက်ကြီး သူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးအသီး ကို အုပ်သော ခေါင်း မင်း အပေါင်း တို့ကို ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ သို့ခေါ် တော်မူသည်အတိုင်း

2 ဣသရေလ လူ အပေါင်း တို့သည် ဧသနိမ် အမည် ရှိသောသတ္တမ ၌လုပ်သောပွဲ အတွင်း တွင် ရှောလမုန် မင်းကြီး ထံ သို့စုဝေး ရောက်လာကြ၏။

3 ဣသရေလ အမျိုးတွင် အသက်ကြီး သူအပေါင်း တို့သည်လာ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း လျက်

4 ပရိသတ်စည်းဝေး ရာ တဲ တော်၊ တဲ တော်နှင့် ဆိုင်၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။

5 ရှောလမုန် မင်းကြီး မှစ၍ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်။ အတိုင်း သိများစွာ သော သိုး နွား တို့ကို သေတ္တာ တော်ရှေ့ မှာ ယဇ် ပူဇော်ကြ၏။

6 ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်း ရာဌာနတည်းဟူသောဗျာဒိတ် ဌာနတော် ထဲ မှာ ခေရုဗိမ် အတောင် တို့အောက် သူ့ နေရာ ထား ကြ ၏။

7 ခေရုဗိမ် တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာ တော်နေရာ အပေါ် မှာဖြန့် သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိကြ၏။

8 ထမ်းဘိုး တို့ကို ဆွဲထား သဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင် ခန်း၌ မ ထင် သန့်ရှင်း ရာဌာန၊ ဗျာဒိတ် ဌာန တော်၌ သာထင် ယနေ့ တိုင်အောင် ရှိ ကြ၏။

9 ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် ၍၊ ထာဝရဘုရား သည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထား သော ကျောက်ပြား နှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌ အဘယ် အရာမျှမရှိ။

10 ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာ ဌာနထဲက ထွက် ကြသောအခါ ထာဝရဘုရား ၏ အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။

11 ထိုသို့ ထာဝရဘုရား ၏ အိမ် တော်သည် ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက်လျက် ရပ် ၍ မ နေနိုင် ကြ။

12 ရှောလမုန် ကလည်း၊ ထာဝရဘုရား သည် ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။

13 အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ် တော်မူရာ အိမ် အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။

14 တဖန် ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တပ် နေကြ၏။

15 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ငါ့ နာမ တည်ရာ အိမ် ကိုဆောက် စေခြင်းငှါ ဣသရေလ ခရိုင် များတို့တွင်မြို့ တစုံတမြို့ ကို ငါမ ရွေး သေးသော်လည်း၊

16 ငါ ၏လူ ဣသရေလ အမျိုးသားတို့ကိုအုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်းပြုတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။

17 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ

18 ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် တော်တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကို ပြုပြီ။

19 သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။

20 ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။

21 ငါ တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ထာဝရဘုရား နှုတ်ဆောင် သောအခါ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ထားရာအရပ် ကို ထို အိမ်တော်၌ လုပ် လေပြီဟု မြွက်ဆို၏။

22 တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊

23 အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အထက် ကောင်းကင် ဘုံနှင့်အောက် အရပ်မြေကြီး ပေါ် မှာ ကိုယ်တော် နှင့် တူသော ဘုရား တဆူမျှမ ရှိပါ။ ရှေ့ တော်၌ စိတ် နှလုံးအကြွင်းမဲ့ ကျင့် သော ကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။

24 အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိတော် ကိုမဖျက် မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။

25 အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်က၊ သင်သည် ငါ့ ရှေ့ မှာကျင့် သကဲ့သို့ သင် ၏သား မြေးတို့သည် ငါ့ ရှေ့ မှာ ကျင့် လိုသောငှါ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိ တော်ကို ယခု စောင့် တော်မူ ပါ။

26 အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။

27 သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။

28 သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူတော်မူပါ။

29 ဤမည်သောအရပ် ၌ ငါ့ နာမ တည် ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့် မပြတ် ကြည့်ရှု၍၊ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။

30 ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။

31 လူ သည် မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် အကျိန် ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ယဇ် ပလ္လင်ရှေ့ မှာ အကျိန် တိုက်လျှင်

32 ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိ အပြစ်နှင့်အလျောက်ရှုံး စေခြင်းငှါ ၎င်း ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ် မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။

33 ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ကိုယ်တော် ထံသို့ ပြန် လာ၍ နာမ တော်ကိုဝန်ခံ လျက် အိမ် တော်ကို မှီခို လျက် ဆုတောင်း ပဌနာပြုလျှင်

34 ကောင်းကင် ဘုံ၌ နားထောင် ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် သို့ တဖန် ပို့ဆောင်တော်မူပါ။

35 ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် မိုဃ်း ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူ သောအခါ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း နာမ တော်ကိုဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ် လျှင် 36ကောင်းကင် ဘုံ၌နားထောင် ကိုယ်တော် ၏ ကျွန် ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူတို့လိုက် ရသော လမ်း ကောင်း ကို ပြညွှန် ကိုယ်တော် ၏လူ တို့အား အမွေ ပေး သော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။

36 ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်း ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ် အနာ ရောဂါတစုံတခု ရောက် သောအခါ

37 ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် တစုံတခု သောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊

38 ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။

39 ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်း ကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။

40 ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့သည် ကြီးမြတ် သော နာမ တော်၏ သိတင်းနှင့် တန်ခိုး ကြီး၍ ဆန့် တော်မူသောလက်ရုံး တော် ၏သိတင်းကိုကြား သောကြောင့်

41 နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်

42 ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်း ထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။

43 ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ကိုယ်တော် ၏ လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ရွေး တော်မူသော မြို့ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက်၊ ထာဝရဘုရား အား ဆုတောင်း ကြလျှင်

44 သူ တို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် သူ တို့အမှု ကို စောင့် တော်မူ ပါ။

45 ပြစ်မှား တတ်သော လူ တယောက်မျှမ ရှိသည် ဖြစ်၍ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ရန်သူ တို့သည် ဝေး သောပြည်၊ နီး သောပြည် အခြားတပါးသောပြည်သို့ သိမ်း သွားလျှင်၎င်း၊

46 ထိုပြည် အချုပ် ခံစဉ်၊ သူတို့သည် သတိရ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ တောင်းပန် သဖြင့်

47 သိမ်း သွားသော ရန်သူ တို့၏ ပြည် နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ရွေး တော်မူသော မြို့ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊

48 သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် သူ တို့ အမှု ကို စောင့် တော်မူပါ။

49 ကိုယ်တော် ၏လူ တို့သည် ကိုယ်တော် ကို ပြစ်မှား သော်လည်း ကိုယ်တော် ကို ပြစ်မှား လွန်ကျူးခြင်းအပြစ် အလုံးစုံ တို့ကို ဖြေရှင်း တော်မူပါ။ သိမ်း သွားသောသူတို့ သည် ကိုယ်တော်၏လူတို့ကို သနား စေခြင်းငှါ ကရုဏာ စိတ်သဘောကို ပေး တော်မူပါ။

50 အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည်၏ သံ မီးဖို ထဲက နှုတ်ယူ တော်မူသော ကိုယ်တော် ၏လူ အမွေ ခံရတော်မူသောအမျိုးဖြစ်ပါ၏။

51 ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။

52 အကြောင်း မူကား၊ အကျွန်ုပ် တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောအခါ ကိုယ်တော် ၏ ကျွန် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ဣသရေလအမျိုးကို ကိုယ်တော် အမွေ ခံရာဖြစ်စေခြင်းငှါ မြေကြီး သားအမျိုးမျိုး ထဲက ရွေးနှုတ် ခွဲထားတော်မူပြီအရှင် ထာဝရဘုရား ဟု ပဌနာပြုလေ၏။

53 ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်း ပဌနာပြု၍ ပြီး သောအခါ ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ဒူး ထောက် လျက်၊ လက်ဝါး တို့ကို ကောင်းကင် သို့ဖြန့် လျက်နေရာမှထ ၍၊

54 မတ်တတ် နေပြီးလျှင် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား

55 ဂတိ တော်ရှိသမျှ အတိုင်း မိမိ လူ ဣသရေလ အမျိုးကို ငြိမ်ဝပ် စေခြင်းငှါစီရင် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ ကျွန် မောရှေ အားဖြင့် ထားတော်မူသော ဂတိ တော်ကောင်း တခွန်း မျှမ ပျက်

56 ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။

57 လမ်း တော်တို့သို့ လိုက် စေခြင်းငှါ ၎င်း၊ ဘိုးဘေး တို့အား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို စောင့်ရှောက် စေခြင်းငှါ ၎င်း၊ ငါ တို့စိတ် နှလုံးကို အထံ တော်သို့ သွေးဆောင် တော်မူပါစေသော။

58 ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြား တပါးသော ဘုရားသခင်မ ရှိ ကြောင်းကို၎င်း၊ မြေကြီး သားအပေါင်း တို့သည် သိ ကြမည်အကြောင်း

59 ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊

60 အစဉ်စောင့်တော်မူ စေခြင်းငှါထာဝရဘုရား ရှေ့ တော်၌ ငါဆုတောင်း သော ပဌနာစကား သည် နေ့ ညဉ့်မပြတ်အနီး တော်၌ ရှိ ပါစေသော။

61 သင်တို့သည် ယနေ့ ကျင့်သကဲ့သို့ ငါ တို့ဘုရားသခင် ထာဝရဘုရား စီရင် တော်မူသောလမ်းသို့ လိုက် ၍ ပညတ် တရားတော်ကို စောင့်ရှောက် ခြင်းငှါ အထံတော်၌ စိတ်နှလုံးစုံလင် ပါစေသောဟု မြွက်ဆိုလေ၏။

62 ထိုအခါ ရှောလမုန်မင်းကြီး နှင့်တကွ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။

63 နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့် ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။

64 ထို နေ့ လည်း၊ ရှင် ဘုရင်သည် ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ထို အရပ်၌ မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပူဇော် ၏။ အကြောင်း မူကား၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ် ပလ္လင်သည် မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။

65 ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။

66 ရှစ် ရက်မြောက်သောနေ့ လူ များတို့ကို လွှတ်လိုက် တော်မူ၏။ သူတို့သည် ရှင် ဘုရင်ကို ကောင်းကြီး ပေးလျက် ထာဝရဘုရား သည် မိမိ ကျွန် ဒါဝိဒ် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

9

1 ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်ကို လက်စသတ် မိမိအလို ဆန္ဒရှိသမျှ ပြည့်စုံသောအခါ

2 ထာဝရဘုရား သည် ဂိဗောင် မြို့၌ ထင်ရှား တော်မူသကဲ့သို့ ဒုတိယ အကြိမ်၌ ထင်ရှား တော်မူလျက်

3 သင်သည် ငါ့ ရှေ့ မှာဆုတောင်း ပဌနာပြုသော စကားကို ငါကြား ပြီ။ သင်တည်ဆောက် သော အိမ် ကို သန့်ရှင်း စေ၍၊ ငါ့ နာမ ကို အစဉ် တည် စေမည်။ အစဉ် ငါ ကြည့်ရှု လျက် နှလုံး စွဲလမ်းလျက် နေ မည်။

4 သင် သည် ငါမှာ ထားသမျှ ကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ၊ သင့် အဘ ဒါဝိဒ် ကဲ့သို့ဖြောင့်မတ် စုံလင်သောစိတ် သဘောနှင့် ငါ့ ရှေ့ မှာ ကျင့် နေလျှင်

5 ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။

6 သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် အခြား တပါးသော ဘုရား ထံသို့သွား ဝတ်ပြု ကိုးကွယ် လျှင်

7 ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။

8 အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ထာဝရဘုရား သည် ဤ ပြည် နှင့် အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊

9 တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။

10 ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်တည်းဟူသောအိမ် တော်နှစ် ဆောင်ကို တည်ဆောက် အနှစ် နှစ် ဆယ်စေ့သောအခါ၊

11 တုရု မင်းကြီး ဟိရံ သည် ရှောလမုန် လိုချင် သမျှ အတိုင်း အာရဇ် သစ်သား ထင်းရူး သစ်သား နှင့် ရွှေ အခွက် တရာ နှစ် ဆယ်ကိုပေး နှင့်သည် ဖြစ်၍၊ ရှောလမုန် မင်းကြီး သည် ဂါလိလဲ ပြည် မြို့ နှစ် ဆယ်ကို ဟိရံ မင်းကြီးအား ပေး ၏။

12 ရှောလမုန် ပေး သော မြို့ တို့ကို ဟိရံ သည် တုရု မြို့ မှ လာ ၍ ကြည့်ရှု သောအခါ အား ရ။

13 ငါ့ ညီ ငါ့ အား ပေး သော မြို့ တို့သည် အဘယ်သို့ သောမြို့နည်းဟု ဆို လျက်

14 ထိုအရပ်ကို ကာဗုလ ဟူ၍ယနေ့ တိုင်အောင် သမုတ် သတည်း။

15 ရှောလမုန် မင်းကြီး သည် ငွေခွဲ ရသော အကြောင်း ဟူမူကား ဗိမာန် တော်၊ နန်း တော်၊ မိလ္လော မြို့၊ ယေရုရှလင် မြို့ရိုး ဟာဇော် မြို့၊ မေဂိဒ္ဒေါ မြို့ ဂေဇာ မြို့တို့ကို တည်ဆောက် ခြင်းငှါ ငွေခွဲရသတည်း။

16 ဂေဇာ မြို့ကိုကား၊ အဲဂုတ္တု ဖာရော ဘုရင် သည် စစ်ချီ တိုက်ယူ မီး ရှို့ သဖြင့် မြို့ သားခါနာနိ လူတို့ကို လုပ်ကြံ ပြီးမှ မိမိ သမီး ရှောလမုန် ၏ ခင်ပွန်း အား လက်ဆောင် ပေး နှင့်လေပြီ။

17 သို့ဖြစ်၍ ဂေဇာ မြို့ကို ရှောလမုန် တည် လေ၏။ ထိုမှတပါး အောက် ဗေသောရုန် မြို့၊

18 ဗာလက် မြို့၊ တော အရပ်၊ ပြည် ထဲမှာ တာဒမော် မြို့တို့ကိုလည်း တည်လေ၏။

19 ဘဏ္ဍာ တော် သိုထားသောမြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည်၊ လေဗနုန် တောင်ပေါ် နိုင်ငံ တော်အရပ်ရပ် တည်ချင် သော မြို့များတို့ကိုလည်း တည် လေ၏။

