ကောရိန္တု ပထမ စာစောင်

1

1 ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် အရာ၌ ခန့်ထား သော ငါ ပေါလုနှင့် ငါ့ညီ သုဿင် သည်၊ 2 ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။ 3 ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 4 အထက်ခရစ်တော် ၏ သက်သေ ကို သင် တို့တွင် တည် စေသည်ရှိသော်၊ 5 သင်တို့သည် ထိုခရစ်တော် အားဖြင့် ၊ အရာရာ နှုတ် သတ္တိ၊ ဉာဏ် သတ္တိအပေါင်း နှင့် ကြွယ်ဝ ပြည့်စုံကြ သည်ဖြစ်၍6 ယေရှု ခရစ် အားဖြင့် သင် တို့အားပေး တော်မူသော ဆုကျေးဇူး တော်ကို ငါထောက် ၍၊ သင် တို့ အကြောင်း ကြောင့် ငါ့ ဘုရားသခင် ၏ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်း၏။ 7 ထိုကြောင့် သင် တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ပေါ်ထွန်း တော်မူခြင်းကို မြော်လင့် ၍နေစဉ်၊ ဆု တော် တစ်စုံတစ်ခု မျှမ လျော့ ဘဲ စုံလင်လျက်ရှိကြ၏။ 8 သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ နေ့ရက် အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင် တို့ကို အဆုံး တိုင်အောင် ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။ 9 ငါ တို့သခင် တည်းဟူသောသား တော်မြတ်သခင် ယေရှု ခရစ် နှင့် ဆက်ဆံ ခြင်းကျေးဇူးတော်ကို သင်တို့ အား ပေး တော်မူသော ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။ 10 ညီအစ်ကို တို့၊ သင်တို့ရှိသမျှ သည် စကား တညီတညွတ် တည်းဖြစ်၍ အချင်းချင်း ကွဲပြား ဘဲ စိတ် သဘော တသံ တသမတ်တည်းရှိ သည်နှင့် စေ့စပ် စုံလင်ကြမည်အကြောင်း၊ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော် ကို အမှီပြု ၍ သင် တို့ကို ငါ နှိုးဆော်တောင်းပန်ပါ၏။ 11 အကြောင်းမူကား ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိ သည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြော ကြ၏။ 12 သင် တို့က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏။ ငါ သည် အာပေါလု တပည့်ဖြစ်၏။ ငါ သည်ကေဖ တပည့်ဖြစ်၏။ ငါ သည်ခရစ်တော် တပည့် ဖြစ်၏ဟု အသီးအသီး ပြော ကြသောကြောင့် ငါဆို ရ၏။ 13 ခရစ်တော် သည် ကွဲပြား သလော။ ပေါလု သည် သင် တို့အတွက် လက်ဝါးကပ်တိုင် မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု ၏နာမ ဗတ္တိဇံ ကို ခံကြပြီလော။ 14 ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။ 15 သို့ဖြစ်၍ ပေါလုသည်မိမိ နာမ ဗတ္တိဇံ ကို ပေးသည်ဟု အဘယ်သူ မျှဆို စရာအကြောင်း ရှိ။ 16 သတေဖန် ၏အိမ်သူ အိမ်သားတို့အားလည်း ဗတ္တိဇံကို ပေး ပြီ။ ထိုမှတစ်ပါးအခြား သောသူအား ဗတ္တိဇံ ပေးသည်ကိုငါမ မှတ်မိ17 ဗတ္တိဇံ ကိုပေးစေခြင်းငှာခရစ်တော် သည် ငါ့ ကို စေလွှတ် တော်မူသည်မ ဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ၊ ခရစ်တော် ၏လက်ဝါးကပ်တိုင် ကို အချည်းနှီး ဖြစ် စေခြင်းငှာ ၊ နှုတ် ပညာ ကို အခွင့်မ ပေးဘဲနေတော်မူ၏။ 18 အကြောင်းမူကား ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့၌ လက်ဝါးကပ်တိုင် တော်တရား သည် မိုက် သော တရားဖြစ် ၏။ ကယ်တင် ခြင်းသို့ ရောက်သောငါ တို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုး တော် ဖြစ် ၏။ 19 ကျမ်းစာ လာသည်ကား ၊ ပညာရှိ တို့၏ ပညာ ကို ငါဖျက်ဆီး မည်။ ဉာဏ် ကောင်းသောသူ တို့၏ ဉာဏ် ကို လည်း ငါပယ် မည်ဟု လာသတည်း။ 20 ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ 21 အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ၏ ပညာ တော်စီရင်သည်နှင့်အညီ၊ လောကီသား တို့သည် မိမိ တို့ပညာ အားဖြင့် ဘုရားသခင် ကို မ သိ ဘဲနေကြသောအခါ၊ ဘုရားသခင် သည် ယုံကြည် သော သူတို့ ကို ဒေသနာ တော် မိုက်မဲ ခြင်းအားဖြင့် ကယ်တင် ခြင်းငှာစေတနာ ရှိတော်မူ၏။ 22 ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။ 23 ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။ 24 သို့သော်လည်း ၊ ယုဒ လူဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ခေါ် တော်မူသောသူ တို့၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ပညာ တော်တည်းဟူသောခရစ်တော် ၏ တရားဖြစ်၏။ 25 ဘုရားသခင် ၏မိုက်မဲ ခြင်းအရာသည် လူ တို့၏ ပညာထက်သာ၍ပညာ ရှိ ၏။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူ တို့၏ အစွမ်းထက်သာ၍အစွမ်း ရှိ၏။ 26 ညီအစ်ကို တို့၊ သင် တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင် ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ ပါ။ ထင်ရှားသော လူ ကြီးအများ ပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ ပါ။ 27 ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။ 28 မြတ်သောသူတို့ကို ရှက်ကြောက် စေခြင်းငှာလောကီ အရာ ဆင်းရဲ သောသူ၊ မ ရေရာ သောသူ ၊ ယုတ် သောသူ တို့ကို ရွေးကောက် တော်မူ၏။ 29 ထိုကြောင့် ၊ ဘုရားသခင် ရှေ့ ၌ အဘယ်သူမျှ ဝါကြွား စရာ အကြောင်းမ ရှိ။ 30 ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။ 31 သို့ဖြစ်၍ ၊ ကျမ်းစာ လာသည်နှင့်အညီ ၊ ဝါကြွား သောသူ မည်သည်ကား၊ ထာဝရ ဘုရား၌ သာဝါကြွား စေ။

2

1 ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။ 2 အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသောလက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော သခင် မှတစ်ပါး ၊ အဘယ် အရာကိုမျှ သင် တို့တွင် ငါမ သိ မှတ်ဟု ငါစိတ် ပြဋ္ဌာန်း ခြင်းရှိ၏။ 3 သင် တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်း ခြင်း၊ အလွန် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့်တကွ ငါ ရှိ နေ၏။ 4 သင် တို့၏ယုံကြည် ခြင်းသည် လူ ပညာ အားဖြင့် တည်5 ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် တည်စေခြင်းငှာ ၊ ငါ့ စကား ၊ ငါ့ ဒေသနာ သည် လူပညာ နှင့် ယှဉ်သောဖြားယောင်း သောစကား နှင့်တကွ ရှိသည် မ ဟုတ်။ ဝိညာဉ် တော်၏နိမိတ် လက္ခဏာ တန်ခိုး တော်နှင့်တကွ ရှိ၏။ 6 သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။ 7 ကမ္ဘာ တည်မရှိမှီ၊ ငါ တို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှာ ၊ ဘုရားသခင် စီရင် တော်မူသော ပညာ၊ နက်နဲ သောအရာ၌ ဝှက်ထား သော ဘုရားသခင် ၏ ပညာ ကို ငါတို့သည်ပြသ ကြ၏။ 8 ထို ပညာကို လောကီ မင်း တစ်စုံတစ်ယောက် မျှမသိ ။ သိ လျှင် ၊ ဘုန်းကြီး တော်မူသောသခင် ကို လက်ဝါးကပ်တိုင် မှာကွပ်မျက်ကြပြီ။ 9 ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။ 10 ထိုအရာတို့ကို ဘုရားသခင် သည် မိမိ ဝိညာဉ် တော်အားဖြင့် ငါ တို့အားဖော်ပြ တော်မူ၏။ ဝိညာဉ် တော် သည် ဘုရားသခင် ၏ နက်နဲ သော အရာတိုင်အောင်ခပ်သိမ်း သောအရာတို့ကိုစစ် တော်မူ၏။ 11 လူ ၏နက်နဲသော အရာကို လူ ရှိသောမိမိ စိတ် ဝိညာဉ်မှတစ်ပါး အဘယ်သူ သိ သနည်း။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ် တော်မှတစ်ပါး အဘယ်သူ မျှမ သိ12 ငါ တို့သည် လောကီ ဝိညာဉ် ကို မ ခံရ ကြ။ ဘုရားသခင် ပေး တော်မူသောအရာ တို့ကို သိ ခြင်းအလိုငှာ ဘုရားသခင် ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။ 13 ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါ တို့သည် လူ ပညာ ကိုအမှီပြု ၍ နားလည်သောစကား နှင့် မ ဟော ။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဝိညာဉ် နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ် စကားအားဖြင့်ဖွင့်ပြ ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟော ကြ၏။ 14 ဇာတိ ပကတိလူ သည် ဘုရားသခင် ၏ ဝိညာဉ် တော်အရာ တို့ကို မ ခံ မယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ် သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နား လည်နိုင်15 ဝိညာဉ် လူမူကား ၊ ထိုအရာအလုံးစုံ တို့ကို ပိုင်းခြား ၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူ ကို အဘယ်သူ မျှပိုင်းခြား ၍ မသိနိုင်။ 16 ထိုလူ ကို သွန်သင် နိုင်မည်အကြောင်း အဘယ်သူ သည် ထာဝရ ဘုရား၏ စိတ် တော်ကို သိ သနည်း။ ငါ တို့မူကား ခရစ်တော် ၏စိတ် ကို ခံရ ကြ၏။

3

1 ညီအစ်ကို တို့၊ အထက်က ငါ သည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင် တို့အား ဟောပြော ရသော အခွင့်မ ရှိ ဘဲ၊ ဇာတိ ပကတိလူတို့အား၎င်း၊ ခရစ်တော် သူငယ် ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ 2 ယခုတိုင်အောင်သင် တို့သည် ခဲဘွယ် စားဘွယ်ကို မ ကြေနိုင် သောကြောင့် ငါမ ကျွေးရ၊ နို့ ကိုသာ တိုက် ရ ၏။ ယခုပင် လည်း ၊ သင်တို့သည် မ ကြေနိုင် ကြသေး3 ယခုပင်လည်း၊ ဇာတိ ပကတိလူဖြစ် ကြသေး ၏။ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍ ၊ သင် တို့သည်ဇာတိ ပကတိ လူဖြစ် ကြသည် မ ဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင် ကြသည် မဟုတ်လော။ 4 တစ်ယောက် က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏ ဟူ၍၎င်း၊ တစ်ယောက် က၊ ငါ သည်အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြော ကြလျှင် ၊ ဇာတိပကတိလူ ဖြစ် ကြသည်မ ဟုတ်လော။ 5 ပေါလု ကား အဘယ်သူ နည်း။ အာပေါလု ကား အဘယ်သူ နည်း။ အခြားသောသူမဟုတ်၊ ထာဝရ ဘုရား သည် အသီးသီး တို့အား အခွင့်ပေး သနားတော်မူသည်နှင့်အညီ ၊ သင်တို့ကို ယုံကြည် ခြင်းသို့ ရောက်စေသော ဓမ္မဆရာ ပေတည်း။ 6 ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။ 7 စိုက်ပျိုး သောသူ တတ်နိုင်။ ရေလောင်း သော သူ လည်း မ တတ်နိုင်။ ကြီးပွား စေတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ 8 သို့သော်လည်း ၊ စိုက်ပျိုး သောသူ နှင့် ရေလောင်း သောသူ သည် တစ်လုံးတစ်ဝတည်း ဖြစ် ၊ အသီးအသီး မိမိ လုပ် သည်အတိုင်း မိမိ အကျိုး ကို ခံရ လိမ့်မည်။ 9 ငါတို့သည် ဘုရားသခင့် ထံ၌အလုပ် လုပ်သော သူချင်းဖြစ် ကြ၏။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင် ၏ ကျောင်း တော်တိုက်လည်း ဖြစ် ကြ၏။ 10 ဘုရားသခင် ၏ကျေးဇူး တော်ကို ငါ ခံရ သည်နှင့်အညီ ၊ လိမ္မာ သော ဗိသုကာ ကဲ့သို့ တိုက်မြစ် ကိုချ ပြီ။ အခြား သောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ ၏။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက် သည်ကို လူတိုင်းသတိပြု ပါစေ။ 11 အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသော ၊ ချ လျက်ရှိသော တိုက်မြစ် မှတပါး အခြား သော တိုက်မြစ်ကို အဘယ်သူ မျှမချ နိုင်12 ထို တိုက်မြစ် အပေါ် ၌ရွှေ ၊ ငွေ ၊ ကျောက် ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုး များကို ထပ်ဆင့်၍ တည်ဆောက် သောသူရှိသမျှ13 အသီးသီး လုပ်သော အလုပ် သည် ထင်ရှား လိမ့်မည် ။ အဘယ်သို့ နည်းဟူမူကား ၊ ဖော်ပြ ချိန် နေ့ရက် သည် မီး အားဖြင့် ထင်ရှား စေလိမ့်မည်။ လူ တိုင်းလုပ်သောအလုပ် သည် အဘယ်သို့ သော အလုပ်ဖြစ် သည်ကို မီး သည်စစ်ကြော စုံစမ်းလိမ့်မည်။ 14 ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက် သော အကြင်သူ ၏ အလုပ် သည်မြဲ ၏။ ထိုသူသည် အကျိုး ကို ခံရ လိမ့်မည်။ 15 အကြင်သူ ၏အလုပ် သည် ကျွမ်းလောင် ၏၊ ထိုသူ သည် အရှုံး ခံရလိမ့်မည်။ သို့သော်လည်း ၊ မီး နှင့် လွတ် သကဲ့သို့ သူသည် ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။ 16 သင်တို့သည် ဘုရားသခင် ၏ ဗိမာန် တော် ဖြစ် ကြသည်ကို၎င်း ၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် သင် တို့အထဲ ၌ ကျိန်းဝပ် တော်မူသည်ကို၎င်း မ သိ ကြသလော။ 17 အကြင်သူ သည် ဘုရားသခင် ၏ ဗိမာန် တော်ကို ဖျက်ဆီး ၏။ ထို သူကို ဘုရားသခင် ဖျက်ဆီး တော်မူလိမ့်မည်။ ဘုရားသခင် ၏ ဗိမာန် တော်သည် သန့်ရှင်း ရ၏။ သင် တို့သည်လည်း၊ ထိုဗိမာန် တော် ဖြစ် ကြ၏။ 18 အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။ 19 အကြောင်းမူကား ၊ လောကီ ပညာ သည် ဘုရားသခင့် ရှေ့၌ မိုက်မဲ ခြင်းဖြစ် ၏။ ကျမ်းစာ လာသည်ကား ၊ ဘုရားသခင် သည် ပညာရှိ တို့ကို သူ တို့၏ ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏ဟု လာသတည်း။ 20 တစ်ဖန်တုံ ၊ပညာရှိ တို့၏ အကြံအစည် တို့သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရ ဘုရားသိ တော်မူ၏ဟု လာသတည်း။ 21 ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။ 22 ပေါလု ဖြစ်စေ ၊ အာပေါလု ဖြစ်စေ ၊ ကေဖ ဖြစ်စေ ၊ ဤလောက ဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ သေ ခြင်း ဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောက် လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ ဖြစ်ကြ၏။ 23 သင် တို့သည်လည်း ၊ ခရစ်တော် အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင် အဘို့ ဖြစ်တော်မူ၏။

