ရာဇဝင်ချုပ်ပဌမစောင်
11 အာဒန် ၊ ရှေသ ၊ ဧနုတ်၊ 2 ကာဣနန် ၊ မဟာလေလ ၊ ယာရက်၊ 3 ဧနောက် ၊ မသုရှလ ၊ လာမက်၊ 4 နောဧ ၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။ 5 ယာဖက် သား ကားဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗာလ ၊ မေရှက် ၊ တိရတ် တည်း။ 6 ဂေါမာ သား ကား အာရှကေနတ် ၊ ရိဖတ် ၊ တောဂါမ တည်း။ 7 ယာဝန် သား ကား ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒါနိမ် တည်း။ 8 ဟာမ သား ကားကုရှ ၊ မိဇရိမ် ၊ ဖုတ ၊ ခါနာန် တည်း။ 9 ကုရှ သား ကား သေဘ ၊ ဟဝိလ ၊ သာဗတ ၊ ရာဂမ ၊ သတ္တေခါ တည်း။ ရာဂမ သား ကား ရှေဘ ၊ ဒေဒန် တည်း။ 10 ကုရှ သည် သား နိမ်ရောဒ ကိုလည်း ရသေး၏။ ထိုသူ သည် မြေကြီး ပေါ် မှာ အားကြီး သော မုဆိုးဖြစ် ၏။ 11 မိဇရိမ် သား ကား လုဒိမ် လူ၊ အာနမိမ် လူ၊ လဟာဗိမ် လူ၊ နတ္တုဟိမ် လူ၊ 12 ပါသရုသိမ် လူ၊ ကာသလုဟိမ် လူ၊ ကတ္တောရိမ် လူ တည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိ လူဖြစ်သတည်း။ 13 ခါနာန် သား အကြီး ကား ဇိဒုန် ၊ ထိုနောက် ဟေသ၊ 14 ထိုနောက် ယေဗုသိ လူ၊ အာမောရိ လူ၊ ဂိရဂါရှိ လူ၊ 15 ဟိဝိ လူ၊ အာကိ လူ၊ သိနိ လူ၊ 16 အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူဖြစ်သတည်း။ 17 ရှေမ သား ကားဧလံ ၊ အာရှု ၊ အာဖာဇဒ် ၊ လုဒ ၊ အာရံ ၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှ တည်း။ 18 အာဖာဇဒ် သား ကားရှာလ ၊ ရှာလ သား ကား ဟေဗာ တည်း။ 19 ဟေဗာ သည်လည်း သား နှစ် ယောက်ကို မြင် လေ၏။ သားတယောက် ကား ဖာလက် အမည် ရှိ၏။ အကြောင်း မူကား၊ သူ ၏လက်ထက် ၌ မြေကြီး ကို ခွဲဝေ ကြ ၏။ သူ ၏ညီ ကား ယုတ္တန် အမည် ရှိ၏။ 20 ယုတ္တန် သား ကား အာလမောဒန် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ၊ 21 ဟဒေါရံ ၊ ဥဇာလ ၊ ဒိကလ၊ 22 ဩဗာလ ၊ အဘိမေလ ၊ ရှေဘ၊ 23 ဩဖိရ ၊ ဟဝိလ ၊ ယောဗပ် ၊ ဤ သူအပေါင်း တို့ သည် ယုတ္တန် သား ဖြစ်ကြသတည်း။ 24 ရှေမ ၊ အာဖာဇဒ် ၊ ရှာလ၊ 25 ဟေဗာ ၊ ဖာလက် ၊ ရာဂေါ၊ 26 စေရောက် ၊ နာခေါ် ၊ တေရ၊ 27 အာဗြဟံ အမည်ရှိသောအာဗြံ တည်း။ 28 အာဗြဟံ သား ကား ဣဇာက် နှင့် ဣရှမေလ တည်း။ 29 ဣရှမေလ သား အကြီးကားနဗာယုတ် ၊ နဗာယုတ်ညီကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊ 30 မိရှမ ၊ ဒုမာ ၊ မာစ ၊ ဟာဒါ ၊ တေမ၊ 31 ယေတုရ ၊ နာဖီရှ ၊ ကေဒမာ တည်းဟူသော ဣရှမေလ သား တည်း။ 32 အာဗြဟံ မယား နှောင်းကေတုရ သား ကားဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဘတ် ၊ ရှုအာ တည်း။ ယုတ်ရှန် သား ကား ရှာဘ နှင့် ဒေဒန် တည်း။ 33 မိဒျန် သား ကား ဧဖာ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ၊ ဧလဓာ တည်းဟူသော ကေတုရ သား မြေးတည်း။ 34 အာဗြဟံ သား ကားဣဇာက် ၊ ဣဇာက် သား ကား ဧသော နှင့် ဣသရေလ တည်း။ 35 ဧသော သား ကား ဧလိဖတ် ၊ ရွေလ ၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။ 36 ဧလိဖတ် သား ကား တေမန် ၊ ဩမရ ၊ ဇေပေါ် ၊ ဂါတံ ၊ ကေနတ် မှစ၍တိမန တွင် ရသောသား အာမလက် တည်း။ 37 ရွေလ သား ကား နာဟတ်၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇ တည်း။ 38 စိရ သား ကားလောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန ၊ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန် တည်း။ 39 လောတန် သား ကား ဟောရိ နှင့် ဟေမံ တည်း။ လောတန် နှမ ကား တိမန တည်း။ 40 ရှောဗလ သား ကားအာလာဝန် ၊ မနာဟတ် ၊ ဧဗာလ ၊ ရှေဖော ၊ ဩနံ တည်း။ ဇိဘောင် သား ကား အာယ နှင့် အာန တည်း။ 41 အာန သား ကား ဒိရှုန် ၊ ဒိရှုန် သား ကားဟင်္ဒန်၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန် တည်း။ 42 ဧဇာ သား ကား ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း။ ဒိရှန် သား ကား ဥဇ နှင့် အာရန် တည်း။ 43 ဣသရေလ အမျိုး ၌ အစိုးရ သောမင်းကြီးမ ရှိမှီ ဧဒုံ ပြည် ၌ အစိုးရ သော မင်းကြီး ဟူမူကား ၊ ဗောရ သား ဗေလ သည် ဒိန္နာဗာ မြို့ ၌မင်းပြု၏။ 44 ဗေလ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ်သားဇေရ ၏ သား ယောဗပ် သည် မင်း ပြုလေ၏။ 45 ယောဗပ် မင်းသေ ၍ သူ ၏အရာ ၌ တေမာနိ အရပ်သား ဟုရှံ သည် မင်း ပြုလေ၏။ 46 ဟုရှံ မင်းသေ ၍ မောဘ လွင်ပြင် ၌ မိဒျန် လူတို့ကို လုပ်ကြံ သောသူ၊ ဗေဒဒ် သား ဟာဒဒ် သည် ဟုရှံအရာ ၌ မင်း ပြုလေ၏။ မြို့ တော်ကား အာဝိတ် မြို့တည်း။ 47 ဟာဒဒ် မင်းသေ ၍ သူ ၏အရာ ၌မာသရက် အရပ်သား စာမလ သည် မင်း ပြုလေ၏။ 48 စာမလ မင်းသေ ၍ သူ ၏အရာ ၌ မြစ် နားမှာ နေသောရဟောဘုတ် အရပ်သား ရှောလ သည် မင်း ပြု လေ၏။ 49 ရှောလ မင်းသေ ၍ သူ ၏အရာ ၌ အာခဗော် သား ဗာလဟာနန် သည် မင်း ပြုလေ၏။ 50 ဗာလဟာနန် မင်းသေ ၍ သူ ၏အရာ ၌ ဟာဒါ သည် မင်း ပြုလေ၏။ မြို့ တော်ကားပေါ မြို့တည်း။ မြောက် သားတော်ကား မေဇဟပ် သမီး ဖြစ်သော မာတရေဒ ၏ သမီး မဟေတဗေလ တည်း။ 51 ဟာဒါ မင်းသေ သောနောက် ဧဒုံ ပြည်၌ ဗိုလ် လုပ်သောသူဟူမူကား၊ ဗိုလ် တိမနာ ၊ ဗိုလ် အာလဝ ၊ ဗိုလ် ယေသက်၊ 52 ဗိုလ် အဟောလိဗာမ ၊ ဗိုလ် ဧလာ ၊ ဗိုလ် ပိနုန်၊ 53 ဗိုလ် ကေနတ် ၊ ဗိုလ် တေမန် ၊ ဗိုလ် မိဗဇ၊ 54 ဗိုလ် မာဂဒေလ ၊ ဗိုလ် ဣရံ တည်းဟူသော ဤသူတို့သည် ဧဒုံ ဗိုလ် များဖြစ်သတည်း။
21 ဣသရေလ ၏သား များဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်၊ 2 ဒန် ၊ ယောသပ် ၊ ဗင်္ယာမိန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။ 3 ယုဒ သည် ခါနာန် အမျိုးဖြစ်သော ရှုအာ သမီး တွင် မြင် သော သားကား ဧရ ၊ ဩနန် ၊ ရှေလ တည်း။ ယုဒ သား ကြီးဧရ သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောသူဖြစ်၍ ကွပ်မျက် တော်မူခြင်းကို ခံရ၏။ 4 ချွေးမ တာမာ တွင် မြင် သောသားကား ဖာရက် နှင့် ဇာရ တည်း။ ယုဒ သား ပေါင်း ကား ငါးယောက်တည်း။ 5 ဖာရက် သား ကား ဟေဇရုံ နှင့် ဟာမုလ တည်း။ 6 ဇာရ သား ကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလကောလ ၊ ဒါရ ၊ ပေါင်း ငါး ယောက်တည်း။ 7 ဇိမရိသားဖြစ်သော ကာမိ ၏သား ကား ကျိန်ဆဲ အပ်သောအရာကို ယူ၍ ပြစ်မှား သဖြင့်၊ ဣသရေလ အမျိုး ကို နှောင့်ရှက် သော အာခန် တည်း။ 8 ဧသန် သား ကား အဇရိ တည်း။ 9 ဟေဇရုံ မြင် သော သား ကား ယေရမေလ ၊ အာရံ ၊ ကာလက် တည်း။ 10 အာရံ သား ကား အမိနဒပ် ၊ အမိနဒပ် သား ကား၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်သော နာရှုန် တည်း။ 11 နာရှုန်သား စာလမုန် ၊ စာလမုန် သား ဗောဇ၊ 12 ဗောဇ သား ဩဗက် ၊ ဩဗက် သား ယေရှဲ တည်း။ 13 ယေရှဲ သားဦး ကားဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ၊ 14 စတုတ္ထ သား နာသနေလ ၊ ပဉ္ဒမ သား ရဒ္ဒဲ ၊ 15 ဆဋ္ဌမ သားဩဇင် ၊ သတ္ထမ သားဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။ 16 သူ တို့နှမ ကား ဇေရုယာ နှင့် အဘိဂဲလ တည်း။ ဇေရုယာ သား ကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံး ယောက်တည်း။ 17 အဘိဂဲလ သား ကား အာမသ ၊ အာမသ အဘ ကား ဣရှမေလ အမျိုးယေသာ တည်း။ 18 ဟေဇရုံ သား ကာလက် သည် မယား အဇုဘ နှင့် ယေရုတ် တွင် မြင်သောသား ကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန် တည်း။ 19 အဇုဘ သေ သောနောက် ဧဖရတ် ကို သိမ်း ၍ ဟုရ ကို မြင် ပြန်လေ၏။ 20 ဟုရ သား ကား ဥရိ ၊ ဥရိ သား ကား ဗေဇလေလ တည်း။ 21 ထိုနောက် ၊ ဟေဇရုံ သည် အသက် ခြောက် ဆယ်ရှိသော်၊ ဂိလဒ် အဘ မာခိရ ၏သမီး နှင့် စုံဘက် ၍ စေဂုပ် ကို မြင် လေ၏။ 22 စေဂုပ် သား ကား ယာဣရ တည်း။ ထိုသူသည် ဂိလဒ် ပြည် ၌ မြို့ နှစ် ဆယ်သုံး မြို့ကို ပိုင်၏။ 23 ဂေရှုရ မြို့၊ အာရံ မြို့နှင့်တကွယာဣရ မြို့စု ၊ ကေနတ် မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက် ဆယ်တို့ကို တိုက်ယူ ၏။ ထို မြို့ အပေါင်း တို့ကို ဂိလဒ် အဘ မာခိရ ၏သား မြေးတို့သည် ပိုင်ကြ၏။ 24 ဟေဇရုံ သည်ကာလက်ဧဖရတ် မြို့၌ သေ သောနောက် ၊ သူ၏မယား အဘိ သည် သူ၏သား အာရှုရ ကို ဘွားမြင် ၏။ အာရှုရသား ကားတေကော တည်း။ 25 ဟေဇရုံ ၏ သားဦး ယေရမေလ သား ကား သားဦး အာရံ မှစ၍ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယ တည်း။ 26 အာတရ အမည် ရှိသောအခြား မယား တွင် ဩနံ ကိုမြင်၏။ 27 ယေရမေလ ၏ သားဦး အာရံ သား ကားမာဇ ၊ ယာမိန် ၊ ဧကာ တည်း။ 28 ဩနံ သား ကားရှမ္မဲ နှင့် ယာဒ တည်း။ ရှမ္မဲ သား ကားနာဒပ် နှင့် အဘိရှုရ တည်း။ 29 အဘိဟဲလ အမည် ရှိသောအဘိရှုရ မယား သည် အာဗန် နှင့် မောလိဒ် ကို ဘွားမြင် ၏။ 30 နာဒပ် သား ကား သေလက် နှင့် အပ္ပိမ် တည်း။ သေလက် ၌သား မ ရှိ။ 31 အပ္ပိမ် သား ကား ဣရှိ ၊ ဣရှိ သား ရှေရန် ၊ ရှေရှန် သား အာလဲ တည်း။ 32 ရှမ္မဲ ညီ ယာဒ သား ကား ယေသာ နှင့် ယောနသန် တည်း။ ယေသာ ၌ သား မ ရှိ။ 33 ယောနသန် သား ကား ပေလက် နှင့် ဇာဇ တည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ် တည်း။ 34 ရှေရှန် ၌ သား မ ရှိ။ သမီး သက်သက် ရှိ၏။ ရှေရှန် ၌ ယာဟ အမည် ရှိသောအဲဂုတ္တု အမျိုးသားကျွန် ယောက်ျားတယောက်ရှိ၍၊ 35 ထိုကျွန်နှင့်သမီး တယောက်ကို ပေးစား သဖြင့် ၊ သမီးသည် အဘဘို့သားအတ္တဲ ကို ဘွားမြင် ၏။ 36 အတ္တဲ သား ကားနာသန် ၊ နာသန် သား ဇာဗဒ်။ 37 ဇာဗဒ် သား ဧဖလလ ၊ ဧဖလလ သား ဩဗက်၊ 38 ဩဗက် သား ယေဟု၊ ယေဟု သား အာဇရိ တည်း။ 39 အာဇရိ သား ကား ဟေလက် ၊ ဟေလက် သား ဧလာသ၊ 40 ဧလာသ သား သိသမဲ ၊ သိသမဲ သား ရှလ္လုံ၊ 41 ရှလ္လုံ သား ယေကမိ ၊ ယေကမိ သား ဧလိရှမာ တည်း။ 42 ယေရမေလ ၏ညီ ကာလက် သားဦး ကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန်၊ 43 ဟေဗြုန် သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း။ 44 ရှေမ သား ကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း။ ရေကင် သား ကား ရှမ္မဲ၊ 45 ရှမ္မဲ သား မောန ၊ မောန သားဗက်ဇုရ တည်း။ 46 ကာလက် မယားငယ် သည် လည်း ဟာရန် ၊ မောဇ ၊ ဂါဇက် တို့ကို ဘွားမြင် ၏။ ဟာရန် သား ကား ယာဒဲ တည်း။ 47 ယာဒဲ သား ကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း။ 48 ကာလက် မယားငယ် မာခါ သည်လည်း၊ ရှေဗာ နှင့် တိရဟာန ကို၎င်း၊ 49 မာဒမေန အဘ ရှာဖ ၊ မာခဗေန အဘ ရှေဝ ၊ ဂိအာ အဘ ကို၎င်း ဘွားမြင် ၏။ ကာလက် သမီး ကား အာခသ တည်း။ 50 ဧဖရတ် သားဦး ဟုရ ၏သား ဖြစ် သော ကာလက် သား ကား၊ ကိရယတ်ယာရိမ် အဘ ရှောဗာလ၊ 51 ဗက်လင် အဘ စလမ ၊ ဗက်ဂါဒါ အဘ ဟာရပ် တည်း။ 52 ကိရယတ်ယာရိမ် အဘ ရှောဗာလ သား ဟူမူကား ၊ ဟာရော နှင့်မနဟေသိ အမျိုးတပိုင်း၊ 53 ကိရယတ်ယာရိမ် အမျိုးမျိုး ၊ ဣသရိ လူ၊ ဖုဟိ လူ၊ ရှုမသိ လူ၊ မိရှရိ လူတည်း။ ထို အမျိုးထဲက ဇာရာသိ လူနှင့် ဧရှတောလိ လူဖြစ်သတည်း။ 54 စလမ သား ဟူမူကား၊ ဗက်လင် နှင့် နေတောဖာသိ လူ၊ အတရုတ် ၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိ လူ၊ 55 ယာဗက် မြို့၌နေ သောရှောဖရိလူ၊ တိရသိ လူ၊ ရှိမသိ လူ၊ စုခသိ လူတည်း။ ထိုသူ တို့သည် ရေခပ် အမျိုး ၏ အဘ ဟေမတ် မှ ဆင်းသက် သော ကိနိ အမျိုးဖြစ်သတည်း။
31 ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သော သား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။ ဒုတိယ သားကား၊ ကရမေလ မြို့သူအဘိဂဲလ တွင် မြင်သောသား ဒံယေလ တည်း။ 2 တတိယ သားကား၊ ဂေရှုရ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။ စတုတ္ထ သားကား၊ ဟဂ္ဂိတ် ၏သား အဒေါနိယ တည်း။ 3 ပဉ္စမ သားကား အဘိတလ ၏ သားရှေဖတိ တည်း။ ဆဌမ သားကား၊ မြောက်သားတော် ဧဂလ တွင် မြင်သော သား ဣသရံ တည်း။ 4 ထိုသားခြောက် ယောက်တို့ကို ဟေဗြုန် မြို့၌ မြင် ၏။ ထိုမြို့တွင် ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့တွင် အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။ 5 ယေရုရှလင် မြို့၌ မြင် သောသားဟူမူကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် တည်းဟူသောအမျေလ သမီး ဗာသရှေဘ တွင် မြင်သောသား လေး ယောက်။ 6 ထိုမှတပါး၊ ဣဗဟာ ။ ဧလိရွှ ၊ ဧလိပလက်။ 7 နောဂ ၊ နေဖက် ၊ ယာဖျာ၊ 8 ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် ၊ ပေါင်းကိုး ယောက်တည်း။ 9 ဤရွေ့ကားမယားငယ် တွင်ရသောသား တို့ကို မဆိုဘဲ ဒါဝိဒ် ၏ သား များတည်း။ နှမ တာမာ လည်းရှိ၏။ 10 ရှောလမုန် သား ကား ရောဗောင် ၊ ရောဗောင်သား အဘိယ ၊ အဘိယသား ယောရှဖတ်၊ 11 ယောရှဖတ်သား ယောရံ ၊ ယောရံသား အာခဇိ ၊ အာခဇိသား ယောရှ၊ 12 ယောရှသား အာမဇိ ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊ 13 ယောသံသား အာခတ် ၊ အာခတ်သား ဟေဇကိ ၊ ဟေဇကိသား မနာရှေ၊ 14 မနာရှေသား အာမုန် ၊ အာမုန်သား ယောရှိ တည်း။ 15 ယောရှိ သားဦး ကား ယောဟာနန် ၊ ဒုတိယ သား ယောယကိမ် ၊ တတိယ သားဇေဒကိ ၊ စတုတ္ထ သား ရှလ္လုံ တည်း။ 16 ယောယကိမ် သား ကား ယေခေါနိ နှင့် ဇေဒကိ တည်း။ 17 အကျဉ်းခံရသောယေခေါနိ သား ကား ရှာလသေလ၊ 18 မာလခိရံ ၊ ပေဒါယ ၊ ရှေနဇာ ၊ ယေကမိ ၊ ဟောရှမ ၊ နေဒဘိ တည်း။ 19 ရှာလသေလသားကား ဇေရုဗဗေလ နှင့် ရှိမိ တည်း။ ဇေရုဗဗေလ သား ကား မေရှုလံ ၊ ဟာနနိ ၊ နှမ ရှေလောမိတ် နှင့်တကွ၊ 20 ဟရှုဘ ၊ ဩဟေလ ၊ ဗေရခိ ၊ ဟသဒိ ၊ ယုရှဿေသက် ၊ ပေါင်းငါး ယောက်တည်း။ 21 ဟာနနိ သား ကား ပေလတိ နှင့် ယေရှာယ တည်း။ ယေရှာယသား ကား၊ ရေဖာယ ။ ရေဖာယသား အာနန် ၊ အာနန်သား ဩဗဒိ ၊ ဩဗဒိသား ရှေခနိ၊ 22 ရှေခနိ သား ရှေမာယ တည်း။ ရှေမာယ သား ကား ဟတ္တုတ် ၊ ဣဂါလ ၊ ဗာရိ ၊ နာရိ ၊ အာဇရိ၊ ရှာဖတ် ၊ ပေါင်း ခြောက် ယောက်တည်း။ 23 နာရိ သား ကား ဧလိဩနဲ ၊ ဟေဇကိ ၊ အာဇရိကံ ၊ ပေါင်းသုံး ယောက်တည်း။ 24 ဧလျောနဲ သား ကား ဟောဒါယ ၊ ဧလျာရှိပ် ၊ ပေလာယ ၊ အက္ကုပ် ၊ ယောဟန် ၊ ဒလာယ ၊ အာနနိ ၊ ပေါင်း ခုနစ် ယောက်တည်း။
41 ယုဒ သား ကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလ တည်း။ 2 ရှောဗာလ သား ကား ရာယ ၊ ရာယသား ယာဟတ် ၊ ယာဟတ် သား အဟုမဲ နှင့် လာဟဒ် ၊ ဤရွေ့ကား ဇောရေသိ အမျိုးအနွယ် တည်း။ 3 ဧကံ အမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမ ဟာဇလေလပေါနိ၊ 4 ဂေဒေါ် အဘ ပေနွေလ ၊ ဟုရှ အဘ ဧဇာ တည်း။ ဤ သူတို့သည် ဗက်လင် အဘ ၊ ဧဖရတ် သားဦး ဟုရ အမျိုးအနွယ် တည်း။ 5 တေကော အဘ အာရှုရ သည် ဟေလ နှင့် နာရ အမည်ရှိသောမယား နှစ် ယောက်ရှိ ၏။ 6 နာရ ဘွားမြင် သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိ တည်း။ 7 ဟေလ ဘွားမြင်သော သား ကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း။ 8 ကောဇ သား ကား အာနုပ် နှင့် ဇောဗေဒ အစရှိ သော ဟာရုံ သား အဟာရေလ အဆွေအမျိုး တည်း။ 9 ထိုအဆွေအမျိုး ၌ ယာဗက် သည် ထူးဆန်းသောသူဖြစ် ၏။ သူ ၏အမိ က၊ ငါသည်ပြင်းစွာသော ဝေဒနာ ကို ခံ၍ ဤသားကို မြင် ရပြီဟုဆိုလျက်၊ ယာဗက် အမည် ဖြင့် မှည့် ၏။ 10 ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။ 11 ရှုအာ မောင် ကာလက် သား ကား မဟိရ ၊ မဟိရ သား ဧရှတုန် တည်း။ 12 ဧရှတုန် သား ကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း။ တေဟိန္နသား ကား ဣရနာဟတ် တည်း။ ဤ သူတို့ သည် ရေခါ အမျိုးသား ဖြစ်ကြ၏။ 13 ကေနတ် သား ကား ဩသံယေလ နှင့် စရာယ တည်း။ ဩသံယေလ သား ကား ဟာသတ် နှင့် မောနောသဲတည်း။ 14 မောနောသဲ သား ကား ဩဖရာ တည်း။ စရာယ သား ကား ယွာဘ ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့် ၌ နေသောသူတည်း။ 15 ယေဖုန္န သား ဖြစ်သောကာလက် ၏ သား ကား ဣရု ၊ ဧလာ ၊ နာမ တည်း။ ဧလာ သား ကားကေနတ် တည်း။ 16 ယေဟလလေလ သား ကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလ တည်း။ 17 ဧဇရ သား ကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန် တည်း။ မေရက် နှင့် စုံဘက် သော ဖာရော သမီး ဗိသဟာ သည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမော အဘ ဣရှဘ ကို ဘွားမြင် ၏။ 18 မယား ယေဟုဒိယ သည် ဂေဒေါ် အဘ ယေရက် ၊ စောခေါ အဘ ဟေဗာ ၊ ဇာနော် အဘ ယေကုသေလ ကို ဘွားမြင် ၏။ 19 ယေဟုဒိယသည် နာဟံ နှမ ဖြစ်၏။ နာဟံသည် ဂါမိ ရွာသားကိလ ၊ မာခ မြို့သားဧရှတမော ၏အဘ ဖြစ်သတည်း။ 20 ရှိမုန် သား ကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း။ ဣရှိ သား ကား ဇောဟက် ၊ ဗင်ဇောဟက် တည်း။ 21 ယုဒ သား ဖြစ်သော ရှေလ ၏သား ကား လေက အဘ ဧရ ၊ မရေရှ အဘ လာဒ အစရှိသော ပိတ်ချော ကို ရက်တတ်သော အာရှဗာ အဆွေအမျိုး၊ 22 ယောယကိမ် အစရှိသော ခေါဇေဘ လူ ၊ မောဘ ပြည်၌ အစိုးရ သော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင် တည်း။ ထိုသို့ဆိုသော်ရှေး စကား ဖြစ်၏။ 23 ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။ 24 ရှိမောင် သား ကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလ တည်း။ 25 ရှောလသား ရှလ္လုံ ၊ ရှလ္လုံသား မိဘသံ ၊ မိဘသံသား မိရှမ၊ 26 မိရှမ သား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိ တည်း။ 27 ရှိမိ သည် သား တဆယ် ခြောက် ယောက်နှင့် သမီး ခြောက် ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ ၏ညီအစ်ကို တို့ ၌ သား မ များ။ ရှိမောင်အမျိုးသား တို့သည် ယုဒ အမျိုးသား ကဲ့သို့ မ ပွါး မများတတ်။ 28 ရှိမောင်အမျိုးတို့သည် ဒါဝိဒ် မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘ မြို့၊ မောလဒါ မြို့၊ ဟာဇရွာလ မြို့၊ 29 ဗိလဟာ မြို့၊ ဧဇင် မြို့၊ တောလဒ် မြို့၊ 30 ဗေသွေလ မြို့၊ ဟော်မာ မြို့၊ ဇိကလတ် မြို့၊ 31 ဗက်မာကဗုတ် မြို့၊ ဟာဇသုသိမ် မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ် မြို့ တို့၌ နေ ကြ၏။ 32 ထိုမှတပါး၊ တော မြို့ဧတံ ၊ အင် ရိမ္မုန် ၊ တောခင် ၊ ဧသာ၊ အာရှန် တည်းဟူသော မြို့ ငါး မြို့နှင့်တကွ၊ 33 ပတ်လည် ၌ရှိသော ရွာ အပေါင်း တို့ကို ဗာလ မြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသားနေရာ နှင့် ဆွေစဉ် မျိုးဆက်ဖြစ်သတည်း။ 34 မေရှောဗပ် ၊ ယာမလက် ၊ အာမဇိ သား ယောရှ၊ 35 ယောလ ၊ အာသေလ သား စရာယ ၏ သား ယောရှိဘိ ၏သား ယေဟု၊ 36 ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယ နှင့်တကွ၊ 37 ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိ တို့မှ ဆင်းသက်သော ဇိဇ တည်းဟူသော၊ 38 နာမ အားဖြင့် မှတ် သောသူတို့ သည် အဆွေအမျိုး သူကြီး ဖြစ်၍ ၊ သူ တို့အမျိုး သည် အလွန် ပွား များသတည်း။ 39 ထိုသူတို့သည် သိုး ကျက်စား ရာအရပ်ကို ရှာ ၍ ချိုင့် အရှေ့ ဘက်၊ ဂေဒေါ် မြို့ဝ တိုင်အောင် သွား သောအခါ၊ 40 မြက်ပင်ပေါများ ၍ ကောင်း သောကျက်စား ရာ ကျယ်ဝန်း ငြိမ်ဝပ် သော အရပ် ကို တွေ့ ကြ၏။ ရှေး ကာလ တွင် ၊ ဟာမ အမျိုးသားတို့သည် ထို အရပ်၌ နေ ကြ၏။ 41 အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုး ကျက်စား စရာကောင်းသောအရပ်ကို တွေ့ သောကြောင့် ၊ အရပ်သား နေရာရွာ တို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီး ပြီးမှယနေ့ တိုင်အောင် နေ ကြ၏။ 42 တဖန် ရှိမောင် အမျိုးသား ယောက်ျား ငါး ရာ တို့ သည် ဣရှိ သား ၊ ဗိုလ် ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရ တောင် သို့ ချီ သွား၍၊ 43 အရင်လွတ် သော အာမလက် အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထို အရပ်၌ ယနေ့ တိုင်အောင် နေ ကြ၏။
51 ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။ 2 ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။ 3 ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ 4 ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊ 5 ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။ 6 ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။ 7 သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။ 8 ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။ 9 ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။ 10 ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။ 11 သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။ 12 ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။ 13 သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။ 14 - 15 ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။ 16 သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။ 17 ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။ 18 ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။ 19 ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။ 20 စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။ 21 ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။ 22 ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။ 23 မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။ 24 အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။ 25 သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။ 26 သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။
61 လေဝိ သား ကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ 2 ကောဟတ် သား ကား အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ 3 အာမရံ သား ကားအာရုန် ၊ မောရှေ ၊ မိရိအံ တည်း။ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။ 4 ဧလာဇာ သား ကား ဖိနဟတ် ၊ ဖိနဟတ် သား အဘိရွှ၊ 5 အဘိရွှ သား ဗုက္ကိ ၊ ဗုက္ကိ သား ဩဇိ၊ 6 ဩဇိ သား ဇေရဟိ ၊ ဇေရဟိ သား မေရာယုတ်၊ 7 မေရာယတ် သား အာမရိ ၊ အာမရိ သား အဟိတုပ်၊ 8 အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား အဟိမတ်၊ 9 အဟိမတ် သား အာဇရိ ၊ အာဇရိ သား ယောဟန် တည်း။ 10 ယောဟန် သား ကား၊ ယေရုရှလင် မြို့မှာ ရှောလမုန် တည် သော ဗိမာန် တော်၌ ယဇ် ပုရောဟိတ်ပြုသော အာဇရိ တည်း။ 11 အာဇရိ သား ကား အာမရိ ၊ အာမရိ သား အဟိတုပ်၊ 12 အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား ရှလ္လုံ၊ 13 ရှလ္လုံ သား ဟိလခိ ၊ ဟိလခိ သား အာဇရိ၊ 14 အာဇရိ သား စရာယ ၊ စရာယ သား ယောဇဒက် တည်း။ 15 ယောဇဒက် သည် နေဗုခဒ်နေဇာ လက် ဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ထာဝရဘုရား သိမ်း သွားစေတော်မူသောအခါ ပါသွား သတည်း။ 16 လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တို့တွင်၊ 17 ဂေရရှုံ သား ကား လိဗနိ နှင့် ရှိမိ တည်း။ 18 ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ 19 မေရာရိ သား ကား မဟာလိ နှင့် မုရှိ တည်းဟူသော လေဝိ အဆွေအမျိုးအသီးအသီးဖြစ်သတည်း။ 20 ဂေရရှုံ သားကားလိဗနိ ၊ လိဗနိသား ယာဟတ် ၊ ယာဟတ်သား ဇိမ္မ၊ 21 ဇိမ္မသား ယောအာ ၊ ယောအာသား ဣဒ္ဒေါ ၊ ဣဒေါသား ဇေရ ၊ ဇေရသား ယာတရဲ တည်း။ 22 ကောဟတ် သား ကား ဣဇဟာတည်းဟူသောအမိနဒပ် ၊ အမိနဒပ်သား ကောရ ၊ ကောရသား အဿိရ၊ 23 အဿိရသား ဧလကာန ၊ ဧလကာနသား ဧဗျာသပ် ၊ ဧဗျာသပ် သား အဿိရ၊ 24 အဿိရသား တာဟတ် ၊ တာဟတ်သား ဥရေလ ၊ ဥရေလသား ဩဇိ ၊ ဩဇိသား ရှောလ၊ 25 ရှောလသား ဧလကာန၊ ဧလကာန သား အာမသဲ နှင့် အဟိမုတ်၊ 26 အာမသဲသား ဇောဖဲ ၊ ဇောဖဲသား နာဟတ်၊ 27 နာဟတ်သား ဧလျာဘ ၊ ဧလျာဘသား ယေရောဟံ ၊ ယေရောဟံသား ဧလကာန ၊ ဧလကာနသား ရှမွေလ တည်း။ 28 ရှမွေလသားဦး ကား ယောလ၊ ဒုတိယ သား အဘိယ တည်း။ 29 မေရာရိ သား ကားမဟာလိ ၊ မဟာလိသား လိဗနိ ၊ လိဗနိသား ရှိမိ ၊ ရှိမိသား ဩဇ၊ 30 ဩဇသား ရှိမာ ၊ ရှိမာသား ဟဂ္ဂျာ ၊ ဟဂ္ဂျာသား အသာယ တည်း။ 31 ထာဝရဘုရား ၏ သေတ္တာ တော်သည် ငြိမ်ဝပ် သောအခါ ၊ အိမ် တော်၌ သီချင်း ဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ် မင်းခန့်ထား သော သူ တို့သည်၊ 32 ယေရုရှလင် မြို့၌ ဗိမာန် တော်ကို ရှောလမုန် မ တည် မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေး ရာ တဲ တော် တည်ရာအရပ်၌ သီချင်း ဆိုလျက် အမှု တော်ကို စောင့်ကြ ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိ တို့ အလှည့် အတိုင်း စောင့် ရသောအမှုကို စောင့် လျက်နေကြ၏။ 33 - 34 - 35 - 36 - 37 - 38 ထို အမှု တော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား ၊ ဣသရေလ ၊ လေဝိ ၊ ကောဟတ် ၊ ဣဇဟာ ၊ ကောရ ၊ ဧဗျာသပ် ၊ အဿိရ ၊ တာဟတ် ၊ ဇေဖနိ ၊ အာဇရိ ၊ ယောလ ၊ ဧလကာန ၊ အမာသဲ ၊ မာဟတ် ၊ ဧလကာန ၊ ဇောဖဲ ၊ တောအာ ၊ ဧလျာဘ ၊ ယေရောဟံ ၊ ဧလကာန ၊ ရှမွေလ ၊ ယောလ တို့မှ ဆင်းသက်သော ကောဟတ် အမျိုး၊ သီချင်း သည် ဟေမန် တပါး၊ 39 - 40 - 41 - 42 - 43 လေဝိ ၊ ဂေရရှုံ ၊ ယာဟတ် ၊ ရှိမိ ၊ ဇိမ္မ ၊ ဧသန် ၊ အဒါယ ၊ ဇေရ ၊ ဧသနိ ၊ မာလခိ ၊ ဗာသေယ ၊ မိက္ခေလ ၊ ရှိမာ ၊ ဗေရခိ တို့မှ ဆင်းသက်သော အာသပ် ၊ ဟေမန် လက်ျာ ဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊ 44 - 45 - 46 - 47 လေဝိ ၊ မေရာရိ ၊ မုရှိ ၊ မဟာလိ ၊ ရှမေရ ၊ ဗာနိ ၊ အံဇိ ၊ ဟိလခိ ၊ အာမဇိ ၊ ဟာရှဗိ ၊ မလ္လုတ် ၊ အာဖဒိ ၊ ကိရှိ တို့မှ ဆင်းသက်သော ဧသန် တပါးမှစ၍လက်ဝဲ ဘက်မှာ နေရာရှိသော အပေါင်းအဘော် ၊ မေရာရိ အမျိုးသား များတည်း။ 48 သူ တို့၏ညီအစ်ကို ဖြစ်သော လေဝိ သားတို့သည်၊ ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲ တော်အမှု အမျိုးမျိုး စောင့်သောအရာ၌ ခန့်ထား ခြင်းကိုခံ ကြ၏။ 49 အာရုန် နှင့် သူ ၏ သားစဉ် မြေးဆက်မူကား ၊ ယဇ်ကောင်ကို မီး ရှို့ရာပလ္လင် နှင့် ၊ နံ့သာပေါင်း ကို မီးရှို့ရာ ပလ္လင် ပေါ် မှာပူဇော် လျက် ၊ အလွန် သန့်ရှင်းရာဌာနတော် အမှု အလုံးစုံ ကိုစောင့်လျက်၊ ဘုရားသခင် ၏ ကျွန် မောရှေ မှာထား သမျှ အတိုင်း ၊ ဣသရေလ အမျိုး၏ အပြစ် ကို ဖြေရသောသူဖြစ် ကြ၏။ 50 အာရုန် ၏ သားမြေးမှာ၊ အာရုန်သား ကား ဧလာဇာ ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ၊ 51 အဘိရွှသား ဗုက္ကိ ၊ ဗုက္ကိသား ဩဇိ ၊ ဩဇိသား ဇေရဟိ၊ 52 ဇေရဟိသား မရာယုတ် ၊ မရာယုတ်သား အာမရိ ၊ အာမရိသား အဟိတုပ်၊ 53 အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သား အဟိမတ် တည်း။ 54 အာရုန် ၏ သားမြေးဖြစ်သော ကောဟတ် အဆွေအမျိုး တို့သည်၊ စာရေးတံ ပြု သောအားဖြင့် ရ၍ နေရသောမြို့ နှင့် မြို့နယ် များဟူမူကား၊ 55 ယုဒ ခရိုင် ၌ ဟေဗြုန် မြို့နှင့် မြို့နယ် ကိုရကြ၏။ 56 သို့ရာတွင် မြို့ နှင့်ဆိုင်သောလယ် များ၊ ရွာ များတို့ကို ယေဖုန္န သား ကာလက် သည်ရ၏။ 57 ပြေး၍မှီခို ရာဟေဗြုန် မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ်၊ ဧရှတမော မြို့ နှင့် မြို့နယ်၊ 58 ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊ 59 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 60 ဗင်္ယာမိန် ခရိုင် ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗ မြို့နှင့် မြို့နယ် ၊ အာလမက် မြို့နှင့် မြို့နယ် ၊ အာနသုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုး အလိုက်ရ၍၊ မြို့ ပေါင်း ကား တဆယ် သုံး မြို့ တည်း။ 61 ကြွင်း သော ကောဟတ် သား အဆွေအမျိုး တို့ သည် စာရေးတံ အားဖြင့် ၊ မနာရှေ ခရိုင် ဝက် ထဲက မြို့ဆယ် မြို့ တို့ကို ရကြ၏။ 62 ဂေရရှုံ သား အဆွေအမျိုး တို့သည် ဣသခါ ခရိုင် ၊ အာရှာ ခရိုင် ၊ နဿလိ ခရိုင် ၊ ဗာရှန် ပြည်မနာရှေ ခရိုင် ထဲက မြို့တဆယ် သုံး မြို့ တို့ကို ရကြ၏။ 63 မေရာရိ သား အဆွေအမျိုး တို့သည် ရုဗင် ခရိုင် ၊ ဂဒ် ခရိုင် ၊ ဇာဗုလုန် ခရိုင် ထဲက မြို့တဆယ် နှစ် မြို့ တို့ကို ရကြ၏။ 64 ဤမည်သော မြို့ တို့ကို မြို့နယ် နှင့်တကွ၊ ဣသရေလ အမျိုးသားတို့သည် လေဝိ သားတို့အား ပေး ကြ၏။ 65 အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံ ပြု၍၊ ယုဒ အမျိုးသား ခရိုင် ၊ ရှိမောင် အမျိုးသား ခရိုင် ၊ ဗင်္ယာမိန် အမျိုးသား ခရိုင် ထဲက ပေး ကြ၏။ 66 ကြွင်းသော ကောဟတ် သား အဆွေအမျိုး တို့ သည် ဧဖရိမ် ခရိုင် ထဲက ရ သည်အတိုင်း၊ 67 ပြေး၍ခို နေရာ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ ကို မြို့နယ် နှင့်တကွပေး ကြ၏။ 68 ထိုမှတပါး၊ ဂေဇာ မြို့နှင့် မြို့နယ် ၊ ယောကမံ မြို့ နှင့် မြို့နယ် ၊ ဗက်ဟောရုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 69 ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ်၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ်၊ အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 70 မနာရှေ ခရိုင် ဝက် ထဲက အနေရ မြို့နှင့် မြို့နယ် ၊ ဗိလံ မြို့နှင့် မြို့နယ် တို့ကို၎င်း၊ ကြွင်း သောကောဟတ် သား အဆွေအမျိုး တို့အား ပေး ကြ၏။ 71 ဂေရရှုံ သား တို့အား လည်း၊ မနာရှေ ခရိုင် ဝက် ထဲက ဗာရှန် ပြည် ဂေါလန် မြို့နှင့် မြို့နယ် ၊ အာရှတရုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 72 ဣသခါ ခရိုင် ထဲက ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဒါဗရတ် မြို့နှင့် မြို့နယ်၊ 73 ရာမုတ် မြို့နှင့် မြို့နယ် ၊ အာနင် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 74 အာရှာ ခရိုင် ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊ 75 ဟုကုတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 76 နဿလိ ခရိုင် ထဲက ဂါလိလဲ ပြည်ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုန် မြို့နှင့် မြို့နယ် ၊ ကိရယသိမ် မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။ 77 ကြွင်း သောမေရာရိ သား တို့အား လည်း၊ ဇာဗုလုန် ခရိုင် ထဲက ရိမ္မုန် မြို့နှင့် မြို့နယ် ၊ တာဗော် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 78 ယေရိခေါ မြို့အရှေ့ ၊ ယော်ဒန် မြစ်တဘက် ၊ ရုဗင် ခရိုင် ထဲက တော ၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယာဇ မြို့နှင့် မြို့နယ်၊ 79 ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ 80 ဂဒ် ခရိုင် ထဲက ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊ 81 ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။
71 ဣသခါ သား ကား တောလ ၊ ဖုဝါ ၊ ယာရှုပ် ၊ ရှိမရုန် ၊ ပေါင်းလေး ယောက်တည်း။ 2 တောလ သား ကား တောလ အဆွေအမျိုး သူကြီး ဩဇိ ၊ ရေဖာယ ၊ ယေရေလ ၊ ယာမဲ ၊ ယိဗသံ ၊ ရှမွေလ တည်း။ ထိုအဆွေအမျိုး အစဉ်အဆက်တို့သည် ခွန်အား ကြီးသော သူရဲ ဖြစ်၍၊ ဒါဝိဒ် မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက် ရာ ရှိသတည်း။ 3 ဩဇိ သား ကား ဣဇရဟိ ၊ ဣဇရဟိ သား မိက္ခေလ ၊ ဩဗဒိ ၊ ယောလ ၊ ဣရှယ ၊ ပေါင်း ငါး ယောက်တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။ 4 သူ တို့၌ သား မယား များ သောကြောင့် ၊ အဆွေအမျိုး အသီးအသီးအလိုက် ၊ စစ်သူရဲ တပ်သားသုံးသောင်း ခြောက်ထောင်ရှိကြ၏။ 5 သူ တို့ညီအစ်ကို ဣသခါ အဆွေအမျိုး အပေါင်း တို့သည် ခွန်အား ကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း ၊ ရှစ်သောင်း ခုနစ်ထောင်ရှိကြ၏။ 6 ဗင်္ယာမိန် သားကား ဗေလ ၊ ဗေခါ ၊ ယေဒယေလ ၊ ပေါင်းသုံး ယောက်တည်း။ 7 ဗေလ သား ကား အဆွေအမျိုး သူကြီး ဧဇဗုန် ၊ ဩဇိ ၊ ဩဇေလ ၊ ယေရိမုတ် ၊ ဣရိ ၊ ပေါင်းငါး ယောက်တည်း။ ဤသူတို့သည် ခွန်အား ကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံး ဆယ် လေး ယောက်ရှိကြ၏။ 8 ဗေခါ သား ကား ဇေမိရ ၊ ယောရှ ၊ ဧလျေဇာ ၊ ဧလိဩနဲ ၊ ဩမရိ ၊ ယေရိမုတ် ၊ အဘိယ ၊ အာနသုတ် ၊ အာလမက် တည်း။ 9 သားစဉ် မြေးဆက်စာရင်း ဝင်၍၊ အဆွေအမျိုး သူကြီး အသီးအသီး အလိုက်၊ ခွန်အား ကြီးသော သူရဲ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိကြ၏။ 10 ယေဒယေလ သား ကား ဗိလဟန် ၊ ဗိလဟန် သား ယုရှ ၊ ဗင်္ယာမိန် ၊ ဧဟုဒ် ၊ ခေနာန ၊ ဇေသန် ၊ သာရှိရှ ၊ အဟိရှဟာ တည်း။ 11 အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက် ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ် ရာရှိကြ၏။ 12 ထိုမှတပါး ၊ ရှုပိမ် ၊ ဟုပိမ် နှင့်တကွဣရ ဟုရှိမ် သား၊ အာဟေရ သား ရှိသတည်း။ 13 နဿလိ သည် ဗိလဟာတွင် မြင်သောသား ကား၊ ဟာဇေလ ၊ ဂုနိ ၊ ယေဇ ၊ ရှလ္လုံ တည်း။ 14 မနာရှေ သားဦးကား အာသရေလ ၊ ထိုနောက်၊ ရှုရိ အမျိုးဖြစ်သော မယားငယ် တွင် မြင် သော သား၊ ဂိလဒ် ၏အဘ မာခိရ တည်း။ 15 မာခိရ သည်မာခါ အမည်ရှိသောဟုပိမ် နှင့် ရှုပိ ၏နှမ နှင့်စုံဘက် ၍၊ နှစ် ဆက်မြောက်သောသားကား ဇလောဖတ် အမည်ရှိ၏။ ဇလောဖတ် ၌ သမီး သက်သက်ရှိ ၏။ 16 မာခိရ မယား မာခါ သည် သား ကို ဘွားမြင် ၍ ၊ ပေရက် အမည် ဖြင့် မှည့် ၏။ သူ ၏ညီ ကား ရှေရက် အမည် ရှိ ၏။ သူ ၏သား ကား ဥလံ နှင့် ရေကင် တည်း။ 17 ဥလံ သား ကားဗေဒန် တည်း။ ဤရွေ့ကား