20 ဣသရေလ အမျိုးသား အကုန်အစင်မ ဖျက်ဆီး နိုင် သောကြောင့်၊

21 ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား အာမောရိ ဟိတ္တိ ဖေရဇိ ဟိဝိ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့ တိုင်အောင် လူခွဲ ၍ ကျွန် ခံစေ၏။

22 ဣသရေလ အမျိုးသား တို့ကိုကား၊ ရှောလမုန် သည် ကျွန် ခံစေ။ စစ်သူရဲ အမှု တော်စောင့်၊ မှူးမတ် စစ်ကဲ ရထား တော်အုပ် မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ၏။

23 တည်ဆောက်ခြင်းအမှု တော်ကို စီရင်သောသူ အမှုတော်အုပ် ငါး ရာ ငါး ဆယ်ရှိ၏။

24 ဖာရော ရှင်ဘုရင်၏ သမီး တော်သည် ဒါဝိဒ် မြို့ မှ ထွက် ၍၊ သူ့ အဘို့ ရှောလမုန်တည်ဆောက် သော နန်း တော် သို့ ပြောင်းပြီးမှ ရှောလမုန်သည် မိလ္လော မြို့ကို ပြုပြင် လေ၏။

25 ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။

26 တဖန် ရှောလမုန် မင်းကြီး သည် ဧဒုံ ပြည် တွင် ဧဒုံ ပင်လယ် ကမ်းနား ဧလုတ် မြို့နှင့် နီးစပ် သော ဧဇယုန်ဂါဗာ မြို့မှာ သင်္ဘော တို့ကို တည်လုပ် ၏။

27 ပင်လယ် ကူးသော အမှုကိုနားလည် သော မိမိ ကျွန် သင်္ဘော သားတို့ကို ဟိရံ မင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူ တို့နှင့်အတူ စီးစေ၏။

28 သူတို့သည် ဩဖိရ မြို့သို့ သွား ၍ ရွှေ အခွက် လေး ရာ နှစ် ဆယ်ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ ကြ၏။

10

1 ရှေဘ ပြည်ကို အစိုးရသောမိဖုရား သည် ရှောလမုန် ၏ ဂုဏ် အသရေနှင့် ထာဝရဘုရား ၏ နာမ တော်သိတင်းကိုကြား လျှင် နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ ကို စုံစမ်း ခြင်းငှါ လာ ၏။

2 နံ့သာမျိုး နှင့် များစွာ သောရွှေ အဘိုးထိုက် သော ကျောက် တို့ကိုဆောင် သော ကုလားအုပ် များ၊ လိုက် သော သူများနှင့်တကွ ယေရုရှလင် မြို့သို့ ရောက် ရှောလမုန် မင်းကြီးထံ တော်သို့ ဝင် သောအခါ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွေး မေးမြန်းလေ၏။

3 သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် မင်းကြီးသည် ဖြေ လေ၏။ နားမလည်၍ မ ဖြေ နိုင် သော အရာ တစုံတခုမျှမ ရှိ

4 ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ အလုံးစုံ ကို၎င်း တည်ဆောက် သော အိမ် တော်ကို၎င်း၊

5 စားပွဲ တော်တန်ဆာ ကို၎င်း၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင် တို့ ခစား သည် အခြင်းအရာကို ၎င်း၊ သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း၊ ဝန်စာရေး များကို၎င်း၊ ထာဝရဘုရား ၏ အိမ် တော်၌ မီး ရှို့ရာ ယဇ်ပူဇော် ခြင်းကို၎င်းမြင် သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊

6 ကိုယ်တော် ၏ အခြင်းအရာ နှင့် ကိုယ်တော် ၏ပညာ ကို အကျွန်ုပ်သည် ကိုယ် ပြည် ကြား ရသော သိတင်းစကား မှန် ပါ၏။

7 သို့သော်လည်း ကိုယ်တိုင်ရောက် မြင် မှီ ထိုစကား ကိုမ ယုံ ယခုမူကား၊ အရင်ကြား သော စကား သည် တဝက် ကိုမျှမ မှီ။ ကိုယ်တော်၏ ပညာ နှင့် ကိုယ်တော်၏စည်းစိမ် သည် အကျွန်ုပ်ကြား ရသော သိတင်း ကို လွန်ကဲ ပါ၏။

8 ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။

9 ကိုယ်တော် ကို နှစ်သက် ၍၊ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစဉ် ချစ် သောကြောင့် ဖြောင့်မတ် စွာတရား စီရင် စေခြင်းငှါ ကိုယ်တော် ကို ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို

10 ရွှေ အခွက် တရာ နှစ် ဆယ်၊ နံ့သာမျိုး အများ ကျောက် မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့်အမျှ များပြား သော နံ့သာမျိုးသည် နောက် တဖန်မ ရောက်

11 ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ သင်္ဘော တို့သည် အာလဂုံ သစ်သား များ၊ ကျောက် မြတ် များ ကိုလည်း ဆောင် ခဲ့ကြ၏။

12 ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော်ပွတ်လုံး တန်းနှင့် နန်း တော်ပွတ်လုံးတန်းကို၎င်း သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်းလုပ် လေ၏။ ထိုသို့သော အာလဂုံ သစ်သား သည်နောက် တဖန်မ ရောက် ယနေ့ တိုင်အောင် ပေါ်လာ

13 ရှောလမုန် မင်းကြီး သည် အလိုလိုပေး သော လက်ဆောင်မှတပါး ရှေဘ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။

14 ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ အချိန် ကား အခွက် ခြောက် ရာ ခြောက် ဆယ်ခြောက် ပိဿာဖြစ် သတည်း။

15 ထိုမှတပါး ကုန်သည် များ၊ လှည်းသမား များ၊ အာရပ် မင်းကြီး ရှိသမျှ မြို့ဝန် များဆက်သော ရွှေရှိသေး ၏။

16 ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်း ကြီးနှစ် ရာ၊ သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထုတ်လုပ်

17 လေဗနုန် တော သစ်သားနှင့် တည်ဆောက်သောနန်း တော်၌ ထား တော်မူ၏။

18 ရှင် ဘုရင်သည်လည်း ဆင်စွယ် ရာဇပလ္လင် ကြီး ကို လုပ် ရွှေစင် နှင့်မွမ်းမံ လေ၏။

19 ရာဇ ပလ္လင်တော်သည် လှေကား ခြောက် ထစ် ရှိ၏။ နောက်ဖေးဝိုင်း ၏။ ထိုင် ရာတဘက်တချက်၌ မှီစရာလက်ရုံး တန်းနှင့်ပြည့်စုံ၍၊ လက်ရုံး တန်းအနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။

20 လှေကား ခြောက် ထစ်အပေါ် တွင် တဘက်တချက်၌ လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။

21 ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်း တော်၌ သုံးသောဖလား တော် ရှိသမျှ တို့သည် ငွေ ဖလားမ ဟုတ် ရွှေ ဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ငွေကို အလျှင်းပမာဏ ပြုတတ်ကြ။

22 ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ငွေ ဆင်စွယ် မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။

23 ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာ ရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။

24 ရှောလမုန် ၏ နှလုံး ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ မျက်နှာ တော်ကို ဖူး လာကြ၏။

25 လာသောသူအသီးအသီး တို့သည် ရွှေ ဖလား ငွေ ဖလား အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး မြင်း လား တို့ကို နှစ် တိုင်းအခွန် ဆက် ရကြ၏။

26 ရှောလမုန် သည်လည်း ရထား များ၊ မြင်းစီး သူရဲ များကို ဆည်းဖူး ရထား တထောင် နှင့် လေး ရာ မြင်းစီး သူရဲတသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်း မြို့ တို့၌ ၎င်း ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။

27 ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း အာရဇ် ပင်တို့ကို လွင်ပြင် ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ၏။

28 ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ၏ ကုန်သည် တို့သည် အဘိုး ပေးလျက် ကော မြို့၌ ခံယူ ရကြ၏။

29 အဲဂုတ္တု ပြည်မှ ရထား တခုကို ငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါး ဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။

11

1 ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။

2 ထာဝရဘုရား က၊ သင်တို့သည် တပါးအမျိုးသား တို့နှင့်စုံဘက် ခြင်းကိုမ ပြုရ။ အကယ်စင်စစ် သူတို့သည် မိမိ တို့ဘုရား များနောက် သို့ သင် တို့၏ စိတ်နှလုံးကို လွဲ စေကြလိမ့်မည်ဟု ဣသရေလ အမျိုးသား တို့အား မိန့် တော်မူ သော်လည်း၊ ရှောလမုန် သည် တပါးအမျိုးသားမိန်းမတို့ကို တပ်မက် သောစိတ်ရှိ၏။

3 မင်းသမီး ဖြစ်သော ခင်ပွန်း ခုနစ် ရာ မောင်းမမိဿံ သုံး ရာ ရှိ သူတို့သည် စိတ် နှလုံးတော်ကို လွဲ စေကြ ၏။

4 ရှောလမုန် သည် အသက်ကြီး သောအခါ မိန်းမ များတို့သည် စိတ် နှလုံးတော်ကို အခြား တပါးသော ဘုရား နောက် သို့ လွဲ စေသဖြင့် စိတ် နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ် နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းမ ရှိ

5 ဇိဒုန် နတ်သမီး အာရှတရက် ရွံရှာ ဘွယ်သော အမ္မုန် ဘုရား မိလကုံ နောက် သို့ လိုက်

6 ခမည်းတော် ဒါဝိဒ် ကဲ့သို့ ထာဝရဘုရား လုံးလုံး ဆည်းကပ်၊ ရှေ့ တော်၌ဒုစရိုက် ကိုပြု လေ၏။

7 ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။

8 မိမိ တို့ဘုရား အား နံ့သာပေါင်းကိုမီးရှို့ ယဇ် ပူဇော်သော တပါး အမျိုးသားခင်ပွန်း အပေါင်း တို့အဘို့ ထိုသို့ ပြု ၏။

9 -

10 အခြား တပါးသော ဘုရား နောက် သို့ မ လိုက် ရမည် အကြောင်းပညတ် တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှား တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်မှ၊ ရှောလမုန် သည်စိတ်နှလုံး လွှဲသွား ၍၊ မှာထား တော်မူသောစကား ကို နား ထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက် တော်မူလျက်၊

11 သင် သည်ဤသို့ ပြု၍ ငါ ဖွဲ့သော ပဋိညာဉ် နှင့် ငါမှာထား သော တရား ကိုမ စောင့် ဘဲနေသောကြောင့် နိုင်ငံ တော်ကို သင့် လက်မှ ငါဆက်ဆက်နှုတ် သင့် ကျွန် အား ပေး မည်။

12 သို့ရာတွင် သင့် အဘ ဒါဝိဒ် ၏မျက်နှာကို ထောက်၍ သင့် လက်ထက် ငါသည်းခံ ဦးမည်။ သင် ၏ သား လက် မှ နိုင်ငံ တော်ကို နှုတ် မည်။

13 သို့သော်လည်း တနိုင်ငံလုံး ကိုမ နှုတ် ငါ့ ကျွန် ဒါဝိဒ် နှင့် ငါ ရွေးကောက် သော ယေရုရှလင် မြို့ကိုထောက်၍ သင့် သား အား ခရိုင် ခရိုင်ကို ငါပေး မည်ဟု ရှောလမုန် အား မိန့် တော်မူ၏။

14 ထိုနောက် ထာဝရဘုရား သည် ရှောလမုန် ရန်ဘက် ပြုသောသူ ဧဒုံ အမျိုးသားဟာဒဒ် ကို နှိုးဆော် တော်မူ၏။ ထိုသူ သည် ဧဒုံ ရှင်ဘုရင် အမျိုး ဖြစ်၏။

15 -

16 အထက်က ဒါဝိဒ် သည် ဧဒုံ ပြည်၌ ရှိ ၍၊ ဗိုလ်ချုပ် ယွာဘ သည် ဧဒုံ အမျိုးသားယောက်ျား အပေါင်း တို့ကို ပယ်ဖြတ် မည်ဟု ဣသရေလ လူအပေါင်း တို့နှင့် ဧဒုံ ပြည်၌ ခြောက် နေ ပြီးမှ အသေ ကောင်များကို မြေ၌မြှုပ် စေခြင်းငှါ သွား စဉ်အခါ

17 ဟာဒဒ် သည် အသက်ငယ် လျက်ပင်အဘ ၏ကျွန် ဧဒုံ အမျိုးသားအချို့တို့နှင့်အတူအဲဂုတ္တု ပြည်သို့ ရောက်အောင်ပြေး ၏။

18 မိဒျန် ပြည်မှ ထွက် မါရန် ပြည်သို့ ရောက် လေ၏။ တဖန် ပါရန် ပြည်သား အချို့တို့ကို ခေါ် အဲဂုတ္တု ပြည်၊ အဲဂုတ္တု ဖာရော ဘုရင် ထံသို့ ရောက် လေသော်၊ ထိုမင်း သည် အိမ် နှင့် မြေ ကိုပေး ကျွေးမွေးလေ၏။

19 ဖာရော ဘုရင်သည် ဟာဒဒ် ကို အလွန် ချစ် ၍ မိမိ ခင်ပွန်း မိဖုရား တာပနက် ၏ညီမ ကို ပေးစား ၏။

20 တာပနက် ၏ ညီမ သည်သား ဂေနုဗက် ကို ဘွားမြင် တာပနက် သည်နန်း တော်၌ နို့ခွါသဖြင့် ဂေနုဗတ် သည် နန်း တော်၌ ဖာရော ဘုရင်၏ သား များနှင့်အတူ နေ ၏။

21 ဒါဝိဒ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ကြောင်း နှင့် ဗိုလ်ချုပ် မင်းယွာဘ သေ ကြောင်း ကို ဟာဒဒ် သည် အဲဂုတ္တု ပြည်၌ ကြား သောအခါ အကျွန်ုပ်သည် ကိုယ် ပြည် သို့ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါဟု ဖာရော ဘုရင်အား တောင်းပန် လေ၏။

22 ဖာရော ဘုရင်က၊ သင်သည်ကိုယ် ပြည် သို့ ပြန် ချင် သောစိတ်ရှိမည်အကြောင်းငါ့ ထံ မှာအဘယ် အရာ လို သေးသနည်းဟုမေး သော် အဘယ် အရာမျှမလိုပါ။ သို့သော်လည်း သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်လေ၏။