4

1 ခရစ်တော် ၏ အစေအပါး ကဲ့သို့ ၎င်း ၊ ဘုရားသခင် ၏ နက်နဲ သောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတစ်ပါး သည် ငါ တို့ကို မှတ် ပါစေ။ 2 ထိုမှတပါး ၊ ဘဏ္ဍာစိုး မည်သည်ကား၊ သစ္စာရှိ ရမည်။ 3 သင် တို့မှစ၍အခြားသောလူ များတို့သည် ငါ့ ကို သစ္စာမရှိဟုစီရင် သော်လည်း ၊ ငါသည်အမှုမထား။ ငါ့ ကိုယ်ကိုငါမ စီရင်4 အကြောင်းမူကား ၊ ကိုယ်စိတ် သည် ကိုယ် ကို အပြစ်မ တင်။ သို့သော်လည်း ၊ ထို အကြောင်းဖြင့် ငါသည် အပြစ် လွတ်သည်မ ဟုတ်။ ငါ့ ကို စီရင် သောသူ ကား ၊ ထာဝရ ဘုရားပေတည်း။ 5 ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထား သော အရာတို့ကို ပွင့်လင်း စေ၍ စိတ် နှလုံးအကြံအစည် များကို ထင်ရှား စေလတံ့သော သခင် ဘုရားကြွလာ တော်မ မူမှီ တိုင်အောင် အဘယ် အမှုကိုမျှ အဆုံးအဖြတ်မ စီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီး တို့သည် ဘုရားသခင် ချီးမွမ်း တော်မူခြင်းကျေးဇူးကို ခံရ ကြလတံ့။ 6 ညီအစ်ကို တို့၊ သင် တို့သည် ကျမ်းစာ ကို လွန် ၍ သူတစ်ပါးကို မ ရိုသေ အပ်ဟု ငါ တို့ကိုထောက်၍ နားလည် စေခြင်းငှာ ၎င်း၊ မာန စိတ်ထောင်လွှားသည်နှင့် တစ် ယောက်ကိုမှီဝဲ၍တစ် ယောက်ကိုငြင်းဆန် ခြင်းမ ရှိစေခြင်းငှာ ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါ နှင့် အာပေါလု ကို ပုံဆောင် လျက် ဆိုသတည်း။ 7 ထိုမှတစ်ပါး၊ အဘယ်သူ သည် သင့် ကိုထူးခြား စေသနည်း။ သူတစ်ပါးလက်မှ မ ခံ မယူဘဲ အလိုအလျောက် ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိ သလော။ သူတစ်ပါးလက်မှ ခံယူ သည်မှန် လျှင် ၊ မ ခံ မယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွား သနည်း။ 8 ယခု တွင်သင် တို့သည် ကြွယ်ဝကြ၏။ ငွေရတတ် ကြ၏။ ငါ တို့ မ ရှိစဉ်တွင်စိုးစံ ကြ၏။ ငါ တို့သည် သင် တို့နှင့်အတူစိုးစံ ရသော အခွင့်ရှိ မည်အကြောင်း၊ သင်တို့ကို အမှန် စိုးစံ စေခြင်းငှာ အလိုရှိ ၏။ 9 သတ် ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက် ၌ တမန်တော် တည်းဟူသောငါ တို့ကို ဘုရားသခင် ထုတ်ပြ တော်မူသည်ဟု ငါထင် ၏။ အကြောင်းမူကား ၊ ငါတို့သည် လောကီသား များနှင့် ကောင်းကင် တမန်များ မျက်မှောက် ၌ ပွဲဝင် သောသူ ဖြစ်ကြ ၏။ 10 ငါ တို့သည် ခရစ်တော် ၏ အကြောင်း ကြောင့် လူမိုက် ဖြစ်ကြ၏။ သင် တို့မူကား ၊ ခရစ်တော် ပညာရှိ ဖြစ်ကြ၏။ ငါ တို့သည် အားနည်း သောသူ ဖြစ်ကြ၏။ သင် တို့မူကား ၊ အစွမ်း သတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူဖြစ်ကြ၏။ ငါ တို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍11 ယခု တိုင်အောင် အစား အသောက်ငတ်မွတ်ခြင်း၊ အဝတ် နွမ်းပါးခြင်း၊ ရိုက်ပုတ် ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာ မကျသောသူ၊ 12 ကိုယ် လက် နှင့် ပင်ပန်း စွာ လုပ်ဆောင် ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ ခြင်းကို ခံရသောအခါ မေတ္တာပို့ ကြ၏။ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံ ကြ၏။ 13 အသရေ ရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန် ကြ၏။ ဤလောက ၏ အညစ်အကြေး ကဲ့သို့ ၎င်း၊ အရပ်ရပ် ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း၊ ယခု တိုင်အောင် ဖြစ် ကြ၏။ 14 သင် တို့သည် ရှက် စေခြင်းငှာဤသို့ ငါရေး သည် မ ဟုတ်။ သင် တို့ကို ချစ် သား ကဲ့သို့ မှတ်၍ သတိပေး ၏။ 15 သင် တို့တွင် ခရစ်တော် ၏အကြောင်း ကို သင်ပေး သော ဆရာတစ်သောင်း ရှိငြား သော်လည်း၊ အဘ အများ ရှိ။ ဧဝံဂေလိ တရားအားဖြင့် ငါ သည် သင် တို့ကို ယေရှု ခရစ် ဖြစ်ဘွား စေပြီ။ 16 သို့ဖြစ်၍၊ ငါ ကျင့်သည်နည်းတူသင် တို့သည် ကျင့် ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန် ၏။ 17 ထို အကြောင်း ကြောင့် သခင် ဘုရား၌ သစ္စာရှိ သောငါ ၏ချစ် သား တိမောသေ ကို သင် တို့ဆီသို့ ငါ စေလွှတ် ၏။ ခပ်သိမ်း သော အရပ်တို့၌ ခပ်သိမ်း သော အသင်းတော် တို့ကို ငါသွန်သင် သည်နှင့်အညီ ၊ ငါ သည် ခရစ်တော် ကျင့် သော အကျင့်ဓလေ့များကို သင် တို့သည် မှတ်မိ စေခြင်းငှာသူသည် ပြသတိုက်တွန်းလိမ့်မည်။ 18 ငါ သည်သင် တို့ဆီသို့ ကိုယ်တိုင်မ လာ ဟု အချို့ သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာန ထောင်လွှားခြင်း ရှိကြ၏။ 19 သို့သော်လည်း သခင် ဘုရားသည် အလို တော်ရှိ လျှင် ငါသည် မြန်မြန် လာ မည်။ လာသောအခါ မာန ထောင်လွှားသောသူ တို့၏ စကား ကို သိမှတ် မည်မ ဟုတ်။ သူတို့၏တန်ခိုး ကို သိမှတ်မည်။ 20 အကြောင်းမူကား ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် စကား တည်သည်မ ဟုတ်၊ တန်ခိုး တည်၏။ 21 သင် တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံ နှင့် သင် တို့ဆီသို့ လာရ မည်လော။ သို့မဟုတ် မေတ္တာ နှင့် ၎င်း၊ နူးညံ့ သိမ်မွေ့သော စိတ် နှင့် ၎င်း၊ လာရမည်လော။

5

1 မတရား သောမေထုန်သာမည မဟုတ်၊ အဘ ၏ မယား ကို သိမ်းယူ ခြင်းတည်းဟူသောသာသနာပ လူတို့ တွင် ပင် မ ကြားရသော မေထုန် ၌မှီဝဲသော သူသည် သင် တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။ 2 ထိုသို့ပြု သောသူ ကို သင် တို့အထဲ မှ နှင်ထုတ် မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမ ပြု၊ မာန ထောင်လွှားလျက် နေ ကြ၏။ 3 ထိုကြောင့် ငါ သည် ကိုယ်ခန္ဓါ အားဖြင့် သင်တို့နှင့်ကွာ လျက် ရှိသော်လည်း ၊ ဝိညာဉ် အားဖြင့် ကွာ၊ ကိုယ်တိုင်သင်တို့နှင့်အတူရှိ သကဲ့သို့ ထိုသို့ကျင့် သောသူ ကို ယခုပင် ငါစီရင် ပြီ။ 4 စီရင်ချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ်၏ အခွင့် အားဖြင့် သင် တို့သည် ငါ့ ဝိညာဉ် နှင့်အတူ စည်းဝေး ပြီးမှငါ တို့သခင် ယေရှု ခရစ်၏ တန်ခိုး တော်ကို အမှီပြု၍5 ထိုသူ ၏ဝိညာဉ် သည် ယေရှု ခရစ်၏နေ့ရက် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ကိုယ်ခန္ဓါ ပျက်စီး ဘို့ရာ သူ့ကိုစာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။ 6 သင် တို့၏ ဝါကြွား ခြင်းသည် မ ကောင်း မသင့် ဖြစ်၏။ အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖောင်းကြွ စေတတ်သည်ကို မ သိ ကြသလော။ 7 သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။ 8 ထိုကြောင့် ၊ ဟောင်း သောတဆေး ၊ ဆိုးညစ် မိုက်မဲ ခြင်းတဆေး တို့ကို ပယ်ပစ်၍၊ တဆေးမဲ့ မုန့်တည်းဟူသောကြည်ဖြူ ခြင်း၊ သစ္စာစောင့် ခြင်းနှင့် ပွဲ ခံကြ ကုန်အံ့။ 9 သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ငါရေး ထားခဲ့ပြီ။ 10 ထိုသို့ ရေးထားသော်၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ အနိုင် အထက်လုယူခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသား တို့ နှင့် အလျှင်း ပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီ မှ ထွက်သွား ကြမည်။ 11 ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။ 12 ပြင် လူ တို့ကို စီရင် ခြင်းအမှုနှင့် ငါ သည် အဘယ်သို့ ဆိုင်သနည်း။ အတွင်း လူ တို့ကို သင် တို့စီရင် ရသည် မ ဟုတ်လော။ 13 ပြင် လူတို့ကို ဘုရားသခင် စီရင် တော်မူလိမ့်မည်။ သို့ဖြစ်၍ ထို ဆိုးညစ် သောသူကိုသင် တို့အထဲ မှနှင်ထုတ် ကြလော့။

6

1 သင် တို့သည် အချင်းချင်း အမှု ရှိ လျှင် ၊ သန့်ရှင်း သူတို့ရှေ့ ၌ တရား စီရင်ခြင်းကို မ ခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံ ဝံ့သောသူတစ်စုံတစ်ယောက် ရှိသလော။ 2 သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။ 3 ငါတို့သည်ကောင်းကင်တမန် တို့ကို တရား စီရင်မည်ဟု မ သိ ကြသလော။ သို့ဖြစ်၍ လောကီ အမှုကို စီရင် ထိုက်သည်မ ဟုတ်လော။ 4 ထိုကြောင့် သင် တို့သည် လောကီ အမှုကိုစီရင် စရာရှိလျှင် ၊ အသင်းတော် အသရေ နည်းသောသူ တို့ကို တရားသူကြီး အရာ၌ ခန့်ထား ကြလော့။ 5 ထိုသို့ဆိုသော် ၊ သင် တို့ရှက် စေခြင်းငှာပြောဆို ၏။ သင် တို့တွင် ပညာရှိ တစ်စုံတစ်ယောက်မျှ ရှိ သလော။ ညီအစ်ကို ချင်းတို့၏ အမှုကို စီရင် ဆုံးဖြတ်နိုင် သောသူ တစ်စုံတစ်ယောက်မျှမရှိသလော။ 6 ညီအစ်ကို ချင်းတို့သည် တရား တွေ့သည် သာမက၊ မယုံကြည် သော သူတို့ရှေ့ ၌ပင် တရားတွေ့ပါ သည်တကား။ 7 ထိုသို့ သင် တို့သည် အချင်းချင်း တရား တွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိ ကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲ ခြင်းကို အဘယ်ကြောင့် ခံသနည်း။ 8 ကိုယ်ဥစ္စာရှုံး ခြင်းကို အဘယ်ကြောင့် ခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်ညှင်းဆဲ ၊ ညီအစ်ကို ချင်းတို့၏ ဥစ္စာကိုသိမ်းယူ ကြသည်တကား9 မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ 10 သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ ခံရကြ။ 11 အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။ 12 ငါ သည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်း သော အမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်း သော အမှုအရာကို ပြု သင့်သည်မ ဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်း သော အမှုအရာကိုပြု နိုင်သည်မှန်စေတော့။ အဘယ် အမှုအရာ၌ မျှ ငါ သည်ကျွန် ခံ။ 13 အစား အသောက်တို့သည် ဝမ်း အဘို့ ၊ ဝမ်း သည်လည်း အစား အသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင် သည် ထို နှစ် ပါးကို ဖျက်ဆီး တော်မူလိမ့်မည်။ ကိုယ်ခန္ဓါ သည် မတရား သောမေထုန် အဘို့ဖြစ်သည်မ ဟုတ်။ သခင် ဘုရားအဘို့ ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓါ အဘို့ ဖြစ်တော်မူ၏။ 14 ဘုရားသခင် သည် တန်ခိုး တော်အားဖြင့် သခင် ဘုရားကို ထမြောက် စေတော်မူသည်ဖြစ်၍ ၊ ငါ တို့ကိုလည်း ထမြောက် စေတော်မူလိမ့်မည်။ 15 သင် တို့ကိုယ်ခန္ဓာ သည် ခရစ်တော် ၏ အင်္ဂါ ဖြစ် ကြောင်း ကို မ သိ ကြသလော။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါ ကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါ ဖြစ် စေအပ် သလော။ မ ဖြစ်စေ အပ်။ 16 အဘယ်သို့ နည်း။ ပြည်တန်ဆာ ၌ မှီဝဲ သောသူ သည်ထိုပြည်တန်ဆာနှင့် တစ်သား တစ်ကိုယ်တည်း ဖြစ် ကြောင်း ကို မ သိ ကြသလော။ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်ဟု ကျမ်းစာလာ ၏။ 17 သခင် ဘုရား၌ မှီဝဲ သော သူ သည် ထိုသခင်နှင့် တစ် စိတ် တစ်ဝိညာဉ်တည်းဖြစ် ၏။ 18 မတရား သောမေထုန်ကိုကြဉ်ရှောင် ကြလော့။ လူ ပြု တတ်သော အခြားဒုစရိုက် ရှိသမျှ တို့သည် ကိုယ် ပြင် ရှိ ၏။ မတရား သော မေထုန်ကို ပြုသောသူ မူကား ၊ မိမိ ကိုယ် ကိုပင်ပြစ်မှား ၏။ 19 အဘယ်သို့နည်း။ သင် တို့ကိုယ်ခန္ဓါ သည် ဘုရားသခင် ပေး သနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ ၌ ကျိန်းဝပ်၍ သန့်ရှင်း သော ဝိညာဉ် တော်၏ ဗိမာန် ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့မ ပိုင် ကြောင်းကို၎င်း၊ မ သိ ကြသလော။ 20 သင်တို့သည် အဘိုး နှင့် ဝယ် တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင် ပိုင်တော်မူသောသင် တို့၏ ကိုယ်ခန္ဓါ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ် တော်ကိုထင်ရှားစေကြလော့။

