ရှင်ယောဟန်
ဩဝါဒစာပဌမစောင်။
11 ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။ 2 ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။ 3 ငါ တို့သည် ခမည်းတော် နှင့် ၎င်း ၊ သား တော်ယေရှု ခရစ် နှင့် ၎င်း၊ မိဿဟာယဖွဲ့ ရသည်ဖြစ်၍ ၊ သင် တို့သည် ငါ တို့နှင့် မိဿဟာယဖွဲ့ စေခြင်းငှာ ၊ ငါတို့ကြား မြင် ရသောအရာကို သင် တို့အား ပြသ ကြ၏။ 4 သင်တို့၏ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ လည်း ၊ ဤအရာ များကို ငါ တို့သည် ရေး လိုက်ကြ၏။ 5 ထို နှုတ်ကပတ် တော်ထံ၌ ငါတို့သည်ကြား ရ၍၊ သင် တို့အား ပြသ သောတရား စကားဟူမူကား၊ ဘုရားသခင် သည်အလင်း ဖြစ် တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက် အလျှင်း မ ရှိ ။ 6 ငါတို့သည် ဘုရားသခင် နှင့် မိဿဟာယဖွဲ့ ပြီဟုဆို လျက်ပင် ၊ မှောင်မိုက် ၌ ကျင်လည် လျှင် ၊ သစ္စာ တရား ကိုမ ကျင့် ။ မုသာ ကိုသုံးသောသူ ဖြစ်ကြ၏။ 7 ဘုရားသခင် သည်အလင်း ၌ ရှိ တော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည် လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ ခြင်း ရှိ ကြသည်ဖြစ်၍၊ ဘုရားသခင် ၏သား တော်ယေရှု ခရစ်၏အသွေး တော်သည်၊ ငါ တို့အပြစ် ရှိသမျှ ကို ဆေးကြော တော်မူ၏။ 8 ကိုယ်အပြစ် မ ရှိ ဟုငါတို့သည်ဆို လျှင် ၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါ တို့၌ သစ္စာ တရားမ ရှိ ။ 9 ကိုယ် အပြစ် တို့ကို ဖော်ပြ တောင်းပန်လျှင် ၊ ငါ တို့အပြစ် များကိုလွှတ် ၍ ဒုစရိုက် ရှိသမျှ နှင့် ကင်းစင် စေခြင်းငှာ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း ၊ ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း ပြည့်စုံတော်မူ၏။ 10 ဒုစရိုက် ကိုမ ပြု ပြီဟု ငါတို့သည်ဆို လျှင် ၊ ဘုရားသခင် ကို မုသာ အပြစ်တင်ကြ၏။ နှုတ်ကပတ် တော် လည်း ငါ တို့၌ မ ရှိ ။
21 ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။ 2 ထိုသခင် သည်ငါ တို့၏အပြစ် မက ၊ လောကီသား အပေါင်း တို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ် တော်မူ၏။ 3 ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။ 4 ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။ 5 ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။ 6 ထိုသခင် ၌ ငါတည် ၏ဟုဆို သောသူ သည်၊ ထိုသခင် ကျင့် တော်မူသည်နည်းတူ ကျင့် ရမည်။ 7 ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။ 8 တဖန်တုံ ၊ ပညတ် သစ် ကို သင် တို့အား ငါရေး ထား၏။ ထိုသခင် အားဖြင့် ၎င်း ၊ သင် တို့အားဖြင့် ၎င်း၊ အသစ်မှန် ပေ ၏။ အကြောင်းမူကား မှောင်မိုက် ပျောက်လွင့် ၍ မှန် သောအလင်း သည် ထွန်းတောက် လျက်ရှိ၏။ 9 မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။ 10 မိမိ ညီအစ်ကို ကိုချစ် သောသူ သည် အလင်း ၌ တည်နေ ၏။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မ ရှိ ။ 11 မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။ 12 ချစ်သား တို့၊ သင် တို့သည် ထိုသခင် ၏ နာမ တော်အားဖြင့် အပြစ် များနှင့်ကင်းလွတ် သောကြောင့် ၊ သင် တို့အားငါရေး ၍ပေးလိုက်၏။ 13 အဘ တို့၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ရှိတော်မူသောသူ ကိုသိ သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ လူပျို တို့၊ သင်တို့သည် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ သူငယ် တို့၊ သင်တို့သည် ခမည်းတော် ကိုသိ သောကြောင့် ၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ 14 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။ 15 လောက ကို၎င်း၊ လောက ၌ရှိသောအရာ တို့ကို၎င်း၊ မ ချစ် ကြနှင့်။ လောက ကိုချစ် သောသူမည်သည်ကား၊ ခမည်းတော် ကို ချစ် ခြင်းမေတ္တာမ ရှိ ။ 16 လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။ 17 လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။ 18 ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။ 19 ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။ 20 သင် တို့သည် သန့်ရှင်း တော်မူသောဘုရား၏ လက်မှ ဘိသိတ် ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်း သောအရာတို့ကို သိ ကြ၏။ 21 သမ္မာတရား ကို သင် တို့မ သိ သောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း ၊ မုသာ ရှိသမျှ တို့သည် သမ္မာတရား နှင့် မ စပ်ဆိုင် သည်ကို၎င်း၊ သိ သောကြောင့် ငါရေး၍ပေးလိုက်၏။ 22 မုသာ ကိုသုံးသောသူကားအဘယ်သူ နည်း ။ ယေရှု သည်ခရစ်တော် မဟုတ်ဟု ငြင်းပယ် သောသူ ဖြစ် သတည်း။ ခမည်းတော် နှင့် သား တော်ကို ငြင်းပယ် သော သူ သည် အန္တိခရစ် ဖြစ် ၏။ 23 သား တော်ကိုငြင်းပယ် သောသူ မည်သည်ကား၊ ခမည်းတော် ကိုမ သိ ။ သား တော်ကို ဝန်ခံ သောသူ မည်သည်ကား၊ ခမည်းတော် ကိုသိ ၏။ 24 ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။ 25 ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။ 26 သင် တို့ကို လှည့်ဖြား သောသူ တို့၏အကြောင်း ကို ဤသို့ သင် တို့အား ငါရေး ၍ပေးလိုက်၏။ 27 သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။ 28 ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။ 29 ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။
31 ဘုရားသခင် ၏ သား တော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါ တို့သည်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ် တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသား တို့သည် ဘုရားသခင် ကို မ သိ သောကြောင့် ၊ ငါ တို့ကိုလည်း မ သိ ကြ။ 2 ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။ 3 ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။ 4 ဒုစရိုက် ကို ပြု သောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏။ ဒုစရိုက် သည်ကား ပညတ်တော်ကို လွန်ကျူး ခြင်းဖြစ် သတည်း။ 5 ကိုယ်တော်သည် ငါတို့၏အပြစ် များကို ဆောင်သွား ခြင်းငှာ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့ သိ ကြ၏။ ကိုယ်တော် ၌ လည်း အပြစ် မ ရှိ ။ 6 ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။ 7 ချစ်သား တို့၊ သင် တို့ကို အဘယ်သူ မျှ မလှည့်ဖြား စေနှင့်။ အကြင်သူ သည် ဖြောင့်မတ် ခြင်းတရားကို ကျင့် ၏။ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ ၊ ထိုသူ သည်ဖြောင့်မတ် ခြင်းရှိ ၏။ 8 မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။ 9 ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။ 10 ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။ 11 သင်တို့သည်ရှေ့ဦးစွာ ကပင် ကြား ရသောတရား စကားဟူမူကား ၊ မာရ်နတ် နှင့်ဆိုင် ၍ မိမိ ညီ ကိုသတ် သော ကာဣန ကဲ့သို့ မ ဟုတ်၊ ငါတို့သည် အချင်းချင်း ချစ် ရကြမည်ဟုလာသတည်း။ 12 ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။ 13 ညီအစ်ကို တို့၊ လောကီသား တို့သည် သင် တို့ကို မုန်း သော်လည်း အံ့ဩ ခြင်းမ ရှိကြနှင့်။ 14 ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။ 15 မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။ 16 ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။ 17 အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။ 