23 ရှောလမုန် ရန်ဘက် ပြုသောသူတခြား၊ ဧလျာဒ သား ရေဇုန် ကို ဘုရားသခင် နှိုးဆော် တော်မူ၏။ ထိုသူသည် မိမိ သခင် ဇောဘ မင်းကြီး ဟာဒဒေဇာ ထံမှ ပြေး ၍၊

24 လူ များကိုစုဝေး စေသဖြင့် ဒါဝိဒ် မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ် လေ၏။တဖန် ဒမာသက် မြို့သို့သွား မင်း ပြုလျက် နေ ၏။

25 ဟာဒဒ် နှောင့်ရှက် သောအမှုမှတပါး ထိုသူသည် ရှောလမုန် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ရန်ဘက် ပြု ၏။ ရှုရိ ပြည်ကို အစိုးရ ဣသရေလ အမျိုးကို စက်ဆုပ် ရွံရှာ၏။

26 ထိုမှတပါး ရှောလမုန် ကျွန် တယောက်၊ ဧဖရိမ် အမျိုး၊ ဇေရဒ ရွာသား၊ နေဗတ် ၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင် ကို ပုန်ကန် ၏။ သူ ၏အမိ ကား၊ ဇေရွာ အမည် ရှိသောမုတ်ဆိုးမ တည်း။

27 ရှင်ဘုရင် ကို ပုန်ကန် သော အကြောင်း ဟူမူကား ရှောလမုန် သည် မိလ္လော မြို့ကိုတည် ၍၊ ခမည်းတော် ဒါဝိဒ် ၏မြို့ရိုး ပျက်ကို ပြုပြင် သောအခါ

28 ယေရောဗောင် သည် ခွန်အား ကြီးသော သူရဲ ဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင် ဖြစ်ကြောင်း ကို ရှောလမုန် သည်မြင် လျှင် ယောသပ် အမျိုး ဆောင်ရွက် ရသောအမှုရှိသမျှ ကို အုပ်စေခြင်းငှါခန့်ထား တော်မူ၏။

29 တရံရောအခါယေရောဗောင် သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွား သည်ရှိသော်၊ ရှိလော မြို့သားအဟိယ သည် ဝတ်လုံ သစ် နှင့် ကိုယ်ကိုခြုံ လျက် ယေရောဗောင်ကိုကြိုဆို ၍ လယ်ပြင် ထို သူနှစ် ယောက်တည်း ရှိ စဉ်အခါ

30 အဟိယ သည် မိမိ ဝတ်သော ဝတ်လုံ သစ် ကို ကိုင် ဆယ် နှစ် ပိုင်းဆုတ်ဖြတ် ပြီးလျှင်

31 ယေရောဗောင် အား ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။

32 ငါ့ ကျွန် ဒါဝိဒ် အတွက် ဣသရေလ ခရိုင် များတို့တွင်၊ ငါရွေးကောက် သော ယေရုရှလင် မြို့ အတွက် ရှောလမုန်သည် တ ခရိုင် ကို ယူရ ၏။

33 ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် မောဘ ဘုရား ခေမုရှ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ လိုက်

34 သို့ရာတွင် နိုင်ငံ တော်ကို သူ ၏လက် မှ ငါမ နှုတ် သေး။ ငါရွေးကောက် ၍ ငါ့ ပညတ် တရားတို့ကို စောင့်ရှောက် သော ငါ့ ကျွန် ဒါဝိဒ် အတွက် သားရှောလမုန်သည် တသက်လုံး စိုးစံ စေခြင်းငှါငါအခွင့် ပေး၏။

35 ရှောလမုန် ၏သား လက် မှ နိုင်ငံ တော်ကို နှုတ် ဆယ် ခရိုင် ကို သင့် အား ငါပေး မည်။

36 ငါ့ နာမ တည် ရာဘို့ ငါရွေးကောက် သော ယေရုရှလင် မြို့ တွင် ငါ့ ရှေ့ မှာ ငါ့ ကျွန် ဒါဝိဒ် ၏ မီးခွက် သည် အစဉ် ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန် သား အား ခရိုင် ကို ငါပေး ၏။

37 သင့် ကိုငါရွေးယူ သင်သည် ကိုယ် အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံ လျက်ဣသရေလ အမျိုးတွင် မင်း ပြု ရ၏။

38 သင်သည် ငါမှာထား သမျှ ကို နားထောင် ၍၊ ငါ့ ကျွန် ဒါဝိဒ် ပြု သကဲ့သို့ ငါ ၏လမ်း တို့သို့ လိုက် လျက် ငါ့ ရှေ့ ၌ မှန် သောတရား၊ ငါ စီရင်ချက် ပညတ် များကို စောင့်ရှောက် လျှင် သင် နှင့်အတူ ငါရှိ ဒါဝိဒ် အဘို့ မြဲမြံ သောအိမ် ကို ဆောက် သည်နည်းတူ သင့် အဘို့ ဆောက် ဣသရေလ နိုင်ငံကို ငါပေး မည်။

39 အကြောင်းကြောင့် ဒါဝိဒ် မင်းမျိုး ကို ငါနှောင့်ရှက် မည်။ သို့ရာတွင် အစဉ် နှောင့်ရှက်မည်မ ဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။

40 ရှောလမုန် သည် ယေရောဗောင် ကိုသတ် မည်ဟု အားထုတ် သည်ရှိသော်၊ ယေရောဗောင် သည် ထ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် ထံ သို့ပြေး သဖြင့် ရှောလမုန် သေ သည်တိုင်အောင် အဲဂုတ္တု ပြည်၌ နေ လေ ၏။

41 ရှောလမုန် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ နှင့် သူ ၏ပညာ စကားသည် ရှောလမုန် ဝတ္ထု ရေးထား လျက်ရှိ၏။

42 ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေး ဆယ်စိုးစံ ပြီးမှ

43 ဘိုးဘေး တို့နှင့် အိပ်ပျော် ခမည်းတော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ရောဗောင် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

12

1 ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင် မြို့သို့သွား ကြ၍ သူသည်လည်း သွား ၏။

2 ရှောလမုန် မင်းကြီး ထံမှ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ၏။

3 ဣသရေလလူတို့သည် သူ့ ထံသို့ လူကိုစေလွှတ် ခေါ် သဖြင့် စည်းဝေးသော ပရိသတ် အပေါင်း တို့သည် သူနှင့်အတူ ရောဗောင် ထံသို့ဝင် လျက်

4 ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင်ပါပြီ။ ခမည်းတော် ထံမှာပင်ပန်း စွာ ဆောင်ရွက်ရသောအမှု တင် တော်မူသော ထမ်းဘိုး လေး ကို ပေါ့ စေတော်မူပါ။ ထိုသို့ ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှု တော်ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။

5 ရောဗောင်ကလည်း၊ သင်တို့သွား ကြဦးလော့။ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် သူတို့သည် သွား ကြ၏။

6 ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက် ရှင်စဉ် အခါ၊ အထံ တော်၌ ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊

7 သူတို့က၊ ကိုယ်တော်သည် ယနေ့ သူ တို့၏ ကျွန် ခံ လျက်၊ သူ တို့အမှု ကို စောင့်၍ ကောင်း သော စကား နှင့်ပြန် ပြောတော်မူလျှင် သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။

8 အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်။ ခစား မြဲခစားသော မိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်

9 ပြည်သားတို့က၊ ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့ အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်

10 ထိုသူငယ်ချင်းလုလင် တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကို လေး စေပါပြီ။ ပေါ့ စေတော်မူပါဟု လျှောက် သော ပြည်သား တို့အား ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။

11 ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး ကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ပြန် ပြောတော်မူပါဟု လျှောက် ထားကြ၏။

12 ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း သုံး ရက်မြောက်သောနေ့ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် လာကြ၏။

13 ရှင် ဘုရင်သည် အသက်ကြီး သူတို့ပေး သော အကြံ ကိုမ လိုက်။ လူပျို တို့ပေးသောအကြံ ကို လိုက်လျက်

14 ငါ့ ခမည်းတော် သည် သင် တို့အပေါ်မှာ လေး သော ထမ်းဘိုး ကိုတင်လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်း စွာ ပြန် ပြောတော်မူ၏။

15 ရှင် ဘုရင်သည် ပြည်သား တို့၏ စကားကိုနား ထောင်ရသည်အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကို ပြည့်စုံ စေတော်မူမည်အကြောင်း တည်း။

16 ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား ထောင်ကြောင်း ကို သိမြင် လျှင် ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

17 သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူတို့ကို ရောဗောင် သည် အုပ်စိုး ရသေး၏။

18 ထိုအခါ ရောဗောင် မင်းကြီး သည် အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ဣသရေလ လူအပေါင်း တို့ သည် သူ့ ကိုသေ အောင် ကျောက်ခဲ နှင့် ပစ်ကြ၏။

19 ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။

20 ယေရောဗောင် ပြန် လာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သောအခါ လူကို စေလွှတ် ယေရောဗောင်ကို စည်းဝေးရာ ပရိသတ် ထံသို့ ခေါ် ပြီးလျှင် ဣသရေလ အမျိုးကို အုပ်စိုးသော ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒ အမျိုး မှတပါး အဘယ်အမျိုးမျှ ဒါဝိဒ် မင်းမျိုး သို့ မ ဆည်းကပ်

21 ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ဣသရေလ အမျိုး ကို စစ်တိုက် ၍ နိုင်ငံ တော်ကို ရှောလမုန် သား ရောဗောင် လက်သို့ရောက် ပြန်စေခြင်းငှါ ဗင်္ယာမိန် အမျိုး နှင့်တကွ ယုဒ အမျိုးသား အပေါင်း တို့နှင့် ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။

22 သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊

23 သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့် ယုဒ အမျိုး ဗင်္ယာမိန် အမျိုးသားများ၊ ကျန်ကြွင်း သော သူ များတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊

24 သင် တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသား တို့ကို စစ်တိုက် ခြင်းငှါချီ ၍မ သွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု သည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား ၏စကား တော်ကို နားထောင် စကား တော်အတိုင်း ပြန် သွားကြ၏။

25 ထိုနောက် ယေရောဗောင် သည် ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို တည် နေရာ ချ၏။ ထို မြို့မှ သွား ပေနွေလ မြို့ကိုလည်း တည် ၏။

26 ယေရောဗောင် က၊ ဤနိုင်ငံ သည် ဒါဝိဒ် မင်းမျိုး လက်သို့ ပြန် ကောင်းပြန်လိမ့်မည်။

27 ပြည်သား တို့သည် ထာဝရဘုရား ၏ ဗိမာန် တော်၌ ယဇ် ပူဇော် ခြင်းငှါ ယေရုရှလင် မြို့သို့ သွား လျှင် သူတို့ စိတ် နှလုံးသည် မိမိ တို့သခင် ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ ပြောင်းလဲ၍၊ ငါ့ ကိုသတ် ပြီးမှ ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့ သောကြောင့်

28 သူတပါးနှင့်တိုင်ပင် ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊

29 ဗေသလ မြို့၌ တကောင် ဒန် မြို့၌ တကောင် ကို ထား သဖြင့် ပြစ်မှား စရာအကြောင်းကို ပြု လေ၏။

30 ပြည်သား တို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန် မြို့တိုင်အောင် သွား တတ်ကြ၏။

31 ယေရောဗောင်သည်လည်း၊ မြင့် သောအရပ်ပေါ်မှာ အိမ် ကိုဆောက် လေဝိ သား ဟုတ် သော သာမညလူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား လေ၏။

32 ယုဒ ပြည်၌ ခံသော ပွဲ ကဲ့သို့ အဋ္ဌမ တဆယ် ငါး ရက် နေ့တွင် ပွဲ ကိုစီရင် ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ၏။ ထိုသို့ ဗေသလ မြို့၌ စီရင် ၍၊ မိမိလုပ် သော နွား သငယ်တို့အား ယဇ် ပူဇော်၏။ မြင့် သောအရပ်၌ ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကိုလည်း ဗေသလ မြို့မှာ နေရာ ချ၏။

33 ထိုသို့ ကိုယ် အလိုအလျောက်ချိန်းချက် သော အဋ္ဌမ တဆယ် ငါး ရက် နေ့တွင် ဗေသလ မြို့၌ မိမိလုပ် သော ယဇ် ပလ္လင်ပေါ် မှာပူဇော် ၏။ ဣသရေလ အမျိုးသား တို့အား ပွဲ ကိုလည်း စီရင် ၏။ ယဇ် ပလ္လင်ပေါ် မှာ ယဇ်ပူဇော် နံ့သာပေါင်း ကို မီးရှို့၏။

13

1 ထိုအခါ ယေရောဗောင် သည် နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ယဇ် ပလ္လင်နား မှာရပ် နေစဉ်တွင်၊ ဘုရားသခင် ၏ လူ တယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယုဒ ပြည်မှ ဗေသလ မြို့သို့ ရောက် လာ၍

2 ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် လျက် အိုယဇ် ပလ္လင်၊ ယဇ် ပလ္လင်၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒါဝိဒ် မင်း မျိုး ယောရှိ အမည် ရှိသောသူကို ဘွားမြင် လိမ့်မည်။ သင့် အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ၍၊ မြင့် သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ် မှာပူဇော် လူ သေအရိုး တို့ကို မီးရှို့ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏။

3 ထို နေ့ခြင်းတွင် ပုပ္ပ နိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရား မိန့် တော်မူသော ပုပ္ပ နိမိတ်ဟူမူကား ယဇ် ပလ္လင် သည် ကွဲ ပလ္လင်ပေါ် မှာရှိသော ပြာ လည်း ယိုကျ လိမ့်မည်ဟု ဟော လေ၏။

4 ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် နောက် တဖန် မ ရုပ်နိုင်။။

5 ဘုရားသခင် ၏ လူ သည်ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ပေး သော ပုပ္ပ နိမိတ်နှင့်အညီ ယဇ် ပလ္လင် ကွဲ ပြာ သည်လည်း ပလ္လင် ပေါ်က ယိုကျ လေ၏။

6 ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။

7 ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် ၍ အားဖြည့် လော့။ လက်ဆောင် ပေး မည်ဟု ဘုရားသခင် ၏ လူ အား ဆို လျှင်

8 ဘုရားသခင် ၏လူ က၊ နန်း တော်တဝက် ကိုပေး သော်လည်း သင် နှင့်အတူ ငါမ လိုက် အရပ် မုန့် ကိုမ စား ရေ ကိုလည်း သောက် ရ။