7

1 သင်တို့သည် ငါ့ထံသို့ပေး လိုက်သောစာ ၌ ပါ သောအရာမှာ၊ ယောက်ျား သည် မိန်းမ နှင့်မ ဆက်ဆံ ဘဲ နေလျှင်2 ကောင်း သော်လည်း ၊ မတရား သောမေထုန်နှင့် ကင်းလွတ်မည် အကြောင်း၊ ယောက်ျား တိုင်း မိမိ မယား ရှိ စေလော့။ မိန်းမ တိုင်း မိမိ လင် ရှိ စေလော့။ 3 ယောက်ျား သည် ဆက်ဆံခြင်းဝတ်ကို မိမိမယား အား ပြု စေလော့။ ထိုနည်းတူ ၊ မိန်းမ သည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင် အား ပြုစေလော့။ 4 မိန်းမ သည် မိမိ ကိုယ် ကိုမ ပိုင် ၊ လင် သည်ပိုင်၏။ ထိုနည်းတူ ယောက်ျား သည်လည်း မိမိ ကိုယ် ကိုမ ပိုင် ၊ မယား သည်ပိုင်၏။ 5 အချင်းချင်း ခင်ပွန်းဝတ်ကို မ ပယ် မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်း ခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှာ၊ သဘောတူ ခင်ပွန်းဝတ်ကိုခဏ မျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ ရှောင် လျှင် ၊ ကိုယ် ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန် သည် အပြစ် သို့ သွေးဆောင်ရသော အခွင့်မ ရှိစေခြင်းငှာ ၊ နောက် တဖန် အတူ နေ ကြလော့။ 6 သို့ရာတွင်ပညတ် ထားဘဲအခွင့် ပေးခြင်း အားဖြင့် သာ ငါဆို ၏။ 7 လူ အပေါင်း တို့သည် ငါ ကဲ့သို့ ဖြစ် စေခြင်းငှာငါအလိုရှိ ၏။ သို့သော်လည်း ၊ လူအသီးအသီး တို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီး သော ဆု ကျေးဇူးကို ခံရ ကြ၏။ 8 ထိုကြောင့် မယား မရှိသောသူ တို့နှင့် မုတ်ဆိုးမ တို့ကို ငါဆို သည်ကား၊ ထို သူ တို့သည် ငါ ကဲ့သို့ နေလျှင် ကောင်း ၏။ 9 သို့သော်လည်း ၊ ကာမဂုဏ်ကို မ ချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိ သည်ထက် ထိမ်းမြား စုံဘက်ခြင်းပြုသော် သာ၍ ကောင်း၏။ 10 ခင်ပွန်း ရှိသော သူ တို့ကိုလည်း ၊ ငါပညတ် သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား ၊ မယား သည် မိမိခင်ပွန်း ကို မ စွန့်ပစ် စေနှင့်။ 11 စွန့်ပစ် လျှင် ခင်ပွန်း မရှိဘဲနေ စေ။ သို့မဟုတ် လျှင်၊ ခင်ပွန်း ဟောင်းထံသို့ပြန်၍ အသင့်အတင့် နေစေ။ ယောက်ျား သည်လည်း မိမိမယား နှင့် မ ကွာ စေနှင့်။ 12 ကြွင်း သောသူ တို့ကိုသခင် ဘုရားသည် ကိုယ်တိုင်မ ပညတ်ဘဲ၊ ငါ ပညတ် သည်ကား ၊ တစ်စုံတစ်ယောက် သော ညီအစ်ကို သည်မယုံကြည် သော မယား ရှိ ၍၊ ထိုမယား သည် မိမိခင်ပွန်း နှင့် နေ ခြင်းငှာအလိုရှိ လျှင် ကွာ စေနှင့်။ 13 ထိုနည်းတူမိန်းမ သည်လည်း ၊ မယုံကြည် သော ခင်ပွန်း ရှိ ၍၊ ထိုခင်ပွန်း သည် မိမိမယား နှင့် နေ ခြင်းငှာအလိုရှိ လျှင် ကွာ စေနှင့်။ 14 အကြောင်းမူကား ၊ မယုံကြည် သောလင် သည် မိမိမယား အဘို့ စင်ကြယ် ၏။ မယုံကြည် သော မယား သည်လည်း မိမိလင် အဘို့ စင်ကြယ် ၏။ သို့မဟုတ် လျှင်သင် တို့၏ သားသမီး သည် မ စင်ကြယ်။ ယခု တွင် စင်ကြယ် ကြ ၏။ 15 သို့သော်လည်း မယုံကြည် သောသူ သည် ကွာ သွားလိုလျှင် ကွာ သွားစေ။ ထိုသို့ပြုလျှင်တပည့်တော် သည် ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ချည်နှောင် ခြင်းမ ရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာဘုရားသခင် ၏ ပညတ် တော်ရှိ၏။ 16 အချင်းမိန်းမ ၊ သင်သည်ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ၊ မကယ်တင်မည်ကို အဘယ်သို့သိ သနည်း။ အချင်းယောက်ျား ၊ သင်သည် ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ။ မကယ်တင်မည်ကို အဘယ်သို့ သိ သနည်း။ 17 သခင် ဘုရားသည် လူ အသီးအသီးတို့အား ဝေငှ တော်မူ၍၊ ဘုရားသခင် သည် လူအသီးအသီး တို့ကို ခေါ် တော်မူသည်နှင့် လျော်စွာလူတိုင်းကျင့် နေစေ။ ခပ်သိမ်း သော အသင်းတော် တို့ကို ထိုသို့ ငါပညတ် ၏။ 18 အရေဖျားလှီး ခြင်းကို ခံသောသူ သည် ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မ စွန့် စေနှင့်။ အရေဖျားလှီး ခြင်းကို မခံသောသူ သည်လည်း ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီး ခြင်းကို မ ခံစေနှင့်။ 19 အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ။ မခံဘဲ နေခြင်းအားဖြင့် လည်း အကျိုးမ ရှိ ။ ဘုရားသခင် ၏ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်းအားဖြင့်သာ အကျိုးရှိ၏။ 20 ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူ သည် အကြင်အမှု ကို လုပ် နေ၏။ ထိုသို့ လူတိုင်းလုပ်နေ စေ။ 21 အစေခံ ကျွန်ဖြစ်၍ခေါ်တော်မူခြင်းကျေးဇူးကို ခံရ လျှင် စိုးရိမ် ခြင်းမ ရှိနှင့်။ သို့သော်လည်း လွတ် ခြင်းသို့ ရောက် နိုင်လျှင် လွတ် ရသော အခွင့်ကိုသာ၍ သုံးဆောင် လော့။ 22 အကြောင်းမူကား ကျွန် ဖြစ်စဉ်၊ သခင် ဘုရား ခေါ် တော်မူခြင်းကို ခံရသောသူ သည် သခင် ဘုရား၏ လူ လွတ်ဖြစ် ၏။ ထိုနည်းတူ လူ လွတ်ဖြစ်စဉ်၊ ခေါ် တော်မူခြင်းကို ခံရသောသူ သည် ခရစ်တော် ၏ ကျွန် ဖြစ် ၏။ 23 သင်တို့သည် အဘိုး နှင့်ဝယ် တော်မူသောသူ ဖြစ်၍၊ လူ ထံ၌အလိုအလျောက်ကျွန် ခံ ကြနှင့်။ 24 ညီအစ်ကို တို့၊ ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှု ကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့် ရှေ့တော်၌ လူ တိုင်းလုပ်နေ စေ။ 25 ခင်ပွန်း မရှိသောသူ တို့၏ အမှု မှာ၊ သခင် ဘုရား၏ပညတ် တော်သည် ငါ ၌မ ရှိသော်လည်း ၊ ငါသည် သစ္စာ ရှိ သောသူဖြစ်အံ့သောငှာ၊ သခင် ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏။ 26 စီရင်ချက်ဟူမူကား ၊ ယခု ညှဉ်းဆဲ ခြင်းအကြောင်း ကြောင့် ခင်ပွန်းမရှိ လျှင် ကောင်း ၏။ 27 သင်သည်မယား ရှိ လျှင် လွတ် စေခြင်းငှာမ ကြံစည် နှင့်။ မယား နှင့် လွတ် လျှင် အခြားသောမယား ကို မ ရှာ နှင့်။ 28 သို့သော်လည်း သင်သည် မယား နေလျှင် အပြစ် ရှိ။ လင် မနေဘူးသော မိန်းမသည်လည်း လင် နေလျှင် အပြစ် ရှိ။ သို့သော်လည်း ၊ ထိုသို့ ပြုသော သူတို့သည် လောက ညှဉ်းဆဲ ခြင်းဒုက္ခကို ခံရ ကြမည်။ ဤ အမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါ မထားလို။ 29 ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ ကျန်ကြွင်းသော ကာလ သည် ကျဉ်းကျပ် သည်ဖြစ် ၍၊ မယားရှိ သောသူ သည် မယား ရှိ သကဲ့သို့ ဖြစ် ရမည်။ 30 ငိုကြွေး သောသူ သည် မ ငိုကြွေး သကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက် သောသူ သည် ဝမ်း မြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ် သောသူ သည် အလျှင်းမ ရှိ သကဲ့သို့ ဖြစ်ရမည်။ 31 လောက ကို သုံး သောသူ သည် မ သုံး သကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ၊ ဤ လောက ၏ အဆင်း သဏ္ဌာန်သည်ရွေ့သွားကွယ်ပျောက် တတ်၏။ 32 သင် တို့သည် စိုးရိမ် ခြင်းနှင့်ကင်းလွတ်စေခြင်းငှာငါအလိုရှိ ၏။ ခင်ပွန်း မရှိသောသူ သည် သခင် ဘုရား၏ စိတ် တော်နှင့်တွေ့စေခြင်းငှာသခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။ 33 ခင်ပွန်း ရှိသောသူ မူကား ၊ မိမိ မယား ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။ 34 ထိုနည်းတူ၊ ခင်ပွန်း မရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမ သည် ခြားနား ခြင်းရှိ၏။ ခင်ပွန်း မရှိသော မိန်းမသည် ကိုယ်ခန္ဓါ စိတ်ဝိညာဉ် နှစ် ပါးကို သန့်ရှင်း စေခြင်းငှာ သခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။ ခင်ပွန်း ရှိသောမိန်းမ မူကား ၊ မိမိ ခင်ပွန်း ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။ 35 ထိုသို့ ငါဆို သော်၊ သင် တို့အကျိုး ကိုသာ ထောက် ၍ဆို၏။ သင် တို့ကို နှောင့်ရှက် ချင်သောစိတ်နှင့် ဆိုသည် မ ဟုတ်။ သင်တို့သည် လျောက်ပတ် စွာကျင့်၍ စိတ် ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင် ဘုရား၏ဝတ်ကို အမြဲ ပြုစေခြင်းငှာသာ ဤသို့ဆို၏။ 36 အပျို ကညာသည် ခင်ပွန်းမရှိဘဲ အသက် အရွယ်လွန်လျှင် လျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူ သည် ထင်မှတ် ၍ ထိမ်းမြားစရာအကြောင်းလည်း ရှိ လျှင် ၊ ထိုသူသည် အလိုအလျောက် ပြု စေ။ အပြစ် ရှိထိမ်းမြား ကြစေ။ 37 သို့သော်လည်း မိမိ စိတ် နှလုံးတည်ကြည် ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့် နှင့် ကိုယ် စိတ် အလို ကို ချုပ်တည်း နိုင်သော အခွင့်ရှိသောကြောင့်၊ မ ထိမ်းမြား ဘဲနေ မည်ဟု ကိုယ် စိတ် နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည်ကောင်း စွာပြု ၏။ 38 သို့ရာတွင် မင်္ဂလာဆောင် သောသူ သည် ကောင်း စွာပြု ၏။ မ ဆောင် သောသူ မူကား ၊ သာ၍ ကောင်းစွာပြု ၏။ 39 မိန်းမ သည် မိမိ ခင်ပွန်း သေမှီကာလ ပတ်လုံးတရားအားဖြင့် ချည်နှောင် လျက်ရှိ၏။ ခင်ပွန်း သေ လျှင် မူကား ၊ မိမိအလို အတိုင်း သခင် ဘုရား၌ သာ အခြား သော သူ၏ မယားဖြစ်ခြင်းငှာအခွင့် ရှိ ၏။ 40 အခွင့်ရှိသော်လည်း ၊ အခြားသောသူ၏ မယား မဖြစ် ဘဲနေ လျှင် ၊ သာ၍မင်္ဂလာ ရှိသည်ဟု ငါ သဘော ရှိ၏။ ငါ ၌လည်း ဘုရားသခင် ၏ ဝိညာဉ် တော်ရှိ တော်မူသည်ဟု ငါ စွဲလမ်းခြင်းစိတ်ရှိ၏။

8

1 ရုပ်တု ရှေ့၌ပူဇော်သော ယဇ်ကောင်အရာ မှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဉာဏ် ရှိသည် ကို ငါတို့သိ ကြ၏။ ဉာဏ် သည် ထောင်လွှား စေတတ်၏။ မေတ္တာ မူကား တည်ဆောက် တတ်၏။ 2 အကြင်သူ သည်၊ ငါကားပညာရှိ ဖြစ်သည်ဟူ၍စိတ်ထင် ၏။ ထို သူသည် သိ အပ် သည်အတိုင်း အလျှင်း သိသေး။ 3 ဘုရားသခင် ကိုချစ် သော သူ မည်သည်ကား ၊ ဘုရားသခင် သိ စေတော်မူသောသူ ဖြစ်၏။ 4 ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းအရာ မှာ၊ ရုပ်တု သည် ဤလောက အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်း သော ဘုရားသခင် မှတစ်ပါး အဘယ် ဘုရားသခင်မျှမ ရှိသည်ကို၎င်း၊ ငါတို့သိ ကြ၏။ 5 ဘုရား များ ၊ အရှင် များ ဟုဆိုသည်အတိုင်း ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ဘုရား ဟူ၍ခေါ်ဝေါ် သမုတ်သော သူအများရှိ သော်လည်း6 အကြင်ဘုရားသခင်အထဲ က ခပ်သိမ်း သော အရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့ အလိုငှာငါ တို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင် တစ်ပါးတည်း သာ ငါ တို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါ တို့မှစ၍ ခပ်သိမ်း သောအရာဖြစ်ကြ၏။ ထိုသခင် ယေရှု ခရစ် တစ်ပါးတည်း သာငါတို့၌ရှိတော်မူ၏။ 7 သို့သော်လည်း ထို ဉာဏ် ကို လူ တိုင်းမ ရ။ အချို့ သော သူတို့သည် ယခု တိုင်အောင် ရုပ်တု ရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစား သော်၊ ရုပ်တု ကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူ တို့၌ကိုယ်ကိုကိုယ် သိသော စိတ်သည်အားနည်း သောကြောင့် ညစ်ညူး ခြင်းသို့ ရောက်တတ်၏။ 8 အစား အသောက်အားဖြင့်ဘုရားသခင် ရှေ့ မှာ မျက်နှာရသည်မ ဟုတ်။ အစာကိုသုံး ကာ မျှဖြင့်မြတ် သည် မဟုတ်။ ရှောင် ကာ မျှဖြင့် ယုတ် သည်မ ဟုတ်။ 9 သို့သော်လည်း ၊ သင် တို့အခွင့် ကိုအားနည်း သော သူ တို့၌ ထိမိ ၍ လဲစရာအကြောင်း မ ဖြစ် စေခြင်းငှာသတိပြု ကြလော့။ 10 အကြောင်းမူကား ၊ သင် သည် ပိုင်းခြားတတ်သော ဉာဏ် ရှိ လျက်ပင်၊ ရုပ်တု စင်ထဲ၌ စားပွဲနားမှာ လျောင်း သည်ကို သူတစ်ပါး မြင် လျှင် ၊ ကိုယ်ကိုကိုယ် သိသော စိတ်အားနည်း သောသူ သည်၊ ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းငှာရဲမည်မဟုတ်လော။ 11 ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကို အဘို့ အလို့ငှာခရစ်တော် သည် အသေခံ တော်မူ၏။ အားနည်း သော ထို ညီအစ်ကိုသည် သင် ၏ဉာဏ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ရပါသည်တကား12 သင်တို့သည်၊ ညီအစ်ကို တို့ကို ထိုသို့ ပြစ်မှား သူ တို့၌ ကိုယ်ကိုကိုယ် သိသော အားနည်း သောစိတ်ကို ထိခိုက် သောအခါ၊ ခရစ်တော် ကိုလည်း ပြစ်မှား ရာသို့ ရောက်၏။ 13 သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။

9

1 ငါပေါလုသည်ကျွန်မဟုတ်၊ လူ လွတ်ဖြစ် သည် မ ဟုတ်လော။ တမန်တော် ဖြစ် သည်မ ဟုတ်လော။ ငါ တို့ သခင် ယေရှု ခရစ်ကို မြင် ရပြီ မ ဟုတ်လော။ သင် တို့သည် သခင် ဘုရား၌ ငါ လုပ်သော အလုပ် ဖြစ် ကြသည် မ ဟုတ်လော။ 2 ငါ သည် အခြား သောသူတို့အား တမန်တော် ဖြစ်သော်လည်း ၊ သင် တို့အားတမန်တော်အမှန် ဖြစ် ၏။ အကြောင်းမူကား ၊ ငါသည် တမန်တော် မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ် သောအားဖြင့် ငါ့ ကို တံဆိပ် ခတ်ကြ၏။ 3 ငါ့ ကိုစစ်ဆေး မေးမြန်းသော သူ တို့အား ငါ အပြစ် ဖြေရာစကားဟူမူကား၊ 4 ငါ တို့သည် စား သောက်ခြင်းအခွင့် ရှိသလော။ 5 ကေဖ နှင့် သခင် ဘုရား၏ညီ များမှစ၍ ကြွင်း သော တမန်တော် များကဲ့သို့ ၊ ငါ တို့သည်ဒေသစာရီ လှည့်လည် သည်တွင် နှမ ဖြစ်သော မယား ပါစေခြင်းငှာအခွင့် ရှိသလော။ 6 ငါ နှင့် ဗာနဗ သာ အလုပ်မ လုပ် ဘဲနေရသော အခွင့် ရှိ ဟု ဆိုရသလော။ 7 အဘယ်သူ သည် ကိုယ် စရိတ် ကို သုံး၍ စစ်မှု ကို ထမ်းရသနည်း။ အဘယ်သူ သည် ဥယျာဉ် ကိုစိုက်ပျိုး အသီး ကိုမ စား ဘဲနေရသနည်း။ အဘယ်သူ သည် သိုး ထိန်း လုပ်၍ သိုး နို့ ကိုမ သုံး ဘဲနေရသနည်း။ 8 လောကီ ဝေါဟာရအားဖြင့် သာ ဤသို့ ငါဆို သလော။ ပညတ် တရားသည်လည်း ဤသို့ပင်ဆို သည် မ ဟုတ်လော။ 9 မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ လာ သည်ကား ၊ စပါး နင်းနယ်သော နွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟု လာ၏။ ဘုရားသခင် သည် နွား ကိုသာ ပမာဏ ပြုတော်မူသလော။ 10 သို့မဟုတ် ငါ တို့ကြောင့် သာ ဤသို့ပညတ် တော်မူသလော။ လယ်ထွန် သောသူ သည် မြော်လင့် လျက် လယ်ထွန် စေခြင်းငှာ ၎င်း၊ မြော်လင့် လျက် စပါး နင်းနယ်သောသူ သည် မြော်လင့်သည်အတိုင်း ရ စေခြင်းငှာ၎င်း၊ ငါ တို့ကြောင့် သာဤသို့ကျမ်းစာ လာ၏။ 11 ငါ တို့သည် သင် တို့၌ ဓမ္မ မျိုးစေ့ကို စိုက် ပြီးမှ သင် တို့၏လောကီ အသီးကို သုံးဆောင် လျှင် ကျေးဇူးကြီး မည်လော။ 12 အခြား သောသူတို့သည် သင် တို့ထံမှာထိုအခွင့် ကိုရ လျှင် ငါ တို့သည် သာ၍ ရထိုက်သည်မ ဟုတ်လော။ သို့သော်လည်း ထို အခွင့် ကို ငါ တို့သည် မ သုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဆီးတား ခြင်းအကြောင်း ရှိ စေခြင်းငှာအရာရာ ၌ သည်းခံ ကြ၏။ 13 ဓမ္မ ကိစ္စအမှုကို ဆောင်ရွက် သော သူ တို့သည် ဗိမာန် တော်ကို အမှီပြု ၍ စား ရသည်ကို၎င်း၊ ယဇ် ပူဇော် ခြင်းအမှုကို ဆောင်ရွက် သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မ သိ ကြသလော။ 14 ထိုနည်းတူ ၊ ဧဝံဂေလိ တရားကိုဟော သော သူ တို့သည် ဧဝံဂေလိ တရားကို အမှီပြု ၍ အသက် မွေးရမည်အကြောင်း၊ သခင် ဘုရား၏ ပညတ် တော်မူချက်ရှိ၏။ 15 သို့သော်လည်း ထိုအခွင့်ကို ငါ သည် အလျှင်း သုံး ။ သင်တို့သည် ငါ့ အား ထိုသို့ ပြု စေခြင်းငှာ စကား ကို ငါရေး သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ ဝါကြွား ခြင်းအခွင့်ကိုသူတစ်ပါး ဖျက်ဆီး သည်ထက် ငါ သေ သော် သာ၍ ကောင်း၏။ 16 ငါသည်ဧဝံဂေလိ တရားကို ဟောရုံပြုလျှင် ဝါကြွား ခြင်းအကြောင်းမ ရှိ သေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မ ဟော ဘဲနေလျှင် အမင်္ဂလာ ရှိ ၏။ 17 သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက် လျှင် အကျိုး ရှိ ၏။ ကိုယ် အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာ တော်၌ ခန့်ထား သောသူဖြစ်၏။ 18 သို့ဖြစ်၍ ငါ ၏အကျိုး အဘယ်သို့ နည်းဟူမူကား၊ ဧဝံဂေလိ တရားကို ဟော သောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့် ကို မ သုံး ဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိ တရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာ ပြု လျှင်ငါ၌အကျိုးရှိ၏။ 19 ငါသည် အဘယ်သူ၏ကျွန်မဖြစ် သော်လည်းသာ၍ များ သော သူတို့ကိုရ ခြင်းအလို့ငှာ လူတကာ တို့၏ ကျွန် ခံရ၏။ 20 ယုဒ လူတို့ကိုရ ခြင်းအလိုငှာ ယုဒ လူတို့၌ ယုဒ လူကဲ့သို့ ဖြစ် ၏။ ပညတ် တရားကိုကိုယ်တိုင် ဆည်းကပ် သော်လည်း၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့ကို ရ ခြင်းအလိုငှာ ၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့၌ ပညတ် တရားကို ကျင့်သောသူကဲ့သို့ ဖြစ် ၏။ 21 ဘုရားသခင် ရှေ့တော်၌ တရားမဲ့ နေ၊ ခရစ်တော် ၏တရား ကို ကျင့်သောသူဖြစ် သော်လည်း ၊ ပညတ် တရားမဲ့သောသူ တို့ကို ရ ခြင်းအလိုငှာ ပညတ် တရားမဲ့သောသူ တို့၌ ပညတ် တရားမဲ့သော သူကဲ့သို့ ဖြစ်၏။ 22 အားနည်း သော သူတို့၌ အားနည်း သော သူကဲ့သို့ဖြစ် ၏။ အချို့ သော သူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့်ကယ်တင် ခြင်းအလို့ငှာ၊ ခပ်သိမ်း သော သူတို့၌ ခပ်သိမ်း သောအရာဖြစ် ၏။ 23 သင်တို့နှင့်အတူဧဝံဂေလိ တရားကို ဆက်ဆံ ခြင်းအလို့ငှာ ၊တရားကြောင့် ထိုသို့ငါပြု လေ့ရှိ၏။ 24 မြေ တလင်း၌ ပြိုင်၍ ပြေး ကြသောသူ အပေါင်း တို့သည် ပြိုင်၍ ပြေး ကြသော်လည်း ၊ တစ်ယောက်တည်း သာလျှင် ဆု ကိုရ သည်ဟု သင်တို့ မ သိ ကြသလော။ ဆုကို ရ မည်အကြောင်း ပြေး ကြလော့။ 25 ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ ၌ တပ်မက် ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်း ပျက်စီးတတ်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှာ ပြုကြ၏။ ငါ တို့မူကား ညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။ 26 ထိုကြောင့် ငါ ပြေး သောအခါ၊ အမှတ်တမဲ့ ပြေးသည်မ ဟုတ်၊ လက်ပွေ့ သတ်သောအခါအာကာသ ကောင်းကင်ကိုသာ ထိုး ၍ သတ်သည်မ ဟုတ်။ 27 သူတစ်ပါး ကို ဆုံးမ ပြီးမှကိုယ်တိုင် ရှုံး သော သူမ ဖြစ် ရမည်အကြောင်း၊ ကိုယ် ကိုထိုး နှိပ်စက် လေ့ရှိ၏။