18 ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။ 19 ထိုသို့ ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရား နှင့် ဆိုင် သည်ကို ကိုယ်သိ ရ၍၊ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကို သက်သာစေကြလိမ့်မည်။ 20 အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။ 21 ချစ်သူ တို့၊ ကိုယ် စိတ်နှလုံးသည် ကိုယ် ကို အပြစ် မ တင်လျှင် ၊ ဘုရားသခင့် ရှေ့ တော်၌ ရဲရင့် ရသော အခွင့် ရှိ ကြ၏။ 22 ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။ 23 ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။ 24 ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။
41 ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။ 2 ဘုရားသခင် ၏ဝိညာဉ် တော်ကို အဘယ်သို့သိ နိုင်သနည်းဟူမူကား၊ လူဇာတိ အားဖြင့် ကြွလာ တော်မူသောယေရှု ခရစ် ကို ဝန်ခံ သောဝိညာဉ် မည်သည်ကား၊ ဘုရားသခင် နှင့် စပ်ဆိုင် ၏။ 3 လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှု ခရစ်ကိုဝန် မ ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင် နှင့်မ စပ်ဆိုင် ။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြား ခဲ့ပြီးသည်အတိုင်း ဤလောက သို့လာမည်ဖြစ် ၍ ၊ ယခုပင် လာ လျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ် ဖြစ် ၏။ 4 ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။ 5 ထိုသူ တို့သည် လောက နှင့်စပ်ဆိုင် သောကြောင့် ၊ လောကီ အကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသား တို့သည်လည်း သူတို့စကား ကို နားထောင် တတ်ကြ၏။ 6 ငါ တို့မူကား၊ ဘုရားသခင် နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင် ကိုသိ သောသူ သည် ငါ တို့စကားကို နားထောင် တတ်၏။ ဘုရားသခင် နှင့် မ စပ်ဆိုင် သောသူ သည် ငါ တို့စကားကိုနား မ ထောင်တတ်။ ထို အရာကို ငါတို့သည်ထောက်၍၊ သမ္မာ ဝိညာဉ် ကို၎င်း ၊ မိစ္ဆာ ဝိညာဉ် ကို၎င်း သိ ရကြ၏။ 7 ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။ 8 ချစ် ခြင်းမ ရှိသောသူ သည် ဘုရားသခင် ကိုမ သိ ။ အကြောင်းမူကား ၊ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာ ဖြစ် တော်မူ၏။ 9 သား တော်အားဖြင့် ငါတို့သည် အသက် ရှင်စေခြင်းငှာ ၊ ဘုရားသခင် သည်တစ်ပါးတည်း သော သား တော်ကို ဤလောက သို့ စေလွှတ် တော်မူသောအရာ၌၊ ငါ တို့ကို ချစ် တော်မူသောမေတ္တာတော်သည် ထင်ရှား လျက်ရှိ၏။ 10 ငါ တို့သည် ဘုရားသခင် ကိုချစ် ကြသည်ဟု မ ဆို။ ဘုရားသခင် သည် ငါ တို့ကိုချစ် ၍ ငါ တို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သား တော်ကို စေလွှတ် တော်မူသောအရာ ၌ ချစ် ခြင်းမေတ္တာရှိ ၏။ 11 ချစ်သူ တို့၊ ဘုရားသခင် သည် ငါ တို့ကို ဤမျှလောက် ချစ် တော်မူသည်မှန်လျှင် ၊ ငါ တို့သည်လည်း အချင်းချင်း ချစ် ရကြမည်။ 12 ဘုရားသခင် ကို အဘယ်သူ မျှမမြင် စဖူး ။ သို့သော်လည်း၊ အချင်းချင်း ချစ် ကြလျှင် ၊ ဘုရားသခင် သည် ငါ တို့၌ တည် တော်မူ၍ ၊ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ လျက်ရှိ ကြ၏။ 13 ဘုရားသခင် သည် ဝိညာဉ် တော်၏ ကျေးဇူးကို ငါ တို့အား ပေး တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင် ၌ တည် သည်ကို၎င်း ၊ ဘုရားသခင် သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိ ရကြ၏။ 14 လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။ 15 ယေရှု သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို ဝန်ခံ သောသူမည်သည်ကား၊ ဘုရားသခင် ၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။ 16 