9 ထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ မုန့် ကို မ စား နှင့်။ ရေ ကို မ သောက် နှင့်။ လာ သော လမ်း ဖြင့် ပြန် နှင့်ဟု ငါ့ အား ပညတ် တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၏။

10 ထိုနောက် ဗေသလ မြို့သို့ လာ သော လမ်း ကို ရှောင် အခြား သောလမ်း ဖြင့် ပြန် သွား၏။

11 ထိုကာလ၌ ဗေသလ မြို့တွင် အသက် ကြီးသော ပရောဖက် တယောက် ရှိ ၏။ သူ ၏သား တို့သည်လာ ဘုရားသခင် ၏လူ သည် ထိုနေ့ ၌ ဗေသလ မြို့မှာ ပြု သော အမှု ရှိသမျှ နှင့် ရှင်ဘုရင် အား ပြော သော စကား များကို အဘ အား ပြန်ကြား လျှင်

12 ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ သည် အဘယ်လမ်း ဖြင့် ပြန်သွား သည်ကို မြင် ကြသောကြောင့် အဘ က ထိုသူသည် အဘယ် လမ်း ဖြင့်ပြန်သွား သနည်းဟုမေး ပြီးလျှင်

13 မြည်း ကို ကုန်းနှီး တင်ကြလော့ဟု ဆို သည် အတိုင်း သား တို့သည် မြည်း ကိုကုန်းနှီး တင်၍ အဘသည် စီး သွားလျက်

14 ဘုရားသခင် ၏ လူ ကိုလိုက် လေ၏။ သပိတ် ပင် အောက် မှာထိုင် လျက် ရှိသည်ကိုတွေ့ လျှင် သင် သည် ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ မှန် သလောဟုမေး သော် ငါ မှန်သည်ဟု ပြန်ဆို ၏။

15 ပရောဖက်ကလည်း၊ ငါ နှင့်အတူ ငါ့အိမ် သို့ လိုက် မုန့် ကို စား ပါလော့ဟု ခေါ်ပင့်လျှင်

16 ငါသည် သင် နှင့်အတူ လိုက် ရ၊ သင့်အိမ်သို့မဝင်ရ။ ဤ အရပ် မုန့် ကိုမ စား ရေ ကိုလည်း သောက် ရ။

17 ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။

18 ပရောဖက်ကလည်း ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။

19 ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန် လာ၍ သူ ၏အိမ် မှာ မုန့် ကိုစား ၏။ ရေ ကို လည်း သောက် ၏။

20 ထိုသူ နှစ်ပါးတို့သည် စားပွဲ နား မှာ ထိုင် စဉ်တွင် ခေါ် ခဲ့သော ပရောဖက် သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက်

21 ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏လူ အား သင်သည် ထာဝရဘုရား ၏နှုတ်တော် ထွက်ကို နား မထောင်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော ပညတ် တော်ကို မ စောင့်

22 ဤမည်သောအရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကို မ သောက် နှင့်ဟု ပညတ် တော်မူသော အရပ် သို့ ပြန် လာ၍ မုန့် နှင့် ရေ ကိုစား သောက် သောကြောင့် သင် ၏အလောင်း သည် ဘိုးဘေး တို့၏ သင်္ချိုင်း သို့ ရောက် ရဟု ထာဝရဘုရား မိန့် တော်မူကြောင်း ကို အော်ဟစ် ဆင့်ဆို ၏။

23 မုန့် နှင့် ရေကို စား သောက် ပြီးမှ ထိုပရောဖက်သည် ပြန် လာသော ပရောဖက် အဘို့ မိမိမြည်း ကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။

24 လမ်း မှာ ခြင်္သေ့ တွေ့ သတ် ၏။ အသေ ကောင်သည် လမ်း လဲ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေ၏။

25 အသေ ကောင်သည် လမ်း လဲ မြည်းနှင့်ခြင်္သေ့ သည် အနား မှာ ရပ် နေသည်ကို ခရီး သွားသောသူတို့ သည် မြင် လျှင် အသက် ကြီးသော ပရောဖက် နေ သော မြို့ သို့ လာ သိတင်း ပြောကြ၏။

26 ခေါ် ခဲ့သော ပရောဖက် သည် ထိုသိတင်းကိုကြား လျှင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မထောင်သော ဘုရားသခင် ၏ လူ ဖြစ်လိမ့်မည်။ ထာဝရဘုရား သည် ထိုသူ အား မိန့် တော်မူသော စကား အတိုင်း သူ့ ကိုခြင်္သေ့ အပ် တော်မူသဖြင့် ခြင်္သေ့သည် ကိုက် သတ် လေပြီတကား ဟု ဆို လျက်

27 မြည်း ပေါ်မှာ ကုန်းနှီး ကို တင်ကြလော့ဟု သား တို့အား ဆို သည်အတိုင်း သူတို့သည် ကုန်းနှီး တင်ကြ၏။

28 ပရောဖက်သွား အသေ ကောင်သည် လမ်း လဲ လျက် မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား မြည်း ကိုလည်း ကိုက်

29 အသက် ကြီးသော ပရောဖက် သည် ဘုရားသခင် ၏လူ အလောင်း ကောင်ကို မြည်း ပေါ် သို့ ချီ တင် ပြီးလျှင် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ခြင်းငှါ မိမိမြို့ သို့ ဆောင် သွား၏။

30 အလောင်း ကောင်ကို မိမိ သင်္ချိုင်း တွင်း၌ ထား လျက် အို ငါ့ ညီ ဟူ၍ငိုကြွေး မြည်တမ်းခြင်းကို ပြု၏။

31 သင်္ဂြိုဟ် ပြီးမှ သား တို့ကိုခေါ်၍၊ ငါ သေ သောအခါ ဘုရားသခင် ၏ လူ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ကြလော့။ ငါ့ အရိုး တို့ကို သူ့ အရိုး တို့အနား မှာထား ကြလော့။

32 ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။

33 ထိုနောက်မှ ယေရောဗောင် သည် မိမိ အဓမ္မ လမ်း ကို မ ရှောင် သာမညလူ တို့ကို မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား ၏။ ယဇ်ပုရောဟိတ်လုပ်ချင် သောသူ ရှိသမျှကို ချီးမြှောက် သဖြင့် သူတို့သည် မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ် ကြ၏။

34 ထိုသို့ ပြုသောကြောင့်ယေရောဗောင် အမျိုး ကို မြေကြီး ပြင် မှ သုတ်သင် ပယ်ရှင်းစေသော အပြစ် ရောက် သတည်း။

14

1 ထိုအခါ ယေရောဗောင် ၏သား အဘိယ သည် နာ သောကြောင့်

2 ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။

3 မုန့် ဆယ် လုံး၊ မုန့်ပြား အချို့၊ ပျားရည် ဘူး ကို ဆောင် လျက် ပရောဖက် ထံ သို့သွား ပါလော့။ သူငယ် အဘယ်သို့ ဖြစ် မည်ကို သူ ဟော လိမ့်မည်ဟု မှာ ထားသည် အတိုင်း

4 ယေရောဗောင် မယား သည် ထ ရှိလော မြို့၌ အဟိယ အိမ် သို့ သွား လေ၏။ ထိုအခါ အဟိယ သည် အသက် ကြီးသောကြောင့် မျက်စိ မြင် မှုန် လျက်ရှိ၏။

5 ထာဝရဘုရား ကလည်း ယေရောဗောင် မယား သည် သားနာ သောကြောင့် သား အတွက် တစုံတခု ကို တောင်း အံ့သောငှါ သင့် ဆီသို့ ယခုလာ ၏။ ဤမည်သော စကားဖြင့် ပြန်ပြော ရမည်။ သူသည် လာ သောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင် လိမ့်မည်ဟု အဟိယ အား မိန့် တော်မူ၏။

6 ထိုမိန်းမသည် တံခါး အထဲ သို့ ဝင် ၍၊ နင်း သံ ကို အဟိယ သည် ကြား လျှင် အိုယေရောဗောင် မယား ဝင် လော့။ အဘယ်ကြောင့် အခြားသောသူ ၏အယောင် ကို ဆောင်သနည်း။ ဝမ်းနည်း စရာသိတင်းကို ကြားပြော စေခြင်းငှါသင့် ဆီသို့ ငါ့ ကိုစေလွှတ် တော်မူ၏။

7 သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏အမိန့်တော်ကို၊ ယေရောဗောင် ထံ သို့သွား ၍ ဆင့်ဆို ရမည်မှာ၊ သင့် ကိုလူစု ထဲက ငါရွေး ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် လျက်၊

8 နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် သင့် အား ပေး သော်လည်း သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ ဟုတ် သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။

9 သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။

10 ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။

11 ယေရောဗောင် အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်အကြောင်းထာဝရဘုရား မိန့် တော်မူပြီ။

12 သင် ၍ ကိုယ် အိမ် သို့ သွား လော့။ မြို့ တံခါးအထဲ သို့ ဝင် သောအခါ သူငယ် သေ လိမ့်မည်။

13 ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင် ထို သူငယ်တယောက် တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံ ရလိမ့်မည်။ အကြောင်း မူကား၊ ယေရောဗောင် အမျိုးသား စုတွင် ထိုသူငယ်တယောက်သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကြည်ညိုသောစိတ် ရှိ ၏။

14 အချိန်ရောက်မှ ယေရောဗောင် အမျိုး ကို ပယ်ဖြတ် လတံ့သော ဣသရေလ ရှင်ဘုရင် တပါးကို ထာဝရဘုရား သည် မိမိ တို့အဘို့ ပေါ်ထွန်း စေတော်မူမည်။ အဘယ် အချိန်နည်းဟုမေးသော်၊ ယခု ပင်ဖြစ်လိမ့်မည်။

15 အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ကျူပင် ကို ရေ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် မြစ် ကြီးတဘက် အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။

16 ကိုယ်တိုင်ပြစ်မှား ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။

17 ယေရောဗောင် မယား သည် ထ သွား တိရဇ မြို့တံခါး ခုံသို့ ရောက် သောအခါ သူငယ် သေ ၏။

18 ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အဟိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ထိုသူငယ် ကို သင်္ဂြိုဟ် ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။

19 ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်း သမျှ၊ စစ်တိုက် ခြင်း အမှု၊ မင်းပြု ခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။

20 ယေရောဗောင် သည် အနှစ် နှစ် ဆယ်နှစ် နှစ် စိုးစံ ပြီးမှ ဘိုးဘေး တို့နှင့် အိပ်ပျော် သား တော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။

21 ရှောလမုန် သား ရောဗောင် သည် ယုဒ ပြည်ကို စိုးစံ လေ၏။ နန်း ထိုင်သောအခါ အသက်လေး ဆယ်တ နှစ် ရှိ၏။ ထာဝရဘုရား သည် နာမ တော်တည် စေရာဘို့ ဣသရေလ ခရိုင် များတို့အထဲက ရွေးကောက် သော ယေရုရှလင် မြို့ ဆယ် ခုနစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား အမ္မုန် အမျိုးသား၊ နေမ အမည် ရှိ၏။

22 ယုဒ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ဘိုးဘေး တို့ပြစ်မှား သမျှ ထက် ပြစ်မှား သော အပြစ် များအားဖြင့် အမျက် တော်ကိုနှိုးဆော်ကြ၏။

23 မြင့် သောတောင် ရှိသမျှ တို့အပေါ် ၌၎င်း စိမ်း သော သစ်ပင် ရှိသမျှ တို့အောက် ၌၎င်း၊ ကုန်း များ၊ ရုပ်တု များ၊ အာရှရ ပင်များကို တည် ကြ၏။

24 ယုဒပြည် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ များရှိ ၍၊ ထာဝရဘုရား သည် ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် တော်မူသော ပြည်သား မျိုးပြုသောစက်ဆုပ် ရွံရှာဘွယ်ရာအမှုအလုံးစုံ တို့ကို ပြု ကြသည် တကား။

25 ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင် အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ စစ်ချီ

26 ဗိမာန် တော် ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှ ကို လည်း ယူသွား ၏။

27 ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်း တို့ကိုလုပ် နန်း တော်တံခါး စောင့် ကိုယ်ရံတော် မှူး၌ အပ် လေ၏။

28 ရှင် ဘုရင်သည် ဗိမာန် တော်သို့သွား သောအခါ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ နောက်တဖန် မိမိ တို့စောင့် ရာအခန်း မှာ ပြန် ထားကြ၏။

29 ရောဗောင် ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ယုဒ ရာဇဝင် ရေးထား လျက်ရှိ၏။

30 ရောဗောင် နှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံးရန်ဘက် ပြု ကြ၏။

31 ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သူတို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အဘိယ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

15

1 -

2 နေဗတ် ၏သား ယေရောဗောင် မင်းကြီး နန်းစံတဆယ် ရှစ် နှစ် တွင် အဘိယ သည် ယေရုရှလင် မြို့၌ မင်းပြု ၍၊ ယုဒ ပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ အဘရှလုံ ၏ သမီး မာခါ အမည် ရှိ၏။

3 ခမည်းတော် ပြုသောဒုစရိုက် ကို ပြု မြဲပြု၍ ဘေး တော်ဒါဝိဒ် ကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးစုံလင် သည်မ ဟုတ်

4 သို့သော်လည်း ဒါဝိဒ် ၏မျက်နှာကိုထောက်၍ သူ ၏ဘုရားသခင် ထာဝရဘုရား သည် ဆွေ တော်မျိုးတော် ကို ချီးမြှောက် ၍၊ ယေရုရှလင် မြို့ကို တည် စေသဖြင့် ထိုမြို့ ဒါဝိဒ်၏မီးခွက် ကို ထွန်းလင်းစေတော်မူ၏။

5 အကြောင်း မူကား၊ ဒါဝိဒ် သည် ဟိတ္တိ အမျိုး ဥရိယ အမှု ကိုထားလျှင်၊ တသက်လုံး ထာဝရဘုရားမှာ ထား တော်မူသော အမှု တစုံတခုကိုမျှ မ ရှောင် ရှေ့ တော်၌ တရား သဖြင့် ကျင့် သောအကြောင်းတည်း။

6 ရောဗောင် သား အဘိယနှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံး ရန်ဘက် ပြု ကြ၏။

7 အဘိယ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ယုဒ ရာဇဝင် ရေးထား လျက်ရှိ၏။