မနာရှေ သား မာခိရ ၏ သား ဂိလဒ် အမျိုးအနွယ် တည်း။ 18 သူ ၏နှမ ဟမ္မောလေကက် သည် ဣရှောဒ ၊ အဗျေဇာ ၊ မဟာလ ကို ဘွားမြင် ၏။ 19 ရှမိဒ သား ကား အဟိအန် ၊ ရှေခင် ၊ လိကဟိ ၊ အနိအံ တည်း။ 20 ဧဖရိမ် သား ကား ရှုသေလ ၊ ရှုသေလသား ဗေရက် ၊ ဗေရက်သား တာဟတ် ၊ တာဟတ်သား ဧလာဒ ၊ ဧလာဒသား တာဟတ်၊ 21 တာဟတ်သား ဇာဗဒ် ၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး ၊ ဧဖရိမ်သားဧဇာ နှင့် ဧလဒ် တို့သည် ထိုပြည် ၌ မွေးဘွား သော၊ ဂါသ မြို့သား တို့ တိရစ္ဆာန် များကို လုယူ သောကြောင့် အသက် ဆုံးကြ၏။ 22 အဘ ဧဖရိမ် သည် အင်တန်ကာလ ပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကို တို့သည် နှစ်သိမ့် စေခြင်းငှါ လာ ကြ၏။ 23 နောက် တဖန်မယား ဆီသို့ ဝင် သဖြင့် သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် ၏။ ထိုသားကို ဗေရိယ အမည် ဖြင့်မှည့် ၏။ အကြောင်း မူကား၊ ကိုယ် အိမ်ထောင် ၌ အမင်္ဂလာ ရောက် သတည်း။ 24 သမီး ရှေရ ကား အထက် ဗေသောရုန် မြို့၊ အောက် ဗေသောရုန်မြို့၊ ဩဇင်ရှေရ မြို့တို့ကို ပြုစု သောသူဖြစ် ၏။ 25 သူ ၏သား ကားရေဖ ၊ သူ၏သားရေရှပ် ၊ သူ ၏သား တေလ ၊ သူ ၏သား တာဟန်၊ 26 သူ ၏သား လာဒန် ၊ သူ ၏သား အမိဟုဒ် ၊ သူ ၏ သား ဧလိရှမာ၊ 27 သူ ၏သား နုန် ၊ သူ ၏သား ယောရှု တည်း။ 28 သူ တို့ပိုင် ထိုက်သော နေရာ ဟူမူကား ၊ ဗေသလ မြို့နှင့် ကျေးလက် ၊ အရှေ့ ဘက်၌ နာရန် မြို့၊ အနောက် ဘက်၌ ဂေဇာ မြို့နှင့် ကျေးလက် ၊ ရှေခင် မြို့နှင့် ကျေးလက် ၊ ဂါဇ မြို့နှင့် ကျေးလက်၊ 29 မနာရှေ အမျိုးသား နေရာအနားမှာ ဗက်ရှန် မြို့ နှင့် ကျေးလက် ၊ တာနက် မြို့နှင့် ကျေးလက် ၊ မေဂိဒ္ဒေါ မြို့ နှင့် ကျေးလက် ၊ ဒေါရ မြို့နှင့် ကျေးလက် တည်း။ ဤ မြို့ရွာတို့၌ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့ သည် နေရာ ကျကြ၏။ 30 အာရှာ သား ကား ယိမန ၊ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ 31 ဗေရိယ သား ကား ဟေဗာ နှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊ 32 ဟေဗာ သား ကား ယာဖလက် ၊ ရှောမာ ၊ ဟောသံ ၊ နှမ ရှုအာတည်း။ 33 ယာဖလက် သား ကား ပါသက် ၊ ဗိမဟာလ ၊ အာရှဝတ် တည်း။ 34 ရှောမေရ သား ကား အာဟိ ၊ ရောဂ ၊ ယေဟုဗ္ဗ ၊ အာရံ တည်း။ 35 သူ ၏ညီ ဟေလင် သား ကား ဇောဖ ၊ ဣမန ၊ ရှေလက် ၊ အာမလ တည်း။ 36 ဇောဖ သား ကား သုအာ ၊ ဟာနေဖာ ၊ ရွှလ ၊ ဗေရိ ၊ ဣမရ၊ 37 ဗေဇာ ၊ ဟောဒ ၊ ရှမ္မ ၊ ရှိလရှ ၊ ဣသရန် ၊ ဗေရ တည်း။ 38 ယေသာ သား ကား ယေဖုန္န ၊ ပိသပ ၊ အာရ တည်း။ 39 ဥလ္လ သား ကား အာရ ၊ ဟံယေလ ၊ ရေဇိယ တည်း။ 40 ဤ သူအပေါင်း တို့သည် အာရှာ အမျိုး ၌ အဆွေအမျိုး သူကြီး ၊ ရွေး သောသူ၊ ခွန်အား ကြီးသော သူရဲ မင်း ဖြစ်ကြ၏။ သားစဉ် မြေးဆက်စာရင်းဝင်၍ စစ်တိုက် ခြင်းငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်း ခြောက်ထောင်ရှိကြ ၏။
81 ဗင်္ယာမိန် သားဦး ကား ဗေလ ၊ ဒုတိယ သား အာရှဗေလ ၊ တတိယ သားအဟိရံ၊ 2 စတုတ္ထ သား နောဟ ၊ ပဉ္စမ သား ရာဖ တည်း။ 3 ဗေလ သား ကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ်၊ 4 အဘိရွှ ၊ နေမန် ၊ အာဟော၊ 5 ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံ တည်း၊ 6 မာနဟက် မြို့သို့ နေရာ ပြောင်းသော ဂေဗ မြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ် သား ကား၊ နေမန် ၊ အဟိယ ၊ ဂေရ တည်း။ 7 နေရာ ပြောင်းသောနောက်၊ ဩဇ နှင့် အဟိဟုဒ် ကိုလည်း မြင် ၏။ 8 ရှဟာရိမ် သည် မယား ဟုရှိမ် နှင့် ဗာရာ ကိုစွန့် ပြီးမှ၊ မောဘ ပြည် ၌ နေ၍၊ 9 မယား ဟောဒေရှ တွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ၊ 10 ယုဇ ၊ ရှာခိ ၊ မိရမ တို့ကို မြင် ၍ ၊ ဤ သူတို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။ 11 အရင်မယား ဟုရှိမ် တွင် ၊ အဘိတုပ် နှင့် ဧလပါလ ကို မြင် ၏။ 12 ဧလပါလ သား ကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း။ ရှာမက်သည် ဩနော မြို့၊ လောဒ မြို့နှင့် ကျေးလက် များကို ပြုစု သောသူဖြစ်၏။ 13 ဗေရိယ နှင့် ရှေမ တို့သည် ဂါသ မြို့သား တို့ကို နှင်ထုတ် သော အာဇလုန် မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ 14 ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ်၊ 15 ဇေဗဒိ ၊ အာရဒ် ၊ အာဒါ၊ 16 မိက္ခေလ ၊ ဣရှပ ၊ ယောဟ တို့သည် ဗေရိယ သား ဖြစ်ကြ၏။ 17 ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ၊ 18 ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ် တို့သည် ဧလပါလ သား တည်း။ 19 ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ၊ 20 ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ၊ 21 အဒါယ ၊ ဗေရာယ ၊ ရှိမရတ် တို့သည် ရှိမဟိ သား တည်း။ 22 ဣရှပန် ၊ ဟေဗာ ၊ ဧလေလ၊ 23 အာဗဒုန် ၊ ဇိခရိ ၊ ဟာနန်၊ 24 ဟာနနိ ၊ ဧလံ ၊ အန္တောသိယ၊ 25 ဣဖဒိယ ၊ ပေနွေလ တို့သည် ရှာရှက် သား တည်း။ 26 ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ၊ 27 ယာရရှိ ၊ ဧလိယ ၊ ဇိခရိ တို့သည် ယေရောဟံ သား တည်း။ 28 ဤ သူတို့သည် ယေရုရှလင် မြို့မှာ နေ ၍၊ အစဉ်အဆက် အဆွေအမျိုးသူကြီး မင်းဖြစ်ကြ၏။ 29 ဂိဗောင် မြို့မှာ ဂိဗေါင် အဘ ယေဟေလနေ ၏။ သူ ၏မယား ကား မာခါ အမည် ရှိ၏။ 30 သူ ၏သားဦး ကား အာဗဒုန် ၊ သူ၏ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ၊ နာဒပ်၊ 31 ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တည်း။ 32 မိကလုပ်သားကား ရှိမံ တည်း။ ဤသူ တို့သည် ယေရုရှလင် မြို့ မှာ ညီအစ်ကို စုအနား ၊ တဘက်တချက်၌ နေရာ ကျကြ၏။ 33 နေရ သား ကားကိရှ ၊ ကိရှသား ရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း။ 34 ယောနသန် သား ကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခါ၊ 35 မိက္ခါ သား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း။ 36 အာခတ် သား ကား ယာရ ၊ ယာရ သား အာလမက် ၊ အာဇမာဝက် ၊ ဇိမရိ တည်း၊ ဇိမရိ သား ကား မောဇ ၊ 37 မောဇ သား ဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ၊ 38 အာဇေလ သား ခြောက် ယောက်အမည် ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန် တည်း။ 39 အာဇေလ ညီ ဧရှက် သားဦး ကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယ သား ဧလိဖလက် တည်း။ 40 ဥလံ သား တို့သည် ခွန်အား ကြီးသော လေး သူရဲ ဖြစ် ကြ၏။ သား မြေး များ ၍ ပေါင်း တရာ ငါး ဆယ်ရှိကြ၏။ ဤရွေ့ကား ၊ ဗင်္ယာမိန် သားစဉ် မြေးဆက်ဖြစ်သတည်း။
91 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ၌ ပါ သတည်း။ 2 နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။ 3 ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား၊ 4 ယုဒ သား ဖာရက် အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊ 5 ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊ 6 ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။ 7 ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊ 8 ယေရောဟံ သား ဣဗနိယ ၊ မိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊ 9 သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။ 10 ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊ 11 အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊ 12 မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊ 13 အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။ 14 လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊ 15 ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလ သုံးပါး၊ အာသပ် ၊ ဇိခရိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊ 16 ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။ 17 တံခါးစောင့် မူကား ရှလ္လုံ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန် အစရှိသော ညီအစ်ကို တစု၊ 18 ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။ 19 ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။ 20 ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။ 21 မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။ 22 တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ ၌ စာရင်း ဝင်ကြ၏။ 23 ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။ 24 တံခါးစောင့် တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေး မျက်နှာ ၌ စောင့်နေရကြ၏။ 25 ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက် ၊ ခုနစ်ရက် လာ ရ ကြ၏။ 26 ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။ 27 ထိုသို့စောင့် ၍ နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့် ၊ ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။ 28 အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။ 29 အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။ 30 ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။ 31 လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။ 32 သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။ 33 သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။ 34 ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။ 35 ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။ 36 သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ်၊ 37 ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တို့ဖြစ်ကြ၏။ 38 မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။ 39 နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တို့၏အဘ ဖြစ်၏။ 40 ယောနသန် ၏သား သည် မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။ 41 မိက္ခါ ၏သား များမှာ ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တို့ဖြစ်ကြ၏။ 42 အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက် ၊ အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။ 43 မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယ ၊ ရေဖာယ ၏သား ဧလာသ ၊ ဧလာသ ၏သား အာဇေလ ဖြစ်၏။ 44 အဇေလ ၏သား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။
101 ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။ 2 ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။ 3 စစ်တိုက် ရာတွင် ရှောလု သည် အလွန် ခံရ၏။ လေး သမားတို့ ပစ် သောမြှား မှန် ၍ အလွန်နာ သောကြောင့်၊ 4 လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင် ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထား ဖျား ပေါ် မှာ လှဲ ၍သေ၏။ 5 ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကို ထောင်၍ထား ဖျား ပေါ် မှာ လှဲ ၍ သေ ၏။ 6 ထိုသို့ ရှောလု နှင့် သူ ၏သား သုံး ယောက်မှစ၍နန်းတော် သားအပေါင်း တို့သည် အတူ သေ ကြ၏။ 7 ဣသရေလလူပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏ သား များသေ ကြောင်း ကို၊ ချိုင့် ၌ နေသော ဣသရေလ လူ အပေါင်း တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိ လူတို့သည်လာ ၍ နေ ကြ၏။ 8 နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် သေ လျက်ရှိသည်ကို တွေ့မြင် ကြ၏။ 9 အဝတ်တန်ဆာတော်ကို ချွတ် ပြီးမှ ခေါင်း တော်၊ လက်နက် တော်ကို ယူ ၍ သူတို့ရုပ်တု အိမ်များ၌ ၎င်း ၊ လူ များတို့၌ ၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။ 10 လက်နက် တော်ကိုလည်း သူ တို့ဘုရား ကျောင်း ၌ ထား ၍ ၊ ခေါင်း တော်ကို ဒါဂုန် ဗိမာန် ၌ ဆွဲ ထားကြ၏။ 11 ဖိလိတ္တိ လူတို့သည် ရှောလု ၌ ပြု သမျှ ကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြား လျှင်၊ 12 သူရဲ အပေါင်း တို့သည် ရှောလု ၏ အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ယူ သွား၍ ၊ ယာဗက် မြို့သို့ ဆောင် ခဲ့သဖြင့် ၊ အရိုး တို့ကို ယာဗက် မြို့မှာ သပိတ် ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ ၏။ 13 ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊ 14 ထာဝရဘုရား ကို မ မေးမြန်း ဘဲနတ်ဝင် မိန်းမကို ရှာဖွေ မေးမြန်း သောကြောင့် ၎င်း၊ ထာဝရဘုရားသည် သူ့ ကိုကွပ်မျက် ၍ ၊ နိုင်ငံ တော်ကို ယေရှဲ သား ဒါဝိဒ် ၌ လွှဲအပ် တော်မူ၏။
111 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့၌ စည်းဝေး ၍၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ ၏။ 2 အထက် က ရှောလု သည် ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင်သွား လျက် ၊ သွင်း ပြန်လျက် နေတော်မူပြီ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကိုလုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆိုကြ၏။ 3 ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာ ဟေဗြုန် မြို့သို့ ရောက် လာလျှင် ၊ ဒါဝိဒ် သည် ဟေဗြုန် မြို့၊ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့ နှင့် မိဿဟာယ ဖွဲ့ ၍ ၊ ရှမွေလ အားဖြင့် ထာဝရဘုရား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ် ကို ဘိသိတ် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။ 4 တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊ 5 ယေဗုတ် မြို့သား တို့က၊ သင်သည် ဤ မြို့သို့ မ ဝင် ရဟု ဆို ကြသော်လည်း ၊ ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက်ယူ လေ၏။ 6 ဒါဝိဒ် ကလည်း၊ ယေဗုသိ လူတို့ကို အဦး လုပ်ကြံ သောသူသည် ဗိုလ်ချုပ် ဖြစ် စေဟု အမိန့် တော်ရှိသည် အတိုင်း ၊ ဇေရုယာ သား ယွာဘ သည် အဦး တက် ၍ ဗိုလ်ချုပ် အရာကိုခံရ ၏။ 7 ထိုနောက် ဒါဝိဒ် သည်ရဲတိုက် ၌ နေ သောကြောင့် ၊ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် ကြ၏။ 8 မိလ္လော အရပ်နှင့်တကွမြို့ ပတ်လည် ၌ တည်ဆောက် ပြီးမှ ကျန်ကြွင်း သောမြို့ ကိုယွာဘ ပြုပြင် လေ၏။ 9 ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။ 10 ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊ 11 ဟခမောနိ အမျိုး ယာရှောဗံ သည် ဗိုလ်ချုပ် ဖြစ် ၏။ ထိုသူ သည် လှံ ကိုကိုင် လျက်၊ လူသုံး ရာ ကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။ 12 သူ့ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ ပါ ၊ သဒမ္မိမ် မြို့သို့ လိုက်သော သူရဲ သုံး ယောက် အဝင်ဖြစ်၏။ 13 ဖိလိတ္တိ လူတို့သည် စစ်တိုက် ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူ တို့ သည် ရန်သူရှေ့ မှာ ပြေး ကြသော်လည်း၊ 14 ထိုသူတို့သည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံ သောအခါ ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းအားဖြင့်သူတို့ကို ကယ်တင် တော်မူ၏။ 15 ဗိုလ် စုအဝင်သုံး ယောက်တို့သည် ဒါဝိဒ် ရှိရာ ကျောက် ကြား၊ အဒုလံ ဥမင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့ သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။ 16 ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ လည်း တပ်ချကြ၏။ 17 ဒါဝိဒ် ကလည်း တစုံတယောက် သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ် ၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ်နှင့် ဆို သော်၊ 18 ထိုသူသုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကိုဖျက် ၍ ၊ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ဆောင် ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌ သွန်း လျက်၊ 19 ဤ ရေကို သောက်သောအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကိုယ် အသက် ကို မနှမြောဘဲသွားသောသူ တို့၏ အသွေး ကို ငါသောက် ရမည်လော။ သူတို့သည် ကိုယ် အသက် ကို စွန့်စား၍ ဤရေကိုဆောင် ခဲ့ကြ ပြီဟုဆိုလျက် မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြု ကြ၏။ 20 ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲသုံး ယောက် တွင် အကြီး ဖြစ် ၏။ သူ သည် လှံ ကိုကိုင် ၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲသုံး ယောက် အဝင် နေရာရသတည်း။ 21 သူရဲသုံး ယောက်တွင် နှစ် ယောက်ထက်သာ၍မြတ် သောကြောင့်ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကို မ မှီ။ 22 အထူးသဖြင့် ပြုဘူးသောကပ်ဇေလ မြို့သား၊ သူရဲ ယောယဒ ၏သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။ 23 အရပ်ငါး တောင် မြင့်သော အဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံ ကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တု လူလက် မှ လှံ ကို လုယူ ပြီးလျှင် ထိုလှံ နှင့် သူ့ ကိုသတ် ၏။ 24 ထိုသို့ သော အမှုတို့ကို ယောယဒ သား ဗေနာယ သည် ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကိုရ၏။ 25 ဗိုလ်များထက် သာ၍မြတ် သော်လည်း ပဌမ သူရဲသုံး ယောက်တို့ကိုမ မှီ။ ဒါဝိဒ် သည် အတွင်းဝန် ချုပ် အရာကို လည်း ပေး ၏။ 26 ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ် စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊ 27 ဟေရောဒိ အမျိုး ရှမ္မ ၊ ဖာလတိ အမျိုး ဟေလက်၊ 28 တေကော အမျိုး ဣကေရှ ၏သား ဣရ ၊ အနေသောသိ အမျိုး အဗျေဇာ၊ 29 ဟုရှသိ အမျိုးသိဗေကဲ ၊ အဟောဟိ အမျိုး ဣလဲ ၊ 30 နေတောဖာသိ အမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏သား ဟေလက်၊ 31 ဗင်္ယာမိန် အမျိုး ၊ ဂိဗာ မြို့နေ၊ ရိဘဲ ၏သား ဣတ္တဲ ၊ ပိရသောနိ အမျိုး ဗေနာယ ၊ 32 ဂါရှ ချိုင့် သားဟုရဲ ၊ အာဗသိ အမျိုးအဗျေလ၊ 33 ဗာဟုမိ အမျိုးအာဇမာဝက် ၊ ရှာလဗောနိ အမျိုး ဧလျာဘ၊ 34 ဂိဇောနိ အမျိုးယာရှင် ၏သား တို့တွင် ယောနသန် ၊ ဟာရရိ အမျိုး ရှမ္မ၊ 35 ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ ၊ ဥရ ၏သား ဧလိဖလ၊ 36 မေခေရသိ အမျိုးဟေဖာ ၊ ပေလောနိ အမျိုး အဟိယ ၊ 37 ကရမေလ အမျိုးဟေဇရဲ ၊ ဧဇဗဲ ၏သား နာရဲ၊ 38 နာသန် ၏ညီ ယောလ ၊ ဟဂ္ဂေရိ ၏သား မိဗဟာ၊ 39 အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ သား ယွာဘ ၏ လက်နက် ဆောင် လုလင်၊ ဗေရောသိ အမျိုး နဟာရဲ ၊ 40 ဣသရိ အမျိုး ဣရ ၊ ဣသရိ အမျိုးဂါရက်၊ 41 ဟိတ္တိ အမျိုးဥရိယ ၊ အာလဲ ၏သား ဇာဗဒ်၊ 42 ရုဗင် အမျိုးသားသုံး ကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏သား အဒိန၊ 43 မာခါ ၏သား ဟာနန် ၊ မိသနိ အမျိုး ယောရှဖတ်၊ 44 အာရှတယောသိ အမျိုးဩဇိ ၊ အာရော် အမျိုး ဟောသန် ၏သား ရှာမ နှင့် ယေဟေလ၊ 45 တိဇိ အမျိုးရှိမရိ ၏သား ယေဒျေလ နှင့် သူ ၏ညီ ယောဟ၊ 46 မဟာဝိ အမျိုးဧလျေလ ၊ ဧလနန် ၏သား ယေရိဗဲ နှင့် ယောရှဝိ ၊ မောဘ အမျိုးဣသမ နှင့်တကွ၊ 47 ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ် အမျိုး ယာသေလ တည်း။
121 - 2 ဒါဝိဒ် သည် ကိရှ ၏သား ရှောလု ကိုရှောင် ၍ ဇိကလတ် မြို့၌ နေစဉ်၊ သူ့ဘက်သို့ ဝင်စား သောသူ၊ လေး လက်နက် ကိုဆောင်၍ လက်ျာ လက် လက်ဝဲ လက်မရွေး၊ ကျောက် နှင့် မြှား ကိုပစ်တတ်သောစစ်သူရဲကြီး ၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန် အမျိုးသားဟူမူကား၊ 3 အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာ မြို့သားရှေမာ ၊ အာဇမာဝက် သား ယေဇေလ နှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိ အမျိုး ယေဟု ၊ 4 ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲ လုပ်သော ဂိဗောင် မြို့သားဣရှမာယ ၊ ယေရမိ ၊ ယဟာဇေလ ၊ ယောဟနန် ၊ ဂေဒရသိ အမျိုးယောဇဗဒ်၊ 5 ဧလုဇဲ ၊ ယေရိမုတ် ၊ ဗာလျာ ၊ ရှေမရိ ၊ ဟရုဖိ အမျိုးရှေဖတိ၊ 6 ဧလကာန ၊ ယေရှာ ၊ အာဇရေလ ၊ ယောဇာ ၊ ကောရသိ အမျိုး ယာရှောဗ၊ 7 ဂေဒေါ် မြို့နေ၊ ယေရောဟံ သား ယောလာ နှင့် ဇေဗဒိ တည်း။ 8 ထိုမှတပါး ၊ ဒါဝိဒ် ရှိရာ တော ရဲတိုက် သို့ ထွက်သွား သောသူ၊ ခွန်အား ကြီး၍ ဒိုင်း လွှားဆောင် လျက် စစ်တိုက် ခြင်းငှါ တတ်စွမ်း နိုင်သောသူ၊ ခြင်္သေ့ ကဲ့သို့မျက်နှာ ရဲ၍ တောင် ပေါ် မှာ ဒရယ် ကဲ့သို့ လျင်မြန် သော သူဂဒ် အမျိုးသားဟူမူကား၊ 9 ဧဇာ တပါး၊ ဩဗဒိ တပါး၊ ဧလျာဘ တပါး၊ 10 မိရှမန္န တပါး၊ ယေရမိ တပါး၊ 11 အတ္တဲ တပါး၊ ဧလျေလ တပါး၊ 12 ယောဟနန် တပါး၊ ဧလဇာဗဒ် တပါး၊ 13 ယေရမိ တပါး၊ မာခဗာနဲ တပါး၊ ပေါင်းတကျိပ် တပါးတည်း။ 14 ဤ သူတို့သည် ဂဒ် အမျိုးသား တွင် ဗိုလ် လုပ်၍၊ အငယ် ကား လူတရာ ၊ အကြီး ကားလူတထောင် ကို အုပ်သောသူဖြစ်ကြ၏။ 15 ယော်ဒန် မြစ်ရေသည် ကမ်း တရှောက်လုံး ကို လွှမ်းမိုး သော ကာလပဌမ လ တွင် ၊ သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့ အနောက် ၌ နေသောသူအပေါင်း တို့ကို ပြေး စေကြ၏။ 16 ဗင်္ယာမိန် အမျိုးသား နှင့် ယုဒ အမျိုးသားအချို့တို့ သည် ဒါဝိဒ် ရှိရာ ရဲတိုက် သို့ လာ သောအခါ၊ 17 ဒါဝိဒ် သည် ကြိုဆိုခြင်းငှါထွက်သွား ၍ ၊ ငါ့ ကို မစ ခြင်းငှါ မေတ္တာ စိတ်နှင့် လာ လျှင် ငါသဘော တူ ၏။ သို့မဟုတ် ငါ့ ကိုရန်သူ လက် သို့ အပ်ခြင်းငှါ လာလျှင် ငါ ၌ အပြစ် မ ရှိသောကြောင့် ၊ ဘိုးဘေး တို့၏ ဘုရားသခင် သည် ကြည့်ရှု ၍ ဆုံးမ တော်မူပါစေသောဟုဆိုသော်၊ 18 ဝိညာဉ် တော်သည် ဗိုလ်ချုပ် အာမသဲ အပေါ်မှာ သက်ရောက် ၍၊ အိုဒါဝိဒ် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ ၏သား တော်၊ ကိုယ်တော် ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာ ရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော် ကိုမစ သောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော် ၏ဘုရားသခင် သည် ကိုယ်တော် ကို မစ တော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူ တို့ကို လက်ခံ ၍ ဗိုလ် အရာ၌ ခန့်ထား လေ၏။ 19 ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလု ကို စစ်တိုက် သွား သော ဖိလိတ္တိ လူတို့နှင့် လိုက် သောအခါ ၊ ဖိလိတ္တိ မင်း တို့က၊ ဤသူသည် ငါ တို့ကိုအပ်၍ မိမိ သခင် ရှောလု ဘက်သို့ ဝင်စားမည်ဟု တိုင်ပင် ပြီးမှ ပြန် စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မ ကူ ဘဲ ဇိကလတ် မြို့သို့ သွား သောကာလ ၊ သူ့ဘက် သို့ ဝင်စားသော မနာရှေ အမျိုးသားဟူမူကား၊ 20 မိမိအမျိုးသားတို့တွင် လူတထောင် ကို အုပ် သော ဗိုလ် ၊ အာဒန ၊ ယောဇဗဒ် ၊ ယေဒယေလ ၊ မိက္ခေလ ၊ ယောဇဗဒ် ၊ ဧလိဟု ၊ ဇိလသဲ တည်း။ 21 ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသော စစ်သူရဲ ဗိုလ်ကြီး ဖြစ် ၍ ၊ ထားပြ လုပ်သောသူတို့ တဘက် ၌ ဒါဝိဒ် ကို မစ ကြ၏။ 22 ထိုကာလ ၌ ဘုရားသခင် ၏ ဗိုလ်ခြေ ကဲ့သို့ ကြီးစွာ သော ဗိုလ်ခြေ ဖြစ်သည်တိုင်အောင် တနေ့ ထက် တနေ့ဒါဝိဒ် ကို ကူညီ ၍ဝင်စား ကြ၏။ 23 ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ရှောလု ၏ နိုင်ငံ ကို ဒါဝိဒ်လက်သို့လွှဲ ခြင်းငှါ ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့သို့ လာ သောသူ၊ စစ်တိုက် လက်နက် စုံနှင့်ပြည့်စုံသော တပ်သားစာရင်း ဟူမူကား၊ 24 ဒိုင်း နှင့် လှံ ကိုဆောင် ၍ စစ်တိုက် လက်နက်စုံ နှင့်ပြည့်စုံသော ယုဒ အမျိုးသား ခြောက် ထောင် ရှစ် ရာ၊ 25 ခွန်အား ကြီးသော စစ်သူရဲ ၊ ရှိမောင် အမျိုးသား ခုနစ် ထောင် တရာ၊ 26 လေဝိ အမျိုးသား လေး ထောင် ခြောက် ရာ၊ 27 အာရုန် အမျိုးအုပ် ၊ ယောယဒ နှင့်အတူ ပါသော အာရုန်အမျိုးသားသုံး ထောင် ခုနစ် ရာ၊ 28 ခွန်အား ကြီးသောသူရဲ ၊ လူပျို ဇာဒုတ် နှင့် သူ ၏ အဆွေအမျိုး တပ်မှူး နှစ်ကျိပ် နှစ် ပါး၊ 29 ရှောလု ပေါက်ဘော် ဖြစ်သော ဗင်္ယာမိန် အမျိုးသား သုံး ထောင် ၊ ထိုအမျိုးသားအများ တို့သည် ရှောလု ဘက်မှာစောင့် နေကြ၏။ 30 ခွန်အား ကြီး၍ အဆွေအမျိုး တို့တွင် ထင်ရှားသော ဧဖရိမ် အမျိုးသား နှစ် သောင်းရှစ် ရာ၊ 31 ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်း ဝင်သော မနာရှေ အမျိုး ဝက် ထဲက လူတသောင်း ရှစ်ထောင်၊ 32 ကာလ အချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ ပြု သင့်သည်ကို သိ တတ်သော ဣသခါ အမျိုးသား သူကြီး နှစ် ရာ၊ သူ တို့အမျိုးသား ချင်း အပေါင်း တို့သည် အသင့်ရှိကြ၏။ 33 စိတ် နှစ်ခွမ ရှိ၊ တပ် အခင်းအကျင်း မပျက်၊ စစ်တိုက် လက်နက်စုံ နှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန် အမျိုးသားငါး သောင်း၊ 34 နဿလိ အမျိုးသားဗိုလ် တထောင် ၊ ဒိုင်း နှင့် လှံ ကို ဆောင်သော သူသုံးသောင်း ခုနစ်ထောင်၊ 35 ဒန် အမျိုးထဲက စစ်မှူး စစ်ရေး၌ လေ့ကျက် သော သူနှစ်သောင်း ရှစ်ထောင်ခြောက် ရာ၊ 36 အာရှာ အမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ် ချီ တတ်သောသူ လေးသောင်း ၊ 37 ယော်ဒန် မြစ်တဘက် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ထဲက စစ်တိုက် လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်း နှစ်သောင်းတည်း၊ 38 စစ်အခင်းအကျင်းမပျက်၊ တိုက် တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူ အပေါင်း တို့သည် ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသောစိတ် အားကြီး၍ ဟေဗြုန် မြို့သို့ လာ ကြ၏။ ကျန်ကြွင်း သော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ် သဘောတညီတညွတ် တည်းရှိကြ၏။ 39 ထိုသူအပေါင်းတို့သည် သုံး ရက် ပတ်လုံးအထံ တော်၌ စား သောက် လျက် နေ ကြ၏။ အမျိုးသား ချင်းတို့ သည် ပြင်ဆင် နှင့်ကြပြီ။ 40 အနီးအပါး ၌ နေသောသူတို့သည်လည်း ၊ သိုး နွား နှင့်တကွအမဲသား၊ မုန့်ညက် ၊ သင်္ဘော သဖန်းသီး၊ စပျစ်သီး ၊ စပျစ်ရည် ၊ ဆီ တည်းဟူသောရိက္ခါ များကို မြည်း ၊ ကုလားအုပ် ၊ လား ၊ နွား အပေါ် မှာတင်လျက် ဣသခါ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်မှ ပင့်ဆောင် ခဲ့၍ ဣသရေလ အမျိုးသားတို့သည် ပျော်မွေ့ ကြ၏။
131 တဖန် ဒါဝိဒ် သည် လူတထောင် အုပ် ၊ တရာ အုပ် အစရှိသော အကြီးအကဲ အပေါင်း တို့နှင့် တိုင်ပင် ပြီးလျှင်၊ 2 ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အား ၊ သင်တို့သည် အလိုရှိ၍ ငါ တို့၏ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလ နိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်း သေးသော ငါ တို့ညီအစ်ကို များ၊ မြို့ နှင့်မြို့နယ် ၌ နေသောယဇ်ပုရောဟိတ် ၊ လေဝိ သားများတို့သည် ငါ တို့ နှင့်အတူ စည်းဝေး စေခြင်းငှါအနှံ့အပြား စေလွှတ် ကြကုန်အံ့။ 3 ငါ တို့၏ဘုရားသခင် သေတ္တာ တော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလု လက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်း လေ့မ ရှိပါတကားဟု မိန့်တော်မူသောစကားကို၊ 4 စည်းဝေးသော ပရိသတ် အပေါင်း တို့သည် နှစ်သက် သောကြောင့် ၊ အမိန့်တော်အတိုင်းပြု ပါမည်ဟု ဝန်ခံ ကြ၏။ 5 ထိုသို့ဒါဝိဒ် သည် ဘုရားသခင် ၏ သေတ္တာ တော် ကို၊ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့ခြင်းငှါ အဲဂုတ္တု ပြည် အနား၊ ရှိဟောရ မြစ်မှစ၍ ဟာမတ် မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေပြီးလျှင်၊ 6 ခေရုဗိမ် ကြားမှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ၏နာမ တော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ၊ ယုဒ ပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာ မြို့သို့ သွား လေ၏။ 7 ဘုရားသခင် ၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင်၍ အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ ဩဇ နှင့် အဟိဩ သည်လှည်း ကို နှင် ကြ၏။ 8 ဒါဝိဒ် နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် သီချင်း ဆိုလျက် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ၊ ခွက်ကွင်း ၊ တံပိုး တို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အား ထုတ်၍ တီးမှုတ် ကြ၏။ 9 ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။ 10 ထိုသို့ သေတ္တာ တော်ကို ကိုင် သောကြောင့် ၊ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင် ရှေ့ တော်၌ သေ လေ၏။ 11 ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။ 12 ထို နေ့ ၌ ဒါဝိဒ် သည် ဘုရားသခင် ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာ တော်ကို အဘယ်ကြောင့်ငါ့ ထံသို့ ဆောင် ခဲ့ရမည်နည်းဟုဆို လျက်၊ 13 မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လွှဲ ၍ ဆောင်သွားလေ၏။ 14 ဘုရားသခင် ၏သေတ္တာ တော်သည် သုံး လ ပတ်လုံး၊ ဩဗဒေဒုံ အိမ် တွင် အိမ်သူ အိမ်သားများဆီမှာ ရှိ ၏။ ထာဝရဘုရား သည် ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သား အပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
141 တုရု မင်းကြီး ဟိရံ သည် ဒါဝိဒ် အဘို့ နန်း တော်ကို တည်ဆောက် ခြင်းငှါ ၊ သံတမန် နှင့်တကွအာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို စေလွှတ် လေ၏။ 2 ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။ 3 ဒါဝိဒ် သည် ယေရုရှလင် မြို့၌ ထပ်၍ မယား တို့ကို သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။ 4 ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊ 5 ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက်၊ 6 နောဂ ၊ နေဖက် ၊ ယာဖျာ၊ 7 ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။ 8 ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည်ကြား လျှင် ၊ ထိုသူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍ လာ ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည် ကြား သောအခါ ချီသွား ၏။ 9 ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။ 10 ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ဘုရားသခင် ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ သင့် လက် ၌ ငါအပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊ 11 ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။ 12 ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သော ရုပ်တု များကို ဒါဝိဒ် ၏အမိန့် တော်နှင့် မီး ရှို့ ကြ၏။ 13 တဖန် ဖိလိတ္တိ လူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ၍နေကြ၏။ 14 ဒါဝိဒ် သည်လည်း ဘုရားသခင် ကို တဖန် မေးလျှောက် သော်၊ သူ တို့ရှိရာ သို့ တည့်တည့်မ တက် ရ။ သူ တို့မှ လွှဲ ၍ ပိုးစာ တောတဘက် တချက်၌ ချီ ရမည်။ 15 ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ၊ တိုက် အံ့သောငှါ ချီ လော့။ ထိုအခါ ဘုရားသခင် သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွ သွားမည်ဟု ဘုရားသခင် မိန့် တော်မူသည်အတိုင်း၊ 16 ဒါဝိဒ် သည် ပြု ၍ ဖိလိတ္တိ လူတို့ကို ဂိဗောင် မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။ 17 ဒါဝိဒ် သိတင်း သည်အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် သူ့ ကို ကြောက်ရွံ့ စေခြင်းငှါထာဝရဘုရား စီရင် တော်မူ၏။