10

1 ညီအစ်ကို တို့၊ ငါ တို့ဘိုးဘေး အပေါင်း တို့သည် မိုဃ်းတိမ် အောက် မှာရှိ ၊ ပင်လယ် အလယ် ရှောက်သွား ကြသည်ဟူ၍၎င်း၊ 2 မိုဃ်းတိမ် နှင့် ပင်လယ် ထဲမှာ မောရှေ ဗတ္တိဇံ ကို ခံကြသည် ဟူ၍၎င်း၊ 3 ဓမ္မ အစာ ကိုအတူ စား ကြသည်ဟူ၍၎င်း၊ ဓမ္မ ရေ ကို အတူ သောက် ကြသည်ဟူ၍၎င်း၊ သင် တို့ မ သိမမှတ် ဘဲနေစေခြင်းငှာငါအလို ရှိ၊ 4 ထိုသူတို့နောက် ၌ လိုက်သောဓမ္မ ကျောက် မှ ထွက်သောရေကို သောက် ကြ၏။ ထို ကျောက် ကား ခရစ်တော် ဖြစ် သတည်း။ 5 သို့သော်လည်း ထိုသူ တို့တွင် များစွာ သော သူတို့ကို ဘုရားသခင် သည် အားရ နှစ်သက်တော်မ မူ။ သူတို့သည် တော သေကြေပျက်စီး ခြင်းသို့ ရောက်ကြ၏။ 6 ထိုသူ တို့သည် မကောင်း သောအရာတို့ကို တပ်မက် သကဲ့သို့ ငါ တို့သည် မ တပ်မက် စေခြင်းငှာ ၊ ထို အကြောင်းအရာတို့သည် ငါ တို့အဘို့ ပုံ သက်သေဖြစ် ကြ၏။ 7 လူ တို့သည် စား သောက် လျက် ထိုင် နေကြ၏။ နောက်တစ်ဖန် ကခုန် မြူးထူးခြင်းငှာထ ကြ၏ဟု ကျမ်းစာ လာသည်အတိုင်း8 ထိုသူ အချို့ တို့သည် ရုပ်တု ကိုကိုးကွယ်သကဲ့သို့ ကိုးကွယ် ကြနှင့်။ ထိုသူ အချို့ တို့သည် မတရား သော မေထုန်အမှုကိုပြု၍ တစ် နေ့ ခြင်းတွင် လူနှစ် သောင်း သုံး ထောင် လဲ သေသကဲ့သို့ ပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။ 9 ထိုသူ အချို့ တို့သည် စုံစမ်း နှောင့်ရှက်ခြင်းကို ပြု၍၊ မြွေ ဖြင့် ပျက်စီး သကဲ့သို့ ငါတို့သည်မ ပြု၊ ခရစ်တော် ကို မစုံစမ်း မနှောင့်ရှက်ဘဲနေကြကုန်အံ့။ 10 0ထိုသူ အချို့ တို့သည် မြည်တမ်း ခြင်းကိုပြု၍၊ ဖျက်ဆီး သောသူ ၏ လက်ဖြင့် ပျက်စီး သကဲ့သို့ ဟုတ်၊ မြည်တမ်း ခြင်းကိုမပြုကြနှင့်။ 11 ထိုအကြောင်းအရာရှိသမျှတို့သည် ပုံ သက်သေဖြစ်အံ့သောငှာထိုသူ တို့၌ ရောက် ကြ၏။ ကပ် ကာလ အဆုံး တွင် ဖြစ် သောငါ တို့ကို ဆုံးမ စရာဘို့ ကျမ်းစာ၌ ရေး ထားလျက်ရှိသတည်း။ 12 ထိုကြောင့် အကြင်သူ သည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ် ၏။ ထိုသူသည် မ လဲခြင်းငှာ သတိပြု စေ။ 13 လူ ၌ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကိုသာ သင် တို့သည် ခံရ ကြ၏။ ဘုရားသခင် သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင် တို့ မ ခံနိုင် သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာအခွင့် ပေး တော်မမူ။ သင်တို့သည် ခံ နိုင် မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက် သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။ 14 ထိုကြောင့် ငါ့ ချစ်သူ တို့၊ ရုပ်တု ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင် ကြလော့။ 15 သင် တို့ကို ပညာရှိ သကဲ့သို့ မှတ်၍ ပြော မည်။ ငါ့စကား ကို ဆင်ခြင် ကြလော့။ 16 ငါတို့သည် ကျေးဇူး တော်ကို ချီးမွမ်း ရာ မင်္ဂလာ ခွက်ဖလားမူကား၊ ခရစ်တော် ၏အသွေး ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။ ငါတို့ဖဲ့ သောမုန့် မူကား၊ ခရစ်တော် ၏ ကိုယ် ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။ 17 မုန့် တစ်လုံးတည်း ရှိသည်ဖြစ်၍ ၊ ငါတို့ရှိသမျှ သည် တစ်လုံးတည်း ဖြစ်သောထိုမုန့် ကို ဆက်ဆံလျက် ခံယူ ကြ သောကြောင့် ၊ အများ ဖြစ်သော ငါတို့သည် တစ် လုံးတစ်ကိုယ် တည်းဖြစ် ကြ၏။ 18 ဇာတိ အားဖြင့် ဣသရေလ အမျိုးဖြစ်သော သူ တို့ကို ကြည့်ရှု ကြလော့။ ယဇ်ကောင် ကိုစား သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ သောသူဖြစ် ကြသည် မ ဟုတ်လော။ 19 ထိုသို့ဆိုသော်အဘယ်သို့ ငါဆိုလို သနည်း။ ရုပ်တု ကား မှတ်စရာရှိ သည်၊ ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိ သည်ဟု ဆိုလိုသလော။ 20 ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင် အား ပူဇော် ကြသည်မ ဟုတ်။ နတ်ဆိုး တို့အား ပူဇော် ကြ၏။ သင် တို့သည် နတ်ဆိုး တို့နှင့် ဆက်ဆံ စေခြင်းငှာငါအလို ရှိ21 သခင် ဘုရား၏ ခွက် ဖလား၊ နတ်ဆိုး တို့၏ ခွက် ဖလားနှစ်ပါးကို သင်တို့မ သောက် နိုင် ကြ။ သခင် ဘုရား၏ စားပွဲ ၊ နတ်ဆိုး တို့၏စားပွဲ နှစ်ပါးကို သင်တို့ဝင် ၍ မ စားနိုင် ကြ။ 22 သခင် ဘုရားအမျက် တော်ထွက်စေခြင်းငှာငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍တန်ခိုးကြီး ကြသလော။ 23 ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကိုပြု သင့်သည်မ ဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက် တတ်သည်မ ဟုတ်။ 24 ကိုယ် အကျိုး ကို အဘယ်သူ မျှမရှာ စေနှင့်။ သူ့ အကျိုး ကို လူတိုင်းရှာစေ။ 25 ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့် ၊ ဈေး ရောင်း သမျှ ကို မ စစ်ကြော မမေးမြန်းဘဲ စား ကြလော့။ 26 အကြောင်းမူကား ၊ ထာဝရ ဘုရားသည် မြေကြီး နှင့် မြေကြီး တန်ဆာကို ပိုင် တော်မူ၏။ 27 မယုံကြည် သောသူ သည် သင် တို့ကိုခေါ်ဖိတ် သင် တို့သည် သွား လိုလျှင် ၊ ဩတ္တပ္ပ စိတ်ကို ထောက်ရသောကြောင့် ၊ သင် တို့ရှေ့ ၌ ထည့်သမျှ ကို မ စစ်ကြော မမေးမြန်းဘဲ စား ကြလော့။ 28 သို့သော်လည်း ဤမည်သောအရာသည် ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ် ၏ဟု တစ်စုံတစ်ယောက် သောသူဆို လျှင် ၊ ထိုသို့ဆိုသောသူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပ စိတ်ကို၎င်း၊ ထောက် ၍မ စား ကြနှင့်။ 29 ဩတ္တပ္ပ စိတ်ဟုဆိုသော်ကိုယ် စိတ်ကိုမ ဆိုလို ၊ သူ့စိတ်ကို ဆိုလို၏။ အခြား သောသူ၏စိတ် သည် ငါ ၏အခွင့် ကို အဘယ်ကြောင့် စစ်ကြော စီရင်ရမည်နည်း။ 30 ကျေးဇူး တော်အားဖြင့်ငါ သုံးဆောင်ရလျှင် ၊ ကျေးဇူး တော်ကို ချီးမွမ်း၍ သုံးဆောင် သည်တွင် အဘယ်ကြောင့် ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊ 31 သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။ 32 လူ များတို့သည် ကယ်တင် ခြင်းသို့ ရောက်စိမ့်သောငှာ ၊ ငါသည် ကိုယ် အကျိုး ကိုမ ရှာ ဘဲ သူ့အကျိုးကို ရှာ၍၊ 33 ခပ်သိမ်း သောလူ တို့၏ အလိုသို့အရာရာ၌ လိုက် သည်နည်းတူ ၊ သင်တို့သည်လည်း ယုဒ လူ၊ ဟေလသ လူ၊ ဘုရားသခင် ၏ အသင်းတော် ဝင်သူတို့၌ ထိမိ ၍ လဲစရာ အကြောင်းကို မပြုဘဲ၊

11

1 ငါ သည်ခရစ်တော် ၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့ နည်းတူကျင့် ကြလော့။ 2 ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ ၌ ငါ့ ကို အောက်မေ့ ၊ ငါအပ်ပေး သောနည်းဥပဒေ တို့ကို စွဲလမ်း ကြသည်ဖြစ်၍သင် တို့ကို ငါချီးမွမ်း ၏။ 3 ယောက်ျား ၏ခေါင်း ကား ခရစ်တော် ဖြစ် သည် ကို၎င်း၊ မိန်းမ ၏ခေါင်း ကား ယောက်ျား ဖြစ် သည်ကို၎င်း၊ ခရစ်တော် ၏ခေါင်း ကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင် တို့ သိမှတ် စေခြင်းငှာ ငါအလိုရှိ ၏။ 4 ယောက်ျား မည်သည်ကား ၊ မိမိ ခေါင်း ကို ဖုံး လျက် ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေ ကို ရှုတ်ချ၏။ 5 မိန်းမ မည်သည်ကား ၊ မိမိ ခေါင်း ကို မ ဖုံးဘဲ ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ ၏။ 6 ထိုသို့ပြုလျှင်ဆံပင် ရိတ်သည်နှင့်တူ၏။ မိန်းမ သည် မိမိခေါင်းကို မ ဖုံး လျှင် ဆံပင်ကိုဖြတ် စေ။ ဆံပင်ဖြတ် ခြင်း၊ ဆံပင် ရိတ်ခြင်းအရာသည် ရှက် စရာရှိလျှင် ခေါင်းကိုဖုံး စေ။ 7 ယောက်ျား သည် ဘုရားသခင် ၏ ပုံ သဏ္ဌာန်၊ ဘုန်း အသရေတော်ဖြစ် သောကြောင့် မိမိခေါင်း ကို မ ဖုံး ရ။ မိန်းမ မူကား ယောက်ျား ၏ဘုန်း အသရေဖြစ် ၏။ 8 ယောက်ျား သည် မိန်းမ ကြောင့် ဖြစ် သည် မ ဟုတ်။ မိန်းမ သည် ယောက်ျား ကြောင့် ဖြစ်၏။ 9 ယောက်ျား ကို မိန်းမ ဘို့ ဖန်ဆင်း သည်မ ဟုတ်။ မိန်းမ ကိုယောက်ျား ဘို့ ဖန်ဆင်း၏။ 10 ထိုကြောင့် ၊ ကောင်းကင် တမန်များကို ထောက် ၍၊ မိန်းမ သည် မိမိခေါင်း ကို ဖုံးရ မည်။ 11 သို့သော်လည်း သခင်ဘုရား၌ ယောက်ျား ပါဘဲ မိန်းမ ဖြစ်သည်မ ဟုတ်။ မိန်းမ ပါဘဲ ယောက်ျား ဖြစ်သည် မ ဟုတ်။ 12 မိန်းမ သည် ယောက်ျား ကြောင့် ဖြစ် သကဲ့သို့ ယောက်ျား သည်လည်း မိန်းမ အားဖြင့် ဖြစ် ၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင် ကြောင့် ဖြစ် ကြ၏။ 13 မိန်းမ သည် ခေါင်းကိုမ ဖုံးဘဲလျက် ဘုရားသခင် ကို ဆုတောင်း လျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင် တို့ အလိုအလျောက် ဆင်ခြင်စီရင် ကြလော့။ 14 ယောက်ျား သည် ရှည် သောဆံပင်ရှိလျှင် ၊ ရှက်ဘွယ် သော အကြောင်း ဖြစ် သည်ကို သင် တို့အား ပကတိ တရားပင် ဆုံးမ သွန်သင်သည် မ ဟုတ်လော။ 15 မိန်းမ မူကား ၊ ရှည် သောဆံပင်ရှိလျှင် ၊ သူ ၏ ဘုန်း အသရေ ဖြစ် ၏။ အကြောင်းမူကား ၊ မိန်းမဆံပင် သည် မိမိ ခြုံ စရာဘို့ ဖြစ် ၏။ 16 သို့သော်လည်း တစ်စုံတစ်ယောက် သောသူသည် ငြင်းခုံ လျှင် ၊ ငါ တို့၌၎င်း၊ ဘုရားသခင် ၏ အသင်းတော် ၌ ၎င်း၊ ထိုသို့သော ထုံးစံ ရှိ ၏။ 17 တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မ ဟုတ်။ အကျိုးကို နည်းစေခြင်းငှာစည်းဝေး ကြသည်ဖြစ်၍၊ ငါသည် ပညတ် ထားစဉ်တွင်သင်တို့ကို မ ချီးမွမ်း ရ။ 18 ပဌမ အကြောင်း ဟူမူကား၊ သင် တို့သည် အသင်းတော် စည်းဝေး ကြသောအခါ၊ အချင်းချင်း ကွဲပြား ခြင်းရှိ သည်ကို ငါကြား ရ၏။ 19 ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား ၊ သင် တို့တွင် ကောင်းမွန် သော သူ တို့ကို ထင်ရှား စိမ့်သောငှာ သင်းခွဲ ခြင်းရှိ မည်။ 20 သင် တို့သည် အတူစည်းဝေး ကြသောအခါ၊ သခင် ဘုရား၏ ပွဲ တော်ကို စား အံ့သောငှာစည်းဝေးကြ သည်မ ဟုတ်။ 21 အကြောင်းမူကား ၊ သင်တို့သည် စား ကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိ အစာ ကို အရင် ယူ၍၊ တချို့ကား ဆာမွတ် လျက် ၊ တချို့ ကား စား သောက်ကြူးလျက်ရှိကြ၏။ 22 သင် တို့သည် စား သောက် ရာဘို့ ကိုယ်အိမ် ရှိ သလော။ သို့မဟုတ် လျှင်၊ ဘုရားသခင် ၏ အသင်းတော် ကို မထီမဲ့မြင် ပြု၍ ၊ ဆင်းရဲ သောသူ တို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆို ရမည်နည်း။ ဤ အမှုမှာ သင် တို့ကို ချီးမွမ်း ရမည်လော။ မ ချီးမွမ်း ရ။ 23 အကြောင်းမူကား ၊ သင် တို့၌ ငါအပ်ပေး သော အရာကို သခင် ဘုရားထံ၌ ငါ ခံရ ပြီ။ ခံရသောအရာဟူမူကား၊ သခင် ယေရှု သည် ရန်သူလက်သို့ အပ်နှံ ခြင်းကို ခံသော နေ့ည မှာ မုန့် ကို ယူ 24 ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၊ ဤ မုန့်ကား၊ သင်တို့အဘို့ အလိုငှာ ချိုးဖဲ့သော ငါ ၏ကိုယ် ဖြစ် ၏။ ယူ၍စားကြလော့။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြ လော့ဟု မိန့် တော်မူ၏။ 25 ထိုနည်းတူ ၊ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား ငါ ၏အသွေး တည်သောပဋိညာဉ် တရား သစ် ဖြစ် ၏။ ဤခွက်ကို သောက် သောအခါ ၊ ငါ့ ကို အောက်မေ့ ဘို့ရာ သောက် ကြလော့ဟု မိန့် တော်မူ၏။ 26 အကြောင်းမူကား ၊ သင်တို့သည် ထို မုန့် ကိုစား ထို ခွက် ကို သောက် သောအခါ ခါ ၊ သခင် ဘုရားအသေခံ တော်မူခြင်းကို ကြွလာ တော် မ မူမှီတိုင်အောင်ပြ ကြ၏။ 27 ထိုကြောင့် သခင် ဘုရား၏ မုန့် နှင့် ခွက် ကို မ ထိုက်မတန်ဘဲ စား သောက် သောသူ မည်သည်ကား၊ သခင် ဘုရား၏ ကိုယ် တော်နှင့် အသွေး တော်ကို ပြစ်မှား ရာရောက် ၏။ 28 သို့ဖြစ်၍ လူ တိုင်းကိုယ်ကိုကိုယ် စစ်ကြော ပြီးမှမုန့် ကိုစား စေ။ ထိုနည်းတူ ခွက် ကိုလည်း သောက် စေ။ 29 အကြောင်းမူကား ၊ မထိုက်မတန်ဘဲ စား သောက် သောသူ သည် သခင်ဘုရား၏ ကိုယ် တော်ကို ပိုင်းခြား ၍ မ သိသောကြောင့်၊ မိမိ အပေါ်သို့အပြစ် ရောက်စေခြင်းငှာစား သောက် သောသူဖြစ်၏။ 30 ထို အကြောင်း ကြောင့်၊ သင်တို့တွင် အားနည်း သောသူ၊ မကျန်းမမာ သော သူအများ ရှိကြ၏။ သေ သော သူ အများလည်း ရှိကြ၏။ 31 ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြော စီရင်လျှင် ၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ 32 စစ်ကြော စီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့နှင့်အတူ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမ တော်မူခြင်းကို ခံရကြ၏။ 33 ထိုကြောင့် ငါ့ ညီအစ်ကို တို့၊ သင်တို့သည် စား အံ့သောငှာစည်းဝေး သောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက်ငံ့လင့် ကြလော့။ 34 တစ်စုံတစ်ယောက် သောသူသည် ဆာမွတ် လျှင် ၊ သင်တို့သည် အပြစ် ခံလျက် မ စည်းဝေး စေခြင်းငှာ ထိုသူ သည် မိမိအိမ် စား စေ။ ကြွင်း သော အမှုများကို ငါ လာသောအခါ စီရင် မည်။