8 အဘိယ သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

9 ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံနှစ် ဆယ်တွင် အာသ သည် ယေရုရှလင် မြို့၌ လေး ဆယ်တ နှစ် မင်းပြု ယုဒ ပြည်ကို စိုးစံ လေ၏။

10 အဘွားတော်ကား၊ အဘရှလုံ ၏သမီး မာခါ ဖြစ်၏။

11 အာသ သည် အဘိ တော်ဒါဝိဒ် ပြုသကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ တရား သဖြင့်ပြု ၏။

12 ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း ဘိုး တော်ဘေးတော်လုပ် သော ရုပ်တု ရှိသမျှ တို့ကို၎င်း၊ ပြည် တော်ထဲက ပယ်ရှား တော်မူ၏။

13 အဘွားတော်မာခါ သည် အာရှရ ပင်အဘို့ ရုပ်တု ကိုလုပ် သောကြောင့် မိဖုရား အရာကိုနှုတ် ရုပ်တု ကို ဖျက်ဆီး ပြီးလျှင် ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။

14 မြင့် သောအရပ်တို့ကို မ ပယ်ရှား သော်လည်း လက်ထက်တော် ကာလ ပတ်လုံး၊ အာသ စိတ် နှလုံးသည် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ၏။

15 ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင်လှူ သော ဥစ္စာ၊ ရွှေ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း တော်မူ၏။

16 အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။

17 ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ယုဒ ရှင်ဘုရင် အာသ ထံ သို့အဘယ်သူမျှမ ထွက် မဝင်စေခြင်းငှါရာမ မြို့ကို တည် ၏။

18 ထိုအခါ ကျန်ကြွင်း သော ဗိမာန် တော်ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ တည်းဟူသောရွှေ ငွေ ရှိသမျှ ကို အာသ သည်ယူ မိမိ ကျွန် တို့၌ အပ် သဖြင့် ဒမာသက် မြို့မှာ နေ သောရှုရိ ရှင်ဘုရင် ရေဇုန် သား တာဗရိမုန် ၏သား ဗင်္ဟာဒဒ် ထံ သို့ပေး လိုက်၍၊

19 ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့်၎င်း၊ မိဿဟာယ ဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါလက်ဆောင် ပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက်သွား စေခြင်းငှါ သူနှင့် ဖွဲ့သော မိဿဟာယ ကို ဖျက် ၍လာ ပါဟု မှာ လိုက်လေ၏။

20 အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ဣသရေလ မြို့ ရွာတို့ကို စစ်ချီစေခြင်းငှါမိမိ ဗိုလ် များကို စေလွှတ် သဖြင့် သူတို့သည် ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလဗက်မာခါ မြို့မှစ၍ ဂင်္နေသရက် ပြည်လုံး နဿလိ ပြည် လုံး ကို လုပ်ကြံ ကြ၏။

21 ထိုသိတင်းကို ဗာရှာ သည် ကြား သောအခါ ရာမ မြို့ကို လက်စ မသတ်ဘဲ တိရဇ မြို့၌ နေ ရ၏။

22 ထိုအခါ အာသ မင်းကြီး သည် ယုဒ ပြည် တရှောက်လုံး တွင် အမိန့် တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက် မျှ မလွတ် ရှိသမျှတို့သည် ရာမ မြို့၌ ဗာရှာ မင်းသွင်းသော ကျောက် နှင့် သစ်သား ကိုယူသွား ကြ၍ အာသ မင်းကြီး သည် ဗင်္ယာမိန် ခရိုင်၌ ဂေဘ မြို့နှင့် မိဇပါ မြို့ကို တည် ၏။

23 အာသ မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ နှင့် တန်ခိုး ကြီးခြင်း၊ မြို့ များကိုတည် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ရေးထား လျက်ရှိ၏။ သို့ရာတွင် အသက် ကြီးသောအခါခြေ တော်၌ အနာ ရောဂါစွဲသဖြင့်

24 ဘိုးဘေး တို့နှင့် အိပ်ပျော် အဘိ တော်ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

25 ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် နှစ် တွင် ယေရောဗောင် သား နာဒဒ် သည် ဣသရေလ နိုင်ငံ၌ မင်းပြု နှစ် နှစ်စိုးစံ ၏။

26 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ခမည်းတော် လိုက် သောလမ်း ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်လေ၏။

27 ဣသခါ အမျိုး အဟိယ သား ဗာရှာ သည် သင်းဖွဲ့ နာဒဒ် မင်းနှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ဖိလိတ္တိ ပြည် ဂိဗေသုန် မြို့ကို ဝိုင်းထား ကြစဉ်၊

28 ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ဗာရှာ သည် နာဒဒ်မင်းကို လုပ်ကြံ နန်း ထိုင်လေ၏။

29 နန်း ထိုင်သောအခါ ယေရောဗောင် အမျိုး ရှိသမျှ ကိုလည်း လုပ်ကြံ ၏။ ထာဝရဘုရား သည် မိမိ ကျွန် ရှိလော မြို့သားအဟိယ အားဖြင့် မိန့် တော်မူသည် အတိုင်း ယေရောဗောင် အမျိုးကို မဖျက် မှီတိုင်အောင် အသက်ရှူ သောသူတယောက် ကိုမျှ မ ချန် မထား။

30 အကြောင်း မူကား၊ ယေရောဗောင် သည် ကိုယ်တိုင်ပြစ်မှား သော အပြစ် နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်သောအကြောင်းတည်း။

31 နာဒဒ် မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။

32 အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။

33 ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် အဟိယ သား ဗာရှာ သည် တိရဇ မြို့မှာ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်လေး နှစ် စိုးစံ ၏။

34 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ယေရောဗောင် လိုက်သောလမ်း ဣသရေလ အမျိုးကိုပြစ်မှား စေသော လမ်းသို့ လိုက် လေ၏။

16

1 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကို အကြောင်းပြု၍၊ ဟာနန် ၏သား ယေဟု သို့ ရောက် လာသည် ကား၊

2 သင့် ကို မြေမှုန့် ထဲက ငါကြွ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် သော်လည်း သင်သည် ယေရောဗောင် ၏လမ်း သို့ လိုက် လျက် ဣသရေလ အမျိုးသည် ပြစ်မှား ၍၊ ငါ့ အမျက် ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်

3 သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါ ပယ်ရှား ၍၊ သင် ၏အမျိုး ကို နေဗတ် ၏သား ယေရောဗောင် ၏ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။

4 ဗာရှာ အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်၊ အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟုမိန့် တော်မူ၏။

5 ဗာရှာ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် သူ၏တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ရေးထား လျက်ရှိ၏။

6 ဗာရှာ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် တိရဇ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ဧလာ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

7 ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊

8 ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခြောက် နှစ် တွင် ဗာရှာ သား ဧလာ သည် တိရဇ မြို့၌ နေ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ သည်ရှိသော်၊

9 ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊

10 ဇိမရိ သည်ဝင် ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ဧလာကို သေ စေခြင်းငှါလုပ်ကြံ ၍ နန်း ထိုင်လေ၏။

11 နန်း ထိုင်စက ဗာရှာ အမျိုးသား အပေါင်း တို့ကိုသတ် ၏။ ဗာရှာနှင့် ပေါက်ဘော် တော်သော ယောက်ျား၊ အဆွေ ဖွဲ့သော ယောက်ျားတယောက်ကိုမျှမ ချန် မထား။

12 ထာဝရဘုရား သည် ဗာရှာ ကို အကြောင်းပြု၍ ပရောဖက် ယေဟု အားဖြင့် မိန့် တော်မူသော စကား တော် နှင့်အညီ ဇိမရိ သည် ဗာရှာ အမျိုးသား အပေါင်း တို့ကို ဖျက်ဆီး ၏။

13 အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။

14 ဧလာ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။

15 ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ဇိမရိ သည် တိရဇ မြို့၌ ခုနစ် ရက် စိုးစံ ၏။

16 ထိုသို့ ဇိမရိ သည် သင်းဖွဲ့ ရှင် ဘုရင်ကိုသတ် သည်ဟု ဖိလိတ္တိ ပြည်ဂိဗေသုန် မြို့ရှေ့ မှာ တပ်ချ သော သူအပေါင်းတို့သည် သိတင်းကြား လျှင် ထို နေ့ခြင်းတွင် ဗိုလ်ချုပ် မင်းဩမရိ ကို ဣသရေလ ရှင် ဘုရင်အရာ၌ တပ် ထဲမှာ ချီးမြှောက်ကြ၏။

17 ဩမရိ သည် ဣသရေလ အမျိုးသားအပေါင်း တို့ နှင့်တကွ ဂိဗေသုန် မြို့မှ ထွက် တိရဇ မြို့ကို ဝိုင်းထား ကြ၏။

18 မြို့ ကိုတိုက် ၍ ရမည်ဟုဇိမရိ သည် သိ သောအခါ နန်း တော်ထဲသို့ ဝင် မိမိ အပေါ် မှာ နန်း တော်ကို မီး ရှို့ သဖြင့် ကိုယ်တိုင်သေ လေ၏။

19 အကြောင်းမူကား၊ ယေရောဗောင် လိုက် သောလမ်း ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သော အကြောင်းတည်း။

20 ဇိမရိ ပြုမူသောအမှုအရာ ကြွင်း သမျှတို့နှင့် ပုန်ကန် ခြင်းအရာသည် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။

21 ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။

22 ဩမရိ နောက် သို့လိုက်သော သူ တို့ သည် ဂိနတ် ၏ သား တိဗနိ နောက် သို့ လိုက်သော သူ တို့ကို နိုင် သဖြင့် တိဗနိ သေ ဩမရိ သည် နန်း ထိုင်လေ၏။

23 ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်တ နှစ် တွင် ဩမရိ သည် နန်း ထိုင်၍ ဣသရေလ နိုင်ငံကို တဆယ် နှစ် နှစ် စိုးစံ၏။ တိရဇ မြို့၌ ခြောက် နှစ် စိုးစံ ပြီးမှ၊

24 ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။

25 ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။

26 နေဗတ် ၏သား ယေရောဗောင် လိုက် သောလမ်း ဣသရေလ အမျိုးသည် မိစ္ဆာ ဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ပြစ်မှား စေသော ဒုစရိုက် အပြစ်လမ်းသို့ လိုက်လေ၏။

27 ဩမရိ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ရေးထား လျက် ရှိ၏။

28 ဩမရိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာဟပ် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏။

29 ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်ရှစ် နှစ် တွင် ဩမရိ သား အာဟပ် သည်ရှမာရိ မြို့၌ ဣသရေလ မင်းပြု ၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်နှစ် နှစ် စိုးစံ ၏။

30 ဩမရိ သား အာဟပ် သည် မိမိ ရှေ့ မှာ ဖြစ်ဘူးသောသူအပေါင်း တို့ထက် ထာဝရဘုရား ရှေ့ တော်၌သာ၍ ဒုစရိုက် ကိုပြု ၏။

31 နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။

32 ရှမာရိ မြို့တွင် ဗာလ ဘုရား၏ ဗိမာန် ၌ ဗာလ ဘုရားအဘို့ ယဇ် ပလ္လင်ကိုတည် ၏။

33 အာရှရ ပင်ကိုလည်းပြုစု မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။

34 အာဟပ်လက်ထက် ဗေသလ မြို့သားဟိဧလ သည် ယေရိခေါ မြို့ကို တည် ၏။ ထာဝရဘုရား သည် နုန် ၏သား ယောရှု အားဖြင့် မိန့် တော်မူသော စကား နှင့်အညီ သားဦး အဘိရံ လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် သားထွေး စေဂုပ် လက်ထက်၌ မြို့တံခါး တို့ကို ထောင် ၏။

17

1 ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။

2 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဧလိယ သို့ ရောက် လာသည်ကား၊

3 သင်သည် ဤ အရပ်မှ ထွက်သွား လော့။ အရှေ့ သို့ ပြောင်း ယော်ဒန် မြစ်တဘက်၊ ခေရိတ် ချောင်း နား မှာ ပုန်းရှောင် ၍နေလော့။

4 ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း

5 ဧလိယသည်သွား ယော်ဒန် မြစ်တစ်ဘက် ခေရိတ် ချောင်း နား မှာ နေ လေ၏။

6 ကျီးအ တို့သည် နေ့တိုင်းနံနက် တခါ၊ ညဦး တခါ မုန့် နှင့် အမဲသား ကို ဆောင် ခဲ့ကြ၏။ ချောင်း ရေကိုလည်း သောက် ရ၏။

7 နောက် တဖန် မိုဃ်း ရွာသောကြောင့် ချောင်း ရေခန်းခြောက် လေ၏။

8 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ရောက် လာသည်ကား၊

9 သင်ထ လော့။ ဇိဒုန် ပြည်၊ ဇရတ္တ မြို့သို့ သွား နေ လော့။ ထို မြို့၌ နေသောမုတ်ဆိုးမ တယောက်သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း

10 ဧလိယသည်ထ ဇရတ္တ မြို့သို့ သွား ၏။ မြို့ တံခါး သို့ ရောက် သောအခါ မုတ်ဆိုးမ သည် ထင်းခွေ လျက်ရှိ၏။ ဧလိယက၊ ငါသောက် စရာ ရေ အနည်းငယ် ကို ခွက် နှင့် ယူ ခဲ့ပါလော့ဟု ဟစ် ဆို ၏။

11 မိန်းမသည်ရေကိုယူ ခြင်းငှါ သွား စဉ်တွင် တဖန် ဟစ် မုန့် တဖဲ့ ကိုလည်း သင့် လက် ယူ ခဲ့ပါလော့ဟု ဆို ပြန်လျှင်၊

12 မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ အိုး ထဲမှာ မုန့်ညက် လက်ဆုပ်၊ ဘူး ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။

13 ဧလိယ ကလည်း စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် သားငယ်အဘို့ လုပ် လော့။

14 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထာဝရဘုရား သည် မြေ ပေါ် မှာ မိုဃ်း ရွာစေတော်မ မူမှီတိုင်အောင်၊ အိုး ၌ရှိသောမုန့်ညက် ကုန် ဘူး ၌ရှိသောဆီ လျော့ ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏။

15 ထိုမုတ်ဆိုးမသည်သွား ဧလိယ စကား အတိုင်း ပြု သဖြင့် ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ အိမ်သား တို့ သည် အင်တန်ကာလ ပတ်လုံး စား ရကြ၏။