151 ထိုနောက် ဒါဝိဒ် မြို့ ၌ အိမ် တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ဌာန ကို ပြင် ၍ တဲ တော်ကိုလည်း တည်တော်မူပြီးမှ၊ 2 ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊ 3 ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါ ဣသရေလ အမျိုးသားအပေါင်း တို့ကို ယေရုရှလင် မြို့၌ စုဝေး စေသောအခါ၊ 4 အာရုန် သား တို့နှင့် လေဝိ သားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊ 5 ကောဟတ် အမျိုး တွင် အကြီး ဖြစ်သော ဥရေလ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊ 6 မေရာရိ အမျိုး တွင် အကြီး ဖြစ်သော အသာယ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊ 7 ဂေရရှုံ အမျိုး တွင် အကြီး ဖြစ်သော ယောလ နှင့် သူ ၏ညီအစ်ကို တရာ သုံးဆယ်၊ 8 ဧလိဇဖန် အမျိုး တွင် အကြီး ဖြစ်သော ရှေမာယ နှင့် သူ ၏ညီအစ်ကို နှစ် ရာ 9 ဟေဗြုန် အမျိုး တွင် အကြီး ဖြစ်သော ဧလျေလ နှင့် သူ ၏ညီအစ်ကို ရှစ် ဆယ်၊ 10 ဩဇေလ အမျိုး တွင် အကြီး ဖြစ်သော အမိနဒပ် နှင့် သူ ၏ညီအစ်ကို တရာ တဆယ် နှစ် ယောက်တည်း။ 11 ဒါဝိဒ် သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ ၊ လေဝိ သား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ် တို့ကို ခေါ် ၍၊ 12 သင် တို့သည် လေဝိ သားအဆွေအမျိုး သူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ငါပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါကိုယ် ကို၎င်း ၊ ညီအစ်ကို တို့ ကို၎င်း၊ သန့်ရှင်း စေကြလော့။ 13 အရင် ကမသန့်ရှင်း၊ တရား လမ်းသို့ မ လိုက် ဘဲ ငါ တို့ဘုရားသခင် ထာဝရဘုရား ကို ရှာသောကြောင့်ဒဏ်ခတ် တော်မူသည်ဟု သတိပေး၏။ 14 ထိုအခါ ယဇ်ပုရောဟိတ် တို့နှင့် လေဝိ သား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်း စေကြ၏။ 15 ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။ 16 လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊ 17 ထိုလေဝိ သားတို့သည် ယောလ သား ဟေမန် ၊ သူ ၏ညီစု ထဲက ဗေရခိ သား အာသပ် ၊ မိမိ တို့ညီစု ၊ မေရာရိ အမျိုး ထဲက ကုရှာယ သား ဧသန် တို့ကို၎င်း၊ 18 မိမိ တို့ညီ ဒုတိယ အရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့် ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို၎င်းခန့်ထားကြ၏။ 19 သီချင်း ဆရာဟေမန် ၊ အာသပ် ၊ ဧသန် တို့သည် ကြေးဝါ ခွက်ကွင်း ကို တီး ရကြ၏။ 20 ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယ တို့သည် အာလမုတ် တယော ကို ထိုးရကြ၏။ 21 မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိ တို့သည် အသံစုံလင်စွာ ရှေမိနိတ် စောင်း ကို တီးရကြ၏။ 22 လေဝိ သားအကြီးအကဲ ဖြစ်သော ခေနနိ သည် သီချင်း အတတ်၌ လေ့ကျက် သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။ 23 ဗေရခိ နှင့် ဧလကာန သည် သေတ္တာ တော်တံခါးစောင့် ဖြစ်၏။ 24 ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။ 25 ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။ 26 ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို ထမ်း သော လေဝိ သားတို့ကို ဘုရားသခင် မစ တော်မူ သည်ဖြစ်၍ ၊ သူတို့သည် နွား ခုနစ် ကောင်နှင့် သိုး ခုနစ် ကောင်တို့ကို ယဇ် ပူဇော်ကြ၏။ 27 ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။ 28 ထိုသို့ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြွေးကြော် လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်း တို့ကို တီးမှုတ် လျက်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။ 29 ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
161 ထိုသို့ ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့၍ ဒါဝိဒ် ဆောက် နှင့်သော တဲ အလယ် ၌ထား ပြီးမှ ၊ မီးရှို့ ရာ ယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ဘုရားသခင့် ရှေ့ တော်၌ ပူဇော် ကြ၏။ 2 မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ဒါဝိဒ် မင်းသည် ပြီးစီး စေသောအခါ ၊ ထာဝရဘုရား ၏နာမ တော်ကို မြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။ 3 ဣသရေလ လူ ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ တော်မူ၏။ 4 တဖန် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ အမှု တော်ကို ဆောင်ရွက်၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထား တော်မူသောလေဝိ သားများဟူမူကား၊ 5 ခွက်ကွင်း တီး သော အကြီးအကဲ အာသပ် ၊ သူ့ နောက်စောင်း တယော တီးသော ဇာခရိ ၊ ယေလ ၊ ရှေမိ ၊ ရာမုတ်၊ ယေဟေလ ၊ မတ္တိသိ ၊ ဧလျာဘ ၊ ဗေနာယ ၊ ဩဗဒေဒုံ ၊ ယေလ တစုနှင့်၊ 6 ဘုရားသခင် ၏ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ အစဉ် တံပိုး မှုတ်သော ယဇ်ပုရောဟိတ် ဗေနာယ နှင့် ယဟာဇေလ တည်း။ 7 ထို နေ့ ၌ ဒါဝိဒ် သည် အာသပ် နှင့် သူ့ ညီ တို့အား အပ် သော ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊ 8 ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။ 9 ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။ 10 သန့်ရှင်း သော နာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။ 11 ထာဝရဘုရား နှင့် တန်ခိုး တော်ကို ရှာ ကြလော့။ မျက်နှာ တော်ကို အစဉ်မပြတ် ရှာ ကြလော့။ 12 စီရင် တော်မူသောအံ့ဩဘွယ် တို့ကို၎င်း၊ ထူးဆန်း သော အမှုတော်တို့နှင့် နှုတ် တော်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။ 13 ထာဝရ ဘုရား၏ကျွန် ဣသရေလ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွယ် တို့၊ 14 ကိုယ်တော် မြတ်ထာဝရဘုရား သည် ငါ တို့ ဘုရားသခင် ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ၌ စီရင် ပိုင်တော်မူ၏။ 15 - 16 - 17 - 18 - 19 ငါသည်သင် တို့အမွေခံ ရာဘို့ ၊ ခါနာန် ပြည် ကို သင် ၌ ပေး မည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန် နည်း၍၊ ထိုပြည် ၌ ဧည့်သည် ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ ၌ ဂတိ ထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက် ၊ ယာကုပ် ၌ မြဲမြံ သောတရား ၊ ဣသရေလ ၌ နိစ္စ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ လူမျိုး အဆက်တထောင် တိုင်အောင်မိန့်မြွက် တော်မူသောနှုတ်ကပတ် တည်းဟူသောဝန်ခံ ခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့ တော်မူ၏။ 20 သူတို့သည် တမြို့ မှ တမြို့ သို့ ၎င်း ၊ တနိုင်ငံ မှ တနိုင်ငံ သို့ ၎င်း၊ လှည့်လည် ၍ သွားကြသောအခါ၊ 21 သူ တို့ကိုညှဉ်းဆဲ စေခြင်းငှါ အဘယ်သူ အား မျှ အခွင့် ပေးတော်မ မူ။ သူ တို့အတွက် လည်း ရှင်ဘုရင် တို့ကို ဆုံးမ လျက်၊ 22 ငါ့ ထံ၌ဘိသိတ် ခံသောသူတို့ကို မ ထိ မခိုက်နှင့်။ ငါ့ ပရောဖက် တို့ကို အပြစ် မ ပြုနှင့်ဟု မိန့်တော်မူ၏။ 23 မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ကယ်တင် တော်မူခြင်းတရားကို တနေ့ ထက်တနေ့ညွှန်ကြား ကြလော့။ 24 ဘုန်း တော်ကို တပါးအမျိုးသား တို့၌ ၎င်း၊ အံ့ဘွယ် သော အမှုတော်တို့ကို ခပ်သိမ်း သော လူမျိုး တို့၌ ၎င်း ဘော်ပြ ကြလော့။ 25 ထာဝရဘုရား သည် ကြီးမြတ် ၍ ၊ အလွန် ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရား တကာ တို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ 26 တပါး အမျိုးသားတို့၏ ဘုရား ရှိသမျှ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ ထာဝရဘုရား မူကား ၊ မိုဃ်းကောင်းကင် ကို ဖန်ဆင်း တော်မူ၏။ 27 ဘုန်း တန်ခိုးအာနုဘော် သည် ရှေ့ တော်၌ရှိ၏။ အစွမ်း သတ္တိနှင့် ဝမ်းမြောက် ခြင်းအကြောင်းလည်း နေ တော်မူရာ၌ ရှိ၏။ 28 လူ အမျိုးမျိုး တို့၊ ထာဝရဘုရား သည်ဘုန်း တန်ခိုးအစွမ်း သတ္တိရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ ရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ 29 ထာဝရဘုရား ၏ နာမ တော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ ကြလော့။ ပူဇော် သက္ကာကို ဆောင် ခဲ့လျက် ရှေ့ တော်သို့ ချဉ်းကပ် ကြလော့။ သန့်ရှင်း သော တန်ဆာ ကိုဆင်၍ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ 30 မြေကြီး သားအပေါင်း တို့၊ ရှေ့ တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင်မြဲမြံ စွာ တည်လိမ့်မည်။ 31 ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ထာဝရဘုရား စိုးစံ တော်မူသည်ဟု တပါးအမျိုးသား တို့တွင် ဟောပြော ကြစေ။ 32 ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံဗလံ ပြုစေ။ လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။ 33 ထိုအခါ တော ၌ ရှိသမျှသော အပင် တို့သည် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်းစွာသီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ ကိုယ်တော်သည် မြေကြီး သား တို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ 34 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော်အစဉ်အမြဲ တည် သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 35 အကျွန်ုပ် တို့ကိုကယ်တင် တော်မူသောဘုရား ၊ အကျွနုပ်တို့သည် သန့်ရှင်း သောနာမ တော်ဂုဏ် ကျေးဇူးကို ဝန်ခံ၍ ကျေးဇူး တော်ကို ချီးမွမ်းခြင်း၌ ဝါကြွား ဝမ်းမြောက်မည် အကြောင်း အကျွန်ုပ် တို့ကို ကယ်တင် တော်မူပါ။ တပါး အမျိုးသား ထဲက နှုတ် ၍ စုဝေး စေတော်မူပါဟု မြွက်ဆို ကြလော့။ 36 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူ များအပေါင်း တို့သည် အာမင် ဟု ဝန်ခံ လျက် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းကြ ၏။ 37 ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ၊ နေ့ တိုင်း ဆောင်ရွက်စရာအမှု ကို အစဉ်အမြဲ ဆောင်ရွက် စေခြင်းငှါ ၊ အာသပ် နှင့် သူ ၏ညီ တို့ကို၎င်း၊ 38 ဩဗဒေဒုံ နှင့် ညီ ခြောက် ကျိပ်ရှစ် ယောက်၊ တံခါးစောင့် ဟောသံ နှင့် ယေဒုသုန် သား ဩဗဒေဒုံ တို့ကို၎င်း၊ သေတ္တာ တော်ရှေ့ မှာထား တော်မူ၏။ 39 - 40 မီးရှို့ ရာယဇ်ပလ္လင် ပေါ် မှာ နေ့ရက် အစဉ်အတိုင်း၊ နံနက် တခါညဦး တခါထာဝရဘုရား အား မီးရှို့ ရာယဇ်တို့ကို ပူဇော် ၍၊ ဣသရေလ အမျိုး၌ ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင် မြို့၌ မြင့် သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲ တော်ရှေ့ တွင်၊ ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် သူ ၏ညီ ယဇ်ပုရောဟိတ် များကိုလည်း ထားတော်မူ၏။ 41 ထာဝရ ဘုရား၏ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှါ၊ 42 သီချင်းသည် တို့၏အဆောင်၊ တံပိုး ၊ ခွက်ကွင်း အစရှိသော ဘုရားသခင် ၏ တုရိယာ မျိုးကိုကိုင်သော ဟေမန် နှင့် ယေဒုသုန် အစရှိသော ရွေးကောက်၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒုသုန် သား တို့သည်လည်း တံခါး စောင့်ဖြစ်ကြ၏။ 43 ထိုနောက်မှ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန်သွား ကြ၏။ ဒါဝိဒ် သည်လည်း နန်းတော် သားတို့ကို ကောင်းကြီး ပေးခြင်းငှါ သွား တော်မူ၏။
171 ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊ 2 နာသန် ကအကြံ တော်ရှိသမျှ အတိုင်း ပြု တော်မူ ပါ။ ဘုရားသခင် သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည် ဟု ပြန်လျှောက် ၏။ 3 ထို ညဉ့် တွင် ဘုရားသခင် ၏နှုတ်ကပတ် တော် သည် ပရောဖက်နာသန် သို့ ရောက် ၍၊ 4 ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့အိမ် ကို မ ဆောက် ရ။ 5 ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့်ငါမ နေ။ တဲ တခုမှ တခုသို့ ပြောင်း၍ တဲ များတို့နှင့် နေပြီ။ 6 ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။ 7 ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံ ထဲက သင့် ကို ငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်း အရာ၌ ငါခန့်ထားပြီ။ 8 သင်သွား လေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှာ ပယ်ရှား သဖြင့် ၊ မြေကြီး သား လူကြီး ဂုဏ် အသရေကဲ့သို့ သင် ၌ ဂုဏ် အသရေကို ငါပေး ပြီ။ 9 ထိုမှတပါး ၊ ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည်နောက် တဖန်မ ပြောင်း မလဲ၊ မိမိတို့နေရာ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မတရား သောသူတို့ သည် ရှေး ကာလ၌ ၎င်း၊ 10 ငါ ၏လူ ဣသရေလ အမျိုး တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ 11 သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။ 12 ထိုသား သည်ငါ့ အဘို့ အိမ် ကိုဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကိုအစဉ်အမြဲ ငါတည် စေမည်။ 13 ငါ သည်သူ ၏ အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သင့် ရှေ့ မှာရှိ သော သူ ၌ ငါ ၏ ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။ 14 ထိုသားကိုငါ့ အိမ် ၊ ငါ့ နိုင်ငံ ၌ အစဉ်အမြဲ နေရာ ချမည်။ သူ ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် ရ လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ ၏။ 15 ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။ 16 ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ထိုင် လျက် ၊ အိုထာဝရ အရှင် ဘုရားသခင် ၊ အကျွန်ုပ် ကို ဤမျှလောက် ချီးမြှောက်တော်မူ မည်အကြောင်း အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ် ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သော အမျိုးဖြစ်ပါသနည်း။ 17 သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့မှတ်တော်မူပါသည်တကား။ 18 ကိုယ်တော် ကျွန် ဒါဝိဒ် သည် ကိုယ်ဘုန်း ကြီးစေခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း။ ကိုယ်တော် သည် ကိုယ်တော် ကျွန် ကို သိ တော်မူ၏။ 19 အိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျိုးကိုထောက်၍ အလို တော်ရှိသည်အတိုင်း ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ထင်ရှား စေခြင်းငှါ အလုံးစုံ တို့ကို ပြု တော်မူပြီ။ 20 သို့ဖြစ်၍အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့်တူ သောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား မည်မျှမ ရှိပါ။ 21 အဲဂုတ္တု ပြည်မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ မှလူအမျိုးမျိုးတို့ကို နှင်ထုတ် သဖြင့်၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကိုယ်တော် အဘို့ ထင်ရှား စေခြင်းငှါ ၊ ဘုရားသခင် ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုး နှင့်တူ သော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။ 22 အကြောင်း မူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ ပြု ၍၊ ကိုယ်တော် ထာဝရဘုရား သည်သူ တို့ဘုရားသခင် ဖြစ် တော်မူ၏။ 23 ယခု မှာအိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော် အစဉ်အမြဲ တည် ပါစေသော။ မိန့် တော်မူသည် အတိုင်း ပြု တော်မူပါ။ 24 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ တည် ပါစေသော။ 25 အကြောင်း မူကား၊ အိုကျွန်ုပ် ၏ဘုရားသခင် ၊ ကိုယ်တော်က သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့ တော်၌ ပဌနာ ပြုချင်သောစိတ် ရှိ ပါ၏။ 26 ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။ 27 သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်းကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ် ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော် သည်ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီး မင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
181 ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။ 2 မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။ 3 ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊ 4 ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။ 5 ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊ 6 ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။ 7 ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ 8 ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။ 9 ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊ 10 မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။ 11 ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။ 12 ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။ 13 ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။ 14 ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။ 15 ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။ 16 အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။ 17 ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။