12

1 ညီအစ်ကို တို့၊ သင် တို့သည် ဝိညာဉ် ဆုကျေးဇူးအကြောင်း များကို မသိဘဲနေစေခြင်းငှာငါအလို ရှိ။ 2 သင် တို့သည် အထက် ကသာသနာပ လူဖြစ်၍ ၊ သူတစ်ပါး သွေးဆောင် သဖြင့်၊ စကား မပြောနိုင်သော ရုပ်တု ရှိရာ သို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိ ကြ၏။ 3 ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ဟောပြော ၍ အဘယ်သူ မျှယေရှု ကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှု သည် သခင် ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်း သောဝိညာဉ် တော်ကို အမှီမ ပြု လျှင် ၊ အဘယ်သူ မျှမပြော နိုင် သည်ကို၎င်း၊ သင် တို့သည် သိ နားလည်စေခြင်းငှာ ငါသတိပေး၏။ 4 ဆု ကျေးဇူးတော်အထူးထူး အထွေထွေ ရှိငြားသော်လည်းဝိညာဉ် တော်တစ်ပါးတည်း ရှိ ၏။ 5 ဓမ္မဆရာ အမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း သခင် တစ်ပါးတည်း ရှိ၏။ 6 ပြုပြင် ခြင်းအမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း ၊ ခပ်သိမ်း သော သူတို့၌ ပြုပြင်သမျှ ကို ပြုပြင် တော်မူသော ဘုရားသခင် တစ်ပါးတည်း ရှိ၏။ 7 ကောင်းသောအကျိုး အလိုငှာ သာ ဝိညာဉ် တော်ကို လူ အသီးအသီးတို့အား ထင်ရှား စွာ ပေး တော်မူလျက် ရှိ၏။ 8 အဘယ်သို့ နည်းဟူမူကား၊ ဝိညာဉ် တော်အားဖြင့် တစ်ယောက်သောသူ အား ပညာ တရား ကို ပေး တော်မူ၏။ ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအား ထိုးထွင်း ခြင်းတရား ကို ပေးတော်မူ၏။ 9 ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအားယုံကြည် ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ် တော် အားဖြင့် တစ်ယောက် သောသူအား အနာ ရောဂါကို ငြိမ်းစေနိုင်သောအခွင့် ကို ပေးတော်မူ၏။ 10 တစ်ယောက် သောသူအား၊ တန်ခိုး ကိုပြနိုင်သော အခွင့် ကို၎င်း ၊ တစ်ယောက် သောသူအား ပရောဖက် ပြုနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား စိတ် ဝိညာဉ် တို့ကို ပိုင်းခြား ၍သိနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား အမျိုးမျိုး သော ဘာသာ စကားကို ပြောနိုင်သော အခွင့်ကို၎င်း တစ်ယောက် သောသူအား ထိုဘာသာ စကား၏အနက် ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။ 11 အခွင့်ရှိသမျှ တို့ကို တစ်ပါးတည်း သော ဝိညာဉ် တော်သည် ပြုပြင် လူ အသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိ သည်အတိုင်း ဝေငှ ၍ ပေးတော်မူ၏။ 12 ဥပမာ ကား၊ ကိုယ် တစ်ခု တည်း၌ အင်္ဂါ အများ ရှိ သည်ဖြစ် ထို တစ်ခုတည်းသောကိုယ် အင်္ဂါ အပေါင်း တို့သည် များ လျက်နှင့် ကိုယ် တစ်ခု တည်းဖြစ် သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။ 13 အကြောင်းမူကား ၊ ယုဒ လူဖြစ်စေ ၊ ဟေလသ လူဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ ငါ တို့ရှိသမျှ သည် ဝိညာဉ် တော်တစ်ပါးတည်း အားဖြင့် တစ် ကိုယ် တည်းထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှ သည် တစ် စိတ် တစ်ဝိညာဉ် တည်းထဲသို့လည်း သောက် ကြ၏။ 14 ကိုယ် သည် အင်္ဂါ တစ်ခု တည်းရှိ သည်မ ဟုတ်၊ အများ ရှိသည်ဖြစ်၍၊ 15 ခြေ က၊ ငါသည်လက် ဟုတ် သောကြောင့် ကိုယ် နှင့် စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ဆိုသောကြောင့် မ စပ်ဆိုင် သည် မှန်သလော။ 16 နား ကလည်း ၊ ငါ သည် မျက်စိ ဟုတ်သောကြောင့် ကိုယ် နှင့် စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ ဆိုသောကြောင့်မ စပ်ဆိုင် သည် မှန်သလော။ 17 တစ်ကိုယ်လုံးသည် မျက်စိ ဖြစ်လျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နား ဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။ 18 ယခု မူကား ၊ ဘုရားသခင် သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါ များအသီးသီး တို့ကို ကိုယ် စီရင် ခန့်ထား တော်မူ၏။ 19 ထိုမှတစ်ပါး၊ အင်္ဂါအပေါင်း တို့သည် အင်္ဂါ တစ်ခု တည်းဖြစ် လျှင် ကိုယ် သည်အဘယ်မှာ ရှိလိမ့်မည်နည်း။ 20 ယခု တွင်အင်္ဂါ အများ ရှိ လျက် နှင့် ကိုယ် တစ်ခု တည်းရှိ၏။ 21 မျက်စိ က ၊ သင့် ကိုငါ အလို ရှိဟု လက် ကို မ ဆို ရ။ ထိုနည်းတူ၊ ဦးခေါင်း က၊ သင် တို့ကိုငါ အလို ရှိဟု ခြေ တို့ကို မဆိုရ။ ထိုမျှမကအားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။ 22 အသရေ နည်း ဟန် ရှိသော အင်္ဂါ တို့အား လည်း၊ သာ၍ကြီး သော အသရေကို ပေးတတ်၏။ 23 တင့်တယ် ခြင်းမရှိသောအင်္ဂါ တို့သည် သာ၍ ကြီးသော တင့်တယ် ခြင်းကို ခံရ ကြ၏။ 24 တင့်တယ် လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မ လို ကြ။ 25 ကိုယ်ခန္ဓာ အချင်းချင်းကွဲပြား ခြင်းမ ရှိ ဘဲ၊ အင်္ဂါ များတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှသတိပြု စေခြင်းငှာ၊ ဘုရားသခင် သည် ကိုယ်ခန္ဓာ ကိုမျှ စေ၍ ၊ ယုတ် သောအင်္ဂါအား သာ၍ များသော အသရေ ကို ပေး တော်မူ၏။ 26 သို့ဖြစ်၍ ၊ အင်္ဂါ တစ်ခု တည်းဆင်းရဲခြင်း ကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူခံရ ကြ၏။ အင်္ဂါ တစ်ခု သည်ချီးမြှောက် ခြင်းကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူ ဝမ်းမြောက်ရကြ၏။ 27 သင် တို့သည် ခရစ်တော် ၏ ကိုယ် ဖြစ် ကြ၏။ အသီးအသီး အင်္ဂါ တော်ဖြစ်ကြ၏။ 28 ဘုရားသခင် သည်ပဌမ အရာ၌ တမန်တော် တို့ကို၎င်း၊ ဒုတိယ အရာ၌ ပရောဖက် တို့ကို၎င်း၊ တတိယ အရာ၌ ဆရာ တို့ကို၎င်း၊ ထိုနောက် တန်ခိုး ပြသော သူတို့ကို၎င်း၊ ထိုနောက် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိသောသူတို့ကို၎င်း၊ သင်းထောက် တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုး သော ဘာသာ စကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော် ခန့်ထား တော်မူ၏။ 29 သင်းဝင်သူရှိသမျှ တို့သည် တမန်တော် ဖြစ်ကြ သလော။ ရှိသမျှ တို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဘုန်းတန်ခိုး ကို ပြနိုင်ကြသလော။ 30 ရှိသမျှ တို့သည် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိ ကြသလော။ ရှိသမျှ တို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော နိုင်ကြသလော။ ရှိသမျှ တို့သည် ထို ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်ကြသလော။ 31 သင်တို့သည် အမြတ်ဆုံး သော ဆု ကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင် ၊ သာ၍မြတ်သော လမ်း ကိုငါပြ ဦးမည်။

13

1 ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။ 2 ပရောဖက် ဉာဏ်ကို ငါရ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။ 3 သူတစ်ပါးကို ငါ ကျွေးမွေး၍ ဥစ္စာ ရှိသမျှ ကို စွန့်ကြဲ သည်သာမက ၊ ကိုယ်ခန္ဓာ ကို မီးရှို့စေခြင်းငှာ အပ် သော်လည်း ၊ မေတ္တာ ရှိ လျှင် ၊ ငါ ၌အကျိုးမ ရှိ။ 4 မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။ 5 လျောက်ပတ် စွာမကျင့်တတ်၊ ကိုယ် အကျိုး ကို မ ရှာ တတ်၊ ဒေါသ အမျက်မ ထွက်တတ်၊ အပြစ် ရှိသည်ဟု မ ထင် တတ်၊ 6 မတရား သော အမှု၌ ဝမ်းမြောက် ခြင်းမ ရှိတတ်၊ သမ္မာတရား ၌ ဝမ်းမြောက် တတ်၏။ 7 ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။ 8 မေတ္တာ သည် ဖောက်ပြန် ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။ ပရောဖက် ဉာဏ်သော်၎င်း၊ အမျိုးမျိုး သော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံ အတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်။ 9 ယခုမူကား ၊ ငါတို့သည် မစုံမလင်သိ တတ်ကြ၏။ ပရောဖက် ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ 10 စုံလင် ခြင်းသို့ ရောက် သောအခါ မူကား ၊ မ စုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။ 11 ငါသည် သူငယ် ဖြစ် စဉ်အခါ ၊ သူငယ် လို စကား ပြော၏။ သူငယ် လို စိတ်ထင် ၏။ သူငယ် လို ကြံစည် ၏။ အသက်ကြီးသောအခါ မူကား၊ သူငယ် အရာများကို ငါပယ်ရှား ၏။ 12 ယခု တွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက် သာ နေကြ၏။ ထိုအခါ မူကား ၊ မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခု တွင် ငါအသိ အမြင်မ စုံလင်ဖြစ်၏။ ထိုအခါ မူကား ၊ သူတစ်ပါးသည် ငါ့ကို သိ သကဲ့သို့ ငါသိ ရလိမ့်မည်။ 13 ယခု တွင်ယုံကြည် ခြင်း၊ မြော်လင့် ခြင်း၊ ချစ် ခြင်း၊ ဤ သုံး ပါးတည်လျက် ရှိ၏။ ဤ သုံးပါးတို့တွင် ချစ် ခြင်း၊ မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။