16 ထာဝရဘုရား သည် ဧလိယ အားဖြင့် မိန့် တော်မူ သော စကား အတိုင်း အိုး ၌ရှိသောမုန့်ညက် ကုန် ဘူး ၌ရှိသောဆီ လျော့

17 ထို နောက်မှအိမ်ရှင်မ ၏သား သည် ပြင်းပြ စွာ သော အနာ ရောဂါစွဲသောကြောင့်အသက် ချုပ်၏။

18 မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်

19 သင် ၏သား ကိုငါ့ အား ပေး လော့ဟုဆို လျက် မိန်းမ ရင်ခွင် ထဲက ယူ မိမိ နေ ရာအထက် အခန်းသို့ ဆောင် သွား သဖြင့် မိမိ အိပ်ရာ ပေါ် မှာထား ပြီးလျှင်

20 အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။

21 တဖန် သူငယ် အပေါ် မှာ မိမိကိုယ်ကိုသုံး ကြိမ် လှန်လျက်၊ အကျွန်ုပ် ၏ဘုရားသခင် ထာဝရဘုရား သူငယ် ၏ဝိညာဉ် ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရား ကို ကြွေးကြော် ပြန်၏။

22 ဧလိယ စကား ကို ထာဝရဘုရား ကြား တော်မူ၍ သူငယ် ၏ ဝိညာဉ် သည်ဝင် သဖြင့် သူသည် အသက် ရှင်ပြန်၏။

23 ဧလိယ သည် သူငယ် ကိုအထက် အခန်းမှ အောက် သို့ယူ သွား၍ ကြည့် လော့။ သင် ၏သား အသက် ရှင်ပြီဟု ဆို လျက် အမိ အပ် လေ၏။

24 မိန်းမ ကလည်း အမှုကိုထောက်၍ကိုယ်တော် သည် ဘုရားသခင် ၏ လူ ဖြစ်ကြောင်း ကို၎င်း ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား ၏ စကား တော် ဟုတ်မှန် ကြောင်းကို၎င်း၊ ကျွန်မသိ ပါသည်ဟု ဧလိယ အား ဆို ၏။

18

1 ကာလ အင်တန်ကြာ၍ သုံး နှစ် စေ့သောအခါ၊ ဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ် မင်းအား သွား ၍ ကိုယ် ကိုပြလော့။ ငါသည်လည်း မြေ ပေါ် မှာ မိုဃ်း ရွာစေမည်ဟု မိန့် တော်မူသည်အတိုင်း

2 ဧလိယ သည် အာဟပ် မင်းအား ကိုယ် ကိုပြအံ့သောငှါ သွား ၏။ ထိုအခါ ရှမာရိ မြို့၌ ပြင်းစွာ သော အစာ အာဟာရခေါင်းပါးခြင်းဘေးရှိ၍၊

3 အာဟပ် မင်းသည် နန်း တော်အုပ်ဩဗဒိ ကိုခေါ် ၏။ ထိုဩဗဒိ သည် ထာဝရဘုရား ကို အလွန် ရိုသေ သောသူဖြစ် ၏။

4 ယေဇဗေလ သည် ထာဝရဘုရား ၏ပရောဖက် တို့ကိုပယ်ဖြတ် သောအခါ ဩဗဒိ သည် ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် မုန့် နှင့် ရေ ကိုပေး၍ ကျွေး လေ၏။

5 အာဟပ် ကလည်း တပြည်လုံး သို့လှည့်လည် ၍ စမ်းရေ တွင်းများ၊ ချောင်း များရှိရာအရပ်ရပ် သို့ သွားလော့။ တိရစ္ဆာန် အပေါင်းတို့သည် မ သေ မြင်း နှင့် လား တို့သည် အသက် လွတ်မည်အကြောင်း၊ မြက်ပင် ကို တွေ့ ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိ အား ဆို လျက်၊

6 သူတို့သည် တပြည်လုံး ကို နှံ့ပြား အောင် ဝေဖန် ၍၊ အာဟပ် နှင့် ဩဗဒိ သည် လမ်းတခြားစီ ထွက်သွား ကြ၏။

7 ဩဗဒိ သည်သွားစဉ်အခါ၊ ဧလိယ သည် ဆီး ၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ ပြပ်ဝပ် လျက် ကိုယ်တော် သည် အကျွန်ုပ် သခင် ဧလိယ မှန်ပါသလောဟု မေး လျှင်၊

8 ဧလိယက ငါ မှန်၏။ ဧလိယ သည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ ဟု ပြော ဆိုသော်

9 ဩဗဒိကလည်း၊ ကိုယ်တော် ကျွန် ၏ အသက်ကိုသတ် စေခြင်းငှါ အာဟပ် အပ် ရမည်အကြောင်း ကိုယ်တော် ကျွန်သည် အဘယ်သို့ ပြစ်မှား ဘိသနည်း။

10 ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် ကို ရှာ စေခြင်းငှါ အကျွန်ုပ် သခင် စေလွှတ် သော တိုင်း နိုင်ငံ တခုမျှ မ ရှိ ပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမ ရှိပါဟု လျှောက် သောအခါ၊ ကိုယ်တော် ကို ရှာ ၍မ တွေ့နိုင်ဟု ထိုတိုင်း နိုင်ငံ သားတို့သည် အကျိန် ကိုခံရကြပါ၏။

11 ယခု မူကား ဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ဟု မိန့် တော်မူပါသည်တကား။

12 အကျွန်ုပ် သည် ကိုယ်တော် ထံမှ ထွက်သွား အာဟပ် မင်းထံမှာ လျှောက် စဉ်တွင်၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် အကျွန်ုပ်မ သိ သော အရပ်သို့ ကိုယ်တော် ကို ဆောင် သွားတော်မူလျှင် အာဟပ်မင်းသည် ကိုယ်တော် ကို မ တွေ့ နိုင်သောအခါ အကျွန်ုပ် ကိုသတ် ပါလိမ့်မည်။ ကိုယ်တော် ကျွန် မူကား အသက် ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရား ကို ရိုသေ ပါပြီ။

13 ယေဇဗေလ သည် ထာဝရဘုရား ၏ ပရောဖက် တို့ကိုသတ် သောအခါ အကျွန်ုပ်ပြု သော အမှုတည်းဟူသောထာဝရဘုရား ၏ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် မုန့် နှင့် ရေ ကိုပေး၍ ကျွေး ကြောင်းကို အကျွန်ုပ် သခင် ကြား တော်မ မူသလော။

14 ယခု မူကား ဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံသို့ သွား ၍ လျှောက် လော့ဟု ကိုယ်တော် မိန့် တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည်ဟု ပြန်ဆို၏။

15 ဧလိယ ကလည်း ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက် ရှင် တော်မူသည် အတိုင်း၊ ငါသည် ယနေ့ အာဟပ် မင်းအား ကိုယ် ကိုအမှန် ပြမည်ဟု ဆို ပြန်သော်၊

16 ဩဗဒိ သည် အာဟပ် မင်းထံ သို့သွား လျှောက် သဖြင့် အာဟပ် သည် ဧလိယ ကို ကြိုဆို အံ့သောငှါ သွား

17 တွေ့မြင် သောအခါ သင် သည် ဣသရေလ အမျိုးကို နှောင့်ရှက် သောသူမှန်သလောဟုမေး လျှင်

18 ဧလိယက၊ ငါသည်ဣသရေလ အမျိုးကို မ နှောင့်ရှက် သင် နှင့် သင့်အဆွေအမျိုး တို့သည် ထာဝရဘုရား ၏ ပညတ် တရားကိုစွန့် ဗာလ ဘုရားတို့ကိုဆည်းကပ် သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။

19 သို့ရာတွင် လူကို ယခု စေလွှတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်း ဗာလ ပရောဖက် လေး ရာ ငါး ဆယ်ကို၎င်း၊ ယေဇဗေလ စားပွဲ ၌ စား သောအာရှရ ပရောဖက် လေး ရာ ကို၎င်း၊ ကရမေလ တောင် ငါ့ ထံသို့ စုဝေး စေလော့ဟုဆို သည်အတိုင်း

20 အာဟပ် သည် ဣသရေလ အမျိုးသား အပေါင်း တို့ရှိရာသို့ လူကိုစေလွှတ် ပရောဖက် တို့ကို ကရမေလ တောင် ပေါ် မှာ စုဝေး စေ၏။

21 ဧလိယ သည် လူ များရှိရာသို့ လာ သင် တို့သည် ဘာသာ နှစ် ပါးစပ်ကြား မှာ အဘယ်မျှ ကာလ ပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရား သည် ဘုရားသခင် မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့။ ဗာလ သည် ဘုရားသခင်မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင်၊ လူ များတို့ သည် တိတ်ဆိတ် စွာ နေကြ၏။

22 တဖန် ဧလိယ က၊ ထာဝရဘုရား ပရောဖက် ကား ငါ တယောက် တည်း ကျန်ရစ် ၏။ ဗာလ ၏ပရောဖက် ကား လေး ရာ ငါး ဆယ်ရှိကြ၏။

23 နွား နှစ် ကောင်ကိုပေး ကြလော့။ သူ တို့သည် တကောင် ကိုရွေး အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် ပါလေစေ။ မီး ထည့် စေနှင့်။ ငါ လည်း နွား တကောင် ကို လုပ် ထင်း ပေါ် မှာ တင် မည်။ မီး ကိုမ ထည့်

24 သင်တို့သည် သင် တို့ဘုရား များ၏ နာမ ကို ဟစ်ခေါ် ကြလော့။ ငါ လည်း ထာဝရဘုရား ၏ နာမ တော်ကို ဟစ်ခေါ် မည်။ မီး ဖြင့် ထူး တော်မူသော ဘုရားသည် ဘုရားသခင် မှန် ပါစေဟု လူ များတို့အား ပြောဆို လျှင်၊ လူ အပေါင်း တို့က၊ ဧလိယ၏စကား သည် လျောက်ပတ် ပေသည်ဟု ဆို ကြ၏။

25 တဖန် ဧလိယ က၊ သင် တို့သည် များ သောကြောင့် နွား တကောင် ကို အရင် ရွေး လုပ် ကြလော့။ မီး ထည့် ဘဲ သင် တို့ဘုရား များ၏နာမ ကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊

26 သူတို့သည် လူများပေး သော နွား ကိုယူ လုပ် ပြီးလျှင် အိုဗာလ ဘုရား၊ အကျွန်ုပ် တို့အား ထူး တော်မူပါဟု နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ ၏ နာမ ကို ဟစ်ခေါ် ကြ၏။ သို့ရာတွင် ဗျာဒိတ် သံမ ရှိ။ ထူး သောသူလည်း ရှိ။ သူတို့သည် ကိုယ်တည် သော ယဇ် ပလ္လင်ရှေ့ မှာ ကခုန် ကြ၏။

27 မွန်းတည့် အချိန်၌ ဧလိယ က၊ ကျယ် သောအသံ နှင့် ဟစ် ကြလော့။ ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင် လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက် ၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွား တော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုး ရမည်ဟု ပြက်ယယ် ပြု၍ဆို၏။

28 သူတို့သည်လည်း ကျယ် သောအသံ နှင့် ဟစ် ထုံးစံ ရှိသည်အတိုင်း ကိုယ်အသွေး နှင့် ကိုယ်ကိုလူးခြင်းငှါထား သံစူး နှင့် ကိုယ် ကိုရှစေကြ၏။

29 မွန်းလွှဲ ညဦးယံယဇ် ပူဇော် ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်း ဗျာဒိတ် သံမ ရှိ။ ထူး သောသူ၊ အမှု ထားသောသူလည်း ရှိသောအခါ

30 ဧလိယ က၊ ငါ့ အနီးသို့ လာ ကြလော့ဟု လူ များတို့ကိုခေါ် သည်အတိုင်း လူ အပေါင်း တို့သည် အနီးသို့ လာ ကြ၏။ ထိုအခါ ဧလိယသည် ပြိုပျက် သော ထာဝရဘုရား ၏ယဇ် ပလ္လင်ကို ရှင်းလင်း ပြီးမှ၊

31 သင် ၏အမည် ကား ဣသရေလ ဖြစ် ရမည်ဟူသောထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ယာကုပ် သား အမျိုးအနွယ် အရေအတွက် အတိုင်း ကျောက် တဆယ် နှစ် လုံးကိုယူ

32 ထာဝရဘုရား ၏ နာမ တော်အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ မျိုးစေ့ နှစ်တင်းလောက်ဝင်နိုင်သော ကျုံး ကို ယဇ် ပလ္လင်ပတ်လည် ၌ တူး လေ၏။

33 ထင်း ကိုစီ နွား ကိုလည်း အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် လေ၏။

34 အိုး လေး လုံးကိုရေ နှင့် အပြည့် ထည့်၍ မီး ရှို့စရာ ယဇ်နှင့် ထင်း ပေါ် မှာလောင်း ကြလော့ဟု ဆို သည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန် လောင်းကြဦးလော့ဟု ဆို သည်အတိုင်း သူတို့သည်လောင်းပြီးမှ သုံး ကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံး ကြိမ်တိုင်အောင်လောင်းကြ၏။

35 ရေ သည် ယဇ် ပလ္လင်ပတ်လည် ၌ စီး ကျုံး သည်လည်း ရေ နှင့်ပြည့် လေ၏။

36 ညဦးယံယဇ် ပူဇော် ချိန်ရောက်သောအခါ ပရောဖက် ဧလိယ သည် ချဉ်းလာ အာဗြဟံ ဣဇာက် ဣသရေလ တို့၏ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အကျွန်ုပ် သည် ကိုယ်တော် ကျွန် ဖြစ်၍ အမိန့် တော်အတိုင်း အမှု အလုံးစုံ တို့ကို ပြု ကြောင်းကို၎င်း၊ ယနေ့ သိ ကြပါစေသော။

37 အိုထာဝရဘုရား ကိုယ်တော် သည် ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း လူ တို့ စိတ် သဘောကို ပြောင်းလဲ စေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိ စေခြင်းငှါ အကျွန်ုပ် စကားကိုနားထောင် တော်မူပါ။ နားထောင် တော်မူပါဟု ဆုတောင်း လေ၏။

38 ထိုအခါ ထာဝရဘုရား ၏မီး သည် ကျ သဖြင့် မီး ရှို့ရာယဇ်အစရှိသော ထင်း ကျောက် မြေမှုန့် ကို လောင် ကျုံး ရှိသော ရေ ကိုလည်း ခန်းခြောက် စေ၏။