191 ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ ၍ ၊ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။ 2 ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။ 3 အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင်၊ 4 ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။ 5 ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါ ၊ သူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။ 6 ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊ 7 မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်း ၊ မာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။ 8 ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။ 9 အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။ 10 ယွာဘ သည်လည်း ရှေ့ ၌၎င်း ၊ နောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။ 11 ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊ 12 ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။ 13 ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊ 14 သူ ၌ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။ 15 ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။ 16 ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ သံတမန် တို့ကို စေလွှတ် ၍ မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့် ၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။ 17 ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့် ၊ ရန်သူတပ်သို့ ရောက် ၍ စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ၊ 18 ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင် ၊ ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ၍ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။ 19 ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။
201 အခါလည် ၍၊ ရှင် ဘုရင်တို့သည် စစ်တိုက် ချိန် ရောက်သောအခါ ၊ ယွာဘ သည်ဗိုလ်ခြေ အလုံးအရင်းနှင့် ချီသွား သဖြင့် ၊ အမ္မုန် ပြည် ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့ ၌ နေ လေ၏။ 2 ယွာဘ သည် ရဗ္ဗာ မြို့ကို တိုက်ဖျက် ပြီးမှ ၊ ဒါဝိဒ် သည် မင်းကြီး ၏ သရဖူ ကိုချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာ တင်ကြ၏။ သရဖူအချိန် ကား၊ ကျောက် မြတ် ကိုမဆိုဘဲ ရွှေ အခွက် တဆယ်ရှိ သတည်း။ မြို့ ၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။ 3 မြို့သား တို့ကိုလည်း ထုတ် ၍လွှတိုက်မှု ၊ သံ ထွန် ၊ သံပုဆိန် နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ် သည် အမ္မုန် မြို့သူ ရွာသားအပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူ ယေရုရှလင် မြို့သို့ ပြန် လေ၏။ 4 နောက် တဖန် ဂေဇာ မြို့မှ ဖိလိတ္တိ လူတို့နှင့် စစ်တိုက် ကြစဉ် ၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကို သတ် ၍ ဖိလိတ္တိလူတို့ကို အောင်မြင် လေ၏။ 5 နောက် တဖန် ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ယာဣယ သား ဧလဟာနန် သည် ရက်ကန်း လက်လိပ် နှင့်အမျှ ကြီးသော လှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျတ် ၏ ညီ လာခမိ ကို သတ် လေ၏။ 6 နောက် တဖန်ဂါသ မြို့မှာ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက် ချောင်းစီ၊ ပေါင်းနှစ်ဆယ် လေး ချောင်းရှိသောရေဖိမ် အမျိုးသားတယောက်သည်၊ 7 ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ ၏။ 8 ဤ သူတို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး သား ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့လက် ဖြင့် သေ ကြ၏။
211 နောက် တဖန်စာတန် သည် ဣသရေလ အမျိုး တဘက် ၌ထ ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကို တိုက်တွန်း လေ၏။ 2 ဒါဝိဒ် ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘ မြို့မှ သည် ဒန် မြို့တိုင်အောင် သွား ၍ ဣသရေလ အမျိုးသားတို့ ကိုရေတွက် ပြီးလျှင် ၊ စာရင်းကို ငါ့ ထံသို့ သွင်း လော့ဟု ဗိုလ်ချုပ်မင်းယွာဘ နှင့် အရာရှိ တို့အား မိန့် တော်မူ၏။ 3 ယွာဘ ကလည်း၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ထပ်၍အဆ တရာ တိုးပွါး စေခြင်းငှါပြုတော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီး ၊ ဣသရေလ လူအပေါင်း တို့သည် သခင် ၏ကျွန် ဖြစ်ပါသည် မ ဟုတ်လော။ သို့ဖြစ်၍ကျွန်တော် သခင် သည် ဤ အမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလ အမျိုး ပြစ်မှား စရာ အကြောင်းကို အဘယ်ကြောင့် ပြု တော်မူသနည်းဟု လျှောက် လေ၏။ 4 သို့သော်လည်း အမိန့် တော်သည် ယွာဘ စကားကို နိုင် သဖြင့် ၊ ယွာဘ သည်ထွက် ၍ ဣသရေလ ပြည် တရှောက်လုံး သို့ သွား ပြီးမှ ၊ ယေရုရှလင် မြို့သို့ ပြန်လာ ၏။ 5 လူ ပေါင်းစာရင်း ကို ဒါဝိဒ် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ တသန်း နှင့် တသိန်း ၊ ယုဒ အမျိုး၌ ထား ကိုင် သူရဲ လေးသိန်း နှင့် ခုနစ်သောင်းရှိ ၏။ 6 သို့ရာတွင် ယွာဘ သည် အမိန့် တော်ကို ရွံ သောကြောင့် ၊ လေဝိ အမျိုးနှင့် ဗင်္ယာမိန် အမျိုးကို အခြားသော အမျိုးထဲသို့ သွင်း၍ မ ရေတွက်။ 7 ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင် သည် အလို တော်မရှိသဖြင့် ၊ ဣသရေလ အမျိုးကို ဒဏ်ခတ် တော်မူ မည်ဖြစ်၍၊ 8 ဒါဝိဒ် က၊ အကျွန်ုပ်ပြု မိသော အမှု ၌အလွန် ပြစ်မှား ပါပြီ။ ကိုယ်တော် ကျွန် ၏ အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သော အမှုကို ပြုမိပါပြီဟု ဘုရားသခင် အား တောင်းပန် လေ၏။ 9 ထာဝရဘုရား သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် ကို ခေါ်၍၊ 10 ဒါဝိဒ် ထံသို့ သွား လော့။ အရာသုံး ပါးကို သင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး လော့ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို လော့ဟု မိန့် တော်မူသည်အတိုင်း၊ 11 ဂဒ် သည်ဒါဝိဒ် ထံသို့ သွား ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ 12 သုံး နှစ် ပတ်လုံးအစာ အာဟာရခေါင်းပါးသော ဘေး၊ သုံး လ ပတ်လုံးသင့် ကို ရန်သူ လိုက်မှီ ၍ ထား ဖြင့် လုပ်ကြံ သောဘေး၊ သုံး ရက် ပတ်လုံးပြည် တော် ၌ ကာလနာ တည်းဟူသောထာဝရဘုရား ၏ ထား တော် ကို၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ကိုင်၍ ဣသရေလ ပြည် တရှောက်လုံး ကို ဖျက်ဆီး သော ဘေးတို့တွင် တပါးပါးကိုရွေး လော့ဟု မိန့်တော်မူသည် ဖြစ်၍ ၊ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အဘယ်သို့ ပြန် လျှောက်ရမည်ကို ဆင်ခြင် တော်မူပါဟု လျှောက် လေ၏။ 13 ဒါဝိဒ် ကလည်း၊ ငါ သည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီး လှ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟုဂဒ် အား ပြန်ပြော ၏။ 14 ထာဝရဘုရား သည်လည်း၊ ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ လူ ခုနစ် သောင်း သေ ကြ၏။ 15 ယေရုရှလင် မြို့ကို ဖျက်ဆီး စေခြင်းငှါ ဘုရားသခင် သည် ကောင်းကင်တမန် ကို စေလွှတ် တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီး မည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရား သည် ကြည့်ရှု လျက်၊ ထိုဘေး ကြောင့် နောင်တရ တော်မူ၍၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း အနား မှာ ရပ်နေ ၏။ 16 ဒါဝိဒ် သည် မျှော်ကြည့် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင် မြို့အပေါ် မှာထား ကို မိုး လျက်မိုဃ်း ကောင်းကင်နှင့် မြေကြီး ကြား မှာ ရပ်နေ သည် ကိုမြင် လျှင် ၊ ကိုယ်တိုင်မှစ၍ဣသရေလအမျိုးသားအသက်ကြီး သူတို့သည် လျှော်တေ အဝတ်ကို ဝတ် လျက် မြေပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။ 17 ဒါဝိဒ် ကလည်း ၊ ပြည်သား တို့ကို ရေတွက် စေခြင်းငှါ စီရင် သော သူကား အကျွန်ုပ် ဖြစ်ပါသည်မ ဟုတ်လော။ အကျွန်ုပ်ပြစ်မှား ပါပြီ။ အလွန်ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့ကို ဒဏ်ခတ် ခြင်းငှါလက် တော်ကိုသူတို့အပေါ်သို့ ရောက်စေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး အပေါ် သို့ ရောက် စေတော်မူပါဟု ဘုရားသခင် အား တောင်းပန် လေ၏။ 18 ထိုအခါဒါဝိဒ် သည် သွား ၍၊ ယေဗုသိ လူ အရောန ၏ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် စေခြင်းငှါ ပြော ရမည်အကြောင်း ၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ဂဒ် ကို မှာထား သဖြင့်၊ 19 ဂဒ်ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော် အတိုင်း ဒါဝိဒ် သည် သွား လေ၏။ 20 အရောန သည်စပါး ကိုနယ် စဉ်တွင်၊ လှည့်ကြည့် ၍ ရှင် ဘုရင်ကို မြင် သောအခါ ၊ သား လေး ယောက်နှင့်တကွ ပုန်းရှောင် ၍နေ၏။ 21 ဒါဝိဒ် သည် အရောန ရှိရာ သို့ ရောက် သောအခါ ၊ အရောန ကြည့် ၍ ဒါဝိဒ် ကိုမြင် လျှင် ၊ ကောက်နယ် တလင်း မှ ဆင်း ၍ ဒါဝိဒ် ရှေ့ မှာဦးချ ပြပ်ဝပ်လေ၏။ 22 ဒါဝိဒ် ကလည်း၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို ငါတည် လိုသည်ဖြစ်၍ ၊ ဤကောက်နယ် တလင်းအရပ် ကို အဘိုး ထိုက်သည်အတိုင်း ရောင်း ပါဟု အမိန့် ရှိသော်၊ 23 အရောန က၊ ကျွန်တော် သခင် အရှင်မင်းကြီး ယူ တော်မူပါ။ စိတ် တော်ရှိသည်အတိုင်း ပြု တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များ၊ ထင်း ဘို့ ကောက်နယ် တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ဂျုံ စပါးများအလုံးစုံ ကို ကျွန်တော် ဆက် ပါ၏ဟု ဒါဝိဒ် အား လျှောက် လျှင်၊ 24 ဒါဝိဒ် မင်းကြီး က၊ ထိုသို့ငါမ ယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ငါဝယ်မည်။ သင့် ဥစ္စာကို ထာဝရဘုရား အဘို့ ငါမ သိမ်း။ ကိုယ်ငွေ မကုန်ဘဲ မီး ရှို့ရာ ယဇ်ကို မပူဇော် လိုဟု အရောန အား ဆို သဖြင့်၊ 25 ရွှေ ခြောက် ပိဿာ ကို ချိန်ပေး၍ ထိုအရပ်ကို ဝယ် ပြီးမှ၊ 26 ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ ၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထိုသို့ ထာဝရဘုရား ကို ပဌနာ ပြုသောအခါ ၊ မီး ရှို့ရာယဇ်ပလ္လင် ပေါ် သို့ မီး ကျသဖြင့် ကောင်းကင် ထဲက ထူး တော်မူ၏။ 27 ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ကောင်းကင် တမန်သည် မိမိ ထား ကို ထားအိမ် ၌ သွင်းထား ပြန်၏။ 28 ထာဝရဘုရား သည် ယေဗုသိ လူ အရောန ၏ ကောက်နယ် တလင်း၌ ထူး တော်မူသည်ကို ဒါဝိဒ် သိမြင် လျှင် ၊ ထို အရပ်၌ ယဇ် ပူဇော်ခြင်းအမှုကို ပြုလေ၏။ 29 တော ၌ မောရှေ လုပ် ခဲ့သော ထာဝရဘုရား ၏ တဲ တော်နှင့် မီး ရှို့ရာယဇ်ပလ္လင် သည်၊ ထို ကာလ ၌ ဂိဗောင် မြို့၌ မြင့် သောအရပ်ပေါ် မှာရှိ၏။ 30 ဒါဝိဒ် သည်ထာဝရဘုရား ၏ ကောင်းကင် တမန်ထား ကို ကြောက် သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ဘုရားသခင် ကို မ မေး မလျှောက်ဝံ့။။
221 သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊ 2 ဣသရေလ ပြည် ၌ ရှိသော တပါး အမျိုးသားတို့ကို စုဝေး စေခြင်းငှါ မိန့် တော်မူ၏။ ဘုရားသခင် ၏အိမ် တော် တည် စရာဘို့ ကျောက်ဆစ် ရသောပန်းရန်သမား တို့ကိုလည်း စေခိုင်း တော်မူ၏။ 3 တံခါး လုပ်စရာ သံချွန် အဘို့ နှင့် သစ်သား ဆက်စရာအဘို့ များစွာ သောသံ ကို၎င်း ၊ အချိန် မ မှတ်နိုင်အောင် များစွာ သော ကြေးဝါ ကို၎င်း၊ 4 များစွာ သော အာရဇ် သစ်သား ကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန် မြို့သားနှင့် တုရု မြို့သားတို့သည်၊ အာရဇ် သစ်သား အများကို အထံ တော်သို့ ဆောင် ခဲ့ကြ၏။ 5 ဒါဝိဒ် ကလည်း ၊ ငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ ထာဝရဘုရား အဘို့ တည် ရသောအိမ် မူကား အလွန် ထူးဆန်း သောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်း အသရေကျော်စောသော အိမ်ဖြစ်ရမည်။ ယခု ပင်အိမ် တော်အဘို့ ငါပြင်ဆင် မည်ဟု အကြံရှိ လျက် အနိစ္စ မ ရောက်မှီများစွာ ပြင်ဆင် တော်မူ၏။ 6 သား တော်ရှောလမုန် ကိုလည်း ခေါ် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ အိမ် တော်ကို တည်ဆောက် ရမည်အကြောင်း မှာထား လေ သည်မှာ၊ 7 ငါ့ သား ၊ ငါ ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ ပြီ။ 8 သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ သို့ ရောက် သည်ကား၊ သင်သည် များစွာ စစ် တိုက် ၍ လူအများ တို့ကိုသတ် လေပြီ။ မြေကြီး ပေါ် မှာ ငါ့ မျက်မှောက် ၌ များစွာ သောအသွေး ကို သွန်း သောကြောင့် ၊ ငါ့ နာမ အဘို့ အိမ် ကို မ တည် မဆောက်ရ။ 9 သင် မြင် သော သား တယောက်သည် ငြိမ်ဝပ် သောသူဖြစ် လိမ့်မည်။ သူ ၏အမည် ကား ရှောလမုန် ဖြစ် ၍၊ သူ့ ပတ်လည် ၌ ရန်သူ မရှိ၊ ငြိမ်ဝပ် သောအခွင့်ကို၎င်း၊ သူ ၏ လက်ထက် ၌ ဣသရေလ အမျိုးသည် စစ်တိုက် ခြင်းမရှိ၊ ငြိမ်ဝပ် စွာနေရသော အခွင့်ကို၎င်း၊ ငါပေး မည်။ 10 ထိုသားသည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရလိမ့်မည်။ သူ သည် ငါ့ သား ဖြစ် လိမ့်မည်။ ငါ သည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်ဟု မိန့် တော်မူပြီ။ 11 သို့ဖြစ်၍ငါ့ သား ၊ ထာဝရဘုရား သည် သင့် ဘက် ၌ နေ ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့် တော် ရှိသည်အတိုင်း သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရလိမ့်မည်။ 12 သို့ရာတွင်သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ တရား တော်ကို စောင့်ရှောက် မည် အကြောင်း ၊ ထာဝရဘုရားသည် ဉာဏ် ပညာကို ပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌ မှာထား တော်မူပါစေသော။ 13 ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။ 14 ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။ 15 ထိုမှတပါး သင် ၌ များစွာ သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုး သော အတတ် ၌ လေ့ကျက် သော ဆရာသမားရှိကြ၏။ 16 ရွှေ ငွေ ကြေးဝါ သံ အတိုင်းမသိ များသည် ဖြစ်၍ထ လော့။ ကြိုးစား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု မှာထားတော်မူ၏။ 17 ဣသရေလ မင်း အပေါင်း တို့သည် သား တော်နှင့် ဝိုင်း ရမည်အကြောင်း မှာထား လေသည်မှာ၊ 18 သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်မ ဟုတ်လော။ အရပ်ရပ် ၌ ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူသည်မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့ လက် ၌ အပ် တော်မူသဖြင့် ၊ ထာဝရဘုရား ၏ရှေ့ ၊ ထိုဘုရားသခင် ၏ လူ တို့ရှေ့ မှာ တပြည်လုံး သည် နှိမ့်ချ လျက်ရှိ၏။ 19 သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။