14

1 ချစ် ခြင်းမေတ္တာကို မှီအောင်လိုက် ကြလော့။ ဝိညာဉ် ဆုကျေးဇူးတို့ကို အလွန်အလိုရှိ သည်တွင်၊ ပရောဖက် ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ်ရှိ ကြလော့။ 2 အကြောင်းမူကား ၊ အခြား သောဘာသာစကားအားဖြင့်ပြော သောသူ သည် လူ တို့အားမ ပြော ၊ ဘုရားသခင် အားပြော၏။ သူ၏စကားကို အဘယ်သူ မျှနား မလည်။ နက်နဲ သောအရာတို့ကို ဝိညာဉ် တော်အားဖြင့်ပြော ၏။ 3 ပရောဖက် ပြုသောသူ မူကား ၊ တည်ဆောက် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ သက်သာ ခြင်းအလိုငှာ လူ တို့အားဟောပြော ၏။ 4 အခြား သော ဘာသာစကားအားဖြင့်ပြော သောသူ သည် ကိုယ် ကိုသာ တည်ဆောက် ၏။ ပရောဖက် ပြုသောသူ မူကား ၊ အသင်းတော် ကို တည်ဆောက် ၏။ 5 သင် တို့ရှိသမျှ သည် အခြား သော ဘာသာစကားဖြင့် ပြော စေခြင်းငှာငါအလိုရှိ ၏။ ပရောဖက် ပြုစေခြင်းငှာ သာ၍ အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာ စကားဖြင့် ပြော သောသူ သည်၊ အသင်းတော် ကို တည်ဆောက် ခြင်းငှာ အနက် ကို မ ဖော်မပြလျှင် ၊ သူ့ထက် ပရောဖက် ပြုသောသူ သည်သာ၍ မြတ်သတည်း။ 6 ညီအစ်ကို တို့၊ ငါ သည် သင် တို့ရှိရာ သို့လာ၍ အခြား သော ဘာသာစကားဖြင့် ဟောပြော သော်လည်း ၊ ဗျာဒိတ် တော်ကိုပြန်ခြင်း၊ ပညာ အတတ်ကိုသင်ခြင်း၊ ပရောဖက် ပြုခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းတစ်ခုခုကိုမ ပြုဘဲ လျက် ၊ သင်တို့အားပြော လျှင် အဘယ်အကျိုး ရှိအံ့နည်း။ 7 ထိုနည်းတူ၊ အသံမြည် တတ် သော အဝိညာဏက စောင်း၊ ပုလွေ တို့သည် သေချာ သောအသံ နှင့် မြည် လျှင် ၊ စောင်း သံ၊ ပုလွေ သံတို့ကို အဘယ်သို့ သိ နိုင်မည်နည်း။ 8 တံပိုး ခရာသည်လည်း ၊ မမှန် သောအသံ နှင့် မြည် လျှင် ၊ အဘယ်သူ သည်စစ်တိုက် ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင် မည်နည်း။ 9 ထိုနည်းတူ ၊ သင် တို့သည် နားလည် လွယ်သော စကား ကို နှုတ် ဖြင့် မြွက် လျှင် ၊ မြွက် သောစကားကို အဘယ်သို့ သိ နိုင်မည်နည်း။ အာကာသ ကောင်းကင်ကို ပြော သောသူကဲ့သို့ဖြစ်လိမ့်မည်။ 10 လူ ပြည်၌ ဘာသာ စကားမျိုး တို့သည် ဤမျှလောက် များ၍၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့။ 11 ဘာသာ စကား၏ အနက် ကို ငါနား လည်လျှင် ၊ ပြော သော သူ အားငါသည် လူရိုင်း ဖြစ်လိမ့်မည် ။ ပြော သောသူ သည်လည်း ၊ ငါ့ အား လူရိုင်း ဖြစ်လိမ့်မည်။ 12 သို့ဖြစ်၍ သင်တို့သည် ဝိညာဉ် ဆုကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင်၊ အသင်းတော် ကို တည်ဆောက် ခြင်းငှာ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ကြိုးစား ကြလော့။ 13 ထိုကြောင့် အခြား သော ဘာသာစကားကို ပြန်ပြော သော သူ သည်၊ အနက် ကိုလည်း ဖော်ပြနိုင်မည် အကြောင်း ဆုတောင်း စေ။ 14 အဘယ်ကြောင့် နည်းဟူမူကား၊ အခြား သော ဘာသာစကားဖြင့် ငါဆုတောင်း လျှင် ၊ ငါ့ စိတ် နှလုံးဆုတောင်း သော်လည်း ၊ ငါ့ ဉာဏ် သည် အကျိုး ကိုမပေး။ 15 သို့ဖြစ်လျှင် ၊ အဘယ်သို့ ပြု ရမည်နည်း။ စိတ် နှလုံးနှင့် ၎င်း၊ ဉာဏ် နှင့် ၎င်း၊ ဆုတောင်း ရမည်။ စိတ် နှလုံးနှင့် ၎င်း၊ ဉာဏ် နှင့် ၎င်း သီချင်း ဆိုရမည်။ 16 သို့မဟုတ် သင်သည် စိတ် နှလုံးနှင့် ကျေးဇူး တော်ကို ချီးမွမ်းသောအခါ ၊ မတတ် သော လူစုအဝင်ဖြစ်သော သူ သည် သင်၏စကား ကို နား လည်သောကြောင့် ၊ ကျေးဇူး တော်ကို ချီးမွမ်းခြင်းသို့လိုက်၍ ၊ အာမင် ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။ 17 သင် သည် ကျေးဇူး တော်ကို ကောင်းမွန် စွာ ချီးမွမ်းသည် မှန် စေတော့။ အခြား သောသူမူကား ၊ တည်ဆောက် ခြင်းအကျိုးမ ရှိ။ 18 ငါသည် သင်တို့ရှိသမျှ ထက် ၊ အခြား သော ဘာသာစကားဖြင့် ဟောပြော သောအရာကို ထောက်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၏။ 19 သို့သော်လည်း ၊ အသင်းတော် အခြား သော ဘာသာစကားဖြင့် စကား တစ်သောင်း ကို ပြောနိုင်သည် ထက်၊ သူတစ်ပါးတို့ ကို သွန်သင် ခြင်းငှာ စကားငါး ခွန်း ကို ဉာဏ် နှင့်တကွပြော နိုင်သော အခွင့်ကို သာ၍ အလိုရှိ ၏။ 20 ညီအစ်ကို တို့၊ သင်တို့သည် ဉာဏ် အရာ၌ သူငယ် ဖြစ် ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။ 21 ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အခြား တစ်ပါးသောလျှာ၊ အခြား တစ်ပါးသောနှုတ် နှင့် လူမျိုး ကို ငါပြော မည်။ သို့သော်လည်းသူ တို့သည် နားမ ထောင်ကြဟု ထာဝရ ဘုရားမိန့် တော်မူ၏။ 22 သို့ဖြစ်၍ အခြား သော ဘာသာစကားတို့သည် ယုံကြည် သော သူ တို့အား နိမိတ် လက္ခဏာဖြစ် သည် မ ဟုတ်။ မယုံကြည် သောသူ တို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက် ပြုခြင်းအမှုမူကား ၊ မယုံကြည် သော သူ တို့အဘို့မ ဟုတ်၊ ယုံကြည် သော သူ တို့အဘို့ ဖြစ်သတည်း။ 23 ထိုကြောင့် သင်းဝင်သူ အပေါင်း တို့သည် စည်းဝေး အခြား သော ဘာသာဖြင့် ဟောပြော လျက် နေကြစဉ်တွင် မယုံကြည် သောသူ၊ မတတ် သောသူသည် ဝင်လာ လျှင် ၊ သင်တို့ကို သူရူး ဖြစ်ကြသည်ဟု ပြော မည် မ ဟုတ်လော။ 24 သို့မဟုတ် သင်းဝင်သူအပေါင်း တို့သည် ပရောဖက် ပြု၍ နေကြစဉ်တွင်၊ မယုံကြည် သောသူ ၊ မတတ် သောသူသည် ဝင်လာ လျှင် ၊ သင်းဝင်သူအပေါင်း တို့သည် သူ၏အပြစ်ကို ဖော်ပြ ၍ သူ့ကို စစ်ကြော စီရင် ကြ၏။ 25 ထိုသို့ သူ ၏ စိတ် နှလုံး၌ ထင်ရှားသောအရာတို့သည် ထင်ရှား ပြန် ၍ သူသည် ပြပ်ဝပ် လျက် ၊ ဘုရားသခင် ကို ကိုးကွယ်လိမ့်မည် ။ ဘုရားသခင် သည် သင် တို့တွင် အမှန် ရှိ တော်မူသည်ဟု သက်သေခံ လိမ့်မည်။ 26 ညီအစ်ကို တို့၊ အဘယ်သို့ နည်း။ သင်တို့စည်းဝေး ကြသောအခါ ၊ ဆာလံ သီချင်းကို ရ သောသူ၊ ဆုံးမ ဩဝါဒစကားကို ရ သောသူ၊ အခြား သောဘာသာစကားကို ရ သောသူ၊ ဗျာဒိတ် တော်ကိုရ သောသူ၊ အနက် ဖော်ပြရာ ကိုရ သောသူ၊ အသီးအသီး ရှိကြသည်ဖြစ်၍၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက် ခြင်းအလိုငှာ စီရင် ကြ လော့။ 27 အခြား သော ဘာသာစကားဖြင့် ဟောပြော သော သူ ရှိလျှင် ၊ နှစ် ယောက်ဖြစ်စေ၊ အများဆုံး ဆိုသော် သုံး ယောက်ဖြစ်စေ၊ တစ်ယောက်နောက်တစ်ယောက်ပြော၍ တစ်ယောက်သောသူ သည် အနက် ကိုဖေါ်ပြစေ။ 28 စကားပြန် ရှိ လျှင် ၊ ဟောပြောသောသူသည် အသင်းတော် တိတ်ဆိတ် စွာနေ၍ မိမိ အား၎င်း ၊ ဘုရားသခင် အား၎င်း ပြော စေ။ 29 ပရောဖက် နှစ် ယောက်ဖြစ်စေ၊ သုံး ယောက် ဖြစ်စေ၊ ဟောပြော ၍ အခြား သော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။ 30 ထိုင် လျက် နေသောသူ အား တစ်စုံတစ်ခုကို ဖွင့်ပြ တော်မူလျှင် ၊ အရင် ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ။ 31 အကြောင်းမူကား ၊ ရှိသမျှ တို့သည် သင် ခြင်းငှာ ၎င်း၊ ရှိသမျှ တို့သည် သက်သာ ခြင်းငှာ၎င်း၊ သင်တို့ အသီးအသီး တစ်ယောက် နောက် တစ်ယောက်ပရောဖက် ပြုရသော အခွင့် ရှိကြ၏။ 32 ပရောဖက် တို့သည်လည်း ၊ မိမိ တို့စိတ် ဝိညာဉ်ကို ချုပ်တည်း နိုင်ကြ၏။ 33 ဘုရားသခင် သည် ရုန်းရင်းခတ် သောအမှုကို ပြုစုတော်မ မူ။ သန့်ရှင်း သူတို့၏ အသင်းတော် အပေါင်း တို့၌ ဖြစ်သကဲ့သို့ အသင့်အတင့်ငြိမ်ဝပ် ခြင်းကို ပြုစု တော်မူ၏။ 34 သင်တို့၏ မိန်းမ တို့သည် အသင်းတော် တိတ်ဆိတ် စွာ နေကြစေ။ သူ တို့သည် ဟောပြော ရသော အခွင့် ရှိကြ။ ပညတ် တရားစီရင် သည်အတိုင်း သူ တို့ သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ 35 မိန်းမ တို့သည် တစ်စုံတစ်ခု ကိုသင် လိုလျှင် ၊ အိမ် မိမိ ခင်ပွန်း တို့ကို မေးမြန်း ကြစေ။ မိန်းမ သည်အသင်းတော် ဟောပြော လျှင် ရှက်ဘွယ် သော အကြောင်း ဖြစ် ၏။ 36 ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် သင် တို့မှ ထွက် သလော။ သို့မဟုတ် သင် တို့သို့ သာ ရောက် သလော။ 37 ငါသည်သင် တို့အား ရေး ၍ပေးလိုက်သော စကား တို့သည် သခင် ဘုရား၏ ပညတ် တော်ဖြစ် ကြောင်း ကို၊ ပရောဖက် ဖြစ် သောသူ ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသူမည်သည်ကားဝန်ခံ ပါစေ။ တစ်စုံတစ်ယောက် သော သူသည် မ သိလျှင် မသိဘဲနေစေ။ 38 အချုပ်အခြာဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့သည် ပရောဖက် ပြုခြင်းငှာအလွန်အလိုရှိ ကြလော့။ 39 အခြား သော ဘာသာစကားဖြင့် ဟောပြော ခြင်း အမှုတို့ကိုလည်း မြစ်တား ကြနှင့်။ 40 ခပ်သိမ်း သောအမှုကို တင့်တယ် လျောက်ပတ်စွာ အစဉ် အတိုင်း စီရင် ကြ လော့။