ဘုရားသခင် သည် ငါ တို့ကိုချစ် တော်မူခြင်းမေတ္တာတော်ကိုငါ တို့သည်သိ ၍ ယုံကြည် ကြ၏။ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာဖြစ် တော်မူ၏။ ချစ် ခြင်းမေတ္တာ၌ တည် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။ 17 ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။ 18 ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။ 19 ဘုရားသခင် သည် ငါ တို့ကိုရှေ့ဦးစွာ ချစ် တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင်ကိုချစ် ကြ၏။ 20 တစ်စုံတစ်ယောက် သောသူက၊ ငါသည် ဘုရားသခင် ကိုချစ် ၏ဟု ဆို လျက်ပင် မိမိ ညီအစ်ကို ကိုမုန်း လျှင် ၊ ထိုသူသည် မုသာ ကိုသုံးသောသူဖြစ် ၏။ မိမိမြင် ရသော မိမိ ညီအစ်ကို ကိုမ ချစ် လျှင်၊ မ မြင် သေးသောဘုရားသခင် ကို အဘယ်သို့ ချစ် နိုင် မည်နည်း။ 21 ဘုရားသခင် ကို ချစ် သောသူ သည် မိမိ ညီအစ်ကို ကို ချစ် ရမည်ဟူသော ပညတ် တော်ကို ငါတို့သည် ခရစ်တော် ထံ၌ ခံရ ကြပြီ။
51 ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊ 2 ငါတို့သည် ဘုရားသခင် ကိုချစ် ၍၊ ပညတ် တော်တို့ကို စောင့် ကြည့်လျှင်၊ ဘုရားသခင် ၏သား တို့ကို ချစ် ကြသည်ကို ငါတို့သိ ရကြ၏။ 3 ပညတ် တော်တို့ကို စောင့် ခြင်းအရာသည် ဘုရားသခင် ကိုချစ် ရာရောက် ၏။ ပညတ် တော်တို့ကို စောင့် ခဲ သည်မ ဟုတ်။ 4 ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။ 5 ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် သည်ကို ယုံကြည် သောသူ မှတပါး ၊ အဘယ်သူ သည်လောက ကို အောင် နိုင်သနည်း ။ 6 ထိုသခင် ကား ၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့်၎င်း ကြွလာ သောသူ တည်းဟူသောယေရှု ခရစ် ပေတည်း။ ရေ အားဖြင့် သာ မ ဟုတ်၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့် ၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ် တော်သည် သမ္မာတရား ဖြစ် ၍ သက်သေခံတော်မူ၏။ 7 သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။ 8 မြေကြီးပေါ်၌လည်း ဝိညာဉ် တော်တစ်ပါး၊ ရေ တစ်ပါး၊ အသွေး တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တစ်ညီတစ်ညွတ်တည်းဖြစ်၏။ 9 လူ ၏သက်သေ ကိုယုံ ရလျှင် ၊ ဘုရားသခင် ၏ သက်သေ တော်ကိုသာ၍ ယုံဘွယ်ရာအကြောင်း ရှိ ၏။ ယခု ဆိုခဲ့ပြီးသော သက်သေ ကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း ကို သက်သေခံ တော်မူချက်ဖြစ် သတည်း။ 10 ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။ 11 သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။ 12 သား တော်ကိုရ သောသူ သည် အသက် ကိုရ ၏။ ဘုရားသခင် ၏သား တော်ကို မ ရ သောသူ မူကား အသက် ကိုမ ရ ။ 13 ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။ 14 ငါ တို့သည် ဘုရားသခင့် အထံ တော်၌ ရဲရင့် ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလို တော်နှင့်အညီ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ ဘုရားသခင် သည် နားထောင် တော်မူ၏။ 15 ဆုတောင်း သမျှ သောစကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိ လျှင် ၊ အထံ တော်၌ တောင်း သောဆုတို့ကို ရ မည်ဟုသိ ရကြ၏။ 16 ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။ 17 မတရား သောအမှုမည်သည်ကား ဒုစရိုက် ဖြစ် ၏။ သို့သော်လည်း သေ ပြစ်မ သင့် သောဒုစရိုက် ရှိ ၏။ 18 ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။ 19 ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။ 20 ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။ 21 ချစ်သား တို့၊ ရုပ်တု ဆင်းတုကို ကြဉ်ရှောင် ကြလော့။