231 ဒါဝိဒ် မင်းသည် အသက် ကြီး၍ ကာလ ပြည့်စုံ ရာ အချိန်ရောက်သောအခါ၊ သား တော်ရှောလမုန် ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထား၍၊ 2 ဣသရေလ မင်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား အပေါင်း တို့ကို စုဝေး စေတော်မူ၏။ 3 လေဝိ သားတို့တွင် အသက် သုံး ဆယ် လွန် ၍ စာရင်းဝင် သော ယောက်ျား ပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။ 4 ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။ 5 လေး ထောင် တို့သည် တံခါး ကိုစောင့်ရကြ၏။ လေး ထောင် တို့သည် ဂုဏ် တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းရကြ၏။ 6 လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ အမျိုး အသီးအသီးတို့ကို ဒါဝိဒ် ခွဲထား ၍ တမျိုး တခြားစီသင်းဖွဲ့စေ၏။ 7 ဂေရရှုံ အမျိုးသားကား၊ လာဒန် နှင့် ရှိမိ တည်း။ 8 လာဒန် သား အကြီး ကား၊ ယေဟေလ ၊ သူ၏ညီ ဇေသံ နှင့် ယောလ ၊ ပေါင်းသုံး ယောက်တည်း။ 9 ရှိမိ သား ကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံး ယောက်တည်း။ ဤ သူတို့သည်လာဒန် အဆွေအမျိုး သူကြီးဖြစ်ကြ၏။ 10 ရှိမိ သား ကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေး ယောက်တည်း။ 11 ယာဟတ် ကားအကြီး ဖြစ် ၏။ ဇိဇ ကား ဒုတိယ အရာကို ရ၏။ ယုရှ နှင့် ဗေရိ ၌ကား သား များစွာ မ ရှိ။ သို့ဖြစ်၍ အဆွေအမျိုး အလိုက် စာရင်း တခုတည်း ၌ ပေါင်းကြ၏။ 12 ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေး ယောက်တည်း။ 13 အာမရံ သား ကား အာရုန် နှင့် မောရှေ တည်း။ အာရုန် နှင့်သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကိုမီးရှို့ခြင်း၊ အမှု တော်ကို ဆောင်ရွက်ခြင်း၊ နာမ တော်ကိုမြွက်၍ အစဉ် ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန် သန့်ရှင်းသောအရာတို့ကို သန့်ရှင်း စေခြင်းငှါ အခြားသူတို့နှင့် ခွဲထား သောသူဖြစ်ကြ၏။ 14 ဘုရားသခင့် လူ မောရှေ ၏သား ကိုကား၊ လေဝိ အမျိုးသား တို့၏ စာရင်း ၌သွင်းရ၏။ 15 မောရှေ သား ကားဂေရရှုံ နှင့် ဧလျေဇာတည်း။ 16 ဂေရရှုံ သား တို့တွင်၊ ရှေဗွေလ သည် အကြီး ဖြစ်၏။ 17 ဧလျေဇာ သား အကြီး ရေဟဘိ တယောက်တည်းရှိ ၏။ ရေဟဘိ ၌ကား သား အလွန် များ၏။ 18 ဣဇဟာ သား အကြီး ကားရှေလောမိတ်၊ 19 ဟေဗြုန် သား အကြီး ကားယေရိ ၊ ဒုတိယ သား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သားယေကမံ၊ 20 ဩဇေလ သား အကြီး ကားမိက္ခါ ၊ ဒုတိယ သား ယေရှိ တည်း။ 21 မေရာရိ သား ကားမဟာလိ နှင့် မုရှိ တည်း။ မဟာလိ သား ကား ဧလာဇာ နှင့် ကိရှ တည်း။ 22 ဧလာဇာ သည်သား မ ရှိ။ သမီး သက်သက် ရှိ၍ သေ ၏။ သူ့သမီးတို့နှင့်သူ့ညီ ကိရှ သား တို့သည် စုံဘက် ကြ၏။ 23 မုရှိ သား ကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံး ယောက်တည်း။ 24 ဤရွေ့ကား အသက် နှစ် ဆယ်လွန် ၍ ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရသောလေဝိ အမျိုးသား အဆွေအမျိုး အလိုက် စာရင်း ဝင်သော အဆွေအမျိုး သူကြီးဖြစ်သတည်း။ 25 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် မိမိ လူမျိုး အား ငြိမ်ဝပ် သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင် မြို့၌ အစဉ် နေ တော်မူသောကြောင့်၊ 26 လေဝိ သားတို့သည် တဲ တော်နှင့် တဲ တော်အမှု ဆောင်ရွက်ရာ တန်ဆာ များကို နောက်တဖန်မ ထမ်း ရဟု ဒါဝိဒ် မိန့် တော်မူ၏။ 27 နောက်ဆုံး အမိန့် တော်အတိုင်း ၊ အသက် နှစ် ဆယ်လွန် သော လေဝိ သား တို့ကို စာရင်း ယူရ၏။ 28 အကြောင်း မူကား၊ လေဝိသားတို့သည် အာရုန် သား တို့၏လက်ထောက် ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်း သောအရာရှိသမျှ တို့ ကို စင်ကြယ် စေ၍၊ ထာဝရဘုရား ၏ အိမ် တော်နှင့်တန်တိုင်း များ၊ အခန်း များ၌ အမှု ကို ဆောင်ရွက် ရကြမည်။ 29 ရှေ့ တော်မုန့်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက် ကို၎င်း၊ တဆေးမဲ့ မုန့်ပြား ၊ သံပြား နှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော် ကို၎င်းလုပ်၍ ဘုရားသခင် ၏ အိမ် တော် အမှု ကိုလည်း ဆောင်ရွက် ရကြမည်။ တိုင်းထွာ ၊ ချိန်တွယ်၊ ခြင်တွက် ခြင်းအမှုအမျိုးမျိုး ကိုလည်း စီရင်ရကြမည်။ 30 နံနက် တိုင်း၊ ညဦး တိုင်းရပ် လျက်၊ ကျေးဇူး တော် ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား ၏ ဂုဏ် တော်ကိုလည်း ချီးမွမ်းရကြမည်။ 31 ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။ 32 ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။
241 အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။ 2 နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။ 3 ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။ 4 ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။ 5 စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။ 6 လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊ 7 ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊ 8 တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊ 9 ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊ 10 သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊ 11 နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊ 12 ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊ 13 တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊ 14 တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊ 15 တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊ 16 တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊ 17 နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊ 18 နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။ 19 ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။ 20 ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊ 21 ရေဟဘိ သား စုတွင် ဣရှယာ၊ 22 ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊ 23 ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊ 24 ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊ 25 မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။ 26 မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊ 27 မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။ 28 မဟာလိ သားဧလာဇာ ၌သား မ ရှိ။ 29 ကိရှ သား ကား ယေရမေလ တည်း။ 30 မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။ 31 ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။
251 ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊ 2 အာသပ် သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလ တစု၊ သူတို့သည်ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ် ၌ တပည့်ဖြစ်၍ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 3 ယေဒုသုန် သား ဂေဒလိ ၊ ဇေရိ ၊ ရှိမိ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိ ပေါင်းခြောက် ယောက်၊ သူတို့သည် အဘ ယေဒုသုန် ၌ တပည့်ဖြစ်၍ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်း ခြင်းငှါစောင်း တီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 4 ဟေမန် သား ဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ် တည်းဟူသော၊ 5 ထို သူအပေါင်း တို့သည် တံပိုး မှုတ်လျက် ဘုရားသခင် ၏ တရား တော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာ တော်ဟေမန် သား ဖြစ်ကြ၏။ ဘုရားသခင် သည် ဟေမန် အား သား တကျိပ် လေး ယောက်နှင့် သမီး သုံး ယောက်တို့ကိုပေး တော်မူ၏။ 6 ထို သားအပေါင်း တို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်း ၊ စောင်း ၊ တယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။ 7 ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏သီချင်း ကို သင် ၍ လေ့ကျက် သော ညီအစ်ကို ပေါင်း ကားနှစ် ရာရှစ်ကျိပ် ရှစ် ယောက်တည်း။ 8 ထိုသူတို့သည်အကြီး အငယ် ဆရာ တပည့် ရောနှောလျက် စာရေးတံ ပြု၍ သင်းဖွဲ့ရာမှာ၊ 9 ပဌမ သူကား၊ အာသပ် အပေါင်းအသင်းဝင်သူ ယောသပ် တည်း။ ဒုတိယ သူဂေဒလိ ၊ သူ နှင့် သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
10 တတိယ သူဇက္ကုရ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
11 စတုတ္ထ သူဣဇရိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
12 ပဉ္စမ သူနေသနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
13 ဆဌမ သူဗုက္ကိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
14 သတ္တမ သူယေရှရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
15 အဋ္ဌမ သူယေရှာယ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
16 နဝမ သူမတ္တနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
17 ဒသမ သူရှိမိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 18 ဧကဒသမ သူအာရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
19 ဒွါဒသမ သူ ဟာရှဘိ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
20 တကျိပ် သုံး ယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
21 တကျိပ် လေး ယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
22 တကျိပ် ငါး ယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
23 တကျိပ် ခြောက် ယောက်မြောက်သောသူဟာနနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
24 တကျိပ် ခုနစ် ယောက်မြောက်သောသူ ယောရှဗေကရှ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 25 တကျိပ် ရှစ် ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
26 တကျိပ် ကိုး ယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
27 နှစ်ကျိပ် မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
28 နှစ်ကျိပ် တယောက် မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
29 နှစ်ကျိပ် နှစ် ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
30 နှစ်ကျိပ် သုံး ယောက်မြောက်သောသူ မဟာဇယုတ် ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
31 နှစ်ကျိပ် လေး ယောက်မြောက်သောသူ ရောမန္တေဇာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
261 အသီးအသီး သင်းဖွဲ့သော တံခါးစောင့် များဟူမူကား။ ကောရဟိ အမျိုးဧဗျာသပ်အနွှယ်၊ ကောရ သား မေရှလေမိ၊ 2 မေရှလေမိ ၏သားဦး ဇာခရိ ၊ ဒုတိယ သား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထ သား ယာသနေလ ၊ 3 ပဉ္စမ သားဧလံ ၊ ဆဋ္ဌမ သားယောဟနန် ၊ သတ္တမ သားဧလဲဩနဲ တည်း။ 4 ဩဗဒေဒုံ ၏သားဦး ရှေမာယ ၊ ဒုတိယ သား ယောဇဗပ် ၊ တတိယ သားယောအာ ၊ စတုတ္ထ သားစာကာ ၊ ပဉ္စမ သားနာသနေလ၊ 5 ဆဋ္ဌမ သားအမျေလ ၊ သတ္တမ သားဣသခါ ၊ အဌမ သားပုလသဲ တည်း။ ဩဗဒေဒုံ ကို ဘုရားသခင် သည် ကောင်းကြီး ပေးတော်မူ၏။ 6 - 7 သားဦးရှေမာယ ၏သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ် နှင့် ခွန်အား ကြီးသော ညီဧလိဟု ၊ သေမခိ တို့သည် ခွန်အား ကြီးသောသူရဲ၊ မိမိ တို့အဆွေအမျိုး ၌ အစိုးရ သောသူဖြစ်ကြ၏။ 8 8အမှု တော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင် အောင်ခွန်အား ကြီးသောဩဗဒေဒုံ အမျိုးသား ချင်း ယောက်ျား ပေါင်း ကား ခြောက် ကျိပ်နှစ် ယောက်တည်း။ 9 ခွန်အား ကြီးသော မေရှလေမိ သား ညီ ယောက်ျား ပေါင်းကား တကျိပ် ရှစ် ယောက်တည်း။ 10 မေရာရိ အမျိုး ၊ ဟောသ ၏သား တို့တွင် ရှိမရိ သည် သားဦး မ ဟုတ် သော်လည်း ၊ အဘ ခန့်ထား သောကြောင့် သားအကြီး ဖြစ်သတည်း။ 11 ဒုတိယ သားကားဟိလခိ ၊ တတိယ သားတေဗလိ ၊ စတုတ္ထ သား ဇာခရိ အစရှိသော ဟေဝသ သား ညီ ပေါင်း ကား တကျိပ် သုံး ယောက်တည်း။ 12 ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။ 13 ထိုသူအကြီး အငယ် တို့သည်၊ မိမိ တို့အဆွေအမျိုး အလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှါစာရေးတံ ပြုကြ၍၊ 14 အရှေ့ မျက်နှာကို ရှေလမိ ရ၏။ ရှေလမိ သား ပညာရှိ ဇာခရိ သည် စာရေးတံ အားဖြင့်မြောက် မျက်နှာကို ရ၏။ 15 ဩဗဒေဒုံ သည် တောင် မျက်နှာကို၎င်း ၊ သူ ၏ သား တို့သည် အသုပိမ် အိမ် ကို၎င်းရ၏။ 16 ရှုပိန် နှင့် ဟောသ သည် အနောက် မျက်နှာနှင့် ဗိမာန်တော်သို့ တက် ရာလမ်းဝ ၌ ရှလ္လေခက် တံခါး ကိုရ၍ တဘက်တချက် ၌ စောင့် ရ၏။ 17 နေ့ရက် အစဉ်အတိုင်းအရှေ့ မျက်နှာ၌ လေဝိ သားခြောက် ယောက်၊ မြောက် မျက်နှာ၌ လေး ယောက်၊ တောင် မျက်နှာ၌ လေး ယောက်၊ အသုပိမ် ဘက် မှာနှစ် ယောက်၊ တန်တိုင်း တော်ပြင်မှာနှစ် ယောက်၊ 18 အနောက် မျက်နှာလမ်းဝ မှာ လေး ယောက်၊ တန်တိုင်း တော်ပြင်မှာ နှစ် ယောက်စောင့် ရကြ၏။ 19 ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသား နှင့် မေရရိ အမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။ 20 လေဝိ သားတို့တွင်၊ အဟိယ သည် ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ နှင့် ပူဇော် သောဘဏ္ဍာ များကို အုပ်ရ၏။ 21 အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံ အမျိုး လာဒန် သား တို့တွင် ယေဟေလိ နှင့်၊ 22 သူ၏သား ဇေသံ ယောလ တို့သည်လည်း ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ ကိုအုပ်ရ၏။ 23 အာမရံ အမျိုး၊ ဣဇဟာ အမျိုး၊ ဟေဗြုန် အမျိုး၊ ဩဇေလ အမျိုးသားအချို့ပါကြ၏။ 24 မောရှေ သား ဂေရရှုံ ၏သား ရှေဗွေလ သည် လည်း ဘဏ္ဍာ တော်တို့ကို အုပ် ရ၏။ 25 ဂေရရှုံ ညီ ဧလျေဇာ ၊ ဧလျေဇာ သား ရေဟဗိ ၊ သူ ၏သား ယေရှာယ ၊ သူ ၏သား ယောရံ ၊ သူ ၏သား ဇိခရိ ၊ သူ ၏သား ရှေလောမိတ် တည်း။ 26 ထိုရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ ဗိုလ် မင်းပူဇော် သော ဘဏ္ဍာ ရှိသမျှ ကို အုပ်ရ၏။ 27 ထိုမင်းတို့သည် စစ် တိုက် ၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား ၏ အိမ် တော်ကို ပြုစု ခြင်းငှါ ပူဇော် တတ်ကြ၏။ 28 ပရောဖက် ရှမွေလ ၊ ကိရှ သား ရှောလု ၊ နေရ သား အာဗနာ ၊ ဇေရုယာ သား ယွာဘ မှစ၍အခြားသောသူ ပူဇော် သမျှ တို့ကို၊ ရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ကြည့်ရှုအုပ်စိုးရကြ၏။ 29 ဣဇဟာ အမျိုးခေနနိ နှင့် သူ ၏သား တို့သည် မင်း အရာရှိ၊ တရားသူကြီး ဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင် အမှု ကို စောင့်ရကြ၏။ 30 ဟေဗြုန် အမျိုးဖြစ်သော သူရဲကြီးဟာရှဘိ နှင့် သူ ၏ညီ တထောင် ခုနစ် ရာ တို့သည်၊ ယော်ဒန် မြစ် အနောက် ဘက်မှာ နေသောဣသရေလ လူတို့တွင် မင်းအရာရှိ ဖြစ်၍၊ ထာဝရဘုရား ၏အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။ 31 ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုး အလိုက် ယေရိယ သည် အကြီးအကဲ ဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေး ဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်း ယူ၍ ဂိလဒ် ပြည်ယာဇာ မြို့၌ ခွန်အား ကြီးသော သူရဲတို့ကို တွေ့ ၏။ 32 ယေရိယ၏ပေါက်ဘော် တည်းဟူသောသူရဲ ကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင် ခုနစ် ရာ တို့သည် ဒါဝိဒ် မင်းကြီး ခန့်ထား သည်အတိုင်း၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ကို အုပ်စိုး၍ ဘုရားသခင် ၏ အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။
271 ရှင်ဘုရင် အမှု တော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ အရာရှိ တို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်းတပ်ဖွဲ့၍၊ တလစီ တလစီအလှည့်လှည့်စောင့်ရသောတပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီ ရှိကြ၏။ 2 ပဌမ လ တွင် ပဌမ တပ် ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလ သား ယာရှောဗံ နှင့် တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။ 3 ထိုမင်းသည် ဖါရက် အမျိုးသား ဖြစ်၍၊ ပဌမ လ တွင် အမှုစောင့်သော တပ်မှူး အပေါင်း တို့ကို အုပ် ရ၏။ 4 ဒုတိယ လ တွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိ အမျိုးသားဒေါဒဲ နှင့် စစ်ကဲ မိကလုပ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 5 တတိယ လ နှင့် ဆိုင်သောတတိယ တပ်ဗိုလ် မင်း ကား၊ ယဇ်ပုရောဟိတ် ကြီး ယောယဒ သား ဗေနာယ နှင့် တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 6 ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။ 7 စတုတ္ထ လ တွင် စတုတ္ထ ဗိုလ်မင်းကား၊ ယွာဘ ညီ အာသဟေလ ၊ စစ်ကဲကားအာသဟေလ သား ဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။ 8 ပဉ္မမ လ တွင် ပဉ္စမ ဗိုလ် မင်းကား ဣဇဟာ အမျိုး ရှံဟုတ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 9 ဆဋ္ဌမ လ တွင် ဆဋ္ဌမ ဗိုလ်မင်းကား တေကော မြို့သား၊ ဣကေရှ ၏သား ဣရ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 10 သတ္တမ လ တွင် သတ္တမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိ အနွယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 11 အဋ္ဌမ လ တွင်အဋ္ဌမ ဗိုလ်မင်းကား ဇာရ အမျိုး၊ ဟုရှသိ အနွယ်ဖြစ်သော သိဗေကဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။ 12 နဝမ လ တွင် နဝမ ဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိ အနွယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 13 ဒသမ လ တွင် ဒသမ ဗိုလ်မင်းကား ဇာရ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော မဟာရဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။ 14 ဧကဒသမ လ တွင် ဧကဒသမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပိရသောနိ အနွယ်ဖြစ်သောဗေနာယ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။ 15 ဒွါဒသမ တွင် ဒွါဒသမ ဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော ဟေလဒဲ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