39 လူ အပေါင်း တို့သည် မြင် လျှင် ပြပ်ဝပ် ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံ ကြ၏။

40 ဧလိယ ကလည်း ဗာလ ၏ပရောဖက် တို့ကို ဘမ်းဆီး ကြလော့။ တယောက် ကိုမျှ မ လွတ် စေနှင့်ဟုစီရင် သည်အတိုင်း၊ သူ တို့ကို ဘမ်းဆီး ဧလိယ သည် ကိရှုန် ချောင်း သို့ ယူသွား ပြီးလျှင် ကွပ်မျက် လေ၏။

41 ထိုနောက် မှဧလိယ က၊ မင်းကြီးသည် စား သောက် ခြင်းငှါတက်သွား ပါလော့။ များစွာ သော မိုဃ်း ရွာမည့်အသံ ရှိသည်ဟု အာဟပ် အား ပြောဆို လျှင်၊

42 အာဟပ် သည်စား သောက် ခြင်းငှါ တက်သွား ၏။ ဧလိယ သည် ကရမေလ တောင်ပေါ် သို့ တက် မြေ ပြပ်ဝပ် လျက် မျက်နှာ ကို ဒူး ကြား မှာထား လျက်

43 မိမိ ကျွန် အား သင်တက် ၍ ပင်လယ် သို့ ကြည့်ရှု လော့ဟုဆို သည်အတိုင်း ကျွန်သည်တက် ကြည့်ရှု လျှင် အဘယ် အရာမျှ မ ရှိပါဟု ပြောဆို ၏။ ဧလိယက၊ ခုနစ် ကြိမ် တိုင်အောင်သွား ၍ ကြည့်ရှုဦးလော့ဟု ဆို ၏။

44 ခုနစ် ကြိမ်မြောက်သောအခါ လူ လက် နှင့် တူသော မိုဃ်းတိမ် ငယ် တခုသည် ပင်လယ် ထဲက တက် ပါ ၏ဟုဆို သော် အာဟပ် မင်းထံသို့ သွား လော့။ မိုဃ်း ရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့် မင်းကြီးပြင်ဆင် ပြန် သွားမည်အကြောင်းလျှောက်ထား လော့ ဟု မှာ လိုက်လေ၏။

45 မကြာ မမြင့်မှီမိုဃ်းကောင်းကင် သည် မိုဃ်းသက် မုန်တိုင်းနှင့် မည်း ၍ ပြင်းစွာ မိုဃ်း ရွာ၏။ အာဟပ် သည် ရထားစီး ယေဇရေလ မြို့သို့ သွား ၏။

46 ထာဝရဘုရား ၏လက် တော်သည် ဧလိယ အပေါ် မှာရှိ သူသည် ခါးပန်း ကိုစည်း လျက် အာဟပ် မင်း အရင် ယေဇရေလ မြို့ တံခါးဝသို့ ပြေး လေ၏။

19

1 ဧလိယ ပြု သော အမှုနှင့် ပရောဖက် အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သောအမှုကို၊ အာဟပ် သည် ယေဇဗေလ အား အကုန်အစင် ကြား ပြော၏။

2 ယေဇဗေလ က၊ နက်ဖြန် နေ့ယခုအချိန် ရောက်မှ၊ သင့် အသက် သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမဖြစ် စေလျှင် ဘုရား တို့သည် ငါ၌ထိုမျှ မကပြု ပါစေသောဟု တမန် ကို ဧလိယ ထံသို့ စေလွှတ် ကြား လိုက်၏။

3 ထိုအခါ ဧလိယသည်ကြောက် သဖြင့် အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍

4 သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ရသမ် ပင်အောက် သို့ရောက် ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် အိုထာဝရဘုရား ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊

5 ရသမ် ပင်အောက် မှာ အိပ်ပျော် ၏။ ထိုအခါ ကောင်းကင် တမန်က၊ ထ ၍စား လော့ဟု သူ့ ကို တို့ လျက် ဆို ၏။

6 ဧလိယသည် မျှော် ကြည့်သောအခါ မီး နှင့်ဖုတ်သော မုန့်ပြား နှင့် ခေါင်းရင်း ၌ ရေ ဘူး ရှိသည်ကို မြင် စား သောက် ပြီးမှ တဖန် အိပ်ပျော် ၏။

7 ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဒုတိယ အကြိမ်လာ သူ့ ကို တို့ လျက် သွားရမည့်ခရီး သည် အလွန် ဝေးသောကြောင့် ၍စား ဦးလော့ဟုဆို သည် အတိုင်း

8 ဧလိယသည်ထ စား သောက် ပြန်၏။ ထိုအစာ အာဟာရကို အမှီပြုလျက်၊ အရက် လေး ဆယ်ခရီးသွား ဘုရားသခင် နှင့်ဆိုင်သော ဟောရပ် တောင် သို့ ရောက် သဖြင့်

9 ဥမင် ထဲသို့ ဝင် နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။

10 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။

11 နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။

12 မြေ လှုပ်ခြင်းနောက် မှာမီး ရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မီး လည်းရှိတော်မ မူ၊ မီး နောက် မှာ ဖြည်းညှင်း သော အသံ ရှိ၏။

13 ထိုအသံကို ဧလိယ သည်ကြား လျှင် မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ဥမင် ၌ရပ် နေ၏။ ထိုအခါ ဧလိယ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။

14 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊

15 ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။

16 နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။

17 သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။

18 သို့ရာတွင် ဗာလ ရှေ့ ၌ ဒူးထောက် ခြင်း၊ နမ်း ခြင်းကို မ ပြုသော သူအပေါင်း တည်းဟူသောဣသရေလ အမျိုးသားခုနစ် ထောင် တို့ကို ငါ့အဘို့ ငါကျန်ကြွင်း စေပြီ ဟု မိန့် တော်မူ၏။

19 ထို အရပ်မှ ဧလိယသည် သွား ပြီးလျှင် နွား ငါးယှဉ်းနှင့်လယ်ထွန် လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ် သား ဧလိရှဲ ကို တွေ့ ၍အနား၌ ရှောက် စဉ်တွင် မိမိ ဝတ်လုံ ကို သူ့ အပေါ် မှာ တင် လေ၏။

20 ဧလိရှဲသည် နွား တို့ကို ပစ်ထား ဧလိယ နောက် သို့လိုက် လျက် အကျွန်ုပ်သည်မိ ကို နမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော် နောက် သို့ လိုက် ပါမည်ဟု အခွင့် တောင်း လျှင် ဧလိယကပြန် သွားလော့။ ငါသည် သင် အဘယ်သို့ ပြု ဘိသနည်းဟုဆို သော်၊

21 ဧလိရှဲသည်ပြန် သွား၍ နွား ယှဉ်းကိုသတ် ပြီးမှ နွားသား ကို လယ်ထွန်သော တန်ဆာ နှင့် ပြုတ် လူ များ တို့အား ကျွေး လေ၏။ သို့ပြီးမှ ဧလိယ နောက် သို့ လိုက် လျက် လက်ထောက် ဖြစ်လေ၏။

20

1 ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မိမိ ဗိုလ်ခြေ အပေါင်း တို့ကို စုဝေး စေ၍ မင်းကြီး သုံး ကျိပ်နှစ် ပါးနှင့်တကွ မြင်း စီးသူရဲ၊ ရထား စီးသူရဲများပါလျက် စစ်ချီ ပြီးလျှင် ရှမာရိ မြို့ကို ဝိုင်း ထား၍ တိုက် လေ၏။

2 သံတမန် တို့ကို ဣသရေလ ရှင်ဘုရင် အာဟပ် ထံ မြို့ ထဲသို့ စေလွှတ် ဗင်္ဟာဒဒ် ၏အမိန့် တော်ကား၊

3 သင့် ရွှေ ငွေ သည် ငါ့ဥစ္စာဖြစ်၏။ သင့် သား မယား အကောင်းဆုံး တို့ကိုလည်း ငါပိုင်၏ဟု မှာ လိုက်သတည်း။

4 ဣသရေလ ရှင် ဘုရင်က အရှင် မင်းကြီး အမိန့် တော်အတိုင်း ငါ နှင့် ငါ့ဥစ္စာရှိသမျှ သည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။

5 သံတမန် တို့သည် တဖန် လာ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား၊ သင် ပိုင်သော ရွှေ ငွေ သား မယား တို့ကို ငါ အပ် ရမည်ဟု ငါမှာ လိုက်သည် အမှုမှာ၊

6 နက်ဖြန် နေ့ယခု အချိန်ရောက်သောအခါ ငါ့ ကျွန် တို့ကို ငါစေလွှတ် မည်။ သူတို့သည် သင် နေသောအိမ် နှင့် သင့် ကျွန် နေသောအိမ် တို့ကိုစစ် အလို ရှိသမျှ တို့ကို ယူ စေရမည်ဟု မှာ လိုက်သတည်း။

7 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် ပြည်သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် သူသည် အဘယ်မျှလောက်ရန်ရှာ ချင်သည်ကို ကြည့် မှတ် ကြပါ လော့။ ငါ့ ရွှေ ငွေ သား မယား တို့ကို တောင်း ၍ မှာ လိုက် သောအခါ ငါမငြင်း ပါတကားဟု ကြားပြော ၏။

8 အသက်ကြီး သူအပေါင်း တို့နှင့် ပြည်သား အပေါင်း တို့က၊ ထိုသူ ၏ စကားကိုနားထောင် တော်မ မူပါ နှင့်။ ဝန်ခံ တော်မ မူပါနှင့်ဟု ပြန်လျှောက်ကြ၏။

9 သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက် မိန့် တော်မူသမျှ အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်။ နောက် မိန့် တော်မူသည်အတိုင်း မ ပြု သင့်ဟု ငါ အရှင် မင်းကြီး အား ပြန် လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏သံတမန် တို့ အား မှာ လိုက်လျှင် ထိုသူတို့သည် သွား လျှောက်ကြ၏။

10 တဖန်ဗင်္ဟာဒဒ် သည် စေလွှတ် ၍၊ ရှမာရိ မြို့၌ ရှိသောမြေမှုန့် သည် ငါ့ နောက်သို့ လိုက်သောသူ အပေါင်း တို့တွင်၊ တယောက်တလက်ဆုပ် စီစေ့ငလောက်လျှင် ဘုရား တို့သည် ငါ ထိုမျှမက ပြု ပါစေသောဟု မှာ လိုက် လေသော်၊

11 ဣသရေလ ရှင်ဘုရင် က၊ လက်နက်စုံကို ချွတ် သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင် သောသူသည် မ ဝါကြွား စေနှင့်ဟု ပြန်ပြော ၏။

12 ဗင်္ဟာဒဒ်သည် မင်းကြီး တို့နှင့်တကွတဲ တော်၌ သောက် စဉ်၊ ထို စကား ကိုကြား လျှင် စစ်ခင်းကျင်း ကြဟု မိမိ ကျွန် တို့အား မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မြို့ ရှေ့ မှာစစ်ခင်းကျင်း ကြ၏။

13 ထိုအခါ ပရောဖက် တပါး သည် ဣသရေလ ရှင်ဘုရင် အာဟပ် ထံသို့ လာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို မြင် ပြီလော။ သင့် လက် ယနေ့ ငါ အပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အမိန့် တော်ကို ဆင့်ဆို၏။

14 အာဟပ် ကလည်း၊ အဘယ်သူ အားဖြင့် အပ်တော်မူမည်နည်းဟုမေး လျှင် မြို့ဝန် များ၏လုလင် တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ဆင့်ဆို ၏။ စစ်မှု ကိုအဘယ်သူ စီရင်ရမည်နည်းဟုမေး ပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။

15 အာဟပ်မင်းသည်မြို့ဝန် များ၏ လုလင် တို့ကို ရေတွက် နှစ် ရာသုံး ဆယ်နှစ် ယောက်ရှိ ၏။ ဣသရေလ အမျိုးသား အပေါင်း တို့ကို ရေတွက် ပြန်သော် ခုနစ် ထောင် ရှိ၏။

16 မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။

17 မြို့ဝန် များ၏ လုလင် တို့သည် အရင် ထွက် ကြ၏။ ရှမာရိ မြို့ထဲက လူ ထွက် ပါသည်ဟု ဗင်္ဟာဒဒ် မင်းထံသို့စေလွှတ် ကြား လျှောက်လျှင်

18 စစ်ငြိမ်း စေခြင်းငှါ ထွက် သည်ဖြစ်စေ စစ်တိုက် ခြင်းငှါ ထွက် သည်ဖြစ်စေ အရှင် ဘမ်းဆီး ကြဟု မိန့် တော်မူ ၏။

19 ထိုသို့ မြို့ဝန် များ၏ လုလင် တို့သည် လိုက် သော ဗိုလ်ခြေ နှင့်တကွ မြို့ ထဲက ထွက်

20 ရန်သူတို့ကို လူ တိုင်းတယောက်စီ သတ် ကြသဖြင့် ရှုရိ လူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် လိုက် ကြသဖြင့် ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မြင်း စီး၍ မြင်းစီး သူရဲတို့နှင့်အတူ အလွတ် ပြေး၏။

21 ဣသရေလ ရှင် ဘုရင်သည်လည်း ထွက် မြင်း တပ်၊ ရထား တပ်များကို ဖျက် ရှုရိ လူတို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် လေ၏။

22 တဖန် ပရောဖက် သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ကိုယ်ကိုခိုင်ခံ့ စေလော့။ အဘယ်သို့ ပြု ရမည်ကို သတိ နှင့်ဆင်ခြင်လော့။ နှစ်လည် သောအခါ ရှုရိ ရှင် ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏။

23 ရှုရိ ရှင်ဘုရင် ၏ ကျွန် တို့ကလည်း သူ တို့၏ဘုရား သည် တောင် ကိုသာ အစိုးရသောဘုရား ဖြစ်၏။ ထိုကြောင့် သူတို့သည် ငါ တို့ကို နိုင် ပါ၏။ ငါတို့သည် လွင်ပြင် တခါတိုက် ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင် ကြလိမ့်မည်။

24 မင်းကြီး အပေါင်းတို့ကိုလည်း ပယ် ၍ သူ တို့ အရာ ၌ ဗိုလ်ချုပ် တို့ကို ခန့်ထား တော်မူပါ။