15

1 ညီအစ်ကို တို့၊ ငါသည်သင် တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ ၍ မှီဝဲ ဆည်းကပ်သော ဧဝံဂေလိ တရားကို သင် တို့အား တစ်ဖန် ငါကြား လိုက်၏။ 2 အထက်ကငါဟောပြော သည် အကြောင်း များကို သင် တို့သည် အကျိုးမဲ့ ယုံဘဲစိတ်စွဲလမ်း လျှင် ၊ ထို ဧဝံဂေလိတရားအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ 3 ငါသည် ကိုယ်တိုင်ခံယူ သည်အတိုင်း ၊ သင် တို့အား ရှေးဦးစွာ အပ်ပေး သောအကြောင်း အရာဟူမူကား ၊ ခရစ်တော် သည် ကျမ်းစာ လာသည်အတိုင်း ငါ တို့အပြစ် ကြောင့် အသေခံ တော်မူ၏။ 4 သင်္ဂြိုဟ် ပြီးမှ ၊ ကျမ်းစာ လာသည်အတိုင်း သုံး ရက်မြောက်သောနေ့ ထမြောက် တော်မူ၏။ 5 ကေဖ သည်ကိုယ်တော်ကို မြင် ပြီးမှ ၊ တစ်ကျိပ် နှစ်ပါးသော သူ တို့သည် မြင်ရကြ၏။ 6 ထိုနောက် ညီအစ်ကို ငါးရာ မက ၊ တပြိုင်နက် မြင် ရကြ၏။ ထိုသူ တို့တွင် အများ သောသူတို့သည် ယခု တိုင်အောင် အသက် ရှင်ကြသေး၏။ အချို့ တို့သည် အိပ်ပျော် ကြပြီ။ 7 ထိုနောက် ယာကုပ် မြင် ရ၏။ ထိုနောက် တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။ 8 နောက်ဆုံး အချိန် မတော်မတန်ဘွားသော သူ ကဲ့သို့ ဖြစ်သော ငါ ပင်မြင် ရ၏။ 9 ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော် ကို ညှဉ်းဆဲ သောကြောင့် ၊ အညံ့ဆုံး သော တမန်တော် ဖြစ် ၏။ တမန်တော် ဟု ခေါ်ဝေါ် ခြင်းကို မ ခံထိုက်10 သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။ 11 ထိုကြောင့် ၊ ငါ ဖြစ်စေ၊ သူ တို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြော ကြ၏။ ဤသို့ လည်း သင်တို့သည် ယုံကြည် ကြ၏။ 12 ယခုမှာ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူကြောင်း ကို ဟောပြော ရသည်ဖြစ်၍ ၊ သေ သော သူတို့သည် ထမြောက် ခြင်းမ ရှိ ဟု သင် တို့တွင် အချို့ သောသူတို့သည် အဘယ်ကြောင့် ဆို ရကြသနည်း။ 13 သေ သောသူတို့သည် ထမြောက် ခြင်းမ ရှိ လျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။ 14 ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ ငါ တို့ ဟောပြော ခြင်း၌ အကျိုး မရှိ သင် တို့ယုံကြည် ခြင်း၌ လည်း အကျိုး မရှိ။ 15 ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန် သော သက်သေခံဖြစ် ကြ၏။ 16 အကြောင်းမူကား ၊ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ဘုရားသခင် သည် ခရစ်တော် ကို ထမြောက် စေတော်မ မူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟုငါတို့သည် ဘုရားသခင် ၏အကြောင်း ကို သက်သေခံ ကြ၏။ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။ 17 ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ သင် တို့သည် ယုံကြည် သော်လည်းအကျိုး မရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိ ကြသေး ၏။ 18 ထိုမှတစ်ပါး ၊ ခရစ်တော် ကို ယုံကြည်၍ အိပ်ပျော် သောသူ တို့သည် ဆုံးရှုံး ခြင်းသို့ရောက်ကြပြီ။ 19 ငါတို့သည် ခရစ်တော် ကို အမှီပြု ၍ ယခု ဘဝ သာ မြော်လင့် စရာရှိ လျှင် ၊ အခြားသော သူ အပေါင်း တို့ထက်သာ၍ဆင်းရဲ သောသူ ဖြစ် ကြ၏။ 20 ယခု မူကား ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူ၍၊ အိပ်ပျော် သောသူ တို့တွင် အဦး သီး သော အသီးဖြစ်တော်မူပြီ။ 21 သို့ဖြစ်၍ လူ အားဖြင့် သေ ခြင်းတရားသည် တည်သကဲ့သို့ ၊ သေ သောသူတို့၏ ထမြောက် ခြင်းတရား သည် လူ အားဖြင့် တည်လျက်ရှိ၏။ 22 လူအပေါင်း တို့သည် အာဒံ အားဖြင့် သေ ခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်း တို့သည် ခရစ်တော် အားဖြင့် အသက် ရှင်ခြင်းသို့ ရောက်ရကြလတံ့။ 23 သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ 24 ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာ တန်ခိုး အမျိုးမျိုး ကို ပယ်ရှင်း ၊ မိမိနိုင်ငံ ကို ဘုရားသခင် တည်းဟူသောခမည်းတော် အပ် ပြန်တော်မူပြီးမှ ကမ္ဘာကုန် ရလတံ့။ 25 ခရစ်တော် သည် ရန်သူ အပေါင်း တို့ကို ခြေဖဝါး တော်အောက် ၌ ချထား တော်မ မူမှီတိုင်အောင်အုပ်စိုး တော်မူရ မည်။ 26 နောက်ဆုံး သော ရန်သူ တည်းဟူသောသေမင်း သည် ဆုံးရှုံး ခြင်းသို့ ရောက်ရလတံ့။ 27 ခပ်သိမ်း သောအရာတို့ကို လူ သား၏ ခြေ အောက် ၌ ချထား တော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိကြောင်း ကို ဆို သော် ၊ ခပ်သိမ်း သောအရာတို့ကို လူ သားအောက်၌ ချထား တော်မူသောသူ သည်ကြွင်း တော်မူကြောင်း ထင်ရှား သတည်း။ 28 ခပ်သိမ်း သော အရာတို့သည် လူသားအောက်၌ ချထား လျက် ရှိသောအခါ ၊ ခပ်သိမ်း သောအရာတို့ကို သူ့ အောက်၌ ချထား တော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သား တော်သည် ကိုယ်တိုင် ဝန်ခံ လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် အလုံးစုံ ဖြစ် တော်မူမည်အကြောင်းတည်း။ 29 သေ လွန်သောသူတို့သည် ထမြောက် ခြင်း အလျှင်း ရှိလျှင် ၊ သေ လွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံ ကိုခံသော သူ တို့သည် အဘယ်သို့ ပြု ရမည်နည်း။ သေလွန်သော သူ တို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။ 30 ငါ တို့သည်လည်း ဘေးရောက် အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။ 31 ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။ 32 သေ လွန်သောသူတို့သည် ထမြောက် ခြင်း မ ရှိလျှင် ၊ ဧဖက် မြို့၌ လောကီ ဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲ တို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုး ရှိသနည်း။ စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရကြမည်။ 33 အလွဲ ယူကြနှင့်။ မကောင်း သော သူတို့နှင့် ပေါင်းဖော် ခြင်းအားဖြင့်ကောင်း သော အကျင့် ဓလေ့ ယိုယွင်း တတ်၏။ 34 တရား သဖြင့် နိုး ကြလော့။ ဒုစရိုက် ကိုမ ပြုကြနှင့်။ အချို့ သော သူတို့သည် ဘုရားသခင် ကို မ သိကြ။ ထိုသို့ဆိုသော်၊ သင် တို့ကို ရှက်ကြောက် စေခြင်းငှာ ငါဆို ၏။ 35 သေ လွန်သောသူတို့သည် အဘယ်သို့ ထမြောက် ကြမည်နည်း။ အဘယ်သို့ သော ကိုယ် နှင့် ပေါ်လာ ကြမည်နည်းဟု တစ်စုံတစ်ယောက် သောသူ မေး လိမ့်မည်။ 36 အချင်းလူမိုက် ၊ သင် စိုက် သောမျိုးစေ့မ ပျက် လျှင် ရှင် တတ်။ 37 ထိုမှတပါး မျိုးစေ့ကို စိုက် သောအခါ၊ နောက် ဖြစ် လတံ့သော ကိုယ် ကိုမ စိုက်၊ ဂျုံ စပါးဖြစ်စေ၊ အခြား သောစပါး ဖြစ်စေ၊ အစေ့ သက်သက်ကို စိုက် တတ်၏။ 38 ဘုရားသခင် သည် အလို တော်ရှိသည်အတိုင်း ကိုယ် ကို ပေး တော်မူ၏။ မျိုးစေ့ အသီးအသီး တို့အား လည်း ၊ မိမိ တို့မျိုးအတိုင်း ကိုယ် ကိုပေးတော်မူ၏။ 39 အသား ရှိသမျှ တို့သည် တမျိုး တည်းမ ဟုတ်။ လူ သား တမျိုး ၊ အမဲသား တမျိုး ၊ ငါး သားတမျိုး ၊ ငှက် သား တမျိုး ၊ အသီးအသီးရှိကြ၏။ 40 ကောင်းကင် အကောင် အထည်လည်း ရှိ၏။ မြေကြီး အကောင် အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ် အသရေလည်း တမျိုး ၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး ဖြစ်၏။ 41 နေ ၏ဂုဏ် အသရေတမျိုး ၊ လ ၏ဂုဏ် အသရေတမျိုး ၊ ကြယ် တို့၏ ဂုဏ် အသရေတမျိုး အသီးအသီးရှိကြ၏။ ကြယ် တို့၏ ဂုဏ် အသရေသည်လည်း အသီးသီး အခြားခြားဖြစ်ကြ၏။ 42 ထိုနည်းတူ ၊ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက် သောအခါ၊ ပုပ် တတ်သောသဘောရှိ၏။ ထမြောက် သောအခါ မ ပုပ်နိုင်သောအဖြစ်၌ တည်၏။ 43 စိုက် သောအခါဂုဏ် အသရေပျက်၏။ ထမြောက် သောအခါ ဂုဏ် အသရေနှင့် ပြည့်စုံ၏။ စိုက် သောအခါ အစွမ်း မရှိ။ ထမြောက် သောအခါ အစွမ်း နှင့်ပြည့်စုံ၏။ 44 စိုက် သောအခါ ဇာတိ ပကတိကိုယ် ဖြစ်၏။ ထမြောက် သောအခါ ဝိညာဏ ကိုယ် ဖြစ်၏။ ဇာတိ ပကတိကိုယ် တမျိုး၊ ဝိညာဏ ကိုယ်တမျိုးရှိ ၏။ 45 ကျမ်းစာ လာသည်ကား ၊ ရှေးဦးစွာ သော လူ အာဒံ သည် အသက် ရှင်သော သတ္တဝါ ဖြစ် ၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံး ဖြစ်သော အာဒံ မူကား၊ အသက် ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။ 46 ဝိညာဏ ကိုယ်သည် ရှေးဦးစွာ ဖြစ်သည်မ ဟုတ်၊ ဇာတိ ပကတိကိုယ်သည် ရှေးဦးစွာဖြစ်၏။ နောက်မှ ဝိညာဏ ကိုယ်ဖြစ်၏။ 47 ရှေးဦးစွာ သော လူ သည်မြေကြီး က ဖြစ်သောကြောင့်မြေ သားဖြစ်၏။ ဒုတိယ လူ မူကား ၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။ 48 မြေ သား တို့သည် ထို မြေ သား ကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထို ကောင်းကင် သားကဲ့သို့ ဖြစ်ကြလိမ့်မည်။ 49 ငါ တို့သည် မြေ သား၏ ပုံ သဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင် သား၏ ပုံ သဏ္ဌာန်ကို ဆောင် ကြ လိမ့်မည်။ 50 ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ လူအသွေး အသား သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ ခံနိုင် ၊ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သောအဖြစ်ကို အမွေ ခံနိုင်။ 51 နက်နဲ သော အရာတစ်ခုကိုငါ ပြဦးမည်။ ငါတို့ ရှိသမျှ သည် အိပ်ပျော် ရကြမည်မ ဟုတ်။ 52 သို့သော်လည်း ၊ နောက်ဆုံး သော တံပိုး မှုတ်သောအခါ ၊ တခဏခြင်း တွင် မျက်စိ တစ်မှိတ် ငါတို့ရှိသမျှ သည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုး မှုတ်ချိန်ရောက်သောအခါ ၊ သေ လွန်သောသူတို့သည်၊ မ ပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက် ၍၊ ငါ တို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။ 53 ယခု မျက်မှောက်ပုပ် တတ်သော အရာသည် မ ပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခု မျက်မှောက်သေ တတ်သော အရာသည် မ သေနိုင်သောအဖြစ်သို့ ဝင်စား ရမည်။ 54 ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤ သေ တတ်သောအရာသည် မ သေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စား သောအခါ၊ သေ ခြင်းသည် အောင် ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ ၌လာချက် ပြည့်စုံ လိမ့်မည်။ 55 5အိုသေမင်း ၊ သင် ၏လက်နက် သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင် ၏အောင် ခြင်းသည် အဘယ်မှာ ရှိသနည်း။ 56 သေမင်း ၏လက်နက် ကား ၊ ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက် အပြစ်၏ တန်ခိုး ကား ၊ ပညတ် တရား ပေတည်း။ 57 ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ငါ တို့အား အောင် ခြင်းအခွင့်ကို ပေး တော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြီးလှစွတကား58 ထိုကြောင့် ငါ ချစ် သောညီအစ်ကို တို့၊ သင် တို့သည် သခင် ဘုရား၏အမှု တော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ် သဖြင့် တည်ကြည် သော စိတ်နှင့် ပြည့်စုံ ၍၊ မ ရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင် ဘုရားအမှု တော်ကို ကြိုးစားအားထုတ်ကြလော့။

16

1 သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။ 2 ငါရောက်လာ သောအခါ လှူဒါန်း၍ စုထား စရာ မ ရှိ စေခြင်းငှာ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးအသီး ကောင်းစား သည်အတိုင်း၊ မိမိ တို့ဥစ္စာ ဘို့ကို ထုတ် ၍ စုထား ကြလော့။ 3 ငါရောက်လာ သောအခါ ၊ သင်တို့အလိုရှိ သော သူ တို့ကို ငါသည် လက်မှတ် စာပေး၍၊ သင် တို့လှူသော အလှူ ကို ယေရုရှလင် မြို့သို့ ပို့ စိမ့်သောငှာစေလွှတ် မည်။ 4 သို့မဟုတ်ငါ့ ကိုယ်တိုင်သွား သင့် လျှင် ၊ သူတို့သည် ငါ နှင့်အတူ လိုက် ရကြမည်။ 5 မာကေဒေါနိ ပြည်လမ်းကိုငါသွား မည်ဖြစ်၍ ၊ ထိုပြည် မှ ထွက် ပြီးလျှင် သင် တို့ရှိရာ သို့လာ မည်။ 6 နောက်မှအခြားသို့ ငါသွား သောအခါ ၊ သင် တို့ ပို့ သောကျေးဇူးကို ခံခြင်းငှာ၊ သင် တို့ဆီမှာ ငါတည်းခို ဆောင်း ကာလပတ်လုံးနေကောင်း နေလိမ့်မည်။ 7 ယခု သွား စဉ်တွင်သင် တို့ကို တွေ့မြင် ခြင်းငှာသာ အလို ရှိ၊ နောက်မှသခင် ဘုရားသည် အခွင့် ပေးတော်မူလျှင် ၊ သင် တို့နှင့်အတူကြာမြင့် စွာနေ မည်ဟု မြော်လင့် ခြင်း ရှိ၏။ 8 ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက် မြို့၌ ငါနေ ရမည်။ 9 အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။ 10 တိမောသေ သည် သင်တို့ဆီသို့ ရောက် လျှင် ၊ သူ သည်စိုးရိမ် ခြင်း အကြောင်း မရှိဘဲ၊ သင် တို့နှင့်အတူ နေစေခြင်းငှာသတိပြု ကြလော့။ သူသည်ငါ ကဲ့သို့ ပင် သခင် ဘုရား၏အမှု တော်ကိုဆောင်ရွက်သော သူ ဖြစ်၏။ 11 ထိုကြောင့် အဘယ်သူ မျှသူ့ ကို မထီမဲ့မြင် ပြုစေနှင့်။ သူသည် ငါ့ ထံသို့ ငြိမ်ဝပ် စွာ ပြန်ရ မည် အကြောင်း ပို့ဆောင် ခြင်း ကျေးဇူးကို ပြုကြလော့။ သူ သည် အခြားသော ညီအစ်ကို တို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့် လျက်နေ၏။ 12 ငါ့ညီ အာပေါလု အကြောင်း မှာ၊ ညီအစ်ကို တို့ နှင့်အတူ သင် တို့ ဆီသို့ သွား မည်အကြောင်း ငါ သည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခု တွင်သွားခြင်းငှာ အလျှင်း အလို ရှိ ၊ နောက်မှ အဆင်သင့် လျှင် သွား လိမ့်မည်။ 13 သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။ 14 သင် တို့သည် ခပ်သိမ်း သော အမှုတို့ကို ချစ် ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက် ကြလော့။ 15 ညီအစ်ကို တို့၊ သတေဖန် ၏အိမ်သူ အိမ်သားတို့သည် အခါယ ပြည်တွင်အဦး သီးသော အသီးဖြစ် ၍၊ သန့်ရှင်း သူတို့၏ အမှု ကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ် ကြောင်း ကို သင်တို့ သိ ကြသည်နှင့်အညီ၊ 16 ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း ၊ ငါတို့နှင့်အတူလုပ်ကိုင် အမှုဆောင် သောသူ ရှိသမျှ တို့၏ အုပ်စိုးခြင်းကို၎င်း၊ သင် တို့ဝန်ခံ ကြမည်အကြောင်း ငါ တောင်းပန် ၏။ 17 သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။ 18 အကြောင်းမူကား ၊ သင် တို့သည် ပြုစု၍မ ပြည့်စုံသမျှကို သူ တို့သည် ထပ်၍ပြည့်စုံ သဖြင့်၊ ငါ့ စိတ် နှင့် သင် တို့စိတ်ကို သက်သာ စေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံ ကြလော့။ 19 အာရှ ပြည်၌ အသင်းတော် များတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ တို့ အိမ် ရှိသော အသင်းတော် နှင့်တကွ ၊ သခင် ဘုရားကို ထောက်၍ သင် တို့ကို များစွာ နှုတ်ဆက် ကြ၏။ 20 ညီအစ်ကို အပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 21 ငါပေါလု သည်နှုတ်ဆက် ခြင်းအချက်ကို ကိုယ် လက် နှင့် ရေးထား၏။ 22 အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။ 23 ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ 24 ယေရှု ခရစ် ၏ တပည့်တော်ဖြစ် သမျှ သော သင် တို့၌ ငါ ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။