16 ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်သော မင်း ဟူမူကား ၊ ရုဗင် အမျိုးတွင် ဇိခရိ ၏သား ဧလျေဇာ ၊ ရှိမောင် အမျိုးတွင် မာခ ၏သား ရှေဖတိ။ 17 လေဝိ အမျိုးတွင် ကေမွေလ ၏သား ဟာရှဘိ ၊ အာရုန် အမျိုးတွင် ဇာဒုတ်၊ 18 ယုဒ အမျိုးတွင် ဒါဝိဒ် အစ်ကို ဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏သား ဩမရိ၊ 19 ဇာဗုလုန် အမျိုးတွင် ဩဗဒိ ၏သား ဣရှမာယ ၊ နဿလိ အမျိုးတွင် အာဇရေလ ၏သား ယေရိမုတ်၊ 20 ဧဖရိမ် အမျိုး တွင် အာဇဇိ ၏သား ဟောရှေ ၊ မနာရှေ အမျိုး တဝက် တွင် ပေဒါယ ၏သား ယောလ၊ 21 ဂိလဒ် ပြည်၌ မနာရှေ အမျိုးတဝက် တွင် ဇာခရိ ၏သား ဣဒ္ဒေါ ၊ ဗင်္ယာမိန် အမျိုးတွင် အာဗနာ ၏သား ယာသေလ၊ 22 ဒန် အမျိုးတွင် ယေရောဟံ ၏ သား အာဇရေလ ၊ ဤရွေ့ကား ဣသရေလ အမျိုး တို့ကို အုပ်သောမင်း ပေတည်း။
23 ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ တိုးပွါး များပြားစေတော်မူမည် ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ် သည် အသက် နှစ် ဆယ်မစေ့သောသူတို့ ကို စာရင်း မ ယူ ဘဲ နေ၏။ 24 ဇေရုယာ သား ယွာဘ သည် စာရင်း ယူစ ပြု၍၊ ထို အပြစ်ကြောင့် အမျက် တော်သည် ဣသရေလ အမျိုး အပေါ် သို့ သက်ရောက် သောအခါ လက်စ မ သတ်။ ရေတွက်၍ရသောလူပေါင်းကို ဒါဝိဒ် မင်းကြီး ၏ မှတ်စာ ၌ မ သွင်း မမှတ်။ 25 အဒေလ သား အာဇိမာဝက် သည် ဘဏ္ဍာ တော် စိုးဖြစ်၏။ ဩဇိ သား ယောနသန် သည် လယ်ပြင် ၊ မြို့ ရွာ ၊ ရဲတိုက် ၌ ရှိသောဘဏ္ဍာ တိုက်တို့ကို အုပ်ရ၏။ 26 ခေလုပ် သား ဧဇရိ သည် လယ်ယာ လုပ် သောသူတို့ ကို အုပ်ရ၏။ 27 ရာမ မြို့သားရှိမိ သည် စပျစ် ဥယျာဉ်တော်ကို၎င်း၊ ရှိဖမိ မြို့သားဇဗဒိ သည်စပျစ်သီး နှင့် စပျစ်ရည် တိုက် တို့ကို၎င်းအုပ်ရ၏။ 28 ဂေဒရိ လူ ဗာလဟာနန် သည် ချိုင့် တို့၌ ရှိသော သံလွင် ပင်နှင့် သဖန်း ပင်တို့ကို၎င်း ၊ ယောရှ သည် ဆီ တိုက် တို့ကို၎င်းအုပ်ရ၏။ 29 ရှာရုန် အရပ်သားရှိတရဲ သည် ရှာရုန် အရပ်၌ ကျက်စား သော နွားစု ကို၎င်း ၊ အာဒလဲ သား ရှာဖတ် သည် ချိုင့် တို့၌ ကျက်စားသော နွားစု ကို၎င်း အုပ်ရ၏။ 30 ဣရှမေလ အမျိုးသားဩဗိလ သည် ကုလားအုပ် တို့ကို၎င်း ၊ မေရောနသိ လူယေဒေယ သည် မြည်း တို့ကို၎င်း၊ 31 ဟာဂရ အမျိုးသားယာဇဇ် သည် သိုး တို့ကို၎င်းအုပ်ရ၏။ ဤ သူတို့သည် ဒါဝိဒ် မင်းကြီး ၏ ဥစ္စာ ဘဏ္ဍာ တော်ကိုအုပ် ရသောသူ ပေတည်း။ 32 ဒါဝိဒ် ၏ ဘထွေး တော်ယောနသန် သည်တိုင်ပင် မှူးမတ်ပညာရှိ ကျမ်းတတ် ဖြစ်၏။ ဟခမောနိ သား ယေဟေလ သည် ရှင်ဘုရင် ၏သား တော်တို့ အပေါင်းအဘော်ဖြစ်၏။ 33 အဟိသောဖေလ သည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ်၊ အာခိ မြို့သားဟုရှဲ သည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ်၏။ 34 အဟိသောဖေလ နောက် မှာအဗျာသာ နှင့် ဗေနာယ သား ယောယဒ သည် နေရာကျ၏။ ယွာဘ သည် တပ်တော်ဗိုလ်ချုပ် မင်း ဖြစ်၏။
281 တဖန် ဒါဝိဒ် မင်းသည် ဣသရေလ မင်း များတည်းဟူသောအမျိုး အသီးအသီး ကို အုပ်သောမင်း ၊ အလှည့် လှည့်အမှု တော်ကို စောင့်သော တပ်မှူး ဗိုလ်မင်း၊ လူ တထောင် အုပ် ၊ တရာ အုပ် ၊ ရှင်ဘုရင် ၏ဘဏ္ဍာစိုး ၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အား ရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်း တို့ကို ယေရုရှလင် မြို့မှာ စုဝေး စေတော်မူ ၏။ 2 ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။ 3 သို့ရာတွင် ဘုရားသခင် က သင် သည် စစ်တိုက် သောသူ ၊ လူအသက် ကိုသတ် သောသူဖြစ်၍ ၊ ငါ့ နာမ အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မိန့် တော်မူ၏။ 4 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ငါ့ အဆွေအမျိုး များထဲက ငါ့ ကိုရွေးကောက် ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ အမြဲ ချီးမြှောက်တော်မူ၏။ ယုဒ အမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကိုပေး တော်မူ၏။ ယုဒ အမျိုး တွင် ငါ့ အဘ ၏ အိမ်ထောင် ကို၎င်း ၊ ငါ့ အဘ ၏သား တို့တွင် ငါ့ ကို၎င်း၊ နှစ်သက် ၍ဣသရေလ နိုင်ငံလုံး ကို စိုးစံ ရသောအခွင့်ကိုပေး တော်မူ၏။ 5 ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။ 6 ငါ့ အား လည်း သင့် သား ရှောလမုန် သည် ငါ့ အိမ် နှင့် ငါ့ တန်တိုင်း တို့ကို တည် ရမည်။ ငါသည်ထိုသူ ကို သား အရာ ၌ခန့်ထားခြင်းငှါရွေးကောက် ပြီ။ ငါ သည် သူ ၏ အဘ ဖြစ် မည်။ 7 သူသည် ငါ စီရင် ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲ ကျင့် လျှင် သူ ၏နိုင်ငံ ကို ငါတည် စေမည်ဟု မိန့် တော်မူ၏။ 8 သို့ဖြစ်၍ သင်တို့သည် ဤကောင်း သော ပြည် ကို ပိုင် ၍ သင် တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချန်ထားလိုသောငှါ၊ ထာဝရဘုရား ၏ပရိသတ် တည်းဟူသောဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ ၌၎င်း ၊ ငါ တို့ဘုရားသခင့် အထံတော်၌ ၎င်း၊ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကိုရှာ ၍ စောင့်ရှောက် ကြလော့။ 9 ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။ 10 သတိ ပြုလော့။ သန့်ရှင်း ရာဌာနအဘို့ အိမ် တော်ကို တည်ဆောက် စေခြင်းငှါ သင့် ကို ထာဝရဘုရား ရွေးကောက် တော်မူသောကြောင့် ၊ အားယူ ၍ တည်ဆောက် လော့ဟုမှာထားတော်မူ၏။ 11 ထိုအခါ အိမ်တော်ဦး ၊ အဆောင် ကြီး၊ ဘဏ္ဍာတိုက် ၊ အထက် ခန်း၊ အတွင်း ခန်း၊ သေတ္တာ တော်အဖုံး ထားရာ အခန်း ၏ ပုံကို၎င်း၊ 12 ထာဝရဘုရား ၏အိမ် တော်တန်တိုင်း များ၊ ပတ်လည် ၌ ကာသောအခန်း များ၊ ဘုရားသခင် ၏ အိမ် တော် ဘဏ္ဍာတိုက် များ၊ ပူဇော် သောအရာသိုထား ရာ တိုက်များ တို့၏ ပုံကို၎င်း၊ မိမိ ကြံစည် သမျှ အတိုင်း ၊ ဒါဝိဒ် သည် သား တော်ရှောလမုန် အား အပ် တော်မူ၏။ 13 ယဇ်ပုရောဟိတ် ၊ လေဝိ သားသင်းဖွဲ့ ခြင်း၊ ထာဝရဘုရား ၏အိမ် တော်၌ အမှု တော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက် စရာ တန်ဆာ ရှိသမျှ တို့ကိုလည်း စီရင် တော်မူ၏။ 14 အမှု တော်အမျိုးမျိုး ကို ဆောင်ရွက်စရာ ရွှေ တန်ဆာ ရှိသမျှတို့အဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာ ရှိသမျှ တို့ အဘို့ ငွေကို၎င်း ချိန် ၍ အပ်တော်မူ၏။ 15 ရွှေ မီးခုံ နှင့် ရွှေ မီးခွက် အသီးအသီးအဘို့ ၊ ငွေ မီးခုံ နှင့် ငွေမီးခွက် အသီးအသီးသုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ 16 ရှေ့ တော်မုန့်တင်စရာရွှေ စားပွဲ နှင့် ငွေ စားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ 17 အမဲသား ချိတ်၊ အင်တုံ ၊ ဖလား များအဘို့ ရွှေ စင် ကို၎င်း၊ ရွှေ လင်ပန်း နှင့် ငွေ လင်ပန်း အသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။ 18 နံ့သာပေါင်း မီးရှို့ရာ ယဇ် ပလ္လင်အဘို့ ရွှေ စင် ကို၎င်း၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို လွှမ်းမိုး သော ခေရုဗိမ် ရထား တော်ပုံ အဘို့ ရွှေကို၎င်း၊ ချိန် ၍အပ်တော်မူ၏။ 19 ထိုပုံ များရှိသမျှ တို့ကို ရေး ထားသည်အတိုင်း ၊ နားလည် နိုင်သော ဉာဏ်ပညာကို ထာဝရဘုရား သည် ပေးတော်မူ၏။ 20 သား တော်ရှောလမုန် အား လည်း၊ သင်သည် အားယူ ၍ ရဲရင့် သောစိတ် နှင့်လုပ်ဆောင် လော့။ မ စိုးရိမ် နှင့်။ စိတ် မ ပျက်နှင့်။ ငါ ၏ဘုရားသခင် ထာဝရ အရှင် ဘုရားသခင် သည် သင် နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်မှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင် ၍ လက်စ မ သတ်မှီတိုင်အောင်သင့် ကို စွန့် တော် မ မူ။ ပစ်ထားတော်မမူ။ 21 သင်းဖွဲ့ သောယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည်လည်း ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာ သော ဆရာသမား အမျိုးမျိုး တို့ သည်လည်း အရာရာ တို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်း များနှင့် ပြည်သူ ပြည်သားများအပေါင်း တို့သည်လည်း သင့် လက်၌ရှိကြသည်ဟု မိန့် တော်မူ၏။
291 တဖန် ဒါဝိဒ် မင်းကြီး က၊ ဘုရားသခင် ရွေးကောက် တော်မူသောငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ အမှု မူကား ကြီး လှ၏။ တည်ဆောက်ရသောဗိမာန် သည် လူ အဘို့ မ ဟုတ်၊ ထာဝရ အရှင် ဘုရားသခင် အဘို့ ဖြစ်၏။ 2 ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ရွှေ တန်ဆာလုပ်စရာဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာလုပ်စရာဘို့ ငွေ ကို ၎င်း၊ ကြေးဝါ တန်ဆာလုပ်စရာဘို့ ကြေးဝါ ကို၎င်း၊ သံ တန်ဆာလုပ်စရာဘို့ သံ ကို၎င်း၊ သစ်သား တန်ဆာလုပ်စရာဘို့ သစ်သား ကို၎င်း၊ ရှဟံ ကျောက် နှင့် အရောင် မျိုးထွက်၍ စီ စရာဘို့ ကောင်း သောကျောက် ၊ အဘိုး ထိုက် သော ကျောက် မျိုး ၊ များစွာ သော ကျောက်ဖြူ တို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင် ပြီ။ 3 ငါ ၏ဘုရားသခင် အိမ် တော်၌ငါ့စိတ်နှလုံးစွဲလမ်းသောကြောင့်၊ 4 ထိုသန့်ရှင်း သောအိမ် အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရ ရွှေ အခွက် သုံးသောင်းနှင့်ကျောက်ထရံ တို့ကို မွမ်းမံ စရာဘို့ ငွေ စင် ခုနစ် သောင်းကို ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ငါပေး ၏။ 5 ရွှေ သည် ရွှေ တန်ဆာအဘို့ ၊ ငွေ သည် ငွေ တန်ဆာအဘို့ နှင့် ဆရာသမား လုပ် သမျှ အဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရား အား ကိုယ်ဥစ္စာကို အဘယ်သူ ပူဇော် ချင်သနည်းဟု ပရိသတ် အပေါင်း တို့အား မေး တော်မူလျှင်၊ 6 အဆွေအမျိုး တို့၏ အကြီးအကဲ များ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်း များ၊ လူ တထောင် အုပ် ၊ တရာ အုပ်များ၊ ရှင်ဘုရင် ၏ အမှု တော်ကို စီရင် သောသူများတို့သည် ကြည်ညို သောစိတ် ရှိ၍၊ 7 ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ ရွှေ အခွက် ငါး သောင်းနှင့် ရွှေဒင်္ဂါး တသောင်း ၊ ငွေ အခွက် တသိန်း ၊ ကြေးဝါ အခွက် တသိန်း ရှစ် သောင်း၊ သံ အခွက် တသန်း ကို လှူ ကြ၏။ 8 ကျောက်မြတ် ရှိ သောသူတို့ သည်လည်း ဂေရရှုံ အမျိုးသားယေဟေလ လက် ဖြင့် ထာဝရဘုရား ၏ အိမ် တော်ဘဏ္ဍာ ထဲသို့ သွင်း ကြ၏။ 9 လူ များတို့သည် စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောရှိ၍ ထာဝရဘုရား အား ပူဇော်သောကြောင့် ဝမ်းမြောက် ကြ၏။ ဒါဝိဒ် မင်းကြီး သည်လည်း အလွန်တရာ ဝမ်းမြောက် တော်မူ၏။ 10 ထိုအခါ ဒါဝိဒ် က၊ အကျွန်ုပ် တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ 11 အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။ 12 ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။ ကိုယ်တော် သည် ခပ်သိမ်း သောသူတို့ ကို အုပ်စိုး တော်မူ၏။ ခွန်အား အစွမ်း သတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်း သောသူတို့အား ကြီးမြတ် သော အခွင့်နှင့် ခိုင်ခံ့ သော အခွင့်ကိုပေး ပိုင်တော်မူ၏။ 13 သို့ဖြစ်၍ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ် တို့သည် ဝန်ခံ၍ ဘုန်း ကြီးသော နာမ တော်ကို ချီးမွမ်း ကြပါ၏။ 14 သို့ရာတွင် ကြည်ညို သောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင် အောင် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့သည် အဘယ်သို့ သောသူဖြစ်ပါသနည်း။ ခပ်သိမ်း သောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ဥစ္စာထဲက သာ ကိုယ်တော် အား ပူဇော် ပါ၏။ 15 အကျွန်ုပ် တို့သည် ဘိုးဘေး များကဲ့သို့ ရှေ့ တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီး ပေါ် မှာ နေရသော ကာလ သည် အရိပ် ကဲ့သို့ ဖြစ်ပါ၏။ မှီခို ရာမ ရှိပါ။ 16 အကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏နာမ အဘို့ ကိုယ်တော် ၏အိမ် ကို တည်ဆောက် ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ပြင်ဆင် သော ဤ ဘဏ္ဍာ ရှိသမျှ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံးစုံ တို့ကို ကိုယ်တော် ပိုင်တော်မူ၏။ 17 အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။ 18 အကျွန်ုပ် တို့ ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့သည် ဤ အမှုအရာများကို၊ အစဉ် အောက်မေ့စွဲလမ်း သောစိတ် သဘောရှိမည်အကြောင်း၊ သူ တို့စိတ် နှလုံးသည် ကိုယ်တော် ဘက်၌ တည်ကြည် မည်အကြောင်းကယ်မ သနားတော်မူပါ။ 19 အကျွန်ုပ် ၏သား ရှောလမုန် သည်လည်း ကိုယ်တော် ၏သက်သေခံ ချက်၊ ထုံးဖွဲ့ ချက်ပညတ် တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင် သော အမှုကို အကုန်အစင် ပြီးစီးစေလျက်၊ ဗိမာန် တော်ကို တည်ဆောက် နိုင် မည်အကြောင်း ၊ စုံလင် သော စိတ် နှလုံးကိုပေး သနား တော်မူပါဟု၊ ပရိသတ် အပေါင်း တို့ရှေ့ မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် မြွက်ဆို ၏။ 20 ပရိသတ် အပေါင်း တို့အား လည်း၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ပရိသတ် အပေါင်း တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရား ကို၎င်း ၊ ရှင် ဘုရင်ကို၎င်းရှိခိုး ကြ၏။ 21 နက်ဖြန် နေ့၌ လည်း ယဇ် ပူဇော်ခြင်း အမှုကိုပြု၍ နွား တထောင် ၊ သိုး တထောင် ၊ သိုးသငယ် တထောင် တို့ကို မီး ရှို့သဖြင့်၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့နှင့်တကွဣသရေလ အမျိုးတမျိုးလုံး အတွက် ထာဝရဘုရား အား များစွာ သော ယဇ် ကို ပူဇော် ကြ၏။ 22 ထို နေ့ခြင်းတွင် ထာဝရဘုရား ရှေ့ တော်၌ စား သောက် ၍ ပျော်မွေ့ ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သား တော် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ဒုတိယ အကြိမ် ချီးမြှောက် ၍ ထာဝရဘုရား အောက်မှာ မင်း ဖြစ်စေခြင်းငှါ၎င်း၊ ဇာဒုတ် ကိုယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၎င်း ဘိသိက် ပေးကြ၏။ 23 ထိုအခါရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင် အရာကိုခံ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင် တော်ပေါ် မှာ ထိုင် လျက် ဘုန်း ကြီးတော်မူ၏။ ဣသရေလ အမျိုးသားအပေါင်း တို့သည် စကားတော်ကို နားထောင် ကြ၏။ 24 မှူးတော် မတ်တော်၊ အရာ ကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ် မင်းကြီး ၏သား တော်အပေါင်း တို့သည် ရှောလမုန် မင်းကြီး ၏ အုပ်စိုး ခြင်းကို ဝန်ခံကြ၏။ 25 ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ရှောလမုန် ကိုအလွန် ချီးမြှောက် ၍ ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံစဖူးသော ဘုန်း အာနုဘော်တော်ကိုပေး သနားတော်မူ၏။ 26 ယေရှဲ ၏သား ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို အစိုးရသောမင်း ဖြစ်တော်မူ၏။ 27 ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံး ဆယ်သုံး နှစ်မင်းပြု ၍ဣသရေလ နိုင်ငံကို စိုးစံ သော နှစ် ပေါင်းကား အနှစ် လေး ဆယ်တည်း။ 28 ဒါဝိဒ်သည် အသက် ကြီးရင့်၍ နေ့ရက် ကာလ ပြည့်စုံ ခြင်း၊ ဘုန်း စည်းစိမ် ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက်၍ သား တော်ရှောလမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် လေ၏။ 29 - 30 ဒါဝိဒ် မင်းကြီး ပြုမူသော အမှုအရာ အစ အဆုံး ရှိသမျှ၊ အစိုးရ ခြင်း၊ တန်ခိုး ကြီးခြင်းနှင့်တကွ၊ ကိုယ်တော်မှစ၍ ဣသရေလ ပြည်၊ အခြားတပါးသောတိုင်းပြည် များတို့၌ ဖြစ်လေသမျှ သောအမှုအရာအလုံးစုံတို့သည် ပရောဖက် ရှမွေလ ၏ကျမ်းစာ ၊ ပရောဖက် နာသန် ၏ကျမ်းစာ ၊ ပရောဖက် ဂဒ် ၏ကျမ်းစာ တို့၌ ရေး ထားလျက်ရှိ၏။