25 ရှုံး သောမြင်း တပ် ရထား တပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်း တော်မူပါ။ လွင်ပြင် တိုက် ဆက်ဆက် နိုင် ကြပါလိမ့်မည်ဟု လျှောက်ထားသော စကား ကို ရှင်ဘုရင်သည် နားထောင် စီရင် လေ၏။

26 နှစ်လည် သောအခါ ဗင်္ဟာဒဒ် မင်းသည် ရှုရိ လူတို့ကို ရေတွက် ဣသရေလ ပြည်သားတို့ကို စစ်တိုက် အံ့သောငှါ အာဖက် မြို့သို့ ချီသွား ၏။

27 ဣသရေလ အမျိုးသား တို့သည် စာရင်းဝင်၍ ရိက္ခါ ကို ပြင်ဆင်ပြီးမှ စစ်ချီ ကြ၏။ ရှုရိ လူတို့သည် တပြည်လုံး အနှံ့အပြား နေလျက် သူ တို့ရှေ့ မှာ ဣသရေလ လူ တို့သည် ငယ်သောဆိတ်သငယ် နှစ် စုကဲ့သို့ တပ်ချ ကြ ၏။

28 ဘုရားသခင် ၏ လူ တယောက်သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ရှုရိ လူတို့က ထာဝရဘုရား သည် တောင် ကိုသာအစိုးရသောဘုရား ဖြစ်၏။ လွင်ပြင် ကိုအစိုးရသောဘုရား ဟုတ်ဟု ဆို မိသောကြောင့် ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို သင့် လက် သို့ ငါအပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။

29 ထို သူတို့သည် ခုနစ် ရက် ပတ်လုံးတစ်ဘက်တချက် တွင် တပ်ချ လျက် နေပြီးမှ သတ္တမ နေ့ စစ်ပြိုင် ဣသရေလ လူတို့သည် တနေ့ ခြင်းတွင် ရှုရိ ခြေသည် သူရဲတသိန်း ကိုသတ် ကြ၏။

30 ကျန် သောသူတို့သည် အာဖက် မြို့သို့ ပြေး မြို့ရိုး လဲ သဖြင့် နှစ်သောင်း ခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ် သည် ပြေး မြို့ ထဲ အတွင်း အခန်း ပုန်းလျက် နေ၏။

31 ဗင်္ဟာဒဒ်၏ ကျွန် တို့ကလည်း ဣသရေလ အမျိုးသား ရှင် ဘုရင်တို့သည် သနား တတ်သောမင်း ဖြစ် ကြောင်း ကို ကျွန်တော်တို့ ကြား ပါပြီ။ ကျွန်တော်တို့သည် လျှော်တေ အဝတ်ကို ဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကို ရွက်လျက်၊ ဣသရေလ ရှင်ဘုရင် ထံသို့ ထွက် ရသောအခွင့် ကိုပေး တော်မူပါ။ အသက် တော်ကို ချမ်းသာ ပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက် သည်အတိုင်း

32 လျှော်တေ အဝတ်ကိုဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကိုရွက်လျက် ဣသရေလ ရှင်ဘုရင် ထံသို့ ရောက် လျှင် ကိုယ်တော် ကျွန် ဗင်္ဟာဒဒ် က၊ ကျွန်တော် အသက် ကို ချမ်းသာ ပေးတော်မူပါဟု တောင်းပန် ကြောင်းကို လျှောက် ကြသော် အာဟပ်မင်းက၊ ငါ့ အစ်ကို သည် အသက် ရှင်သေး သလောဟုမေး ၏။

33 ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့ နားထောင်၍ ချက်ခြင်း စကားအရိပ်ကို ဘမ်း လျက် ကိုယ်တော် အစ်ကို ဟူ၍မိမိတို့သခင်ကို ခေါ် ကြ၏။ အာဟပ်ကလည်းသွား ၍ ခေါ် ကြလော့ဟု စေလွှတ် သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက် လာ၍ အာဟပ်မင်းအခွင့် နှင့် ရထား တော်ပေါ် သို့ တက် ရ၏။

34 ဗင်္ဟာဒဒ်ကလည်း၊ ငါ့ အဘ သည် ကိုယ်တော် အဘ ၏ လက်မှ လုယူ သော မြို့ တို့ကို ငါပြန် ပေးပါမည်။ ငါ့ အဘ သည် ရှမာရိ မြို့၌ ရှုရိတန်းကို လုပ် သကဲ့သို့ ကိုယ်တော် သည် ဒမာသက် မြို့၌ ဣသရေလတန်းကို လုပ် ရပါသည်ဟုဆို လျက် အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့် ကို ငါလွှတ်လိုက် မည်ဟုဆို၍ မိဿဟာယ ဖွဲ့ လျက် လွှတ်လိုက် လေ၏။

35 ပရောဖက် အမျိုးသား တယောက် က၊ ငါ့ ကို ရိုက် ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ် တော် အတိုင်း အိမ်နီးချင်း အား ဆို ၏။ ထိုသူက ငါမရိုက် ပါဟု ငြင်းပယ် ၏။

36 ပရောဖက်ကလည်း၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား ထောင်သောကြောင့် ငါ့ ထံမှ သွား စဉ်တွင်၊ ခြင်္သေ့ သတ် လိမ့်မည်ဟုဆို သည်အတိုင်း ထိုသူသွား စဉ်တွင် ခြင်္သေ့ တွေ့ သတ် ၏။

37 အခြား သောသူ ကိုတွေ့ ငါ့ ကိုရိုက် ပါလော့ဟု ဆို ပြန်လျှင် ထိုသူသည် နာကျင် စွာရိုက် လေ၏။

38 ထိုပရောဖက် သည်သွား မိမိ မျက်နှာ ကို ပုဝါ နှင့် ဖုံးအုပ် လျက် ရှင်ဘုရင် ကို ငံ့လင့် ၏။

39 ရှင် ဘုရင်သည် ရှောက်သွား သောအခါ ထိုသူက၊ ကိုယ်တော် ကျွန် သည် စစ်တိုက် သွား ပါ၏။ လူ တယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော် လူတယောက်ကို အပ်သဖြင့် ဤ လူ ကိုစောင့် လော့။ တစုံတခုအားဖြင့်ပျောက် လျှင် သူ့ အသက် အတွက် သင့် အသက် သေရမည်။ သို့မဟုတ် ငွေ အခွက် တဆယ် လျော် ရမည်ဟု မှာထား သော်လည်း

40 ကိုယ်တော် ကျွန် သည် အရပ်ရပ် ၌ အမှု များသောအခါ ထိုသူ ပျောက်ပါသည်ဟု လျှောက် လျှင် ဣသရေလ ရှင်ဘုရင် က၊ သင့် အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ ၏။

41 ထိုပရောဖက်သည်မျက်နှာဖုံး ပုဝါကို ချက်ခြင်း ပယ် သဖြင့် ပရောဖက် တစုံတပါးဖြစ်ကြောင်း ကို ဣသရေလ ရှင်ဘုရင် သိ ၏။

42 ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါကျိန် သောသူကို သင်လွှတ် သောကြောင့် သင့် အသက် သည် သူ့ အသက် အတွက် သင့် လူ တို့သည် သူ့ လူ တို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။

43 ဣသရေလ ရှင် ဘုရင်သည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက် ရှမာရိ မြို့၊ နန်း တော်သို့ သွား ၏။

21

1 ထိုနောက်မှ ယေဇရေလ မြို့သားနာဗုတ် ပိုင်သော စပျစ် ဥယျာဉ်သည် ယေဇရေလ မြို့တွင် ရှမာရိ မင်းကြီး အာဟပ် ၏နန်း တော်နား မှာ ရှိ သည်ဖြစ်၍

2 အာဟပ် မင်းက၊ သင့် စပျစ် ဥယျာဉ်သည် နန်း တော်နား မှာရှိသောကြောင့် ယာ လုပ်စရာဘို့ ပေး ပါ။ သာ၍ ကောင်းသော ဥယျာဉ် ကို ငါပေး မည်။ သို့မဟုတ် သင် အလို ရှိလျှင် အဘိုး ကိုပေး မည်ဟု နာဗုတ် အား ဆို လျှင်

3 နာဗုတ် က၊ ဘိုးဘေး လက်မှ အမွေခံ သောမြေကို ကိုယ်တော်အားပေး ရသောအမှုကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု ပြန်လျှောက် ၏။

4 ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား အစာ ကိုမ စား မျက်နှာ ကို လွှဲ သာလွန် ပေါ် မှာအိပ် လျက်နေ၏။

5 ခင်ပွန်း ယေဇဗေလ သည်လာ အစာ ကို မ စား နိုင်အောင် စိတ် တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေး လျှင်

6 မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။

7 ခင်ပွန်း ယေဇဗေလ က၊ ကိုယ်တော် သည် ဣသရေလ နိုင်ငံကို အစိုးရ တော်မူသည် မဟုတ်လော။ ထ ၍ ရွှင်လန်း သောစိတ် နှင့် စားတော်ခေါ် ပါ။ ကျွန်မ သည် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို ဆက် ပါမည် ဟုဆို သည်အတိုင်း

8 အာဟပ် မင်း၏ အခွင့်နှင့် စာ ရေး တံဆိပ် တော်နှင့် ခတ် ပြီးမှ နာဗုတ် နေ ရာမြို့ သူနှင့်အတူ နေသောအသက် ကြီးသူနှင့် မှူးမတ် များထံသို့ ပေး လိုက် လေ၏။

9 စာ ချက်ဟူမူကား အစာရှောင် ရာအချိန်ကို ကြွေးကြော် နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြလော့။

10 သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။

11 ယေဇဗေလ ပေး လိုက်သော စာ ပါသည် အတိုင်း နာဗုတ်နေ သော မြို့သား အသက်ကြီး သူနှင့် မှူးမတ် တို့သည် ပြု လျက်

12 အစာရှောင် ရာအချိန်ကို ကြွေးကြော် နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြ၏။

13 အဓမ္မ လူ နှစ် ယောက်သည် လာ သူ့ ရှေ့ မှာ ထိုင် လျက် နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် နာဗုတ်ကို မြို့ ပြင် သို့ ထုတ် သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။

14 ထိုအခါ နာဗုတ် သည် ကျောက်ခဲ နှင့် ပစ်ခြင်း ကိုခံရ၍ သေ ပါပြီဟု ယေဇဗေလ ထံသို့ စေလွှတ် ၍ ကြားလျှောက် ကြ၏။

15 ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ယေဇရေလ မြို့သားနာဗုတ် ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် ရှိ၊ သေ ပါပြီဟု ဆို ၏။

16 နာဗုတ် သေ ကြောင်း ကို အာဟပ် သည် ကြား လျှင် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၏။

17 ထိုအခါ တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏နှုတ်ကပတ် တော်က၊

18 သင်သည်ရှမာရိ မြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ် ကို ကြိုဆို အံ့သောငှါ သွား လော့။ သူသည်နာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၍ ယခုဥယျာဉ်၌ရှိ ၏။

19 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။

20 အာဟပ် ကလည်း အချင်းရန်သူ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။

21 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။

22 ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။

23 ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။

24 အာဟပ် အမျိုးသည် မြို့ ထဲမှာ သေ လျှင်ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေ လျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏။

25 အာဟပ် နှင့် တူသော သူတယောက် မျှမရှိ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။

26 ထာဝရဘုရား သည် ဣသရေလ အမျိုးရှေ့ မှ နှင်ထုတ် တော်မူသော အာမောရိ အမျိုးသားပြု သမျှ အတိုင်း ရုပ်တု ဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ် ရွံရှာဘွယ်အမှုကိုပြု၏။

27 သို့ရာတွင် ဧလိယဆင့်ဆိုသော စကား တော်ကို ကြား လျှင် မိမိ အဝတ် ကို ဆုတ် လျှော်တေ အဝတ်ကို ဝတ် ၏။ အစာရှောင် ခြင်း၊ လျှော်တေ အဝတ်၌ အိပ် ခြင်း ကို ပြု၍ ဖြည်းဖြည်း သွား လာ၏။

28 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသည်ကား၊

29 အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် သူ့ လက်ထက် ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။

22

1 ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် တိုက် ဘဲ သုံး နှစ် နေ ပြီးမှ

2 တတိယ နှစ် တွင် ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။

3 ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။

4 ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။

5 တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊

6 ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။

7 ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊

8 ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ မင်္ဂလာ စကားကို မ ဟော အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ယောရှဖတ် က ထိုသို့ မင်းကြီး ပြော ပါနှင့်ဟု ပြန်ဆို ၏။

9 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။

10 ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။

11 ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။

12 ပရောဖက် အပေါင်း တို့ကလည်း ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။

13 မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊

14 မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။

15 ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် မိက္ခါက၊ စစ်ချီ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။

16 ရှင် ဘုရင်ကလည်း မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား ဟော မည်အကြောင်း ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊

17 မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း ရှိ သော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။

18 ဣသရေလ ရှင် ဘုရင်ကလည်း သူသည်ငါ မင်္ဂလာ စကားကိုမ ဟော အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။

19 မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။

20 ထာဝရဘုရား ကလည်း အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။

21 တဖန် ဝိညာဉ် တပါးသည် လာ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်

22 ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည် သွေးဆောင် နိုင် လိမ့်မည်။ ထိုသို့သွား ပြု လော့ဟု မိန့် တော်မူ၏။

23 သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။

24 ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊

25 မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ သင် မြင် လိမ့်မည်ဟု ဆို ၏။

26 ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ သား တော်ယောရှ ထံသို့ ယူသွား

27 သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။

28 မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။

29 ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။

30 ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။

31 ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်

32 ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ယောရှဖတ် လည်း ကြွေးကြော် လေ၏။

33 ဣသရေလ ရှင်ဘုရင် ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။

34 လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ငါ့ ကိုစစ်ပွဲ ထဲက လှည့် ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။

35 ထို နေ့ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။

36 လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။

37 ထိုသို့ ရှင်ဘုရင် သေ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။

38 ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ဆေး သဖြင့် ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။

39 အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ရေးထား လျက်ရှိ၏။

40 အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။

41 ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊

42 ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။

43 ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။

44 ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။

45 ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ရေးထား လျက် ရှိ၏။

46 ခမည်းတော် အာသ လက်ထက် ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။

47 ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။

48 ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။

49 အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။

50 ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။

51 ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။

52 ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိ လိုက်သောလမ်း ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။

53 ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။